← Chapters

အခန်း (၃၅၁)

Vol. 24 Ch. 351

အခန်း (၃၅၁)

Vol. 24 Ch. 351

“လောကအသီးသီးမှာ ပါရမီရှင် အများကြီး ရှိတယ်လေ။ တစ်ဦးတစ်ယောက်ချင်း ထူးချွန်တဲ့ စွမ်းအားမြင့် ကျင့်ကြံသူတွေက အသီးသီး ပေါ်ပေါက်လာခဲ့ကြတယ်။ လက်ရှိ ကြည့်ရမယ်ဆိုရင် ရေကန်ငယ်လေးထဲမှာတောင် အစစ်အမှန် နဂါးတွေ ပေါ်ပေါက်လာနိုင်တာပဲ”

ရန်ကျန့်သည် ခန္ဓာကိုယ်ကို အသာလှည့်လိုက်၏။ ၎င်း၏ အမူအရာ တစ်ခုလုံးသည် လေးနက်လာခဲ့၏။ သူသည် လေဟာနယ်ကို မော့ကြည့်ကာ ဆက်ပြောလိုက်၏။ “ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲကို ကိုယ်တိုင် ကိုယ်ကျသွား၊ ပြီးတော့ မြေအင်မော်တယ်လောကနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဝယ်ယူနိုင်မလားဆိုတာ ကြည့်ရအောင်”

“နတ်သားတော်... အခု တည်နေရာလမ်းကြောင်း အကြောင်း ပြောချင်နေတာလား” သက်လတ်ပိုင်းအရွယ် ကွာစီအင်ပါယာက တီးတိုးမေးမြန်းလိုက်သည်။

“အတိအကျပဲ” ရန်ကျန့်က ခေါင်းညိတ်လိုက်၏။ ဤနေရာတွင် ရည်ရွယ်ချက် ကင်းမဲ့စွာဖြင့် စောင့်နေခြင်း သည် မည်သူ့ကိုမှ ကောင်းကျိုးပေးလိမ့်မည် မဟုတ်ချေ။ အချိန်ကြာလာသည်နှင့် တပြိုင်နက် ခရမ်းရောင်နက်နဲ လောကနှင့် ကောင်းကင်မူလလောကထဲတွင် ရှိနေသည့် သက်ရှိသတ္တဝါများ၏ မြေအင်မော်တယ် လောကမှ ရောက်ရှိလာသည့် လူများအပေါ် ကြမ်းတမ်းမှုသည် တဖြည်းဖြည်း တိုးတက်လာခဲ့၏။

ထို့အပြင် မြေအင်မော်တယ်လောကမှ ရောက်ရှိလာပြီး ပြန်မရသေးသူ အများစုသည် နောက်ခံဟူ၍ များများစားစား မရှိချေ။ သို့ပေမဲ့ ကျောက်စိမ်းလေဟာနယ်နန်းတော်မှာတော့ ကွာစီအင်ပါယာအဆင့် ကျင့်ကြံသူတစ်ယောက်ကို စေလွှတ်ကာ နတ်သားတော်အား စောင့်ရှောက်ခြင်းမျိုးကို ပြုလုပ်ထားနိုင်၏။ ထိုသို့ဆိုလျှင်တောင်မှ အခြေအနေသည် ကောင်းမွန်သည့်ဘက်တွင် မရှိချေ။

လူများအားလုံး ပူးပေါင်းကာ တိုက်ခိုက်မည်ဆိုပါက ၎င်းတို့၌ ရှိနေသည့် တန်ဖိုးကြီးအရာ အားလုံးပင်လျှင် ပါသွားမှာ သေချာ၏။ အချိန်အတိုင်းတိုအတွင်း မြေအင်မော်တယ်လောကမှ ရောက်ရှိလာသည့် အင်အားစုများသည် မိမိ၏ အခြေအနေ၊ မိမိ၏ လုပ်ချင်စိတ်၊ မိမိ၏ ဖြစ်ချင်စိတ်များ အားလုံးကို ထိန်းသိမ်းထားမှ ဖြစ်ပေလိမ့်မည်။

သို့ပေမဲ့ မြေအင်မော်တယ်လောကနှင့် ဤလောကကြီး၏ကြား တည်နေရာလမ်းကြောင်းသာ ပြန်ပွင့်သွားပါက ကျိန်းသေပေါက် သူတို့အတွက် ကောင်းမွန်သည့်အရာ ဖြစ်ပေလိမ့်မည်။ အစစ်အမှန် အင်မော်တယ်တစ်ယောက်၏ အတွေးအမြင်ကို ကိုင်ဆောင်ထားသော ရန်ကျန့်သည် ရွှေများကို ကိုင်ဆောင်ထားခဲ့သည့် ကလေးတစ်ယောက် ကဲ့သို့ပင်။ အားလုံးသော သူတို့ လုယက်သွားမှာ စိုးရိမ်စရာပင်။

အစစ်အမှန် အင်မော်တယ်ပင်လျှင် လိုချင်သည့် ရတနာတစ်ခုကို ကိုင်ဆောင်ထားသည် ဖြစ်သောကြောင့် အန္တရာယ် များလွန်းလှ၏။ သူသည် အင်မော်တယ်တစ်ယောက်ဖြစ်ရန် လုံလောက်သည့် ပါရမီကို ပိုင်ဆိုင်ခဲ့သည် ဆိုသော်လည်း လက်ရှိ အခြေအနေမှာတော့ လုံခြုံမှု ကင်းမဲ့လာခဲ့၏။ အစစ်အမှန် အင်မော်တယ် တစ်ယောက် ပေါ်ပေါက်လာခဲ့ပြီး သူ့ကို ကူညီကယ်တင်ခဲ့မှသာလျှင် သက်တောင့်သက်သာ နေထိုင်နိုင်စွမ်း ရှိပေလိမ့်မည်။

“ကောင်းကင်မူလလောကကြီးရဲ့ သမိုင်းမှာ အင်ပါယာတွေ ပေါ်ပေါက်လာတာ ရှိတယ်ဆိုပေမဲ့ တကယ်တမ်း အင်ပါယာအဆင့်ကို တက်လှမ်းနိုင်တဲ့လူကတော့ အနည်းငယ်ပဲ ရှိတယ်လေ။ အလားအလာ ရှိတယ်ဆိုတာ အားအင်အဆင့်နဲ့ ထပ်တူကျတာမျိုး မဟုတ်ဘူး။ လုံလောက်တဲ့ လမ်းစဉ်ကို မလျှောက်လှမ်းနိုင်ခဲ့ဘူးဆိုရင် သေဆုံး သွားခဲ့ကြမှာပဲလေ။ အင်မော်တယ်လမ်းစဉ်ကို လျှောက်လှမ်းကြတဲ့ လူပေါင်းများစွာတို့က အင်မော်တယ် ဖြစ်လာခဲ့တာ မဟုတ်ဘူး။ ဒါက သဘာဝပဲ” ရန်ကျန့်က ပြောဆိုလိုက်၏။ သူ၏ အမူအရာသည် အေးစက်လျက် ရှိနေ၏။

“နတ်သားတော်... ကျုပ်တို့”

သက်လတ်ပိုင်းအရွယ် ကွာစီအင်ပါယာသည် ဇဝေဇဝါ အမူအရာဖြင့် လှမ်းကာ ကြည့်ရှုနေ၏။ သူ၏အသံသည် ခြောက်ကပ်လျက် ရှိနေလေ၏။ “ကျုပ်တို့ဆီမှာ အရင်းအမြစ်တွေ များများစားစား မရှိတော့ဘူး။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆီက အစစ်အမှန်အင်မော်တယ်ရဲ့ အတွေးအမြင်တွေ ဘယ်နေရာမှာ ရှိတယ်ဆိုတာကို စုံစမ်းပြီးတဲ့နောက်မှာ ရှိသမျှ အရာအားလုံးက ကုန်ခမ်းလုမတတ်ပဲ”

“နန်းဆောင်သခင်ဆီကနေ တည်နေရာလမ်းကြောင်း အကြောင်း သွားမေးမယ်ဆိုရင် ကျုပ်တို့ ပေးနိုင်စွမ်း အထက်မှာ ရှိနေနိုင်တယ်” သူသည် တွန့်ဆုတ်၊ တွန့်ဆုတ်ဖြင့် ဆက်လက်ကာ ပြောဆိုလိုက်သည်။

“ကျုပ်တို့က တည်နေရာတစ်ခုပဲ လိုတာလေ။ မြေအင်မော်တယ်လောကနဲ့ ခရမ်းရောင်နက်နဲလောကကြီးက ဘယ်နေရာမှာ ချိတ်ဆက်လာမလဲဆိုတဲ့ အချိန်အတိအကျကိုပဲ သိချင်တာ” ရန်ကျန့်သည်‌ လေးလေးနက်နက် ပြောလိုက်၏။

သက်လတ်ပိုင်းအရွယ် ကွာစီအင်ပါယာ ပြန်လည်ကာ မတုံ့ပြန်နိုင်သေးခင်မှာပဲ ရန်ကျန့်က ဆက်လက်ကာ ပြောလိုက်သည်။ “ကျုပ်တို့ဆီမှာ အရင်းအမြစ်တွေ လိုအပ်နေတယ် ဆိုပေမဲ့ ကျုပ်တို့ ကျောက်စိမ်းလေဟာနယ် နန်းတော်ထဲမှာ ရေတွက်လို့မရအောင် များပြားတဲ့ ကျင့်ကြံခြင်း နည်းစနစ်တွေ ရှိတယ်။ ဒါတွေက တန်ဖိုး ထိုက်တန်တဲ့ အရာတွေပဲ”

“ဘာ”

သက်လတ်ပိုင်းအရွယ် ကွာစီအင်ပါယာ၏ အမူအရာက ပြောင်းလဲသွားခဲ့၏။ ကျင့်ကြံခြင်း နည်းစနစ်များကို လဲလှယ်မည်ဆိုသည့်အရာသည် တကယ်ပင် ဘောင်ကျော်လွန်းလှ၏။ အနည်းဆုံး အနေနှင့် သိုင်းပညာ နည်းစနစ်များ ပေါက်ကြားသွားခဲ့ခြင်း ဆိုသည်မှာ ဂိုဏ်းကို သစ္စာဖောက်ခြင်းနှင့် ဆင်တူနေသည် မဟုတ်ပါလား။ ဂျူနီယာတစ်ယောက်အနေဖြင့် ဂိုဏ်း၏ ကျင့်ကြံခြင်း နည်းစနစ်များကို အပြင်လူများနှင့် လဲလှယ်ဖို့ ဆိုသည်မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် လူတစ်ယောက် မဟုတ်ချေ။

ယခင်တုန်းက ခရမ်းရောင်နက်နဲလောကဆီမှ လူသားများဆီသို့ ကျင့်ကြံခြင်းနည်းစနစ်များကို ပေးအပ်ခြင်း သည်ပင်လျှင် အန္တရာယ်ရှိနေပြီဖြစ်၏။ ယခု ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆီသို့ ကျင့်ကြံခြင်း နည်းစနစ် များကို ပေးအပ်ရန် ပြောဆိုနေခြင်း ဆိုသည်မှာ ကျောက်စိမ်းလေဟာနယ်နန်းတော်ဆီသို့ ပြန်သွားသည်ဆိုပါက ကျိန်းသေပေါက် ကြီးမားသည့် ပြစ်ဒဏ်ကို ကျမှတ်ခံရမည့် အရာမျိုး ဖြစ်သည်။

“စိတ်ပူမနေပါနဲ့”

ရန်ကျန့်သည် လက်ကို ယမ်းခါကာဖြင့် ပြောလိုက်၏။ “ကျောက်စိမ်းလေဟာနယ်နန်းတော် ထဲမှာ ဘယ်သူမှ သိလို့မရတဲ့ တကယ့် အတွင်းစည်း နည်းစနစ်တွေက အနည်းငယ်ပဲရှိတယ်။ တခြား ကျင့်ကြံခြင်း နည်းစနစ်တွေက ပေးလိုက်လို့လည်း ဘာမှဖြစ်တာ မဟုတ်ဘူး”

“ကောင်းပါပြီ”

သက်လတ်ပိုင်းအရွယ် ကွာစီအင်ပါယာသည် ဦးကိုညွတ်ကာ ပြောလိုက်၏။ နတ်သားတော်၏ စကားဖြစ်သည်မို့ သူ့အနေနှင့် များများစားစား ထပ်မံကာ ငြင်းခုံနေစရာ မလိုချေ။ ကျောက်စိမ်းလေဟာနယ် နန်းတော်ဆီမှ အပြစ်ပေးမည်ဆိုပါက နတ်သားတော်ကိုသာ ပေးအပ်ပေလိမ့်မည်။

ထို့အပြင် မျိုးဆက်သုံးခု၏ ပထမဆုံးတပည့်ဖြစ်သော နတ်သားတော်၏ ဂုဏ်သိက္ခာဆိုသည်မှာ ကြီးမားလွန်း လှ၏။ သူကဲ့သို့သော ကွာစီအင်ပါယာအဆင့် အဘိုးကြီး တစ်ယောက်သည် အလားအလာ ကုန်ခမ်းနေပြီဖြစ်၏။ အစစ်အမှန် အင်မော်တယ် ဖြစ်လာနိုင်သည့် အလားအလာရှိသော တပည့်တစ်ယောက်နှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် သူ၏တန်ဖိုးသည် ဘာမှ မဟုတ်ချေ။ အခွင့်အာဏာအရဆိုလျှင် တစ်ဖက်လူ၏ စကားသည် ကျောက်စိမ်း လေဟာနယ်နန်းတော် တစ်ခုလုံးကို သက်ရောက်လျက် ရှိနေ၏။

“ဒါဆိုလည်း သွားတော့” ရန်ကျန့်သည် လက်ကို ယမ်းခါလိုက်၏။ ထပ်မံကာ မပြောတော့ချေ။

“ဒါဆိုလည်း သွားလိုက်ပါအုံးမယ်” သက်လတ်ပိုင်းအရွယ် ကွာစီအင်ပါယာသည် ဦးကိုညွတ်ကာဖြင့် ဖြည်းဖြည်းချင်း နောက်ဆုတ်သွားသည်။

..........

ကောင်းကင်မူလလောကကြီး၏ တော်ဝင်သဲကန္တာရမြို့အတွင်း ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အရှေ့မှာတော့ ကျွင်းကျီရိသည် နန်းဆောင်ထဲမှ လျှောက်ထွက်လာခဲ့ပြီးသည့်နောက် ရထားလုံးထဲသို့ဝင်ကာ ကြည့်ကောင်းလှစွာ ထွက်ခွာသွားခဲ့၏။

သူမ မထွက်ခွာသေးခင်တွင် တောင်ပံဆယ်စုံ တည်ရှိပြီး ဆန်းကြယ်လှသည့် ပုံပန်းသွင်ပြင်နှင့် လူတစ်ယောက်သည် တော်ဝင်သဲကန္တာရမြို့ဆီသို့ ရောက်ရှိလာခဲ့လေ၏။ ၎င်းသည် ရပ်တန့်ပြီးသည့်နောက် ကျောက်တိုင်ပေါ်တွင် ရှိနေသည့် စာရင်းကို လှမ်းကာ ကြည့်ရှုလိုက်သည်။

“အင်ပါယာ ဆက်ခံသူစာရင်း ဟုတ်လား”

ထာဝရမြို့၏ ကာကွယ်စောင့်ရှောက်သူတစ်ယောက်ဖြစ်သည့် ဟုန်ရွှမ်သည် တခြားသောစာရင်းများကို စိတ်မဝင်စားလှချေ။ သူသည် အင်ပါယာဆက်ခံသူစာရင်းကို စိတ်ဝင်စားမိနေ၏။

“ကံဆိုးတာက ထာဝရမြို့မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်လောက်က အင်ပါယာ ဖြစ်ခဲ့လူ တစ်ယောက်တည်း ရှိတယ်။ မဟုတ်ရင် အင်ပါယာဆက်ဆံသူစာရင်းထဲမှာ အများကြီး ရှိနေမှာပဲ” ဟုန်ရွှမ်၏ အကြည့်သည် စာရင်း တစ်ခုချင်းစီတိုင်းကို လှမ်းကာ ကြည့်ရှု၏။ နိရယ အင်ပါယာဆိုသည့် စာလုံးကို မြင်ရသည့်အချိန်မှာတော့ ချက်ချင်းပဲ သေချာစူးစိုက်ကြည့်မိသွား၏။ စာရင်းထဲတွင် နိရယ အင်ပါယာဆိုသည့် လူတစ်ယောက်ကသည်သာ သူ၏ အာရုံကို ဆွဲဆောင်နိုင်စွမ်း ရှိနေသည်။

“တကယ့်ကို အားနည်းတဲ့ လောကကြီးပဲ” ဟုန်ရွှမ်သည် ခေါင်းကို အသာခါယမ်းလိုက်၏။ ပြီးနောက် ခန္ဓာကိုယ်ကို လှည့်ကာဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ လှမ်းလျှောက်လိုက်၏။ ထာဝရမြို့၏ မျက်လုံးထဲတွင် ကောင်းကင်မူလလောက၊ ခရမ်းရောင်နက်နဲ လောကကြီးတို့သည် လောကသေးသေးလေးများထက် ဘာမှ မပိုလှချေ။

မြေအင်မော်တယ်လောကထဲတွင် ရှိနေသည့် သက်ရှိသတ္တဝါ တစ်ယောက်ကပင်လျှင် ဤလောကကြီးနှစ်ခုကို ငုံ့မိုးကာ ကြည့်ရှုခဲ့ကြသည် မဟုတ်ပါလား။ ထာဝရမြို့ တည်ရှိခဲ့သည် မူလလောကကြီးသည် တကယ်ပင် အဆင့်အတန်း မြင့်မားလှသည်။ အစစ်အမှန် အင်မော်တယ်ဆိုသည်မှာ အလယ်အလတ်အဆင့်သာ သုံးသပ်၍ ရနိုင်သည့် အရာမျိုးပင်။ ထိပ်တန်းစွမ်းအားမြင့် ကျင့်ကြံသူများသည် အချိန်ကာလကို ပြောင်းပြန်လှည့်ကာဖြင့် အတွေး တစ်ချက်တည်းနှင့်တင် အချိန်ခရီးသွားနိုင်စွမ်း ရှိနေ၏။ ထိုကဲ့သို့သော လူမျိုးသည် အရာအားလုံးကို ဖန်တီးနိုင်စွမ်း ရှိသည့် လူများပင်ဖြစ်၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်ရောက်ပြီးသည့်နောက် ဟုန်ရွှမ်သည် ထိုင်ခုံတွင် ထိုင်လျက် ရှိနေသည့် လီယွင်ကို မြင်လိုက်သည်။ “ဂျူနီယာဟုန်ရွှမ် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို ဂါရဝပြုပါတယ်”

ဟုန်ရွှမ်သည် လေးလေးနက်နက်ဖြင့် ဦးညွတ်လိုက်၏။

“ထာဝရမြို့ရဲ့ ကာကွယ်စောင့်ရှောက်သူလား” အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လီယွင်၏ ဆံနွယ်ရှည် များသည် အနောက်ဘက်သို့ တွဲကျလျက် ရှိနေ၏။ ၎င်း၏ အသားအရေသည် ကျောက်စိမ်းကဲ့သို့ပင် လှပလျက် ရှိနေပြီး တော်ဝင်တာအို၏ အော်ရာများ ထုတ်ဖော်လျက် ရှိနေ၏။ သိသာထင်ရှားလှသည် မဟုတ်သော်လည်း ၎င်း၏ ခန္ဓာကိုယ်အား ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးတွင် ရှိနေသည့် နိယာမများက လွှမ်းခြုံထားသကဲ့သို့ပင်။ လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းသည် တော်ဝင်လမ်း၏ အရိပ်အယောင်များ ထွက်ပေါ်နေသည်။

“အင်း.. ယဉ်ကျေးစရာ မလိုပါဘူး။ ကျေးဇူးပြုပြီး ထိုင်ပါအုံး” လီယွင်သည် လက်ကို အသာမြှောက်လိုက်၏။ လေပြည်ညှင်းများ တိုက်ခတ်လာခဲ့ပြီးသည့်နောက် ဟုန်ရွှမ်၏ အရှေ့တွင် ထိုင်ခုံတစ်ခုက‌ ပေါ်ပေါက်လာခဲ့၏။

“ကျေးဇူးပါပဲ စီနီယာ” ဟုန်ရွှမ်သည် နောက်ထပ် လေးစားမှုကို ထပ်မံပြသပြီးသည့်နောက် ထိုင်ခုံပေါ်တွင် သေသေချာချာ ထိုင်လိုက်၏။ အစောပိုင်းက လီယွင်သည် ထုံးတမ်းစဉ်လာ ယဉ်ကျေးနေစရာ မလိုဟု ပြောဆိုခဲ့သည် ဆိုသော်လည်း သူ့အနေနှင့် သတိအပြည့် ထားရမည်။ ခန့်မှန်း၍ မရအောင် အားကောင်း လှသည့် ကျင့်ကြံသူတစ်ယောက်ကို မြင်ရသည့်အချိန်မှာတော့ တစ်ဖက်လူ၏ အတွေးကို သူခန့်မှန်း၍ မရနိုင်ခဲ့ချေ။

နန်းဆောင်သခင်သည် မည်ကဲ့သို့သော စိတ်နေစိတ်ထား ရှိသည်ကို မည်သူကမှ မသိရှိချေ။ အပြင်ပိုင်းတွင် ဖော်ရွေလျက် ရှိနေသည်ဆိုလျှင်တောင်မှ အထဲတွင် သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် ပြည့်နှက်နေလျှင် မည်သို့ ပြုလုပ်ရမည်နည်း။ လေးစားမှုကို ပြသခြင်းကသာလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ နန်းဆောင်သခင်သည်သာ စိတ်ကျေနပ်သည် ဆိုပါက သူတို့၏ ထာဝရမြို့ကြီး၏ မူလလောကကြီးဆီသို့ ပြန်မည့် ခရီးစဉ်သည် အဆင်ပြေ ချောမွေ့သွားမှာ သေချာသည်။။

All Chapters