← Chapters

အခန်း (၆-၁၀)

Vol. 1 Ch. 6-10

အခန်း (၆-၁၀)

Vol. 1 Ch. 6-10

အပိုင်း (၆)

သူ့မှာ အားတစ်စက်တောင်မကျန်အောင် အသုံးပြုလိုက်ရသဖြင့်

တစ်နာရီကျော်ကြာအောင် ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေခဲ့တယ်။

အဲ့နောက်သူ မတ်တပ်ရပ်လိုက်တယ်။

လွန်ခဲ့တဲ့တစ်နာရီတုန်းက ဖြစ်ပျက်သွားတဲ့အရာအကုန်လုံးကို

အိမ်မက်တစ်ခုလို ရန်ကိုင် ခံစားလိုက်ရတယ်။ အဖြစ်အပျက်အားလုံးက သူ့အတွက် မှော်ဆန်လွန်းလှသဖြင့် အစစ်အမှန်လို့တောင် အခုထိ သူမယုံကြည်နိုင်သေးပါဘူး။

သူ့ကိုယ်သူ ပြန်ဆိတ်ကြည့်လိုက်ပြီး နာကျင်မှုခံစားလိုက်ရမှသာ သူယုံကြည်နိုင်ခဲ့တယ်။

``အဲ့ဒါက ဘာကြီးလဲ။ ဘယ်လိုသမိုင်းကြောင်းမျိုး ဒီစာအုပ်မှာ ရှိနေတာလဲ’’အကူအညီမဲ့စွာနဲ့ ရန်ကိုင် ညီးတွားလိုက်တယ်။

သူ့နှလုံးခုန်မြန်နေတာကို ပုံမှန်ဖြစ်သွားတဲ့အထိ စောင့်နေတုန်း ရုတ်တရက်သူ့ကိုယ်သူ နဂိုနဲ့အနည်းငယ်ကွဲပြားနေတာကို တွေ့လိုက်ရတယ်။တစ်နေ့ကိုထမင်းသုံးနပ်မှန်အောင်မစားနိုင်ရုံမက တစ်နပ်စားရဖို့တောင် မနည်းကြိုစားနေရပြီး

ငါးရက်တစ်ခါ အရိုက်ခံနေရတဲ့အတွက် သူ့ခန္ဓာကိုယ်က အရမ်းကို အားနည်းလွန်းခဲ့တယ်။ ဒါပေမယ့် အခုအချိန်မှာ သူ့အရိုးတွေက

စွမ်းအင်တွေနဲ့ ပြည့်ဝနေတယ်လို့ခံစားလိုက်ရပြီး နွေးထွေးတဲ့ စွမ်းအင်စီးကြောင်းတစ်ခုက သူ့ခန္ဓာကိုယ် အတွင်းနဲ့အပြင်ကို ဖြေးညှင်းစွာ လှည့်ပတ်နေခဲ့တယ်။ဖြေးညှင်းစွာ လှည့်ပတ်နေရင်း သူ့အရိုးတွေကနေ ပေါက်ကွဲသံတွေကို ကြားနေရတယ်။ သူ့ခန္ဓာကိုယ်က နာကျင်မှုတွေက တဖြည်းဖြည်းသက်

သာလာခဲ့တယ်။ဒါကိုသတိပြုမိလိုက်တဲ့ ရန်ကိုင်က သူ့အင်ကျီလက်ကို လိပ်တင်လိုက်ပြီး

အကျီင်္ကြယ်သီးကို ဖြည်ကြည့်လိုက်တယ်။ သူ့ခန္ဓာကိုယ်ပေါ်က

ဒဏ်ရာတွေ၊အမာရွတ်တွေက နေလာနှင်းပျောက်သကဲ့သို့ ပျောက်ကင်းသွားတာကို ထူးဆန်းဖွယ်တွေ့လိုက်ရတယ်။

အပြစ်အနာအဆာမရှိတဲ့ ပြန်လည်မွေးဖွားလာတဲ့ ကလေးလေး တစ်ယောက်လို ခံစားလိုက်ရတယ်။

နဂိုဒဏ်ရာရနေတဲ့နေရာတွေကို ပွတ်လိုက်တဲ့အခါ အရေပြားခြောက်တွေပြုတ်ကျလာပြီး ကလေးတစ်ယောက်ရဲ့ အသားအရေလိုနူးညံ့ချောမွတ်နေတဲ့ အသားအရေပေါ်လာခဲ့တယ်။

``ငါငိုချင်တယ်….’’ သူ့ခန္ဓာကိုယ်ထဲက ရွှေရောင်အရိုးခြောက်ရဲ့ ပြန်လည်ကုစားနိုင်စွမ်းကို စဉ်းစားရင်း

သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က မပြောင်းလဲဘဲ ခန္ဓာကိုယ်သန့်စင်ခြင်း

အဆင့်၃မှာပဲ ရှိသေးတာကို တွေလိုက်ရတဲ့အခါ ရန်ကိုင် စိတ်ပျက်မိသွားခဲ့တယ်။ တောင်တန်းတွေထဲက လျှို့ဝှက်နေရာတွေ၊ မြစ်ချောင်းတွေထဲက လျှို့ဝှက်လိုဏ်ဂူတွေ နဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတွေ အဲ့လိုပုံပြင်တွေကိုသူငယ်ငယ်က အများကြီး ကြားခဲ့ဖူးပါတယ်။ ကမ္ဘာပေါ်မှာ နဂါးဂိတ်ကိုကျော်ဖြတ်ပြီး တစ်ခါတည်း ငါးကနေ နဂါးဖြစ်သွားတဲ့သူတွေ အများကြီးပဲ

ရှိခဲ့တယ်။ ဒါပေမယ့် အဲ့ဒါတွေအားလုံးက ပုံပြင်တွေပဲဖြစ်တယ်။

အဲ့လောက်ကံကောင်းပြီး မသေမပျောက်ဘဲ လျှို့ဝှက်နေရာတွေက ထွက်လာနိုင်တဲ့သူတွေကကော ကမ္ဘာပေါ်မှာ ဘယ်လောက်များများရှိ

နိုင်မှာလဲ။

ဒါပေမယ့် ခုလောလောဆယ် သူ့မှာဖြစ်နေတဲ့ ပြသနာကို အရင်ဖြေရှင်း ရပါဦးမယ်။

``အနက်ရောင်စာအုပ်ရဲ့ နောက်ခံက သာမန်တော့မဖြစ်နိုင်ဘူး။

ပြီးတော့ အဲ့ ရွှေရောင်အရိုးခြောက်ကလည်း အရမ်းအစွမ်းထက်တဲ့

ကျွမ်းကျင်သူ တစ်ယောက်ဖြစ်ရမယ်။ ဒါကသူ့အတွက် ကံကောင်းတယ်လို့ပြောနိုင်သလို ကံဆိုးတယ်လို့လည်း

ပြောနိုင်တယ်။

သူသာအနက်ရောင်စာအုပ်ကို မကောက်ယူခဲ့ဘဲ အခြားတစ်ယောက်ကသာ ကောက်ယူခဲ့ပါက မောင့်တောင်က ရှေ့မှာရှိနေသော်လည်း မမြင်နိုင်သလို

အဲ့စာအုပ်ဟာလည်း သူတို့အတွက်အသုံးမဝင်တဲ့ ကျောက်တုံးတစ်ခုသာ ဖြစ်နေပေလိမ့််မှာပါ။

ရန်ကိုင် အနက်ရောင်စာအုပ်ကို ကောက်ယူခဲ့တာ တစ်နှစ်ကျော်ကြာပြီဖြစ်သော်လည်း မည်သည့်ထူးခြားချက်မှ မပြခဲ့ဖူးပါဘူး။ သူ့ရဲ့ မယိမ်းမယိုင်မပြိုလဲနိုင်တဲ့ စိတ်ကြောင့်သာမဟုတ်ရင် အနက်ရောင်စာအုပ်က

ကျောက်တုံးတစ်တုံးအဖြစ်သာ ရှိနေဦးမှာပါ။ တစ်နည်းဆိုရသော် ဒါက သူ့ကိုယ်တိုင်ရယူခဲ့တဲ့ သူ့ရဲ့ပထမဆုံးအောင်မြင်မှု

လည်းဖြစ်တယ်။ အဲ့အကြောင်းကို တွေးနေရင်း မိန်းမလှလေးတွေနဲ့

ဘီအမ်ဒဘလျူ ကားကြီးကို စီးနေရသလို သက်သောင့်သက်သာ

ခံစားလိုက်ရတယ်။

တစ်နှစ်ပတ်လုံးခေါင်းအုံးအဖြစ် အသုံးပြုခဲ့တဲ့``အနက်ရောင်စာအုပ်’’

အကြောင်းကို ရုတ်တရက်သူတွေးလိုက်တယ်။ သူအနက်ရောင်

စာအုပ်က ဘာလဲ ၊ဘယ်ကလာတာလဲဆိုတဲ့ အကြောင်းကိုရှာဖွေဖို့

သူဘယ်တုန်းက မှ စိတ်မကူးခဲ့ပေ။

သူအဲ့အကြောင်းကိုတွေးနေတုန်းမှာ အနက်ရောင်စာအုပ်က ရုတ်တရက်

သူ့ရှေ့မှာပေါ်လာပြီး ကြမ်းပြင်ပေါ်သို့ ပိတ်လျက်သားကျသွားခဲ့တယ်။

သူကြောင်အသွားခဲ့တယ်။ စာအုပ်ကို ပြန်ကောက်ယူလိုက်ပြီး မျက်မှောင်ကြုံ့

ကာ စဉ်းစားနေလိုက်တယ်။ အတွေတစ်ချက်နဲ့ စာအုပ်က သူ့လက်ထဲကနေ

ပျောက်သွာလေသည်။ ထို့နောက်စာအုပ်ကသူ့လက်ထဲမှာ နောက်တစ်ကြိမ်ပြန်ပေါ်လာခဲ့တယ်။

ထိုအရာက မျက်လှည့်ပြကွက်တစ်ခုအလားပင်ဖြစ်တယ်။

ကိုင်ရန်ရဲ့မျက်နှာက အလွန်အမင်းတည်ငြိမ်နေခဲ့တယ်။

``အနက်ရောင်စာအုပ်ကို ဖြစ်နိုင်တာက…..ဝိဥာဉ်ကျောက်တုံးကနေများ

လုပ်ထားတာလား’’ အဲ့စကားကိုပြောလိုက်ပြီးနောက် ရုတ်တရက်သူထိတ်လန့်သွားလေသည်။

ဝိဥာဉ်ကျောက်တုံးဆိုတာက ဒဏ္ဏာရီလာကျောက်တုံး တစ်မျိုးဖြစ်လေသည်။

ကောလဟာလတွေအရအသူရာချောက်နက်ကြီးထဲမှာ သန်းပေါင်းများစွာသောဝိဥာဉ်တွေစုစည်းပြီး လူပေါင်းများစွာရဲ့သွေးနဲ့

ယစ်ပူဇော်မှသာ ဝိဥာဉ်ကျောက်တုံးဖြစ်လာခဲ့တယ်။

အဲ့စကားတွေက နည်းနည်းချဲ့ကားထားပေမယ့် ၃.၅*၃.၅ စင်တီမီတာ

အရွယ်လောက်ရှိတဲ့ ဝိဥာဉ်ကျောက်တုံးတစ်တုံးဖြစ်လာဖို့ အသက်ပေါင်း

များစွာ စတေးခဲ့ရပေလိမ့်မည်။ ဒဏ္ဏာရီလာကျောက်တုံး

အစီအရင်က တရမ်းကို ရက်စက်ပြီး သွေးဆာလွန်းပါတယ်။ အဲ့ဒီ

ကျောက်တုံးဖြစ်နေစဉ် သူ့အနီးအနားမှာ ရှိနေတဲ့ သက်ရှိတွေကို

မီလီစက္ကန့်အတွင်း နှုတ်ယူနိုင်ပါတယ်။အဲ့ဒီကျောက်တုံးဖြစ်ပေါ်ဖို့အချိန်ကလည်

နှစ်သန်းပေါင်းများစွာမက ကြာမြင့်နိုင်ပါတယ်။

ဒါကြောင့်မို့လို့ ဝိဥာဉ်ကျောက်တုံးကို အထွတ်အထိပ်ရတနာလို့ ဆိုကြခြင်း

ဖြစ်တယ်။ အဲ့ကျောက်တုံးရဲ့စွမ်းရည်က အလွန်အမင်းအံ့သြဖွယ်ကောင်းပြီး

ရတနာတွေကြားမှာလည်း ပြိုင်ဘက်ကင်းပေသည်။

အဲ့ဒီကျောက်တုံးက လူ့ခန္ဓာကိုယ်နဲ့ပါင်းစပ်နိုင်ပြီး ခန္ဓာကိုယ်ထဲမှာ

ဒိုင်မေးရှင်းတစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။အဲ့ဒီ ဒိုင်မေးရှင်းက

ကွေးနိုင်ဆန့်နိုင်ပြီး အရာဝတ္တုတွေကိုလည်း သိုလှောင်နိုင်ပါတယ်။

ကိုင်ရန်ကတရားမဝင်တပည့်တစ်ယောက်ဖြစ်သော်လည်း သူ့က

အတွေ့အကြုံကင်းမဲ့တဲ့သူတစ်ယောက် မဟုတ်ပါဘူး။

ဒါ့အပြင် ဒဏ္ဏာရီလာ ဝိဥာဉ်ကျောက်တုံးအကြောင်းကလည်း လူတိုင်း

သိသောအကြောင်းအရာတစ်ခုဖြစ်လေသည်။

အနက်ရောင်စာအုပ်ကို သူရလိုက်တုန်းက အဲ့ဒီအကြောင်းကို သူမစဉ်းစား

မိလိုက်ပါဘူး။ စာအုပ်က သူ့ကိုယ်ထဲကို တိုးဝင်းပျောက်ကွယ်သွားပြီး

ရွှေရောင်အရိုးခြောက်က စာအုပ်ထဲကနေ ပဉ္စလက်ဆန်ဆန်

ထွက်ပေါ်လာတဲ့အချက်ကိုသာ သူသေသေချာချာ စဉ်စားကြည့်

လိုက်ပါက စာအုပ်ကို ဘာနဲ့လုပ်ထာလဲဆိုတာ သူမသိဘဲ နေမည်မဟုတ်ပေ။

ရုတ်တရက်သူ ချွေးစေးတွေထွက်လာခဲ့တယ်။

ဝိဥာဉ်ကျောက်တုံးဆိုတာ ဒဏ္ဏာရီမှာပဲရှိတဲ့ အရာတစ်ခုဖြစ်တယ်။ သူ့ဘဝ

မှာ ဒီလောက်ကြီးတဲ့ ဝိဥာဉ်ကျောက်တုံးကို တွေ့ရမယ်လို့ ဘယ်တုန်းကမှ

မထင်ထားခဲ့ပေ။

အရွယ် ၃.၅*၃.၅စင်တီမီတာရှိတဲ့ ဝိဥာဉ်ကျောက်တုံးတောင် တန်ဖိုးမဖြတ်နိုင်လောက်တဲ့အထိ တန်ဖိုးကြီးလေသည်။ သူ့ရှေ့ကစာအုပ်

အရွယ်က ၃၀*၇စင်တီမီတာလောက်ရှိလေသည်။ အဲ့လောက်ကြီတဲ့

ဝိဥာဉ်ကျောက်တုံးနဲ့လုပ်ထားတဲ့စာအုပ်ဆိုရင် တော့ သူ့ရဲ့တန်ဖိုးက

မတွေတောနိုင်လောက်အောင်ကြီးမားနိုင်ပေသည်။

ဒီအကြောင်းတွေသာ အပြင်ကိုပြန့်သွားမယ်ဆိုရင် ကျောင်းတော်တစ်ခုကို

အသာထား၊ ဟန်မင်းဆက်တစ်ခုလုံးတောင် ညတွင်းချင်းဖျက်ဆီးခံရပေလိမ့်

မည်။ ကိုင်ရန်က သူ့လက်တွေပူလာသလို ခံစားလိုက်ရတယ်။ထိုအကြောင်း

ကိုတွေးရင်း သူ့တစ်ကိုယ်လုံး ချွေးတွေစိုရွှဲလာခဲ့တယ်။ ဒါပေမယ့်

ကံကောင်းစွာပဲ အနက်ရောင်စာအုပ်ကို သူ့ခန္ဓာကိုယ်ထဲတွင် သိမ်းထားနိုင်

ပေသည်။ အဲ့လိုမှမဟုတ်ရင်တော့ အန္တာရယ်တွေကို သူကိုယ်တိုင် လက်ရပ်ခေါ်သလိုဖြစ်နေပေလိမ့်မည်။

သူ့နှလုံးက ရူးသွပ်စွာ အဆက်မပြတ်ခုန်နေခဲ့တယ်။ ဒီကိစ္စကို သူ

ပေါ့ပေါ့တန်တန် သဘောမထားရဲပေ။ မဟုတ်ရင် သူ့ဘဝကြီးတစ်ခုလုံ အဆုံးသတ်သွားနိုင်ပေသည်။ သူပို ပိုပြီးစိတ်လှုပ်ရှားလာသလို ပိုပြီးမလွယ်ကူလာသလိုလည်း ခံစားလိုက်ရတယ်။

အခုအချိန်မှာ သူကအရမ်းအားနည်းနေလေသည်။ ဒီစာအုပ်ကို ဒီလို

မဖြစ်စလောက်အစွမ်းနဲ့ ဘယ်လိုမှကာကွယ်နိုင်မည်မဟုတ်ပေ။ အနက်ရောင်စာအုပ်ကို သူ့ခန္ဓာကိုယ်ထဲမှာ သိမ်းထားနိုင်သော်လည်း အခက်မသင့် သူအသတ်ခံရနိုင်ပါတယ်။ ဒါတွေကို တွေးရင်းသူပိုပြီး စိတ်ပူလာခဲ့တယ်။

``ငါသန်မာရမယ်’’ သန်မာတဲ့သူတွေပဲ သူတို့ပိုင်ဆိုင်တာကို ကာကွယ်

နိုင်လိမ့်မယ်။ လွန်ခဲ့တဲ့သုံးနှစ်က ဖြစ်ခဲ့အကြောင်းကိုတွေးရင်းကိုင်ရန်ရဲ့

စိတ်က တဖြည်းဖြည်းတည်ငြိမ်လာခဲ့တယ်။

ဘယ်သူ့ရဲ့အကူအညီမှမပါဘဲ ဒီကျောင်းကို သူလာခဲ့တယ်။လေ့ကျင့်ဖို့

နဲ့ သန်မာဖို့အတွက်သာမဟုတ်ရင် ကျောင်းမှာအလကားသက်သက်

သူအချိန်လာဖြုန်းမည်မဟုတ်ပေ။.

အနက်ရောင်စာအုပ်ကိုသူရခဲ့သော်လည်း ဒီစာအုပ်ရဲ့အသုံးဝင်ပုံကိုသူ မသိပေ။ ပထမစာမျက်နှာက ကြီးမြတ်တဲ့

ရွှေခန္ဓာအကြောင်းပင်ဖြစ်တယ်။ အဲ့ရွှေခန္ဓာအကြောင်းကို သူမသိသော်လည်း သူ့အတွက်အသုံးမဝင်တာတော့မဟုတ်ပေ။ စာအုပ်မှာ နောက်ထပ်စာရွက်အများ

ကြီးရှိနေသေးတဲ့အတွက် သူ့အတွက်အသုံးဝင်တဲ့အကြောင်းအရာတွေ

ရှိကောင်းရှိနေနိုင်ပါတယ်။

Martial Peak

အပိုင်း (၇) အဆင့်တက်ရတာ ပြန်မွေးဖွားလာသလိုပဲ

ရန်ကိုင်ကအသက် (၁၅)နှစ်သာရှိသေးသော်လည်း လွန်ခဲ့တဲ့သုံးနှစ်ကအတွေ့အကြုံတွေကြောင့် သူနဲ့ရွယ်တူတွေထက် ပိုပြီးရင့်ကျက်နေခဲ့တယ်။

စိတ်လျှော့လိုက်ပြီး အနက်ရောင်စာအုပ်ရဲ့ ပထမစာမျက်နှာကို

အာရုံစိုက်ပြီး ဖတ်လိုက်တယ်။ ပထမစာမျက်နှာက ဘာမှမထူးခြားတာကိုသိလိုက်ပြီးနောက် ဒုတိယစာမျက်နှာကို လှန်လိုက်တယ်။သူ့ရဲ့အတွေ့အကြုံကြောင့် သူ့ရဲ့အပြုအမူတွေက ပိုပြီးရင့်ကျက်ပုံပေါ်နေခဲ့တယ်။

ဒုတိယစာမျက်နှာက ရွှေရောင်စာလုံးတွေကို မြင်လိုက်တဲ့အခါ သူမျက်လုံးပြူးသွားခဲ့တယ်။

``ရွှေခန္ဓာသန့်စင်ခြင်း မှတ်တမ်း’’

ဘာမှမစဉ်းစားတော့ဘဲ ကိုင်ရန်က ထိုရွှေရောင်စာလုံတွေကိုသာ အာရုံစိုက်ထားလိုက်တယ်။

ထိုသို့အာရုံစိုက်ဖတ်နေရင်း ထိုရွှေရောင်စာလုံးတွေက သူ့မှတ်ဥာဏ်တွေထဲကို တိုးဝင်လာခဲ့ပါတယ်။

သူ့ကိုယ်သူ စိတ်ငြိမ်အောင်လုပ်လိုက်ပြီး မျက်လုံးပိတ်ကာ

ထို ရွှေခန္ဓာသန့်စင်ခြင်းမှတ်တမ်းကို လေ့လာလိုက်တယ်။

ထို မှတ်တမ်းက သူ့စိတ်ထဲတွင် တံဆိပ်ခတ်နှိပ်ထားသလို ဖြစ်နေတဲ့အတွက် သူ့အတွက်ထိုမှတ်တမ်းကို နားလည်ဖို့က သူ့အတွက် ထမင်းစားရေသောက် သလိုလွယ်ကူနေခဲ့တယ် ``ဒါကခန္ဓာသန့်စင်ခြင်းမှတ်တမ်းလား’’

သူသိတာက ထိုအရာက လက်သီးပညာရပ် တစ်ခု ဖြစ်တယ် ဆိုတာကိုပါ။ ပညာရပ်က ရိုးရှင်းပုံရသော်လည်း အမှန်တကယ်က အဲ့လောက်မရိုးရှင်းပေ။

ထိုပညာရပ်ကို လေ့ကျင့်ဖို့အတွက် ကန့်သတ်ချက်များစွာရှိပါတယ်။

အဲ့ပညာရပ်ကို လေ့ကျင့်မယ်ဆိုရင် နေထွက်ချိန်မှာ အရှေ့ဘက်ကို

မျက်နှာမူထားရပါမယ်။ ထို့အပြင် ထိုပညာရပ်ကို တစ်နေ့နာရီဝက်သာလေ့ကျင့်ခွင့်ရှိပါတယ်။

အခုအချိန်က ညအချိန်ဖြစ်နေသဖြင့် မနက်နေထွက်လာဖို့အတွက်

၅နာရီ၊၆နာရီလောက် လိုပါသေးတယ်။ တစ်နေ့လုံးနေ့မအိပ်

ညမအိပ်လုံးပန်းနေရပြီး အာလူးဖုတ်တစ်လုံးသာစားရသေးတဲ့ အတွက်ကြောင့် ရန်ကိုင် တော်တော်လေး စိတ်ပျက်နေခဲ့တယ်။ ဘာပဲဖြစ်ဖြစ်ဒီညမှာ အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုကို ရခဲ့တာကလည်း ဝမ်းမြောက်စရာတစ်ခုပါ။

တစ်နာရီခွဲလောက် အိပ်ပျော်အောင်သူကြိုးစားလိုက်ပြီးနောက်

တတိယစာမျက်နှာကို ဖတ်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဒါပေမယ့် သူဘယ်လောက်ပဲကြိုးစားကြိုးစား တတိယစာမျက်နှာကို မဖတ်နိုင်ခဲ့ပါဘူး။

တတိယစာမျက်နှာကို ဖတ်ဖို့ကြိုးစာနေရင်းနဲ့ပဲ ရန်ကိုင် အိပ်ပျော်သွားခဲ့တယ်။သူနိုးလာတဲ့အချိန်က နေထွက်ခါနီးနေပါပြီ။

ဘာတွေဖြစ်လာမလဲဆိုတာကို မျှော်လင့်စောင့်စားရင်း အိပ်ရာပေါ်က

ထလိုက်တယ်။ထို့နောက်မျက်နှာသစ်လိုက်ပြီးတဲရှေ့ကိုသွားလိုက်တယ်။ နေထွက်လာတာကိုစောင့်စားရင်း သူ့စိတ်ကို ဖြေးဖြေးချင်း ဖြေလျှော့ထားလိုက်တယ်။အရှေ့အရပ်ကနေ ရောင်နီတစ်စွန်းတစ်စပေါ်လာတဲ့အချိန်မှာတော့

သူ့မျက်လုံးတွေကို ဖွင့်လိုက်တယ်။ လက်သီးပညာရပ်ရဲ့

ညွှန်ကြားချက်တွေအတိုင်း အကြိမ်များစွာလေ့ကျင့်လိုက်တယ်

သူ့လက်ကို လက်ဝါးပုံစံထားလိုက်ပြီး ဘယ်ဘက်၊ညာဘက် ၊အရှေ့ဘက်စသဖြင့် ဖြည့်းညှင်းစွာ ရိုက်ထုက်လိုက်တယ်။ ကမ္ဘာကြီးကို သူ့စိတ်ထဲမှာ ထွေးပွေ့ရင်း အရားအားလုံးက သူ့လက်ဝါးထဲမှာ ရှိနေသည့် အလား။

သူ့ဘယ်ဘက်ခြေထောက်ကို ရှေတိုးလိုက်ပြီး ညာဘက်ခြေထောက်ကို ဘယ်ဘက်ခြေထောက်နဲ့ ရေပြင်ညီ တန်းထားလိုက်တယ်။ အသက်ရူလိုက်တိုင်း နွေဦးပန်းလေးတွေ ဖူးပွင့်လာတဲ့အလား ကမ္ဘာကြီးက လန်းဆန်းတက်ကြွမှုတို့ဖြင့် ပြည့်နေခဲ့တယ်။ဆောင်းဦးလေ တိုက်ခတ်သွားပြီးနောက် လေအေးတို့နှင့်အတူ ဆီးနှင်းတို့ကျဆင်းလာခဲ့တယ်။

ရန်ကိုင်က သူ့လက်ဝါးကို ကျောက်တုံးကြီးပေါ်သို့ တဖြည်းဖြည်းဖိချလိုက်တယ်။ ပေါက်ကွဲသံတစ်ချက်နှင့်အတူ ရန်ကိုင်မျက်နှာ ဖြူလျော်သွားပြီးဒူးထောက်နီးနီး ဖြစ်သွားခဲ့တယ်။

အကြိမ်များစွာလေ့ကျင့်ပြီးနောက် ထိုပညာရပ်က လက်သီးပညာရပ်တစ်ခုဆိုတာ သူသေချာသွားတယ်။ အဲ့မှတ်တမ်းထဲမှာ ဒီလိုဆန်းကြယ်တဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း ပညာရပ်တစ်ခု ပါလိမ့်မယ်လို့ သူဘယ်တုန်းကမှ

မမျှော်လင့်ထားခဲ့ပါဘူး။ခဏကြာပြီးနောက် သူကမ္ဘာကြီးတစ်ခုလုံးကို ထမ်းထားရသလို ခံစားလိုက်ရတယ်။ ဒါပေမယ့် အဲ့ဒီဖိအားအောက်မှာပဲ ကမ္ဘာကြီးထဲမှာ ရှိသမျှ

အရာအားလုံးကို သူခံစားနိုင်ခဲ့တယ်။

ဒီခန္ဓာသန့်စင်တဲ့ ပညာရပ်က လက်သီးကို လေ့ကျင့်ရတဲ့ ပညာရပ်တစ်ခုမဟုတ်ပါဘူး။ အဲ့အစား ကမ္ဘာအသွင်ပြောင်းခြင်းနှင့် ကမ္ဘာကြီးရဲ့ ကံကြမ္မာကို လေ့ကျင့်ရတာပါ ။ဒီပညာရပ်က အတက်အကျ၊ ဝမ်းနည်းမှု၊ ပျော်ရွှင်မှုတို့နဲ့ ပြည့်နေပြီး လက်ဝါးချက်တစ်ချက်၊ ကန်ချက်တစ်ချက်စီတိုင်းက ကောင်းကင်နဲ့မြေပြင်ကို တုန်ခါသွားစေနိုင်တဲ့

အထိစွမ်းအားကြီးပါတယ်။သူ့လက်ဝါးသုံးချက်၊ခြေသုံးလှမ်း ရွေ့ပြီးတာတောင် အကျိုးရလဒ်က မှတ်တမ်းထဲမှာ ဖော်ပြထားတာရဲ့ တစ်ရာပုံတစ်ပုံပင်မရှိသေးပါဘူး။ ထို့နောက် သူ့ကျောရိုးကနေ အရိုးကျိုးသံထွက်လာခဲ့တယ်။

သူ့ကျောရိုးကျိုးသွားပြီဆိုတာကို ရန်ကိုင်သိလိုက်တယ်။

သူစစ်ဆေးကြည့်လိုက်တဲ့အခါ ဘာမှကြီးကြီးမားမားမဖြစ်ပဲ နာကျင်မှုအသေးစားလေးဆိုတာကို သိလိုက်တယ်။ သူစိတ်ခိုင်ခိုင်ထားလိုက်ပြီး မှတ်တမ်းထဲကအတိုင်း နောက်တစ်ကြိမ်လေ့ကျင့်လိုက်တယ်။

ရန်ကိုင်ရဲ့စိတ်က လေးလံထိုင်းမှိုင်းနေလေတယ်။ ဘာလို့လဲဆိုတော့

သူစိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်မထားခဲ့သောကြောင့်ပါပဲ။ လက်သီးပညာရပ်ကို ဖြေးဖြေးလေ့ကျင့်ရင်း သူ့စိတ်က တစ်ဖန်ပြန်ကြည်လာပြီးတက်တက်ကြွကြွနဲ့ ဆက်လက် လေ့ကျင့်လာနိုင်ခဲ့တယ်။

သူလက်သီးချက်တွေက တဖြည်းဖြည်းလေးလံလာပြီး သူ့ပိုကြိုးစားလေ ပိုတိုးတက်လာလေ ဖြစ်လာခဲ့တယ်။ ဗျောက်အိုးဖောက်သံလိုမျိုး အသံတွေက သူ့အရိုးတွေထဲကနေ ထွက်လာခဲ့တယ်။သူမလှုပ်ရှားနိုင်လောက်အောင်

သူ့ခန္ဓာကိုယ်ကနာကျင်လာသော်လည်း သူ့ရဲ့အနိုင်မခံအရှုံးမပေး

တတ်တဲ့စိတ်ကြောင့် ဆက်လက်လေ့ကျင့်နေခဲ့တယ်။

မျက်တောင်တစ်ခတ်အတွင်းမှာပဲ သူ့လက်တစ်ခုလုံး ပျော့ဖတ်တစ်ခုဖြစ် သွားအောင် ရိုက်ခံလိုက်ရသလို တုန်ရီသွားခဲ့ရတယ်။ သို့ပေမယ့် လဲမကျသွားအောင် အံကြိတ်ပြီး ဆက်လက် တောင့်ခံနေလိုက်တယ်။

ရုတ်တရက် သူ့ခန္ဓာကိုယ်တစ်ခုလုံးနွေးထွေးသွားသလို ခံစားလိုက်ရပြီး နာကျင်မှုတွေအကုန်လုံး ပျောက်ကင်းသွားခဲ့ပါပြီ။ စိတ်အားတက်ကြွသွားခဲ့ပြီး သူနောက်တစ်ကြိမ် ထပ်လေ့ကျင့်လိုက်တယ်။ ဒီလိုဖြစ်သွားရတာ

ရွှေရောင်အရိုးခြောက်ကြောင့်ဆိုတာ ရန်ကိုင်သိပါတယ်။ ဘာပဲဖြစ်ဖြစ်သူတို့နှစ်ခုစလုံးက တစ်နေရာထဲကလာတာပဲလေ။

နာရီဝက်ကြာပြီးနောက် သူ့တစ်ကိုယ်လုံးပေါ့ပါးသွားသလိုခံစားလိုက်

ရတယ်။ သူ့ပေါ်မှာ သက်ရောက်နေတဲ့ ဖိအားလည်းမရှိတော့ပါဘူး။

ဒါပေမယ့် သူလက်သီးသိုင်းကို ဆက်လေ့ကျင့်လို့ မရတော့ပါဘူး။

သူ့တစ်ကိုယ်လုံး အားအင်ကုန်ခမ်းသွားသလို ခံစားလိုက်ရပြီး

မြေပြင်ပေါ်ကို လဲကျသွားခဲ့တယ်။ သူအသက်ရှုလိုက်တိုင်း ခရမ်းရောင်အငွေ့လေးတွေ ထွက်လာပါတယ်။ ချက်ချင်းပဲ သူ စိတ်ရောကိုယ်ပါ ပြန်လည်လန်းဆန်းသွားပြီး အားပြန်ပြည့်လာခဲ့တယ်။

ရန်ကိုင် ထိတ်လန့်သွားခဲ့တယ်။

စိတ်အာရုံလား။ စိတ်အာရုံက ခန္ဓာသန့်စင်ခြင်းအဆင့်၄ ကို ချိုးဖျက်ဝင်ရောက် နိုင်မှသာ ဖြစ်တည်လာနိုင်လေသည်။

``ဖြစ်နိုင်တာက ငါခန္ဓာသန့်စင်ခြင်း အဆင့်၄ကို ရောက်သွားတာလား’’

ဒီအကြောင်းကို သိလိုက်တဲ့အချိန်မှာ ရန်ကိုင် ဝမ်းသာသွားခဲ့လေပြီ။

ကောင်းကင်မျှော်စင်ကျောင်းကို ရောက်ကတည်းက ခန္ဓာသန့်စင်ခြင်း

အဆင့်၃ကိုရောက်ဖို့အတွက် ၃နှစ်ကြာအောင်သူ လေ့ကျင့်ခဲ့ရတာပါ။

ဒါပေမယ့် လက်သီးသိုင်းကို နာရီဝက်ပဲလေ့ကျင့်ရုံနဲ့ အဆင့်၄ကို

ရောက်သွားခဲ့တယ်။ ကွာခြားချက်ကတော့ မိုးနဲ့မြေအလားပါပဲ။

ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်တွင် အဆင့်၉ဆင့်ရှိတယ်။ အဆင့်၃ထိကခန္ဓာကိုယ်ခွန်းအားကိုသာ တိုးမြင့်ပေးပြီး အဆင့်၄ရောက်မှသာ သွေးကြောတွေပြောင်းလဲလာပြီး စိတ်အာရုံဖြစ်တည်လာကာ အစစ်အမှန် သိုင်းပညာရှင် တစ်ယောက်

ဖြစ်လာနိုင်တာပါ။

ဒီအချိန်မှာ အဆင့်၄ကိုချိုးဖျက်နိုင်သော်လည်း သိုင်းပညာရှင် တစ်ယောက်ရဲ့အစစ်အမှန်စွမ်းအားကို မဖော်ထုတ်နိုင်သေးပါဘူး။ အဆင့်၇ရောက်မှသာ သိုင်းပညာရှင် တစ်ယောက်ရဲ့ အစစ်အမှန်စွမ်းအားကို ထုတ်ဖော်နိုင်မှာပါ။ အဆင့်၉ကို ချိုးဖျက်ဝင်ရောက်နိုင်တာက စဦးဒြပ်စင်အဆင့်ကို ဝင်ရောက်နိုင်ဖို့အတွက် တံခါးပေါက်တစ်ပေါက် ဖွင့်လှစ်လိုက်

ခြင်းပါပဲ။

စဦးဒြပ်စင်အဆင့်က အစစ်အမှန် သိုင်းပညာရှင် တစ်ယောက်ရဲ့ ပထမဆုံး ခြေလှမ်းပါပဲ။ ခန္ဓာသန့်စင်ခြင်း အဆင့်ဆိုာ စဦးဒြပ်စင်အဆင့်အတွက် အခြေခံတည်ဆောက်တဲ့ အဆင့်ပါပဲ။ အခြေခံတည်ဆောက်တာက ဘယ်တော့မှ ပြီးဆုံးသွားမှာမဟုတ်ပါဘူး။ သိုင်းပညာလမ်းကြောင်း

အထွတ်အထိပ်ရောက်တဲ့အထိ ကိုယ့်ရဲ့ အရိုး၊အသွေးအသား ၊အရေပြားတို့က တဖြည်းဖြည်း ပြောင်းလဲလာမှာပါ။

ရန်ကိုင်ကအခုဆိုရင် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် ၄ကိုဝင်ရောက်နိုင်ခဲ့ပြီး စိတ်အာရုံဖြစ်တည်လာနိုင်ခဲ့ပါပြီ။ အခြားသူတွေအတွက်ကတော့

ဒီလောက်အောင်မြင်မှုလေးက ဘာမှမဟုတ်ပေမယ့် သူ့အတွက်ကတော့ ခမ်းနားကြီးကျယ်တဲ့ အောင်မြင်မှုကြီးတစ်ခုပါ။

အပိုင်း (၈) သေးသွယ်လှပတဲ့ခါး

ဒီလက်သီးပညာရပ်က ဘယ်လောက်အစွမ်းထက်မှန်း အဆင့်၄ကို နာရီဝက်လောက်လေ့ကျင့်ရုံနဲ့ ရောက်သွားတာကြည့်ပြီး သိနိုင်တယ်။

သူ့ရဲ့ အလျော့မပေးတတ်တဲ့ စိတ်ကြောင့်လို့ ပြောနိုင်ပေမယ့်လည်း ထိုလက်သီးပညာရပ်ကြောင့်သာ မဟုတ်ရင် အဆင့်၄ကို ချိုးဖျက်ဖို့ နောက်ထပ်၃၊၄လလောက်ကြာဦးမှာပါ။ အသက်ပြင်းပြင်းရှုရင်း ခန္ဓာကိုယ်က အညစ်အကြေးတွေကို ရန်ကိုင် ရှူထုတ်နေခဲ့တယ်။

သူ့ပါးစပ်ထဲကနေ မည်းနက်နေတဲ့ မီးခိုးတွေကို မှုတ်ထုတ်လိုက်ပြီးနောက်အာရုံခြောက်ပါးစလုံး ပိုမိုထက်မြက်လာတာကို ရန်ကိုင် ခံစားမိလိုက်တယ်။

``ဒါကကိုယ်တွင်း အညစ်အကြေးတွေလား’’ ရန်ကိုင် နေရာမှာပဲ တုန်လှုပ်နေခဲ့ရလေပြီ။

ကျင့်ကြံသူတွေက ကျင့်ကြံခြင်းအဆင့်တက်ရင်ဖြစ်စေ၊ သိုင်းပညာရပ်မှာ အဆင့်တက်ရင် ဖြစ်စေ၊ ခန္ဓာသန့်စင်ပေးတဲ့ဆေး၊ ဆေးပင်တစ်ခုခုကို စားမိရင်ဖြစ်စေ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို ပြင်ပသို့ စွန့်ထုတ်နိုင်ကြပါတယ်။ ရန်ကိုင်လည်းနဂိုက သူ့ခန္ဓာကိုယ်ကနေ

အညစ်အကြေးတွေကို စွန့်ထုတ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီလောက်မည်းနက်နေတဲ့ အညစ်အကြေးတွေကိုတော့ တစ်ခါမှ မတွေခဲ့ဖူးပါဘူး။ မြောက်မြားလှစွာသော အတွေးတွေနဲ့အတူ ပျော်ရွှင်မှုတို့က သူ့စိတ်ထဲတွင်ပြေးလွှားနေခဲ့တယ်။ သူအဆင့်၄ကို ချိုးဖျက်နိုင်ခဲ့သော်လည်းလက်သီးပညာရပ်မှာတော့ တိုးတက်မှုမရှိခဲ့ပေ။ သူက လက်သီးပညာရပ်၏ အစွမ်း အပြည့်အဝကို မဖော်ထုတ်နိုင်သေးပါဘူး။ ဒီလောက်လေ့ကျင့်

ခဲ့တာတောင်မှ စုစုပေါင်း တစ်ရာခိုင်နှုန်းလောက်ကိုပဲ ဖော်ထုတ်နိုင်ပါသေးတယ်။လောနေတဲ့သူတွေက ဘယ်တော့မှ တိုဟူးပူပူတွေကို အဆောတလျင်စားလေ့မရှိကြဘူး။

(စိတ်ရှည်သည်းခံမှုက အကျိုးရလဒ်ကိုဖြစ်စေတယ်။ လောကြီးနေရင်တော့ မင်းရဲ့ ကံကောင်းခြင်းတွေကို လွဲချော်သွားရလိမ့်မယ်)

ထို့နောက် သူ့ရဲ့အနာဂတ်အစီအစဉ်တွေအတွက် ခဏစဉ်းစားတွေးတောလိုက်တယ်။ သူ့မှာ ဒီလိုခမ်းနားကြီးကျယ်တဲ့ အနက်ရောင်စာအုပ်ကြီး ရှိနေတာတောင် တံမြက်စည်းလှည်းတဲ့ အစေခံတစ်ယောက်ပဲ ဖြစ်နေအုံးမယ်ဆိုရင် ကမ္ဘာပေါ်မှာ သူ့လောက်ညံ့တဲ့သူရှိတော့မည် မဟုတ်လောက်ပါဘူး။ သို့ပေမယ့်လည်း ရောမမြို့ကိုတောင် ညတွင်းချင်း

တည်ဆောက်ခဲ့တာ မဟုတ်တဲ့အတွက် အရာရာကို အလောတကြီးမလုပ်ပဲ တစ်လှမ်းချင်း လျောက်လှမ်းရပါမယ်။ မိုင်ပေါင်းများစွာကွာဝေးတဲ့ခရီးတောင်ခြေတစ်လှမ်းနဲ့ စတင်ရတာပဲလေ၊ လောကြီးနေလို့ အကျိုးမရှိဘဲ

ဒုက္ခပဲ များလာမှာဖြစ်တဲ့အတွက် အရာရာကို စိတ်ရှည်ရှည်နဲ့ စီမံရပါမယ်။

မနက်စာစားပြီးနောက် တံမြက်စည်းကိုင်ပြီး ရန်ကိုင် စတင်အမှိုက်လှည်းပါတော့တယ်။ သူ့အလုပ်က တံမြက်စည်းလှည်းတဲ့ အလုပ်ဆိုပေမယ့်လည်း

စံအိမ်ဝန်း တစ်ခုလုံးကို လှည်းကျင်းစရာ မလိုပါဘူး။ သူ့ရဲ့တာဝန်က

စံအိမ်ရဲ့ ဆယ်ပုံတစ်ပုံအကျယ်အဝန်းကို လှည်းကျင်းပေးဖို့ပါပဲ။

ဆယ်ပုံတစ်ပုံဆိုသောအကျယ်အဝန်းက တော်တော်လေးကို ကျယ်သော်လည်း သူ့အတွက် လှည်းကျင်းဖို့က တစ်နာရီလောက်သာ ကြာပါတယ်။

သစ်ပင်တွေကြားမှာ ရှနင်းချန်က တပည့်တွေကို စောင့်ကြည့်နေတုန်း

တံမြက်စည်းလှည်းနေတဲ့ ကိုင်ရန်ကို အမှတ်တမဲ့ မြင်သွားခဲ့တယ်။

သူမ သိပ်မသေချာ ဘူးဆိုပေမယ့် ရန်ကိုင်ကနဂိုနဲ့ မတူတော့သလို

ခံစားမိနေခဲ့တယ်။ ရန်ကိုင်က နေရာတစ်ခုတည်းကို့ပဲ နာရီဝက်ကြာအောင် လှည်းနေခဲ့တယ်။

ရှနင်းချန်ဆွံ့အသွားခဲ့တယ်။ ရန်ကိုင်နဲ့ ပက်သက်ပြီး ဘာမှားနေမှန်း

သူမ စဉ်းစားလို့ကို မရပါဘူး။

တံမြက်စည်းလှည်းနေတဲ့အချိန်မှာ ကိုင်ရန်က မနေ့က ဖြစ်ခဲ့တဲ့အကြောင်းတွေကို ပြန်စဉ်းစားနေတာပါ။ မနေ့က အခွင့်အရေးကြီးတစ်ခုကို သူရခဲ့တဲ့အတွက် သူ့အနာဂတ်အတွက်ကို ကြိုစဉ်းစားထားရပါတော့မယ်။ ဒါပေမယ့် လက်သီးပညာရပ်က တစ်နေ့ကိုနာရီဝက်ပဲ နေထွက်ချိန်မှာ လေ့ကျင့်လို့ ရပါတယ်။

သူတွေးတောနေတဲ့အချိန်မှာ သူ့ဆီကိုချဉ်းကပ်လာနေတဲ့ ခြေလှမ်းသံတွေကိုကြားလိုက်ရတယ်။ သူချက်ချင်းပဲ ရှောင်လိုက်တယ်။ ဒါပေမယ့်သူရှောင်မယ်လို့မသိထားတဲ့အတွက် နှစ်ယောက်စလုံး ရှောင်လိုက်မိပြီး ဝင်တိုက်မိကြပါတော့တယ်

ဝင်တိုက်မိတဲ့ကျောင်းသားက ဘာဒဏ်ရာမှ မရလိုက်သော်လည်း သူရန်ကိုင်ကို ဝင်တိုက်မိလိုက်တဲ့အချိန်မှာ သံမဏိနံရံကြီးကို ဝင်တိုက်မိသလို ခံစားလိုက်ရတယ်။ အော်သံတစ်ချက်နဲ့အတူ ကြမ်းပြင်ပေါ်ကို ပစ်လဲသွားခဲ့တယ်။

ရန်ကိုင် မြန်မြန်ဆန်ဆန်ပဲ ပြန်သတိဝင်လာပြီး အားတုံ့အားနာ

မေးလိုက်တယ်``မင်းအဆင်ပြေရဲ့လား’’

လူငယ်လေးက စိတ်ပျက်သွားပြီး သူ့ဝင်တိုက်မိတဲ့လူက ကိုင်ရန်ဖြစ်နေ

မှန်းသိလိုက်တဲ့အခါ သူ့ရဲ့ပေါက်ကွဲနေတဲ့ ဒေါသတွေက တမုဟုတ်ချင်းပျောက်ကွယ်သွားခဲ့တယ်။ ရန်ကိုင်လို လူတစ်ယောက်ကို ဒေါသတကြီးရန်ရှာနေတာက အဓိပ္ပါယ်မရှိဘူးလေ။ ပြီးတော့ ဝင်တိုက်မိတာက

လည်းသူပဲဆိုတော့ … သူ့လက်တွေကို ဝှေ့ရမ်းရင်း မြန်မြန်ဆန်ဆန်ပဲ ပြောလိုက်ပါတယ်

``အဆင်ပြေပါတယ်။ ဘာမှမဖြစ်ဘူး၊အဆင်ပြေပါတယ်’’

အဲ့စကားတွေကို ပြောပြီးနောက် ထကာ ချက်ချင်း ပြေးထွက်သွားပါတော့တယ်။

ရန်ကိုင်က မေးလိုက်တယ်``ဂိုဏ်းတူညီလေး၊ ဘယ်ကို သွားစရာ ရှိလို့များ အဲ့လောက်အလျင်လိုနေတာလဲ’’

ထိုလူငယ်လေးက စိတ်မပါလက်မပါ ပြန်ပြောလိုက်တယ် ``ထောက်ပံ့ရေးခန်းမ ကလွဲလို့ ဘယ်နေရာရှိအုံးမှာလဲ’’

အဲ့စကားကိုကြားပြီး ဒီနေ့ဟာ လတစ်လရဲ့ရှစ်ရက်မြောက်နေ့ဆိုတာ

သတိရလိုက်တယ်။ ထောက်ပံ့ရေးခန်းမက ရမှတ်တွေကို ထုတ်ပေးခဲ့တာ တစ်လကြာခဲ့ပါပြီ။

လတစ်လရဲ့ ရှစ်ရက်မြောက်နေ့တိုင်းမှာ ထောက်ပံ့ရေးခန်းမမှာ အမှတ်တွေထုတ်ဖို့ တပည့်တွေနဲ့ အုံနေလေ့ရှိတယ်။ အဲ့ဒီအမှတ်တွေနဲ့ သူတို့လိုချင်တဲ့ကျင့်ကြံခြင်းဆေးလုံး၊ ရတနာတွေနဲ့ သိုင်းပညာရပ်တွေကို လဲလှယ်နိုင်တယ်။ အဲ့ဒါကြောင့် တပည့်တွေ စိတ်အားထက်သန်နေ ကြခြင်းပါ။ အချို့တပည့်တွေဖြစ်တဲ့ ရန်ကိုင်လိုတပည့်တွေကတော့ စိတ်ဓါတ်ကျရုံသာ တတ်နိုင်ပါတယ်။

ရန်ကိုင်က ရုတ်တရက်ထိတ်လန့်သွားပြီး မျက်မှောင်ကြုံ့လိုက်တယ်။

သူတစ်လရှာလို့ရတဲ့အမှတ်က တော်တော်လေးကို နည်းပါးလွန်းပါတယ်။

တံမြက်စည်းလှည်းတဲ့အလုပ်က တစ်လကိုဆယ်မှတ်ရသော်လည်း

သူဒီလမှာ ၆ကြိမ်စိန်ခေါ်ခံ ခဲ့ရတယ်။ သူတစ်ကြိ်မ်ရှုံးတိုင်း သူ့ထဲက

တစ်မှတ်နှုတ်သွားခဲ့တယ်။ သူစုစုပေါင်း၆ကြိမ်ရှုံးခဲ့တယ်ဆိုတော့

ဒီလသူ့မှာ ၄မှတ်ပဲကျန်ပါတော့တယ်။ ဒါက သူ့ကိုမျက်ရည်ဝဲသွားစေခဲ့တယ်။ကံကောင်းစွာဖြင့် သူက တရားမဝင်တပည့် တစ်ယောက်ဖြစ်နေလို့ တော်တော် အဆင်ပြေနေခဲ့တယ်။ တပည့်တွေထဲမှာ သူ့အဆင့်အတန်းက

အနိမ့်ဆုံးဖြစ်ပြီး ရှုံးသွားရင်လည်း တစ်မှတ်ပဲအနှုတ်ခံရမှာပါ။သာမန်

တပည့်တွေအတွက်ကတော့ သူတို့ရှုံးသွားရင် နှစ်မှတ်နှုတ်ခံရမှာပါ။

ဒီအကြောင်းကိုတွေးရင်း ရန်ကိုင် သူ့ကိုယ်သူ ကျေးဇူးတင်မိသွားတယ်။

သဲမှုန်လေးတွေပေါင်းပြီး သဲကန္ထာရကြီးဖြစ်လာသလိုပဲ သူလည်း

အမှတ်တွေကို တဖြည်းဖြည်းစုဆောင်းရင်း တစ်နေ့ သူလိုချင်တာကို

တော့ ရကောင်းရနိုင်ပါတယ်။ သူ့အလုပ်ပြီးတဲ့အခါ နေမွန်းတည့်နေခဲ့ပါပြီ။ အခုအချိန်က ထောက်ပံ့ရေးခန်းမကို သွားဖို့ အချိန်ကောင်းပါပဲ။

နေမွန်းတည့်ချိန်တွင် ထောက်ပံ့ရေးခန်းမတစ်ခုလုံး လူသူကင်းမဲ့နေပြီးတိတ်ဆိတ်နေခဲ့တယ်။ သူမနက်တုန်းကမလာခဲ့တာ ကံကောင်းသွားခဲ့တယ်။

သူသာမနက်ပိုင်းလာခဲ့ရင် အချိန်အကြာကြီးစောင့်နေရမှာဖြစ်ပြီး

သူ့အတွက် တော်တော် ဒုက္ခရောက်သွားမှာပါ။ ခန်းမတစ်ခုလုံကိုသိမ်းကြုံးကြည့်လိုက်ပြီးနောက် ငိုက်မြည်းနေတဲ့ အဖိုးကြီးတစ်ယောက်ကိုတွေ့လိုက်ရတယ်။

ထိုလူအိုကြီးက ကျောင်းတော်ရဲ့ ဘဏ္ဏာထိန်းတစ်ယောက်ဖြစ်တယ်။

သူက အသက်(၅၀)ရှိနေပြီဖြစ်ပြီး ဖြူဖွေးနေတဲ့သူ့ဆံပင်နဲ့ သူ့ရဲ့ကြင်

နာပုံပေါက်တဲ့သူ့မျက်နှာကြောင့် အန္တရာယ်မရှိပုံပေါ်သော်လည်း

ထိုလူအိုကြီးကကောက်ကျစ်တဲ့မြေခွေအိုကြီးတစ်ကောင်ဆိုတာကိုတော့ကိုင်ရန်သိနေခဲ့တယ်။

တစ်ခါက သူ့ကို အထက်ဆီးဆန်ဆန်ဆက်ဆံခဲ့တဲ့ တပည့်တစ်ယောက်ဆိုရင် ခန်းမထဲကနေ မီတာတစ်ရာလောက် အထိကို ကန်ထုတ်ခံရခဲ့တယ်။ထိုတပည့်က အသက်မျှင်မျှင်လေးသာ ကျန်တော့တာကိုလည်း ရန်ကိုင်

တွေ့ခဲ့တယ်။ ဒါကြောင့် ဒီအဖိုးကြီးက ထင်သလောက်မရိုးရှင်းဘူးလို့

သူသိနေခြင်းဖြစ်တယ်။

ဒီလူအိုကြီး ကောင်ကင်မျှော်စင်က ဘယ်မိန်းကလေးအကြောင်းကို

အိမ်မက်မက်နေပြန်ပြီလဲမသိဘူး။

တံမြက်စည်းကိုကိုင်ရင်း လူအိုကြီးကို လက်တို့ကာ ခေါ်လိုက်တယ်

``ဘဏ္ဏာထိန်းမန်’’

လူအိုကြီးရဲ့မျိုးရိုးနာမည်က မန်ဖြစ်ပြီး သူ့ရဲ့ရှေ့နာမည်ကိုတော့ သူမသိပေ။အကြိမ်များစွားခေါ်ပြီးနောက်မှာတော့ လူအိုကြီးနိုးလာခဲ့တယ်။သူရန်ကိုင်ကို တွေ့လိုက်တာနဲ့ အရှုပ်ထုပ်တစ်ခုကိုတွေ့လိုက်သလိုမျိုး

သူ့မျက်နှာကြီး ရှုံ့မဲ့သွားခဲ့တယ်။

``အဲ့မျက်နှာက ဘာဖြစ်တာလဲ’’ ကိုင်ရန်က ဒေါသတကြီးပြောလိုက်တယ်။

လူအိုကြီးက သူ့မျက်ခွံကိုလှန်လိုက်ရင်းမေးလိုက်တယ်``မင်းမနက်

ကတည်းက ဘာလို့မလာခဲ့တာလဲ’’

``မနက်ပိုင်းက ဒီမှာလူတွေနဲ့ အုံနေတာကိုး။ အခုအချိန်က လူတွေမရှိတော့စောင့်နေစရာလည်း မလိုတော့ဘူးလေ။ အချိန်ကုန်လည်းသက်သာတာပေါ့’’

ရန်ကိုင်က ယုံကြည်ချက်ရှိစွာ ပြန်ဖြေလိုက်တယ်။

``မင်းက ဒီလူအိုကြီးအိပ်နေတာကို လာနှောင့်ယှတ်တာပဲ။ မင်းအကြီးတွေကို လေးစားရမယ်မှန်းကော သိရဲ့လား’’

ရန်ကိုင်က နံရံကိုမှီရင်း တိုးတိုးလေး မေးလိုက်တယ် ``ဘယ်မိန်းကလေးအကြောင်းကို အိမ်မက်မက်နေပြန်ပြီလဲ’’

လူအိုကြီးက အားပြည့်အင်ပြည့် ဖြစ်သွားပြီး အထင်တသေးနဲ့ ရန်ကိုင်ကို ပြောလိုက်တယ်``မင်းပြောလိုက်တဲ့စကားတွေက ငါ့ရဲ့

ဂုဏ်သိက္ခာကို ညှိးနွမ်းမှေးမှိန်စေတယ်ကွ။ တော်တော်ရိုင်းစိုင်းတဲ့

စကားတွေပဲ’’

``ခန္ဓာကိုယ်လှလှလေးလား’’

``ဟုတ်တယ်’’ ဘဏ္ဏာထိန်းမန်က အမှတ်တမဲ့ ပြန်ပြောလိုက်တယ်။

``အသားဖြူဖြူ၊ခြေတံရှည်ရှည်လေး၊ ပြီးပြည့်စုံတဲ့ ခါးသေးသေးလေးနဲ့လား’’

``အင်း…’’ ရန်ကိုင်ကို ငယ်ပေါင်းဖော်လိုမျိုး တရင်းတနှီး ပြောကာ ချက်ချင်းပဲ ခေါင်းညိတ်လိုက်တယ်။

``ဟဲ ဟဲ …..’’ ရန်ကိုင် နှာခေါင်းရှုံ့လိုက်တယ်။

ရုတ်တရက် ဘဏ္ဏာထိန်းမန်ရဲ့ စကားတွေထစ်ကုန်ကာ သူ့မျက်နှာက မျောက်ဖင်လိုနီရဲသွားခဲ့တယ်။ သူ့အနေနဲ့ ရှက်လွန်းသဖြင့် တွင်းတူးပြီး တွင်းထဲမှာသာ ပုန်းနေချင်ပါတော့တယ်။

Martial Peak

အပိုင်း(၉) ဘဏ္ဏာထိန်း မန်

ကောင်းကင်မျှော်စင်မှာနေခဲ့တဲ့ သုံးနှစ်လုံး သူတကယ်သိတဲ့သူဆိုလို့

ဘဏ္ဏာထိန်းမန် တစ်ယောက်ပဲရှိခဲ့တာပါ။ဘာပဲဖြစ်ဖြစ် သူကသူ့ကို

လတိုင်းသွားတွေ့ဖို့လိုအပ်တယ်လေ။

တပည့်တော်တော်များများက ဘဏ္ဏာထိန်းမန်ကို နာမည်ပြောင်

ပေးထားကြပါသေးတယ်``ဗိုလ်ကျတဲ့မန်’’ တဲ့။ သူက ဘဏ္ဏာထိန်းတစ်ယောက် ဖြစ်ပေမည့်လည်းပဲ တပည့်တွေဆီက အမှတ်တွေကို လှည့်စားယူလေ့ရှိတယ်။ သွေးတိတ်ဆေးရည်တစ်ပုလင်းကို ဆယ်မှတ်သာကျသော်လည်း

သူက နှစ်ပုလင်းကို အမှတ်သုံးဆယ်နဲ့ရောင်းလေ့ရှိတယ်။ သွေးတိတ်ဆေးရည်နှစ်ပုလင်းထဲမှာ ရှိသင့်တဲ့ပမာဏကို သုံးပုလင်းခွဲရောင်းခြင်းပါ။သူပြောတာကလည်း ရိုးရှင်းလွန်းလှတယ်

``ဝယ်ချင်ဝယ်၊ မဝယ်ချင်ရင် ထွက်သွား’’ဘဏ္ဏာထိန်းမန်က ဒီလိုတော့အမြဲတမ်း မလုပ်ပေ။တစ်ခါတစ်ရံမှသာ

လုပ်လေ့ရှိတယ်။ သူကချမ်းသာတဲ့တပည့်တွေကိုသာ ပစ်မှတ်ထားလေ့ရှိပြီးရန်ကိုင်လိုဆင်းရဲတဲ့ တပည့်တွေကို ပုံမှန်အတိုင်းပဲရောင်းတယ်။

အမှတ်တွေက လွယ်လွယ်လေးနဲ့ ရလာတာမှမဟုတ်တာ။ သူတို့

ကြိုးကြိုးစားစားရှာရထားတဲ့ အမှတ်တွေကို အလွယ်တကူခေါင်းပုံဖြတ်နေတာကိုဘယ်တပည့်ကမှ ထိုင်ကြည့်နေမည်မဟုတ်ပေ။ ထို့ကြောင့် ဘဏ္ဏာထိန်းမန်

ကို မကျေနပ်တဲ့တပည့်တွေက ကောင်စီကို တိုင်ကြားကြတယ်။

ကောင်းစီက သူ့ကိုအကြိမ်ကြိမ်သတိပေးခဲ့သော်လည်း သူကဂရုတောင်မစိုက်ပေ။ဒါ့အပြင် သူ့ရာထူးက အလွန်အရေးကြီးတဲ့အတွက် သူ့နေရာကို အစားထိုးနိုင်တဲ့သူ တစ်ယောက်မှမရှိပေ။

ဒီကိစ္စတွေကြောင့်သူက တပည့်တွေရဲ့ အမုန်းဆုံးရန်သူတော်ကြီးဖြစ်

နေခဲ့တယ်။ ဒီလူအိုကြီးက သူဘာမှမလုပ်နိုင်တဲ့ကိုင်ရန်ကလွဲလို့

အခြားတပည့်တွေအပေါ်မှာ အရမ်းအနိုင်ကျင့်လေ့ရှိတယ်။ တစ်ခါကသူမိန်းကလေးတစ်ယောက်ကို ချောင်းကြည့်နေတာကို ရန်ကိုင်က လက်ပူးလက်ကြပ်မိသွားခဲ့တယ်။ အကြီးအကဲတစ်ယောက် ဖြစ်ပြီး ရိုသေလေးစားမှုလည်းမရှိဘူး။ နှာဗူးကြီး ဆိုပြီး ရန်ကိုင်ကပြောပေမယ့် လူအိုကြီးက သူမှားနေတာဖြစ်တဲ့အတွက် ရန်ကိုင် ပြောတာတွေကိုသာ ခေါင်းငုံ့နားထောင်ရပါတော့တယ်။

အဲ့ဒီအကြောင်းကြောင့် ရန်ကိုင်က ဒီလူအိုကြီးနဲ့ အရမ်းရင်းနှီးလာခြင်းဖြစ်တယ်။ဒီအရေထူနေတဲ့ တဏှာရူးကြီးက စကားလမ်းကြောင်းကိုချက်ချင်းပဲပြောင်းလိုက်တယ်

``ခါတိုင်းလိုပဲလား’’

``အင်း’’ ကိုင်ရန်က ခေါင်းတညိတ်ညိတ်လုပ်ရင်း စိတ်အားထက်သန်စွာညပြောလိုက်တယ်။

စကားတစ်ခွန်းတောင်မပြောဘဲ လူအိုကြီးက ကောင်တာထဲက ငွေဒင်္ဂါးဆယ်ပြား ထုတ်ပေးလိုက်ပြီး မှတ်ထားလိုက်တယ်။

ငွေဒင်္ဂါးတွေကိုယူရင်း သူမေးလိုက်တယ်

``အခုကျွန်တော်မှာ အမှတ်ဘယ်လောက်ရှိလဲ’’

ဘဏ္ဏာထိန်းမန်က မျက်ခွံလှန်ပြီးပြောလိုက်တယ်

``မင်းကတစ်လကို လေးမှတ်ရတယ်။ ပြီးတော့ တစ်မှတ်ကို အမြဲတမ်း ငွေဒင်္ဂါးဆယ်ပြားနဲ့လဲတာဆိုတော့

အခုမင်းမှာ စုစုပေါင်း ၁၂မှတ်ရှိတယ်။ ဘာလဲမင်းက မင်းအမှတ်တွေကို သွေးတိတ်ဆေးရည်နဲ့လဲချင်လို့လား’’

``ဟင့်အင်း ၊မေးကြည့်ရုံပဲ’’´သူတီးတို့ရေရွတ်ရင်းပြောလိုက်တယ်

``၁၂မှတ်’’

ဒီအမှတ်က သူ့အတွက် ဘယ်လောက်မှ အသုံးမဝင်ပေ။

ရုပ်တည်ကြီးနဲ့ ဘဏ္ဏာထိန်းမန်ကတိုးတိုးလေးပြောလိုက်တယ်။

``ကိုင်ရန်လေး၊မင်ကသန့်စင်ခြင်းအဆီအနှစ်ဆေးလုံးနဲ့ လဲချင်နေ

တာလား။ ဒါပေမယ့် မင်းရဲ့ အခုအမှတ်စုတဲ့နှုန်းနဲ့ဆိုရင် အဲ့ဆေးလုံးကိုရဖို့က တော်တော်လေးကို ကြာလိမ့်မယ်နော်’’

``အချိန်တန်ရင်တော့ရမှာပဲလေ’’ ကိုင်ရန်က ရယ်ရင်းပြန်ပြော

လိုက်တယ်။

ဒါက ဘဏ္ဏာထိန်းမန်ကို ပြောစရာစကားမဲ့သွားစေခဲ့တယ်။မင်းသာ

အဲ့နှုန်းအတိုင်းဆက်စုနေမယ်ဆိုရင် မင်းအဲ့ဆေးလုံးကိုရတဲ့အချိန်

ငါအခေါင်းထဲကို ရောက်နေလောက်ပြီ လို့သူတွေးလိုက်တယ်။

``ဒါပေမယ့် ဘဏ္ဏာထိန်းမန်၊ ကျွန်တော်နားမလည်တာတစ်ခုရှိတယ်’’

``ပြော…’’ ငါစိတ်ကောင်းဝင်နေလို့ မင်းကို ပြောခွင့်ပေးလိုက်မယ် ဆိုတဲ့ပုံစံမျိုးနဲ့ ပြောလိုက်တယ်။

``သန့်စင်ခြင်းအဆီအနှစ်ဆေးလုံးက အရမ်းကို တန်ဖိုးကြီးတာလေ။

အဲ့လိုဆေးက ဘယ်လိုလုပ်ပြီး ဒီမှာရှိနေတာလဲ’’

``ဟဲ ဟဲ…… ’’ လူအိုကြီးကသူ့ကိုယ်သူ ဂုဏ်ယူတဲ့ပုံစံနဲ့ ပြောလိုက်တယ်။

``ဘာလို့လဲဆိုတော့ အဲ့ဆေးလုံးက ငါပိုင်တာလေ။ အဲ့အကြောင်းကို

ဘယ်သူမှမသိသေးဘူး’’

``အာ……ခင်ဗျားပိုင်တာလား’’ ရန်ကိုင် ကြောင်သွားခဲ့လေပြီ။

ဒီဆေးလုံးကိုကျောင်းကပိုင်တယ်လို့ သူထင်နေခဲ့တာပါ။ ဒီလူအိုကြီးမှာ ဒီလောက်ဈေးကြီးတဲ့ဆေးလုံးရှိနေတာ အံ့သြစရာမရှိပါဘူးလေ။

``အခု၊ဒေါသထွက်မနေနဲ့ဦး’’ လူအိုကြီးက လက်ဖက်ရည်တစ်ငုံလောက် သောက်လိုက်ရင်း ပြောလိုက်တယ်``ငါမင်းကိုအနိုင်မကျင့်ပါဘူး။ မင်းမှာ

အမှတ်လုံလုံလောက်လောက်ရှိနေသရွေ့ အဲ့ဆေးလုံးကို မင်းကိုငါလဲပေးမှာပါ။ ငါကပြောပြီးသားစကားကို ပြန်မရုတ်သိမ်းတတ်ပါဘူး’’

``ကျွန်တော်အမှတ် အရင်စုလိုက်ဦးမယ်’’ ကိုင်ရန်က ခေါင်းညိတ်ရင်း ပြောလိုက်တယ်။

လူအိုကြီးက စိတ်ဓာတ်ကျနေတဲ့ပုံနဲ့

``မင်းမနေ့တုန်းက အရိုက်ခံရသေးတယ်ဆို’’ ထိုစကားကို ကြားတာနဲ့ ရန်ကိုင် ချက်ချင်းလှည့်ထွက်သွားလိုက်တယ်။ဘဏ္ဏာထိန်းမန်က လှမ်းအော်လိုက်တယ်``ငါကိုဆုံးအောင်မေးခွင့်ပေးပါဦး။ ဒီလိုမျိုးအလောတကြီးထွက်မသွားနဲ့လေ’’

သူမျက်နှာက စိတ်ဓါတ်ကျနေပုံပေါ်သော်လည်း သူ့စိတ်ထဲမှာတော့

ကျေနပ်နေခဲ့တယ်။

ကိုင်ရန်ရပ်သွားမယ့်အရိပ်အယောက်ကို မတွေ့တာနဲ့ သူအော်လိုက်ပြန်တယ်

``ကိုင်ရန်လေး၊ ဒီကျောင်းကနေ မင်းမြန်မြန် ထွက်သွားသင့်တယ်။

ကောင်းကင်စံအိမ်က မင်းနဲ့မသင့်တော်ဘူး။ မဟုတ်ရင်

အနှေးနဲ့အမြန်မင်း အသတ်ခံရလိမ့်မယ်’’

ကိုင်ရန်က ရပ်လိုက်ပြီး နောက်ပြန်လှည့်မကြည့်ဘဲသက်ပြင်းချကာ

ပြောလိုက်တယ်``ငါ့မှာသွားစရာနေရာမရှိဘူး’’

လက်ဖက်ရည်ခွက်ကိုကိုင်ရင်း ဘဏ္ဏာထိန်းမန်ကမေးလိုက်တယ်။

``အဲ့ဒါဆိုရင်..မင်းဘာလို့ဒီကျောင်းကို လာခဲ့တာလဲ’’

သန့်စင်ခြင်း အဆီအနှစ်ဆေးလုံးလား……ဟဲ ဟဲ ။အဲ့လိုတန်ဖိုးကြီးတဲ့

ဆေးလုံးဒီလူအိုကြီးမှာ ဘယ်လိုလုပ်ပြီးရှိမှာလဲ။ သူ့ကကိုင်ရန်ကို

မျှော်လင့်ချက်လေးရအောင် လိမ်ပြောလိုက်ခြင်းသာဖြစ်တယ်။

ဒါပေမယ့် ထိုကောင်က အဲ့ဒါကို အတည်ကြီးလုပ်မယ်လို့ သူမထင်ထားခဲ့ပေ။ ရန်ကိုင်က သူ့တဲဆီ မြန်မြန်ပြန်သွားလိုက်ပြီး တံမြက်စည်းကို နေရာတကျထားလိုက်ပြီးနောက် သူ့တဲကနေ မြန်မြန် ပြန်ထွက်သွားခဲ့တယ်။ သူလတိုင်းသွားနေကျ ကျောင်းတော်အနီးမှာရှိတဲ့ မြို့ငယ်လေးမှာ

ဆန်ဝယ်ဖို့သွားနေခြင်းပါ။ သူ့ဘဝမှာ ဒီခရီးကိုသွားတာ ပထမဆုံးအကြိမ်အဖြစ် ပင်ပန်းတယ်လို့

မခံစားရခြင်းပါ။နဂိုကဆိုရင် သူဒီခရီးကိုသွားတဲ့အကြိမ်တိုင်း

အမောဆို့ပြီး အသက်ရှုပ်ကြပ်တာကို ခံစားခဲ့ရတယ်။ အခုအချိန်မှတော့ သူဘယ်လိုမှ မခံစားရတဲ့အပြင် သူ့တစ်ကိုယ်လုံး အားအင်တွေပြည့်နေတယ်လို့ ခံစားလိုက်ရတယ်။

အခုအချိန်မိုင်တစ်ရာခရီးကို သူလမ်းလျှောက်သွားရင်တောင် မမောပန်းနိုင်ဘူးလို့ ခံစားနေရတယ်။ဒါက ရွှေရောင်အရိုးခြောက်ကြောင့်လား။ မနက်တုန်းကအကြောင်းတွေကို

ပြန်စဉ်းစားကြည့်လိုက်တယ်။ သူတံမြက်စည်းလှည်းနေတဲ့ အချိန်တုန်းကလည်း မောပန်းတာကို မခံစားရခဲ့ပေ။ သူ့ကို ကောင်လေးတစ်ယောက်က ဝင်တိုက်လိုက်တဲ့ အချိန်တုန်းကလည်း သူလဲကျမသွားခဲ့ပေ။ အမှန်ဆိုရင် လဲကျသင့်တဲ့သူက သူ့ဖြစ်သင့်တာပါ။ အဲ့အစား ဝင်တိုက်တဲ့ကောင်လေးသာ

လဲကျသွားခဲ့ရတယ်။ ရွှေရောင်အရိုးခြောက်သူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပေါင်းစပ်သွားတဲ့အချိန်ကစပြီး သူ့ခန္ဓာကိုယ်မှာဖြစ်လာတဲ့ ပြောင်းလဲမှုတွေအကြောင်းကိုတွေးရင်း သူပိုပြီးစိတ်လှုပ်ရှားလာခဲ့တယ်။ အဲ့အကြောင်းကိုတွေးရင်း နောက်ဆုံး မြို့ဆီသို့ သူရောက်လာခဲ့တယ်။

သူ့ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး လမ်းရဲ့ဘယ်ဘက်အခြမ်းကို သွားလိုက်တယ်။ သူသွားနေတဲ့နေရာက ဟီမျိုးရိုးနာမည်နဲ့ လူတစ်ယောက်ပိုင်ဆိုင်တဲ့ ဆန်ဆိုင်တစ်ဆိုင်ပဲဖြစ်တယ်။ ထိုဆိုင်ပိုင်ရှင်က ဝယ်သူတွေကို ဘက်မလိုက်

ပဲ အားလုံးကို တပြေးညီဆက်ဆံတဲ့အတွက် ကိုင်ရန်ကဆန်ကို ထိုဆိုင်ကနေပဲ အမြဲဝယ်နေရခြင်းဖြစ်တယ်။

ဒီလိုစတိုးဆိုင်လေးတွေကို နေရာတိုင်းမှာတွေ့နိုင်တယ်။ အနက်ရောင်မက်မွန်သီးကျေးရွာက အရမ်းကိုစည်ကားပါတယ်။ အကြောင်းအရင်းကတော့ ဒီရွာအနီးအနားမှာ ကောင်းကင်စံအိမ်နဲ့ လေပြင်းမုန်တိုင်းဂိုဏ်းတို့ ရှိနေတဲ့အတွက်ကြောင့်ပါပဲ။ စံအိမ်နဲ့ဂိုဏ်ကြားက ဆက်ဆံရေးကတော့ သာမန်ပဲဖြစ်တယ်။

ကျောင်းတော်က တပည့်တွေနဲ့ဂိုဏ်းသားတွေက သူတို့လိုအပ်တဲ့လက်နက်တွေကို ဒီကျေးရွာမှာ လာဝယ်လေ့ရှိတယ်။အဲ့ဒါကြောင့် ဒီကျေးရွာက

ဟန်မင်းဆက်မြို့တော်လို စည်ကားနေရခြင်းဖြစ်တယ်။ကိုင်ရန်ခဏ

ကြာအောင်လမ်းလျှောက်လိုက်ပြီးနောက် အဖွဲ့တစ်ဖွဲ့ကို မမျှော်လင့်ပဲတွေ့လိုက်ရတယ်။ သူ့တို့တွေဘာလုပ်နေတယ်ဆိုတာကို ရန်ကိုင်မသိပေမယ့် တော်တော်လေးကို သံသယဝင်စရာ ကောင်းနေခဲ့တယ်။

ရန်ကိုင်က``ငါ့ကိုရန်လာမစရန် ငါကလည်း ပြန်ဒုက္ခပေးမှာမဟုတ်ဘူး’’ဆိုတဲ့ နိယာမအတိုင်း ထိုလူအုပ်ကို လျစ်လျူရှုက ဖြတ်ကျော်သွားလိုက်တယ်။ ဒါပေမယ့် သူတို့ထဲက တစ်ယောက်က ရန်ကိုင်လိုမျိုး ကောင်းကင်စံအိမ်က တပည့်ဝတ်စုံကို ဝတ်ဆင်ထားပါတယ်။

Martial Peak

အပိုင်း (၁၀) လုပ်ကြံပြောဆိုခြင်း

ရန်ကိုင်က ဒီအကြောင်းကို အများကြီးတွေးမနေခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ကောင်းကင်စံအိမ်က အနက်ရောင်မက်မွန်သီးကျေးရွာ နားမှာရှိတဲ့အတွက် ကျောင်းတော်က တပည့်တွေက

ဒီကို လာတတ်ကြသောကြောင့်ဖြစ်တယ်။

သိပ်မကြာခင်မှာပဲ ကိုင်ရန်ဆန်ဆိုင်ရှေ့က လူတန်းကြီးဆီကို

ရောက်လာခဲ့တယ်။ တန်းဆီနေတဲ့ သူတွေကများလွန်းသဖြင့် ဆိုင်၂ဆိုင်စာလောက် ရှည်လျားပါတယ်။ ဆိုင်ရှေ့ှမှှာ စောင့်နေတဲ့ လူတွေကများပေမယ့် ဆိုင်မှာ အကူအလုပ်သမား တစ်ယောက်ပဲရှိနေခဲ့ပါတယ်။ ဆိုင်ပိုင်ရှင် ကောင်တာပေါ်မှာ ပေသီးတွက်ခုံနဲ့ ငွေတွက်နေချိန်မှာ သူ့မိန်းမ

က ဝယ်သူတွေကို လိုက်နှုတ်ဆက်နေခဲ့ပါတယ်။ တန်းဆီနေတဲ့သူတွေ တဖြည်းဖြည်း နည်းလာပြီးနောက်ဆုံး ရန်ကိုင်အလှည့် ရောက်လာခဲ့တယ်။

``အန်တီ’’ ကိုင်ရန်ခေါ်လိုက်တယ်။အသက်(၄၀)အရွယ်အမျိုးသမီး

က ဘယ်သူခေါ်နေတာလဲဆိုတာသိရအောင် ခေါင်းမော့ကြည့်လိုက်

တယ်။ ကိုင်ရန်ခေါ်နေတာမှန်း သိလိုက်တဲ့အခါသူမ ရုတ်တရက်

ပြုံးပြီးပြောလိုက်တယ်``အိုး၊ ကောင်လေး ။ဆန်လာဝယ်တာလား’’

``ဟုတ်ကဲ့’’ သူကောင်တာရှေ့သွားလိုက်ပြီး ကောင်တာနောက်က

ဆန်တစ်အိတ်ကို လက်ညှိးထိုးကာပြောလိုက်တယ်``ကျွန်တော့်ကို

ဆန်တစ်အိတ်ပေးပါ’’

အမျိုးသမီးက ဆန်အိတ်ကို ကြိုးနဲ့ချည်ရင်းပြောလိုက်တယ်``ကောင်လေး၊တစ်လကို ဆန်တစ်အိတ်ပဲဝယ်တာ မင်းအတွက်လောက်ကော လောက်ရဲ့လား’’

ရန်ကိုင်က ပြန်ဖြေလိုက်တယ်``လောက်ပါတယ်’’

``နင်လိမ်နေတာပဲ’’ အမျိုးသမီးက ကိုင်ရန်ကိုကြည့်ရင်း ပြန်ပြောလိုက်တယ်။``နင့်ကိုနင်လည်းပြန်ကြည့်လိုက်ပါဦး။ နင့်အတွက်လုံလောက်တယ်ဆိုရင် နင့်တစ်ကိုယ်လုံး ဘာလို့ အရိုးပေါ်အရေတင်ဖြစ်နေမှာလဲ’’

ရန်ကိုင်က ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး ``ကျွန်တော်က တောင်ပေါ်သွားပြီး အမဲလိုက်လေ့ရှိတာဆိုတော့ ဆန်တစ်အိတ်က ကျွန်တော့်အတွက်လုံလောက်ပါတယ်’’

ပိုက်ဆံတွေကိုပဲ သဲကြီးမဲကြီးရေတွက်နေတဲ့ ဆိုင်ပိုင်ရှင်က ရန်ကိုင်ပြောတာကို ကြားတဲ့အခါ အမျိုးသမီးကို တိုးတိုးလေး

ပြောလိုက်တယ်``နောက်ဖေးက ဆန်ဟောင်းတွေ ယူပြီးကောင်လေး

ကိုပေးလိုက်’’

``ဟုတ် သူဌေး’’ သူ့မိန်းမ က အပြုံးနဲ့ပြန်ပြောလိုက်တယ်။

``အဲ့လို လုပ်လို့မကောင်းဘူးလေ။ သူဌေးလည်း အဲ့ဆန်တွေကို

အလကားရထားတာမှ မဟုတ်တာကို ကျွန်တော်က အလကား

ယူလို့ဘယ်ဖြစ်မလဲဗျ’’ ကိုင်ရန်က ပြန်ပြီးအော်ပြောလိုက်တယ်။

အမျိုးသမီးက မျက်မှောင်ကြုံ့လိုက်ပြီး ``ဆန်ဟောင်းတွေက အသုံးမှမဝင်တော့တာ။ အချိန်ကြာလာရင် အပင်ပေါက်ကုန်တော့မှာ။ ဒီမှာထားထားလို့ နေရာပိုရုံပဲရှိမှာ။ ဘာပဲဖြစ်ဖြစ် ဘယ်သူမှ ဆန်ဟောင်းတွေကို

မဝယ်ကြတာ။ ဆန်ဟောင်းတွေက ဆန်သစ်လောက်မကောင်းပေမယ့်

စားလို့တော့ရတယ်လို့ သူဌေးကပြောတယ်။ဒီမှာ ခဏစောင့်နေဦး။

အန်တီသားအတွက် သွားယူပေးမယ်’’

သူမပြောနေတုန်း ဆိုင်အနောက်ဘက်ကို ရောက်နေပြီဖြစ်တယ်။

ကိုင်ရန်ဘာပြောလို့ ပြောရမှန်းမသိဖြစ်သွားခဲ့တယ်။ သူဆန်လာဝယ်တဲ့

အချိန်တိုင်း သူဌေးနဲ့ သူ့မိန်းမက အကြောင်းပြချက်မျိုးစုံပေးကာ

သူ့ကို ဆန်ဟောင်းတွေပေးလေ့ရှိတယ်။ သူ့ကို ဆန်ဟောင်းတွေပေး

တယ်လို့သာ ပြောသော်လည်း သူတို့ပေးလိုက်တဲ့ဆန်တွေက ဆန်သစ်တွေချည်းဖြစ်တယ်။ သူတို့ရက်ရောမှုနဲ့ နွေးထွေးကြင်နာမှုကြောင့် ဒီစိတ်ပျက်စရာ ကမ္ဘာကြီးမှာ အသက်ဆက်ရှင်ဖို့ သူ့အတွက် မျှော်လင့်ချက်ရှိလာခဲ့တယ်။

``ကျေးဇူးပါ ဦးလေးဟီ’´ကိုင်ရဲ့အသံက နည်းနည်းတုန်နေခဲ့တယ်။

သူဌေးကပြုံးပြီးပြောလိုက်တယ်``တစ်ယောက်တည်းနေတဲ့အတွက်

မင်းအတွက်ပြသနာမျိုးစုံတော့ရှိမှာပဲ။ နောင်ကျရင် မင်းဗိုက်ဆာလာတဲ့

အခါ ငါ့ဆိုင်ကိုသာလာခဲ့။ ငါ့ဆိုင်က အကြီးကြီးမဟုတ်ပေမယ့် မင်းစားဖို့တော့ ဆန်အလုံအလောက်ရှိပါသေးတယ်’’

``ဟုတ်ကဲ့ ’’ ကိုင်ရန်ကပြောလိုက်တယ်။ ဒီကမ္ဘာကြီးမှာ လူကောင်းတွေ

လည်းရှိနေသေးတာပဲလို့ သူတွေးလိုက်တယ်။

သိပ်မကြာခင်မှာပဲ ဒေါသထွက်နေတဲ့လူတစ်ယောက်က

ဖြူဖတ်ဖြူလျော်ဖြစ်နေတဲ့ လူတစ်ယောက်ကို တွဲကာ ဆိုင်ရှေ့ကို

ရောက်လာပြီး ဆိုင်ရှေ့မှာတန်းဆီနေတဲ့ လူတွေကိုကန်ထုတ်လေသည်။

ဆိုင်အလုပ်သမားပါ အကန်ခံလိုက်ရပြီး မြေပေါ်ကိုခေါင်းနဲ့ကျကာ

ပြန်ထမလာတော့ပေ။

``ဘာလို့အဲ့လိုလုပ်ရတာလဲ’’ သူဌေးက ဆိုင်အလုပ်သမားကို

ကန်လိုက်တဲ့လူကိုအော်ရင်း ဆိုင်ထဲကပြေးထွက်သွားလေသည်။

အဲ့လူနှစ်ယောက်ထဲက တစ်ယောက်က ဖြူဖတ်ဖြူလျော်ဖြစ်နေပြီး

သူ့ဗိုက်ကို ကိုင်ထားကာ အခြားတစ်ယောက်က တွဲထားပေးရတယ်။ အခြားတစ်ယောက်ကတော့ ဝက်ဝံတစ်ကောင်လို သန်မာထွာကြိုင်း

လှပါတယ်။

``ဒီဆိုင်ရဲ့ သူဌေးကဘယ်သူလဲ’’ အနှီလူကြီးက အော်မေးလိုက်တယ်။

``ငါပါ ။ငါပါ’’ သူဌေးက မြန်မြန်ပဲပြန်ဖြေလိုက်တယ်။

သူဌေးက ဆန်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားတဲ့ သာမန်ကုန်သည်လေး

တစ်ယောက်သာဖြစ်တယ်။ ထိုလူနှစ်ယောက်ရဲ့ ခါးကဓားတွေရဲ့

သူတို့ကြမ်းကြုတ်ခက်ထန်နေတဲ့မျက်နှာအရ သူ့တို့ကလွယ်လွယ်

သွားရှုပ်လို့ရမယ့်လူမျိုးမဟုတ်ဘူးဆိုတာကို ဖော်ပြနေခဲ့တယ်။

သူဌေးက ဖြစ်ပျက်နေတာကိုကြည့်ပြီး အံ့အားသင့်နေတုန်းပင်။

``ကောင်းပြီ။ မင်းကဒီဆိုင်ရဲ့သူဌေးပေါ့။ ဒီတော့မင်းက အဆိပ်ရှိတဲ့

ဆန်တွေကို ငါ့ညီကိုရောင်းလိုက်တဲ့သူပေါ့။ ငါ့ညီကို ကြည့်လိုက်စမ်း။

ပုံမှန်ဆိုရင် သူကတက်တက်ကြွကြနဲ့ ဝက်ဝံတစ်ကောင်လို သန်မာတာ။

မင်းရောင်းလိုက်တဲ့ ဆန်ကိုစားပြီးကတည်းက သူ့ခဗျာ မတ်တပ်ရပ်ဖို့

တောင် အနိုင်နိုင်ဖြစ်နေရတယ်။ မင်းလိုကောင်ကျစ်တဲ့နှလုံးသားရှိတဲ့

သူဌေးတစ်ယောက်က ပိုက်ဆံရဖို့ပဲသိပြီး အခြားသူတွေရဲ့ အသက်

ဘာဖြစ်ဖြစ်ဂရုမစိုက်လို့ ငါ့ညီဒီလိုဖြစ်နေတာ’’

ထိုလူကြီးစီက အဲ့စကားလုံတွေထွက်လာတာနဲ့ သူဌေးက စိုးရိမ်စွာ

နဲ့ အထစ်ထစ်အငေါ့ငေါ့နဲ့ ပြန်ပြောလိုက်တယ်``ဒါ…ဒါဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’’

အဲ့လူကြီးက ပြန်ပြောလိုက်တယ်``ငါဘယ်လိုလုပ်ပြီးသိမှာလဲကွ။

ဒီမနက် ငါ့ညီက မင်းဆီက ဆန်ဝယ်ပြီး အိမ်ရောက်တော့ ယာဂုလုပ်

သောက်တယ်။ သူအဲ့ယာဂုကိုသောက်ပြီးတာနဲ့အဲ့လိုဖြစ်သွားတာပဲ။

ငါမသောက်မိလိုက်တာ ကံကောင်းတယ် ။ ငါသာသောက်မိလိုက်ရင်

သူ့လိုဖြစ်နေဦးမှာ’’

သူဌေးက နဖူးက ချွေးတွေနဲ့စို့လာပြီး သူ့အကျီင်္လက်ကိုမကာ

သူ့နဖူးက ချွေးတွေကို သုတ်ရင်းပြောလိုက်တယ်`` လေးစားရပါ

သော မိတ်ဆွေခင်ဗျာ၊ နားလည်းမှုလွဲနေတာကောမဖြစ်နိုင်ဘူးလား’’

``နားလည်မှုလွဲတာလား။ မင်းအမေကြီးကိုပဲ နားလည်မှုလွဲလိုက်….

မင်းဆန်ကြောင့်သာမဟုတ်ရင် ဘယ်လိုလုပ်ပြီး သူက ဒီလိုဖြစ်သွားမှာ

လဲ’’ ဟန်လူကြီးက အော်လိုက်တယ်။

ကိုင်ရန်က သူ့ရှေ့မှာဖြစ်ပျက်နေတာကိုကြည့်ရင်း ထိုင်စဉ်းစား

နေလိုက်တယ်။သူဌေးလို လူကောင်းတစ်ယောက်က အဆိပ်ရှှိတဲ့

ဆန်တွေကို ရောင်းတယ်ဆိုတာကို သူမယုံပါဘူး။ ပြီးတော့

ကောက်ကျစ်တဲ့ လူတစ်ယောက်က သူ့ဆန်တွေကို အဆိပ်ခတ်

ရောင်းရလောက်တဲ့အထိ တုံးအမနေပါဘူး။

ဒီသတင်းသာပြန့်သွားခဲ့ရင် သူဌေးက စီဟွားရေးဆက်လုပ်လို့

ရတော့မည်မဟုတ်သလို သူ့ဆန်တွေကိုလည်း ဘယ်သူမှ

ဝယ်ရဲတော့မည်မဟုတ်ပေ။ ဒါအပြင် ဒီလူနှစ်ယောက်ပေးတဲ့

ဆင်ခြေဆင်လက် တွေကလည်း သည်းမခံနိုင်လောက်အောင်

သူဌေးဆိုင်ရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးနေခဲ့တယ်။

ဒါကြောင့် ဒီလူကြီးနှစ်ယောက် သူဌေးဟီဆိုင်ကို နှောင့်ယှတ်ဖို့

လာတာပဲဖြစ်ရပေလိမ့်မည်။

ကိုင်ရန်ရဲ့ ခန္ဓာကိုယ်က အားနည်းသော်လည်း သူကကျင့်ကြံသူတစ်ယောက်

ဖြစ်နေတုန်းပင်ဖြစ်တယ်။ ထို့အပြင် သုံးနှစ်အတွင်းမှာ သူလူမျိုးစုံကို တွေ့ခဲ့

ဖူးပြီဖြစ်သောကြောင့် သူဌေးဟီက ဘယ်လိုလူစားမျိုးလဲဆိုတာကို

သူသေချာသိနေခဲ့တယ်။ ပြီတော့သူဌေးဟီက သူအပေါ်မှာ အလွန်

ကောင်းမွန်တဲ့လူတစ်ယောက်လည်းဖြစ်တဲ့အတွက် သူ့ကျေးဇူးရှင်ကြီးဒုက္ခရောက်နေတာကို ထိုင်ကြည့်နေဖို့က သူ့အတွက်မသင့်တော်ပေ။

ဒါကြောင့် သူမတ်တပ်ရပ်လိုက်ပြီး ပြောလိုက်တယ်``မင်းတို့နှစ်ယောက်..’’

``ဘာလဲ’’ လူကြီးနှစ်ယောက်ထဲက တစ်ယောက်ကသူ့ကို ဒေါသတကြီး ကြည့်လိုက်တယ်။ရန်ကိုင် စကားပြောခွင့်မရသေးခင်မှာပဲ သူဌေးဟီက သူ့ရှေ့မှာ

ပိတ်ရပ်လိုက်ပြီး သူ့ကိုဘာမှမလုပ်ရန် ခေါင်းခါပြနေလေသည်။

``ဦးလေးဟီ….’’ ကိုင်ရန်ကြောင်သွားခဲ့တယ်။

ကိုင်ရန်က အကူအညီမဲ့စွာပဲ သက်ပြင်းချလိုက်မိတယ်။ သူဌေဟီက ဒီလိုအချက်ပြလိုက်တာက ထိုလူကြီးနှစ်ယောက် သူ့ဆိုင်ကို

ဘာရည်ရွယ်ချက်နဲ့ ရောက်လာတာလဲဆိုတာကို သူသိတယ်လို့ ပြောလိုက်ခြင်းပင်ဖြစ်တယ်။ ဒါပေမယ့် စီးဟွားရေးတစ်ခုလုပ်ဖို့ဆိုရင် နာမည်ကောင်း

တော့ရှိဖို့လိုပါတယ်။ ထိုလူကြီးနှစ်ယောက်ရဲ့ လုပ်ဆောင်ချက်တွေက

လူအများကြီးရဲ့ အာရုံကိုဆွဲဆောင်ခဲ့ပြီး ဒီလိုသာဆက်ဖြစ်နေမယ်ဆိုရင် သူဌေးဟီဆိုင်ရဲ့ ဂုဏ်သတင်း ကျဆင်းကာ ဝယ်သူမရှိတော့သလိုအနာဂတ်မှာလည်း စီးဟွားရေးဆက်လုပ်နိုင်တော့မည် မဟုတ်ပေ။

ထို့နောက် သူဌေးဟီက ထိုလူကြီးနှစ်ယောက်ကို မျက်နှာချင်းဆိုင်ပြီး အရဲစွန့်ကာပြောလိုက်တယ်``မင်းညီအစ်ကို ရဲ့

အဆိပ်မိတာက ငါနဲ့ဘာမှမပက်သက်ဘူးလို့ ငါသေချာပြောနိုင်တယ်…..’’

ထိုလူကြီးနှစ်ယောက် ဒီစကားကိုကြားလိုက်တဲ့အချိန်မှာတော့ တစ်ယောက်ကဒေါသတကြီးအော်လိုက်တယ်``ဘာမှမဆက်စပ်ရင်တောင် ငါမင်းဆန်ဆိုင်ကို ရောက်နေပြီကွ။ ငါသာင့ါညီအစ်ကိုအတွက် အမှန်တရားကို မရှာပေးနိုင်ရင် သူခံစားနေရတာတွေက အချည်းနှီးဖြစ်သွား

မှာပေါ့။ သူဆရာဝန်ကို ချက်ချင်း သွားပြသင့်တာတော့ အမှန်ပဲ။အကယ်၍မင်းသာ ဆေးဖိုးအကုန်အကျခံမယ်ဆိုရင်တော့ ဒီကိစ္စကိုငါဒီမှာပဲလျော်ပေးလိုက်မယ်’’

သူတို့နှစ်ယောက် တောင်းဆိုတာက တော်တော် လွန်အားကြီးပေသည်။အကယ်၍ သူဌေးဟီသာ လူမြင်ကွင်းမှာ ထိုလူကြီးရဲ့ ဆေးဖိုးဝါးခအကုန်အကျခံလိုက်မယ်ဆိုရင် သူ့ဆိုင်ဂုဏ်သတင်းက ဟိုးအောက် ထိုးကျသွားပေလိမ့်မည် ဖြစ်သည်။ ထိုလူနှစ်ယောက်ရဲ့ ရည်ရွယ်ချက်က

သူဌေးဟီကို ငွေညှစ်ဖို့မဟုတ်ဘဲ အခြားတစ်ခုဖြစ်တယ်ဆိုတာကို

ကိုင်ရန်ကို သဘောပေါက်သွားစေခဲ့တယ်။

ထိုလူကြီးနှစ်ယောက်က သဘောတူညှိနှိုင်းချင်စိတ်ရှိပုံမပေါ်ပေ။

``ကောက်ကျစ်ယုတ်မာတဲ့ သူဌေးအိုကြီး၊ မင်းက ငါတို့ညီအစ်ကို

နှစ်ယောက်ကို ဘယ်လိုလူစားမျိုးးမှတ်နေတာလဲ။ ငါတို့အသုံးချဖို့

အဲ့လောက်လွယ်မယ်ထင်နေတာလား။ ငါ့ညီအစ်ကိုက

ကံမကောင်းလို့သာ မင်းဆီက အဆိပ်ရှိတဲ့ဆန်တွေဝယ်

မိတာ။ မင်းကိုယ်မင်းအပြစ်ရှိတယ်လို့တောင်မခံစားရဘူးလား’’

အဲ့စကားလုံးတွေက ကိုင်ရန်ရင်ထဲမှာ ပဲ့တင်ထပ်နေခဲ့တယ်။ သူထိုင်

နေရင်း သူ့နှုတ်ခမ်းတွေက ကွေးသွာခဲ့တယ်။

သူဌေးဟီလည်း ကြောင်အသွားခဲ့တယ်။ဘာ..၊ဒီလူနှစ်ယောက်က

ဒီကိုလာတာ ငွေညှစ်ဖို့မဟုတ်ဘူးလား။

ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေစဉ်မှာလဲ ဝိုင်းကြည့်နေကြတဲ့သူတွေက

တဖြည်းဖြည်း ပိုများလာခဲ့တယ်။အဲ့အချိန်မှာပဲ ရန်ကိုင်ရဲ့ အသက်လောက်ပဲရှိတဲ့ ရုပ်ချောချောကောင်လေးတစ်ယောက်လည်း ရောက်လာခဲ့တယ်။

သူက ကိုင်ရန်ထက်အများကြီး ပိုကြည့်ကောင်းနေခဲ့တယ်။

အခြားသူတွေသတိမပြုမိပေမယ့် တစ်ချက်ကြည့်ရုံနဲ့တင် ထိုကောင်လေးကသူစောစောတုန်းက တွေ့လိုက်တဲ့ အဖွဲ့ထဲကတစ်ယောက်ဆိုတာကို ရန်ကိုင် သတိပြုမိလိုက်တယ်။

လူအုပ်ကြီးကလည်းကောင်လေးကို တအံ့တသြကြည့်လိုက်တယ်။

အဲ့သုံးယောက်ကတစ်ဖွဲ့တည်းမဟုတ်ဘူးလား။ ကိုင်ရန်လေထုထဲမှာ

မကောင်းတဲ့အငွေ့အသက်တွေကို အာရုံရနေခဲ့တယ်။

All Chapters