အခန်း (၆၁-၆၅)
Vol. 3 Ch. 61-65
အပိုင်း (၆၁) ငါနင့်ကိုအကြွေးတင်သွားပြီ
လုံကျိုင်းရှန်က သူ့ကိုဘာလို့အဲ့လောက်မုန်းတီနေရတာလဲ။ ရန်ကိုင်က ရှက်ကိုးရှက်ကန်းဖြစ်နေတဲ့
ဟူမေးအာကို တစ်ချက်ကြည့်လိုက်သည်။ အကြောင်းပြချက်ကတော့ ထင်ရှားပါတယ်။ ဒါပေမယ့်
အချို့အရာတွေ မပြောတာပိုကောင်းပေသည်။
ဟူမေးအာက ထက်မြက်သွက်လက်မိန်းကလေး တစ်ယောက်ပီပီ ရန်ကိုင်က သူမကိုတစ်ချက်သာ
ကြည့်လိုက်သော်လည်း ထိုအကြည့်နောက်ကွယ်က အဓိပ္ပါယ်ကို သူမသိနေခဲ့သည်။
‘‘အဖိုးလုံက နင့်ကိုမိုင်းတွင်ထဲ ဝင်ခွင့်ပြုမထားတော့ ငါ့ကလည်းသူ့ကိုကျော်ပြီး လုပ်လို့
မဖြစ်ဘူး။ ဒီလိုဆိုရင်ရောဘယ်လိုလဲ။ ငါနင့်အစားအစေ့တွေကို သွားဝယ်ပေးမယ်။
နင်ဒီနေရာမှာပဲ ငါ့ကိုစောင့်နေ’’ ဟူမေးအာက အကြံပေးလိုက်သည်။
‘‘ကောင်းပြီ’’ ရန်ကိုင်က ဒီနည်းလမ်းတစ်ခုပဲ ရှိတော့တယ်ဆိုတာ သိလိုက်တဲ့အတွက်ချက်ချင်းပဲ သူပိုင်ဆိုင်တဲ့ပစ္စည်းတွေထုတ်ပေးလိုက်ပြီး အစေ့တွေကိုပိုင်ဆိုင်ထားတဲ့တပည့်နာမည်တွေကို ပြောလိုက်သည်။ လေနက်ကုန်သွယ်ရေးနေရာဆိုင်ပိုင်ရှင်ဆီက
သတင်းအချက်အလက် တော်တော်များများကို သူသိခဲ့ရသည်။
ဟူမေးအာက မိုင်းတွင်းထဲကိုဝင်သွားတဲ့အချိန်မှာတော့ ရန်ကိုင်က မြေကြီးပေါ်ကအပေါက်တွေကို တစ်ချက်ကြည့်လိုက်သည်။ လုံကျိုင်းရှန်ထွက်သွားပြီးနောက်
သူကသစ်သားအိမ်လေးတစ်လုံးထဲ ဝင်သွားတာကို သူတွေ့လိုက်သည်။ ပြီးတော့ထိုသစ်သားအိမ်လေးကနေ မျက်လုံတစ်စုံက သူ့လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်နေလေသည်။
သစ်သာအိမ်လေးထဲကနေ မျက်လုံးတစ်စုံက ရန်ကိုင်ရပ်နေတဲ့နေရာကို စူးစိုက်ကြည့်နေလေသည်။ သူကလုံကျိုင်းရှန်ထွက်သွားတဲ့အချိန်ကတည်းက ရန်ကိုင်ကို
စောင့်ကြည့်နေတာဖြစ်ပြီး သူ့အသက်က ရန်ကိုင်နဲ့ အတူတူလောက်ပင်ဖြစ်သည်။
သူက လုံကျိုင်းရှန်၏မြေး လုံဟူပဲဖြစ်သည်။
လုံဟူက အခုအချိန်တွင် ရန်ကိုင်ကိုအေးစက်စက်ကြည့်နေခဲ့ပြီး မကျေမနပ်နဲ့ပြောလိုက်သည်
‘‘ဖိုးဖိုး၊ ခုနတုန်းက သူ့ကိုဘာလို့တစ်ခါတည်းမသတ်လိုက်တာလဲ’’
လုံကျိုင်းရှန်က အေးစက်စက်ရယ်မောလိုက်ပြီး‘‘ မေးအာကသူ့ကိုအဲ့လောက်ကာကွယ်ပေးနေမှတော့ ငါကသူ့ကိုဘယ်လိုလုပ်ပြီး သတ်လို့ရမှာလဲ’’
‘‘သူ့ကိုသတ်ဖို့ အကြောင်းပြချက်တွေရှိပါသေးတယ်။ အစ်မမေးအာက ယောက်ျားလေး
တစ်ယောက်ကို အဲ့လောက်ကာကွယ်ပေးတာ ကျွန်တော်တစ်ခါမှ မမြင်ဖူးဘူး။
သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကပေါ့သေးသေးမဟုတ်တဲ့ပုံပဲ။ သူ့ကိုသာ
အသက်ရှင်လျက်ထားမယ်ဆိုရင် ပြဿနာတွေပဲဖြစ်လာလိမ့်မယ်’’
‘‘အင်း၊ ဟူမေးအာ ယောက်ျားလေးတစ်ယောက်ကို အဲ့လောက်ကာကွယ်ပေးတာ
ငါတစ်မှမတွေ့ဖူးဘူး။ သူ့အတွက်နဲ့ သူမကငါ့ကိုတောင် ဆန့်ကျင်ရဲတယ်။ တကယ်ကို
ပုံမှန်မဟုတ်ဘူး’’ လုံကျိုင်းရှန်က မျက်မှောင်ကြုံ့လိုက်သည်။ လုံဟူက ရန်ကိုင်ကိုအလွန်အမင်း မနာလိုဝန်တိုနေခဲ့ပြီး ‘‘အခုမေးအာက မိုင်းတွင်းထဲကိုဝင်သွားပြီလေ။
အဖိုးသူ့ကိုသွားမတိုက်ခိုက်ဘူးလား’’
လုံကျိုင်းရှန်က လုံဟူကိုစိတ်ပျက်စွာကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်‘‘ငါ့အတွက်
သူ့ကိုသတ်တာက အဲ့လောက်ခက်ခဲတဲ့ကိစ္စမဟုတ်ဘူး။ ဒါပေမယ့် ငါ့သူ့ကိုသတ်လိုက်လို့မေးအာမင်းကို အမုန်းကြီးမုန်းသွားရင်… အဲ့လိုလုပ်တာက ထိုက်တန်တယ်လို့ မင်းထင်လား’’
လုံဟူက တွေဝေမိန်းမောနေခဲ့ပြီး ခေါင်းခါလိုက်သည်‘‘ မထိုက်တန်ဘူး။ ဒါပေမယ့်လည်း
သူတို့နှစ်ယောက်ကို အဲ့အတိုင်းဆက်ထားလို့မဖြစ်ဘူး။ ငါဒါကို သည်းမခံနိုင်ဘူး’’
‘‘မင်း’’ လုံကျိုင်းရှန်း အလိုလို သက်ပြင်းချလိုက်မိသည်‘‘မင်းအစ်ကိုကြီးဆီကနေ
မင်းပိုပြီးသင်ယူသင့်တယ်။ မင်းမေးအာကို ပိုင်ဆိုင်ချင်တယ်ဆိုရင် မင်းဘာသာမင်းကြိုးစာရမယ်။ အဖိုးကမင်းအတွက် လူသတ်ပေးနိုင်ပေမယ့် မိန်းကလေးတစ်ယောက်
ရဲ့နှလုံးသားကိုရဖို့တော့ မကူညီပေးနိုင်ဘူး။ ဟူမန်မှာ သားတစ်ယောက်မှမရှိဘူး။ ဒါကြောင့်အနာဂတ်မှာသာ မင်းတို့နှစ်ယောက် အဲ့ညီအစ်မနှစ်ယောက်ကို ရယူနိုင်ခဲ့ရင်
သွေးတိုက်ပွဲဂိုဏ်းက ငါ့တို့လုံမိသားစုလက်ထဲရောက်လာလိမ့်မယ်။ သွေးတိုက်ပွဲဂိုဏ်းအတွက် ငါတို့လုံမိသားစုက နှစ်ပေါင်းမျာစွာ အလုပ်လုပ်ပေးခဲ့ပြီးပြီ။ ဒါကြောင့် ဂိုဏ်းခေါင်းဆောင်
ရာထူးကိုငါ့တို့ရသင့်တယ်’’
အဲ့အကြောင်းကို ကြားလိုက်တာနဲ့ လုံဟူကသွေးဆူလာခဲ့ပြီး ခေါင်းညိတ်လိုက်သည်
‘‘သွေးတိုက်ပွဲဂိုဏ်းကို ကျွန်တော်လို့လုံမိသားစု အုပ်စိုးဖို့အချိန်ပဲ။ ဖိုးဖိုးအေးအေးဆေးဆေးသာနားနေလိုက်ပါ။ ဟူမေးအာက ကျွန်တော့လက်ထဲက မလွတ်မြောက်နိုင်သလို
ဟူကျောင်းအာကလည်း အစ်ကိုကြီးလက်ထဲကနေ မလွတ်မြောက်နိုင်ပါဘူး’’
‘‘အင်း ၊ မင်းပြောတာကောင်းတယ်’’ လုံကျိုင်းရှန်ကသူ့ကိုပြုံးပြလိုက်သည်။
လုံဟူကအဝေးမှာရပ်နေတဲ့ရန်ကိုင်ကို အငြိုးတကြီးနဲ့ကြည့်လိုက်ပြီး ပြောလိုက်သည်
‘‘ဖိုးဖိုး၊ အဲ့ကောင်…..’’
‘‘မင်းဘာသာမင်း အခွင့်အရေးရှာလိုက်။ သူ့ခွန်အားက အဲ့လောက်မမြင့်ဘူး။ မင်းသူ့ကိုကိုင်တွယ်နို်င်မှာပါ’’
‘‘ဟုတ်ကဲ့’’ လုံဟူက မိစ္ဆာဆန်ဆန်ရယ်လိုက်သည်။
ဟူမေးအာက ခဏလေးနဲ့ပြန်လာတဲ့အတွက် အခုလောလောဆယ်သူဘာမှ မလုပ်နိုင်သေး
ပေမယ့်လည်း ရန်ကိုင်က ကောင်းကင်စံအိမ်တပည့်တစ်ယောက် ဖြစ်နေတဲ့အတွက်သူ့လက်ထဲက ပြေးမလွတ်နိုင်ပေ။
ရန်ကိုင်ကအပြင်မှာ ခဏကြာအောင်စောင့်နေခဲ့ပြီး …သိပ်မကြာင်ခင်မှာပဲ ဟူမေးအာ
ချွေးသံတရွှဲရွှဲနဲ့ ပြန်လာခဲ့လေသည်။ သူမမျက်နှာက အပြုံးပန်းတွေနဲ့ ဝေဆာနေခဲ့ပြီး
ရန်ကိုင်လက်ထဲကို အစေ့လေးစေ့ထည်းပေးလိုက်သည်‘‘ကံကောင်းလို့ ဘာမှမဖြစ်တာ’’
သွေးတိုက်ပွဲဂိုဏ်း၏ သခင်မလေးက တစ်ခုခုဝယ်ချင်နေမှတော့ ဘယ်တပည့်ကများမရောင်းရဲပဲနေမလဲ။ ‘‘ကျေးဇူးအများကြီးတင်ပါတယ်’’ ရန်ကိုင်က အစေ့လေးစေ့ကို
သူ့အိတ်ထဲသေချာထည့်ထားပြီးပြောလိုက်သည်။ တစ်ခဏကြာအောင် မင်သေသေနဲ့
ရပ်နေပြီးနောက်ရန်ကိုင်ပြောလိုက်သည်‘‘နင့်ငါ့ကိုဒီတစ်ကြိမ်ကူညီပေးခဲ့တဲ့အတွက်ငါ့နင့်ကို အကြွးတင်သွားပြီ’’
ဟူမေးအာကရန်ကိုင်ကိုထူးထူးဆန်းဆန်းကြည့်လိုက်ပြီး ‘‘နင်ဘာဆိုလိုချင်တာလဲ’’
သူ့လက်ကိုဝှေ့ရမ်းလိုက်ပြီးရန်ကိုင်ကပြောလိုက်သည် ‘‘နင်ဘာလို့ငါ့နောက်လိုက်မလာတာလဲ’’
ရန်ကိုင်ဘာလုပ်ချင်နေလဲဆိုတာ သူမမသိပေမယ့် ရန်ကိုင်နောက်ကို နာခံစွာနဲ့လိုက်သွားလေသည်။ ပေသုံးဆယ်လောက် ရောက်တဲ့အချိန်မှာတော့ ရန်ကိုင်ကရုတ်တရက်ရပ်လိုက်ပြီး ခြေဆောင့်လိုက်သည်‘‘ဒီနေရာကိုနင်သေချာမှတ်ထားပါ။
ဟူမေးအာက သံသယနဲ့မေးလိုက်သည်‘‘နင်ဘယ်လိုသိတာလဲ’’
ရန်ကိုင်ကမရေမရာပြောလိုက်သည်‘‘ငါလေ့ကျင့်နေတဲ့ကျင့်စဉ်က အကွာအဝေးတစ်ခုအတွင်းမှာရှိတဲ့ ယန်စွမ်းအင်နဲ့ဆက်စပ်နေတဲ့ ပစ္စည်းတွေအားလုံးကိုအာရုံခံနိုင်တယ်။ ဒီအောက်မှာ ယန်အမျိုးအစား ရတနာတစ်ခု ရှိနေတာပဲ ဖြစ်ရမယ်။
ပြီးတော့ ဒီအောက်က ယန်စွမ်းအင်လှိုင်းတွေကလည်း ယန်ကျောက်တုံကရတဲ့ယန်စွမ်းအင်ထက် အဆပေါင်းများစွာ ပိုပြီးသန့်စင်တယ်’’
သူဒီကိုမလာခင်ကတည်းက ဒီနေရာကတစ်ခုခုပုံမှန်မဟုတ်မှန်း ရန်ကိုင်သိနေခဲ့တာဖြစ်သည်။
သေသေချာချာ စဉ်းစားဆုံးဖြတ်လိုက်ပြီးနောက် ဟူမေးအာကိုပြောပြဖို့ ဆုံးဖြတ်လိုက်သည်။
ပထမအကြောင်းပြချက်က ဒီနေရာကိုသွေးတိုက်ပွဲဂိုဏ်းက ပိုင်ဆိုင်တာဖြစ်တဲ့အတွက်ထိုယန်အမျိုးအစားရတနာကို လိုချင်ရင်တောင် သူရနိုင်မည်မဟုတ်ပေ။
ဒုတိယအကြာင်းပြချက်က သူဟူမေးအာအပေါ်အကြွေးတင်နေခဲ့ပြီး သူမကလည်းဒီနေ့တစ်နေ့လုံး သူ့ကိုကူညီပေးခဲ့လေသည်။
‘အိုး’’ ရန်ကိုင်စကားကိုကြားလိုက်တာနဲ့ သူမထိတ်လန့်အံ့သြသွားခဲ့သည်။
‘‘နင်ငါ့ကိုယုံလား’’
‘‘ငါယုံပါတယ်’’ ဟူမေးအာက ကတုန်ကရင်ပြန်ဖြေလိုက်ပြီး ရန်ကိုင်ကိုနည်းနည်းစိတ်လှုပ်ရှားသွားစေခဲ့သည်။
‘‘အဲ့ဒါကောင်းတယ်’’ ဖျော့ဖျော့လေးပြုံးလိုက်ရင်း ‘‘ဒီအောက်မှာဘာရှိလဲဆိုတာငါမသိပေမယ့် အဲ့ပစ္စည်းရဲ့တန်ဖိုးက နိမ့်ကျမှာတော့မဟုတ်ဘူး။ ပြီးတော့အဲ့ပစ္စည်းအပြင်နောက်ထပ် ပစ္စည်းတစ်ခုလည်းရှိသေးတယ်။ ဒါပေမယ့် ငါအဲ့ဒါကို
အာရုံမခံနိုင်ဘူး။ ဒါပေမယ့် ငါခန့်မှန်းရသလောက်ဆိုရင် ဒီအောက်ခြေမှာရှိနေတဲ့လျှို့ဝှက်ချက် နင်းတို့သွေးတိုက်ပွဲဂိုဏ်းက နစ်ပေါင်းများစွာအဖြေရှာနေတဲ့မိုင်းတွင်းရဲ့ လျှို့ဝှက်ဆန်းကြယ်မှုနဲ့ ပက်သက်နေလိမ့်မယ်။ လုံးဝဖြစ်နိုင်တယ်။
အဲ့ပစ္စည်းတွေရှိနေလို့သာ သတ္တုရိုင်းသွေးကြောရှိနေတာဖြစ်ရမယ်’’
ဟူမေးအာလည်း တန်ုလှုပ်မိသွားခဲ့သည်။ ရန်ကိုင်ပြောတာသာမှန်နေခဲ့မယ်ဆိုရင်
ဒီအောက်မှဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်ကတကယ်ကို အရေကြီးပေလိမ့်မည်။
‘‘နင်ကဥာဏ်ကောင်းတဲ့မိန်းကလေးပဲ။ နောက်ဘာဆက်လုပ်ရလဲဆိုတာတော့ နင်သိမှာပေါ့’’
‘‘ငါနားလည်ပါတယ်’’ ဟူမေးအာကခေါင်းညိတ်လိုက်သည်။
‘‘အင်း’’
တောအုပ်ကိုဖြတ်လျှောက်သွားတဲ့တစ်လျှောက်လုံး ရန်ကိုင်နဲ့ဟူမေးအာတို့
နှစ်ယောက်စလုံး စကားတစ်ခွန်းမှမပြောခဲ့ပေ။ အဲ့အစားတောအုပ်၏နွေးထွေးမှုကို
အတူတကွခံစားနေခဲ့ကြသည်။ ရန်ကိုင်က သူမကို အရမ်းအရေးကြီးတဲ့ သတင်းတစ်ခုကို
ပြောပြခဲ့တဲ့အတွက် ဟူမေးအာကအရမ်းကိုပျော်ရွှင်နေခဲ့သည်။ သူမအပေါ်ထားတဲ့သူ့ရဲ့အထင်အမြင်က ပြောင်းလဲသွားတဲ့ပုံပင်။ နောက်ဆုံအကြိမ်ကလို သူမကိုလျစ်လျူရှုမထားတော့ပေ။
အချိန်တွေက ကွဲပြားသွားခဲ့လေပြီ။ သူက သူမအပေါ်ပိုပြီး နူးညံ့ညင်သာစွာဆက်ဆံလာခဲ့ပြီ။
‘‘ငါတို့ဒီနေရာမှာပဲ လမ်းခွဲကြစို့’’ ရုတ်တရက် ရန်ကိုင်လမ်းလျှောက်နေတာကို ရပ်လိုက်သည်။
ဟူမေးအာက စိတ်ရှုပ်ထွေးနေတဲ့ပုံစံပေါက်နေခဲ့ပြီး သူမဆန္ဒမရှိသာသိသာနေခဲ့သည်။
မျက်တောင်တစ်ခတ်အတွင်း လူနှစ်ယောက်က လမ်းလေးခွဆုံကို ရောက်လာခဲ့သည်။
အချိန်ကုန်တာအရမ်းမြန်ဆန်ခဲ့ပြီး ဟူမေးအာကတော့ စိတ်ထဲမှာဝမ်းနည်းနေခဲ့သည်။
‘‘ဘိုင့်ဘိုင့်’’ ရန်ကိုင်ကနှုတ်ဆက်လိုက်ပြီး ကောင်းကင်စံအိမ်ဘက်ကိုပြေးသွားလေသည်။
သူကအလွယ်တကူ ဖြာယောင်းလို့ရတဲ့ ယောက်ျားတစ်ယောက်မဟုတ်ဘူးပဲ။
ဟူမေးအာက ခါးခါးသီးသီးရယ်လိုက်သည်။
Martial Peak
အပိုင်း (၆၂) ရှနင်းချန်၏ ဆုံးဖြတ်ချက်
ရန်ကိုင်က ရစ်ခွေနဂါးစမ်းချောင်းဘေးတွင် အားစိုက်လေ့ကျင့်နေခဲ့သည်။ သူ့နဲ့သိပ်မဝေးတဲ့
နေရာမှာတော့ နေသုံးစင်းအသီးအပင် သုံးပင်ရှိနေပြီး အကြီးဆုံးအပင်မှာတော့
အသီးသုံးလုံးရှိနေခဲ့ပြီး ထိုအသီးသုံးလုံးစလုံးကလည်း ရင့်မှည့်ခါနီးနေခဲ့လေပြီ။ အသေးဆုံး
အပင်ကတော့ ပျိုးပင်ပေါက်အရွယ်သာရှိသေးလေသည်။
သွေးတိုက်ပွဲဂိုဏ်း၏ မိုင်းတွင်းနေရာကနေ သူထွက်လာပြီးနောက် ရန်ကိုင်ကနေ့မနား
ညမနားရစ်ခွေနဂါးစမ်ချောင်းဘေးမှာ ကြိုစားလေ့ကျင့်နေခဲ့သည်; အစားစားဖို့တောင်
မေ့လျော့နေခဲ့ပြီး စိတ်ရူးပေါက်ပြီးတိုက်ခိုက်မှုက သူ့၏စွမ်းအာကြီးလိုစိတ်ကို
ပိုပြီးလှုံ့ဆော်ပေးခဲ့သည်။ ထိုကိစ္စနဲ့ပက်သက်ပြီး သူကိုယ်တိုင်လုံကျိုင်းရှန်ကို
ပြန်ပြီးလက်စားချေချင်နေခဲ့သည်။
ဆယ်ရက်လောက် အဆက်မပြတ်လေ့ကျင့်ပြီးနောက် သူခန္ဓာသန့်စင်ခြင်းအဆင့်၉ အထွတ်အထိပ်ကို
ရောက်ရှိသွားခဲ့ပြီး နောက်တစ်ဆင့်ကိုချိုးဖျက်ဖို့ သိပ်ပြီးမဝေးကွာတော့ပေ။ ဒါပေမယ့်
အဓိကအချက်ကို မဆုပ်ကိုင်နိုင်သေးသဖြင့် အကူအညီမဲ့သလိုခံစားလိုက်ရသည်။
နောက်အဆင့်ကြီးတစ်ဆင့်ချိုးဖျက်ဖို့ အခွင့်အရေးလိုအပ်ပြီး အဆင့်သေးတွေကျော်ဖြတ်သလောက်
မလွယ်ကူဘူးဆိုတာလည်း သူသိလေသည်။ သူ့မှာသာလုံလောက်တဲ့ ချီပမဏရှိနေခဲ့ရင်
သူအခွင့်အရေးတစ်ခုကို ဆုပ်ကိုင်ကောင်းဆုပ်ကိုင်နိုင်းပြီး သူနားလည်းဖို့လိုအပ်တဲ့
အရာကိုနားလည်သွားနိုင်လေသည်။
ဒီအတောအတွင် ရန်ကိုင်လေ့ကျင့်ရတာ တော်တော်လေးကိုချောမွေ့အဆင်ပြေနေခဲ့သည်။
သူတံမြက်စည်းလှည်းစရာမလိုတော့တဲ့အတွက် လေကျင့်ချိန်ပိုရလာခဲ့သည်။
ဂျဲဒီသစ်ပင်မြက်နဲ့ ပရမ်းပတာဝိဥာဉ်ပန်းပွင့်တို့က ကုန်သွားခဲ့တာကြာပြီဖြစ်ပြီး မွှေးရနံ့အိုး၏
ဖိအားမပါပဲ အစစ်အမှန်ယန်နည်းစနစ်ကိုလေ့ကျင့်ရတာက ပိုပြီးမြန်ဆန်လေသည်။
ထိုကြောင့် သူယန်ချီတွေကို ပိုပြီးမြန်မြန်ဆန်ဆန် စုပ်ယူနိုင်လေသည်။
ဒါပေမယ့် သူ့၏ယန်အရည်စက်တွေအကုန်လုံးကို နေသုံးစင်းအသီးအသွင်ပြောင်းစေဖို့
အသုံးပြုလိုက်တဲ့အတွက် သူ့ဒန်တန်ထဲမှာ ယန်အရည်စက်တစ်စက်တောင် ရှိမနေတော့ပေ။
ရန်ကိုင်ကစဦးဒြပ်စင်အဆင့်ကို ချိုးဖျက်ဝင်ရောက်ဖို့ကြိုးစားခဲ့ပေမယ့် သူမအောင်မြင်ခဲ့ပေ။
တစ်နေ့နဲ့တစ်ညကြာအောင် ရန်ကိုင်အတားအဆီးကို ချိုးဖျက်ဖို့ကြိုးစားနေခဲ့သည်။
သူစိတ်မပူသော်လည်း သူ့ကိုချုပ်နှောင်ထားတဲ့အတားအဆီးကြောင့် သူ့ကိုယ်သူလွတ်လပ်တယ်လို့
မခံစားရပေ။ အဲ့ဒါကတော်တော်လေး ထူးဆန်းနေခဲ့သည်။
ညအချိန်သို့နောက်တစ်ကြိမ်ရောက်လာခဲ့ပြန်ပြီး ကြယ်ရောင်စုံတဲ့ညအောက်ဝယ်…
ရစ်ခွေနဂါးစမ်းချောင်းဘေးတွင် ၊ ရန်ကိုင်ဆက်လက်လေ့ကျင့်နေခဲ့ပြီး သူ့အခြေအနေက
စိုးရိမ်စရာကောင်းနေခဲ့သည်။ သူ့ချီတွေက ပရမ်းပတာဖြစ်နေခဲ့ပြီး သူ့မျက်နှာကလည်း
အလွန်အမင်းနာကျင်ခံစားနေရပုံပေါ်လေသည်။
အဝေးတစ်နေရာကနေ ရန်ကိုင်ကိုချောင်းကြည့်နေတဲ့ ရှနင်းချန်က ထိတ်လန့်တကြား
အော်လိုက်မိသည်။ သူတို့နှစ်ယောက်က တော်တော်လေး ဝေးကွာနေပေမယ့်လည်း
သူမကရန်ကိုင်ချီတွေ မငြိမ်မသက်ဖြစ်နေတာကို ခံစားမိလေသည်။ ထို့ပြင်သူ့ဆီကနေ
အေးစက်စက်မိစ္ဆာချီတွေကိုလည်း ခံစားမိနေခဲ့သည်။
ဒါဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။ ဒါက မိစ္ဆာလမ်းကြောင်းထဲကို ကျရောက်သွားတော့မယ်
လက္ခဏာပင်။ သူက ခန္ဓာသန့်စင်ခြင်းအဆင့်ကနေ စဦးဒြပ်စင်အဆင့်ကို ချိုးဖျက်ဖို့
ကြိုးစားနေတာလေ။ ဘယ်လိုလုပ်ပြီး မိစ္ဆာလမ်းကြောင်းထဲကို ရောက်သွားတာလဲ။
ရိုင်းရိုင်းပြောရမယ်ဆိုရင် ရန်ကိုင်လိုခန္ဓာသန့်စင်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်က
မိစ္ဆာလမ်းကြောင်းထဲကို ရောက်သွားဖို့လုံးဝမဖြစ်နိုင်ပေ။ သူအဆင့်မြင့်လာမှသာ
မိစ္ဆာလမ်းစဉ်ကိုလျှောက်လှမ်းဖို့ အခွင့်အရေးရှိမှာပဲဖြစ်လေသည်။ ဒါပေမယ့် ဒီအခြေအနေက
ရန်ကိုင်ဆီမှာ တကယ်ပဲဖြစ်ပျက်နေခဲ့သည်။ ရှနင်းချန်၏ ချစ်စဖွယ်ကောင်းတဲ့ မျက်ခုံးလေးတွေက
စိတ်ရှုပ်ထွေးနေတဲ့ပုံစံနဲ့ ပူးကပ်နေခဲ့သည်။
သူမဒီမှာရှိနေတဲ့ အကြောင်းပြချက်က ရန်ကိုင်ကိုရှာဖို့ပဲဖြစ်လေသည်။ သူမက ရန်ကိုင်ကို
၂နှစ်ကျော်ကြာအောင် စောင့်ကြည့်လာခဲ့အတွက် ထိုအရာက သူမအတွက်
အလေ့အကျင့်တစ်ခုလိုဖြစ်နေပေသည်။ ဒီရက်အတောအတွင်း ရုတ်တရက် ရန်ကိုင်ပျောက်သွားတာနဲ့
သူမအထီးကျန်သလိုခံစားလိုက်ရပြီး သူမလုပ်သမျှအရာအားလုံးကလည်း စိတ်ဝင်စားစရာ
မကောင်းတော့ပေ။ ဒါကြောင့်ရစ်ခွေနဂါးစမ်းချောင်းမှာ ရန်ကိုင်ကိုလာရှာတာဖြစ်သည်။
သူ့ကိုတွေ့တော့မှပဲ သူမစိတ်ထဲကအလုံးကြီးကျသွားတော့သည်။
သူမရောက်လာတဲ့အချိန်မှာ ရန်ကိုင်ကအဆင့်ချိုးဖျက်ဖို့ ကြိုစားနေခဲ့သည်။ သူမတစ်ရက်ကြာအောင်
စောင့်နေခဲ့ပြီးနောက် ရန်ကိုင်ကမမျှော်လင့်ပဲ….ဒီထူးဆန်းတဲ့ခံစားချက်က ထွက်ပေါ်လာခဲ့သည်။
ဒါကြောင့် သူမသံသယမဝင်ပဲ မနေတော့ပေ။ သူမစိတ်ထဲမှာ စိုးရိမ်ပူပန်နေတဲ့အချိန်မှာပဲ
သန့်စင်ပြီး ပူပြင်းတဲ့ယန်စွမ်းအင်တွေက ရန်ကိုင်ဆီကနေ ပေါက်ကွဲထွက်လာခဲ့ပြီး မိစ္ဆာစွမ်းအင်တွေကို
တဖြည်းဖြည်းလောင်ကျွမ်းလေတော့သည်။ ရန်ကိုင်၏ မတည်မငြိမ်ဖြစ်နေတဲ့ ချီစွမ်းအင်တွေကလည်း
တည်ငြိမ်သွားခဲ့လေသည်။
‘‘အစစ်အမှန်ယန်စွမ်းအင်လား’’ ရှနင်းချန်၏ ပါးစပ်သေးသေးလေး ပွင့်အာသွားခဲ့ပြီး
သူမ၏ ဆွဲဆောင်မှုရှိတဲ့မျက်လုံးတွေတော့ အံ့အားသင့်မှုတွေနဲ့ ပြည့်နေလေသည်။ သူမ
အော်ဟစ်လုနီးပါးဖြစ်သွားခဲ့ပြီး‘‘ဘယ်လောက်တောင် သန့်စင်လိုက်သလဲ’’
ထိုသန့်စင်ပြီး ပူပြင်းတဲ့စွမ်းအင်တွေက ယန်စွမ်းအင်ဖြစ်ပေသည်။ ကောင်းကင်စံအိမ်
တပည့်အများစုက မီးဓာတ်ဒါမှမဟုတ် ယန်ဓာတ်အမျိုးအစား ကျင့်စဉ်တွေကို
လေ့ကျင့်ကြပြီး ဒီလိုပူပြင်းတဲ့ချီစွမ်းအားတွေကို ပိုင်ဆိုင်ကြလေသည်။ ဒါပေမယ့်
သူတို့ရဲ့ယန်ချီက ရန်ကိုင်လောက်မသန့်စင်ပေ။
ထိုပူပြင်းလွန်းတဲ့အပူစွမ်းအင်တွေက အရမ်းမသိပ်သည်းသေးပေ။ ဒါကဘာကြောင့်လဲဆိုတော့
ရန်ကိုင်အစွမ်းက နိမ့်ကျနေသေးလို့ပဲဖြစ်လေသည်။ ဒါပေမယ့် သူ့ရဲ့ယန်ချီကသာမန်ထက်ပိုပြီး
သန့်စင်နေခဲ့ပြီး အညစ်အကြေးအနည်းငယ်တောင် မပါဝင်နေခဲ့ပေ။ သူမအသိပြန်ဝင်မလာခင်မှာပဲ
ဖိနှိပ်ထားခံရတဲ့ မိစ္ဆာစွမ်းအင်တွေကို ယန်ချီတွေက အစားထိုးသွားခဲ့ပြီး ရန်ကိုင်ကိုယ်ထဲကို
တိုးဝင်ပျောက်ကွယ်သွားလေသည်။
တစ်ခဏကြာပြီးနောက် ရန်ကိုင်ဆီကနေ နောက်ထပ်ယန်ချီလှိုင်းတစ်လှို်င်းထွက်ပေါ်လာခဲ့ပြီး
ကျန်ရှိနေတဲ့ မိစ္ဆာစွမ်းအင်တွေကို ဖိနှိပ်လိုက်လေသည်။ ဒါမျိုးအကြိမ်အနည်းလောက်
ဖြစ်နေခဲ့တဲ့အတွက် ရှနင်းချန်ကိုဆွံ့အသွားစေခဲ့သည်။ ကျင့်ကြံသူတစ်ယောက်က
စဦးဒြပ်စင်အဆင့်ကို ချိုးဖျက်ဝင်ရောက်တဲ့အချိန်မှာ ဒီလိုဖြစ်ပျက်တာမျိုး သူမတစ်ခါမှ
မမြင်ခဲ့ဖူးပေ။
နောက်တစ်နည်းဆိုရသော် ကျင့်ကြံသူတစ်ယောက်က စဦးဒြပ်စင်အဆင့်ကို
ချိုးဖျက်ဝင်ရောက်တဲ့အချိန်မှာ အတားအဆီးအချို့ကို ကြုံတွေ့ရပေလိမ့်မည်။
ဒါပေမယ့် ကျင့်ကြံခြင်းအဆင့်က အရမ်းကြီးမမြင့်သေးတဲ့အတွက် အတားအဆီကို
ချိုးဖျက်ဖို့ကလည်း အရမ်းကြီးမခက်ခဲပေ။ အားနည်းနည်းလောက်စိုက်ထုတ်လိုက်ရုံနဲ့
နောက်တစ်ဆင့်ကို ချိုးဖျက်နိုင်လေသည်။ ဒါပေမယ့် ဒါကရန်ကိုင်အတွက်တော့ မဆိုိုလိုပေ။
ရန်ကိုင်ကြုံတွေ့ရတဲ့အခက်အခဲက အခြားသူတွေ ကြုံတွေ့ရတာထက် အဆများစွာပိုခက်ခဲတယ်ဆိုတာ
သူမတွေ့နေရလေသည်။ ဒါကသူပိုမြင့်တဲ့အဆင့်တွေကို ချိုးဖျက်တုန်းက ကြုံတွေ့ခဲ့ရတဲ့အခက်အခဲနဲ့
တူညီလုနီးပါးရှိနေခဲ့သည်။
ရန်ကိုင်ကအခုအချိန်မှာ ခါးခါးသီးသီးခံစားနေခဲ့ရပြီး သူနောက်တစ်ဆင့်ကိုချိုးဖျက်ဝင်ရောက်ဖို့
နည်းနည်းလေးပဲလိုတော့လေသည်။ သူစဦးဒြပ်စင်အဆင့်ကို ခြေတစ်လှမ်းလှမ်ပြီးသွားခဲ့ပြီဖြစ်သည်။
ဒါပေမယ့် ထိုအချိန်တွင် သူ့အရိုးတွေထဲမိစ္ဆာစွမ်းအင်တွေ ထွက်ပေါ်လာခဲ့တဲ့အတွက်
သာအာရုံမစိုက်နိုင်တော့ပေ။ ကံကောင်းစွာပဲ သူ့ယန်ချီကြောင့် သူ့စိတ်ကိုကြည်လင်အောင်
လုပ်နိုင်ခဲ့သည်။
အခုအချိန်မှာတော့ သူ့ခန္ဓာကိုယ်ထဲမှာတော့ သူလေ့ကျင့်နေတဲ့ယန်စွမ်းအင်နဲ့ သူ့အရိုးထဲက
ထွက်ပေါ်လာတဲ့ မိစ္ဆာစွမ်းအင်တို့က အပြင်းအထန် တိုက်ခိုက်နေကြလေသည်။ ထိုစွမ်းအင်နှစ်ခုက
သူ့ခန္ဓာကိုယ်ကို တိုက်ပွဲကွင်းပြင်တစ်ခုအလား အသုံးချနေခဲ့ပြီး တိုက်ခိုက်နေခဲ့ကြသည်။
မိစ္ဆာစွမ်းအင်က သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို ထိန်းချုပ်ထားခဲ့ပြီး သူ့စိတ်ကိုရှုပ်ထွေးနေစေခဲ့ပြီး
သူ့စိတ်ထဲကနေ သွေးဆာတဲ့ခံစားချက်ကထွက်ပေးလာခဲ့သည်။ သူတစ်ယောက်ယောက်ကို
သတ်ချင်နေခဲ့လေသည်။
ဒါကသူအခြားသူတွေကြောင့် တိုက်ပွဲမှာဒဏ်ရာရတဲ့အချိန်က အခြေအနေနဲ့ တူညီနေသလို
တူလည်းမတူပေ။ တိုက်ပွဲမှာသူဒဏ်ရာရလိုက်တဲအချိန်တွင် သွေးဆာတဲ့ခံစားချက်က
ထွက်ပေါ်လာခဲ့သော်လည်း သူ့စိတ်ကကြည်လင်နေခဲ့သည်။ ယန်ချီတွေက သူ့ခန္ဓာကိုယ်အောက်ပိုင်းကို
ထိန်းချုပ်ထားခဲ့ပြီး သူ့ခန္ဒာကိုယ်ကို အလွန်အမင်းလွတ်လပ်ပြီး သက်သောင့်သက်သာဖြစ်တဲ့
ခံစားချက်ကိုပေးစွမ်းနေခဲ့သည်။
အဆက်မပြတ်လှည့်ပတ်ရင်း အနိုင်နဲ့အရှုံးကကွဲပြားလာခဲ့သည်။ ရန်ကိုင်က အရမ်းမသက်မသာ
ခံစားနေခဲ့ရသည်။ရှနင်းချန်က တင်းကျပ်တဲ့ အနက်ရောင်အဝတ်အစားတွေကို ဝတ်ပြီး
ကောင်းကင်စံအိမ်တစ်ဝိုက်ပြေးလွှားနေခဲ့သည်။ သေးသွယ်ပါးလျတဲ့ ခါးသွယ်သွယ်လေးနဲ့
ဖြောင့်စင်းနေတဲ့ ခြေတံရှည်ရှည်လေးက မြင်ရသူအပေါင်းကို စိတ်ကူးယဉ်ကမ္ဘာထဲ
နစ်မြောသွားစေနိုင်လောက်ပေသည်။ မလွယ်ကူတဲ့ခံစားချက်ကိုရနေခဲ့ပြီး မျက်နှာကာကို
ဝတ်ဆင်ပြီး ရန်ကိုင်ဆီပြေးဝင်သွားခဲ့သည်။
သူမက ရန်ကိုင်ကိုအချိန်အကြားကြီးစောင့်ကြည့်နေခဲ့ပြီး သူ့အတွက် တကယ်ပဲ စိုးရိမ်နေခဲ့သည်။
ထိုအကြောင်းကို အကြိမ်များစွာတွေးရင်း ရန်ကိုင်ကိုကူညီဖို့ဆုံးဖြတ်လိုက်သည်။ တစ်စုံတစ်ယောက်
အဆင့်ချိုးဖျက်ဝင်ရောက်နေတဲအချိန်မှာ သွားမနှောင့်ယှတ်သင့်ပေ။ ဒါပေမယ့် ရှနင်းချန်က
ရန်ကိုင်ကိုယ်တွင်းမှာဖြစ်ပျက်နေတဲ့ ပရမ်းပတာတိုက်ပွဲကိုခံစားမိလေသည်။ ဒါကတိုက်ပွဲကို
ဆာလောင်နေတဲ့ပုံစံပင်ဖြစ်သည်။ တိုက်ခိုက်ရမှာသာ သူ့ကိုစိတ်ကျေနပ်စေနိုင်ပြီး
အဆုံမရှိတဲ့စက်ဝန်းထဲကနေ လွတ်မြောက်အောင် ကူညီပေးနိုင်မှာပဲဖြစ်သည်။
ဒါကြောင့်ရှနင်းချန်က သူမနေတဲ့နေရာဆီကိုအရင်ပြန်ပြီး အဝတ်သွားလဲရခြင်းဖြစ်သည်။
မျက်နှာချင်းဆိုင်တွေ့ဖူးလေသည်။
အလောတကြီးပြန်လာခဲ့ပြီး ရှနင်းချန်က ရန်ကိုင်ကိုတုန့်ဆိုင်းမနေလဲ တိုက်ခိုက်လိုက်သည်။
သူမ၏မျက်လုံးက သတ်ဖြတ်လိုစိတ်နဲ့ တောက်ပနေခဲ့လေသည်။
Martial Peak
အပိုင်း (၆၃) နင်ကငါ့ရဲ့စီနီယာအမနဲ့တူသလိုပဲ
သူမကသူ့ကိုကူညီဖို့ ဆုံးဖြတ်ထားတဲ့အတွက် သူမဘယ်သူလည်းဆိုတာက ရန်ကိုင်ကို
သိမသွားစေချင်ခဲ့ပေ။ သူမရန်ကိုင်ကိုတိုက်ခိုက်ပြီး ကူညီပေးမှသာသူစဦးဒြပ်စင်အဆင့်ကို
ချိုးဖျက်နိုင်မှာပဲဖြစ်သည်။ ဒါကြောင့်သူမ၏ပထမဆုံးတိုက်ခိုက်မှုကို သတ်ဖြတ်လိုစိတ်နဲ့
ပေါင်းစပ်ထားလိုက်သည်။
ရန်ကိုင်၏အဆင့်က ခန္ဓာသန့်စင်ခြင်းအဆင့်၉မှာသာရှိနေသေးတဲ့အတွက် သူမ၏ခွန်အားကို
ရောက်နေခဲ့ပြီး တစ်ခုခုလွဲမှားနေသလိုစားလိုက်ရပြီး သူ့ပတ်ပတ်လည်က အေးစက်စက်
စွမ်းအားတွေကိုလည်း ခံစားလိုက်ရသည်။ အကြားကြီးစဉ်းစားမနိုင်တော့ပဲ
သူသေရေးရှင်ရေးအခြေအနေမှာ ရောက်နေပြီဆိုတာ သိလိုက်သည်။
သူထိုကဲ့သို မသိုးမသန့်ခံစားနေရတုန်းမှာပဲ သူ့ဘေးကနေ လက်ဝါးရိုက်သံထွက်ပေါ်လာခဲ့သည်။
တစ်စုံတစ်ယောက် သူ့ကိုချောင်းမြောင်းတိုက်ခဲ့လေပြီ။ ရန်ကိုင်ချက်ချင်းနိုးလာခဲ့ပြီး
ထိတ်လန့်သွားရမယ်အစား ဝမ်းသာပျော်ရွှင်သွားခဲ့ပြီး ဘေးဘက်ကိုရှောင်လိုက်သည်။
မျက်မှောင်ကြုံ့ရင်း သူလက်သီးတစ်လုံးပစ်သွင်းလိုက်သည်။
သူ၏တိုက်ပွဲစိတ်ဝိဥာဉ်က အဆင့်ချိုးဖျက်ဖို့ကြိုစားနေတဲ့အချိန်မှာ နှိုးထားလာခဲ့ပြီး
သူ့ခန္ဓာကိုယ်ထဲက စွမ်းအားတွေကို ဘယ်လိုဖယ်ထုတ်ရမလဲ စဉ်းစားနေတုန်း
တစ်စုံတစ်ယောက်က သူ့ကိုချောင်းမြောင်းတိုက်ခိုက်မယ်လို့ သူမထင်ထားခဲ့ပေ။
သူ့ကိုဘယ်သူက ချောင်းမြောင်းတိုက်ခိုက်လဲဆိုတာ သူစိတ်မဝင်စားပေ။
သူတိုက်ခိုက်ချင်နေတာပဲသိသည်။ သူ့စိတ်ဝိဥာဉ်တစ်ခုလုံး
ရန်သူ၏အသံနှင့်လှုပ်ရှားမှုကို အာရုံခံလိုက်မိတာနဲ့ ရန်ကိုင်က ချက်ချင်း နောက်ဆုတ်လိုက်သည်။
ရှနင်းချန်၏တိုက်ခိုက်မှုက လေထုကိုသာရိုက်ခတ်သွားခဲ့ပြီး သူမ၏အရှိန်ကို အသာအယာ
လျော့ချလိုက်သည်။ အံ့သြမှုအရိပ်အယောင်အချို့က သူမမျက်လုံးထဲဖြတ်ပြေးသွားခဲ့သည်။
သူမက စဦးဒြပ်စင်အဆင့်၃ခွန်အားကိုသာ အသုံးပြုခဲ့ပေမယ့် ထိုတိုက်ခိုက်မှုက
ရန်ကိုင်ကိုထိသွားသင့်ပေသည်။
နောက်ပြန်ဆုတ်ရင်း ရန်ကိုင်ကလရောင်ကိုအားကိုးကာ သူ့ကိုတိုက်ခိုက်တာဘယ်သူလဲဆိုတာ
ကြည့်လိုက်သည်။ သူ့ကိုတိုက်ခိုက်လိုက်တဲ့သူက မိန်းကလေးတစ်ယောက်ဖြစ်ပြီး
သူမမျက်နှာကို အနက်ရောင်မျက်နှာကာနဲ့ ဖုံးအုပ်ထားတဲ့အတွက် သူမမျက်နှာကို
မမြင်ရပေ‘‘ဘယ်လိုလုပ်ပြီး မိန်းကလေးတစ်ယောက်ဖြစ်နေရတာလဲ’’ ရန်ကိုင်မျက်မှောင်
ကြုံ့လိုက်ပြီး မကျေမနပ်ပြောလိုက်သည်။
ထိုစကားတွေကို ရှနင်းချန်ကြားလိုက်တာနဲ့ သူမတစ်ကိုယ်လုံး ဒေါသကြောင့် တုန်ရီသွားခဲ့လေသည်။
အံ့ကြိတ်ရင်း သူမလက်ဝါးတွင် ချီစွမ်းအားတွေကိုစုစည်းလိုက်ပြီး ရန်ကိုင်ဆီပြေးဝင်သွားကာ သူ့ခေါင်းပေါ်ကို
ရိုက်ချလိုက်သည်။ ထိုစကားလုံးတွေက မပြောသင့်မပြောအပ်တဲ့ စကားပင်။
ရန်ကိုင်က သူမှာရှိသမျှအားကုန်သုံးက ရှနင်းချန်၏လက်ဝါးကို ခုခံလိုက်သည်။ သူ့ပြိုင်ဘက်က
မိန်းကလေးတစ်ယောက်ဖြစ်နေပေမယ့်လည်း ရန်ကိုင်အတွက်တော့ မလွယ်ကူခဲ့ပေ။
ရန်သူက သူ့ထက်အဆင့်ကြီးတစ်ဆင့်ပိုမြင့်နေခဲ့ပြီး သူ့ကိုသတ်ဖြတ်ချင်နေတာ ဖြစ်တဲ့အတွက်
သူဂရုမစိုက်ပဲမနေရဲပေ။ လျှပ်စီးနဲ့မီးတောက်တို့ ရိုက်ခတ်မိသွားပြီး ရန်ကိုင်နဲ့ရှနင်းချန်
နှစ်ယောက်စလုံး တိုက်ပွဲအတွင်းမှာ ပိတ်မိသွားကာ ရန်ကိုင်ဘက်က အရေးနိမ့်သွားခဲ့သည်။
ရန်ကိုင်၏တိုက်ခိုက်မှုပုံစံက အားပြင်းပြင်းနဲ့တိုက်ခိုက်တာဖြစ်ပြီး သူ့၏သတ်ဖြတ်ခြင်းစွမ်းအားက
ရက်စက်ကြမ်းကြုတ်ပေမယ့် ရှနင်းချန်၏လျင်မြန်မှုကို မယှဉ်ပြိုင်နိုင်ခဲ့ပေ။ သူကနှစ်ကြိမ်တိုက်ခိုက်ရင်
ရှနင်းချန်က သုံးကြိမ်တိုက်ခိုက်ခဲ့သည်။ သူမ၏တိုက်ခိုက်မှုက လျင်မြန်ရုံမက သူမ၏ပျာ့ပျောင်းညင်သာတဲ့
လှုပ်ရှားမှုကြောင့် ရန်ကိုင်က မျောက်တစ်ကောင်ကစားတာခံနေရသလိုဖြစ်နေခဲ့သည်။
ရန်ကိုင်ကအဆက်မပြတ်ရိုက်ခံနေရတဲ့အတွက် ဒေါသထွက်လာခဲ့သည်။ သူ့ရန်သူက
သူ့ထက်အဆင့်နည်းနည်းပိုမြင့်တယ်ဆိုတာမှန်ပေမယ့် သူမ၏ အစစ်အမှန်
စွမ်းအာကိုဖုံကွယ်ထားလိမ့်မယ်လို့ သူမထင်ထားခဲ့ပေ။ ဒီလိုရန်သူနဲ့တိုက်ခိုက်ရတာ
သူ့ပြိုင်ဘက်ကို တစ်ချက်ထိနိုင်ရင်တောင် သူ့အတွက်ကံကောင်းနေပြီဖြစ်သည်။
ရန်ကိုင်မျက်နှာမဲမှောင်လာတဲ့မျက်နှာကိုကြည့်ရင်း ရှနင်းချန်က ပြုံးလိုက်သည်။
သူမတွေးလိုက်သည်‘‘နင့်ကိုဘယ်သူ ဒီလိုမဟုတ်တုတ်ကတွေ ပြောခိုင်းလို့လဲ။ နင်ကိုယ်တိုင်က
အရိုက်ခံချင်နေမှာတော့ ငါကရိုက်ပေးရမှာပေ့ါ’’
ခဏကြာတဲ့အခါမှာတော့ သူခံစားခဲ့ရတဲ့နာကျင်မှုတွေက သူ့့သွးတွေကိုဆူပွက်လာစေခဲ့သည်။
ဆည်တာတမံ ကျိုးပေါက်သလိုမျိုး စွမ်းအင်တွေ တစ်ဟုန်ထိုးတိုးလာခဲ့ပြီး နွေးထွေးတဲ့ခံစားချက်က
သူ့ခန္ဓာကိုယ်တစ်လျှောက်ပျံ့နှံ့သွားကာ ကုန်ဆုံးသွားတဲ့စွမ်းအားတွေကို ပြန်ပြည့်သွားစေခဲ့သည်။
ရှနင်းချန်က တောက်လျှောက်ထိတ်လန့်အံ့သြနေခဲ့ရသည်။ ဘာကြောင့်လဲဆိုတော့
ရန်ကိုင်၏ယန်ချီတွေက ဆတက်ထပ်ပိုးမြင့်တက်လာခဲ့ပြီး သူ့ခွန်အားကလည်း
ခန္ဓာသန့်စင်ခြင်းအဆင့်ကနေ စဦးဒြပ်စင်အဆင့်ကို ဖြည်းဖြည်းချင်းဝင်ရောက်လာခဲ့သည်။
သူ့ခွန်အားတွေက ရပ်တန့်မသွားပဲ ဖြေးဖြေးချင်း တည်ငြိမ်စွာနဲ့ဆက်လက်မြင့်တက်နေခဲ့သည်။
ယန်ချီတွေပါဝင်နေတဲ့ ရန်ကိုင်လက်သီးက ပိုပြီးကြီးမားလာသလို ပိုပြီးပြင်းထန်လာခဲ့လေသည်။
ရှနင်းချန်က သူမဆက်ပြီးမထိန်းထားနိုင်တော့ဘူးဆိုတာသိလိုက်တာနဲ့ သူမခွန်းအားကို နည်းနည်းထပ်
မြှင့်လိုက်ပြီး အံကြိတ်ကာ တောင့်ခံနေလိုက်သည်။
‘‘င့ါကိုသတ်ဖို့နင့်ကိုဘယ်သူပြောလိုက်တာလဲ’’ တိုက်ခိုက်နေရင်းရန်ကိုင်က
ရှနင်းချန်ကို ရုတ်တရက်မေးလိုက်သည်။ သူ့မျက်နှာက သုန်မှုန်နေခဲ့ပြီး
သူ့အသံကအောအောကြီးဖြစ်နေခဲ့ကာ စိတ်ညစ်နေတဲ့အရိပ်အယောင်ပေါ်နေခဲ့သည်။
ရှနင်းချန်က ပြန်မဖြေခဲ့ပဲ ရန်ကိုင်ကိုသာ သည်းကြီးမည်းကြီးတိုက်ခိုက်နေခဲ့သည်။
အခုအချိန်ထိအောင် ရန်ကိုင်က သူမနဲ့လက်ရည်တူယှဉ်ပြိုင်တိုက်ခိုက်နိုင်ခဲ့သည်။ ရန်ကိုင်လက်သီးနဲ့
တိုက်ခိုက်ခြင်းခံရတိုင်း သူမခန္ဓာကိုယ်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ သန့်စင်တဲ့ယန်ချီကို
ချေဖျက်ဖို့ ကြိုစားခဲ့ရသည်။ ရှနင်းချန်က တော်တော်လေးကြောက်ရွံ့သွားခဲ့ပြီး
အစစ်အမှန်ယန်ချီ၏ စွမ်းအားကိုအထင်သေးမိလိုက်ပြီး ဆိုတာသိလိုက်သည်။
ရန်ကိုင်၏ယန်ချီသန့်စင်မှုက သာမန်ယန်ချီကျင့်ကြံသူတွေမှာမရှိနိုင်တဲ့ သန့်စင်မှုမျိုးဖြစ်သည်။
ရန်ကိုင်နဲ့ရှနင်းချန်တို့လက်တွေက နောက်တစ်ကြိမ် ကန့်လန့်ဖြတ်သွားခဲ့ပြီး
နှစ်ယောက်စလုံးနောက်ပြန်မဆုတ်ခဲ့ပေ။ ရန်ကိုင်က သူ့ရန်သူကိုမျက်မှောင်ကြုံ့ကာ
ကြည့်လိုက်ပြီး သူမနဖူးပေါ်က အမှတ်အသားမှိန်မှိန်လေးကို တွေ့လိုက်ရလေသည်။ သူကြောင်သွားခဲ့ပြီး
မေးလိုက်သည်‘‘ နင့်ရဲ့ပုံစံက …..ငါ့ရဲ့စီနီယာအစ်မနဲ့တူသလိုပဲနော်’’
သူမခန္ဓာကိုယ်ထဲကို ကျူးကျော်လာတဲ့ယန်ချီတွေကို ချေဖျက်ဖို့ကြိုးစားနေတဲ့ ရှနင်းချန်က
ရန်ကိုင်ပြောတဲ့စကားကြားလိုက်ရတဲ့အချိန်မှာတာ့ ကြောင်သွားခဲ့လေသည်။ သူမတွေးလိုက်သည်
‘‘သူဘာကိုကြည့်ပြီးငါမှန်းသိသွားတာလဲ’’ သူမနဖူးက မှိန်ဖျော့ဖျော့အမှတ်အသားကြောင့်
ရန်ကိုင်သူမကိုသံသဝဝင်သွားတယ်ဆိုတာကိုတော့ သူမမသိခဲ့ပေ။
ရှနင်ချန်းရဲ့နဖူးက ထိုအမှတ်အသားနေရာမှာ အပြာရောင်ကျောက်ကလေးရှိတာကို
ရန်ကိုင်သတိရလိုက်သည်။
ထိုအချိန်တွင် ရှနင်းချန်ကမျက်တောင် တဖြတ်ဖြတ်ခတ်နေပြီး သူမ၏မျက်ခမ်းတွေကလည်း
တဆတ်ဆတ်တုန်ရီနေခဲ့သည်။ ရန်ကိုင်က ပြုံးဖြဲဖြဲလုပ်နေခဲ့သည်။ ထိုအရာက သူမ၏တိုက်ခိုက်မှုတွေကို
ရုတ်တရက်နှောင့်ယှတ်လိုက်သလိုဖြစ်သွားစေခဲ့သည်။ ရုတ်တရက် ရန်ကိုင်ကသူမကို သူ့ရင်ခွင်ထဲ
ဆွဲသွင်းလိုက်ပြီ သူမ၏ မျက်နှာကာကိုချွတ်ဖို့ ကြိုးစားလိုက်သည်။
ထိုအချိန်မှာပဲ ရှနင်းချန်က အသိပြန်ဝင်လာခဲ့သည်။ သူမဘယ်သူလဲဆိုတာ ရန်ကိုင်ကိုသိမသွား
စေချင်ခဲ့ပေ။ ပထမအနေနဲ့ ရန်ကိုင်အပေါ်သက်ရောက်နေတဲ့ဖိအားကို ပိုတိုးသွားစေချင်ခဲ့ပြီး
ဒုတိယအနေနဲ့ သူမနည်းနည်းရှက်နေခဲ့သောကြောင့်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ်
သူတို၏နောက်ဆုံးအကြိမ်တွေ့တုန်းက တော်တော်လေး ကိုးယိုးကားယား
ဖြစ်သွားတဲ့အတွက် သူမဘယ်သူလဲဆိုတာ ရန်ကိုင်သိသွားမှာ ကြောက်နေခဲ့သည်။
သူမကြံမိကြံရာစွတ်လုပ်မိလိုက်ပြီး သူမ၏ခွန်အားတွေကို ထိန်းချုပ်ခြင်းငှာ
မစွမ်းနိုင်တော့ပဲ ချီစွမ်းအင်တွေရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။ ရန်ကိုင်က
ထူးထူဆန်းဆန်း အော်ဟစ်ငြီးတွားလိုက်ပြီး အနောက်ဘက်ကိုလွင့်ထွက်သွားခဲ့သည်။
သူကုန်းထနိုင်တဲ့အချိန်မှာတော့ ရှနင်းချန်က ရှိမနေတော့ပေ။ သူမဘယ်ရောက်သွားလဲ
ဆိုတာကတော့ နတ်ဘုရားပဲသိပေလိမ့်မည်။
‘‘အဲ့ဒါတကယ်ဖြစ်နိုင်လား’’ သူ့ကိုယ်သူပြန်မေးလိုက်သည်။ ဒါပေမယ့် သူမက
ဒီလောက်ကြမ်းကြမ်းတမ်းတမ်း တုန့်ပြန်မယ်လို့ သူမထင်လားခဲ့ပေ။ သူမ၏နောက်ဆုံး
တိုက်ခိုက်မှုက သူတို့နှစ်ယောက်ကြားက ခွန်အားကွားခြားချက်ကို ရန်ကိုင်အား
နားလည်သဘောပေါက်သွားစေခဲ့သည်။ သူမသာ သူ့ကိုသတ်ချင်ရင်
သူမလက်တစ်ဖက်မြှောက်လိုက်ရုံနဲ့ လုံလောက်နေပြီဖြစ်သည်။ သူ့ကိုတိုက်ခိုက်ဖို့
လိုအပ်မနေပေ။
ဒီကိစ္စက အခုအချိန်မှာ အရေးမကြီးတော့ပေ။ ဘာကြောင့်လဲဆိုတော့ တိုက်ပွဲကြောင့်
သူ့ကိုစဦးဒြပ်စင်အဆင့်မရောက်အောင် ကာဆီးထားတဲ့ အတားအဆီးက ကျိုးပျက်သွားသောကြောင့်
ဖြစ်သည်။ သူချက်ချင်းထိုင်ချလိုက်ပြီး သူ့ဘေးနာက ချီစွမ်းအင်ကို အာရုံခံဖို့ကြိုစားလိုက်သည်။
အသက်ပြင်းပြင်းရှုလိုက်ပြီး သူ့ချွေးပေါက်တွေ ပွင့်ထွက်လာကာ ပတ်ဝန်းကျင်က
ချီစွမ်းအင်တွေကို အရူးအမူးစုပ်ယူတော့လေသည်။ ဒါကကျင့်ကြံသူတိုင်းကိုပေးထားတဲ့
အဆင့်ချိုးဖျက်ဖို့ အခွင့်အရေးပင်ဖြစ်သည်။ ရလဒ်ကတော့သူတို့ဘယ်လောက်ကြိုးစား
အားထုတ်လဲဆိုတာပေါ်မှာပဲ မူတည်လေသည်။
ပေ၁၀၀လောက်ဝေးတဲ့နေရာတစ်ခုမှာ ရှနင်းချန်က သူမရင်ဘက်ကိုကိုင်ရင်း အမောတကော
အသက်ရှုနေခဲ့သည်။ ရန်ကိုင်သူမကိုမှတ်မိသွားလိမ့်မယ်လို့ သူမမထင်ထားခဲ့ပေ။
ဒါပေမယ့် သူအဆင့်ချိုးဖျက်နိုင်ခဲ့တဲ့အတွက် သူမ၏ကြိုးစားအားထုတ်မှုက
အလဟသဖြစ်မသွားခဲ့ပေ။
သူမထိတ်လန့်တုန်လှုပ်မှု မပြယ်သေးခင်မှာပဲ သူမရှေ့မှာလူတစ်ယောက် ရုတ်တရက်
ထွက်ပေါ်လာခဲ့သည်။ ထိုလူကြီးက ရိုးရှင်းစွာဝတ်ဆင်ထားခဲ့ပြီး ဖော်ရွေပုံပေါ်သည်။
လူကြီးရဲ့မျက်နှာကိုမြင်လိုက်တာနဲ့ ရှနင်းချန်ကလေးလေးစားစား နှုတ်ဆက်လိုက်သည်
‘‘စံအိမ်ခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်’’
လူကြီးက ကြင်နာစွာပြုံးပြလိုက်ပြီး‘‘နင်ကကောင်းကင်စံအိမ်က တပည့်မှမဟုတ်တာ။
အဲ့လိုတွေနှုတ်ဆက်နေဖို့မလိုပါဘူး’’
‘‘ဒါပေမယ့် စံအိမ်ခေါင်းဆောင်က ငါ့ဆရာရဲ့သူငယ်ချင်းတစ်ယောက်ပဲလေ။ ဒါကြောင့်
စံအိမ်ခေါင်းဆောင်က ငါ့ရဲ့စီနီယာတစ်ယောက်ပဲပေါ့’’ ရှနင်းချန်ကပြောလိုက်သည်။
Martial Peak
အပိုင်း (၆၄) စဦးဒြပ်စင်အဆင့်
စံအိမ်ခေါင်းဆောင်က ရှနင်းချန်၏လိမ္မာပါးနပ်တဲ့အပြုအမူကို မြင်လိုက်တဲ့အချိန်မှာ အလိုလို
ပြုံးမိသွာသည်‘‘ မန်ဝူရမှာ နင့်လိုတပည့်တစ်ယောက်ရှိတာ တကယ်ကိုကံကောင်းတာပဲ’’
သူရဲ့တပည့်နှစ်ယောက်ကို ပြန်စဉ်းစားမိလိုက်တဲ့အချိန်မှာတော့ စံအိမ်ခေါင်းဆောင် သက်ပြင်းချလိုက်သည်။
ရှနင်းချန်၏ စံအိမ်ခေါင်းဆောင်၏ အတိတ်ကိုရှင်းရှင်းလင်းလင်း သိနေခဲ့ပြီး သူ့အမူအရာ
ပျက်သွားတာကို မြင်လိုက်ပေမယ့် စံအိမ်ခေါင်းဆောင်ကို ဘယ်လိုနှစ်သိမ့် ပေးရမှန်း
မသိခဲ့ပေ။
ဆက်မပြောတော့ပဲ စံအိမ်ခေါင်းဆောင်က ကောင်းကင်ပေါ်ကိုလက်မြှောက်လိုက်ပြီး
ရန်ကိုင်ရှိနေတဲ့ဘက်ကို တွန်းလိုက်သည်။ ထိုအချိန်တွင် ကောင်းကင်နဲ့မြေပြင်နှစ်ခြမ်းကွဲသွားသည့်အလား
ရှနင်းချန်ခံစားလိုက်ရသည်။မမြင်နိုင်တဲ့လက်ဝါးတစ်ဖက်က ထိုနေရာကို အခြားသူတွေဆီကနေ
ကာရံထားလိုက်သည်။
‘‘ဒီကောင်းလေးရဲ့ အဆင့်တက်မှုကြောင့် တော်တော်လေး ရုတ်ရုတ်ရုတ်ရုတ် ဖြစ်သွားတယ်။
ဒါကြောင့် အရင်းဖုံးကွယ်ထားတာက ပိုကောင်းလိမ့်မယ်။ ဒါမှအခြားသူတွေ
စုံးစမ်းစစ်ဆေးတာကို ရှောင်ရှားလို့ရမှာ’’ စံအိမ်ခေါင်းဆောင်က ရှင်းပြလိုက်သည်။
ရှနင်းချန်က ဘာပြောရမှန်းမသိဖြစ်သွားခဲ့သည်။ တစ်နှစ်ပတ်လုံး ကိုယ်ထင်မပြတတ်တဲ့
စံအိမ်ခေါင်းဆောင်က ရန်ကိုင်ကိုအထူးတလည် ဂရုစိုက်နေခဲ့သည်။ သူမ ဘာလို့လဲဆိုတာမသိပေမယ့်
မေးလည်းမမေးရဲပေ။ လူကြီးတစ်ယောက်နဲ့ မိန်းမငယ်လေးတစ်ယောက် ပေတစ်ရာအကွာကနေ
ရန်ကိုင်ကိုစောင့်ကြည့်နေခဲ့ကြသည်။
ချီစွမ်းအင်တွေက ရန်ကိုင်ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားခဲ့ပြီး သူ့တစ်ကိုယ်လုံးကို
ပျံ့နှံ့သွားစေသည်။ သူ့ဆီကနေ စဦးဒြပ်စင်အဆင့် ချီစွမ်းအင်လှိုင်းတွေ ထွက်ပေါ်နေခဲ့ပြီး
၁၀ပေအချင်းဝက်လောက် လေပွေတစ်ခုကလည်း ရန်ကိုင်ကိုဗဟိုပြုပြီး
လှည့်ပတ်နေခဲ့သည်။ ။ ဒါကစဦးဒြပ်စင်အဆင့်ကို
ချိုးဖျက်တာပဲလေ… ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်နေတာလဲ…. ရှနင်းချန် တကယ်ကို
နားမလည်နိုင်တော့ပေ။
အချိန်တွေတရွေ့ရွေ့ကုန်ဆုံးသွားခဲ့သလို ရန်ကိုင်ခန္ဓာကိုယ်ထဲကိုလည်း ချီစွမ်းအင်တွေက
အဆက်မပြတ် တိုးဝင်နေပြီး သူ့ခန္ဓာကိုယ်ကလည်း ဘောလုံးတစ်လုံးလိုဖောင်းကားလာခဲ့သည်။
ရှနင်းချန်က ရန်ကိုင်ကိုစိုးရိမ်သွားခဲ့ပြီး…ဒါပေမယ့် သိပ်မကြာခင်မှာပဲ ရန်ကိုင်ခန္ဓာကိုယ်က
နဂိုအခြေအနေအတိုင်း ပြန်ဖြစ်သွားခဲ့သည်။ စံအိမ်ခေါင်းဆောင်ရဲ့အကာအကွယ်ရှိနေတာတောင်
ရုတ်ရင့်ကြမ်းတမ်းတဲ့ ချီစွမ်းအင်လှိုင်းတွေကို သူမခံစားနေခဲ့ရသည်။
ပိုပြီးထိတ်လန့်စရာကောင်းတာက ထိုချီစွမ်းအင်တွေအကုန်လုံးကို ရန်ကိုင်စုပ်ယူသွားတာပဲ
ဖြစ်သည်။ ထို့ပြင် မမျှော်လင့်ထားတဲ့အဖြစ်အပျက်တစ်ခုဖြစ်လာခဲ့သည်။ ရစ်ခွေနဂါးစမ်းချောင်း
ထဲကပူုပြင်းတောက်လောင်နေတဲ့ အနီစွမ်းအင်စီးကြောင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုစွမ်းအင်စီးကြောင်းက အနီရောင်ဖဲကြိုးလေးလိုဖြစ်နေပြီး ရစ်ခွေနဂါးစမ်ေးချာင်း
အောက်ခြေမှ ပျံတက်လာကာ ရန်ကိုင်ခန္ဓာကိုယ်ထဲကို တိုးဝင်သွားခဲ့လေသည်။
ယန်စွမ်းအင်လား၊ ရှနင်းချန်နားလည်သွားခဲ့ပြီ။ ရန်ကိုင်အစောပိုင်းက စုပ်ယူတဲ့ချီစွမ်းအင်က
သာမန်ချီစွမ်းအင်သာဖြစ်ပြီး အခုစုပ်ယူနေတဲ့ချီစွမ်းအင်ကတော့ ယန်ချီတွေပဲဖြစ်လေသည်။
ယန်ချီတွေကို စုပ်ယူပြီးသွားတဲ့အချိန်မှသာ ထိုပုံမှန်မဟုတ်တဲ့ဖြစ်ရပ်ကြီးက
ရပ်တန့်သွားခဲ့သည်။
‘‘မဆိုးပါဘူး’’ စံအိမ်ခေါင်းဆောင်က ခေါင်းညိတ်လိုက်ပြီး အကာအရံကိုဖယ်ရှားလိုက်သည်။
မျက်တောင်တစ်ခတ်အတွင်း စံအိမ်ခေါင်းဆောင်က ပျောက်ကွယ်သွားခဲ့ပြီး ရှနင်းချန်က
လူကိုမမြင်ရတော့ပဲ အသံပဲကြားလိုက်ရသည်‘‘နင့်ဆရာကိုလည်း ငါ့နေရာမှာနေရတာ
အဆင်ပြေလားမေးပေးပါဦး’’
‘‘နားလည်ပါပြီ’’ ရှနင်းချန်က လေးလေးစားစား ပြန်ဖြေလိုက်သည်။ ထို့နောက်
ရန်ကိုင်အခြေအနေကို စူးစမ်းကြည့်လိုက်သည်။
တစ်ချက်ကြည့်လိုက်ပြီး ရှနင်းချန်ကြက်သေသေသွားခဲ့သည်။
စဦးဒြပ်စင်အဆင့်၂လား….
သူမမှားယွင်းစစ်ဆေးမိတယ်လို့ ထင်တဲအတွက် နောက်တစ်ကြိမ်ပြန်စစ်ဆေးလိုက်တော့မှ
ရန်ကိုင်စဦးဒြပ်စင်အဆင့်၂ရောက်သွားတယ်ဆိုတာကို လက်ခံလိုက်ရသည်။ သူက
အဆင့်ကြီးတစ်ဆင့်ကို ချိုးဖျက်ဝင်ရောက်သွားရုံမက နောက်ထပ်အဆင့်သေးတစ်ဆင့်ကိုလည်း
ချိုးဖျက်သွားခဲ့လေသည်။ ငါပဲ အိမ်မက်နေတာလား…..
ရှနင်းချန်၏ အထူးခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ သေသေချာချာ ကြိုးစားလေ့ကျင့်တာတောင်
ရန်ကိုင်လို အဆင့်နှစ်ဆင့်ကိုတစ်ခါမှမချိုးဖျက်ခဲ့ဖူးပေ။ ဒါပေမယ့် ဒီနေ့မှာတော့ ရန်ကိုင်က
သူမရှေ့မှာတင် အဆင့်နှစ်ဆင့်ကို ချိုးဖျက်သွားခဲ့လေသည်။ သူမမအံသြပဲ ဘယ်နေလိမ့်မလဲ….
သူက ရန်ကိုင်ကိုအံ့သြတကြီး ငေးကြည့်နေတုန်းမှာပဲ တင်ပလင်ခွေထိုင်နေတဲ့ ရန်ကိုင်က
ရုတ်တရက် သူ့ဘာသာသူရေရွတ်လိုက်သည်‘‘ဒါဆို ဒါကဒီလိုလား’’ ထို့နောက်
သူ့ခန္ဓာကိုယ်က ချီစွမ်းအင်တွေက ပိုပြီးသိပ်သည်းလာခဲ့ပြီး စဦြး့ဒပ်စင်အဆင့်၃ကို
ချိုးဖျက်သွားခဲ့သည်။
‘‘မွန်းစတားတစ်ကောင်ပဲ’’ ရှနင်းချန်က ဘယ်လိုတုန့်ပြန်ရမှန်း မသိတော့ပေ။ ထိုဖြစ်ရပ်က သူမ၏
ယုံကြည်ချက်တွေကို ရိုက်ချိုးသွားခဲ့လေပြီ။ ရန်ကိုင်၏ခွန်အားက နောက်ထပ်တိုးမလာတာကို
သိလိုက်ရတော့မှ သမသက်ပြင်းအမောကြီးချနိုင်တော့သည်။ ထို့နောက် ဝမ်းနည်းစွာနဲ့
တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။
ရန်ကိုင်က ရစ်ခွေနဂါးစမ်းချောင်းဘေးတွင် တစ်ညလုံးထိုင်နေခဲ့ပြီး အစစ်အမှန်ယန်နည်းစနစ်ကို
လေ့ကျင့်မယ့်အစား အဆင့်ချိုးဖျက်တုန်းက ရရှိခဲ့တဲ့ဥာဏ်အလင်းတွေကို ပြန်ပြီးဆင်ခြင်နေခဲ့သည်။
အဆင့်ချိုးဖျက်တုန်းက သူ့ခန္ဓာကိုယ်ထဲကို စွမ်းအင်နှစ်မျိုးဝင်လာခဲ့သည်။ ပထမတစ်မျိုးက
သာမန်ချီစွမ်းအင်ဖြစ်ကာ သူ့အရိုးက ထိုစွမ်းအင်တွေကို စုပ်ယူသွားခဲ့ပြီး အနည်းအကျဉ်းကိုသာ
သူ့ခန္ဓာကိုယ်က စုပ်ယူလိုက်ရလေသည်။
ဒုတိယတစ်မျိုးက ရစ်ခွေနဂါးစမ်ချောင်းထဲက ယန်ချီတွေဖြစ်လေသည်။ ထိုယန်ချီတွေက
ယန်အရည်စက်၅စက်အဖြစ် သိပ်သည်းသွားခဲ့ပြီး သူ့ဒန်တန်ထဲတွင် တည်ငြိမ်စွာ
တည်ရှိနေခဲ့လေသည်။ တစ်ညလုံးတွေးတောဆင်ခြင်ပြီးနောက် အနည်းအကျဉ်းလောက်
နားလည်သွားခဲ့သည်။
ရွှေရောင်အရိုးခြောက်က သူ့ဒဏ်ရာတွေကို အာရုံခံနိုင်ပြီး သူ့စွမ်းအင်တွေကို ပြန်ဖြည့်ပေးနိင်သေလည်။
ဒါပေမယ့် အဲ့လိုလုပ်ဖို့လည်း စွမ်းအင်လိုအပ်ပေသည်။ ထိုကြောင့် သူ့အရိုးတွေကနေ
ချီစွမ်းအင်တွေ စုပ်ယူသွားတဲ့အကြောင်းပြချက်ကို နားလည်ဖို့မခက်ခဲပေ။
သူ့အရိုးက စုပ်ယူထားတဲ့ချီစွမ်းအင်တွေကို သူလိုအပ်နေတဲ့အချိန်မှာ ပြန်ထုတ်လွှတ်ပေးမှာပဲ
ဖြစ်သည်။ ဒါက ရွှေရောင်အရိုးခြောက်၏ ဆန်းကြယ်တဲ့အသုံးဝင်မှုတစ်ခုဖြစ်သလို
သူတိုက်ခိုက်နေတဲ့အချိန်တွင် ကုန်ဆုံးသွားတဲ့စွမ်းအင်တွေကို ရွှေရောင်အရိုးခြောက်က
ပြန်လည်ဖြည့်တင်နိုင်ခြင်း၏ အကြောင်းပြချက်လည်း ဖြစ်ပေသည်။
ရန်ကိုင်က အစစ်အမှန်ယန်နည်းစနစ်ကို လေ့ကျင့်နေတဲ့အတွက် ယန်ချီကိုသာ
စုပ်ယူနိင်တယ်လို့ ထင်နေခဲ့တာဖြစ်သည်။ ဒါပေမယ့် အခုအချိန်မှာတော့ သူထင်တာ
မှားယွင်းနေမှန်းသိသွားခဲ့လေပြီ။အကယ်၍သူသာ ယန်ချီကိုသာမက အခြားစွမ်းအင်တွေကိုပါ
စုပ်ယူနိုင်မယ်ဆိုရင် သူ့၏ကျင့်ကြံနှုန်းက ပိုပြီးမြန်ဆန်သွားမှာပဲဖြစ်သည်။
ဒါကရန်ကိုင်ကို ပျော်ရွှင်သွားစေခဲ့သည်။ အစစ်အမှန်ယန်နည်းစနစ်က အစွမ်းထက်ပေမယ့်
ကန့်သတ်ချက်တွေတော့ ရှိနေတုန်းပင်ဖြစ်သည်။ ဒါပေမယ့် သူ့တွေးတာသာမှန်ခဲ့မယ်ဆိုရင်
သီးသန့်လေ့ကျင့်ဖို့နေရာအတွက် သူစိတ်ရှုပ်နေစရာမလိုတော့ပေ။
အသက်ပြင်းပြင်းရှုလိုက်ပြီး ရန်ကိုင်မတ်တပ်ရပ်လိုက်သည်။ လွန်ခဲ့တဲ့ညက သူ့ခန္ဓာကိုယ်ထဲကို
ဝင်ရောက်သွားတဲ့ စွမ်းအင်နှစ်ခုအကြောင်းကို ပြန်တွေးလိုက်ရင်း သက်သောင့်သက်သာ
ရှိသလိုခံစားလိုက်ရသည်။
သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ချီစွမ်းအင်တွေက ကောင်းကင်စက်ဝိုင်းကို အရှိန်မြင့်တင်နိုင်ခဲ့ပြီး
ကောင်းကင်နဲ့မြေပြင်ကြားတံတားတစ်ခု ချိတ်ဆက်ပေးနိုင်ခဲ့သည်။ ဒါကြောင့် နောက်ပိုင်း
အစစ်အမှန်ယန်နည်းစနစ်က ပိုပြီးအစွမ်းထက်လာတော့မှာပဲဖြစ်သည်။
စဦးဒြပ်စင်အဆင့်ကို ချိုးဖျက်ပြီးနောက် လေ့ကျင့်ရတာ အတိုင်းအတာတစ်ခုအထိ
ပိုပြီးလွယ်ကူလာခဲ့သည်။ ဒါပေမယ့် လိုအပ်ချက်ကတော့ လေ့ကျင့်ဖို့
သင့်တော်တဲ့ပတ်ဝန်းကျင်တစ်ခုရှိဖို့ပဲဖြစ်သည်။
ရစ်ခွေနဂါးစမ်းချောင်ကနေ လမ်းလျှောက်လာရင်းရန်ကိုင် အရမ်းပျော်ရွှင်နေခဲ့သည်။
အဆင်ကြီးတစ်ဆင့် ချိုးဖျက်သွားတာနဲ့ ကမ္ဘာကြီးကိုရှုမြင်နေတဲ့ သူရဲ့အမြင်လည်း
အနည်းအကျဉ်းပြောင်းလဲသွားခဲ့လေပြီ။ အရာရာကို သူ့မျက်လုံးထဲတွင် ပိုပြီးရှင်းရှင်း
လင်းလင်းမြင်နိုင်လာခဲ့သည်။
ပေ၅၀အတွင်မှာရှိတဲ့ လူတစ်ယောက်အသက်ရှုသံကိုတောင် သူကြားနိုင်လေသည်။
သူတဲ့ကိုလမ်းလျှောက်ပြန်နေတုန်းမှာပဲ ရန်ကိုင်က ရင်းနှီးနေတဲ့အော်ဟစ်ညီးတွားသံတစ်သံကို
ကြားလိုက်ရသည်။ သူ့ခြေလှမ်းတွေကိုရပ်တန့်လိုက်ပြီး သေချာနားထောင်ကြည့်လိုက်တဲ့
အချိန်မှာတော့ ရန်ကိုင်ရယ်ချင်စိတ်ကို မထိန်းချုပ်နိုင်တော့ပဲ ရယ်လိုက်မိလေသည်။
စုမူက တစ်ယောက်ယောက် ရိုက်တာခံနေရတာလား။
ဒါပေမယ့် ဒါကကောင်းကင်စံအိမ်၏ ပိုင်နက်အတွင်းတွင်ဖြစ်သည်။ ဒါကြောင့်
စုမူအရိုက်ခံရတာဆိုရင် စိန်ခေါ်ပွဲကြောင့်ပဲဖြစ်နိုင်လေသည်။ သူအခြားသူနဲ့မယှဉ်နိုင်ရင်
အခြားတစ်ယောက်ကို အပြစ်မတင်ပဲ သူ့ကိုယ်သူသာအပြစ်တင်သင့်ပေသည်။
ဘာပဲဖြစ်ဖြစ် ရန်ကိုင်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ စုမူရိုက်ခံနေရတဲ့ နေရာနဲ့
သူရှိနေတဲ့နေရာက သိပ်ပြီးမဝေးတဲ့အတွက် သိပ်မကြာခင်မှာပဲ စုမူအရိုက်ခံနေရတဲ့
နေရာကို ရောက်သွားခဲ့သည်။
ထိုနေရာတွင် လူတွေအများကြီးအုံနေခဲ့ပြီး ရန်ကိုင်ကြည့်လိုက်တာနဲ့ အဖွဲ့နှစ်ခုကို
တွေ့လိုက်ရလေသည်။ သူနဲ့ဆယ်ပေအကွာမှာတော့ လီယွမ်ရှန်းနဲ့ကျောင်းဟူတို့ရပ်နေကြသည်။
ဒါပေမယ့် သူတို့၏အသွင်အပြင်တွေက အလွန်အမင်း သုန်မှုန်နေခဲ့လေသည်။
ရန်ကိုင်က သူတို့ကိုကြည့်ရင်း မျက်မှောင်ကြုံ့လိုက်သည်။ ကောင်ကင်းစံအိမ်တွင်
တစ်ယောက်နှင့်တစ်ယောက် စိန်ခေါ်တိုက်ခိုက်ကြရာတွင် ဘယ်သူနိုင်နိုင်၊ ရှုံးရှုံး
ဒီလောက်အထိတော့ မပြင်းထန်ခဲ့ပေ။ လီယွမ်ရှန်းပုံစံက အလွန်အမင်းသုန်မှုန်နေခဲ့ပြီး
အဖွဲ့လိုက်ထချတော့မယ့် ပုံစံပေါက်နေခဲ့သည်။
Martial Peak
အပိုင်း (၆၅) ဝေကျွမ်း
ထိုအဖွဲ့နှစ်ဖွဲ့အပြင် စိန်ခေါ်ပြိုင်ပွဲကို ကြည့်နေတဲ့ကောင်းကင်စံအိမ် တပည့်အနည်းငယ်လည်း
ရှိနေခဲ့သည်။ရန်ကိုင်က လူအုပ်ကိုတိုးဝှေ့ပြီး လီယွမ်ရှန်းဆီသွားလိုက်သည်။
သူစုမူကိုတွေ့လိုက်တဲ့အချိန်မှာတော့ သူ့မျက်နှာတစ်ခုလုံးဖူးယောင်နေခဲ့ပြီး နှာခေါင်းကနေလည်း
သွေးတွေတစိမ့်စိမ့်ကျနေခဲ့သည်။ သူ့ပုံစံက အလွန်သနားစရာကောင်းနေခဲ့ပြီး သူ့ရှေ့မှာတော့
သူနဲ့အသက်သိပ်မကွာလောက်တဲ့ လူငယ်လေးတစ်ယောက်ရပ်နေခဲ့သည်။ ထိုလူငယ်လေးရဲ့
ခန္ဓာကိုယ်ပေါ်မှာတော့ ဒဏ်ရာတစ်ချက်တောင် မရှိပဲစုမူကိုကြည့်ရင်း လှောင်ပြုံးပြုံးနေခဲ့သည်။
စုမူ၏တိုက်ခိုက်မှုတွေကို အသာအယာချေဖျက်ရင်း စုမူကိုလှောင်ပြောင်နေခဲ့သည်။
စုမူကအော်လိုက်ပြီး ပြေးဝင်သွားပေမယ့် သူ့တိုက်ခိုက်မှုက အလွယ်တကူချေဖျက်ခံလိုက်ရသည်။
တစ်ခဏကြာအောင် ကြည့်နေလိုက်ပြီးနောက် ရန်ကိုင်မျက်မှောင်ကြုံ့လိုက်သည်။ ဘာကြောင့်လဲဆိုတော့
စုမူ၏တိုက်ခိုက်မှုတွေကို ထိုလူငယ်ကိုထိသော်လည်း မည်သည့်ထိခိုဒဏ်ရာမှ မရစေခဲ့ပေ။
စုမူ၏တိုက်ခိုက်မှုတွေက ထိုလူငယ်အပေါ်အဆက်မပြတ် ကျရောက်နေခဲ့သော်လည်း
လူငယ်လေးက မျက်တောင်တစ်ချတ်မခတ်ပဲ အသာအယာချေဖျက်နေခဲ့သည်။
သူတို့နှစ်ယောက်၏ ခွန်အားကသိပ်ပြီးမကွာခြားပေ။ ဒါပေမယ့် တိုက်ခိုက်နေတဲ့
အချိန်မှာတော့ အလွန်အမင်းကွာခြားနေခဲ့သည်။ စုမူ၏တိုက်ခိုက်မှုတွေက
လုံးဝအရာမဝင်ဖြစ်နေခဲ့သည်။
‘‘ဘာဖြစ်နေတာလဲ’’ ရန်ကိုင်က လီယွမ်ရှန်း၏ပုခုံးကိုပုတ်ရင်းမေးလိုက်သည်။
သူလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ လီယွမ်ရှန်း၏မျက်နှာက အပျော်တွေ့နဲ့ပြည့်သွားခဲ့သည်
‘‘စီနီယာအစ်ကိုရန်’’
သူ့အော်သံကိုကြားတာနဲ့ ကျိုးဟူနဲ့ အခြားသူတွေလည်း လှည့်ကြည့်လိုက်ကြသည်။
သူတို့ရန်ကိုင်ကိုတွေ့သွားခဲ့ပြီး လာနှုတ်ဆက်ကြလေသည်။
စဥ်းစားရခက်နေတဲ့ပုံစံနဲ့ မေးလိုက်သည်‘‘ သူတို့ခွန်အားက အတူတူလောက်ပဲမလား’’
လီယွမ်ရှန်းက ချက်ချင်းခေါင်းညိတ်လိုက်သည်။ ဒါပေမယ့် သူ့အမူအရာက ချက်ချင်း
သုန်မှုန်သွားခဲ့သည်‘‘ အင်း၊ သခင်လေးစုက ခန္ဓာသန့်စင်ခြင်းအဆင့်၂၊
ဟိုကောင်က ခန္ဓာသန့်စင်ခြင်းအဆင့်၃………။ သူတို့နှစ်ယောက်သာ
မျှမျှတတတိုက်မယ်ဆိုရင် အဲ့ကောင်လည်း လွယ်မှာမဟုတ်ဘူး။ ဒါပေမယ့် အဲ့ကောင်
သောက်ကျင့်ယုတ်လွန်းတယ်။ စိန်ခေါ်ပွဲတွေမှာ ရတနာတွေ၊ ဝိဥာဉ်လက်နက်တွေ
သုံးခွင်မပေးထားဘူး။ဒါပေမယ့် အဲ့ကောင်ကအကာအကွယ်ရတနာသုံးပြီး
စုမူကိုစိန်ခေါ်တယ်လေ။ သူမှာအဲ့လိုရတနာရှိနေမှတော့ စုမူရဲ့တိုက်ခိုက်မှုတွေက
ဘယ်လိုလုပ်ပြီး သူ့ကိုထိခိုက်အောင်လုပ်နိုင်တော့မှာလဲ’’
ထိုအကြောင်းကိုကြားလိုက်တာနဲ့ ရန်ကိုင်မျက်နှာသုန်မှုန်သွားခဲ့ပြီး မေးခွန်းထုတ်လိုက်သည်
‘‘အကာအကွယ် ရတနာလား’’
‘‘ဟုတ်တယ်’’ လီယွမ်ရှန်းက အံကြိတ်လိုက်ပြီး ‘‘သူကအကြီးအကဲချုပ်ရဲ့ မြေးပဲ။
သူ့ကိုဝေကျွမ်းလို့ခေါ်တယ်။ အကာအကွယ်ရတနာက သူ့အဖိုးပေးထားတာလေ’’
‘‘နောက်ထပ်ဒုတိယလူငယ်မျိုးဆက်တစ်ယောက်လား’’ အကြောင်းအရာတွေက ပိုပြီး
ရှင်းလင်းသွားခဲ့သည်။ စုမူနောက်မှာအကြီးအကဲတစ်ယောက်ရှိနေခဲ့သလို
ဝေကျွမ်းရဲ့နောက်မှာလည်း အကြီးအကဲချုပ်ရှိနေခဲ့သည်။ နှစ်ယောက်စလုံးမှာ
အားကောင်းတဲ့နောက်ခံရှိနေခဲ့ပြီး သူတို့ရဲ့အဆင့်အတန်းက အတူတူပင်ဖြစ်သည်။
အခြားသူတွေက စုမူကိုမတိုက်ခိုက်ရဲရင်တောင် ဝေကျွမ်းကမတိုက်ခိုက်ရဲဘူးလို့တော့
မဆိုလိုပေ။ ဒါပေမယ့် အကာအကွယ်ရတနာဝတ်ပြီး တိုက်တာကတော့ တကယ်ကို
မမျှတပေ။
‘‘အကြီးအကဲချုပ်နဲ့ ဒုတိယအကြီးအကဲတို့က မတည့်ကြဘူး။ ဒါကြောင့် စုမူနဲ့ဝေကျွမ်းတို့ကလည်း
တစ်ယောက်နဲ့ တစ်ယောက်အမြင်မကြည်ကြဘူးလေ။အခုသူအခွင့်အရေးရတုန်းက စုမူကို
သင်ခန်းစာပေးနေတာ’’
ရန်ကိုင်က အံ့သြသွားတဲ့ပုံစံနဲ့‘‘ ဒါကပျင်းစရာကောင်းပြီး စိတ်ညစ်စရာကောင်းတဲ့ည
အတွင်းရေးပဋိပက္ခတွေပဲ’’
‘‘စီနီယာအစ်ကိုရန်၊ သခင်လေးစုကိုကယ်ဖို့ နည်းလမ်းတစ်ခုခုလောက် စဥ်းစားပါဦး။
စီနီယာအစ်ကိုလည်း သူ့အကြောင်းသိတာပဲ။ သူသာဒီအတိုင်းဆက်သွားနေမယ်ဆိုရင်
ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားလိမ့်မယ်’’
အခုလိုထိခိုက်တာကပုံမှန်ပဲလေ။ မင်းတို့ကဒါကိုကြောက်နေတယ်လို့ငါ့ကိုမပြောနဲ့နော်’’
‘‘ဒါပေမယ့် ဒီတိုက်ပွဲက အစကတည်းကမမျှတဘူးလေ။ ဝေကျွမ်းက သူ့ရဲ့အကာအကွယ်
ရတနာစွမ်းအားကို ဖုံးကွယ်ထားတာလေ’’
ရန်ကိုင်က စိတ်မပါလက်မပါ ရယ်လိုက်ပြီး‘‘ ကမ္ဘာကြီးမှာ တရားမျှတမှုဆိုတာမရှိဘူး။
ဒီကမ္ဘာမှာ နိုင်ရာစားပဲ။ မင်းအားနည်းနေရင် သူများအနိုင်ကျင့်တာခံရသလို
မင်းအားကြီးရင် အခြားသူတွေလေးစားတာခံရလိမ့်မယ်။ မင်းတို့လည်း ဒီနိယာမကို
သိပြီးသားပဲမလား’’
လီယွမ်ရှန်းက ပြောစရာစကားမဲ့သွားလေသည်။ ကောင်းကင်စံအိမ်ကတပည့်တွေကြားက
လက်ရည်ဖလှယ်ပွဲတွေမှာ သူ့တို့ဝင်နှောက်ယှတ်လို့မရပေ။ အတိတ်တုန်းက
ရန်ကိုင်၏အပြုအမူက ရက်စက်ကြမ်းကြုတ်သော်လည်း သူတောင်ကောင်းကင်စံအိမ်၏
စည်းမျဉ်းစည်းကမ်းကို မချိုးဖောက်ရဲမှတော့ သူ့တိုစုမူကိုဘယ်လိုလုပ်ပြီး
သွားကယ်နိုင်တော့မှာလဲ။
ဝေကျွမ်းက အကျယ်ကြီးအော်ရယ်နေခဲ့ပြီး တိုက်ပွဲရလဒ်ကို ကျေနပ်နေ ခဲ့သည်။
သူ့ရင်ဘတ်ကို ဂုဏ်ယူစွာပုတ်လိုက်ရင်း‘‘စုမူရယ်၊ အဲ့လောက်ကြီး ယဉ်ကျေးမနေပါနဲ့။
လာစမ်းပါ။ ဒီသခင်လေးဒီနေ့တော်တော်လေး စိတ်ကောင်းဝင်နေတဲ့အတွက်
ငါဒီနေရာနေ လုံးဝမလှုပ်ဘူး။ မင်းငါ့ကိုဒဏ်ရာရအောင် လုပ်နိုင်ခဲ့ရင် မင်ကိုအနိုင်ပေးမယ်’’
စုမူမျက်လုံးတွေက ဝေဝါးနေခဲ့ပြီး သူ့လက်သီးတွေကလည်း သွေးတွေနဲ့ စိုရွှဲနေခဲ့သည်။
ဝေကျွမ်း၏အကာအကွယ်ရတနာက တိုက်ခိုက်မှုတွေကို ကာကွယ်ပေးနိုင်ရုံမက
တန်ပြန်တိုက်ခိုက်နိုင်စွမ်းလည်းရှိလေသည်။ စုမူတိုက်ခိုက်လိုက်တိုင်း သူ့ခွန်အား
၅၀ရာခိုင်နှုန်းကလောက်က သူ့ဆီပြန်မှန်လေသည်။ သူ့လက်သီးကဒဏ်ရာတွေက
ထိုတန်ပြန်မှုကြောင့်ရလာခဲ့ခြင်းဖြစ်သည်။
ဝေကျွမ်း၏ စကားကိုကြားလိုက်တာနဲပ စုမူကသွေးတစ်ပွက်အန်လိုက်ပြီး အထင်တသေး
ပြန်ပြောလိုက်သည်‘‘ မင်းသတ္တိရှိရင် မင်းဝတ်ထားတဲ့အကာအကွယ်ရတနာကို
ချွတ်လိုက်လေ။ ဒီသခင်လေးက မင်းကိုပြန်မထနိုင်အောင် မရိုက်နိုင်ဘူးဆိုရင်
မင်းကငါ့မြေးမဟုတ်တော့ဘူး’’
ဝေကျွမ်း၏အမူအရာက နှင်းဝေသွားခဲ့ပြီး မိစ္ဆာဆန်ဆန်ရယ်လိုက်လေသည်‘‘သတ္တိမသေးပါလား…
မင်းငါ့ကိုတောင်စော်ကားရဲတယ်။ မင်းပြောခဲ့တဲ့စကားတွေအတွက် မင်းပြန်ပေးဆပ်ရမယ်’’
ဝေကျွမ်းက တကယ်ကိုဒေါသထွက်သွားခဲ့ပြီး စုမူဆီပြေးဝင်သွားပြီး သူ့ပါးပေါ်ကိုးထိုးချလိုက်သည်။
စုမူက ဝေကျွမ်း၏တိုက်ခိုက်မှုကို ကာကွယ်ဖို့ကြိုစားလိုက်သော်လည်း သူ့တစ်ကိုယ်လုံးနုံးချိနေတဲ့အတွက်
မကာကွယ်နိုင်တော့ပေ။ ဝေကျွမ်းလက်သီးက သူ့ပါးပေါ်ကျသွားတာနဲ့ သူ့ပါးကချက်ချင်း
ရောင်ကိုင်းလာခဲ့သည်။ ထို့နောက်သူ့ခေါင်းက ၁၈၀ဒီဂရီတိတိလန်ထွက်သွားလေသည်။
ဝေကျွမ်းကသားရဲတစ်ကောင်လို စုမူကိုကန်လိုက်၊ ထိုးကြိတ်လိုက်နဲ့ မရပ်မနား
တိုက်ခိုက်နေခဲ့သည်။ စုမူက အစွမ်းကုန်ခုခံဖို့ကြိုးစားပေမယ့် သူ့အားထုတ်မှုက
အချည်းနှီးပင်။
‘‘ငါ့ကိုအဖိုးလို့ခေါ်မယ်ဆိုရင် ဒီသခင်လေးကမင်းကိုခွင့်လွှတ်ပေးမယ်’’ တစ်ခဏကြာအောင်
ထိုးကြိတ်လိုက်ပြီးနောက် ဝေကျွမ်းကပြောလိုက်သည်။ စုမူကသူ့ကိုအေးစက်စက်
ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာတော့ စက်ဆုပ်ရွံရှာမှုတွေနဲ့ ပြည့်နေလေသည်။
နောက်ဆုံးအကြိမ်တုန်းက ချန်ရှောင်ဖုန်းက သူ့ခေါင်းကိုကျောက်တုံးနဲ့ ထုဖို့လုပ်တာတောင်
သူ တုန်လှုပ်ခြောက်ခြားမသွားခဲ့ပေ။ အခုမှဘာလို့ကြောက်လန့်တုန်လှုပ်နေခဲ့ရင်
သူစုမူမဟုတ်တော့ပေ။
‘‘မင်းကငါ့ကိုရယ်ရအောင် လုပ်နေတာပဲ’’ ဝေကျွမ်းက တုန့်ဆိုင်းမနေပဲ
စုမူကိုချက်ချင်းထိုးကြိတ်ကန်ကျောက်လိုက်လေသည်။ စုမူသွားကျွတ်ထွက်သွားခဲ့ပြီး
သူ့နှာခေါင်းကလည်း သွေးတွေအဆက်မပြတ် ယိုကျလာကာ သူ့အသွင်အပြင်က
တော်တော်လေးကြောက်ဖို့ကောင်းနေခဲ့သည်။ ဝေကျွမ်း၏တိုက်ခိုက်မှုက
ချန်ရှောင်ဖုန်းထက်တောင် ပိုပြီးရက်စက်ကြမ်းကြုတ်နေခဲ့သည်။
‘‘သခင်လေးစု’’ လီယွမ်ရှန်းတို့အဖွဲ့က အော်ခေါ်လိုက်သည်။ သူ့တို့ရှေ့ကိုတစ်လှမ်း
လှမ်းလိုက်ပေမယ့် စံအိမ်စည်းမျဉ်းတွေကြောင့် သူတို့ဘာမှမလုပ်နိုင်ခဲ့ပေ။ ဝေကျွမ်းက
တိုက်ခိုက်နေတာကို ရပ်လိုက်ပြီး လီယွမ်ရှန်းတို့ကိုကြည့်ကာ လှောင်ပြောင်လိုက်သည်
‘‘မင်းတို့သူ့ကိုကယ်ချင်လား’’
လီယွမ်ရှန်းတို့အဖွဲ့က ပြန်မဖြေပဲ ခါးသီးစွာသက်ပြင်းချလိုက်သည်။
‘‘ငါမေးနေတယ်…မင်းတို့သူ့ကိုကယ်ချင်လား’’ စုမူ၏မျက်နှာကို ခပ်ပြင်းပြင်း
ရိုက်လိုက်ပြီး ထိတ်လန့်စရာကောင်းအောင်ပြုံးရင်း မေးလိုက်သည်။
စုမူကိုနောက်တစ်ကြိမ်ရိုက်ခံရတာ မြင်လိုက်တာနဲ့ သူတို့ကြောက်ကြောက်လန့်လန့်နဲ့
ခေါင်းညိတ်လိုက်သည်။
‘‘အဲ့ဒါဆိုရင် ဒူးထောက်လိုက်။ လိမ်လိမ်မာမာ နဲ့ဒီသခင်လေးကို ရှိခိုးဂါဝရပြုစမ်း။
ဒီသခင်လေးကစိတ်ကျေနပ်ခဲ့ရင် ငါ့ဒီနေ့သူ့ကိုခွင့်လွှတ်ပေးမယ်’’ ဝေကျွမ်းက
စုမူကိုလက်လျော့အောင် မလုပ်နိုင်တဲ့အတွက် သူ့ပစ်မှတ်ကို လီယွမ်ရှန်းတို့အဖွဲ့ဘက်ကို
ပြောင်းလိုက်သည်။ လီယွမ်ရှန်းတို့က စုမူ၏နောက်လိုက်တွေဖြစ်တဲ့အတွက် သူတို့ကိုသာ
အရှက်ခွဲနိုင်ရင် စုမူကိုအရှက်ခွဲနိုင်တာနဲ့ အတူတူပဲဖြစ်သွားပေလိမ့်မည်။
ထိုအကြောင်းကိုကြားလိုက်တာနဲ့ လူအုပ်ကြီးက ဆူညံသွားခဲ့ပြီး လီယွမ်ရှန်းတို့မျက်နှာတွေက
ဖြူလျော့သွားခဲ့လေသည်။ စုမူကရုန်းကန်နေရင်း အော်ပြောလိုက်သည်‘‘သူ့စကားကို
နားမထောင်ကြနဲ့’’
‘‘ဖြန်း’’ စုမူနောက်တစ်ချက်အရိုက်ခံလိုက်ရပြန်သည်။
လီယွမ်ရှန်းနဲ့အခြားသူတွေက ထိတ်လန့်မှုကြောင့် ဖြူဖတ်ဖြူလျော်ဖြစ်သွားခဲ့သည်။ ….
သူတို့သာဆက်ပြီးတုန့်ဆိုင်းနေမယ်ဆိုရင် ပိုပြီးခံစားရမယ့်သူက စုမူပဲဆိုတာသိလိုက်သည်။
နာကျည်းမုန်းတီးမှုအပြည့်နဲ့ ဒူးထောက်ချလိုက်သည်။
ရန်ကိုင်ကသူ့တို့ကို တအံ့တသြကြည့်လိုက်သည်။ ထိုအဖွဲ့ကစုမူအတွက် ဒီလိုလုပ်ပေး
လိမ့်မယ်လို့ သူတစ်ခါမှမထင်ထားခဲ့ပေ။ သူ့တို့ဒူးအောက်မှရွှေတွေရှိနေလို့လား…
သူ့တိုကြားကဆက်ဆံရေးသာအဲ့လောက်မရင်းနှီးဘူးဆိုရင် စုမူအတွက်
ထိုကဲ့သိုလုပ်ပေးလိမ့်မည်မဟုတ်ပေ။
လီယွမ်ရှန်းနဲ့ သူ့အဖွဲ့က အကျိုးအမြတ်တစ်ခုခုရချင်လို့ စုမူနောက်လိုက်တာလို့
သူထင်နေခဲ့ပေမယ့် သူထင်တာမှားယွင်းနေခဲ့ပုံပင်။
ဝေကျွမ်း၏မျက်လုံးတွေ ကျဉ်းမြောင်သွားခဲ့ပြီး အကျယ်ကြီးအော်ရယ်လိုက်သည်
‘‘မင်းလေ့ကျင့်ပေးထားတဲ့ခွေးတွေက တကယ်ကိုနာခံတတ်တာပဲ’’
စုမူမျက်လုံးထောင့်စွန်းကနေ မျက်ရည်နှစ်စက်ကျသွားခဲ့သည်……ထိတ်လန့်ကြောက်ရွံ့နေလို့
ကျတဲ့မျက်ရည်မဟုတ်၊ ကိုယ့်အတွက်အနစ်နာခံပေးတဲ့အပေါင်းအသင်းအတွက်
ကျခဲ့တဲ့ ယောက်ျားတစ်ယောက်မျက်ရည်………။
ဝေကျွမ်းက သူ့ကိုပုံပျက်ပန်းပျက်ဖြစ်အောင် ရိုက်ခဲ့တာတောင်
သူမျက်ရည်မကျခဲ့ပေ။ ဒါပေမယ့် လီယွမ်ရှန်းနဲ့အခြားသူတွေ သူ့အတွက်နဲ့
ဝေကျွမ်းရှေ့မှာ ဒူးထောက်တာကိုတွေ့လိုက်တော့ သူ့မျက်ရည်တွေကို
ထိန်းမထားနိုင်တော့ပေ။