အခန်း (၃၅၂)
Vol. 24 Ch. 352
ဟုန်ရွှမ် ထိုင်ချလိုက်ပြီးသည့်နောက် လီယွင်သည် ရေနွေးခွက် ကိုကောက်ယူကာဖြင့် အသာမော့ လိုက်၏။ ပြီးနောက် ဟန်ကျပန်ကျဖြင့် ပြောလိုက်၏။ “ထာဝရမြို့က မူလလောကကို ပြန်ဖို့ အလျင်လိုနေပြီလား”
“အင်း”
ဟုန်ရွှမ်သည် လက်ကိုပွတ်သပ်လိုက်၏။ သူ၏မျက်နှာထက်တွင် ရှက်ရွံသည့် အပြုံးတစ်ခုက ဖြစ်တည်လာခဲ့၏။ အမှန်တရားကို ပြောဆိုရမည်ဆိုလျှင် မူလလောကကြီးသည် မည်ကဲ့သို့သော ပုံပန်းသွင်ပြင်မျိုး ရှိသည်ကိုသူပင် မသိရှိချေ။
မွေးဖွားလာစဉ်ကတည်းက သူ၏ဆရာသည် ထာဝရမြို့၏ မြို့တော်ဝန် တစ်ယောက် ဖြစ်ခဲ့၏။ ထာဝရမြို့တစ်ခုလုံး၌ အရင်လောကနှင့်ပတ်သက်သည့် မှတ်ဉာဏ်များကို ပိုင်ဆိုင်သူသည် မြို့တော်ဝန် တစ်ယောက်တည်းသာလျှင်ရှိ၏။ မြို့၏ ကာကွယ်စောင့်ရှောက်သူဖြစ်သော ဟုန်ရွှမ် သည် မြို့တော်ဝန်၏ စိတ်ခံစားချက်အတိုင်း လိုက်ပါပြုမူ ဆောင်ရွက်ပေးရသူသာလျှင် ဖြစ်သည်။ မြို့တော်ဝန် ပြန်ချင်သည်ဆိုပါက သူသည်လည်း ကျိန်းသေပေါက် ပြန်ရပေလိမ့်မည်။
“စိုးရွံ့နေဖို့မလိုပါဘူး။ ကျုပ်က ဒီလိုပဲ ပြောလိုက်တာပါ” လီယွင်က အသာပြောလိုက်၏။
ဟုန်ရွှမ်သည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်၏။ နန်းဆောင်သခင်အနေနှင့် မလျော်ညီသည့် ကိစ္စရပ်များကို ပြုလုပ်မလားဟု သူကပူပန်နေမိ၏။ ထာဝရမြို သူ၏မူလလောကဆီသို့ ပြန်ခြင်းကို တားဆီးခြင်းမျိုး ဖြစ်လာနိုင်သည်။
နန်းဆောင်သခင်သည်သာ ထွက်ခွာသွားရန် ခွင့်မပြုသည် ဆိုပါက သူ၏ ကိုယ်ပိုင်အားအင်အဆင့်နှင့် အားကိုးရမည်ဆိုပါက သူတို့၏ ဘဝတစ်ခုလုံး ကောင်းကင်မူလလောကကြီးထဲတွင် အရိုးဆွေးသွားပေ လိမ့်မည်။ ပြန်ပင် ပြန်ခွင့်ရလိမ့်မည်မဟုတ်ချေ။ စောစောပိုင်းတည်းက ပြန်လို့ရနေသည် ဆိုပါက သူတို့ အစောကြီးတည်းက ပြန်နှင့်ပြီးဖြစ်နေပေလိမ့်မည်။ ယခုကဲ့သို့ အချိန်ကြာမြင့်စွာ ကြိုးစားနေရလိမ့်မည် မဟုတ်ချေ။
“ကျေးဇူးပြုပြီး စီနီယာ... ထာဝရမြို့ထဲမှာ ရှိနေတဲ့ သက်ရှိပေါင်းများစွာတို့ရဲ့ နှလုံးသားထဲမှာရှိနေတဲ့ စိတ်အား တက်ကြွမှုတွေကို ကူညီစောင်မပေးတဲ့အနေနဲ့ အကြံဉာဏ်လေးများရှိတယ်ဆိုရင် ကျုပ်တို့ကို လွတ်လွတ်လပ်လပ် ပြောပြပေးပါအုံး” ဟုန်ရွှမ်က တောင်းဆိုလိုက်၏။
သူသည် ကြီးကျယ်မြင့်မြတ်လွန်းလှသည့် စွမ်းအင်များကို ထုတ်ဖော်လျက်ရှိနေသည့် နတ်ဘုရားဆေးလုံး တစ်လုံးကို ထုတ်ယူလိုက်၏။ ထိုဆေးလုံးဆီမှ တောက်ပသည့် အလင်းတန်းများ ထွက်ပေါ်လျက် ရှိနေပြီး အားလုံးသော သူတို့ကို လိုချင်စိတ်ရှိစေသည့် ဆေးလုံးမျိုးပင်။ အဘယ့်ကြောင့်ဆိုသော် အင်ပါယာအဆင့် ဆေးလုံးဖြစ်သောကြောင့်ပင်။
ထိုအရာကို ဖန်တီးပြုလုပ်ဖို့ဆိုသည်မှာ အလွန်တရာ ခက်ခဲလှချေ၏။ သို့သော်ငြား ထာဝရမြို့ထဲတွင်တော့ အများအပြား ရှိ၏။ ထာဝရမြို့၏ အတွင်းဘက်တွင် အင်ပါယာ တစ်ယောက်ဖြစ်လာရန် နည်းလမ်း များသည်ပင်လျှင် ပေါကြွယ်စွာရှိနေ၏။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏အခြေခံသည် ကောင်းကင် မူလလောကကြီးနှင့် ကွာခြားလျက်ရှိနေသောကြောင့်ပင်။ အင်ပါယာအဆင့် ဆေးလုံးတစ်ခုကို အမှတ်မထင် ထုတ်ယူပြီးနောက် ဟုန်ရွှမ်သည် လီယွင်ကို မျှော်လင့်တကြီးဖြင့် လှမ်းကာကြည့်ရှုမိ၏။
အင်ပါယာအဆင့်ဆေးလုံးသည် တန်ဖိုးကြီးမားလှသည် ဖြစ်သောကြောင့် တစ်ခုခုနှင့် နှိုင်းယှဉ်၍ရနိုင်မှာ သေချာ၏။ ကောင်းကင်မူလလောကကြီးထဲတွင် ၎င်းနှင့် နှိုင်းယှဉ်၍ရနိုင်သည့် တန်ဖိုး ဆိုသည်မှာပင် ရှားပါး ပေလိမ့်မည်။ သို့သော်ငြား ၎င်းတို့၏ မူလလောကကြီးဖြင့် နှိုင်းယှဉ်ရမည်ဆိုလျှင်တော့ ကွာခြားချက်မှာ အလွန်ကြီးမားလျက် ရှိနေတုန်းပင်။
ရရှိနိုင်သည့်လမ်းစဉ်၏ တန်ကြေးသည် နန်းဆောင်သခင်၏ စကားလုံးများပေါ်တွင် မူတည်နေသည် မဟုတ်ပါလား။
“အင်ပါယာအဆင့်ဆေးလုံး”
လီယွင်သည် ဆေးလုံးကို အသာကောက်ယူပြီးသည့်နောက် သေချာစစ်ဆေးကာ ပြောလိုက်၏။ “တန်ဖိုးက မလုံလောက်သေးဘူး။ ဒါပေမဲ့ ကျုပ်ခင်ဗျားကို တစ်ခုပြောပြမယ်”
“ကျေးဇူးပြုပြီး ပြောပြပါအုံး စီနီယာ” ဟုန်ရွှမ်က မြန်မြန်ဆန်ဆန် တုံ့ပြန်လိုက်၏။ ပထမစကားကို ကြားရသည့် အချိန်မှာတော့ သူသည် စိတ်ပျက်မိသလို ခံစားမိ၏။ သို့ပေမဲ့ နောက်စကားကို ကြားရသည့် အချိန်မှာတော့ သူသည် တကယ်ပင် စိတ်လှုပ်ရှားသွားမိသည်။
ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ သတင်းအချက်အလက်များသည် တကယ့်ကို တန်ဖိုးကြီးမားပြီးသား ဖြစ်၏။ အင်ပါယာဖြစ်လာကာစ မုန့်ရှင်းကျီသည် ဥပမာတစ်ခု အနေနှင့်ပင်။ မဟုတ်ပါက ထိုကဲ့သို့သော လူအနေနှင့် သူ့ကို မည်ကဲ့သို့ အစီအစဉ်ချမှတ်ကာ ပြုမူတိုက်ခိုက်သွားနိုင်မည်နည်း။ ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီမှ သတင်းအချက်အလက်သည်သာ မရှိသည်ဆိုပါက မုန့်ရှင်းကျီ ဆိုသည်မှာ ဘာမှ ဟုတ်လိမ့်မည် မဟုတ်ချေ။
“အရမ်းကြီး စိတ်မလှုပ်ရှားနဲ့အုံး”
လီယွင်သည် ဟုန်ရွှမ်ကို လှမ်းကြည့်ကာဖြင့် တည်ငြိမ်စွာပြောလိုက်၏။ “ကျုပ်ပြောမဲ့ဟာက ခင်ဗျားကြားချင်တဲ့ သတင်းအချက်အလက်တော့ မဟုတ်ဘူး”
“ဟမ်”
ဟုန်ရွှမ်၏ အမူအယာက အေးခဲသွားခဲ့၏။ သူသည် လက်သီးကို အသာဆုပ်ကာ ပြောလိုက်သည်။ “ကျေးဇူးပြုပြီး စီနီယာ ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်ပါ။”
“ကြည့်ရတာ ထာဝရမြို့က ပြန်လို့မရနိုင်တော့ဘူးနဲ့ တူတယ်” လီယွင်သည် ရေနွေးခွက်ကို အသာချပြီးနောက် လေးနက်တည်ကြည်စွာ ပြောလိုက်၏။
“ပြန်လို့မရဘူး ဟုတ်လား” ဟုန်ရွှမ်သည် အနည်းငယ် ကြောင်အသွား၏။ သူသည် သတင်းအချက် အလက်နှင့်ပတ်သက်၍ တကယ်ပဲ မယုံကြည်နိုင်သလို ဖြစ်မိနေသည်။
“စီနီယာ.... စီနီယာဆိုလိုတာ ကျုပ်တို့ တည်နေရာလမ်းကြောင်း တစ်ခုကို မဖွင့်နိုင်တာလား။ ဒါမှမဟုတ် ကျုပ်တို့ လောကကြီးက...”
“အင်း တည်နေရာလမ်းကြောင်းကို ဖွင့်တယ်ဆိုတာ အရမ်းလွယ်တယ်”
လီယွင်က ပြောဆိုလိုက်၏။ “ထာဝရမြို့ရဲ့ မြို့တော်ဝန်အားအင်အဆင့်နဲ့ သူက ချက်ချင်းဖွင့်လို့ရနိုင်တာပဲ။ ဒါပေမဲ့ သူ့ရဲ့မူလ လောကကြီးက အစောကြီးထဲက ဖျက်ဆီးခံထားရပြီးပြီဆိုရင်ရော”
လီယွင်၏ အကြည့်သည့် ဟုန်ရွှမ်ဆီသို့ ရောက်ရှိသွားခဲ့သည်။
“ဖျက်ဆီးခံရလိုက်တယ်ဟုတ်လား” ဟုန်ရွှမ်သည် အံ့အားသင့်သွားမိ၏။ ရုတ်တရက် မတ်တပ်ပင် ထရပ်လိုက်မိ၏။ လက်ရှိအခြေအနေမှာတော့ အခြေအနေကို သူလုံးဝ နားမလည်နိုင်ခဲ့ချေ။ ထို့ပြင် ဘာတွေဖြစ်နေသည် ဆိုသည်ကိုလည်း သူသေချာ မသိပေ။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
“မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး” လီယွင်သည် လက်ကိုဝှေ့ယမ်းပြီးသည့်နောက် ဟုန်ရွှမ်ကို စိတ်ငြိမ်ငြိမ်ထားရန် အချက်ပြလိုက်၏။ ပြီးနောက် ယုံကြည်ချက်ရှိရှိနှင့် ပြောဆိုလိုက်၏။
“ခင်ဗျားက ခင်ဗျားရဲ့မူလလောကကြီးထဲကို မရောက်ဖူးဘူးဆိုပေမဲ့ နားလည်မှု တချို့တော့ရှိမှာပေါ့။ ပြီးတော့ ထာဝရမြို့က ဘယ်လိုဖြစ်ပြီး ဒီလိုအခြေအနေတွေကို ကြုံတွေ့ခဲ့ရတာလဲဆိုတာကို ခင်ဗျားအနေနဲ့ အရင်ဆုံး သတိပြုသင့်တယ်”
“အင်း အဲဒါနဲ့ပတ်သက်ပြီးတော့ တချို့နားလည်မှုတွေတော့ ရှိပါတယ်” ဟုန်ရွှမ်က ခေါင်းညိတ်လိုက်သည်။
“အင်း”
လီယွင်သည် ပေါ့ပေါ့ပါးပါး ရယ်မောကာဖြင့် ဆက်ပြောလိုက်၏။ “ခင်ဗျားတို့ မူလလောကကြီးကို နက်နဲမီးတောက်လောကလို့ ခေါ်တယ်။ အင်္သေချေ များပြားလှတဲ့လောကတွေကြားထဲမှာ ထိပ်တန်း စာရင်းဝင် လောကကြီးတွေထဲက တစ်ခုပေါ့။ အရမ်းကိုအားကောင်းတယ်။ ဒါပေမဲ့ ကြောက်မက်ဖွယ်ရာ ကောင်းတဲ့ စွမ်းအားမြင့်ကျင့်ကြံသူ နှစ်ယောက်ရဲ့ တိုက်ခိုက်ပွဲပြီးတဲ့နောက်မှာ နက်နဲမီးတောက် လောကကြီးက အစိတ်အပိုင်းသုံးခုအဖြစ် ခွဲခြားသွားတယ်။ နက်နဲအလင်းလောက၊ နက်နဲ လျှို့ဝှက်လောကနဲ့ အစစ်အမှန်သိုင်းလောကဆိုပြီးတော့ပေါ့။ ဒီထဲမှာ နက်နဲအလင်းလောကက အားအကောင်းဆုံးပဲ၊ အစစ်အမှန်သိုင်းလောကကတော့ အားအနည်းဆုံးပဲ”
ဟုန်ရွှမ်သည် ထိုင်ခုံပေါ်တွင် သစ်သားရုပ်ကြီးကဲ့သို့ပင် ငူငူကြီး ထိုင်လျက်ရှိ၏။ သူ၏ အားအင်များသည် ယုတ်လျော့သွားသကဲ့သို့ပင်။ သူ၏ မျက်လုံးများသည်လည်း အသက်ကင်းမဲ့လျက်ရှိသည်။
“ခင်ဗျားတို့ ထာဝရမြို့က မူလအားဖြင့် ရှုပ်ထွေးနေတဲ့ အခြေအနေမှာ ဘေးအန္တရာယ်တွေကို ရှောင်ရှားဖို့အတွက် ပြေးလာခဲ့ရတဲ့ လူတွေပဲလေ။ အခု နက်နဲမီးတောက်လောကဆီကို ပြန်ချင်တယ် ဆိုတာက မဖြစ်နိုင်ဘူး။ ဒါပေမဲ့ အဲဒီတခြားလောကသုံးခုဆီကို ပြန်သွားဖို့ဆိုရင်တော့ ခက်ခဲမှာမဟုတ်ဘူး”
“ဒါပေမဲ့ ခင်ဗျားကို ကျုပ်သတိပေးချင်တယ်။ အဲဒီလောကတစ်ခုချင်းစီက အားအင်အဆင့်အရဆို တော်တော်ကြီး အားနည်းသွားခဲ့တယ်။ မြို့တော်ဝန်ရဲ့ လက်ရှိအားအင်အဆင့်အရဆိုရင် အဲကိုသွားမယ်ဆိုရင်တောင် သူ့ရဲ့ သက်တမ်းက ပြန်ပြီးကောင်းလာမှာ မဟုတ်ဘူး။ သူမြန်မြန်ဆန်ဆန် အစစ်အမှန် အင်မော်တယ်အဆင့်ကနေ ချိုးဖြတ်ပြီးတော့ ပိုမိုမြင့်မားတဲ့အဆင့်ကို တက်လှမ်းနိုင်မှ ဖြစ်လိမ့်မယ်”
“ဒါက” ထိုသတင်းအချက်အလက်သည် ဟုန်ရွှမ်ကို တစ်ကယ်ပင် ထိရောက်စေခဲ့၏။
ထာဝရမြို့မှာရှိနေသည့် သက်ရှိသတ္တဝါများအားလုံး၏ အိမ်မက်သည် ပုံရိပ်ယောင်တစ်ခုကဲ့သို့ ဖြစ်သွားခဲ့၏။ နေ့ခင်းဘက် အိမ်မက် မက်သကဲ့သို့ပင်။ ထိုအရာအားလုံးသည် လက်ခံရန် ခက်ခဲလို့ နေခဲ့၏။ အထူးသဖြင့် သူတို့၏ မြို့တော်ဝန်သည် သက်တမ်းကို မတိုးမြှင့်နိုင်စွမ်း မရှိတော့ ဟူသော အကြောင်းပင် ဖြစ်သည်။
သူသည် တကယ်ပင် စိတ်ပျက်နေမိ၏။ မြို့တော်ဝန် တည်ရှိမှုသာ မရှိပါက လောကသုံးခုတွင် မည်သည့်နေရာကိုပဲ ရောက်ရောက် သူတို့ဘာလုပ်နိုင်မည်နည်း။ လောကကြီးသုံးခုသည် ကွဲပြားသွားခဲ့ပြီ ဖြစ်ပြီးနောက် ထိပ်တန်းလောကကြီးနှင့် ခြားနားသွားခဲ့ပြီဖြစ်၏။
“ကောင်းပါပြီ”
နက်နဲလွန်းလှသည့် အခြေခံများ၊ အစစ်အမှန် အင်မော်တယ်များကို ထုတ်လွှတ်နိုင်မှုများ သည်လည်း ယုတ်လျော့သွားပေလိမ့်မည်။ သူတို့အနေနှင့် အစစ်အမှန် အင်မော်တယ်ပင် မရှိသော တည်နေရာဆီသို့ ရောက်ရှိသွားသည်ဆိုပါက ဘာတတ်နိုင်မည်နည်း။ ဘာမှဆက်၍ ပြုလုပ်၍ရမည် မဟုတ်ချေ။
ထို့ပြင် ထိုလောကကြီးမှလူများသည် သူတို့ကို လက်ခံမလား ဆိုသည်ကလည်း အာမခံချက်မရှိချေ။ သူတို့ကို ဖော်ဖော်ရွေရွေ ဆက်ဆံခြင်းလည်း ဖြစ်နိုင်သလို များပြားလှသည့် ဂိုဏ်းကဏ္ဍအသီးသီး၏ ဝိုင်းဝန်း တိုက်ခိုက်လာခြင်းမျိုးလည်း ဖြစ်နိုင်၏။ ထာဝရမြို့သည် မကြာခင်ပင် ပျောက်ကွယ်သွားနိုင်သည့်အရာမျိုး အဖြစ်သို့ ရောက်ရှိသွားပေလိမ့်မည်။
ကောင်းကင်မူလလောကကြီးထဲတွင် နေထိုင်ခြင်းက ပိုမိုကာကောင်းမွန်ပေလိမ့်မည်။ ၎င်းတို့တည်နေရာ ထဲတွင် မားမားမတ်မတ် ရပ်တည်နိုင်စွမ်းရှိနေ၏။ ထို့ပြင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကလွဲလျှင် ကောင်းကင်မူလလောကကြီး (သို့မဟုတ်) ခရမ်းရောင်မူလလောကကြီး၌ သူတို့ကို စိန်ခေါ်နိုင်သည် ဟူသည့် အင်အားစုပင်မရှိပေ။
“စီနီယာ... မူလ နက်နဲမီးတောက်လောကကြီး ပြန်လည်ပေါ်လာအောင်လုပ်နိုင်တဲ့ နည်းလမ်းရှိလား” ဟုန်ရွှမ် က အသာမေးလိုက်၏။
သူ၏ စိတ်ဝင်စားမှုများသည် တကယ်ပင် တိုးတက်လာခဲ့တ၏။ အဘယ့်ကြောင့်ဆိုသော် နန်းဆောင် သခင်သည် ကောင်းကင်မူလလောကကြီးနှင့် ခရမ်းရောင်နက်နဲလောကကြီး နှစ်ခုလုံးကို ပေါင်းစပ်နိုင်စွမ်း ရှိနေသည့် လူတစ်ယောက်ဖြစ်၏။ မရင်းနှီး မသက်ဆိုင်သော လောကကြီးနှစ်ခုကို ပေါင်းစပ်နိုင်စွမ်းရှိ နေသည်ဖြစ်သောကြောင့် မူလက တစ်ခုတည်း ဖြစ်တည်နေသည့် လောကကြီးတစ်ခုကို ပြန်လည် ဖြစ်တည်အောင် ဖန်တီးခြင်းသည် သင့်တော်လှသည့်အရာပင် ဖြစ်လေသည်။