← Chapters

အခန်း (၃၅၇)

Vol. 24 Ch. 357

အခန်း (၃၅၇)

Vol. 24 Ch. 357

“ကျန်းထျန်ဟုတ်လား”

ပိုင်ချမ်းဟန်၏ မျက်လုံးများသည် စိတ်ဝင်စားမှုများနှင့် ပြည့်နှက်သွား၏။ ဤစကားစု၏ အဓိပ္ပါယ်ကို သူနားမလည်ချေ။

“ဒီလောကကြီးထဲက အားအကောင်းဆုံးက ဘယ်သူလဲ” သွေးနတ်ဆိုးကလန်၏ ကွာစီအင်ပါယာက ထပ်မံကာမေးမြန်းလိုက်၏။

“ဟမ့်”

ပိုင်ချမ်းဟန်သည် နှာခေါင်းရှုံ့လိုက်၏။ သို့ပေမဲ့မဖြေချေ။ ဤမေးခွန်း၏နောက်ကွယ်တွင်ရှိနေသည့် ရည်ရွယ်ချက်သည် တကယ်ပင် ထင်ရှားလွန်းလှ၏။ ကောင်းကင်မူလလောကကြီး၏ ထိပ်တန်းစွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ကို သုတ်သင်ချင်နေသည်လား။

ဤမေးခွန်းကို ဖြေဆိုလိုက်မည်ဆိုလျှင် ကောင်းကင်မူလလောကကြီး၏ သမိုင်း တရားခံဖြစ်သွားမည် မဟုတ်ပါလား။

ကောင်းကင်မူလလောကကြီး၏ အားအကောင်းဆုံးသောလူသည် ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင် သာလျှင် ဖြစ်တော့၏။ စီနီယာ နန်းဆောင်သခင်သည် တခြားသောသူများ မပြုလုပ်နိုင်သည့် အရာအားလုံးကို ပြုလုပ်နိုင်စွမ်းရှိသည့် လူတစ်ယောက်လည်း ဖြစ်၏။ ၎င်းသည် သေခြင်း၊ ရှင်ခြင်းကြားထဲတွင် မတ်မတ်ရပ်ကာ တည်ရှိနေနိုင်သည့် လူတစ်ယောက် လည်းဖြစ်၏။

သို့ပေမဲ့ သူသည် ထုတ်ဖော်ပြောဆိုရန် ရည်ရွယ်ချက်မရှိချေ။ ဤလျှို့ဝှက်ချက်ကို အချိန်အတော်ကြာ ထိန်းသိမ်း ထားမည်ဟု ဆုံးဖြတ်ထား၏။ သူသေဆုံးသွားခဲ့သည် ဆိုလျှင်တောင်မှ ကောင်းကင်မူလလောကကြီး ထဲတွင် ရှိနေသည့် တစ်စုံတစ်ယောက်သည် သူ့အတွက် လက်စားချေမှာ သေချာသည်။

“ကျုပ်ကို အတင်းကြီး တွန်းအားပေးမနေနဲ့”

သွေးနတ်ဆိုးကလန်၏ ကွာစီအင်ပါယာ၏ မျက်နှာသွင်ပြင်သည် ပျက်ယွင်းသွားခဲ့သည်။ သူသည် ကြောက်မက်ဖွယ်ရာကောင်းသည့် သတ္တဝါတစ်ယောက်ယောက် တည်ရှိနေသကဲ့သို့ပင် ခန္ဓာကိုယ်ကို အနောက်သို့လှည့်ကာ ခဏခဏ ကြည့်ရှုနေ၏။ ပြီးနောက်ပြောလိုက်၏။ “တကယ်လို့ ကျန်းထျန်သာ လောကကို ဖြတ်သန်းရောက်ရှိလာမယ်ဆိုရင် ကောင်းကင်မူလလောကကြီး တစ်ခုလုံး ဖျက်ဆီးခံရလိမ့်မယ်။ ဒီတော့ ဒီလောကကြီးထဲမှာ ဘယ်သူ အားအကောင်းဆုံးလဲဆိုတာ ကျုပ်ကို ပြော။ ကျုပ်သူ့ကို ကူညီပြီးတော့ ဒီလောကကြီးကို ကယ်တင်ပေးမယ်”

“ခင်ဗျား ဘာကိုဆိုလိုတာလဲ” ပိုင်ချမ်းဟန်သည် သံသယအပြည့်ဖြင့် မျက်မှောင်ကုတ်လိုက်မိသည်။

“သွေးနတ်ဆိုးလောကကြီးက မရှိတော့ဘူး”

သွေးနတ်ဆိုးကလန်၏ ကွာစီအင်ပါယာသည် လေးလေးနက်နက်ဖြင့် သက်ပြင်းချလိုက်၏။ သူ၏ မျက်နှာထက်တွင် မျက်ရည်စီးကြောင်းနှစ်ခုက ဖြစ်တည် လာခဲ့တော့၏။ ၎င်းသည် တကယ့်ကို ဝမ်းနည်းပက်လက် ရှိုက်ငိုလျက်ရှိနေ၏။ သူ၏အသံသည်လည်း တိုးသွားခဲ့၏။

“မရှိတော့ဘူး ဟုတ်လား” ပိုင်ချမ်းဟန်သည် ခဏလောက်ဆွံ့အသွားမိ၏။ သွေးနတ်ဆိုးလောကကြီးသည် မယုံကြည်နိုင်စရာအား ကောင်းလှသည်ဖြစ်၏။ မူလအားဖြင့် တော်ဝင်အင်ပါယာတစ်ယောက်ပင်လျှင် ကောင်းကင်မူလလောကကြီးကို တိုက်ခိုက်ရန် ရောက်ရှိလာခဲ့ဖူး၏။ ကောင်းကင်မူလလောကကြီး၏ သက်ရှိများအားလုံးသည် သွေးနတ်ဆိုးလောကကြီးကို အထင်အမြင်သေးခဲ့သည်ဆိုသော်လည်း အားအင် အဆင့်နှင့်ပတ်သက်ပြီးတော့ အသိအမှတ်ပြုကြပြီးသားဖြစ်၏။ အဘယ့်ကြောင့် ထိုလောကကြီး တစ်ခုလုံးသည် ပျက်ဆီးသွားရသနည်း။

“ဒါက”

ပိုင်ချမ်းဟန်သည် အနည်းငယ် ကြောင်တောင်တောင် ဖြစ်မိနေ၏။ “ဖြစ်နိုင်တာ ဒီကွာစီအင်ပါယာက ငါ့ကို လာပြီးလှည့်စားချင်နေတာလား”

သို့ပေမဲ့ တွေးကြည့်ပြီးသည့်နောက် ကွာစီအင်ပါယာအနေနှင့် သူ့ကို လာရောက်ကာ လှည့်စားဖို့ အကြောင်းအရင်း မရှိဟု သူက ထင်မြင်မိ၏။ သူသည် သူတော်စင် တစ်ယောက်သာ ဖြစ်၏။ ကွာစီအင်ပါယာ တစ်ယောက်အနေနှင့် သူ့ထက် အဆင့်မြင့်မားသော အခြေအနေတွင် တည်ရှိနေ၏။ ထို့ကြောင့် သူ့ကို လိမ်ညာလှည့်ဖျားခြင်းဖြင့် ဘာအကျိုးမှ ရရှိလိမ့်မည် မဟုတ်ချေ။

“ခင်ဗျားဆီမှာ သက်သေတွေ ရှိလို့လား” ပိုင်ချမ်းဟန်က မျက်မှောင်ကုတ်ကာ မေးမြန်းလိုက်၏။

လောကနှစ်ခုနှင့် ပတ်သက်နေသည့် အကြောင်းအရာ ဖြစ်သောကြောင့် သူ့အနေနှင့် တစ်ဖက်လူ၏ စကားလုံးများကို လွယ်လွယ်ကူကူဖြင့် ယုံကြည်၍ မရနိုင်ချေ။

“ကျုပ်ဆီမှာ သက်သေမရှိဘူး”

သွေးနတ်ဆိုးကလန်၏ ကွာစီအင်ပါယာသည် ခေါင်းကိုခါယမ်းကာဖြင့် အတည်ပြုလိုက်သည်။ “ခင်ဗျား မယုံဘူးဆိုရင် ကျန်းထန် ရောက်ရှိလာတဲ့အထိစောင့်လိုက်။ ကောင်းကင်မူလ လောကကြီးက သွေးနတ်ဆိုး လောကကြီးရဲ့ ခြေရာအတိုင်းပဲ အကုန်လုံး ပျက်စီးသွားလိမ့်မယ်။ ကျုပ် ဒါနဲ့ ပတ်သက်ပြီး ....”

သူသည် အနောက်သို့ တစ်ချက်လှမ်းကြည့်ပြီးသည့်နောက် သူ၏ စကားလုံးများသည် မပြီးဆုံးခဲ့ချေ။ အနောက်ဘက်တွင် ရှိနေသည့် တည်နေရာလမ်းကြောင်းကြီးသည် ရုတ်တရက် လင်းလက်သွားခဲ့၏။ ၎င်း၏ မျက်လုံးများသည် လေးနက်သွားသည်။ သူသည် တစ်လုံးချင်း ဖြည်းညှင်းစွာဖြင့် ပြောဆိုလိုက်၏။

“မကြာခင်မှာ ကျန်းထန် လာတော့မယ်။ သူက နိဗ္ဗာနဖြစ်စဉ်ကို ဆယ်ကြိမ်တိတိ အသွင်ပြောင်း အောင်မြင်ခဲ့ပြီးပြီ။ သူ့ရဲ့ အားအင်အဆင့်က ခန့်မှန်းလို့ မရတဲ့ အားအင်အဆင့်ကို ရောက်လာပြီ။ သူက လောကကြီးတစ်ခုလုံးကို ဖျက်ဆီးနိုင်စွမ်းရှိနေတဲ့ လူတစ်ယောက် ဖြစ်သွားပြီ။ အင်မော်တယ်တွေကိုတောင်မှ အနိုင်ယူနိုင်တယ်။ ကောင်းကင်မူလ လောကကြီးက ကြိုတင်ပြီးသာ မတုံ့ပြန်ထားဘူးဆိုရင် ကျန်းထန်ရဲ့ ပြိုင်ဘက် ဖြစ်လာလိမ့်မယ် မထင်ဘူး”

“နိဗ္ဗာနဖြစ်စဉ်ကို ဆယ်ခါ ဟုတ်လား”

ပိုင်ချမ်းဟန်သည် အံကိုကြိတ်ကာဖြင့် တွေးတောလိုက်မိသည်။ ဤအရာသည် အစစ်အမှန် ဖြစ်လေသည်လား။ သူသည် တော်ဝင်အင်ပါယာတစ်ယောက် မဟုတ်သည် ဆိုသော်လည်း နိဗ္ဗာနဖြစ်စဉ်အသွင်ပြောင်းဖို့ ဆိုသည်မှာ မည်မျှခက်ခဲကြောင်းကိုတော့ နားလည်၏။

နိဗ္ဗာနအဆင့်ကို တစ်ကြိမ် ကျော်ဖြတ်သည့် အချိန်တိုင်း အလောင်းအစားတစ်ခု ပြုလုပ်ရသကဲ့သို့ပင် စွန့်စားရ လေ၏။ ကျရှုံးနိုင်မှု အခွင့်အရေးသည် တကယ်ပင် များပြားလွန်းလှ၏။ နိဗ္ဗာနအဆင့်ကို အောင်မြင်ပြီး တစ်စုံတစ်ယောက်၏ အသက်ကို ကြီးကြီးမားမား ချဲ့ထွင်နိုင်သည် ဆိုလျှင်တောင်မှ အမှားအယွင်း တစ်စုံတစ်ခု ပြုလုပ်လိုက်မည်ဆိုပါက အလုံးစုံ ဆုံးရှုံးသည့်အရာမျိုးဆီသို့ ဦးတည်သွားနိုင်သည်။

ကျင့်ကြံခဲ့သည့် အချိန်တစ်ဘဝစာလုံးသည် သဲထဲရေသွန်သကဲ့သို့ပင် ဖြစ်တည်သွားနိုင်၏။ ထိုကဲ့သို့သော အရာများကို ပြုလုပ်ဖို့ဆိုလျှင် တော်ဝင်အင်ပါယာများပင်လျှင် တွန့်ဆုတ်နေမှာ သေချာ၏။

“အခု ကောင်းကင်မူလလောကကြီးရဲ့ အားအကောင်းဆုံးလူက ဘယ်မှာရှိလဲဆိုတာ ကျုပ်ကိုပြော”

သွေးနတ်ဆိုး ကလန်၏ ကွာစီအင်ပါယာသည် ပိုင်ချမ်းဟန်ကို လှမ်းကြည့်ပြီးသည့်နောက် လေးလေးနက်နက်ဖြင့် မေးမြန်း လိုက်သည်။

“ဟမ်”

ပိုင်ချမ်းဟန်၏ မျက်နှာတစ်ခုလုံးသည် အေးခဲသွားခဲ့၏။ ကြည့်ရသည်မှာ တစ်ဖက်လူသည် သူ့ကို လိမ်ညာနေခြင်း ဖြစ်ပုံမပေါ်ချေ။ သို့ပေမဲ့ ကျင့်ကြံခြင်းလောကထဲတွင် များပြားလှသည့် လိမ်ညာ လှည့်ဖျားသူ များလည်း တည်ရှိနေ၏။ ရေတွက်လို့ မရအောင် များပြားလှသည့် လူလိမ်များသည် နှစ်သန်းပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့ကြသည့် လူများပင်ဖြစ်၏။ ထို့ကြောင့် ရိုးရိုး မျက်စိဖြင့် ကြည့်ရှုရုံဖြင့် အမှန်တရားကို သိရှိဖို့ ဆိုသည်မှာ ခက်ခဲလှချေ၏။

အရိုးသားဆုံး ပြောရမည်ဆိုလျှင် သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ တည်နေရာကို ထုတ်ဖော် မပြောချင်ပေ။ သူ၏ မျက်လုံးထဲတွင် စီနီယာနန်းဆောင်သခင်သည် ဤလောကကြီးတွင်ရှိသည့် အားအကောင်းဆုံး တည်ရှိသူ တစ်ယောက်ဖြစ်၏။ သူတင်မက ကောင်းကင်မူလလောကကြီးတွင်ရှိသည့် သက်ရှိသတ္တဝါပေါင်း များစွာတို့သည်လည်း ထိုအရာကို အတည်ပြုပြီးသား ဖြစ်သည်။

လူတစ်ယောက်၏ အမြင်အရဆိုလျှင် တစ်ဖက်လူကို သူမပြောသင့်ကြောင့် သေချာယုံကြည်မိ၏။ သို့ပေမဲ့ ထို ကွာစီအင်ပါယာ ပြောဆိုသည်သာ အမှန်ဖြစ်သည်ဆိုပါက ကောင်းကင်မူလလောကကြီးသည် အလစ်အငိုက် တိုက်ခိုက်ခံရတော့မှာ သေချာ၏။

“နန်းဆောင်သခင်က အရာအားလုံးကို ကြိုပြီးသိနေတာပဲ။ သွေးနတ်ဆိုးလောကရဲ့ အင်ပါယာ လာမယ်ဆိုရင် နန်းဆောင်သခင်က ကြိုပြီး သိပြီပေါ့” ပိုင်ချမ်းဟန်သည် သူ့ကိုယ်သူ နှစ်သိမ့်လိုက်၏။ သူသည် စိတ်ကို အတည်ငြိမ်ဆုံးဖြစ်အောင် ကြိုးစားပြီးသည့်နောက် မျက်လုံးကို ဖွင့်ကာဖြင့် အရှေ့တွင် ရှိနေသော ကွာစီအင်ပါယာ ကို လှမ်းကာကြည့်ရှုလိုက်သည်။

“ခင်ဗျား ပြောတာတွေ အမှန်ဖြစ်ဖို့ မျှော်လင့်မိတယ်။ တကယ်တမ်းသာ မှားနေမယ်ဆိုရင် နန်းဆောင်သခင်ရဲ့ ဒေါသတရားကို ခင်ဗျားကော ကျုပ်ပါ ခုခံနိုင်မှာ မဟုတ်ဘူး”

“ဟမ်”

ကွာစီအင်ပါယာ၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွား၏။ သူ၏ အရှေ့မှလူသည် သူတော်စင် တစ်ယောက်သာဖြစ်၏။ ပထမဦးဆုံးသည် သူသည် တစ်ဖက်သူအပေါ်တွင် မျှော်လင့်ချက် တစ်ချက်ကလေးမှ မရှိချေ။ ထို့အပြင် သူတော်စင်တစ်ယောက်သည် အားကောင်းလှသည် ဆိုလျှင်တောင်မှ သူ့ကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် တစ်လောကလုံး၏ အလေးစားရဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လိမ့်မည် မဟုတ်ချေ။

သူ့ကို အံ့အားသင့်စေသည်မှာ တစ်ဖက်လူသည် ကောင်းကင်မူလလောကကြီး၏ အားအကောင်းဆုံးသောလူ မည်သည့်နေရာတွင် ရှိသည်ဖြစ်ကြောင်း သတင်းကို သိရှိနေခြင်းပင်။

“ကျေးဇူးပြုပြီး ပြောပါ” သွေးနတ်ဆိုး လောက၏ ကွာစီအင်ပါယာက ပြောဆိုလိုက်၏။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်ပဲ” ပိုင်ချမ်းဟန်သည် ထိုစကားလုံးများကို ရေရွတ်လိုက်သည်။

..........

တစ်ချိန်တည်းမှာပဲ တော်ဝင်သဲကန္တာရမြို့ .....

လူပေါင်းများစွာတို့သည် မတ်မတ်ရပ်လျက် ရှိနေပြီး ကောင်းကင်ယံဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ ၎င်းတို့၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက် သွားခဲ့၏။ ကောင်းကင်မူလလောကကြီး၏ အင်ပါယာ ဆက်ခံသူစာရင်းတွင် ပြောင်းလဲမှုတစ်ခု ဖြစ်တည်လာခဲ့၏။ ကွာစီအင်ပါယာတစ်ယောက် အင်ပါယာတစ်ယောက် ဖြစ်လာသည့် အချိန်တွင် ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်ပေါ်ခဲ့ဖူး၏။

အောင်းရွှမ်တစ်ယောက် အင်ပါယာဖြစ်လာသည့်အချိန်၊ ရီကလန်၏ ဘိုးဘေးနှင့် ရွှေကျီးကန်းကလန်၏ ဘိုးဘေး အင်ပါယာဖြစ်လာသည့် အချိန်တုန်းကလည်း ပြောင်းလဲခဲ့၏။ တစ်စုံတစ်ယောက် အနေဖြင့် စာရင်းထဲမှ ထွက်ခွာ သွားသည့်အချိန်၌ တခြားသောသူများသည် ထိုနေရာဆီသို့ အစားထိုး ဝင်ရောက်လာခဲ့၏။ သို့ပေမဲ့ ယနေ့ အချိန်မှာတော့ ကွာခြားလျက် ရှိနေသည်။

ကွာစီအင်ပါယာတစ်ယောက်သည် မထင်မှတ်ထားလောက်အောင်ပဲ အင်ပါယာဆက်ခံသူစာရင်း ဒုတိယနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။ ထို့အပြင် တစ်ဆင့်ချင်း တက်လှမ်းလာခဲ့သည် မဟုတ်ပေ။ ရုတ်တရက် ပေါ်ပေါက် လာခဲ့ခြင်းသာဖြစ်၏။ ဤအရာသည် လူပေါင်းများစွာတို့ကို တုန်လှုပ်စေခဲ့၏။ လူသားကလန်နှင့် မွန်းစတားကလန်မှ တစ်စုံတစ်ယောက်သာ ဆိုပါက သူတို့ အဆင်ပြေသေး၏။ သို့ပေမဲ့ ကံဆိုးစွာဖြင့် ၎င်းတို့ မမြင်ချင်သည့် မျိုးနွယ်တစ်ခု ဖြစ်လို့ နေခဲ့သည်။ သွေးနတ်ဆိုးကလန် - အင်ပါယာဆက်ခံသူစာရင်း ယုရှင်းချန်၏ အနောက်တွင်တော့ ဒုတိယနေရာ .......

[ရှန်တုရှင်း

မျိုးနွယ် - သွေးနတ်ဆိုးကလန်

ကျင့်ကြံခြင်းအဆင့် - ကွာစီအင်ပါယာထိပ်ဆုံး]

ထိုစာတမ်းသည် အားလုံးသောသူတို့ အာရုံစူးစိုက်စရာနေရာ ဖြစ်လာခဲ့ပြီး ကောင်းကင်မူလလောကကြီးတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် သွေးနတ်ဆိုးကလန် တည်ရှိရာနေရာဆီသို့ စူးစိုက်ကာ ကြည့်ရှုနေကြ၏။

တခြားသော အခြေအနေမျိုးဖြစ်သည်ဆိုပါက သွေးနတ်ဆိုးကလန်မှ သတ္တဝါတစ်ယောက်ယောက် ရောက်ရှိ လာသည်ကို လူပေါင်းများစွာတို့ သိရှိလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ကွာခြား သွားခဲ့ပြီဖြစ်၏။ တစ်ဖက်သူသည် ဤစာရင်းထဲတွင် ပါဝင်နေသည် ဖြစ်သောကြောင့် ဆိုလိုသည်မှာ ကောင်းကင်မူလလောကကြီးထဲသို့ ရောက်ရှိနေခြင်းပင်။

“သွေးနတ်ဆိုးကလန်... သူတို့ ထပ်ပြီးတော့ လာပြန်ပြီလား”

ကောင်းကင်မူလလောကကြီးအတွင်းမှာတော့ သူတော်စင်ဘုရင်တစ်ယောက်သည် လေးနက်တည်ကြည်သည့် အမူအရာမျိုးဖြင့် တည်ရှိနေ၏။ သူသည် ရှန်တုရှင်း ဆိုသည် နာမည်ကို မြင်ရသည့် အချိန်မှာတော့ ချက်ချင်းဆိုသလိုပဲ သူ၏အနောက်တွင် ရှိနေသည့် နတ်နယ်မြေ ဆီသို့ လှမ်းကာ သတင်းပေးပို့လိုက်၏။

All Chapters