← Chapters

အခန်း (၉၁-၉၅)

Vol. 4 Ch. 91-95

အခန်း (၉၁-၉၅)

Vol. 4 Ch. 91-95

အပိုင်း (၉၁) တုန်လှုပ်ခြောက်ခြားမှု

ထိုစကားလုံးတွေကိုကြားလိုက်တာနဲ့ လုံဟူတစ်ကိုယ်လုံးတုန်ခါသွားခဲ့ပြီး ‘‘မင်းဘာပြော

လိုက်တာလဲ။ သူတို့ရှာနေတဲ့ရတနာကငါ့တို့ရှေ့မှာလို့မင်းပြောလိုက်တာလား’’

‘‘ဟုတ်တယ်။ သူတို့မနေ့ကတည်းကရောက်နေလောက်တာဖြစ်ရမယ်။ ဒါပေမယ့်

ဒီလောက်ကြာနေတာတောင် သူတို့မလှုပ်ရှားသေးတော့ သူတို့သွားချင်တဲ့နေရာကို

ရောက်နေလို့ပဲဖြစ်မှာပေါ့’’ ဝမ်ဖေးချန်က ဟန်ဆောင်ပြုံးပြုံးပြလိုက်သည်။

‘‘ဒါဆိုငါတို့ဘာကိုစောင့်နေရဦးမှာလဲ။ သူတို့နောက်ကိုလိုက်ကြမယ်လေ’’ လုံဟူ၏

စိတ်ကတဏှာရမက်တို့နဲ့ဖုံးလွှမ်းနေခဲ့သည်။ ရတနာကဒုတိယ…သူအခုလိုချင်နေတာက

ရှနင်းချန်၏အစစ်အမှန်ရုပ်သွင်ကိုမြင်ရဖို့့ပဲဖြစ်သည်။ သူဒီအတွက် ရက်ပေါင်းများစွာ

တောင့်ခံထားခဲ့ပြီးပြီဖြစ်တဲ့အတွက် နောက်ထပ်နည်းနည်းလေးတောင်

မစောင့်ချင်တော့ပေ။

ဝမ်ဖေးချန်ကပြုံးလိုက်ပြီး‘‘ သူတို့ပန်းတိုင်ကိုရောက်နေပေမယ့် သူတို့လိုချင်တာကို

ရှာမတွေ့လောက်သေးဘူး။ သခင်လေးလုံ၊ ကျေးဇူးပြုပြီး နည်းနည်းလောက်

ဆက်စောင့်ပေးပါဦး။ သခင်လေးလိုချင်နေတဲ့ မိန်းကလေးထွက်ပြေးလို့မရစေရဘူးလို့

ဒီဝမ်ကသခင်လေးကို ကတိပေးပါတယ်’’

လုံဟူကသိပ်ပြီး စိတ်မရှည်တော့ပေ။ ဝမ်ဖေးချန်က ထိုစကားတွေကို မြို့လေးတွင်

တစ်ခါပြောပြီးသွားပြီဖြစ်သည်။ ပြီးတော့ ဒီကိုလာခဲ့လမ်းတစ်ခရီးတစ်လျှောက်မှာလည်း

သူတို့ကြီးကြီးမားမားဆုံးရှုံးခဲ့ရသည်။ ဒါကြောင့် သူဆက်ပြီးစောင့်ဆိုင်းမနေချင်တော့ပေ။

ဒါပေမယ့် သူ့စိတ်ထဲအတွေးတွေကိုတော့ ထုတ်မပြောပေ။ ခဏကြာအောင်

စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်‘‘အဲ့ဒါဆို ငါတို့နောက်ထပ်နှစ်ရက်

ဆက်စောင့်လိုက်မယ်။ နှစ်ရက်ကြာလို့မှ သူတို့မလှုပ်ရှားသေးရင် ငါတို့ဆက်စောင့်မနေတော့ဘူး’’

ဝမ်းဖေးချန်က အကူအညီမဲ့စွာနဲ့ ခေါင်းညိတ်လိုက်ပြီး စိတ်ထဲမှာပဲ သက်ပြင်းချလိုက်သည်။

လုံဟူလို ဘာမှသောက်သံုးမကျပဲ မိန်းမပဲစိတ်ထဲမှာရှိနေတဲ့လူမျိုးက အနာဂတ်ကျရင်

အသုံးမဝင်တဲ့လူတစ်ယောက်ဖြစ်နေဦးမှာပါပဲ။ ညမှောင်တဲ့အချိန်ရောက်တော့မှာ ရန်ကိုင်နဲ့

ရှနင်းချန်တို့မျက်လုံးဖွင့်လိုက်ကြသည်။ သူမမျက်လုံးထဲက မှိုင်းတေတေဖြစ်နေတဲ့ အကြည့်တွေက

ပျောက်ကွယ်သွားခဲ့ပြီး အခုအချိန်မှာတော့ တက်ကြွလန်းဆန်းမှုတို့နဲ့ ပြည့်နေခဲ့သည်။

ရန်ကိုင်ကိုကျေးဇူးတင်စကားပြောလိုက်ပြီး သူမအိတ်ထဲကရိက္ခာခြောက်တွေကိုထုတ်ကာ

စားလိုက်သည်။ ‘‘သိပ်မကြာခင်ဇီနာရီကိုရောက်တော့မယ်။ အဲ့အချိန်ကျရင် ဒီတောင်ကြား

တစ်ခုလုံး ယင်စွမ်းအင်တွေနဲ့ ပြည့်လာလိမ့်မယ်။ ဂျူနီယာမောင်လေး၊ နင့်ကျင့်ကြံခြင်းအဆင့်က

သိပ်ပြီးမမြင့်ဘူး။ အဲ့ဒါကြောင့် နင့်ချီစွမ်းအင်တွေကို သိပ်ပြီမသုံးနဲ့’’ ရှနင်းချန်က ရန်ကိုင်ကို

နွေးနွေးထွေးထွေးနဲ့ အလေးအနက် သတိပေးလိုက်သည်။

‘‘အင်း’’ ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ သူ့ဒန်တန်ထဲတွင် ယန်အရည်စက်၁၀စက်

ထက်မကရှိနေခဲ့ပြီး ချီစွမ်းအင်နဲ့ ပက်သက်ပြီး စိတ်ပူစရာမလိုသော်လည်း သူထုတ်ပြောလိမ့်

မည်မဟုတ်ပေ။ သူတို့နှစ်ယောက် လမ်းလျှောက်နေတုန်းမှာပဲ တောင်ကြားထဲတွင်

တစ်ခုခု ပြောင်းလဲသွားခဲ့သည်။ သဘာဝကျကျပြောရမယ်ဆိုတာ လေးဘတ်လေးတန်

ပတ်ပတ်လည်တွင် တောင်တွေပိတ်ကားထားတဲ့အတွက် ဒီတောင်ကြားတွင် လေမတိုက်သင့်ပေ။

ဒါပေမယ့် အခုအချိန်မှာတော့ လေတွေတဝေါဝေါ တိုက်ခတ်နေခဲ့ပြီး လေတိုက်ခတ်သံက

ညအချိန်တွင် မိန်းမတစ်ယောက် ငိုကြွေးနေသလိုမျိုး တကယ်ခြောက်ခြားဖွယ်ကောင်းလေသည်။

ထို့နောက် လေအေးတွေပြင်ပြင်းထန်ထန် တိုက်ခတ်လာခဲ့ပြီး အစစ်အမှန်ယန်နည်းစနစ်ကို

အလောတကြီး လှုံ့ဆော်လိုက်ရသည်။ အခုလေးအေးတွေက ဆောင်းလေအေးနဲ့မတူပဲ

မကောင်းဆိုးရွားတစ္ဆေတစ်ကောင်က သယ်ဆောင်လာတဲ့ အေးစက်မှုနဲ့ဆင်တူနေပြီး

သူ၏စိတ်ဝိဥာဉ်ကို အေးခဲမတတ်ဖြစ်သွားစေခဲ့သည်။ အစစ်အမှန်ယန်နည်းစနစ်ကို

လှည့်ပတ်လိုက်တော့မှပဲ သူ့စိတ်ဝိဥာဉ်ထဲက အေးစက်မှုတွေက ပျောက်ကွယ်သွားခဲ့သည်။

‘‘ဂျူနီယာမောင်လေး’’ ရှနင်းချန်က အော်ခေါ်လိုက်ပြီး သူမဘေးကိုဆွဲကပ်လိုက်သည်။

ထို့နောက်မြန်မြန်ဆန်ဆန်ပဲ ခရမ်းရောင်ကျောက်စိမ်းတံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။

ရန်ကိုင်က ရှနင်းချန်အနားတိုးသွားတာနဲ့ သူခံစားနေရတဲ့ အေးစက်မှုတွေက ပျောက်ကွယ်သွားပြီး

နွေးထွေးမှုက အစားထိုးဝင်ရောက်လာခဲ့သည်။ ‘‘ငါ့နားမှာနေ။ အဝေးကိုမသွားနဲ့။ ဒီကျောက်စိမ်း

တံဆိပ်ပြားက ယင်စွမ်းအင်ကိုတန်ပြန်နိုင်တယ်’’´

ရန်ကိုင်မျက်လုံးတွေက အံ့သြမှုကြောင့် ပြူးကျယ်နေခဲ့ပြီး ရှနင်းချန်လက်ထဲက ကျောက်စိမ်း

တံဆိပ်ပြားကို စူးစိုက်ကြည့်နေခဲ့သည်။ သေချာကြည့်လိုက်တော့မှပဲ ထိုကျောက်စိမ်းတံဆိပ်ပြားက

လျှို့ဝှက်ရတနပစ္စည်းတစ်ခုမှန်း သိလိုက်သည်။ သူမ၏ချီစွမ်းအင်နဲ့

အဆက်မပြတ် အားဖြည့်မှုကြောင့် ထိုကျောက်စိမ်းတံဆိပ်ပြားကနေ အလင်းရောင်

မှိန်ှမှိန်ကလေး ထုတ်လွှတ်ပေးပြီး ဘေးပတ်ပတ်လည်က ယင်စွမ်းအင်တွေကို

လွင့်ပျယ်သွားစေခဲ့သည်။

ရန်ကိုင်ထိတ်လန့်သွားလေပြီ။ သူမလက်ကောက်ကလည်း လျှို့ဝှက်ရတနာတစ်ခု

ဖြစ်ပြီး အခုကျောက်စိမ်းတံဆိပ်ပြားကလည်း လျှို့ဝှက်ရတနာတစ်ခုပင်ဖြစ်သည်။

စီနီယာမမလေးမှာ လျှို့ဝှက်ရတနာတွေ ဘယ်လောက်တောင်ရှိနေတာလဲ။

‘‘နင်ဘာလို့ငါ့ကိုစိုက်ကြည့်နေတာလဲ’’ ရှနင်းချန်၏ မျက်နှာနီရဲလာခဲ့ပြီး သူမ၏

အသံကလည်း ဝါဂွမ်းတမျှပျော့ပျောင်း ညင်သာနေခဲ့သည်။

အဲ့တော့မှပဲ မိန်းကလေးတစ်ယောက်ကို ယခုကဲ့သို့စိုက်ကြည့်နေတာ

မသင့်လျော်ဘူးဆိုတာ သဘောပေါက်သွားလေသည်။ ကျောက်စိမ်းတံဆိပ်ပြား

ကာကွယ်ပေးနိုင်တဲ့ အကျယ်အဝန်းက သိပ်မကြီးတဲ့အတွက် သူတို့နှစ်ယောက်အတူတူ ရပ်လိုက်တဲ့အချိန်မှာတော့ ခန္ဓာကိုယ်နှစ်ခုက ပူးကပ်နေခဲ့ပေသည်။

သူ့လက်မောင်းနှင့် ပခုံးမှတစ်ဆင့် သူမကခန္ဓာကိုယ်အပူချိန်ကို ခံစားသိရှိနိုင်သလို

သူမ၏နူးညံ့ပျော့ပျောင်းတဲ့ အသားအရေကို ခံစားနိုင်လေသည်။ နောက်ဆုံး

သူမ၏ပြိုင်ဘက်ကင်း ကိုယ်သင်းရနံ့ကိုလည်း ရှုရှိုက်နိုင်လေသည်။

ရှနင်းချန်အတွက်လည်း အတူတူပင်ဖြစ်သည်။ ဒီလိုအတွင်းကျကျ ဆက်ဆံရေးကိုရှနင်းချန်အဖို့ နေသားမကျသေးပေ။ သူမ၏မျက်လုံးထဲတွင် ရှက်ရွံ့မှုတို့နဲ့ပြည့်နေခဲ့ပြီး

အရည်လဲ့လာခဲ့သည်။ သူမ၏လည်းပင်းကလည်း မျက်နှာကဲ့သို့ ရဲရဲနီနေခဲ့သည်။

‘‘နင့်ချီစွမ်းအင်တွေက အရမ်းအရေးကြီးတယ်။ အဲ့ဒါကြောင့် နင့်ချီစွမ်းအင်တွေကိုအခုဒီမှာမသုံးနဲ့ဦး။ ယင်ကိုးသွယ်နှင်းပုံဆောင်ခဲကိုဖမ်းဖို့သာချန်ထားလိုက်’’

အခုလိုကိုးယိုးကားယားအခြေအနေနဲ့ ရန်ကိုင်ခန္ဓာကိုယ်အပူချိန်ကိုခံစားမိနေတာကို

အာရုံမစိုက်မိအောင် ရှနင်းချန်က တစ်ခြားအကြောင်းအရာတစ်ခုကို ရှာကြံပြောတော့လေသည်။

ဒါပေမယ့် သူမရှောင်လွဲဖို့ကြိုးစားလေ ထိုအကြောင်းကို ပိုပြီးတွေးမိလေ ဖြစ်သည်။

‘‘ဒါကအစပဲရှိသေးတယ်။ ကြာလာရင် တောင်ကြားတစ်ခုလုံး သိပ်သည်းတဲ့ယင်စွမ်းအင်

တွေနဲ့ ပြည့်သွားလိမ့်မယ်။ ဂျူနီုယာမောင်လေး၊ နင်ငါ့ဘေးနာကနေ လုံးဝမထွက်သွားနဲ့နော်။

မဟုတ်ရင် ဖြစ်လာမဲ့ရလဒ်က စိတ်ကူးလို့တောင်မရဘူး’’ ‘‘`ကောင်းပြီ’’ ရန်ကိုင်ကအသာအယာပဲ

ခေါင်းညိတ်လိုက်သည်။

ထိုနှစ်ယောက်က နောက်ထပ်စကားတစ်ခွန်းမှ မပြောတော့ပေ။ သူတို့ခန္ဓာကိုယ်

နှစ်ခုကပူးကပ်နေခဲ့ပြီး အချိန်ကျလာတဲ့အထိ စောင့်ဆိုင်းနေခဲ့သည်။

ဒုတ်..ဒုတ်..ဒုတ်..သူမ၏နှလုံးခုန်သံလေး တစတစမြန်လာခဲ့သည်။

ဘယ်လိုတွေဖြစ်နေတာလဲ…ငါဘာလို့ဒီလိုဖြစ်နေရတာလဲ။ သူမ၏နှလုံးသားတစ်ခုလုံး

တဆစ်ဆစ် ကိုက်ခဲလာခဲ့သည်။

ရှနင်ချန်၏ ခန္ဓာကိုယ်တစ်စထက်တစ်စ ပိုပူလာခဲ့သည်။ ဒါကသူမတစ်ဘဝလုံး

နှလုံးသားထဲမှာစူးဝင်နေသလို ခံစားရတဲ့ပထမဆုံးအချိန်ပင်ဖြစ်သည်။ ထို့နောက်

သူမတစ်ကိုယ်လုံး ကိုက်ခဲလာခဲ့သည်။ သူမလှုပ်ချင်ရင်တောင် မလှုပ်နိုင်တော့ပေ။

ထိုအချိန်တွင် သူမစတင်ပြီး ကြောက်ရွံ့တုန်လှုပ်လာခဲ့သည်။

ရန်ကိုင်လည်း ရှက်နေခဲ့သည်။ သူမ၏သွေးလိုနီရဲနေတဲ့ အသားအရေကို မြင်လိုက်ရတဲ့

အချိန်မှတော့ မျက်မှောင်ကြုံ့လိုက်ပြီး ပြောလိုိက်သည်‘‘ငါအပြင်ထွက်ပေးမယ်လေ’’

ပတ်ဝန်းကျင်က ယင်စွမ်းအင်တွေကို ကာကွယ်နိုင်မယ်လို့ သူကိုယ်သူယုံကြည်ချက်

အပြည့်အဝရှိပေသည်။ အစစ်အမှန်ယန်နည်းစနစ်က ယင်စွမ်းအင်ရဲ့ သဘာဝရန်သူပဲလေ။

သူ့ချီစွမ်းအင်ကိုသုံးပြီးကာကွယ်ရင်တောင် စွမ်းအင်အများကြီးကုန်လိမ့်မည်မဟုတ်ပေ။

ဒီစီနီယာမမလေးက အရမ်းကိုရိုးသာအပြစ်ကင်းစင်ပေသည်။ သူမ မသက်မသာ

ခံစာနေရတာကို မြင်ရတာ သူ့ကိုယ်တိုင်လည်းမကောင်းသလို ခံစားလိုက်ရသည်။

‘‘မထွက်နဲ့’’ ရှနင်းချန်က အလျင်အမြန်ပဲ ခေါင်းခါလိုက်သည်။‘‘ငါ့ဘေးမှာပဲရပ်..ရပ်နေ။

ငါ့နားကထွက်မသွားနဲ့’’ သူမက ဒီလောက်တောင် တိုက်တွန်းနေတဲ့အတွက် ရန်ကိုင်လည်း

ဘာလုပ်ရမှန်းမသိတော့ပေ။

အခြားတစ်ဖက်မှာတော့ သွေးတိုက်ပွဲဂိုဏ်းက တောင်ကြားထဲက ပြောင်းလဲမှုတွေကို

အာရုံခံမိပြီး ပြေးသွားကြည့်ကြသည်။ တောင်ကြားထဲက ယင်စွမ်းအင်တွေကို ကြည့်ရင်

ဝမ်ဖေးချန်က စဉ်းစားနေလိုက်သည်။ လုံဟူက စိတ်ဓာတ်တက်ကြွလာခဲ့ပြီး ‘‘ခန်းမသခင်ဝမ်၊

သူတို့စနေပြီလား’’

ရန်ကိုင်နဲ့ရှနင်းချန်တို့ စလှုပ်ရှားတာနဲ့ သူတို့တစ်ဖွဲ့လုံး တုန်းဆိုင်ခြင်းမရှိ ပြေးဆင်သွားမှာပဲ

ဖြစ်သည်။ သူချက်ချင်းပြန်မဖြေသေးပဲ ပတ်ပတ်လည်းကို လျှောက်ပတ်ကြည့်နေလိုက်သည်။

တောင်ကြားအောက်ခြေတွင် ထူးခြားတာတစ်ခုခုဖြစ်နေတာဖြစ်ရမယ်။ ဝမ်ဖေးချန်၏

အတွေ့အကြုံ အသိဥာဏ်နဲ့တောင် ဘာဖြစ်နေလဲဆိုတာ မပြောနိုင်ပေ။ လုံဟူစိတ်မရှည်တော့တာ

မြင်ပြီး သူမကျေမနပ်နဲ့ ပြောလိုက်သည်‘‘ သူတို့လှုပ်ရှားတာလား၊ မလှုပ်ရှားတာလားဆိုတာ

မသေချာသေးဘူး။ ဒါပေမယ့် တောင်ကြားထဲမှာ ဆန်းကြယ်တဲ့ရတနာတစ်ခုခု

ရှိနေတယ်ဆိုတာတော့ သေချာတယ်။ ငါတို့ဘယ်လို…..’’

သူစကားဆုံးအောင် မပြောရသေးခင်မှာပဲ လုံဟူက စိတ်မရှည်စွာနဲ့ ဖြတ်ပြောလိုက်သည်

‘‘နောက်ထပ်မစောင့်တော့ဘူး။ ရတနာက သူ့ဘာသာသူပေါ်လာမှတော့

သူတို့လှုပ်ရှားတာ၊ မလှုပ်ရှားတာက ငါတို့အတွက်အရေးမပါတော့ဘူး။ ခန်းမသခင်ဝမ်၊

အခုသူတို့နဲ့ ဘယ်လိုရင်ဆိုင်မှာလဲ။ နောက်မှရတနာရှာဖို့ ကြိုးစားလည်း နောက်မကျ

သေးပါဘူး’’

သက်ပြင်းချလိုက်ပြီး ဝမ်ဖေးချန်အဖို့ ခေါင်းညိတ်ရုံပဲတတ်နိုင်လေသည်‘‘အဲ့ဒါဆိုရင်လည်း

ကောင်းပြီလေ။ မင်းတို့အားလုံးသွားကြ’’ ညအမှောင်ထုထဲတွင် လုံဟူမျက်လုံးတွေက

ကောက်ကျစ်ယုတ်မာတော့မယ့် အရိပ်အယောင်တွေနဲ့ ပြည့်နေခဲ့သည်။ နောက်ကျရင်

မျက်နှာကာတပ်ထားတဲ့ မိန်းကလေးကိုဖမ်းပြီး သူမ၏

ကံကောင်းမှုကို မြည်းစမ်းခိုင်းရပေလိမ့်မည်။ ထိုအကြောင်းကိုတွေးရင်း

လုံးဟူခဗျာ စိတ်မလှုပ်ရှားပဲမနေနိုင်တော့ပေ။ ရန်ကိုင်…ရန်ကိုင်…မင်းကငါ့မိန်းကလေးကို

ကြံရဲမှတော့ ဖြစ်လာမယ့်အကျိုးဆက်အတွက် ပြင်ဆင်ထားပေတော့။ မင်းမိန်းကလေးကို

ငါဘယ်လိုစော်ကားမလဲဆိုတာကို မင်ကိုကိုယ်တိုင်ထိုင်ကြည့်ခိုင်းပြမယ်။

သူမသနားစဖွယ်အော်ဟစ်ညီးတွားအောင် ငါလုပ်ပြမယ်။ မင်းဘယ်လောက်

စွမ်းအားမဲ့လဲဆိုတာ မင်းသိအောင်ငါပြမယ်။ ငါ့မိန်းကလေးကိုများလာကြံရဲတယ်..

ရန်ကိုင်..ရန်ကိုင်…မင်းမိန်းကလေးကို ငါမုဒိန်းကျင့်တော့မှ မင်းဘယ်လိုခံစားရမလဲဆိုတာ

ငါမြင်ချင်သေးတယ်။ ဟားဟားဟား…။

လူ၁၃ယောက်က ဝမ်ဖေးချန်၏ညွှန်ကြားချက်အတိုင်း အောက်ကိုခုန်ဆင်းသွားကြသည်။

မုန်တိုင်စံအိမ်ကခန္ဓာသန့်စင်ခြင်းအဆင့် ကျင့်ကြံသူကသနားစရာအကောင်းဆုံးပင်

အောက်ကိုခုန်မချရဲတဲ့အတွက် ဝမ်ဖေးချန်ကန်ချတာခံလိုက်ရပြီး တစ်ခါတည်း

အသက်ပျောက်သွားခဲ့ရသည်။

Martial Peak

အထွတ်အထိပ် သိုင်းဧကရာဇ်

အပိုင်း (၉၂) ထိပ်တိုင်ရင်ဆိုင်ခြင်း

သွေးတိုက်ပွဲဂိုဏ်းနှင့် မုန်တိုင်းစံအိမ်တပည့်တို့ ဝရုန်းသုန်းကားဖြစ်နေခဲ့ကြသည်။

ခန္ဓာသန့်စင်ခြင်းတပည့်တစ်ယောက်က မြေပေါ်မရောက်ခင်မှာပဲ သနားစရာ

ကောင်းစွာ သေသွားခဲ့ရသည်။ ယင်စွမ်းအင်ပေါကြွယ်ဝမှုကြောင့် သူ့အော်သံ

က တောင်ကြားတစ်ခုလုံး ပျံ့လွင့်သွားခဲ့သည်။ ထိုအော်သံကြောင့်

ရန်ကိုင်နှင့် ရှနင်းချန်တို့၏ အမူအရာ ပျက်ယွင်းသွားခဲ့ပြီး အော်သံထွက်ပေါ်ရာ

နေရာသို့ နှစ်ယောက်စလုံး ပြိုင်တူလှည့်ကြည့်လိုက်ကြသည်။

သူတို့နောက်ယောင်ခံလိုက်နေရတယ်ဆိုတာ မသိခဲ့ပေ။ ဝမ်ဖေးချန်၏နောက်ယောင်ခံလိုက်တဲ့ စကေးကတော်တော်လေးကို ကောင်းမွန်ပေသည်။သူတို့ကြားက အကွာအဝေးက အရမ်းကြီး နီးကပ်မနေတဲ့အတွက် သူတို့ကို

ရှာတွေ့သွားမှာကိုလည်း စိုးရိမ်စရာမလိုပေ။ ရှနင်းချန်က ချီသန့်စင်ခြင်းအထွတ်အထိပ်အဆင့်ကို ရောက်နေပေမယ့်လည်း သူတို့နှစ်ဖွဲ့ကြားကအကွာအဝေးက တော်တော်လေးဝေးကွာနေတဲ့အတွက် နောက်ဘက်မှာ

ဘာတွေဖြစ်ပျက်နေလဲဆိုတာ အာရုံမခံနိုင်ခဲ့ပေ။

‘‘ဘယ်လိုလုပ်ပြီး အခြားသူတွေရှိနေရတာလဲ’’ ရှနင်းချန်က သူမ၏

မျက်ခုံးသွယ်သွယ်လေးနှစ်ခုကို ပူးကပ်ထားရင်း ပြောလိုက်သည်။

ရန်ကိုင်၏အမူအရာလည်း အေးစက်သွားခဲ့သည်။ စီနီယာမမလေး

ပြောတဲ့ပုံအရဆို ဒီတောင်ကြားက ဂျူလိုင်၇ရက်နေ့ကလွဲပြီး

သာမန်တောင်ကြားတစ်ခုပါပဲ။ ဘယ်လိုလုပ်ပြီး ဒီတောင်ကြားထူးခြားချက်ကို

အခြားသူတွေသိသွားရတာလဲ။

သူတို့နောက်မှာရှိတဲ့အဖွဲ့က တောင်ကြား၏ထူးခြားမှုကို သိလိုက်လာတာ

ဟုတ်ရင်ဟုတ်၊ မဟုတ်ရင် သူတို့နောက်ကို လိုက်လာတာပဲ ဖြစ်ရပေမည်။ဖြစ်နိုင်ချေနှစ်ခုအနက် ဒုတိတယတစ်ခုက ပိုပြီးဖြစ်နိုင်ချေများလေသည်။

သူတို့နောက်ကအဖွဲ့တွင် လူတော်တော်များများ ရှိနေခဲ့ပြီး အချို့ကတော့တောင်ကြားကိုဆင်းလာရင်း သေသွားကြပြီဖြစ်သည်။ ထိုအဖွဲ့ကသာဆေးပင်ရှာဖို့ ဒါမှမဟုတ် မိစ္ဆာသားရဲတွေကို အမဲလိုက်ဖို့လေနက်တောင်ထဲကိုဝင်လာတာမှန်ရင် ထိုကဲ့သို အဆင့်နိမ့်တဲ့ကျင့်ကြံသူတွေကိုခေါ်လာစရာမလိုသလို အဖွဲ့ကြီးတကားကားနဲ့လည်း လှုပ်ရှားစရာမလိုပေ။

‘‘ငါတို့တော့ပြဿနာတက်ပြီထင်တယ်’’ ရန်ကိုင်စိတ်ထဲတွင် အတွေး

ပေါင်းစုံဖြတ်သန်းပြေးလွှားနေခဲ့ပြီး ရှနင်းချန်ကို အကြံပေးလိုက်သည်

‘‘အရင်ပြေးကြရအောင်’’ ‘‘ကောင်းပြီ’’ ရှနင်းချန်က ခေါင်းညိတ်လိုက်သည်။

‘‘မင်းတို့ဘယ်သွားဖို့ စဉ်းစားနေကြတာလဲ’’ သူတို့နောက်ကနေ အေးစက်စက်

အသံတစ်သံထွက်လာခဲ့သည်။ ရုတ်တရက် သူတိှု့ရှေ့တွင် လူရိပ်တစ်ရိပ်

ပေါ်လာခဲ့ပြီး သူတို့လမ်းကိုပိတ်ထားလိုက်သည်။ ထိုလူ၏ရုတ်တရက်

ပေါ်ထွက်လာမှုကြောင့် ရန်ကိုင်နှင့် ရှနင်းချန်နှစ်ယောက်စလုံး

ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ သူတို့ဆီကို လက်ဝါးရိုက်ချက်တစ်ခု

ရောက်ရှိလာခဲ့ပြီး ပြိုင်တူရှောင်တိမ်းလိုက်ကြပြီး ချီစွမ်းအင်ကို

နိုးကြွားသတိဝီရိယရှိစွာနဲ့ လှည့်ပတ်ထားလိုက်ကြသည်။ ရန်ကိုင်အဖို့

ထိုလူ၏ရည်ရွယ်ချက်အစစ်အမှန်ကို မသိမချင်း ထိပ်တိုက်ရင်ဆိုင်ဖို့

စဉ်းစားမထားခဲ့ချေ။

ဝမ်းဖေးချန်က အရင်ဆုံးပြေးထွက်သွားခဲ့ပြီး ရန်ကိုင်နှင့် ရှနင်းချန်တို့

ထွက်ပြေးမယ့်လမ်းကို ပိတ်ထားလိုက်သည်။ တစ်ကြိမ်တိုက်ခိုက်ပြီးနောက်

နောက်တစ်ကြိမ် မတိုက်ခိုက်တော့ပဲ ထိုနေရာမှာပဲ တည်တည်ငြိမ်ငြိမ်နဲ့

ရပ်နေခဲ့သည်။ ရန်ကိုင်ကိုတော့ သူ့မျက်လုံးပင်မထည့်ပေ။ ဒါပေမယ့်

မျက်နှာကာဝတ်ထားတဲ့ ရှနင်းချန်ကို မြင်လိုက်ရတဲ့အချိန်မှာတော့

သူမ၏အလှကို ချီးကျူးမိလိုက်သည်။

သူမ၏မျက်နှာကို မမြင်ရသေးပေမယ့် မျက်လုံးလေးတွေကို ကြည့်ရုံနဲ့တင်

သူမအလှက သာမန်မဟုတ်ဘူးဆိုတာ သိနိုင်လေသည်။ သူမ၏

ကိုယ်လုံးကိုယ်ပေါက်ကလည်း လုံးဝကိုပြီးပြည့်စုံပေသည်။ ဆွဲဆောင်မှုရှိတဲ့

ရှနင်းချန်၏ မျက်လုံးလေးတွေကိုကြည့်ရင်း သူ့အောက်ခြေက ပူလောင်လာခဲ့သည်။

အကယ်၍ လုံးဟူသာ သူမရှေ့တွင်ရှိနေခဲ့ရင် ဘယ်လောက်တောင်

ရှက်စရာကောင်းတဲ့ အရာကိုလုပ်မိလိမ့်မယ်ဆိုတာကိုတောင်

သူမပြောနိုင်တော့ပေ။ ရှနင်းချန်နှင့် ရန်ကိုင်တို့က ဝမ်ဖေးချန်ကို သတိထားနေရင်း

စူးစိုက်ကြည့်နေခဲ့ကြသည်။

ရန်ကိုင်ခဗျာ ထွက်ပြေးမယ့် လမ်းကြောင်းကို ရှာဖွေသော်ငြားလည်း

ပြေးပေါက်တွေအကုန်လုံးကို ဝမ်ဖေးချန်က ချီစွမ်းအင်နဲ့ ပိတ်ဆို့ထားလေသည်။

ထိုနေရာမှာ ရပ်နေရုံနဲ့တင် သူတို့ထွက်ပြေးမယ့် လမ်းကြောင်းအကုန်လုံးကို

ပိတ်ဆို့ထားနိုင်လေသည်။ ‘‘အဲ့လူက အစစ်အမှန်ဒြပ်စင်အဆင့်ကပဲ…

ဂျူနီယာမောင်လေး အလောတကြီးမလုပ်နဲ့ဦး’’ ရှနင်းချန်က ရန်ကိုင်ကို

နူးညံ့စွာ သတိပေးလိုက်သည်။

အစစ်အမှန်ဒြပ်စင်အဆင့်လား…ရန်ကိုင်အသက်ရှုသံ နှေးကွေးသွားခဲ့ပြီး

သူ့သတိကို အဆုံးစွန်ထိ မြှင့်တင်ထားလိုက်သည်။ တစ်ခဏကြာပြီးနောက်


ထိုတပည့်တွေက ရန်ကိုင်နှင့် ရှနင်းချန်ကို ရက်စက်ကြမ်းကြုတ်တော့မယ့်

အသွင်နဲ့ စူးစိုက်ကြည့်နေကြသည်။

‘‘မင်းတို့က ဘယ်သူတွေလဲ’’ ရန်ကိုင်က ထိုလူတွေကိုကြည့်ရင်း မျက်မှောင်

ကြုံ့လိုက်သည်။ ထိုအဖွဲ့ထဲတွင် သူသိတဲ့လူတစ်ယောက်မှမပါဝင်ပေ။

သူ့စိတ်ထဲတွင် သံသယတွေ တဖြည်းဖြည်းမြင့်တက်လာခဲ့သည်။

အစကတော့ ထိုလူထဲတွင်ရန်ကိုင်သိတဲ့ လူတော်တော်များများ

ပါဝင်ခဲ့ပေသည်။ ဒါပေမယ့် သူတို့စွမ်းအားက နိမ့်ကျတဲ့အတွက်

ဒီကိုလာတဲ့လမ်းတစ်လျှောက်တွင် မိစ္ဆာသားရဲတွေစားသောက်တာ

ခံလိုက်ရပြီဖြစ်သည်။ နောက်ဆုံးကျန်တဲ့တစ်ယောက်ကလည်း

တောင်ကြားထဲကို ကန်ချခံရပြီး သေသွားခဲ့ပြီဖြစ်သည်။

‘‘ငါတို့ဘယ်သူလဲဟုတ်လား….မင်းကိုငရဲပို့မယ့်သူပဲကွ’’ လုံဟူက

ဝမ်ဖေးချန်နောက်ကနေ ထွက်လာပြီး အေးစက်စက်ပြုံးပြလိုက်သည်။

ရှနင်းချန်ကိုတွေ့တဲ့အချိန် သူ့မျက်လုံးတွေက စိမ်းလဲ့လဲ့အရောင်

တောက်ပသွားခဲ့ပြီး ရမက်ခိုးဝေနေတဲ့ မျက်လုံးတွေနဲ့ သူမကိုစားတော့

ဝါးတော့မတတ် စိုက်ကြည့်နေလိုက်သည်။

‘‘ကောင်းလိုက်တာ…ကောင်းလိုက်တာ…ဘယ်လောက်တောင်


ရှနင်းချန်က လုံဟူကို မနှစ်မြို့စွာကြည့်ရင်း ရန်ကိုင်နောက်ကို တိုးကပ်သွားခဲ့သည်။

သူမရင်ဘတ်က သူ့ကျောနဲ့ အလွန်နီးကပ်နေတဲ့အတွက် သူမ၏နူးညံ့အိစက်နေတဲ့

ပေါက်စီလေးနှစ်လုံးကို ခံစားမိနေခဲ့သည်။ ရန်ကိုင်နောက်မှာ ပုန်းလိုက်တာက

အခြားရည်ရွယ်ချက်ကြောင့်မဟုတ်ပဲ မိန်းမတွေရဲ့ ပင်ကိုအသိစိတ်ကြောင့်

ဖြစ်သည်။ သူ့ကျောဘက်ကို စောင့်ကြည့်ရင်း အလိုလိုတံတွေး မြိုချမိလိုက်သည်။

ဒီလို အသက်အန္တရာယ်ရှိနေတဲ့အချိန်တွင် သူ့စိတ်က လှိုင်ထန်းလေထန်ခြင်းက

အရှင်းမရှိ…ငြိမ်သက်နေသော ကန်ရေပြင်တစ်ခုအလား အကြွင်းမဲ့တည်ငြိမ်နေခဲ့သည်။

ခဏတုန့်ဆိုင်းနေပြီးနောက် မေးလိုက်သည်‘‘ဒီက လူကြီးလူကောင်းတို့ရာ…

ငါတို့ကြားမှာ ဘာတွေများမကျေနပ်ချက်တွေရှိလို့လဲ’’

အခုအချိန်တွင် ထိုအဖွဲ့က ဒီနေရာကို မတော်တဆရောက်လာမဟုတ်မှန်း

သိသွားခဲ့လေပြီ။ သူတို့တွေက သူတို့နှစ်ယောက်နောက်ကို နောက်ယောင်

ခံလိုက်လာတာပဲဖြစ်သည်။ မဟုတ်ရင် သူတို့အဖွဲ့ကို တွေ့တွေ့ချင်း ဘယ်လိုလုပ်ပြီး

ရန်ရှာဖို့ကြိုးစားပါ့မလဲ။

အဲ့လူတွေက ဘဏ္ဏာထိန်းမန်နဲ့ သူ့တပည့်ရဲ့ ရန်သူတွေလား။ ရန်ကိုင်က

ဖြစ်နိုင်ချေအမျိုးမျိုးကို စဉ်းစားတွေးတောနေခဲ့သည်။ တစ်ဘဝလုံးမှာ

တစ်ကြိမ်သာ သေနိုင်တဲ့အတွက် မသေခင်လေး ဘာကြောင့်သေရလဲဆိုတာကိုတော့ သိအောင်လုပ်ရပေလိမ့်မည်။

‘‘မကျေနပ်ချက်တွေလား…ရှိတာပေါ့’’အောင်မြင်မှုက သူ့လက်ထဲကို

ရောက်နေပြီဖြစ်တဲ့အတွက် လုံဟူကသူ့အဆင့်အတန်းကို ဖုံးကွယ်မထားတော့ပေ။

‘‘ကောင်လေး…ငါကသွေးတိုက်ပွဲဂိုဏ်း လက်ထောက်ဂိုဏ်းချုပ် လုံကျိုင်းရှန်ရဲ့မြေးပဲကွ။ မင်းကများ မိန်းကလေးမေးအာကို ကြံရဲတယ်။ ဒီလိုနေ့မျိုးရောက်လာမယ်လို့ မင်းတစ်ခါမှ မထင်ထားဘူးမလား’’

ရန်ကိုင် ကြောင်အသွားခဲ့သည်။ ဒီလူတွေက သူ့နောက်ကိုလိုက်လာတာက

ဒီကိစ္စကြောင့်ဖြစ်မယ်လို့ သူတစ်ခါမှ မထင်ထားခဲ့ပေ။ သူနှင့်မေးအာကသုံးကြိမ်သာ တွေ့ဆုံရသေးပြီး သူတို့ကြားက ဆက်ဆံရေးကလည်းအရမ်းကြီးရင်းရင်းနှီးနှီးမဟုတ်ပေ။ ဒါပေမယ့် အခြားတစ်ယောက်က မနာလိုပြီး သူ့ကိုအချစ်ပြိုင်ဘက်အဖြစ် သတ်မှတ်ခဲ့သည်။ ရန်ကိုင်က စိတ်ထဲမှာပဲ

သက်ပြင်းချလိုက်ပြီး ပြောစရာစကားမဲ့သွားခဲ့သည်။

ဒါပေမယ့် လုံကျိုင်းရှန်က သူမိုင်းတွင်တွေ့ခဲ့တဲ့ မြေခွေးအိုကြီးမှန်း

သတိရလိုက်သည်။ ထိုအချိန်တုန်းက အရှက်ခွဲခံရတာကို သူဘယ်တော့မှမေ့လိမ့်မည်မဟုတ်ပေ။

လုံဟူပြောတာကိုကြားတာနဲ့ နူလန်းကလည်း သုန်မှုန်စွာနဲ့ ပြောလိုက်သည်

‘‘နူတောင်းက ငါ့ညီပဲ ။ သူနဲ့ချန်ရှောင်ဖုန်းတို့ ပျောက်နေတာတော်တော်ကြာပြီ။

အဲ့ဒါ မင်းလုပ်တာလား’’ ထို့နှစ်ဖွဲ့ကိုကြည့်ရင်း ဘာတွေဖြစ်နေလဲဆိုတာကို

သူအလုံးစုံ နားလည်သွားခဲ့လေပြီ။ ရှနင်းချန်ကို သူ့ပြဿနာထဲ ဆွဲခေါ်မိသွားခဲ့ပြီဖြစ်သည်။

အသက်ပြင်းပြင်းရှုလိုက်ပြီး ကြောက်ရွံ့ခြင်းကင်းတဲ့ မျက်နှာနဲ့ ရှနင်းချန်ကိုကြည့်လိုက်ပြီး သူမလက်ကလေးကို နူးညံ့စွာဆုပ်ကိုင်လိုက်သည်။ထို့နောက်

သူမကိုတိုးတိုးလေး ပြောလိုက်သည်‘‘ ဒါကငါ့ကိစ္စပဲ။ မင်းဝင်ပါစရာ

မလိုဘူး။ အခွင့်အရေးရှာပြီး ပြေးတော့’’

ဒါကသူ့ပြဿနာဖြစ်တဲ့အတွက် ရှနင်းချန်ကို ဝင်ပက်သက်ခိုင်းလို့

မဖြစ်ပေ။ သူမကို ထွက်ပြေးခိုင်းမှသာ သူ့စိတ်ထဲက အလုံးကြီး

ကျသွားပေလိမ့်မည်။ ရန်ကိုင်အသံက တိုးလျနေပေမယ့်လည်း ဒီမှာ

ရှိနေတဲ့လူအကုန်လုံးက ကြားလိုက်ပေသည်။

လုံဟူက ရယ်မောလိုက်ပြီး‘‘ပြေးဖို့လား။ အဲ့လောက်လွယ်မယ်လို့

မင်းထင်နေတာလား။ ဒီသခင်လေးက မင်းနောက်ကို ဒီလောက်ကြာအောင်

လိုက်လာမှတော့ အလွယ်တကူလွှတ်ပေးမယ်လို့ ထင်နေတာလား။

ရန်ကိုင်…မင်းကတော့ ချွင်းချက်မရှိသေကိုသေရမယ်။ မင်းသေပြီးရင်တော့

ဒီမိန်းမက ငါ့ရဲ့ကစားစရာ အရုပ်ကလေးဖြစ်လာရမှာပေ့ါ။ စိတ်လျှော့ထား

လိုက်စမ်းပါကွာ…ငါသူ့မကို ချက်ချင်းမသတ်သေးပါဘူး။ သူမ သေချင်ရင်တောင်

သေလို့မရသေးဘူးလေ…ဟားဟားဟား’’

ရန်ကိုင်မျက်နှာက အေးစက်သွားခဲ့ပြီး ဒေါသတကြီးအော်လိုက်သည်

‘‘ပြေးတော့’’ထို့နောက်ရှနင်းချန်လက်ကို ဆုပ်ကိုင်လိုက်ပြီး သူမ၏

အံ့သြနေတဲ့ အကြည့်အောက်မှာပဲ အားကုန်သုံးကာ သူမကိုပစ်လွှင့်

လိုက်လေသည်။

‘‘ကောင်းလိုက်တဲ့အကြံ’’ ဝမ်ဖေးချန်က အေးစက်စက်ပြုံးလိုက်ပြီး

သူ့နေကနေ ချက်ချင်းပျောက်ကွယ်သွားက ရှနင်းချန်၏ကျောကို

လက်ဝါးချက်တစ်ချက် ရိုက်ထုတ်လိုက်လေသည်။

Martial Peak

အထွတ်အထိပ် သိုင်းဧကရာဇ်

အပိုင်း (၉၃) ဂျူလိုင်လ ၇ရက်နေ့ ယင်ချီတွေစုဝေးသည်

ဝမ်ဖေးချန်၏ ရိုက်ချက်က ရှနင်းချန်ကို သတ်ဖို့ရည်ရွယ်တာမဟုတ်ပဲ

ပြေးပေါက်ပိတ်သွားစေဖို့ ရည်ရွယ်ထားတာပဲဖြစ်လေသည်။ ကံကောင်းစွာပဲ

ရှနင်းချန်က မြန်မြန်ဆန်ဆန်ပဲ တုန့်ပြန်နိုင်ခဲ့လေသည်။

ရန်ကိုင်၏အမှတ်မထင် လုပ်ရပ်က သူမကိုအံ့အားသင့်သွားစေသော်လည်း

ဝမ်ဖေးချန်၏ ရိုက်ချက်ကသူမကိုထိမှန်သွားခဲ့တဲ့အတွက် ထိုရိုက်ချက်အရှိန်ကို

အားယူကာ ရန်ကိုင်ဘေးနားကို ဖြေးညှင်းစွာဆင်းသက်လာခဲ့သည်။ ‘‘ဟေး’’

ထိုအခြင်းအရာကို ကြည့်ရင်း ရန်ကိုင်စိတ်ထဲမှာပဲ သက်ပြင်းချလိုက်သည်။

အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတစ်ယောက်က ကောင်းစွာ

လေ့ကျင့်ပေးထားတဲ့ မြင်းစစ်သည်တော်များစွာနဲ့ ညီမျှလေသည်။

အစကတုန်းက ထွက်ပြေးဖို့မျှော်လင့်ချက်ရေးရေးလေးရှိသေးပေမယ့်

အခုအချိန်မှာတော့ သူတို့တကယ်ကံဆိုးမိုးမှောင်ကျပြီဖြစ်သည်။

‘‘အရှင်သခင်ဝမ်၊ မိန်းကလေးကိုငါ့ဆီခေါ်လာပေးစမ်းပါ။ သူမနောက်တစ်ကြိမ်

ထွက်ပြေးဖို့ကြိုးစားရဲရင်….’’ လုံဟူက ကောက်ကျစ်စဉ်းလဲစွာ ပြုံးလိုက်ပြီး

အေးစက်စက်ပြောလိုက်သည်‘‘ သူမခြေလက်တွေကို ချိုးပစ်လိုက်။

သူမမျက်နှာလေးကိုတော့ အရမ်းကြီးမထိခိုက်စေနဲ့။ မျက်နှာကာ

နောက်ကွယ်မှာ ဘယ်လိုပြိုင်ဘက်ကင်းတဲ့ မျက်နှာလေးရှိမလဲဆိုတာ

ငါသိချင်သေးတယ်’’

ဝမ်ဖေးချန်က ပြုံးပြလိုက်ပြီး‘‘သခင်လေးလုံ၊ အေးအေးဆေးဆေးသာ နေလိုက်ပါ။

သူမ ထွက်ပြေးလို့မရစေရပါဘူး’’ သူတို့တိုက်ခိုက်နေတုန်း ရှနင်းချန်ကို

မတော်တဆ ထိခိုက်မိပြီး လုံဟူကသူ့ကိုအပြစ်တင်မှာကို စိုးရိမ်နေတာပဲဖြစ်သည်။

ဒါပေမယ့် သူမခြေလက်တွေကို ချိုးပစ်လို့ရတယ်လို့ပြောပြီးမှတော့

ဝမ်ဖေးချန်အဖို့ စိတ်ပူစရာမလိုတော့ပေ။

သခင်လေးလုံက အလွန်ရည်မှန်းချက်ကြီးပေသည်။ ဒါပေမယ့် သူ့အတိုင်းအတာကို

လည်းသူသိပေသည်။ သူထိုမိန်းကလေးနဲ့ မနိုင်ဘူးဆိုတာသိပေသည်။

ဒါပေမယ့် သူသာသူမခြေလက်တွေကို မသန်မစွမ်းဖြစ်အောင် လုပ်လိုက်ရင်

သူမပြန်ပြီး တိုက်ခိုက်တုန့်ပြန်နိုင်တော့မည်မဟုတ်ပေ။ သူတို့နှစ်ယောက်

ပြောနေတာကို ရန်ကိုင်နှင့်ရှနင်းချန်တို့ ကြားလိုက်တာနဲ့ အောနှလုံးနာသလို

ခံစားလိုက်ရသည်။

ဝမ်ဖေးချန်က စူးရှပီသတဲ့အသံနဲ့ပြောလိုက်သည်‘‘မိန်းကလေး…နင်လည်း

သခင်လေးလုံပြောတဲ့စကားကိုကြားတာပဲ။ နင်သာသိတတ်တယ်ဆိုရင်

အေးအေးဆေးဆေးလေး လှဲနေလိုက်။ နင့်ကိုမထိခိုက်စေရဘူးလို့ ငါကတိ

ပေးတယ်။ ဒါပေမယ့် နင်ဆက်ပြီးခုခံနေမယ်ဆိုရင်တော့ ငါ့လက်က

ငြိမ်နေမှာမဟုတ်တော့ဘူးနော်’’ ရှနင်းချန်က ပြန်ခံပတ်လိုက်သည်

‘‘မျဖစ္နုိင္ဘူူး’’

‘‘အဲ့လိုဆိုလည်း ကောင်းပြီလေ’’ ဝမ်ဖေးချန်က အေးစက်စက်ပြုံးလိုက်ပြီး

‘‘နင့်ဘာသာ ဒီလိုဖြစ်အောင်လုပ်လိုက်တာပဲ’’´

သူ့အသံပျောက်ကွယ်သွားတာနဲ့ သူ့ခန္ဓာကိုယ်က ပျံလွှားငှက်တစ်ကောင်

အလားပျံဝဲသွားလိုက်ပြီး သူ့လက်ဖဝါးအစုံက အစစ်အမှန်ဒြပ်စင်အဆင့်

ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားတွေ ပေါက်ကွဲထွက်လာခဲ့သည်။

ကျားဟိန်းသံလိုအသံထွက်ပေါ်လာခဲ့ပြီး ရုတ်တရက် သူ့စွမ်းအားတွေက

အပိုင်းပိုင်း ခွဲထွက်သွားပြီး ရှနင်းချန်ဆီ တိုးဝင်သွားခဲ့သည်။

ထိုတိုက်ခိုက်မှု၏ စွမ်းအားကိုခံစားမိတာနဲ့ ရှနင်းချန်လည်း အလေးအနက်

ဖြစ်သွားခဲ့သည်။ သူမ၏ဖြူလွလွ လက်အစုံက ကချေသည်မလေးတစ်ယောက်၏

လက်ကလေးတွေသဖွယ် လှုပ်ရှားသွားခဲ့ပြီး သူမလက်ချောင်းထိပ်တွင်

ချီစွမ်းအားတွေကို စုစည်းကာ သူမနဖူးက အပြာရောင်ကျောက်ကို ထိလိုက်သည်။

ထို့နောက် ကြမ်းတမ်ပြင်းထန်တဲ့ ချီစွမ်းအာတွေ ပေါက်ကွဲထွက်လာခဲ့သည်။

သူမအပြာရောင်ကျောက်ကနေ ထွက်ပေါ်လာတဲ့ စွမ်းအားက

ပေါ့သေးသေးမဟုတ်ပေမယ့် ဝမ်ဖေးချန်၏တိုက်ခိုက်မှု အစုံကိုုခုခံ

ကာကွယ်နိုင်ခြင်းမရှိပါချေ။ တစ်ခဏအတွင်းမှာပဲ တိုက်ခိုက်မှုက

ရှနင်းချန်ရှေ့ကို ရောက်ရှိလာခဲ့သည်။

ထိုအဖြစ်အပျက်တွေက တစ်ခဏအတွင်း ဖြစ်ပျက်သွားခဲ့ပြီး ရန်ကိုင်အဖို့

တုန့်ပြန်ချိန်တောင် မရလိုက်ပေ။ တိုက်ခိုက်မှုပေါင်းများစွာက

ရှနင်းချန်ဆီ တစ်ခုပြီးတစ်ခု တိုးဝင်သွားခဲ့သည်။ ထိုတိုက်ခိုက်မှုတွေက

သူကိုပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေခဲ့ပြီး ရုတ်တရက် သူမနဖူးရှိ

အပြာရောင်ကျောက်ကလေးက ဆန်းကြယ်နက်နဲတဲ့ လှိုင်းတွန့်ကလေးတွေ

ထုတ်လွှတ်လာခဲ့ပြီး စက်ဝိုင်းပြတ်အလင်းရောင်ကိုလည်း ထုတ်လွှတ်ပေးလိုက်ပြီး

ရန်ကိုင်နဲ့သူမတို့နှစ်ယောက်စလုံးကို အပြည့်အဝဖုံးကွယ်ထားလိုက်သည်။

ဝမ်ဖေးချန်၏ တိုက်ခိုက်မှုက အလင်းအကာအရံနဲ့ ထိတွေ့သွားချိန်မှာတော့

ရေထဲကျသွားတဲ့အလား အလင်းအကာအရံထဲက စုပ်ယူသွားခဲ့သည်။

ရှနင်းချန်က ထိုနေရာမှာပဲ အမူအရာမဲ့စွာနဲ့ ရပ်နေခဲ့ပြီး သူမမျက်နှာတော့

မိုးပြိုတော့မတတ်ဖြစ်နေခဲ့သည်။ ဝမ်ဖေးချန်က မြေကြီးပေါ်ကို

ပြန်ကျလာခဲ့ပြီး အလင်းအကာအရံကို ထိတ်လန့်အံ့သြမှုအပြည့်နဲ့

စူးစိုက်ကြည့်နေခဲ့သည်။

ထို့နောက် အသံအက်အက်ကြီးနဲ့ ပြောလိုက်သည်‘‘ကောင်းကင်အဆင့်ရတနာ’’

သူ့ပါးစပ်က ထိုစကားလုံးတွေ ထွက်သွားတာနဲ့ လုံဟူအပါအဝင် လူတိုင်း၏

မျက်လုံးတွေက နီရဲလာခဲ့သည်။ သူတို့မျက်လုံးထဲတွင် လိုချင်တပ်မက်မှုက

လွဲပြီးအခြားမရှိတော့ချေ။

‘‘မင်းဘာပြောလိုက်တာလဲ’’ လုံဟူက ရှနင်းချန်ဆီကနေ အကြည့်လွှဲလိုက်ပြီး

ဝမ်ဖေးချန်ကိုကြည့်ကာ မေးလိုက်သည်။ သူအသံက အနည်းငယ်

တုန်ခါနေခဲ့ပြီး ‘‘အရှင်သခင်ဝမ်၊ ခုဏတုန်းက မင်းဘာပြောလိုက်တာလဲ’’

ဝမ်ဖေးချန်၏ ပါးတွေကတုန်ရီနေခဲ့ပြီး သူ့မျက်လုံးတွေကတော့

လိုချင်တပ်မက်မှုတွေနဲ့ ပြည့်နေခဲ့သည်။ တံတွေးတစ်လုပ်မျိုချလိုက်ပြီး

ပြောလိုက်သည်‘‘ကောင်းကင်အဆင့်ရတနာ…ငါ့တိုက်ခိုက်မှုကို ဒီလောက်

လွယ်လွယ်နဲ့ ခုခံနိုင်လိုက်တာ ကောင်းကင်အဆင့်ရတနာပဲဖြစ်ရမယ်’’

‘‘မင်းတကယ်ပြောနေတာလား’’ လုံဟူခင်ဗျာ အလွန်အမင်းစိတ်လှုပ်

ရှားသွားခဲ့ရသည်။ အမှိုက်တစ်စထက်မပိုတဲ့ ရန်ကိုင်ကိုသတ်ချင်တဲ့စိတ်ကြောင့်

သူ့နောက်လိုက်ရင်းကနေ မိန်းမလှလေးတစ်ယောက် ရရုံမက

ကောင်းကင်အဆင့်ရတနာတစ်ခုလည်း ရတော့ပေမည်။ ကောင်းကင်အဆင့်

ရတနာတွေက အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေဖြစ်ပြီး သွေးတိုက်ပွဲ

ဂိုဏ်းခေါင်းဆောင်ဟူမန်မှာတောင် ထိုကဲ့သို့ရတနာတစ်ခုပဲရှိပေသည်။

ကောင်းကင်အဆင့်ရတနာသာ သူ့အဖိုးလက်ထဲရောက်သွားခဲ့ရင်

သူ့ခွန်အားကို အဆင့်တစ်ခုအထိ တိုးမြှင့်နိုင်ပြီး သွေးတိုက်ပွဲဂိုဏ်းခေါင်းဆောင်

ဟူမန်တောင် သူ့ပြိုင်ဘက်ဖြစ်နိုင်တော့မည်မဟုတ်ပေ။

‘‘အဲ့ရတနာကိုငါတို့ရအောင်ယူရလိမ့်မည်’’ လုံဟူက စိတ်လှုပ်ရှားစွာ

အော်ဟစ်လိုက်ပြီး‘‘ အရှင်သခင်ဝမ်၊ အဲ့ရတနာကိုသာ မင်းရအောင်

ယူနိုင်ခဲ့ရင် အနာဂတ်မှာ လက်ထောက်ဂိုဏ်းချုပ်ရာထူးကို မင်ရစေရမယ်’’

ထိုစကားကို ကြားလိုက်တာနဲ့ ဝမ်ဖေးချန်စိတ်အားတက်ကြွသွားခဲ့ပြီး

‘‘သခင်လေးလုံရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်’’

ပြောသာပြောခဲ့ရပေမယ့် ကောင်းကင်အဆင့် ရတနာရဲ့ အကာအကွယ်ကို

ချိုးဖျက်ဖို့က အဲ့လောက်လွယ်ကူနေလိမ့်မည်မဟုတ်ပေ။ သူ့ရဲ့အစောပိုင်း

တိုက်ခိုက်မှုကိုတောင် ပျက်ပြယ်သွားစေနိုင်တဲ့ ထိုရတနာရဲ့ခုခံကို

ချိုးဖျက်ဖို့တော်တော်လေး ခက်ခဲမယ်ဆိုတာ သူသိပေသည်။

ဒါပေမယ့် ကံကသူ့ဘက်မှာဖြစ်နေခဲ့သည်။ ထိုမိန်းကလေးရဲ့ ကျင့်ကြံခြင်း

အဆင့်နဲ့ ရန်ကိုင်နဲ့ သူမကိုယ်သူအချိန်အတိုင်းအတာ တစ်ခုအထိသာ

ကာကွယ်ပေးနိုင်လိမ့်မည်။ သူသာအဆက်မပြတ်တိုက်ခိုက်နေခဲ့ရင်

ထိုအကာအကွယ်ကို ချိုးဖျက်ဖို့ သူ့မှာအခွင့်အရေးရှိသေးပေသည်။

‘‘စတော့’’ ထိုအကြောင်းကိုတွေးရင် ဝမ်ဖေးချန်က အလင်းအကာအရံကို

စတိုက်ခိုက်တော့လေသည်။ တစ်ချိန်တည်းမှာပဲ သွေးတိုက်ပွဲဂိုဏ်းက

တစ်ခြားဆရာသခင်တွေကလည်း အကာအရံကို ရက်စက်ကြမ်းကြုတ်စွာ

ဝိုင်းတိုက်ခိုက်ကြလေသည်။

မိုးသီးမိုးပေါက်ပမာ တိုက်ခိုက်မှုတွေအောက်မှ အလင်းအကာအရံပေါ်တွင်

လှိုင်းတွန့်ကလေးတွေ ဖြစ်ပေါ်လာခဲ့သည်။ ဒါပေမယ့် ရန်ကိုင်နှင့်ရှနင်းချန်ကို

ကာကွယ်ပေးထားတဲ့ အလင်းအကာအရံက အကောင်းပကတိရှိနေသေးခဲ့ပြီး

တိုက်ခိုက်မှုတွေအားလုံးက ရေထဲကိုကျသွားတဲ့ ကျောက်တုံးတစ်တုံးလေး

ပမာ ပျက်ပြယ်သွားခဲ့ရသည်။

ခုလက်ရှိအခြေအနေကြောင့် ရန်ကိုင်အဖို့ ထွက်ပြေးလွတ်မြောက်နိုင်ဖို့

မျှော်လင့်ချက် ရေးရေးလေးရှိလာခဲ့ပြီး သူ့မျက်လုံးတွေကတော့

မျှော်လင့်ချက်အရောင်တလက်လက်တောက်ပနေခဲ့သည်။ သူ့ခေါင်းထဲတွင်

ဘယ်လိုထွက်ပြေးရမလဲဆိုတဲ့ အတွေးတွေလျင်မြန်စွာပြေးလွှားနေခဲ့ပြီး

အကာအရံမပျောက်ကွယ်ခင် ထွက်ပြေးနိုင်မယ့်လမ်းကြောင်းတစ်ခုကို

ကြိုးစားရှာဖွေနေခဲ့သည်။

‘‘ဂျူနီယာမောင်လေး ၊ နင်ကြောက်လား’’ ရှနင်းချန်က ရုတ်တရက်မေးလိုက်သည်။

‘‘အန်…’’ ရန်ကိုင်က ရှနင်းချန်ကို လှည့်ကြည့်လိုက်သည်။

‘‘ငါ့တို့ဒီနေရာမှာပဲ သေသွားနိုင်တယ်။ နင်ကြောက်နေလား’’

‘‘ဘာကိုကြောက်ရမှာလဲ….စီနီယာမမလေးက

ကြောက်နေတာလား’’´ရန်ကိုင်ကပြောလိုက်ပြီး

ဘေးတစ်ဖက်မှာ ရပ်နေတဲ့လုံဟူကိုကြည့်လိုက်သည်။ ထိုလူကိုသာ

ဖမ်းနိုင်ခဲ့ရင် ပြဿနာအားလုံးကို ဖြေရှင်းပြီးသားဖြစ်သွားပေလိမ့်မည်။

ဒါပေမယ့် သူ့ကိုကာကွယ်နေတဲ့ သွေးတိုက်ပွဲဂိုဏ်းက ဆရာသခင်တွေကို

ဖောက်ထွက်ဖို့ကတော့ လွယ်ကူမနေခဲ့ပေ။ ရှနင်းချန်တောင် ထိုကဲ့သို့

လုပ်နိုင်ဖို့မဖြစ်နိုင်လောက်ပေ။

‘‘ငါမကြောက်ပါဘူး’’ ရှနင်းချန်က နွေးထွေးစွာပြုံးပြလိုက်သည်

‘‘သူတို့လုပ်ရပ်ကြောင့် ဖြစ်လာမယ့်အကျိုးဆက်ကို သူတို့မသိကြဘူး’’

ရန်ကိုင်ကထိတ်လန့်သွားခဲ့သည်။ သူမစကားလုံးတွေ၏ အဓိပ္ပါယ်ကို

ဖော်ဖို့ကြိုးစားနေတုန်းမှာပဲ တောင်ကြားတစ်ခုလုံး အရောင်ပြောင်းသွားခဲ့သည်။

ညသန်းခေါင်အချိန်……

ဂျူလိုင်လရရက်နေ့မှာ ယင်ချီတွေစုဝေးလိမ့်မယ်။ ယင်ကိုးသွယ်နှင်းပုံဆောင်ခဲ

ဖြစ်တည်မွေးဖွားလာမယ့် နေရာတွင်ရုတ်တရက် မှုန်မှိုင်းအေးစက်နေတဲ့

ယင်စွမ်းအင်လှိုင်းတွေ မြေကြီးထဲကနေ တစ်လှိုင်းပြီးတစ်လှိုင်း

ထွက်ပေါ်လာခဲ့သည်။ ထိုယင်ချီတွေက ကမ္ဘာမြေကြီးကို တစ်မျိုးတစ်ဖုံ

ပြောင်းလဲသွားစေခဲ့သည်။ ထိုအရာတွေက တဖြည်းဖြည်းသိပ်သည်းလာခဲ့ပြီး

ကြည့်မိသူတိုင်းကို တုန်လှုပ်ခြောက်ခြားသွားစေနိုင်လေသည်။

မျက်တောင်တစ်ခတ်အတွင် တောင်ကြားထဲက အပူချိန်က တစ်ဟုန်ထိုး

ကျသွားခဲ့ပြီး ရိုးတွင်းချင်ဆီထိအောင် အေးစက်လာခဲ့သည်။

သွေးတိုက်ပွဲဂိုဏ်းက ဆရာသခင်တွေလည်း လေထုထဲကယင်ချီတွေက

သူတို့စွမ်းအင်တွေကို စုပ်ယူနေတယ်ဆိုတာ ရုတ်တရက်သိလိုက်သည်။

ထိုယင်ချီတွေက သူတို့ကိုနေရထိုင်ရ မသက်သာစေသော်လည်း

သူတို့အသက်ကိုတော့ မခြိမ်းခြောက်နိုင်ပေ။ သူတို့ချီစွမ်းအင်ကို

လှည့်ပတ်နိုင်နေသရွေ့ ထိုကိစ္စက ပြဿနာကြီးတစ်ခုမဟုတ်ပေ။

ဒါပေမယ့် မုန်တိုင်စံအိမ်က တပည့်တွေအတွက်တော့ သူတို့ကျင့်ကြံခြင်းအဆင့်က

နိမ့်ပါးနေတဲ့အတွက် ယင်ချီတွေကို အချိန်အကြာကြီး တောင့်ခံ

နိုင်လိမ့်မည်မဟုတ်ပေ။ သူတို့သာဒီမှာဆက်နေရင် ချီစွမ်းအင်ကုန်သွားတာနဲ့

အေးခဲပြီးသေသွားမှာပဲဖြစ်သည်။

ချက်ချင်းပဲ တောင်ကြားတစ်ခုလုံး ယင်ချီတွေနဲ့ ဖုံးလွှမ်းသွားခဲ့သည်။ ရှနင်ချန်က

ရုတ်တရက် လှုပ်ရှားလိုက်ပြီး သူမအသွင်အပြင် ကကြိုးသီနေသည့်နှယ်

ကျသရေရှိလှပေသည်။ သူမလက်ကွက်အမျိုးမျိုးကို ပုံဖော်ပြီးတာနဲ့ သူမချီစွမ်းအင်

တွေက အစိတ်အပိုင်းအများကြီးအဖြစ် ခွဲထွက်သွားခဲ့ပြီး ပျံ့လွင့်သွားခဲ့သည်။

Martial Peak

အထွတ်အထိပ် သိုင်းဧကရာဇ်

အပိုင်း (၉၄) ချိပ်ပိတ်ခြင်း

ရှနင်းချန်၏ အမျိုးအမည်မသိသော လက်ကွက်လှုပ်ရှားမှုကြောင့်

တောင်ကြားထဲမှာရှိတဲ့ ယင်ချီတွေက ပြင်းပြင်းထန်ထန် တုန့်ပြန်လာခဲ့သည်။

သေချာကြည့်မယ်ဆိုရင် တောင်ကြာတစ်ခုလုံး ဆူပွက်နေတဲ့ ရေနွေးအိုးတစ်လုံး

လိုဖြစ်နေပြီး ယင်ချီတွေက အသက်ရှိနေသည့်အလား အဆက်မပြတ် လှည့်ပတ်

နေခဲ့သည်။

‘‘မကောင်းတော့ဘူး’’ဝမ်ဖေးချန်က အော်လိုက်သည်။ ရှနင်းချန်ဘာလုပ်နေလဲဆိုတာ

သူမသိပေမယ့် အစစ်အမှန်ဒြပ်စင်အဆင့်၅ ကျင့်ကြံသူတစ်ယောက်အနေနဲ့

ရှနင်းချန်ုလုပ်နေတာက သူတို့အတွက်ကောင်းတာမဟုတ်မှန်းတော့

သိနေခဲ့သည်။ ရှနင်းချန်က အစောပိုင်းတုန်းက တောင်ကြားပတ်ပတ်လည်တွင်

အစီအရင်တစ်ခုကို ခင်းကျင်းထားခဲ့ပြီး အခုအချိန်မှာတော့ ထိုအစီအရင်ကို

အသက်သွင်းနေတာပဲဖြစ်လေသည်။ သူမသာ ထိုအစီအရင်ကို

အမှန်တကယ် အသက်သွင်းနိုင်ခဲ့ရင် အခြေအနေတွေက တစ်မျိုးတစ်ဖုံ

ပြောင်းလဲသွားနိုင်ပေသည်။

‘‘အားစိုက်ကြ၊ ဒီအလင်းအကာအရံကို မြန်မြန်ချိုးဖျက်နိုင်အောင်

ငါ့ကိုကူညီပေးစမ်းပါ’’ ဝမ်ဖေးချန်က အော်ပြောလိုက်သည်။ ရှနင်းချန်

အစီအရင်ကို အသက်မသွင်းနိုင်ခင် သူမကိုရအောင် ဖမ်းရပေမည်။

မဟုတ်ရင် ကိစ္စတွေကဆုံးတော့မည်မဟုတ်ချေ။ ‘‘မင်းတို့လည်းလာခဲ့…

မဟုတ်ရင် ငါမင်းတို့ကိုသတ်မှာ’’ ဝမ်ဖေးချန်က ဘေးမှာရပ်နေတဲ့

မုန်တိုင်စံအိမ်တပည့်တွေကို ခြိမ်းခြောက်လိုက်သည်။

နူလန်းတို့အဖွဲ့လည်း တုန့်ဆိုင်းမနေရဲပေ။ တကယ်တော့ ဒီလိုတိုက်ပွဲမျိုးတွင်

သူတို့ခွန်အားနဲ့ ဘာမှအသုံးဝင်လိမ့်မည်မဟုတ်ပေ။ ဒါပေမယ့် ဝမ်ဖေးချန်က

သူတို့ကိုကူညီဖို့ခေါ်နေတဲ့အတွက် မသွားလို့လည်းမဖြစ်ပေ။ သူ့တို့စွမ်းအားက

နိမ့်ကျပေမယ့် စုပေါင်းတိုက်ခိုက်ရင်တော့ အလင်းအကာအရံစွမ်းအာကို

အနည်းငယ်ကုန်ဆုံးသွားအောင်တော့ လုပ်နိုင်ပေသည်။

လူ၁၂ယောက်က ရှိရှိသမျှအားကုန်သုံးပြီး အလင်းအကာအရံကို စုပေါင်း

တိုက်ခိုက်နေကြသည်။ လှိုင်းတွန့်လေးတွေပေါ်လာပြီး အကာအရံကပြိုကွဲ

တော့သယောင် ထင်နေရပေမယ့်လည်း သူတို့၏တိုက်ခိုက်မှုတွေကို

ကြံကြံခံခုခံနိုင်ဆဲပင်။

ရန်ကိုင်စိတ်ထဲ တလှပ်လှပ်ဖြစ်နေခဲ့သည်။ သူမကိုကူညီချင်ပေမယ့်လည်း

သူ့စွမ်းအာက နိမ့်ကျနေတဲ့အတွက် ဘာဆိုဘာမှမလုပ်နိုင်ခဲ့ပေ။ ထို့ကြောင့်

ရှနင်းချန်ဘေးမှာသာ ရပ်နေခဲ့ပြီး အကာအရံကျိုးပျက်ခဲ့တဲ့အချိန်ကျရင် သူ၏မဖြစ်စလောက် စွမ်းအားလေးနဲ့ သူမကိုအနည်းအကျဥ်းတော့ ကာကွယ်ပေးနိုင်လောက်ပေသည်။

ရှနင်းချန်၏ လက်ကွက်လှုပ်ရှားမှုက ပိုမြန်ဆန်လာခဲ့ပြီး အရိပ်တွေပဲ

ထင်ကျန်ခဲ့လေတော့သည်။ ယင်ချီတွေကလည်း ပိုပြီးရက်စက်ကြမ်းကြုတ်

ခြောက်ချားစွာ တိုက်ခတ်လာခဲ့ပြီး တစ္ဆေအော်မြည်သံအလား

လူတိုင်း၏စိတ်နှလုံးကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။

ဝမ်းဖေးချန်၏ မျက်နှာက လိုချင်တပ်မက်မှုနဲ့ ပြည့်နေခဲ့ပြီး အကာအကွယ်

ရတနာ၏အဆင့်အတန်းကို သူအထင်သေးမိသွားခဲ့လေပြီ။ ထိုရတနာက

အနည်းဆုံးကောင်းကင်အဆင့်မြင့်ရတနာတစ်ခု ဖြစ်ရပေမည်။ မဟုတ်ရင်

လူ၁၂ယောက်ထက်မက ပူးပေါင်းတိုက်ခိုက်မှုကို အချိန်အကြာကြီး

တောင့်ခံထားနိုင်ခဲ့မည် မဟုတ်ချေ။

ကောင်းကင်အဆင့်မြင့်ရတနာ….ဒီလိုအရာမျိုးက အင်မော်တယ်တက်လှမ်းခြင်း

အဆင့်ကျင့်ကြံသူတွေ၏ တိုက်ခိုက်မှုကိုတောင် ခုခံပေးနိုင်သည့် ရတနာမျိုးဖြစ်သည်။

ဒီလိုရတနာမျိုးကိုသာ ပိုင်ဆိုင်ထားခဲ့ရင် အသက်အပိုတစ်ချောင်းရထားတာနဲ့

အတူတူပင်ဖြစ်သည်။

အမွှေးတိုင်တစ်ချောင်စာလောက် ကြာတဲ့အချိန်မှာတော့ အလင်းအကာအရံပေါ်တွင်

အက်ကြောင်းရာ သေးသေးလေးပေါ်လာခဲ့သည်။ အက်ကြောင်းပေါ်လာတာနဲ့

ရှနင်းချန်၏ မျက်နှာဖြူစွတ်သွားခဲ့သည်။ အကာအကွယ်ရတနာကို အသုံးပြုဖို့

သူမ၏ချီစွမ်းအင်ကို အသုံးပြုရပြီး အစီအရင်ကို အသက်သွင်းဖို့ သူမ၏

ချီစွမ်းအင်ကိုလည်း အသုံးပြုရပေသည်။

မျှော်လင့်ချက်အရိပ်အယောင်လေးကို မြင်လိုက်တာနဲ့ ဝမ်ဖေးချန်က

ကျန်တဲ့သူတွေကို ပိုပြီးအားစိုက်တိုက်ခိုက်ဖို့ အမိန့်ပေးလိုကသ်ည်။

သူ့စွမ်းအင်ကို အဆုံးစွန်ထိုမြင့်တင်လိုက်ပြီး အကာအရံကို သဲကြီးမဲကြီး

တိုက်ခိုက်နေခဲ့သည်။ အားပြင်းတဲ့ လက်ဝါးတစ်ချက်ရိုက်ထုတ်ပြီးတာနဲ့

အကာအရံက တုန်ခါသွားခဲ့ပြီး ရှနင်းချန်၏ ကိုယ်လုံးသေးသေးလေးကလည်း

တုန်ခါသွားခဲ့သည်။ ထိုရိုက်ချက်ကြောင့် သူမမျက်နှာ ပိုပြီးဖြူလျော်လာခဲ့သည်။

ခရက်..ခရက်..ခရက်……နောက်ဆုံးမှာတော့ အလင်းအကာအရံတွင်

ပင့်ကူအိမ်လို အက်ကြောင်းရာတွေနဲ့ ပြည့်လာခဲ့သည်။

‘‘ဟားဟားဟား’’ သူအကျယ်ကြီး အော်ရယ်လိုက်သည်။ သူအားပြင်းပြင်းနဲ့

နောက်တစ်ကြိမ် တိုက်ခိုက်လိုက်တာနဲ့ အကာအရံကျိုးပျက်သွားမယ်ဆိုတာ

သိနေခဲ့သည်။ သူရဲ့နောက်ဆုံးတိုက်ခိုက်မှုကို မစတင်ရသေးခင်မှာပဲ

တောင်ကြားအတွင်းရှိ ယင်ချီတွေက တည်ငြိမ်သွားခဲ့သည်။ တဝီဝီသံတွေနဲ့

တစ္ဆေအော်သံလို ခြောက်ခြားဖွယ်ရာအသံတွေလည်း ပျောက်ကွယ်သွားခဲ့သည်။

ရှနင်ချန်၏ သန့်စင်ကြည်လင်နေပြီး ကြယ်ရောင်တလက်လက်ထနေတဲ့

မျက်လုံးလေးက တောက်ပသွားခဲ့ပြီး ချစ်စဖွယ်ကောင်းတဲ့အသံနဲ့ပြောလိုက်သည်

‘‘ချိတ်ပိတ်လိုက်စမ်း’’

ထိုအချိန်တွင် ရှနင်းချန်၏ ပြင်ဆင်မှုတွေအားလုံး ပြီးစီးသွားခဲ့ပြီဖြစ်သည်။

ချွင်ချွင်….ကောင်းကင်ပေါ်တွင် ချိန်းကြိုးတွေ ရုတ်တရက်ပေါ်လာခဲ့သည်။

ကြမ်းတမ်းပြီး ၁၀ပေလောက်ရှည်တဲ့ အနက်ရောင်ချိန်းကြိုးတွေက ကောင်းကင်

ပေါ်တွင်မျောနေတာကို စိတ်ရှုပ်စွာနဲ့ အားလုံးငေးကြောင်ကြည့်နေခဲ့ကြသည်။

ထိုအနက်ရောင်ချိန်းကြိုးကနေ သိပ်သည်းလှတဲ့ ယင်စွမ်းအင်တွေ ဖြာထွက်နေခဲ့ပြီး

စိတ်နှလုံးကို အေးခဲသွားစေလောက်တဲ့ အေးစက်မှုတွေနဲ့ ပြည့်နေခဲ့သည်။

ထိုအနက်ရောင်ချိန်းကြိုးတွေက သွေးတိုက်ပွဲဂိုဏ်းနှင့် မုန်တိုင်းစံအိမ်တပည့်တွေ

အပေါ်တွင် ဝဲနေခဲ့ပြီး တစ်ခဏအတွင်း အသိစိတ်ရှိနေသည့်အလား ထိုတပည့်တွေဆီ

ပြေးဝင်သွားခဲ့သည်။

ဝမ်ဖေးချန်၏ မျက်နှာက ရှုံ့မဲ့နေပြီး သူနောက်ကျသွားပြီဆိုတာ သိလိုက်သည်။

အလောတကြီး အကာအရံပေါ်ကို နောက်ဆုံးလက်ဝါးတစ်ချက် ရိုက်ချလိုက်သည်။

တစ်ချိန်တည်းမှာပဲ ရှနင်းချန်၏ ခန္ဓာကိုယ်တလက်လက်တောက်ပသွားခဲ့ပြီး

အကာအရံကို နောက်တစ်ကြိမ် အသက်သွင်းလိုက်သည်။ ဒါပေမယ့်

ထိုလက်ဝါးက သူမခန္ဓာကိုယ်ပေါ်သို့ အတားအဆီးမရှိ ကျရောက်လာခဲ့သည်။

ထိုအချိန်တွင် ရန်ကိုင်က ထွက်ပြေးလွတ်မြောက်မယ့် လမ်းကြောင်းတစ်ခု

ရှာတွေ့သွားခဲ့ပြီး ရှနင်းချန်ကိုယ်ပေါ်သို့ လက်ဝါးချက်မရောက်ခင် သူမကို

သူ့ဘေးသို့အလျင်အမြန် ဆွဲယူလိုက်သည်။ ဒါပေမယ့် သူနည်းနည်းလေး

နောက်ကျသွားခဲ့ပြီး ထိုလက်ဝါးက ရှနင်းချန်ကိုပွတ်တိုက်သွားခဲ့သည်။

သူမမျက်နှာတုန်ရီသွားခဲ့ပြီး တုန့်ဆိုင်းမနေတော့ပဲ ရန်ကိုင်က သူမမျက်နှာကို

သူ့ရင်ဘတ်နားကပ်ထားလိုက်ပြီး သူမနှင့်အတူ တစ်ဟုန်ထိုး

ထွက်ပြေးသွားခဲ့သည်။

ရန်သူဘက်တွင် လူအရေအတွက် အများကြီးရှိနေခဲ့ပြီး သူတို့ကျင့်ကြံခြင်းအဆင့်က

လည်း သူ့ထက်အဆပေါင်းများစွာ သာလွန်နေခဲ့သည့်အတွက ်သူတို့နဲ့

ထိပ်တိုက်ရင်ဆိုင်ရဲလောက်တဲ့အထိ သူမရူးသေးပေ။

ရန်ကိုင်က ရှနင်းချန်ကို ခေါ်ပြီး ထွက်ပြေးတာနဲ့ ထိုယင်ချိန်းကြိုးတွေက

သွေးတိုက်ပွဲဂိုဏ်းက ကျွမ်းကျင်သူတွေ့ကို ချုပ်နှောင်လိုက်သည်။

စုစုပေါင်းချိန်းကြိုး ၈ကြိုးရှိနေခဲ့ပြီး ၃ကြိုးက ဝမ်ဖေးချန်ကို ချုပ်နှောင်ထားပြီး

ကျန်တဲ့ချိန်းကြိုးတွေက သွေးတိုက်ပွဲဂိုဏ်းက ချီသန့်စင်ခြင်းအဆင့်နဲ့

ချီပြောင်းလဲခြင်းအဆင့်က တပည့်တွေကို ချုပ်နှောင်ထားလိုက်သည်။

ချိန်းကြိုးနဲ့ ချုပ်နှောင်ခံရတဲ့ လူတွေက သူတို့သေပြီလို့ ထင်နေတဲ့အချိန်မှာပဲ

ထိုချိန်းကြိုးတွေက သူတို့ခန္ဓာကိုယ်ထဲကိုတိုးဝင်ပျောက်ကွယ်သွားခဲ့သည်။

ဝမ်ဖေးချန်၏ အစစ်အမှန်ဒြပ်စင်ကျင့်ကြံခြင်းအဆင့်က ရုတ်တရက်

ဖိနှိပ်ခံလိုက်ရပြီး သွေးတစ်ပွက်အန်ကာညီးတွားလိုက်ရသည်။

ချီသန့်စင်ခြင်းနှင့် ချီပြောင်းလဲခြင်းအဆင့်က တပည့်တွေအဖို့လည်း

ဝမ်ဖေးချန်နှင့်အလားတူပင်ဖြစ်သည်။ သူတို့မျက်နှာတွေ ဖြူလျော်သွားခဲ့ပြီး

အကုန်လုံးသွေအန်ကုန်ကြလေသည်။

ထိုအချိန်တွင် ကျန်ရှိနေတဲ့ ချီပြောင်းလဲခြင်းတပည့်က အသက်ရှုရပ်သွားခဲ့ပြီး

သေဆုံးသွားခဲ့သည်။

‘‘ဘာဖြစ်နေတာလဲ’’ လုံဟူက သူ့ရှေ့မှာဖြစ်ပျက်နေတာတွေကိုကြည့်ရင်း

မာန်ပါပါနဲ့ အော်မေးလိုက်သည်။ ထို့နောက်ဆက်ပြီးအော်ပြောလိုက်ပြန်သည်

‘‘ဒီလောက်လူအများကြီးရှိတာတောင် လူနှစ်ယောက်ကို မဖမ်းနိုင်ကြဘူး’’

ဝမ်ဖေးချန်မျက်နှာတွင် ဒေါသအရိပ်အယောင်ထွက်ပေါ်လာခဲ့ပေမယ့်

သူ့ဒေါသကို ပြန်ဖိနှိပ်ထားလိုက်ပြီး ပြောလိုက်သည်‘‘ ငါတို့ဆုံးရှုံးခဲ့ရပေမယ့်

အဲ့မိန်းမလည်း မသက်သာခဲ့ပါဘူး။ သူမချီစွမ်းအင်တွေ အကုန်ကုန်သွားလောက်ပြီ။

အခုငါတို့သူတို့နှစ်ယောက်ကို အေးအေးဆေးဆေး ရှာလို့ရပြီ။ အခုသူတို့က

စဉ်းတီတုံးပေါ်က ငါးတွေလိုပဲ ငါတို့လက်ကပြေးမလွတ်တော့ပါဘူး’’

အစီအစဉ်တွေချလိုက်ပြီး လုံဟူကအမိန့်ပေးလိုက်သည်‘‘ အဲ့ဒါဆို

မင်းတို့က ဘာကိုစောင့်နေသေးတာလဲ။ သူတို့နှစ်ယောက်ကို

မြန်မြန်လိုက်ဖမ်းကြလေ’’

ထို့နောက် သူ့အကြည့်ကို မုန်တိုင်စံအိမ်တပည့်တွေဆီပြောင်းလိုက်ပြီး

အမိန့်ပေးလိုက်သည်‘‘ ငါမင်းတို့ကို အသက်ရှင်ဖို့အခွင့်အရေးတစ်ခုပေးမယ်။

မင်းတို့သာ မိန်းကလေးကို ငါတို့ဆီဖမ်းဆီးပေးလာနိုင်ခဲ့ရင် မင်းတို့ကို

ဒီကနေလုံလုံခြုံခြံု ခေါ်ထုတ်ပေမယ့်လို့ ငါဝမ်ဖေးချန်ကတိပေးတယ်’’

ရှနင်းချန်၏ အနက်ရောင်ချိန်းကြိုးရှစ်ခုက သွေးတိုက်ပွဲဂိုဏ်းက ဆရာသခင်တွေကိုသာ

ပစ်မှတ်ထားလိုက်သဖြင့် မုန်တိုင်းစံအိမ်ကတပည့်တွေအဖို့ ဘာထိခိုက်ဒဏ်ရာမှ

မခံစားခဲ့ရချေ။ တောင်ကြားထဲကို ဝင်လာတဲ့ လူငါးယောက်တွင် တစ်ယောက်တောင်

သေဆုံးခြင်းမရှိခဲ့ချေ။ သူတို့တွေက သွေးတိုက်ပွဲဂိုဏ်းထက် အများကြီး

အခြေအနေပိုကောင်းလေသည်။

Martial Peak

အထွတ်အထိပ် သိုင်းဧကရာဇ်

အပိုင်း (၉၅) အခြားဖက်မှာ

နူလန်းက ဝမ်ဖေးချန်၏အမိန့်ကို ဆန့်ကျင်ရဲမှာလား။သူတို့အဖွဲ့က

သနားစရာ ကောင်းတာကလွဲလို့ သူတို့အဖွဲ့တွင် ဝမ်ဖေးချန်တို့နှင့်

ယှဉ်ပြိုင်ဖို့ ခွန်အားအလုံအလောက်မရှိပေ။ ထိုအချိန်တွင် နူလန်းကမေးလိုက်သည်

‘‘အဲ့မိန်းကလေးမှာ တကယ်ပဲ တိုက်ခိုက်ဖို့ခွန်အားမကျန်တော့တာလားစီနီယာဝမ္’’

‘‘လုံးဝမရှိတော့ဘူး’’ ဝမ်ဖေးချန်က စိတ်မရှည်စွာပြောလိုက်သည်‘‘အခု

သူတို့နောက်လိုက်ပေတော့။ မင်းသာမိန်းကလေးကို ဖမ်းလာနိုင်ခဲ့ရင်

အကျိုးအမြတ်တွေက မင်းကိုစောင့်မျှော်နေလိမ့်မယ်’’

‘‘ကောင်းပြီ…ငါတို့လိုက်ဖမ်းကြစို့’’ နူးလန်း၏မျက်လုံးတွေက ရူးသွပ်မှုနှင့်အမုန်းတရားတွေနဲ့ ပြည့်နေခဲ့သည်။ ဒီနေ့ဒီအချိန်အခါကိုရောက်ဖို့

သွေးလွှမ်းတဲ့တိုက်ပွဲ များစွာသူဆင်နွဲခဲ့ရပြီး မုန်းတိုင်စံအိမ်တပည့်အများစု

ကလည်း လာတဲ့လမ်းမှာသေဆုံးခဲ့ရသည်။ ခန္ဓာသန့်စင်ခြင်းအဆင့် တပည့်တွေဆိုလျှင်

တစ်ယောက်မှ အသက်မရှင်ခဲ့ပေ။

ကုလားမနိုင်ရခိုင်မဲဆိုသလို ဝမ်ဖေးချန်ကို သူအနိုင်မယူနိုင်တဲ့အတွက်

သူရဲ့အလုံးစုံးသော နာကျည်းမှု၊ အမုန်းတရား၊ ဒေါသတွေကို ရန်ကိုင်နှင့်ရှနင်းချန်တို့အပေါ်မှာသာ ပုံချရပေတော့မည်။ ရှနင်းချန်က ဆက်လက်တိုက်ခိုက်ဖို့ ခွန်အားမကျန်တော့သလို့ ရန်ကိုင်ကလည်း သူတို့အတွက်စာဖွဲ့စရာတောင်မလိုပေ။

မုန်တိုင်စံအိမ်ကတပည့်တွေ တောင်ကြားထဲက ယင်ချီထုထဲ

ပျောက်ကွယ်သွားခဲ့အခါ ဝမ်ဖေးချန်က ကျန်ရှိနေတဲ့ သွေးတိုက်ပွဲဂိုဏ်းက

လူတွေကိုကြည့်လိုက်သည်‘‘မင်းတို့လည်း လိုက်သွားကြ….မိန်းကလေးကို

လွှတ်ပေးလို့မဖြစ်ဘူးနော်…သူမနောက်မှာ ကျိန်းသေအားကောင်းတဲ့

ဆရာတစ်ယောက်ရှိနေလိမ့်မယ့်။ ဒီနေ့ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေသာ

ပြန့်သွားခဲ့ရင် ငါတို့ပြဿနာ အကြီးကြီးတက်လိမ့်မယ်’’

‘‘ဟုတ်ကဲ့’’ သူ့တို့ခန္ဓာကိုယ်တွေက အလွန်အမင်းချည့်နဲ့နေသော်လည်း

သူတို့အသက်နဲ့လောာင်ကြေးထပ်ထားရတဲ့အချိန်မှာတော့ ထိုမိန်းကလေးနောက်ကို

လိုက်ရပေလိမ့်မည်။ နောက်ဆုံးဝမ်ဖေးချန်နဲ့လုံဟူတို့သာကျန်တော့ပေသည်။

လုံဟူ၏အသွင်အပြင်က နည်းနည်းလေ ပိုနူးညံ့သိမ်မွေ့လာခဲ့ပြီး

ဝမ်ဖေးချန်ကို မေးလိုက်သည်‘‘အရှင်သခင်ဝမ်၊ ဘာဖြစ်ခဲ့တာလဲ’’

ဝမ်ဖေးချန်က သူ့ကိုယ်သူလှောင်ပြုံးလိုက်ပြီး‘‘အဲ့မိန်းမက ဘာနည်းလမ်း

သုံးသွားတာလဲတော့မသိဘူး။ ငါ့ခွန်အားက အဆင့်သုံးဆင့်

ချိတ်ပိတ်ထားခံလိုက်ရတယ်။ အဲ့ချိန်းကြိုးတွေက ငါ့ခွန်အားနဲ့ချီစွမ်းအင်တွေကို ပိတ်လှောင်ထားတယ်’’

‘‘သူမမှာ အဲ့လိုနည်းလမ်းတွေတောင်ရှိတာလား’’ လုံဟူခဗျာ မှင်သက်မိသွားလေသည်။

ဝမ်ဖေးချန်က ခေါင်းညိတ်လိုက်သည်‘‘ချိန်းကြိုးနဲ့ ပိတ်လှောင်ခြင်းခံရတဲ့တပည့်တွေဆို အခုသူတို့ခွန်အားသုံးဆယ်ရာခိုင်နှုန်းလောက်ပဲ အသုံးချနိုင်

တော့တယ်’’

‘‘အဲ့ဒါကို ငါတို့ဘာလုပ်ကြမှာလဲ’’ လုံဟူကမရပ်မနားမေးလိုက်သည်။

‘‘စိတ်ပူစရာမလိုပါဘူး’’ ဝမ်ဖေးချန်က ခေါင်းခါလိုက်ပြီး ‘‘အဲ့မိန်းမက

ပြန်ပြီးမတိုက်ခိုက်နိုင်တော့ဘူးဆိုတာ ငါလိမ်ပြောတာမဟုတ်ဘူး။

ဒီလိုအစီအရင်ကို အသက်သွင်းဖို့သူမချီစွမ်းအင် တော်တော်ကုန်သွားလိမ့်မယ်။

ပြီးတော့ ငါတို့တိုက်ခိုက်တာကို ခုခံဖို့ ကောင်းကင်အဆင့်ရတနာကိုလည်း

အဆက်မပြတ် အသုံးပြုထားရသေးတယ်။ ပြီးတော့ ငါလက်ဝါးချက်ကလည်းသူမကို ထိသွားသေးတယ်။ အဲ့မိန်းမမှာ အခုတိုက်ခိုက်ဖို့ခွန်အားကျန်တော့မှာမဟုတ်ဘူး။ ငါတို့လူတွေသာ သူမကိုတွေ့သွားခဲ့ရင် အဲ့မိန်းမက မင်းအပိုင်

ဖြစ်ပြီပဲ’’´

ထိုစကားကိုကြားတော့မှပဲ လုံဟူစိတ်သက်သာရာ ရသွားခဲ့သည်။ လုံဟူက

ဝမ်ဖေးချန်အပေါ် အထင်အမြင်ကောင်းရှိတဲ့အတွက် အဖွဲ့ထဲကို

သူကိုယ်တိုင်ဖိတ်ခေါ်ထားတာ ဖြစ်သည်။ ထို့ကြောင့် သူပြောလိုက်သည်

‘‘အရှင်သခင်ဝမ် ကူညီပေးခဲ့တာတွေအတွက် အဖိုးကိုငါကိုယ်တိုင်

ပြန်ပြောပေးမှာပါ’’ ‘‘သခင်လေးလုံ စိတ်ပူစရာမလိုပါဘူး။ တကယ့်တော့ ငါတို့ကမိသားစုတွေပဲလေ’’ ဝမ်ဖေးချန်က စိတ်ကျေနပ်စွာနဲ့ ပြုံးလိုက်သည်

‘‘အခု ငါ့ကိုကာကွယ်ပေးဖို့ သခင်လေးလုံကို အကူအညီတောင်းချင်တယ်။

ဒီချိန်းကြိုးကို ဖျက်လို့ရမရငါကြိုးစားကြည့်ချင်တယ်’’

‘‘ကိစၥမရွိဘူး’’

သူတို့ပြောဆိုရာတွင် ရန်ကိုင်အကြောင်းတစ်ခွန်းတောင်မဟခဲ့ပေ။

သူတို့မျက်လုံးထဲမှာတော့ ရှနင်းချန်ကသာ သူတို့အတွက်ဆူးတစ်ချောင်း

ဖြစ်ပြီး ရန်ကိုင်က ပုရွက်ဆိတ်တစ်ကောင်ထက်မပိုပေ။ ရှနင်းချန်ကို

ဖမ်းမိသရွေ့ အနိုင်ကသူတို့လက်ထဲမှာပဲ ရှိနေမှာဖြစ်သည်။

ထိုအချိန်တွင် ရန်ကိုင်ကရှနင်းချန်ကို တောင်ကြားအစွန်ဖျားပိုင်းကို

ခေါ်ဆောင်သွားခဲ့သည်။ ထိုနေရာတွင် မြေပြင်အထက်ပေးအနည်းငယ်

အမြင့်တွင် သူတို့နှစ်ယောက်ဝင်ဆံ့လောက်တဲ့ အက်ကြောင်းတစ်ခုကို

တွေ့ခဲ့လေသည်။ ရန်ကိုင်က ရှနင်းချန်ကို ထိုအက်ကြောင်းထဲတွင်

နေခိုင်းလိုက်ပြီး အပြင်ထွက်ကာ အက်ကြောင်းဝကို ကျောက်တုံးကြီး

တစ်တုံးနဲ့ပိတ်ထားလိုက်လေသည်။

ထို့နောက် ရန်ကိုင်က ရှနင်းချန်ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။

‘‘စကားမပြောနဲ့…လူတွေလာနေတယ်’’ ရန်ကိုင်က ရှနင်းချန်ကိုဖက်ထားရင်း

ညင်ညင်သာသာပြောလိုက်သည်။ ရှနင်းချန်က ဖြူဖတ်ဖြူလျော်ဖြစ်နေခဲ့ပြီး

အသံမထွက်မိအောင် သူမအသက်ရှုသံကို အတတ်နိုင်ဆုံး

ထိန်းချုပ်ထားလေသည်။

နူလန်းနှင့် သူ့အဖွဲ့ဝင်ပေါက်ရှေ့ကနေဖြတ်ကျော်သွားပြီးနောက် ခြေသံတွေတဖြည်းဖြည်းတိုးကာ ပျောက်ကွယ်သွားခဲ့သည်။ သူတို့နှစ်ဖက်စလုံးကနီးကပ်စွာ ရှိနေခဲ့ပေမယ့် ညအချိန်လည်းဖြစ် ယင်ချီတွေလည်း သိပ်သည်းနေတဲ့အတွက် ရန်ကိုင်နှင့် ရှနင်းချန်တို့က နူလန်းတို့မတွေကအောင် လုံခြုံစွာ

ပုန်းအောင်းနေနိုင်ခဲ့သည်။

နူလန်းတို့ ထွက်သွားပြီးနောက် ရှနင်းချန်က ဆက်ပြီးတောင့်မခံနိုင်တော့ပဲ

သွေးတစ်ပွက်အန်လိုက်သည်။် သူမမျက်နှာကာ ချက်ချင်းပဲ

သွေးနီရောင်ပြောင်းသွားခဲ့သည်။ ဝမ်ဖေးချန်က တိုက်ခိုက်မှုက သူမကိုရှပ်ထိသွားခဲ့ပေမယ့်လည်း ဒဏ်ရာရစေခဲ့တာတော့ အမှန်အကန်ပင်ဖြစ်သည်။

‘‘နင်အဆင်ပြေလား’’ ရန်ကိုင်က စိုးရိမ်စွာနဲ့ မေးမြန်းလိုက်သည်။

‘‘ငါ့ကိုဆေးယူပေးပါလား’’ ရှနင်းချန်၏ အသံကတိုးလျနေခဲ့ပြီး

သူမခန္ဓာကိုယ်က မြေပြင်ပေါ်ကို လဲပြိုကျသွားခဲ့သည်။ သူမလက်တစ်ချောင်းတောင်မလှုပ်နိုင်တော့ပေ။

‘‘ေဆးကဘယ္မွာလဲ’’

‘‘ငါ့ရင်ဘတ်နားမှာ’’ ရန်ကိုင်က ဆေးရှာရန် သူ့လက်ကိုရှနင်းချန် ရင်ဘတ်ထဲသို့

အလျင်စလို ထိုးသွင်းလိုက်သည်။ ထို့နောက်ချက်ချင်းပဲ လျှပ်စစ်နဲ့အတို့ခံလိုက်

ရသလိုခံစားလိုက်ရပြီး သူ့ရဲ့စီနီယာမမလေးကို ကြည့်လိုက်သည်။ ရှနင်းချန်ကလည်း

သူ့ကိုကြည့်နေခဲ့ပြီး သူမ၏ဖြူစွတ်နေတဲ့ မျက်နှာတွင်ရှက်သွေးဖြာနေတဲ့

အရိပ်အယောင်ပေါ်နေခဲ့သည်။ သူမခန္ဓာကိုယ်က အနည်းငယ်တုန်ရင်သွားခဲ့ပြီး

ရန်ကိုင်က သူ့မရင်ဘတ်ထဲ လက်ထည့်ရှာနေတဲ့အချိန်တွင် လျှပ်စီးတန်းလေးက

သူမခန္ဓာကိုယ်တစ်လျှောက် ဖြတ်သန်းစီးဆင်းနေသလို ခံစားနေခဲ့ရပြီး

အကြောသေချင်သလိုဖြစ်နေကာ နေရာမှပဲ သတိလစ်မလို ဖြစ်သွားခဲ့သည်။

‘‘နည်းနည်းလောက် တောင့်ခံထားဦး’’ အခုအချိန်က စိတ်ကူးယဉ်နေရမယ့်

အချိန်မဟုတ်မှန်း သူသိနေခဲ့သည်။ ရန်ကိုင်က ရှနင်းချန်ကို တီးတိုးပြောလိုက်ပြီး

သူ့လက်က နောက်တစ်ကြိမ် သူမရင်ဘတ်တစ်ဝိုက် ပြေးလွှားလှုပ်ရှားနေခဲ့သည်။

ရှနင်းချန်က အပြင်ဝတ်စုံကိုသာ ဝတ်ဆင်ထားခဲ့ပြီး အတွင်းဘတ်မှာတော့

ဘာမှမဝတ်ဆင်ထားပေ။ ရန်ကိုင်လက်က သူမရဲ့မထိကိုင်သင့်တဲ့နေရာကို

သွားထိမိတဲ့အချိန်မှာတော့ မလွှတ်ချင်တော့လောက်အောင် ဖြစ်သွားခဲ့ရသည်။

လုံးဝန်းပြီး နူးည့ံ့အိစက်နေတဲ့ ပေါက်စီနှစ်လုံးက သေလည်းမသေး၊ ကြီးလည်း

ကြီးလွန်းမနေခဲ့ပဲ သူ့လက်တစ်ဖက်တည်းနဲ့ ဆုပ်ကိုင်ထားနိင်လောက်တဲ့

အနေတော်ပဲဖြစ်သည်။ သူ့လက်ငါးချောင်းက သူမ၏ပေါက်စီပေါ်တွင်

တစ်ခဏတာ ပြေးလွှားလှုပ်ရှားနေခဲ့သည်။ ရန်ကိုင်တစ်ကြိမ်လှုပ်ရှားလိုက်တိုင်း

ရှနင်းချန်၏ ခန္ဓာကိုယ်လေး တစ်ခါတုန်ရင်သွားခြဲ့ပီး အကြိမ်အနည်းငယ်လောက်

လှုပ်ရှားပြီးချိန်မှာတော့ နှစ်ယောက်စလုံး အသက်ရှုသံတွေမြန်ဆန်လာကာ

သွေးလှည့်ပတ်နှုန်းလည်း မြန်ဆန်လာခဲ့သည်။

ရန်ကိုင်ကတော့ အဆင်ပြေနေသေးပေသည်။ ဒီကိစ္စက ကိုးယိုးကားယားနိုင်ပေမယ့်

သူကအရေထူတဲ့အတွက် ဒီလိုကိစ္စမျိုးကို အလေးအနက်မထားတတ်ပေ။ ရှှနင်းချန်ကတော့

သူနဲ့ဆန့်ကျင်ဘက်ပင်။ သူမ၏ရီဝေနေတဲ့ မျက်လုံးထဲတွင် အချစ်ရိပ်တစ်စွန်းတစ်စပါဝင်နေခဲ့သည်။ သူမျက်လုံးတွေက ဒေါသရှက်ရွံ့မှုတစ်စွန်းတစ်စ ထင်ဟပ်

နေခဲ့ပေမယ့်လည်း သူမ၏ကိုယ်သင်းရနံ့ကတော့ လူတစ်ယောက်၏

ဝိဉာဉ်ကိုဆွဲဆောင်နိုင်လောက်တဲ့အထိ အားကောင်းပေသည်။

‘‘မဆိုင်တာတွေ လျှောက်မတွေးနဲ့ ’’ အခြားတစ်ဖက်မှာတော့ ရန်ကိုင်လက်တွေကသူမ၏ရင်ဘတ်တစ်ဝိုက်တွင် စမ်းတဝါးဝါးလုပ်နေခဲ့သည်။နောက်ဆုံးရှနင်းချန်က သည်းမခံနိုင်တော့ပဲ တိုးလျလျအသံနဲ့ ပြောလိုက်သည်

‘‘အခြားဘက်မှာ’’

‘‘အိုး’’ ရန်ကိုင်အသိ ပြန်ဝင်လာခဲ့သည်။ သူမ၏လျှို့ဝှက်နေရာတွေမှာ

ဒီလောက် အချိန်အကြာကြီး ရှာနေတာတောင် မတွေ့တာက ထိုနေရာမှာမရှိလို့ပဲဖြစ်သည်။

ဒီဆေးပုလင်းရှာရတာ တော်တော်ဒုက္ခများတာပဲ…….

နောက်လက်တစ်ဖက်က သူမရင်ဘတ်တစ်ဖက်ခြမ်းကို စတင်ရှာဖွေနေခဲ့ပြီး

တဖြည်းဖြည်း အတွင်းပိုင်းထဲထိ တိုးဝင်လာခဲ့သည်။ နောက်ဆုံးမှာတော့သူဆေးပုလင်းများစွာကို ရှာတွေ့ခဲ့ပြီး ထိုအချိန်အတောအတွင် ရှနင်းချန်၏

လှုပ်ခါခြင်းကိုလည်း အကြိမ်များစွာ ခံခဲ့ရသည်။

‘‘ဘယ်ဆေးပုလင်းလဲ’’ ရန်ကိုင်က မေးလိုက်သည်။

‘‘အလယ်ပုလင်း’’ ရှနင်းချန်က သူ့ကိုတိတ်တဆိတ်ကြည့်နေရင်း

အားအင်ချည့်နဲ့စွာနဲ့ ပြန်ဖြေလိုက်သည်။

ရန်ကိုင်က အလယ်ပုလင်းကို အလျင်အမြန်ထုတ်ယူလိုက်ပြီး ပေါင်းစပ်ဆေးတွေကိုထုတ်လိုက်ကာ ရှနင်းချန်၏ပါးစပ်ထဲကို ထည့်ပေးလိုက်လေသည်။ သူရဲ့

စီနီယာမမလေးက အထူးခန္ဓာကိုယ်ဖြစ်တဲ့ တော်ဝင်ဝိဉာဉ်ဆေးခန္ဓာကိုယ်ကို

ပိုင်ဆိုင်ထာတဲ့အတွက် ဆေးလုံးတွေကို ဘေးထွက်ဆိုးကျိုးအရှင်းမရှိပဲ

ပဲကြီးလှော်ဝါးစားသလို စားနိုင်လေသည်။

သူမပါးစပ်ထဲကို ပေါင်းစပ်ဆေးလုံးများစွာ ဝင်သွားတဲ့အချိန်မှာတော့

ရှနင်းချန်က တရားထိုင်တဲ့ပုံစံနဲ့ထိုင်ချလိုက်ပြီး ရန်ကိုင်ကတော့

သူမဘေးမှာနေရင်း အပြင်ဘက်က အသံတွေကို အထူးဂရုစိုက်

ထားခဲ့သည်။

နာရီဝက်လောက်ကြာတဲ့အချိန်မှာတော့ ရှနင်းချန် တဖြည်းဖြည်းသက်သာ

လာခဲ့ပြီး သူမျက်လုံးဖွင့်လိုက်တဲ့အချိန်မှာတော့ ရှက်သွေးဖြာနေခဲ့ပြီး

ရန်ကိုင်ကို ရောထွေးနေတဲ့ စိတ်ခံစားချက်အစုံနဲ့ ကြည့်လိုက်သည်။

အစောပိုင်းက အကြောင်းအရာကိုတွေကို ပြန်တွေးမိလိုက်တဲ့အချိန်

ရန်ကိုင်ရည်ရွယ်ချက်ရှိရှိလုပ်တာ မဟုတ်မှန်း သူမသိပေမယ့်လည်း

သူမ၏ပါးနုနုလေးတွေ နီရဲလာခဲ့သည်။ ရှနင်းချန်အဖို့ ရှက်လွန်းလို့

တွင်းတူးပြီးတော့သာ ပုန်းလိုက်နေချင်တော့သည်။

ရှနင်းချန်၏ အကြည့်ကိုသတိပြုမိလိုက်သဖြင့် အပြင်ဘက်ကို ဂရုတစိုက်သတိထားစောင့်ကြည့်နေတဲ့ ရန်ကိုင်က လှည့်ကြည့်လိုက်သည်။ ရှနင်းချန်

အားပြန်ပြည့်လာတာကို မြင်လိုက်တာနဲ့ အလိုလိုမေးမိလိုက်သည်

‘‘စီနီယာမမလေး အဆင်ပြေလား’’ ရှနင်းချန်၏ မျက်လုံးတွေက ရှက်ရွံ့မှုအရိပ်အယောင်ဖြတ်ပြေးသွားခဲ့ပြီး ချက်ချင်းပဲ အခြားတစ်ဖက်ကို လှည့်ကာပြန်ပြောလိုက်သည်

‘‘အသက်အန္တရာယ်မရှိပေမယ့် ငါအခုတိုက်ခိုက်နိုင်ဦးမှာမဟုတ်ဘူး’’

‘‘ဘာမှမဖြစ်ဘူး အဆင်ပြေတယ်’’ အခုမှပဲ ရန်ကိုင်စိတ်ထဲက အလုံးကြီးပြေလျော့သွားခဲ့သည်။

All Chapters