အခန်း (၆၆-၇၀)
Vol. 3 Ch. 66-70
အပိုင်း (၆၆) သင်ကြားပေးပါဦး
လီယွမ်ရှန်း နဲ့စူမူနောက်လိုက်တွေအကုန်လုံး ဒူးထောက်နေတာကိုတွေ့တော့ ဝေကျွမ်းက
ပိုပြီးမောက်မာလာခဲ့ပြီး သည်းလှိုက်အူလှိုက်ရယ်လိုက်လေသည်‘‘ မင်းတို့ရဲ့ရိုးသားမှုကို
သက်သေပြဖို့ဆိုရင် ဒူးထောက်ရုံနဲ့ဘယ်လုံလောက်ပါ့မလဲ’’
လီယွမ်ရှန်းနှင့် အခြားသူတို့၏မျက်နှာတွေ ဖြူဖတ်ဖြူလျော်ဖြစ်သွားခဲ့ပြီး အံကြိတ်ကာ
မေးလိုက်သည်‘‘ စီနီယာဝေကျွမ်း သက်ညှာပေးဖို့တောင်းဆိုပါတယ်’’ သူတို့၏အသံက
မကျေနပ်ချက်တွေနဲ့ ပြည့်နေခဲ့သည်။
ဝေကျွမ်းက မျက်မှောင်ကြုံ့လိုက်ပြီး သူ့မျက်နှာပေါ်က အပြုံးက တဖြည်းဖြည်းပျောက်
ကွယ်သွားခဲ့သည်။ လီယွမ်ရှန်းနဲ့အခြားသူတွေရဲ့ သတ္တိကြောင့် သူနည်းနည်း
တုန်လှုပ်သွားခဲ့သည်။
‘‘ဝေကျွမ်း’’ စုမူကအော်ခေါ်လိုက်ပြီးပြောလိုက်သည်‘‘မင်းနဲ့ငါ့ကြားက ကိစ္စကိုအခြားသူတွေကို
ဆွဲမသွင်းနဲ့’’
‘‘မင်းကတော်တော်တတ်နေတာပဲ’’ ဝေကျွမ်းက သူ့လက်နှစ်ဖက်ကိုပူးကပ်လိုက်ပြီး
စုမူ၏ဝမ်းဗိုက်ကို ရိုက်ချလိုက်သည်။ စုမူသွေးတစ်လုတ် အန်လိုက်ပြီး သတိလစ်သွားတော့သည်။
‘‘သခင်လေးစု’’ သူ့နောက်လိုက်တွေက အော်ခေါ်လိုက်လေသည်။ ဝေကျွမ်းက
လူရှေ့မှာ သူ့ကတိကိုဖောက်ဖျက်လိမ့်မယ့်လို့ သူတို့ထင်မထားခဲ့ပေ။
‘‘တစ်ယောက်မှမလွှတ်ပေးနဲ့’’ ဝေကျွမ်းက သူ့လူတွေကို ရက်ရက်စက်စက် အမိန့်ပေးလိုက်သည်။
ထို့နောက်မတ်တပ်ရပ်လိုက်ပြီး စုမူကိုခွေးသေတစ်ကောင်လို ဘေးဘက်ကိုကန်ထုတ်လိုက်သည်။
လီယွမ်ရှန်းတို့နဲ့ရင်ဆိုင်နေရတဲ့ ကောင်းကင်စံအိမ်တပည့်တွေက သူတို့ကို
လှောင်ပြောင်လိုက်ပြီး စိန်ခေါ်ရင်းပြေးဝင်သွားကြသည်။ သူ့တို့ဝုန်ဒိုင်းကြဲနေကြပြီး
သူတို့ဒေါသတွေကို ဘယ်လိုဖွင့်ထုတ်ရမှန်း မသိတဲ့အခါမှာတော့ တွေ့သမျှလူ
ပတ်ကန်တော့လေသည်။ စိန်ခေါ်တာကို ငြင်းဆိုဖို့အကြောင်းပြချက်ကော
ရှိပါ့မလား။
ဒါကကပိုကရိုဆန်တဲ့ အုပ်ဖွဲ့တိုက်ခိုက်မှုတစ်ခုဖြစ်ပြီး လူတိုင်းမှာလည်း ပြိုင်ဘက်
ကိုယ်စီနဲ့ပင်ဖြစ်သည်။ ဝေကျွမ်းက မတ်တပ်ရပ်ရင်း ပွဲကိုကြည့်ကာလှောင်ပြောလိုက်သည်
‘‘ငြင်းဆန်တဲ့သူတွေကို သေအောင်ရိုက်ပစ်လိုက်’’ သူက စုမူနောက်လိုက်တွေကို
မှားယွင်းတဲ့လူတစ်ယောက်နောက်ကို လိုက်ရင်ဘယ်လိုအကျိုးကျေးဇူးတွေ
ခံစားရမလဲဆိုတာကို သင်ပေးချင်နေသလို သူတို့ကိုလည်း ကောင်းကောင်း
သင်ခန်းစာပေးချင်နေခဲ့သည်။
ရန်ကိုင်က လီယွမ်ရှန်း၏ဘေးမှာရပ်နေတဲ့အတွက် ဝေကျွမ်းနောက်လိုက်တွေ၏ ပစ်မှတ်
ထားခြင်းကိုခံလိုက်ရသည်။ သူ့ရှေတွင်လူတစ်ယောက်ရောက်လာခဲ့ပြီး နာမည်မိတ်ဆက်
သူ့ကိုတုန့်ပြန်ချိန်တောင် မပေးပဲချက်ချင်းတိုက်ခိုက်လေသည်။ ရန်ကိုင်က ထိုလူ၏
ဝမ်းဗိုက်ကိုဆောင့်ကန်လိုက်ပြီး ထိုလူလည်း မြေကြီးပေါ်အားယားမှောက်သွားကာ
ထမလာနိုင်တော့ပေ။
ဒါကတော့ သူရဲ့ကံဆိုးမှုပင်။ သူကခန္ဓာသန့်စင်ခြင်းအဆင့်၈မှာသာ ရှိသေးပြီး
စံအိမ်စည်းမျဉ်းအရဆိုရင် သူမှာရန်ကိုင်ကိုစိန်ခေါ်ဖို့ အခွင့်အရေးမရှိပေ။ ဒါပေမယ့်
သူကတိုက်ခိုက်ဖို့ အရင်တောင်းဆိုတာဖြစ်တဲ့အတွက် သူ့ကိုယ်သူသာ
အပြစ်တင်နိုင်လေသည်။ ရန်ကိုင်ကလူအုပ်ကိုရှောင်ရှားရင် စုမူဆီကို
တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။
‘‘အန်’’ ဝေကျွမ်းက ရန်ကိုင်ကိုကြည့်ရင်းမျက်မှောင်ကြုံ့လိုက်ပြီး သံသယဝင်သွားခဲ့သည်။
စုမူလက်အောက်မှာလူဘယ်လောက်များများရှိကြောင်းနဲ့ ထိုလူတွေကဘယ်သူတွေလဲ
ဆိုတာ သူအကုန်သိလေသည်။ ဒါပေမယ့် သူရန်ကိုင်ကိုတစ်ခါမှ မတွေ့ဖူးသလို
ရန်ကိုင်ဘယ်သူဆိုတာလဲသူမသိပေ။ ရန်ကိုင်က စုမူနားတိတ်တဆိတ် တိုးကပ်သွားလိုက်ပြီး
အသက်ရှုသံကိုစမ်းကြည့်လိုက်လေသည်။ စုမူအသက်ရှုပြီး သတိလစ်သွားရုံပဲဆိုတာ
သိလိုက်တော့မှာ သူသက်ပြင်းချနိုင်လေသည်။
‘‘မင်းဘယ်သူလဲ’’ ဝေကျွမ်းက မေးလိုက်သည်။ ထိုလူက သူ့ကိုဂရုတောင်မစိုက်ပဲ
သူ့ကိုရှေ့မှာထားပြီး စုမူ၏အခြေအနေကို စစ်ဆေးရဲသည်။ ဒါက သူ့ကိုတော်တော်လေး
မပျော်မရွှင်ဖြစ်စေခဲ့သည်။
ရန်ကိုင်ကမတ်တပ်ရပ်လိုက်ပြီး ဝေကျွမ်းကို အေးအေးဆေးဆေး ကြည့်လိုက်သည်။
‘‘ဒီသခင်လေးက မင်းဘယ်သူလဲဆိုတာမေးနေတယ်လေ’’ ဝေကျွမ်းက မေးမော့လိုက်ပြီး
အသံမာမာနဲ့ အော်ပြောလိုက်သည်။ ‘‘တရားမဝင်တပည့်ရန်ကိုင်၊ ကျေးဇူးပြုပြီး
သင်ကြားပေးပါဦး’’ ရန်ကိုင်က ဝေကျွမ်းကိုလက်သီးဆုပ်နှုတ်ဆက်လိုက်သည်။
ရှိတဲ့အစဉ်အလာဖြစ်သောကြောင့်ဖြစ်သည်။
‘‘ရန်ကိုင်လား’’ ဝေကျွမ်းက ရန်ကိုင်ကိုကြောင်ကြည့်နေခဲ့ပြီး ခဏကြာမှ အသိပြန်ဝင်လာခဲ့သည်။
‘‘မင်းက မုန်တိုင်စံအိမ်ကတပည့်တွေကို အနိုင်ယူခဲ့တဲ့ ရန်ကိုင်လား’’
‘‘ငါမလုပ်ရဲပါဘူး။ ဒါပေမယ့် ကောင်းကင်စံအိမ်မှာ ရန်ကိုင်လို့ခေါ်တဲ့သူမရှိတော့ဘူး
ဆိုရင်တော့ မင်းပြောတဲ့ရန်ကိုင်က ငါပဲဖြစ်လိမ့်မယ်’’ ‘‘ဘယ်လိုဟာသလဲ။ မင်းလို
သေနုပ်တဲ့ တရားမဝင်တပည့်တစ်ယောက်က ဒီသခင်လေးကို စိန်ခေါ်ချင်တယ်ပေါ့။
မင်းမှာငါ့ကိုစိန်ခေါ်ဖို့ အခွင့်အရေးရှိလို့လား’’
‘‘ကောင်းကင်စံအိမ်ရဲ့ စည်းမျဉ်းအရဆိုရင်တော့ ကျင့်ကြံခြင်းအဆင့်က
၃ဆင့်ထက်ပိုပြီး မကွာခြားနေသရွေ့ကတော့ အချင်းချင်းစိန်ခေါ်ယှဉ်ပြိုင်
နိုင်တယ်လေ’’ ‘‘ဒီသခင်လေး စဦးဒြပ်စင်အဆင့်၃ကိုရောက်နေပြီ။ မင်းက
ဘယ်အဆင့်ကို ရောက်နေတာမို့လို့လဲ’’ ဝေကျွမ်းက ရန်ကိုင်ကိုအထင်တသေး
ကြည့်လိုက်သည်။ တရားမဝင်တပည့်တစ်ယောက်ဖြစ်နေတယ်ဆိုတာက
စဦးဒြပ်စင်အဆင့်ကိုမရောက်သေးလို့ပဲဖြစ်လေသည်။ သူကစဦးဒြပ်စင်အဆင့်ကို
မရောက်သေးတဲ့အတွက် သူ့တို့ကြားက အဆင့်ကွာခြားချက်က ၃ဆင့်ထက်
ပိုသွားခဲ့လေပြီ။
‘‘ငါလည်းစဦးဒြပ်စင်အဆင့်၃မှာပါပဲ’’ ရန်ကိုင်က ပေတေတေပုံစံဖြင့်
ပြန်ပြောလိုက်သည်။ အံ့သြသံတွေ ဟိန်းထွက်လာခဲ့သည်။
‘‘မဖြစ်နိုင်ဘူး။ ရန်ကိုင်က စဦးဒြပ်စင်အဆင့်၃ကိုတောင် ရောက်နေတာလား’’
‘‘သူခန္ဓာသန့်စင်ခြင်းအဆင့်၃ရောက်ဖို့ ၃နှစ်တောင်အချိန်ယူခဲ့တာမဟုတ်ဘူးလား။
သူပဲမဟုတ်တာတွေပြောနေတာလား။ ငါပဲအမှတ်မှားတာလား’’
‘‘ဒါကတော်တော်လေး ထူးဆန်းတယ်။ သူငါ့ကိုစိန်ခေါ်ခဲ့တုန်းကတောင်သူက
ခန္ဓာသန့်စင်ခြင်းအဆင့်၈မှာပဲရှိသေးတာလေ။ တစ်လအတွင်း သူဒီလောက်တောင်
တိုးတက်လာတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ’’
လူတိုင်း၏စိတ်ထဲတွင် မေးခွန်းတွေနဲ့ပြည့်နေခဲ့သည်။
ဝေကျွမ်းကလည်းထိုစကားကိုသံသဝင်နေခဲ့ပြီး ရန်ကိုင်ကသူ့ကိုညာနေတာလားဆိုတာကို
သံသယဝင်နေခဲ့သည်။ သူသာစဦးဒြပင်စင်အဆင့်ကိုရောက်နေတယ်ဆိုရင်
ဘာလို့တရားမဝင်တပည့်တစ်ယောက်ပဲဖြစ်နေသေးတာလဲ။ ရန်ကိုင်စဦးဒြပ်စင်အဆင့်ကို
လွန်ခဲ့တဲ့ညက ချိုးဖျက်ဝင်ရောက်သွားတယ်ဆိုတာကိုတော့ သူမသိခဲ့ပေ။ ထို့ပြင်
သူ့နောက်ထပ်မသိသေးတာက ရန်ကိုင်က ခန္ဓာသန့်စင်ခြင်းအဆင့်၉ကနေ
စဦးဒြပ်စင်အဆင့်၃ကိတိုက်ရိုက်ချိုးဖျက်သွားတယ်ဆိုတာကိုပင်ဖြစ်သည်။
‘‘အခုငါမင်းကိုစိန်ခေါ်နိုင်ပြီးလား’’ ရန်ကိုင်ကသူ့မျက်လုံးကိုမှေးလိုက်ရင်း မေးလိုက်သည်။
‘‘မင်းသာစဦးဒြပ်စင်အဆင့်၃ကိုရောက်နေတာ မှန်တယ်ဆိုရင်တော့ ငါ့ကို
စိန်ခေါ်ဖို့အခွင့်အရေးရှိပါတယ်’’ ဝေကျွမ်းက ခေါင်းညိတ်လိုက်ကာ ဖျက်လိုဖျက်စီး
လုပ်တော့မယ်ပုံစံနဲ့ရယ်လိုက်ကာ‘‘ မင်းသေမှာကိုကြောက်မနေရင်ပေါ့’’
ရန်ကိုင်လည်း ဂရုမစိုက်ဟန်ဖြင့်ရယ်လိုက်ပြီး‘‘ ငါလည်းမင်းသေမှာ
ကြောက်မနေဘူးလို့ မျှော်လင့်ပါတယ်’’
‘‘လေးကြီးလေကျယ်တွေပြောလွန်းတယ်’’ ဝေကျွမ်းက သူအကာအကွယ်ရတနာ
ဝတ်ထားတဲ့အကြောင်းကိုတွေးရင်း ဒေါသထွက်လာခဲ့သည်။ သူ့ပြိုင်ဘက်က
စဦးဒြပ်စင်အဆင့်ဖြစ်နေရင်တောင် သူ့ရဲ့အကာအကွယ်ကို ချိုးဖျက်နိုင်မည်
မဟုတ်ပေ။ စဦးဒြပ်စင်အဆင့်၃နဲ့ ငါ့ကိုနိုင်ချင်နေတာလား…အိမ်မက်သာ
မက်နေလိုက်တော့။
‘‘ လာစမ်းပါ။ ငါ့ကိုအရင်တိုက်ခိုက်ခွင့် ပေးလိုက်မယ်’’ ဝေကျွမ်းက သူ့လက်ကို
ရန်ကိုင်ဘက်ဝှေ့ရမ်းလိုက်ရင်း မာနတခွဲသားနဲ့ပြောလိုက်သည်။ ရန်ကိုင်ကကော
ကြောက်နေမယ့်သူမျိုးလား..ပြေးဝင်သွားလိုက်ပြီး ရန်ကိုင်က ဝေကျွမ်း၏ရင်ဘတ်
တည့်တည့်ကို လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။
ယန်ချီတွေ ပေါက်ကွဲထွက်လာခဲ့သည်။ ဝေကျွမ်းက ဒဏ်ရာမရုံမက ရန်ကိုင်
ခန္ဓာကိုယ်တုန်ရင်သွားခဲ့ပြီး ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်ရသည်။
ငုံ့ကြည့်လိုက်တဲ့အခါမှာတော့ သူ့လက်နီရဲနေတာကို တွေ့လိုက်ရသည်။
သူ့ချီကြောင့် သူ့ဒဏ်ရာရသွားတယ်ဆိုတာ သိသာနေခဲ့သည်။
‘‘ဟဲဟဲ…မင်းကိုယ်မင်းအထင်ကြီးလွန်းနေတာပဲ’’ ဝေကျွမ်းက ရလဒ်ကို
အရမ်းဂုဏ်ယူနေခဲ့ပြီး ရန်ကိုင်မျက်လုံးတွေနီရဲလာတာကို တွေ့လိုက်ရတဲ့
အချိန်မှာတော့ သူရဲ့ပျော်ရွှင်နေတဲ့မျက်နာက ချက်ချင်းအရုပ်ဆိုးသွားခဲ့လေသည်။
ရန်ကိုင်ခန္ဓာကိုယ်ကနေ အလွန်ပူပြင်းတဲ့ ချီစွမ်းအင်တွေထွက်ပေါ်လာခဲ့လေသည်။
သူ့မျက်လုံးထဲမှာ ကြောက်ရွံ့မှုအရိပ်အယောင် တစ်စွန်းတစ်စတောင် မရှိပဲ အဲ့အစား
အတိုင်းမသိစိတ်လှုပ်ရှားတွေနဲ့ ပြည့်နေခဲ့သည်။ သူ့မျက်လုံးတွေက
ကြောက်မယ်ဖွယ်သားရဲတစ်ကောင်က သူ့သားကောင်ကိုကြည့်နေသလိုမျိုး
ဖြစ်နေခဲ့ပြီး လှုပ်ရှားမှုအနည်းငယ်က သူ့ရင်ကိုတုန်ရင်သွားစေခဲ့သည်။
သတိမပေးပဲ ဝေကျွမ်းက စတင်လှုပ်ရှားလေသည်။ ဒါပေမယ့် ရန်ကိုင်က
သူ့ဆီကိုိခုန်ဝင်လာခဲ့ပြီးနေပြီဖြစ်ပြီး သူ့ဒန်တန်ထဲက ယန်အရည်စက်တစ်စက်က
သူ့လက်ချောင်းထိပ်ပေါ်တွင် ထွက်ပေါ်လာခဲ့သည်။ ရိုးရှင်းတဲ့အတွေးတစ်ချက်နဲ့
ထိုယန်အရည်စက်က ပုစဉ်းရင်ကွဲတောင်ပံလို ပါးလွှာပြီး သွေးလိုနီရဲနေတဲ့
ဓားတစ်ချောင်းဖြစ်လာခဲ့သည်။
သွေးနီရောင်တစ်ချက်လက်သွားခဲ့ပြီး ပိုင်းဖြတ်သံ၊ ခုတ်ပိုင်းသံတွေ ထွက်ပေါ်လာခဲ့သည်။
ဝေကျွမ်းခဗျာ သူ့ဝမ်းဗိုက်အေးစက်သွားသလို ခံစားလိုက်ရပြီး သူငုံ့ကြည့်လိုက်တဲ့
အချိန်မှာတော့ သူ့နှလုံးခုန်ထွက်သွားတော့မတတ်ဖြစ်ကာ အသံကုန်အော်တော့လေသည်
‘‘ငါ့ရဲ့တိမ်ဖုံးကိုယ်ကြပ်အကျီင်္လေး …’’
တိမ်ဖုံးကိုယ်ကြပ်အကျီင်္က သာမန်အလယ်လတ်ကိုယ်ကြပ်အကျီင်္တစ်ခုဖြစ်ပေသည်။
ထိုကိုယ်ကြပ်အကျီင်္က သိပ်ပြီးအဆင့်မမြင့်ပေမယ့် သူ့လိုလူတစ်ယောက်အတွက်
အလွန်သင့်လျော်တဲ့အကာအကွယ်ရတနာတစ်ခုပဲဖြစ်သည်။ ထိုပစ္စည်းကို
သူ့အဖိုးဘယ်ကရလာလဲဆိုတာ သူမသိပေမယ့် သူ့ကိုပေးခဲ့သည်။ ထို့နောက်
ထိုကိုယ်ကြပ်အကျီင်္ကို စဦးဒြပ်စင်အဆင့်တစ်ယောက် အစွမ်းထက်တဲ့
လက်နက်သာမသုံးဘူးဆိုရင် ချိုးဖျက်နိုင်မှာမဟုတ်ဘူးလို့ ပြောသွားခဲ့သည်။
ဒါပေမယ့် သူအရမ်းအားကိုးအားထားပြုရတဲ့ ကိုယ်ကြပ်အင်္ကျီလေးကို
စဦးဒြပ်စင်အဆင့်၃မှာသာ ရှိသေးတဲ့တပည့်တစ်ယောက်က ပိုင်းဖြတ်သွားခဲ့သည်။
သူဘယ်လိုလက်နက်မျိုးသုံးလို်က်တာလဲ…အဲ့အနီရောင်ဓါးသွားကကော
လျှို့ဝှက်လက်နက်တစ်ခုလား…ပြီးတော့ အဲ့လက်နက်က ငါ့ရဲ့တိမ်းဖုံးကိုယ်ကြပ်အကျီင်္ထက်ကော
အဆင့်မြင့်တာလား.။ဟုတ်တယ်အဲ့လိုပဲဖြစ်ရမယ်။အဲ့လိုသာမဟုတ်ရင်
ငါ့ရဲ့ကိုယ်ကြပ်အကျီင်္ကိုဘယ်လိုလုပ်ပြီး ပိုင်းဖြတ်နိုင်မှာလဲ။
Martial Peak
အပိုင်း (၆၇) မင်းနဲ့သူက နှိုင်းစရာကိုမလိုတာ
ထိုအချိန်မှာတော့ ဝေကျွမ်းက အရမ်းကိုနောင်တရနေခဲ့သည်။ သူ့၏ တိမ်ဖုံး
ကိုယ်ကြပ်အကျီင်္က ပြိုင်ဘက်၏တိုက်ကွက်တစ်ကွက်ကိုတောင် မခုခံနိုင်ခဲ့ပဲ
ပျက်စီးသွားခဲ့သည်။ အခုအချိန်မှာတော့ သူ့အကာအကွယ်ရတနာက
အသုံးမဝင်တော့တဲ့ ရတနာတစ်ခုဖြစ်သွားခဲ့ပြီဖြစ်သည်။
သူအလွန်အမင်းဒေါသထွက်နေခဲ့သည်။ တစ်ဖက်လှည့်ကာ ရန်ကိုင်ဆီကို
ခုန်ဝင်သွားခဲပြီး အော်ပြောလိုက်သည်‘‘မင်းကများ ငါ့အကာအကွယ်ရတနာကို
ဖျက်စီးရဲတယ်ပေါ့….မင်းသေရမယ်’’
ဝေကျွမ်းကလည်း စဦးဒြပ်စင်အဆင့်တစ်ယောက်ဖြစ်တဲ့အတွက် သူ့ရဲ့
အတွင်းအာတွေ ပေါက်ကွဲထွက်လာတဲ့အချိန်မှာတော့ ရန်ကိုင်အောက်မကျပေ။
ဒါပေမယ့် ကံမကောင်းစွာပဲ ရန်ကိုင်ကခန္ဓာသန့်စင်ခြင်းအဆင့်မှာရှိကတည်းက
စဦးဒြပ်စင်အဆင့်၅ကျင့်ကြံသူတစ်ယောက်ကို သတ်ပစ်ခဲ့သူဖြစ်သည်။
သူ့လိုသေးနုပ်တဲ့စဦးဒြပ်စင်အဆင့်၃ကျင့်ကြံသူတစ်ယောက်က ရန်ကိုင်ကို
အနိုင်ယူဖို့ဆိုရင်တော့အိမ်မက် မက်နေမှပဲရပေလိမ့်မည်။
ဝေကျွမ်းက ရန်ကိုင်နားရောက်တဲ့အချိန်မှာ သွေးနီရောင်ဓားသွာက
သူ့ခန္ဓာကိုယ်ကို အကြိမ်များစွာ ပိုင်းဖြတ်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်ပေါ်တွင်
ဒဏ်ရာများစွာဖြစ်ပေါ်လာခဲ့သည်။ ဝေကျွမ်းခန္ဓာကိုယ်က ရုတ်တရက်
အေးခဲသွားခဲ့ပြီး သူ့လက်သီးက ရန်ကိုင်နဲ့၃လက်မအကွာတွင်
ရပ်တန့်သွားခဲ့လေသည်။ သူ့ဘယ်လောက်ပဲကြိုးစားပစေ….သူအရှေ့ကို
တစ်လှမ်းတောင်မလှမ်းနိုင်တော့ပေ။ သူ့တစ်ကိုယ်လုံးတုန်ရီနေခဲ့ပြီး
မြေပြင်ကိုငုံ့ကြည့်လိုက်တဲ့အချိန်မှာတော့ အဆက်မပြတ် တိုက်ခိုက်နေတဲ့
မြွေတစ်ကောင်လို ဖြစ်နေတဲ့ရန်ကိုင်လက်ထဲက သွေးနီရောင်ဓါးသွားကို
တွေ့လိုက်ရသည်။
‘‘အကာအကွယ်ရတနာက အဲ့လောက်ကြီးလည်းမဟုတ်ပါဘူး’’ ရန်ကိုင်က
လှောင်ပြောင်လိုက်ပြီး သူ့မျက်လုံးက တိမ်ဖုံးကိုယ်ကြပ်အကျီင်္တစ်ဝိုက်
ဖြတ်ပြေးသွားခဲ့သည်။ တိမ်ဖုံးကိုယ်ကြပ်အကျီင်္တစ်ခုလုံး
အပေါက်၊ပြတ်ရှရာတွေနဲ့ ပြည့်နေခဲ့သည်။ သူ့ယန်အရည်စက်ဓါးသွားက
ဒီလောက်အထိ အားကောင်းလိမ့်မယ်လို့ သူမထင်ထားတဲ့အတွက်
ရန်ကိုင်လည်း ထိတ်လန့်နေခဲ့သည်…ဒါကတော်တော်ကိုထက်ရှတာပဲ။
ရန်ကိုင်က ဝေကျွမ်းနဲ့တကယ်ကိုတိုက်ခိုက်ချင်ခဲ့တာပဲဖြစ်သည်။
အစကတော့ ဝေကျွမ်းကိုတိုက်ဖို့ အားတော်တော်လေးသုံးရမယ်လို့
သူထင်ထားခဲ့ပေမယ့် အခုအချိန်မှာတော့ ယန်အရည်စက်တစ်စက်နဲ့
ပွဲပြတ်သွားခဲ့ပြီဖြစ်သည်။
သူ့ပြိုင်ဘက်တိမ်ဖုံးကိုယ်ကြပ်အကျီင်္ကိုသုံးမှတော့ သူကကော ဘာလို့
ယန်အရည်စက်ကိုမသုံးရမှာလဲ။ ‘‘ငါ့ကိုဒဏ်ရာရအောင် ကြိုးစားကြည့်လေ’’
ဝေကျွမ်း၏ပါးတွေက တဆတ်ဆတ်တုန်ရီနေခဲ့ပြီး ရန်ကိုင်ကို
နာကျည်းမုန်းတီမှုအပြည့်နဲ့ ကြည့်နေခဲ့သည်။ သူ့က အကြီးအကဲချုပ်၏
မြေးဖြစ်တဲ့အတွက် သူ့အသက်ကရန်ကိုင်လက်ထဲမှာ ရောက်နေခဲ့ရင်တောင်
သူရန်ကိုင်ကိုနည်းနည်းလေးမှ မကြောက်ပေ။ သူ့မှာ ဒီလိုအားကောင်းတဲ့
ကျောထောက်နောက်ခံရှိမှာတော့ ကောင်းကင်စံအိမ်မှာ ဘယ်သူကများ
သူ့ကိုထိခိုက်အောင် လုပ်ရဲမှာလဲ။
‘‘ ကောင်စုတ်လေး၊ ငါ့အဖိုးကအကြီးအကဲချုပ်ဆိုတာမသိဘူးလား။
ငါ့ကိုထိခိုက်အောင် လုပ်ရဲလုပ်ကြည့် မင်းသေပြီသာမှတ်’’ ယုံကြည်ချက်
အပြည့်နဲ့ ဝေကျွမ်းက ရန်ကိုင်ကိုခြိမ်းခြောက်သလိုကြည့်လိုက်သည်။
အဲ့စကားကိုကြားလိုက်တဲ့အချိန်မှာ ရန်ကိုင်လက်ထဲက သွေးနီရောင်ဓါးက
ပိုပြီးရက်စက်ကြမ်းကြုတ်လာပြီး သူ့သွေးနီရောင်မျက်လုံးကလည်း
ပိုပြီးခက်ထန်လာခဲ့သည်။
ဖြေးညှင်စွာနဲ့ ဝေကျွမ်းရင်ဘတ်ကနေ သွေးတွေစီးကျလာခဲ့ပြီး
သူအော်ဟစ်ညီးတွားမိလိုက်သည်။ သူဒဏ်ရာရသွားတဲ့အခိုက်
သူ့ကိုယ်ထဲကို ပူပြင်းတဲ့ချီစွမ်းအင်တွေ တိုးဝင်လာခဲ့ပြီး သူ့ခန္ဓာကိုယ်ကို
အရှင်လတ်လတ်မီးမြှိုက်သလို ပူလောင်နေစေခဲ့သည်။
‘‘မင်းတကယ်ပဲ….’’ ဝေကျွမ်းက ရန်ကိုင်ကိုမယုံကြည်နိုင်စွာ
ကြည့်လိုက်သည်။ ကောင်းကင်စံအိမ်မှာ သူ့ကိုဒဏ်ရာရအောင် လုပ်ရဲတဲ့
လူရှိတယ်ဆိုတာ သူတကယ်ကို မယုံကြည်နိုင်ခဲ့ပေ။
‘‘ငါလုပ်ရဲလားမလုပ်ရဲမသိပေမယ့် ..လုပ်ပြီးသွားပြီ။ မင်းငါမလုပ်ရဲဘူးလို့
ပြောချင်နေသေးတာလား’’ ရန်ကိုင်ကအားထည့်လိုက်ပြီး ဓါးသွားကို
ဝေကျွမ်းခန္ဓာကိုယ်ထဲသို့ လက်မဝက်လောက်ထပ်မံထိုးသွင်းခဲ့သည်။
သွေးတွေအဆက်မပြတ်စီးကျလာခဲ့ပြီး ဝေကျွမ်းက အော်ဟစ်
မာန်မဲလိုက်သည်‘‘ငါ့အဖိုးမင်းကိုသတ်မှာ မကြောက်ဘူးလား’’
‘‘တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်ရင် သေတယ်၊ရှင်တယ်ဆိုတာ
ယှဉ်ပြိုင်တဲ့လူပေါ်မှာပဲမူတည်တယ်’’ ရန်ကိုင်ကအေးစက်စက်
လှောင်ပြောလိုက်ပြီး ‘‘မင်းအခြားသူတွေနဲ့ မယှဉ်ပြိုင်နိုင်ခဲ့ရင်
မင်းကိုသတ်လို့ အခြားသူတွေကို အပြစ်မတင်သင့်ဘူး။
အကြီးအကဲချုပ်ကကော ဘာလုပ်နိုင်မှာမို့လို့လဲ။ ကောင်းကင်စံအိမ်က
သူပိုင်တာမဟုတ်ဘူး’’
ဝေကျွမ်းက ရူးသွပ်နေတဲ့သူ့ရှေ့ကတပည့်ကိုကြည့်ရင်း
သူ့ကျောရိုးတစ်လျှောက်အေးစိမ့်သွားခဲ့ပြီး တစ်ကိုယ်လုံး
တုန်ရီလာခဲ့သည်။ သူပြောဖို့လုပ်နေတုန်း ရန်ကိုင်ကချက်ချင်းသူ့ကို
နှောက်ယှတ်လိုက်ပြီး ‘‘အရှုံးပေးတယ်လို့ပြောတာနဲ့ ငါမင်းကိုသတ်မယ်။ ဒါကြောင့်
တစ်ခွန်းတောင်ပြန်ပြောဖို့မတွေးနဲ့’’
ဝေကျွမ်းမျက်နှာက သွေးမရှိတော့သလို ဖြူစွတ်သွားခဲ့လေသည်။ ဘာကြောင့်လဲ
ဆိုတော့ သူအရှုံးပေးတယ်လို့ ပြောမလို့လုပ်နေခဲ့လို့ပဲဖြစ်သည်။
တပည့်တွေကြားက တိုက်ပွဲတစ်ပွဲမှာ ကိုယ့်ပြိုင်ဘက်ကို မနိုင်ဘူုးဆိုတာနဲ့
ဆက်မတိုက်တော့ပဲ အရှုံးပေးနိုင်လေသည်။ အဲ့နောက်သူ့ပြိုင်ဘက်က
သူ့ကိုဆက်လက်တိုက်ခိုက်နိုင်တော့မည်မဟုတ်ပေ။
ဒါပေမယ့်အခုအချိန်မှာတော့ ထိုစကားတွေကိုသူမပြောရဲတော့ပေ။
ဘာကြောင့်လဲဆိုတာနဲ့ သူပြောလိုက်တာနဲ့ ရန်ကိုင်သူ့ကိုသတ်မှာမို့လို့ပဲ
ဖြစ်သည်။ ရန်ကိုင်ကနောက်နေတယ်ထင်ရပေမယ့် သူ့မျက်လုံးတွေက
အတည်ကြီးပြောနေတယ်ထင်ရလေသည်။ ‘‘မင်းအမှန်တကယ်
ဘာလုပ်ချင်နေတာလဲ’’ ဝေကျွမ်းက အံကြိတ်ရင်းမေးလိုက်သည်။
‘‘ငါဘာမှမလုပ်ချင်ပါဘူး။ မင်းကမင်းရဲ့အကာအကွယ်ရတနာကို
အားကိုပြီး စုမူကိုအနိုင်ယူခဲ့တော့ မင်းနဲ့စုမူက နှိုင်းယှဉ်စရာတောင်
မလိုဘူးလို့ငါတွေးနေတာ’’ ရန်ကိုင်ကဖြေးဖြေးချင်းခေါင်းခါရင်း
ပြောလိုက်သည်။
‘‘ငါကသူ့နဲ့မယှဉ်နိုင်ဘူးလား’’ ဝေကျွမ်းက အမြီးညှုပ်နေတဲ့
ကြောင်တစ်ကောင်လိုဖြစ်နေပြီး တိုးတိုးလေးအော်ပြောလိုက်သည်
‘‘ငါကသူ့နဲ့ဘယ်လိုလုပ်ပြီး မယှဉ်နိုင်တာလဲ။ ငါ့ခွန်အားကသူ့ထက်
မြင့်သလို ငါ့အဆင့်အတန်းကလည်း သူ့ထက်မြင့်တယ်..အဲ့ဒါက
ငါကသူ့ကိုဘယ်လိုလုပ်ပြီး မယှဉ်နိုင်တာလဲ’’
ရန်ကိုင်ကဘေးဘက်ကိုစောင်းကြည့်လိုက်ပြီး‘‘မင်းငါ့ကိုမယုံဘူးလား။
အဲ့ဒါဆိုငါ့ပြမယ်’’ သူပြောပြီးတာနဲ့ သူ့လက်ချောင်းတွေကိုအားထည့်လိုက်သည်။
ဝေကျွမ်းမျက်နှာရှုံ့မဲ့သွားခဲ့ပြီး သူ့တစ်ကိုယ်လုံးတုန်ရင်လာခဲ့သည်။
ရန်ကိုင်က ဝေကျွမ်း၏နောက်လိုက်တွေကို အကဲခတ်ကြည့်လိုက်သည်။
အစကတော့ ထိုလူတွေက လီယွမ်ရှန်းတို့အဖွဲ့ကို သဲကြီးမဲကြီး
တိုက်ခိုက်နေပေမယ့် သူတို့သခင်လေးလဲကျသွားတဲ့အချိန်မှာတော့
ဘာမလုပ်မလုပ်ရဲတော့ပဲ ငေးကြောင်ပြီး ကြည့်နေတော့လေသည်။
‘‘မင်းတို့သခင်လေးကိုကယ်ချင်လား’’ ရန်ကိုင်ကထိုလူတွေကို မေးလိုက်သည်။
ရန်ကိုင်၏ရူးသွပ်မှုကိုကြောက်လန့်နေကြတဲ့အတွက် ဘယ်သူမှ
ပြန်မဖြေရဲခဲ့ပေ။ သူ့ကအဲ့လောက်တောင် ရက်စက်ကြမ်းကြုတ်ပြနေမှတော့
ထိုလူတွေကဘယ်လိုလုပ်ပြီး သူ့ကိုထိပ်တိုက်ရင်ဆိုရဲပါတော့မလဲ။
‘‘မင်းတို့သူ့ကိုကယ်ချင်ရင် လိမ်လိမ်မာမာနဲ့ ဒူးထောက်လိုက်။ ပြီးတာနဲ့
မင်းတို့မှားယွင်းကြောင်း ဝန်ခံရမယ်။ ငါသနားညှာတာစိတ်
ရှိခဲ့ရင် ငါ့သူ့ကိုချမ်းသာပေးမယ်’’ ရန်ကိုင်ကအေးစက်စက်ရယ်မောလိုက်သည်။
သူတို့အားလုံး၏မျက်နှာတွေ့ ဖြူတ်ဖတ်ဖြူလျော်ဖြစ်သွားခဲ့ပြီး ….
တစ်ခွန်းမှပြန်ပြောရဲခဲ့ပေ။ စုမူ၏နောက်လိုက်တွေက အဲ့လိုစကားကို
ကြားလိုက်တဲ့အချိန်တုန်းက တုန့်ဆိုင်းခြင်းမရှိပဲ ချက်ချင်းပဲ
ဝေကျွမ်းရှေ့တွင် ဒူးထောက်လိုက်သည်။ ဝေကျွမ်းရဲ့နောက်လိုက်တွေကကော
အဲ့လိုလုပ်နိုင်မှာလား။ ထိုလူတွေကကြောင်တောင်တောင်နဲ့သာ
ငေးကြည့်နေခဲ့ကြသည်။ ဘာလို့လဲဆိုတာ သူတို့သာ ဒူးထောက်လိုက်ရင်
မျက်နှာပျက်ရမယ်ဆိုတာ သိနေခဲ့လိုပဲဖြစ်သည်။ အဲ့လိုသာဖြစ်သွားရင်
ကောင်းကင်စံအိမ်မှာ ဘယ်လိုလုပ်ပြီး သူတို့ဆက်နေရဲတော့မှာလဲ။
ဒါပေမယ့် သူတို့ဒူးမထောက်ရင်လည်း ဝေကျွမ်းကသူတို့ကိုဆူပူကြိမ်းမောင်း
ပေလိမ့်မယ်။ သူတို့လာလုပ်ရမှာလဲ။
တစ်ယောက်ချင်းစီ၏မျက်နှာတွေက ခြားနားနေခဲ့ပြီး သူတို့ဘယ်လို
ဆုံးဖြတ်ချက်ချရမှန်း မသေချာမရေရာဖြစ်နေခဲ့သည်။ ‘‘ကြည့်ရတာ
မင်းတို့သူ့ကိုသေစေချင်နေတဲ့ပုံစံပဲ’’ ရန်ကိုင်ကအသာအယာ
သက်ပြင်းချလိုက်ပြီး ဓါးသွားကိုသူ့ခန္ဓာကိုယ်ထဲကိုထပ်မံထိုးသွင်းလိုက်သည်။
ဝေကျွမ်းကသေရမှာကြောက်နေတဲ့အတွက် သူ့နောက်လိုက်တွေကို
တုန်လှုပ်ခြောက်ခြားမှုအပြည့်နဲ့ အော်ပြောလိုက်သည်‘‘ မင်းတို့
ဘာတွေအချိန်ဖြုန်းနေတာလဲ။ မြန်မြန်ဒူးထောက်လိုက်လေ…
ငါသေရင် မင်းတို့ထဲတစ်ယောက်မှ မလွတ်မြောက်စေရဘူးမှတ်’’
အဲ့အချိန်မှသာ ဝေကျွမ်း၏နောက်လိုက်တွေက ချိတုံချတုံနဲ့
ဒူးထောက်လေတော့သည်။ ထိုမြင်းကွင်းကိုကြည့်ရင်း လီယွမ်ရှန်းတို့က
အလွန်အမင်းကြည်နူးနေခဲ့သည်။ သူတို့ခံစားခဲ့တဲ့မတရားမှုတွေက
အခုသူတို့အပြုအမူကြောင့် ပျောက်ကွယ်သွားခဲ့လေပြီး။ သူတို့
ပိုပြီးလွတ်လပ်သလို ခံစားလိုက်ရသည်။
ပြောလိုက်သည်‘‘မင်းနဲ့စုမူကြားက ကွားခြားချက်ကို အခုသိပြီလား’’
ငေးကြောင်ကြောင်ဖြစ်နေတဲ့ ဝေကျွမ်းမျက်နှာက ချက်ချင်းမဲမှောင်သွားခဲ့ပြီး
သူ့နောက်လိုက်တွေကို သတ်ချင်စိတ်အပြည့်နဲ့ကြည့်လိုက်သည်။
စုမူအသက်ကိုကယ်ဖို့အတွက် သူ့နောက်လိုက်တွေက ဂုဏ်သိက္ခာ၊မာနတရားကို
ဘေးဖယ်ထားလိုက်ပြီး တုန့်ဆိုင်းခြင်းမရှိ ချက်ချင်းဒူးထောက်ခဲ့သည်။
ဒါပေမယ့်သူ့နောက်လိုက်တွေကကော…။ သူကသူတို့အသက်တွေနဲ့
ခြိမ်းခြောက်လိုက်မှသာ ရန်ကိုင်တောင်းဆိုချက်အတိုင်း ဒူးထောက်ခဲ့သည်။
စုမူနဲ့ဝေကျွမ်းကြားက ကွာခြားချက်က အလွန်အမင်းသိသာနေခဲ့သည်။
တပည့်တွေ၏ ယုံကြည်ကိုးစားမှုကို နှိုင်းယှဉ်ရမယ်ဆိုရင်
စုမူနဲ့ဝေကျွမ်းတို့ကြားက ခြားနားချက်က အလွန်အမင်းကွာဟနေခဲ့သည်။
‘‘မင်းအခုကျေနပ်ပြီလား’’ ဝေကျွမ်းကရန်ကိုင်ကိုအေးစက်စက်ကြည့်ရင်း
မေးလိုက်သည်။ ရန်ကိုင်ကမျက်လုံးမှေးလိုက်ပြီး သူဘာတွေးနေလဲဆိုတာ
ဘယ်သူမှမသိနိုင်ပေ။ ဝေကျွမ်းမျက်နှာက ကြောက်လန့်မှုကြောင့်
ဖြူလျော်သွားခဲ့ပြီး ခြောက်ခြားမှုအပြည့်နဲ့အော်ပြောလိုက်သည်
‘‘မင်းမလုပ်နိုင်……’’
ရန်ကိုင်ပြန်မပြောရသေးခင်မှာပဲ အဝေးကနေ ဒေါသထွက်နေတဲ့
အသံတစ်သံ ထွက်ပေါ်လာခဲ့သည် ‘‘သူတို့အားလုံးကို ဖမ်းထားလိုက်’’
Martial Peak
အပိုင်း (၆၈) သတ်ဖြတ်လိုစိတ်
ထိုအမိန့်ပေးသံထွက်လာနဲ့ ရန်ကိုင်ရှေ့တွင် လူအတန်းလိုက်ကြီးထွက်ပေါ်လာပြီး
သူတို့ထဲကတစ်ယောက်က ရန်ကိုင်ကိုချက်ချင်းတိုက်ခိုက်လိုက်သည်။ ညည်းညူရင်း
သူလွင့်ပျံထွက်သွားခဲ့သည်။
‘‘စီနီယာအစ်ကိုရန်’’ လီယွမ်ရှန်းနဲ့အခြားသူတွေက ထိတ်လန့်မှုကြောင့်
ချက်ချင်းဖြူတ်ဖတ်ဖြူလျော်ဖြစ်သွားခဲ့ပြီး ရန်ကိုင်ကိုကူညီဖို့ ချက်ချင်း
ပြေးသွားခဲ့သည်။ ရန်ကိုင်က မတ်တပ်ရပ်ဖို့မနည်းကြိုးစားလိုက်ရပြီး
သက်ပြင်းချလိုက်ပြီး သူ့ကိုကန်လိုက်တဲ့လူငယ်ကိုဒေါသတကြီးကြည့်လိုက်သည်။
ထိုလူငယ်ကဝေကျွမ်းဘေးမှာရပ်နေခဲ့ပြီး ဝေကျွမ်းကိုလက်တစ်ဖက်နဲပ ထူမထားကာ
သူ့ကိုသတ်ဖြတ်ချင်စိတ်အပြည့်နဲ့ကြည့်နေခဲ့သည်။ထို့နောက်သူပြောလိုက်သည်
‘‘ သခင်လေးဝေ၊ မင်းအဆင်ပြေလား’’
ဝေကျွမ်းက ရန်ကိုင်ကိုအပိုင်းပိုင်းဖြတ်လိုတဲ့အကြည့်နဲ့ကြည့်နေခဲ့သည်။
သူ့ခန္ဓာကိုယ်က တုန်ရင်နေခဲ့ပြီး သူခေါင်းညိတ်လိုက်သည်‘‘ငါအဆင်ပြေပါတယ်’’
‘‘မင်းအဆင်ပြေတာကောင်းတယ်။ ငါလာတာနောက်ကျသွားတယ်’’
ထိုလူငယ်ကထပ်ပြောလိုက်သည်။ သူ့ခွန်အားက ဝေကျွမ်းထက်ပိုမြင့်သော်လည်း
သူကအကြီးအကဲချုပ်လက်အောက်က လူတစ်ယောက်ဖြစ်တဲ့အတွက်
ဝေကျွမ်းကို မရိုမသေမလုပ်ရဲပေ။
‘‘ အင်းမင်းနောက်ကျသွားတယ်’’ ဝေကျွမ်းကအေးစက်စက်ရယ်မောလိုက်ပြီး
ထူးထူးဆန်းဆန်း မေးလိုက်သည်‘‘စီနီယာအစ်ကိုကောင်း၊ မင်းက
စည်းကမ်းထိန်းသိမ်းရေးတပည့်တစ်ယောက်ဆိုတော့ စံအိမ်စည်းမျဉ်းတွေကို
အခြားသူတွေထက်ပိုသိမှာပေ့ါ..ဟုတ်တယ်မလား။ တပည့်တစ်ယောက်က
အခြားတစ်ယောက်ကို စံအိမ်ထဲမှာ သတ်ဖြတ်ဖို့ကြိုးစားခဲ့ရင် ဘယ်လို
အပြစ်ပေးရမလဲ’’
ကောင်းကျန်းဝမ်က နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်‘‘ ဒါကတကယ်ကို
အပြစ်ကြီးတယ်။ ပထမဆုံး သူ့ခြေလက်တွေကို ရိုက်ချိုးပြီး
ကျောင်းကနေနှင်ထုတ်ပြီး သတ်ပစ်ရမယ်။ ဒါကအခြားသူတွေအတွက်
သတိပေးရာလည်း ရောက်တယ်’’
ဝေကျွမ်းက ရယ်မောလိုက်ပြီး ရန်ကိုင်ကိုလက်ညှိုးထိုးကာပြောလိုက်သည်
‘‘အဲ့လိုဆိုရင်၊ အဲ့ကောင်ကခုနတုန်းက ငါ့ကိုသတ်ဖို့ကြိုစားနေတာ။
စီနီယာအစ်ကိုကောင်း၊ သူ့ကိုသင့်တော်သလိုအပြစ်ပေးလိုက်ပါ’’
သူ့မှာ အားကိုးအားထားရှိနေတဲ့အတွက် ဝေကျွမ်းက အရင်လို
ကျိုးနွံမနေတော့ပေ။ ကောင်းကျန်းဝမ်က ခက်ထန်စွာမေးလိုက်သည်
‘‘မင်းတကယ်ပြောနေတာလား’’
ဝေကျွမ်းကအဆက်မပြတ်ခေါင်းညိတ်နေခဲ့ပြီး‘‘စီနီယာအစ်ကိုကောင်း၊
မင်းရောက်လာတုန်းက ဒီမှာဖြစ်ပျက်နေတာကို မင်းမျက်လုံးနဲ့တပ်အပ်
မြင်ခဲ့မှာပေါ့’’
ကောင်းကျန်းဝမ်ကခေါင်းညိတ်လိုက်ပြီး ‘‘အဲ့ဒါအမှန်ပဲ။ ငါရောက်လာတုန်းက
လက်နက်တစ်ခုနဲ့ မင်းရင်ဘတ်ကိုချိန်ထားတာတွေ့လိုက်တယ်။ ငါသာ
သူတိုက်ခိုက်တာကို မြန်မြန်ဆန်ဆန် မတားဆီးခဲ့ရင် မင်သူ့လက်ထဲမှာ
သေသွားလောက်ပြီ။ ဒီကောင်ကနေ့ခင်းနေ့လယ်ကြီးမှာတောင် စံအိမ်
စည်းမျဉ်းတွေကိုချိုးဖောက်ပြီး ရဲရဲတင်းတင်းပြုမူရဲတယ်’’
ထိုနှစ်ယောက်က အတိုင်အဖောက်ညီနေခဲ့ပြီး ရန်ကိုင်ကို လူသတ်သမား
တစ်ယောက်အဖြစ်သံသယဝင်အောင် ပြောဆိုနေခဲ့သည်။ ‘‘မဟုတ်တာတွေ’’
လီယွမ်ရှန်းက ရှုးရှုးရှဲရှဲဖြစ်သွားခဲ့သည်‘‘ အဲ့တုန်းက ဝေကျွမ်းနဲ့ စီနီယာအစ်ကိုရန်
ယှဉ်ပြိုင်တိုက်ခိုက်နေတာလေ…မင်းတို့ပြောနေသလိုဘယ်လိုလုပ်ပြီး
ဖြစ်သွားရတာလဲ’’ ဝေကျွမ်းကနှာခေါင်းရှုံ့လိုက်ပြီး‘‘အဲ့ဒါက
ယှဉ်ပြိုင်ယုံလောက်ပဲဆိုတာ ဟုတ်လို့လား’’
ကျောင်းဟူကပြောလိုက်သည်‘‘ မင်းမယုံရင်၊ ဒီမှာရှိနေတဲ့တပည့်တွေ
အကုန်လုံးကိုမေးကြည့်လို့ရတယ်။ သူ့တို့တွေအားလုံးက မျက်မြင်သက်သေ
တွေပဲ။ ပြီးတော့ ဒီကိစ္စတစ်ခုလုံးကိုလည်း ဝေကျွမ်းကပဲစခဲ့တာ။ စီနီယာအစ်ကို
ရန်ကိုင်က အလကားသက်သက်ဆွဲသွင်းခံရတာ’’
‘‘မျက်မြင်သက်သေတွေလား..ဘယ်သူတွေကမျက်မြင်သက်သေတွေလဲ’’
ဝေကျွမ်းကစောင်းကြည့်ပြီး မေးလိုက်သည်။ ပတ်ပတ်လည်းကိုကြည့်ရင်း
ရယ်လည်း ရယ်နေလိုက်သည်။ ကြည့်နေကြတဲ့ကောင်းကင်စံအိမ်
တပည့်တွေအကုန်လုံး ထွက်ချင်းလူစုခွဲသွာကြလေသည်။ သူတို့တွေက
အကြီးအကဲချုပ်အကြောင်း ကြားဖူးပြီး ဒီကိစ္စမှာဝင်ပါရဲလောက်တဲ့အထိ
သူတို့အနာဂတ်က ကောင်းမွန်မည်မဟုတ်ပေ။
လီယွမ်ရှန်းက ထိုမြင်ကွင်းကိုမြင်ပြီး ပြောစရာစကားမဲ့သွားကာ
အော်ဟစ်လိုက်ချင်မိသည်။ ဒါပေမယ့် သူ့ကိုယ်သူတည်ငြိမ်အောင်
လုပ်လိုက်ပြီး ပြောလိုက်သည်‘‘အဖြစ်အပျက်တစ်ခုလုံးကို ငါတို့အစအဆုံး
မြင်ခဲ့တယ်။ ငါ့တို့တစ်ယောက်စီတိုင်းက မျက်မြင်သက်သေတွေပဲ’’
ကောင်းကျန်းဝမ်က ခေါင်းခါလိုက်ပြီး‘‘မင်းတို့အားလုံးက ဒီကိစ္စမှာ
အုပ်စုလိုက်တိုက်ခိုက်ကြတဲ့သူတွေလေ။ ဘယ်လိုလုပ်ပြီး မင်းတို့စကားကို
ယုံလို့ရမှာလဲ’’
‘‘အုပ်စုလိုက်တိုက်ခိုက်ကြတာလား’’ ကျောင်းဟူကထခုန်လိုက်ပြီး
အော်ပြောလိုက်သည်‘‘ ဝေကျွမ်းကပဲ သူ့နောက်လိုက်တွေကိုတိုက်ခိုက်ဖို့
ငါတို့ကိုအမိန့်ပေးတာလေ။ ဘယ်လိုလုပ်ပြီး တိုက်ခိုက်တယ်လို့ပြောလို့ရမှာလဲ။
ကောင်းကျန်းဝမ်၊ စည်းကမ်းထိန်းသိမ်းရေးတပည့်ဖြစ်တယ်ဆိုပြီးတော့
မင်းလုပ်ချင်တိုင်းလုပ်လို့ရမယ်ထင်မနေနဲ့။ မင်းဆုံးဖြတ်ချင်တိုင်း
ဆုံးဖြတ်လို့ရအောင် ကောင်ကင်စံအိမ်က မင်းပိုင်တာလို့
ထင်နေတာလား’’
‘‘မောက်မာလိုက်တာ’’ ကောင်းကျန်းဝမ်က ပြစ်တင်ပြောဆိုလိုက်သည်
‘‘စည်းကမ်းထိန်းသိမ်းရေးခန်းမက ကောင်းကင်စံအိမ်ရဲ့စည်းမျဉ်းစည်းကမ်း
တွေကိုကိုယ်စားပြုပြီး တရားမျှတမှုကို လက်ကိုင်ထားတာကွ။ မင်းက
စည်းကမ်းထိန်းသိမ်းရေးခန်မရဲ့ အာဏာကိုမေးခွန်းထုတ်ရဲတာလား။
မင်းအပြစ်ပိုတိုးသွားပြီသာမှတ်’’
‘‘မင်းငါ့ကိုဖမ်းဆီးနေခြင်ရင် အကြောင်းပြချက်ရှာနေစရာမလိုပါဘူး’’
ရန်ကိုင်က လီယွမ်ရှန်းတို့အဖွဲ့ကိုတိတ်တိတ်နေရန်ပြောလိုက်ပြီး
ကောင်းကျန်းဝေကိုကြည့်ကာလှောင်ပြောင်လိုက်သည် ‘‘တရားမျှတ
မှုလား၊ တရားမျှတမှုက ဘာလဲဆိုတာငါသိသွားခဲ့ပါပြီ’’
‘‘ဟန့်’’ အေးစက်စက် ပြုံးလိုက်ရင်း ကောင်းကျန်းဝေက ရှေ့ကို
လမ်းလျှောက်သွားလိုက်ပြီး သူ့အဖွဲ့သားတွေကို အမိန့်ပေးလိုက်သည်
‘‘အားလုံးကို ဖမ်းလိုက်တော့။ အကြီးအကဲချုပ်နဲ့ဆွေးနွေးပြီးမှ
ပြစ်ဒဏ်ချမှတ်မယ်’’ ပတ်ပတ်လည်ကနေ စည်းကမ်းထိန်းသိမ်းရေး
အဖွဲ့သားတွေထွက်ပေါ်လာခဲ့သည်။ သူတို့ထဲကခွန်အားအနည်းဆုံးသူကတောင်
စဦးဒြပ်စင်အဆင့်၅ကိုရောက်နေသဖြင့် လီယွမ်ရှန်းတို့အဖွဲ့က
ခုခံဖို့လုံးဝမတတ်နိုင်ခဲ့ပေ။ ခြေသုံးလှမ်း၊ လှုပ်ရှားမှုနှစ်ကွက်အတွင်
သူတို့အားလုံး ဒူးထောက်အနေအထားဖြင့် ဖမ်းချုပ်ထားခံလိုက်ရသည်။
သူပြန်ပြီး တိုက်ခိုက်ရင်တောင် အကျိုးမထူးဘူးဆိုတာသိတဲ့အတွက် ရန်ကိုင်လည်း
အေးအေးဆေးဆေးပဲ အဖမ်းခံလိုက်သည်။
‘‘အနာဂတ်မှာတွေ့ကြတာပေါ့’’ သူ့ရည်ရွယ်ချက်ဖြစ်မြောက်သွားတာနဲ့
ဝေကျွမ်းက ရန်ကိုင်ရှေ့သွားပြီး အေးစက်စက်ပြုံးပြလိုက်သည်။
‘‘သူတို့ကိုခေါ်သွားတော့’’ ကောင်းကျန်းဝမ်က အမိန့်ပေးလိုက်သည်။
ထို့နောက် စည်းကမ်းထိန်းသိမ်းရေးတပည့်တွေက သူတို့အားလုံးကို
ခေါ်သွားလေသည်။
သတိလစ်နေတဲ့ စုမူကိုကြည့်ရင်း ကောင်းကျန်းဝမ်က မျက်မှောင်
ကြုံ့လိုက်လေသည်။ ဘာကြောင့်လဲဆိုတာ့ ရန်ကိုင်နဲ့လီယွမ်ရှန်းကို
ဖမ်းဆီးရတာက ရိုးရှင်းတဲ့အလုပ်တစ်ခုဖြစ်ပေမယ့် စုမူကိုဖမ်းဆီးဖို့ကျတော့
အဲ့လောက်မလွယ်ကူတော့ပေ။ သူစုမူကိုမဖမ်းဆီးရဲတဲ့အတွက်
ခဏကြာအောင်တွေးတောပြီးနောက် ပြောလိုက်သည်‘‘ဂျူနီယာညီလေးစုကို
ဒုတိယအကြီးအကဲရဲ့နေရာကိုခေါ်သွားလိုက်’’
‘‘ဟုတ်ကဲ့’’ တစ်ယောက်ယောက်က ပြန်ဖြေလိုက်ပြီး စုမူကိုမကာ
ခေါ်သွားတော့လေသည်။ ‘‘သခင်လေးဝေ၊ မင်းတော်တော်ခံစားလိုက်ရတာပဲ’’
ကောင်းကျန်းဝမ်က နူးညံံ့စွာပြောလိုက်သည်။ ဝေကျွမ်းက မျက်မှောင်
ကြုံ့လိုက်ပြီး အံကြိတ်လိုက်သည်‘‘ ရန်ကိုင်ဆိုတဲ့ကောင်ကို မင်းအေးအေး
ဆေးဆေးနေခွင့်မပြုသင့်ဘူး။ သူဒီနေ့ငါ့ကိုအရှက်ခွဲခဲ့ပြီး တော်တော်
ဒုက္ခပေးခဲ့တယ်။ မင်းဘာလုပ်ရမလဲသိတယ်မလား’’
ကောင်းကျန်းဝမ်က တုန့်ဆိုင်းနေပြီး‘‘သခင်လေးဝေ၊ ဒီနေ့ကိစ္စက
တော်တော်လေးကြီးမားတဲ့အတွက် အကြီးအကဲဟူက သတိပြုမိလိမ့်မှာ
အသေအချာပဲ။ ငါကိုသာအခုချက်ချင်း အလျင်စလိုလှုပ်ရှားလိုက်ရင်
မသင့်တော်သလိုဖြစ်သွားလိမ့်မယ်။ ဘာလို့အကြီးအကဲချုပ်ကို
ဆုံးဖြတ်ချက်မချခိုင်းရတာလဲ’’
‘‘ဒါပေမယ့် ငါအဲ့လောက်မစောင့်နိုင်ဘူး’’ ဝေကျွမ်းမျက်နှာက
မကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ ပြည့်နေခဲ့သည်။ ‘‘စိတ်မပူပါနဲ့။
ငါသခင်လေးဝေစိတ်ကျေနပ်အောင် သူ့ကိုကောင်းကောင်း
သင်ခန်းစားပေးလိုက်ပါ့မယ်။ သခင်လေးဝေကိုစော်ကားတဲ့
အကျိုးရလဒ်ကဘယ်လိုမျိုးလဲဆိုတာ သူသိအောင်ငါသင်ပြေပေးလိုက်ပါ့မယ်’’
‘‘သူ့ကိုမသတ်နဲ့နော်။ ငါကိုယ်တိုင်သူ့ကိုသင်ခန်းစားပေးချင်သေးတယ်’’
‘‘သခင်လေးပြောတဲ့အတိုင်းဖြစ်စေရပါမယ်’’
ရန်ကိုင်နဲ့အခြားသူတွေက အခုအချိန်တွင် ကောင်းကင်စံအိမ်တောအုပ်
အကျဉ်းထောင်ထဲမှာ အဖမ်းခံထားရလေသည်။ ထိုနေရာတစ်ခုလုံးက စိုထိုင်းထိုင်းနဲ့
မဲမှောင်နေပြီး ကြွက်တွေနဲ့လည်းပြည့်နေခဲ့သည်။ အဖက်ဖက်ကနေ
အနံ့အသက်ဆိုးတွေရနေခဲ့ပြီး အော့အန်ချင်လောက်အောင် နံစော်နေလေသည်။
အရမ်းကို ညစ်ပတ်စိတ်ပျက်စရာကောင်းလွန်းတဲ့ ပတ်ဝန်းကျင်တစ်ခုပဲဖြစ်သည်။
ထိုတောအုပ်အကျဉ်းထောင်က ပြစ်မှုကျူးလွန်တဲ့တပည့်တွေကို ဖမ်းဆီး
ထိန်သိမ်းထားတဲ့နေရာဖြစ်ပြီး လီယွမ်ရှန်းနဲ့အခြားသူတွေက သူ့တို့ဒီနေရာမှာ
‘‘စီနီယာအစ်ကိုရန်၊ ငါ့တို့ဒီကိစ္စထဲကိုမင်းကိုဆွဲသွင်းမိပြီ’’ လီယွမ်ရှန်းက
ရန်ကိုင်နားမှာထိုင်ရင်း တောင်းပန်လိုက်သည်။
ရန်ကိုင်ကပြုံးလိုက်ပြီး‘‘ ဒါကမင်းနဲ့မဆိုင်ပါဘူး။ ငါ့ကိုယ်ငါမထိန်းနိုင်ပဲ
တိုက်ပွဲထဲခုန်ဝင်သွားတာပဲ။ငါတစ်ယောက်နဲ့တစ်ယောက် အချင်းချင်း
ခွေးလိုကိုက်နေတာကို ထိုင်ကြည့်မနေနိုင်ဘူး’’
‘‘ခွေးလိုကိုက်နေတာလား…..’’လီယွမ်ရှန်းက လည်းပင်းမှာတစ်ခုခုတစ်နေသလို
ခံစားလိုက်ရသည်။ ထိုစကားက ဝေကျွမ်းအဖွဲ့သားတွေကိုပြောနေတာဖြစ်ပေမယ့်
သူတို့ကိုယ်တိုင်လည်း ရန်ပွဲအတွင်းမှာပါဝင်နေခဲ့လေသည်။
‘‘သင့်တော်သလိုပြောရင်တော့ တပည့်အချင်းချင်းရန်ဖြစ်တာပေါ့။ ဒါပေမယ့်
ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ခွေးတွေအချင်းချင်းကိုက်နေတာနဲ့
အတူတူပဲလေ’’
‘‘မင်းမှန်တယ်လို့ငါထင်တယ်။ ဒါပေမယ့်စီနီယာအစ်ကိုရန်ကိုင်စိတ်ပူစရာ
မလိုပါဘူး။ သခင်လေးစုက ငါတို့ကိုစွန့်ပစ်ထားမှာမဟုတ်ဘူး။ နာရီအနည်းငယ်
လောက်ကြာရင် သခင်လေးစုကငါတို့ကိုလာကယ်မှာပါ’’ လီယွမ်ရှန်းက
တွေးတာကတော့ တကယ်ကိုရိုးရှင်းလေသည်။
ရန်ကိုင်ကသူ့ကိုယ်သူသက်သောင့်သက်သာဖြစ်အောင် ပုံစံပြောင်းလိုက်ပြီး
‘‘အကြီးအကဲချုပ်နဲ့ ဒုတိယအကြီးအကဲက ဘာလို့မတည့်ကြတာလဲ’’
လီယွမ်ရှန်းက သက်ပြင်းချလိုက်ပြီး‘‘ဒါကစံအိမ်ခေါင်းဆောင်ကြောင့်ပဲ’’
‘‘အင်း။ အသေးစိတ်ပြောပြပါလား’’
လီယွမ်ရှန်းကစပြောလေသည်‘‘ ဟိုးတစ်ခါတုန်းက သခင်လေးစုက
စံအိမ်ခေါင်းဆောင်တပည့်အကြောင်းပြောခဲ့တယ်မလား။ စံအိမ်ခေါင်းဆောင်က
ဒုတိယတပည့်ကိုဖမ်းပြီး ရစ်ခွေနဂါးစမ်းချောင်းမှာ ချုပ်ထားပြီးကတည်းက
လူမြင်ကွင်းထဲပေါ်လာတာရှားတယ်။ စံအိမ်ကိစ္စတွေကိုတောင် သူသိပ်ပြီး
အာရုံမစိုက်တော့ဘူး။ ဒါကြောင့် စံအိမ်ကိစ္စတွေအကုန်လုံးကို
အကြီးအကဲချုပ်ကပဲ ကိုင်တွယ်ဖြေရှင်းနေခဲ့ပြီး သူ့ရဲ့ရည်မှန်းချက်ကြောင့်
လားတော့မသိဘူး…သူ့ကိုယ်သူဂိုဏ်းခေါင်းဆောင်တစ်ယောက်လို
ပြုမူလာတယ်။ ဒါကိုဒုတိယအကြီးအကဲက မြင်တော့မကျေမနပ်
ဖြစ်ကော။ အကြီးအကဲချုပ်က စံအိမ်ခေါင်းဆောင်ရားထူးကို
အတင်းအကြပ်သိမ်းယူတယ်ဆိုပြီး သူကမကျေနပ်ဘူးလေ။ အဲ့ကနေစပြီး
သူ့တို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် မတည့်တော့တာပဲ’’
Martial Peak
အပိုင်း (၆၉) ဘိုးဘေးတစ်ယောက်နှင့်တပည့်တစ်ယောက်ကြားက ခြားနားချက်
(အကြီးအကဲချုပ်= ပထမအကြီးအက¬¬¬ဲ)
‘‘အခုအချိန် ကောင်းကင်စံအိမ်မှာ အဖွဲ့နှစ်ဖွဲ့ကွဲနေတယ်။ ပထမတစ်ဖွဲ့ကို
အကြီးအကဲချုပ်က ခေါင်းဆောင်ပြီး စတုတ္ထအကြီးအကဲ နဲ့ ပဉ္စမအကြီးအကဲ
တို့ပါတယ်။ ဒုတိယတစ်ဖွဲ့မှာကတော့ ဒုတိယအကြီးအကဲနဲ့ တတိယအကြီးအကဲ
တို့ပါဝင်ပြီး စံအိမ်ခေါင်းဆောင်ကို ထောက်ခံကြတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်က
တိုက်ပွဲမှာ ဒုတိယနဲ့တတိယအကြီအကဲတို့က အများကြီးခံစားခဲ့ရတယ်’’
လီယွမ်ရှန်းပြောတာကိုနားထောင်ရင်း ရန်ကိုင်ကလက်ရှိအခြေအနေတွေကို
နဂိုထက်ပိုမိုနားလည်လာခဲ့သည်။ အကြီးအကဲတွေက တစ်ဖက်နဲ့တစ်ဖက်
မတည့်မှတော့ လူငယ်တွေလည်းမတည့်တာ မထူးဆန်းပေ။ စုမူနဲ့ ဝေကျွမ်းလည်း
ထိုအတိုင်းပင်ဖြစ်သည်။
ကျောင်းဟူက လှောင်ပြောင်လိုက်သည်‘‘ ကျားကဂူထဲမှာရှိမနေသေးတော့
မျောက်က ဘုရင်လုပ်နေတာပေါ့။ စံအိမ်ခေါင်းဆောင်သာပေါ်လာခဲ့ရင်
အကြီးအကဲအချုပ်တို့ကခွေးလိုကုတ်နေကြမှာ’’ လီယွမ်ရှန်းက
ကျောင်းဟူကိုစူးစိုက်ကြည့်လိုက်ပြီး‘‘ အခြားသူတွေရဲ့နောက်ကွယ်မှာ
အတင်းမပြောနဲ့ကွ။ သူ့တို့မှားယွင်းနေရင်တောင် ငါ့တို့လူငယ်တွေက
အကြီးအကဲတွေကို မလေးစားလို့မဖြစ်ဘူး’’
ကျောင်းဟူကချက်ချင်းပါးစပ်ပိတ်လိုက်ပြီး‘‘မင်းလည်းဒီအတိုင်းထင်နေတာပဲ
မလား’’ လီယွမ်ရှန်းကပြောလိုက်သည်‘‘ ဒါပေမယ့်ငါအသံကျယ်ကျယ်နဲ့
မပြောဘူး’’ ထောက်ပံ့ရေးခန်းမကိုရှနင်းချန်က အလောတကြီးပြေးသွားနေခဲ့သည်။
သူမအလောတကြီးဖြစ်နေတာကိုမြင်ရင်း ဘဏ္ဏာထိန်းမန်ကရယ်လိုက်ပြီး
‘‘ တပည့်ကဆရာ့ဆီလာ လည်ပြန်တာလား။ အင်း ဒီလိုလိမ္မာတဲ့တပည့်
တစ်ယောက်ရှိတာ တကယ်ကိုစိတ်ကျေနပ်စရာကောင်းတာပဲ’’
ရှနင်းချန်က ရေးကြီးသုတ်ပြာ ပြောလိုက်သည်‘‘ဆရာ၊ သတင်းဆိုးပဲ’’
‘‘ဘာဖြစ်လို့လဲ’’ ဘဏ္ဏာထိန်းမန်က သူ့တပည့်ဒီလိုဖြစ်နေတာ
တစ်ခါမှမမြင်ဖူးတဲ့အတွက် ခေါင်းရှုပ်သွားခဲ့သည်။ ရှနင်းချန်က ရန်ကိုင်နဲ့
ဝေကျွမ်းတို့ကြား ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကို ပြန်ပြောပြလိုက်သည်။
သူမပြောပြီးတာကိုနားထောင်ပြီးတာနဲ့ ဘဏ္ဏာထိန်းမန်၏မျက်နှာ
သုန်မှုန်သွားခဲ့ပြီး‘‘ အဲ့ကောင်စုတ်ရန်ကိုင်က စဦးဒြပ်စင်အဆင့်၃ကို
ရောက်သွားပြီလို့နင်ပြောလိုက်တာလား။ သူဝေကျွမ်းကိုကော
အနိုင်ယူခဲ့တာလား’’ ‘‘အဲ့ဒါအမှန်ပဲ’’ ရှနင်းချန်က ပုတ်သင်ညိုတစ်ကောင်လို
ခေါင်းညိတ်နေခဲ့ရင်း ရန်ကိုင်အဆင့်ချိုးဖျက်တုန်းက ကူညီခဲ့တဲ့
အကြောင်းကိုပြန်တွေးတောနေခဲ့သည်။
‘‘ကြည့်ရတာ လေနက်တောအုပ်ထဲမှာ သူတွေ့ခဲ့ရတဲ့ကံကောင်းမှုက
သေးသေးလေးမဟုတ်ဘူးပဲ။ ဘယ်လောက်တောင်မြန်လိုက်လဲ’’
မန်ဝူရကပြောလိုက်ပြီး အနည်းငယ်ထိတ်လန့်သွားခဲ့သည်။
‘‘ဆရာသက်ပြင်းချည်းပဲချမနေနဲ့။ သူ့ကိုယ်ကယ်ဖို့ နည်းလမ်းတစ်ခုခု
စဉ်းစားပါဦး’’ ရှနင်းချန်ကစိတ်မရှည်စွာပြောလိုက်သည်။
မန်ဝူရက သူ့တပည့်ကိုထူးထူးဆန်းဆန်းကြည့်လိုက်ပြီး
ပြောလိုက်သည်‘‘ နင်ကာဘာလို့အဲ့လောက်တောင် စိုးရိမ်နေတာလဲ’’
ဘာပြောရမှန်းမသိတော့ပဲ ရှနင်းချန်က အထစ်ထစ်အငေါ့ငေါ့နဲ့
ပြောလိုက်သည်‘‘ငါ…’’
‘‘အင်းဟုတ်တယ်။ နင်အခုသူ့ကိုအရမ်းစိုးရိမ်နေတယ်’’ မန်ဝူရကခေါင်းညိတ်
လိုက်သည်။ ဒီနှစ်အတောအတွင် သူမစိတ်ကရေခဲတုံးတစ်တုံးလို ကြည်လင်နေပြီး
ကျောက်စိမ်းတုံးတစ်တုံးလို သန့်စင်နေခဲ့သော်လည်း သူမကြောင်း
သူအနားလည်ဆုံးပင်ဖြစ်သည်။ သူမဒီလိုဖြစ်နေတာသူတစ်ခါမှမမြင်ဖူးခဲ့ပေ။
ဒီနှစ်အတောအတွင် သူမကိုလိုက်လံပိုးပန်းတဲ့တပည့်တွေရှိခဲ့သော်လည်း
တစ်ယောက်ကိုမှ ဂရုမစိုက်ခဲ့ပေ။ သူမက သူတို့နဲ့ခပ်ခွာခွာသာနေခဲ့သည်။
ဒီနေ့မှာတော့ သူမကစဦးဒြပ်စင်အဆင့်သာရှိသေးတဲ့ တပည့်တစ်ယောက်ကြောင့်
သူ့ကိုအကူအညီတောင်းနေခဲ့သည်။ ဘယ်လောက်တောင် ထူးဆန်းလိုက်လဲ။
ရှနင်းချန်ကဆက်ပြောလိုက်သည်‘‘ ငါကသူ့ရဲ့ဖြောင့်ဖြူးနေတဲ့
ကျင့်ကြံမှုခရီးလမ်းကိုမဆုတ်ယုတ်သွားစေချင်လို့ပါ’’
‘‘ငါတို့ကမရင်းနှီးပေမယ့်။ ငါကသူ့ကို၂နှစ်တောင် စောင့်ကြည့်လာခဲ့ရတာလေ။
ငါကသူ့နေရာကိုစောင့်ကြည့်ရတဲ့ အနက်ရောင်ခန်းမတပည့်တစ်ယောက်ဆိုတာ
ဆရာသိတာပဲ’’ ရှနင်းချန်က ရိုးရိုးသားသားပြောလိုက်ပြီး သူ့ဆရာကိုထပ်ပြီး
အသနားခံလိုက်သည်‘‘ ဆရာသူ့ကိုကယ်ဖို့နည်းလမ်းတစ်ခုခုလောက်
စဉ်းစားပေးပါဦး။ သူအခုအကြီးအကဲချုပ်ကိုရန်စမိသွားပြီး။ သူ့မှာသာ
အားကောင်းတဲ့ကျောထောက်နောက်ခံသာမရှိရင် သူဒုက္ခရောက်လိမ့်မယ်။
ပြီးတော့ ဒုတိယအကြီးအကဲကလည်းသူသေတာရှင်တာကို ဂရုစိုက်မယ့်
လူမျိုးမဟုတ်ဘူး။ ဒါပေမယ့် ဆရာကအားကောင်းတဲ့လူတစ်ယောက်ပဲလေ’’
မန်ဝူရ၏မျက်နှာက အပျော်တွေနဲ့ပြည့်နေခဲ့သည်။ ဘာဖြစ်လို့လဲဆိုတာ့
လူအယောက်တစ်ထောင်ဖြစ်ဖြစ်၊ တစ်သောင်းဖြစ်ဖြစ် သူ့ကိုမျက်နှာချိုသွေးနေပစေ
သူဂရုစိုက်လိမ့်မည်မဟုတ်ပေ။ ဒါပေမယ့် အခုအချိန်မှာတော့ သူအရမ်းချစ်ရတဲ့
သူ့တပည့်ကသူ့ကိုမျက်နှာချိုသွေးနေတာဖြစ်သည်။
သူစိတ်လှုပ်ရှားနေတဲ့အချိန်လေးကုန်ဆုံးသွားပြီးနောက် မန်ဝူရက
မျက်မှောင်ကြုံ့လိုက်သည်‘‘ ဒီကိစ္စကဖြေရှင်းဖို့အဲ့လောက်မလွယ်ဘူးနော်။
ဘယ်လိုပဲကြည့်ကြည့် ဒါကစံအိမ်အကြီးအကဲတွေကြားက ပြဿနာပဲ။
ငါကအပြင်လူတစ်ယောက်လေ။ ငါသာဝင်ပါခဲ့ရင် ဘာဖြစ်သွားမလဲ’’
ဒါကအမှန်တရားပဲဖြစ်သည်။ ရန်ကိုင်နဲ့ပက်သက်ပြီး သူ့အထင်အမြင်က
မဆိုးသော်လည်း သူ့လိုအပြင်လူတစ်ယောက်က ကောင်ကင်စံအိမ်၏
အတွင်းကိစ္စတွေကြားထဲ ဝင်ရှုပ်လို့မကောင်းပေ။
ရှနင်းချန်က ပြန်မပြောတော့ပဲ သူမ၏မျက်ရည်ဝဲနေတဲ့မျက်လုံးလေးတွေနဲ့
မန်ဝူရကိုတိုက်ရိုက်ကြည့်လိုက်သည်။ မျက်နှာကာတပ်ထားပေမယ့်
သူမ၏မက်မွန်သီးရောင်းပါးလေးတွေကို မြင်နေရလေသည်။ ဒီလိုမျက်နှာမျိုးကို
သူတောင့်မခံနိုင်ပေ။ ခါးသီးစွာနဲ့ မန်ဝူရကပြောလိုက်သည်‘‘ အိုး..အားယို…။
ငါ့ရဲ့မိန်းမငယ်လေးရယ်၊ အဲ့လောက်ခေါင်းမမာစမ်းပါနဲ့။ ဒုတိယအကြီးအကဲက
ရန်ကိုင်ကိုသွားကယ်မှာပါ။ ရန်ကိုင်ကစုမူကိုကယ်လို့အဖမ်းခံရတာပဲလေ။
အကယ်၍သူသာရန်ကိုင်ကိုမကယ်ခဲ့ရင် အနာဂတ်မှာသူ လူတွေ စုဆောင်းနိုင်တော့မှာ
မဟုတ်သလို သူ့ကိုလည်းလေးစားယုံးကြည်တော့မှာမှမဟုတ်ဘူး’’
‘‘အဲ့လိုမဟုတ်ခဲ့ရင်ရော’’ ရှနင်းချန်က ဒေါသတကြီးမေးလိုက်သည်။
‘‘အဲ့လိုမဖြစ်နိုင်တာ မဖြစ်နိုင်ပါဘူး’’ ဒါပေမယ့် မန်ဝူရလည်းမသေချာခဲ့ပေ။
ဘာကြောင့်လည်းဆိုတော့ အကြီးအကဲတွေကြားကတိုက်ပွဲမှာ ပွန်းကောင်းတွေဖြစ်တဲ့
အဆင့်နိမ့်တဲ့တပည့်တစ်ယောက်နှစ်ယောက် စတေးခံရတာသာမန်ပဲဖြစ်သောကြောင့်
ဖြစ်သည်။
‘‘ဟွန့်’’ ရှနင်းချန်က သူမခန္ဓာကိုယ်ကိုလှည့်လိုက်ပြီး လမ်းလျှောက်ကာ
သူ့ဘေးမှာထိုင်လိုက်သည်။ ထို့နောက်ဆူအောင့်ကာပြောလေသည်
‘‘ ဆရာသာသူ့ကိုသွားမကယ်ရင်၊ ငါဒီမှာပဲအမြဲတမ်းနေတော့မယ်။
ဆရာတပည့် ကျင့်ကြံခြင်းအဆင့်မတက်လာမှာတော့ စိုးရိမ်မိသား’’
အဲ့စကားလုံးတွေကြားလိုက်တာနဲ့ မန်ဝူရကထိတ်လန့်မှုကြောင့်
ဖြူဖတ်ဖြူလျော်ဖြစ်သွားခဲ့ပြီး နှိမ့်ချစွာနဲ့ကောင်တာနောက်ကနေ ပြေးထွက်
သွားသည်။ သူ့ခါးကိုကွေးလိုက်ပြီး သူ့ဆရာကိုရှေ့ရောက်နေသလိုမျိုး
ရှနင်းချန်ရှေ့တွင်ခါးကိုင်းနေလိုက်သည်‘‘နင်ဘာလို့ဒီလိုပြောတာလဲ’’
ရှနင်းချန်က သူမမျက်နှာကိုအခြားတစ်ဖက်လှည့်ထားလိုက်ပြီး တစ်ခွန်းမှ
ပြန်မဖြေခဲ့ပေ။ မန်ဝူရက နေရာပြောင်းလိုက်ပြီး ရှနင်းချန်နဲ့
မျက်နှာချင်းဆိုင်လိုက်ကာ ‘‘ ငါနင့်ကိုမကူညီဘူးဆိုရင် နင်မှာပဲ
အမြဲတမ်းနေသွားတော့မှာလား’’
‘‘ဆရာကသူ့သေတာရှင်တာကို ဂရုမစိုက်မှတော့ ငါသေတာရှင်တာကိုလည်း
ဂရုမစိုက်နဲ့တော့ပေါ့။ ဆရာကတကယ်ကိုယုံကြည်လို့မရတဲ့လူမျိုးပဲ’’
ထိုစကားလုံးတွေက ထက်ရှတဲ့မြှားတစ်စင်းအလားသူ့စိတ်ကို ပြင်းပြင်းထန်ထန်
ထိုးဖောက်သွားလေသည်။ ထို့နာက် လျှပ်စီးအပစ်ခံရသလို သူ့တစ်ကိုယ်လုံး
တုန်ရီနေခဲ့သည်။
‘‘င့ါရဲ့သခင်မလေးရယ်၊ ဒီကိစ္စကိုအေးအေးဆေးဆေး ဆွေးနွေးလိုရရင်
ဆွေးနွေးရအောင်လေ။ ငါအသက်ကြီးနေပြီ။ ငါ့စိတ်ကလည်း
နင်လှည့်စားတာကို ခံနိုင်ရည်မရှိတော့ဘူး’’ မန်ဝူရက သူ့လက်ကို
ရှေ့မှာထားပြီး သနားစရာကောင်းတဲ့ပုံစံနဲ့ ရှနင်းချန်ကို ဦးညွှတ်နေခဲ့သည်။
ဒါကတပည့်တစ်ယောက်က်ကိုဆက်ဆံတာနဲ့ မတူပဲ ဘိုးဘေးတစ်ယောက်ကို
ဆက်ဆံတာနဲ့တူနေပေသည်။
ထိုအချိန်မှာသာ ရှနင်းချန်က မန်ဝူရဘက်လှည့်လိုက်ပြီး နူးညံ့စွာပြောလိုက်သည်
‘‘သူကယန်အမျိုးအစားကျင့်စဉ်ကိုလေ့ကျင့်နေတာ။ ပြီးတာ့ သူ့ယန်စွမ်းအင်က
အရမ်းသန့်စင်ပြီးသိပ်သည်းလွန်းတယ်’’ ‘‘ယန်စွမ်းအင်လား’’ မန်ဝူရ၏
အမူအရာ အပြောင်းကြီးပြောင်းလဲသွားခဲ့သည်‘‘ အရမ်းကိုသန့်စင်ပြီး
သိပ်သည်းတာလား’’
‘‘ဆရာနောက်ဆုံးတွေ့ခဲ့တဲ့လူထက် ငါးဆလောက်ပိုသန့်စင်ပြီးသိပ်သည်းတယ်’’
ရှနင်းချန်ကပြန်ဖြေလိုက်သည်။
‘‘နင်စမ်းကြည့်ပြီးသွားပြီလား’’ မန်ဝူရက အလောတကြီးမေးလိုက်သည။
‘‘အင်း’’
‘‘ဒီလိုသာဆိုရင် သူကံကောင်းမှုကြုံတွေ့ခဲ့တာမဖြစ်နိုင်လောက်တော့ဘူး’’
မန်ဝူရက သူ့ကိုယ်သူရုတ်တရက်မတ်လိုက်ပြီး တစ်ခဏကြာအောင်
တွေးလိုက်ပြီးနောက် အပြင်ကိုလမ်းလျှောက်ထွက်သွားလေသည်။
‘‘ငါသူ့ကိုမကန့်ကွက်ပါဘူး’’ ရှနင်းချန်က ဖြေးဖြေးချင်းပြောလိုက်သည်။
‘‘အဲ့ဒါဆိုရင် နင်သူ့ကိုကြိုက်တယ်ပေါ့’’
‘‘အဲ့လိုလည်းမဟုတ်ဘူး….ငါသူ့ကိုမမုန်းဘူး’’ ထိုမေးခွန်းက ရှနင်းချန်၏
ပါးမို့မို့လေးတွေကို နီမြန်းသွားစေခဲ့သည်။
‘‘ကောင်းပြီ…ကောင်းပြီ…ကောင်းပြီ။ နင်အဲ့ကိုသွားရင် နင်ဘာလုပ်ရမလဲဆိုတာ
သိတယ်မလား။ ဒါပေမယ့် နင်သူ့အပေါ်ခံစားချက် မသက်ဝင်ရဘူးလို့
ငါ့ကိုကတိပေးရမယ်။ အဲ့လိုမှငါသူ့ကိုသွားကယ်ပေးမယ်’’
‘‘ဆရာဘာတွေပြောနေတာလဲ’’ ရှနင်းချန်က ရှက်သွားပြီး‘‘ငါသူ့ကို
စကားတောင်မပြောဖူးသေးဘူး’’
ထိုစကားလုံးတွေက ရှနင်းချန်ကိုယုံကြည်ချက်မဲ့သွားစေပြီး တစ်နေ့ညက
အဖြစ်အပျက်အကြောင်းကို မတွေးပဲမနေနိုင်အောင်ဖြစ်သွားစေခဲ့သည်။
‘‘ငါနင့်ကိုဒီလိုပြောနေရတာတဲ့အကြောင်းပြချက်က…..ဒီနေရာကနင့်အတွက်
အရမ်းကိုသေးငယ်လွန်းတယ်။ နင့်အချစ်အတွက် အရည်အချင်းပြည့်မှီတဲ့လူ
ဒီမှာတစ်ယောက်မှမရှိဘူး။ဘယ်သူမှစိတ်မကူးနိုင်တဲ့အဆင့်ကို နင်အနှေးနဲ့အမြန်
ရောက်မှာပဲ။ အဲ့အချိန်ကျရင် နင်ကနှစ်ထောင်ပေါင်းများစွာ အသက်ရှင်နေနိုင်နေပြီ။
နင်ချစ်တဲ့လူက နင့်ရှေ့မှာသေသွားတာကိုမြင်ပြီး နင့်ကိုမခံစားစေချင်လို့ပါ။
ငါ့တပည့်၊ နင်မှတ်ထားရမယ်။ သိုင်းပညာခရီးလမ်းဆိုတာ ခက်ခဲကြမ်းတမ်းပြီး
အဖော်မဲ့တယ်။ ပြီးတော့ အေးစက်အထီးကျန်မှုနဲ့ ပြည့်နေတဲ့လမ်းဆိုလည်း
မမှားဘူး’’
Martial Peak
အပိုင်း (၇၀) တစ်ယောက်နှင့်ငါးယောက်
မန်ဝူရကထိုစကားတွေကို ပြောပြီးတာနဲ့ သူဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။
သူပြောတဲ့စကားတွေထဲတွင် ဝမ်းနည်းမှုကိုသူမခံစားနိုင်လေသည်။ ငါ့ဆရာကများ
ဒါမျိုးကြုံဖူးတာဖြစ်နိုင်မလား။ သူမထပ်မေးဖို့ လုပ်နေ
တုန်းမှာပဲ မန်ဝူရကသူမမြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့သည်။
ပိုင်တဲ့သစ်သားအိမ်လေးတစ်ခုရှေ့တွင် လူငယ်တစ်ယောက်က
ချွေးသံတရွှဲရွှဲနဲ့ မတ်တပ်ရပ်နေလေသည်။ တံခါးကိုဖြည်းဖြည်း
ခေါက်ရင်း သူ့အသက်ရှုသံကိုတည်ငြိမ်အောင်လုပ်လိုက်ပြီး
ခေါ်လိုက်သည်‘‘ စီနီယာအစ်မစု’’
‘‘ဘာကိစ္စလဲ’’ သာယာအေးစက်တဲ့အသံတစ်သံပျံ့လွင့်လာသည်။
ထိုအသံကနားထောင်ကောင်းပေမယ့် အေးစက်မှုတွေနဲ့
ပြည့်နေပြီး ကြားတဲ့သူအပေါင်းကိုအနားမလာအောင် တားဆီးထားလေသည်။
ထိုလူငယ်လေး၏ချွေးစက်တွေက အေးခဲသွားခဲ့ပြီး သူ့တစ်ကိုယ်လုံး
တုန်ရီသွားခဲ့သည်‘‘သခင်လေးစုက သတိလစ်အောင်ရိုက်ခံလိုက်ရပြီး
သူ့လူတွေကို စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က တောအုပ်အကျဉ်းထောင်
ထဲမှာဖမ်းဆီးထားတယ်’’
သူပြောပြီးတာနဲ့ သစ်သားအိမ်တံခါးက ပွင့်လာခဲ့ပြီး အဖြူရောင်
ဝတ်စုံကိုဝတ်ဆင်ထားတဲ့စုယန်ထွက်လာခဲ့သည်။ ထိုလူငယ်လေးက
ချက်ချင်းပဲခြေနှစ်လမ်းနောက်ဆုတ်လိုက်ပြီး ခေါင်းငုံ့ထားလိုက်သည်။
စုယန်မျက်နှာကို တိုက်ရိုက်ကြည့်ရဲလောက်တဲ့အထိ သူ့တွင်သတ္တိမရှိပေ။
‘‘ဘာကိစ္စလဲဆိုတာသေသေချာချာပြောစမ်း’’ စုယန်က ခံစားချက်ကင်းမဲ့
လာခဲ့ပြီး သူမနားကကြမ်းပြင်ပေါ်တွင် ရေခဲတွေဖြစ်ပေါ်လာခဲ့သည်။
ထိုလူငယ်လေးကက ချက်ချင်းပဲတိုက်ပွဲအစကနေအဆုံးအထိ
ဖြစ်ကြောင်းကုန်စင်ကိုပြောပြလိုက်သည်။ သူပြောပြီးတာနဲ့
တစ်ခဏကြာအောင်စောင့်နေလိုက်သည်။ ဒါပေမယ့် တုန့်ပြန်သံ
မကြားတာနဲ့ ရဲဆေးတင်ပြီးမေးလိုက်သည်‘‘စီနီယာအစ်မစု’’
သူခေါ်သော်လည်း ပြန်ပြောသံမကြားသဖြင့် အားတင်းပြီး
မော့ကြည့်လိုက်သော်လည်း သူမကိုဘယ်နေရာမှာမှ မတွေ့တော့ပေ။
‘‘ဘုရားရေ’’ ထိုလူငယ်လေးက မြေကြီးပေါ်လဲကျသွားခဲ့ပြီး
သူ့အသက်ရှုသံတွေမြန်ဆန်လာခဲ့သည်။ ဒီစီနီယာအစ်မက
တော်တော်လေး အေးစက်စက်နိုင်တာပဲ။ အနာဂတ်မှာ သူမကို
လက်ထပ်တဲ့သူကတော့ ရေခဲတိုက်ထဲမှာအမြဲတမ်းနေနေရတော့မှာပဲ။
ဒါပေမယ့်လည်း သူမလိုအားကောင်းပြီး အေးစက်စက်နိုင်တဲ့
စီနီယာအစ်မနဲ့ထိုက်တန်တဲ့သူလည်း ရှိမှာမဟုတ်ပါဘူးလေ။
ကောင်းကင်စံအိမ်တပည့်တွေကြားက တိုက်ပွဲကဒီလောက်အထိ
ကြီးမားသွားလိမ့်မယ်လို့ ဘယ်သူမှထင်ထားခဲ့မည်မဟုတ်ပေ။
တောအုပ်အကျဉ်းထောင်အတွင် ရန်ကိုင်၊လီယွမ်ရှန်းနဲ့အခြားသူတွေ
အကျဉ်းကျနေခဲ့သည်။ သူတို့အကျဉ်းထောင်ထဲတွင် တစ်နာရီလောက်
ကြာအောင်ဖမ်းဆီးထိန်းသိမ်းထားခံရပြီး အပြင်ဘက်ကနေလည်း
အသံတစ်သံမှမကြားရပေ။
လီယွမ်ရှန်းနဲ့အခြားသူတွေက စိုးရိမ်ပူပန်လာခဲ့ပြီး စုမူကသူတို့ကို
ဘာလို့လာမကယ်သေးလဲဆိုတာ စဉ်းစားတွေးတောနေခဲ့သည်။
တစ်ခဏကြာအောင် စဉ်းစားလိုက်ပြီးနောက် စုမူသတိလစ်အောင်
အရိုက်ခံလိုက်ရတယ်ဆိုတာ သတိရလိုက်တယ်။ စုမူကသတိလစ်နေ
တဲ့အတွက် သူတို့ကိုလာကယ်နိုင်တာ့မည်မဟုတ်ပေ။
သူတို့စိုးရိမ်ပူပန်နေချိန်မှာပဲ အကျဉ်းထောင်တံခါးကပွင့်လာခဲ့ပြီး
ခြေသံတွေကိုကြားလိုက်ရသည်။ ထို့နောက် စည်းကမ်းထိန်းသိမ်းရေး
တပည့်တွေက ရန်ကိုင်တို့ကိုချုပ်ထားတဲ့အခန်းဆီကိုရောက်လာခဲ့ပြီး
အော်မေးလိုက်သည်‘‘ရန်ကိုင်ဆိုတာ ဘယ်သူလဲ’’
ရန်ကိုင်ကပြန်ဖြေလိုက်သည်‘‘ငါပဲ’’ ‘‘ငါ့နောက်လိုက်ခဲ့’’
ထိုစည်းကမ်းထိန်းသိမ်းရေးတပည့်က သူ့ကိုခက်ထန်စွာ
အမိန့်ပေးလိုက်သည်‘‘တစ်ယောက်ယောက်က မင်းကို
တွေ့ချင်နေတယ်’’
ရန်ကိုင်အမူအရာပြောင်းလဲသွားခဲ့ပြီး အေးစက်စက်ရယ်လိုက်သည်။
ထိတ်လန့်ကြောက်ရွံ့ခြင်းအလျင်းမရှိပဲ ရန်ကိုင်ကထိုတပည့်နောက်ကို
လိုက်သွားလေသည်။ ‘‘စီနီယာအစ်ကိုရန်၊ မသွားနဲ့။ သခင်လေးစု
လာကယ်တာကိုစောင့်ဦးလေ’’ လီယွမ်ရှန်းက အော်ပြောလိုက်ပြီး
ရန်ကိုင်ကိုဆွဲထားလိုက်သည်။
‘‘သွားကြစို့’’ ထိုစည်းကမ်းထိန်းသိမ်းရေးတပည့်က ဒေါသတကြီး
အော်ပြောလိုက်သည်။ ‘‘လမ်းကိုပိတ်ဆိုတဲ့သူမှန်သမျှ
စည်းကမ်းထိန်းသိမ်းရေးခန်းမကိုစိန်ခေါ်တာလို့ ယူဆတယ်။ ဖြစ်လာတဲ့
အကျိုးဆက်ကိုလက်ခံနိုင်ရမယ်’’ ရန်ကိုင်ကလီယွမ်ရှန်းကို
ပြောလိုက်သည်‘‘ ငါတစ်ချက်သွားကြည့်ရုံပါပဲ။ အဲ့လောက်
ထိတ်လန့်နေဖို့မလိုပါဘူး’’
လီယွမ်ရှန်းက အကူအညီမဲ့စွာသွားခွင့်ပြုလိုက်ရပြီး တိုးတိုးလေး
ပြောလိုက်သည်‘‘အစ်ကိုရန်က သေသေချာချာဂရုစိုက်ပါ’’
‘‘ဟန့်’’ စည်းကမ်းထိန်းသိမ်းရေးတပည့်က ထေ့ငေါ့လိုက်ပြီး
ရယ်လိုက်သည်‘‘မင်းကိုယ်မင်းအရမ်းအထင်ကြီးနေတာပဲ’’
အကျဉ်းခန်းအပြင်ဘက်ကို ထွက်လာတာနဲ့ စည်းကမ်း
ထိန်းသိမ်းရေးတပည့်က အခန်းတံခါးတွေကို သော့ခတ်ပိတ်
လိုက်ပြီး ရန်ကိုင်ကို အပြင်ကိုခေါ်သွားခဲ့သည်။
သိပ်မကြာခင်မှာပဲ သူတို့သစ်သားအခန်းလေးတစ်ခန်းရှေ့ကို
ရောက်လာပြီး ထူထူးဆန်းဆန်း ရယ်သံကိုကြားလိုက်ရသည်
‘‘ဝင်လာခဲ့ပါ’’ ရန်ကိုင်လည်းထိုလူကိုလှည့်ကြည့်လိုက်ပြီး
လမ်းလျှောက်ဝင်သွားရင်း ရယ်မောလိုက်သည်။ ထိုအချိန်မှာပဲ
တံခါးကပိတ်သွားခဲ့ပြီး ရန်ကိုင်ကချက်ချင်းလှည့်လိုက်ပြီး သူ့နောက်က
စည်းကမ်းထိန်းသိမ်းရေးတပည့်၏ဝမ်းဗိုက်ပေါ်ကို လက်ဝါးချက်
တစ်ချက်ရိုက်ထုတ်လိုက်သည်။
ယန်ချီတွေက ထိုတပည့်ခန္ဓာကိုယ်ထဲကိုတိုးဝင်သွားခဲ့သည်။ ထိုတပည့်ခဗျာ
သားရဲတစ်ကောင်လို စူးစူးဝါးဝါးအော်မြည်ကာ နံရံထဲကို
ကျွံဝင်သွားခဲ့သည်။ ရန်ကိုင်က သူ့ကိုတကယ်တိုက်ခိုက်
မိကာတစ်ခဏကြာအောင် အကြောသေသွားလေသည်။
‘‘မင်းလိုခွေးတစ်ကောင်က တော်တော်သတ္တိရှိတာပဲ’’
ဒေါသံအပြည့်နဲ့အသံတစ်သံထွက်လာခဲ့ပြီး လူ၄ယောက်
ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်အပေါ်ခုန်ဝင်လာခဲ့သည်။
ရန်ကိုင်ကတစ်ချက်ကိုသာ ခုခံနိုင်ခဲ့ပြီး ကျန်တဲ့တိုက်ခိုက်မှုတွေက
သူ့ကိုယ်ပေါ်ကျရောက်လာကာ ကြမ်းပြင်ပေါ်မှောက်သွားခဲ့သည်။
ထို့နောက်တရပ်စပ်ရိုက်ပုတ်ခံရလေသည်။ ထိုပရမ်းပတာ အခြေအနေမှာ
ရန်ကိုင်သွေးတစ်ပွက်အန်လိုက်ရပြီး ဒေါသတကြီးအကြိမ်ကြိမ်ကြိမ်းဝါး
နေခဲ့သည်။ ထိုငါးညှိုနံ့ထွက်နေတဲ့ သွေးတွေနဲ့စိုရွှဲနေတဲ့
လက်သီးတွေက သူ့သွေးတွေကို ဆူပွက်လာစေခဲ့ပြီး သူ့ကို
ပိုပြီးစိတ်လှုပ်ရှားလာစေခဲ့သည်။ ထို့နောက် အစစ်အမှန်ယန်နည်းစနစ်က
မမျှော်မှန်းနိုင်သော အရှိန်နှင့်သူ့သွေးကြောတစ်လျှောက်လှည့်
ပတ်လာခဲ့သည်။ ချစ်ချစ်တောက်ပူလောင်တဲ့ခံစားမှုက
သူ့အရိုးမှတစ်ဆင့် သူ့တစ်ကိုယ်လုံးကိုပျံနှံ့သွားခဲ့ပြီး
ရန်ကိုင်အရေပြားတစ်ခုလုံးနီရဲလာစေခဲ့သည်။
ထိုစွမ်းအင်က နဂိုကရခဲ့တဲ့စွမ်းအင်ထက်အဆပေါင်းများစွာ
ပိုပြီးအစွမ်းထက်လေသည်။ဂါး…….ကန်ကျောက်ခံနေရတဲ့
ရန်ကိုင်က ရုတ်တရက် ထဖောက်လာခဲ့ပြီး သူ့၏
သွေးရူးသွေးတန်း အပြုအမူတွေက အဆပေါင်းများစွာ
ပိုပြီးရက်စက်ကြမ်းကြုတ်လာခဲ့သည်။ လေထဲကိုခုန်လိုက်ပြီး
စည်းကမ်းထိန်သိမ်းရေးတပည့်နှစ်ယောက်၏ခေါင်းကို ကန်လိုက်သည်။
အော်သံနှစ်ခုထွက်ပေါ်လာကာ ထိုတပည့်နှစ်ယောက်က
ယိုင်တိုယိုင်တိုင် နောက်ဆုတ်သွားခဲ့ရသည်။
ဒါပေမယ့် သူ့နောက်ထပ်ဆက်ပြီးမတိုက်ခိုက်နိုင်ခင်မှာပဲ
အခြားတပည့်တစ်ယောက်က သူ့ခြေထောက်ကို လှမ်းဆွဲလိုက်ပြီး
အမှိုက်ထုတ်တစ်ထုတ်လို ကြမ်းပြင်ပေါ်ကိုပစ်ပေါက်လိုက်သည်။
နံရံနဲ့မျက်နှာချင်းဆိုရိုက်ခံလိုက်ရပြီး သူ့ကိုယ်တွင်းအင်္ဂါတွေ
ပြောင်းပြန်လှန်သွားသလိုခံစားလိုက်ရသည်။
ကြိုးကြိုးစားစားမတ်တပ်ရပ်လိုက်ပြီး သူ့ပါးစပ်ကသွေးကို
သုတ်လိုက်ပြီး မှောင်မဲနေတဲ့အခန်းအခြေအနေကို အကဲခတ်
ကြည့်လိုက်သည်။ ဒါကစည်းကမ်းထိန်းသိမ်းရေးတပည့်၅ယောက်ပဲ
ရှိတဲ့အလုံပိတ်အခန်းတစ်ခုဖြစ်သည်။ သူတို့နဲလက်ရည်ဖလှယ်ပြီးတဲ့
အချိန်မှာတော့ ထိုလူတွေစဦးဒြပ်စင်အဆင့်တွေဆိုတာသိလိုက်ရသည်။
ဒါပေမယ့် သူနံရံထဲကိုရောက်အောင် ထိုးထည့်လိုက်တဲ့ တပည့်
တစ်ယောက်ကတော့ ချီပြောင်းလဲခြင်းအဆင့်ဆိုတာ သူသိလိုက်သည်။
တစ်ယောက်နှင့်ငါးယောက်…ကျင့်ကြံခြင်းအဆင့်ကွာခြားရုံသာမက
လူအရေအတွက်လည်း ကွာခြားတဲ့အတွက် သူစတိုက်တာနဲ့
သူပဲရှုံးနိမ့်မှာဖြစ်သည်။ ဒါပေမယ့် ရန်ကိုင်ကပြုံးသာပြုံးလိုက်သည်။
ဒီလိုမျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေမျိုးတွင် သူ့စိတ်က ပိုပြီး
ရက်စက်ကြမ်းကြုတ်လာပြီး အလွယ်တကူဒေါသကြီးလာခဲ့သည်။
‘‘မင်းက မင်းရန်မစသင့်တဲ့လူတစ်ယောက်ကို ရန်စပြီး
ထိခိုက်ဒဏ်ရာရအောင်လုပ်ခဲ့တယ်’’ ချီပြောင်းလဲခြင်းအဆင့်က
စည်းကမ်းထိန်းသိမ်းရေးတပည့်ကလှောင်ပြောင်ပြောလိုက်သည်
‘‘မင်းသတ္တိကတော့မသေးဘူးပဲ’’
ကျန်တဲ့လေးယောက်ကလည်း ထိုလူနောက်မှာရပ်နေရင်း ရန်ကိုင်
လှောင်ပြောင်ကြည့်နေကြသည်။ သူတို့ကကောင်းကျန်းဝေဆီက
အမိန့်တစ်ခုကိုလက်ခံရရှိထားပြီးဖြစ်သည်။ ရန်ကိုင်ကို မသရုံတမယ်
မှတ်လောက်သားလောက်အောင် ဆုံးမသင်ခန်းစား ပေးရမှာပဲဖြစ်သည်။
မမျှော်လင့်စွာနဲ့ ရန်ကိုင်ကသူ့တို့ထဲကတစ်ယောက်ကို
အငိုက်ဖမ်းတိုက်ခိုက်လိုက်ပြီး သူတို့ကိုမျက်စိမျက်နှာပျက်အောင်
လုပ်လိုက်လေသည်။
‘‘ဟဲဟဲ’’နရံနှင့်ဆန့်ကျင်ဘက်ကို မျက်နှာမူထားတဲ့ ရန်ကိုင်ကသွေးနီရောင်
မျက်လုံးတွေနဲထိုငါးယောက်ကို ဝှေ့ကြည့်လိုက်ပြီး ရေခဲတမျှအေးစက်နေတဲ့
အသံနဲ့ပြောလိုက်သည်‘‘ မင်းတို့တောင်တိုက်ခိုက်ရဲမှာတော့ငါကကော
ဘာလို့ပြန်မတိုက်ရဲရမှာလဲ’’ ချီပြောင်းလဲခြင်းအဆင့်စည်းကမ်းထိန်းသိမ်းရေး
တပည့်က မိစ္ဆာဆန်ဆန်အော်ရယ်လိုက်ပြီး ‘‘မင်းကငါတို့ဘာတွေးနေလဲ
ဆိုတာတောင်သိတာပဲ။ ဘာလို့နာနာခံခံနဲ့ ငါတို့ရိုက်တာမခံတာလဲ။
အဲဒါမှပဲသခင်လေးဝေကျွမ်းရဲ့ဒေါသတွေကိုဖြေဖျောက်ပေးနိုင်မှာ။
မင်းခုခံရဲရင်…မင်းရဲ့ခြေလက်တွေကိုဖြတ်ပစ်မယ်’’
‘‘မင်းကြိုးစားကြည့်နိုင်တယ်’’ ရန်ကိုင်ကသူတို့ကိုအေးစက်စက်
ကြည့်လိုက်သည်။ ‘‘ခေါင်းမာနေတဲ့ဝက်ခေါင်းလိုကောင်ပဲ။
သူ့ကိုသွားရိုက်ကြစမ်း’’ အမိန့်ပေးလိုက်တာနဲ့ သူတို့ငါးယောက်စလုံး
ရန်ကိုင်ဆီပြေးဝင်သွားကြလေသည်။ တုန့်ဆိုင်ခြင်းအလျင်းမရှိပဲ
ရန်ကိုင်ကိုရက်စက်စွာဝိုင်းတိုက်ခိုက်ကြလေသည်။ သူတို့၏
ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် အချို့ကတိုက်ခိုက်ပြီး အချိုက
စောင့်ကြည့်နေရင်တောင် သူတို့မှာစွမ်းအင်တွေအများကြီး
ပိုနေဦးမှာပဲဖြစ်သည်။ ဒါကြောင့် သူတို့ငါးယောက်စလုံး
တစ်ပြိုင်နက်တိုက်ခိုက်လိုက်တဲ့အချိန်မှာတော့ ရန်ကိုင်ကို
သင်ခန်းစာပေးဖို့က အရမ်းကိုရိုးရှင်းလွယ်ကူတဲ့ အလုပ်တစ်ခု
ဖြစ်သွားခဲ့သည်။