← Chapters

အခန်း (၁၁-၁၅)

Vol. 1 Ch. 11-15

အခန်း (၁၁-၁၅)

Vol. 1 Ch. 11-15

Martial Peak

အပိုင်း(၁၁) ကောင်းတာလုပ်ရင် မင်းတစ်နေ့ကောင်းကင်ဘုံရောက်လိမ့်မယ်

ရုတ်တရက် ထိုကောင်းကင်စံအိမ်တပည့်က လူအုပ်ထဲကနေထွက်လာပြီးထိုလူကြီးနှစ်ယောက်ကို

ဝိုင်းကြီးပတ်ကာစူးစမ်းလေ့လာနေခဲ့တယ်။ထို့နောက်သူ့အမူအရာကမောက်မပြီး လှောင်ပြောင်ချင်တဲ့

ပုံးစံကို တဖြည်းဖြည်းပြောင်းလဲ သွားခဲ့တယ်။

ဒါပေမယ့် ဟန်လူကြီးနှစ်ယောက်က အလွယ်တကူ လှောင်ပြောင်ခံမယ့် သူမျိုးမဟုတ်ပါဘူး။

သူတို့မျက်နှာက ရက်စက်ကြမ်းကြုတ်တဲ့ ပုံစံပြောင်းသွားပြီး ```ကောင်စုတ်လေး၊

မင်းအဲ့လိုဝိုင်းကြီးပတ်ပတ်

လုပ်နေရတာကို ပျော်နေတာလား။မင်းကိုကြည့်နေရတာ ဒီကဦးလေးကို ခေါင်းကိုက်

စေတယ်ကွ။ မင်းလည်း အဲ့လိုဖြစ်ချင်နေတာလား’’

ထိုကောင်လေးက ကျိတ်ရယ်လိုက်ပြီး ထိုလူကြီးနှစ်ယောက်ရှေ့မှာ မတ်တပ်ရပ်ကာ

အဆိပ်မိနေတဲ့တစ်ယောက်ကို ကြည့်ရင်းပြောလိုက်တယ်``မင်းမျက်နှာက ဖြူဖတ်ဖြူလျော်ဖြစ်

နေတာပဲ။ မင်းရဲ့အဆိပ်မိနေတာက အဲ့လောက်မရိုှးရှင်းဘူးထင်တယ်’’

``ဟုတ်တာပေါ့။ ဘယ်ရိုးရှင်းပါ့မလဲ’’ ထိုလူကြီးစွာ ခက်ထန်စွာပြန်ပြောလိုက်တယ်။

``အဆိပ်မိနေတာကသာ အဲ့လောက်ရိုးရှင်းနေခဲ့ရင် ငါတို့ညီအစ်ကိုနှစ်ယောက်

ဒီကိုလာမယ့်အစား ဆရာဝန်ဆီပဲသွားတော့မှာပေါ့။ ငါတို့ညီအစ်ကိုနှစ်ယောက်က

ဒီယုတ်မာကောက်ကျစ်တဲ့ သူဌေးအိုကြီးရဲ့ ဟန်ဆောင်မျက်နှာဖုံးကို ခွါချဖို့လာခဲ့တာ။

အဲ့ဒါမှ အခြားသူတွေ သူဘယ်လိုလူမျိုးလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိပြီး

ငါတို့ညီအစ်ကိုနှစ်ယောက်ခံရသလိုမျိုးမခံရတော့မှာ’’

ဒီစကားတွေက သူဌေးဟီရဲ့ မျက်နှာကို ဖြူလျော့သွားစေခဲ့တယ်။ သူ့တို့နှစ်ယောက်ရဲ့

ရည်ရွယ်ချက်ကိုလည်း သူမသိပေ။ အကယ်၍သူတို့ငွေညှစ်နေတယ်ဆိုရင်တောင်

သူနားလည်နိုင်သော်လည်း သူတို့နှစ်ယောက်ရဲ့ အခုအပြုအမူကိုတော့ သူနားမလည်

နိုင်တော့ပေ။ သူတို့နှစ်ယောက်ရဲ့ ရည်ရွယ်ချက်က အလွန်အမင်း ပဟေဠိဆန်စရာ

ကောင်းနေခဲ့တယ်။

အဲ့အကြောင်းကိုတွေးနေရင် ရန်ကိုင်က သူဌေးဟီကိုရုတ်တရက်မေးလိုက်တယ်

``ဦးလေးဟီ ၊ ဒီအတောအတွင်းတစ်ယောက်ယောက်ကိုများရန်စခဲ့သေးလား’’

ခဏစဉ်းစားလိုက်ပြီးနောက် သူက စိတ်ပျက်အားငယ်စွာ ပြန်ပြောလိုက်တယ်

``ဟင့်အင်း၊ ငါတစ်ယောက်ကိုမှ ရန်မစခဲ့ပါဘူး’’

``ဒါမှမဟုတ် ဦးလေးရဲ့ဆိုင်ကများ တစ်ယောက်ယောက်ရဲ့ စီဟွားရေးကို

နှောင့်ယှတ်မိလို့လား’’ ရန်ကိုင်က ငယ်ရွယ်သေးသော်လည်း သူ့ရဲ့အတွေ့အကြုံကြောင့်

ဒီကိစ္စက ထင်သလောက်မရိုှးရှင်းဘူးဆိုတာကို သူသိနေခဲ့တယ်။

``ငါက ဆန်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားတဲ့ သာမန်ကုန်သည်လေး တစ်ယောက်ပါပဲ။

အခြားသူတွေရဲ့ စီးဟွားရေးကို နှောက်ယှတ်ရအောင်လည်း ငါဘာမှမလုပ်ခဲ့ပါဘူး။

ငါ့ဘာသာငါ အေးအေးဆေးဆေးပဲ စီးဟွားရေးလုပ်နေခဲ့တာပါ’’

သူ့ရှေ့မှာဖြစ်ပျက်နေတာကိုကြည့်ရင်း ရန်ကိုင်စိတ်ရှုပ်လာခဲ့တယ်။

အဲ့နောက်မှာတော့ ကောင်းကင်စံအိမ် နှာခေါင်းရှုံ့လိုက်ပြီး

လူကြီးနှစ်ယောက်ကို မေးခွန်းတစ်ခုမေးလိုက်တယ်။ သူဘာမေးလိုက်မှန်း လူကြီးနှစ်ယောက်ကလွဲပြီး

ဘယ်သူမှမသိပေမယ့် ထိုလူကြီးနှစ်ယောက်က အော်လိုက်တယ်``ကြည့်စမ်း၊ ကလိမ်ကျနေတာပဲ’’

အော်နေရင်း ဟန်လူကြီးက မသက်သာတဲ့အဆုံး လှည့်စားမှုတစ်ခုလုပ်လိုက်တယ်။

ဒါကဝိုင်းကြည့်နေတဲ့လူအုပ်ကြီးကို ထိတ်လန့်သွားစေခဲ့တယ်။ ဟန်လူကြီးက

ကြမ်းကြမ်းတမ်းတမ်း ခြေတစ်ပေါင်ကျိုးခုန်နေပြီး သူ့လက်သီးတွေကို

တင်းတင်းဆုပ်ထားခဲ့တယ်။ ခုန်နေရင်းသူက အဆိပ်မိနေတဲ့အမှန်တရားကို

ဖော်ပြမိသွားခဲ့တယ်။

အဲ့လိုခုန်နေရင်းနဲ့ သူ့ရဲ့ဖြူလျော့လျော့မျက်နှာက တဖြည်းဖြည်းပန်ရောင်သန်းလာပြီး

နီရဲလာခဲ့တယ်။

ဒါကလူအုပ်ကြီးကို ပင့်သက်ရှိုက်သွားစေခဲ့တယ်။ သူတို့က ဒီလိုရုတ်တရက်

ပြောင်းလဲသွားတဲ့ အဖြစ်အပျက်ကြောင့် ထိန့်လန့်သွားမိတာကတော့

အမှန်အကန်ပင်ဖြစ်တယ်။

``အဆိပ်မိနေခဲ့တာလား’’ ဟန်လူကြီးနှစ်ယောက်ကိုကြည့်ရင် ကောင်လေးက ငေါ့ပြော

လိုက်တယ်``ဒီလိုကျွမ်းကျင်မှုမျိုး၊ ငါတကယ်ကိုလေးစားမိပါတယ်၊လေးစားမိပါတယ်’’

ထိုလူကြီးနှစ်ယောက်က ဖြူလျော့သွားခဲ့တယ်။လဲကျသွားတဲ့သူ ဖြူဖပ်ဖြူလျော်

ဖြစ်မနေရုံမက အဆိပ်လည်းမိမနေခဲ့ပေ။ဝိုင်းကြည့်နေတဲ့ လူအုပ်ကြီးကလည်း

စတင်လှောင်ပြောင်လာခဲ့ကြတယ်။ သူတို့တွေက အခုဖြစ်ပျက်နေတာကို

နားမလည်နိုင်လောက်အောင် ထုံအနေတဲ့သူတွေ မဟုတ်ကြပါဘူး။ ထိုလူနှစ်ယောက်

ဘာအကွက်တွေရွှေ့နေကြမှန်း သူတို့မသိပေမယ့် သူဌေးဟီဆိုင်ကို

အသရေပျက်အောင် လုပ်ကြံပြောဆိုတာကတော့ တော်တော်လေးကို ရှက်ဖို့ကောင်း

ပါတယ်။ ဒါပေမယ့် ကံကောင်းစွာပဲ ကောင်းကင်စံအိမ်တပည့်က အမှန်တရားကို

ဖော်ထုတ်နိုင်ခဲ့တယ်။

များစွာသောလူတွေက ထိုလူကြီးနှစ်ယောက်ကို ပိုပိုပြီး စက်ဆုပ်အထင်အမြင်သေး

လာကြပြီး ကောင်လေးကို ပိုပြီးအမွှမ်းတင်ပြောဆိုလာခဲ့တယ်။ ဒီနေ့အဖြစ်အပျက်

ကြောင့် ထိုကောင်လေးရဲ့ဂုဏ်သတင်းက တဟုန်ထိုး မြင့်တက်သွားမှာပဲဖြစ်တယ်။

သူတို့တွေသရုပ်ဆောင်နေတယ်ဆိုတဲ့ သူ့ရဲ့သံသယတွေကို ရန်ကိုင်ကအတည်ပြု

နေတဲ့အချိန်မှာပဲ ထိုလူသုံးယောက်က ကောင်လေးရဲ့ဂုဏ်သတင်းကျော်ကြားဖို့အတွက်

ပြဇာတ်တစ်ခုကို အကောင်းဆုံး သရုပ်ဆောင်နေခဲ့ကြတယ်။ အကယ်၍သူသာ

ထိုလူသုံးယောက်ကို စောစောတုန်းက အတူတကွမတွေ့ခဲ့ရင် သူလည်း သူတို့ရဲ့

သရုပ်ဆောင်မှုအောက်မှာ မျောပါသွားမှာကိုတောင် ကြောက်ရွံ့မိနေခဲ့တယ်။

ဒါပေမယ့် သူတို့ဘာလို့အဲ့လိုလုပ်ရတာလဲဆိုတာကိုတော့ ကိုင်ရန်နားမလည်ခဲ့ပါဘူး။

ဟန်လူကြီးနှစ်ယောက်က သူဌေးဟီဆိုင်ကို ဆက်လက်ပြစ်တင်ပြောဆိုခြင်း

မပြုတော့ဘဲ ကောင်လေးကို စူးစူးဝါးဝါးကြည့်လိုက်ပြီးမေးလိုက်တယ်``ကောင်

စုတ်လေး၊ မင်းကဘယ်သူမို့လဲ ငါတို့ညီအစ်ကိုနှစ်ယောက်ရဲ့ ကိစ္စကိုလာနှောက်

ယှတ်ရဲတာလဲ’’

ကောင်လေးကကျက်သရေရှိစွာ လှည့်လိုက်ပြီး ထိမထင်ဟန်နဲ့ပြောလိုက်တယ်``ကောင်းကင်စံအိမ်..

…စုမူ’’

အဲ့စကားတွေကို ကြားလိုက်တာနဲ့ လူကြီးတစ်ယောက်က ထိန့်လန့်တုန်လှုပ်သွားပြီး

``အံ့သြစရာမရှိတော့ပါဘူးလေ။

မင်းကဒီနယ်မြေမှာနဂါးတစ်ကောင်ဖြစ်တဲ့ ကောင်းကင်မျှော်စင်ကျောင်းတော်က

တပည့်တစ်ယောက်ဖြစ်နေတာကိုး။ ဒီနေ့ငါတို့ညီအစ်ကိုနှစ်ယောက် မင်းကိုအရှုံးပေး

ပါတယ်။ ကံတရားကသာ ခွင့်ပြုမယ်ဆိုရင်တော့ ငါတို့နောက်တစ်ကြိမ်ပြန်တွေ့နိုင်

ကြမှာပါ’’

သူတို့ရဲ့ ကြိုတင်ဇာတ်တိုက်ထားတဲ့ စကားလုံးတွေက ရန်ကိုင်ကိုပြုံးစိစိ ဖြစ်သွားစေခဲ့တယ်။

စုမူကအေးစက်စက်ရယ်လိုက်ပြီး``အေးအေးဆေးဆေးပဲသွားကြပါ။ ငါမင်းတို့ကို

မနှောင့်ယှတ်တော့ပါဘူး’’

ဒီလိုအခြေအနေမျိုးမှာ ရန်ကိုင်တွေးထားသလို မတော်တဆဖြစ်ရပ်သာ

မဟုတ်ခဲ့ရင်တော့ လူကြီးနှစ်ယောက်ထွက်သွားပြီး ထိုကောင်လေးက လူအုပ်ကြီးရဲ့

အထူးသဖြင့် သူဌေးဟီရဲ့ ချီးမွမ်းခြင်းကို ခံရမှာပဲဖြစ်တယ်။

ဒါပေမယ့် ကိုင်ရန်က သူဌေးဟီကို အရူးလုပ်မခံရစေချင်ပါဘူး။ထိုလူကြီးနှစ်ယောက်

ထွက်မသွားခင် သူမြန်မြန်ဆန်ဆန်ပဲပြောလိုက်တယ်``သူတို့နှစ်ယောက်ကို အဲ့လောက်လွယ်လွယ်နဲ့

ထွက်သွားခိုင်းလို့ဘယ်ဖြစ်မလဲ။ ငါတို့သာသူတို့နှစ်ယောက်ကို

သင်ခန်းစာမပေးလိုက်ရင် ဒီနေ့သူဌေးဟီရဲ့ ဆန်ဆိုင်လိုမျိုး အခြားဆိုင်တွေကို

ပစ်မှတ်ထားပြီး ဒုက္ခပေးလာနိုင်တယ်’’

အဲ့စကားကို ကြားလိုက်တဲ့လူအများစုက ရန်ကိုင်ပြောတာမှန်ကန်ကြောင်းကို

ထောက်ခံကြပါတော့တယ်။ အဲ့လိုစက်ဆုပ်ဖွယ်ကောင်းတဲ့လူနှစ်ယောက်ကို

ဒီလောက်လွယ်လွယ်ထွက်သွားခိုင်းလို့ ဘယ်ဖြစ်မလဲ။ သူတို့သာအဲ့နှစ်ကောင်ကို

ဒီနေ့လွှတ်ပေးလိုက်ရင် နောက်တစ်နေ့ အခြားဆိုင်ကို ပစ်မှတ်ထားပြီး ဒုက္ခပေးနိုင်

တယ်။ သူဌေးဟီဆိုင်တောင် ကံကောင်းလို့ ဒုက္ခရောက်မသွားခြင်းဖြစ်တယ်။

အဲ့ဒီအကြောင်းကိုတွေးရင်း လူအုပ်ကြီးက ထိုလူနှစ်ယောက်ရဲ့ လမ်းကိုပိတ်ထား

လိုက်ကြတယ်။

သူရပ်နေတဲ့နေရာကနေ ကိုင်ရန်က စုမူရဲ့မျက်လုံးထဲက စိုးရိမ်ပူပန်မှုတွေကို

အထင်းသားမြင်နေခဲ့ရတယ်။ဟန်လူကြီးနှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်

ကြပြီး သူ့တို့ရဲ့အမူအရာကို ချက်ချင်းပဲပြန်ပြင်လိုက်လေသည်။

ထို့နောက်ကိုင်ရန်က ရယ်ရင်းထပ်ပြောလိုက်တယ်``ဂိုဏ်းတူညီအစ်ကို၊စကားပုံတစ်ခုတောင်

ရှိတယ်လေ။လူကောင်းတွေက ဗုဒ္ဓက အနောက်ဘက်ကိုခရီးထွက်သလိုမျိုး

ကိုယ်လုပ်တဲ့ဘယ်အရာကိုမဆို ပြီးဆုံးအောင်လုပ်ရတယ်တဲ့။ ငါတို့ညီအစ်ကို

နှစ်ယောက်ပေါင်းပြီး အဲ့ရာဇဝတ်ကောင်နှစ်ယောက်ကို ဖမ်းရင်မကောင်းဘူးလား’’

ရန်ကိုင်ရဲ့ ပိန်လှီခြောက်ကပ်နေတဲ့ခန္ဓာကို်ယ်ကို ကြည့်ပြီး စုမူကမခံမရပ်နိုင်ဖြစ်ကာ

ရုတ်တရက်အော်လိုက်တယ်``ဘယ်သူက မင်းရဲ့ ဂိုဏ်းတူညီအစ်ကိုလဲကွ’’

ရန်ကိုင်ကပြန်ပြောလိုက်တယ်``ငါကလည်း ကောင်းကင်စံအိမ်က တပည့်

တစ်ယောက်ပါပဲ။ ငါကျောင်းတော်ကို လွန်ခဲ့တဲ့သုံးနှစ်ကတည်းက ေ၇ာက်လာခဲ့

တာ’’

စုမူစွံ့အသွားခဲ့တယ် ။ သူကအမှန်တကယ်ပဲ ရန်ကိုင်ရဲ့ ဂိုဏ်းတူညီအစ်ကို

ဖြစ်တယ်။

``အခု ချက်ချင်းအဲ့နှစ်ကောင်ကို သွားဖမ်းလိုက်ကြစို့’’ ရန်ကိုင်ကရှေ့တိုးလာပြီး

ပြောလိုက်တယ်။``ဒီကုန်းမြေတစ်လျှောက်လုံးမှာ အကျိုးသင့်အကြောင်းသင့်

ဖြစ်ဖို့က အရေးကြီးတယ်။အားနည်းသူကို အနိုင်မကျင့်ဘဲ

ကူညီဖေးမတတ်ရတယ်။ ဂိုဏ်းတူညီအစ်ကိုလုပ်ထားတဲ့ အရာကို ငါတစ်ယောက်တည်း

အခွင့်ကောင်းယူသွားလို့ဘယ်ဖြစ်ပါ့မလဲ။

ငါတို့နှစ်ယောက်အတူတူ အဲ့ရာဇဝတ်ကောင်နှစ်ကောင်ကို

ဖမ်းလိုက်မယ်ဆိုရင် သူဌေးဟီအတွက် တရားမျှတမှုကို ရှာပေးနိုင်ရုံမက

အနက်ရောင်မက်မွန်သီးရွာကို ကူညီရာလည်းရောက်တယ်’’

ဒီစကားကိုကြားလိုက်တာနဲ့ ဘေးနားမှာဝိုင်းအုံနေတဲ့ လူအုပ်ကြီးက လက်ခုပ်ပါတီးကာ

ချီးကျူးကြပါတော့တယ်။ ဒီစကားက စုမူကို ပိုမိုစိုးရိမ်သွားစေပြီး ရန်ကိုင်ကြောင့်

အလကားသက်သက် ပင်လယ်ဓားပြ သင်္ဘောတစ်စီးပေါ်ကို တရွတ်တိုက်ဆွဲခေါ်သွား

သလို ခံစားလိုက်ရတယ်။ သူထွက်ပြေးလွတ်မြောက်ချင်ရင်တောင် သူမလွတ်မြောက်နိုင်တော့ပေ။

ထိုလူကြီးနှစ်ယောက်က စုမူကို အကူအညီနေတောင်းခံတဲ့မျက်လုံးတွေနဲ့

တောက်လျှောက်ကြည့်နေခဲ့တယ်။ သူတို့ကိုကြည့်နေရင်း သူဘာမှမလုပ်နိုင်တော့သလို

ခံစားလိုက်ရတယ်။

``ရောင်းရင်း၊သွားကြစို့’’ စုမူရဲ့ပခုံးကိုပုတ်ရင်း ထိုလူကြီးနှစ်ယောက်ဆီကို

တစ်ဟုတ်ထိုးပြေးသွားခဲ့တယ်။

ဒါကဘာလဲ။ စုမူမျက်ရည်ဝဲနေခဲ့ရတယ်။ ဒီဘယ်ကလာမှန်းမသိတဲ့ သူ့ရဲ့ညီအစ်ကို

ကြောင့် သူ့ရဲ့ အစီအစဉ်တွေ ပျက်စီးကုန်လေပြီ။ အခြေအနေက နောက်ပြန်ဆုတ်လို့

မရတော့တဲ့အတွက်ကြောင့် သူ့ခဗျာ ပြေးသွားရုံကလွဲပြီး မတတ်နိင်တော့ပေ။

သူကသူတို့နှစ်ယောက်ကို ဖမ်းဖို့လုပ်နေစဉ်မှာပဲ သူတို့နှစ်ယောက်ို အခွင့်အရေးရှာပြီး

ထွက်သွားရန် အချက်ပြနေခဲ့တယ်။

ထိုလူကြီးနှစ်ယောက်ခေါင်းညိတ်လိုက်တယ်။ ဒါပေမယ့် ကိုင်ရန်က သူတို့ရဲ့ အစီအစဉ်ကို ခန့်မှန်းမိလိုက်တယ်။

သူက သဌေးဟီလှည့်စားခံရမှာကို စိုးရိမ်သွားခဲ့တယ်။ ဒါကြောင့်သူက သတိပိုထားလိုက်ပြီး အော်လိုက်တယ်``သူငယ်ချင်းတို့၊ ရပ်ကြည့်မနေကြပါနဲ့။

ငါတို့ညီအစ်ကိုနှစ်ယောက်ကို လာကူပေးကြပါဦး’’

အဲ့စကားကိုကြားလိုက်တာနဲ့ သူဌေးဟီကို ကူညီရန်ပြေးထွက်သွားခဲ့တယ်။

သူဌေးဟီပြေးထွက်သွားတာကို မြင်တာနဲ့ လူအုပ်ကြီးက ရပ်ကြည့်မနေတော့ဘဲ

ထိုလူနှစ်ယောက်ကိုဖမ်းရန် အုံလိုက်ကြီးပြေးဝင်လာခဲ့တယ်။

အစတုန်းကတော့ ထိုလူနှစ်ယောက်က သိပ်ပြီးမစိုးရိမ်ပေမယ့် ဒီလိုအခြေအနေကို

တွေ့လိုက်တဲ့အခါမှာတော့ သူတို့ရဲ့မျက်နှာတွေ ဖြူလျော့သွားခဲ့တယ်။ သူတို့ရဲ့မျက်နှာကိုအုပ်ရင်း

ခန္ဓာကိုယ်ကိုကြမ်းပြင်ပေါ်မှာ ပုစွန်တစ်ကောင်လို ကွေးနေအောင်လှဲကာ အော်ပြောလိုက်တယ်``မျက်နှာကို မရိုက်ကြပါနဲ့’’

အပိုင်း(၁၂) လှည့်စားခြင်း

ဘန်း..ဘန်း..ဘန်း၊ ရိုက်ပုတ်သံ တို့ပျံ့လွင့်လာခဲ့တယ်။ ဒီလမ်းမှာ စီးဟွားရေးလုပ်နေတဲ့ သူတွေက သာမန်လူတွေသာ ဖြစ်ကြသော်လည်း သူတို့ပြသနေတဲ့ တိုက်ပွဲစွမ်းရည်က

အခြားသူတွေကို အံ့အားသင့်သွားစေခဲ့တယ်။ အဲ့ဒီကုန်သည်တွေက ငွေရရင် ဘာမဆိုလုပ်ကြတဲ့အတွက် ရွှံရှာမုန်းတီးခြင်းကို ခံရလေ့ရှိတယ်။ အခုလို သူတို့ရဲ့

စိတ်ဖိစီးမှုတွေကို ဖွင့်ထုတ်ဖို့အခွင့်အရေးပေးနေမှတော့ ဘယ်သူကကော သက်ညှာနေဦးမှာလဲ။

ဒီစကားက သူဌေးဟီဆန်ဆိုင်က အကူလေးအတွက်ဆိုရင် ပိုပြီးမှန်ကန်ပါလိမ့်မယ်။ ထိုကောင်လေးက သူ့ရဲ့အဝတ်အိတ်ကြီးကို လက်ထဲမှာကိုင်ရင်း ထိုလူကြီးနှစ်ယောက်ကို အားရပါးရရိုက်နှက်နေခဲ့တယ်။

ထို့အပြင် လူတွေအများကြီးဝိုင်းအုံ ရိုက်နေကြတဲ့အတွက် သူတို့ကို ဘယ်သူရိုက်နေတာ လဲဆိုတာကိုလည်း သိနိုင်လိမ့်မည်မဟုတ်ပေ။ ဒါကြောင့် ဒီလူတွေက အကျိုးဆက်ကို

စဉ်းစားခြင်းမရှိဘဲ မီးကုန်ယမ်းကုန် သမနေခြင်းဖြစ်တယ်။

ရန်ကိုင်က အကူအညီတောင်းခဲ့တဲ့သူ ဖြစ်သော်လည်း သူလက်တစ်ချောင်းတောင်မမြှောက်ရသေးခင်မှာပဲ လူအုပ်ကြီးရဲ့တွန်းဖယ်ခြင်းကို ခံလိုက်ရတယ်။

ခဏကြာပြီးနောက် ရိုက်ပုတ်သံတွေ တဖြည်းဖြည်း တိုးသွားခဲ့တယ်။ ထိုလူကြီးနှစ်ယောက်က ဒဏ်ရာဗရပွနဲ့ မြေကြီးပေါ်မှာ ခွေခွေလေးကွေးနေခဲ့ကြတယ်။

ထိုလူကြီးနှစ်ယောက်ကိုကြည့်ရင်း စုမူက သူ့ရဲ့နှလုံးသားကို ဖျစ်ညှစ်လိုက်သလို ခံစားလိုက်ပြီး သူ့ခြေထောက် ကြွက်တက်လာခဲ့တယ်။ ဝိုင်းရိုက်ခံထားရတဲ့

ထိုလူနှစ်ယောက်က သွေးတွေနဲ့ တစ်ကိုယ်လုံးစိုရွှဲနေပြီး တစ်ကိုယ်လုံး ရောင်ကိုင်းနေကာ လူရုပ်ပင်မပေါက်တော့ပေ။ သူတို့အမေမြင်ရင်တောင် မှတ်မိတော့လိမ့်မည်မဟုတ်ပေ။

ဒီလူကြီးနှစ်ယောက်က သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ ခွန်အား မလုံလောက်ခဲ့သောကြောင့်သာ ဒီလိုဖြစ်ခဲ့ရခြင်းဖြစ်တယ်။ သူတို့ခါးမှာ ဓါးတွေချိတ်ထားခဲ့သော်လည်း ထိုအရာတွေက အလှပြရုံထက်မပိုခဲ့ပေ။ သူတို့သာအဲ့ဓါးတွေကို အကျိုးရှိရှိအသုံးချနိုင်မယ်ဆိုရင် အခုလိုလူရုပ်မပေါက်အောင်

ရိုက်နှက်ခံရလိမ့်မည် မဟုတ်ပေ။ဒါပေမယ့်လည်း အထွတ်အထိပ်ကျွမ်းကျင်သူတစ်ယောက်က သူတို့ကိုယ်သူတို့ နိမ့်ချပြီး ဒီလိုယုတ်ညံ့တဲ့အလုပ်မျိုးကိုလည်း လုပ်လိမ့်မည် မဟုတ်ပေ။ ဝိုင်းရိုက်တာက ရပ်သွားပေမယ့် ကုန်သည်တွေကတော့ရှိနေတုန်းပင်ဖြစ်တယ်။

ဟန်လူကြီးနှစ်ယောက်ရဲ့ မျက်နှာတစ်ခုလုံးက အလွန်ကြောက်မက်ဖွယ်ကောင်းနေပြီး

ကြောက်ရွံ့တုန်လှုပ်မှုအပြည့်နဲ့ အားနည်းစွာခေါ်လိုက်တယ်``စု…..’’ အဲ့လိုခေါ်လိုက်

တဲ့အချိန်မှာ သူတို့ရဲ့လက်တွေက တုန်ရီနေခဲ့တယ်။

ကံမကောင်းစွာနဲ့ စုမူရဲ့အမူအရာက ပြောင်းလဲသွားခဲ့ပြီး အကျယ်ကြီးအော်လိုက်တယ်

``ဘာစုလဲ။ဒီသခင်လေးကို မင်းတို့က ခွင့်လွှတ်ပေးစေချင်တာလား’’ဒါကိုမြင်ပြီး ရန်ကိုင် ပြုံးလိုက်တယ်``သောက်မြင်ကတ်ဖို့ကောင်းတဲ့ ကောင်တွေ….

မင်းတို့ရဲ့အကြံအစည်အောက်မှာ လူဘယ်နှစ်ယောက် ဒုက္ခရောက်ခဲ့ပြီလဲဆိုတာကို ငါမသိပေမယ့် မင်းတို့လုပ်ရပ်က တော်တော်လေးကို မုန်းဖို့ကောင်းတယ်’’

သူပြောခဲ့တဲ့စကားတွေက ချဲ့ကားပြောနေတာဖြစ်ပေမယ့် ဒီနေရာမှာရှိနေတဲ့ကုန်သည်တွေအတွက်ကတော့ အမှန်တရားပဲဖြစ်တယ်။ လူကြီးနှစ်ယောက်ကို အဝတ်အိတ်နဲ့အားရပါးရ ရိုက်ခဲ့တဲ့ ဆိုင်အကူလေးကလည်း

ပြောလိုက်တယ်``ဖွီး။ မင်းတိုလိုသောက်ကျင့်မကောင်းတဲ့ အမှိုက်တွေက ငါတို့ဆန်ဆိုင်မှာ လာပြီးမောက်မာရဲတယ်ပေါ့’’

ဆိုင်အကူလေးက သူ့ရဲ့မကျေနပ်ချက်တွေကို ဖွင့်ထုတ်ဖို့လုပ်ပေမယ့် ကိုင်ရန်ကသူပြောခဲ့တဲ့ စကားတွေကို ပုံကြီးချဲ့မယ်လို့မထင်ထားခဲ့ပါဘူး``အမှန်ပဲ။ အဲ့လိုလူမျိုး

တွေက တကယ်ပဲသေသင့်တယ်။ ဒီကညီအစ်ကိုရေ ၊ ငါတို့တစ်ယောက်စီ သတ်လိုက်ကြမလား။ ဒါက ဥပဒေကိုချိုးဖောက်တဲ့အတွက် အပြစ်ပေးသလိုလည်းဖြစ်ပြီး

အနာဂတ်အတွက် အမှိုက်တွေကို ရှင်းလင်းပေးသလိုလည်း ဖြစ်တယ်’’

အဲ့ဒီစကားတွေကို ကြားလိုက်တာနဲ့ မြေကြီးပေါ်မှာလဲနေတဲ့ လူနှစ်ယောက်ခဗျာ သူတို့တစ်ကိုယ်လုံး ချွေးစေးတွေထွက်လာပြီး ကြောက်ရွံ့တုန်လှုပ်လာခဲ့တယ်။ ဒီဂျပိန်ရိုးကောင်းလေးက ဒီလောက်ရက်စက်ကြမ်ကြုတ်လိမ့်မယ်လို့ သူတို့

တစ်ခါမှ မတွေးခဲ့ဘူးပေ။ စုမူက သူ့ကိုစူးစိုက်ကြည့်နေပြီး သူနောက်နေတာလား၊ အတည်ပြောနေတာလား ဆိုတာကို

စူးစမ်းကြည့်နေခဲ့တယ်။ ဒါပေမယ့် ကိုင်ရန်မျက်နှာက နောက်ပြောင်နေတဲ့ ပုံစံတစ်ချက်တောင်

မပျက်ပေ။

ထိုဟန်လူကြီးနှစ်ယောက် လုပ်ခဲ့တာက တော်တော်လေး အရှက်တရား ကင်းမဲ့သော်လည်း သေဒဏ်ပေးလောက်တဲ့အထိတော့ ပြင်းထန်မနေပေ။ ရန်ကိုင်ပေးတဲ့အပြစ်က အမှန်တကယ်ကို ရက်စက်လွန်းနေခဲ့ပါတယ်။စုမူက အေးစက်စက်မေးလိုက်တယ်``ညီအစ်ကို ၊အဲ့ဒါကနည်းနည်း များလွန်းမနေဘူးလား’’

``များလွန်းတာလား’’ ရန်ကိုင်က သူ့ခေါင်းကို ခါလိုက်တယ်``အကယ်၍ သူတို့အကြံအစည်သာ အောင်မြင်ခဲ့ရင် သူဌေးဟီရဲ့ ဂုဏ်သတင်းက ဟိုးအောက်ထို့ကျသွား

မှာလေ။ သူ့အသက်မွေးဝမ်းကြောင်းအလုပ်ကို ဆက်လုပ်ဖို့အသာထား သူဒီမှာအေးအေးချမ်းချမ်းနဲ့ ဆက်နေနိုင်ရင်တောင် ကံကောင်းနေလိမ့်မယ်။ ဒါက

သူတို့နဲ့ထိုက်တန်တာပဲလေး။ မများပါဘူး။ လူတိုင်းလူတိုင်းမှာ သူတို့လုပ်တဲ့ လုပ်ရပ်တိုင်းအတွက် အကျိုးဆက်ဆိုတာရှိတယ်’’

ရပ်ကြည့်နေတဲ့ကုန်သည်တွေက ရန်ကိုင်စကားကို ကြားလိုက်တဲ့အချိန်မှာ သူတို့အားလုံး အဲ့အကြောင်းကို တွေးခဲ့တယ်။ ဒါပေမယ့် သူရဲ့အကြောင်းပြချက်ကို ကြားလိုက်တဲ့

အချိန်မှာတော့ သူတို့နားလည်မှုလွဲခဲ့ကြတယ်။ ဒါပေမယ့်နောက်ဆုံး ဆုံးဖြတ်ချက်

ကို သူတို့ချမှာမဟုတ်တဲ့အတွက် ဘေးမှာသာရပ်ကြည့်နေခဲ့တယ်။ ဒါပေမယ့် သူဌေးဟီက တစ်ခုခုပြောဖို့လုပ်လိုက်တဲ့ အချိန်မှာပဲ ကိုင်ရန်က သူ့ရဲ့အကြည့်နဲ့ သတိပေးလိုက်တယ်။

``ဒီကိစ္စကဒီလိုဖြစ်နေပေမယ့် ငါတို့လူတစ်ယောက်ရဲ့အသက်ကို အဲ့လို လက်လွတ်စပယ် မသတ်သင့်ဘူးလေ’’ အခုအချိန်မှာတော့ စုမူကအမှန်တကယ်ပဲ စိုးရိမ်နေခဲ့ပါတယ်။ သူရှေ့မှာရှိနေတဲ့ ဂိုဏ်းတူတပည့်က အရမ်းကို ရက်စက်ကြမ်းကြုတ်

ပြီး ကရုဏာကင်းမဲ့လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။အစကတော့ သူအစီအစဉ်က အဆင်ပြေပြေပဲဖြစ်တယ်။ အရင်ဆုံး ထိုလူနှစ်ယောက်က သူဌေးဟီကိုလုပ်ကြံပြောဆို

မယ်။ အဲ့အချိန်မှာသူ ပေါ်လာပြီး သူဌေးဟီကိစ္စကို ဝင်ဖြေရှင်းပေးလိုက်မယ်။ အဲ့နောက်မှာတော့ ထိုလူကြီးနှစ်ယောက်ကို သတိပေးပြီးထွက်သွားခိုင်းမယ်။ အဲ့လိုဆိုရင်ထိုလူကြီးနှစ်ယောက်လည်း လွတ်မြောက်မယ်။ သူလည်း သူဌေးဟီမျက်နှာသာပေးတာခံရပြီး သူ့ရဲ့ရည်ရွယ်ချက်လည်း အောင်မြင်လိမ့်မှာပဲဖြစ်တယ်။ ဒါပေမယ့် ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ ဂိုဏ်တူတပည့်တစ်ယောက်က ရုတ်တရက်ပေါ်လာပြီးထိုလူကြီးနှစ်ယောက်ကို အလွတ်ပေးမယ့်အစား သတ်ပစ်ဖို့ရွေးချယ်မယ်လို့

သူမထင်ထားခဲ့ပေ။

ဒါကသူမျှော်လင့်ထားတာနဲ့ တခြားစီပင်ဖြစ်တယ်။

ထိုလူနှစ်ယောက်သူတို့ကိုကယ်ဖို့ အနားခံတဲ့အကြည့်တွေနဲ့ သူ့ကို ကြည့်နေတာကိုစုမူတွေ့နေရတယ်။ ဒါပေမယ့် အဲ့အကြည့်တွေကလည်း ခြိမ်းခြောက်မှုတွေနဲ့လည်း

ပြည့်နေခဲ့တယ်။ သူတို့ဆိုလိုတာကို သူနားမလည်ပဲ ဘယ်နေလိမ့်မလဲ။ဒါက ဓားခုတ်ကောင်တစ်ကောင်ကို ကိုယ်ခန္ဓာပေါ်မှာ ချည်နှောင်ထားသလို

ဖြစ်နေပါတယ်။ ငါတို့သာဒုက္ခရောက်မယ်ဆိုရင် မင်းလည်းမဆုံးရှုံးရဘဲနဲ့လွတ်မြောက်မှာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်ပင်ဖြစ်တယ်။

အဲ့အချိန်မှာပဲ ရန်ကိုင်ကပြောလိုက်တယ်``ဂိုဏ်းတူညီအစ်ကို၊ အခြားနည်းလမ်းမရှိတော့ဘူး။ ငါ့ရဲ့အတွေ့အကြုံအရဆိုရင် သတ်ဖြတ်တာက သာမန်အလုပ်တစ်ခု ပဲမလား။ ဂိုဏ်းတူညီအစ်ကိုက အရင်က လူမသတ်ဖူးလို့လား။ ဒါမှမဟုတ်….. တစ်ယောက်နဲ့ တစ်ယောက်သိနေကြလို့ မသတ်ရက်တာလား’’

ဒီစကားလုံးတွေက စုမူရဲ့နှလုံးသားကို လည်ချောင်းထဲမှ ခုန်ထွက်သွားမတတ် ဖြစ်စေခဲ့တယ်။ သူရန်ကိုင်ကို လှည့်ကြည့်လိုက်တဲ့အခါမှာတော့ ပြောင်ချော်ချော်

မျက်နှာကိုတွေ့လိုက်ရတယ်။

``ဂိုဏ်းတူညီအစ်ကိုက ဘာကိုဆိုလိုတာလဲ’’ ကိုင်ရန်က သူ့အစီအစဉ်တွေကို သိသွားတာများလားဆိုတဲ့ အကြောင်းကိုတွေးရင်း စုမူက အေးစက်စက်မျက်နှာနဲ

ပြောလိုက်တယ်။ သူက သံသယဖြစ်စရာ အမူအရာတစ်ခုတောင် မပြတဲ့အတွက် ရန်ကိုင်သိလိမ့်မည်ဟု သူမထင်ပေ။

သူမသိခဲ့တာတစ်ခုကတော့ ရန်ကိုင်က သူ့အစီအစဉ်တစ်ခုလုံးကို မတော်တဆ သိသွားခဲ့တယ်ဆိုတာပဲ ဖြစ်တယ်။ အဲ့လိုသာမဟုတ်ရင် ရန်ကိုင်ကိုယ်တိုင်လည်း

သူအရူးလုပ်တာကို ခံရမှာပဲဖြစ်တယ်။ သူဌေးဟီကလည်း ဉာဏ်ကောင်းတဲ့သူတစ်ယောက် ဖြစ်တဲ့အတွက် ကိုင်ရန်

စကားလုံးတွေရဲ့ နောက်ကွယ်က အဓိပ္ပါယ်ကို ချက်ချင်းသဘောပေါက်လိုက်တယ်။

ရန်ကိုင်က စုမူရဲ့မျက်နှာဖုံး တစ်ပိုင်းတစ်စကို ခွါချခဲ့ပြီးဖြစ်တယ်။ အဲ့ဒါမမြင်နိုင်လောက်တဲ့အထိ သူကလည်း တုံးအနေလိမ့်မည် မဟုတ်ပေ။

ရန်ကိုင်က သူ့ခေါင်းကိုခါလိုက်တယ်။ သူဘာကိုမှ တိတိကျကျမပြောခဲ့ပေ။အဲ့အစား စုမူကို စိုက်ကြည့်နေလိုက်တယ်`` ဂိုဏ်းတူညီအစ်ကို ၊ မင်းက

သတ္တိရှိတဲ့ သူတစ်ယောက်ပါ။အခုဘာလို့ တုံ့ဆိုင်းနေတာလဲ။ စိတ်မပူပါနဲ့၊ ဒီမှာရွာသားတွေရော ငါပါရှိနေတာကို ဂိုဏ်းတူညီအစ်ကိုက ဘာကိုကြောက်နေတာလဲ’’

``ငါဘာကိုကြောက်နေတာလဲ ဟုတ်လား’’ စုမူက အကျယ်ကြီး

အော်ရယ်လိုက်တယ်။ ထို့နောက် သူပြောလိုက်တယ် ``ငါဘာကိုကြောက်နေတာလဲလား။ ဒါကလူတစ်ယောက်ကို သတ်တာပဲမလား။ ဘယ်သူက လူမသတ်ဖူးလို့လဲ’’

သူလူမသတ်ဖူးတာကို ကိုင်ရန်ရှေ့မှာ ပြောချင်ပုံမရပေ။

အဆုံးမှာတော့ ဒီလူရဲ့စိတ်နေစိတ်ထားက ကိုင်ရန်ကို အံ့အားသင့်သွားစေခဲ့တယ်။

စုမူက ရန်ကိုင် သူ့ကိုစိန်ခေါ်လိုက်တာကို နောက်ဆုတ်မယ့် အရိပ်အရောင်တစ်ချက်တောင်မပြပေ။

စုမူက မြေကြီးပေါ်မှာလဲနေတဲ့ လူနှစ်ယောက်ကို ရက်စက်ကြမ်းကြုတ်ပြီး အေးစက်စက်အကြည့်နဲ့ ကြည့်လိုက်တယ်။ လူငယ်လေးရဲ့ မျက်လုံးတွေကို

တွေ့လိုက်တာနဲ့ သူတို့ဘဝအဆုံးသတ်တော့မယ်ဆိုတာ လူကြီးနှစ်ယောက်သိလိုက်တယ်။

အဲ့အချိန်မှာပဲ ``ဂိုဏ်းတူညီအစ်ကို ၊လုပ်လိုက်ကြစို့’’ ကိုင်ရန်က မီတောက်ထဲကို လောင်စာထပ်ဖြည့်ပေးလိုက်တယ်။

စုမူက အသက်ပြင်းပြင်းရှုရင်း ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်တယ်။

စုမူနဲ့ကိုင်ရန်ရဲ့ ပုံစံကိုကြည့်ပြီး လူကြီးနှစ်ယောက်က သူတို့ရဲ့ အဆုံးသတ်က နီးလာပြီဆိုတာ သိလိုက်တယ်။ သူတို့သေရမယ့်အတူတူတော့ အလကားအသေမခံနိုင်ပေ။

စုမူကိုပါ သူတို့နဲ့အတူ ဆွဲခေါ်သွားရပေမည်။ ဒါကြောင့် လူကြီးတစ်ယောက်ကထခုန်လိုက်ပြီး စုမူကို လက်ညှိးထိုးကာ ပြောလိုက်တယ် ``စုမူ ၊မင်းသောက်ကျင့် မကောင်းတဲ့ကောင်။ မင်းသူဌေးဟီကို ကုညီကယ်တင်ပြီး သူရဲကောင်းတစ်

ယောက်ဖြစ်လာဖို့အတွက် သူဌေးဟီကို လုပ်ကြံပြောဆိုဖို့ဆိုပြီး

ငါတို့ ညီအစ်ကိုနှစ်ယောက်ကို တောင်းဆိုခဲ့တယ်။ ဒါက မင်းငါတို့ကျေးဇူးပြန်ဆပ်တဲ့ပုံစံလား။ ငါတို့ညီအစ်ကိုနှစ်ယောက် ဝက်လိုအရိုက်ခံရတာကို မကျေနပ်သေးလို့

မင်းလုပ်ခဲ့တဲ့ အပြစ်တွေအတွက်လည် သေခိုင်းဦးမယ်ပေါ့ဟုတ်လား(ခွေးသူတောင်း

စား)။ မင်းက တကယ့်အမှိုက်ကောင်ပဲ’’

``မင်းလိမ်နေတာ’’ သူ့အစီအစဉ်တွေ ဖော်ထုတ်ခံလိုက်ရတဲ့အကြောင်းကို ကြားလိုက်တာနဲ့ စုမူဒေါသထွက်လာခဲ့တယ်။

``ဟန့်…’’ လူကြီးနှစ်ယောက်က သူတို့ဒဏ်ရာတွေက သူတို့ပေါ်ကို အကျိုးသက်ရောက်မှုမရှိသလို နှာခေါင်းရှုံ့လိုက်ပြီး အကောင်ကြီးကြီးနဲ့ တစ်ယောက်ကအကျယ်ကြီး အော်ပြောလိုက်တယ်``အာလုံး၊ ငါတို့ညီအစ်ကိုနှစ်ယောက်က

သူဌေးဟီဆိုင်ကို မဟုတ်မမှန် လုပ်ကြံပြောဆိုခဲ့တယ်။ ဒါတွေအားလုံးက စုမူ ငါတို့ကို တောင်းဆိုထားလို့ပါ။ သူကသူဌေးဟီရဲ့ သမီးကိုကြိုက်နေပေမယ့်

ကံမကောင်းစွာပဲ ကောင်မလေးက သူ့ကိုငြင်းလိုက်တယ်။ ဒါကြောင့် သူက ထိုမိန်းကလေးကို ရဖို့အတွက် သူဌေးဟီကို လုပ်ကြံပြောဆိုခိုင်းပြီး သူဌေးဟီ မျက်နှာသာပေးခံရဖို့အတွက် အကွက်ချစီစဉ်ထားတာပါ’’

Martial Peak

အပိုင်း(၁၃) မင်းစောင့်နေစမ်းပါ

ဒီအကြောင်းတွေ ဖော်ထုတ်ခံလိုက်ရတဲ့အခါ ဘေးမှ ဝိုင်းကြည့်နေတဲ့လူတွေက ချက်ချင်း

သဘောပေါက်သွားကြတယ်။ များစွာသော လူတွေက မယုံကြည်နိုင်တဲ့ မျက်လုံးတွေနဲ့ စုမူကို ဝိုင်းကြည့်လိုက်ကြလေပြီ။

ဒါကဒီလိုပဲဖြစ်ရမှာ။ စုမူရဲ့ အကြံအစည်ကို မှန်မှန်ကန်ကန် ခန့်မှန်းနိုင်ခဲ့တဲ့အတွက် ရန်ကိုင်တော်တော် ကျေနပ်နေခဲ့တယ်။

အစကတော့ ဒီလုပ်ကြံပြောဆိုမှုက အကျိုးအမြတ် ဒါမှမဟုတ် ဂုဏ်သတင်း တစ်ခုခုနဲ့ ဆက်စပ်နေမယ်လို့ သူထင်ထားခဲ့ပေမယ့်လည်းပဲ မိန်းကလေး တစ်ယောက်ကြောင့်လို့တော့သူ တစ်ခါမှမထင်ထားခဲ့ပေ။

သူလည်းသူဌေးဟီရဲ့ သမီးကို တွေ့ဖူးပါတယ်။ သူမက အရမ်းလှတဲ့အထဲက မဟုတ်ပေမယ့် တော်တော်လေးကို လှပါတယ်။

ဆွဲမက်ဖွယ်ကောင်းတဲ့ ခန္ဓာကိုယ်၊ နူးညံသိမ်မွေ့တဲ့ ကြန်အင်လက္ခဏာနဲ့ သွယ်လျတဲ့ ပုံသဏ္ဍာန်ကြောင့် အသက်၁၄မှာ အနက်ရောင်မက်မွန်သီးရွာရဲ့ အလှဆုံး မိန်းကလေးတစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ အဲ့ဒီမိန်းကလေးကို စုမူကကြိုက်သွားပြီး ဒီနေ့ ဒီလို

ပြသနာတွေကို ဖြစ်လာစေခဲ့တယ်။

``မင်း မဟုတ်တာတွေ ပြောမနေနဲ့’’ စုမူရဲ့မျက်နှာက် ခရမ်းချဉ်သီးတစ်လုံးလို နီရဲသွားပြီး အမှန်တရားကို ငြင်းဆိုဖို့ကြိုးစားလိုက်တယ်။လူကြီးနှစ်ယောက်က နှာခေါင်းရှုံ့ပြီးဆက်ပြောလိုက်တယ်

`` ငါ မဟုတ်တာတွေ ပြောနေတာမဟုတ်ဘူး။ ငါအမှန်တရားကို ပြောနေတာ။ ငါတို့မဟုတ်တာတွေလုပ်ရင်တောင်

သူဌေးဟီက ဆန်တွေကို အဆိပ်ခတ်တယ်ဆိုပြီး လုပ်ကြံပြောဆိုတဲ့ အလုပ်မျိုးဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ အခြားသူရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကို ဖျက်စီးတာက

ကိုယ့်ထမင်းအိုး ကိုယ်ခွဲတာနဲ့ အတူတူပဲဆိုတာကို လူတိုင်းသိတယ်။ အဲ့လိုသာဖြစ်သွားရင်ငါတို့ ဘယ်လိုလုပ်ပြီး အသက်ဆက်ရှင်ရတော့မှာလဲ။ ဒါတွေအားလုံးက မင်းလို ကျေးဇူးမသိတတ်တဲ့ကောင် ခိုင်းလို့ လုပ်ရတာကွ’’

ဒီစကားလုံးတွေက လူအုပ်ကြီးကိုရယ်မောသွားစေခဲ့တယ်။

အဲ့အချိန်မှာပဲ ကိုင်ရန်ကအချိန်ကိုက်ဝင်မေးလိုက်တယ် ``ဒီလိုလုပ်ရင် မင်းတို့ကိုသူ ဘယ်လောက်ပေးမယ်လို့ပြောလဲ’’

``ငွေဒင်္ဂါး ၅၂ပြား’’ လူကြီးကပြန်ပြောလိုက်တယ်။

``၅၂ပြားလား၊ တော်တော်များတာပဲ’’ ကိုင်ရန်က ခေါင်းညိတ်ရင်း ပြောလိုက်တယ်။

သူဌေးဟီက ဒီအကြောင်းတွေကို သေသေချာချာ နာထောင်နေခဲ့တယ်။ အဲ့နောက် အဖြစ်အပျက်

တစ်ခုလုံးကို နားလည်သွားပြီး စုမူဘက်လှည့်ကာ ဒေါသတကြီး ပြောလိုက်တယ်

``မင်းလိုစက်ဆုပ်ရွံရှာဖို့ ကောင်းတဲ့ကောင်က ငါ့သမီးကိုရဖို့ ဒီလိုညစ်ပတ်တဲ့ နည်းကို သုံးရဲတယ်။

ငါ့သမီးမှာ လူကောငးနဲ့လူယုတ်မာ ခွဲခြားနိုင်တဲ့မျက်လုံးတွေ ရှိနေတာကိုပဲ ကျေးဇူးတင်မိတယ်။ ကောင်းကင်စံအိမ်မှာ မင်းလိုတပည့်မျိုး ဘယ်လိုလုပ်ပြီးရှိနေတာလဲ။ မင်းကြောင့် စံအိမ်

သိက္ခာကျရပြီ။ မင်းရဲကအကျင့်စရိုက်က ညီအစ်ကိုယန်နဲ့ တခြားစီပဲ။ မင်းက ကိုယ့်ကိုကိုယ်စိတ်ကြီးဝင်ပြီး တစ်ကိုယ်ကောင်း ဆန်လွန်းတယ်။ ငါမင်းမိဘတွေအစား ရှက်မိတယ်’’

ဘေးပတ်ပတ်လည်က ကုန်သည်တွေကလည်း စုမူရဲ့ ကောက်ကျစ်တဲ့ အပြုအမူကြောင့် သူ့ကို ပိုပြီး အထင်သေးလာခဲ့တယ်။

စုမူရဲ့မျက်နှာက နီရဲနေပြီး သူ့ရဲ့အစီအစဉ်တွေ ဖော်ထုတ်ခံလိုက်ရတဲ့အတွက် အနက်ရောင်

မက်မွန်သီးရွာကို နောက်ထပ်လာလို့ မရတော့ဘူးဆိုတာ သိလိုက်တယ်။ ဒါတွေအားလုံးရဲ့ အဓိကတရားခံက သူရှေ့မှာရှိနေတဲ့… ဂိုဏ်းတူညီအစ်ကိုဆိုတဲ့ အနှီကောင်ကြောင့်ပါပဲ။ သူကြောင့်သာမဟုတ်ရင် သူ့ရဲ့အစီအစဉ်အောင်မြင်ပြီး သူဌေးဟီရဲ့

မျက်နှသာပေးခြင်း ခံရကာ သူ့ရဲ့ဂုဏ်သတင်းလည်း မြင့်တက်သွားမှာပါ။

အဲ့လိုသာဆိုရင် သူဌေးဟီသမီးရဲ့အချစ်ကိုရဖို့က သူ့အတွက်ပိုပြီး လွယ်ကူသွားပြီလေ။ ဒါပေမယ့် သူ့ရဲ့အစီအစဉ်တွေ အကုန်လုံးက ရန်ကိုင်ကြောင့် ပျက်စီးသွားခဲ့လေပြီ။ သူ့ဂုဏ်သတင်း မြင့်တက်အောင်လုပ်ဖို့ ကျရှုံးခဲ့ရုံမက ကောင်းကင်စံအိမ်က တပည့်ဆိုတဲ့ သူ့ရဲ့ဂုဏ်သိက္ခာလည်း ဆုံးရှုံးသွားခဲ့ရတယ်။

ဒီလိုအခြေအနေမှာတောင် စုမူက သူ့ရဲ့မျက်နှာအမူအရာကို တည်ငြိမ်အောင် လုပ်လိုက်ပြီး ရန်ကိုင်ဘက်

လှည့်ကာမေးလိုက်တယ်

``ဒီကညီအစ်ကို ကိုဘယ်လိုခေါ်ရမလဲ’’

``ခန့်မှန်းကြည့်လေ’’ ရန်ကိုင်က မျက်မှောင်ကြုံ့ကာ ပြန်ပြောလိုက်တယ်။ အသက်ပြင်းပြင်းတစ်ချက် ရှုလိုက်ပြီး စုမူကပြောလိုက်တယ်``မင်းဘယ်သူလဲဆိုတာကို

မပြောပေမယ့်လည်းပဲ ငါမင်းကိုအလွယ်တကူရှာနိုင်ပါတယ်။ မင်းစံအိမ်ကို ရောက်တာ သုံးနှစ်ကြာတာတောင် တရားဝင်တပည့်တစ်ယောက် မဖြစ်သေးဘူးဆိုတော့ မင်းက တရားမဝင် တပည့်တစ်ယောက်ပဲ ဖြစ်ရမယ်။ ကျောင်းတော်တစ်ခုလုံးမှာတောင် တရားမဝင်တပည့်က

နည်းနည်းပဲရှိတာဆိုတော့ မင်းကိုရှာရတာလည်း အဲ့လောက်ကြီးမခက်ခဲပါဘူး’’

သူပြောပြီးတာနဲ့ ချက်ချင်းလှည့်ထွက်သွားခဲ့တယ်။ အဆုံမှာတော့ သူ့မှာလုံလောက်တဲ့ ခွန်အားရှိတဲ့အတွက်ကြောင့် လူကြီးနှစ်ယောက်လို မဖြစ်တော့ဘဲ သူ့လမ်းမှာပိတ်နေတဲ့သူတွေကို

တွန်းထုတ်ကာ ထွက်သွားနိုင်ခဲ့တယ်။

သူထွက်သွားတဲ့အခါမှသာ လူအုပ်ကြီးက ဟန်လူကြီးနှစ်ယောက်ကို သတိရလာခဲ့တယ်။ ဒါပေမယ့်ထို လူကြီးနှစ်ယောက်ကို မတွေ့တော့ပေ။ ရန်ကိုင်နဲ့ စုမူငြင်းခုံနေတဲ့အချိန်မှာပဲ ထိုလူကြီး

နှစ်ယောက်က သဲလွန်စမကျန်အောင် တိတ်တိတ်လေး ထွက်ပြေးသွားပြီဖြစ်တယ်။

နောက်ဆုံးတော့ ပြသနာကို ဖြေရှင်းနိုင်သွားပါပြီ။ စုမူရဲ့ ဟန်ဆောင်မျက်နှာဖုံးကို ခွါချနိုင်ခဲ့ပြီး

သူဌေးဟီနဲ့ ကုန်သည်တွေဆီက ထောက်ခံမှုကို ရလိုက်တဲ့အတွက် ရန်ကိုင်က တော်တော်လေး ကျေနပ်သွားခဲ့တယ်။ ဆိုင်အကူလေးကလည်း ရန်ကိုင်ကို လေးစားမှုအပြည့်နဲ့ ကြည့်နေခဲ့တယ်။

လူအုပ်ကြီးမရှိတော့တာနဲ့ သူဌေးဟီရဲ့ မိန်းမထွက်လာခဲ့တယ်။ ရန်ကိုင်ရဲ့ လက်ကိုကိုင်ရင်း ရန်ကိုင်ကို သူမပိုကြည့်လေ၊ သူမပိုသဘောကျလာလေဖြစ်တယ်။

အပြန်အလှန်အနေနဲ့ သူဌေးဟီက ရန်ကိုင်ကို စိုးရိမ်နေခဲ့တယ်။``တူလေးယန်၊ ဒီနေ့မင်းစုမူကို ရန်စလိုက်တာ အနာဂတ်မှာ အဆုံးမရှိတဲ့ ဒုက္ခတွေကို လက်ရပ်ခေါ်လိုက်တာနဲ့ အတူတူပဲ’’

ဒီအဖြစ်အပျက်ပြီးတဲ့နောက် သူဌေးဟီက ကိုင်ရန်ကို နဂိုထက်ပိုပြီး ရင်းရင်းနှီးနှီးဆက်ဆံလာခဲ့တယ်။

``လက်ရပ်ခေါ်တာလား’’ ရန်ကိုင်ပြုံးလိုက်တယ်

``စံအိမ်က စည်းကမ်းတင်းကျပ်ပါတယ်။

သူကျွန်တော့်ကို သေလောက်အောင် မုန်းနေရင်တောင် ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး’’

``အဲ့လိုဆိုရင်တောင် မင်းဂရုစိုက်သင့်တယ်။ ဒီကိစ္စမှာ မင်းဝင်ပါလိုက်တဲ့အတွက် အနာဂတ်မှာ

မင်းဒုက္ခရောက်ရင် ဒီဦးလေးက ဝမ်းနည်းနေရမှာ’’

``ကျွန်တော်ဂရုစိုက်ပါ့မယ်’’ ရန်ကိုင်က နှစ်သိမ့်ပေးလိုက်တယ်။

ရန်ကိုင်က သူ့ကိုကူညီပေးတဲ့အတွက် ထိုလင်းမယားနှစ်ယောက်ကို အလွန်ကျေးဇူးတင်နေခဲ့တာပါ။ ထိုလင်မယားနှစ်ယောက်က သူ့ကိုညစာစားဖို့ ဖိတ်ခေါ်သော်လည်း ရန်ကိုင်က

သူဌေးမိန်းမကို လန့်တဲ့အတွက် ယဉ်ယဉ်ကျေးကျေးပဲ ငြင်းဆန်ပြီး မြန်မြန်ပြန်ထွက်လာခဲ့တယ်။

``ယန်လေး၊ သားမိဘတွေက ဘယ်မှာလဲ။ သားကော ဘယ်မှာနေတာလဲ။ ပြီးတော့ သားလက်ထပ်ပြီးပြီလား’’ စကားအသွားအလာအရ သူဌေးကတော်က သူ့ကို သူမသမီးနဲ့ ပေးစားချင်နေပြီဆိုတာ သိလိုက်တယ်။ ဒါကြောင့် ရန်ကိုင်အကြောင်းပြချက်ပေးကာ မြန်မြန်ဆန်ဆန်ပဲ ထွက်လာခဲ့လိုက်တယ်။

သူစံအိမ်ကို ပြန်သွားတဲ့အချိန်မှာ သူဌေးလင်မယားက ငွေဒင်္ဂါး၂၀မက တန်ဖိုးရှိတဲ့ဆန်အိတ်ကိုပါ ထည့်ပေးလိုက်တယ်။ ဒီလိုဆန်အိတ်နဲ့ဆိုရင် ရန်ကိုင်အတွက်တစ်လစာလောက်တော့ အသာလေးဖူလုံသွားပါပြီ။

ပင်ကိုအားဖြင့် ရန်ကိုင်က အပြန်မှာစုမူက သူ့ကို ချောင်မြောင်းတိုက်ခိုက်မှာကို စိုးရိမ်နေခဲ့တယ်။

စုမူက အပြင်ပန်းမှာ ရိုးသားယောင်ဆောင်နေပေမယ့် အတွင်းစိတ်ကတော့ ကောက်ကျစ်ပြီး သစ္စာဖောက်

တတ်တဲ့မြွေတစ်ကောင်လိုပါပဲ။ ဒါပေမယ့် ရန်ကိုင်စံအိမ်ကို ပြန်ရောက်သည့်တိုင်အောင် စုမူတစ်ကြိမ်တောင် ပေါ်မလာခဲ့ပေ။

သူသေသေချာချာ စဉ်းစားကြည့်လိုက်တော့ သူ့ကို မတိုက်ခိုက်တာက စုမူအတွက် အကောင်းဆုံး

ဖြစ်တယ်ဆိုတာ သိလိုက်တယ်။ စံအိမ်ရဲ့ ယှဉ်ပြိုင်မှုတွေကြားမှာ တစ်ခါတစ်ရံ တပည့်တွေသေလေ့ရှိသော်လည်း စံအိမ်က မလိုအပ်ပဲ အချင်းချင်း သတ်ဖြတ်ခွင့် မပြုထားပေ။

အကယ်၍သာ အပြန်လမ်းမှာ စုမူက သူ့ကို ချောင်းမြောင်းတိုက်ခိုက်တဲ့ သတင်းသာပြန့်သွားရင်

စုမူက သူ့ရဲ့ပျက်စီးကိန်းကို သူကိုယ်တိုင်ဖိတ်ခေါ်လိုက်သလို ဖြစ်နေမှာပါ။

အကယ်၍သူသာ ရန်ကိုင်နဲ့ တိုက်ခိုက်ချင်တယ်ဆိုရင် ရေးကြီးခွင်ကျယ်တွေ လုပ်မနေဘဲ သူ့ကို တိုက်ရိုက်လာရှာမှာပေါ့။ ရန်ကိုင်ဘယ်သူလဲဆိုတာ ရှာဖို့ သူ့အတွက်ကတော့

ထမင်စားရေသောက်သလို လွယ်ကူပါတယ်။ ဘာလို့လဲဆိုတော့ စံအိမ်မှာ တရားမဝင်တပည့် အနည်းငယ်ပဲရှိတဲ့အပြင် ရန်ကိုင်ကလည်းစံအိမ်မှာ တော်တော်လေးကျော်ကြားတာလေ။

စုမူရဲ့ အစစ်အမှန်ခွန်အားကို ရန်ကိုင်တစ်ခါမှ မတွေ့ဖူးပါဘူး။ ဒါပေမယ့် စုမူက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် အထွတ်အထိပ်မှာ ဆိုတာတော့ သူသေချာသိနေခဲ့တယ်။ သူမသိတာတစ်ခုက

စုမူက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ရဲ့ ဘယ်အဆင့်မှာရှိနေလဲ ဆိုတာပါပဲ။

သူလေ့ကျင့်မှာ အာရုံစိုက်ရပါတော့မယ်။ မဟုတ်ရင် စံအိမ်မှာ ဆက်ပြီးနေနိုင်တော့မည်မဟုတ်ပေ။ ဒီအကြောင်းကို တွေးလိုက်မိတာနဲ လေ့ကျင့်ဖို့အတွက် သူ့တဲဆီကို

မြန်မြန်ပြန်ပြေးသွားခဲ့တယ်။

ဒီအချိန်မှာ သူခန္ဓာကိုယ်သန့်စင်ခြင်းမှတ်တမ်းကို မလေ့ကျင့်နိုင်ပေမယ့် စံအိမ်က အခြေခံပညာရပ်တွေကိုတော့ သူလေ့ကျင့်နိုင်ပါသေးတယ်။ အဲ့ပညာရပ်တွေက ခန္ဓာကိုယ်

သန့်စင်ခြင်းအဆင့်အတွက် အခြေခံတည်ဆောက်ဖို့ပဲ စံအိမ်က ပေးထားတာပါ။ ဒီလိုအခြေခံတည်ဆောက်တာက

အနာဂတ်မှာ ဝိဉာဉ်စွမ်းအာကို ခန္ဓာကိုယ်ပြင်ပကို ထုတ်လွှတ်နိုင်ဖို့ပါပဲ။

ရန်ကိုင်အရင်က အသုံးပြုခဲ့တဲ့ ရှောင်လင်သိုင်းပညာရပ်နဲ့ ခြေထောက်ကြာပွတ် သိုင်းပညာရပ်တို့က

သူ့အခြေခံဘယ်လောက် ခိုင်မာလဲဆိုတာအပေါ်မှာ မူတည်နေခဲ့ပါတယ်။ ဒါကြောင့်သာမဟုတ်ရင်

အဲ့ဒီပညာရပ်တွေက အစစ်အမှန် သိုင်းပညာရပ်တွေအဖြစ် သတ်မှတ်နိုင်မှာမဟုတ်ပါဘူး။

ဒီပညာရပ်တွေက စံအိမ်နဲ့ မိသားစုအားလုံးအတွက် လိုအပ်တဲ့ အခြေခံပညာရပ်တွေရဲ့ အခြေခံပဲဖြစ်တယ်။

ရန်ကိုင်ရဲ့ဘေးမှာ သစ်သားရုပ်တစ်ရုပ်ရှိနေခဲ့တယ်။ ဒါက ရန်ကိုင်လေ့ကျင့်ဖို့အတွက် နှစ်ပေါင်းများစွာကြာတဲ့ သစ်ပင်ကနေ လုပ်ထားတာပါ။ ထိုသစ်သားရုပ်ပေါ်မှာ ချိုင့်ခွက်များစွာရှိနေပြီး သွေးစလေးတွေတောင် ရှိနေခဲ့ပါတယ်။ ဒါတွေက ရန်ကိုင်ရဲ့

ရက်ပေါင်းများစွား မဆုတ်မနစ်ကြိုးစားခြင်းရဲ့ အကျိုးရလဒ်ပါပဲ။

သူကိုယ်နေဟန်ထား ပြင်လိုက်ပြီးနောက် သစ်သားရုပ်ကို စတင်တိုက်ခိုက်ပါတော့တယ်။

ထိုးချက်၊ ကန်ချက်တစ်ချက်စီတိုင်းမှာ သူ့ရဲ့စွမ်းအားအပြည့်ကို ထည့်သွင်းထားပြီး သစ်သားရုပ်ကို မရပ်မနား တိုက်ခိုက်နေခဲ့တယ်။

ဘုန်း….ဘုုန်း…ဘုန်း

အကြိမ်အနည်းငယ် ထိုးကြိတ်ပြီးနောက် တစ်ခုခုလွဲနေတယ်လို့ သူခံစားမိလိုက်တယ်။ သူ့ရဲ့လက်သီးချက်တွေနဲ့ ကန်ချက်တွေက နဂိုထက်အများကြီး ပိုပြင်းထန်နေခဲ့တယ်။ အချိန်

ကြာလာတာနဲ့အမျှ သူ့လက်တွေ ထုံကျင်လာပြီး နွေးလာခဲ့တယ်။ ဒါတွေက သူရဲ့သွေးကြောတွေကို လှုံ့ဆော်ပြီး သူ့စိတ်အာရုံတိုးတက်အောင် လုပ်ဆောင်နေတာကို ညွှန်ပြနေခဲ့တယ်။

ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်၄ရောက်တာနဲ့ စိတ်အာရုံဖြစ်တည်လာပြီး သွေးကြောတွေ

ဖွံ့ဖြိုးတိုးတက်လာကာ စွမ်းအင်တွေကို ပိုမိုပြတ်သားစွာ ခံစားလာနိုင်ခဲ့တယ်။ ဒီနွေးထွေးမှုကသူ့သွေးကြောတွေ ဖွံ့ဖြိုးတိုးတက်နေတာကြောင့်ပဲ ဖြစ်တယ်။

Martial Peak

အပိုင်း(၁၄) မွှေးနံ့သာအိုး

ရန်ကိုင်က နေဝင်သွားတဲ့အထိ လေ့ကျင့်နေခဲ့ပြီး နေဝင်သွားတော့မှသာ သူရပ်လိုက်တယ်။

သူလေ့ကျင့်ပြီးတဲ့အချိန်မှာ နဂိုလိုပင်ပန်းနွမ်းနယ်မှုကို မခံစားရဘဲ လန်းဆန်းတက်ကြွနေခဲ့တယ်။ ရွှေရောင်အရိုးခြောက်နဲ့ ပေါင်းစပ်ပြီးကတည်းက သူ့ရဲ့စွမ်းအားတွေ တမုဟုတ်ချင်း တိုးတက်လာခဲ့တာပါ။ မိုင်နှစ်ဆယ်အကွာအဝေးကို ဆန်အိတ်ထမ်းပြီး လမ်းလျှောက်ရင်တောင် မမောပန်း

ဘူးလို့တောင် သူခံစားနေရတယ်။

အခြားပညာရပ်တွေကို လေ့ကျင့်တဲ့အချိန်မှာ ဘာဖိအားမှမခံစားရပေမယ့် ခန္ဓာသန့်စင်ခြင်းမှတ်တမ်းကို လေ့ကျင့်နေတဲ့အချိန်မှာတော့ ဖိအားကိုသူခံစားရတယ်။ ဒီနေ့မနက် လေ့ကျင့်တဲ့အကြောင်းကို ပြန်တွေးလိုက်တာနဲ့ သူတုန်လှုပ်မိသွားတယ်။ လေ့ကျင့်နေတဲ့အချိန် သူ့အပေါ်ကျရောက်နေတဲ့ဖိအားက ကောင်းကင်နဲ့မြေပြင်က သူ့အပေါ်ကြိတ်ချေနေသည့်အလား ကြောက်မက်ဖွယ် ကောင်းလွန်းလှပါတယ်။

ဒါပေမယ့် ဖိအားရှိမှ တိုးတက်မှာလေ။ ဖိအားမရှိဘဲသာ လေ့ကျင့်နေမယ်ဆိုရင် သူလည်းအခုလောက်

တိုးတက်လာမည် မဟုတ်ပါဘူး။ အလွန်အမင်း ပြင်းထန်တဲ့ဖိအားအောက်မှာသာ လူတစ်ယောက်ရဲ့

တကယ့် အလားအလာက ပေါ်ထွက်လာတတ်တာကိုး။ ဒီလိုမှာသာ အကန့်အသတ်ကို ချိုးဖျက်ပြီးမိမိခွန်အားက တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာမှာလေ။

ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီးတဲ့အချိန်မှာတောင် ရန်ကိုင်က နည်းနည်းလေးတောင် ပင်ပန်းနွမ်းနွယ်မှုကို မခံစားရပေ။ အားလည်း အရမ်းမစိုက်ထုတ်ခဲ့ရပါဘူး။ ဒီလိုသာဆိုရင် သူရဲ့တိုးတက်နှုန်းက အရမ်းကို နှေးကွေးသွားမှာပါ။

ဒါက သူ့ကို တော်တော်လေး စိတ်ညစ်သွားစေခဲ့တယ်။ ရွှေရောင်အရိုးခြောက်ရဲ့ ပြန်လည်ကုစားနိုင်စွမ်းနဲ့ဆိုရင် ကျောင်းတော်ရဲ့ အခြေခံပညာရပ်တွေအကုန်လုံး သူ့အတွက် အသုံးဝင်တော့မည် မဟုတ်ပေ။ ဒီလိုသာဆိုရင် တစ်နေ့ကို နာရီဝက်သာ နေထွက်ချိန်မှာပဲ လေ့ကျင့်နိုင်တော့မှာပါ။

နေ့တစ်ဝက်အချိန်က ၁၂နာရီဖြစ်တဲ့အတွက် သူတစ်နေ့ကို နာရီဝက်ပဲလေ့ကျင့်မယ်ဆိုရင် ကျန်တဲ့အချိန်တွေက သူ့အတွက်အားယားနေလိမ့်မှာပါ။ အဲ့အချိန်တွေမှာ သူဘာလုပ်နေရမလဲ။

အိပ်နေရမှာလား။ ဒါက လုံးဝကို မဖြစ်နိုင်ဘူး။ သူ့ရဲ့ အားနေတဲ့အချိန်တွေမှာ ဘယ်လိုလေ့ကျင့်မလဲဆိုတာကို ထမင်းချက်ရင်း တွေးတောနေခဲ့တယ်။ တစ်စုံတစ်ယောက်သာ

အဲ့အကြောင်းကိုသိခဲ့ရင် သူ့ကိုသေလောက်အောင် ဟားတိုက်နေမှာပါ။

ထမင်းချက်ပြီးသည့်တိုင်အောင် သူနည်းလမ်းတစ်ခုတောင် မစဉ်းစားနိုင်ခဲ့ပါဘူး။ သူလေ့ကျင့်တာ ပိုမိုမြန်ဆန်စေဖို့အတွက် ဆေးလုံတွေလိုအပ်ပါတယ်။ အခြားနည်းလမ်းတွေ ရှိသေးပေမယ့်

ထိုနည်းလမ်းတွေအကုန်လုံးက တူညီတဲ့ လိုအပ်ချက် တစ်ခုရှိနေခဲ့တယ်။အဲ့ဒါကတော့ ငွေပါပဲ။ ဒါပေမယ့်

သနားစရာကောင်းလောက်အောင် သူ့မှာ ၁၂မှတ်ပဲရှိနေခဲ့တယ်။

ထမင်းချက်ပြီးတဲ့နောက်မှာတော့ သူပန်ကန်အနည်းငယ်လောက် အငမ်းမရစားသောက်ခဲ့တယ်။

သူ့မှာ စားစရာဟင်းမရှိတဲ့အတွက် ထမင်းသီးသန့်သာ စားနိုင်ခဲ့တယ်။ ဒါပေမယ့် ကိုင်ရန်စိတ်မပျက်ခဲ့ပါဘူး။ သူသုံးနှစ်လုံးလုံး ထမင်းသီးသန့်ကိုပဲ စားပြီး နေထိုင်ခဲ့တဲ့ လူပါ။

ညစာစားပြီးနောက် ဆက်မလေ့ကျင့်တောပဲ ရေချိုးလိုက်တယ်။ အဲ့နောက်မှာတော့ ဘာမှမလုပ်တော့ပဲ အိပ်ရာပေါ်မှာပဲ လဲလျောင်းနေလိုက်တယ်။ မရပ်မနားလေ့ကျင့်တာက သူ့ကိုတိုးတက်စေမှာ မဟုတ်တဲ့အတွက် အားနေတဲ့အချိန်တွေမှာ ဘာလို လေ့ကျင့်ရမလဲဆိုတာကို အရင်စဉ်းစားရဦးပါမယ်။

သူရဲ့တိုးတက်နှုန်းကို မြန်ဆန်စေဖို့ဆိုရင် ခဏကြာစဉ်းစားပြီးနောက်… အနက်ရောင်စာအုပ်ကို

သတိရလိုက်တယ်။ အနက်ရောင်စာအုပ်ရဲ့ ပထမနဲ့ ဒုတိယစာမျက်နှာတွေကိုသာ အခုသူ ဖတ်နိုင်သေးပြီး အခြားစာမျက်နှာတွေကိုတော့ မဖတ်နိုင်သေးပါဘူး။ ထိုစာမျက်နှာတွေကို ဖတ်နိုင်ဖို့ဆိုရင်

သူ့မှာခွန်အား လုံလုံလောက်လောက်ရှိရမှာပါ။

အနက်ရောင်စာအုပ်ရဲ့ ပထမစာမျက်နှာကနေ ရွှေရောင်အရိုးခြောက်ကို သူရရှိခဲ့တယ်။

ဒုတိယစာမျက်နှာကနေ ရွှေရောင်အရိုးခြောက်နဲ့ တွဲဖက်ကျင့်စဉ်ဖြစ်တဲ့ ခန္ဓာသန့်စင်ခြင်းမှတ်တမ်းကို

သူရရှိခဲ့တယ်။ ဒါပေမယ့် တတိယစာမျက်နှာက ဗြောင်ကြီးဖြစ်နေတုန်းပါပဲ။ ရန်ကိုင်အရင်က

တတိယစာမျက်နှာကို ဖတ်ကြည့်ဖို့ ကြိုးစားသော်လည်း သူ့ခွန်အား မလုံလောက်သောကြောင့် ဖတ်လို့မရခဲ့ပါဘူး။ ဒါပေမယ့် ခန္ဓာသန့်စင်ခြင်းအဆင့်၄ကို ရောက်သွားကတည်းက သူတစ်ခါမှ မစမ်းကြည့်ရသေးပါဘူး။ အဲ့ဒါကြောင့် ရန်ကိုင်စိတ်လှုပ်ရှားစွာနဲ့ တတိယစာမျက်နှာကို လှန်ကြည့်

လိုက်တယ်။ ချက်ချင်းပဲ မရေမတွက်နိုင်တဲ့ ရွှေရောင်စာလုံးတွေ ပေါ်လာပြီး သူ့စိတ်ထဲကို တိုးဝင်သွားတယ်။ စာအုပ်အလယ်ကနေ ဝဲကတော့တစ်ခုဖြစ်ပေါ်လာပြီး ရှေးဟောင်းမွှေးရနံ့အိုး

တစ်လုံး ထွက်ပေါ်လာခဲ့တယ်။ သူချက်ချင်းပဲ ဝမ်းသာသွားခဲ့တယ်။ အဆင့်တစ်ဆင့်သာ

ခြားနားတာ ဆိုသော်လည်း ထိုအဆင့်တစ်ဆင့်က သူတတိယစာမျက်နှာကို ဖတ်ရှုနိုင်ဖို့အတွက်

အဟန့်အတားဖြစ်နေခဲ့တယ်။ အဲ့အကြောင်းကိုတွေးရင်း သူနောင်တရလာခဲ့တယ်။ အကယ်၍

သူသာ ဒီအကြောင်းကို မနက်ကတည်းက ရှာတွေ့ခဲ့ရင် သူ့အချိန်တွေကို အလဟဿဖြုန်းတီးမိမည်

မဟုတ်ပါဘူး။

စိတ်ငြိမ်အောင်လုပ်လိုက်ပြီး မွှေးရနံ့အိုးကိုကိုင်ကာ သေသေချာချာ စူးစမ်းကြည့်လိုက်တယ်။ ထို

မွှေးရနံ့အိုးက အကြီးကြီးမဟုတ်ဘဲ သာမန်လူတွေသုံးတဲ့ မွှေးရနံ့အိုးနဲ့ အရွယ်အစား အတူတူလောက်ပါပဲ။ အိုးရဲ့တစ်ခြမ်းကို အပေါက်ပါတဲ့ အဖုံးနဲ့ပိတ်ထားပြီး အရည်အသွေးက တော်တော်လေး ကောင်းမွန်ပါတယ်။ ဒါပေမယ့် အမြင်ဆွဲဆောင်မှု လုံးဝမရှိပါဘူး။

သူအသာအယာ နမ်းရှုံ့ကြည့်လိုက်သော်လည်း ဘာအနံ့မှမရသဖြင့် ဖြည်းဖြည်းလေး အောက်ပြန်ချ

ထားလိုက်တယ်။ အဲ့ဒီအိုးကို ဘာနဲ့လုပ်ထားလဲဆိုတာ ရန်ကိုင်မသိပါဘူး။ ခဏကြာပြီးနောက် သူ့စိတ်ထဲမှာ ခတ်နှိပ်ထားတဲ့ အချက်အလက်တွေကို သွားဖတ်ကြည့်လိုက်တယ်။

အချက်အလက်တွေအရ ဒီမွှေးရနံ့အိုးက သာမန် မွှေးရနံ့အိုးတစ်လုံးမဟုတ်ပဲ ကျင့်ကြံရာမှာ

အထောက်အကူပေးတဲ့ မွှေးရနံ့အိုးတစ်လုံးပါ ။ အိုးကိုယ်တိုင်က ဘာထူးခြားတဲ့ ဂုဏ်သတ္တိမှမရှိပေမယ့် ဆေးပင်တွေကို အိုးထဲမှာ မီးရှို့လိုက်မယ်ဆိုရင် ထွက်လာတဲ့ရနံ့က

လေ့ကျင့်ရာမှာ ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် အဆင့်အမျိုးမျိုးအတွက်လည်း ဆေးပင်အမျိုးမျိုး

လိုအပ်ပါတယ်။

ရန်ကိုင်က သံသယနည်းနည်းရှိနေခဲ့တယ်။ လက်ရှိအချိန်မှာ သူ့ကိုကူညီပေးနိုင်တဲ့ ဆေးပင်တွေက

အရွက်သုံးရွက် ပျက်စီးခြင်း/ပရမ်းပတာ ဝိဉာဉ်ဆေးပင်နဲ့ ဂျဲဒီသစ်ပင်မြက်ပင်တို့ပဲ ဖြစ်တယ်။

ဒီဆေးပင်တွေက သိပ်ပြီးတန်ဖိုး မကြီးပေမယ့် ရှာဖို့ခက်ခဲတယ်ဆိုတာကို သူသိပါတယ်။ ပြီးတော့

အဲ့ဒီဆေးပင်က အဆိပ်ရှိတဲ့အပင်တွေပါ။ အဆိပ်က နည်းနည်းပဲ ဆိုပေမယ့် အဆိပ်ကတော့ အဆိပ်ပင် ဖြစ်နေတုန်းပါပဲ။ အဲ့အဆိပ်တွေကို ခဏလောက် ရှုရှိုက်မိတာက ပြဿနာမဟုတ်ပေမယ့် နှစ်ပေါင်းများစွာကြာအောင် ရှုရှိုက်မိမယ်ဆိုရင်တော့ အဆိပ်တွေက ခန္ဓာကိုယ်ထဲမှာ စုလာပြီး

ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်ပါတယ်။

အဲ့ဆေးပင်တွေကို ထောက်ပံ့ရေးဌာနမှာ အလွယ်တကူရနိုင်ပေမယ့် လူအိုကြီးမန်ရဲ့ စရိုက်နဲ့ဆိုရင်

ဆေးပင်တွေကို သေချာပေါက် ဈေးမြင့်ထားမှာပါ။ ပြီးတော့ သူ့ရဲ့အမှတ် နည်းနည်းလေးနဲ့ဆိုရင် ဝယ်လို့ရတဲ့ ဆေးပင်အရေအတွက်က သူ့အတွက် လုံလောက်လိမ့်မည် မဟုတ်ပါဘူး။

အခွင့်အရေး တစ်ခုပဲကျန်တော့တယ်။ အဲ့ဒါက လေနက်တောင်သွားပြီး ဆေးပင်စုဆောင်းဖို့ပါပဲ။

ရန်ကိုင်က နဂိုတုန်းက လေနက်တောင်မှာ အမဲလိုက်ဖူးတဲ့အတွက် ထိုနေရာကို သူအတော်လေး ရင်းနှီးနေခဲ့ပါတယ်။ အဲ့တောင်မှာ ဆေးဖက်ဝင်အပင်တွေလည်း ရှိကောင်းရှိနေနိုင်ပါတယ်။

မနက်ဖြန်ကျရင် တောင်ပေါ်သွားပြီး ဆေးပင်စုဆောင်းရမှာ ဖြစ်တဲ့အတွက် သူစောစောအိပ်ရာဝင်လိုက်တယ်။ အိပ်ရာမဝင်ခင် မနက်ကလို စိတ်ညစ်စရာအဖြစ်မျိုး နောက်တစ်ကြိမ် ထပ်မဖြစ်ရအောင်အနက်ရောင်စာအုပ်ကို နောက်တစ်ကြိမ် စစ်ဆေးကြည့်လိုက်တယ်။ ဒါပေမယ့် စတုတ္ထစာမျက်နှာမှာ

ဘာစကားလုံးမှ ပေါ်မလာခဲ့ပါဘူး။ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်၄က အနက်ရောင်စာအုပ်ရဲ့ စတုတ္ထစာမျက်နှာကို ဖတ်ဖို့ မလုံလောက်သေးပုံပါပဲ။

နောက်တစ်နေ့ ရန်ကိုင်စောစောထလိုက်တယ်။

ခန္ဓာကိုယ်သန့်စင်ခြင်း မှတ်တမ်းကို လေ့ကျင့်တာက သူ့အတွက် အလွန် အကျိုးရှိတဲ့အတွက် ရတဲ့ အအချိန်နာရီဝက်လေးကို သူအပြည့်အဝ အသုံးချရပါမယ်။ သူက အပျင်းကြီးတဲ့

သူတစ်ယောက် ဖြစ်နေခဲ့ရင်တောင် တစ်နေ့မှာ မနက်နေထွက်ချိန် နာရီဝက်သာ လေ့ကျင့်နိုင်တဲ့အတွက် အချိန်ကို အကျိုးရှိရှိအသုံးချဦးမှာပါ။

သူ့တစ်ကိုယ်လုံးကို ခရမ်းရောင်အငွေ့တွေနဲ့ လွှမ်းခြုံနေပြီး ခန္ဓာကိုယ်သန့်စင်ခြင်းမှတ်တမ်းကို

စတင်လေ့ကျင့်လိုက်တယ်။ ကောင်းကင်နဲ့ မြေပြင်စွမ်းအားတွေ ပေါင်းစပ်ပါဝင်နေတဲ့ လက်သီးတစ်လုံးကို

လေထဲသို့ ပစ်သွင်းလိုက်တယ်။

သူ့ခွန်အားက မနေ့ကထက် ပိုပြီးတိုးတက်လာခဲ့ပေမယ့် သူ့ရဲ့လက်သီးပညာရပ်ကတော့ နည်းနည်းလေးတောင် တိုးတက်မလာခဲ့ပါဘူး။ အကြိမ်နှစ်ဆယ်လောက် လေ့ကျင့်ပြီးတဲ့အချိန်မှာ သူ့ကျောကုန်းက မခံမရပ်နိုင်အောင်

နာကျင်လာခဲ့တယ်။ သူ့ကျောဘက်၊ တင်ပါးနဲ့ အရိုးတွေအကုန်လုံး ကိုက်ခဲလာခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့စိတ်အာရုံက ပိုမိုကြည်လင်ပြတ်သားလာပြီး သူ့သွေးကြောတွေကလည်း

ပိုမိုထူထဲလာခဲ့တယ်။ သူ့ခန္ဓာကိုယ်ကနေလည်း အညစ်အကြေးတွေ ထွက်လာခဲ့တယ်။

Martial Peak

အပိုင်း (၁၅) ဆေးပင်စုဆောင်ခြင်း

ရွှေရောင်အရိုးခြောက်ကို သူ့ကိုယ်ထဲကို စုပ်ယူပြီးကတည်းက တံမြက်စည်းလှည်းတဲ့နှုန်းက ပိုပြီးမြန်ဆန်လာခဲ့သလို နဂိုကလိုလည်း မပင်ပန်းတော့ပေ။ တံမြက်စည်း လှည်းပြီးတဲ့နောက်ထောက်ပံ့ရေးခန်းမကို ချက်ချင်းသွားလိုက်တယ်။ရန်ကိုင်က တောင်ပေါ်မှာ ဆေးပင်စုဆောင်းဖို့ စီစဉ်ထားသော်လည်း သူ့ကဆေးပင်နဲ့ ပက်သက်ပြီး ဘာမှမသိပေ။ အရွက်သုံးရွက် ပရမ်းပတာ ဝိဉာဉ်ပန်းပွင့်နဲ့ ဂျဲဒီသစ်ပင်မြက်တို့ကို နာမည်သာ

ကြားဖူးသော်လည်း တစ်ခါမှ မမြင်ဖူးပေ။ အဲ့ဒါကြောင့် ဆေးပင်ပုံသဏ္ဍာန်ကို သိရှိဖို့အတွက် ထောက်ပံ့ရေးခန်းမကို ချက်ချင်းပြေးသွားခဲ့တယ်။

အဆင့်နိမ့် ဆေးပင်ပေါင်းချုပ်စာအုပ်ကို ဖတ်ရင်း သူတော်တော်စိတ်ပျက်လာခဲ့တယ်။ စာအုပ်မှာ

ဆေးပင်မိတ်ဆက် ၊ ဂုဏ်သတ္တိ၊ ပေါက်ရောက်ရာနေရာ နဲ့ ပုံသဏ္ဍာန်တွေကို ဖော်ပြထားခဲ့တယ်။

အဲ့စာအုပ်ကို ဖတ်ရတာ သူ့အတွက် တော်တော်လေးကို ခေါင်းနောက်သွားခဲ့တယ်။

ဒီစာအုပ်မှာ သာမန်ဆေးပင်တွေအကြောင်းသာ ပါပြီး အဆင့်မြင့်တဲ့ ဆေးပင်တွေအကြောင်း မပါဝင်ပေ။ ဒါကြောင့် ထိုစာအုပ်က ရန်ကိုင်အတွက် တော်တော်လေး အသုံးဝင်ပါတယ်။

ကျင့်ကြံသူတွေကို အဆင့်အမျိုးမျိုး ခွဲခြားထားသလိုပဲ ဆေးပင်၊ လက်နက် နဲ့ ဆေးလုံးတွေကိုလည်း အဆင့်အမျိုးမျိုး ခွဲခြားထားပါတယ်။ ဆေးပင်တွေကို သာမန်အဆင့်၊ မြေကြီးအဆင့်၊ ကောင်းကင်အဆင့်၊ ဆန်းကြယ်အဆင့်၊ ဝိဉာဉ်အဆင့် နဲ့ သူတော်စင်အဆင့်ဆိုပြီး ခွဲခြားထားတယ်။ အဆင့်တစ်ဆင့် စီတိုင်းကိုလည်း အဆင့်နိမ့်၊ အလယ်အလတ် နှင့် အထွတ်အထိပ်အဆင့်ဆိုပြီး အဆင့်လေး၃ဆင့် ထပ်ခွဲ

ထားခဲ့တယ်။

ကံကောင်းစွာနဲ့ ရန်ကိုင်လိုအပ်တဲ့ ဆေးပင်တွေက သာမန်အဆင့်နိမ့် ဆေးပင်တွေသာ ဖြစ်တဲ့အတွက် စာအုပ်ထဲမှာ ဖော်ပြထားတယ်။ ပြီးတော့ အဲ့ဆေးပင်တွေက အဆင့်နိမ့်ဆေးပင်တွေသာ ဖြစ်တဲ့အတွက် အရမ်းကြီးလည်း တန်ဖိုးမကြီးပါဘူး။ သူထောက်ပံ့ရေးခန်းမကနေ ထွက်လာပြီးနောက် အထွေထွေစီမံရေးဌာနကို သွားလိုက်တယ်။ သူက ကျောင်းတော်ရဲ့ သန့်ရှင်ရေးသမား တစ်ယောက်ဖြစ်ပြီး လေနက်တောင်ကို သွားတာကလည်း တစ်ရက်မက ကြာမှာဖြစ်တဲ့အတွက် ခွင့်ရက်အနည်းငယ်လောက် သွားတောင်းရမှာပဲဖြစ်တယ်။

အထွေထွေစီမံရေးဌာနက သူ့ကို ခက်ခဲအောင်လုပ်မနေခဲ့ပါဘူုး။ ခွင့်ရက်သုံးရက်ကို သူ့ကို အသာတကြည်ပဲ ပေးလိုက်တယ်။

လေနက်တောင်က ကျောင်းတော်နဲ့ မိုင်၂၀လောက်သာ ကွာဝေးတဲ့အတွက် နဂိုကသူ မကြာခဏ လေနက်တောင်မှာ အမဲလိုက်လေ့ရှိတယ်။ အဲ့ဒါကြောင့်လည်း ရန်ကိုင်က ထိုတောင်နဲ့

တော်တော်လေးရင်းနှီးနေခဲ့တယ်။

တောင်ပေါ်မှာက ဆေးပင်မျိုးစုံရှိပြီး ရန်ကိုင်က သူ့ရဲ့ပထမဆုံးဆေးပင် စုဆောင်းတဲ့ အကြိမ်ဖြစ်တဲ့အတွက် လိုရမယ်ရ အကုန်ပြင်ဆင်လာခဲ့တယ်။ ရေဘူး၊ အစားအစာ၊ ပေါက်တူးနဲ့ လွယ်အိတ်တွေကို သယ်ပြီး လေနက်တောင်ဆီသို့ စတင်ထွက်ခွါလာခဲ့တယ်။ မြန်မြန်ဆန်ဆန်ပဲ၊ ရန်ကိုင်က လေနက်တောင်ကို ရောက်လာပြီး မြေနေရာတစ်ဝိုက်ကို စစ်ဆေး

လိုက်တယ်။ လေနက်တောင်တန်းက ကောင်းကင်နဲ့ မြေပြင်ကြားမှာ လဲလျောင်းနေတဲ့ ရှေးဟောင်း

မိစ္ဆာတစ်ကောင်နဲ့ တူပြီး အဆုံးကို မမြင်နိုင်လောက်တဲ့အထိ ရှည်လျားပါတယ်။ စိမ်လန်းတဲ့တောအုပ်တွေနဲ့ ချောက်စွန်း၊ ကျောက်ငူတွေက မိုးကုတ်စက်ဝိုင်းအောက်မှာ ထည်ဝါစွာတည်ရှိနေပါတယ်။

ထိုနေရာမှာရပ်နေရင်း ရန်ကိုင်က လေအေး သူ့ဆံပင်ကို ကလူကျီစယ်နေတာကို ခံစားနေလိုက်တယ်။

လေနက်တောင်မှာ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲများစွာရှိပြီး ကျင့်ကြံသူတွေတောင် ထိတ်လန့်ရတဲ့

အဆင့်မြင့်တဲ့ သားရဲတွေတောင် ရှိပါတယ်။ ဒါကြောင့် ဘယ်သူပဲဖြစ်ဖြစ် တောင်ပေါ်ကိုသွားတဲ့အခါ

တောင်အတွင်းပိုင်းထဲကို သွားလေ့မရှိကြပါဘူး။ ပထမဆုံးမိုင်၃၀ကို အန္တရာယ်ကင်းဇုံအဖြစ် သတ်မှတ်ထားပြီး နောက်ထပ်အတွင်းပိုင်း ၁၀မိုင်ကိုတော့ အန္တရာယ်ဇုံအဖြစ် သတ်မှတ်ထားပါတယ်။

ကျန်တဲ့အတွင်းပိုင်းနေရာကိုတော့ သေခြင်းတရားဇုံအဖြစ် သတ်မှတ်ထားပါတယ်။ အခြခံအားဖြင့် တောင်အတွင်းပိုင်းထဲကို သွားလေ ပိုပြီး အန္တရာယ်များလေ ဖြစ်တယ်။

ရန်ကိုင် သာမန်အဆင့်နိမ့် ဆေးပင်တွေကိုသာ လိုအပ်တာ ဖြစ်တဲ့အတွက် တောင်အတွင်းပိုင်းထဲအထိ သွားစရာမလိုပေ။ သူကအန္တရာယ်ကင်းဇုံအတွင်းမှာသာ ဆေးပင်ရှာမှာ ဖြစ်တဲ့အတွက် သူ့လုံခြုံရေးကို အရမ်းကြီး စိတ်ပူစရာမလိုအပ်ပေ။

အခုအချိန်က မနက်အစောကြီးဖြစ်တဲ့အတွက် ရန်ကိုင် ထိုဆေးပင်တွေကို တောင်ပေါ်မှာအမဲလိုက်တုန်းက တွေ့ဖူးလား၊ မတွေ့ဖူးဘူးလား ဆိုတာကို ပြန်စဉ်းစားနေလိုက်တယ်။ ဒါပေမယ့်

ထိုဆေးပင်တွေကို ရှာဖို့အတွက် ဆေးပင်ပေါင်းချုပ်စာအုပ်ကိုပါ ယူလာခဲ့သဖြင့် အရင်ကိစ္စတွေက သူ့အတွက် သိပ်ပြီး အရေးမပါတော့ပေ။

အရင်းအကြောင်းတွေကို ပြန်စဉ်းစားရင်း ဆေးပင်တွေ ပေါက်ရောက်နိုင်ချေများတဲ့ နေရာတွေကို သူသတိရလိုက်တယ်။ အခုအခြေအနေမှာ သူလိုချင်တဲ့ဆေးပင်တွေရှိတဲ့ နေရာကိုတောင် မသိပေ။ ဒါပေမယ့် မျှော်လင့်ချက်အပြည့်နဲ့ ရန်ကိုင်လေနက်တောင်ကို နဂိုသွားဖူးတဲ့ လမ်းကြောင်းအတိုင်

သွားလိုက်တယ်။ နာရီဝက်ကြာပြီးနောက် ရန်ကိုင် လီရှီ/သွားထက်ပင် တစ်အုပ်ကို ရိတ်သိမ်းနိုင်ခဲ့တယ်။

အဲ့ဆေးပင်တွေကို အိတ်ထဲထည့်ပြီး ဆက်လက် ရှာဖွေနေလိုက်တယ်။ လမ်းအတိုင်းဆင်းလာရင်း

နေရာအနံ့မှာ ပေါက်ရောက်နေတဲ့ အပင်တွေကို ကြည့်ရင်း အတိတ်မှတ်ဉာဏ်တွေ သူ့ခေါင်းထဲမှာ ပြေးလွှားနေပြီး သူရောက်နေတဲ့နေရာကို သိလိုက်တယ်။ သူနဂိုအမဲလိုက်တုန်းက အတွေ့အကြုံအရ ကောင်းကင်စံအိမ်နဲ့ လေနက်တောင်ကို ဆက်စပ်ပြီး သူ့စိတ်ထဲမှာ မြေပုံတစ်ခုကို ဆွဲသားဖန်တီး

နိုင်ခဲ့တယ်။ ညနေရောက်တဲ့အချိန်မှာ သူဆေးပင်၄မျိုး စုဆောင်းထားနိုင်ခဲ့ပါပြီ။

ပုံမှန်ဆိုရင် ဆေးပင်ရှာဖွေစုဆောင်ရတာ ခက်ခဲပါတယ်။ ဒါ့အပြင် များစွာသော လူတွေကလည်းတောင်ပေါ်မှာ ဆေးပင် လာရှာလေ့ရှိကြတဲ့အတွက် ရှာရတာပိုခက်ခဲလာခဲ့ပါတယ်။ ရန်ကိုင်က ဆေးပင်၄မျိုးကိုသာ စုဆောင်းရှာဖွေနိုင်သော်လည်း အဲ့ဒါကသူ့ကို တော်တော်လေးကျေနပ်စေပါတယ်။

ကံမကောင်းစွာနဲ့ သူရှာတွေ့တဲ့ဆေးပင်၄မျိုးစလုံးက သူလိုအပ်နေတဲ့ ဆေးပင်တွေ မဟုတ်ခဲ့ပါဘူး။

ပိုဆိုးတာက ထိုဆေးပင်၄မျိုးစလုံးက သာမန်အဆင့်နိမ့် ဆေးပင်တွေဖြစ်နေကြခြင်းပါ။ ဘာပဲဖြစ်ဖြစ် အဲ့ဆေးပင်တွေကို ထောက်ပံ့ရေးခန်းမမှာ ပြန်လဲမယ်ဆိုရင်တော့ အမှတ်နည်းနည်း

လောက်တော့ ရမှာပဲဖြစ်တယ်။

အခုအချိန်က နေဝင်ချိန်ပါ။ မြန်မြန်ဆန်ဆန်ပဲ ရန်ကိုင်က ဆေးပင်အမျိုးမျိုး ပေါက်ရောက်နိုင်ချေရှိတဲ့ နေရာကို ရောက်လာခဲ့တယ်။ ထိုနေရာက တော်တော်လေးထူးဆန်းပြီး သက်ရှိတစ်ကောင်တစ်လေတောင် မတွေ့ရပေ။ ထို့အပြင် အပြင်ဘက်ပေ၃၀ပတ်လည်က အသုံမဝင်ပျက်စီးနေပြီး

ဘာအပင်မှာ မပေါက်ရောက်နိုင်ပေ။

ဒါပေမယ့် ဒီစွန့်ပစ်မြေရဲ့ အလယ်မှာတော့ မြက်ပင်တွေ အုံလိုက်ကျင်းလိုက် ပေါက်ရောက်နေပါတယ်။

ထိုမြက်ပင်တွေက အညိုရောင်ဖြစ်ပြီး လေနဲ့အတူ ယိမ်းနွဲ့နေကြတယ်။ သေသေချာချာကြည့် လိုက်ပြီး ထိုမြက်ပင်တွေက ဆေးပင်တွေဆိုတာ သေချာတော့မှာ သူသက်ပြင်းချနိုင်ခဲ့တယ်။

ဆေးပင်တွေကို သူမြန်မြန်ဆန်ဆန်ပဲ ခူးလိုက်ပြီး ဆေးပင်ပေါင်းချုပ် စာအုပ်ကို ထုတ်ကာ ထိုဆေးပင်တွေက ဘာဆေးပင်တွေလဲ ဆိုတာ ရှာကြည့်လိုက်တယ်။

ထိုဆေးပင်တွေက အမှန်တကယ်ပဲ သူလိုအပ်နေတဲ့ ဂျဲဒီဆေးပင်တွေ ဖြစ်နေခဲ့ပါတယ်။ ဂျဲဒီသစ်ပင်မြက်က သစ်ပင်အသေတွေအပေါ်မှာ ပေါက်ရောက်လေ့ရှိတဲ့အတွက် သူတို့ကို ရှာရတာ တော်တော်လေးကို လွယ်ကူပါတယ်။ အခြေခံအားဖြင့် တောင်ထဲက ပျက်စီးသေဆုံးသွားတဲ့

နယ်မြေရှိတဲ့ နေရာမှန်သမျှမှာ ဂျဲဒီသစ်ပင်မြက်တွေကို တွေ့နိုင်ပါတယ်။

ရန်ကိုင်က ထိုဆေးပင်တွေကို သူ့အိတ်ထဲသေသေချာချာ ထည့်သိမ်းထားလိုက်ပြီး ရေနဲ့အစားအစာ

အနည်းငယ်ကိုထုတ်ကာ စားသောက်အနားယူဖို့ နေရာတစ်နေရှာပါတော့တယ်။ ဒီတစ်ခါ သူတောင်ပေါ်လာတဲ့ ရည်ရွယ်ချက်က အရွက်သုံးရွက် ပရမ်းပတာ ဝိဉာဉ်ပန်းပွင့်နဲ့

ဂျဲဒီသစ်ပင်မြက်ကို စုဆောင်းဖို့ပါပဲ။ အခု ဂျဲဒီသစ်ပင်မြက်ကို ရှာတွေ့သွားပြီ ဖြစ်တဲ့အတွက် အရွက်သုံးရွက် ပရမ်းပတာ ဝိဉာဉ်ပန်းပွင့်ကို ရှာဖို့ပဲ ကျန်ပါတော့တယ်။ သူက အရွက်သုံးရွှက်

ပရမ်းပတာ ဝိဉာဉ်ပန်းပွင့်ကို ရှာဖို့လိုအပ်ရုံမက ပမာဏအများကြီးလည်းလိုအပ်ပါတယ်။

ဒါကြောင့် သူရှာဖွေတာကို နှစ်ဆတိုး လုပ်ဆောင်ရတော့မှာပါ။

အခုအချိန်မှာ နေဝင်သွားပြီဖြစ်ပြီး ဆေးပင်ရှာဖို့ အဆင်မပြေတော့တဲ့အတွက် နားစရာနေရာတစ်ခု ရှာပြီး မနက်ဖြန်မှပဲ ဆေးပင်ရှာတဲ့အလုပ်ကို ဆက်လုပ်ရတော့ပါမယ်။

အရင်က သူတောင်ပေါ်မှာ အမဲလိုက်တုန်းကတောင် တောင်ပေါ်မှာ တစ်ခါမှ ညလုံးပေါက်မနေဖူးပေ။

အနီးဆုံးသစ်ပင်တစ်ပင်ကို တွေ့ပြီးနောက် ရန်ကိုင်က သစ်ပင်ပေါ်တက်ပြီး အိပ်ဖို့နေရာကောင်းကောင်း

ရှာလိုက်တယ်။ နေရာကောင်းကောင်းတွေ့တာနဲ့ သူ့မျက်လုံးတွေကို ပိတ်ပြီး ချက်ချင်းလှဲအိပ်လိုက်တယ်။

ညတစ်နာရီခွဲရောက်သည့်တိုင်အောင် သူအိပ်လို့မပျော်ခဲ့ပါဘူး။ အဲ့ဒါကြောင့် အနက်ရောင်စာအုပ်ကို ထုတ်လိုက်ပြီး ပထမစာမျက်နှာ သုံးမျက်နှာမြောက်ကို လှန်လိုက်တယ်။ အတွေးတစ်ချက်နဲ့ အမွှေးနဲ့သာအိုးက စာအုပ်ထဲကနေ ထွက်လာခဲ့တယ်။ စာအုပ်ထဲမှာသိမ်းထားတဲ့ စိတ်ထဲရှိသလို အသွင်း၊ အထုတ်လုပ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အနက်ရောင်စာအုပ်က သိုလှောင်စာအုပ် တစ်အုပ်ပဲလေ။ ပြီးတော့ မွှေးရနံ့အိုးကအစကတည်းက အနက်ရောင်စာအုပ်ထဲမှာ သိမ်းထားတာဖြစ်တဲ့အတွက် ဒီကိစ္စက ရန်ကိုင်အတွက်

ထူးဆန်းမနေခဲ့ပါဘူး။

ရန်ကိုင်ကို စိတ်ရှုပ်စေတာက မွှေးရနံ့အိုးက လွဲပြီး အခြားပစ္စည်းတွေကို အနက်ရောင်စာအုပ်ထဲမှာ

သိမ်းထားလို့ မရခြင်းပါပဲ။ ဒါကရန်ကိုင်ကို အံ့သြသွားစေခဲ့တယ်။ အနက်ရောင်စာအုပ်ကကော တကယ်ပဲ ဝိဉာဉ်ကျောက်တုံးနဲ့ လုပ်ထားတာလား။ ဝိဉာဉ်ကျောက်တုံက ပစ္စည်းတွေ သိုလှောင်တာနဲ့ ပက်သက်ပြီး ကန့်သတ်ချက်ရှိသေးတာလား ဆိုတာ ရန်ကိုင်လည်း သေချာမသိခဲ့ပါဘူး။

အနက်ရောင်စာအုပ်ကို ခဏကြာအောင် စူးစမ်းဆော့ကစားလိုက်ပြီး ရန်ကိုင်အိပ်ပျော်သွားခဲ့တယ်။ တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက်အိပ်လိုက်ပြီးနောက် ရန်ကိုင် နောက်တစ်နေ့စောစော ထလိုက်ပြီး ခန္ဓာသန့်စင်ခြင်းမှတ်တမ်းကို လေ့ကျင့်လိုက်တယ်။ သူလိုချင်တဲ့ဆေးပင်တွေ

လုံလောက်အောင် စုဆောင်းနိုင်ဖို့အတွက် လာမည့်နှစ်ရက်လုံးလုံး ရန်ကိုင် ပိုပြီးအားစိုက်ထုတ်ရမှာပါ။ ပြီးတော့ ရန်ကိုင်က သူအဆင့် ချိုးဖျက်တော့မယ်လို့ ခံစားနေခဲ့ရတယ်။ သူ့စိတ်အာရုံ

အဆုံစွန်ဆုံး အခြေအနေကို ရောက်နေရုံမက သူ့ခန္ဓာကိုယ်ပါ အကန့်အသတ်ကို ရောက်ရှိနေပြီလို့လည်း ခံစားနေခဲ့ရပါတယ်။

အဆင့်ချိုးဖျက်ဖို့ သူ့အတွက် တွန်းအားတစ်ခုသာ လိုအပ်တော့တာပါ။

All Chapters