← Chapters

အခန်း (၁၀၁-၁၀၅)

Vol. 5 Ch. 101-105

အခန်း (၁၀၁-၁၀၅)

Vol. 5 Ch. 101-105

အပိုင်း (၁၀၁) ပြောင်ပြောင်တင်းတင်း ရန်စခြင်း

ရန်ကိုင် အသံအရှည်ကြီးဆွဲပြီး ကျားရဲတစ်ကောင်လို ဟိန်းလိုက်သည်။ သူ့အော်သံကတိမ်စိုင်တိမ်တိုက်တွေထိအောင် ရောက်ရှိသွားခဲ့ပြီး တောင်ကြားတစ်ခုလုံး ပဲ့တင်ထပ်နေခဲ့သည်။

‘‘သွေးတိုက်ပွဲဂိုဏ်းက ခွေးသူတောင်းစားတွေ…သတ္တိရှိရင် ငါနဲ့လာတိုက်ကြစမ်း’’ ဒါက စိန်ခေါ်တာဖြစ်သလို ပြောင်ပြောင်တင်းတင်း ရန်စလိုက်တာလဲဖြစ်သည် ‘‘ငါမင်းတို့ကို ဒီမှာစောင့်နေတယ်ခွေးသူတောင်းစားတွေရဲ့’’

သူ့ပြောလိုက်တဲ့စကားတွေက သူ့ဆီကိုပြဿနာတွေ သယ်လာမှာကို သူဂရုမစိုက်ပေ။ တကယ့်တော့နူလန်းက သူမသေခင်ကတည်းက အသံဗြဲကြီးနဲ့ဟစ်ပြီး သူရှိနေတဲ့နေရာကို အခြားသူတွေကို

အသိပေးပြီးသွားပြီဖြစ်သည်။ တောင်ကြားက မိုင်တော်တော်များများ ကျယ်ပေမယ့်အခုလို တတ်ဆိတ်နေတဲ့ ညလယ်ခေါင်ကြီးမှာ နူလန်း၏အော်သံကို မကြားဘူးဆိုတာ

မဖြစ်နိုင်ပေ။ အခုအချိန်လောက်ဆို သွေးတိုက်ပွဲဂိုဏ်းက လူတွေလည်း သူ့ဆီကို အပြေးလာနေလောက်ပြီ ဖြစ်သည်။

ဒီလိုအချိန်တွင် နောက်ဆုတ်လိုက်တာက အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။ သုံးပွဲဆက်

တိုက်ခိုက်ကာ လူငါးယောက်ကို သတ်ဖြတ်ပြီးနောက် သူ့ချီစွမ်းအင်များများစားစားမကျန်တော့ပေ။ ထို့ပြင်သူရထားတဲ့ ဒဏ်ရာတွေကလည်း အနည်နှင့်အများတော့ပြင်းထန်ပေသည်။ ဒီလိုပုံစံနဲ့ သွေးတိုက်ပွဲဂိုဏ်းက တပည့်တွေကို ဘယ်လိုလုပ်ပြီး

ထိပ်တိုက်ရင်ဆိုင်နိုင်မှာလဲ။ အခုဒီနေရာနေ ထွက်သွားပြီး အားပြန်ဖြည့်ပြီးတော့မှသူတို့ကိုပြန်တိုက်ဖို့က အကောင်းဆုံး ရွေးချယ်မှုပင်ဖြစ်သည်။

ဒါပေမယ့် ရန်ကိုင်ကတော့ ထွက်သွားမယ့်အစာ နေဖို့ပဲရွေးချယ်ခဲ့သည်။ သူဒီလို စဦးဒြပ်စင်အဆင့်

အထွတ်အထိပ်အဆင့် ရောက်နေတာ ရွှေရောင်အရိုးခြောက်ကြောင့်ပင်ဖြစ်သည်။ ထို့ပြင်

သူသာအခုနောက်ဆုတ်ခဲ့ရင် နောက်ပိုင်းအားကြီးတဲ့ရန်သူတွေနဲ့ ရင်ဆိုင်ရတဲ့အခါမတိုက်ခိုက်ရဲတော့ပဲ တွန့်ဆုတ်နေပေလိမ့်မည်။ ဘာပဲဖြစ်ဖြစ် မယိမ်းယိုင်သောစိတ်ဆန္ဒကို အသက်သွင်းပြီး ဒီတိုက်ပွဲမှ အသက်ရှင်ရပေမည်….ရွှေရောင်အရိုးခြောက်ရဲ့

လျှို့ဝှက်ဆန်းကြယ်တဲ့ မယိမ်းယိုင်သော စိတ်ဆန္ဒပညာရပ်ကြောင့်သာ မဟုတ်ရင်

သူကသာမန်စဦးဒြပ်စင်အဆင့်၄ ကျင့်ကြံသူတစ်ယောက်သာ ဖြစ်နေပေလိ့မ်မည်။

သူ့ရန်သူတွေက ရန်ကိုင်ထွက်သွားမှာစိုးတဲ့အတွက် အလောတကြီး အလျင်အမြန် ပြေးလာခဲ့ပေမယ့်ရောက်တဲ့အချိန်မှာတော့ အံ့အားသင့်သွားခဲ့ရသည်။ သူဒီလိုလုပ်ရတဲ့အကြောင်းအရင်းက

ရှနင်းချန်ကို အခက်အခဲမရှိပဲ အနှောင့်အယှတ်ကင်းကင်းနဲ့ အားပြန်ဖြည့်စေချင်သောကြောင့်ပင်ဖြစ်သည်။

သွေးတိုက်ပွဲဂိုဏ်းအဖွဲ့ရဲ့ ခွန်အားက မုန်တိုင်စံအိမ်အဖွဲ့ခွန်အားထက် အများကြီးပိုမြင့်ပေသည်။

အချို့ဆိုရင် ချီသန့်စင်ခြင်းအဆင့်ကို ရောက်နေကြပြီဖြစ်သည်။ ချီသန့်စင်ခြင်းကျင့်ကြံသူတွေအဖို့ရန်ကိုင်ကို ပုရွက်ဆိတ်တစ်ကောင်လို နင်းခြေသတ်ပစ်နိုင်လေသည်။ ဒါပေမယ့် သူတို့စွမ်းအာတွေကတိမ်တိုက်ကိုးခု ရှစ်ဖြာချိန်းကြိုး အစီအရင်ကြောင့် အတိုင်းအတာတစ်ခုအထိ ချိတ်ပိတ်ခံထားရပြီး

၇၀ရာခိုင်နှုန်းလောက်သာ ထုတ်သုံးနိုင်တော့ပေသည်။

ရန်ကိုင်၏ အော်သံကိုကြားတဲ့အချိန် ရှနင်းချန်၏ ပိတ်နေတဲ့မျက်လုံးလေးက တဖြည်းဖြည်း ပြန်ပွင့်

လာခဲ့သည်။ ရန်ကိုင်ထွက်သွားကတည်းက သူမနောင်တရနေခဲ့တာဖြစ်သည်။ ဒါပေမယ့်

အခုရန်ကိုင်အော်သံကိုကြားလိုက်ရမှပဲ ပူဆွေးမှုတွေနဲ့ ပြည့်နေတဲ့ သူမ၏နှလုံးသားလေးသက်သာရာရသွားခဲ့သည်။

‘‘သူမသေသေးဘူး…သူမသေသေးဘူး’’ ရှနင်းချန်အဖို့ ဝမ်းသာလွန်တဲ့အတွက် အော်ငိုလိုက်ချင်မိနေခဲ့သည်။

သူမရန်ကိုင်ကို အလွန်အမင်းစိုးရိမ်နေခဲ့တာဖြစ်ပြီး သူကိုနောက်တစ်ကြိမ်ထပ်မတွေ့ရတော့မှာကို

သူမအလွန်အမင်းကြောက်မိနေခဲ့သည်။ သူ့စွမ်းအာက နိမ့်တဲ့အပြင် ရန်သူအဖွဲ့မှာလည်းလူအများကြီးရှိနေခဲ့သည်။ သူတစ်ယောက်တည်းနဲ့ အဲ့လောက်လူအများကြီးကို ဘယ်လိုလုပ်ပြီး

ခုခံနိုင်ပါ့မလဲ။ရန်ကိုင်ထွက်သွားပြီးနောက် သူ့ကိုတစ်ယောက်တည်း ထွက်သွားခွင့်ပြုမိတဲ့ သူမကိုယ်သူမအပြစ်တင်မိသလို နောင်တလည်းရမိသည်။ သူက သူမအသက်ကိုကယ်တင်ဖို့ သူ့အသက်ကိုစွန့်စားဖို့ကြိုးစားနေခဲ့ပေမယ့် သူမကတော့ သူ့ကိုကူညီဖို့ ဘာဆိုဘာမှမလုပ်နိုင်ခဲ့ပေ။ ဒါပေမယ့်

သူမရဲ့ လက်ရှိအခြေအနေနဲ့လည်း ရန်ကိုင်ထွက်သွားချင်တာကို တားလို့ရနိုင်မည်မဟုတ်ပေ။

သူမက ရန်ကိုင်ကိုဒီလိုနေရာကို ခေါ်လာပြီး အသက်အန္တရာယ်ကျရောက်စေခဲ့တဲ့အတွက်

သူမကိုယ်သူအအပြစ်ရှိသလိုခံစားလိုက်ရသည်။ သူမက ရိုးသားသန့်စင်တဲ့မိန်းကလေးတစ်ယောက်ဖြစ်တဲ့အတွက် အခုကိစ္စတွေအကုန်လုံး သူမကြောင့်ဖြစ်ရတာဆိုပြီးတွေးရင်း

သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်စံအိမ်ကလူတွေက ရန်ကိုင်နောက် လိုက်လာတာဆိုတာကိုတောင် ထည့်သွင်းမစဉ်းစားနိုင်တော့ပေ။

တစ်နည်းဆိုရသော် ဒီဖြစ်ရပ်တစ်ခုလုံးက ရန်ကိုင်ကြောင့် ဖြစ်လာတာပင်ဖြစ်သည်။သူဘာကိုရင်ဆိုင်နေရလဲဆိုတာ သူမမသိပေမယ့် သူမခွန်အားကို မြန်နိုင်သမျှ အမြန်ဆုံး

ပြန်ပြည့်အောင်လုပ်ပြီး သူ့ကိုသွားကူညီရပေမည်။ တောင်ကြားရဲ့ အခြားတစ်ဖက်မှာတော့ဝမ်ဖေးချန်နှင့် လုံဟူတို့နှစ်ယောက် ချုပ်နှောင်ခြင်းရှစ်ခု အစီအရင်က ယင်ချီတွေကို

ပယ်ဖျက်ဖို့ကြိုးစားနေတုန်း ရန်ကို၏ဟိန်းသံကိုကြားလိုက်ရသည်။

ရန်ကိုင်အော်သံကြောင့် ဝမ်ဖေးချန်အဖို့ နှောင့်ယှတ်ခံလိုက်ရသလိုဖြစ်ကာ သွေးတစ်ပွက်

အန်လိုက်ရလေသည်။ ‘‘တိရိစ္ဆာန်ကောင်..’’ ဝမ်ဖေးချန်က ဒေါသတကြီးဆဲရေးလိုက်သည်။အရေးကြီးတဲ့ အခိုက်အတန့်ကိုရောက်ရှိနေချိန် ရန်ကိုင်၏အော်သံကြောင့် နှောင့်ယှတ်ခံလိုက်ရပြီးအတွင်းဒဏ်ရာရသွားခဲ့သည်။

‘‘အရှင်သခင်ဝမ်…အခြေအနေဘယ်လိုလဲ’’´လုံဟူကစိုးရိမ်တကြီးမေးလိုက်သည်။ဝမ်ဖေးချန်က ခေါင်းသာခါပြလိုက်ပြီး‘‘အဆင်မပြေဘူး…ဒီချိန်းကြိုးတွေက ငါတွေးနိုင်တာထက်ပိုပြီး အားကောင်းနေတယ်။ သူမဘယ်သူ့တပည့်လဲ ငါမသိသလို သူမဒီလိုအစီအရင်ကို

ဘယ်လိုလုပ်ပြီး ခင်းကျင်းနိုင်တာလဲဆိုတာလည်းငါမသိဘူး’’

ချိန်းကြိုးသုံးကြိုးက ချီစွမ်းအင်စီးကြောင်းတွေကို ချုပ်နှောင်မထားပေမယ့် သူ့ဒန်တန်ကိုတော့

ချုပ်နှောင်ထားခဲ့သည်။ ထို့အတွက်ကြောင့် သူ့ခွန်အားက ချီပြောင်းလဲခြင်းအဆင့်၃ကို ရောက်သွားခဲ့ပြီး ခုနကကိစ္စကြောင့် နောက်ထပ်အဆင့်အနည်းငယ် ထပ်ကျသွားခဲ့သည်။

ဝမ်းဖေချန်က ထိုမိန်းမနဲ့ ရန်ကိုင်ကို ထပ်ခါထပ်ခါ သတ်ပစ်ချင်လောက်အောင် ဒေါသထွက်နေခဲ့သည်။

အစစ်အမှန်ဒြပ်စင်အဆင့်၅ ကျင့်ကြံသူတစ်ယောက်က ဂျူနီယာနှစ်ယောက် အရူးလုပ်တာခံခဲ့ရသည်။ သူအဲ့အကြောင်းကိုတွေးလိုက်တိုင်း ထိုနှစ်ယောက်ကို အပိုင်းပိုင်းအစစ ဖြစ်အောင်ခုတ်ထစ်ပစ်လိုက်ချင်လေသည်။

‘‘အရှင်သခင်ဝမ်…စိုးရိမ်စရာမလိုပါဘူး…အဲ့ခွေးသူတောင်းစားက ကိုယ်ထင်ပြရဲမှတော့သူ့အခေါင်းသူတူူးပြီးလို့ ဖြစ်မှာပေါ့’’ လုံဟူက ရန်ကိုင်သေမယ့်လို့ တထစ်ချယုံကြည်နေခဲ့သည်။

သူ့နှုတ်ခမ်းတွေက ကွေးတက်သွားခဲ့ပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ပေါ်လာခဲ့သည်။

ထိုအပြုံးက ပျော်လို့ပြုံးတာမဟုတ်ပဲ လှောင်ပြောင်သရော်တဲ့ အပြုံးတစ်ခုပင်ဖြစ်သည်။ဝမ်ဖေးချန် တိတ်ဆိတ်သွားခဲ့သည်။ ရန်ကိုင်အော်သံက သေတော့မှာကိုသိနေတဲ့လူတစ်ယောက်၏ နောက်ဆုံးအော်သံလို မဟုတ်ပဲ သူ့အော်သံမှာ အလွန့်အလွန်ကို

ပြင်းပြနေတဲ့ တိုက်ခိုက်သတ်ဖြတ်လိုစိတ်တွေ ပါဝင်နေခဲ့သည်။ ဒါပေမယ့် သူ့လိုစဦးဒြပ်စင်အဆင့်၄ တပည့်တစ်ယောက်က ဘာလို့ဒီလိုလုပ်နေခဲ့တာလဲ။ဒီကြောင့် ဝမ်ဖေးချန်က တစ်ခုခုမှားနေတယ်လို့ ခံစားနေရပေမယ့်လည်း သိပ်ပြီးတော့

အလေးအနက်မထားခဲ့ပေ။ ရန်ကိုင်က ဒီလိုစိတ်ရူးပေါက်နေတဲ့ အခြေအနေမှာရောက်နေတဲ့အတွက် ဘာပဖြစ်ဖြစ် သူသေမှာကတော့ အသေအချာပင်ဖြစ်သည်။

တောင်ကြားထဲက လူတွေကတော့ ဒီအကြောင်းနဲ့ ပက်သက်ပြီး အမျိုးမျိုး တွေးတောစဉ်းစားနေတဲ့အချိန်တွင် အပြင်ဘက်မှာတော့ လူအိုကြီးတစ်ယောက်က တောင်ကြားဆီကိုတတ်နိုင်သမျှ အမြန်ဆုံး ပျံသန်းလာနေခဲ့သည်။ လူအိုကြီးက အမောတကော အသက်ရှုနေရပြီးသူ့ပတ်လည်တွင် ချီလှုပ်ခါမှုကိုလည်း အလျင်းမခံစားနိုင်သူလို သူ့ခွန်အားကိုလည်း

မခန့်မှန်းနိုင်ပေ။ ဒါပေမယ့် လူအိုကြီးပျံသန်းနေတဲ့ အရှိန်ကတော့ အရမ်းကိုမြန်ပေသည်။မျက်တောင်တစ်ခတ်အတွင်း ပေထောင်ပေါင်းများစွာသော အကွာအဝေးကို

သွားလာနိုင်လေသည်။ လူအိုကြီးက အလွန်အမင်း စိုးရိမ်ပူပန်နေတဲ့ပုံပေါက်နေခဲ့သည်။ပျံသန်းနေရင်း ကောင်းကင်ကိုမော့ကြည့်လိုက်သည်။ သူ့မျက်နှာက အလွန်အမင်း

နောင်တရနေပုံပေါ်နေခဲ့သည်။

‘‘မှားနေတယ်…တစ်ခုခုမှားနေပြီ။ ငါတပည့်က အစီအရင်ကို အစောကြီးဖွင့်လိုက်ပြီ’’ လူအိုကြီးက အလောတကြီးပျံသန်းနေရင်း သူ့ကိုယ်သူတီးတိုးပြောလိုက်သည်။ထိုလူအိုကြီးက ထောက်ပံ့ရေးခန်၏ ဘဏ္ဏာထိန်းဖြစ်တဲ့ မန်ဝူရပင်ဖြစ်သည်။

သူ့ဘာတစ်ယောက်တည်း ရေရွတ်နေရင်း တော်တော်လေးရှက်သွားခဲ့သည်။ သူ့မိသားစု

မျိုးရိုးတစ်ခုလုံးကို အိုးမဲသုတ်လိုက်သလို ခံစားလိုက်ရသည်။ ထိုညက သူ့တပည့်ကိုယင်ကိုးသွယ်စုစည်းတဲ့နေရာကို မသွားဖို့အားသွန်ခွန်စိုက် စည်းရုံးသိမ်းသွင်းခဲ့သည်။

ထို့ပြင် အစစ်အမှန်ဒြပ်စင်အဆင့်ကို တက်လှမ်းတာက ယင်ကိုးသွယ်နှင်းပုံဆောင်ခဲနဲ့ ဘာမှမသက်ဆိုင်ကြောင်းလည်း ပြောခဲ့သည်။ သူ့တပည့်က လိမ်လိမ်မာမာနဲ့

သူပြောတာတွေကို သဘောတူလက်ခံခဲ့တယ်။

ဒါက သူ့ကိုအလွန်အမင်း ပီတိဖြာသွားစေခဲ့သည်..ထိုအချိန်တွင် ရှနင်းချန်ကသူ့အတွက် ဟင်းပွဲများစွာနဲ့ ဝိုင်ကောင်းကောင်းတွေကိုပါ ပြင်ဆင်ပေးခဲ့သည်။ သူလည်းစိတ်ပျော်နေတာနဲ့ အားရပါးရစားသောက်နေခဲ့ပြီး ရန်ကိုင်၏ မကောင်းကြောင်းတွေကိုပါ သူ့တပည့်ကိုပြောပြခဲ့သည်။ ထို့ပြင် ရန်ကိုင်နဲ့ဝေးဝေးနေဖို့လည်း ပြောလိုက်ပါသေးသည်။

သူ့တပည့်က ရန်ကိုင်ကို အထူးဂရုစိုက်တာကို သူသိနေခဲ့သည်။ သူတို့နှစ်ယောက်ကသမီးရည်စားအဆင့်ကို မရောက်သေးပေမယ့် အဲ့အဆင့်ကိုအနှေးနဲ့အမြန်ဆိုသလိုရောက်သွားနိုင်ပေသည်။ ဒါက ကောင်းတဲ့လက္ခာမဟုတ်တဲ့အတွက် သူတို့နှစ်ယောက်ကြားက

ဆက်ဆံရေး မကြီးထွားလာခင် အချိန်မှီရပ်တန့်ထားရပေမည်။

သူ့တပည့်က တကယ်ကိုထက်မြက်ပြီး လိမ်မာပေသည်။ မန်ဝူရက သူ့တပည့်ကိုရတနာတစ်ခုလို တန်ဖို့ထားတာဖြစ်ပြီး သူမအနားဘယ်ယေကျ်ားကလေးကိုမှ အကပ်မခံခဲ့ပေ။

သူမအတွေးတွေက အရမ်းကိုရိုးရှင်းပြီး သူမကလည်း အရမ်းကိုရိုးသားတဲ့အတွက် မကောင်းတဲ့လူတွေ ရှိနေသေးတယ်ဆိုတာ သူမနားလည်မည်မဟုတ်ပေ။ ဒါကြောင့်

မန်ဝူရက သူ့ရဲ့အဖိုးတန် တပည့်လေးအတွက် အမြဲတမ်းစိုးရိမ်ပူပန်နေခဲ့ရသည်။

မန်ဝူရစိုးရိမ်နေတာက ရန်ကိုင်မှာမကောင်းတဲ့ရည်ရွယ်ချက်ရှိနေပြီး သူ့တပည့်ကိုစည်းရုံးသိမ်းသွင်ပြီးတော့ တစ်ခုခုလုပ်မှာကိုပင်ဖြစ်သည်။ သူ့တပည်နုနုထွတ်ထွတ်

လေးသာ ရန်ကိုင်ဖြာယောင်းတာ ခံလိုက်ရရင်တော့ နောက်ပိုင်းကိစ္စတွေက ကိုင်တွယ်ဖို့ခက်သွားပေလိမ့်မည်။

မန်ဝူရ သူ့ကိုသူအပြစ်ရှိသလို ခံစားရပေမယ့်လည်း သူက အရေထူပြီး အရှက်မရှိတဲ့လူတစ်ယောက်ပင်ဖြစ်သည်။ သူ့စိတ်ထဲမှာ အပြစ်ရှိသလို ခံစားနေရပေမယ့် သူ့ပါးစပ်ကတော့

ရန်ကိုင်မကောင်းကြောင်းကိုသာ တတွတ်တွတ်ပြောဆိုနေခဲ့သည်… ရန်ကိုင်ဆိုတာ တဏှာကြီးပြီး နှလုံးသားမရှိတဲ့ လူတစ်ယောက်ဖြစ်ကြောင်း… ပြီးတော့ သူခေါင်းထဲမှာ

အမြဲတမ်းမကောင်းတဲ့အတွေးတွေနဲ့ ပြည့်နေပြီး အကျင့်စာရိတ္တမကောင်းတဲ့လူတစ်ယောက်ဖြစ်တယ်ဆိုပြီး ပြစ်တင်ပြောဆိုနေခဲ့သည်။

ထို့ပြင်မန်ဝူရက ရှနင်းချန်ကို လေးနက်စွာနဲ့ သတိပေးစကားတောင်ပြောလိုက်သေးသည်

‘‘ဒီလိုလူမျိုးကို မပေါင်းသင့်ပဲ ဝေးဝေးကနေရှောင်သင့်တယ်’’

အပိုင်း (၁၀၂) မန်ဝူရ၏ မှားယွင်းတွက်ချက်မှု

သူစကားပြောနေတုန်းမှာပဲ သူ့ရှေ့ကဟင်းပွဲတွေကြောင့် သူ့မျက်လုံးတွေဝေဝါးလာတာကို သတိမပြုမိလိုက်ပေ။ သူနိုးလာတဲ့အချိန်မှာတော့အချိန်တော်တော်များများ ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ ထိုဟင်းပွဲတွေထဲမှာ

သူ့တပည့်က သူကိုယ်တိုင်လုပ်ထားတဲ့ ဆေးနဲ့သူ့ကိုဆေးခတ်ခဲ့သည်။

မန်ဝူရမှာ ငိုချင်ပေမယ့် မျက်စက်တစ်စက်မှကျမလာခဲ့ပေ။ သူတပည့်ကိုအလွန်အမင်း စိုးရိမ်နေတဲ့အတွက် နိုးလာတာနဲ့ မျက်နှာတောင်မသစ်တော့ပဲကောင်းကင်စံအိမ်ကနေ အလောတကြီး ထွက်လာခဲ့တာဖြစ်သည်။သူ့အရမ်းကို နောင်တရနေခဲ့သည်။ ရန်ကိုင်က သူ့ရှေ့မှာသာ သူ့တပည့်ကိုကောင်းပြနေပေမယ့် နောက်ကွယ်မှာတော့ ဘာလုပ်မလဲဆိုတာကိုတော့

ဘယ်သူမှမပြောနိုင်ပေ။ သူ့တပည့်ဆီမှာရတနာများစွာရှိနေခဲ့ပေမယ့်

လေနက်တောအုပ်က သာမန်တောအုပ်တစ်ခုမဟုတ်ပေ။

ထိုတောအုပ်ထဲတွင်အားကောင်းပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ မိစ္ဆာသားရဲများစွာရှိနေပေသည်။တစ်ချက်လောက် သတိလက်လွတ်မိတာနဲ့ အစားခံရနိုင်ပေသည်။

အကယ်၍ သူသာသူမနဲ့အတူ ရှိနေခဲ့ရင် အဲ့လိုအန္တရာယ်တွေကို လုံးဝစိုးရိမ်စရာမလိုပေ။ မကောင်းတဲ့ပါးစပ်… မကောင်းတဲ့ပါးစပ်… သူ့ပါးစပ်ကိုသာအကြိမ်ကြိမ်ရိုက်လိုက်ချင်သည်။ ဒီမကောင်းတဲ့ပါးစပ်က ဘာလို့အဲ့လိုစကားတွေ ထွက်သွားရတာလဲ…။ ယင်ကိုးသွယ်နှင်းပုံဆောင်ခဲစုစည်းတဲ့

ဆယ်မိုင်လောက်အကွာကနေ အအေးဓာတ်ကိုသူခံစားမိတဲ့အတွက်

ရပ်တန့်လိုက်ပြီး စိုးရိမ်စွာနဲ့ စူးစမ်းကြည့်လိုက်သည်။

တောင်ကြားထဲက ယင်ချီတွေက မမြင်ရတဲ့ အတားအဆီးတစ်ခုကြောင့် အပြင်ထွက်လို့မရ ဖြစ်နေခဲ့သည်။အဲ့ဒါကို မြင်လိုက်တော့မှပဲ မန်ဝူရ

စိတ်သက်သာရာရသွားခဲ့သည်။ ချုပ်နှောင်ခြင်းရှစ်ခု အစီအရင်ကို

အသက်သွင်းပြီးသွားပြီဖြစ်တဲ့အတွက် သူ့တပည့်က ဒီလိုလုံလုံခြုံခြုံ

ရောက်လာခဲ့ပြီဖြစ်ကြောင်းသိလိုက်သည်။

ကြည့်ရတာ အဆင်ပြေနေတဲ့ပုံပဲ…။ ဟူး…အခုမှပဲ သူသေချာအသက်ရှုနိုင်တော့သည်။သူဒီကိုလာနေတဲ့ အတောအတွင်း သူ့တပည်လေးတစ်ခုခုများ ဖြစ်သွားရင်ဆိုပြီး…

သူ့ခဗျာ တွေးပူလိုက်ရတာလည်းတမော။ အစီအရင်ကြောင့် အတွင်းမှာရှိနေတဲ့လူတွေက နေမထွက်ခင်အချိန်မတိုင်ခင်အထိ အပြင်ကိုထွက်မသွားနိုင်ပေ။

မန်ဝူရက အစီအရင်ကို ချိုးဖျက်နိုင်ပေမယ့်လည်း သူ့တပည့် ကြိုးစားထားတာ အလဟဿဖြစ်သွားမှာစိုးတဲ့အတွက် အစီအရင်ကို မဖျက်စီးရဲပေ။ ဒါကြောင့် သူ့ကိုယ်သူနှစ်သိမ့်ရင်း စိတ်ရှည်ရှည်နဲ့ အပြင်မှာပဲ စောင့်နေတော့လေသည်။

ဒီတစ်ကြိမ် ရှနင်းချန် ချုပ်နှောင်ခြင်းရှစ်ခုအစီအရင်ကို အသက်သွင်းခဲ့တာက ယင်ကိုးသွယ်နှင်းပုံဆောင်ခဲကို ဖမ်းဆီးဖို့မဟုတ်ပဲ သွေးတိုက်ပွဲဂိုဏ်းကတပည့်တွေကို ရင်ဆိုင်ဖို့ဆိုတာကိုတော့ သူမသိခဲ့ပေ။ အခုအချိန်မှာ

သူ့တပည့်က အလွန်အမင်းအားနည်းနေခဲ့ပြီး ရန်ကိုင်ကတော့

သွေးရေချိုးကာကပ်ဆိုးတစ်ခုကိုကျော်ဖြတ်ဖို့ကြိုးစားနေရတယ်ဆိုတာကိုလည်းသူမသိခဲ့ပေ။

သူသာသိခဲ့ရင် ချက်ချင်းအစီအရင်ကိုဖျက်စီးပြီး ဝမ်ဖေးချန်တို့အဖွဲ့ကိုအကြိမ်တစ်ထောင်လောက် သတ်ပစ်ပေလိမ့်မည်။ မင်းတို့ကများ ငါ့တပည့်ကို

သတ်ဖို့ကြိုးစားရဲတယ့်…မင်တို့မျိုးဆက်(၁၈) ဆက်စလုံးကို ငိုးပဲမှတ်တယ်။

အချို့အရာတွေက အနားမှာရှိတယ်ထင်ရပေမယ့် တကယ့်အမှန်မှာတော့ဝေးကွာနေတတ်ပေသည်…မိုးကုတ်စက်ဝိုင်းလိုပေါ့။တောင်ကြားထဲတွင် ရန်ကိုင်ကလှံတစ်ချောင်းအလား ဖြောင့်တန်းစွာရပ်နေခဲ့ပြီးသူ့ရန်သူတွေ အလာကိုစောင့်နေခဲ့သည်။ ရုတ်တရက် လေတိုးသံနှင့်အတူ အဝတ်စချင်း ထိရိုက်သံတို့ ထွက်ပေါ်လာခဲ့သည်။

‘‘နောက်ဆုံးတော့ သူတို့ရောက်လာပြီပဲ’’ ရန်ကိုင်မျက်နှာတည်ငြိမ်သွားခဲ့သည်။

ထို့နောက် ရှနင်းချန်ပုန်းအောင်းနေရာအရပ်ကိုကြည့်လိုက်သည်။ ဒါက သူတို့နောက်ဆုံးအကြိမ်တွေ့ဆုံခြင်းလည်း ဖြစ်သွားနိုင်ပေသည်။ ဒီတိုက်ပွဲမှာသူအသက်ရှင်သန်ဖို့ဆိုတာ မသေချာပေ။ ဒါကသူ့ရဲ့နောက်ဆုံးတိုက်ပွဲလည်း

ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ဒါပေမယ့်…ဆုံးဖြတ်ချပြီးမှတော့ သူလုံးဝနောင်တရနေမည်မဟုတ်ပေ။

လူရိပ်သုံးခုက ရန်ကိုင်ရှေ့တွင်တစ်ပြိုင်တည်းပေါ်လာခဲ့သည်။ ထိုသုံးယောက်ကသွေးတိုက်ပွဲဂိုဏ်းက ချီသန့်စင်ခြင်းအဆင့် ဆရာသခင်တွေဖြစ်ပြီးနောက်ဆုံးမှရောက်လာတဲ့ တစ်ယောက်ကတော့ ချီပြောင်းလဲခြင်းအဆင့်၉

ကျင့်ကြံသူတစ်ယောက် ဖြစ်ပေသည်။ ဒါကြောင့်သူကကျန်တဲ့၃ယောက်ထက်နှေးနေခြင်းဖြစ်ပေသည်။

ထိုလေးယောက်စလုံး ရန်ကိုင်ကိုထိတ်လန့် အံ့အားသင့်နေတဲ့အကြည့်နဲ့စူးစိုက်ကြည့်နေကြသည်။ လွန်ခဲ့တဲ့တစ်နာရီလောက်တုန်းက ရန်ကိုင်

သူတို့လက်က ထွက်ပြေးတုန်းက စဦးဒြပ်စင်အဆင့်၄မှာပဲ ရှိသေးပေသည်။

ဒါပေမယ့် အခုအချိန်မှာတော့သူစဦးဒြပ်စင်အထွတ်အထိပ်အဆင့်ကို

ရောက်နေခဲ့ပြီဖြစ်သည်။ဘာတွေဖြစ်နေတာလဲ။ နူလန်း၏အလောင်းက သူ့ခြေအောက်တွင်ပုံပျက်ဆင်းပျက်နှင့် လဲလျောင်းနေခဲ့သည်။ နူလန်းလိုလူတစ်ယောက်

ဒီလိုနေရာမျိုးမှာသေသွားလိမ့်မယ်လို့ သူတို့မထင်ထာခဲ့ပေ။ သူ့အတွက်လည်းအနည်းငယ်တော့ စိတ်မကောင်ဖြစ်မိပေသည်။ အေးစက်စက်ညအချိန်တွင်တောင်ကြားတစ်ခုလုံး လေအေးတွေတိုက်ခတ်နေခဲ့ပြီး တော်တော်လေး

ကြက်သီးမွှေးညင်းထစရာကောင်းပေသည်။

‘‘သူ့ကိုမင်းသတ်လိုက်တာလား’’ သွေးတိုက်ပွဲဂိုဏ်းက ချီသန့်စင်ခြင်းအဆင့်ဆရာသခင်တစ်ယောက်က မေးလိုက်သည်။

‘‘မင်းတို့ခေါင်းဆောင်နဲ့ သခင်လေးလုံကော’’ ရန်ကိုင်က ပြန်ဖြေမယ့်အစားမေးခွန်းထုတ်လိုက်သည်။ သူလှည့်ပတ်ကြည့်လိုက်သော်လည်း နောက်ထပ်

လာနေတဲ့လူတစ်ယောက်မှ မတွေ့ရပေ။

တောင်ကြားထဲကို ရောက်တုန်းက သွေးတိုက်ပွဲဂိုဏ်းမှာ ဝမ်ဖေးချန်နှင့် လုံဟူအပါအဝင် စုစုပေါင်းလူ၇ယောက်ရှိပေသည်။ တစ်ယောက်ကရှနင်းချန် သတ်တာခံလိုက်ရပြီး ကျန်တဲ့လူလေးယောက်ကတော့သူ့ရှေ့မှာရှိနေပေသည်။

‘‘ဟန့်…မင်းကိုမင်းအရမ်း အထင်ကြီးနေတာပဲ။ မင်းကိုဖမ်းဖို့လောက်တော့သခင်လေးလုံနဲ့ အရှင်သခင်ဝမ်တို့တောင်မလိုဘူး။ ငါတို့လေးယောက်နဲ့တင်

မင်းကိုအသာလေးသတ်နိုင်တယ်’’ ပြောလိုက်တဲ့လူက အသက်သိပ်ကြီးမယ့်ပုံမပေါ်ပေ။ အလွန်ဆုံး၂၅-၂၆လောက်ပဲရှိလောက်ပေသည်။

‘‘အိုး….ကယ်ကြပါဦးကွာ..ကယ်ကြပါဦး…။ သွေးတိုက်ပွဲဂိုဏ်းကလူတွေရောက်နေလို့ ငါ့ကိုလာကယ်ကြပါဦးနော်။ မဟုတ်ရင်ငါသေရတော့မှာ…

ငါအရမ်းကြောက်တာပဲ..။ဟားဟားဟား’’ ရန်ကိုင်က ထေ့ငေါ့လှောင်ပြောင်ရင်းပြောလိုက်သသည်။ လူငယ်လေးရဲ့မျက်နှာက ရက်စက်ကြမ်းကြုတ်မယ့်

ပုံစံပြောင်းသွားခဲ့ပြီး ‘‘မင်းကိုသတ်ဖို့ကငါတစ်ယောက်နဲ့တင်လုံလောက်တယ်’’

သူ့ခွန်အားတော်တာ်များများက ယင်ချိန်းကြိုးတွေကြောင့် ပိတ်လှောင်ခြင်းခံရပေမယ့်သူကချီသန့်စင်ခြင်းဆရာသခင်တစ်ယောက် ဖြစ်တဲ့အတွက် လက်ကျန်စွမ်းအားသုံးပြီး တိုက်မယ်ဆိုရင်တောင် ချီပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ထက်သာလွန်ပေသည်။ သူရန်ကိုင်ကို မသတ်နိုင်တာ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ…။

‘‘အပြောတွေက အသုံးမဝင်ဘူး။ အဖြေသိရအောင် ဘာလို့မတိုက်ကြည့်ရမှာလဲ’’ ရန်ကိုင်က အထင်တသေးပြောလိုက်သည်။ ထိုလူတွေအကုန်လုံးရဲ့ ခွန်အား

တော်တော်လေး လျော့ကျသွားတာကိုလည်း ရန်ကိုင်ခံစားမိလိုက်သည်။ အရင်တုန်းကနဲ့ ယှဉ်ရင်ဆီနဲ့ရေလားပင်….။ ထို့ပြင်သူတို့ချီစွမ်းအင်တွေက

မတည်မငြိမ်ဖြစ်နေပြီး သူတို့ထဲက သုံးယောက်သာ နူလန်းနှင့်ယှဉ်နိုင်ပြီးကျန်တစ်ယောက်ကတော့ နူလန်းထက်တောင် အားနည်းပေသည်။ သူတို့အရင်တုန်းက သန်မာကောင်းသန်မာခဲ့လိမ့်မယ် … အခုတော့မဟုတ်ပေ။

တစ်ယောက်ချင်းယှဉ်မယ်ဆိုရင်တော့ သူနိုင်မယ်လို့ ရန်ကိုင်ယုံကြည်ချက် အပြည့်ရှိပေသည်။ သူတို့ထဲကတစ်ယောက်ကိုသာ အရင်ဆုံးသတ်နိုင်ခဲ့ရင်

နောက်ပိုင်းကိစ္စတွေက ပိုပြီးလွယ်ကူသွားပေလိမ့်မည်။

‘‘ကောင်လေး၊ မင်းကတော်တော်မောက်မာနေတော့လည်း ဒီကမင်းအဖိုးက

သင်ခန်းစာကောင်းကောင်းလေး ပေးရတာပေါ့’’ လူငယ်လေးတစ်ယောက်က ပြောလိုက်ပြီး ရန်ကိုင်ဆီ လမ်းလျှောက်လာခဲ့သည်။ထိုလူငယ်သာ သူ့နဲ့ဆယ်ပေအကွာကို ရောက်လာလို့ကတော့ သူဒဏ်ရာရသွားခဲ့ရင်တောင် လူငယ်ကိုသတ်နိုင်မယ်လို့ သူ့ကိုယ်သူယုံကြည်ချက်

အပြည့်ရှိပေသည်။ ဒါပေမယ့် သူ့အကြံမအောင်မြင်သေးခင်မှာ

နောက်ထပ်တပည့် တစ်ယောက်က ပြောလိုက်သည် ‘‘လုံညီငယ်လေး၊သူလှည့်စားတာ မခံရစေနဲ့’’

ထိုအချိန်မှာတော့ ကောင်းလေးက သူ့ခြေလှမ်းတွေကို ရုတ်တရက် ရပ်လိုက်ပြီးရန်ကိုင်ကို အေးစက်စက်ကြည့်လိုက်သည်

‘‘ဟုတ်၊ စီနီယာအစ်ကိုကိုင်’’

‘‘ သူကဒီနေရာမှာတစ်ယောက်တည်း မတ်တပ်ရပ်နေတာ သူ့မှာအကြံတစ်ခုခုရှိလို့ပဲဖြစ်ရမယ်။ ဟိုမိန်းမလည်း ဘယ်နားရောက်လို့ ဘယ်ပေါက်နေမှန်းမသိဘူး။

စိတ်လိုက်မာန်ပါသိပ်မလုပ်နဲ့..။ဒီကောင်မှာ နူလန်းကိုသတ်နိုင်တဲ့စွမ်းအားရှိမှတော့ ဒီကောင်က ကျားသားစားချင်လို့ ဝင်ယောင်ဆောင်နေတာပဲ။

သူ့ကိုအရင်ဖမ်းပြီးမှ ဟိိုမိန်းမနေရာကိုမေးရမယ်’’ စီနီယာအစ်ကိုကိုင်က သူ့လက်ကိုဝှေ့ရမ်းပြီး ပြောလိုက်သည်‘‘သူ့ကိုတိုက်’’

၄ယောက်၁ယောက် …. ထို့ပြင်သူ့စွမ်းအားက စဦးဒြပ်စင်အဆင့်မှာပဲ

ရှိသေးပေသည်။ အဆင့်တူချင်းပြိုင်ဘက်ကင်းနေရင်တောင် ချီပြောင်းလဲခြင်းအဆင့် ခွန်အားရှိနေတဲ့ တပည့်လေးယောက်ကို တစ်ပြိုင်တည်းတိုက်ခိုက်ဖို့ကတော်တော်လေး ခက်ခဲပေသည်။ လေးယောက်စလုံးက ရန်ကိုင်ဆီကို အဘက်ဘက်ကနေ တိုးဝင်လာခဲ့ပြီး သူ့ကိုပြေးလို့မရအောင် ဝိုင်းထား

လိုက်ကြသည်။

ဒီလိုအခြေအနေနဲ့ ရင်ဆိုင်နေရတာတောင် ရန်ကိုင်ကတော့ ကြောက်ရွံ့ခြင်းအလျင်းမရှိပဲ ရယ်မောရင်းပြောလိုက်သည်

‘‘ မင်းတို့သွေးတိုက်ပွဲဂိုဏ်းက ကောင်တွေက သောက်ပြောကြီးတဲ့ ကောင်တွေသာသာပါပဲကွာ…. ငါ့လို စဦးဒြပ်စင်အဆင့် တစ်ယောက်ကိုတောင် တစ်ယောက်ချင်းမတိုက်ရဲဘူး …ဟားဟားဟား …လေပေါကြီးတွေ’’

ထိုစကားကိုကြားလိုက်တာနဲ့ လူငယ်လေးရဲ့မျက်နှာ နီရဲသွားခဲ့ပြီး

သတ်ဖြတ်လိိုစိတ်ကို ထုတ်လွှတ်လိုက်ကာ ပြောလိုက်သည်

‘‘ ကောင်စုတ်လေး၊ဒီအဖိုးက မင်းပါးစပ်ကိုဘယ်လိုပိတ်အောင် လုပ်မလဲဆိုတာ စောင့်ကြည့်လိုက်စမ်းပါ’’

အပိုင်း (၁၀၃) လျှပ်တစ်ပြက်တိုက်ပွဲ

‘‘မင်းလိုကောင်က ငါ့ပါးစပ်ပိတ်အောင် လုပ်ချင်တာလား …အရည်အချင်း ရှိလားဆိုတာပဲ အရင်စဉ်းစား…အပြောမကြီးနဲ့’’ ရန်ကိုင်ပြန်အော်ဟစ်လိုက်ပြီး ယန်အရည်စက်တစ်စက်ကို လောင်ကျွမ်းလိုက်ပြီး သူ့တစ်ကိုယ်လုံးကို မီးလူသား တစ်ယောက်လို လောင်ကျွမ်းသွားစေလိုက်သည်။

ပူပြင်းလှတဲ့ အပူလှိုင်းတွေက သူ့ခန္ဓာကိုယ်ကနေ ပတ်ပတ်လည်ကို ဖြာထွက် နေခဲ့သည်။ ပြောနေရင်း ရန်ကိုင်က ယွမ်လန်ဆီပြေးဝင်သွားပြီး လက်သီးတစ်လုံးကျွေးလိုက်သည်။

တန်ပြန်သက်ရောက်မှုကြောင့် ယိုင်တိုယိုင်တိုင်နဲ့ နောက်ပြန်ဆုတ်လိုက်ရပြီး ယွမ်လန်ကတော့ လွင့်ထွက်သွားခဲ့ရ၏။

ခြေသုံးလှမ်းလောက် နောက်ပြန်ဆုတ်လိုက်ရတဲ့အချိန် ရန်ကိုင်က သွေးတိုက်ပွဲဂိုဏ်းက တပည့်သုံးယောက်၏

တိုက်ခိုက်ရေးစက်ကွင်းထဲ ကျရောက်သွားခဲ့ရသည်။ သုံးယောက်စလုံးက ရန်ကိုင်ကိုတစ်ပြိုင်တည်း မနားတမ်း တိုက်ခိုက်လိုက်ကြသည်။ ရန်ကိုင်က သွေးတိုက်ပွဲဂိုဏ်းရဲ့ အားအနည်းဆုံးတပည့်ကို ကျောပေးထားလိုက်ပြီး

တိုက်ခိုက်မှုတွေကို အဆက်မပြတ် ရှောင်တိမ်းနေခဲ့သည်။

ရန်ကိုင်၏ နှစ်ဆင့်လက်ဝါးချက်က သွေးတိုက်ပွဲဂိုဏ်း၏ အားအကောင်းဆုံး စီနီယာအစ်ကိုကိုင်၏ ရင်ဘတ်ဆီ တိုးဝင်သွားခဲ့သည်။ သူက အစောပိုင်းတုန်းက ယွမ်လောင်ကို အလျင်စလိုမပြုမူဖို့ပြောကာ ရန်ကိုင် ထောင်ချောက်

ထဲကနေ ကယ်သွားခဲ့သူလည်း မမှားပါဘူး။ လူလေးယောက်ထဲမှာ သူက ခေါင်းဆောင်ဖြစ်သလို သိုင်းအဆင့်အမြင့်ဆုံးလည်းဖြစ်သည်။

သူ့ခွန်အားတွေက ချုပ်နှောင်ထားခြင်းခံရပေမယ့်လည်း သူကချီပြောင်းလဲခြင်း အဆင့်၂မှာရှိနေပေသေးသည်။ ထို့ကြောင့်ရန်ကိုင်က သူ့ကိုအရင်သတ်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ့ကိုသတ်နိုင်သရွေ့ ကျန်တဲ့သုံးယောက်က သူ့ကို

အရမ်းကြီး ခြိမ်းခြောက်နိုင်မည်မဟုတ်ပေ။ ရန်ကိုင်က အသက်တစ်ရှိုက်စာ အတွင်းလူလေးယောက်နဲ့ တစ်ပြိုင်တည်း ယှဉ်ပြိုင်တိုက်ခိုက်နေခဲ့ရသည်။

တိုက်ခိုက်နေတဲ့အချိန်တွင် စီနီယာအစ်ကိုကိုင်က ရန်ကိုင်ခုခံဖို့လုံးဝမလုပ်တော့ပဲ သူ့ကိုချည်း ပစ်မှတ်ထားတိုက်ခိုက်နေတာကို တွေ့လိုက်ရသည်။ ရန်ကိုင်ဘာလုပ်

ဖို့စဉ်းစားနေလဲ ဆိုတာသူမသိပေမယ့် သူ့စိတ်ထဲမှာတော့ မကောင်းတဲ့ခံစားချက်ကို ရနေခဲ့သည်။ သူ၏လက်ဝါးတိုက်ကွက်တွင် ရန်ကိုင်ကလျှို့ဝှက်တဲ့နည်းစနစ်

တစ်ခုကိုဖုံးကွယ်ထားလိုက်သည်။

စီနီယာအစ်ကိုကိုင်က နောက်ပြန်ဆုတ်လိုက်ပြီး အစီအစဉ်တစ်ခုကို

အမြန်အဆန်စဉ်းစားလိုက်သည်။ ရန်ကိုင်က သူ့ကိုထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်တယ်ဆိုတာကို သူမယုံကြည်နိုင်ပေမယ့် ဘာပဲဖြစ်ဖြစ် သတိဆိုတာ ပိုတယ်မရှိပေ။ သူနောက်ဆုတ်ပြီးတာနဲ့ ချက်ချင်း ခုခံကာကွယ်တဲ့ပုံစံ လုပ်ထားလိုက်သည်။ ဒါပေမယ့် ရန်ကိုင်မျက်နှာ ပေါ်က အေးစက်စက်၊ ရက်စက်ပြီး မိစ္ဆာဆန်ဆန်အပြုံးကိုတွေ့လိုက်ရတဲ့

အချိန်မှာတော့ တစ်ခုခုမှားနေသလိုခံစားလိုက်ရသည်။

သေစမ်း…ငါလှည့်စားခံလိုက်ရပြီ။

ထိုအချိန်မှာပဲ ရန်ကိုင်လက်ဝါးက အရှိန်မြင့်ကာ သူ့လက်ဝါးကိုရှောင်တိမ်းရင်း သူ့ရင်ဘတ်ဆီ တိုးဝင်လာခဲ့သည်။ ရန်ကိုင်လက်ဝါးက သူ့ကိုထိမှာ ကျိန်းသေပင်။ ဒါပေမယ့် သူ့လက်ဝါးကလည်း ရန်ကိုင်ကိုထိမှာလည်း အသေအချာပင်။ အဲ့လိုဆိုနှစ်ယောက်စလုံး ဒဏ်ရာရသွားမှာပဲဖြစ်သည်။

သူသေချာမစဉ်းစားရသေးခင်မှာပဲ ရန်ကိုင်လက်ဝါးတွေက နီရဲလာပြီး မီးတောက်တွေထွက်ပေါ်လာခဲ့သည်။ သူမရှောင်တိမ်းနိုင်တော့ပေ။

စီနီယာအစ်ကိုကိုင်၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်မှုတွေနဲ့

ပြည့်သွားခဲ့သည်။ ရန်ကိုင်က ယန်အရည်စက်တစ်စက်ကိုသုံးပြီး

တိုက်ခိုက်လိုက်သည်။ ဒီတစ်ကြိမ်တိုက်ခိုက်ပြီးတဲ့အချိန်မှာတော့

သူတို့နှစ်ယောက်ထဲက တစ်ယောက်သေပေလိမ့်မည်။ ရန်ကိုင်ပဲ

သေမလား စီနီယာအစ်ကိုကိုင်ပဲ သေမလားဆိုတာ အားလုံးက

ကံတရားပေါ်မှာမူတည်နေပေသည်။

စီနီယာအစ်ကိုကိုင်ရဲ့ ခွန်အားတွေက ချိတ်ပိတ်ခြင်း ခံထားရတယ်ဆိုပေမယ့် ဆင်ပိန်ကျွဲလောက်ရှိသည် ဆိုသည့်အတိုင်း သူ့လက်ကျန်ခွန်အားက ချီပြောင်းလဲခြင်း ကျင့်ကြံသူတစ်ယောက်၏ ခွန်အားနှင့် တူညီနေပါသေးသည်။ ဒါပေမယ့်ရန်ကိုင်က စဦးဒြပ်စင်အဆင့်မှာသာရှိသေးတဲ့အတွက် သူ့ချီစွမ်းအင်က ရန်ကိုင်ထက် ပိုသိပ်သည်းပေသေးသည်။ စီနီယာအစ်ကိုင်၏ လက်ဝါးကရန်ကိုင်ကိုထိသွားခဲ့ပြီး ရန်ကိုင်၏နှစ်ဆင့်

လက်ဝါးကလည်း စီနီယာအစ်ကိုင်၏ ရင်ဘတ်ကိုထိသွားခဲ့သည်။

ရန်ကိုင်လက်ဝါးချန်ထိမှန်ခံလိုက်ရတဲ့ စီနီယာအစ်ကိုကိုင်အဖို့

သူ့အရေပြားကို မီးမြှိုက်လိုက်သလို ခံစားလိုက်ရပါသည်။

ဒီကောင့်ချီစွမ်းအင်က သန့်စင်လွန်းတယ်…ငါ့လခွမ်းပဲ ။ ငါ့ကျင့်ကြံခြင်း

အဆင့်က သူ့ထက်မြင့်လို့သာတော်သေးတယ်။ မဟုတ်ရင် သူ့လက်ဝါးချက်နဲ့တင် ငါသေလောက်တယ်။ သူထိတ်လန့်နေတုန်းမှာပဲ ရန်ကိုင်လက်ဝါးကနေတစ်ဆင့်

အလွန်ပူပြင်းတဲ့ ချီစွမ်းအင်တွေက သူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတာကို ခံစားမိလိုက်သည်။ ထိုချီစွမ်းအင်က သူ့ကိုယ်တွင်းအင်္ဂါတွေကို တမြေ့မြေ့လောင်ကျွမ်းနေခဲ့သည်။

‘‘ငါနားက ထွက်သွားစမ်း’’ စီနီယာအစ်ကိုကိုင် တော်တော်လေး ပေါက်ကွဲနေခဲ့သည်..ရန်ကိုင်လည်း သူ့တိုက်ကွက်ကို ဆက်လက်ထိန်းမထားနိုင်တော့ပဲ နောက်ဘက်ကို

လွင့်ထွက်သွားခဲ့လေသည်။ ရန်ကိုင်က သူ့ခန္ဓာကိုယ်ကို နှိမ့်ရှောင်လိုက်ပေမယ့် ကံမကောင်းစွာပဲ သွေးတိုက်ပွဲဂိုဏ်း ကလူတွေရဲ့ တိုက်ခိုက်မှုကိုတော့ မရှောင်တိမ်းနိုင်ခဲ့ပေ။ ဓါးတစ်ချောင်းက သူ့ပုခုံးကိုထိုးဖောက်သွားခဲ့ပြီး

သွေးတွေပန်းထွက်လာခဲ့သည်။ သူ့ပုခုံးတွင်အပေါက်ကြီးတစ်ပေါက်

ပေါ်လာခဲ့သည်။

ဒါနဲ့တင်အဆုံးမသတ်သေးပဲ ချီသန့်စင်ခြင်း ဆရာသခင်တစ်ယောက်က ရန်ကိုင်ဒဏ်ရာရနေတာကို အခွင့်ကောင်းယူပြီး သူ့နံရိုးနေရာကို အားရပါးရ ကန်ချလိုက်သည်။ ထိုအချိန်တွင် ရန်ကိုင်အိတ်ထဲကနေ ပုလင်းသေးသေးလေး တစ်ပုလင်းက မြေပေါ်ကိုပြုတ်ကျလာခဲ့သည်။

လေထဲမှာတင် ရန်ကိုင်သွေးတစ်ပွက်အန်လိုက်ရပြီး မြေကြီးပေါ်ကို

ပြုတ်ကျသွားခဲ့သည်။ ပြုတ်ကျသွားတဲ့ဆေးပုလင်းကို ကြည့်ရင်း

ရန်ကိုင်မျက်လုံးထဲတွင် တုန့်ဆိုင်းမှုတွေနဲ့ပြည့်နေခဲ့သည်။ ဒါပေမယ့်

သူသွားပြန်မကောက်ရဲပေ။ ထို့နောက် သူ့ခြေထောက်တွင် ချီစွမ်းအင်ကို စုစည်းလိုက်ပြီး လျှပ်စီးတစ်မျှအမြန်နှုန်းနဲ့ တောအုပ်ထဲကိုပြေးဝင်သွားခဲ့သည်။

ယွမ်လန်က ရန်ကိုင်၏အမူအရာကိုမြင်လိုက်တဲ့အတွက် ရန်ကိုင်အိတ်ထဲကနေ ပြုတ်ကျသွားခဲ့တဲ့ ပုလင်းလေးကို အမြန်ကောက်ယူလိုက်သည်။

တောင်ကြားထဲတွင် ရန်ကိုင်ရယ်သံပဲ့တင်ထပ်နေခဲ့ပြီး ‘‘သွေးတိုက်ပွဲဂိုဏ်းက ချီသန့်ခြင်းအဆင့် ဆရာသခင်တွေက ဘာမှသုံးစားမရပါလား …အကုန်လုံးက အမှိုက်တွေချည်းပဲ’’

သူဘယ်လိုလုပ်ပြီး ပြေးနိုင်သေးတာလဲ… အဲ့ကောင်က လူကောဟုတ်သေးရဲ့လား..။

သွေးတိုက်ပွဲဂိုဏ်းကလူတွေရဲ့ စိတ်ထဲတုန်လှုပ်ခြောက်ခြားမှုတွေနဲ့ ပြည့်နေခဲ့သည်။ ခဏနေပါဦး.. သူကဘာလို့ ထွက်ပြေးသွားတာလဲ။ သူပဲငါတို့က စိန်ခေါ်ပြီးတော့… စကားပြောတုန်းကလည်း သူ့ကိုယ်သူ ဆရာကြီးဂိုက်ဖမ်းပြီး…ငါတို့ကိုများ အပြောပဲရှိတဲ့ ကောင်တွေတဲ့။ သူ့မှာတော့ ဝှက်ဖဲများရှိနေမလားဆိုပြီး

စိုးရိမ်လိုက်ရတာ.. ငိုးမခွေးသူတောင်းစား ..ပြေးတာတန်းနေတာပဲ။

ဟောင်ပဲဟောင်ပြီး မကိုက်တတ်တဲ့ခွေးနဲ့တစ်ပုံစံတည်းပဲ။ ပြောတုန်းကတော့ သူ့လေးသံက သူပဲအနိုင်ရတော့မယ့်ပုံစံနဲ့ ..ငါလခွမ်းပဲ အဲ့ကောင်ကို အစိတ်စိတ် အမြွာမြွာဖြစ်အောင် လုပ်ချင်လိုက်တာ…။ သူတို့ရန်ကိုင်ကို

ဘာမှမလုပ်နိုင်တော့တဲ့အတွက် ရန်ကိုင်ထွက်ပြေးသွားတဲ့နေရာကို

ကြည့်ရင်း ဒေါသတကြီး လှောင်ပြောင်ရုံသာ တတ်နိုင်တော့သည်။

‘‘သူ့နောက်လိုက်ကြစို့…သူဒဏ်ရာရထားတယ်။ ဝေးဝေးပြေးနိုင်မှာ

မဟုတ်လောက်ဘူး’’ ယွမ်လန်က ခါးသီးစွာနဲ့ သူ့လက်ကိုခါရင်း

ပြောလိုက်သည်။ သူရန်ကိုင်နဲ့တစ်ကွက်ပဲ တိုက်လိုက်ရပေမယ့် ရန်ကိုင်လက်သီး ကအရမ်းကို အားကောင်းလွန်းမယ်လို့ သူမထင်ထားခဲ့ပေ။ သူတိုက်ခိုက်ခံရတာကနေ

ပြန်သက်သာလာတဲ့ အချိန်မှာတော့ မမျှော်လင့်ပဲ တိုက်ပွဲကပြီးသွားခဲ့ပြီဖြစ်သည်။

ပြောပြီးတာနဲ့ ယွမ်လန်နှင့် ကျန်တဲသူတွေအကုန်လုံး ရန်ကိုင်နောက်ကို အလောတကြီး ပြေးလိုက်ကြလေသည်။ ဒါပေမယ့် သူတို့ခြေသုံးလှမ်းတောင် မလှမ်းရသေးခင်မှာပဲ သူတို့နောက်ကနေ မြေကြီးပေါ်ကို တစ်ခုခုပြုတ်ကျ

သွားတဲ့အသံကို ကြားလိုက်ရသည်။

လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ စီနီယာအစ်ကိုကိုင်က မြေပြင်ပေါ်မျက်နှာကပ်ပြီး မလှုပ်မယှတ် လဲလျောင်းနေတာကို တွေ့လိုက်ရသည်။

‘‘စီနီယာအစ်ကို မင်းအဆင်ပြေရဲ့လား’’ ယွမ်လန်က မေးလိုက်သည်။ ဒါပေမယ့် ပြန်ဖြေသံမကြားခဲ့ရ။ ‘‘ဘာဖြစ်သွားတာလဲ’’ အားအနည်းဆုံး

တပည့်က မေးလိုက်သည်။ ခုဏတုန်းက စီနီယာအစ်ကိုကိုင်နဲ့ ရန်ကိုင် တိုက်ခိုက်ခဲ့တယ်။ အဲတုန်းကများ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတာများလား… အဲ့လိုတော့မဖြစ်နိုင်ဘူးမလား။

‘‘တစ်ခုခုမှားနေတယ်’’ တတိယမြောက်တစ်ယောက်က စီနီယာအစ်ကိုကိုင်ဆီ ပြေးသွားပြီး ရုတ်တရက် အကျယ်ကြီးအော်ခေါ်လိုက်သည်။

သူရုတ်တရက် သက်ပြင်းရှိုက်လိုက်ပြီး‘‘အား’’ ဆိုးပြီးအံ့အားတသင့်

အော်လိုက်သည်။ ‘‘သူဘယ်လိုလဲ’’ ယွမ်လန်းကရှေ့တိုးသွားရင်း

မေးလိုက်သည်။ ဒါပေမယ့် စီနီအစ်ကိုကိုင်၏ ခန္ဓာကိုယ်ကိုမြင်လိုက်တဲ့ အချိန်မှာတော့ ဆွံ့အသွားခဲ့သည်။

စီနီယာအစ်ကိုကိုင် အရေပြားတွေက နီရဲနေပြီး သူ့သွေးတွေကဆူပွက်နေခဲ့သည်။ သူ့မျက်လုံးတွေကလည်း ပျက်စီးနေခဲ့ပြီး နူလန်းသေသွားတဲ့ပုံစံနဲ့ တစ်ပုံစံတည်း

တူနေခဲ့သည်။ စီနီယာအစ်ကိုကိုင်၏ အသက်ရှုသံရပ်တန့်နေခဲ့ပြီး သူ့ရင်ဘတ်မှာလည်း လက်ငါးချောင်းရာ အပေါက်ကြီးရှိနေခဲ့ကာ သွေးတွေတသွင်သွင် စီးကျနေခဲ့သည်။

‘‘အရမ်းပူတာပဲ’’ စီနီယာအစ်ကိုကိုင်ကို မထူပေးဖို့လုပ်နေတဲ့ တပည့်က အလန့်တကြားအော်လိုက်ပြီး အလောင်းကို ချက်ချင်းပြန်ချထားလိုက်သည်။

ထိုခန္ဓာကိုယ်က မြေကြီးနဲ့ထိသွားတဲ့အချိန်မှာတော့ တစ်စစီပေါက်ကွဲသွားခဲ့ပြီး သွေးပူပူတွေ ဖြာထွက်လာခဲ့သည်။ ပတ်ဝန်းကျင်တစ်ခုလုံး ဖောက်ထွင်းမြင်နိုင်တဲ့

သွေးမြူတွေနဲ့ဖုံးလွှမ်းသွားခဲ့သည်။

ကျန်တဲ့သုံးယောက်စလုံး သွေးရေချိုးထားသလို ဖြစ်နေခဲ့ပြီး ထိုသွေးတွေထဲမှာလည်း ပူပြင်းတဲ့ချီစွမ်းအင်တွေ ပါဝင်နေခဲ့သည်။ သုံးယောက်စလုံး ထိတ်လန့်ခြောက်ခြား သွားခဲ့သည်။ သူတို့ထဲမှာ အသန်မာဆုံးဖြစ်တဲ့ စီနီယာအစ်ကိုကိုင်က ဘယ်လိုလုပ်ပြီး ဒီလောက်ကြောက်မက်ဖွယ်ကောင်းတဲ့ အခြေအနေနဲ့

သေသွားရလဲဆိုတာ သုံးယောက်စလုံး မတွေးတောနိုင်အောင်

ဖြစ်နေခဲ့သည်။

သွေးတိုက်ပွဲဂိုဏ်းက ဆရာခင်လေးယောက်ပေါင်းပြီး ရန်ကိုင်ကိုသတ်ဖို့ ကြိုးစားခဲ့ပေမယ့် မမျှော်လင့်ပဲ သူတို့ထဲက တစ်ယောက်အသတ်ခံလိုက်ရသည်။ ဒါပေမယ့် ရန်ကိုင်လည်းတော်တော်လေး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့သည်။ သို့ပေမယ့် ရန်ကိုင်က သူတို့လက်ကနေ လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့သည်။

အပိုင်း (၁၀၄) ယွမ်လန်၏ ခန့်မှန်းတွက်ချက်မှု

သူတို့ထဲက ဘယ်သူမှထိုအချက်ကို လက်မခံချင်ကြပေ။ မြေကြီးပေါ်မှာ လဲလျောင်းနေတဲ့သူက ချီသန့်ဆင်ခြင်းအဆင့် ဆရာသခင်တစ်ယောက် ဖြစ်သည်။ ထိုမအေလိုးက တကယ်ပဲ ချီသန့်စင်ခြင်းအဆင့် ဆရာသခင်တစ်ယောက်ပင်ဖြစ်သည်။

ချီသန့်စင်ခြင်းအဆင့် ဆရာသခင်တစ်ယောက်ကို စဦးဒြပ်စင်အဆင့်

ကျင့်ကြံသူတစ်ယောက်က အနိုင်ယူသွားတယ်ဆိုတဲ့ အချက်ကို သူတို့ လက်မခံနိုင်သေးချေ။

သူတို့ကြားမှာ အဆင့်နှစ်ဆင့် ကွာခြားနေခဲ့သည်။ ထိုအဆင့်နှစ်ဆင့်ကြားက ခြားနားချက်ကလည်း ကောင်းကင်နှင့်မြေကြီးအလား ကွာခြားပေသည်။

သူ့ခွန်အားတစ်ဝက်က ချိတ်ပိတ်ထားခြင်းခံရပြီး ချီစွမ်းအင်အနည်းငယ်ကို ယင်ချီတွေကို ခုခံဖို့ အသုံးပြုထားရသေးတယ် ဆိုပေမယ့်လည်း သူ့ခွန်အားက

ချီပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ ခွန်အားနှင့်တူညီနေပေသေးသည်။

ဒါပေမယ့် သူကဘယ်လိုလုပ်ပြီး ရန်ကိုင်သတ်တာခံလိုက်ရတာလဲ။

သူတို့မျက်နှာတွေက ကြောက်ရွံ့မှုကြောင့် ဖြူဖတ်ဖြူလျော် ဖြစ်နေခဲ့သည်။ အကယ်၍ ရန်ကိုင်သာ စီနီယာအစ်ကိုကိုင်ကို ပစ်မှတ်မထားပဲ သူတို့ထဲက တစ်ယောက်ယောက်ကိုသာ ပစ်မှတ်ထားလိုက်ပါက ရလဒ်ကကော ဘယ်လို

ဖြစ်လာမလဲ… အဖြေကတော့ သူတို့သေသွားလိမ့်မှာက ပြောင်းလဲခြင်းမရှိသော အမှန်တရားပင်ဖြစ်သည်။

ထိုအချက်ကိုနားလည်သွားတာနဲ့ ယွမ်လန်က စီနီယာအစ်ကိုကိုင်၏ သတိကြီးမှုနဲ့ စဉ်းစားဆုံးဖြတ်နိုင်စွမ်းကို လေးစားမိသွားခဲ့သည်။ စီနီယာအစ်ကိုကိုင်ကြောင့်သာ မဟုတ်ရင် အခုမြေပေါ်မှာလဲနေတဲ့သူက သူကိုယ်တိုင်ပင် ဖြစ်သွားပေလိမ့်မည်။

‘‘စီနီယာအစ်ကိုကိုင်က ဘယ်လိုသေသွားရတလဲ’’ အားအနည်းဆုံးတစ်ယောက်က ကိုးယိုးကားယားဖြစ်နေတဲ့ အခြေအနေကို ချိုးဖျက်ပြီးမေးလိုက်သည်။

ထိုမေးခွန်းမေးပြီးတာနဲ့ အကုန်လုံး တစ်ယောက်ကို တစ်ယောက် တုန်လှုပ် ခြောက်ခြားမှုအပြည့်နဲ့ ကြည့်လိုက်သည်။ တိုက်ပွဲအကြောင်းကို ပြန်လှန် တွေးတော ကြည့်လိုက်ပြီးနောက် ရန်ကိုင်ဘယ်လို လှုပ်ရှားသွားလဲဆိုတာ သိလိုက်ကြသည်။ တစ်ချက်တည်းပင်… တိုက်ပွဲတစ်ပွဲလုံးတွင်

ရန်ကိုင်တစ်ချက်သာ လှုပ်ရှားသွားခဲ့သည်။ စီနီယာအစ်ကိုကိုင်လည်း

ထိုတစ်ချက်တည်းကြောင့် သေသွားခဲ့ရသည်။

‘‘သူ့ခွန်အား အဲ့လောက်တောင်မြင့်တာလား’’ သူတို့ထဲကတစ်ယောက်က တုန်လှုပ်ခြောက်ခြားမှု အပြည့်နဲ့မေးလိုက်သည်။ ‘‘ဒါကသူ့ရဲ့ကိုယ်ပိုင်

အစွမ်းမဖြစ်နိုင်ဘူး။ အဲ့ဒါက အရမ်းကို အားကောင်းတဲ့ လက်နက်အမျိုးအစား ရတနာတစ်ခုပဲ ဖြစ်ရမယ်။ မဟုတ်ရင် သူ့ရဲ့ကိုယ်ပိုင်ခွန်အားနဲ့ စီနီယာအစ်ကိုကိုင်ရဲ့

ခံစစ်ကိုချိုးဖျက်ပြီး သူ့ကိုသတ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး’’ ယွမ်လန်က ကျန်တဲ့သူတွေကိုကြည့်ရင်း အခြေအနေကိုသုံးသပ်ပြီး ကောက်ချက်ချပြလိုက်သည်။

ကျန်တဲ့သူတွေကလည်း အကုန်လုံးသဘောတူခေါင်းညိတ်ကြသည်။

အဲ့လက်နက်အမျိုးအစား ရတနာကြောင့်သာမဟုတ်ရင် ရန်ကိုင်က

ဘယ်လိုလုပ်ပြီး ဒီလိုလုပ်နိုင်ပါ့မလဲ။ ဒီလိုအရာမျိုးအတွက် ရန်ကိုင်က အမှန်ကို ထုတ်ပြောရင်တောင် သူတို့ယုံလိမ့်မညမဟုတ်ချေ။

‘‘အဲ့လက်နက်ကို အသက်သွင်းဖို့ဆိုရင် ချီစွမ်းအင်တော်တော်များများ

ကုန်နိုင်လောက်တယ်။ အဲ့ဒါကြောင့် သူတစ်ကြိမ်သုံးပြီးတာနဲ့ ထွက်ပြေးသွားတာ။ မဟုတ်ရင် အဲ့လက်နက်နဲ့ပဲ ငါတို့ကိုဆက်ပြီးတိုက်ခိုက်မှာပေါ့’’ ယွမ်လန်၏

အမူအရာက ခန့်မှန်းလို့မရပေ။ သူပိုတွေးလေ သူ့အတွေးတွေက ပိုပြီး ကြည်လင်ပြတ်သားလာခဲ့သည်။ သူ့ရဲ့ဆုံးဖြတ်အကဲဖြတ်နိုင်စွမ်းကလည်း ချက်ကျလက်ကျ ဖြစ်နေတဲ့အတွက် အခြားသူတွေအတွက်လည်း

လက်ခံနိုင်စရာဖြစ်နေခဲ့သည်။

ယွမ်လန်က ယုံကြည်ချက်ရှိတဲ့လေသံနဲ့ပြောလိုက်သည်

‘‘ အခုအချိန်လောက်ဆို သူ့မှာပြန်တိုက်ဖို့ ခွန်အားများများစားစား ကျန်တော့မှာမဟုတ်ဘူး။ သူ့လက်နက်ကိုလည်း နောက်တစ်ကြိမ် ပြန်အသက် မသွင်းနိုင်သေးဘူး။ သူက အခုအချိန်မှာ

မီးစားကုန်တော့မယ့် မြှားတစ်စင်းလိုပဲ… အခုငါတို့ကို ခြိမ်းခြောက်

နိုင်တော့မှာမဟုတ်ဘူး’’ အခြားသူတွေလည်း သူပြောတာမှန်တယ်လို့

ထင်နေခဲ့ကြသည်။

နောက်ဆုံးတော့လည်း သူကလက်နက်တစ်ခုပေါ်မှာ မှီခိုသွားခဲ့တာပဲလေ။ သူ့ခွန်အား သာ စီနီယာအစ်ကိုကိုင်ကို အလွယ်တကူသတ်နိုင်တဲ့အထိ မွန်းစတားဆန်နေခဲ့ရင်

သူတို့ကိုလည်း တစ်ခါတည်း သတ်သွားမှာပေါ့ …ဘာလို့ထွက်ပြေးနေဦးမှာလဲ။

အားအနည်းဆုံးတစ်ယောက်က ပြောလိုက်သည်‘‘စီနီယာအစ်ကိုကိုင်

သေသွားတာကို ငါတို့သွားပြန်သတင်းပို့သင့်လား’’ ယွမ်လန်က ထိုတစ်ယောက်ကို လှည့်ကြည့်လိုက်ပြီး အပြစ်တင်ဟန်နဲ့ ပြောလိုက်သည် ‘‘ငါတို့ဘာလို့ သွားပြန်သတင်းပို့ရမှာလဲ’’

‘‘ငါတို့သတင်ပြန်မပို့ရင် မကောင်းဘူးထင်တယ်’’ ထိုတပည့်က တုန့်ဆိုင်းနေပြီး ပြောလိုက်သည်။ အခြားတစ်ယောက်က ထိုတပည့်ကို ကြည့်လိုက်ပြီး အားရပါးရ ရယ်တော့လေသည်။

‘‘ဂျူနီယာညီလေးဝူ၊ စီနီယာအစ်ကိုယွမ်ရဲ့ ရည်ရွယ်ချက်ကို

မင်းမသိတာလား’’ ဂျူနီယာညီလေးဝူဆိုတဲ့သူက ယွမ်လန်ဘက်လှည့်လိုက်ပြီး မေးခွန်းထုတ်တဲ့ အကြည့်နဲ့ကြည့်လိုက်သည်။ ယွမ်လန်က ဖွဖွလေးရယ်လိုက်ပြီး

‘‘ဂျူနီယာညီလေးဝူက ငါပြောချင်တာကို နားလည်တာပဲ… ငါဘာကိုမှ မင်းဆီကနေ ဖုန်းကွယ်မထားနိုင်ပါဘူးလေ’’

ဂျူနီယာညီလေးဝူက သူတို့နှစ်ယောက်ကို စိတ်ရှုပ်ထွေးစွာကြည့်လိုက်သည်။

သူ ဘယ်လောက်ပဲ ခေါင်းခြောက်အောင် စဉ်းစားစဉ်းစား သူတို့ပြောချင်တာကို သူနားမလည်နိုင်ခဲ့ပေ။ ဒါကြောင့် ရှက်ရှက်နဲ့ပဲမေးလိုက်ရသည်‘‘စီနီယာအစ်ကိုတို့၊

မင်းတို့ဘာပြောချင်တာလဲဆိုတာ ငါ့ကိုတစ်ချက်လောက် ရှင်းပြပေးပါလား’’ ယွမ်လန်က သူ့ကိုကြည့်လိုက်ပြီး ရှင်းပြလိုက်သည်‘‘ဂျူနီယာညီလေးဝူ၊

ရန်ကိုင်လက်နက်က ဘယ်အဆင့်လောက်ရှိမယ်လို့ မင်းထင်လဲ’’

သေချာစဉ်းစားလိုက်ပြီးနောက် ဂျူနီယာညီလေးဝူက ပြန်ဖြေလိုက်သည်

‘‘ငါတို့လေးယောက်ရှိနေတဲ့ကြားက စီနီယာအစ်ကိုကိုင်က တစ်ချက်တည်းနဲ့ သတ်ဖြတ်နိုင်ဖို့ဆိုရင် အဲ့လက်နက်က အနည်းဆုံး မြေကမ္ဘာအလယ်အလတ်အဆင့် လောက်ရှိရမယ် …အဲ့ထက်တောင် ပိုချင်ပိုနိုင်တယ်’’ ရှနင်းချန်က ကောင်းကင်အဆင့်

အကာအကွယ်ရတနာသုံးတာ သူတို့မြင်ဖူးသွားပြီဖြစ်တဲ့အတွက် ရန်ကိုင်က လက်ထဲမှာ မြေကမ္ဘာအဆင့် လက်နက်ရှိနေရင်တောင် သူတို့အံ့သြလိမ့်မည် မဟုတ်ပေ။ မြေကမ္ဘာအဆင့်ဆိုတာတောင် သူတို့အနိမ့်ဆုံးခန့်မှန်းထားတာဖြစ်သည်။

ယွမ်လန်က ခေါင်းညိတ်ရုံလေး ညိတ်လိုက်ပြီး ‘‘ငါတို့သာ ဒီအကြောင်းကိုသတင်း သွားပြန်ပို့ရင် ဘယ်လိုဖြစ်သွားမယ်ထင်လဲ’’ ဂျူနီယာညီလေးဝူက ချက်ချင်းပဲ ပြန်ဖြေလိုက်သည် ‘‘ရန်ကိုင်သေမယ်…သူ့လက်နက်ကိုလည်း ခန်းမသခင်ဝမ်…’’ ပြောနေရင်း ရပ်လိုက်ပြီး ဘာတွေဖြစ်နေလဲဆိုတာ

သူသိလိုက်သည်။

ခန်းမသခင်ဝမ်သာ ရန်ကိုင်မှာ မြေကမ္ဘာအဆင့် လက်နက်ရှိနေတဲ့ အကြောင်းသိခဲ့ရင် သူတို့ ဘာမှရတော့မည်မဟုတ်ချေ။ လုံဟူက မိန်းကလေးဆီက ကောင်းကင်အဆင့် ရတနာကို မျက်စိကျနေတဲ့အတွက် ခန်းမသခင်ဝမ်က အသားမရရင်တောင်

စွတ်ပြုတ်တော့ ရအောင်သောက်ပေလိမ့်မည်။ သူတို့အတွက်ကတော့ အကြွင်းအကျန်တောင် ကိုက်ရတော့မည်မဟုတ်ချေ။

အများဆုံး သွေးတိုက်ပွဲဂိုဏ်းပြန်ရောက်ရင် ခန်းမသခင်ဝမ်က သူတို့ကို ရွှေ၊ ငွေအနည်းငယ် ချီးမြင့်ပေးပေလိမ့်မည်။ ဒါပေမယ့် ဒီလောက်အန္တရာယ်များ ခရီးကိုလာခဲ့ပြီးမှာ ရွှေ၊ငွေလေးအနည်းငယ်က သူတို့အတွက်ထိုက်တန်ရဲ့လား။

သူတို့အသက်ကိုပုံအောပြီး ဆောင်ရွက်ပေးထားမှတော့ အကျိုးအမြတ်နည်းနည်းတော့ သူတို့ရသင့်ပေသည်။ အစောပိုင်းတုန်းကတောင် သူတို့အားလုံး သေခြင်းတရားနဲ့

စစ်ခင်းခဲ့ရပေသည်။ အဲ့လောက်အထိ လုပ်ပေးခဲ့ရတာတောင် ရွှေ၊ငွေလေး အနည်းငယ်ပဲရမယ်ဆိုရင်တော့ သူတို့အဖို့ ရင်ထုမနာ ဖြစ်ရပေလိ့မ်မည်။

ထို့ပြင် ခန်းမသခင်ဝမ်က နှမြောတွန့်တိုမှုကြောင့် နာမည်ကြီးပေသည်။ သူတို့ကို ပေးမယ်ဆိုရင်တောင် ရွှေစ၊ငွေစလေး နည်းနည်းပါးပါးပဲ ပေးမှာဖြစ်သည်။ ယွမ်လန်နဲ့ စီနီယာအစ်ကိုရှဲ့တို့ တစ်ယောက်ကိုတစ်ယောက် ပြိုင်တူကြည့်လိုက်ပြီး

စီနီယာအစ်ကိုရှဲ့က ခေါင်းညိတ်ပြလိုက်သည်

‘‘ စီနီယာအစ်ကိုပြောတဲ့အတိုင်း ငါတို့လုပ်ကြတာပေါ့’’ ယွမ်လန်းက ပြုံးလိုက်ပြီး ‘‘ကောင်းတယ်။ ငါ့ဂျူနီယာညီလေးတို့က

မကန့်ကွက်မှာတော့ စီနီယာအစ်ကိုကိုင်သေတဲ့အကြောင်း ပြန်သတင်းမပို့ဖို့ပဲ ဆုံးဖြတ်လိုက်ကြတာပေါ့’’

‘‘ကောင်းပြီ’’ ကျန်တဲ့နှစ်ယောက်ကလည်း ခေါင်းညိတ်လိုက်ကြသည်။

‘‘ရန်ကိုင်မှာရှိတဲ့ လက်နက်ကတော့…’’ ယွမ်လန်က ကျန်တဲ့နှစ်ယောက်ကို ပြုံးပြီးပြောလိုက်သည် ‘‘သူ့ကိုသတ်ပြီး စီနီယာအစ်ကိုကိုင်အတွက် လက်စား ချေပေးနိုင်တဲ့သူက ယူပေါ့။ ဘယ်လိုလဲ’’ ဂျူနီယာညီလေးရှဲ့က ခေါင်းညိတ်လိုက်ပြီး

‘‘အဲ့ဒါဆို ငါတို့မင်းပြောတဲ့အတိုင်း လုပ်ကြတာပေါ့’’

‘‘ငါတို့ခွဲသွားကြမှာလား’’ သူတို့သုံးယောက်ထဲတွင် ဂျူနီယာညီလေးဝူက အားအနည်း ဆုံးဖြစ်သည်။ ရန်ကိုင်က စီနီယာအစ်ကိုကိုင်ကို တစ်ချက်တည်နဲ့ သတ်သွားတာ

မြင်လိုက်ရတော့ သူတစ်ယောက်တည်းနဲ့ ရန်ကိုင်ကိုအနိုင်မယူနိုင်မှာ စိုးရိမ်နေခဲ့သည်။

ဂျူနီယာညီလေးရှဲ့က ပြန်ပြောလိုက်သည် ‘‘မင်းဘာကို ကြောက်နေတာလဲ။ ရန်ကိုင်က လက်နက်ကိုတစ်ကြိမ် အသက်သွင်းပြီးသွားပြီ။ သူနောက်တစ်ကြိမ်

ထပ်ပြီးအသက်သွင်းနိုင်မှာ မဟုတ်တော့ဘူး။ ပြီးတော့ သူကမုန်တိုင်းစံအိမ်က ကောင်တွေနဲ့ကော ငါတို့နဲ့ပါ တိုက်ခိုက်ထားရတာ… အခုသူ့က စဉ်းတီတုံးပေါ်က

ငါးတစ်ကောင်နဲ့ မခြားတော့ပါဘူးကွာ’’

ဂျူနီယာညီလေးဝူလည်း ထိုအတိုင်းပဲတွေးနေတာဖြစ်သည်။

သူတို့ရောက်မလာခင် ရန်ကိုင်က နူလန်းကိုသတ်ဖို့ သူ့ခွန်အားတော်တော်များများကို သုံးစွဲခဲ့ရသည်။

ထို့နောက် သူတို့လေးယောက်နဲ့ တိုက်ခိုက်ခဲ့ရပြီး ဒဏ်ရာပြင်းပြင်းထန်ထန်လည်း ရသွားခဲ့ရသည်။ ထို့ပြင် ယင်ချီတွေကိုခုခံဖို့ ချီစွမ်းအင်တွေကိုလည်း အသုံးပြု

နေရသေးသည်။ အခုရန်ကိုင်မှာ တိုက်ခိုက်ဖို့မပြောနဲ့ ….ယင်ချီတွေကိုခုခံရင်းနဲ့တောင် တော်တော်ဒုက္ခများနေပေလိ့မ်မည်။ သူသာရန်ကိုင်ကိုတွေ့ခဲ့ရင် အသာလေး သတ်ပစ်နိုင်ပေသည်။

အခုအချိန်က ရန်ကိုင်ကိုသတ်ပြီး စီနီယာအစ်ကိုကိုင်အတွက် လက်စားချေပေးဖို့ အကောင်းဆုံးအချိန်ပင်ဖြစ်သည်။ လက်နက်အတွက်ကတော့ ဦးသူယူပေါ့။ ဒီလိုဆိုမှာတော့ သူတို့ဘယ်လိုလုပ်ပြီး အတူတူပူးပေါင်းနိုင်ပါ့မလဲ။ ထိုအကြောင်းကို

တွေးရင် ဂျူနီယာညီလေးဝူရဲ့ သွေးတွေဆူပွက်လာခဲ့သည်။

Martial Peak

အပိုင်း (၁၀၅) ဆေးလုံးထဲက ဆန်းကြယ်မှု

သူတို့ကိစ္စတွေဖြေရှင်းပြီးတာနဲ့ စီနီယာအစ်ကိုရှဲ့က ယွန်လန်လက်

လှည့်လိုက်ပြီး ‘‘စီနီယာအစ်ကိုယွမ်၊ ရန်ကိုင်ထွက်ပြေးသွားတုန်းက

သူတစ်ခုခုကျကျန်ခဲ့သလားလို့…အဲ့ဒါဘာလဲဆိုတာမင်းသိလား’’

ယွန်လန်းက အံ့သြသွားခဲ့ပြီး ပြုံးလိုက်သည်‘‘ဂျူနီယာညီလေးရှဲ့၊ မင်းက အသေးစိတ်ကအစ ဂရုစိုက်တတ်တာပဲ’’ သူပြောပြီးတာနဲ့ သူ့လက်ကို ဖြန့်ပြလိုက်သည်‘‘ဆေးပုလင်းထင်ရတာပဲ’’

‘‘ငါတစ်ချက်လောက် ကြည့်လို့ရမလား’’ ဂျူနီယာညီလေးရှဲ့က

ဖွဖွလေးပြုံးလိုက်ရင်း မေးလိုက်သည်။ ရန်ကိုင်နဲ့ရှနင်းချန်က

အဆင့်မြင့်တဲ့ ရတနာတွေပိုင်ဆိုင်ထားမှာတော့ သူတို့အဆင့်အတန်းကလည်း နိမ့်မည်မဟုတ်ချေ။ သူထွက်မသွားခင်တုန်းက ဒီဆေးပုလင်းကိုကောက်ဖို့

မကောက်ဖို့ လွန်ဆွဲနေတယ်ဆိုတော့ ဒီဆေးပုလင်းက တော်တော်လေး အဖိုးတန်ရမယ်။

ထိုအကြောင်းကြောင့်ပင် ဂျူနီယာညီလေးရှဲ့က ရန်ကိုင်ကျကျန်ခဲ့တဲ့

ဆေးပုလင်းကို ယွမ်လန်တစ်ယောက်တည်း မောင်ပိုင်စီးထားခွင့်

မပြုနိုင်ခြင်းဖြစ်သည်။ သူတို့အားလုံးက တိုက်ပွဲမှာပါဝင်ခဲ့သဖြင့်

အားလုံးမျှမျှတတ ခွဲဝေယူသင့်ပေသည်။

‘‘ကြည့်လေ’’ ယွမ်လန်က ဂျူနီယာညီလေးရှဲ့ ဘာတွေးနေလဲဆိုတာ သိနေပေသည်။ အချင်းချင်း စကားမများချင်တဲ့အတွက် ပြောပြီးတာနဲ့ ပုလင်းအဖုံးကို ဖွင့်ပြလိုက်သည်။ အထဲကိုကြည့်လိုက်ပြီးတဲ့နောက်မှာတော့ အံ့အားသင့်မှု

ကြောင့် အလန့်တကြားအော်မိလိုက်သည်။‘‘ယန်ဆေးလုံးတွေလို့ ငါထင်တာပဲ’’ ယွမ်လန်မျက်နှာမှာ အပျော်တွေနဲ့ ပြည့်သွားခဲ့သည်။

ဂျူနီယာညီလေးရှဲ့နှင့် ဂျူနီယာညီလေးဝူတို့ စိတ်လှုပ်ရှားသွားခဲ့ပြီး ‘‘မင်းတကယ်ပြောနေတာလား’’

‘‘မင်းမြင်ရင်သိလိမ့်မယ်’’ သူပြောပြီးတာနဲ့ ဆေးပုလင်းထဲက ဆေးလုံး နည်းနည်းထုတ်ပြီး ကျန်တဲ့နှစ်ယောက်ကို ပေးလိုက်သည်။ ‘‘ယန်ဆေးလုံး တွေပဲ’’ ဂျူနီယာညီလေးဝူက စိတ်အားတက်ကြွသွားခဲ့သည်။ ဆေးလုံးကို ကိုင်ထားတဲ့အချိန်တွင် သူ့ခန္ဓာကိုယ်တစ်ဝိုက်မှာ ပျံ့နှံ့နေတဲ့ အအေးဓာတ်တွေ

ပျက်ပျယ်သွားတာကို ခံစားလိုက်ရသည်။ သူ့ပတ်ဝန်းကျင်က

ယန်ချီတွေကို ခုခံဖို့ချီစွမ်းအင်အကုန်ခံစရာမလိုတော့ပေ။ ယန်ဆေးလုံးတွေက တောင်ကြားထဲမှာရှိတဲ့ ယင်ချီတွေ၏ အိမ်မက်ဆိုးပင်ဖြစ်သည်။

ရန်ကိုင်က ဒီဆေးလုံးတွေကို ချန်မထားချင်ခဲ့တာ အံ့သြစရာမဟုတ်တော့ပါဘူးလေ။ ဒီတောင်ကြားထဲမှာဆိုရင် ယန်ဆေးလုံးတွေက အရေးကြီးဆုံးပဲ။ ဟားဟားဟား…

ဆေးလုံးတွေကျကျန်ခဲ့လို့ သူတော်တော်လေး နောင်တရနေတော့မှာပဲ။ ဆေးပုလင်းကို လှုပ်ခါရင်း ယွမ်လန်ကပြောလိုက်သည်‘‘ဝေစုခွဲပြီးသွားပြီဆိုတော့… ဆေးလုံးတွေထဲမှာ ဖုံးကွယ်နေတဲ့ နက်နဲဆန်းကြယ်မှု တစ်ခုခုရှိရမယ်။ ယင်ချီတွေကို ခုခံအဖို့သက်သက်နဲ့ ဆေးလုံးတွေကို မင်းတို့ ချက်ချင်း မစားသင့်ဘူး။ ကဲ ငါအရင်

သွားတော့မယ်’’

တကယ်တော့ ဒီဆေးလုံးတွေက ရန်ကိုင်ကျန်ခဲ့တာပဲဖြစ်သည်။ အကယ်၍ ဆေးလုံး ထဲမှာအဆိပ်တွေရှိနေမှဖြင့် …သူတို့တွေက စီနီယာအစ်ကိုကိုင်လို အတွက်အချက် မတော်သော်လည်း ရန်သူကျန်ခဲ့တဲ့ပစ္စည်းကို ဘာမှသေချာမစစ်ဆေးရသေးပဲ စားလောက်တဲ့အထိတော့ ထုံအမနေပေ။ သတိပေးပြီးတာနဲ့ ယွမ်လန်က သူ့လက်ကိုပြန်ကုစားလိုက်ပြီး အားလုံး၏ မြင်ကွင်းမှ

ပျောက်သွားတော့လေသည်။

ထို့နောက် ကျန်တဲ့နှစ်ယောက်လည်း ဆေးလုံးတွေကို သူတို့ရင်ဘတ်ထဲတွင် ထည့်သိမ်းထားလိုက်ပြီး ရန်ကိုင်ကိုရှာဖို့ လမ်းကြောင်းအသီးသီးကို ထွက်ခွါသွားကြသည်။ ရန်ကိုင်က သူ့တည်ရှိမှုကို တတ်နိုင်သမျှ ဖုံးကွယ်ထားရင်း သစ်ပင်တစ်ပင်ထိပ်က သစ်ရွက်တွေကြားမှာ ပုန်းနေရင်း ဒဏ်ရာတွေကိုလျက်ကာ ပတ်ဝန်းကျင်ကိုစစ်ဆေးနေခဲ့သည်။

အခုသူ့အခြေအနေက အဆင်ပြေမနေခဲ့ပေ။ မုန်းတိုင်စံအိမ် တပည့်ငါးယောက်နဲ့ တိုက်ခိုက်တုန်းက သူဒဏ်ရာ နည်းနည်းရခဲ့သည်။ ထို့နောက် သွေးတိုက်ပွဲဂိုဏ်းက

လူလေးယောက်၏ ရက်ရက်စက်စက် တိုက်ခိုက်မှုကြောင့် သူ့ဒဏ်ရာတွေက ပိုပြီးဆိုးရွားလာခဲ့သလို ဒဏ်ရာအသစ်တွေလည်း ထပ်တိုးလာခဲ့သည်။

အဆိုးရွားဆုံဒဏ်ရာကတော့ သူ့ပုခုံးက ဓါးဒဏ်ရာပဲဖြစ်သည်။ ဓါးက

သူ့အရိုးထိရောက်ရှိသွားခဲ့ပြီး သူ့လက်မောင်တစ်ခုလုံးကို ထုံကျင်သွားစေခဲ့ကာ တော်တော်လေး အားနည်းသွားစေခဲ့သည်။

သူ့နောက်ကို နောက်ယောင်ခံမလိုက်စေနိုင်ရင် ရန်ကိုင်က ယန်အရည်စက်ကို သုံးကာ သူ့ဒဏ်ရာတွေကိုလောင်ကျွမ်းခဲ့သည်။ သူ့စိတ်စွမ်းအားနဲ့ အထူးနည်းလမ်းတွေကြောင့် စဦးဒြပ်စင်အထွတ်အထိပ်အဆင့်မှာ ရှိနေနိုင်ပေမယ့် ဒီနေ့ပြီးသွားရင်တော့ စဦးဒြပ်စင်အဆင့်၄ကို

ပြန်ရောက်သွားမှာပဲဖြစ်သည်။

တိုက်ပွဲများစွာတိုက်ခိုက်ခဲ့ရတဲ့အတွက်

သူ့သက်လုံနဲ့ စိတ်စွမ်းအားလည်း တော်တော်လေး လျော့နည်းနေပြီဖြစ်သည်။ သူ့ရဲ့သိပ်သည်းလွန်းတဲ့ စိတ်စွမ်းအားကြောင့်သာ မဟုတ်ရင် အစောကတည်းက သူလဲကျသွားခဲ့ပြီဖြစ်သည်။ ရက်စက်ကြမ်းတမ်းတဲ့ တိုက်ပွဲတွေအကြောင်း ပြန်စဉ်းစားမိလိုက်တဲ့ အချိန်မှာတော့ ရန်ကိုင်မကောင်းဆိုးဝါးတစ်ကောင်လို ရယ်မောလိုက်သည်။

စီနီယာအစ်ကိုကိုင်က အားကောင်းတဲ့ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ပီသပါပေသည်။ သူ့ခွန်အားတစ်ဝက်ထက်မက ချိတ်ပိတ်ထားခြင်း

ခံရတာတောင် သူ့ခံစစ်ကိုချိုးဖျက်ပြီး သတ်ဖြတ်နိင်ရန်အတွက် ရန်ကိုင် ယန်အရည်စက်၁၀စက် သုံးစွဲခဲ့ရပေသည်။

ဒါပေမယ့်လည်း ထိုက်တန်ပေသည်။ ယန်အရည်စက်၁၀သုံးတာ စွန့်စားရာ ကျပေမယ့်လည်း ထိုက်တန်ပေသည်။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ သူချီသန့်စင်ခြင်းအဆင့် ဆရာသခင်တစ်ယောက်၏ အသက်ကိုရယူနိုင်ခဲ့ပေသည်။ ဒီလိုအသက်အန္တရာယ်ရှိတဲ့ အချိန်တွင် ရန်ကိုင်၏စိတ်အစုံက ကန်ရေပြင်အလား ကြည်လင်ပြတ်သား တည်ငြိမ်နေခဲ့သည်။ သူတစ်ပွဲရှုံးတာနဲ့ သူ့အသက်သာမက

ရှနင်းချန်အသက်ပါ ပေးလိုက်ရမယ်ဆို သူသိနေခဲ့သည်။

ဒီလိုအခြေအနေမျိုးမှာ ရန်ကိုင်ဘယ်လိုလုပ်ပြီး စိတ်ပြေလက်ပျောက် အနားယူနိုင်ပါ့မလဲ။ သွေးတိုက်ပွဲဂိုဏ်းမှာ လုံဟူနဲ့ ဝမ်းဖေးချန်ကလွဲ့လို့ လူသုံးယောက်ပဲ ကျန်တော့လေသည်။ ထို့ပြင်သူတို့သုံးယောက်ကလည်း စီနီယာအစ်ကိုကိုင်

လောက်မသန်မာပေ။ တစ်ယောက်ချင်းဆိုရင် ရန်ကိုင်မကြောက်ပေမယ့် အုပ်ဖွဲ့ တိုက်ခိုက်ခံရရင်တော့ သူလည်းနိုင်လိမ့်မည်မဟုတ်ပေ။

မင်းကိုမင်းသိပါ.. မင်းရန်သူကိုလည်းသိပါ… သို့မှသာတိုက်ပွဲတိုင်းကို

အောင်နိုင်ပေလိမ့်မည်။ ဒါကြောင့်မို့လို့ သူထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။

သူ့ရဲ့ရည်ရွယ်ချက်အစစ်အမှန်က စီနီယာအစ်ကိုကိုင်ဆိုတဲ့ လူကို

သတ်ဖို့နဲ့ ဆေးပုလင်းကိုချန်ထားခဲ့ဖို့ ဖြစ်သည်။ သူ့ရဲ့ရည်ရွယ်ချက်

နှစ်လုံးစလုံး အမှားအယွင်းမရှိ ပြီးမြောက်ခဲ့ပေသည်။

သူချန်ခဲ့တဲ့ဆေးပုလင်းထဲမှာပါတဲ့ ဆေးလုံးတွေက အနက်ရောင်ယန်သွေးပန်းပွင့် ဆေးလုံးတွေပဲဖြစ်သည်။ ဒီကိုလာခဲ့ခရီးမှာ အနက်ရောင်ယန်သွေးပန်းပွင့်

တွေကိုတွေ့ခဲ့တဲ့အတွက် ထိုပန်းပွင့်တွေနဲ့ ရှနင်းချန်က ဆေးလုံးလုပ်ပေးထားတာပဲ ဖြစ်သည်။ သူ့ဒန်တန်ထဲတွင် ယန်အရည်စက်များစွာရှိနေသေးတဲ့အတွက်

ထိုဆေးလုံးကို သုံးဖို့မလိုသေးပေ။ ဒါပေမယ့် ထိုဆေးလုံးတွေက အခုအချိန်တွင် အသုံးဝင်လာခဲ့သည်။ တစ်ခါတစ်ရံမှာတော့ ဆေးလုံးတွေကို မစားရင်တောင် ပြဿနာကို ရှောင်ပြေးလို့ရမည် မဟုတ်ပေ။ ဒီတစ်ကြိမ်မှာတော့ ဆေးလုံးတွေကို

သူတို့အိတ်ထဲမှာ သိမ်းထားပေမယ့်လည်း ပြဿနာကို ရှောင်ရှားလို့မရဘူး ဆိုတာ ရန်ကိုင်က သင်ပေးတော့မှာပဲဖြစ်သည်။ သူ့အစီအစဉ်အောင်မြင်မယ်လို့ တထစ်ချယုံကြည်နေခဲ့သည်။ တကယ်တော့ ဒီနေရာက ယင်ကိုးသွယ်နှင်းပုံဆောင်ခဲ

ဖြစ်တည်မယ့် တောင်ကြားနေရာဖြစ်ပြီး ယင်ချီတွေလည်း သိပ်သည်းစွာ စုဝေးနေခဲ့သည်။ ထို့ကြောင့် ယင်ဆေးလုံးကို ရုတ်တရက် ရလိုက်တဲ့သူတို့အဖို့ ထိုဆေးလုံးတွေကို လွှတ်ပစ်မလား၊ သိမ်းထားမလားခန့်မှန်းကြည့်နိုင်ပေသည်။

တစ်ခဏကြာတဲ့အချိန်မှာတော့ သူ့ရင်ဘတ်ကမူလန်ယန်က တုန့်ပြန်လာသည်။ ရန်ကိုင်အမူအရာ အေးစက်သွားခဲ့ပြီး အသက်ကိုပြင်းပြင်းရှုလိုက်ကာ သူ့နှလုံးခုန်သံကို

တည်ငြိမ်အောင် လုပ်လိုက်သည်။သိပ်မကြာခင်မှာပဲ သူပုန်းနေတဲ့ သစ်ပင်အောက်မှာ လူတစ်ယောက်ပေါ်လာခဲ့သည်။ ရန်ကိုင်ငုံ့ကြည့်ပြီးတဲ့အချိန်မှာတော့ မျက်မှောင် ကြုံ့မိလိုက်သည်။ ဘယ်လိုလုပ်ပြီးတစ်ယောက်တည်း ဖြစ်နေတာလဲ…။ ခဏထပ်စောင့်

ပြီးနောက် အနားကသစ်ပင်နားကို တစ်စုံတစ်ယောက်က အလောတကြီး ပြေးလာခဲ့သည်။

ထို့နောက် သိပ်မကြာခင်မှာပဲ ရန်ကိုင်ပုန်းနေတဲ့ သစ်ပင်နားကို တတိယတစ်ယောက် ရောက်လာခဲ့သည်။ ထိုလူက သွေးတိုက်ပွဲဂိုဏ်းအဖွဲ့က အားအနည်းဆုံတစ်ယောက်

ဖြစ်ပေသည်။ ‘‘ထူးဆန်းတယ်…သူတို့ဘာလို့တစ်ယောက်စီချင်စီး ခွဲသွားနေကြတာလဲ’’ ရန်ကိုင် ခေါင်းခြောက်အောင် စဉ်းစားသော်လည်း သူတို့ဘာတွေကြံစည်နေလဲဆိုတာ

မတွေးတောနိုင်ခဲ့ပေ။

ရန်ကိုင်မသိတာတစ်ခုက ထိုသုံးယောက်က သူ့ကိုမီစာကုန်တော့မယ့် မြှာ်းတစ်စင်းလို သတ်မှတ်ထားတယ်ဆိုတာပင် ဖြစ်သည်။ ထို့ပြင် ထိုသုံးယောက်က သူ့မှာ အဆင့်မြင့်တဲ့ လက်နက်တစ်ခု ပိုင်ဆိုင်ထားတယ် ထင်ကာ သူကိုသတ်နိုင်တဲ့သူ

ယူနိုင်တယ်ဆိုပြီး ကံစမ်းနေကြခြင်းဖြစ်သည်။ သူတို့အဲ့လိုတွေးတာကလည်း အံ့သြစရာမဟုတ်ပေ။

ဘယ်စဦးဒြပ်စင်အဆင့်ကျင့်ကြံသူမဆို ချီသန့်စင်ခြင်းကျင့်ကြံသူ

တစ်ယောက်ထက်ပိုများတဲ့ ချီစွမ်းအင်ကိုမပိုင်ဆိုင်ထားနိုင်ပေ။

ရန်ကိုင်က တိုက်ပွဲများစွာ မရပ်မနားတိုက်ခိုက်ခဲ့တဲ့အတွက် သူ့တွင်ချီစွမ်းအင်မရှိတော့ လောက်အောင် လျော့နည်းနေပြီးလို့ ထိုသုံးယောက်ကထင်နေကြခြင်းဖြစ်သည်။

ဒါပေမယ့် သူတို့မှားသွားတာက ရန်ကိုင်က သာမန်စဦးဒြပ်စင်အဆင့် ကျင့်ကြံသူ တစ်ယောက်မဟုတ်ပေ။ သူ့ပိုင်ဆိုင်ထားတဲ့ချီစွမ်းအင်က သာမန်စဦးဒြပ်စင်အဆင့် ကျင့်ကြံသူတစ်ယောက်မှာရှိတဲ့ ချီစွမ်းအင်ထက် အဆပေါင်းများစွာ ပိုများပေသည်။ သူဒီကိုမလာခင်ကတည်းက သူ့ဒန်တန်ထဲတွင် ယန်အရည်စက် လေးဆယ်သိပ်သည်းခဲ့ပြီးဖြစ်သည်။

သူ့သွေးကြောထဲမှာရှိတဲ့ ယန်ချီတွေအကုန်သုံးလို့ကုန်သွားရင်တောင်

ပြဿနာမရှိပေ။ ယန်အရည်စက်တစ်စက်က သူ့သွေးကြောတွေထဲမှာရှိတဲ့ ယန်ချီတွေအကုန်လုံးကို ပြန်ဖြည့်ပေးနိုင်လေသည်။ ထို့ကြောင့် သူ့အဖို့ ယန်ချီမလောက်မှာကိုစိတ်ပူစရာမလိုချေ။ သူ့မှာယန်အရည်စက် ရှိနေသေးသရွေ့ စက်ရုပ်တစ်ရုပ်လို မရပ်မနား

တိုက်ခိုက်နိုင်ပေသည်။ စီနီယာအစ်ကိုကိုင်သာ အသက်ရှင်နေသေးရင်တော့ သူ့ရဲ့သတိကြီးတဲ့ပုံစံအရ ထိုသုံးယောက်ကို တစ်ယောက်ချင်းစီ ခွဲသွားခိုင်းလိမ့်မည်မဟုတ်ပေ။

ဒါပေမယ့် သူသေသွားတဲ့အတွက် ယွမ်လန်က ခေါင်းဆောင်ဖြစ်လာခဲ့သည်။ ပုံမှန်အားဖြင့် ယွမ်လန်က ထိုအကြောင်းကို သေချာတွေးလိမ့်မည်မဟုတ်ချေ။

သူတို့ဘာလို့တစ်ယာက်ချင်းစီ ခွဲသွားနေလဲဆိုတာ ရန်ကိုင်မသိပေမယ့် အခုအခြေအနေက သူမျှော်လင့်ထားတာထက် ပိုကောင်းနေပေသည်။

‘ခွင့်သာခိုက်မှမလိုက်ချင်ရင် ငမိုက်နင့်ပြင် ရှိပါဦးမလား’ ဆိုတဲ့အတိုင်း သူသာ ဒီလောက်ကောင်းမွန်တဲ့ အခွင့်အရေးကြီးကို လက်လွှတ်လိုက်ရင် သူ့လောက်မိုက်တဲ့သူ ရှိတော့လိမ့်မည်မဟုတ်ချေ။

All Chapters