အခန်း (၉၆-၁၀၀)
Vol. 4 Ch. 96-100
အပိုင်း (၉၆) လက်ဦးမှုရယူခြင်း
ကျက်သရေမရှိတဲ့ အပြုအမူအကြောင်းကို သူမနက်နက်နဲနဲ ဆက်ပြီး
မတွေးတောရဲပေ။ ဒါကြောင့် သူမမျက်နှာကို အခြားတစ်ဖက်လှည့်လိုက်ပြီး
မေးလိုက်သည်‘‘နင်ဒီနေရာကို ဘယ်လိုရှာတွေ့တာလဲ’’
ဒီနေရာက ရိုးရှင်းပြီးကောင်းမွန်တဲ့နေရာတစ်ခုပင်ဖြစ်သည်။ ဂျူနီယာ
မောင်လေးက အမှောင်ထဲမှာ ဒီနေရာကို ဘယ်လိုလုပ်ပြီး ရှာတွေ့တာလဲ။
ရန်ကိုင်က ပြုံးဖြဲဖြဲလုပ်ရင်း ပြန်ပြောလိုက်သည်‘‘ နင်တစ်ယောက်တည်း
ထွက်သွားတုန်းက ဒီနေရာအနီးအနားတစ်ဝိုက်ကို လိုက်ပြီးစူစမ်းကြည့်နေတုန်း
ဒီနေရာကို မတော်တဆရှာတွေ့ခဲ့တာ။ အဲ့အချိန်တုန်းက ဒီနေရာက
ငါတို့အသက်ကို ကယ်တင်ပေးမယ့် နေရာတစ်ခုဖြစ်လာလိမ့်မယ်လို့
တစ္ခါမွမေတြးထာခဲ့ဘူး’’
‘‘တကယ်ကိုကံကောင်းတာပဲ’’ ရှနင်းချန်က သက်ပြင်းချရင်း ပြောလိုက်သည်။
‘‘နင်ကောင်းကောင်း အနားယူသင့်တယ်။ အခြေအနေတွေ တည်ငြိမ်သွားတာနဲ့
ငါနင့်ကို ဒီနေရာကနေ ခေါ်ထုတ်သွားပေးမယ်’’ သူပြောလိုက်တာနဲ့
ရှနင်းချန်၏ မျက်နှာသုန်မှုန်သွားခဲ့သည်။ သူမခေါင်းခါလိုက်ပြီး ဖြေးဖြေးချင်း
ပြောလိုက်သည်‘‘ ငါတို့ဒီနေရာကနေ ထွက်သွားလို့မဖြစ်ဘူး’’
‘‘အရာအားလုံးက ကျွမ်းကျင်မှုနဲ့ ကြိုးစားအားထုတ်မှုအပေါ်မှာပဲ
မူတည်နေတာမဟုတ်ဘူးလား…ဒီလိုဆို ငါတို့ဘယ်လိုလုပ်ပြီး
ထွက်သွားလို့ရတော့မှာလဲ’’ ရန်ကိုင်ကရယ်မောရင်း ပြောလိုက်သည်။
‘‘ ငါချုပ်နှောင်ခြင်းရှစ်ခုအစီအရင်ကို အသက်သွင်းလိုက်တဲ့အတွက်
တောင်ကြားတစ်ခုလုံး ပိတ်လှောင်ထားခံရတယ်။ မနက်နေမထွက်ခင်အထိ
တောင်ကြားထဲကနေ ဘယ်သူမှထွက်သွားလို့ရမှာမဟုတ်ဘူး’’
သူမပြောတဲ့ အဓိပ္ပါယ်ကို နားလည်သွားတာနဲ့ ရန်ကိုင်တစ်ကိုယ်လုံး
အေးခဲသွားခဲ့သည်‘‘ နင်တစ်ယောက်တည်း ထွက်သွားတုန်းက
ဒီအစီအရင်ကို ပြင်ဆင်အဖို့အတွက်လား’’ ရှနင်းချန်က မသိမသာလေး
ခေါင်းညိတ်လိုက်ပြီး ‘‘ဒီအရင်ကို အစက ယင်ကိုးသွယ်နှင်းပုံဆောင်ခဲအတွက်
ပြင်ဆင်ထားခဲ့တာ။ ဒါပေမယ့် သေရေးရှင်ရေးအခြေအနေ ရောက်နေလို့
အစီအရင်ကို အချိန်မတိုင်မီ အသက်သွင်းလိုက်ရတယ်’’
‘‘အနက်ရောင်ချိန်ကြိုးတွေက အစီအရင်ကြောင့် ဖြစ်ပေါ်လာတာလား’’
ရန်ကိုင်က လွန်ခဲ့တဲ့အချိန်အခိုက်အတန့်က အဖြစ်အပျက်တွေကို
ပြန်စဉ်းစားကြည့်လိုက်သည်။
‘‘ဟုတ္တယ္’’
‘‘ချိန်းကြိုးနဲ့ သူတို့ကိုသတ်ပစ်လို့မရဘူးလား’’ ရန်ကိုင်က မျှော်လင့်တကြီး
မေးလိုက်သည်။ ထိုလူတွေအကုန်လုံးသာ သေသွားခဲ့ရင် သူတို့ဒီတစ်ကြိမ်
ကျိန်းသေလွတ်မြောက်နိုင်ပေသည်။
ရှနင်းချန်ကခေါင်းခါလိုက်ပြီး ‘‘မဟုတ်ဘူး….အစီအရင်က အားကောင်းတဲ့သူတွေကို
မသတ်နိုင်ဘူး။ အစီအရင်က အများဆုံးသူတို့ထဲက အားအနည်းဆုံးလူ
တစ်ယောက်နှစ်ယောက်လောက်ကိုပဲ သတ်နိုင်လိမ့်မယ်’’
‘‘အဲ့လောက်ကြီးလည်မဆိုးပါဘူး’’ ရန်ကိုင်က တော်တော်သနားစရာကောင်းတာပဲလို့
သူ့ဘာတိတ်တဆိတ်တွေးလိုက်သည်။
‘‘သူတို့ကိုမသတ်နိုင်ပေမယ့် ယင်ချီချိန်းကြိုးတွေက သူတို့ခန္ဓာကိုယ်ထဲ
တိုးဝင်ပျောက်ကွယ်သွားတာနဲ့ သူတို့ခွန်အားအများစုကို ချိတ်ပိတ်ထားလိမ့်မယ်။
နေမထွက်ခင်အထိ သူတို့ချိတ်ပိတ်ထားတာကို ပြန်ဖျက်လို့မရနိုင်သလို
သူတို့ခွန်အားတွေကိုလည်း ပြန်မရနိုင်ဘူး။ နေမထွက်ခင်တော့ ငါ့ချီစွမ်းအင်
နည်းနည်းပါးပါးလောက်တော့ ပြန်ဖြည့်နိုင်မယ်လို့ ထင်တာပဲ ။ အဲ့လိုဆိုရင် ငါတို့အတူတူ
ထွက်ပြေးလို့ရပြီ’’
ရုတ်တရက် ရန်ကိုင်မျက်လုံးတွေက ရက်စက်ကြမ်းကြုတ်ရန်လိုမှုတွေနဲ့
ပြည့်လာခဲ့ပြီး ရှနင်းချန်ကို ကြည့်ရင်း စိတ်လှုပ်ရှားနေတဲ့အသံနဲ့ မေးလိုက်သည်
‘‘သူတို့ကျင့်ကြံခြင်းအဆင့်တွေကို ချိတ်ပိတ်ထားတယ်လို့ နင်ပြောလိုက်တာလား။
သူတို့စွမ်းအာဘယ်လောက်လောက်ကို ချိတ်ပိတ်ထားတာလဲ’’ ရှနင်းချန်က
တစ်ခဏတာတွေးတောပြီးနောက်‘‘အနည်းဆုံး ၆၀-၇၀ ရာခိုင်နှုန်းလောက်တော့
ရှိလိမ့်မယ်။ အစစ်အမှန်ဒြပ်စင်အဆင့်ကျင့်ကြံသူဆိုရင်တော့ သူတို့ခွန်အား
၈၀ရာခိုင်နှုန်းလောက် ချိတ်ပိတ်ထားခံရလိမ့်မယ်’’
‘‘အဲ့ဒါဆို သူတို့ခွန်အားအကုန်လုံးကို အသုံမချနိုင်တော့ဘူးပေါ့’’ ရန်ကိုင်ခဗျာ
အလွန်အမင်းစိတ်လှုပ်ရှားနေခဲ့ပြီး သူရဲ့ကန့်သတ်ချက်ကို စမ်းသပ်ချင်
လိုစိတ်တွေ တဟုန်းဟုန်း တောက်လောင်နေခဲ့သည်။ ရှနင်းချန်က
သူ့ကိုစိုးရိမ်စွာကြည့်လိုက်ပြီး‘‘နင်ဘာတွေတွေးနေတာလဲ။ သူ့တို့ခွန်အားတွေက
ချိတ်ပိတ်ထားခံရရင်တောင် နင်သူတို့ကိုရင်ဆိုင်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့်
ဂျူနီယာမောင်လေးရယ်…ကျေးဇူးပြုပြီး အလောတကြီးမလုပ်ပါနဲ့’’
ရန်ကိုင်ဘာတွေတွေးနေလဲဆိုတာ သူမသိပေသည်။ ရန်ကိုင်က ရယ်ပြုံးလိုက်ပြီး
သူ့မျက်လုံးတွေက စနောက်မယ့်အရိပ်အယောင်ကို ဖုံးကွယ်ထားခဲ့ပြီး
ပြန်ပြောလိုက်သည်‘‘ ငါတို့မကြိုးစားကြည့်ပဲနဲ့ ဘယ်လိုလုပ်ပြီးသိမှာလဲ။
ဒီနေရာက ယင်ကိုးသွယ်နှင်းပုံဆောင်ခဲစုစည်းမယ့်နေရာဆိုတာကိုလည်း
မမေ့နဲ့ဦးလေ။ သူတို့ခွန်အားတွေက ချိတ်ပိတ်ခံထားရရုံမက ယင်စွမ်းအင်ကို
ကာကွယ်ဖို့ သူတို့ချီစွမ်းအင်ကိုလည်း သုံးရဦးမှာလေ။ အချိန်ကြာလာတာနဲ့အမျှ
သူတို့တဖြည်းဖြည်း အားနည်းလာလိမ့်မယ်’’
‘‘ဒါပေမယ့် သူတို့ဘက်မှာ လူတွေအများကြီးပဲလေ’’ ရှနင်းချန်က
ရန်ကိုင်လက်ကို ဆွဲကိုင်ထားရင်း အဆက်မပြတ် ခေါင်းခါလိုက်သည်
‘‘အလောတကြီး မလုပ်ပါနဲ့နော်’’
ရန်ကိုင်က သူမလက်ကလေးကို ညင်သာစွာပုတ်ပေးလိုက်ပြီး
‘‘စိတ်လျှော့ထားလိုက်ပါ စီနီယာမမလေးရာ…ငါ့ကိုယ်ငါ့ယုံကြည်မှုအပြည့်
ရှိပါတယ်။ ငါတို့ဒီနေရာမှာပဲ ဆက်ပုန်းနေရင် ငါတို့သေမှာကိုထိုင်စောင့်နေတာနဲ့
အတူတူပဲဖြစ်သွားလိမ့်မယ်။ ငါတို့သာအရင်ဆုံး လက်ဦးမှုရယူပြီး
တိုက်ခိုက်လိုက်ရင် ငါတို့မှာအခွင့်အရေး သေးသေးလေးရှိနိုင်သေးတယ်’’
‘‘မရဘူး’’ ရှနင်းချန်က သူမခေါင်းကို ရက်တယ်ဗုံတစ်ခုအလား အဆက်မပြတ်
ခါနေခဲ့သည်။‘‘ငါကနင့်ရဲ့စီနီယာအစ်မပဲ….ဒါကြောင့်ငါပြောတာကို
နင်နားထောင်ရမယ်။ နင်သာအခုအပြင်ထွက်သွားရင် နင်ဘယ်လိုမှ
ခုခံနိုင်မှာမဟုတ်ဘူး။ တောင်ကြားထဲမှာရှိတဲ့ယင်ချီတွေနဲ့တွင် နင့်ချီစွမ်းအင်
တွေအကုန်လုံး ကုန်ဆုံးသွားလိမ့်မယ်’’
‘‘စီနီယာမမလေး ..နင်အသက်ရှင်ချင်သေးရင် ကျေးဇူးပြုပြီး ငါ့ကို
မတားပါနဲ့။ လုံဟူကဘယ်လိုလူစားမျိုးလဲဆိုတာနင်မြင်ပြီးသွားပြီပဲ။
နင်သာသူ့လက်ထဲရောက်သွားရင် ဘယ်လိုကံကြမ္မာက စောင့်နေလဲဆိုတာ
နင်သိသင့်တယ်’’
ရှနင်းချန်ခန္ဓာကိုယ်လေး တသိမ့်သိမ့်တုန်ရီသွားခဲ့သည်။
‘‘ဒီလိုဖြစ်လာမှတော့ ငါကိုမတားပါနဲ့တော့နော်’’ ရန်ကိုင်က ရှနင်းချန်လက်ကို
ဖယ်ထုတ်လိုက်သည်။ ‘‘နင်ဒီလောက်တောင် ခေါင်းမာနေမှတော့
သွားပေတော့…ငါလည်းနင့်ကိုမတာတော့ဘူး။ ဒါပေမယ့်မယ့် အနည်းဆုံး
ဒီရတနာကိုတော့ ယူသွားလိုက်’’ ရှနင်းချန်ခဗျာ အကူအညီမဲ့စွာနဲ့ ပြောလိုက်ရသည်။
ရန်ကိုင်သာ ထွက်သွားချင်နေခဲ့ရင် သူမရဲ့လက်ရှိခွန်အားနဲ့ သူ့ကို
တာဆီးဖို့ဆိုတာ ကြက်ဥနဲ့ ကျောက်တောင်ကို ပစ်ပေါက်သလိုဖြစ်နေ
ပါလိမ့်မည်။ သူမရဲ့ ကျောက်စိမ်းတံဆိပ်ပြားကို သူ့ကိုပေးလိုက်ရုံပဲ
တတ်နိုင်လေသည်။
‘‘ဒီရတနာကို စီနီယာမမလေးက ငါ့ထက်ပိုပြီးလိုအပ်ပါတယ်’’ ရန်ကို်င်က
ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။ ‘‘ စီနီယာမမလေး ငါ့ကိုစိုးရိမ်စရာ
မလိုပါဘူး။ ငါကစဦးဒြပ်စင်အဆင့်ပဲ ရှိသေးပေမယ့် ချီစွမ်းအင်ကို
ပြန်ဖြည့်ဖို့ ငါ့နည်းလမ်းနဲ့ငါရှိပါတယ်။ ပြီးတော့ တောင်ကြားထဲမှာရှိတဲ့ ယင်ချီတွေက
ငါ့အပေါ်အကျိုးသက်ရောက်မှုမရှိဘူးလေ။ ဒါပေမယ့် အခြားတစ်ယောက်သာ
ဒီနေရာကို ရှာတွေ့သွားခဲ့ရင် ဒီရတနာမရှိပဲနဲ့ နင်သူတို့ကိုကာကွယ်နိုင်မှာ
မဟုတ္ဘူး’’
‘‘ငါချီစွမ်းအင်တွေက တော်တော်လေးပြန်ပြည့်သွားပြီ။ဒါကြောင့်
အကာအကွယ်ရတနာကို ငါနောက်တစ်ကြိမ် အသုံးပြုနိုင်သေးတယ်။
ပြီးတော့ သူတို့စွမ်းအားတွေကလည်း ဖိနှိပ်ခံထားရတာလေ…ဘယ်လိုလုပ်ပြီး
ငါ့အသက်ကို ခြိမ်းခြောက်နိုင်မှာလဲ’’ ရှနင်းချန်က ပြောလိုက်သည်။
‘‘အဲ့ဒါဆို ငါစိတ်ချလို့ရသွားပြီ’’ ရန်ကိုင်က ထွက်ပေါက်ဆီသို့ ဖြေးဖြေးချင်း
လမ်းလျှောက်သွားလိုက်သည်။
သူ့ကိုယ်သူ အချိန်အတော်ကြာ ထိန်းချုပ်ထားခဲ့ရသည်။ နောက်ဆုံးတော့
သူအပြင်ထွက်ပြီး ကိုယ်လက်လှုပ်ရှားမှုပြုရပေတော့မည်။ ရန်ကိုင်
တော်တော်လေး ဒေါသထွက်နေခဲ့သည်။
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ရန်ကိုင်ရုတ်တရက် ရပ်လိုက်ပြီး
တိုးတိုးလေး ပြောလိုက်သည်‘‘ စီနီယာမမလေး…နေထွက်လို့မှ
ငါပြန်မလာခဲ့ရင် ကောင်းကင်စံအိမ်ကို မြန်နိုင်သမျှ မြန်မြန်သာ ပြန်နော်’’
ရှနင်းချန်၏ နှလုံးသားလေး တင်းကျပ်သွားခဲ့ပြီး မဖော်ပြနိုင်လောက်သော
နာကျင်မှုတစ်ခုက သူမနှလုံးလေးထဲတွင် ဖြစ်တည်လာခဲ့သည်။ ရန်ကိုင်
ပြုံးလိုက်ပြီး သူမကိုနှစ်သိမ့်လိုက်သည်‘‘ ငါပြန်လာခဲ့ရင် နင်ငါ့ကိုကတိ
တစ်ခုပေးနိုင်မလား’’
‘‘ဘာကတိပေးရမှာလဲ’’ သူမနှလုံးသားထဲက နာကျင်မှုကို
တောင့်ခံရင်း ရှနင်းချန်မေးလိုက်သည်။ ‘‘ ငါပြန်လာရင် ပြောပြမယ်’’
ရန်ကိုင် ရယ်မောရင်းပြောလိုက်သည်။ လိုဏ်ဂူဝကနေ ဘေးတိုက်
စောင်းကာ ထွက်သွားပြီး တောင်ခြေကိုဆင်းလာခဲ့သည်။
သူထွက်ပြီးတာနဲ့ တောင်ပေါ်က အက်ကြောင်းကို ဖုံးထားလိုက်သည်။
အားလုံးအဆင်ပြေမပြေ သေချာစစ်ဆေးပြီးတော့ အမှောင်ထုထဲကို
တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။
ထိုအထီးကျန်ခြောက်သွေ့နေတဲ့ လိုဏ်ဂူထဲတွင် ရှနင်းချန်တစ်ယောက်တည်း
သာ အဖော်မဲ့စွာ ရှိနေလေတော့သည်။
နေထွက်ဖို့ သုံးလေးနာရီလောက်လိုသေးပေသည်။ ဒါပေမယ့် သူ့ရင်ဆိုင်ရမယ့်
ရန်သူအရေအတွက်ကတော့ တော်တော်လေးများနေခဲ့သည်။ တကယ်ကို
ခက်ခဲတဲ့ တိုက်ပွဲတစ်ပွဲဖြစ်လာမှာတော့ အမှန်အကန်ပင် ဖြစ်သည်။
ဘယ်အဖွဲ့မှာ ကျင့်ကြံခြင်းအဆင့်နိမ့်တဲ့ လူတွေပါလဲဆိုတာ သူမသိပေ။
ဒါကြောင့် အခုအချိန်မှာတော့ စစ်ဆေးပြီးတော့မှပဲ မီးစင်ကြည့်ကရပေတော့မည်။
ခြေသံတွေနဲ့ တဖြည်းဖြည်းနီးကပ်လာတာနဲ့ တစ်ယောက်ယောက်က
ပြောလိုက်သည်‘‘စီနီယာအစ်ကိုရှုံး…သူတို့ဘယ်မှာပုန်းနေလောက်လဲ။ ငါတို့
ဒီလောက်အကြာကြီး ရှာနေတာတောင် သူတို့ကိုမတွေ့သေးဘူး’’
နောက်တစ်ယောက်က ပြန်ဖြေလိုက်သည်‘‘ဂျူနီယာညီလေး…
မင်းစိုးရိမ်နေစရာမလိုပါဘူး။ စီနီယာအစ်ကိုနူလန်းနဲ့ သွေးတိုက်ပွဲဂိုဏ်းက
တိရစ္ဆာန်ကောင်တွေလည်း သူတို့ကိုရှာနေကြတယ်။ အဲ့နှစ်ယောက်
အချိန်အကြာကြီး ပုန်းမနေနိုင်ပါဘူး။ ငါတို့မှန်းပြောတာ ဖြစ်ပေမယ့်လည်း
ပြောတဲ့အတိုင်း မှန်နိုင်ရင် မှန်တတ်သေတယ်။ သူတို့ရန်ကိုင်နဲ့
မိန်းကလေးကို ရှာတွေ့သွားလောက်ပြီ’’
တပည့်တစ်ယောက်က ခေါင်းညိတ်လိုက်ပြီး‘‘ နှမျှောစရာကောင်းလိုက်တာ…
မိန်းကလေးက တကယ့်ကိုအလှလေးကွ။ လုံဟူလက်ထဲသာ ရောက်သွားလို့ကတော့
ဘယ်လိုဆော့ကစားခံရမလဲဆိုတာတော့ ငါစဉ်းတောင်မစဉ်းစား ချင်တော့ပါဘူးကွာ’’
စီနီယာရှုံးက ပြောလိုက်သည်‘‘ လုံဟူက တကယ့်အထန်ကောင်ကြီးကွ။
ပြီးတော့ ဘာမှလည်းသုံးစားရတဲ့ကောင်မဟုတ်ဘူး ။ ငါတို့သန်မာလာတဲ့
အခါကျ အချိန်ကောင်းတွေ ရှိလာမှာပါ’’
သူတို့စကားပြောနေတဲ့အချိန် မုန်တိုင်စံအိမ်တပည့်တွေနဲ့ ပေအနည်းငယ်
အကွာလောက်တွင် လူရိပ်တစ်ခု ရုတ်တရက်ပေါ်လာခဲ့သည်။ စကားပြောနေရင်း
ဗြုန်းစားကြီးရပ်လိုက်ပြီး စီနီယာအစ်ကိုရှုံးကအော်လိုက်သည်‘‘ ဘယ်သူလဲ’’
ဘေးဘက်ကနေ ရယ်သံတိုးတိုးလေ ထွက်လာခဲ့သည်‘‘ မင်းတို့
ငါ့ကိုရှာနေတာ မဟုတ်ဘူးလား’’
‘‘ရန်ကိုင်’’ စီနီယာအစ်ကိုရှုံး ပီတိရွှန်းဝေသွားခဲ့သည်။ ဒီလိုအခြေအနေမျိုးမှာ
အခုလို အကူအညီမဲ့နေချိန်တွင် ဘာမှအားမထုတ်ရပဲ ရန်ကိုင်နဲ့တိုးတာက
သူတို့အဖို့ ရေငတ်နေချိန် အိုအေစစ်တစ်ခု တွေ့လိုက်ရသလိုမျိုးပင်ဖြစ်သည်။
အခုတော့ ရန်ကိုင်ကို ထောင်ချောင်ဆင်ခေါ်ဖို့ အားထုတ်ကြိုးစားစရာလည်း
မလိုတော့ပေ။
စီနီယာအစ်ကိုရှုံးခဗျာ အလွန်အမင်းစိတ်လှုပ်ရှားနေခဲ့သလို ရန်ကိုင်လည်း
တော်တော်လေး ပျော်နေခဲ့သည်။ ( သေမင်းကိုယ်ရှေ့ရောက်နေတာတောင်
ပျော်နေတဲ့လူမျိုးတွေ…)
သူတို့ဘယ်သူလဲဆိုတာ ရန်ကိုင်သိနေခဲ့ပြီဖြစ်သည်။ မုန်တိုင်စံအိမ်တပည့်
ငါးယောက်ထဲတွင် ချီပြောင်းလဲခြင်းအဆင့်ရောက်နေတဲ့ နူလန်းကလွဲလို့
ကျန်တဲ့တပည့်တွေ အကုန်လုံးက စဦးဒြပ်စင်အဆင့် တွေပဲဖြစ်သည်။
စဦးဒြပ်စင်အဆင့် ကျင့်ကြံသူတွေကို ရန်ကိုအဖို့မှုစရာမလိုပေ။
Martial Peak
အထွတ်အထိပ် သိုင်းဧကရာဇ်
အပိုင်း (၉၇) ခေါင်းစဉ်ဆိုတာ ဇာတ်လမ်းပဲ
မုန်းတိုင်းစံအိမ်က ထိုတပည့်နှစ်ယောက်က ရန်ကိုင်နဲ့ ရန်ကြွေးမရှိပေမယ့် ဒီကိုလာတဲ့
ခရီးလမ်းတွင် သူတို့ညီအစ်ကိုအများအပြား သေဆုံးခဲ့ရသည်။ သူတို့မှာ
ဝမ်ဖေးချန်ကို လက်စားချေတုန့်ပြန်ဖို့ ခွန်အားအလုံအလောက်မရှိသဖြင့် မြှားဦးကို
ရန်ကိုင်ဘက်သာ လှည့်ရပေတော့သည်။ ထိုအချိန်တွင် ရန်သူနဲ့ကိုယ်တိုင်ကိုယ်ကျ
တွေ့ရတာက တကယ်ကို ဒေါသထွက်စရာကောင်းပေသည်။
စီနီယာအစ်ကိုရှုံးက ပြုံးလိုက်ပြီး ရန်ကိုင်ကို အထက်အောက်စုံဆန်ကြည့်ကာ ပြောလိုက်သည်
‘‘သတ္တိကမသေးပါလား…ငါတို့ကိုတောင်စိန်ခေါ်ရဲတယ်။ မိန်းကလေးကော ဘယ်မှာလဲ’’
‘‘ငါ့ကိုနိုင်ရင် ပြောပြမှာပေါ့…အဲ့လောက်မလောနဲ့လေ’’ ရန်ကိုင် လက်ဆစ်ချိုး လက်သီးဆုပ်ကာ
ခေါင်းခါရင်း ထိုတပည့်တွေဆီ ဖြည်းဖြည်းချင်းလမ်းလျှောက်သွားလိုက်သည်။
စီနီယာအစ်ကိုရှုံးက ရယ်လိုက်ပြီး‘‘ငါရှေ့မှာလာပြီး ဒီလိုမဆင်မခြင်လုပ်ရဲတယ်ပေါ့…
ပြီးတော့မှာ အဖေအမေကယ်ပါယူပါ ဆိုပြီးတစာစာအော်မနေကြေးနော်’’
ပြောနေရင်း သူ့ခါးမှာချိတ်ထားတဲ့ ဆေးဘားဓါးကို ဓါးအိမ်ကနေ ဆွဲထုတ်ပြီး
ကိုယ်နေဟန်ထားကို ပြင်ဆင်လိုက်သည်။ စီနီယာအစ်ကိုရှုံးက စဦးဒြပ်စင်အဆင့်၆ကို
ရောက်နေပြီး ရန်ကိုင်ကတော့ စဦးဒြပ်စင်အဆင့်၄သာရှိသေးပြီး သူတို့ကြားတွင်
အဆင့်၂ဆင့် ကွာခြားနေခဲ့သည်။ ထို့ပြင် သူကလက်နက်တစ်ခုကိုပါ ကိုင်ဆောင်
ထားသေးလေသည်။
သူလှုပ်ရှားလိုက်တဲ့အကွက်က စမ်းသပ်စစ်ဆေးဖို့သာ ဖြစ်ပေမယ့် ထိုအကွက်နဲ့
ရန်ကိုင်ကိုအနိုင်မယူနိုင်ဘူးဆိုတာကိုတော့ သူမယုံနိုင်ပေ။ အမှောင်ထုထဲတွင်
ဓါးရောင်တစ်ချက်လက်သွားခဲ့ပြီး ရန်ကိုင်လည်း ဘေးဘက်ကို ရှောင်တိမ်းလိုက်သည်။
ထို့နောက် စီနီယာအစ်ကိုရှုံးကို ဓါးကို မြှောက်လိုက်ပြီး ရန်ကိုင်ကို တရပ်စပ်တိုက်ခိုက်
တော့လေသည်။ ရန်ကိုင်က ဓါးချက်အားလုံးကို ရှောင်တိ်မ်းလိုက်ပြီး…နှစ်ယောက်စလုံး
ပြိုင်တူ နောက်ပြန်ဆုတ်လိုက်ကြသည်။
စီနီယာအစ်ကိုရှုံးက ရယ်မောလိုက်ပြီး‘‘ ပုရွက်စိတ်တစ်ကောင်က ကမ္ဘာကြီးကိုစိုးမိုးချင်နေတယ်။ ရန်ကိုင်…မင်းအသက်ကငါ့အပိုင်ပဲ။ လာစမ်းပါ’’
အစောပိုင်းတုန်းက တိုက်ခိုက်မှုတွေက ရန်ကိုင်ခွန်အားဘယ်လောက်ရှိလဲဆိုတာ
သူ့ကိုသိသွားစေခဲ့ပြီဖြစ်သည်။ အခုအချိန်မှတော့ ရန်ကိုင်ကို ဘယ်လိုအလွယ်တကူ
အနိုင်ယူသတ်ဖြတ်ရမလဲဆိုတာ သူသိသွားခဲ့ပြီဖြစ်သည်။ ချီစွမ်းအင်ကို လှုံ့ဆော်လိုက်ပြီး
စီနီယာအစ်ကိုရှုံး၏ ဓါးသွားကနေ လေနဲ့လျှပ်စီးအသံတွေ ထွက်ပေါ်လာခဲ့သည်။
‘‘လေမိုးကြိုးငိုကြွေခြင်း’’ စီနီယာအစ်ကိုရှုံးက သူ့ဓါးကို ပြင်းပြင်းထန်ထန် ဝှေ့ရမ်းလိုက်သည်။
ဓါသွားပေါ်တွင် လျှပ်စီးအမျှင်တန်းလေးတွေကို မြင်တွေ့နေခဲ့ရပြီး သူဓါးကိုဝှေ့ရမ်းလိုက်တာနဲ့
လျှပ်စီးစက်ဝိုင်းပြတ်တစ်ခုက ရန်ကိုင်ဆီ အလွန်လျှင်မြန်သော အရှိန်နှင့် ပြေးဝင်သွားခဲ့သည်။
ရန်ကိုင်အဖို့ ထိုဓါးကိုမရှောင်တိမ်းနိုင်တော့ပေ။ ဒါပေမယ့် သူ့မျက်နှာပေါ်မှာတော့
ကြောက်လန့်မှု အရိပ်အယောင် တစ်စွန်းတစ်စတောင် မတွေ့ရပေ။ ထို့နောက် ရိုးရှင်းစွာနဲ့
သူ့လက်ဝါးကို ဓါးသွားဆီမြှောက်လိုက်သည်။
စီနီယာအစ်ကိုရှုံးက လှောင်ပြောင်လိုက်ပြီး သူ့စိတ်ထဲမှာကြုံးဝါးနေခဲ့သည်။ လျှပ်စီးဓါးကို
မင်းလိုစဦးဒြပ်စင်အဆင့်၄ ကျင့်ကြံသူတစ်ယောက်က လက်ချည်းသက်သက် ခုခံရဲတယ်ပေါ့…
ဓါးနဲ့ထိနေတာ့မှ အကြောသေပြီး ငါ့ခွင့်လွှတ်မှုကို တောင်းပန်စေရမယ်ကွ။
ထိုအကြောင်းကိုတွေးရင်း စီနီယာအစ်ကိုရှုံးက ဓါးသွားအရှိန်ကို တိုးမြှင့်လိုက်သည်။
ရန်ကိုင်လက်ဝါးက မီးတောက်တစ်ခုအလား နီရဲလာခဲ့ပြီး စီနီယာအစ်ကိုခဗျာတော့
သူ့ပတ်ဝန်းကျင်က ယင်စွမ်းအင်တွေ ပျောက်ကွယ်သွားတာကို ခံစားလိုက်ရပြီး
ချက်ချင်းပဲ မီးပင်လယ်ထဲရောက်သွားသလို ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံး
လောင်ကျွမ်းခံနေရသလို ခံစားလိုက်ရသည်။
‘‘ကလန်……’’ သတ္တုချင်းထိသံ ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်လက်ဝါးက ဓါးပေါ်မှာ
ရောက်နေခဲ့ပြီး ဓါးသွားပေါ်က လျှပ်စီးတွေက သူ့လက်ဝါးနဲ့ ထိလိုက်တာနဲ့ ချက်ချင်း
ပျောက်ကွယ်သွားခဲ့လေသည်။ ဓါးသွားက လမ်းကြောင်းကနေ သွေဖယ်သွားခဲ့ပြီး
ရန်ကိုင်ပုခုံးကိုသာ ပွတ်ဆွဲသွားနိုင်ခဲ့သည်။
စီနီယာအစ်ကိုရှုံးခဗျာ အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။ ယခုထိပ်တိုက်ရင်ဆိုင်ရာတွင်
သူ့ချီစွမ်းအင်က တစ်ဖက်ရန်သူချီစွမ်းအင်၏ ပြိုင်ဘက်မဟုတ်ပေ။ သူကစဦးဒြပ်စင်အဆင့်၄
မှာမဟုတ်ဘူးလား။ သူ့ချီစွမ်းအင်က ငါ့ချီစွမ်းအင်ထက်တကယ်ပဲ သိပ်သည်းနေတာလား..။
ရန်ကိုင်လက်ဝါးချက် တွင်ပါဝင်တဲ့ ချီစွမ်းအင်က အလွန်အမင်းသန့်စင်နေပေသည်။
မဟုတ်ရင် ဓါသွားပေါ်က လျှပ်စီးတွေက အလွယ်တကူ ပျောက်ကွယ်သွားလိမ့်မည်မဟုတ်ပေ။
ထိုအကြောင်းကိုတွေးရင် စီနီယာအစ်ကိုရှုံး မလွယ်ကူတော့သလို ခံစားလိုက်ရသည်။ ထို့နောက်
သူ့ဓါးကို ရန်ကိုင်ဆီကနေ အမြန်ပြန်ယုတ်လိုက်သည်။ နောက်တစ်ကြိမ် မတိုက်ခိုက်ခင်
ချီစွမ်းအင်ကို တည်ငြိမ်အောင် ပြန်လုပ်ရပေလိမ့်မည်။ ဒါပေမယ့် ရန်ကိုင်ကကော
သူချီစွမ်းအင် တည်ငြိမ်အောင်လုပ်နေတာကို ဒီအတိုင်း ထိုင်စောင့်နေပါ့လား…
သူဓါးကို ပြန်ရုတ်လိုက်တဲ့အချိန်တွင် ဟန်ချက်မညီဖြစ်သွားခဲ့ပြီး သူ့အကြည့်ထဲမှာတော့
ကြောက်လန့်မှုတို့ ကြီးစိုးလာခဲ့သည်။ သူ့ဝမ်းဗိုက်ပေါ် လက်သီးတစ်လုံးကျလာတာကို
ခံစာလိုက်ရပြီး ချက်ချင်းပဲ သွေးတစ်ပွက် အန်လိုက်ရလေသည်။
သူ့မှာရင်ဆိုင်ရမယ့် ရန်သူတွေအများကြီးရှိမှန် ရန်ကိုင်သိပေသည်။ ထို့ကြောင့်
ထိုနှစ်ယောက်ကို မြန်နိုင်သမျှ မြန်မြန် ရှင်းပစ်ရပေမည်။ သူ့ရန်သူကိုသတ်ဖို့
ယန်အရည်စက်ကို တုန့်ဆိုင်းချင်းမရှိ ချက်ချင်းအသုံးပြုလိုက်သည်။
စီနီယာအစ်ကိုရှုံး၏ လှုပ်ရှားမှု ရပ်တန့်သွားခဲ့ပြီး မြေပြင်ပေါ်လဲကျသွားခဲ့သည်။
ယင်စွမ်းအင် လှည့်ပတ်သံကလွဲလို့ အခြားမည်သည့်အသံမှ မကြားရတော့ချေ။
ပတ်ဝန်းကျင်တစ်ခုလုံး ခြောက်ခြားဖွယ်ကောင်းနေခဲ့သည်။
မုန်းတိုင်းစံအိမ်တပည့်က လှုပ်ရှားမှုမရှိတော့တဲ့ စီနီယာအစ်ကိုရှုံးကို ငေးကြောင်ကြည့်နေပြီး အချိန်အတော်ကြာမှ အသိပြန်ဝင်လာခဲ့သည်။ ထို့နောက် အသံတိုးတိုးနဲ့
အော်လိုက်သည်‘‘စီနီယာအစ်ကိုရှုံး…စီနီယာအစ်ကိုရှုံး….’’
ရန်ကိုင်က ပြံးဖြဲဖြဲလုပ်ရင်း သူ့ခန္ဓာကိုယ်ကို ရုတ်တရက် တည့်မတ်လိုက်ပြီး ပြောလိုက်သည်
‘‘မင်းစီနီယာအစ်ကိုကြီးက အခုအချိန်လောက်ဆို မြစ်ဝါမြစ်ကမ်းကို ရောက်နေလောက်ပြီ။
မင်းလည်းမြန်မြန်သွားသင့်နေပြီ…တော်ကြာမင်းကိုစောင့်ရတာ စိတ်မရှည်ဖြစ်လာလိမ့်မယ်’’
ထိုတပည့်က ရန်ကိုင်ကိုငေးကြောင်ကြည့်နေပြီး …ထို့နောက် အသံပြဲကြီးနဲ့အော်ဟစ်ကာ
ထွက်ပြေးတော့လေသည်။
သူ့ခွန်အားက စီနီယာအစ်ကိုရှုံးထက်နိမ့်ကျပြီး စဦးဒြပ်စင်အဆင့်၅ပဲ ရောက်သေးလေသည်။
စီနီုယာအစ်ကိုရှုံးလိုက် စဦးဒြပ်စင်အဆင့်၆ ကျင့်ကြံသူတစ်ယောက်ကိုတောင်မှ တစ်ကွက်တည်းနဲ့
ရန်ကိုင်သတ်နိုင်ခဲ့ရင် သူ့ကိုလည်းသတ်နိုင်ပေသည်။
‘‘ထွက်ပြေးတာလား’’ ရန်ကိုင်လှောင်ပြုံးပြံုးလုကိပြီး စီနီယာအစ်ကိုရှုံး၏ ဓါးရှည်ကိုကိုင်ရင်း
ထိုတပည့်နောက် လိုက်သွားလေသည်။ တောင်ကြားထဲက ယင်စွမ်းအင်တွေက ရန်ကိုင်၏
အကူအညီတွေပင်ဖြစ်သည်။ ယင်ချီတွေရဲ့ တိုက်စားစွမ်းအင်ကြောင့် သူတို့ခွန်အားလျော့ကျသွားပြီး အစစ်အမှန်ယန်နည်းစနစ်ကို ကျင့်ကြံထားတဲ့ ရန်ကိုင်ကသာ
ထိုအကျိုးသက်ရောက်မှု မခံရခြင်းဖြစ်သည်။
ယန်စွမ်းအင်နည်းနည်းသုံးထားလိုက်ရုံနဲ့တင် သူ့ပတ်ဝန်းကျင်က ယင်စွမ်းအင်တွေကိုဖမ်းရှားနိုင်ပေသည်။
မုန်တိုင်စံအိမ်တပည့် ကျင့်ကြံခြင်းအဆင့်က စဦးဒြပ်စင်အဆင့်၅ကို ရောက်နေပေမယ့်လည်းတောင်ကြားထဲ ယင်ချီတွေကြောင့် သူ့ခွန်အားက တော်တော်လေးနိမ့်ကျသွားခဲ့ပေသည်။
တစ်ခဏကြာအောင် လိုက်ပြီးနောက် သူတို့ကြားကကအကွာအဝေးက တော်တော်လေး
နီးကပ်လာခဲ့ပြီး ၁၀-ပေလောက်သာ ခြားတော့လေသည်။
ပြေးနေရင်း ရန်ကိုင်ကဓါးရှည်ကိုပစ်လိုက်သည်။ လေးကိုခွင်းသွားတဲ့အသံ ထွက်ပေါ်လာခဲ့ပြီး
မုန်တိုင်စံအိမ်တပည့်ကို ဓါးရှည်ကိုရှောင်ရှားဖို့အတွက် ရွေ့လျားပညာရပ်တစ်ခုကို
အသုံးပြုလိုက်သည်။ဒါပေမယ့် ဓါးက သူနဲ့အလွန်အမင်းနီးကပ်နေတဲအတွက်
ရွေ့လျားပညာရပ်ကိုအသက်သွင်းဖို့ သူ့မှာအချိန်မလုံလောက်တော့ပေ။
ထွက်ပြေးဖို့ လမ်းမမြင်တာနဲ့ မုန်တိုင်းစံအိမ်တပည့်က မြန်မြန်လှည့်လိုက်ပြီး
သူ့ကိုယ်ပိုင်လက်နက်ကို ထုတ်လိုက်သည်။ ဒါပေမယ့်
သွေးနီရောင်အလင်းတန်းတစ်ခုကို မြင်လိုက်ရသဖြင့် ဓါးရှည်ကိုရင်ဘတ်တွင်ထားကာ
ကာကွယ်ထားလိုက်သည်။
ဘန်း….ဘန်း၊ သွေးနီရောင် လက်နက်က သူ့ဓါးကိုတိုဟူးတစ်တုံလို လှီးဖြတ်သွားခဲ့သည်။
သူ့ဓါးနှစ်ပိုင်းပြတ်သွားခဲ့ပြီး ချက်ချင်းသူ့လည်းပင်းက ပူလာတာကို ခံစားမိလိုက်သည်။
ဒါပေမယ့် သူမျက်လုံးအစုံက မှုန်ဝါးလာခဲ့ပြီး သူလည်းမြေပြင်ပေါ်ကို လဲကျသွားခဲ့သည်။
ရန်ကိုင်ကတော့ သွေးတစ်စက်စက်ကျနေတဲ့ သွေးနီရောင်ဓါးရှည်ကိုကိုင်ရင်း ရပ်နေလိုက်သည်။
မုန်တိုင်းစံအိမ်တပည့် မြေပြင်ပေါ်လဲကျသွားတဲ့အချိန်တွင် ရန်ကိုင်ကိုမျက်လုံအပြူးသားနဲ့
စူးစိုက်ကြည့်နေလိုက်သည်။ သူ့ခဗျာအသံတစ်သံတောင် မထွက်နိုင်တော့ပဲ ခဏအကြာတွင်
သူ့ခေါင်းတစ်ခုလုံး ပေါက်ကွဲသွားခဲ့သည်။ ပတ်ပတ်လည်ကို သွေးတွေပန်းထွက်သွားခဲ့ပြီး
သွေးမိုးရွာချသည့်အလား ဘေးပတ်ဝန်းကျင်တစ်ခုလုံး နီစွေးနေခဲ့သည်။
သူတို့နှစ်ယောက်စလုံး သေသွားခဲ့ပြီဖြစ်သည်။
သူ့အဖို့ ရွှေရောင်အရိုးခြောက်ကိုတောင် အသုံပြုစရာမလိုပဲ ထိုနှစ်ယောက်ကို
အလွယ်တကူသတ်ဖြတ်နိုင်ခဲ့သည်။ အရင်တုန်းကဆိုရင် သူထက်ကျင့်ကြံခြင်းအဆင့်
မြင့်တဲ့လူနဲ့ တိုက်ခိုက်တိုင်း ရွှေရောင်အရိုးခြောက်၏ လျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရပ်ကို
အသက်သွင်းဖို့ လိုပေသည်။ သူ့ခွန်အားကို သေချာပြန်ဆန်းစစ်ဖို့ လိုနေပြီးလို့ တွေးလိုက်သည်။
ရန်ကိုင်ထွက်သွားဖို့လုပ်နေတုန်း သူ့ပတ်ပတ်လည်ကနေ လေကြောင့် အဝတ်စချင်း
ရိုက်ခတ်သံတို့ ကြားလိုက်ရသည်။ ရန်ကိုင်က ပုန်းဖို့စဉ်းစားလိုက်ပေမယ့် သေချာတွေးတောပြီးနောက်
ပုန်းမနေတော့ သူ့ဘယ်ဘက်ကလာနေတဲ့ အသံဆီ သွားလိုက်သည်။
သူထင်ထားသလိုပဲ မုန်းတိုင်စံအိမ်တပည့် ၃ယောက်ကျန်နေသေးပေသည်။
ခွရှာတာက ပိုအကျိုးရှိတယ်လို့ ထင်တဲ့အတွက် တစ်ယောက်ချင်းစီ ခွဲရှာနေကြခြင်းဖြစ်သည်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် အဝေးကြီးခြားမနေခဲ့ပေ။
အခုအချိန်မှာတော့ ကျန်နေတဲ့တပည့်သုံးယောက် ရောက်ရှိလာခဲ့ပြီဖြစ်သည်။
သူထင်ထားတဲ့အတိုင်း မုန်တိုင်စံအိမ်တပည့်တွေ၏ ကျင့်ကြံခြင်းအဆင့်က သွေးတိုက်ပွဲဂိုဏ်းက
တပည့်တွေထက် ပိုပြီးနိမ်ကျပေသည်။
Martial Peak
အထွတ်အထိပ် သိုင်းဧကရာဇ်
အပိုင်း (၉၈) ထပ်မံသတ်ဖြတ်ခြင်း
ထိုလူသုံးယောက်တွင် နူလန်းတစ်ယောက်က ချီပြောင်းလဲခြင်းအဆင့်ကို ရောက်နေပြီဖြစ်သည်။ ထို့ကြောင့်
ထိုသုံးယောက်ကို အနိုင်ယူဖို့ဆိုရင် သူ့အတွက် နည်းနည်းဒုက္ခများပေလိမ့်မည်။ ထို့အတွက် ရန်ကိုင်အဖို့
မုန်တိုင်စံအိမ်တပည့်နှစ်ယောက်ကို အရင်ဆုံးသတ်ဖြတ်နိုင်ဖို့လိုအပ်ပြီး….ထိုနှစ်ယောက်ကို သတ်ပြီးတော့မှပဲ
သူ့စိတ်အာရုံ အလုံးစုံကို နူလန်းကိုသတ်ဖြတ်ဖို့ပဲ အာရုံစိုက်ထားနိုင်မှာပဲဖြစ်သည်။
သူ့ကိုယ်သူကြည့်ရင်း ချီပြောင်းလဲခြင်းအဆင့် တပည့်တစ်ယောက်ကို သတ်ဖြတ်နိုင်မလားဆိုတာ
စဉ်းစားတွေးတောကြည့်လိုက်သည်။ ထိုအကြောင်းကိုတွေးတောရင်း သူ့သွေးတွေဆူပွက်လာခဲ့သည်။
သူ့ဘယ်ဘက်ခြမ်းကနေ လာနေတဲ့မုန်တိုင်စံအိမ် တပည့်နှစ်ယောက်က စဦးဒြပ်စင်အဆင့်သာရှိသေးပြီး
သူသတ်ခဲ့တဲ့နှစ်ယောက်နဲ့ ခွန်အားအတူတူလောက်ပဲ ရှိလေသည်။ ထိုနှစ်ယောက်ထက် သန်မာတယ်
ဆိုရင်တောင် အများကြီးသန်မာလိမ့်မှာ မဟုတ်ပါဘူး။
သူတို့ရဲ့ ဂျူနီယာညီငယ်လေးတွေရဲ့ အော်သံကြားတာနဲ့ ရောက်နေတဲ့အရပ်ကနေ အတတ်နိုင်ဆုံး
မြန်နိုင်သမျှမြန်မြန်ပြေးလာခဲ့သည်။ ဒါပေမယ့် သူတို့မရောက်သေးခင်မှာပဲ တစ်စုံတစ်ယောက်က
သူတို့ဆီတိုးဝင်လာခဲ့သည်။ ‘‘ဘယ်သူလဲ’’ မုန်းတိုင်စံအိမ်တပည့်နှစ်ယောက် ပြေးနေတာကိုရပ်လိုက်ပြီး
အသင့်အနေအထား ပြင်လိုက်ကြသည်။ ရန်ကိုင်က ပြန်မဖြေပဲ သူ့အရှိန်ကိုတိုးမြှင့်လိုက်ပြီး ထိုနှစ်ယောက်ဆီ
တိုးဝင်သွားခဲ့သည်။ ရန်ကိုင်၏ သတ်ဖြတ်လိုစိတ်နှင့် ရန်လိုမှုကို ခံစားမိလိုက်တာနဲ့ သူတို့ချက်ချင်း
တုန့်ပြန်နိုင်ခဲ့ပြီး ချက်ချင်းအော်လိုက်သည်‘‘ရန်ကိုင်ပဲ’’
သူတို့ပြောပြီးတာနဲ့ လက်ထဲတွင် လက်နက်တစ်ခုစီ ပေါ်လာခဲ့သည်။ ရန်ကိုင်ဆီ ဘယ်တစ်ဖက်
ညာတစ်ဖက်ကနေ တိုးဝင်သွားခဲ့သည်။ ရန်ကိုင်၏ တိုက်ပွဲစိတ်ဝိဉာဉ်နိုးထာလာခဲ့ပြီး
တိုနှစ်ယောက်၏တိုက်ခိုက်မှုကို ကြောက်ရွံ့ခြင်းအရှင်းမရှိပဲ ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
လျှပ်စီးတမျှမြန်သော အရှိန်နဲ့ သွေးနီရောင်ဓါးသွားက သူ့လက်ထဲတွင် နောက်တစ်ကြိမ်
ထွက်ပေါ်လာခဲ့ပြီး မုန်တိုင်စံအိမ်တပည့်တစ်ယောက်ကို ပစ်မှတ်ထားလိုက်သည်။
တိုက်ခိုက်ခံရတဲ့ တပည့်ကသူဓါးနဲ့ ကာဖို့လုပ်လိုက်ပေမယ့် သာမန်အဆင့်လက်နက်တစ်ခုက
သွေးနီရောင်ဓါးသွားကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်ပါ့မလဲ။ သူ့ဓါးနှစ်ပိုင်းကျိုးသွားခဲ့ပြီး….
သူတုန့်ပြန်တာ မြန်ဆန်သွားသောကြောင့်သာ သွေးနီရောင်ဓါးသွားကို ရှောင်ရှားသွားနိုင်ခဲ့ကာ
သူ့နံရိုးကိုပဲ ရှပ်ထိသွားစေနိုင်ခဲ့သည်။ သံပူပြားတစ်ပြားနဲ့ အကပ်ခံလိုက်ရသလို ခံစားလိုက်ရပြီး
သွေပျက်ခြောက်ခြားစွာ အော်ဟစ်ညီးတွားလိုက်သည်။ ချက်ချင်ပဲ လေထုတစ်ခုလုံး
အသားညှော်နဲ့တို့ဖြင့် ပြည့်လာခဲ့သည်။
‘‘စီနီယာအစ်ကို’’ ကျန်တဲ့တပည့်တစ်ယောက်၏ အမူအရာ အပြောင်းကြီးပြောင်းလဲသွားခဲ့ပြီး
သူ့တိုက်ခိုက်မှုကို အမြန်အဆန်ပဲ ပြန်ရုတ်သိမ်းလိုက်သည်။ ဒီလိုသေရေးရှင်ရေးအခြေအနေတွင်
ရန်ကိုင်က သူတို့ကိုဘယ်လိုလုပ်ပြီး သက်ညှာပေးနိုင်ပါ့မလဲ။ ဓါးသွားကိုချိုးဖျက်ပြီးတာနဲ့
မုန်တိုင်စံအိမ်တပည့်ရဲ့ ရင်ညွှန့်နေရာကို လက်ဝါးတစ်ရိုက်ရိုက်လိုက်သည်။
မီးတောက်တမျှပူပြင်းလှတဲ့ ယန်ချီတွေက သူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားခဲ့ပြီး ထိုတပည့်လည်း
မျက်ဖြူလှန်သွားကာ နောက်ဘက်ကိုလွင့်ထွက်သွားခဲ့သည်။ မြေပေါ်ကျသွားတာနဲ့
အကြိမ်အနည်းငယ်လောက် ရုန်းကန်နေလိုက်ပြီးနောက် သူ့လှုပ်ရှားမှုတွေအားလုံး
ရပ်တန့်သွားကာ မနိုးသောအိပ်စက်ခြင်းနှင့် ထာဝရအိပ်စက်သွားတော့လေသည်။
တစ်ခဏအတွင်း သူနောက်ထပ်မုန်တိုင်စံအိမ်တပည့်တစ်ယောက်ကို သတ်ဖြတ်ပြီးသွားခဲ့ပြီ။
သူနောက်တစ်ကြိမ် မတိုက်ခိုက်ရသေးခင်မှာပဲ အသက်ရှင်ကျန်ရစ်နေသေးတဲ့ တပည့်က
သူ့ဓါးကို ဝှေ့ရမ်းလိုက်သည်။ မရှောင်ရှားနိုင်တော့တာနဲ့ ထိုတိုက်ကွက်မှုကို ခုခံဖို့
ပြင်ထားလိုက်လေသည်။ ‘‘ရွှတ်….’’ ဓါးသွားရောင်တစ်ချက် လက်သွားခဲ့ပြီး သူ့ဝမ်းဗိုက်ကို
ပိုင်းဖြတ်သွားခဲ့သည်။ ချက်ချင်းပဲ ထိုဒဏ်ရာကနေ နာကျင်မှုက သူ့ခန္ဓာကိုယ်တစ်လျှောက်ပျံ့
နှံ့လာခဲ့ပြီး သွေးတွေပန်းထွက်လာခဲ့သည်။ ဒါပေမယ့် ရန်ကိုင်ကတော့ ကျောက်ရုပ်တစ်ရုပ်ပမာ
မလှုပ်ရှားပဲ တည်တည်ငြိမ်ငြိမ်နဲ့ ရပ်နေလိုက်သည်။ ထိုဒဏ်ရာက ရန်ကိုင်ကို ပိုပြီးရက်စက်ကြမ်းကြုတ်
သွေးဆာလာစေခဲပြီး မုန်တိုင်စံအိမ်တပည့်ဆီ လှည့်ကြည့်လိုက်သည။
ထို့တပည့်က ရန်ကိုင်သူ့ဂျူနီယာညီလေးကို သတ်သွားတာကို ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ရသည်။
ထို့ကြောင့် ဘာကိုမှသေချာရေရေရာရာ မတွေးတောနိုင်တော့ပဲ သူ့ခေါင်းထဲတွင် ရန်ကိုင်ကို
သတ်ပြီး သူ့ဂျူနီယာညီလေးအစား လက်စားချေပေးဖို့ အတွေးတွေနဲ့သာ ပြည့်နေခဲ့သည်။
ပထမဓါးချက်ကို သူ့ဓါးကိုနောက်တစ်ကြိမ် မြှောက်လိုက်သည်။ ဒီတစ်ကြိမ်မှာတော့ သူ့ဓါးချက်ကို
ရန်ကိုင်၏လည်မျိုဆီ ဦးတည်ထားလိုက်သည်။
ရန်ကိုင်က ထိုဓါးချက်ကို သူ့လက်နဲ့တိုက်ရိုက်ကာလိုက်သည်။ ဓါးချက်က သူ့လက်ကိုဖောက်ထွက်သွားခဲ့ပြီး
သူ့အရိုးကိုထိသွားတော့မှပဲ ရပ်တန့်သွားခဲ့ပြီး ဆက်လက်မထိုးဖောက်နိုင်တော့ပေ။ ‘‘ဟဲဟဲ….’’
သူ့လက်ကနေ သွေးတွေစီကျနေခဲ့ပြီး သေမင်းရယ်သံအလား ခြောက်ခြားဖွယ်ကောင်းတဲ့
ရယ်သံကြီးနဲ့ ရယ်လိုက်သည်။
ညအမှောင်ထုထဲတွင် ဆင်စွယ်ရောင် ဖြူလွလွသွားတစ်စုံပေါ်လာခဲ့သည်….ထိုသွားအစုံက
ညမုဆိုးတစ်ကောင်ရဲ့ သွားတစ်စုံနဲ့ ဆင်တူနေခဲ့ပြီး ရန်ကိုင်ခေါင်းအစ ခြေအဆုံး မိစ္ဆာအော်ရာတွေကို
ထုတ်လွှတ်နေခဲ့သည်။
ရန်ကိုင်က ရက်စက်ကြမ်းကြုတ် စိတ်လှုပ်ရှားနေခဲ့ပြီး မိစ္ဆာအော်ရာတွေကိုလည်း ထုတ်လွှတ်နေခဲ့သည်။
သူ့ရဲ့အပြုံးကို မြင်လို့ရအဖို့ သွေးပျက်ခြောက်ခြားပြီး လိပ်ပြာလွင့်သွားနိုင်ပေသည်။
‘‘မင်း…’’ အသက်ရှင်ကျန်ရစ်နေတဲ့ မုန်တိုင်စံအိမ်တပည့်တစ်ဘဝလုံးတွင် ရန်ကိုင်လိုလူမျိုး
တစ်ခါမှမတွေကခဲ့ဖူးပေ။ ဒဏ်ရာနှစ်ချက်ရထားတာတောင် ပြုံးနေနိုင်သေးတယ်…ဒီကောင်
ရူးနေတာလား။ သူ့စိတ်အစုံက ရှုပ်ထွေးနေခဲ့ပြီး ပြန်ပြီးတော့သာ နောက်ဆုတ်ချင်နေခဲ့သည်။
ဒီလိုသေရေးရှင်ရေး တိုက်ပွဲတွင် ပြိုင်ဘက်ရန်သူရဲ့ အော်ရာကြောင့် ထိန့်လန့်နေရပါတယ်ဆိုမှတော့
သူမှာအသက်ရှင်ဖို့ အခွင့်အရေး ဘယ်လိုလုပ်ပြီး ရှိပါတော့မလဲ။
ချက်ချင်းပဲ ရန်ကိုင်ထိုတပည့်ခွကြားကို အားရပါးရ ကန်ထည့်လိုက်သည်။ တစ်စုံတစ်ခု ကွဲကြေသံ
ထွက်ပေါ်လာခဲ့ပြီး ထိုတပည့်လည်း မြေပေါ်ကိုဒူးထောက်ကျသွားကာ သူ့မျက်နှာကလည်း
သွေးမရှိတော့မတတ် ဖြူလျော်နေခဲ့သည်။ ချက်ချင်းပဲ ရန်ကိုင်က သူ့လက်ထဲတွင် စိုက်ဝင်နေတဲ့
ဓါးကိုဆွဲထုတ်လိုက်ပြီး သူ့အလုပ်ကိုလက်စသိမ်းလိုက်သည်။
သူနောက်ထပ်နှစ်ယောက်ကို ထပ်ပြီးသတ်ဖြတ်ပြီးသွားခဲ့ပြီ။
‘‘ရွှတ်……’’ အခုအချိန်မှပဲ ညာဘက်ခြမ်းကလူက သူ့ဆီကိုရောက်လာခဲ့သည်။ ထိုတပည့်က
နူလန်းပင်…။ မုန်တိုင်စံအိမ်တပည့်တွေက အဖွဲ့သုံးဖွဲ့ခွဲပြီး ရန်ကိုင်နှင့် ရှနင်းချန်ခြေရာနောက်လိုက်ကာ
သူတို့နှစ်ယောက်ကို လိုက်လံရှာဖွေခဲ့သည်။ ဒါပေမယ့် မမျှော်လင့်ပဲ နူလန်းကလွဲပြီး ကျန်တဲ့တပည့်တွေ
အကုန်လုံး ရန်ကိုင်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
မြေပြင်ပေါ်မှာ မလှုပ်မယှတ် လဲလျောင်းနေတဲ့ သူ့ဂျူနီယာညီလေးနှစ်ယောက်ကို
မြင်လိုက်တာနဲ့ နူလန်းက ရန်ကိုင်ဘက်လှည့်လိုက်ပြီး ရက်စက်ကြမ်းကြုတ်တော့မယ့်
အသံနဲ့ပြောလိုက်သည်‘‘ မင်သူတို့ကိုသတ်လိုက်တာလား’’ ရန်ကိုင်လည်း ပြန်လှည့်ကြည့်
လိုက်သည်။ သူ့အကြည့်က ကန်ရေပြင်တစ်ခုအလား တည်ငြိမ်နေခဲ့ပြီး အလွန်အမင်း
အေးစက်နေခဲ့သည်။
‘‘လူတိုင်းက မင်းကိုအထင်သေးမိတဲ့ပုံပဲ။ မင်းကတော်တော်လေး သန်မာတာပဲ’’ သူ့အမူအရာက
မှိုင်းဝေနေခဲ့ပြီး နူလန်းက သူ့ဒေါသကိုအတင်းအကြပ် ဖိနှိပ်ထားလိုက်သည်။ အသက်ပြင်းပြင်း
ရှုလိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ မေးလိုက်သည်‘‘ငါမင်းကိုမေးချင်တာရှိတယ်’’
‘‘မေးစရာမလိုတော့ပါဘူး…ချန်ရှောင်ဖုန်းနဲ့ နူတောင်းနှစ်ယောက်စလုံးကို ငါသတ်လိုက်တာ။
မင်းမှန်မှန်ကန်ကန် ခန့်မှန်းနိုင်ခဲ့တာပဲ’’
‘‘တကယ်ပဲ မင်းပေါ့’’ နူလန်းခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားခဲ့သည်…သူ့ညီငယ်လေးက
တစ်နေရာရာမှာ လမ်းပျောက်ပိတ်မိသွားရင်းပြန်မလာနိုင်တာလို့ သူအမြဲတမ်းမျှော်လင့်ထားခဲ့သည်။
ဒီလိုဖြစ်နိုင်ချေနည်းပေမယ့်လည်း သူ့အတွက်ဆုပ်ကိုင်စရာ မျှော်လင့်ချက် အနည်းငယ်တော့
ရှိနေပေသေးသည်။ ဒါပေမယ့် အခုအချိန်မှတော့ သူ့မျှော်လင့်ချက်တွေအကုန်လုံး
ရန်ကိုင်ကြောင့် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့ရလေပြီ။ ရန်ကိုင်က သူ့ညီငယ်လေးကို
သတ်ခဲ့တယ်လို့ ကိုယ်တိုင်ကိုယ်ကျ ဝန်ခံလိုက်လေပြီ။
‘‘သူတို့ကငါ့ကိုသတ်ချင်နေမှတော့ ငါကဘာလို့ပြန်ပြီသက်ညှာပေးနေရမှာလဲ’’ ရန်ကိုင်က
စိတ်မရှည်ဖြစ်လာခဲ့ပြီး‘‘ အဓိပ္ပါယ်မရှိတဲ့ စကားတွေပြောမနေနဲ့တော့…တိုက်ကြမယ်’’
‘‘ကောင်းတယ်..ကောင်းတယ်..ကောင်းတယ်’’ နူလန်းတစ်ကိုယ်လုံး သတ်ဖြတ်လိုစိတ်တွေနဲ့ဖုံးလွှမ်းနေခဲ့ပြီး အဆိပ်ရည်တစက်စက်ကျနေတဲ့အသံနဲ့ ရန်ကိုင်ကိုပြောလိုက်သည်
‘‘ မင်းကငါ့ညီကိုသတ်တယ်လို့ ဝန်ခံရဲမှတော့ …ဘာမှဆက်ပြောစရာမလိုတော့ဘူးပေါ့။
ဒီနေ့မုန်တိုင်စံအိမ်က သေခဲ့တဲ့တပည့်တွေကို မင်းအသက်ကိုသုံးပြီး ကျေနပ်နှစ်သိမ့်ေပးရမယ္’’
နူလန်းက သူ့ကိုယ်သူအဆင့်သင့်ဖြစ်အောင် ပြင်ဆင်လိုက်ပြီး ရှေ့ကိုးပြေးတက်သွားခဲ့သည်။
သူ့ခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီး ရုတ်တရက် ရန်ကိုင်ရှေ့တွင်ပေါ်လာခဲ့သည်။ သူလက်ကို
သိမ်းငှက်လက်သည်းတစ်ခုအလား ကွေးလိုက်ပြီး ရန်ကိုင်လည်မျိုကို ရေပြင်ညီအတိုင်းပိုင်းချလိုက်သည်။
ရန်ကိုင် အမူအရာ ခက်ထန်းသွားခဲ့သည်… ချီပြောင်းလဲခြင်းအဆင့်တစ်ယောက်၏ ခွန်အားက စဦးဒြပ်စင်အဆင့်ခွန်အားထက် အဆများစွာသာလေသည်။ နောက်ဘက်ကို
ကွေးလိုက်ပြီး လည်မျိုကို သူ့လက်နှစ်ဖက်နဲ့ ကမန်းကတန်း ကာထားလိုက်သည်။
ဝှစ်…..
ရန်ကိုင်ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရသည် ။ သူ့အကျီင်္တစ်ခုလုံး စုတ်ပြဲနေခဲ့ပြီး
သူ့ဝမ်းဗိုက်တွင် သွေးသံတရဲရဲဖြစ်နေတဲ့ လက်ခေါင်းရာကြီးကို ရှိနေခဲ့သည်။ ထိုဒဏ်ရာနေတစ်ဆင့်
ထူးဆန်းသော စွမ်းအင်တစ်ခုက သူ့ခန္ဓာကိုယ်အတွင်းပိုင်းထဲကို ဝင်ရောက်လာခဲ့သည်။
အစစ်အမှန်ယန်နည်းစနစ်ကို လှည့်ပတ်လိုက်ပြီး ထိုစွမ်းအင်တွေကို ဖျက်စီးပစ်လိုက်သည်။
‘‘သေးနုပ်တဲ့ စဦးဒြပ်စင်အဆင့် ကျင့်ကြံသူတစ်ယောက်ကများ ငါ့ရှေ့မှာလာပြီးစိတ်ကြီးဝင်ရဲတယ်။ သတ်ပေးပါလို့တောင်းဆိုရလောက်တဲ့အထိ ငါမင်းကိုနှိပ်စက်ပြီး
သတ်ပြမယ်’’ သူ့တိုက်ခိုက်မှု အောင်မြင်သွားတဲ့အတွက် နူလန်း၏ရက်စက်ကြမ်းကြုတ်တဲ့
အပြုံးက ပိုပြီးအသက်ဝင်လာခဲ့သည်။
‘‘မင်းတိုက်ခိုက်နေတာလား အလှပြနေတာလားဆိုတာ ငါမသဲကွဲဘူး။ တိုက်ခိုက်တာကပျော့တီးပျော့ဖတ်နိုင်လွန်းတယ်။ မိန်းမတစ်ယောက်တောင် မင်းထက်ပိုကောင်းအောင်
တိုက်ခိုက်နိုင်သေးတယ်…မင်းမရှက်ဘူးလား’’ ရန်ကိုင်က ချက်ချင်းစုတ်ပြဲနေတဲ့သူ့အကျီ်င်္ကို စုတ်ဖြဲပစ်လိုက်သည်။
နူလန်း၏ မျက်နှာနီရဲသွားခဲ့ပေမယ့် ပြန်မပြောနိုင်ခဲ့ပေ…ဘယ်သူကများသူ့ကို လက်သည်း
ပညာရပ်ကျင့်ခိုင်းလို့လဲ…ဒါကတကယ်ကို တပ်မက်ဖွယ်ကောင်းတဲ့ပညာရပ်တစ်ခုမဟုတ်ပေ။
‘‘အပြောကတော့ ထက်နေတာပဲ…ပြီးတော့မှ ငါ့ကိုခွင့်လွှတ်ပေးပါဆိုပြီး လာမတောင်းပန်နဲ့’’
နူလန်းက စကာစစ်ထိုးမနေတော့။ သူ့လက်တွေကို လက်သည်းပုံစံပြောင်းလိုက်ပြီး
ရန်ကိုင်ကို နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။
‘‘ငါ့လက်သီးကိုကော တစ်ချက်လောက် မြည်းစမ်းကြည့်ပါလား’’ အေးစက်စက်ရယ်မောရင်း
ရန်ကိုင်ရှေ့ကိုပြေးတက်သွားပြီး နူလန်း၏လက်သည်းတိုက်ကွက်ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
‘‘မင်းကိုယ်မင်း အထင်ကြီးလွန်းနေတာပဲ’’ နူလန်းလည်း အေးစက်စက်ပြန်ရယ်ပြလိုက်သည်။
သူ့ရဲ့ချီပြောင်းလဲခြင်းအဆင့်ခွန်အားနဲ့ဆိုရင် ကျောက်တုံးကြီးတစ်တုံး ဖြစ်နေရင်တောင်မှ
အလွယ်တကူပိုင်းဖြတ်နိုင်ပေသည်။ ကျောက်တုံးကြီးကိုတောင်
သူ့လက်သည်းနဲ့ ပိုးဖြတ်နိုင်သေးရင် စဦးဒြပ်စင်အဆင့်
ကျင့်ကြံသူတစ်ယောက်ကို ဘာလို့မပိုင်းဖြတ်နိုင်ရမှာလဲ။
အပိုင်း (၉၉) နူလန်းနှင့် တိုက်ခိုက်ခြင်း
လေထဲတွင် သူတို့နှစ်ယောက်၏ လက်အစုံက ပူးကပ်သွားခဲ့သည်။ ရန်ကိုင်လက်သီးက နူလန်းလက်သည်းကို
ပြင်းပြင်းထန်းထန် ထိုးချလိုက်သည်။ ဒါပေမယ့် နှစ်ယောက်စလုံး၏ လက်တွေက အပြန်အလှန်
ချုပ်နှောင်ထားကြသည်။ ထို့နောက် လက်အစုံစီက ချီစွမ်းအင်တွေပေါက်ကွဲထွက်လာခဲ့ပြီး
ထိပ်တိုက်တွေ့မိကြည်။
‘‘ဘာလဲဟ’’ နူလန်းအံ့သြသွားခဲ့သည်။ ရန်ကိုင်ချီစွမ်းအင်က သူ့ချီစွမ်းအင်ထက်ပိုပြီး ပြင်းထန်နေတာကို
တွေ့လိုက်ရသည်။ ထိုချီစွမ်းအင်ကို သူအကြာကြီး ခုခံထားနိုင်လိမ့်မည်မဟုတ်ချေ။ သူ့ကျင့်ကြံခြင်းအဆင့်က
ရန်ကိုင်ထက်အများကြီး ပိုမြင့်တဲ့အတွက် ရန်ကိုင်ချီစွမ်းအင်က သူ့ချီစွမ်းအင်ကို ဖိနှိပ်ဖို့ဆိုတာမဖြစ်နိုင်ပေ။
ဒါပေမယ့် လောကကြီးမှာ မဖြစ်နိုင်ဘူးဆိုမရှိဘူးဆိုတာကို ရန်ကိုင်ကသက်သေပြနေခဲ့သည်။
ရန်ကိုင်ချီစွမ်အင်က သူ့ချီစွမ်းအင်ကို ဖိနှိပ်ထားခဲ့ပြီး သူ့ကိုခြိမ်းခြောက်နေလေသ်။ သူဂရုမစိုက်ပဲ
နေလို့မဖြစ်နေတောပေ။ တစ်ချက်ကလေး မှားသွားတာနဲ့ သေမင်းနဲ့တွေ့ရပေလိမ့်မည်။
သူသာအခုနောက်မဆုတ်ခဲ့ရင် သူ့လက်ချောင်းတွေတော့ မီးကျွမ်းသွားပေတော့မည်။
အဲ့အကြောင်းတွေးရင် နူလန်းသူ့လက်ကို ချက်ချင်းပြန်ရုတ်လိုက်ပြီး နောက်ဘက် ပေတော်တော်များများကို
ခုန်ဆုတ်သွားခဲ့သည်။ ပြန်ဆုတ်ရင်း သူ့ကိုယ်ထဲကို ကျူးကျော်လာတဲ့ ယန်စွမ်းအင်တွေကို
အလောတကြီး ချေဖျက်နေခဲ့သည်။ ရန်ကိုင်ကိုကြည့်ရင်း သူပိုပြီးအံ့သြသွားခဲ့သည်။ သူ့တိုက်ခိုက်မှုက
ရန်ကိုင်လက်ချောင်းတစ်ချောင်းကိုတောင် မချိုးနိုင်ခဲ့ပေ။
ရန်ကိုင်လက်ချောင်းတွင် အပေါက်တွေ ရှိနေခဲ့သော်လည်း သူထင်မှတ်ထားတဲ့အတိုင်းတော့ မဟုတ်ချေ။
ဒီကောင့်မှာ…နည်းလမ်းတစ်ခုခုရှိတာပဲဖြစ်ရမယ်။ ငါ့ညီအစ်ကိုတွေအားလုံးကို သတ်နိုင်တာ
အံ့သြစရာမဟုတ်တော့ပါဘူးလေ။ သူကံကောင်းပြီး သတ်နိုင်ခဲ့တာမဟုတ်ဘူးပဲ…။
နူလန်း ရန်ကိုင်ကို အလေးအနက်ထားလာခဲ့သည်။
ရန်ကိုင်က သူ့လက်ကိုခါလိုက်ပြီး ငုံ့ကြည့်လိုက်သည်။ ထို့နောက်ခေါင်းမော့ပြီး နူလန်းကို
ကြည့်လိုက်သည်။ သူ့မျက်လုံးထဲက စိတ်လှုပ်ရှားမှု၊ မျှော်လင့်ချက်တွေက ပိုပြီးပြင်းထန်လာခဲ့သည်။
တိုက်ပွဲရဲ့ အနိုင်၊အရှုံးရလဒ်မသေချာမှုက သူ့သွေးကိုဆူပွက်လာစေခဲ့ပြီး ဒဏ်ရာကနာကျင်မှုနှင့်
ရန်သူထံမှာဖိအားက ရန်ကိုင်၏ မယိမ်းယိုင်သော စိတ်ဆန္ဒကိုနိုးထာလာစေခဲ့သည်။
အနိုင်ရလိုစိတ်ပြင်းထန်ပြီး ဆုံးဖြတ်ချက်ခိုင်မာမှသာ မယိမ်းယိုင်သောစိတ်ဆန္ဒပညာရပ်ကို
နှိုးဆွနိုင်မှာပဲဖြစ်သည်။ နောက်ဆုံးတော့ ဒီအချိန်အခါကို ရောက်လာခဲ့ပြီ။ ရန်ကိုင်အဖို့
သူ့ခွန်အားကို ဖိနှိပ်ထားစရာမလိုတော့ပေ။
အရိုးထဲကနေ ပူပြင်းတောက်လောင်တဲ့ စွမ်းအားတွေက သူ့ခန္ဓာကိုယ်တစ်လျှောက်
စီးဆင်းသွားခဲ့သည်။ ထိုစွမ်းအားကြောင့် သူ့ကိုယ်သူပြန်လည်မွေးဖွားလာသလို
ခံစားလိုက်ရသည်။ အရင်းတုန်းက တိုက်ခိုက်နေတဲ့အချိန် မယိမ်းယိုင်သောစိတ်ဆန္ဒကို
အမြဲတမ်း မတော်တဆ အသက်သွင်းနိုင်ခဲ့သည်။ ထိုအချိန်တုန်းက သူတော်တော်လေး
ဇဝေဇဝါဖြစ်ခဲ့ရသည်။ သူအနိုင်ခဲ့ရပေမယ့်လည်း သူနိုင်သွားခဲ့ရတဲ့ အကြောင်းပြချက်ကို
နားမလည်နိုင်ခဲ့ပေ။ ဒါက သူ့ပတ်လည်မှာရှိတဲ့ လူတွေကိုအံ့အားသင့်သွားစေခဲ့သည်။
ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ကွဲပြားသွားပြီဖြစ်သည်။ သူ့အရိုးထဲက ပူပြင်းတောက်လောင်
နေတဲ့စွမ်းအားတွေကို သူခံစားနေရသည်။ ထိုစွမ်းအားတွေက သူ့အသွေးအသားတွေကို
အားဖြည့်ပေးနေခဲ့ပြီး သူ့ခွန်အားကို ရူးသွပ်စွာ တိုးမြှင့်ပေးနေခဲ့သည်။
‘‘နောက်တစ်ကြိမ်လောက်’’ ရန်ကိုင်ပုံစံက တောထဲက သားရဲဘုရင်တစ်ကောင်နဲ့ တူနေခဲ့သည်။
နူလန်းကို ပေကတ်ကတ်ကြည့်နေခဲ့ပြီး ကျည်ဆံတစ်တောင့်အလား ရှေ့ကိုပြေးထွက်သွားခဲကာ
နူလန်းကိုထိုးချက်လိုက်သည်။
အခုလက်သီးက အစောပိုင်းတုန်းလိုပဲ သာမန်လက်သီးချက်တစ်ချက်သာ ဖြစ်သည်။
‘‘သေချင်နေတာပဲ’’ နူလန်းက လှောင်ပြောင်လိုက်သည်။ ရန်ကိုင်ရဲ့ချီစွမ်းအင်ကြောင့်
သူအံ့အားသင့်သွားခဲ့ရပေမယ့်လည်း သကောင့်သားရဲ့ ခွန်အားလောက်နဲ့ သူ့ကို
အနိုင်ယူဖို့မဖြစ်နိုင်ပေ။ ရန်ကိုင်လက်သီးချက်က ချီစွမ်းအင်ကို ချေဖျက်နိုင်သရွေ့သူ့အဖို့ဒဏ်ရာရဖို့ မဖြစ်နိုင်ပေ။
မင်းပထမအကြိမ်ကလိုမျိုး နောက်တစ်ကြိမ်ဒဏ်ရာရဦးမှာပဲကွ…ဒီတစ်ကြိမ်တော့
ငါမင်းလက်ကိုချိုးပြမယ်။ ရန်ကိုင်ကတော်တော်လေး အလောတကြီးနိုင်တယ်လို့ပြောရပေမည်။
နူလန်းအဖို့ ဒီတစ်ကြိမ်ရန်ကိုင်ကိုနိုင်ဖို့ သူ့ကိုယ်သူအပြည့်အဝ ယုံကြည်ချက်ရှိပေသည်။
လှောင်ပြောင်းရင်း အစောပိုင်းကလိုပဲ ရန်ကိုင်လက်သီးကိုဖမ်းကိုင်လိုက်သည်။
ဒုတိယအကြိမ် ထိပ်တိုက်တွေ့ဆုံမှုတွင် တစ်ခုခုမှားနေတယ်လို့ သူခံစားလိုက်ရတယ်။
ရန်ကိုင်လက်သီးစွမ်းအာက အစောပိုင်းကလက်သီးချက်ထက် ပိုပြီးအားပြင်းလာခဲ့သည်။
လက်သီးထဲမှာ ပါဝင်တဲ့ချီစွမ်းအင်ကလည်း အရင်လက်သီးထဲမှာပါဝင်တဲ့ ချီစွမ်းအင်ထက်
ပိုပြီးကြမ်းတမ်းပြင်းထန်နေခဲ့သည်။
ရန်ကိုင်ခွန်အားက ရုတ်တရက် စဦးဒြပ်စင်အဆင့်၅ကို ရောက်သွားခဲ့လေပြီ။ ဘယ်လိုလုပ်ပြီး
ဖြစ်နိုင်မှာလဲ။ စဦးဒြပ်စင်အဆင့်၄ကျင့်ကြံသူပဲဖြစ်ဖြစ်၊ အဆင့်၅ကျင့်ကြံသူပဲဖြစ်ဖြစ် သူတို့တွေက
သူ့မျက်လုံးထဲမှာတော့ သာမန်ပဲဖြစ်ဖြစ်သည်။ နည်းနည်းလေး အားစိုက်လိုက်ရုံနဲ့တင်
ထိုကျင့်ကြံသူတွေကို ပုရွက်ဆိတ်တစ်ကောင်လို သူချွေမွဖြစ်နိုင်ပေသည်။
ဒီတစ်ကြိမ်ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မှုတွင် ရန်ကိုင်လက်ကဒဏ်ရာက ပိုပြီးဆိုးရွားလာခဲ့သည်။
သွေးတွေတစက်စက်ကျနေခဲ့ပြီး ရန်ကိုင်လည်း နောက်ပြန်ဆုတ်လိုက်သည်။ နူလန်းကတော့
ရန်ကိုင်ကိုသဲကြီးမဲကြီး လိုက်လံတိုက်ခိုက်နေခဲ့သည်။ သူ့လက်ချောင်းတွေက လေထုကို
ထိုးခွဲသွားပြီး တဝီဝီမြည်သွားစေခဲ့သည်။ အမှောင်ထုထဲတွင် နူလန်းက ရန်ကိုင်ကို
အဆက်မပြတ် တိုက်ခိုက်နေခဲ့သည်။
ရန်ကိုင်ကတော့ အဆက်မပြတ်ရှောင်ရှားနေခဲ့ပြီး ရှောင်နေရင်း သူ့လက်သီးနဲ့ တန်ပြန်တိုက်ခိုက်နေခဲ့သည်။
သူ့လက်ကဒဏ်ရာက ပြင်းထန်သော်လည်း နူလန်း၏တိုက်ခိုက်မှုတိုင်းကို ကာကွယ်ထားနိုင်ခဲ့သည်။
ဒါပေမယ့် သူ့မျက်လုံးထဲမှာတော့ တုန်လှုပ်ခြောက်ခြားမှု အရိပ်အယောင်တစ်စွန်းတစ်စတောင်
မရှိပဲ ခိုင်မားပြတ်သားသောဆုံးဖြတ်ချက်တို့နဲ့သာ ပြည့်နေခဲ့သည်။ နိုင်ကိုနိုင်ရမယ်ဆိုတဲ့စိတ်ထဲက
သူ့နှလုံးသားထဲတွင် မွေးဖွားဖြစ်တည်လာခဲ့ပြီး တန်ပြန်တိုက်ခိုက်နိုင်မယ့်အချိန်ကိုသာ
စောင့်ဆိုင်းနေခြင်းဖြစ်သည်။
‘‘မဖြစ်နိုင်ဘူး’’ နူလန်း လုံးဝထိတ်လန့်လာခဲ့ရလေပြီ။ ဒါပေမယ့် အခုအချိန်မှာတော့ နူလန်းက
အသားစီးနဲ့တိုက်ခိုင်နိုင်နေတယ်လို့ ထင်ရသည်။ တကယ်တော့ သူ့ကရန်ကိုင်ထက်
ကျင့်ကြံခြင်းအဆင့်တစ်ဆင့်ကြီးတောင် မြင့်နေခဲ့လေသည်။ အကယ်၍သူသာ
ရန်ကိုင်ကို အထက်စီးကနေ မတိုက်ခိုင်နိုင်ခဲ့ရင် သူနှစ်ပေါင်းများစွာလေ့ကျင့်ထားခဲ့တာတွေက
အချည်းနှီးဖြစ်သွားပေလိမ့်မည်။
နူလန်း တံတွေးတစ်လုပ်မြိုချလိုက်သည်…သူ့လက်ဆယ်ချောင်းစလုံး ရန်ကိုင်ချီစွမ်းအင်ကြောင့်
မီးကျွမ်းနေပြီဖြစ်သည်။ သူ့လက်ချောင်းတစ်ချောင်းစီတိုင်းတွင် မီးလောင်ဖုတွေနဲ့ ပြည့်နေခဲ့သည်။
သူလက်ချောင်းတွေကို လှုပ်ရှားရတာ သူ့အဖို့ တော်တော်လေးကို နာကျင်ရပေသည်။ ဒီအတိုင်း
အတာလောက်က သူ့ကိုသိပ်ပြီးမအံ့သြစေနိုင်ပေ။သူ့ကိုထိတ်လန့်အံ့သြသွားစေတာက ရန်ကိုင်၏
ခွန်အားပင်ဖြစ်သည်။
မထပအကြိမ် ထိပ်တိုက်ရင်ဆိုင်ရာတွင် ရန်ကိုင်ကစဦးဒြပ်စင်အဆင့်၄သာ ရှိသေးသည်။
ဒီကျင့်ကြံခြင်းအဆင့်လောက်နဲ့ သူ့ကိုထိတ်လန့်အံ့သြသွားစေဖို့ မဖြစ်နိုင်ပေ။
ဒုတိယအကြိမ် ထိပ်တိုက်ရင်ဆိုင်ရာတွင် ရန်ကိုင်ခွန်အားက စဦးဒြပ်စင်အဆင့်၅ကို
ရောက်နေခဲ့ပေသည်။ တတိယအကြိမ်မှာတော့ စဦးဒြပ်စင်အဆင့်၆ကိုရောက်နေခဲ့ပြီး
တစ်ကြိမ် ရင်ဆိုင်တိုက်ခိုက်လိုက်တိုင်း သူ့ကျင့်ကြံခြင်းအဆင့်ကလည်း တစ်ဆင့်
မြင့်တက်လာခဲ့သည်။
ခုနှစ်ကြိမ်မြောက် ရင်ဆိုင်တိုက်ခိုက်တဲ့အချိန်မှာတော့ သူစဦးဒြပ်စင်အဆင့်၇ကို ရောက်ရှိနေခဲ့ပြီ
ဖြစ်သည်။ သူတိုက်ခိုက်လေ သူ့ခွန်အားက ပိုပြီးတိုးလာလေဖြစ်သည်။ ထို့ပြင် သူခွန်အားက
ရပ်တန့်မည့်ပုံမပေါ်ပဲ ဆက်လက်မြင့်တက်နေခဲ့သည်။ နူလန်းခဗျာ အလွန်တုန်လှုပ်
ခြောက်ခြားလာခဲ့သည်…… ရန်ကိုင်က သူ့ခွန်အားတိုးတက်စေဖို့ ဘယ်လိုနည်းလမ်းကို
သုံးနေတာလဲဆိုတာ သူမသိသလို သူ့ခွန်အားက ဘယ်အတိုင်းအတာထိ မြင့်တက်လာနိုင်သလဲ
ဆိုတာလည်း သူမသိချေ။
သူ့ခွန်အားက ဒီအတိုင်းဆက်လက်မြင့်တက်နေပြီါ် ချီပြောင်းလဲခြင်းအဆင့်ကို ရောက်သွားခဲ့ရင်တော့
သူ့မှာရန်ကိုင်ကို အနိုင်ရဖို့မဖြစ်နိုင်တော့ပေ။ အခုအချိန်မှာတော့ ရန်ကိုင်ချီစွမ်းအင်ကြောင့်
သူတော်တော်လေး ဒုက္ခများနေခဲ့ရသည်။
အမွှေးတိုင်တစ်တိုင်စာလောက် ကြာတဲ့အချိန်မှတော့ ရန်ကိုင်နဲ့ထိပ်တိုက်ရင်ဆိုင်လို့မဖြစ်မှန်း
နူလန်းသိလိုက်သည်။ နူလန်းက ထုံအနေတဲ့လူတစ်ယောက်မဟုတ်ပေ။ ရန်ကိုင်နဲ့
ရင်ဆိုင်တိုက်ခိုက်လိုက်ရင်း သူ့ခန္ဓာကိုယ်က ပိုမိုမာကျောကြံ့ခိုင်လာခဲ့ပြီး အခုအချိန်မှာတော့
ရန်ကိုင်ခန္ဓာကိုယ်က ကျောက်တုံးတစ်တုံးလို မာကျောကြံ့ခိုင်နေခဲ့ပြီဖြစ်သည်။ ဒါပေမယ့်
နူလန်းကတော့ ရန်ကိုင်နဲ့ဆန်ကျင်ဘက်ပင်။ ရင်ဆိုင်တိုက်ခိုက်လေ သူ့ဘက်က ပိုပြီး
အထိနာလေဖြစ်သည်။
နူလန်းအဖို့ ရန်ကိုအားနည်းချက်ကို ရှာနိုင်ဖို့ သူ့အမြန်နှုန်းနဲ့ ပြောင်းလဲပြင်လွယ်ပုံစံကိုသာ
အားကိုးအားထားပြုနေခဲ့ရသည်။ သို့မှသာ ရန်ကိုင်အားနည်းချက်ကို ရှာတွေ့ပြီး
သေကွင်းသေကွက်နေရာကို တိုက်ခိုက်နိုင်မှာဖြစ်သည်။ ဒါပေမယ့် ရန်ကိုင်၏ခံစစ်က
တကယ်ကိုကြောက်မက်ဖွယ်ကောင်းနေသဖြင့် အားနည်းချက်တစ်ခုတောင် သူမရှာနိုင်ခဲ့ပေ။
စဦးဒြပ်စင်အဆင့်၉…နူလန်းတုန်လှုပ်ခြောက်ခြားသွားခဲ့သည်။ ဒီတစ်ကြိမ်ထိပ်တိုက်ရင်ဆိုင်တဲ့
အချိန်မှာတော့ ရန်ကိုင်ခွန်အားက အဆင့်တစ်ဆင့်မမြှင့်တက်သွားတော့ပဲ စဦးဒြပ်စင်အဆင့်ကိုး
အထွတ်အထိပ်ကိုသာ ရောက်သွားခဲ့သည်။ ဒါပေမယ့် သူ့ချီစွမ်းအင် တည်ငြိမ်သွားတာနဲ့
သူ့ခွန်အားက ထပ်ပြီးတိုးမလာတော့ပေ။ အခုမှပဲ နူလန်းသက်ပြင်းချနိုင်တော့သည်။
သူကချီပြောင်းလဲခြင်းအဆင့်တစ်မှာရောက်နေတဲ့အတွက် ရန်ကိုင်နဲ့အဆင့်တစ်ဆင့်
ခြားနေခဲ့သည်။ အဆင့်လေးတစ်ဆင့်သာ ကွာခြားတာဖြစ်ပေမယ့်လည်း ခွန်အား
ကွာခြားချက်ကတော့ တကယ်ကိုကြီးမားပေသည်။
ဒါကြောင့် ရန်ကိုင်ကို အသေတိုက်ကွက်နဲ့ တိုက်ခိုက်နိုင်မယ့်လို့ နူလန်းကသူ့ကိုယ်သူ
ယုံကြည်ချက် အပြည့်ရှိနေခဲ့သည်။ ရန်ကိုင်က သူ့ခွန်အားကိုတိုးမြှင့်ဖို့ သူမသိတဲ့
ဆေးလုံတစ်လုံးစားလိုက်တာဖြစ်ရမယ့် နူလန်းခန့်မှန်းလိုက်သည်။ ဒါပေမယ့် ဘယ်ဆေးလုံးပဲ
သူစားစား…ဖြစ်ပေါ်လာမယ့် အကျိုးဆက်ကတော့ ရှိစမြဲပင်။ ရန်ကိုင်က မူရင်းကျင့်ကြံခြင်းအဆင့်က
စဦးဒြပ်စင်အဆင့်၄သာ ဖြစ်တဲ့အတွက် သူ့မှာစဦးဒြပ်စင်အဆင့်၉လိုမျိုး ချီစွမ်းအင် အများကြီး
မရှိနိုင်ပေ။ နူလန်းအတွက်ကတော့ ရန်ကိုင်ချီစွမ်းအင်ကုန်ဆုံးသွားတဲ့ အချိန်ကိုစောင့်နေရုံသာ
လိုအပ်ပြီး …. ချီစွမ်းအင်မရှိတော့တဲ့ အချိန်မှာတော့ ရန်ကိုင်ကိုပုရွက်ဆိတ်တစ်ကောင်လို
နင်းခြေပစ်နိုင်ပေလိမ့်မည်။
အပိုင်း (၁၀၀) မိစ္ဆာအော်ရာ
နူလန်းက အစီအစဉ်ချပြီးရုံရှိသေး … ရန်ကိုင်ရုတ်တရက် သူ့လှုပ်ရှားမှုတွေအကုန်လုံးကို
ရပ်တန့်လိုက်ပြီး မျက်မှောင်ကြုံ့လိုက်သည်….သူ့အတွေးထဲမှာ မျောသွားပုံပေါ်သည်။
သိပ်မကြာခင်မှာပဲ ဟိန်းသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ပြီးတော့ အမှောင်ထုထဲတွင်
မီးလိုနီရဲနေတဲ့ အရောင်အဝါတစ်ခုထွက်ပေါ်လာခဲ့သည်။ ဒါကနူလန်းကို ထိတ်လန့်သွားစေသလို
စိတ်လည်းရှုပ်သွားစေခဲ့သည်။
ရန်ကိုင်ကိုကြည့်လိုက်တဲ အချိန်တွင် သူ့ခန္ဓာကိုယ်အထက်ပိုင်းတစ်ခုလုံး မီးတောက်တွေနဲ့
ဖုံးလွှမ်းနေတာကို တွေ့လိုက်ရသည်။ ထိုမီးတောက်တွေ တကယ့်အစစ်အမှန်မီးတောက်တွေ
မဟုတ်ပေ။ ယန်ချီတွေက အတိုင်းအတာတစ်ခုအထိ သိပ်သည်းသွားသောကြောင်
မီးတောက်အသွင် ဖြစ်တည်လာခြင်းပင်ဖြစ်သည်။ ယင်ချီတွေက သူတို့ရဲ့ ကြောက်ကစရာ
အကောင်းဆုံး အိမ်မက်ဆိုးကို တွေ့လိုက်ရသလိုမျိုး ယန်ချီတွေရှိနေတဲ့ နေရာတစ်ဝိုက်ကို
ရှောင်ဖယ်သွားကြသည်။
ချီမီးတောက်ရဲ့ အလင်းရောင်ကြောင့် ရန်ကိုင်ခန္ဓာကိုယ်အထက်ပိုင်း တစ်ခုလုံးကို ထင်ထင်ရှားရှား
မြင်နေခဲ့ရသည်။ သူ့လက်သီးတစ်ခုလုံးကလည်း သွေးတွေနဲ့ ရဲရဲနီနေခဲ့သည်။ သူ့ဝမ်းဗိုက်တွင်
၃၀စင်တီမီတာလောက် ရှည်တဲ့ပြတ်ရှရာတစ်ခု ရှိနေခဲ့ပြီး ထိုနေရာကနေ သွေးတွေတစိမ့်စိမ့်
စီးကျနေခဲ့သည်။ သူ့မျက်လုံးအစုံးကလည်း သွေးနီရောင်လုံးလုံး ပြောင်းသွားခဲ့သည်။ သူ့ပုံစံက
ရူးသွပ်ပြီးသွေးဆာနေတဲ့ အော်ရာတွေကိုထုတ်လွှတ်နေတဲ့ သားရဲတစ်ကောင်နဲ့ တူနေပြီး
အလွန်ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
မိစ္ဆာအော်ရာ….
နူလန်း၏ မျက်နှာသုန်မှုန်လာခဲ့ပြီး ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်ပြီး
အော်လိုက်သည်‘‘မိစ္ဆာမှော်စွမ်းအားလား’’ ရန်ကိုင်က တိုက်ခိုက်နေတဲ့အချိန်တွင် သူ့ချီစွမ်းအင်ကို
မထိန်းချုပ်နိုင်တော့တဲ့အတွက် ချီစွမ်းအင်က သူ့ကိုပြန်ပြီးထိန်ချုပ်တာကို ခံလိုက်ရတာလို့
နူလန်းကထင်နေခဲ့ဖြစ်သည်။ ဒါပေမယ့် ထိုကဲ့သို့အခြေအနေမျိုးက ချီပြောင်းလဲခြင်းအဆင့်
ကျင့်ကြံသူတွေမှာပဲ ဖြစ်လေ့ရှိတာဖြစ်သည်။ သူ့လိုစဦးဒြပ်စင်အဆင့်ကျင့်ကြံသူတစ်ယောက်က
ဘယ်လိုလုပ်ပြီး ဒီလိုမျိုးဖြစ်သွားရတာလဲ…။
‘‘မိစ္ဆာမှော်စွမ်းအားလား’’ ရန်ကိုင်က နူလန်းဘက်ကို ခေါင်းစောင်းလိုက်ပြီး မေခွန်းထုတ်လိုက်သည်။
သူမျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပြည့်နေခဲ့ပေမယ့်လည်း မိစ္ဆမှော်စွမ်းအားက
သူ့အပေါ်လုံးဝအကျိုးသက်ရောက်မရှိတဲ့အတိုင်း သူ့ပ့ုစံက အေးစက်စက်နဲ့ မထူးခြားနာပင်
ဖြစ်နေသည်။ ‘‘ မင်းမျက်စိမကောင်းတော့တာလား’’
သူပြောပြီးတာနဲ့ သူ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေတဲ့ ချီစွမ်းအင်တွေပျောက်ကွယ်သွားခဲ့သည်။
သူ့ခန္ဓာကိုယ်ပေါ်က ချီးမီးတောက်တွေက တဖြည်းဖြည်း ကျုံ့သွားခဲ့ပြီး နောက်ဆုံး
သူ့လက်သီးတွေပေါ်မှာပဲ ကျန်တော့လေသည်။ ပတ်ဝန်းကျင်တစ်ခလုံးလည်း တဖြည်းဖြည်း
ပြန်မှောင်သွားခဲ့သည်။ သူ့လက်သီးနှစ်လုံးက မီးတောက်ကလေးနှစ်ခုနဲ့တူပြီး
ထိုမီးတောက်လေးတွေက ငြိမ်းတော့မလိုဖြစ်နေပေမယ့် ငြိမ်းသက်သွားခြင်းမရှိ
တောက်လောင်မြဲ တောက်လောင်နေဆဲပင်ဖြစ်သည်။
‘‘မင်းမှာအသိစိတ်ရှိသေးတာလား’’ နူလန်းအံံ့သြသွားခဲ့ပြီး ရန်ကိုင်မျက်လုံးထဲ လူသားချင်းစာနာ
ထောက်ထားစိတ်လေးများ ရှိမလားဆိုပြီး တစ်ချက်ကြည့်လိုက်မိသည်။ ဒါပေမယ့်
ရန်ကိုင်မျက်လုံးတွင် စိတ်ခံစားချက်အရိပ်အယောင် တစ်ခုတစ်လေတောင် မတွေ့ရတဲ့အတွက ်
စိတ်ပျက်သွားခဲ့ရသည်။ ထိုမျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သွေးဆာမှုတွေသာ ရှိနေခဲ့သည်။
ဒီလိုမဖြစ်သင့်ဘူးလေ…သူ့မှာမိစ္ဆာမှော်စွမ်းရင် လက္ခာဏာတွေကိုလည်းတွေ့နေရသေးတယ်။
ပြီးတော့သူ့မျက်လုံးထဲမှာလည်း စိတ်ခံစားချက် တစ်စိုးတစ်စိတောင်မရှိတဲ့ဟာ….ဘယ်လိုလုပ်ပြီး
သူ့မှာအသိစိတ်ရှိနေသေးရတာလဲ။
ရန်ကိုင်က အရှေ့ကိုခြေတစ်လှမ်းလှမ်းလိုက်ပြီး သူနဲ့နူလန်းကြားက အကွာအဝေးကို ချုံ့ပစ်လိုက်သည်။
မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်နှင့်နူလန်းကြားက အကွာအဝေး အလွန်အမင်းနီးကပ်သွားခဲ့သည်။
နူလန်းလန်း ဖြူဖတ်ဖြူလျော်ဖြစ်သွားခဲ့သည်။ ရန်ကိုင်အမြန်နှုန်းက အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့
အဆင့်တစ်ခုအထိ ရောက်နေပြီဖြစ်သည်။ နူလန်းလည်း အလျင်စလို နောက်ပြန်ဆုတ်လိုက်ပြီး
ပြန်ဆုတ်နေရင်း သူ့လက်ချောင်းတွေကို လက်သည်းပုံစံပြောင်လိုက်ကာ ရန်ကိုင်၏တိုက်ခိုက်မှုကို
ကာကွယ်ရန် ပြင်ဆင်ထားလိုက်သည်။
ရန်ကိုင်၏ မီးလောင်နေတဲ့ လက်သီးက နူလန်း၏လက်ငါးချောင်းပေါ်ကို တည့်တည့်ထိုးချလိုက်သည်။
‘‘ဂျွတ်..ဂျွတ်…’’ အရိုးကျိုးသံနှင့်အတူ နူလန်း၏သွေပျက်ခြောက်ခြားစွာ အော်မြည်သံကြီး
ထွက်ပေါ်လာခဲ့သည်။ နူလန်းနောက်ပြန်လွင့်ထွက်သွားခဲ့ပြီး မြေကြီးပေါ်ကို ပြုတ်ကျသွားခဲ့ပြီး ။
သူ့လက်ငါးချောင်းလုံး ကွေးကောက်နေပြီး နောက်ထပ်အသုံးပြုလိုရနိုင်တော့မည်မထင်ပေ။
သူ့လက်မောင်းတစ်ခုလုံး မီးလောင်ရာတွေနဲ့ ပြည့်နေပြီး သူ့အရိုးတွေလည်း ကျိုးကြေနေခဲ့သည်။
ထို့ပြင် အလွန်အမင်းပူလောင်ရက်စက်ပြင်းထန်တဲ့ ယန်ချီတွေကလည်း သူ့ခန္ဓာကိုယ်ထဲကို
တိုးဝင်ကာ သူ့အသွေးအသားနှင့် သွေးကြောတွေကို လောင်ကျွမ်းနေခဲ့သည်။နူလန်းခဗျာ
တုန်းဆိုင်းမနေရဲပဲ ချီစွမ်းအင်ကိုသုံးကာ သူ့ခန္ဓာကိုယ်ထဲကို စိမ့်ဝင်လာတဲ့ ယန်ချီတွေကို
ချေဖျက်လိုက်သည်။
သူလုပ်ပြီးတာနဲ့ အလင်းရောင်တစ်ချက်က သူ့မျက်လုံးထဲကို တိုးဝင်လာခဲ့သည်။ သူမော့ကြည့်
လိုက်တဲ့အချိန်မှာတော့ သူ့ဘေးမှာရပ်နေတဲ့ ရန်ကိုင်ကိုတွေ့လိုက်ရပြီးသူ့လက်သီးက
မီးတောက်တွေကလည်း ပိုပြီးတောက်ပပြင်းထန်နေခဲ့သည်။
သူဘယ်လိုလုပ်ပြီး ဆက်တိုက်ရဲပါတော့မလဲ…။ သူ့ရဲ့ချီပြောင်းလဲခြင်းအဆင့်ခွန်အားနဲ့
စဦးဒြပ်စင်အဆင့်မှာရှိနေတဲ့ ရန်ကိုင်ကိုအနိုင်ယူဖို့မဖြစ်နိုင်ဘူးဆိုတာ အခုမှပဲနားလည်သွားတော့လေသည်။
ရှိရှိသမျှအားကုန်သုံးကာ အလျင်စလို နောက်ဆုတ်လိုက်ပြီး…နောက်ဆုတ်ရင်း အသံဗြဲကြီးနဲ့
အဆက်မပြတ်အော်သွားခဲ့သည်။ထိုအောသံကြီးတွင် သူ၏ကြောက်ရွံ့မှု၊ခြောက်ခြားမှုတို့
ပါဝင်နေခဲ့ပြီး တောင်ကြားတစ်ခုလုံးပဲ့တင်ထပ်သွားခဲ့သည်။
ရန်ကိုင်ခြေထောက်အောက်တွင် မီးတောက်လေးတစ်ခုဖြစ်ပေါ်လာခဲ့ပြီး သူ့အမြန်နှုန်းက
အရင်ထက်အဆများစွာ ပိုမြန်ဆန်သွားခဲ့သည်။ သူ့အမြန်နှုန်းကြောင့် သူကိုယ်တိုင်ပင်
ထိတ်လန့်သွားစေခဲ့သည်။ နူလန်းကိုမှီသွားတာနဲ့ သူ့ကျောဘက်ကို အားကုန်ထိုးချလိုက်သည်။
နူလန်းအဖို့ ရန်ကိုင်လက်သီးချက်တွေကို ခုခံခြင်းငှာ မစွမ်းနိုင်တဲ့အတွက် လက်ဝှေ့အိတ်တစ်ခုအလား
ပယ်ပယ်နှယ်နှယ် သမခံလိုက်ရသည်။
အသက်၅၀ရှုရှိုက်စာလောက်ကြာတဲ့အချိန်မှတော့ ရန်ကိုင်ကိုနည်းနည်းလေတောင် လှုပ်ခါအောင်
သူမလုပ်နိုင်မှန်းသိသွားခဲ့ပြီး သွေးတွေဆူပွက်လာခဲ့သည်။ သူလှုပ်ရှားမှုတွေ အကုန်လုံးကို
ရပ်တန့်လိုက်ပြီး ရက်စက်ကြမ်းကြုတ်စွာနဲ့ အော်လိုက်သည်‘‘ရန်ကိုင်၊ မင်းတစ်ခြားသူတွေကို
သွားအနိုင်မကျင့်ရဲဘူးမလား..ပျံသန်းနေသောသိမ်းငှက်..ငါ့အတွက် သူ့ကိုသတ်ပေးပါ’’
ဒါကနူလန်း၏ အစွမ်းထက်ဆုံးတိုက်ကွက်ဖြစ်ပေသည်။ ချီစွမ်းအင်အကုန်လုံးကိုသူ့လက်တွင်
စုစည်းထားလိုက်ပြီး ရင်ဘတ်ရှေ့တွင် ကြက်ခြေခတ်သဏ္ဍာန်ထားလိုက်သည်။ ရန်ကိုင်
အနားရောက်လာမှ သူ့လက်တွင်စုစည်းထားတဲ့ ချီစွမ်းအင်တွေကို ပစ်လွှတ်လိုက်သည်။
ချီပြောင်းလဲခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားအကုန်အသုံးပြုထားတဲ့ တိုက်ကိုက်ကို
ရန်ကိုင်အထင်မသေးရဲပေ။ ထိုတိုက်ကွက်ထဲက အလွန်ကြီးမားလှသော သတ်ဖြတ်နိုင်စွမ်းကို
ခံစားမိသဖြင့် ရန်ကိုင်မျက်နှာပျက်သွားခဲ့သည်။ သူသာထိုလက်သည်းစာမိခဲ့ရင် သူ့ရင်ဘတ်
တစ်ခုလုံး တစ်စစီဖြစ်သွားပေလိမ့်မည်။ ထိုအချိန်တွင် ရန်ကိုင်က သူ့ခန္ဓာကိုယ်ကို ဘေးဘက်
တိမ်းစောင်းလိုက်ပြီး မီးလက်သီးတွေနဲ့ နူလန်းမျက်နှာကိုထိုးလိုက်သည်။
နှစ်ယောက်စလုံးက သူတို့အသက်ကိုပုံအောထားကြပြီး ဒီတိုက်ကွက်သူတို့နှစ်ယောက်၏
နောက်ဆုံးတိုက်ခိုက်မှုလည်းဖြစ်သည်။ စစ်မြေပြင်တွင် သေခြင်းနှင့်ရှင်ခြင်းပဲရှိသည်။
မိမိအသက်ရှင်သန်နိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားအားထုတ် တိုက်ခိုက်ရပေသည်။
သေမြေကြီးရှင်ရှေထီးပင်ဖြစ်သည်။
ဖုန်း….
ရန်ကိုင်လက်သီးက နူလန်းမျက်နှာကို ထိမှန်သွားခဲ့ပြီး သူ့ကိုယ်တွင်းအင်္ဂါတွေအကုန်လုံး
အထက်အောက်ပြောင်းပြန်လှန်သွားသလို ခံစားလိုက်ရသည်။ လက်သီးထဲမှာပါဝင်တဲ့
စွမ်းအားကြောင့် နူလန်းလွင့်ထွက်သွားခဲ့ပြီး လေထဲတွင် နှစ်ပတ်သုံးပတ်လောက်
ကျွမ်းထိုးပြီးမှ မြေကြီးပေါ်ကို အရှိန်ပြင်းပြင်းနှင့် ကျသွားခဲ့သည်။
ရွှတ်…နူလန်း၏လက်သည်းတိုက်ကွက်လည်း ရန်ကိုင်ကိုထိမှန်သွားခဲ့သည်။ ဒါပေမယ့်
သူထင်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ပဲ သူ့ရင်ဘတ်တွင ်ရှရာ၁၀ချက်သာပေါ်လာခဲ့သည်။
ငါးချက်က နည်းနည်းလေး နက်ပေမယ့် ကျန်ငါးချက်ကတော့တိမ်ပေသည်။ ဒီလိုအရေးကြီးတဲ့
အချိန်တွင် ဘေးဘက်ကိုလှဲရှောင်ဖို့ ဆုံးဖြတ်လိုက်တာက သူ့အသက်ကိုကယ်တင်သွားခဲ့တာပဲ
ဖြစ်သည်။ နူလန်း၏လက်တစ်ဖက်က သူ့ကြောင့် အစကတည်းက ကျိုးနေတာဖြစ်လို့
ပျံသန်းနေသော သိမ်းငှက်တိုက်ကွက်၏ အစွမ်းအစစ်အမှန်ကို မထုတ်ပြနိုင်ခဲ့သလို
သူ့လက်နှစ်ဖက်က သက်ရောက်တဲ့အားပမာဏကလည်း ကွာခြားသွားခဲ့ပေသည်။
သူဘေးဘက်ကို လှဲရှောင်လိုက်တဲ့အတွက် နူလန်း၏လက်နှစ်ဖက်က သူ့အပေါ်ကို
ပြိုင်တူမတိုက်ခိုက်နိုင်ခဲ့ပဲ သူ့တိုက်ကွက်ပျက်စီးသွားကာ ထင်သလောက်မဖြစ်ခဲ့ခြင်းဖြစ်သည်။
ဒီလိုရွေးချယ်မှုပုံစံက ပင်ကိုအသိစိတ်ပေါ်မှာသာ မူတည်နေခဲ့လေသည်။ တိုက်ပွဲဖြစ်နေတဲ့အတွက်
အချိန်အကြာကြီးစဉ်းစားနေလို့လည်းမဖြစ်နိုင်ပေ။ ဒါပေမယ့် ရန်ကိုင်ရှောင်သွားတဲ့အကွက်က
တကယ်ကိုပြီးပြည့်စုံပေသည်။
နောက်ဆုံးတိုက်ကွက် ချင်းယှဉ်ပြိုင်ပြီးတဲ့အချိန်မှာတော့ တိုက်ပွဲရလဒ်က ရှင်းလင်းသွားခဲ့ပြီဖြစ်သည်။
မိစ္ဆာအော်ရာတွေက ရန်ကိုင်ခန္ဓာကိုဝန်းရံထားဆဲဖြစ်ပြီး နူလန်းကတော့ မြေကြီးပေါ်မှာ ခွေးသေ
တစ်ကောင်လို လဲလျောင်းနေခဲ့သည်။ နူလန်းက သူ့ဆီကိုတစ်လှမ်းခြင်းလှမ်းလာနေတဲ့
ရန်ကိုင်ကို အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်လိုကြည့်လိုက်သည်။
‘‘ငါသရဲဖြစ်သွားခဲ့ရင်တောင် ငါမင်းကိုအလွတ်မပေးဘူး’’ နူလန်းက နာကျည်းမုန်းတီးမှု
အပြည့်နဲ့ပြောလိုက်ပြီး သွေးတစ်ပွက်အန်လိုက်လေသည်။ နူလန်းကိုကြည့်ရင်း ရန်ကိုင်က
သူ့ခြေထောက်တစ်ဖက်ကို မြောက်လိုက်ပြီး နင်းချလိုက်သည်။ ‘‘ဟားဟား…..
သွေးတိုက်ပွဲဂိုဏ်းက ငါ့အော်သံကိုကြားသွားပြီး…မင်းကိုလာသတ်တော့မှာ’’ စကားဆုံးအောင်
မပြောရသေးခင်မှာပဲ ရန်ကိုင်က သူ့လည်ပင်းကိုနင်းချလိုက်ပြီး။ သူအသက်ထွက်သွားခဲ့ပြီ။
မုန်တိုင်စံအိမ်တပည့်ငါးယောက်….နောက်ဆုံးရလဒ်ကတော့…ရှုံးနိမ့်ခြင်းပင်။
အေးဆေးတည်ငြိမ်စွာရပ်နေရင်း ရန်ကိုင်က အလွန်အမင်းရူးသွပ်တဲ့ အစီအစဉ်တစ်ခုကိုတွေးတောနေလိုက်သည်။