← Chapters

အခန်း (၃၅၅)

Vol. 24 Ch. 355

အခန်း (၃၅၅)

Vol. 24 Ch. 355

မူလသွေးနတ်ဆိုးကလန် တည်ရှိရာနေရာမှာ‌တော့ လက်ရှိအချိန်တွင် ပတ်ဝန်းကျင်တည်နေရာတစ်ခုလုံး ပျက်စီးလျက် ရှိနေလေပြီး ကောင်းကင်ယံတစ်ခုလုံးတွင် ကြက်သွေးရောင် အခိုးအငွေ့တစ်ခုက ဖြစ်တည်လာခဲ့ တော့၏။ သန်းပေါင်းများစွာသော သတ္တဝါတို့ အော်ဟစ်ငြီးငြူနေသကဲ့သို့ပင် ခြောက်ခြားဖွယ်ရာ အသံကြီးက ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင် တစ်ခုလုံးသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အခြေအနေမျိုးဆီသို့ ဖြစ်တည်လျက် ရှိနေ၏။

ဤတည်နေရာသည် အမှန်ပင် ခြောက်ခြားဖွယ်ရာ ကောင်းလွန်းလှ၏။ မကြာသေးခင်က ဤတည်နေရာတွင် သူတော်စင်များကို မဆိုနှင့် တော်ဝင်သူတော်စင်များပင်လျှင် အရေအတွက်များများ သေဆုံးခဲ့ကြ၏။ ကွာစီ အင်ပါယာ၏ သွေးများသည် လေဟာနယ်ထဲတွင် စွန်းထင်းလျက် ရှိနေပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် နတ်ဆိုး၏ အော်ရာများသည် တည်နေရာ တစ်ခုလုံးကို တိုက်စားလျက် ရှိနေတုန်းပင်။

အဆုံးအစမဲ့သော သတ်ဖြတ်လိုခြင်း ဆန္ဒများသည် တည်နေရာထဲတွင် ဖြစ်တည်နေ၏။ ရံဖန်ရံခါ ဆိုသလို တချို့သော ကျင့်ကြံသူများသည် ဤတည်နေရာသို့ ဝင်ရောက်လာခဲ့ကြပြီး နတ်ဆိုးနည်းစနစ်များကို ကျင့်ကြံကြ၏။ သို့ပေမဲ့ သူတို့သည် ဟိုးအတွင်းဘက်ဆီသို့ မဝင်ရဲကြချေ။ ၎င်းတို့အားလုံးသည် အချိန်ခဏ အတိုင်းအတာအတွင်းသာ လေ့ကျင့်ခဲ့ကြပြီးသည့်နောက် ပြန်လည်ကာ ထွက်ခွာသွားခဲ့ခြင်းသာ ရှိ၏။ ဟိုးအတွင်းပိုင်း တည်နေရာထဲသို့ ဝင်ရောက်သွားသည်ဆိုပါက ၎င်းတို့၏ စိတ်တစ်ခုလုံးကို ဆုံးရှုံးသွားခဲ့ကြပြီး ရူးသွပ်သွားသည့် အခြေအနေဆီသို့ ရောက်ရှိသွားတတ်သည်။

တည်နေရာ၏ မိုင်တစ်ထောင်ကျော် အဝေးတွင်တော့ တောင်ကုန်းကြီးတစ်ခု တည်ရှိနေခဲ့ပြီး ထိုတောင်ကုန်း၏ အပေါ်တွင် နတ်ဘုရား ရွက်သင်္ဘောကြီးတစ်စင်း တည်ရှိနေ၏။ ထိုရွက်သင်္ဘောကြီးသည် ပေတစ်ထောင်နီးပါးလောက် ကြီးမားပြီး ရွက်သင်္ဘောကြီး၏ အပေါ်တွင် ဓားရာ၊ လှံရာများနှင့် ပြည့်နှက်လျက် ရှိနေ၏။ ၎င်းသည် ရေတွက်လို့ မရအောင် များပြားလှသည့် စစ်ပွဲကြီးများကို တွေ့ကြုံခံစားရဖူးသည့် အရာကြီး တစ်ခုကဲ့သို့ပင်။

ပဲ့ပိုင်းတွင်တော့ ကြီးမားလှသည့် အလံကြီးတစ်ခုက တည်ရှိနေပြီး တော်ဝင်ရင်ဟူသည့် စာတန်းကို ရေးထိုးထားခဲ့၏။ အလံတိုင်၏အောက်တွင် လက်ရွေးစင် စစ်သည်များ တည်ရှိနေခဲ့ကြပြီး ၎င်းတို့အားလုံးသည် သပ်ရပ်လှသည့် ချပ်ဝတ်များ၊ လှံများ၊ ပုဆိန်များကို ကိုင်ဆောင်ထားခဲ့ကြ၏။ ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ ကြောက်မက်ဖွယ်ရာကောင်းသည့် သွေးအော်ရာများ ထွက်ပေါ်လျက် ရှိနေ၏။

“နန်းဆောင်သခင်ရဲ့ လမ်းညွှန်ပြသမှုကြောင့်သာ မဟုတ်ဘူးဆိုရင် ဒီလိုနေရာမျိုး ရှိလိမ့်မယ်လို့ ဘယ်သူက ထင်မှတ်မိမှာလဲ။ သူတော်စင်တစ်ယောက်ရဲ့ အမွေအနှစ်က ရှိနေသေးလား” နတ်ဘုရားရွက်သင်္ဘောပေါ်တွင် မတ်မတ်ရပ်လျက် ရှိနေသည့် အပြာရောင်ဝတ်စုံနှင့်လူသည် အောက်တွင်ရှိနေသည့်‌ တောင်ကုန်းကြီးကို ငုံ့ကြည့်ပြီးသည့်နောက် သူ၏ မျက်လုံးထဲတွင် မနာလိုမှုများနှင့် ပြည့်နှက်နေသည်။

ဤလူသည် မူလအားဖြင့် တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက်သာဖြစ်၏။ နတ်အဆင့်ဆီသို့ ချိုးဖြတ်‌ ရောက်ရှိခဲ့ပြီးသည့်နောက် သူသည် တော်ဝင်ရင်နိုင်ငံတော်သို့ ခိုလှုံပြီး နိုင်ငံသား တစ်ယောက် ဖြစ်လာခဲ့၏။ သာမန်နေ့များတွင် သူ့အနေနှင့် ပါဝင်ပတ်သက်ရခြင်း မရှိဘူးဆိုလျှင်တောင်မှ အဓိက ကိစ္စရပ်များတွင်တော့ ဝင်ရောက်ကာ ဆောင်ရွက်ရ၏။

ယခု တော်ဝင်ရင်နိုင်ငံ၏ နတ်ဘုရားအင်ပါယာနောက်ဆီသို့ လိုက်ပါလာခဲ့ပြီးသည့်နောက် သူတို့သည် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီမှ ပိုင်ချမ်းဟန် ဝယ်ယူလာခဲ့သည့် အစီအရင်ကြီးကို စောင့်ကြပ်ရန် ရောက်ရှိ နေခဲ့ကြခြင်းပင်ဖြစ်သည်။

လက်ရှိအခြေအနေတွင် ပိုင်ချမ်းဟန်သည် အခွင့်အရေး တည်နေရာထဲသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ပိုမိုကာ သတိထား စောင့်ကြည့်ရမည်မှာ သူတို့သာလျှင်ဖြစ်၏။ အနီးအနား လေဟာနယ် ထဲတွင် တခြားသော ဂိုဏ်းဂဏများက စောင့်ကြည့်ကာ လာရောက် လုယက်မည်လားဆိုသည်က မသေချာလှချေ။ တစ်ဖက်လူများသည် ပုန်းအောင်းကာ တည်ရှိနေသည် ဆိုပါက ပိုင်ချမ်းဟန် ထွက်ပေါ်လာသည်နှင့်တပြိုင်နက် အခွင့်အရေးကို လုယူကြမှာ သေချာ၏။ ထို့ကြောင့် သူတို့သည် မျက်ခြေမပြတ် စောင့်ကြည့်ရပေမည်။

အတိတ်တုန်းက ဤကဲ့သို့သော ဖြစ်ရပ်များသည် အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့၏။ တိုင်ချူးနတ်နယ်မြေပင်လျှင် လျစ်လျှူရှုကာ နေထိုင်ခဲ့ခြင်းကြောင့် ဆိုးရွားသည့် အခြေအနေတစ်ခုကို ကြုံကြိုက်ခဲ့ရဖူးသည်။ ထို့ကြောင့် သတိအပြည့်နှင့် စောင့်ကြပ်နေကြခြင်း ဖြစ်၏။

“အမှန်ပဲ”

အနီးအနားတွင် ရှိနေသည့် လူကလည်း သဘောတူညီစွာဖြင့် ပြောလိုက်သည်။ “အရင်တုန်းက‌ သွေးနတ်ဆိုးကလန်နဲ့ တိုက်ပွဲမှာ ကွာစီအင်ပါယာတွေတောင် ဝင်ပြီး တိုက်ခိုက်ခဲ့ကြတာလေ။ သူတော်စင်အဆင့် အခွင့်အရေးကို ဘာလို့ ရှာမတွေ့ခဲ့ကြတာလဲ မသိဘူး။ ဒီနေ့မှာတော့ တော်ဝင်ရင်နိုင်ငံတော်ရဲ့ လက်ထဲကို ရောက်ခဲ့ပြီ”

“ပြောရမယ်ဆိုရင် ဒါက ကံတရားပဲလေ။ ပြီးတော့ ထပ်ပြီးတော့ ပြောရမယ်ဆိုရင် ဒီကို ကံတရားကို ဆောင်းကျဉ်းပေးတာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ပဲ” တချို့က တီးတိုးပြောဆိုနေကြ၏။

ထိုအရာကို ကြားသည့်အချိန်မှာတော့ အားလုံးသော သူတို့သည် တွေဝေငေးငိုင်သွားခဲ့ကြ၏။ ရှင်းလင်းစွာပင် ၎င်းတို့ အားလုံးသည် ဤအရာကို သဘောတူညီမိ၏။ တစ်ခါတစ်ရံတွင် ပြင်းပြင်းထန်ထန် ဝင်ရောက်တိုက်ခိုက်ပြီး သည့်နောက် ထိုအကျိုးကျေးဇူးများကို မရရှိသည့် အကြောင်းအရာမျိုးလည်း ဖြစ်ပေါ်တတ်သည်။

သို့ပေမဲ့ နန်းဆောင်သခင်ဆီမှ လမ်းညွှန်ပြသမှုကို ရရှိမည်ဆိုလျှင် တစ်စုံတစ်ယောက်သည် အနည်းငယ်သော အားအင်စိုက်ထုတ်မှုကို ပြုလုပ်လိုက်ရုံနှင့် ပိုမိုကာ တိုးတက်သွားတတ်၏။ ဤအရာသည် အစစ်အမှန် ကောင်းချီးတရားပင် ဖြစ်လေ၏။

“ဆိုးတာက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာတုန်းက ကျုပ်စုဆောင်းခဲ့တဲ့ ပစ္စည်းတွေ အကုန်လုံးကို လက်နက် သန့်စင်ဖို့အတွက် ဝယ်ယူခဲ့တာပဲ။ တကယ်လို့ ကျုပ်ဆီမှာသာ စုဆောင်းထားတာ ရှိသေးတယ်ဆိုရင် ကောင်းကင် လျှို့ဝှက်နန်းဆောင်ကို သွားပြီးတော့ အခွင့်အရေး တစ်ခုကို ဝယ်ကောင်းဝယ်မိမယ်” အဖြူရောင်ဝတ်စုံနှင့်လူသည် သက်ပြင်းချလိုက်၏။ သူ၏ မျက်နှာပေါ်တွင်တော့ နောင်တတရားများနှင့် ပြည့်နှက်နေလေသည်။

“တာအိုရောင်းရင်း အနာဂတ်ဆိုတာ အရှည်ကြီးပါပဲ။ စိတ်ဓာတ်ကျမနေပါနဲ့” တစ်စုံတစ်ယောက်က ဝင်ရောက်ကာ နှစ်သိမ့်လိုက်၏။

“အင်း... ကျုပ်တို့က အခု တော်ဝင်ရင်နိုင်ငံတော်ရဲ့ နောက်လိုက်တွေ ဖြစ်နေကြပြီ။ ဒီတော့ အားလုံး သတိအပြည့်နှင့် စောင့်ကြည့်ထားဖို့ အရေးကြီးတယ်။ ဒီလို အခြေအနေမျိုးမှာ ကျုပ်တို့ လျစ်လျှူရှုပြီး နေလို့မဖြစ်ဘူး။” ချပ်ဝတ်နှင့် သက်လတ်ပိုင်းလူသည် လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်သည်။

“အင်း.. စစ်သူကြီး ပြောတာ အမှန်ပဲ” တခြားသော လူတစ်ယောက်ကလည်း ဝင်ရောက်ကာ ပြောဆိုလိုက်မိ၏။

မကြာခင်မှာပဲ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသည့် အသံကြီး ထွက်ပေါ်လာခဲ့၏။ အောက်တွင် ရှိနေသည့် တောင်ကုန်းကြီး တစ်ခုလုံးသည် ပေါက်ကွဲသွားပြီးသည့်နောက် ထိုနေရာတွင် ရှိနေသည့် အရာအားလုံးတို့သည် လွင့်စင်သွားသည်။

အလွန်အားကောင်းလှသည့် သူတော်စင်တစ်ယောက်၏ အော်ရာများသည် ကောင်းကင်ယံထက်သို့ လွင့်တက် လာခဲ့ပြီး လေနှင့်တိမ်များကိုပင် ရှုပ်ယှက်ခတ်စေခဲ့၏။ ဆန်းကြယ်လွန်းလှသည့် နဂါးအော်ရာများသည် မိုင်တစ်ထောင်ပတ်ဝန်းကျင်တွင် ဖြစ်တည်လာခဲ့၏။ ထိုအရာကို အာရုံခံမိသည့် အချိန်မှာတော့ နတ်ဘုရား ရွက်သင်္ဘောကြီးပေါ်တွင် ရှိနေသည့် လူပေါင်းများစွာတို့၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ဖြစ်တည်လာခဲ့၏။

“နတ်ဘုရားအင်ပါယာ ထွက်လာပြီလား”

ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် လူသည် ရုတ်တရက် ထကာ အော်ဟစ်လိုက်၏။ “ကြည့်ရတာ ဒီခရီးစဉ်ကို လာရတာ တကယ့်ကို ချောမွေ့လွန်းတော့ အံ့အားသင့်စရာတောင် မကောင်းတော့ဘူး”

တခြားသောသူများသည်လည်း စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။ ၎င်းတို့သည် တော်ဝင်ရင် နိုင်ငံတော်၏ နောက်လိုက်မျှသာဖြစ်၏။ ထို့ကြောင့် အရင်းအမြစ်များကို လဲလှယ်ရန် ဤနေရာတွင် အလုပ်အကျွေး ပြုနေရ၏။ တော်ဝင်ရင်နိုင်ငံတော်သည် သူတို့ ပိုင်ဆိုင်ထားသည့် အရာဟူ၍ စိတ်ထဲတွင် မရှိလှချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် တစ်ကိုယ်တော် ကျင့်ကြံသူများ ဖြစ်သောကြောင့်ပင်။

ဖြစ်နိုင်မည်ဆိုပါက ၎င်းတို့အနေဖြင့် ဤကဲ့သို့ သူတစ်ပါး၏ နောက်လိုက် လုပ်ရမည့်အစား ငြိမ်းငြိမ်းချမ်းချမ်းဖြင့် တခြားသော သူများ ကဲ့သို့ပင် ကြိုးကြိုးစားစားဖြင့် ကျင့်ကြံခြင်းကို ပြုလုပ်ချင်ကြ၏။ သို့သော်ငြား ကျင့်ကြံခြင်း ဆိုသည်မှာ ကြီးမားသည့် အရင်းအမြစ် ကုန်ကျမှုများ တည်ရှိနေသည် မဟုတ်ပါလား။

All Chapters