← Chapters

အခန်း (၄၁-၄၅)

Vol. 2 Ch. 41-45

အခန်း (၄၁-၄၅)

Vol. 2 Ch. 41-45

အပိုင်း (၄၁) ခန္ဓာသန့်စင်ခြင်းအဆင့်၈

‘‘ နင်က အခြားနေရာမှာကော အားကောင်းသေးလား ငါမသိဘူး’’ ဟူမေးအာက

တောက်ပပြီး အရည်လဲ့နေတဲ့ မျက်လုံးတွေနဲ့ ရန်ကိုင်ကိုကြည့်ရင်း မေးလိုက်လေသည်။

ဒီလိုပွင့်လင်းပြီး အရှက်မရှိတဲ့ ဖြာယောင်းမှုနဲ့ဆိုရင် ဘယ်ယောက်ျားမှ

မခုခံနိုင်မှာကို ငါကြောက်မိတယ်။ ဟူမေးအာလို မိန်းမမျိုးက ဒီလိုစကားမျိုး

ပြောတယ်ဆိုတော့ ရန်ကိုင်အဖို့ တောင့်ခံနိုင်ဖို့ တော်တော်လေးကို ခဲယဉ်းလိမ့်မယ်။

ဒီအကြောင်းကို ကောင်းကင်စံအိမ်တပည့်တွေ အကုန်လုံး တွေးနေကြတာ ဖြစ်သည်။

တံတွေးမျိုချသံတွေကို အဘက်ဘက်ကနေ ကြားနေရလေသည်။ စုမူတို့အဖွဲ့က

အစကတည်းက အားနည်းနေပြီး ဟူမေးအာ၏ ဆွဲဆောင်ဖြာယောင်းတဲ့

စကားကိုကြားလိုက်ရတဲ့ အချိန်မှာတော့ သွေးတိုးပြီး သူတို့၏ညီငယ်လေးတွေ

ထောင်မတ်လာကာ အချို့ဆိုရင် နေရာမှာပဲ သတိလစ်သွားကြလေသည်။

ရန်ကိုင်၏ ကိုယ်အချိန် မြင့်တက်လာပြီး သူ့ညီငယ်လေးလည်း

အနည်းငယ် ထောင်မတ်လာလေသည်။ သူ့အသက်ရှုသံတွေ မြန်လာပြီး

ဟူမေးအာလည်ပင်းကို ညစ်ထားတဲ့ သူ့လက်ပေါ်မှာ အလိုလျောက်

အားပိုထည့်လိုက်မိသွားလေသည်။

ဟူမေးအာ၏ အသက်ရှုသံဖျော့သွားပြီး သူမ၏ခန္ဓာကိုယ် အနည်းငယ်

တုန်ယင်သွားကာ ရန်ကိုင်ကိုဒေါသတကြီးပြောလိုက်လေသည်

‘‘ ဘာလို့မလွှတ်ပေးသေးတာလဲ’’ သူမစကားပြောနေရင်း မတော်တဆလား၊

ရည်ရွယ်ချက်ရှိရှိ လုပ်တာလားမသိပေမယ့် သူမ၏ဖြူဖွေးချောမွတ်

သွေးသွယ်တဲ့ လက်တစ်ဖက်က ရန်ကိုင်လက်ကိုကိုင်ကာ သူမ၏

မို့မောက်လုံးဝန်းပြည့်ဖြိုးနေသော ယုန်လေးပေါ်တင်ပေးလိုက်လေသည်။

ထူးခြားအံ့သြဖွယ်ကောင်းပြီး နွေးထွေးတဲ့ ခံစားချက်တစ်ခုက သူ့လက်မောင်း

တစ်လျှောက်စီးဆင်းသွားပြီး မို့မောက်နူးညံ့နေသော တောင်ထွတ်တစ်ခုကို သူ့လက်ဝါး

ကနေတစ်ဆင့် ခံစားလိုက်ရလေသည်။ ဒီလိုလှုံဆော်မှုကြောင့် သူ့ဒဏ်ရာတွေက

သွေးတွေ စိမ့်ထွက်လာလေသည်။ ရန်ကိုင်မျက်နှာနီရဲသွားပြီး ဟူမေးအာက

ဒီလောက်ထိ အရှက်မရှိလိမ့်မယ်လို့ သူတစ်ခါမှ မထင်ထားခဲ့ပေ။ သူမကတကယ်ကို…

ဒီလိုဖြာယောင်း သွေးဆောင်မှုက သူမ၏ဖုံးကွယ်ထားတဲ့ ဝှက်ဖဲတစ်ခု ဖြစ်ပေသည်။

ရန်ကိုင်ရှက်နေတာကို တွေ့လိုက်ရတော့ ဟူမေးအာက မမျှော်လင့်စွာပဲ

ရယ်လေသည်။ အသက်ရှုရင်း သူမမေးလိုက်လေသည်‘‘ နင်ဘာလုပ်ချင်လဲ’’

ရန်ကိုင်က ဟူမေးအာကို ကြည့်လိုက်ပြီး ဖြူကောင်ကိုကိုက်ထားတဲ့

ခွေးတစ်ကောင်လို ခံစားလိုက်ရသည်။ တိုက်ပွဲအစကို ပြန်စဉ်းစားကြည့်လိုက်တော့

ဟူမေးအာက ကောင်းကင်စံအ်ိမ်တပည့်တွေကို မတိုက်ခိုက်တဲ့အတွက်

သူလည်း သူမကို တိုက်ခိုက်ဖို့မလိုပေ ။ သူ သူမကိုသင်ခန်းစာ ပေးချင်တာက

သူမက ဝင်မတိုက်ခဲ့သော်လည်း တိုက်ပွဲအတွင်းမှာ တောက်လျှောက်

သွေးထိုးပေးနေသောကြောင့် ဖြစ်လေသည်။

ဒါပေမယ့် သူကဟူမေးအာကစားတာကို အလွယ်တကူ ခံလိုက်ရတကြောင့်

သူတော်တော် စိတ်ပျက်သွားလေသည်။ ဘာပဲဖြစ်ဖြစ် သူက

ယောက်ျားတစ်ယောက်ပဲလေ။ ဘယ်လိုလုပ်ပြီး မိန်းမတစ်ယောက်

ကစားတာကို အလွယ်တကူ ငြိမ်ခံနေပါ့မလဲ။

သူအဲ့အကြောင်းကို တွေးပြီးတာနဲ့ ဟူမေးအာလည်ပင်းကို ပိုပြီး

အားစိုက်ညစ်လိုက်လေသည်။ ‘‘အင့်…’’ဟူမေးအာ၏ အမူအရာ

ပြောင်းသွားပြီး ညည်းတွားလိုက်လေသည်။ သူမရှေ့က ရုပ်ချောချော

ကောင်လေးကို ကြည့်ရင်း သူမမျက်နှာ နီရဲလာခဲ့သည်။ သူမ ရန်ကိုင်ကို

ဒေါသတကြီး စိုက်ကြည့်ရင်း ရန်ကိုင်မှာ မိန်းကလေးတွေအပေါ် ဒီလို

ခံစားချက်ရှိလိမ့်မယ်လို့ သူမတစ်ခါမှ စိတ်မကူးဖူးပေ။

အကျယ်ကြီးရယ်ရင်း ရန်ကိုင်မတ်တပ် ရပ်နေလိုက်ပြီး ဟူမေးအာကို

ပြောလိုက်သည်‘‘မင်းသွားနိုင်ပြီ’’

ဟူမေးအာက အရှေ့ကိုကြောင်ကြည့်နေပြီးမှ ရန်ကိုင်ကို တွေဝေစွာ

ကြည့်လိုက်လေသည်။ သူမ၏ ဆွဲဆောင်ဖြာယောင်းမှုက ရန်ကိုင်အပေါ်

လုံးဝအကျိုးသက်ရောက်မှု မရှိလိမ့်မယ်လို့ သူမတစ်ခါမ မတွေးခဲ့ဖူးပေ။

သူမ၏ခန္ဓာကိုယ်ကို ယောက်ျားဘယ်လောက်များများ ပိုင်ဆိုင်ရယူချင်မှန်း

ရေတောင်မရေတွက်နိုင်ပေ။ သာမန်အချိန်တွေဆိုရင် သူမအာရုံစိုက်တာ ခံရဖို့အတွက်

ပြိုင်ဆိုင်နေကြတဲ့ သူတွေအများကြီးရှိခဲ့ပေမယ့် သူမတစ်ယောက်ကိုမှ

အာရုံမစိုက်ခဲ့ပေ။ ဒါပေမယ့် ဒီနေ့မှာတော့ သူမအာရုံစိုက်တဲ့

ယောက်ျားတစ်ယောက် ရှိခဲ့လေပြီ။ သူမက သူ့ကိုဖြာယောင်းဖို့

ကြိုးစားခဲ့သော်လည်း သူမငြင်းပယ်ခံခဲ့ရလေသည်။

သူက ယောက်ျားတစ်ယောက်ကော ဟုတ်ရဲ့လား။

သူမထိုနေရာမှာပဲ ခဏကြာအောင် ရပ်နေပြီးနောက် သူမ

ရယ်တော့လေသည်။ ထို့နောက် မြေကြီးပေါ်က ထလိုက်ပြီး

ရန်ကိုင်ကို ကြည့်ရင်း သူမ၏ ပန်းဆီရောင် နှုတ်ခမ်းပါးလေးကို

ကိုက်လိုက်သည်။ ထို့နောက် သူ့ဘေးကိုသွားပြီး နားနားကပ်ကာ

တိုးတိုးလေး ပြောလိုက်လေသည်‘‘ နင်က တော်တော်စိတ်ဝင်စားစရာ

ကောင်းတာပဲ’’

သူမပြောပြီးတာနဲ့ တခစ်ခစ်ရယ်လိုက်ပြီး ထွက်ခွာသွားလေသည်။

အဝေးတစ်နေရာကနေ စုမူက ကြောင်အစွာကြည့်နေပြီး သူတို့

မျက်လုံးတွေကတော့ မနာလိုဝန်တိုမှုတို့နဲ့ ပြည့်နေလေသည်။ ရန်ကိုင်က

ဟူမေးအာကို ငြင်းပယ်လိမ့်မယ်လို့ သူတို့ထင်မထားခဲ့ပေ။ သူတို့သာ

ရန်ကိုင်နေရာမှာဆိုရင်ကော ဘာလုပ်မှာလဲ။ ဒါကတော့ ပြောစရာမလိုတဲ့

အဖြေပင်။

သူတို့သာရန်ကိုင် နေရာမှာဆိုရင် ဟူမေးအာကို လက်မလွှတ်ပဲ သူမပေါ်ကို

ခုန်အုပ်လိုက်မှာ အသေအချာပင်။ ဒီလိုကောင်းကင်ကပေးတဲ့ အခွင့်အရေးကို

သူတို့ဘယ်လိုလုပ်ပြီး ငြင်းဆိုရမှာလဲ။ ဘာပဲဖြစ်ဖြစ် သူတို့ဘာမှ ဆုံးရှုံးသွားတာမှ

မဟုတ်တာ။

ဟူမေးအာ ထွက်ခွါသွားပြီးနောက် အားလုံးက ရန်ကိုင်ကိုကြည့်လိုက်ကြပြီး

ဝမ်းနည်းမှုနဲ့ ရှက်ရွံ့မှုတို့ကို ခံစားနေကြရလေသည်။

ဟူး…သက်ပြင်းချလိုက်ကြသည်။

ရန်ကိုင်က ထိုင်ချလိုက်ပြီး သတိလစ်နေတဲ့ မုန်တိုင်စံအိမ်တပည့်ဆီက

အဝတ်စကို ဆွဲဖြဲလိုက်ပြီး သူ့လက်ပေးမှာ စည်းထားလိုက်လေသည်။

စုမူတို့အဖွဲ့ကို လှည့်ကြည့်လိုက်တာနဲ တစ်ဖွဲ့လုံး ရှက်သွားလေသည်။

‘‘ မင်းတို့ လမ်းလျှောက်နိုင်လား’’ ရန်ကိုင်မေးလိုက်လေသည်။ သူ့တို့ခေါင်းကို

အသာအယာ ညိတ်ပြလေသည်။ ‘‘အဲ့ဒါဆို လျှောက်တော့’’

အဖွဲ့တစ်ခုလုံး ကောင်းကင်စံအိမ်ကို ပြန်လာတဲ့အချိန်မှာတော့

သူတို့တစ်ကိုယ်လုံး ဖူးရောင်နေတဲ့အတွက် အခြားကိစ္စတွေကို

ဂရုမစိုက်တော့ပဲ သူတို့ ဒဏ်ရာကုဖို့သာ အာရုံစိုက်ကြလေသည်။

သူတို့ဒီနေ့ တိုက်ပွဲကောင်းတစ်ခုကို တိုက်ခိုက်ခဲ့ရသော်လည်း

ထိုတိုက်ပွဲက ဂျူနီယာတွေကြားက တိုက်ပွဲတစ်ခုဖြစ်ပြီး

အင်းအားကြီးသုံးစု ကြားမှလည်း ဒီလိုတိုက်ပွဲတွေ မကြာခဏ

ဖြစ်လေ့ရှိတဲ့အတွက် ဘာမှမထူးဆန်းပေ။

အရေးပါတဲ့ လူတစ်ယောက် မသေသေးသရွေ့ကတော့ အင်းအားစု

တစ်ခုစီရဲ့ အကြီးအကဲတွေက မေးခွန်းလည်းမမေးသလို ဂရုလည်း

စိုက်လိမ့်မည်မဟုတ်ပေ။ တိုက်ပွဲတွေနဲ့ ရင်ဆိုင်ရမှာသာ တပည့်တွေက တိုးတက်လာမှာ

ဖြစ်ပြီး အကြီးအကဲတွေကလည်း ဒီလိုကိစ္စမျိုးကို တားဆီးလိမ့်မည်

မဟုတ်ပေ။ ရန်ကိုင်ကတဲကိုပြန်ပြီး သွေးတိတ်ဆေးရည်ကို အသုံးပြုဖို့

စဉ်းစားလိုက်ပေမယ့် ထိုအကြံကို ချက်ချင်းပဲ ပယ်ချလိုက်လေသည်။

ဒီနေ့တိုက်ပွဲမှာ ဆေးဘားဓါးကြောင့် ရခဲ့တဲ့ဒဏ်ရာကလွဲပြီး

အခြားဘာဒဏ်ရာ ကြီးကြီးမားမားမှ မရခဲ့ပေ။ သူ့လက်ကဒဏ်ရာက

တော်တော်လေး ပြင်းထန်ပေမယ့်လည်း သေသေချာချာ စစ်ဆေး

ကြည့်လိုက်တော့ အဲ့လောက်ကြီးမဟုတ်မှန်း သူသိလိုက်ရလေသည်။

သူချန်ရှောင်ဖုန်းဆေးဘားဓါးကို ဖမ်းလိုက်တုန်းက သူ့အရိုးနဲ့ သွေးကြော

တွေကိုမထိအောင် ရည်ရွယ်ချက်ရှိရှိ ရှောင်ရှားခဲ့လေသည်။ ဒါကြောင့်

သူ့လက်ဓါးဒဏ်ရာက သာမန်ပြတ်ရှရာ တစ်ခုပင်ဖြစ်လေသည်။

ဒီဓါးဒဏ်ရာက သူပန်းပွင့်ပုံပင့်ကူဆီကနေ ရတဲ့ဒဏ်ရာနဲ့ အတူတူပင်

ဖြစ်လေသည်။ သုံး၊လေးရက်လောက် အနားယူရုံနဲ့တင်

ပျောက်ကင်းနိုင်လေသည်။

တစ်ခဏတာ အနားယူလိုက်ပြီးနောက် ကုန်ဆုံးသွားတဲ့အားအင်တွေ

ပြန်ပြည့်လာလေသည်။ သူ့ခန္ဓာကိုယ် အခြေအနေကို မစစ်ဆေးပဲ ရွှေရောင်

အရိုးခြောက်က ထုတ်လွှတ်ပေးတဲ့ နွေးထွေးတဲ့ခံစားမှုမှာ ကုသခြင်းအစွမ်းတွေ

ပါဝင်နေတယ်ဆိုတာ သူခန့်မှန်းနိုင်လိမ့်မည် မဟုတ်ပေ။ ပြီးတော့

အစစ်အမှန်ယန်နည်းစနစ်က ယန်ချီတွေမှာလည်း ကုသခြင်းအစွမ်း

အနည်းငယ်ပါဝင်တဲ့အတွက် ထိုနှစ်ခု၏အကူအညီနဲ့ဆိုရင်

သူ့ဒဏ်ရာတွေက အချိန်တိုအတွင်း ပြန်သက်သာလာနိုင်လေသည်။

အစစ်အမှန်ယန်နည်းစနစ်က ယန်ချီတွေမှာ ကုသခြင်းအစွမ်း

ပါဝင်နေတယ်ဆိုတာ သူသိလိုက်တာနဲ့ ရန်ကိုင်က ရစ်ခွေနဂါး

စမ်းချောင်းဆီကို ယန်ချီစုပ်ယူဖို့ အလျင်အမြန် ပြေးသွားလေသည်။

သူဒီနေ့တိုက်ပွဲမှာ ယန်အရည်စက်ကို မသုံးခဲ့သော်လည်း သူ့ခန္ဓာကိုယ်ထဲက

ယန်ချီတွေ အားလုံးနီးပါး အသုံးပြုလိုက်တဲ့အတွက် သူအမြန်ပြန်ဖြည့်ရပေမည်။

သူယန်ချီတွေကို စုပ်ယူနေတုန်းမှာပဲ သူ့ခန္ဓာကိုယ်က တုန်ခါလာပြီး

ထိန်းချုပ်မှုကင်းမဲ့စွားနဲ့ ယန်ချီတွေက သူ့ကိုယ်ထဲကို တစ်ဟုန်ထိုး

စီးဝင်လာလေသည်။ ထိုယန်ချီပမာဏက သူနှစ်ရက်၊သုံးရက်လောက်

စုဆောင်မှ ရတဲ့ပမာဏနဲ့ တူညီလေသည်။ သူ့ယန်ချီတွေ ပြန်ပြည့်

လာရုံမက သူ့သွေးကြောတွေလည်း ပိုပြီးသန်မာလာပြီး အနည်းငယ်

ကျယ်ပြန့်လာလေသည်။

ခန္ဓာသန့်စင်ခြင်းအဆင့်၈လား။ သူ့ခန္ဓာကိုယ်ကို လှည့်ပတ်ကြည့်လိုက်ပြီး

ရန်ကိုင်ပျော်ရွှင်သွားခဲ့သည်။

အစကတော့ သူခန္ဒာသန့်စင်ခြင်းအဆင့်၈ကို ချိုးဖျက်နိုင်ဖို့ နောက်ထပ်

၇ရက်၊ဂရက်လောက် ကြာမယ်ထင်နေခဲ့ပေမယ့် အခုအချိန်တိုလေးအတွင်း

သူချိုးဖျက်နိုင်ခဲ့လေပြီ။ ဒါက သူဒီနေ့တိုက်ခိုက်တဲ့ တိုက်ပွဲနဲ့ ဆက်စပ်

နေပါသည်။ အခြားသူတွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်တာက ကိုယ့်ကိုပိုပြီး

မြန်မြန်ဆန်ဆန် တိုးတက်လာစေပါသည်။

သူပျော်ရွှင်နေခဲ့ပြီး အစစ်အမှန်ယန်နည်းစနစ်ကို နဂိုထက်ပိုပြီး

အားစိုက်ထုတ် လေ့ကျင့်နေလေသည်။ သူအဆင့်ချိုးဖျက်ပြီးနောက်

ယန်ချီစုပ်ယူနှုန်းက နဂိုထက်အဆများစွား ပိုပြီးမြန်ဆန်လာပြီး

သူ့ခွန်အားလည်း ပိုပြီးတိုးတက်လာခဲ့သည်။ ညရောက်မှ

သူ့တဲကိုပြန်သွားခဲ့လေသည်။ သူဒီနေ့တိုက်ပွဲမှာ ဒဏ်ရာရခဲ့တဲ့အတွက်

အနားမယူပဲ တစ်ညလုံးလေ့ကျင့်နေလို့ မသင့်တော်ပေ။ နောက်ပိုင်း

ရက်တွေမှာတော့ ရန်ကိုင်က အစားစာချိန်နဲ့ အိပ်ချိန်ကလွဲပြီး

ကျန်တဲ့အချိန်တွေကို ရစ်ခွေနဂါးစမ်းချောင်းနားမှာပဲ ကုန်ဆုံး

လေ့ရှိလေသည်။ အခြားတစ်ဖက်မှာတော့ စုမူတို့အဖွဲ့၏

အရိပ်ယောင်ကို တစ်ချက်တောင် မမြင်ရပေ။ သူတို့ဒဏ်ရာတွေကို

ပြန်လည်ကုစားနေတာ ဖြစ်နိုင်လေသည်။ နောက်တစ်နေ့ မနက်စောစော

ရန်ကိုင်တံမြက်စည်းလှည်းဖို့ လုပ်နေတုန်းမှာပဲ စုမူက လီယွမ်ရှန်းနဲ့

တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့လူတွေ အကုန်လုံးကို ဦးဆောင်က သူ့ဆီလာနေတာကို

တွေ့လိုက်ရလေသည်။ သူ့တို့အားလုံးက တက်ကြွနေပြီး

စုမူနောက်ကနေ လိုက်လာကြလေသည်။ သူတို့ဒီရက်အတောအတွင်း

သူတို့ဒဏ်ရာတွေကို အကောင်းဆုံးပြန်ကုစား နေသော်လည်း

သူတို့အသွင်အပြင်တွေက နည်းနည်းသနားစရာကောင်းနေလေသည်။

သူ့တို့မျက်လုံးတွေက အညိုအမဲစွဲနေကာ ပါးစပ်တွေလည်း ရောင်ကိုင်း

နေတဲ့အတွက် ရယ်စရာကောင်းနေခဲ့သည်။

သူတို့က်ိုကြည့်ရင်း ရန်ကိုင်မေးလိုက်သည်။‘‘ ဂျူနီယာစု၊ အသားယားနေ

ပြန်ပြီလား’’

Martial Peak

အပိုင်း (၄၂) အဲ့နေ့တုန်းက …မင်းထိလိုက်တယ်မလား

စုမူမျက်နှာရဲသွားပြီး ရန်ကိုင်ကိုစူးစူးရဲရဲ ကြည့်ရင်းသူ့ရှေ့မှာ မတ်တပ်ရပ်လိုက်ပြီး

ဆုံးဖြတ်ချထားတဲ့ပုံစံနဲ့ သူ့နောက်လိုက်တွေကလည်းရန်ကိုင်ကို အေးစက်စက်စိုက်

ကြည့်နေကြလေသည်။ ‘‘ ငါ့ကိုပစ္စည်းတွေပေး’’ စုမူက ရုတ်တရက်ပြောလိုက်

ပြီးသူ့လက်ဖြန့်လိုက်လေသည်။ လီယွမ်ရှန်းကလည်း ချက်ချင်းပဲ ဝိုင်နှစ်ဂျားကို

ထုတ်ပေးလိုက်လေသည်။ သူကတစ်ဂျားယူထားလိုက်ပြီး ရန်ကိုင်ကို တစ်ဂျား

ပေးလိုက်လေသည်။ ဘာမှမပြောပဲ စုမူကအဖုံးဖွင့်လိုက်ပြီး စသောက်လေသည်။

လမ်းလျှောက်လာတဲ့ ကောင်းကင်စံအိမ်တပည့်တွေက သူတို့ကိုတွေဝေစွာ

ငေကြည့်နေကြလေသည်။ စုမူက မနက်အစောကြီးဒီမှာ အရက်လာသောက်

နေတဲ့အတွက် ဘယ်လိုရူးကြောင်ကြောင် အစီအစဉ်တွေ ချနေလဲဆိုတာ

သူတို့မသိပေ။

ဖျော့ဖျော့လေး ပြုံးလိုက်ရင်း ရန်ကိုင်လည်းအရက်ဂျားကိုဖွင့်ကာ သောက်လေသည်။

‘‘ကောင်းတယ်’’လီယွမ်ရှန်းက စုမူနောက်ကနေ အကျယ်ကြီးအော်လိုက်လေသည်။

‘‘ကောင်းတယ်’’ အခြားသူတွေလည်း အော်လိုက်ကြသည်။ စုမူနဲ့ရန်ကိုင်နှစ်ယောက်

ကရားချင်းတိုက်လိုက်ပြီး အတူတူသောက်ကာ နောက်ဆုံးနှစ်ယောက်စလုံး

စိုရွှဲသွားလေသည်။ ‘‘ နေ့ခင်းကြောင်တောင်ကြီး အရက်သောက်နေတာက

ကောင်းကင်စံအိမ်ရဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်နေတာပဲ။ မင်းတို့တစ်ယောက်

စီကနေ ၅မှတ်စီနှုတ်တယ်။ နောက်တစ်ကြိမ်ကျရင် ဒီလိုသက်ညှာနေမှာ မဟုတ်ဘူး’’

အနက်ရောင်ခန်းမတပည့်တစ်ယောက် ထွက်ပေါ်လာပြီး ရန်ကိုင်နဲ့စုမူကို အေးစက်စက်

သတိပေးလိုက်လေသည်။

‘‘နှုတ်လိုက်၊ နှုတ်လိုက်’’ ရန်ကိုင်ကမထူးခြားနားပင်။ ဒါပေမယ့် အရင်တုန်းကသာ

အခုလို၅မှတ်နှုတ်ခံရပါက သူတော်တော်စိတ်ဓာတ်ကျသွားမှာဖြစ်ပြီး

အခုအချိန်မှာတော့ သူအေးအေးဆေးဆေးပင်။ ရန်ကိုင်တောင် အမှတ်၅မှတ်ကို

ဂရုမစိုက်မှတော့ ဒုတိယမျိုးဆက်သခင်လေး တစ်ယောက်ဖြစ်တဲ့စုမူက

ဘယ်လိုလုပ်ပြီး ဂရုစိုက်ရဦးမှာလဲ။ သူ့မှာနောက်ခံကောင်းကောင်းရှိတဲ့အတွက်

အမှတ်တွေက သူ့အတွက်အရမ်းကြီး အရေးပါမနေပေ။ ‘‘ကျောင်းဟူ၊ စီနီယာ

ရန်ကိုင်အစား တံမြက်စည်းလှည်းပေးလိုက်’’ စုမူကသူ့လက်ကိုဝှေ့ရမ်းရင်း

ပြောလိုက်လေသည်။ ‘‘ကောင်းပြီ’’ နဂိုတုန်းက ရန်ကိုင်ကြောင့်သတိလစ်ခဲ့တဲ့

အလျင်အမြန်ပြေးသွားလိုက်ပြီး ရန်ကိုင်ဆီကတံမြက်စည်းကို ယူလိုက်လေသည်။

‘‘ဒါကမသင့်တော်ဘူး’’ အနက်ရောင်ခန်းမတပည့်က နှာခေါင်းရှုံ့ပြီးလမ်းလျှောက်

ထွက်သွားတာကိုကြည့်ရင်း ရန်ကိုင်ကပြောလိုက်လေသည်။

‘‘သွားကြစို့၊ မင်းအိမ်သေးသေးလေးကိုသွားကြစို့။ ငါမင်းနဲ့ဆွေးနွေးစရာ

ရှိသေးတယ်’’ စုမူပြောလိုက်သည်။ ရန်ကိုင်တဲ့ဘေးက ရေကန်လေးဘေးမှာ

ရန်ကိုင်နဲ့စုမူထိုင်နေပြီး သူ့နောက်လိုက်တွေကတော့ အမိုးကအပေါက်တွေကို

ဖာရင်းအလုပ်ရှုပ်နေကြလေသည်။ ထိုနေ့တိုက်ပွဲပြီးကတည်းက စုမူနဲ့

သူ့အဖွဲ့သားတွေက ရန်ကိုင်နဲ့သူတို့ကြားက ရန်ငြိုးတွေကို ချေဖျက်ပစ်လိုက်ပြီး

သူ့အပေါ်ကိုတောင် ပိုပြီးကောင်းလာကြလေသည်။ ‘‘မင်းဘာလို့ငါတို့ကို

ကယ်ခဲ့တာလဲ’’ ခဏတာတိတ်ဆ်ိတ်နေပြီးနောက် စုမူကနောက်ဆုံးမေးလိုက်သည်။

‘‘ဘာလို့လဲ…..’’ ရန်ကိုင်မျက်မှောင်ကြုံ့လိုက်ပြီး ‘‘မင်းတို့ကငါ့ကို စီနီယာလို့

ခေါ်မှတော့ငါက စီနီယာတစ်ယောက်လို ပြုမူရမှာပေါ့။ ဒါကအကြောင်းပြချက်

လို့ငါထင်တာပဲ’’ အရေးကြီးဆုံးအရာက စုမူရဲ့အတွင်းစိတ်က သိပ်ပြီးမဆိုးပေ။

စုမူက ရန်ကိုင်ဘက်ကိုလှည့်လိုက်ပြီး အတည်ပေါက်နဲ့မေးလိုက်သည်

‘‘တကယ်လား’’ ရန်ကိုင်ကရယ်ရင်းပြန်ပြောလိုက်လေသည်‘‘အဲ့ဒါဆိုရင်

မင်းကိုငါဘာလို့ ကယ်တယ်ထင်လဲ’’

စုမူတိတ်ဆိတ်သွားပြီး သူနည်းနည်းစိတ်ပျက်သွားကာ သိပ်မကြာခင်မှာပဲ

သူပြန်ပြောလိုက်သည်‘‘ မင်းကငါတို့ကို ဂျူနီယာတွေလို ယူဆမှတော့ ငါတို့ကလဲ

မင်းကို စီနီယာလို့သတ်မှတ်ရမှာပေါ့။ ဒီဂျုနီယာရဲ့ အရင်ကကိစ္စတွေအတွက်

တောင်းပန်ပါတယ်’’ ‘‘ငါ့အဲ့ကိစ္စတွေကို အဲ့လောက်ကြီးအလေးအနက်မထားပါဘူး’’

သူတို့တစ်ယောက်မျက်လုံးကို တစ်ယောက်ကြည့်ရင်း အကျယ်ကြီးရယ်လိုက်

ကြလေသည်။ ရယ်မောခြင်းက ရန်ဘက်တွေကို ပြန်လည်သင့်မြတ်စေပြီး

ကျေးဇူးအကြွေးကို ပေးဆပ်ရာလည်း ရောက်ပေသည်။ သူတို့မကျေနပ်ချက်

တွေနဲ့ အကြွေးတွေကို ဖြေရှင်းပြီးတဲ့နောက်မှာတော့ စုမူကစနိုးစနောင့်

မဖြစ်တော့ပဲ ရန်ကိုင်ကိုသူ့စီနီယာအစ်ကိုကြီးလို စတင်ဆက်ဆံလာလေသည်။

အာလာပသလ္လာပစကားတွေ ပြောပြီးနောက် စုမူရုတ်တရက် သူ့နှုတ်ခမ်းကို

သပ်လိုက်ပြီး သူ့မျက်နှာလည်း နီလာခဲ့လေသည်။ သူဖျော့ဖျော့လေး

မေးလိုက်လေသည်‘‘ စီနီယာ ရန်ကိုင်၊ ငါမင်းကိုမေးခွန်းတစ်ခုလောက်

မေးချင်တယ်’’

‘‘ဘာလဲ’’ရန်ကိုင်က သူ့ကိုထူးထူးဆန်းဆန်း ကြည့်လိုက်သည်။

‘‘အဲ့နေ့ကလေ..အဟန့်….မင်းထိခဲ့တယ်မလား’’ သူမေးလိုက်တဲ့အချိန်မှာ စုမူက

ရန်ကိုင်ကိုတိုက်ရိုက်မကြည့်ရဲတော့ပေ။ ‘‘ဘာကိုထိတာလဲ’’ သူ့မေးခွန်းကို

ရန်ကိုင်နားမလည်ပေ။

‘‘ဟိုဟာလေ..’’

‘‘ဟိုဟာ…’’

စုမူစိတ်ဓာတ်ကျသွားပြီး စိတ်ခိုင်ခိုင်ထားကာ အံကြိတ်ပြီးပြောလိုက်သည်

‘‘ဟူမေးအာရဲ့….’’ သူအဲ့စကားကို ပြောလိုက်တဲ့အချိန်မှာ သူနှလုံးကို

ဖျစ်ညှစ်ထားသလို ခံစားလိုက်ရသည်။ ရန်ကိုင်က အလိုလိုရယ်မိသွားလေသည်။

လူငယ်တွေက တကယ်ကိုစိတ်အားထက်သန်ကြတာပဲ။

‘‘မင်းမြင်ခဲ့တာလား’’

‘‘ငါတို့သေချာမမြင်လိုက်ရဘူး….ဒါဆို မင်းထိခဲ့တာလား’’ စုမူရဲ့ပါးစပ်က

ကြက်ဥတစ်လုံးစားလောက် ဟနေခဲ့လေသည်။ ‘‘ငါထိလိုက်ရင်တောင်

ဘာဖြစ်လို့လဲ’’ ရန်ကိုင်ကနောက်ပြောင်ပြောရင်း ပြုံးလိုက်လေသည်။

‘‘သူမဘာသာသူမ ငါ့လက်ကိုသူမရင်ပေါ်မှာ ထားလိုက်တာကို ငါက

သင်ခန်းစာတစ်ခုပေးလိုက်ရုံပဲလေ’’ စုမူကတံတွေးတစ်လုတ် မျိုချလိုက်ပြီး

မျှော်လင့်ချက်အပြည့်နဲ့ မေးလိုက်လေသည်‘‘ဘယ်လိုခံစားရလဲ’’

‘‘ဂျူနီယာစုက အဲ့လိုအရာကိုတစ်ခါမှမခံစားဖူးဘူးလား’’ ဒီဒုတိယမျိုးဆက်

သခင်လေးက လူပျိုတစ်ယောက်ပဲလားဆိုတာကို တွေးရင်းသံသယအပြည့်နဲ့

မေးလိုက်လေသည်။ စုမူက သူ့ခေါင်းကိုအဆက်မပြတ်ခါနေတဲ့ဒရမ်တစ်ခုလို

ခါရမ်းလိုက်ပြီး သံသယမကင်းတဲ့ပုံစံနဲ့မေးလိုက်လေသည်‘‘စီနီယာရန်က

အဲ့လိုအရာကို နဂိုကတည်းက ခံစားဖူးတာလား’’ ရန်ကိုင်က ခဏတာတွေးတော

လိုက်ပြီး ဒေါသထွက်တဲ့ပုံစံပြလိုက်ပေမယ့် ချက်ချင်းပဲ အတိတ်အကြောင်းကို

တွေးရင်း ပျော်ရွှင်တဲ့ပုံစံပေါ်လာခဲ့လေသည်။ သက်ပြင်းချလိုက်ရင်း‘‘ အတိတ်

အကြောင်းတွေ မပြောရအောင်’’

စုမူက ရန်ကိုင်ကိုတွေဝေစွာကြည့်လိုက်ပြီး သူသိနေပါတယ်ဆိုတဲ့ အပြုံးလေး

ပြုံးလိုက်လေသည်။ သူနှုတ်ခမ်းတွေကို ကွေးလိုက်ပြီး ‘‘ မင်းက အရမ်း

ကြီးကြီးကျယ်ကျယ်တွေ ပြောနေတာပဲ။ လွန်ခဲ့တဲ့သုံးနှစ်တုန်းက စီနီယာက

စံအိမ်ကိုရောက်လာပြီး အဲ့သုံးနှစ်အတောအတွင်းမှာပဲ စီနီယာက

သူငယ်ချင်းတစ်ယောက်တောင် မဖွဲ့ခဲ့ဖူးလေ။အဲ့ဒါကို ဘယ်လိုလုပ်ပြီး

အဲ့လိုအခွင့်အရေးရပါ့မလဲ ။ တကယ်လို့ အဲ့လိုဖြစ်ခဲ့ရင်တောင်

စံအိမ်ကိုရောက်မလာခင်အချိန်ကပဲ ဖြစ်ရမယ်။ လွန်ခဲ့တဲ့သုံးနှစ်တုန်းက

စီနီယာရဲ့အသက်က ဘယ်လောက်လဲ’’

လွန်ခဲ့တဲ့သုံးနှစ်တုန်းက ငါအသက်၁၂ပဲရှိသေးတယ်။ အသက်၁၂တုန်းက

အလှလေးတစ်ယောက်က သူ့ဆီကိုလာဖို့ရှက်ကြောက်မနေခဲ့ပေ။ အဲ့ဒါက

သူမက အသက်၁၅နှစ်သာရှိနေသေးသောကြောင့်မဟုတ်ပေ။ သူတို့

နှစ်ယောက်စလုံးက မသိနားမလည် အပြစ်ကင်းတဲ့ကလေးတွေပဲ

ဖြစ်နေသောကြောင့်ဖြစ်လေသည်။ အဲ့လိုမှမဟုတ်ခဲ့ရင် တစ်ခုခုဖြစ်ခဲ့မှာ

သေချာလေသည်။ ထိုမိန်းကလေးအကြာင်းပြန်တွေးရင်း ရန်ကိုင်စိတ်မကောင်း

ဖြစ်လာခဲ့လေသည်။ အခုအချိန်ဆိုရင် သူမဘယ်လိုဖြစ်နေမလဲ။

‘‘စီနီယာအကို၊ ဘာပဲဖြစ်ဖြစ် မင်းဂရုစိုက်သင့်တယ်။ မင်းက ဟူမေးအာလို

မာနကြီးတဲ့မိန်းကလေးတစ်ယောက်ရဲ့ မျက်နှာကိုပွတ်လိုက်မှတော့ သူမက

ဒီကိစ္စကိုဒီအတိုင်းထားမှာမဟုတ်ဘူး’’ စုမူကသတိပေးလိုက်လေသည်။

ရန်ကိုင်အမူအရာ အေးစက်သွားပြီး ‘‘သူမကငါ့ကိုပြဿနာရှာချင်တာလား’’

အကျယ်ကြီးရယ်ရင်း စုမူကထူးထူးဆန်းဆန်းပြောလိုက်သည်‘‘ အင်း၊

အိပ်ရာထဲမှာလေ။ သူမကမင်းကို ဖြာယောင်းသွေးဆောင်ဖို့ ဖြစ်နိုင်သမျှ

နည်းလမ်းအကုန်သုံးပြီးတာနဲ့ သူ့လက်အောက်ကိုသိမ်းသွင်းလိမ့်မယ်။

သူမရဲ့ရည်မှန်းချက်မပြည့်မချင်း သူမလက်လျှော့မှာမဟုတ်ဘူး။ စီနီယာအကို၊

မင်းရဲ့ဆန်းကတော့ ပွင့်ချက်ပဲ’’ ‘‘အဲ့လိုလူမျိုးတွေကို ငါအထင်ကိုမကြီးတာ’’

ရန်ကိုက်က ဒီကိစ္စကိုအလေးအနက် မထားခဲ့ပေ။ ထို့နောက်သူစုမူကို

ပြောလိုက်သည်‘‘မင်းငါ့ဆီကို ဒီအကြောင်းပြောဖို့ပဲလာခဲ့တာလား’’

‘‘ဘယ်ဟုတ်မလဲ’’ သူ့မျက်လုံးတွေကို ပြူးလိုက်ပြီး စုမူကပြောလိုက်သည်

‘‘ဟိုနေ့က မင်းချန်ရှောင်ဖုန်းနဲ့သူ့လူတွေကို တိုက်တုန်းက စွမ်းအားအများကြီး

သုံလိုက်ရမှာပဲ ။ ငါမင်းကို အလျော်ပြန်ပေးချင်ရုံပါ’’

‘‘ငါ့ကို အစာပြန်ပေးဖို့လား’’

‘‘အင်း’’ စုမူခေါင်းညိတ်လိုက်ပြီး သူ့အိတ်ထဲကနေ ဆေးပုလင်းတစ်ပုလင်း

ထုတ်လိုက်ပြီး ရန်ကိုင်ကိုပြောလိုက်သည်‘‘ ဒါကအသေးစားချီအားဖြည့်ဆေးပဲ။

စီနီယာသာ ဒီဆေးလုံးအကူအညီနဲ့ဆိုရင် ကုန်သွားတဲ့ချီတွေပြန်ပြည့်ဖို့

သိပ်ကြာမှာမဟုတ်ဘူး’’ အသေးစားချီအားဖြည့်ဆေးတွေအကြောင်း

ရန်ကိုင်ကြားဖူးပါသည်။ ထိုးဆေးလုံးရဲ့အကျိုးသက်ရောက်မှုက အရမ်း

အားမကောင်းပေမယ့် နူးည့့တဲ့အတွက် ခန္ဓာသန့်စင်ခြင်းအဆင့်၇မှာရှိတဲ့

ရန်ကိုင်လိုကျင့်ကြံသူတွေအတွက်ကတော့ အသင့်လျော်ဆုံးပါပဲ။

ခန္ဓာသန့်စင်ခြင်းအဆင့်၇ကနေ အဆင့်၉အထိ ယွမ်ချီကိုကျင့်စဉ်ကျင့်ရင်း

စတင်ထုတ်လွှတ်နိုင်ပေမယ့် စဦးဒြပ်စင်အဆင့်မရောက်ခင်အထိတော့

ပြန်ဖြည့်ဖို့မလွယ်ကူပေ။ ထိုယွမ်ချီကိုအသုံးပြုလိုက်တာနဲ့ ပြန်ဖြည့်ဖို့

အချိန်အများကြီးအသုံးပြုရပေလိမ့်မည်။ ဒါပေမယ့် ချီအားဖြည့်ဆေးလုံး၏

အကူအညီနဲ့ဆိုရင်တော့ လိုအပ်တဲ့အချိန်ပမာဏကို အများကြီးလျှော့ချ

ပေးနိုင်လေသည်။ ဒါကြောင့်ဒီဆေးလုံးတွေက ခန္ဓာသန့်စင်ခြင်းအဆင့်၇

မှအဆင့်၉ကျင့်ကြံသူတွေအတွက် အသင့်လျော်ဆုံးဖြစ်ပေမယ့်

ထိုဆေးလုံးတွေက တော်တော်လေးကို ဈေးကြီးလေသည်။ ဒါပေမယ့်

ထိုဆေးလုံးတွေက စဦးဒြပ်စင်အဆင့်ရောက်နေတဲ့ ကျင့်ကြံသူတွေအတွက်တော့

အသုံးမဝင်တော့ပေ။ ဒါပေမယ့် ရန်ကိုင်အစစ်အမှန်ယန်နည်းစနစ်ကို

ကျင့်ကြံထားတဲ့အတွက် သူချီကုန်ခမ်းသွားမှာကို စိတ်ပူစရာမလိုပေ။

သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ယွမ်ချီတွေကို အကုန်သုံးပစ်လိုက်ရင်တောင်

သူ့မှာယန်အရည်စက်ရှိနေပေသေးသည်။ ဒါကြောင့် ဒီဆေးလုံးတွေက

ရန်ကိုင်အတွက်သိပ်ပြီးတန်ဖိုးမရှိပေ။

သူငြင်းဆန်ဖို့လုပ်နေစဉ်မှာပဲ စုမူကသူ့အတွေးကိုမြင်သွာပုံရပြီး မျက်နှာကြော

တင်းတင်းနဲ့ ပြောလိုက်လေသည်‘‘ငါအခြားသူတွေကို အကြွေးတင်ရတာ

မကြိုက်ဘူး’’ ‘‘ကောင်းပြီ။ အဲ့လိုဆိုရင်လည်း ငါလက်ခံလိုက်ပါ့မယ်’’ ရန်ကိုင်

ငြင်းဆန်မနေတော့ပေ။ စုမူကပြုံးပြီးပြောလိုက်လေသည်‘‘စီနီယာအကို၊

ငါ့ကိုဒီမှာခဏစောင့်နေ ၊ ငါမင်းကိုနေရာကောင်းတစ်ခုကို ခေါ်သွားပေးမယ်’’

‘‘ဘယ်လိုနေရာလဲ’’ ရန်ကိုင်ကသံသယအပြည့်နဲ့ မေးလိုက်လေသည်။

စုမူကပြန်ဖြေရမယ့်အစားရယ်ပဲရယ်လိုက်ပြီး သူကိုစောင့်နေရန်နှင့်

သူစိတ်မပျက်စေရဘူးလို့ပြောသွားလေသည်။

Martial Peak

အပိုင်း (၄၃) စံအိမ်၏လျှို့ဝှက်ချက်

လေနက်တောအုပ်အတွင်းပိုင်းထဲကို ကောင်းကင်စံအိမ်တပည့်တစ်အုပ်

စီတန်းလမ်းလျှောက်နေလေသည်။ စုမူပြောတဲ့နေရာကောင်းက လေနက်

တောအုပ်ထဲမှာရှိလိမ့်မယ်လို့ ရန်ကိုင်တစ်ခါမှထင်မထားခဲ့ပေ။ အထဲကို

လမ်းလျှောက်ရင်း လမ်းသေးသေးလေးတစ်ခုကိုရန်ကိုင်တွေ့လိုက်ရလေသည်။

ဒီလိုတောအုပ်ထဲမှာ လူသွားလူလာသာ မများရင်ဒီလိုလမ်းလည်းပေါ်လာလိမ့်မည်

မဟုတ်ပေ။ လူအများကြီးက လေနက်တောင်ကို လာလေ့ရှိတာလား။

‘‘စီနီယာအကို၊ ဟိုတစ်နေ့က ချန်ရှောင်ဖုန်းတို့အဖွဲ့ကို ဘာလို့လေနက်တောအုပ်မှာ

တွေ့လဲဆိုတာသိလား’’ ရန်ကိုင်အရှေ့ကနေသွားရင်း စုမူကလှည့်မေးလိုက်လေသည်။

ရန်ကိုင်အမူအရာပြောင်းသွားပြီး တိုးတိုးလေးပြောလိုက်လေသည်‘‘ သူတို့အဖွဲ့လည်း

လေနက်တောအုပ်ကို လာတာပဲလား’’

‘‘ဟုတ်တယ်။ ကောင်းကင်စံအိမ်၊သွေးတိုက်ပွဲဂိုဏ်းနဲ့မုန်တိုင်းစံအိမ်က တစ်ခုနဲ့တစ်ခု

သိပ်ပြီးမဝေးဘူး။ ဒါကြောင့် အင်အားစုတစ်ခုစီနဲ့ လေနက်တောင်ကြားက

အကွားအဝေးကလည်းအတူတူလောက်ပဲရှိတယ်။ ပြီးတော့ လေနက်တောင်ကို

သွားဖို့ဆိုရင် ငါတို့တွေအကုန်လုံးလမ်းလေးခွဆုံကိုဖြတ်သွားဖို့လိုတယ်’’

‘‘အဲ့နေရာက လူတွေအများကြီး သွားချင်လောက်အောင် ဘယ်လောက်တောင်

ဆွဲဆောင်အားကောင်းနေတာလဲ။မဟုတ်ရင် မင်းတို့အကုန်လုံး ဒီနေရာကိုဘာလို့လာတော့မှာလဲ’’

‘‘ဟဲဟဲ….’’စုမူကဂုဏ်ယူစွာရယ်မောလိုက်ပြီး ‘‘စီနီယာအကို၊ အခုငါပြောမယ့်

အကြောင်းကိုတော့ မင်းသိမှာမဟုတ်လောက်ဘူး။လေနက်တောင်ထဲမှာ

မြေအောက်ဈေးတစ်ခုရှိတယ်။ အဲ့ဈေးကိုငါတို့အင်အားစုတွေကတပည့်တွေအပြင်

အနက်ရောင်မက်မွန်သီးရွာကကျင့်ကြံသူတွေလဲ လာလေ့ရှိတယ်။ ငါတို့အတွက်

အသုံးမဝင်တဲ့အချက်အလက်၊ပစ္စည်းနဲ့ကျင့်စဉ်တွေကို ငါတို့အတွက်ပိုပြီးအသုံဝင်တာနဲ့

အလဲအလှယ်လုပ်လို့ရတယ်။ အဲ့နေရာက အမြဲတမ်းစည်ကားနေတဲ့အတွက်

စီနီယာကိုယ်တိုင်သွားပြီး သေချာကြည့်သင့်တယ်’’

လီယွမ်ရှန်းက ထပ်ပြောလိုက်လေသည်‘‘ ဟုတ်တယ်..စီနီယာအကို။ မင်းမကြာခဏ

အဲ့မှာပစ္စည်းကောင်းတွေကို သွားရှာသင့်တယ်။ လွန်ခဲ့တဲ့တစ်ခေါက်ကဆိုရင်

သခင်လေးစုက ငွေနှစ်ဆယ်တည်းနဲ့ ရှန်းယွမ်အသီးကို ဝယ်နိုင်ခဲ့တယ်’’

‘‘ရှန်းယွမ်အသီးလား’’ ရန်ကိုင်၏အမူအရာ ပြောင်းသွားခဲ့လေသည်။

‘‘အင်း၊ မြေကမ္ဘာအဆင့်နိမ့် ဝိဥာဉ်သစ်သီး။ ရောင်းတဲ့သူက အဲ့အသီးက

ဘာအသီးမှန်းမသိလို့ ငါတော်တော်မြတ်သွားတာလေ’’ စုမူက ဂုဏ်ယူစွာနဲ့

ပြောလိုက်လေသည်။

ထိုအသီးကိုသာ ပိုက်ဆံအဖြစ်ပြောင်းမယ် ဆိုရင် အနည်းဆုံးငွေဒင်္ဂါး၂၀၀၀လောက်

ရပေသည်။ ဒါပေမယ့် စုမူကထိုအသီးကို ငွေဒင်္ဂါးနှစ်ဆယ်တည်းနဲ့

ဝယ်နိုင်ခဲ့လေသည်။ လေနက်တောင် ကုန်သွယ်ရေးနယ်မြေ..အဲ့အကြောင်းကို

ရန်ကိုင်ကောင်းကင်စံအိမ်မှာ ရှိနေတဲ့တစ်လျှောက်လုံး တစ်ခါမှမကြားခဲ့ဖူးပေ။

သူမှာသူငယ်ချင်းတစ်ယောက်မှ မရှိသဖြင့် ဘယ်သူမှသူ့ကိုအချိန်ကုန်ခံပြီး

လာပြောပြနေမည်မဟုတ်ပေ။ စုမူအဖွဲ့တစ်ယောက်ချင်းစီက ဒီနေရာနဲ့

တော်တော်လေးရင်းနှီးနေသဖြင့် သူတို့ဒီနေရာကို မကြာခဏလာပုံပေါက်လေသည်။

သူတို့ပြောနေတဲ့ပုံအရ ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတဲ့အရာတွေ

အများကြီးရှိနေပြီး ရန်ကိုင်လည်း ထိုနေရာကိုစိတ်ဝင်စားလာခဲ့လေသည်။

အစစ်အမှန်ယန်နည်းစနစ်ကို စတင်လေ့ကျင့်ကတည်းက သူ့မှာပိုက်ဆံ

အလုံအလောက်မရှိတာကလွဲလို့ ယန်အထူးပြုရတနာမှန်သမျှကို

သူအာရုံခံနိုင်လေသည်.။ ထို့နောက်စုမူဆီကရတဲ့ အသေးစားချီအားဖြည့်ဆေးပုလင်း

အကြောင်းတွေးမိပြီး ယုံကြည်ချက်အနည်းငယ်ရှိလာခဲ့လေသည်။ လေနက်ကုန်သွယ်ရေး

ကနည်းနည်းဝေတဲ့ သူတို့သွားရင်းစကားပြောသွားကြလေသည်။

ရန်ကိုင်ကရုတ်တရက်မေးလိုက်သည်‘‘ဂျူနီယာစု၊ ငါ့တို့ကောင်းကင်စံအိမ်မှာ

၁၁ယောက်မြောက်အကြီးအကဲဆိုတာရှိလား’’

ရန်ကိုင်က သူရစ်ခွေနဂါးစမ်းချောင်းနားမှာ တွေ့ခဲ့တဲ့ လူကြီးအကြောင်းကို

မေးလိုက်လေသည်။ ထိုလူကြီးက တော်တော်လေးကိုဆန်းကြယ်တဲ့အတွက်

ရန်ကိုင်က ထိုလူကြီးအကြောင်းကို သိချင်နေမိသည်။

‘‘၁၁ယောက်မြောက်အကြီးအကဲလား’’ စုမူကြောင်သွားခဲ့သည်။

‘‘ကောင်းကင်စံအိမ်မှာ ဘယ်တုန်းက ၁၁ယောက်မြောက်အကြီးအကဲ

ရှိသွားတာလဲ’’ လီယွမ်ရှန်းက ရယ်မောလိုက်ပြီး ‘‘စီနီယာရန်ကိုင်၊ မင်းက

အမြဲတမ်းလေ့ကျင့်နေတာကိုး။ အဲ့ဒါကြောင့်ကောင်းကင်စံအိမ်က ကိစ္စတွေကို

သိမှာမဟုတ်ဘူး။ ကောင်းကင်စံအိမ်မှာ အကြီးအကဲငါးယောက်ပဲရှိပြီး

၁၁ယောက်မြောက်အကြီးအကဲဆိုတာ မရှိဘူး’’ သူတို့တွေအကုန်လုံး

ရန်ကိုင်အရင်တုန်းက အမြဲအနိုင်ကျင့်ခံရပြီး ကောင်းကင်စံအိမ်အကြောင်းကို

မသိထားတာကို သိတဲ့အတွက် ရန်ကိုင်နောက်ထပ် ရူးကြောင်ကြောင်မေးခွန်း

တွေမမေးခင် သူ့ကိုကောင်ကင်စံအိမ်အကြောင်းရှင်းပြလိုက်လေသည်။

စုမူ၏ကျောထောက်နောက်ခံက အကြီးအကဲတစ်ယောက်ဖြစ်တဲ့အတွက်

သူကအခြားသူတွေထက် ကောင်းကင်စံအိမ်အကြာင်းကို ပိုပြီးနားလည်လေသည်။

စုမူကသူ့အသံကိုတိုးလိုက်ပြီး ‘‘င့ါရဲ့မိစ္ဆာအိုကြီးပြောတဲ့ပုံအရဆိုရင် ငါ့တို့

စံအိမ်ခေါင်းဆောင်က အင်မော်တယ်တက်လှမ်းခြင်းအဆင့်ရဲ့ အထွတ်အထိပ်ကို

ရောက်နေပြီး နောက်တစ်ဆင့်ကို ချိုးဖျက်ဖို့သိမ်မလိုတော့ဘူးတဲ့။ ဒီမိုင်တစ်ထောင်

ပတ်လည်းအတွင်းမှာ သူ့ကိုယှဉ်ပြိုင်နိုင်တဲ့သူ တစ်ယောက်မှမရှိဘူး’’

အင်မော်တယ်တက်လှမ်းခြင်း အထွတ်အထိပ်လား…ရန်ကိုင်

ထိတ်လန့်အံ့သြသွားခဲ့သည်။

ကျင့်ကြံခြင်းအဆင့်တွေကို ခန္ဓာသန့်စင်ခြင်းအဆင့်၊ စဦးဒြပ်စင်အဆင့်၊

ချီပြောင်းလဲခြင်းအဆင့်၊ ချီသန့်စင်ခြင်းအဆင့်၊ အစစ်အမှန်ဒြပ်စင်အဆင့် နဲ့

အင်မော်တယ်တက်လှမ်းခြင်အဆင့်ဆိုပြီး ခွဲခြားထားကာ တစ်ဆင့်ချင်းစီကိုလည်း

အဆင့်ကိုးဆင့်ထပ်မံခွဲခြားထားလေသည်။ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာတာ

နဲ့အမျှ နောက်တစ်ဆင့်ကို ချိုးဖျက်ဖို့က ပိုပြီးခက်ခဲလာလေသည်။ ကောင်းကင်

စံအိမ်ခေါင်းဆောင်က အင်မော်တယ်တက်လှမ်းခြင်းအဆင့်အထွတ်အထ်ိပ်မှာ

ရှိနေလိမ့်မယ်လို့ သူတို့တစ်ယောက်မှထင်မထားခဲ့ပေ။ အကယ်၍သူသာ

နောက်တစ်ဆင့်ချိုးဖျက်နိုင်ခဲ့မယ်ဆိုရင် အစစ်အမှန်အထွတ်အထိပ်

ကျင့်ကြံသူတစ်ယောက် ဖြစ်လာပေလိမ့်မည်။

‘‘သွေးတိုက်ပွဲဂိုဏ်းက ဟူမန်နဲ့ မုန်တိုင်းစံအိမ် ရှောင်ရိုတို့တောင်

အင်မော်တယ်တက်လှမ်းခြင့်အဆင့်၆၊အဆင့်၇လောက်ပဲ ရှိသေးတယ်။

သူတို့နှစ်ယောက်ပေါင်းတောင် စံအိမ်ခေါင်းဆောင်ကို မနိုင်ဘူး’’ စုမူက

အဲ့အကြောင်းကို ပြောနေတဲ့အချိန်မှာ သူ့မျက်နှာပေါ်မှာ ဂုဏ်ယူဝံံ့ကြွားတဲ့

အမူအရာပေါ်လာခဲ့သည်။ ဘာပဲဖြစ်ဖြစ် စံအိမ်ခေါင်းဆောင်၏ ခွန်အားကြောင့်

တပည့်တွေကပိုပြီး ဂုဏ်ယူဝံ့ကြွားနိုင်လေသည်။

‘‘ငါတို့ခေါင်းဆောင်အဆင့်ချိုးဖျက်ဖို့ ဘယ်လောက်လောက်ကြာဦးမလဲ’’

လီယွမ်ရှန်းက စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်လေသည်။ အကယ်၍

ခေါင်းဆောင်သာ ချက်ချင်းနောက်တစ်ဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ရင်

မိုင်တစ်ထောင်ပတ်လည်အတွင်းမှာ ကောင်ကင်စံအိမ်က ဘယ်သူမှ

ရန်မစရဲလောက်တဲ့ အင်းအားစုတစ်ခုဖြစ်လာပေလိမ့်မည်။

စုမူ၏မျက်နှာမဲမှောင်သွားပြီး ခေါင်းကို ဖြေးညှုင်းစွာခါလိုက်လေသည်။

‘‘ဘာဖြစ်လို့လဲ’’ စုမူ၏အမူအရာကို ကြည့်ရင်း လီယွမ်ရှန်းက စိုးရိမ်စွာနဲ့

မေးလိုက်လေသည်။

‘‘စံအိမ်ခေါင်းဆောင်က အင်မော်တယ်တက်လှမ်းခြင်းအထွတ်အထိပ်ကို

ရောက်နေတာ ဆယ်နှစ်ကျော်ပြီလို့ မိစ္ဆာအိုကြီးကငါ့ကိုတစ်ခါပြောဖူးတယ်’’

‘‘ဒါဆိုသူဘာလို့အခုထိအဆင့်မချိုးဖျက်နိုင်သေးတာလဲ’’ လူတိုင်းကမေးလိုက်သည်။

ဆယ်နှစ်၊ ကျင့်ကြံရတာ ခက်ခဲရင်တောင် ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းမှာ

အဆင့်ချိုးဖျက်သင့်တယ်မလား။ စုမူကခေါင်းခါလိုက်ပြီး ‘‘ငါမပြောရဲဘူး’’

‘‘သခင်လေးစုအဲ့လိုမလုပ်သင့်ဘူးလေ။ ငါတို့အားလုံးရဲ့ သိချင်စိတ်ကို

လှုံ့ဆော်ပြီးမှ မပြောပဲနေတာက တော်တော်လေးကို ရက်စက်တယ်နော်’’

‘‘ကောင်းပြီ၊ အဲ့ဒါဆိုရင် မင်းတို့ကိုငါပြောပြမယ်။ ဒါပေမယ့် မင်းတို့ဘယ်သူကိုမှ

ပြန်မပြောပြရဘူးနော်။ မဟုတ်ရင်ပြဿနာအကြီးကြီးတက်လိမ့်မယ်’’

စုမူက အရမ်းအရေးကြီးတဲ့ကိစ္စတစ်ခုပြောတော့မယ်ပုံနဲ့ သူ့အသံကိုတိုးလိုက်ပြီး

ပြောလေသည်‘‘စံအိမ်ခေါင်းဆောင်အဆင့်မတက်တာက လွန်ခဲ့တဲ့၁၀နှစ်က

အဖြစ်အပျက်တစ်ခုကြောင့်ပဲ’’

‘‘ဘာအဖြစ်အပျက်လဲ’’ လူတိုင်းကစိတ်ဝင်တစားမေးလိုက်သည် ။

‘‘ငါ့တို့စံအိမ်ခေါင်းဆောင်မှာ မိန်းမနဲ့ကလေးမရှိတဲ့အတွက် လွန်ခဲ့တဲ့၁၀နှစ်က

သူတပည့်နှစ်ယောက်ကိုလက်ခံခဲ့တယ်။ ငါပြောမယ့်အဖြစ်အပျက်ကလည်း

အဲ့တပည့်နှစ်ယောက်ကြောင့်ဖြစ်လာတာပဲ။ တပည့်နှစ်ယောက်မှာ ပထမတပည့်က

အလုပ်ကြိုးစားပြီး ဒုတိယတပည့်ကဥာဏ်ကောင်းတယ်။ နှစ်ယောက်စလုံးကလည်း

အရမ်းတော်တဲ့ ဂျီးနီးယပ်တွေဖြစ်လို့ စံအိမ်ခေါင်းဆောင်က သူတို့ကိုဆရာစား

မချန်သင်ပေးခဲ့တယ်။ သူတို့နှစ်ယောက်စလုံးက အရမ်းကြိုးစားပြီး သူတို့ရဲ့

ခွန်အားကလည်း အတူတူလောက်ပဲရှိတယ်။ ဒါပေမယ့်သူတို့ရဲ့သဘာဝက

ကွဲပြားလို့ စံအိမ်ခေါင်းဆောင်က သူတို့ကို ပုံစံတစ်မျိုးစီနဲ့ သင်ကြားပေးတယ်။

ပထမတပည့်က ချီးကျူးခံရပေမယ့် ဒုတိယတပည့်ကတော့ အမြဲတမ်းတင်းကြပ်တဲ့

စည်းမျဉ်းစည်းကမ်းတွေအောက်မှာပဲ လေ့ကျင့်ခဲ့ရတယ်။ ဒါကြောင့်ပဲ

ဒုတိယတပည့်က သူ့စီနီယာအကိုကြီးနဲ့ တဖြည်းဖြည်းအနေဝေးသွားပြီး

ပိုပြီးဒေါသကြီးလာခဲ့တယ်။ ဒါကြောင့်သူ တာမြစ်ထားတဲ့ မိစ္ဆာကျင့်စဉ်

တစ်ခုကို ကျင့်လိုက်တယ်’’

‘‘အာ….’’ လူတိုင်းကထိတ်လန့်တကြားအော်လိုက်လေသည်။

စုမူကဆက်ပြောလေသည်။ ရန်ကိုင်ကတိတ်တိတ်ကလေးသာ

နားထောင်နေပြီး တစ်ခွန်းမှဝင်မပြောပေ။

Martial Peak

အပိုင်း (၄၄) စုယန်

‘‘သူမိစ္ဆာကျင့်စဉ်ကို လေ့ကျင့်ပြီးတဲ့နောက်ပိုင်း သူ့စိတ်နေစိတ်ထားက

လုံးဝပြောင်းလဲသွားခဲ့ပြီး သူ့ခွန်အားလည်း အဆပေါင်းများစွာ တိုးတက်

လာခဲ့တယ်။ သူ့ရဲ့လက်ရှိစွမ်းအားကိုသာ သူ့ဆရာမြင်သွားခဲ့ရင် သူ့ကို

ချီးကျူးလိမ့်မယ်လို့ သူထင်နေခဲ့ပေမယ့် သူမိစ္ဆာကျင့်စဉ်တစ်ခုကို

လေ့ကျင့်နေတယ်ဆိုတာ စံအိမ်ခေါင်းဆောင်က ရှာတွေ့သွားခဲ့တယ်။

အဲ့ဒါက ဒုတိယတပည့်ကို လုံးဝမိစ္ဆာကျင့်ကြံသူတစ်ယောက်ဖြစ်သွားစေခဲ့တယ်။

လွန်ခဲ့တဲ့၁၀နှစ်က ညတစ်ညမှာ ကောင်းကင်စံအိမ်တစ်ခုလုံး သွေးချောင်း

စီးခဲ့ပြီး ပထမတပည့်လည်း သေသွားခဲ့တယ်။ ဒုတိယတပည့်ကတော့

လွတ်မြောက်သွားခဲ့တယ်’’ အဲ့နေရာကိုရောက်တဲ့အချိန်မှာ စုမူက

သူပြောနေတာကို ရပ်လိုက်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်လေသည်။

သူပြောနေတာကို လူတိုင်းအာရုံစိုက်နားထောင်နေတာကို

တွေ့လိုက်တော့ စိတ်ကျေနပ်သွားပြီး ဆက်ပြောလေသည်

‘‘အဲ့ညက စံအိမ်ခေါင်းဆောင်အတွက်တော့ တကယ့်ကိုကပ်ဆိုးည

တစ်ညပဲ။ သူ့သားအရင်းလို ပြုစုပျိုးထောင်ခဲ့တဲ့ တပည့်နှစ်ယောက်မှာ

တစ်ယောက်ကသေပြီး တစ်ယောက်က မိစ္ဆာဖြစ်သွားတာကို သူဘယ်လို

ခံစားရမလဲဆိုတာကို ကိုယ့်ဘာသာစဉ်းစားကြည့်ပေတော့’’

‘‘အဲ့အချိန်ကစပြီး စံအိမ်ခေါင်းဆောင်က တံခါးပိတ်ကျင့်ကြံသွားခဲ့ပြီး

သူ့အရိပ်အယောင်ကို တစ်ယောက်မှမတွေ့တော့ဘူး။ အများစုက

သူသေသွားပြီလို့ ထင်နေပေမယ့် နှစ်အနှစ်ငယ်အကြာမှတော့သူပြန်ပေါ်လာပြီး

သူ့ခွန်အားက အရင်ကထက်တောင် သန်မာနေသေးတယ်။ အဲ့နောက်ပိုင်း

မှာတော့ ဒုတိယတပည့်ကိုသူကိုယ်တိုင်ဖမ်းပြီး ရစ်ခွေနဂါးစမ်းချောင်းထဲမှာ

ချုပ်ထားလိုက်တယ်’’

ရန်ကိုင်က ရုတ်တရက်တုန်လှုပ်သွားခဲ့ပြီး ၁၁ယောက်မြောက်အကြီးအကဲ

နောက်ဆုံးပြောခဲ့တဲ့စကားတွေကို ပြန်စဉ်းစားလိုက်သည်။

‘‘ငါရတနာရှာဖို့လာတာမဟုတ်ဘူး။ငါတစ်ယောက်ယောက်ကိုတွေ့ဖို့

ဒီကိုလာတာ’’

ဘယ်သူ့ကိုတွေ့မှာလဲ။ ရစ်ခွေနဂါးစမ်းချောင်းထဲမှာ ချုပ်ထားတဲ့လူက

လွဲလို့ဘယ်သူဖြစ်ရဦးမှာလဲ။

ဖြစ်နိုင်တာက ၁၁ယောက်မြောက်အကြီးအကဲက……..

စုမူကဆက်ပြောလေသည်‘‘ဒါပေမယ့် အဲ့အဖြစ်အပျက်တွေကြောင့်

စံအိမ်ခေါင်းဆောင်က နောက်တစ်ဆင့်ကိုမချိုးဖျက်နိုင်တော့ပဲ

အင်မော်တယ်တက်လှမ်းခြင်းအဆင့်မှာပဲ ရပ်တန့်နေခဲ့ရတော့တယ်။

သူစိတ်ထဲက အဲ့အထုံးကိုသာ မဖြေနိုင်ဘူးဆိုရင် သူ့တစ်ဘဝလုံး

နောက်တစ်ဆင့်ကို ချိုးဖျက်နိုင်တော့မှာမဟုတ်ဘူး’’

ဇာတ်လမ်းပြီးတာနဲ့ လူတိုင်းသက်ပြင်းအမောကြီးချလိုက်ကြလေသည်။

လူတိုင်း စံအိမ်ခေါင်းဆောင်၏ကံဆိုးမှုအတွက် စိတ်မကောင်းဖြစ်နေကြပြီး

တားမြစ်ထားတဲ့ မိစ္ဆာကျင့်စဉ်ကိုကျင့်ပြီး ကောင်းကင်စံအိမ်တစ်ခုလုံးကို

သွေးလွှမ်းသွားစေတဲ့ ဒုတိယတပည့်ကိုတော့ ပြစ်တင်ပြောဆိုနေကြလေသည်။

ရန်ကိုင်၏စိတ်အခြေအနေလည်း ကစဉ့်ကလျားဖြစ်နေပြီး ၁၁ယောက်မြောက်

အကြီးအကဲကသူလား။ စုမူပြောတာသာ မှန်ခဲ့မယ်ဆိုရင် ၁၁ယောက်မြောက်

အကြီးအကဲက စံအိမ်ခေါင်းဆောင်ဖြစ်နိုင်ချေများလေသည်။

အဲ့အချိန်မှာပဲ သူတို့အရှေ့ကနေ အသံတွေကို ကြားလိုက်ရလေသည်။

ရန်ကိုင်ကြည့်လိုက်တဲ့အချိန်မှာတော့ တောအုပ်ထဲမှာ ဈေးတစ်ခုလို

ရှုပ်ယှတ်ခတ်နေတဲ့နေရာတစ်ခုကို တွေ့လိုက်ရလေသည်။ အင်းအားစုသုံးခုစလုံးက

တပည့်တွေက ထိုနေရာမှာစုဝေးနေကြပြီး ဆိုင်သေးသေးလေတွေ

ဖွင့်ကာပစ္စည်းအမျိုးမျိုးကို ခင်ကျင်းပြသထားလေသည်။ မျက်စိအစာ

ကျွေးလို့ကောင်းတဲ့နေရာတစ်ခုလည်း ဖြစ်ပေသည်။

ထိုဧရိယာပတ်လည်တစ်ဝိုက်တွင် ရိုးရှင်းစွာတည်ဆောက်ထားတဲ့

သစ်သားအိမ်ဆယ်လုံးမက ရှိလေသည်။ အချို့အိမ်တွေကသေးပြီး

အချို့အိမ်တွေက ကြီးလေသည်။ အိမ်သေးသေးလေးတွေက

နေစရာအိမ်တွေဖြစ်ပြီး အိမ်အကြီးကြီးတွေကတော့ မိုးရွာရင်

ခိုနားဖို့အများသုံးအိမ်တွေပဲဖြစ်လေသည်။

အခုအချိန်က နေသာနေတဲ့အတွက် အင်အားစုသုံးခုကတပည့်တွေက

ဆိုင်သေးသေးလေးတွေဖွင့်ပြီး သူ့တို့၏အဖိုးတန်ပစ္စည်းတွေကို

ခင်းကျင်းပြသနေသည်။

‘‘အခုငါတို့ရောက်ပြီ’’ စုမူ၏ရည်ရွယ်ချက်က ရန်ကိုင်ကိုဒီလိုနေရာတွေ

ရှိတယ်ဆိုတာသိရအောင် ခေါ်လာခြင်းပင်ဖြစ်လေသည်။ ဒါမှ အနာဂတ်မှာ

သူလိုအပ်တဲ့ပစ္စည်းတွေရှိရင် ဒီနေရာမှာလာရောက်လဲလှယ်နိုင်မှာပဲ

ဖြစ်လေသည်။

‘‘ဒီနေရာကမဆိုးဘူး’’ ဆူပူလှုပ်ရှားနေတဲ့ လူတွေကိုကြည့်ရင်း သူစ်ိတ်လှုပ်

ရှားလာခဲ့လေသည်။

စုမူကရယ်ရင်းပြောလိုက်လေသည်‘‘ဟုတ်တာပေါ့။ ဒီနေရာမှာငါတို့လို

ကျင့်ကြံသူတွေ လိုအပ်တဲ့ပစ္စည်းတွေ ရှိတယ်လေ။ ပြီးတော့

မင်းတို့ရဲ့လုံခြုံရေးကိုလည်း စိတ်ပူစရာမလိုဘူး။ အင်းအားစုတစ်ခုစီက

ဒီနေရာကိုကြီးကြ့ပ်ဖို့ ကျွမ်းကျင်သူတစ်ယောက်စီကို လွှတ်ထားတယ်။

မင်းတို့ဟိုသစ်သားအိမ်လေးကို မြင်လား။ အဲ့ဒါကငါတို့ကောင်းကင်စံအိမ်က

ကျွမ်းကျင်သူနေတဲ့နေရာဖြစ်သလို ငါ့အစ်မနေတဲ့နေရာဆိုလည်း မမှားဘူး’’

စုမူက ချက်ချင်းသတိထားလိုက်ပြီး ပြောလိုက်သည်‘‘ငါမင်းတို့ကို အရင်ဆုံး

သတိပေးထားလိုက်မယ်။ ငါ့အစ်မနဲ့ပက်သက်ပြီး နဲနဲလေးတောင် စိတ်မကူးကြနဲ့နော်’’

ရန်ကိုက်က မနေနိုင်ပဲ ရယ်မိသွားလေသည်။

စုမူကထပ်ပြောလိုက်သည်‘‘ ဒါပေမယ့် မင်းတို့သူမကိုစ်ိတ်ဝင်စားရင်တောင်

မင်းတို့ငါ့အစ်မကို ရနိုင်မှာမဟုတ်ဘူး၊ သူမအဆင့်က မင်းတို့နဲ့အကွာကြီး’’

‘‘မင်းအစ်မက အဲ့လောက်တောင် သန်မာတာလား’’

‘‘ဟုတ်တာပေါ့၊ အစစ်အမှန်ဒြပ်စင်အဆင့်၃လေ။ လူငယ်မျိုးဆက်တွေထဲက

ဘယ်လောက်ကများ သူမပြိုင်ဘက်ဖြစ်လာနိုင်လို့လဲ’’

ရန်ကိုင်တုန်ရင်သွားခဲ့သည်။ အစစ်အမှန်ဒြပ်စင်အဆင့်ကို

ရောက်နေတဲ့လူငယ်မျိုးဆက်အရေအတွက်က တော်တော်လေးကို

ရှားပါးလေသည်။ သူမသာနောက်ထပ်အဆင့်ကြီးတစ်ဆင့်ကို

ချိုးဖျက်ဝင်ရောက်နိုင်ခဲ့မယ်ဆိုရင်တော့ စံအိမ်ခေါင်းဆောင်ရောက်နေတဲ့

အဆင့်ကိုရောက်လာပေလိမ့်မည်။

‘‘မင်းအမက အဲ့လောက်အရည်အချင်းရှိတာကို မင်းကဘာလို့

ခန္ဓာသန့်စင်ခြင်းအဆင့်မှာပဲ ရှိနေသေးတာလဲ’’ ရန်ကိုင်က

စုမူကိုပဟေဠိဖြစ်စွာမေးလိုက်လေသည်။

စုမူကရှက်သွားခဲ့ပြီး ဘာပြန်ပြောရမှန်းမသိတော့ပေ။ ခဏကြာတဲ့

အခါမှာတော့ သူပြောလိုက်သည်‘‘ အဲ့လိုမမေးသင့်ဘူးကွ။ စိတ်မပူပါနဲ့

ငါပိုပြီးကြိုးစားအားထုတ်မှာပါ။ တရားမဝင်တပည့်တစ်ယောက်က

ငါ့ကိုကျော်ဖြတ်သွားတာကို ငါငြိမ်မခံနေပါဘူး’’

သူ့ခေါင်းကိုအဆက်မပြတ်ညိတ်ရင်း လွန်ခဲ့တဲ့ရက်တွေက ရန်ကိုင်လက်ထဲမှာ

ခံစားခဲ့ရတာတွေက သူ့၏ယှဉ်ပြိုင်လိုစိတ်ကို လောင်ကျွမ်းသွားစေခဲ့ပုံပင်။

‘‘ငါ့အစ်မဆီအရင်သွားကြရအောင်။ သူမရဲ့ကာကွယ်မှုနဲ့သာဆိုရင်

ဒီလေနက်ကုန်သွယ်ရေးမှာ ငါတို့လုပ်ချင်တာလုပ်ဖို့ ပိုပြီးလွယ်ကူ

သွားလိမ့်မယ်’’

စုမူကသူ့အစ်မကိုသွားတွေ့မယ်လို့ပြောလိုက်တာနဲ့ လူတိုင်း၏မျက်နှာက

အလေးအနက်ဖြစ်သွားလေသည်။ စုမူတောင် သူ့ကိုယ်သူသပ်ရပ်အောင်

လုပ်လိုက်ပြီးသူ့ကိုယ်ပေါ်က ဖုန်တွေကိုခါလိုက်လေသည်။ စုမူက

သူ့အစ်မကို ကြောက်တဲ့ပုံပင်။

‘‘စုမူအစ်မနာမည်ဘယ်လိုခေါ်လဲ’’ ရန်ကိုင်က လီယွမ်ရှန်းကိုတိုးတိုးလေး

မေးလိုက်လေသည်။

‘‘စုယန်’’

သူမကဘယ်လိုလူမျိုးလဲဆိုတာ မသိတာကလွဲလို့ သူမနာမည်ကတော့

မဆိုးပေ။

သိပ်မကြာခင်မှာပဲ သူတို့သစ်သားအိမ်လေးတစ်လုံးရှေ့သို့ရောက်လာ

လေသည်။ ရန်ကိုင်ကသူ့ရှေ့ကအိမ်နဲ့ ပတ်ပတ်လည်က သစ်သားအိမ်

တွေကို စစ်ဆေးကြည့်လိုက်လေသည်။ အိမ်တစ်လုံးစီတိုင်း၏အရှေ့မှာ

‘‘ကောင်းကင်စံအိမ်’’ ဆိုတဲ့ဆိုင်းဘုတ်တစ်ခုစီကို ချိတ်ဆွဲထားလေသည်။

စုမူကနည်းနည်းစိတ်လှုပ်ရှားနေပြီး အသက်ပြင်းပြင်းရှုလိုက်ပြီးမှ အထဲကို

သတိထားပြီး ဝင်သွားလေသည်။ ထို့နောက် သူ့လက်ကိုကြော့ကြော့မော့မော့

မတင်လိုက်ပြီး အိမ်တံခါးက်ို ခေါက်လိုက်လေသည်။ ထို့နောက်

ကြောင်ပေါက်လေးတစ်ကောင်အသံနဲ့ ‘‘အစ်မ၊ ကျွန်တော်အစ်မဆီကို

လာလည်တယ်’’

လီယွမ်ရှန်းနဲ့ အခြားသူတွေက သူတို့ကိုယ်သူတို့ မရယ်မိအောင်

မနည်းထိန်းချုပ်နေရပြီး သူတို့ပခုံးတွေက လှုပ်ခါနေလေသည်။

ရန်ကိုင်တောင် မနေနိုင်ဘဲ ရယ်မိသွားလေသည်။

စုမူက သူ့နောက်ကလူတွေရဲ့ပုံစံကိုသိနေပြီး နောက်လှည့်ကာဆူပူ

ကြိမ်းမောင်းချင်နေလေသည်။

‘‘ဝင်လာခဲ့’’ တောင်ပေါ်စမ်းချောင်းတစ်ခုအလား ပေ့ါပါးအေးစက်တဲ့

အသံတစ်ခုက သူတို့နားထဲပျံ့လွင့်လာခဲ့လေသည်။

စုမူကအခြားသူတွေကို အထဲဝင်ဖို့လက်ရပ်ခေါ်လိုက်လေသည်။

အထဲဝင်လာတဲ့အချိန်မှာ ရန်ကိုင်ကသစ်သားအိမ်လေးကို တိတ်တဆိတ်

စစ်ဆေးလိုက်လသည်။ ထိုသစ်သားအိမ်လေးက သူ့တဲအိမ်ထက်

ပိုမိုရိုးရှင်းနေလေသည်။ တဲထဲကိုရောက်တာနဲ့ အပြင်ကအသံတွေကို

မကြားရတော့ပဲ အေးချမ်းတိတ်ဆိတ်သွားလေသည်။

ဒီသစ်သားအိမ်လေးမှာ လျှို့ဝှက်ချက်တစ်ခုခုရှိရမယ်။ မဟုတ်ရင်

ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်နိုင်မှာလဲ။

သူစူးစမ်းနေတုန်းမှာပဲ စုမူရဲ့စူးစူးဝါးဝါးအော်သံကို ကြားလိုက်ရသည်။

သူဝေ့ဝိုက်ကြည့်လိုက်တဲ့အချိန်မှာတော့ စုမူကသူခေါင်းကိုကိုင်ကာ

ကြမ်းပြင်ပေါ်မှာ ငုံ့နေပြီး သူ့ရှေ့မှာတော့ နှင်းလိုဖြူဖွေးသန့်ရှင်းတဲ့

ဝတ်စုံကိုဝတ်ဆင်ထားတဲ့ မိန်းမလှလေးတစ်ယောက်က

မျက်နှာကြောတင်းတင်းနဲ့ ရပ်နေလေသည်။

Martial Peak

အပိုင်း (၄၅) ငါ့နောက်ဆက်လိုက်နေရင် ငါယဉ်ကျေးနေမှာမဟုတ်တော့ဘူး

‘‘ငါပြိုင်ဘက်ကို ရှုံးသွားလို့ပါ’’ သူအစ်မမေးနေတာကို

သူမဖြေဘဲမနေရဲပေ။ သူဖြေပြီးတာနဲ့ စုယန်၏အခြေအနေကို တစ်ချက်ကြည့်

လိုက်လေသည်။ သူမမျက်နှာက တင်းမာနေတုန်းပင်။

‘‘နင်ဘာလို့ရှုံးသွားတာလဲ’’ ‘‘ငါ့ခွန်အားက လုံလောက်အောင်မသန်မာသေးလို့ပါ……’’

စုမူကသူ့ခေါင်းကိုပိုပြီးနိမ့်လိုက်လေသည်။ ‘‘နင့်ခွန်အားက ဘာလို့မလုံ

လောက်သေးတာလဲ’’ ပြသနာအရင်းအမြစ်ကို မရောက်ရောက်အောင်

စုယန်က တရစပ်မေးနေလေသည်။

စုမူက ရိုးရိုးသားသားပဲ ဖြေနိုင်လေသည်‘‘ ငါကြိုးစားပြီးမလေ့ကျင့်လို့ပါ’’

စုယန်ကသူမခေါင်းကို ညင်ညင်သာသာညိတ်လိုက်လေသည်။

‘‘နင့်မှာအသိဥာဏ်တော့ရှိသေးတာပဲ ။ အဲ့ဆိုရင် နောက်ပိုင်းဘာလုပ်ရမလဲ

ဆိုတာသိပြီမလား’’

‘‘ငါသိပါတယ်’’

‘‘ နင်ဒီနေ့ပြောခဲ့တဲ့စကားတွေကိုသတိရပါ။ နင်သာနောက်ပိုင်း မလေ့ကျင့်ပဲ

အလေလိုက်နေရင် အခြားသူတွေနင့်ကိုမရိုက်ခင် ငါကိုယ်တိုင်နင့်ကို

အရင်ဆုံးမမယ်ဆိုတာ မြဲမြဲမှတ်ထား’’

စုမူမျက်နှာဖြူလျော်သွားပြီး သူ့အစ်မမျှော်လင့်ချက်အတိုင်းဖြစ်လာအောင်

ကြိုးစားလေ့ကျင့်ပါမယ်ဆိုပြီး အဆက်မပြတ်ကျိန်ဆိုကတိပေးနေလေသည်။

သူမစုမူကိုသင်ခန်းစားပေးပြီးတဲ့အခါမှာတော့ ခေါင်းမော့လိုက်ပြီး

စုမူနောက်ကလူတွေကို တစ်ချက်ဝှေ့ကြည့်လိုက်လေသည်။ သူမအကြည့်က

ရန်ကိုင်အပေါ်ရောက်သွားတဲ့အခါမှာတော့ အံ့အားသင့်မှု တစ်စွန်းတစ်စ

သူ့မမျက်လုံးထဲဖြတ်ပြေးသွားလေသည်‘‘ချန်ရှောင်ဖုန်းကိုအနိုင်ယူလိုက်တာ

နင်လား’’

ဒီစီနီယာအစ်မသတင်းရတာမြန်လိုက်တာဆိုပြီး ရန်ကိုင်တွေးနေလေသည်။

သူမကဒီနေရာမှပဲ လေ့ကျင့်နေသော်လည်း အပြင်မှာဖြစ်ပျက်နေတဲ့အရာတွေကို

သိနေခဲ့လေသည်။ သူခေါင်းညိတ်လိုက်သည်‘‘အင်း’’

‘‘နင်ကစုမူထက် ပိုတော်တာပဲ’’ စုယန်ကမထူးခြားနားပင်။ ရန်ကိုင်က

အသက်၁၅နှစ်လောက်ရှိနေပေမယ့် ခန္ဓာသန့်စင်ခြင်းအဆင့်၈သာရှိသေးတဲ့အတွက်

သူ့ပင်ကိုယ်အရည်အချင်းက သာမန်သာဖြစ်ပြီး သူမမျက်လုံးကို

မဖမ်းစားနိုင်ပေ။ သူမရန်ကိုင်ကိုစကားပြောရတဲ့အကြောင်းအရင်းက

သူစုမူကယ်ခဲ့လို့ပဲဖြစ်လေသည်။

‘ငါနင့်ကိုအကြံပေးလိုက်မယ်’’

‘‘ပြောပါစီနီယာအစ်မ’’ ရန်ကိုင်အမူအရာက မပြောင်းလဲပေ။

‘‘ စုမူနဲ့ဝေးဝေးမှာနေရင် နင့်အတွက်ပိုကောင်းလိမ့်မယ်။ နင်သာသူ့နားမှာ

ဆက်နေရင် နင့်ကျင့်ကြံခြင်းအဆင့်က မတိုးလာပဲ အဲ့အဆင့်မှာပဲ

တန့်နေလိမ့်မယ်’’

ရန်ကိုင်ကဖျော့ဖျော့လေးပြုံးလိုက်ပြီး ပြန်မပြောတော့ပေ။ သူမကစုမူကို

သိမ်ငယ်အောင်လုပ်နိုင်ပေမယ့် ရန်ကိုင်ကတော့မလုပ်နိုင်ပေ။ စုမူက

အစကပြုံးနေသော်လည်း သူ့အစ်မပြောတာကြားလိုက်တာနဲ့ သူ့မျက်နှာက

ချက်ချင်းညှိးကျသွားပြီး ဘာမှထပ်မပြောရဲတော့ပေ။

‘‘သွားကြတော့၊ ငါလေ့ကျင့်ဦးမယ်’’ သူမပြောပြီးတာနဲ့ မျက်လုံးမှိတ်ပြီး

စလေ့ကျင်တော့့လေသည်။ ရန်ကိုင်တို့လူအုပ်က သစ်သားအိမ်လေးထဲကနေ

မြန်မြန်ဆန်ဆန်ပဲ ထွက်သွားပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ

သက်ပြင်းအသီးသီးချလိုက်ကြလေသည်။ သူမကမှင်သက်ဖွယ်

ကောင်းလောက်အောင် လှပသော်လည်း သူမဆီကရတဲ့ဖိအားက

ကြီးမားလွန်းပေသည်။ အကယ်၍သူတို့သာအထဲမှာဆက်နေရင်

သူတို့စိတ်နဲ့ခန္ဓာနှစ်လုံးစလုံးအေးခဲသွားမလားတောင်ထင်ရလေသည်။

‘‘ငါ သန့်စင်ထားတဲ့ဆေးလုံးတွေကို သွားပြန်ကြည့်လိုက်ဦးမယ်’’

လီယွမ်ရှန်းက ထွက်မသွားခင်ပြောလိုက်သည်။

‘‘ငါလည်းသွားတော့မယ်’’ ချက်ချင်းပဲ တစ်ယောက်ပြီးတစ်ယောက်

ထွက်သွားကြလေသည်။ သိပ်မကြာခင်မှာပဲ လူအများကြီးကနေ

စုမူနဲ့ရန်ကိုင်နှစ်ယောက်ပဲ ကျန်တော့လေသည်။ စုမူကသူ့မှာ

တစ်ခုခုလုပ်စရာရှိတဲ့ပုံပေါ်နေတဲ့အတွက် ရန်ကိုင်ကပြောလိုက်သည်

‘‘ဂျူနီယာစု၊ တစ်ခုခုလုပ်စရာရှိတဲ့ပုံပဲ။ အရင်သွားလုပ်လိုက်လေ။ ငါဟိုးနား

ဒီနားတစ်ချက်လျှောက်ကြည့်လိုက်ဦးမယ်’’

စုမူခေါင်းညိတ်လိုက်ပြီးပြောလိုက်သည်‘‘ကောင်းပြီ။ မင်းကြိုက်တာတစ်ခုခုတွေ့ရင်

လာပြောလေ။ ငါလိုက်ကြည့်ပေးမယ်။ ဒီမှာရှိတဲ့ဈေးသည်အများစုက

သိပ်မဆိုးပေမယ့်လူလိမ်တွေအများကြီးရှိသေးတယ်’’

သူစုမူဆီကနေ ခွဲထွက်လာပြီးနောက် လေနက်ကုန်သွယ်ရေးနေရာတစ်ဝိုက်ကို

လှည့်ပတ်ကြည့်နေလိုက်သည်။ ဒီနေရာမှာအင်အားစုသုံးခုလူတွေ

အမြဲလိုလိုရှိနေတတ်ပြီး သူတို့အတွက်သိပ်ပြီးအသုံမဝင်တဲ့ပစ္စည်တွေကို

သူတို့အတွက်ပိုပြီးအသုံးဝင်တဲ့ပစ္စည်းတွေနဲ့လဲလှယ်နိုင်အောင် ခင်ကျင်း

ပြသထားကြသည်။

သူလေနက်ကုန်သွယ်ရေးဧရိယာထဲကို မဝင်ခင်ကတည်းက မူလယန်က

ပြင်းပြင်းထန်ထန် တုံ့ပြန်နေသဖြင့် ဒီမြေအောက်ဈေးမှာ ယန်အမျိုးအစား

ပစ္စည်းတွေ အများအပြားရှိနေပုံပေါ်လေသည်။ ဒါကြောင့်ရန်ကိုင်က

ယန်အမျိုးအစားပစ္စည်းတွေကိုအသာ အထူးဂရုပြုအာရုံစိုက်ထားလေသည်။

သူခဏတာလျှောက်ပတ်ကြည့်ပြီးနောက် သူတွေ့ခဲ့တဲ့ယန်အမျိုးအစား

ပစ္စည်းတွေက တော်တော်လေးကို နိမ့်ကျပေသည်။ သူတွေ့ခဲ့တဲ့

ယန်အမျိုးအစားဆေးပင်တွေဆိုရင် ရစ်ခွေနဂါးစမ်းချောင်က

ထုတ်လွှတ်ပေးတဲ့ ယန်စွမ်းအင်ကိုတောင် မမှီပေ။ ဒါကြောင့် ထိုပစ္စည်းတွေကို

သူသိပ်ပြီးဂရုမစိုက်တော့ပေ။

သူစိတ်ဝင်စားတဲ့ပစ္စည်းတွေအများကြီးတွေ့ခဲ့ပေမယ်လည်းပဲ ပစ္စည်းတိုင်း၏

တန်ဖိုးက ခေါင်ခိုက်နေသဖြင့် ခေါင်းခါပြီးသက်ပြင်းချရုံသာတတ်နိုင်လေသည်။

ထိုဈေးနှုန်းတွေက တော်တော်လေးမြင့်လွန်းပြီး သူအခုအချိန် တတ်နိုင်တဲ့

ဈေးမျိုးမဟုတ်ပေ။ နာရီဝက်လောက်ကြာအောင် လျှောက်ပတ်ကြည့်ပြီးနောက်

အသေးစားချီအားဖြည့်ဆေး၏ ဈေနှုန်းအစစ်အမှန်ကို သိခဲ့ရလေပြီ။

အသေးစားချီအားဖြည့်ဆေးက ခန္ဓာသန့်စင်ခြင်းအဆင့်၇မှအဆင့်၉

ကျင့်ကြံသူများအတွက်သာ အသုံးဝင်တာဖြစ်တဲ့အတွက် ဒီလို

ဆေးလုံးတွေက တစ်လုံးကို၅၂တေးလောက်တာ တန်ဖိုးရှိလေသည်။

စုမူသူ့ကိုပေးခဲ့တဲ့ ဆေးပုလင်းထဲမှာ ဆေး၁၀လုံးရှိနေတဲ့အတွက်

ထိုဆေးပုလင်းက၅၂၀ဝန်းကျင်လောက် အဖိုးတန်လေသည်။

၅၂၀တေးလား……အဲ့လောက်နဲ့ဒီမှာဘာမှလုပ်လို့မရပေ။

ဆိုင်တစ်ဆိုင်၏အလယ်မှာရှိတဲ့ မီးလိုနီရဲနေတဲ့ ကျောက်တုံးတစ်တုံးကနေ

အလွန်ပြင်းထန်တဲ့ယန်ချီတွေကို ရန်ကိုင်ခံစားမိနေပြီး ထိုပမာဏက

ရစ်ခွေနဂါးစမ်းချောင်းက ထုတ်လွှတ်တဲ့ယန်ချီပမာဏထက် အဆများစွာ

ပိုသိပ်သည်းလေသည်။ သူသာအဲ့ကျောက်တုံးထဲက ယန်ချီတွေကို

စုပ်ယူနိုင်မယ်ဆိုရင် အနည်းဆုံးယန်အရည်စက ၂စက်၊၃စက်လောက်

သိပ်သည်းနိုင်မယ်ဆိုတာကိုတော့ ရန်ကိုင်တပ်အပ်ပြောနိုင်လေသည်။

ဒါကရစ်ခွေနဂါးစမ်းချောင်းဘေးမှာရက်ပေါင်းများစွာလေ့ကျင့်တာနဲ့

တူညီလေသည်။ သူအဲ့အကြောင်းကိုသိပေမယ့်လည်း ဆိုင်ပိုင်ရှင်က

အလွယ်တကူနှပ်ချလို့ရမယ်လူစားမဟုတ်တဲ့အတွက် ထိုကျောက်တုံးကို

ဈေးနည်းနည်းနဲ့ သူ့ကိုရောင်းလိမ့်မည်မဟုတ်ပေ။ ဒါပေမယ့်ရန်ကိုင်ကလည်း

လက်မလျှော့ချင်တဲ့အတွက် ထိုင်ချလိုက်လေသည်။

ဆိုပိုင်ရှင်မျက်နှာက သူ့ကိုအကြွေးတင်နေတဲ့လူတစ်ယောက်၏မျက်နှာလို

ဖြစ်နေပြီး ရန်ကိုင်ကိုတစ်ချက်ပဲကြည့်ကာ လျစ်လျူရှုထားလိုက်လေသည်။

ရန်ကိုင်ကအခြားပစ္စည်းတွေ၏ဈေးနှုန်းတွေကို စိတ်အားထက်သန်စွာ

မေးနေလေသည်။ ဆိုင်ရှင်ကလည်း ပစ္စည်းတန်ဖိုးတွေကို သာမန်ကာလျှံကာ

သာဖြေနေပြီး ရန်ကိုင်ကအနီရောင်ကျောက်တုံ၏ဈေးနှုန်းကို အမှတ်တမဲ့

မေးလိုက်လေသည်‘‘ဒါဘယ်လောက်လဲ’’

ဆိုင်ရှင်အကျယ်ကြီးရယ်လိုက်ပြီး ‘‘ဒါဆိုင်တစ်ဆိုင်လုံးရဲ့ဈေးအကြီးဆုံး

ပစ္စည်းဖြစ်တဲ့၃၀၀၀တေးတန်တဲ့ ကျောက်တုံးပဲ’’ ထိုတန်ဖိုးက

မိုးထိမတတ်မြင့်လွန်းတဲ့အတွက် ရန်ကိုင်ဘာလုပ်ရဘာကိုင်ရမှန်းမသိ

ဖြစ်သွားခဲ့လေသည်။ ဒါကသူ့အမြင့်ဆုံးတတ်နိုင်တာထက် အများကြီး

ကျော်လွန်နေသဖြင့် သူဈေးဆစ်ဖို့မကြိုးစားတော့ပေ။ သူကျောက်တုံးကို

ချလိုက်ပြီး ထွက်သွားဖို့လုပ်နေတုန်းမှာပဲ သူ့ပုခုံးကို တစ်ယောက်ယောက်က

ပုတ်လိုက်လေသည်။ သူလှည့်ကြည့်လိုက်တဲ့အခါမှာတော့ ချစ်စဖွယ်ကောင်းတဲ့

ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရလေသည်။

‘‘တကယ့်နင်ပဲ’’ ဟူမေးအာက မျှော်လင့်ထားတဲ့ပုံစံနဲ့ပြောလိုက်သည်။

‘‘တစ်ခုခုလိုလို့လား’’ ရန်ကိုင်မျက်မှောင်ကြုံ့လိုက်ပြီး အမှန်အတိုင်း

ပြောရမယ်ဆိုရင် အကျင့်စာရိတ္တမကောင်းတဲ့ ထိုမိန်းမနဲ့ပက်သက်ပြီး

သူ့မှာအထင်အမြင်ကောင်းမရှိပေ။ သူမကအခုအချိန်မှာ သင့်တင့်

လျှောက်ပတ်စွာဝတ်စားထားသော်လည်း ဟိုတစ်နေ့ကသူမ၏

အပြုအမူတွေကြောင့် သူသူုမကိုတော်တော်ကို ရွံရှာစိတ်ပျက်နေလေသည်။

ရန်ကိုင်ရဲ့မထူးခြားနားတဲ့ပုံစံကိုမြင်ပြီး သူမ၏မျက်လုံးတွေက မကျေနပ်မှု

အရိပ်အယောင်ဖြတ်ပြေးသွားခဲ့ပြီး သူမကနူးညံ့စွာပြောလိုက်သည်

‘‘ဘာမှမဟုတ်ပါဘူး။ ငါနင့်ကိုနှုတ်ဆက်ဖို့လာခဲ့တာ။ ဒါပါပဲ’’

‘‘အင်း၊ အဲ့ဒါဆို နှုတ်ဆက်ပါတယ်’’ ရန်ကိုင်ကထွက်မသွားခင် ညင်ညင်သာသာပဲ

ပြောလိုက်လေသည်။

‘‘ဟေး…’’ ဟူမေးအာက ရန်ကိုင်နောက်ကပ်လိုက်ရင်းအော်ခေါ်လိုက်လေသည်။

ရည်ရွယ်ချက်ရှိရှိလား၊ မရည်ရွယ်ပဲလားတော့မသိပေမယ့် သူမရန်ကိုင်နောက်

ကပ်လိုက်နေရင်း ရန်ကိုင်၏အပြုအမူတွေကို ဆန်းစစ်နေလေသည်။ အမွှေးတိုင်

တစ်တိုင်စာလောက် လမ်းလျှောက်ပြီးချိန်မှာတော့ ရန်ကိုင်ကသုန်မှုန်လာခဲ့လေသည်။

ဒီမိန်းမကတော်တော်အရည်ထူးပြီး သူမ၏မြူဆွယ်ဖြားယောင်းတဲ့အပြုအမူနဲ့

ပက်သက်ပြီး ရန်ကိုင်ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်းမသိတော့ပေ။ သူသူမကို

လုံးဝစိတ်မဝင်စားဘူးဆိုတာကို ဖော်ပြခဲ့သော်လည်း သူမကသူ့နောက်ကို

ကပ်လိုက်နေတုန်းပင်။

‘‘နင်ဘာလို့ငါ့နောက်လိုက်နေတာလဲ’’ ရန်ကိုင်ကသွားနေရင်းရပ်လိုက်ပြီး

မေးလိုက်လေသည်။

‘‘ငါနင့်နောက်လိုက်နေတာမဟုတ်ဘူး။ ငါ့ဘာသာငါလျှောက်ပတ်ကြည့်နေတာ။

ဘာလဲ၊ နင်ငါ့ကိုဂရုစိုက်နေတာလား’’ ဟူမေးအာက ချစ်စဖွယ်ကောင်းစွာပြုံးရင်း

မေးလိုက်လေသည်။

‘‘ငါ့နောက်ကိုဆက်လိုက်မနေနဲ့တော့၊ မဟုတ်ရင် ငါယဉ်ကျေးနေတော့မှာ

မဟုတ်ဘူး’’ ရန်ကိုင်က ဒေါသတကြီးပြောလိုက်သည်။

ဟူမေးအာမကြောက်ရွံ့ရုံမျှမက စိတ်အားထက်သန်စွာနဲ့ သူ့သည်ခံနိုင်မှုကို

စမ်းသပ်လိုက်လေသည်‘‘ဘယ်လိုမယဉ်ကျေးမှာလဲ။ နောက်ဆုံးအကြိမ်တုန်းက

လိုလား’’

All Chapters