အခန်း (၂၆-၃၀)
Vol. 2 Ch. 26-30
အပိုင်း (၂၆) သေးနုပ်ညံ့ဖျင်းတဲ့သူတွေက အမြဲတမ်းလက်စားချေဖို့ စဉ်းစားနေကြတယ်
အဲ့အချိန်မှာ ဒါကတော်တော်လေးကို ကြောင်တောင်တောင်နိုင်တဲ့အတွက် ရန်ကိုင်ပြုံးလိုက်လေသည်။
သူ့ခွန်အားနဲ့ စိတ်စွမ်းအားတွေ အကုန်လုံး ကုန်ဆုံးသွားပြီး သူဘာကိုမှ သဲသဲကွဲကွဲ မမြင်ရတော့ပေ။
သူ့နားရွက်တွေကလည်း တဆတ်ဆတ် လှုပ်နေပြီး သူ့ခေါင်းလည်း အလွန်ဆိုးရွားစွာ တဆစ်ဆစ်
ကိုက်ခဲ့နေခဲ့သော်လည်း သူရယ်နိုင်နေသေးလေသည်။
ငါအနိုင်ရခဲ့ပြီ….အခုအချိန်မှာ အနိုင်ရလိုက်တဲ့ ခံစားချက်က အခြားတစ်ယောက်ကို နိုင်လို့
ခံစားရတဲ့ ခံစာချက်နဲ့ အများကြီး ကွာလေသည်။ ရန်ကိုင်က သူသတိလစ်တော့မယ့်လို့ ခံစား
နေရတဲ့ အချိန်မှာပဲ နွေးထွေးတဲ့ ခံစားချက်တစ်ခုက သူ့ခန္ဒာကိုယ်အတွင်းပိုင်းကနေ ပေါက်ကွဲ
ထွက်လာခဲ့လေသည်။ ဒါက မိုးခေါင်းနေတဲ့အချိန်မှာ မိုးရွာလိုက်သလိုပါပဲ။ အားအင်ကုန်ခမ်းပြီး
ပင်ပန်းနွမ်းနွယ်နေတဲ့ သူ့ခန္ဓာကိုယ်က တစ်မုဟုတ်ချင်း အသက်ဓာတ်တွေနဲ့ ပြန်ပြည့်ဝလာခဲ့ လေသည်။
သူရဲ့ ကုန်ဆုံးသွားတဲ့ အားအင်တွေက ချက်ချင်း ပြန်ပြည့်ဝလာခဲ့ပြီး သူ့ရဲ့ စိတ်စွမ်းအင်လည်း
အတိုင်းအတာ တစ်ခုအထိ ပြန်လည်ပြည့်ဝလာခဲ့လေသည်။ သူ့ရဲ့ စွမ်းအင်က အပြည့်အဝ ပြန်မပြည့်
သေးသော်လည်း သူ့ကိုယ်သူ သတိမေ့မသွားအောင် လုပ်ဖို့က လုံလောက်နေပါသေးသည်။
ရန်ကိုင်က ဒီခံစားချက်မှာ နစ်မြုပ်ပျော်ရွှင်မနေဘဲ ချက်ချင်းထထိုင်လိုက်ကာ သူ့ခန္ဓာကိုယ်
အခြေအနေကို ဆန်းစစ်လိုက်လေသည်။ သူ့ခန္ဓာကိုယ်က ထုံကျင်နေတဲ့ ခံစားမှုတွေအကုန်လုံး
အရှင်းပျောက်ကွယ် သွားတာကို သူရှာတွေ့လိုက်လေသည်။ ဒီခံစားချက်က တော်တော်လေးကို
သက်သောင့် သက်သာ ရှိလွန်းပြီး အရမ်း သက်သောင့်သက်သာ ဖြစ်လွန်းလို့ အော်တောင်
ငိုလိုက်ချင်တဲ့အထိ ဖြစ်သွားခဲ့တာတော့ အမှန်ပင်။
သူ့ခန္ဓာကိုယ်က နဂိုထက်ပိုမို တောင့်တင်း ကြံ့ခိုင်လာပြီး စွမ်းအားတွေနဲ့ ပိုမို ပြည့်ဝလာခဲ့လေသည်။
သူ့သွေးကြောထဲက စွမ်းအင်တွေကလည်း မရပ်မနား စီးဆင်းနေပြီး သူအရိုးတွေကလည်း
ပိုပြီးသန်မာလာပုံပင်….
သူ့ခန္ဓာကိုယ်က အရင်ကထက် အဆများစွား ပိုပြီး အစွမ်းထက်လာခဲ့လေပြီ။
ဒါက သူ့ကို စဉ်းစားခန်းဝင်သွားစေခဲ့လေသည်။
နောက်ဆုံး သူ့အရိုးထဲကနေ ထွက်ပေါ်လာတဲ့ နွေးထွေးတဲ့ ခံစားမှုက သူစုပ်ယူထားတဲ့
ရွှေရောင် အရိုးခြောက်စီကနေ ဖြစ်နိုင်ပေသည်။ ဒါကို အကြိမ်များစွား ဆန်းစစ်လေ့လာပြီးတဲ့
နောက်မှာတော့ ရန်ကိုင်က အရေးကြီးတဲ့ သော့ချက်ကို ဖမ်းဆုပ်နိုင်ခဲ့လေသည်။ သူ့ခန္ဓာကိုယ်ကို
အကန့်အသတ်ရောက်အောင် တွန်းအားပေးနိုင်မှသာ ရွှေရောင်အရိုးခြောက်ရဲ့ ဖုံကွယ်ထားတဲ့
စွမ်းအားတွေကို အစပျိုးနိုင်ပေလိမ့်မည်။
သူအကျပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ လက်လျှော့လိုက်မယ် ဆိုရင်တော့ ရွှေရောင်အရိုးခြောက်
က သူ့ကို ဘာအကူအညီမှ ပေးလိမ့်မည် မဟုတ်ပေ။
ဒါက ရွှေရောင်အရိုးခြောက်ရဲ့ အကျင့်စရိုက်ပင်…ရန်ကိုင်က ရယ်လိုက်လေသည်။ အခုအချိန်မှာတော့
မွှေးရနံ့အိုးက သူလေ့ကျင့်ရာမှ ကူညီနိုင်တယ်ဆိုတာ သိသွားခဲ့ပါပြီ။
မွှေးရနံ့က ဆေးပင်တွေရဲ့ အကျိုးသက်ရောက်မှုကို အဆများစွာ မြှင့်တင်ပေးနိုင်လေသည်..ထို့နောက်
သူမွှေးရနံ့ကို ရှုရှိုက်လိုက်တဲ့အခါ သူခွန်အားတွေ အလွန်အမင်း လျော့ကျသွားစေပြီး စိတ်
လည်း အလွန်ပင်ပန်း နွမ်းနွယ်လာစေခဲ့လေသည်။ ဒါကြောင့် သူခြေသုံးလှမ်းလှမ်ပြီး သတိလစ်ခါ ခါနီး
ဖြစ်သွားရခြင်းပင် ။
မြင့်တင်ထားတဲ့ ဆေးပင်တွေရဲ့ အကျိုးသက်ရောက်မှုက အလွန်အစွမ်း ထက်သော်လည်း
မကောင်းတဲ့ ဘေးထွက်ဆိုးကျိုးတော့ မဖြစ်စေပေ။ မဟုတ်ရင် မွှေးရနံ့အိုးက
သူလေ့ကျင့်ရာမှာ ကူညီပေးနိုင်လိမ့်မည် မဟုတ်ပေ။
ဒါပေမယ့် သူ့ရဲ့အကန့်အသတ်ကို ကျော်လွှားနိုင်မှသာ ရွှေရောင်အရိုးခြောက်ရဲ့ ကုစားနိုင်တဲ့
စွမ်ရည်က အသက်ဝင်လာပြီး သူ့အတွက် အကျိုးရှိပေလိမ့်မည်။ အဲ့လိုမှသာ သူ့ရဲ့
အကန့်အသတ်ကို အဆက်မပြတ် ချိုးဖျက်နိုင်ပြီး ပိုပြီး သန်မာလာနိုင်ပေလ်ိမ့်မည် ။
မွှေးရနံ့အိုးက ထွက်လာတဲ့ မွှေးရနံံ့က ရွှေရောင်အရိုးခြောက်လိုပဲ သူ့ကို အတော်လေး ကူညီပေးနိုင်
လေသည်။ ဒါကတော့ ရန်ကိုင်ရဲ့ ယူဆချက် သက်သက်ပင်။ ဒါပေမယ့် ခုနတုန်းက ဖြစ်ရပ်က
ရန်ကိုင်ရဲ့ ယူဆချက်က မှန်တယ်ဆိုတာ သက်သေပြနေခဲ့လေသည် ။နောက်ပိုင်း အချိန်ရှိရင်
သေသေချာချာ ဆန်းစစ်လေ့လာ ရပေလ်ိမ့်မည် ။
ဆေးရနံ့တွေက မွှေးရနံ့အိုးထဲကနေ အဆက်မပြတ်ထွက်နေခဲ့ပြီး လေတိုက်ရင်တောင် ရန်ကိုင်ဆီကို အမြဲတမ်း
စီးဆင်းနေခဲ့လေသည်။ သူတစ်နေရာတည်းမှာ ရပ်နေပြီး မလှုပ်ရှားရင်တော့ မွှေးရနံ့က သူ့အပေါ်အကျိုး
သက်ရောက်မှု မရှိတော့ပေ။
နောက်ထပ်နာရီဝက်လောက် ကြာပြီးနောက် သူခွန်အားတွေ ပြန်ပြည့်လာသဖြင့် နောက်ထပ်
ခြေလှမ်းလှမ်းဖို့ ကြိုးစားတော့လေသည်။ ရန်ကိုင်က တစ်ခါကြုံဖူးသွားပြီ ဖြစ်သဖြင့်
သူ့ခန္ဓာကိုယ်ကို မွှေးရနံ့တွေရဲ့ အကျိုးသက်ရောက်မှု အောက်မှာ သေသေချာချာ ကြိုးစား
ထိန်းချုပ်နေခဲ့လေသည်။
သူခြေတစ်လှမ်း လှမ်းလိုက်တာနဲ့ သူ့ခွန်အားတွေက ဆည်တာတမံ ကျိုးပေါက်သလိုမျိုး သူ့ခန္ဓာကိုယ်
ကနေ တစ်ဟုန်ထိုး စီးထွက်သွားခဲ့လေသည်။ သူ့ခွန်အားနဲ့ စိတ်စွမ်းအားတွေ အကုန်လုံး
အကြောင်းပြချက် မရှိဘဲ တဟုန်ထိုး လျော့ကျသွားခဲ့လေသည်။
သူနောက်တစ်လှမ်း လှမ်းလိုက်တာနဲ့ သူ့ရဲ့ကျန်ရှိနေတဲ့ ခွန်အားလက်ကျန်တွေ အကုန်လုံး
ပျောက်ဆုံးသွားပြီ လဲကျခါနီးအထိ ဖြစ်သွားခဲ့လေသည်။ ရန်ကိုင်ရဲ့ ခေါင်းမာတတ်တဲ့
အကျင့်စရိုက်ကြောင့် အံကြိတ်ရင်း သူရှေ့ဆက်တိုးဖို့ ကြိုးစားလိုက်လေသည်။
ဒီတစ်ကြိမ်တော့ သူခြေလေးလှမ်း လှမ်းန်ိုင်ခဲ့ပြီး အရှုံးမပေး ချင်သော်လည်း သူ့ခန္ဓာကိုယ်က
တောင့်မခံနိုင်တော့ပေ။ သူ့ခွန်းအားက တော်တော်လေးကို ဆိုးရွားလွန်းနေခဲ့လေသည်။
နွေးထွေးတဲ့ ခံစားချက်က သူ့ခန္ဓာကိုယ်ထဲက နောက်တစ်ကြိမ် ထွက်ပေါ်လာပေမယ့်
သူ့ကို သတိမလစ်အောင်တော့ လုပ်ဆောင်ပေးနိုင်ခြင်း မရှိခဲ့ပေ။
သူဒါကို အကြိမ်များစွာ လုပ်ဆောင်ပြီးတဲ့ နောက်မှာတော့ သူ့ယူဆချက်တွေက မှန်ကန်တယ်
ဆိုတာကို ကောက်ချက်ချ နိုင်ခဲ့လေသည်။
မွှေရနံ့အိုးက ထွက်လာတဲ့ ရနံ့က လူတစ်ယောက်ရဲ့ ခွန်အားကို အလွန်အမင်း လျော့ကျသွား
စေသော်လည်း ဘေးထွက်ဆိုးကျိုးတော့ မရှိပေ။ ရွှေရောင်အရိုးခြောက်ရဲ့ စွမ်းအားကို
အသုံးပြုနိုင်ဖို့က သူ့စိတ်ဓာတ်ပေါ်မှာ မူတည်နေပြီး သူအရှုံးပေးဖို့ ဘူးခံငြင်းလေ
ရွှေ့ရောင်အရိုးခြောက်စီက ရတဲ့ ခံစားချက်က ပိုပြီးနွေးထွေးလေ ဖြစ်တဲ့အတွက် သူ့အတွက်လည်း
ပိုပြီး အကျိုးရှိပေသည်။
ဒီလို လေ့ကျင့်နည်းလမ်းက ခွန်အားတိုးတက်ဖို့ အသက်ကို လောင်းကြေးထပ်ရတဲ့ နည်းလမ်း
ဖြစ်တဲ့အတွက် တော်တော်လေးကို မွန်စတာဆန်ပြီး နည်းနည်းလောက်သာ ဂရုမစိုက်မိရင်
မိမိ ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ထိခိုက်သွားနိုင်လေသည် ။ ကံကောင်းစွာပဲ ရန်ကိုင်ရဲ့ ခံနိုင်စွမ်းက
တော်တော်လေးကို မြင့်မားပြီး သူကန့်သတ်ချက်ကို ချိုးဖျက်တိုင်း သူလုပ်နိုင်တဲ့ အတိုင်းအတာထိသာ
လုပ်ဆောင်ပြီး နောက်တစ်ကြိမ် ပြန်မလုပ်ခင် အနားယူလေ့ရှိသည်။ ဒီလိုအကြိမ်ပေါင်းများစွာ
လေ့ကျင့်ပြီးတဲ့နောက်မှာတေ့ သူရရှိလာတဲ့ အကျိုးအမြတ်က နည်းနည်းလေး မဟုတ်ပေ။
လူတစ်ယောက်ရဲ့ အလားအလာလား…..တကယ်ကို အဆုံးမရှိပါဘူး ။ဒါပေမယ့် သန်မာလာဖို့ဆိုရင်
အလောတကြီးလုပ်လို့ မရပေ။ တစ်လှမ်းခြင်း လှမ်းရပေလိမ့်မည်။ တစ်နေ့လုံး လေ့ကျင့်ပြီးတဲ့
နောက်မှာတော့ သူခြေလှမ်း ၁ဝ လှမ်းအထိ လှမ်းနိုင်ခဲ့ပြီး သူပထမဆုံး လှမ်းနိုင်ခဲ့တဲ့
ခြေလှမ်း အရေအတွက်နဲ့ စာရင် တော်တော်လေးကို ကွားခြားနေခဲ့လေသည်။
ဒါပေမယ့် ရန်ကိုင်ကတော့ မကျေနပ်သေးပေ…မွှေးရနံ့ရဲ့ အကျိုးသက်ရောက်မှုအောက်မှာ
ခြေလှမ်း ထပ်လှမ်းနိုင်ဖို့ ကြိုးစားနေတုန်းပင်….ဒါကလေ့ကျင့်တာနဲ့ မတူဘဲ ကိုယ့်ကိုယ်ကို
နှိပ်စက်တာနဲ့တောင် တူနေခဲ့လေသည်..။
ရန်ကိုင် နောက်ထပ် ပြဿနာတစ်ခုကို ချက်ချင်းကြုံတွေ့လိုက်ရလေသည်။ ပြဿနာက ဒီလို
လေ့ကျင့်တဲ့နည်းလမ်းက သူ့့ဆေးပင်တွေကို တော်တော်လေး အကုန်မြန်စေလေသည် ..။
အရွက်သုံးရွက် ပရမ်းပတာ ဝိဥာဉ်ပန်းပွင့် နဲ့ ဂျဲဒီသစ်ပင်မြက်တို့က တစ်နာရီလောက်သာ ခံပြီး
နောက်တစ်ကြိမ် လေ့ကျင့်မယ်ဆိုရင်တော့ မွှေးရနံ့အိုးထဲကို နောက်တစ်ကြိမ် ဆေးပင်တွေ
ထပ်ထည့်ရပေလိမ့်မည် ။ ဆေးပင်ကုန်ကျနှုန်းကို သူ့လက်နဲ့ရေတွက်ရင်း ရန်ကိုင်ရဲ့မျက်နှာက
ချက်ချင်း အရုပ်ဆိုးသွားခဲလေသည်။
နေ့တစ်ဝက်က ၁၂နာရီ ရှိပြီး သူဆေးပင်တွေရဲ့ အကျိုးသက်ရောက်မှုအောက်မှာ ၇နာရီ၊ ၈နာရီ
လောက်ကြာအောင် လေ့ကျင့်ဖို့ဆိုရင် သူအနည်းဆုံး ဆေးပင်၁၄ပင်လောက် လိုအပ်ပေသည်။
သူ့ရဲ့ အခုအခြေအနေနဲ့ဆိုရင် သူ့မှာရှိတဲ့ ဂျဲဒီဆေးပင်တွေအကုန်လုံး ၂ရက်အတွင်းသုံလို့
ကုန်သွားပေလိမ့်မည်။့
သူ့ဆီမှာသာ ဆေးပင်တွေ မလုံလောက်တော့ရင် သူဘယ်လိုဆက်လေ့ကျင့် ရတော့မှာလဲ….
ဝယ်ဖို့ဆိုတော့လည်း သူ့မှာ အခုစုစုပေါင်းအမှတ် ၃၈မှတ်ပဲ ရှိတော့တာလေ…အဲ့၃၈မှတ်နဲ့
ဝယ်ရင်တောင် ဘယ်လောက်ခံမှာမို့လို့လဲ…
အစကတော့ ငါ့ကိုယ်ငါ တော်တော်လေး ချမ်းသာနေပြီလို့ တွေးနေခဲ့တာ…အခုမှ ငါဘယ်လောက်
မွဲမှန်း သိတော့တယ်။
ဆေးပင်တွေနဲ့ အမှတ်တွေအကြောင်းကို တွေးရင်း သူအိပ်ပျော်သွားခဲ့လေသည်…အိမ်မက်ထဲမှာတောင်
သူအရွက်သုံးရွက် ပရမ်းပတာ ဝိဥာဉ်ပန်းပွင့်နဲ့ ဂျဲဒီသစ်ပင်မြက်တွေ အများကြီး သူစုဆောင်းနိုင်ခဲ့တယ်
လို့ အိမ်မက်မက်နေခဲ့လေသည်…
အဲ့တစ်ညလုံး ရန်ကိုင် ကောင်းကောင်းအိပ်မပျော်ခဲ့ပေ…
ထိုနည်းတူစွာပဲ (သူ့ရဲ့ အနာဂတ် ယောက်ဖလောင်းကြီး ဖြစ်တဲ့) စုမူလည်း အဲ့တစ်ညလုံး
ကောင်းကောင်း အိပ်မပျော်နိုင်ခဲ့ပေ….
သူရန်ကိုင်ကို လူအများရှေ့မှာ အရှက်ခွဲဖို့ ကြိုးစားပေမယ့် သူ့ပဲကျဆုံးခဲ့တဲ့အတွက် အဲ့တစ်ညလုံး
အိပ်မပျော်နိုင်တော့ပဲ အိပ်ရာပေါ်မှာ လူးလှိမ့်နေခဲ့လေသည် ။ ရန်ကိုင်ကြောင့် သူဌေးဟီသမီးရဲ့
အချစ်ကိုရနိုင်မယ့် အခွင့်အရေးကြီးကို လက်လွှတ်ဆုံးရှုံးခဲ့ရတယ်။
ဟီမိသားစု မိန်းကလေးရဲ့ မျက်နှာကို ပြန်မြင်ယောင်ရင်း စုမူ စိတ်ဓာတ်
ကျလာခဲ့လေသည်…..အနာဂတ်မှာ သူထိုမိန်းကလေးကို ဘယ်လိုမျက်နှာပြရတော့မှာလဲ….စကားပုံ
တောင် ရှိသေးတယ်လေ…``လက်ထက်ပွဲတစ်ခုကို ဖျက်စီးမယ့်အစား ဘုရားကျောင်း၁၀ခုကို မင်း
ဖျက်စီးနိုင်တယ်’’(ဘာအဓိပ္ပါယ်လည်း စာရေးသူကိုယ်တိုင်လည်းမသိ)
ရန်ကိုင် မင်းငါ့တို့နှစ်ယောက်ရဲ့ ကြည်နူးစရာ အနာဂတ်လေးကို ဖျက်စီးရဲတယ်..မင်းတော်တော်
ရဲတင်းတာပဲ….
နောက်စကားပုံ တစ်ခုအရ``လူကြီးလူကောင်း တစ်ယောက်အတွက် လက်စားချေဖို့ ၁၀နှစ်ဆိုတာ
အချိန်အကြာကြီး မဟုတ်ပေ..ဒါပေမယ့် သေးနုပ်ညံ့ဖျင်းတဲ့ လူတွေကတော့ အမြဲတမ်း
လက်စားချေဖို့ ကြိုးစားနေမှာပဲ’’
စုမူက အရှက်ခွဲခံရပြီး အချိန်ကောင်းကိုတောင် မစောင်ဘဲ ရက်အနည်းငယ်အတွင်း ရန်ကိုင်ကို
လက်စားချေဖို့ကြိုးစားတဲ့အတွက် သေနုပ်ညံ့ဖျင်းတဲ့ အမျိုးအစားထဲက ဆိုတာ ကျိန်းသေနေပါပြီ..
ဒါပေမယ့် စုမူက ဘယ်လိုလုပ်ပြီး အဲ့လောက်ကြာအောင် စောင့်နိုင်မှာလဲ…စုမူက အခုချက်ချင်း
ရန်ကိုင်ကို အသားပြား ဖြစ်သွားအောင် ရိုက်ပုတ်ထုထောင်းချင်နေတာလေ..အဲ့ဒါမှ သူ့စိတ်ထဲက အမုန်းတရား၊
နာကျည်းမှုတွေက သက်သာသွားမှာပေါ့..။
အိပ်ရာပေါ်မှာ လူးလှိမ့်နေရင်း စုမူ အိပ်လို့မပျော်ဘဲ ဒေါသတကြီး သူရုတ်တရတ် ထထိုင်လိုက်လေသည်။
သူက ညသန်းခေါင်ကြီး တစ်ယောက်တည်းမထပဲ သူ့လက်အောက်ငယ်သားတွေကိုပါ နှိုးလိုက်လေသည်။
အပိုင်း(၂၇) လက်ရည်ဖလှယ်တာလောက်က မင်းကို ဘာမှ ဖြစ်မသွားစေပါဘူး
သိပ်မကြာခင်မှာ အိပ်မှုန်စုံဝါးမျက်လုံးနဲ့ ကောင်းကင်စံအိမ် တပည့်တွေ စုဝေးကြလေသည်။ ``သခင်လေးစု ၊
လိုအပ်တာ တစ်ခုခုများ ရှိလို့လား’’ တစ်စုံတစ်ယောက်က သူ့မျက်လုံကို ပွတ်ရင်း မေးလိုက်လေသည်။
``သိပ်ပြီး အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ဘူး ။ဒီမနက်က အကြောင်းပြောချင်လို့’’ စုမူက သူ့စိတ်ကို
တည်ငြိမ်အောင်လုပ်ဖို့ အကောင်းဆုံး ကြိုးစားလိုက်ပြီး ပြောလိုက်လေသည် ``ငါမင်းတို့အားလုံးကို
စုစည်းလိုက်ရတဲ့ အကြောင်းအရင်းကတော့ တစ်ယောက်ယောက်ကများ ငါရန်ကိုင်ကို လက်စားချေဖို့အတွက်
အကြံဥာဏ်ကောင်းလေးများ ပေးနိုင်မလားလို့ပါ’’
တစ်ယောက်ယောက်က ပြောလိုက်လေသည်``သခင်လေးစု…နောက်ထပ်၄ရက်လောက် ဘာလို့မစောင့်
တာလဲ။ နောက်၄ရက်ကြာရင် ရန်ကိုင်ကို ငါတို့ နောက်တစ်ကြိမ် စိန်ခေါ်နိုင်ပြီး သူ့ကိုဆုံးမလို့ ရတယ်လေ’’
စိတ်ပျက်စွာနဲ့ စုမူက ပြန်ပြောလိုက်လေသည်``ငါသာ အဲ့လောက်ကြာအောင် စောင့်နိုင်မယ်ဆိုရင် ဘာလို့
မင်းတို့ကို အခုလို စုစည်းနေဦးမှာလဲ’’
အိပ်မှုန်စုံဝါးနဲ့ စုဝေးနေတဲ့ သူတွေက မတ်တပ်ရပ်ရင် ရုတ်တရက် ကြောင်အသွားခဲ့လေသည်။ သိသာစွာပဲ
သူတို့တွေက အိပ်တစ်ဝက်နိုးတစ်ဝက် ဖြစ်နေလေသည်။ စုမူရဲ့ စကားကို ဘယ်သူမှ အာရုံမစိုက်ဘဲ သန်းဝေနေကြလေသည်။ သူတို့
အဲ့လိုလုပ်နေတာကို စုမူတွေတဲ့အခါ သူဒေါသထွက်သွားပြီး စားပွဲခုံးကို ရိုက်ချလိုက်ပြီး အော်လိုက်လေသည်
``မင်းတို့အားလုံး ငါ့ကို အကြံဥာဏ်ကောင်းလေး တစ်ခုတောင် မပေးနိုင်ကြဘူးလား။ အေး..မင်းတို့
အကြံဥာဏ်ကောင်းကောင်း တစ်ခုတောင် မပေးနိုင်ရင် တစ်ယောက်မှ ပြန်အိပ်ဖို့ မစဉ်စားကြနဲ့..’’
ကြောင်အနေတဲ့ သူတွေအားလုံး စုမူတကယ် ဒေါသထွက်နေပြီဆိုတာ သိလိုက်ကြလေသည်။
သူ့ စားပွဲခုံကို ဒေါသတကြီး ရိုက်လိုက်တဲ့ အတွက်ကြောင့် အကုန်လုံး အသိပြန်ဝင်လာပြီး အကြံကောင်း
တစ်ခုရဖို့အတွက် အသည်းအသန် စဉ်းစားကြပါတော့လေသည်။
သိပ်မကြာခင်မှာပဲ လီယွမ်ရှန်းဆိုတဲ့ တပည့်တစ်ယောက်က အကြံတစ်ခုခုကို စဉ်းစားမိလိုက်ပြီး
စုမူကို ပြောလိုက်လေသည်``သခင်းလေးစု ..ငါတို့ဒီလို လုပ်သင့်တယ်…..’’
သူတို့ဘယ်လို လုပ်သင့်ကြောင်းကို စုမူကို အသေးစိတ်က အစ ရှင်းပြပါတော့လေသည်။
စုမူရဲ့ စိတ်က ပျော်ရွှင်မှုကြောင့် ခုန်ပေါက်နေပြီး လီယွမ်ရှန်းရဲ့ ကျောကုန်းကို ဝမ်းသာအားရ ရိုက်လိုက်ကာ
``မဆိုးဘူး.မဆိုးဘူး ။ ဒါအကြံကောင်ပဲ …ဒီတာဝန်ကို ပြီးအောင်လုပ်ဖို့ မင်းကိုပဲ ငါတာဝန်ပေးလိုက်တော့မယ်’’
``ကျွန်တော့် တာဝန်ထားလိုက်ပါ သခင်လေးစု’’ လီယွမ်ရှန်းကလည်း အပြုံးကြီးပြုံးနေခဲ့လေသည်။
``မင်းတို့အာလုံး သွားပြန်အိပ်လို့ရပြီ’’ စုမူက သူ့ရဲ့ လက်ကို ဝှေ့ရမ်းလိုက်ပြီး အားလုံးကို ပြောလိုက်လေသည်။
သူတို့တွေအားလုံး စိတ်သက်သာရာ ရသွားပြီး ချက်ချင်ပဲ အိပ်ရာဆီကို ပြန်ပြေးကြလေသည်။
ပိန်းပိတ်အောင် မှောင်နေတဲ့ အပြင်ဘက်ကို ကြည့်ရင်း စုမူက မိစ္ဆာဆန်ဆန် ရယ်လိုက်ပြီး``ရန်ကိုင်..
ညီအစ်ကိုရန်..ငါ့ကိုစောင့်နေ..မိုးလင်းရင်တွေ့ကြတာပေါ့ ..ဟား ဟား ဟား’’
နောက်ဆုံး စိတ်ကျေနပ်သွားတော့မှပဲ စုမူ အိပ်ပျော်နိုင်တော့လေသည်။
နောက်တစ်နေ့မှာတော့ တံမြက်စည်းမလှည်းခင် ခန္ဓာသန့်စင်ခြင်းမှတ်တမ်းကို လေ့ကျင့်ဖို့အတွက် ရန်ကိုင်က
စောစောထလိုက်တယ်။
မနေ့က မွှေးရနံ့အိုးကို သုံးပြီး လေ့ကျင့်တုန်းက သူက သေမင်းနဲ့ စစ်ခင်နေရသလိုဖြစ်နေပြီး အခုအချိန်ထိတောင်
သူ့တစ်ကိုယ်လုံး ကိုက်ခဲ့နေပါသေးလေသည်။ ဒါပေမယ့် ဒါက သူ့ကို အလွန်အမင်း တိုးတက်စေခဲ့ပြီး အခု
ခန္ဓာသန့်စင်ခြင်းမှတ်တမ်းကို လေ့ကျင့်ရတာ နဂိုလောက် ဖိအားသိပ်မရှိတော့ပေ။ မွှေးရနံ့အိုးနဲ့
လေ့ကျင့်တုန်းက ရတဲ့ဖိအားက ခန္ဓာသန့်စင်ခြင်းမှတ်တမ်းကို လေ့ကျင့်နေတဲ့အချိန်မှာ ရတဲ့ဖိအားနဲ့
တူတယ်ဆိုတာကို သူနားလည်လိုက်ပြီး ဖိအားတစ်မျိုးကို လိုက်လျောညီထွေ ဖြစ်နေသမျှ ကာလပတ်လုံး
အခြားတစ်ခုနဲ့လည်း အသားကျနေပေလိမ့်မည်။
မွှေးရနံ့အိုးက သူလေကျင့်ရာမှာ တော်တော်လေးကို အကူအညီပေးနိုင်တဲ့အတွက် သူအလုပ်ကို မြန်မြန်
အပြီးသတ်ပြီး အခုချက်ချင်း သွားလေ့ကျင့်နေချင်နေခဲ့တာတော့ အသေအချာပင်။
ရန်ကိုင် တံမြက်စည်းလှည်းတာ ပြီးတော့မယ့် အချိန်မှာပဲ တစ်ယောက်ယောက်က သူ့လမ်းကို ပိတ်ထား
လိုက်ပြီး ထိုလူကိုလည်း သူရင်းနီးနေတယ်လို့ ခံစားနေခဲ့ရလေသည်။ သူတွေးနေတဲ့ အချိန်မှာပဲ ထိုလူက
ဝမ်းသာအားရ အော်ရယ်နေလေသည်။
မနေ့ညက လီယွမ်ရှန်းက စုမူကို အကြံဥာဏ်ကောင်း တစ်ခုပေးခဲ့လေသည်။ ထိုအကြံအတိုင်း သေချာစီစဉ်
ပြင်ဆင်ထားသော်လည်း သူဂရုမစိုက်ဘဲ မနေရဲပေ။ သူက ရန်ကိုင်ကို အရင်ဆုံး လှည့်စားပြီး သူ့ကို
သံသယ မဝင်အောင်လုပ်ကာ ရန်ကိုင်နဲ့ လက်ရည်ဖလှယ်နိုင်ဖို့ ကြိုးစားရပေလိမ့််မည်။
မနေ့က သူစုမူနဲ့ အတူတူလိုက်သွားတုန်းက သူ့က လူအုပ်ကြီးထဲမှာပဲ နေပြီး ဘာတစ်ခွန်းမှ မပြောတဲ့အတွက်
ရန်ကိုင်သူ့ကို မှတ်မိဖို့ မလွယ်ကူပေ ။ အဲ့လိုကြောင့်သာ သူ့အစီအစဉ်က အောင်မြင်ဖို့ ပိုပြီး နီးစပ်သွားခြင်းပင်။
သူက ရန်ကိုင်ကို အစောကြီးကတည်းက ဒီနေရာမှာ စောင့်နေခဲ့တာဖြစ်ပြီး နောက်ဆုံးတော့ ဒီနေရာကို တံမြက်စည်း လှည်းဖို့ ရန်ကိုင်ရောက်လာခဲ့လေပြီ။ ရင်းရင်းနှီးနှီး ပြုံးရင်း အပြစ်ကင်းစင်ပြီး အန္တရာယ်မရှိတဲ့ အမူအရာနဲ့ ရန်ကိုင်ဆီကို လမ်းလျှောက်သွားလိုက်လေသည်။ သူ့ရဲ့ အခုပုံစံကို ကြည့်ပြီး လီယွမ်ရှန်းက တော်တော်လေး ယုံကြည်ချက် ရှိသွားခဲ့သည်။
``ဒီက ဂိုဏ်းတူတပည့်ကများ ပြဿနာ တစ်ခုခု ရှိလို့လား’’…ရန်ကိုင်က ပြန်ပြီး ယဉ်ကျေးမနေခဲ့ပေ။
``ခင်ဗျားက စီနီုယာရန်ကိုင်မလား’’ လီယွမ်ရှန်းက အဖြေကို အစောကြီးကတည်းက သိနေတဲ့ပုံစံနဲ့
မေးလိုက်သေလည်။
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်တယ်``အင်း’’
လီယွမ်ရှန်းက အသက်ပြင်းပြင်း ရှုလိုက်ပြီး ``အိုး..တကယ်ပဲ စီနီယာ ရန်ကိုင်ပေါ့။ ကျွန်တော်က
တစ်မနက်လုံး စီနီယာကို ရှာနေခဲ့တာ..နောက်ဆုံးတော့ ငါ့မျှော်လင့်ချက်တွေ ပြည့်လာခဲ့ပြီကွ’’
သူပြောခဲ့တဲ့ စကားလုံးတွေက သူကိုယ်တိုင်ကိုတောင် အော့အန်ချင်သွားစေခဲ့ပေမယ့် သူ့ကိုသူ
အပြစ်ကင်းစင်နေတဲ့ပုံစံအဖြစ် ဆက်ဟန်ဆောင်နေလိုက်သည်။
လီယွမ်ရှန်းက ပီပြင်စွာ သရုပ်ဆောင်လိုက်ပြီး ရန်ကိုင်ရဲ့ လက်ကိုက်ိုင်ကာ လေးစားစွာနဲ့ ပြေလိုက်တယ်
``စီနီယာရန်…ခင်ဗျား မနေ့က ကျောင်းဟူကို သင်ခန်းစာ ကောင်းကောင်းပေးလိုက်တယ်လို့ ကျွန်တော်
ကြားလိုက်တယ်..စီနီယာက ဂရုဏာ ကြီးမားတဲ့ လူတစ်ယောက်ပဲ’’
``မင်းနဲ့ သူ့ကြားမှာ ဘာရန်ငြိုးတွေများ ရှိနေလို့လဲ’’ ရန်ကိုင်က သူ့ကို အကဲခတ်ရင်း မေးလိုက်တယ်။
လီယွမ်းရှန်းရဲ့ မျက်နှာက အေးစက်သွားပြီး ``ဒီကောင်ကာ တော်တော်လေးကို ရက်စက်ပြီး စက်ဆုပ်ဖွယ်
ကောင်းတဲ့ သားရဲတစ်ကောင်ဗျ..ကျွန်တော့်ကိုတောင် လူကြားထဲမှာ အရှက်ခွဲခဲ့သေးတယ်’’
``ဒါပေမယ့် လက်စားပြန်မချေခဲ့ ဘူးမလား…’’ ရန်ကိုင်က ပြန်ပြောလိုက်သည်။
``လက်စားချေချင်တာပေါ့ဗျ၊ ဒါပေမယ့်….’’ သက်ပြင်းချရင်း သူပြန်ပြောလိုက်တယ်``စီနီယာရန်….
ဒီကျောင်းဟူကို တစ်ယောက်ယောက်က ကျောထောက်နောက်ခံပေးထားတယ်ဆိုတာ ခင်ဗျားလည်း သိမှာပါ။
ကျွန်တော်က ကျောင်းဟူလိုကောင်ကို သောက်ဂရု မစိုက်ပေမယ့် သူ့ကိုထောက်ပံ့ပေးထားတဲ့ သူက
ကျွန်တော် ရန်စနိုင်တဲ့ သူမျိုးမဟုတ်ဘူးလေ….’’
``အဲ့ဒါမှန်တယ်’’ ရန်ကိုင်က ခေါင်းညိတ်ထောက်ခံ လိုက်သည်။ ဘာပဲ ဖြစ်ဖြစ် စုမူမှာ အားကောင်းတဲ့
နောက်ခံရှိတဲ့အတွက် သူ့လို သာမန်တပည့်တစ်ယောက်က ရန်မစရဲတာ အံ့သြစရာ မဟုတ်ပေ။
``အဲ့ဒါကြောင့် မနေ့တုန်းက စီနီယာရန်က ကျောင်းဟူကို သင်ခန်းစား ပေလိုက်တုန်းက ဒီကဂျူနီယာ
အတွက်လည်း လက်စားချေပေးသလို ဖြစ်သွားတာပေါ့’’ လီယွမ်ရှန်းက ကျေးဇူးတင်စွာ ပြောရင်း
သူ့မျက်နှာပေါ်မှာ မျက်ရည်ကျလာပါတော့သည်။
ရန်ကိုင်က ရယ်ရင်းပြန်ပြောလိုက်သည်``ငါတို့ လက်ရည်ဖလှယ်တာပဲလေ…ဘာမှလည်း အဲ့လောက်ကြီး
မဟုတ်ပါဘူး’’
လီယွမ်ရှန်က သူ့ခေါင်ကို ငုံ့လိုက်ပြီး ``စီနီယာရန်…ခင်ဗျားက ကျောင်းဟူကို နိုင်ခဲ့မှတော့ ခင်းဗျားရဲက ခွန်အား
ကလည်း အရမ်းအားနည်းလောက်မှာ မဟုတ်ဘူး ’’
ရန်ကိုင်က သူ့ရဲ့လက်ကို ဝှေ့ရမ်းရင် ပြန်ပြောလိုက်သည်``အဲ့လောက်ကြီးလည်း အဲ့သြစရာ မကောင်းပါဘူး..’’
လီယွမ်ရှန်းက စိတ်ထဲမှာ နှာခေါင်းရှုံ့လိုက်တယ်. မင်းနောက်ဆုံးတော့ အမှန်တရားကို ပြောရပြီပေါ့ ။
မင်းသာ မနေ့ အစီအစဉ်ချမထားရင် ကျောင်းဟူက မင်းကို ဘယ်လိုလုပ်ပြီး ရှုံးသွားပါ့မလဲ..
ဒါပေမယ့် သူ့ရဲအတွေးတွေကို သူမပြောရဲပေ..အကယ်၍ ရန်ကိုင်က သူ့ကို သံသယဝင်သွားတာနဲ့ သူ့ရဲ့
အစီအစဉ် ပျက်သွားပေလိမ့်မည်။
``စီနီယာ ခင်ဗျားက တကယ်ကို တော်တာပဲဗျာ။ လာ..လာ..လာ ကျွန်တေ်ာ လီယွမ်ရှန်းကလည်း
အခြားဘယ်သူနဲ့မှ လက်ရည်မဖလှယ်ရသေးဘူဆိုတော့ ဒီနေ့ စီနီယာ ရန်ကိုင်နဲ့တွေ့မှတော့ ဒီလို
အခွင့်အရေးကြီးကို ဘယ်လိုလုပ်ပြီး လွဲချော်သွားလို့ ဖြစ်မလဲ…အဲ့ဒါကြောင့် ကျွန်တော်တို့ လက်ရည်ဖလှယ်
ကြည့်ကြမလား…’’
ရန်ကိုင်က အားတင်းပြုံးလိုက်ပြီး မေးလိုက်တယ်``မင်းကငါနဲ့ လက်ရည်ဖလှယ်ချင်တာလား’’
လီယွမ်ရှန်းက စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်ပြီး ``ဟုတ်တာပေါ့။ စီနီယာက အဲ့ဒါလောက်ကိုတော့
တွန့်တိုမနေဘူးမလား …စီနီယာရန်..ခင်ဗျားကျောင်းဟူကို ဘယ်လိုအနိုင်ယူသွားလဲဆိုတာ ဒီဂျူနီယာကို
မြင်ခွင့်ပေးပါဦး။ ပြီးတော့ အဲ့ဒါက ကျွန်တော့်ကိုလည်း ကူညီရာ ရောက်တယ်လေ’’
ဒီအကြောင်းပြချက်က ယုံကြည်ဖို့ နည်းနည်းခဲယဉ်းနေခဲ့တဲ့အတွက် ရန်ကိုင်က ခေါင်းခါပြီး
ငြင်းပယ်လိုက်လေသည်``မေ့လိုက်တော့…ပုံမှန်မင်းအခြားသူတွေနဲ့ တိုက်ခိုက်လေ့မရှိဘူးမလား’’
လီယွမ်ရှန်း စိုးရိမ်စွာနဲ့ သူ့ကို ဖိအားပေးလိုက်တယ် ``အဲ့လိုမဟုတ်ဘူး…စီနီယာ မတိုက်ခိုက်ချင်ရင်တောင်
သဘောတူလို့ ရသားပဲ’’
ရန်ကိုင်က အေးစက်စက်ရယ်ရင်း သူ့ကိုကြည့်လိုက်တယ်..
လီယွမ်ရှန်းရဲ့ စိတ်နှလုံး ခုန်ပေါက်သွားလေသည်။ အစောတုန်းက သူစိတ်သိပ်မရှည်လိုက်ဘဲ နည်းနည်း
လောသွားပြီး ရန်ကိုင်ကို စကားလုံးတွေနဲ့ ဖိအားပေးလိုက်မိလေသည်…ချက်ချင်းပဲ သူလည်းပဲ ရယ်လိုက်ပြီး
``ဒီဂျူနီယာက တော်တော်အားနည်းပါတယ်…စီနီယာသာ ညွှန်ပြပေးနိုင်ရင် တော်တော်လေးကို
အကူအညီ ဖြစ်မှာ’’
‘‘ငါမလုပ်နိုင်ဘူး’’ ရန်ကိုင်က ငြင်းလိုက်သည်။
‘‘ဘာကြောင့်လဲ’’
‘‘အကြောင်းပြချက် မရှိဘူး’’
ရန်ကိုင်က သူ့ကို ရည်ရွယ်ချက်ရှိရှိနဲ့ ရှောင်နေမှန်း သိလိုက်တဲ့အခါ လီယွမ်ရှန်းက နည်းနည်းတင်းလာပြီး
``သိုင်းကွက်ဖလှယ်တာက ငါတို့လုပ်နေကြမဟုတ်ဘူးလား..အဲ့ဒါနဲ့တင် အကြောင်းပြချက် မလုံလောက်
သေးဘူးလား။ ငါတို့သာ သိုင်းပညာ ဖလှယ်နိုင်ခဲ့ရင် ငါတို့ နှစ်ယောက်စလုံးအတွက် အကျိုးရှိမှာပဲလေ’’
``မင်းအဲ့လိုမျိုး ပြောနိုင်ပေမယ့် ငါကတော့ သိုင်းပညာ ဖလှယ်ဖို့ စိတ်မဝင်စားဘူး…’’
ရန်ကိုင်က သူ့လက်ကို ထပ်ခါထပ်ခါ ဝှေ့ရမ်းပြီး ပြောလိုက်လေသည် ။
``အဲ့လိုမလုပ်ပါနဲ့ စီနီယာရယ်..သိုင်းပညာလေး နည်းနည်းဖလှယ်လိုက်တာက စီနီယာကို ဘာမှ
ဖြစ်သွားစေတာမှ မဟုတ်တာ’’ လင်ယွမ်ရှန်းရဲ့ မျက်နှာက စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နေပြီး သူ့ရဲ့ ရည်ရွယ်ချက်
အစစ်အမှန်ကို မဖော်ထုတ်ရဲပေ။ သူချက်ချင်းပဲ အကြံတစ်ခုခုကို မြန်မြန်ဆန်ဆန် တွေးလိုက်လေသည်
“စီနီယာက မတော်တဆ ရှုံးသွားပြီး စီနီယာရဲ့ အမှတ်နှုတ်ခံရမှာကို စိုးရိမ်နေတာမလား”
Martial Peak
အပိုင်း (၂၈) တိုက်ပွဲစတင်လေပြီ
လီယွမ်ရှန်းက မေးမြန်းလိုက်သော်လည်း ရန်ကိုင်ဆီက ခွန်းတုံ့ပြန်သံ ထွက်မလာခဲ့ပေ ။ သူ
ခန့်မှန်းတာ မှန်သွားပြီဆိုတာ သိလိုက်တဲ့အတွက် လီယွမ်ရှန်းက အပြုံးကြီးပြုံးရင်း
‘‘စီနီယာစိုးရိမ်စရာမလိုပါဘူး။ ငါတိုရဲ့ခွန်အားက သိပ်မကွာတာမို့လို့ ဘယ်သူနိုင်မယ် ဘယ်သူရှုံးမယ်
ဆိုတာကို ဘယ်သူမှ မသိနိုင်ဘူးလေ။ အခွင့်အရေးရပြီး စီနီယာကို ဒီဂျူနီယာလေးက နိုင်သွားခဲ့ရင်တောင်
စီနီယာ ပေးရမယ့်အမှတ်ကို ဒီဂျူနီယာလေးက ပေးပါ့မယ်’’
‘‘ မင်းတကယ်ပြောနေတာလား’’ ရန်ကိုင်က မေးလိုက်သည်။
‘‘ လူကြီးလူကောင်း တစ်ယောက်က သူ့ရဲ့ကတိကို ဘယ်တော့မှ မဖျက်ဘူး’’ လီယွမ်ရှန်းက
ပြောလိုက်လေသည်။
သူ့အစီအစဉ်အတိုင်း ရန်ကိုင်ကို လှည့်စားနိုင်ခဲ့တဲ့အတွက် သူ့မှာ ရန်ကိုင်နဲ့ ပြိုင်ဖို့အခွင့်အရေး
ရပြီဆိုတာ သိလိုက်သည်။ ပြီးတော့ စုမူက တစ်နေရာရာမှာ ပုန်းနေတယ်ဆိုတာကိုလည်း
သူသိတဲ့အတွက် စုမူရှေ့မှာသာ ရန်ကိုင်ကို ကောင်းကောင်း သင်ခန်းစာပေးနိုင်ရင်
သူစုမူ မျက်နှာသာပေးခံရမှာ ဧကန်အမှန်ပင်။
ဒါပေမယ့် ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်တဲ့အတွက် သူအမေကို ဆဲလုနီးပါးဖြစ်သွားခဲ့လေသည်။
ဒီစီနီယာက ခွေးမတစ်ကောင်လို တော်တော် စိတ်ပျက်ဖို့ကောင်းတယ် ..ကျောင်းဟူက ဒီလိုလူမျိုးကို
ဘယ်လိုလုပ်ပြီး ရှုံးသွားတာလဲ….။
‘‘စီနီယာ ..မေးစရာ ရှိသေးလို့လား’’ လီယွမ်ရှန်းက ဒေါသကြောင့် ပေါက်ကွဲခါနီးပင်။
‘‘အိုး..ငါမင်းနဲ့ သိုင်းဖလှယ်ချင်ပေမယ့် ကံမကောင်းစွာပဲ ငါက စိန်ခေါ်ခံရပြီးပြီဖြစ်လို့
မင်းငါကို စိန်ခေါ်လို့ မရတော့ဘူးလေ..ဒါကြောင့် မင်းသိုင်းကွက် ဖလှယ်ချင်တယ်ဆိုရင်
နောက်ထပ်ရက်နည်းနည်းလောက် ထပ်စောင့်ရလိမ့်မယ်’’
လီယွမ်ရှန်းက အသက်တောင် မရှုနိုင်တော့ပဲ မြန်မြန်ဆန်ဆန်ပဲ ပြောလိုက်သည်
‘‘စီနီယာ ငါကဒီငါးရက်အတွင်း တစ်ခါမှစိန်မခေါ်ခံရသေးလို့ ငါ့ကိုစိန်ခေါ်လို့ရတယ်လေ..
ကောင်းကင်စံအိမ်တပည့်တွေ အကုန်လုံး တစ်နေ့တစ်ကြိမ်စီ စိန်ခေါ်နိုင်ခွင့် ရှိတယ်မလား’’
‘‘ဒီလိုပေါ့’’ အခုမှနားလည်သွားတဲ့အတွက်ရန်ကိုင်အကျယ်ကြီး ရယ်လိုက်ပြီး
‘‘ ဂျူနီယာ….နဂိုတုန်းက အမြဲတမ်းငါပဲ စိန်ခေါ်ခံရတဲ့သူ ဖြစ်နေလို့ ဒီစည်မျဉ်းကိုတောင်
ငါမေ့နေပြီ’’
ဖြေးဖြေးလေး အသက်ရှုလိုက်ရင်း သူ့ဒေါသတွေ အကုန်လုံးကို ရန်ကိုင်ပေါ်မှာသာ ပုံချလိုက်ချင်
တော့လေသည်။ ခဏကြာတဲ့အခါမှာတော့ သူမေးလိုက်တယ်‘‘ စီနီယာ အခုငါတို့လက်ရည်ဖလှယ်လို့
ရပြီလား’’
ရန်ကိုင်က နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးလိုက်တယ်``ဂျူနီယာ၊ ငါရှုံးရင် မင်းတကယ်ပဲ
ငါ့ကို အမှတ်တွေပေးမှာလား’’
‘‘ ငါပေးမှာပေါ့။ နည်းနည်းလေးပေးမှာ မဟုတ်ဘူး ..ဆယ်ဆပေးမှာ’’ သူက အံကြိတ်ရင်း ပြောလိုက်သည်။
ရန်ကိုင်က သူ့ခေါင်းကို ခါရင်းပြန်ပြောလိုက်သည်‘‘ ငါမင်းကို မယုံဘူး။ မင်းငါ့ကို အမှတ်တွေ
အရင်မပေးသရွေ့ကတော့ ငါမင်းကို ယုံမှာမဟုတ်ဘူး’’
``ငါမင်းကို ဘယ်လိုပေးရမှာလဲ’’ လီယွမ်ရှန်းက သုန်မှုန်စွာပြောလိုက်တယ် ။အမှတ်တွေဆိုတာ
အခြားတစ်ယောက်က မှတ်တမ်းစာအုပ်ထဲမှာ မှတ်ထားတာလေ..အဲ့အမှတ်တွေ အမြဲတမ်း
သယ်သွားလို့ရတဲ့ အရာတွေမှမဟုတ်တာ..စီနီယာတစ်ယောက် ဖြစ်ပြီးတော့ အရမ်းကို
စိတ်ထားကျဉ်းမြောင်း လွန်းတာပဲ..ငါတကယ်ပေးမှာလို့ ပြောနေတာကို သူမယုံတာလား။
‘‘ငါ့မှာ နည်းလမ်းတစ်ခုတော့ရှိတယ်’’ ရန်ကိုင်က လီယွမ်ရှန်းကို အသိရခက်စွာ ပြုံးပြရင်း
သူ့ဆီသွားပြီး နားနားကပ်ကာ ပြောလိုက်သည်။
လီယွမ်ရှန်းရဲ့ မျက်နှာက အရောင်မျိုးစုံ ပြောင်းနေပြီး ရန်ကိုင် တကယ်ပါးနပ်တယ်ဆိုတာကိုတော့
လက်ခံလိုက်သည်။ သူမို့လို ဒီလို နည်းလမ်းမျိုးစဉ်းစားမိတယ်…
‘‘ဂျူနီယာ..မင်းအဆင်မပြေဘူး ဆိုရင်လည်း ဘာမှမဖြစ်ဘူးနော်။ စီနီယာက မင်းကို မယုံတာ
မဟုတ်ပါဘူး။ စီနီယာက နည်းနည်းလေး….’’ ပြောဖို့ခက်ခဲနေပုံနဲ့ ရန်ကိုင်က တုန့်ဆိုင်းနေလိုက်သည်။
လီယွမ်ရှန်းက ရန်ကိုင်ဘာလိုလဲဆိုတာ မသိပေမယ့် သူ့အစီအစဉ် ဖြစ်မြောက်အောင်မြင်ဖို့အတွက်
ရန်ကိုင်ရဲ့ ဆန္ဒကိုလိုက်လျောရပေမည်။ ဒါကြောင့် သူပြန်ပြောလိုက်တယ်``သိပ်မကြာပါဘူး..
ငါပစ္စည်းသွားယူပြီးတဲ့အထိ စောင့်နေပါ။…ခဏလေးပါပဲ’’
ရန်ကိုင်က ထွက်ခွာသွားတဲ့ လီယွမ်ရဲ့ ကျောဘက်ကို ကြည့်ရင်း သနားစွာဖြင့် သက်ပြင်း
ချလိုက်မိတယ် ။ လောကကြီးမှာ အလိုလိုနေရင်း အရိုက်ခံချင်နေတဲ့ သူတွေလည်း ရှိသေးတာပဲ..။
သူတောင်းဆိုတာကို ငါငြင်းဆိုလိုက်တာတောင် သူက မရရအောင်ကြိုစားသေးတယ်..သူက
တော်တော် ထူးဆန်းတာပဲ။ ကျေးဇူးတင်စွာပဲ သူလိုအပ်နေတဲ့ ဆေးပင်တွေကို ရယူနိုင်ခဲ့လေပြီ။
ဒါပေမယ့် ဒီလိုနည်းလမ်းက တစ်ကြိမ်သာ အသုံးဝင်ပြီး နောက်တစ်ကြိမ် အသုံးဝင်လိမ့်မည်
မဟုတ်ပေ။
ထိုဂျူနီယာတပည့်ရဲ့ အရူးအမူး ဖြစ်နေတဲ့ပုံစံကို ကြည့်ပြီး သူဘာတောင်းဆိုဆို ထိုကောင်က
သဘောတူလိမ့်မယ်ဆိုတာ သူသိနေခဲ့သည်။
ရန်ကိုင်၏ အဝေးတစ်နေရာကနေ ပုန်းနေတဲ့ စုမူနဲ့ အပေါင်းအပါတစ်သိုက်က လီယွမ်ရှန်းက
ရန်ကိုင်နဲ့ စကားပြောနေတာကို တွေ့လိုက်တဲ့အခါမှာတော့ သူတို့တော်တော်လေးကို
ရင်ခုန်စိတ်လှုပ်ရှားသွားခဲ့လေသည်။ စုမူက ပြပွဲကောင်းတစ်ခုကို ကြည့်ဖို့လုပ်နေတုန်းမှာပဲ
လီယွမ်ရှန်းက ရန်ကိုင်ဆီကနေ အလောတကြီး ပြေးထွက်သွားခဲ့တဲ့အတွက် သူစိတ်ရှုပ်
သွားခဲ့လေသည်။
မနေ့တုန်းက သူ့အစီအစဉ်ကို ဆွေးနွေးတုန်းက ဒီလိုလုပ်ဖို့ မပါပါဘူး ..လီယွမ်ရှန်းက ဘာတွေ
လုပ်နေတာလဲ။
သံသယအပြည့်နဲ့ ချက်ချင်းပဲ စုမူက သူ့လက်အောင်ငယ်သား တစ်ယောက်ကို လီယွမ်ရှန်းကို
သွားပြီး အခြေအနေ အကြောင်းကို မေးမြန်းဖို့ အမိန့်ပေးလိုက်သည်။
၁၅မိနစ်လောက် ကြာပြီးနောက် သူလွှတ်လိုက်တဲ့သူ ပြန်ရောက်လာပြီး သူ့ကို နားနားကပ်ကာ
ပြောလိုက်သည် ‘‘သခင်လေးစု၊ ရန်ကိုင်ကအရမ်းကို စိတ်ထားကျဉ်းမြောင်ပြီး သူ့အတွက် ဆေးပင်အချို့ကို
သွားယူပေးမှ သူတောင်းဆိုတာကို သဘောတူမယ်လို့ လီယွမ်ရှန်းက ပြောတယ်’’
‘‘ နည်းနည်း များလွန်းမနေဘူးလား’’ စုမူက တအံ့အသြ ပြောလိုက်သည် ‘‘ ရန်ကိုင်က
တရားမဝင် တပည့်တစ်ယောက်သာသာပဲလေ။ သူရှုံးရင်တောင် အမှတ်တစ်မှတ်ပဲ ရှုံးမှာကို
ဘာလို့ သူ့ကို ဆေးပင်၁၀ပင်ပေးရတာလဲ’’
ထိုလူက ပြန်ပြောလိုက်သည်``လီယွမ်ရှန်းက အဲ့လိုဖြစ်အောင်လုပ်လိုက်တာ။ သူက ရန်ကိုင်ကို
ဆယ်ဆပေးမယ်လို့ ပြောလိုက်တာ။ အဲ့ဒါကြောင်……’’
‘‘ အင်း၊ အံ့သြစရာ မဟုတ်တော့ပါဘူးလေ’’ စုမူမျက်နှာ ရုပ်ဆိုးသွားခဲ့လေသည်။
‘‘ အဲ့အကြောင်း မေ့လိုက်တော့ ။ရန်ကိုင်ကိုသာ သင်ခန်းစာ ကောင်းကောင်းပေးနိုင်ရင် ဆေးပင်
၁၀ပင်လောက် ဆုံးရှုံးတာ ဘာမှမဖြစ်ပါဘူးလေ’’
ဆေးပင်၁၀ပင်ကို အမှတ်၁၀မှတ်ပဲ ကျသင့်တာလေ။ ဒီလိုအမှတ်လောက်ကတော့ စုမူရဲ့ မျက်လုံး
ထဲပင်မထည့်ပေ။
နာရီဝက်လောက်ကြာတဲ့ အချိန်မှာတော့ ရန်ကိုင်တံမြက်စည်လှည်းတာ ပြီးသွားခဲ့သည်။
သိပ်မကြာခင်မှာပဲ ရန်ကိုင် မျက်နှာနီရဲနေပြီး ဟောဟဲဟောဟဲ ဖြစ်နေတဲ့ လီယွမ်ရှန်းက
သူ့ဆီကို ပြန်လာနေတာကို တွေ့လိုက်သည်။ လီယွမ်ရှန်းက ထောက်ပံ့ရေးခန်းမှာကို
သွားရတာ အဲ့လောက်ဒေါသမထွက်ပေမယ့် အိပ်ပျော်နေတဲ့ ဘဏ္ဏာထိန်းမန်က သူ့ကို
ကြာအောင်လုပ်နေတာကိုတော့ သူတော်တော် ဒေါသထွက်သွားခဲ့သည်။ အချိန်အကြာကြီး
အော်ခေါ်ပြီး တံခါးကို အကြိမ်များစွာ တဒုန်းဒုန်းထုပြီး တော့မှသာ သူနိုးလာခဲ့လေသည်။
လူအိုကြီးမန်က သူအိပ်နေတာ နှောင့်ယှတ်ခံလိုက်ရတဲ့အတွက် ဒေါသထွက်သွားပြီး
သာမန်အဆင့်နိမ့် ဆေးပင်၁၀ပင်ကို အမှတ်၂၀နဲ့ ရောင်းလိုက်ပါတော့သည်။
လီယွမ်ရှန်းက ဒီအကြွေးကို ရန်ကိုင်ပေါ်မှာသာ ပုံချဖို့ ဆုံးဖြတ်လိုက်လေသည်။ သူပြန်လာတဲ့အချိန်မှာ
ရန်ကိုင်က ထွက်မသွားဘဲ တံမြက်စည်းကိုင်ပြီး သူ့ကို စောင့်နေတာကို တွေ့လိုက်ရတဲ့အတွက်
လီယွမ်ရှန်းက အသက်တောင်မရှုတော့ပဲ ရန်ကိုင်ဆီကို ပြေးသွားပြီး ပြောလိုက်သည်
‘‘ စစ်ဆေးကြည့်လိုက်ပါ…စီနီယာ’’
ရန်ကိုင်က သဘောထားကြီးတဲ့ပုံစံနဲ့ လီယွမ်ရှန်းရဲ့ ဆေးပင်တွေကို ရေတောင်မရေတွက်တော့ပဲ
သူ့တံမြက်စည်းနဲ့အတူ ကြမ်းပြင်ပေါ်ချထားလိုက်ပြီး
‘‘စီနီယာ ၊အခု ငါတို့လက်ရည်ဖလှယ်လို့ ရပြီလား’’
‘‘ ရတာပေါ့၊ ရတာပေါ့။ ဒီလောက်ကြီးလည်း လုပ်ဖို့မလိုပါဘူး။ မင်းသာအစောကြီးကတည်းက
ပြောလိုက်ရင် ငါသဘောတူမှာပေါ့’’ ရန်ကိုင်က ပျော်ပျော်ရွှင်ရွှင်ပဲ ပြောလိုက်သည်။
လီယွမ်ရှန်းက ဗုဒ္ဓဘုရားလေးဆူစလုံးကို ဖူးတွေ့ချင်လောက်အောင် ဒေါသထွက်သွားခဲ့လေသည်။ မင်းပဲ
အဲ့ဆေးပင်တွေကို လိုချင်နေတာလေ၊ မင်းပဲ ငါ့ကိုမယုံကြည်တာလေ၊ မင်းပဲ ငါ့ကို ဒီလောက်
အဝေးကြီသွားခိုင်းတာလေ။ နောက်ဆုံကျတော့မှ မင်းက မလိုအပ်တော့ဘူးတဲ့လား..ငါ့လခွမ်းမှပဲ’’
လီယွမ်ရှန်းက ရန်ကိုင်က သူ့ကိုလုပ်ခဲ့တာတွေကို မေ့ထားလိုက်ပြီး တိုက်ပွဲစတော့မှ
သူ့ကို ကောင်းကောင်းသင်ခန်းစာ ပေးမယ်လို့ဆုံးဖြတ်လိုက်သည်။
‘‘ ဂျူနီယာ..ငါတို့စကြတော့မလား’’ရန်ကိုင်က လီယွမ်ရှန်းကို မေးလိုက်သည်။
‘‘စလိုက်ကြတာပေါ့’’ လီယွမ်ရှန်းက စိတ်အားတက်ကြွစွာ ပြောလိုက်လေသည်။
‘‘သင်ပြပေးပါဦး’’
‘‘ မလုပ်ရဲပါဘူး။ မလုပ်ရဲပါဘူး’’ ရန်ကိုင်က နှိမ့်ချစွာ ပြုံးရင်း ပြန်ပြောလိုက်တယ်။
လီယွမ်ရှန်းက ရန်ကိုင်ကြောက်ပြီး ထွက်ပြေးသွားမှာ စိုးတဲ့အတွက် သူ့ကျင့်ကြံခြင်း အစစ်အမှန်ကို
မထုတ်ပြရဲပေ။ အတွေးကိုယ်စီနဲ့ သူတို့နှစ်ယောက်ကြားက တိုက်ပွဲက စတင်ခဲ့လေသည်။
ကျောင်းဟူရဲ့ မနေ့က အမှားကြောင့် သူ့စိတ်ထဲမှာ အမုန်းတရားတွေနဲ့ ပြည့်နေခဲ့သည်။
လျှပ်စီးတမျှ လျှင်မြန်တဲ့ လက်သီဒချက်တွေနဲ့ အပြန်အလှန် ထိုးစစ်ဆင်ရင်း တစ်ယောက်ရဲ့
တိုက်ခိုက်မှုကို တစ်ယောက်က ရှောင်တိမ်းကာ လီယွမ်ရှန်းနဲ့ ရန်ကိုင်တို့ လက်ရည်
ဖလှယ်နေကြတယ်။
ရန်ကိုင်က ထိတ်လန့်မသွားဘဲ တည်တည်ငြိမ်ငြိမ် တိုက်ခိုက်နေခဲ့သည်။ လွန်ခဲ့တဲ့ ရက်တွေတုန်းက
ဇွဲနပဲ ကြီးစွာလေ့ကျင့်မှုတွေက အခုအချိန်မှာ အစွမ်းပြလာခဲ့လေပြီ။ ကောင်းကင်စံအိမ်ရဲ့
အခြေခံသိုင်းပညာရပ်တွေနဲ့တင် လီယွမ်ရှန်းနဲ့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်နေလေသည်။
ခဏကြာ ယှဉ်ပြိုင်ပြီးနောက် လီယွမ်ရှန်းက ထိတ်လန့်လာခဲ့လေသည်။ သူ့ပြိုင်ဘက်ရဲ့ ပြင်းထန်တဲ့
စွမ်းအင်ကြောင့် မတည်ငြိမ်နိုင်တော့ပဲ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရသည်။ ဒါ့အပြင်
ရန်ကိုင်ကို ထိုးလိုက်တိုင်းသူ့လက်သီးက ကျောက်တုံးကြီးတစ်တုံးကို ထိုးလိုက်ရသည့်အလား
ခံစားလိုက်ရပြီး သူ့လက်တွေတဖြည်းဖြည်း ထုံကျင်လာခဲ့လေသည်။
Martial Peak
အပိုင်း (၂၉) ဆုံးရှုံးမှုကြီး
အမှတ်၂၀လောက် ဆုံးရှုံးသွားပြီးနောက် လီယွမ်ရှန်း နောက်ထပ် ဂရုမစိုက်ဘဲ မနေရဲတော့ပေ။
ရန်ကိုင်ကိုကြည့်ရင်း လက်သီးချက်ပေါင်းများစွာကို လျင်လျင်မြန်မြန် ထုတ်လိုက်သည်။
ဒါက စိတ်ထားကျဉ်းမြောင်းတဲ့အတွက်..ဒါက မနက်က ငါ့ကို ထောက်ပံ့ရေးခန်းမကို
သွားခိုင်းတဲ့အတွက် ဆိုပြီး တိုက်ခိုက်ရင်း စိတ်ထဲမှာ ကြုံးဝါးနေခဲ့တယ်‘‘ဘုန်း..ဘုန်း’’
ရန်ကိုင်ပေါ်ကို လီယွမ်ရှန်းရဲ့ လက်သီးချက်တစ်ချက် ကျရောက်တိုင်း စုမူအံံ့သြသွားရပေမယ့်
လီယွမ်ရှန်းခဗျာတော့ ရန်ကိုင်ကို ထိုးလိုက်မိတိုင်း သူ့လက်သီးက နာကျင်မှုကို ခံစားနေခဲ့ရသည်။
နှစ်ယောက်စလုံးက ခန္ဓာသန့်စင်ခြင်း အဆင့်တွေပဲဖြစ်တဲ့အတွက် သူတို့ရဲ့တိုက်ခိုက်မှုတွေက
အရမ်းကြီး ပြင်းထန်မနေခဲ့ပေ။ ပြီးတော့ ရန်ကိုင်က သူ့ခန္ဓာကိုယ် အခြေအနေကို စမ်းသပ်ချင်သဖြင့်
လီယွမ်ရှန်းရဲ့ လက်သီးချက်တွေကို ရည်ရွယ်ချက်ရှိရှိ သူ့ပေါ်ကျရောက်စေလိုက်သည်။
လက်ဖက်ရည်တစ်အိုးစာလောက် အချိန်မှာပဲ ရန်ကိုင်က သူ့ခန္ဓာကိုယ် အခြေအနေကို နားလည်
သွားခဲ့ပြီး သူ့ခန္ဓာကိုယ်က အရင်ရက်တွေကထက် အများကြီး ပိုသန်မာလာခဲ့ပါပြီ ။
သူ့ခန္ဓာကိုယ် အခြေအနေကို စမ်းသပ်စစ်ဆေးသွားပြီးပြီ ဖြစ်တဲ့အတွက် ရန်ကိုင်က လီယွမ်ရှန်း၏
တိုက်ခိုက်မှုတွေကို သူအလကားသက်သက် ငြိမ်ခံမနေတော့ပေ။
အောင်မြင်မှုက လီယွမ်ရှန်းနဲ့ လက်တစ်ကမ်း အလိုလောက် ဖြစ်နေတဲ့အချိန်မှာ တစ်ခုခု ပြောင်းလဲ
သွားလေသည်။ ခုဏတုန်းက နောက်ဆုတ်ပြီး တောက်လျှောက်ခုခံနေတဲ့ စီနီုယာရန်က ချက်ချင်းပဲ
မိစ္ဆာဝိဥာဉ်တစ်ကောင်က ဝတ်လစ်စလစ် မိန်းကလေး တစ်ယောကို တွေ့လိုက်သလိုမျိုး စိတ်လှုပ်ရှားစွာ
သူ့ကို ရင်ဆိုင်တိုက်ခိုက် လာလေသည်။ ဒီလို ရုတ်တရက် ပြောင်းလဲမှုက လီယွမ်ရှန်းကို ခက်ခဲသွား
စေခဲ့သည်။
သေသေချာချာ အနီးကပ်တိုက်ခိုက်ရင်း ရန်ကိုင်စိတ်လှုပ်ရှားနေတာက သူတွေးတာနဲ့ ကွဲပြားနေ
တယ်ဆိုတာ သိလိုက်သည် ။ ရန်ကိုင်ပုံစံက အေးစက်ပြီး သွေးဆာနေတဲ့ စိတ်လှုပ်ရှားမှုမျိုးပါ။
မကောင်းတဲ့ ခံစားချက်ရနေတဲ့ လီယွမ်ရှန်းက ချက်ချင်းပဲ နောက်ဆုတ်လိုက်သည်။ သူ နောက်ကို
တစ်လှမ်းပဲ ဆုတ်ပြီးချိန်မှာ ရန်ကိုင်က တောင်ကြီးတစ်လုံးလို သူ့လမ်းကို ပိတ်ထားလိုက်လေသည်။
လီယွမ်ရှန်းက ရန်ကိုင်ဆီကနေ လွတ်မြောက်ချင်နေတဲ့အတွက် ချက်ချင်းပဲ ခုန်လိုက်သည်။
အဲ့အချိန်မှာပဲ ရန်ကိုင်က လီယွမ်ရှန်းရဲ့ ခါးကို ဖြတ်ကန်လိုက်လေသည်။
သူ့ဆီကနေ သနားစရာကောင်းတဲ့ အော်သံကြီးထွက်လာပြီး ပေအနည်းကို လွင့်ထွက်သွားခဲ့သည်။
ဒါပေမယ့် ရန်ကိုင်က ရပ်တန့်မနေဘဲ ရက်စက်ကြမ်းကြုတ်စွာ လီယွမ်ရှန်းကို ခြေထောက်နဲ့ကန်ရင်း ၊
နင်းရင်း အဆုံးမရှိတဲ့ လက်သီးမိုးတွေ တရပ်စပ်ကျဲချပေးနေလေသည်။
ကြောက်လန့်ဖွယ်ကောင်းတဲ့ လီယွမ်ရှန်းရဲ့ အော်ဟစ်သံကြီး ပဲ့တင်ထပ်သွားခဲ့လေသည်။
လက်ရည်ဖလှယ်တာက မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပဲ လီယွမ်ရှန်းခွေးတစ်ကောင်လို
အရိုက်ခံရပြီး အဆုံးသတ်သွားခဲ့လေသည်။
အစောတုန်းက လီယွမ်ရှန်း လွင့်ထွက်သွားတဲ့အချိန်မှာ ဆက်လက်တိုက်ခိုက်ဖို့ ဆန္ဓရှိသေးပေမယ့်
ရန်ကိုင်ရဲ့ သနားကြင်နာမှု မရှိတဲ့ လက်သီးမိုးတွေအောက်မှာ သူ့ရဲ့ ဒဏ်ရာအခြေအနေက
ပိုမိုဆိုးရွားလာခဲ့လေသည်။
ခဏကြာပြီးတဲ့နောက်မှာတော့ သူဆက်လက် မတောင့်ခံနိုင်တော့ပေ။ ထို့ပြင် ရန်ကိုင်ရဲ့ တုန့်ပြန်မှု
လုံးဝကွဲပြားသွားတာကိုလည်း သူသတိထားမိလိုက်လေသည်။
သူရန်ကိုင်ကို ပိုတိုက်လေ၊ ရန်ကိုင်က ပိုပြီး စိတ်လှုပ်ရှားလာလေပင်။ ပြီးတော့ သူရန်ကိုင်ကို
ပိုတိုက်ခိုက်လေ ရန်ကိုင်က ပိုပြီးရက်စက်ကြမ်းကြုတ်လာလေဖြစ်ကာ သူအတွက် ပိုပြီး
သနားစရာကောင်းလာလေပင်။
အရိုက်ခံရတာကို ကြိုက်တဲ့သူ ဘယ်သူရှိမှာလဲ။ ဒါပေမယ့် ရန်ကိုင်အတွက်ကတော့ ရဲရဲနီနေတဲ့
သွေးကိုမြင်လေ သူကပိုပြီး ပျော်ရွှင်လာကာ ပိုပြီး ရူးသွပ်လာလေ ဖြစ်လေသည်။
လီယွမ်ရှန်းက ရန်ကိုင်ရူးနေတယ်လို့ တွေးနေခဲ့လေသည်။ ဒါပေမယ့် ပြိုင်ပွဲပြီးသွားတဲ့ နောက်မှာတော့
ရန်ကိုင်က ပုံမှန်ပြန်ဖြစ်သွားပြီး သူ့ကိုတောင် ထူမပေးလိုက်သေးလေသည်။။ ထို့နောက်
သူ့တံမြက်စည်းကို ကောက်ပြီး ထွက်သွားပါတော့လေသည်။
ရန်ကိုင် တိုက်ခိုက်နေတဲ့အချိန်က ပုံစံနဲ့ သာမန်အချိန်ကပုံစံက လုံးဝကို ကွဲပြားနေပါသည်။
ရန်ကိုင်ရဲ့ လက်သီးချက်တွေကြောင့် အခုအချိန်မှာ သူ့တစ်ကိုယ်လုံး နာကျင်နေလေသည်။
ဒီတစ်ကြိမ်မှာ ကြက်ကိုဖမ်းဖို့ လုပ်ပေမယ့် ကြက်လည်းဆုံး ဆန်လည်းဆုံး ဖြစ်သွားခဲ့လေသည်။
လီယွမ်ရှန်းက အဲ့အကြောင်းကို တွေးရင်း မျက်ရည်ကျလာတော့လေသည်။
ရန်ကိုင်က သူနဲ့ လက်ရည်ဖလှယ်ဖို့ကို ဆက်တိုက်ငြင်းဆိုခဲ့ပေမယ့် သူကပဲ မရမက တောင်းဆိုခဲ့တာပါ။
သူက ရန်ကိုင် ကတိတည်စေဖို့ ဆေးပင်၁၀ပင်အတွက် အမှတ်၂၀ကိုတောင် ဖြုန်းလိုက်မိသေး။
ဒါပေမယ့် ရလဒ်ကတော့….သူရှုံးသွားခဲ့တယ်။ ဆေးပင်ဖိုး အလာဟသ ဆုံးရှုံးသွားရုံမက
ခွေးတစ်ကောင်လိုလည်း သမခံလိုက်ရသေးသည်။
ဒီတစ်ခါကတော့ တကယ်ကို ဆုံးရှုံးမှုကြီးပါ။ ဒါက သေးငယ်တဲ့ အရာလေးတစ်ခုကြောင့် ရန်စမိတာပဲ
မဟုတ်ဘူးလား။ လီယွမ်ရှန်းက နောင်တရနေခဲ့လေသည်။
စုမူနဲ့အတူ အဝေးကကြည့်နေတဲ့ သူတွေတောင် ထိတ်လန့်မှုကြောင့် ကြောင်အနေလေသည်။ လီယွမ်ရှန်းက
ရန်ကိုင်နဲ့ တိုက်ခိုက်တော့မှာကို တွေ့လိုက်တာနဲ့ သူတို့ထခုန်လိုက်ပြီး ရန်ကိုင်ကို လှည့်စားနိုင်ခဲ့တဲ့
အတွက် လီယွမ်ရှန်းကို ချီးမြှောက်ပေးလိုက်ကြသည်။ သိပ်မကြာခင်မှာပဲ ရန်ကိုင်က
အညိုမဲစွဲအောင် အရိုက်ခံရတော့မှာကို တွေးရင်ပျော်နေခဲ့ကြသည်။
စုမူလည်း ထိုနည်းလည်းကောင်းပင်။ ရန်ကိုင်ရှုံးသွားတာနဲ့ သူထွက်သွားပြီး ရန်ကိုင်ကို
လှောင်ပြောင်သရော်မှာပဲ ဖြစ်လေသည်။ ဒီလိုမှပဲ သူ့ဒေါသတွေက အထိ်ုက်အလျောက်
လျော့ကျသွားမှပဲ ဖြစ်လေသည်။ ဒါပေမယ့် တိုက်ပွဲက သူမျှော်လင့်ထားသလို ဖြစ်မလာပဲ
ရန်ကိုင်က လီယွမ်ရှန်းကို တည်တည်ငြိမ်ငြိမ် တိုက်ခိုက်နိုင်ခဲ့လေသည်။
တစ်ခဏကြာအောင် စုမူက သူမြင်ခဲ့တဲ့ အရာတွေက မှုန်ဝါးနေခဲ့တယ်လို့ ထင်နေလေသည်။
သံသယရှိစွာနဲ့ သူ့ဘေးနားကနောက်လိုက်ကို မေးလိုက်သည်‘‘ လီယွမ်ရှန်းက ဘယ်အဆင့်မှာလဲ’’
‘‘ ခန္ဓာသန့်စင်းခြင်း အဆင့်၇ရောက်ပြီး အတွင်းအားကို စတင်ကျင့်ကြံနေပြီလေ။ ဆိုးတာတစ်ခုက
သူလေ့ကျင့်ချိန် နည်းနေသေးတဲ့အတွက် အတွင်းအားကို သေသေချာချာ မသုံးတတ်သေးတာ
လေးပဲ’’
‘‘ ပြီးတော့ ရန်ကိုင်ကရော’’ စုမူက ထပ်မေးလိုက်တယ်။ အားလုံးကို ထိတ်လန့်မှုက ကြီးစိုးသွား
ခဲ့လေသည်။ အဆင့်၃ဆင့် ကွာတာတောင် လီယွမ်ရှန်းနဲ့ လက်ရည်တူတိုက်ခိုက် နိင်တယ်ဆို
ကတည်းက ရန်ကိုင်ရဲ့ အရည်အချင်းက တော်တော်လေးကို မွန်းစတား ဆန်နေလေပြီ။
မနေ့က ကျောင်းဟူသုံးကွက်တည်းနဲ့ ရှုံးသွားတာ အံ့သြစရာ မဟုတ်ပေ။ ဒီလောက် အဆင့်၃ဆင့်
ခြားနေတာတောင် ရန်ကိုင်က လီယွမ်ရှန်းကို အနိုင်ရအောင် တိုက်နိုင်ခဲ့သည်။ အကယ်၍
ကျောင်းဟူက အားကုန်သုံးပြီး တိုက်မယ်ဆိုရင်တောင် ရန်ကိုင်ကို နိုင်မည်မဟုတ်ပေ။
ဒါပေမယ့် ဒီလူကဘာလို့ အဲ့လောက်တောင် အားကောင်းနေတာလဲ ။ သူတိုက်ပွဲဝင်စွမ်းရည်သာ
အဲ့လောက်ကောင်းနေခဲ့ရင် အစောပိုင်း တိုက်ပွဲတွေကို သူဘာလို့ ရှုံှးတာလဲ။
ရန်ကိုင်က တရားမဝင်တပည့် ဖြစ်တာ သုံးနစ်ကြာပြီ ဖြစ်ပြီး သူတရားမဝင်တပည့် ဖြစ်ကြောင်း
ဝန်ခံလိုက်ပြီးကတည်းက သူတောက်လျှောက် စိန်ခေါ်ခံရတာပဲဖြစ်လေသည်။ မနေ့ကမတိုင်ခင်အထိ
သူစိန်ခေါ်ခံရတဲ့ အကြိမ်တိုင်း ရှုံးနိမ့်ပြီး လွန်ခဲ့တဲ့ ၂နှစ်အတွင်း ပြိုင်ပွဲတစ်ပွဲတောင် မနိုင်ခဲ့ပေ။
စုမူနဲ့ သူ့နောက်လိုက်ငယ်သာတွေ ထင်ခဲ့တာကို လီယွမ်ရှန်းရဲ့ တိုက်ကွက်တစ်ကွက်ကို ရန်ကိုင်က
ခုခံနိုင်ခဲ့ရင် တော်တော်လေး ဆန်းကြယ်နေပါပြီ။ ဒါပေမယ့် ရန်ကိုင်က လီယွမ်ရှန်းကို အနိုင်ယူ
လိုက်တဲ့အချိန်မှာတော့ လူအုပ်ကြီးက ကျီးကန်းနဲ့ဒေါင်းတွေလို ဖြစ်နေပြီး အသံတစ်သံတောင်
မထွက်နိုင်တော့ပေ။ သူတို့ မျက်လုံတွေကိုတောင် သူတို့ မယုံကြည်နိုင်လောက်အောင်
ဖြစ်သွားခဲ့လေသည်။
ခန္ဓာသန့်စင်ခြင်း အဆင့်၄ကျင့်ကြံသူတစ်ယောက်က ခန္ဓာသန့်စင်ခြင်းအဆင့်၇ကျင့်ကြံသူကို
အနိုင်တိုက်နိုင်ခဲ့သည်။ ကျောင်းတော်ရဲ့ သမိုင်းတစ်လျှောက်မှာတောင် ဒီလိုအဖြစ်အပျက်မျိုး တစ်ခါမှ
မဖြစ်ခဲ့ဖူးပေ။ သူငေးငိုင်တွေဝေနေစဉ်မှာပဲ တစ်စုံတစ်ယောက်က သူ့ပခုံးကို ညင်သာစွာ
ပုတ်လိုက်တာကို ခံစားမိလိုက်သည်။ လှည့်ကြည့်လိုက်တဲ့အခါမှတော့ ရန်ကိုင်က တံမြက်စည်း
ကိုင်ကာ သူ့ကိုပြုံးပြနေပြီး ပြောလိုက်သည်‘‘ ဂျူနီယာစု၊ ဒီလိုမျိုးနောက်ထပ် အခွင့်အလမ်းကောင်း
တွေရှိရင် ငါ့ကိုသတိပေးဖို့ မမေ့နဲ့နော်’’
‘‘ မင်းသိနေခဲ့တာလား’’ စုမူရဲ့ မျက်နှာရှုံ့မဲ့သွားတော့လေသည်။
ရန်ကိုင်က ပြုံးစိပြုံးစိလုပ်ရင်း‘‘ မနေ့က ဂျူနီယာလီက လူအုပ်ထဲမှာ ပုန်းနေပေမယ့်လည်း သူက
မင်းနဲ့အတူတူ ရှိနေတာလေ။ ဒီကစီနီယာမှာ ကောင်းတဲ့အချက်ဆိုလို့ သူ့ရဲ့မှတ်ဥာဏ်ပဲရှိတယ်’’
‘‘ ဘယ်လောက်တောင် ရှက်ဖို့ကောင်းလိုက်လဲ’’ စုမူက ရန်ကိုင်ကို ပိုပြီး မုန်းတီးသွားခဲ့လေသည်။
အခုမှပဲ သူတို့အားလုံး ရန်ကိုင် လှည့်စားတာ ခံလိုက်ရပြီဆိုတာ သိလိုက်သည်။
‘‘ ငါတို့က တစ်လှေတည်း စီးနေတဲ့သူတွေပဲလေ’’ သူရယ်လိုက်ပြီး‘‘ အိုးကောင်းပြီ။ ငါမနက်ဖြန်
တစ်ယောက်ယောက်ကို စိန်ခေါ်နိုင်တာပဲ။ လူတိုင်းကို တစ်နေ့တစ်ခါ စိန်ခေါ်ခွင့်ပြုထားတယ်
မလား။ ပျော်ရွှင်သော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ပါစေ။ အားလုံးစောင့်နေကြနော်…မနက်ဖြန်
ငါမင်းတို့ကို လာရှာမယ်’’
လူတိုင်းရဲ့ မျက်နှာက ရေခဲတုံးလိုပဲ ချက်ချင်း အေးစက်သွားတော့လေသည်။ ရန်ကိုင် အပြုအမူတွေကို
မြင်ပြီး သူတို့သင်ခန်းစာ မရသေးတာမဟုတ်ပေ။ အဲ့နောက်မှာတော့ လီယွမ်ရှန်းကို ကြည့်ကာ
သူတို့ခွန်အားက လီယွမ်ရှန်းလောက်ပဲ ရှိတယ်ဆိုတာကို သိလိုက်တဲ့အခါ သူတို့ကျောချမ်းသွား
ပါတော့သည်။ သူတို့ ထိတ်လန့်တကြား ပြောလိုက်သည်‘‘ သခင်လေးစု၊ အခု ငါတို့ဘာလုပ်သင့်လဲ’’
ဘာပဲဖြစ်ဖြစ် စိန်ခေါ်ပွဲတွေဆိုတာ ကောင်းကင်စံအိမ်ရဲ့ အစဉ်အလာပင်။ သူ့မှာ
အားကောင်းတဲ့ နောက်ခံရှိနေပေမယ့်လည်း စံအိမ်ရဲ့ စည်းမျဉ်းကို မဆင်မခြင် မချိုးဖောက်ရဲပေ။
‘‘ အေးအေးဆေးဆေးသာ နေကြ ။သူစိန်ခေါ်မယ်ဆိုတာ မင်းတို့ကို ခြောက်ဖို့ပဲ ပြောသွားတာ။
သူသာ မင်းတို့ကို တကယ်စိန်ခေါ်ရဲရင် ငါသူ့ကို လမ်းလျှောက်လို့ မရအောင် လုပ်ပစ်မယ်’’
စုမူပြောတာကို ကြားလိုက်တာနဲ့ လူတိုင်း ပိုပြီးလုံခြံသွားသလို ခံစားလိုက်ရပြီး စိတ်သက်သာရာ
ရသွားခဲ့လေသည်။
ရန်ကိုင်က ဒီအကြောင်းကို အစကတည်းက တွေးထားပြီးသား ဖြစ်သည်။ ကောင်းကင်စံအိမ်က
တပည့်တိုင်းမှာ မိမိနဲ့ အဆင့်၃ဆင့် မကွာတဲ့သူတွေကို တစ်နေ့တစ်ကြိမ် စိန်ခေါ်ခွင့်ရှိလေသည်။
ရန်ကိုင်က အရင်က တစ်ခါမှ စိန်ခေါ်လေ့ မရှိသဖြင့် ဒီစည်းမျဉ်းကို မေ့သွားခဲ့ခြင်းဖြစ်သည်။ ဒီနေ့
လီယွမ်ရှန်း ပြောတော့မှပဲ ဒီစည်းမျဉ်းကို ပြန်သတိရလာခဲ့လေသည်။
ထို့အပြင် ကျင့်ကြံခြင်း ခရီးလမ်းမှာ မိမိကိုယ်ကို ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်ထားလို့ မရပေ။
ကျင့်ကြံသူအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် သိုင်းပညာဖလှယ်တာက အချိန်လည်း
မကြာသလို ဒုက္ခရောက်စေမည် မဟုတ်ပေ။ လက်ရည်ဖလှယ်တာကို အပန်းဖြေ
သလိုမျိုးသာ သဘောထားလိုက်ပါက အပန်းဖြေရင်းနဲ့တောင် အမှတ်ရှာနိုင်လေသည်။ ဘာထိခိုက်
နစ်နာမှုမှမရှိပေ။
ဒီနေ့စိန်ခေါ်ပွဲကနေ ရန်ကိုင်အချီကြီး ရလိုက်သည်။ သူအမှတ်၂မှတ် ရှာနိုင်ရုံမက သူလိုအပ်နေတဲ့
ဂျဲဒီဆေးပင်၁၀ပင်လည်း ရခဲ့ပါသေးသည်။ ငါ့ကိုသာ နေ့တိုင်းဆေးပင်အလကား ပေးတဲ့သူရှိရင်
ဘယ်လောက်ကောင်းမလဲ …ရန်ကိုင်က စိတ်ကူးယဉ်လိုက်တယ်။ သူတဲကို ပြန်ရောက်တာနဲ့
ရန်ကိုင်က ချက်ချင်း မွှေးရနံ့အိုးကို ထုတ်လိုက်ပြီး စလေ့ကျင့်ပါတော့လေသည်။
Martial Peak
အပိုင်း (၃၀) ပြောင်းလဲသွားတဲ့ ငါးချဉ်တစ်ကောင်
နောက်တစ်နေ့မှာတော့ တပည့်တစ်အုပ်လုံး လေ့ကျင့်ဖို့ စုဝေးနေခဲ့ကြလေသည်။ လေ့ကျင့်ရတာ
တော်တော် ပင်ပန်းသော်လည်း သူတို့အားလုံး ရယ်မောရင်း ပျော်ရွှင်နေခဲ့ကြလေသည်။
ရုတ်တရက် တစ်ယောက်ယောက်က တစ်နေရာရာကို ကြည့်ပြီး အော်ပြောလိုက်လေသည်‘‘သခင်…
သခင်လေးစု….’’
‘‘ ဘာလဲ’’ စုမူက မရေမရာ ပြန်ပြောလိုက်လေသည်။
‘‘ သူတကယ်လာတယ်’’
‘‘ ဘယ်သူလာတာလဲ’’ စုမူက သိပ်စိတ်မရှည်တော့ပဲ ထိုလူညွှန်ပြတဲ့ နေရာကို ကြည့်လိုက်သည်။
ထို့နောက် ရန်ကိုင်က တံမြက်စည်းကိုင်ပြီး ပြုံးရင်း သူ့ဆီကို လာနေတာကို တွေ့လိုက်ရသည်။
လူတိုင်းရဲ့ မျက်နှာလည်းညှိုးကျသွားခဲ့လေသည်။
‘‘ မင်္ဂလာနံနက်ခင်းပါ၊ ငါ့ရဲ့ ဂိုဏ်းတူ ညီအစ်ကို မောင်နှမတို့။ မင်းတို့က တော်တော်ဇွဲကောင်းတာပဲ …
မနက်အစောကြီးတောင် ထလေ့ကျင့်နေကြသေးတယ်’’ ရန်ကိုင်က ကျောင်းဟူနဲ့ လီယွမ်ရှန်းကို
ရည်ရွယ်ချက်ရှိရှိကြည့်ရင်း လူတိုင်းကို နှုတ်ဆက်လိုက်သည်။ သူတို့ရဲ့ မျက်နှာနီရဲသွားပြီး
နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြပြီး ရန်ကိုင်ရဲ့ အားကောင်းလှတဲ့ လက်သီး
အကြောင်းတွေးမိလိုက်တဲ့အခါ သူတို့ရဲ့ အသားအရေ စပ်ဖျင်းဖျင်း ဖြစ်လာခဲ့သည်။
‘‘ မင်းဘာလို့ ဒီကိုလာတာလဲ’’ စုမူက စိုးရိမ်နေခဲ့ပါသည်။ ရန်ကိုင်ရဲ့ ရည်ရွယ်ချက်ကို
သိနေခဲ့သော်လည်း သူမေးလိုက်ပါသေးသည်။ ဘာပဲဖြစ်ဖြစ် သူ့နောက်လိုက်အားလုံးကို သူရန်ကိုင်ကို
ရင်ဆိုင်မယ်လို့ ပြောပြီးသွားပြီလေ။
‘‘ စိန်ခေါ်ဖို့ ’’ သူ့ရဲ့အပြုံးက နားရွက်တက်ချိတ်တော့မယ့် အလား။ ရန်ကိုင်က လူအုပ်ကြီးကို
ဝေ့ကြည့်လိုက်ပြီး ပျူငှာစွာ မေးလိုက်သည် ‘‘ ဒီအတောအတွင်း ဘယ်ဂိုဏ်းတူတပည့်ကများ
တစ်ခါမှ စိန်ခေါ်မခံရသေးဘူးလဲ။ တစ်ယောက်ယောက် ရှိခဲ့ရင် ထွက်လာပြီး မင်းတို့ရဲ့
ခွန်းအားကို ဒီကစီနီယာက စမ်းသပ်စစ်ဆေးခွင့်ပြုပေးပါလား’’
ကောင်းကင်စံအိမ်ရဲ့ စည်းမျဉ်းက တစ်စုံတစ်ယောက်က စိန်ခေါ်မှုတွေကို ရှောင်ပြေးလို့မရသလို
ရှက်ကြောက်ပြီး ထွက်ပြေးလို့လည်း မရပေ။ အဲ့လိုမှမဟုတ်ရင် စံအိမ်က အထုတ်ခံရမှာပဲဖြစ်သည်။
အဲ့စည်းမျဉ်းစည်းကမ်းတွေကြောင့် စုမူလက်အောက်က လူတွေက ရန်ကိုင်ကို သေလောက်အောင်
ကြောက်ရွံ့နေခဲ့ကြသည်။ အကယ်၍ မိမိက ဒီအတောအတွင်း တစ်ခါမှ စိန်မခေါ်မခံရသေးဘဲ
ပြိုင်ဘက်ကသာ ကိုယ့်ကို စိန်ခေါ်မယ်ဆိုရင် ရှောင်လွှဲလို့မရဘဲ မဖြစ်မနေ လက်ခံရပေလိမ့်မည်။
ဆိုလိုတာက သူတို့ ရှုံးမယ်ဆိုတာ သိနေခဲ့ရင်တောင် ထိုအရာကို
ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပြီး လက်ခံရပေမည်။
ဒီနေ့ကတော့ ကျန်းစန်ဆိုတဲ့ တပည့်တစ်ယောက်က စိန်ခေါ်ခံလိုက်ရပါသည်။ စိတ်ကျေနပ်စွာနဲ့
ရန်ကိုင်က ထွက်သွားခဲ့ပြီး စုမူကတော့ ရန်ကိုင်ရဲ့ နောက်ကျောကို ကြည့်ရင်း မျိုးဆက်၁၈ဆက်လုံးကို
ကျိန်ဆဲနေခဲ့လေသည်။
နောက်တစ်နေ့ ရန်ကိုင်ထပ်ရောက်လာပြီး လီရှီက သားကောင်ဖြစ်သွားခဲ့ရပါသည်။ ကျေနပ်စွာနဲ့
ရန်ကိုင်ထွက်သွားခဲ့ပြန်သည်။ စုမူက ရန်ကိုင်ကို တောက်လျှောက်နှောက်ယှတ်နေပေမယ့်
သူလုပ်သမျှအရာအားလုံးက အချည်းနှီးပင်။
တတိယမြောက်နေ့မှာ ရန်ကိုင်နောက်တစ်ကြိမ် ထပ်ရောက်လာပြန်ပြီး ကံမကောင်းစွာနဲ့
ဝမ်ဝူက သားကောင်ဖြစ်သွားခဲ့ကာ တစ်ကိုယ်လုံး ရောင်ကိုင်းနေအောင် အရိုက်ခံခဲ့ရလေသည်။
နောက်တစ်ကြိမ် ရန်ကိုင် စိတ်ကျေနပ်ပျော်ရွှင်စွာ ထွက်သွားခဲ့ပြီး စုမူခင်ဗျာတော့
လူမမာတစ်ယောက်ပမာ အားနည်းစွာ ကျိန်ဆဲနိုင်ရုံပဲ တတ်နိုင်ပါတော့လေသည်။
စတုတ္ထမြောက်နေ့ ရန်ကိုင်ရောက်လာတဲ့ အချိန်မှာတော့ စုမူက သူ့ရဲကနှောက်ယှတ်ကြိမ်ဆဲမှုတွေက
ရန်ကိုင်ကို မခြိမ်းခြောက်နိုင်မှန်း သိတဲ့အတွက် ရန်ကိုင်ကို နောက်ထပ် ကျိန်ဆဲခြင်း၊
နှောက်ယှတ်ခြင်း မပြုတော့ပေ ။
စုမူက သူ့ကို အသူတရာချောက်တစ်မျှ နက်ရှိုင်းတဲ့ အမုန်းတရားတွေ ပြည့်နေတဲ့ မျက်လုံးတွေနဲ့သာ
စူးစိုက်ကြည့်နေခဲ့လေသည်။
ဒီလို ရန်ကိုင်ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို သည်းမခံနိုင်တော့တဲ့ စုမူရဲ့ လက်အောင်ငယ်သား
အချို့က သူ့လက်အောက်နေ ထွက်ခွာသွားခဲ့ကြလေသည်။
ဒါက ရန်ကိုင် သီးသန့်အနိုင်ကျင့်နေခြင်းပင်။ ကောင်းကင်စံအိမ်မှာ သာမန်တပည့်တွေ အများကြီး
ရှိပေမယ့်လည်း ရန်ကိုင်က စုမူရဲ့ လက်အောက်ငယ်သားတွေကိုသာ ရွေးပြီး စိန်ခေါ်လေ့ရှိသည်။
ဒါက လက်စားချေနေတယ်ဆိုတာ အသိသာကြီးပင် ။ စုမူရဲ့ လက်အောက်ငယ်သား အရေအတွက်
မနည်းတဲ့အတွက် သူကြိုက်တဲ့သူ ရွေးစိန်ခေါ်နိုင်လေသည်။ ထိုအထဲကမှ မဲပေါက်ပြီး ရွေးခံလိုက်
ရတဲ့သူတွေအတွက်ကတော့ ဘုရားတရုံသာ ရှိပေတော့သည်။
ဒီအတောအတွင်း ရန်ကိုင်က စုမူလက်အောက်က လူတွေကို လှည့်ပတ်စိန်ခေါ်နေခဲ့သည်။ သူက
အဆင့်နိမ့်တဲ့ တရားမဝင်တပည့် တစ်ယောက်သာဖြစ်ပေမယ့် ပြောင်းလဲသွားတဲ့ ငါးချဉ်တစ်ကောင်
လိုမျိုး လူတိုင်းရဲ့ အာရုံကို ဆွဲဆောင်လာနိုင်ခဲ့သည်။ သူကျောင်းဟူကို အနိုင်ယြူုပီးကတည်းက သူက
အခြားသူတွေ အလွယ်တကူ အနိုင်ယူ၊ ရန်စစော်ကားနိုင်မယ့် လူမျိုးမဟုတ်တော့ပေ။ ရန်ကိုင်က
နေ့တိုင်း စုမူဆီကိုလာပြီး သူ့လက်အောက်ငယ်သားတွေကို စိန်ခေါ်လေ့ရှိ ပြီးတော့
အမြဲတမ်း အနိုင်ရလေသည်။ စုမူက ရန်ကိုင်ကို လုံးဝမတုန့်ပြန်နိုင်တော့ဘူးလို့တောင်
ကောလဟာတွေ ထွက်နေခဲ့လေသည်။ စုမူဆိုတာ ဘယ်လိုလူမျိုးလဲ…အားကောင်းတဲ့
ကျောထောက်နောက်ခံ ရှိတဲ့တပည့် တစ်ယောက်မဟုတ်ဘူးလား ။
သူ့လိုလူတောင် ရန်ကိုင်ကို ဘာမှမလုပ်နိုင်ရင် သာမန်တပည့်တွေကကော ဘာလုပ်နိုင်ဦးမှာလဲ။
အကျိုးဆက်အနေနဲ့ ဘယ်တပည့်မှ ရန်ကိုင်ကို သွားစိန်မခေါ်ရဲတော့ပေ။ လွန်ခဲ့တဲ့၃နှစ်က
စံအိမ်ကို ရောက်လာပြီး တရားမဝင်တပည့် ဖြစ်လာခဲ့ကာ လူတိုင်းရဲ့ လှောင်ပြောင်ခံ
ဖြစ်ခဲ့တဲ့ ရန်ကိုင်က အခုအချိန်မှာတော့ ဘယ်သာမန်တပည့်မှ ရန်မစရဲတဲ့ သူတစ်ယောက်
ဖြစ်နေခဲ့ပါပြီ။
ဒီသတင်းက စံအိမ်တစ်ခုလုံးကို ပျံ့သွားပြီး လူတိုင်းက ရန်ကိုင်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို
ခန်းမှန်းနေခဲ့ကြတယ်။ အချို့က သူခန္ဓာသန့်စင်ခြင်းအဆင့်၄မှာလို့ ပြောကြပြီး ၊အချို့က
ခန္ဓသန့်စင်ခြင်းအဆင့်၅ မှာလို့ ပြောကြသည်။ သူခန္ဓာသန့်စင်ခြင်းအဆင့် ၈ကို ရောက်နေတယ်လို့
ပြောနေတဲ့သူတွေတောင် ရှိသေးလေသည်။ ဘာကြောင့်လဲဆိုတော့ သူက ခန္ဓာသန့်စင်ခြင်းအဆင့် ၇
လီယွမ်ရှန်းကို နိုင်အောင် တိုက်ခိုက်နိုင်ခဲ့တာလေ။
ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ရန်ကိုင်ရဲ့ ကျင့်ကြံခြင်းအစစ်အမှန်ကို ဘယ်သူမှမသိကြပေ။
ရန်ကိုင်ရဲ့ ကျင့်ကြံခြင်း အစစ်အမှန်ကို ရှနင်းချန်တစ်ယောက်သာ သိပေသည်။ လွန်ခဲ့တဲ့
ရက်အတောအတွင်း ရန်ကိုင်တစ်ယောက်ယောက်ကို စိန်ခေါ်တိုင်း ရှနင်းချိန်က တိတ်တဆိတ်
ချောင်းနေလေ့ရှိသည်။ သူမရဲ့ ပင်ကိုပါရမီနဲ့ ကျင့်ကြံခြင်းအဆင့်ကြောင့် ရန်ကိုင်ရဲ့အဆင့်ကို
မြင်နိုင်တာ သဘာဝပင်။
ဒါပေမယ့် ရှနင်းချန်က သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို မြင်လိုက်တာနဲ့ သူမထ်ိတ်လန့်သွားခဲ့လေသည်။
သူဘာလို့ အဲ့လောက်လောက်တောင် မြန်နေတာလဲ။ သူမ ခန္ဓာသန့်စင်ခြင်း အဆင့်မှာရှိတုန်းက
သူမရဲ့ အထူးခန္ဓာကိုယ်နဲ့ ကျင့်ကြံခြင်း ဆေးလုံးတွေ သုံးတာတောင် သူ့လောက်မမြန်ပေ။
စိတ်ရှုပ်စွာနဲ့ သူမရန်ကိုင် ဘယ်လိုလေ့ကျင့်နေလဲဆိုတာ တိတ်တဆိတ် ချောင်မြောင်း
လေ့လာခဲ့သည်။ ဒါပေမယ့် သူမဘယ်လိုပဲချောင်းချောင်း ရန်ကိုင်ရဲ့ ဆန်းကြယ်မှု ဒါမှမဟုတ်
ပုံမှန်မဟုတ်တာ တစ်ခုတောင် မတွေ့ရပေ။ သူက လက်သီးနဲ့ ခြေကန်ချက်တွေကိုသာ
လေ့ကျင့်နေပြီး အမြဲတမ်း သူ့တစ်ကိုယ်လုံးချွေးတွေနဲ့စိုရွှဲနေလေသည်။
ကောင်းကင်စံအိမ်ရဲ့ အခြေခံပညာရပ်တွေက ရန်ကိုင်ကို ဒီလိုစွမ်းအားကြီးအောင် ဘယ်လို
လုပ်ပေးတယ်ဆိုတာ သူမမသိပေ။ ပြီးတော့ အဲ့ပညာရပ်တွကို အခြေခံတွေရဲ့ အခြေခံတွေပဲလေ။
ရက်ပေါင်းများစွာ ရန်ကိုင်ကို လေ့လာခဲ့တာတောင် ဘာသဲလွန်စမှ မတွေ့ခဲ့ရပေ။ ရန်ကိုင်မှာ
လျှို့ဝှက်ချက်တွေ ရှိနေတယ်လို့ သူမခံစားနေရသော်လည်း ရန်ကိုင်ကို နောက်ထပ် ထပ်ပြီး
မစုံးစမ်းရဲတော့ပေ။ မိန်းကလေးတစ်ယောက်က တစ်စုံတစ်ယောက်ကို ချောင်းကြည့်တာက
ကောင်တဲ့အရာ မဟုတ်ပေ..အထူးသဖြင့် အဝတ်အစား အပြည့်အစုံ မဝတ်ထားတဲ့
ယေကျာ်းလေ တစ်ယောက်ကိုပေါ့။
‘‘ ဒါပေမယ့် သူခန္ဓာကိုယ်က နဂိုထက်ပိုပြီး တောင့်တင်းလာပုံပဲ’’ သူမပထမဆုံး မြင်ခဲ့တဲ့
ရန်ကိုင်ရဲ့*** ကို ပြန်တွေးရင်း ယှဉ်ကြည့်လိုက်သည်။ သူမယှဉ်ကြည့်ပြီးတဲ့နောက်မှာတော့
သူမရဲ့ မျက်နှာနောက်တစ်ကြိမ် နီရဲသွားခဲ့လေသည်။
နေ့တိုင်း ရန်ကိုင်တံမြက်စည်း လှည်းပြီးသည့်အချိန်တိုင်း စုမူတို့အဖွဲ့ကို သွားစိန်ခေါ်လေ့ရှိပြီး
အဲ့နောက် သူ့တဲဆီကို ပြန်လာပြီး လေ့ကျင့်ပါသည်။ သူက ဒါကို အလေ့အကျင့်တစ်ခုလို
လုပ်နေပြီး တစ်ရက်တောင် မပျက်ကွက်ပေ။
မွှေးရနံ့အိုးရဲ့ အကျိုးသက်ရောက်မှုက တော်တော်လေးကို ကြီးမာပါသည်။ မနက်တိုင်း
သူခန္ဓာသန့်စင်ခြင်းမှတ်တမ်းကို လေ့ကျင့်ပြီးတဲ့နောက်မှာတော့ မွှေးရနံ့အိုး အကူအညီနဲ့
ဆက်လက်လေ့ကျင့်လေသည်။ ဒါကြောင့် မနေ့ကပဲ သူခန္ဓာသန့်စင်ခြင်း အဆင့် ၆ကို
ချိုးဖျက်ဝင်ရောက်သွားနိုင်ခဲ့ပြီး သူ့ကိုယ်တွင်း စွမ်းအားတွေကို ပိုပြီးသိပ်သည်းသွားကာ
ပိုပြီးတည်ငြိမ်လာစေခဲ့ပါတယ်။
နေ့စဉ်နေ့တိုင်း မရပ်မနား လေ့ကျင့်ရင်း သူထပ်ပြီး အဆင့်ချိုးဖျက်နိုင်ခဲ့ကာ ခန္ဓာသန့်စင်ခြင်း
အဆင့်၇ကို ရောက်ရှိသွားပြန်လေသည်။။ ဒီအဆင့်ကို ရောက်တာနဲ့ သူအတွင်းအားကို
ထုတ်သုံးနိုင်ပြီ ဖြစ်ပြီး ထုတ်သုံးနိုင်တဲ့ အတွင်းအား ပမာဏက တော်တော်လေး နည်းပါးပေမယ့်
အတွင်းအားကတော့ အတွင်းအား ဖြစ်နေတုန်းပင်။ သူအတွင်းအား ထုတ်သုံးနိုင်ပြီဆိုတာနဲ့
သိုင်းပညာရပ်တွေကို စတင်လေ့ကျင့်နိုင်ပြီ ဖြစ်လေသည်။ အဲ့အချိန်ရောက်ရင် သူ့တိုက်ခိုက်မှုတွေက
ကျာပွတ်ခြေထောက်နှင့်ရှောင်လင်လက်သီးနဲ့ပဲ ကန့်သတ်ထားတော့မည် မဟုတ်ပေ။
ခန္ဓာသန့်စင်ခြင်း အဆင့်၇မှ အဆင့်၉အထိက အတွင်းအားဖွံ့ဖြိုးတိုးတက်တဲ့ အဆင့်တွေပဲဖြစ်တယ်။
အဲ့အဆင့်တွေမှာ အတွင်းအားက သွေးကြောတွေထဲ စီးဆင်းပြီး ကျင့်ကြံသူကို ဆရာသခင်အဆင့်ကို
ရောက်သွားစေပါတယ်။ ဒီအဆင့်မှာပဲ ကို်ယ်ပိုင်အတွင်းအား ဖြစ်တည်နိုင်ပြီး ထိုအတွင်းအားကို
ကောင်းကင်နဲမြေပြင်တံခါးကို ဖွင့်လှစ်ဖို့အသုံးပြုရပြီး ထိုတံတားနဲ့ နောက်တစ်ဆင့်ကို ချိုးဖျက်နိုင်ဖို့
ကြိုးစားရမှာပဲ ဖြစ်သည်။
ရန်ကိုင်လေ့ကျင့်နေတာက အသက်နဲ့ကစားနေသလိုပါပဲ….သူ့ရဲ့ နေ့စဉ် မရပ်မနား မဆုတ်မနစ်
ကြိုးစားမှုကြောင့် သူတိုးတက်မှုကို ခံစားလာရပါသည်။ ဒီနေ့မှာတော့ ရန်ကိုင်က မွှေးရနံ့အိုးရဲ့
အကျိုးသက်ရောက်မှုအောက်မှာ သူ့ရဲ့လက်သီးပညာရပ်ကို လေ့ကျင့်နိုင်ခဲ့လေပြီ။ ဒါပေမယ့်
လေ့ကျင့်နိုင်တဲ့အချိန်ကတော့ အကြာကြီးမဟုတ်ပေ။ ထို့ပြင် သူမနက်ပိုင်း ခန္ဓာသန့်စင်ခြင်း
မှတ်တမ်းကို လေ့ကျင့်ရတာ ပိုပြီး လွယ်ကူလာသလို ခံစားလာခဲ့ရလေသည်။
ဒီပုံစံအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် သူသိပ်မကြာခင်မှာ ပိုပြီးသန်မာလာလိမ့်မယ်လို့ ရန်ကိုင်
ယုံကြည်နေခဲ့တယ်။
ဒါပေမယ့် ရန်ကိုင် အခုတော်တော်လေး အကြပ်ရိုက်နေခဲ့သည်။ သူ့ရဲ့ မနားမနေ သုံးစွဲမှုကြောင့်
အရွက်သုံးရွက် ပရမ်းပတာ ဝိဥာဉ်ပန်းပွင့် နဲ့ ဂျဲဒီသစ်ပင်မြက်တွေ ကုန်လုနီးပါးဖြစ်နေခဲ့ပါပြီ။
သူလည်း ဘာမှမတတ်နိုင်တော့တာနဲ့ ရန်ကိုင်က ထောက်ပံ့ရေးခန်းမကို သွားပြီး
သူ့ရဲ့လက်ကျန် အမှတ်တွေကိုသုံးကာ သူလိုအပ်တဲ့ ဆေးပင်တွေကို ဝယ်လိုက်ရပါလေသည်။