← Chapters

အခန်း (၄၆-၅၀)

Vol. 2 Ch. 46-50

အခန်း (၄၆-၅၀)

Vol. 2 Ch. 46-50

အပိုင်း (၄၆) လူမရှိတဲ့နေရာကို ခေါ်သွားခြင်း

ဟူမေးအာရဲ့ပြဿနာရှာတတ်တဲ့ အပြုအမူနဲ့ပက်သက်ပြီး ရန်ကိုင်အဖို့သူမကို

ရင်ဆိုင်ဖို့နည်းလမ်းမရှိပေ။ သူသူမကိ်ု လျစ်လျူရှုရုံသာတတ်နိုင်ပြီး ဟူမေးအာလည်း

ရန်ကိုင်မ၏ထူးခြားနားမှုကို မြင်နေရလေသည်။ သူမရန်ကိုင်ကို နောက်ထပ်ရန်စရဲသော်လည်း

အဲ့လိုမလုပ်ဖို့ ဆုံးဖြတ်လိုက်ပြီး သူမရန်ကိုင်နောက်ကိုသာ ဆက်လိုက်နေလေသည်။

မူလယန်ခေါ်ဆောင်ရာနောက်သို့လိုက်ရင်း ခဏတာလမ်းလျှောက်ပြီးနောက် ရန်ကိုင်က

ဆိုင်တစ်ဆိုင်ရှေ့မှာ ရပ်လိုက်လေသည်။

ထိုဆိုင်မှာရှိတဲ့ လက်သီးအရွယ်ကျောက်တုံးတွေက အလွန်ပြင်းထန်ပေါများတဲ့

ယန်ချီတွေကို ထုတ်လွှတ်နေပြီး အခြားဆိုင်က ကျောက်တုံးတွေထက် ယန်ချီ

ပိုပြီးသိပ်သည်းလေသည်။ ဒီဆိုင်ကကျောက်တုံးတွေက အခြားဆိုင်က

ကျောက်တုံးတွေထက် ပိုဈေးမကြီးလောက်ပေ။ ရန်ကိုင်ကချီတုံချတုံ

ဖြစ်နေတဲ့အချိန်မှာ ဆိုင်ရှင်ကသူ့ကိုနွေးထွေးစွာ ကြိုဆိုလိုက်လေသည်

‘‘ ညီလေး၊ မင်းဘာအကြောင်းတွေးနေတာလဲ။ ငါ့ဆိုင်ကပစ္စည်းတွေက

ဈေးသင့်ပါတယ်ကွာ။ မင်းဒီနေရာကနေ ဖြတ်သွားမှာတော့ ဒီအခွင့်အရေးကို

မလွဲသင့်ဘူးကွ။ မင်းအသုံးချဖို့ဝယ်တာပဲဖြစ်ဖြစ်၊ ပြန်ရောင်းဖို့ဝယ်တာပဲဖြစ်ဖြစ်

ဈေးနှုန်းက သင့်တင့်မျှတပါတယ်’’

ရန်ကိုင်ကရဲဆေးတင်လိုက်ပြီး မေးလိုက်သည်‘‘အဲ့ကျောက်တုံးတွေက ဘယ်လောက်လဲ’’

ဆိုင်ပိုင်ရှင်က ခေါင်းငုံ့ကြည့်လိုက်ပြီး ‘‘ မင်းကယန်ကျောက်တုံးတွေကို ပြောနေတာလား။

အဲ့ဒါတွေက ဈေးမကြီးပါဘူး။ တစ်တုံးမှတေးငါးရာပဲ’’ သူ့မှာရှိရှိသမျှပိုက်ဆံတွေ

အားလုံးပေါင်းလိုက်ရင်တောင်မှ တေး၅၀၀လောက်ပဲရှိတာလေ။ ဒါကတော့

သူ့ရဲကံပဲပေါ့။

ရန်ကိုင်မျက်နှာမဲမှောင်သွားပြီး ထိုကျောက်တုံးကဈေးသင့်မှန်းသိနေပေမယ့်လည်းပဲ

သူခေါင်းသာခါလိုက်ပြီး ပြောလိုက်သည်‘‘အဲ့ဒါက နည်းနည်းဈေးကြီးသေးတယ်’’

ဆိုင်ရှင်ကခေါင်းခါပြီး ပြုံးကာ‘‘ညီလေး၊ မင်းကနောက်နေတာပဲ။ မင်းသာ

အခြားဆိုင်သွားပြီး ဈေးမေးကြည့်ရင် ငါ့ဆိုင်ကပစ္စည်းတွေက ဈေးဘယ်လောက်

ချိုလဲဆိုတာမင်းသိလိမ့်မယ်’’

အဲ့ဒါက မှန်ပေသည်။ ရန်ကိုင်လေနက်ကုန်သွယ်ရေးနေရာကိုရောက်ကတည်းက

ဘာပစ္စည်းမှ မဝယ်ရသေးသော်လည်း သူပစ္စည်းတော်တော်များများရဲ့

ဈေးနှုန်းတွေကို သိပြီးသွားပြီဖြစ်သည်။ ဒီဆိုင်ကပစ္စည်းတွေက ဈေးသိပ်မကြီးပေ။

ဒါပေမယ့် ပစ္စည်းတစ်ခုခုဝယ်တော့မယ်ဆိုရင်တော့ ဈေးအရင်ဆစ်သင့်တာပေါ့။

အကူအညီမဲ့စွာနဲ့ ရန်ကိုင်ကဆိုင်ရှင်ကို စျေးလျော့ပေးရန် အချေအတင်ပြောလေသည်။

ဒါပေမယ့် ဆိုင်ရှင်က ဘူးခံငြင်းနေပြီး နောက်ဆုံးမှာတော့ ဆိုင်ရှင်ကစိတ်ညစ်လာခဲ့သည်။

ထို့နောက်သူပြောလိုက်သည်‘‘ညီလေး၊ ဒီဆိုင်ကပစ္စည်းတွေကိုငါပိုင်တာမဟုတ်ဘူး။

ငါကအခြားသူအစား စျေးကူရောင်းပေးနေတာပဲရှိတာ။ ငါပစ္စည်းတန်ဖိုးတွေကို

မြှုင့်လိုရပေမယ့် နိမ့်လိုတော့မရဘူးကွ။ မဟုတ်ရင် ဆုံးရှုံးသွားတဲ့ပစ္စည်းတန်ဖိုးကို

ငါ့ဘာသာငါစိုက်ထုတ်ပြီး လျော်ပေးရမှာကွ။ ဒါကြောင့် ကျေးဇူးပြုပြီး ငါ့ကို

နောက်ထပ်ခက်ခဲအောင် မလုပ်ပါနဲ့တော့လားကွာ’’

‘‘ကူရောင်းပေးတာလား’’ ငေးငိုင်နေပြီးမှ ရန်ကိုင်ကမတ်တပ်ရပ်နေတဲ့

ဟူမေးအာကို လှည့်ကြည့်လိုက်လေသည်။ ဒီပတ်ပတ်လည်မှာ အင်အားစု

တစ်ခုပဲရှိလေသည်…သွေးတိုက်ပွဲဂိုဏ်း။ ဟူမေးအာက ချိုသာစွာပြောလိုက်သည်

‘‘ဟုတ်တယ်၊ ဒီဆိုင်ကငါ့မိသားစုက ပိုင်တဲ့ဆိုင်ပဲ။ နင်အဲ့ကျောက်တုံးတွေကို

လိုချင်နေတာလား’’

ရန်ကိုင်ကခေါင်းညိတ်လိုက်လေသည်။

‘‘နင့်ငါပြောတဲ့အခြေအနေတစ်ခုကို သဘောတူရင် ငါကျောက်တုံး၁၀တုံးမက

ပေးမယ်’’ ဟူမေးအာက ပြောလိုက်သည်။

‘‘သခင်မလေး…’’ ဆိုင်ရှင်မျက်နှာက အပြောင်းကြီးပြောင်းလဲသွားခဲ့လေသည်။

ဒီဆိုင်ကပစ္စည်းတွေသာ ဆုံးရှုံးသွားခဲ့ရင် သူပြဿနာတက်ပေလိမ့်မည်။

‘‘စိတ်မပူပါနဲ့့။ ဂိုဏ်ခေါင်းဆောင်ကိုငါပြောလိုက်မယ်’’ ဟူမေးအာကပြောလိုက်သည်။

ဆိုင်ရှင်ကပြောဖို့လုပ်နေတုန်း ချက်ချင်းပါးစပ်ပိတ်လိုက်သည်။

‘‘ဘယ်လိုလဲ။ နင်ကတိတစ်ခုပဲပေးဖို့လိုတာနော်’’ ဟူမေးအာက တောက်ပစွာ

ပြုံးလိုက်သည်‘‘ နင်တို့လိုယောက်ျားတွေအတွက်ကတော့ အဲ့ဒါကအရမ်း

ရိုးရှင်းတဲ့အလုပ်တစ်ခုပဲ’’

‘‘အဲ့အကြောင်းတွေးတောင်မတွေးနဲ့’’ ရန်ကိုင်က ပြတ်ပြတ်သားသား ငြင်းပယ်

လိုက်သည်။ သူမစဉ်းစားပဲနဲ့တောင် ဟူမေးအာဘာကိုဆိုလိုလဲဆိုတာ

သိနေပေသည်။ တကယ်သာသေချာစဉ်းစာကြည့်မယ်ဆိုရင် သူမရန်ကိုင်ကို

အဲ့လောက်စိတ်မဝင်စားပေ။ ဟိုတစ်နေ့ကရန်ကိုင်ကိုဆွဲဆောင်ဖြာယောင်းတာ

ကျရှုံးသွားခဲ့တာက သူမကိုတော်တော်လေးစိတ်ပျက်သွားစေခဲ့လေသည်။

သူမ၏မာယာညှို့ကွင်းအောက်က လွတ်မြောက်နိုင်တဲ့ယောက်ျားသာဆိုတာ

မရှိသေးပေ။ ဟူမေးအာကို ထိုကိစ္စကိုအခဲမကျေဖြစ်နေတဲ့အတွက်

ရန်ကိုင်ကိုသူမအားလက်လျော့အရှုံးပေးစေလိုခြင်းဖြစ်လေသည်။ အချိန်ကျလာပြီး

သူလက်လျော့အရှုံးပေးလိုက်တဲ့အခါမှတော့ သူမကသူ့ကိုစွန့်ပစ်ပြီး

ဟာသတစ်ခုအဖြစ်ကြည့်နေရုံပဲလေ။

ဟူမေးအာသာ ယောက်ျားတစ်ယောက်ကို အလိုရှိခဲ့ရင် သူမတစ်ချောင်း

တည်းနဲ့လက်ယပ်ခေါ်လိုက်ရင်တောင် သူမနောက်ကိုလိုက်လာမယ့် ယောက်ျားသားတွေ

အများကြီးပင်။အခြားရည်ရွယ်ချက်ကြောင့်သာမဟုတ်ရင် သူမမှားနေတယ်လို့ ဘာလို့

ခံစားနေရမှာလဲ။ သူမရဲ့အပြုအမူတွေက ယောက်ျားတွေကို မြူဆွယ်ဖြာယောင်းပြီး

အကျင့်သိက္ခာကင်းမဲ့ပေမယ့် ဒါတွေကအခြားသူတွေကို စ်ိတ်ရှုပ်သွားစေဖို့

အပေါ်ယံအပြုအမူသက်သက်တွေပဲလေ။

ငါနင့်ကိုမလွှမ်းမိုးနိုင်ဘူးဆိုတာငါမယုံဘူး…ဟူမေးအာ၏စိတ်က ယတိပြတ်သားနေခဲ့သည်။

သူမဆိုင်ရှင်ကိုစောင်းကြည့်ပြီးပြောလိုက်သည်‘‘ သူ့ကိုစျေးလျော့ပြီး ရောင်းပေးလိုက်’’

ဆိုင်ပိုင်ရှင်က သနားစရာကောင်းလောက်အောင် ညီတွားလိုက်သည်‘‘ အဲ့ဒါမကောင်းဘူး’’

ဆိုင်ရှင်ကခေါင်းညိတ်ဖို့လုပ်နေတုန်းမှာပဲ ရန်ကိုင်သူ့လက်ကိုဝှေ့ရမ်းပြီးပြောလိုက်သည်

‘‘ မလိုပါဘူး။ ၅၀၀တေးအတိုင်းပဲထားလိုက်ပါ’’ ၅၀၀တေးအတိုင်းပဲ ရောင်းလိုက်ခြင်းက

ဆိုင်ရှင်အတွက် မြတ်လည်းမမြတ်သလို ရှုံးလည်းမရှုံးပေ။ ဒါကဆိုင်ကသတ်မှတ်ထားတဲ့

ဈေးပဲဖြစ်လေသည်။ သူပြောနေရင်း အသေးစားချီအားဖြည့်ဆေးပုလင်းကိုထုတ်လိုက်ပြီး

‘‘ငါဒီဆေးလုံးတွေကို လဲလို့ရလား’’

‘‘ရတယ်’’ ဆိုင်ရှင်ကခေါင်းညိတ်လိုက်သည်။

‘‘ဆေးတစ်ပုလင်းမှာ ဆေးလုံး၁၀လုံးပါတဲ့အတွက် ၅၀၀တေးရမယ်’’ ထို့နောက်ရန်ကိုင်က

ဆေးပုလင်းကိုဆိုင်ရှင်ဆီပေးလိုက်ပြီး ယန်ကျောက်တုံးတစ်တုံးကိုကောက်ယူလိုက်သည်။

သူကျောက်တုံကိုကိုင်ထားရင်း အားကောင်းတဲ့ယန်စွမ်းအင်တွေကိုခံစားလိုက်ရသည်။

သူတော်တော်လေးကျေနပ်သွားခဲ့သည်။ ဟူမေးအာကတော်တော်လေးနောင်တရနေ

တဲ့အတွက် အံသာကြိတ်နေရတော့သည်။ ရန်ကိုင်က၏အပြုအမူတွေက သူသူမကို

အကြွေးမတင်ချင်ဘူးဆိုတာကိုသက်သေပြနေခဲ့လေသည်။ ဆိုင်ရှင်က သူတို့၏အမူအရာတွေကို

ဆန်းစစ်နေပြီး သူ့ရဲ့သခင်မလေးက ရန်ကိုင်နဲ့ပက်သက်ပြီးတစ်ခုခုမှာယွင်းနေမှာကို

စိုးရိမ်နေလေသည်။ ရန်ကိုင်နဲ့အရောင်းအဝယ်ကမျှတသော်လည်း သူ့သခင်မလေး

စိတ်ပျက်သွားတယ်ဆိုတာ သိလိုက်သည်။ ခဏလောက်စဉ်းစားပြီးနောက် ဆိုင်ရှင်က

ဆိုင်ကအစေ့တစ်စေ့ကိုကောက်ယူလိုက်ပြီးပြောလိုက်သည်‘‘ ညီငယ်လေး၊

မင်းစိတ်မရှိဘူးဆိုရင် ဒီအစေ့ကိုရောင်းလို့မရတော့လို့ မင်းကိုပဲပေးလိုက်မယ်’’

‘‘ဘယ်လိုအစေ့မျိုးလဲ’’ ရန်ကိုင်က လှမ်းယူလိုက်တဲ့အချိန်မှာ အစေ့ထဲက

ယန်စွမ်းအင်ဖျော့ဖျော့လေးကို ခံစားမိလိုက်သည်။ ‘‘ဒါကနေသုံးစင်းအသီးရဲ့အစေ့ပဲ။

ဒီအစေ့ကိုငါတို့ယန်ကျောက်တုံးတွေတူးနေတုန်းကရခဲ့တာ’’ ဆိုင်ရှင်ကသူ့ကိုပြော

လိုက်သည်‘‘ နေသုံးစင်းအသီးက မြေကမ္ဘာအဆင့်နိမ့်အသီးတစ်မျိုးပဲ။ ကြီးထွားဖို့

ကြာတာလေးတစ်ခုပဲရှိတာ’’

သူကအစေ့တစ်စေ့တည်းနဲ့ဘာလုပ်ရမှာလဲဆိုတဲ့အကြောင်းကိုတွေးရင်းမနေနိုင်ပဲ

ရယ်မိသွားလေသည်။ ဒီအစေ့ကိုစိုက်ရင်တောင် အသီးတစ်လုံးသီးဖို့ ဆယ်နှစ်လောက်

ကြာမှလေ။ ဒါပေမယ့်ဆိုင်ရှင်က စိတ်ရင်နဲ့ပေးနေတာဖြစ်လို့ မငြင်းရက်တော့ပဲ

လက်ခံလိုက်လေသည်။ ဘာပဲဖြစ်ဖြစ် အစေ့တန်ဖိုးက သိမ်မကြီးတဲ့အတွက်

သူလက်ခံလိုက်ရင်တောင် ဘာမှမဖြစ်လောက်ပေ။

‘‘ကျေးဇူးပါ’’ ရန်ကိုင်ကမတ်တပ်ရပ်နေရင် ယန်ကျောက်တုံးနှင့်အစေ့ကို

သူ့အကျီင်္အိတ်ထဲထည့်လိုက်လေသည်။ သူ့မှာနောက်ထပ်အသေးစား

ချီအားဖြည့်ဆေးတွေ မရှိတော့တဲ့အတွက် ဒီဆိုင်နဲ့ပက်သက်ပြီးဘာမှလုပ်ဖို့

မရှိတော့ပေ။ ဒါပေမယ့် သူလျှောက်ပတ်ကြည့်သော်လည်း စုမူတို့အဖွဲ့

အရိပ်အယောင်ကိုမတွေ့ရတဲ့အတွက် လေနက်ကုန်သွယ်ရေး နေရာကနေ

တစ်ယောက်တည်းထွက်လာခဲ့သည်။ ဟူမေးအာကနောက်ကနေ

အမြီးတစ်ချောင်းလိုတောက်လျှောက်တွယ်ကပ်နေပြီး ရန်ကိုင်နောက်ကို

မနားတမ်းလိုက်နေလေသည်။ ဒါပေမယ့် သူမမျက်နှာမှာတော့ စိတ်ပျက်မှုတို့

အထင်းသားပေါ်နေလေသည်။ သူသူမကိုတစ်နည်းနည်းနဲ့မျက်ခြေဖျက်

ရပေလိမ့်မည်။မဟုတ်ရင် သူမသာကောင်းကင်စံအိမ်အထိလိုက်လာခဲ့ရင်

အခြားတပည့်တွေက သူ့ကိုတစ်မျိုးထင်ကုန်ပေလိမ့်မည်။ ပြီတော့ ဟူမေးအာ၏

ဂုဏ်သတင်းကလည်း သိပ်ပြီးကောင်းတာမဟုတ်ပေ။

သူပတ်ပတ်လည်ကိုကြည့်နေရင်း ရုတ်တရက်အကြံကောင်းတစ်ခုရလိုက်ပြီး

လေနက်တော်အုပ်ထဲကို လမ်းလျှောက်ဝင်သွားလေသည်။ သူလမ်းလျှောက်ရင်း

ဟူမေးအာကိုနောက်ပြန်လှည့်ကြည့်ကာ ‘‘ဟဲဟဲ’’ဆိုပြီး ရယ်ရယ်သွားလေသည်။

မင်းသာငါ့နောက်ဆက်လိုက်ရဲရင် ငါမင်းကိုမုဒိန်းကျင့်ပြီးသတ်ပစ်မယ် ဟုပြောနေ

သယောင်ယောင်။ အကြည့်တစ်ချက်စီတိုင်းက တဏှာရမက်တို့နဲ့ဖုံးလွှမ်းနေလေသည်။

ဟူမေးအာလည်းပြန်ပြီးရယ်ပြလိုက်ပေမယ့် သူမတကယ်ကိုချောက်ချားနေခဲ့လေသည်။

ရန်ကိုင်ကတောအုပ်ထဲကိုဝင်သွားတာကိုကြည့်ရင်း သူမချိတုံချတုံဖြစ်လာခဲ့သည်။

သူမသာအထဲဝင်သွားပြီး တစ်ခုခုဖြစ်ခဲ့ရင် သူမဘာလုပ်နိုင်မှာလဲ။ ထို့နေ့က

ရန်ကိုင်နဲ့ချန်ရှောင်ဖုန်းတို့၏တိုက်ပွဲကို သူမမျက်မြင်တွေ့ခဲ့ရပြီး သူမလည်း

ရန်ကိုင်၏ပြိုင်ဘက်မဟုတ်ဘူးဆိုတာကိုသိနေလေသည်။ သူမတစ်ခဏတာ

တုန့်ဆိုင်နေပြီးနောက် ခြေဆောင့်ကာရန်ကိုင်နောက်ကိုလိုက်သွားလေသည်။

ရန်ကိုင်ကသူမကိုခြောက်လှန့်ဖို့ကြိုစားနေတယ်ဆိုတာသူမသေချာသိနေခဲ့သည်။

ဟူမေးအာသူ့နောက်ကိုဆက်လိုက်လာတာကိုတွေ့ပြီး ရန်ကိုင်ဒေါသထွက်လာခဲ့သည်။

သူဒီလိုလုပ်ရတဲ့အကြောင်းအရင်းက ဟူမေးအာကိုခြောက်လွှတ်ဖို့လေ။ ဒီမိန်းမက

ဒီလောက်သတ္တိကောင်းလိမ့်မယ်လို့သူ မထင်ထားခဲ့ပေ။ လူမရှိတဲ့နေရာကို

ရောက်တဲ့အထိစောင့်နေစမ်းပါ…ငါဘာလဲဆိုမင်းသိစေရမယ်။

Martial Peak

အပိုင်း(၄၇) ငါကမိန်းမပျက်တစ်ယောက်လို့နင်ထင်နေတာလား

ရန်ကိုင်နဲ့ ဟူမေးအာတို့လေနက်တောအုပ်ထဲကိုရှေ့ဆင့်နောက်ဆင့်

ဝင်သွားတဲ့အချိန်မှာတော့ သစ်ပင်တစ်ပင်နောက်ကနေ

လူရိပ်နှစ်ခုထွက်ပေါ်လာခဲ့သည်။ တစ်ယောက်ကမှေးမှိန်ပျောက်ကွယ်

သွားတဲ့ရန်ကိုင်ပုံရိပ်ကိုအမုန်းတရားအပြည့်နဲ့ကြည့်နေပြီး သူ့မျက်နှာ

ကလည်း ဒဏ်ရာဗရပွနဲ့ပြည့်နေလေသည်။ တစ်ချက်ကြည့်ရုံနဲ့တင်

အရိုက်ခံထားရတယ်ဆိုတာ သိနိုင်လေသည်။ အခြားတစ်ယောက်၏

အသွင်အပြင်က ရက်စက်ကြမ်းကြုတ်မယ့်ပုံပေါက်နေပြီး ဟူမေးအာ၏

လှုပ်ရမ်းနေတဲ့တင်ပါးကို တဏှာလွှမ်းနေတဲ့မျက်လုံးတွေနဲ့စူးစိုက်

ကြည့်နေလေသည်။

‘‘ဂျူနီယာညီလေးချန်၊ မင်းကိုရိုက်သွားတာအဲ့ကောင်လား’’ ထိုလူငယ်က

ချန်ရှောင်ဖုန်းကိုအေးစက်စက်မျက်နှာနဲ့ကြည့်နေပြီး ‘‘မင်းစဦးဒြပ်စင်အဆင့်

ကိုရောက်တာသိပ်မကြာသေးပေမယ့် အဲ့ကောင်ရိုက်တာခံရလောက်အောင်

အားမနည်းလောက်ဘူးမလား။ သူကအခုမှခန္ဓာသန့်စင်ခြင်းအဆင့်ပဲရောက်သေး

တာလေ’’ ချန်ရှောင်ဖုန်းကသူ့ကိုယ်သူကာကွယ်ပြောဆိုလိုက်လေသည်

‘‘ငါဂရုမစိုက်မိလိုက်လို့ပါ။ အဲ့ကောင်ကတော်တော်ထူးဆန်းတယ်။

စတိုက်ကတည်းက သူ့အသက်ကိုလုံးလုံးလျားလျား လျစ်လျူရှုထားတာ။

ငါ့ဓားကိုတောင်သူ့လက်ဝါးနဲ့ကာလိုက်သေးတယ်။ ဓားကသူ့လက်ဝါးကို

ဖောက်ဝင်သွားတာတောင် အသံတစ်ချက်မထွက်ဘူး။ ပြီးတော့

ငါ့ဓားကိုကာရုံမကလို့ ငါ့လက်မောင်းတွေကိုတောင်

လှုပ်မရအောင်ချုပ်ထားလိုက်သေးတယ်။ အဲ့ဒါကြောင့်ပဲသူ့ကို

ငါရှုံးသွားတာ’’

‘‘အိုး၊ စိတ်ဝင်စားစရာတော့ကောင်းသား။ သူနဲ့ငါဆိုရင် ဘယ်သူပိုသန်မာ

တယ်ထင်လဲ’’ ချန်ရှောင်ဖုန်းကရယ်ရင်းပြန်ပြောလိုက်သည်

‘‘ပြောစရာလို့သေးလို့လား။ စီနီယာအကိုနူတောင်းကပိုသန်မာတာပေါ့။

သူကဘယ်လိုလုပ်ပြီးစီနီယာအကိုနဲ့ယှဉ်နိုင်မှာလဲ’’

‘‘မင်းသူ့အဆင့်အတန်းကိုသေသေချာချာစုံစမ်းပြီးသွားပြီလား။ ငါ့တို့

အားကောင်းတဲ့နောက်ခံရှိတဲ့သူတွေကိုရန်စလို့မဖြစ်ဘူးနော်’’

နူတောင်းကချန်ရှောင်ဖုန်းကိုဂရုတစိုက်မေးလိုက်သည်။

‘‘ငါသေသေချာချာစုံစမ်းပြီးသွားပြီ။ သူကကောင်းကာင်စံအိမ်မှာ

ဘာနောက်ခံမှမရှိတဲ့တရားမဝင်တပည့်တစ်ယောက်သာသာပဲ။ မင်းသူ့လို

လူမျိုးကိုသတ်လိုက်ရင်တောင် ဘယ်သူမှဂရုစိုက်နေမှာမဟုတ်ဘူး’’

‘‘ဟားဟား….တရားမဝင်တပည့်လား။ ငါသိသလောက်ဆိုရင်

ကောင်းကင်စံအိမ်မှာတရားမဝင်တပည့်၁၀ယောက်ဝန်းကျင်လောက်ပဲ

ရှိတာမလား။သူကအဲ့ထဲကတစ်ယောက်လား’’ နူတောင်းက

သတင်းကောင်းကြားလိုက်ရတဲ့အတိုင်းအဆက်မပြတ်ရယ်မောနေခဲ့သည်။

တရားမဝင်တပည့်ဆိုတဲ့စကားလိုကြားလိုက်တာနဲ့ သူ၏

စိုးရိမ်ပူပန်မှုတွေအကုန်လုံးကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်

သွားခဲ့လေသည်။ တရားမဝင်တပည့်တွေကကောင်းကင်စံအိမ်၏

ဂုဏ်သတင်းကိုဖျက်စီးတဲ့လူတွေဖြစ်ပြီး အဲ့လိုလူမျိုးကိုသတ်လိုက်ရင်

ကောင်းကင်စံအိမ်ကသူ့ကိုအရေးမယူတဲ့အပြင်ကျေးဇူးတောင်

တင်နေဦးမှာဖြစ်သည်။

‘‘အစတုန်းကတော့သူတို့ဒီကိုမလာမှာကိုငါစိုးရိမ်နေတာ။ ဒါကြောင့်

ငါ့သူတို့ကိုမတိုက်ခိုက်သေးတာ။ ဒါပေမယ့် အဲ့ကောင်က

ဟိုအပျက်မနဲ့လေနက်တောအုပ်ထဲကိုဝင်သွားမယ်လို့

ဘယ်သူကထင်မှာလဲ’’ နူတောင်းမဖွယ်မရာစကားတွေပြောရင်း

ရယ်နေခဲ့သည်‘‘ဂျူနီယာညီလေးကလက်စားချေနိုင်ရုံမက မိန်းမနဲ့

ပက်သက်ပြီးတော့လည်းကံကောင်းတဲ့ပုံပဲ။ ဒါကခဲတစ်လုံးနဲ့

ငှက်နှစ်ကောင်ကိုပစ်လိုက်သလိုပဲ’’

ချန်ရှောင်ဖုန်းလည်းရယ်ပါတော့သည်‘‘စီနီယာအစ်ကိုက ငါအကူအညီ

တောင်းထားတဲ့လူတစ်ယောက်ပဲလေ။ အခုလိုကံကောင်းနေမှတော့

ငါတစ်ယောက်တည်းပျော်နေလို့ဘယ်ဖြစ်မလဲ။ နောက်ပိုင်း

စီနီယာအစ်ကိုပျော်စရာတွေကြုံရင်လည်း ဒီဂျူနီယာကပါ

ဝင်ပါပေးရမှာပေါ့။ အဲ့မိန်းမပျက်ဟူမေးအာရဲ့ဂုဏ်သတင်းက

မကောင်းပေမယ့် သူမကငယ်ရွယ်ပြီးသူမခန္ဓာကိုယ်ကလည်း

တကယ်ကိုပြီးပြည့်စုံတယ်’’

‘‘ဂျူနီယာညီလေးကတကယ်ကိုရက်ရောတာပဲ’’ နူတောင်းက

သိပ်စိတ်မရှည်တော့ပဲ ပြောလိုက်သည်‘‘သွားကြစို့။အချိန်မဖြုန်းတော့နဲ့။

သူတို့နောက်မြန်မြန်လိုက်ရအောင်။ ပြီးတော့ချောင်းတိုက်ဖို့

အခွင့်ကောင်းတစ်ခုရှာရမယ်’’

သူတို့နှစ်ယောက်အတွက် ရန်ကိုင်ကိုသတ်တာကသာမန်

အလုပ်တစ်ခုပင်ဖြစ်လေသည်။ နေ့ခင်းနေ့လယ်အချိန်တွင်

ကောင်းကင်ကြီးကိုး အိပ်ရာကုတင်ထားကာ ဟူမေးအာနဲ့အတူ***

နိုင်ဖို့က သူတို့၏အဆုံးစွန်သောဆန္ဒပင်ဖြစ်လေသည်။

အချိန်ရောက်လာလို့ ဟူမေးအာကလက်တုန့်ပြန်မပြန်ကို

သူတို့ဆုံးဖြတ်စရာမလိုပေ။ သူတို့သာထိုမိန်းမပျက်ကို

သာယာကြည့်နူးအောင်လုပ်ပေးနိုင်သရွေ့ သူမဘယ်လိုလုပ်ပြီး

လက်တုန့်ပြန်ရဲမှာလဲ။ သူတို့နှစ်ယောက်က သူတော်ကောင်း

တွေမဟုတ်ပေ။ ပြီးတော့သူတို့ရဲ့အချိန်အများစုကို

အနက်ရောင်မက်မွန်သီးကျေးရွာ၏အနီအလင်းနယ်မြေမှာ

ကုန်ဆုံးခဲ့တဲ့အတွက် ဟူမေးအာလိုမိန်းမမျိုးကိုဘယ်လို

ကျေနပ်အောင်လုပ်ပေးရမလဲဆိုတာကိုကောင်းကောင်း

သိနေလေသည်။

လေနက်တောအုပ်အတွင်းပိုင်းတွင် ရန်ကိုင်ကလမ်းလျှောက်ရင်း

ဟူမေးအာကိုအေးစက်စက်ကြည့်လိုက် ရယ်လိုက်လုပ်နေသဖြင့်

ဟူမေးအာက နည်းနည်းစိုးရိမ်လာခဲ့လေသည်။ ဒါပေမယ့် ရန်ကိုင်က

အဲ့လိုမျိုးထပ်ခါထပ်ခါလုပ်နေတဲ့အခါမှာတော့ သူမကရန်ကိုင်ကို

ထိတ်လန့်မနေတော့ပဲ ရန်ကိုင်ကိုမှီအောင်ပိုပြီးအရှိန်မြင့်လိုက်

လေသည်။ ရင်းရင်းနှီးနှီးပုံစံနဲ့ ရန်ကိုင်လက်မောင်းကိုဆွဲယူလိုက်ပြီး

သူ့မ၏နူးညံ့ပျော့အိနေတဲ့တောင်ပို့နှစ်ခုကြားထဲထည့်ကာ ဖက်တွယ်

ထားလိုက်လေသည်။ ရန်ကိုင်စိတ်ပျံ့လွင့်သွားခဲ့ပေမယ့် ဟူမေးအာ၏

ပုံစံကိုပြန်သတိရလိုက်ပြီး သူ့၏နိုးကြွလာတဲ့စိတ်ဆန္ဒတွေက ချက်ချင်း

ကွယ်ပျောက်သွားခဲ့လေသည်။ ‘‘နင်ဘာဖြစ်ချင်နေတာလဲ’’ ရန်ကိုင်က

စိတ်ပျက်လာခဲ့သည်။

‘‘ငါ့ကိုတစ်ကြိပ်ပဲအဖော်ပြုပေး။ ငါနောက်ပိုင်းနင့်ကိုလုံးဝ

မနှောင့်ယှတ်တော့ဘူး’’ အနီုးအနားဝန်းကျင်တွင်

လူတစ်ယောက်မှမရှိတဲ့အတွက် ဟူမေးအာကသူမစကားလုံး

နောက်ကွယ်က အဓိပ္ပါယ်ကို ဖုံးကွယ်ဖို့လုံးဝမစဉ်းစားခဲ့ပေ။

‘‘အိမ်မက်သာမက်နေလိုက်’’

‘‘ငါမလှလို့လား’’ ဟူမေးအာ၏မျက်လုံးတွေက ဆွဲဆောင်မှုအပြည့်နဲ့

အရည်ရွှန်းလဲ့နေပြီး‘‘ငါ့ခန္ဓကိုယ်က ဘယ်နေမှာများ အပြစ်အနာအဆာ

ရှိနေလို့လား။ နင်နည်းနည်းလေးတောင် စိတ်မလှုပ်ရှားဘူးလား’’

‘‘မိန်းမတစ်ယောက်ကို သူမရဲ့အတွင်းနဲအပြင်လက္ခာဏာတွေနဲ့

ခွဲခြားတယ်။ နင့်ရဲ့အပြင်ပိုင်းပုံသဏ္ဍာန်ကမဆိုးဘူး။ ပြီးတော့ နင်က

အဲ့ဒါကိုဂုဏ်ယူနေတယ်ဆိုတာလည်း ထင်ရှားနေတယ်။ ဒါပေမယ့်

နင့်ရဲ့အတွင်းပိုင်းကတော့ ကြည့်ချင်စရာမရှိလောက်အောင်ကို

ရွံရှာစက်ဆုပ်ဖွယ်ကောင်းတယ်’’ ရန်ကိုင်ကသူမကိုအေးစက်စက်ကြည့်ရင်း

ပြောလိုက်သည်။

ထိုစကားလုံးတွေက တော်တော်လေးကိုပြင်းထန်လေသည်။ ဟူမေးအာ

မျက်နှာညှိုးကျသွားပြီး ‘‘ငါကမိန်းမပျက်တစ်ယောက်လို့နင်ထင်နေတာ

လား’’ ‘‘ဟုတ်တယ်’’ ရန်ကိုင်ကတိုက်ရိုက်ပဲပြန်ဖြေလိုက်သည်။

ဟူမေးအာ၏ဆွဲဆောင်မှုရှိတဲ့မျက်နှာလေးကတုန်လှုပ်သွားပြီး

လှောင်ပြောင်လိုက်သည်‘‘နင်ကကောင်းကင်စံအိမ်မှာဆိုရင်

ဘာမှမဟုတ်တဲ့တရားမဝင်တပည့်တစ်ယောက်သာသာပါပဲ။

ငါ့ခွန်အားကနင့်လောက်မသန်မာပေမယ့်လည်း ငါကသွေးတိုက်ပွဲဂိုဏ်း

ခေါင်းဆောင်ရဲ့သမီးတစ်ယောက်ပဲ။ငါနင့်ကိုကြိုက်တာတောင်

နင့်အတွက်ကံကောင်းနေပြီ။ ဒါတောင်နင်က နင့်ရှေ့မှာရောက်နေတဲ့

ကံကောင်းမှုကိုမမြင်နိုင်သေးဘူး။ ငါ့ကိုယောက်ျားဘယ်လောက်

များများကလိုချင်တပ်မက်နေလဲဆိုတာ နင်သိလား’’

‘‘အဲ့ဒါဆိုရင်လည်း၊ ဒီကမြင့်မြတ်တဲ့အရှင်သခင်မကြီးက

ဘာလို့အဲ့ယောက်ျားတွေကို သွားမရှာပဲ ငါကိုချည်းတောက်လျှောက်

လိုက်အနှောက်အယှတ်ပေးနေရတာလဲ’’ ရန်ကိုင်ကမထူးခြားနား

ပြောလိုက်သည်။

‘‘ရန်ကိုင် နင့်ကိုမျက်နှာသာပေးနေတုန်းအဲ့လောက်

အရှက်မရှိလုပ်ပြမနေနဲ့။ အကယ်၍ငါသာ နင့်ကငါ့ကို

အရှက်ခွဲစော်ကားတယ်လို့ ငါ့အဖေကိုပြန်ပြောလိုက်ရင်

နင့်လိုတရားမဝင်တပည့်တစ်ယောက်က မနက်ဖြန်နေထွက်

တာကိုမြင်ရမယ်လို့ထင်လား’’ ဟူမေးအာကရှုးရှုးရှဲရှဲဖြစ်သွားလေသည်။

ရန်ကိုင်၏သဘေားထားက သူမရဲ့ အပြည့်အဝနှိုးဆွပေးလိုက်လေသည်။

ဘာပဲဖြစ်ဖြစ်သူမကအဆင့်အတန်းနိမ့်တဲ့

သူတစ်ယောက်မဟုတ်ပေ။ သူမလိုလူတစ်ယောက် ဒီလိုအရှက်

တကွဲ စော်ကားမော်ကားပြောဆိုနေတာကို ဘယ်လိုလုပ်ပြီး ခံနိုင်ပါ့မလဲ။

ရန်ကိုင်လည်းအေးစက်စက်ရယ်လိုက်ပြီး ‘‘ငါဒီကမြင့်မြတ်တဲ့

သခင်မလေးကိုမေးချင်တယ်။ ငါသာနင့်ကိုဒီမှာသတ်လိုက်ရင်

ဂိုဏ်းကိုပြန်ပြီး နင့်အဖေကိုပြန်ပြောနိုင်ပါဦးမလား’’ ဟူမေးအာက

စိတ်ရှုပ်ထွေးသွားပြီး သူမရဲ့ဒေါသကသူမလေနက်တောအုပ်ထဲမှာ

ရောက်နေတယ်ဆိုတာကိုမေ့လျော့သွားစေခဲ့လေသည်။ အကယ်၍

အခုအချိန်မှာသာ ရန်ကိုင်သူမကိုတိုက်ခိုက်ခဲ့ရင် သူမအသက်ရှင်လျက်

ပြန်နိုင်တော့မည်မဟုတ်ပေ။ ပြီးတော့ဒီနေရာက လူသတ်လို့ကောင်းတဲ့

နေရာတစ်ခုလည်းဖြစ်ပေသည်။ တစ်နည်းဆိုရသော် သူမသာဒီနေရာမှာ

သေသွားခဲ့ရင် သူမသေရတာ အချည်းနှီးဖြစ်သွားပေလိမ့်မည်။

သူမအဲ့အကြောင်းတွေးလိုက်တာနဲ့ သူမချက်ချင်းသတိထားလိုက်ပြီး

ရန်ကိုင်ကိုစူးစိုက်ကြည့်ရင်း ခြေလှမ်းအနည်းငယ်ဆုတ်သွားခဲ့သည်။

သူမတုန်လှုပ်ခြောက်ခြားစွာနဲ့ပြောလိုက်သည်‘‘နင်နောက်နေတာမလား’’

‘‘သည်းခံတယ်ဆိုတာ အတိုင်းအတာရှိတယ်’’ ရန်ကိုင်ကမထူးခြားနားစွာ

ပြောလိုက်သည်။

ဟူမေးအာက ရန်ကိုင်ကိုကြည့်ရင်းတောင့်တောင့်ကြီးရပ်နေပြီး

သူမမျက်လုံးတွေက အရှက်ရမှုနဲ့ဒေါသတွေ ရောပြွမ်းနေလေသည်။

ဒါပေမယ့်သူမဘာမှမလုပ်ရဲပေ။ ရန်ကိုင်ကနောက်နေတာလား

အတည်ပြောနေတာလာဆိုတာကိုလည်း သူမမသဲကွဲပေ။ ဟူမေးအာက

စိတ်ရှုပ်ထွေးနေတဲ့အချိန်မှာပဲ ရန်ကိုင်ကချက်ချင်းနိုးနိုးကြားကြားဖြစ်သွားပြီး

အဝေးတစ်နေရာကိုစူးစိုက်ကြည့်နေလိုက်သည်။ ရည်ရွယ်ချက်ရှိရှိလား၊

မသိစိတ်ကလားမသိပေမယ့် ရန်ကိုင်ဟူမေးအာရှေ့ရပ်လိုက်ပြီး

သစ်ပင်ကြီးတစ်ပင်ကိုကြည့်ကာပြောလိုက်သည်‘‘ထွက်လာခဲ့’’

ဟူမေးအာကအံ့သြသွားပြီး သ်ိပ်မကြာခင်မှာပဲ ဘာဖြစ်နေလဲဆိုတာ

သူမနားလည်သွားလေသည်။ လူနှစ်ယောက်ကသစ်ပင်နောက်ကနေ

ထွက်လာပြီး အေးစက်စက်ပြုံးရင်း ရန်ကိုင်တို့ဆီကို လမ်းလျှောက်

လာခဲ့လေသည်။ သူတို့၏ရယ်သံတွေက သေမင်းနတ်ဆိုးခေါ်သံအလား

ထူးဆန်းနေလေသည်။ တစ်ယောက်ကရန်ကိုင်ကိုစူးစိုက်ကြည့်နေတဲ့

အချိန်မှာနောက်တစ်ယောက်က ဟူမေးအာကိုငေးကြည့်နေလေသည်။

‘‘ချန်ရှောင်ဖုန်း၊နူတောင်း’’ ဟူမေးအာက ထိုလူနှစ်ယောက်ကို အထင်းသား

မှတ်မိနေခဲ့ပြီး သူတို့၏နာမည်တွေကို အော်ခေါ်မိလိုက်သည်။ ဒါပေမယ့်

သိပ်မကြာခင်မှာပဲ သူတို့နှစ်ယောက်ဒီကိုဘာလို့ရောက်လာလဲဆိုတာ

သိသွားလေသည်။ ဒီတစ်ကြိမ်မှာတော့ ရန်ကိုင်တကယ်ဒုက္ခရောက်တော့

မယ်ပုံပင်။နူတောင်း၏တဏှာရမက်ခိုးထနေတဲ့မျက်လုံးတွေ

စူးစိုက်ကြည့်ချင်းခံနေရတဲ့အတွက် ဟူမေးအာကတော်တော်လေး

မသက်မသာဖြစ်နေခဲ့လေသည်။ သူမမျက်မှောင်ကြုံ့လိုက်ပြီး

ရန်ကိုင်နောက်ကိုပိုပြီးတိုးသွားလေသည်။

‘‘အစ်မမေးအာ၊ ဘေးဖယ်နေရင်ကောင်းမယ်။ ငါ့တို့ကဒီကောင်

အသက်ပဲလိုချင်တာ။ တော်ကြာအစ်မကိုပါမတော်တဆထိခိုက်

မိနေဦးမယ်’’ ချန်ရှောင်ဖုန်းက သူ့လက်ထဲကဆေးဘားဓါးကို

ဆွဲထုတ်ရင်း ရန်ကိုင်ရှေ့ငါးပေ၊ခြောက်ပေအကွာကနေ အော်ပြော

လိုက်လေသည်။ နူတောင်းလည်းရယ်ရင်းပြောလိုက်သည်

‘‘ အဲ့ဒါမှန်တယ်။ နင့်ကိုမတော်တဆထိခိုက်မိရင် ငါ့နှလုံးသားလေး

နာကျင်ရလိမ့်မယ်’’

Martial Peak

အပိုင်း (၄၈) ကြောက်မက်ဖွယ်စွမ်းအား

ချန်ရှောင်ဖုန်းနဲ့နူတောင်းတို့ဒီကိုရောက်လာတဲ့အကြောင်းအရင်းကို

သိလိုက်တဲ့အချိန်မှာတော့ ရန်ကိုင်ကြောင်အသွားခဲ့လေသည်။

ထိုနှစ်ယောက်က ရက်စက်ပြီးနှလုံးသားမဲ့လိမ့်မယ်လို့တစ်ခါမှ

မတွေးထားခဲ့ပေ;မကျေနပ်ချက်လေးတစ်ခုအတွက်ကြောင့်နဲ့

ငါ့ကိုတကယ်ပဲသတ်ချင်နေကြတာလား။

ထိုလူနှစ်ယောက်ကိုသတိကြီးစွာနဲ့ကြည့်နေတုန်း ဟူမေးအာက

ရန်ကိုင်ကိုတိုးတိုးလေးပြောလိုက်သည်‘‘ရန်ကိုင်၊ နင်အသက်ရှင်ချင်ရင်

ငါပြောတာကိုနားထောင်ရမယ်။ အဲ့နူတောင်းက လွန်ခဲ့တဲ့လဝက်

ကတည်းက စဦးဒြပ်စင်အဆင့်၅ကိုချိုးဖျက်ပြီးသွားပြီ။ နှစ်ယောက်

မပြောနဲ့၊ သူတစ်ယောက်တည်းနဲ့တောင်နင့်ကိုအနိုင်ယူနိုင်တယ်’’

‘‘နင့််မှာသူတို့နဲ့ရင်ဆိုင်ဖို့နည်းလမ်းရှိလို့လား’’ ရန်ကိုင်က

မယုံကြည်နိုင်စွာမေးလိုက်သည်။

‘‘ငါသူတို့ကိုမနိုင်ပေမယ့် သူတို့ငါ့ကိုသတ်ရဲမှာမဟုတ်ဘူး။ နင်

ငါပြောတဲ့အခြေအနေတစ်ခုကိုသဘောတူသရွေ့နင်အသက်ရှင်

စေရမယ်လို့ငါအာမခံနိုင်တယ်’’ ဟူမေးအာ၏အဆင့်အတန်းက

သာမန်မဟုတ်တဲ့အတွက် သူမသာရန်ကိုင်ကိုကာကွယ်ချင်တယ်ဆိုရင်

ချန်ရှောင်ဖုန်းနဲ့နူတောင်းတို့ကာ သူမလျစ်လျူရှုပြီး မျက်နှာသာ

မပေးရဲမည်မဟုတ်ပေ။ အများဆုံးသူတို့သူတို့ဒေါသထွက်ပေါက်ပေးဖို့

ရန်ကိုင်ကိုရိုက်နှက်ရုံလောက်သာ လုပ်ပေလိမ့်မည်။

‘‘မလိုဘူး’’ ရန်ကိုင်ကဖြည်းဖြည်းချင်းခေါင်းခါလိုက်သည်။

‘‘နင့်ကအဲ့လောက်တောင်ဖြစ်နေမှတော့ နင်သေသွားလည်း

အေးတာပဲ’’ ဟူမေးအာက ရန်ကိုင်ကိုလူနုံလူအတစ်ယောက်ကို

ကြည့်သလိုမျိုး ကြည့်နေလေသည် ‘‘ပြောရမှာတော့စိတ်မကောင်းပေမယ့်

ငါကအကြောက်အလန့်ကင်းတယ်။ ဘာပဲဖြစ်ဖြစ် ဘယ်သူသေမယ်၊ရှင်မယ်

ဆိုတာက တိုက်မှသိနိုင်မှာလေ’’ ရန်ကိုင်က သူ့ဆန့်ကျင်ဘက်မှာရှိတဲ့

လူနှစ်ယောက်ကိုကြည့်ရင် တည်ငြိမ်စွာပြောလိုက်သည်။

ရန်ကိုင်၏အဖြေကိုကြားလိုက်တာနဲ့ ဟူမေးအာ၏မျက်နှာကတစ်မျိုးတစ်ဖုံ

ပြောင်းလဲသွားခဲ့ပြီး ခဏကြာတဲ့အခါမှာတော့ ဆင်စွယ်ရောင်သူမ၏သွားဖြူ

လေးတွေနဲ့နှုတ်ခမ်းကိုကိုက်ရင်း ခါးသီးစွာလှောင်ပြောင်လိုက်သည်‘‘နင်က

ဒီလမ်းကိုရွေးချယ်ထားမှတော့ အဲ့လမ်းကိုပဲဆုံးအောင်လျှောက်ပေတော့’’

သူမပြောပြီးတဲ့အချိန် အနောက်ဘက်၁၀ပေအကွာလောက်ကို

ဆုတ်လိုက်သည်။ ချန်ရှောင်ဖုန်းကအေးစက်စက်ရယ်လိုက်ပြီး

‘‘အစ်မမေးအာကတကယ်ကိုနာခံတတ်တာပဲ။ အစ်မမေးအာက

ငါ့တို့ကိုနှောက်ယှတ်မှာမဟုတ်ဘူးလို့ အစကတည်းကငါသိနေတယ်’’

ဟူမေးအာ၏မျက်နှာက အလွန်အမင်းရုပ်ဆိုးသွားပြီး… သူမဘာတွေး

နေလဲဆိုတာကိုတော့ ဘယ်သူမှမသိပေ။

‘‘ဟဲဟဲ’’ နူတောင်းလည်းရယ်လိုက်ပြီး ရန်ကိုင်ကိုခေါင်းအစခြေအဆုံး

စေ့စေ့စပ်စပ်ကြည့်လိုက်သည်။ ထို့နောက်လက်ဆစ်ချိုးလိုက်ပြီး

သူ့ခေါင်းကိုဖြေးညှင်းစွာခါလိုက်လေသည်‘‘မင်းကရန်ကိုင်လား။

မင်းတမလွန်ကိုရောက်တဲ့အခါကျရင် ငါ့ကိုအပြစ်မတင်ပဲ

အခြားသူတွေရဲ့ကိစ္စမှာဝင်ရှုပ်တတ်တဲ့မင်းကိုယ်မင်းသာ

အပြစ်တင်သင့်တယ်။ မင်းကိုငါအဆုံးသတ်ပေးရမလား ဒါမှမဟုတ်

ကိုယ့်ဘာသာကိုယ်လုပ်မလား’’

ဒီမေးခွန်းကတော်တော်လေးကိုရက်စက်ပေမယ့် ရန်ကိုင်ကပြုံးပြီး

ပြန်ပြောလိုက်သည်‘‘ငါ့အသက်ကိုလိုချင်တာလား။ ယူနိုင်ရင်

လာယူလိုက်လေ’’ သူပြောပြီးတာနဲ့ အစစ်အမှန်ယန်နည်းစနစ်ကို

တိတ်တဆိတ်လှည့်ပတ်လိုက်လေသည်။ သူအစစ်အမှန်ယန်နည်းစနစ်ကို

လှည့်ပတ်လိုက်တဲ့အချိန်မှာပဲ သူ့ရင်ဘတ်ကနေပြင်းထန်တဲ့ခံစားချက်

တစ်ခုကိုခံစားလိုက်ရုံမျှမက သူ့သွေးကြောပွိုင့်တွေကနေတစ်ဆင့်

ပူပြင်းလှတဲ့ယန်ချီတွေကိုစုပ်ယူနေတာကိုလည်း ခံစားလိုက်ရသည်။

အဲ့အချိန်မှာပဲ ရန်ကိုင်သွေးကြောတွေက အလွန်အမင်းပူလောင်

လာပြီး သူ့ရင်ဘတ်ကနေ ပူပြင်းလွန်းတဲ့ အခိုးအငွေ့တွေ

ထွက်လာခဲ့သည်။

ရန်ကိုင်ကချက်ချင်းပဲသတိထားလိုက်ပြီး သူမတုန့်ပြန်နိုင်ခင်မှာပဲ

သူ့သွေးကြောတွေက များပြာလွန်းတဲ့ယန်ချီတွေနဲ့ နေသားတကျ

ဖြစ်သွားပြီး ယန်ချီတွေကိုသူ့သွေးကြောထဲမှာလွတ်လပ်စွာ

လှည့်ပတ်သွားနိုင်ခဲ့လေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ

သူ့သွေးကြောတွေက ယန်ချီတွေနဲ့ပြည့်လျှံသွားပြီး မရပ်မနား

လှည့်ပတ်နေလေသည်။တောက်တောက်…. သူ့စိတ်ဝိဥာဉ်အတွင်းပိုင်းက

လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာတဲ့အသံဖြစ်ပြီး

သူ့ဒန်တန်ထဲမှာမမျှော်လင့်စွာပဲ ယန်အရည်စက်

တစ်စက်မကရှိနေခဲ့လေသည်။ သိပ်မကြာခင်မှာပဲ နောက်ထပ်

ယန်အရည်စက်တစ်စက်ဖြစ်တည်လာခဲ့ပြန်သည်။ အသက်

သုံးရှိုက်စာအတွင်းမှာပဲ ယန်အရည်စက်နှစ်စက်ဖြစ်လာခဲ့သည်။

သုံးစက်မြောက်ယန်အရည်စက် သိပ်သည်းပြီးသိပ်မကြာခင်မှာပဲ

ပျောက်ကွယ်သွားခဲ့လေသည်။

ခဏအကြာမှာတော့ အလွန်ပြင်းထန်တဲ့ယန်ချီတွေက လှည့်ပတ်နေတာ ရပ်တန့်

သွားခဲ့လေသည်။ ယန်ကျောက်တုံးလား….အဲ့အကြောင်းကိုတွေးရင်း

သူ့အိတ်ထဲကယန်ကျောက်တုံးကိုထုတ်လိုက်လေသည်။ နဂိုက

ယန်စွမ်းအင်တွေနဲ့ပြည့်နေတဲ့ယန်ကျောက်တုံးက အခုအချိန်မှာတော့

ယန်စွမ်းအင်တစ်စက်မှမရှိတော့ပေ။ တစ်ခဏအတွင်း

ကျောက်တုံးထဲမှာရှိတဲ့ ယန်စွမ်းအင်တွေအကုန်းလုံးကို

ပြောင်စင်အောင်သူစုပ်ယူခဲ့ပြီးလေပြီ။

နောက်ဆုံးတော့ သူယန်အရည်စက်နှစ်စက်ကိုသိပ်သည်း

နိုင်ခဲ့လေသည်။ ပျောက်ကွယ်သွားတဲ့ယန်အရည်စက်တစ်စက်က

ရန်ကိုင်ကိုစိတ်ရှုပ်ထွေးသွားစေခဲ့လေသည်။ သူ့မှာရှိတဲ့ယန်အရည်စက်

နဲ့ဆိုရင် စုစုပေါင်းသူ့မှာယန်အရည်စက်နှစ်စက်ရှိသွားခဲ့လေပြီ။

စုပ်ယူတဲ့နှုန်း…မြန်လွန်းမနေဘူးလား။ ဒါကသူ့ကိုအတင်းထိုးကျွေး

နေတာနဲ့တူပြီး သူအဖို့တုန့်ပြန်ချိန်တောင်မရလိုက်ပေ။

ရန်ကိုင်၏ပြောင်းလဲမှုကိုချန်ရှောင်ဖုန်းနဲ့နူတောင်းတို့မြင်တွေ့

သွားခဲ့သည်။ ရန်ကိုင်၏ရင်ဘတ်ကပြောင်းလဲမှုက ချန်ရှောင်ဖုန်းနဲ့

နူတောင်းကိုဘာလုပ်ရဘာကိုင်ရမှန်းမသိဖြစ်သွားစေခဲ့ပေမယ့်

နူတောင်းရဲ့တိုက်ပွဲအတွေ့အကြုံကြောင့် ချက်ချင်းသူ့လက်ကို

ဝှေ့ရမ်းလိုက်ပြီးပြောလိုက်သည်‘‘ဂျူနီယာညီလေးချန်၊ ငါ့နောက်လိုက်ပြီး

ပြင်ဆင်ထားပါ။ အခြေအနေတွေပြောင်းလဲသွားမှာကိုငါစိုးရိမ်တယ်’’

လူနှစ်ယောက်က ဘေးချင်းကပ်ရပ်အနေအထားနဲ့ မျက်တောင်

တစ်ခတ်အတွင်း ရန်ကိုင်ရှေ့ကိုရောက်လာလေသည်။

နူတောင်းရဲ့ကျင့်ကြံခြင်းအဆင့်က ချန်ရှောင်ဖုန်းထက် ပိုမြင့်တဲ့အတွက်

သူ၏အရှိန်က ချန်ရှောင်ဖုန်းထက်ပိုမြန်လေသည်။ ချီစွမ်းအင်တွေနဲ့

ဖုံးလွှမ်းထားတဲ့လက်သီးကို ချက်ချင်းပဲရန်ကိုင်မျက်နှာဆီ

ပစ်သွင်းလိုက်လေသည်။ နူတောင်းထိုးလိုက်တဲ့လက်သီးက လေထဲမှာ

တဝှီဝှီမြည်းသွားပြီး သူသိုင်းပညာရပ်တစ်ခုကိုထုတ်သုံးခဲ့တယ်

ဆိုတာပေါ်လွင်နေခဲ့လေသည်။ ရန်ကိုင်ကရှောင်တိမ်းမယ်အစား

ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

‘‘ဘုန်း’’

ရန်ကိုင်အဖို့သူ့လက်သီးက ဓားသွားတွေကိုထိုးမိသွားသည့်အလား

တစ်စက္ကန့်အတွင်းသူ့လက်ပေါ်မှာပြတ်ရှရာများစွာပေါ်လာပြီး

ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်ရလေသည်။ နူတောင်းက

ထူးထူးဆန်းဆန်းညီးတွားလိုက်ပြီး သူ့လက်သီးက သံပူတုံးတစ်တုံးကို

ထိုးမိလိုက်သလိုခံစားလိုက်ရသည်။ သူ့အရေပြားနဲ့အသာတွေက

နီရဲနေပြီး နာကျင်စွာအော်လိုက်လေသည်‘‘ဘယ်လောက်တောင်

ပူလိုက်တဲ့ချီလဲ’’

စဦးဒြပ်စင်အဆင့်၅ကျင့်ကြံသူတစ်ယောက်က ခန္ဓာသန့်စင်ခြင်း

အဆင့်မှာရှိနေတဲ့ကျင့်ကြံသူတစ်ယောက်၏ထိုးချက်ကို မခုခံနိုင်ခဲ့ပေ။

ဒါကနည်းနည်းထူးဆန်းနေခဲ့လေသည်။ ထိုနှစ်ယောက် လက်သီးချင်း

ဖလှယ်ပြီးတဲ့အချိန်မှာတော့ နှစ်ယောက်စလုံးခြေလှမ်းအနည်းငယ်စီ

နောက်ဆုတ်သွားခဲ့ရလေသည်။ အဲ့အချိန်မှာပဲချန်ရှောင်ဖုန်းက

ဆေးဘားဓါးကိုကိုင်ရင်း ရန်ကိုင်ဆီပြေးဝင်လာခဲ့လေသည်။

သူကရန်ကိုင်ကိုတစ်ခါတည်းအဆုံးသတ်ချင်တဲ့ပုံစံနဲ့ပိုင်းချလိုက်သည်။

နူတောင်းနဲ့တိုက်ခိုက်ပြီးနောက် ရန်ကိုင်၏သွေးတွေဆူပွက်လာခဲ့ပြီး

သူ့အရိုးကနေ နွေးထွေးတဲ့ခံစားမှုလေးကို ခံစားလိုက်ရသည်။

သူ့မှာမဆုံးနိုင်တဲ့ခွန်အားတွေရှိနေသလိုမျိုးခံစားလိုက်ရသည်။

သူ့မျက်လုံးတွေနီရဲသွားပြီး မူလကချောမောကြည့်ကောင်းတဲ့

မျက်နှာရက်စက်ကြမ်းကြုတ်တော့မယ့်ပုံစံအဖြစ် ပြောင်းလဲသွားခဲ့သည်။

ရန်ကိုင်ကသူ့လက်ကိုသုံးပြီးချန်ရှောင်ဖုန်းကဆေးဘားဓါးကို

ဖမ်းကိုင်ဖို့ကြိုးစားလိုက်သည်။

ချန်ရှောင်ဖုန်းက လှောင်ပြုံးပြုံးလိုက်ပြီး‘‘ငါတစ်ကြိမ်ခံခဲ့ရပြီးပြီ။ ငါ

မင်းထောင်ချောက်ထဲကိုနောက်တစ်ကြိမ်ကျဦးမယ်လို့

ထင်နေတာလား’’ သူပြောရင်းနဲ့ ဆေးဘားဓါးကို ဝှေ့ရမ်းလိုက်ပြီး

ရန်ကိုင်လက်ချောင်းတွေကို ဖြတ်ဖို့ကြိုးစားလိုက်လေသည်။

ရန်ကိုင်ကလည်း နှေးမနေခဲ့ပေ။ ရန်သူ့ဓါးက ဦးတည်ချက်

ပြောင်သွားတာကိုသိလိုက်တာနဲ့ သူ့လက်နဲ့ပြန်ဆုပ်ကိုင်ဖို့

ကြိုးစားလိုက်လေသည်။

‘‘ဖတ်’’ဆေးဘားဓါးက ရန်ကိုင်လက်ချောင်းကိုပိုင်းဖြတ်သွားခဲ့ပြီး

ချန်ရှောင်ဖုန်း၏မျက်နှာအတွင် အပြုံးပန်းတွေဝေဆာလာခဲ့သည်။

ဟူမေးအာကသူမပါးစပ်ကိုလက်ကလေးနဲ့အုပ်လိုက်ပြီး တော်တော်လေး

စိုးရိမ်သွားခဲ့လေသည်။ ဒါပေမယ့် သူမအပေါ်ထားတဲ့ရန်ကိုင်ရဲ့

သဘောထားကိုပြန်စဉ်းစားမိလိုက်တာနဲ့ ရန်ကိုင်ကိုအပိုင်းပိုင်း

အထစ်ထစ်ခုတ်ဖြတ်သွားသင့်တယ်လို့ တွေးလိုက်လေသည်။

‘‘ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ’’ သူ့ဓါးကရန်ကိုင်၏လက်ချောင်းတွေကို

အမှန်တကယ်မပိုင်းဖြတ်နိုင်ဘူးဆိုတာ သိလိုက်တာနဲ့ချန်ရှောင်ဖုန်းက

ကြောက်လန့်မှုကြောင့်အော်လိုက်လေသည်။ သူ့ဆေးဘားဓါးက

အင်မော်တယ်လက်နက်မဟုတ်သော်လည်း ထက်ရှတဲ့လက်နက်

တစ်ခုဖြစ်နေတုန်းပင်ဖြစ်သည်။ ခန္ဓာသန့်စင်ခြင်းအဆင့်

ကျင့်ကြံသူတစ်ယောက်၏ခန္ဓာကိုယ်က ဒီလောက်တောင်

သန်မာလို့လား။ စဦးဒြပ်စင်အဆင့်ရောက်နေတဲ့ ကျင့်ကြံသူတောင်

သူ့ဓါးချက်ကိုခံလိုက်တာနဲ့ သူတို့လက်ချောင်းတွေပြတ်ထွက်သွားမှာ

မလွဲဧကန်ပင်။

ရန်ကိုင်ကသူ့ရဲ့ချောက်ချားဖွယ်ကောင်းတဲ့ သွားဖြူတွေပေါ်လာအောင်

ပြုံးရင်း ချန်ရှောင်ဖုန်းကိုသူ့ရဲ့သွေးလိုနီရဲနေတဲ့မျက်လုံးတွေနဲ့

စိုက်ကြည့်နေလိုက်သည်။ ချန်ရှောင်ဖုန်းက ချောက်ခြားထ်ိတ်လန့်

သွားပြီး အလောတကြီးနောက်ဆုတ်ကာ အကူအညီတောင်းလိုက်

လေသည်‘‘စီနီယာအစ်ကိုနူရေ၊ ကယ်ပါဦး’’

သူပြောလို့မပြီးခင်မှာပဲ ရန်ကိုင်ကသူ့နောက်လိုက်လာပြီး

သူ့ဒန်တန်ထဲက ယန်အရည်စက်တစ်စက်ကို သူ့လက်ချောင်းမှာ

စုစည်းလိုက်သည်။ ထို့နောက်သူ့လက်ချောင်းကို ချန်ရှောင်ဖုန်း၏

ဦးခေါင်းတည့်တည့်ကိုထိုးချလိုက်လေသည်။

ချန်ရှောင်ဖုန်း၏ပါးစပ်က ပွင့်အာနေခဲ့ပြီး အသက်ရှု

ရပ်တန့်သွားကာ မြေပြင်ပေါ်လဲကျသွားခဲ့လေသည်။ သူ့ခေါင်းမှာတော့

သူ့ဦးခေါင်းရိုးထိ ထိုးဖောက်သွားသော တူချောင်းတစ်ချောင်းအရွယ်

လောက်ရှိတဲ့ အပေါက်တစ်ပေါက်ရှိနေခဲ့လေသည်။ သူ့မျက်လုံးတွေက

ပြူးကျယ်နေခဲ့ပြီး သူ့မျက်နှာပေါ်မှာတော့ ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့

ပြည့်နေလေသည်။

‘‘အား’’ အော်ဟစ်သံနှစ်သံက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။

ဟူမေးအာနဲ့ နူတောင်းတို့က ထိုမြင်ကွင်းကို ကြောင်အစွာ

ငေးကြည့်နေခဲ့ကြလေသည်။

Martial Peak

အပိုင်း (၄၉) နိုင်ပွဲ

ချန်ရှောင်ဖုန်းသေသွားတာလား။ သတိပေးချိန်တောင် မရလိုက်ဘဲ

ချန်ရှောင်ဖုန်းက ရန်ကိုင်လက်ထဲမှာသေသွားတာလား။ လွန်ခဲ့တဲ့

အကြိမ်တုန်းက ရန်ကိုင်မုန်တိုင်းစံအိမ်တပည့်တွေနဲ့တိုက်ခိုက်တုန်းက

ဟူမေးအာက အစကနေ အဆုံးထိကြည့်နေခဲ့လေသည်။ ရန်ကိုင်က

သန်မာသော်လည်း မုန်းတိုင်းစံအိမ်တပည့်တွေနဲ့ တိုက်ခိုက်ပြီးနောက်

ဒီလောက်ထိသန်မာလာလိမ့်မယ်လို့ သူမမထင်ထားခဲ့ပေ။

စဦးဒြပ်စင်အဆင့်၁ ချန်ရှောင်ဖုန်းကို ရန်ကိုင်ကတစ်ခဏအတွင်း

သတ်ပစ်ခဲ့လေသည်။ အဲ့ဒါဘာသိုင်းပညာရပ်လဲ။ သူ့မှာဘယ်လိုလုပ်ပြီး

ဒီလောက်အားကောင်းတဲ့သိုင်းပညာရပ်ရှိနေတာလဲ။ ချန်ရှောင်ဖုန်း

ခေါင်းကအပေါက်က အားပြင်းတဲ့ယန်စွမ်းအင်ကြောင့်ဆိုတာ သိသာထင်ရှား

နေလေသည်။ ရန်ကိုင်ရဲ့မိုးကြိုးတမျှမြန်ဆန်တဲ့ သတ်ဖြတ်ခြင်းနည်းလမ်း

တွေကိုတွေ့လိုက်တဲ့အချိန်မှာတော့ သူမ စိတ်ကတုန်လှုပ်ခြောက်ခြား

သွားခဲ့သည်။ အစောပိုင်းက ရန်ကိုင်ပြောခဲ့တဲ့စကားလုံးတွေက

ဟာသမဟုတ်ဘူးဆိုတာကို သူမသိသွားခဲ့လေပြီ။ သူကအခြား

သူတွေကိုတောင် သတ်ရဲတယ်။ သူ့မှာလည်းအဲ့လိုလုပ်နိုင်တဲ့

အရည်အချင်းရှိနေတာကိုး။

နူးတောင်းကလုံးဝကို ထိတ်လန့်သွားခဲ့လေသည်။ သူရန်ကိုင်နဲ့

ပထမတစ်ကြိမ် လက်ရည်စမ်းပြီးနောက် သူနောက်တစ်ကြိမ်

မတိုက်ခိုက်ရသေးခင်မှာပဲ သူ့ဂျူနီယာညီလေးက သူ့ရှေ့မှာပဲ

အသတ်ခံလိုက်ရလေသည်။ ဒီကြိုတင်မမြင်နိုင်တဲ့ဖြစ်ရပ်က သူ့ကို

အလွန်အမင်းအံ့သြသွားစေခဲ့သည်။

‘‘မင်းဂျူနီယာညီလေးချန်ကိုတကယ်သတ်လိုက်တာပဲ’’ နူတောင်း

အော်ပြောလိုက်သည်‘‘မင်းဘယ်နည်းလမ်းကိုသုံးလိုက်တာလဲ’’

ထိုလက်ချောင်း၏စွမ်းအားက အလွန်အမင်းကြောက်မက်ဖွယ်

ကောင်းပြီး အဲ့ဒါက အလွန်အမင်းရှားပါးတဲ့သိုင်းပညာရပ်တစ်ခုပဲ

ဖြစ်ရပေမည်။ နူတောင်းက သူကိုယ်တိုင်လည်း ထိုလက်ချောင်းပညာရပ်ကို

မခုခံနိုင်မှာကို စိုးရိမ်နေလေသည်။

‘‘မင်းလည်းသေရမယ်’’ အကိုင်းအခက်ကို ဖျက်စီးချင်တယ်ဆိုရင်

အမြစ်ကိုပါဖျက်စီးရမယ်ဆိုတာ ရန်ကိုင်သိနေခဲ့သည်။ ထိုနှစ်ယောက်

သူ့နောက်ကိုလိုက်လာတဲ့အကြောင်းအရင်းက သူ့ကိုသတ်ချင်လို့ပဲ

ဖြစ်သည်။ ဒီလိုရန်သူမျိုးကို ရန်ကိုင်ကလုံးဝ သက်ညှာမပေးနိုင်ပေ။

အခုအခြေအနေက အရင်းတုန်းကနဲ့မတူပေ။ နောက်ဆုံးအကြိမ်တုန်းက

အုပ်စုလိုက်တိုက်ခိုက်တာမို့ ရန်ကိုင်သက်ညှာပေးနိုင်ပေသည်။

ဒါပေမယ့် အခုအချိန်မှာတော့ ထိုနှစ်ယောက်ကသူ့အသက်ကို

လိုချင်နေပေသည်။ ရန်ကိုင်သာအဲ့လိုရန်သူမျိုးကို သနားကြင်နာ

ပေးလိုက်ရင် နောက်တစ်ချိန်မှာ သူပြန်အသတ်ခံရနိုင်ပေသည်။

ရန်ကိုင်ကသူ့ဆီကို အလောတကြီးပြေးဝင်လာတာကို

တွေးတဲ့အခါမှာတော့ နူတောင်းကရယ်လိုက်ပြီး ‘‘လာပြီးခြောက်မနေနဲ့။

မင်းလုပ်နိုင်ရင် ကြိုးစားလိုက်’’ သူအော်ပြောရင်း ရန်ကိုင်ဆီကို

လက်သီးနှစ်လုံး ပစ်သွင်းလိုက်လေသည်။ သူ့ရန်သူက

ခန္ဓာသန့်စင်ခြင်းအဆင့်မှာသာ ရှိသေးတဲ့အတွက် ချီစွမ်းအင်

များများစားစား ရှိလိမ့်မည်မဟုတ်ပေ။ အစောပိုင်းက ရန်ကိုင်

သုံးခဲ့တဲ့ လက်ချောင်းသိုင်းပညာရပ်က အလွန်အမင်း

အစွမ်းထက်ပေမယ့် ချီအရမ်းကုန်တဲ့အတွက် သူအဲ့လိုပညာရပ်မျိုး

နောက်တစ်ကြိမ် အသုံးပြုနိုင်တော့မည်မဟုတ်ဟု သူထင်နေတဲ့အတွက်

နူတောင်းက ရန်ကိုင်ကိုကြောက်လန့်မနေခြင်းဖြစ်သည်။

လက်သီးချင်းထိမိတဲ့အခါ နူတောင်းက သူအမှားတစ်ခု

လုပ်မိလိုက်ပြီဆိုတာကို သိလိုက်သည်။ ရန်ကိုင်က ချီစွမ်းအင်ကိုအသုံးပြု

နိုင်သေးပြီး လက်သီးချင်းထိုးမိလိုက်တဲ့အခါတိုင်း ရန်ကိုင်ဆီကနေ

အလွန်ပူပြင်းတဲ့ ယန်ချီတွေကို ခံစားမိနေခဲ့သည်။ ထိုယန်စွမ်းအားက

နူတောင်းကို တုန်လှုပ်သွားစေခဲ့ပြီး သူကရန်ကိုင်ထက်ကျင့်စဉ်အဆင့်

ပိုမြင့်သော်လည်း ရန်ကိုင်ကိုဖိနှိပ်ခြင်းငှာ မစွမ်းနိုင်ခဲ့ပေ။

နူတောင်းက ပုံစံအမျိုးမျိုးနဲ့ တိုက်ခိုက်နေပြီး ဘယ်မှညာသို့ ခုန်ရင်း

ရန်ကိုင်နဲ့ထိပ်တိုက် မတွေ့အောင်ရှောင်ရှားနေခဲ့သည်။ သူက

ရန်ကိုင်၏ချီစွမ်းအင် ကုန်ဆုံးသွားမယ်အချိန်ကို စောင့်နေခြင်း

ဖြစ်ပြီး အဲ့အချိန်ကျရင်တော့ ရန်ကိုင်က သူ့အတွက် စဉ်းတီတုံးပေါ်က

ငါးတစ်ကောင်နဲ့ မခြားတော့ပေ။ နူတောင်းရဲ့ နည်းစနစ်ကလည်း

မမှားယွင်းခဲ့ပေ။ သာမန်ခန္ဓာသန့်စင်ခြင်းအဆင့်က ကျင့်ကြံသူနဲ့

ရင်ဆိုင်ဖို့ဆိုရင် ဒီလိုနည်းလမ်းက အကောင်းဆုံးဖြစ်ပေလိမ့်မည်။

ဒါပေမယ့် ရန်ကိုင်ဆိုရင်တော့ ကွဲပြားသွားခဲ့လေပြီ။ ရန်ကိုင်က

ယန်ကျောက်တုံးဆီက ယန်ချီတွေအကုန်လုံးကို စုပ်ယူထားခဲ့ပြီး

သူ့သွေးကြောတွေကလည်း ယန်ချီတွေနဲ့ ပြည့်လျှံနေပေသည်။

ကုန်မယ့်ကုန် ချီစွမ်းအင်အရင်ကုန်မယ်လူက နူတောင်းပဲ

ဖြစ်သွားပေလိမ့်မည်။

သိပ်မကြာခင်မှာပဲ တိုက်ပွဲက ရန်ကိုင်ဘက်အလေးသာလာခဲ့သည်။

တိုက်ပွဲအစကတည်းက ရန်ကိုင်ကသာမန်ခန္ဓာသန့်စင်ခြင်းအဆင့်

တစ်ယောက်လိုသာ တိုက်ခိုက်ခဲ့လေသည်။ သူ့လက်သီးတွေက

သာမန်ခန္ဓာသန့်စင်ခြင်းအဆင့်တွေထက် ပိုပြင်းထန်သော်လည်း

ခန္ဓာသန့်စင်ခြင်းအဆင့်ကိုတော့ မကျော်လွန်သေးပေ။ ဒါပေမယ့်

တိုက်ပွဲအချိန်ကြာလာတာနဲ့အမျှ ရန်ကိုင်ခန္ဓာကိုယ်ပေါ်မှာလည်း

ဒဏ်ရာတွေများပြားလာပြီး သူ့ခွန်အားကလည်း တစ်စတစ်စ

တိုးပွါးလာခဲ့သည်။ လက်သီတစ်ချက်တိုင်းက အရင်ထက်

ပိုမိုမြန်ဆန်ပြင်းထန်လာခဲ့ပေသည်။ ဒါပေမယ့် ကြောက်မက်ဖွယ်

အကောင်းဆုံးအချက်က သူ့လက်သီးချက်တွေက ထုတ်လွှတ်တဲ့

ယန်ချီတွေက အရင်ထက် ပိုပြီးပူလောင်ပြင်းထန်လာခဲ့ခြင်းဖြစ်သည်။

အချိန်ကြာလာတာနဲ့အမျှ ရန်ကိုင်ကိုယ်ပေါ်မှာ ဒဏ်ရာဒဏ်ချက်တွေ

ပိုမိုများပြားလာခဲ့ပြီး တိုက်ပွဲကလည်းသူ့ဘက်ကို ပိုအရေးသာလာခဲ့သည်။

ဘာဖြစ်နေတာလဲ။ ကျင့်ကြံသူတစ်ယောက်က စတင်တိုက်ခိုက်ပြီး

အချိန်ကြာလာတာနဲ့အမျှ ချီစွမ်းအင်က ပိုမိုကုန်ခမ်းလာပြီး တိုက်ပွဲဝင်

စွမ်းအားကလည်း ပိုပြီးအားနည်းလာရမှာပဲဖြစ်သည်။ ဒါပေမယ့် ရန်ကိုင်

ကတော့ဆန့်ကျင်ဘက်ပင်ဖြစ်လေသည်။ လက်ဖက်ရည်တစ်ခွက်

အချိန်စာအတွင်းမှာပဲ နူတောင်းအဖို့ ရန်ကိုင်၏လက်သီးတွေကို

ရှောင်တိမ်းဖို့ ပိုခက်ခဲလာခဲ့လေသည်။ သူမရှောင်တိမ်းနိုင်တဲ့တစ်ချက်မှာ

သူ့ဝမ်းဗိုက်ပေါ်ကို ရန်ကိုင်လက်သီး ကျရောက်သွားခဲ့သည်။

ထိုလက်သီးက နူတောင်းကိုအသက်မရှုနိုင်အောင် ဖြစ်သွားစေခဲ့ပြီး

သူ့ခန္ဓာကိုယ်ထဲကို ယန်ချီတွေ ကျူးကျော်ဝင်ရောက်လာခဲ့လေသည်။

ရန်ကိုင်၏သွေးလိုနီရဲနေတဲ့ မျက်လုံးကိုကြည့်ရင်း နူတောင်းက

နောက်ဆုတ်ဖို့ စဉ်းစားလိုက်တော့သည်။ ထို့နောက် တိုက်ခိုက်ချင်ယောင်ဆောင်ကာ

ဆုတ်ပြေးတော့လေသည်။ အမောတကော အသက်ရှုပြေးရင်း

အော်ပြောလိုက်သည်‘‘ရန်ကိုင် းဂျူနီယာချန်ကိုသတ်ခဲ့တဲ့အတွက်

မင်းကံဆိုးမိုးမှောင်ကျပြီသာမှတ်’’ စဦးဒြပ်စင်အဆင့်၅တစ်ယောက်အဖို့

ရန်သူကိုအနိုင်မတိုက်နိုင်ရင်တောင် သူတို့ပြေးမယ်လို့ ဆုံးဖြတ်လိုက်တာနဲ့

ရန်သူကဘာမှလုပ်နိုင်မည်မဟုတ်ပေ။ ဒါကြောင့်ပဲ နူတောင်းက

သူ့ကိုယ်သူ ရန်ကိုင်လက်ကလွတ်အောင်ပြေးနိုင်မယ်လို့

ယုံကြည်နေခဲ့တယ်။ ပြီးတော့ တိုက်ခိုက်နေစဉ်အတောအတွင်းမှာလည်း

ရန်ကိုင်ကရွေ့လျားခြင်းပညာရပ်တစ်ခုတောင် မလေ့ကျင့်

ထားဘူးဆိုတာကိုလည်း သတိပြုမိခဲ့သည်။ နူတောင်းသာ

ထွက်ပြေးချင်တယ်ဆိုရင် ရန်ကိုင်ကသူ့ကိုတားဆီးပိတ်ဆို့

နိုင်မှာမဟုတ်ဘဲ သူထွက်ပြေးသွားတာကို အကူအညီမဲ့စွာနဲ့

ရပ်ကြည့်နေရမှာပဲဖြစ်လေသည်။ ဒါပေမယ့် ရုတ်တရက် ရန်ကိုင်က

အကြံတစ်ခုရလိုက်ပြီး သူ့ဒန်တန်ထဲမှာနောက်ဆုံးကျန်ရှိနေတဲ့

ယန်အရည်စက်ကို သူ့လက်ချောင်းထိပ်မှာ စုစည်းလိုက်သည်။

တစ်ခဏအတွင်းမှာပဲ ရန်ကိုင်ကနောက်လက်တစ်ဖက်နဲ့

သူ့လက်ချောင်းထိပ်က ယန်အရည်စက်ကိုဆွဲဆန့်လိုက်သည်။

ထိုယန်အရည်စက်က မျက်တောင်တစ်ခတ်အတွင်းမှာပဲ

ပုစဉ်းရင်ကွဲအတောင်ပံလိုပါးလွှာတဲ့ သွေးလိုနီရဲနေတဲ့ ဓါးတစ်ချောင်း

ဖြစ်သွားခဲ့လေသည်။ ဓါးဖြစ်ပေါ်လာတာနဲ့ ရန်ကိုင်က ထိုဓါးကို

နူတောင်းဆီပစ်လိုက်လေသည်။

‘‘စွတ်.’’ ကျက်သရေရှိတဲ့ သွေးနီရောင်ဓါးက လေထုကိုထိုးခွဲသွားပြီး

နူတောင်း၏ကျောကုန်းကို စိုက်ဝင်သွားခဲ့လေသည်။ ပြေးနေတဲ့

နူတောင်းပုံရိပ်က ရုတ်တရက်တောင့်တောင့်ကြီးဖြစ်သွားပြီး မြေပြင်ပေါ်

လဲကျသွားလေသည်။ တောအုပ်တစ်ခုလုံးက ငှက်သံတွေကလွဲပြီး

အခြားဘာအသံမှမကြားရတော့ပေ။ ရန်ကိုင်ကအမောတကော

အသက်ရှုနေခဲ့ပြီး သူ့တစ်ကိုယ်လုံး ထုရိုက်ထားသလိုခံစားရကာ

အားအင်ကုန်ခမ်းနေခဲ့လေသည်။ ဟူမေးအာ၏ခြေအစုံက

တုန်ရီနေခဲ့ပြီ သူမခန္ဓာကိုယ်တစ်ခုလုံးသာမက သူမ၏နှလုံးသားကပါ

ရေခဲတုံးတစ်တုံးလိုအေးစက်နေခဲ့သည်။ သူမ၏ရည်ရွယ်ချက်ဖြစ်မြောက်ဖို့အတွက်

ရန်ကိုင်အကူအညီလှမ်းတောင်းမယ့်အချိန်ကိုစောင့်နေတဲ့အတွက်

ထွက်မသွားခဲ့ပေ။ ဒါပေမယ့် ရန်ကိုင်ကိုသတ်ဖို့လာတဲ့

မုန်တိုင်းစံအိမ်တပည့်နှစ်ယောက်က ရန်ကိုင်ပြန်သတ်တာ

ခံရလိမ့်မယ်လို့ သူမတစ်ခါမှ မတွေးခဲ့ဖူးပေ။ သူတို့နှစ်ယောက်

စလုံးက စဦးဒြပ်စင်အဆင့်တွေဖြစ်ပြီး တစ်ယောက်က

အဆင့်၅မှာရှိနေကာ နောက်တစ်ယောက်က အဆင့်၁မှာ

ရှိနေလေသည်။ ဒါပေမယ့် ခန္ဓာသန့်စင်ခြင်းအဆင့်မှာပဲ

ရှိသေးတဲ့ရန်ကိုင်ကို သူတို့နှစ်ယောက်ပေါင်းတိုက်တာတောင်

အနိုင်မယူနိုင်ခဲ့ပေ။ အဲ့အစား ရှုံးနိမ့်သွားခဲ့ပြီး သူတို့အသက်ကို

ပေးဆပ်လိုက်ရလေသည်။ ဒါတွေအားလုံးက အိမ်မက်တစ်ခုအလား

တစ်ခဏအတွင်း ဖြစ်ပျက်သွားခဲ့လေသည်။

ရုတ်တရက် ဟူမေးအာထိတ်လန့်ချောက်ချားသွားခဲ့သည်။ ရန်ကိုင်က

သူမကိုစားချင်တဲ့ပုံစံနဲ့ သူမဘက်ကိုလှည့်လာလေသည်။ သူ့မျက်လုံးတွေက

လည်း သိပ်သည်းလွန်းသော သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နေလေသည်။

ဟူမေးအာက မရည်ရွယ်ပဲ နောက်ဆုတ်သွားလေသည်။ ‘‘နင်လှုပ်ရဲရင်

ငါနင့်ကိုသတ်ပစ်မယ်’’ ရန်ကိုင်၏ရေခဲတမျှအေးစက်တဲ့အသံက

ဟူမေးအာ၏နားထဲပျံ့လွင့်လာသည် ‘‘ငါမလှုပ်ဘူး…’’ ဟူမေးအာက

ငိုသံကြီးနဲ့ပြောလိုက်ပြီး သူမ၏ရွှေတြိဂံအက်ကြောင်းနေရာက

စိုရွှဲလာခဲ့သည်။ ထိုအချိန်တွင် ဟူမေးအာက သူမ၏အပြုအမူတွေ

အကုန်လုံးကို မေ့လျော့သွားခဲ့လေသည်။

သူမတကယ်ကိုကြောက်ရွံ့နေခဲ့လေသည်။ ရန်ကိုင်က သူမကို

သတ်ချင်လား၊ မသတ်ချင်လားဆိုတာ သူမသေချာမသိပေ။ ဒါပေမယ့်

အခုအချိန်မှာတော့ သူမလိုသခင်မလေးတစ်ယောက်ကို ရန်ကိုင်က

သတ်ချင်ရင်တောင်မှ သူမဘာမှပြန်လုပ်နိုင်မည်မဟုတ်ပေ။ ရန်ကိုင်က

သူမကိုအာရုံစိုက်မနေတော့ပဲ နူတောင်းနဲ့ချန်ရှောင်ဖုန်းတို့ ၏ပိုင်ဆိုင်မှုတွေကို

သိမ်းယူလိုက်လေသည်။ တေးပြားအချို့နဲ့ အင်မော်တယ်ဆေးပုလင်း

နှစ်ပုလင်းကိုတွေ့လိုက်ရသည်။ ထိုဆေးနှစ်ပုလင်းက သိပ်ပြီးတန်ဖိုးမရှိပေမယ့်

သူ့အတွက် နည်းနည်းပါးပါးအသုံးဝင်နေဆဲပါ။ ဒါပေမယ့် သူကယန်အရည်စက်နဲ့

သူ့သွေးကြောတွေထဲမှာ ရှိတဲ့ယန်ချီတွေအကုန်လုံးနီးပါးကို သုံးလိုက်ရပေမယ့်

တေးပြားအနည်းငယ်နဲ့ ဆေးနှစ်ပုလင်းပဲ ပြန်ရလိုက်တာကတော့

တော်တော်လေးကို ရှက်စရာကောင်းလေသည်။ အခုအချိန်မှာတော့

သူ့သွေးကြောတွေထဲမှာယန်ချီ မရှိသလောက်ဖြစ်နေပြီး

ခြောက်သူ့ဒန်တန်ကလည်း ခြောက်ကပ်နေလေသည်။

‘‘နင်ငွေလိုနေတာလား’’ ရန်ကိုင်က အလောင်းနှစ်ခုကနေ

ပစ္စည်းတွေရှာနေတာတွေ့တော့ ဟူမေးအာသတ္တမွေးပြီး

ပြောလိုက်သည်‘‘ နင်ငါ့ကိုမသတ်သရွေ့ ငါတတ်နိုင်တဲ့

အတိုင်းအတာထဲကဆိုရင် နင်လိုချင်တာငါပေးနိုင်တယ်’’

အခုအချိန်မှာတောင် ဖြာယောင်းရဲတဲ့ ဟူမေးအာကိုကြည့်ရင်း

သူမလှတာကိုအဲ့လောက်တောင် ပြချင်နေတာလား။

ရန်ကိုင်က သူမကိုစိတ်ဝင်တစားကြည့်လိုက်ပြီး

‘‘ငါကဓားပြတစ်ယောက်မဟုတ်ဘူး။ နင်းပေးတဲ့ငွေနဲ့ ငါက

ဘာလုပ်ရမှာလဲ။ ငွေလိုနေရင်တောင် ငါ့ဘာသာငါရှာနိုင်တယ်’’

Martial Peak

အပိုင်း (၅၀) အလောင်းဖျောက်ခြင်း

ဟူမေးအာက စကားပြောမှားပြီး ရန်ကိုင်ကို ရန်စမိမှာကြောက်တဲ့အတွက်

စကားတစ်ခွန်းတောင် ဆက်မဟရဲတော့ပေ။ ‘‘ဒီကိုလာခဲ့’’ ရန်ကိုင်က

ဟူမေးအာကို လက်ရပ်ခေါ်လိုက်လေသည်။ ဟူမေးအာ၏ခန္ဓာကိုယ်က

တဆတ်ဆတ်တုန်ရီသွားပြီး မျက်ရည်တွေပိုးပိုးပေါက်ပေါက် ကျလာခဲ့သည်။

သူမနှုတ်ခမ်းကိုကိုက်လိုက်ပြီး ရန်ကိုင်ကို အနူးအညွတ်တောင်းပန်ရင်း

ခြေတစ်လှမ်းတောင် မရွေ့ရဲတော့ပေ။

‘‘နင်ဘာကိုကြောက်နေတာလဲ။ငါ့နင့်ကိုဒီကိုလာဖို့ပြောနေတာ၊ လာသာလာစမ်းပါ’’

ရန်ကိုင်က စိတ်မရှည်စွာအော်ပြောလိုက်သည်။ ရွေးစရာမရှိတဲ့အဆုံး

ဟူမေးအာကရန်ကိုင်ဆီလမ်းလျှောက်သွားရုံသာ တတ်နိုင်တော့လေသည်။

သူမရန်ကိုင်နဲ့ခြေငါးလှမ်းအကွာလောက် ရောက်တဲ့အချိန်မှာ သွားနေတာကို

ရပ်လိုက်ပြီး ရန်ကိုင်ကိုသတိအပြည့်နဲ့ ကြည့်နေလေသည်။ သူမကြောက်နေ

တာကိုမြင်ပြီး ရန်ကိုင်ရယ်ချင်ပေမယ့် မျက်နှာတည်ကြီးနဲ့

‘‘နင်သာငါပြောတဲ့အတိုင်းလုပ်ရင် ငါနင့်ကိုမနာကျင်စေရဘူး’’

သူ့ရဲ့ပြောင်းလဲမှုမရှိတဲ့အသံက လွှမ်းမိုးခြယ်လှယ်မှုတွေ ပါဝင်နေခဲ့သည်။

ဟူမေးအာက အားတင်းလိုက်ပြီးခေါင်းညိတ်လိုက်လေသည်‘‘ငါနင်ပြောတဲ့

အတိုင်းလုပ်ပါ့မယ်’’ ‘‘အင်း’’ ရန်ကိုင်ကစိတ်ကျေနပ်သွားခဲ့ပြီး နူတောင်း

အလောင်းကို သူ့ပုခုံးပေါ်သယ်လိုက်ကာ ချန်ရှောင်ဖုန်းအလောင်းကို

ကြည့်ပြီး ဟူမေးအာကိုပြောလိုက်သည်‘‘အဲ့ဒါကိုနင်သယ်လာခဲ့’’

သူမအန်ချင်သလို ခံစားရသော်လည်း ရန်ကိုင်ပြောတာကို မနာခံပဲ

မနေရဲပေ။ ဒူးထောက်ပြီး ချန်ရှောင်ဖုန်းအလောင်းကို ကောက်ယူလိုက်လေသည်။

သူမက မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့်လည်း ကျင့်ကြံသူတစ်ယောက်

ဖြစ်နေတုန်းပင်။ ဒါကြောင့် ဂျင်၁၀၀လောက်သာလေးတဲ့အလောင်းတစ်လောင်းကို

သယ်ရတာက သူမအတွက် ဘာမှမခက်ခဲပေ။ (၁ဂျင်=၀.၅ကီလိုဂရမ်)

‘‘ငါ့နောက်လိုက်ခဲ့’’ ရန်ကိုင်ကလေနက်တောအုပ် အတွင်းပိုင်းထဲကို

လမ်းလျှောက်ဝင်သွားလေသည်။ ဟူမေးအာက ရန်ကိုင်ဘာချင်လဲဆိုတာ

သိလည်းမသိသလို မေးလည်းမမေးရဲတဲ့အတွက် ရန်ကိုင်နောက်ကို

လိုက်သွားရုံသာတတ်နိုင်လေသည်။ ရန်ကိုင်က အလောင်းတွေလက်စ

ဖျောက်ချင်နေခဲ့တာဖြစ်လေသည်။ ဒီနေရာက တော်တော်လေးကို

ခြောက်ကပ်ပေမယ့် သောက်ရုးစုံတွဲတွေက ဒီနေရာမှာ အခပ်မသင့်

လာပြီးချိန်းတွေ့နိုင်လေသည်။

ချန်ရှောင်ဖုန်းနဲ့ နူတောင်းတို့ သေဆုံးရတဲ့အကြောင်းအရင်းက အရမ်းကိုသိသာနေခဲ့လေသည်။

သူ့တို့နှစ်ယောက်စလုံး အလွန်ပြင်းထန်ပူပြင်းလွန်းတဲ့ ယန်ချီကြောင့်

သေဆုံးရခြင်းဖြစ်ပြီး တကယ်လို့သာ မုန်းတိုင်းစံအိမ်က သူတိှု့နှစ်ယောက်

အလောင်းကိုစစ်ဆေးခဲ့ရင် သူ့ကိုသံသယဝင်လာနိုင်လေသည်။ ဒါကြောင့်

ရန်ကိုင်အဖို့ မုန်းတိုင်းစံအိမ်က ထိုနှစ်ယောက်၏အလောင်းကို ဘယ်တော့မှ

ရှာမတွေ့အောင် လုပ်ရပေလိမ့်မည်။

လူနှစ်ယောက်က ရှေ့ဆင့်နောက်ဆင့် လေနက်တောအုပ် အတွင်းပိုင်းထဲကို

ဝင်သွားကြလေသည်။ ဟူမေးအာက အကြိမ်များစွာ ချီတုံချတုံ

ဖြစ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူမမပြောဖို့ ဆုံးဖြတ်လိုက်သည်။

သိပ်မကြာခင်မှာပဲ သူတို့ရှေ့မှာ ရေကန်တစ်ကန်ကို တွေ့လိုက်ရလေသည်။

ရန်ကိုင်မျက်လုံး တောက်ပသွားပြီး အလောင်းတွေကို ထိုနေရာမှာပဲ

လက်စသတ်ဖို့ ဆုံးဖြတ်လိုက်လေသည်။ ရန်ကိုင်က ဟူမေးအာကို

အလောင်းအားချထားလိုက်ဖို့ အချက်ပြလိုက်ပြီး ကျောက်တုံးကြီးကြီး

နှစ်တုံးကိုသွားရှာလေသည်။ ထို့နောက် အလောင်းနှစ်လောင်းကို

ကျောက်တုံးနဲ့ချည်ပြီး ရေကန်ထဲကိုပစ်ချလိုက်လေသည်။

သူ့လက်ကိုပွတ်ရင်း ရန်ကိုင်ကရေရွတ်လိုက်သည်‘‘နင်းလည်းကြံရာပါ

ဖြစ်တဲ့အတွက် ဘယ်လိုလုပ်ရမယ်ဆိုတာ သိတယ်မလား’’

သူပြောပြီးတာနဲ့ ဟူမေးအာကိုစူးစူးဝါးဝါးကြည့်လိုက်သည်။

ဟူမေးအာက ထပ်ခါထပ်ခါခေါင်းညိတ်လိုက်သည်‘‘ငါသိပါတယ်’’

ရန်ကိုင်က ထိုစကားတွေပြောရတဲ့အကြောင်းအရင်းက သူ့မှာ

ဟူမေးအာနဲ ပက်သက်ပြီး မကောင်းတဲ့ရည်ရွယ်ချက်မရှိကြောင်းနဲ့

သူမအသက်ကိုအာမခံကြောင်း သိစေလိုခြင်းပင်။ အဲ့အချိန်မှာပဲ

ဟူမေးအာက စိတ်သက်သာရာရသွားခဲ့ပြီး သက်ပြင်းအမောကြီး

ချလိုက်လေသည်။

‘‘တော်တယ်။ တကယ်ထက်မြက်တဲ့ မိန်းကလေးတွေဆိုတာ ဒီလိုပဲ

ဖြစ်နေရမယ်’’ ရန်ကိုင်က ရယ်လိုက်သည်။ ရန်ကိုင်က ဟူမေးအာကို

ဘယ်လိုရင်ဆိုင်ရမှန်းမသိပေ။ ဘာလို့လဲဆိုတော့ သူသာသူမကိုမသတ်ရင်

သူမက သူ့အတွက် အန္တရယ်ရှိတဲ့လူတစ်ယောက်ဖြစ်နေသောကြောင့်

ဖြစ်လေသည်။ ဒါပေမယ့် သူကလည်းသူမကို မသတ်နိုင်ပေ။

တိုက်ပွဲအစကနေအဆုံးထိ သူမကသူ့ကို ထိခိုက်အောင် တစ်ချက်တောင်

မလုပ်ဆောင်ခဲ့ပေ။ သူမကဘေးနာမှာပဲရပ်ပြီး ပွဲကြည့်နေတာပဲဖြစ်လေသည်။

ထိုအကြောင်းပြချက်က သူသူမကို သတ်မယ်ဆိုရင်တော့ တော်တော်လေး

ရက်စက်ရာကျသွားပေလိမ့်မည်။

သူလမ်းတစ်လျှောက်လုံး ထိုအကြောင်းကိုတွေးတော သွားခဲ့လေသည်။

ဒီကိစ္စတစ်ခုလုံးက နူတောင်းနဲ့ ချန်ရှောင်ဖုန်းကြောင့် ဖြစ်လာတာဖြစ်ပြီး

သူသာထိုနှစ်ယောက်ကိုမသတ်ရင် သူ့သေခြင်းကိုသူထိုင်စောင့်နေသလို

ဖြစ်နေပေလိမ့်မည်။ ဒါကြောင့် ဟူမေးအာက ဒီကနေ့အကြောင်းကို

လျှောက်ပြောရင်တောင် သူနည်းနည်းလေးမှ မကြောက်ရွံ့ပေ။

‘‘နင်လူအများကြီးသတ်ဖူးလား’’ အခုအချိန်မှာ သူမအသက်က

လုံးခြုံသွားပြီဖြစ်တဲ့အတွက် ဟူမေးအာက ပိုပြီးသတ္တိရှိလာခဲ့သည်။

ရန်ကိုင်ကခေါင်းရမ်းလိုက်ပြီး‘‘ဒါကငါပထမဆုံအကြိမ် လူသတ်တာပဲ’’

‘‘ဒါပေမယ့် နင့်ရဲ့တိုက်ခိုက်မှုတွေက အတွေ့အကြုံ ပြည့်ဝနေတဲ့

လူတစ်ယောက်လိုပဲ။ ပြီးတော့ နင်သူတို့ကိုသတ်လိုက်တာတောင်

မျက်မှောင်တစ်ချက်ကြုံမသွားဘူး။ ဒါကြောင့်ဒီလိုလူသတ်တာက

နင့်ရဲ့ပထမဆုံးအကြိမ်မဟုတ်ဘူးလို့ငါထင်နေတာ’’ ဟူမေးအာက

မယုံကြည်နိုင်စွာပြောလိုက်သည်။

ဟူမေးအာပြောတဲ့စကားကြားလိုက်တာနဲ့ ရန်ကိုင်မျက်မှောင်

ကြုံ့လိုက်လေသည်။ ဒါဟာငါ့ရဲ့ ပထမဆုံးအကြိမ် လူသတ်တာ

ဖြစ်လျက်နဲ့ ငါ့ဘာလို့တစ်ချက်ကလေးတောင် မကြောက်ရွံ့သွားတာလဲ။

သူစိတ်မလှုပ်ရှားခဲ့သလို ကြောက်လည်းမကြောက်ခဲ့ပေ။ အဲ့အချိန်တုန်းက

သူကတိုက်ပွဲကိုသာအာရုံစိုက်နေခဲ့ပြီး ထိုနှစ်ယောက်ကို ဘယ်လို

သတ်ရမလဲဆိုတာကိုပဲ စဉ်းစားနေခဲ့လေသည်။ အခုပြန်စဉ်းစားကြည့်လိုက်တော့

ထိုအရာက တော်တော်လေးကို မယုံကြည်နိုင်ဖွယ်ကောင်းနေလေသည်။

‘‘နင်ယုံတာမယုံတာ နင့်အပေါ်မှာပဲမူတည်တယ်’’ ရန်ကိုင်က

ထိုကိစ္စကို အချိန်ကုန်ခံပြီး ရှင်းပြနေလောက်တဲ့အထိ အားယား

မနေခဲ့ပေ။ ရေကန်ကိုတစ်ချက်ပတ်ကြည့်လိုက်ပြီး အလောင်းတွေကို

ပစ်ချလိုက်တဲ့နေရာနဲ့ အဝေးဆုံးနေရာကိုသွားလိုက်လေသည်။

ထို့နောက် ထိုနေရာနေပဲ ရေကန်ထဲကို ရန်ကိုင်ဒိုင်ဗင်ထိုးချသွားလေသည်။

တိုက်ပွဲအတွင်းရန်ကိုင်ဒဏ်ရာတော်တော်များများရခဲ့ပြီါ် မပြန်ခင်သူ့ကိုယ်သူ

ဆေးကြောသန့်စင်ဖို့ လိုအပ်ပေသည်။ ဟူမေးအာက ရေကန်စပ်မှာ

ထိုင်နေရင်း ရေကန်ထဲကိုဆင်းသင့်မဆင်းသင့် စဉ်းစားနေလေသည်။

အရင်ကလိုသာဆိုရင် သူမရန်ကိုင်ကိုရန်စဖို့ ရေကန်ထဲကိုထိုးဆင်း

သွားလောက်ပေသည်။ ဒါပေမယ့်အခုအချိန်မှတော့ သူမမှာရန်ကိုင်ကို

ရန်စရဲလောက်တဲ့အထိ သတ္တိမရှိပေ။

သူမရန်ကိုင်ရေချိုးသန့်စင်ပြီး ပြန်တက်လာတဲ့အထိ စောင့်နေခဲ့လေသည်။

နောက်ဆုံး သူမပြောလိုက်သည်‘‘ငါကိုခဏစောင့်ပေးပါလား၊ ငါလည်း

ရေချိုးချင်လို့’’ အလောင်းတစ်ခုကို ဒီလောက်အဝေးကြီးသယ်လာရတဲံ

အတွက် သူမတော်တော်လေးကို စိတ်မသက်မသာ ဖြစ်နေခဲ့သည်။

မိန်းမတွေက အမြဲတမ်းသန့်ရှင်းနေမှ ကြိုက်တာလေ။

‘‘ကောင်းပြီ’’ ရန်ကိုင်က သူ့အဝတ်စိုတွေကို ကျောက်တုံးပေါ်မှာ

နေလှန်းရင်းပြောလိုက်သည်။ ရန်ကိုင်ရှိနေတဲ့အတွက် သူမအဝတ်တွေကို

မချွတ်ရဲတော့ပဲ ရေထဲကိုတစ်ခါတည်း ဒိုင်ဗင်ထိုးဆင်းသွားခဲ့သည်။

အချိန်နည်းနည်းကြာတော့ ဟူမေးအာက ရန်ကိုင်သူမကိုကြည့်နေလား

အထင်နဲ့ လှမ်းကြည့်လိုက်သည်။ ဒါပေမယ့်ရန်ကိုင်က သူမကိုတစ်ချက်

တောင်မကြည့်ပဲ သူ့ဘာသာလေ့ကျင့်နေတဲ့အတွက် သူမတော်တော်

စိတ်ပျက်သွားခဲ့လေသည်။ သူနည်းနည်းလေးတောင် စိတ်မလှုပ်ရှားဘူးလား။

နာရီဝက်လောက်ကြာပြီးနောက် ဟူမေးအာက ကန်ပေါ်ပြန်တက်လာခဲ့သည်။

ရေစိုနေတဲ့အတွက်ကြောင့် သူမအဝတ်တွေက ခန္ဓာကိုယ်နဲ့ကပ်နေပြီး

သူမတစ်ကိုယ်လုံးကို ထင်ထင်ရှားရှားမြင်နေရလေသည်။ သူမရန်ကိုင်ဆီကို

တည့့်တည့်လျှောက်သွားလိုက်ပြီး ရန်ကိုင်နဲ့အတူ နေဆာလှုံရန်အလို့့ငှာ

ရန်ကိုင်ဘေးမှာ ထိုင်ချလိုက်လေသည်။ ဒါပေမယ့် သူမပါးတွေကတော့

နီမြန်းနေခဲ့သည်။

ရန်ကိုင်ကမျက်လုံးဖွင့်လိုက်ပြီး ဟူမေးအာကို ခေါင်းအစခြေအဆုံး

ကြည့်လိုက်သည်။ ‘‘ခန္ဓာကိုယ်အချိုးအစားကတော့ တကယ်ကို

ပြီးပြည့်စုံတယ်’’ ရန်ကိုင်က ခေါင်းညိတ်ရင်းရေရွတ်လိုက်တယ်။

ဟူမေးအာက သူမ၏အနီရင့်ရောင် နှုတ်ခမ်းကိုကိုက်လိုက်ပြီး

နားမလည်နိုင်တဲ့အမူအရာနဲ့‘‘တကယ်လား….ငါယောက်ျားတွေနဲ့

တစ်ခါမှ ထိတွေ့မဆက်ဆံဖူးဘူး။ ငါ့ခန္ဓာကိုယ်ကို

ထိဖူးတဲ့ယောက်ျားဆိုလို့….နင်တစ်ယောက်တည်းပဲရှိတယ်’’

အရင်တုန်းက ငါ့ဘာလို့မိန်းမပျက်တစ်ယောက်လို ပြုမူနေရလဲဆိုတာက

ငါ့ဂိုဏ်းအတွက် လူသစ်တွေစုဆောင်းချင်လို့ပဲ။ ပြီးတော့

ကောင်းကင်စံအိမ်နဲ့ မုန်တိုင်းစံအိမ်တပည့်တွေကြားက ဆက်ဆံရေးကို

တင်းမာလာအောင် လုပ်ဖို့ကလည်း ငါ့ရဲ့ရည်ရွယ်ချက်ပဲ။

ထိုစကားကိုကြားလိုက်တာနဲ့ ရန်ကိုင်ကသူမကိုတွေဝေစွာ

ငေးကြည့်နေလေသည်။

‘‘နင်မယုံဘူးလား’’ ဟူမေးအာ၏ပါးမို့မို့လေးတွေက နီမြန်းသွားခဲ့သည်။

ဒီလျှိုဝှက်ချက်ကို သူမဘယ်အပြင်လူကိုမှ မပြေပြခဲ့ဖူးပေ။ သူမကညတိုင်း

ယောက်ျားတစ်ယောက်နဲ့ အမြဲတမ်းကုန်ဆုံးပျော်ပါးတတ်တယ်လို့

လူတိုင်းထင်နေကြလေသည်။ အပြင်းပန်းမှာသာသူမကို မင်းသမီးလေလို့

ခေါ်နေပေမယ့် စိတ်ထဲမှာတော့ သူမကိုမိန်းမပျက်လို့ ခေါ်နေတာဖြစ်လေသည်။

‘‘ငါယုံပါတယ်’’ ရန်ကိုင်ကခေါင်းညတ်လိုက်ပြီး ’’ဒါနဲ့ ဒါကဘယ်လိုလုပ်ပြီး

ငါနဲ့ဆက်စပ်နေတာလဲ’’

ဟူမေးအာမျက်နှာမဲမှောင်သွားပြီး အားတင်းကာပြုံးလိုက်သည်‘‘နောင်ကျရင်

ငါနင့်ကိုအနှောက်အယှတ်ပေးတော့မှာမဟုတ်ဘူး’’ ဒီနေ့လယ်ခင်း

အဖြစ်အပျက်တွေက သူမစိတ်ကို တော်တော်လေး ရိုက်ခတ်သွားခဲ့သည်။

ဟူမေးအာအဝတ်တွေ ခြောက်တဲ့အထိစောင့်ပြီးမှ သူတို့နှစ်ယောက်

ရေကန်ဆီကနေ ထွက်ခွါလာခဲ့သည်။

အခြားသူတွေရဲ့ မျက်လုံးနဲ့နားတွေကို ရှောင်ရှားဖို့အတွက် ရန်ကိုင်နဲ့

ဟူမေးအာက အတူတူမသွားပဲ တစ်ယောက်စီခွဲထွက်သွားခဲ့သည်။

သူ့တဲကိုပြန်ရောက်တာနဲ့ ခဏနားလိုက်ပြီး ရစ်ခွေနဂါးစမ်းချောင်းဆီ

ပြန်သွားလိုက်လေသည်။ ဒီကနေ့တိုက်ပွဲက သူ့ယန်အရည်စက်တွေ

အကုန်လုံးကို ကုန်ဆုံးသွားစေခဲ့တဲ့အတွက် ဖြစ်နိုင်သမျှ အမြန်ဆုံး

သူပြန်ဖြည့်တင်းရပေမယ်။အကယ်၍ ကံဆိုးပြီး ဒီနေ့လိုအဖြစ်မျိုး

နောက်တစ်ကြိမ် ထပ်မတွေ့နိုင်ဘူးလို့ ဘယ်သူမှမပြောနိုင်ပေ။

သူယန်အရည်စက်နှစ်စက်စလုံးကို အသုံးပြုလိုက်ရုံမက

ထိုယန်အရည်စက်၏စွမ်းအာက သူ့ဆုံဖြတ်ချက်ကို ကြီးကြီးမားမာ

သက်ရောက်သွားခဲ့သည်။ ယန်အရည်စက်က အလွန်အမင်း

အစွမ်းထက်နေလိမ့်မယ်လို့ ရန်ကိုင်တစ်ခါမှမတွေးတော့ခဲ့ဖူးပေ။

သူကအခုအချိန်မှာ ခန္ဓာသန့်စင်ခြင်းအဆင့်မှာသာ ရှိသေးပြီး

သူ့ကျင့်ကြံခြင်းအဆင့်သာ ပိုမြင့်လာခဲ့ရင် ယန်အရည်စက်၏

စွမ်းအားကလည်း ပိုပြီးပြင်းထန်းလာပေလိမ့်မည်။ ဘာပဲဖြစ်ဖြစ်

ရန်ကိုင်က လေ့ကျင့်ဖို့ တော်တော်လေး စိတ်အားထက်သန်နေခဲ့သည်။

All Chapters