အခန်း (၃၆-၄၀)
Vol. 2 Ch. 36-40
အပိုင်း(၃၆) လရောင်အောက်က အလှလေးတစ်ယောက်
သူ့ရဲ့အခုကျင့်ကြံခြင်းက နတ်ဘုရားစိတ်အာရုံဖြစ်တည်ဖို့ မလုံလောက်သေး
သော်လည်း သူ့ဒန်တန်ထဲမှာရှိတဲ့ ယန်အရည်စက်ကို ထင်ထင်ရှားရှား
ခံစားမိနေပါသည်။ အတွေးတစ်ချက်နဲ့ ယန်အရည်စက်ကို လှုပ်ရှားနိုင်နေလေသည်။
ယန်အရည်စက်က တိုက်ပွဲမှာ အသုံးဝင်ပေမယ့် ရန်ကိုင်ကထိုအရည်စက်ကို တစ်ခါမှ
မစမ်းသပ်ရသေးပေ။ ဘာပဲဖြစ်ဖြစ် အနက်ရောင်စာအုပ်ရဲ့ ရှင်းပြချက်တွေက
မလုံလောက်သေးပေ။ ယန်အရည်စက်ရဲ့ အတိုင်းအတာကိုသိဖို့ သူကိုယ်တိုင်
စမ်းသပ်ရပေးဦးမှာပဲဖြစ်သည်။ သူယန်အရည်စက်တစ်စက်ရဖို့ ရက်ပေါင်းများစွာ
ကြိုးစားအာထုတ် ခဲ့ရသော်လည်း တန်တယ်လို့ သူခံစားရပေသည်။ သူ
စိတ်လှုပ်ရှားမှုအပြည့်နဲ့ တစ်ညလုံးလေ့ကျင့်နေလိုက်လေသည်။
ညသန်းခေါင်းလောက်တဲ့ အချိန်မှာတော့ ရန်ကိုင်ကျင့်ကြံနေတာကို
ရပ်လိုက်လေသည်။ ဒီရက်အတောအတွင်း သူတစ်နပ်မစားရသေးသလို
တစ်ရက်မှမလည်း မအိပ်ရသေးပေ။ သူလေ့ကျင့်တာ တကယ်ကိုတိုးတက်
လာခဲ့သော်လည်း သူ့ခန္ဓာကိုယ်အပေါ်မှာတော့ အလွန်ညှင်းပန်းရာ ကျနေခဲ့ပါသည်။
ရေရှည်အတွက်ဆိုရင်တော့ သူအရာအားလုံးကို မျှမျှတတ လုပ်ဆောင်ရပေမည်။
သူမတ်တပ်ရပ်ကာ ဖုန်ခါလိုက်ပြီး သူ့တဲဆီကို ပြန်သွားလေသည်။ သူပြန်ရောက်တဲ့
အချိန်မှာ တဲ့တံခါးကဟနေတဲ့အတွက် ရန်ကိုင်ချက်ချင်းပဲ သတိထားလိုက်လေသည်။
သူထွက်သွားတုန်းက တဲတံခါးကိုပိတ်ခဲ့တာ သူသေသေချာချာ မှတ်မိလေသည်။
သတိကြီးစွာနဲ့ ခြေဖွဖွလေးနင်းရင်းတဲဆီကိုသွားကာ တံခါးကိုဖြေးဖြေးလေး
တွန်းဖွင့်လိုက်သည်။ သူအထဲကို ကြည့်လိုက်တဲ့အချိန်မှာတော့ သူမြင်လိုက်ရတဲ့
မြင်ကွင်းကြောင့် ရန်ကိုင်လုံးဝကို ကြောင်အသွားခဲ့ရလေသည်။ ထိုမြင်ကွင်းက
ဒီကမ္ဘာမှာမရှိနိုင်တဲ့ စိတ်ကူးယဉ်အိမ်မက်ထဲက ပန်ချီးကားစုတ်ချက်တစ်ခုလိုပါပဲ။
တဲထဲကသူ့ကုတင်ပေါ်မှာ မိန်းကလေးတစ်ယောက် အိပ်နေခဲ့လေသည်။ အမိုးပေါ်က
အပေါက်တွေကတစ်ဆင့် လရောင်က ထိုကောင်မလေးပေါ်ကို ကျရောက်နေပြီး
တစ်ခန်းလုံးလည်း လရောင်ကြောင့် လင်းလက်နေလေသည်။ ထိုမိန်းကလေးက
သူမလက်တွေကို ဝမ်းဗိုက်ပေါ်မှာ သပ်သပ်ရပ်ရပ် တင်ထားပြီး သူမရဲ့
လုံးဝန်းပြည့်ဖြိုးနေတဲ့ ရင်အုံအစုံကလည်း အသက်ရှုသံနှင့်အတူ စည်းချက်ကျကျ
နိမ့်ချည်မြင့်ချည် ဖြစ်နေလေသည်။ လရောင်အောက်မှာ သူမ၏အသားအရေက
နှင်းလိုဖြူစွတ်နေပြီး မဟူရာလိုနက်မှောင် ပျော့ပျောင်းတဲ့ဆံကေသာတွေကို
သူမ၏ဦးခေါင်းတစ်ဝိုက်မှာ ဖြန့်ကျဲထားလေသည်။
သူမက ကုတင်းပေါ်မှာ လဲလျောင်းနေတဲ့အတွက် သူမ၏ဖြောင့်စင်းလှတဲ့
ခြေတံတွေ၊ သေးသွယ်ကျစ်လစ်တဲ့ခါးနဲ့ အလွန်လှပတဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို
ရန်ကိုင်မြင်နေရလေသည်။ သူမရဲ့မျက်နှာမှာတော့ ဇာပဝါတစ်ခုဝတ်ဆင်ထားတဲ့
အတွက် သူမမျက်နှာကို ရန်ကိုင်မမြင်ရပေ။ သူမ၏နဖူးပေါ်မှာတော့ အပြာရောင်
ကျောက်တစ်ခုကို ဝတ်ဆင်ထားလေသည်။ ထိုအပြာရောင်ကျောက်က သူမ
ဝတ်ဆင်ထားတဲ့ တစ်ခုတည်းသော ရတနာဖြစ်ပြီး တန်ဖိုးမကြီးပုံပေါ်ပေမယ့်
သူမ၏သန့်စင်ပြီး အေးချမ်းတဲ့အော်ရာတွေကို မီးမောင်းထိုးပြထားသလိုဖြစ်နေပါသည်။
တဲထဲကလရောင်ကလည်း သူမ၏အလှကို ပိုပြီးအသက်ဝင်စေနေပါသည်။ သူမက
လနန်းတော်ကဆင်းသက်လာတဲ့ အင်မော်တယ်တစ်ယောက်လိုမျိုး သူမ၏
ခေါင်းအစခြေအဆုံး အပြစ်အနာအဆာ တစ်ခုတောင်မရှိသလို မြင့်မြတ်တဲ့
အော်ရာထုတ်လွှတ်မနေတဲ့ အစိတ်အပိုင်းဆိုတာလည်း မရှိပေ။ ဘယ်တော့မှ
မနိုးထတော့မယ့်ပုံစံမျိုးနဲ့ သူမထိုနေရာမှာ လဲလျောင်းနေလေသည်။ ထိုမြင်ကွင်းကို
ကြည့်ပြီး ရန်ကိုင်စိတ်ခံစားချက်တွေ မြင့်တက်လာခဲ့သည်။ ပုံမှန်ဆိုရင် ရန်ကိုင်က
စိတ်ခံစားလွယ်တဲ့ လူတစ်ယောက်မဟုတ်ပေ။ ဒါပေမယ့် သူ့ရှေ့ကမြင်ကွင်းက
သူ့ကိုအလွန်အမင်း စိတ်လှုပ်ရှားသွားစေခဲ့သည်။ နှစ်ပေါင်းများစွာ
ကြာတာတောင် သူထိုမြင်းကွင်းကို ဘယ်တော့မှ မေ့ပျောက်လိမ့်မည်မဟုတ်ပေ။
ရန်ကိုင်က သတိကြီးကြီးဖြင့် ဖြေးဖြေးလေး လမ်းလျှောက်သွားရင်း သူမကိုနှိုးမိမှာ
စိုးသဖြင့် သူ့နှလုံးခုန်သံနှင့် အသက်ရှုသံကို အတတ်နိုင်ဆုံး ထိန်ချုပ်ထားလေသည်။
တဖြည်းဖြည်းလမ်းလျှောက်သွားရင်း သူတို့ကြားက အကွာအဝေးက တော်တော်လေး
နီးကပ်လာခဲ့ပြီး ရန်ကိုင်က ထိုမိန်းကလေးကို သေသေချာချာ စစ်ဆေးလိုက်လေသည်။
သူခန့်မှန်းထားသလိုပါပဲ ထိုမိန်းကလေးက သူတစ်နေ့က ထောက်ပံ့ရေးခန်းမရှေ့မှာ
တိုက်မိတဲ့ မိန်းကလေးပင်။ ကွဲပြားသွားတာလေး တစ်ခုက သူမထုတ်လွှတ်နေတဲ့
အော်ရာတွေ ကွဲပြားသွားခြင်းပင်။ အခုသူမထုတ်လွှတ်နေတဲ့ အော်ရာတွေက
မြင့်မြတ်ပြီး မထိရက်မကိုင်ရက်တဲ့ အော်ရာပင်။ ထိုနေ့တုန်းက သူမက အလွန်းအမင်း
ရှက်ရွံ့နေခဲ့လေသည်။ ခေါင်းမော့လိုက်ပြီး အမိုးကအပေါက်တွေကိုကြည်ကာ
ရန်ကိုင်တိုးတိုးလေး ရယ်လိုက်လေသည်။ အရင်ရက်တွေတုန်းက သူ့မှာ
ထိုအပေါက်တွေကို ပြင်ဖို့အချိန်မရှိခဲ့ပေ။ ဒါပေမယ့် မမျှော်လင့်ပဲ ထိုပေါက်တွေက
အခုအလွန်အသုံးဝင်လာခဲ့လေသည်။
ရန်ကိုင်ရဲ့အဆက်မပြတ် ရယ်သံကအိပ်ရာပေါ်မှာ လဲလျောင်းနေတဲ့ ရှနင်းချန်ကို
နိုးသွားစေခဲ့လေသည်။ ရန်ကိုင်သူ့ခေါင်းကို နိမ့်လိုက်တဲ့အချိန်မှာ အိပ်ပျော်နေတဲ့
စီနီယာအမကြီးက နိုးနေပြီဖြစ်ပြီး သူ့ကိုပြူးပြီးစိုက်ကြည့်နေလေသည်။
ထိုတောက်ပနေတဲ့မျက်လုံးတွေ အစပိုင်းမှာရှုပ်ထွေးနေပုံးပေါ်ပေမယ့်
သိပ်မကြာခင်မှာ ရှက်ရွံ့မှုတွေနဲ့ အစားထိုးသွားခဲ့လေသည်။ မျက်တောင်
တစ်ခတ်အတွင်းမှာပဲ သူမရဲ့နားသီးလေးတွေက နီရဲသွားခဲ့လေသည်။ ဒါပေမယ့်
ကံကောင်းစွာပဲ ဒီအချိန်ကညဖြစ်နေပြီး ရန်ကိုင်က သေသေချာချာ
ရှင်းရှင်းလင်းလင်း မမြင်လိုက်ရတဲ့အတွက် ရှနင်းချန် စိတ်သက်သာရာ
ရသွားခဲ့လေသည်။ ရန်ကိုင်နဲ့ ရှနင်းချန်တို့ အကြည့်ချင်းဆုံသွားကြလေသည်။
ရန်ကိုင်က သံသယတွေနဲ့ ပြည့်နေပြီး ရှနင်းချန်ကတော သူမကိုယ်သူမ သတိ
မေ့အောင်ရိုက်ကာ ဒီစိတ်ကျဉ်းကျပ်စရာ အခြေအနေထဲက ရုန်းထွက်ချင်
နေလေသည်။ သူမစိတ်တွေကရှုပ်ထွေးနေပြီး သူမကိုယ်သူမဒီနေရာမှာ
အိပ်ပျော်သွားရလောက်တဲ့အထိ သတိမဲ့သလားဆိုပြီး အပြစ်တင်နေခဲ့သည်။
‘‘အဟွတ်၊အဟွတ်..’’ ရန်ကိုင်ကချောင်းဟန့်လိုက်ပြီး သူ့ကိုယ်သူအရင်ပုံစံအတိုင်း
ဖြစ်အောင်မနည်းကြိုးစားလိုက်ပြီး မေးလိုက်သည်‘‘စီနီယာအမ၊ အစ်မကိုကျွန်တော်
ဘယ်လိုခေါ်ရမလဲ’’ အခုအခြေအနေကြောင့်လားတော့မသိ၊ ရန်ကိုင်ထိုမေးခွန်းကို
မေးလိုက်တာ တော်တော်လေးကိုမှားယွင်းပါသည်။ အထူးသဖြင့် မိန်းကလေးနဲ့
ယောက်ျားလေး နှစ်ယောက်တည်း အခန်းတစ်ခန်းထဲမှာ ညဘက်ကြီးအတူတူ
ရှိနေတဲ့အချိန်ပေါ့။ သူမေးလိုက်တဲ့မေးခွန်းက အဓိပ္ပါယ်တစ်မျိုးသက်ရောက်
သွားလေသည်။ဥပမာ..‘‘ ငါ့ရဲ့မိန်းမလေးကိုငါ ဘယ်လိုခေါ်ရမလဲ’’ အဲ့လိုပေါ့။
ဒီစကားကို တော်တော်ကို အရသာမဲ့လွန်းပါသည်။
ရှနင်းချန်ရဲ့မျက်နှာက ရဲရဲနီသွားပြီး လှဲနေရာကထကာ တည်တည်ငြိမ်ငြိမ်ပဲ
ထိုင်လိုက်လေသည်။ စကားမပြောခင် သူမဆံပင်ကိုအရင် သပ်ရပ်အောင်
လုပ်လိုက်ပြီး ‘‘ငါ့မျိုးရိုးကရှ..’’
ရှနင်းချန်က သူမနာမည်အပြည့်အစုံကို ရန်ကိုင်ကိုမပြောပြရဲတော့ပေ။
ဒီနေ့သူမမျက်နှာ ပျက်ရတာတော်တော်များနေပြီဖြစ်သည်။ ‘‘ဒါဆိုဒီကစီနီယာအမရှပေါ့။
စီနီယာအမ အတွက်ကျွန်တော် ဘာလုပ်ပေးရမလဲ’’ သူမလိုမိန်းကလေးတစ်ယောက်က
သူ့ဆီကို အကြောင်းပြချက်မရှိပဲ အလကားသက်သက် လာမည်မဟုတ်ပေ။
ရန်ကိုင် မေးလိုက်တော့မှ သူမလာရင်းရည်ရွယ်ချက်ကို သတိရလိုက်ပြီး သူမဘေးက
အိတ်ထုပ်တစ်ထုပ်ကို လှမ်းယူလိုက်လေသည်။ သူမစိတ်ခံစားချက်ကို
တည်ငြိမ်အောင်လုပ်လိုက်ပြီး‘‘ ဒီနေ့ခင်းတုန်းက လေနက်တောင်က
မုဆိုးတစ်ယောက်က နင့်ကိုလာရှာတယ်။ သူဒီနေရာမှာ နေဝင်တဲ့အထိ
စောင့်နေပေမယ့် နင်ကပေါ်မလာဘူးလေ။ သူအိမ်ပြန်ဖို့လောနေတာကိုတွေ့တော
ငါသွားစကားပြောလိုက်တယ်။ သူ့အသက်ကိုကယ်ပေးလို့ အရမ်းကျေးဇူးတင်ကြောင်းနဲ့
နင့်ကိုဒီအထုပ်လေးပေးပေးဖို့ ပြောသွားတယ်။ နောင်ကျရင် နင့်ကိုလူကိုယ်တိုင်လာပြီး
ကျေးဇူးတင်ဦးမယ်တဲ့’’ သူမပြောအဲ့အကြောင်းပြောတာ ကြားတာနဲ့ရန်ကိုင်
ပြောစရာစကားမဲ့သွားခဲ့လေသည်။ ထိုမုဆိုးက ဘယ်သူလဲဆိုတာ သူသိပေသည်။
သူပါဆယ်ထုပ်ကို လက်ခံလိုက်ပြီး ခေါင်းညိတ်ကာပြောလိုက်လေသည်‘‘ အိုး၊
ဒီလိုကိုး’’ ရှနင်းချန်က သူမမျက်လုံးကို တိတ်တဆိတ် မြှင့်လိုက်ရင်း ရန်ကိုင်ကို
ကြည့်ကာမေးလိုက်လေသည်‘‘ ငါက အဲ့ပါဆယ်ထုပ်ကို နင့်ကိုပေးပေးမယ်လို့
မုဆိုးကိုပြောလိုက်တဲ့အတွက် ငါနင်ပြန်လာမယ့်အချိန်ကို ဒီမှာတစ်နေ့လုံး
စောင့်နေတာ ….ပြီးတော့…….’’ ပြီးတော့ ရန်ကိုင်ပြန်လာမှာကိုစောင့်ရင်း
သူမအိပ်ပျော်သွားခဲ့လေသည်။ သူမအဲ့စကားတွေကို ဆက်ပြီးပြောမထွက်ခဲ့ပေ။
ဒါကတော်တော်လေး ဒေါသထွက်စရာကောင်းပြီး သူမကအခြားတစ်ယောက်ရဲ့
ကုတင်ပေါ်မှာ မမျှော်လင့်ပဲအိပ်ပျော်သွားခဲ့လေသည်။
ရန်ကိုင်က ကိစ္စတစ်ခုလုံးကို နားလည်သွားပြီး အကျယ်ကြီးအော်ရယ်လိုက်ကာ
ပြောလိုက်သည်‘‘ စီနီယာအမကို ဒုက္ခပေးမိပြီ။ နောက်တစ်ခါဆိုရင် စောစော
ပြန်လာပါတော့မယ်’’ ရှနင်းချန်က ရန်ကိုင်စကားကို သူမဘာသာသူမ
နားလည်မှုလွဲတာလား ဒါမှမဟုတ် ရန်ကိုင်ကပဲ အဲ့စကားလုံးတွေကို ရည်ရွယ်ချက်ရှိရှိ
ပြောနေတာလားဆိုတာကိုတော့ မသိတော့ပေ။ ဘာပဲဖြစ်ဖြစ် ထိုစကားလုံးတွေက
တော်တော်လေးကို ရှက်စရာကောင်းပါတယ်။ ယောက်ျားတစ်ယောက် သူ့မိန်းမကို
တစ်စုံတစ်စုံကို ကတိပေးတဲ့ပုံစံပေါက်နေခဲ့လေသည်။သူမ၏နှုတ်ခမ်းကိုကိုက်ပြီး
ရှနင်းချန်က မကျေနပ်တဲ့ပုံစံနဲ့ပြန်ပြောလိုက်သည်‘‘ နင့်ဘာသာနင် စောစော
ပြန်လာလာမလာလာ အရေးမကြီးဘူး။ အခုပါဆယ်ထုပ်ကိုပေးပြီးပြီဆိုတော့
ငါသွားတော့မယ်’’ သူမပြောပြီးတာနဲ့ သူမ၏တင်ပါးကို လှုပ်ရမ်းရင်းခြေဆောင့်ကာ
ထွက်သွားလေသည်။ တဲထဲမှာတော့ သူမ၏ကိုယ်သင်းရနံ့လေးသာ ကျန်ခဲ့လေသည်။
ဒီစီနီယာအမက အရမ်းကိုရှက်တတ်တာပဲ။ အဲ့အကြောင်းကိုတွေးရင် ရန်ကိုင်ရင်ထဲ
နွေးထွေးလာသလို ခံစားလိုက်ရလေသည်။ ရန်ကိုင်က ပါဆယ်ထုပ်ကို ဖွင့်လိုက်တဲ့
အချိန်မှာတော့ အထဲမှာ မိုးပြာရောင်ဝတ်ရုံနှစ်စုံကို တွေ့လိုက်ရလေသည်။ ထိုဝတ်ရုံ
တွေကို မုဆိုးမိန်းမလုပ်ထားတာဖြစ်ရမယ်လို့ ရန်ကိုင်ခန့်မှန်းလိုက်လေသည်။
ဒီမုဆိုးကတော်တော်ကြင်နာတတ်တာပဲ။ နောက်ဆုံးအကြိမ်တုန်းက သူပန်းပွင့်ပုံပင့်ကူ
နဲ့တိုက်တုန်းက သူ့အဝတ်တွေစုတ်ပြဲသွားတဲ့အတွက် မုဆိုးကသူဝတ်ဖို့ဝတ်စုံနှစ်စုံ
လာပို့တာဖြစ်သည်။ ဖျော့ဖျော့လေးပြုံးလိုက်ရင်း ရန်ကိုင်ကအဝတ်တွေကို
တစ်နေရာရာမှာ ထားလိုက်ပြီးအိပ်ရာပေါ်မှာ လှဲလိုက်လေသည်။ အဲ့ည ရန်ကိုင်
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့လေသည်။
Martial Peak
အပိုင်း (၃၇) စိန်ခေါ်စာ
နောက်တစ်နေ့မှာတာ့ ရန်ကိုင်တံခါးခေါက်သံကြောင့် နိုးလာခဲ့လေသည်။ သူအိပ်ရာ
ထပြီး တံခါးကိုဖွင့်လိုက်တဲ့အချိန်မှာတော့ တံခါးရှေ့မှာ ဘယ်သူကိုမှမတွေ့ရဘဲ
အဝေးတစ်နေရာမှာ သူ့တဲဆီကနေ ပြေးထွက်သွားတဲ့ သူရင်းနှီးနေတဲ့လူတစ်ယောက်
ကိုတွေ့လိုက်ရလေသည်။ လီယွမ်ရှန်းလား…။ဒီကောင်ကဘာလာလုပ်တာလဲ။ သူ့တံခါး
ရှေ့ကစာတစ်စောင်ကို မမြင်ခင်အချိန်အထိ ရန်ကိုင်ဘာတွေးရမှန်းမသိ
ဖြစ်နေခဲ့လေသည်။ သူစာကိုယူပြီး ဖွင့်ဖတ်လိုက်တဲ့အချိန်မှာတော့ ငိုရမလား၊
ရယ်ရမလားမသိတော့ပေ။ စာရွက်ပေါ်မှာ သွေးနဲ့ရေးထားတဲ့ စာအနည်းငယ်
ရှိလေသည်။ ထိုးသွေးက ကြက်သွေးလား၊ လူသွေးလားမသိပေမယ့် စုမူ၏သွေး
မဟုတ်တာတော့ သေချာသိနေလေသည်။ ကျောဘက်မှာတော့ စာတစ်ကြောင်းရှိပြီး
ထိုစာကြောင်းက ပထမစာကြောင်းထက်ပိုပြီး မပြေမပြစ်ဖြစ်နေခဲ့လေသည်။
‘‘ မင်းသတ္တိရှိတယ်ဆိုရင် ..လာခဲ့’’ ထိုစကားလုံးတွေက စာရေးသူဘယ်လောက်
မာနကြီးလဲဆိုတာ ဖော်ပြနေခဲ့ပြီး စာရေးသူရဲ့အမုန်းတရားတွေကို သိသာစွာ
ဖော်ပြထားလေသည်။ ဒါကရန်စစော်ကားတဲ့ စာလည်းဖြစ်လေသည်။
ဒါကဘာကြောင့်လဲဆိုတော့ စုမူက ရန်ကိုင်သူ့စာကို ငြင်းပယ်မှာစိုးတဲ့အတွက်
စာရွက်နောက်ဘက်မှာ ရန်စစော်ကားတဲ့ စာအနည်းငယ်ထပ်ထည့်ထားခြင်းပင်။
လူငယ်တွေက သွေးဆူလွယ်ပြီး စုမူလည်း ထိုအရာကို အကြိမ်များစွာ ခံစားခဲ့ပြီး
ဖြစ်လေသည်။ စုမူက ဒီလိုအရာနဲ့ အရမ်းကိုရင်းနှီးနေပြီး အဲ့ဒါကိုပဲ အကျိုးကျိုးရှိရှိ
အသုံးချလိုက်လေသည်။ သွေးနဲ့ရေးထားတဲ့စာရွက်ကို လုံးချေလိုက်ပြီး ရန်ကိုင်
ခေါင်းကိုသာ ခါလိုက်မိလေသည်။ စုမူရန်စတာကို ၇န်ကိုင်အလေးအနက်မထားပေ။
စုမူက ရန်ကိုင်ကိုမကျေနပ်ပေမယ့် ရန်ကိုင်ကတော့ ကွဲပြားပါသည်၊ သူ့စိတ်ပိုင်းဆိုင်ရာ
ကလည်းကွဲပြားသလို သူ့ရည်ရွယ်ချက်ကလည်း ကွဲပြားပါသည်။ ဒီလိုကိစ္စသေးသေး
လေးတွေကိုတော့ သူ့တိုးတက်မှုကို တိုင်းတာဖို့နဲ့ သူလေ့ကျင့်ရာမှာ ကူညီတဲ့
အခွင့်အရေးတစ်ခုအဖြစ်သာ အသုံးချလေသည်။
သူတို့ပထမဆုံးအကြိမ် စတွေ့တုန်းက မကျေနပ်ချက်တွေ ရှိခဲ့ပေမယ့် နောက်ပိုင်း
စုမူ၏နောက်ပိုင်း တုန့်ပြန်မှုတွေနဲ့ ရင်းနှီးလာတဲ့အခါမှတော့ စုမူက အဲ့လောက်
မဆိုးဘူးဆိုတာ ရန်ကိုင်သိလိုက်လေသည်။ စုမူက သွေးဆူလွယ်တဲ့ကောင်လေး
တစ်ယောက်သာသာပါပဲ။ သင်သာဒီလိုလူမျိုးနဲ့ မိတ်ဆွေဖွဲ့နိုင်ရင် ထိုလူကသင့်ကို
ကောင်းကောင်းဆက်ဆံပါလိမ့်မည်။ ဒါပေမယ့် ရန်သူဖြစ်လာခဲ့ရင်တော သူတို့တွေက
လောက်ကောင်တွေလို သင့်ကိုအဆုံးမရှိ နှောက်ယှတ်နေမှာပဲ ဖြစ်လေသည်။
ဒီရက်အတောအတွင်း သူစုမူတို့အဖွဲ့အရိပ်အယောင်ကို တစ်ချက်တောင်
မမြင်ရတဲ့အတွက် သူတို့သူ့ဆီကနေ ပုန်းကွယ်နေတာ ဖြစ်ကောင်းဖြစ်နိုင်လေသည်။
သူတို့သူကို ဘာလို့နောက်တစ်ကြိမ် ထပ်စိန်ခေါ်ချင်ပြီး စိန်ခေါ်စာ ပေးပို့လဲ
ဆိုတာကိုတော့ သူနားမလည်ပေ။ အစကတော့ ရန်ကိုင်က စုမူကိုသိပ်ပြီး
အာရုံမစိုက်ပေမယ့် သူတံမြက်စည်းလှည်ပြီးတဲ့ အချိန်မှာတော့ သွားဖို့ဆုံးဖြတ်
လိုက်လေသည်။
စုမူက သံသယဖြစ်စွာပဲ တကယ်ကိုသေးနုပ်တဲ့သူ တစ်ယောက်ဖြစ်ပြီး
စံအိမ်ရဲ့စည်းမျဉ်းအတိုင်း သူ့ကိုစိန်ခေါ်ရမည့်အစာ စိန်ခေါ်စာပေးပို့ပြီး
စိန်ခေါ်လိုက်လေသည်။ သူစံအိမ်စည်းမျဉ်းကို ချိုးဖောက်ပြီး တစ်ယောက်ချင်း
တိုက်ခိုက်ရမည့်အစား အဖွဲ့လိုက်စုပြီး တိုက်ခိုက်ချင်ပုံပေါ်နေလေသည်။ ပြီးတော့
သူတို့ရွေးချယ်ထားတဲ့ နေရာကလည်း တော်တော်မေးခွန်းထုတ်ချင်စရာပင်။
လေနက်တောအုပ်က လေနက်တောင်၏အောက်ခြေမှာတည်ရှိပြီး
လူတစ်ယောက်ကို ရှင်းလင်ပစ်ဖို့ နေရာကောင်းတစ်ခုလည်း ဖြစ်လေသည်။
စုမူတို့အဖွဲ့က လူသိပ်မများသော်လည်း စုမူတစ်ယောက်သာ ခန္ဓာသန့်စင်ခြင်း
အဆင့်၉ကို ရောက်သေးပြီး လီယွမ်ရှန်းကတော့ ခန္ဓာသန့်စင်ခြင်းအဆင့်၇နဲ့
ကျန်တဲ့သူတွေက ခန္ဓာသန့်စင်ခြင်အဆင့် ၅၊၆လောက်သာရှိပေသည်။ သူ
အဲ့လူအုပ်ကြီးကို နိုင်မနိုင်ရန်ကိုင်မသိပေမယ့် သူ့တိုးတက်မှုကို ဆန်းစစ်ဖို့ဆိုရင်
သူတိုက်ပွဲတွေကို လိုအပ်ပေသည်။ အခုအချိန်မှာတော့ စုမူကကောင်းကင်စံအိမ်ကနေ
လေနက်တောအုပ်ကိုသွားတဲ့ လမ်းမှာစောင့်နေပြီး ချုံပုတ်ထဲမှာတစ်ယောက်မှ
ပုန်းအောင်မနေကြပေ။ လွန်ခဲ့တဲ့ညက သူအရှင်းသတိလစ်သွားတဲ့ ရှက်စရာကောင်းတဲ့
ညအကြောင်းကိုပြန်တွေးလိုက်တဲ့အချိန်မှာတော့ စုမူ၏မျက်နှာက ချက်ချင်း
အရုပ်ဆိုးသွားခဲ့လေသည်။ ထိုညက ဘာဖြစ်ခဲ့လဲဆိုတာတောင် သူသေသေချာချာ
မသိပေ။ ရန်ကိုင်တဲဆီကိုသွားတဲ့ သူနဲ့သူ့အဖွဲ့သွားတွေအကုန်လုံး ရုတ်တရက်
သတိလစ်သွားခဲ့လေသည်။ ဒါကတော်တော်လေးကို ဆန်းကြယ်လွန်းပြီး ရုတ်တရက်
ဆန်လွန်းလေသည်။
နောက်တစ်နေ့မနက် မိုးလင်းတော့မှ သူတို့နိုးလာခဲ့လေသည်။ အပြင်မှအိပ်ရတာ
နွေရာသီဖြစ်လို့ အန္တရာယ်သိပ်မရှိပေမယ့် ခြင်တွေအများကြီး ရှိတုန်းပင်။ သူတို့
နိုးလာတဲ့အချိန်မှာတော့ သူတို့တစ်ကိ်ုယ်လုံး ခြင်ကိုက်ရာတွေနဲ့ ပြည့်နေပြီး
သူတို့အိမ်မက်မက်ကောင်းနေတုန်းမှာ ငလူးခြင်တစ်သိုက်က သူတို့သွေးတွေကို
အဝစုပ်သွားခဲ့လေပြီ။ ဒီအတောအတွင်း စုမူတို့တစ်ဖွဲ့လုံး အိပ်ရာထက်တွင်
လဲနေရပြီး အရမ်းအားနည်းနေခဲ့လေသည်။
သူတို့ဒဏ်ရာတွေကို ကုသပြီးတာနဲ့စုမူရဲ့ နောက်လိုက်ငယ်သားအချို့က
သူ့လက်အောက်ကနေ ထွက်သွားလေသည်။ သူတို့ရန်ကိုင်ကို ရန်မနိုင်မယ့်အတူတူ
ဘာလို့မထွက်ပြေးရမှာလဲ။ မနေ့တုန်းက လီယွမ်ရှန်းကသူရဲကပထမဆုံးသိုင်းကျင့်စဉ်
ကိုစတင်လေ့ကျင့်ပြီးပြီလို့ပြောတာနဲ့ ရန်ကိုင်ကိုလက်စားချေချင်တဲ့ သူ့ရဲ့ဒေါသမီးက
နောက်တစ်ကြိမ်လောင်ကျွမ်းလာခဲ့လေသည်။ ဒါကြောင့်လီယွမ်ရှန်းကိုရန်ကိုင်ဆီ
စိန်ခေါ်စာပို့ခိုင်းလိုက်လေသည်။ သူတို့ပြိုင်ပွဲကို ကောင်းကင်စံအိမ်မှာ မပြိုင်ရတဲ့
အကြောင်းအရင်းက လီယွမ်ရှန်းက ရန်ကိုင်ကိုအနိုင်ယူနိုင်မယ်လို့ သူအရှင်းမယုံ
ကြည်နိုင်သေးသောကြောင့်ပင်။လီယွမ်ရှန်းသာရန်ကိုင်ကို နောက်တစ်ကြိမ်
ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားရင် ကောင်းကင်စံအိမ်တပည့်တွေက အုံဖွဲ့ပြီး
လာကြည့်ကြမှာပဲဖြစ်သည်။ ငါ့လခွမ်းစည်းမျဉ်းတွေလား..သောက်ရေးမပါတဲ့
စည်းမျဉ်းတွေ။ ငါရန်ကိုင်ကိုဝက်တစ်ကောင်လိုဖြစ်အောင် ရိုက်ချင်တာပဲသိတယ်။
သူရင်ထဲက နာကျည်းမှုအမုန်းတရားတွေကိုသာ မဖွင့်ထုတ်နိုင်ခဲ့ပါက
အချိန်ကြာလာရင် သူရူးသွားနိုင်လောက်ပေသည်။ သူအဲ့အကြောင်းကို
တွေးနေတုန်းမှာပဲ လီယွမ်ရှန်းက သူ့ဆီကိုအလောတကြီး ပြေးလာခဲ့သည်။
‘‘မင်းပေးပြီးပြီလား’’ သူမေးလိုက်တဲ့အချိန်မှာ သူ့မျက်လုံးတွေက ရက်စက်ကြမ်းကြုတ်
မယ့်အလင်းရောင်တွေ ထွက်ပေါ်နေလေသည်။
‘‘အင်း’’
‘‘ကောင်းတယ်။ အဲ့သူတောင်းစားလာမယ့်အချိန်ကို စောင့်ကြတာပေါ့’’
သူအဲ့နေရာမှာပဲစောင့်နေခဲ့သည်။ ဒါပေမယ့် သူဘယ်လောက်ကြာကြာစောင့်ပါစေ၊
သူရန်ကိုင်အရိပ်အယောင်ကို မတွေ့ရပေ။ စုမူကစိတ်မရှည်တော့ပဲ နောက်ဆုံး
သူ့ဘေးနာကလူတွေကို မေးလိုက်လေသည်‘‘ အဲ့သူတောင်းစားက ဒီနေရာကို
လာရဲတဲ့သတ္တိမရှိဘူးလား’’ သူပြောနေတုန်းမှာပဲ လီယွမ်ရှန်းက အော်လိုက်သည်
‘‘သခင်လေးစု ၊ ဒီနေရာကိုတစ်ယောက်ယောက်လာနေတယ်’’
‘‘အန်..’’ ရန်ကိုင်က သူ့သေတွင်းသူလာတူးပြီဆိုတာကို တွေးရင်းသူစိတ်လှုပ်ရှား
လာခဲ့လေသည်။ ဒါပေမယ့် သူလှည့်ကြည့်လိုက်တဲ့အချိန်မှာ သူတို့ဆီကို လာနေတဲ့
သူကရန်ကိုင်မဟုတ်ပေ။
‘‘သခင်းလေးစု၊ သူတို့တွေက မုန်တိုင်းစံအိမ်ကလူတွေ’’
လီယွမ်ရှန်းက သူတို့ဆီလာနေတဲ့ လူတွေကို ကြည့်ရင်းပြောလိုက်သည် ‘‘ပြီးတော့
ခေါင်းဆောင်လာတဲ့သူက ချန်ရှောင်ဖုန်းဖြစ်တဲ့ပုံပဲ’’
‘‘ချန်ရှောင်ဖုန်းလား’’ စုမူ၏မျက်နှာက အေးစက်သွားပြီး သူတို့ဆီလာနေတဲ့အဖွဲ့ကို
ကြည့်လိုက်လေသည်။ ထိုလူအုပ်ကို ဦးဆောင်လာတဲ့သူက အမှန်တကယ်
ချန်ရှောင်းဖုန်းပင်ဖြစ်သည်။
‘‘သခင်လေးစု၊ ကျွန်တော်တို့ရှောင်ပေးလိုက်ရမလား’’ စုမူနဲ့ ချန်ရှောင်ဖုန်းအကြား
မကျေနပ်ချက်တွေရှိတာ သူသိနေသဖြင့် လီယွမ်ရှန်းက တုံ့ဆိုင်းတုံ့ဆိုင်းနဲ့
မေးမြန်းလိုက်လေသည်။ သူတို့နှစ်ယောက်စလုံးစလုံး ခန္ဓာသန့်စင်ခြင်း
အထွတ်အထိပ်မှာဖြစ်ပြီး မကြာခဏ ခိုက်ရန်ဖြစ်လေ့ဖြစ်လေ့ရှိပြီး ဘယ်သူမှလည်း
အရေးသာတယ်ဆိုတာမရှိခဲ့ပေ။ သူတို့နှစ်ယောက်သာ အခုရင်ဆိုင်တွေ့ရင်
တစ်ခုခုဖြစ်မှာ ကျိန်းသေပင်။
‘‘ဘာကိုရှောင်ပေးရမှာလဲ’’ စုမူကအေးစက်စက်ပြန်ပြောလိုက်လေသည်
‘‘သူမှာ ဒီသခင်လေးကို ရှောင်သွားစေနိုင်လောက်တဲ့အထိ အရည်အချင်း
ရှိလို့လား’’ လီယွမ်ရှန်းက အခုကိစ္စကသူတို့နှစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့
သက်ဆိုင်နေတဲ့အတွက် ဘာမှထပ်မပြောတော့ပေ။ စုမူလိုအရမ်း မာနကြီးတဲ့
သူတစ်ယောက်က သူ့ရန်ဘက်ကို ဘယ်လိုလုပ်ပြီး လမ်းဖယ်ပေးနိုင်မှာလဲ။
ဒါပေမယ့် အခြားဘက်ကလူအုပ်က သူတို့ထက်များတဲ့အတွက် တိုက်ခိုက်ကြရင်
သူတို့ဘက်က ခံရဖို့များလေသည်။
သူတို့ပြောနေတုန်းမှာပဲ ချန်ရှောင်ဖုန်းတို့အဖွဲ့က သွားနေရင်းရပ်လိုက်ပြီး
ရွှင်မြူးစွာနဲ့ သူ့နောက်လိုက်တွေကို တစ်ခုခုပြောလိုက်လေသည်။
သိပ်မကြာခင်မှာပဲ အဖွဲ့နှစ်ခုက ထိပ်တိုက်တွေ့ကြလေသည်။ စုမူတို့အဖွဲ့က
လေနက်တောအုပ်ကိုသွားတဲ့လမ်းကို ပိတ်ထားပေမယ့် ထိုလမ်းက
မုန်တိုင်းစံအိမ်နှင့် သွေးတိုက်ပွဲဂိုဏ်းကို ဦးတည်နေတဲ့ လမ်းလေးခွဆုံလည်း
ဖြစ်လေသည်။ စုမူတို့ရပ်နေတဲ့လမ်းက လေနက်တောအုပ်ကို ဦးတည်နေတဲ့
လမ်းဖြစ်ပြီး ချန်ရှောင်ဖုန်းတို့အဖွဲ့သွားမယ်လမ်းကို ပိတ်နေသလိုမျိုးလည်း
ဖြစ်နေလေသည်။
‘‘ငါ့လမ်းကိုဘယ်သူကပိတ်ထားရဲလဲမှတ်နေတာ၊ လတ်စသတ်တော့
မင်းဖြစ်နေတာကိုး..စုမူ’’ လမ်းလျှောက်သွားရင်း ချန်ရှောင်ဖုန်းကစုမူကို
အထင်တသေးကြည့်လိုက်လေသည်။ စုမူကမျက်ခွံလှန်းလိုက်ပြီး
ထိုနေရာမှာပဲ လှံတစ်ချောင်းလိုမယိမ်းမယိုင်တည်ရှိနေလေသည်။
သူက ချန်ရှောင်ဖုန်းကိုအလုပ်ရှုပ်ခံပြီး ပြန်ပြောမနေပေ။
‘‘ခစ်..ခစ်..ခစ်၊ မောင်လေးချန်၊ သူတို့ကနင့်ကိုလျစ်လျူရှုထားတယ်နော်’’
နူးညံ့ညက်ညောတဲ့အသံက လူတိုင်း၏နားထဲပျံ့လွင့်လို့လာခဲ့သည်။
စုမူက အသံလာရာကိုကြည့်လိုက်တဲအချိန်မှာ ချန်ရှောင်ဖုန်း၏နောက်မှာ
ရပ်နေတဲ့ချစ်စရာကောင်းတဲ့မိန်းကလေးတစ်ယောက်ိုတွေ့လိုက်ရလေသည်။
ထိုမိန်းကလေးက လျော့ရဲရဲဝတ်စုံတစ်ခုကို ဝတ်ဆင်ထားပြီး သူမ၏ပုခုံးသား
အနည်းငယ်ကိုလည်း ဖော်ထားကာ ကြွေရုပ်ကလေးတစ်ရုပ်၏အော်ရာတွေကို
ထုတ်လွှတ်နေလေသည်။ သူမ၏စကတ်က အောက်ခြေတစ်ဝက်လောက်ကိုသာ
ဖုံးအုပ်ထားပြီး သူမ၏*****လှစ်ဟာပြနေလေသည်။သူမ၏ဖြောင့်စင်းနေတဲ့
နှင်းရောင်ခြေတံတွေကိုအထင်းသာမြင်နေရပြီး ကျောက်စိမ်းသဖွယ်ချောမွတ်နေတဲ့
ခြေထောက်တွေကိုလည်း လှစ်ဟာပြထားလေသည်။ သူမ၏အရည်လဲနေတဲ့
မျက်လုံးအစုံကလည်း မြင်သူအပေါင်းကို ဆွဲငင်ညှို့ယူသွားနိုင်လေသည်။
Martial Peak
အပိုင်း (၃၈) ဟူမေးအာ
စုမူနဲ့ မိန်းကလေး၏အသက်က သိပ်မကွာပေမယ့် မိန်းကလေးပြုမူပုံက ပိုပြီး
ရင့်ကျက်ပုံပေါ်လေသည်။ သူမ၏တင်ပါးကို လှုပ်ခါလျှောက်နေပြီး မြူဆွယ်နည်း
ပေါင်းတစ်ထောင်နဲ့ သူမကပုရိသအပေါင်းကို ညှို့ယူဖမ်းစားနိုင်လောက်လေသည်။
သူမက ဒီအသက်အရွယ်မှာတောင် တော်တော်လေး ရင့်ကျက်နေပေသည်။
‘‘ဟူမေးအာ’’ ထိုမိန်းကလေးကို မြင်လိုက်တာနဲ့ စုမူရဲ့အမူအရာ ပြောင်းသွားပြီး
သူ့ပါးစပ်က ကွေးညွတ်သွားလေသည်။ သူ့အကြည့်က သူမခန္ဓာကိုယ်တစ်လျှောက်
ပြေးလွှားနေရင်း အလိုလို တံတွေးတစ်လုပ် မြိုချမိလိုက်လေသည်။
စုမူတောင် ဒီလိုဖြစ်နေမှာတော့ သူ့လောက်ထ်ိန်းချုပ်နိုင်စွမ်း မကောင်းတဲ့ လီယွမ်ရှန်းလို
သူ့နောက်လိုက်တွေကတော့ ပြောစမလိုတော့ပေ။ သူတို့၏ မျက်လုံးတစ်စုံစီတိုင်းက
ပုစဉ်းနဲ့ကျိုင်းကောင် လိုဖြစ်နေပြီး ဟူမေးအာ၏ခန္ဓာကိုယ်ပေါ်မှာ ကော်ကပ်ထားသလိုမျိုး
ဖြစ်နေကြလေသည်။ သူတို့သူမ၏ ကောင်းစွာဖွံ့ထွားနေတဲ့ ခန္ဓာကိုယ်ကိုကြည့်ရင်း
အသက်ရှုသံတွေ မြန်လာပြီး သူတို့၏ရှက်စရာကောင်းတဲ့ အတွင်းစိတ်ရိုင်းတွေကို
ဖော်ပြမိသွားခဲ့လေသည်။ ကုန်မြေတစ်ခုလုံးမှာ မိန်းမ၊ယောက်ျားဆိုတာ မရှားပါးသော်လည်း
ဟူမေးအာလို အလွန်အမင်းလှပတဲ့ မိန်းကလေးတွေကတော့ တော်တော်လေးကို
ရှားပါးလေသည်။ သူမ အခုလိုအသက်၁၅နှစ်အရွယ်မှာတောင် သူမရဲ့အလှက
ပုရိသပေါင်းကို ရင်ဖိုသွားစေနိုင်ပြီး သူမသာကြီးပြင်လာခဲ့ရင် သူမ၏အလှကြောင့်
လူသတ်စစ်ပွဲတွေတောင် ဖြစ်လာနိုင်လေသည်။
လီယွမ်ရှန်းတို့လို ကောင်လေးတွေက လူပျိုပေါက်စလေးတွေ ဖြစ်ရုံသာမက သူတို့၏
အားမန်တက်ကြွတဲ့ ယွမ်ချီကြောင့် ဒီလိုလိင်စိတ်ကြွစေနိုင်တဲ့ မြင်ကွင်းကို
မြင်လိုက်ရချိန်မှာတော့ သူတို့၏ဆန္ဓတွေကို မထိန်းချုပ်နိုင်တော့ပေ။ ဒါပေမယ့်
ကောင်းကင်စံအိမ်တပည့်တွေရဲ့ အမျိုးမျိုးသော အပြုအမူတွေက ဟူမေးအာကို
ဒေါသမထွက်စေရုံမက သူမကထိုအပြုအမူုတွေကို ကျေနပ်နှစ်သက်ပုံပေါ်နေလေသည်။
သူမ၏လက်ကို သူမနှုတ်ခမ်းပေါ်မှာ ထားလိုက်ရင်း ပြောလိုက်သည်‘‘ မောင်လေးစုမူက
ဒီကအမကြီးကို မှတ်မိတဲ့ပုံပဲ’’ စုမူကချောင်း အနည်းငယ်ဆိုးလိုက်ပြီး သူ့အမူအရာကို
ပြန်တည်ငြိမ်အောင်လုပ်ကာ မျက်နှာနီနီနဲ့ ပြောလိုက်သည်‘‘ငါမင်းကို မှတ်မိတာ
ပုံမှန်ပါပဲ’’
ချန်ရှောင်ဖုန်းက မုန်တိုင်းစံအိမ်က ခန္ဓာသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေ၏ ခေါင်းဆောင်
ဖြစ်ပြီး ဟူမေးအာကတော့ သွေးတိုက်ပွဲဂိုဏ်း ခန္ဓာသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေ၏
ခေါင်းဆောင်ဖြစ်ကာ သူမ၏အဆင့်အတန်းက သာမန်မဟုတ်ပေ။ သူမက သွေးတိုက်ပွဲဂိုဏ်း
ခေါင်းဆောင်၏ သမီးလည်းဖြစ်လေသည်။ သူမကသတင်းဆိုးနဲ့ ကျော်ကြားရုံမက
သူမ၏အဖေဖြစ်တဲ့ သွေးတိုက်ပွဲဂိုဏ်းခေါင်းဆောင် ဟူမန်းကလည်း သူမကိုအလိုလိုက်ထားပြီး
သူမလုပ်ချင်သလို လုပ်ခွင့်ပြုထားလေသည်။ ဟူမေးအာက ငယ်ရွယ်သေးသော်လည်း
သူမစိုးမိုးထိန်ချုပ်နိုင်တဲ့ လူအရေအတွက်က တော်တော်လေးကို များပြားလေသည်။
သူမဒီနေ့ ချန်ရှောင်ဖုန်းနဲ့ အတူတူလမ်းလျှောက်နေတာကတော့ တော်တော်လေးကို
ဆန်းကြယ်နေလေသည်။ သူကော သူမ၏ထိန်းချုပ်မှုအောက် ရောက်သွားတာများလား။
အဲ့အကြောင်းကိုတွေးရင်း စုမူကချန်ရှောင်ဖုန်းကို မနာလိုလာခဲ့လေသည်။ အရင်တုန်းကလည်း
ချန်ရှောင်ဖုန်း၏ မိန်းမနဲပက်သက်တဲ့ ကံကောင်းမှုကို မနာလိုခဲ့ရပေမယ့် အခုအချိန်မှာတော့
သူကမိန်းမတစ်ယောက်ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်နေခဲ့ပြီ ဖြစ်လေသည်။
အဲ့အကြောင်းကို တွေးလိုက်တော့ သူ့မျက်နှာပေါ်မှာ ထူးဆန်းတဲ့အပြုံးတစ်ခု
ပေါ်လာပေမယ့် ချန်ရှောင်ဖုန်းကို ကြည့်လိုက်တဲ့အချိန်မှာတော့ သူ့မျက်နှာပေါ်မှာ
အထင်သေးမှု အရိပ်အယောင် တစ်စွန်းတစ်စ ပေါ်လာခဲ့လေသည်။ သူ့အကြည့်က
ချန်ရှောင်ဖုန်းကို အလွန်အမင်း စိတ်မသက်မသာ ဖြစ်သွားစေခဲ့ပြီး ကောင်းကင်စံအိမ်
တပည့်တွေ၏ အကြည့်တွေကတော့ ဟူမေးအာ၏ခန္ဓာကိုယ်ပေါ်မှာ ကော်ကပ်ထားသလိုကပ်နေလေသည်။
စုမူက သူ့ကိုစူးစိုက်ကြည့်နေပြီး သူ့ကိုတော်တော်လေး စိတ်မသက်မသာ ဖြစ်စေသည်။
ထိုအချိန်မှာပဲ သူရှေ့ကို ခြေအနည်းငယ်လှမ်းလိုက်ပြီး ဟူမေးအာကို သူတို့မြင်ကွင်းမှ
ကွယ်ထားလိုက်လေသည်။ ဒီလိုအမှတ်မထင် အပြုအမူကြောင့် ဟူမေးအာ၏
နှုတ်ခမ်းက ရယ်ချင်စိတ်ကြောင့် တွန့်ကွေးသွားလေသည်။ ‘‘ စုမူ မင်းလူတွေကို
လမ်းဖယ်ပေးဖို့ ပြောလိုက်’’ ချန်ရှောင်ဖုန်းက စုမူကို သုန်မှုန်နေသောမျက်နှာနဲ့
ပြေလိုက်ပြီး နည်းနည်းလေးတောင် မယဉ်ကျေးတော့ပေ။ စုမူက နှာခေါင်းသာရှုံ့လိုက်ပြီး ‘‘ ငါတို့လမ်းငါတို့ လျှောက်နေတာလေ။ မင်းတို့လမ်းကို ပိတ်နေတာဆိုပြီး
ဘယ်လိုလုပ်ဖြစ်သွားတာလဲ’’
‘‘ဟုတ်လား’’ ချန်ရှောင်ဖုန်းက နှင်းဝေနေသော အမူအရာနဲ့ ပြန်ပြောလိုက်လေသည်။
‘‘ငါမဖယ်တော့ရော မင်းဘာလုပ်ချင်လဲ’’ မေးခွန်းတစ်ခုအတွက် မေးခွန်းတစ်ခုစုမူ
ပြန်မေးလိုက်ပြီး သူတို့ကြားက မကျေနပ်ချက်တွေကို တစ်ညတည်းနဲ့ ကျေအေးသွား
နိုင်မယ့်အရာမျိုးမဟုတ်ပေ။ ဒါကြောင့် သူတို့တွေက တစ်ယောက်နည်းလမ်းတွေနဲ့
တစ်ယောက်ရင်းနှီးနေပြီး သူကဘာကို ကြောက်ရမှာလဲ။
‘‘မောင်လေး ချန်၊ မောင်လေးစုက ဒီမှာရပ်နေတာဆိုတော့ ငါတို့အခြားလမ်းကနေ
ကွေ့ပတ်သွားကြရအောင်။ နင့်အကြာင်းကိုလည်း ဘယ်သူမှ ဘာမှပြောမှာ
မဟုတ်ပါဘူးလေ’’ ဟူမေးအာကချက်ချင်း ဝင်ပြောလိုက်သည်။ သူမက
တင်းမာနေတဲ့ အခြေအနေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းချင်နေပုံ ပေါက်ပေမယ့်
တကယ့်အစစ်အမှန်ကတော့ သူမက မီးလောင်ရာ လေပင့်နေခြင်းပင်။
စုမူက သူမကို မိန်းမပျက်ဟု တိတ်တိတ်လေး ခေါ်လိုက်သည်။ သူမစိတ်က အရမ်းကို
ကောက်ကျစ်လွန်းပြီး သူမသွေးတိုက်ပွဲဂိုဏ်း အဖွဲ့ဝင်ဖြစ်လာတာနဲ့ မုန်တိုင်းစံအိမ် နဲ့
ကောင်းကင်စံအိမ်ကြားက မလိုမုန်းထား မကျေနပ်ချက်တွေကို ရေဆူမှတ်ရောက်အောင်
လုပ်ကာ ထိုစံအိမ်နှစ်ခုအကြား စစ်ဖြစ်စေဖို့ အမြဲတစေ ကြိုးပမ်းနေလေသည်။
ချန်ရှောင်ဖုန်းက ဟူမေးအာစကားကို ကြားလိုက်တာနဲ့ သူ၏တုံ့ဆိုင်းနေတဲ့ အမူအရာက
ချက်ချင်းပျောက်ကွယ်သွားပြီး ပြတ်သားမှုတို့က အစားထိုးဝင်ရောက်လာခဲ့လေသည်။
ထို့နောက်သှူ နှာခေါင်းရှုံ့ပြီးပြောလိုက်လေသည် ‘‘ မင်းအခုမှထွက်မသွားရင် နောက်မှနောင်တ
မရနဲ့’’ သူကဟူမေးအာ၏ရှေ့မှာ ရည်ရွယ်ချက်ရှိရှိ ခက်ထန်ပြနေခြင်းဖြစ်လေသည်။
အခုအချိန်မှာ သူဘယ်လိုလုပ်ပြီး နောက်ဆုတ်နိုင်မှာလဲ။ သူတို့နှစ်ယောက်ကို
စိတ်ဝင်စားမှုအပြည့်နဲ့ ကြည့်နေရင်း ဟူမေးအာ၏နှုတ်ခမ်း ကွေးတက်သွားပြီး
မျှော်လင့်ချက်အပြည့်နဲ့ နောက်ကိုခြေလှမ်းအနည်းငယ် ဆုတ်လိုက်လေသည်။
‘‘မင်သတ္တိရှိရင် ကြိုးစားကြည့်လေ’’ စုမူက ချန်ရှောင်ဖုန်းကို ကြည့်ကာအေးစက်စက်
ရယ်လိုက်ပြီး လီယွမ်ရှန်းတို့ကလည်း စုမူအနောက်ကို လှမ်းလာလိုက်ကြလေသည်။
‘‘မင်းသေလမ်းကို မင်းကို်ယ်တိုင်ရှာနေတာပဲ’’ ရုတ်တရယ် ရယ်လိုက်ပြီး
ချန်ရှောင်ဖုန်းက သူ့နောက်ကလူတွေကို လက်ဝှေ့ရမ်းပြလိုက်ပြီး အမိန့်ပေးလိုက်သည်
‘‘တိုက်’’
သူအသံက ခက်ထန်နေပြီး စုမူဆီကို ပြေးဝင်သွားက စုမူမျက်နှာဆီကို လက်သီးတစ်လုံး
ပစ်သွင်းလိုက်လေသည်။ စုမူက ရယ်လိုက်ပြီး သူ့လက်ဝါးနဲ့ ပြန်တုန့်ပြန်လိုက်သည်။
ထိပ်တိုက်ရင်ဆိုင်မှု အပြီးမှာတော့ စုမူကနောက်ကို ခြေလှမ်းဒါဇင်ပေါင်းများစွာ အကွာကို
တွန်းထုတ်ခံလိုက်ရပြီး သူ့ကိုယ်သူတည်ငြိမ်အောင် မနည်းကြိုးစားနေရတဲ့ အချိန်မှာ
ချန်ရှောင်ဖုန်းက တောင်တစ်လုံးလို မားမားမတ်မတ် ရပ်နေလေသည်။
‘‘မင်းကိုင်ယွမ်အဆင့်ကို ချိုးဖျက်သွားတာလား’’ စုမူ၏အမူအရာ လုံးဝပြောင်းလဲသွားခဲ့လေသည်။
သူတို့လက်ရည်ဖလှယ်လိုက်တဲ့ အချိန်တုန်းက ချန်ရှောင်ဖုန်းဆီက ခံစားရလိုက်တဲ့ ယွမ်ချီက
သူခန္ဓာသန့်စင်ခြင်း အဆင့်၉မှာရှိနေတဲ့ ယွမ်ချီထက်ပိုပြီး သန်မားပြီး သိပ်သည်းနေလေသည်။
ဒါက ကိုင်ယွမ်အဆင့်ချိုးဖျက်ဝင်ရောက်နိုင်တဲ့ လူတစ်ယောက်မှာသာ ရှိနိုင်တဲ့ခွန်အားပင်။
ချန်ရှောင်ဖုန်းက ပြုံးကာစုမူဆီသို့ ပြေးဝင်သွားလိုက်ပြီး‘‘ စုမူ ၊ငါတို့နှစ်ယောက်စလုံးက
တစ်ချိန်တည်းမှာ လေ့ကျင့်တာဖြစ်ပေမယ့် လူတွေကြားမှာ ခြားနားချက်ဆိုတာရှိတယ်။
အခုအချိန်ကစပြီး မင်းကငါ့နောက်ကပဲ လိုက်ရတော့မှာ။ ငါ့ကိုကျော်ဖြတ်ဖို့ဆိုရင်
မင်းအိမ်မက်ထဲမှာပဲ စိတ်ကူးနေလိုက်တော့’’
စုမူမျက်နှာက စိတ်ပျက်မှုကြောင့် ဖြူဖတ်ဖြူလျော် ဖြစ်သွားပြီး သူ့စိတ်ကလည်း
ခါးသီမှုနှင့် မျှော်လင့်ချက်မဲ့မှုတို့ကို တစ်ချိန်တည်းခံစားလိုက်ရလေသည်။
ချန်ရှောင်ဖုန်းဆီက အနိုင်ယူခံရတဲ့ ခံစားချက်က ရန်ကိုင်ဆီက အနိုင်ယူခံရတဲ့
ခံစားချက်ထက် အဆများစွာ ပိုပြီးဆိုးရွားလေသည်။ ချက်ချင်းပဲ ချန်ရှောင်ဖုန်းက
သူ့ဆီကို ရောက်လာပြီး စုမူကသူ့ခန္ဓာကိုယ်ကို လှည့်ရှောင်လိုက်ပြီး ချန်ရှောင်ဖုန်းနဲ့
ထိပ်တိုက်ရင်မဆိုင်ရဲပေ။ ခန္ဓာသန့်စင်ခြင်းအဆင့်၉က သန်မာတာမှန်ပေမယ့်
ကိုင်ယွမ်အဆင့်မှာရှိနေတဲ့ ချန်ရှောင်ဖုန်းကို အနိုင်ယူဖို့ မဖြစ်နိုင်သေးပေ။
ရန်ကိုင်လေနက်တောအုပ်ကို မရောက်ခင်မှာတောင် တိုက်ပွဲဖြစ်နေတဲ့ အသံတွေကို
ကြားနေရလေသည်။ ထို့အပြင် လီယွမ်ရှန်းတို့၏ အော်ဟစ်ဆဲဆို ကျိန်ဆဲသံတို့ကိုလည်း
ကြားနေရလေသည်။ ထို့နောက် ရန်ကိုင်က သွားနေတဲ့အရှိန်ကို မြှင့်လိုက်ပြီး
လမ်းလေးခွဆုံကို ရောက်တဲ့အချိန်မှာတော့ မြေကြီးပေါ်မှာ သွေးသံတရဲရဲနဲ့ လဲလျောင်းနေတဲ့
စုမူကို အံ့အားသင့်ဖွယ် တွေ့လိုက်ရလေသည်။ လူငယ်တစ်ယောက်က သူ့အပေါ်ကနေထိုင်ကာ
ရိုက်နှက်နေပြီး လီယွမ်ရှန်းတို့ကလည်း စုမူနားမှာ ဝိုင်းအုံနေကြလေသည်။ သူတို့ကိုယ်သူတို့
ကာကွယ်ဖို့အကောင်းဆုံး ကြိုးစားပေမယ့် ရန်သူ့ဘက်က လူအရေအတွက်က များလွန်းသဖြင့်
သူတို့၏ ခုခံမှုတွေက အသုံးမဝင်တော့ပေ။ ကောင်းကင်စံအိမ် တပည့်တွေက
တိုက်ပွဲစကတည်းက ရုန်းကန်နေရပြီး စုမူကိုအာရုံစိုက်ဖို့တောင် သူတို့မှာ
အချိန်မရှိပေ။
‘‘ အရှုံးပေးမှာလား၊ မပေးဘူးလား’’ ချန်ရှောင်ဖုန်း၏ လက်သီးချက်က စုမူမျက်လုံး
တည့်တည့်ကို ကျသွားလေသည်။ စုမူ၏မျက်ခုံးက ကွဲနေပြီး ထိုနေရာကနေ
သွေးတွေအဆက်မပြတ် ကျနေလေသည်။ ‘‘မင်းကြီးတော်ကိုသာ အရှုံးပေးလိုက်’’
စုမူက ချန်ရှောင်ဖုန်းမျက်နှာကို သွေးနဲ့ထွေးလိုက်သေလည်။’’´အရှုံးပေးမှာလား၊
မပေးဘူးလား’’ ချန်ရှောင်းဖုန်းက စုမူကိုထိုးကြိတ်ရင်း နောက်တစ်ကြိမ်မေးလိုက်လေသည်။
ဒီတစ်ကြိမ် သူ့လက်သီးက စုမူမေးရိုးပေါ်ကို ကျသွားပြီး ရောင်ကိုင်းသွားစေခဲ့သည်။
‘‘ မင်းဘိုးအေးကိုပဲ အရှုံးပေးခိုင်းလိုက်’’ စုမူက အသက်ကို အမောတကော
ရှုနေရပေမယ့် ကျိန်ဆဲဖို့တော့ မမေ့ပေ။
‘‘အရှုံးပေးမှာလား၊ မပေးဘူးလား’’
‘‘မင်းဘွားအေ***ကိုပဲ အရှုံးပေးခိုင်းလိုက်လေ’’´
ချန်ရှောင်ဖုန်းက စကားအပိုတွေ ပြောမနေတော့ပဲ နောက်တစ်ကြိမ်မမေးခင်
စုမူဆီကို လက်သီးတစ်လုံးသာ ပစ်သွင်းလိုက်လေသည်‘‘ အရှုံးပေးမှာလား၊
မပေးဘူးလား’’ စုမူက အဆက်မပြတ် ကျိန်ဆဲနေသဖြင့် ချန်ရှောင်ဖုန်း၏
လက်သီးချက်တွေက ပိုပြီးပြင်းထန်လာက ရုတ်ရင့်ကြမ်းတမ်းလာလေသည်။
ရန်ကိုင်က အဝေးတစ်နေရာကနေ ထိုမြင်ကွင်းကို ကြည့်နေပြီး စုမူ
ဘယ်လောက်အထိ ခံနိုင်မလဲဆိုတာကို စောင့်ကြည့်နေခဲ့လေသည်။
စုမူပုံစံကို ကြည့်ရင်း အရင်တုန်းက သူ့အကြောင်းတွေကို ပြန်စဉ်းစား
မိလာလေသည်။ သူ့ပြိုင်ဘက်ကို သူမနိုင်သော်လည်း သူဘယ်တော့မှ
အရှုံးပေးလေ့မရှိပေ။ ဒါကရူးမိုက်တာမဟုတ်ဘဲ ခေါင်းမာခြင်းပင် ဖြစ်လေသည်။
အစကတော့ စုမူကိုကူညီဖုိ့ ရန်ကိုင်မှာအစီအစဉ် မရှိပေ။ ပြီတော့ သူခဗျာ
ပြန်တိုက်ဖို့အခွင့်အရေးတောင် မရှိနိုင်လောက်အောင် သူဘယ်လိုလူမျိုးကို
ရန်စမိလဲဆိုတာကိုတော့ သူမသိပေ။ ဒါပေမယ့် သူ့ရဲ့ခေါင်းမာတတ်တဲ့
အကျင့်စရိုက်ကိုမြင်ပြီးတော့ ရန်ကိုင်က စုမူကိုအနည်းငယ် အသိအမှတ်
ပြုသွားခဲ့လေသည်။ အဲ့အချိန်မှာပဲ ချန်ရှောင်ဖုန်းက စုမူကိုအဆက်မပြတ်
ထိုးကြိတ်နေရတာ မောလာခဲ့လေသည်။ စုမူကတစ်ကိုယ်လုံးသွေးနဲ့
စိုရွှဲနေပြီး သူမျက်လုံးတွေက ရောင်ကိုင်းကွဲပြဲနေသော်လည်း သူ့မျက်နှာနဲ့
မျက်လုံးထဲက စက်ဆုပ်ရွံရှာမှုနဲ့ အထင်အမြင်သေးမှုတွေကတော့
အရှင်းပျောက်ကွယ်မသွားပေ။
ဟူမေးအာက အချိန်ကိုက် ဝင်ညှောင့်လိုက်လေသည်‘‘ မောင်လေးချန်၊ မောင်လေးစုကို
လွှတ်ပေးလိုက်ပါတော့။ သူလိုခေါင်းမာတတ်တဲ့သူတွေကို ငါလေးစားတယ်’’ သူမအဲ့လို
ပြောလိုက်တာနဲ့ စုမူကလှည့်လိုက်ပြီး အော်ပြောလိုက်လေသည်‘‘ အရှက်မရှိတဲ့ မိန်းမပျက်မ’’
ချန်ရှောင်ဖုန်းက နှာခေါင်းရှုံ့လိုက်ပြီး ‘‘ ခေါင်းမာတတ်တဲ့ စရိုက်လား။ ငါလည်းအဲ့လို
လူမျိုးကိုမှ သဘောကျတာ’’
သူပြောပြီတာနဲ့ မြေကြီးပေါ်က ကျောက်တုံးတစ်တုံးကို ကောက်ယူလိုက်ပြီး စုမူခေါင်းကို
ချိန်လိုက်လေသည်။
Martial Peak
အပိုင်း (၃၉) တိုက်ပွဲ
စုမူက ချန်ရှောင်ဖုန်းအား အဆိပ်ပြင်းတဲ့မြွေတစ်ကောင်လို ကြည့်နေပြီး
ပြောလိုက်သည်‘‘ မင်းဒီသခင်လေးကို ဒီနေ့မသတ်ရင်နိုင်ရင်တော့
မင်းတစ်နေ့ငါ့လိုခံစားရအောင် ပြန်လုပ်ပြမယ်’’
‘‘ မင်းက ကျက်သတုံးစကားတွေ ပြောနေတုန်းပဲ’’ချန်ရှောင်ဖုန်းရဲ့ အပြစ်ရှိတယ်
ဆိုတဲ့ခံစားချက်က လုံးဝပျောက်ကွယ်သွားပြီး အခုအချိန်မှာတော့ သူ့စိတ်ကို
ဒေါသအရိပ်က လွှမ်းမိုးသွားခဲ့လေပြီ။ သူကကျောက်တုံးနဲ့ စုမူခေါင်းကို ရက်စက်စွာ
ထုချလိုက်ပြီး သူမသေရင်တောင် အပြင်းအထန် ဒဏ်ရာရသွားပေလိမ့်မည်။
‘‘ သခင်လေးစု’’ လီယွမ်ရှန်းတို့အဖွဲ့က မုန်းတိုင်စံအိမ်တပည့်တွေ ဝိုင်းကန်နေသည့်ကြားမှ
ခေါင်းကို လက်နဲ့အုပ်ကာထားရင်း အကူအညီမဲ့စွာ အော်ခေါ်လိုက်လေသည်။
ဟူမေးအာမျက်လုံးထဲ အံ့သြမှုအရိပ်ယောင် ဖြတ်ပြေးသွားပြီး နှလုံးခုန်မြန်လာခဲ့သည်။
ဒါကတပည့်တွေကြားက ငြင်းခုံမှုသာဖြစ်ပေမယ့် အခြားတစ်ယောက်ရဲ့ခေါင်းကို အခုလိုမျိုး
ရိုက်တာကတော့ ကွဲပြားသွားပြီဖြစ်သည်။ သူတို့နှစ်ယောက်ရဲ့ရန်ပွဲက ဒီအခြေအနေထိ
ရောက်လာမယ်လို့ သူမတစ်ခါမှ မတွေးထားခဲ့ပေ။ အကယ်၍စုမူသာ ဒီနေရာမှာ
သေသွားခဲ့ရင် ကောင်းကင်စံအိမ်နဲ့ မုန်တိုင်းစံအိမ်ကြားက မကျေနပ်ချက်တွေက
ဘယ်တော့မှာ ပြေပျောက်တော့မည် မဟုတ်ပေ။
လူတိုင်းရဲ့အတွေးက ကွဲပြားနေပြီး အားလုံးကတော့ ချန်ရှောင်ဖုန်းလက်ထဲက
ကျောက်တုံးကိုသာ အာရုံစိုက်နေကြလေသည်။ ကျောက်တုံးက စုမူမျက်နှာကို
ထိတော့မယ့်အချိန်မှာပဲ ပိန်ပိန်ပါးပါး လက်တစ်ဖက်က ရုတ်တရက်ကျောက်တုံးရှေ့မှာ
ထွက်ပေါ်လာလေသည်။ ထိုလက်က သန်မာတဲ့ပုံမပေါက်ပဲ သာမန်လက်တွေထက်တောင်
ပိန်နေပြီး ကျောက်တုံနဲ့ရိုက်မိတာနဲ့ သွေးတွေပန်းထွက်လာခဲ့လေသည်။ ထိုလက်ကြောင့်သာ
စုမူကံကောင်းသွားခဲ့ခြင်း ဖြစ်လေသည်။
စုမူဘာမှမဖြစ်မှန်း သိလိုက်ရတော့မှပဲ လီယွမ်ရှန်းတို့အားလုံး စိတ်သက်သာရာ
ရသွားလေသည်။ စိုးရိမ်စွားနဲ့ ဒီလိုအရေးကြီးနေတဲ့ အချိန်မှာ ကျောက်တုံးကို
ဘယ်သူတားလိုက်လဲဆိုတာ သိရအောင် ခေါင်းမော့ကြည့်လိုက်တဲ့အခါမှာတော့
သူတို၏အမူအရာတွေက ထိတ်လန့်ရှက်ရွံ့မှုတွေနဲ့ အစားထိုးသွားလေသည်။
‘‘စီနီယာကိုင်’’ လီယွမ်ရှန်းက အော်ခေါ်လိုက်လေသည်။ သူအမျိုးမျိုးတွေးခဲ့သော်လည်း
သူတို့ရဲ့ကယ်တင်ရှင် ရန်ကိုင်ဖြစ်နေလိမ့်မယ်လို့ တစ်ခါမှမတွေးခဲ့ဖူးပေ။ အဲ့အချိန်မှာ
လီယွမ်ရှန်းက အလွန်အမင်း ရှက်ရွံ့သွားပြီး မျက်နှာမဖော်ရဲတော့ပေ။
ရန်ပွဲက ရုတ်တရက်ရပ်ဆိုင်းသွားပြီး မုန်တိုင်းစံအိမ်တပည့်တွေကလည်း
လီယွမ်ရှန်းတို့အဖွဲ့ကို ကန်ကျောက်နေတာကို ရပ်လိုက်လေသည်။ ကောင်းကင်
စံအိမ်တပည့်တွေက ထိုအခွင့်အရေးကိုယူကာ ဒဏ်ရာတွေကို ပြန်ကုစားဖို့
ကြိုးစားလိုက်လေသည်။ ဘေးမှာရပ်နေတဲ့ ဟူမေးအား၏ ပါးစပ်လေးက
ထိတ်လန့်မှုကြောင့် ပွင့်အားနေပြီး ရန်ကိုင်ကိုငေးကြည့်နေလေသည်။
ထိုပိန်ပိန်ပါးပါး ကောင်လေးလက်က သွေးတွေတရစပ် စီးကျနေသော်လည်း
သူမျက်မှောင်တစ်ချက်တောင် မကြုံ့ပေ။ ပြောင်းပြန်အနေနဲ့ သူမျက်နှာကာ
စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်တွေနဲ့ ပြည့်နေပြီး သူ့မျက်လုံးတွေက
ရက်စက်ကြမ်းကြုတ်မှုနဲ့ တလက်လက်တောက်ပနေလေသည်။
ဘာကြောင့်လဲမသိပေမယ့် ရန်ကိုင်ကအန္တရာယ်ရှိတဲ့ လူတစ်ယောက်လို့
သူမခံစားနေရလေသည်။ အနီရောင်သွေးတွေက သူ့လက်ချောင်းကနေတစ်ဆင့်
မြေကြီးပေါ်ကို စီးကျနေပြီး တိတ်ဆိတ်မှုကို ဖြိုခွဲနေလေသည်။ ချန်ရှောင်ဖုန်းက
ရန်ကိုင်အပေါ်မှာသာ အာရုံစိုက်နေပြီး အေးစက်စက်မေးလိုက်သည်
‘‘ မင်းကောင်းကင်စံအိမ်က တပည့်တစ်ယောက်လား’’
‘‘ဟုတ်တယ်’’ ရန်ကိုင်ကခေါင်းညိတ်လိုက်ပြီး သူ့လက်ကနာကျင်မှုကြောင့်
့သွးတွေဆူပွက်လာကာ စိတ်လှုပ်ရှားလာပြီး တိုက်ခိုက်ချင်စိတ်ကို
မနည်းထိန်းချုပ်ထားရပေသည်။ ‘‘ မင်းဘာလို့ အခြားသူတွေရဲ့ ကိစ္စမှာ
ဝင်ရှုပ်ရတာလဲ’’ ချန်ရှောင်ဖုန်းက အထက်စီးဆန်ဆန် မေးလိုက်ပြီး သူ့နောက်လိုက်
တွေက မောက်မာစွာပြုံးရင်း လီယွမ်ရှန်းတို့အဖွဲ့ကို ဝိုင်းထားလိုက်ကြလေသည်။
‘‘အခြားသူတွေရဲ့ အရေးကိစ္စလား’’ ရန်ကိုင်က ပျင်းရိစွာလှောင်ပြုံးပြုံးလိုက်ပြီး
‘‘ငါကကောင်းကင်စံအိမ်က တပည့်လို့ပြောပြီးပြီလေ။ ဒါကဘယ်လိုလုပ်ပြီး
ဝင်ရှုပ်တာဖြစ်ရမှာလဲ။ အဲ့ဒါကို ထည့်မတွက်ရင်တောင် သူတို့ကငါ့ကို
စီနီယာလို့ ခေါ်နေသေးတယ်လေ’’
‘‘ကောင်းတယ်၊ မင်းကကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ’’ ချန်ရှောင်ဖုန်းက ရယ်လိုက်သည်။
‘‘စီနီယာကိုင်၊ မြန်မြန်ထွက်သွားတော့’’ လီယွမ်ရှန်းက ကြမ်းပြင်ပေါ်မှာ တွားသွားရင်း
အကျယ်ကြီး အော်ပြောလိုက်သည်‘‘ သူတို့မှာလူတွေအများကြီးပဲ ။စီနီယာသူတိုိ့ကို
နိုင်မှာမဟုတ်ဘူး။ မြန်မြန်ထွက်သွားတော့….’’ လီယွမ်ရှန်းက ကံဆိုးပြီး မုန်တိုင်းစံအိမ်
တပည့်တွေအနားမှာ ရောက်နေသဖြင့် သူအော်ဟစ်သံကြောင့် မုန်းတိုင်းစံအိမ်
တပည့်တစ်ယောက်က သူ့နောက်စိကိုရိုက်ပြီး သတိမေ့အောင် လုပ်လိုက်လေသည်။
ချန်ရှောင်ဖုန်းနဲ့ ရန်ကိုင်က စကားပြိုင်နေကြသလို သူတို့လက်တွေကလည်း ငြိမ်မနေပေ။
ချန်ရှောင်ဖုန်းက အားအကုန်သုံးပေမယ့် ကျောက်တုံးက လက်ပေါက်လာသလိုမျိုး
ရန်ကိုင်လက်ထဲမှာ မြဲနေလေသည်။ ချန်ရှောင်ဖုန်းက စဦးဒြပ်စင်ဆင့်ကို ရောက်နေပြီး
သူ့ရှေ့က လေတိုက်ရင်တောင် လဲကျသွားနိုင်တဲ့ ဂျပိန်ရိုးကောင်က ခန္ဓာသန့်စင်ခြင်း
အဆင့်မှာသာ ရှိနေသေးသော်လည်း သူ့ကိုဆန့်ကျင်နိုင်လေသည်။ ဒါက ချန်ရှောင်ဖုန်း၏
ဒေါသမီးတောက်ကို ပိုပြီးတောက်လောင်သွားစေခဲ့လေသည်။ ချက်ချင်းပဲ ကျောက်တုံးကို
လွှတ်လိုက်ပြီး ပြောလိုက်သည်‘‘သူ့ကိုရိုက်ကြစမ်း’’
ဘေးနာက မုန်တိုင်းစံအိမ်တပည့်တွေက ထိုအမိန့်ပေးသံကိုကြားပြီး ရန်ကိုင်ဆီ
ပြေးဝင်သွားကြလေသည်။ ရန်ကိုင်ကချက်ချင်း ရှောင်တိမ်းလိုက်ပြီး သူ့လက်ထဲက
ကျောက်တုံးနဲ့ အနားကကောင်းကင်စံအိမ်တပည့်ဆီကို ထုချလိုက်လေသည်။
ဘာပဲဖြစ်ဖြစ် ရန်ကိုင်လက်သီးက လက်နက်တစ်ခုကို မယှဉ်ပြိုင်နိုင်ပေမယ့်
သူကိုင်ထားတဲ့ကျောက်တုံးက သူ့လက်သီးထက်တော့ အားပြင်းလေသည်။
ကောင်းကင်စံအိမ်တပည့် အနားမရောက်ခင်
ရန်ကိုင်ကသူ့ခေါင်းကို ကျောက်တုံးနဲ့ ရက်ရက်စက်စက် ထုချလိုက်လေသည်။
ထိုတပည့်ခေါင်း ဟက်တက်ကွဲသွားပြီး နီရဲရဲအသားစိုင်ကြီးတွေ ထွက်လာကာ
မြေပြင်ပေါ်လဲကျသွားလေသည်။
ရန်ကိုင်က ထိုတပည့်ကို ရိုက်ပြီးတာနဲ့ ရပ်တန့်မနေပဲ သူ့လှု့ပ်ရှားမှုတွေက
ပိုပြီးထက်မြက်လာပြီး ယုန်နားနီးနေတဲ့ သိမ်းငှက်တစ်ကောင်လိုမျိုး
သူ့အနားက နောက်ထပ်တပည့်တစ်ယောက်ကို ထုချလိုက်ပြန်သည်။
ရန်ကိုင်၏ထုချက်က အရမ်းပြင်းထန်ပြီး သူ့နည်းလမ်းတွေက အလွန်ရက်စက်ကာ
အခြားသူတွေ စိတ်ကူထားတာနဲ့ တခြားစီဖြစ်နေလေသည်။ ချက်ချင်းပဲ
ရန်ကိုင်က မုန်တိုင်းစံအိမ်တပည့်လေးယောက်ကို အမှောက်သိပ်လိုက်ပြီး
ကျောက်တုံးလည်း ကွဲကြေသွားသေလည်။ နောက်ထပ်လက်သီးတစ်လုံး
ပစ်သွင်းလိုက်တာနဲ့ ကျောက်တုံးစတွေက လက်နက်ပုန်းတွေလိုမျိုး အဘက်ဘက်ကို
ပျံ့နှံ့သွားလေသည်။ ချက်ချင်းပဲ နေရာတစ်ခုလုံး မုန်တိုင်းစံအိမ်တပည့်တွေ၏
စိတ်ပျက်စရာကောင်းလောက်တဲ့ ညီးတွားသံတွေနဲ့ ပြည့်နှက်သွားလေသည်။
ထိုအရာကို အခွင့်ကောင်းယူကာ ရန်ကိုင်ကနောက်ထပ် မုန်တိုင်းစံအိမ်
တပည့်နှစ်ယောက်ကို လွင့်ပျံထွက်သွားအောင် လုပ်လိုက်လေသည်။ ဒါပေမယ့်
သူလည်းတဖြည်းဖြည်း မောလာခဲ့လေသည်။
မုန်တိုင်းစံအိမ်တပည့် အရေအတွက်က မနည်းတဲ့အတွက် သူတစ်ယောက်ချင်းစီကို
အနိုင်ယူနိုင်သော်လည်း လေးဘက်လေးတန်ကလာတဲ့ ရန်သူတွေကို
ရင်ဆိုင်ဖို့ကတော့ ထင်သလောက်မလွယ်ပေ။ ရန်ကိုင်က ယိုင်တိယိုင်တိုင်
ဖြစ်နေပြီး လဲကျသွားတဲ့ မုန်တိုင်းစံအိမ် တပည့်တွေကတော့ တစ်ကိုယ်လုံး
ရေနွေးပူလောင်သလိုမျိုး ဖြစ်နေလေသည်။ ရန်ကိုင် လေ့ကျင့်ခဲ့တဲ့
အစစ်အမှန်ယန်နည်းစနစ် ကျင့်စဉ်ကြောင့် သူ့တိုက်ခိုက်မှုတိုင်းမှာ
ယန်ချီတွေပါဝင်နေပြီး ခန္ဓာသန့်စင်ခြင်းအဆင့် ၆၊အဆင့်၇လောက်ပဲ
ရှိတဲ့သူတွေက ခုခံနိုင်မည်မဟုတ်ပေ။ဒါပေမယ့် ရန်ကိုင်က သူ၏
အခုတိုက်ခိုက်မှုတွေမှာ ယန်အရည်စက်ကို ထည့်သွင်းအသုံမပြုရသေးပေ။
ရန်အရည်စက်ကိုသာ အသုံးပြုလိုက်မယ်ဆိုရင် သူ့တိုက်ခိုက်မှုတွေက
ပိုပြီးပြင်းထန်သွားမှာ ဖြစ်ပေသည်။ ဒီအတောအတွင်း သူယန်အရည်စက်
တစ်စက်ပဲ သိပ်သည်းနိုင်သေးတဲ့အတွက်ကြောင့်သာ အခုတိုင်က်ပွဲမှာ မသုံးသေး
ခြင်းဖြစ်ပေသည်။ ရန်ကိုင်အနိုင်ယူခဲ့တဲ့ မုန်တိုင်းစံအိမ်တပည့် အရေအတွက်က
နည်းနည်းလေးမဟုတ်ပေမယ့် သူကို်ယ်တိုင်အတွက်လည်း မလွယ်ကူခဲ့ပေ။
သူကိုယ်တိုင်က ခန္ဓာသန့်စင်ခြင်းအဆင့်၇မှာသာ ရှိသေးပြီး ရွေ့လျားခြင်း
ပညာရပ်တစ်ခုမှလည်း မလေ့ကျင့်ရသေးပေ။ ဒါကြောင့် တပည့်တွေအကုန်လုံး၏
တိုက်ခိုက်မှုကို သူမရှောင်တိမ်းနိုင်တာ မထူးဆန်းပေ။
ရန်ကိုင်နဖူးကနေ သွေးတစ်စက်စက် ကျနေပြီး သူ့လက်မောင်းနဲ့
ခြေထောက်တွေအကုန်လုံး အညိုမဲစွဲနေလေသည်။ ထိုဒဏ်ရာတွေ
အကုန်လုံးက ရန်ကိုင်၏တိုက်ပွဲဝင်စွမ်းအားကို မလျော့ကျသွားစေရုံမက
သူ့ကိုတိုက်ခိုက်ဖို့ ပိုပြီးခက်ခဲလာစေပြီး သူ့၏တိုက်ခိုက်မှုတွေကလည်း
ပိုပိုပြီး ပြင်းထန်လာခဲ့လေသည်။ သူ့အရိုးထဲကနေ နွေးထွေးတဲ့ခံစားမှု
တစ်ခုထွက်ပေါ်လာခဲ့ပြီး သူခွန်အားတွေ ပြန်ပြည့်လာရုံမက
တိုက်ပွဲဝင်စွမ်းအားကလည်း အနည်းငယ်ပိုတိုးလာခဲ့လေသည်။ ရန်ကိုင်က
ရွှေရောင်အရိုးခြောက်၏ လျှို့ဝှက်ဆန်းကြယ်မှုကို အမှန်တကယ်မသိပေ။
သူဒဏ်ရာရလိုက်တဲ့အချိန်တိုင်း ထိုဒဏ်ရာတွေက ရွှေရောင်အရိုးခြောက်၏
ကုသခြင်းစွမ်းအားကို လှုံ့ဆော်လိုက်ပြီး သူ့ကို ပိုပြီးသန်မာလာစေပါသည်။
ဒီလိုအဆက်မပြတ်ထူးဆန်းတဲ့ အခြေအနေတွေကို မြင်တွေ့နေရသော
ဟူမေးအာခင်ဗျာတော့ သူမ၏ချယ်ရီရောင် နှုတ်ခမ်းလေးကို မပိတ်နိုင်တော့ပဲ
တောက်လျှောက် ပွင့်အာနေခဲ့လေသည်။ အစကတော့ ဒီကောင်းကင်စံအိမ်တပည့်ကို
ချန်ရှောင်ဖုန်းက ရက်စက်ကြမ်းကြုတ်စွာ ရိုက်ပုတ်မယ်လို့ သူမမျှော်လင့်ထားပေမယ့်
အခုအခြေအနေတွေက သူမခန့်မှန်းထားတာတွေနဲ့ တခြားစီဖြစ်နေလေသည်။
မြေပြင်ပေါ်မှာ လဲလျောင်းနေတဲ့ မုန်တိုင်းစံအိမ် တပည့်၁၀ယောက်ရှိပြီး ထိုတပည့်
၁၀ယောက်လုံး၏ အရေပြားတွေကလည်း ရေနွေးပူလောင်ထားသလို ဖြစ်နေကာ
နာကျင်မှုကြောင့် အော်ဟစ်ညီတွားနေကြလေသည်။ ဒါတောင် ကျောက်ခဲကြောင့်
သတိလစ်သွာတဲ့ မုန်တိုင်းစံအိမ်၏ ပထမဆုံးတပည့်နှစ်ယောက် မပါသေးပေ။
ဒီလူက တိုက်ခိုက်ဖို့ သူ့ချီတွေကို သုံးနေတာလား။ ဟူမေးအာက ဒီအချက်ကြောင့်
အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားခဲ့လေသည်။ ခန္ဓာသန့်စင်ခြင်းအဆင့်
ကျင့်ကြံသူတွေအနေနဲ့ ချီစွမ်းအားဆိုတာကပြန်ဖြည့်ဖို့ အလွန်အမင်းခဲယဉ်းပြီး ပိုသုံးလေ
ပြန်ဖြည့်ဖို့ ပိုပြီးခက်ခဲလေပင်။ ဒါက ကိုယ့်သေတွင်းကိုုယ်တူးနေတာနဲ့တူပြီး
အခက်မသင့်ရင် ကျင့်ကြံခြင်းအခြေခံကိုတောင် ထိခိုက်နိုင်လေသည်။
Martial Peak
အပိုင်း (၄၀) မင်းကဒီလောက်တောင် သန်မာတာလား
ရန်ကိုင်နဲ့ မုန်တိုင်းစံအိမ်ကြားက ပြင်းထန်တဲ့တိုက်ပွဲက ဆက်လက်
ဖြစ်ဟွားနေပြီး စံအိမ်တပည့်တစ်ယောက် လဲကျသွားတိုင်း ရန်ကိုင်လည်း
ဒဏ်ရာအသစ်တစ်ခု ရလေသည်။ မရပ်မနား တိုက်ခိုက်မှုကြောင့် ရန်ကိုင်
ဝတ်ရုံတစ်ခုလုံး သွေးတွေစွန်နေပြီး ရဲရဲနီနေလေသည်။ ထို့အပြင် အသက်ကို
အမောတကော ရှုနေရပြီး သူ့လည်းပင်းက သွေးကြောတွေကို ထင်းထင်းကြီး
မြင်နေရကာ သူ့သွေးရောင်မျက်လုံးတွေကြောင့် သူ့ကိုယ်တိုင် သွေးဆာနေတဲ့
သားရဲတစ်ကောင် အဖြစ်သို့ပြောင်းလဲသွားပုံပေါက်နေလေသည်။ သည်းမခံနိုင်စွာပဲ
စုမူကနာကျင်မှုကြောင့် မြေကြီးပေါ်မှာလဲလျောင်းနေရင်း ရန်ကိုင်၏
မြေကမ္ဘာတုန်ခါစေနိုင်လောက်သော တိုက်ခိုက်မှုတွေကို ငေးစိုက်ကြည့်နေလေသည်။
ရန်ကိုင်က တပည့်တစ်ယောက်ကို အနိုင်ယူပြီးတိုင်း နောက်တစ်ယောက်ပေါ်လာကာ
သူ့စိတ်ထဲမှာ ရှင်းပြမရနိုင်တဲ့ ခံစားချက်တစ်ခုကို ရလိုက်လေသည်။ ဒီနေ့
ကိစ္စက သူ့ကြောင့်ဖြစ်တာဖြစ်ပြီး ရန်ကိုင်ကသူ့ရန်သူဖြစ်ပေမယ့် သူကို
သေမင်းထံမှာ လွတ်မြောက်အောင် ကူညီပေးခဲ့လေသည်။
သူကူညီပေးချင်သော်လည်း သူရထားတဲ့ဒဏ်ရာတွေကြောင့် မကူညီနိုင်ပေ။
‘‘ဘုန်း’’ နောက်ထပ် မုန်တိုင်းစံအိမ်တပည့်တစ်ယောက်က လွင့်ပျံထွက်သွားပြီး
မြေပြင်ပေါ်ကျကာ နာကျင်စွာညီးတွားနေလေသည်။ အစစ်အမှန် ယန်နည်းစနစ်က
ထုတ်လွှတ်တဲ့ ယန်ချီတွေကြောင့် သူ့တစ်ကိုယ်လုံး ပူလောင်နေပြီး
သည်းမခံနိုင်လောက်အောင် နာကျင်နေလေသည်။ ရန်ကိုင်၏သွေးရောင်
မျက်လုံးတွေက ချန်ရှောင်ဖုန်းကို စောင်းကြည့်လိုက်ပြီး သူမျက်နှာပေါ်မှာတော့
အေးစက်ပြီး ဆန်းကြယ်တဲ့ အပြုံးတစ်ခုရှိနေလေသည်။ ချန်ရှောင်ဖုန်း၏
စိတ်က ကသောင်းကနင်းဖြစ်နေပြီး ရန်ကိုင်၏ရက်စက်ကြမ်းကြုတ်မှုက
သူ့ကိုကြောက်ရွံ့သွားစေခဲ့သေလည်။အဲ့အချိန်မှာပဲ ဟူမေးအာက
အထင်သေးမှုအပြည့်နဲ့ ရယ်လိုက်လေသည်။
ထိုရယ်သံကြောင့် ချန်ရှောင်ဖုန်း ရှက်သွားပြီး သူ့ကိုယ်သူတည်ငြိမ်အောင်
လုပ်ကာ ရန်ကိုင်ကို အေးစက်စက်ကြည့်ပြီး ပြောလိုက်သည်‘‘ မင်းအဲ့လောက်
သန်မာလိမ့်မယ်လို့ ငါမထင်ထားဘူး’’ ရန်ကိုင်က တစ်လှမ်းချင်း လှမ်းနေလိုက်သည်။
သူ့ခြေလှမ်းတွေက တည်ငြိမ်နေပြီး သူ့ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ကလည်း ရူးသွပ်နေတဲ့
ဖိအားမုန်တိုင်း တစ်ခုကို ထုတ်လွှတ်လျက်ရှိလေသည်။ ချန်ရှောင်ဖုန်း၏ အသက်ရှုသံက
တဖြည်းဖြည်း မြန်လာပြီး သူ့အမူအရာက ပြောင်းသွားကာ အော်ပြောလိုက်လေသည်
‘‘ မင်းက ကိုယ့်သေလမ်း ကိုယ်ရှာနေတာပဲ။ သေတော့မှပဲ ငါ့ကိုအပြစ်မတင်နဲ့’’
သူပြောပြီးတာနဲ့ သူ့ခါးပတ်ထဲကနေ ဆေးဘားဓားတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။
သူစုမူနဲ့ တိုက်ခိုက်တုန်းက ဆေးဘားဓားကို ထုတ်မသုံးခဲ့ပေ။ ဘာကြောင့်လဲဆိုတော့
သူစုမူကို အဲ့လောက်ကြီး အရေးမစိုက်ပေ။ သူကျောက်တုံးကိုသာအသုံးခဲ့သည်။
အကြောင်းပြချက်ကတော့ အဲ့အချိန်မှာ သူအရာရာကို သဲသဲကွဲကွဲ
မတွေးတောနိုင်တောသောကြောင့် ဖြစ်လေသည်။ ဒါပေမယ့် ရန်ကိုင်ကို
လက်နက်မပါပဲ ရင်ဆိုင်ဖို့ကတော့ သူမှာယုံကြည်ချက်မရှိပေ။ ရန်ကိုင်ကို
ဖုံးလွှမ်းနေတဲ့ သွေးတွေက အရမ်းကိုရက်စက်ကြမ်းကြုတ်လေသည်။
‘‘သတိထား၊ သူကိုင်ယွမ်အဆင့်ကို ရောက်နေပြီ’’ စုမူပြောလိုက်ပေမယ့်
သူအသံက ဝေဝေဝါးဝါးပင်။
ချန်ရှောင်ဖုန်းက ကျေနပ်သွားပြီး ချက်ချင်းပဲမောက်မာသွားပြီး အော်ဟစ်ပြောလိုက်လေသည်
‘‘ ကောင်စုတ်လေး၊ မင်းကခန္ဓာသန့်စင်ခြင်းအဆင့် မှာပဲရှိသေးတာ ဘယ်လိုလုပ်ပြီး
ငါ့ပြိုင်ဘက်ဖြစ်နိုင်မှာလဲ။မင်းရဲ့ယွမ်ချီတွေကို ဒီလောက်တောင် သုံးပြီပြီဆိုတော့
ပြန်သက်သာဖို့ အနည်းဆုံး လအနည်းငယ်လောက် အနားယူရဦးမှာ ။မင်းသာ
ဆက်တိုက်နေမယ်ဆိုရင် မင်းရဲ့အခြေခံကို ထိခိုက်ပြီး အဆင့်ချိုးဖျက်ဖို့
မျှော်လင့်ချက်ရှိတော့မှာ မဟုတ်ဘူး။ ဒါကြောင့် အခုလိမ်လိမ်မာမာနဲ့ ဒူထောက်ပြီး
ငါ့ခွင့်လွှတ်မှုကို တောင်းခံရင်တော့ ငါ….’’
ရန်ကိုင်က သူ့ဆီကို မြန်မြန်ဆန်ဆန်ပဲ ပြေးဝင်သွားပြီ ဖြစ်သည်။
‘‘မင်း…’’ ချန်ရှောင်ဖုန်းက ထိတ်လန့်သွားပြီး ဒီကောင်ကအရူးလား။ ငါကိုင်ယွမ်အဆင့်မှန်း
သိနေတာတောင် မင်းကငါ့ဆီပြေးဝင်လာရဲတယ်ပေါ့။ သူအံ့သြသွားသော်လည်း
ချန်ရှောင်ဖုန်းက ဂရုမစိုက်ဘဲ မနေရဲပေ။ သူဆေးဘားဓားကိုဆုပ်ကိုင်ပြီး ရန်ကိုင်ကို
ထိုးလိုက်လေသည်။ ချန်ရှောင်ဖုန်းရဲ့ တိုက်ခိုက်မှုကို ရန်ကိုင်က အခြားသူများအတိုင်း
မဟုတ်ဘဲ သူ့လက်နဲ့တိုက်ရိုက် ခုခံလိုက်လေသည်။
ဆေးဘားဓားက သာမန်လက်နက် တစ်ခုဖြစ်သော်လည်း ထိုဓါးက ထက်တဲ့
လက်နက်တစ်ခုပင် ဖြစ်လေသည်။ သာမန်လူတစ်ယောက်၏ ခန္ဓာကိုယ်က
ဒီလိုတိုက်ခိုက်မှုမျိုးကို ဘယ်လိုလုပ်ပြီး ခုခံနိုင်မှာလဲ။ ရန်ကိုင်က သူ့သေလမ်း
သူရှာနေတယ်လို့ တွေးရင်း ချန်ရှောင်ဖုန်း၏ အမူအရာက အလွန်အမင်း
ကျေနပ်နေလေသည်။ ဆေးဘားဓါးအရှိန်ကို မြှင့်လိုက်ပြီး ရန်ကိုင်၏လက်ဝါးကို
ထိုးစိုက်လိုက်လေသည်။ လူတိုင်းတွေးထားတဲ့အတိုင်း ဓါးက ရန်ကိုင်လက်ကို
ထိတာနဲ့ လက်ဝါးကိုဖောက်ထွက်သွားပြီး သွေးတွေပန်းထွက်လာလေသည်။
ဟူမေးအာလည်း ကြောင်အသွားခဲ့လေသည်။ အစတုန်းကတော့ ရန်ကိုင်က
ချန်ရှောင်ဖုန်းကို ရင်ဆိုင်ဖို့ ယုံကြည်ချက်ရှိနေတာကို တွေ့လိုက်ရတော့
သူ့မှာချန်ရှောင်ဖုန်းကို ရင်ဆိုင်ဖို့နည်းလမ်း တစ်ခုခုရှိမှာပဲလို့ တွေးနေပေမယ့်
ရန်ကိုင်က ချန်ရှောင်ဖုန်းကြောင့် အလွယ်တကူ ဒဏ်ရာရသွားတာကို
တွေ့လိုက်တဲ့အခါမှာတော့ သူမစိတ်ပျက်သွားခဲ့လေသည်။ အဆုံးမှာတော့
ဒီလူက ဘာမှသိပ်မဟုတ်ပဲ ရူးသွပ်နေတဲ့ သူတစ်ယောက်သာ ဖြစ်လေသည်။
ဟူမေးအာ၏အတွေးတွေ မပြီးဆုံးခင်မှာပဲ ထိုအရာတွေက ချက်ချင်း၁၈၀ဒီဂရီ
ပြောင်းလဲသွားလေသည်။ ချန်ရှောင်ဖုန်းရဲ့ဓါးက ရန်ကိုင်လက်ဝါးထဲကို
စိုက်ဝင်သွားသော်လည်း ရန်ကိုင်က ရန်တန့်မနေပဲ ချန်ရှောင်ဖုန်းနားကို
တိုးကပ်သွားလေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ လူနှစ်ယောက်က
ဖတ်…ရန်ကိုင်၏ထုတ်ချင်းပေါက် ထိုးခံလိုက်ရတဲ့လက်က ဆေးဘားဓါး၏
လက်ကိုင်ကို ဆုပ်ကိုင်လိုက်လေသည်။ သူ့ရှေ့ကသွေးရူးသွေးတန်း ဖြစ်နေတဲ့
ရန်ကိုင်ကိုကြည့်ရင်း ချန်ရှောင်ဖုန်းက အကြောက်တရားကို မဖုံးကွယ်နိုင်တော့ပေ။
သူ့ဆေးဘားဓါးကို ပြန်ဆွဲယူဖို့ကြိုးစားပေမယ့် ရန်ကိုင်က ဓါးကိုတင်းတင်းကျပ်ကျပ်
ဆုပ်ကိုင်ထားလေသည်။ မိစ္ဆာဆန်ဆန်ရယ်လိုက်ရင်း ရန်ကိုင်၏သွေးရောင်
မျက်လုံးတွေက သွေးဆာနေတဲ့ အရိပ်အယောင် ဖြတ်ပြေးသွားပြီး
သူ့လက်တစ်ဖက်နဲ့ ချန်ရှောင်ဖုန်း မျက်နှာကိုထိုးချလိုက်လေသည်။ ချန်ရှောင်ဖုန်းက
သူ့ယွမ်ချီကိုသုံးရင်း သူ့လက်မောင်းတစ်ဖက်နဲ့ ကမန်းကတန်း ကာလိုက်လေသည်။
ဒါပေမယ့် ကိုင်ယွမ်အဆင့်ကို ချိုးဖျက်ဝင်ရောက်စ ဖြစ်သောကြောင့်
သူ့မှာ ယွမ်ချီအများကြီးမရှိပေ။ ရန်ကိုင်လက်သီးက သူ့မျက်နှာပေါ်ကို
ရက်ရက်စက်စက် ကျသွားပြီး သွားတစ်ချောင်း ကျွတ်သွားကာ
သူ့ပါးလည်း ရောင်ကိုင်းလာခဲ့လေသည်။ ထို့နောက် သူ့မျက်နှာပေါ်ကို
ရေနွေးပူ အဆက်မပြတ်လောင်ချနေသလိုမျိုး သူ့မျက်နှာတစ်ခုလုံး
ပူလောင်လာလေသည်။ ဒီလောက်တောင် ကြောက်ဖို့ကောင်းတဲ့
ယွမ်ချီတွေ..ချန်ရှောင်ဖုန်း နောက်ဆုံးထိတ်လန့်သွားခဲ့လေသည်။
သူက ကိုင်ယွမ်အဆင့်သို့ ရောက်နေသော်လည်း သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့
ချီက ကျူးကျော်ဝင်ရောက်လာတဲ့ ယန်ချီတွေကို တားဆီးနိုင်ခြင်းမရှိပေ။
သိပ်မကြာခင်မှာပဲ သူခေါင်းမူးလာခဲ့လေသည်။ သူအာရုံမစိုက်နိုင်
ဖြစ်နေတဲ့အချိန်မှာ ရန်ကိုင်၏ဒုတိယလက်သီးက သူ့မျက်နှာပေါ်
ကျရောက်လာခဲ့ပြီး သူ့စိတ်ကိုဝေဝါးသွားစေခဲ့လေသည်။ နောက်ထပ်
လက်သီးတစ်လုံးက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ပျော့ခွေသွားစေပြီး
ရန်ကိုင်ရှေ့မှာ ဒူးထောက်ကျသွားစေခဲ့လေသည်။ ထိုနောက် ရန်ကိုင်က
သူ့ခြေထောက်ိုသုံးက ချန်ရှောင်ဖုန်းအား အဝေးကိုကန်ထုတ်လိုက်လေသည်။
ဟူမေးအာက အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေခဲ့လေသည်။ ရန်ကိုင်က
ချန်ရှောင်ဖုန်း၏ဓါးကို ဆုပ်ကိုင်လိုက်တာက ရူးနေလို့မဟုတ်ပဲ သူ့မှာကိုယ်ပိုင်
အစီအစဉ် ရှိနေလို့ပဲဖြစ်လေသည်။ သူဆေးဘားဓါးကို ဆုပ်ကိုင်နိုင်လိုက်တာနဲ့
ချန်ရှောင်ဖုန်းက လှုပ်ရှားလို့မရတော့ပဲ ကောင်းမွန်စွားလည်း တိုင်နိုင်တော့မည်
မဟုတ်ပေ။ မုန်းတိုင်စံအိမ် တစ်ဒါဇင်ကျော်နှင့် ကိုင်ယွမ်အဆင့်ကို ရောက်နေတဲ့
ချန်ရှောင်ဖုန်း အပါအဝင် သူတို့အားလုံး ရန်ကိုင်ရဲ့အမှောက်သိပ်ခြင်းကို
ခံလိုက်ရလေသည်။ သူလှည့်လိုက်ပြီး ဟူမေးအားကို သွေးရောင်မျက်လုံးတွေနဲ့
ကြည့်လိုက်တဲ့ အချိန်မှာတော့ သူမ တုန်လှုပ်သွားလေသည်။
ခန္ဓာသန့်စင်ခြင်းအဆင့်နဲ့ ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ လူမျိုးကို သူမ
တစ်ခါမှ မတွေ့ဖူးပေ။ ဒါကလူငယ်ကျင့်ကြံသူတွေကို ပုံသွင်းနိုင်မယ့်
သွေးရောင်လွှမ်းတဲ့ တိုက်ပွဲတစ်ခုဖြစ်ပြီး သူမဒီလိုတစ်ခါမှ မကြုံဖူးပေ။
‘‘ချီ..ချီ…’’ သွားကြိတ်သံတွေ ထွက်ပေါ်လာပြီး ရန်ကိုင်က သူ့လက်ထဲမှာ
စိုက်ဝင်နေတဲ့ ဆေးဘားဓါးကို အသာအယာ ဆွဲထုတ်လိုက်လေသည်။
ဒီဓါးကိုဆွဲထုတ်တဲ့ တစ်ချိန်လုံး သူမျက်မှောင်တစ်ချက်တောင် မကြုံ့ပဲ
ဓါးကိုဘေးဘက်ကို ပစ်လိုက်ပြီး ဟူမေးအားဆီကို အေးအေးဆေးဆေး
လမ်းလျှောက်သွားလေသည်။ ဟူမေးအာက တုန်လှုပ်စွာနဲ့
နေရာမှာပဲ ရပ်နေပြီး ကြောက်ရွံ့စွာနဲ့ တံတွေးတစ်လုပ် မျိုချမိလိုက်သည်။
ထို့နောက် သူမအားတင်းရင်း အနှစ်မပါသော ရယ်သံကြီးနဲ့ ရယ်လိုက်လေသည်။
သူမပြုံးလိုက်တာနဲ့ သူမ၏သေးသွယ် ချောမွတ်သောလည်တိုင်လေးကို
ရန်ကိုင်၏သွေးသံတရဲရဲလက်က ဆုပ်ကိုင်ထားပြီးပြီဖြစ်လေသည်။
သူမခြေထောက်က မြေကြီးပေါ်ကနေ မြောက်တက်သွားပြီး ညည်းတွား
လိုက်လေသည်။ သူမ၏ညည်းတွားသံက ပုရိသယောက်ျားအပေါင်းကို
မူးမေ့သွားစေ နိုင်လောက်လေသည်။ ရန်ကိုင်က သူ့လက်နဲ့ ဟူမေးအာ
လည်းပင်းကို ဆုပ်ကိုင်ထားရင်း အေးစက်စက်ရယ်လိုက်လေသည်။
ဟူမေးအာ နှလုံးခုန်မြန်လာပြီး ကြောက်ကြောက်ရွံ့ရွံ့နဲ့ မြန်မြန်ဆန်ဆန်ပဲ
ရှင်းပြလိုက်လေသည်‘‘ငါက သူတို့နဲ့အတူတူ မဟုတ်ပါဘူး။ ငါကသွေးတိုက်ပွဲ
ဂိုဏ်းကပါ။ ပြီးတော့ ကောင်းကင်စံအိမ်တပည့်တွေကို မတိုက်ခိုက်ခဲ့ပါဘူး’’
‘‘တကယ်လား’’ ရန်ကိုင်က အဓိပ္ပါယ်ရှိရှိပြုံးလိုက်လေသည်။
‘‘အင်း’’ ဟူမေးအာက ရန်ကိုင်နဲ့စကားပြောလိုရသေးတယ်ဆိုတာသိလိုက်တော့မှ
သူမစိတ်သက်သာရာရသွားခဲ့လေသည်။ သူမကမိန်းကလေးတစ်ယောက်
ဖြစ်သော်လည်း သူမက ချန်ရှောင်ဖုန်းထက် ပိုပြီးအားကောင်းသေလည်။
ဒါပေမယ့် သူမကအစွမ်းထက်တဲ့ အော်ရာတော့မရှိပေ။ ဒါကသူမရဲ့
ပုံသဏ္ဍာန်ကြောင့်ပင် ဖြစ်လေသည်။ ‘‘ နင်က..ဒီလိုအားကောင်းတဲ့
လူတစ်ယောက်လား’’ သတ္တိမွေးလိုက်ပြီး ဟူမေးအာက သူမ၏
ကျောက်စိမ်းသဖွယ် ဖြူဖွေးချောမွတ်နေတဲ့ လက်ကလေးကို ရန်ကိုင်၏
ဝမ်းဗိုက်ပေါ်မှာ တင်ထားလိုက်လေသည်။ သိပ်မကြာခင်မှာပဲ ရန်ကိုင်လက်က
သွေးတွေက သူမလက်ပေါ်ကျလာခဲ့လေသည်။ ဒါပေမယ့် သူမ မသုတ်လိုက်ပဲ
မမျှော်လင့်စွာနဲ့ သွေးပေနေတဲ့ သူမလက်ကို သူမနှုတ်ခမ်းပေါ် တင်လိုက်ပြီး
လျှာနဲ့ လျှက်လိုက်လေသည်။ အဲ့အချိန်မှာပဲ သူမ၏ပတ္တမြားရောင် နှုတ်ခမ်းပါးပါး
လေးက မြင်ရသူအပေါင်းကို စုပ်ယူနမ်းရှိုက်စေချင်ပြီး သူမ၏ညှို့ယူဖမ်းစားနိုင်သော်
မျက်လုံးများတွင် လျှို့ဝှက်ဆန်းကျယ်သော အလင်းဖြတ်ပြေးသွားလေသည်။