← Chapters

အခန်း (၅၁-၅၅)

Vol. 3 Ch. 51-55

အခန်း (၅၁-၅၅)

Vol. 3 Ch. 51-55

အပိုင်း (၅၁) အစေ့အပင်ပေါက်ခြင်း

ရန်ကိုင်က ရစ်ခွေနဂါးစမ်းချောင်းကို ရောက်တာနဲ့ ချက်ချင်းထိုင်လိုက်ပြီးလေ့ကျင့်ဖို့လုပ်လိုက်သည်။ ဒါပေမယ့် သူတစ်ခုခုကို ရုတ်တရက်သတိရလိုက်ပြီး သူ့အိတ်ကိုလက်နှိုက်ရှာလိုက်ပြီးနောက် အစေ့တစ်စေ့ကို

ထုတ်လိုက်သည်။ ထိုအစေ့က သွေတိုက်ပွဲဂိုဏ်းဆိုင်ပိုင်ရှင် သူ့ကိုပေးခဲ့တဲ့နေသုံးစင်းအသီး၏ အစေ့ပဲဖြစ်လေသည်။ အသီးသီးဖို့ဘယ်လောက်ကြာမယ်မှန်း မသိပေမယ့် ထိုအစေ့ကို သူစိုက်ချင်နေခဲ့သည်။

ပြီးတော့ ဒီပတ်ဝန်းကျင်မှာ ယန်ချီတွေပေါများစွာ ရှိနေတဲ့အတွက်

နေသုံးစင်းအသီးအစေ့ကို စိုက်ဖို့အကောင်းဆုံးနေရာလည်း ဖြစ်ပေသည်။

ဒါပေမယ့် သူအစေ့ကိုထုတ်လိုက်တာနဲ့ တစ်ခုခုမှာယွင်းနေသလို

ခံစားလိုက်ရသည်။ သူဒီအစေ့ကိုဝယ်တုန်းက ဘာထူးခြားချက်အချက်ကိုမှသတိမပြုမိခဲ့ပေ။ ဒါပေမယ့် အခုအချိန်မှာတော့ ထိုအစေ့က ရဲရဲနီနေပြီး

သလင်းကျောက်တစ်ခုလို ထွင်းဖောက်မြင်နေရလေသည်။ အစေ့ကိုလက်ထဲမှာကိုင်ထားရင်း အစေ့က တဒုတ်ဒုတ်ခုန်နေတာကို ခံစားနေရသည်။ထိုအစေ့က လူတစ်ယောက်၏နှလုံးလိုမျိုး တဒုတ်ဒုတ်ခုန်နေပြီးအသက်စွမ်းအင်တွေနဲ့ ပြည့်ဝနေလေသည်။

အစောပိုင်းကနဲ့ယှဉ်ရင် အခုလက်ရှိအစေ့တွင် ယန်ချီပြည့်ဝနေပြီး နောက်ဆုံးမှာတော့သူ့ဒန်တန်ထဲက တတိယမြောက်ယန်အရည်စက်က ဘယ်ရောက်သွားလဲ

ဆိုတာကို နားလည်းသွားခဲ့လေပြီ။ ထိုယန်အရည်စက်ကို

နေသုံးစင်းအသီးအစေ့က စုပ်ယူလိုက်ခြင်းဖြစ်လေသည်။ အဲ့လိုမှမဟုတ်ရင်ဒီအစေ့က နာရီအနည်းငယ်အတွင်း လုံးဝပြောင်းလဲသွားမည် မဟုတ်ပေ။

ပြင်ပအကူအညီသာမပါခဲ့ရင် ယန်အရည်စက်တစ်စက်ကို သိပ်သည်းဖို့ရန်ကိုင်အတွက် ရက်ပေါင်းများစွာကြာလေသည်။ ရန်ကိုင်က အစေ့ထဲကယန်အရည်စက်ကို ပြန်လည်စုပ်ယူချင်နေခဲ့လေသည်။ ဒါပေမယ့် ရန်ကိုင်

မစုပ်ယူခဲ့ပေ။ အစေ့က လုံးဝပြောင်းလဲသွားပြီဖြစ်တဲ့အတွက် သူစိုက်လိုက်ရင်ဘာအသီးသီလားမလဲဆိုတာကိုပဲ သူစိတ်ဝင်စားတော့လေသည်။

သေသေချာချာ စဉ်းစားဆုံးဖြတ်ပြီးနောက် ရန်ကိုင်ကမြေပျော့တဲ့နေရာတစ်နေရာရှာလိုက်ပြီး တွင်းတစ်တွင်းတူးလိုက်လေသည်။ ထို့နောက်

အစေ့ကိုတွင်းထဲထည့်က ရေလောင်းပေးလိုက်သည်။ ထို့နောက်

သူထိုင်ချလိုက်ပြီး အစစ်အမှန်ယန်နည်းစနစ်ကို စလေ့ကျင့်တော့လေသည်။

ထိုအစေ့အတွက် ယန်အရည်စက်တစ်စက် သုံးခဲ့တာက ထိုက်တန်လားမထိုက်တန်ဘူးလားဆိုတာ သူမသိပေ။ သူတစ်ညလုံးလေ့ကျင့်ခဲ့ပြီးသူလေကျင့်တဲ့နှုန်းကလည်း ပိုမိုမြန်ဆန်လာလေသည်။ သူတစ်ညလုံး

လေ့ကျင့်ခဲ့တဲ့အတွက် သူ့သွေးကြောတွေထဲက ကုန်ဆုံးသွားတဲ့

ယန်ချီတွေအကုန်လုံး ပြန်ပြည့်လာခဲ့လေသည်။

ခန့်မှန်းချေအရ သူနောက်ထပ် ယန်အရည်စက်တစ်စက် သိပ်သည်း

နိုင်ဖို့ဆိုရင် နှစ်ရက်၊သုံးရက်လောက် ကြာဦးပေလိမ့်မည်။ယန်အရည်စက်တစ်စက် သိပ်သည်းတဲ့အချိန်မှာသာလေ့ကျင့်ခဲ့မယ်ဆိုရင် သူ့အတွက်ပိုပြီး

အကျိုးရှိပေလိမ့်မည်။ နောက်တစ်နေ့မနက်မှာတော့ သူခန္ဓာသန့်စင်ခြင်းမှတ်တမ်းကို နာရီဝက်ကြာအောင် လေ့ကျင့်လိုက်လေသည်။

သူခန္ဓာသန့်စင်ခြင်းမှတ်တမ်းလေ့ကျင့်တာကို တစ်ရက်တောင်

မပျက်ကွက်ခဲ့ပေ။

သူ၏နေ့စဉ်အလုပ်ကတံမြက်စည်းလှည်းတာအပြင်

ခန္ဓာသန့်စင်ခြင်းမှတ်တမ်းလေ့ကျင့်တာနဲ့ တပည့်တစ်ယောက်ယောက်ကို စိန်ခေါ်ပြီး အမှတ်ရှာတာပဲဖြစ်သည်။ကျန်တဲ့အချိန်တွေမှာတော့

သူအစစ်အမှန်ယန်နည်းစနစ်ကိုပဲ လေ့ကျင့်လေသည်။ နာရီဝက်လောက် ကြာပြီးနောက်သူလေ့ကျင့်နေတာကို ရပ်လိုက်ပြီး နေသုံးစင်းအသီးအစေ့စိုက်ထားတဲ့နေရာကိုသွားလိုက်သည်။ ဒါပေမယ့် ထိုနေရာကိုရောက်တာနဲ့သူကြောင်အသွားခဲ့လေသည်။

မြေပျော့ပျော့ပေါ်တွင် အစေ့အပင်ပေါက်ကလေးတစ်ပင် ရှိနေခဲ့လေသည်။

ထိုအပင်ပေါက်ကလေးတွင် အရွက်နုနုကလေးများ ထွက်ပေါ်နေခဲ့ပြီးရှည်မျောမျော ပင်စည်ပေါ်တွင်လည်း နီနက်ရောင် သွေးကြောများယှတ်ဖြာနေခဲ့ပြီး အပင်ပေါက်တစ်ခုလုံ အသက်စွမ်းအားတို့နဲ့ ပြည့်နေလေသည်။

တစ်ခုခုများ မှားနေတာလား။ သူ့ဦးနှောက်ကများ ကောင်းကောင်းအလုပ်မလုပ်နိုင်တော့တာများလားဆိုပြီး ရန်ကိုင်တွေးထင်နေခဲ့လေသည်။

တစ်ညတည်းနဲ့ နေသုံးစင်းအပင်က ဒီလောက်တောင် ကြီးလာတာလား။

သူအပင်စိုက်ခဲ့တာ ရက်တော်တော်များများ ကြားသွားပြီလားဆိုပြီး

သူကိုယ်တိုင်တောင် အယောင်ယောင်အမှားမှား ဖြစ်သွားခဲ့လေသည်။

သေသေချာချာတွေးကြည့်လိုက်တော့မှပဲ သူတွေးနေတာတွေ မဖြစ်နိုင်ဘူးဆိုတာ သိသွားလေသည်။ သူ့ကိုယ်တွင်းရှိ ယန်ချီပမာဏက အရမ်းတိုးတက်မလာတဲ့အတွက် တစ်ညပဲရှိသေးတယ်ဆိုတာ သေချာသွားလေသည်။

ဒါတွေအားလုံးက ယန်အရည်စက်ကြောင့်

ဖြစ်လာတာများလား။ ဒါကတော်တော်လေး ဖြစ်နိုင်ချေရှိလေသည်။

အနက်ရောင်စာအုပ်ပါ အချက်အလက်များအရဆိုရင် ယန်အရည်စက်ကိုကျယ်ပြန့်စွာအသုံးချနိုင်ပြီး တိုက်ပွဲမှာပဲအသုံးပြုလို့ရတယ်လို့ ပြောမထားပေ။

ဒါတွေအားလုံးက ယန်အရည်စက်ကြောင့် ဖြစ်လာတာဆိုရင် သူ့ရှေမှာဖြစ်ပျက်နေတဲ့ မှော်ဆန်တဲ့ အဖြစ်အပျက်တွေအားလုံးက ရှင်းလင်းသွားပြီဖြစ်လေသည်။ တစ်ညတည်းနဲ့တောင် အပင်ပေါက်လာတယ်ဆိုတော့ရက်နည်းနည်းကြာတာနဲ့ အသီးသီးလာမှာလား။ အဲ့အကြောင်းကိုတွေးရင်း

ရန်ကိုင်စိတ်ဓာတ်တက်ကြွလာခဲ့သည်။ နေသုံးစင်းအသီးက မြေကမ္ဘာအဆင့်နိမ့်ဝိဉာဉ်အသီးဖြစ်တဲ့အတွက် သူအစစ်အမှန်ယန်နည်းစနစ်ကို ကျင့်ကြံရာမှာ

လုံးဝအကူအညီပေးနိုင်တဲ့ အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုပဲဖြစ်လေသည်။

အသီးတစ်လုံးက ရက်ပေါင်းများစွာ ကျင့်ကြံတာနဲ့ တူညီပေသည်။

သူအဲ့အကြောင်းတွေးလိုက်တာနဲ့ သူယန်အရည်စက်ကို ရင်းနှီးလိုက်ရတာအချည်းနှီးဖြစ်မသွားခဲ့ဘူးဆိုတာ သိလိုက်သည်။ အခုအချိန်မှာ သူလိုအပ်တာကအသီးသီးဖို့ ဘယ်လောက်ကြာမလဲဆိုတာ စောင့်ကြည့်အတည်ပြုဖို့ပဲ ဖြစ်လေသည်။

ရစ်ခွေနဂါးစမ်းချောင်းကို လူတွေလာလေ့မရှိတဲ့အတွက် ရန်ကိုင်က စမ်းချောင်းဘေးမှာပဲရက်ပေါင်းများစွာ လေ့ကျင့်နေလေသည်။ ၁၁ယောက်မြောက် အကြီးအကဲကလွဲပြီး ဒီနေရာမှာ အခြားဘယ်သူ့ကိုမှ မတွေ့ခဲ့ရသေးတဲ့အတွက် ရန်ကိုင်က သူစိုက်ပျိုးထားတဲ့အပင်ကို အခြားသူတွေ ရှာတွေ့သွားမှာ စိတ်ပူမနေခဲ့ပေ။

ရန်ကိုင်က တံမြက်စည်းလှည်းဖို့အတွက် သူ့တဲကိုပြန်သွားခဲ့လေသည်။

ဒါပေမယ့် အကြာကြီးရှာတာတောင် သူ့တံမြက်စည်းကို ရှာမတွေ့ခဲ့ပေ။

သူ့တဲမှာ ခဏကြာအောင် စောင့်နေလိုက်ပြီးနောက် တပည့်တစ်ယောက်ကချွေးတရွဲွရွဲနဲ့ သူ့တံမြက်စည်းကိုင်ပြီး သူ့တဲဆီလာနေတာကို တွေ့လိုက်ရလေသည်။

ထိုလူက စုမူအဖွဲ့ထဲက ခန္ဓာသန့်စင်ခြင်းအဆင့်၅ရောက်နေတဲ့ တပည့်တစ်ယောက်ဆိုတာသိလိုက်လေသည်။ သူ့နာမည်က ***လို့ခေါ်လေသည်။ (စားရေးဆရာက

နာမည်းမရေးပဲ ***သာပြထားတဲ့အတွက် ဆက်ပြီး***နဲ့သာရေးသွားပါမယ်)

ရန်ကိုင်ရပ်နေတာကို တွေ့လိုက်တာနဲ့ ထိုတပည့်က ရန်ကိုင်ဆီကို ချက်ချင်းလမ်းလျှောက်သွားလိုက်ပြီး‘‘စီနီယာအကို၊ မင်းပြန်လာပြီလား’’

‘‘အင်း၊ ဂျူနီယာညီလေးကျန်း၊ မင်းဘာလို့ငါ့တံမြက်စည်ကို ယူသွားတာလဲ’’ *** ကရယ်လိုက်ပြီး ‘‘ဒီနေ့ကစပြီး စီနီယာတံမြက်စည်းလှည်းတဲ့အလုပ်ကို

လုပ်ဖို့မလိုတော့ပါဘူး။ ငါ့တိုအဖွဲ့ကပဲ တစ်နေ့တစ်ယောက်စီ တံမြက်စည်းလှည်းတဲ့အလုပ်ကို လုပ်သွားလိုက်မယ်။ ဒါကြောင့် စီနီယာက လေ့ကျင့်တာမှာပဲအာရုံစိုက်ထားလို့ရပြီ’’

‘‘ဒီလိုလုပ်လို့ ဘယ်ကောင်းပါ့မလဲ’’ ရန်ကိုင်က နားထောင်နေရင်း သူ့လက်ကိုချက်ချင်းဝှေ့ရမ်းလိုက်လေသည်။ တံမြက်စည်းလှည်းတာက သိပ်အရေးမကြီး

သော်လည်း တော်တော်လေး အားကုန်ပေသည်။ သူကောင်းကင်စံအိမ်မှာဆက်နေချင်တာသာကြောင့်သာ မဟုတ်ရင် သူအစောကြီးကတည်းကဒီအလုပ်ကနေ နုတ်ထွက်သွားလောက်ပေပြီ။ ဒါပေမယ့် တရားမဝင်

တပည့်တစ်ယောက်အနေနဲ့ အလုပ်တစ်ခုမှမရှိဘဲ ကောင်းကင်စံအိမ်မှာအသက်ရှင်ဖို့ မဖြစ်နိုင်ပေ။

***က ပြောလိုက်သည်‘‘ စီနီယာက ဘာတွေပြောနေတာလဲ။ ငါတို့

ဂျူနီယာတွေက စီနီယာကိုကူညီသင့်တာပေါ့။ နောက်ဆုံးအကြိမ်တုန်းကစီနီယာသာ ချန်ရှောင်ဖုန်းကို သင်ခန်းစားပေးတဲ့နေရာမှာသာ ဝင်မကူညီခဲ့ရင်

ငါ့တို့တော်တော်လေး စိတ်ဒုက္ခရောက်နေခဲ့မှာ။ ငါတို့အဖွဲ့မှာ လူတွေအများကြီးပဲလေ။ အဲ့ဒေါကြောင့် တစ်နေ့တစ်ယောက် အလှည့်ကျလှည်းရင်တစ်လမှ နှစ်ခေါက်၊သုံးခေါက်လောက်ပဲ လှည်းရမှာ။ ဒါကြောင့်စီနီယာအကိုကအစောကြီးထပြီး ဒီအလုပ်အတွက် အချိန်ဖြုန်းစရာ မလိုတော့ဘူးလေ။

စီနီယာအကို ငြင်းဖို့လုပ်မနေပါနဲ့တော့။ ငါတို့ညီအစ်ကိုတွေရဲ့

မျက်နှာကိုထောက်ပြီး ဒီအလုပ်ကိုလုပ်ခွင့်ပေးလိုက်ပါ။ ဒါပေမယ့်

မင်းသာဆက်ပြီးငြင်းနေမယ်ဆိုရင်တော့ ငါတို့ညီအစ်ကိုဆက်ဆံရေးကိုမေ့လိုက်တော့’’

ရန်ကိုင်က ငြင်းဆန်မနေတော့ပဲ ချက်ချင်းပြောလိုက်သည်‘‘ဒီလိုဆိုမှတော့ငါကဒီကဂျူနီယာညီလေးတွေကိုပဲ အကူအညီတောင်းရတော့မှာပေါ့။

ဂျူနီယာညီလေးကျန်း၊ အထဲဝင်ပြီးလက်ဖက်ရည် သောက်သွားပါဦးလား’’

‘‘မလိုတော့ပါဘူး။ သခင်လေးစုက လူတိုင်းကို ပြင်းပြင်းထန်ထန်လေ့ကျင့်ရမယ်လို့ အမိန့်ပေးထားတယ်။ တစ်ယောက်ယောက်က ပျင်းနေမယ်ဆိုရင်

ညီအစ်ကိုသံယောစဉ်ကို ဖြတ်ပစ်မယ်တဲ့။ ငါလည်းအခုပဲသွားတော့မယ်။စီနီယာအကိုလည်း ကြိုးကြိုးစားစားလေ့ကျင့်ဦးနော်’’ သူပြောပြီးတာနဲ့

တံမြက်စည်းကိုချပြီး ချက်ချင်းထွက်သွားလေသည်။

သူ့ကျောကိုကြည့်ရင်း ရန်ကိုင်နှလုံးသားက နွေးထွေးသွားသလို

ခံစားလိုက်ရလေသည်။ ထိုနေ့က စုမူကို ကယ်ဖို့ ဆုံးဖြတ်လိုက်တာကမှန်ကန်တဲ့ဆုံးဖြတ်ချက် တစ်ခုဖြစ်လေသည်။ သူ့လိုလူမျိုးက တကယ့်ကို

ဗီလိန်တစ်ယောက်ဖြစ်ပြီး အကယ်၍သူ့ကိုတစ်ကြိမ်တစ်ခါလောက်

နှောင့်ယှတ်မိသွားရင် သူကအကြိမ်များစွာပြန်ပြီး နှောင့်ယှတ်ဒုက္ခပေးပါလိမ့်မည်။

ရန်ကိုင်က နောက်ထပ်တံမြက်စည်းလှည်းဖို့ မလိုတော့တဲ့အတွက်

တော်တော်လေး ပျော်ရွှင်နေခဲ့ပြီး လမ်းလျှောက်ထွက်ကာ

ခန္ဓာသန့်စင်ခြင်းအဆင့်ရ၊၈ လောက်ကတပည့်တစ်ယောက်ကို

ရှာပြီး စိန်ခေါ်လိုက်သည်‘‘ ဂျုနီယာညီလေး၊ ငါ့ကိုသင်ပြပေးပါဦး’’

ထိုတပည့်၏မျက်နှာက ချက်ချင်းမဲမှောင်သွားပြီး ခါးသီးစွာနဲ့ ပြောလိုက်သည်

‘‘စီနီယာရန်၊ တပည့်တွေအများကြီးထဲမှာမှ ဘာလို့ငါ့ကိုလာရွေးရတာလဲ’’

လွန်ခဲ့တဲ့ရက်အတောအတွင် ရန်ကိုင်ကအပြင်ထွက်ပြီး ကောင်းကင်စံအိမ်တပည့်တွေကို စိန်ခေါ်လေ့ရှိသည်။ ဒါကြောင့် ခန္ဓာသန့်စင်ခြင်းအဆင့်မှာရှိနေတဲ့တပည့်တိုင်း ရန်ကိုင်သူတို့ကိုလာစိန်ခေါ်မှာကို ကြောက်နေရလေသည်။

ရန်ကိုင်က သူတို့ကိုအမှတ်အလကားပေးနေတဲ့ ရတနာသေတ္တာကြီးမဟုတ်တော့ပေ။

ခုလက်ရှိရန်ကိုင်က ပွဲပေါင်းများစွာ စိန်ခေါ်ထားပြီး ပြိုင်ပွဲတိုင်းကိုလည်းအနိုင်ရထားလေသည်။

Martial Peak

အပိုင်း(၅၂) ထိုက်တန်တဲ့လေ့လာမှု

ဖရဲသီးမျက်နှာနဲ့ တူတဲ့တပည့်ကိုကြည့်ရင်း ရန်ကိုင်ရယ်လိုက်လေသည်

‘‘အခုသိပ်ပြီးကြောက်မနေပါနဲ့။ ငါကအမှတ်ကလေး နည်းနည်းရှာရုံပါပဲ။မင်းစိတ်ကို လျော့ထားလိုက်။ ငါပြင်းပြင်းထန်ထန် မတိုက်ခိုက်ပါဘူး။မင်းမနာစေရဘူးလို့ ငါကတိပေးတယ်ကွာ’’

အသက်ဆယ်ကြိမ် ရှုရှိုက်စာလောက်ရောက်တဲ့အချိန်မှာတော့ ထိုတပည့်ကမြေပြင်ပေါ်မှာလဲနေပြီး ရန်ကိုင်ကတော့ ကြော့ကြော့မော့မော့နဲ့ ထွက်သွားလေသည်။ ရှနင်းချန်က သစ်ပင်ပေါ်မှာရပ်နေရင်း ရန်ကိုင်၏

တိုက်ပွဲကိုကြည့်နေခဲ့လေသည်။ သူမမျက်လုံးတွေ လခြမ်းကွေးလို

ကျဉ်းမြောင်းသွားပြီး သူမမျက်နှာပေါ်မှာ အပြုံးဖျော့ဖျော့ပေါ်လာလေသည်။

တစ်ချိန်က ပွဲပေါင်းတ၁၄၇ပွဲအထိ ဆက်တိုက်ရှုံးနိမ့်ခဲ့တဲ့ရန်ကိုင်၏

စွမ်းအာတဖြည်းဖြည်း မြင့်တက်လာတာကိုကြည့်ရင်း သူမနှုတ်ခမ်း

ကွေးညွတ်သွားလေသည်။

ရန်ကိုင်၏ တိုးတက်မှုက သူမနဲ့ဘာမှ မသက်ဆိုင်သော်လည်း သူမကသူ့ကို၂နှစ်ကြာအောင် စောင့်ကြည့်လာခဲ့ရတဲ့အတွက် ရန်ကိုင်ကိုစောင့်ကြည့်တာက သူမအကျင့်ဖြစ်နေခဲ့လေသည်။ သူမကိုရန်ကိုင်၏ ကိုယ်ပျောက်သက်တော်စောင့်လို့ ခေါ်ဆိုနိုင်ပြီး ရန်ကိုင်သန်မာလာတာနဲ့အမျှ သူမလည်းပျော်ရွှင်လေသည်။ ရစ်ခွေနဂါးစမ်းချောင်းဘေးမှာ ရန်ကိုင်နောက်တစ်ကြိမ် လေ့ကျင့်နေပြန်သည်။

အခုဆိုရင် နေသုံးစင်းအစေ့ကို စိုက်ထားတာ ၅ရက်ကြာသွားခဲ့ပြီဖြစ်ပြီးထိုအစေ့အပင်ပေါက်က ၁၀ပေအထိမြင့်တက်လာခဲ့လေပြီ။ အခုအချိန်မှာ

နေသုံးစင်းအသီးအပင်က လေနဲ့အတူယိ်မ်းနွဲ့နေပြီး ရဲရဲနီနေတဲ့အပွင့်တွေကလည်း အပြည့်အဝဖူးပွင့်နေလေသည်။ အသီးသီးဖို့ သိပ်ပြီးကြာတော့မည်မဟုတ်ပေ။

ဒီရက်အတောအတွင်း ရန်ကိုင်လေ့ကျင့်မှုက တော်တော်လေးအကျိုးရှိခဲ့လေသည်။

သူ့ဒန်တန်ထဲမှာ နောက်ထပ်ယန်အရည်စက်တစ်စက် သိပ်သည်းနိုင်ခဲ့ပြီး အစစ်အမှန်ယန်နည်းစနစ်လည်း နောက်တစ်ဆင့် မြင့်တက်သွားခဲ့လေပြီ။

သူမနက်အစောကြီးထပြီး တံမြက်စည်းလှည်းစရာ မလိုတော့တဲ့အတွက် သူ့မှာအားလပ်ချိန် ပိုရှိလာခဲ့သည်။ အခုအချိန်အတွင်းမှာလည်း ရန်ကိုင်က မုန်တိုင်စံအိမ်နဲ့ ပက်သက်ပြီးရသမျှသတင်းတွေကို စုဆောင်းနေလေသည်။

သူက ချန်ရှောင်ဖုန်းနဲ့ နူတောင်းကို သတ်ခဲ့တဲ့အတွက် သူဆီကို ပြဿနာတွေရောက်မလာနိုင်ဘူးလို့ ဘယ်သူမှမပြောနိုင်ပေ။

ဒါပေမယ့် မုန်တိုင်စံအိမ်ကချန်ရှောင်ဖုန်းနဲ့ နူတောင်းတို့သေသွားတာနဲ့ ပက်သက်ပြီး ဘာမှရေးကြီးခွင်ကျယ်

လုပ်မနေတဲ့အတွက် ရန်ကိုင်တော်တော်လေး စိတ်သက်သာရာ ရသွားခဲ့သည်။

ဟူမေးအာက သူ့ကိုသစ္စာမဖောက်ခဲ့ပေ။ ဟူမေးအာက သူ၏ယုံကြည်မှုနဲ့တကယ်ပဲထိုက်တန်လေသည်။

လတစ်လ၏ ရှစ်ရက်မြောက်နေ့က သိပ်မကြာခင် ရောက်တော့မှာဖြစ်ပြီးသူ့၏အမှတ်တွေကိုလည်း ထုတ်ယူနိုင်တော့မှာ ဖြစ်လေသည်။လွန်ခဲ့တဲ့တစ်လ၏ ရှစ်ရက်မြောက်နေ့တုန်းက သူခန္ဓာသန့်စင်ခြင်းအဆင့်မှာသာ

ရှိသေးပြီး အခုအချိန်မှာတော့ သူခန္ဓာသန့်စင်ခြင်းအဆင့်၈ကို

ရောက်နေခဲ့လေပြီ။ အဆင့်မြင့်ဆေးဝါးအကူအညီနဲ့လေ့ကျင့်နေတဲ့

ကောင်းကင်ဘုံဂျီနီးယပ်လို့ခေါ်နေတဲ့သူတွေတောင် သူ့လောက်

မမြန်ပေ။ သူထောက်ပံ့ရေးခန်းမကို လမ်းလျှောက်သွားတဲ့ အချိန်မှာတော့ကောင်တာနောက်မှာ ပျော့တီးပျော့ဖတ်ထိုင်နေတဲ့ ဘဏ္ဏာထိန်းမန်ကရုတ်တရက် မျက်လုံးမှေးလိုက်ပြီး ရန်ကိုင်ကိုစိုက်ကြည့်နေလေသည်။

သူ မတွေ့လိုက်ရတဲ့ ခဏတာအတောအတွင်းမှာ ရန်ကိုင်၏ခွန်အားကခုန်ပေါက်တက်လာခဲ့လေသည်။

ဒါပေမယ့် သူခဏတာသာ အံ့သြသွားခဲ့ပြီး သိပ်မကြာခင်မှာပဲ ပြန်ပြီး

တည်ငြိမ်သွားခဲ့လေသည်။ သူဒါမျိုးမမြင်ဖူးခဲ့တာမှ မဟုတ်တာ။

ဒါကြောင့်ရန်ကိုင်၏တိုးတက်မှုက သူ့ကိုသိပ်ပြီး မအံ့သြသွားစေခဲ့ပေ။

သူဒီလိုမြင်ကွင်းမျိုး အကြိမ်များစွာ မြင်ခဲ့ဖူးလေသည်။

‘‘ဘဏ္ဏာထိန်းမန်’’ ရန်ကိုင်က နှုတ်ဆက်လိုက်လေသည်။

‘‘လာလဲ အမှတ်ထုတ်ဖို့လား’’ ဘဏ္ဏာထိန်းမန်က ရန်ကိုင်ကိုအထက်အောက်စုံဆန်ကြည့်လိုက်ပြီး မေးလိုက်သည်။

‘‘အင်း၊ ငါဒီလ၅၉မှတ်ရသင့်တယ်မလား’’

သူတံမြက်စည်းလှည်းတာက ၁၀မှတ်၊ စိန်ခေါ်ပွဲမှာနိုင်ရင် ၂မှတ်ရပြီး

သူကျောင်းမှာ ၃ရက်မရှိခဲ့တဲ့အတွက် စုစုပေါင်း၂၇ပွဲစိန်ခေါ်နိုင်ခဲ့ကာ

ပွဲတိုင်းအနိုင်ရခဲ့တဲ့အတွက် ၅၄မှတ်၊ ဒါပေမယ့်စုမူနဲ့အတူတူ

စံအိမ်အတွင်းမှာ အရက်သောက်တဲ့အတွက် ၅မှတ်အနှုတ်ခံရတာကြောင့်သူ့မှာစုစုပေါင်း၅၉မှတ်ရှိလေသည်။

‘‘ဟုတ်တယ်၊ မင်းဘာနဲ့လဲမှာလဲ’’

‘‘ဂျဲဒီသစ်ပင်မြက်၂၀နဲ့ အရွက်သုံးရွက် ပရမ်းမတာဝိဉာဉ်ပန်းပွင့်၃၀နဲ့

လဲပေး’’ သူမှာ ပစ္စည်းပြတ်နေတဲ့အတွက် မွှေးရနံ့အိုးနဲ့ မလေ့ကျင့်တာတောင် တော်တော်ကြာသွားခဲ့လေပြီ။ မွှေးရနံ့အိုးက သူ့အတွင်းအားချီကိုလေ့ကျင့်တာမှာ မကူညီပေးနိုင်ပေမယ့် သူ့ခန္ဓာကိုယ်ကိုတော့လေ့ကျင့်ပေးနိုင်လေသည်။

ဘဏ္ဏာထိန်းမန်က ခန်းမထဲကိုမဝင်ခင် ရန်ကိုင်ကို သံသယအကြည့်နဲ့

ကြည့်လိုက်လေသည်။ သိပ်မကြာခင်မှာပဲ ရန်ကိုင်တောင်းထားတဲ့

ဆေးပင်တွေကိုပိုက်ပြီး ပြန်လာလေသည်။

ရန်ကိုင်က ဆေးပင်ကိုယူဖို့လက်လှမ်းလိုက်တဲ့အချိန်မှာ ဘဏ္ဏာထိန်းမန်က ဆေးပင်တွေကိုပြန်ဆွဲယူလိုက်ပြီး မေးလိုက်သည်‘‘ရန်လေး၊ လေနက်တောင်ကို

သွားတုန်းက မင်းဘာကိုစားခဲ့မိလဲဆိုတာ ငါ့ကိုပြောပြနိုင်မလား’’

သူက ရန်ကိုင်၏ကံကောင်းမှုကို စိတ်ဝင်စားနေခဲ့ပေသည်။

ရန်ကိုင်တွေးမိတွေးရာ ပြောပေးလိုက်လေသည်‘‘ ငါလည်း

မသိဘူးလေ။ ဒါပေမယ့် အရမ်းလှတဲ့အနီရောင်အသီးဆိုတာတော့

သေချာတယ်။ အဲ့တုန်းက ငါဆာနေတာနဲ့ ဘာသီလဲဆိုတာ

သေချာမစစ်ဆေးတော့ပဲ စားလိုက်တာ’’

‘‘အနီရောင်အသီး…..အနီရောင်အသီး…..’’ ဘဏ္ဏာထိန်းမန်က

အတွေးထဲနစ်မြောသွားခဲ့လေသည်။ ဒါပေမယ့် ရန်ကိုင်ပြောတဲ့အသီးက ဘာအသီးလဲဆိုတာ သူပုံမဖော်နိုင်ခဲ့ပေ။ ခဏကြာပြီးနောက်သူခေါင်းခါလိုက်ပြီး ‘‘ထားလိုက်တော့။ အဆီအနှစ်သန့်စင်ခြင်းဆေးလုံးနဲ့

လဲဖို့ မင်းအမှတ်တွေကို စုမထားတော့ဘူးလား။’’

အရင်ကဆိုရင်ရန်ကိုင်က သူ့အမှတ်တွေကို သေသေချာချာ စဉ်းစားတွက်ချက်ပြီးမှသုံးလေ့ရှိလေသည်။ ဒါပေမယ့်အခုအချိန်မှာတော့ ရန်ကိုင်က

ရက်ရောလွန်းနေပြီး ထောက်ပံ့ရေးခန်းမကိုဝင်လာတာနဲ့ သူ့အမှတ်တွေအကုန်လုံးကို သုံးပစ်လိုက်လေသည်။ ဒါကသူ့မဟုတ်တော့တဲ့အတိုင်းပင်။

ရန်ကိုင်က ပြုံးလိုက်ပြီး‘‘ငါ့အဆီအနှစ်သန့်စင်ခြင်းဆေးလုံးနဲ့ မလဲတော့ဘူး။ငါ့ရဲ့ရည်မှန်းချက်တွေ အကုန်လုံးကို ဆေးလုံးတစ်လုံးတည်းပေါ်မှာ ပုံအောမထားချင်ဘူး။ ငါအရင်က အရမ်းအမြင်ကျဉ်းမြောင်းလွန်းခဲ့တယ်’’

အဲ့စကားကို ကြားတာနဲ့ ဘဏ္ဏာထိန်းမန်က ရန်ကိုင်ကို နက်နက်နဲနဲ

စိုက်ကြည့်လိုက်သည်။ ထို့နောက်သူပြုံးလိုက်ပြီး ခေါင်းညိတ်ကာ

ပြောလိုက်သည်‘‘မဆိုးဘူး၊ မဆိုးဘူး။ မင်းဒီအချက်ကို နားလည်သွားတာက ဒီအဖိုးကြီး မျှော်မှန်းထားတာထက်တောင် ကျော်လွန်နေပြီ။ ရန်ကိုင်လေး၊ မင်းကိုဒီအဖိုကြီး အကြေံပေးပါစေ’’

‘‘ပြောလေ ဘဏ္ဏာထိန်းမန်’’

‘‘ကြိုးကြိုးစားစား လေ့ကျင့်ပါ။ မင့်ရဲ့ကံကောင်းမှုကို အလဟသ

ဖြစ်မသွားစေနဲ့’’

‘‘အင်း ငါကြိုးစားလေ့ကျင့်ပါမယ်’’

ထောက်ပံ့ရေးခန်းမ ထွက်လာတာနဲ့ ရန်ကိုင်က ရစ်ခွေနဂါးစမ်းချောင်းဆီကိုတန်းသွားလေသည်။

မွှေးရနံ့အိုးထုတ်လိုက်ပြီး ဆေးပင်တွေထည့်ပြီး စတင်လေကျင့်လေသည်။

သူရင်းနှီးနေတဲ့ ဖိအားတစ်ခုသူ့အပေါ်သက်ရောက်လာခဲ့လေသည်။ ထိုဖိအားကသူ့လက်ရှိခွန်အားနဲ့ တောင့်ခံနိုင်တဲ့ဖိအာမျိုးမဟုတ်ပေ။ သိပမကြာခင်မှာပဲသူအမောတကော အသက်ရှုနေရပြီး သူ့တစ်ကိုယ်လုံး ချွေးစို့နေလေသည်။ဒါပေမယ့် သူလက်မလျှော့သေးပဲ လက်သီးချက်၊ ခြေကန်ချက်တွေကို

ဆက်လက်လေ့ကျင့်နေလေသည်။ တစ်ချက်ထိုးဖို့၊ကန်ဖို့အတွက်

သူ့အတွက် အလွန်အမင်းခဲယဉ်းနေပြီး သူ့ခွန်အားတွေသာမက

စိတ်စွမ်းအားတွေလည်း အလျင်အမြန်ကုန်ဆုံးနေလေသည်။

အားအင်ကုန်ခမ်းအောင် လေ့ကျင့်စေခြင်းဖြင့် သူ့ကိုယ်သူ

အကန့်အသတ်ရောက်အောင် တွန်းပို့နေလေသည်။ သိပ်မကြာခင်မှာ

သူတောင့်ခံနိုင်တဲ့ အကန့်အသတ်ကို ကျော်လွန်သွားပြီး မြေပြင်ပေါ်

လဲကျသွားလေသည်။

အားတင်းထိုင်လိုက်ပြီး အစစ်အမှန်ယန်နည်းစနစ်ကို လှည့်ပတ်လိုက်လေသည်။

မွှေးရနံ့အိုးက အတွင်းအားချီလေ့ကျင့်ရာမှာ မကူညီနိုင်ဘူးလို့သူထင်နေခဲ့ပေမယ့်

အခုအချိန်မှာတော့ သူမှားယွင်းနေကြောင်း သိလိုက်ရလေပြီ။ မွှေးရနံ့အိုး၏

အကျိုးသက်ရောက်မှုအောက်မှာ သူ့ချီလှည့်ပတ်နှုန်းက

အလွန်အမင်း နှေးကွေးသွားလေသည်။ ရန်ကိုင်က မွှေးရနံ့အိုးကို

ပြန်မသိမ်းပဲ ထိုအမွှေးအိုးကိုသာ ဆန်းစစ်လေ့လာနေခဲ့လေသည်။

မွှေးရနံ့အိုးက ခန္ဓာသန့်စင်ခြင်းအဆင့်မှာ ခန္ဓာကိုယ်ကိုကူညီလေ့ကျင့်

ပေးရုံသက်သက်မဟုတ်ဘူးလို့ ရန်ကိုင်ခံစားနေရတဲ့အတွက်ကြောင့်

ထိုဆေးအိုးက စစ်ဆေးလေ့လာရတာက သူ့အတွက် အကျိုးမရှိတာမဟုတ်ပေ။

မွှေးရနံ့အိုး၏ အကူအညီနဲ့ ရန်ကိုင်ခန္ဓာကိုယ်က နေ့နဲ့အမျှသန်မာလာပေမယ့်

အစစ်အမှန်ယန်နည်းစနစ်၏ အကျိုးသက်ရောက်မှုကတော့ နှေးကွေးသွားလေသည်။

ယန်ချီစုပ်ယူနှုန်းက တော်တော်လေး နှေးကွေးသွားပြီး ၂ရက်၊၃ရက်လောက်

ကြာတာတောင် သူယန်ချီနည်းနည်းပဲ စုပ်ယူနိင်ခဲ့လေသည်။

ဒီမွှေးရနံ့အိုးက တကယ်ပဲ ချီလေ့ကျင့်မှုကို နှောင့်နှေးစေတာလား။

ဒီကိစ္စသာအစစ်အမှန်ဆိုရင် မွှေးရနံ့အိုးက သူ့အတွက်သိပ်ပြီး

ကူညီပေးနိုင်တော့မည်မဟုတ်ပေ။ ဒါကြောင့် အကူအညီမဲ့စွာနဲ့

ရန်ကိုင်က မွှေးရနံ့အိုးက ပြန်သိမ်းလိုက်လေသည်။ ထို့နောက်ရန်ကိုင်က

အစစ်အမှန်ယန်နည်းစနစ်ကို စလေ့ကျင့်လိုက်လေသည်။ ဒါပေမယ့်

လေ့ကျင့်လိုက်တာနဲ့ သူ့အမူအရာချက်ချင်းပြောင်းသွားလေသည်။

ထို့နောက်သူ့ခန္ဓာကိုယ်ကို သေသေချာချာ စစ်ဆေးကြည့်လိုက်လေသည်။

အဲ့အချိန်တွင် ရန်ကိုင်နှုတ်ခမ်းတွေက နားရွက်တက်ချိန်တော့မယ်အလား

ကွေးတက်သွာပြီး သူ့မျက်နှာကလည်း ထိန်းမအောင် ပြုံးရွှင်နေလေသည်။

သူ့သွေးကြောထဲက ချီလှည့်ပတ်နှုန်းက နဂိုထက်တစ်ဆလောက်

ပိုမြန်လာလေသည်။ ချီလှည့်ပတ်နှုန်းမြန်လေ ယန်ချီစုပ်ယူနှုန်းက

ပိုမိုမြန်ဆန်လေပင်ဖြစ်လေသည်။

ဒါကဒီလိုလား။ သူ့ချီလှည့်ပတ်နှုန်းနဲ့ ပက်သက်ပြီး မွှေးရနံ့အိုး၏

အကျိုးသက်ရောက်မှုက သူ့ကျင့်ကြံခြင်းကို အတားအဆီးမဖြစ်စေပဲ

သူ့ကိုအကျိုးရှိသွားစေသည်။ မွှေးရနံ့အိုးရဲ့ ဖိအားအောက်မှာ

သူ့ချီလှည့်ပတ်နှုန်းက တော်တော်လေး နှေးကွေးနေပေမယ့်

ထိုဖိအားအောက်ကနေ လွတ်ထွက်သွားတာနဲ့ သူ့ချီလှည့်ပတ်နှုန်းက

နဂိုထက်ပိုမိုမြန်ဆန်လာလေသည်။ ဂျင်၃၀၀၀လေးတဲ့အိတ်ကို

သယ်နေတဲ့လူတစ်ယောက်က ဂျင်၃၀၀ရှိတဲ့အိတ်ကို ပြောင်းသယ်လိုက်တဲ့အခါ သူခြေလှမ်းတွေက ပိုမိုမြန်ဆန်သွားသလိုမျိုးဖြစ်လေသည်။

အဲ့အကြောင်းကို စဉ်စားမိလိုက်တာနဲ့ ရန်ကိုင်အကျယ်ကြီး

အော်ရယ်တော့လေသည်။ ဒါကထိုက်တန်တဲ့ ဆန်းစစ်လေ့လာမှု

ပင်ဖြစ်လေသည်။ သူသာအချိန်ကုန်ခံပြီး ဒီအကြောင်းကို မလေ့လာခဲ့ရင်

မွှေးရနံ့အိုးမှာ ဒီလိုအကျိုးသက်ရောက်မှုမျိုးရှိတယ်ဆိုတာကို

သူရှာတွေ့ခဲ့လိမ့်မည်မဟုတ်ပေ။

Martial Peak

အပိုင်း (၅၃) ခန္ဓာသန့်စင်ခြင်းအဆင့်၉

၁၀ရက်ကြာတဲ့နောက်မှာတော့ နေသုံးစင်းအပင်ကနေ အနီနက်ရောင်ရှိတဲ့ အသီးတွေ သီးလာခဲ့သည်။ ထိုအသီးတွေကနေ ယန်ချီတွေကို ရန်ကိုင်ခံစား မိနေလေသည်။ ၁၀ရက်ကြာတဲ့နောက်မှာတော့ ထိုနေသုံးစင်းအသီးတွေက

ရင်းမှည့်လာခဲ့လေသည်။ ရန်ကိုင်က နေသုံးစင်းအသီးက အပင်ပေါ်ကနေ ဂရုတစိုက်ခူးလိုက်ပြီး ထိုအသီးနဲ့ လက်ထဲမှာ ခဏကြာအောင် ကစားနေခဲ့လေသည်။

ဒါပေမယ့် ဒီအသီးတွေက ဘယ်လောက်ပဲ ဆွဲဆောင်မှုရှိပါစေ သူလေ့ကျင့်ရာမှ မြန်ဆန်စေဖို့ ထိုအသီးတွေကို စားဖို့လိုလေသည်။ ရန်ကိုင်က တုန့်ဆိုင်းမနေတော့ပဲ ချက်ချင်း တင်ပလင်ခွေ ထိုင်လိုက်ပြီး နေသုံးစင်းအသီကို သူ့ပါးစပ်ထဲ ပစ်သွင်းလိုက်သည်။

ထိုအသီးက ချိုမြမြနဲ့စားလို့ကောင်းလေသည်။ ထို့နောက ်သူအစစ်အမှန်ယန်နည်းစနစ်ကို လှည့်ပတ်လိုက်လေသည်။ သူ့အစာအိမ်တစ်ခုလုံး မီလောင်နေသလို ခံစားနေရပေမယ့်

အစစ်အမှန်ယန်နည်းစနစ်ကို ကျင့်ကြံနေတဲ့ ရန်ကိုင်အဖို့ ထိုအပူချိန်က အလွန်အမင်း သက်သောင့်သက်သာရှိလှပေသည်။

မြေကမ္ဘာအဆင့်နိမ့် နေသုံးစင်းအသီထဲမှာ ပါဝင်တဲ့ယန်ချီတွေက သူ့သွေးကြော တစ်လျှောက်စီးဆင်းသွားပြီး သူ့ဒန်တန်ထဲမှာ ယန်အရည်စက်တွေကို စတင် ဖွဲ့စည်းလေသည်။ နေသုံးစင်းအသီးထဲမှာ ပါဝင်တဲ့ယန်ချီတွေ မကုန်ဆုံးခင်

နောက်ဆုံးအချိန်မှာပဲ ရန်ကိုင်က ယန်အရည်စက်သုံးစက်ကို သိပ်သည်းနိုင်ခဲ့သည်။

ခုလောလောဆယ် သူ့ဒန်တန်ထဲမှာ စုစုပေါင်း ယန်အရည်စက် လေးစက်ရှိနေပြီး ၃စက်က နေသုံးစင်းအသီး၏ အကူအညီကြောင့်ရလာတာဖြစ်ပြီး ကျန်တစ်စက်က

သူ့ရဲ့ဆယ်ရက်တာ ကြိုးစားကျင့်ကြံမှုကြောင့်ပဲ ဖြစ်လေသည်။ မွှေးရနံ့အိုးရဲ့ ဖိအားအောက်မှာ ရန်ကိုင်၏လေ့ကျင့်မှုက တကယ်ကိုပင်ပန်းမောပန်းလွန်းပေမယ့် ရန်ကိုင်က ထိုအရာကို စိတ်ထဲမထားပေ။ ထို့ပြင် သူသာကျန်နေတဲ့ နေသုံးစင်းအသီး

နှစ်လုံးကို စားလိုက်ရင် ခန္ဓာသန့်စင်ခြင်းအဆင့်၉ကို ချိုးဖျက်ဝင်ရောက်နိုင်မယ်လို့ ခံစားနေရလေသည်။

ထိုအကြောင်းကိုတွေးရင် ရန်ကိုင်က တုန့်ဆိုင်းမနေတော့ပဲ ကျန်တဲ့အသီး နှစ်လုံးစလုံးကို စားပစ်လိုက်လေသည်။ အသီးထဲမှာပါဝင်တဲ့ ယန်ချီတွေက သူ့သွေးကြော တစ်လျှောက်စီးဆင်းသွားပြီး သူ့တစ်ကိုယ်လုံး ရဲရဲနီလာခဲ့လေသည်။

အစစ်အမှန်ယန်နည်းစနစ်ကို လှည့်ပတ်လိုက်ပြီး သူ့ဒန်တန်ထဲမှာလည်း ယန်အရည်စက်တွေက တစ်စက်ပြီးတစ်စက် သိပ်သည်းဖြစ်ပေါ်လာနေခဲ့သည်။

ထို့ပြင် သူ့ချွေးပေါက်တွေကနေလသည်း ရစ်ခွေနဂါးစမ်းချောင်းမှ ယန်ချီတွေကို အငမ်းမရစုပ်ယူနေလေသည်။

သူ့သွေးကြောတစ်လျှောက် တည်တည်ငြိမ်ငြိမ် စီးဆင်းနေတဲ့ ယန်ချီတွေက ပိုပိုသန်မာလာပြီး ပိုပြီးကြမ်းတမ်းလာလေသည်။ အကယ်၍ တစ်စုံတစ်ယောက်သာ ရန်ကိုင်၏လက်ရှိအခြေအနေကို တွေ့မြင်သွားခဲ့ရင် ထိတ်လန့်ပြီးပါးစပ်တောင်

စေ့နိုင်တော့မည်မဟုတ်ပေ။ သမိုင်းတစ်လျှောက် ယန်ချီပမာဏများပြားစွာ စုဆောင်းနိုင်တဲ့ ခန္ဓာသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်မှ မရှိခဲ့ဖူးပေ။

ခန္ဓာသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေ၏ သွေးကြောတွေက ကျဉ်းမြောင်းပြီး သူတို့ဒန်တန်ထဲက ချီစုဆောင်းတဲနေရာအကျယ်အဝန်းက ကန့်သတ်ထားတဲ့

အတွက် များပြားပြီး ပြင်းထန်းလွန်းတဲ့ ချီတွေကို တောင့်မခံနိုင်ပေ။ မဟုတ်ရင် ဒန်တန်ပေါက်ကွဲပြီး သေသွားနိုင်ပေသည်။

ရန်ကိုင်မှာရှိတဲ့ လက်ရှိချီပမာဏက စဦးဒြပ်စင်အဆင့် ကျင့်ကြံသူတစ်ယောက်မှာ

ရှိတဲ့ချီပမာဏနဲ့ တူညီပေသည်။ ဒါပေမယ့် ရန်ကိုင်က ခန္ဓာသန့်စင်ခြင်းအဆင့်၈ မှာပဲရှိနေသေးလေသည်။ ထိုအချိန်တွင် ရန်ကိုင်က ရှင်းလင်းမဖော်ပြနိုင်တဲ့ ဖိအားတစ်ခုကို ခံစားလိုက်ရလေသည်။ထိုဖိအားက ကောင်းကင်နဲ့မြေပြင်ကြားမှာ

တည်ရှိနေတဲ့ပုံပင်။ ထိုအဟန့်အတားကို သူမဖြတ်ကျော်နိုင်ခဲ့ရင် သူအဆင့်ချိုးဖျက် နိုင်တော့မည်မဟုတ်ပေ။

ဘုန်း….သူ့ကိုယ်မှာ ချည်နှောင်ထားတဲ့ ချိန်းကြိုးတွေ ပြုတ်ထွက်သွားသလိုမျိုး မြည်ဟည်းသွားခဲ့သည်။ သူ့တစ်ကိုယ်လုံး ပေါ့ပါးနေခဲ့ပြီး သစ်လွင်လန်းဆန်း သွားသလိုခံစားလိုက်ရကာ အရမ်းသက်သောင့်သက်သာရှိလှပေသည်။

ခန္ဒာသန့်စင်ခြင်းအဆင့်၉….စဦးဒြပ်စင်အဆင့်ရောက်ဖို့ ခြေတစ်လှမ်းအကွာလောက်ပဲ လိုတော့လေသည်။ သူအဆင့်ချိုးဖျက်ပြီးသွားသော်လည်း သူခံစားနေရတဲ့

သက်သောင့်သက်သာရှိတဲ့ခံစားချက်ကမပျောက်ကွယ်သွားသေးပေ။ ထို့နောက် သူ့ဒန်တန်ထဲမှာရှိတဲ့ ယန်အရည်စက်၁၀စက် စတင်လည်ပတ်လာပြီး သူ့ကိုယ်တွင်းအင်္ဂါနဲ့ သွးကြောတစ်လျှောက် ပျံ့နှံ့သွားလေသည်။ ထိုယန်အရည်စက်တွေက သူ့ကိုယ်တွင်အညစ်အကြေးတွေကို လောင်ကျွမ်းနေခဲ့ပြီး သူ့ကိုယ်တွင်းအင်္ဂါတွေနဲ့သွေးကြောတွေကို

သန့်စင်ပေးနေလေသည်။ သံရိုင်းတုံးတစ်ခုကို ပုံသွင်းနိုင်ဖို့ဆိုရင်

အပူခပ်ပြင်းပြင်း ပေးပေးဖို့လိုပြီး လူတစ်ယောက်၏ခန္ဓာကိုယ်လည်း

ထိုနည်းအတိုင်းပင် ဖြစ်လေသည်။ ကျင့်ကြံသူတွေက အဆင့်တစ်ဆင့် တက်တိုင်း အတွင်းအားချီကိုသုံးကာ သူတို့ခန္ဓာကိုယ်ကို သန့်စင်လေ့ ရှိကြလေသည်။ တစ်ခါသန့်စင်ပြီးတိုင်း သူတို့ခွန်အားတွေ အရူးအမူး

ထိုးတက်သွားလေ့ရှိသည်။

ရန်ကိုင်အဆင့်တက်တာက အဆင့်သေးတစ်ခုသာ ဖြစ်တဲ့အတွက်

သူ့အတွင်းအားချီက သိပ်ပြောင်းလဲမှုမရှိသလို ယန်အရည်စက်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်လေသည်။ ခဏအကြာမှာတော့ ရန်ကိုင်က သူ့မျက်လုံးကို ဖြေးဖြေးချင်းဖွင့်လိုက်လေသည်။ သူ့ရဲ့ လက်ရှိခွန်အားက ယခင်ခွန်အားနဲ့ လုံးဝမနှိုင်းယှဉ်နိုင်တော့ပေ။

သူသာအခုအချိန် ချန်ရှောင်ဖုန်နှင့် နူတောင်းတို့နဲ့ ရင်ဆိုင်တိုက်ခိုက်မယ်ဆိုရင် ယန်အရည်စက်တစ်စက်တောင်မသုံးပဲ ထိုနှစ်ယောက်ကို အသာအယာ အနိုင်ယူနိုင်လေသည်။ သူ့ခွန်အားတိုးတက်လာတာအပြင် သူအသိဉာဏ်

အသစ်တစ်ခုလည်းရလိုက်လေသည်။ ဒါပေမယ့် ထိုအသိဉာဏ်က

နက်နဲလွန်းတဲ့အတွက် သူနားမလည်နိုင်ခဲ့ပေ။ သူနောက်တစ်ဆင့်

ချိုးဖျက်မယ့်အချိန်ကိုစောင့်ပြီးတော့မှသာ ထိုအရာကို နားလည်အောင် ကြိုစားရပေလိမ့်မည်။ အခုအချိန်မှာ သူ့သွေးကြောတွေက ယန်ချီတွေနဲ့

ပြည့်လျှံနေပြီး သူ့ဒန်တန်ထဲမှာတော့ ဘာမှရှိမနေခဲ့ပေ။

သေသေချာချာ စစ်ဆေးပြီးတဲ့နောက်မှာတော့ ရန်ကိုင်မျက်နှာမဲမှောင်သွားလေသည်။

သူရက်ပေါင်းများစွာ အားသွန်ခွန်စိုက် ကြိုးစားလေ့ကျင့်ပြီမှ ရခဲ့တဲ့

အသီးအပွင့်တွေက မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားခဲ့လေပြီ။

သူ့ဒန်တန်ထဲမှာရှိတဲ့ယန်အရည်စက်၁၀စက်လုံးပျောက်ကွယ်သွားပြီး

တစ်စက်တောင် ကျန်မနေခဲ့ပေ။ သူအကျိုးကျေးဇူးကြီးကြီးမားမား

သူ့မှာယန်အရည်စက်တစ်စက်တောင် ရှိမနေတော့ပေ။ ဒါပေမယ့် ထိုအရာက အဲ့လောက်ကြီးမဟုတ်ပေ။ သူ့မှာပိုက်ဆံရှိနေသရွေ့ ယန်အရည်စက်အတွက် စိတ်ပူစရာမလိုပေ။ ယန်စွမ်းအင်ရတနာ နည်းနည်းပါးပါးဝယ်လိုက်ပြီး တိုက်ရိုက်စုပ်ယူရုံနဲ့တင် ယန်အရည်စက်တွေကို ပြန်လည်ရရှိနိုင်ပေသည်။

တကယ့်ပြဿနာက ခုလောလောဆယ်သူ့တွင် ငွေတစ်ပြားမှ

ရှိမနေတော့ခြင်းဖြစ်လေသည်။ ချန်ရှောင်ဖုန်းနဲ့ နူတောင်းဆီက

ရခဲ့တဲ့ငွေတွေလည်း အကုန်ကုန်သွားခဲ့လေပြီ။ နေသုံးစင်းအသီး၏

အကျိုးသက်ရောက်မှုကို သူမျက်မြင်တွေ့ခဲ့ရပြီးပြီဖြစ်သည်။ သူ့မှာ

သင့်လျော်တဲ့အစေ့ရှိနေသရွေ့ အပင်ပေါက်၊ အသီးသီးအောင်

လုပ်ဖို့က သူ့အတွက်မခက်ခဲပေ။

လေနက်ကုန်သွယ်ရေးနေရာတစ်ဝိုက် လှည့်ပတ်ရှာရင်တောင်မှာ

အစေ့ရောင်းတဲ့သူတစ်ယောက်မှ တွေ့လိမ့်မည်မဟုတ်ပေ။ ။ ဒါကနားလည်ဖို့မခက်ခဲပေ။

ဝိဉာဉ်မြက်နဲ့ ဝိဉာဉ်အပင်အစေ့စိုက်ဖို့ဆိုရင် သင့်လျော်တဲ့မြေနေရာတစ်ခု အရင်ရှာရပေမည်။

ပြီးတော့ သေသေချာချာ ရေလောင်းပေါင်းသင်ပေးရပြီး အသီသီးဖို့အတွက်လည်း အချိန်အကြာကြီး စောင့်ရပေသည်။

ဘယ်သူကကော အဲ့လောက်အချိန်ကုန်ခံနိုင်ပါ့မလဲ။ သူတို့သာ အဲ့လောက် အားယားနေခဲ့ရင် အပင်စိုက်မယ်အစား လေ့ကျင့်နေပေလိမ့်မည်။ တစ်ယောက်မှ မဝယ်တဲ့အတွက် ဘယ်သူမှမရောင်းတာကလည်း မထူးဆန်းပေ။

ရန်ကိုင်က အစေ့တွေကိုဝယ်ဖို့ဆုံးဖြတ်လိုက်လေသည်။ သူဆုံးဖြတ်ပြီးတာနဲ့ ကောင်းကင်စံအိမ်ကနေထွက်ကာ လေနက်ကုန်သွယ်ရေးနေရာကို ဦးတည်လိုက်လေသည်။

ဒါကလေနက်ကုန်သွယ်ရေးနေရာကိုသွားတာ သူ့အတွက်ဒုတိယအကြိမ်သာ ဖြစ်သော်လည်း သူ့အတွက်မခက်ခဲပေ။ သူနောက်ဆုံးရောက်ခဲ့တဲ့အချိန်ကနေ

စရေတွက်ရင် လဝက်လောက်ကြာသွားပြီဖြစ်သည်။ သူဆိုင်တန်းတွေကို လျှောက်ပတ်ကြည့်လိုက်ပေမယ့် သူမျှော်လင့်ထားတဲ့အတိုင်း အစေ့ရောင်းတဲ့သူတစ်ယောက်မှ သူမတွေ့ခဲ့ပေ။ ရန်ကိုင်က အရမ်းကြီး စိတ်ပျက်မသွားခဲ့ပေ။ ထို့နောက်သူသွေးတိုက်ပွဲဂိုဏ်းဆိုင်တန်းရှိရာသို့သွားလိုက်လေသည်။ သူ့ကိုအရင်က အစေ့ရောင်းလိုက်တဲ့ ဆိုင်ရှင်ဆီမှာ အစေ့အပိုတွေများ ရှိနေသေးလားဆိုတာ ရန်ကိုင် သိချင်နေခဲ့လေသည်။

Martial Peak

အပိုင်း (၅၄) ဖြာယောင်းခြင်းနည်းလမ်းတစ်ထောင်

ရန်ကိုင်က လေနက်ကုန်သွယ်ရေးနေရာတစ်ဝိုက်ကို လမ်းပတ်လျှောက်နေပြီး သူ့နောက်က

အော်ခေါ်သံကြားမှ ရပ်လိုက်လေသည်‘‘စီနီယာအကိုရန်’’

ရန်ကိုင်လှည့်ကြည့်လိုက်တဲ့အခါမှာ လီယွမ်ရှန်းက သူ့ကိုလက်ဝှေ့ရမ်းပြနေတာကို

တွေ့လိုက်ရသည်။ သူ့မျက်နှာက စိတ်အားထက်သန်မှုတွေနဲ့ တောက်ပနေပြီး သူ့ရှေ့မှာတော့

ပစ္စည်းမျိုးစုံကို ခင်းကျင်းပြသထားတဲ့ ဆိုင်တန်လေးတစ်ခုရှိနေလေသည်;အချို့ပစ္စည်းတွေက

ဆေးပင်တွေဖြစ်ပြီး ဆေးပုလင်းတွေတောင် ရှိနေလေသည်။

‘‘မင်းဘာလို့ ဒီမှာဆိုင်ဖွင့်နေတာလဲ’’ ရန်ကိုင်က လမ်းလျှောက်လာရင်း မေးလိုက်သည်။

စုမူက သူအဖွဲ့တစ်ခုလုံးကို ပြင်းပြင်းထန်ထန်လေ့ကျင့်ဖို့ မှာထားတယ်လို့

***ပြောတာကို သူပြန်သတိရလိုက်သည်။

‘‘ငါသိပ်မကြာခင်က အဆင့်ချိုးဖျက်သွားခဲ့တာ။ ဒါကြောင့် စုမူက ငါ့ကို အပျင်းပြေလမ်းလျှောက်ပြီး အခြေတည်ငြိမ်အောင် လုပ်ဖို့ပြောတယ်။ ပြီးတော့ ငါ့ညီအစ်ကိုတွေကလည်း သူတို့ကျင့်ကြံခြင်းအတွက် ပစ္စည်းတွေလိုအပ်လို့

ငါ့ဒီမှာကံလာစမ်းကြည့်တာ’’ သူရှင်းပြလေသည်။

‘‘ဒီလိုလား’’ လီယွမ်ရှန်းကို ဂရုတစိုက်ကြည့်ရင်း သူကနဂိုထက်အနည်းငယ် ပိုသန်မာလာတယ်ဆိုတာ

ရန်ကိုင်တွေ့လိုက်လေသည်။ သူခန္ဓာသန့်စင်ခြင်းအဆင့်၈ကို ချိုးဖျက်ဝင်ရောက်သွားတာပဲ ဖြစ်လေသည်။

‘‘စီနီယာအစ်ကို၊ မင်းဒီမှာဘာလုပ်နေတာလဲ’’ လီယွမ်ရှန်က စိတ်အားထက်သန်စွာမေးလိုက်သည်။

‘‘ငါတစ်ခုခုဝယ်ချင်လို့’’

‘‘ဘာဝယ်ချင်တာလဲ။ ငါ့ပစ္စည်းတွေထဲမှာကော စီနီယာလိုချင်တာ ရှိနေလားဆိုတာ ကြည့်လိုက်လေ။ ရှိရင် အလကား ယူသွားလို့ရတယ်’’ လီယွမ်ရှန်းက သူ့ပစ္စည်းတွေကို

ညွှမ်ပြရင်းပြောလိုက်သည်။

‘‘မင်းမှာ ယန်ဝိဉာဉ်ဆေးပင်အစေ့တွေ ရှိလား’’

လီယွမ်ရှန်းက ခေါင်းခါလိုက်ပြီး ‘‘ငါ့မှာမရှိဘူး။ ငါသိသလောက်ဆိုရင် ဒီဈေးမှာ အစေ့ရောင်းတဲ့

လူနည်းနည်းပဲရှိတယ်’’

တစ်နည်းဆိုရသော် အစေ့တန်ဖို့ကမမြင့်ပေမယ့် ရောင်းတဲ့သူက ရှားပါးလွန်းလေသည်။

‘‘ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ စီနီယာအစေ့တွေငယ်ချင်တယ်ဆိုတဲ့ ဆိုင်းဘုတ်ကို ဒီမှာထောင်ထားလိုက်လေ။ ငါဒီမှာနောက်ထပ်၂ရက်လောက် ရှိနေဦးမှာဆိုတော့

စီနီယာသာ ကံကောင်းခဲ့ရင်အစေ့ရောင်းတဲ့လူတစ်ယောက်ယောက်နဲ့ တွေ့ရမှာပဲ’’

လီယွမ်ရှန်းက အကြံပေးလိုက်သည်။

‘‘အဲ့ဒါလည်းကောင်းတာပဲ။ ဒါဆိုရင်တော့ ငါဂျူနီယာညီလေးလီကို ဒုက္ခပေးရဦးမှာပေါ့’’ ထို့နောက် လီယွမ်ရှန်းက သူ့ဘေးမှာပဲ သတိပေးဆိုင်းဘုတ်တစ်ခုကို ထောင်းထားလိုက်သည်။

လီယွမ်ရှန်းနဲ့ နောက်ဆုံးအကြိမ်က အဖြစ်အပျက်တွေက စုမူအပေါ်တော်တော်လေး ရိုက်ခတ်သွားရုံမက စုယန်၏ထပ်ပေါင်းဆူပူကြိမ်မောင်းမှုကြောင့် အလေလိုက်တတ်တဲ့

သခင်လေးစုမူက နောက်ဆုံးသူ့ကိုယ်သူထိန်းချုပ်နိုင်လာခဲ့လေသည်။ ဒီအတောအတွင်း စုမူက အခန်းတွင်းပိတ်လေ့ကျင့်နေခဲ့ပြီး စဦးဒြပ်စင်အဆင့်ကို ချိုးဖျက်သွားခဲ့ကြောင်း

ရန်ကိုင်သိလိုက်လေသည်။

လီယွမ်ရှန်းကို နှုတ်ဆက်စကားပြောလိုက်ပြီးနောက် ရန်ကိုင်ယန်ကျောက်တုံး ဝယ်ခဲ့တဲ့ နေရာဆီကို တိုက်ရိုက်လမ်းလျှောက်သွားလေသည်။

သူ့ရင်းနှီးနေတဲ့ ဆိုင်ရှင်ကိုမြင်လိုက်တာ့မှ ရန်ကိုင်သက်ပြင်းအမောကြီး ချနိုင်လိုက်သည်။

သူကထိုဆိုင်ရှင် မတွေ့ရတော့မှာ စိုးရိမ်နေတာပဲဖြစ်လေသည်။

‘‘ဟေးညီငယ်လေး၊ မင်းထပ်လာပြန်ပြီလား’’ ဆိုင်ရှင်က ရန်ကိုင်နဲ့ဟူမေးအာတို့ နှစ်ယောက်အတူူတူ

လမ်းလျှောက်လာတာကို တွေ့ဖူးတဲ့အတွက် ရန်ကိုင်ကိုတော်တော်လေး ရိုသေလေးစားနေခဲ့သည်။

‘‘မင်းဒီတစ်ခါကော ဘာဝယ်ချင်တာလဲ’’ ဆိုင်ရှင်ကမေးလိုက်သည်။

‘‘မင်းငါ့ကိုပေးခဲ့တဲ့ နေသုံးစင်းအစေ့တွေ ရှိသေးလားဆိုတာသိချင်လို့ပါ’’ ရန်ကိုင်က အလာပသပ္ပလာပ

စကားတွေ ပြောမတော့ပဲ တိုက်ရိုက်ပဲမေးလိုက်သည်။

ဆိုင်ရှင်ကခေါင်းခါလိုက်ပြီး ပြောလိုက်သည်‘‘ငါ့မှာတစ်စေ့မှ မရှိတော့ဘူး။ ငါ့မှာတစ်စေ့ပဲရှိတာ။

ပြီးတော့ မင်းသိတဲ့အတိုင်း မင်းကိုပဲလက်ဆောင်အဖြစ် အဲ့တစ်စေ့ကိုပေးလိုက်တာလေ’’

‘‘ဒီလိုလား’’ ရန်ကိုင်က စိတ်ပျက်သွားခဲ့ပြီး ‘‘အဲ့ဒါဆိုရင်လည်း ငါမင်းကိုမနှောက်ယှတ် ေတာ့ပါဘူး’’

လေနက်ကုန်သွယ်ရေးနေရာတွင် ဆိုင်တွေအများကြီးရှိသလို ပစ္စည်အမျိုးမျိုးကိုလည်း ရောင်းချလေသည်။ အကယ်၍သူသာ ကံကောင်းခဲ့ရင် အစေ့ရောင်းတဲ့သူနဲ့ တွေ့နိုင်သေးလေသည်။

ဆိုင်ရှင်က ရန်ကိုင်နောက်ကျောကို တွေးရခက်နေတဲ့ပုံစံနဲ့ ကြည့်နေလိုက်ပြီး ထို့နောက် အော်ခေါ်လိုက်သည်‘‘ ညီငယ်လေး၊ ခဏလောက်စောင့်ပါဦး’’

ရန်ကိုင်က ပြန်လှည့်ကြည့်လိုက်ပြီး‘‘ဘာကိစ္စလဲ’’

‘‘ငါ့မှာနေသုံးစင်းအသီးအစေ့ တစ်စေ့ပဲရှိပေမယ့် မင်းလိုချင်တယ်ဆိုရင် သွေးတိုက်ပွဲ

ဂိုဏ်းက တပည့်တွေဆီမှာ သွားရှာနိုင်တယ်’’

‘‘သူတို့ကဘယ်မှာလဲ’’ ရန်ကိုင်က အလောတကြီးမေးလိုက်သည်။

ဆိုင်ရှန်က တစ်ချက်တုန့်ဆိုင်းနေပြီးနောက် ပြောလိုက်သည်‘‘သူ့တို့က အခုအချိန်ဆိုရင်

ယန်ကျောက်တုံးတူးတဲ့ မိုင်းတွင်းနေရာမှာ ရှိနေလောက်တယ်။ ဒါပေမယ့် အဲ့နေရာက ငါတို့ဂိုဏ်းကတပည့်တွေတောင် အလွယ်တကူ ဝင်ထွက်သွားလာနိုင်တဲ့ နေရာမဟုတ်ဘူး။

ညီငယ်လေးလို အပြင်လူဆိုရင်တော့ ပြောစရာတောင်မလိုဘူး’’

‘‘သူတို့ဘယ်အချိန်ထွက်လာလောက်လဲ’’ ရန်ကိုင်က စိတ်ဓာတ်ကျသွားခဲ့ပြီး လက်မလျှော့ လိုသေးတဲ့အတွက် ဆက်မေးလိုက်သည်။

‘‘သူတို့က ထွက်လာဖို့ကကြာလောက်ဦးမယ်။ ညီငယ်လေး၊ မင်းတစ်လ၊နှစ်လလောက်တော့ စောင့်ရလိမ့်မယ်’’

ရန်ကိုင်ကမျက်မှောင်ကြုံ့လိုက်လေသည်။ ဒီလောက်အချိန်အကြာကြီး သူမစောင့်နိုင်ပေ။

‘‘သူတို့ကိုစောစောထွက်လာအောင် လုပ်ဖို့မင်းမှာ နည်းလမ်းမရှိတော့ဘူးလား။

စိတ်မပူပါနဲ့၊ ငါကသူတို့ရဲ့နေသုံးစင်းအစေ့တွေကို ဝယ်ရုံပါပဲ’’

‘‘မရှိဘူး။ ငါကသွေးတိုက်ပွဲဂိုဏ်းက သာမန်တပည့်တစ်ယောက်ပဲ’’ ဆိုင်ရှင်က ခါးခါးသီးသီး ပြုံးလိုက်ပြီး သူ့ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။

ထို့နောက် ‘‘ငါမလုပ်နိုင်ပေမယ့် အခြားတစ်ယောက်ကတော့ လုပ်နိုင်တယ်’’ ရန်ကိုင်မျက်နှာ လင်းလက်သွားပြီး မေးလိုက်သည်

‘‘ ဘယ်သူလဲ’’ သူ့ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး မရေမယာတဲ့ အမူအရာနဲ့ ‘‘မင်းငါတို့သခင်မလေးကို

သွားမေးနိုင်တယ်။ သူ့အကူအညီနဲ့ဆိုရင် မိုင်းတူးတဲ့သူတွေ မင်းကို နှောင့်ယှတ် ေတာ့မွာမဟုတ္ဘူး’’

အဲ့အကြောင်းကို ကြားလိုက်တာနဲ့ ရန်ကိုင်အမူအရာ ထူးဆန်းသွားခဲ့လေသည်။

ထို့နောက် အထစ်ထစ်အငေါ့ငေါ့နဲ့ ပြောလိုက်သည်

‘‘ မင်းသခင်မလေးနဲ့ ငါ့ကြားက ဆက်ဆံရေးက သာမန်ပဲ’’

‘‘အင်း၊အင်း’’ ဆိုင်ရှင်က ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်လေသည်။ ရန်ကိုင်စကားတွေကို သူမယုံတာ အထင်းသားကြီးပင်။ သူကတဲ့တစ်ခုကို ညွှန်ပြလိုက်ပြီး ‘‘ တော်တော်လေး

တိုက်ဆိုင်တာပဲ။ ဒီနေ့သခင်မလေးက ကုန်သွယ်ရေးနေရာကို လာပြီး အဲ့သစ်သားအိမ်လေးမှာ နားနေတယ်။ မင်းသာအစေ့တွေကို အဆောတလျင်လိုနေတယ်ဆိုရင်တော့

ငါ့သခင်မလေးကိုသွားမေးတာ အကောင်းဆုံးပဲ’’

ရန်ကိုင်က အနည်းငယ်တုန့်ဆိုင်းသွားခဲ့လေသည်။ သူနဲ့သူမကြားက အခုဆက်ဆံရေးနဲ့ဆိုရင် သူမကိုသွားအကူအညီတောင်းဖို့က အကောင်းဆုံးအကြံဉာဏ်မဟုတ်ပေ။

သူက ထိုမိန်းကလေးကို ရန်စထားပြီး အခုအချိန်မှာ သွားပြီအကူအညီတောင်းရင် သူ့မျက်နှာထားစရာ နေရာရှိမည်မဟုတ်ပေ။

ဒါပေမယ့် သူသူမကိုသွားမရှာရင်လည်း နောက်ထပ် ပိုကောင်းတဲ့အကြံ သူ့မှာ မရှိတော့ပေ။

စိတ်မပါလက်မပါနဲ့ ရန်ကိုင်ကလေနက်ကုန်သွယ်ရေးနေရာတစ်ဝိုက် လှည့်ပတ်ရှာနေခဲ့သည်။

သူအစေ့အချို့ကို ရှာတွေ့ခဲ့ပေမယ့်လည်း ထိုအစေ့တွေက ယန်စွမ်းအင်အစေ့တွေ

မဟုတ်တဲ့အတွက် သူ့အတွက် အသုံးမဝင်ပေ။

အကူအညီမဲ့စွာနဲ့ အံကြိတ်ပြီး ရန်ကိုင်တွေးလိုက်သည်‘‘ကောင်းပြီ။ ငါမျက်နှာပျက်ရရင်လည်း

ပျက်ရပစေတော့။ ငါ့ကိုခွင့်မလွှတ်နိုင်လောက်တဲ့အရာတစ်ခုမှ ငါသူမကိုလုပ်ခဲ့တာလည်း

မဟုတ်ဘူး။ ငါဘာလို့ကြောက်နေရမှာလဲ’’

ထိုသစ်သားအိမ်တွေက အင်အားစုတစ်ခုစီ၏ နားခိုရာနေရာတွေပဲဖြစ်လေသည်။ ဟူမေးအာ၏

ခွန်အားက သိပ်မမြင့်ပေမယ့် သူမက ဂိုဏ်ခေါင်းဆောင်၏သမီးဖြစ်တဲ့အတွက်

ထိုသစ်သားအိမ်မှာ အနားယူနေထိုင်တာက ထူးဆန်းမနေခဲ့ပေ။

ထိုသစ်သားအိမ်၏ ပေသုံးဆယ်ပတ်လည်းအတွင် ဆိုင်တစ်ဆိုင်မှမတွေ့ရပေ။

ကျင့်ကြံသူတွေက ထိုသစ်သားအိမ်မှာနေတဲ့သူကို လေးစားကြတဲ့အတွက်

ထိုအိမ်၏ပေသုံးဆယ်ပတ်လည်အတွင်း ဆိုင်တစ်ဆိုင်မှ ဖွင့်မထားခြင်းဖြစ်လေသည်။

ဆိုင်ရှင်ညွှန်းလိုက်တဲ့ သစ်သားအိမ်ရှေ့ကိုရောက်တာနဲ့ ရန်ကိုင်က တံခါးရှေ့မှာ မတ်တပ်ရပ်လိုက်လေသည်။

သူဘယ်လိုပြောရင်ကောင်းမလဲလို့ စဥ်းစားနေတုန်းမှာပဲ

အထဲကနေ ညင်သာတဲ့ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်‘‘ဘယ်သူလဲ’’

ထိုအသံက ဟူမေးအာ၏အသံနဲ့တူပေမယ့် နည်းနည်းတော့ ထူးဆန်းနေလေသည်။

သူဒီကိုရောက်နေမှာတော့ ရန်ကိုင်ကနောက်ပြန်ဆုတ်ဖို့ စဉ်းစားမနေတော့ပဲ ပြန်ပြောလိုက်သည်‘‘မိန်းကလေးမေးအာ၊ ငါရန်ကိုင်ပါ။ တစ်ချက်လောက် ထွက်လာပေးပါလား’’

ရန်ကိုင်မျှော်လင့်ထားတဲ့အတိုင်း အထဲကမည်သည့်တုန့်ပြန်သံမှ ထွက်မလာခဲ့ပေ။

သစ်သားအိမ်တဲ့မှာတော့ လုံးဝကိုချွတ်စွတ်တူတဲ့ မိန်းကလေးနှစ်ယောက် ထိုင်နေခဲ့လေသည်။ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် မှန်ထဲကနေ ရောင်ပြန်ဟပ်နေတဲ့

ပုံရိပ်တစ်ခုလားလို့ အထင်မှားသွားနိုင်ပေသည်။

ရန်ကိုင်အသံကိုကြားတာနဲ့ အံ့အားသင့်မှုနဲ့ ထိတ်လန့်မှုတွေက မိန်းကလေးတစ်ယောက်၏

မျက်လုံးထဲ ဖြတ်ပြေးသွားလေသည်။ သူလှည့်လိုက်ပြီး အခြားမိန်းကလေးကို ပြောလိုက်သည်‘‘ညီမလေး ၊ အဲ့လူကနင်ပြော ပြောနေတဲ့ရန်ကိုင်ဆိုတဲ့သူလား’’

မေးခွန်းထုတ်ခံလိုက်ရတဲ့သူက ဟူမေးအားဖြစ်ပြီး သူမခေါင်းညိတ်ကာ

ပြောလိုက်လေသည်‘‘အင်း၊ သူဘာလို့ငါ့ကိုလာရှာတာလဲ’’

သူတို့နှစ်ယောက် ခွဲခွာပြီးနောက်တစ်ပိုင်း သူတို့တစ်ယောက်နဲ့တစ်ယောက်

ဘယ်တော့မှ ထပ်မတေ့တော့ဘူးလို့ သူမထင်ထားခဲ့တာဖြစ်သည်။

အခြားတစ်ယောက် အေးစက်စက်ရယ်မောလိုက်ပြီး‘‘ သူက အလှအပကြောင့် မယိမ်းယိုင်နိုင်တဲ့လူတစ်ယောက် မဟုတ်တဲ့ပုံပဲ။ အချို့ယောကျ်ားတွေက မြင့်မြတ်ပြီး ယောကျ်ားပီသချင်ယောင်ဆောင်နေပေမယ့် တကယ်တော့ သူတို့က

ကြောင်သူတော် ကြွက်သူခိုးတွေပဲလေ။သူတို့တွေက မသိနားမလည်တဲ့ မိန်းကလေးတွေကို လှည့်စားပြီး အမြဲတမ်းလွှမ်းမိုးချယ်လှယ်ချင်နေတဲ့လူမျိုးတွေ’’´

ဟူမေးအာ၏ မျက်နှာနီရဲသွားပြီး ဒေါသတကြီးပြောလိုက်သည်‘‘အစ်မကြီး၊ သူက

နင်ထင်သလိုမျိုးမဟုတ်ဘူး’’

ဟူကျောင်းအာက တခစ်ခစ်ရယ်လိုက်ပြီး

‘‘ သူသာအဲ့လိုလူမျိုးမဟုတ်ရင် ၊ ဒီလောက်ကြာပြီးမှ နင့်ကိုဘာလို့လာရှာနေသေးတာလဲ။ နင်က သူ့အကြောင်းကို

နေ့ညမပြတ်တွေးနေမှန်းသိလို့ နင့်ကိုလှည့်စားဖို့လာခဲ့တာပဲ’’

ဟူမေးအာက မကျေမနပ်ဖြစ်သွားပြီး ပြောလိုက်သည်‘‘အစ်မကြီး၊ နင်လူတွေအကြောင်းကို မကောင်းတဲ့ဘက်ကပဲ အမြဲတမ်းတွေးနေတာကိုး’’

သူသာ သူ့အစ်မပြောတဲ့ လူမျိုးသာဆိုရင် ရေကန်ဘေးမှာရှိတဲ့နေ့ကတည်းက

သူမ၏ဘဝကို ဆုံးရှုံးသွားခဲ့ပေလိမ့်မည်။ဘယ်ယောကျ်ားသားမှ ထိုကဲ့သို့ ဆွဲဆောင်ဖြားယောင်းမှုကို တောင့်ခံနိုင်လိ့မ်မည်မဟုတ်ပေ။

Martial Peak

အပိုင်း(၅၅) လူကောင်းတွေက လက်ဖက်ရည်ကောင်းထက် ပိုကောင်းတယ်

ဒါဆိုသူဘာလို့ သူမကိုလာရှာရတာလဲ။ ဟူမေးအာက သူ့အစ်မစကားတွေကို မယုံသော်ငြား သူမစိတ်ထဲမှာတော့ သံသယဝင်နေပါသေးတယ်။ သူမ၏အမူအရာကို မြင်လိုက်တာနဲ့ ဟူကျောင်းအာက သက်ပြင်းချလိုက်ပြီး

‘‘နင်ခေါင်းမာမာနဲ့ ဒီလမ်းမှားအတိုင်း ဆက်လျှောက်နေဦးမယ်ဆိုရင် အနှေးနဲ့အမြန် နင်ဒုက္ခရောက်လိမ့်မယ်’’

ဟူမေးအာက စိတ်ပျက်သွားတဲ့ပုံစံနဲ့ပြောလိုက်သည်‘‘ငါနင့်ကို ဒီအကြောင်းထပ် မပြောတော့ဘူး။ သူငါ့ကိုလာရှာမှတော့ အရေးကြီးတဲ့ကိစ္စတစ်ခုခုရှိလို့နေမှာပေါ့။

သွားမေးကြည့်ရအောင်’’

သူမထသွားဖို့ လုပ်နေတုန်းမှာပဲ သူမအစ်မ၏ဆွဲခေါ်ခြင်းကို ခံလိုက်ရလေသည်။ ဟူကျောင်းအာ၏

ချစ်စရာကောင်းတဲ့ မျက်လုံးတွေ စုံချည်ဆန်ချည် လှည့်ပတ်နေပြီး စွဲမက်ဖွယ်ကောင်းစွာ ရယ်မောလိုက်ပြီး ‘‘ညီမလေး၊ငါတို့အလောင်းအစား လုပ်ကြမလား’’

‘‘ဘယ်လိုအလောင်းအစားမျိုးလဲ’’ စူမေးအာက သံသယအပြည့်နဲ့ မေးလိုက်သည်။

‘‘သူက ကြောင်သူတော်ကြွက်သူခိုး ဟုတ်မဟုတ်လောင်းကြရအောင်။ သူသာ နင်ပြောတဲ့

အတိုင်းဟုတ်ခဲ့မယ်ဆိုရင် သူ့စိတ်က တည်ငြိမ်နေမှာပဲ။ နင်ပြောတဲ့အတိုင်းသာမဟုတ်ခဲ့ရင်

နင့်အစ်မကို ရက်စက်ကြမ်းကြုတ်တယ်ဆိုပြီး အပြစ်မတင်နဲ့’’ ဟူကျောင်းအာက အဲ့စကား ပြောလိုက်တာနဲ့ သူမမျက်လုံးထဲတွင် အေးစက်စက်အလင်းရောင်တစ်ခုက ဖြေးညှှုင်းစွာ

ပေါ်လာခဲ့သည်။ လွန်ခဲ့တဲ့ရက်အတောအတွင် ဟူမေးအာက အပြင်မှာမွှေရှုပ်နေသော်လည်း သူမ၏

သန့်စင်မှုကို ယခုတိုင်ထိန်းသိမ်းထားနိုင်ခြင်းမှာ သူမအစ်မဟူကျောင်းအာကြောင့်

ဖြစ်လေသည်။ ဟူမေးအာကို တစ်ခုခုလုပ်ဖို့ ဖိအားပေးခိုင်းစေတဲ့ဘယ်သူမဆို

သူမအစ်မလက်ချက်နဲ့ သေသွားရတာချည်းပင်ဖြစ်သည်။

သူမအစ်မက၏နည်းလမ်းတွေကို အခြားသူတွေထက် သူမပိုသိလေသည်။ ဒါကြောင့်

သူမ၏သဘောထားကို သိလိုက်တာနဲ့ သူ့အစ်မက အန္တရာယ်ရှိတဲ့ အစီအစဉ်တစ်ခု ချနေပြီဆိုတာ သိလိုက်သည်။

‘‘အစ်မကြီး၊ နင်ဘာလုပ်ဖို့လဲ’’ ဟူမေးအာက အထိတ်တလန့်အော်လိုက်လေသည်။

‘‘နင့်ဘာသာအေးအေးဆေးဆေးထိုင်ပြီး စောင့်ကြည့်နေစမ်းပါ၊ ဟန့်’’ သူမ၏ အဖြူရောင်လက်ကို ဝှေ့ရမ်းလိုက်တာနဲ့ မြူခိုးတစ်ခုက သူ့ညီမကို ဖုံးကွယ်သွားလေသည်။

အဲ့နောက်မှာတော့ ဟူမေးအာ၏ပုံရိပ်က တဖြည်းဖြည်းမှောင်ကျသွားပြီး မြင်ကွင်းကနေ

ပျောက်ကွယ်သွားလေသည်။

‘‘အစ်မကြီး၊ မဆင်မခြင်မလုပ်နဲ့နော်’’ ဟူမေးအာက အားကုန်သုံးပြီး မြူခိုးအကာအရံကို ထုရိုက်နေခဲ့သော်လည်း မည်သည့်အသံမှ ထွက်ပေါ်မလာခဲ့ပေ။ သူမပိတ်လှောင်ခံထားရတဲ့

နေရာကနေ ဆယ်ပေထက်ပိုပြီး သွားလို့မရခဲ့ပေ။ သူမစောင့်ကြည့်နေရုံပဲ တတ်နိုင်လေသည်။

သစ်သားအိမ်အပြင်ဘက်မှာ ရန်ကိုင်က အချိန်အကြာကြီး စောင့်နေခဲ့သော်လည်း ဟူမေးအာထွက်လာမယ့် အရိပ်အယောင် တစ်စွန်းတစ်စတောင် မမြင်ရတဲ့အတွက်

ရန်ကိုင်သက်ပြင်းချရုံသာတတ်နိုင်လေသည်။

သူသူမကိုဆိုးဆိုးရွားရွား ရန်စစော်ကားမိလိုက်တဲ့ပုံပင်။ ဒါကြောင့်သူမဒေါသထွက်ရတာကလည်း

တရားမျှတပေသည်။ သူမနေရာမှာသာ အခြားမိန်းကလေးတစ်ယောက်ဆိုရင် သူမလိုမျိုး

ငြိမ်ခံနေမည်မဟုတ်ပေ။

ဘာပဲဖြစ်ဖြစ် ရန်ကိုင်ကလည်း သူမသူ့ကိုကူညီမယ်လို့ မျှော်လင့်မထားခဲ့ပေ။ သူဒီကိုလာတာက

ကံစမ်းကြည့်ရုံသက်သက်ပဲလေ။ အခုသူမကသူ့ကိုစကားမပြောချင်တဲ့တွက်

ရန်ကိုင်လည်း သူမကိုတွန်းအားပေးမနေခဲ့ပေ။

သူထွက်သွားဖို့ လုပ်နေစဉ်မှာ သစ်သားအိမ်ထဲက ဟူမေးအာ၏အသံကို

ကြားလိုက်ရသည်‘‘ နင်ဘာလို့ဝင်မလာသေးတာလဲ’’

ရန်ကိုင်က ကြောင်အသွားခဲ့ပြီး တံခါးဖွင့်ပြီး အထဲမဝင်ခင် တစ်ခဏကြာအောင်

သူ့ကိုယ်သူအရူးတစ်ယောက်လို တတွတ်တွတ် ပြောနေလေသည်။

သူအထဲဝင်ပြီး တံခါးပိတ်လိုက်တာနဲ့ အပြင်ဘက်က အသံဗလံတွေကို မကြားရတော့ပဲ ဆိတ်ငြိမ်ခြင်းကသာ သစ်သားအိမ်တစ်ခုလုံးကို ကြီစိုးသွားခဲ့သည်။

ရန်ကိုင်က သူ့ပတ်ပတ်လည်ကို ဆန်းစစ်ကြည့်လိုက်ပြီး စုယန်နေတဲ့ သစ်သားအိမ်နဲ့ အကျယ်အဝန်းအတူတူလောက်ပဲဆိုတာ သိလိုက်လေသည်။ ဒါပေမယ့် အိမ်အတွင်းပိုင်းကတော့ စုယန်၏သစ်သားအိမ်ကလေးထက်သာလေသည်။

စုယန်၏အခန်းဆိုရင် ဘာဆိုဘာမှရှိမနေခဲ့ပေ။

ဒီမှာတော့ စားပွဲခုံတစ်လုံး၊ ထိုင်ခုံးနှစ်လုံး နဲ့ မွှေးပျံ့နေတဲ့ ကုတင်တစ်လုံး ရှိနေခဲ့ပြီး ကုတင်ပေါ်မှာတော့ ပန်းနုရောင်လိုက်အချို့ကို ချိတ်ဆွဲထားလေသည်။ ကုတင်ပေါ်မှာတော့ ခေါင်းအုံး သေးသေးလေးတစ်လုံးရှိနေခဲ့ပြီး အခန်းတစ်ခုလုံးက မိန်းမပျိုတစ်ယောက်၏

သင့်ရနံ့တို့နဲ့ ပျံ့နှံ့နေလေသည်။

ဒီနေရာနဲ့ စုယန်၏နေရာက လုံးဝကွဲပြားခြားနားတဲ့ ကမ္ဘာတစ်ခုစီပင်ဖြစ်သည်။

ဟူကျောင်းအာက စားပွဲခုံနောက်မှာထိုင်နေရင်းပြုံးကား တံခါးပေါက်ဆီကို ကြည့်နေခဲ့သည်။ သူမ၏ဆွဲဆောင်အားကောင်းတဲ့ မျက်လုံးအစုံက နူးညံ့လှပနေခဲ့ပြီး

အရည်တလဲ့လဲ့နဲ့ တောက်ပနေခဲ့သည်။ ထိုစိတ်ပျက်ဖွယ်ကောင်းတဲ့အကြည့်နဲ့ သူမ၏

ရည်ရွယ်ချက်ကိုဖုံးကွယ်ပေးနေတဲ့အပြုံးနဲ့ သူမသူ့ကိုကြည့်နေရင်း သူမ၏ပါးမို့မို့လေးတွေက ရဲရဲနီသွားခဲ့ပြီး သူမအားအလွန်နှစ်လိုဖွယ်ကောင်းသွားစေခဲ့လေသည်။

သူမ၏ ကျောက်စိမ်းသဖွယ်ဖြူဖွေးချောမွတ်နေတဲ့ လက်မောင်းတွေကို လုံးဝလှစ်ဟာထားခဲ့ပြီး သူမသစ်သားခြေစွတ်ဖိနပ်ကလည်း နူးညံ့ချောမွတ်တဲ့

သူမခြေချောင်းလေးတွေကို ပြသနေခဲ့သည်။ သူမ၏ခြေချောင်းတွေပေါ်မှာ

ဘာတွေဆင်ယင်ထားလဲဆိုတာ သူမသိပေမယ့် သူမခြေချောင်းတွေက

ခရမ်းရောင်းဖြစ်နေခဲ့ပြီး အရိုင်းဆန်တဲ့အလှလေးတစ်ယောက်လို ဖြစ်နေစေလေသည်။

………………….

ဒါကိုကြည့်ရင်း ရန်ကိုင်နှလုံးက တဒိန်းဒိန်းခုန်လာခဲ့ပြီး ဘာကြောင့်မှန်းမသိပေမယ့် ဟူမေးအာကဒီနေ့ အရမ်းကိုဆွဲဆောင်အားကောင်းလွန်းနေခဲ့လေသည်။ သူမက

သူတွေ့ခဲ့တဲ့နောက်ဆုံးအကြိမ်ကထက် အများကြီးပိုလှပနေခဲ့လေသည်။

ဒါပေမယ့်သူမ၏အပြုံးက သူ့ကိုကိုးယိုးကားယားဖြစ်သွားစေခဲ့ပြီး သူ့ကိုလှောင်ပြောင် နေသလိုခံစားလိုက်ရသည်။

ထိုအချိန်တွင် ဟူမေးအာက ယပ်တောင်တစ်ချောင်းကို ကိုင်ထားခဲ့ပြီး သူမကိုယ်သူမ ယပ်ခပ်နေခဲ့သည်။ သူမ၏အသွင်အပြင်က အထက်တန်းလွှာက အမျိုးသမီး တစ်ယောက်နဲ့တောင် တူနေခဲ့လေသည်။

လဝက်လောက်မတွေ့လိုက်ရတာနဲ့ ဟူမေးအာကဘာလို့ ဒီလောက်တောင် ပြောင်းလဲသွားတာလဲ။ သူမကသူ့ကိုစိုက်ကြည့်နေခဲ့သော်လည်း ရန်ကိုင်က

ရှက်ရွံ့နေဟန်တစ်စက်တောင် မပြပဲ သူမဆီကို လမ်းလျှောက်လာနေခဲ့သည်။

ထိုနေ့ကသူမ၏အပြုအမူတွေအကုန်လုံးကို ရန်ကိုင်မြင်တွေ့သွားခဲ့ပြီးဖြစ်သည်။

သူကသူမ၏ကျစ်ဆံမြီးကို ဆုပ်ကိုင်ထားမှာတော့ သူသူမကိုဘာလို့ကြောက်နေ ရဦးမှာလဲ။

ဟူမေးအာနေရာမှာ အစားဝင်နေတဲ့ ဟူကျောင်းအာက တကယ်ကိုသည်းမခံနိုင်ခဲ့ပေ။

ဒီလူက တကယ်ကိုရဲတင်းလွန်းတယ်။ ဘယ်သူကများက သူမလိုအလှလေးတစ်ယောက်ကို

သူ့လိုမျက်နှာချင်းဆိုင်ရဲပါ့မလဲ။ သူကဘယ်လိုပြုမူရမလဲဆိုတာတောင်မသိပေ။

သူကအလှအပဆိုတာကိုရော ခံစားတတ်ရဲ့လား။

ဒါပေမယ့်…..သူ့အကြည့်ကလုံးဝကို ကြည်လင်သန့်စင်နေခဲ့ပြီး လိုချင်တပ်မက်မှု စိတ်ဆန္ဒ တစ်စွန်းတစ်စတောင် မပါဝင်နေခဲ့ပေ။

စားပွဲခုံရှေ့ရောက်တာနဲ့ ရန်ကိုင်ကလက်သီးဆုပ်နှုတ်ဆက်ပြီး ပြောလိုက်သည်

‘‘မိန်းကလေးမေးအာ၊ ငါမင်းကိုဆယ်ရက်လောက်မတွေ့တော့တာနဲ့ မင်းက ပိုပြီးတော့တောင် ဆွဲဆောင်အားကောင်းလာခဲ့တာပဲ’’

ဟူကျောင်းအာက ရယ်မောလိုက်ပြီး ‘‘နင်က အခြားသူတွေကို ဘယ်လို မြှောက်ပင့်ရမလဲဆိုတာ သိသားပဲ’’

ရန်ကိုင်၏အကြောင်းအရာနဲ့ပက်သက်ပြီး ဟူမေးအာက သူမကိုအားလုံး ပြောပြခဲ့ပြီးပြီဖြစ်သည်။ ဒါကြောင့် ဟူကျောင်းအာက ဘယ်လိုတုန့်ပြန်ရမလဲ

ဆိုတာသိနေခဲ့သည်။ သူမပုံရိပ်အစစ်အမှန် ဖော်ပြမိသွားမှာကို စိုးရိမ်မနေခဲ့ပေ။

ရန်ကိုင်လည်းရယ်လိုက်ပြီး‘‘ ငါကအမှန်ကိုပြောနေတာပဲလေ’’

သူပြောပြီးတာနဲ့ သူမရှေ့မှာ ထိုင်ချလိုက်လေသည်။ သူ့စိတ်ထဲကအလုံးက အခုမှပဲလျော့ကျသွားခဲ့လေသည်။ ဟူမေးအာက သူ့ကိုစိတ်ဆိုးမနေတဲ့အတွက်

သူအကူအညီတောင်းမယ့်ကိစ္စက ပိုပြီးလွယ်ကူသွားခဲ့လေပြီ။

‘‘မိန်းကလေးမေးအာ၊ ငါဒီတစ်ကြိမ်ဒီကိုလာရတာကလေ…….’’ ရန်ကိုင်က သူလာရင်း ကိစ္စကိုတိုက်ရိုက်ပြောဖို့ ဆုံးဖြတ်လိုက်သည်။

‘‘အဲ့လောက်လောမကြီးပါနဲ့ဦး’’ ဟူကျောင်းအာက ယပ်တောင်ကိုချထားလိုက်ပြီး မတ်တပ်ရပ်လိုက်လေသည်။ လက်ဖက်ရည်အိုးကိုကိုင်ပြီး ရန်ကိုဘေးနားလာကာ

ရန်ကိုင်ခွက်ထဲကို လက်ဖက်ရည်လောင်းထည့်ပေးလိုက်သည် ‘‘အပြင်မှာက အရမ်းပူတဲ့အတွက်

အာခြောက်နေမှာပဲ။ ဒါကြောင့် လက်ဖက်ရည်လေး အရင်သောက်ပြီးမှပြောလည်း

နောက်မကျ‌သေးပါဘူး’’

‘‘ကောင်းပြီ’’ ရန်ကိုင်ကခေါင်းညိတ်လိုက်ပြီး သူမ၏ပြုစုယုယမှုအတွက် ပျော်ရွှင်နေခဲ့လေသည်။ သူလက်ဖက်ရည်ခွက်ကိုင်ပြီး သောက်လိုက်တာနဲ့

သူ့အမူအရာက ချက်ချင်းပြောင်းလဲသွားလေသည်။

ဟူကျောင်းအာက သူမနေရာသူမပြန်သွားလိုက်ပြီး ထိုင်ချလိုက်သည်။ ထို့နောက် သူမမေးထောက်လိုက်ပြီး ရန်ကိုင်ကိုကြည့်ရင်းမေးလိုက်သည်‘‘ဂျူနီယာရန်၊

လက်ဖက်ရည်ဘယ်လိုလဲ’’

ရန်ကိုင်က ဟူကျောင်းအာအမေးကို ပြန်မဖြေလင် ခဏတာ စဉ်းစားနေလိုက်သည်။

ထို့နောက်‘‘ ဒီလက်ဖက်ရွက်တွေက ပါးလျလွန်းတယ်။ ဖြောင့်စင်းနေပြီး မြစိမ်ရောင်လို စိမ်းဖန့်ဖန့်အရောင်ရှိတယ်။ သောက်လိုက်တာနဲ့ ပန်းပွင့်အရသာကို ခံစားရတယ်။

တကယ့်ကိုပထမတန်းစားလက်ဖက်ရည်ပဲ’’

ဟူကျောင်းအာက ကြောင်အသွားခဲ့ပြီး ရန်ကိုင်ကိုတွေဝေစွာ ငေးကြည့်နေလေသည်။

သူမက အလွန်အမင်းအံ့အားသင့်နေခဲ့ပြီး ရန်ကိုင်ကိုကြည့်ရင်း‘‘နင်နားလည်တယ်လား’’

သူမကိုယ်တိုင်နားမလည်ခဲ့ပေ။ သူမသောက်ဖို့သာ ယူလာခဲ့ခြင်းဖြစ်သည်။

ဒါပေမယ့်ရန်ကိုင်က လုံးတိပတ်တိ ရှင်းပြအဖြေထုတ်သွားနိုင်ခဲ့သည်။ ဒါကသူမကို

အံ့အားမသင့်စေပဲ ဘယ်နေလိမ့်မလဲ။

ရန်ကိုင်ကခေါင်းခါလိုက်ပြီး‘‘ နည်းနည်းလေးပါ။ ငါအဲ့လောက်ကြီး မကျွမ်းကျင်ပါဘူး’’

‘‘အဲ့လိုဆိုရင် လက်ဖက်ရည်နဲ့ ငါနဲ့ယှဉ်ရင်ရော’’ ဟူကျောင်းအာက အသက်တစ်ဝကြီး

ရှုလိုက်သည်။ ရန်ကိုင်က သူမနဲ့စားပွဲတစ်ခုစာပဲ ဝေးတဲ့အတွက် သူမ၏ကိုယ်သင်းနံ့ကို ခံစားမိလိုက်ပြီး ထိုရနံ့က တောင်ပေါ်စမ်းချောင်းလေးလို ချိုမြနေပြီး နှစ်၁၀၀ဝိုင်လို

သန့်စင်နေလေသည်။ အဲ့ရနံ့က ပျောက်ကွယ်သွားတာတောင် သူ့မှတ်ဉာဏ်ထဲမှာ စွဲထင်နေပေလိမ့်မည်။

အကြောင်းပြချက်မရှိပဲ ရန်ကိုင်အသက်ရှုသံက တစ်စထက်တစ်စမြန်ဆန်လာခဲ့သည်။

သူ့သွေးတွေဆူပွက်လာပြီး သူ့ပါးစပ်ကနေ လွှတ်ကနဲထွက်သွားလေသည်

‘‘လူကောင်းတွေက လက်ဖက်ရည်ကောင်းထက် ပိုကောင်းတယ်’’

‘ခစ်ခစ်…’’ ဟူကျောင်းအာ၏ရယ်သံက ပန်းပေါင်းစံဖူးပွင့်လာသည့်အလား

သူမခန္ဓာကိုယ်က တုန်ခါနေပြီး သူမရင်အုံအစုံကလည်း လှုပ်ခါနေလေသည်။

ရန်ကိုင်မျက်လုံးတွေက လုံးဝန်းမို့မောက်နေတဲ့ သူမ၏တောင်ပူစာနှစ်လုံးအပေါ်မှာသာ

ကျရောက်နေခဲပြီး သူ၏ညီငယ်လေးကလည်း အနည်းငယ်တင်းမာလာခဲ့သည်။

မရွယ်ပဲလား၊ တမင်ရည်ရွယ်ပြီး လုပ်တာလားတော့ မသိပေမယ့် ဟူကျောင်းအာ ယပ်တောင်ကို ကောက်ယူလိုက်ပြီး သူမ၏ရင်ဘတ်ကို ကွယ်ထားလိုက်လေသည်။

ရန်ကိုင်၏မျက်နှာက ချက်ချင်းနီမြန်းသွားခဲ့လေသည်။

All Chapters