← Chapters

အခန်း (၃၄၉)

Vol. 24 Ch. 349

အခန်း (၃၄၉)

Vol. 24 Ch. 349

“ပြိုင်ဘက်ကင်း အလှအပစာရင်း - ပြိုင်ဘက်ကင်း အလှအပလို့ ခေါင်းစဉ်တပ်ထားတယ် ဆိုပေမဲ့ ဒီအထဲမှာ ပါဝင်တဲ့လူတွေ အကုန်လုံးက တကယ့်ကို သာမန်ထက်ပိုတဲ့ စွမ်းအားမြင့် ကျင့်ကြံသူတွေ ဖြစ်နေတယ်။ ဒါ နန်းဆောင်သခင်ရဲ့ စဉ်းစားတွေးခေါ်တတ်မှုကို ပြသနေတာလေ” တစ်စုံတစ်ယောက်သည် အသာ သက်ပြင်းချကာ ပြောဆိုလိုက်၏။

လက်ရှိအချိန်မှာတော့ ရောင်စဉ်ရောင်ဝါတန်းများ ဆင်းသက်လာပြီးသည့်နောက် ကျောက်စိမ်းရထားလုံးသည် အားလုံးသောသူတို့၏ ရှေ့မှ ဖြတ်သန်းသွား၏။ ဆန်းကြယ်လှသည့် အလင်းတန်းများသည် တဖြည်းဖြည်းနှင့် မှေးမှိန်လာခဲ့ပြီးသည့်နောက် အဆုံးအစမဲ့သော မွှေးရနံ့များသည် တည်နေရာ တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

များပြားလှသည့် လူများသည် ကျောက်စိမ်းစစ်ရထားလုံး၏ ရွေ့လျားမှုကို လှမ်းကာ ကြည့်ရှုနေ၏။ ပြောရမည် ဆိုလျှင် အားလုံးသောသူတို့၏ အကြည့်အောက်မှာပဲ ကျောက်စိမ်းရထားလုံးကြီးသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ အရှေ့၌ ရပ်တန့်သွား၏။ တောင်များ၊ ချောင်းများ အပြင် လောကကြီး တစ်ခုလုံး အရောင်အဆင်း ကင်းမဲ့သွားရလောက်အောင်ပင် လှပလွန်းလှသည့် အမျိုးသမီးတစ်ယောက်သည် အားလုံးသော သူတို့၏ မြင်ကွင်းထဲသို့ ပေါ်ပေါက် လာ၏။

ထိုကဲ့သို့သော အလှအပမျိုးသည် သေမျိုးလောကထဲတွင် မည်သည့်အခါကမှ မရှိခဲ့သည့် အလှအပမျိုးကဲ့သို့ပင်။ အပြစ်အနာအဆာ ကင်းမဲ့လွန်းလှချေပြီး ကောင်းကင်ဘုံ၏ နတ်သမီးတစ်ပါး ပြန်လည်ကာ မွေးဖွားလာသကဲ့သို့ပင် ကြည်လင်ရှင်းသန့်သည့် အသားအရေနှင့် တောက်ပပြီး ဝိုင်းစက်သော် မျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားသည်။

သူမသည် ပိန်သွယ်သွယ် ခန္ဓာကိုယ်တစ်ခုရှိပြီး မဲနက်နေသည့် ဆံနွယ်များသည် ရေတံခွန်ကဲ့သို့ပင် သူမ၏ ကျောဘက်သို့ ကျဆင်းနေ၏။ နဖူးတွင် မီးလျှံကဲ့သို့ အနီရောင် အမှတ်အသားလေး တစ်ခုက တည်ရှိနေပြီး ထိုအမှတ်အသားဆီမှ အဆုံးအစမဲ့သော အော်ရာများ ထွက်ပေါ်နေ၏။

ကျောက်စိမ်းရထားလုံးဆီမှ ဆင်းသက်လာပြီးနောက် သူမသည် ဘေးဘယ်ညာဆီသို့ တစ်ချက်ကလေးမှ မကြည့်ခဲ့ချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အတွင်းသို့သာ ပေါ့ပေါ့ပါးပါး လျှောက်သွားခဲ့သည်။

“ဆိုးတာပဲ”

ပါရမီရှင်တစ်ယောက်သည် ခေါင်းကိုခါယမ်းကာဖြင့် နောင်တရသလို ပြောလိုက်မိသည်။ “ဒီလိုလူမျိုးက နတ်သားတော်တွေရဲ့ ချစ်ရေးဆိုမှုကိုတောင် ငြင်းပယ်ခဲ့တာလေ။ သာမန်လူတွေအနေနဲ့ သူတို့ဆီကနေ အာရုံစူးစိုက်မှု ရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။” ပြောပြီးသည့်နောက် ထိုသူသည် ရာဂတာအိုဂိုဏ်း၏ တပည့်တစ်ယောက်ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ သူ့ကို ကြည့်ရှုရသည်မှာ ထိုသူကို ပြောနေသကဲ့သို့ပင်။

.......

ခရမ်းရောင်နက်နဲလောက၊ လူသားမျိုးနွယ်များ၏ ရှေးဘိုးဘေးတည်နေရာ၊ ကြီးမားလွန်းလှသည့် ဟောခန်းကြီး အတွင်းမှာတော့ .....

အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ရန်ကျန့်သည် အရှေ့တွင်ရှိနေသည့် တောင်များကို လှမ်းကာ ကြည့်ရှုနေ၏။ သူသည် လက်ထဲတွင် ရှိနေသည့် ခေါက်ယပ်တောင်ကို အသာဖွင့်ပြီး ယပ်ခတ်လျက် ရှိနေ၏။

“နတ်သားတော်”

သက်လတ်ပိုင်းအရွယ် ကွာစီအင်ပါယာသည် ခြေလှမ်းကျဲကြီးများ ဟောခန်းထဲသို့ လျှောက်ဝင်လာ၏။ သူသည် လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခုကို ကိုင်ဆောင်ပြီး ရန်ကျန့်၏ ဘေးဆီသို့ ရောက်ရှိလာခဲ့ခြင်းပင်။

“အင်း... တည်နေရာလမ်းကြောင်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေလား” ရန်ကျန့်၏ အမူအရာသည် မထူးခြားနားသကဲ့သို့ပင်။

“မဟုတ်ပါဘူး”

သက်လတ်ပိုင်းအရွယ် ကွာစီအင်ပါယာက ခေါင်းကို ခါယမ်းလိုက်၏။ အစစ်အမှန် အင်မော်တယ် အမွေအနှစ်ဆီသို့ လာရောက်ရာ ခရီးစဉ်တွင် အင်မော်တယ်၏ အမွေအနှစ်များကို အလုံးစုံ မရရှိခဲ့သော်လည်း တချို့သော အရာများကိုတော့ ရရှိခဲ့၏။

အချိန်အတိုင်းအတာ အတောအတွင်း အင်ပါယာ တစ်ယောက်နှင့် နှိုင်းယှဉ်၍ ရနိုင်သည့် စွမ်းအင်မျိုးကို ပိုင်ဆိုင်ခဲ့ခြင်း မဟုတ်လျှင်တောင်မှ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်၏ လမ်းညွှန်ချက်နှင့်အတူ တကယ်ပင် သူတို့သည် အစစ်အမှန် အင်မော်တယ် ချန်ထားခဲ့သည့် အတွေးအမြင်များကို ရရှိခဲ့သည်။

အံ့အားသင့်စရာ ကောင်းလောက်အောင်ပင် လုံခြုံခဲ့သည်ဟုလည်း ပြောဆိုရမည် ဖြစ်သည်။ အစစ်အမှန် အင်မော်တယ် တစ်ယောက်၏ အတွေးအမြင် ဆိုသည်မှာ တန်ဖိုးကြီးမားလွန်းလှ၏။ ထိုသတင်းအချက်အလက် သည်သာ ပေါက်ကြားသွားသည်ဆိုပါက အင်ပါယာများ အားလုံးသည်ပင်လျှင် လာရောက်ကာ သူတို့ကို စုဝေး ညှစ်ထုတ်မှာဖြစ်၏။

ထို့ကြောင့် ခရမ်းရောင်နက်နဲလောကထဲတွင် တည်ရှိနေသည့် ရန်ကျန့်နှင့် သူ၏အဖော်များသည် စိတ်မလုံခြုံသလို ခံစားနေရပြီး မြေအင်မော်တယ်လောကဆီသို့ မည်ကဲ့သို့ ပြန်ရမည်ဆိုသည့် အကြောင်းအရာကို ဆက်တိုက် ဆိုသလို စဉ်းစားနေမိသည်။ အခြေအနေသည် သူတို့ လာခဲ့တုန်းကလို မဟုတ်တော့ချေ။

သို့ပေမဲ့ တည်နေရာ လမ်းကြောင်းသည်သာ တည်ရှိနေသည်ဆိုပါက ကျောက်စိမ်းလေဟာနယ်နန်းတော်ဆီမှ အင်ပါယာတစ်ယောက် ရောက်ရှိလာနိုင်သည်။ ထိုသို့ဆိုလျှင် မည်သူမှသည် သူတို့ကို ရန်ပြုရဲလိမ့်မည် မဟုတ်ချေ။ ကျောက်စိမ်းလေဟာနယ် နန်းတော်ဆီမှ အင်ပါယာလာမည်ဆိုသည့် သတင်းစကားတစ်ခုကို ပြောဆိုလိုက်သည် ဆိုသည်နှင့် အားလုံးသောသူတို့ ငြိမ်သက်သွားမှာ သေချာ၏။

သို့ပေမဲ့ လက်ရှိအချိန်တွင် တည်နေရာလမ်းကြောင်း မရှိသောကြောင့် အရာအားလုံးက ပြောင်းလဲသွားခဲ့၏။ ကျောက်စိမ်းလေဟာနယ်နန်းတော်၏ အင်ပါယာများသည် လာရောက်ကာ ကူညီနိုင်စွမ်း မရှိသောကြောင့် သူတို့သည် သူတို့ဘာသာ သူတို့ ရပ်တည်ရမှာ ဖြစ်၏။ ကျောက်စိမ်းလေဟာနယ်နန်းတော်၏ ဘိုးဘေးကြီး သို့မဟုတ် အင်ပါယာများသည် သူတို့အတွက် လမ်းဖွင့်ပေးရန်သာ မျှော်လင့်နေမိကြသည်။

“ဒီတော့ ဒီတစ်ကြိမ် ဘာယူလာခဲ့တာလဲ” ရန်ကျန့်က မေးမြန်းလိုက်၏။

“နတ်သားတော်.. ကောင်းကင်လျှို့ဝှက်နန်းဆောင်က ဆန်းကြယ်လှတဲ့ နန်းဆောင်သခင်က သတင်းအသစ် တစ်ခုကို ထုတ်ဖော်လိုက်တယ်” သက်လတ်ပိုင်းအရွယ် ကွာစီအင်ပါယာသည် ကျောက်စိမ်းပြားကို ကမ်းပေးလိုက်သည်။

“အမ်” ရန်ကျန့်သည် ခန္ဓာကိုယ်ကို အသာလှည့်လိုက်၏။ သူ၏ မျက်လုံးထက်တွင် တကယ်ပင် စိတ်ဝင်စားသည့် အမူအရာများ ပေါ်ပေါက်လာ၏။ လက်ကို အသာဖြန့်ကာ ကျောက်စိမ်းပြားကို လှမ်းယူလိုက်၏။

“ဒီစာရင်းထဲမှာ မြေအင်မော်တယ်လောကက သက်ရှိတွေပါ ပါတာလား” ရန်ကျန့်က မေးမြန်းလိုက်မိ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီ သွားရောက်ကာ လည်ပတ်ဖူးသည် ဖြစ်သောကြောင့် တော်ဝင်သဲကန္တာရမြို့၏ အထက်တွင် ရှိနေသော စာရင်းများနှင့်ပတ်သက်၍ သူက ရင်းနှီးပြီးသား ဖြစ်လေ၏။ ထိုစာရင်း အားလုံးသည် ကောင်းကင်မူလလောကကြီး၏ လူငယ်နှင့်လူကြီးပိုင်းများ အားလုံး သိရှိပြီးသား ဖြစ်သည်။

“ဘာကမှ နတ်သားတော်ရဲ့ သတိပြုမှုအောက်ကနေ မလွတ်သွားပါဘူး။ ဒီသတင်းအသစ်မှာတော့ လောကအသီးသီးရဲ့ ကောင်းကင် ပါရမီရှင်စာရင်း မှာ နတ်သားတော်က ဒုတိယမြောက် ချိတ်ရုံတင်မကဘူး။ ပြိုင်ဘက်ကင်း အလှအပ စာရင်းမှာလည်း နိရယ အင်ပါယာက နံပါတ်တစ် ချိတ်ခဲ့တယ်” သက်လတ်ပိုင်းအရွယ် ကွာစီအင်ပါယာသည် လေးနက်တည်ကြည်စွာ ပြောလိုက်၏။

“ကျုပ်က ဒုတိယဟုတ်လား” ရန်ကျန့်သည် အနည်းငယ် အံ့အားသင့်သွား၏။ သူသည် မထင်မှတ်ခဲ့ချေ။ မြေအင်မော်တယ်လောကကြီးတွင် ကောင်းကင်လျှို့ဝှက်နန်းဆောင် မရှိသော်လည်း သူ့အနေနှင့် မျိုးဆက်များ ကြားတွင် ပြိုင်ဘက်ကင်း အခြေအနေမျိုး ရောက်ရှိနေပြီဖြစ်၏။ မည်သူမှသည် သူနှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိခဲ့ချေ။

စာရင်းထုတ်ပြန်ထားခြင်း မရှိသည် ဆိုလျှင်တောင်မှ သူသည် လူငယ်မျိုးဆက်သစ်များ ကြားထဲတွင် နံပါတ်တစ် ဖြစ်ကြောင်း အားလုံးက လက်ခံထားပြီးဖြစ်၏။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်၏ မျက်လုံးထဲတွင်တော့ သူသည် မထင်မှတ်ထားလောက်အောင်ဘဲ ဒုတိယဖြစ်လို့ နေခဲ့၏။

“ပထမက”

ရန်ကျန့်သည် နတ်ဘုရားအသိအမြင်များကို ကျောက်စိမ်းပြားထဲသို့ ထည့်သွင်းကာ ကြည့်ရှုလိုက်၏။ သူ၏ မျက်နှာထက်တွင် သဘောမတွေ့သည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့သည်။ “ယုရှင်းချန်... ဒီမိန်းကလေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ သိလား”

“အင်း”

သက်လတ်ပိုင်းအရွယ် ကွာစီအင်ပါယာ၏ အမူအရာသည် အေးခဲသွားခဲ့၏။ သူသည် လက်သီးကို ဆုပ်ကာဖြင့် တောင်းပန်ရိုကျိုးစွာ ပြောလိုက်၏။ “အရိုးသားဆုံး ပြောရမယ်ဆိုရင် ဒီယုရှင်းချန်က အရမ်းကို ဆန်းကြယ်လွန်းတယ်။ ကြည့်ရတာ မွေးဖွားလာကတည်းက ခွန်လွန်လေဟာနယ်ရဲ့ အပြင်ဘက်ကို ခြေတစ်ချက်မှ မချဖူးဘူး။ နောက်လိုက်တွေက အရင်းအမြစ် တော်တော်များများကနေ စုံစမ်းခဲ့တယ် ဆိုပေမဲ့ သတင်း အချက်အလက် အနည်းငယ်ကိုပဲ ရရှိခဲ့တယ်”

“ကျုပ်တို့ သိသလောက်ဆိုရင် ကောင်းကင်မူလလောကကြီးထဲမှာ ရီချန်လို့ခေါ်တဲ့ လူသားပါရမီရှင်တစ်ယောက်က ယုရှင်းချန်နဲ့ တိုက်ခိုက်ခဲ့ဖူးတယ်။ ဒါပေမဲ့ တိုက်ကွက်တစ်ကွက်၊ လက်ညှိုးတစ်ချောင်းအောက်မှာပဲ ရှုံးနိမ့်ခဲ့ တယ်လေ။ သေမလိုတောင် ဖြစ်သွားတယ်။ ဒါအပြင် တခြားမှတ်တမ်းဆိုတာ ဘာမှ မရှိဘူး”

“ရီချန် ဟုတ်လား”

ရန်ကျန့်၏ အမူအရာသည် ပြောင်းလဲသွား၏။ သူသည် ကျောက်စိမ်းပြားပေါ်တွင် ရှိနေသည့် ရီချန်၏ အဆင့်ကို ကြည့်ရှုလိုက်၏။ ရီချန်သည် လက်ရှိအခြေအနေ၌ လောကအသီးသီး၏ ကောင်းကင်ပါရမီရှင် စာရင်းတွင် ရှစ်ဆယ့်တစ်ယောက်မြောက် နေရာ၌ ဖြစ်၏။ ထိုသူသည် မြေအင်မော်တယ်လောကကြီးတွင်ပင် ထူးခြားသည့် ပါရမီရှင်တစ်ယောက်ဟု သုံးသပ်ရမှာ ဖြစ်သော်လည်း ယုရှင်းချန်ကို တကယ်ပင် တိုက်ကွက် တစ်ကွက်တည်းနှင့် ရှုံးနိမ့်ခဲ့သည်။

“ကောင်းကင်မူလလောကကြီးထဲမှာ ရှိနေတဲ့ ဒီလူနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေအရဆိုရင် တော်ဝင် အင်ပါယာတစ်ယောက် ပြန်လည်မွေးဖွားလာခဲ့တယ်လို့ ဆိုတယ်။ ဒါပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်က ဒီအရာကို အသိအမှတ် မပြုထားသေးဘူး” သက်လတ်ပိုင်းအရွယ် ကွာစီအင်ပါယာက ပြောလိုက်၏။

ကောင်းကင်မူလလောကကြီးတွင် အရာအားလုံးအား ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ခေါင်းညိတ်ခြင်း၊ ခေါင်းမညိတ်ခြင်းနှင့် ဆုံးဖြတ်ကြ၏။ နန်းဆောင်သခင်သည်သာ ခေါင်းမညိတ်ပါက အရာအားလုံးကို ကောလဟလအဖြစ် သတ်မှတ်ထား၏။ ဤအရာကို ကြည့်ရှုမည်ဆိုလျှင် ကောင်းကင်လျှို့ဝှက် နန်းဆောင်သည် မည်မျှ ကြီးမားလှသည့် ဂုဏ်သိက္ခာကို ပိုင်ဆိုင်ကြောင်း သိရှိနိုင်သည်။

“တော်ဝင်အင်ပါယာတစ်ယောက် ပြန်လည်ဝင်စားတာ ဟုတ်လား”

ရန်ကျန့်သည် ယုရှင်းချန်၏ နာမည် အောက်တွင် ရှိနေသည့် မှတ်တမ်းများကို လှမ်းကာ ကြည့်ရှုလိုက်၏။ ရီချန်အား တိုက်ကွက်တစ်ကွက်နှင့် အနိုင်ယူ နိုင်ခဲ့ပြီး သူတော်စင်တစ်ယောက်ကိုပင် အစီအရင်ကို အသုံးပြုကာ တိုက်ခိုက်ခဲ့သည်ဆိုသည့် အကြောင်းအရာသာ ပါ၏။

ပြောရမည်ဆိုလျှင် များပြားလှသော လူများသည် အောင်မြင်မှုများ အားလုံးကို သိရှိပြီးသားဖြစ်၏။ ဤအရာသည် သူမ၏ ကိုယ်ပိုင် အားအင်အဆင့်လည်း မဟုတ်ပေ။ အစီအရင်ကို အားကိုးခဲ့ခြင်းသာဖြစ်၏။ ယခုမှ ကျင့်ကြံကာစ လူတစ်ယောက်ပင်လျှင် အင်ပါယာအဆင့် သတ်ဖြတ်ခြင်း အစီအရင်ကို အသုံးပြုသည်ဆိုပါက သူတော်စင် တစ်ယောက်ကို လွယ်လွယ်ကူကူ သတ်ဖြတ်ပစ်နိုင်ပေလိမ့်မည်။

“လူပေါင်းများစွာတို့က ပြောချင်ရာတွေ လျှောက်ပြောနေကြတာပဲလေ။ တော်ဝင်အင်ပါယာတစ်ယောက် ပြန်လည် မွေးဖွားလာခြင်းဖြစ်တယ်ဆိုတဲ့ ရှင်းပြချက်ကလွဲရင် တခြားဘာကိုမှတော့ မသိနိုင်တော့ဘူး” ရန်ကျန့်သည် တီးတိုး ပြောဆိုလိုက်၏။

လက်ရှိ အခြေအနေမှာတော့ ယုရှင်းချန်၏ အားအင်အဆင့်သည် ကောင်းကင်သဘာဝပြောင်းလဲခြင်း အလယ်အလတ် အဆင့် သို့ပင် ရောက်ရှိနေ၏။ သူမ၏ ကျင့်ကြံခြင်းအဆင့်သည် မြန်မြန်ဆန်ဆန် တိုးတက်လျက် ရှိနေလေ၏။ မည်သည့် ခက်ခဲမှုမှ မရှိသလိုပင်။

အင်ပါယာတစ်ယောက် ဖြစ်မလာခင်တွင် အရာအားလုံးသည် အဆင်ပြေ ချောမွေ့လျက် ရှိနေ၏။ သူမ၏ ရည်ရွယ်ချက်သည် အင်ပါယာတစ်ယောက် ဖြစ်ရုံလောက်တော့ မဟုတ်ပေ။ ထို့အပြင် သူမသည် ယခင်ဘဝတုန်းက အင်ပါယာတစ်ယောက် ဖြစ်ခဲ့ဖူးသူတစ်ယောက်ဖြစ်၏။ ပြန်လည်မွေးဖွားလာပြီးသည့်နောက် ဤနေရာသို့သာ ရောက်ရှိအောင် ပြုလုပ်နိုင်သည်ဆိုပါက ညံ့ဖျင်းရာ ကျပေလိမ့်မည်။ ထို့ကြောင့် သူမ၏ ရည်မှန်းချက်သည် အင်ပါယာတစ်ယောက်ထက် ပိုမိုကာ သာလွန်မှာ သေချာသည်။

အတိတ်တုန်းက ကောင်းကင်မူလလောကကြီး၌ အင်ပါယာ၏အထက် ကျင့်ကြံသူများ နေထိုင်၍ မရနိုင်ခဲ့ချေ။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ကွာခြားသွားခဲ့ပြီဖြစ်၏။ လောကကြီးနှစ်ခုကို ချိတ်ဆက်ပေါင်းစပ် ပြီးသည့်နောက် အထဲတွင် ရှိနေသည့် သက်ရှိသတ္တဝါ သန်းထောင်ပေါင်း များစွာတို့သည် မတူညီသည့် လောကကြီးတွင် ရွှေ့ပြောင်းနေထိုင်လိုက်ရသလိုပင် ခံစားနေကြ၏။

အင်ပါယာဆိုသည်မှာ ၎င်းတို့၏ အဆုံးသတ် မဟုတ်တော့ချေ။ အစစ်အမှန် အင်မော်တယ်တစ်ယောက် ဖြစ်လာခြင်းသည် အားလုံးသော ကျင့်ကြံသူတို့အတွက် ရည်မှန်းချက်ပင် ဖြစ်လာခဲ့သည်။

All Chapters