← Chapters

အခန်း (၁၆-၂၀)

Vol. 1 Ch. 16-20

အခန်း (၁၆-၂၀)

Vol. 1 Ch. 16-20

အပိုင်း (၁၆)

ခန္ဓာသန့်စင်ခြင်း အဆင့်၅

သူအဆင့် ချိုးဖျက်တော့မယ်ဆိုတာ သိလိုက်တဲ့အတွက် ရန်ကိုင်ပျော်သွားခဲ့တယ်။ ခန္ဓာသန့်စင်ခြင်းအဆင့် ၃ကိုရောက်ဖို့ သူ၃နှစ် အချိန်ယူခဲ့ရပါတယ်။ ဒါပေမယ့် အနက်ရောင်စာအုပ်ကို ရပြီး ဒုတိယနေ့မှာပဲ အဆင့်ချိုးဖျက်နိုင်ခဲ့ပြီး သိပ်မကြာခင်မှာပဲ နောက်ထပ်တစ်ဆင့်ကို ချိုးဖျက်နိုင်ပါတော့မယ်။ ဒီအမြန်နှုန်းက ရန်ကိုင်ကို ထိတ်လန့်သွားစေခဲ့တာတော့ အမှန်ပါ။

ခန္ဓာသန့်စင်ခြင်းမှတ်တမ်းကို လေ့ကျင့်ရတာက တော်တော်လေးကို ပင်ပန်းပါတယ်။ ဒါကြောင့် ရန်ကိုင်က လေ့ကျင့်ပြီးနောက် ခဏအနားယူလိုက်ပါတယ်။ အနားယူပြီးတဲ့ နောက်မှာတော့

အစားနည်နည်း စားလိုက်ပြီး ဆေးပင်ရှာတဲ့ အလုပ်ကိုဆက်လုပ်ပါတယ်။ မနေ့က သူ့မှတ်ဥာဏ်ဟောင်းတွေထဲက ဆေးပင်ပေါက်ရောက်နိုင်ချေရှိတဲ့ နေရာတွေကို သွားပြီးပြီ

ဖြစ်တဲ့အတွက် ဒီနေ့မှာတော့ သူ့ရဲ့ ကံကိုပဲ အားကိုးရတော့မှာပါ။ ကံကောင်းစွာပဲ ထိုဆေးပင်တွေရဲ့ တန်ဖိုးက သိပ်မမြင့်တဲ့အတွက် ထိုဆေးပင်တွေကို ရှာတွေ့နိုင်ချေကလည်း

တော်တော်လေးကို များပါတယ်။

တစ်နေ့လုံး ရှာဖွေပြီးတဲ့နောက်မှာတော့ ရန်ကိုင်က ဆေးပင် ၇၂ပင်နဲ့ အရွက်သုံးရွက် ပရမ်းပတာ ဝိဥာဉ်ပန်းပွင့် ၂ပွင့်ကို ရှာတွေ့နိုင်ခဲ့ပါတယ်။ နောက်ဆုံးတော့ သူလိုအပ်တဲ့ ဆေးပင်တွေကို

ရှာတွေ့ခဲ့ပေမယ့် အရေအတွက်ကတော့ တော်တော်လေးကို နည်းလွန်းနေပါသေးတယ်။ အချိန်က လျင်မြန်စွားကုန်ဆုံးသွားပြီး သိပ်မကြာခင်မှာပဲ ညရောက်လာခဲ့ပါတယ်။

ဒါပေမယ့် ရန်ကိုင်က နိုးနေခဲ့တယ်.. သူနိုးနေရတာက သူပင်ပန်းလို့ မဟုတ်ဘဲ ဗိုက်ဆာလွန်းလို့ အိပ်မရတာ ကြောင့်ပါပဲ။

အစကတော့ အမဲလိုက်ဖို့ စီစဉ်ထားပေမယ့် အမဲလိုက်ဖို့ ယုန်တစ်ကောင်တောင် ရှာမတွေ့ခဲ့ပါဘူး။ အဲ့အစား

ကံမကောင်းစွာပဲ အရမ်းချဉ်ပြီး လက်သည်းအရွယ်လောက်ရှိတဲ့ ဘယ်ရီသီးတွေကိုပဲ ရှာတွေ့ခဲ့ပါတယ်။ ထိုဘယ်ရီသီးတွေကို စားခဲ့ပေမယ့် အဆာမပြေပဲ ပိုပြီးဆာလောင်လာခဲ့တယ်။

ဒီလိုဖြစ်မယ်မှန်သာသိခဲ့ရင် ဆန်လုံးတွေ ငါပိုယူလာခဲ့ပါတယ်… ရန်ကိုင် နောင်တရနေခဲ့လေပြီ။

ဒီလိုတောတောင်ထဲမှာ ဆိုင်မရှိတဲ့အတွက် အစာကို သူဘယ်နားမှာ သွားရှာရမယ်မှန်းမသိပါဘူး။ ဆာလောင်တာက လူကို ကသိကအောက် ဖြစ်စေလွန်းပါတယ်။ အဲ့အချိန်မှာပဲ ရန်ကိုင်က

အဝေးတစ်နေရာမှာ မီးရောင်တစ်ခုကို တွေ့လိုက်ရတယ်။ စိတ်အားတက်ကြွသွားပြီး ချက်ချင်းပဲ ထိုနေရာဆီ အပြေးလေး သွားလိုက်တယ်။

ဒီကောင်တွေက တောထဲမှာတောင် မီးထွန်းရဲတယ်။ ဒီလူတွေ အရူးတွေမဟုတ်ရင် ဘာမှမကြောက်တဲ့ လူတွေပဲ ဖြစ်ရမယ်

သူအနီးကပ်သွားတဲ့အခါ ထိုလူတွေထဲက တစ်ယောက်က အော်လိုက်တယ် “ဘယ်သူလဲ’’ အဲ့အချိန်မှာပဲ ရန်ကိုင်က သူ့ကြွက်သားတွေ တောင့်တင်သွားပြီး သူ့ကျောရိုး တုန်လှုပ်သွားခဲ့တယ်။ မီးပုံဘေးက လူနှစ်ယောက်က တော်တော်လေးကို သတိရှိပါတယ်။ တစ်ယောက်က ရှည်ပြီး

တစ်ယောက်က ပုပါတယ်။သန်မာထွားကြိုင်းတဲ့ တစ်ယောက် လေးနဲ့မြှားကိုဆွဲက ရန်ကိုင်ကို ချိန်ရွယ်ထားခဲ့တယ်။ အခြား

တစ်ယောက်က အသက် ၁၁နှစ်လောက်သာရှိတဲ့ ကောင်လေးတစ်ယောက် ဖြစ်ပေမယ့် သူ့မျက်လုံးထဲမှာတော့ အကြောက်တရား တစ်စွန်းတစ်စတောင် မတွေ့ရပါဘူး။

ကောင်လေးလက်ထဲမှလည်း လေးတစ်ခုကို ကိုင်ထားပြီး ကျောမှာတော့ မြှားဘူးကို လွယ်ထားပါတယ်။ ဒါပေမယ့် သူ့ရဲ့

လေးက လူကြီးရဲ့လေးထက် ပိုပြီးသေးပါတယ်။

ရန်ကိုင်က မြှားနှစ်ချောင်းက သူ့ကို ချိန်ရွယ်ထားတာ တွေ့သော်လည်း သူ့မှာ တုန့်ပြန်ဖို့ ရည်ရွယ်ချက် တစ်စွန်းတစ်စတောင် မရှိပါဘူး။ ထိုလူနှစ်ယောက်က သူ့အတွက် ဘာအနှောက်မှ မဟုတ်သလိုမျိုး လမ်းလျှောက်သွားလိုက်ပြီး ပြောလိုက်တယ်

“အေးအေးဆေးဆေးပဲ နေကြပါ။ ငါက တောင်ပေါ်ကို ဆေးပင်စုဆောင်းဖို့ပဲ လာတာ’’

ထိုစကားလုံးတွေကို ကြားတဲ့အခါ ထိုလူနှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်။ သန်မာထွားကြိုင်းတဲ့တစ်ယောက်က သူ့ရဲ့လေး နဲ့ မြှားကို ဖြည်းဖြည်းချင်း အောက်ချလိုက်တယ်။ ထို့နောက်သူက ကောင်လေးကို အေးအေးဆေးဆေး သက်သက်သာသာ

နေရန် အချက်ပြလိုက်ပြီး ရယ်မောရင်း ပြောလိုက်တယ်

“ငါက မီးပုံကြောင့် သားရဲ တစ်ကောင်ကောင်

ရောက်လာတယ် ထင်နေတာ’’

“တောင်းပန်ပါတယ်။ ငါတောင်းပန်ပါတယ်’’ ရန်ကိုင်က ရှက်သွားပြီး ဖြေးဖြေးလေး ပြောလိုက်ရင်း ရယ်လိုက်တယ်။

သူ့နဖူးကိုကိုင်ရင်း သန်သန်မာမာနဲ့ တစ်ယောက်က ရန်ကိုင်ကို လက်ဝှေ့ရမ်းကာ ပြောလိုက်တယ်

“လာခဲ့။ ညဘက်တွေ အေးတယ်။ ဒီမှာ တစ်ယောက်တည်း ရှင်သန်ရတာ လွယ်ကူမှာမဟုတ်ဘူး’’ အဲ့စကားတွေကို ကြားတဲ့အခါ ရန်ကိုင်က လမ်းလျှောက်သွားပြီး မီးပုံးဘေး ဝင်ထိုင်လိုက်တယ်။

သူ့ဘေးက လူသန်ကြီးကတော့ ရန်ကိုင်ရဲ့ ပိန်လှီနေတဲ့ ခန္ဓာကိုယ်ကို ကြည့်ပြီး သနားစိတ် ဝင်သွားခဲ့တယ်။

သူတို့အတူတူ ထိုင်ကာ စကားပြောရင်း ထိုသားအဖနှစ်ယောက်က တောင်ခြေကရွာလေးမှာ နေတယ်ဆိုတာကို ရန်ကိုင် သလိုက်တယ်။ ပြီးတော့ သူတို့က တောင်ပေါ်မှာ စားဝတ်နေရေး အတွက်အမဲလိုက်ဖို့

လာတယ်ဆိုတာ သိခဲ့ရပါသေးတယ်။ ကောင်လေးက ငယ်ပေမယ့် အမဲလိုက်ရာမှာ ဆရာတစ်ဆူပါ။

သူတို့သားအဖနှစ်ယောက် တောင်ပေါ်ကို အမဲလိုက်ဖို့လာတာ အကြိမ်ပေါင်းများစွာ ရှိခဲ့ပါပြီ။ ဒါကြောင့် လေနက်တောင်နဲ့ ပက်သက်ပြီး သူတို့ရဲ့အတွေ့အကြုံက ရန်ကိုင်ထက်

အများကြီး ပိုသာပါတယ်လို့ ဆိုနိုင်ပါတယ်။ ရန်ကိုင်ကလည်း သူ့အကြောင်း နည်းနည်းပြောပြလိုက်တယ်။ သူကောင်းကင်စံအိမ်က တပည့်လို့ပြောလိုက်တာနဲ့ လူကြီးက အံ့အားသင့်သွားခဲ့တယ်။ ကောင်လေးကတော့ ရန်ကိုင်ကို ပိုပြီးစိတ်ဝင်စား

လာခဲ့ပြီး အရောင်တောက်နေတဲ့ မျက်လုံးတွေနဲ့ ရန်ကိုင်ကို တောက်လျှောက် ကြည့်နေပါတော့တယ်။

လူကြီးက ပြောလိုက်တယ် “ငါ့သားက ကျင့်ကြံသူတစ်ယောက် ဖြစ်ချင်ခဲ့တာ။ ဒါပေမယ့် သူ့ပါရမီက မလုံလောက်လို့ အငြင်းခံခဲ့ရတယ်။ ဒါကြောင့် သူက မင်းတို့လို ကျင့်ကြံသူတွေကို

လေးစားအားကျနေတာ’’

ဒီစကားက ရန်ကိုင်ကို သူကောင်းကင်စံအိမ်မှာရှိခဲ့တဲ့ လွန်ခဲ့တဲ့ ၃နှစ်က သူ့ရဲ့အတွေ့အကြုံတွေကို ပြန်သတိရသွားစေခဲ့တယ်။ ဒီစကားတွေက သူ့ကိုထိရှသွားစေခဲ့ပြီး ကောင်းလေးရဲ့ခေါင်းကို

ညင်ညင်သာသာပဲ ပုတ်ပေးလိုက်တယ်။ သူတစ်ခုခု ပြောမလို့ လုပ်နေတုန်းမှာပဲ သူ့ဗိုက်က အသံမြည်လာခဲ့တယ်။ ကောင်လေးက သူ့ကိုကြောင်ကြည့်နေပြီး အကျယ်ကြီး ရယ်လိုက်တယ်။ ထို့နောက် သူ့အိတ်ထဲက ရိက္ခာခြောက်တွေကို ထုတ်ပြီး ရန်ကိုင်ကို ပေးလိုက်တယ်။

ဒါက သူ့စိတ်ကို နောက်တစ်ကြိမ် လှုပ်ရှားသွားစေခဲ့ပြန်တယ်။ ဒါပေမယ့် သူလက်မခံခဲ့ပါဘူး။ ရန်ကိုင်က

လူကြီးကို ကြည့်လိုက်တယ်။ လူကြီးက ပြန်ပြုံးပြလိုက်ပြီး ပြောလိုက်တယ် “စားလိုက်ပါ။မင်းဒီနေ့တစ်နေ့လုံး ဘာမှမစားရသေးဘူးထင်တယ်’’

ဒီတစ်ကြိမ်မှာတော့ ရန်ကိုင်မငြင်းတော့ပဲ လက်ခံလိုက်ကာ မြန်မြန်ဆန်ဆန်ပဲ စားလိုက်တယ်။ ခဏကြာအောင် စကားပြောလိုက်ပြီးနောက် သူတို့သုံးယောက် မီးပုံဘေးမှာ အိပ်လိုက်ကြတယ်။

ရန်ကိုင်က နှစ်နှစ်ခြိုက်ခြိုက် မအိပ်ရဲခဲ့ပါဘူး။ အဲ့ဒါမှသာ အန္တရာယ်တစ်ခုခုက ထိုသားအဖနှစ်ယောက်နားကို ချဉ်းကပ်လာခဲ့ရင် သူအချိန်မှီ တုန့်ပြန်နိုင်မှာလေ။ ပြီးတော့ ဒါကလည်း ထိုသားအဖနှစ်ယောက် ကျွေးခဲ့တဲ့ အစားအစာအတွက် ကျေးဇူးပြန်ဆပ်ရာလည်း ရောက်တာကိုး။

ကံကောင်းစွားပဲ ထိုညဟာ ငြိမ်းချမ်းနေခဲ့ပြီး ဘာအန္တရာယ်မှ သူတို့ဆီရောက်မလာခဲ့ပါဘူး။မိုးလင်းတဲ့အခါ ရန်ကိုင်က ထိုသားအဖနှစ်ယောက် နိုးလာတဲ့အထိ မစောင့်တော့ဘဲ

ထွက်သွားလိုက်ပါတယ်။ ဒါပေမယ့် သူထွက်မသွားခင် လွန်ခဲ့တဲ့ညက ညစာအတွက် ဆေးပင်နှစ်ပင်ကို ချန်ထားပေးခဲ့တယ်။

အဲ့ဆေးပင်နှစ်ပင်က ဒဏ်ရာတွေကို အမြန် ပြန်သက်သာစေနိုင်ပါတယ်။ ထိုသားအဖနှစ်ယောက်က

တောင်ပေါ်ကို မကြာခဏ လာတာ ဖြစ်တဲ့အတွက် ထိုဆေးပင်နှစ်ပင်က သူတို့နှစ်ယောက်အတွက် တော်တော်လေး အသုံးဝင်လိမ့်မှာပါ။

နေထွက်ချိန်မှာ ရန်ကိုင်က ခန္ဓာသန့်စင်ခြင်းမှတ်တမ်းကို နာရီဝက်ကြာအောင် လေ့ကျင့်နေခဲ့တယ်။ သူလေ့ကျင့်ပြီးတာနဲ့ အသက်ပြင်းပြင်းရှုလိုက်တယ်။ အဲ့အချိန်မှာပဲ သူ့သွေးကြောတွေ လှုပ်ခါသွားခဲ့ပါတယ်။ နွေးထွေးတဲ့ ခံစားမှုတစ်ခုက သူ့ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားခဲ့ပါတယ်။

ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်၅။ သူထင်ထားတဲ့အတိုင်း ဒီနေ့မှာပဲ ခန္ဓာသန့်စင်ခြင်းအဆင့်၅ကို သူချိုးဖျက်နိုင်ခဲ့ပါပြီ။နာရီဝက်လောက် လေ့ကျင့်ပြီးတာနဲ့ နောက်တစ်ဆင့်ကို သူတကယ်ပဲ

ချိုးဖျက်နိုင်ခဲ့ပါတယ်။

ရန်ကိုင်က အလွန်ဝမ်းမြောက်သွားခဲ့ပြီး ရွှေရောင်အရိုးခြောက်ကို ပိုပြီးကျေးဇူးတင်သွားခဲ့တယ်။ ရွှေရောင်အရိုးခြောက်ကို သူရထားတာ သိပ်မကြာသေးပေမယ့် ခန္ဓသန့်စင်ခြင်းမှတ်တမ်းကို

လေ့ကျင့်ကာ အဆင့်၂ဆင့်ကို ချိုးဖျက်နိုင်ခဲ့ပါပြီ။ ဒီခန္ဓာသန့်စင်ခြင်းမှတ်တမ်းသာ ကန့်သတ်ချက်

မရှိဘဲ အမြဲတမ်းသာ လေ့ကျင့်နိုင်မယ်ဆိုရင် သူ့ကျင့်ကြံခြင်း အမြန်နှုန်းက မတွေးရဲစရာပါပဲ။

ဒီအတွေးက ရန်ကိုင်ကို တကယ်ပဲ ပြောစရာစကား မဲ့သွားစေခဲ့ပါတယ်။ ခန္ဓာသန့်စင်ခြင်းအဆင့်က ကျင့်ကြံသူ တစ်ယောက် ဖြစ်လာဖို့ အခြေခံပါပဲ။ အစောပိုင်းအဆင့်တွေက ကျင့်ရတာ လွယ်ကူပေမယ့် နောက်ပိုင်း အဆင့်တွေက အဲ့လောက်လွယ်ကူလိမ့်မည် မဟုတ်ပါဘူး။

ခဏအနားယူပြီးနောက် ရန်ကိုင် ဆေးပင်ဆက်ရှာလိုက်တယ်။

ဒီနေ့ သူကောင်းကောင်း ရိတ်သိမ်းနိုင်ခဲ့ပါတယ်။ သူဆေးပင်း ၁၂ပင်ထက် မနည်းစုဆောင်းနိုင်ခဲ့ပြီး ဝဖြိုးဖြိုး ယုန်တစ်ကောင်ကိုလည်း ဖမ်းနိုင်ခဲ့ပါသေးတယ်။ ဒီနေ့ညစာကတော့ သူ့အတွက် အဆင်ပြေသွားပါပြီ။

ဒီနေ့က သူတောင်ပေါ်ကို ရောက်တဲ့ သုံးရက်မြောက်နေ့ဖြစ်ပြီး အန္တရာယ်ကင်းဇုံး အစပ်နားကိုလည်း

ရောက်လာခဲ့ပါပြီ။ အထဲကို သူဆက်မဝင်သွားရဲတော့ပါဘူး။ သူရဲ့ လက်ရှိခွန်အားနဲ့သာ အထဲဆက်ဝင်သွားမယ်ဆိုရင် သူသားရဲ ဗိုက်ထဲက အစာဖြစ်သွားရပါလိမ့်မယ်။

တောင် အတွင်းပိုင်းထဲကို မသွားခဲ့ပေမယ့် သူကောင်းကောင်း ရိတ်သိမ်းနိုင်ခဲ့ပါတယ်။ ဆေးပင်အမျိုး၂၀မက စုဆောင်းနိုင်ခဲ့ပြီး လွန်ခဲ့တဲ့ ၂ရက်က ဆေးပင်တွေပါအပါဆိုရင် စုစုပေါင်း ဆေးပင် အမျိုး၄၀ကျော် စုဆောင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ

သူလိုအပ်တဲ့ ဆေးပင်ကိုတော့ လုံလောက်အောင် မရခဲ့ပါဘူး။

၃ရက်အတွင်းမှာ ဆေးပင်အမျိုး၄၀ကျော်ကို စုဆောင်းနိုင်တာက သာမန်ရိတ်သိမ်းမှုတစ်ခု မဆိုနိုင်ပါ။ သူတို့တွေက သာမန်အဆင့်နိမ့် ဆေးပင်တွေဖြစ်နေရင်တောင် ထောက်ပံ့ရေးခန်းမမှာ

အမှတ်နဲ့ ပြန်ပြီး လဲလှယ်နိုင်ပါသေးတယ်။ ဒါပေမယ့် ဒါက သူ့ရဲ့လေ့ကျင့်ချိန်ကို တော်တော်လေး ထိခိုက်သွားစေပါတယ်။

Martail Peak

အပိုင်း (၁၇) မိစ္ဆာသားရဲနှင့် တိုက်ခိုက်ခြင်း

ရန်ကိုင် ကောင်းကင်စံအိမ်ကို ပြန်တဲ့အချိန် နေ့လည်ရှိနေပါြပီ။ ရန်ကိုင်ကို ခွင့်သုံရက်ပဲ ပေးထားတဲ့အတွက် မနက်ဖြန်

မနက်မတိုင်ခင် ကောင်းကင်စံအိမ်ကို အရောက်ပြန်ရပါမယ်။ မဟုတ်ရင် သူ့ကို ရက်စက်ပြင်းထန်တဲ့ အပြစ်ပေးမှုက စောင့်မျှော်

နေပေလိမ့်မယ်။ ရန်ကိုင်က အချိန်တွေအများကြီးပိုနေတယ်လို့ ခံစားလိုက်ရပြီး မနက်ဖြန်မနက်မတိုင်ခင် ကောင်းကင်စံအိမ်ကို

ပြန်ရောက်မယ်လို့ သူယုံကြည်ထားပါတယ်။ ဘာပဲဖြစ်ဖြစ် စံအိမ်က လေနက်တောင်နဲ့ မိုင်တစ်ရာလောက်ပဲ ဝေးကွာတာကိုး။

သူ့စိတ်ထဲမှာတော့ အနက်ရောင်စာအုပ်ရဲ့ တတိယစာမျက်နှာကို မျှော်လင့်ချက်အပြည့်နဲ့ စောင့်စားနေခဲ့တယ်။ အနက်ရောင်စာအုပ်

တတိယစာမျက်နှာကနေ ရမည့်အကျိုးအမြတ်တွေကို တွေးရင် သူ့ခြေလှမ်းတွေက ပိုမြန်လာခဲ့တယ်။ လမ်းတစ်ဝက်လောက်မှာ

သိပ်မဝေးတဲ့တစ်နေရာကနေ စူစူးဝါးဝါးအော်ငိုသံကို ကြားလိုက်ရတယ်။ဒါက ကလေးတစ်ယောက်ရဲ့ အော်ငိုသံပါပဲ။

အော်အသံကို ကြားလိုက်တာနဲ့ သွားနေတဲ့ သူခြေလှမ်းတွေကို ရပ်လိုက်ပြီး နားစွင့်လိုက်တယ်။ သိပ်မကြာခင်မှာပဲ ရန်ကိုင်ရဲ့

မျက်နှာအမူအရာ ပြောင်သွားပြီး အသံရှိရာဘက်ကို တစ်ဟုန်ထိုး ပြေးသွားပါတော့တယ်။ ထိုအသံကို သေသေချာချာနားစိုက်

ထောင်လိုက်နေစဉ်မှာပဲ ထိုအသံက မနေ့ညက သူတွေ့ခဲ့တဲ့ သားအဖနှစ်ယောက်ဆီက လာတာဆိုတာ သိလိုက်ပါတယ်။ ပြီးတော့ ထိုအော်ငိုသံက ကလေးငယ်လေးဆီကပါ။

အဲ့သားအဖနှစ်ယောက် အန္တရာယ်တစ်ခုခုနဲ့ ကြုံတာပဲ ဖြစ်ရပါမယ်။ မဟုတ်ရင် ဘယ်လိုလုပ်ပြီး ဒီလိုအကျယ်ကြီးအော်ငိုနေမှာလဲ…. ထိုအကြောင်းကို တွေးရင်း ရန်ကိုင် ခပ်မြန်မြန်ပဲ ပြေးသွားလိုက်တယ်။ မနေ့ညက သူဘာမှမစားရသေးတုန်းက ကောင်လေးက သူ့ကို အသားခြောက်ပေးခဲ့တယ်။ သူတို့ရဲ့ ကြင်နာမှုကို ရန်ကိုင်က ဘယ်လိုလုပ်ပြီး လျစ်လျူရှုနိုင်ပါ့မလဲ။ ထိုသားအဖနှစ်ယောက်ဆီကို ပြေးသွားနေရင် လူကြီးရဲ့အော်သံက ဒေါသ၊ ယူကြုံးမရ ဖြစ်မှုတွေနဲ့ ပြည့်နေပြီး ကောင်လေးရဲ့အော်သံက တဖြည်းဖြည်း တိုးတိုးသွားခဲ့တယ်။

သူရောက်သွားတဲ့အချိန်မှာ ဘယ်အော်သံမှ မကြားရတော့ပဲ တောင်အမြင့်ကြီးပေါ်က မှောင်မဲနေတဲ့ လိုဏ်ဂူတစ်ခုကိုသာ တွေ့လိုက်ရတယ်။

လိုဏ်ဂူဘေးမှာ ချုံပုတ်တွေနဲ့ ပြည့်နေပြီး မနေ့ညတုန်းက ကောင်လေးကိုင်တဲ့ ငွေရောင်လေးကတည်း ပင့်ကူအိမ်မှာ ညိနေခဲ့တယ်။

ရန်ကိုင်က တွေးတောမနေတော့ဘဲ သူ့ပစ္စည်းတွေကို မြေပေါ်မှာချထားလိုက်ပြီး မှောင်မဲနေတဲ့ လိုဏ်ဂူထဲကို တစ်ဟုန်ထိုး

ပြေးဝင်သွားလိုက်ပါတယ်။ လိုဏ်ဂူတစ်ခုလုံက ပင့်ကူအိမ်တွေနဲ့ ပြည့်နေတာကို တွေ့လိုက်ရတဲ့အခါ ရန်ကိုင်ထိတ်လန့်သွားခဲ့တယ်။ ဂူနံရံတွေ ပေါ်မှာလည်း ပင့်ကူအိမ်တွေနဲ့ ထပ်နေပြီး လိုဏ်ဂူထဲ သွားတဲ့လမ်းကလည်း ပင့်ကူအိမ်တွေနဲ့ အထပ်ထပ် ပိတ်ဆို့နေလို့ပါ။

ကြမ်းပြင်တစ်ခုလုံးက စိုထိုင်းနေရုံမက နံရံပေါ်ကနေလည်း ရေက တစ်စက်ပြီး တစ်စက်ကျနေခဲ့ပါသေးတယ်။ သူရှေ့ကို ခြေတစ်လှမ်း

လှမ်းလိုက်တဲ့အခါ သူ့ခြေထောက်က မြေကြီးထဲကို နစ်ဝင်သွားခဲ့တယ်။ စိတ်ခိုင်ခိုင်ထားလိုက်ပြီး ရန်ကိုင်က ရှေ့ကိုတစ်လှမ်းခြင်း တိုးသွားလိုက်တယ်။ သွားနေရင်း ပင်ကူအိမ်တွေနဲ့ လုံးထွေးပြီး ပင့်ကူအိမ်မှာ ကပ်ညိနေတဲ့ ပိုးအိမ်တစ်ခုကို တွေ့လိုက်ရတယ်။

ထိုပိုးအိမ်ထိပ်မှာ သူမနေ့ညက တွေ့ခဲ့တဲ့ အားကောင်းမောင်းသန် လူကြီးကို တွေ့လိုက်ရပါပြီ။ စိုးရိမ်စွာနဲ့ ရန်ကိုင်ထိုလူကြီးဆီ

ပြေးသွားလိုက်တယ်။ လူကြီးသတိလစ်နေတာမှန်း သိလိုက်ရတော့မှပဲ သူစိတ်သက်သာရာ ရသွားခဲ့တယ်။

ရန်ကိုင်ရဲ့အော်ခေါ်သံကြောင့် သိပ်မကြာခင်းမှာပဲ ထိုလူကြီး သတိရလာခဲ့တယ်။ ထို့နောက် အားအင်ချည့်နဲ့စွာနဲ့ပြောလိုက်တယ်

``ငါ့သားကို ကယ်ပေးပါ။ ငါသားက အထဲကို ဆွဲခေါ်ခံသွားရတယ်။ ငါ အနူးအညွတ်တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး

ငါ့သားကို ကယ်ပေးပါ’’

``အထဲကို ဆွဲခေါ်သွားခံရတာလား’’ ရန်ကိုင်က ထိုလူကြီးကို ပင့်ကူအိမ်တွေကနေ လွတ်အောင်ကူညီပေးနေရင်း ကြားလိုက်ရတဲ့ စကားကြောင့် ထိတ်လန့်သွားခဲ့တယ်။

ဝမ်းနည်းစွာပဲ ပင့်ကူအိမ်တွေက အရမ်းကို ခိုင်ခံ့နေတဲ့အတွက် ထိုလူကြီးကို လွတ်အောင်လုပ်ပေးဖို့ကို လက်လျှော့ထားလိုက်ပြီး

ဂူထဲကိုသာ ပြေးဝင်သွားလိုက်တယ်။ နောက်ကနေ လူကြီးက အော်ဟစ်သတိပေးလိုက်တယ်``သတိထားဦး။ ဂူထဲကကောင်က

ပင့်ကူမိစ္ဆာသားရဲကြီး…’’

``မိစ္ဆာပင့်ကူသားရဲ’’ ဆိုတဲ့စကားလုံးကို ကြားလိုက်တဲ့အချိန်မှာ သူ့စိတ်က ပြင်းပြင်းထန်ထန် တုန်ရင်သွားခဲ့တယ်။ ထိုမိစ္ဆာသားရဲ

တွေက သာမန်သားရဲတွေနဲ့ မတူပါဘူး။ သူတို့တွေက သတ်ဖြတ်ရတာကို နှစ်ခြိုက်ကြပြီး သူတို့ထဲက အနိမ့်ဆုံးသားရဲကတောင် ရန်ကိုင်‌ကို အနိုင်ယူနိုင်ပါတယ်။ လေနက်‌တောင်ရဲ့ ပထမဆုံးမိုင်၃၀ပတ်လည်ကို အန္တရာယ်ကင်းဇုံအဖြစ် သတ်မှတ်ထားရခြင်းမှာ ထိုမိုင်သုံးဆယ် ပတ်လည်အတွင်းမှာ မိစ္ဆာသားရဲတွေ မရှိလို့ပါပဲ။ ကံမကောင်းစွာနဲ့ မိစ္ဆာသားရဲ တစ်ကောင်က အခု ရန်ကိုင်ရှေ့မှာ ထွက်ပေါ်လာခဲ့လေပြီ။ ဒါက သူမမျှော်လင့်ထားတဲ့ အရာတစ်ခုပါ။

မိစ္ဆာသားရဲမှန်း သိလိုက်တာနဲ့ ရန်ကိုင်က သူ့ခြေလှမ်းတွေကို ပိုပြီးဂရုစိုက်လိုက်တယ်။ သူသွားရင်း ၁၀ပေလောက် ရောက်တဲ့အချိန်မှာ ကောင်လေးကို တွေ့လိုက်ရတယ်။

ကောင်လေးက သူူ့အဖေလိုပဲ ပင့်ကူပိုးအိမ်ထဲမှာ ပိတ်မိနေပြီး ပင့်ကူအိမ်မှာ ကပ်ညိနေခဲ့ပါတယ်။ ဂူကြမ်းပြင်ကတော့ အရိုးတွေနဲ့ ပြည့်နေခဲ့ပါတယ်။ ဒီမိစ္ဆာသားရဲ ဘယ်လောက်ကြာအောင် အသက်ရှင်ခဲ့ပြီးပြီလဲဆိုတာကို ကြမ်းပြင်ပေါ်က

အရိုးတွေကို ကြည့်တာနဲ့တင် အကြမ်းဖျင်း ခန့်မှန်းနိုင်ပါတယ်။ ကောင်လေးရဲ့ဘေးမှာတော့ ဧရာမပန်းပွင့်ပုံးပင်ကူကြီးတစ်ကောင်

ရှိနေခဲ့ပါတယ်။ ထိုပင့်ကူကြီးက သူ့ပါးစပ်က ပြွန်တံနဲ့ကောင်းလေး လက်မောင်းကနေ သွေးစုပ်နေခဲ့ပါတယ်။

ရန်ကိုင်မှာ ပင့်ကူအကြောင်းကို စဉ်းစားမနေတော့ပဲ ကောင်းလေးကို ကယ်ဖို့သင့်တော်တဲ့ အစီအစဉ်တစ်ခုကို အမြန်ပဲစဉ်းစားရပါတော့တယ်။

သိပ်မကြာခင်မှာပဲ ရန်ကိုင်ကရှေ့ကို ပြေးသွားခဲ့ပြီး အားစိုက်က ပင့်ကူဘေးကို ထိုးချလိုက်တယ်။ ပင့်ကူအိမ်မှာ အပေါက်ကြီး တစ်ပေါက်ပေါ် လာပြီး ပန်းပွင့်ပုံပင့်ကူကြီးက ရန်ကိုင်ဘေးကို ကျလာခဲ့တယ်။ ကောင်လေးကလည်း အပေါက်ကနေတစ်ဆင့် ကြမ်းပြင်ပေါ်ကို ပြုတ်ကျလာခဲ့တယ်။

ရုတ်တရက် ချောင်းမြောင်း တိုက်ခိုက်ခံလိုက်ရတဲ့အတွက် ပန်းပွင့်ပုံပင့်ကူကြီး ဒေါသထွက်သွားခဲ့တယ်။ သူရဲ့အမွှေးထူ ခြေထောက် ရှည်ရှစ်ချောင်းကို ကြမ်းပြင်ပေါ်ထိုးစိုက်လိုက်ပြီး ရန်ကိုင်ကို စူးစိုက်ကြည့်လိုက်ပါပြီ။ သူထတောင်မထရသေးခင်မှာပဲ ပင့်ကူက သူ့ခြေထောက်နဲ့ ရန်ကိုင်ကို ထိုးချလိုက်တယ်။ ရန်ကိုက ဒေါသတကြီးကြိမ်းဝါးလိုက်ပြီး သံမဏိလက်သီးတစ်လုံးကို ပင့်ကူလည်မျိုးဆီကို ပစ်သွင်းလိုက်တယ်။ ဒါကပင့်ကူကို ကြက်သေသေသွားစေခဲ့ပြီး ရန်ကိုင်ထိုအရာကို အခွင့်ကောင်းယူက ပင့်ကူသားရဲကို ကန်ချက်တစ်ချက်နဲ့ လွင့်ထွက်သွားစေခဲ့တယ်။

ရန်ကိုင်က မြန်မြန်ဆန်ဆန်ထလိုက်ပြီး ပင့်ကူရဲ့ လှုပ်ရှားမှု တစ်ခုစီတိုင်းကို အာရုံစိုက်လိုက်တယ်။ ထိုထိပ်တိုက်ရင်ဆိုင်မှုအပြီးမှာတော့ ပြင်းပြင်းထန်ထန် ခုန်နေတဲ့ ရန်ကိုင်ရဲ့နှလုံသားလေးက အနည်းငယ် တည်ငြိမ်လာခဲ့ပါပြီ။ ထိုမိစ္ဆာသားရဲရဲ့အဆင့်က သိပ်မမြင့်တဲ့အတွက် တော်တော်ကံကောင်းသွားခဲ့တယ်။ မဟုတ်ရင် ရန်ကိုင်က ကောင်လေးကိုကယ်ဖို့နေနေသာသာ သူ့အသက်ကိုတောင်

မနည်းကာကွယ်နေရမှာပါ။ ထိုပင့်ကူသားရဲက အဆင့်တစ် မိစ္ဆာသားရဲပါ။

ဒါပေမယ့် အဆင့်တစ်မိစ္ဆသားရဲ ဖြစ်နေရင်တောင် ရန်ကိုင်ရဲ့ အခုလက်ရှိခွန်အားနဲ့ ရင်ဆိုင်ဖို့ကတော့ တော်တော်လေး ခက်ခဲနေတုန်းပါပဲ။ နှစ်ဖက်စလုံးက တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် အကဲခတ်နေစဉ်မှာပဲ ပင့်ကူသားရဲ့က စိတ်မရှည် ဖြစ်လာခဲ့တယ်။ ရန်ကိုင်လည်း ထိုနည်းလည်းကောင်းပါပဲ။ ကောင်လေးက သွေးတော်တော်များများ ဆုံးရှုံးထားပြီး အဆိပ်လည်းမိနေခဲ့တယ်။ ဒီအတိုင်းသာ

ဆက်သွားမယ်ဆိုရင် ကောင်လေးက ပစ္စုပ္ပန်ကို လက်ပြနှုတ်ဆက်ရတော့မှာပါ။

ရုတ်တရက် ပန်းပွင့်ပုံပင့်ကူက ကျောက်စိမ်းရောင်သန်းနေတဲ့ ပင့်ကူမျှင်တွေကို ရန်ကိုင်ဆီ ထွေးထုတ်လိုက်တယ်။ ဒီပင့်ကူအိမ်တွေရဲ့ ခံနိုင်ရည်ကို ရန်ကိုင်သိထားတဲ့အတွက် ပင့်ကူအိမ်ထဲမှာ အမိမခံခဲ့ပါဘူး။ ချက်ချင်းပဲ ကြမ်းပြင်ပေါ် လှိမ့်ချလိုက်ပြီး ပင့်ကူမျှင်တွေကို ရှောင်လိုက်ပါတယ်။ ပင့်ကူသားရဲက သူ့ပင့်ကူမျှင်တွေကို ရန်ကိုင်ရှောင်နိုင်လိုက်တာကို သိပ်အမှုမထားပဲ ပင့်ကူမျှင်တွေကိုသာတရစပ် ပစ်လွှတ်နေခဲ့တယ်။ ပင့်ကူမျှင်တွေက သူ့ကိုချိန်ရွယ်နေတာ မဟုတ်ဘူးဆိုတာကို ရန်ကိုင် သတိပြုမိလိုက်တဲ့အချိန်မှာတော့ လိုဏ်ဂူတစ်ခုလုံး ပင့်ကူအိမ်တွေနဲ့ ဖုံးနေပြီး ဂူပေါက်ဝကလည်း ပင့်ကူမျှင်တွေနဲ့ ပိတ်နေခဲ့ပါပြီ။

``မင်ကငါ့ကို မသေမချင်းတိုက်ဖို့ ဖိအားပေးနေတာပဲ’’ ရန်ကိုင်က တွေးရင်ရယ်လိုက်တယ်။ သူ့စိတ်ထဲမှာ နဂိုရှိနေတဲ့ ကြောက်ရွံ့မှုတွေ

ချက်ချင်းပျောက်ကွယ်သွားပြီး သူ့တစ်ကိုယ်လုံး တိုက်ပွဲဝင်လိုစိတ်နဲ့ တက်ကြွလာခဲ့တယ်။ အခုအချိန်မှာ ထိုပင့်ကူကိုသူမသတ်နိုင်ရင်

ဒီလိုဏ်ဂူထဲက ထွက်သွားဖို့ မဖြစ်နိုင်တော့ပါဘူး။

အခြေအနေတွေက အခုလို ဖြစ်လာပြီ ဖြစ်တဲ့အတွက် ရန်ကိုင် ဒါမဟုတ် ပင့်ကူသေမှသာ တိုက်ပွဲက အဆုံးသတ်သွားမှာပါ။

နှောင့်နှေးမနေတော့ဘဲ ရန်ုကိုင်က သူ့ခြေထောက်ကို ကြမ်ပြင်ပေါ် ဆောင့်ကန်လိုက်ပြီး ပင့်ကူဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားလိုက်တယ်။ ရန်ကိုင်က တစ်ချိန်လုံး

သတိထားနေခဲ့သဖြင့် ပင့်ကူသားရဲဆီက ပင့်ကူမျှင်တွေကို ရှောင်တိမ်းနိုင်ခဲ့တယ်။ ပင့်ကူမျှင်တွေကို မရမ်းမနား ရှောင်တိမ်းပြီးချိန်မှာတော့ သူက ပင့်ကူနားရောက်နေခဲ့ပါပြီ။ ဒါပေမယ့် သူက ပင့်ကူကို တစ်ချက်တောင် မတိုက်ခိုက်ရသေးခင်မှာပဲ ပင့်ကူရဲ့ ခြေထောက်နှစ်ချောင်းက သူ့ဆီ ပေါက်ချလာခဲ့ပါတယ်။

ရန်ကိုင်က ပင့်ကူရဲ့တိုက်ခိုက်မှုကို သူ့လက်မောင်းနဲ့ ကာလိုက်တဲ့အတွက် ပင့်ကူရဲ့ ရှေ့ခြေထောက်နှစ်ချောင်းက သူ့လက်မောင်းကို ထိုးဖောက်သွားခဲ့တယ်။ ရန်ကိုင် နာနာကျင်ကျင် အော်လိုက်ပြီး သူ့သွေးတွေ ဆူပွက်လာခဲ့ရပါတယ်။ အခု သူ့စိတ်ထဲ ကြောက်ရွံမှုတို့ နည်းနည်းလေးတောင် မရှိတော့ပါဘူး။ သူ့တစ်ကိုယ်လုံး တိုက်ပွဲဝင်လိုစိတ်တို့ဖြင့် ပြည့်နေခဲ့ပါပြီ။

သူ့အရိုးထဲကနေ နွေးထွေးတဲ့ခံစာမှုတစ်ခုက သူ့ကိုယ်အနှံ့

ပျံ့နှံ့လာခဲ့ပါတယ်။

Martial Peak

အပိုင်း (၁၈) လူကောင်းတွေကို ကောင်းကင်ဘုံက ကောင်းချီးပေးတယ်ရန်ကိုင်ရဲ့ လက်သီးချက်က လေထဲမှာ တဝီဝီမြည်သွားပြီး ပန်းပွင့်ပုံပင့်ကူကြီးရဲ့ ဘယ်ဘက်မျက်လုံးပေါ်ကို ကျရောက်သွားခဲ့တယ်။ သူ့ရဲ့လက်သီးချက်က ပင့်ကူရဲ့ မျက်လုံးနှစ်လုံးကို ဖျက်စီးပစ်နိုင်ခဲ့တယ်။ ထိုပင့်ကူကြီးက ထိတ်လန့်ကြောက်ရွံ့သွားခဲ့တယ်။

သူရဲ့နိမ့်ပါးတဲ့ အသိဉာဏ်နဲ့တောင် သူ့ရှေ့မှာ ရှိနေတဲ့ ကောင်လေးက ထိတ်လန့်စရာကောင်းမှန်းသိနေခဲ့တယ်။ ပန်းပွင့်ပုံပင့်ကူက

ရန်ကိုင်လက်မှာ စိုက်ဝင်နေတဲ့ သူ့ရဲ့ရှေ့ခြေထောက်နှစ်ချောင်းကို ပြန်ဆွဲထုတ်တဲ့အချိန်မှာ ရန်ကိုင်က အလွတ်မပေးဘဲ ထိုခြေထောက်

နှစ်ချောင်းကို ပြန်ဆွဲထားခဲ့တယ်။ ပင့်ကူရဲ့နောက်ထပ်မျက်စိနှစ်လုံးကို အမှောင်ဖုံးသွားစေတဲ့ ရန်ကိုင်ရဲ့ ဒုတိယလက်သီချက်က ပထမလက်သီးချက်နဲ့ ရှေ့မဆင့် နောက်မဆင့်ပဲ ပင့်ကူပေါ်သို့ ထပ်မံ ကျရောက်လာခဲ့ပြန်တယ်။

ပန်းပွင့်ပုံပင့်ကူက စူးစူးဝါးဝါးအော်လိုက်ပြီး ပြန်ဆုတ်ဖို့ အသည်းအသန် ကြိုးစားပါလေပြီ။ ပြီးတာနဲ့ ပင့်ကူက ရန်ကိုင်ကို သဲကြီးမဲကြီးတိုက်ခိုက်ပါတော့တယ်။ ထိုတိုက်ခိုက်မှုတွေက ရန်ကိုင်ကို သိပ်မထိခိုက်စေသော်လည်း ရန်ကိုင်ကိုယ်ပေါ်မှာ ဒဏ်ရာများစွားကို ချန်ထားနိုင်ခဲ့ပါတယ်။ ဒဏ်ရာတွေက သိပ်မနက်သော်လည်း ထိုဒဏ်ရာတွေကနေ သွေးတွေ တစိမ့်စိမ့်စီးကျလို့ နေခဲ့ပါတယ်။

ဒါပေမယ့် ဒဏ်ရာတွေက ရန်ကိုင်ကို မထိခိုက်စေဘဲ သူ့ရဲ့ တိုက်ပွဲဝင်လိုစိတ်ကို ပိုပြီး တက်ကြွလာစေခဲ့ပါတယ်။ အေးစက်ပြီး ရက်စမ်းကြမ်းကြုတ်တော့မယ့်အသွင်နဲ့ သူ့နှုတ်ခမ်းကို ကွေးလိုက်တယ်။ ထို့နောက် ပင့်ကူခေါင်းကို သူ့လက်သီးတွေနဲ့ မရပ်မနား တိုက်ခိုက်ပါတော့တယ်။ ရန်ကိုင်ရဲ့

ရက်စက်ကြမ်းကြုတ်တဲ့ မရပ်မနားတိုက်ခိုက်မှုအောက်မှာ ပန်းပွင့်ပုံပင့်ကူရဲ့ ဦးခေါင်းက အက်ကွဲသွားပြီး အရည်တွေ ပန်းထွက်လာခဲ့တယ်။

ပန်းပွင့်ပုံပင့်ကူက စိတ်ပျက်စရာကောင်းလောက်အောင် တအီအီအော် မြည်နေခဲ့တယ်။ ပန်းပွင့်ပုံပင့်ကူက သေမှာကို ထိုင်စောင့်မနေဘဲ သူ့ပါးစပ်ကနေ ပင်ကူမျှင်တွေကို ရန်ကိုင်ဆီကို ပစ်လွှတ်လိုက်တယ်။ နီးကပ်လွန်ုးနေသဖြင့် ရန်ကိုင်လည်း ရှောင်တိမ်းချိန်မရလိုက်ဘဲပင့်ကူမျှင်တွေ ရစ်ပတ်တာကို ခံလိုက်ရတယ်။

ဒါပေမယ့် ပန်းပွင့်ပုံပင့်ကူရဲ့ အခြေအနေက တော်တော်လေးကို ဆိုးရွားနေပါပြီ။ သူ့ခေါင်းတစ်ခုလုံး ပျက်စီးလုမတတ်ဖြစ်နေပြီး အကယ်၍ ထိုပင့်ကူသာ မိစ္ဆသားရဲမဟုတ်ခဲ့ဘဲ သာမန်သားရဲဆိုရင် အစောကြီးကတည်းက သေသွားခဲပါပြီ။ ဒီလိုဖြစ်နေတာကြောင့် ရန်ကိုင်က ပင့်ကူမျှင်တွေနဲ့ ရစ်ပတ်ခံလိုက်ရသော်လည်း ပင့်ကူက သူ့ကိုဘာမှမလုပ်နိုင်သဖြင့် သူ့ရဲ့အဆုံးမရှိတဲံ လက်သီးချက်တွေ အောက်မှာပဲ သူ့ကိုရစ်ပတ်ထားတဲ့ ပင့်ကူမျှင်တွေ တစ်စစီဖြစ်သွားခဲ့ရပါတယ်။ သူကိုယ်တိုင်က မိစ္ဆသားရဲတစ်ကောင်ကို အနိုင်တိုက်နိုင်လိမ့်မယ်လို့ တစ်ခါမှ

ရန်ကိုင် တစ်ခါမှ မတွေးခဲ့ဖူးပါဘူး။ ထို့အပြင် သူအသက်ရှင်ခဲ့ရုံမက ထိုမိစ္ဆာသားရဲကိုလည်း သတ်နိုင်ခဲ့ပါသေးတယ်။

ပန်းပွင့်ပုံပင့်ကူက အဆင့်၁မိစ္ဆာသားရဲ တစ်ကောင်သာ ဖြစ်သော်လည်း ထိုသားရဲက ခန္ဓာသန့်စင်ခြင်းအဆင့်၅မှာ ရှိနေတဲ့ ကျင့်ကြံသူ တစ်ယောက် အနိုင်တိုက်နိုင်တဲ့ အကောင်မျိုးမဟုတ်ပါဘူး။ ရန်ကိုင်ရဲ့ဒဏ်ရာတွေက ပေါ့သေးသေး မဟုတ်သော်လည်း သူဘာနာကျင်မှုမှ မခံစားရပါဘူး။ ပန်းပွင့်ပုံပင့်ကူက သေသွားပြီဆိုတာ သေချာအောင် စစ်ဆေးလိုက်ပြီးနောက် သူ့လက်မှာစိုက်ဝင်နေတဲ့

ပင့်ကူခြေထောက်နှစ်ချောင်းကို ဆွဲနှုတ်လိုက်တယ်။ သူဆွဲထုတ်လိုက်တာနဲ့ သူ့လက်မောင်းကနေ သွေးတွေတရဟော

ပန်းထွက်လာခဲ့တယ်။

သူ့ဒဏ်ရာတွေကိုတောင် မစစ်ဆေးတော့ဘဲ သူ့ကိုယ်မှာ ကျန်နေသေးတဲ့ ပင့်ကူမျှင်တွေကို တစ်စစီဖျက်စီးပစ်လိုက်ပြီး ကောင်လေးဆီကို ပြေးသွားလိုက်တယ်။ ကောင်လေးရဲ့ခန္ဓာကိုယ်ကို ဖြေးဖြေးလေးမလိုက်ပြီး ဂူပြင်ကို သယ်သွားလိုက်တယ်။ ကောင်လေးရဲကအဖေက နောက်ဆုံး ပင့်ကူအိမ်ကနေ လွတ်အောင်လုပ်နိုင်ခဲ့ပါပြီ။ သူလိုဏ်ဂူထဲကို ပြေးဝင်သွားဖို့လုပ်နေတုန်းမှာပဲ သွေးတွေစိုရွှဲနေတဲ့ ရန်ကိုင်က သူ့သားကို သယ်လာတာကို တွေ့လိုက်တာနဲ့ ချက်ချင်းပဲ ကောက်မေးလိုက်တယ်``သူဘာဖြစ်သွားတာလဲ’’

``သူသွေးအများကြီး ဆုံးရှုံးထားပြီး အဆိပ်လည်းမိနေတယ်’’ ရန်ကိုင်က ပြန်ပြောလိုက်တယ်။ဂူပေါက်ဝကို ရောက်ပြီးနောက် ရန်ကိုင်ကကောင်လေးကို ကြမ်းပြင်ပေါ် ဖြေးဖြေးချလိုက်ပြီးနောက် သူ့အိတ်တွေဆီကို ပြေးသွားခဲ့တယ်။ သူဆေးပင်အချို့ကို ထုတ်လိုက်ပြီး ဝါးစားလိုက်တယ်။ တုံ့ဆိုင်းမနေပဲ သူက လူကြီးကို ခေါ်လိုက်တယ်``ဒီဆေးပင်တွေကို ဝါးပြီး သူ့ကို ကျွေးလိုက်’’

လူကြီးက ရန်ကိုင်ရဲ့စကားကို ကြားလိုက်တာနဲ့ တုံ့ဆိုင်းမနေဘဲ ဆေးပင်တွေကို သူ့ပါးစပ်ထဲထည့်လိုက်ပြီး ပျော့သွားအောင် ဝါးလိုက်တယ်။

အဲ့အချိန်မှာ ရန်ကိုင်ရဲ့စိတ်က အရမ်းကို ကြည်လင် ပြတ်သားနေခဲ့တယ်။ ဆေးပင်တစ်ပင်ချင်းစီရဲ့ အသုံးဝင်ပုံတွေက သူ့စိတ်ထဲမှာ အစီအရီ

ပေါ်လာခဲ့တယ်။ ဘယ်ဆေးပင်က အဆိပ်ဖြေနိုင်တယ်၊ ဘယ်ဆေးပင်က ဒဏ်ရာကုသနိုင်တယ်၊ ဘယ်ဆေးပင်က သွေးတိတ်စေနိုင်တယ် …စသဖြင့် ဆေးပင်နဲ့ပက်သက်တဲ့ အသိဉာဏ်တွေက သူ့စိတ်ထဲမှာ ပြေးလွှားနေခဲ့တယ်။ ခဏကြာပြီးနောက် ရန်ကိုင်ကသူဝါးနေတဲ့

ဆေးပင်တွေကို ပါးစပ်ထဲကနေ ထုတ်လိုက်ပြီး ကောင်လေးလက်မောင်းပေါ်ကို အရည်ညှစ်ပေးလိုက်တယ်။ အဲ့နောက် လူကြီးကလည်း သူဝါးထားတဲ့ဆေးပင်တွေကို ကောင်လေးကို ကျွေးလိုက်တယ်။

လူနှစ်ယောက်ရဲ့ အကြည့်အောက်မှာပဲ ကောင်လေးရဲ့ ဖြူဖတ်ဖြူလျော်ဖြစ်နေတဲ့ မျက်နှာက သွေးရောင်ပြန်လွှမ်းလာခဲ့ပါပြီ။ အခုမှပဲ

လူကြီးက သက်ပြင်းချနိုင်ခဲ့ပြီး ခြေပစ်လက်ပစ်နဲ့ ကြမ်းပြင်ပေါ် ထိုင်ချလိုက်တယ်။ ထို့နောက် ငိုယိုရင်းနဲ့ ပြောလိုက်တယ်``ဘုရားမတာပဲ။ ဘုရားမတာပဲ… ငါ့သားလေး

ဘာမှမဖြစ်ခဲ့ဘူး’’ အဲအချိန်မှာပဲ ရန်ကိုင်က ထိုလူကြီးရဲ့မျှော်လင့်ချက်တွေအပေါ် ရေအေးလောင်းချပေးလိုက်တယ် ``မပြီးသေးဘူး။

ငါ့ဆေးပင်တွေက သူ့ရဲ့အခြေအနေကို ခဏပဲထိန်းပေးနိုင်တာ။ တောင်ပေါ်က မြန်မြန်ဆင်းပြီး ကောင်လေးအတွက်

သမားတော်တစ်ယောက်မြန်မြန်သွားရှာရင် ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် ပင့်ကူအဆိပ်က ကုလို့မရဘဲဖြစ်သွားလိမ့်မယ်’’

လူကြီးက ရန်ကိုင်ရဲ့အကြံဉာဏ်အတိုင်း လိုက်လုပ်ရုံပဲ တတ်နိုင်ခဲ့တယ်။ သူချက်ချင်းပဲပြောလိုက်တယ်`` အဲ့ဒါဆိုရင် ငါသမားတော်တစ်ယောက် သွားရှာလိုက်တော့မယ်’’ ``အလျင်လိုစရာမလိုပါဘူး’’ ရန်ကိုင်က ပြောလိုက်တယ်``ခင်းဗျားသားကို တည်ငြိမ်သွားအောင်

လုပ်ပြီးမှ သူ့ကို ခေါ်သွားတာပိုကောင်းမယ်’’

``အိုး၊ ဟုတ်တယ်။ ကယ်တင်ရှင်လေး ပြောတာမှန်တယ်’’ ဒီလိုကပ်ဆိုးကနေ သူ့သားကို ကယ်တင်ပေးလိုက်တဲ့သူက ရန်ကိုင်ဖြစ်နေတဲ့အတွက် ရန်ကိုင်ပြောသမျှ အရာရာတိုင်းက သူ့အတွက် မှန်ကန်နေခဲ့တယ်။

သူပြန်ပြောလိုက်ပြီးနောက် ရန်ကိုင်လည်း ဒဏ်ရာရထားတယ်ဆိုတာ သိလိုက်တယ်။ သူဒဏ်ရာတွေက မသေးတဲ့အတွက် စိုးရိမ်စွာနဲ့

သူမေးလိုက်တယ်``ကယ်တင်ရှင်လေး၊ မင်းရဲ့ဒဏ်ရာတွေကော မကုတော့ဘူးလား’’

ရန်ကိုင်ပြန်ပြောလိုက်တယ်``မလိုအပ်ပါဘူး’’

``မင်းရဲ့ဒဏ်ရာတွေက အဲ့လောက်သွေးထွက်နေတာ ဘယ်လိုလုပ်ပြီး အဆင်ပြေမှာလဲ’’ လူကြီးက သူ့ကို ထိတ်လန့်တကြားကြည့်ရင်း

ပြန်ပြောလိုက်တယ်။

``ငါမသိဘူး’’ မတ်တပ်ရပ်နေရင်း ရန်ကိုင်က ခုန်လိုက်တယ်``ငါမသိရင်တောင် ငါအဆင်ပြေနေတယ်လို့ ခံစားနေရတယ်’’

သူအဆင်ပြေတယ်လို့ ခံစားနေရရုံမက စိတ်ပါလှုပ်ရှားနေခဲ့တယ်။ ဒါတွေအားလုံက ရွှေရောင်အရိုးခြောက်ကြောင့်ဆိုတာကို ရန်ကိုင်

သိနေပေမယ့် သာမန်မုဆိုးတစ်ယောက်ကို ဒီအကြောင်းကို ဘယ်လိုလုပ်ပြီး ရှင်းပြနိုင်မှာလဲ။ ခုဏတုန်းက တိုက်ပွဲအကြောင်းကို

ပြန်တွေးရင်း ရန်ကိုင်သွေးတွေ နောက်တစ်ကြိမ် ဆူပွက်လာခဲ့တယ်။

ဒါက သူ့ရဲကပထမဆုံး သေရေးရှင်ရေး အခြေအနေပါ။ သူ့ပတ်ပတ်လည်က သွေးတွေကို တွေ့လိုက်ရတဲ့အချိန်မှာ

ထိတ်လန့်ကြောက်ရွံ့ရမယ့်အစား သူစိတ်လှုပ်ရှားလာခဲ့တယ်။

`` အဲ့ဒါမှန်တယ်။ ခဏစောင့်ဦး။ ငါခဏကြာရင် ပြန်လာခဲ့မယ်’’

သူလွယ်အိတ်ကို ကောက်ယူလိုက်ပြီး ဂူထဲကို ပြေးဝင်သွားခဲ့တယ်။ ရန်ကိုင်က မိစ္ဆာသားရဲအလောင်းက တန်ဖိုးရှိတာတွေကို

သွားယူတာလို့ ထင်ခဲ့ပေမယ့် သူထင်သလိုမဟုတ်ခဲ့ပါဘူး။ ပန်းပွင့်ပုံမိစ္ဆာက သားရဲတစ်ကောင်ဖြစ်သော်လည်း သူ့ခန္ဓာကိုယ်က

ဘာတန်ဖိုးမှမရှိပါဘူး။ ပန်းပွင့်ပုံပင့်ကူနဲ့ တိုက်ပွဲမစခင်ကတည်းက ခရမ်းရောင်ပန်းပွင့်တွေ အများကြီးကို ဂူထဲမှာ သူတွေ့ခဲ့ပါတယ်။

အစတုန်းက ကောင်လေးကိုကယ်ဖို့ စိတ်စောနေတာနဲ့ ထိုအကြောင်းကို သေချာမတွေးဖြစ်ခဲ့ပါဘူး။ သူထင်တာသာ မှန်မယ်ဆိုရင် ထိုခရမ်းရောင် ပန်းပွင့်တွေက အရွက်သုံးရွက် ပရမ်းပတာ ဝိဉာဉ်ပန်းပွင့်တွေပါပဲ။ အရွက်သုံးရွက်ပရမ်းပတာ ဝိဉာဉ်ပန်းပွင့်တွေက မှောင်မည်းစိုထိုင်းပြီး အလောင်းတွေ အများကြီးရှိတဲ့နေရာမှာ ပေါက်လေ့ရှိတယ်။

မျှော်လင့်ချက်အပြည့်နဲ့ ရန်ကိုင်ဂူထဲကို ပြေးဝင်သွားလိုက်တယ်။ အခြားသူတွေကို ကူညီတာက မိမိကိုယ်တိုင်ကိုလည်း ကူညီရာရောက်လေရဲ့။

ထိုစကားပုံအတိုင်းပဲ ရန်ကိုင်သာ ထိုသားအဖနှစ်ယောက်ကို လာမကူညီခဲ့ရင် သူလည်း သူလိုအပ်နေတဲ့ဆေးပင်တွေကို တွေ့ခဲ့လိမ့်မည် မဟုတ်ပါဘူး။ ရန်ကိုင်က သူ့ရှေ့မှာရှိနေတဲ့ ခရမ်းရောင်ပန်းပွင့်တွေကို မြန်မြန်ဆန်ဆန်ပဲ ရေတွက်လိုက်တယ်။ ပန်းပွင့်တွေက အနည်းဆုံး အပွင့်၃၀လောက် ရှိပါတယ်။ စဉ်းစားမနေတော့ပဲ ရန်ကိုင်က သူ့ရဲ့ဂေါ်ပြားကို ထုတ်လိုက်ပြီး ထိုးခရမ်းရောင် ပန်းပွင့်တွေကို စတင်တူးပါတော့တယ်။ သူအလုပ်ရှုပ်နေတဲ့အချိန်မှာ ရန်ကိုင်စိတ်က ကျေနပ်တာထက် ပိုနေခဲ့တယ်။သူဂူထဲက ထွက်ဖို့လုပ်နေတဲ့အချိန်မှာပဲ

လိုဏ်ဂူထောင့်နားမှာ အနီရောင်မှိုတစ်ပွင့်ကို တွေ့လိုက်ရတယ်။

ရန်ကိုင်က ထိုမှိုနားသို့ သေသေချာချာ စစ်ဆေးကြည့်ရန် ဂရုတစိုက်သွားလိုက်တယ်။ ထိုမှိုက ပန်းကန်လုံးအရွယ်လောက်ရှိတဲ့

အနက်နီရောင် မှိုတစ်ပွင့်ပါ။ ထိုမှိုက ဘဏ္ဏာထိန်းမန်သူ့ကို ပေးထားတဲ့ စာအုပ်ထဲမှာ မရှိတဲ့အတွက် မှိုကဘာအပင်

အမျိုးအစာဖြစ်တယ်ဆိုတာ သူမသိခဲ့ပါဘူး။ အဲ့ဒါက တန်ဖိုးကြီးတဲ့ရတနာ တစ်ခုများဖြစ်နေမလား..ရန်ကိုင်က သူ့အကျီင်္လက်ကို ခေါက်လိုက်ပြီး မှိုကို ကောက်ယူလိုက်တယ်။ ထိုမှိုက နေရာအများကြီးမစားတဲ့အတွက် သူ့အတွက် သယ်သွားလို့ အဆင်ပြေပါတယ်။

ရန်ကိုင်ဂူထဲက ထွက်လာတဲ့အချိန်မှာ သူ့အိတ်က ဆေးပင်တွေနဲ့ ပြည့်နေခဲ့ပါတယ်။

``သွားကြစို့။ တောင်ပေါ်က အတူတူ ဆင်းကြရအောင်’’ လူကြီးကို ရွယ်တူတစ်ယောက်လိုပြောလိုက်တယ်။

``ကျေးဇူးပါ ကယ်တင်ရှင်လေး’’ ရန်ကိုင်က သူနောက်ထပ်မိစ္ဆာသားရဲနဲ့တွေ့မှာကို စိုးရိမ်တဲ့အတွက် သူနဲ့အတူတူတောင်ပေါ်ကဆင်းတယ်ဆိုတာ သိတဲ့အတွက် မျက်ရည်ကျလာခဲ့တယ်။

``ငါတို့က တစ်လမ်းထဲသွားနေတာပဲ။ ကျေးဇူးတင်စရာမလိုပါဘူး’’ရန်ကိုင်က နိမ့်ချစွာပြောလိုက်ပြီး သူတို့သုံးယောက်အတူတူ တောင်ပေါ်ကနေ ဆင်းလာခဲ့တယ်။ သူတို့မြို့ကို ပြန်ရောက်တဲ့အချိန်က မှောင်နေပြီဖြစ်ပြီး သမားတော်ကို ချက်ချင်းပဲ သွားရှာလိုက်တယ်။

Martial Peak

အပိုင်း (၁၉) စုမူပြဿနာရှာခြင်း

ကောင်လေးကို ဆေးကုသပေးပြီးတာနဲ့ ရန်ကိုင်က အလောတကြီးထွက်မသွားခဲ့ပါဘူး … မနေ့ညက ကောင်လေးက သူ့ကိုအသားခြောက်တွေ ပေးခဲ့တဲ့အတွက် ကောင်လေးမျက်လုံး ပွင့်လာတဲ့အထိ သူစောင့်ရပါမယ်။ အဲ့ဒါမှသာ သူစိတ်သက်သာရာ

ရနိုင်မှာပါ ။အခန်းထဲမှာ လူကြီးက မရပ်မနား ခေါက်တုံ့ခေါက်ပြန် လျှောက်နေပြီး သူ့သားလေးကို အရမ်းစိတ်ပူနေခဲ့ပါတယ်။

သူက အရမ်းဆူညံနေတဲ့အတွက် သိပ်မကြာခင်မှာပဲ သမားတော်က သူ့ကို မောင်ထုတ်လိုက်ရပါတယ်။

``ငါတို့အရေးပေါ်ကုသမှုလုပ်လိုက်တာက ငါ့သားအတွက် တော်တော်ကံကောင်းတယ်လို့ သမားတော်ချူကပြောတယ်။ အဲ့လိုမှမဟုတ်ရင်ငါ့သား အမှန်တကယ် သေသွားမှာ။ ကယ်တင်ရှင်လေး ၊ မင်းရဲ့ကျေးဇူးတွေက ငါဒီတစ်သက်ဆပ်လို့ ကုန်မှာမဟုတ်တော့ဘူး။ ငါ့တစ်ဘဝလုံးမင်းအတွက် အလုပ်လုပ်ပေးရင်တောင် ဆပ်လို့ကုန်မှာမဟုတ်ပါဘူး’’ သူပြောပြီးတာနဲ့ လူကြီးက ရန်ကိုင်ရှေ့မှာ ဒူးထောက်လိုက်တယ်။

ရန်ကိုင်က သူ့ကိုမကူညီခဲ့ဘဲ ပြုံးပြီးပြောလိုက်တယ်``အစ်ကိုကျန်း၊ ယောက်က်ျားတွေက မိဘနဲ့မိုးကောင်းကင်ကိုပဲ ဒူးထောက်တယ်။

အစ်ကိုကြီးအခုလို ဒူးထောက်လိုက်တာက ကျွန်တော်တို့ရဲ့ညီအစ်ကို သံယောဇဉ်ကို အလေးမထားတာနဲ့အတူတူပဲ။ နောက်ကျရင်

ငါ့ရှေ့မှာ ဒူးထောက်စရာ မလိုပါဘူး။ ကျွန်တော်မင်းကလေးပေးတဲ့ အသားခြောက်ကို စားခဲ့တယ်။ အစ်ကိုက ကျွန်တော့်ကို အကြွေးတင်နေတယ်ဆိုရင် ကျွန်တော်ကလည်း အစ်ကို့ကို အကြွေးတင်နေခဲ့တာပဲလေ’’

ပြောပြီးတာနဲ့ မုဆိုးကျန်းကို ထူပေးလိုက်တယ်။ မုဆိုးကျန်းက မျက်ရည်ဝဲလာပြီး ``ကျေးဇူးရှင်လေး၊ မင်းကတကယ့်ကို လူကောင်း

တစ်ယောက်ပဲ’’

သူတို့စကားပြောနေတုန်းမှာပဲ သမားတော်ထွက်လာပြီး မုဆိုးကျန်းကို ပြောလိုက်တယ်``ကောင်လေးက နောက်ထပ်အန္တရာယ်မရှိတော့ပါဘူး။ ဒါကြောင့် မင်းအရမ်းကြီး စိုးရိမ်နေဖို့ မလိုတော့ပါဘူး။ ဒါပေမယ့် သူသွေးအများကြီး ဆုံးရှုံးထားတဲ့အတွက် တော်တော်ကြာအောင်တော့

အိပ်ပျော်နေလိမ့်မယ်။ သူနိုးလာတာနဲ့ သူကောင်းသွားပြီပဲ’’

သူတို့အဲ့စကားတွေကို ကြားလိုက်တာနဲ့ ရန်ကိုင်နဲ့ မုဆိုးကျန်းနှစ်ယောက်စလုံး သက်ပြင်းအသီးသီးချလိုက်ကြတယ်။ သူစိတ်လျှော့လိုက်တာနဲ့တစ်ပြိုင်နက် သူ့တစ်ကိုယ်လုံး ပင်ပန်းနွမ်းနွယ်လာခဲ့တယ်။ ဒီနေ့က သူ့အတွက်တော်တော်လေး စိတ်လှုပ်ရှာဖို့ကောင်းခဲ့ပြီးဒဏ်ရာတွေ အများကြီးရကာ သွေးတွေလည်း အများကြီးဆုံးရှုံးခဲ့ရတယ်။ ဒါကြောင့် ကောင်လေးအဆင်ပြေကြောင်းကြားလိုက်တာနဲ့

သူစိတ်လျှော့လိုက်ပြီး အိပ်ပျော်သွားခဲ့တယ်။ နေထွက်လာတော့မှသာ သူနိုးလာခဲ့တယ်။မနက်ခင်း ကောင်းကင်စံအိမ်တွင်၊တပည့်များစွာက စိတ်အားတက်ကြွစွာနဲ့ အစောကြီးထလာခဲ့ကြတယ်။ သူတို့တွေက နေရာတစ်ခုမှာ စုစည်းနေကြပြီး မျှော်လင့်ချက်အပြည့်နဲ့စောင့်ဆိုင်းနေကြတယ်။ ဆာလောင်နေသော မျက်လုံးတွေ၊ တဆန့်ဆန့်ဖြစ်နေသော လည်ပင်းတွေ၊ ထိန်းမနိုင်သိမ်းမရ ဖြစ်နေသော

စိတ်အခြေအနေ … ဒါတွေအားလုံးက လူအုပ်ကြီးထဲမှာ တသမတ်တည်း ဖြစ်နေခဲ့ကြတယ်။ သူ့တို့အားလုံး ထိုနေရာကို

ခင်ပွန်းပြန်လာတာကို နှစ်ပေါင်းများစွာ စောင့်နေတဲ့ အိမ်ရှင်မတစ်ယောက်လို ဝိုင်းနေခဲ့ကြတယ်။

အချိန်တွေကုန်လာတာနဲ့အမျှ

စုဝေးနေတဲ့လူက တဖြည်းဖြည်းများပြားလာခဲ့တယ်။ သူတို့အားလုံးက စိတ်ချင်းဆက်သွယ်ထားသလိုမျိုး သူတို့ခေါင်းတွေကတစ်နေရာတည်းကို တစ်ချိန်တည်း လှည့်ကြည့်လိုက်တယ်။ထိုနေရာက ရန်ကိုင်နေတဲ့ တဲလေးဆီကို ဦးတည်နေတဲ့ လမ်းလေးပါပဲ။ ဒီနေ့က သူတို့ရန်ကိုင်ကို နောက်တစ်ကြိမ်စိန်ခေါ်နိုင်တဲ့နေ့ပါ။ ဒါက အလကားပေးနေတဲ့ အမှတ်သေတ္တာကြီးနဲ့တူပါတယ်။ ဘယ်တပည့်က ဒီလို ရွှေရောင်

အခွင့်အရေးကြီးကို လွဲချော်ချင်မှာလဲ။ လူအချို့က ရန်ကိုင်ခင်ဗျာ ငါးရက်တစ်ခါ ပျော့ဖတ်တစ်ခုလိုဖြစ်အောင် အရိုက်ခံရတဲ့အတွက်

ရန်ကိုင်ကို သနားမိလိုက်ကြတယ်။ ဒါကတော်တော်လေးကို အကြင်နာမဲ့ပေမယ့်လည်း တစ်ယောက်တည်းသူ့ကို

သနားနေတာက ရန်ကိုင်ကို မကူညီနိုင်ပါဘူး။ ရန်ကိုင်ကို သူတို့စိန်မခေါ်ရင်တောင် အခြားသူတွေက သူ့ကို

ဝမ်းမြောက်ဝမ်းသာပဲ စိန်ခေါ်မှာပဲဖြစ်တယ်။ အဆုံးမှာတော့ သူကပျော့ဖတ်တစ်ခုလိုဖြစ်အောင် အရိုက်ခံရဦးမှာပဲဖြစ်တယ်။

ဘာပဲဖြစ်ဖြစ် သူတို့သာ အခြားသူတွေရဲ့ နေရာကိုယူလိုက်ရင် လျှော့လျှော့ပေါ့ပေါ့လေး လုပ်ပေးနိုင်တာပေါ့။ သူတို့အားလုံး

ဒီအကြောင်းကိုတွေးရင်း ကံစမ်းဖို့လာခဲ့ကြတာပဲဖြစ်တယ်။

``အာ့၊ သူသာငါ့ကိုရွေးခဲ့ရင် ငါသူ့ကိုအားလျှော့ပြီးတိုက်ခိုက်မှာပါ။ အဲ့ဒါမှလည်း သူအရမ်းမထိခိုက်မှာလေ’’ လူများစွာက သူတို့စိတ်ထဲကနေကူညီပေးချင်သလိုမျိုး ပြောဆိုနေကြတယ်။ နဂိုဆိုရင် ရန်ကိုင်ကအစောကြီးနိုးနေပြီး ဒီနေရာကို တံမြက်စည်းလှည်းနေပြီ။ ဒါပေမယ့်ဒီနေ့က တော်တော်လေး ထူးဆန်းနေခဲ့ပါတယ်။ တော်တော်ကြာအောင် စောင့်နေခဲ့တာတောင် သူတို့ရန်ကိုင်ကို မတွေ့ခဲ့ရပေ။ သူတို့လှည့်ပတ် ရှာနေတာတောင် ရန်ကိုင်ကို မတွေ့ခဲ့ရပေ။``ရန်ကိုင်ဘာဖြစ်နေတာလဲ။ သူအအိမ်လွန်နေတာလား။ ဘာလို့ သူအခုထိ ထွက်မလာသေး

တာလဲ’’

``ငါလည်းမသိဘူးလေ။ ဒီအကြောင်းပြောမှပဲ.. တစ်ယောက်ယောက်များ ရန်ကိုင်ကို ဒီရက်ပိုင်းမြင်မိသေးလား’’

``သူကောင်းကင်စံအိမ်က ထွက်သွားတာများဖြစ်မလား’’

``မဖြစ်နိုင်ဘူး။ မင်းရန်ကိုင် ဘယ်လောက် ခေါင်းမာလဲဆိုတာ မသိဘူးလား။ သူသာတကယ်ထွက်သွားချင်ရင် အစောကြီးကတည်းကထွက်သွားတာ ကြာပေါ့။ ဘာလို့သူအဲ့လောက် အချိန်အကြာကြီး ပေခံနေမှာလဲ’’

ထူးဆန်းစွာပဲ လူအုပ်ကြီးက ဆက်လက်ဆွေနွေး ပြောဆိုနေကြသော်လည်း ရန်ကိုင်လေနက်တောင်ကို သွားဖို့ ခွင့်ရက်အနည်းငယ်ယူသွားတယ်ဆိုတာကိုတော့ တစ်ယောက်မှမသိခဲ့ပေ ။ ဒီသုံးနှစ်အတွင်း သူနှင့်တစ်ယောက်မှ အဆက်အသွယ်မလုပ်တဲ့အတွက် သူ့အကြောင်း

တစ်ယောက်မှမသိတာပ အံ့သြစရာမဟုတ်ပေ။

သူတို့တွေ ရုတ်ရုတ်ရုတ်ရုတ် လုပ်နေတဲ့အချိန်မှာ လူတစ်ယောက်က လူအုပ်ကြီးဆီသို့ လမ်းလျှောက်လာခဲ့တယ်။သူ့မျက်နှာနဲ့

ခန္ဓာကိုယ်က ကျောက်စိမ်းတုံးလေးလို အပြစ်ကင်းစင်ပြီး သူကအမှန်တကယ်ပဲ လူချောတစ်ယောက်ပင်။ ဒါပေမယ့် အခုအချိန်မှာတော့ထိုကောင်လေးရဲ့မျက်နှာက သုန်မှုန်နေခဲ့တယ်။ သူလမ်းလျှောက်နေရင်း သွားကိုကြိတ်နေပြီး တစ်စုံတစ်ယောက်ကို ဆဲရေးနေခဲ့တယ်။ ပြီးတော့ သူ့နောက်ကနေ ကောင်းကင်စံအိမ် တပည့်အုပ်လိုက်ကြီးက လိုက်လာခဲ့တယ်။ သူ့ကို

အလယ်မှာထားက ဝိုင်းကြီးပတ်ပတ် ဝိုင်းထားကြတယ်။ ထိုကောင်းလေးမျက်နှာက အလွန်အမင်းသုန်မှုန်နေပြီး သံသယနဲ့မေးလိုက်တယ်

``ဘာလို့ဒီမှာ လူတွေအများကြီးရှိနေတာလဲ’’

သူမေးလိုက်တာနဲ့ တစ်စုံတစ်ယောက်က တိုးတိုးလေး ပြန်ဖြေလိုက်ပါတယ်``သခင်လေးစု၊ ဒီနေ့က ငါတို့ရန်ကိုင်ကို စိန်ခေါ်နိုင်တဲ့နေ့ပဲ။ဒါကြောင့် အမှတ်များရမလားဆိုပြီး ကံစမ်းချင်ကြလို့ တပည့်တွေအများကြီး ဒီမှာလာစုနေကြတာ’’ ။ သခင်လေးစုက မျက်မှောင်ကြုံ့လိုက်ပြီးအားရပါးရ ရယ်ပါတော့တယ်``ရန်ကိုင်ဆိုတဲ့ကောင်ရဲ့ ဒုက္ခကလည်း မသေးပါလား’’ ရန်ကိုင်ကံမကောင်းတာကိုကြည့်ရင်း သူ့စကားလုံးတွေက ကျေနပ်မှုတွေနဲ့ ပြည့်နှက်နေပါတော့တယ် ။

``ပုံမှန်ဆိုရင်၊ သူ့ကို ငါးရက်တစ်ခါစိန်ခေါ်လေ့ရှိပြီး ယှဉ်ပြိုင်တိုက်ခိုက်ရင်လည်း သူမတ်တပ်ရပ်နိုင်သမျှ ကာလာပတ်လုံး

ဘယ်တော့မှ အရှုံးပေးလေ့မရှိဘူး’’

ခုဏတုန်းက ပြောလိုက်တဲ့တပည့်က ထပ်ပြောလိုက်တယ်။ သခင်လေးစုက ရယ်လိုက်ပြီး ``ဒီသခင်လေးစုရင်ထဲမှာ ခံစားနေရတဲ့

နာကျည်းမှုတွေက တော်တော်လေးသက်သာသွားပြီ။ ဒါပေမယ့် ဒါနဲ့တင် မလုံလောက်သေးဘူး။ ငါသူ့ကို ကောင်းကင်စံအိမ်က ထွက်သွားအောင်လုပ်နိုင်မှ ငါကျေနပ်နိုင်လိမ့်မယ်။ ကောင်းကင်စံအိမ်ကသာ သူထွက်သွားရင် ငါသူ့ကို ကြိုက်သလိုလုပ်လို့ရတယ်။ ငါ့ကိုဘယ်သူမှလည်း အပြစ်ပြောနိုင်မှာ

မဟုတ်ဘူး’’

``သခင်လေးစုမှန်တယ်၊ အဲ့ကောင်စုတ်က သခင်လေးရဲ့နာမည်ကိုတောင် နိမ့်ကျအောင်လုပ်ရဲတယ် ၊ သူက နဂါးနဲ့ မြင်းတစ်ကောင်ကိုတောင် မခွဲခြားနိုင်ဘူး.. သခင်လေးစုကိုတောင် အရှက်ရအောင်လုပ်ရဲတယ်.. တော်တော်မောက်မာတဲ့ကောင်’’ အဲ့ဒီစကားလုံးတွေက

စုမူကို ပိုပြီးစိတ်ကျေနပ်သွားစေပြီး သူ့ကို ထပ်ခါထပ်ခါ ခေါင်းညိတ်နေစေခဲ့တယ်။ ရန့်ကိုင်ကြောင့် ဂုဏ်သိက္ခာကျဆင်းခဲ့ရတဲ့

သခင်လေးစုဆိုတာ ရန်ကိုင် အနက်ရောင်မက်မွန်သီးရွာမှာတွေ့ခဲ့တဲ့ စုမူနဲ့တစ်ယောက်တည်းပဲဖြစ်တယ်။ အနက်ရောင်မက်မွန်သီးရွာက

ကိစ္စကြောင့် စုမူဒေါသထွက်သွားပြီး ရန်ကိုင်ဘယ်သူလဲဆိုတာကို ကောင်းကင်စံအိမ်တစ်ခုလုံးမှာ ရှာဖွေခဲ့တယ်။နောက်ဆုံးမှာတော့

ရန်ကိုင်အကြောင်းကို တစ်ရက်အတွင်း ရှာတွေ့နိုင်ခဲ့တယ်။ဘာပဲဖြစ်ဖြစ် ကောင်းကင်စံအိမ်မှာ သူ့လက်အောက်ငယ်သားတွေအများကြီးရှိပါတယ်။ ဒါပေမယ့် ကောင်းကင်စံအိမ်ရဲ့ သံမဏိစည်းမျဉ်ကြောင့် သူလုပ်ချင်သလို လက်လွတ်စပယ်လုပ်လို့မရခဲ့ပေ။ ဒါကြောင့်ရန်ကိုင်ဆီကို လူအုပ်နဲ့လာပြီး ပြဿနာရှာဖို့ ဒီနေ့အထိစောင့်ခဲ့ရတယ်။ ကံမကောင်းစွာပဲ ရန်ကိုင်ဆီကို ဒီလောက် လူအများကြီး လာလိမ့်မယ်လို့ သူမမျှော်လင့်ထားခဲ့ပေ။

ဒါကစုမူကို တော်တော်လေး စိတ်ညစ်သွားစေခဲ့တယ်။ သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး ``သူတို့ကို ထွက်သွားခိုင်းလိုက်။ ဒီနေ့အတွက်

ရန်ကိုင်က ငါ့အပိုင်ပဲလို့ ပြောလိုက်’’ သူ့ဘေးနားကလူက ချက်ချင်းပဲ လူအုပ်ကြီးဆီကို လမ်းလျှောက်သွားလိုက်ပြီး သူ့လက်သီးကို

ဆုပ်ကာ ပြောလိုက်တယ်``ဂိုဏ်းတူ တပည့်ပေါင်းတို့၊ ဒီနေ့ရန်ကိုင်ကို စိန်ခေါ်ဖို့ကို ငါတို့သခင်လေးက ဆန္ဒရှိနေတဲ့အတွက်

ဘေးနားကနေပဲ ရပ်ကြည့်ပြီး ဝင်ရောက် မယှဉ်ပြိုင်ကြဖို့ တောင်းဆိုပါတယ် ’’ ဒီကြေငြာချက်က လူအုပ်ကြီးကို

အံ့အားသင့်သွားစေခဲ့တယ်။ သူတို့အားလုံးက စုမူကို စိတ်ရှုပ်ထွေးစွာကြည့်လိုက်ပြီး မေးလိုက်တယ်``ဘာလို့ ငါတို့ဖယ်ပေးရမှာလဲ။

ရန်ကိုင်က တံမြက်စည်းကို သုံးပြီးအမြဲတမ်းသူ့ပြိုင်ဘက်ကို ရွေးတာလေ။ ဘာလို့ငါတို့ မင်းကို အလကား ရန်ကိုင်နဲ့ တိုက်ခွင့်ပေးရမှာလဲ။

သူတံမြက်စည်းနဲ့မရွေးရင်တောင် အရင်ဆုံးလာတဲ့သူက အခွင့်အရေးရသင့်တာ မဟုတ်ဘူးလား’’

အဲ့စကားကို ပြောလိုက်တာနဲ့တစ်စုံတစ်ယောက်က သူ့ကိုဆွဲလိုက်ပြီး တိုးတိုးလေးပြောလိုက်တယ်``အဲ့ဒါစုမူကွ ။ မင်းစုမူဘယ်သူလဲ

ဆိုတာသိလား’’…. ``ဘယ်သူလဲ’’ ထိုကောင်လေးက ပြန်မေးလိုက်တယ်။

```သောက်ရူး၊ အကြီးအကဲတွေထဲမှာ စုမျိုးရိုးနဲ့တစ်ယောက်ရှိတယ်။ ပြီးတော့ လက်ရွေးစင်တပည့် ထိပ်ဆုံးဆယ်ယောက်ထဲမှာလည်း

စုမျိုးရိုးနဲ့တစ်ယောက်ရှိတယ်လေ။ မင်းအခုစုမူဘယ်သူလဲဆိုတာ သိပြီမလား’’ အခြားတပည့်တစ်ယောက်က ပြန်ပြောလိုက်တယ်။ နားထောင်နေတဲ့ သူတစ်ယောက်က နားလည်တယ်လို့ ခေါင်းမညိတ်လိုက်သော်လည်း အဲ့စကားလုံးတွေနောက်က အဓိပ္ပါယ်ကိုတော့ နားလည်ပါတယ်။

ထိုတပည့်ပြောလိုက်တဲ့ အကြောင်းအရာကြောင့် သူခဏတာ ကြောင်အသွားခဲ့တယ်။ စုမူမှာ အားကောင်းတဲ့နောက်ခံ ရှိတယ်ဆိုတာ သိလိုက်တာနဲ့ အသံတစ်သံတောင် မထွက်ရဲတော့ပေ။

``ရန်ကိုင်ကို အနိုင်ရလို့ အမှတ်အများကြီး ရမှာမှမဟုတ်တာ။ အဲ့ဒါကြောင့် ဒီနေ့စိန်ခေါ်မှုကို လက်လျှော့လိုက်ပြီး စုမူကို ရန်မစတာ

ပိုကောင်းလိမ့်မယ်’’

``ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်’’ ထိုကောင်လေးက ပြန်ပြောလိုက်တယ်။ သူ့ကျောကုန်းတစ်ခုလုံး ချွေးအေးတွေနဲ့ စိုရွှဲနေခဲ့တယ်။

Martial Peak

အပိုင်း (၂၀) အိမ်ကို မီးရှို့လိုက်

စုမူက သူ့ကိုထောက်ခံတာနဲ့ ပက်သက်ပြီး တော်တော်ကျေနပ်နေပေမယ့်လည်း သူ့စိတ်ထဲမှာတော့ အထင်သေးစွာနှာခေါင်းရှုံ့လိုက်တယ်။ ဒီနေ့ ရန်ကိုင်နဲ့ပြိုင်ဖို့ အခွင့်အရေးကို စုမူက အပိုင်သိမ်းထားသော်လည်း လူအုပ်ကြီးက

ထွက်မသွားသေးပေ။ ရန်ကိုင်က စုမူကို ဒေါသထွက်အောင် ဘာတွေလုပ်ခဲ့လဲဆိုတာ သူတို့မသိပါဘူး။ ဒါပေမယ့်

ဘာဆက်ဖြစ်မလဲဆိုတာ သူတို့သိချင်ပါသေးတယ်။ အချိန်အတော်ကြာအောင် စောင့်နေတာတောင် ရန်ကိုင်

ပေါ်မလာတဲ့အတွက် စုမူက စိတ်မရှည်စွာ မေးလိုက်တယ်``သူဘယ်မှာလဲ’’

``ကျွန်တော်လည်းမသိဘူး။ အရင်က ဒီအချိန်ဆို ရန်ကိုင်က ဒီမှာတံမြက်စည်း လှည်းနေကျ။ အခုသူ့ကို ဘာလို့မတွေ့ရလဲ ဆိုတာ ကျွန်တော်လည်းမသိဘူး။ သခင်လေးစု၊ ကျွန်တော်တို့အထဲ ဝင်စစ်ကြည့်လိုက်ရမလား’’

ခဏကြာအောင် စဉ်းစားလိုက်ပြီးနောက်စုမူက ခေါင်းညိတ်ပြီး ပြောလိုက်တယ် ``အဲ့အကြံကောင်းတယ်။ သူ့လို

သေးငယ်တဲ တံမြက်စည်းလှည်းတဲ့ အစေခံတစ်ယောက်က ဒီသခင်လေးကို အချိန်အကြာကြီး စောင့်ခိုင်းရဲတယ်ပေါ့။

သူဒီအတွက် သိပ်မကြာခင်ပဲ ပြန်ပေးဆပ်ရမယ်’’

ရန်ကိုင်နေတဲ့ နေရာက လျှို့ဝှက်ချက်တစ်ခု မဟုတ်ပါပေ။ ဒါကြောင့် စုမူဘေးမှာ ရှိတဲ့လူတွေက မြန်မြန်ဆန်ဆန်ပဲ

ရန်ကိုင်နေတဲ့ နေရာကို ပြေးသွားလိုက်ကြတယ်။ သိပ်မကြာခင်မှာပဲ လူအုပ်ကြီးက ရန်ကိုင်တဲရှေ့ကို

ရောက်လာခဲ့တယ်။ အပေါက်တွေနဲ့ ပြည့်နေပြီး စုတ်ပြတ်နေကာ သနားစရာ ကောင်းတဲ့ ရန်ကိုင်ရဲ့ တဲကို

တွေ့လိုက်တဲ့အခါ သူတို့အံ့သြ မသွားခဲ့ပါဘူး။ အကြောင်းပြချက် ရေရေရာရာ မရှိဘဲ စုမူက ရန်ကိုင်နေတဲ့ တဲကို

လက်ညှိးထိုးလိုက်ပြီး ``ဟိုကောင်က ဒီမှာနေတာလား’’

``သခင်လေးစုရဲ့ မေးခွန်းကို ဖြေရမယ်ဆိုရင် ရန်ကိုင်က တရားမဝင် တပည့်တစ်ယောက် ဖြစ်တဲ့အတွက် သူ့အစား

အစာ၊ အဝတ်အစားနဲ့ ကျင့်ကြံခြင်း ပစ္စည်းတွေအကုန်လုံးကို သူ့ဘာသာသူ ရှာဖွေရပါတယ်။ စံအိမ်က သူ့ကို

ဘာမှ မထောက်ပံ့ပေးပါဘူး။ ဒီတဲကလည်း သူကိုယ်တိုင် တည်ဆောက်ထားတာပါ’’

``ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်’’ စုမူက အားရဝမ်းသာ ရယ်လိုက်တယ်။ မိုးရွာတဲ့ နေ့တွေမှာ ရန်ကိုင်

တစ်ကိုယ်လုံး စိုရွှဲနေမှာကို မြင်ယောင်ရင်း စုမူ စိတ်အားတက်ကြွလာခဲ့တယ်။ သက်ပြင်းချရင်း စုမူ သူ့အပြုံးကို

ထိန်းချုပ်လိုက်ပြီး ယုံကြည်ချက်ရှိစွာ ရှေ့ကိုသွားလိုက်တယ်။ ထို့နောက် သူ့စကားလုံး တစ်လုံးချင်းစီကို

သေချာဂရုစိုက်ပြီး အသံအကျယ်ကြီးအော်လိုက်တယ်``ဟေး ရန်ကိုင်၊ မင်းဒီက သခင်လေးကို အရှက်ခွဲခဲ့ပြီး

ငကြောက်တစ်ကောင်လို ပုန်းမနေနဲ့။ မင်းသမခံဖို့ ပြင်ထား’’

သူ့အသံက လေဆင်နှာမောင်းတစ်ခုလိုမျိုး တော်တော်လေး အားကောင်းပါတယ်။ ဒါပေမယ့် သူ့အသံမှာ

အမုန်းတရား၊ နာကြည်းမှုတွေနဲ့ ပြည့်နေခဲ့ပြီး ဒါက စုမူက ရန်ကိုင်ကို ဘယ်လောက်တောင်

နာကြည်းမုန်းတီးနေလဲဆိုတာ လူအုပ်ကြီးကို သိသွားစေခဲ့တယ်။ သူတို့ နှစ်ယောက်ကြားက ပြဿနာက အလွယ်

တကူ ဖြေရှင်းလို့ရတဲ့ ပြဿနာမဟုတ်ပေ။ စုမူက အဲ့အချိန်မှာ တော်ဝင်ဆန်တဲ့ တည်ရှိမှုလိုမျိုး လေကိုးခုတောင်

သူ့ကို ရွေ့အောင် လုပ်နိုင်မည့်ပုံ မပေါ်။ သူအော်ပြောလိုက်ပြီးနောက် ရန်ကိုင်ကြောက်သေးပါကာ သူ့ကိုငိုယို

တောင်းပန်ဖို့အတွက် အိမ်ထဲကနေ ပြေးထွက်လာမှာကို တံခါးဝကနေ စောင့်နေခဲ့တယ်။ အဲ့အကြောင်းကို သူပိုတွေးလေ

သူ့မျက်နှာက ပိုပြီးစိတ်ကြီးဝင်လာခဲ့တယ်။

ဒါပေမယ့် သူဘယ်လောက်ကြာအောင် စောင့်နေပါစေ၊ တဲထဲက လှုပ်ရှားမှု အရိပ်အယောင် တစ်ခုတောင် မပြပေ။

စုမူရဲ့မျက်နှာက ဒေါသကြောင့် နီရဲနေပြီး နောက်တစ်ကြိမ် အော်လိုက်တယ်`` ရန်ကိုင် ၊ မင်းယောက်ျားတစ်ယောက်ဆို

ထွက်လာခဲ့စမ်းပါ။ မဟုတ်ရင် ငါအထဲဝင်လာပြီး မင်းကို ဆွဲထုတ်ရလိမ့်မယ်’’

ဒါပေမယ့် အထဲကတုန့်ပြန်သံလေး တစ်သံတောင် မကြားရပါဘူး။ အခုအချိန်မှာ စုမူက တစ်ခုခုလွဲမှားနေတယ်လို့

ခံစားလိုက်ရတယ်။ အကယ်၍ အထဲမှာ ရန်ကိုင်ရှိမယ်ဆိုရင် အနည်းဆုံးတော့ သူ့အသက်ရှုသံလေးတော့

ကြားသင့်တယ်မလား။ သူအထဲမှာ ရှိမနေတာများ ဖြစ်နေနိုင်မလားဆိုတဲ့ အတွေးတွေ သူ့ခေါင်းထဲဝင်လာခဲ့တယ်။

စုမူက သူ့ဘေးက လက်အောက်ငယ်သားတွေကို အချက်ပြလိုက်တယ်။ ထိုသူတွေက ရှေ့ကိုတစ်ဟုတ်ထိုး ပြေးသွားပြီး

သစ်သားတံခါးကို အားပြင်ပြင်းနဲ့ ကန်လိုက်ပြီး အထဲကို ဝင်သွားခဲ့တယ်။

သူတို့ ဝင်သွားပြီး သိပ်မကြာခင်မှာပဲ လူတစ်ယောက်က ပြေးထွက်လာပြီး စုမူကို ပြောလိုက်တယ်``သခင်လေးစု၊

အထဲမှာ တစ်ယောက်မှ မရှိပါဘူး။ ဒီအမှိုက်ကောင်က သူဒုက္ခရောက်တော့မယ် ဆိုတာသိလို့ အစောကြီး ကတည်းက

ထွက်ပြေးသွားပြီထင်တယ်’’

``ထွက်ပြေးသွားတာလား’’ စုမူဒေါသကြောင့် သွေးအန်မတတ် ဖြစ်သွားခဲ့တယ်။ သူအနက်ရောင် မက်မွန်သီးရွာမှာ

ရန်ကိုင်ကြောင့် ရခဲ့တဲ့ အရှက်တရားအတွက် ရန်ကိုင်ကို လက်စားချေဖို့ ခေါင်းခြောက်အောင် ရက်ပေါင်းများစွာ

အစီအစဉ် ဆွဲခဲ့ရတယ်။ ပြပွဲကို ကြည့်ဖို့တောင် နောက်လိုက်တွေ အများကြီး ခေါ်လာခဲ့သေးတယ်။ ဒါပေမယ့် ရန်ကိုင်က

မမျှော်လင့်ပဲ ထွက်ပြေးသွားခဲ့တယ်’’

ဒါက စွမ်းအားပြင်းတဲ့ လက်သီးတစ်ချက်က ဝါဂွမ်းပေါ်ကို ကျသွားသလိုမျိုးပင် ဖြစ်တယ်။ စုမူရဲ့ အမူအရာက

သုန်မှုန်နေပြီး ညှိုးငယ်ထိုင်းမှိုင်း နေခဲ့တယ်။ ``လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာလည်း ရန်ကိုင်ကို တစ်ယောက်မှ

မတွေ့ခဲ့ကြပါဘူး’’

``ပညာရှိတဲ့ လူတစ်ယောက်က အခြေအနေ အချိန်အခါကို နားလည်တတ်ရတယ်။ ရန်ကိုင်က သခင်လေးစုကို ရန်စထားလို့

သူဒုက္ခရောက်တော့မယ် ဆိုတာသိပြီး ကောင်းကင်စံအိမ်က ထွက်သွားတာပဲဖြစ်ရမယ်’’

``ဒီလောက် အချိန်အကြာကြီး စောင့်နေတာတောင် သူပေါ်မလာ အံ့သြစရာ မဟုတ်တော့ပါဘူးလေ’’

``ဟူး။ အခုရန်ကိုင် ထွက်သွားပြီဆိုတော့ ငါတို့အမှတ်တွေ အလကား မရတော့ဘူးပေါ့’’

လူအုပ်ကြီးက တိုးတိုး တိုးတိုး ဆွေနွေးနေခဲ့ကြတယ်။ သူတို့ပြောနေတာတွေ အကုန်လုံး စုမူနားအောက်ကနေ

ပြေးမလွတ်ခဲ့ပါဘူး။

လူအုပ်ကြီးက သူ့ကိုလေးစားမှုပြတဲ့အတွက် သူကျေနပ်ပေမေယ့် ရန်ကိုင်ကို လက်စားမချေနိုင်သေးတဲ့အတွက်

သူ့စိတ်ကတော့ အမုန်းတရားတွေနဲ့ ပြည့်နေသေးပါတယ်။ ခဏကြာအောင် တွေးလိုက်ပြီးနောက် သုန်မှုန်နေသော

မျက်နှာနဲ့ သူဒီနေ့ ရန်ကိုင်ကို လက်စားမချေနိုင်တော့ဘူးဆိုတာကို လက်ခံလိုက်တယ်။ ထို့နောက် ဒေါသတကြီး

သူပြောလိုက်တယ်`` အဲ့အမှိုက်အောင်က တော်တော်လေး ကံကောင်းနေတာပဲ။ ဒါပေမယ့် ငါဒေါသကတော့

ပြေပျောက်သွားမှာ မဟုတ်ဘူး။ ငါတစ်ခုခုလုပ်ရမယ်။ အဲ့သနားစရာကောင်ရဲ့ တဲကို မီးရှို့ပစ်လိုက်ကြကွာ’’

ဒီစကားလုံးတွေက ရှိနေတဲ့လူအားလုံးအပြင် သူခေါ်လာတဲ့သူတွေကိုပါ အံ့အားသင့်သွားစေခဲ့တယ်။

တစ်ယောက်ယောက်က မေးလိုက်တယ်``သခင်လေးစု၊ စံအိမ်ထဲမှာ မီးရှို့တာက ကောင်းတဲ့အကြံတစ်ခု မဟုတ်ဘူးနော်’’

``မင်းဘာကိုကြောက်နေတာလဲ’’ စုမူက သူ့ကိုစိုက်ကြည့်လိုက်တယ်။‘‘ ကောင်းကင်ကြီးပြိုကျလာရင်တောင်

ငါဖမ်းကိုင်ထားပေးမယ်။ ပြီးတော့ ဒီတဲ့အိမ်က စံအိမ်အတွက် အရေးမှမကြီးတာ။ ဒီတဲကို ဖျက်စီးလိုက်ရင်တောင်

ဘာဖြစ်မှာမို့လို့လဲ။ဒီအတိုင်းထားထားတာက ဒီကသခင်လေးကို မျက်စိရှုပ်စေတယ်’’ အဲ့စကားလုံးတွေက

သူတို့စိတ်ထဲက စိုးရိမ်ပူပန်မှုတွေကို လွင့်ပျောက်သွားစေခဲ့တယ်။ သခင်းလေးစုလို နောက်ခံရှိနေမှတော့

တဲအျိမျလေးကို မီးရှို့တာက သူတို့အတှကျ အသေးစား ကိစ်စပငျဖွစျတယျ။ သူတို့မီးမရှို့ခင် မီစားအတွက်

တပည့်အချို့က ကောက်ရိုးခြောက်တွေကို သွားရှာကြတယ်။

သိပ်မကြာခင်မှာပဲ အအားလုံးပြင်ဆင်လို့ ပြီးသွားခဲ့ပြီး စုမူက မီးတုတ်ကို ကိုင်မြှောက်ကာ ကြိတ်ပြုံးလိုက်တယ်။

မီးတုက်ရဲ့ အရောင်ကြောင့် သူ့မျက်နှာက မိစ္ဆာပုံပေါက်နေခဲ့တယ်။

``ရန်ကိုင်၊ ငါရှေ့မှာ နောက်တစ်ကြိမ်ပေါ်မလာစေနဲ့။. မဟုတ်ရင် ငါမင်းကို မသေမရှင်လုပ်ပစ်မယ်’’ စုမူက အံကြိတ်ရင်း

ပြောလိုက်တယ်။ သူက မီးတုတ်ကို တဲ့အိမ်ပေါ်ကို ပစ်ချဖို့လုပ်နေတုန်းမှာပဲ သူ့ပုခုံးကို လက်တစ်ဖက်က

လာပုတ်လိုက်ပြီး သွေးဆာနေတဲ့ အရှိန်အဝါနဲ့ မေးလိုက်တယ်``ဒါက ဘာအတွက်လဲ’’

စုမူက စဉ်းစားစရာတောင် မလိုဘဲ ချက်ချင်းပြန်ဖြေလိုက်တယ်``တဲကို မီးရှို့ဖို့လေ ’’

``ဘာလို့ ငါအိမ်ကို မီးရှို့ဖို့ လုပ်နေတာလဲ’’ ထိုလူုရဲ့အသံက ဒေါသအနည်းငယ်ပါနေခဲ့တယ်။

``မင်းအိမ်လား’’ စုမူက သူနှုတ်ခမ်းကို မိစ္ဆာဆန်ဆန် ပြုံးလိုက်ပြီး လှည့်ကြည့်လိုက်တယ်။ သူစကားပြောလိုက်တဲ့

သူကို တွေ့လိုက်တာနဲ့ ဝံပုလွေတစ်ကောင်ကို မြင်တဲ့ယုန် တစ်ကောင်လို နောက်ကို ထိတ်လန့်တကြား ခုန်လိုက်တယ်။

သူခုန်ပြီးတာနဲ့ ခုခံတဲ့ပုံစံကို ချက်ချင်းပဲ ပြောင်းလိုက်တယ်။ သူ့မျက်နှာက ထိတ်လန့်မှုတွေနဲ့ ပြည့်နေပြီး သူ့ဆံပင်တွေက

လည်းပင်းပေါ်ကို ဝဲကျနေခဲ့တယ်။

ဒါက ဘာလို့လဲဆိုတော့ သူ့ကိုစကားပြောလိုက်တဲ့သူရဲ့ အသွင်အပြင်က တော်တော်လေးကို ထိတ်လန့်ဖို့ကောင်းလို့ပဲ

ဖြစ်တယ်။ သူ့အကျီင်္တစ်ခုလုံးက စုတ်ပြဲနေပြီး သူ့ဆံပင်တွေကလည်း ရှုပ်ပွနေကာ သူ့တစ်ကိုယ်လုံးက ညစ်ပတ်နေတာ

ထက်ကို ပိုနေခဲ့ပါတယ်။ သူ့တစ်ကိုယ်လုံးကလည်း သွေးတွေနဲ့ ပေကျံနေပြီး ဖောင်းကားနေတဲ့ အိတ်တစ်လုံးကိုလည်း

သူ့ကျောဘက်မှာ လွယ်ထားပါတယ်။ အဲ့အိတ်ထဲမှာ ဘာတွေရှိလဲဆိုတာ နတ်ဘုရားသာသိပေလိမ့်မယ်။ လေပြေ

လေညှင်းက သူ့ရဲ့စုတ်ပြဲနေတဲ့ ဘောင်းဘီကိုတိုက်ခတ်သွားပြီး တောင့်တင်းကျစ်လစ်တဲ့ သူရဲ့ခြေသလုံးကြွက်သားကို

လှစ်ဟပြသသွားခဲ့တယ်။ ထိုလေညှင်းက ရန်ကိုင်ဆီက သွေးညှီနံ့တွေကို သယ်ဆောင်သွားခဲ့တယ်။

ထိုသွေးညှီနဲ့ကြောင့် သာမက ရန်ကိုင်ရဲ့ ပုံစံကြောင့်ပါ စုမူက သူစားထားသမျှ ပြန်အန်ထွက်သွားမတတ်

ဖြစ်ခဲ့တယ်။ အဲ့ပုံစံ၊ အဲ့အပြုအမူက တော်တော်လေးရင်းနှီးနေခဲ့တယ်။ သူသာ ခွက်စုတ်တစ်လုံးကို လက်တစ်ဖက်မှာ

ကိုင်ထားခဲ့ရင် သူတောင်းစားတစ်ယောက် တကယ်တူသွားမှာပဲဖြစ်တယ်။ ဒါပေမယ့် ဘာလို့ ဒီကြောက်ဖို့ကောင်းတဲ့ လူကို သူရင်းနှီးနေသလို ခံစားနေရတာလဲ။

စုမူက သေသေချာချာကြည့်လေ ပိုပြီး စိတ်ရှုပ်လာလေဖြစ်လာခဲ့တယ်။ ခဏကြာပြီးနောက် သူထိတ်လန့်တကြားအော်လိုက်တယ် ``ရန်ကိုင်…’’

သူအော်လိုက်တဲ့အသံက အထင်သေးမှုတွေနဲ့ ပြည့်နေပြီး သူ့နဲ့ဖြူလျော့နေတဲ့မျက်နှာကို တစ်ဖန်ပြန်နီသွားစေခဲ့တယ်။

ခြေထောက်ကို ဆောင့်နင်းလိုက်ပြီး ထပ်ပြောလိုက်ပြန်တယ် ``ရန်ကိုင် မင်းကကောင်းကင်ဘုံကိုမသွားဘဲ ငရဲတံခါးကိုသွားဖို့ ရွေးချယ်လိုက်မှတော့ ငါမင်းကို သေအောင် လုပ်ပေးရတာပေါ့’’

``မင်းငါ့ကို လာရှာနေတာလား’’ ရန်ကိုင်က မျက်မှောင်ကြုံ့ပြီးမေးလိုက်တယ်။

``မဟုတ်တုတ်ကတွေ’’ စုမူက အထင်တသေးပြန်ပြောလိုက်တယ်`` ငါက မင်းကို တွေ့ဖို့လာတယ်ထင်နေတာလား’’

``မင်းမှာ ငါနဲ့ရှင်းစရာရှိရင် ငါ့ကိုတိုက်ရိုက်လာရှာပါလား။ ဘာလို့ ငါ့အိမ်ကို မီးရှို့ဖို့လုပ်နေတာလဲ’’ ရန်ကိုင်က

ပြန်ပြီးမေးခွန်းထုတ်လိုက်တယ်။

စုမူက ချက်ချင်းပဲ မီးတုတ်ကိုပစ်ချလိုက်ပြီး တက်နင်းပစ်လိုက်ပြီး ခဏအကြာမှာတော့ မီးတုတ်က မီးငြိမ်းသွားခဲ့တယ်။

ဒီအချိန်ခဏတာက ဒီမှာရှိနေတဲ့သူတွေကို ဘာတွေဖြစ်နေလဲဆိုတာ နားလည်သွားစေခဲ့တယ်။ ရန်ကိုင်ကစုမူကို

ကြောက်လို့ ထွက်ပြေးသွားတာမဟုတ်ပဲ မစ်ရှင်တစ်ခုခုသွားလုပ်ဖို့ ထွက်သွားတယ်ဆိုတာ နားလည်သွားကြတယ်။

ဒါပေမယ့် ဘယ်မစ်ရှင်ကများ သူ့ကိုဒီပုံစံဖြစ်သွားစေခဲ့တာလဲ။ ဒီလို ဖြူဖတ်ဖြူလျော်ဖြစ်နေတဲ့ပုံစံက တော်တော်လေးကို

များလွန်းမနေဘူးလား။ သူ့အကျီင်္က ပြတ်ရှရာတွေက ထက်ရှတဲ့ လက်နက်တစ်ခုခုကြောင့်ဆိုတာ သေချာပါတယ်။

သူဘယ်သူနဲ့တိုက်ခိုက်ခဲ့တာလဲ။ ပြီးတော့သူ့ပုံစံအရဆိုရင် သေးရေးရှင်ရေးတိုက်ပွဲကို တိုက်ခိုက်ခဲ့တာပဲဖြစ်ရမယ်။

All Chapters