← Chapters

အခန်း (၂၁-၂၅)

Vol. 1 Ch. 21-25

အခန်း (၂၁-၂၅)

Vol. 1 Ch. 21-25

အပိုင်း (၂၁) ငါမင်းကို သုံကွက်အကျောပေးမယ်

ရန်ကိုင်ကိုယ်ပေါ်က ဒဏ်ရာတွေအကုန်လုံးက ပန်ပွင့်ပုံပင့်ကူနဲ့ တိုက်ခိုက်ရင်း ရလာခဲ့တာပါ။တိုက်ပွဲပြီးတာနဲ့ ကောင်လေးကို သမားတော်နဲ့ပြဖို့အတွက် ရွာကိုမြန်မြန်ပြန်ခေါ်သွားရပြီး ကောင်လေး အန်တမရှိတော့ဘူးဆိုတာ သိပြီးတာနဲ့ သူအိပ်ပျော် သွားခဲ့တဲ့အတွက် သူ့ဒဏ်ရာတွေကို ပြန်ကုဖို့ အချိန်မရခဲ့ပါဘူး။ တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီး နောက်တစ်နေ့မနက်မှသူ နိုးလာခဲ့တယ်။ကောင်လေးက

နိုးနေပြီး သက်သာနေပြီဆိုတာ သိလိုက်တာနဲ့ စံအိမ်ကို ချက်ချင်းပြန်လာတာပဲ ဖြစ်ပါတယ်။

သူ့စံအိမ်ကို ပြန်ရောက်တာနဲ့ မီးတုတ်တွေကိုင်ထားတဲ့ လူအုပ်ကြီးက သူ့အိမ်ကိုဝိုင်းထားတာ တွေ့လိုက်တယ်။ သူတို့အားလုံးက သူ့အိမ်ကို မီးရှို့တော့မယ့် ပုံစံပင်။ ဒါကိုသူက ဘယ်လို လုပ်ပြီး ခွင့်ပြုပေးနိုင်မှာလဲ။ ဒါကြောင့် သူကသူတို့ဘာလုပ်နေလဲဆိုတာ သွားရောက်မေးမြန်ခဲ့ရာ သူ့အိမ်ကို မီးရှို့ဖို့လုပ်ခိုင်းတဲ့သူက စုမူဖြစ်တယ်ဆိုတာကို သိလိုက်တယ်။ အိမ်ပိုင်ရှင် ပေါ်လာသော်လည်း အိမ်ကို မီးရှို့ဖို့ခိုင်းတဲ့ စုမူက အပြစ်ရှိတယ်လို့ နည်းနည်းလေးပင် မခံစားရပေ။ အဲ့အစား သူကစိတ်လှုပ်ရှားလာပြီး ရန်ကိုင်ကို လက်ညှိးထိုးကာပြောလိုက်တယ်

``ရန်ကိုင် ၊ ဒီသခင်လေးက မင်းကို အခွင့်အရေးတစ်ခုတောင် မပေးဘူးလို့ မပြောနဲ့နော်။ အကယ်၍ မင်းသာ…..’’

``ခဏနေဦး..’’ ရန်ကိုင်က သူပြောနေတာရပ်ဖို့ သူ့လက်ကို မြှောက်လိုက်ပြီး တဲ့ထဲကို သက်သက်သာသာပဲ ဝင်သွားခဲ့တယ်။

``ဟေး…’’ သူပြောနေတာကို တစ်ဝက်တစ်ပျက်နဲ့ ရပ်လိုက်ရသဖြင့် စုမူက ယင်ကောင်တစ်ကောင် စားမိလိုက်သလို ခံစားလိုက်ရပြီး သအရမ်းကို စိတ်မသက်မသာ ခံစားလိုက်ရတယ်။

``သခင်လေးစု၊ဒီကောင်က သခင်လေးကိုတောင် မျက်နှာသာမပေးဘူး’’ တစ်ယောက်ယောက်က

စုမူအတွက် တရားမျှတမှုရှာပေးသလိုမျိုး ဖော်လံဖားလိုက်တယ်။

``ဟန့်’’ စုမူက နှာခေါင်းရှုံု့လိုက်ရင်း``ပြိုင်ပွဲကျရင် ငါ့အတွက် အဲ့ကောင်ကို ကောင်းကောင်း သမပေးစမ်းပါ။ အဲ့ကောင်က သူလဲမကျမခြင်း အရှုံးပေးလေ့မရှိဘူးတဲ့။ ဘာမှ

ညှာနေစရာမလိုဘူး။ ဒီနေ့ ဒီသခင်လေးကို ရန်စစော်ကားတဲ့ အကျိုးအပြစ်ကို သင်ပေးရမယ်’’

``ဟုတ်ကဲ့’’

အထဲကို ရောက်တဲ့အခါ ရန်ကိုင်က သူလွယ်ထားတဲ့ လွယ်အိတ်ကို ချွတ်လိုက်တယ်။ လွယ်အိတ် ထဲက ဆေးပင်တွေက သူတောင်ပေါ်ကနေ ရလာတဲ့ သူ့အတွက် အဖိုးအတန်ဆုံး အရာတွေပဲ

ဖြစ်တယ်။ သူသာ အဲ့ဆေးပင်တွေကို လုံလုံခြုံခြုံ အရင်သိမ်းမထားရင် သူစိတ်မသက်မသာ ခံစားနေရမှာ မလွဲဧကန်ပင်။

သူလွယ်အိတ်ကို လုံလုံခြုံခြုံ သိမ်းထားပြီးတာနဲ့ တဲ့ထဲကနေ ပြန်ထွက်လာခဲ့ပြီးတော့ စုမူကို လေးနက်တဲ့ မျက်နှာနဲ့ပြောလိုက်တယ်``မင်းငါ့ကို ဘာပြောချင်တာလဲ’’

စုမူက သူ့ကို ကြည့်လိုက်တယ်။ သူ့မျက်နှာက မုန်းတီးမှု၊ ခါးသီးမှုတွေနဲ့ ပြည့်နေပြီး အချိန်မရွေး သွေးအန်တော့မယ့် ပုံပေါက်နေခဲ့တယ်။ ခုဏတုန်းက သူသေသေချာချာ စဉ်းစားထားတဲ့ စာကြောင်းတွေကို မပြောခင် ရန်ကိုင်က သူ့ကို

နှောင့်ယှတ်ခဲ့တယ်။ ဒါပေမယ့် အခုကျတော့ ရန်ကိုင်က မင်းဘာပြောချင်တာလဲ ဆိုပြီးမေးနေပြန်ပြီ။ သူစောင့်တောင် မစောင့်နိုင်တော့ပဲ အော်လိုက်တယ်``ရန်ကိုင်.. ဒီကသခင်လေးက မင်းကိုအခွင့်အရေး မပေးဘူးလို့ မပြောနဲ့။ အခု ဒီစံအိမ်တပည့်တွေ အားလုံးရဲ့ရှေ့မှာ ငါ့ကိုဒူထောက်ပြီး အဖိုးလို့ခေါ်ရင် ငါမင်းအသက်ကို ချမ်းသာပေးမယ်။ ဒါမှမဟုတ်ရင်တော့ ..ဟွန်းဟွန်းဟွန်း…’’

ဒီပြောသွားခဲ့တဲ့ စကားလုံးတွေက ခြိမ်းခြောက်နေတယ် ဆိုတာ သိသာနေပါတယ်။

သူပြောပြီးသွားတာနဲ့ စုမူရဲ့မျက်နှာက လက်စားချေလိုမှုတွေနဲ့ ပြည့်နေခဲ့တယ်။ ဒါက စုမူကရန်ကိုင်ကို ဘယ်လောက်တောင် မုန်းတီနေလဲဆိုတာ ပေါ်လွင်နေပါတယ်။ ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး စုမူကို ကြေကွဲဝမ်းနည်းစွာ ကြည့်လိုက်တယ်။

``ဘာလဲ ’’ ရန်ကိုင်ရဲ့ မျက်နှာက တည်ငြိမ်နေတဲ့အတွက် စုမူက မသေချာခဲ့ပါဘူး။ ဒါက သူ့ကို ဂနာမငြိမ်ဖြစ်သွားစေခဲ့တယ်။ သူက အနက်ရောင်မက်မွန်သီးရွာမှာ ရန်ကိုင်ကစားတာခံလိုက်ရတဲ့

အတွက် သူက ရန်ကိုင်ကို နည်းနည်းထိတ်လန့်နေတာတော့ အမှန်ပင်။

``ကျေးဇူးမသိတတ်တာ’’ ရန်ကိုင်က သက်ပြင်းချလိုက်တယ်။

လူအုပ်ကြီးက ကြောင်အသွားသလို စုမူလည်း ကြောင်အသွားခဲ့တယ်။ ဒါက ဘယ်လိုလုပ်ပြီး

ကျေးဇူးမသိတတ်တာ ဖြစ်သွားလဲဆိုတဲ့စကားက လူတိုင်းတွေးနေတဲ့ အရာပင်။

``မင်းဘာပြောတာလဲ’’ စုမူက ဒေါသတကြီး မေးလိုက်တယ်။

``မရှင်းဘူးလား။ ငါသင်ပြပေးရဦးမလား’’ ရန်ကိုင်က စိတ်အာထက်သန်စွာ ပြောလိုက်ပြီး

``ငါမင်းကို မေးပါရစေဦး။ ကောင်းကင်စံအိမ်မှာ မင်းရဲ့အကြီးတွေ ရှိတယ်မလား’’

``မင်းက မျက်စိစူးရှတဲ့ပုံပဲ’’ ဒီစကားလုံးတွေက စုမူကို ကောင်းကင်ပေါ်ကို ရောက်သွားသလိုခံစားသွားစေခဲ့တယ်။

ရန်ကိုင်က ပြုံးလိုက်တယ်။ သူထင်ထားတဲ့အတိုင်း စုမူမှာ ကျောထောက်နောက်ခံ ကောင်းကောင်း ရှိနေခဲ့ပါတယ်။ အဲ့လိုမှမဟုတ်ရင် သူက သူ့အိမ်ကို ဘယ်လိုလုပ်ပြီး မီးရှို့ရဲမှာလဲ။

``မင်းရဲ့ အကြီးတွေက ကောင်းကင်စံအိမ်မှာ တော်တော်လေး ရာထူးမြင့်တယ်မလား’’ ရန်ကိုင် ထပ်မေးလိုက်တယ်။

``သူက အကြီးအကဲ တစ်ယောက်ပဲ’’ စုမူက နှာခေါင်းရှုံ့လိုက်တယ်။`` ငါ့မှာ လက်ရွေးစင်တပည့်တစ်ယောက်ဖြစ်နေတဲ့ အမတစ်ယောက်လည်းရှိတယ်။ သူဆန္ဒရှိရင် မင်းကို လက်တစ်ချောင်းထဲနဲ့ သတ်ပစ်လိုက်လို့ ရတယ်’’

ရန်ကိုင် နားလည်လိုက်တယ်။ ရန်ကိုင်က စုမူစရိုက်ကို တော်တော်လေး သိထားခဲ့တဲ့အတွက် သူ့လက်ကို

ကျောဘက်မှာထားလိုက်ပြီး ပြောလိုက်တယ်``အဲ့ဒါမှန်တယ်။ တော်တော် ကျေးဇူးမသိတတ်တာ’’

‘‘မင်းဘာတွေ ဘာမဟုတ်တာတွေ ပြောနေတာလဲ ’’ စုမူက ဒေါသထွက်သွားခဲ့တယ်။ သူ့ကို ရန်ကိုင်က ဝိုင်းကြီးပတ်ပတ် ပတ်နေပြီး သူ့စိတ်အခြေအနေကလည်း တော်တော်လေးကို ရှုပ်ထွေးနေခဲ့တယ်။ ပြီးတော့ ရန်ကိုင် ဘာကိုဆိုလိုနေလဲဆိုတာကိုလဲ သူအခုထိမသိသေးပေ။

``ဒီလောက်လွယ်တာကိုတောင် မင်းအခုထိနားမလည်သေးဘူးလား။ မင်းက တော်တော်တုံးတာပဲ’’ မျက်နှာရှုံ့မဲ့လိုက်ရင်း ရန်ကိုင်က စုမူက သနားစဖွယ်ကြည့်လိုက်ကာ စိတ်ရှည်ရှည် ရှင်းပြလိုက်တယ်

``မင်းအစ်မရဲ့ အဆင့်အတန်းနဲ့ဆိုရင် သူမက ငါ့ရဲစီနီယာဖြစ်ရမယ်။ အကယ်၍ ငါကသာ မင်းကို အဖိုးလို့ခေါ်လိုက်ရင် မင်းအမက မင်းကိုဘယ်လိုခေါ်ရမလဲ။ ပြီးတော့ မင်းရဲ့ အကြီးအကဲကလည်း

မင်းကို ဘယ်လိုခေါ်ရမလဲ။ ကျေးဇူးမသိတတ်တာ။ ဘယ်လောက်တောင် ကျေးဇူးမသိတတ်တာလဲ။ ငါသာ မင်းရဲ့ အကြီးဖြစ်ရင် မင်းကို ခြောက်သွေးနဂါးစမ်းချောင်းထဲမှာ တိုက်ပိတ်ထားလိုက်မှာ။ ဒါမှမင်းဘဝမှာ ဘယ်တော့မှ အဲ့လိုစကားမျိုး ထပ်မထွက်ရဲမှာ’’

စုမူရဲ့ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါနေခဲ့ပြီး သူ့မျက်နှာက ဖြူဖတ်ဖြူလျော် ဖြစ်သွားခဲ့တယ်။

ခြောက်သွေ့နဂါးစမ်ချောင်းဆိုတာက ကောင်းကင်စံအိမ်ရဲ့ ကြောက်မက်ဖွယ်အကောင်းဆုံး နေရာတွေထဲက တစ်ခုပင်။ ကျောင်းတော်ကို စတင်တည်ထောင်ပြီးကတည်းက နှစ်ပေါင်းမျာစွာအတွင်း ပြင်းထန်တဲ့ ပြစ်မှုကျူးလွန်သူတွေကို ထိုနေရာထဲကို နယ်နှင်ဒဏ်ပေးခံရပြီး တစ်ခါမှ

ပြန်မတွေ့ရတော့ပေ။ ခြောက်သွေ့နဂါးစမ်းချောင်းထဲကို နယ်နှင်ဒဏ်ပေးခံလိုက်ရပြီဆိုတာနဲ့ မင်းက သေလူတစ်ယောက် ဖြစ်သွားပါပြီ။ ခြောက်သွေ့နဂါးစမ်းချောင်း; အဲ့စကားလုံး၆လုံးက မိုင်တစ်ထောင်ပတ်လည်အတွင်းမှာ အရမ်းကို ကျော်ကြားပါတယ်။

စုမူက ရန်ကိုင်ကို မကြောက်ပေမယ့် သူ့ပါးစပ်ထဲက ထွက်လာတဲ့စကားလုံးတွေက သူ့စိတ်ဝိဥာဉ်ထဲကို အကြောက်တရား ရိုက်သွင်းပေးနိုင်လိုက်ပါတယ်။

စုမူ ခေါ်လာတဲ့အဖွဲ့သားတွေထဲက တစ်ယောက်ယောက်က စုမူနဲ့ပက်သက်ပြီး တစ်ခုခုလွဲနေပြီဆိုတာ သိလိုက်တဲ့အတွက် ချက်ချင်းပဲပြောလိုက်တယ် ``သခင်လေးစု၊ ဒီကောင်က တော်တော်ပါးစပ်ဇောင်းထက်တယ်။ အဲ့ဒါကြောင့် သူ့ကိုယ်သူ ယုံကြည်မှုရှိနေတာ။ သခင်လေးစု ဒီနေ့လာခဲ့တာက ဒီကောင်

ကို ဆုံးမဖို့မလား’’

စုမူက အသိပြန်ဝင်လာခဲ့ပြီး အရှက်ပြေ ဒေါသတကြီး အော်လိုက်တယ်`` ရန်ကိုင် မဟုတ်တုတ်ကတွေ

လျှောက်ပြောမနေနဲ့။ မင်းအခု ဒူးထောက်ပြီး ခွင့်လွှတ်ဖို့ မတောင်ပန်ရင် မင်းမွေးဖွားလာရတာကို

နောင်တရအောင် လုပ်ပေးလိုက်မယ်’’

ရန်ကိုင်ရဲ့ မျက်လုံးတွေက အေးစက်စက် အရှိန်အဝါတွေ ထုတ်လွှတ်နေပြီး လက်သီးဆုပ်ကာ ပြောလိုက်တယ် ``ဂိုဏ်းတူတပည့်စု၊ ဘာလို့ငါနဲ့လာပြီး မယှဉ်ပြိုင်တာလဲ’’

စုမူက အထင်တသေး ပြန်ပြောလိုက်တယ်``ငါပြိုင်ချင်ပေမယ့်လည်း ကံမကောင်းစွာပဲ မင်းက ငါ့မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ဘူး။ မင်းက အရည်အချင်း မပြည့်မှီဘူး။ ဒီသခင်လေးက ခန္ဓာသန့်စင်ခြင်း အဆင့်၉မှာကွ’’

တစ်စုံတစ်ယောက်ကို စိန်ခေါ်ချင်တယ်ဆိုရင် ကျင့်ကြံခြင်းအဆင့်က ၃ဆင့်ထက်ပိုလို့ မရပေ။ စုမူက ရန်ကိုင်ကို အမှန်တကယ်ပဲ စိန်ခေါ်လို့မရပါပေ။ သူတို့နှစ်ယောက်ရဲ့ ကျင့်ကြံခြင်းအဆင့်က

အရမ်းကို ကွာခြားလွန်းပါတယ်။ဒါဟာ စုမူဘာကြောင့် ဒီလောက်လူအများကြီး ခေါ်လာရလဲဆိုတဲ့ အကြောင်းပြချက်ပင်။

သူတို့တွေအားလုံးကို ပွဲကြည့်ဖို့သက်သက်ပဲ ခေါ်လာတာမဟုတ်ပေ။

အမုန်းတရားတွေနဲ့ ပြည့်နေတဲ့ အေးစက်စက်အပြုံးနဲ့ စုမူက ရန်ကိုင်ကို စောင်းကြည့်လိုက်ပြီး

``အားလုံးပဲ ၊ ဒီရန်ကိုင်က ခန္ဓာသန့်စင်ခြင်း အဆင့်၃မှာပဲဖြစ်တယ်။ ဘယ်ညီအစ်ကိုကများသူ့ကို စိန်ခေါ်ချင်ပါသလဲ’’

``ခန္ဓာသန့်စင်ခြင်းအဆင့်၃လား၊ ဘယ်လောက်တောင် မြင့်လိုက်တဲ့အဆင့်လဲ’’ လူအုပ်ကြီးကရယ်သံတွေနဲ့ ဆူညံသွားခဲ့တယ်။ သူတို့ထဲက တစ်ယောက်မှ ရန်ကိုင်ထက်စောပြီး စံအိမ်ကိုမရောက်ခဲ့ပါဘူး။ ဒါပေမယ့် သူတို့ထဲမှာ ရန်ကိုင်ထက် ကျင့်ကြံခြင်းအဆင့်နိမ့်တဲ့သူလည်းတစ်ယောက်မှ မရှိပေ။

``သခင်လေးစု၊ ငါ့ရဲ့ကျင့်ကြံခြင်း အဆင့်နဲ့ဆို လုံလောက်ပါပြီ။ ငါကခန္ဓာသန့်စင်ခြင်း အဆင့်၅ပဲရှိပေမယ့်လို့ ဒီကောင်ကို သမဖို့ဆိုရင် လုံလောက်တာထက်ကို ပိုပါတယ်’’ တပည့်တစ်ယောက်က လူအုပ်ကြားထဲကနေ ထွက်လာပြီး ရန်ကိုင်ကို အထင်တသေး ကြည့်လိုက်တယ်။

ရန်ကိုင်က ထိုလူကို ကြည့်ရင်း စိတ်ထဲကြိတ်ရယ်လိုက်တယ်။ သူတို့ရထားတဲ့သတင်းတွေက ဒိတ်အောက်နေခဲ့လေပြီ။

လွန်းခဲ့တဲ့ ငါးရက်တုန်းက ဆိုရင်တော့ သူခန္ဓာသန့်စင်ခြင်း အဆင့်၃မှာ ရှိနေတယ်ဆိုတာက အမှန်တရားပင်။

ဒါပေမယ့် အခုအချိန်မှာတော့ သူအရင်ကလို မဟုတ်တော့ပေ။

ဟုတ်တာပေါ့။ အဲ့အကြောင်းတွေကို ထုတ်ပြောရအောင်လည်း ရန်ကိုင်က အရူးမှမဟုတ်တာ။ ငါးရက်အတွင်း အဆင့်၂ဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်တာက တော်တော်လေးကို ထူးဆန်းပါတယ်။

ဒီအကြောင်းသာ ပျံ့သွားရင် သူ့ဆီကို မလိုလားအပ်တဲ့ ဒုက္ခတွေ သယ်ဆောင်လာနိုင်ပါတယ်။စုမူခေါ်လာတဲ့ တပည့်တစ်ယောက်က ပြောလိုက်တယ်`` ဂိုဏ်းတူတပည့်ရန်၊ ငါနာမည်က

ကျောင်းဟူ။ ဒီနေ့မင်းကို အနိုင်ယူမည့်လူပေါ့’’

``ငါမှတ်မိပါတယ်’’ ရန်ကိုင်က အလေးအနက်ထား ပြန်ဖြေလိုက်တယ်။ကျောင်းဟူက စုမူရှေ့မှာ မျက်နှာသာရချင်ပုံပေါ်တယ်။ သူက ရန်ကိုင်နဲ့ မျက်နှာချင်းဆိုင်လိုက်ပြီး သူ့လက်ချောင်းတွေကို ဝှေ့ရမ်းလိုက်ကာ ပြောလိုက်တယ်``ဂိုဏ်းတူတပည့်ယန်၊ ငါမင်းကို

အနိုင်ကျင့်တယ်လို့ မပြောရအောင် ငါမင်ကို သုံးကွက်အကျောပေးမယ်။ မင်းငါ့ကို ခြေတစ်လှမ်း

ရွေ့အောင် လုပ်နိုင်ရင် မင်းနိုင်ပြီပဲ။ အဲ့လိုမှ မဟုတ်ရင်တော့ ငါ့ကိုရက်စက်ကြမ်းကြုတ်တယ်လို့ အပြစ်မတင်နဲပေါ့’’

ဒီစကားလုံးတွေက ရန်စနေတယ်ဆိုတာ တော်တော်လေး သိသာပါတယ်။ ဒါကို စောင့်ကြည့်နေတဲ့ စုမူရဲ့စိတ်ကတော့ မျှော်လင့်ချက်တွေနဲ့ ပြည့်နေခဲ့တယ်။ ဒီကျောင်းဟူက အခြားသူတွေကို ဘယ်လိုအရှက်ရအောင် လုပ်ရမလဲဆိုတာ သိတာပဲ။ သူ့စကားလုံတွေကမဆိုးဘူး ။

ခန္ဓာသန့်စင်ခြင်းအဆင့်၃နဲ့ အဆင့်၅က အဆင့်လေး၂ဆင့်သာ ကွာခြားသော်လည်း တစ်ဆင့်နဲ့တစ်ဆင့်ကြားက ကွာခြားချက်က တော်တော်လေးကို ကြီးမားပါတယ်။ ထိုအဆင့်၂ဆင့်

ကွာခြားချက်က မြစ်ကြီးတစ်စင်း ခြားထားသလို ကွာခြားပြီး ထိုနှစ်ဆင့်ရဲ့ ခွန်အားကွာခြားချက်က ကောင်းကင်နဲ့ မြေပြင်အလား ကြီးမားလွန်းပါတယ်။

Martial Peak

အပိုင်း (၂၂) အပြတ်အသတ် ရှုံးနိမ့်ခြင်း

ဒါ့အပြင် ရန်ကိုင်ရဲ့ အခုအခြေအနေကလည်း တော်တော်လေးကို ဆိုးရွားနေခဲ့ပါတယ်။သာမန်လူတောင် သူတော်တော်ဆိုးရွားတာကို ကြုံတွေခဲ့တယ်ဆိုတာ သိနိုင်တယ်။ သူမှာတိုက်ခိုက်ဖို့ ဘယ်လောက်များများကျန်မှာမို့လို့လဲ။ ပြီးတော့ သူ့ခန္ဓာကိုယ်က တော်တော်လေးကိုပိန်ချုံးနေတဲ့အတွက် အခြားသူတွေအတွက်တော့ အထင်သေးစရာပင်။

ဒီမှာ ရှိနေတဲ့သူတွေအားလုံး ရန်ကိုင်က အခုကပ်ဆိုးကို မလွန်မြောက်နိုင်တော့ဘူးလို့ယုံကြည်နေခဲ့တယ်။အနားက သစ်ပင်ပေါ်မှာ ထိုင်နေတဲ့ ရှနင်းချန်တောင် အဲ့အတိုင်း ခံစားနေ

ရတယ်။ အနက်ရောင် ခန်းမတပည့်တစ်ယောက်ဖြစ်လာတဲ့ ရှနင်းချန်က ရန်ကိုင်ရဲ့ ပြိုင်ပွဲရလဒ်ကိုမှတ်သားဖို့ ရောက်နေခြင်းပင်။

``ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ။ ဒီလိုလုပ်ရင် ဂိုဏ်းတူပည့်ပေါ် ဘယ်တရားပါ့မလဲ’’ ရန်ကိုင်က တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ မေးလိုက်တယ်။

``ဘာမှ စိတ်ပူစရာမလိုဘူး’’ ကျောင်းဟူက ပြန်ပြောလိုက်တယ် ``ငါတို့က ကောင်းကင်စံအိမ်ရဲ့တပည့်တွေပဲလေ။ မင်းအတွက် ဒီလောက်တော့ လုပ်ပေးသင့်တာပေါ့..ဟဲ..ဟဲ’’

``အဲ့ဒါဆိုရင် ကောင်းပြီ’’ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေဟန်ဖြင့် ရန်ကိုင်က ပြန်ပြောလိုက်တယ်

``ဂျူနီယာ ကျောင်းဟူက ဒီလိုပြောနေမှတော့၊ ဒီစီနီယာကလည်း မယဉ်ကျေးတော့ပါဘူး’’

``စလိုက်ကြစို့’’ ကျောင်းဟူက အကျယ်ကြီးအော်ဟစ်ပြောလိုက်ပြီး သူ့ခြေထောက် နှစ်ချောင်းကို မြေပြင်မှာ မြဲမြံအောင် အားစိုက်ထားလိုက်တယ်။ သူအားစိုက်လွန်းလို့ သူ့ကြွက်သားတွေနဲ့

သွေးကြောတွေကိုတောင် အထင်းသား မြင်နေရတယ်။

အခြားတစ်ဖက်မှာတော့ ရန်ကိုင်က ကျောင်းဟူဆီကို တစ်လှမ်းချင်း လျှောက်လှမ်းလာနေခဲ့တယ်။

ကျောင်းဟူက စိတ်ထဲမှာ နှာခေါင်းရှုံ့လိုက်ပြီး တွေးလိုက်တယ်``မင်းရဲ့ဒီခန္ဓာကိုယ်သေသေးလေးနဲ့

ငါအသက်ရှုတာတောင် မင်းခံနိုင်မှာမဟုတ်ပါဘူး။ အဲ့တော့ မင်းက ဘယ်လို စွမ်းအားတွေကိုထုတ်ပြနိုင်ဦးမှာလဲ’’

ရန်ကိုင်က ကျောင်းဟူဆီကို အေးအေးဆေးဆေး လမ်းလျှောက်သွားလိုက်ပြီး သူ့လက်သီးကိုဆုပ်ကာ ကျောင်းဟူရှေ့မှာ ဖြေးဖြေးလေး ဝှေ့ရမ်းလိုက်တယ်။အဲ့နောက် ပြုံးရင်း သူသတိပေးလိုက်တယ်

``ဂိုဏ်းတူတပည့်ကျောင်း၊ ဒီက စီနီယာက တကယ်တိုက်တော့မှာနော်’’

``လာစမ်းပါ’’ အဲ့စကားလုံးတွေ ထွက်လာတာနဲ့ တစ်ပြိုင်နက် ရန်ကိုင်ရဲ့လက်သီးက ကျောင်းဟူရဲ့ဝမ်းဗိုက်ကို ထိုးချလိုက်တယ်။

``ဘုန်းး’’ ဆိုတဲ့အသံ ထွက်လာပေမယ့် ရန်ကိုင်လှုပ်ရှားလိုက်တာ တစ်ယောက်မှ မတွေ့လိုက်ပေ။

ဒါပေမယ့် ထိုလက်သီးက ထူးဆန်းစွာပဲ ကျောင်းဟူကို ထိသွားပြီးပြီ၊

သူ့မျက်နှာ ဖြူဖတ်ဖြူလျော် ဖြစ်သွားခဲ့ပြီး ကျောင်းဟူက သူ့ဗိုက်ကို ကိုင်ကာ နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့တယ်။

``ဘန်း ’’ သူပြန်မသက်သာလာခင် ဒုတိယလက်သီးက ထပ်ရောက်လာခဲ့ပြီး သူ့ဝမ်းဗိုက်ပေါ်ကိုနောက်တစ်ကြိမ် ကျသွားခဲ့တယ်။ ကျောင်းဟူက သူ့ဝမ်းဗိုက်ကို ကိုင်ရင်း မြေပြင်ပေါ်ကို ခွေခွေလေးလဲကျသွားခဲ့တယ်။

``ဖတ်’’ ရန်ကိုင်က ကျောင်းဟူရဲ့ မေးစေ့ကို ကန်လိုက်တယ်။ သူမြေပေါ်မကျခင် နာကျင်စွာ အော်ဟစ်လိုက်ပြီးနောက် သတိလစ်သွားခဲ့တယ်။

သူအနိုင်ရခဲ့တယ်။

ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံတောင် ကြားနိုင်လောက်အောင် တိတ်ဆိတ်သွားခဲ့တယ်။ ထိတ်လန့်နေတဲ့ အမူအရာတွေနဲ့ တစ်ယောက်ချင်းစီက ရန်ကိုင်ကို ကြည့်လိုက်ကြတယ်။ စုမူဆိုရင် သူ့မျက်လုံးတွေ ထွက်ကျတော့မတတ် ပြူးကျယ်နေခဲ့တယ်။

လက်သီးနှစ်ချက်နဲ့ ခြေကန်ချက်တစ်ချက်က ခန္ဓာသန့်စင်ခြင်း အဆင့်၅မှာရှိနေတဲ့ လူတစ်ယောက်ကို လွင့်ပျံသွားစေခဲ့တယ်။ လခွမ်း…. ဒါက ခန္ဓာသန့်စင်ခြင်းအဆင့် ၃မှာရှိနေတဲ့ လူတစ်ယောက်ရဲ့ ခွန်အားလား။

တိုက်ပွဲအစကနေ အဆုံးထိ ကျောင်းဟူတစ်ချက်တောင် မတုန့်ပြန်နိုင်ခဲ့ပေ။ ပေါင်တစ်ရာကျော်လေးတဲ့

လူတစ်ယောက်ကို ပေအနည်းငယ်လောက် လွင့်ပျံသွားအောင် လုပ်နိုင်ဖို့က အားစိုက်မထုတ်ဘဲ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ပြီးတော့သူ့ အမြန်နှုန်းကလည်း ပြိုင်ဘက်ကင်းလွန်းပါတယ်။

သိပ်မကြာခင်ကပဲ မောက်မာစွာပြုံးနေခဲ့တဲ့ ကျောင်းဟူက အခုအချိန်မှာ သတိလစ်နေခဲ့တယ်။

သူ့တို့ရှေ့မှာ ဖြစ်ခဲ့တဲ့ ပြိုင်ပွဲနဲ့ ပက်သက်ပြီး လူတိုင်း သူတို့မျက်လုံးကိုတောင် သူတို့မယုံနိုင်ပေ။ သစ်ပင်ပေါ်မှာ

ထိုနေတဲ့ ရှနင်းချန်လည်း ထိုနည်းလည်းကောင်းပင်။

သူမရဲ့ စာအုပ်သေးသေးလေးထဲမှာ ရန်ကိုင်အနိုင်ရတယ်လို့ ရေးမှတ်လိုက်တယ်။ လွန်ခဲ့တဲ့ ၂နှစ်အတွင်း သူ၁၄၇ပွဲဆက်တိုက် ရှုံးနိမ်ခဲ့ပေမယ့် ဒီနေ့မှာတော့ သူ့ရဲမှတ်တမ်းကို

ချိုးဖျက်နိုင်ခဲ့ပါပြီ။

သူက ထိုပြိုင်ပွဲကို မြန်မြန်ဆန်ဆန်နဲ့ လွယ်လွယ်ကူကူပဲ နိုင်သွားခဲ့ပါတယ်။ ရှနင်းချန်က သူမရဲ့

စွမ်းအားကိုသုံးကာ သစ်ပင်ပေါ်မှာ ကျက်သရေရှိစွာ မတ်တပ်ရပ်နေခဲ့သော်လည်း ရန်ကိုင်

နိုင်သွားတာကို မြင်ပြီးထိတ်လန့်သွားသဖြင့် အာရုံစူးစိုက်မှုဆုံးရှုံးသွားကာ သစ်ပင်ပေါ်ကနေ

ပြုတ်ကျသွားခဲ့တယ်။

မျက်နှာကာ တပ်ထားတဲ့ မိန်းကလေးတစ်ယောက် အမြင့်ပေ၃၀ပေါ်က သစ်ပင်ပေါ်မှာ ပြုတ်ကျလာတာ

ကိုတွေ့နိုင်ပါတယ်။ သူမက မြေပေါ်ကို ဖင်နဲ့ကျသွားခဲ့ပြီး ``အိယား’’ ဟုအော်ဟစ်သံထွက်လာခဲ့တယ်။

သူမမြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်လိုက်တာ တော်တော်လေး ကံကောင်းသွားခဲ့တယ်။ သစ်ပင်ပေါ်ကပြုတ်ကျတဲ့အချိန်မှာပဲ အကျသက်သာစေဖို့ သူမရဲ့စွမ်းအင်တွေကို လည်ပတ်လိုက်တယ်။ အဲ့လိုမှမဟုတ်ရင် အကျသက်သာမှာ မဟုတ်ပေ။ သူမရဲ့တင်ပါးတွေက နာကျင်နေပြီး ကြွက်သားတွေကလည်း တောင့်တင်နေရုံသာမက ရေနွေးငွေ့ထွက်လောက်အောင် ပူလောင်နေခဲ့ပါတယ်။

သူမနာကျင်မှုကို သည်းခံပြီး မတ်တပ်ရပ်လိုက်တဲ့ အချိန်မှာပဲ သူမရဲ့ ခြေထောက်နှစ်ချောင်းက တုန်ရင်နေခဲ့ပါတယ်။ ရှနင်းချန်က တော်တော်လေး ထိတ်လန့်သွားခဲ့ပြီး ဘေးပတ်ဝန်းကျင်မှာ

တစ်ယောက်မှ မရှိတော့မှပဲ စိတ်သက်သာရာ ရသွားခဲ့တယ်။

ဒီမြင်းကွင်းကိုသာ တစ်စုံတစ်ယောက်က မြင်သွားခဲ့ရင် သူမအတွက် အရှက်ရစရာ ဖြစ်လာမှာအမှန်ပင်။

သူမရဲ့စွမ်းအင်တွေကို လှည့်ပတ်လိုက်ပြီး တင်ပါးက နာကျင်မှုကို သက်သာအောင်လုပ်လိုက်တယ်။သူမရဲ့ မျက်လုံးတွေက တလက်လက် တောက်ပနေပြီး ရန်ကိုင်ရဲ့ ခွန်အားအကြောင်းကို

မစဉ်းစားမနေနိုင် ဖြစ်သွားခဲ့တယ်။

သူရက်အနည်းငယ်ပျောက်သွားရုံနဲ့ သူ့ခွန်အားတွေက

ဘာလို့ အဲ့လောက်ကြီး မြင့်တက်သွားရတာလဲ။

ဒီမြင်ကွင်းကို ကိုယ်တွေ့ကြုံခဲ့တဲ့ သူတွေကလည်း ရှနင်းချန်နဲ့ မခြားနားပါဘဲ။ သူတို့ရဲ့ ကျင့်ကြံခြင်း

အဆင့်က သူမထက် အများကြီး ပိုနိမ့်ကျနေတဲ့အတွက် ဒီကိစ္စရဲ့ အမှန်တရားကို မသိနိုင်ခဲ့ပါဘူး။ ရန်ကိုင် တိုက်ခိုက်လိုက်တဲ့ အချိန်မှာပဲ ရန်ကိုင်ရဲ့ အတွင်းအားတွေ ပေါက်ကွဲထွက်လာတဲ့အတွက်

သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ခန္ဓာသန့်စင်ခြင်းအဆင့် ၄ဆိုတာ ဖော်ပြနေခဲ့တယ်။ ထို့ပြင် သူ့ရဲ့ တကယ့်ခွန်အားက အဆင့်၄ကိုတောင် ကျော်နေနိုင်ပါတယ်။ဒါပေမယ့် လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက သူခန္ဓာသန့်စင်ခြင်းအဆင့်၃မှာ မဟုတ်ဘူးလား။

အစုတ်ပလုတ်ကောင်… ဒီကောင်က သူ့ခွန်အားကို ဖုံကွယ်ထားရုံမကလို့ လူတိုင်းကိုလည်း

ထိတ်လန့်အောင် လုပ်လိုက်ပြီး ငါ့ကိုတောင် သစ်ပင်ပေါ်က ပြုတ်ကျအောင်လုပ်လိုက်သေးတယ်။

မသိလိုက်မသိဘာသာပဲ ရှနင်းချန်က သူမသစ်ပင်ပေါ်က ပြုတ်ကျတဲ့အတွက် မကျေနပ်ချက်တွေ အကုန်လုံးကို ရန်ကိုင်အပေါ် ပုံချလိုက်ပါတယ်။ရန်ကိုင်က ရှနင်းချန် ပုန်းနေတဲ့ နေရာကို ကြည့်လိုက်တယ်။ သူမပြုတ်ကျတဲ့ အချိန်မှာ ရန်ကိုင်က

အော်ဟစ်သံ တိုးတိုးလေးကို ကြားလိုက်ရပေမယ့် သူတို့နှစ်ယောက်ကြားက အကွာအဝေးက တော်တော်ဝေးတဲ့အတွက် သူ သူမကိုမတွေ့လိုက်ပေ။ သူဘာမှ ထူးဆန်တာမတွေ့လိုက်ရသဖြင့် သူနောက်ထပ် မစူးစမ်းတော့ပါ။

မျက်မှောင်ကြုံ့လိုက်ပြီး သူ့ရဲ့ဆုပ်ထားတဲ့ လက်သီးကို ကြည့်ကာ မကျေမနပ် ဖြစ်သွားခဲ့တယ်။တကယ်ပဲ ရန်ကိုင် မကျေနပ်ခဲ့ပေ။ ဒါက ရွှေရောင် အရိုးခြောက်ကို ရရှိပြီးကတည်းက လူသား

တစ်ယောက်နဲ့ တိုက်ရတဲ့ သူ့ရ့ပထမဆုံးတိုက်ပွဲ ပဲဖြစ်တယ်။ သူရဲ့ခွန်အားကို သေသေချာချာ

မထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် ကျောင်းဟူလွင့်ပျံ ထွက်သွားခဲ့ရခြင်း ဖြစ်ပါတယ်။ ပြီးတော့ သူ့ပြိုင်ဘက်ကို နောက်သို့ ခြေလှမ်းအနည်းငယ်ပဲ ဆုတ်သွာအောင် လုပ်ဖို့ ကြံရွယ်ထားသော်လည်း သူ့ခွန်အားကသူစိတ်ကူးထားတာထက် အများကြီး ပိုအားကောင်းနေခဲ့ပါတယ်။

စုမူက အရင်ဆုံး အသိပြန်ဝင်လာခဲ့တယ်။ သူက ရန်ကိုင်ကို လက်ညှိးထိုးလိုက်ပြီး အော်လိုက်တယ်

``မင်းလှည့်စားလိုက်တာ’’

ရန်ကိုင်က လှည့်ကြည့်လိုက်ပြီး စုမူကို တည်တည်ငြိမ်ငြိမ်ပဲ ကြည့်လိုက်တယ် ``ဂိုဏ်းတူတပည့်စု ၊

မင်းစားချင်တာကို စားနိုင်ပေမယ့် စကားကိုတော့ လက်လွတ်စပယ် မပြောသင့်ဘူး။ ငါဘယ်တုန်းက လှည့်စားလိုက်တာလဲ’’

စုမူက ပြောစရာ စကားမဲ့သွားခဲ့တယ်။ အဲ့ဒါမှန်ပါတယ်။ သူဘယ်တုန်းက လှည့်စားလိုက်တာလဲ။

ကျောင်းဟူက ထိုနေရာမှာ ရည်ရွယ်ချက်ရှိရှိ ရပ်နေပြီး သုံးကွက်အကျောပေးမယ်လို့ လူသိရှင်ကြား

ပြောခဲ့တာပဲ။ မမျှော်လင့်စွာနဲ့ပဲ ကျောင်းဟူက ရန်ကိုင်ကို သုံးကွက်အတွင်း ရှုံးနိမ့်သွားခဲ့ရတယ်။ လူအုပ်ကြီးရဲ့ အကြည့်

အောက်မှာ သူဘယ်လိုလုပ် လှည့်စားနိုင်မှာလဲ။

``သခင်လေးစု၊ ငါတို့ ရထားတဲ့ သတင်းတွေက မှားနေတယ်ထင်တယ်။ ဒီကောင်ကခန္ဓာသန့်စင်ခြင်း အဆင့်၃မှာ မဟုတ်ဘူး။ သူအဆင့် ချိုးဖျက်သွားပြီးလောက်ပြီ။ မဟုတ်ရင်

ဘယ်လိုလုပ်ပြီး ကျောင်းဟူကို နိုင်မှာလဲ’’ စုမူအဖွဲ့ထဲက မျက်စိစူးရှပြီး လိမ္မာပါးနပ်တဲ့ တပည့်တစ်ယောက်က ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို မြန်မြန်ဆန်ဆန် နားလည်သွားပြီး စုမူကို

တိုးတိုးလေး ပြောလိုက်တယ်။

``ဒါက ဒီလိုလား’’ စုမူ ခေါင်းညိတ်လိုက်တယ်။ ဒါပေမယ့် သူ့မျက်နှာကတော့ မဲမှောင်နေတုန်းပါပဲ။

``ကျောင်းဟူက မောက်မာလွန်းတယ်။ သူသာ ပြန်တိုက်ခဲ့ရင် ရှုံးမှာ မဟုတ်ဘူး’’စုမူ ရဲ့စိတ်ထဲမှာကတော့ ကျောင်းဟူရှုံးတာက သူ့ရန်သူကို အထင်သေးတာကြောင့်လို့တွေးနေခဲ့တယ်။ ရန်ကိုင် ဘယ်လောက်ပဲ အဆင့်တက်တက် အများဆုံးမှ ခန္ဓာသန့်စင်ခြင်း

အဆင့်၄ပဲ ရောက်လိမ့်မယ်လို့ စုမူ ယုံကြည်နေပြီး ကျောင်းဟူသာ ပြန်တိုက်ခဲ့ရင် အပြတ်အသတ် ရှုံးနိမ့်တဲ့သူက ရန်ကိုင်ပဲ ဖြစ်နေလိမ့်မယ်လို့လည်း ယုံကြည်နေခဲ့တယ်။

``ညီအစ်ကို ရန်ကိုင်၊ မင်းရဲ့ ခွန်အားကို ကောင်းကောင်း ဖုံးကွယ်ထားနိုင်တာပဲ’’ စုမူက ရန်ကိုင်

ကို အေးစက် သုန်မှုန်စွာ ကြည့်ရင်ပြောလိုက်တယ်။ ဒီနေ့ သူလက်စားချေတာ ရှုံးနိမ့်ခဲ့တဲ့အတွက်သူ့စိတ်ထဲက မကျေနပ်ချက်တွေက ပျောက်ကွယ်မသွားခဲ့ပေ။

ရန်ကိုင်က ပခုံးတွန့်ပြလိုက်တယ်။

``ဒီကိစ္စကို နောက်တစ်ကြိမ်မှာ ရှင်းကြတာပေါ့။ နောက်တစ်ကြိမ်ဆိုရင်တော့ မင်းဒီလောက်ကံကောင်းနိုင်တော့မှာ မဟုတ်ဘူး’’ စုမူက ရန်ကိုင်ကို အေးစက်စက် ပြောလိုက်တယ်။

ထို့နောက်သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး သတိလစ်နေတဲ့ ကျောင်းဟူကို သယ်ကာ သူ့လူတွေကို ပြန်ဖို့

အချက်ပြလိုက်တယ်။ သူမသွားခင် ရန်ကိုင်ကို ခါးသီးစွား တစ်ချက်ကြည့်လိုက်တယ်။ရန်ကိုင်က စိတ်ထဲမထားသော်လည်း သူနဲ့စုမူကြားက အမုန်းတရားကတော့ ဆက်ရှိနေမှာပဲ

ဖြစ်တယ်။ ဒါပေမယ့် ကောင်းကင်စံအိမ်မှာ ဘယ်သူမဆို ကောင်းကင်စံအိမ်ရဲ့ စည်းမျဉ်းကိုလိုက်နာရမှာပဲဖြစ်တယ်။ ဒါကြောင့် တစ်ယောက်ယောက်ကို တိုက်ခိုက်ချင်တယ်ဆိုရင်

စည်းကမ်းဘောင် အတွင်းမှသာ လုပ်ဆောင်ရမှာပဲ ဖြစ်တယ်။

ထို့အပြင် သူအခြားသူတွေနဲ့ ယှဉ်ပြိုင်ဖို့လည်း လိုအပ်ပါသေးတယ်။ အဲ့ဒါမှ သူ့ရဲ့ခွန်အားအစစ်အမှန်ကို သိနိုင်မှာပဲဖြစ်တယ်။ ရန်ကိုင်အတွက်ကတော့ သူနဲ့စုမူကြားက ရန်ငြိုးတွေက

အဆိုးထဲက အကောင်းပင်။

ဒီနေ့တိုက်ပွဲက စိတ်ဝင်စားစရာ မကောင်းခဲ့ပေ။ ဒါကြောင့် ရန်ကိုင် တော်တော်လေး မကျေမနပ်ဖြစ်နေခဲ့တယ်။

စုမူထွက်သွားတာနဲ့ လူအုပ်ကြီးလည်း ထွက်သွားခဲ့တယ်။ တရားမဝင်တပည့် ရန်ကိုင်က သူ့ရဲ့ပထမဆုံးအောင်မြင်မှုကို ရယူနိုင်ခဲ့လေပြီ။ ထိုပြိုင်ပွဲက တော်တော်လေးကို မြန်လွန်းသော်လည်း ဒါက သူ့ရဲ့ ပထမဆုံးအောင်မြင်မှုပင်။

Martial Peak

အပိုင်း(၂၃) မယုံကြည်နိုင်ဖွယ်ကောင်းတဲ့ ပစ္စည်းတစ်ခု

ရန်ကိုင်နဲ့ ကျောင်းဟူကြားက တိုက်ပွဲက ကောင်းကင်စံအိမ်မှာ ခုလောလောဆယ် ရေပန်းအစားဆုံးဖြစ်နေခဲ့ပါတယ်။ အချို့ဆိုရင် တိုက်ပွဲအကြောင်းကို သိရဖို့ ရန်ကိုင်နဲ့ ကျောင်းဟူတိုက်တာကို

မြင်ခဲ့ရတဲ့သူတွေကို လိုက်မေးကြပါတယ်။ စုမူ ရဲ့ အဆင့်အတန်း ကြောင့်သာမဟုတ်ရင် ဒီသတင်းကကမ္ဘာအဆုံးထိ ပြန့်နေပါပြီ။

ဒါပေမယ့် ဒီကိစ္စမှာ စုမူက ပါဝင်ပက်သက်နေတဲ့အတွက်

စံအိမ်တပည့်တွေက ထိုတိုက်ပွဲအကြောင်းကို တိုးတိုးတိတ်တိတ်သာ ပြောဆိုခဲ့ကြပါတယ်။ရန်ကိုင်ရဲ့ တဲ့အိမ်လေးကတော့ နောက်ဆုံး ပြန်လည် တိတ်ဆိတ် ငြိမ်သက်သွားခဲ့ပါပြီ။

ကောင်းကင်ကို ကြည့်ရင်း ရန်ကိုင်စိတ်ဓာတ်ကျလာခဲ့တယ်။ စုမူက သူ့ကိုပြဿနာ လာရှာတဲ့အတွက်ခန္ဓာသန့်စင်ခြင်းမှတ်တမ်းကို လေ့ကျင့်ဖို့ သူရဲ့ အဖိုးတန်တဲ့ အချိန်လေးကို ဆုံးရှုံးလိုက်ရခဲ့လေပြီ။ အဲ့အတွက်သူတော်တော် နောင်တရနေခဲ့တယ်။

သူ့ရဲ့ စုတ်ပြဲ နေတဲ့ အဝတ်တွေကို ချွတ်လိုက်ပြီး ရန်ကိုင်က သူ့နေတဲ့တဲဘေးက ရေကန်လေးဆီကိုသွားပြီး ရေချိုးဖို့ လုပ်လိုက်တယ်။ ဒီအတောအတွင်း သူလေနက်တောင်မှာ လှည့်ပတ်သွားနေပြီးပန်းပွင့်ပုံ ပင့်ကူနဲ့ တိုက်ခိုက်ခဲ့ရတဲ့အတွက် အခုဆိုရင် သူ့တစ်ကိုယ်လုံး ချဉ်စော်နံနေပါပြီ။

ရန်ကိုင်ရဲ့ ကျင့်ကြံခြင်းအဆင့် အစစ်အမှန်ကို သိချင်တဲ့အတွက် ရှနင်းချန်က ခိုးကြောင်ခိုးဝှက်နဲ့ ရန်ကိုင်ရဲ့ တဲပေါ်ကို တက်လာခဲ့တယ်။ သူမလှည့်ကြည့်လိုက်တဲ့အချိန်မှာ သူမ

တွေ့လိုက်ရတာကတော့ အဖြူရောင် တင်ပါးတွေပါပဲ။ ရန်ကိုင်က အဝတ်တွေကိုချွတ်ထားပြီး ရေကန်ထဲကို ဒိုင်ဗင်ထိုးချဖို့ အဆင်သင့် ဖြစ်နေခဲ့ပါပြီ။ ရှနင်းချန်ရဲ့ မျက်နှာလေးက ချက်ချင်းပဲ နီရဲသွားခဲ့တယ်။ သူမရဲ့ ကျင့်ကြံခြင်းအဆင့် မြင့်မား

သော်လည်း သူမက မိန်ကလေးတစ်ယောက် ဖြစ်နေတုန်းပင် ။ တင်ပါးမပြောနဲ့သူမက ယောက်ျားတစ်ယောက်ရဲ့ ပေါင်တံကိုတောင် မြင်ဖူးသူမဟုတ်ပေ။ ဒီမြင်းကွင်းကိုမြင်ပြီး သူမမရှက်ဘဲ ဘယ်လိုလုပ်နေမှာလဲ။

စိတ်တိုစရာ ကောင်းလိုက်တာ…. ရှနင်းချန်း နှလုံးခုန်မြန်လာပြီး ချက်ချင်းပဲ ပုန်းလိုက်ပါတယ်။ ဘယ်လိုတောင်…..ငါဒီနေ့…..ဒီနေ့ ဘာလို့ ကံအရမ်းဆိုးနေတာလဲ။ ကောင်မလေးရဲ့

မျက်နှာသေးသေးလေးပေါ်မှာ မျက်ရည်တွေ စီးကျနေခဲ့တယ်။ ရန်ကိုင်ရဲ့ လျှို့ဝှက်ချက်ကိုတောင်မရှာနိုင်တော့ဘဲ ခြေဆောင့်က မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားပါတော့တယ်။

အကျင့် မကောင်းတဲ့ကောင်။ ဝင်ခွင့်ဆေးတဲ့ ဆရာတွေက တော်တော် ပေါ့ပျက်ပျက်နိုင်ကြတာပဲ။

နေ့ဘက်ကြီးမှာတောင် အဝတ်တွေ အကုန်ချွတ်ရဲတာက တော်တော်အရှက်မရှိတာပဲ ။ အရမ်း

အရှက်မဲ့လွန်းတယ်။

ကန်ထဲမှာ ရေချိုးရင်း ရန်ကိုင်က သူ့ခန္ဓာကိုယ်ကို စစ်ဆေးနေခဲ့တယ်။

သူခန္ဓာသန့်စင်ခြင်းမှတ်တမ်းကို စလေ့ကျင့်ကတည်းက သူ့ကြွက်သားတွေက ပိုပြီးကျစ်လစ်

တောင့်တင်းသန်မာ လာခဲ့ပါတယ်။ သူက ပိန်တယ်ဆိုပေမယ့် ပိန်သင့်တဲ့နေရာမှသာ ပိန်တာပါ။ ထို့ပြင် မနေ့တုန်းက ပန်းပွင့်ပုံးပင့်ကူနဲ့ တိုက်ခိုက်ရင်း ရခဲ့တဲ့ ဒဏ်ရာတွေက အခုဆိုရင် အမာရွတ်တွေ ဖြစ်ကုန်ပါပြီ။ ပန်းပွင့်ပုံ ပင့်ကူရဲ့ ခြေထောက်ကြောင့် ရခဲ့တဲ့ သူ့လက်မောင်းက ဒဏ်ရာကသာ မပျောက်သေးပဲ ထိုနေရာကနေ နာကျင်မှု ခံစားနေရတုန်းပင်။

ဘာပဲဖြစ်ဖြစ် ပင့်ကူခြေထောက်က သူ့လက်မောင်းကို ဖောက်ထွက်သွားခဲ့တာလေ… ဒါကြောင့် သူပြန်မကောင်း သေးတာကလည်း ပုံမှန်ပါပဲ။ ဒါပေမယ့် ထိုဒဏ်ရာက သူထင်ထားသလောက် မပြင်းထန်ခဲ့ပေ။

ရက်နည်းနည်းလောက် ကုသလိုက်ရုံနဲ့တင် ပျောက်ကင်း နိုင်ပါတယ်။

ထိုပင့်ကူနဲ့ သေရေးရှင်ရေးတိုက်ပွဲ အကြောင်းကို ပြန်စဉ်းစားရင်း ရန်ကိုင် စိတ်လှုပ်ရှားလာခဲ့တယ်။

ဘာကြောင့်မှန်းမသိဘဲ အခြေအနေတစ်ခု က ပိုပြီးအန္တရာယ်များလေ၊ သူပိုပြီး စိတ်အားထက်သန်လာပြီး စိတ်လှုပ်ရှားလေ ဖြစ်တယ်။ သူ့မှာ ဒီလို စရိုက်မျိုးရှိနေခဲ့တယ်။ သူက သူတစ်ပါးနာကျင်ဒုက္ခရောက်နေတာကို သာယာ ကြည်နူးတဲ့သူလား။ ဆယ်နှစ်ကျော်လောက် နေထိုင်ပြီးနောက် သူနိုးထလာခဲ့တာလား။

အဲ့အကြောင်းကို တွေးလိုက်တဲ့အချိန်မှာ သူအသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီး ရေထဲကို ငုံ့သွားခဲ့ပြီး တော်တော်ကြာတဲ့အထိ ပြန်ပေါ်မလာခဲ့ပေ။

သူမှာ လုပ်စရာတွေ အများကြီးရှိသေးသောလည်း ရန်ကိုင် ရေအရင် ချိုးလိုက်တယ်။ သူအဝတ်ဝတ်လိုက်ပြီးနောက် တံမြက်စည်း စလှည်းပါတော့တယ်။ဘာပဲဖြစ်ဖြစ် ဒါက ကောင်းကင်စံအိမ်မှာ သူလုပ်ရမယ့် အလုပ်ပဲလေ.. ပြီးတော့ သူက ဒီအလုပ်ကို

လက်ခံထားတဲ့အတွက် သူအကောင်းဆုံး ပြီးမြောက်အောင် လုပ်ရမှာက သူ့တာဝန်ပင်။

တံမြက်စည်း လှည်းနေတဲ့အချိန်မှာ သူ့ကိုကြည့်နေတဲ့ စံအိမ်တပည့်တွေရဲ့ အကြည့်တွေက ထူးခြားနေတာကို

သူသတိပြုမိလိုက်တယ်။ သူတို့က မနက်က ရန်ကိုင်နဲ့ ကျောင်းဟူရဲ့ တိုက်ပွဲကို ကြည့်လိုက်ရတဲ့သူတွေဖြစ်ပြီး သူတို့စိတ်ထဲမှာ သံသယတွေနဲ့ ပြည့်နေခဲ့တာက သဘာဝပ ရန်ကိုင်က ဘာလို့ ကျောင်းဟူကိုသတိလစ်သွားအောင် လုပ်နိုင်လဲဆိုတာလည်း သူတို့ မသိခဲ့ပေ။

ရန်ကိုင်က အေးအေးဆေးဆေးပဲ သူ့အလုပ်ကို ဆက်လုပ်နေခဲ့တယ်။

အလုပ်လုပ်ပြီးတဲ့ အခါမှာတော့ တဲဆီပြန်လာပြီး သူ့အိတ်ထုတ်ကို ဖွင့်လိုက်တယ်။ ထို့နောက် ဆေးပင်တွေကို ထုတ်လိုက်ပြီး အရွက်သုံးရွက် ပရမ်းပတာ ဝိဥာဉ်ပန်းပွင့်နဲ့ ဂျဲဒီဆေးပင်တွေကို

ယူလိုက်ကာ ကျန်ဆေးပင်တွေကို အိတ်ထဲပြန်ထည့်ထားလိုက်တယ်။

ကျန်တဲ့ဆေးပင်တွေက သူ့အတွက် လုံးဝ အသုံးမဝင်တဲ့အတွက် ထောက်ပံ့ရေးခန်းမမှာအမှတ်နဲ့ ပြန်လဲရပါလိမ့်မယ်။

ထိုဆေးပင်တွေကို ယူပြီးသူ ထွက်သွားဖို့ လုပ်နေတုန်းမှာပဲ သူရပ်လိုက်တယ်။ နောက်တစ်ကြိမ်ပြန်စဉ်းစားလိုက်ပြီး သူ့ရဲ့ စုတ်ပြဲပြီး သွေးစွန်းနေတဲ့ အဝတ်တွေကို ပြန်ဝတ်လိုက်တယ်။

သူ့မျက်နှာကိုပါ ညစ်ပတ်အောင် လုပ်ပြီးတော့မှ ထောက်ပံ့ရေးခန်မဆီ ဦးတည်လိုက်တယ်။

ထောက်ပံ့ရေးခန်းမမှာ ဘဏ္ဏာထိန်းမန်က ကောင်တာနောက်မှာ တင်ပလင်ခွေထိုင်ကာ လက်ဖက်ရည်ခွက်ကိုင်ရင်း သီချင်းညည်းနေခဲ့တယ်။ရုတ်တရက် ခန်းမရှေ့မှာ လူတစ်ယောက်ရောက်လာခဲ့တယ် ။ လူအိုကြီးမန်က သူ့ခေါင်းကို

ပျင်းရိပျင်းတွဲ မလိုက်ပြီး ဒီကို လာရဲတဲ့ တပည့်ကို ဆူပူကြိမ်းမောင်းဖို့ ပြင်နေစဉ်မှာပဲ သူ့မျက်လုံးပြူးကျယ်သွားခဲ့တယ်။ မနက်အစောကြီး တစ်စုံတစ်ယောက် သူငြိမ်းငြိမ်းချမ်းချမ်း အနားယူနေတာကို

လာနှောင့်ယှတ်ရဲတယ်။ အဲ့အချိန်မှာ ရန်ကိုင်ရဲ့ ပုံစံက ဖွတ်ဖွတ်ညက်ညက် ကြေနေပုံပေါက်ပြီး

သူအဝတ်တွေကလည်း စုတ်ပြဲနေတဲ့အတွက် သူ့ရဲ့ ခြေထောက်နှစ်ချောင်းကိုတောင် အထင်းသား

မြင်နေရပါတယ်။

ဝင်ပေါက်က မိန်းကလေးနှစ်ယောက်က ရန်ကိုင်ရဲ့ ပုံစံကို တွေ့ပြီး ထိတ်လန့်တကြားအော်ဟစ်ထွက်ပြေးသွားခဲ့တယ်။

ဘဏ္ဏာထိန်းမန်က ကော သူ့ကိုယ်သူ ထိန်းချုပ်နိုင်မှာလား။ တောင်တွေ၊ ပင်လယ်တွေကိုဖြတ်ကျော်လာတောင် သူ့ပုံစံက မထုံတတ်တေး ပုံစံဖြစ်နေတုန်းပင် ။ မြို့လုံးကျွတ်

သတ်ဖြတ်ခံရရင်တောင် ဂရုစိုက်မယ့် ပုံစံမျိုးမဟုတ်ပေ။ ဒါပေမယ့် အဲ့အချိန်မှာပဲ သူသောက်နေတဲ့လက်ဖက်ရည်တွေကို ထွေးထုတ်မိသွားခဲ့တယ်။ ဘယ်လောက်တောင် ဆိုးရွားတဲ့ မြင်ကွင်းပါလိမ့်။

``ရန်ကိုင်လေး ၊ မင်းပုံစံက ဘယ်လိုဖြစ်နေတာလဲ’’ ဘဏ္ဏာထိန်းမန်က ထိတ်လန့်နေပြီးမြန်မြန် မတ်တပ်ရပ်လိုက်တယ်။ ရန်ကိုင်ကို ကြည့်ရင်း သူဆွံ့အနေခဲ့တယ်။ရန်ကိုင် ကောင်တာဆီသို့ ပြေးသွားလိုက်ပြီး ပြန်မဖြေခင် အသက်တဝကြီးရှုလိုက်တယ် ``ကျုပ်ပြန်လာပြီ’’

`` တော်တော် ခက်ခဲခဲ့တယ်မလား’’ ဘဏ္ဏာထိန်းမန်က ရန်ကိုင်ကို သနားသွားခဲ့တယ်။ သူဒီကိုလာခဲ့တဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျန်းကျန်းမာမာ ရှိနေတုန်းပင် ။ ဒါပေမယ့်

လေနက်တောင်ကို သွားပြီး ပြန်လာတဲ့ အချိန်မှာတော့ သူ့ပုံစံက လူမဟုတ်၊ သရဲမဟုတ်ပုံစံ ဖြစ်နေပြီး

တော်တော်လေး ကြောက်စရာကောင်းတဲ့ ပုံစံဖြစ်နေခဲ့ပါတယ်။

``အင်း၊ ကျုပ် အန္တရာယ်အကြီးကြီးနဲ့ ရင်ဆိုင်ခဲ့ရတယ်’’ ခေါင်းညိတ်ရင်း ရန်ကိုင်က ပြောလိုက်တယ်။ သူမြန်မြန်

ဆန်ဆန်ပဲ သူ့အိတ်ကို ဖွင့်လိုက်ပြီး အိတ်ထဲက ဆေးပင်တွေကို ညွှန်ပြလိုက်တယ်`` ဒါပေမယ့်လည်း

ကောင်းကောင်း ရိတ်သိမ်းနိုင်ခဲ့တယ်လေ။ ဘဏ္ဏာထိန်းမန်၊ ထောက်ပံ့ရေးခန်းမမှာ ဒီဆေးပင်တွေကိုအမှတ်နဲ့ လဲလို့ရတယ်မလား’’

ထိုဆေးပင်တွေကို ကြည့်ရင် ဘဏ္ဏာထိန်းမန် မျက်ခုံး မြင့်သွားခဲ့ပါပြီ။ ထိုဆေးပင်တွေက သာမန်အဆင့်နိမ့် ဆေးပင်တွေသာ ဖြစ်ပြီး ဘာမှသိပ်ပြီး တန်ဖိုးမရှိပေ။ ထိုဆေးပင်တွေက

ထောက်ပံ့ရေးခန်မမှာ ပေါသောနေပြီး သူလက်ခံလိုက်ရင်တောင် ထားဖို့ နေရာမရှိပေ။

သူငြင်းဖို့လုပ်နေစဉ်မှာပဲ ရန်ကိုင်မျက်လုံးထဲက မျှော်လင့်ချက်ကို မြင်လိုက်ပြီး သူ့အဝတ်အစားတွေကို

နောက်တစ်ကြိမ် ကြည့်လိုက်တယ်။ သူစိတ်ပျော့သွားပြီး

``အိုး၊ ငါလက်ခံလိုက်ပါ့မယ်။

ဆေးပင်နှစ်ပင်စီတိုင်းကို အမှတ်တစ်မှတ်နဲ့ ငါလဲပေးနိုင်တယ်’’

``ကောင်းပြီ၊ အဲ့ဒါဆိုရင် ရေကြည့်လိုက်ပါဦး’’ ဈေးမဆစ်တော့ဘဲ ရန်ကိုင်က လွယ်အိတ်ကို ရှေ့တိုး ပေးလိုက်တယ်။

ဘဏ္ဏာထိန်းမန်က ဆေးပင်တွေကို ရေတွက်လိုက်တယ်။ ဆေးပင်၃၂ ပင်¬- စုစုပေါင်း ၁၆မှတ်သူချက်ချင်းပဲ မှတ်စုစာအုပ်ထဲမှာ မှတ်သားလိုက်တယ်။

``မင်း လေနက်တောင်မှာ သုံးရက်တောင် နေခဲ့ပြီး ဒါပဲရခဲ့တာလား’’ ဘဏ္ဏာထိန်းမန်က သာမန်ကာလျှံကာမေးလိုက်တယ်။

``ဒီလောက်ရတာတောင် တော်တော်လေး ကောင်းနေပြီ’’ ရန်ကိုင်က ပတ်ပတ်လည်ကိုသေချာကြည့်ရင်း ပြောလိုက်တယ်။

``ဟဲဟဲ၊ မဆိုးပါဘူး’’ ဘဏ္ဏာထိန်းမန်က ရန်ကိုင် ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို သိပြီးနောက်သူ့ကို ရေအေးလောင်းပေးဖို့ မမေ့ခဲ့ပါဘူး။ ဒီကလေးရဲ့ ပါရမီက မကောင်းပေမယ့်လည်း

သူက အလုပ်ကြိုစားပါတယ်။ ခုနောက်ပိုင်း ဒီလိုကြိုးစားတဲ့ လူငယ်တွေကို တွေ့ရဖို့ တော်တော်လေးကို ခက်ခဲပါတယ်။ သူရဲ့ပါရမီက ညံ့ဖျင်းပြီး သူ့ကံကြမ္မာက နိမ့်ကျနေတဲ့အတွက် အနာဂတ်မှာဘာအောင်မြင်မှုမှ မရမှာကတော့ တော်တော်လေး သနားစရာကောင်းနေခဲ့ပါတယ်။

သူထိုအကြောင်း တွေးနေရင် ရန်ကိုင်ရဲ့ မျက်လုံးတွေက ပတ်ပတ်လည်ကို လိုက်ကြည့်နေတာကိုတွေ့လိုက်ရတဲ့အတွက် သိချင်းစိတ်ပြင်းပြစွာနဲ့ မေးလိုက်တယ်``မင်းဘာကို ကြည့်နေတာလဲ’’

ထူးခြားဆန်းကြယ်စွားပဲ ရန်ကိုင်က အရှေ့ကို မှီလိုက်ပြီး အသံတိုးတိုးနဲ့ ပြောလိုက်တယ်

``ဘဏ္ဏာထိန်းမန်၊ ကျုပ်တောင်ပေါ်ကို သွားတုန်းက မယုံကြည်နိုင်ဖွယ်ကောင်းတဲ့ ပစ္စည်းတစ်ခုကို

တွေ့ခဲ့တယ်’’ရန်ကိုင်ရဲ့ သတိထားနေတဲ့ပုံစံကို မြင်ပြီး ထိုအရာက သာမန်မဟုတ်ဘူးလို့ ဘဏ္ဏာထိန်းမန်ခံစားလိုက်ရတယ်။ သူလည်း ပိုလေးနက်လာပြီး တိုးတိုးလေး ပြောလိုက်တယ်`` ဘာပစ္စည်းလဲ’’

`` ငါလည်းမသိဘူး။ ဒါပေမယ့် ငါအဲ့ဒါကို ပြန်သယ်လာခဲ့တယ်။ လူအိုကြီး၊ ခင်ဗျားကအတွေ့အကြုံရှိပြီး ဗဟုသုတ လည်းကြွယ်တာပဲ။ ဒါကြောင့် ခင်ဗျား အဲ့ဒါကို သိမှာ

သေချာပါတယ်’’ သူပြောရင်း ထိုအရာကို လွယ်အိတ်ထဲက ထုတ်လိုက်ပြီး ကောင်တာပေါ် တင်ပေးလိုက်တယ်။

Martial Peak

အပိုင်း (၂၄) မြေကမ္ဘာအဆင့်နိမ့် သွေးမှို

ဘဏ္ဏာထိန်းမန်က ရန်ကိုင်ရဲ့မျက်နှာမှာ စိုးရိမ်မှုတွေနဲ့ ရှက်ရွံ့မှုတွေကို တွေ့လိုက်ရတယ်။ သူမသိလိုက် မသိဘာသာပဲ သတိထားလိုက်ပြီး လွယ်အိတ်ကို ဖြေးညှင်းစွာ ဖွင့်လိုက်ကာ အထဲက ပစ္စည်းကို အာရုံးစူးစိုက်ပြီး ကြည့်လိုက်တယ်။ ထိုအရာက ပန်းကန်လုံးအရွယ်ရှိတဲ့ အနက်နီရောင် မှိုတစ်ပွင့်ဖြစ်ပြီး ထိုမှိုက ကောင်းကင်နဲ့ မြေပြင်အရှိန်အဝါတွေကို ထုတ်လွှတ်နေပြီး သာမန်မှိုတွေနဲ့မတူ တစ်မူထူးခြားနေခဲ့ပါတယ်။

``…..’’ ဘဏ္ဏာထိန်းမန်က အကြိမ်များစွား ချောင်းဟန့်လိုက်တယ်။

ကြောက်ကြောက်ရွံ့ရွံ့နဲ့ ရန်ကိုင်က ဘဏ္ဏာထိန်းမန်ကို ကြည့်လိုက်ပြီး မေးလိုက်တယ်

``အဲ့ဒါက ဘာလဲ’’

ဘဏ္ဏာထိန်းမန်က သူ့ကို တစ်မူထူးခြားစွာ ကြည့်လိုက်ပြီး ပြန်ဖြေမယ့်အစား မေးခွန်းထုတ်လိုက်တယ်

``မင်းဒါကို ဘယ်မှာတွေ့တာလဲ’’

‘‘တောင်ထဲက လိုဏ်ဂူတစ်ခုထဲမှာ တွေ့တာ။ ပြီးတော့ အဲ့ဒါကို စောင့်ကြပ်နေတဲ့ အဆင့်၁မိစ္ဆာသားရဲ တစ်ကောင်လည်း ရှိတယ်။ ငါ အဲ့ကောင်ကိုသတ်ပြီး အဲ့ဒါကို ယူလာတာ’’

ဘဏ္ဏာထိန်းမန် တုန်လှုပ်သွားခဲ့တယ်``မင်းမိစ္ဆာသားရဲ တစ်ကောင်နဲ့ တွေ့ခဲ့တာလား။ မင်းအန္တရာယ်ကင်းဇုံကို ကျော်သွားတယ်လို့တော့ ငါ့ကို မပြောနဲ့နော်’’

``ငါ အန္တာရာယ်ကင်းဇုံကို ကျော်ပြီး မသွာခဲ့ပါဘူး။ ဒါပေမယ့် အဲ့ကောင်က ဘာလို့ လေနက်တောင်ရဲ့အန္တရာယ်ကင်းဇုံ ထဲမှာ ရှိနေတာလဲဆိုတာတော့ ငါမသိဘူး’’ ရန်ကိုင်က မကျေမနပ် ပြန်ပြောလိုက်တယ်။ဘဏ္ဏာထိန်းမန် သက်ပြင်းချလိုက်တယ် ။ အဲ့လိုဖြစ်မယ်လို့ သူထင်ခဲ့ပြီးသားပင် ။ သူစိုးရိမ်တာက သူ့ရှေ့ ကောင်လေးအတွက် သူ့ကျင့်ကြံခြင်းအဆင့်နဲ့ အဆင့်၁မိစ္ဆာသားရဲကို

သတ်တာက တော်တော်လေးကို ခက်ခဲတဲ့ အလုပ်ဖြစ်မှာကိုပါ။

ဒီလိုငယ်ရွယ်တဲ့ အချိန်မှာတောင် ဒီသနားစရာ ကောင်လေးက လေနက်တောင်မှာ သုံးရက်အတွင်းမပြောပြနိုင်လောက်တဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရတယ်။ ပြီးတော့ အဲ့လောက်ကြုံခဲ့တာတောင်မှသူစုစုပေါင်း အမှတ်၁၆မှတ်ပဲ ရခဲ့တယ်။ ထို့ပြင် သူ့အသက်ကို နှုတ်ယူသွားနိုင်တဲ့ အဆင့်၁ မိစ္ဆာသားရဲတစ်ကောင်နဲ့လည်း ရင်ဆိုင်တိုက်ခိုက်ခဲ့ရပါသေးတယ်။ သူသာ အဲ့ဒါကို ပြောရမယ်ဆိုရင်တော့ ဒီအရာက….အာ့ ၊ဒီအရာက အရမ်းကို မှားယွင်းလွန်းတယ်၊ အရမ်းကို မှားယွင်းလွန်းတယ်။

ဘဏ္ဏာထိန်းမန်က သူ့ကိုပြန်မဖြေသေးဘဲ သူ့ရဲ့ ပြောင်းလဲနေတဲ့ မျက်နှာကို တွေ့လိုက်ရတဲ့အခါ သူတော်တော်လေး စိုးရိမ်သွားခဲ့တယ်။ သူမေးဖို့ လုပ်နေစဉ်မှာပဲ ဘဏ္ဏာထိန်းမန်က လက်ဖက်ရည်အိုးကို ကောက်ယူလိုက်ပြီး သောက်လိုက်တယ် ။ အဲ့နောက်မှာတော့ သူအပြုံးတစ်ခုကို ဖျစ်ညှစ်

ပြုံးလိုက်ပြီး ပြောလိုက်တယ် ``ကောင်စုတ်လေး၊ မင်းရဲ့ ကံက သိပ်မဆိုးပါဘူး’’

အဲ့စကားကို သူကြားလိုက်တာနဲ့ ရန်ကိုင်စိတ်ထဲက စိုးရိမ်ပူပန်မှုတွေ အကုန်းလုံး ပျောက်ကွယ်သွားခဲ့တယ်။ သူစိုးရိမ်တာက သူမေးလိုက်တဲ့ ပစ္စည်းက ဘာမှအဖိုးမတန်တဲ့ ပစ္စည်းဖြစ်နေမှာကိုပင် ။

အဲ့လိုဆိုရင် တော်တော်ရှက်ဖို့ ကောင်းမှာပါ။

``ဘဏ္ဏာထိန်းမန် ၊ အဲ့ဒါက အမှန်တကယ်ဘာလဲ။ အဲ့မှိုက အမှတ်ဘယ်လောက်လောက် လောက်တန်လဲ’’

ရန်ကိုင်က သူ့လက်ကို မျှော်လင့်တကြီး ပွတ်လိုက်ရင်း မေးလိုက်တယ်။

``အို….ဒါကို သွေးမှိုလို့ခေါ်တယ်။ အဲ့ဒါက တော်တော်ရှားတဲ့ ပါဝင်ပစ္စည်းတစ်ခုကွ။ အဲ့ဒါက သာမန်…’’ သူပြောလို့မပြီးခင် ရန်ကိုင်ရဲ့ စိတ်ဓာတ်ကျနေတဲ့ မျက်နှာကို မြင်ပြီး

သူ့စကားကိုပြန်ပြောင်းပြောလိုက်တယ်``မဟုတ်ဘူး..မဟုတ်ဘူး..အဲ့ဒါက မြေကမ္ဘာအဆင့်နိမ့်ဆေးပင်တစ်မျိုးပဲ။ အင်း..အဲ့ဒါက အမှန်တကယ်ကို မြေကမ္ဘာအဆင့်နိမ့် ဆေးပင်ပဲ။ အဲ့ဒါ

မှန်တယ်’’

ဒီလို လေသံအနေအထား ဖြစ်အောင် ပြောနေတဲ့ ဘဏ္ဏာထိန်းမန်က ထိုမှိုကို အမှန်ထင်ပြီး သူ့ကိုယ်သူ အရူးလုပ်ခါနီး ဖြစ်သွားခဲ့တယ်။

``မြေကမ္ဘာအဆင့်နိမ့် ဆေးပင်လား’’ ရန်ကိုင်က အံ့အားသင့်စွာ ပြောလိုက်တယ်။

``ဘဏ္ဏာထိန်းမန် ခင်ဗျားအမြင်မမှားတာ သေချာပါတယ်နော်’’

မျက်နှာတည်ကြီးနဲ့ ဘဏ္ဏာထိန်းမန်က ပြန်ပြောလိုက်တယ်``မင်းနောက်နေတာလား။ ဒီလူအိုကြီးရဲ့

ဘဝမှာ မိန်းမတွေ. အဟွတ်ဟွတ်…မှားလို့ ဆေးပင်တွေ အများကြီးကို ဆန်စစ်လေ့လာဖူးတယ်ကွ။

ဒီလို အတွေ့အကြုံရှိပြီး အသိဥာဏ်ကြွယ်ဝတဲ့ မျက်လုံးတွေက ဘယ်လိုလုပ်ပြီး မှားနိုင်မှာလဲ’’

``အဲ့မှိုက အမှတ်ဘယ်လောက်တန်လဲ’’ ရန်ကိုင်က အမှတ်ဘယ်လောက် ရနိုင်လဲဆိုတာကိုပဲ စိတ်ဝင်စားနေတာပါ…..

``၂၀လောက်တော့ တန်လိမ့်မယ်’’

``တော်တော် နည်းတာပဲ’’ ရန်ကိုင်က နည်းနည်းတော့ စိတ်ပျက်သွားခဲ့တယ်။ အဲ့ဆေးပင်ရဲ့ အဆင့်က သိပ်မမြင့်သော်လည်း အနည်းဆုံး အမှတ်၂၀ကျော်ကနေ အမှတ်၄၀လောက်ရမယ်လို့

သူထင်ခဲ့တာ။

``ဒါက သိပ်မနည်းဘူးကောင်လေး’’ ဘဏ္ဏာထိန်းမန်က သူ့အတွက် တော်တော်လေး တွေးပေးပြီးပြီလေ။ အဲ့ဒီနောက်မှာတော့ သူအကြောင်းပြချက် ကောင်းကောင်းတစ်ခု တွေ့လိုက်ပြီး

ပြောလိုက်တယ်``မင်းမှိုက မြေကမ္ဘာ အဆင့်ဖြစ်ပေမယ့် တော်တော်သေးပြီး သက်တမ်းနုသေးတယ်။ ဒါကြောင့် မင်းမှိုက အမှတ်၂၀လောက်ပဲ တန်တာ’’

``အိုး’’ သူငြင်းမနေတော့ပဲ လက်ခံလိုက်တယ်``အဲ့ဒါဆိုလည်း အမှတ်၂၀ပေါ့’’ခေါင်းညိတ်ရင်း ဘဏ္ဏာထိန်းမန်က သူ့ရဲ့ မှတ်စုစာအုပ်ထဲမှာ ရေးမှတ်ထားလိုက်တယ်။

တောင်ပေါ်ကို သွားတဲ့ခရီးက အရွက်သုံးရွက် ပရမ်းပတာ ဝိဥာဉ်ပန်းပွင့်နဲ့ ဂျဲဒီဆေးပင်တို့နဲ့ တင်တော်တော်လေး ကျေနပ်ဖို့ကောင်းနေပါပြီ။ သူကံကောင်းဖို့လည်း လိုအပ်ခဲ့ပြီး အခုအချိန်မှာတော့သူတော်တော်လေး မောပန်းနေပါပြီ။ ရန်ကိုင် ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်အဖြစ် တောင်ပေါ်သွားပြီး

ဆေးပင်ထပ်မရှာတော့ဖို့ ဆုံးဖြတ်လိုက်တယ်။

သူဆေးပင်တွေ စုဆောင်းရတဲ့အကြောင်းပြချက်က သူ့ကျင့်ကြံတဲ့နေရာမှာ အသုံးချဖို့ပဲလေ။အမှတ်နဲ့ ကျင့်ကြံခြင်း….ဘယ်ဟာက သူ့အတွက် ပိုအရေးကြီးလဲဆိုတာ သူသိပါတယ်..ပြီးတော့ သူလောဘကြောင့် စုံးလုံးကန်းသွားမယ့် လူမျိုးလည်း မဟုတ်ပေ။

အခုသူ့မှာ အရွက်သုံးရွက် ပရမ်းပတာ ဝိဥာဉ်ပန်းပွင့်တွေက လုံလုံလောက်လောက် ရှိနေပေမယ့် ဂျဲဒီသစ်ပင်မြက် ကတော့ တော်တော်လေး နည်းနေခဲ့ပါတယ်..သူ့မှာ..ငါးပင် ခြောက်ပင်လောက်

သာရှိတဲ့အတွက် သူကျင့်ကြံဖို့ဆိုရင် အမှတ်နဲ့ လဲလှယ်ရပေလိမ့်မည်။ ဒါတွေအားလုံးအတွက် သူပြင်ဆင်ထားပြီးပါပြီ။

သူ့စိတ်ထဲက အစီအစဉ်အတိုင်း ရန်ကိုင်က ပြောလိုက်တယ် ``ဘဏ္ဏာထိန်းမန်… ငါ့ကို ဂျဲဒီသစ်ပင်မြက် ဆယ်ပင်ပေးပါ’’

ဘဏ္ဏာထိန်းမန်က ရန်ကိုင်ကို ကြည့်လိုက်ပြီး ထိုဆေးပင်တွေကို ဘာကြောင့်လိုလဲ ဆိုတာကို စဉ်းစားနေပေမယ့် သူထုတ်မမေးခဲ့ပါဘူး… သူ ထိုင်ပဲ ထိုင်လိုက်ပြီး ပြောလိုက်တယ်`` သာမန် အဆင့်နိမ့်ဆေးပင် ဆယ်ပင်ကို ဆယ်မှတ်ကျတယ်… မင်းလိုချင်တာ သေချာလား’’

သူ့မျက်ခုံးတွေက သံသယနဲ့ ရှုံ့လိုက်ပြီး ရန်ကိုင်က မေးလိုက်တယ်``ဒါမမှန်ဘူး… ခင်ဗျားဆေးပင်၂ပင်ကို တစ်မှတ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား’’

``ဝယ်ဈေးက ဝယ်ဈေးလေ…ရောင်းဈေးနဲ့တော့ ဘယ်တူမလဲ’’ ဘဏ္ဏာထိန်းမန်က အပြုံးကြီး ပြုံးရင်း ကုန်သည်တစ်ယောက်ရဲ့ ဟန်ပန်နဲ့ ပြောလိုက်ပါတယ်။

ရန်ကိုင် ဘဏ္ဏာထိန်းမန်ကို ဒေါသတကြီး လက်ညှိးထိုးပြီး ``ခင်ဗျားက

ငါ့ဆေးပင်တွေကို ဈေးနှိမ်ဝယ်ပြီး အမြတ်ထုတ်ဖို့ ကြိုးစားနေတာပဲ…. အကျိုးအမြတ် ရဖို့အတွက်နဲ့ ဒါကတော်တော်လေးကို အရှက်မဲ့လွန်းတယ်။ ခင်ဗျားရဲ့ အသိစိတ်ကို ခွေးများစားသွားတာလား’’

ဘဏ္ဏာထိန်းမန်က သူ့လက်ကို ဝှေ့ရမ်းရင်း ပြန်ပြောလိုက်တယ်``ဒါ ငါအကျိုးအမြတ် ရှာချင်လို့မဟုတ်ဘူး… အဲ့စည်မျဉ်းတွေ အကုန်လုံးကို စံအိမ်က သတ်မှတ်ထားတာ…အဲ့ဒါက ငါနဲ့

ဘာမှ မဆိုင်ဘူး…ထောက်ပံ့ရေးခန်းမက ကိစ္စတွေ အကုန်လုံးက ငါနဲ့ ဘာမှမဆိုင်ဘူး…ငါကဝယ်ဖို့ နဲ့ ရောင်းဖို့့ပဲ တာဝန်ယူထားတာ။ ကောင်းကင်စံအိမ်က တပည့်၃၀၀၀ကျော်ကို

ဘယ်လို ထောက်ပံ့ပေးနိုင်တယ်လို့ မင်းထင်နေတာလဲ’’

ရန်ကိုင် ကြောင်အသွားခဲ့တယ်။ ဘဏ္ဏာထိန်းမန်ရဲ့ စကားလုံးတွေထဲမှာ အရိပ်အမွက် ပါသွားပါပြီ။ ဘာပဲဖြစ်ဖြစ် ဒါက စီးဟွားရေးတစ်ခုပဲလေ…အကျိုးအမြတ်မရှိဘဲနဲ့

ကောင်းကင်စံအိမ်က တပည့်၃၀၀၀ကျော်ကို ဘယ်လိုလုပ်ပြီး ထောက်ပံ့ပေးနိုင်မှာလဲ ။

အဲ့ဒါက မတရားဘူးလို့ ငြင်းချက်ထုတ်နေရင်တောင် မင်းကိုဝယ်ဖို့ ဘယ်သူမှ ဖိအားပေးမနေဘူးလေ။ မင်းကို ဘယ်သူမှ ဖိအားပေးနေခဲ့တာ မဟုတ်ဘူး…

``ကဲ…မင်းဂျဲဒီသစ်ပင်မြက်တွေကို လိုချင်သေးလား’’ ရန်ကိုင်ရဲ့ ခါးသီးမှုတွေနဲ့ ပြည့်နေတဲ့ မျက်နှာကို ကြည့်ပြီး ဘဏ္ဏာထိန်းမန်ရဲ့ စိတ်အခြေအနေက တော်တော်လေး ကောင်းမွန်လာပါတော့တယ်။

``ငါ အဲ့ဒါတွေကို ယူမယ်’’ ရန်ကိုင်က အံကြိတ်ရင်း ပြောလိုက်တယ်။ သူလေ့ကျင့်တာနဲ့ အဲ့ဆေးပင် တွေကို အနှေးအမြန် လိုလာတော့မှာပဲလေ…သူတောင်ပေါ်မှာ နောက်တစ်ကြိမ် သွားမရှာတော့ဘူးလို့ ဆုံးဖြတ်ထားမှတော့ ဝယ်ပဲ ဝယ်ရတော့မှာပေါ့။

ဘဏ္ဏာထိန်းမန်က ခန်းမထဲကို ပြန်လှည့်ဝင်သွားလိုက်ပြီး သိပ်မကြာခင်မှာပဲ ဂျဲဒီသစ်ပင်မြက်တွေနဲ့ ပြန်လာခဲ့တယ်။ ဘဏ္ဏာထိန်းမန်က မှတ်စုစာအုပ်မှာ ရေးမှတ်နေစဉ်မှာပဲ ရန်ကိုင်က ဆေးပင်တွေကို ရေတွက်နေခဲ့တယ်။

``ဟန့်’’ အမြတ်ထုတ်ခံလိုက်ရတယ်လို့ ခံစားနေရသဖြင့် ရန်ကိုင်က သုန်မှုန်နေခဲ့ပြီး ဆေးပင်ရတာနဲ့ ချက်ချင်း လှည့်ထွက်သွားခဲ့တယ်။

``အချိန်ရှိရင်လည်း လာဦးနော် ’’ ဘဏ္ဏာထိန်းမန်က အော်ပြောလိုက်တယ်။

ခင်ဗျား လိမ်လည် လှည့်စားတာကို မကြာခဏ ခံရအောင်လား…နောက်ဆုံးတော့ ဘဏ္ဏာထိန်းမန်ရဲ့

နာမည်ပြောင်က ဘယ်ကလာလဲဆိုတာ ရန်ကိုင်သိသွားခဲ့ပါပြီ။

သုံးလှမ်း..နှစ်လှမ်း..ရန်ကိုင်က သွေးရူးသွေးတန်းနဲ့ အပြင်ကို ပြေးထွက်သွားခဲ့တဲ့အတွက် သူလမ်းမှာ

လူတစ်ယောက်နဲ့ တိုက်မိခါနီးအထိ ဖြစ်သွားခဲ့တယ်။

သူတို့နှစ်ယောက် တုန့်ပြန်တာက တော်တော်လေးကို မြန်ဆန်ခဲ့ပြီး ရန်ကိုင်ရပ်လိုက်တဲ့ အချိန်မှာပဲ ထိုတစ်ယောက်ကလည် ရပ်လိုက်တယ်။ ချိုမြိန်တဲ့ သင်းရနဲ့လေးဟာ ရန်ကိုင်ရဲ့ နှာခေါင်းထဲကို

တိုးဝင်လာပါတော့တယ။်

သူ့ခေါင်းကို မော့လိုက်တဲ့အချိန်မှာ လမင်းလို ကြည်လင်နေတဲ့ မျက်လုံးတစ်စုံးက သူ့ကိုစူစိုက်ကြည့်နေတာကို တွေ့လိုက်ရပေမယ့် ထိုလူက သူ့မျက်နှာကို ဇာပဝါနဲ့ကာထားတဲ့အတွက်

မျက်နှာကိုတော့ သေသေချာချာ မမြင်လိုက်ရပေ။

သူက မိန်းကလေး တစ်ယောက်ပဲ…..သူမရဲ့မျက်နှာကို သေသေချာချာ မမြင်လိုက်ရသော်လည်းသူမရဲ့ အသားအရေကို ကြည့်ရုံနဲ့တင် သူမက အသက်သိပ်မကြီးသေးဘူဆိုတာကို ပြောနိုင်ပါတယ်။

သူမက သူ့ရဲ့ စီနီယာတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပါသေးတယ်။

ရန်ကိုင်က ခေါင်းညိတ်က တောင်းပန်ရင်း သူ့ခန္ဓာကိုယ်ကို ဘေးဘက်ကို ရွေ့လိုက်ပြီး သူမကိုအရင်ဝင်ဖို့ အချက်ပြလိုက်တယ်။

သူမက အာရုံးထွေပြားနေပြီး သူမရဲ့ ပါးလေးက ချက်ချင်းပဲ နီရဲသွားပါတော့တယ်။ ထို့နောက် သူ့ရဲ့ အကြည့်ကို ရှောင်လွဲဖို့ ကြိုးစားပါတော့တယ်။

သူမရဲ့ နီရဲနေတဲ့ မျက်နှာလေးကို ကြည့်ရင်း ဒီစီနီယာမမက တော်တော်လေးကို ရှက်တတ်တာပဲ လို့

ရန်ကိုင်က တွေးလိုက်တယ်။ သူမကို ရန်မစမိစေဖို့ သူ့အကြည့်ကို ချက်ချင်းပဲ ပြောင်းလိုက်တယ်။

ရှနင်းချင်က သေလောက်အောင် ရှက်ရွံ့သွားပါတော့တယ်။

ရန်ကိုင်နဲ့ ထောက်ပံ့ရေးခန်းမရှေ့မှာ တိုးလိမ့်မယ်လို့ သူမ မမျှော်လင့်ထားခဲ့ပေ….သူမ သူ့မျက်နှာကို

မြင်လိုက်တိုင်း ချက်ချင်းပဲ သူမရဲ့……..

ပြီးတော့ ပြန်မြင်ယောင်မိလာခဲ့တယ်..သူ့ရဲ့……

ချက်ချင်းပဲ သူမရဲ့ မျက်နှာနီရဲလာခဲ့ပြီး ခန္ဓာကိုယ်အပူချိန်လည်း မြင့်တက်လာပါတော့တယ်။ သူမရဲ့

ခေါင်းကို မော့တောင် မမော့ရဲတော့ဘဲ ခန်းမထဲကို ပြေးဝင်သွားခဲ့လေသည်။

ဒီလို ရှက်တတ်တဲ့ မိန်းကလေးတွေက တော်တော်လေးကို နည်းပါးတဲ့အတွက် ဒီမြင်းကွင်းက

နည်းနည်းတော့ ရီချင်စရာ ကောင်းနေခဲ့ပါတယ်။ ကောင်းကင်စံအိမ်မှာ မိန်းကလေးတပည့်တွေ

ရှိကြသော်လည်း သူတို့တွေအားလုံးက ကျင့်ကြံသူတွေ ဖြစ်ကြပြီး သာမန် မိန်းကလေးတွေထက်

ပိုပြီး ပွင့်ပွင့်လင်းလင်း ရှိကြပါတယ်။ သူမျက်နှာကို ကြည့်ရုံနဲ့တင် ရှက်တတ်တဲ့ မိန်းကလေး တစ်ယောက်အဖို့ မျက်နှာကာပဝါကို ဝတ်ဆင်ထားတာကတော့ ထူးဆန်းမနေခဲ့ပါ။

ဒီစီနီယာမမက တော်တော်လေး ချစ်ဖို့ကောင်းတယ်။ သူမရဲ့ ကိုယ်သင်းရနံ့ကို သူတစ်နေရာရာမှာ

ရခဲ့ဖူးသလို တော်တော်လေး ရင်းနှီးနေခဲ့ပါတယ်။

Martial Peak

အပိုင်း (၂၅) မွှေးရနံ့အိုးရဲ့ မှော်ဝင်အစွမ်း

သူမ ထောက်ပံ့ရေးခန်းမထဲကို ပြေးဝင်သွားပြီးနောက် ရှနင်းချန်းက နောက်ပြန် လှည့်ကြည့်လိုက်ပြီး ရန်ကိုင် ထွက်သွားပြီဆိုတာ သိလိုက်ရတော့မှ သူမစိတ်သက်သာရာ ရသွားခဲ့တယ်။

သူမ ဒီမနက်က အဖြစ်အပျက်အတွက် နည်းနည်းလေး အပြစ်ရှိသလို ခံစားနေခဲ့ရပါတယ်။

သူမရဲ့ ခံစားချက်တွေက ရှုပ်ထွေးနေစဉ်မှာက ကောင်တာကနေ ဘဏ္ဏာထိန်းမန်ရဲ့.အိုး..ဆိုတဲ့ အသံကို ကြားလိုက်ရလေသည်။

``ဘာကိစ္စလဲဆရာ’’ ရှနင်းချန်က မေးလိုက်တယ်။

``မင်းက ကလေးကို သနားနေတာပဲ’’ ဘဏ္ဏာထိန်းမန်က သက်ပြင်းချလိုက်ပြီး ငိုရှိုက်သံကြီးနဲ့

``သူက လူကောင်းလေးတစ်ယောက်ပါ။ အခက်အခဲတွေ ကြုံတိုင်းလည်း ဘယ်တော့မှလက်မလျှော့ဘူး…အကြမ်းလည်း ခံနိုင်တယ်…အကျင့်စာရိတ္တလည်း ကောင်းတယ်….သူ့ရဲ့

အကျင့်စရိုက်ကလည်း မဆိုးပါဘူး…’’

သူမရဲ့ ဆရာက ရန်ကိုင်က ချီးကျူးနေတာကို တွေ့လိုက်ရတဲ့အခါ သူမချက်ချင်းပဲ ဒေါသထွက်လာခဲ့တယ် ။ သူမရဲ့ စိတ်ထဲမှာတော့ ဒီမနက် ရန်ကိုင်ရဲ့ အပြုအမူတွေက တော်တော်လေး

သင်ကြားဖို့ လိုနေသေးပါတယ်..သူက မနက်ပိုင်းမှာတောင် ကိုယ်လုံတီးနေရုံမကလို့ ဒီကတပည့်ရဲ့

မျက်လုံးကိုလည် အနိုင်ကျင့်ပြီး သူပမတစ်ဘဝလုံးကို ခြောက်လှန့်နေစမယ့် မြင်ကွင်းကိုလည်း

ပေးလိုက်သေတယ်လေ….

ဘဏ္ဏာထိန်းမန်က ရန်ကိုင်ကို ပိုပြီး ချီးကျူးလေ သူမကလည်း ပိုပြီးဒေါသ ထွက်လာလေ ဖြစ်နေပါတော့တယ်။ နောက်ဆုံး သည်းမခံနိုင်တော့တဲ့ အဆုံး သူမရဲ့ လက်ဝါးနဲ့ ကောင်တာကို

ရိုက်ချလိုက်တယ်….

``ဖတ်’’ တစ်စုံတစ်ခု ကွဲကြေသွားတဲ့ အသံ ထွက်လာခဲ့တယ် ။

ဘဏ္ဏာထိန်းမန်က သူမကို ကြည့်လိုက်တဲ့အချိန်မှာ သူ့မျက်နှာ ရှုံ့မဲ့သွားပြီး ညီးတွားလိုက်တယ်

``ငါ့ရဲ့ အမှတ်၂၀တန်တဲ့ မြေကမ္ဘာအဆင့်နိမ့် သွေးမှိုလေး….’’

``ဒါက သွေးမှိုလား’’ ကောင်တာပေါ်က အမှုန့်ဖြစ်နေတဲ့ မှိုကိုကြည့်ရင်း ရှနင်းချန်က သူမဆရာ

မျက်လုံးမှုန်နေတာ ဟုတ်မဟုတ် သူမကိုယ်သူမမေးလိုက်တယ် ။ ဒါက ဘယ်လိုလုပ်ပြီး သွေးမှိုဖြစ်ရမှာလဲ….

``မဟုတ်ဘူး..မဟုတ်ဘူး…မင်းဆရာမှားတယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’’ ဘဏ္ဏာထိန်းမန်

ကအသက် ဖြေးဖြေးရှုရင်း ပြောလိုက်တယ် ။ ကောင်တာပေါ်က မှိုမှုန့်တွေကို သူ့လက်နဲ့ သုတ်ပစ်လိုက်တဲ့အတွက် ထိုအမှုန့်တွေက လေထဲ ပျံ့လွင့်သွားခဲ့တယ်။

``အိုး ၊ အဲ့ဒါအမှန်ပဲ။ ဒါနဲ့ မင်းဒီနေ့ ဘာလို့ ငါ့ကို လာရှာတာလဲ’’ သူ့မျက်နှာအမူအရာကိုပြန်ပြင်လိုက်ပြီး ဘဏ္ဏာထိန်းမန်က သူ့ရဲ့ ရှာပါးလှတဲ့ တည်ငြိမ်တဲ့ မျက်နှာနဲ့ ပြောလိုက်တယ်။

``ငါ အဆင့်တက်သွားပြီ’’သူအမူအရာက ပြောင်းလဲနေပြီး ရှနင်းချန်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို စစ်ဆေးနေခဲ့တယ် ။

သိပ်မကြာခင်မှာပဲ သူခေါင်းညိတ်လိုက်ပြီး ``ကောင်းတယ်..ကောင်းတယ်…ငါအမြင်မှန် သွားတာပဲ

ဖြစ်ရမယ်..မင်းရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံမျိုးနဲ့ ဆိုရင် ဒီကျင့်ကြံခြင်းနည်းလမ်းက တော်တော်လေး လိုက်ဖက်တယ် ..လာခဲ့..ရော့၊ ဒီဆေးကိုစားပြီး မင်းရဲ့အဆင့်ကို တည်ငြိမ်အောင် လုပ်လိုက်ဦး’’

``အင်း ’’ သူမ ဆေးလုံးကို ယူလိုက်ပြီးနောက် ရှနင်းချန်က တုံ့ဆိုင်းနေပြီး မေးလိုက်တယ်

``ဆရာ့ရဲ့ ဒဏ်ရာကရော ဘယ်လိုလဲ’’

ဘဏ္ဏာထိန်းမန်က ခပ်ဖွဖွလေး ရီလိုက်ပြီးနောက် ပြန်ဖြေလိုက်တယ်``နင်စိုးရိမ်စရာ မလိုတော့

ပါဘူး..နှစ်ပေါင်းများစွာ ကြာပြီးတော့ အဲ့ဒဏ်ရာတွေက ငါ့ကို မနှောက်ယှတ် နိုင်တော့ပါဘူး’’နှုတ်ခမ်းကို နားရွက်နား တက်ချိတ်တော့လောက်မယ့် အထိပြုံးရင်း ရန်ကိုင်က သူ့ရဲ့ တဲလေးဆီကိပြန်လာခဲ့တယ် ။

ဒီနေ့မှာတော့ အရွက်သုံးရွက် ပရမ်းပတာ ဝိဥာဉ်ပန်းပွင့်နဲ့ ဂျဲဒီသစ်ပင်မြက်တွေ အကုန်လုံးက

အသုံးပြုဖို့ အဆင်သင့် ဖြစ်နေပါပြီ…တစ်ခုချင်းစီရဲ့ ပမာဏက မနည်းတဲ့အတွက် အချိန်တော်တော်

ကြာသွားခဲ့တယ်။

အခုအချိန်မှာတော့ လိုအပ်တဲ့ ပစ္စည်းတွေ အကုန်လုံးက ပြင်ဆင်သွားပြီးပြီ ဖြစ်လို့ မွှေးရနံ့အိုးက

သူ့ရဲ့ ကျင့်ကြံခြင်းကို တကယ်ပဲ ကူညီပေးနိုင်လား..မပေးနိုင်ဘူးလား ဆိုတာကို ရန်ကိုင်စမ်းသပ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

သူနေတဲ့ နေရာက ကောင်းကင်စံအိမ်ရဲ့ အစွန်အဖျား လူသူကင်းမဲ့တဲ့ နေရာတစ်ခု ဖြစ်တဲ့အတွက်

ဘယ်သူမှ အာရုံမစိုက်ကြပေ ။ ဒါကြောင့် ရန်ကိုင်က သူ့ရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြားသွားမှာ

စိုးရိမ်နေစရာမလိုပေ ။ အထဲကို လမ်းလျှောက်သွားလိုက်ပြီး အနက်ရောင် စာအုပ်ကို ထုတ်လိုက်ကာ

တတိယစာမျက်နှာကို လှန်လိုက်တယ်..အဲ့နောက်မှာတော့ မွှေးရနံ့အိုးကို ထုတ်လိုက်ပြီး သူ့ဘေးမှာ

ချထားလိုက်တယ်…

ထို့နောက် သူ အရွက်သုံးရွက် ပရမ်းပတာ ဝိဥာဉ်ပန်းပွင့် နဲ့ ဂျဲဒီသစ်ပင်မြက်ကို ထုတ်လိုက်ပြီး

မွှေးရနံ့အိုး ထဲကို ထည့်ကာ အဖုံးပိတ်ထားလိုက်လေသည်။

ချက်ချင်းပဲ ရှားပါတဲ့ ရေမွှေးရနံ့နဲ့ဆင်တဲ့ ရနံ့လေး အခန်းထဲမှာ ပျံ့လွင့်လာခဲ့တယ်။

အသက်ပြင်းပြင်း ရှုလိုက်ပြီး ရန်ကိုင်က ထိုရနံ့ကို စတင် ဆန်းစစ်ပါတော့တယ် ။ ထို မွှေးရနံ့က

တော်တော်လေး ပြိုင်ဘက်ကင်းသော်လည်း ထူခြားတာ ဘာမှမရှိပေ..ဒါပေမယ့် အိုးအဖုံးပေါက်ကနေ ထိုသင်းရနံ့က ရန်ကိုင်ရဲက နှာခေါင်းပေါက်ထဲကိ တိုးဝင်နေခဲ့တယ်။

မြွေသေးသေးလေးတွေက သူ့နှာခေါင်းပေါက်ကနေ တစ်ဆင့် သူ့ခန္ဓာကိုယ်ထဲမှာ ပြေးလွှားလှုပ်ရှား

နေသည့်အလား….

အဲ့ဒီနောက်မှာတော့ သူ့ရဲ့အသွေးအသား၊ သွေးကြောနဲ့ သူ့ရဲ့ ရိုးတွင်းခြင်းဆီတောင် ထုံကျင်လာခဲ့ပါတော့တယ် ။

ရန်ကိုင်က တဲထဲမှာ မနေရဲတော့ပေ ။ သူ့ရဲ့ မွှေးရနံ့အိုးကို ကိုင်ကာ လေ့ကျင့်ဖို့ အပြင်ကို ပြေးထွက် သွားပါတော့တယ် …သူ့တဲ့အပြင်ဘက် နေရောင်အောက်ကို ခြေတစ်လှမ်း လှမ်းလိုက်တာနဲ့ သူအံ့အားသင့်သွားခဲ့တယ်။ သူ့ရဲ့ ခြေထောက်တွေက ခဲနဲ့ လုပ်ထားသည့်အလား…သာမန်ထက် အများကြီးပိုလေးလံနေပြီး သူ့ခွန်အားတွေလည်း တစ်မုဟုတ်ချင်း ထိုးကျနေခဲ့လေသည် ။

နောက်တစ်လှမ်း လှမ်းလိုက်တာနဲ့ သူခေါင်းမူးလာပြီး ပြိုလဲကျခါနီး ဖြစ်သွားခဲ့တယ် ။ အလောတကြီး

အသက်ရှုနေရင်း သူ့ကြွက်သားတွေ တောင့်တင်းလာခဲ့ပြီး သူအရိုးအက်ကွဲသံတွေပါ ထွက်ပေါ်လာ

ပါတော့တယ် ။သူတတိယခြေလှမ်း လှမ်းလိုက်တာနဲ့ သူ့ခြေထောက်တွေ ပျော့ခွေသွားပြီး မြေပြင်ပေါ်ကို

လဲကျသွားပါတော့တယ်။ သူလဲကျသွားတာနဲ့ သူ့လက်ထဲက မွှေးရနံ့အိုးက လွတ်ကျသွားပြီးအဝေးကို လိမ့်သွားခဲ့တယ်။

သူ့လက်တွေက သူ့ခန္ဓာကိုယ်ကို ထောက်ကန်ပေးထားရင်း မရွေ့လျားနိုင်တဲ့ တောင်ကြီး တစ်လုံးအလား အသက်ကို အမောတကော ရှုရှိုက်နေလေရဲ့ ။ သူ့ရင်ဘတ်ကလည်း နိမ့်ချည် မြင့်ချည်ဖြစ်နေပြီး သူ့ခန္ဓာကိုယ်လည်း တွန့်လိမ့်နေပါတော့တယ်။ သူ့အရွတ်တွေ.ကိုယ်တွင်းအင်္ဂါတွေနဲ့အရိုးတွေကလည်း ကျုံ့သွားလိုက် ကြီးသွားလိုက်ဖြစ်နေပြီး အချိန်ကြာလာတာနဲ့ နာကျင်မှုကသူ့တစ်ကိုယ်လုံးကို ကြီစိုးနေခဲ့့ပြန်တယ်။ ရန်ကိုင်က နာကျင်မှုကြောင့် အော်ဟစ်လိုက်ချင်သော်လည်း

သူ့ပါးစပ်က ခွင့်မပြုခဲ့ပေ။

သူ့ရဲ့ အခုအခြေအနေက သူအရင်က ကြုံတွေ့ခဲ့တဲ့ အားအင်ကုန်ခမ်းတာထက် အများကြီး ပိုပြင်းထန်

နေခဲ့တယ်။ ရန်ကိုင်က ဒီလိုခံစားမှုမျိုးကို အရင်က အကြိမ်များစွား ခံစားခဲ့ဖူးပါတယ်။

သူတဲအပြင်ဘက်ကို ခြေသုံးလှမ်းပဲ လှမ်းရသေးတာလေ…ဘယ်လိုလုပ်ပြီး သူအားကုန်သွားတာလဲ…

သူ့ခန္ဓာကိုယ် ခွန်အားတွေသာမက သူ့စိတ်စွမ်းအားတွေပါ ကုန်ဆုံးသွားခဲ့တယ်…သူရက်ပေါင်းများစွာ

မအိပ်ခဲ့ရတဲ့အလား သူ့မျက်လုံးတွေက အိပ်ချင်မူးတူး ဖြစ်နေခဲ့တယ်။

အခုအချိန်မှာတော့ သူ့ရဲ့ ခွန်အားတွေ အကုန်လုံး ကန့်သတ်ချက်ကို ရောက်နေပြီး လက်ချောင်းတစ်ချောင်ကို မြှောက်ဖို့တောင် သူ့မှာ အားမရှိတော့ပေ။

အဲ့အချိန်မှာ အရွက်သုံးရွက် ပရမ်းပတာ ဝိဥာဉ်ပန်းပွင့်နဲ့ ဂျဲဒီသစ်ပင်မြက်တို့ရဲ့ ဘေးထွက်ဆိုးကျိုးတွေ

ကစတင်လာခဲ့ပါတယ်။

ထိုဆေးပင်နှစ်မျိုးရဲ့ အဆိပ်က အရမ်းမပြင်းထန်ပေ။ သာမန်လူတွေတောင် အလွယ်တကူ ခုခံနိုင်ပါတယ် ။ ဒါပေမယ့် ကျန်းကျန်းမာမာ ဖြစ်နေဖို့တော့ လိုတာပေါ့။ ရန်ကိုင်ရဲ့ အခုအခြေအနေနဲ့ဆိုရင် ဒီဆေးပင်တွေရဲ့ ဘေးထွက်ဆိုးကျိုးကို ခုခံနိုင်ဖို့ကတော့ မဖြစ်နိုင်သလောက်ပင်။

သူစိုးရိမ် ထိတ်လန့်နေတာက သူ့ကို ဒီအခြေအနေ ရောက်အောင်လုပ်လိုက်တဲ့ အရာက မွှေးရနံ့အိုး

ထဲက ထွက်လာတဲ့ ရနံ့ ဖြစ်နေမှာကိုပင်။ ဘာလို့လဲဆိုတော့ ဒီလိုပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးကို

အရွက်သုံးရွက် ပရမ်းပတာ ဝိဥာဉ်ဆေးပင်နဲ့ ဂျဲဒီသစ်ပင်မြက်တို့က မထုတ်လွှတ် နိုင်သောကြောင့်ဖြစ်တယ်။ မွှေးရနံ့အိုးရဲ့ လျှို့ဝှက်ဆန်းကြယ်မှုက ထိုဆေးပင်နှစ်မျိုးက ထွက်လာတဲ့ အဆိပ်တွေကိုအဆင့်မြှင့်ပေးနိုင်တာလား…..

သူရွှေရောင် အရိုးခြောက်ကို ရပြီးကတည်းက သူလေ့ကျင့်တဲ့အခါတိုင်း တစ်ခါမှ မပင်ပန်းဖူးပေ။

သူမပင်ပန်းတော့တဲ့အတွက်သူ့ရဲ့ ကန့်သတ်ချက်ကို မရောက်နိုင်တော့ပေ။ ကန့်သတ်ချက်ကို

မရောက်နိုင်တော့တဲ့အတွက် သူရဲ့တိုးတက်မှုကလည်း ဆုတ်ယုတ်လာခဲ့တယ်။

အခုအချိန်မှာတော့ ကန့်သတ်ချက်က ဘာမှမဟုတ်တော့သလိုပင်။ ခြေသုံးလှမ်း လှမ်းလိုက်ရုံနဲ့သူအားကုန်သွားခဲတြယ်။ ဒါပေမယ့် မွှေးရနံ့အိုးက သူ့ရဲ့ အကန့်အသတ်ကို ရောက်အောင်

လုပ်ပေးရုံလောက်ပဲ မရိုးရှင်းနိုင်ပေ။ ဒါကြောင့် အနာဂတ်မှာ သူ့အကန့်အသတ် ရောက်အောင်မလေ့ကျင့်နိုင်မှာကို စိတ်ပူစရာမလိုတော့ပေ။

လူတစ်ယောက်ရဲ့ အလားအလာက အဆုံးမရှိဘဲ လူတစ်ယောက်က ဘယ်လောက်ထိ အကန့်အသတ်ကို ချိုးဖျက်နိုင်လဲဆိုတာပေါ်မှာပဲ မူတည်တယ်လို့ ရန်ကိုင်ယုံကြည်ထားပါတယ်။

ပင်ကိုပါရမီက လူတစ်ယောက်ကို မရင့်ကျက်စေ နိုင်သော်လည်း ကိုယ်ပိုင် ကြိုးစားအားထုတ်မှုကတော့ အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ သုံးနှစ်အတွင်း သူ့ပါရမီက နိမ့်ကျတယ်

ဆိုတာ သိနေခဲ့သော်လည် အရှုံမပေးဘဲ ကျားကုတ်ကျားခဲ ကြိုးစားလေ့ကျင့် နေရခြင်းပင်။

ဒီအကြောင်းကို တွေးရင်း ရန်ကိုင် စိတ်အားတက်ကြွလာခဲ့တယ်။

မရပ်မနား ကြိုးစားအားထုတ်မှုနဲ့အတူ သူ့လက်နဲ့ သူ့ခန္ဓာကိုယ်ကို တွန်းတင်လာနိုင်ခဲ့ပြီးသူ့ရဲ့ပေါင်ကိုလည်း တဖြည်းဖြည်း လှုပ်ရှားလာနိုင်ခဲ့တယ်။ အံကြိတ်ရင် သူထဖို့ ကြိုးစားလိုက်တယ်။

သူ့မှာ အားတစ်စက်မှ မကျန်တော့ ပေမယ့်လည်း သူ့အသိစိတ်က တစ်ဖန်ပြန် ဝေဝါးလာခဲ့လေပြီ။သူရဲ့ စိတ်က အရှုံးပေဖို့ ုငြင်းဆန်နေပြီး သူရဲ့ ခွန်းအားတွေ ပေါက်ကွဲထွက်လာခဲ့တယ်။ သူ့

သက်တမ်းတစ်လျှောက်လုံးမှာ ဒီတစ်ကြိမ်လောက် တစ်ခါမှ မကြိုးစားခဲ့ဖူးပေ။

မတ်တပ်ရပ်လိုက်စမ်း…. မင်းလဲကျသွားတဲ့နေရာက မင်းတစ်ဖန်ပြန်မြင့်တက်လာတဲ့ နေရာပဲ။ သူသာ

မတ်တပ်ရပ်လိုက်တာနဲ့ သူ့ရဲ့အကန့်အသတ်ကို ချိုးဖျက်နိုင်ပြီး သူအနိုင်ရမှာပဲဖြစ်တယ်။

သူကျားကုတ်ကျားခဲ ကြိုးစားနေတုန်မှာပဲ အချိန်ကလည်း တစ်ဖြေးဖြေး ကုန်ဆုံးနေပြီး နောက်ဆုံး

သူ့ခြေထောက်နစ်ချောင်းကို မြေပြင်မှာ အမြစ်တွယ်သလို ရပ်နိုင်ခဲ့တယ်။ သူ့ခြေထောက်နှစ်ချောင်းက နည်းနည်းလေး ကွေးနေသော်လည်း သူ့ရဲ့ အရှုံးမပေးလိုစိတ်ကတော့ တစ်စက်

တောင် မလျှော့သွားပေ။ အချိန်ကြာမယ်ဆိုရင်တောင် သူဖြည်းဖြည်းချင်း ကြိုးစားသွားမှာပါ။

နောက်ဆုံး ရန်ကိုင် အော်ဟစ်လိုက်ပြီး ကြမ်းပြင်ပေါ်မှာ မတ်တပ်ရပ်နေနိုင်ခဲ့တယ် ။ ယိုင်တိယိုင်တိုင်

ဖြစ်နေသော်လည်း သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်လိုက်ပြီး သူ့ခြေထောက်နှစ်ချောင်းကို မြေပြင်

ပေါ်မှာ ကျောက်ချထား နိုင်ခဲ့လေသည်။

All Chapters