← Chapters

အခန်း (၇၁-၇၅)

Vol. 3 Ch. 71-75

အခန်း (၇၁-၇၅)

Vol. 3 Ch. 71-75

အပိုင်း (၇၁) လူထူးလူဆန်း

အခန်းထဲမှာတော့ ပရမ်းပတာဖြစ်နေခဲ့ပြီး ဒေါသတကြီးအော်ဟစ်သံတွေနဲ့

လက်သီးသံတွေနဲ့ ပဲ့တင်ထပ်နေလေသည်။တစ်ခါတစ်ရံ

သွေးပျက်ခြောက်ခြားစွာ အော်ဟစ်ညီးတွားသံတွေကိုတောင် ကြားနေခဲ့ရသည်။

လက်လေးချောင်းကိုလက်နှစ်ချောင်းထဲနဲ့ ခုခံဖို့ခက်ခဲတယ်ဆိုတဲ့

စကားပုံအတိုင်း ရန်ကိုင်ကသူတို့ငါးယောက်ကိုခုခံဖို့ခက်ခဲနေခဲ့သည်။

သူတို့၏ကျင့်ကြံခြင်းအဆင့်ကလည်း ရန်ကိုင်ထက်ပိုမြင့်နေသဖြင့်

ငါးယောက်တစ်ယောက် ခုခံခြင်းငှာ မစွမ်းနိုင်တော့ပေ။

တစ်ယောက်ယောက်ကိုတိုက်ခိုက်လိုက်တာနဲ့ လူလေးယောက်၏

တိုက်ခိုက်မှုကိုသူခံရပေမည်။ စည်းကမ်းထိန်သိမ်းရေးတပည့်

တစ်ယောက်စီတိုင်း၏တိုက်ခိုက်မှုတွေကလည်း အလွန်အမင်း

ပြင်းထန်လေသည်။ ထိုတိုက်ခိုက်မှုတွေက ရန်ကိုင်အသက်ကို

မခြိမ်းခြောက်နိုင်သော်လည်း တိုက်ခိုက်မှုကိုခံရတဲ့မည်မသူဆို

ပြန်ကောင်းဖို့အိပ်ရာထဲမှာ နှစ်လ၊သုံးလလောက်လှဲနေရဖို့ကတော့

သေချာပေသည်။

‘‘ရပ်လိုက်တော့’’ နာရီဝက်လောက်ကြာတဲ့အချိန်မှာတော့ ချီသန့်စင်ခြင်း

အဆင့်တပည့်က ဒေါသတကြီးပြောလိုက်ပြီး တိုက်ပွဲနေရာက

ချက်ချင်းအဝေးကိုနောက်ဆုတ်သွားခဲ့သည်‘‘သူ့ကို

ထပ်တိုက်မနေနဲ့တော့။ ဆက်တိုက်နေရင်သူသေသွားလိမ့်မယ်’’

ထိုလေးယောက်က ချက်ချင်းနောက်ဆုတ်လိုက်ပြီး ကြမ်းပြင်ပေါ်မှာ

လဲနေတဲ့ရန်ကိုင်ကိုစိုးရိမ်မှုတစ်ဝက်၊ ထိတ်လန့်မှုတစ်ဝက်နဲ့

ကြည့်နေကြသည်။

‘‘ဘုရားရေ’’ သူတို့ထဲကတစ်ယောက်က သူ့ပါးသူကိုင်ရင်း

ပြောလိုက်သည်‘‘သူထိုးတာတစ်ကြိမ်ခံလိုက်ရတာ ငါ့သွား

ကျွတ်ထွက်ခါနီးပဲ’’ နောက်တစ်ယောက်ကလည်း သူ့

ဘောင်းလီခွကြားကိုကိုင်ရင်း ကြောက်ရွံ့မှုအပြည့်နဲ့

ပြောလိုက်သည်‘‘မင်းပါးပါးက မျိုးဆက်ပြတ်ခါနီးပဲကွ။

ငါသာအဲ့တစ်ကြိမ်မရှောင်လိုက်နိုင်ရင် ကြမ်းပြင်ပေါ်မှာ

မှောက်နေတဲ့လူက ငါပဲဖြစ်သွားလိမ့်မယ်’’

ရန်ကိုင်တိုက်ခိုက်မှုကိုသူရှောင်ရှားနိုင်ခဲ့တဲ့အတွက်သူ့ညီလေးကို

မထိတော့ပဲ ပေါင်ခြံကိုထိသွားကာ သူ့အရေပြားကို ချစ်ချစ်တောက်

ပူသွားစေခဲ့သည်။ သေခါနီးရုန်းကန်နေတဲ့သားရဲတစ်ကောင်လို

တိုက်ခိုက်နေတဲ့ ရန်ကိုင်၏တိုက်ခိုက်မှုတွေက အလွန်အမင်း

ရက်စက်ပြင်းထန်လေသည်။ ထိုအကြောင်းကိုတွေးလိုက်တာနဲ့

သူ့တစ်ကိုယ်လုံး ကြက်သီးမွှေညှင်းထလာခဲ့သည်။

သူ့တို့တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ငေးကြည့်နေလိုက်

ကြသည်။ ဘာကြောင့်လဲဆိုတော့ သူတို့ခွန်အားကော

လူအရေအတွက်ကော ကွာခြားနေခဲ့တာတောင် ရန်ကိုင်က

သူတို့တစ်ယောက်စီတိုင်းကို ဒဏ်ရာရအောင်လုပ်နိုင်ခဲ့သည်။

ထိုအဖြစ်အပျက်ကြောင့် စည်းကမ်းထိန်းသိမ်းရေတပည့်

ငါးယောက်စလုံး ထိန့်လန့်သွားခဲ့သလို ရှက်လည်းရှက်သွားကြသည်။

ဒီကိစ္စက တကယ်ကိုရှက်ဖို့ကောင်းပေသည်။ ရှက်တတ်ရင်

သူတို့တစ်ယောက်စီအဖို့ လဲသေဖို့ကောင်းနေလေပြီ။ ငါးယောက်

ပေါင်းပြီးတိုက်တာတောင်မှ မနည်းတိုက်ခိုက်နေခဲ့ရသည်။

စဦးဒြပ်စင်အဆင့်၃သာ ရှိနေတဲ့တရာမဝင်တပည့်တစ်ယောက်က

သူတို့ငါးယောက်ကို ပြန်သမသွားခဲ့သည်။ …ဘယ်လိုတောင်

ရှက်ဖို့ကောင်းတာလဲကွာ။ ဟိုကောင်ကကော စဦးဒြပ်စင်အဆင့်၃လေးနဲ့

ဘာလို့သောက်ရမ်းကြီးကို ရက်စက်ကြမ်းတမ်းနေရတာလဲ…သူ့ကို

တိုက်ရတာ ကျားပါးစပ်ထဲကအစာကို သွားနှိုက်နေရသလိုပဲ …

‘‘ဖူး…’’ အသံလာရာကိုကြည့်လိုက်တဲ့အခါမှာတော့ ကြမ်းပြင်ပေါ်မှာ

မလှုပ်မယှတ်လဲနေတဲ့ ရန်ကိုင်ကထရပ်ဖို့ကြိုးစားနေခဲ့ပြီး သွေးတစ်ပွက်

အန်လိုက်တာကိုတွေ့လိုက်ရသည်။ သူ့ခန္ဓာကိုယ်က ပြောင်းလဲနေခဲ့ပြီး

သူ့အရေပြားတွေက တဖြည်းဖြည်းနီရဲလာခဲ့သည်။

သူ့တစ်ကိုယ်လုံးကနေ ထပေါက်တော့မယ်နှစ်ဆယ်သန်း

သက်တမ်းရှိတဲ့မီးတောင်အိုကြီးတစ်ခုအလား အလွန်ပူပြင်းတဲ့

စွမ်းအင်တွေကို ထုတ်လွှတ်နေခဲ့သည်။

‘‘ဒီချီစွမ်းအင်အရှိန်အဝါတွေက…..’’ ချီသန့်စင်ခြင်းအဆင့်

တပည့်မျက်နှာကကြောက်လန့်မှုအရိပ်ယောင်ထွက်ပေါ်လာခဲ့ပြီး

‘‘တစ်ခုခုမူမှန်ဘူး’’ ဒီလိုချီစွမ်းအင်က ဘယ်လိုလုပ်ပြီး စဦးဒြပ်စင်

အဆင့်၃ကျင့်ကြံသူတစ်ယောက်မှာ ရှိနိုင်တဲ့စွမ်းအင်မျိုးမဟုတ်ပေ။

ဒါက စဦးဒြပ်စင်အဆင့်အထွတ်အထိပ်မှာရောက်နေတဲ့ ကျင့်ကြံသူ

တစ်ယောက်၏ချီစွမ်းအင်ဖြစ်လေသည်။

‘‘မင်းမတ်တပ်ရပ်နိုင်သေးတာလား’’ လူတစ်ယောက်ကမျက်လုံးပြူးရင်း

မေးလိုက်သည်။ ထူးဆန်းလွန်းသဖြင့် သူ့လျှာသူကိုက်မိမတတ်ဖြစ်

သွားခဲ့သည်။ ငါသာသူ့လိုမျိုးအရိုက်ခံရရင် လက်တစ်ချောင်းတောင်

မြှောက်နိုင်မှာမဟုတ်ဘူး။ သူကဘယ်လိုလုပ်ပြီးမတ်တပ်ရပ်နိုင်တာလဲ။

‘‘သူလာနေပြီ’’ တစ်ယောက်ယောက်က အလန့်တကြားထအော်လိုက်သည်။

ထိုစကားတွေပြောပြီးတာနဲ့ ယိမ်းထိုးနေတဲ့ရန်ကိုင်က လေပြင်းတစ်ခုအလား

ထိုငါးယောက်စီပြေးဝင်သွားလေသည်။ ပြေးဝင်သွားရင်း ရန်ကိုင်

လက်သီးကမီးဖိုထဲထည့်ထားတဲ့ သံချောင်းတစ်ခုအလားရဲရဲနီလာခဲ့သည်။

အစောပိုင်းကထအော်လိုက်တဲ့တစ်ယောက်က ချီစွမ်းအင်နဲ့

သူ့လက်သီးကို ကာရံထားလိုက်ပြီး ရန်ကိုင်လက်သီးနဲ့

ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

‘‘ဘုန်း’’ စည်းကမ်းထိန်းသိမ်းရေးတပည့်က လွင့်ပျံထွက်သွားခဲ့ပြီး

နံရံထဲကိုကျွံဝင်သွားခဲ့သည်။ ထိုလူငယ်ကသွေးတစ်ပွက်အန်လိုက်

ရပေမယ့် ရန်ကိုင်ကတော့အနည်းငယ်သာတုန်ရင်သွားခဲ့ပြီး

နောက်တစ်ယောက်စီပြေးဝင်သွားခဲ့သည်။

‘‘ရိုင်းစိုင်းလိုက်တာ’’ ချီပြောင်းလဲခြင်းအဆင့်တပည့်က ဒေါသထွက်သွား

ခဲ့သည်။ သူတို့ငါးယောက်ပေါင်းတိုက်ခိုက်တာတောင် စဦးဒြပ်စင်အစောပိုင်းအဆင့်

တပည့်တစ်ယောက်ကို အမှောက်မသိပ်နိုင်ခဲ့ပေ။ အဲ့အစားသူတို့သာ

တန်ပြန်တိုက်ခိုက်ခံလိုက်ရသည်။ ဒီအကြောင်းသာပျံ့နှံ့သွားခဲ့ရင်

သူ့တို့လှောင်ရယ်ခံရပြီး မျက်နှာထားစရာနေရာရှိတော့မည်မဟုတ်ပေ။

ချီပြောင်းလဲခြင်းအဆင့်တပည့်က ဒေါသတကြီးလက်ဝါးချက်တစ်ချက်

ရိုက်ထုတ်လိုက်သည်။ သူ့ဒန်တန်ကချီကိုသိပ်သည်းလိုက်ပြီး

အော်လိုက်သည်‘‘လေပွေမုန်တိုင်းတိုက်ကွက်’’ အခန်းထဲတွင်

လေပြင်းတွေတိုက်ခိုက်လာခဲ့ပြီး သူ့လက်ထဲတွင် လေပွေအသေးစား

တစ်ခုပေါ်လာကာ ရန်ကိုင်လက်သီးဆီတိုးဝင်သွားခဲ့သည်။

ရန်ကိုင်လက်သီးနဲ့ အဝတ်အစားပေါ်တွင် သင်တုန်းဓါးသွားနဲ့

ပိုင်းဖြတ်ခြင်းခံရသည့်အလားပြတ်ရှရာအများကြီးထွက်ပေါ်လာခဲ့သည်။

သိပ်မကြာခင်မှာပဲ သူ့အဝတ်အစားတွေက တစ်စစီဖြစ်သွားခဲ့သည်။

သူ့လက်မောင်းတစ်ခုလုံး သွေးတွေနဲ့နီရဲနေခဲ့သည်။ ရန်ကိုင်၏

သွေးနီရောင်မျက်လုံးတွေက အံ့အားသင့်နေခဲ့သည်။ သူ့ယန်ချီတွေကို

သူ့လက်တွင်စုစည်းလိုက်ပြီး ပြိုင်ဘက်၏တိုက်ခိုက်မှုကို ခုခံလိုက်သည်။

အခန်းလေးထဲတွင် ယန်ချီတွေပေါက်ကွဲထွက်လာခဲ့သည်။

ရန်ကိုင်၏ရန်ချီတွေ ရပ်တန့်သွားတဲ့အချိန်မှာတော့ ချီပြောင်းလဲခြင်းတပည့်

ဖန်တီးထားတဲ့လေပွေက မီးလောင်နေခဲ့ပြီး မီးလေပွေတစ်ခုဖြစ်လာခဲ့သည်။

မီးလေပွေထဲတွင် ရန်ကိုင်ကချီပြောင်းလဲခြင်းတပည့်လက်ဝါးကိုတိုက်ရိုက်

ထိုးချလိုက်သည်။ နှစ်ယောက်စလုံးခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရသည်။

‘‘မင်းတို့တွေက ဘာရပ်လုပ်နေကြတာလဲ။ သူ့ကိုသွားတိုက်ကြလေ’’

ချီသန့်စင်ခြင်းတပည့်၏လက်ဝါးကရဲရဲနီနေခဲ့ပြီး သူ့ပြိုင်ဘက်၏

ချီစွမ်းအင်ကဒီလောက်အထိ ထူးဆန်းလိမ့်မယ်လို့ တစ်ခါမှ

မထင်ထားခဲ့ပေ။ ဒဏ်ရာမရခဲ့ပေမယ့် အနည်းနှင့်အများတော့

သူခံစားလိုက်ရသည်။ ထို့နောက်သူဒေါသတကြီးအော်လိုက်သည်။

ထိုအချိန်မှာသာ ကြက်သေသေနေတဲ့ စည်းကမ်းထိန်းသိမ်းရေး

တပည့်သုံးယောက်က သတိပြန်လည်လာခဲ့ပြီး ရန်ကိုင်ကိုတိုက်ခိုက်ဖို့

နောက်တစ်ကြိမ်ပြေးဝင်သွားကြသည်။ ရန်ကိုင်လက်သီးကြောင့်

လွင့်ထွက်သွားတဲ့ တပည့်ကလည်း ရန်ကိုင်ဆီဒေါသတကြီး

ပြေးဝင်သွားခဲ့လေသည်။

သျိပျမကွာခငျမှာပဲ လူလေးယောကျက တိုကျခိုကျနတောကို ရပျလိုကျကွသညျ။

အသက်ပြင်းပြင်းရှုရင်း ထိတ်လန့်နေတဲ့အမူအရာနဲ့ ၁၀ပေအကွာကို

ပြန်ဆုတ်သွားကြသည်။ သူတို့ခွန်အားတွေက ဒီလူငယ်လေး၏

ရက်စက်ကြမ်းကြုတ်လွန်းတဲ့ စွမ်းအားကြောင်းဖိနှိပ်ခြင်းခံနေခဲ့ရသည်။

ဒုတိယတစ်ကြိမ် သူတို့လေးယောက်ပေါင်းတိုက်ခိုက်တဲ့အချိန်မှာတော့

သူတို့ကြားက ခွန်အားကွားခြားကာ သိသိသာသာ ကျဉ်းမြောင်းသွားခဲ့သည်။

ဒီတစ်ကြိမ် ရန်ကိုင်သူတို့ကိုပေးခဲ့တဲ့ဒဏ်ရာတွေက ပိုပြီးကြီးမားပေမယ့်….

သူတို့လေးယောက်က ရန်ကိုင်ကိုအမှောက်သိပ်နိုင်ဖို့ ဒီလောက်တော့

ပေးဆပ်ခဲ့ရပေသည်။ ‘‘သူနောက်တစ်ကြိမ်ပြန်မထနိုင်လောက်ပါဘူး…

ဟုတ်တယ်မလား’’ သူတို့တစ်ယောက်က ပါးစပ်ပိတ်ချောင်းဆိုးရင်း

မေးလိုက်သည်။ သူချောင်းဆိုးပြီးတာနဲ့ သူ့လက်ထဲတွင် သွေးတစ်ပွက်

ရှိနေခဲ့သည်။

‘‘သူမထနိုင်လောက်တော့ပါဘူး….ဘာပဲဖြစ်ဖြစ် သူဒီလောက်တောင်

အရိုက်ခံထားရတာလေ’’ နောက်တစ်ယောက်က ပြောလိုက်သည်။

သူ့မျက်လုံးတွေက ပန်ဒါမျက်လုံးတွေလိုဖြစ်နေပြီး သူ့မျက်နှာပေါ်မှာလည်း

ရေနွေးပူလောင်းထားသလိုဖြစ်နေတဲ့ ဒဏ်ရာတွေရှိနေခဲ့သည်။

သူ့တို့ငါးယောက်စလုံး၏ စိတ်ထဲမှာတော့ ခါးခါးသီးသီးခံစားနေခဲ့ရသည်။

သူတို့ဒီလောက်ထိ ခံစားခဲ့ရတာက ရန်ကိုင်၏ထူးဆန်းလှတဲ့ခွန်အားကြောင့်ပဲ

ဖြစ်လေသည်။ ထိုအခန်းကျဉ်းလေထဲတွင် သူတို့ကရန်ကိုင်ကို

ငါးယောက်တစ်ယောက်တိုက်ခိုက်ပြီး အလွယ်တကူအနိုင်ယူနိုင်ပေမယ့်

သူတို့ခွန်အားအပြည့်မသုံးနိုင်ပေ။ ဒါပေမယ့်ရန်ကိုင်ကတော့

သူ့ခွန်အားအကုန်အစင်အသုံးချနိုင်ပေသည်။ အပြင်ဘက်မှာသာဆိုရင်တော့

သူတို့ဒီလိုခံစားနေခဲ့ရမည်မဟုတ်ပေ။

ဒါပေမယ့် …ဒီဂျူနီယာတပည့်ရန်ကိုင်ရဲ့ ခွန်အားကတော်တော်လေး

ထူးဆန်းလွန်းတယ်။ သာမန်စဦးဒြပ်စင်အဆင့်တစ်ယောက်ဆိုရင်

သူ့ပြိုင်ဘက်လုံးဝမဖြစ်နိုင်ဘူး။ ဝေကျွမ်းသူ့ကိုရှုံးသွားတာ အံ့အားသင့်စရာ

မရှိတော့ပါဘူးလေ။ သူတို့ရန်ကိုင်ပြန်မထနိုင်ဘူးလို့ထင်နေပေမယ့်

မမျှော်လင့်စွာပဲ ရန်ကိုင်ကနောက်တစ်ကြိမ်လှုပ်ရှားလာခဲ့သည်။

သူ့ပုံစံက အစွယ်မရှိတဲ့မြေခွေးတစ်ကောင်လို အလွန်အမင်းအားနည်းနေခဲ့ပြီး

မတ်တပ်ရပ်ဖို့မနည်းကြိုးစား ရုန်းကန်နေရသည်။ သူ့ချီစွမ်းအင်တွေက

မပျောက်ကွယ်သွားရုံမက ပိုပြီးသန်မာလာခဲ့သည်။ ‘‘လခွမ်းမှပဲ’’

ချီပြောင်းလဲခြင်အဆင့်တပည့်က ကျိန်ဆဲလိုက်သည်။ ဒီကောင်က

ဘယ်လိုလူထူးလူဆန်းလဲကွာ….ဒီလောက်တိုက်ခိုက်နေတာတောင်

ဒီခွေးကောင်ကဘာလို့သတိမလစ်ရသေးတာလဲ။ သူနဲ့တိုက်မယ့်အစား…

ကျားဖင်ပဲပြေးနှိုက်လိုက်ချင်တော့တယ်…ငိုးမပဲ…။

‘‘ဒီကိုမလာနဲ့နော်…လာတာနဲ့ငါတို့မင်းကိုသေအောင်ရိုက်မှာနော်’’ ပန်ဒါမျက်လုံးနဲ့

တပည့်တစ်ယောက်က အော်ပြောလိုက်သည်။ ဒါပေမယ့်လည်း

သူမှာပြောတဲ့အတိုင်းလုပ်နိုင်ဖို့ ခွန်အားအလုံအလောက်မရှိပေ။

တကယ့်ကိုရီချင်စရာကောင်းတဲ့မြင်ကွင်းတစ်ခုပင်။ ရိုက်နှက်ဖို့လာတဲ့သူတွေက

အရိုက်ခံရတဲ့သူကို ……ငါ့နားမလာနဲ့ဆိုပြီးပြောနေခဲ့သည်။ ရန်ကိုင်ကလည်း

တော်တော်လေးစိတ်ရှုပ်ထွေးနေခဲ့ပြီး ဖြေးဖြေးချင်းထဖို့ကြိုစားနေခဲ့သည်။

တစ်လှမ်းခြင်း..တစ်လှမ်းခြင်းသူထိုငါးယောက်ဆီလမ်းလျှောက်သွား

လိုက်သည်။

ခြေတစ်လှမ်းချင်းစီက အလွန်အမင်းလေးလံနေခဲ့ပြီး တစ်လှမ်းလှမ်းဖို့

သူ့မှာအနိုင်နိုင်ကြိုးစားနေခဲ့ရသည်။ သူ့အခြေအနေက အချိန်မရွေး

လဲကျနိုင်တဲ့ ပုံစံဖြစ်နေပေမယ့် သူအားတင်းပြီးဆက်လျှောက်နေခဲ့သည်။

သူ့တို့နောက်မှာနံရံရှိနေတဲ့အတွက်ကြောင့်သာ မဟုတ်ရင် ထိုငါးယောက်က

ဆက်ပြီးနောက်ဆုတ်နေဦးမှာပဲဖြစ်သည်။

Martial Peak

အပိုင်း (၇၂) ပြဿနာမျိုးစုံ

အခန်းကျဉ်းကျဉ်းလေးက ထိုတပည့်ငါးယောက်ရဲ့တံတွေးမျိုးချသံတွေနဲ့

ပဲ့တင်ထပ်နေခဲ့သည်။

‘‘စီနီယာအစ်ကို…ငါတို့ဘာလုပ်သင့်လဲ’’ တပည့်တွေထဲက တစ်ယောက်က

မေးလိုက်သည်။ သူတို့သာရန်ကိုင်ကိုဆက်လက်ရိုက်နှက်နေမယ်ဆိုရင်

သူသေသွားနိုင်လောက်ပေသည်။ ‘‘ဘုရားရေ၊ သူကသောက်ရူးတစ်ကောင်ပဲ’’

ချီသန့်စင်ခြင်းအဆင့်တပည့်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း

အံကြိတ်ပြီးပြောလိုက်သည်‘‘ငါတို့အဲ့ဒါကိုဆက်ပြီးဂရုစိုက်နေစရာမလိုဘူး။

သူလာရင်တိုက်သာတိုက်..ငါတို့ဒီတစ်ကြိမ်သူ့ကိုသတိလစ်သွားအောင်

လုပ်ရမယ်’’

‘‘ကောင်းပြီ’’ ကျန်တဲ့တပည့်လေးယောက်ကပြိုင်တူဖြေလိုက်သည်။

သူတို့ငါးယောက်အလွန်အမင်းသတိထားနေတဲ့အချိန်တွင် အခန်းအပူချိန်က

ရေခဲမှတ်အောက်အထိ ထိုးကျသွားခဲ့သည်။ အက်ကွဲသံတွေထွက်ပေါ်လာခဲ့ပြီး

သူတို့လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ နံရံပေါ်တွင်ရေခဲအလွှာပါးပါးလေးကို

တွေ့လိုက်ရသည်။ ‘‘ဘာဖြစ်နေတာလဲ’’ တစ်ယောက်ယောက်က မေးလိုက်ပြီး

ချက်ချင်းတုန်ရီသွားခဲ့သည်။

‘‘ဘုန်း’’ အခန်းတံခါးက ကန်ဖွင့်ခံလိုက်ရသည်။ ‘‘ဘယ်သူလဲ’’

ချီပြောင်းလဲခြင်းအဆင့် တပည့်ကအော်မေးလိုက်သည်။ သူလှည့်ကြည့်

လိုက်တဲ့အချိန်မှာတော့ သူ့ပါးစပ်ကကြက်ဥတစ်လုံးပစ်သွင်းလို့

ရလောက်တဲ့အထိ ပွင့်အာသွားခဲ့သည်။ ဘယ်လောက်ပဲကြိုးစားကြိုးစား

သူ့ခွန်အားတွေကို နည်းနည်းကလေးမှ မစုစည်းနိုင်တော့ပေ။

အခန့်အပူအချိန်က ရေခဲ့မှတ်အထိ ထိုးကျသွားခဲ့သော်လည်း သူနဖူးမှာတော့

အေးစက်စက်ချွေးသီးလေးတွေ ဖြစ်ပေါ်လာခဲ့သည်။ သူ့ရှေ့က

မိန်းကလေးကိုကြည့်နေရင်း အထစ်ထစ်အငေါ့ငေါ့နဲ့ ပြောလိုက်သည်

‘‘စီနီယာ……စီနီယာအစ်မစုယန်လား’’

‘‘စီနီယာအစ်မစုယန်…’’ ကျန်တဲ့တပည့်လေးယောက်၏ အမူအရာက

အပြောင်းကြီးပြောင်းလဲသွားခဲ့သည်။ အဖြူရောင်ဝတ်စုံဝတ်ထားပြီး

အေးစက်စက်အမူအရာနဲ့ မပြောင်းမလဲရှိနေတဲ့ သူတို့ရှေ့ကမိန်းမလှလေးကို

ကြောင်ကြည့်နေခဲ့ကြသည်။ သူမကဘယ်တော့မှမသေဆုံးနိုင်၊

မညှိုးနွမ်းနိုင်တဲ့ တောင်ထိပ်ပေါ်မှာ ပွင့်လန်းနေတဲ့ နှင်းကြာပန်းတစ်ခုအလား

အင်မော်တယ်နယ်ပယ်ကနေ ဆင်းသက်လာတဲ့ရေခဲနတ်သမီးတစ်ပါး၏

အရှိန်အဝါတွေကို သယ်ဆောင်ထားခဲ့သည်။ သူမမျက်လုံးကို အခန်းတစ်ဝိုက်

ဝှေ့ကြည့်လိုက်တဲ့အချိန်မှာတော့ တပည့်ငါးယောက်စလုံး အလွန်အမင်း

ထိတ်လန့်သွားခဲ့ပြီး အလိုအလျောက် ခေါင်းငုံ့ထားလိုက်ကြသည်။

စုမူကို တောအုပ်အကျဉ်းထောင်ထဲမှာ ဖမ်းထားတယ်ထင်ပြီး စုယန်က

လေနက်ကုန်သွယ်ရေးနေရာကနေ အကျဉ်းထောင်ဆီအလောတကြီး

ပြေးသွားခဲ့သည်။ဒါပေမယ့် တိုက်ပွဲဖြစ်နေတဲ့အရိပ်အယောင်တွေ့တော့

သူမအရှိန်မြင့်လိုက်ပြီး တိုက်ပွဲဖြစ်နေတဲ့နေရာကိုပြေးသွားလေသည်။ တံခါးဖွင့်

လိုက်တဲ့အချိန်မှာတော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် သူမအနည်းငယ်

တုန်ရီသွားခဲ့သည်။

အခန်းထဲမှာတော့ ချီပြောင်းလဲခြင်းတပည့်တစ်ယောက်နှင့်

စဦးဒြပ်စင်အဆင့်တပည့်ငါးယောက်ရှိနေခဲ့ပြီး ငါးယောက်က

စည်းကမ်းထိန်းသိမ်းရေးတပည့်တွေဖြစ်လေသည်။ အခြားတပည့်

တစ်ယောက်၏တစ်ကိုယ်လုံးက သွေးချင်းနီနေခဲ့ပြီး စုတ်ပြတ်သတ်နေခဲ့ကာ

ယိုင်တိယိုင်တိုင် တုန်တုန်ရီရီဖြစ်နေခဲ့သည်။ ဒါပေမယ့် သူ့မျက်လုံးတွေကတော့

အရှုံးပေးဖို့ငြင်းဆန်နေခဲ့သည်။

ဒီလူကို ….သူမအရင်ကတွေ့ဖူးပေသည်။

ရန်ကိုင်….စုမူကရန်ကိုင်ကို လေနက်ကုန်သွယ်ရေးနေရာကို

ခေါ်လာခဲ့ဖူးပြီး ချန်ရှောင်ဖုန်းကို အနိုင်ယူခဲ့တဲ့သူလည်းဖြစ်ပေသည်။

သူမ၏နတ်ဘုရားစိတ်အာရုံကိုသုံးပြီး စစ်ဆေးလိုက်တဲ့အချိန်မှာတော့

သူမကြောင်အသွားခဲ့သည်။ ရန်ကိုင်ကိုစစ်ဆေးလိုက်တဲ့အချိန်မှာ

သူ့တစ်ကိုယ်လုံးက ဒဏ်ရာတွေနဲ့ပြည့်နေခဲ့ပြီး ထိုဒဏ်ရာတွေက

သူ့အသက်ကိုနှုတ်ယူဖို့မလုံလောက်သေးပေမယ့် ဒီလိုသတိမလစ်ပဲ

မတ်တပ်ရပ်နေဖို့ဆိုတာတော့ မဖြစ်နိုင်ပေ။

ဒီလိုလဲမကျသွားပဲ မတ်တပ်ရပ်နေနိုင်လောက်အာင် သူ့စိတ်စွမ်းအားက

ဘယ်လောက်ထိတောင်သန်မာနေတာလဲ။ တစ်ခဏအတွင် အခန်းထဲမှာ

ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကို သူမနားလည်သွားခဲ့သည်။

သူမ၏အေးစက်စက်ချီစွမ်းအင်ကို အသုံးပြုပြီး ရန်ကိုင်၏ပြင်ပနဲ့

ကိုယ်တွင်းဒဏ်ရာတွေကို ထိန်းထားလိုက်သည်။

ထိုအကြောင်းကို သေချာတွေးကြည့်မယ်ဆိုရင် နည်းနည်းလေး

ထူးဆန်းနေပေလိမ့်မည်။ ဘာကြောင့်လဲဆိုတော့ အအေးစွမ်းအင်တွေ

သူ့ခန္ဓာကိုယ်ထဲဝင်ရောက်လာတာနဲ့ သူ့ခန္ဓာကိုယ်က အပူစွမ်းအင်တွေက

ပျောက်ကွယ်သွားခဲ့ပြီး အယောင်ယောင်အဝါးဝါးဖြစ်နေတဲ့ သူ့စိတ်က

ပိုပြီးကြည်လင်လာခဲ့သည်။

‘‘သူ့ကိုဘယ်သူတိုက်ခိုက်တာလဲ’’ စုယန်ကအေးစက်စက်အသံနဲ့

တည်ငြိမ်စွာမေးလိုက်သည်။ စည်းကမ်းထိန်းသိမ်းရေးတပည့်ငါးယောက်က

တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း တုန်တုန်ယင်ယင်ဖြစ်သွားခဲ့သည်။

ထို့နောက်ခေါင်းငုံ့ရင်းပြောလိုက်သည်‘‘ငါတို့အားလုံးပါ’’

စုယန်ကိုလိမ်ညာတာက သူမကိုစော်ကားရန်စရာရောက်သလို

သူမကိုညစ်ပတ်စွန်းထင်းစေတာနဲ့ အတူပင်ဖြစ်သည်။ သူမ၏

ကြီးကျယ်မြင့်မြတ်တဲ့အရှိန်အဝါက သူမရှေ့မှာ သူတို့အားလုံးကို

လိမ်မပြောနိုင်အောင်ဖြစ်စေခဲ့သည်။ စုယန်ကခေါင်းညိတ်လိုက်ပြီး

‘‘အရမ်းကောင်းတယ်’’ သူမပြောရင်း ရန်ကိုင်ကိုတွဲကူပေးလိုက်ပြီး

အခန်းထဲကနေ တစ်လှမ်းခြင်းလမ်းလျှောက်ထွက်သွားခဲ့သည်။

စုယန်က သူတို့မြင်ကွင်းကနေပျောက်ကွယ်သွားတော့မှာပဲ

သူတို့ငါးယောက်စလုံးအသက်ဝဝရှုနိုင်တော့သည်။ ထိုအချိန်တွင်

သူတို့ငါးယောက်စလုံးကပ်ဘေးတစ်ခုကနေ လွတ်မြောက်လာသည့်အလား

ခံစားလိုက်ရသည်။ ဒါပေမယ့် သူတို့ငါးယောက်စလုံး မပျော်နိုင်ခင်မှာပဲ

ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းတဲ့အရာတစ်ခု ဖြစ်လာခဲ့သည်။

တံခါးပေါက်ကို ကြည့်လိုက်တဲ့အချိန်မှတော့ အမြန်အဆန်ကျယ်ပြန့်လာတဲ့

လက်ဝါးအရွယ်လောက်ရှိတဲ့ ဆီးနှင်းပွင့်သဏ္ဍာန်ရေခဲအစိုင်အစဲ တစ်ခုကို

တွေ့လိုက်ရသည်။ ‘‘ဘုန်း’’ထိုဆီးနှင့်ပွင့်သဏ္ဍာန်ရေခဲ့အစိုင်အခဲက

ပေါက်ကွဲသွားခဲ့သည်။ ထို့နောက်တပည့်ငါးယောက်စလုံး သူ့တို့၏ချီစွမ်းအင်ကို

ခံစားလို့မရတော့ပဲ ကြမ်းပြင်ပေါ်တွင်နာကျင်မှုကြောင့် လူလိမ့်နေခဲ့ကြသည်။

သူတို့၏ချီစွမ်းအင်တွေ ပျောက်ကွယ်သွားမှုနဲ့အတူ သူတို့တစ်ကိုယ်လုံးတွင်

ဒဏ်ရာတွေနဲ့ ပြည့်နေခဲ့သည်။

‘‘အားကောင်းလိုက်တာ….နံပါတ်တစ်ဆိုတဲ့ဂုဏ်ပုဒ်နဲ့တကယ်ပဲ

ထိုက်တန်တာပဲ’’ ချီပြောင်းလဲခြင်းအဆင့်တပည့်မျက်နှာက

ကြောက်ရွံ့မှုကြောင့် ဖြူဖတ်ဖြူလျော်ဖြစ်သွားခဲ့ပြီး အေးစက်မှုကြောင့်

သူ့တစ်ကိုယ်လုံး တုန်ရီသွားခဲ့သည်။ စုယန်ဘယ်လိုတိုက်ခိုက်လဲဆိုတာ

သူလုံးဝမမြင်နိုင်ခဲ့ပေ။သတိပေးခြင်းအရှင်းမရှိပဲ သူမ၏တိုက်ခိုက်မှုကို

ဗုံးထောင်သလို ထောင်သွားခဲ့သည်။

စီနီယာအစ်မစုယန်တည်ငြိမ်နေတာကြောင့်သာ မဟုတ်ရင်သူတို့

ဒီလိုဒဏ်ရာသေးသေးလေးရရုံနဲ့တင် အဆုံးသတ်သွားလိမ့်မည်မဟုတ်ပေ။

သူမ၏ခွန်အားနဲ့ဆိုရင် သူမသာ သူတို့အသက်ကိုလိုချင်ပါက

ငှက်ပျောသီအခွံနွာစားသလောက်လွယ်ကူပေသည်။ အခန်းအပြင်ဘက်မှာတော့

ရန်ကိုင်ကယိုင်တိယိုင်တိုင်နဲ့ ကြိုးစားလမ်းလျှောက်နေခဲ့သည်။

သူ့နောက်ကအသံကိုကြားလိုက်တာနဲ့ အံ့အားတသင့်လှည့်ကြည့်လိုက်ပြီး

စုယန်ကိုမေးလိုက်သည်‘‘နင်သူတို့ကိုတိုက်ခိုက်လိုက်တာလား’’

စုယန်ကမျက်တောင်ခတ်လိုက်ပြီး‘‘အင်း၊ နင်အခုအဆင်ပြေလား’’

‘‘ငါအဆင်ပြေပါတယ်’’ ရန်ကိုင်ကခေါင်းညိတ်လိုက်သည်။

‘‘အိုး..ကောင်းပြီ။ လီယွမ်ရှန်းတို့ကိုသွားလွှတ်ပေးကြရအောင်’’

‘‘စုမူကောဘယ်လိုလဲ’’ စုယန်ကမေးလိုက်သည်။

‘‘ငါမသိဘူး’’ ရန်ကိုင်ကဖြေးညှင်းစွားခေါင်းခါလိုက်ပြီး‘‘ သူအဖမ်းမခံ

ရလောက်ပါဘူး။ သူ့ကိုပြန်ဖို့ထားပြီးလောက်ပြီ။ သူတို့စုမူကို

မဖမ်းရဲလောက်ပါဘူး’’ ထိုစကားကိုကြားတော့မှပဲ စုယန်က

စိတ်သက်သာရာရသွားခဲ့သည်။ လူနှစ်ယောက် တောအုပ်အကျဉ်းထောင်ထဲကို

အလျင်အမြန် လမ်းလျှောက်ဝင်သွားခဲ့သည်။ သိပ်မကြာခင်မှာ

လီယွမ်ရှန်းတို့အဖမ်းခံထားရတဲ့ အကျဉ်းခန်းကိုရောက်လာခဲ့သည်။

စုယန်က ရန်ကိုင်ကိုလက်တစ်ဖက်နဲ့ ကူမပေးထားတာကို

တွေ့လိုက်တာနဲ့ သူတို့အလွန်အမင်းအံ့သြသွားခဲ့သည်။ သူတို့

မျက်လုံးတွေက ပြူးကျယ်နေခဲ့ပြီး အသက်ရှုဖို့တောင် မေ့လျော့နေခဲ့သည်။

ဘုရားရေ….သူတို့သာစုယန်နဲ့အဲ့လောက်ရင်းနှီးနေခဲ့ရင် သူတို့သေရင်တောင်

ကျေကျေနပ်နပ်ကြီး သေနိုင်ပေသည်။ လီယွမ်ရှန်းနဲ့ အခြားသူတွေက

ရန်ကိုင်ကိုသေလောက်အောင် မနာလိုနေခဲ့ကြသည်။

‘‘နင်တို့အားလုံးထွက်လာခဲ့တော့’’ စုယန်က သူမလက်တစ်ဖက်ကို

မြှောက်လိုက်ပြီး တံခါးသော့ကိုဖျက်စီးလိုက်သည်။ ‘‘အိုး….’’

လူအုပ်တစ်ခုလုံး အံ့အားတသင့်သက်ပြင်းရှိုက်လိုက်ကြပြီး အခန်းထဲကနေ

ကြောင်တိကြောင်တောင်နဲ့ ထွက်လာခဲ့ကြသည်။ ၁၀စုံသော

မျက်လုံးအစုံက ရန်ကိုင်နဲ့စုယန်တို့အပေါ်တွင် ကော်ကပ်သလို

ကပ်နေခဲ့ကြသည်။

စုယန်က သူမအမူအရာကို ဘယ်လောက်ပဲတည်ငြိမ်အောင် ထိန်းထားပစေ၊

ဒီလိုလူအုပ်ကြီးက စိုက်ကြည့်နေတာကို ခံလိုက်ရတဲ့အချိန်မှတော့

သူမအမူအရာကို ဆက်လက်မထိန်းထားနိုင်တော့ပေ။

‘‘လာခဲ့ ၊ ငါနင်တို့အားလုံကိုခေါ်သွားမယ်’’ စုယန်ကအေးစက်စက်

မျက်နှာထားနဲ့ပြောလိုက်သည်။ ရန်ကိုင်ကိုတွဲကူထားရင်း သူမက

လီယွမ်ရှန်းနှင့် အခြားသူတွေရှေ့ကနေ ထွက်ခွာသွားလေသည်။

သိပ်မကြာခင်မှာပဲ လူတစ်အုပ်က တောအုပ်အကျဉ်းထောင်ကနေ

လမ်းလျှောက်ထွက်လာခဲ့သည်။ နေရောင်ကြောင့်သူတို့မျက်လုံးတွေ

ကျိန်းစပ်သွားခဲ့ပြီး အလျင်အမြန်သူတို့မျက်လုံးတွေကို ပိတ်လိုက်ရသည်။

သူတို့ပိတ်လိုက်တာနဲ့ စည်းကမ်းထိန်းသိမ်းရေးတပည့်၁၀၀က

သူတို့ကိုဝိုင်းထားလိုက်ကြသည်။ ‘‘သောက်ပြဿနာပဲ’’

ရန်ကိုင်ကအေးစက်စက်ကျိန်ဆဲလိုက်သည်‘‘စီနီယာအစ်မ၊

ဒီလူတွေကအားလုံးက နင့်ကိုတိုက်ခိုက်ဖို့ရောက်လာတာမလား’’

စုယန်ကပြန်မဖြေခဲ့ပေ။ သူမကလူတစ်အုပ်လုံးကို ဝှေ့ကြည့်လိုက်ပြီး

ရန်ကိုင်ကိုတွဲကူရင်းအရှေ့ကိုဆက်တိုးသွားလိုက်သည်။

တစ်ယောက်မှသူမလမ်းကိုမပိတ်ရဲပေ။ စည်းကမ်းထိန်းသိမ်းရေး

တပည့်အကုန်လုံးက ကြောက်ရွံ့မှုကြောင့်ချက်ချင်းလမ်းဖယ်ပေး

လိုက်ကြသည်။

Martial Peak

အပိုင်း(၇၃) စီနီယာအစ်မ၏စိတ်ထား

မျက်စုံးအစုံတိုင်းက ရန်ကိုင်နဲ့စုယန်အပေါ်မှာသာ ကျရောက်နေခဲ့ပြီး

ထိုမျက်လုံးတိုင်းထဲတွင် မနာလိုဝန်တိုမှုတွေနဲ့ပြည့်နေခဲ့သည်။

အရင်တုန်းက စုယန်ယောက်ျားလေးတစ်ယောက်နဲ့ ဒီလောက်

ရင်းရင်းနှီးနှီးနေတာကို သူတို့တစ်ခါမှမတွေ့ဖူးပေ။ စုယန်လေ့ကျင့်တာက

ရေခဲနှလုံးသားလျှို့ဝှက်နည်းစနစ်ဖြစ်ပြီး သူမနှလုံးသားကအမြဲတမ်းအေစက်

နေခဲ့သည်။ သူမနဲ့ရင်းနှီးတဲ့သူတွေနဲ့စကားပြောရင်တောင် အေးစက်စက်နဲ့ပင်။

ကောင်းကင်စံအိမ်က တပည့်တိုင်း..သူတို့ဘယ်လောက်ပဲစွမ်းအားကြီးကြီး၊

သူတို့အဆင့်အတန်းက ဘယ်လောက်ပဲမြင့်မြင့် သူမနဲ့စကားပြောရင်

သူမကိုရန်မစမိစေဖို့အတွက် အလွန်အမင်းဂရုစိုက်ရပေသည်။ ဒါပေမယ့်

အခုအချိန်မှာတော့ သူမကစဦးဒြပ်စင်အဆင့်မှာရှိတဲ့လူငယ်တစ်ယောက်ကို

တွဲကူပေးထားခဲ့သည်။ သူမ၏မျက်နှာကနဲနဲနီနေခဲ့ပြီး သူမ၏အလှကိုပိုပြီးပေါ်လွင်

နေစေခဲ့သည်။

ကောင်းကင်စံအိမ်ယောက်ျားလေးတပည့်အားလုံး၏ အသည်းနှလုံးကွဲကြေသွားသလို

ခံစားလိုက်ရသည်။ သူတို့၏ လုံးယအပြစ်ကင်းစင်တဲ့နတ်ဘုရားမလေးက

သေးမျိုးတစ်ယောက်ကြောင့် စွန်းထင်းသွားသလိုပင်ဖြစ်နေခဲ့သည်။ သူတို့နတ်ဘုရားမလေးကို

ညစ်ပေစွန်းထင်အောင်လုပ်ခဲ့တဲ့ကောင်က သူတို့ရှေ့မှာရှိနေပေသည်။

သူကသူတို့နတ်ဘုရားမလေး၏ တွဲကူပေးခြင်းကိုခံထားရပြီး

သူမ၏ကိုယ်သင်းရနံကို ရှုရှိုက်နိုင်သလို သူမတွဲကူပေးထားတဲ့လက်မောင်းသား

လေးတွေ၏ နူးညံ့ပျော့ပျောင်းမှုကို ခံစားနိုင်ပြီး သူတို့စိတ်ကူးထဲမှာသာ

ကြည်နူးတောင့်တနိုင်တဲ့ ပြုစုယုယမှုကိုလည်းခံနေရလေသည်။

‘‘ငါ့ကိုတော်တော်လေးသတ်ချင်နေကြတာပဲ’’ ရန်ကိုင်နှုတ်ခမ်းတွေက

ထူခြားစွာတွန့်ကွေးသွားခဲ့သည်။ သူကကျားရဲ့စွမ်းအာကိုအကျိုးရှိရှိ

အသုံးချနေတဲ့မြေခွေးတစ်ကောင်လို စုယန်၏အကူအညီကိုယူကာ

ရှေ့ဆက်တိုးနေပေသည်။ ထိုလူတွေရှေ့တွင် လမ်းလျှောက်နေရင်း

ကြည့်ကောင်းချောမောတဲ့လူတစ်ယောက်က သူတို့လမ်းတွင်ပိတ်နေခဲ့သည်။

ထိုလူ၏အကြည့်ထဲတွင် နူးညံ့မှုနဲ့ချိုမြိန်မှုတွေနဲ့ ပြည့်နေသလို

မနာလိုနေတဲ့အရိပ်အယောင်ကိုလည်းမြင်နေရသည်။

စုယန်ကချက်ချင်းရပ်လိုက်ပြီး ခေါင်းမော့ကာကြည့်လိုက်သည်။

‘‘ဘေးဖယ်’’ သူမကအေးစက်စက်အသံနဲ့ပြောလိုက်သည်။ ထိုအသံက

တည်ငြိမ်အေးစက်နေခဲ့ပြီးသူမ၏ စိတ်ခံစားချက်တွေကို မမှန်းနိုင်ခဲ့ပေ။

ထိုယောက်ျားလေးက ခါးခါးသီးသီးပြုံးလိုက်ပြီး ခေါင်းခါလိုက်သည်

‘‘ဂျူနီယာညီမလေး၊ ဒီကစီနီယာအစ်ကိုကိုခက်ခဲအောင်မလုပ်ပါနဲ့။

ဒီကစီနီယာအစ်ကိုက သူ့တာဝန်သူလုပ်နေရတာပါ’’

ထိုလူက ကောင်းကင်စံအိမ်၏နံပါတ်နှစ်ကျွမ်းကျင်သူဖြစ်တဲ့

ရှဲ့ဟုန်ချန်ပဲဖြစ်သည်။ ‘‘ဘေးဖယ်’’ စုယန်ကနောက်တစ်ခွန်းပြောရမှာ

စိတ်မရှည်တဲ့ပုံစံနဲ့ထပ်ပြောလိုက်သည်။ ရှဲ့ဟုန်ချန်က အကူအညီမဲ့စွာနဲ့

ပြောလိုက်သည်‘‘ ဂျူနီယာညီမလေး၊ ဒီလူတွေကို အခုထွက်သွားခိုင်းလို့

မရသေးဘူးလေ။သူတို့တွေက ကျုံးကွေ့ကို ရန်စစော်ကားထားတဲ့သူတွေလေ။

ပြီးတော့ အကြီးအကဲချုပ်ကလည်း ဘယ်သူမှသူတို့ကိုဒီနေရာကနေ

ခေါ်ထုတ်မသွားရဘူးလို့ အမိန့်ပေးထားတယ်’’

‘‘ကျုံးကွေ့’’ ရန်ကိုင်ကရှေ့ကိုတစ်လှမ်းလှမ်းလိုက်ပြီး လှောင်ပြောင်လိုက်သည်

‘‘ငါဒီစီနီယာကိုမေးပါရစေဦး။ဘယ်ကျုံးကွေ့ကိုများငါရန်စမိလို့လဲ’’

ရှဲ့ဟုန်ချန်က ရန်ကိုင်ကိုမနှစ်မြို့တဲ့အကြည့်နဲ့ကြည့်လိုက်ပြီး နှာခေါင်းရှုံ့

လိုက်သည်‘‘အုပ်စုဖွဲ့တိုက်ခိုက်ပြီး လူတစ်ယောက်ကိုသတ်ဖို့ကြိုးစားတာက

စည်းကမ်းထိန်းသိမ်းရေးတပည့်ကို မလေးစားတာပဲ။ အဲ့အထဲက ဘယ်အချက်

ဖြစ်ဖြစ်ကောင်းကင်စံအိမ်ကနေ ထုတ်ပယ်ဖို့လုံလောက်နေပြီ’’

‘‘အုပ်ဖွဲ့တိုက်ခိုက်တာလား’’ စုယန်ကပြောလိုက်သည်‘‘ဘယ်သူနဲ့တိုက်ခိုက်တာလဲ။

အုပ်ဖွဲ့တိုက်ခိုက်တာဆို့တော့ နောက်ထပ်တစ်ဖွဲ့ရှိရဦးမှာပေါ့။ နင်တို့

စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဘာလို့နှစ်ဖက်စလုံးကိုမဖမ်းပဲ

တစ်ဖက်တည်းကိုပဲ ဖမ်းထားရတာလဲ။ ဘယ်သူတွေကတရားခံလဲ’’

ရှဲ့ဟုန်ချန်၏ အမူအရာကကိုးယိုးကားရားဖြစ်သွားပြီး သူလည်းဘာပြော

ရမှန်းမသိတော့ပေ။ အခြားတစ်ဖက်က ဝေကျွမ်းရဲ့နောက်လိုက်တွေလေ…

ငါကသူတို့ကိုဘယ်လိုဖမ်းရမှာလဲ။

‘‘တစ်ယောက်ယောက်ကိုသတ်တာလား…အလောင်းကကောဘယ်မှာလဲ’’

ရှဲ့ဟုန်ချန်က အားတင်းပြုံးလိုက်ပြီး ချက်ချင်းရှင်းပြလိုက်သည်‘‘ ရည်ရွယ်တာ..

တစ်ယောက်ယောက်ကို သတ်ဖို့ရည်ရွယ်တာ။ ဒါပေမယ့် ကံကောင်းစွာပဲ

စည်းကမ်းထိန်းသိမ်းရေးခန်းမက သူ့ကိုအချိန်မှီရပ်တန့်နိုင်ခဲ့တယ်’’

‘‘ ကောင်းကင်စံအိမ်ထဲမှာ တပည့်အချင်းချင် စိန်ခေါ်တိုက်ခိုက်ရင်

သတို့သေတာမသေတာက သူတို့ကိစ္စလေ။ နင်ပြောတဲ့အတိုင်းဆိုရင်

စိန်ခေါ်ယှဉ်ပြိုင်တဲ့တပည့်တိုင်းက လူသတ်မှုကျူးလွန်ဖို့ရည်ရွယ်နေတဲ့

တပည့်တွေပေါ့။ အဲ့လိုဆိုရင် စည်းကမ်းထိန်းသိမ်းရေးတပည့်တိုင်းက

စိန်ခေါ်တိုက်ခိုက်တဲ့တပည့်တိုင်းကို အကျဉ်းချထားရမှာပေါ့..ငါပြောတာ

ဟုတ်တယ်မလား’’ စုယန်ကအေးစက်စက်အသံနဲ့ပြောလိုက်သည်

‘‘စည်းကမ်းထိန်းသိမ်းရေးခန်းမကို မလေးစားတာလား။ နင်တို့

စည်းကမ်းထိန်းသိမ်းရေးခန်းမကရော တကယ်ပဲတရားမျှတလို့လား။

နင်တို့စိတ်ထင်တိုင်းလုပ်နေမှတော့ ဘယ်သူကကောနင်တို့ လေးစားတော့မှာလဲ။

ကျုံးကွေ့ကိုကိုယ်စားပြုတဲ့လူက အစောကြီးကတည်းက စံအိမ်တွင်

ပြိုင်ဆိုင်မှုတွေကြားက အရုပ်တစ်ရုပ်သာသာပဲ။ သူဝင်ပါတာ

အံ့အားသင့်စရာ မရှိပါဘူးလေ’’

‘‘ဂျူနီယာညီမလေး’’ ရှဲ့ဟုန်ချန်း၏ မျက်နှာက အလွန်အမင်းရုပ်ဆိုးသွားခဲ့ပြီး

အကူအညီမဲ့စွာနဲ့ ကြည့်ရင်းပြောလိုက်သည်‘‘နင်အဲ့လို့ပွင့်ပွင့်လင်းလင်း

ပြောစရာလိုလို့လား’’ ‘‘မှန်လား၊ မှားလားဆိုတာကတော့နင့်စိတ်ထဲမှာ

နင်သိမှာပါ’’ ရှဲ့ဟုန်ချန်၏အသွင်အပြင်က သုန်မှုန်သွားခဲပြီး အသံတိုးတိုးနဲ့

ပြောလိုက်သည်‘‘ ဂျူနီယာညီမလေး၊ နင်ရိုးသာဖြောင့်မတ်တယ်ဆိုတာ

ငါလက်ခံပါတယ်။ ဒါပေမယ့် ဘာလို့ငါ့ကိုခက်ခဲအောင်လုပ်နေတာလဲ’’

စုယန်က ရိုးရိုးလေးပဲပြန်ပြောလိုက်သည်‘‘စီနီယာအစ်ကိုရဲ့စကားတွေကို

ဂျူနီယာညီမလေးကျောင်းဖေးယွဲ့သာ ကြားသွားခဲ့မယ်ဆိုရင် သူမနင့်ဘယ်လို

ထင်မလဲမသိဘူး’’ ကျောင်းဖေးယွဲ့က စုယန်နဲ့ရှဲ့ဟုန်းချန်လိုပဲ လက်ရွေးစင်

တပည့်တစ်ယောက်ဖြစ်လေသည်။ ဒါပေမယ့် သူမနဲ့ရှဲ့ဟုန်းချန်၏

ဆက်ဆံရေးကမရှင်းမလင်းပင်။

ရှဲ့ဟုန်ချန် တစ်ကိုယ်လုံးတုန်ရင်သွားခဲ့ပြီး စုယန်ကိုသောကရောက်တဲ့

အကြည့်နဲ့ကြည့်နေခဲ့သည်။ ဒါပေမယ့်သူမှာထွက်ပေါက်မရှိပေ။ အကြည့်

လွှဲလိုက်ပြီး သူ့မကျေနပ်ချက်တွေအကုန်လုံးကို ရန်ကိုင်ပေါ်မှာသာ

ပုံချလိုက်လေသည်။ ရန်ကိုင်ကတည်တည်ငြိမ်ငြိမ်ပဲရှိနေခဲ့ပြီး

သူ့ကိုလုံးဝကြောက်ရွံ့မနေခဲ့ပေ။

‘‘မင်းကရန်ကိုင်လား’’ ရှဲ့ဟုန်ချန်က သူ့၏မကျေနပ်ချက်တွေကို အတင်း

မြိုသိပ်ထားရင်းမေးလိုက်သည်။ ဘယ်ယောက်ျားလေးမဆို ကိုယ်ကြိုက်နေတဲ့

မိန်းကလေးတစ်ယောက်က အခြားယောက်ျားလေးတစ်ယောက်နဲ့

တရင်းတနှီးဖြစ်နေတာကိုတွေ့ရင် စိတ်ပျက်မိမှာအမှန်ပင်။

‘‘စီနီယာအစ်ကိုကငါ့ကိုဘာများညွှန်ကြားချင်သေးလို့လဲ’’

‘‘ဒီအဖြစ်အပျက်တွေအကုန်လုံး မင်းကြောင့်ဖြစ်ခဲ့တယ်ဆိုတာငါသိတယ်။

မင်းကြောင့်သာမဟုတ်ရင် ဒီကိစ္စတွေက ဒီလောက်ခက်ခဲလာမှာမဟုတ်ဘူး။

ဂျူနီယာညီမလေးကို မင်းကိစ္စထဲမဆွဲသွင်းချင်ရင် အကျဉ်းခန်းထဲကို

နာနာခံခံနဲ့ပြန်သွားပြီး ငါ့ကိုပြဿနာဖြစ်အောင် ဆက်မလုပ်နဲ့တော့’’

ရှဲ့ဟုန်းချန်က သာမန်ကာလျှံကာပြောလိုက်သည်။ သူကစုယန်ကို

မဖျောင်းဖျနိုင်သလို သူမကိုလည်းရင်မဆိုင်ရဲတဲ့အတွက် ရန်ကိုင်ဘက်ကိုသာ

လှည့်ရပေတော့သည်။

ရန်ကိုင်သာပြုံးသာပြုံးလိုက်သည်။

‘‘မင်းဘာလို့ပြုံးနေတာလဲ’’ ရှဲ့ဟုန်ချန်က မျက်မှောင်ကြုံ့ရင်းမေးလိုက်သည်။

ရန်ကိုင်ခန္ဓာကိုယ်တစ်ခုလုံးက သွေးတွေနဲ့ရဲရဲနီနေပြီး သူ့ပုံစံက တော်တော်လေး

ခြောက်ချားဖွယ်ကောင်းလေသည်။ သူ့ပြုံးရင်း သူ့ခါးကက စုယန်၏ကျောက်စိမ်း

လက်ကလေးကို အသာအယာကိုင်လိုက်သည်။ ထို့နောက်သူမလက်ကလေးကို

သူ့လက်ထဲထည့်ပြီး အသာအယာပုတ်ကာ သူမဘက်ကိုလှည့်လိုက်ပြီး

ချိုချိုသာသာပြောလိုက်သည်‘‘ငါစီနီယာအစ်မကို ဝင်မပက်သက်စေချင်ပေမယ့်

စီနီယာအမ ဝင်ပက်သက်မိသွားပြီ။ စီနီယာအစ်မက ငါ့အပေါ်ဒီလောက်ကောင်းနေမှတော့

ငါလည်း သူမစိတ်ကြိုက်လုပ်ခွင့်ပြုံရုံပဲတတ်နိုင်တော့တယ်’’

ရှဲ့ဟုန်ချန်၏အမူအရာကဖြူလျော်သွားခဲ့ပြီး စုမူကတော့တည်တည်ငြိမ်ငြိမ်ပဲ

ရှိနေခဲ့သည်။ သူမကထိုနေရာမှာ အမြစ်တွယ်နေသလိုမျိုးရပ်နေခဲ့ပြီး သူမမျက်နှာက

တော့စိတ်ရှုပ်နေတဲ့ပုံစံပေါက်နေခဲ့သည်။ လီယွမ်ရှန်းနဲ့အခြားသူတွေ၏

မေးရိုးတွေကမြေကြီးပေါ်ကျတော့မယ့်အလားသူတို့ပါးစပ်တွေ ပွင့်အားနေခဲ့ပြီး

သူတို့လည်းချောင်းထဲကနေ ထူးထူးဆန်းဆန်းအသံတစ်ခုထွက်လာခဲ့သည်။

ဒါပေမယ့်ဘာကိစ္စပဲဖြစ်ဖြစ် သူတို့စကားတစ်လုံးတောင်မပြောနိုင်တော့ပေ။

ပတ်ပတ်လည်မှာရှိတဲ့ စည်ကမ်းထိန်းသိမ်းရေးတပည့်၁၀၀လုံး၏ နှလုံးသားတွေက

ပွင့်ထွက်သွားသလိုခံစားလိုက်ရသည်။ သူတို့အားလုံးနေရာမှာပဲ ကြက်သေသေနေခဲ့သည်။

‘‘စီနီယာအမ၊ ငါမှန်လား’’ ရန်ကိုင်ကအခြားသူတွေ၏ အမူအရာတွေကို

လျစ်လျူရှုထားခဲ့ပြီး အနားထဲကိုဆားထပ်ထည့်နေခဲ့သည်။

ရှဲ့ဟုန်ချန်က စုယန်ကို စိုးရိမ်စွာနဲ့ကြည့်နေခဲ့ပြီး သူမကြားချင်တဲ့

အဖြေကြားလိုက်ရမှာကို အလွန်အမင်းစိုးရိမ်နေခဲ့သည်။ စုယန်က

ချက်ချင်းပဲ သူမခန္ဓာကိုယ်ကိုလှည့်လိုက်သည်။ ဒီအသက်အရွယ်အထို

ယောက်ျားတစ်ယောက်က သူမကိုဒီလိုပြုမူဆက်ဆံတာကို

တစ်ခါမှမတွေ့ကြုံခဲ့ဖူးပေ။ သူမလက်ကိုထိုအကောင်က အလကားသက်သက်

ကိုင်ထားလေသည်။ သူ၏လက်ကြမ်းကြမ်းကြီးက သူမ၏နူးညံ့ပျော့ပျောင်းတဲ့

လက်ကလေးကို ပွတ်နေခဲ့သည်။

စုယန်ကအလွန်အမင်းဒေါသထွက်သွားခဲ့သည်။ သူမကရန်ကိုင်ကို

လွင့်ထွက်သွားအောင် ပိတ်ကန်ချင်စိတ်ပေါက်နေခဲ့သည်။ ဒါပေမယ့်

ရန်ကိုင်ဘာလုပ်ချင်နေလဲဆိုတာကိုလည်း သူမနားလည်ပေသည်။

ရန်ကိုင်ကိုရိုက်ချင်နေတဲ့စိတ်ကို မြိုသိပ်ထားလိုက်ပြီး စုယန်က

ခေါင်းညိတ်လိုက်ပြီး ရိုးရိုးသားသားပြောလိုက်သည်‘‘အင်း’’

သူမပြောလိုက်တာနဲ့ စွမ်းအင်တွေကို စုဝေးလိုက်ပြီး ရန်ကိုင်ခန္ဓာကိုယ်ထဲကို

ပို့လွှတ်လိုက်သည်။ ရန်ကိုင်ချက်ချင်းညီးတွားလိုက်ပြီးသူ့နှားခေါင်းကနေ

သွေးစီးချောင်းနှစ်ခုကျလာခဲ့သည်။ ‘‘နင်ဘာလို့နှာခေါင်းသွေးယိုနေတာလဲ’’

သူမပြောပြီးတာနဲ့ အဝတ်စလေးတစ်ခုထုတ်လိုက်ပြီး ရန်ကိုင်နှာခေါင်းနားက

သွေးတွေကို ကြင်နာယုယစွာနဲ့ သုတ်ပေးလိုက်သည်။

‘‘ငါမလုပ်ပါဘူး..ငါမလုပ်ပါဘူး’’ ရန်ကိုင်ကျောရိုးတစ်လျှောက်အေးစိမ့်သွားခဲ့သည်။

ဒီစီနီယာအမက ဘာမှထူးထူးခြားခြားမပြုမူနေပေမယ့် သူသာသူမ၏အောက်ခြေစည်းကို

ကျော်သွားမယ်ဆိုရင် သူသူမလက်မှာရက်ရက်စက်စက်သေသွားရပေလိမ့်မည်။

‘‘မင်းတို့တွေ….’’ ရှဲ့ဟုန်ချန်က ရူးသွပ်စွာ အော်ပြောလိုက်ပြီး အလွန်အမင်းမနာလိုနေခဲ့သည်။

အစတုန်းက သူမ၏စကားလုံးတွေကို သူမမယုံပေမယ့် ထိုမြင်ကွင်းကို မြင်လိုက်

ရတဲ့အချိန်မှာတော့ သူသူမ၏ခံစားချက်တွေကို အလိုလို မေးခွန်းထုတ်မိလိုက်သည်။

စုယန်ကယေက်ျားတစ်ယောက်ကို ဒီလောက်ကြင်ကြင်နာနာနဲ့ဆက်ဆံတာကို

သူအရင်ကတစ်ခါမှမတွေ့ခဲ့ဖူးပေ။ စုယန်ကသူမကိုအခြားတစ်ယောက်က

ကိုင်တာကို ငြိမ်ခံနေတာကိုလည်း သူတစ်ခါမှမတွေ့ဖူးပေ။ သူမပျော်ရွှင်နေပုံ

ရပြီး ရန်ကိုင်သူမလက်ကိုင်တာကိုလည်း လိုလိုလားလားနဲ့ ငြိမ်ခံနေပေသည်။

ဒါပေမယ့် ရန်ကိုင်ရဲ့ခွန်အားလောက်နဲ့ စုယန်ကဘယ်လိုလုပ်ပြီး စိတ်ဝင်စွားသွားရတာလဲ။

‘‘ဂျူနီယာညီမလေး၊ မင်းကဂုဏ်သိက္ခာရှိရှိမွေးလာတာလေ။ ဘယ်လိုလုပ်ပြီး

ဒီလိုအမှိုက်တစ်ယောက်ကို ကြိုက်သွားရတာလဲ’’

‘‘မင်းဘယ်သူ့ကိုအမှိုက်လို့ခေါ်နေတာလဲ’’ ရန်ကိုင်နဲ့စုယန်က ရှဲ့ဟုန်ချန်ကို

ပြိုင်တူလှည့်ကြည့်လိုက်ပြီး သူတို့ပုံစံကအလွန်အမင်းဒေါသထွက်နေပုံပေါ်လေသည်။

Martial Peak

အပိုင်း (၇၄) စံအိမ်ခေါင်းဆောင်ပါလာပြီ

ရန်ကိုင်နဲ့စုယန်က ဇာတ်တိုက်ထားသည့်အလား တူညီတဲ့စကားကို

ပြိုင်တူအော်လိုက်ကြသည်။ ရှဲ့ဟုန်ချန်ကို သူတို့အော်လိုက်တဲ့အသံ

အနေအထားကလည်း အတူတူပင်ဖြစ်သည်။ သူတို့အော်လိုက်တာကြောင့်

ရှဲ့ဟုန်ချန်က လုံးဝကိုကြောင်အသွားခဲ့ရသည်။ စုယန်ကိုကြည့်ရင်း

သူ့အကြည့်က နာကျင်မှုတွေနဲ့ပြည့်နေပြီး သူယူကျုံးမရစွာပြောလိုက်သည်

‘‘သူကအမှိုက်မဖြစ်လို့ဘယ်သူဖြစ်ရမှာလဲ။ သူအဆင့်အတန်းက တရားမဝင်

တပည့်တစ်ယောက်သာသာပဲရှိသေးပြီး သူ့ကျင့်ကြံခြင်းအဆင့်ကလည်း

စဦးဒြပ်စင်အဆင့်၃ပဲရှိသေးတာလေ။ အဲ့လိုလူမျိုးကတကယ်ကိုအမှိုက်တွေပဲလေ။

ဂျူနီယာညီမလေး၊ သူ့ကဘာများထူးခြားနေလို့လဲ’’

‘‘ငါတို့ကိစ္စတွေကို နင်စိတ်ပူစရာမလိုဘူး’’ စုယန်က ဒီအခွင့်အရေးကိုသုံးကာ

သူမနားမှာတစ်ချိန်လုံးရစ်သီရစ်သီလုပ်နေတဲ့ ရှဲ့ဟုန်ချန်ကို ပထုတ်ဖို့

ကြိုးစားလေသည်။ သူမအတွင်းကျတဲ့စကားလုံးတွေကိုတောင် သုံးလိုက်သေးသည်။

‘‘စီနီယာအစ်ကို၊ မင်း‘မြင်မြင်ချင်းချစ်မိသွားတယ်’ ဆိုတဲ့စကားကိုသိလား’’

ရန်ကိုင်ကရှဲ့ဟုန်ချန်ကို လှောင်ပြောင်ပြောလိုက်သည်။

‘‘မင်းပါးစပ်ပိတ်ထား’’ သူ့အမူအရာကမဲမှောင်နေပြီး ရှဲ့ဟုန်ချန်က ရန်ကိုင်ကို

အော်လိုက်သည်‘‘ငါကဂျူနီယာညီမလေးနဲ့စကားပြောနေတာ။ မင်းက

ဘာအရည်အချင်းရှိလို့ငါတို့ပြောနေတာကို ဝင်ရှုပ်နေတာလဲ’’ ရန်ကိုင်က

မျက်မှောင်ကြုံ့လိုက်ပြီးအကျယ်ကြီးအော်ရယ်လိုက်သည်။

‘‘အမှိုက်ကအမှိုက်ပါပဲ’’ ရှဲ့ဟုန်ချန်၏ကြည့်ကောင်းတဲ့မျက်နှာကရှုံ့မဲ့နေပြီး

မြင်မကောင်းရှုမကောင်းဖြစ်နေပေသည်။ ‘‘ငါမင်းအရွယ်တုန်းကတောင်

ချီပြောင်းလဲခြင်းအဆင့်ကိုငါရောက်နေပြီ။ မင်းကတော့ အခုမှ စဦးဒြပ်စင်

အဆင့်၃ပဲရောက်သေးတယ်။ အခုအချိန်မှာ ငါကချီသန့်စင်ခြင်း

အထွတ်အထိပ်မှာရောက်နေပြီ။ အဲ့လောက်အဆင့်နှစ်ဆင့်ကွာနေတာ

မင်းကဘယ်လိုလုပ်ပြီးငါနဲ့လာယှဉ်ချင်နေတာလဲ’’

‘‘စီနီယာအစ်ကို၊ စောင်ကြည့်တာပေါ့’’ အချို့အရာတွေက ရှင်းပြလို့မရတဲ့

အတွက် ရန်ကိုင်ကဆက်ပြီးလေပေါမနေချင်တော့ပေ။ စကားနဲ့ပြောတာထက်

လက်တွေ့ကပိုပြီးအကျိုးသက်ရောက်မှုရှိပေသည်။ ‘‘ရှဲ့ဟုန်ချန်၊ ငါနင့်နဲ့

ဆက်ပြီးအချင်းမများချင်တော့ဘူး။ ဘေးဖယ်နေ၊ နင်တို့စည်းကမ်းထိန်းသိမ်းရေး

တပည့်တွေကြောင့် သူရထားတဲ့ဒဏ်ရာတွေက သေးသေးလေးမဟုတ်ဘူး။

ငါသူ့ဒဏ်ရာတွေကို ပြန်ပြီးကုသပေးရမယ်’’ စုယန်၏အေးစက်စက်အသံက

ပဲ့တင်ထပ်သွားခဲ့သည်။

‘‘ဒီနေ့၊ ဒီနေရာကနေ ဘယ်သူမှထွက်သွားလို့မရစေရဘူး’’ ရှဲ့ဟုန်ချန်က

အော်ပြောလိုက်သည်။ စုယန်ကိုနာကျင်မှုအပြည့်နဲ့ကြည့်လိုက်ရင်း

သူ့တစ်ကိုယ်လုံးတုန်ခါသွားခဲ့ပြီး အမိန့်ပေးလိုက်သည်‘‘စည်းကမ်း

ထိန်းသိမ်းရေးတပည့်အားလုံးနားထောင်ကြ၊ ဒီထဲကနေထွက်ဖို့

ကြိုးစားတဲ့ဘယ်သူမဆို သတ်ပစ်နိုင်တယ်။ မင်းတို့ရဲ့စီနီယာအစ်မစုကိုလည်း

သက်ညှာနေစရာမလိုဘူး’’

အချစ်၊အမုန်းဘယ်ခံစားချက်ပဲဖြစ်ဖြစ် ရှဲ့ဟုန်ချန်အဖို့ သူ့ခံစားချက်တွေကို

မြိုသိပ်ထားရုံသာတတ်နိုင်လေသည်။ တစ်ခဏတာတုန့်ဆိုင်းနေပြီးနောက်

စည်းကမ်းထိန်းသိမ်းရေးတပည့်တွေက တိုက်ခိုက်ဖို့ပြေးသွားကြသည်။

သူတို့စုယန်ကိုနောက်တစ်ကြိမ်ဝိုင်းထားလိုက်ကြပြန်သည်။

‘‘နင်ကဒီလိုလုပ်ဖို့ဆုံးဖြတ်လိုက်ပြီပေါ့’’ စုယန်၏ခရစ်စတယ်တမျှကြည်လင်နေတဲ့

မျက်လုံးတွေက အန္တရာယ်အငွေ့အသက်တွေနဲ့ ပြည့်နေခဲ့သည်။ ရှဲ့ဟုန်ချန်းက

ခါးခါးသီးသီးပြုံးလိုက်ပြီး ‘‘ဂျူနီယာညီမလေး၊ ငါကနင့်ပြိုင်ဘက်မဖြစ်နိုင်ဘူးဆိုတာ

ငါသိပါတယ်။ ဒါပမေယ့် နင်ဒီနေ့အတင်းအကြပ် ကျော်ဖြတ်ဖို့ကြိုးစားမယ်ဆိုရင်

နင်အရင်ဆုံးငါ့အလောင်းကို ကျော်ဖြတ်ရလိမ့်မယ်’’

သူကဒီအခြေအနေထိ တွန်းပို့ပြီးမှတော့ သူ့ရဲ့သတ္တိနဲ့ကူရာမဲ့မှုကိုသုံးက

စုယန်စိတ်ကိုလှုပ်ရှားသွားအောင်ကြိုးစားလိုက်လေသည်။ စုယန်က

အလွန်အမင်းဒေါသထွက်သွားခဲ့ပြီး သူမရင်ဘတ်က နိမ့်ချည်မြင့်ချည်

ဖြစ်နေခဲ့သည်။ သူမကစည်းကမ်းထိန်းသိမ်းရေးတပည့်တွေကို

မကြောက်ပေ။ ဘာပဲဖြစ်ဖြစ် သူမခွန်အားက အစစ်အမှန်ဒြပ်စင်အဆင့်၃မှာပဲလေ။

သူမကရှဲ့ဟုန်ချန်ထက်အဆင့်၃ဆင့်မြင့်ပြီး ရေခဲ့နှလုံးသားလျှို့ဝှက်နည်းစနစ်ကို

သုံးလိုက်တာနဲ့ သူမလမ်းကြောင်းကို ဘယ်သူမှပိတ်နိုင်တော့မည်မဟုတ်ပေ။

ဒါပေမယ့်….ရန်ကိုင်နဲ့လီယွမ်ရှန်းတို့အတွက်ကတော့အဲ့လောက်လွယ်ကူနေ

လိမ့်မည်မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် သူမကတစ်ယောက်တည်းဖြစ်နေတဲ့အတွက်

ကျန်တဲ့လူအားလုံးကိုလုံခြုံအောင် ကာကွယ်ပေးနိုင်မည်မဟုတ်ပေ။

အခုအချိန်မှာတော့ သူတို့တွေကမတိုးသာမဆုတ်သာသည့်အခြေအနေတွင်

ရှိနေခဲ့သည်။ ဘာကြောင့်လဲဆိုတော့ စုယန်ကရန်ကိုတို့တစ်ဖွဲ့လုံးကိုခေါ်ပြီး

အတင်းအကြပ်မကျော်ဖြတ်ရဲသလို စည်းကမ်းထိန်းသိမ်းရေးတပည့်တွေကလည်း

အရင်စပြီးမတိုက်ခိုက်ရဲလို့ပဲဖြစ်ပေသည်။ ဒါကြောင့် သူတို့နေရာမှာပဲ

တည်တည်ငြိမ်ငြိမ် ရပ်နေကြခြင်းဖြစ်သည်။

သူတို့လူငယ်တွေကလည်း ဒီလိုပြဿနာအကြီးကြီးဖြစ်နေတဲ့အချိန်တွင်

ကောင်းကင်စံအိမ်အကြီးအကဲတွေကလည်း မြေကမ္ဘာတုန်ရင်အက်ကွဲသွား

စေလောက်အောင် အငြင်းအခုံဖြစ်နေကြသည်။ အကြီးအကဲခန်းမအတွင်းတွင်

ကောင်းကင်စံအိမ်၏ အကြီးအကဲချုပ်ဖြစ်တဲ့ ဝေရှီုတုန်း၊ဒုတိယအကြီးအကဲ

စုရွှမ်းဝူ၊တတိယအကြီးအကဲ ဟဲပေရှု၊စတုတ္ထအကြီးအကဲကျိးဖေးနှင့်

ပဉ္စမအကြီးအကဲ ယုဇီဇီတို့အားလုံးစုဝေးနေခဲ့ကြသည်။

ထိုအကြီးအကဲငါးယောက်က နှစ်ဖွဲ့ကွဲနေကြပြီး တစ်ဖွဲ့ကိုအကြီးအကဲချုပ်က

ဦးဆောင်ပြီး တတိယအကြီးအကဲ ကျိုးဖေးနှင့် ပဉ္စမအကြီးအကဲ ယုဇီဇီတို့က

သူ့နောက်တွင်ထိုင်နေကြသည်။ ထိုနည်းတူစွာပဲ အခြားတစ်ဖက်မှာတော့

ဒုတိယအကြီးအကဲစုရွှမ်းဝူနှင့်တတိယအကြီးအကဲ ဟဲပေရှုတို့က

ထိုင်နေခဲ့ကြသည်။

အစောပိုင်းကခိုက်ရန်ဖြစ်ခဲ့တဲ့ စုယန်နဲ့ဝေကျွမ်းတို့က တစ်ဖက်တစ်ချပ်စီတွင်

ဒူးထောက်နေခဲ့ကြပြီး ဖြစ်ကြောင်းကုန်စင်ကိုပြန်ပြေပြနေခဲ့ကြသည်။

စုမူကအရင်ဆုံးစပြောခဲ့ရပြီး အမှန်အတိုင်းပြောပြလိုက်သည်; သူဘယ်လို

တားဆီးခံရပြီး ဘယ်လိုရန်စခံခဲ့ရကြောင်း။ ထို့နောက် သူတို့စိန်ခေါ်တိုက်ခိုက်နေတဲ့

အချိန်တွင် သူ့ကိုဘယ်လိုအရှက်ခွဲစော်ကားခဲ့ကြောင်းပြောခဲ့ပေမယ့်

သူ့ကိုယ်ပိုင်အမြင်တွေကိုတော့ တစ်ခုမှထည့်မပြောသွားခဲ့ပေ။

သူပြောပြီးတာနဲ့ အကြီးအကဲငါးယောက်စလုံးက တစ်ခွန်းမှမပြောပဲ

ဝေကျွမ်းပြောမယ့်အကြောင်းကိုသာစောင့်နေကြလေသည်။ ဒါပေမယ့်

သူ့ပါးစပ်ကထွက်လာတဲ့အကြောင်းတွေကတော့ စုမူပြောခဲ့တာတွေနဲ့

ကိုက်ညီမှုမရှိပေ။ အစပိုင်းမှာတူနေပေမယ့်လည်း ရန်ကိုင်ပေါ်လာတဲ့အချိန်က

စပြီးကွဲပြားသွားခဲ့သည်။ သူသရုပ်ဆောင်တာ အလွန်အမင်းကောင်းမွန်ခဲ့ပြီး

မျက်ရည်စက်လက်နဲ့ ပြန်လည်ပြောပြနေခဲ့သည်။ သူပြောနေတဲ့အချိန်တွင်

မျက်ရည်စမ်းစမ်းကျအောင် အော်ငိုလိုက်ပြီး ရန်ကိုင်က အဖိုးတန်တဲ့

လက်နက်တစ်ခုကိုသုံးပြီး သူ့တိမ်ဖုံးအကာအကွယ်ရတနာကို ဘယ်လို

ဖျက်စီးခဲ့ကြောင်း ချဲ့ကားပြောဆိုနေခဲ့သည်။ ထို့နောက် ရန်ကိုင်က

သူ့ကိုသတ်ဖို့လုပ်တယ်ဆိုပြီး ထပ်ပြောလိုက်သည်။

ဒီလိုသနားဖွယ်ကောင်းတဲ့အသံနဲ့ သူပြောတာကိုနားထောင်နေတဲ

လူတွေကိုမျက်ရည်ဝဲလာစေခဲ့သည်။ အဖြစ်အပျက်တွေအကုန်လုံးကို

အလွန်အမင်းချဲ့ကားပြီး ပြောဆိုနေခဲ့သည်။ ‘‘မင်းလိမ်နေတာပဲ’’

သူပြောနေတာကိုနားထောင်ရင်း စုမူမခံမရပ်နိုင်ဖြစ်ပြီး အော်လိုက်သည်။

‘‘အမှန်တရားကဒီလိုပေါ့’’ ဝေကျွမ်းက စုမူသတိလစ်နေတာကို အခွင့်ကောင်းယူကာ

အဖြစ်အပျက်တွေကို သူဘက်ကမတရားခံရတဲ့အကြောင်း ပြောင်းလဲပြောဆိုခဲ့သည်။

‘‘မင်းကြီးတော် အမှန်တရား။ မင်းသောက်ပိုတွေ အရမ်းလုပ်လွန်းတယ်’’

‘‘မင်းတို့အားလုံးတိတ်တိတ်နေကြစမ်း’’ အကြီးအကဲချုပ်က ထိုင်ခုံကို

ရိုက်ချလိုက်သည်။ စုမူက သူ့ရှေ့မှာတောင် သူ့မြေးကိုဒီလိုရိုင်းရိုင်းစိုင်းစိုင်း

ဆဲဆိုနေတာကိုသူဘယ်လိုလုပ်ပြီး ငြိမ်ခံနေနိုင်ပါ့မလဲ။ ဒါပေမယ့်

ဒေါသထွက်တာကဒေါသထွက်တာပဲလေ။ သူ့အဆင့်အတန်းနဲ့ လူငယ်တွေကြားက

မကျေနပ်ချက်တွေကို ဘယ်လိုလုပ်ပြီး ဝင်ရှုပ်လို့ကောင်းပါ့မလဲ။

‘‘ဟန့်’’ ဒုတိယအကြီးအကဲကအေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

အကြီးအကဲချုပ်ကမေးလိုက်သည်‘‘နှစ်ဖက်စလုံးက သူတို့အပိုင်းသူတို့

ပြေားပြီသွားကြပြီ။ မင်းတို့အကြီးအကဲတွေဘယ်လိုထင်ကြလဲ’’

သူကဒီလိုပြောနေပေမယ့်လည်း သူ့မျက်လုံးကတော့ ဒုတိယအကြီးအကဲကနေ

တစ်ချက်တောင်မခွာပေ။ သူကဒုတိယအကြီးအကဲ၏အထင်အမြင်ကို

သိချင်နေတာပဲဖြစ်သည်။

စုရွှမ်းဝူကပြောလိုက်သည်‘‘ ငါတို့ဘယ်လိုထင်ရမှာလဲ။ ဒါကအရမ်း

ရှင်းမနေဘူးလား။ လူငယ်တွေကြားက စိန်ခေါ်ယှဉ်ပြိုင်ပွဲက သူတို့ဘာသာ

သူတို့ဖြေရှင်သင့်တာလေ။ ငါတို့အကြီးအကဲတွေက ဘာလို့ဝင်ပါနေရမှာလဲ’’

အကြီးအကဲချုပ်က ဖွဖွလေးရယ်လိုက်ပြီး စတုတ္ထအကြီးအကဲက

ဒုတိယအကြီးအကဲနောက်သွားလိုက်ပြီး‘‘ ဒုတိယအကြီးအကဲ၊

မင်းပြောတာကမမှန်ဘူး။ ဒါကလူငယ်တွေကြားက စိန်ခေါ်ပွဲဖြစ်ပေမယ့်

ရန်ကိုင်ဝင်ပါလို့ဒီလို ရှုပ်ထွေးတဲ့အခြေအနေတွေဖြစ်လာတာလေ’’

‘‘ဘယ်လိုဝင်ပါတာလဲ…လူတိုင်းရှေ့မှာ သူကဝေကျွမ်းကို ပွင့်ပွင့်လင်းလင်း

စိန်ခေါ်ယှဉ်ပြိုင်တာပဲလေ။ ပြီးတော့ စံအိမ်ကစည်းမျဉ်းတစ်ခုမှလည်း

ချိုးဖျက်ခဲ့တာမဟုတ်ဘူးလေ။ ဝေကျွမ်းအစွမ်းအစကနိမ့်နေတဲ့ဟာကို

သူရှုံးတော့မှာ ဘယ်လိုလုပ်ပြီး ရန်ကိုင်ကိုသွားအပြစ်တင်ရမှာလဲ’’

စုရွှမ်းဝူက ဒေါသထွက်သွားခဲ့သည်။ သူ့မြေးကအရှက်ခွဲခံရတဲ့အတွက်

သူကယဉ်ကျေးမနေနိုင်တော့ပေ။

စတုတ္ထအကြီးက ထပ်ပြောလိုက်သည်‘‘ သူသာဝေကျွမ်းကို စိန်ခေါ်ရုံစိန်ခေါ်ပြီး

အနိုင်ယူတယ်ဆိုငါတို့ဘာမှပြောမှမဟုတ်ဘူး။ ဒါပေမယ့်တိုက်ပွဲအတွင်းမှာ

သူကလက်နက်တစ်ခုသုံးပြီး ဝေကျွမ်းရဲ့တိမ်ဖုံးကိုယ်ကြပ်အကျီင်္ကို

ဖျက်စီးသွားခဲ့တာလေ။ စိန်ခေါ်ယှဉ်ပြိုင်နေစဉ်အတွင်း လက်နက်မသုံးရဘူးလို့

စံအိမ်ခေါင်းဆောင်က ပြောထားတယ်လေ။ ရန်ကိုင်ကဒီစည်းမျဉ်းကို

ချိုးဖောက်ခဲ့တာလေ။ ဒါကြောင့်သူကိုသင့်လျော်တဲ့အပြစ်တစ်ခုခု

ပေးသင့်တာပေါ့’’

စုရွှမ်းဝူက ထေ့ငေါ့အော်ရယ်လိုက်ပြီး‘‘ နံပါတ်လေးလူအိုကြီး၊ စံအိမ်

ခေါင်းဆောင်က ဒီလိုစည်းမျဉ်းမျိုးတစ်ခါမှ မချမှတ်ထားခဲ့ပါဘူး။ စံအိမ်

ခေါင်းဆောင် တံခါးပိတ်ကျင့်ကြံနေတဲ့အချိန်မှာ တစ်ယောက်ယောက်က

စည်းမျဉ်းတွေကို တကယ်ပဲပြောင်းလဲရဲတယ်’’´

ထိုစကားကိုကြားလိုက်တာနဲ့့ အကြီးအကဲချုပ်က လှုပ်လှုပ်ရှားရှား

ဖြစ်သွားခဲ့သည်။ ဝေရှီတုန်းကပြောလိုက်သည်‘‘အိုး၊ အဲ့ဒါဆိုရင် ဒုတိယအကြီးအကဲ

ကပဲ စံအိမ်ခေါင်းဆောင်ချမှတ်ထားတဲစည်းမျဉ်းကိုပြောပြပါလား’’

စုရွှမ်းဝူကလှောင်ပြောင်လိုက်ပြီး‘‘ စံအိမ်ခေါင်းဆောင်ပြောခဲ့တာက

စိန်ခေါ်ယှဉ်ပြိုင်ပွဲတွေမှာ တပည့်တွေက လက်နက်တွေ၊ ဆေးလုံးတွေ နဲ့

လျှို့ဝှက်နည်းစနစ်တွေကို အသုံးမပြုရဘူး။ သိုင်းပညာရပ်တွေနဲ့

လက်သီးကိုပဲ အသုံးပြုရမယ်လို့ပြောခဲ့တယ်။ အစ်ကိုကြီး၊

ငါပြောတမှန်တယ်မလား’’

အကြီးအကဲချုပ်၏မျက်နှာထားက တင်းမာသွားခဲ့ပြီး ခေါင်းညိတ်ကာ

ပြောလိုက်သည်‘‘ဒါအမှန်ပဲ’’

Martial Peak

အပိုင်း (၇၅) အကြီးအကဲတွေကြားက အချေအတင်းဆွေးနွေးပွဲ

‘‘အဲ့ဒါမှန်တယ်ဆိုရင်’’ စုရွှမ်းဝူကရယ်လိုက်ပြီး‘‘စုမူနဲ့ဝေကျွမ်းတို့

စိန်ခေါ်တိုက်ခိုက်တုန်းက ဝေကျွမ်းကဘာလို့အကာအကွယ်ရတနာကို

ဝတ်ထားရတာလဲ။ ဒါကကော စည်းကမ်းချိုးဖောက်တာမဟုတ်ဘူးလား။

ငါတို့ဒီကိစ္စကိုဘယ်လိုကိုင်တွယ်သင့်လဲ’’

သူကရန်ကိုင်အကြောင်းအရင်ဆုံးမမေးခဲ့ပေ။ အဲ့အစားက ဝေကျွမ်းကို

မလှုပ်နိုင်အောင် အရင်ဆုံးစည်းမျဥ်းနဲ့ချည်နှောင်ထားလိုက်သည်။

အကြီးအကဲချုပ်ကကြောင်အနေခဲ့ပြီး ဘာပြန်ပြောရမှန်းမသိတော့ပေ။

‘‘ဝေကျွမ်းက စုမူကိုဘာအကူအညီမှမယူပဲ သူ့ကျွမ်းကျင်မှုနဲ့ သူ့ဘာသာသူ

အနိုင်ယူရင် စုမူရှုံးတာငါဘာမှပြောမှာမဟုတ်ဘူး။ ဒါပေမယ့် ဝေကျွမ်းက

အကာအကွယ်ရတနာကိုသုံးပြီး ငါ့မြေးကိုအရှက်ခွဲတာကိုတော့

ငါဘယ်လိုလုပ်ပြီး သည်းခံနေရမှာလဲ’’ စုရွှမ်းဝူက ဒေါသတကြီးအော်

လိုက်ပြီး ထိုင်ခုံလက်မောင်းကို ရိုက်ချလိုက်သည်။ ထိုထိုင်ခုံလက်မောင်းက

တစ်စစီဖြစ်သွားခဲ့သည်။

ဝေရှီတုန်းက သူ့ကိုယ်သူနှိမ့်ချလိုက်ပြီး‘‘ ဒုတိယညီလေး၊ မင်းဒေါသကိုထိန်းပါဦး။

ဝေကျွမ်းကိုအကာအကွယ်ရတနာပေးခဲ့တာငါပါ..သူ့ကိုစိတ်မချလို့ အဲ့ရတနာကို

ငါပေးခဲ့တာပါ။ ဒါပေမယ့် ဝေကျွမ်းက ကလေးတစ်ယောက်ဖြစ်တဲ့အတွက်

ငါပေးတဲ့ရတနာကို အခြားသူတွေကို စိန်ခေါ်ဖိုသုံးခဲ့တယ်။ အဲ့ဒါကသူ့အမှားပါ’’

ထိုအချိန်တွင် ဒေါသတကြီးအော်ဟစ်ကြိမ်းမောင်သံတစ်သံထွက်လာခဲ့သည်

‘‘ဝေကျွမ်း၊ မင်းလုပ်ခဲ့တဲ့အမှားအတွက် မင်းရဲ့စီနီယာအစ်ကိစုကို ဘာလို့

မတောင်းပန်သေးတာလဲ’’

ဝေကျွမ်းကလည်း ငထုံငအတစ်ယောက်မဟုတ်တဲ့အတွက် ချက်ချင်းပဲစုမူ

ရှေ့သွားကာ တောင်းပန်လိုက်သည်‘‘ စီနီယာအစ်ကိုစု၊ ငါလုပ်ခဲ့တဲ့

အမှားတွေအတွက် စီနီယာအစ်ကိုကိုတောင်းပန်ပါတယ်။ စီနီယာအစ်ကိုစု

လိုဂရုဏာကြီးမားတဲ့လူတစ်ယောက် ငါလုပ်ခဲ့တဲ့အမှားတွေကို စိတ်ထဲ

မထားလောက်ဘူးလို့ ငါမျှော်လင့်ပါတယ်’’

‘‘ဟန့်’’

ဒီအခြေအနေထိရောက်လာမှာတော့ စူရွှမ်းဝူလည်း ဘာမှမပြောနိုင်တော့ပေ။

အကြီးအကဲချုပ်ကရှင်းပြလိုက်တယ်‘‘ဝေကျွမ်းမှားခဲ့တယ်။ ဒါပေမယ့် ရန်ကိုင်

လုပ်ခဲ့တဲ့အပြစ်က ပိုကြီးတယ်။ သူ့လက်လက်နက်တစ်ခုနဲ့ ဝေကျွမ်းကို

သတ်ဖို့ခြိမ်းခြောက်ခဲ့တယ်။ စည်းကမ်းထိန်းသိမ်းရေးခန်းမတပည့်တွေ

ကြောင့်သာမဟုတ်ရင် ဝေကျွမ်းအသက်မရှိတော့မှာတောင်ငါကြောက်မိတယ်။

ဒါကြောင့် ကျန်တဲ့တပည့်တွေကို သူ့လိုမဖြစ်အောင် အရင်ဆုံးစံပြအပြစ်ပေးသင့်တယ်’’

စတုတ္ထအကြီးအကဲနှင့် ပဉ္စမအကြီးအကဲတို့ကလည်း ခေါင်းညိတ်လိုက်ကြသည်။

ဒါပေမယ့်ဒုတိယအကြီးအကဲကအေးစက်စက်ရယ်လိုက်ပြီး‘‘ ဝေကျွမ်းက

စည်းကမ်းချိုးဖောက်ခဲ့ပေမယ့် တောင်းပန်လိုက်ရုံနဲ့ပြီးသွားခဲ့တယ်။ ရန်ကိုင်

ကျတော့ စည်းကမ်းချိုးဖောက်တဲ့အတွက် အပြစ်ပေးခံရတယ်။ ဝေကျွမ်းက

မင်းမြေးဖြစ်နေတာကြောင့်လား။ ဒါကြောင့်သူကဒီလိုအခွင့်အရေးရတာလား။

ဒီလိုသာဆိုရင် ငါတို့အကြီးအကဲ ကောင်စီရဲ့ဂုဏ်သတင်းကတော့

သွားပါပြီကွာ’’

ဝေရှီတုန်း၏မျက်နှာက သုန်မှုန်သွားပြီး‘‘ဒုတိယညီလေး၊ မင်းစကားတွေက

တော်တော်လေးထက်ရှတာပဲ။ ရန်ကိုင်ကျူးလွန်ခဲ့တဲ့အပြစ်နဲ့ဝေကျွမ်းလုပ်ခဲ့တဲ့

အပြစ်ကမတူဘူးလေ။ ဝေကျွမ်းကအကာအကွယ်ရတနာဝတ်ရုံပဲလေ။

အဲ့အကာအကွယ်ရတနာကလည်း အခြားသူတွေကို ထိမှမထိခိုက်စေတာ။

ဒါပေမယ့်ရန်ကိုင်က လူသတ်ဖို့လက်နက်သုံးခဲ့တာလေ။ သူနောက်ပိုင်း

မသုံးနိင်ဘူးလို့ဘယ်သူမှမပြောနိုင်ဘူးလေ။ ဒါကြောင့် ဒုတိယညီလေး၊

မင်းခြားနားမှုကိုမြင်သင့်တယ်’’

စုရွှမ်းဝူကပြန်ပြောလိုက်သည်‘‘ ငါမေးပါရစေဦးပထမအစ်ကိုကြီး၊

ရန်ကိုင်သုံးခဲ့တာက လက်နက်တစ်ခုသုံးတာကို မြင်တယ်လို့

ဘယ်သူပြောတာလဲ။ အဲ့လက်နက်သာတကယ်ရှိရင် စည်းကမ်းထိန်းသိမ်းရေး

ခန်းမတပည့်တွေက ဘာလို့အဲ့လက်နက်ကိုရန်ကိုင်ကိုယ်ပေါ်မှာ

ရှာလို့မတွေ့တာလဲ။ စတုတ္ထလူအိုကြီး၊ မင်းရဲ့စည်းကမ်ထိန်းသိမ်းရေးခန်မ

တပည့်တွေ ရန်ကိုင်ကိုယ်ပေါ်မှာ လက်နက်တစ်ခုရှာတွေ့တယ်လို့

တင်ပြလို့လား’’

စည်းကမ်းထိန်းသိမ်းရေးခန်းမ စတုတ္ထအကြီးအကဲ ကျိုးဖေး၏ထိန်းချုပ်မှု

အောက်မှာဖြစ်လေသည်။ သူ့မေးခံလိုက်ရတဲ့အချိန်မှာတော့

ခေါင်းသာခါလိုက်ပြီး ပြောလိုက်သည်‘‘သူ့ကိုယ်ပေါ်မှာရှာမတွေ့ပေမယ့်လည်း

ရန်ကိုင်က သွေးနီရောင်ဓားသွားတစ်ခုကိုင်ထားတာကို စည်ကမ်းထိန်းသိမ်းရေး

တပည့်တွေအကုန်လုံးတွေ့လိုက်တယ်။ ဒါကငြင်းပယ်မရတဲ့အမှန်တရားပဲ’’

စုရွှမ်းဝူကအေးစက်စက်ရယ်လိုက်ပြီး သူ့ချီစွမ်းအင်ကိုသုံးကာ ဓါးတစ်ချောင်း

ဖန်တီးလိုက်လေသည်။ တစ်ခဏအတွင်းဖန်တီးလိုက်နိုင်သော်လည်း

ထိုဓါး၏စွမ်းအင်က အလွန်ပြင်းထန်ပြီး မြင့်မြတ်မှုတွေနဲ့ ပြည့်နေခဲ့သည်။

‘‘ဒီလိုသာဆိုရင် ငါကောလက်နက်တစ်ခုပိုင်ဆိုင်တယ်လို့ ပြောလို့မရဘူးလား’’

စုရွှမ်းဝူက သူ့ရှေ့မှာရှိနေတဲ့အကြီးအကဲသုံးယောက်ကိုကြည့်ရင်း

လှောင်ပြောင်ရယ်လိုက်သည်။

‘‘ဒါက ယွမ်ချီကိုကျွမ်းကျွမ်းကျင်ကျင်အသုံးပြုတာလေ။ ဘယ်လိုလုပ်ပြီး

လက်နက်လို့သတ်မှတ်လို့ရမှာလဲ’’ပဉ္စမအကြီးအကဲယဇီဇီက ခေါင်းခါရင်း

ပြောလိုက်သည်။

‘‘ဒုတိယအကြီးအကဲဆိုလိုတာက စဦးဒြပ်စင်အဆင့်၃မှာပဲရှိသေးတဲ့

ရန်ကိုင်ကသူ့ယွမ်ချီကိုဒီအတိုင်းအတာထိတောင် အသုံးချနိုင်တယ်ပေါ့’’

စတုတ္ထအကြီးအကဲ ကျိုးဖေးက စုရွှမ်းဝူကိုကြည့်ရင်းလှောင်ပြုံးပြုံးလိုက်သည်။

ထိုစကားလုံးတွေကတကယ့်ဟာသပင်ဖြစ်သည်။ ဘာကြောင့်လဲဆိုတော့

အစစ်အမှန်ဒြပ်စင်အဆင့်ရောက်မှသာ ယွမ်ချီကိုသိပ်သည်းနိုင်သော

ကြောင့်ဖြစ်သည်။ ဒါပေမယ့်ရန်ကိုင်ကစဦးဒြပ်စင်အဆင့်မှာသာရှိသေးပြီး

ဒီလောက်တောင် အဆင့်ကြီးသုံးဆင့်ကွာခြားနေတာကို သူကချီကို

သိပ်သည်းနိုင်တယ်ဆိုတာ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။

All Chapters