အခန်း (၈၁-၈၅)
Vol. 4 Ch. 81-85
အပိုင်း (၈၁) မင်းလူပျိုရည်မပျက်သေးဘူးမလား
ကောင်းကင်စံအိမ် ဒုတိယအကြီးအကဲ နေအိမ်တွင် ရန်ကိုင်ကခုရစ်ရက်ခုနှစ်လီ
မစားရမသောက်ရသေးတဲ့ သူတောင်းစားတစ်ယောက်လိုမျိုး အငမ်းမရစားသောက်နေခဲ့သည်။
စုမူနှင့် လီယွမ်ရှန်းတို့အဖွဲ့က သူ့ဘေးမှာထိုင်ပြီးသူ့ကို စကားပြောနေခဲ့ကြသည်။
သဘာဝအားဖြင့် စုယန်ကဘာလို့သူ့ကိုညဘက်ကြီး တိုက်ခိုက်တာလဲဆိုတာ
အစ်အောက်မေးဖို့ကြိုးစားပေမယ့် ရန်ကိုင်က ပြန်မဖြေခဲ့ပေ။
‘‘အဲ့ဒါမှန်တယ်။ဝေကျွမ်းကမင်းတို့ကို လာမနှောက်ယှတ်ဘူးမလား’’ ရန်ကိုင်က
ခေါင်းစဉ်ပြောင်းလိုက်သည်။ သူတောအုပ်အကျဉ်းထောင်ထဲကထွက်လာပြီးနောက်
တောက်လျှောက်သတိလစ်နေခဲ့သည်။ သူ့ဒဏ်ရာတွေမသက်သာသေးခင်မှာပဲ
ဝေကျွမ်းကိစ္စကိုဘယ်လိုဖြေရှင်းလိုက်လဲဆိုတာ သူမသိခဲ့ပေ။
‘‘အဲ့ကိစ္စကဖြေရှင်းပြီးသွာပြီ။ အကြီးအကဲတွေက ငါတို့ကိုအဲ့ကိစ္စကို
ဆက်ပြီးရှည်းလျားအောင် မလုပ်ဖို့အမိန့်ပေးထားတယ်’’ စုမူကပြန်ဖြေရင်း
ရုတ်တရက် ရန်ကိုင်ကိုသံသယအပြည့်နဲ့ကြည့်လိုက်သည်‘‘ အမှန်အတိုင်း
ပြောရမယ်ဆိုရင် ငါတို့အပြစ်ပေးတာကနေ လွတ်မြောက်သွားတာက
ငါ့အဖိုးကြောင့်မဟုတ်ဘူး’’
‘‘အန်…’’ ရန်ကိုင်ကခေါင်းမော့လိုက်ပြီး ‘‘ဒုတိယအကြီးအကဲကြောင့်
မဟုတ်ဘူးလား’’ ‘‘မဟုတ်ဘူး’’ စုမူကဖြေးဖြေးလေး ခေါင်းခါလိုက်ပြီး
အကြီးအကဲခန်းမမှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကို သတိထားကာ
ပြန်ပြောလိုက်သည်။ ထို့နောက် သူဆက်ပြောလိုက်သည်‘‘ငါ့အဖိုးချုပ်ထားတာကို
ခံရတုန်းက ဘယ်သူပေါ်လာတယ်လို့ ထင်လဲ’’
‘‘ဘယ်သူလဲ’’
‘‘အဲ့လူက မင်းတို့ဘယ်တုန်းကမှ မထင်ထားတဲ့……ထောက်ပံ့ရေးခန်မက
ဘဏ္ဏာထိန်းမန်ပဲ။ သူကစံအိမ်ခေါင်းဆောင်ရဲ့ ကျောက်စိမ်းတံဆိပ်ပြားကို
ယူလာပြီး ခေါင်းဆောင်အမိန့်ကို တစ်ဆင့်ပြန်ပြောတာ။ အဲ့ဒါကြောင့်ပဲ
ဒီကိစ္စကငါတို့ဘာမှမဖြစ်ပဲ အဆုံးသတ်သွားခဲ့တာ’’
‘‘လူအိုးကြီးမန်လား’’ ရန်ကိုင်က မယုံသင်္ကာနဲ့မေးလိုက်သည်။
‘‘သူ့ကြောင့်သာမဟုတ်ရင် အကြီးအကဲချုပ်ကြောင့် မင်းအပြစ်ကြီးကြီး
ပေးခံရပြီးလောက်ပြီ’’ စုမူက ပြန်ပြောပြနေရင်း သူ့ကိုယ်သူအပြစ်ရှိသလို
ခံစားလိုက်ရသည်။ ထိုအချိန်တွင် ရန်ကိုင်ကပြုံးလိုက်ပြီး‘‘ဂျူနီယာညီလေးစု၊
အဲ့လောက်ကြီးလည်း အလေးအနက်ထားစရာမလိုပါဘူး’’
စုမူကလက်သီးဆုပ်ကာ ပြောလိုက်သည်‘‘ စီနီယာအစ်ကိုရန်က ဂရုဏာကြီးတဲ့
လူတစ်ယောက်မှန်းငါသိပါတယ်။ ငါ့အဖိုးအစား ငါကပဲတောင်းပန်ပါတယ်။
အဲ့တစ္ဆေအိုကြီးက ကိစ္စတွေကို အချိန်မှီမဖြေရှင်းနိုင်ခဲ့ဘူး’’
ရန်ကိုင်ကဒီလိုကိစ္စမျိုးကို စိတ်ထဲထည့်မထားပေ။ အဆင့်မြင့်တဲ့လူတွေကြားက
တိုက်ပွဲမှာ အဆင့်နိမ့်တဲ့လူတွေက ပွန်းရုပ်တစ်ရုပ်ထက်မပိုပေ။ ဒါက လူ့သဘာဝပင်….။
စုမူကနောက်ထပ်ထပ်ပြောလိုက်သည်‘‘ ဘဏ္ဏာထိန်းမန်ရဲ့နောက်ခံက တော်တော်လေး
ဆန်းကြယ်တယ်။ သူ့ကျင့်ကြံခြင်းအဆင့် တော်ာတော်မြင့်ပြီးနက်နဲတယ်လို့
တစ္ဆေအိုကြီးကငါ့ကိုပြောဖူးတယ်။ သူဘာလို့ဒီလိုကိစ္စမှာဝင်ပါတာလဲဆိုတာက
နည်းနည်းတော့ ပဟေဋ္ဌိဆန်နေတယ်။ပြီးတော့ စံအိမ်ခေါင်းဆောင်နဲ့
သူ့ကြားကဆက်ဆံရေးကလည်း တော်တော်လေးရင်းနှီးတဲ့ပုံပဲ’’
ရန်ကိုင်ကမေးခွန်းထုတ်လိုက်သည်‘‘လူအိုကြီးမန်က တပည့်တွေဆီက
ခေါင်းပုံဖြတ်စားတဲ့ခန်းမအကြီးအကဲတစ်ယောက်မဟုတ်ဘူးလား။ သူ့အတွက်
အကျိုးမရှိရင် တစ်ချက်တောင်ဂရုစိုက်မယ့်လူမျိုးမဟုတ်ဘူး။ ဒီလို အကြံဥာဏ်တွေနဲ့
ပြည့်နေတဲ့လူတစ်ယောက်က သူ့အတွက် အကျိုးမရှိပဲ အကြောင်းမဲ့သက်သက်
ငါတို့ကိုကူညီမှာတော့မဟုတ်ဘူး။ ဒါပေမယ့် ဘာကိစ္စပဲဖြစ်ဖြစ် သူငါတို့ကို
ကူညီခဲ့တဲ့အတွက် သူ့ကိုကျေးဇူးတင်စကားပြောဖို့ သူ့ဆီကိုအလည်တစ်ခေါက်
သွားသင့်တယ်။ ပြီးတော့ ဒီအခွင့်အရေးကိုသုံပြီး သူတကယ်ဘာလုပ်ချင်လဲဆိုတာ
သိအောင်လုပ်ရမယ်’’
‘‘စီနီယာပြောတာမှန်တယ်….စီနီယာသွားမယ်အချိန်ကိုသာပြောလိုက်’’ စုမူက
ပြောလိုက်သည်။ ‘‘အခုသွားကြတာပေါ့’’ အချို့အရာတွေ နှောင့်နှေးမနေသင့်ပေ။
ထို့ကြောင့်သူတို့အဖွဲ့ ထောက်ပံ့ရေးခန်းမကို တိုက်ခိုက်တော့မယ်ပုံစံနဲ့
အုပ်လိုက်ချီတက်သွားကြသည်။
ထောက်ပံ့ရေးခန်းမထဲတွင် ဘဏ္ဏာထိန်းမန်က အိပ်မနေခဲ့ပေ။ အဲ့အစား
ကောင်တာနောက်တွင် မတ်မတ်ထိုင်ရင်း ပြုံးနေခဲ့သည်။ ပြုံးရင်
ရန်ကိုင်နဲ့အခြားသူတွေကို ကြည့်လိုက်သည်။ စုမူကရန်ကိုင်နောက်မှာရပ်ရင်း
ပြုံးလိုက်သည်။ သူ့ရည်ရွယ်ချက်အစစ်အမှန်ကို ဖုံးကွယ်ထားပြီး ပြောလိုက်သည်
‘‘မင်္ဂလာနံနက်ခင်းပါ ဘဏ္ဏာထိန်းမန်’’
ဒါကသူတို့ဘဏ္ဏာထိန်းမန်ကို နှုတ်ဆက်တဲ့ပုံစံပါ။ အရင်ကသာဆိုရင်တော့
‘‘သောက်အဖိုးအိုကြီး’’ လို့ပြောမှာဖြစ်သည်။ ဒါပေမယ့်အခုအချိန်မှာ
ဖွဖွလေးရယ်လိုက်ပြီး‘‘ဒီကလေးက တော်တော်ယဉ်ကျေးတာပဲ’’
‘‘ဟဲဟဲ’’ စုမူကရှက်ရှက်နဲ့ရယ်လိုက်သည်။ ‘‘မင်းတို့ကျေးဇူးတင်စကား
လာပြောတာလား’’ ‘‘အင်း ’’ သူတို့အားလုံး ခေါင်းညိတ်လိုက်ကြသည်။
‘‘ကောင်းပြီ။ ရန်ကိုင်ပဲနေခဲ့…မင်တို့အားလုံးထွက်သွားလို့ရပြီ’’ ‘‘ဟုတ်ကဲ့’’
စုမူနှင့်ကျန်တဲ့သူတွေက တုန့်ဆိုင်းခြင်းမရှိပြန်ဖြေလိုက်သည်။
ထို့နောက် စုမူတို့အဖွဲ့ရပ်နေတဲ့နေရာတွေက ပူလောင်လာခဲ့သည်။ သူတို့အားလုံး
ရန်ကိုင်ကြောင့်သူတို့ကိုကူညီတယ်ဆိုတာ နားလည်လိုက်သည်။ မဟုတ်ရင်
ဘဏ္ဏာထိန်းမန်က ရန်ကိုင်ကိုနေခိုင်းခဲ့မှာလဲ။
သူဘာလို့……စီနီယာအစ်ကိုရန်ကိုင်ကို ကူညီရတာလဲ။
ထောက်ပံ့ရေးခန်းမထဲဝယ်………
ရန်ကိုင်ကနည်းနည်းသံသယဝင်နေခဲ့သည်‘‘လူအိုကြီး…မင်းဘာတွေကြံနေတာလဲ’’
သူထုတ်မပြောခဲ့ပဲ စိတ်ထဲမှသာပြောလိုက်သည်။ မန်ဝူရကရယ်လိုက်ပြီး
ကောင်တာနောက်ကနေ လမ်းလျှောက်ထွက်သွားလိုက်သည်။ လက်နောက်ပစ်ရင်း
ရန်ကိုင်ကို ဝိုင်းကြီးပတ်ပတ် လမ်းလျှောက်နေခဲ့ပြီး နှစ်ပတ်သုံးပတ်လောက်
ပတ်ပြီးတဲ့အချိန်မှာတော့ ခေါင်းမော့ပြီးမေးလိုက်သည်‘‘ငါဘာတွေကြံနေတယ်လို့
မင်းထင်လဲ’’
‘‘ငါမသိဘူး’’ ရန်ကိုင်ကမျက်လုံးမှေးလိုက်ပြီး သူသာအဖြေသိနေခဲ့ရင်
လာမေးနေပါ့ဦးမလာလို့တွေးနေလိုက်သည်။ မန်ဝူရကပြန်ပြောလိုက်သည်
‘‘မင်းကရိုးသားနေမှတော့ ငါလည်းကွေ့ပတ်ပြီးပြောမနေတာ့ဘူး။ မင်းက
အကြွေးတင်ရင် မဆပ်ပဲနေတဲ့လူမဟုတ်ဘူးမလား။ဒါကြောင့် ဒီတစ်ကြိမ်
ငါမင်းကိုကူညီခဲ့တော့ မင်းလည်းငါ့ကိုနည်းနည်းပြန်ကူညီပေးပေါ့’’
ရန်ကိုင်ကမျက်မှောင်ကြုံ့လိုက်ပြီး‘‘ငါဘယ်လိုကူညီပေးရမှာလဲ’’
ဘဏ္ဏာထိန်းမန်လိုကျင့်ကြံခြင်းအဆင့်မြင့်တဲ့လူတစ်ယောက်တောင်
မလုပ်နိုင်တဲ့ကိစ္စကိုသူကဘယ်လိုလုပ်ပြီးကူညီပေးနိုင်မှာလဲ။
ရန်ကိုင်ကိုအတွေးတွေကို မြင်နေတဲ့ပုံစံနဲ့ ဘဏ္ဏာထိန်းမန်ပြုံးလိုက်သည်
‘‘စိတ်ပူစရာမလိုပါဘူး….ငါအကူအညီတောင်းတဲ့ကိစ္စက လုံးဝအန္တရယ်မရှိပါဘူး။
မင်းသာငါပြောတဲ့အတိုင်းလုပ်ရင် အန္တရာယ်မရှိရုံတင်မကဘူး ဆုလဒ်အများကြီးတောင်
ရဦးမယ်’’
ဘဏ္ဏာထိန်းမန်က နောက်ဆုံးစကားတွေကို ပြောလိုက်တဲအချိန်တွင်
ဝမ်းနည်းမှုအရိပ်အယောင်က သူ့မျက်နှာပေါ်ဖြတ်ပြေးသွားတာကို
မြင်လိုက်သည်။ ‘‘မင်းရဲ့ကိစ္စကိုကူညီပေးဖို့အခြားအခြေနေတွေကော
ရှိသေးလား’’ ရန်ကိုင်ကနည်းနည်းခေါင်းစားသွားခဲ့သည်။ သူအကူအညီ
တောင်တုန်းက အခြေအနေအများကြီးကို ထည့်သွင်းခဲ့သည်။
အခြားတစ်ယောက်ကိုလည်း ကျေနပ်အောင်လုပ်ပေးရမယ်’’ ‘‘အရမ်းကရိကထ
များတာပဲ…ငါမလုပ်တော့ဘူး’’ ပြောပြီးတာနဲ့ ရန်ကိုင်ထွက်သွားဖို့လုပ်လိုက်သည်။
‘‘မရဘူး’’ ဘဏ္ဏာထိန်းမန်က စိုးရိမ်တကြီးအော်လိုက်သည်။ သူ့ရဲ့လိုအပ်ချက်တွေနဲ့
ပြည့်စုံတဲ့လူတစ်ယောက်ကို နောက်ဆုံးရှာတွေ့ခဲ့ပြီး။ ဘယ်လိုလုပ်ပြီး ဒီလောက်
အလွယ်တကူလက်လွှတ်ပေးနိုင်ပါ့မလဲ။
‘‘ရန်ကိုင်လေးရယ်…မင်းအဲ့လိုလုပ်လို့မရဘူးလေကွာ။ မင်းကြောင့်ရေဖိတ်သွားရင်
ရေကူးကန်တစ်ကန်စာလောက်ပြန်ပေးရတယ်လေကွာ….။ဘာပဲဖြစ်ဖြစ်
ဒီကစီနီယာက မင်းရဲ့ကျေှးဇူးရှင်ပဲလေ။ မင်းငါ့ကို စိတ်ပျက်အောင်တော့
မလုပ်သင့်ဘူးပေါ့ကွာ’’
‘‘အဲ့ဒါဆိုလည်း ကွေ့ပတ်ပြောမနေနဲ့တော့။ ငါမင်းကိုကူညီနိုင်၊ မကူညီနိုင်
သိရအောင် အမှန်အတိုင်းသာပြောစမ်းပါ။ ငါမကူညီနိုင်ရင် ကူညီဖို့
ငါ့အစားတစ်ယောက်ယောက်ကို ရှာပေးမယ်’’ ‘‘မင်းလက်ဖြန့်လိုက်…
မင်းရဲ့ချီစွမ်းအင်ကို စမ်းသပ်ကြည့်ရအောင်’’ ဘဏ္ဏာထိန်းမန်က
နောက်ထပ်အချိန်မဆွဲရဲတော့ပဲ သူလိုအပ်တာကို တိုက်ရိုက်ပြောလိုက်သည်။
ရန်ကိုင်ကလက်ဖြန့်ပေးလိုက်ရင်း ဘဏ္ဏာထိန်းမန်ကို သံသယအပြည့်နဲ့
ကြည့်လိုက်သည်။ ဘဏ္ဏာထိန်းမန်က သူ့ကိုဒုက္ခရောက်အောင် တစ်ခုခု
လုပ်တော့မယ်လို့ယုံကြည်နေခဲ့သည်။
မန်ဝူရက လက်ချောင်းနှစ်ချောင်းကို ရန်ကိုင်လက်ကောက်ဝတ်ပေါ်တွင်
ထားလိုက်သည်။ ထို့နောက်စပြီး စမ်းသပ်ကြည့်လေသည်။ သူ့မျက်နှာက
အမျိုးမျိုးပြောင်းလဲနေခဲ့သည်။ အစကတော့ မထူးခြားနားပင်…။ထို့နောက်
ခက်ထန်းလာခဲ့သည်။ ထို့နောက်အံ့သြသွားခဲပြီး နောက်ဆုံးမှာတော့
သူ့မျက်နှာတစ်ခုလုံး အလွန်အမင်းအံ့သြမှုတွေနဲ့ ပြည့်နေခဲ့သည်။
‘‘ကောင်းတယ်…ကောင်းတယ်…ကောင်းတယ်။ ဘယ်လောက်တောင်
သန့်စင်ပြီးပြင်းထန်တဲ့ချီစွမ်းအင်တွေလဲ…’’ သူ့လက်ကိုရုတ်လိုက်ပြီး
မန်ဝူရက သူ့ရဲ့မမျှော်ထားတဲ့ တွေ့ရှိမှုအသစ်အတွက် အလွန်အမင်း
ပျော်ရွှင်နေခဲ့သည်။ ‘‘မင်းပြောတဲ့ကိစ္စက ငါ့ချီစွမ်းအင်လေ့ကျင့်တာနဲ့
သက်ဆိုင်နေတာလား’’ ရန်ကိုင်ကမေးလိုက်သည်။
‘‘သဘာဝအားဖြင့်တော့ သက်ဆိုင်တယ်’’ မန်ဝူရက တက်တက်ကြွကြွနဲ့
ခေါင်းညိတ်လိုက်ပြီး‘‘မဟုတ်ရင် ငါမင်းကိုဘယ်လိုလုပ်ပြီး အကူအညီတောင်းပါ့မလဲ။
ရန်ကိုင်လေး…ငါမင်းကိုနောက်ထပ်မေးခွန်းတစ်ခုမေးမယ်။ မင်းရိုးရိုးသားသား
ဖြေနော်’’
‘‘ဘာမေးမှာလဲ’’
မန်ဝူရကအလွန်မင်းရှက်ရွံ့သွားပြီး သူ့မျက်လုံးတွေက ကျီးကန်းမျက်လုံးလို
ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်စူးစမ်းကြည့်လိုက်သည်။ သူ့စကားလုံးတွေကို
သေချာရွေးချယ်ပြီးတော့မှ စိုးရိမ်တကြီးမေးလိုက်သည်‘‘မင်း လူပျိုရည်မပျက်သေးဘူးမလား’’
ဆန့်ထားလေသည်။ သူ့မျက်နှာက ရန်ကိုင်နှင့်တစ်တန်းတည်းဖြစ်နေခဲ့ပြီး
သူ့မျက်လုံးအစုံကလည်း ရန်ကိုင်ပေါ်မှာသာ စူးစိုက်ထားခဲ့သည်။
ဒီလူအိုကြီးရဲ့စိတ်က တော်တော်လေးထူးဆန်းတာပဲ။ ဘာလို့ မဟုတ်တုတ်က
မေးခွန်းတွေ ငါ့ကိုလာမေးနေတာလဲ။ ‘‘မင်းဘာလို့နောက်ဆုတ်နေတာလဲ။
ငါပုံစံက မင်းကိုဝါးစားမယ့်ပုံပေါက်နေလို့လား’’ မန်ဝူရက ရန်ကိုင်နောက်
လိုက်သွားလေသည်။ သူ့နံရံထောင့်စွန်းကိုရောက်သွားတာနဲ့ တိုးတိုးလေး
မေးလိုက်သည်‘‘မင်းလူပျိုဟုတ်မဟုတ်ပြောစမ်းပါ’’
‘‘မင်းဘာလုပ်ချင်နေတာလဲ’’ ရန်ကိုင်က ‘‘မင်းသာငါ့ကိုတစ်ခုခုလုပ်ရဲရင်
ငါလည်းမင်းကိုတစ်ခါတည်းခေါ်သွားမယ်’’ဆိုတဲ့ပုံစံမျိုးနဲ့မေးလိုက်သည်။
‘‘ဒီစီနီယာက ဘာလုပ်ချင်နေတယ်လို့ မင်းထင်လဲ’’ ရန်ကိုင်ဖြစ်ပျက်နေတဲ့ပုံစံကို
ကြည့်ရင်း သူမေးတဲ့မေးခွန်းကို ရန်ကိုင်အထင်းလွဲသွားပြီဆိုတာ သိလိုက်သည်။
သူ့မျက်နှာနီရဲသွားရုံမက ခြေလှမ်းအနည်းငယ်လည်နောက်ဆုတ်သွားခဲ့သည်။
‘‘မင်းထင်နေသလိုမဟုတ်ဘူး။ မင်စိတ်က မကောင်းတဲ့အတွေးတွေနဲ့
ပြည့်နေတာပဲလား’’
Martial Peak
အပိုင်း (၈၂) အဲ့ညကမိန်းကလေးက နင်လား
‘‘ဘယ်သူက နှာထနေတာလဲ……အားနေရင်မိန်းကလေးတွေရဲ့ခြေထောက်တွေနဲ့
တင်ပါးတွေကို ကြည့်နေတဲ့သူကများတစ်ပြန်ကြီး…’’ရန်ကိုင်က တစ်ချက်ကလေးတောင်
အထိမခံပဲ ချက်ချင်းပြန်ပက်လိုက်သည်။
‘‘အဲ့အကြောင်းကို နောက်တစ်ခါထပ်မပြောနဲ့’’ မန်ဝူရက အလွန်အမင်း ထိတ်လန့်
သွားခဲ့ပြီး ဘေးဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ တစ်ယောက်ယောက်
‘‘သခင်လေးရန်ကိုင်ရယ်……အဲ့ကိစ္စကို ထပ်ပြီးမပြောပါနဲ့တော့လားကွာ။ ဒီက
စီနီယာက သူတို့ဘယ်လောက်ဖွံ့ဖြိုးလဲဆိုတာပဲ သိချင်တာပါကွာ။ ငါသူတို့ကို
တစ်ခုခုကြံနေတာမဟုတ်ပါဘူး’’
မန်ဝူရကလက်လျော့အရှုံးပေးနေတော့ ရန်ကိုင်လည်းသူ့ကိုဆက်ပြီး ဖိအားပေးမနေတော့ပဲ
မျက်နှာထားတင်းတင်းနဲ့ ပြန်ပြောလိုက်သည်‘‘ မင်းတောင်းဆိုတဲ့ကိစ္စက မင်းမေးတာနဲ့
ဆက်စပ်နေတာလား’’ ‘‘မင်းမှန်တယ်’’ ခေါင်းစဉ်ပြောင်းသွားတာနဲ့ မန်ဝူရက တစ်ဖန်ပြန်လည်
တည်ငြိမ်သွားခဲ့ပြီး‘‘ဒါကြောင့် ရန်ကိုင်လေး…မင်းငါ့မေးတာကိုအမှန်အကန်ဖြေရမယ်နော်။
မင်းကလူပျိုစစ်စစ်လား…အဟွတ်…အဟွတ်။ ဒါကတကယ်ပဲအရေးကြီးလို့ပါ’’
ရန်ကိုင်ကအလွန်အမင်းရှက်သွားခဲ့ပြီး အသက်နည်းနည်းရှုလိုက်ပြီး နှာခေါင်းကို
ပွတ်ကာပြောလိုက်သည်‘‘ငါလူပျိုရည်မပျက်သေးဘူး’’
‘‘ကောင်းတယ်’’ အခုမှပဲ မန်ဝူရစိတ်ထဲကအလုံးကြီးကျသွားခဲ့သည်။ ‘‘ဒါတကယ်ပဲ
ကောင်းတယ်…။ရန်ကိုင်လေး မင်းတကယ်ကိုတော်တာပဲ’’
ဒီခေတ်အချိန်အခါမှာဆိုရင် အသက်၁၄-၁၅လောက်ရှိတဲ့ ကောင်လေးအများစုက
မိန်းကလေးတွေနဲ့ အတွင်းကျကျဆက်ဆံရေးတွေ တည်ဆောက်ပြီးသွားပြီဖြစ်သည်။
ဒါကဆင်းရဲတဲ့မိသားစုက ကလေးတွေက ဆိုးတယ်ပြောတာမဟုတ်ပေ။ သူတိုတွေက
အနာဂတ်မှာကူညီဖေးမနိုင်ဖို့အတွက် ငယ်ငယ်ရွယ်ရွယ်နဲ့လက်ထပ်ကြလေသည်။
လူချမ်းသာမိသားစုက ကလေးတွေဆိုရင်တော့ မေးစရာတောင်မလိုပေ။ ဒုတိယ
လူငယ်မျိုးဆက်သခင်လေးတိုင်းတွင် တစ်ခန်းထဲအတူနေတဲ့ အိမ်ဖော်တွေ
အများကြီးရှိပေသည်။
နောက်ဆုံးသိုင်းပညာရှင်တွေပဲ ကျန်တော့ပေသည်။ သိုင်းပညာရှင်တွေက သူတို့စိတ်ကို
ကျင့်ကြံရာမှာပဲ အာရုံစိုက်ထားသဖြင့် သူတို့လူပျိုရည်၊အပျိုရည်ကို အသက်ကြီးလာတော့မှ
ဆုံးရှုံးလေ့ရှိသည်။ အချို့သိုင်းပညာရှင်တွေဆိုရင် ဆန့်ကျင်ဘက်လိင်နဲ့ ထိတွေ့ဆက်ဆံမှု
တောင်မရှိပေ။
ကောင်းကင်စံအိမ်က ယောက်ျားလေးတပည့်အများစုက လိင်မှုကိစ္စရေးရာတွေမှာပဲ
သာယာနေကြတာများပေသည်။။ သူတို့ကျင့်ကြံခြင်းကို အရမ်းကြီးဂရုမစိုက်ကြပေ။ သို့ရင်
ရန်ကိုင်ကသူတိုနဲ့မတူဘူးလို့ ဘဏ္ဏာထိန်းမန်ယုံကြည်ပေသည်။ ဒါပေမယ့်
သူသေချာဂရုစိုက်ရပေမည်။ ဒါကြောင့် ရန်ကိုင်ကိုအရင်ဆုံးမေးဖို့လိုအပ်ပေသည်။
‘‘ဒါဆိုငါနင့်ကိုကူညီနိုင်တယ်ပေါ့’’ ရန်ကိုင်ကမန်ဝူရကိုကြည့်လိုက်သည်။
‘‘မင်းသာမလုပ်နိုင်ရင် ဒီကောင်းကင်အောက်မှာ ဘယ်သူမှလုပ်နိုင်တော့မှာ
မဟုတ်ဘူး။ မင်းဒီတစ်လှည့်ကိုအောင်သွားပြီ’’ မန်ဝူရကစိတ်ကောင်းဝင်နေသဖြင့်
အကျယ်ကြီးအော်ရယ်နေခဲ့သည်။
‘‘အခြားတစ်ယောက်စိတ်ကျေနပ်ဖို့လိုသေးတယ်လို့ကော ခင်ဗျားကြီး
ပြောခဲ့တယ်မလား’’ ရန်ကိုင်ကသံသယအပြည့်နဲ့မေးလိုက်သည်။
မန်ဝူရရယ်နေတာရုတ်တရက် တန့်သွားခဲ့သည်။သူ့ကိုယ်သူတည်ငြိမ်အောင်
ပြန်လုပ်လိုက်ပြီး ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်‘‘ဟုတ်တယ်…
သူမစိတ်ကျေနပ်ဖို့လိုသေးတယ်။ သူမသာစိတ်မကျေနပ်ရင် ဒီကိစ္စကို
ဆက်လုပ်လို့မရတော့ဘူး။ မင်းကိုမဖုံးကွယ်ထားတော့ပါဘူး။ လွန်ခဲ့တဲ့
လအနည်းငယ်က လိုအပ်ချက်တွေနဲ့ပြည့်စုံတဲ့ တစ်ယောက်ယောက်ကို
ငါတွေ့ခဲ့တယ်။ ဒါပေမယ့် သူမကမကျေနပ်တော့ ငါလက်လျော့ရုံပဲတတ်နိုင်တယ်။
အဲ့အကြောင်းကိုမေ့လိုက်တော့။ ငါမင်းကိုသူမဆီခေါ်သွားပေးမယ်။ မင်းလုပ်နိုင်ရင်
လုပ်ပေါ့…မင်းမလုပ်နိုင်တော့လည်း…မလုပ်နိုင်ဘူးပေ့ါ’’
အချိန်အတော်ကြာကြာ စကားပြောပြီးတာတောင် မန်ဝူရကဘယ်လိုရှင်းပြရမှန်း
မသိသေးပေ။ သက်ပြင်းချပြီးတော့မှပဲ ရန်ကိုင်အကျီင်္စကိုဆွဲကာ အပြင်ကိုခေါ်သွားလေသည်။
ရန်ကိုင်ကအလောတကြီးပြောလိုက်သည်‘‘အရင်ဆုံး မင်းပြောရမယ့်ဟာကို ပြီးအောင်ပြော။
မင်းငါ့ကိုကူညီခဲ့လို့ ငါပြန်ကူညီပေးနေတာနော်။ ဒါပေမယ့် မင်းပြောတဲ့လူက
မတန်တဆတောင်းဆိုနေရင်တော့ ငါသဘောတူမှာမဟုတ်ဘူး’’
ရန်ကိုင်၏အမျိုးမျိုးသော တောင်းဆိုချက်တွေကို ကြားနေရတဲ့အချိန်မှာတော့
မန်ဝူရတော်တော်လေး ဒေါသထွက်လာခဲ့သည်။ သူ့ဘာသာတွေးနေလိုက်သည်…
ငါသာမင်းကိုလုပ်စေချင်ရင် မင်းစောင့်နေစရာတောင်မလိုဘူး။အခုချက်ချင်း
ထလုပ်ရမှာကွ။ မင်းကများငါ့ရှေ့မှာလာပြီး အေးစက်စက်နဲ့မောက်မာရဲတယ်။
မန်ဝူရနောက်လိုက်ရင်း သူတို့ရစ်ခွေနဂါးစမ်းချောင်းဆီကိုသွားနေတယ်ဆိုတာ
ရန်ကိုင်သိလိုက်သည်။ ထို့ပြင် သူတို့သွားနေတဲ့နေရာ သူမကြာခဏကျင့်ကြံတဲ့
နေရာဆိုတာပင်ဖြစ်သည်။ သူဘာလို့အဲ့နေရာကိုသွားနေတာလဲ။ သူထိုနေရာမှာ
လေ့ကျင့်တုန်းက အနီးအနားပတ်ဝန်းကျင်တွင် လူရှိတဲ့အရိပ်အယောင်ကို
မတွေ့ခဲ့ရပေ။ ရစ်ခွေနဂါးစမ်းချောင်းက အန္တရယ်ရှိတဲ့နေရာတစ်ခုဖြစ်တဲ့အတွက်
သာမန်လူတွေဘယ်သူမှ ဒီနေရာကိုလာလိမ့်မည်မဟုတ်ပေ။
သူလေ့ကျင့်တဲ့နေရာမှပေ၁၀၀အကွာလောက် ရောက်တဲ့အချိန်မှာတော့
မန်ဝူရကရုတ်တရက်ရပ်လိုက်ပြီး သူ့ရှေ့တည့်တည့်ကိုလက်ညှိးထိုးပြလိုက်သည်
‘‘ကြည့်လိုက်….အဲ့နေရာမှာပဲ’’ လှည့်ကြည့်လိုက်တာနဲ့ ရန်ကိုင်က
ကြောင်အသွားပြီး ငေးကြည့်နေမိလိုက်သည်။
သူလေ့ကျင့်တဲ့နေရာမှာ ရပ်နေတဲ့တာက မိန်းကလေးတစ်ယောက်ဖြစ်သည်။
သူမကအစိမ်းနုရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နေသုံးစင်းအသီးရှေ့တွင်
ရပ်နေခဲ့သည်။ သူမဘာတွေနေလဲဆိုတာ သူမသိပေမယ့် အတွေးထဲမှာ
မျောနေတာဆိုတာကိုတော့ သူသိပေသည်။ သူမခန္ဓာကိုယ်က ထိုနေရာတွင်
မလှုပ်မရှားရပ်နေခဲ့ပြီး သူမဝတ်ထားတဲ့ဝတ်စုံကတော့ လေနဲ့အတူယိမ်းထိုးနေပေသည်။
သူမကမျက်နှာကာတစ်ခုကို ဝတ်ဆင်ထားပြီး သူမမျက်နှာကိုသေချာမမြင်ရပေ။
သူမ၏နဖူးမှာတော့ တဖိတ်ဖိတ်လက်နေတဲ့ အပြာရောင်ကျောက်တစ်ခုကို
ဝတ်ဆင်ထားခဲ့ပြီး သူမကျော့ရှင်းပြီး သန့်စင်တဲ့သဘာဝကို မီးမောင်းထိုးပြနေခဲ့သည်။
သူမ၏ပုံစံက လေအဝှေ့ကိုတောင်တောင့်မခံနိုင်တဲ့ အားနည်းပြီး ကြွပ်ဆပ်တဲ့
ပုံပေါက်နေပေမယ့် ထိုအရာကပင်ကျက်သေရှိလှပေသည်။
သူမကိုငေးကြည့်နေရင် သူ့ကုတင်ပေါ်မှာအိပ်ပျော်နေတဲ့ လရောင်အောက်က
အလှလေးတစ်ယောက်အကြောင်ကို ပြန်တွေးမိလိုက်သည်။ ‘‘သူမပဲ’’
ရန်ကိုင်အကြည့်က ရုတ်တရက်ပျော့ပျောင်းသွားခဲ့သည်။
‘‘မင်းသူမကိုသိတာလား’’ မန်ဝူရက ချက်ချင်းသတိထားလိုက်သည်။ သူရဲ့
အသက်တမျှချစ်ရတဲ့တပည့်ပါးစပ်ကနေပြီး……သူမရန်ကိုင်နဲ့ဘယ်တုန်းကမှ
စကားမပြောဖူးဘူးလို့ပြောထားခဲ့ပေသည်။ ဒါပေမယ့်ဘာကြောင့်လဲ…ရန်ကိုင်
ရောက်လာတာနဲ့ သူဘာလို့သူမကိုသိနေရတာလဲ။
‘‘သူမကိုကူညီစေချင်တာလား’’ ရန်ကိုင်ကမန်ဝူရကိုကြည့်ရင်းမေးလိုက်သည်။
‘‘အင်း’’ မန်ဝူရကခေါင်းညိတ်လိုက်သည်။ ‘‘ငါကူညီမယ်’’ ဘဏ္ဏာထိန်းမန်
မျှော်လင့်ထားတာနဲ့ဆန်ကျင်ဘက်ပင်……ရန်ကိုင်ကတစ်ချက်တောင်
တုန့်ဆိုင်းမနေပဲ သူ့တောင်းဆိုချက်ကိုသဘောတူလိုက်သည်။ မန်ဝူရ၏
စိတ်ထဲတွင် အကြောင်းပြချက်ရေရေရာရာမရှိပဲ ရန်ကိုင်ကိုအကူအညီ
တောင်းမိတာကို နောင်တရသွားခဲ့သည်။
‘‘မင်းဘာလို့ချက်ချင်းကြီးသဘောတူလိုက်တာလဲ’’ လူအိုးကြီးမန်က
သိချင်စိတ်အပြည့်နဲ့မေးလိုက်သည်။ ‘‘မင်းငါ့ကိုအကူအညီတောင်းခဲ့တာ
ဒီလူအိုကြီးက တော်တော်လေးအပြောင်းအလဲမြန်တာပဲ။
‘‘ငါမင်းကိုမကူညီစေချင်တာမဟုတ်ပါဘူး……မင်သဘောတူလိုက်တာ
အရမ်းမြန်လွန်းလို့ပါ’’ မန်ဝူရကခေါင်းခါရင်း ‘‘မင်းငါ့ကိုအကြောင်းပြချက်
တစ်ခုပေးရမယ်’’
‘‘ခင်းဗျားအကူအညီလိုတာလား…မလိုဘူးလား’’ ရန်ကိုင်က စိတ်မရှည်တော့ပဲ
မေးလိုက်သည်။ ‘‘လိုတာပေါ့…ငါတကယ်ကိုလိုတာပေါ့’’
‘‘အဲ့ဒါဆို ဘာတွေဆက်မေးနေသေးတာလဲ။ ငါသဘောတူလိုက်ပြီလေ။ အဲ့ဒါ
မကောင်းလို့လား’’ အဲ့ဒါမှန်တယ်။သူအဲ့လောက်မြန်မြန်သဘောတူလိုက်တာ
ကောင်းတဲ့အရာတော့မဟုတ်ဘူး။ သူဘာလို့တစ်ခုခုမူမမှန်ဘူးလို့ခံစားနေရတာလဲ။
မန်ဝူရစိတ်ရှုပ်သွားခဲ့သည်။
တစ်လှမ်းချင်းတစ်လှမ်းချင်း ရန်ကိုင်ကအရှေ့ကိုလှမ်းသွားခဲ့သည်။
ခြေသံတွေကို အတွေးထဲမှာနစ်မျောနေတဲ့ ရှနင်းချန်ကိုကြောင်အသွားစေခဲ့သည်။
သူမအသိပြန်ဝင်လာတဲ့အချိန်မှာတော့ ရန်ကိုင်ကသူမဘေးကိုရောက်နှင့်နေခဲ့လေပြီ။
ရှနင်းချန်က ဘာလုပ်ရဘာကိုင်ရမှန်းမသိတော့ပဲ ရန်ကိုင်ကိုကြောင်ကြည့်နေလိုက်သည်။
သူမအလိုလိုထိန့်လန့်သွားခဲ့သည်။ သူမတို့နှစ်ယောက်တွေခဲ့တဲ့ နှစ်ကြိမ်စလုံးက
ညအချိန်ဖြစ်ပြီး ရှက်ရွံ့စရာတွေလည်း ဖြစ်ပျက်ခဲ့ပေသည်။ သူမဘယ်လိုလုပ်ပြီး
တည်ငြိမ်နိုင်ပါ့တော့မလဲ။
‘‘စီနီယာရှ’’ ရန်ကိုင်သူမကိုကြည့်လိုက်ပြီး‘‘နင်ဘာလို့ ဒီနေရာကိုရောက်နေတာလဲ’’
‘‘ငါ……ငါဒီအသီးတွေကို နင့်အတွက်စစ်ဆေးပေးဖို့ ဒီနေရာမှာရောက်နေတာ။
နင်ကဒီအတောအတွင် မလာနိုင်တော့ အသီးတွေကိုအခြားသူတွေခူးသွားမှာစိုးလို့’’
သူချက်ချင်းပြန်ပြောလိုက်သည်။
ကြည့်လိုက်တာနဲ့ နေသုံးစင်အသီးတွေမရှိတော့တာကို တွေ့လိုက်သည်။ ကျန်နေတဲ့
နောက်ဆုံအပင်က အသီးကလည်းမမှည့်သေးပေ။‘‘ငါနေသုံးစင်းအသီးတွေကို
ဆေးလုံးအဖြစ်သန့်စင်လိုက်တာ’’ ရှနင်းချန်ကပြောရင်း ဆေးပုလင်းတစ်ပုလင်းကို
ထုတ်ကာရန်ကိုင်ကိုပေးလိုက်သည်။ ဆေးပုလင်းထဲတွင် ယန်စွမ်းအင်ပေါများကြယ်ဝတဲ့
ဆေးလုံး၉လုံးကိုတွေ့လိုက်ရသည်။
ထိုဆေးလုံးတွေက အလွန်အမင်းသန့်စင်ပြီး အညစ်အကြေးအနည်းငယ်တောင်
မပါဝင်ပေ။ သူမဒီဆေးလုံးတွေကို ဘယ်လိုသန့်စင်လိုက်တာလဲ။
‘‘ငါဒီမှာလေ့ကျင်နေတာကို စီနီယာအစ်မသိတယ်ပေါ့’’ ရန်ကိုင်မေးလိုက်သည်။
သူမသာမသိရင် နေသုံးစင်းအသီးတွေကို ဘယ်လိုလုပ်ပြီး လာစောင့်ကြပ်
ပေးနိုင်ပါ့မလဲ။
ရှနင်းချန်က အကြည့်လွှဲလိုက်ပြီး‘‘ငါဒီနေရာကို မတော်တဆရောက်လာတာ’’
‘‘အဲ့ညကမိန်းကလေးကစီနီယာအစ်မမလား’’ ရန်ကိုဖျော့ဖျော့လေးပြုံးလိုက်သည်။
နွေးထွေးတဲ့ခံစားချက်တစ်ခုက သူ့ခန္ဓာကိုယ်တစ်လျှောက်ပျံ့နှံ့သွားခဲ့သည်။
Martial Peak
အပိုင်း (၈၃) ရှနင်းချန်၏ထူးခြားချက်
သူစဦးဒြပ်စင်အဆင့်ကို ချိုးဖျက်ဖို့ကြိုးစားခဲ့တဲ့ ညတုန်းက မျက်နှာကာ ဝတ်ဆင်ထားတဲ့
မိန်းကလေးတစ်ယောက်က သူ့ကိုတိုက်ခိုက်ခဲ့သည်။ အစကတော့ ထိုမိန်းကလေးက
သူ့ကိုသတ်ဖို့လာတာလို့ ထင်နေခဲ့ပေမယ့် နောက်ပိုင်းကျတော့မှ သူ့ကိုကူညီဖို့လာမှန်း
သိလိုက်သည။ သူ့ကိုသတ်ဖို့လာခဲ့တာသာဆိုရင် ထိုမိန်းကလေး၏တိုက်ခိုက်မှုတွေကို
သူတစ်ကွက်တောင် ခုခံနိုင်လိမ့်မည်မဟုတ်ပေ။
ထိုအချိန်တုန်းက ရန်ကိုင်က ထိုမိန်းကလေးဘယ်သူလဲဆိုတာ ခေါင်းခြောက်အောင်
စဉ်းစားခဲ့ပေမယ့် သူမသိခဲ့ပေ။ အခုအချိန်မှာတော့ သူ့ကိုတိုက်ခိုက်ခဲ့တဲ့ မိန်းကလေးက
ဘယ်သူလဲဆိုတာ သူသိသွားခဲ့ပါပြီ။ ထိုအကြောင်ကိုးတွေးမိလိုက်တာနဲ့ ရန်ကိုင်က
ရှနင်းချန်ကို ချီးကျူးမိလိုက်သည်။ ကံမကောင်းစွာနဲ့ ဘဏ္ဏာထိန်းမန်က သူတို့နှစ်ယောက်
ကြားခုန်ဝင်လာခဲ့ပြီး သူတို့၏သာယာဖွယ်ကောင်းတဲ့အခိုက်အတန့်လေးကို
ဖျက်စီးလိုက်သည်။ သားပေါက်လေးတွေကို ကာကွယ်ပေးနေတဲ့ ကြက်မကြီးတစ်ကောင်
အလား ဘဏ္ဏာထိန်းမန်က သူ့ရဲ့တပည့်ရတနာလေးကို အစွမ်းကုန်ကာကွယ်ပေးနေခဲ့သည်။
သံသယအပြည့်နဲ့ ရန်ကိုင်ကမန်ဝူရကိုကြည့်ပြီးမေးလိုက်သည်‘‘ ခင်းဗျားကြီးက
သူနဲ့သိတာလား’’ မန်ဝူရက ရန်ကိုင်ကိုလှောင်ပြောင်လိုက်ပြီး ဂုဏ်ယူဝံ့ကြွားမှုအပြည့်နဲ့
ပြောလိုက်သည်‘‘သူမက ငါ့တပည့်ပဲ’’ ‘‘ခင်ဗျားတပည့်လား’’ ရန်ကိုင်မေးရိုးမြေကြီးပေါ်
ကျလုမတတ်ဖြစ်သွားခဲ့သည်။ သူ့မျက်လုံအစုံကလည်း မယုံကြည်နိုင်မှုအပြည့်နဲ့
မန်ဝူရနှင့်ရှနင်းချန်တို့နှစ်ယောက်ကို ငေးငိုင်ကြည့်နေခဲ့သည်။
မန်ဝူရလို မြေခွေးအိုကြီးက တပည့်တစ်ယောက် အမှန်တကယ်လက်ခံထားမယ်လို့
သူဘယ်တုန်းကမှမထင်ထားခဲ့ပေ။ ဒါကမတော်တဆမှားပြီးလက်ခံမိတာတော့
မဟုတ်လောက်ပါဘူး…။‘‘မင်းတို့နှစ်ယောက်ကကော….တစ်ယောက်နဲ့တစ်ယောက်
သိနေကြတာလား’’ မန်ဝူရက ရန်ကိုင်ကိုကြည့်လိုက်၊ရှနင်းချန်ကိုကြည့်လိုက်လုပ်ရင်း
မေးလိုက်သည်။ ‘‘ငါတို့မသိကြပါဘူး’’ ရှနင်းချန်က ရုပ်တည်ကြီးနဲ့ပြန်ပြောလိုက်သည်။
သူမအဲ့လိုတည့်တိုးကြီးဖြေလိုက်သဖြင့် မန်ဝူရက ဘာထပ်မေးရမှန်းတောင်မသိတော့ပေ။
ရှနင်းချန်က မန်ဝူရနောက်သွားလိုက်ပြီး သူ့ကိုယ်သူကာကွယ်တဲ့ပုံစံလုပ်ထားလေသည်။
ရန်ကိုင်ကမခိုးမခန့်ရယ်လိုက်ပြီး ‘‘ငါတိုိ့ိသိတယ်လို့လည်းပြောလို့မရပါဘူး…စီနီယာအစ်မက
ငါ့ကိုကူညီပေးဖူးတာပဲရှိတာ’’ မန်ဝူရက ခေါင်းညိတ်လိုက်သည်။ ရှနင်းချန်က သူ့ကိုအဲ့ညက
ကိစ္စကိုပြောပြပြီးသွားပါပြီ။ အဲ့ညကကိစ္စကြောင့်သာမဟုတ်ရင် ရန်ကိုင်မှာသန့်စင်လွန်းတဲ့
ယန်စွမ်းအင်တွေရှိတယ်ဆိုတာကိုလည်း သူမသိလိမ့်မည်မဟုတ်ပေ။
‘‘ဘဏ္ဏာထိန်းမန်၊ စီနီယာအစ်မကိုကူညီရမယ့်ကိစ္စကဘယ်လိုမျိုးလဲ။ ခင်ဗျားပြောပြလို့
ရတယ်မလား’’ သူကမေးမြန်းတဲ့အကြည့်နဲ့မေးလိုက်သည်။ မန်ဝူရအကူအညီတောင်းတဲ့
ကိစ္စက ရှနင်းချန်နဲ့ဆက်စပ်နေတဲ့အတွက် ဘာကိစ္စပဲဖြစ်ဖြစ် သူကူညီပေးရပေလိမ့်မည်။
ရန်ကိုင်မေးတာကို ပြန်မဖြေပဲ သူ့ရဲ့တပည့်ရတနာလေးဘက်လှည့်ပြီး မေးလိုက်လေသည်
‘‘သူကော အဆင်ပြေလား’’ ရှနင်းချန်၏ နားသီးလေးတွေက နီရဲသွားခဲ့သည်။ သူမမျက်လုံးလေး
တွေကို မှေးထားလိုက်ပြီး သူမ၏မျက်ခမ်းတွေ တဆတ်ဆတ်တုန်ရီနေခဲ့သည်။ တစ်ခဏ
ကြာမှသာသူမ မဝံ့မရဲနဲ့ခေါင်းညိတ်လိုက်လေသည်။
သူမသဘောတူတာ တွေ့လိုက်ရတော့မှပဲ မန်ဝူရခဗျာ သက်ပြင်းချနိုင်တော့သည်။
‘‘ရပ်တော့…ရပ်တော့…ရပ်တော့။ ငါတို့မှာ အချိန်အများကြီးမရှိဘူး…သူ့ကိုပဲ
ရွေးချယ်လိုက်တော့မယ်’’ ရန်ကိုင်က စကားတစ်ခွန်းတောင် ဝင်မပြောပဲ
ဘေးကနေသာရပ်ကြည့်နေခဲ့သည်။ တစ်ခဏကြာတဲ့အချိန်မှာတော့ မန်ဝူရက
ရန်ကိုင်ကိုလေးနက်တဲ့အသံနဲ့ ပြောလိုက်သည်‘‘ရန်ကိုင်…ဒီကမ္ဘာပေါ်မှာ
သာမန်လူတွေနဲ့ကွဲပပြားခြားတဲ့လူတွေဆိုတာရှိတယ်။အဲ့လိုလူတွေမှာ သာမန်လူတွေ
မပိုင်ဆိုင်နိုင်တဲံ စွမ်းရည်၊ကျွမ်းကျင်မှုတွေရှိတယ်’’
ရန်ကိုင်ကမန်ဝူရကို ငေးကြည့်နေခဲ့ပြီး ခဏကြာမှပြန်ပြောလိုက်သည်‘‘ အထူခန္ဓာကိုယ်
ပိုင်ဆိုင်ထားတဲ့လူတွေကို ပြောနေတာလား’’ ‘‘ဟုတ်တယ်။ အဲ့လူတွေပဲ’’
မန်ဝူရကခေါင်းညိတ်ရင်း ပြန်ပြောလိုက်ပြီး‘‘အဲ့လူတွေက ကောင်းကင်ဘုံရဲ့
ကာကွယ်ပေးခြင်းခံရပြီး သူတို့တွေကို ကောင်းကင်ကလေးငယ်လို့ ခေါ်ကြတယ်။
အချို့လူတွေက ကျင့်ကြံတဲ့နေရာမှာ ကောင်းချီးပေးခံရသလို၊ အချိုူတွေက
ကုသတဲ့နေရာမှာကောင်းချီးပေးခံရတယ်။ အချို့လူတွေရဲ့ အထူးခန္ဓာကိုယ်
ကျတော့ တိုက်ခိုက်တဲ့နေရာမှာ ပိုသင့်တော်တယ်။ ခန္ဓာကိုယ်တွေက
အမျိုးမျိုးရှိပြီး ပုံသဏ္ဍာန်အမျိုးမျိုးနဲ့လာကြတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အဲ့လို
အထူးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့လူတွေက အခြားလူတွေ
မနာလိုတာခံရလေ့ရှိတယ်။ အထူးခန္ဓာကိုယ်က အရမ်းကိုရှားပါပြီး
လူတစ်သန်းမှာတောင် တစ်ယောက်တွေ့ရခဲတယ်။ ဒါပေမယ့် မင်းကတော့
အရမ်းကံကောင်းလွန်းခဲ့တယ်။ ဒီနေ့မှာတော့ အထူးခန္ဓာကိုယ်ကို
ပိုင်ဆိုင်ထားတဲ့လူတစ်ယောက်ကို မင်းမြင်တွေ့ခွင့်ရခဲ့ပြီ’’
ရန်ကိုင်က မန်ဝူရနောက်မှာပုန်းနေတဲ့ ရှနင်းချန်ကို ထိတ်လန့်တကြား
ကြည့်လိုက်သည်။ ‘‘စီနီယာအစ်မက တကယ်ပဲအထူးခန္ဓာကိုယ်ကို
ပိုင်ဆိုင်ထားတာလား….’’ ‘‘ဟဲဟဲ………’’ ဂုဏ်ယူဝံ့ကြွားမှုအပြည့်နဲ့
မန်ဝူရကခေါင်းညိတ်ရင်း ပြန်ပြောလိုက်သည်‘‘မင်းပြောတာအမှန်ပဲ….။
နင်းချန်က အထူးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်’’
ရန်ကိုင်ရဲ့စိတ်က ကုလားဘုရားလှည့်နေသည့်အလား ဖြစ်နေခဲ့ပြီး သူ့ကိုယ်သူတည်ငြိမ်အောင်
မလုပ်နိုင်တော့ပေ။ ဒီလိုအလွယ်တကူရှက်တတ်တဲ့ စီနီယာအစ်မက
အထူးခန္ဓာကိုယ်ုပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်ဖြစ်လိမ့်မယ်လို့
ဘယ်တုန်းက မတွေးထင်ဖူးခဲ့ပေ။ ‘‘ စီနီယာအစ်မက ဘယ်လိုအထူးခန္ဓာကိုယ်ကို
ပိုင်ဆိုင်ထားတာလဲ’’ ရန်ကိုင်က သိချင်စိတ်အပြည့်နဲ့မေးလိုက်သည်။ မန်ဝူရက
ရန်ကိုင်မေးတာကို ပြန်မဖြေပဲ သူ့ဘာသာတွေးတောရင်း စဉ်းစားခန်းဝင်နေခဲ့သည်။
ထို့နောက် သူ့ဘာသာသူရေရွတ်လိုက်ပြီး ‘‘နေးသုံးစင်အသီးတွေက အခုဆိုရင့်မှည့်
လောက်ပြီ။ ငါ့ရဲ့ချစ်တပည့်လေးရေ….အဲ့အသီးတွေကို ဆေးလုံးတွေအဖြစ်
ပြောင်းလိုက်ပါလား’’´
‘‘ဟုတ်ကဲ့’’ ရှနင်းချန်က နေသုံးစင်းအပင်ဆီလမ်းလျှောက်သွားလိုက်ပြီး
မှည့်နေတဲ့အသီးတွေကို ခူးလိုက်သည်။ ရန်ကိုင်တစ်ခွန်းမှမပြောခဲ့ပေ။
သူသိချင်နေတာတွေက မကြာခင်ရှင်းလင်းသွားပေလိမ့်မည်။ ‘‘နင်းချန်…
သူ့ကိုမင်းအစွမ်းပြလိုက်ပါဦး’’ မန်ဝူရက ခပ်ယဲ့ယဲ့လေးပြုံးလိုက်သည်။
ရှနင်းချန်က ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်ဆီလမ်းလျှောက်သွားလိုက်သည်။
သူမ၏ကျောက်စိမ်းသဖွယ် ချောမွတ်နေတဲ့ လက်ဝါးလေးကို ဖြန့်လိုက်ပြီး
နေသုံးစင်းအသီးကို သူ့လက်ဝါးထဲထည့်လိုက်သည်။
‘‘သေချာကြည့်ထားနော်..ဂျူနီယာမောင်လေး’’ ထို့နောက်ရှနင်းချန်က
သူမ၏ချီစွမ်းအင်ကို လှုံ့ဆော်လိုက်သည်။ ရန်ကိုင်ခဗျာ အလွန်အမင်း
ထိတ်လန့်သွားခဲ့သည်။ သူမချီစွမ်းအင်ကို လှုံ့ဆော်လိုက်တာနဲ့ အသီးထဲမှာ
ရှိတဲ့အနီရောင်စွမ်းအင်တွေကို အပြင်ကိုထွက်လာခဲ့သည်။ ရန်ကိုင်က
အစစ်အမှန်ယန်းနည်စနစ်ကို ကျင့်ကြံထားတဲ့အတွက် ယန်စွမ်းအင်တွေကို
အခြားသူတွေထက် ပိုပြီးရင်းနှီးလေသည်။ အခုအချိန်တွင် နေသုံးစင်းအသီထဲမှာ
ရှိတဲ့ယန်ချီတွေက ဒေါသထွက်နေတဲ့နဂါးတစ်ကောင်အလား အပြင်ဘက်ကို
တိုးထွက်လာခဲ့သည်။
ဒါပေမယ့်……သူမဘယ်လိုလုပ်လိုက်တာလဲ။
ထို့နောက်အသီးထဲက ထွက်ပေါ်လာတဲ့ယန်စွမ်းအင်တွေက ရှနင်းချန်ရှေ့တွင်
စုစည်းသွားခဲ့သည်။ ထို့နောက်ရှနင်းချန်က နောက်တစ်ကြိမ်လှုပ်ရှားလိုက်သည်။
လက်တစ်ဖက်က စုစည်းထားတဲ့စွမ်းအင်တွေကို ထိန်းထားပြီး ကျန်လက်တစ်ဖက်က
သူမသိတဲ့ လက်ကွက်တွေကို ဖော်ဆောင်နေခဲ့သည်။
ထို့နောက် ရစ်ခွေနဂါးစမ်းချောင်းထဲက ယန်စွမ်းအင်တွေက စမ်းချောင်းတစ်ခုအလား
သူမဆီစီးဝင်လာခဲ့သည်။ သူမက ထိုစွမ်းအင်တွေကို လက်တစ်ဖက်နှင့် ဆုပ်ကိုင်လိုက်ပြီး
နေသုံးစင်းအသီးကနေ စုစည်းထားတဲ့ ယန်စွမ်းအင်ထဲကို ပေါင်းထည့်လိုက်သည်။
အချိန်ကြာလာတာနဲ့အမျှ သူမအရှိန်က ပိုမိုမြန်ဆန်လာခဲ့သည်။ ယန်စွမ်းအင်တွေကို
အဆက်မပြတ်ပေါင်းထည့်နေခဲ့သော်လည်း ထိုစွမ်းအင်တွေက ပြန့်ကားထွက်မသွားပဲ
တဖြည်းဖြည်းသိပ်သည်းကာ အရွယ်သေးငယ်သွားခဲ့သည်။ ဒါပေမယ့် ထိုအလုံးလေးထဲက
စွမ်းအင်တွေက ပြင်းထန်သထက်ပြင်းထန်လာခဲ့သည်။
မိနစ်အနည်းငယ်လောက်ကြာတဲ့အချိန်မှာတော့ ရှနင်းချန်က ရစ်ခွေနဂါးစမ်းချောင်းထဲက
ယန်စွမ်းအင်တွေကို ထုတ်ယူနေတာ ရပ်လိုက်ပြီး စွမ်းအင်လုံးလေးကို သူမလက်နှစ်ဖက်နှင့်
ဖိညှစ်လိုက်သည်။သူမလက်နှစ်ဖက် ပူးကပ်သွားခဲ့ပြီး ပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့
နီရဲနေတဲ့ဆေးသုံးလုံးကို တွေ့လိုက်ရသည်။ ထိုဆေးလုံးတွေက ချောမွတ်လုံးဝန်းနေရုံသာမက
အလွန်အမင်းစွဲမက်ဖွယ်ကောင်းနေခဲ့ပြီး ဆေးအမှတ်အသားတွေကိုလည်း ရှင်းရှင်းလင်းလင်း
မြင်နေခဲ့ရသည်။ ရန်ကိုင်ခဗျာ စကားတစ်ခွန်းတောင် မပြောနိုင်တော့ ရှနင်းချန်လက်ထဲက
ဆေးလုံးတွေကိုသာ ကြောင်ကြည့်နေလေသည်။
ထိုအချိန်မှပဲ စီနီယာအစ်မသူ့ကိုပေးခဲ့တဲ့ ဆေးပုလင်းကိုဘယ်လိုရလာလဲဆိုတာ
သိသွားခဲ့သည်။ ထိုဆေးလုံးတွေက သူမကိုယ်တိုင်သန့်စင်ထားတာပဲဖြစ်သည်။
ဒါပေမယ့် အခုဆေးလုံးလုပ်တာက သူမအတွက် အရမ်းလွယ်နေတဲ့ပုံပေါက်လေသည်။
ဆေးဆရာတွေဆိုတာ အလွန်အမင်းရှားပါးပြီး သူတို့ဆေးလုံးလုပ်တဲ့အချိန်မှာလည်း
ကျရှုံးတာများလေသည်။ ပြီးတော့ ဆေးလုံးလုပ်ဖို့အထူးပစ္စည်တွေဖြစ်တဲ့ ဆေးမီးဖို၊
မီးတော့…စတဲ့တန်ဆာပလာတွေလိုသေးတယ်လေ။ ဒါပေမယ့် စီနီယာအစ်မရှကတော့
ဆေးပစ္စည်းဖြစ်တဲ့နေသုံးစင်းအသီးကလွဲပြီး သူမလက်ကိုပဲ အသုံးပြုသွားခဲ့လေသည်။
ဆေးလုပ်တဲ့နေရာမှာ မရှိမဖြစ်ဖြစ်တဲ့ ဆေးမီးဖို၊ မီးတောက်စသည့်ပစ္စည်းတစ်ခုကိုမှ
အသုံးမပြုပဲ ရှနင်းချန်က ဆေးလုံးတွေကိုလုပ်ပြသွားခဲ့သည်။
‘‘နင့်အတွက်’’ ရှနင်းချန်က သူမလုပ်ထားတဲ့ဆေးလုံးတွေကို ရန်ကိုင်ကိုပေးလိုက်သည်။
ထို့နောက်ဆေးလုံးတွေကို သေချာစစ်ဆေးကြည့်လိုက်လေသည်။ ဆေးလုံးတွေထဲမှာ
ပါဝင်တဲ့ယန်စွမ်းအင်တွေက နေသုံးစင်းအသီးထဲမှာပါတဲ့ ယန်စွမ်းအင်ထက် အဆများစွာ
ပိုပြီးသိပ်သည်းလေသည်။ ရှနင်းချန်က ဆေးလုံးလုပ်နေတဲ့အချိန်တွင် ရစ်ခွေနဂါးစမ်းချောင်းထဲက
ယန်စွမ်းအင်တွေကို ထပ်ပေါင်းတည့်ခဲ့လေသည်။
‘‘စီနီယာအစ်မ၊ နင်သာဆေးလုံးလုပ်ရောင်းမယ်ဆိုရင် ဆေးဆိုင်တွေမှာဝယ်သူတွေ
ရှိမှာတောင်မဟုတ်တော့ဘူး’’ ရန်ကိုင်ခါးခါးသီးသီးပြုံးလိုက်ရင်း ပြောလိုက်သည်။
ဒီလိုဆေးလုံးသန့်စင်နိုင်တဲ့လူမျိုးကို သူ့တစ်ဘဝလုံးတွင် တစ်ယောက်တောင်
မတွေ့ခဲ့ဖူးပေ။
Martial Peak
အပိုင်း (၈၄) တော်ဝင်ဝိဥာဉ်ဆေးခန္ဓာကိုယ်
တော်လှပေ့ဆိုတဲ့ဆေးဆရာတွေ ရှနင်ချန်ရဲ့ခြေဖျားမှီရင်တောင် ကံကောင်းနေပြီ။
‘‘စီနီယာအစ်မက ဘယ်လိုအထူးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာလဲ’’
ရန်ကိုင်မေးလိုက်သည်။ မန်ဝူရကပြန်ပြောလိုက်သည်‘‘တော်ဝင်ဝိဥာဉ်ဆေးခန္ဓာကိုယ်’’
‘‘ဆေးလုံးလုပ်တဲ့ အထူးခန္ဓာကိုယ်လား’’ ‘‘မဆိုးပါဘူး’’ မန်ဝူရခေါင်းညိတ်လိုက်သည်။
‘‘အထူးခန္ဓာကိုယ် အရမ်းကိုထူးခြားတယ်။ တော်ဝင်ဝိဥာဉ်ဆေးခန္ဓာကိုယ်
ပိုင်ဆိုင်တာတဲ့လူတွေက ဆေးလုံးတွေကို ဘေးထွက်ဆိုးကျိုးမရှိပဲ လုပ်နိုင်တယ်။
ဆေးပင်တိုင်မှာ အဆိပ်ကအနည်းနဲ့အများပါဝင်တယ်ဆိုတာ မင်းလည်းသိတာပဲ။
ဆေးလုံးတွေက မင်းရဲ့ခွန်အားကို တိုးမြင့်ပေးနိုင်တယ်ဆိုပေမယ့် အကျိုးသက်ရောက်မှုက
အကန့်အသတ်ရှိတယ်။ ဒါပေမယ့် တော်ဝင်ဝိဥာဉ်ဆေးခန္ဓာကိုယ်နဲ့ ဆေးပင်တွေထဲက
အဆိပ်တွေကို ဖယ်ရှားပစ်နိုင်တယ်။ မင်းရဲ့စီနီယာအစ်မက ကျင့်ကြံတာအခုမှ ငါးနှစ်ပဲ
ရှိသေးတယ်။ဒါပေမယ့် သူမကအခုချီသန့်စင်ခြင်းအဆင့်ကိုရောက်နေပြီး ။ ငါသာသူမရဲ့
စွမ်းရည်ကို ဖိနှိပ်မထားခဲ့ရင် အခုအချိန်လောက်ဆို အစစ်အမှန်ဒြပ်စင်အဆင့်ကို
ရောက်နေပြီးဆိုတာ ငါကျိန်းသေပြောရဲတယ်’’
ရန်ကိုင်ခဗျာ သူ့ရဲ့အံ့သြမှုကို မဖုံးကွယ်ထားနိုင်တော့ပေ။ စီနီယာအစ်မရှက
ချီသန့်စင်ခြင်းအဆင့်ကိုရောက်ဖို့ ငါးနှစ်သာအချိန်ယူခဲ့ရသည်။ သူကကော…။
သူခဗျာတော့ စဦးဒြပ်စင်အဆင့်ကိုရောက်ဖို့ ဆယ်နှစ်တောင်အချိန်ယူခဲ့ရသည်။
အကယ်၍ မန်ဝူရသာသူမရဲ့စွမ်းရည်ကို ဖိနှိပ်မထားခဲ့ဘူးဆိုရင် သူမကစီနီယာအစ်မ
စုယန်ထက်တောင် ပိုပြီးအားကောင်းသွားပေလိမ့်မည်။
ရန်ကိုင်က သေချင်စိတ်ပေါက်သွားတဲ့အထိ ရှက်ရွံ့သွားခဲ့သည်။ စီနီယာအစ်မနဲ့
သူ့တို့နှစ်ယောက်ကြားက ခြားနားချက်က အလွန်အမင်းကွားခြားလွန်းပေသည်။
သူ့ရှေ့မှာရှိနေတဲ့မိန်းကလေး ကောင်းကင်စံအိမ်တစ်ခုလုံးရဲ့ တကယ့်နံပါတ်တစ်
ဂျီးနီးယပ်ပင်ဖြစ်သည်။ ဒါပေမယ့် သူမရရှိခဲ့တဲ့ ကျင့်ကြံဆေးလုံးတွေကို
မေ့မထားသင့်ပေ။ မန်ဝူရကဆက်ပြောလိုက်သည်‘‘ပြီးတော့ တော်ဝင်ဝိဥာဉ်ဆေးခန္ဒာကိုယ်
ပိုင်ရှင်တွေမှာသာ သင့်လျော်တဲ့ကျင့်စဉ်တစ်ခုသာရှိကြည့် စွမ်းအင်လုံလောက်နေသရွေ့
ကောင်းကင်အောက်မှာရှိတဲ့အရာမှန်သမျှကို သူတို့သန့်စင်နိုင်တယ်။ အကယ်၍ငါ့တပည့်သာ
ဆန္ဒရှိမယ်ဆိုရင် လေထဲကချီကိုတောင် ဆေးလုံးအဖြစ်သန့်စင်နိုင်တယ်’’
စွမ်းအင်သာလုံလုံလောက်လောက်ရှိမယ်ဆိုရင် ကောင်းကင်အောက်ရှိသမျှ
အရာမှန်သမျှကို ဆေးလုံးအဖြစ်သန့်စင်နိုင်ပေသည်။ ကောင်းကင်နှင့်မြေပြင်က
စွမ်းအင်တွေကိုတောင် ဆေးလုံးအဖြစ်သန့်စင်နိုင်မှတော့ နေသုံးစင်းအသီးက
ထည့်ပြောနေစရာတောင်မလိုတော့ပေ။ သူမသာလုံလောက်အောင်
ကြီးထွားချိန်ရှိမယ်ဆိုရင် သိုင်လောကတစ်လုံးတွင် အကြီးကျယ်ဆုံး
ဆေးပညာရှင်ဖြစ်လာနိုင်ပေသည်။ ဒီလိုခန္ဓာကိုယ်အမျိုးအစားနဲ့မွေးဖွားလာတဲ့
သူမကို ဘယ်သာမန်လူနှင့်မျှတန်းညှိုလို့မရနိုင်ပေ။
‘‘ဒီတစ်ကြိမ်အဆင့်တက်ဖို့ဆိုရင် သူမခန္ဓာကိုယ်ထဲမှာရှိတဲ့ တစ်ခုခုကို သန့်စင်ဖို့
လိုတယ်။ ဒါပေမယ့် အဲ့ဒါကိုသူမတစ်ယောက်တည်မလုပ်နိုင်ဘူး’’
‘‘အဲ့ကိစ္စကြောင့်ပဲ ငါ့အကူအညီလိုနေတာလား’’ ရန်ကိုင်မေးလိုက်သည်။ မန်ဝူရ
ခေါင်းညိတ်လိုက်သည်။ ‘‘ဘယ်လိုအရာမျိုးလဲ’’ ‘‘ယင်ကိုးသွယ်နှင်းပုံဆောင်ခဲတွေပဲ။
အဲ့ပုံဆောင်ခဲတွေက အစစ်အမှန်ဒြပ်စင်အဆင့်မှာရှိနေတဲ့လူတွေအတွက် အရမ်း
အသုံးဝင်တယ်။ သူမသာယင်ကိုးသွယ်နှင်းပုံဆောင်ခဲတွေကို သန့်စင်နိုင်မယ်ဆိုရင်
ငါ့တပည့်ကျင့်ကြံခြင်းကို နှေးကွေးသွားစေမယ့်ဘယ်အရာကိုမဆိုကာကွယ်
နိုင်လိမ့်မယ်’’
ချီသန့်စင်ခြင်းအဆင့်ကနေ အစစ်အမှန်ဒြပ်စင်ဆင့်ကို ချိုးဖျက်ဝင်ရောက်ဖို့ဆိုရင်
ချီစွမ်းအင်တွေကို အစစ်အမှန်ချီစွမ်းအင်အဖြစ်ပြောင်းလဲဖို့လိုအပ်ပေသည်။ ဒါက
ကျင့်ကြံသူတိုင်းလုပ်ရမယ့်ကိစ္စဖြစ်ပြီး အချို့အဖိုးတန်တဲ့ရတနာအကူအညီကို
ရခဲ့ရင်တော့ ပြောင်းလဲသွားတဲ့ချီစွမ်းအင်က ပိုပြီးအားကောင်းပေလိမ့်မည်။
ယင်ကိုးသွယ်နှင်းပုံဆောင်ခဲက ချီပြောင်းလဲရာမှာကူညီပေးနိုင်တဲ့
အကောင်းဆုံးရတနာတွေထဲက တစ်မျိုးဖြစ်ပေသည်။
‘‘ယင်ကိုးသွယ်နှင်းပုံဆောင်ခဲတွေက ဝိဥာဉ်အဆီအနှစ်တွေပဲ…ပြီးတော့ရဖို့လည်း
ခက်တယ်။မကိုက်ညီဘဲသွားသုံးရင် နှင်းပုံဆောင်ခဲတွေက ချက်ချင်းအရည်ပျော်ပြီး
ပျောက်ကွယ်သွားလိမ့်မယ်။ ယန်စွမ်းအင်ကို ကျင့်ကြံတဲ့သူတွေပဲ ယင်ကိုးသွယ်
နှင်းပုံဆောင်ခဲကို ထိန်းချုပ်နိုင်ကြတယ်။ ဒါပေမယ့် ယန်စွမ်းအင်သန့်စင်နှုန်းကတော့
အဆင့်တစ်ခုခုကို ရောက်နေဖို့တော့လိုတယ်။ အဲ့ဒါကြောင့်ပဲ ငါတို့မင်းအကူအညီကို
လိုအပ်နေတာ’’
‘‘ငါ့အကူအညီလိုရင် ကူညီပေးရမှာပေါ့..ဒါပေမယ့် ငါကဘာလုပ်ပေးရမှာလဲ’’ ရန်ကိုင်က
မေးခွန်းထုတ်လိုက်သည်။ ရုတ်တရက် မန်ဝူကရစိတ်မရှည်ဖြစ်သွားခဲ့ပြီး ‘‘မင်းက
ဘာလို့အဲ့လောက် အမေးအမြန်းသန်နေရတာလဲ။ အချိန်ကျလာရင် သိလိမ့်မယ်’’
ရန်ကိုင်ကသူ့နှာခေါင်းကို ပွတ်လိုက်ပြီး ဘဏ္ဏာထိန်းမန်ကဘာလို့စိတ်ဆိုးသွားရလဲဆိုတာ
စဉ်းစားခန်းဝင်နေခဲ့သည်။ ‘‘ယင်ကိုးသွယ်နှင်းပုံဆောင်ခဲတွေကဘယ်မှာလဲ…
ငါတို့ဘယ်အချိန်သွားမှာလဲ’’
‘‘လေနက်တောင်အတွင်းပိုင်းထဲမှာ… ဂျူလိုင်လ၇ရက်နေ့မှာပဲ ယင်ကိုးသွယ်းစုစည်း
လိမ့်မယ်။ အဲ့အချိန်မှပဲ ငါတို့ယင်ကိုးသွယ်ကို ရယူနိုင်လိမ့်မယ်’’(ရက်ကို မူရင်းအတိုင်း
ပြန်ပေးလိုက်သည်။ ဂျူလိုင်လို့ရေးထားတော့ ကိုယ်တွေလည်း လိုက်ပြီးဂျူလိုင်လိုက်တယ်)
‘‘အဲ့ဒါဆိုရင် အချိန်အများကြီးမရှိတော့ဘူးပဲ’’ ရန်ကိုင်က တွက်ချက်ရင်း တွေးတော
နေလိုက်သည်။ ဂျူလိုင်လ၇ရက်နေ့ရောက်ဖို့ ဆယ်ရက်ပဲကျန်တော့ပေသည်။
လေနက်တောင်အတွင်းပိုင်းထဲကို ဝင်ဖို့ဆိုရင် သွားဖို့လာဖို့အချိန်လိုသေးပေသည်။
‘‘မင်းမှာဘာမှလုပ်စရာမရှိဘူးဆိုရင် အခုမြန်မြန်လုပ်စေချင်တယ်။ မဟုတ်ရင်
ငါတို့နောက်တစ်နှစ်ထပ်စောင့်နေရလိမ့်မယ်’’ မန်ဝူရလူကြီးလူကောင်းဟန်ဖြင့်
ပြောလိုက်သည်။ ‘‘ငါကကြိုက်တဲ့အချိန်သွားလို့ရတယ်’’ ရန်ကိုင်ပြုံးလိုက်သည်။
‘‘အဲ့လိုဆိုရင် နောက်နှစ်ရက်ကြာရင် ထောက်ပံ့ရေးခန်မမှာငါ့ကိုလာရှာ။
လေနက်တောင်ကိုမသွားခင် ပြင်ဆင်ဖို့လိုသေးတယ်’’ မန်ဝူရက ပြန်ပြောလိုက်သည်။
‘‘ကောင်းပြီ…အဲ့ဒါဆို နောက်နှစ်ရက်ကြာရင်တွေ့ကြတာပေါ့’’
ထောက်ပံ့ရေးခန်မတွင် နောက်နှစ်ရက်ကြာရင် တွေ့ဖို့ရက်သတ်မှတ်ပြီးတာနဲ့
ရန်ကိုင်ပြန်သွားလေသည်။ ထွက်သွားတဲ့ရန်ကိုင်၏ကျောဘက်ကို ကြည့်ရင်း
မန်ဝူရသက်ပြင်းသေးသေးလေးချလိုက်သည်။ သူ့ပုံစံက ထူးထူးဆန်းဆန်း
ဖြစ်နေပြီး သူဘာတွေးနေလဲဆိုတာ မသိနိုင်ပေ။ တစ်ခဏကြတော့မှပဲ
သူတပည့်ဆီကို လှည့်လိုက်ပြီး ပြောလိုက်သည်‘‘ နင်းချန်၊ နင်ဒီလိုလုပ်ချင်တာ
သေချာပြီလား’’ရှနင်းချန်၏ အဝတ်စတွေက တဖျတ်ဖျတ်လွင့်နေပြီး
ခေါင်းညိတ်လိုက်သည်‘‘အင်း’’
မန်ဝူရကဆက်ပြောလိုက်သည်‘‘နင်ယင်ကိုးသွယ်နှင်းပုံဆောင်ခဲကို
မသန့်စင်နိုင်ရင် အဆင့်တက်လို့ရပါသေးတယ်။ နင့်ရဲ့စွမ်းအင်က နည်းနည်းလေး
အားနည်းသွားရုံပဲရှိမှာ’’ ရှနင်းချန်က ဖွဖွလေးရယ်လိုက်ပြီး‘‘ဆရာကိုကူညီနိုင်ဖို့ဆိုရင်
ငါ့အစစ်အမှန်ချီက ပိုပြီးသန့်စင်နေတာမကောင်းဘူးလား။ ဆရာ..နင်ငါ့ကိုကယ်ခဲ့ပြီး
ဒီအသက်အရွယ်ထိရောက်အောင် ပြုစုပျိုးထောင်ပေးခဲ့တယ်။ ငါလည်းဆရာကို
ပြန်ပြီးကူညီချင်တယ်’’
‘‘ဒါပေမယ့်…နင်နောက်တစ်ကြိမ်မတွေးတော့ဘူးလား’’ နောက်နှစ်ရက်နေမှ
ချိန်းလိုက်တာက ရှနင်းချန်ကို နောက်တစ်ကြိမ်သေချာပြန်စဉ်းစားစေချင်လို့ပဲ
ဖြစ်ပေသည်။ ရှနင်းချန်က ရှက်သွေးဖြာသွားပြီး ပြန်ပြောလိုက်သည်
‘‘ဘာမှမဖြစ်ဘူး…ငါသူ့ကိုမမုန်းပါဘူး’’ မန်ဝူရ အဖြေကိုသိနေသည့်အလား
သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်‘‘ငါတို့ဒီကလေးကို အားကိုးရတော့မှာပေါ့’’
ရန်ကိုင်၏ ကွဲပြားခြားနားခြင်းမရှိတဲ့ပုံစံကိုတွေးရင်း မန်ဝူရအလွန်ဒေါသထွက်လာခဲ့ပြီး
အံကြိတ်လိုက်သည်။ မင်ကအကူအညီပေးဖို့ပဲသိနေတာ…ဘယ်လောက်တောင်
အကျိုးအမြတ်ရမလဲဆိုတာကိုတော့ မသိဘူး။ နောက်ဆုံးမှာတော့ ဒီလိုနေရာ
သေးသေးက သူ့တပည့်နဲ့ထိုက်တန်တဲ့နေရာမျိုးမဟုတ်ပေ။ ထိုအကြောင်းကိုတွေးရင်
မန်ဝူရစိတ်ပူလာခဲ့သည်။
ရန်ကိုင်ကစုယန်နေတဲ့သစ်သားအိမ်လေးဆီကို ပြန်မသွားခဲ့ပေ။ အဲ့အစား သူလေ့ကျင့်နေတဲ့
တဲအိမ်လေးဆီကိုပဲပြန်သွားလေသည်။ တဲအိမ်လေးတွင် သူမနေတာကြာပြီဖြစ်သော်လည်း
သန်ရှင်းသပ်ရပ်နေခဲ့သည်။ဖုန်တစ်မှုန်တောင်မတွေ့ရပေ။ ဘယ်သူကများ သူ့တဲကို
လာပြီးသန့်ရှင်းပေးသွားလဲဆိုတာ စဉ်းစားကြည့်လိုက်သည်။
ဘဏ္ဏာထိန်းမန်က ဘာမှသေသေချာချာမပြောခဲ့ပေမယ့် သူသွားမယ့်နေရာနဲ့
သူလုပ်ရမယ့်အလုပ်အကျဉ်းချုပ်ကိုတော့သိပေသည်။ သူတို့သွားမယ့်နေရာက
ယင်ကိုးသွယ်စုစည်းတဲ့နေရာဖြစ်တဲ့အတွက် ယင်ချီတွေအလွန်အမင်းသိပ်သည်း
နေပေလိမ့်မည်။ ပြီးတော့ သူ့ယန်ချီက ယင်ချီကိုရင်ဆိုင်ဖို့အကောင်းဆုံးဖြစ်တဲ့အတွက်
အရမ်းကြီးစိတ်ပူနေစရာမလိုပေ။ သူ့ကျင့်ကြံခြင်းအဆင့်က အရမ်းနိမ့််နေတဲ့အတွက်
မတော်မဆတိုက်ပွဲဖြစ်ခဲ့ရင် အရမ်းကြီးဒုက္ခမရောက်စေဖို့ ယန်အရည်စက်တွေကို
သိပ်သည်းထားရပေလိမ့်မည်။
စီနီယာရှက နေသုံးစင်းအသီးတွေအကုန်လုံးကို ဆေးလုံတွေအဖြစ်သန့်စင်လိုက်တဲ့
အတွက် သူ့အဖို့ပိုပြီးလွယ်ကူသွားခဲ့လေပြီ။ သူ့လက်ထဲတွင် ရဲရဲနီနေတဲံဆေး၁၂လုံး
ရှိနေခဲ့ပြီး ဆေးတစ်လုံး ယန်အရည်စက်သုံးစက်အဖြစ် ပြောင်းလဲနိုင်ပေသည်။
ထိုယန်အရည်စက်တွေကို ယင်ချီတွေကိုခုခံဖို့အတွက် အသုံးပြုမယ်ဆိုရင်
တကယ့်ကိုအကူအညီပေးနိုင်ပေလိမ့်မည်။ ပြီးတော့ ထိုယန်အရည်စက်တွေ
ပေါ်မှာလည်း သူအသက်ရှင်ဖို့အားကိုးရမှာပဲဖြစ်သည်။
ထိုဆေးလုံး၁၂လုံးကို ယန်အရည်စက်အဖြစ်ပြောင်းလဲဖို့တစ်နေ့လုံးကြာသွားခဲ့သည်။
ပြောင်းလဲပြီးတဲ့အချိန်မှာတော့ သူ့တွင်ယန်အရည်စက်၃၆စက်ရှိနေရုံမက အပိုလေးစက်
ရှိနေခဲ့ပြီး စုစုးပေါင်းအစက်၄၀ရှိနေခဲ့ပေသည်။ ဒီတစ်ကြိမ်မှာတော့ သူတော်တော်လေး
အကျိုးများခဲ့သည်။ သူဆေးလုံး၁၂လုံးကို သန့်စင်ပြီးတဲ့အချိန်မှာတော့ စဦးဒြပ်စင်အဆင့်၄ကို
ရောက်ရှိသွားခဲ့သည်။ ဒီတစ်ကြိမ်အဆင်ချိုးဖျက်ရတာ သူ့အတွက်အလွန်အမင်း
ချောမွတ်နေခဲ့ပြီး ပုံမှန်မဟုတ်တာတစ်ခုမှကိုလည်း မခံစားရပေ။ ထိုအကြောင်းကို
စဉ်းစားလိုက်တဲ့အချိန်မှာတော့ သူလွန်ခဲ့တဲ့ရက်ပိုင်းကစားခဲ့တဲ့ဆေးလုံးနှင့် ယန်ဆေးလုံး
၁၂လုံကြောင့်ဆိုတာ သိသွားခဲ့သည်။ ထိုဆေးလုံးတွေရဲ့စွမ်းအင်တွေစုပေါင်းသွားခဲ့ပြီး
သူ့အားနောက်တစ်ဆင့်ကို အလွယ်တကူချိုးဖျက်သွားစေခဲ့သည်။
Martial Peak
အပိုင်း (၈၅) ဒီရေနက်
ဒုတိယနေ့မနက်ပိုင်းအချိန်…..
ရန်ကိုင်ကထောက်ပံ့ရေးခန်းမှရှေ့တွင်ရပ်ရင်း တံခါးခေါက်လိုက်သည်။
တစ်ခဏကြာမှာတော့ တံခါးပွင့်လာခဲ့ပြီး ရှနင်းချန်က သားရေအိတ်ကိုလွယ်ရင်း
ထွက်လာခဲ့သည်။ ‘‘ဂျူနီယာမောင်လေး…နင်လာပြီပဲ’’ ရှနင်းချန်က
ညင်သာပျောပျောင်းစွာ နှုတ်ဆက်လိုက်သည်။ ‘‘အင်း’’ ရန်ကိုင်
ခေါင်းညိတ်လိုက်ပြီး‘‘ဘဏ္ဏာထိန်းမန်ကော’’
‘‘မနေ့က သူ့ရောဂါဟောင်းပြန်ထလာလို့ ရောဂါကုရင်းကျန်ခဲ့တယ်။
သူအခုငါတို့နဲ့မလိုက်နိုင်တော့ဘူး’’ ရှနင်းချန်က ရှင်းပြလိုက်သည်။
သူမမျက်လုံအစုံက အဆက်မပြတ်မျက်တောင်ခတ်နေခဲ့ပြီး သူမ၏
မျက်ခမ်းတွေကလည်း ပန်ကားအသေးစားလိုလှုပ်ခါနေခဲ့သည်။
ရန်ကိုင်က သူမကိုသံသယအပြည့်နဲ့ကြည့်လိုက်ပြီး ရှနင်းချန်၏
မျက်လုံးထဲတွင် ထိတ်လန့်မှုအရိပ်အယောင်ဖြတ်ပြေးသွားခဲ့သည်။
‘‘ငါတို့သူ့ကိုစောင့်ဖို့လိုသေးလား’’ ဘာဖြစ်ခဲ့လည်းဆိုတာ သူခန့်မှန်း
မိပေမယ့်လည်း အပြင်ကိုတော့ထုတ်မပြောခဲ့ပေ။ ‘‘မလိုဘူး…
သွားရမယ့်နေရာကိုငါသိတယ်။ ပြီးတော့အချိန်ကလည်း
သိပ်မရှိတော့ဘူး။ သူ့ကိုစောင့်နေစရာမလိုဘူးလို့ဆရာကပြောလိုက်တယ်’’
ရန်ကိုင်နောက်ထပ်ဆက်မေးခွန်းမထုတ်တော့မှပဲ ရှနင်းချန်၏နှလုံးသားလေး
သက်သာရာရသွားခဲ့သည်။
‘‘ကောင်းပြီ အဲ့ဒါဆိုသွားကြတာပေါ့’’ ရန်ကိုင်တစ်ခဏတာ တုန့်ဆိုင်းနေပြီး
ပြောလိုက်သည်။ ‘‘ဒီတစ်ကြိမ်တော့ ဂျူနီယာမောင်လေးကို ဒုက္ခပေးရဦးမယ်’’
ရှနင်းချန်ကပြောလိုက်သည်။ ‘‘အစ်မက အရမ်းယဉ်ကျေးတာပဲ’’
ရန်ကိုင်ဖွဖွလေးပြုံးပြလိုက်သည်။ ချက်ချင်းပဲ လူနှစ်ယောက်က
ထောက်ပံ့ရေးခန်မကနေ ထွက်ခွာသွားတော့သည်။
ထောက်ပ့့ံ့ရေးခန်းမထဲမှာတော့ ဘဏ္ဏာထိန်းမန်ကအိပ်ပျော်နေခဲ့သည်။
စားပွဲခုံပေါ်မှာတော့ ဟင်းပွဲအစုံရှိနေခဲ့ပြီး ဝိုင်ပုလင်းအနည်းငယ်ပါ
ရှိနေခဲ့သည်…ဝိုင်သောက်ပြီးအိပ်ပျော်သွားသည့်ပုံပင်။ စားပွခုံပေါ်က
ဟင်းပွဲတွေကရှနင်းချန်ကိုယ်တိုင်ချက်ထားတာဖြစ်ပြီး ဟင်းတစ်ပွဲစီတိုင်းတွင်
အထူးဟင်းခတ်အမွှေးကြိုင်တစ်မျိုးစီပါဝင်နေခဲ့သည်။ ထိုဟင်းခတ်အမွှေးကြိုင်
တွေကို တော်ဝင်ဝိဥာဉ်ဆေးခန္ဓာကိုယ်ကို သုံးကာပြုလုပ်ထားတာပဲဖြစ်သည်။
မန်ဝူရလိုအဆင့်ရောက်နေတဲ့လူတောင် သူမလုပ်ထားတဲ့ဆေးအစွမ်းကို
မခုခံနိုင်ပေ။
ဆေးအစွမ်းကတော့ တစ်ရက်၊နှစ်ရက်လောက်ကြာမှ ပြယ်မယ့်ပုံပင်။
မန်ဝူရကသူ့တစ်ဘဝလုံး လိမ္မာပါးနပ်စွာနေထိုင်ခဲ့ပေမယ့်တစ်နေ့မှာတော့
သူ့ချစ်တပည့်လက်ထဲရောက်သွားခဲ့မယ်လို့ဘယ်တုန်းကမှ
မထင်ထားခဲ့ပေ။ မန်ဝူရနိုးတဲ့အချိန်ဆိုရင် အရားအားလုံးက ပြီးဆုံး
သွားလောက်ပေပြီ။ ရန်ကိုင်နှင့်ရှနင်းချန်က မက်မွန်သီးနက်ရွာကို
ရောက်လာခဲ့ပြီး မြင်းနှစ်ကောင်နဲ့အခြားလိုအပ်တာ အနည်းငယ်
ဝယ်လိုက်သည်။ ဈေးဝယ်နေတဲ့အချိန်တွင် သူတို့သွားမယ့်နေရာ
အကြောင်းကိုလည်းတစ်ခါတည်းစုံစမ်းလိုက်သည်။ ရှနင်းချန်ပြောပုံ
အရဆို သူတို့သွားမယ်နေရာက မက်မွန်သီးနက်ရွာကနေ
၉ရက်၊၁၀ရက်လောက်ကြာအောင်သွားရပေသည်။ လေနက်တောင်ကိုလည်း
ဖြတ်သွားရပေမည်။ ခရီးကရှည်ပေမယ့် သူတို့မှာအချိန်တွေပိုနေသေးပေသည်။
သူတို့နှစ်ယောက်ထွက်သွားပြီးသိပ်မကြာခင်မှာပဲ ရန်ကိုင်ကောင်းကင်စံအိမ်ကနေ
ထွက်သွားတဲ့သတင်းက ရှဲ့ဟုန်ချန်နားထဲရောက်သွားခဲ့သည်။ တောအုပ်
အကျဉ်းထောင်ထဲတွင် ရန်ကိုင်နှင့်စုယန်ရင်းနှီးနေတာကို သူမြင်ပြီး
ကတည်းက ဒေါသထွက်လွန်းသဖြင့် ရက်ပေါင်းများစွာကြာအောင်
အရက်ချည်းစွတ်သောက်နေခဲ့သည်။ မနေ့ကမှသူနဂိုအတိုင်းပြန်ဖြစ်
လာခဲ့တာဖြစ်သည်။ သေချာစဉ်းစားကြည့်လိုက်တော့ သူမြင်တဲ့အတိုင်း
မဖြစ်နိုင်ဘူးဆိုတာ သိလိုက်သည်။
စုယန်အကြောင်းသူကောင်းကောင်းသိပေသည်။ သူမရဲ့ခွန်အားနဲ့မောက်မာတဲ့
စရိုက်နဲ့ဆိုရင် ရန်ကိုင်လိုအမှိုက်ကောင်းနဲ့ရင်းနှီးဖို့က လုံးဝမဖြစ်နိုင်ပေ။
ထို့ပြင် သစ်တောအကျဉ်းထောင်မတိုင်ခင်တုန်းကလည်း သူတို့
နှစ်ယောက်တစ်ခါမှမတွေ့ခဲ့ဖူးတဲ့အတွက် သူတို့နှစ်ယောက်က
လူစိမ်းတွေသက်သက်ဖြစ်နေမှာပဲဖြစ်သည်။ ထိုကဲ့သို့စဉ်းစား
မိလိုက်တာနဲ့ ရန်ကိုင်နဲ့စုယန်က သူ့ရှေ့မှာသရုပ်ဆောင်နေတယ်လို့
ကောက်ချက်ချလိုက်သည်။ ထိုအချိန်က မနာလိုဝန်တိုမှုနှင့်ဒေါသကြောင့်
သူ့သွေးတွေဆူပွက်သွားခဲ့ပြီး သူ့စိတ်ကိုတိမ်ဖုံးသွားခဲ့ကာ ဘာကိုမှ
သေချာတွေးတောစဉ်းစားနိုင်ခြင်းမရှိတော့ပေ။
ဒါပေမယ့် သေချာပြန်စဉ်းစားပြီးတဲ့အချိန်မှာတော့ နောက်တစ်ဖန်
ပြန်ပြီးတက်ကြွလာခဲ့သည်။ မနေ့က စုယန်က နဂိုအတိုင်းလှပကျော့ရှင်းနေတယ်
ဆိုတာကိုတွေ့လိုက်ရတဲ့အချိန်မှာတော့ သူဆက်ပြီးရူးသွပ်မနေတော့ပဲ
ဟိုးတစ်နေ့ကလို ထိန်းချုပ်မှုလွတ်မသွားတော့ပေ။ စုယန်ကရန်ကိုင်ကို
တိုက်ခိုက်လိုက်တယ်ဆိုတဲ့ သတင်းကြားတဲ့အချိန်မှာတော့ သူ့စိတ်ထဲမှာ
ဖြစ်တည်နေတဲ့အထုံးက ပျောက်ကွယ်သွားခဲ့သည်။
စုယန်ကိုအခြားယောက်ျားတစ်ယောက်ယောက်က မပိုင်ဆိုင်ရသေး
သရွေ့ တစ်ချိန်ချိန်မှာတော သူမကသူ့အပိုင်ဖြစ်လာမှာပဲဖြစ်သည်။
ရှဲ့ဟုန်ချန်က ထိုကိစ္စနဲ့ပက်သက်ပြီးသူ့ကိုယ်သူယုံကြည်မှုအပြည့်ရှိပေသည်။
နောက်ဆုံတော့လည်း သူကကောင်းကင်စံအိမ်ရဲ့အထူးချွန်ဆုံ ယောက်ျာလေး
တပည့်ဖြစ်ပြီး စုယန်က အထူးချွန်ဆုံး မိန်းကလေးတပည့်ဖြစ်လေသည်။
အကြီးအကဲတွေကလည်း သူတို့နှစ်ယောက်ပေါင်းစည်းတာကို
မြင်ချင်နေမှာပဲလေ။ ဒီနေ့မနက်မှာတော့ ရှဲ့ဟုန်ချန်က သူ့ကိုယ်သူ
သေချာပြင်ဆင်ပြီး စုယန်ကိုလေနက်ကုန်သွယ်ရေးနေရာတွင်
သွားတွေ့ဖို့စဉ်းစားထားခဲ့သည်။
ဒါပေမယ့်သူထွက်သွားမလို့လုပ်နေတုန်းမှာပဲ စည်းကမ်းထိန်းသိမ်းရေး
တပည့်တစ်ယောက်က သူ့ဆီကိုအလောတကြီးပြေးလာပြီး ပြောလိုက်သည်
‘‘အစ်ကိုရှဲ့၊ အစောပိုင်းက ရန်ကိုင်ကောင်းကင်စံအိမ်က ထွက်သွားတာကို
ငါတွေ့လိုက်တယ်’’ ရှဲ့ဟုန်ချန်က နားထောင်ရင်းမေးလိုက်သည်‘‘သူ
တစ်ယောက်တည်းထွက်သွားတာလား’’
‘‘မဟုတ်ဘူး…ရှနင်းချန်လို့ခေါ်တဲ့အနက်ရောင်ခန်းမက တပည့်တစ်ယောက်
နဲ့ထွက်သွားတာ’’ စည်းကမ်းထိန်းသိမ်းရေးတပည့်က ပြန်ပြောလိုက်သည်။
‘‘ရှနင်းချန်လား’’ ထိုအချိန်တွင် ရှဲ့ဟုန်ချန်၏မျက်လုံးတွေက ရူးသွပ်
သွေးဆာမှုတွေနဲ့ပြည့်နေခဲ့သည်။ ဘုရားသခင်ကကောင်းချီးပေးတာပဲ…
အမှိုက်ကောင်က ဒီလိုအချိန်မျိုးမှာ ကောင်းကင်စံအိမ်က ထွက်သွားရဲတယ်။
ကိုယ့်သေလမ်းကိုယ်ရှာနေတဲ့ကောင်ပဲ။ ဒါကငါ့စိတ်ထဲကမုန်းတီးမှုတွေကို
ပြန်ဆပ်ရမယ့်အခွင့်အရေးပဲ။
‘‘ဘယ်ကို ဦးတည်နေလဲဆိုတာကို ငါမသိပေမယ့် သူတို့သွားမယ့် နေရာက တော်တော်ဝေးလိမ့်မယ် ဆိုတာကိုတော့
ငါပြောနိုင်တယ်။ မသွားခင် သူတို့မက်မွန်သီးနက်ရွာက
မြင်နှစ်ကောင်ဝယ်သွားခဲ့တယ်’’ ‘‘အဲ့လောက်တောင်ဝေးတာလား’’
ရှဲ့ဟုန်းချန်က မျက်ခုံးပင့်လိုက်ပြီး ‘‘ကောင်းတယ်…ကောင်းတယ်…’’
ရှဲ့ဟုန်ချန်က ချက်ချင်းလှည့်လိုက်ပြီးပြောလိုက်သည်‘‘ ချီသန့်စင်ခြင်း
အဆင့်မှာရှိတဲ့တပည့်တွေကိုရှာပြီး ငါ့နောက်ကိုလိုက်ခဲ့။ ငါတို့ခရီးတို
တစ်ခုလောက်သွားကြတာပေါ့’’
‘‘စီနီယာအစ်ကိုဘာလုပ်မလို့လဲ’’ ‘‘ဟဲဟဲ….ငါဘာလုပ်ချင်လဲဆိုတာ
ငါကိုယ်တိုင်တောင် သေချာမသိသေဘူး။မင်းနောက်တစ်ကြိမ်
မေးချင်နေတာလား’’ ရှဲ့ဟုန်းချန်၏မျက်နှာက ရှုံ့မဲ့သွားခဲ့သည်။
ရန်ကိုင်နဲ့ရှနင်းချန်ကို သတ်ဖို့အတွက်သူတို့နှစ်ယောက်နောက်ကို
သူကိုယ်တိုင်လိုက်သွားချင်ခဲ့သည်။ ဒီအကြောင်းသာပျံ့သွားခဲ့ရင်
ဖြစ်လာမယ့်အကျိုးဆက်တွေက နောက်စရာမဟုတ်ပေ။
‘‘စီနီယာအစ်ကို ဒါကမသင့်တော်ဘူး’’ စည်းကမ်းထိန်းသိမ်းတပည့်၏
မျက်နှာက ဖြူဖတ်ဖြူလျော်ဖြစ်သွားခဲ့သည်။ ရန်ကိုင်က တရားမဝင်
တပည့်တစ်ယောက်ဖြစ်တဲ့အတွက် အပြင်မှာသူသေသွားရင်တောင်
ဘယ်သူမှဂရုစိုက်လိမ့်မည်မဟုတ်ပေ။ ဒါပေမယ့် အနက်ရောင်ခန်းမတပည့်
ဖြစ်တဲ့ရှနင်းချန်ကတော့မတူပေ။ သူမနောက်ခံကမရှင်းလင်းပေ။ သူမက
ချီသန့်စင်ခြင်းအဆင့်ကိုရောက်နေပြီဖြစ်တဲ့အတွက် သူမကသာမန်
သေးနုပ်တဲ့လူတစ်ယောက်မဖြစ်နိုင်ပေ။ ဒါပေမယ့် သူမသာ
သေသွားခဲ့ရင် ကောင်းကင်စံအိမ်ဒီကိစ္စကိုလိုက်လံစုံစမ်းပေလိမ့်မည်။
ထိုကိစ္စမှာပါဝင်တခဲ့တဲ့ ညီအစ်ကိုတွေအဖို့ကောင်းကင်စံအိမ်က
ထွက်သွားရုံကလွဲပြီး အခြားရွေးချုယ်စရာရှိတော့မည်မဟုတ်ပေ။
‘‘ငါမင်းကိုလူသွားရှာလို့ပြောနေတယ်လေ…ဘာလို့ဒီမှာရပ်နေသေးတာလဲ’’
ရှဲ့ဟုန်ချန်က စိတ်မရှည်တော့သဖြင့် အော်ပြောလိုက်သည်‘‘မင်းင့ါကို
ကိုယ်တိုင်သွားရှာစေချင်နေတာလား’’ မနာလိုဝန်တိုမှုကြောင့်
ရှဲ့ဟုန်ချန်က သူရဲ့အရင်တည်ငြိမ်မှုကို ထိန်းသိမ်းမထားနိုင်တော့ပေ။
သူ့စိတ်ထဲမှာ ရန်ကိုသတ်ဖို့အတွေးတွေနဲ့သာပြည့်နေခဲ့သည်။
‘‘စီနီယာအစ်ကို၊ အရင်ကိစ္စပြီးကတည်းက အကြီးအကဲချုပ်က
ရန်ကိုင်ကိုဘယ်သူမှမတိုက်ခိုက်ရဘူးလို့ သတိပေးထားတယ်။
အကြီးအကဲချုပ်သတိပေးထားတာကို စီနီယာအစ်ကိုမေ့သွား
တာလား’’ ထိုစကားကိုကြာတော့မှပဲ ရှဲ့ဟုန်ချန်အသိပြန်ဝင်လာခဲ့သည်။
နောက်ဆုံးအကြိမ်တုန်းက ရန်ကိုင်ကိုအချိန်အတိုင်းအတာတစ်ခုအထိ
ဘယ်သူမှတိုက်ခိုက်ခွင့်မရှိဘူးလို့ အကြီးအကဲချုပ်က ရုတ်တရက်
သတိပေးခဲ့သည်။ ထိုသတိပေးချက် လူတိုင်းကိုအံ့သြသွားစေခဲ့သည်။
ဒါပေမယ့် ရှဲ့ဟုန်ချန်က ထိုကိစ္စကိုသိပ်ပြီးဂရုစိုက်မနေခဲ့ပေ။ ဒီလို
အခွင့်အရေးကောင်းကြီး လက်လွတ်ခံလို့မဖြစ်ပေ။
ဒီလိုအခွင့်ကောင်းကို သူအလကားလက်လွတ်ခံလိုက်ရမှာလား။
သူသာရန်ကိုင်ကိုဒီတစ်ကြိမ်မသတ်နိုင်ခဲ့ရင် နောက်တစ်ခါ
နောက်ထပ်ဘယ်လောက်ကြာအောင်သူစောင့်မရမလဲဆိုတာ မသိပေ။
အကယ်၍ရန်ကိုင်သာ နောက်ပိုင်းကောင်းကင်စံအိမ်ထဲက မထွက်ပဲ
စံအိမ်တွင်းမှာသာပုန်းအောင်းနေခဲ့ရင် သူဘာမှလုပ်နိုင်တော့မည်
မဟုတ်ပေ။
သူဒီအခွင့်အရေးကို လက်လွတ်မခံချင်ပေ။ စည်းကမ်းထိန်းသိမ်းရေး
တပည့်ကတစ်ခုပြီးတစ်ခုစဉ်းစားနေခဲ့ပြီး ပြုံးကာပြောလိုက်သည်
‘‘စီနီယာအစ်ကိုရှဲ့၊ ငါတို့ဒီကိစ္စမှာဝင်ပက်သက်လို့မဖြစ်ပေမယ့်
အခြားလူတွေတော့ ဝင်ပက်သက်လို့မရဘူးလို့တော့ မဆိုလိုဘူးလေ။
ရန်ကိုင်သာကောင်းကင်စံအိမ်ထဲက ထွက်သွားတယ်ဆိုတဲ့သတင်းကြားရင်
ဒီကိစ္စကိုအခွင့်ကောင်းယူချင်တဲ့လူတွေအများကြီးပဲ’’
‘‘မင်းဘာပြောချင်တာလဲ’’ ရှဲ့ဟုန်ချန်က မျက်မှောင်ကြုံ့ပြီးမေးလိုက်သည်။
‘‘ဒီတစ်လအတွင်း သွေးတိုက်ပွဲဂိုဏ်းရဲ့ လက်ထောက်ခေါင်းဆောင်
လုံကျိုင်းရှန်က ရန်ကိုင်နဲပက်သက်တဲ့သတင်းတွေကိုစုံစမ်းနေတယ်’’
လုံကျိုင်းရှန်က သွေးတိုက်ပွဲဂိုဏ်းမှာထင်ရှားတဲ့လူတစ်ယောက်ဆိုတာ
သူသိလေသည်။ ပြီးတော့ သူကအင်မော်တယ်တက်လှမ်းခြင်းအဆင့်ကို
ရောက်နေတဲ့ကျင့်ကြံသူတစ်ယောက်လည်းဖြစ်ပေသည်။
ဒါပေမယ့်သူ့မြေးက သူ့လောက်မတော်ပေ။ အခုအချိန်မှာ ချီသန့်စင်ခြင်းနယ်ပယ်
ဝန်းကျင်မှာသာရှိသေးပေသည်။
ရှဲ့ဟုန်ချန်က စိတ်ရှုပ်ထွေးသွားခဲ့သည်‘‘လံကျိုင်းရှန်က ဘာလို့ရန်ကိုင်
အကြောင်းစုံစမ်းနေတာလဲ’’ ‘‘လုံကျိုင်းရှန်ရဲ့မြေးက ဟူမေးအာနောက်
လိုက်နောတာလေ။ သူကဟူမေးအာကို သူ့အပိုင်လို့သတ်မှတ်ထားတာ။
ဒါပေမယ့် ရန်ကိုင်နဲ့ဟူမေးအာကြားက ဆက်ဆံရေးမရှင်းမလင်း ဖြစ်နေတော့
လံကျိုင်းရှန်က ရန်ကိုင်သေရမယ်လို့ပြောခဲ့တယ်။ အခြားတစ်ယောက်
ပိုင်ဆိုင်တဲ့မိန်းကလေးထိရင် ဘယ်လိုခံစားရမလဲဆိုတာ သင်ပေးရမယ်လို့
ပြောသေးတယ်’’
‘‘ဟူမေးအာလား’’ ရှဲ့ဟုန်ချန်၏ စိတ်ထဲတွင်ရင်သားကြီးကြီး၊တင်လုံးလုံးနဲ့
ဆွဲမက်ဖွယ်ကောင်းတဲ့ မိန်းကလေးတစ်ယောက်ပေါ်လာခဲ့သည်။ ရှဲ့ဟုန်ချန်လည်း
သူမကိုတစ်ကြိမ်မြင်ဖူးလေသည်။ ‘‘အဲ့အမှိုက်ကောင်းက ကောင်းတဲ့ကောင်
မဟုတ်ဘူးပဲ။ ဒီကောင်းက ဟိုဖြားယောင်းသွေးဆောင်တတ်တဲ့မိန်းမနဲ့တောင်
ရှုပ်ရှုပ်ယှတ်ယှတ်လုပ်နေသေးတယ်’’ သူ့ပါးစပ်က အမှန်တရားလက်ကို
ထားတဲ့စကားလုံးတွေ ထွက်လာပေမယ့် သူ့စိတ်ထဲမှာတော့ ရန်ကိုင်
တစ်မျိုးလုံးတစ်ဆွေလုံးကို ကျိန်ဆဲနေခဲ့သည်။
တစ်ခဏကြာအောင် စဉ်းစားလိုက်ပြီးနောက် သံသယအပြည်နဲ့မေးလိုက်သည်
‘‘တစ်ခုခုမှားနေတယ်။ ဒီလိုတိကျတဲ့သတင်းကို မင်းဘယ်ကရလာတာလဲ’’
လုံကျိုင်းရှန်တောင် ရန်ကိုင်အသက်ကို လိုချင်နေမှာတော့သူထွက်သွားမယ့်
အကြောင်းကို လျှောက်ပြောနေမယ့်မည်မဟုတ်ပေ။ အဲ့လိုသာ ပြောခဲ့ရင်
သူ့ရန်သူကိုသတိပေးသလိုဖြစ်သွားပေလိမ့်မည်။ ရန်ကိုင်သာဒီအကြောင်း
သိလျက်နဲ့ကောင်းကင်စံအိမ်က ထွက်သွားရဲတာလား။ စည်းကမ်း
ထိန်းသိမ်းရေးတပည့်၏အသွင်အပြင်က အနည်းငယ်ပြောင်းလဲသွားခဲ့သည်။
အချက်အလက်တွေကို သူသိနေပေမယ့် မေးခွန်းကိုဘယ်လိုဖြေရမှန်း
သူမသိပေ။
‘‘ပြောစမ်းပါ’’ ရှဲ့ဟုန်ချန်က အသံမာမာနဲ့ပြောလိုက်သည်။
‘‘ဟုတ်ကဲ့’’ စည်းကမ်းထိန်းသိမ်းရေးတပည့်က အလောတကြီး အထစ်ထစ်အငေါ့ငေါ့နဲ့
ပြောလိုက်သည်‘‘လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက မက်မွန်သီးနက်ရွာက
လုံကျိုင်းရှန်တို့က ငါတို့ဘေးခန်းမှာရောက်နေခဲ့တယ်။ သူတို့ပြောခဲ့တဲ့
အကြောင်းကို သူတို့နဲ့အတူတူရှိခဲ့တဲ့ မိန်းကလေးဆီက ပြန်သိရတာ’’
‘‘နွေဦးစမ်းရေအိမ်တော်….’’ ရှဲ့ဟုန်ချန်က စည်းကမ်းထိန်းသိမ်းရေးတပည့်ကို
တဏှာရူးတစ်ကောင်ကို ကြည့်သလိုကြည့်လိုက်သည်။ ထိုအကောင်က
နွေဦးစမ်းရေအိမ်တော်ကို အရက်သောက်ဖို့သွာတာမဖြစ်နိုင်ပေ။ စည်းကမ်းထိန်းသိမ်းရေး
တပည့်ကပြာပြာသလဲ ချက်ချင်းရှင်းပြလိုက်သည်‘‘စီနီယာအစ်ကိုရှဲ့၊ လုံကျိုင်းရှန်သာ
ဒီအကြောင်းသိရင် ရန်ကိုင်ကိုအလွယ်တကူလွှတ်ပေးမှာမဟုတ်ဘူး။ အဲ့လိုဆိုငါတို့
လက်တွေလည်း ညစ်ပတ်စရာမလိုတော့ဘူးလေ။ လုံကျိုင်းရှန်ရဲ့သဘာဝက အရမ်းကို
တဏှာကြီးတယ်။ ငါတို့သာသူ့ကိုဒီအကြောင်းပြောလိုက်ရင် ရန်ကိုင်ဘေးမှာ
မိန်းမလှလေးတစ်ယောက်ရှိတယ်ဆိုတာ သူသိသွားလိမ့်မယ်။ အဲ့အချိန်ကျရင် သူဘယ်လို
တုန့်ပြန်မယ်လို့စီနီယာထင်လဲ’’
ရှဲ့ဟုန်ချန် မျက်နှာတည်သွားပြီး ထိုတပည့်ကိုချီမွမ်းရင်း အေးစက်စက်ပြုံးလိုက်သည်
‘‘ကောင်းလိုက်တဲ့အကြံ’’ ဒီလိုဓါးငှားလူသတ်တဲ့အကြံက တကယ်ကိုအကြံကောင်း
တစ်ခုပင်ဖြစ်ပေသည်။ နည်းနည်းတုန့်ဆိုင်းနေပြီးနောက် သူပြောလိုက်သည်‘‘ လုံကျိုင်းရှန်က
သူ့ကိုသတ်ချင်နေမှတော့ ဒီသတင်းကိုသူသိအောင်လုပ်ပေးလိုက်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို အပြင်ကိုမပြန့်စေနဲ့နော်။ ဒီသတင်းကိုပေးတဲ့လူကလည်း မင်းဆိုတဲ့အချက်တစ်ချက်တောင် မဖော်ပြမိစေနဲ့။ လုံကျိုင်းရှန်လိုကောင်မျိုးကတော့ ဒီသတင်းကိုငါတို့ပေးတယ်ဆိုတာ ဘယ်လိုမှသိမှာမဟုတ်ဘူး။ ရန်ကိုင်နဲ့အတူပါသွားတဲ့ မိန်းကလေးက ချီသန့်စင်ခြင်းအဆင့် ရောက်နေပြီဆိုတာကိုလည်း ပြောလိုက်ဦး..တော်ကြာ ကြက်ဖမ်းဖို့မကြံပေမယ့် ဆန်ဆုံးတဲ့ဘဝရောက်နေဦးမယ်’’
‘‘ဟုတ်’’စည်းကမ်းထိန်းသိမ်းရေးတပည့်ပ ပြောပြီးတာနဲ့ချက်ချင်းထွက်သွားလေသည်။
ရန်ကိုင်ရယ်…ဒီတစ်ကြိမ်မင်းဘယ်လိုလွတ်အောင်လုပ်မလဲဆိုတာ
ကြည့်ရသေးတာပေါ့။ ဘယ်လောက်သနားစရာကောင်းလိုက်လဲ….
ရှနင်းချန်က မျက်နှာကာကို အမြဲတမ်းဝတ်ထားတဲ့အတွက် သူသူမ၏မျက်နှာကို
တစ်ခါမမြင်ဖူးခဲ့ပေ။ ဒါပေမယ်သူမက အလှထွတ်ခေါင်တစ်ယောက်ဆိုတာကိုတော့
သူသေချာသိလေသည်။
ဒီလိုမိန်းကလေးသာ လုံကျိုင်းရှန်လက်ထဲကျသွားလို့ကတော့ သေချာတာ
ထက်ကိုပိုနေခဲ့လေပြီ။ ထိုအချိန်တွင် ရှဲ့ဟုန်ချန်က လုံကျိုင်းရှန်၏
ကံကောင်းမှုကို ကျိန်ဆဲလိုက်သည်။ ရန်ကိုင်နှင့်ရှနင်းချန်တို့ မက်မွန်သီးနက်
ရွာကနေ ထွက်သွားတာနဲ့ လူတစ်စုက ပုန်းနေရာကနေ ထွက်လာခဲ့သည်။
လူစု၏ခေါင်းဆောင်မျက်နှာက အေးစက်စက်ဖြစ်နေပြီး ရန်ကိုင်၏ကျောကိုစိုက်ကြည့်နေခဲ့သည်။ ထို့နောက်မေးလိုက်သည်‘‘ အဲ့လူက ရန်ကိုင်ဆိုတာမင်းသေချာမြင်လိုက်လား’’
‘‘လုံးဝကိုသေချာတယ်။ ငါသေချာကိုမြင်လိုက်တယ်အစ်ကိုနူလန်း…
ရန်ကိုင်ဆိုတာ လုံးဝသေချာတယ်။ ငါတို့သူ့ရိုက်တာခံရပြီးတဲ့နောက်
ချန်ရှောင်ဖုန်းက အစ်ကိုနူလန်းကိုသွားရှာခဲ့တယ်။ ရန်ကိုင်ကို
သင်ခန်းစာတစ်ခုခုကျိန်းသေပေးရမယ်လို့ ပြောပြီးလေနက်ကုန်သွယ်ရေးနေရာကို
ထွက်သွားခဲ့တယ်။ အဲ့ကတည်း သူကိုအရိပ်အယောင်တောင် မတွေ့ရတော့ဘူး’’
နူလန်၏ အမူအရာက အလွန်အမင်းမည်မှောင်လာပြီး သူ့လက်ကိုဝှေ့ရမ်းကာ
ပြောလိုက်သည်‘‘မြင်းနည်းနည်းဝယ်လိုက်…ငါတို့သူ့နောက်ကိုလိုက်ကြမယ်။
ငါ့ညီသေလား၊ မသေဘူးလားဆိုတာ သိရမှဖြစ်မယ်’’ နူလန်းနှင့်ချန်ရှောင်ဖုန်း
ပျောက်နေတာ တစ်လကြာနေပြီဖြစ်သည်။ သူတို့နှစ်ယောက်ကို နေရာစုံတွင်
ရှာခဲ့သော်လည်း မတွေ့ခဲ့ပေ။ ဒါပေမယ့် သူစုံစမ်းနေတဲ့အချိန်မှာတော့
ရန်ကိုင်ဆိုတဲ့နာမည်ကို အကြိမ်ကြိမ်ကြားခဲ့ရသည်။
တကယ့်ဖြစ်ရပ်မှန်ကိုသူမသိပေ….ဒါပေမယ့် ရန်ကိုင်ကိုမေးဖို့အတွက်
သူ့နောက်ကိုလိုက်ရပေလိမ့်မည်။ သူ့ညီသာ ရန်ကိုင်လက်ထဲမှာ
သေသွားခဲ့တာမှန်ရင် အစ်ကိုကြီးတစ်ယောက်အနေနဲ့ လက်စားပြန်ချေ
ပေးရပေလိမ့်မည်။