← Chapters

အခန်း (၇၆-၈၀)

Vol. 4 Ch. 76-80

အခန်း (၇၆-၈၀)

Vol. 4 Ch. 76-80

အပိုင်း (၇၆) ခြယ်လှယ်လွန်းတဲ့ ဘဏ္ဏာထိန်းမန်

‘‘သူ့ယွမ်ချီထိန်းချုပ်နိုင်စွမ်းက အဲ့အဆင့်ထိရောက်နေတယ်လို့

ငါမပြောပါဘူး။ ဒါပေမယ့် ဒီလိုလုပ်နိုင်တဲ့သိုင်းပညာရပ်တွေကိုကော

မင်းမေ့နေတာလား’’ စုရွှမ်းဝူကလှောင်ပြောင်လိုက်သည်။

‘‘မဖြစ်နိုင်ဘူး၊ အဲ့လိုသိုင်းပညာရပ်မျိုးကိုအသုံးပြုရင်

သူ့လိုစဦးဒြပ်စင်အဆင့်၃ကျင့်ကြံသူတစ်ယောက်က တိမ်ဖုံးကိုယ်ကြပ်အကျီင်္ကို

ဖျက်စီးနိုင်တယ်ဆိုတာငါမယုံဘူး’’ ဝေရှီတုန်းကအဆက်မပြတ်ခေါင်းခါရင်း

ပြောလိုက်သည်။

‘‘ဒီကမ္ဘာမှာမဖြစ်နိုင်ဘူးဆိုတဲ့အရာမရှိဘူး။ မင်းတို့ကအားနေရင်

လေ့ကျင့်ဖို့ပဲစဉ်းစားနေတော့ ပြင်ပကမ္ဘာကကိစ္စတွေကိုတောင် လိုက်မမှီနိုင်တော့ဘူးပဲ’’ ဝေရှီတုန်း၏မျက်နှာက ချက်ချင်းအေးစက်သွားခဲ့ပြီး

‘‘ဒုတိယညီလေး၊ မင်းကရန်ကိုင်ကိုတကယ်ပဲဆက်ပြီး ကာကွယ်ပေးချင်

နေတာလား’’ ‘‘ငါကာကွယ်ပေးချင်တော့ရောဘာဖြစ်လဲ’’ စုရွှမ်းဝူက

ရုတ်တရက်မတ်တပ်ရပ်လိုက်သည်။

‘‘ဒီကိစ္စတွေအကုန်လုံးက လူငယ်တွေကြားကဖြစ်တဲ့ပြဿနာတစ်ခုပဲ။

ဒါပေမယ့်မင်းကဝင်ပြီး ပြဿနာမကြီးကြီးအောင်လုပ်နေတာ မဟုတ်ဘူးလား။

မင်းကဆက်ပြီးတော့ ဝင်ရှုပ်နေမှတော့ငါကလည်းဆက်ပြီး မရပ်မနားနှောင့်ယှတ်နေရတော့မှာပေါ့။ မင်းသာဝေကျွမ်းနဲ့ရန်ကိုင်နှစ်ယောက်စလုံးကို

စည်းကမ်းချိုးဖောက်တဲ့အတွက် အပြစ်ပေးရင် ငါလည်းဒီကိစ္စကိုဆက်ပြီးနှောင့်ယှတ်တော့မှာမဟုတ်ဘူး’’

‘‘အဲ့လိုမလုပ်နိုင်ဘူး’’ ဝေရှီတုန်းက ချက်ချင်းငြင်းဆိုလိုက်သည်‘‘ မင်းပြောတဲ့

အတိုင်းသာဆိုရင် ရန်ကိုင်ကတိမ်ဖုံးကိုယ်ကြပ်အကျီင်္ကိုဖျက်ဆီးဖို့ လက်နက်တစ်ခုကိုတကယ်ပဲအသုံးပြုခဲ့တယ်ပေါ့။ ဒါပေမယ့် ဒီလိုငယ်ငယ်ရွယ်ရွယ်မှာတောင်ဒီလောက်ရက်စက်ကြမ်းကြုတ်နေရင် သူကြီးလာတဲ့အခါ ကျိန်းသေလမ်းမှား

ရောက်သွားလိမ့်မယ်။ ကောင်းကင်စံအိမ်က ဒီလိုလူမျိုးကို လက်မခံနိုင်ဘူး’’

‘‘သူကစဦးဒြပ်စင်အဆင့်မှာပဲရှိသေးတာကို သူလမ်းမှားရောက်မယ်၊ မရောက်ဘူးဆိုတာကိုမင်းကဘယ်လိုလုပ်ပြီးသိနေတာလဲ။ ပထမအစ်ကိုကြီးကများအနာဂတ်ကိုကြိုမြင်နို်င်တာလား’’ ‘‘ဒုတိယအစ်ကိုကြီး……’’ စတုတ္ထအကြီးအကဲက

တစ်ခုခုပြောဖို့လုပ်နေတုန်းမှာပဲ စုရွှမ်းဝူ၏ဒေါသတကြီးအော်သံကြောင့်

ရပ်လိုက်ရသည်‘‘စတုတ္ထလူအိုကြီး၊ စံအိမ်ခေါင်းဆောင် တံခါးပိတ်ကျင့်ကြံခြင်း

မဝင်ခင်တုန်းက စည်းကမ်းထိန်းသိမ်းရေးခန်းမကို မင်းဆီအပ်ခဲ့တယ်။ဒါပေမယ့် ဒီနှစ်အတောအတွင် မင်းတို့စည်းကမ်းထိန်းသိမ်းရေးခန်မက

ဘာတွေလုပ်ပြီးသွားပြီလဲ။ တရားမျှတမှုလား…ဘယ်တုန်းကများ

တရားမျှတခဲ့ဖူးလဲ။ စည်းကမ်းထိန်းသိမ်းရေးခန်းမကတပည့်တွေကို ဖိနှိပ်ပြီးစွမ်းအားပြိုင်ဆိုင်မှုကြားထဲကိုဝင်ပါလာမယ်ဆိုရင် မင်းဆီအပ်ထားတာဘာအသုံးဝင်တော့မှာလဲ။ မနက်ဖြန်ကျရင်၊ ငါကိုယ်တိုင်စံအိမ်ခေါင်းဆောင်ဆီ

သွားပြီးစည်ကမ်းထိန်သိမ်းရေးခန်မရဲ့ တာဝန်တွေကိုတင်းကြပ်ခိုင်းပေးဖို့

တောင်းဆိုရမယ်။ ကြည့်ရသေးတာပေါ့’’

စတုတ္ထအကြီးအကဲက သူ့မျက်လုံးတွေဒေါသကြောင့် နီရဲလာခဲ့ပြီး

ကျိန်ဆဲလိုက်သည်။ ဒါပေမယ့် ဒုတိယအကြီးအကဲပြောတာကိုလည်း

မငြင်းဆန်နိုင်တဲ့အတွက် သူ့ဒေါသတွေကိုဖိနှိပ်ထားရုံသာတတ်နိုင်လေသည်။

‘‘ဒုတိယညီလေး၊ ရန်ကိုင်ကိုကောင်းကင်စံအိမ်က ထုတ်ပယ်မယ်ဆိုရင်ရောမင်းဘယ်လိုထင်လဲ’’ ဝေရှီတုန်းက နွေးထွေးမှုအပြည့်နဲ့မေးလိုက်သည်။

‘‘မင်းလုပ်ရဲလား’’ စုရွှမ်းဝူက ငြိမ်ခံမနေခဲ့ပေ။

‘‘ကောင်းပြီ။ အဲ့လိုဆိုရင် ငါတို့စံအိမ်ခေါင်းဆောင် ထုတ်ထားတဲ့စည်းမျဉ်းအတိုင်း

မဲပေးပြီးဆုံးဖြတ်မယ်။ ငါရဲ့အထင်အမြင်မှန်ကန်ခဲ့ရင် ဒုတိယညီလေးကမကန့်ကွက်လောက်ဘူးမလား’’

‘‘ဟဲဟဲ၊ ကဲမင်းတို့လက်မြှောက်ပြီးမဲပေးကြရအောင်’’ စုရွှမ်းဝူက

အကျယ်ကြီးအော်ရယ်လိုက်သည်‘‘ပထမအစ်ကိုကြီး၊ ငါစုရွှမ်းဝူကို ငတုံးတစ်ကောင်လို့ထင်နေတာတော့မဟုတ်လောက်ဘူးမလား။ လက်မြှောက်ပြီးမဲပေးဖို့ အခြားလိုအပ်တာတွေကောမရှိတော့ဘူးလား’’

‘‘ဒါမကောင်းဘူး။ဒါမကောင်းဘူး။ အဲ့လိုဆိုရင် ဘယ်လိုလုပ်မှမင်းကျေနပ်မှာလဲ။

စံအိမ်ခေါင်းဆောင်ရဲ့ စည်မျဉ်းတွေကို မင်းမျက်လုံးထဲမထည့်တာလား’’

ဝေရှီတုန်းကဒေါသထွက်လာခဲ့သည်။ ‘‘မင်းတို့စိတ်ငြိမ်ငြိမ်ထားကြပါ။ အားလုံး

စိတ်ငြိမ်ငြိမ်ထားပြီး လက်ဖက်ရည်တစ်ချက်လောက် လာသောက်ကြစမ်းပါ။

လူတိုင်းစိတ်အေးအေးထားပြီး စဉ်းစားကြပါ’’ ဘာမှမပြောပဲတစ်ချိန်လုံးငြိမ်နေခဲ့တဲ့ တတိယအကြီးအကဲ အလျင်စလိုမပြုမူဖို့ ဝင်ပြောလိုက်သည်။

တတိယအကြီးအကဲ၏ သဘာဝကနူးညံ့ပြီး ဒုတိယအကြီးအကဲဘက်မှာထိုင်နေသော်လည်း သူတို့ငြင်းခုံနေတာကို တစ်ချက်တောင်ဝင်မပြောပေ။

သူ့နာမည်ကလည်း သူပြောခဲ့တဲ့စကားနဲ့အတူတူပင်ဖြစ်သည်…

လက်ဖက်ရည်တစ်ခွက်သောက်ပါ။ အကြီးအကဲတွေကြားထဲ ငြင်းခုံမှုဖြစ်တိုင်းသူကတရားထိုင်ပြီး သူတို့ပြောတာကိုသာနားထောင်နေလေ့ရှိသည်။

‘‘မသောက်ဘူး’’ အကြီးအကဲချုပ်နဲ့ ဒုတိယအကြီးအကဲက တစ်ပြိုင်တည်းပြောလိုက်သည်။ တစ်ယောက်ကိုတစ်ယောက် မကျေမနပ်ကြည့်လိုက်ရင်းနှစ်ယောက်စလုံး ပြိုင်တူငြင်းဆန်လိုက်ကြသည်။ တတိယအကြီးအကဲက

ပြောစရာစကားမဲ့သွားပြီး သူ့ဘာသာသူတစ်ယောက်တည်းဆက်သောက်

နေခဲ့သည်။

အကြီးအကဲတွေ ငြင်းခုံနေတဲ့အချိန်မှာပဲ အပြင်ကနေအသံတစ်သံ

ထွက်လာခဲ့သည်‘‘ဒီတပည့်က အကြီးအကဲတွေကို အရေးကြီးတဲ့

သတင်းတင်ပြစရာရှိပါတယ်’’ စတုတ္ထအကြီးအကဲကမျက်မှောင်ကြုံ့ထားလိုက်ပြီး

ချက်ချင်းပြောလိုက်သည်‘‘ဝင်လာခဲ့’’ အကြီးအကဲတွေဆွေးနွေးနေတဲ့အချိန်တွင်

ဘယ်တပည့်မှလာပြီး မနှောက်ယှတ်ရဲပေ။ ဒါပေမယ့် ထိုတပည့်က အရေးကြီးတဲ့

သတင်းတစ်ခုခုတင်ပြစရာရှိတယ်ဆိုမှတော့ ကောင်းကင်စံအိမ်နဲ့

ပက်သက်ပြီး အရေးကြီးတဲ့သတင်းတစ်ခုခုဖြစ်ရပေမည်။

ထို့နောက်အကြီးအကဲတွေက ငြင်းခုံနေတာကိုချက်ချင်းရပ်လိုက်ကြသည်။

ထိုတပည့်က အထဲကိုလမ်းလျှောက်ဝင်လာတဲ့အချိန်တွင်

စတုတ္ထအကြီးအကဲ ကျိုးဖေးက မေးလိုက်သည်‘‘ဘာကိစ္စလဲ’’လ

‘‘တစ်ယောက်ယောက်က ကောင်းကင်စံအိမ်တောအုပ်အကျဉ်းထောင်ကို

ချိုးဖောက်ဝင်ရောက်ပြီး ရန်ကိုင်၊လီယွမ်ရှန်းနဲ့ အခြားသူတွေကို ကယ်တင်

သွားခဲ့ပါတယ်’’

‘‘ဘာ…’’စတုတ္ထအကြီးအကဲက ချက်ချင်းမတ်တပ်ရပ်လိုက်ပြီး အခြားအကြီးအကဲ

တွေကတော့နေရာမှာပဲ ကြက်သေသေနေခဲ့ကြသည်။ ကောင်းကင်စံအိမ်တပည့်က

ဆက်မပြောရဲတော့ပဲ ခေါင်းမော့ပြီးအကြီးအကဲတွေကို ကြောက်ရွံ့စွာကြည့်နေလိုက်သည်။

စုရွှမ်းဝူ၏နှလုံးကနွားရိုင်းတစ်ကောင်လို ခုန်ပေါက်နေခဲ့ပြီး မကောင်းတာ

တစ်ခုခုဖြစ်လာတော့မှာကို ခံစားနေရလေသည်။

အကြီးအကဲချုပ်က အဖြစ်အပျက်တွေကို တွက်ချက်ခန့်မှန်းလိုက်ပြီး

သူ့ကိုယ်သူတည်ငြိမ်အောင်လုပ်ကာ ထိုတပည့်ကိုဆက်ပြောခိုင်းလေသည်။

‘‘စု…စုယန်ပါ။စီနီယာအစ်မစုယန်ပါ’’

ထိုစကားလုံးတွေကြားလိုက်တာနဲ့အကြီးအကဲချုပ်က အပြုံးကြီးပြုံးလိုက်ပြီး

စတုတ္ထအကြီးအကဲနှင့် ပဉ္စမအကြီးအကဲတို့ကလည်း စုရွှမ်းဝူကို စိတ်ပျက်စွာ

ကြည့်လိုက်လေသည်။ တတိယအကြီးအကဲကတော့သူ့ဘာသာသူလက်ဖက်ရည်

ဆက်သောက်နေခဲ့သည်။ စုရွှမ်းဝူ၏အမူအရာကပြောင်းလဲနေခဲ့ပြီး

သတင်းပို့တဲ့တပည့်ကို ဒေါသတကြီးလက်ညှိးထိုးလိုက်ပြီး မေးလိုက်သည်

‘‘မင်းသေချာမြင်လိုက်လား။ အကျဉ်းထောင်ကိုဖောက်တဲ့လူက စုယန်ဆိုတာမင်းသေချာမြင်လိုက်လို့လား’’

ထိုစည်းကမ်းထိန်းသိမ်းရေးတပည့်က ကြောက်လန့်တုန်လှုပ်သွားခဲ့ပြီး

ချက်ချင်းပဲပြန်ဖြေလိုက်သည်‘‘ စီနီယာအစ်မစုယန်ဆိုတာသေချာပါတယ်။

ဒုတိယအကြီးအကဲကျွန်တော်ကိုမယုံရင် အကျဉ်းထောင်မှာ

သွားကြည့်လို့ရပါတယ်’’ ‘‘မလိုဘူး’’ စုရွှမ်းဝူကချက်ချင်းပဲ

တောအုပ်အကျဥ်းထောင်ကို စိတ်ဝိဥာဉ်နဲ့ခရီးသွားလိုက်သည်။

သူရောက်သွားတာနဲ့ ကျောရိုးတစ်လျှောက်အေးစိမ့်သွားခဲ့သည်။

ထိုကဲ့သို့အအေးစွမ်းအင်ကို ကောင်းကင်စံအိမ်တွင်စုယန်ကလွဲပြီး


နမော်နမဲ့နိုင်တာပဲ…အခြေအနေကိုလည်းနားမလည်ဘူး။

‘‘ဒုတိယညီလေး၊ မင်းဒီအခြေအနေကိုဘယ်လိုမြင်လဲ’’ အကြီးအကဲချုပ်က

လက်ဖက်ရည်ခွက်ကိုရင်း ဒုတိယအကြီးအကဲပြန်လာမှာကို စောင့်နေလိုက်သည်။ သူကအရမ်းတည်ငြိမ်နေခဲ့ပြီး မေးလိုက်တဲ့အချိန်မှာလည်း

ယောက်ယက်ခတ်နေခြင်းမရှိချေ။ ထိုအချိန်တွင် အကြီးအကဲချုပ်က

တော်တော်လေး တည်ငြိမ်နေလေသည်။ နှစ်ဖက်စလုံးက တစ်ဖက်နှင့်တစ်ဖက် အလျှော့မပေးပဲ အပြန်အလှန်ငြင်းခုံနေတဲ့အချိန်တွင်ဒီအဖြစ်အပျက်က အခြေအနေတွေကိုပြောင်းပြန်လှန်ဖို့ သော့ချက်ပင်ဖြစ်သည်။

တောအုပ် အကျဉ်းထောင်ဆိုတာ ဘယ်လိုနေရာမျိုးမို့လို့လဲ… ထိုအကျဉ်းထောင်ကအပြစ်ကျူးလွန်တဲ့ကောင်းကင်စံအိမ်တပည့်တွေကို ဖမ်းဆီထိန်းသိမ်းထားတဲ့

နေရာပင်ဖြစ်သည်။ ရန်ကိုင်အပြစ်ကျူးလွန်သည်ဖြစ်စေ၊ မကျူးလွန်သည်ဖြစ်စေ…. သူကထိုအကျဉ်းထောင်ထဲမှာ ဖမ်းခံနေသရွေ့ကတော့သူ့ကိုပြစ်ဒဏ်မချမှတ်သေးသရွေ့တော့ အပြင်ကိုဘာအကြောင့်းနဲ့မှထွက်သွားလို့မရပေ။

အခုအချိန်မှာတော့ စုယန်ကတောအုပ်အကျဉ်းထောင်ကို ဝင်မွှေခဲ့ပြီး

အကျဉ်းသားတွေကို အတင်းအကြပ်ခေါ်ဆောင်သွားခဲ့သည်။ သူမက

ကောင်းကင်စံအိမ်၏ အဓိစည်းမျဉ်းတစ်ခုကို ချိုးဖျက်သွားခဲ့ပြီဖြစ်သည်။

ဒီကိစ္စကိုသေချာမကိုင်တွယ်ရင် စုယန်လည်းအပြစ်ပေးခံရလိမ့်မည်။

စုရွှမ်းဝူက စုယန်ကိုအထိခိုက်မခံဘူးဆိုတာကို ဝေရှီတုန်းက သေချာသိနေခဲ့သည်။

ကိစ္စတွေကဒီလိုဖြစ်လာခဲ့မှတော့ စုရွှမ်းဝူအဖို့ နောက်တစ်လှမ်းဆုတ်ပြီးသူ့ကို မျက်နှာသာပေးရုံပဲရှိတော့ပေလိ်မ့်မည်။ ထိုအကြီးအကဲငါးယောက်စလုံးကရန်ကိုင်နဲ့ဘာအကြောင်းနဲ့မှ မဆက်စပ်ပေ။ သူတို့ဒီကိစ္စကိုအခုအချိန်အထိ

ငြင်ခုံနေတာက ကောင်ကင်စံအိမ်၏ ခေါင်းဆောင်ရားထူးကြောင့်ပင်ဖြစ်သည်။

အကြီးအကဲချုပ်ကအခုအချိန်တွင် အားပြိုင်ပွဲကိုသူနိုင်သွားတယ်လို့

ခံစားနေရလေသည်။

စုရွှမ်းဝူ၏မျက်နှာက တဖြည်းဖြည်းဖြူလျော့လာခဲပြီး တစ်ခုခုပြောဖို့

ခဏတာလွန်ဆွဲနေပြီးမှ ပြောလိုက်သည်‘‘အကြီးအကဲချုပ်ကဒီကိစ္စကို

ဘယ်လိုဖြေရှင်းချင်လဲ…ငါတို့ဆွေးနွေးကြတာပေါ့’’ စုရွှမ်းဝူက

နောက်ဆုတ်လိုက်မှတော့ အကြီးအကဲချုပ်ကလည်း ဆက်ပြီးတွန်းအားပေးလို့

ဘယ်လိုလုပ်ဖြစ်ပါ့မလဲ။ စုယန်ကိုအပြစ်ဒဏ်ကလွတ်မြောက်စေဖို့ ရန်ကိုင်ကိုစတေးဖို့တော့လိုအပ်ပေသည်။

ဘာပဲဖြစ်ဖြစ် အချိန်ရှိနေသရွေ့ ဒီနေ့ခံခဲ့ရသမျှကို အတိုးနဲ့ပြန်လက်စားချေလို့ရပေသည်။

‘‘တစ္ဆေအိုကြီး’’ စုမူကထိုစကားလုံးတွေကို ကြားလိုက်တာနဲ့ မျက်လုံးပြူးပြီးစုရွှမ်းဝူကိုမယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ ‘‘မင်းငါ့ကိုဘယ်လိုခေါ်လိုက်တာလဲ’’

စုရွှမ်းဝူကဒေါသငယ်ထိပ်ရောက်သွားခဲ့လေသည်။

‘‘အဖိုး၊ မင်းဒီလိုလုပ်လို့မရဘူး’’

စုမူကသူ့စကားလုံးကိုချက်ချင်းပြန်ပြင်လိုက်သည်။ ‘‘ဒီကိစ္စနဲ့ပက်သက်ပြီးမင်းမှာဆုံးဖြတ်ခွင့်မရှိဘူး’’´စုရွှမ်းဝူက စုမူကိုစူးစူးဝါးဝါးကြည့်လိုက်သည်။

‘‘စီနီယာအစ်ကိုရန်က ငါ့အသက်ကိုကယ်ခဲ့တာ..မင်းသူ့ကိုဒီအတိုင်း

လျစ်လျူရှုလိုက်လို့မရဘူး။ မင်းသာသူ့ကိုလျစ်လျူရှုလိုက်ရင်

ကျေးဇူးကန်းရာရောက်သွားလိမ့်မယ်’’

‘‘မင်းပါးစပ်ပိတ်ထားစမ်း’’ ထိုကဲ့သိုအော်ဟစ်နေတဲ့အချိန်တွင် စုရွှမ်းဝူ၏မျက်နှာကရဲရဲနီနေခဲ့သည်။ သူဒီကိစ္စကိုလက်မခံချင်ပေမယ့်လည်း

ဓါးအောက်ရောက်နေတဲ့အတွက် ကျွေးလိုက်ရုံပဲရှိတော့ပေလိမ့်မည်။

သူဘာလုပ်နိုင်မှာလဲ။ထိုကဲ့သို့စကားပြေနေစဉ်အတွင်း စုရွှမ်းဝူက

သူ့လက်ကိုဝှေ့ရမ်းလိုက်ပြီး စုမူကိုစကားပြောလို့၊ လှုပ်လို့မရအောင်

လုပ်ထားလိုက်သည်။

‘‘အိမ်ရောက်တဲ့အထိစောင့်ဦး..အဲ့ကျမှမင်းနဲ့ငါစာရင်းရှင်းမယ်’’

စုရွှမ်းဝူက နှာခေါင်းကဒေါသကြောင့်ရဲရဲနီနေခဲ့ပြီး လေပူတွေ

မှုတ်ထုတ်နေခဲ့သည်။ ‘‘ဟဲဟဲ’’ အကြီးအကဲချုပ်က ကျေနပ်မှုအပြည့်နဲ့

ရယ်လိုက်ပြီး ‘‘ဒုတိယညီလေးကလည်း မကန့်ကွက်မှတော့

ဒီကိစ္စကိုဒီအတိုင်းပဲဆုံးဖြတ်လိုက်ကြတာပေါ့’’

သူပြောပြီးတာနဲ့ သူ့ရှေ့မှာရပ်နေတဲ့ တပည့်ကိုကြည့်လိုက်ပြီး

‘‘ဒီအမိန့်ကိုသွားပို့လိုက်။ တရားမဝင်တပည့်ရန်ကိုင်က ကောင်းကင်စံအိမ်စည်းမျဉ်းစည်းကမ်းတွေကို ထပ်ခါထပ်ခါချိုးဖျက်ပြီး သူ့အပြုအမူတွေက

ရက်စက်ကြမ်းကြုတ်တဲ့အတွက် စည်းကမ်းထိန်းသိမ်းခန်းမက သူ့ကို

စံအိမ်ခေါင်းဆောင်တံခါးပိတ်ကျင့်ကြံရာကထွက်လာပြီး ဆုံးဖြတ်ချက်ချတဲ့အထိတောအုပျအကဉြျးထောငျမှာဖမျးဆီးထျိနျးသိမျးထားစေ။ စုယနျက

ငယ်ရွယ်ပြီးမောက်မာတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူမအဖို့

ပထမဆုံးအကြိမ်စည်းကမ်းချိုးဖောက်မိတာဖြစ်တဲ့အတွက် ဒီကိစ္စကိုဖြေလျှော့ပေးလိုက်မယ်။ အကြီးအကဲတွေကကော ဘယ်လိုထင်လဲ’’

အခြားအကြီးအကဲတွေကကော ဘယ်လိုလုပ်ပြီးကန့်ကွက်နိုင်ဦးမှာလဲ။

‘‘သွားတော့’’ အကြီးအကဲချုပ်က အမိန့်ပေးတံဆိပ်ပြားကို စည်းကမ်းထိန်းသိမ်းရေးတပည့်ဆီပေးလိုက်သည်။ ‘‘ဟုတ်ကဲ့’’ စည်းကမ်းထိန်းသိမ်းရေးတပည့်ကအမိန့်ကိုလက်ခံရလိုက်တာနဲ့ ချက်ချင်းလမ်းလျှောက်ထွက်သွားခဲ့သည်။

သိပ်မကြာခင်မှာပဲ တံခါးပေါက်ဆီကနေ သွေးပျက်ခြောက်ခြားဖွယ် အော်သံကြီးထွက်ပေါ်လာခဲ့သည်။ အကြီးအကဲတွေ၏မျက်နှာအမျိုးမျိုးပြောင်းလဲသွားခဲ့ပြီး

ဘာဖြစ်လဲဆိုတာကိုသွားကြည့်တော့မလို့ လုပ်နေတုန်းမှာပဲ

လူတစ်ယောက်၏အသံကိုကြားလိုက်ရသည်။

‘‘အကြီးအကဲတွေက တော်တော်လေးအကျင့်ပျက်နေတာပဲ’’ ထိုအသံထွက်လာပြီးနောက်ဆံပင်ဖြူပါးပါးနဲ့ လူဝဝကြီးတစ်ယောက်က အထဲကိုလမ်းလျှောက်ဝင်လာခဲ့သည်။

သူအထဲကိုဝင်လာတဲ့အချိန်မှာတော့ သတိလစ်နေတဲ့ သတင်းပို့တဲ့တပည့်ကိုသူ့လက်ထဲကိုကိုင်ထားခဲ့ပြီး အကြီးအကဲတွေတောင် ထိုလူအိုကြီး၏ ဖိနှိပ်ထားခြင်းကို

ခံနေခဲ့ရသည်။

ထိုလူအိုကြီးက ဒူးထောက်နေတဲ့ ဝေကျွမ်းနဲ့စုမူဆီလမ်းလျှောက်သွားပြီး

ခြေထောက်တစ်ဖက်ကိုသာမန်ကာလျှံကာမြှောက်လိုက်ကာ ဝေကျွမ်းကို ဘေးဘက်ကို ကန်ထုတ်လိုက်သည်

‘‘ ဘေးဖယ်…ငါ့လမ်းမှာလာပိတ်မနေနဲ့’’

ဝေကျွမ်း၏ခန္ဓာကိုယ်လွင့်ထွက်သွားခဲ့ပြီး တစ္ဆေတစ်ကောင်လိုညီးတွားလိုက်သည်။

အကြီးအကဲခန်းမတွင် အကြီးအကဲတွေ၏မျက်နှာက အဆက်မပြတ်

ပြောင်းလဲနေခဲ့ပြီး ဝေရှီတုန်းက မျက်လုံးမှေးလိုက်ပြီး ပြောလိုက်သည်

‘‘ဘဏ္ဏာထိန်းမန်လား’’

အခုရောက်လာတဲ့လူက ထောက်ပံံရေးခန်းမ၏ ဘဏ္ဏာထိန်းမန်ပဲဖြစ်သည်။

ထိုလူအကြောင်းပြောလိုက်တာနဲ့ အကြီးအကဲတွေ စိတ်ရှုပ်ထွေးသွားခဲ့သည်။

လွန်ခဲ့တဲ့၁၀နှစ်လောက်တုန်းက ထိုလူအိုကြီးက ကောင်းကင်စံအိမ်တွင်ရုတ်တရက်ပေါ်လာခဲ့သည်။ သူနှင့်စံအိမ်ခေါင်းဆောင်ကြားက

ဆက်ဆံရေးကိုသူတို့မသိပေမယ့် ထိုလူအိုကြီးက ကောင်းကင်စံအိမ်တွင်နေပြီး ထောက်ပံ့ရေးခန်းမကို တာဝန်ယူခဲ့သည်။ စံအိမ်ခေါင်းဆောင်ကို

ထိုလူအကြောင်း အကြိမ်များစွာမေးခဲ့ပေမယ့်လည်း အဖြေမရပဲ

စိတ်ရှုပ်ထွေးစွာနဲ့ကျန်ရစ်ခဲ့ရသည်။

ဒါပေမယ့်အကြီးအကဲတွေအကုန်လုံး ထိုလူအိုကြီးက စံအိမ်ခေါင်းဆောင်အောက်နည်းနည်းပဲနိ်မ့်တဲ့ ကျွမ်းကျင်သူတစ်ယောက်ဆိုတာ သိလေသည်။

ကံကောင်းစွာဖြင့် ထိုလူအိုကြီးက သူ့နေရာသူသိပြီး မည်သည့်ရည်ရွယ်ချက်မှမရှိပဲသူ့အချိန်တွေကို ထောက်ပံ့ရေးခန်းမမှာသာကုန်ဆုံးခဲ့သည်။ ဒါပေမယ့်

ဒီနေ့မှာတော့ ထိုလူကြီးက သူ့ကိုမဖိတ်ခေါ်ထားတဲ့နေရာကို

ရောက်လာခဲ့သည်။

ဘဏ္ဏာထိန်းမန်ကို မျက်နှာချင်းဆိုင်နေတဲ့အချိန်မှာရတဲ့ ဖိအားက

စံအိမ်ခေါင်းဆောင်နဲ့မျက်နှာချင်းဆိုင်နေတဲ့အချိန်မှာ ရတဲ့ဖိအားထက်ပိုပြင်းတာကို ဝေရှီတုန်းက ရေးတေးတေးခံစားမိလေသည်။ ပြုံးရင်း

ဝေရှီတုန်းကပြောလိုက်သည်‘‘ဘဏ္ဏာထိန်းမန်က ဘာလို့အကြီးအကဲ

ခန်းမကိုရောက်လာတာလဲဆိုတာ ငါမေးလို့ရမလား’’

မန်ဝူရကပြန်မဖြေပဲ စုရွှမ်းဝူကိုသာပြုံးပြီးကြည့်လိုက်သည်။ စုရွှမ်းဝူကတော့စိတ်ရှုပ်ထွေးနေခဲ့ပြီး ထိုအကြောင်းကိုတွေးရင်း သူ့မျက်နှာကအပြုံးပန်းဝေလာခဲ့သည်။

မဟုတ်ရင် သူဘာလို့သူ့ကိုကြည့်နေရမှာလဲ။ ‘‘မင်းဆုံးဖြတ်ချက်က မှန်တယ်လို့ထင်လား’’ မန်ဝူရကရုတ်တရက်မေးလိုက်သည်။

‘‘ဘာ’’ စုရွှမ်းဝူက ကြောင်ကြည့်နေလိုက်သည်။

Martial Peak

အပိုင်း (၇၇) အားလုံးကို လွှတ်လိုက်တော့

‘‘စုယန်ကိုကယ်ဖို့ ရန်ကိုင်ကိုစတေးဖို့ဆုံးဖြတ်လိုက်တဲ့ မင်းရဲ့

ဆုံးဖြတ်ချက်က မှန်တယ်လို့ထင်လား’’ ဘဏ္ဏာထိန်းမန်ကမေးရင်း

ဖွဖွလေးရယ်လိုက်သည်။ စုရွှမ်းဝူက အလွန်အမင်း ရှက်ရွံ့သွားပြီး

ဘဏ္ဏာထိန်းမန်က သူ့ကိုဝေဖန်ဖို့လာတာလားလို့တောင် တွေးလိုက်သည်။

မန်ဝူရက ဆက်ပြောလိုက်သည်‘‘ မင်းစုယန်ကို တကယ်ပဲ အကျပ်အတည်းထဲကနေ ကယ်တင်လိုက်တယ်ပဲထားပါတော့။ ဒါပေမယ့် သူမဘာလို့လွတ်မြောက်လာရလဲဆိုတာ နောက်ဆုံးနားလည်သွားခဲ့ရင်ဘာတွေဖြစ်လာမယ်ထင်လဲ’’

စုရွှမ်းဝူက ငေးကြောင်ကြည့်နေပြီး သူမသာနားလည်သွားခဲ့ရင်…

အဲ့နောက်ပိုင်းအခြေအနေကိုနားလည်သွားသဖြင့် သူ့နဖူးကနေ

ချွေးသီးတွေအလုံးလိုက်ကျလာခဲ့သည်။ ‘‘မင်းသာအဲ့လိုလုပ်လိုက်ရင်

သူမစိတ်ထဲမှာ အတွင်းနတ်ဆိုးဖြစ်တည်လာလိမ့်မယ်။ အဲ့နတ်ဆိုး

ဖြစ်လာရင်…… အကျိုးဆက်ကိုအားလုံးထက်မင်းပိုသိလောက်ပါတယ်’’ မန်ဝူရက

စုရွှမ်းဝူကို နားနားကပ်ပြီးတိုးတိုးလေးပြောလိုက်သည်။ စုရွှမ်းဝူက

မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရပြီး နောင်တတွေတပြုံကြီး

ရလာခဲ့သည်။

သူကရေတိုကိုသာတွေးခဲ့ပြီး ရေရှည်မှာ စုယန်ဘယ်လောက်

ဒုက္ခရောက်ရမလဲဆိုတာကို သူမတွေးမိခဲ့ပေ။ ရန်ကိုင်ကိုစတေးပြီး

စုယန်ကို အခုကယ်တင်နိုင်တာကမှန်ပါတယ်….ဒါပေမယ့် အချိန်ကြာလာ

တာနဲ့အမျှ ရန်ကိုင်ကိုစတေးပြီး သူမလွတ်မြောက်လာတဲ့အကြောင်းကို

တွေးရင်း သူမအပြစ်ရှိသလိုခံစားမိလာလိမ့်မယ်…အဲ့နောက်ပိုင်း

သူမစိတ်ထဲတွင် အတွင်းနတ်ဆိုးဖြစ်တည်လာပြီး သူမ၏ကျင့်ကြံခြင်းအဆင့်လည်း

တိုးတက်လာလိမ့်မည်မဟုတ်တော့ပေ။

‘‘ဘဏ္ဏာထိန်းမန်၏ညွှန်ပြမှုအတွက် အများကြီးကျေးဇူးတင်ပါတယ်’’

စုရွှမ်းဝူက လေးလေးစားစားပြန်ပြောလိုက်သည်။ ‘‘ဟဟ’’

ဘဏ္ဏာထိန်းမန်က ဖွဖွလေးရယ်လိုက်ပြီး ‘‘ငါမပြောလည်း မင်းအဲ့အကြောင်းကို

နောက်ပိုင်းနားလည်လာမှာပါ ..နှေးတာနဲ့ မြန်တာပဲကွာခြားတာရှိမှာ’’

အကြီးအကဲချုပ်ကဘေးဘက်မှာရပ်နေခဲ့ပြီး သူ့မျက်နှာက ခန့်မှန်းမရပေ။

အချိန်အကြာကြီး သူခက်ခက်ခဲခဲကြိုးစားပြီးမှ သူ့ဒုတိယညီလေးအပေါ်အခွင့်အရေးယူနိုင်ခဲ့သည်။ ဒါပေမယ့် သူ့အစီအစဉ်တွေအကုန်လုံးအောင်မြင်ခါနီးမှ ဘဏ္ဏာထိန်းမန်က ရုတ်တရက်ပေါ်လာခဲ့သည်။

စကားလုံးအနည်းငယ်နဲ့ သူ့ဒုတိယညီလေးက ဘယ်လိုလုပ်ပြီး

အလံဖြူပြသွားရတာလဲ….စုယန်၏အနာဂတ်အတွက်သာဆိုရင်

သူဒီတစ်ကြိမ်ကျိန်းသေ အရှုံးပေးလိမ့်မည်မဟုတ်ပေ။ ထိုအကြောင်းကိုနားလည်လိုက်တာနဲ့ အကြီးအကဲချုပ် မျက်နှာညှိုးကျသွားပြီး

‘‘ဘဏ္ဏာထိန်းမန်၊ ဒီနေရာကအကြီးအကဲခန်းမပါ။ အကြီးအကဲတွေတောင်ခွင့်ပြုချက်မရှိပဲ ဒီနေရာကိုဝင်လို့မရဘူး။ မင်းလာတဲ့နေရာကိုပြန်သွားဖို့ငါအကြံပေးချင်တယ်’’

မန်ဝူရက သူ့ကိုတစ်ချက်သာကြည့်လိုက်ပြီး ချက်ချင်းပဲ သူ့ပုံရိပ်က

အကြီးအကဲခန်းမ၏ အမြင့်ဆုံးနေရာကိုရောက်သွားလေသည်။

‘‘ရိုင်းစိုင်းလိုက်တာ’’´ဝေရှီတုန်းက ဒေါသတကြီးအော်လိုက်သည်။

အခြားအကြီးအကဲတွေ၏ မျက်နှာတွေကလည်း ဒေါသကြောင့်နီမြန်းလာခဲ့ပြီး ဘဏ္ဏာထိန်းမန်ကို မကျေမနပ်ကြည့်နေကြသည်။

ဘဏ္ဏာထိန်းမန်၏ကိစ္စက သူတို့နဲ့ဘာမှမပက်သက်ပေ။ ဒါပေမယ့်

သူထိုင်နေတဲ့နေရာက စံအိမ်ခေါင်းဆောင်ထိုင်တဲ့နေရာဖြစ်ပြီး

စံအိမ်ခေါင်းဆောင်ကလွဲပြီး ဘယ်သူမှထိုနေရာမှာထိုင်ခွင့်မရှိပေ။

အကြီးအကဲတွေ နှစ်ပေါင်းများစွာကြာအောင် တစ်ယောက်နှင့်

တစ်ယောက်အားပြိုင်နေကြပေမယ့် အကြီးအကဲချုပ်တောင် ထိုထိုင်ခုံတွင်ထိုင်ခွင့်မရှိပေ။ ဒါပေမယ့် အခုအချိန်မှာတော့ ဘယ်ကလာမှန်းမသိရတဲ့ထောက်ပံ့ရေးခန်းမ၏ ဘဏ္ဏာထိန်းမန်က ထိုနေရာတွင် ထိုင်နေခဲ့သည်။

အကြီးအကဲတွေက ဒေါသမထွက်ပဲ ဘယ်လိုလုပ်ပြီးနေမှာလဲ။

ဒါကကောင်ကင်စံအိမ်ကို စော်ကားတာနဲ့အတူတူပင်ဖြစ်သည်။

‘‘ဟဲဟဲ..အားလုံးဒေါသမထွက်ကြပါနဲ့’’ မန်ဝူရက ရယ်လိုက်ပြီး

သူ့မုတ်ဆိတ်မွှေးကိုပွတ်ရင်း ပြောလိုက်သည်‘‘ ငါကစံအိမ်ခေါင်းဆောင်ကိုကိုယ်စားပြုပြီး စံအိမ်ခေါင်းဆောင်အစား မင်းတို့ကို သတင်းတစ်ခုပေးဖို့လာခဲ့တာ’’ ‘‘စံအိမ်ခေါင်းဆောင်ကို ကိုယ်စားပြုတာလား’’ အကြီးအကဲ

ငါးယောက်စလုံး တစ်ပြိုင်တည်းအော်လိုက်ကြသည်။

လွန်ခဲ့နှစ်အတောငအတွင် သူတို့စံအိမ်ခေါင်းဆောင်ကို တွေ့ဖို့

ကြိုးစားခဲ့သော်လည်း သူ့ကိုတွေ့ဖို့ကကောင်ကင်ကို တက်ရသလောက်ခက်ခဲပေသည်။ ဒါပမယ့် ဘဏ္ဏာထိန်းမန်လိုလူတစ်ယောက်က

စံအိမ်ခေါင်းဆောင်ကို အမှန်တကယ်ပဲတွေ့နိုင်ခဲ့လေသည်။ ပြီးတော့

သူ့အသံနေအသံထားအရ ဒီကနေ့အဖြစ်အပျက်တွေပက်သက်ပြီး ပြောမယ့်ပုံပင်ဖြစ်လေသည်။ ဘာတွေဖြစ်နေတာလဲ..ပုံမှန်အချိန် ကောင်းကင်နဲ့မြေကြီးအထက်အောက် ပြောင်းပြန်ဖြစ်နေရင်တောင် စံအိမ်ခေါင်းဆောင်က

ဝင်ပါလိမ့်မည်မဟုတ်ပေ။ ဒါဆိုစံအိမ်ခေါင်းဆောင်က

လူငယ်တွေကြားကဖြစ်တဲ့မကျေနပ်ချက်ကိစ္စနဲပက်သက်ပြီး ဘာလို့

ဝင်ပါရတာလဲ။

‘‘မင်းတို့အားလုံးဒါဘာလဲဆိုတာသိတယ်မလား’’ ဘဏ္ဏာထိန်းမန်က

ခရမ်းရောင်ကျောက်စိမ်းတံဆိပ်ပြားကို မြှောက်ရင်းမေးလိုက်သည်။

‘‘စံအိမ်ခေါင်းဆောင်တံဆိပ်ပြား’’ ထိုကျောက်စိမ်းတံဆိပ်ပြားက

ကောင်းကင်စံအိမ်၏ အမှတ်သင်္ကေတဖြစ်ပြီး အတုလုပ်ဖို့ လုံးဝ

မဖြစ်နိုင်ပေ။ ‘‘မင်းတို့သိနေမှတော့ ပိုကောင်းတာပေါ့’’ မန်ဝူရက

ဖွဖွလေးပြုံးလိုက်သည်။

ဝေရှီတုန်းက တွေးတွေးဆဆနဲ့မေးလိုက်သည်‘‘စံအိမ်ခေါင်းဆောင်

ဘယ်လိုညွှန်ကြားချက်မျိုးချပေးလိုက်လဲဆိုတာ ငါမေးလို့ရမလား’’

စံအိမ်ခေါင်းဆောင်က ကောင်ကင်စံအိမ်ကိစ္စတွေကိုဝင်မပါတာ

ဆယ်နှစ်လောက်ရှိပြီဖြစ်သော်လည်း သူ့၏ဂုဏ်သတင်းနဲ့

ရာထူးအဆင့်အတန်းက နည်းနည်းလေးတောင် နိမ့်ကျမသွားခဲ့ပေ။

မန်ဝူရကပြန်ပြောလိုက်သည်‘‘ စံအိမ်ခေါင်းဆောင်ပြောတာကမင်းတို့က

ကြီးတဲ့ကိစ္စငယ်အောင်၊ ငယ်တဲ့ကိစ္စ ပပျောက်အောင်လုပ်ရမှာကို

ငယ်တဲ့ကိစ္စကို ကြီးလာအောင်လုပ်နေတယ်တဲ့။ ဒီလိုကိစ္စတွေအားလုံးဖြစ်လာတာက မင်းတို့ဝင်ပါလို့ပဲတဲ့။ လူကြီးတွေဖြစ်ပြီးတော့ လူငယ်တွေ

ကြားက ကိစ္စကို ဝင်ပါတာမရှက်ဘူးလားတဲ့… မင်းတို့ကနည်းနည်း

အရှက်မဲ့မနေဘူးလား’’´ဝေရှီတုန်းက ထိတ်လန့်သွားခဲ့ပြီး

အချိန်တော်တော်ကြာမှာ ပြောလိုက်သည်‘‘စံအိမ်ခေါင်းဆောင်……

စံအိမ်ခေါင်းဆောင်က တကယ်ပဲအဲ့လိုပြောလိုက်တာလား’’

‘‘အိုး…နောက်ဆုံးစကားက ငါပြောတာပါ။ မင်းတို့ခေါင်းဆောင်က

ပထမတစ်ဝက်ပဲပြောလိုက်တာ’’ မန်ဝူရက သာမန်ကာလျှံကာပြောလိုက်သည်။

အကြီးအကဲငါးယောက်စလုံး အလွန်အမင်းဒေါသထွက်သွားခဲ့ပြီး

သွေးအန်မတတ်ဖြစ်သွားခဲ့ရသည်။ ထိုစကားလုံးတွေက တော်တော်လေးပြင်းထန်ပေသည်။ ထိုစကားတွေက တကယ်ပဲပြောလို့ကောင်းတဲ့စကားမဟုတ်ပေ။

‘‘ပြီးတော့ရန်ကိုင်ကလည်း စဦးဒြပ်စင်အဆင့်ကို ချိုးဖျက်ဝင်ရောက်

သွားပြီးဖြစ်လို့ သာမန်တပည့် တစ်ယောက်အဖြစ် အဆင့်တိုးပေးသင့်ပြီ။ ဘာပဲဖြစ်ဖြစ် တရားမဝင် တပည့်တစ်ယောက် ရှိနေတာ ကောင်းကင်စံအိမ်

အတွက်မကောင်းဘူးလေ’’

‘‘ဒါကကော မင်းဘာသာမင်းပြောတာပဲလား’’ ဝေရှီတုန်းက သံသယအပြည့်နဲ့ မေးလိုက်သည်။ ‘‘ဒီစကားတွေက စံအိမ်ခေါင်းဆောင်ပြောလိုက်တာ’’

မန်ဝူရကရယ်လိုက်ပြီး‘‘ ကဲ..ငါလည်းပြောပြီးသွားပြီဆိုတော့ သွားရတော့မှာပေါ့’’သူပြောပြီးတာနဲ့ ထိုင်နေရာကနေထပြီး လမ်းလျှောက်ထွက်သွားလေသည် ။

အကြီးအကဲငါးယောက်စလုံး တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ပြီးမျက်လုံးချင်းအချက်ပြလိုက်သည်။ စံအိမ်ခေါင်းဆောင်က ထိုစကားတွေကို

ပြောလိုက်မှာတော့ သူတို့လည်းဆက်ပြီးဆွေးနွေးစရာမလိုတေ့ပေး။

ဘာပဲဖြစ်ဖြစ် ဒီကိစ္စကအဲ့လောက်ကြီးကြီးမားမားမှမဟုတ်တာ။ ဒီကိစ္စကသူတို့ကြောင့်သာ ရှုပ်ထွေးသွားရခြင်းဖြစ်ပြီး သူတို့သာဝင်မပါခဲ့ရင် သာမန်ရိုးရှင်းတဲ့ ကိစ္စတစ်ခုသာ ဖြစ်သွားပေလိမ့်မည်။

စုရွှမ်းဝူက အေးစက်စက်ရယ်မောလိုက်ပြီး သူ့လက်ကိုဝှေ့ရမ်းကာ အပြင်ကို လမ်းလျှောက် ထွက်သွားလိုက်လေသည်။ စံအိခေါင်းဆောင် အမိန့်နဲ့ဆိုရင်

သူတို့ဆက်ပြီးငြင်းခုံနေစရာမလိုတော့ပေ။ ခန်းမအောက်ခြေကိုရောက်တာနဲပ

စုမူကိုသယ်ပြီး အလျင်အမြန်ထွက်ခွာသွားတော့သည်။

ဒုတိယအကြီးအကဲထွက်သွားပြီး သိပ်မကြာခင်မှာပဲ တတိယအကြီးအကဲ

ဟဲပေရှုကလည်း ခွင့်တောင်းပြီးအကြီးအကဲခန်းမကနေ ထွက်သွားတော့သည်။

ပဉ္စမမြောက်အကြီးအကဲယုဇီဇီက ‘‘ပထမအစ်ကိုကြီး၊ တစ်ခုခုမူမှန်ဘူး။

ဒီနေ့အဖြစ်အပျက်တွေက အဲ့လောက်လည်း ကြီးမားတာမဟုတ်တာကို

စံအိမ်ခေါင်းဆောင်က ဘယ်လိုလုပ်ပြီး ဝင်ပါရတာလဲ။ လျှို့ဝှက်ပူးပေါင်းကြံစည်ထားတာများဖြစ်နေမလား’’

စတုတ္ထအကြီးအကဲကလည်း ခေါင်းညိတ်လိုက်ပြီး ‘‘စံအိမ်ခေါင်းဆောင်က

သူကောင်းကင်စံအိမ်က ကိစ္စတွေကို စောင့်ကြည့်နေတယ်ဆိုတာ ငါတို့ကိုသတိပေးချင်လို့ဖြစ်မယ်’’ ဒါကလည်းအကြီးအကဲချုပ်၏ခန့်မှန်းခြေသက်သက်

သာဖြစ်ပြီး ထိုဟာကအမှန်ဆိုတာကိုလည်း သူဝန်မခံချင်ပေ။

‘‘ဘာကိစ္စပဲဖြစ်ဖြစ် ၊ ငါတို့အခုခြေတစ်လှမ်းဆုတ်ထားရမယ်။ အနာဂတ်မှာ

ဘာကိစ္စပဲလုပ်လုပ် ငါတို့သေချာဂရုစိုက်ရမယ်…ပိုပြီးတော့သေချာဂရုစိုက်ရမယ်’’

အကြီးအကဲချုပ်က ပြောလိုက်ပြီး သူ့ဘာသာသူရေရွတ်လိုက်သည်

‘‘ ဒါပေမယ့်စံအိမ်ခေါင်းဆောင်ရဲ့ရည်ရွယ်ချက်နဲ့ သူဘာတွေးနေလဲဆိုတာ

စုံစမ်းကြည့်နိုင်တယ်။ သူတံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီး

ကောင်းကင်စံအိမ်ကိစ္စတွေကို တာဝန်ယူဖို့ဆန္ဒရှိမရှိစုံစမ်းကြည့်လိုက်။

သူသာထွက်လာမယ်ဆိုရင် ငါသူ့ကိုကူညီပေးရမယ်။ ဒါပေမယ့်

အခုကိစ္စက တစ်ခဏတာပဲ သူဝင်ပါတာဆိုရင် …..ကောင်းကင်စံအိ်မ်မှာ

ဒီအတိုင်းဆက်မလုပ်သင်တော့ဘူး။ တကယ်တာဝန်ယူနိုင်တဲ့

လူတစ်ယောက်ယောက်တော့ ကောင်းကင်စံအိမ်မှာ ရှိသင့်တာပေါ့’’

‘‘အဲ့ဒါမှန်တယ်…ဒါပေမယ့်ငါတို့ဘယ်လိုစစ်ဆေးစုံးစမ်းမှာလဲ’’

စတုတ္ထအကြီးအကဲကမေးလိုက်သည်။ ‘‘စံအိမ်ခေါင်းဆောင်က

ရန်ကိုင်ကိုသာမန်တပည့်အဖြစ်အဆင့်တိုးပေးဖို့ပြောတယ်မလား။

မင်းအဲ့ကနေတစ်ခုခုသိရနိုင်တယ်’’ ‘‘ဒီလိုကိုး…ငါသိပြီ’’

စတုတ္ထအကြီးအကဲနှင့် ပဉ္စမအကြီးအကဲနှစ်ယောက်စလုံး ချက်ချင်း

နားလည်သွားကြသည်။

တောအုပ်အကျဉ်းထောင်အတွင်းမှာတော့ စုယန်နဲ့ရှဲ့ဟုန်ချန်တို့

တစ်ဖက်နှင့်တစ်ဖက် မတိုးသာမဆုတ်သာတဲ့အခြေအနေမှာရှိနေခဲ့သည်။

ထိုကဲ့သို့ဖြစ်နေတာ နာရီဝက်လောက်ကြာသွားပြီဖြစ်ပြီး စုယန်ဘေးက

လေးအေးတွေကလည်းပိုပြီးပြင်းထန်းလာခဲ့သည်။ ရန်ကိုင်ကသူလေ့ကျင့်

ထားတဲ့အစစ်အမှန်ယန်နည်းစနစ်က စုယန်၏ရေခဲနှလုံးသားလျှို့ဝှက်နည်းစနစ်ကို

ဖိနှိပ်ထားနိုင်သောကြောင့်သာမဟုတ်ရင် သူအေးခဲသွားတာကြာပြီဖြစ်သည်။

သူတို့မတိုးသာမဆုတ်သာတဲ့ အခြေအနေမှာရှိနေတဲ့အချိန်တွင်

စည်းကမ်းထိန်းသိမ်းရေးတပည့်တစ်ယောက်ရောက်လာပြီး

အော်ပြောလိုက်သည်‘‘အကြီးအကဲချုပ်က အမိန့်ပေးလိုက်တယ်။

အားလုံးကိုလွှတ်လိုက်တော့တဲ့’’ ‘‘ဘာ’’ရှဲ့ဟုန်ချန် ကြောင်အ

သွားခဲ့သည်။ စည်းကမ်းထိန်းသိမ်းရေးတပည့်က ရှဲ့ဟုန်ချန်ကို

ခါးခါးသီးသီးကြည့်လိုက်ရင်းပြောလိုက်သည်‘‘စီနီယာအစ်ကိုရှဲ့၊

ဒီနေ့ကိစ္စတွေကို ဒီနေရာမှာပဲအဆုံးသတ်ဖို့အကြီးအကဲတွေက

အမိန့်ပေးလိုက်တယ်။ မဟုတ်ရင် စံအိမ်စည်းမျဉ်းတွေအရ

အပြစ်ပေးခံရမယ်တဲ့’’

ရှဲ့ဟုန်ချန်က ရန်ကိုင်ကိုအဆိပ်ပြင်းတဲ့မြွေတစ်ကောင်လို

ကြည့်လိုက်သည်။ ဘာကြောင့်လဲဆိုတော့ စုယန်က သူ့ကို

စတိုက်တာနဲ့ အခွင့်အရေးတစ်ခုရှာပြီး ရန်ကိုင်ကို ခေါ်ထုတ်သွားဖို့

စဉ်းစားထားပေမယ့်စုယန်က သူ့ကိုလုံးဝအခွင့်အရေးမပေးခဲ့ပေ။

အခုအချိန်မှာတော့ အကြီးအကဲတွေ၏ အမိန့်ကြောင့် သူ့မှာ

ရန်ကိုင်ကိုခေါ်ထုတ်သွားဖို့အခွင့်အရေးမရှိတော့ပေ။

အံကြိတ်ရင်း ရှဲ့ဟုန်ချန်က ဒေါသတကြီးအော်ဟစ်အမိန့်ပေးလိုက်သည်

‘‘အားလုံးကို လွှတ်ပေးလိုက်တော့’’ စုယန်က ရန်ကိုင်ကိုတွဲကူရင်း

လီယွမ်ရှန်းတို့ကိုဦးဆောင်က အပြင်ကိုဖြေးဖြေးလချင်းထွက်သွားလေသည်။

ရှဲ့ဟုန်ချန်က စိတ်ရှုပ်ထွေးနေတဲ့အကြည့်အောက်မှာပဲ သူတို့ဖြေးဖြေးချင်း

လမ်းလျှောက်ထွက်သွားကြလေသည်။

Martial Peak

အပိုင်း (၇၈)

တိုက်ပွဲအကြောင်းနဲ့ပက်သက်တဲ့သတင်းတွေကို တပည့်တွေဆီ

မရောက်အောင် ပိတ်ချထားလေသည်။ ထိုကိစ္စကပုံးမှန်မဟုတ်တာကို

လူအများစုလည်းသိလေသည်။ အထူးသဖြင့် အကြောင်းပြချက်မပေးပဲ

ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ ဒီတစ်ခါကိစ္စတွင် လူအများကြီးပါဝင်ခဲ့ပြီး

စည်းကမ်းထိန်းသိမ်းရေးခန်းမက စုယန်တို့ကိုတားဆီးဖို့တပည့်

အယောက်၁၀၀ကိုလွှတ်လိုက်သည်။ ရန်ကိုင်အကြောင်းကိုတော့

ဒီကိစ္စတွင်ပါဝင်ပက်သက်သူတွေနဲ့ သူနဲ့စုယန်ကြားကဆက်ဆံရေးကို

မနာလိုဖြစ်နေကြတဲ့ လူတွေကပိုပြီးသိလာခဲ့သည်။ သူနဲ့ပက်သက်ပြီး

ကောလဟာလအမျိုးမျိုးလည်းထွက်နေခဲ့သည်။

ထိုကောလဟာလတွေ၏ တရားခံဖြစ်တဲ့ရန်ကိုင်ကတော့ အခုအချိန်တွင် အိပ်ပျော်နေခဲ့သည်။

တောအုပ် အကျဉ်းထောင်က ထွက်လာပြီးတာနဲ့ ရန်ကိုင်က ချက်ချင်း အိမ်ကို ပြန်သွားခဲ့ပါသည်။

သူကိုစည်းကမ်းထိန်းသိမ်းရေးတပည့်ငါးယောက်ဝိုင်းတိုက်တုန်းက ရခဲ့တဲ့ဒဏ်ရာတွေကအရမ်းကြီးမပြင်းထန်ပေမယ့် တော်တော်လေး ပြင်းထန်းနေဆဲပင်ဖြစ်သည်။ ထိုသေရေးရှင်ရေး အခြေအနေကြောင့်သာမဟုတ်ရင် အစောကြီးကတည်းကလဲကျသွားခဲ့ပြီဖြစ်သည်။

ကိစ္စတွေအားလုံးဖြေရှင်းပြီးတာနဲ့ ရန်ကိုင်ကသူ့ကိုယ်သူကုတင်တစ်ခုပေါ်

ရောက်နေတာကိုသိလိုက်သည်။ သူ့တစ်ကိုယ်လုံးကိုက်ခဲနေပြီး လှည့်ပတ်ကြည့်လိုက်တဲ့အချိန်မှာတော့ သူ့ကိုယ်တိုင်က ဘာအပိုတန်ဆာပလာပရိဘောဂမှ မရှိတဲ့အရမ်းရိုးရှင်းတဲ့ သီးသန့်အခန်းတစ်ခန်းထဲရောက်နေမှန်း

သိလိုက်သည်။ ထိုနေရာက လေနက်ကုန်သွယ်ရေးနေရာမှရှိတဲ့ စုယန်၏သစ်သားအိမ်ကလေးပင်ဖြစ်သည်။

သူကြိုးစားထလိုက်ရင်း အသံပြုလိုက်သောကြောင့် အပြင်မှာရှိနေတဲ့လူတွေကိုသတိပေးသလိုဖြစ်သွားပြီး သိပ်မကြာခင်မှာပဲ စုမူကအခန်းတံခါးကိုတွန်းဖွင့်ပြီးဝင်လာခဲ့သည်။လီယွမ်ရှန်းနှင့် အခြားသူတွေလည်းစုမူနောက်ကနေ လိုက်လာကြပြီး ရန်ကိုင်အဆင်ပြေနေတာကိုမြင်ပြီးမှ

စိတ်သက်သာရာရသွားကြသည်။ ‘‘စီနီယာအစ်ကိုရန်၊ မင်းဘယ်လိုနေလဲ’’

စုမူကသူ့ကိုကူထူပေးလိုက်ရင်း မေးလိုက်သည်။

‘‘ငါအခုသက်သာသွားပါပြီ’’ ရန်ကိုင်ကသူ့ချီစွမ်းအင်တွေကို လည်ပတ်လိုက်ပြီးဘာပြဿနာမှမရှိတာကို တွေ့လိုက်ရသည်။ သူ့အတွက်အခုအချိန်တွင်

လိုအပ်နေတာက နားဖို့ပင်ဖြစ်သည်။ ‘‘ဒီတစ်ကြိမ်စီနီယာအစ်ကိုကယ်တင်ပေးခဲ့

တဲ့အတွက် တကယ်ကျေးဇူးတင်ပါတယ်’’ စုမူကကိုးယိုးကားယားပုံစံနဲ့ပြောလိုက်သည်။

‘‘ကျေးဇူးတင်ဖို့မလိုပါဘူး’’ ရန်ကိုင်ပြန်ပြောလိုက်သည်။

‘‘အိုး..ငါအခုမှပဲသတိရတယ်။ ငါ့မိသားစုကတစ္ဆေအိုကြီးက မင်းဒဏ်ရာတွေကိုသက်သာဖို့နဲ့ ပိုပြီးမြန်မြန်ဆန်ဆန်ကျင့်ကြံနိုင်ဖို့ ဒီဆေးလုံးတွေကိုပေးခိုင်းလိုက်တယ်’’ စုမူကဆေးပုလင်း၁၀ပုလင်းကိုထုတ်လိုက်ပြီး

စားပွဲခုံပေါ်တွင်တင်ထားလိုက်သည်။

‘‘ဒုတိယအကြီးအကဲလား’’ ရန်ကိုင်ကအံ့သြသွားခဲ့သည်‘‘ဒါကနည်းနည်း

များမနေဘူးလား’’ ‘‘မများပါဘူး..မများဘူး ဒီတစ်ကြိမ်မင်းရတဲ့ဒဏ်ရာတွေက

တော်တော်လေးပြင်းထန်တယ်။ ဒါကြောင့်မင်းအေးအေးဆေးဆေး

အနားယူပြီး ဒဏ်ရာတွေကိုကုသင့်တယ်’’ ‘‘ကဲ..အဲ့ဒါဆိုရင်လည်း

ဂျူနီယာညီလေးကလည်း ငါ့အစားကဒုတိယအကြီးအကဲကို

ကျေးဇူးတင်ကြောင်းပြောပေးပါဦး’’ ‘‘ကျေးဇူးတင်စရာမလိုပါဘူး’’

စုမူကသူ့လက်ကိုဝှေ့ရမ်းလိုက်ပြီး သူ့မျက်နှာပေါ်တွင်ဒေါသထွက်နေတဲ့

အရိပ်အယောင်ပေါ်လာခဲ့သည်။

ဒီတစ်ကြိမ်မှာတော့ စုရွှမ်းဝူက ရန်ကိုင်ကိုဆိုးဆိုးဝါးဝါး ဆက်ဆံမိလိုက်တဲ့အတွက် ထိုဆေးလုံးတွေကို စုမူကနေတစ်ဆင့် သူ့ကိုပေးလိုက်ခြင်းဖြစ်သည်။

ဘဏ္ဏာထိန်းမန် အချိန်မှီရောက်လာတာကြောင့်သာမဟုတ်ရင် သူစုယန်ကိုကယ်ဖို့အတွက် ရန်ကိုင်ကိုစတေးမိမှာပဲဖြစ်သည်။ စုမူက သူ့အဖိုးရန်ကိုင်အပေါ်ဆက်ဆံတာကို ဒေါသထွက်သွားတဲ့အတွက် ရန်ကိုင်ကိုပေးဖို့ဆေးလုံးအများကြီးကို သူ့အဖိုးဆီကနေ တောင်းယူလာခြင်းဖြစ်သည်။

‘‘စုနီယာအစ်မစုယန်ရော’’ ရန်ကိုင်ကစုမူဘက်လှည့်ပြီးမေးလိုက်သည်။

စုမူ၏အမူအရာထူးဆန်းသွားခဲ့လေသည်။ ရန်ကိုင်နှင့်သူ့အစ်မအကြောင်းကို

သူ့လူတွေဆီကနေ ကြားပြီးသွားပြီဖြစ်သည်။ သူရန်ကိုင်လေးစားမိသလို

ကြောက်လည်းကြောက်မိသည်။ သူငယ်ငယ်ကတည်းက စုယန်ကို သူ့အစ်မတစ်ယောက်လို တစ်ခါမှမခံစားမိပဲ အမေတစ်ယောက်လိုသာခံစားမိသည်။

စုယန်ရှေ့မှာဆို အသက်ပြင်းပြင်းတောင် သူမရှုရဲပေ။

ဒါပေမယ့် သူ့ရဲ့စီနီယာအစ်ကိုရန်ကိုကြည့်ရင်း သူ့သတ္တိတွေဆထက်မက

တိုးလာခဲ့သည်။ ရန်ကိုင်က သူ့အစ်မလက်ကို လူအများကြီးရှေ့တွင်

တကယ်ပဲကိုင်ရဲပေသည်။ ပြီးတော့ သူ့အစ်မကလည်း ရန်ကိုင်ကို

ဘာမှမလုပ်ခဲ့ပေ။ သူဘာမှမလုပ်ခဲ့ရုံမက ရန်ကိုင်ကိုလည်းသူမနေရာမှာ

အနားယူစေခဲ့သည်။ ဒီလိုအဖြစ်အပျက်တွေက တကယ်ကိုမယုံနိုင်စရာကောင်းလွန်းနေခဲ့သည်။

ရန်ကိုင်သတိလစ်နေတဲ့ အတောအတွင်း စုမူကသူ့အစ်မနဲ့ပက်သက်ပြီး

ခေါင်းခြောက်အောင် စဉ်းစားခဲ့ပေမယ့် တိကျရေရာတဲ့အဖြေတစ်ခု

မရနိုင်ခဲ့ပေ။ ဘာကြောင့်လဲ…သူမဘာကြောင့်ဒီလိုလုပ်ခဲ့တာလဲ။

‘‘စီနီယာအစ်ကိုရန်’’ စုမူကအသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး

ရန်ကိုင်၏ကျောကုန်းကိုပုတ်လိုက်သည်။ သူပြောမယ့်စကားလုံးတွေကို

သေသေချာချာစဉ်းစားပြီးနောက် ‘‘ဝမ်းနည်းဖို့ကောင်းလိုက်တာ……

ရှေးအချိန်တွေကလည်း ပန်းပွင့်လှလှလေးတွေဆိုတာ တကယ်ကိုကြောက်ဖို့ကောင်းတယ်။ စီနီယာအစ်ကိုရန်…မင်းမျက်လုံးတွေကို ကျယ်ကျယ်လေးဖွင့်ထားပြီး

သေချာဂရုစိုက်သင့်တယ်’’

ရန်ကိုင်ကတစ်ခဏတာ ကြောင်အသွားခဲ့ပြီး စုမူဆိုလိုတာကို နားလည်သွားပြီးနောက် အကျယ်ကြီးအော်ရယ်လိုက်သည်။ စုမူကသူ့ကို

နားလည်မှုလွဲနေတယ်ဆိုတာ သူသိပေသည်။ ဒါပေမယ့် သူဘယ်လို

ရှင်းပြရမှန်းမသိတဲ့အတွက် သူသိချင်တာကိုသာမေးလိုက်သည်

‘‘မင်းအစ်မဘယ်မှာလဲ’’

သူမက သူဒုက္ခရောက်နေတဲ့အချိန်မှာ အချိန်မှီရောက်လာတာကို

ကျေးဇူးတင်ရပေမည်။ အဲ့လိုမှမဟုတ်ခဲ့ရင် သူ့မှာရှိတဲ့ယန်အရည်စက်ကို

သုံးပြီးထိုစည်းကမ်းထိန်သိမ်းရေးတပည့်တွေကို သတ်ရတော့မှာပဲဖြစ်သည်။

ဒါပေမယ့် သူ့၏တိုက်ခိုက်မှုက ထိုတပည့်တွေကိုသတ်နိုင်မယ်လို့တော့

၁၀၀ရာခိုင်နှုန်းယုံကြည်ချက်မရှိပေ။ ဘာကိစ္စပဲဖြစ်ဖြစ် သူကသတ်မယ်လို့

စဉ်းစားဆုံးဖြတ်ပြီးမှာတော့ နောက်ပြန်ဆုတ်ဖို့လည်း မဖြစ်နိုင်တော့ပေ။

‘‘အစ်မက မင်းကိုဒီနေရာမှစီစဉ်းပေးပြီးတော့ လေနက်ကုန်သွယ်ရေးနေရာကို

ထွက်သွားတယ်’’ စုမူကပြန်ဖြေလိုက်သည်။ ‘‘စီနီယာအစ်မကဘယ်တုန်းက

ထွက်သွားတာလဲ….သူမဘာမှမပြောခဲ့ဘူးလား’’ ရန်ကိုင်ကနည်းနည်း

သံသယဝင်နေခဲ့သည်။ အစကတော့ သူ့အပြုအမူတွေက နည်းနည်း

လွန်ကဲနေတဲ့အတွက် စုယန်ကသူနဲ့စကားပြောလိမ့်မယ်လို့ထင်နေခဲ့တာပဲ

ဖြစ်သည်။ ‘‘ဘာမှမပြောခဲ့ဘူး’’ စုမူကဖြေးဖြေးချင်းခေါင်းခါလိုက်သည်။

ရန်ကိုင်ကသူမ၏စိတ်ဓာတ်ကို တိတ်တဆိတ်လေးစားသွားခဲ့သည်။

ဒီစီနီယာအစ်မကတော်တော်လေး တည်ငြိမ်တာပဲ….သူမ၏ဂုဏ်သတင်း

နဲ့ပတ်သက်တာတောင် အမှန်တရားကို ရှင်းပြနေဖို့လုံးဝမကြိုးစာခဲ့ပေ။

ထိုစကားတွေပြောပြီးတာနဲ့ စုမူထွက်သွားခဲ့သည်။ အိပ်ရာပေါ်မှာ

လှဲနေလိုက်ပြီး ရန်ကိုင်ကထိုအကြောင်းဆက်စဉ်းစားမနေတော့ပေ။

ထိုအကြောင်းဆက်စဉ်းစားနေလဲ သူ့အတွက် အကျိုးရှိတာမဟုတ်ပေ။

စုမူယူလာတဲ့ ဆေးလုံးတွေနဲပက်သက်ပြီး အခုအချိန်မှာတော့ သူ့ယူဆချက်မှန်မမှန်စမ်းသပ်စစ်ဆေးနိုင်လေပြီ။

ဆေးလုံးတွေထဲမှာမှ တစ်ဝက်ကကုသခြင်းဆေးလုံးတွေဖြစ်ပြီး ကျန်ဆေးလုံးတွေကတော့ ကျင့်ကြံခြင်းအတွက်ပါ။ ရန်ကိုင်က ကုသခြင်းဆေးလုံးတွေကိုအရင်ဆုံးသောက်သုံးလိုက်ပြီး အစစ်အမှန်ယန်နည်းစနစ်ကို လှည့်ပတ်လိုက်သည်။

ဒါကဆေးလုံးကိုစုပ်ယူတာမှာ ပိုပြီးမြန်ဆန်စေသလို သူ့ခန္ဓာကိုယ်အတွင်းမှာ

ဖြစ်ပျက်နေတဲ့ ပြောင်းလဲမှုတွေကိုလည်း ခံစားသိရှိစေနိုင်လေသည်။

ဆေးလုံးတွေကိုသောက်သုံးပြီး သိပ်မကြာခင်မှာပဲ သူ့ခန္ဓာကိုယ်က

ကိုက်ခဲနေတဲ့နေရာတွေက တဖြည်းဖြည်းသက်သာလာခဲ့သည်။

ရန်ကိုင်ကသူ့သံသယတွေကို အတည်ပြုလိုက်ပြီးနောက် မျက်ခုံး

မြှင့်လိုက်လေသည်။ သူ့ယူဆချက်ကို အတည်ပြုပြီးတာနဲ့ ရန်ကိုင်က

စုမူယူလာပေးတဲ့ဆေးလုံးတွေကို စာသုံးရင်နဲ့ပဲ အချိန်ဖြုန်းနေတော့သည်။

ရွှေရောင်အရိုးခြောက်က ယန်စွမ်းအင်သာမက အခြားစွမ်းအင်တွေကိုလည်း

စုပ်ယူနိုင်လေသည်။ သူစဦးဒြပ်စင်အဆင့်ကို ချိုးဖျက်ဝင်ရောက်ပြီးနောက်

ဒီအချက်ကိုသူသံသယဝင်နေခဲ့တာဖြစ်သည်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့်သူ့ယူဆချက်တွေကို အတည်မပြုနိုင်သေးခဲ့ပါ။ အစစ်အမှန်ယန်နည်းစနစ်က

တကယ်ကိုအားကောင်းတဲ့ ကျင့်စဉ်တစ်ခုဖြစ်ပေသည်။ ထိုနည်းစနစ်ကို

သူ့ကိုယန်ချီအမြောက်အမြား စုပ်ယူနိုင်စေရုံမက ထိုနည်းစနစ်၏

သတ်ဖြတ်ခြင်းစွမ်းအာကလည်း တိုက်ပွဲတွင်အလွန်အသုံးဝင်လေသည်။

ဒါပေမယ့် ဒီနည်းစနစ်မှာ အားနည်းချက်အကြီးကြီးရှိနေခဲ့သည်။

အဲ့ဒါကိုကျင့်ကြံဖို့အရမ်းတင်းကြပ်လွန်းခြင်းပင်ဖြစ်သည်။ ထိုနည်းစနစ်ကို

ကျင့်ကြံဖို့အတွက် ယန်အမျိုးအစားပတ်ဝန်းကျင်ရှိဖို့လိုပေသည်။

အစကတော့ ပတ်ဝန်းကျင်အတွက်စိတ်ပူခဲ့ရပေမယ့် အခုအချိန်မှာတော့

ရွှေရောင်အရိုးခြောက်၏ စွမ်းအားကြောင့် သူထိုပတ်ဝန်းကျင်ကိစ္စအတွက်

နောက်ထပ်ဆက်ပြီးစိတ်ပူစရာမလိုတော့ပေ။ ပတ်ဝန်းကျင်တွင်

ယန်စွမ်းအင်ရှိလျှင် သူယန်စွမ်းအင်ကိုစုပ်ယူပေမည်။ ဒါပေမယ့်

ယန်စွမ်းအင်မရှိလည်း ကိစ္စမရှိပေ။ ရွှေရောင်အရိုးခြောက်က စွမ်းအင်အမျိုးမျိုးကို စုပ်ယူနိုင်ပေသည်။ သူ့မှာဒီလိုမျိုးဘက်စုံးစွမ်းအင်စုဆောင်းနိုင်တဲ့

ရွှေရောင်အရိုးခြောက်ကြီးရှိနေတဲ့အတွက် ကျင့်ကြံခြင်းပတ်ဝန်းကျင်ကြောင့်

သူလေ့ကျင့်နှုန်းနိမ့်ကျသွားမှာကို စိတ်ပူစရာမလိုတော့ပေ။

ရွှေရောင်အရိုးခြောက်ကစုပ်ယူထားတဲ့စွမ်းအင်တွေအတွက်ကတော့

သူတိုက်ခိုက်တဲ့အချိန်တွင် ပြန်လည်ထုတ်ယူသုံးစွဲနိုင်လေသည်။

ရွှေရောင်အရိုးခြောက်နဲ့ အစစ်အမှန်ယန်နည်းစနစ်က တစ်နည်းနည်းနဲ့ဆက်စက်နေတယ်လို့ ရန်ကိုင်ရေးတေးတေးလေး ခံစားမိနေခဲ့သည်။

ဒါပေမယ့် ဘယ်လိုဆက်စပ်နေလဲဆိုတာကတော့ သူလည်းသေချာမသိပေ။

ရန်ကိုင်ပြန်သက်သာလာပြီး အသိပြန်ဝင်လာတဲ့အချိန်မှာတော့

သူတော်တော်လေးထိတ်လန့်သွားခဲ့သည်။

သတိမထားမိဘဲနဲ့ ဆေးပုလင်းငါးပုလင်းကိုသူသုံးစွဲပြီးသွားပြီဖြစ်သည်။

သာမန်လူတစ်ယောက်သာသူ့နေရာမှာဆိုရင် ထိုဆေးလုံးတွေ၏စွမ်းအင်ကို

တောင့်ခံနိုင်လိမ့်မည်မဟုတ်ပေ။ ဒါပေမယ့် သူကတော့လုံးဝကောင်းမွန်နေခဲ့ပြီး

သူ့ဒဏ်ရာတွေတောင် တော်တော်လေးသက်သာလာခဲ့သည်။

အမှောင်ထုထဲတွင် ရူးကြောင်ကြောင်အလင်းတစ်ခုကို သူ့မျက်လုံးထဲတွင်

မြင်နိုင်လေသည်။ ကျန်နေတဲ့ဆေးလုံးအမျိုးမျိုးကိုကြည့်ရင်း ရူးသွပ်တဲ့

အကြံဥာဏ်တစ်ခုကို သူစဉ်းစားမိလိုက်သည်။ ထိုအကြံဥာဏ်ကို

စဉ်းစားမိလိုက်တာနဲ့ သူလက်သပ်စမ်းချင်လာခဲ့သည်။

တစ်ခဏကြာအောင် စဉ်းစားလိုက်ပြီးနောက် သူအလောင်းအစားလုပ်ဖို့

ဆုံးဖြတ်လိုက်သည်။ ထို့နောက်ဆေးတစ်ပုလင်းကိုကောက်ယူလိုက်ပြီး

သောက်ချလိုက်သည်။ ကျင့်ကြံခြင်းဆေးလုံးပဲဖြစ်ဖြစ် ကုသခြင်းဆေးလုံးဖြစ်ဖြစ်

သူဂရုမစိုက်ပေ။ တစ်ပုလင်းပြီးတစ်ပုလင်း ကောက်ယူကာ သူ့ပါးစပ်ထဲလောင်းချနေခဲ့သည်။ ရှိသမျှဆေးပုလင်းတွေကုန်သွားတာနဲ့ သူ့နှုတ်ခမ်းကို

လျှာနဲ့သပ်လိုက်သည်။ သာမန်လူတစ်ယောက်သာ အခုမြင်ကွင်းကို

မြင်ကွင်းကိုမြင်သွားခဲ့ရင် သေမတတ်ထိတ်လန့်သွားမှာပဲဖြစ်သည်။

ဆေးလုံးတွေ အဆိပ်မရှိပေမယ့်လည်းပဲ ထိုဆေးလုံးတွေကိုပဲစေ့တွေကို

ဝါးစားနေလို့မဖြစ်ပေ။ ဆေးလုံးအားလုံးမှာ အလွန့်အလွန်နည်းပါးတဲ့

အဆိပ်ပမာဏပါဝင်ပြီး ဘယ်ဆေးလုံးဖြစ်ဖြစ် ကန့်သတ်ချက်ဆိုတာ

ရှိပေသည်။ ထို့ကန့်သတ်ချက်ကို ချိုးဖျက်မိသွားတာနဲ့ ကျန်းမာရေးကိုထိခိုက်စေနိုင်ရုံသာမက ကျင့်ကြံခြင်းအခြေခံကိုပါ ထိခိုက်နိုင်လေသည်။

ဒါပေမယ့် ရန်ကိုင်ကတစ်ခဏအတွင်း ဆေးလုံးအမျိုးမျိုးကိုမျိုချခဲ့သည်။

သူ့နှုတ်ခမ်းကို သပ်လိုက်ရင်း စွမ်းအင်အမျိုးမျိုးက သူ့ဝမ်းဗိုက်အတွင်းဆန့်ကျင်တိုက်ခိုက်နေတာကို ခံစားမိလေသည်။ ခဏအကြာမှာတော့ထိုစွမ်းအင်တွေအကုန်လုံးက စွမ်းအင်တစ်ခုအဖြစ်စုစည်းသွားခဲ့သည်။

ရန်ကိုင်ကဒီအတွက်ပြင်ဆင်းထားခဲ့ပြီး ချက်ချင်းပဲအစစ်အမှန်ယန်နည်းစနစ်ကို

လှည့်ပတ်လိုက်သည်။ ထိုစွမ်းအင်တွေက ထောင်ချောက်ကနေလွတ်လာတဲ့

ရေနဂါးတစ်ကောင်လို သူ့ဝမ်းဗိုက်အတွင်း လှည့်ပတ်သောင်းကျန်းနေခဲ့သည်။

ရန်ကိုင်တိုးတိုးလေး ညီးတွားလိုက်ရပြီး သူ့ကိုယ်တွင်းအင်္ဂ်ါတွေကို

ဆုတ်ဖြဲနေသလို ခံစားနေခဲ့ရသည်။ အစစ်အမှန်ယန်နည်းစနစ်၏

လှည့်ပတ်နှုန်းက အလွန်အမင်းမမြန်ဆန်သွားခဲ့ပေ။ စုစည်းသွားတဲ့

စွမ်းအင်အမျိုးမျိုးထဲတွင် ဆွဲအားတစ်ခုခု ပါဝင်နေသလိုမျိုး ထိုစွမ်းအင်တွေကသူ့သွေးကြောအတွင်း တဖြည်းဖြည်းတိုးဝင်ပျောက်ကွယ်သွားခဲ့သည်။

ရန်ကိုင်က နည်းနည်းလေးတောင် သတိမလွတ်ရဲပေ။ အခြေအနေကို

အတတ်နိုင်ဆုံး ထိန်းကျောင်းနေခဲ့သည်။ ထိုစွမ်းအင်တွေက သွေးကြောတွေထဲ

ပျော်ဝင်သွားခဲ့သော်လည်း သူ့ခန္ဓာကိုယ်ထဲတွင် ရှိနေတဲ

ယန်စွမ်းအင်တွေနဲ့မပေါင်းစည်းခဲ့ပေ။ ဘာကိစ္စပဲဖြစ်ဖြစ် ထိုစွမ်းအင်နှစ်ခုကပေါင်းစည်းသွားလိမ့်မည် မဟုတ်ပေ။

ထို့ပြင် ထိုစွမ်းအင်နှစ်မျိုးစီးဆင်းတဲ့ လမ်းကြောင်းကလည်း ကွာခြားပေသည်။

ယန်စွမ်းအင်တွေက နာရီလက်တံအတိုင်း လည်ပတ်နေတဲ့အချိန်မှာတော့

စုစည်းစွမ်းအင်တွေက နာရီလက်တံပြောင်းပြန်အတိုင်း လည်ပတ်နေခဲ့သည်။

ရန်ကိုင်ခန္ဓာကိုယ်က ချက်ချင်းတောက်ပလာခဲ့သည်။ ထို့နောက်ချက်ချင်းကြီး

မှောင်ကျသွားခဲ့ပြီး ချက်ချင်းပဲ ရဲရဲနီလာခဲ့သည်။ သူ့အရေပြားက

အရောင်အမျိုးမျိုးပြောင်းလဲနေခဲ့ပြီး သူ့သွေးကြောတွေထဲမှာတော့

အင်းဆက်ထောင်းပေါင်းများစွာ သွားလာနေသလိုမျိုးခံစားနေခဲ့ရသည်။

သူ့ခန္ဓာကိုယ်ကနေ အသံတွေအဆက်မပြတ်ထွက်ပေါ်နေခဲ့ပြီး

တစ်စုံတစ်ယောက်သာ ဒီနေရာမှာ ရှိနေခဲ့ရင် သေမတတ်ကြောက်ရွံ့

သွားပေလိမ့်မည်။ အချိန်ကြာသွားတာနဲ့အမျှ ထိုစုစည်းစွမ်းအင်တွေထဲက

အညစ်အကြေးတွေက တဖြည်းဖြည်းလျှော့နည်းသွားခဲ့ပြီး သူ့အရိုးထဲကို

နည်းနည်းချင်းစုပ်ယူသွားခံရလေသည်။ ရွှေရောင်အရိုးခြောက်က အလွန်ဆာလောင်မွတ်သိပ်နေတဲ့ သားရဲတစ်ကောင်လို စီးဆင်းနေတဲ့စွမ်းအင်တွေကိုအငမ်းမရစုပ်ယူနေခဲ့သည်။

ရန်ကိုင်တစ်ကိုယ်လုံးအလွန်အမင်း နာကျင်နေခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲတွင်မျက်လုံးတစ်စုံဖြစ်ပေါ်လာသည့်အလား ထိုရောနှောနေတဲ့စွမ်းအင်တွေ

သူ့အရိုးထဲကိုပျော်ဝင်နေတာကို တွေ့မြင်နေခဲ့ရသည်။ သူတစ်ခုခုကို

နားလည်သွားခဲ့သည်။ ရန်ကိုင်က သူတိုက်ခိုက်ခဲ့တဲ့တိုက်ပွဲတွေအကြောင်းကို

ပြန်စဉ်းစားခဲ့သည်။ နေရာတိုင်းမှာ သွေးတွေဘယ်လိုစီးဆင်းပုံ၊ သူဘယ်လောက်

နာကျင်ခံစားရပုံနဲ့ သူ့၏သွေးဆာတဲ့***အကြောင်းတွေကိုလည်း စဉ်းစားနေလိုက်သည်။

ထိုနာကျင်ခံစားမှုကို သူခံစားရတဲ့ အကြိမ်တိုင်း သူ၏မယိမ်းယိုင်မတုန်လှုပ်နိုင်တဲ့

စိတ်စွမ်းအားကြောင့် သူ့စွမ်းအားတွေက အတိုင်းအတာတစ်ခုအထိ

မြင့်တက်လာခဲ့ပြီး သူ့ပြိုင်ဘက်ကို အနိုင်ယူနိုင်ခဲ့သည်။

အထူးသဖြင့် လွန်ခဲ့တဲ့နှစ်ရက် သစ်တောအကျဉ်းထောင်က

သစ်သားအိမ်လေးအတွင်းက စည်းကမ်းထိန်းသိမ်းရေးတပည့်၅ယောက်နှင့်

တိုက်ခိုက်တုန်းက ထိုကဲ့သို့အချင်းအရာမျိုးဖြစ်ပေါ်ခဲ့သည်။ ထိုတိုက်ပွဲက

သူ့စိတ်ထဲတွင် တံဆိပ်ရိုက်နှိပ်ထားသလိုမျိုး စွဲထင်နေခဲ့သည်။

သူ့သွေးတွေ နောက်တစ်ကြိမ်ဆူပွက်လာခဲ့ပြီး သူ့အရိုးထဲကနေ

နွေးထွေးတဲ့ခံစားချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။ သူစုပ်ယူထားတဲ့

စွမ်းအင်တွေကို ရွှေရောင်အရိုးခြောက်က ပြန်လည်းထုတ်လွှတ်ပေးခဲ့ပြီး

သူ့စွမ်းအင်တွေကို ခဏတာတိုးမြင့်သွားစေခဲ့သည်။ သူတကယ့်တိုက်ပွဲတစ်ပွဲလိုအပ်နေခဲ့သည်။

ထိုအချက်ကို နားလည်လိုက်တာနဲ့ ရန်ကိုင်ကအိပ်ရာကနေခုန်လိုက်သည်။

မြန်မြန်ဆန်ဆန် အသက်ရှုလိုက်ရင်း တံခါးကိုတွန်းဖွင့်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို

တစ်ချက်ကြည့်လိုက်တယ်။ ထို့နောက် သူနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ အိမ်လေးဆီကို သွားကာ တံခါးကိုကန်ဖွင့်လိုက်သည်။ အစောပိုင်းတုန်းက ထိုအိမ်ထဲကနေ

လှုပ်ရှားသံတွေကိုကြားလိုက်တဲ့အတွက် စုမူကထိုအိပ်ထဲမှာ

နားနေတာဖြစ်ရမယ့်လို့ တွေးလိုက်သည်။ သူတံခါးကိုဖွင့်လိုက်တာနဲ့

ရန်ကိုင်မျက်လုံးအစုံက သန့်ရှင်းချောမွတ်နေတဲ့ ကျောပြင်တစ်ခုအပေါ်ကျရောက်သွားခဲ့သည်။ သူစိန်ခေါ်ဖို့လုပ်မယ်ရှိသေး…သူ့စကားလုံးတွေကို

အတင်းပြန်မြိုချလိုက်ရသည်။

လရောင်အောက် ပြတင်းပေါက်ဘေးတွင် အလွန်အမင်းလှပပြီး

နှလုံးသားတစ်ခုလုံးကို ဖမ်းစားသွားနိုင်တဲ့မြင်ကွင်းတစ်ခုရှိနေခဲ့သည်။

နို့နှစ်ရောင်အသားအရေ၊ အေးစက်ကျစ်လစ်တဲ့ ကြွက်သားနုနုလေးတွေက

သူမကျောတစ်ဝိုက်လှုပ်ရှားနေခဲ့သည်။ ထိုမြင်းကွင်းက လူတစ်ယောက်၏

နှလုံးသားကို အလွန်အမင်းဖမ်းစားသွားနိုင်ပြီး နှာခေါင်းသွေးလျှံပြီး

သေသွားနိုင်လောက်အောင် လှပလွန်းပေသည်။ ထိုအခန်းထဲမှာ

တစ်ယောက်ယောက်ရှိနေခဲ့သည်။ ဒါပေမယ့် ရှိနေတဲ့လူကရန်ကိုင်

ခန့်မှန်းထားတဲ့ စုမူမဟုတ်ပဲ စုယန်ဖြစ်နေခဲ့သည်။

Martial Peak

အပိုင်း (၇၉) အကြည့်တစ်ချက်၏ အကျိုးဆက်

အခုလက်ရှိစုယန်က အတွင်းခံကိုသာ ဝတ်ဆင်ထားတဲ့အတွက်

သူမ၏ကျောက်စိမ်းဖြူရောင် ကျောပြင်ဖွေးဖွေးလေး၊

အပြစ်ပြောစရာမရှိအောင် လုံးဝန်းအိစက်တဲ့တင်းပါး..ရှည်လျားသေးသွယ်တဲ့

ခြေတံရှည်နှင့် နို့နှစ်ရောင်အသားအရေကို ရန်ကိုင်က အထင်းသားမြင်နေခဲ့ရသည်။

ညအချိန်ဖြစ်သော်လည်း ရန်ကိုင်ကသူမတစ်ကိုယ်လုံးကို ရှင်းရှင်းလင်းလင်းမြင်နေခဲ့ရသည်။

သူမ၏ခါးကောက်ကြောင်းအလှက ပြီးပြည့်စုံပြီး ချောမွတ်တောင်ပြောင်နေတဲ့

ပုခုံးသားတွေက သူ့ကိုလိင်စိတ်ကြွအောင် လှုံ့ဆော်နေခဲ့သည်။ သူမ၏ တင်းပါးလေးတွေက လုံးဝအပြစ်ပြောရက်စရာမရှိအောင် လှပနေခဲ့ပြီး အရမ်းကြီးလည်း မကြီးသလို အရမ်းကြီးလည်းမသေးပေ။ လုံးဝကိုအချိုးညီပေသည်။

လရောင်အောက်မှာ အတွင်းခံကိုသာဝတ်ဆင်ထားတဲ့ သူမ၏ပုံရိပ်ကမြင်သူအပေါင်းကို အကြည့်မလွှဲရက်နိုင်အောင် ဆွဲဆောင်လွန်းနေခဲ့သည်။

အခန့်မသင့်ရင် သွေးကြောပေါက်ကာ နှလုံးခုန်မြန်ပြီး သေသွားနိုင်တဲ့အထိကို လှရက်လွန်းလှပေသည်။

သူမ၏ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံးတွင် အတွင်းခံတစ်ခုသာ ဝတ်ဆင်ထားပေသည်။သူမ၏နို့နှစ်ရောင်အသားအရေပေါ်တွင် အဖြူရောင်အတွင်းခံကို ဝတ်ဆင်ထားတဲ့

အတွက် သူမတစ်ကိုယ်လုံးက ဘာမှမဝတ်ထားသလို ဖြစ်နေခဲ့သည်။

သူမနောက်ဘက်ကအသံကိုကြားလိုက်ရသောကြောင့်လားမသိ… ချက်ချင်းသူမ၏ရင်ဘတ်ကို လက်တစ်ဖက်နဲ့ကာလိုက်ပြီး သူမခန္ဓာကိုယ်ကို တံခါးဘက်ကို

တစ်ခြမ်းစောင်း လှည့့်လိုက်သည်။ သူမ၏အခြားလက်တစ်ဖက်တွင် ညဝတ်အကျီင်္ကို

ကိုင်ထားခဲ့သည်….သူမအဝတ်လဲနေစဉ်တွင် ရန်ကိုင်ကြည့်မိလိုက်တာပဲဖြစ်သည်။

သူတို့အကြည့်နှစ်ခုက လေထဲတွင်တွေ့ဆုံသွားခဲ့သည်။ ရန်ကိုင်က သူမကိုငေးကြောင်ကြည့်နေရင်း သူ့အကြည့်ကသူမ၏တောင်ပို့နှစ်ခုစီကို ရောက်သွားခဲ့သည်။

စုယန်ကဒေါသကြောင့် တဆတ်ဆတ်တုန်ရီနေခဲ့ပြီး သူမမျက်လုံးတွေက သတ်ဖြတ်ချင်စိတ်နဲ့

ပြည့်နေခဲ့သည်။ အကြောင့်ပြချက်ကတော့ သူမတစ်ကိုယ်လုံးကို စားမတတ်ဝါးမတတ်ကြည့်နေတဲ့ ရန်ကိုင်၏သွေးနီရောင်မျက်လုံးတွေကြောင့်ပဲဖြစ်သည်။ သူ့အကြည့်ကသူမတစ်ကိုယ်လုံး အထက်အောက်ဆုံချည်ဆန်ချည် ရွေ့လျားနေခဲ့သည်။ ထို့ပြင်

သူ့သအသက်ရှုသံက တဖြည်းဖြည်းမြန်ဆန်လာခဲ့ပြီး သူ့၏*** ကလည်း မြင့်တက် /ထောင်မတ်လာခဲ့သည်။

‘‘ချပ်..ချပ်..ချပ်…’’ စုယန်ကိုဗဟိုပြုကာ တစ်ခန်းလုံးကို ရေခဲတွေတစ်စတစ်စဖုံးလွှမ်းလာခဲ့သည်။ သူမအနီရောင်နှုတ်ခမ်းပါးလေးက ကွေးညွတ်သွားခဲ့ပြီး

သူမမျက်လုံးတွေကတော့ အေးစက်မှုတွေနဲ့ ပြည့်နေခဲ့သည်။ နောက်ဆုံးတစ်ခုခုမူမမှန်တာကို ရန်ကိုင်သိလိုက်ပြီး အခန်းထဲကနေ တတ်နိုင်သမျှအမြန်ဆုံးအားကုန်သုံးပြေးလေသည်။

သူ့ပြေးတဲ့နှုန်းက တကယ်ကိုမြန်ပေသည်။ အသက်သုံးရှိုက်အတွင်း

အခန်းထဲကနေ ထွက်ပြေးနိုင်ခဲ့သည်။ ဒါပေမယ့် သူဘယ်လမ်းကိုသွားရမှန်း

မသိသေးခင်မှာပဲ သူ့နောက်ကနေ ပေါက်ကွဲသံ

အကျယ်ကြီးကြားလိုက်ရသည်။ သစ်သားအိမ်လေး၏ အလယ်တွင်

အပေါက်ကြီးတစ်ပေါက်ပေါ်လာခဲ့ပြီး စုယန်က ထိုအပေါက်ထဲကနေ ထွက်လာခဲ့သည်။

သူမ၏အေးစက်စက်မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်တွေ တလျှပ်လျှပ်ထွက်ပေါ်နေခဲ့သည်။

ရန်ကိုင်ကချက်ချင်းနောက်ဆုတ်လိုက်ပြီး သူမကိုဘယ်လိုရှင်းပြရမလဲဆိုတာကို

စဉ်းစားရင်း ခုခံကာကွယ်တဲ့ပုံစံလုပ်လိုက်သည်။ ဒါပေမယ့် သူဘယ်လောက်ရှင်းပြပြ

အခုကိစ္စက ထူးထူးခြားခြား ပြောင်းလဲသွားလိမ့်မည်မဟုတ်ပေ။

ထိုကဲ့သို့အကြည့်ခံရတဲ့ ဘယ်မိန်းကလေးမဆို တရားခံကိုအလွယ်တကူလွှတ်ပေးလိမ့်မည်မဟုတ်ချေ။

စုယန်က ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီးရန်ကိုကိုသုန်မှုန်စွာကြည့်နေခဲ့သည်။

ရန်ကိုင်အဖို့ကတော့ လေနက်ကုန်သွယ်ရေးနေရာမှာနိုးလာမယ်ဆိုတာကို

သူမသိပေ။ ထို့ပြင်း သူ့မျက်နှာချင်းဆိုင်မှာရှိတဲ့ အိမ်မှာစုယန်ရှိနေတယ်ဆို

တာလည်းမသိပေ။ သူထိုကိစ္စကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမဟုတ်ပေမယ့်လည်း

သူမသူ့ကိုခွင့်မလွှတ်နိုင်ပေ။ ဒါကတကယ်ကို နားလည်မှုအကြီးစားပင်ဖြစ်သည်။

အခုကိစ္စက နားလည်းမှုလွဲတာဖြစ်ပေမယ့် စုယန်က ဒီကိစ္စကိုအလွယ်တကူမပြီးဆုံးနိုင်ပေ။

သူမကရှင်းပြချက်တစ်ခုကိုစောင့်နေခဲ့သည်…သူမ၏ဒေါသကိုဖြေဖျောက်နိုင်မယ့်ရှင်းပြချက်တစ်ခုခုပေါ့။ ကံမကောင်းစွာပဲ သူမရှေ့မှာရှိတဲ့ယောက်ျားက

စကားတစ်လုံးတောင် မပြောခဲ့ပေ။ သူ့မျက်လုံးတွေက သွေးလိုနီရဲနေခဲ့ပြီး

သူ့တစ်ကိုလုံးသွေးဆာနေတဲ့ အရှိန်အဝါတွေကို ထုတ်လွှတ်နေခဲ့သည်။

သူ့တွင် ကြောက်ရွံ့မှု(သို့) ရှက်ရွံ့မှုတစ်စိုးတစ်စဉ်းမျှတောင် မရှိပေ။

ကောင်းတယ်….ငါလည်းနင်ရှင်းပြတာကိုမကြားချင်တာနဲ့အတော်ပဲ။

နင်ကချောင်းကြည့်ရဲမှတော့ အကျိုးဆက်ကို ပြင်ဆင်ထားသင့်တယ်။

ရေခဲပုံဆောင်ခဲတွေက စုယန်၏လက်ထိပ်တွေပေါ်တွင် ဖြေးညှုင်းစွာ ဖြစ်တည်လာခဲ့သည်။

ထို့နောက် သူမလက်ချောင်းကို ရန်ကိုင်ဆီညွှန်လိုက်ပြီး ရေခဲပုံဆောင်ခဲတွေက ရန်ကိုင်ဆီ

တိုးဝင်သွားခဲ့သည်။ ရေခဲပုံဆောင်ခဲတွေက ရန်ကိုင်ဆီတိုးဝင်သွားတဲ့အချိန်တွင်

အရွယ်အစားတဖြည်းဖြည်းကြီးမားလာခဲ့ပြီး ပိုပြီးမြန်လာခဲ့သည်။

ရန်ကိုင်ဆီရောက်တဲ့အချိန်မှာတော့ လက်ဆေးဇလုံတစ်လုံးအရွယ်လောက်

ရှိနေပြီဖြစ်သည်။

သူ့လက်သီးတစ်ခုလုံးအေးခဲသွားခဲ့သည်။ ယင်စွမ်းအင်ရေခဲ့ပုံဆောင်ခဲနှင့်

ယန်စွမ်းအင်တို့ ထိပ်တိုက်တွေ့ဆုံသွားပြီး တစ်ခုကိုတစ်ခု ချေဖျက်သွားခဲ့သည်။

လက်သီးနဲ့ လက်ဆေးဇလုံးတစ်လုံး အရွယ်လောက်ရှိတဲ့ ရေခဲပုံဆောင်ခဲတို့

တိုက်မိတဲ့အချိန်မှာတော့ ရေခဲပုံဆောင်ခဲက တစ်စစီဖြစ်သွားခဲ့သည်။

ထိုရေခဲ့အစအနတွေက ရန်ကိုင်ဆီနောက်တစ်ဖန်တိုးဝင်သွားခဲ့ပြန်သည်။

ရန်ကိုင်က အချိန်မှီမတုန့်ပြန်နိုင်လိုက်ပဲ သွေးတွေပန်းထွက်လာခဲ့သည်။

သူ့ဒဏ်ရာတွေအစကတည်းက အကုန်အစင်မသက်သာသေးပေ။ စုယန်၏

တိုက်ခိုက်မှုကို ထပ်မံခံလိုက်ရတဲ့အချိန်မှာတော့ သူ့ကိုယ်သူတောင်

အနိုင်နိုင်ရပ်နေရပြီး လဲပြိုကျနီးပါးဖြစ်သွားခဲ့သည်။

ရန်ကိုင်အသံတိုးတိုးအော်လိုက်ပြီး ရွှေရောင်အရိုးခြောက်၏အစွမ်းကို

လှုံ့ဆော်လိုက်သည်။ နွေးထွေးတဲ့ခံစားမှုတစ်ခုက သူ့ခန္ဓာကိုယ်တစ်လျှောက်

စီးဆင်သွားပြီး သူ့ခွန်အားတွေက တစ်စတစ်စ တိုးမြင့်လာခဲ့သည်။

စုယန်၏မျက်လုံးတွေကတော့ ထိတ်လန့်အံ့သြမှုတွေနဲ့ ပြည့်နေခဲ့သည်။ သူမ၏

တိုက်ခိုက်မှုက ရန်ကိုင်ကို သတိလစ်အောင်လုပ်နိုင်တာထက် ပိုတယ်

ထင်နေခဲ့ပေမယ့် တန်ပြန်ခြင်းခံလိုက်ရမယ့်လို့တော့ တစ်ခါမှမထင်ထားခဲ့ပေ။

သူမ၏ခန္ဓာကိုယ်က သေမျိုးတွေကြားဆင်းသက်လာတဲ့ နတ်သမီးတစ်ပါးအလား

ယိမ်းနွဲ့နေခဲ့ပြီး ရန်ကိုင်ဆီပျံဝဲသွားခဲ့သည်။ ချက်ချင်းပဲ ရန်ကိုင်နားကိုရောက်သွားခဲ့ပြီး

သူ့ပခုံးကိုဆုပ်ကိုင်လိုက်သည်။

သူ့ပခုံးကနေ ရေခဲတမျှအေးစက်တဲ့ အအေးဓာတ်ကိုခံစားလိုက်ရပြီး ချက်ချင်းနောက်

ဆုတ်လိုက်သည်။ ရန်ကိုင်ကသူ့ပုခုံးကို စောင်းကြည့်လိုက်တဲ့အချိန်မှာ

ရေခဲ့လွှာလေးတစ်လွှာကိုတွေ့လိုက်ရပြီး ထိုရေခဲလွှာက မြန်ဆန်စွာနဲ့

ရေခဲပုံဆောင်ခဲအဖြစ်သို့ပြောင်းလဲနေခဲ့သည်။

တုန့်ဆိုင်းခြင်းမရှိပဲ ရန်ကိုင်ကသူ့ပခုံးက အဝတ်ကိုဆုတ်ဖြဲလိုက်ပြီး ယန်အရည်စက်တစ်စက်ကိုသုံးက သူ့ပုခုံးကရေခဲတွေကို အရည်ပျော်အောင် လုပ်လိုက်သည်။

ရှဲရှဲ……ရေခဲ့တွေအရည်ပျော်သွားခဲ့ပြီး ရန်ကိုင်ပုခုံးက သံပူတုံးတစ်လုံးလို

နီရဲလာခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲကို စိမ့်ဝင်နေတဲ့ အေးစက်မှုကယန်အရည်စက်ကြောင့်

မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။

စုယန်ကပိုပြီးအံ့သြသွားခဲ့သည်။ ရန်ကိုင်က ရေခဲချီကို အရည်ပျော်စေဖို့

ဒီလိုထူးထူးဆန်းဆန်းနည်းလမ်းကိုသုံးမယ်လို့ သူမဘယ်တုန်းကမှ စိတ်မကူးခဲ့ပေ။။

သူမမျက်နှာက နောက်တစ်ကြိမ်မြူဆိုင်းလာခဲ့ပြီး အလွှာတစ်ထောင်နှင်းလှိုင်းကို

ဆင့်ခေါ်လိုက်သည်။ ထိုအလွှာတစ်ထောင်နှင်းလှိုင်းက သူမကိုဝန်းရံထားခဲ့ပြီး

သူမခန္ဓာကိုယ်က နှင်းထုကြားတွင်ဖုံးကွယ်နေခဲ့သည်။ ထို့နောက်

ထိုနှင်းထုကြီးကစက်ဝိုင်းပုံလည်ရင်း ရန်ကိုင်ဆီတိုးဝင်သွားခဲ့သည်။

ထိုအလွှာတစ်ထောင်နှင်းလှိုင်းက မြင့်မြတ်ပြီးအေးစက်တဲ့ နှင်းမုန်တိုင်းတစ်ခု

ဖြစ်ရုံမက အလွန်အမင်းအားကောင်းတဲ့နှင်းမုန်တိုင်းလည်းဖြစ်ပေသည်။

အရိုးကွဲမတတ်အေးစိမ့်မှုက သူ့ခန္ဓာကိုယ်ထဲကိုစိမ့်ဝင်လာခဲ့ပြီး

သူ့နှလုံးကိုအေးခဲသွားခဲ့သည်။ သိပ်မကြာခင်မှာပဲ သူ့တစ်ကိုယ်လုံးအေးခဲသွားပြီး

ရေခဲရုပ်ထုဖြစ်သွားတော့မှာကို ရန်ကိုင်သိနေခဲ့သည်။

စီနီယာအစ်မစုယန်ရန်က အလွန်အမင်းဒေါသကြီးတာကို အရင်ကတည်းက

သူသိနေခဲ့သည်။ သူမ၏တိုက်ခိုက်မှုတွေမှာ သတ်ဖြတ်ချင်စိတ်မပါဝင်ပေမယ့်

သူ့ကိုသင်ခန်းစာကောင်းကောင်း ပေးချင်နေတယ်ဆိုတာ သိသာထင်းရှားပေသည်။

ဒါပေမယ့် ဒီအခြေအနေက ရန်ကိုင်ကိုအကြံတစ်ခုရသွားစေခဲ့သည်။ သူ့ပြိုင်ဘက်က

သူ့ထက်အဆပေါင်းများစွာ ပိုသန်မာပြီး သူမ၏တိုက်ခိုက်မှုတွေ သူအနည်းငယ်တောင်

မခုခံနိုင်ပေ။ ဒါပေမယ့် သူ့ရဲ့တွေ့ရှိချက်ကိုတော့ စမ်းသပ်ကောင်းစမ်းသပ်နိုင်ပေသည်။

ဒီပြိုင်ဘက်က စုမူထက်အဆတစ်ထောင်လောက် ပိုကောင်းပေသည်။

နှင်းမုန်တိုင်းထဲတွင် စုယန်ကရန်ကိုင်ကိုအဆက်မပြတ်တိုက်ခိုက်နေခဲ့သည်။

ရန်ကိုင်က တိုက်ခိုက်မှုတိုင်းကို မခုခံနိုင်ခဲ့ပဲ အဆက်မပြတ် အော်ဟစ်ညီးတွားနေခဲ့ရသည်။

သူ့ပါးစပ်ကနေ သွေးစီးကြောင်းတစ်ခု စီးကျလာခဲ့သည်။ သူ့ခန္ဓာကိုယ်ကတော့

အေးစက်မှုကြောင့် တုန်ရင်နေခဲ့ပြီး တိုက်ခတ်နေတဲ့ လေအေးတွေကို

ခါးခါးသီးသီးခုခံနေခဲ့ရသည်။

အကျပ်အတည်းကြားတွင် ရောက်ရှိနေတဲ့အချိန် ရန်ကိုင်အတွေးတွေက

ကြည်လင်သထက်ကြည်လင်လာခဲ့သည်။ ထို့နောက် ကာကွယ်ဖို့မစဉ်းစားတော့ပဲ

စုယန်၏တိုက်ခိုက်မှုတွေအကုန်လုံးကို ခံယူလိုက်သည်။

‘‘ဘာဖြစ်တာလဲ…ဘာဖြစ်တာလဲ’’ ထိုတိုက်ပွဲက လူပေါင်းများစွာကို

နိုးသွားစေခဲ့သည်။ ဒုတိယအကြီးအကဲစုရွှမ်းဝူက ရန်ကိုင်နှင့်စုယန်တို့

တိုက်ခိုက်နတဲ့နေရာကို အရင်ဆုံးရောက်လာခဲ့ပြီး သူ့နောက်ကနေ

စုမူဦးဆောင်တဲ့လီယွမ်ရှန်းတို့အဖွဲ့ရောက်လာခဲ့သည်။

သူတို့ရှေ့ကမြင်ကွင်းကိုကြည့်ရင်း ရောက်လာတဲ့လူတိုင်း အလိုလို

အသက်ပြင်းပြင်းရှိုက်ကြသည်။ နှင်းမုန်တိုင်းက ရန်ကိုင်ဆီရူးသွပ်စွာ

တိုက်ခတ်နေခဲ့သည်။ ရန်ကိုင်ကမျက်လုံးမှိတ် မတ်တပ်ရပ်နေပြီး

သူ့ခန္ဓာကိုယ်အပေါ်ပိုင်းက အထင်းသားပေါ်နေခဲ့သည်။ သူ့ခန္ဓာကိုယ်ကိုလက်ဝှေ့အိတ်တစ်ခုအလား

စုယန်ကအဆက်မပြတ်တိုက်ခိုက်နေခဲ့သည်။သူ့ခန္ဓာကိုယ်က လေထဲတွင်သာ

ဝဲနေခဲ့ပြီး မြေပြင်ပေါ်ကို တစ်ခါမှပြန်မကျခဲ့ပေ။

‘‘ဟူး……’’ စုမူကလေအေးတစ်ရှိုက်ရှုထုတ်လိုက်ပြီး‘‘စီနီယာအစ်ကိုရန်က

အစ်မကြီးကိုဘယ်လိုများရန်စလိုက်တာလဲမသိလူး’’

‘‘လွန်ခဲ့တဲ့ရက်ပိုင်းကဖြစ်သွားတဲ့အဖြစ်အပျက်တွေနဲ့ပက်သက်ပြီး လက်စားပြန်ချေ

နေတာပဲဖြစ်ရမယ်’’ လီယွမ်ရှန်း တုန်လှုပ်မှုအပြည့်နဲ့ပြောလိုက်သည်

‘‘အဲ့လိုပဲဖြစ်ရမယ်…မဟုတ်ရင် စီနီယာအစ်မရဲ့စိတ်ဓာတ်နဲ့ဆို စီနီယာအစ်ကိုရန်ကိုင်ကို

ဘယ်လိုလုပ်ပြီး အကြောင်းမရှိပဲ တိုက်ခိုက်ပါ့မလဲ’’ ‘‘ငါတို့ရဲ့သနားစရာကောင်းလိုက်တဲ့

စီနီယာအစ်ကိုရန်ကိုင်လေး။ သူ့ဒဏ်ရာတွေတောင် အကုန်သက်သာသေးတာမဟုတ်ဘူး။

အခုတော့ ဒီလိုကပ်ဆိုးမျိုးကိုလက်ရပ်ခေါ်လိုက်မိပြီ။ စီနီယာအစ်မရဲ့တိုက်ခိုက်မှုတွေက

အရမ်းကိုရက်စက်တာပဲ’’

လူအုပ်ထဲကတီးတိုးပြောသံတွေက စုယန်ကိုပိုပြီးဒေါသထွက်သွားစေခဲ့သည်။ ဒီနေ့

ရန်ကိုင်ကသူမခန္ဓာကိုယ်ကို မြင်သွားတဲ့အတွက် အခုလိုပြုမူနေရခြင်းဖြစ်သည်။

ဒါပေမယ့် အခြားသူတွေအမြင်မှာတော့ သူမကစိတ်ထားကျဉ်းမြောင်ပြီး အငြိုးကြီး

လက်စားချေတတ်တဲ့ လူဆိုးမကြီးတစ်ယောက်လိုဖြစ်နေခဲ့သည်။

စုယန်၏တိုက်ခိုက်မှုတွေက ပိုပြီးရက်စက်ကြမ်းကြုတ်ပြင်းထန်လာခဲ့သည်။

Martial Peak

အပိုင်း (၈၀) မယိမ်းယိုင်သော စိတ်ဆန္ဒ

စုရွှမ်းဝူက တရစပ်တိုက်ခိုက်ခံနေရတဲ့ ရန်ကိုင်ကိုမျက်စိမှေးကြည့်ရင်း

မှတ်ချက်ပေးလိုက်သည်‘‘သူတစ်ခုခုကို နားလည်ဖို့ကြိုးစားနေတဲ့ပုံပဲ’’

‘‘အဖိုးဘာကိုဆိုလိုတာလဲ’’ စုမူက သူပြောတာကို နားမလည်ပေ။

စုရွှမ်းဝူခေါင်းသာဖြေးဖြေးလေး ခါလိုက်ပြီးရှင်းပြဖို့မကြိုးစားခဲ့ပေ။

သူ့မျက်လုံးထဲတွင် ရန်ကိုင်ကအလွန်သနားစရာကောင်းနေသော်လည်း

စိတ်စွမ်းအင် (သို့) သိုင်းပညာရပ်တစ်ခုခုကို နားလည်ဖို့ကြိုးစားနေတယ်ဆိုတာကို

သူပြောနိုင်လေသည်။

နှင်းမုန်းတိုင်းထဲတွင် ရန်ကိုင်တစ်ကိုယ်လုံး အအေးဒဏ်ကြောင့် တုန်ရီနေသော်လည်း

သူ့ခန္ဓာကိုယ်ထဲတွင် တောက်လောင်နေသော အပူစွမ်းအင်တစ်ခုကို ခံစားနိုင်သည်။

ထိုအပူစွမ်းအင်သာ ပေါက်ကွဲထွက်လာခဲ့ရင် သူအဆင့်သစ်တစ်ခုကို တက်ရောက်

ကောင်းတက်နိုင်ပေလိမ့်မည်။ သူသာအောင်မြင်ခဲ့ရင် သူ၏အနာဂတ်အောင်မြင်မှုက

သာမန်ဟုတ်တော့မည်မဟုတ်ပေ။ ဒီလိုသနားစရာကောင်းတဲ့အခြေအနေတွင်

ဉာဏ်အလင်းပွင့်ခြင်းနယ်ပယ်ကို ဝင်ရောက်သွားတဲ့ ကျင့်ကြံသူတစ်ယောက်ကို

စုရွှမ်းဝူ၏တစ်ဘဝလုံးတွင် တစ်ကြိမ်တစ်ခါတောင် မမြင်တွေ့ခဲ့ဖူးပေ။

ဒါက သာမန်ဖြစ်ရပ်တစ်ခုမဟုတ်ပေ။

‘‘အဖိုး….အစ်မကြီးသာဒီလိုဆက်လုပ်နေရင် စီနီယာအစ်ကိုရန်ကိုင်

သေသွားနိုင်တယ်’’ စုမူက စိုးရိမ်တကြီးအော်ပြောလိုက်သည်။

စုရွှမ်းဝူက ခေါင်းခါပြီး စုမူ၏အမေးကိုတုန့်ပြန်လိုက်သည်‘‘ ယန်အာက

သူ့ခွန်အားကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာ ကောင်းကောင်းသိပါတယ်။

မင်းအစ်မက ရန်ကိုင်ကိုသင်ခန်းစာပေးရုံလောက်ပဲ တိုက်ခိုက်နေတာပါ..

သူ့ကိုသေအောင် တိုက်ခိုက်နေတာမဟုတ်ဘူး။နောက်ဆုံးတော့လည်း

ရန်ကိုင်အသက်ကို သူမလိုချင်နေတာမှမဟုတ်တာ’’

သူပြောပြီးတာနဲ့ သူ့ကိုယ်သူတီးတိုးပြောလိုက်သည်‘‘ ထူးဆန်းတယ်……ယန်အာက

ဘာလို့သူကိုဒီလိုသင်ခန်းစားပေးနေတာလဲ’’ စုရွှမ်းဝူက ရင့်ကျက်ပြီး အသိဉာဏ်

ကြွယ်ဝတဲ့အတွက် ကြောင့်သာမဟုတ်ရင် ရန်ကိုင်နှင့်စုယန်ကြားဖြစ်ပျက်ခဲ့တာကို

ခန့်မှန်းနိုင်မည်မဟုတ်ပေ။ ရေခဲမုန်တိုင်းရပ်တန့်သွားတဲ့အချိန်တွင် စုယန်က

လေထဲမှာဝဲနေခဲ့ပြီး ရန်ကိုင်ကတော့လဲကျသွားခဲ့သည်။ သူ့တစ်ကိုယ်လုံးက

အားကုန်နေတဲ့ ဘက်ထရီတစ်လုံးလိုဖြစ်နေပြီး သူ့အဝတ်အစားတွေလည်း

တစ်စစီဖြစ်သွားခဲ့ပြီဖြစ်သည်။ သူ့အရေပြားပေါ်တွင် နှင်းကိုက်နာတွေကိုလည်း

တွေ့မြင်နိုင်လေသည်။

သူမြေပြင်ပေါ်ကိုထိတော့မယ့်အချိန်တွင် ရန်ကိုင်က ရုတ်တရက်ကျွမ်းထိုးလိုက်သည်။

ထို့နောက်မြေကြီးပေါ်တွင် မြဲမြံစွာရပ်လိုက်ပြီး မျက်လုံးဖွင့်ကာ ဘေးပတ်ဝန်းကျင်ကို

ကြည့်လိုက်သည်။ လရောင်အောက်တွင် စုယန်၏အဝတ်အစားတွေက ညလေပြေကြောင့်

တဖျတ်ဖျတ်လွင့်နေပြီး လပြည့်ဝန်းကြီးကိုနောက်ခံထားက လနန်းတော်က ဆင်းသက်လာတဲ့

နတ်သမီးတစ်ပါးအလား အလွန်အမင်း လှပနေခဲ့သည်။

သူမ၏မြင့်မြတ်ပြီး ရှင်းသန့်တဲ့အရှိန်အဝါက အကြောင်းပြချက် ရေရေရာရာမရှိပဲ

လူသားအပေါင်းကို ပိုပြီးမဝံ့မရဲဖြစ်လာစေခဲ့သည်။ ချပ်..ချပ်…ချပ်…ရေခဲတွေက

ရန်ကိုင်တစ်ကိုယ်လုံးကို ဖုံးအုပ်သွားခဲ့ပြီး သိပ်မကြာခင်မှာပဲ ရေခဲရုပ်ထုတစ်ရုပ်

ဖြစ်သွားခဲ့သည်။

ရေခဲ့တုံးတွေ၏ ချောမွတ်မှုက ဖန်သားနှင့်တောင် ယှဉ်ပြိုင်နိုင်ပေသည်။ ရေခဲတုံးတွေက

အလွန်အမင်းကြည်လင်နေသောကြောင့် ရန်ကိုင်မျက်နှာနှင့်တစ်ကွ ဆံပင်မွှေးတစ်ချောင်

ချင်းစီကိုတောင် အသေးစိတ်မြင်နိုင်လေသည်။ စုယန်က စကားတစ်လုံးတောင်

မပြောခဲ့ပေ။ ရန်ကိုင်ကိုပဟေဋ္ဌိဆန်ဆန်ကြည့်လိုက်ပြီး သူမအိမ်လေးဆီကိုပြန်သွားခဲ့သည်။

သူမထွက်သွားတာကို ရန်ကိုင်မြင်လိုက်သည်။

‘‘သူ့ကိုသေချာစောင့်ကြည့်ထား…သူသာရေခဲတွေကိုချိုးဖျက်ပြီးထွက်လာနိုင်ခဲ့မယ်

ဆိုရင် အဲ့ဒါကသူ့အောင်မြင်မှုအရဲ့ အစပထမဖြစ်လာလိမ့်မယ်’’ စုရွှမ်းယူက

စုမူကို ပြောလိုက်သည်။ စုမူကစိုးရိမ်စွာနဲ့ သူ့အဖိုးကိုမေးလိုက်သည်

‘‘အဖိုး…စီနီယာအစ်ကိုရန်က အေးခဲပြီးတော့ မသေသွားလောက်ဘူးမလား’’

စုရွှမ်းဝူက ဖွဖွလေးရယ်လိုက်ပြီး ‘‘သူမသေပါဘူး…ဒါကသူ့ရဲ့ကံကောင်းမှုပဲ’’

သူစုမူကိုပြောပြီးတာနဲ့ ထွက်သွားလေသည်။ ထိုအချိန်မှ စုမူက ရန်ကိုင်ရေခဲရုပ်ထုဆီကို

တိတ်တဆိတ်ဖြေးဖြေးချင်းလမ်းလျှောက်သွားလေသည်။ ထို့နောက် သူ့လူတွေနဲ့ရေခဲရုပ်ထုကို

ဝိုင်းလိုက်ပြီးဖျက်ဆီးဖို့ကြိုစားလေသည်။ ဒါပေမယ့် ဒီရေခဲရုပ်ထုက စုယန်၏အစွမ်းနဲ့

ဖန်းတီးထားတာဖြစ်တဲ့အတွက် သူတို့လို အဆင့်နိမ်ကျင့်ကြံသူတွေအဖို့ ဖျက်ဆီးဖို့ မဖြစ်နိုင်ပေ။

‘‘ဒါကတော်တော်ဆိုးတယ်…တော်တော်လေးကိုဆိုးတယ်။ စီနီယာအစ်ကိုရန်ကိုင်က

အစကတည်းက ဒဏ်ရာရထားတာ။ အခုထပ်ပြီးအေးခဲနေပြန်ပြီ။သူ့ရဲ့ညီငယ်လေးလည်း

အေးခဲပြီး ကြွေကျသွားရင် မတွေးရဲစရာကြီး’’ တစ်ယောက်ယောက်က

ထိုကဲ့သို့ပြောလိုက်တာနဲ့ စုမူက ထိုလူကိုစူးစူးဝါးဝါးကြည့်လိုက်ပြီး‘‘ ငါ့အဖိုးပြောသွား

တာကိုမင်းတို့မကြားဘူးလား….ဒါကစီနီယာအစ်ကိုရန်ရဲ့ ကံကောင်းမှုပဲ။ တစ်ယောက်မှ

မလှုပ်ရှားကြနဲ့။ ရေခဲရုပ်ထုသာ ကွဲကြေပြီး စီနီယာအစ်ကိုရန်ကိုင်ကိုထိခိုက်သွားရင်

မကောင်းဘူး။ ငါတို့ဒီမှာပဲ ရပ်စောင့်နေကြမယ်’’

‘‘ဟုတ်ကဲ့’’ တစ်ဖွဲ့လုံးပြိုင်တူအော်လိုက်ကြသည်။

ညခေါင်းလောင်းငါးချက်ထိုးတဲ့အချိန်ထိ သူတို့စောင့်နေကြာတောင်တောင်

ရေခဲ့တုံးထဲက ဘာလှုပ်ရှားမှုမှမတွေ့ရပေ။ ရန်ကိုင်ကအသေကောင်လို

ရေခဲတုံးထဲတွင် ဆက်လက်ရှိနေခဲ့သည်။ သူ့အသက်ရှုသံက ပါးလျနေပြီး

စုယန်ထွက်သွားတဲ့နေရာကိုပဲ ကြည့်နေခဲ့သည်။

စုမူက သူထွက်မသွားခင် လူနှစ်ယောက်ကို စောင့်ကြပ်ဖို့ထားခဲ့လေသည်။

ထိုဖြစ်စဉ်က သုံးရက်ကြာသည့်တိုင်အောင် ဆက်လက်ဖြစ်ပျက်နေခဲ့သည်။

အိမ်လေးတစ်လုံးထဲတွင် ရေခဲရုပ်ထုကြီးတစ်ခုရှိနေခဲ့ပြီး ထိုရေခဲရုပ်ထုထဲတွင်

လူတစ်ယောက်ရှိနေခဲ့သည်။

ထိုသုံးရက် အတောအတွင်း စုမူတို့အဖွဲ့က လူချိန်းပြီးရေခဲရုပ်ထုကို အဆက်မပြတ်

စောင့်ကြပ်နေခဲ့သော်လည်း ရေခဲရုပ်ထုက ပျက်စီးမယ့်အရိပ်အယောင်

တစ်ချက်တောင် မမြင်ရသေးပေ။ ဒါကလူအုပ်ကြီးကို ပိုပြီးစိုးရိမ်လာစေခဲ့သည်။

ထိုသုံးရက်အတောအတွင်း ရန်ကိုင်ကအချိန်စီးဆင်မှုကို မသိရှိနိုင်ခဲ့….

သူ့မျက်လုံးတွေက ပွင့်နေခဲ့သော်လည်း ဘာကိုမှသူမမြင်နိုင်ခဲ့ပေ။

သူအာရုံစူးစိုက်မှုအကုန်လုံး သူ့ခန္ဓာကိုယ်ထဲတွင် ဖြစ်ပျက်နေသမျှကိုသာ

စူးစိုက်ထားခဲ့သည်။ သူ့အရိုးထဲက စွမ်းအင်တွေ..ထိုနွေးထွေးတဲ့ခံစားချက်နှင့်

ထိုနွေးထွေးမှုက သူ့ခွန်အားတွေကို ဘယ်လိုဘယ်ပုံမြှင့်တင်ပုံတွေကို

အာရုံခံစားနေခဲ့သည်။ စုယန်ချန်ထားခဲ့တဲ့ ရေခဲ့က သူ့ခန္ဓာကိုယ်ထဲတွင်

ဘာတွေဖြစ်ပျက်နေလဲဆိုတာ သေသေချာချာနားလည်သဘောပေါက်စေနိုင်ဖို့

အသင့်တော်ဆုံးအကူဖြစ်လေသည်။ ရေခဲတုံးထဲတွင် ကျန်ခဲ့တဲ့အအေးစွမ်းအင်တွေက

သူ့ခန္ဓာကိုယ်အတွင်းပိုင်းထဲကို အဆက်မပြတ်စိမ့်ဝင်နေခဲ့သည်။

ထိုအအေးစွမ်းအင်က ခုလက်ရှိရန်ကိုင်ခုခံနိုင်တဲ့စွမ်းအင်မဟုတ်ပေမယ့် အကြိမ်တိုင်း

သူခုခံနိုင်ခဲ့သည်။ တစ်ကြိမ်စီတိုင်းတွင် ထိုအအေးစွမ်းအင်ကို ခုခံနိုင်ဖို့ ရွှေရောင်

အရိုးခြောက်၏လျှို့ဝှက်ဆန်းကြယ်မှုအပေါ်တွင် အားကိုးအားထားပြုခဲ့ရသည်။

အကြိမ်ထောင်ပေါင်းများစွာ ခုခံပြီးတဲ့အချိန်မှာတော့ ရွှေရောင်အရိုးခြောက်၏

လျှို့ဝှက်ဆန်းကြယ်မှုနှင့် ထိုစွမ်းအင်ကဘာကြောင့်သူ့စွမ်းရည်ကို မြှင့်တင်ပေးနိုင်လဲ

ဆိုတာကိုပါ နားလည်သွားခဲ့သည်။

သူ့ခန္ဓာကိုယ်ထဲတွင် မီးတောက်လေးတစ်ခုက တောက်လောင်နေခဲ့သည်။

ဘာတွေဖြစ်ပျက်နေလဲဆိုတာ သူနားလည်တဲ့အထိ ထိုမီးတောက်လေးက

ဆက်လက်တောက်လောင်နေခဲ့သည်။ ထိုမီးတောက်လေးက ငြိမ်းအေးစွာ

တောက်လောင်နေခဲ့ပြီး ရန်ကိုင်နှလုံးဆီကို အပူလှိုင်းတွေ အဆက်မပြတ်

ပို့လွှတ်ပေးနေခဲ့သည်။

ဖျက်စီးကျိုးပျက်သွားတဲ့အသံတစ်ခု ထွက်လာခဲ့သည်။

ရေခဲရုပ်ထုကို စောင့်ကြည့်နေတဲ့ စုမူနဲ့လီယွမ်ရှန်းတို့က ကြောင်အသွားခဲ့ကြသည်။

ထို့နောက်ချက်ချင်းပဲ လှည့်ကြည့်လိုက်ကြသည်။ ရေခဲရုပ်ထုပေါ်တွင်

ပင့်ကူအိမ်လို အက်ကွဲရာသေသေးလေးတွေ အများကြီးပေါ်လာခဲ့သည်။

‘‘စီနီယာအစ်ကိုရန်ကိုင် ထွက်လာတော့မယ်’’ စုမူက တက်ကြွမှုအပြည့်နဲ့

အော်ပြောလိုက်သည်။

သူပြောပြီးတာနဲ့ ရေခဲရုပ်ထုက တစ်စစီပေါက်ကွဲသွားခဲ့သည်။ ထိုရေခဲအစအနတွေက

နေရောင်အောက်တွင် အရည်ပျော်ကျသွားခဲ့သည်။ ရန်ကိုင်က နဂိုပုံစံအတိုင်း

ဆက်လက်မတ်တပ်ရပ်နေခဲ့သည်။ သွေးစွန်းနေတဲ့သူ့ခန္ဓာကိုယ်အပေါ်ပိုင်း

အနည်းငယ်အားနည်သယောင်ထင်ရသည်။ ဒါပေမယ့် သူကမျက်မှောင်ကြုံ့ရင်း

အတွေးထဲတွင် မျောနေခဲ့သည်။

စုမူနဲ့ လီယွမ်ရှန်းတို့က ရန်ကိုင်မနှောင့်ယှတ်ရဲတဲ့အတွက် ဘေးနားမှာသာ

အေးအေးဆေးဆေးစောင့်နေခဲ့ကြသည်။ နာရီဝက်လောက်ကြာပြီးနောက်

ရန်ကိုင်၏ စိုးရိမ်နေတဲ့ အမူအရာပျောက်ကွယ်သွားခဲ့ပြီး ပျော်ရွင်နေတဲ့

အသံနဲ့ပြောလိုက်သည်‘‘ဒါကဒီလိုဆိုမှတော့ ငါအဲ့ဒါကိုမယိမ်းယိုင်တဲ့

စိတ်ဆန္ဒလို့အမည်ပေးလိုက်မယ်’’

မယိမ်းယိုင်တဲ့စိတ်ဆန္ဒက ရန်ကိုင်ထိုသုံးရက်အတောအတွင်း နားလည်

သဘောပေါက်ခဲ့တဲ့အရာပဲဖြစ်သည်။ သူရခဲ့သိုင်းပညာရပ်က တိုက်ခိုက်လို့

ရတဲ့ပညာရပ်တစ်ခုမဟုတ်ပဲ သူ့ခွန်အားကိုမြှင့်တင်ပေးတဲ့ သိုင်းပညာရပ်တစ်ခုပဲ

ဖြစ်သည်။ ထိုပညာရပ်က ရွှေရောင်အရိုးခြောက်ကနေ ရရှိခဲ့တာဖြစ်ပြီး

ရွှေရောင်အရိုးခြောက်နှင့်ဆက်စပ်နေပေသည်။

တစ်စုံတစ်ယောက်တွင် အရှုံးမပေးလက်မလျှော့တတ်တဲ့ စိတ်ဝိဉာဉ်ရှိပြီး ဘယ်လိုပြိုင်ဘက်နဲ့

ရင်ဆိုင်ရပစေ……လက်လျှော့အရှုံးမပေးမှသာ မယိမ်းယိုင်တဲ့စိတ်ဆန္ဒကို အသုံးပြုနိင်

ပေလိမ့်မည်။ ထိုပညာရပ်ကို လှုံ့ဆော်လိုက်တာနဲ့ ရွှေရောင်အရိုးခြောက်က

သူ့စွမ်းအင်နှင့် အတိုက်အခိုက်စွမ်းရည်ကို ခဏတာတိုးမြှင့်ပေးနိုင်တဲ့

စွမ်းအင်တွေကို ထုတ်လွှတ်ပေးလိမ့်ပေမည်။

အရင်တုန်းက မယိမ်းယိုင်တဲ့စိတ်ဆန္ဒကို အလိုလိုလှုံ့ဆော်မိပေမယ့်

ထိုပညာရပ်အကြောင်းကို သူနားလည်သဘောပေါက်ခြင်းမရှိပေ။

ထိုပညာရပ်၏စွမ်းအားကို နားလည်သဘောက်ပေါက်ပြီးမှအသုံးချတာနဲ့

ဘာမှနားမလည်ပဲ အသုံးချတာတွင် တော်တော်လေးကွားခြားပေသည်။

တစ်နည်းဆိုရသော်အခု ထိုပညာရပ်ကို သူလုံးဝဆုပ်ကိုသွားနိုင်ပြီဖြစ်သည်။

တိုက်ခိုက်နေတဲ့အချိန်တွင် ထိုပညာရပ်ကိုလှုံ့ဆော်ဖို့ သူ၏ခေါင်းမာမှုကို

အသုံးချစရာမလိုတော့ပေ။ ဒီတစ်ခါနားလည်သဘောပေါက်မှုက

တော်တော်လေး အကျိုးရှိခဲ့ပေမယ့် ရန်ကိုင်ကတော့မကျေနပ်နိုင်သေးပေ။

ရွှေရောင်အရိုးခြောက်တွင် နောက်ထပ်လျှို့ဝှက်ချက်တွေရှိနေသေးတယ်ဆိုတာ

သူသိနေသေးပေသည်။ ဒါပေမယ့် ထိုလျှို့ဝှက်ချက်ကို သူမသိနိုင်တဲ့အတွက်

အလိုလိုနောင်တရမိနေခဲ့သည်။

ရက်တွေကကြာညောင်းပါတယ်…ဆုံးရှုံးသွားတဲ့နာရီတွေကို တွေးပူမနေသင့်ဘူး…

ရန်ကိုင်ကသူ့ကိုယ်သူနှစ်သိမ့်လိုက်သည်။

ရန်ကိုင်လှုပ်ရှားလာတဲ့အချိန်မှသာ စုမူနှင့် လီယွမ်ရှန်းတို့က သူ့ဆီလမ်းလျှောက်လာပြီး

စိုးရိမ်စွာမေးလိုက်သည်‘‘ စီနီယာအစ်ကိုရန်…မင်းအဆင်ပြေလား’’

‘‘ငါလား……လုံးဝကိုအဆင်ပြေတာပေါ့’’ ရန်ကိုင်ကသူ့ခြေလက်တွေကို လှုပ်ရှားလိုက်တဲ့

အချိန်တွင် သူ့မှာရှိတဲ့အရင်ဒဏ်ရာတွေ အကုန်လုံးသက်သာသွားပြီဆိုတာသိလိုက်သည်။

‘‘ငါမင်းအဝတ်တွေကိုကူဝတ်ပေးမယ်။ အဲ့လိုမှမဟုတ်ရင် အစ်မကြီးသာမင်းကို ဒီလို

နောက်တစ်ကြိမ်တွေ့သွားရင် ထပ်ပြီးတိုက်ခိုက်နေဦးမယ်’’ စုမူကစိုးရိမ်မှုအပြည့်နဲ့

ပြောလိုက်သည်။

All Chapters