အခန်း (၃၁-၃၅)
Vol. 2 Ch. 31-35
အပိုင်း (၃၁) ဒီနေ့ည ရန်ကိုင်ကို ရုတ်တရက်ဝင်တိုက်ကြမယ်
ဒီတစ်ကြိမ်မှာတော့ ဘဏ္ဏာထိန်းမန်က နတ်ဘုရားမ ကောင်းချီးပေးမှုကြောင့်လားမသိ သူ့ကို
ဆေးပင်တွေ ပိုထည့်ပေးခဲ့ပါတယ်။ ဒါပေမယ့် သူကတော့ သူ့ကျင့်ကြံခြင်းနဲ့ ပက်သက်ပြီး
လက်မလွှတ်နိုင်သေးပေ။ သူကရန်ကိုင်ကို ဘာလို့ သူ့ကျင့်ကြံခြင်းအဆင့်က ဒီလောက် တစ်ဟုတ်ထိုး
မြင့်တက်လာရလဲဆိုတာကို တောက်လျှောက် မေးမြန်းနေခဲ့တယ်။
ရန်ကိုင် စုမူရဲ့နောက်လိုက်တွေကို သမလိုက်တဲ့သတင်းကို လူအိုးကြီးမန်က ကြားပြီးတဲ့ပုံ
ပေါ်ပါတယ်။
ရန်ကိုင်က လူအိုကြီးမန်နဲ့ ပက်သက်ပြီး အမြင်ကောင်းရှိပါတယ်။ ထိုလူအိုကြီးက ပိန်ပြီး နည်းနည်း
ရူးကြောင်ကြောင် နိုင်သော်လည်း ရန်ကိုင်ရဲ့ စံနှုန်းနဲ့ဆိုရင်တော့ တော်တော်လေးကိုက်ညီပါတယ်။
သူ့ကျင့်ကြံခြင်းနဲ့ ပက်သက်ပြီး အမှန်အတိုင်း ရှင်းပြလို့ မဖြစ်ပေ။ ဒါကြောင့် သူလေနက်တောင်မှာ
ရှိတုန်းက သူ့ကို ဘယ်လိုကျင့်ကြံရမလဲဆိုတာ ဥာဏ်အလင်းပွင့်သွားစေတဲ့ အသီးတစ်လုံးကို
စားမိလိုက်တယ်လို့ပဲ ပြောလိုက်တယ်။
ခဏကြာအောင် စစ်ဆေးမေးမြန်းပြီးနောက် ဘဏ္ဏာထိန်းမန်က ရန်ကိုင်လေနက်တောင်ကို မသွားခင်
အခြေအနေနဲ့ အခုအခြေအနေကို ပြန်တွေးကြည့်လိုက်တယ်။ ရန်ကိုင်ပေးတဲ့ အကြောင်းပြချက်က
တော်တော်လေးကို လက်သင့်ခံနိုင်ပြီး ယုံကြည်လောက်တဲ့အတွက် သူ့အတွက် ယုံကြည်ဖို့က လွဲပြီး
အခြားမရှိပေ။
ထောက်ပံ့ရေးခန်းမက ထွက်လာရင်း ရန်ကိုင်တော်တော်လေး စိုးရိမ်နေခဲ့တယ်။
သူ့ရဲ့ တွက်ချက်မှုအရဆိုရင် ဆေးပင်ဝယ်လိုက်လို့ သူ့အမှတ်တွေ အကုန်ကုန်သွားခဲ့လေပြီ။ ပြီးတော့
ထိုဆေးပင်တွေက သုံး၊လေးရက်လောက်ပဲ ခံမှာလေ။ အဲ့ဆေးပင်တွေသာ ကုန်သွားရင်
သူနောက်ထပ်ဆေးပင်တွေကို ရအောင် ဘယ်လိုဆက်လုပ်ရတော့မှာလဲ။
အခြားသူတွေကို စိန်ခေါ်ရင်း သူတစ်နေ့ကို နှစ်မှတ်ရှာနိုင်ပေမယ့်လည်း ထိုအမှတ်တွေက
လတစ်လရဲ့ ရှစ်ရက်မြောက်နေ့မှာပဲ ထုတ်ယူလို့ရတာလေ။ သူ့တွက်ချက်မှုအရဆိုရင် သူနောက်ထပ်
ရက်၂၀စောင့်ရဦး ပေလိမ့်မည်။ ပြီးတော့ သူအဲ့လောက်ထိကြာအောင် စောင့်နိုင်မှာလား။
အဖြေတစ်ခုတောင် မစဉ်းစားနိုင်တော့ဘဲ စိတ်ဓာတ်ကျစွာနဲ့ ရန်ကိုင်ဆက်ပြီး လေ့ကျင့်နေခဲ့တယ်။
တစ်ခဏအတွင်း ရက်အနည်းငယ် ကုန်ဆုံးသွားသလို ရန်ကိုင်လည်း ခန္ဓာသန့်စင်ခြင်း အဆင့်၆မှာ
အခြေခိုင်နေလေပြီ။ အခုအချိန်မှာတော့ သူခန္ဓာသန့်စင်ခြင်း အဆင့်၇ကို ချီတက်နေပါပြီ။
ရန်ကိုင်နဲ့ယှဉ်ရင် စုမူခင်ဗျာ မီးလောင်ကျွမ်းနေတဲ့ အသူတရာချောက်ကြီးထဲကို ပစ်ချလိုက်ခံရသလို
ခံစားနေခဲ့ရပါတယ်။ ဒီရက်အတောအတွင်း ရန်ကိုင်က အမြဲတမ်းသူတို့ဆီကို ရောက်လာပြီး
ဒုက္ခတွေပေးနေခဲ့ပါတယ်။ သူတို့တွေက ရန်ကိုင်ကို မယှဉ်ပြိုင်နိုင်သလို သူ့ဆီကလည်း
မရှောင်ပုန်းနိုင်တဲ့အတွက် အရမ်းကို စိတ်ကျဉ်းကျပ်နေခဲ့ရပါတယ်။
စုမူအတွက်ကတော့ ရန်ကိုင်နဲ့တိုက်ခိုက်ရင် အနိုင်ရမယ်လို့ ယုံကြည်ချက်ရှိပေမယ့် သူလက်အောက်
ငယ်သားတွေနဲ့ ရန်ကိုင်ကြားက ကွားခြားချက်ကတော့ တော်တော်လေးကို ကြီးမားလွန်းပါတယ်။
သူတို့တွေက ရန်ကိုင်ကို လုံးဝမယှဉ်ပြိုင်နိုင်ပေ---စုမူက ရန်ကိုင် ခန္ဓာသန့်စင်ခြင်းအဆင့်၄ ဒါမှမဟုတ်
၅မှာပဲ ရှိလိမ့်မယ်လို့ ထင်နေတုန်းပင်။
ဒီအတိုင်း ဆင်သွားနေလို့ မရဘူးဆိုတာ စုမူသိနေပါတယ်။ ဒီအတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင်
သူ့လက်အောက်ငယ်သားတွေ အကုန်လုံး သူ့ဆီကနေ ထွက်သွားပါလိမ့်မယ်။
ခဏကြာအောင် တွေးတောလိုက်ပြီးနောက် စုမူက ဂရုဏာမဲ့တဲ့ အရာတစ်ခုလုပ်ဖို့ ပြင်ဆင်လိုက်ပြီး
ရန်ကိုင်အနိုင်ယူတာ ခံလိုက်ရတဲ့ သူ့လက်အောက်ငယ်သားတွေကို ခေါ်လိုက်ပြီး မျက်မှောင်ကြုံ့ကာ
ပြောလိုက်တယ်‘‘ ဒီနေ့ည ငါတို့ရန်ကိုင်ကို ဝင်သမကြမယ်..ပြီးတော့ မင်းတို့ခံစားခဲ့ရတဲ့ အရှက်တရား
တွေကို ဖယ်ရှားကြတာပေါ့’’
သူတိုတွေက စဉ်းမျဉ်းအတိုင်း အနိုင်မရနိုင်မှာတော့ ဘာလို့စည်းမျဥ်းစည်းကမ်းတွေကို
လိုက်နာနေရဦးမှာလဲ။
လူတိုင်းက ထခုန်လိုက်ပြီး ကြောင်အသွားခဲ့တယ်‘‘ရုတ်တရက် ချောင်းတိုက်ဖို့လား’’
‘‘အင်း’’ စုမူက ခေါင်းညိတ်လိုက်တယ်။
‘‘ ဒါကသိပ်မကောင်းဘူး ထင်တယ်’’ လီယွမ်ရှန်းက တုန့်ဆိုင်းနေခဲ့တယ်‘‘ အဲ့ရန်ကိုင်က နည်းနည်း
ကလ်ိမ်ကျပေမယ့်..သူက ငါတို့အားလုံးကို လူသိရှင်ကြား စိန်ခေါ်ပြီး အနိုင်ယူခဲ့တာလေ ။ငါတို့သာ
သူ့ကို ချောင်းမြောင်တိုက်ခိုက်တယ် ဆိုတဲ့ သတင်းသာ ပြန့်သွားရင် ငါတို့အပြစ်ပေးခံရလိမ့်မယ်’’
လီယွမ်ရှန်းရဲ့စကားကို အားလုံးထောက်ခံခဲ့ပါတယ်။
စုမူက ဒေါသတကြီး ပြန်ပြောလိုက်တယ်‘‘ ဒါပေမယ့်သူက တော်တော်လွန်နေပြီ။ သူက ငါတို့ကို
ဂရုတောင်မစိုက်ဘဲ နေ့တိုင်းလာဒုက္ခပေးနေတာ ။အကယ်၍ ငါတို့သာ သူ့ကိုသင်ခန်းစာ မပေးရင်
သူဒီလိုမျိုး ဘယ်လောက်ကြာအောင် ဆက်လုပ်နေမလဲဆိုတာ ဘယ်သူမှသိမှာလဲ။ ဘာပဲဖြစ်ဖြစ်
ငါတို့ဒီနေ့ည သူ့ကို သင်ခန်းစာ ကောင်းကောင်း ပေးရမယ်။ မင်းတို့ဆန္ဒရှိရင် ငါ့နောက်လိုက်ခဲ့…
မလုပ်ချင်တဲ့ သူတွေကိုလည်း ငါအတင်း တွန်းအားမပေးဘူး ။တစ်ခုခုဖြစ်ခဲ့ရင် ငါစုမူက
အကျိုးဆက်အားလုံးကို ရင်ဆိုင်မယ်လို့ ကျိန်ဆိုတယ်’’
စုမူရဲ့ စကားလုံးတွေက အလိမ်အညာ ကင်းစင်ပြီး မမြင့်မြတ်ဘူးလို့ သူတို့ခံစားရရင်တောင်
သူ့ရဲ့ အဆင့်အတန်းကို ပြန်မချေပနိုင်ပေ။ စုမူက အကျိုးဆက်အားလုံးကို သူတစ်ယောက်ထဲ
ရင်ဆိုင်မယ်ဆိုပြီး သူ့ရဲ့အဆုံးစွန်သော စေတနာကို ပြသလိုက်လေပြီ။
နည်းနည်းတွေးလိုက်ပြီးနောက် လီယွမ်ရှန်းက ပြောလိုက်တယ်‘‘ ဒါလည်းကောင်းတာပဲ….ငါတို့သာ
ဒီတစ်ကြိမ်အောင်မြင်ခဲ့မယ်ဆိုရင် ငါတို့က အလွယ်တကူ ရန်စလို့ရတဲ့လူတွေ မဟုတ်ဘူးဆိုတာ
အဲ့သူတောင်းစားကို သင်ပြပေးနိုင်လိမ့်မယ်။ သခင်လေးစု ၊ ဒီတစ်ကြိမ်မှာတော့ ဒီတပည့်က
သူ့ရဲ့အသက်ကို ပဓာနမထားဘဲ သခင်လေးနဲ့အတူ လိုက်ပါဆောင်ရွက်ပါ့မယ်’’
‘‘ ငါတို့လည်း လိုက်မယ်’’ ကျန်တဲ့သူတွေကလည်း သံပြိုင်ပြောလိုက်ကြတယ်။
ခေါင်းညိတ်ကာ ပြုံးရင်း စုမူက ပြောလိုက်တယ်‘‘ ကောင်းပြီ’’
အဲ့ညမှပဲ စုမူရဲ့လက်အောက်ငယ်သားတွေက စိတ်လှုပ်ရှားစွာနဲ့ စုမူရဲ့ အခန်းမှာ နေဝင်တဲ့အချိန်ထိ
စောင့်နေခဲ့ကြတယ်။
‘‘အားလုံး အဆင့်သင့်ဖြစ်ပြီလား’’ စုမူက မေးလိုက်တယ်။
အားလုံးပြိုင်တူ ခေါင်းညိတ်လိုက်ကြတယ်။
‘‘ ကောင်းတယ်…ငါတို့ ဒီနေ့ အဲ့သူတောင်းစားကို တစ်သက်မမေ့နိုင်တဲ့ သင်ခန်းစာကို ပေးရမယ်’’
စုမူက အနက်ရောက်ဝတ်စုံကို ဝတ်ဆင်ရင်း အော်ပြောလိုက်တယ်။ သူတို့စိတ်ဓာတ်တွေ
တက်ကြွလာခဲ့တယ်။
‘‘သွားကြမယ်’’ စုမူက အားလုံးကို ထွက်ခွာဖို့ အမိန့်ပေးလိုက်တယ်။ ဆယ်ခုမကတဲ့ အရိပ်တွေက
စုမူရဲ့အခန်းထဲကနေ ထွက်လာပြီး ညအမှောင်ထုထဲကို တိုးဝင်ပျောက်ကွယ်သွားခဲ့တယ်။
ကောင်းကင်စံအိမ်မှာ ကင်လှည့်နေတဲ့ တပည့်တွေရှိသော်လည်း စုမူတို့အဖွဲ့က ကင်းလှည့်တဲ့
လမ်းကြောင်းတွေနဲ့ ရင်းနှီးနေတဲ့အတွက် ကင်းလှည့်တဲ့အဖွဲ့ကို အလွယ်တကူ ရှောင်တိမ်း
သွားနိုင်ခဲ့တယ်။
အဲ့လိုမှမဟုတ်ရင် အတွင်းသူခိုးတစ်ယောက်ို တားဆီးကာကွယ်ဖို့ ဘာလို့အဲ့လောက်ခက်နေမှာလဲ။
စုမူက ဥပမာပင်။
…
သိပ်မကြာခင်မှာပဲ စုမူတို့အဖွဲ့က ရန်ကိုင်ရဲ့တဲရှေ့မှာ စုဝေးလိုက်ကြတယ်။ ရန်ကိုင်တဲရဲ့ ပေနှစ်ဆယ်
အကွာကနေ ရပ်နေရင်း သူတို့အသက်ရှုသံတွေကို ဖိနှိပ်ထားလိုက်ကြတယ်။ အရင်ရက်တွေက
သူတို့ခံစားခဲ့ရတဲ့ မတရားမှုတွေကိုပြန်တွေးရင်း သူတို့မျက်လုံးတွေက နာကြည်းမှု၊ မုန်းတီးမှု တို့နဲ့
ပြည့်လာခဲ့တယ်။
‘‘တဲက မီးလင်းမနေဘူး။ ရန်ကိုင်အိပ်ပျော်နေတာပဲ ဖြစ်ရမယ်’’ စိတ်တည်ငြိမ်အောင် လုပ်လိုက်ပြီး
စုမူက လီယန်ရှန်းဘက်ကို လှည့်ကာ‘‘ ရန်ကိုင်ရဲ့ ခွန်အားက မနိမ့်တဲ့အတွက် တဲ့ထဲကို ရောက်တာနဲ့
မင်းနဲ့ငါက သူကို ထိန်းထားပြီး ကျန်တဲ့သူတွေကို ဝိုင်းရိုက်ခိုင်းကြမယ်။ အားကုန်သုံးဖို့ မမေ့နဲ့နော်’’
‘‘ကောင်းပြီ’’လီယန်ရှန်းက ခေါင်းညိတ်လိုက်တယ်။
‘‘ သွားကြတော့’’ စုမူက သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး ရန်ကိုင်တဲဆီကို တစ်ဟုန်ထိုး ပြေးသွားခဲ့တယ်။
ကျင့်ကြံသူတွေက အသံတစ်ချက်တောင် မထွက်ဘဲ ပြေးလွှားနိုင်တဲ့အတွက် သူတို့ရဲ့ တည်ရှိမှုကို
ဖုံးကွယ်ဖို့အတွက် သူတို့ရဲ့ အသက်ရှုသံကို ဖုံးကွယ်ထားဖို့ပဲ လိုပါတယ်။ ရန်ကိုင်ရဲ့ သွေးသံတရဲရဲနဲ့
အရိုက်ခံရထားတဲ့ပုံစံကို မြင်ယောင်ရင်း သူတို့အားလုံး စိတ်အားတက်ကြွလာခဲ့တယ်။
ဒီရက်အတောအတွင်း သူတို့တွေက ရန်ကိုင်ရဲ့ နှိပ်စက်ညှင်းပန်မှုဒဏ်ကို သနားစရာ
ကောင်းလောက်အောင် ခံစားခဲ့ရတယ်။
သူတို့တွေက ရန်ကိုင်ရဲ့တဲနဲ့ ၁၀ပေအကွာလောက်မှာ ရှိသေးသော်လည်း စုမူရဲ့မျက်လုံးတွေက
အေးစက်စက် အလင်းရောင်က ပိုပြီးပြင်းထန်လာခဲ့ပြီး သူ့နှုတ်ခမ်းတွေက အပေါ်ဘက်ကို
ကွေးသွားခဲ့တယ်။
သိပ်မကြာခင်မှာပဲ သူတို့ရန်ကိုင်တဲ့ရဲ့ တံခါးကိုမြင်လာရပြီး မျက်တောင်တစ်ခတ်အတွင်း စုမူက
တဲတံခါးကို တွန်းဖွင့်ပြီသွားခဲ့လေပြီ။
ရုတ်တရက် ချိုမြမြမွှေးရနံ့တစ်ခုက သူနှာခေါင်းထဲ ဝင်လာခဲ့တယ်။ ထိုမွှေးရနံ့က တော်တော်လေး
ထူးဆန်းနေပြီး အရမ်းကြီးလည်း မဆိုးရွားသလို အရမ်းကြီးလည်း မကောင်းပေ။ ထိုရနံ့လိုအနံ့မျိုးကို
အမှန်တကယ် သူတစ်ခါမှ မရဖူးပေ။
သူနည်းနည်း သံသယဖြစ်သွားခဲ့သော်လည်း စုမူက ထိုကိစ္စကို အာရုံစိုက်မတော့ပဲ တဲထဲကိုသာ
ပြေးဝင်သွားခဲ့တယ်။
အရှေ့ကို ခြေတစ်လှမ်းလှမ်းလိုက်တာနဲ့ စုမူရဲ့ ခန္ဓာကိုယ်က နုံးချိသွားပြီး လဲကျလုနီးနီး
ဖြစ်သွားခဲ့တယ်။ ချွေးအေးတွေထွက်လာပြီး ခုဏတုန်းက သူ့ခွန်အားတွေ အကုန်လုံး
သူ့စိတ်ထဲကနေ စုပ်ယူခံလိုက်ရတာကို ပြန်ပြီးတွေးလိုက်တယ်။ သူခေါင်းမူးလာသလို သူ့စိတ်လည်း
ရှုပ်ထွေးလာပြီး သူကိုယ်သူ တည်ငြိမ်အောင် အနိုင်နိုင်ကြိုးစားနေခဲ့ရတယ်။
နောက်တစ်လှမ်း လှမ်းလိုက်တာနဲ့ စုမူမြေကြီးပေါ်ကို နှာခေါင်းနဲ့ ကျသွားခဲ့တယ်။ နွေးထွေးတဲ့
အရည်စီးချောင်းနှစ်ခုက သူ့နှာခေါင်းထဲကနေ ထွက်လာပြီး သူ့ပါးစပ်တစ်ခုလုံးလည်း သွေးတွေနဲ့
ပေကျံနေခဲ့တယ်။
‘‘ဖတ်..ဖတ်..ဖတ်….’’ လံကျတဲ့အသံတွေ တောက်လျှောက်ထွက်လာခဲ့တယ်။ ထိုအသံတွေက
စုမူနဲ့ အတူတူလိုက်လာတဲ့ ကောင်းကင်စံအိမ် တပည့်တွေက အရင်းခံလာခြင်းဖြစ်တယ်။ သူတို့တွေ
အားလုံးလည်း စုမူလိုပဲ မြေကြီးပေါ်လဲကျသွားခဲ့တယ်။ သူတို့ရဲ့ အော်ညည်းသံတွေက
တိတ်ဆိတ်နေတဲ့ ညသန်ခေါင်ယံမှာ ပဲ့တင်ထပ်နေပြီး ထိုညကို ပိုပြီးအသက်ဝင်လာစေခဲ့တယ်။
‘‘ ဘာဖြစ်တာလဲ’’ စုမူက မတ်တပ်ရပ်ဖို့ ရုန်းကန်နေရင်း နောက်ကို လှည့်ပြီး လီယန်ရှန်းကို
မေးလိုက်တယ်။
လီယန်ရှန်းက ထဖို့ကြိုးစားလိုက်ပေမယ့် သူ့တစ်ကိုယ်လုံးပျော့ခွေနေပြီး မြေကြီးပေါ်မှာသာ
လဲလျောင်းနေနိုင်ပေါတော့တယ်။ သူအသွင်အပြင်က တော်တော်လေး ဆိုးရွားနေပြီး
တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ ပြောလိုက်တယ်‘‘ သခင်လေးစု၊ ငါတို့အဆိပ်မိတာ ဖြစ်နေမှာကို ငါကြောက်မိတယ်’’
‘‘ အဆိပ်မိတာလား’’စုမူက ကြောက်ရွံ့မှုကြောင့် ဖြူဖတ်ဖြူလျော် ဖြစ်သွားခဲ့တယ်။
‘‘ပြီးတော့ ရိုးရိုးအဆိပ်တောင် မဟုတ်လောက်ဘူး။ အရမ်းပြင်းတဲ့ အဆိပ်ပဲဖြစ်ရမယ်…’’ လီယန်ရှန်းက
သူ့လက်ကို တုန်တုန်ယင်ယင်နဲ့ ဆန့်လိုက်တယ်။
‘‘ သခင်..သခင်လေးစု၊ ငါနောက်ထပ် တောင့်မခံနိုင်လောက်တော့ဘူး ..။ သခင်လေး ကျွတ်တော့်အတွက်
လက်စားချေပေးပါ’’
သူ့နောက်ဆုံး ဆန္ဓာကို ပြောလိုက်ပြီးနောက် လီယန်ရှန်းရဲ့ ခေါင်းစိုက်ကျသွားပြီး ငြိမ်သက်သွားခဲ့တယ်။
တုန်လှုပ်ခြောက်ခြားမှုကြောင့် စုမူက လီယန်ရှန်းရဲ့ နာမည်ကို အရူးးအမူး ထပ်ခါထပ်ခါ ခေါ်နေခဲ့တယ်။
ဒါပေမယ့် သူဘယ်လောက်ပဲ ကြိုးစားကြိုးစား လီယန်ရှန်းကတော့ နိုးမလာခဲ့ပေ။ သူလှည့်ကြည့်လိုက်တဲ့အခါ
သူနဲ့အတူု ခေါ်လာတဲ့ နောက်လိုက်တွေလည်း တစ်ယောက်မှ မလွတ်မြောက်တာကို တွေ့လိုက်တယ်။ သူတို့
တွေအားလုံး မြေကြီးပေါ်မှာ ငြိမ်သက်စွာ လဲလျောင်းနေခဲ့တယ်။
သူ့နှလုံးသားတစ်ခုလုံး မဖော်ပြန်ိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်သွားပြီး ဝမ်းနည်းမှုနဲ့
ပြည့်နှက်သွားခဲ့တယ်။ မမျှော်လင့်စွာပဲ ဒီလိုအခြေအနေမှာ စုမူက သူ့စိတ်ကို တည်ငြိမ်အောင် လုပ်နိုင်ခဲ့တယ်။
ကောင်းကင်စံအိမ်ရဲ့ ပိုင်နက်ထဲမှာ သူတို့ဘယ်လိုလုပ်ပြီး အဆိပ်ခတ်နိုင်တာလဲ။ ပြီးတော့ အဆိပ်ကလည်း
အရမ်းပြင်းသေးတယ် ။ အသက်ရှုချိန် သုံးရှိုက်စာအတွင်းမှာပဲ တစ်ယောက်ပြီးတစ်ယောက်ရဲ့ အသက်ကို
နှုတ်ယူသွားနိုင်တယ်။
Martial peak
အပိုင်း (၃၂) အစစ်အမှန်ယန်နည်းစနစ်
ရန်ကိုင်ရဲ့တဲကို ဘယ်သူအဆိပ်ခတ်ခဲ့တာလဲ..သူတို့ဘာလို ဒီတဲကို
အဆိပ်ခတ်ခဲ့တာလဲ…ဒီအဆိပ်က ငါတို့အတွက်လား။
သူက စိတ်ရှုပ်ထွေးစွာနဲ့ အဲ့အကြောင်းကို တွေးနေတုန်းမှာပဲ သူ
ရုတ်တရက် အံ့သြသွားတဲ့အသံ တစ်သံကြားလိုက်ရသည်‘‘ဟာ’’
အဲ့ဒါရန်ကိုင်အသံပဲ…စုမူက ရန်ကိုင်ကို အရိုးထဲအသည်းထဲထိ
မုန်းတီးနေသဖြင့် ရန်ကိုင်အသံကို မှတ်မိတာ မထူးဆန်းပေ။
သူပဲ..ငါတို့ကို အဆိပ်ခတ်ခဲ့တာ သူပဲဖြစ်ရမယ်..သူတောင်းစား..
ငါတို့က မင်းကိုသင်ခန်းစာ ပေးဖို့ပဲ ရောက်လာတာလေ။ အဲ့ဒါကို
ဒီလောက်တောင် ရက်စက်ကြမ်းကြုတ်ရလား..ဒါက အရမ်း
မရက်စက်လွန်းဘူးလား…မရက်စက်လွန်းဘူးလား။
စုမူက သူ့စိတ်ထဲမှာ ရန်ကိုင်ကို ဆဲရေးနေပြီး သိပ်မကြာခင်မှာပဲ
သူသတိလစ်သွားခဲ့လေသည်။
လခွမ်း…ဒီသခင်လေး ဒီနေ့ဒီလို သေရတော့မှာလား။ သနားစရာ
ဒီသခင်လေးမှာ ရည်မှန်းချက်တွေ ရှိသေးတယ်လေ..ငါ့ရဲ့
ရည်မှန်းချက် မပြည့်ခင် ငါသေရတော့မှာလား။..ကောင်းကင်ဘုံက
မတရားဘူး….
ခြေဖွဖွနင်းရင်း ရန်ကိုင်က လဲကျနေတဲ့ လူအုပ်ဆီကို လမ်းလျှောက်
လာခဲ့လေသည်။ သူငုံ့လိုက်ပြီး သူတို့ရဲ့ မျက်နှာဖုံးတွေကို ဆွဲချွတ်
လိုက်တဲ့အချိန်မှာ ရင်းနှီးနေတဲ့ မျက်နှာတွေကို တွေ့လိုက်ရပြီး
ခဏစဉ်းစားလိုက်ပြီးနောက် သူတို့ဘာလုပ်ချင်လဲဆိုတာ
ရန်ကိုင်သိလိုက်သည်။ ဒီအတောအတွင်း သူ သူတို့ကို
သနားစရာကောင်းလောက်အောင် နှိပ်စက်ခဲ့သောကြောင့် ဒီည
သူတို့ လက်စားလာချေခြင်း ဖြစ်ပေသည်။
ဒါပေမယ့် သူတို့ အရမ်းကို ကံဆိုးသွားခဲ့လေသည်။
မွှေးရနံ့အိုးကို သူ့လက်ထဲမှာ ဆော့ကစားရင်း ရန်ကိုင် ငိုရမလား..
ရယ်ရမလား မသိတော့ပေ။
ဒါက မတော်တဆပေမယ့် သူတို့ကတော့ တကယ်ကို ကံဆိုးသွားခဲ့
ခြင်းဖြစ်သည်။ ပုံမှန်ဆိုရင် ဒီအချိန်လောက်ဆိုရင် သူမွှေးရနံ့အိုးကို
အနက်ရောင် စာအုပ်ထဲ ပြန်ထည့်ထားပြီးလောက်ပါပြီ…ဒါပေမယ့်
ဒီတစ်ကြိမ်မှာတော့ သူအရမ်းပင်ပန်းလွန်းသဖြင့် အိပ်ပျော်သွား
ခဲ့ပြီး မွှေးရနံ့အိုးထဲက ဆေးပင်တွေ မကုန်ခင် စုမူတို့အဖွဲ့
ရောက်လာကာ ဆေးရနံ့တွေကို ရှုရှိုက်မိသွားခဲ့လေသည်။
မွှေးရနံ့အိုးက ထွက်လာတဲ့ ဆေးရနံ့က အရမ်းကို အားကောင်းပြီး
ထိုးဆေးရနံ့ရဲ့ အကျိုးသက်ရောက်မှုအောက်မှာ ပထမဆုံးအကြိမ်
အဖြစ် ရန်ကိုင်လေ့ကျင့်တုန်းကဆိုရင် မြေပြင်ပေါ်လဲမကျခင်
သူခြေသုံးလှမ်းပဲ လှမ်းနိုင်ခဲ့လေသည်။ ဒါက သူ့ကိုယ်ထဲမှာ ရွှေရောင်
အရိုးခြောက်ရှိနေလို့ ဖြစ်ပြီး စုမူအဖွဲ့ကတော့ ဒီအကျိုး
သက်ရောက်မှုကို ဘယ်လိုလုပ်ပြီး ခံနိုင်ရည်ရှိမှာလဲ။
သူတို့ကိုယ်ထဲမှာ ပြန်လည်ကုစားနိုင်စွမ်းရှိတဲ့ ရွှေရောင်အရိုးခြောက်
မရှိတဲ့အတွက် ထိုဆေးရနံ့ကို ခံနိုင်ရည်ရှိဖို့ဆိုရင် အနည်းဆုံး
ရက်ပေါင်းများစွာ လေ့ကျင့်ထားဖို့လိုအပ်ပေသည်။
သူတို့ရဲ့ ပေါ့ဆမှုကြောင့် ဒီကိစ္စကို သူတာဝန်ယူရပေတော့မည်။
အဲ့ဒါက သူတို့ရဲ့ မောက်မာမှုကြောင့်လည်း ပါပေသည်။ သူတို့
ဆေးရနံ့ကို ရလိုက်တဲ့အချိန်မှာ အသက်ရှုတာကိုသာ ရပ်ထား
လိုက်မယ်ဆိုရင် ဒီလိုသနားစရာ ကောင်တဲ့အခြေအနေကို
ရောက်လိမ့်မည် မဟုတ်ပေ။
‘‘ ဟေ…မင်းတို့ဒီကို ဘာလို့လာတာလဲ’’ ရန်ကိုင်က အကျယ်ကြီး
သက်ပြင်းချလိုက်လေသည်။ ထို့နောက် ကြမ်းပြင်ပေါ်မှာ အပုံလိုက်
ဖြစ်နေတဲ့အဖွဲ့ကို ကြည့်ရင်း မွှေးရနံ့အိုးကို အနက်ရောင်စာအုပ်ထဲ
ပြန်ထည့်ထားလိုက်သည်။
ခဏကြာအောင် တွေးတောလိုက်ပြီးနောက် ရန်ကိုင်က သူတို့ကို
ကြုံရာကျပန်း နေရာတွေမှာ ပစ်ထားလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။
သူတဲကို ပြန်ရောက်တဲ့အချိန်မှာတော့ ဘာမှမလုပ်တော့ပဲ
တန်းပြီး အိပ်ရာဝင်လိုက်လေသည်။
ထိုမတော်တဆ ဖြစ်ရပ်ကြောင့် ရန်ကိုင်ပိုပြီး သတိရှိလာခဲ့ပြီး
သူနောက်တစ်ဆင့်ကို မြန်မြန်ချိုးဖျက်ရပေမည်။ အခုအချိန်မှာ
သူမွှေးရနံ့အိုးကို အနက်ရောင်စာအုပ်ရဲ့ အပြင်မှာပဲ
သုံးနိုင်ပါသေးတယ်။ ဒါပေမယ့် သူနောက်တစ်ဆင့်ကို ချိုးဖျက်ပြီး
ကိုင်ယွမ်နယ်နိမိတ်ကို နီးကပ်လာခဲ့ရင် မွှေးရနံ့အိုးကိုသုံးဖို့ ပိုပြီး
လွယ်ကူသွားပြီဖြစ်တယ်။ အဲ့အချိန်ကျရင် မွှေးရနံ့အိုးက
အနက်ရောင်စာအုပ်ထဲမှာ ရှိနေပေစေဦးတော့.. သူအသုံးပြု
နိုင်လေသည်။ သူလုပ်ဖို့လိုအပ်တာတစ်ခုက အနက်ရောင်စာအုပ်ထဲကို
ယွမ်ချီထည့်သွင်းပေးဖို့့ပဲ ဖြစ်လေသည်။
နောက်ရက်တွေအတွင်း ရန်ကိုင်ခါးသီးစွာ လေ့ကျင့်နေခဲ့လေသည်။
သူ့မှာရှိတဲ့ဆေးပင် အရေအတွက်ကလည်း တဖြည်းဖြည်းလျော့
နည်းလာခဲ့လေသည်။
တတိယမြောက်နေ့မှာတော့ သူခန္ဓာသန့်စင်ခြင်းမှတ်တမ်းကို
လေ့ကျင့်ပြီးတဲ့အချိန်မှာ အရှေ့အရပ်ကို မျက်နှာမူလိုက်ပြီး
ချီတွေကို တဝကြီးရှုသွင်လိုက်သည်။ အဲ့လိုလုပ်နေတဲ့အချိန်မှာ
သူ့သွေးကြောတွေထဲမှာရှိတဲ့ ယွမ်ချီတွေက မြန်မြန်ဆန်ဆန်
လည်ပတ်လာခဲ့တယ်။ သူ့သွေးကြောတွေထဲမှာ ပုရွက်ဆိတ်တွေ
ပြေးလွှားနေသလိုမျိုး ခံစားနေခဲ့ရလေသည်။
သူရုပ်တည်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်ကို ချက်ချင်းစစ်ဆေးလိုက်တယ်။
သူ့သွေကြောထဲက လျင်မြန်စွာ စီးဆင်းနေတဲ့ ယွမ်ချီကြောင့်
သူ့ကြွက်သားတွေ တောင့်တင်းနေပြီး သူ့တစ်ကိုယ်လုံး
ထုံကျင်နေခဲ့လေသည်။ ဒီထုံကျင်နေတဲ့ ခံစားမှုက ဘယ်လောက်
ကြာသွားလဲဆိုတာ ရန်ကိုင်မသိပေမယ့် သူရုတ်တရက် ပေါ့ပါး
သွားသလို ခံစားလိုက်ရပြီး သူဝမ်းဗိုက်တစ်ခုလုံး ပူလောင်လာကာ
ရူးသွပ်စွာ ပရမ်းပတာ စီးဆင်းနေတဲ့ သူ့အတွင်းအားတွေလည်း
တည်ငြိမ်သွားခဲ့တယ်။
သူ့ဝမ်းဗိုက်က ခံစားချက်က ပြန်လည်ရှင်သန်လာသလိုမျိုး
ခံစားချက်ကို ရရှိစေပြီး အဲ့အချိန်မှာ ရန်ကိုင်က တော်တော်လေး
ဝမ်းသာပျော်ရွှင်နေခဲ့လေသည်။
အတွင်းအားလား…သူနောက်ဆုံး ခန္ဓာသန့်စင်ခြင်းအဆင့်၇ကို
ရောက်ရှိသွားပြီဖြစ်ပြီး ကိုယ်ပိုင်အတွင်းအား စတည်ဖြစ်တည်လာခဲ့
လေပြီ။ အတွင်းအားဆိုတာ ခန္ဓာသန့်စင်ခြင်းအဆင့်ရဲ့
အမှတ်သင်္ကေတပင်။ (အခြားတစ်နည်းဖြင့်ဆိုရင် ယွမ်ချီပေါ့)
ကျင့်ကြံသူတစ်ယောက်ရဲ့ ဘဝမှာ ပထမဆုံးအတွင်းအားက ဒန်တန်
လို့ခေါ်တဲ့နေရာမှာ ဖြစ်တည်လာပြီး ထိုအတွင်းအား ပမာဏက
တော်တော်လေး နည်းပါးပါသည်။ ထိုအတွင်းအာက
သိုင်းကွက်တစ်ခုကို သုံးဖို့မလုံးလောက်ပေ။ ထိုပထဆုံးရလာတဲ့
အတွင်းအားစီးကြောင်း သေးသေးလေးကို အသုံးပြုလိုက်တာနဲ့
ထိုအတွင်းအားက ပျောက်ကွယ်သွားပြီး နောက်တစ်ခါ ပြန်လည်
ရရှိဖို့အတွက် စွမ်းအင်အများကြီးအသုံးပြုရပေလိမ့်မည်။
ဒါပေမယ့် ဒီအတွင်းအား အမျှင်တန်းလေကြောင့် ကျင့်ကြံသူ
တစ်ယောက်က သိုင်းပညာရပ်တွေကို စတင်အသုံးပြု
လာနိုင်လေသည်။
ကောင်းကင်စံအိမ်ရဲ့ အခြေခံလက်သီးသိုင်းနဲ့ ခြေကန်ချက်တွေက
သိုင်းပညာရပ်တစ်ခုရဲ့ စွမ်းအားကို မယှဉ်ပြိုင်နိုင်ပါဘူး ။
သိုင်းပညာရပ်တစ်ခုကို အသုံးပြုဖို့ အတွင်းအားလိုအပ်ပြီး
ထိုသိုင်းပညာရပ်တွေက ကျင့်ကြံသူတွေ အားလုံးရဲ့ အခြေခံ
ခွန်အားတွေပဲဖြစ်တယ်။
ခန္ဓာသန့်စင်ခြင်းအဆင့်၇ ကျင့်ကြံသူတစ်ယောက်က ထိုးတဲ့
လက်သီးတစ်ချက်က ခန္ဓာသန့်စင်ခြင်းအဆင့်၆ ကျင့်ကြံသူ
တစ်ယောက်က ထိုးတဲ့လက်သီးချက်ထက် အများကြီး ပိုပြီး
ပြင်းထန်ပါလေသည်။ ခန္ဓာသန့်စင်ခြင်းအဆင့်၆ ကျင့်ကြံသူတစ်ယောက်
ကဂျင်၂၀၀ရှိတဲ့ လက်သီးချက်က်ို ထုတ်ဖော်နိုင်တယ်ဆိုရင်
ခန္ဓာသန့်စင်ခြင်းအဆင့်၇ ကျင့်ကြံသူတစ်ယောက်က အတွင်းအား
အကူအညီနဲ့ ဂျင်၅၀၀ ဒါမှမဟုတ် ဂျင်၁၀၀၀ရှိတဲ့ လက်သီးချက်ကို
တောင် ထုတ်ဖော်နိုင်လေသည်။
ဟုတ်တာပေါ့ ။ ခန္ဓာသန့်စင်ခြင်းအဆင့်မှာဆိုရင် သိုင်းပညာရပ်
တွေကို အသုံးပြုဖို့ မလွယ်ကူပါဘူး ။ ဘာလို့လဲဆိုတော့
အတွင်းအားက ပြန်ဖြည့်ဖို့ မလွယ်ကူလို့ပဲ ဖြစ်လေသည်။ ကိုင်ယွမ်
အဆင့်ကို ရောက်မှသာ သိုင်းပညာရပ်တွေကို တိုက်ပွဲမှာ မိမိ
ကြိုက်သလို သုံးနိုင်မှာပဲ ဖြစ်ပြီး ဒီအဆင့်ကို ရောက်တာနဲ့
ယွမ်ချီက ပြန်ဖြည့်ဖို့ လွယ်ကူသွားပါပြီ။
အဓိက ကိစ္စကတော့ ယွမ်ချီကို ဘယ်လောက်မြန်မြန် ပြန်ဖြည့်
နိုင်လဲဆိုတာပါ။
ဒါကြောင့် ခန္ဓာသန့်စင်ခြင်းအဆင့်၇ ကိုရောက်တာနဲ့ ကျင့်ကြံသူ
တစ်ယောက်က ကမ္ဘာ့ချီအမျှင်တန်းလေးကို အခြေခံ
တည်ဆောက်ကာ ဒန်တန်ထဲမှာရှိတဲ့ ယွမ်ချီကို တဖြည်းဖြည်း
များပြားလာအောင် လုပ်ရမှာပဲ ဖြစ်လေသည်။
အရိုးရှင်းဆုံး နည်းလမ်းကတော့ သိုင်းကျင့်စဉ်တွေကို လေ့ကျင့်ဖို့ပဲ
ဖြစ်လေသည်။
သိုင်းပညာရပ်တိုင်းက ချီအမျှင်တန်းများစွာ ဒါမှမဟုတ် သွေးကြော
တွေထဲမှာရှိတဲ့ ချီအမျှင်တန်း အားလုံးကိုတောင် လိုအပ်နိုင်ပါတယ်။
ထိုချီအမျှင်တန်းတွေနဲ့ ကျင့်ကြံသူတွေက သိုင်ပညာရပ်အမျိုးမျိုးကို
အသုံးပြုနိုင်ကြလေသည်။ ရန်ကိုင်လည်း ချွင်းချက်မဟုတ်ပေ။
သူခန္ဓာသန့်စင်ခြင်းအဆင့်၇ကို ရောက်သွားမှန်း သိလိုက်တာနဲ့
ရန်ကိုင် စိတ်ငြိမ်အောင် လုပ်လိုက်ပြီး အနက်ရောင်စာအုပ်ကို
ဖွင့်ဖို့ သူ့တဲကို ပြန်သွားလေသည်။
ဒီအတောအတွင်း သူအဆင့်ချိုးဖျက်တိုင်း စတုတ္ထစာမျက်နှာကို
ဖွင့်ဖတ်ဖို့ကြိုးစားပေမယ့် သူတစ်ခါမှ ဖတ်လို့မရခဲ့ပေ။ ဒါကြောင့်
ရန်ကိုင်က သူခန္ဓာသန့်စင်ခြင်းအဆင့်၇ ရောက်တာနဲ့ စတုတ္ထ
စာမျက်နှာ ပွင့်လာလိမ့်မယ်လို့ သူခန့်မှန်းခဲ့ပြီး သူ
ခန့်မှန်းတာ မှန်ကန်ခဲ့လေသည်။ သူခန္ဓာသန့်စင်ခြင်းအဆင့်၇
ရောက်တာနဲ့ စတုတ္ထစာမျက်နှာမှာ ရွှေရောင်စာလုံးတွေ
ပေါ်လာခဲ့ပြီး အဲ့နောက်မှာတော့ ထိုစကားလုံးတွေက ရန်ကိုင်ရဲ့
စိတ်ထဲကို တိုးဝင်ပျောက်ကွယ်သွားခဲ့တယ်။
သူ့စိတ်ထဲမှာ အချက်အလက် အသစ်တွေ ပေါ်လာခဲ့သည်
’’ အစစ်အမှန် ယန်နည်းစနစ်’’ ဒါက အနက်ရောင်စာအုပ်က
သူအဆင့်ချိုးဖျက်နိုင်တဲ့အတွက် ချီးမြှင့်တဲ့ဆုလာဒ်ပါပဲ။
အချက်အလက်အသစ်ကို ဖတ်ရင်း ရန်ကိုင်ရဲ့မျက်နှာက ရှုံ့မဲ့သွား
ခဲ့လေသည်။
အစစ်အမှန် ယန်နည်းစနစ်က အခြားသိုင်းကျင့်စဉ်တွေနဲ့
နဲနဲကွဲပြားလေသည်။ အစစ်အမှန် ယန်နည်းစနစ်ကို ကျင့်ကြံဖို့က
အရမ်းကို ရိုးရှင်းလွန်းပေမယ့် ထိုနည်းစနစ်ကို ကျင့်ကြံဖို့
ကန့်သတ်ချက်တွေလည်း ရှိနေသေးလေသည်။
ထိုနည်းစနစ်ကို ယန်ချီပေါများတဲ့နေရာမှာ လေ့ကျင့်ရပါမယ်။
ဒါပေမယ့် ဒီနည်းစနစ်ကို အဆင့်တစ်ခုရောက်အောင် ကျင့်ကြံနိုင်တာနဲ့ ယန်ချီတွေကို အရည်အဖြစ် သိပ်သည်းနိုင်ပြီး ဒန်တန်ထဲမှာ စုဆောင်းထားနိုင်ပါတယ်။ ဒါက အခြားဘယ်ကျင့်စဉ်မှ မလုပ်နိုင်တဲ့ အရာပဲဖြစ်လေသည်။ ကျင့်ကြံသူတစ်ယောက်က အတွင်အားချီကို အပြည့်အဝ ပြန်လည်ဖြည့်တင်းပြီးတာနဲ့ နောက်ထပ် ထပ်မံမစုပ်ယူနိုင်တောပေ။ ကျင့်ကြံခြင်းအဆင့် ချိုးဖျက်နိုင်မှာသာ နောက်ထပ် ထပ်မံစုဆောင်းနိုင်ပေလိ့မ်မည်။
Martial Peak
အပိုင်း (၃၃) မူလယန်
ဒါပေမယ့် အစစ်အမှန်ယန်နည်းဗျူဟာက ကွဲပြားပေသည်။ ယန်ချီကို အကန့်အသတ်အထိ လေ့ကျင့်နိုင်မယ်ဆိုရင် ယန်ချီကအရည်အဖြစ် သိပ်သည်းသွားပြီး ဒန်တန်နဲ့ ပေါင်းစပ် သွားပေလိမ့်မည်။ ဒါက သွေးကြောတွေကို ဗလာဖြစ်သွားစေတဲအတွက် ယန်ချီကို သွေးကြောတွေထဲမှာ လွတ်လပ်စွာ လှည့်ပတ်သွားနိုင်ပါစေလိမ့်မည်။ ဒီကျင့်စဉ်ကိုသာ လေ့ကျင့်ရင် စုဆောင်နိုင်တဲ့
ယန်ချီပမာဏက အကန့်အသတ်မဲ့ဖြစ်ပေမယ့် ဒီလိအကန့်အသတ်မဲ့အောင်
လေ့ကျင့်နိုင်ဖို့ကတော့ ယန်ချီကို လိုအပ်ပေသည်။ ဒီလိုထုးခြားချက်တွေက ဒီကျင့်စဉ်ကို သာမန်ကျင့်စဉ်တွေနဲ့ အလွန်ကွဲပြားခြားနား သွားစေခဲ့ပြီး သူသာဒီကျင့်စဉ်ကိုစလေ့ကျင့်တာနဲ့တိုက်ခိုက်ရာတွင်ရည်အဖြစ်သိပ်သည်းထားတဲ့ ယန်ချီကို အသုံးပြုနိင်ပေလိမ့်မည်။ ခဏတာတွေးတောလိုက်ပြီးနောက် ရန်ကိုင်က အစစ်အမှန်ယန် နည်းဗျူဟာကို လေ့ကျင့်ဖို့ဆုံးဖြတ်လိုက်သည်။
ပထမအနေနဲ့ သူမှာအခြားလေ့ကျင့်ဖို့ ကျင့်စဉ်တွေမရှိတဲ့အပြင် အမှတ်ကလည်း
မလုံလောက်တဲ့အတွက် ကောင်းကင်စံအိမ်ကနေ သိုင်ကျင့်စဉ်တွေကို လဲလှယ်လို့
မရပေ။ ဒုတိယအနေနဲ့ သူက အနက်ရောင်စာအုပ်က လာတဲ့ဘယ်အရာကိုမဆို
ယုံကြည်ချက်ရှိခြင်း ကြောင့်ပင်ဖြစ်သည်။
ကျင့်ကြံဖို့ပတ်ဝန်းကျင်ကတော့ ဘာမှစိတ်ပူစရာ မလိုပေ။ နေဆီကလည်း ယန်စွမ်းအင် ကိုစုပ်ယူနိုင်သောကြောင့် သူအစစ်အမှန်ယန်နည်းစနစ်ကို ကျင့်ကြံနိုင်လေသည်။ ဒါပေမယ့်အကျိုးသက်ရောက်မှုကတော့ နည်းနည်းနိမ့်ကျသွားပါလိမ့်မှာပဲဖြစ်သည်။
ဘာပဲဖြစ်ဖြစ် နေရောင်ခြည်က ကုန်းမြေတစ်ခုလုံးကို တူညီသောပမဏနဲ့
ဖြန့်ကျက်ထွန်းလင်းနေသည့်အတွက် လူသားတစ်ယောက်က အဲ့လောက်ပမာဏ
အများကြီးထဲက ဘယ်လောက်များများ စုပ်ယူနိင်မှာလဲ။
သူနောက်ဆုံး ဆုံးဖြတ်ချက်ချပြီးသွားတာနဲ့ တဲထဲကထွက်ကာ နေရောင်များများရတဲ့
နေရာတစ်ခုကို ရှာလိုက်လေသည်။ ထိုနေမှာသွားထိုင်လိုက်ပြီး မျက်လုံးမှိတ်ကာ
အစစ်အမှန်ယန်နည်းဗျူဟာရဲ့ ချီလှည့်ပတ်ခြင်းလမ်းကြောင်းတွေကို
စဉ်းစားလိုက်လေသည်။ ထို့နောက် သူ့ဒန်တန်ထဲမှာရှိတဲ့ ချီအမျှင်တန်းလေးကို
အစစ်အမှန်ယန်နည်းဗျူဟာအတိုင်း လှည့်ပတ်ဖို့ကြိုးစားလိုက်သည်။
အရာအားလုံးအတွက် အစဟာအခက်ခဲဆုံးဆိုတဲ့ စကားပုံက လုံးဝကို မမှားပေ။
ရန်ကိုင်က သူ့ဒန်တန်ထဲက ချီအမျှင်တန်းလေးကို ဆက်သွယ်နိုင်ပေမယ့်
အစစ်အမှန်ယန်နည်းစနစ်အတိုင်း လှည့်ပတ်ဖို့ကတော့ အရမ်းကိုခက်ခဲ
လွန်းနေခဲ့လေသည်။ နေရောင်အောက်မှာ
ရန်ကိုင်က တစ်နေ့လုံးလေ့ကျင့်နေပေမယ့် သူ့ရဲ့ချီအမျှင်တန်းလေးကို
နည်းနည်းလေးသာ တိုးတက်အောင်လုပ်နိုင်ခဲ့ပြီး ချီလှည့်ပတ်နှုန်းကလည်း
လိပ်တစ်ကောင်လို နှေးကွေးနေတုန်းပင်။ ဒါပေမယ့် ဒါဟာသူရဲ့ပထမဆုံးအကြိမ်
ဖြစ်တဲ့အတွက် ဒီရလဒ်ကရန်ကိုင်ကို တော်တော်လေးကျေနပ်သွားစေခဲ့သည်။
ကျင့်ကြံခြင်းက ဖြည်းဖြည်းချင်းလုပ်ဆောင်ရမယ့် အရာဖြစ်ပြီး တစ်ညတည်းနဲ့
အပြီးသတ်နိုင်မယ့်အရာမျိုး မဟုတ်ပေ။ ပြီတော့ ကျင့်ကြံခြင်းနဲ့ပက်သက်ပြီး
ရန်ကိုင်က စိတ်ရှည်သည်းခံမှုအပြည့်ရှိပေသည်။
သုံးရက်လောက်ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီးနောက် ရန်ကိုင်က သူ့ဒန်တန်ထဲက
ယွမ်ချီကို သူ့ရင်ဘတ်သွေးကြောထဲကို စီးဆင်စေနိုင်ခဲ့လေသည်။ အတွေးတစ်ချက်နဲ့ ထိုယွမ်ချီအမျှင်တန်းလေးက သူ့ရင်ဘတ်ကနေ ရင်ဘတ်သွေးကြောပွိင့်ပတ်လည်ကို တစ်ဟုတ်ထိုးလှည့်ပတ်နိုင်လေသည်။ အနက်ရောင်စာအုပ်ပါ အချက်အလက်များအရ
မူလယန်ကို အခြေတည်အောင် အရင်ဆုံး လုပ်ရပေလိမ့်မည်။ ဒါက
အစစ်အမှန်ယန်နည်းစနစ်ကို ကျင့်ကြံဖို့ပထမဆုံးခြေလှမ်းပင် ဖြစ်သည်။
မူလယန်က သူ့ပတ်ဝန်းကျင်က ယန်ချီတွေကို အာရုံခံနိုင်တာကလွဲပြီး အခြား
အသုံးဝင်တာမရှိပေ။ ပြီးတော့ ရန်ကိုင်ရဲကကျင့်ကြံခြင်းအဆင့်က အရမ်းကို
နိမ့်လွန်းနေပြီး နတ်ဘုရားစိတ်အာရုံ မဖြစ်တည်နိုင်သေးတဲ့အတွက် ယန်ချီသိပ်သည်း တဲ့နေရာတွေကို အာရုံမခံနိုင်ပေ။ ဒါပေမယ့် သူမူလယန်ဖွဲ့တည်ပြီးတာနဲ့ ဒါက ပြဿနာတစ်ခု မဟုတ်တော့ပေ။ သူသာမူလယန်ဖြစ်တည်နိုင်ခဲ့ရင် တိကျသေချာတဲ့
ဧရိယာတစ်ခုအတွင်းမှာရှိတဲ့ ယန်ချီဖျော့ဖျော့လေးကိုတောင် အာရုံခံနိုင်ပေလိမ့်မည်။
ယွမ်ချီအမျှင်တန်းလေးက သူ့ရင်ဘတ်မှာအဆက်မပြတ် လှည့်ပတ်နေတာနဲ့အမျှ
ရန်ကိုင်မျက်နှာတင်းကျပ်လာပြီး အမှားသေးသေးလေးတစ်ခုတောင် မလုပ်ဝံ့ပေ။
မူလယန်ဖြစ်တည်ဖို့က အလွန်ရှုပ်ထွေးပြီး အရမ်းကိုအားစိုက်ထုတ်ရတဲ့ အလုပ်တစ်ခု
ဖြစ်တဲ့အတွက် အမှားသေးသေးလေးတစ်ခု လုပ်မိလိုက်တာနဲ့ သူကြိုးစားထားတဲ့
အရာတွေအကုန် အလဟဿဖြစ်သွားမှာဖြစ်ပြီး နောက်တစ်ကြိမ်အစက
ပြန်လုပ်ရမှာပဲဖြစ်သည်။
တစ်နာရီ..နှစ်နာရီ..နေရောင်အောက်မှာ တစ်နေကုန်ထိုင်နေတဲ့ ရန်ကိုင်တစ်ကိုယ်လုံး
ချွေးတွေနဲ့ စိုရွှဲနေပြီဖြစ်သည်။ ချွေးထွက်လွန်တဲ့အတွက်ကြောင့် သူ့နှုတ်ခမ်းတွေ
ခြောက်သွေ့နေပေမယ့် သူ့မျက်နှာကတော့ ခိုင်မာသောဆုံးဖြတ်ချက်တို့ဖြင့်
ပြည့်နေလေသည်။ သူ့ယွမ်ချီအမျှင်တန်းလေးကို အကြောက်အလန့်မဲ့စွာ
သူ့ရင်ဘတ်သွေးကြောနေရာ ပတ်ပတ်လည်ကို ဆက်လက်လှည့်ပတ်ရန်
ကြိုးစားနေလေသည်။ အချိန်ဘယ်လောက်ကုန်ဆုံးသွားမှန်းသူမသိဘဲ သူ့ရင်ဘတ်မှ
ထူးခြားတဲ့ခံစာချက်နှင့်အတူသူ့ရင်ဘတ်ကိုသံပူချောင်းကြီးတစ်ခုထိုးသွင်းလိုက်သလို ခံစားလိုက်ရလေသည်။ ချက်ချင်းပဲ သူ့မျက်လုံးကို ဖွင့်လိုက်ပြီး အံကြိတ်လိုက်သည်။
နာကျင်မှုက ချက်ချင်းပဲ သက်သာသွားခဲ့သည်။ သူ့ရင်ဘတ်ကနာကျင်မှုက
မျက်တောင်တစ်ခတ်လောက်စာသာ ကြာပြီးချက်ချင်း ပြန်ပျောက်ကွယ်
သွားခဲ့လေသည်။ သူ့တစ်ကိုယ်လုံး အမှန်တကယ်အေးမြလန်းဆန်းသွားပေမယ့်
သူ့ခေါင်းကတော့ ခုနကနာကျင်မှုကြောင့် မူးဝေနေပြီး ထိုနာကျင်မှုကိုတော့
သူအလွယ်တကူ မမေ့ဖျောက်နိုင်ပေ။
သူ့ရင်ဘတ်မှာ ထူဆန်းတာတစ်ခုခုပေါ်လာတယ်လို့ ရေးတေးတေးလေး
ခံစားလိုက်ရပေမယ့် သူငုံ့ကြည့်လိုက်တဲ့အချိန်မှာတော့ ဘာမှမတွေ့ခဲ့ရပေ။ မူလယန်
ဖြစ်တည်နိုင်ခဲ့လား။ မျက်မှောင်ကြုံ့ရင်း ရန်ကိုင်တွေးတောနေလိုက်သည်။ မူလယန်က
အောင်မြင်စွာဖြစ်တည်နိုင်ခဲ့ပြီး ထိုအရာကသူ့ရင်ဘတ်ထဲမှာ ရှိနေတဲ့အတွက်
သူမမြင်ရခြင်းဖြစ်လေသည်။ မူလယန်က ဖြစ်တည်ပြီးပြီးဆိုတော့ ယန်ချီကိုအာရုံခံနိုင်
သင့်တယ်မလား။ အခုဘာလို့အာရုံမခံနိုင်တာလဲ။ ဒီနေရာတစ်ဝိုက်မှာ
ယန်ချီပေါကြွယ်ဝတဲ့ နေရာများမရှိလို့လား။
ထိုအကြောင်းကိုတွေးရင်း ရန်ကိုင်ကကောင်းကင်စံအိမ် အလယ်ဗဟိုရှိရာကို
လမ်းလျှောက်သွားလိုက်သည်။ သူလမ်းလျှောက်ရင်း သူ့ရင်ဘတ်ကိုလည်း
အဆက်မပြတ် အာရုံစိုက်ထားလေသည်။ သူ့ရင်ဘတ်ကနွေးထွေးတဲ့ခံစားချက်တစ်ခုကို
ရလိုက်တဲ့အချိန်မှာတော့ သူလမ်းလျှောက်တာကို ရပ်လိုက်သည်။ ရန်ကိုင်အမူအရာက အံ့သြမှုတွေနဲ့ ပြည့်နေခဲ့လေသည်။
မူလယန်က အောင်မြင်စွာဖြစ်တည်ပြီးဖြစ်ပြီး စောစောတုန်းက မတုန့်ပြန်တာက
ထိုအနီးအနားပတ်ဝန်းကျင်မှာ ယန်ချီပေါကြွယ်ဝတဲ့နေရာ မရှိလို့ပဲဖြစ်လေသည်။
အခုအချိန်မှတော့ မူလယန်က တုံ့ပြန်ခဲ့လေပြီ။ ဆိုလိုတာက ဒီအနီးအနား
ပန်ဝန်းကျင်မှာ ယန်ချီပေါကြွယ်ဝတဲ့ နေရာတစ်ခုခုရှိတာပဲဖြစ်ရမယ်။ ရန်ကိုင်က
စိတ်လှုပ်ရှားသွားခဲ့လေသည်။ အစစ်အမှန်ယန်နည်းစနစ်ကို ကျင့်ကြံဖို့အရမ်းကို
တင်းကျပ်တဲ့လိုအပ်ချက်တွေ ရှိလေသည်။ ယန်ချီသိပ်သည်းနှုန်းသာ မြင့်မားပါက
ကျင့်ကြံနှုန်းကလည်း ပိုမိုမြန်ဆန်မှာပဲ ဖြစ်ပြီး နေကရတဲ့ယန်ချီကိုသာ
စုပ်ယူပြီးလေ့ကျင့်နေပါက ရန်ကိုင်ရဲ့ကျင့်ကြံနှုန်းက အလွန်အမင်းနှေးကွေးနေမှာပဲ
ဖြစ်သည်။
မူလယန်ညွှန်ပြရာအရပ်ကို ရန်ကိုင်ရူးသွပ်စွားပြေးသွားလိုက်ပြီး သိပ်မကြာခင်မှာပဲ
အခန်းတစ်ခုထဲကို ဝင်သွားခဲ့လေသည်။ သူဝင်လိုက်တာနဲ့ သူနဲ့အရမ်းရင်းနှီးနေတဲ့
အသံကိုကြားလိုက်ရလေသည်‘‘ အဲ..ယန်လေး။ မင်းဘာလို့ဒီအချိန်ကြီး ဒီကို
လာတာလဲ’’ သူခေါင်းမော့လိုက်တဲ့အချိန်မှာ ကောင်တာနောက်ကနေ သူ့ကိုထူးဆန်းစွာ
ကြည့်နေတဲ့ ဘဏ္ဏာထိန်းမန်ကို တွေ့လိုက်ရလေသည်။ ငါထောက်ပံံ့ရေးခန်းမကို
ရောက်လာတာလား…
ဘဏ္ဏာထိန်းမန်ကို အရင်ကြည့်လိုက်ပြီး အဲ့နောက်သူ့နောက်က ခန်းမကိုတစ်ချက်
ကြည့်လိုက်ပြီး ရန်ကိုင်ကမျက်ခွံလှန်လိုက်သည်။ ယန်ချီအရင်းအမြစ်က
ထောက်ပံ့ရေးခန်းမစတိုခန်းထဲက ယန်အထူးပြုပစ္စည်းတစ်ခုခုကလာတယ်ဆိုတာ
သေချာပါသည်။ ဒါပေမယ့်..ဒါကထောက်ပံ့ရေးခန်းမလေ။ ထိုယန်စွမ်းအင်ပစ္စည်းကို
သူလိုချင်တယ်ဆိုရင်တော့ အမှတ်နဲ့လဲလှယ်ပြီးတော့မှသာ သူရယူနိုင်ပေလိမ့်မည်။
အရွက်သုံးရွက်ပရမ်းပတာ ဝိဥာဉ်ဆေးပင်နဲ့ ဂျဲဒီသစ်ပင်မြက်တွေရဖို့
သူ့အမှတ်တွေအကုန်လုံးကို သုံးလိုက်တဲ့အတွက် ရန်ကိုင်မှာတစ်မှတ်မှမရှိတော့ပေ။
ထိုယန်အထူးပြုပစ္စည်းကို သူမယူနိုင်မှန်းသိလိုက်တာနဲ့ ရန်ကိုင်တော်တော်လေး
စိတ်ပျက်သွားခဲ့လေသည်။ သူဘဏ္ဏာထိန်းမန်ရဲ့မေးခွန်းကိုတောင်ပြန်မဖြေနိုင်တာ့ပဲ
ခေါင်းငုံ့ပြီး မလှမ်းချင်လှမ်းချင်နဲ့ ထောက်ပံ့ရေးခန်းမကနေ ထွက်သွားလေသည်။
‘‘မင်းရဲ့ပြဿနာကဘာလဲ’’ ဘဏ္ဏာထိန်းမန်လဲသုန်မှုန်လာခဲ့သည်။ ရန်ကိုင်က
ကောင်းကင်စံအိမ်ထဲ ဦးတည်ချက်မဲ့စွာလမ်းလျှောက်ရင်း မူလယန်က တစ်ခါတစ်ရံ
သူ့ကိုယန်ချီပေါကြွယ်ဝတဲ့ နေရာတွေဆီကို ညွှန်ပြပေးသော်လည်းထိုနေရာတွေက
အခြားသူတွေရဲ့ ပိုင်နက်ဖြစ်နေခဲ့လေသည်။
ရန်ကိုင်က ယန်အထူးပြုရတနာတစ်ခုမှ မရခဲ့သော်လည်း သူ့အတွက်အကျိုးမရှိ
ခဲ့တာတော့မဟုတ်ပေ။ မူလယန်ကို အဆက်အပြတ်အသုံးပြုမှုကြောင့် အခုဆိုရင်
မူလယန်က ပေ၅၀၀ပတ်လည်အတွင်းမှာရှိတဲ့ ယန်ချီတွေကို အာရုံခံနိုင်နေပြီဖြစ်သည်။
နှစ်နာရီ၊ သုံးနာရီလောက်ကြာပြီးနောက် တားမြစ်ထားတဲ့နေရာတွေကလွဲလို့
နေရာအားလုံးနီးပါးကို ရန်ကိုင်သွားပြီးပြီဖြစ်လေသည်။ ရန်ကိုင်အတွက်ကတော့
ဘာအကျိုးအမြတ်မှမရခဲ့ပေမယ့် သေသေချာချာပြန်တွေးကြည့်လိုက်တဲ့အခါမှာတော့
မူလယန်အာရုံခံနိုင်တဲ့အရာတွေမှန်သမျှ တော်တော်လေးတန်ဖိုးရှိတာချည်းပင်။
ငါလေနက်တောင်ကိုများ နောက်တစ်ကြိမ်သွားသင့်လား..အဲ့နေရာမှန် ယန်အထူးပြု
ပစ္စည်းတစ်ခုခုရှိကောင်း ရှိနေနိုင်တာပဲလေ။ သူအဲ့အကြောင်းတွေးနေတဲ့အချိန်မှာပဲ
သူ့ရင်ဘတ်ကမူလယန်က ပူလောင်လာခဲ့လေသည်။ ရန်ကိုင်လည်း မူလယန်
ညွှန်ပြရာနေရာကို တစ်ဟုန်ထိုးပြေးသွားလိုက်လေသည်။
Martial Peak
အပိုင်း (၃၄) ရစ်ခွေနဂါးစမ်းချောင်း
ခဏတာပြေးလွှားလိုက်ပြီးနောက် ကောင်းကင်နဲ့မြေပြင်ကြားမှာ ဖြန့်ကျက်စီးဆင်းနေတဲ့ တောင်ပေါ်စမ်းချောင်းတစ်ခုကို တွေ့လိုက်ရသည်။ အလွန်းပြင်းထန်တဲ့ လေပြင်းတစ်ခု
သူ့ဆီကိုတိုက်ခတ်လာပြီးရန်ကိုင်ကိုလဲကျသွားမတတ်
ဖြစ်သွားစေခဲ့လေသည်။
ရန်ကိုင်က ကိုယ်ကိုလှည့်လိုက်ပြီး ခေါင်းမော့ကာ အရှေ့တည့်တည့်ကို
ကြည့်နေလေသည်။ ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူ့ရှေ့ကစမ်းချောင်းက ပေတစ်ထောင်လောက်ကျယ်ပြီး အောက်ခြေကမတွေးလောက်နိုင်လောက်အောင်
နက်တဲ့ ကောင်းကင်စံအိမ်ရဲ့ အဆန်းကြယ်ဆုံးနဲ့ အန္တရယ်အများဆုံးနေရာဖြစ်သည့်
ရစ်ခွေနဂါးစမ်းချောင်းပင် ဖြစ်လေသည်။
ဒီရစ်ခွေနဂါးစမ်းချောင်းရဲ့ တည်ရှိမှုကတကယ်ကို ထူးဆန်းလေသည်။
ဘာကြောင့်လဲဆိုတော့ ကောင်းကင်စံအိမ်က တောင်တန်းပေါ်မှာတည်ရှိတာမဟုတ်ဘဲ
မြေပြန့်ပေါ်မှာ တည်ရှိနေလို့ပဲဖြစ်လေသည်။ ထိုစမ်းချောင်းကို တောင်ပေါ်စမ်းချောင်း ဟုခေါ်သော်လည်း ကုန်းမြေပေါ်ကအက်ကြောင်းကြီးဖြစ်တဲ့ ရစ်ခွေနဂါးစမ်းချောင်းလို့
ခေါ်တာပိုပြီး သင့်လျော်လေသည်။ ဘာကြောင့်လဲဆိုတော့ ထိုစမ်းချောင်းက
အက်ကြောင်းကြီးတစ်ခုဖြစ်နေလို့ပင်ဖြစ်လေသည်။
ရစ်ခွေနဂါးစမ်းချောင်းကကောင်းကင်စံအိမ်ကတားမြစ်ထားတဲ့
နေရာတွေထဲက အတားမြစ်ထားဆုံးနေရာလည်းဖြစ်ပေသည်။ ဘာကြောင့်လဲဆိုတော့
လေပြင်းတွေအမြဲတမ်း တိုက်ခတ်နေတဲ့အတွက် ဝင်းသွာလိုက်တာနဲ့ လေပြင်း
တိုက်ခတ်ခံရပြီး သတိလက်လွတ်ဖြစ်ကာ စမ်းချောင်းထဲကိုချော်ကျကာ
အသက်ပျောက်သွားနိုင်သောကြောင့်ဖြစ်လေသည်။ ဒီနေရာက သစ္စာဖောက်တဲ့ တပည့်တွေနဲ့ နယ်နှင်ဒဏ်ပေးခံရတဲ့ တပည့်တွေကိုပို့တဲ့နေရာပဲဖြစ်လေသည်။
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအတွင်းခွင့်မလွှတ်နိုင်လောက်တဲ့အပြစ်ကိုကျူးလွန်ခဲ့တဲ့တပည့်တိုင်းကို ရိက္ခာခြောက်အနည်းငယ်ပေးကာ ရစ်ခွေနဂါးစမ်းချောင်းကို နယ်နှင်ဒဏ်ပေးလေ့ရှိခဲ့သည်။
ဒါကရန်ကိုင်ကို တော်တော်လေးစိတ်ရှုပ်သွားစေပါသည်။ ခွင့်မလွှတ်နိုင်တဲ့အပြစ် ကျူးလွန်တဲ့တပည့်တွေကို ဒီနေရာကိုပို့မယ့်အစား တစ်ခါတည်းကွပ်မျက်လိုက်တာက
ပိုမကောင်းဘူးလား။ ရိက္ခာခြောက်အနည်းငယ်ပေးပြီး ဒီနေရာကိုလွှတ်တာက သေခိုင်းနေတာနဲ့အတူတူပဲလေ။ ဒီနေရာက သစ္စာဖောက်တွေအတွက် နယ်နှင်ဒဏ်ပေးတဲ့နေရာတစ်ခု ဖြစ်နေရုံမက စုံတွဲတွေအတွက်လည်း ကိုယ့်ကိုယ်ကို
သတ်သေဖို့နံပါတ်တစ်နေရာပဲဖြစ်လေသည်။ ကောင်းကင်စံအိမ်မှာ ဒီအကြောင်းနဲ့ ပက်သက်ပြီး ပုံပြင်တွေအများကြီးရှိပါသည်။ ထိုပုံပြင်တွေက တော်တော်သနားစရာ ကောင်းပြီး အရမ်းဝမ်းနည်းစရာကောင်းတာတော့အမှန်ပင်ဖြစ်လေသည်။
သူတို့၏တာအိုလက်တွဲဖော်သေသွားလို့ ရစ်ခွေနဂါးစမ်းချောင်းမှာ လာသတ်သေတဲ့ ချစ်သူတွေလည်းအများကြီး ရှိခဲ့လေသည်။
စံအိမ်မှာယောက်ျားလေးတပည့်တွေကမိန်ကလေးတပည့်တွေကို
ပိုပန်းတဲ့အခါ ထိုပုံပြင်တွေကို ပြောပြီးပိုးပန်းလေ့ရှိကြသည်။ သူတို့သာထိုမိန်းကလေးတပည့်တွေကို ငိုအောင်လုပ်နိုင်ရင် သူတို့၏ကျယ်ပြောပြီး နွေးထွေးတဲ့ရင်ခွင်ကိုသုံးကာ
ထိုမိန်းကလေးတပည့်တွေကို ချော့နိုင်မှာပဲဖြစ်လေသည်။ ဖြေးညှင်းစွာနဲ့ ရန်ကိုင်က ခြေလှမ်းအနည်းရှေ့တိုးလိုက်ပြီး ထိုစမ်းချောင်ကိုသံသယနဲ့ကြည့်လိုက်လေသည်။
အထဲမှာယန်ချီရှိနေတာ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။ ဒီတစ်ကြိမ်မှာတော့ မူလယန်ကနေတစ်ဆင့် ထိုစမ်းချောင်းထဲက အလွန်သိပ်သည်းတဲ့ ယန်ချီတွေကို ခံစားမိလိုက်ပြီး ထိုယန်ချီတွေက စမ်းချောင်းပေါ်ကို ဖြည်းညှင်းစွာ စီးဆင်းနေခဲ့သည်။
သူကစမ်းချောင်းဘေးမှာရပ်နေသော်လည်းလေထုထဲကနွေးထွေးတဲ့ ခံစားချက်ကို ခံစားမိနေလေသည်။ ထိုနွေးထွေးတဲ့ခံစားချက်ကနေဆီကလာတာမဟုတ်ဘဲ
နေဆီကရတဲ့ယန်စွမ်းအင်ထက်အဆပေါင်းမျာစွာပိုပြီး
သန့်စင်နေလေသည်။
ခဏတာတွေးတောလိုက်ပြီးနောက် ရန်ကိုင်ကရစ်ခွေနဂါးစမ်းချောင်းဘေးမှာ
ထိုင်လိုက်ပြီး ယန်ချီတွေကို အားသွန်ခွန်စိုက်စတင်စုပ်ယူလေသည်။
အစစ်အမှန်ယန်နည်းစနစ်ကို ကျင်ကြံရာတွင် ယန်ချီပမာဏပိုပြီးသိပ်သည်းလေ
ကျင့်ကြံနှုန်းက ပိုပြီးမြန်လေပင်ဖြစ်လေသည်။ သူမှာရှိတဲ့ယွမ်ချီပမာဏက
အလွန်အမင်းနည်းပါးတဲ့အတွက် အစစ်အမှန်ယန်နည်းစနစ် လည်ပတ်နှုန်းက
တော်တော်လေးနှေးကွေးပေသည်။ ဒါပေမယ့် သူ့ပတ်ဝန်းကျင်မှာ
ယန်ချီပမာဏတော်တော်များများ ရှိနေတဲ့အတွက် သူ့ကိုယ်တွင်းက
ယွမ်ချီလှည့်ပတ်နှုန်းကို တိုးတက်လာအောင် လုပ်နိုင်ပေသည်။
အခုအချိန်မှာတော့ နေဝင်သွားပြီဖြစ်ကာ ညနစောင်းနေပြီဖြစ်သည်။
နေမင်းချီမပါပဲနဲ့ အကျိုးသက်ရောက်မှုက
အရင်ရက်တွေထက် အများကြီးတိုးလာတယ်ဆိုတာကို ရန်ကိုင်
ခံစားမိပါသည်။ သူတစ်ညလုံး ထိုရစ်ခွေနဂါးစမ်ချောင်းဘေးနားမှာ
ကျင့်ကြံနေလိုက်လေသည်။ သူမျက်လုံးဖွင့်လိုက်တဲ့ အချိန်မှာ
နောက်တစ်နေ့ရောက်နေပြီး သူ့ရဲ့တိုးတက်မှုကို စစ်ဆေးလိုက်လေသည်။
ယန်ချီမရှိပဲကျင့်ကြံရတာနဲ့ ယန်ချီနဲ့ကျင့်ကြံရတာနဲ့
တော်တော်လေးကွဲပြားပါသည်။ လွန်ခဲ့တဲ့ရက်တွေတုန်းက ယွမ်ချီ
အမျှင်တန်းလေးရဖို့အတွက်နဲ့ နေရောင်အောင်မှာ သုံးရက်တိုင်တိုင်
ကျင့်ကြံခဲ့ရသည်။ ဒါပေမယ့်အခုအချိန်မှာတော့ ရစ်ခွေနဂါးစမ်းချောင်းက
ယန်ချီအကူအညီနဲ့ တစ်ညတည်းကျင့်ကြံရုံနဲ့ နေရောင်အောက်မှာ
သုံးရက်တိုင်တိုင်ကျင့်ကြံခဲ့ရတဲ့ ရလဒ်နဲ့တူညီတဲ့အကျိုးရလဒ်ကို
ရနိုင်ခဲ့လေသည်။ ဒါကသူ့ကို ပြောစရာစကားမဲ့့သွားစေခဲ့လေသည်။
ပြီးတော့ သူ့ကိုယ်ထဲကယွမ်ချီပမာဏကလညး ပိုမိုများပြားလာပြီး
မုန်းတိုင်းထဲက လှေငယ်လေးတစ်စင်းလို မဟုတ်တော့ပေ။ သူ့ယွမ်ချီ
ပမာဏတိုးတက်လာရုံမက ယွမ်ချီအပေါ်ထိန်ချုပ်နိုင်စွမ်းကလည်း ပိုပြီး
တိုးတက်လာခဲ့ပေသည်။
အခုအချိန်မက နေ့တစ်နေ့ရဲ့အစဖြစ်တဲ့အတွက် ရန်ကိုင်ကဆက်လက်
မလေ့ကျင့်တော့ပဲ ခန္ဓာသန့်စင်ခြင်းမှတ်တမ်းကို လေ့ကျင့်လိုက်လေသည်။
ရစ်ခွေနဂါးစမ်းချောင်းဘေးနားမှာ ရန်ကိုင်ရပ်နေပြီး သူ့တစ်ကိုယ်လုံး
ချွေးတွေနဲ့စိုရွှဲနေခဲ့လေသည်။ သူအစစ်အမှန်ယန်နည်းစနစ်ကို တစ်ညလုံး
လေ့ကျင့်ထားသော်လည်း သူသိပ်ပြီးမပင်ပန်းပေ။ ထို့အပြင် အခုအချိန်မှာလည်း
သူ့စိတ်စွမ်းအားတွေက ပြင်းပြသောစိတ်ဆန္ဒတွေနဲ့ လောက်ကျွမ်းနေလေသည်။
သူခန္ဓာသန့်စင်ခြင်းမှတ်တမ်းကို လေ့ကျင့်ပြီးတဲ့အချိန်မှာတော့ သူ့ရဲ့တစ်နေတာ
အလုပ်တာဝန်ဖြစ်တဲ့ တံမြက်စည်းလှည့်းတဲ့အလုပ်ကို သွားလုပ်လိုက်လေသည်။
တံမြက်စည်းလှည်းတဲ့အလုပ်ကို မြန်မြန်ဆန်ဆန်ပဲ အပြီးသတ်လိုက်ပြီး
ရစ်ခွေနဂါးစမ်းချောင်းဆီကို ပျော်ရွှင်စွာ ခုန်ပေါက်လာခဲ့လေသည်။
သူကအရွက်သုံးရွက် ပရမ်းပတာ ဝိဥာဉ်ပန်းပွင့်နဲ့ ဂျဲဒီသစ်ပင်မြက်တွေအကုန်လုံးကို
သုံးလိုက်ပြီဖြစ်တဲ့အတွက် မွှေးရနံ့အိုးက အခုအချိန်မှာ အသုံးမဝင်သေးပေ။
ဒါကြောင့် သူအစစ်အမှန်ယန်နည်းစနစ်ကို ကျင့်ကြံရုံကလွဲပြီး အခြားလုပ်စရာမရှိပေ။
အစကတော့ ရန်ကိုင်က စုမူအဖွဲ့ဆီကိုသွားပြီး စိန်ခေါ်ချင်ပေမယ့်
တော်တော်လေး ထူးဆန်းနေခဲ့လေသည်။ ထိုညပြီးကတည်းက
စုမူတို့အဖွဲ့က ပျောက်ခြင်းမလှပျောက်သွားပြီး ကောင်းကင်စံအိမ်မှာ
တစ်ကြိမ်တစ်လေတောင် မတွေ့ရတော့ချေ။ ရန်ကိုင်က သူတို့အဖွဲ့နဲ့
ပြဿနာရှိသော်လည်း အမုန်းကြီးမုန်ပြီး လက်စားချေလောက်တဲ့အထိ
တော့မရောက်သေးပေ။ ပြီးတော့ သူတို့ရှာတာကလည်း အမှတ်ရှာဖို့နဲ့
သူ့တိုးတက်မှုကို စစ်ဆေးဖို့့ပဲဖြစ်လေသည်။ ဒါကြောင့် ထိုညကိစ္စကို
သူအရမ်းကြီး အလေးမထားခဲ့ပေ။
သူအနိုင်ကျင့်ခံခဲ့ရရင် သူ့မှာလုံလောက်တဲ့ခွန်အားရှိနေသရွေ့ ထိုအနိုင်ကျင့်တဲ့
သူတွေကို သူ့ကိုနောက်တစ်ခါ ထပ်အနိုင်မကျင့်ရဲအောင်ပြန်လည်
တုန့်ပြန်နိုင်လေသည်။ သူ့ကိုယ်တွင်းယွမ်ချီကို လှည့်ပတ်နေရတာက
သူ့ကိုယ်ထဲဆန်းကြယ်တဲ့ ကိုယ်တွင်းစွမ်းအားတေကို ဆွဲထုတ်နေရသလိုပင်။
ဒါကသူ့တစ်ကိုယ်လုံးမှာရှိတဲ့ ချွေးပေါက်တွေကို ပွင့်သွားစေပြီး
ငါးကြော်အနံ့ရတဲ့ ကြောင်တစ်ကောင်လို ယန်ချီတွေကို အားရပါးရ
စုပ်ယူတော့လေသည်။ ရေပူစမ်းထဲမှာရေချိုးနေရသလို သူ့တစ်ကိုယ်လုံး
ပူလောင်လာပြီး အလွန်အမင်းသက်သောင့်သက်သာ ရှိသလိုခံစားရစေသည်။
နှစ်ရက်ကုန်ဆုံးသွားခဲ့ပြီး ရန်ကိုင်ကတော့ အားသွန်ခွန်စိုက်ကြိုးစား
လေ့ကျင့်နေလေသည်။ နှစ်ရက်တာကျင့်ကြံမှုပြီးတဲ့နောက်မှာတာ့
ရန်ကိုင်ဒန်တန်ထဲမှာရှိတဲ့ ယွမ်ချီပမာဏက တော်တော်လေး
များပြားလာပြီး ထိုယွမ်ချီအစုအဝေးထဲမှာ တောက်လောင်နေတဲ့
မီဘောလုံးလေးတစ်လုံး ရှိနေလေသည်။ ဒါက အစစ်အမှန်ယန်နည်းစနစ်ကို
ကျင့်ကြံခြင်းရဲ့ အမှတ်သညာသင်္ကေတစ်ခုပင်။ သူကယန်ချီကိုစုပ်ယူပြီး
ယွမ်ချီကို ပွါးများလာစေတဲ့အတွက် သူ့စွမ်းအားက ယန်စွမ်းအားပင်ဖြစ်လေသည်။
Martial Peak
အပိုင်း (၃၅) ပထမဆုံးယန်အရည်စက်
ခန္ဓာသန့်စင်ခြင်းအဆင့်၇တစ်ယောက်မှာ ရှိတဲ့ယွမ်ချီပမာဏက်ို ရန်ကိုင်
မသိပေမယ့်သေချာတာတစ်ခုကတော့သူ့လောက်များလိမ့်မည်မဟုတ်ပေ။
စုဆောင်းနိုင်တဲ့အရှိန်က အလွန်နှေးသော်လည်း အစစ်အမှန်ယန်
နည်းစနစ်က သူ့ပတ်ဝန်းကျင်မှာရှိတဲ့ယန်ချီတွေကို စုပ်ယူစေနိုင်ပါသည်။
ဘယ်လျှို့ဝှက်နည်းလမ်းကများ ဒီလိုလုပ်နိုင်မှာလဲ။ သူလေ့ကျင့်ပြီးတဲ့
နောက်ရန်ကိုင်က သူ့မျက်လုံးတွေကို ဖြေးညှင်းစွာဖွင့်လိုက်လေသည်။
ဒီအတောအတွင်း သူ့းဒန်တန်ထဲမှာရှိတဲ့ ယွမ်ချီတွေကပိုပြီး သိပ်သည်း
လာပြီး သူ့သွေးကြောတွေထဲက နွေးထွေးတဲ့ခံစားချက်ကလည်း ပိုပြီး
သိသာထင်ရှားလာခဲ့လေသည်။ သူစုပ်ယူနိုင်တဲ့ယွမ်ချီပမာဏက
သိပ်မကြာခင်မှာ အကန့်အသတ်ကို ရောက်တော့မယ်လို့
ခံစားနေခဲ့ရသည်။
သူစုပ်ယူထားတဲ့ ယွမ်ချီပမာဏက အကန့်အသတ်ကိုရောက်တာနဲ့
အရည်အဖြစ်သို့ သိပ်သည်းသွားပေလိမ့်မည်။ ထိုယန်အရည်စက်ကို
သူ့ဒန်တန်ထဲမှာ စုဆောင်းထားနိုင်ပြီး ထိုအရည်စက်က တိုက်ပွဲမှာလည်း
သူ့ကိုမခန့်မှန်းနိုင်တဲ့ စွမ်းအားတွေကို ပေးစွမ်းနိုင်ပါသည်။ ရန်ကိုင်က
ပထမဆုံးယွမ်ချီအရည်စက် သိပ်သည်းနိုင်မယ့်အချိန်ကို မျှော်လင့်တကြီး
စောင့်မျှော်နေပြီး သူ့မျက်လုံးဖွင့်ကာ ကိုယ်နေဟန်ထားကို
ပြင်လိုက်တဲ့အချိန်မှာ သူ့မျက်လုံးထောင့်စွန်းကနေ သူနဲ့မလှမ်းမကမ်းမှာ
ရပ်နေတဲ့လူတစ်ယောက်ကို တွေ့လိုက်ရလေသည်။ သူအမူအရာ
ပြောင်းလဲသွားခဲ့လေသည်။ သူကကျင့်ကြံခြင်းမှာသာ အာရုံစိုက်နေသဖြင့်
ထိုလူက သူ့နားချဉ်းကပ်လာတာကို သတိမထားမိလိုက်ပေ။
ထိုလူကမိုးပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အရပ်ရှည်ရှည်၊
တောင့်တောင့်ဖြောင့်ဖြောင့် ပုံသဏ္ဍာန်ရှိကာ အဖြူရောင်ဆံပင်နှင့်
နှုတ်ခမ်းမွှေးရှိပြီး သူ့မေးစေ့ကနေ မုတ်ဆိတ်မွှေး ပါးပါးလေးက
တန်းလန်းကျနေလေသည်။ ထိုလူရဲ့အသက်က ထောက်ပံ့ရေးခန်းမက
ဘဏ္ဏာထိန်းမန်ရဲ့ အသက်လောက်ရှိပေမယ့် သူတို့ရဲ့အော်ရာကတော့
လုံးဝကိုကွဲပြားနေပါသည်။ ပထမဆုံးအကြည့်မှာတင် ရန်ကိုင်သူ့ခေါင်းကို
လေတိုက်သွားသလို ခံစားလိုက်ရလေသည်။ ထိုလူကြီးရဲ့အော်ရာနဲ့
ဘဏ္ဏာထိန်းမန်ရဲ့ အော်ရာကိုနှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ ကောင်းကင်နဲ့
မြေပြင်အလားကွာခြားနေတာကို ရန်ကိုင်တွေ့လိုက်ရလေသည်။
အခုအချိန်မှာတော့ ထိုလူကြီးက သူ့လက်တစ်ဖက်ကို နောက်ပစ်ထားပြီး
ကျန်လက်တစ်ဖက်က သူ့မုတ်ဆိတ်မွှေးကို ပွတ်နေကာ ရစ်ခွေနဂါး
စမ်းချောင်းကို စူးစိုက်ကြည့်နေလေသည်။ သူ့အကြည့်က အရမ်းကို
ထူးဆန်းနေပြီး ရှုပ်ထွေးမှုတွေနဲ့ ပြည့်နေလေသည်။
ထိုလူကြီးက အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး အရမ်းထူးချွန်တဲ့
သိုင်းပညာရှင်တစ်ယောက်တောင် ဖြစ်နေနိုင်ပါသည်။ သူ့စိတ်ထဲမှာ
တွေးရင်းရန်ကိုင်က မတ်တပ်ရပ်လိုက်ပြီး တပည့်တွေနှုတ်ဆက်နေကြ
စကားအတိုင်း နှုတ်ဆက်လိုက်လေသည်‘‘ တပည့်ရန်ကိုင်က
စီနီယာကို နှုတ်ဆက်ပါတယ်’’
ထိုလူကြီးက ရန်ကိုင်ရဲ့အသံကြောင့် အံ့သြသွားခဲ့ပြီး သာမန်ကာလျှံကာ
လှည့်ကြည့်လိုက်လေသည်။ သူခေါင်းညိတ်ရင်း ပြန်ပြောလိုက်လေသည်
‘‘အင်း’’
‘‘ ဒီတပည့်ကစီနီယာကို ဘယ်လိုခေါ်ရမလဲ’’ ထိုလူကကောင်းကင်စံအိမ်
မှာအင်အားကြီးတဲ့သူတစ်ယောက်ဖြစ်မှန်း ရန်ကိုင်သိသော်လည်း
သူထိုလူကြီးကို တစ်ခါမှမမြင်ဖူးပေ။ ဒါကြောင့်မို့လို့ သူမေးမြန်းရပေ
လိမ့်မည့်။ မဟုတ်ရင် အခြားစီနီယာအဆင့်တွေနဲ့မှာပြီး မှားယွင်း
ခေါ်ဆိုမိပေလိမ့်မည်။ သူ့ကိုယ်သူတိုးတိုးပြောရင်း ထိုလူကြီးက
ရန်ကိုင်ကသူ့ကို အရမ်းခက်ခဲကို မေးခွန်းတစ်ခုကိုမေးလိုက်တဲ့အလား
ဖြေရခက်နေပုံနဲ့ မျက်ခုံးကြုံ့လိုက်လေသည်။ ခဏကြာပြီးနောက်
သူပြောလိုက်လေသည်‘‘မင်းငါ့ကို ၁၁ယောက်မြောက်အကြီးအကဲလို့
ခေါ်နိုင်တယ်’’
၁၁ယောက်မြောက်အကြီးအကဲလား။ ဒါကရန်ကိုင်ကို နည်းနည်းသံသယ
ဝင်သွားစေခဲ့လေသည်။ ကောင်းကင်စံအိမ်မှာ အကြီးအကဲအနည်းငယ်
ရှိသော်လည်း ၁၁ယောက်မြောက်အကြီးအကဲကတော့ မရှိနိုင်ပေ။
ဒါပေမယ့် ထိုစီနီယာကသူ့ကို အဲ့လိုခေါ်စေချင်တဲ့အတွက် ရန်ကိုင်လည်း
၁၁ယောက်မြောက်အကြီးအကဲလို့သာ ခေါ်ရပေလိမ့်မည်။ ချက်ချင်းပဲ
သူလေးစားဂါဝရပြုလိုက်လေသည်‘‘ဒီတပည့်က ၁၁ယောက်မြောက်
အကြီးအကဲကို နှုတ်ဆက်ပါတယ်’’ ၁၁ယောက်မြောက်အကြီးအကဲက
ပြန်ပြုံးပြလိုက်ပြီး သူ့ပုံစံကပိုပြီး ကြင်နာလာပုံပေါက်ကာ ညင်သာစွာ
မေးလိုက်လေသည် ‘‘ မင်းကျင့်စဉ်တစ်ခုခုကိုလေ့ကျင့်နေတာလား’’
‘‘ဟုတ်ကဲ့’’ ရန်ကိုင်ကခေါင်းညိတ်လိုက်သည်။
‘‘ပြီးတော့ အဲ့ကျင့်စဉ်ကယန်အထူးပြုကျင့်စဉ်လား’’
‘‘ဟုတ်ကဲ့’’ ထိုလူကြီးရဲ့အခွန်အားက တကယ်အားမနည်းပေ။ မဟုတ်ရင်
ရန်ကိုင်ယန်ချီတွေကို စုပ်ယူနေတယ်ဆိုတာကို ဘယ်လိုလုပ်ပြီး
အာရုံခံနိုင်မှာလဲ။
‘‘အခြေအနေဘယ်လိုလဲ’’
‘‘ကျွန်တော်လေ့ကျင့်တာ ရက်နည်းနည်းပဲရှိသေးတာဆိုတော့ တိုးတက်မှု
ကတော့မဆိုးပါဘူး’’
၁၁မြောက်အကြီးအကဲက မေးခွန်းအနည်းငယ်ထပ်မေးလိုက်ပြီး ရန်ကိုင်
ကတစ်ခုချင်းစီကို ဖြေပေးလိုက်သည်။ ဒီ၁၁ယောက်မြောက်အကြီးအကဲ
ကအရမ်းဖော်ရွေပြီး ကြင်နာတတ်တာပဲ။ ငါ့လိုအဆင့်နိမ့်တပည့်
တစ်ယောက်ကိုတောင် ဂရုတစိုက်ဆက်ဆံတယ်။ ရန်ကိုင်က
၁၁ယောက်မြောက်အကြီးအကဲကို အထင်ကြီးလေးစားသွားခဲ့သည်။
သေသေချာချာဂရုစိုက်ပြီး ရန်ကိုင်ကမေးခွန်းတစ်ခုမေးလိုက်သည်
‘‘ ၁၁ယောက်မြောက်အကြီးအကဲ၊ ရက်ပေါင်းများစွာကျင့်ကြံပြီးနောက်
ဒီတပည့်နားမလည်တာ တစ်ခုရှိနေခဲ့တယ်’’
‘‘အိုး၊ ငါကြားရအောင်ပြောစမ်းပါဦး’’ အကြီးအကဲ၏စိတ်ဝင်စားမှုက
ချက်ချင်းပဲ မြင့်တက်လာခဲ့လေသည်။
‘‘ရစ်ခွေနဂါးစမ်းချောင်းကနေ ဘာလို့ယွမ်ချီတွေထွက်နေတာလဲ’’
၁၁ယောက်မြောက်အကြီးအကဲက ရယ်ပြီးပြန်ပြောလိုက်လေသည်
‘‘အဖြေကတော့ အဲ့စမ်းချောင်းထဲမှာ ယန်စွမ်းအင်ရတနာတစ်ခု
ရှိနေလို့ပဲပေါ့’’
ရန်ကိုင်က ငိုရမလား၊ ရယ်ရမလား မသိတော့ပေ။ ဒီအဖြေကတော့
သူကိုယ်တိုင်လည်း ခန့်မှန်းပြီးပြီဖြစ်သည်။ ထိုရတနာက ဘာရတနာလဲ
ဆိုတာကို သူမသိတာတစ်ခုပင်။
‘‘ဒီရစ်ခွေနဂါးစမ်းချောင်း ဘယ်လိုဖြစ်လာတာလဲဆိုတာကို မင်းသိလား’’
၁၁ယောက်မြောက်အကြီးအကဲက ရုတ်တရက်မေးလိုက်သည်။
ရန်ကိုင်က စီနီယာရဲ့ ရည်ရွယ်ချက်ကိုမသိသော်လည်း သူ့ခေါင်းကိုသာ
ခါနိုင်လေသည်။ ရစ်ခွေနဂါးစမ်းချောင်းကို စိုက်ကြည့်ရင်း
၁၁ယောက်မြောက်အကြီးအကဲက အေးအေးဆေးဆေး ပြောလိုက်သည်
‘‘ ဒါကတစ်စုံတစ်ယောက်ရဲ့ ဓါးချက်ကြောင့်ဖြစ်လာတာ’’
ရန်ကိုင်တုန်လှုပ်ခြောက်ခြားသွားခဲ့လေသည်။ ရစ်ခွေနဂါးစမ်းချောင်းက
ပေတစ်ထောင်ကျော်လောက် ရှည်ပြီး မခန့်မှန်းနိုင်လောက်အောင်
နက်လေသည်။ ဒီလိုအရာက လူတစ်ယောက်ရဲ့ ဓါးချက်ကြောင့်
ဖြစ်လာတာလား။သူကို အခြားတစ်ယောက်ယောက်ကသာ ပြောရင်
သူယုံလိမ့်မည်မဟုတ်ပေ။ ဒါပေမယ့် သူ့ကိုပြောတာက
၁၁ယောက်မြောက်အကြီးအကဲ ပင်။ ထိုအကြီးအကဲအတွက်
သူကိုလိမ်ညာဖို့ ဘာအကြောင်းပြချက်မှမရှိပေ။
ဒါပေမယ့် ဘယ်လိုလူမျိုးကများ ဒီလိုအက်ကြောင်းကြီးကို ဓါးတစ်ချက်
ထဲနဲ့ဖန်တီးနိုင်မှာလဲ။ ထိုလူက ဘယ်ကျင့်ကြံခြင်းအဆင့်ကိုများ
ရောက်နေတာလဲ။ ‘‘ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ၊ ဒီနေရာက
ကောင်းကင်စံအိမ်မဟုတ်သေးဘူး’’ အကြီးအကဲရဲ့မျက်လုံးတွေက
အဝေးတစ်နေရာကို ကြည့်လိုက်ပြီး သူ့မျက်လုံးတွေက ဖုံးကွယ်ထားတဲ့
နက်နဲမှုတွေနဲ့ ပြည့်နေပြီး သူ့အသံက ပိုပြီးတိုးလာခဲ့လေသည်။
ထိုအကြီးအကဲ လျှိ့ဝှက်ချက်အချို့ကို ပြောပြတော့မယ်ဆိုတာ
သိလိုက်တဲ့အတွက် ရန်ကိုင်၏အသက်ရှုသံတွေမြန်လာပြီး
အကြီးအကဲကိုပဲ အာရုံစူးစိုက်ပြီး ကြည့်နေခဲ့လေသည်။
‘‘အဲ့အချိန်တုန်းက တည်ထောင်သူက ဒီနေရာကိုဖြတ်သွားတုန်းက
မွန်းစတားတစ်ကောင်နဲ့ မတော်တဆတွေ့ခဲ့တယ်။ ပြီးတော့ သူတို့
နှစ်ယောက်ဒီမှာပဲ တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲရဲ့အသေးစိတ်အချက်အလက်
ကိုတော့ ဘယ်သူမှမသိခဲ့ဘူး။ ဒါပေမယ့် အဆုံးမှာတော့ မွန်းစတားရဲ့
အသိဥာဏ်ကလည်း မန်ိမ့်ကျတဲ့အတွက် သူဓါးတစ်လက်ကို
ထုတ်လိုက်ရတယ်’’ ထိုအကြောင်းကိုပြောနေရင်း ၁၁ယောက်မြောက်
အကြီးအကဲက ရစ်ခွေနဂါးစမ်းချောင်းရဲ့ အရှေ့၊အနောက်ဘက်တွေကို
လက်ဟန်အမူအရာနဲ့ သရုပ်ဖော်ပြနေခဲ့သည်‘‘ အဲ့ဓါးချက်တစ်ချက်
ကြောင့်ပဲ ဒီရစ်ခွေနဂါးစမ်းချောင်း ဖြစ်လာခဲ့တာ..အဲ့နောက်မှာတော့
မွန်းစတားက အတွင်းပိုင်းထဲကို ထွက်ပြေးသွားခဲ့တဲ့အတွက်
တည်ထောင်သူက တော်တော်ကြိုးစားအားထုတ်ပြီးမှပဲ မွန်းစတားကို
သတ်နိုင်ခဲ့တယ်’’
‘‘ ဒါပေမယ့် အဲ့မွန်းစတာရဲ့ခွန်အားက တော်တော်လေးကိုနက်နဲပြီး
မြင့်မားတဲ့အတွက် သူသေတဲ့အခါ သူ့ဝိဥာဉ်က လေထုထဲကို တိုးဝင်
ပျောက်ကွယ်သွားခဲ့တယ်။ ဒါပေမယ့်တည်ထောင်သူက
စိတ်သက်သာရာ မရသေးဘဲ ကောင်းကင်စံအိမ်ကိုတည်ထောင်ပြီး
ဒီနေရာမှာ နှစ်အနည်းငယ် စောင့်ကြပ်နေခဲ့တယ်။ မွန်းစတားရဲ့
ဝိဥာဉ်ကနောက်တစ်ကြိမ်ထွက်ပေါ်လာမယ့် အရိပ်အယောင်
မတွေ့တော့မှပဲ တည်ထောင်သူက ထွက်သွားခဲ့တယ်။ ဒါက
ကောင်းကင်စံအိမ်ရဲ့ သမိုင်းကြောင်းဖြစ်သလို ရစ်ခွေနဂါးစမ်းချောင်းရဲ့
သမိုင်းဆိုလည်း ဟုတ်တယ်’’
‘‘ရစ်ခွေနဂါးစမ်းချောင်းက ဒီမှာရှိနေတာ နှစ်ပေါင်းများစွာကြာနေပြီး
သူ့အောက်ခြေက နေရောင်မရောက်နိုင်လောက်တဲ့အထိ မည်းမှောင်
နေတယ်။ တည်ထောင်သူထွက်သွားပြီးနောက်ပိုင်း စံအိမ်စည်းမျဉ်းတွေကို
ချိုးဖောက်တဲ့သူတွေကို ဒီနေရာကိုပို့လေ့ရှိတယ်။ အဲ့လိုကနေပြီး
မင်းယန်ချီတွေစုပ်ယူနေတဲ့ ယန်စွမ်းအားရတနာတစ်ခု ဒီထဲမှာ
ဖြစ်တည်လာခဲ့တာပဲ’’ ရန်ကိုင်ကခေါင်းညိတ်ရင် သံသယဖြစ်စွာ
မေးလိုက်သည်‘‘ ၁၁ယောက်မြောက်အကြီးအကဲ ဒီနေရာကိုလာတာက
အဲ့ရတနာကို သွားကြည့်ဖို့လား’’
‘‘ငါလား’’ ၁၁ယောက်မြောက်အကြီးအကဲရဲ့ အမူအရာက ထူးဆန်သွားပြီး
သူ့ခေါင်းကို ဖြေးဖြေးချင်းခါလိုက်တယ်‘‘ ဒီနေရာကိုလာတာ ရတနာ
အတွက်မဟုတ်ဘူး။ တစ်ယောက်ယောက်ကို တွေ့ဖို့’’
‘‘တစ်ယောက်ယောက်ကိုတွေ့ဖို့လား’’
သူရယ်ရင်းပြန်ပြောလိုက်သည်‘‘ ငါအသက်ကြီးလာတာနဲ့ ငါပိုပြီးစကား
များလာတာပဲ ငါတို့စကားပြောတာ ဒီမှာပဲရပ်လိုက်ကြစို့။ အခု ဆက်ပြီး
လေ့ကျင့်ပေတော့။ ဒါပေမယ့် စမ်းချောင်းထဲကိုဆင်းဖို့တော့ လုံးဝ
မစဉ်းစားနဲ့။ ငါတောင်မှ အဲ့အောက်ကို သေသေချာချာဂရုမစိုက်ဘဲ
မဆင်းရဲဘူး’’ သူပြောပြီးတာနဲ့ ချက်ချင်းပဲ ၁၁ယောက်မြောက်
အကြီးအကဲက ထွက်သွားခဲ့လေသည်။ ရန်ကိုင်ရဲ့စိတ်က သံသယတွေနဲ့
ပြည်နေပြီး သူ့စိတ်ထဲမှာ မမေးရသေးတဲ့ မေးခွန်းတွေအများကြီး
ရှိနေပေမယ့် ထိုမေးခွန်းတွေကို သူ့စိတ်ထဲမှာပဲ ထားလိုက်တော့လေသည်။
သူ့စိတ်ုငြိမအောင် လုပ်လိုက်ပြီး အစစ်အမှန်ယန်နည်းစနစ်ကို
လှည့်ပတ်လိုက်သည်။ အစစ်အမှန်ယန်နည်းစနစ်ကို သုံးလိုက်တဲ့အချိန်မှာ
ယန်ချီစုပ်ယူနှုန်းက အရင်ရက်တွေထက် အဆပေါင်းမျာစွာ ပိုပြီး
မြန်ဆန်လာခဲ့လေသည်။
နာရီအနည်းငယ်ကြာပြီးနောက် သူ့သွေးကြောတွေအကုန်လုံး
ပေါက်ကွဲနေသလို ခံစားနေရပြီး သူ့ဒန်တန်တောင် ပြည့်နေပြီလို့
ခံစားလိုက်ရလေသည်။ ဒါက တဝတပြဲနင်းကန်စားလိုက်တာကြောင့်
သူ့ဗိုက်တစ်ခုလုံး ပြည့်အင့်နေသလိုမျိုးပင်။ ဒါကအကန့်အသတ်လား။
ရန်ကိုင်က အံ့သြမသွားခဲ့ဘဲ ကျားကုန်ကျားခဲ ဆက်လက်လေ့ကျင့်နေ
လေသည်။ နာရီဝက်လောက်ကြာပြီးနောက် သူ့ဒန်တန်နဲ့ သွေးကြောတွေ
အကုန်လုံးပေါ့ပါးသွားပြီး လောင်ကျွမ်းသလိုဖြစ်နေတဲ့ ခံစားချက်ကလည်း
လုံးဝပျောက်ကွယ်သွားခဲ့လေသည်။ သူ့ယွမ်ချီတွေအကုန်လုံးကို
ဒန်တန်ထဲကို စီးဆင်းစေလိုက်ပြီး ပူပြင်တောက်လောင်နေတဲ့
ယန်အရည်စက်အဖြစ် သိပ်သည်းလိုက်လေသည်။ ယန်အရည်စက်လား။
သူ့နောက်ဆုံးတော့ ယန်အရည်စက်တစ်စက်ကို ဖြစ်တည်နိုင်ခဲ့လေပြီ။