အခန်း (၈၆-၉၀)
Vol. 4 Ch. 86-90
အပိုင်း (၈၆) နောက်ယောင်ခံလိုက်ခြင်း
သိပ်မကြာခင်မှာပဲ နူလန်းခေါင်းဆောင်တဲ့အဖွဲ့က ထွက်ခွာဖို့
ပြင်ကြလေသည်။ သူကချီသန့်စင်ခြင်းအဆင့်ကို ချိုးဖျက်သွားတာ
သိပ်မကြာသေးတဲ့အတွက် သူ့အခြေခံက သိပ်ပြီးမတည်ငြိမ်သေး
အလွယ်တကူဒေါသထွက်လွယ်ကြသည်။ နူလန်းလည်း ချွင်းချက် မဟုတ်ပေ။ သူတို့အဖွဲ့ကလူ၇ယောက်၊၈ယောက်လောက်က
စဦးဒြပ်စင်အဆင့်မှာသာရှိသေးပြီး ကျန်တဲ့အဖွဲ့သားတွေဆိုရင်
ခန္ဓာသန့်စင်ခြင်းအဆင့်မှာသာရှိသေးပေသည်။ သူတို့အဖွဲ့က
အင်အားမကောင်းပေမယ့် လူအရေအတွက်ကတော့
တော်တော်လေးများပေသည်။
ရန်ကိုင်၏ကျင့်ကြံခြင်းအဆင့်က သူသိထားတဲ့အတွက်
သိပ်ပြီးစိတ်ပူမနေခဲ့ပေ။ သူစိတ်ပူနေတာက ရန်ကိုင်ဘေးက
မိန်းကလေးပင်ဖြစ်သည်။ ထိုမိန်းကလေးက အလွယ်တကူ
ရန်စလို့ရမည့်ပုံမပေါ်ပေ။ ဒါပေမယ့် ထိုမိန်းကလေးသိပ်ပြီး
စွမ်းအားမကြီးလောက်ဘူးလို့ထင်ပြီး သူ့စိတ်ထဲက စိုးရိမ်မှုတွေ
လျော့ကျသွားခဲ့သည်။ မိန်းကလေးက အသက်ငယ်ငယ်ရွယ်ရွယ်ပဲ
ရှိသေးပြီး ကောင်းကင်စံအိမ်၏ နာမည်ကျော်တွေထဲကလည်း
တစ်ယောက်မဟုတ်ပေ။ ဒါကြောင့် သူမ၏ခွန်အားကသိပ်မမြင့်
လောက်ဘူးလို့တွေးလိုက်ခြင်းဖြစ်သည်။
သူမသာတကယ်စွမ်းအားကြီးတဲ့လူဆိုရင် ခရီးသွားဖို့ဘာလို့
မြင်းဝယ်နေဦးမှာလဲ။ ကျင့်ကြံခြင်းတွင် အဆင့်တစ်ခုကို
ရောက်တာနဲ့ ခြေလျင်သွားတာက မြင်စီးသွားတာထက်
အဆပေါင်းများစွာ ပိုပြီးမြန်ဆန်လေသည်။ ထိုကဲ့သို့စဉ်းစား
မိတော့မှ နူလန်း၏စိုးရိမ်စိတ်တွေပျောက်ကွယ်သွားခဲ့သည်။
သူမသိတာတစ်ခုကတော့ ရှနင်းချန်မြင်းဝယ်ခဲ့ရတဲ့ အကြောင်း
အရင်းက ရန်ကိုင်ကိုစိုးရိမ်လို့ပဲဖြစ်သည်။ ရန်ကိုင်ကစဦးဒြပ်စင်
အဆင့်မှာသာရှိသေးတဲ့အတွက် သူမနောက်ကိုမှီအောင် လိုက်
နိုင်မည်မဟုတ်သလို ဒီလောက်ခရီးဝေးကြီးကိုလည်းခြေလျင်
သွားဖို့အဆင်မပြေနိုင်ပေ။
မုန်ုတိုင်းစံအိမ်ကတပည့်တွေက ချုံပုတ်ထဲပုန်းလိုက်၊ ခြေရာခံပြီး
သူတို့နောက်လိုက် လိုက်လုပ်ရင်း အလုပ်ရှုပ်နေကြသည်။
ရန်ကိုင်နှင့်ရှနင်းချန်က အရှေ့ကိုသာအာရုံစိုက်နေသဖြင့်
သူတို့နောက်ကို နောက်ယောင်ခံလိုက်လာတာကို မသိခဲ့ပေ။
ရှနင်းချန်၏ ကျင့်ကြံခြင်းအဆင့်က မြင့်သော်ငြား နတ်ဘုရား
စိတ်အာရုံကိုအသုံးပြုနိုင်တဲ့အဆင့်ထိ မရောက်သေးပေ။
ဒါကြောင့် ပတ်ပတ်လည်မှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို
မသိရှိနိုင်ခဲ့ပေ။
သူတို့နှစ်ယောက် ခရီးသွားနေစဉ်အတွင် တစ်ယောက်နှင့်
တစ်ယောက် စကားမပြောခဲ့ကြပေ။ ရှနင်းချန်က ရန်ကိုင်ရှေ့က
ဦးဆောင်သွားရင်း နှစ်ယောက်စလုံးမျဉ်းတစ်ဖြောင့်တည်း
သွားနေခဲ့ကြသည်။ ညမရောက်မီ ရေအရင်းအမြစ်တစ်ခုကို
တွေ့ခဲ့ပြီး ထိုနေရာမှာပဲညအိပ်လိုက်ကြသည်။ မီးပုံဘေးမှာ
ထိုင်ရင်း မက်မွန်သီးနက်ရွာကနေဝယ်လာတဲ့ ရိက္ခာတွေကို
စားသောက်လိုက်ကြသည်။ နောက်တစ်နေ့မှာတော့ သူတို့
နှစ်ယောက်ထိုနေရာကနေ ထွက်သွားခဲ့ကြသည်။
ရန်ကိုင်ကသူ့စီနီယာအစ်မ၏ သဘာဝနဲ့ပိုပြီးရင်းနှီးလာခဲသည်။
သူမကအရှက်အကြောက်ကြီးပြီး စကားပြောရင်တောင် သူမ
နားရွက်တွေကနီရဲနေခဲ့သည်။ သူမစကားပြောရင်
လေပြေလေညှင်းလေးလို အမြဲတမ်းနူးညံ့ပျော့ပျောင်းလေသည်။
သူမ၏သဘာဝကြောင့်ရန်ကိုင်က သူမကိုအရင်သွားပြီး
စကားစပြောလေ့မရှိပေ။ တော်ကြာ သူအရင်သွားပြောတော့မှ
သူမကိုထိတ်လန့်အောင် လုပ်မိသွားမှာကိုကြောက်ပေသည်။
ရွှေရောင်အရိုးခြောက်၏ အကျင့်စရိုက်ကိုနားလည်ပြီး လျှို့ဝှက်
ဆန်းကြယ်တဲ့သိုင်းပညာရပ်ကို ရခဲ့တဲ့အချိန်ကစပြီး
အစစ်အမှန်ယန်နည်းစနစ်ပြောင်းလဲသွားတာကို သူသတိ
ထားမိခဲ့သည်။ အခုလက်ရှိအချိန်တွင် ရန်ကိုင်၏ အစစ်အမှန်
ယန်နည်းစနစ်က ယန်စွမ်းအင်တွေကိုစုပ်ယူပြီး ယန်အရည်စက်
အဖြစ်သိပ်သည်းနိုင်သည်။
ဒါပေမယ့် အခုအချိန်မှာတော့ ယန်စွမ်းအင်သိပ်သည်းတဲ့
ပတ်ဝန်းကျင်မရှိတာတောင်မှာ လေထဲကချီစွမ်းအင်တွေကို
စုပ်ယူကာ ယန်စွမ်းအင်အဖြစ်ပြောင်းလဲနိုင်ပြီး ရွှေရောင်
အရိုးခြောက်ထဲကို စုပ်ယူနိုင်လေသည်။ လေ့ကျင့်ဖို့နေရာ
သတ်မှတ်ချက်က အခုအချိန်တွင်ပျောက်ကွယ်သွားခဲ့လေပြီ။
ရန်ကိုင်အတွက်တော့ ဒါဟာတကယ့်ကိုသတင်းကောင်းတစ်ခု
ပင်ဖြစ်သည်။
၃ရက်လောက် အပြင်းနှင်လာပြီးနောက် နောက်ဆုံးမှာတော့
ကောင်းကင်စံအိမ်မှ မိုင်ပေါင်းများစွာဝေးတဲ့ မြိုးသေးသေး
တစ်မြို့ကို သူတို့ရောက်လာခဲ့သည်။ ရှနင်းချန်၏စကားအရ
သူတို့ရှေ့တွင် တောင်တွေသာရှိတော့တဲ့အတွက် မြင်းမလို
တော့ပေ။ မြို့ထဲတွင်သူတို့မြင်းတွေကိုထားလိုက်ပြီး
စားသောက်ဆိုင်တစ်ဆိုင်ရှာကာ နားနေလိုက်သည်။
သူတို့ဆက်သွားမယ့်ခရီးလမ်းက တောင်ကုန်းထူးထပ်ပြီး
လမ်းကြမ်းတဲ့အတွက် မြင်းတွေကိုဒီအတိုင်းသာ ထားခဲ့ရ
တော့ပမည်။ ရှနင်းချန်က တကယ်ကိုသည်းမခံနိုင်စရာပင်။
သူမက ရန်ကိုင်ကိုအကူအညီတောင်းခဲ့သော်လည်း
တစ်လမ်းလုံးလျစ်လျူရှုထားခဲ့သည်။ ဒါကရန်ကိုင်အတွက်
တကယ်ကိုတရားမျှတပေ။
ရန်ကိုင်နှင့်ရှနင်းချန်က အခန်းနှစ်ခန်းပါတဲ့ အခန်းတစ်ခန်းကို
ငှားလိုက်ကြသည်။ရန်ကိုင်ကတရားထိုင်ကျင့်ကြံနေတဲ့
အချိန်မှာတော့ရှနင်းချန်က ပြတင်းပေါက်ကနေ လေညှင်း
ခံနေခဲ့သည်။ သူမရန်ကိုင်ကို စကားသွားပြောဖို့ အကြိမ်ကြိမ်
ကြိုးစားခဲ့ပေမယ့် ရှက်ကြောက်မှုက သူမကိုအမြဲတမ်း
အနိုင်ယူသွားခဲ့သည်။ ဒါပေမယ့်အခုလိုမျက်နှာချင်းဆိုင်နေရတဲ့
အချိန်မှာတော့ သူမဘာလုပ်ရ၊ဘာကိုင်ရမှန်းမသိတော့ပေ။
ထို့ပြင် ရန်ကိုင်ကနှုတ်ဆိတ်နေတဲ့အတွက် သူမသာသွားစကား
ပြောခဲ့ရင် သူမကြိုက်မှာကိုလည်း စိုးရိမ်နေရပေသည်။
ရှနင်းချန်က ထိုအကြောင်းကိုတွေးပူနေတဲ့အချိန် စားသောက်ဆိုင်
ထဲက အဖွဲ့နှစ်ဖွဲ့က သူတို့၏လှုပ်ရှားမှုတွေကို တိတ်တဆိတ်
စောင့်ကြည့်နေခဲ့ကြသည်။ အခြားအခန်းတစ်ခန်းတွင် လုံဟူက
သွေးတိုက်ပွဲဂိုဏ်းအဖွဲ့သားတွေနှင့် အတူတူထိုင်နေခဲ့သည်။
လုံးဟူ၏မျက်နှာက မိုးပြိုတော့မလိုဖြစ်နေခဲ့သည်။ ရန်ကိုင်သတင်း
ကြားကတည်းက သူတို့သူ့နောက်ကို မရပ်မနားလိုက်လာခဲ့တာ
ဖြစ်သည်။ နောက်နည်းနည်းကျခဲ့ပေမယ့် နောက်ဆုံးအမှီ
လိုက်လာနိုင်ခဲ့သည်။
တိတ်ဆိတ်မှုကို ချိုးဖျက်ပြီးလုံဟူက ရုတ်တရက်ပြောလိုက်သည်
‘‘အရှင်သခင်ဝမ်၊ ငါတို့ဘယ်တော့လောက်စကြမလဲ။ ရန်ကိုင်ဆိုတဲ့
ကောင်ကစားသောက်ဆိုင်ထဲမှာ။ အရှင်သခင်ဝမ်ရဲ့ စွမ်းအားနဲ့
ဆိုရင် သူ့ကိုဖမ်းကငှက်ပျောသီးအခွံနွာတာထက်တောင်
လွယ်ဦးမှာလေ..မဟုတ်ဘူးလား’’
ဝမ်ဖေးချန်က သက်လတ်ပိုင်းလူကြီးတစ်ယောက်ဖြစ်ပြီး
သူ့ကအစစ်အမှန်ဒြပ်စင်အဆင့်၅ကိုရောက်နေပြီဖြစ်သည်။
သူကသွေးတိုက်ပွဲဂိုဏ်း အပိုင်းခွဲတစ်ခု၏ ခေါင်းဆောင်ဖြစ်သည်။
သူရခဲ့တဲ့သတင်းအရ ရန်ကိုင်ဘေးတွင် မိန်းမချောလေး
တစ်ယောက်ပါသွားခဲ့ပြီး သူမကချီသန့်စင်ခြင်းအဆင့်ကို
ရောက်နေခဲ့သည်။ ထို့ကြောင့်ထိုမိန်းကလေးကို အရှင်ဖမ်းဖို့
ဝမ်ဖေးချန်ကို အကူအညီတောင်းခဲ့တာဖြစ်သည်။
ဝမ်းဖေးချန်တို့အဖွဲ့အပြင် အခန်းအပြင်ဘက်တွင်လည်း
ချီသန့်စင်ခြင်းအဆင့် ဆရာသခင်၆ယောက်၊၇ယောက်
လောက်ရှိနေခဲ့သည်။ ဝမ်ဖေးချန်က ပြုံးလိုက်သည်
‘‘သခင်လေးလုံ၊ မင်းသာအခုစချင်တယ်ဆိုရင် ကြိုက်တဲ့
အချိန်စလို့ရတယ်။ ဒီနေရာကမြို့လေးတစ်မြို့ဆိုပေမယ့်
ငါ့စွမ်းအာနဲ့ဆိုရင် ဟိုကောင်ကိုသဲလွန်စမကျန်ပဲ
တိတ်တိတ်လေးဖမ်းဖို့က အလွယ်လေးပဲ’’
‘‘အဲ့ဒါဆိုရင် ငါတို့ဘာလို့စောင့်နေသေးတာလဲ’’လုံးဟူက
စိတ်အားထက်သန်စွာပြောလိုက်သည်‘‘ ရန်ကိုင်သေရမယ်။
ပြီးတော့ သူနဲ့ပါလာတဲ့မိန်းကလေးကိုလည်းအသက်ရှင်လျက်
ဖမ်းဆီးရမယ်။ သူကငါ့မိန်းကလေးကိုကြံရဲမှတော့
သူ့မိန်းကလေးကိုလည်းငါကမြည်စမ်းရမှာပေါ့’’
ဝမ်းဖေးချန်က လုံဟူရဲ့အကျင့်စရိုက်ကိုသိတဲ့အတွက်
သူဘာပြောမယ်ဆိုတာ အစကတည်းက ခန့်မှန်းပြီးသားပင်။
ထို့နောက်သူပြောလိုက်သည်‘‘ဒါပေမယ့်သခင်လေးလုံ၊
သူတို့ဒီလောက်အဝေးကြီးကို ဘာလို့လာလဲဆိုတာ သေချာ
စဉ်းစားသင့်တယ်’’
‘‘ဘာလို့လာတာလဲ’’ လုံဟူကမေးလိုက်သည်။ ဝမ်းဖေးချန်က
တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် ပြောလိုက်သည်
‘‘သူတို့ဒီကိုလာတာ ရည်ရွယ်ချက်တစ်ခုခုတော့ရှိမှာပဲ။ ဖြစ်နိုင်
တာက…..သူတုိ့လေနက်တောင်ကိုသွားပြီး ရတနာတစ်ခုခုကို
သွားရှာတာပဲဖြစ်ရမယ်’’
လုံဟူကမျက်မှောင်ကြုံ့လိုက်ပြီး‘‘ဒါကငါတို့နဲ့ဘာမှမဆိုင်ဘူးလေ..။
အခြားလူတွေလည်း လေနက်တောင်ထဲသွားပြီးရတာနရှာကြတာ
ပဲလေ။ ဒါပေမယ့် ပြန်ထွက်လာနိုင်တယ်ဆိုတာ ငါတို့တစ်ခါမှ
မကြားဖူးဘူးလေ’’ ဝမ်ဖေးချန်က ခေါင်းခါပြီးပြောလိုက်သည်
ကနေလည်း လေနက်တောင်ကိုသွားလုိ့ရမယ်။ ဒါပေမယ့်
သူတို့မြင်းတွေငှားပြီး မိုင်ပေါင်းများစွာ ဒီအထိရောက်အောင်
ခရီးနှင်လာခဲ့တယ်။ ငါ့အထင်အရဆိုရင် …သူတို့မနက်ဖြန်
လေနက်တောင်ကို သွားလောက်တယ်။ သူတို့ရည်ရွယ်ချက်က
သိသာထင်ရှားတယ်။ သူတို့ဘယ်နေရာမှာ ဘာရှာရမလဲဆိုတာ
သိနေမှာတော့ မနက်ဖြန်ငါတို့သူတို့နှစ်ယောက်နောက်ကို
နောက်ယောင်ခံလိုက်သွားပြီး ရတနာရှာတွေကတဲ့အချိန်….’’
ဝမ်ဖေးချန်၏ သုံးသပ်ချက်က တကယ်ကိုမှန်ကန်တိကျပေသည်။
ရန်ကိုင်တို့အစီအစဉ်ကို အသေအချာ မှန်ကန်အောင်ခန့်မှန်းနိုင်တဲ့ အတွက် ဥာဏ်ကောင်းတဲ့လူတစ်ယောက်လို့ ပြောနိုင်ပေသည်။
လုံဟူ၏ အမူအရာတောက်ပသွားခဲ့ပြီး ‘‘သတို့ရတနာရှာတွေ့ရင်
ငါတို့သွားလုလို့ရတယ်’’ ဝမ်ဖေးချန်က ပြုံးလိုက်ပြီး‘‘သခင်လေးလုံ
ပြောတဲ့အတိုင်းပါပဲ။ ဒါပေမယ့် သခင်လေးလုံကမိန်းကလေးကို
မစောင့်နိုင်တော့ဘူးဆိုရင် ငါသူမကိုဒီညပဲသွားဖမ်းပေးလို့ရတယ်’’
လုံဟူက ခဏတာတုန့်ဆိုင်းနေပြီး စိတ်ရှုပ်ထွေးသွားပုံပေါ်သည်။
ဝမ်းဖေးချန်က သူများအတွေးဖတ်တဲ့နေရာမှ တကယ်ကို
တော်ပေသည်‘‘ဒါပေမယ့် သခင်လေးလုံးသာ ရက်နည်းနည်း
လောက်ထပ်စောင့်လိုက်ရင် မိန်းမလှလေးကိုသာမက
ရတနာကိုပါရနိုင်လိမ့်မယ်။ သေချာစဉ်းစားကြည့်လိုက်ပါ။
အကယ်၍ ရန်ကိုသာ သူရက်ပေါင်းများစွာ ခက်ခက်ခဲခဲ
ရှာထားတဲ့ရတနာကိုသာ ငါတို့လုယူတာခံလိုက်ရရင်
သူဘယ်လိုခံစားနေရမလဲ။ အဲ့လိုသာဖြစ်ခဲ့ရင် သူသွေးအန်ပြီး
သေသွားလောက်တယ်’’
ဝမ်ဖေးချန်ပြောတာနားထောင်ရင် လုံဟူစိတ်အားထက်သန်လာပြီး
‘‘ကောင်းတယ်။ ဘုန်းကြီးက ဘုရားကျောင်းကနေ မလွတ်မြောက်
နိုင်သလို ရန်ကိုင်လည်း ငါ့လက်ကနေပြေးမလွတ်ပါဘူး။ သူ့ကို
ရက်နည်းနည်းလောက် အသက်ရှင်ခွင်းပေးလိုက်မယ်’’
ထို့နောက်ဝမ်းဖေးချန်က ပြုံးပြီးပြောလိုက်သည်‘‘သည်းခံနိုင်စွမ်းက
တကယ်ကိုထူးခြားတာပဲ….အနာဂတ်မှာ သခင်လေလုံးက
ဒီထက်မကတိုးတက်အောင်မြင်ဦးမှာပါ’’
‘‘ဟဲဟဲ…အရှင်သခင်ဝမ်က ငါ့ကိုအရမ်းမြှောက်နေတာပဲ’’
ဝမ်းဖေးလုံး၏ ချီးမွမ်းစကားလုံးက လုံဟူမျက်နှာက နားရွက်
တက်ချိန်တော့မတတ် ပြုံးနေခဲ့သည်။
Martial Peak
အပိုင်း (၈၇) နူလန်း၏သောက
သွေးတိုက်ပွဲဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ဟူမန်က အရမ်းရက်စက်ပြီး
ရည်မှန်းချက်ကြီးပေမယ့်လည်း သူ့မှာဆက်ခံသူမရှိတဲ့အတွက်
စိတ်ပူစရာမလိုပေ။ သူ့မှာလှပချောမောတဲ့ သမီးနှစ်ယောက်သာ
ရှိပေသည်။ အနှေးနဲ့အမြန်ဆိုသလို သွေးတိုက်ပွဲဂိုဏ်းက လုံမိသားစု
လက်ထဲကျရောက်သွားတော့မှာပဲ ဖြစ်သည်။ ထို့ကြောင် သူအနာဂတ်
အကျိုးအတွက် လုံဟူကိုကြိုတင်မျက်နှာချိုသွေးထားရပေမည်။
သိပ်မကြာခင်မှာပဲ အခန်းထဲက ဆွေးနွေးပွဲက အဆုံးသတ်သွားခဲ့ပြီး
အနားယူဖို့လူတိုင်းကိုယ့်အခန်းကိုယ်ပြန်ဖို့လုပ်လိုက်သည်။ ရုတ်တရက်
တံခါးခေါက်သံကြားလိုက်ရသည်‘‘ဝင်လာခဲ့’’ ဝမ်ဖေးချန်က ပြောလိုက်သည်။
သွေးတိုက်ပွဲဂိုဏ်းသားတစ်ယောက် ဝင်လာခဲ့ပြီး လုံဟူကိုအရိုအသေ
ပေးလိုက်ပြီး ဝမ်ဖေးချန်နားနားကပ်ကာ တိုးတိုးလေးပြောလိုက်သည်။
ဝမ်ဖေးချန်၏ မျက်နှာကရုတ်တရက်ပြောင်းလဲသွားခဲ့ပြီ‘‘ဒီလိုကိုး’’
ထို့နောက်သူ့လူတွေကို အချက်ပြလိုက်ပြီး အခန်းထဲကတပည်တွေကို
အမိန့်ပေးလိုက်သည်‘‘အဲ့လူတွေအကုန်လုံးကိုသွားဖမ်းလာခဲ့။ တစ်ယောက်မှမလွတ်စေနဲ့။ မဟုတ်ရင် သခင်လေးလုံရဲ့ အစီအစဉ်ကို အနှောင့်အယှတ်
ဖြစ်သွားနိုင်တယ်’’ ‘‘ဟုတ်ကဲ့’’ အခန်းထဲက တပည့်တွေအကုန်လုံး
ချက်ချင်းပြန်ဖြေလိုက်ပြီး ထွက်သွားကြသည်။
‘‘ဘာဖြစ်တာလဲ’’ လုံဟူက အဆောတလျင်မေးလိုက်သည်။
ဝမ်ဖေးချန်က ပြုံးလိုက်ပြီး‘‘သခင်လေးလုံ၊ဒီကိစ္စက တော်တော်လေး
စိတ်ဝင်စားစရာကောင်းတယ်။ ငါတို့ရန်ကိုင်နောက်ကို နောက်ယောင်ခံ
လိုက်လာတုန်းက လမ်းပေါ်မှာ မြင်းခြေရာတွေ အများကြီးတွေ့ခဲ့တာ
မှတ်မိတယ်မလား။ ငါရခဲ့တဲ့သတင်းအရဆိုရင် ရန်ကိုင်ကိုသတ်ဖို့
သူ့နောက်လိုက်လာတာ ငါတို့တစ်ဖွဲ့တည်းမဟုတ်ဘူး။ နောက်တစ်ဖွဲ့
ရှိသေးတယ်’’
‘‘အိုး’’ လုံဟူကအံ့သြသွားခဲ့ပြီး‘‘ဘယ်သူလဲ’’
‘‘ မုန်တိုင်စံအိမ်က တပည့်ပေါက်စလေးတွေပါ။ အခုသူတို့ရန်ကိုင်ကို
တိုက်ခိုက်ဖို့လုပ်နေတာ’’ ‘‘သတို့က ကိုယ့်သေလမ်းကိုယ်ရှာနေတာပဲ’’
လုံဟူက နှာခေါင်းရှံုံ့လိုက်ပြီး ဆက်ပြောလိုက်သည်‘‘အရှင်သခင်ဝမ်ကော
သူတို့ကိုဘယ်လိုလုပ်ချင်လဲ’’ ‘‘သခင်လေးလုံရဲ့ အစီအစဉ်ကိုပျက်စီးစေဖို့
ငါဘယ်လိုလုပ်ပြီး ခွင့်ပြုရပါ့မလဲ’’ ဝမ်ဖေးချန်က ဦးညွှတ်ရင်းပြောသည်။
သူတို့နှစ်ယောက်စကားပြောတုန်း တံခါးပွင့်သွားခဲ့ပြီး လူတစ်အုပ်ကြီး
ဝင်လာခဲ့သည်။ ထိုလူတွေက ခုဏတုန်းက ထွက်သွားခဲ့တဲ့တပည့်တွေ
ဖြစ်သည်။ သူတို့တစ်ဖွဲ့လုံး ဘာထိခိုက်ဒဏ်ရာမှမရခဲ့ပဲ ကြောင်အနေခဲ့
နူလန်းကိုခေါ်လာခဲ့သည်။ နူလန်းက အလွန်အမင်းထိတ်လန့်
ကြောက်ရွံ့နေခဲ့သည်။ သူတို့ရန်ကိုင်နောက်ကို ခက်ခက်ခဲခဲ နောက်
ယောင်ခံလိုက်ခဲ့ရသည်။ ထို့နောက် ရန်ကိုင်ကိုဖမ်းကာ
ပျောက်နေတဲ့ ချန်ရှောင်ဖုန်းနဲ့ နူတောင်အကြောင်းသတင်းမေးဖို့
ဆွေးနွေးနေတုန်းမှာပဲ လူတစ်အုပ်ပေါ်လာပြီး သူတို့တစ်ဖွဲ့လုံးကို
ဖမ်းသွားခဲ့သည်။ ထိုလူတွေ၏ခွန်အားက သူတို့ခေါင်းဆောင်ထက်တောင်
ကျော်လွန်နေခဲ့သည်။
နူလန်းက အလွန်အမင်းကြောက်ရွံ့နေခဲ့ပြီး သူကိုလွှတ်ပေးလိုက်တာနဲ့
ချက်ချင်းဦးညွှတ်အရိုအသေ ပေးလိုက်သည် အသနားခံတော့လေသည်
‘‘ စီနီယာတို့ကို ငါတို့ဘယ်တုန်းကများအပြစ်ပြုမိခဲ့လိုပါလဲ….။
ကျေးဇူးပြုပြီး ငါတို့ကိုချမ်းသာပေးပါ’’ ‘‘ပါးစပ်ပိတ်ထားစမ်း’’
သွေးတိုက်ပွဲဂိုဏ်းက တပည့်တစ်ယောက်က နူလန်းပါးစပ်ကို
လက်ဝါးနဲ့ရိုက်ချလိုက်သည်။ထိုရိုက်ချက်ကြောင့် နူလန်းပါးစပ်
တစ်ခုလုံးသွေးစိုသွားခဲ့သည်။ အလွန်အမင်းဒေါသထွက်သွားခဲ့ပေမယ့်
ပြန်မပြောရဲတဲ့အတွက် ပါးစပ်ပိတ်ပြီး ငြိမ်ခံနေရုံသာတတ်နိုင်လေသည်။
နူလန်းက ထိတ်ထိတ်လန့်လန့်နဲ့ သူ့ပတ်ပတ်လည်ကိုကြည့်လိုက်သည်။
မုန်တိုင်စံအိမ်တပည့်တွေအကုန်လုံး ကြောက်ရွံ့မှုကြောင့် တုန်ရီနေခဲ့သည်။ သူတို့အစွမ်းက နိမ့်ကျတဲ့အတွက် ထွက်ပြေးဖို့ကြိုစားရင်တောင်
လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ပေ။ ထို့ပြင်သူတို့ပတ်ပတ်လည်တွင်
လူ၄၊၅၊၆ယောက်လောက်က ဝိုင်းထားခဲ့ပြီး တစ်ယောက်ချင်းစီက
သူတိ့ကိုအသာလေး သတ်ပစ်နိုင်ပေသည်။
သူတို့အရင်တုန်းကများ တစ်ယောက်ယောက်ကို စိတ်အနှောင့်အယှတ်
ဖြစ်စေခဲ့မိလို့လား။မုန်တိုင်းစံအိမ်တပည့်တွေက စိတ်ရှုပ်ထွေးနေခဲ့သည်။
ဒီကိုလာတုန်းကလည်း လမ်းမှာတစ်ယောက်ကိုမှ ရန်မစခဲ့ပေ။ သူတို့
ရန်ကိုကိုဖမ်းဖို့သာလာခဲ့တာဖြစ်သည်။ နူလန်းက ပတ်ပတ်လည်ကို
ကြည့်လိုက်တဲအ့ချိန်တွင် သူရင်းနှီနေသလိုထင်ရတဲ့ လူငယ်လေး
တစ်ယောက်ကိုတွေ့လိုက်ရသည်။ သေချာစဉ်းစားကြည့်ပြီးနောက်
နူလန်း၏မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ပြီး ထိုလူငယ်လေးကို
မေးလိုက်သည်‘‘သွေးတိုက်ပွဲဂိုဏ်းကသခင်လေးလုံလား’’
လုံဟူက ဖွဖွလေးရယ်လိုက်ပြီး‘‘မင်ကိုသိလို့လား’’
နူလန်းက ကိုးယိုးကားယားပြောလိုက်ပြီး‘‘စီနီယာလုံရဲ့ မျိုးဆက်
အကြောင်းကြားဖူးတာပဲကို ….သခင်လေးလုံကိုသိတာမထူးဆန်းပါဘူး’’
‘‘မင်းကငါ့ကိသိနေမှတော့ ဒီကိစ္စကိုဖြေရှင်းဖို့ပိုပြီးလွယ်ကူသွားပြီပေါ့’’
လုံဟူကပြောလိုက်သည်။
နူလန်းကသံသယဝင်လာခဲ့သည်။း ဒီလောက်အဝေကြီးမှာ
သွေးတိုက်ပွဲဂိုဏ်းကသခင်လေးလုံနဲ့လာတွေ့နေခဲ့တယ်။
သူငယ်ချင်းဟောင်းတွေကို အိမ်နဲ့ဝေးရာမှာ တွေ့ရတာကောင်းပေမယ့်
ဒီလိုအခြေအနေမျိုးမှာတော့ ……….အားနည်းသူအဖို့ ခေါင်းငုံ့ရုံသာ
တတ်နိုင်လေသည်။ ‘‘ငါမင်းကိုမေးချင်တာက မင်းတို့ဘာလို့ရန်ကိုင်
နောက်လိုက်လာတာလဲ’’ လုံဟူက မျက်မှောင်ကြုံ့ရင်းမေးလိုက်သည်။
ထိုမေးခွန်းက နူလန်းကိုထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။ လုံဟူကို
ကြည့်လိုက်ပြီး သူဘာကိုမှဖုံးကွယ်မထားရဲခဲ့ပေ။ ဇာတ်လမ်းတစ်ခုလုံးကို
ပြောပြီးနောက် မျက်နှာရှည်ရှည်နဲ့ပြောလုကိသည်‘‘သခင်လေးလုံ၊
ချန်ရှောင်ဖုန်နဲ့ ငါ့ညီနူတောင်းတို့ပျောက်တဲ့ကိစ္စက ရန်ကိုင်နဲ့
ပက်သက်နေလိမ့်မယ်လို့ငါထင်တယ်။ သခင်လေးလုံသာ မလုပ်စေချင်ရင်
အခုချက်ချင်း ငါ့လူတွေကို မုန်တိုင်းစံအိမ်ကို ပြန်ခေါ်သွားလိုက်မယ်။
နောက်ရန်ကိုင်ရဲ့ ဘယ်ကိစ္စကိုမဆို ငါတို့ဝင်မနှောက်ယှတ်တော့ဘူး’’
လုံဟူကပြုံးလိုက်ပြီး‘‘ရန်ကိုင်နဲ့ငါက သူငယ်ချင်းလို့ မင်းထင်နေတာလား’’
‘‘အဲ့လိုမဟုတ်ဘူးလား’’ နူလန်းကထိတ်ထိတ်လန့်လန့်နဲ့မေးလိုက်သည်။
‘‘ဘယ်လိုဟာသလဲ’’ လုံဟူကနှာခေါင်းရှုံ့လိုက်သည်‘‘ဒီသခင်လေးရဲ့
အဆင့်အတန်းကဘယ်လိုမျိုးလဲ။ သူ့အဆင့်အတန်းကကော
ဘာလဲ။ ငါတို့ဘယ်လိုလုပ်ပြီး သူငယ်ချင်းဖြစ်နိုင်မှာလဲ။ မင်းရဲ့
ခွေးမျက်လုံးတွေက ကန်းနေတာလား’’
နူလန်းက ဘာမှပြန်မပြောခဲ့ပေမယ့် စိတ်ထဲမှာတော့ ဝေဖန်ပြစ်တင်
နေခဲ့သည်။ မင်းတို့နှစ်ယောက်က သူငယ်ချင်းမဟုတ်ရင် ဘာလို့
ငါတုိ့ိကိစ္စကိုဝင်ရှုပ်တာလဲ။ ငါတို့ကြားကကိစ္စကိုပဲ နှာခေါင်းတနံ့နံ့နဲ့ဝင်ရှုပ်နေပြီးတော့။ ‘‘ကြည်ရတာ မင်ရဲ့ခွေးမျက်လုံးတွေက တကယ်
ကန်းနေတာပဲ။ ဒီတစ်ကြိမ်မှာ ဒီသခင်လေးက မင်းတို့ကိုကယ်တင်
ပေးခဲ့တယ်။ ဒါပေမယ့် မင်းတို့ကကျေးဇူးရှင်ကိုကျေးဇူးတင်ရကောင်း
မှန်းမသိဘူး’’ သွေးတိုက်ပွဲဂိုဏ်းက တပည့်တစ်ယောက်ကပြောလိုက်သည်။
နူလန်းကစိတ်ရှုပ်သွားခဲ့သည်။
သွေးတိုက်ပွဲဂိုဏ်းတပည့်က နှာခေါင်းရှုံ့လိုက်သည်‘‘မင်းက ရန်ကိုင်
ခွန်အားနိမ့်တာပဲသိတာ ။သူ့ဘေးနာက မိန်းကလေးက ချီသန့်စင်ခြင်း
အဆင့်ကဆိုတာရောသိလို့လား’’ ထိုစကားလုံးတွေက သူတို့တစ်ဖွဲ့လုံး
ကိုဇောချွေးပျံသွားစေခဲ့သည်။ ချီပြောင်းလဲခြင်းအဆင့်ကို သိပ်မကြာခင်ကမှ
ချိုးဖျက်ဝင်ရောက်လာခဲ့တဲ့ နူလန်းနဲ့နှိုင်းယှဉ်ရင် ထိုမိန်းကလေး၏
ခွန်အားက သူတို့ထက်အများကြီးသန်မာပေသည်။
ထိုအချိန်တွင် နူလန်းကသူအမှားကြီးမှားသွားပြီဆိုတာသိလိုက်သည်။
ရုတ်တရက် သူထိတ်လန့်သွားခဲ့ပြီး ဝမ်းသာသွားခဲ့သည်။
မြန်မြန်ဆန်ဆန်ပဲ လုံးဟူကိုအကြိမ်ကြိမ် ဦးတိုက်ဂါဝရပြုလိုက်ပြီး
‘‘ငါတို့ကိုကယ်တင်ပေးတဲ့အတွက် သခင်လေးလုံကိုကျေးဇူးတင်ပါတယ်။
ငါတို့ညီအစ်ကိုတွေအားလုံးကို သခင်လးလုံကို အရမ်းကျေးဇူး
တင်ပါတယ်’’
‘‘မင်းတို့ကျေးဇူးဘယ်လိုတင်ရကောင်းမှန်းတော့သိသားပဲ’’
လုံဟူကပျော်ရွှင်နေခဲ့ပြီး‘‘ ငါဘာလို့ဒီကိုလာလဲဆိုတာ မင်းတို့
သိချင်နေတာမလား။ ငါရန်ကိုင်ကိုသတ်ဖို့ဒီကိုလာတာ။ ဒါပေမယ့်
ငါနောက်ထပ်ရက်နည်းနည်းလောက်ထပ်စောင့်ရဦးမယ်ပုံပဲ။
မင်းတို့ကြောင့်ငါ့အစီအစဉ်ပျက်စီးလုနီးနီးပဲ’’
‘‘ငါတို့ညီအစ်ကိုတွေ မသိတဲ့အတွက် သခင်လေးလုံကို ခွင့်လွှတ်ပေးဖို့
တောင်းပန်ပါတယ်’’ နူလန်းက အံ့အာသင့်သွားခဲပြီး ချက်ချင်းတောင်းပန်
လိုက်သည်။ ‘‘ငါလည်းဒီကိစ္စကိုဆက်ပြီးမပြောတော့ဘူး။ မင်းနဲ့ငါရဲ့
ရည်ရွယ်ချက်က တူနေမှတော့အတူတူပေါင်းပြီး ရန်ကိုင်ကိုဖမ်းလို့
ရပြီပေါ့။ ရန်ကိုင်ကိုဖမ်းမိတဲ့အချိန်ကျရင် မင်းညီအကြောင်းကို
မင်းမေးလို့ရတယ်။ မင်းကိစ္စပြီးမှ ငါသူ့ကိုသတ်မယ်’’
နူလန်းက ဒီကိစ္စနဲ့ပက်သက်ပြီး စိတ်ထင့်နေပေမယ့် လုံဟူတို့အဖွဲ့့
သူ့ထက်အများကြီး သန်မာသဖြင့် သူမနာခံပဲမနေရဲပေ။ ခုအချိန်တွင်
သူခေါင်းညိတ်ရုံသာတတ်နိုင်ပြီး ပြောလိုက်သည်‘‘သခင်လေးလုံ၊
ငါမင်းရဲ့အစီအစဉ်အတိုင်းနာခံပါ့မယ်။ ငါ့အသက်ပေးရရင်တောင်
တုန်းဆိုင်းခြင်းမရှိပဲ ငါပေးပါ့မယ်’’
‘‘မင်းအခန်းကိုပြန်တော့ ။မနက်ဖြန်ငါတို့မင်းကိုလာရှာမယ်’’
လုံဟူက သူ့လက်ကိုဝှေ့ရမ်းလိုက်ပြီး ပြောလိုက်သည်။
‘‘ကောင်းပါပြီ’’ လုံဟူက ကြမ်းပြင်ပေါ်က တွားသွားနောက်ဆုတ်လိုက်ပြီး
အခန်းထဲကနေထွက်သွားလေသည်။ သူ့အခန်းထဲရောက်မှသာ
သူ့ကျောတစ်ခုလုံး ချွေးတွေစိုရွဲနေတယ်ဆိုတာ သိသွားခဲ့သည်
သူတို့ထွက်သွားပြီးနောက် လုံဟူကသံသယအပြည့်နဲ့ ဝမ်ဖေးချန်ကို
ကြည့်လိုက်သည်‘‘ အရှင်သခင်ဝမ်၊ ဘာလို့သူတို့ကိုငါတို့နဲ့အတူတူ
သွားခိုင်းရတာလဲ။ သူတို့ခွန်အားက နိမ့်လွန်းတယ်။ သူတို့ပါလာတာ
အပိုပဲရှိမှာ။ ရန်ကိုင်ကိုငါတို့အသာလေး ရင်ဆိုင်လို့ရပါတယ်။
ဟိုမိန်းကလေးကို အသက်ရှင်လျက်ဖမ်းဖို့ပဲလိုတာ’’
အစောပိုင်း ဝမ်ဖေးချန်ကလုံဟူကို ထိုအကြောင်းပြောနေတုန်းက
အရာရာက အစီအစဉ်အတိုင်းဖြစ်နေတဲ့အတွက် ထိုကိစ္စကို
သူသေချာမစဉ်းစားမိပေ။
Martial Peak
အထွတ်အထိပ် သိုင်းဧကရာဇ်
အပိုင်း(၈၈) မိန်းမတစ်ယောက်၏ ကိုယ်သင်းရနံ့
လုံဟူစကားထဲက အထင်သေးတဲ့အသံကိုကြားတာနဲ့ ဝမ်ဖေးချန်က
ပြုံးလိုက်ပြီး‘‘ရန်ကိုင်နဲ့မိန်းကလေးကို ဖမ်းတဲ့နေရာမှာ ငါလည်းသူတို့ကို
ဝင်မရှုပ်ခိုင်းချင်ပါဘူး။ ဒါပေမယ့် ရန်ကိုင်နဲ့မိန်းကလေးက လေနက်တောင်
ကိုသွားမယ်လုပ်ထားမှတော့ ကြုံတွေ့ရမယ့် အန္တာရယ်တွေအတွက် သူတို့ပြင်ဆင်ပြီးလောက်ပြီ။ ဒါပေမယ့် ငါတို့ကဘာမှကြိုတင်ပြင်ဆင်မလာခဲ့ဘူ။
အကယ်၍သာ အဆင့်မြင်တဲ့ မိစ္ဆာသားရဲတွေနဲ့ တွေ့ခဲ့ရင်ငါတို့ဒုက္ခရောက်လိမ့်မယ်။ အဲ့လိုအန္တာရာယ်တွေနဲ့ ပြည့်နေတဲ့ခရီးကို ငါတို့မှာရှိတဲ့လူနဲ့ပဲ
သွားမယ်ဆိုရင် လူအရေအတွက် လောက်မယ်ဆိုတာမသေချာဘူး။ ဒါပေမယ့်တစ်ယောက်ယောက်ကသာ ငါတို့အစားရှေ့ကလမ်းရှင်းပေသွားမယ်ဆိုရင်တော့
ငါတို့သွားမယ့်ခရီးက ပိုပြီးလွယ်ကူသွားလိမ့်မယ်’’
ထိုစကားကိုကြားတော့မှပဲ ဝမ်းဖေးချန်ဘာတွေစီစဉ်နေလဲဆိုတာကို
နားလည်သွားတော့လေသည်။ သူက မုန်တိုင်းစံအိမ်တပည့်တွေကို
ရှေ့ပြေးအဖြစ်သွားခိုင်းပြီး လမ်းရှင်းပေးစေချင်နေတာဖြစ်ပေသည်။
‘‘အင်း၊ ခန်းမသခင်ဝမ်က ရှေ့ကိုကြိုတွေးတတ်တာပဲ။ ငါဒီအချက်ကို
တကယ်ပဲသတိမပြုမိခဲ့ဘူး’’ လုံဟူကခေါင်းညိတ်လိုက်သည်။
‘‘ သခင်လေးလုံးက အပြင်လောကကို မထွက်ဖူးသေးတာ။ ဒါကြောင့်ရိုးသားပြီးဒီလိုနည်းဗျူဟာကို သတိမပြုမိတာသဘာဝကျပါတယ်’’
ဝမ်ဖေးချမ်က ဖွဖွလေးရယ်လိုက်သည်။ မုန်တိုင်းစံအိမ်ကတပည့်တွေနဲ့
ပက်သက်ပြီး ဘယ်လိုဆက်ပြီးကိုင်တွယ်မယ်ဆိုတာကတော့ မပြောပဲသိနေပြီဖြစ်သည်။ ရှနင်းချန်ဆိုတဲ့မိန်းကလေးက ဒီအသက်အရွယ်နဲ့တောင်
ချီသန့်စင်ခြင်းအဆင့်ကို ရောက်နေတာဆိုတော့ သူ့နောက်မှာသင်ကြားပေနေတဲ့စွမ်းအားကြီးတဲ့ ဆရာတစ်ယောက်ရှိလိမ့်မယ်။ ဒီလိုလူတွေနဲ့တွေ့ရင်
ရန်မစဖြစ်အောင်ရှောင်သင့်သလို…ရန်စမိမယ်ဆိုရင်လည်း အမြစ်ကနေအပြတ်ရှင်းသင့်ပေသည်။ ဒါကြောင့် မုန်းတိုင်စံအိမ်တပည့်တစ်ယောက်ကိုမှ
အရှင်ထားလို့မဖြစ်ပေ။
အစီအစဉ်တွေကို သေချာဆွေးနွေးပြီးတဲ့အချိန်မှာတော့ သွေးတိုက်ပွဲဂိုဏ်းကတပည့်တွေက လေနက်တောင်ကိုသွားဖို့ ပြင်ဆင်ကြတော့သည်။
နောက်တစ်နေ့မှာတော့ ရန်ကိုင်နဲ့ရှနင်းချန်တို့က ဝမ်ဖေးချန်တို့၏
ခန့်မှန်းချက်အတိုင်း လေနက်တောင်ကိုသွားကြလေသည်။ နေ့တစ်ဝက်လောက်ကြာမှ သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်ကတပည့်တွေက သူတို့နောက်
လိုက်ကြတော့လေသည်။ ရှနင်းချန်၏ ကျင့်ကြံခြင်းအဆင့်ကမနိမ့်တဲ့အတွက်
သူတို့သာအရမ်းကြီးနီးနီးကပ်ကပ်လိုက်သွားခဲ့ရင် သူမသူတို့ကို
သတိပြုမိသွားပေလိမ့်မည်။ သူတို့ကြားက အကွာအဝေးကလည်း
တော်တော်လေးကြီးမားတဲ့အတွက် သူတို့ကိုမျက်ခြေပျက်သွားနိုင်ပေသည်။
ထို့ကြောင့်နေ့တစ်ဝက်လောက် စောင့်လိုက်တာက လုံလောက်တာထက်
ပိုနေခဲ့ပါပြီ။ ထို့ပြင် ဝမ်ဖေးချန်က ကျန်းဟူကနှစ်ပေါင်းများစွာအတွေ့အကြုံ
ရှိတဲ့အတွက် သူတို့နှစ်ယောက်ကို မျက်ခြေပျက်သွားတော့မည်မဟုတ်ပေ။
ထိုလူနှစ်ယောက်ကို နောက်ယောင်ခံမလိုက်နိုင်ဘူးဆိုတာသူမယုံပေ။
လေနက်တောင်ကို ဝင်သွားတာနဲ့ ရန်ကိုင်နှင့် ရှနင်းချန်တို့ အရှိန်လျော့လိုက်လေသည်။
သူတို့နှစ်ယောက်ကြားတွင် မြင်းဟီသံ၊ မြင်ခွာသံတွေမရှိတော့သလို
မြင်လည်းစီးမနေတာ့တဲ့အတွက် သူတို့နှစ်ယောက်စကားပြောဖြစ်ကြသည်။
တစ်ရက်လောက်ကြာတဲ့အချိန်တွင် သူတို့နှစ်ယောက်ကြားက
ဆက်ဆံရေးက ပိုပြီးရင်းနှီးလာခဲ့သည်။
ညရောက်တဲ့အချိန်မှာတော့ ရန်ကိုင်နှင့်ရှနင်းချန်တို့ သစ်ပင်ရှည်တစ်ပင်
ရှာလိုက်ပြီး ထိုသစ်ပင်ပေါ်မှာပဲ နားလိုက်ကြသည်။ သစ်ကိုင်းတွေက
တော်တော်လေးကြီးပေမယ့် သူတို့နှစ်ယောက်အတွက်ကတော့
တော်တော်လေးကျဉ်းပေသည်။ သူတို့နှစ်ယောက်မှာ နီးကပ်လွန်းနေသဖြင့်ရန်ကိုင်က ရှနင်းချန်၏ ကိုယ်သင်းရနံ့ကိုတောင် ရနေခဲ့သည်။
‘‘စီနီယာမမလေး’’ တစ်ရက်လောက်ကြာအောင် စကားပြောဆက်ဆံခဲ့ပြီးနောက် သူတို့နှစ်ယောက်ကတော်တော်လေးရင်းနှီးသွားခဲ့ပြီး အခေါ်အဝေါ်
တွေတောင် ပြောင်းလဲလာခဲ့သည်။ ဒါကလည်း အထူးသဖြင့် ရှနင်းချန်၏ အပြစ်ကင်းစင်ပြီး အညစ်အကြေး တစ်စွန်းတစ်စတောင် မရှိတဲ့မျက်လုံး
ဝိုင်းဝိုင်းလေးတွေကြောင့် ရန်ကိုင်ကရှနင်းချန်ကို ကလေးတစ်ယောက်လိုခံစားရသောကြောင့်ဖြစ်ပေသည်။ သူမစကားပြောနေရင်တောင်
အရမ်းကိုရိုးသားပြီး ချစ်ဖို့ကောင်းလေသည်။
‘‘စီနီယာအစ်မဆို စီနီယာအစ်မပေါ့။ ဘာလို့မမလေးဆိုပြီး
ခေါ်နေတာလဲ’’ ရှနင်းချန်က မပျော်မရွှင်နဲ့မေးလိုက်သည်။
‘‘နင့်အိတ်ထဲမှာ ဘာတွေထည့်ထားတာလဲ’’ ရန်ကိုင်ကပြန်မဖြေပဲ
သူမသယ်လာတဲ့အိတ်ကိုညွှန်ပြလိုက်ပြီး မေးလိုက်သည်။ ဒီမေးခွန်ကိုမေးချင်နေတာ လွန်ခဲ့တဲ့သုံးလေးရက်လောက်ကတည်းကဖြစ်သည်။
ဒါကြောင့် ရန်ကိုင်ကဆက်ပြီးအချိန်ဆွဲမနေတော့ပဲ မေးလိုက်သည်။
‘‘ဒါလား’’ ရှနင်းချန်က အလွယ်တကူပဲ ခေါင်းစဉ်ပြောင်းသွားခဲ့သည်။
အိတ်ကြီးကိုမကာ ရတနာတစ်ခုလိုဖက်လိုက်ပြီး‘‘ဒီထဲက ပစ္စည်းတွေကငါ့ဆရာသုံးနှစ်ကြာအောင် ပြင်ဆင်ပေးထားတဲ့ပစ္စည်းတွေ။ နင်သာ
ယင်ကိုးသွယ်နှင်းပုံဆောင်ခဲကို အောင်အောင်မြင်မြင်ရယူနိုင်ခဲ့ရင်
ငါကအဲ့နေရာမှပဲတစ်ထိုင်တည်း သန့်စင်ရမှာ။ ယင်ကိုးသွယ်နှင်း
ပုံဆောင်ခဲတွေက အရမ်းထူးခြားတယ်။ အကယ်၍နင်သာ
ယင်ကိုးသွယ်နှင်းပုံဆောင်ခဲတွေကိုရပြီး နှစ်နာရီအတွင်းမသန့်စင်ရင်
သူတို့တွေကပျောက်ကွယ်သွားလိမ့်မယ်’’
‘‘အဲလိုကြီးလား’’ ရန်ကိုင်ကနားလည်သွားတဲ့ပုံစံနဲ့ခေါင်းညိတ်လိုက်သည်။
‘‘ဂျူနီယာမောင်လေး’’ ရှနင်းချန်က ရင်းရင်းနှီးနှီးခေါ်လိုက်သည်။
‘‘ဘာကိစ္စလဲ’’
‘‘ငါနင့်ကိုမေးခွန်းတစ်ခုမေးချင်တယ်’’
‘‘အချိန်ကောင်းပဲ။ ငါလည်းနင့်ကိုမေးချင်နေတာရှိတယ်’’
‘‘အဲ့ဒါဆိုရင် ငါတို့နှစ်ယောက်စလုံး ရိုးရိုးသားသားဖြေရမယ်၊ဟုတ်ပြီလား’’
‘‘ကောင်းပြီ’’
‘‘အဲ့ဒါဆို ငါအရင်မေးမယ်’’ ရှနင်းချန်ကပြောလိုက်သည်။ သူမကစိတ်မရှည်တော့တဲ့ပုံပင်။
‘‘ကဲ…မေးတော့’’ ရန်ကိုင်ရယ်လိုက်ပြီး‘‘ငါညာပြီးမဖြေဘူးလို့ ကတိပေးတယ်’’
သူမ၏နှုတ်ခမ်းလေးတွေကွေးသွားခဲ့ပြီး မမေးရင်ရှနင်းချန်က သူမ
ခန္ဓာကိုယ်ကိုလှည့်လိုက်ပြီး တစ်ခဏတာတုန့်ဆိုင်းနေပြီးမှ မေးလိုက်သည်
‘‘ဆရာနင့်ကိုအကူအညီတောင်းတုန်းက အကြောင်းပြချက်မျိုးစုံပြပြီး
သူ့ကိုငြင်းခဲ့တယ်လို့ ဆရာငါ့ကိုပြန်ပြောပြတယ်။ ဒါပေမယ့် နင့်အကူအညီကိုလိုအပ်တာက ငါမှန်းသိလိုက်တာနဲ့ ချက်ချင်းသဘောတူလိုက်တယ်။ အဲ့ဒါဘာလို့လဲ’’
‘‘နင်ဘယ်လိုထင်လဲ’’ ရန်ကိုင်ကလှည့်ပြီးမေးလိုက်သည်။
တစ်ယောက်မျက်လုံး တစ်ယောက်စိုက်ကြည့်ရင်း ရှနင်းချန်၏ မျက်နှာနီရဲသွားခဲ့ပြီး သူမခေါင်းကို အခြားတစ်ဖက်လှည့်ကာ ရှက်ရှက်နဲ့ပြောလိုက်သည်
‘‘ဘာကြောင့်မှန်းငါမသိပေမယ့် နင့်မှာရည်ရွယ်ချက်ကောင်းမရှိဘူးလို့ဆရာ
ငါ့ကိုပြောတယ်။ ပြီးတော့ငါ့အနားမှာနင်ရှိနေရင် နိုးနိုးကြားကြားနေဖို့လည်းပြောခဲ့တယ်’’
‘‘လူအိုကြီးမန်က အဲ့လိုပြောခဲ့တာလား’’ ရန်ကိုင်က ဒေါသတကြီးပြောလိုက်သည်။
‘‘အင်း’’ ရှနင်းချန်က သူမဆရာကိုလုံးဝယုံကြည်ပေသည်။ ထို့ကြောင့်သူမထိုကဲ့သို့ပြောလိုက်လည်း အပြစ်ရှိသလိုမခံစားရပေ။
‘‘အဲ့ဒါဆိုရင် နင်တုန့်ဆိုင်းမနေပဲ ဘာလို့ ချက်ချင်းသဘောတူလိုက်တာလဲ’’
သူမကိုကြည့်ရင်း ရန်ကိုင်ရယ်လိုက်ပြီး ‘‘နင့်ဆရာပြောတာမှန်တယ်။
ငါတကယ်ကိုပဲ နင့်အပေါ်ရည်ရွယ်ချက်ကောင်းရှိတာမဟုတ်ဘူး။ ဒါကြောင့်ပဲငါချက်ချင်းသဘောတူလိုက်တာ’’
သူရယ်ရင်း ရှနင်းချန်ဆီကို တဖြည်းဖြည်းတိုးသွားလိုက်သည်။
ထိတ်လန့်သွားခဲ့ပြီး ရှနင်းချန်က ချက်ချင်းပဲနောက်ဆုတ်လိုက်သည်။
ထို့နောက်ရုတ်တရက် သူမတစ်ခုခုကိုသတိရသွားပြီး ‘‘ဂျူနီယာမောင်လေး၊ နင်ငါ့ကိုမနိုင်ဘူး’’
ဒါကအမှန်တရားပင်။ အကယ်၍ရန်ကိုသာမျက်နှာပြောင်တိုက်ပြီး ရှေ့ဆက်တိုးနေမယ်ဆိုရင် သစ်ပင်ပေါ်က ကန်ချခံရပေလိမ့်မည်။ ရှနင်းချန်က အပြစ်ကင်းစင်ပြီးချစ်ဖို့ကောင်းသော်လည်း သူမကိုအလွယ်တကူရင်ဆိုင်လို့ရတယ်လို့တော့မဆိုလိုပေ။ မျက်နှာပြောင်တိုက်စနောက်နေတာကိုရပ်လိုက်ပြီးနောက်
ရန်ကိုင်အမူအရာက တစ်ဖန်ပြန်လေးနက်သွားခဲ့ပြီး သူ့အကျီင်္ထဲက
ပုလင်းလေးတစ်လုံးကို ဖြေးဖြေးချင်းထုတ်လိုက်သည်။ ပုလင်းကို
သူ့လက်ထဲတွင် တယုတယ ကိုင်ထားရင်း ပြောလိုက်သည်‘‘ဒါကြောင့်ပဲ’’
ရှနင်းချန်က အလွန်အမင်းစိတ်ရှုပ်သွားခဲ့သည်။ ထိုဆေးပုလင်းကို
သေချာအနီးကပ်ကြည့်လိုက်တော့မှ ကောင်းကင်စံအိမ်က သွေးတိတ်
ဆေးရည်မှန်းသိလိုက်သည်။ လွန်ခဲ့တဲ့နှစ်လကဖြစ်ပျက်ခဲ့တဲ့
အဖြစ်အပျက်တွေအကုန်လုံး သူမစိတ်ထဲတွင်အစီအရီပြန်ပေါ်လာခဲ့သည်။
ထို့နောက်ရန်ကိုင်ကို အရူးတစ်ယောက်လိုငေးကြည့်နေလိုက်သည်။
ရန်ကိုင်က ထိုဆေးပုလင်းလေးကို သိပ်ထားမယ်လို့သူမတစ်ခါမှ
တွေးမထားခဲ့ပေ။
ဖွဖွလေးရယ်ရင်း ရန်ကိုင်ပြောလိုက်သည်‘‘ ငါ့ကိုကောင်းကောင်းဆက်ဆံတဲ့
လူတွေကို ငါသေချာပြောနိုင်တယ်။ ကောင်းကင်စံအိမ်ကိုဝင်လာတဲ့
သုံးနှစ်အတွင် ဒီဆေးပုလင်းလေက ငါပထမဆုံးခံစားခဲ့ရတဲ့နွေထွေးမှု
အမှတ်အသားပဲ’’
‘‘နင်ဘယ်လိုသိတာလဲ………’’ ရှနင်းချန်က ရန်ကိုင်ကိုမယုံကြည်နိုင်စွာနဲ့
ကြည့်နေလိုက်သည်။ ဒီဆေးပုလင်းလေးကသူမရန်ကိုင်ကိုပေးခဲ့တာဖြစ်သည်။
ဒါပေမယ့် အဲ့အချိန်တုန်းက သူသတိလစ်နေတာမဟုတ်ဘူးလား။
ရန်ကိုင်ကမျက်ခုံးပင့်လိုက်ပြီး‘‘စကားပုံတောင်ရှိတယ်လေ…..မိန်းမ
တစ်ယောက်ရဲ့ကိုယ်သင်းရံနံ့က အားလုံးကိုပြောနိုင်တယ်’’
ထိုစကားက သူမမျက်နှာကိုရဲရဲနီသွားစေခဲ့သည်။ ဒါပေမယ့် သူမ၏စိတ်နဲ့
နှလုံးသာလေး ပျော့ပျောင်းသွားခဲ့သည်။ ဆယ်မှတ်ပဲတန်တဲ့ သွေးတိတ်ဆေးရည်
တစ်ပုလင်းကြောင့် သူချက်ချင်းသဘောတူလိုက်တာလား။ သူမဆရာထင်တာ
မှားသွားတဲ့ပုံပင်။
‘‘အခုနင်မေးရမယ့်အလှည့်ပဲ’’ သူမစိတ်ထဲက သံသယတွေကိုရှင်းလင်းပြီးသွားပြီဖြစ်တဲ့အတွက် ရှနင်းချန်က ချက်ချင်းခေါ င်းစဉ်ပြောင်းလိုက်သည်။
ရန်ကိုင်က ဆေးပုလင်းကိုသူ့အိတ်ထဲ သေချာ ပြန်ထည့်ထားလိုက်ပြီးနောက်
မေးလိုက်သည်‘‘ဘဏ္ဏာထိန်းမန်လိုက်မလာတာက ဒဏ်ရာဟောင်းကြောင့်ဆိုတာဟုတ်လို့လား’’
ရှနင်းချန်က တစ်ခဏကြာအောင် ရှက်သွားခဲ့ပြီး ခဏကြာမှပြန်ဖြေလိုက်သည်
‘‘ငါဆေးသုံးပြီး သူ့ကိုသတိလစ်အောင်လုပ်ခဲ့တာ’’´
ကြောင်အသွားခဲ့ပြီး ရုတ်တရက် ရန်ကိုင်ထရယ်လိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ်သူရယ်နေတာကို မရပ်နိုင်တော့ပေ။
‘‘နင်ဘာကိုရယ်နေတာလဲ’’ သူမကရှက်လည်းရှက်၊ ဒေါသလည်းထွက်သွားခဲ့သည်။ ‘‘အဲညတုန်းက သူငါ့ကိုသွားဖို့မလိုတော့ဘူးလို့ပြောခဲ့တယ်။ အဲ့ဒါကြောင့်
ငါစိတ်ညစ်ညစ်နဲ့ သူ့ကိုသတိလစ်အောင်လုပ်လိုက်တာ’’
ရန်ကိုင်ကဆက်ရယ်နေတဲ့အတွက် ရှနင်းချန်က သူ့ကိုအကြိမ်အနည်းငယ်လောက် ထုလိုက်လေသည်။ ပြီးတော့မှပဲ သူမအပြုအမူတွေက အလွန်အမင်းရင်းနှီးနေတဲ့
ပုံစံပေါက်နေတယ်ဆိုတာ နားလည်သွားခဲ့ပြီး ဘာလုပ်ရဘာကိုင်ရမှန်းမသိဖြစ်သွားခဲ့သည်။
‘‘ငါသွားနားတော့မယ်။ နင့်ဘာသာတစ်ယောက်တည်းဆက်ပြီး ရယ်နေတော့’’
ရှနင်ချန်က ထိုနေရာတွင်ဆက်ပြီးမနေနိုင်တော့ပေ။ အနားမှာရှိတဲ့
သစ်ကိုင်းတစ်ကိုင်းပေါ်ခုန်လိုက်ပြီး ရန်ကိုင်ကိုလျစ်လျူရှုထားလိုက်တော့သည်။
Matial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၈၉) ဆန်းကြယ်သောကြက်သွေးရောင်ယန်ပန်းပွင့်
လေနက်တောအုပ်ထဲတွင် ရက်ပေါင်းများစွာ လမ်းလျှောက်ခဲ့တာတောင်
သူတို့သားရဲတစ်ကောင်နဲ့မှ မတွေခဲ့တာကို ရန်ကိုင်အံ့သြမိပေသည်။ ဒါကသူ့ကိုစိုးရိမ်ပူပန်သွားစေခဲ့သည်။ လေနက်တောအုပ်က ကြောက်မက်ဖွယ် ေ
ကောင်းတဲ့သားရဲတွေနဲ့ ပြည့်နေပေသည်။ ထို့ပြင် သားရဲတစ်ကောင်ကောင်
နဲ့ထိပ်တိုက်တွေ့မယ်ဆိုရင်တောင် သူ့ကျင့်ကြံခြင်းအဆင့်ကြောင့်
ရှနင်းချန်အတွက် ဝန်ထုပ်ဝန်ပိုးပဲဖြစ်နေပေလိမ့်မှာပဲဖြစ်သည်။
ဒါပေမယ့် ရှနင်းချန်က ပြင်ဆင်လာခဲ့လေသည်။ သူမမိစ္ဆာသားရဲရန်ကို
ရှောင်ဖို့ဘာနည်းလမ်းကို သုံးခဲ့လဲဆိုတာသူ မသိပေမယ့် တကယ်ကို
အလုပ်ဖြစ်ခဲ့ပေသည်။ သူတို့က အရှေ့မှအနောက်စသဖြင့် မကြာခဏလမ်းကြောင်းပြောင်းခဲ့ပြီး တစ်ခါတစ်ရံ နေရာတစ်ခုကိုလှည့်ပတ်
သွားနေတတ်ပြီး တစ်ခါတစ်ရံ ပိုကြီးတဲ့နေရာတစ်ခုကို လှည့်ပတ်သွားခဲ့သည်။
ရံဖန်ရံခါ အဆင့်၂၊၃သားရဲတွေနဲ့တိုးပေမယ့် ရှနင်းချန်ကပဲ ထိုသားရဲတွေကို
အလျင်အမြန်လက်စတုံးပစ်လိုက်သည်။
သေချာစစ်ဆေးကြည့်လိုက်တော့မှ သူမလက်ကောက်ဝတ်တွင်
ဝတ်ဆင်ထားတဲ့ လက်ကောက်ကြောင့် ကြောက်စရာကောင်းတဲ့သားရဲတွေကို
သူမအာရုံခံနိုင်တာကို ရန်ကိုင်သိလိုက်သည်။ အဆင့်မြင့်တဲ့သားရဲတစ်ကောင်က
သူတို့လမ်းကိုလာပိတ်တယ်လို့ စီနီယာမမလေးက အာရုံခံမိတိုင်း
သူမလက်ကောက်ဝတ်က လက်ကောက်ကို အသက်သွင်းလိုက်ပြီး အစိမ်းရင့်ရောင်အလင်းတန်းလေးကို ထုတ်လွှတ်ပေးလေသည်။
ဒီလက်ကောက်ကို သူမအရင်တုန်းက ဝတ်ထားလေ့မရှိပေ။ သူမခန္ဓာကိုယ်တစ်ခုလုံးတွင် အဆင်တန်ဆာဆိုလို့ သူမနဖူးက အပြာရောင်ကျောက်တုံးလေးတစ်တုံးသာရှိပေသည်။ ဒါကြောင့် ဒီလက်ကောက်က အခုခရီးအတွက်
သူမဆရာပြင်ဆင်ပေးထားတာပဲဖြစ်ပေလိမ့်မည်။ ထိုလက်ကောက်က တကယ်ကို ရှားပါးတဲ့ ရတနာတစ်ခုပင်ဖြစ်သည်။ ဒီလူအိုကြီးရဲ့
နောက်ခံကဘယ်လိုမျိုးလဲ။ ရန်ကိုင်တကယ်ကိုစဉ်းစားမရဖြစ်နေခဲ့သည်။
သူကထောက်ပံ့ရေးခန်းမရဲ့ ဘဏ္ဏာထိန်းတစ်ယောက်ဖြစ်ပေမယ့် သူတွင်
ရှနင်းချန်လို အထူးခန္ဓာကိုယ် ပိုင်ဆိုင်တဲ့တပည့် တစ်ယောက်ရှိနေခဲ့သည်။
ဒီလက်ကောက်သာ သာမန်နေရာမှာဆိုရင် တင်းတင်းကြပ်ကြပ်
ထိန်းသိမ်းထားပြီးခံရပြီး ဘယ်သူ့ကိုမှပေးလိမ့်မည်မဟုတ်ပေ။ ထိုလက်ကောက်၏အဆင့်ကိုသူမသိပေမယ့်လည်း မြေကမ္ဘာအဆင့်ရှားပါရတနာဆိုတာတော့
သူသေချာသိလေသည်။ ဒီလိုလက်ကောက်မျိုးကို ကောင်းကင်စံအိမ်မှာတောင်မြင်ရခဲပေသည်။
ရန်ကိုင်နဲ့ရှနင်းချန်တို့က အလွယ်တကူသွားလာနိုင်တဲ့အချိန်တွင် သူတို့ကိုနောက်ယောင်ခံလိုက်လာတဲ့ အဖွဲ့ကတော့ သွေးထွက်သံယိုတိုက်ပွဲများစွာကိုရင်ဆိုင်ခဲ့ရသည်။ လွန်ခဲ့တဲ့ရက်အတောအတွင်း အကြိမ်များစွာသားရဲတွေနဲ့
တိုက်ပွဲဖြစ်ခဲ့ရသည်။ သွေးတိုက်ပွဲဂိုဏ်းရဲ့ စုပေါင်ခွန်အား မြင့်မားတာကြောင့်သာမဟုတ်ရင် အခုအချိန်လောက်ဆို သူတို့အားလုံးသားရဲတွေရဲ့ အစာဖြစ်လောက်နေပြီ။
ဝမ်းဖေးချန်က အစစ်အမှန်ဒြပ်စင်အဆင့်၅ကို ရောက်နေသော်လည်း
သူ့ကံကတော့ ကောင်းမွန်မနေခဲ့ပေ။ သူတို့တောအုပ်ထဲကိုခြေချလိုက်တာနဲ့
အထွတ်အထိန်အဆင့်၅သားရဲတစ်ကောင်နဲ့တန်းတိုးလေသည်။ သူတို့ထိုတိုက်ပွဲကိုခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ရသည်။ လူအရေအတွက် များနေသောကြောင့်သာ ထိုသားရဲကိုရင်ဆိုင်နိုင်ခဲ့သည်။ သို့ပေမယ့် ထိုတိုက်ပွဲကြောင့်သူတို့သွေးတိုက်ပွဲဂိုဏ်းက ချီသန့်စင်ခြင်းအဆင့်တပည့်တစ်ယောက်
ကျရှုံးသွားခဲ့ရသည်။ ဒါကဝမ်ဖေးချန်ကို အလွန်အမင်း ဒေါသထွက်သွားစေခဲ့သည်။ သူတို့အဖွဲ့တွင် သူတစ်ယောက်သာ အစစ်အမှန်ဒြပ်စင်အဆင့်ကိုရောက်နေခဲ့ပေသည်။ ချီသန့်စင်ခြင်းတပည့်က ၄ယောက်သာ ရှိနေခဲ့ပြီး
ကျန်တဲ့သူတွေက ချီပြောင်းလဲခြင်းအလယ်အလတ်အဆင့်မှာသာ
ရှိနေခဲ့သည်။ လုံဟူကအားလုံးထဲတွင် အားအနည်းဆုံးဖြစ်ပြီး ချီပြောင်းလဲခြင်းအစပိုင်းသာရှိသေးပေသည်။
အစကတော့ ရန်ကိုင်နဲ့ရှနင်းချန်တို့သွားတဲ့အတိုင်းနောက်ယောင်ခံလိုက်မယ်ဆိုရင်
ဘာအန္တရာယ်နဲ့မှာ တွေ့မှာမဟုတ်ဘူးလို့ ထင်နေခဲ့ပေမယ့် သူတို့
အထင်အမြင်တွေက တက်တက်စင်အောင် လွဲမှားသွားခဲ့ရသည်။ ဒါပေမယ့်ထိုနှစ်ယောက်က ဘာလို့သားရဲတွေကို ရှောင်ကွင်းသွားနိုင်လဲဆိုတာကတော့သူတို့မသိပေ။ သူတို့အတွက်ကတော့ သားရဲတွေတစ်ကောင်ပြီးတစ်ကောင်
ရင်ဆိုင်နေရပေသည်။ ပြီးတော့ အခုအချိန်မှာတော့ သူတို့ဘက်က
ချီသန့်စင်ခြင်းအဆင့်ဆရာသခင်တစ်ယောက် ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။
ဝမ်ဖေးချန်က ဒေါသမထွက်ပဲ ဘယ်နေပါတော့မလဲ။
ဒါပေမယ့် အခုအချိန်က ပြန်ဆုတ်ဖို့အချိန်ကောင်းမဟုတ်ပေ။သူတို့
ဒီလောက်လူအများကြီးဆုံးရှုံးပြီး လမ်းတစ်ဝက်ရောက်တော့မှ
ဘယ်လိုလုပ်ပြီးနောက်ပြန်ဆုတ်နိုင်မှာလဲ။ ခဏအနားယူပြီးနောက်
ဝမ်ဖေးချန်က နူလန်းကိုပြောလိုက်သည် ‘‘ရှေ့ကသွား…ငါတို့လိုက်လာမယ်’’
နူလန်းကမြေပြင်ပေါ်က ခြေထောက်ပြတ်တစ်ချောင်ကို ငေးကြည့်နေသည်။အစောပိုင်းတုန်းက သွေးတိုက်ပွဲဂိုဏ်းတောင် လူအချို့ဆုံးရှုံးခဲ့မှတော့ သူတို့လို
အားနည်းတဲ့အဖွဲ့က ဘယ်လိုလုပ်ပြီးအကုန်လုံးအသက်ရှင်လျက် လွတ်မြောက်နိုင်ပါ့မလဲ။ မုန်းတိုင်စံအိမ်တပည့်နှစ်ယောက်က အဆင့်၅သားရဲစားတာခံလိုက်ရပြီး လက်မောင်ပြတ်တစ်ခုသာကျန်ခဲ့ပေသည်။ ထိုညကတစ်ခုခု
မှားနေတယ်လို ဘာလို့ခံစားနေခဲ့ရလဲဆိုတာ အခုမှပဲနားလည်တော့သည်။
ရန်ကိုင်ကိုကူရှာပေးမယ်ဆိုတဲ့ သွေးတိုက်ပွဲဂိုဏ်းရဲ့ကောင်းမွန်တဲ့
ရည်ရွယ်ချက်ကကောဘယ်မှာလဲ။ သွေးတိုက်ပွဲဂိုဏ်းက သူတို့ကို
စတေးခံအဖြစ်အသုံးချဖို့ ခေါ်လာတာပဲဖြစ်သည်။
သူသိနေပေမယ့်လည်း အထွန့်မတက်ရဲပေ။ သူတို့ပြောတဲ့အတိုင်း
အရှေ့ကသွားပြီး လမ်းဖောက်ပေးရင်တောင် သူတို့အသက်ရှင်နိုင်ချေရှိသေးသည်။
ဒါပေမယ့် လျှာရှည်ပြီး သွားအထွန့်တက်တာနဲ့ သူတိုိ့ဖို့သေရုံပဲရှိလေသည်။
အရှေ့ကသွားခိုင်းလိုက်သည်။ သူတို့နောက်မှာတော့ ဝမ်ဖေးချန်က
ဘယ်နေရာသွား…ဘယ်နေရာသွားဆိုပြီး အမျိုးမျိုးညွှန်ကြားနေခဲ့သည်။
အချိန်ကြာလာတဲ့အခါမှာတော့ ရန်ကိုင်တို့အဖွဲ့ကို မျက်ခြေပျက်သွားခဲ့သည်။
ထိုအချိန်တွင် ရှနင်းချန်နှင့် အလောတကြီးသွားနေတဲ့ ရန်ကိုင်က ရုတ်တရက်ရပ်လိုက်ပြီး အဝေးတစ်နေရာကိုကြည့်လိုက်သည်။ သူ့မျက်လုံးတွေကတော့
အပျော်တွေနဲ့ ပြည့်နေခဲ့သည်။ ‘‘ဘာဖြစ်လို့လဲ’’ ရှနင်းချန်လည်း ရပ်လိုက်ပြီး
မေးလိုက်သည်။ ‘‘အဲ့နေရာက အန္တရာယ်ရှိလား’’ ရန်ကိုင်ကညွှန်ပြပြီး
မေးလိုက်သည်။
‘‘မရှိလောက်ဘူး။ ငါမိစ္ဆာသားရဲတစ်ကောင်မှ အာရုံမခံမိဘူး’’ ရှနင်းချန်ကသူမလက်ကောက်ကိုကြည့်ပြီးပြောလိုက်သည်။ ‘‘အဲ့ဒါဆိုရင် သွားကြရအောင်’’
ရန်ကိုင်ကအလောတကြီး ပြေးသွားခဲ့သည်။ ရှနင်းချန်က ရန်ကိုင်ဘာလို့အရမ်းပျော်နေမှန်းမသိပေမယ့် သူ့နောက်ကိုသာ လိုက်သွားခဲ့သည်။ဆယ်ပေလျှောက် လမ်းလျှောက်ပြီးတဲ့အချိန်မှာတော့ သူမအရေးပြားပေါ်က
ရေနွေးငွေ့ကို ရုတ်တရက်ခံစားမိလိုက်သည်။ ထိုရေနွေးငွေ့တွေက
သူမမျက်နှာကို နီရဲလာစေခဲ့သည်။ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်တဲ့
အချိန်မှာတော့ လေထုတစ်ခုလုံး ယန်စွမ်းအင်တွေနဲ့ ပြည့်နေခဲ့ပြီး
မြေပြင်တစ်ခုလုံးကိုတော့ လက်ဝါးအရွယ် အနီရောင်ပန်းပွင့်တွေက
ဖုံးအုပ်ထားလေသည်။
ပန်းပွင့်အရေအတွက် အနည်းဆုံးဒါဇင်ခန့်လောက်ရှိပေသည်။ ရန်ကိုင်က
ဘာမပြောညာမပြောနဲ့ ထိုပန်းပွင့်တွေကိုကုန်ရုန်း ခူးဆွတ်နေခဲ့သည်။
ပန်းပွင့်တေကို ခူးဆွတ်ပြီးတဲ့အချိန်မှာတော့ ရန်ကိုင်က ပြုံးဖြီးဖြီနဲ့
လမ်းလျှောက်ပြန်လာခဲ့ပြီး မေးလိုက်သည်‘‘ဒါတွေကဘာလဲဆိုတာ
နင်သိလား’’
‘‘မြေကမ္ဘာအဆင့်နိမ့်ဖြစ်တဲ့ ကြက်သွေးရောင်ယန်ပန်းပွင့်တွေပဲ။
ဒီပန်းပွင့်တွေကိုခူးဖို့ ဒီနေရာကိုအလောတကြီး ပြေးလာတာလား’’
ရှနင်းချန်က ချက်ချင်းနားလည်သွားခဲ့သည်။ ‘‘မြေကမ္ဘာအဆင့်နိမ့်လား’’
ရန်ကိုင်မျက်မှောင်ကြုံ့လိုက်ပြီး ‘‘မဆိုးပါဘူး’’
ကြက်သွေးရောင်ယန်ပန်းပွင့်ထဲက ယန်စွမ်းအင်က နေသုံးစင်းအသီးမှာ
ပါဝင်တဲ့ယန်စွမ်းအင်ထက် မနိမ့်ဘူးလို့ သူခံစားမိသည်။ ခုဏတုန်းက
သူ့ရင်ဘတ်ကမူလန်ယန်က တုံ့ပြန်လာတဲ့အတွက် ဒီနေရာကိုပြေးလာခဲ့ခြင်း
ဖြစ်သည်။ သူတို့ကလေနက်တောင် အတွင်းပိုင်းတွင်ရှိနေသဖြင့် ဒီပတ်ပတ်လည်
တွင်တန်ဖိုးကြီးရတနာတွေ သိပ်ပြီးရှိလိမ့်မည်မဟုတ်ပေ။
ဒါပေမယ့် ဒီတစ်ကြိမ်သူ့ရည်ရွယ်ချက်က ရှနင်းချန်ကို ကူညီဖို့ဖြစ်တဲ့အတွက်
သူလိုက်ရှာချင်ရင်တောင် ရှာလို့မရပေ။ အဲ့လိုလုပ်နေရင် အချိန်နှောင့်နှေးပြီး
လာရင်းကိစ္စကို အောင်မြင်တော့မည်မဟုတ်ပေ။ ဒါပေမယ့် သူ့ဘေးပတ်ဝန်းကျင်မှာ
ရှိနေတဲ့ရတနာတွေကိုတော့ ဒီအတိုင်းလက်လွတ်မခံနိုင်ပေ။
‘‘ငါဆေးလုံးဖော်စပ်ပေးရမလား’’ ရှနင်းချန်က မေးလိုက်သည်။ ‘‘အခုလုပ်ဖို့
မလိုသေးဘူး။ ညနေကျလောက်တော့ပဲလုပ်တော့မယ်’’
စီနီယာမမလေးသုံးတဲ့ သန့်စင်ခြင်းနည်းစနစ်က တကယ်ကိုအဆင့်မြင့်ပေသည်။
ဒါပေမယ့် ဆေးလုံးအဖြစ်သန့်စင်တိုင်း ချီစွမ်းအင်ကုန်ပေသည်။ ဒီလိုတောကြီးမျက်မဲထဲသွားလာရာရင် အမြဲတမ်းသတိရှိနေဖို့လိုအပ်ပေသည်။ တတ်နိုင်သမျှ
ချီစွမ်းအင်ကို မကုန်ခန်းအောင်လည်း ထိန်းသိမ်းထားရပေမည်။
‘‘ကောင်းတယ်’’ ရှနင်းချန်ခေါင်းညိတ်လိုက်သည်‘‘ငါတို့ပန်းတိုင်နဲ့ သိပ်မဝေးတော့ဘူး။
နောက်ထပ်သုံးလေးရက်လောက် လမ်းလျှောက်ပြီးရင် ငါတို့သွားချင်နေတဲ့
နေရာကိုရောက်ပြီ။ ငါတို့မှာအချိန်လုံးလောက်ပါသေးတယ်’’ ရန်ကိုင်အဖို့သူ့ကံကြောင့်လား ဘာအကြောင်းကြောင့်လဲတော့ မသိပေမယ့်
တစ်ရက်လောက် လမ်းလျှောက်ပြီးတာနဲ့ ယန်အမျိုးအစား ဆေးပင်တွေအများကြီးတွေရလေသည်။
ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ သူ့ကံက အရမ်းကြီးမကောင်းတော့ပေ။ ထိုယန်
ဆေးပင်တွေကို အဆင့်၃မိစ္ဆာသားရဲသုံးကောင်က စောင့်ကြပ်နေခဲ့သည်။
ဒါပေမယ့်ရှနင်းချန်က ထိုမိစ္ဆာသားရဲသုံးကောင်ကို အလွယ်လေးရှင်းပစ်လိုက်တဲ့
အတွက် ရန်ကိုင်အဖို့ ကံကောင်းသွားခဲ့သည်။ တောအုပ်ကိုဖြတ်ကျော်လာပြီးနောက်
တောင်ကြားတစ်ခုသို့ ရောက်လာခဲ့သည်။ ရှနင်းချန်က အသက်ပြင်းပြင်းရှုလိုက်ပြီး
ပြောလိုက်သည်‘‘ ဂျူနီယာမောင်လေး…ငါတို့ရောက်ပြီ’’
Martial Peak
အထွတ်အထိပ် သိုင်းဧကရာဇ်
အပိုင်း (၉၀) ပန်းတိုင်
သူတို့ရှေ့တွင် တောင်အကြီးကြီးတစ်လုံး ရှိနေခဲ့ပြီး တောင်ကြားကတော့ လီပေါင်းများစွာ
ကျယ်ဝန်းလေသည်။ ထို့ပြင် ထိုတောင်ကြားက လုံးဝကိုစက်ဝိုင်းပုံဖြစ်နေခဲ့သည်။
ရန်ကိုင်ရပ်နေရာကနေ တောင်ကြားအောက်ခြေအထိ ပေသုံးရာလောက် မြင့်ပေသည်။
တောင်ကြောင်းအောက်ခြေက စိမ်းလန်းစိုပြေနေပြီး လေနက်တောအုပ်နဲ့ လားလားမျှမဆိုင်ပေ။
တောင်ကြားတစ်ခုလုံး အရမ်းကိုသက်ဝင်လှပနေခဲ့သည်။
စိမ်းလန်းနေတဲ့ တောင်ကုန်းတွေနဲ့ ရေကြည်ကြည်လေးတွေ….ဒီနေရာကတကယ်ကို
လှတာပဲ။ ရှနင်းချန်က သူမလက်ကောက်ကို သေချာဂရုစိုက်ပြီး ကြည့်လိုက်သည်။
ခဏအကြာမှာတော့ သူမပျော်ရွှင်စွာနဲ့ ပြောလိုက်သည်‘‘ငါတို့ကံကောင်းတာပဲ။
အောက်မှာကြောက်ဖို့ကောင်းတဲ့ သားရဲတစ်ကောင်မှမရှိဘူး’’
သူမပြောနေရင်း စိတ်သက်သာရာရသွားခဲ့သည်။ အလာခရီးတုန်းက သူတို့လမ်းကို
ပိတ်နေတဲ့ အဆင့်မြင့်မိစ္ဆာသားရဲတွေကို ရှောင်ရှားနိုင်ခဲ့ပေသည်။ ဒါပေမယ့်
တောင်ကြားထဲမှာသာ အန္တရာယ်ရှိတဲ့ မိစ္ဆာသားရဲတွေရှိနေခဲ့ရင်တော့
ရှောင်ရှားလို့မရတော့ပဲ ထိပ်တိုက်ရင်ဆိုင်ရပေမှာပဲဖြစ်သည်။ နောက်ဆုံးတော့လည်း
သူတို့ရဲ့့ပန်းတိုင်က ဒီနေရာဖြစ်နေတယ်လေ။
‘‘အရမ်းကိုသာမန်ဆန်တာပဲ’’ ရန်ကိုင်ကမျက်မှောင်ကြုံ့ရင်း ပြောလိုက်သည်။
‘‘စိတ်မပူပါနဲ့။ အချိန်မကျသေးဘူး’’ ရှနင်ချန်းက ယဲ့ယဲ့လေးပြုံးလိုက်ပြီး
‘‘ဆရာကြောင့်သာမဟုတ်ရင် ငါတို့ဒီလိုဆန်းကြယ်တဲ့နေရာကို ရှာလို့တွေ့မှာမဟုတ်ဘူး။ ဒီနေရာကိုတွေတော့မှပဲ ယင်ကိုးသွယ်နှင်းပုံဆောင်ခဲတွေကို သန့်စင်မယ့်အကြံကို ဆရာရခဲ့တာ’’
‘‘ဒါပေမယ့် ဘာလို့ဒီလောက်အရေးကြီးတဲ့အချိန်မှာ ကျန်နေခဲ့တာပဲ။ ပြီးတော့ငါဘယ်လိုကူညီပေးရမလဲဆိုတာကို နင်ငါ့ကိုဘာမှလည်မပြောပြထားသေးဘူး’’
သူတို့ခရီးသွားနေတုန်း ဘာကြောင့်လဲဆိုတာ ရန်ကိုင်သိချင်စိတ်မထက်သန်ခဲ့ပေ။
ဒါပေမယ့် ဒီကိုရောက်လာခဲ့တဲ့အချိန်မှာတော့ သူမမေးပဲမနေနိုင်တော့ပေ။ အချိန်
ကျလာလို့ ယင်ကိုးသွယ်နှင်းပုံဆောင်ခဲတွေ ပေါ်လာတဲ့အချိန်ကျရင်
ထိုနှင်းပုံဆောင်ခဲတွေကို ဘယ်လိုရအောင်ယူရမလဲဆိုတာ သူမသိရင်သူမရဲ့အရေးကြီးတဲ့ အစီအစဉ်တွေကို ဖျက်စီးမိသလိုဖြစ်သွားပေလိမ့်မည်။ပွဲမဝင်ခင် ပြင်ကကျင်းပဆိုသလိုပဲ သူလည်း ကြိုတင်ပြင်ဆင် ထားရပေလိမ့်မည်။
‘‘အချိန်ကျလာရင် ငါနင့်ကိုပြောမယ်’’ ရှနင်းချန်က ရှင်းမပြခဲ့ပေ။ ရန်ကိုင်ကသံသယရှိနေခဲ့ပေမယ့် ဆက်ပြီးမေးမနေခဲ့ပေ။ ဒီကိစ္စတကယ်ပဲ ဆန်းကြယ်နက်နဲပေသည်။ ဘဏ္ဏာထိန်းမန်၏ အရင်စိတ်နေစိတ်ထားက ရန်ကိုင်ကို
စိတ်ရှုပ်နေစေခဲ့သည်။ ဒါပေမယ့် သူက ကူညီမယ်လို့ ကတိပေးထားပြီးမှာတော့အဆုံးထိရောက်အောင် ကူညီပေးရတော့မှာပဲဖြစ်သည်။
‘‘လာခဲ့’’ ရှနင်းချန်က ရန်ကိုင်ကိုလက်ရပ်ခေါ်လိုက်သည်။
ရန်ကိုင်က သူမကိုစိတ်အားထက်သန်စွာ ကြည့်လိုက်သည်‘‘ဘယ်နေရာကိုလဲ’’
‘‘ငါနင့်ကိုပါအောက်ကိုခေါ်သွားပေးမလို့’’ ရှနင်းချန်က သူမ၏မျက်လုံးလေးကိုမျက်တောင်တဖျတ်ဖျတ် ခတ်နေရင်း ပြန်ပြောလိုက်သည်‘‘ငါတို့ရပ်နေတဲ့နေရာက
တော်တော်မြင့်တယ်’’
‘‘ငါ့ဘာသာသွားလို့ရတယ်’’ ရန်ကိုင်က သူမအကူအညီကို ငြင်းလိုက်ပြီးပြောလိုက်သည်။ ထို့နောက်စနောက်တဲ့ပုံစံနဲ့ဆက်ပြောလိုက်သည် ‘‘ငါက
ယောက်ျားတစ်ယောက်လေ။ ဘယ်လိုလုပ်ပြီး မိန်းမတစ်ယောက်
အကူအညီတောင်းနိုင်ပါ့မလဲ’’
သူပြောပြီးတာနဲ့ ခုန်ချလိုက်လေသည်။ ရှနင်းချန်ကထိတ်လန့်တကြားအော်လိုက်သည်။ ရန်ကိုက်အောက်ခြေကို ဥက္ကာခဲတစ်လုံးလို ထိုးကျသွားတဲ့
အချိန်မှာတော့ အောက်ခြေမှာရှိနေတဲ့ သစ်ရွက်ခြောက်တွေက အဘက်ဘက်ကိုပြန့်ကျဲသွားပေသည်။
ရှနင်းချန်က အလွန်အမင်းထိတ်လန့်သွားခဲ့သည်။ ရန်ကိုင်စွမ်းအားက သိပ်မမြင့်ပေ။
ဒီလောက်အမြင့်ကြီးကနေ ခုန်ချပြီးတဲ့အချိန်မှာတော့ မနက်နေထွက်တာကိုကောသူမြင်နိုင်ပါဦးမလား။ ထို့နောက် ရန်ကိုင်ကိုအရေးကြုံရင်ကူညီနိုင်ဖို့ သူမလည်း
ခုန်ဆင်းသွားလေသည်။
သူတို့ကျတဲ့အရှိန်က မြန်မြန်လာခဲ့ပြီး အောက်ခြေကနေ ၇ပေလောက်ပဲကွာတဲ့အချိန်မှာတော့ ရန်ကိုင်ကတောင်နံရံကိုထောက်ကန်ထားလိုက်ပြီး
သူ့အရှိန်ကိုတဖြေးဖြေးလျော့ချသွားလိုက်သည်။ ထို့နောက်
ဘုန်းဆိုတဲ့အသံကြီးနဲ့ အောက်ခြေကိုကျသွားခဲ့သည်။ ရှနင်းချန်ကတော့သက်သောင့်သက်သာနဲ့ သူဘေးနားကို ဆင်းသက်လာခဲ့သည်။ ရှနင်းချန်ဆင်းသက်ပုံက
ကမ္ဘာမြေပေါ်ကို ဆင်းလာတဲ့နတ်သမီးလေးတစ်ပါးအလား တင့်တယ်လှပပြီးရန်ကိုင်ကတော့ လူသားကျောက်တုံးကြီးတစ်တုံး တောင်ပေါ်ကကျလာတာနဲ့အလားသဏ္ဍာန်တူနေခဲ့သည်။ သူတို့နှစ်ယောက်ဆင်းလာတဲ့ပုံစံက တခြားစီပင်။
ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်စလုံး တောင်ကြားအောက်ခြေကို အန္တရာယ်ကင်းကင်းနဲ့ဆင်းလာနိုင်ခဲ့သည်။
ရန်ကိုင်ခန္ဓာကိုယ်ပေါ်မှာတော့ ခြစ်ရာရှရာတွေရှိနေခဲ့ပြီး သူ့အကျီင်္လည်း စုတ်ပြဲနေခဲ့သည်။
သူ့ခြေထောက်နှစ်ချောင်းကလည်းမသိမသာတုန်ရင်နေခဲ့သည်။ ရှနင်းချန်ကသူမနှုတ်ခမ်းလေးကို ကွေးလိုက်ပြီးမရယ်မိအောင်ထိန်းထားရလေသည်။ သူမ၏
အကဲဖြတ်နိုင်စွမ်းနဲ့ဆိုရင် ထိုအရာတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။ပေသုံးဆယ်…စဦးဒြပ်စင်အဆင့်၃ကျင့်ကြံသူတစ်ယောက်က တောင်ပေါ်ကနေနှစ်ဆင့်ခုန်ကာ မြေပြင်ပေါ်ကို အန္တရာယ်ကင်းကင်းနဲ့ ဆင်းလာနိုင်ခဲ့တာက
တကယ်ကို ထူးခြားအံ့ဖွယ်ပင်ဖြစ်သည်။
ရှနင်းချန်က စီစဉ်စရာတွေရှိသေးတဲ့အတွက် ပြောလိုက်သည် ‘‘ဒီနေကငါးရက်မြောက်နေ့ပဲ။ နောက်ထပ်နှစ်ရက်လောက်ဆိုရင် ခုနှစ်ရက်မြောက်နေ့ကိုရောက်ပြီ။ ငါဒီတောင်ကြားထဲမှာ စီစဉ်စရာရှိသေးတယ်။ ဒီနေရာကတောအုပ်ထဲမှာလိုလည်း အန္တရာယ်မရှိတော့ ဂျူနီယာမောင်လေးက ဒီနေရာကနေပဲ
စောင့်နေလိုက်ပါလား’’
ရန်ကိုင်အမူအရာက တည်ငြိမ်နေခဲ့ပြီး အသာအယာပဲ ခေါင်းညိတ်လိုက်သည်။
ရှနင်းချန်က တစ်လှမ်းနှစ်လှမ်းလောက် လျှောက်ပြီးနောက နောက်ပြန်လှည့်ကြည့်လိုက်ပြီး
သေချာအောင်ပြောလိုက်သည်‘‘ ငါအစီအရင်ခင်းကျင်းတာ နည်းနည်းကြာလိမ့်မယ်။ ဒါကြောင့်
လျှောက်ပြေးမနေနဲ့ဦး…။ တော်ကြာငါနင့်ကိုရှာလို့မတွေ့ပဲနေဦးမယ်’’
ရန်ကိုင်က ဖြည်းဖြည်းလေးခေါင်းညိတ်ပြလိုက်လေသည်။
ရှနင်းချန်ထွက်သွားတော့မှပဲ ထိုင်ချလိုက်ပြီး နာကျင်ကိုက်ခဲနေတဲ့
သူ့ခြေထောက်ကို နှိပ်နယ်တော့လေသည်။ သူကျတဲ့အရှိန်ကို လျှော့ချနိုင်ခဲ့ပေမယ့်လည်း
တော်တော်လေးတော့ ခံစားလိုက်ရပေသည်။ သူ့ခြေထောက်က ထုံကျင်မှုတွေပျောက်ကင်းသွားတဲ့အချိန်မှာတော့ ဆက်ပြီးထိုင်မနေတော့ပဲ လျှောက်ပြီးစူးစမ်းတော့သည်။ ဒီနေရာက လုံခြုံတယ်လို့သူ့ကို ရှနင်းချန်ပြောခဲ့ပေမယ့်လည်း
သတိဆိုတာ ပိုတယ်မရှိပါဘူးလေ။
တောင်ကြားကိုစစ်ဆေးပြီးတဲအချိန်ထိ သူဘာအန္တရာယ်နဲ့မှ မတွေ့ခဲ့ပေ။ ရန်ကိုင်ကရှနင်းချန်ပြန်လာတဲ့အချိန်ထိ နေ့တစ်ဝက်လောက်ကြာအောင်စောင့်နေလိုက်ရသည်။
သူမဘာတွေစီစဉ်နေလဲဆိုတာ သူမသိပေမယ့် ဒီအစီအရင်က ချီစွမ်းအင်တော်တော်ကုန်မယ်ဆိုတာကိုတော့ သူမ၏ဖြူလျော့နေတဲ့ အသားအရေကိုကြည့်ပြီးပြောနိုင်လေသည်။
‘‘ငါသွားနားတော့မယ်။ ဒီက၁၁နာရီနဲ့၁နာရီကြားမှာ ယင်ကိုးသွယ်နှင်းပုံဆောင်ခဲတွေ
ဖြစ်တည်ပြီး မနက်နေမထွက်ခင်အထိ ရှိနေလိမ့်မယ်။ ငါတို့နေမထွက်ခင် ယင်ကိုးသွယ် နှင်းပုံဆောင်ခဲတွေကို တွေ့အောင်ရှာပြီး ရအောင်ယူဖမ်းရမယ်။
တစ်ကြိမ်တည်းနဲ့ မဖမ်းနိုင်ရင် သူတို့ပြန်ပြီးပုန်းနေလိမ့်မယ်’’ ရှနင်းချန်ကစိုးရိမ်စွာနဲ့ပြောလိုက်သည်။ ထို့နောက်သူမပါးစပ်ထဲကို ဆေးလုံးတွေပစ်သွင်းလိုက်ပြီး တရားထိုင်တော့လေသည်။
ရန်ကိုင်က ဗုဒ္ဓရုပ်ထုတစ်ခုအလား သူမဘေးတွင်ရပ်နေရင်းကာကွယ်ပေးနေခဲ့သည်။
တောင်ကြားကနေ မိုင်ပေါင်းများစွာအကွာမှာတော့ သွေးတိုက်ပွဲဂိုဏ်းတပည့်တွေ
ရှိနေခဲ့ပြီး သူတို့ခဗျာတော်တော်လေး စိတ်ဓာတ်ကျနေခဲ့သည်။ ရန်ကိုင်နှင့်ရှနင်းချန်တို့ကိုနောက်ယောင်ခံလိုက်ရင်း လေနက်တောအုပ်အတွင်းပိုင်းထဲကို ဝင်လာတဲ့အချိန်တွင်
သူတို့ကြီးကြီးမားမားဆုံးရှုံးခဲ့ရသည်။ အစကတော့သူတို့လူ၁၇ယောက်ရှိခဲ့ပေမယ့်
အခုအချိန်မှာတော့ ၁၃ယောက်ပဲကျန်တော့ပေသည်။ အခြားသူတွေကတော့မိစ္ဆာသားရဲတွေ၏ အဆက်မပြတ်တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့လေပြီ။
သွေးတိုက်ပွဲဂိုဏ်းမှာတော့ လူ၇ယောက်ကျန်နေသေးပေမယ့် နောက်ထပ်ချီသန့်စင်ခြင်းအဆင့်ဆရာသခင်တစ်ယောက် ဆုံးရှုံးသွာခဲ့ပြီဖြစ်သည်။ အခုအချိန်မှာတော့
သူတို့တွင်ချီသန့်စင်ခြင်းအဆင့်ဆရာသခင်သုံးယောက်သာရှိတော့ပြီး သူတို့တစ်ကိုယ်လုံးဒဏ်ရာတွေနဲ့ ပြည့်နေလေသည်။ ဝမ်းဖေးချန်၏ရင်ဘတ်တွင် သွေးကွက်ကြီးရှိနေခဲ့ပြီး
ကျန်တဲ့ချီပြောင်းလဲခြင်းအဆင့်တပည့်နှစ်ယောက်ကတော့ လုံးဝကိုအားကုန်နေပြီဖြစ်သည်။
မုန်တိုင်စံအိမ်အဖွဲ့မှာ လူ၆ယောက်သာ ကျန်တော့ပြီး ချီပြောင်းလဲခြင်း အဆင့်ရောက်နေတဲ့
ရောက်နေတဲ့ နူလန်းကလွဲလို့ ကျန်တဲ့တပည့်၄ယောက်က စဦးဒြပ်စင်အဆင့်ကျင့်ကြံသူတွေပဲဖြစ်သည်။ နောက်ဆုံတစ်ယောက်ကတော့ တော်တော်လေးကံကောင်းနေခဲ့ပြီး
သူ့ခေါင်းကဒဏ်ရာတစ်ခုကလွဲလို့ သူ့တွင်အခြားဒဏ်ရာမရှိပေ။
ကျန်နေတဲ့လူအားလုံးထဲတွင် အကောင်းပကတိရှိနေသေးတဲ့လူဆိုလို့ လုံဟူတစ်ယောက်ပဲရှိတော့လေသည်။ သူ့အဆင့်အတန်းက မြင့်မားတဲ့အတွက် တိုက်ခိုက်ကြပြီဆိုရင်
အားလုံးကသူ့ကိုကာကွယ်ပေးကြလေသည်။ ဒါကြောင့် သူ့တွင်ဒဏ်ရာဒဏ်ချက်တစ်ခုမှရှိမနေခဲ့ခြင်းဖြစ်သည်။ ရန်ကိုင်နောက်ကိုရက်ပေါင်းများစွာကြအောင် နောက်ယောင်ခံ
လိုက်လာပြီးနောက် သူတော်တော်လေးစိတ်ကုန်လာခဲ့ပြီဖြစ်သည်‘‘ ခန်းမသခင်ဝမ်၊ငါတို့ရပ်လိုက်တော့ရင်ကောင်းမလား။ သူ့နောက်ဆက်လိုက်နေရင် ငါတို့ပဲဒုက္ခရောက်လိမ့်မယ်။ တော်ကြာဒီကိစ္စကိုအဖိုးစုံစမ်းတဲ့အချိန်ကျရင် ဘယ်သူ
တာဝန်ယူမှာလဲ’’
လုံဟူကဒီကိစ္စကိုသူ့အား တာဝန်ခံခိုင်းနေတဲ့အတွက် ဝမ်ဖေးချန်က ဒေါသထွက်သွားခဲ့သည်။ မင်းကိုစိတ်ကျေနပ်စေချင်တာကြောင့်သာမဟုတ်ရင်
ငါလည်းဒီဆုံးဖြတ်ချက်ကိုချမိမှာမဟုတ်ဘူး။ ဒီခရီးသာဒီလောက်အန္တရာယ်များမယ်မှန်း အစောကတည်းကသိခဲ့ရင် ငါသူတို့နောက်လိုက်ရဲပါ့မလား။
အဲ့လိုသာဆိုရင် မြို့ထဲမှာတကည်းက ငါရန်ကိုင်ကိုသတ်ပစ်လိုက်ပြီ။
သူ့စိတ်ထဲမှာထိုကဲ့သို့တွေးနေပေမယ့်လည်း အပြင်မှာတော့ ဝမ်ဖေးချန်က တစ်မျိုးပြောလိုက်သည် ‘‘သူတို့နောက်ဆက်လိုက်နေစရာလည်းမလိုတော့ပါဘူး။
သူတို့သွားနေတဲ့နေရာရောက်နေပြီ….ဒီတောင်ကြားကသူတို့ရဲ့ပန်းတိုင်ဖြစ်လောက်တယ်’’