← Chapters

အခန်း (၅၆-၆၀)

Vol. 3 Ch. 56-60

အခန်း (၅၆-၆၀)

Vol. 3 Ch. 56-60

အပိုင်း (၅၆) စမ်းသပ်စစ်ဆေးခြင်း

ထိုမြင်ကွင်းကိုမြင်းပြီး ပုန်းကွယ်နေတဲ့ ဟူမေးအာက ချက်ချင်းပဲအော်လိုက်သည်

‘‘အစ်မကြီး၊ နင်အရမ်း အရှက်မဲ့တာပဲ’’

သူမအသံကို အကာအရံအပြင်ဘက်နေ ဘယ်လိုလုပ်ပြီး ကြားနိုင်ပါ့မလဲ။ အရမ်းစက်ဆုပ်

ဖွယ်ကောင်းတယ်။ အစ်မကြီးလိုအဆင့်က လူတစ်ယောက်အတွက် ခန္ဓာသန့်စင်ခြင်းအဆင့်က ကျင့်ကြံသူတစ်ယောက်ကို ဆော့ကစားဖို့အရမ်းလွယ်လွန်းပေသည်။

သာမန်လှုံ့ဆော်မှုမျိုးသာဆိုရင် ရန်ကိုင်ကပုံမှန်မဟုတ်တဲ့ မည်သည့်တုန်ပြန်မှုမှ ဖော်ပြလိမ့်မှ

မဟုတ်ဘူးဆိုတာ ဟူမေးအာသိနေခဲ့သည်။ ဒါပေမယ့် သူမအစ်မကြီးသာ ပုံမှန်မဟုတ်တာ တစ်ခုခု လုပ်လိုက်မယ်ဆိုရင် ရန်ကိုင်ကထိုပုံစံအတိုင်း ဆက်နေနိုင်မနေနိုင်ဆိုတာကတော့

သူမမသေချာပေ။

သစ်သားအိမ်ထဲတွင် ဟူကျောင်းအာက ရုတ်တရက်မတ်တပ်ရပ်လိုက်ပြီး ကုတင်ဆီကို

တစ်လှမ်းချင်း တစ်လှမ်းချင်း လမ်းလျှောက်သွားလေသည်။ နောက်ကိုပြန်ကြည့်လိုက်ပြီး သူမရယ်လိုက်ကာ‘‘ခဏစောင့်ဦး ငါနင့်ကိုပေးဖို့ တစ်ခုခုသွားထုတ်လိုက်ဦးမယ်’’

‘‘ကောင်းပြီ’’ ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်သည်။ သူတစ်ခုခုမှားယွင်းနေတယ်လို့

ခံစာမိနေပေမယ့် ဘာကမှားယွင်းနေမှန်း သူသေချာမသိပေ။

အိပ်ရာအေးကိုရောက်တာနဲ့ ဟူကျောင်းအာက ဒူးထောက်လိုက်သည်။ သူမဒူးတစ်ဝက်

ထောက်လိုက်ရင်း သူမစရှာတော့လေသည်။ ပါးလွှာတဲ့သူမ၏ အဝတ်အစားတွေက သူမ၏နှစ်လိုဖွယ်ကောင်းမှု အပြည့်အဝ မဖုံးကွယ်ထားနိုင်ခဲ့ပေ။ အဝတ်အစားတွေက

သူမကိုယ်လုံးကိုယ်ပေါက်နဲ့ ကွက်တိဖြစ်နေပြီး သူမ၏လုံးဝန်းပြီးပြည့်စုံတဲ့ တင်ပါးကို

မီးမောင်းထိုးပြထားသလိုဖြစ်နေကာ ပြိုင်ဘက်ကင်းညှိုှု့ဓါတ်ကို ထုတ်လွှတ်နေခဲ့သည်။

ရန်ကိုင်နှလုံးခုန်သံမြန်လာခဲ့ပြီး သူ့လည်ချောင်းလည်း ခြောက်သွေ့လာသလို ခံစားလိုက်ရသည်။

တစ်ခဏကြာအောင် ဟူကျောင်းအာက ယခုလိုဆွဲဆောင်အားကောင်းတဲ့ ပုံစံအတိုင်း

ရှိနေခဲ့သည်။ ထို့နောက် ချက်ချင်းပဲ နှစ်လိုဖွယ်ကောင်းစွာ သူမအော်လိုက်လေသည်။

‘‘ဘာဖြစ်တာလဲ’’ ရန်ကိုင်အမူအရာပြောင်းသွားပြီး ဟူကျောင်းအာဆီပြေးသွားလိုက်သည်။

ထိုအချိန်တွင် ဟူကျောင်းအာက ကုတင်ဆီမှ နောက်ပြန်ဆုတ်လိုက်သည်။ သူမခြေလှမ်းတွေက

တည်ငြိမ်နေပြီး ရန်ကိုင်ရင်ခွင်ထဲကို တိုက်ရိုက်လဲကျသွားလေသည်။

သူတို့နှစ်ယောက်စလုံး၏ ခြေထောက်တွေက ထိကပ်နေပြီး ဘာမှန်းမသိတဲ့ အကြောင်းပြချက်

အချို့ကြောင့် သူတို့နှစ်ယောက်စလုံး ကုတင်ပေါ်လဲကျသွားလေသည်။ ဟူကျောင်းအာက

အပေါ်မှာရောက်နေပြီး ရန်ကိုင်ကအောက်မှာရှိနေခဲ့ကာ သူ့ရင်ဘတ်ကအပူချိန်ကြောင့်

သူ့လည်ချောင်းခြောက်သွေ့လာခဲ့လေသည်။ လှပတဲ့မျက်နှာလေးနဲ့ နမ်းစုပ်ချင်စရာကောင်းတဲ့

နှုတ်ခမ်းဖူးဖူးလေးကိုကြည်ရင်း ရန်ကိုင်က သူ့၏စိတ်ရိုင်းတွေကို မနည်းထိန်းချုပ်ထားလိုက်ရပြီး

မေးလိုက်သည်‘‘ဘာဖြစ်တာလဲ’’

‘‘ကြမ်းပိုးတစ်ကောင်တွ့လိုက်လို့’’ ဟူကျောင်းအာက ဟန်ဆောင်ပန်ဆောင် ပြောလိုက်သည်။

သူမ၏ သရုပ်ဆောင်မှုက တကယ်ကိုသေသပ်ပိရိလွန်းပေသည်။ သူမက

ထိတ်လန့်ကြောက်ရွံ့နေတဲ့ ပုံစံနဲ့ ရန်ကိုင်၏အကျီင်္စကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလေသည်။

ရန်ကိုင်လည်း အလိုလို ရယ်မိသွားပြီး မေးလိုက်သည်‘‘ဘယ်မှာလဲ’’

‘‘အဲ့မွာ……’’

ဟူကျောင်းအာ ညွှန်ပြတဲ့နေရာကို ကြည့်လိုက်တာနဲ့ တွားသွားနေတဲ့ ကြမ်းပိုးတစ်ကောင်ကို

တွေ့လိုက်ရလေသည်။ မိန်းမတွေက တကယ်ကိုစိတ်ဝင်စားစရာကောင်းတယ်လို့

သူတွေးလိုက်သည်။ သူမကကျင့်ကြံသူတစ်ယောက်ဖြစ်ပေမယ့် ဘာမှဟုတ်တဲ့ ပိုးကောင်လေးတစ်ကောင်ကို အရမ်းကြောက်နေခဲ့လေသည်။ ထို့နောက် သူကြမ်းပို

ဖိသတ်လိုက်ပြီး ဟူကျောင်းအာ၏ ပုခုံးကိုပုတ်ကာ ပြောလိုက်သည်‘‘ ကဲ ဘာပိုးကောင်မှ မရှိတော့။ အားလုံးအဆင်ပြေသွားပြီ’’

‘‘အဲ့မှနောက်ထပ်ကျန်နေသေးတယ်…..’’ ဟူကျောင်းအာက ပြန်ပြောလိုက်သည်။

သူပြောပြီးတာနဲ့ ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်သည်။ သူမ၏အကြည့်က ကုတင်သာမက ရန်ကိုင်ပါးနှင့်နှုတ်ခမ်းပေါ်ကိုတောင် ဖြတ်ပြေးသွားခဲ့ပြီး ရန်ကိုင်၏

တည်ငြိမ်သွားတဲ့ ခံစားချက်တွေကို တစ်ဖန်ပြန်ပြီးလောင်မြိှုက်လာစေခဲ့သည်။

‘‘ဘာမှမကျန်တော့ပါဘူး’’ ရန်ကိုင်က ဒီအတိုင်ဆက်နေဖို့ မသင့်တော်သလို ခံစားလိုက်ရလေသည်။

အကယ်၍တစ်ယောက်ယောက်ကသာ အခုအချိန်အခန်းထဲကို ရုတ်တရက်ဝင်လာခဲ့ပြီး သူတို့နှစ်ယောက်၏ ပုံစံကိုမြင်သွားတာနဲ့ သူတို့နှစ်ယောက်၏ သတင်းကဟိုးလေးတကျော်ကျော်

ဖြစ်ကာ ဂုဏ်သိက္ခာ အဖတ်ဆယ်မရဖြစ်သွားပေလိမ့်မည်။

‘‘တကယ်မရှိတော့တာလား’’ အံ့အားသင့်မှုအရိပ်အယောင်က ဟူကျောင်းအာ၏ မျက်လုံးထဲ

ဖြတ်ပြေးသွားခဲ့ပြီး ရန်ကိုင်ကသူ့ကိုယ်သူ ဒီလောက်ထိထိန်းချုပ်နိုင်လိမ့်မယ်လို့ သူမ

ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။ သူသူမကို အသားယူဖို့ နည်းနည်းလေးတောင် မကြိုးစားခဲ့ပေ။

ရန်ကိုင်သာ သူမကိုအသားယူရဲခဲ့ရင် သူ့လက်မောင်းတစ်ဖက်၊နှစ်ဖက်လောက်တော့

အနည်းဆုံးပြတ်သွားပေလိမ့်မည်။ ဟူကျောင်းအာက မကျေနပ်သေးပေမယ့် ရန်ကိုင်ကိုယ်ပေါ်ကနေ ထလိုက်လေသည်။

ရန်ကိုင်က ထထိုင်လိုက်ပြီး ရှက်ရွံ့စွာနဲ့ ဟူကျောင်းအာကို မော့ကြည့်လိုက်သည်။

သူမမျက်နှာက ရဲရဲနီနေခဲ့လေသည်။

‘‘နင့်ခြေထောက်က ဘာဖြစ်နေတာလဲ’’ ရန်ကိုင်မေးလိုက်သည်။

‘‘ခုနက လမ်းလျှောက်လာတုန်းက နည်းနည်းအားစိုက်မိသွားလို့ပါ’’ အစီအစဉ်တစ်ခု ကျရှုံးသွားတာနဲ့ သူမနောက်အစီအစဉ်တစ်ခုကို ချက်ချင်းပြောင်းလေသည်။

သူမတွေးလိုက်သည်‘‘ငါဒီနေ့ နင့်ဟန်ဆောင်မျက်နှာဖုံးကို ချွတ်ပြမယ်။ နင့်နှလုံးသား နီလားမဲလားကြည့်ရအောင်’’

‘‘ငါ့ကြည့်ကြည့်ရအောင်…….’’ ထိုင်ချလိုက်ပြီး ရန်ကိုင်က ဟူကျောင်းအာ၏ခြေထောက်ကို

မလိုက်လေသည်။ သူမခြေကျင်းဝတ်က အနည်းငယ်နီရဲနေပြီး ဒဏ်ရာရနေတယ်ဆိုတာ သိသာနေခဲ့သည်။

သူမခြေထောက်က အမှန်တကယ်ပဲ ဒဏ်ရာရခဲ့လေသည်။ ရန်ကိုင်၏ဟန်ဆောင် မျက်နှာဖုံးကို ချွတ်ဖို့အတွက် ဒီလောက်လေးရင်နှီးလိုက်တာက ဟူကျောင်းအာအတွက်

ဘာမှမပြောပလောက်ပေ။

ရန်ကိုင်ကနည်းနည်းလေးတောင် ရှက်ရွံ့မနေခဲ့ပေ။ ဘာပဲဖြစ်ဖြစ် ဟူမေးအာ ကျင့်ဝတ်ထုံးတမ်း တွေနဲ့ပက်သက်ပြီး သူတစ်ယောက်မှ မဟုတ်တာ။ အစောတုန်းကတောင်

ရန်ကိုင်ကိုဆွဲဆောင်ဖြာယောင်းဖို့ သူမကိုယ်သူမအသုံးချခဲ့လေသည်။ ဒါကြောင့်

သူမခြေထောက်ကလေး ကိုင်တာလောက်တော့ စိုးရိမ်နေစရာမလိုခဲ့ပေ။

‘‘မလှုပ်နဲ့’’ ရန်ကိုင်က သူ့အိတ်ထဲကိုပုလင်းတစ်ပုလင်းကို မထုတ်ခင်ပြောလိုက်သည်။

ထိုပုလင်းက ကောင်းကင်စံအိမ်၏ သွေးတိတ်ဆေးရည်ပဲဖြစ်လေသည်။ ရန်ကိုင်က

တစ်ခုခုအကြောင်း စဉ်းစားနေတဲ့ပုံစံနဲ့ သူလုပ်နေတာကို ရပ်လိုက်သည်။

ခဏအကြာမှာတော့ ရန်ကိုင်ကဆေးရည်အနည်းငယ်ကို သူ့လက်ဖဝါးပေါ် လောင်းချလိုက်သည်။ ထို့နောက် ဟူကျောင်းအာခြေထောက်၏ နီရဲနေတဲ့

နေရာပေါ်မှာ ဂရုတစိုက် ပွတ်လိမ်းပေးလိုက်သည်။

ဟူကျောင်းအာ၏ ဆွဲမက်ဖွယ်ကောင်းတဲ့ ခန္ဓာကိုယ်လေးက တုန်ရင်သွားခဲ့သည်။

သူမဘဝသက်တမ်းတစ်လျှောက် သူမ၏ကျောက်စိမ်းခန္ဓာကိုယ်လေး ဘယ်တစ်ဦး

တစ်ယောက်ကိုမှ ထိကိုင်ခွင့်မပြုခဲ့ပေ။ ဒါပေမယ့် သူမညီမနဲ့ အလောင်းအစား

လုပ်ခဲ့သောကြောင့် သူမအဖက်ခံလိုက်ရရုံသာမက ထိကိုင်ခွင့်လည်းပေးလိုက်ရလေသည်။

သူမလမ်းမလျှောက်နိုင်ရုံသာမက သူမသူ့ကိုတာဝန်ယူခိုင်းလို့လည်းမရပေ။

သူမမှားယွင်းသွားတယ်လို့ ခံစားမိသော်လည်း သူမခန္ဓာကိုယ်ကနေ မည်သည့်နာကျင်မှုမှ မခံစားရတော့ပေ။

ထိုလက်ကြီးက သူမ၏ခြေကျင်းဝတ်ကို နူးညံ့စွာပွတ်ပေးနေခဲ့ပြီး သူ့လှုပ်ရှားမှုတိုင်းက ပျော့ပျောင်းပြီး နူးညံ့နေခဲ့လေသည်။ သူ၏ကြမ်းတမ်းတဲ့လက်ကြီးနဲ့ သူမ၏နူးညံ့ချောမွတ်တဲ့

ခြေကျင်းဝတ်ကို ပွတ်ပေးမှုကြောင့် သူမခြေကျင်းဝတ်က ထုံကျင်လာခဲ့လေသည်။

ရန်ကိုင်ပွတ်ပေးနေကိုခံစားရင်း သူမ၏စိတ်ကူးတွေက အရိုင်းဆန်လာခဲ့ပြီး သူမ၏ခန္ဓာကိုယ်တွင်

တစ်မျိုးတစ်မည်ထူးဆန်းတဲ့ ခံစာမှုတစ်ခုဖြစ်ပေါ်လာခဲ့လေသည်။ ထိုခံစားချက်က သူမကိုရှက်သွေးဖြာသွားစေခဲ့ပြီး သူမ၏အပျိုစင်နှလုံးသားလေးကို ခုန်ပေါက်သွားစေခဲ့သည်။

သူမဝမ်းဗိုက်က ပူလောင်လာခဲ့ပြီး ဓါတ်လိုက်သွားသလိုမျိုး သူမခြေထောက်နှစ်ချောင်းကို

ပူးကပ်လိုက်လေသည်။ သူမသာခြေထောက်နှစ်ယောက်ကို ပူးကပ်မထားခဲ့ရင် ထိုပူလောင်တဲ့ခံစားချက်က အပြင်ကိုထွက်ပေါ်လာခဲ့မှာ စိုးရိမ်နေခဲ့သည်။

‘‘ရန်ကိုင်…..’’ဟူကျောင်းအာ၏အသံက ထူးဆန်းနေခဲ့သည်။ အခုအချိန်မှာသူမ အလွန်အမင်းရှက်ရွံ့နေခဲ့ပြီး သူမပါးစပ်ကနေ ဒီလိုအသံမျိုးထွက်လာလိမ့်မယ်လို့

သူမဘယ်တုန်းကမှ ထင်မထားခဲ့ပေ။

‘‘အင်း…’’ ရန်ကိုင် လှပပြီး အရည်ရွှန်းလဲ့နေတဲ့ မျက်လုံးတွေနဲ့သူ့ကိုငုံ့ကြည်နေတဲ့ ဟူကျောင်းအာကို မော့ကြည့်လိုက်သည်။ သူမမျက်နှာက အခုအချိန်မှာ သံပူတုံးတစ်ခုလို ရဲရဲနီနေခဲ့လေသည်။

‘‘နင်အခြားတစ်ခုခုများ…မလုပ်ချင်ဘူးလား’’ ဟူကျောင်းအာက သူမ၏ပတ္တမြားရောင် နှုတ်ခမ်းဖူးဖူးလေးကို ကိုက်လိုက်ပြီး သူမ၏နောက်ဆုံးစစ်ဆင်ရေးကို စတင်လိုက်လေသည်။

ရန်ကိုင်သာချက်ချင်းသဘောတူလိုက်ရင် သူမ၏လက်ရှိစိတ်ခံစားချက်တွေကို

ဖယ်ထုတ်လိုက်နိုင်ပြီး ချက်ချင်းနောက်ပြန်ဆုတ်နိုင်လေသည်။ အဲ့လိုသာဆိုရင် သူမရန်ကိုင်ကပေါ် ကရုဏာကင်းမဲ့ရာလည်းမကျပေ။

သူသဘောတူမှာလား။ ဟူကျောင်းအာက စိုးရိမ်နေခဲ့ပြီး သူမလွတ်လပ်ဖို့ ရန်ကိုင်ကိုသဘောတူစေချင်နေခဲ့ပြီး အခြားတစ်ဖက်မှာတော့ သူမညီမလေး၏ အထင်အမြင် မလွဲမှားစေချင်တဲ့အတွက် သူဘောမတူစေချင်ခဲ့ပေ။ ဒီစိတ်လှုပ်ရှားမှုနဲ့ ရုန်းကန်မှုက သူ့မစိတ်ကို မတင်မကျ ဖြစ်နေစေခဲ့လေသည်။

ရန်ကိုင်က ဟူကျောင်းအာကို တိုက်ရိုက်ကြည့်လိုက်လေသည်။ သူမစိတ်ထဲမှာတော့ ရန်ကိုင်ကသဘောတူလိုက်မှာကို စိုးရိမ်နေခဲ့လေသည်။ ရုတ်တရက်ရန်ကိုင်က

ခပ်ဖွဖွလေးရယ်လိုက်ပြီး သွေးတိတ်ဆေးရည်ဆေးပုလင်းကို ဖြေးဖြေးလေး ချထားလိုက်သည်။

‘‘မိန်းကလေး’’ ရန်ကိုင်ကရေရွတ်လိုက်သည်။

‘‘အင်း’’ ဟူကျောင်းအာက စိတ်လှုပ်ရှားနေခဲ့ပြီး ရန်ကိုင်ကသူမကို မိန်းကလေးလို့ ခေါ်လိုက်တာကို လျစ်လျူရှုထားလိုက်သည်။

‘‘အဲ့ဒါဆိုရင် သွေးတိတ်ဆေးရည်က ငါ့ပိုင်ဆိုင်တဲ့အဖိုးအတန်ဆုံးအရာပဲ။ ဆေးရည်တန်ဖိုးက

သိပ်မကြီးပေမယ့်လည်း ဒါကလူသားတစ်ယောက်ကြင်နာမှုရဲ့ သက်သေပဲ’’

‘‘နင်ဘာပြောချင်တာလဲ’’ ဟူကျောင်းအာက စိတ်ရှုပ်သွားခဲ့သည်။ သူမကသူ့ကို လုပ်ချင်လားမလုပ်ချင်ဘူးလားဆိုတာမေးနေတာလေ။ သူကဘာလို့ဒီအကြောင်းတွေ ပြောနေတာလဲ။ သူဘာပြောချင်နေတာလဲ။ မတ်တပ်ရပ်လိုက်ပြီး ရန်ကိုင်က ဟူကျောင်းအာကိုငုံ့ကြည့်လိုက်သည် ‘‘ငါပြောချင်တာက

ငါကနင့်ဒဏ်ရာကိုကုသဖို့ ငါ့ရဲ့အဖိုးအတန်ဆုံးဆေးရည်ပုလင်းကို သုံးလိုက်တယ်။ ဒါကြောင့် ငါတို့နှစ်ယောက်ကကြားက မကျေနပ်ချက်တွေကို သင်ပုန်းချေပယ်ဖျက်

လိုက်ရအောင်။ နင့်ရဲ့ဟာသပြဇာတ်ကို ဒီမှာပဲရပ်လိုက်ပါတော့လား’’

Martial Peak

အပိုင်း (၅၇) တစ်ဖက်ကြီး တစ်ဖက်သေး

‘‘နင်ဘာကိုပြောနေတာလဲ’’ဟူကျောင်းအာ၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ပြီး အားတင်းပြုံးလိုက်ကာ ‘‘ငါနားမလည်ဘူး’’

ငါ ငါ့ညီမနေရာမှာ အစားဝင်ဟန်ဆောင်နေတာကို သူမသိသွားလောက်ပါဘူး။ မဖြစ်နိုင်ပါဘူး။

သူကခန္ဓာသန့်စင်ခြင်းအဆင့်ပဲရှိသေးတာကို ဘယ်လိုလုပ်ပြီး ငါ့လိုစဦးဒြပ်စင်အဆင့် တစ်ယောက်က စီရင်ထားတဲ့ အကာအရံကို ထိုးဖောက်ပြီးမြင်နိုင်မှာလဲ။ နောက်ဆုံးတော့

ငါ့နဲ့ငါ့ညီမက အသံရော ရုပ်ပါအကုန်ချွတ်စွတ်တူနေတာလေ။ ဂိုဏ်းကအကြီးအကဲတွေတောင်

ငါ့တို့ညီအစ်မနှစ်ယောက်ကို ခနခနမှားနေကြတာ သူကဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။

ရန်ကိုင်က သူမကိုမထူးခြားနားစွာ ကြည့်လိုက်ပြီး ဖွဖွလေးရယ်လိုက်သည်။

‘‘မိန်းကလေး၊ မင်းကအဲ့ဒါကိုဝန်မခံချင်သေးတာလား’’

‘‘ဘာကိုဝန်ခံရမှာလဲ။ နင်ဘာပြောချင်နေလဲဆိုတာ ငါတကယ်ကိုနားမလည်နိုင်တော့ဘူး’’

ဟူကျောင်းအာက နောက်ဆုံးအကြိမ်အဖြစ် မသိချင်ယောင်ဆောင်နေခဲ့သည်။

ရန်ကိုင်ကသူ့နားသယ်ကို နှိပ်နယ်လိုက်ပြီး ကူကယ်ရာမဲ့စွာပြောလိုက်သည်‘‘ အဲ့ဒါဆိုရင်လည်း

ငါပဲပြောရတော့မှာပေါ့။ မိန်းကလေး မင်းကဟူမေးအာမဟုတ်ဘူးမလား။ ငါအထင်အရဆိုရင်….

မင်းကသူ့ရဲ့အမွှာညီအစ်မပဲဖြစ်ရမယ်’’

ဟူကျောင်းအားက ရန်ကိုင်ကိုငေးကြည့်နေလိုက်ပြီး ခဏကြာမှပဲ အသိပြန်ဝင်လာခဲ့ကာ

တခစ်ခစ်ရယ်လိုက်လေသည်‘‘နင်ဘာလို့ ဒီလိုပြောတာလဲ’’

ဒီတစ်ကြိမ်မှတော့ သူမရန်ကိုင်ကိုတွန်းအားမပေးတော့ပဲ စိတ်ဝင်တစားကြည့်နေလေသည်။

ရန်ကိုင်က ဘာကိုကြည့်ပြီး သူမကဟူမေးအာမဟုတ်မှန်း သိသွားလဲဆိုတာကိုလည်း သူမသိချင်နေခဲ့သည်။ ရန်ကိုင်သာ တိကျရေရာတဲ့ အကြောင်းပြချက်မပေးနိုင်ခဲ့ရင်

သူသူမကို လိမ်ညာလှည့်စားဖို့ကြိုးစားနေတယ်ဆိုတာ သေချာသွားခဲ့လေပြီ။ သူ့မှာသူမနဲ့ ပက်သက်ပြီးသံသယတွေ ရှိနေခဲ့ပေမယ့် သူကိုယ်တိုင်လည်း သိပ်ပြီး

မသေချာတဲ့အတွက် သူမကို သူမဘာသာ ဝန်ခံစေချင်တာပဲ ဖြစ်လေသည်။ ဒါကဟူကျောင်းအားခန့်မှန်းချေပဲဖြစ်လေသည်။

‘‘မိန်းကလေး၊ မင်းကငါ့ရဲ့လေ့လာဆန်းစစ်တဲ့ ကျွမ်းကျင်မှုကိုစစ်ဆေးနေတာလား’’

ရန်ကိုင်က ဒေါသထွက်မယ့်အစား ရယ်လိုက်လေသည်။ မတ်တပ်ရပ်လိုက်ပြီး စားပွဲခုံနားသွားကာ အစောတုန်းက သူသောက်ခဲ့တဲ့လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်လေသည်။ ထိုနောက်သူ့နှုတ်ခမ်းကွေးတက်သွားခဲ့ပြီး

‘‘နင်ကတကယ်ပဲ ဟူမေးအာဟုတ်၊ မဟုတ်ငါမသေချာခဲ့ဘူး။ ဒါပေမယ့် အခုတော့ နင်ကဟူမေးအာမဟုတ်ဘူးဆိုတာ ငါသေချာသွားပြီ’’

ဟူကျောင်းအာက ရန်ကိုင်ကိုကြည့်ရင်း ဒေါသထွက်လာပြီး အံကြိတ်လိုက်သည်။ သူ့စကားလုံးတွေက သူမကိုအစ်အောက်မေးနေတဲ့ပုံစံနဲ့တူနေလေသည်။ ဒါက

သူမကိုတကယ်ပဲဒေါသထွက်စေသည်။ သူမလိုစဦးဒြပ်စင်အဆင့်ကျင့်ကြံသူတစ်ယောက်က

တစ်ချက်လောက် ဂရုမစိုက်မိတဲ့အတွက် ခန္ဓာသန့်စင်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏

ဆော့ကစားခြင်းကို ခံလိုက်ရသည်။ ဒီလိုရှုံးနိမ့်သွားတာကြောင့် သူမ ကျင်းတစ်ကျင်းတူးပြီးတော့သာ ပုန်းအောင်းနေချင်တော့သည်။

သူမငြင်းဆန်ဖို့ စိတ်ကူးမနေတော့ပေ။ ဟူကျောင်းအာက ဖွဖွလေးရယ်လိုက်ပြီး သူမကိုယ်နေဟန်ထားကို ပြင်ကာ သူမ၏ဆွဲမက်ဖွယ်ကောင်းတဲ့ ခန္ဓာကိုယ်ကို

အပြည့်အဝ ဖော်ပြနေခဲ့လေသည်။ သူမ၏ ညှို့ယူဖမ်းစားနိုင်တဲ့ မျက်လုံးတွေကတော့ ရန်ကိုင်ကိုအထက်အောက် ဆုံချည်ဆန်ချည် စူူးစမ်းကြည့်နေခဲ့သည်။ သူမက နူးညံ့သိမ်မွေ့စွာ ပြောလိုက်သည်‘‘ဘယ်အချိန်ကတည်းက နင်ငါ့ကိုသံသယဝင်ခဲ့တာလဲ’’

‘‘ငါလက်ဖက်ရည်သောက်နေတဲ့အချိန်ကတည်းက’’ ရန်ကိုင်က လက်ဖက်ရည်ခွက်ကို အသာအယာတောက်လိုက်ပြီး ‘‘လက်ဖက်ရည်က အရမ်းကိုကောင်းမွန်နေခဲ့ပေမယ့်

မိန်းမတစ်ယောက်ရဲ့အနံ့အသက်ကိုတော့ အပြည့်အဝမဖုံးကွယ်နိုင်ဘူးလေ။ ပြီးတော့

လက်ဖက်ရည်ခွက်အစွန်းမှာ နှုတ်းခမ်းရာပါးပါးလေးကိုလည်း တွေ့လိုက်ရတယ်။ ဒါကြောင့် ဒီလက်ဖက်ရည်ခွက်ကို တစ်ယောက်ယောက် သောက်သွားတာ သိပ်မကြာသေးဘူးလို့ ငါထင်ခဲ့တယ်။ ပြီးတော့ လက်ဖက်ရည်သောက်သွားတဲ့

မိန်းကလေးကလည်း ဟူမေးအာဖြစ်ရမယ်လို့ ငါကောက်ချက်ချလိုက်တာ’’

‘‘အဲ့လောက်ကလေးနဲ့ ငါကမေးအာမဟုတ်ဘူးလို့ နင်ထင်နေတာတော့ မဟုတ်ပါဘူးနော်’’ ဟူကျောင်းအာက အံ့သြတကြီးပြောလိုက်သည်။

‘‘ဟုတ်တာပေါ့။ အဲ့လောက်ကလေးနဲ့ နင်ကမေးအာမဟုတ်ဘူးလို့ ငါဘယ်ပြောရဲပါ့မလဲ’’ ရန်ကိုင်ကခေါင်းခါလိုက်ပြီး ‘‘ငါ့ရဲ့သံသယကိုပိုပြီးခိုင်မြဲသွားစေတဲ့ ဒုတိယအချက်က

နင့်ရဲ့စိတ်နေစိတ်ထားပဲ။ ဆယ်ရက်လောက် မတွေ့လိုက်ရတာနဲ့ မိန်းမတစ်ယောက်ရဲ့ စိတ်နေစိတ်ထားက အဲ့လောက်ပြောင်းသွားမယ်လို့ ငါလုံးဝမယုံကြည်နိုင်ဘူး။

ပြီးတော့ မိန်းကလေးမေးအာရဲ့အလှက နုနယ်ပြီး သိမ်မွေ့ပေမယ့် နင့်အလှကျတော့ ရင့်ကျက်ပြီး တော်ဝင်ဆန်တယ်’’

‘‘ငါကအဲ့လိုမျိုးဆွဲဆောင်မှုရှိတာလား’’ ဟူကျောင်းအာကသူမပါးစပ်ကိုလက်နဲ့အုပ်ပြီး

ရယ်ပါတော့သည်‘‘နင့်မှာ နောက်ထပ်အကြောင်းပြချက်တွေရှိရင် ထပ်ပြောပါဦး’’

‘‘တတိယအချက်ကတော့ နင်နဲ့မိန်းကလေးမေးအာရဲ့ အနံ့အသက်က ဆင်တူပေမယ့် သေသေချာချာ ခံစားကြည့်လိုက်မယ်ဆိုရင် ကွဲပြားတယ်ဆိုတာသိလိမ့်မယ်’’

‘‘မိန်းကလေးမေးအာရဲ့ ကိုယ်သင်းနဲ့က အပျိုရိုင်းလေးတစ်ယောက်ပိုင်ဆိုင်တဲ့ ရနံ့မျိုး၊

နင့်ရဲ့ကိုယ်သင်းနံ့ကျတော့ မဟာဆန်တဲ့ မိန်းမပျိုတစ်ယောက်ဆီကရတဲ့ ရနံ့မျိုး’’

‘‘သေနာကောင်’’ ဟူကျောင်းအာ၏ မျက်နှာက ပန်းရောင်သန်းသွားခဲ့သည်။

ဘာလိုလဲဆိုတော့ ရန်ကိုင်စကားလုံးတွေက တိုက်ရိုက်ဆန်လွန်းတဲ့အတွက် သူမ၏ တည်ငြိမ်မှုကို ထိန်းသိမ်းမထားနိုင်တော့ပေ။ သူမခန္ဓာကိုယ်ကိုအသုံးချပြီး ရန်ကိုင်ကို စမ်းသပ်စစ်ဆေးဖို့လုပ်တဲ့ အကြောင်းကို ပြန်တွေးမိလိုက်တဲ့အချိန်မှာတော့ ကိုယ့်ကိုယ်ကို

ယုံကြည်ချက်အပြည့်ရှိနေတဲ့ သူမရှေ့က ယောကျ်ားကိုသာ အသားတုံးတစ်ခုလို အဆက်မပြတ် ခုတ်ထစ်ချင်နေတော့သည်။

‘‘စတုတ္ထမြောက်အချက်တော့…’’ ရန်ကိုင်က ဟူကျောင်းအာ၏ စူးရှတဲ့အကြည့်ကို လျစ်လျူရှုထားလိုက်ပြီး သူပြောရမယ့်စကားကိုသာ ဆက်ပြောနေခဲ့သည်။

‘‘နောက်ထပ်ရှိသေးတာလား…’’ ဟူကျောင်းအာက မင်သက်သွားခဲ့လေသည်။

ခန္ဓာသန့်စင်ခြင်းအဆင့်သာရှိသေးတဲ့ ကျင့်ကြံသူတစ်ယောက်က သူမ၏အပြစ်အနာအဆာ မရှိတဲ့အစီအစဉ်ကနေ ဒီလောက်များတဲ့ အားနည်းချက်တွေကို ရှာတွေ့နိုင်မယ်လို့ သူမဘယ်တုန်းကမှ ထင်မထားခဲ့ပေ။

‘‘ဟဲဟဲ၊ စတုတ္ထမြောက်အချက်ကတော့ မိန်းကလေးခြေထောက်က ဒဏ်ရာပဲ၊ အဲ့ဒဏ်ရာက အဆစ်လွဲတဲ့ပုံစံ ပေါက်နေပေမယ့် တကယ်တော့ ကိုယ်ဘာသာကိုယ်လုပ်ထားတဲ့

ဟန်ဆောင်ဒဏ်ရာပဲလေ။ မိန်းကလေးမေးအာက မိန်းမတစ်ယောက်ဆိုပေမယ့် ကျင့်ကြံသူတစ်ယောက်ဆိုလည်း မမှားဘူးလေ။ ဘယ်လိုလုပ်ပြီး ကျင့်ကြံသူတစ်ယောက်ရဲ့

ခြေကျင်းဝတ်က အဲ့လောက်လွယ်လွယ်နဲ့ အဆစ်လွဲပါ့မလဲ’’

‘‘ဒါကတကယ်ပဲ ငါ့ရဲ့ပေါ့လျော့မှုကြောင့်ပဲ’’ ဟူကျောင်းအာက ခေါင်းညိတ်ရုံလေးညိတ်လိုက်သည်။

ထိုအချိန်တုန်းက သူမကရန်ကိုင်၏သူရုပ်မှန်ဖော်ထုတ်ဖို့ကိုသာ အာရုံစိုက်နေသဖြင့် အဲ့အကြောင်းကို သေသေချာချာ မတွေးမိလိုက်ပေ။ သူမမော့ကြည့်လိုက်တဲ့အချိန်တွင် ရန်ကိုင်ကသူ့အတွေးနဲ့သူမျောနေခဲ့သည်။ ဒါကြောင့်

ဟူကျောင်းအာက ပြောလိုက်သည်

‘‘ နောက်ထပ်ပြစ်ချက်တွေရှိသေးတယ်လို့တော့

ငါ့ကိုမပြောနဲ့နော်’’

ဟူကျောင်းအာက တကယ်ကိုမယုံကြည်နိုင်တော့ပေ။ လုံးဝအပြစ်အနာအဆာကင်းပြီး ပြီးပြည့်စုံတဲ့ သူမ၏အစီအစဉ်က ရန်ကိုင်မျက်လုံးထဲမှာတော့ ယိုပေါက်တွေနဲ့ ပြည့်နေတဲ့

အားနည်းတဲ့အစီအစဉ်လေးတစ်ခုထက်မပိုပေ။ ပြီးတော့သူ၏ ရှင်းပြချက်တွေကလည်း လုံးဝထင်ရှားနေခဲ့ပြီး ယုတ္တိတန်နေတဲ့အတွက် သူမဘက်ကပြန်ပြီးငြင်းဆန်ဖို့

မဖြစ်နိုင်ပေ။ ထိုသေနာကောင်ကိုကြည့်ရင်း သူမအော့အန်ချင်လာခဲ့လေသည်။

နင်သာနောက်ထပ်ပြောရဲပြောကြည့် ငါ့အကြောင်းနင်သိစေရမယ်။ သူသာ ဆက်ပြောနေခဲ့ရင် သူမအဖို့မျက်နှာထားစရာ နေရာရှိတော့မည်မဟုတ်ပေ။

‘‘အင်း…ငါ့မပြောတော့ပါဘူး’’ ရန်ကိုင်ကမျက်မှောင်ကြုံ့ရင်း ပြောလိုက်သည်။ ထိုစကားကိုကြားလိုက်တာနဲ့ ဟူကျောင်းအာက မပျော်မရွှင်ဖြစ်သွားခဲ့ပြီး သူမ၏ ဆွဲမက်ဖွယ်ကောင်းတဲ့ မျက်လုံးလေးတွေက အေးစက်သွားခဲ့လေသည်။

ဆွဲဆောင်မှုရှိရှိ ရယ်မောလိုက်ရင်း အံကြိတ်ကာပြောလိုက်သည်‘‘ပြော’’

‘‘ငါမပြောတာပိုကောင်းမယ်’’ ရန်ကိုင်ကခေါင်းခါရင်း ပြောလိုက်သည်။

ဟူကျောင်းအာက ဒေါသထွက်လာခဲ့ပြီး ‘‘နင်ပြောစရာရှိသေးရင် ဆက်သာပြော။ ဒီလို တို့လို့တန်းလန်းကြီး မထားခဲ့နဲ့သေနာကောင်ရဲ့’’

ရန်ကိုင်ကခါးခါးသီးသီး ရယ်မောလိုက်ပြီး‘‘ငါပြောလိုက်ရင် မိန်းကလေးကို ဒေါသထွက်အောင် လုပ်မိသလိုဖြစ်သွားလိမ့်မယ်’’

သူမမျက်လုံးမှေးလိုက်ပြီး‘‘ငါ့ကိုဒေါသထွက်စေမှာလား။ အဲ့ပြစ်ချက်က အဲ့လောက်တောင် စိတ်ပျက်စရာ ကောင်းနေတာလား’’

‘‘အင်း’’

‘‘အဲ့လိုဆိုရင်ငါပိုပြီးတော့တောင် ကြားချင်လာပြီ’’

‘‘ဒါပေမယ့် နင်ဒေါသမထွက်ဖို့လို့ ငါ့ကိုအရင်ကတိပေးရမယ်’’

‘‘နင်မပြောရင်၊ ငါဒေါသထွက်မယ်၊မထွက်ဘူးဆိုတာ ဘယ်လိုလုပ်ပြီးသိမှာလဲ’’

‘‘အဲ့လိုဆိုရင်လည်း ဒီအတိုင်းပဲထားလိုက်တော့’’

‘‘နင်..နင်မိန်းမတစ်ယောက်နဲ့ ငြင်းခုံရင် နောက်တစ်လှမ်းဆုတ် အလျှော့ပေးသင့်တယ်ဆိုတာ မသိဘူးလား’’´ ဟူကျောင်းအာ၏မျက်နှာက မြူဆိုင်းလာခဲ့သည်။ ဒီကောင်လေးက

လိမ္မာပါးနပ်ပုံပေါ်ပေမယ့် တကယ်ကိုခေါင်းမာပြီး အသိတရားခေါင်းပါးတဲ့ လူတစ်ယောက်ပဲဖြစ်သည်။

‘‘ငါသာနောက်တစ်လှမ်း ဆုတ်ပေးလိုက်ရင် ငါပဲခံရမှာပေါ့။ ငါအထင်အရဆိုရင်…ငါကနင့်ပြိုင်ဘက်မဟုတ်လောက်ဘူး’’ ရန်ကိုင်မျက်နှာက လေးနက်သွားခဲ့သည်။

‘‘နင့်မှာ အသိဉာဏ်နည်းနည်းပါးပါးတော့ ရှိသေးတဲ့ပုံပဲ’’ ဂုဏ်ယူစွာရယ်မောရင်း ဟူကျောင်းအာက ကုတင်ပေါ်ကနေထလိုက်လေသည်။ ထို့နောက် ရန်ကိုင်ရှေ့မှာ

ထိုင်ချလိုက်ပြီး ကျက်သရေရှိစွာဖြင့် ရန်ကိုင်ကိုကြည့်နေလိုက်သည်။ သူမဘာသာ သူမခဏကြာအောင် ရေရွွတ်လိုက်ပြီးနောက် ပြောလိုက်သည် ‘‘ကောင်းပြီ၊ ငါ့နင့်ကိုဒေါသမထွက်ဘူးလို့ ကတိပေးတယ်’’

‘‘ပြီးတော့ နင့်ငါ့ကိုမတိုက်ခိုက်ရဘူးလို့လည်း ကတိပေးရမယ်’’

ရန်ကိုင်က ရုပ်တည်ကြီးနဲ့ပြောလိုက်သည်‘‘ တကယ်ဆိုရင် အဲ့ဒါကိုပြစ်ချက်လို့ ပြောလို့မရဘူး။ အဲ့ဒါကနင့်နဲ့မေးအာကြားက ကွဲပြားချက်လေးတစ်ခုပါပဲ’’

‘‘ဘယ်နေရာက ကွဲပြားနေတာလဲ’’ ဟူကျောင်းအာက ရန်ကိုင်ကိုထူးထူးဆန်းဆန်းကြည့်လိုက်သည်။

သူမတို့ညီအစ်မနှစ်ယောက်စလုံးက လုံးဝကိုချွတ်စွတ်တူနေတာလေ။ ဘယ်နေရာကများ

ကွဲပြားနေလို့လဲ။

ရန်ကိုင်က သူ့ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက်လုပ်ရင်း တစ်ခဏကြာအောင် တုန့်ဆိုင်းနေခဲ့ပြီးနောက်

ဗလုံးဗထွေးပြောလိုက်လေသည် ‘‘မတူတာက နင့်တို့ရဲ့တင်ပါးတွေပဲ။ နင့်ရဲ့တင်ပါးက တစ်ဖက်ကကြီးပြီး တစ်ဖက်ကသေးနေတယ်။ ဒါပေမယ့် ဟူမေးအာရဲ့တင်ပါးကတော့ လုံးဝကိုအချိုးညီတယ်’’

သူပြောပြီးတာနဲ့ ဟူကျောင်းအာ၏မျက်နှာက နီရဲသွားပြီး စဦးဒြပ်စင်အဆင့် အော်ရာတွေက တစ်အိမ်လုံးကို ဖုံးလွှမ်းသွားလေသည်။

‘‘နင်ပြောခဲ့တဲ့စကားတွေကို နင်မမေ့နဲ့နော်’’ ရန်ကိုင်က တည်တည်ငြိမ်ငြိမ်နဲ့ ဟူကျောင်းအာကို သတိပေးလိုက်သည်။

ဟူကျောင်းအာ၏ အရှိန်အဝါတွေက ရုတ်ချည်း ပျောက်ကွယ်သွားလေသည်။ သူမခန္ဓာကိုယ်က

ဒေါသကြောင့် တဆတ်ဆတ်တုန်ရီနေပြီး သူမ၏ဒေါသအားလုံးကို ရန်ကိုင်အပေါ်သာ ပုံချချင်နေခဲ့သည်။ သူမ၏ဆင်စွယ်ရောင်သွားလေးကို ကျိုးကြေမတတ်ကိုက်ရင်း

အံကြိတ်နေခဲ့သည်။ အချိန်တော်တော်ကြာတော့မှ သူမစားပွဲခုံးကိုရိုက်လိုက်ပြီးပြောလိုက်သည် ‘‘ပေါက်တိပေါက်ရှာစကားတွေ’’

မိန်းကလေးတစ်ယောက်ကို ဒီလိုစကားတွေထွက်အောင်လုပ်နိုင်ဖို့က အခုအချိန်မှာ သူမ ဒေါသ ဘယ်လောက်ထွက်နေလဲဆိုတာ ခန့်မှန်းကြည့်နိုင်လေသည်။

ဒီမသာကောင်ကို အပိုင်းပိုင်းအစစဖြစ်အောင် လုပ်ချင်လိုက်တာ။ သူကများ ငါ့တင်ပါးတွေက

တစ်ဖက်ကြီးပြီး တစ်ဖက်သေးတယ်လို့ ပြောရဲတယ်။ ဒီစကားက ယောကျ်ားတစ်ယောက်

ပြောသင့်တဲ့စကားလား။ ဘယ်လိုလုပ်ပြီး တစ်ဖက်ကြီး တစ်ဖက်သေးဖြစ်နိုင်မှာလဲ။

အချိုးမကျတာ မဖြစ်နိုင်ဘူးမလား။

ဒီသေနာကောင်‘‘သေခြင်းတရား’’ဆိုတဲ့စကားလုံးကိုတောင် ဘယ်လိုရေးရမှန်းမသိမှာ ငါစိုးရိမ်မိတယ်။

Martial Peak

အပိုင်း (၅၈) ပြဿနာရှာခြင်း

ဟူကျောင်းအာက အရှက်ခွဲခံလိုက်ရသလိုခံစားလိုက်ရသဖြင့် ဒေါသထွက်လာခဲ့သည်။ ဒါပေမယ့် ရန်ကိုင်ကချက်ချင်းပဲ သူမကိုနှစ်သိမ့်ပေးလိုက်သည်‘‘မိန်းကလေး၊ နင်အဲ့အကြောင်းကို

စိုးရိမ်နေစရာမလိုပါဘူး။ နင်သာသေချာမကြည့်ရင် ခြားနားချက်ကိုဘယ်လိုမှမြင်နိုင်မှာမဟုတ်ဘူး’’

သူမမျက်နှာအေးစက်သွားပြီး ရန်ကိုင်ကိုသတ်ချင်စိတ်အပြည့်နဲ့ ကြည့်လိုက်သည်

‘‘ဆိုလိုတာက နင့်ကငါ့တင်ပါးတွေကို သေသေချာချာကြည့်ခဲ့တာပေါ့၊ ဟုတ်လား’’

ရန်ကိုင်က ချောင်းအနည်းငယ်ဆိုးလိုက်ပြီး ရှက်သွားလေသည်‘‘ငါ့အကြိမ်အနည်းငယ်လောက်

ကြည့်ခဲ့တယ်..ဟီးဟီး’’ သူ့ကိုလည်း အပြစ်တင်လို့မရပေ။ သူ့ကိုဒီအခြေအနေထိရောက်အောင်

တွန်းပို့ခဲ့တာကလည်း သူမကိုယ်တိုင်ပဲလေ။ ရန်ကိုင်က တစ်ခုခုမှားယွင်းနေတယ်လို့လည်း ခံစားမိလိုက်သည်။

‘‘ဒါတောင်မှ ငါကနင်နဲ့မိန်းကလေးမေးအာကို မခွဲခြားနိုင်ခဲ့ရင် ငါ့မျက်လုံးတွေက အလဟသဖြစ်သွားမှာပေါ့’’ ရန်ကိုင်ကရယ်ရင်းပြောလိုက်သည်။ သူမဒေါသ

ပြေသွားပြီးနောက် ရန်ကိုင်ပြောတဲ့အကြောင်း ပြန်တွေးလိုက်တဲ့အခါ သူမ နည်းနည်းရှော့ရသလို ခံစားလိုက်ရသည်။ ဒီရန်ကိုင်ဆိုတဲ့ငနာကောင်းက တော်တော်အမြင်စူးရှတာပဲ။ ဒီလိုအရည်အချင်းမျိုးက လူတိုင်းပိုင်ဆိုင်နိုင်တဲ့ အရည်အချင်းမျိုးမဟုတ်ပေ။ သူမကိုယ်တိုင်သူ့ကိုဖြာယောင်းသွေးဆောင်ဖို့

ကြိုးစားခဲ့သော်လည်း သူမရှုံးနိမ့်ခဲ့ရသည်။ သူ၏ ထိုးထွင်းသိမြင်နိုင်စွမ်းကလည်း

မြင့်မားပြီး အကျင့်စာရိတ္တကလည်း ကောင်းမွန်ပေသည်။ ပြီးတော့

သူကဆုံးဖြတ်ချက်ပြတ်သားတဲ့လူတစ်ယောက်ဆိုလည်း မမှားပေ။

ဂျီုနီးယပ်…သူငယ်ရွယ်သေးပေမယ့် အစစ်အမှန်ဂျီးနီးယပ်တစ်ယောက်ဖြစ်တယ်ဆိုတာကိုတော့

သူမမငြင်းဆန်နိုင်ပေ။ ထို့နောက်သူမမျက်ခုံးပင့်လိုက်ပြီး ရန်ကိုင်ကို ဆွဲဆောင်မှုရှိစွာ ကြည့်လိုက်သည်‘‘နင့်နာမည်က ရန်ကိုင်မလား။ ဒီနေ့နင်ငါ့ကိုစော်ကားခဲ့တဲ့အတွက်

ဒီသခင်မလေးက နင့်ကိုရွေးချယ်ခွင့်နှစ်ခုပေးမယ်’’

‘‘ဘယ်လိုရွေးချယ်မှုမျိုးလဲ’’ ရန်ကိုင်ကမေးလိုက်သည်။

‘‘ပထမရွေးချယ်မှုက၊ ဒီနေ့ငါ့ခန္ဓာကိုယ်ကိုထိခဲ့တဲ့ နင့်ရဲ့လက်ကိုဖြတ်ပစ်ပြီး ငါ့ကိုမြင်ခဲ့တဲ့

မျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ်။ အဲ့လိုမှပဲ ငါနင့်ကိုခွင့်လွှတ်ပေးနိုင်မယ်’’

ဟူကျောင်းအာက ထိုစကားတွေကို ပြောနေတဲ့အချိန်မှာ ပြုံးနေခဲ့ပြီး သူမအသံ နူးညံ့ညင်သာနေခဲ့သည်။ မိန်းမတစ်ယောက်က သူ့မယောကျ်ားကိုပြောနေတဲ့ ပုံစံပေါက်နေပေမယ့် သူမစကားလုံးနောက်ကွယ်မှာတော့ သွေးဆာမှုနဲ့ ရက်စက်ကြမ်းကြုတ်

မှုတို့နဲ့ပြည့်နေခဲ့သည်။

ရန်ကိုင်ကခေါင်းခါလိုက်ပြီး‘‘ဒုတိယရွေးချယ်မှုကိုပြောပါဦး’’

‘‘တော်တယ်’’ ဟူကျောင်းအာကပြောလိုက်ပြီး‘‘ဒုတိယရွေးချယ်မှုက နင်ကောင်းကင်စံအိမ်က ထွက်ပြီး သွေးတိုက်ပွဲဂိုဏ်းကိုဝင်ရမယ်။ နင့်ကိုခေါင်းဆောင်ငယ်ရာထူးခန့်အပ်ပေးဖို့

အဖေ့ကိုငါကိုယ်တိုင်ပြောပေးနိုင်တယ်။ ကောင်းကင်စံအိမ်မှာဆိုရင် နင့်အဆင့်အတန်းက အနိမ့်ကျဆုံးဖြစ်တဲ့ တရာမဝင်တပည့်၊ ပြီးတော့ အနိုင်လည်းကျင့်ခံရတယ်၊ ကျင့်ကြံဖို့

အရင်းအမြစ်တွေလည်း ကိုယ့်ဘာသာကိုယ်ရှာရတယ်။ ဒါပေမယ့်နင်သာ သွေးတိုက်ပွဲဂိုဏ်းထဲကိုဝင်မယ်ဆိုရင် ကောင်းကင်စံအိမ်မှာနေတာထက် အနည်းဆုံး အဆ၁၀၀လောက်သာစေရမယ်။ ဘယ်လိုလဲ။ငါ့ရဲကမ်းလှမ်းမှုက

မရက်ရောလွန်းဘူးလား’’

‘‘နောက်ထပ်ရွေးချယ်စရာကျန်သေးလား’’

‘‘မရှိတော့ဘူး’’

‘‘အဲ့ဒါဆိုရင် ငါဘာကိုမှမရွေးချယ်တော့ဘူး’’ သူပြောပြီးတာနဲ့ အစစ်အမှန်ယန်နည်းစနစ်ကို လှည့်ပတ်လိုက်ပြီး နိုးနိုးကြားကြားနေလိုက်ပြီး ဟူကျောင်းအားကို သတိထားနေလိုက်တယ်။

‘‘နင်ငါ့ကိုဖိအားပေးနေတာလား’’ ဟူကျောင်းအာက အေးစက်စက်ရယ်လိုက်သည်။

‘‘နင်တကယ်တိုက်ခိုက်မယ်လို့ ငါမထင်ဘူး။ ဒီနေရာက

သွေးတိုက်ပွဲဂိုဏ်းရဲ့ပိုင်နက်လေ။ တိုက်ပွဲဖြစ်သံကြားတာနဲ့ ကောင်းကင်စံအိမ်ရဲ့ အစောင့်အကြပ်တပည့်တွေက လာစုံစမ်းလိမ့်မယ်။ အဲ့အချိန်ကျရင် ပြဿနာတွေက

နင့်နောက်ကို အမြီးတစ်ချောင်းလို တောက်လျှောက်ကပ်ပါလာလိမ့်မယ်’’

‘‘နင်ကသေးနုပ်တဲ့ တရားမဝင်တပည့်တစ်ယောက်သာသာပဲလေ။ ငါနင့်ကိုသတ်လိုက် ရင်တောင်မှ ကောင်းကင်စံအိမ်က ငါ့ကိုဘာလုပ်နိုင်မှာမို့လို့လဲ။ အလွန်ဆုံးရှိမှ

နင့်အတွက် ရတနာနည်းနည်းပေးလိုက်ရုံပဲပေါ့။ တကယ်ဆိုရင် သူတို့က နင်သေမသေကိုတော့ အဲ့လောက်ဂရုစိုက်တာမဟုတ်ဘူး’’

‘‘မိန်းကလေး၊ နင့်ငါ့ကိုသတ်ချင်ရင် အဲ့လိုအရေးမပါတဲ့စကားတွေ ပြောမနေသင့်ဘူး’’

ရန်ကိုင်ကတည်ငြိမ်ပုံဖမ်းထားသော်လည်း သူ့ရင်ထဲမှာတော့ ဗလောင်ဆူနေပေသည်။

ဘာကြောင့်လဲဆိုတော့ မိန်းမတစ်ယောက်၏ နှလုံးသားက သမုဒ္ဒရာထဲက အပ်တစ်ချာင်းလိုပဲ

သူတို့အမှန်တကယ် ဘာတွေးနေလဲဆိုတာ ခန့်မှန်းဖို့ခက်ခဲလွန်းပေသည်။

အမှန်တရားကို ပြောလိုက်မိတာကို သူနောင်တရလာခဲ့သည်။ မျှော်လင့်ထားတဲ့အတိုင်းပဲ

မိန်းမတစ်ယောက်၏ စကားကိုလုံးဝယုံကြည်လို့မရပေ။ အထူသဖြင့် လှပတဲ့မိန်းကလေး တွေရဲ့စကားတွေကို ပိုပြီးယုံကြည်လို့မဖြစ်ပေ။ သူ့အတွေ့အကြုံက မလုံလောက်သေးတဲ့ပုံပင်။

‘‘ပြီးတော့ ငါပြောခဲ့တဲ့အတိုင်း နင့်ဒဏ်ရာကိုကုသဖို့ ငါ့ရဲကအဖိုးတန်ဆုံး သွေးတိတ်ဆေးရည်ကို

သုံးလိုက်ရတယ်။ နင့်ကိုရန်စစော်ကားအောင် ငါ့ကိုဖိအားပေးမနေသင့်ဘူး’’ ရန်ကိုင်က

သူ့ကိုဒုက္ခပေးချင်နေတဲ့ သူမ၏အကြံဉာဏ်ကို ပျောက်ပျက်စေဖို့ ကြိုးစားနေလေသည်။

‘‘သွေးတိတ်ဆေးရည်တစ်ပုလင်းက ငါ့ဆုံးရှုံးသွားတာနဲ့ ကာမိလို့လား။ ပြီးတော့နင်…’’

ဟူကျောင်းအာဆက်မပြောနိုင်တော့ပေ။ နင့်ငါ့ကိုလည်းဖက်ပြီးသွားပြီ၊ ငါ့ခန္ဓာကိုယ်ကိုလည်း

ထိပြီးသွားပြီလို့ ပြောချင်ပေမယ့် ပြောမထွက်နိုင်ခဲ့ပေ။ သူမဆုံးရှုံးခဲ့ရတာက ကြီးမားလေသည်။

သွေးတိတ်ဆေးရည်တစ်ပုလင်းက ဘယ်လိုလုပ်ပြီး သူမဆုံးရှုံးသွားတာကို အစားထိုး

လျော်ပေးနိုင်မှာလဲ။

‘‘အဲ့လိုဆိုရင်လည်း ငါလည်းမတတ်နိုင်တော့ဘူး။ နင်သိသင့်တာတစ်ခုက ဒီကိစ္စတွေအားလုံးက

နင်စလို့ဖြစ်လာခဲ့တာကိုပဲ’’ ထိုစကားလုံးတွေထဲ မီးထဲကိုဓါတ်ဆီလောင်းထည့်သလိုဖြစ်သွားကာ

ဟူကျောင်းအာကိုရှက်လည်းရှက်၊ဒေါသလည်းထွက်သွားစေခဲ့သည်။သူမတိုက်ခိုက်တောမယ့် အချိန်မှာပဲ ဟူမေးအာပုန်းကွယ်နေတဲ့ နေရာကိုကြည့်လိုက်သည်။ သူမက တတ်နိုင်သမျှ

အားကုန်သုံးကာ သူမကိုသတိပေးဖို့ ကြိုးစားနေတာကိုမြင်ပြီး သူမ၏နှလုံးသာလေး ပျော့ပျောင်းသွားကာ သူမ၏ဒေါသလည်း တဖြည်းဖြည်းလျော့ပါးသွားခဲ့သည်။ အသက်တစ်ဝကြီးရှုလိုက်ပြီးနောက် ပြောလိုက်သည်‘‘ ထားလိုက်တော့၊ ဒီတစ်ကြိမ်တော့ ငါနင့်ကို

လွှတ်ပေးလိုက်မယ်’’

ရန်ကိုင်လည်း သက်ပြင်းအမောကြီးချလိုက်ပြီး ‘‘ကျေးဇူးပါမိန်းကလေး’’

ဟူကျောင်းအာက ဖျော့ဖျော့လေးရယ်လိုက်ပြီး ‘‘နင့်စကားတွေက တကယ်ကိုမှန်ပါတယ်။ ဒါပေမယ့် မှားနေတာ တစ်ချက်တော့ရှိတယ်’’

‘‘ဘာမှားနေတာလဲ’’

ဟူကျောင်းအာက ပြန်မဖြေသေးပဲ သူမလက်ကိုဝှေ့ရမ်းလိုက်ပြီး ဟူမေးအာကိုဖုံးကွယ်ထားတဲ့ အကာအရံကိုဖယ်ရှားလိုက်သည်။ ရန်ကိုင်အလွန်အမင်းထိတ်လန့်သွားခဲ့လေသည်။ ထိုမိန်းမက

စွမ်းအားကြီါ်မှန်းသူသိသော်လည်း သူမခွန်အားကဒီအတိုင်းအတာထိ သန်မာလိမ့်မယ်လို့ သူမထင်ထားခဲ့ပေ။ လက်တစ်ချက်ဝှေ့ရမ်းပြီး လူတစ်ယောက်ပေါ်လာအောင်လုပ်ဖို့က

သူမကျင့်ကြံခြင်းအဆင့်က အစစ်အမှန်ဒြပ်စင်အဆင့်ကို ရောက်နေဖို့လိုအပ်ပေသည်။

သူမလွတ်လပ်သွားတာနဲ့ ဟူမေးအာက ရန်ကိုင်ကိုအရည်လဲနေတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်လိုက်သည်။ သူမမျက်နှာက စိတ်သက်သာရသွားပုံးပေါ်နေသည်။

သူမအစ်မဒေါသထွက်ပြီး ရန်ကိုင်ကိုသတ်မိမှာကို သူမသေလောက်အောင် စိုးရိမ်နေတာပဲဖြစ်သည်။

သူမအစ်မကိုကြည့်လိုက်တဲ့အချိန်မှာ ရန်ကိုင်ပြောခဲ့တဲ့စကားတွေကို ပြန်ကြားယောင်ပြီး ရယ်လိုက်မိသည်။ ဘုရားရေ၊ ငါ့အစ်မကိုတောင် ဒီလိုစကားမျိုး ပြောရဲတဲ့သူရှိသေးတာပဲ။ ပြီးတော့ ပြောပြီးတာတောင် အခုလို အေးအေးဆေးဆေး နေနိုင်သေးတယ်။

‘‘အစ်မကြီး’’ ဟူမေးအာခေါ်လိုက်တာနဲ့ သူမအစ်မဆီပြေးဝင်သွားပြီး

ချော့လိုက်လေသည်‘‘စိတ်မဆိုးပါနဲ့။ ဒီကိစ္စနဲ့ပက်သက်ပြီး ရန်ကိုင်ကိုလည်း အပြစ်တင်လို့မရဘူးလေ’’

‘‘သူ့ကိုအပြစ်တင်မယ်လို့လည်း ငါမပြောပါဘူးနော်’’ ဟူကျောင်းအာ၏ မြူဆိုင်းနေတဲ့ မျက်နှာက

တဖြည်းဖြည်းပြန်ကြည်လင်လာပြီး ရန်ကိုင်ကိုမျက်နှာချင်းဆိုင်ပြောလိုက်သည်‘‘နင်မှားသွားတဲ့

အချက်က ငါ့နဲ့မေးအာက အမွှာတွေမဟုတ်ဘူး’’

‘‘နင်တို့နှစ်ယောက်က အမွှာတွေမဟုတ်ဘူးလား’’ ရန်ကိုင်အံ့သြတကြီးမေးလိုက်သည်။

ဂရုတစိုက်ကြည့်ရင်တောင် သူ့ရှေ့ကညီအစ်မနှစ်ယောက် ခွဲလို့မရအောင် ချွတ်စွပ်တူနေပေသည်။

သူတို့နောက်တစ်ကြိမ်ထပ်တွေ့တဲ့အချိန်မှာ ဘယ်သူက ဘယ်သူလဲဆိုပြီး လာမေးခဲ့ရင်

ထိုမေးခွန်းကိုသူဖြေနိုင်လိမ့်မည်မဟုတ်ပေ။

‘‘မဟုတ်ဘူး။ ငါကမေးအာက နှစ်အနည်းငယ်ပိုကြီးတယ်’’ ဟူကျောင်းအာက ဖျော့ဖျော့လေး ပြုံးလိုက်သည်။

သူရန်ကိုင်ထိတ်လန့်အံ့သြသွားတာကို မြင်လိုက်ရချိန်မှာ သူမစိတ်ကျေနပ်သွားခဲ့သည်။

‘‘ကမ္ဘာကြီးက တကယ်ကိုကျယ်ပြောသလို ထူးဆန်းလွန်းတဲ့အရာတွေနဲ့လည်း ပြည့်နေတာပဲ’’

ရန်ကိုင်က ဝမ်းနည်းစွာသက်ပြင်းချလိုက်သည်။ ထိုညီအစ်မနှစ်ယောက်က နှစ်အနည်းငယ်

ခြားပြီးမွေးလာခဲ့သော်လည်း သူတို့နှစ်ယောက်က အသံရော၊ ရုပ်ရည်ပါချွတ်စွပ်တူနေလေသည်။

ကောင်းကင်က အပ်တစ်စင်းနဲ့မြေပြင်က အပ်တစ်စင် ထိပ်တိုက်တွေ့ဖို့ကတောင်

ဒီလိုအဖြစ်အပျက်မျိုး နောက်တစ်ကြိမ်ပြန်ဖြစ်ဖို့ထက် ပိုလွယ်ကူပေလိမ့်မည်။

‘‘နင်ငါ့ကိုမသိဘူးလား’’ ဟူကျောင်းအာ သံသယအပြည့်နဲ့မေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူမက

သွေးတိုက်ပွဲဂိုဏ်၏ လူငယ်မျိုးဆက်ထဲက အသန်မာဆုံးတစ်ယောက်ပဲလေ။ ငါ့ဂုဏ်သတင်းက

အဲ့လောက်ကျော်ကြားနေတာ ဒီလူကဘယ်လိုလုပ်ပြီး ငါ့ကိုမသိရတာလဲ။

‘‘ငါမသိဘူး’’ ရန်ကိုင်ကခေါင်းခါလိုက်သည်။

သူလိမ်နေတဲ့ပုံမပေါ်တော့ ဟူကျောင်းအာကသူ့ကိုယုံကြည်ရုံပဲ တတ်နိုင်လေသည်။ သူမက

ရန်ကိုင်၏နေ့စဉ်ဘဝအကြောင်းကို မသိပေ။ လွန်ခဲ့နှစ်အတောအတွင် ရန်ကိုင်က

ပြင်ပကမ္ဘာကြီးနဲ့ ကင်းကွာနေခဲ့ပြီး ဘယ်တစ်ဦးတစ်ယောက်နဲ့မှ မပေါင်းသင်းခဲ့ပေ။

‘‘နင့်ဒီနေ့ငါ့ကိုလာရှာတာ ဘာလုပ်ဖို့လဲ’’ ဟူမေးအာက ရန်ကိုင်ကိုကြည့်ပြီးမေးလိုက်သည်။

အဲ့တော့မှ ရန်ကိုင်က သူ့လာရင်းရည်ရွယ်ချက်ကိုသတိရပြီး ပြောလိုက်သည်။ ဟူမေးအာက သူမအစ်မကို ကြည့်လိုက်ပြီး ခွင့်ပြုချက်တောင်းလိုက်သည်။ ဟူကျောင်းအာက သူမလက်ကို

ဝှေ့ရမ်းလိုက်ပြီး ပြောလိုက်သည်။‘‘သွား၊ ဒါပေမယ့်မိုင်းတွင်းထဲမှာ ပြဿနာတော့ မရှာနဲ့နော်’’

‘‘ကျေးဇူးပါပဲ မိန်းကလေး’’ ရန်ကိုင်ကအခုမှပဲ သက်ပြင်းချနိုင်တော့သည်။

‘‘သွားကြစို့၊ မိုင်းတူးတဲ့နေရာက ဒီကနေသိပ်မဝေးဘူး’’ ဟူမေးအာက စိတ်ကောင်းဝင်နေပြီး ရှေ့ကဦးဆောင်သွားရင်း သူမမျက်နှာက ပန်းရောင်သမ်းနေခဲ့လေသည်။ ဟူမေးအာနဲ့ ရန်ကိုင်တို့

ထွက်သွားတာနဲ့ ဟူကျောင်းအာက မတ်တပ်ရပ်လိုက်ပြီး သူမတင်ပါးကိုပွတ်သပ်ကြည့်လိုက်သည်။

ထို့နောက်သူမရေရွတ်လိုက်သည် ‘‘ဘယ်လိုလုပ်ပြီးတစ်ဖက်ကြီးတစ်ဖက်သေးဖြစ်ရမှာလဲ။

အတူူတူပါပဲ။ အဲ့သေနာကောင်က မဟုတ်တာတွေ ပြောနေတာပဲဖြစ်ရမယ်။ မုန်းဖို့ကောင်းလိုက်တာ’’

Martial Peak

အပိုငျး (၅၉) မိုင်းတွင်း

လေနက်ကုန်သွယ်ရေးနေရာကို ဖြတ်ကျော်ပြီးနောက် ဟူမေးအာ၏ လမ်ပြမှုနဲ့အတူသူတို့နှစ်ယောက်က လေနက်တောအုပ်ကို တောင်ဘက်ကိုဦးတည်လမ်းလျှောက်နေခဲ့သည်။

ဟူမေးအာက အလွန်ပျော်ရွှင်နေပုံရပြီး သူမ၏ဆွဲမက်ဖွယ်ကောင်းတဲ့ မျက်လုံးလေးထဲတွင်

ပျော်ရွှင်မှုတစ်စွန်းတစ်စကို မြင်တွေ့နေခဲ့ရပြီး သူမ၏ပါးနုနုလေးကလည်းပန်းရောင်သန်းနေလေသည်။

‘‘ဟိုတစ်နေ့ကကိစ္စကို ငါတောင်ပန်းပါတယ်’’ ရန်ကိုင်ကရုတ်တရက်တောင်းပန်လိုက်သည်။

ထိုနေ့ကသူ့အပြုအမူက အလွန်အထက်စီးဆန်နေခဲ့ပြီး အခုအချိန်မှာတော့ သူကသူမအကူအညီကို

တောင်းခံနေရလေသည်။ သူ့ကိုယ်သူမျက်နှာနှစ်ဖက်နဲ့လူလို့ခံစားလိုက်ရသည်။

ဟူမေးအာက သူမနှုတ်ခမ်းလေးကိုကွေးလိုက်ပြီး ပြုံးကာ‘‘ ဘာမှမဖြစ်ပါဘူး။ ပြီးတော့

နင်ငါ့ကိုဆဲဆိုခဲ့တာလည်း မဟုတ်ဘူးလေ။ ဒီနှစ်အတောအတွင်း ငါအဲ့ထက်ပိုပြီးဆိုးရွာတဲ့စကားတွေတောင်ကြားခဲ့သေးတာပဲ။ ငါနေသားကျနေပါပြီ’’

‘‘နင်ငါ့ကိုမမုန်းဘူးလား’’ ရန်ကိုင်ကတအံ့တသြမေးလိုက်သည်။

‘‘ဘာလို့မုန်းရမှာလဲ’’ ဟူမေးအာက ပြုံးလိုက်ပြီး ရုတ်တရက်ပြောလိုက်သည်‘‘တကယ်တမ်းတော့

ငါ့နင့်ကိုအရမ်းကြီးတော့မဟုတ်ပေမယ့် မုန်းတာတော့မုန်းတယ်။ ဒါပေမယ့်…….နင့်ရဲ့အပြုအမူတစ်ခုက ငါ့နင့်ကိုမုန်းလို့မရအောင် လုပ်ခဲ့တယ်’’

‘‘ဘယ်အပြုအမူလဲ’’

‘‘ဟဲဟဲ၊ ချန်ရှောင်ဖုန်းနဲ့ နူတောင်းတို့ပေါ်လာတဲ့နေ့တုန်းကလေ နင်ငါ့ရှေ့မှာကာရပ်လိုက်တာကို မှတ်မိတယ်မလား။ အဲ့အပြုအမူက နင်သတိမမူပဲ လုပ်လိုက်တဲ့အပြုအမူဖြစ်ပေမယ့် ငါ့ဘဝတစ်လျှောက်လုံး တစ်စုံတစ်ယောက်က ငါ့ကိုရိုးရိုးသားသား

ကာကွယ်ပေးခဲ့တဲ့ ပထမဆုံးအကြိမ်ပဲ’’

‘‘ငါအဲ့ဒါကို မမှတ်မိဘူး။ ဒါပေမယ့် နင်တော်တော်ခံစားခဲ့ရမှာပဲ’’ ရန်ကိုင်သက်ပြင်းချလိုက်သည်။

ပြီးပြည့်စုံတဲ့ မိန်းမကောင်းလေးတစ်ယောက်က သူမဂိုဏ်းအတွက် အရည်အချင်းရှိတဲ့တပည့်တွေကိုရှာဖွေပေးဖို့ သူမဂုဏ်သတင်းကိုတောင် ရည်ရွယ်ချက်ရှိရှိနဲ့ ညစ်နွမ်းအောင်

လုပ်ခဲ့တယ်။ ဒီနည်းလမ်းကကောင်းပေမယ့်လည်းပဲ နိမ့်ကျပေသည်။

‘‘ခစ်ခစ်…’’ ဟူမေးအာက ပြုံးလိုက်ပြီး‘‘အရမ်းကြီးလည်းမခက်ခဲပါဘူး။ လိမ်ညာလှည့်စားပြီး

သရုပ်ဆောင်တာက မိန်းမတွေရဲ့အထူးစွမ်းရည်မှန်း နင်မသိဘူးလား’’

‘‘ဟဲဟဲ၊ ငါမိန်းမတွေနဲ့ ဘယ်တုန်းကမှထိတွေ့မဆက်ဆံခဲ့ဖူးဘူး’’

‘‘တကယ်လား’’ ဟူမေးအာ၏မျက်လုံးကလေးတွေက တောက်ပသွားခဲ့သည်။

‘‘အင်း၊ ဒါကြောင့်ပဲ အစောပိုင်းတုန်းက ငါနင့်တို့ညီအစ်မနှစ်ယောက်ရဲ့ အရူးလုပ်ကစားတာကို

ခံလိုက်ရတာ’’ ရန်ကိုင်ကအလေးအနက်ပြောလိုက်သည်။ ဟူမေးအာ၏မျက်လုံးလေးထဲတွင်

ဒေါသအရိပ်အယောင် ဖြတ်ပြေးသွားခဲ့ပြီး ပြောလိုက်သည်‘‘နင်ပြောတာ တော်တော်ဆိုးရွားတယ်။

ဒီမှာငါ့အစ်မမရှိတာ နင့်အတွက်ကံကောင်းသွားတယ်။ အကယ်၍သူသာနင်ပြောတဲ့စကားကိုကြားလိုက်ရင် နင့်ကိုရိုက်နှက်လိမ့်မယ်ဆိုတာငါအာမခံရဲတယ်’’

‘‘နင့်အစ်မလား….’’

‘‘သူမက အစစ်အမှန်ဒြပ်စင်ပထမအဆင့်မှာ’’ ဟူမေးအာက ဂုဏ်ယူဝံ့ကြွားစွာနဲ့ပြောလိုက်သည်။

‘‘သန်မာလိုက်တာ’’ သူချီးကျူးပြောဆိုလိုက်သည်။

စုယန်က အစစ်အမှန်ဒြပ်စင်အဆင့်၃မှာရောက်နေပြီး ဟူမေးအာ၏အမထက် နည်းနည်းပိုသန်မာလေသည်။

ဒါပေမယ့် ဒါကလည်းအများကြီးကွာခြားတာမဟုတ်ပေ။ ဟူမေးအာက သူမအစ်မအကြောင်း

ပြောလိုက်တာနဲ့ ရန်ကိုင်ပြောခဲ့တဲ့စကားတွေကို ပြန်သတိရလိုက်ပြီး ရယ်ပါတော့သည်။ သူမရယ်မောနေချိန်အတွင် အသက်တောင်မရှုနိုင်ခဲ့ပေ။

ရန်ကိုင်က တိတ်ဆိတ်စွာနဲ့ သူမအသက်ပြန်ရှုမယ့်အချိန်ကိုစောင့်စားနေလိုက်သည်။

အချိန်အတော်ကြာအောင် ရယ်ပြီးနောက် ဟူမေးအာကသူ့ကိုလှည့်ပြီး အပြုံးကြီးပြုံးရင်း

ပြောလိုက်သည် ‘‘နင်တော်တော်ရဲတင်းတာပဲနော်။ ငါ့အစ်မကို အဲ့လိုပြောရဲတဲ့လူမျိုး ငါတစ်ခါမှ

မတွေ့ဖူးသေးဘူး။ သူမရဲ့အဲ့နေရာက ….တကယ်ပဲ တစ်ဖက်ကြီးပြီး တစ်ဖက်သေးနေတာလား’’

‘‘အဲ့ဒါကသူမဝတ်ထားတဲ့အဝတ်အစာကြောင့်လည်း ဖြစ်နိုင်တာပဲ။ ဒါကြောင့် သူမကို

အဲ့ကိစ္စကိုစိတ်ပူစရာမလိုဘူးလို့ နင်ပြန်တွေ့ရင်ပြောလိုက်ပါဦး’’ ရန်ကိုင်က ရယ်ရင်းပြောလိုက်သည်။

‘‘အဲ့ဒါဆိုရင် ငါ့ဟာကောဘယ်လိုလဲ။ တကယ်ပဲအချိုးကျတာလား’’ သူမမျက်နှာကနီရဲနေပြီးရှက်ရွံ့စွာမေးလိုက်သည်။

‘‘အချိုးကျရုံတင်မကဘူး။ နင့်တင်ပါးတွေက ချောမွတ်ပြီး လုံးနေတာပဲ’’ ရန်ကိုင်ကခေါင်းညိတ်လိုက်ပြီး ‘‘နင့်ကိုယ်လုံးကိုယ်ပေါက်က တကယ်ကိုပြီးပြည့်စုံတယ်။ ဒါကြောင့်

နင့်ကိုယ်နင်သိမ်ငယ်နေစရာမလိုပါဘူး’’ တစ်ခဏတာတိတ်ဆိတ်သွားခဲ့ပြီး

ထိုစကားလုံးတွေကသူမအတွက် လက်ခံနိုင်ဖို့ခဲယဉ်းလေသည်။ ထိုပွင့်လင်းပြီး မရည်ရွယ်ပဲပြောလိုက်တဲ့ချီး ကျူးစကားတွေက သူမကြားခဲ့ဖူးသမျှ စကားတွေအားလုံးထဲမှာမှ

အချိုသာဆုံး စကားတွေပဲ ဖြစ်လေသည်။

အဲ့အချိန်မှာ သူမစိတ်ထဲမှာတော့ ပျော်ရွှင်နေခဲ့သည်။ ‘‘ငါတို့ရောက်ဖို့ ဘယ်လောက်လိုသေးလဲ’’

ရန်ကိုင်ကခေါင်းစဉ်ပြောင်းလိုက်ပြီး မေးလိုက်သည်။ ‘‘နောက်ထပ်တစ်နာရီလောက်

လျှောက်ရဦးမယ်။ အဲ့နေရာက လေနက်တောအုပ်အစိတ်အပိုင်း တစ်ခု ဆိုပေမယ့် တောအုပ်အတွင်းပိုင်းနဲ့ ပိုနီးတယ်’’ ဟူမေးအာက ရှင်းပြလိုက်သည် ‘‘လွန်ခဲ့တဲ့နှစ်အနည်းငယ်က ငါတို့အဲ့နေရာမှာ အကြောတစ်ခုရှာတွေ့ခဲ့တယ်။ အဲ့အချိန်ကစပြီး

ငါတို့အဲ့နေရာကနေ သတ္တုရိုင်းတွေ ထုတ်ယူနေခဲ့တာ။ ဒါပေမယ့် သတ္တုရိုင်းတွေကနည်းနည်းထူးဆန်းနေခဲ့တယ်’’

‘‘ဘယ်လိုထူးဆန်းတာလဲ’’ ရန်ကိုင်မေးလိုက်သည်။

‘‘အဲ့မှာကျောက်တုံးနှစ်မျိုးနှစ်စားပဲရှိတယ်။ တစ်မျိုးကနင်ဝယ်ခဲ့တဲ့ယန်ကျောက်တုံးဖြစ်ပြီးတော့

နောက်တစ်မျိုးက ယင်ကျောက်တုံးဖြစ်တယ်။ ဒါပေမယ့် ဒါကထူးဆန်းတာမဟုတ်သေးဘူး။

ထူးဆန်းတာက အဲ့ကျောက်တုံးတွေက တစ်ခုနဲ့တစ်ခုအပြန်အလှန်ဖိနှိပ်နေကြတာပဲ။

ပြီးတော့ အဲ့ကျောက်တုံးတွေကို အတူတူတွေ့ရတာက တော်တော်လေး ဆန်းကြယ်တယ်’’

‘‘ဒါကတကယ်ပဲထူးဆန်းတယ်’’ ရန်ကိုင်ကထိုမိုင်းတွင်အကြောင်းနည်းနည်းစိတ်ဝင်စားလာခဲ့တယ်။

ယန်ကျောက်တုံးတွင် ယန်စွမ်းအင်တွေ ပါဝင်နေပြီးယင်ကျောက်တုံးမှာတော့ ယင်စွမ်းအင်တွေ

ပါဝင်နေခဲ့သည်။ ထို့ပြင် ယင်နဲ့ယန်ကဆန့်ကျင်ဘက်တွေဖြစ်ပြီး သာမန်အခြေအနေမှာဆိုရင်

ထိုစွမ်းအင်နှစ်မျိုးကို အတူတူတွေ့ဖို့မဖြစ်နိုင်ပေ။

‘‘ဂိုဏ်းကအကြီးအကဲတွေတောင် မိုင်းတွင်းသွေးကြောနဲ့ပက်သက်ပြီးတစ်ခုခုမှားယွင်းနေတယ်လို့

ခံစားမိနေပေမယ့် နှစ်တွေအများကြီး စူးစမ်းလေ့လာခဲ့တာတောင် ပုံမှန်မဟုတ်တာဘာမှမတွေ့ခဲ့ဘူး။ဒါပေမယ့်လည်း မိုင်းတွင်းကနေငါ့တို့ငွေအများကြီးရှာနိုင်ခဲ့တယ်’’ ဟူမေးအာက

ရန်ကိုင်ကိုအပြင်လူတစ်ယောက်လို့ မသတ်မှတ်ထားပဲ သူမတွေးမိတဲ့အကြောင်းအရာမှန်သမျှကို

ပြောပြေနေခဲ့သည်။

‘‘ဒါကနင်တို့သွေးတိုက်ပွဲဂိုဏ်းရဲ့ ကံကောင်းမှုပဲ’’ ရန်ကိုင်ရယ်လိုက်သည်။

ဟူမေးအာက အင်းလို့သာပြန်ဖြေလိုက်ပြီး တိတ်ဆိတ်သွားခဲ့လေသည်။ ထို့နောက်သူမ

ရုတ်တရက်မေးလိုက်သည်‘‘ နင့်ဒီနေ့ငါ့ကိုအဲ့မှာလာရှာတာ တကယ်ကိုတိုက်ဆိုင်သွားတာ။

နောက်ပိုင်မှသာငါ့ကိုလာရှာရင် နင့်ငါ့ကိုရှာလို့တွေ့မှာမဟုတ်တော့ဘူး။ ဒါကြောင့်

နင်ကံကောင်းတယ်လို့ပြောရမှာပေါ့’’

‘‘နင်ဘယ်သွားဖို့လဲ’’ ရန်ကိုင်က သူမစကားလုံးနောက်ကွယ်က အဓိပ္ပါယ်ကို နားလည်လိုက်သည်။

‘‘ငါဘယ်နေရာကိုမှ သွားမှမဟုတ်ဘူး’’ ဟူမေးအာက ခေါင်းခါပြီး ရှင်းပြလိုက်သည်

‘‘နောက်ဆုံးအကြိမ်တုန်းက ငါ့ကိုနင်ပြောခဲ့တဲ့စကားတွေကြောင့် ရုတ်တရက်ငါရဲ့အပြုအမူတွေက မှားယွင်းနေတယ်လို့ခံစားလိုက်ရတယ်။ အဲ့လိုလက်သီးလက်ပုန်းထိုးတဲ့နည်းလမ်းတွေနဲ့ဆိုရင် အရည်အချင်းရှိတဲ့လူတွေက သွေးတိုက်ပွဲဂိုဏ်း ဂရုစိုက်မှာမဟုတ်ပဲ

ငါ့ကိုပဲအာရုံစိုက်ကြမှာ။ သူတို့လိုချင်တာကိုငါမပေးနိုင်တဲ့အတွက် သူတို့တွေကဂိုဏ်းအတွက်အကောင်းဆုံးကြိုးစားပေးမှာမဟုတ်ဘူး။ ဒါကြောင့်ငါကိုယ်ငါပိုသန်မာလာစေဖို့

တံခါးပိတ်လေ့ကျင့်ဖို့ဆုံးဖြတ်လိုက်တာ။ အဲ့လိုမှပဲ ငါအဖေရဲ့တာဝန်တွေကို ငါ့အစ်မကြီးလို

လွှဲပြောင်းတာဝန်ယူနိုင်မှာ’’

‘‘ဒီလိုမျိုးတွေးနိုင်တာ နင့်အတွက်ကောင်းတယ်’’ ရန်ကိုင်ကသဘောတူလက်ခံတဲ့ပုံစံနဲ့


အစကနေအဆုံးထိ ရန်ကိုင်မျက်နှာအမူအရာ တစ်ချက်တောင်ပြောင်းမသွားခဲ့ပေ။ သူမ၏

စကားလုံးတွေက သူ့စိတ်ကိုဂယက်ထအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။

သူမနှလုံးသာလေး နာကငြျသှားခဲ့ပွီး စျိတျညစျသှားခဲ့သညျ။ ဒါကွောငျ့သူမစကားတစ်ခွန်းမှမပြောတော့ပဲ ရှေ့ကနေပဲဦးဆောင်ပြီး လမ်းလျှောက်သွားလေသည်။သူမကစကားမပြောသလို ရန်ကိုင်ကလည်းပြောစရာစကားမရှိတော့တဲ့အတွက်


ကြားနေရလေသည်။ တစ်နာရီလောက်ကြာအောင် လမ်းလျှောက်ပြီးနောက်

သူတို့သွေးတိုက်ပွဲဂိုဏ်း၏ မိုင်းတူးတဲ့နေရာကို ရောက်လာခဲ့ကြသည်။

ထိုမိုင်းတွင်းက လေနက်တောအုပ်၏ အတွင်းပိုင်မှာရှိနေတာဖြစ်သည်။ မိုင်းတွင်းနေရာပတ်လည်က

လီနှစ်ဆယ်လောက်ကျယ်ပြီး ပတ်ပတ်လည်မှာလည်း တပည့်တွေနားဖို့ သစ်သားအိမ်လေးတွေ

ဆောက်ထားပေးလေသည်။ သတ္တုသွေးကြောက မြေအောက်ထဲမှာရှိတဲ့အတွက် ရန်ကိုင်တို့

နှစ်ယောက်ရောက်လာတဲ့အချိန်မှာ အပေါက်တွေကလွဲလို့ လူတစ်ယောက်မှ မတွေ့ရပေ။

သူ့ဝမ်းဗိုက်မှာရှိနေတဲ့ မူလယန်ကနေ ပေတစ်ရာပတ်လည်းအတွင်မှာရှိနေတဲ့

ယန်စွမ်းအင်ဖျော့ဖျော့လေးကို ခံစားမိလိုက်သည်။ သူခွန်အားတိုးလာတာနဲ့ သူအာရုံခံနိုင်တဲ့

နေရာလည်းကျယ်ပြန့်လာခဲ့ပေမယ့် အများကြီးတော့ မတိုးလာခဲ့ပေ။

သူတို့နှစ်ယောက် ရောက်လာတာကို သွေးတိုက်ပွဲဂိုဏ်း၏တပည့်တစ်ယောက်က

သတိပြုမိလိုက်သည်။ ထို့နောက် လူတစ်ယောက်က ကောင်းကင်ပေါ်ကနေ

ရန်ကိုင်နဲ့ဟူမေးအာရှေ့ရောက်လာပြီး လက်သီးဆုပ်ကာ ပြောလိုက်သည်

‘‘သခင်မလေး’’

‘‘အဖိုးလုံ’’ ဟူမေးအာက ရင်းရင်းနှီးနှီးခေါ်လိုက်ပြီး ရန်ကိုင်လက်ဆွဲကာ

နှုတ်ဆက်ပေးလိုက်သည်‘‘ဒါကငါတို့ဂိုဏ်းရဲ့ လက်ထောက်ခေါင်းဆောင် အဖိုးလုံကျိုင်းရှန်ပဲ’’

ရန်ကိုင်ကချက်ချင်းပဲလေးစားဂါဝရပြုလိုက်သည်‘‘စီနီယာလုံကို နှုတ်ဆက်ပါတယ်’’

လုံကျိုင်းရှန်က ရန်ကိုင်ကိုအထင်တသေးကြည့်လိုက်ပြီး လျစ်လျူရှုထားလိုက်သည်။

သူက အင်မော်တယ်တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ရုံမက

သွေးတိုက်ပွဲဂိုဏ်း၏ လက်ထောက်ခေါင်းဆောင်လည်းဖြစ်ပေသည်။ သူလိုလူတစ်ယောက်က

ရန်ကိုလိုလူတစ်ယောက်ကို မျက်နှာသာပေးဖို့မလိုပေ။

အထူးသဖြင့် မိန်းမတစ်ယောက်အပေါ်မှာ အားကိုးနေတဲ့ လူတစ်ယောက်ကို လုံကျိုင်းရှန်က

စက်ဆုပ်အထင်အမြင်သေးလေသည်။ ထို့နောက် သူကသူမကိုကြင်နာစွာမေးလိုက်သည်

‘‘ဒီလိုညစ်ပတ်ပြီး ပူလောင်တဲ့နေရာက နင်လာသင့်တဲ့နေရာမဟုတ်ဘူး။ မြန်မြန်ပြန်တော့။

တော်ကြာနင့်အဖေသိသွားရင် ငါ့ကိုဆူပူကြိမ်းမောင်းနေဦးမယ်’’

‘‘အဲ့လိုဖြစ်မှမဟုတ်ဘူး။ ပါးပါးက ဂိုဏ်းမှတတိယအားအကြီးဆုံးလူဖြစ်တဲ့ အဖိုးလုံးလို

လူမျိုးကိုဘယ်လိုလုပ်ပြီးဆူရဲမှာလဲ။သူက တကယ်တော့အဖိုးလုံကိုလေးစားနေခဲ့တာ’’

ဟူမေးအာက ဆိုးသွမ်းတဲ့ကလေးလေးတစ်ယောက်လို ပြုမူနေခဲ့ပြီး ထိုအရာကိုလုံကျိုင်းရှန်းကို ပျော်ရွှင်သွားစေခဲ့သည်။

‘‘အဖိုးလုံ၊ ငါ့သူငယ်ချင်းက မိုင်းတွင်းထဲကတပည့်အချိုကဆီကနေ ဝယ်ချင်တာလေးရှိလို့ငါတို့ကိုမိုင်းတွင်းထဲကိုဝင်ခွင့်ပြုပါလား’’ ဟူမေးအာက မေးလိုက်သည်။

Martial Peak

အပိုင်း (၆၀) စီနီယာလိုက်ပို့ပေးဖို့မလိုပါဘူး

‘‘မိုင်းတွင်းထဲကိုသွားဖို့လား’’ လုံကျိုင်းရှန်၏မျက်နှာမဲမှောင်သွားပြီး ရန်ကိုင်ကိုသေချာကြည့်လိုက်ပြီး

မေးလိုက်သည်‘‘သူကငါတို့ဂိုဏ်းကမဟုတ်ဘူးမလား’’ ရန်ကိုင်ကရှေ့တိုးလိုက်ပြီး လေးလေးစားစားပြောဆို

နှုတ်ဆက်လိုက်သည် ‘‘ဒီဂျူနီယာက ကောင်းကင်စံအိမ်ကတပည့်တစ်ယောက်ပါ’’

‘‘ဂိုဏ်းကမဟုတ်တဲ့တပည့်တွေကို မိုင်းတွင်းထဲကိုဝင်ခွင့်မပြုထားဘူး’’ လုံကျိုင်းရှန်က ရန်ကိုင်ကို

စူးစူးဝါးဝါးကြည့်လိုက်ရင်းပြောလိုက်သည်။ ထို့နောက်လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။

သူမကျေနပ်တာ အသိသာကြီးပင်ဖြစ်သည်။ သူ့လေသံအရ ရန်ကိုင်ကို အလွန်စက်ဆုပ်ရွံ့ရှာ

နေတယ်ဆိုတာ သိသာလေသည် ‘‘ဂိုဏ်းကတပည့်တွေတောင် သူ့တို့ဝင်ချင်တိုင်း ဝင်လို့မရတာ၊

မင်းလိုအပြင်လူတစ်ယောက်ဆိုရင်တော့ ပြောနေစရာတောင် မလိုဘူး’’

သူပြောပြီးတာနဲ့ ဟူမေးအာကိုကြည့်လိုက်ပြီး သူ့မျက်နှာမှာ နာကျင်မှုအပြည့်နဲ့ ပြောလိုက်သည်

‘‘သခင်မလေးရယ်၊ ဒီနေရာကိုဘယ်လိုလုပ်ပြီး အပြင်လူတစ်ယောက်ကို ခေါ်လာရတာလဲ။

သခင်မလေးက ငယ်သေးတော့ လူတွေအကြောင်းကောင်းကောင်းမသိသေးဘူး။

သခင်မလေး၊ လူတစ်ယောက်ကို အချိန်အကြာကြီး သိကောင်းသိနေပေမယ့် သူ့ရဲ့တကယ့်

စိတ်ရင်းအမှန်ကိုတော့ သိမှာမဟုတ်ဘူး။ ဒီနှစ်အတောအတွင်း ဒီမိုင်းတွေကနေငါတို့ပိုက်ဆံအများကြီးရှာနိုင်ခဲ့တော့ အခြားအင်အားစုတွေကို ငါတို့ကိုမျက်လုံး

တောက်ထောက်ကြည့်နေကြတာ။ ဒီလူအိုကြီးသာ မိုင်းတွင်းကိုတစ်နှစ်ပတ်လုံး

စောင့်ရှောက်မနေခဲ့ဘူးဆိုရင် ဘယ်လောက်ပရမ်းပတာ ဖြစ်လာမလဲဆိုတာသခင်မလေး ခန့်မှန်းကြည့်နိုင်ပါတယ်’’

ရန်ကိုင်ကအတွေးထဲမှာ နစ်မြောသွားခဲ့ပြီး ဒီလူအိုကြီးက သူကိုသူလျှိုတစ်ယောက်လို့

သံသယဝင်နေတဲ့ပုံပင်။ ဘယ်သူမဆို ဒီလိုပြောခံရတာကိုကြိုက်လိမ့်မည်မဟုတ်ပေ။

ဟူမေးအာက ရန်ကိုင်စိတ်ညစ်နေတာကိုသိလိုက်ပြီး အလောတကြီးပြောလိုက်သည်‘‘အဖိုးလုံ၊

နင်းနားလည်မှုလွဲနေတာပဲ။ သူဒီကိုစုံစမ်းဖို့လာတာမဟုတ်ပါဘူး။ သူတစ်ခုခုဝယ်ချင်လို့လာခဲ့တာ’’ လုံကျိုင်းရှင်က လှောင်ပြောင်ရယ်မောလိုက်သည် ‘‘တစ်ခုခုဝယ်ဖို့လား။

မင်းဒီနေရာကိုလာတာက တစ်ခုခုဝယ်ဖို့အတွက်ပေါ့၊ ဟုတ်လား။ ဒီအကြောင်းပြချက်ကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်။ ကောင်စုတ်လေး၊ မင်းရဲ့ရည်ရွယ်ချက်ကိုငါမသိပေမယ့် အခုချက်ချင်းဒီအကြီးအကဲရှေ့က ထွက်သွားစမ်း။ မင်းဒီကိုနောက်တစ်ကြိမ်လာရဲရင် ငါမင်းကိုသတ်ရဲလား၊ မသတ်ရဲဘူးလားကြည့်ရတာပေါ့’’

ရန်ကိုင်ကဒေါသထွက်လာခဲ့ပြီး ဒီရုတ်ရင့်ကြမ်းတမ်တဲ့ စီနီယာကအရမ်းကို မောက်မာလွန်းပေသည်။

သူမကျေနပ်ပေမယ့်လည်း သူတို့နှစ်ယောက်ကြား ခွန်အားကွာခြားချက်က အရမ်းကို

ကြီးမားလွန်းတဲ့အတွက် သူတို့နှစ်ယောက်သာ တိုက်ခိုက်ခဲ့ရင် သူအသက်တစ်ခါရှုစာတောင်

မခံနိုင်မှာကို ကြောက်မိလေသည်။

သူ့ဒေါသကိုဖိနှိပ်ထားလိုက်ပြီး ရန်ကိုင်စကားတစ်လုံးမှ မပြောတော့ပေ။ သူပြောခဲ့ရင်လည်း

သူ့အတွက် ဘာအကျိုးမှရှိလိမ့်မည်မဟုတ်ပေ။ ‘‘ငကြောက်’’ လုံကျိုင်းရှန်က ရန်ကိုင်၏

အပြုအမူကိုတွေ့လိုက်တာနဲ့ သူ့ကိုပိုပြီးစက်ဆုပ်အထင်အမြင်သေးသွားခဲ့သည်။

ရန်ကိုင်က မထိန်းချုပ်နိုင်တော့ပဲ သူ့ကိုယ်တွင်းချီတွေကို လှည့်ပတ်လိုက်ပြီး

လုံကျိုင်းရှန်ကို စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။

ရန်ကိုင်ချီပြောင်းလဲမှုကို အာရုံခံလိုက်မိတာနဲ့ လုံကျိုင်းရှန်က ဒေါသတကြီးပြောလိုက်သည်

‘‘မောက်မာရိုင်းစိုင်းလိုက်တာ။ မင်းကများငါ့ကိုတိုက်ခိုက်ချင်တယ်ပေါ့’’ သူပြောပြီးတာနဲ့

အကြောင်းပြချက်မပေသလို သူ့စီနီယာဆိုတဲ့ဂုဏ်သိက္ခာကိုလည်း မထောက်ရှုတော့ပဲရန်ကိုင်ဆီကို လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်လေသည်။ သူ့ဆီကိုလက်ဝါးရောက်လာတာနဲ့ ရန်ကိုင်လှုပ်မရတော့ပေ။ သူကြောက်လို့လှုပ်မရတော့တာ

မဟုတ်ပဲ လုံကျိုင်းရှန်က သူ့ကိုလှုပ်မရအောင် လုပ်ထားသောကြောင့်ဖြစ်လေသည်။

ရန်ကိုင်မျက်နှာအပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး ဒီသက်ကြားအိုကြီးက ဒီလောက်

အရှက်မဲ့လိမ့်မယ်လို့ သူတစ်ခါမှထင်မထားခဲ့ပေ။ သူ့အပေါ်ထားတဲ့ လုံကျိုင်းရှန်၏သဘောထားကို သူသိနေခဲ့ပြီး သူ့ကိုမြင်တာနဲ့ အရမ်းမုန်းတီးနေပြီး ဘာလို့အဲ့လောက် သတ်ချင်စိတ်ပြင်းပြနေလဲဆိုတာကိုတော့ သူမသိပေ။ သေခြင်းတရားကသူ့ဆီကိုနီးကပ်လာတာနဲ့အမျှ အင်မော်တယ်တက်လှမ်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်

တိုက်ခိုက်မှုနောက်မှာလိုက်ပါလာတဲ့ ဖိအားက ရန်ကိုင်စိတ်နှလုံးကို အေးခဲသွားစေခဲ့သည်။

သူ့အသက်ရှုသံနှေးကွေးလာခဲ့ပြီး အဲ့အချိန်မှာ သူ့ခန္ဓာကိုယ်က အသက်ရှင်သန်လိုစိတ်ပြင်းပြလာခဲ့သည်။

ရုတ်တရက်သူ့အရိုးတွေထဲကနေ နွေးထွေးတဲ့ခံစားချက်တစ်ခုက ထွက်ပေါ်လာခဲ့ပြီးသူ့ခန္ဓာကိုတစ်လျှောက် လျင်မြန်စွာပျံ့နှံ့သွားလေသည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကို

လှုပ်မရအောင် ထိန်းချုပ်ထားတဲ့ စွမ်းအာတွေ အကုန်လုံးပျက်ပြယ်သွားတာကိုခံစားလိုက်ရသည်။ သူ့ခွန်အားအကုန်သုံးကို ဘေးဘက်ကိုအလောတကြီး

ရှောင်တိမ်းလိုက်လေသည်။

လုံကျိုင်းရှန်က သူသာမန်ကာလျှံကာ ရိုက်လိုက်တဲ့လက်ဝါးကို ကောင်းကင်စံအိမ်တပည့်ကရှောင်တိမ်းသွားနိုင်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။

ဒါဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။ လုံကျိုင်းရှန်က မျက်မှောင်ကြုံ့လိုက်သည်။

အင်မော်တယ်တက်လှမ်းခြင်းအဆင့်တစ်ယောက် အသုံးပြုလိုက်တဲ့ ချုပ်နှောင်တဲ့နည်းစနစ်ကိုလူငယ်လေးတစ်ယောက်က ဘယ်လိုလုပ်ပြီး ဖျက်စီးသွားနိုင်တာလဲ။ လုံကျိုင်းရှန်က ဒီလို

ဖြစ်မယ်လို့မမျှော်လင့်ထားတဲ့အတွက် သာမန်ကာလျှံကာသာ ရိုက်ချလိုက်ခြင်းဖြစ်လေသည်။

လုံကျိုင်းရှန်၏ တိုက်ခိုက်မှုက ရန်ကိုင်ကို မထိခိုက်သွားစေခဲ့သော်လည်း ကျဉ်းထဲကြပ်ထဲ

ရောက်သွားစေခဲ့သည်။ သူ့မျက်နှာက ဖြူလျော်နေခဲ့ပြီး သူ့တစ်ကိုယ်လုံးလည်းချွေးတွေနဲ့စိုရွဲနေခဲ့ကာ နေရာမှာတည်ငြိမ်အောင်ရပ်နေရင် လုံကျိုင်းရှန်ကို ကြည့်လိုက်သည်။

သူ့အကြည့်က အလွန်အမင်းအေးစက်မှုနဲ့ ပြည့်နေလေသည်။

အစတုန်းကတော့ သူ့အပေါ်ထားတဲ့ လုံကျိုင်းရှန်၏သဘောထားကို စိတ်ပျက်တာပဲဖြစ်ပေမယ့် အခုအချိန်မှတော့ ထိုသက်ကြားအိုကြီးကို ဒေါသထွက်သွားတာပဲဖြစ်လေသည်။

ထိုသက်ကြာအိုကြီးက ပုရွက်ဆိတ်တစ်ကောင်နဲ့ ဆော့နေသလိုမျိုး သူ့ရည်ရွယ်ချက်ကိုတောင်ဖုံးကွယ်မထားတော့ပဲ ရန်ကိုင်ကိုသတ်ဖို့ကြိုးစားခဲ့လေသည်။ လုံကျိုင်းရှန်လည်း ထိုအချက်ကိုသိထားသော်လည်း သူချုပ်နှောင်ထားတာကနေ ရန်ကိုင်ဘယ်လိုလွတ်မြောက်သွားလဲဆိုတာ သူမသိပေ။

ဒါပေမယ့် သူရန်ကိုင်ကိုသတ်ချင်နေမှတော့ သူ့လက်ဝါးရိုက်ချက်က ဘယ်လိုလုပ်ပြီးမပြင်းထန်ပဲနေမလဲ။ သူတစ်ချက်ရိုက်ပြီးတာနဲ့နောက်တစ်ချက်ရိုက်ဖို့လုပ်လိုက်လေသည်။

အခုအချိန်မှပဲ ဟူမေးအာက အသိပြန်ဝင်လာခဲ့ပြီး ရန်ကိုင်ရှေ့ကိုပြေးသွားပြီးလုံကျိုင်းရှန်ကို စူးစူးဝါးဝါးကြည့်ရင်း ပြောလိုက်သည်‘‘အဖိုးလုံ၊ သူကငါ့သူငယ်ချင်းနော်။

နင်ဘာလုပ်ဖို့ကြိုးစားနေတာလဲ’’

‘‘မိုင်းတွင်းကို ထောက်လှမ်းဖို့လာတဲ့လူမှန်သမျှသေရမယ်လို့ အမိန့်ချမှတ်ထားတယ်။ဒီအမိန့်ကို ဂိုဏ်ခေါင်းဆောင်က ချမှတ်ထားတာ’’ လုံကျိုင်းရှန်က ဟူမေးအာကို

နက်နက်နဲနဲ ကြည့်လိုက်ရင်း အံ့အားသင့်တဲ့အရိပ်အယောင် သူ့မျက်လုံးထဲ ဖြတ်ပြေးသွားလေသည်။

အရင်တုန်းက ဟူမေးအာက ယောက်ျားလေးတွေနဲ့ ပေါင်းသင်းဆက်ဆံတာကိုသူတွေ့ခဲ့ဖူးပေမယ့် ဒီလိုမျိုးသူမအသက်ကို လျစ်လျုရှုပြီးကာကွယ်ပေးတာကိုတော့

တစ်ခါမှမတွေ့ဖူးပေ။ ထိုယောက်ျားလေးတွေရဲ့ သေခြင်းရှင်းခြင်းနဲ့ပက်သက်ပြီး သူမ

လုံးဝဂရုစိုက်လေ့မရှိပေ။ ယောကျာ်းလေး၁၀ယောက်မှာ ၈ယောက်လောက်ကအဆုံးသတ်ကောင်းလေ့မရှိပေ။

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ သူမကအန္တရာယ်ကိုတောင် ဂရုမစိုက်တော့ပဲကောင်းကင်စံအိမ်တပည့်ရှေ့မှာရပ်ပြီး ကာကွယ်ပေးကာ သူ့ကိုမေးခွန်းထုတ်တဲ့

လေသံနဲ့ပြောနေလေသည်။ ဒီလိုမျိုးအရင်တုန်းက တစ်ခါမှမဖြစ်ပျက်ခဲ့ဖူးပေ။

လုံကျိုင်းရှန်းက အဲ့အကြောင်းကိုတွေးရင်း မျက်လုံးမှေးလိုက်ပြီး သူ့၏သတ်ဖြတ်ချင်စိတ်ကပိုပြီး ပြင်းထန်လာခဲ့သည်။

ဟူမေးအာက ရန်ကိုင်ရှေ့မှာရပ်ကာ ရန်ကိုင်ကိုကာကွယ်ပေးရင်း လုံကျိုင်းရှန်ကိုစူးစူးဝါးဝါးကြည့်ပြီးပြောလိုက်သည်

‘‘ ငါကတစ်ခုခုဝယ်ချင်တယ်လို့ပဲပြောတာတလေ။

ထောက်လှမ်းဖို့လာတယ်လို့ပြောနေလို့လား။ အဖိုးလုံက ငါ့စကားတွေကိုနားမလည်တာလား’’

ဟူမေးအာက ရန်ကိုင်ကို ကြောင်မကြီးတစ်ကောင်လို ကာကွယ်ပေးနေတာကိုကြည့်ရင်း

လုံကျိုင်းရှန်လည်းဆက်ပြီး ပြဿနာမရှာတော့ပဲ ပြောလိုက်သည်‘‘မလုပ်ရဲပါဘူး။သခင်မလေးရဲ့ စကားတွေကို ဒီလူအိုကြီးနားလည်ပါတယ်’’

‘‘နားလည်ရင် ဘာလို့ခုလိုလုပ်နေသေးတာလဲ’’

‘‘ဒီအကြီးအကဲက အမှားလုပ်မိတဲ့အတွက် သခင်မလေးကိုတောင်းပန်ပါတယ်’’

သွေးတိုက်ပွဲဂိုဏ်း၊ မုန်တိုင်းစံအိမ်နဲ့ ကောင်းကင်းစံအိမ်တို့က မတူညီကြပေ။ သွေးတိုက်ပွဲဂိုဏ်းက

မိသားစုအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ဟူမိသားစုက ဂိုဏ်းရဲ့ခေါင်းဆောင်ပဲဖြစ်သည်။ဒါကြောင့် လုံကျိုင်းရှန်က လက်ထောက်ခေါင်းဆောင်ဖြစ်သော်လည်း ဟူမေးအာကို

မျက်နှာသာပေးဖို့ လိ်ုအပ်ပေသည်‘‘ ဒီအကြီးအကဲက သခင်မလေးခွင့်လွှတ်မှုကို

တောင်းခံတာက မိုင်းတွင်းကအပြင်လူတွေ ဝင်လို့ရတဲ့နေရာတစ်ခုမဟုတ်လို့ပါ’’

သူပြောပြီးတာနဲ့ ဟူမေးအာကို မကြည့်တော့ပဲ ရန်ကိုင်ကိုကြည့်ကာ အေးစက်စက်နှာခေါင်းရှုံ့လိုက်ပြီး ထွက်သွားလေသည်။

ရန်ကိုင်က အသက်ပြင်းပြင်းရှုလိုက်ပြီး သွေးဆူလာတာကို တည်ငြိမ်အောင်လုပ်လိုက်ပြီး

ပြောလိုက်သည်‘‘စီနီယာငါ့ကိုလိုက်ပို့ပေးစရာမလိုပါဘူး’’

လုံကျိုင်းရှန်းက ရန်ကိုင်လှည့်ကြည့်လိုက်ပြီး သူ့၏သတ်ဖြတ်ချင်စိတ်ကိုဖုံကွယ်ထားပြီး

မျက်လုံးမှေးကာကြည့်လိုက်သည်။

‘‘စီနီယာ၊ အခုအချိန်မှာတော့ ငါမင်းပြိုင်ဘက်မဖြစ်နိုင်သေးဘူး’’ ရန်ကိုင်ကကြောက်ရွံ့ခြင်းအလျင်းကင်မဲ့စွာနဲ့ ဟူမေးအာရှေ့သွားလိုက်ပြီး လုံကျိုင်းရှန်ကို

မျက်နှာချင်းဆိုင်လိုက်သည်‘‘ ဒါကြောင့် ဒီနေ့ကိစ္စကိုငါမှတ်ထားမယ်။ နောက်ထပ်၅နှစ်၊ ၆နှစ်လောက်ကြာရင် ငါဒီအကြွေးကိုလာပြန်ဆပ်မယ်။ အဲ့နေ့အထိ စီနီယာ

အသက်ရှင်နိုင်ဖို့ပဲ မျှော်လင့်တယ်’’

ရန်ကိုင်အိနြေ္ဒမပျက် တည်ငြိမ်စွာပဲ အလေးအနက်ထားပြောလိုက်သည်။

လုံကျိုင်းရှန်၏ မျက်နှာအေးစက်သွားပြီး အကျယ်ကြီးအော်ရယ်လိုက်လေသည်‘‘ ငါအဲ့နေ့အထိ

အသက်ရှင်မရှင် မင်းစိတ်ပူစရာမလိုပါဘူး။ ဒါပေမယ့် မင်းအဲ့နေ့အထိ အသက်မရှင်နိုင်ဘူး

ဆိုတာတော့ ငါ့သေချာတယ်။ ဒါကြောင့်လူငယ်လေး အနာဂတ်မှာ မင်းကိုယ်မင်းဂရုစိုက်သင့်တယ်’’

‘‘ငါဂရုစိုက်နေမှာပါ’’

လုံကျိုင်းရှန်ထွက်သွားပြီနောက်ကို အားနာစွာနဲ့တောင်းပန်လိုက်သည်‘‘ ငါတောင်းပန်ပါတယ်။

ငါတောင်းပန်ပါတယ်။ အဖိုးလုံက ဒီလိုလုပ်မယ်လို့ငါမထင်ထားလို့ပါဟာ….သူအဲ့လိုလုပ်မှန်းသိရင်

အစောပိုင်းကတည်းက ငါနင့်ကိုခေါ်မလာခဲ့ပါဘူး’’

‘‘စိတ်ပူစရာမလိုပါဘူး’’ ရန်ကိုင်ကအသက်ပြင်းပြင်းရှုလိုက်ပြီး ကြောက်မယ်ဖွယ်ကောင်းတဲ့

မြင်ကွင်းကိုပြန်စဉ်းစားရင်း ကြောက်လန့်မိနေခဲ့သည်။ ရွှေရောင်အရိုးခြောက်ကြောင့်သာ

မဟုတ်ရင် သူအစောကြီးကတည်းက သေသွားလောက်ပြီ။ ပွက်ပွက်ဆူပူလောင်တဲ့နွေးထွေးမှုက သူ့ကိုလုံကျိုင်းရှန် ချုပ်လှောင်ထားတာကနေ လွတ်မြောက်အောင်

လုပ်ပေးလိုက်ပြီး သူ့အသက်ကိုကယ်တင်ပေးခဲ့တာပဲဖြစ်လေသည်။

All Chapters