← Chapters

အခန်း (၁၀၆-၁၁၀)

Vol. 5 Ch. 106-110

အခန်း (၁၀၆-၁၁၀)

Vol. 5 Ch. 106-110

အပိုင်း (၁၀၆) သတ်ဖြတ်ခြင်း

ကျန်တဲ့နှစ်ယောက် မရှိတော့ဘူးဆိုတာသေချာတော့မှ ရန်ကိုင်သစ်ပင်ပေါ်က ဆင်းလာပြီး အားအနည်းဆုံး တစ်ယောက်နောက် လိုက်သွားလိုက်သည်။ ပုံမှန်အားဖြင့် သွေးတိုက်ပွဲဂိုဏ်းက တပည့်ဝူက ချီပြောင်းလဲခြင်းအဆင့်၉မှာ

ရှိနေတဲ့အတွက် အားနည်းတယ်လို့ မဆိုနိုင်ပေ။ ဒါပေမယ့် သူ့ခွန်အား

တော်တော်များများက ချိတ်ပိတ်ထားခြင်းခံရတဲ့အတွက် ချီပြောင်းလဲခြင်းအဆင့်၄ မှာရှိတဲ့ ခွန်အားလောက်ပဲ ထုတ်သုံးနိုင်လေသည်။

အခုအချိန်မှာတော့ တပည့်ဝူက ရန်ကိုင်၏ သွေးစက်နောက်ကို ခြေရာခံလိုက်နေလေသည်။ လက်ဖက်ရည်တစ်ခွက် အေးချိန်လောက် ကြာတဲ့အချိန်မှပဲခြေရာခံလိုက်တာ

ပြီးဆုံးသွားခဲ့သည်။ တောင်ကြားတစ်ခုလုံး သစ်ပင်တွေနဲ့ ပြည့်နေတဲ့အတွက် တစ်ယောက်ယောက်ကို ရှာရတာ တကယ်ကိုခက်ခဲပေသည်။ တပည့်ဝူက သံသယဖြစ်ဖွယ်ကောင်းတဲ့

နေရာတစ်ခုမှမတွေ့ခဲ့ပေ။ တစ်ခါတစ်ရံ သစ်ပင်တွေထဲမှာများ ပုန်းနေသလား ဆိုပြီး မော့ကြည့်လိုက်မိသေး …ဒါပေမယ့် တောအုပ်တစ်ခုလုံး ယင်ချီတွေနဲ့ ပြည့်နေပြီး ညဘက်ဖြစ်နေတဲ့အတွက် နဂိုကလို အဝေးကြီး မမြင်နိုင်ပေ။

ရန်ကိုင်ကို စီနီယာအစ်ကိုနှစ်ယောက် အရင်ရှာတွေ့လို့မဖြစ်ဘူး…

ငါအရင်ရှာတွေ့မှဖြစ်မယ်။ မဟုတ်ရင် ရန်ကိုင်ပိုင်ဆိုင်တဲ့ မြေကမ္ဘာအဆင့် လက်နက်ကို သူတို့ရသွားလိမ့်မယ်။ မြေကမ္ဘာအဆင့်လက်နက်… အဲ့အကြောင်း တွေးလိုက်တာနဲ့ တပည့်ဝူရဲ့ သွေးတွေဆူပွက်လာခဲ့သည်။

အဲ့လက်နက်ကိုသာ ငါရခဲ့ရင် … ငါ့ခွန်အားက တော်တော်လေး မြင့်တက်သွားမှာပဲ။ ချီသန့်စင်ခြင်းအဆင့်မှာရှိတဲ့ ကျင့်ကြံသူတွေကိုတောင် အနိုင်တိုက်နိုင်လောက်တယ်။

သူရန်ကိုင်ကိုရှာတာနဲ့ အာရုံများနေတဲ့အချိန် သူ့နောက်ကနေ တစ်ခုခုကျိုးကြေသံ ကြားလိုက်ရသည်။ တစ်ခဏတာ ကြောင်အသွားခဲ့ပြီး ချက်ချင်းနောက်လှည့်ကာ အော်လိုက်သည်

‘‘ဘယ်သူလဲ’’ သူ့ဓါးကိုတင်းတင်းကြပ်ကြပ်ကိုင်ရင်း ပတ်ပတ်လည်ကို စူးစမ်းကြည့်လိုက်သော်လည်း မူမမှန်တာ တစ်ခုမှမတွေ့ရပေ။ ဒါပေမယ့် ကျိုးကျေပျက်စီးသံကို ကြားနေရသေးပြီး လေပြင်းတွေကလည်း တဝှီဝှီနဲ့

တိုက်ခတ်နေတာကို သတိထားမိလိုက်သည်။

လေတိုက်သံကြောင့် သူကြားနေရတဲ့ အသံတွေကို ကွဲကွဲပြားပြား မသိနိုင်တော့ချေ။ သူ့ပတ်ပတ်လည်မှာရှိတဲ့ အရာအားလုံးကို သတိမပြတ် အာရုံစိုက်ထားခဲ့သည်… ချုံပုတ်မက သစ်ပင်တွေကိုပါ ရန်သူတစ်ယောက်အလား နိုးကြားတက်ကြွစွာ သတိထား ဂရုစိုက် စောင့်ကြည့်နေခဲ့သည်။ အချိန်တော်တော်လေး ကြာပြီးသွားတဲ့ အချိန်မှာတော့ တပည့်ဝူက သူ့ကိုယ်သူ ပြန်ပြီး လှောင်ရယ်လိုက်သည်။

ဒီတောင်ကြားထဲတွင် သွေးတိုက်ပွဲဂိုဏ်းမှ သူ့ညီတစ်ကိုတွေကလွဲလို့

ရန်ကိုင်နဲ့ ရှနင်းချန်နှစ်ယောက်ပဲ ရှိပေသည်။ ဒါပေမယ့် ရန်ကိုင်နှင့်

ရှနင်းချန်တို့ကလည်း သူတို့အသက်ရှင်ဖို့အရေး အနိုင်နိုင် ရုန်းကန်နေရတဲ့ အချိန်… ကိုယ်သေလမ်းကိုယ်ရှာပြီး တောင်ကြားထဲမှာ ဘာလို့လျှောက်သွား နေမှာလဲ။

ဖွဖွလေး ရယ်လိုက်ရင်း တပည့်ဝူက ရန်ကိုင်ကို ရှာနေတဲ့အလုပ်ကိုသာ ပြန်ပြီးအာရုံ စိုက်ထားလိုက်သည်။

သူစိတ်လျှော့လိုက်တဲ့အချိန်မှာပဲ သူ့တစ်ကိုယ်လုံး

တင်းကြပ်သွားခဲ့ပြီး သေခြင်းတရားက သူ့နားရောက်နေသလိုမျိုး

ခံစားလိုက်ရသည်။ သူခေါင်းမော့ကြည့်လိုက်ပြီးတဲ့အချိန်မှာတော့

သူ့မျက်လုံးတွေက ထွက်ကျလုမတတ်ပြူးကျယ်နေခဲ့ပြီး တပည့်ဝူက

ထိတ်လန့်တကြားအော်လိုက်သည်‘‘ ရန်ကိုင်….’’

သူပြောပြီးတာနဲ့ ရန်ကိုင်သူ့ဘေးရောက်လာခဲ့သည်။ သိမ်းငှက်တစ်ကောင်က သားကောင်ကိုထိုးသုတ်သလိုမျိုး ရန်ကိုင်ကတပည့်ဝူကဆီ ထိုးဆင်းလာခဲ့ပြီး တောက်လောင်ပူပြင်းတဲ့ လက်ဝါးကနဲ့ တပည့်ဝူခေါင်းကို ရိုက်ချလိုက်သည်။

အဖြစ်အပျက်တွေက အရမ်းကိုမြန်ဆန်နေခဲ့ပြီး တပည့်ဝူက ဓါးထုတ်ပြီး ခုတ်ဖို့လုပ်နေတဲ့အချိန် ရန်ကိုင်က တိုက်ခိုက်ပြီးသွားခဲ့ပြီဖြစ်သည်။

တပည့်ဝူက ရန်ကိုင်လက်ဝါးကို အလျင်စလိုရှောင်တိမ်းလိုက်သည်။

သူ့ခေါင်းကိုကာကွယ်နိုင်လိုက်ပေမယ့် သူ့လက်မောင်းတစ်ခုလုံး

ကျိုးသွားခဲ့ရသည်။ ‘‘အား’’ ယန်ချီတွေက သူ့ခန္ဓာကိုယ်ထဲကို

ကျူးကျော်ဝင်ရောက်လာခဲ့ပြီး တပည့်ဝူက သွေးပျက်ခြောက်ခြားစွာနဲ့ အော်ဟစ်လိုက်သည်။ တုန်ရီနေတဲ့လက်နဲ့ ဓါးကိုဆုပ်ကိုင်ထားရင်း ရန်ကိုင်ကို ခုတ်ချလိုက်သည်။

ရန်ကိုင်လည်း အနောက်ကိုခုန်ရှောင်လိုက်ပြီး ဓါးချက်ကို ရှောင်ရှားသွားခဲ့သည်။

ထို့နောက် မြွေတစ်ကောင်လိုခုန်လိုက်ပြီး ကြောင်အနေတဲ့ တပည့်ဝူကို ကန်လိုက်သည်။ သူ့လက်တွေက လိပ်ပြာတောင်ပံတွေအလား လှပစွာနဲ့ လှုပ်ရှားနေပြီး တပည့်ဝူကို ဟန်ချက်မညီအောင်လုပ်ကာ မြေပေါ်ကိုမှောက်

သိပ်လိုက်သည်။ ထိုအဖြစ်အပျက်တွေက အရမ်းကို မြန်ဆန်လွန်းတဲ့အတွက် ကြည့်နေတဲ့သူတွေ အတွက်တော့ အယောင်ယောင်အဝါးဝါးဖြစ်နေမှာ ကျိန်းသေပေသည်။

ရန်ကိုင်ဒူးနှစ်ဖက်က တပည့်ဝူ၏ပုခုံးကိုဖိထားခဲ့ပြီး…ဒူးနှစ်ဖက်ကို အားစိုက်ထည့် ကာ တပည့်ဝူ၏ညာဘက်လက်ကို ချိုးပစ်လိုက်သည်။ သွေးပျက်ခြောက်ခြားဖွယ်

အော်သံကြီး ထွက်ပေါ်လာခဲ့ပြီး…တပည့်ဝူက သုံးမရတော့တဲ့ သူ့လက်နှစ်ဖက်ကို ကြည့်ရင်း ရန်ကိုင်ကိုသတ်ဖြတ်ချင်စိတ်အပြည့်နဲ့ ကြည့်လိုက်သည်။

ရန်ကိုင်က သူ့ကိုအသက်မပါတဲ့ အကြည့်နဲ့ အေးစက်စက် ပြန်စိုက်ကြည့်လိုက်သည်။ ထို့နောက် တပည့်ဝူ၏ ဓါးကိုကောက်ယူလိုက်ပြီး သူ့ရင်ဘတ်ကို ထိုးချလိုက်သည်။

‘‘မင်း…..တကယ်ပဲ…ဘယ်လိုလုပ်ပြီး…’’ သူ့ပါးစပ်တစ်ခုလုံး သွေးတွေနဲ့ ပေကျံနေပြီး ရန်ကိုင်ကို မယုံကြည်နိုင်စွာနဲ့ ကြည့်လိုက်သည်။ ‘‘မင်းဘယ်လိုလုပ်ပြီး တိုက်ခိုက်နိုင်သေးတာလဲ။ မင်းကစဦးဒြပ်စင်အဆင့်ကျင့်ကြံသူတစ်ယောက်ပဲလေ…

ဒီလောက်တိုက်ခိုက်ပြီးမှတော့ မင်းအားကုန်သင့်နေပြီလေ’’

‘‘ စီနီယာအစ်ကိုယွမ်… မင်းတို့ တစ်မျိုးလုံးတစ်ဆွေလုံး ငါ့လခွမ်းပဲ…

မင်းကြောင့်ငါ့သေခဲ့ရတာ… မင်းကိုဘယ်တော့မကျေဘူးကွ’’ သူ့ရဲ့

နောက်ဆုံးအတွေးလေးကို စဉ်းစားပြီးတာနဲ့ သူ့မြင်ကွင်းတစ်ခုံး

အမှောင်ဖုံးသွားခဲ့သည်။ တပည့်ဝူက သတ်ဖြတ်ပြီးနောက် ရန်ကိုင်အသက်ရှုသံ တဖြည်းဖြည်း ကြမ်းတမ်းလာခဲ့သည်။ သူ့ဒဏ်ရာဟောင်းတွေက ပွင့်ထွက်သွားပြီး နောက်တစ်ဖန် သွေးတွေပြန်ထွက်လာခဲ့သည်။ တုန့်ဆိုင်းမနေပဲ တပည့်ဝူ

ခန္ဓာကိုယ်ကို ရှာဖွေလိုက်သည်။ သိပ်မကြာခင်မှာပဲ သူ့ယန်ဆေးလုံးတွေကို တပည့်ဝူရဲ့ အလောင်ခန္ဓာဆီကနေ ပြန်တွေ့လိုက်ရသည်။

ထို့နောက် တပည့်ဝူအလောင်းကို သစ်ပင်တစ်ပင်ပေါ်က သစ်ရွက်တွေ ကြားမှာဖုံးထားလိုက်သည်။ အချိန်က တရွေ့ရွေ့ကုန်ဆုံးနေပြီး နေထွက်ဖို့ လေးနာရီလောက်သာ လိုတော့ပေသည်။ ဒါပေမယ့် သူသတ်ဖို့ နောက်ထပ် ရန်သူလေးယောက်ရှိသေးပြီး တစ်ယောက်က အစစ်အမှန် ဒြပ်စင်အဆင့်၅ ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းက သူ့ကိုစောင့်ကြိုနေပေသည်။

သူ့ကျင့်ကြံခြင်းအဆင့် မြင့်တက်လာတဲ့အတွက် မူလန်ယန်၏အာရုံခံနိုင်စွမ်းကလည်း ကျယ်ဝန်းလာခဲ့သည်။ အကြမ်းဖျင်းပေ၂၀၀၀အတွင်းမှာရှိတဲ့ ယန်ချီတည်ရှိမှုတွေကို

သာအာရုံခံနိုင်ပေသည်။ ပေ၂၀၀၀ဆိုတာ တော်တော်လေးကို ကျယ်ဝန်းပေသည်။

ပုံမှန်အားဖြင့် ချီသန့်စင်ခြင်းအဆင့်နဲ့ မြင့်တဲ့အဆင့်က ကျင့်ကြံသူတွေပဲ ဒီအကျယ်အဝန်းအတွင်းမှာရှိတဲ့ လှုပ်ရှားမှုတွေကို အာရုံခံနိုင်ပေသည်။ အမွှေးတိုင်တစ်တိုင်စာလောက် အချိန်အတွင်းမှာပဲ နောက်ထပ်တစ်ယောက်ကို ရန်ကိုင် အာရုံခံမိလိုက်သည်။ ထိုလူက တစ်နေရာတည်းမှာပဲ အချိန်အကြားကြီးရှိနေခဲ့ပြီး ထိုလူဘာလုပ်ချင်နေလဲ

ဆိုတာသူမသိပေ။ အချိန်တော်တော်ကြာသွားတာတောင် တစ်ချက်မရွေ့ပေ။

ထိုလူရပ်နေတဲ့နေရာကလည်း တော်တော်ထူးဆန်းတယ်လို့ ရန်ကိုင်ခံစားမိနေခဲ့သည်။ တောင်ကြားထဲမှာရှိနေတဲ့ ယင်ချီတွေက ထိုနေရာတစ်ဝိုက်တွင် စုဝေးနေကြသည်။ မျက်မှောင်ကြုံ့လိုက်ရင်း ထိုနေရာဆီကို တိတ်တဆိတ်အားယားမှောက်ပြီး

တွားသွားလိုက်သည်။ သိပ်မကြာခင်မှာပဲ ထိုလူရှိနေရာကနေ ပေသုံးဆယ်ကွာဝေးတဲ့နေရာဆီကို ရောက်လာခဲ့သည်။

ထိုလူကသစ်ပင်တစ်ပင်နောက်တွင် ပုန်းကွယ်နေရင်း

နှင်းဖြူရောင်အလုံးလေးတွေကို စူးစိုက်ကြည့်နေခဲ့သည်။ ထိုအရာလေးတွေက နေလုံးအသေးစားတွေနဲ့တူပြီး ပတ်ဝန်းကျင်အနီးအနားတစ်ဝိုက်ကို အလင်းရောင် ဖြန့်ကျက်ပေးနေခဲ့သည်။ ထိုအလုံးလေးတွေက သိပ်မကြီးပဲ

ချိုးဥအရွယ်အစားလောက်သာရှိပေသည်။ ဒါပေမယ့် တစ်စုံတစ်ယောက်ရဲ့ ဝိဉာဉ်ကိုအေးခဲသွားစေနိုင်တဲ့ အရိုးကွဲမတတ် အအေးစွမ်းအင်တွေကို ထိုအလုံးလေးတွေကနေ ထုတ်လွှတ်နေခဲ့သည်။

အခုအချိန်မှာတော့ ထိုအလုံးလေးတွေက လည်နေရင်း တောင်ကြားထဲမှာရှိတဲ့ ယင်ချီတွေကိုဆွဲယူနေခဲ့သည်။ ယင်ကိုးသွယ် နှင်းပုံဆောင်ခဲ ဖြစ်တည်လာခဲ့လေပြီ။ ချက်ချင်းပဲ ထိုအလုံးလေးတွေက ဘာလဲဆိုတာ ရန်ကိုင်နားလည်လိုက်သည်။

ရှနင်းချန်သူ့ကို ဒီနေရာကိုခေါ်လာရတဲ့ အကြောင်းအရင်းက ထိုအလုံးလေးတွေကို ဖမ်းဆီးပေးဖို့ပင် ဖြစ်သည်။ သူစောင့်ကြည့်နေစဉ်မှာပဲ သစ်ပင်နောက်မှာပုန်းနေတဲ့

တစ်ယောက်က စလှုပ်ရှားလိုက်သည်။ ထိုလူက တပည့်ရှဲ့ပဲဖြစ်သည်။ သူရန်ကိုင်ကို လိုက်ရှာနေတဲ့အချိန်

ယင်ကိုးသွယ်နှင်းပုံဆောင်ခဲဖြစ်ပေါ်တဲ့ နေရာကိုမမျှော်လင့်ပဲ တွေ့လိုက်ရသည်။

ထိုအလုံးလေးတွေက ဘာတွေလဲဆိုတာ သူမသိပေမယ့် သူ့အတွေ့အကြုံအရ တော်တော်လေး အဖိုးတန်မယ်ဆိုတာတော့ သိပေသည်။ သစ်ပင်နောက်မှာ အချိန်အတော်ကြာ ပုန်းကွယ်စောင့်ဆိုင်းနေပြီးနောက် သူနောက်ထပ် မစောင့်နိုင်တော့ပဲ စလှုပ်ရှားတော့လေသည်။

Martial Peak

အထွတ်အထိပ် သိုင်းဧကရာဇ်

အပိုင်း (၁၀၇) ချောင်းမြောင်းတိုက်ခိုက်ခြင်း

ထိုအချိန်တွင် ရန်ကိုင်လည်း စတင်လှုပ်ရှားလိုက်သည်။ တပည့်ရှဲ့က ယင်ကိုးသွယ် နှင်ပုံဆောင်ခဲကိုသာ လုံးလုံးကြီး အာရုံစိုက်နေတဲ့အတွက် သူ့ကို အလစ်ချောင်း တိုက်ဖို့ အခွင့်ကောင်းပင်ဖြစ်သည်။ တပည့်ရှဲ့ကတော့ ရန်ကိုင်က သူရှိနေတဲ့

နေရာကိုရှာနိုင်ပြီး သူ့ကို အလစ်ချောင်းတိုက်ဖို့ ကြိုးစားရဲတယ် ဆိုတာကိုတော့ ဘယ်တော့မှ တွေးမိလိမ့်မည်မဟုတ်ချေ။

တပည့်ရှဲ့ရဲ့ မျက်နှာက လိုချင်တပ်မက်မှုနဲ့ပြည့်နေခဲ့ပြီး ယင်ကိုးသွယ်နှင်းပုံဆောင်ခဲ အနားကို ဖြေးဖြေးချင်း တွားတွားလိုက်သည်။ သူတို့ကြားက အကွာအဝေးက

တဖြည်းဖြည်း နီးကပ်လာခဲ့သည် …၂၀ပေ…၁၀ပေ..၉ပေ…။ ယင်ကိုးသွယ် နှင်းပုံဆောင်ခဲက သူ့နေရာမှာပဲ ရှိနေခဲ့ပြီး တောင်ကြားထဲက ယင်ချီတွေကို စုပ်ယူနေခဲ့သည်။ ယင်ကိုးသွယ်နှင်းပုံဆောင်ခဲနဲ့ ငါးပေလောက်ပဲ ကွာတော့တဲ့

အချိန်မှာတော့ သူ့ဆီကနေ ချီစွမ်းအင်တွေ ပေါက်ကွဲထွက်လာခဲ့ပြီး ကျားသစ် တစ်ကောင်လိုခုန်ကာ ယင်ကိုးသွယ်နှင်းပုံဆောင်ခဲကို လက်နှစ်ဖက်နဲ့ ခုန်ဖမ်းလိုက်သည်။

တစ်ချိန်တည်းမှာပဲ ရန်ကိုင်လည်းစတင်လှုပ်ရှားလိုက်သည်။ ရန်ကိုင်မျက်လုံးအစုံက တပည့်ရှဲ့အပေါ်မှာသာ ကျရောက်နေခဲ့ပြီး သူ့ခြေထောက်က လေပြေတစ်ခုအလားက သူ့ကို သယ်ဆောင်သွားခဲ့သည်။ အသစ်ရထားတဲ့ ဓါးကိုဆုပ်ကိုင်ထားရင်း

သူ့ရန်သူ အကာအကွယ်မဲ့နေတဲ့အချိန်တွင် တစ်ခါတည်း အသေသတ်ရန် ကြိုးစားလိုက်သည်။ တပည့်ရှဲက ယင်ကိုးသွယ် နှင်းပုံဆောင်ခဲကို ရတော့မယ်လို့ ထင်နေတဲ့အချိန်မှာပဲ ယင်ကိုးသွယ် နှင်းပုံဆောင်ခဲက ယင်ချီစုပ်ယူနေတာကို ရပ်လိုက်ပြီး ပုံဆောင်ခဲထဲကနေ အအေးစွမ်းအင် တွေကို ထုတ်လွှတ်လိုက်ပြီး တပည့်ရှဲ့ကို တန်ပြန်တိုက်ခိုက်လိုက်သည်။

အခုအဖြစ်အပျက်တွေအကုန်လုံးက အလွန်မြန်ဆန်တဲ့အတွက်

သာမန်လူတွေဆိုရင် ဘာကိုမှသေချာမြင်ရလိမ့်မည်မဟုတ်ချေ။

တပည့်ရှဲက လုံးဝကိုကြောင်အသွားခဲ့ရသည်။ အဆင့်မြင့် ရတနာတစ်ခုလို့ သူထင်နေတဲ့အရာက စိတ်ဝိဉာဉ်ရှိပြီး သူ့ကိုတန်ပြန်တိုက်ခိုက်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်းထားခဲ့ပေ။ တပည်ရှဲ့က အခုလိုအဖြစ်အပျက်မျိုး

ဖြစ်လာလိမ့်မယ်လို့ မထင်မှတ်ထားတဲ့အတွက် နှင်းပုံဆောင်ခဲ၏ တိုက်ခိုက်မှုကို ချီစွမ်းအင်သုံးပြီး အလောတကြီး ကာလိုက်ရသည်။

တိုက်ခိုက်မှုကို သူကာကွယ်ပြီးတာနဲ့ ယင်ကိုးသွယ်နှင်းပုံဆောင်ခဲက

အလင်းတန်းတစ်ခုလို ဖျက်ခနဲလက်သွားပြီး သူ့မြင်ကွင်းကနေ ပျောက်ကွယ် သွားခဲ့သည်။ ယင်ကိုးသွယ်နှင်းပုံဆောင်ခဲ ပျောက်ကွယ်သွားတာနဲ့ ပတ်ပတ်လည်တစ်ခုလုံးက အလင်းရောင်တွေ ပျောက်ကွယ်သွားခဲ့ပြီး မှောင်အတိ ကျသွားခဲ့သည်။

ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက် မှောင်ကျသွားတဲ့အတွက် ရန်ကိုင်လည်း ရန်သူရှိမယ့်နေရာကို ခန့်မှန်းပြီးတော့သာ တိုက်ခိုက်လိုက်ရသည်။ သူ့ဓါးချက်က ရန်သူအသက်ကို နုတ်ယူနိုင်တယ်လို့ အာမမခံနိုင်ပေမယ့် ပြင်းပြင်းထန်ထန်

ဒဏ်ရာရသွားလိမ့်မယ်ဆိုတာကိုတော့ သူသေချာပေသည်။ တပည့်ရှဲ့၏ စိတ်အာရုံအလုံးစုံးက ယင်ကိုးသွယ် နှင်ပုံးဆောင်ခဲ ပေါ်မှာသာ ကျနေရာက်နေတဲ့ အတွက် သူဆီကိုဝင်လာတဲ့ ဓါးချက်ကိုမရှောင်ရှားနိုင်ခဲ့ချေ။

ယင်ကိုးသွယ်နှင်းပုံဆောင်ခဲ တိုက်ခိုက်တာခံလိုက်ရပြီးနောက် အအေးဓာတ်တွေက သူ့ကိုယ်ထဲစိမ့်ဝင်လာခဲ့ပြီး သူ့တစ်ကိုယ်လုံးကို တုန်ရီသွားစေခဲ့သည်။ ချက်ချင်း ချီစွမ်းအင်ကို သုံးပြီးသူ့ကိုယ်ထဲကို စိမ့်ဝင်လာတဲ့ အအေးဓါတ်တွေကို ချေဖျက်လိုက်ရသည်။ ဒါပေမယ် သူအသက်ရှု အနားမယူရသေးခင်မှာပဲ သူ့ခါးကနေ နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ တပည့်ရှဲ့က အတွေ့အကြုံကြွယ်ဝတဲ့ ချီသန့်စင်ခြင်းအဆင့်ကျင့်ကြံသူ

တစ်ယောက်ဖြစ်တဲ့အတွက် ဘေးပတ်ဝန်းကျင်ကို သေချာမမြင်ရပေမယ့် ရန်ကိုင်ရှိမယ် ထင်တဲ့နေရာကို မှန်းပြီးကန်လိုက်နိုင်ခဲ့သည်။

ညည်းသံ တစ်ချက်ထွက်လာခဲ့ပြီး ရန်ကိုင်လွင့်ထွက်သွားခဲ့သည်။ သူရှိနေတာကို သိသွားပြီဖြစ်တဲ့အတွက် ရန်ကိုင်အဖို့ နောက်ထပ်ပုန်းအောင်းနေစရာ မလိုတော့ပေ။

သူ့အမြင်အာရုံပြန်ရတာနဲ့ တပည့်ရှဲ့က ရန်ကိုင်ကိုအဆိပ်ရှိတဲ့ မြွေတစ်ကောင် အလားစိုက်ကြည့်နေခဲ့ပြီး သူ့ခန္ဓာကိုယ်ကတော့ မသိမသာလေး တုန်ရင်သွားခဲ့သည်။ ဓါးသွားက သူ့ခန္ဓာကိုယ်ထဲကို တော်တော်နက်နက်လေး စိုက်ဝင်သွားခဲ့သည်။

ရန်ကိုင်က ထိုဓါးချက်အတွက် သူ့ခွန်အားအကုန်လုံးကို အသုံးပြုခဲ့ပြီး

တပည့်ရှဲ့ကလည်း အအေးဓာတ်ကိုခုခံရင်း အလုပ်ရှုပ်နေတဲ့အတွက်

သူ့ဓါးချက်ကို လုံးဝမကာကွယ်နိုင်ခဲ့ပေ။

‘‘မင်းပဲ’’ သူ့ကိုတိုက်ခိုက်လိုက်တဲ့လူ ဘယ်သူမှန်းသိလိုက်တာနဲ့

မျက်ခုံးပင့်မိလိုက်သည်။ သူအမျိုးမျိုးတွေးတောခဲ့သည်။ ယွန်လန်

ဒါမှမဟုတ် ဂျူနီယာညီလေးဝူ.. နှစ်ယောက်ထဲက တစ်ယောက်က

သူ့ကိုချောင်းမြောင်းတိုက်ခိုက်တာ…တကယ့်တော့ တစ်ဂိုဏ်းတည်းသားချင်း သတ်ဖြတ်တာကလည်း အထူးအဆန်းမဟုတ်ပေ။ လူတိုင်းက ကောင်းတဲ့လူမဟုတ်ပေ။

အချို့ဆိုရင် ကိုယ်လိုချင်တာရဖို့အတွက်

ဘနဖူးသိုက်တူးမယ့် သူတွေတောင် ရှိသေးပေသည်။ ဒါကြောင့်

သူတို့နှစ်ယောက်ထဲက တစ်ယောက်က သူ့ကိုချောင်းတိုက်တာလို့

ထင်ခဲ့သည်။ နောက်တစ်ချက်က ရှနင်းချန်က သူကိုသတ်ချင်တဲ့အတွက် ချောင်းမြောင်း တိုက်ခိုက်တာဖြစ်သည်။ နောက်ဆုံးတစ်ချက်ကတော့ တောင်ကြားထဲမှာရှိတဲ့

သူတို့မသိတဲ့ အဖွဲ့ကတစ်ယောက်ယောက်က သူ့ကို ချောင်းမြောင်းတိုက်ခိုက် တာဖြစ်သည်။ ဒါပေမယ့် ရန်ကိုင်ကိုမြင်လိုက်တဲ့ အချိန်မှာတော့ သူ့အတွေးတွေ

တက်တက်စင်အောင် လွဲမှားနေမှန်းသိလိုက်ရသည်။

ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် သူ့ကို တိုက်ခိုက်ခဲ့တဲ့သူက ရန်ကိုင်ဖြစ်မယ်လို့ ဘယ်တုန်းကမှမထင်ခဲ့ပေ။

‘‘ဟဲဟဲ’’ တစ္ဆေသရဲတစ်ကောင်လို ပြုံးရင်း အကန်ခံလိုက်ရတဲ့ သူ့လက်မောင်းကို ကြည့်လိုက်သည်။ ဘာမှမဖြစ်မှန်းသိလိုက်တာနဲ့ တပည့်ရှဲ့ဆီကို အကြောက်အလန့် ကင်းကင်းနဲ့ တစ်လှမ်းချင်းတစ်လှမ်းချင်း လမ်းလျှောက်သွားလိုက်သည်။

အခုလက်ရှိတပည့်ရှဲ့ မီးစားကုန်တော့မယ့် မြှားတစ်ချောင်းနဲ့ မခြားပေ။

‘‘ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ………’’ ရုတ်တရက် တပည့်ရှဲ့၏မျက်နှာ ဖြူလျော်သွားခဲ့သည်။

‘‘ မင်းဘာတွေမယုံသင်္ကာဖြစ်နေလဲဆိုတာ ငါမသိပေမယ့် အခုလက်ရှိအခြေအနေ တွေကမင်းထင်ထားတာနဲ့ တစ်လွဲစီဖြစ်နေတယ်ဆိုတာတော့ ငါသေချာသိတယ်’’

ရန်ကိုင်က အေးစက်စက်ရယ်မောရင်း ပြန်ပြောလိုက်သည်။ ‘‘ငါတို့……’’ ခေါင်းငုံ့ကြည့်လိုက်ပြီး တအံ့တသြနဲ့ ပြောလိုက်သည်‘‘ဒါကဂျူနီယာညီလေးဝူရဲ့ ဓါးပဲ’’ ‘‘မင်းတော်သားပဲ…မင်းပြောတာအမှန်ပဲ။ သူအခုမင်းကိုမြစ်ဝါမြစ်မှာ

စောင့်နေလောက်ပြီ။ အချိန်မဆိုင်းသင့်တော့ဘူး… မင်းလည်းသွားသင့်နေပြီ’’

‘‘ငါတို့အားလုံး မင်းအရူးလုပ်တာခံလိုက်ရပုံပဲ’’ ထိုအကြောင်းကိုသိလိုက်တာနဲ့ သူ့စိတ်နှလုံးသားမှ ယူကြုံးမရဖြစ်မှု၊ အရှက်တကွဲအကျိုးနည်းဖြစ်မှုနဲ့ လက်သင့်မခံနိုင်မှု စသည်တို့ ပေါက်ကွဲထွက်လာခဲ့သည်။ စီနီယာအစ်ကိုကိုင်သေတုန်းက ရန်ကိုင်ရဲ့

လျှို့ဝှက်လက်နက်ကြောင့် သူတို့ပြောခဲ့သည်။ ဒါပေမယ့် သူကိုယ်တိုင် ရန်ကိုင် လက်ထဲမှာ သေရလိမ့်မယ့်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

မင်းအဖေက ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကွ… ဒါပေမယ့် အခုအချိန်မှာတော့ သူကစဦးဒြပ်စင်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ လက်ထဲမှာ သေရတော့ပေမည်။

ဒါကဘယ်လိုမျိုးကြီးလဲကွ…

ငိုးပဲ…ကံတရာက ငါကိုကစားနေတာလားကွာ။

အော်ဟစ်လိုက်ပြီးနောက် သူ့ပါးစပ်ကနေ သွေးတွေ စီးကျလာခဲ့သည်။

သူ့စိတ်က ဒီအဖြစ်အပျက်တွေကို ဆက်ပြီးတောင့်မခံနိုင်တော့ပေ။

သူ့ခန္ဓာကိုယ်က ဒဏ်ရာ၊ အရှက်တကွဲအကျိုးနည်းဖြစ်မှုကြောင့်

စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု…ထိုအရာတွေအားလုံး ပေါင်းစည်းသွားခဲ့ပြီး သူ့ကိုသွေးပွက်ပွက်အန်သွားစေခဲ့သည်။

‘‘မင်နဲ့ ငါ့ကြားမှာ ဘာရန်ကြွေးမှမရှိပေမယ့် မင်းတို့က သေမင်းတံခါးလာခေါက်မှတော့ ငါ့ရဲ့ရက်စက်မှုကို အပြစ်မတင်နဲ့ပေါ့ကွာ’’ သူ့မျက်နှာက အေးစက်သွားခဲ့ပြီး

တပည့်ရှဲ့ဆီသွားကာ အားကုန်ထိုးချလိုက်သည်။

တပည့်ရှဲ့ရဲ့မျက်လုံးတွေက မီးစာမကုန်ခင်း ထတောက်လာတဲ့ မီးတောက်တစ်အခုလား တောက်ပနေခဲ့ပြီး သူ့ခါးမှာစိုက်နေတဲ့ ဓါးကိုဆွဲထုတ်လိုက်ပြီး အားကုန်သုံးကာ ရန်ကိုင်ကို

ခုတ်ချလိုက်သည်။ ရန်ကိုင်လက်သီးက သူ့မေးစေ့ကိုထိသွားခဲ့ပြီး ကျိုးကြေသွားစေခဲ့သည်။ ထို့နောက် တပည့်ရှဲ့ နောက်ဘက်ကို လွင့်ထွက်သွားခဲ့ပြီး မြေကြီးပေါ်ကို ပြင်းပြင်းထန်ထန် ပြုတ်ကျသွားခဲ့သည်။

တပည့်ရှဲ့ကို ခုခံဖို့တောင် အခွင့်အရေးမပေးပဲ ရန်ကိုင်လက် သူ့ပေါ်ကိုလက်သီးမိုး တရစပ်ရွာသွန်းပေးလိုက်သည်။ ထို့နောက် မတ်တပ်ရပ်လိုက်ပြီး လှောင်ပြောင်

လိုက်သည်‘‘ မင်းကများငါနဲ့ ကစားချင်သေးတယ် …မသိရင်မှတ်ထား..ငါက မင်းအဖိုးပဲကွ’’ သူ့မျက်လုံးတွေက ကြည်လင်နေခဲ့ပြီး ရှိသမျှအားကုန်သုံးကာ ရန်ကိုင်ကို နောက်ဆုံးအကြိမ်အဖြစ် တိုက်ခိုက်လိုက်သည်။

ရန်ကိုင်က ထိုအတွက်ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။

ခွေးတောင်ချောင်ပိတ်ရိုက်ခံရရင် ပြန်ကိုက်တတ်သေးတာပဲ။ လူဖြစ်တဲ့ကျင့်ကြံသူတစ်ယောက်ကတော့ ပြောစရာ

လိုတော့မည်မထင်။ ရန်သူမသေခင် ကိုယ့်အကာအကွယ်ကို လျစ်လျူရှုရင် သေတတ်ပေသည်။ သတိဆိုသည် ပိုသည်မရှိပေ။ တပည့်ရှဲ့ကိုသတ်ပြီးနောက် အဖိုးတန်တာလေးများ ရှိမလားစိတ်ဖြင့် လိုက်ရှာကြည့်လိုက်သော်လည်း ဆေးပုလင်းနှစ်ပုလင်းနှင့် ငွေအနည်းငယ်သာ တွေ့ခဲ့ပေသည်။ ထိုပစ္စည်းတွေကို

ယူလိုက်မိ၍လည်း သူ့ကိုယ်သူအပြစ်ရှိတယ်လို့ မခံစားရပေ။ ဒါက ဒီလောကကြီးရဲ့ သဘာဝပင်ဖြစ်သည်။

တပည့်ရှဲ့ရဲ့အလောင်ကိုလည်း တပည့်ဝူရဲ့ အလောင်းအတိုင်း သစ်ပင်တစ်ပင် ကြားက သစ်ရွက်တွေကြားမှာ ဖွက်ထားလိုက်သည်။ ယင်ကိုးသွယ်နှင်းပုံဆောင်ခဲ ကတော့ သူ့မြင်ကွင်းကနေ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

ယင်ကိုးသွယ် နှင်းပုံဆောင်ခဲ တိုက်ခိုက်တုန်းက သူ့ထဲမှာရှိတဲ့စွမ်းအားတွေကို သူခံစားမိပေသည်။ ထိုနှင်းပုံဆောင်ခဲရဲ့ ဝိဉာဉ်အသိစိတ်ကလည်း တော်တော်းလေး မြင့်မားတဲ့အတွက် အန္တရာယ်ရှိမှန်းသိတာနဲ့ ချက်ချင်းထွက်ပြေး တော့လေသည်။

မနက်နေထွက်ဖို့ ၂နာရီလိုသေးပေသည်။ ကျန်တဲ့လူတွေကိုလည်း

သူသတ်ဖို့လိုသေးပေသည်။ ဒီ့မတိုင်ခင် ရှနင်းချန်ဆီအရင်ပြန်ပြီး ယင်ကိုးသွယ် နှင်းပုံဆောင်ခဲကို ဘယ်လိုဖမ်းဆီးရမလဲဆို မေးရပေမည်။

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၀၈) ရှနင်းချန်ကိုတွေ့သွားခဲ့ပြီ

ယင်ကိုးသွယ်နှင်းပုံဆောင်ခဲက ဦးတည်ချက်ရေရေရာရာမရှိပဲ တစ်နေရာမှ တစ်နေရာကို ကူးပြောင်းနေခဲ့သည်။ တောင်ကြားက တော်တော်လေး ကျယ်တဲ့ အတွက် ယင်ကိုးသွယ် နှင်းပုံဆောင်ခဲကို တွေ့ဖို့က ကံကောင်းဖို့လိုပေသည်။ ဒါပေမယ့် ယင်ကိုးသွယ် နှင်းပုံဆောင်ခဲကို ဘယ်လိုဖမ်းဆီးရမလဲဆိုတာကို

သူဘယ်လိုပဲမေးမေး ရှနင်းချန်နှင့် ဘဏ္ဏာထိန်းမန် နှစ်ယောက်စလုံး

တစ်ယောက်မှ ပြန်မဖြေကြပေ။ သူတို့နှစ်ယောက်စလုံးပြောတာက

အချိန်ကျရင် သိလိမ့်မယ်… ဒါကသူ့ကိုတော်တော်လေး သံသယဖြစ်စေခဲ့သည်။

အခုဘယ်လိုလုပ်ရမလဲဆိုတာ သိဖို့အချိန်တန်ခဲ့လေပြီ။ ရှနင်းချန်ပုန်းနေတဲ့ နေရာကို ရန်ကိုင်သေသေချာချာ မှတ်မိပေသည်။ ပြေးလွှားနေရင်း ယွမ်လန်ကိုတွေ့မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ မူလန်ယန်ကိုအာရုံစိုက်ကာ သူ့ပတ်ဝန်းကျင်ကို စူးစမ်းစစ်ဆေးသွားခဲ့သည်။ ဒါပေမယ့် ခရီးတစ်လျှောက်လုံး

မူလယန်က တုန့်ပြန်မှုမရှိတဲ့အတွက် ယွမ်လန် ဘယ်ပျောက်လို့ဘယ်ရောက်နေမှန်း သူမသိပေ။ သူ့အာရုံခံနိုင်တဲ့ အကွာအဝေးက ပေ၂၀၀အတွင်းမှာသာ ဖြစ်တဲ့အတွက် ယွမ်လန်သာ ပေ၂၀၀အပြင်ဘက်မှာ ရောက်နေခဲ့ရင် သူယွမ်လန်ကို အာရုံခံနိုင်လိ့မ်မည် မဟုတ်ချေ။

သူရှနင်းချန်ပုန်းနေတဲ့ နေရာနားကိုရောက်ခါနီးတဲ့အခါမှာတော့ မူလန်ယန်က စတင်တုန့်ပြန်လာလေသည်။ ရန်ကိုင် စိုးရိမ်သွားခဲ့သလို ပျော်လည်း ပျော်သွားခဲ့သည်။ မူလယန်တုန့်ပြန်တဲ့နေရာက ရှနင်းချန်ပုန်းနေတဲ့

နေရာနဲ့ အတော်လေးနီးကပ်နေတဲ့အတွက် သူစိုးရိမ်သွားရခြင်းဖြစ်သည်။

ဒါပေမယ့် သွေးတိုက်ပွဲဂိုဏ်းတပည့်ကို အားစိုက်ထုတ်စရာမလိုပဲ

ရှာတွေ့တဲ့အတွက် တော်တော်လေးပျော်သွားခဲ့သည်။

သူရှနင်ချန်းပုန်းနေတဲ့ နေရာကိုများတွေ့သွားတာလား။ အဲ့အကြောင်းကို တွေးမိလိုက်တာနဲ့ ရန်ကိုင်က သူ့မှာရှိသမျှအားကုန်သုံးပြီး ရှနင်းချန် ပုန်းနေတဲ့နေရာဆီ ပြေးတော့လေသည်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ

စိတ်သက်သာရာရသွားခဲ့သည်။

ယွမ်လန်က ရှနင်းချန် ပုန်းနေတဲ့နေရာကို မတွေ့သေးတဲ့ပုံပင်။ သူသာတွေ့ခဲ့ရင် အခုအချိန်လောက်ဆို ထိုနေရာကနေ

တိုက်ခိုက်သံတွေ ကြားနေရလောက်ပြီဖြစ်သည်။

ရှနင်းချန်မှာ ကောင်းကင်အဆင့် အကာအကွယ် ရတနာရှိနေတဲ့အတွက် သူမလုံခြုံရေးနဲ့ပက်သက်ပြီး သူသိပ်ပြီးစိတ်မပူပေ။ ဒါပေမယ့် သူမ ပုန်းနေတဲ့လိုဏ်ဂူက ဝင်ပေါက်တစ်ပေါက်သာရှိပြီး ထွက်ပေါက်မရှိတဲ့အတွက်

ယွမ်လန်က အပေါက်ဝကိုပိတ်ပြီး လုံဟူနဲ့ ဝမ်ဖေးချန်တို့ကိုလာဖို့

အချက်ပြလိုက်ရင် အခြေအနေတွေ တော်တော်လေး ဆိုးရွားသွားပေလိမ့်မည်။

ထိုအတွေးနဲ့အတူ ရန်ကိုင်ပိုပြီးနိုးနိုးကြားကြား ဖြစ်လာခဲ့သည်။

ရှနင်းချန်က အခုအချိန်မှာ တော်တော်လေးစိုးရိမ်နေခဲ့သည်။ ရန်ကိုင်ထွက်သွားပြီး နောက် သူမဒဏ်ရာတွေကိုကုစားလိုက်ပြီး ကုန်ဆုံးသွားတဲ့ချီစွမ်းအင်တွေကို ပြန်ဖြည့်တော့သည်။ ဝမ်ဖေးချန်၏တိုက်ခိုက်မှုကိုခံခဲ့ရတဲ့အပြင် ကောင်းကင်အဆင့်

အကာအကွယ်ရတနာနဲ့ ချုပ်နှောင်ခြင်းရှစ်ခုအစီအရင်ကိုလည်း အသက်သွင်းခဲ့ရသည်။ ထို့အတွက်သူမကုန်ဆုံးခဲ့တဲ့ ချီစွမ်းအင်တွေက ထိုနေရာမှာရှိနေတဲ့လူတွေ ကုန်ဆုံးသွားတဲ့ ချီစွမ်းအင်ထက် အဆပေါင်းများစွာပိုလေသည်။

သူမမှာပါလာတဲ့ ဆေးလုံးတွေအကုန်သောက်ပြီးတာတောင်မှ

စဦးဒြပ်စင်အဆင့်၇၊၈နဲ့ ညီမျှတဲ့ခွန်အားကိုသာ ပြန်ရရှိသေးပေသည်။ ထိုအချိန်မှာပဲ အပြင်ဘက်နေ လှုပ်ရှားမှုတစ်ခုခုကို အာရုံခံလိုက်မိသည်။ သူမအလွန်အမင်း

ထိတ်လန့်သွားခဲ့ပြီး အသက်တောင်ပြင်းပြင်းမရှုရဲတော့ပေ။ ဒါပေမယ့် သူမသတ္တိမွေးပြီး အပြင်ဘက်ကိုချောင်းကြည့်လိုက်သည်။ ရန်ကိုင်ဖြစ်နေစေဖို့ သူမမျှော်လင့်မိပေမယ့် ရန်ကိုင်ဆိုရင်လည်း အထဲကိုမဝင်လာစရာ အကြောင်းမရှိပေ။

သူမမျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။ အပြင်ဘက်လူက ရန်ကိုင်မဟုတ်ပေ။ ထိုလူက အပြင်ဘက်အနီးးအနားတစ်ဝိုက်တွင် လှည့်ပတ်စူးစမ်းနေခဲ့သည်။ ရန်ကိုင်မဟုတ်မှတော့ သူမရန်သူထဲက တစ်ယောက်ယောက်ပင် ဖြစ်ရပေမည်။ ထို့ပြင်ထိုလူ၏ ကျင့်ကြံခြင်းအဆင့်ကိုလည်း သူမမမြင်နိုင်ပေ။ ထိုလူက လိုဏ်ဂူအပြင်ဘက်တွင် အမွှေးတိုင်တစ်တိုင်စားလောက်ကြာအောင်

လှည့်ပတ်စူးစမ်းနေခဲ့ပြီး ဘာမှမတွေ့တော့မှပဲ ထွက်သွားခဲ့သည်။ အပြင်ဘက်က ခြေသံတွေပျောက်သွားတော့မှပဲ ရှနင်ချန် သက်ပြင်းချနိုင်တော့သည်။ ဒါပေမယ့် သူမစိတ်သက်သာရာ မရသေးခင်မှာပဲ အပြင်ဘက်ကနေ ချုံပုတ်လှုပ်ရှားသံတွေကို

ကြားလိုက်သည်။ ထို့နောက် ချုံပုတ်တွေကြားကနေ အနက်ရောင် အရိပ်ကလေး တစ်ခုက သူမဆီပြေးထွက်လာခဲ့သည်။ ကြောက်ရွံ့မှုကြောင့် သူမအော်ဟစ်လုနီးပါး ဖြစ်သွားခဲ့ရသည်။ ထိုအရိပ်ကလေးကို သေချာအနီးကပ်ကြည့်လိုက်တဲ့အချိန်မှာတော့

သူမငိုရမလား၊ ရယ်ရမလားမသိတော့ပေ။

ထိုအရိပ်ကလေးက တောင်ကြားထဲမှာနေတဲ့ ရှဉ့်လေးတစ်ကောင်ပင်ဖြစ်သည်။ အပြင်ဘက်က ယင်ချီတွေကြောင့် တော်တော်လေးအေးတဲ့အတွက် နားခိုစရာ တစ်ခုရှာနေခြင်း ဖြစ်လောက်သည်။ရှနင်းချန်က သူမလက်ကိုဆန့်ထုတ်လိုက်ပြီး

ရှဉ့်လေးကို ပုတ်ပေးဖို့လုပ်လိုက်သည်။ ဒါပေမယ့် ရှဉ့်လေးက တော်တော်လေး သတိရှိတဲ့တွက် လိုဏ်ဂူထဲမှာ တစ်ယောက်ယောက်ရှိနေတာသိလိုက်တာနဲ့

လိုဏ်ဂူထဲကနေ ချက်ချင်းပြန်ထွက်သွားခဲ့သည်။

လက်ကြီးတစ်ဖက်က ထွက်ပေါ်လာခဲ့ပြီး ရှဉ့်လေးကိုဖမ်းကိုင်လိုက်ကာ ဖျစ်ညစ်သတ်ပစ်လိုက်သည်။ ‘‘ဟဲဟဲဟဲဟဲ’’ ရယ်မောသံနှင့်အတူ ယွမ်လန်၏ ပုံရိပ် ထွက်ပေါ်လာခဲ့ပြီး ဂူပေါက်ဝကို ပိတ်ထားလိုက်သည်။

သူ့မျက်နှာပေါ်မှာတော့ ဝမ်းသာမှုတွေနဲ့ ပြည့်နေခဲ့ပြီး ရှနင်းချန်ကိုကြည့်ကာ ပြောလိုက်သည်‘‘ မင်းကဒီနေရာမှာပုန်းနေတာပေါ့’’

ရှနင်းချန်က ယွမ်လန်ကို မိုးပြိုတော့မယ့် မျက်နှာနဲ့ကြည့်လိုက်ပြီး သူမမျက်လုံး ထဲမှာတော့ ဒေါသအရိပ်အယောင် ထွက်ပေါ်နေခဲ့သည်။ မိန်းမတွေရဲ့ သဘာဝက တိရိစ္ဆာန်လေးတွေကို ချစ်တတ်ပေသည်။ အထူးသဖြင့် ချစ်ဖို့ကောင်းတဲ့ တိရိစ္ဆာန်သေးသေးလေးတွေပေါ့…။ ရှဉ့်လေးက သူမပုန်းနေတဲ့

နေရာကို ဖော်ပြခဲ့ပေမယ့်လည်း ယွန်လန်သတ်ဖြတ်တဲ့နည်းလမ်းက

သူမကိုတကယ်ပဲဒေါသထွက်သွားစေခဲ့သည်။

‘‘မင်းကိုရှာရတာ တော်တော်ခက်ခဲတာပဲ’’ ဝင်ပေါက်မှာရပ်နေရင်း ယွမ်လန်က ရှနင်းချန်ကို အထက်အောက် စုံဆန်ကြည့်လိုက်ပြီး ‘‘နေဝင်တာကို မကြည့်လိုက်ရရင်တောင် နေထွက်တာကို ကြည့်ရရင်တော့ ထိုက်တန်တာပဲလေ။ရန်ကိုင်ကို ရှာလို့မတွေ့ရင်တောင် နင့်ကိုရှာတွေ့တာက သူ့ထက်ပိုကောင်းသေးတယ်’’

ထိုစကားကိုကြားလိုက်ရတဲ့အချိန် သူမစိတ်သက်သာရာရသွားခဲ့သည်။ သူမရဲ့ ဂျူနီယာမောင်လေးက အခုအချိန်ထိ လုံခြုံနေပေသေးသည်။

‘‘နင်အနားတိုးလာရဲရင် ငါ့နင့်ကိုအသေဆိုးနဲ့သေအောင်လုပ်ပြမယ်’’ ရှနင်ချန်းက ယွမ်လန်ကိုသုန်မှုန်စွာကြည့်ရင်း ခြိမ်းခြောက်လိုက်သည်။ ဒါပေမယ့် သူမ၏သန့်စင် ရိုးသားတဲ့ စရိုက်ကြောင့် သူမ၏ခြိမ်းခြောက်သံက တော်တော်လေး

အားပျော့နေခဲ့သည်။ သူမနေရာမှာသာ အခြားတစ်ယောက်ဆိုရင် ထိုခြိမ်းခြောက်သံမှာ စွမ်းအင်နည်းနည်း ပါဝင်နေပေလိ့မ်မည်။

ယွမ်လန်က သူမ စကားလုံးတွေထဲ ယုံကြည်ချက် ကင်းမဲ့နေမှုကို အာရုံခံမိပေသည်။ ထိုနောက် လှောင်ပြုံးပြုံးလိုက်ပြီး

‘‘နင့်မှာတိုက်ဖို့ရော အားကျန်သေးလို့လား။ ဝမ်ဖေးချန်ရဲ့လက်သီးစာမိပြီး သတိမလစ်တာ တော်တော် ကောင်းတယ်လို့ပြောရမယ်။ ဒါတောင် နင့်မှာ

တိုက်ခိုက်ဖို့အားကျန်နေသေးတာလား’’ ယွမ်လန်၏ ခွန်အားတော်တော်များများက ချိတ်ပိတ်ထားခြင်းခံရပေမယ့်

ရှနင်းချန်လည်း အကောင်းကြီးမဟုတ်ပေ။သူတို့နှစ်ယောက်စလုံးက

ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေဖြစ်တဲ့အတွက် ယွမ်လန်က

ရှနင်းချန်ကို နည်းနည်းလေးတောင်မကြောက်ပေ။ ထို့ပြင် သူကဝင်ပေါက်ကို ပိတ်ထားတဲ့အတွက် သူ့နေရာက သူမနေရာထက် ပိုပြီးတိုက်ခိုက်လို့ကောင်းပေသည်။

‘‘လိမ်လိမ်မာမာနဲ့ ငါပြောတာနားထောင်လိုက်။ နင်သာငါပြောတဲ့အတိုင်း နားထောင်မယ်ဆိုရင် ငါနင့်ကိုကောင်းကောင်းဆက်ဆံမှာပါ။ ဒါပေမယ့်

နင်က ခေါင်းမာနေဦးမယ်ဆိုရင်တော့ ငါကို နှလုံသားမဲ့တယ်ဆိုပြီးတော့ အပြစ်မတင်နဲ့ပေါ့’’ ယွမ်လန်က သူမကိုခြိမ်းခြောက်လိုက်သည်။

ရှနင်းချန်က တိတ်ဆိတ်နေခဲ့ပြီး သူမ၏ချီစွမ်းအင်ကို လှည့်ပတ်လိုက်သည်။ ထို့နောက် ယွမ်လန်အနီးကပ်လာတာနဲ့ ရုတ်တရက်တိုက်ခိုက်ဖို့ ပြင်ထားလိုက်သည်။ ယွမ်လန်လည်း ရှနင်းချန်၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိပေသည်။ ထို့ကြောင့် ဝင်ပေါက်မှာသာရပ်နေခဲ့ပြီး သူမအနားကို တိုးမသွားခဲ့ပေ။ ‘‘နင့်မှာကောင်းကင်အဆင့် အကာအကွယ်ရတနာ

ရှိတဲ့အတွက် ငါနင့်ကိုဘာမှမလုပ်ဆိုင်ဘူးဆိုတာငါသိတယ်။ ဒါပေမယ့် ကျန်တဲ့သူတွေကို ငါလှမ်းခေါ်လိုက်ရင် နင့်ရဲ့ကောင်းကင်အဆင့်ရတနာရော နင့်ကို ကာကွယ်ပေးနိုင်ဦးမှာလား’’ ယွမ်လန်က စိတ်မရှည်ဖြစ်လာခဲ့ပြီး

သူ့ရဲ့စကားလုံကြွယ်ဝမှုကို အသုံးချကာ ရှနင်းချန်ကို လက်လျှော့အရှုံးပေးအောင် ကြိုးစားနေခဲ့သည်။

‘‘နင်ဘာလုပ်ချင်တာလဲ’’ ရှနင်းချန်က အေးစက်စက်နဲ့မေးလိုက်သည်။

‘‘ငါဘာလုပ်ချင်တာလဲ ဟုတ်လား…။ဟဲဟဲ..အဲ့မေးခွန်းက ငါနင့်ကိုမေးရမှာ။ နင်ငါပြောတာကို လိမ်လိမ်မာမာနဲ့ နားထောင်ပြီး ငါ့တောင်းဆိုချက် အနည်းငယ်ကို လိုက်လျောပေးရုံပဲ။ အဲ့လိုမဟုတ်ဘူးဆိုရင်တော့ ကျန်တဲ့သူတွေကို ငါလှမ်းခေါ်လိုက်မှာ’’ နောက်ဆုံးတော့ သူ့ရဲ့မြေခွေး အမြီးကို ထုတ်ပြလာခဲ့ပြီဖြစ်သည်။

‘‘နင့်တောင်းဆိုချက်က ဘာလဲ’’ ရှနင်းချန်လည်း အချိန်ဆွဲဖို့ဆုံးဖြတ်လိုက်သည်။ သူမအချိန်ပိုရလေ… သူမချီစွမ်းအင်များများ ပြန်ဖြည့်နိုင်လေဖြစ်သည်။

‘‘တစ်…နင့်ကျင့်ကြံခြင်း ချုပ်ချိတ်ပိတ်ပြီးနင့်ကိုဖမ်းဆီးခွင့်ပေးရမယ်…။ နှစ်…

နင့်ရဲ့ အကာအကွယ်ရတနာကို ငါ့ကိုပေးရမယ်။သုံး…’’ ယွမ်လန်က ပြုံးလိုက်ပြီး ‘‘နင့်ရဲ့မျက်နှာကာကို ချွတ်ပြီး နင့်ရဲ့ မျက်နှာအစစ်အမှန်ကို ငါ့ကိုပြရမယ်။ နင့်သာ တကယ့်အလှလေးတစ်ယောက်ဆိုရင် ငါ့နင့်ကိုဘာမှမလုပ်ပဲ

လွှတ်ပေးမှာပါ…။ ငါနင့်ကိုတကယ်ခက်ခဲအောင်မလုပ်ပါဘူး’’

သူပြောတဲ့စကားတွေကို ကလေးတောင် ယုံလိမ့်မည်မဟုတ်ချေ။ ရှနင်းချန်သာ သူမစွမ်းအားတွေကို ချုပ်နှောင်ထားခြင်း ခံလိုက်ရမယ်ဆိုရင် သူမက သူပြုသမျှ နုရမယ့် သားကောင် ဖြစ်သွားမှာပေါ့။

လိုဏ်ဂူထဲတွင် လက်မထပ်ရသေးတဲ့ ယောကျ်ားလေးနဲ့ မိန်းကလေး

နှစ်ယောက်တည်းသာရှိပေသည်။ ဘယ်ယောကျ်ားသားကများ မိန်းမလှ တစ်ယောက်ရဲ့ ဆွဲဆောင်မှုကို ခံနိုင်ရည်ရှိပါ့မလဲ။

ရှနင်းချန်က ရိုးသားတဲ့မိန်းကလေးတစ်ယောက် ဖြစ်တယ်ဆိုပေမယ့်

ဒီလောက်လွယ်လွယ်ကူကူ အရူးလုပ်လို့ရမယ်လို့တော့ မဆိုလိုပေ။

ချက်ချင်းပဲ သူမပြန်ပြောလိုက်သည်‘‘အိမ်မက်သာမက်နေလိုက်’’

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၀၉) မင်းကတကယ့်ကိုသောက်ရူးတစ်ကောင်ပဲ

‘‘နင့်ငါ့ကိုတွန်အားပေးနေတာလား’’ ယွမ်လန်၏ အမူအရာက တဖြည်းဖြည်း မည်းမှောင်လာခဲ့သည်။ ‘‘ဘယ်သူက တွန်းအားပေး နေလဲဆိုတာရှင်းနေတာပဲ’’ ရှနင်းချန်က နည်းနည်းလေးတောင် မခံပဲချက်ချင်း ပြန်ပက်လိုက်သည်။

ယွမ်လန်အမူအရာက သုန်မှုန်နေခဲ့ပြီး သူ့စိတ်ထဲမှာတော့ တရှုးရှုးတရှဲရှဲ ဖြစ်နေခဲ့သည်။ ဒါပေမယ့် သူဆက်ပြီး သည်းခံထားကာ ပြောလိုက်သည်

‘‘အဲ့လိုဆိုတော့လည်း နင့်ရဲ့ကောင်းကင်အဆင့် အကာအကွယ်ရတနာက ငါ့တိုက်ခိုက်မှုတွေကို ခုခံနိုင်မလား ကြည့်ရတာပေါ့’’ သူဒီစကားထက်တဲ့ မိန်းမကို ဆက်ပြီး သည်းမခံနိုင်တော့ပေ။ သူရှနင်းချန်ကို သူ့လက်အောက်ကို သိမ်းသွင်းနိုင်ရင် ကောင်းကင်အဆင့်ရတနာတစ်ခုကို

ရလိုက်တာနဲ့ အတူတူပင်ဖြစ်သည်။ ပြီးတော့ သွေးတိုက်ပွဲဂိုဏ်းမှာဆက်နေ စရာလည်း လိုတော့မည်မဟုတ်ချေ။

ထို့ပြင် ရှနင်းချန်၏ နောက်ခံကပဟေဠိ ဖြစ်စရာ ကောင်းနေတဲ့အတွက် သူမမှာအခြားလျှို့ဝှက်လက်နက်တွေလည်း

ရှိကောင်းရှိနိုင်ပေသည်။ ဒါကြောင့် သူကံစမ်းပြီး ကောင်းကင်အဆင့် အကာအကွယ်ရတနာကို ချိုးဖျက်နိုင်မလားဆိုတာ စမ်းကြည့်ချင်ပေသည်။ သူမချိုးဖျက်နိုင်ရင်တောင် ပြန်ဆုတ်ပြီး စစ်ကူခေါ်လို့ရပေသေးသည်။ သူကဝင်ပေါက်ကိုပိတ်ထားမှတော့

ရျနင်းချန်လည်း ဒီနေရာနေ ထွက်ပြေးလို့ရတော့မည်မဟုတ်ချေ။ ရှနင်းချန်က အပြင်ပန်းမှာသာ တည်ငြိမ်ပုံရပေမယ့် စိတ်ထဲမှာတော့ တော်တော်လေး စိုးရိမ်နေခဲ့သည်။

သူမခွန်အား၂၀ရာခိုင်နှုန်းလောက် ပြန်ရနေပြီး ကောင်းကင်

အဆင့်အကာအကွယ်ရတနာကို အသက်သွင်းနိုင်ပေမယ့် ထိုကဲ့သို့

လုပ်ဆောင်ဖို့က ချီစွမ်းအင်တော်တော်များများ ကုန်ပေသည်။

သူမ ကောင်းကင်အဆင့် အကာအကွယ်ရတနာကို အသက်သွင်းလိုက်တာနဲ့ စွမ်းအားမဲ့တဲ့ အခြေအနေကို နောက်တစ်ကြိမ် ပြန်ရောက်သွားပေလိမ့်မည်။

ရန်ကိုင်ကိုရှာဖို့ လုပ်ထားတဲ့သူအ၏ အစီအစဉ်လည်း ပျက်စီသွားရပေလိမ့်မည်။

ဒါကြောင့် သူမချီစွမ်းအင်တွေကို တစ်ထိုင်တည်းအကုန်မသုံးနိုင်ပေ။ ဒါပေမယ့် သူမအဲ့လိုမလုပ်ခဲ့ရင်လည်း ယွမ်လန်ကိုရင်ဆိုင်နိုင်မယ်လို့ သူမမှာယုံကြည်ချက် မရှိပေ။ ထို့ပြင် သူမ၏ မြေနေရာအနေအထားက သိပ်ပြီးမကောင်းတဲ့အတွက်

သူမခွန်အားအပြည့် ထုတ်သုံးနိုင်မည်မဟုတ်ချေ။ ရှနင်းချန်က ဘာပဲဖြစ်ဖြစ် တုန့်ဆိုင်းမနေတော့ပေ။ ရန်သူက သူမကို

ဒီလောက်ဖိအားပေးနေမှတော့ သူမရန်သူကို ဒီအတိုင်း လွှတ်မပေးနိုင်ပေ။

သူတို့နှစ်ယောက်ကြားက အကွာအဝေးတဖြည်ဖြည်း ကျဉ်းမြောင်းလာတာနဲ့ ရှနင်းချန်က မတ်တပ်ရပ်လိုက်ပြီး ယွမ်လန်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။ သူတို့နှစ်ယောက်ကြားက အကွာအဝေးက သုံးပေလောက်ထ ကျဉ်းမြောင်းသွားတဲ့

အချိန်မှာတော့ ယွမ်လန်မျက်နှာပေါ်က အပြုံးပျောက်ကွယ်သွားခဲ့ပြီး လေနက်တဲ့ အမူအရာက အစားထိုး ဝင်ရောက်လာခဲ့သည်။

ရှနင်းချန် ရုတ်တရက် တိုက်ခိုက်လိမ့်မယ်လို့ သူမမျှော်လင့်ထားခဲ့ပေ။ သူမ၏ ကျောက်စိမ်း လက်ကလေးတွေက အစီအရင်တစ်ခုကို ပုံဖော်နေခဲ့ပြီး လေးအေးမြှားတစ်ချောင်းက ယွမ်လန်ဆီတိုးဝင်သွားခဲ့သည်။ ယွမ်လန် မျက်မှောင် ကြုံ့လိုက်မိသည်။ ထိုမိန်းမတွင် ခုခံကာကွယ်ဖို့သာမက

တိုက်ခိုက်ဖို့ပါက စွမ်းအာကျန်ရှိဦးမယ်လို့ သူမထင်ထားခဲ့ပေ။ သူမဒဏ်ရာရတာ ဘယ်လောက်ကြာသေးလို့လဲ…။

သူမမှာရှိတဲ့ဆေးလုံးအကုန်သုံးပြီး

ကုစားရင်တောင် ဒီလောက်မြန်မြန်ပြန်မကောင်းသင့်ပေ။

ရှနင်းချန်က အထူးခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင်ထားတယ်ဆိုတာကိုတော့ သူမသိပေ။ သူမဆေးတစ်လုံးစားလိုက်တာနဲ့ ထိုဆေးလုံးထဲမှာပါဝင်တဲ့ ဆေးစွမ်းအင် အပြည့်အဝကို စုပ်ယူသန့်စင်နိုင်ပေသည်။ မဟုတ်ရင် သူမမှာရှိတဲ့ ဆေးလုံး

နည်းနည်းလေးနဲ့ ခွန်အား၂၀ရာခိုင်နှုန်းပြန်ရအောင် လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ချေ။

လေးအေးဓါးသွားက သူ့အတွင်းပိုင်းထိ ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီး အရိုးကို ထိတော့မှာပဲ ရပ်သွားခဲ့သည်။ ထိုဓါးသွားတွေက တောင်ကြားထဲက ယင်ချီတွေကို

သုံးပြီးဖန်တီးထာတာဖြစ်ပေသည်။ ထို့ပြင် ထိုဓါးသွားတွေ ဖန်တီးဖို့ကလည်း ချီစွမ်းအင် သိပ်ပြီးမကုန်ပေ။ ယွမ်လန်က သူ့လက်တွင်ချီစွမ်းအင်ကို စုစည်းလိုက်ပြီး ရှနင်းချန်ဆီ ပြေးဝင်သွားရင်း အော်လိုက်သည်‘‘တိမ်ပျံလက်ဝါး’’

တိမ်ပျံလက်ဝါးက လက်ဝါးပညာရပ်တစ်ခုမဟုတ်ပဲ ဓါးပညာရပ် တစ်ခုသာဖြစ်သည်။ ထိုပညာရပ်က မြေကမ္ဘာ အဆင့်နိမ့် ပညာရပ်တစ်ခုဖြစ်ပြီး ဓါးနဲ့တွဲသုံးရတာဖြစ်သည်။ ဒါပေမယ့်

ယွမ်လန်အဖို့ သူ့လက်ထဲတွင်ဓါးတစ်ချာင်းမှ မရှိတဲ့အတွက် ဓါးအစားလက်ဝါးနဲ့သာ အသုံးပြုလိုက်ရခြင်ဖြစ်သည်။ ထို့ကြောင့် သူ့တိုက်ကွက်စွမ်းအားကလည်း တော်တော်လေး လျှော့ကျသွားပေသည်။

ရှနင်းချန်၏ တိုက်ခိုက်မှုတွေက ပိုင်းဖြတ်ခြင်းခံလိုက်ရပြီ အသုံးမဝင်ဖြစ်သွားခဲ့သည်။ ရှနင်းချန်၏ တိုက်ခိုက်မှုတွေမှာ သတ်ဖြတ်နိုင်စွမ်း မပါဝင်မှန်း သိုလိုက်ရတဲ့အခါ

ယွမ်လန်က လှောင်ပြုံးပြုံးလိုက်သည်။ ဒါပေမယ့် မမျှော်လင့်ပဲ

တဝှီဝှီမြည်သံကြားလိုက်သဖြင့် ကြည့်လိုက်တဲ့အချိန်မှာတော့ ရှနင်းချန်က နောက်ထပ် လေအေးဓါးသွားတွေ ပစ်လွှတ်လိုက်တာကို တွေ့လိုက်ရသည်။

ဒါကယွမ်လန်ကိုဒေါသထွက်သွားစေခဲ့ပြီး သူ့လက်ကို လေရူးတစ်ခုလို လှုပ်ရှားလိုက်ပြီး အော်လိုက်သည် ‘‘မိုးပြာနဂါးငိုကြွေးခြင်း’’ နဂါးဟိန်းသံ ထွက်ပေါ်လာခဲ့ပြီး အခုတိုက်ကွက်က အရင်တိမ်ပျံလက်ဝါးတိုက်ကွက်ထက်

ပိုစွမ်းအားကြီးပေသည်။ အသက်ရှုချိန်တောင်မပေးပဲ ရှနင်းချန်က လေးအေးဓါးသွား တွေကို အဆက်မပြတ်ပစ်လွှတ်နေခဲ့သည်။ ယွမ်လန်က သူ့ခြေလှမ်းကို ရပ်တန့်မသွားပဲ အားကုန်သုံးကာ ခုခံနေခဲ့သည်။

ဇူတစ်ထောင်ခြေလှမ်း၊ မိုးပျံဖီးနှစ်ရိုက်ချက်၊ ကောင်းကင်အသက်လျှပ်စီး၊ အသွင်ပြောင်းသံလက်ဝါး၊ သံမဏိခေါင်းဖြတ်လက်၊ ဝိဉာဉ်နဂါးလက်သီး……….

သူကို ချီသန့်စင်ခြင်းအဆင့် ဆရာသခင်တစ်ယောက်လို့ ခေါ်ထိုက်ပေသည်…

နည်းပေါင်းတစ်ရာနဲ့ ရှနင်းချန်ကိုသတ်ဖြတ်ဖို့ သူကြိုးစားလိုက်သည်။ ရှနင်းချန်ကတော့ မပြောင်မလဲပဲ လေအေးဓါးသွာကိုသာ ဆက်ပြီး အသုံးပြုနေခဲ့သည်။ ‘နင့်မှာ သိုင်းပညာရပ်တွေ အများကြီးရှိနေလို့လည်း ဘယ်သူမှ ဂရုစိုက်မနေမှာမဟုတ်ဘူး..

ငါကတော့ လေအေးဓါးသွားပဲ ဆက်ပြီးသုံးမှာ’

သူတို့နှစ်ယောက်၏တိုက်ခိုက်မှုကြောင့် လိုဏ်ဂူနံရံပေါ်တွင် အက်ကြောင်းတွေပေါ်လာခဲ့သည်။ လေအေးကတဝှီဝှီနဲ့ တိုက်ခတ်နေပြီး တစ်ခုခုမူမမှန်တာကို ယွမ်လန်နောက်ဆုံး

သတိထားမိလိုက်သည်။ သူ့ကျင့်ကြံခြင်းက ချိတ်ပိတ်ထားခြင်းခံရပြီး

ယင်ချီတွေကိုခုခံဖို့လည်း ချီစွမ်းအင်သုံးရသလို သိုင်းပညာရပ်တွေအသုံး ပြုဖို့ ချီစွမ်းအင်တော်တော်များများ သုံးလိုက်ရတဲ့အတွက် အခုအချိန်တွင် အခုအချိန်တွင် သူတော်တော်မောနေပြီဖြစ်သည်။ ဒါပေမယ့် ရှနင်းချန်ကတော့

မျက်နှာလည်းမနီသလို အသက်ရှုမြန်လာတာလည်း မရှိပေ။

ရှနင်းချန်ပစ်လွှတ်နေတဲ့ လေအေးဓါးသွားတွေက တောင်ကြားထဲက ယင်ချီတွေက နေတစ်ဆင့် ဖန်တီးထားတာဆိုတာကို သူသိပေသည်။ ဒါကြောင့် သူမချီစွမ်းအင် အများကြီးသုံးစရာမလိုပဲ နည်းနည်းလေးသုံးရင်နဲ့တင် လေအေးဓါးသွားတွေကို

အဆက်မပြတ် ပစ်လွှတ်နိုင်ပေသည်။ အခုလိုသူ့စွမ်းအားတွေ ချိတ်ပိတ်ထားခံရတဲ့ အချိန်တွင် ရှနင်းချန်ကို အနိုင်ယူဖို့မဖြစ်နိုင်ဘူးဆိုတာ သိလိုက်သည်။ အခုလို

အရှက်တကွအကျိုးနည်း ဖြစ်ခဲ့ရတဲ့အတွက် ရက်စက်ကြမ်းတမ်းစွာ

ပြောလိုက်သည်‘‘ သောက်ကျင့်မကောင်းတဲ့ခွေးမ၊ နင်အခု လက်မလျှော့ဘူးဆိုရင် ငါသလင်လေးလုံကိုခေါ်လိုက်တော့မယ်။ သူရောက်လာတာနဲ့ နင်ကိုမုဒိန်းကျင့် သတ်လိ့မ်မယ်။ နင်သေချင်ပါတယ်လို့ တောင်းဆိုရင်တောင် သေလို့ရမှာမဟုတ်ဘူး’’

‘‘စက်ဆုပ်ဖွယ်ကောင်းတဲ့ကောင်’’ ရှနင်းချန်က ပြန်ပြောလိုက်သည်။

‘‘ဟဲဟဲ… .လုံဟူလက်ထဲရောက်သွားတဲ့ မိန်းကလေးတိုင်း အနာဂတ်

ကောင်းတယ်ဆိုတမရှိဘူး…ငါပြောတဲ့အတိုင်းသာ လိမ်လိမ်မာမာနဲ့

လက်ခံလိုက်စမ်းပါ။ ငါနင့်ကိုကောင်းကောင်းမွန်မွန် ဆက်ဆံမှာပါ’’

‘‘အရှက်မရှိလိုက်တာ’’ ရှနင်းချန်က ဒေါသတကြီး ပြန်အော်လိုက်သည်။

‘‘ငါတစ်ကနေ သုံးအထိရေမယ်။ အဲ့အချိန်အတွင်း နင်လက်မလျှော့ဘူးဆိုရင်တော့ နင့်ကို အခွင့်အရေးမပေးဘူးဆိုပြီး ငါ့ကိုအပြစ်မတင်နဲ့’’ သူ့အသွင်အပြင်

စက်ဆုပ်ဖွယ်ကောင်းနေပြီး ဖြေးဖြေးချင်း ရေတွက်လိုက်သည် ‘‘တစ်….’’

‘‘နှစ်….’’ ယွမ်လန်က နှစ်ဆိုတဲ့စကားလုံးကို ဆွဲပြီးရေတွက်လိုက်သည်။

ရှနင်းချန်၏ မျက်လုံးလေးတွေက ရုတ်တရက် လခြမ်းကွေးလေးလို

ကွေးသွားလိုက်သည်။ ထိုအခိုက်အတန့်က သိပ်မကြာလိုက်သော်လည်း သူမ ပြုံးလိုက်တယ်ဆိုတာကိုတော့ ယွမ်လန်သေချာသိပေသည်။

‘သူမပြုံးလိုက်ရင် တော်တော်လှတာပဲ’ ချက်ချင်းပဲ ယွမ်လန်ကသုံးဆိုပြီး ရေတွက်လိုက်သည်။

‘‘နင်စဉ်းစားပြီးပြီလား’’ သူမစိတ်ပြောင်းသွားတယ်လို့ သူမထင်နေမိသည်။ ကွေးမြဲကွေးနေဆဲဖြစ်ပြီး

ချစ်စဖွယ်ကောင်းစွာ ပြောလိုက်သည်‘‘ နင်တစ်ယောက်တည်းမှာပဲ

အကူရှိတယ်လို့ ထင်နေတာလား’’

‘‘ဘာ’’ သူမဘာပြောချင်လဲဆိုတာ သူနားမလည်ခဲ့ပေ။

‘‘ငါ့မှာလည်း အကူအညီရှိတယ်’’ ယွမ်လန်နောက်က

လူကိုကြည့်ရင်း ရှနင်းချန်က ခြေဆောင့်ရင်းရှိုက်သံကြီးနဲ့ ပြောလိုက်သည်

‘‘ဂျူနီယာမောင်လေး နင်ထွက်လာသင့်ပြီ’’

ယွမ်လန်က အလိုလိုနေရင်း လှောင်ပြောင်လိုက်သည်

‘‘ အဲ့လိုကလေးကစားတဲ့ အကွက်တွေနဲ့ ငါ့ကိုလာပြီးလှည့်စားဖို့ မကြိုးစားနဲ့။ မိန်းကလေး…မင်းက ငါ့ကို အရူးတစ်ယောက်လို့ ထင်နေတာလား’’

‘‘မင်းက တကယ့်ကိုသောက်ရူး တစ်ယောက်ပဲ’’ ခံစားချက်ကင်းမဲ့ပြီး အလွန်အမင်းအေးစက်နေတဲ့ အသံတစ်သံက ယွမ်လန် နောက်ကနေ ထွက်ပေါ်လာဲ့သည်။ သူအလျင်စလို နောက်လှည့်ကြည့်ဖို့

ကြိုးစားလိုက်တဲ့အချိန်တွင် ရှနင်းချန်က ရုတ်တရက် တိုက်ခိုက်လိုက်သည်။ လက်ရှိနေရာက ဝင်ပေါက်တစ်ပေါက်သာ ရှိတဲ့အတွက် ယွမ်လန်အဖို့ နောက်ဆုတ်လို့လည်းမရ ရှေ့တို့လို့လည်းမရဖြစ်နေခဲ့သည်။

ရွှတ်…..သူ့ခန္ဓာကိုထက်ရှတဲ့ လက်နက်တစ်ခု ထိုးဖောက်ဝင်ရောက်လာတာကို ယွမ်လန်ခံစားမိလိုက်သည်။ သူငုံ့ကြည့်လိုက်တဲ့အချိန်မှာတော့ သူ့ဝမ်းဗိုက်မှာ

စိုက်ဝင်နေတဲ့ ဓါးတစ်ချောင်းကိုတွေ့လိုက်ရသည်။

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၁၀) မိန်းကလေးတစ်ယောက်၏ ယုယကြင်နာမှု

သူ့ခန္ဓာကိုယ်အတွင်းကို ထိုးဖောက်ဝင်ရောက်သွားတဲ့ ဓါးကသူ့အသက်ကို ခြိမ်ခြောက်နိုင်တဲ့ ဒဏ်ရာတစ်ခုကို ပေးစွမ်းနိုင်ခဲသည်။ ဒါပေမယ့် သူ့အသက်ကိုတော့ မနုတ်ယူနိုင်သေးပေ။ ယွမ်လန်ခဗျား သူ့နှလုံးတင်းကြပ်လာခဲ့ပြီး အသက်စွမ်းအင် တွေတစ်စတစ်စ ယုတ်လျော့လာတာကို ခံစားမိလိုက်သည်။ ထို့နောက် သူ့ကျောဘက်ကို အလျင်စလို လှည့်ကြည့်လိုက်ပြီး သူ့နောက်မှာရှိနေတဲ့ ရန်ကိုင်ကို ကြည့်လိုက်သည်။

‘‘တိရိစ္ဆာန်ကောင်’’ ယွမ်လန်အော်လိုက်သည်။ သူ့အမူအရာက တော်တော်လေးကို ရယ်စရာကောင်းနေခဲ့ပြီး သူ့ဘဝကိုတော့ ဒီနေရာမှာ အဆုံးမသတ်ချင်သေးပုံ ပေါ်နေခဲ့သည်။ ရန်ကိုင်က တိတ်ဆိတ်မြဲတိတ်ဆိတ်နေခဲ့ပြီး ယွမ်လန်ခန္ဓာကိုယ်မှာ

စိုက်ဝင်နေတဲ့ဓါးကို ပြန်ဆွဲထုတ်ပြီး နောက်တစ်ကြိမ် ပြန်ထိုးသွင်းလိုက်သည်။

ထိုကဲ့သို့ လေးကြိမ်လောက်ပြုလုပ်ပြီးတဲ့ အချိန်မှာတော့ ယွမ်လန်လည်း ဆက်ပြီး မတောင့်ခံနိုင်တော့ပဲ မြေကြီးပေါ်သို့ အသက်ကင်းမဲ့စွာနဲ့ လဲကျ သွားခဲ့ရသည်။ သူ့မြင်ကွင်းက တဖြည်းဖြည်မှောင်မိုက်လာခဲ့ပြီး သူ့မျက်နှာ ပေါ်မှာတော့ ခါးသီးတဲ့အပြုံးတစ်ခုကို ဆင်မြန်းထားရင်း သေဆုံးသွားခဲ့သည်။

ကံကြမ္မာဆိုတာက ဘယ်တော့မှ အကျိုးသင့် အကြောင့်သင့်မဟုတ်သလို ကံတရားကလည်း ငါတို့ကိုကစားနေတာပါလား…။ ဝင်ပေါက်ကိုပိတ်ပြီး

ထိုမိန်းကလေးရဲ့လမ်းကြောင်းကို ပိတ်ထားတုန်းက ထိုကဲ့သို့တွေးနေတာ ဖြစ်သည်။ ဒါပေမယ့် အဆုံးမှာတော့ ထောင်ချောက်မိသွားတဲ့သူက သူကိုယ်တိုင်ပင် ဖြစ်နေခဲ့သည်။ ဝင်ပေါက်ကော ထွက်ပေါက်ကော တစ်ပေါက်တည်း ဖြစ်နေတဲ့ အချက်ကြောင့်သာ မဟုတ်ရင် သူလည်း ရန်ကိုင်နှင့် ရှနင်းချန်တို့၏ ထောင်ချောက်ထဲ ဒီလောက်လွယ်လွယ်ကူကူနဲ့

ကျသွားလိမ့်မည် မဟုတ်ချေ။ သူတို့နှစ်ယောက်ကို နှစ်ယောက်တစ်ယောက် ယှဉ်တိုက်လို့မနိုင်ရင်တောင်

သူလွတ်အောင် ထွက်ပြေးနိုင်ချေရှိသေးပေသည်။ဒါပေမယ့် အခုအချိန်မှာတော့ သူကြိုးစားခဲ့သမျှကတော့ ခဲလေသမျှ သဲရေကျသလို အချည်းနှီးဖြစ်သွားခဲ့ပေပြီ။ မုဆိုးတွေလည်း

တစ်နေ့ကျရင်တော့ သားကောင်ဖြစ်လာရလိမ့်မှာပေါ့……..

‘‘နင်အဆင်ပြေလား’’ ရန်ကိုင်က ရှနင်းချန်ကိုကြည့်ရင်း မေးလိုက်သည်။ ရန်ကိုင်က ယွမ်လန် ရှနင်းချန်ပုန်းနေတဲ့ နေရာကိုမရောက်ခင်ကတည်းက ဒီအနီးအနား

ပတ်ဝန်းကျင်မှာ ရှိနေခဲ့တာဖြစ်သည်။ ဒါပေမယ့် ယွမ်လန် လိုဏ်ဂူထဲဝင်ကာ ရှနင်းချန်နှင့် တိုက်ခိုက်ပြီး အားကုန်မယ့် အချိန်ကိုစောင့်ကာ အလစ်ချောင်း တိုက်လိုတဲ့အတွက် အစောကြီး မထွက်လာခဲ့ရခြင်းဖြစ်ပေသည်။ ဒီနည်းလမ်းက နည်းနည်းယုတ်ညံ့ အထင်သေးဖွယ်ကောင်းပေမယ့် ရှနင်းချန်လည်း ထိုအချက်ကို

လုံးဝသတိမပြုမိခဲ့ပေ။ ဒါပေမယ့် တကယ့်တော့ ဒီနည်းနဲ့ပဲ အတတ်နိုင်ဆုံး စွမ်းအင်တွေကို ချွေတာနိုင်မှာပဲ ဖြစ်သည်။

‘‘ငါကအဆင်ပြေပါတယ်…နင်ကော……’’ ရှနင်းချန်က စကားပြောလို့မပြီးသေးခင်မှာပဲ ရန်ကိုင်ဝမ်ဗိုက်နဲ့ ပုခုံကဒဏ်ရာတွေကိုတွေ့လိုက်ရပြီး ပြောလက်စကားတွေကို

တန့်လိုက်ရသည်။ ထိုအချိန်တွင် တစ်ကိုယ်လုံးသွေးတွေနဲ့ ဖုံးလွှမ်းနေတဲ့ ရန်ကိုင်အမူအရာက လုံးဝကိုတည်ငြိမ်နေခဲ့ပြီး စိတ်မပူတဲ့ပုံပေါက်နေခဲ့သည်။

သူက ယောကျ်ားတွေမှာသာ ရှိနိုင်တဲ့ တည်ငြိမ်ပြီး အားကိုးနိုင်ပုံပေါက်တဲ့ လေထုစွမ်းအင်ကို ပေးစွမ်းနိုင်ပြီး အရင်က လေတိုက်ရင်တောင် လဲကျမတတ် ဖြစ်နေတဲ့ အလွန်အားနည်းတဲ့ သူ့ရဲ့ပုံစံနဲ့ တခြားစီဖြစ်နေခဲ့သည်။ သူ့ခန္ဓာကိုယ်က လိုဏ်ဂူဝင်ပေါက်ကို ပိတ်ထားခဲ့ပေမယ့် တုန်လှုပ်ခြင်းအရှင်းမရှိပဲ

တောင်ကြီးတစ်လုံးကို ကြံ့ကြံ့ခိုင်ပုံပေါက်နေခဲ့သည်။ လေမိုးကြိုး အခက်အခဲ အားလုံးကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း သီးခြား ဖြစ်နေပြီး ခြောက်ကပ်နေတဲ့ လိုဏ်ဂူလေးကို ငြိမ်းချမ်းမှု၊ နွေးထွေးမှုနှုင့် လုံခြုံမှုတို့ကို သယ်ဆောင်လာပေးခဲ့သည်။

အရှေ့ကို လျှောက်သွားလိုက်ပြီး သူမ၏ သေးသွယ်သွယ် လက်ကလေးတွေကို ရန်ကိုင် ဝမ်းဗိုက်ဆီကို ဆန့်ထုတ်လိုက်သည်… .သူမလက်တွေက တုန်ရီနေခဲ့ပြီး သူ့ဒဏ်ရာတွေကို မထိရဲခဲ့ပေ။ အနည်းငယ်သော ထိတွေ့မှုက သူကို နာကျင်မိစေမှာကို သူမကြောက်မိနေခဲ့သည်။ စိုးရိမ်ဝမ်းနည်းမှုကြောင့်

သူမမျက်လုံးတွေ နီရဲနေခဲ့သည်။ ဒီတိုးတောင်းလှတဲ့ လေးနာရီအချိန်ကာလအတွင်း ဘယ်လောက်တောင်

ခက်ခဲကြမ်းတမ်းတဲ့ တိုက်ပွဲတွေကို သူတိုက်ခိုက်ခဲ့ရတာလဲ။ သူ့တစ်ကိုယ်လုံး သွေးနေနဲ့ ရွှဲနစ်နေလောက်အောင် သူ့ခန္ဓာကိုယ်က သွေးဘယ်လောက်များများ ဆုံးရှုံးသွားခဲ့ရပြီးပြီလဲ။ ဒီလို ခြောက်သွေ့ပြီး သီးခြားဆန်တဲ့ တောင်ကြားထဲတွင်

လူသားချင်း စာနားထောက်ထားစိတ်မရှိပဲ သားရဲတစ်ကောင်လို ရက်စက် ကြမ်းကြုတ်တဲ့ လူပေါင်းများစွာနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့ အချိန်မှာတော့ ရန်ကိုင်နှင့် ရှနင်းချန်တို့ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် မှီခိုအားထားခဲ့ လာကြသည်။ ဒါကြောင့် ရန်ကိုင်၏ သနားစဖွယ်ကောင်းတဲ့ အခြေအနေကို မြင်လိုက်ရတဲ့အချိန်မှာတော့ သူမရဲ့နှလုံးသားလေးက ဘယ်လိုလုပ်ပြီး မနာကျင် မခံစားရပဲ နေပါ့မလဲ။

သူရဲကောင်းတစ်ယောက်ရဲ့ ကယ်တင်ခြင်းကိုမခံချင်တဲ့ မိန်းကလေးဆိုတာ ဒီလောက်မှာရော ရှိလို့လား…။ သူမကို ကယ်တင်ခဲ့တဲ့သူက ကြီးကြယ်မြင့်မြတ်တဲ့ သူရဲကောင်း တစ်ယောက်မဟုတ်သလို စွမ်းအားခွန်ပကား ကြီးမားတဲ့ လူတစ်ယောက် လည်းမဟုတ်ပေ။ သူမကိုကယ်တဲ့ခဲ့တဲ့သူက စဦးဒြပ်စင်အဆင့်သာ ရှိသေးတဲ့ သူမ၏ ဂျူနီယာမောင်လေး တစ်ယောင်ပင်ဖြစ်သည်။ သူ့ကျင့်ကြံခြင်းအဆင့်ကလည်း

သူမရဲ့ကျင့်ကြံခြင်းအဆင့်နဲ့ ယှဉ်လိုက်မယ်ဆိုရင် ဆီနဲ့ရေလောက်ကွာခြားပေသည်။

ဒါပေမယ့ ဘာပဲဖြစ်ဖြစ် သူ့ရဲ့သူရဲကောင်းဆန်တဲ့ အပြုအမူကြောင့်

တည်ငြိမ်နေတဲ့ မိန်းမပျိုးလေး တစ်ယောက်ရဲ့ နှလုံးသားကတော့ လှိုင်းထန်းသွားခဲ့လေပြီ။

‘‘ဒဏ်ရာသေးသေးလေးတွေပါပဲ’’ ရန်ကိုင်က မသေချအရေရာတဲ့ အသံနဲ့ ပြောလိုက်သည်။ ‘‘အဆင်ပါတယ်…ငါယင်ကိုးသွယ်နှင်းပုံဆောင်ခဲတွေကို

ရှာတွေ့ခဲ့တယ်’’ ‘‘အိုး’’ သူမလေးသံမှာတော့ စိတ်လှုပ်ရှားတဲ့ အရိပ်အယောင် နည်းနည်းလေမျှ မပါဝင်ပေ။ ‘‘ငါတို့အဲ့နှင်းပုံဆောင်ခဲတွေကို ဘယ်လိုဖမ်းရမှာလဲ။

နင်ငါ့ကို ပြောသင့်ပြီလို့ ငါထင်တယ်။မဟုတ်ရင် နောက်တစ်ကြိမ်တွေတဲ့အခါကျ ငါဘာမှမလုပ်နိုင်မှာ စိုးရိမ်ရတယ်

‘‘ငါတို့အဲ့နှင်းပုံဆောင်ခဲတွေကို နောက်ထပ်မလိုအပ်တော့ဘူး’’ ရန်ကိုင်လက်ကို ညင်သာစွာ ဆွဲယူလိုက်ပြီး ရှနင်းချန်က ရန်ကိုင်ကိုထိုင်ဖို့ အချက်ပြလိုက်သည်။

‘‘ဘာလို့ငါတို့မလိုတော့တာလဲ’’ သူမစကားက ရန်ကိုင်ကိုမျက်မှောင်ကြုံ့သွား စေခဲ့သည်။ ဒီနေရာကိုခက်ခက်ခဲခဲ ရောက်အောင်လာခဲ့တာက ဒီယင်ကိုးသွယ်နှင်းပုံဆောင်ခဲတွေကြောင့် မဟုတ်ဘူးလား။ သူ့မေးခွန်းကို လျစ်လျူရှုထားလိုက်ပြီး

ရှနင်းချန်က ပြောလိုက်သည်‘‘စကားမပြောခင် အရင်ထိုင်လိုက်ဦး’’ သူမကိုသံသယအပြည့်နဲ့ ကြည့်လိုက်ရင်း ရန်ကိုင်ကဖြေးဖြေးချင်း ထိုင်ချလိုက်သည်။

ထို့နောက် ရန်ကိုင်ရှေ့တွင် ဒူးထောက်လိုက်ပြီး သူမနှုတ်ခမ်းကို ကိုက်လိုက်သည်။ ထို့နောက် သူ့မအဝတ်အစားကို ဆုတ်ဖြဲလိုက်ပြီး ဆေးပုလင်းတစ်ပုလင်းကို ထုတ်ကာ ဆေးရည်ကို အဝတ်စပေါ်တွင်သုတ်လိမ်းလိုက်ပြီး မဝံ့မရဲနဲ့ ရန်ကိုင်

ဝမ်းဗိုက်ပေါ်က ဒဏ်ရာကိုစည်းပေးလိုက်သည်။ ရန်ကိုင်လည်းသူမလုပ်ပေးတာကို ဒီအတိုင်း ငြိမ်ခံနေလိုက်သည်။ ‘‘ငါတို့မနက်ဖြန်နေမထွက်ခင်အထိ ဒီမှာစောင့်မယ်’’

ရန်ကိုင်ဒဏ်ရာကို စည်းပေးနေရင်း ပြောလိုက်သည် ‘‘နေထွက်လာတာနဲ့ ချုပ်နှောင်ခြင်း ရှစ်ခုအစီအရင်က ပျက်ပြယ်သွားလိမ့်မယ်။ အဲ့အချိန်ရောက်တာနဲ့

ငါတို့ဒီနေရာကနေ ထွက်သွားကြမယ်’’

‘‘ဒါပေမယ့် ငါတို့ကဒီနေရာကို………’’

‘‘ငါတို့လုပ်စရာမလိုတော့ဘူး’’ ရှနင်းချန်က ရန်ကိုင်ပြောတာကို ပြီးအောင်မစောင့်ပဲ ဖြတ်ပြောလိုက်သည်‘‘မထိုက်တန်ဘူး’’ စဉ်းစားနေရင်း သူမကိုကြည့်လိုက်ပြီး ရန်ကိုင်ပြောလိုက်သည်

‘‘ စီနီယာမမလေး ဘာတွေနေလဲဆိုတာ ငါသိပါတယ်။

ဒါပေမယ့် သူတို့ထဲက ကိုးယောက်ကို ငါသတ်ပြီးသွားပြီ..။ အခုဆိုနှစ်ယောက်ပဲ ကျန်တော့တာ’’ ‘‘ဘာ…’’ ရှနင်းချန်က ရန်ကိုင်ကိုခေါင်းမော့ကြည့်လိုက်ပြီး

သူမ၏မျက်လုံးအစုံမှာတော့ မယုံကြည်နိုင်မှုတို့နဲ့ ပြည့်နေခဲ့သည်။

‘‘သူတို့မှာနှစ်ယောက်ပဲ ကျန်တော့တာ။ ငါတို့မှာလည်း နှစ်ယောက်ပဲရှိတာ …။ သူတို့တစ်ခုခုလုပ်မှာကို စီနီယာမမလေး ကြောက်နေတာလား’’ ရူသွပ်မှု အရိပ်အယောင်တစ်စွန်းတစ်စက ရန်ကိုင်မျက်လုံးထဲဖြတ်ပြေးသွားခဲ့သည်

‘‘သူတို့တောင် ရက်စက်မှတော့ …ငါတို့ကလည်း ယဉ်ကျေးနေလို့ မဖြစ်ဘူးမလား။ ယင်ကိုးသွယ်နှင်းပုံဆောင်ခဲကိုလည်း လက်လွှတ်ခံလို့မဖြစ်ဘူး။ ငါတို့ဒီလို တစ်ဝက်တစ်ပြက်နဲ့ လက်လွှတ်ခံလို့မဖြစ်ဘူး’’

‘‘နင်နောက်နေတာမလားဟင်’’ ရှနင်းချန်က နူးညံ့သိမ်မွေ့စွာနဲ့ မေးလိုက်သည်။

‘‘စီနီယာမမလေးကို လိမ်ပါ့မလား’’ ရန်ကိုင်က ရယ်လိုက်သည်။ ဒါပေမယ့် သူရယ်လိုက်တာကြောင့် သူ့ဒဏ်ရာတွေ ပြန်ပွင့်ထွက်သွားခဲ့ပြီး နာကျင်မှုကြောင့် တရှုးရှုးတရှဲရှဲ ဖြစ်သွားခဲ့ရသည်။ ‘‘သူတို့မှာ တကယ်ပဲ လူနှစ်ယောက်ပဲ

ကျန်တော့တာလား’’ ‘‘လုံဟူနဲ့ စီနီယာမမလေးကို ဒဏ်ရာရအောင် လုပ်လိုက်တဲ့ ကောင်ပဲကျန်တော့တာ’’ ရန်ကိုင်က ခေါင်းညိတ်ရင်း ပြန်ပြောလိုက်သည်။ ရှနင်းချန်က ရန်ကိုင်ကို ငေးကြောင် ကြည့်နေလိုက်သည်။ အစတုန်းကတော့ သွေးတိုက်ပွဲဂိုဏ်းလက်က ထွက်ပြေးရင်း ထိုဒဏ်ရာတွေရခဲ့တာလို့ ထင်နေခဲ့တာဖြစ်သည်။ သူတို့လက်ထဲက အသက်ရှင်လျက် လွတ်မြောက် လာတာတောင် တော်တော်လေး ကံကောင်းနေခဲ့တာလို့တောင်

သူမတွေးနေခဲ့တာဖြစ်သည်။

ဒါပေမယ့် ရန်ကိုင်ကတော့ သူတို့လက်ထဲက အသက်ရှင်လျက် လွတ်မြောက်အောင် လုပ်ဆောင်နိုင်ရုံမက သူတို့ထဲက

ကိုးယောက်ကိုပါ သတ်ဖြတ်နိုင်ခဲ့သည်။ သူသတ်ခဲ့တဲ့လူတွေထဲတွင်

ချီသန့်စင်ခြင်းဆရာသခင်အဆင့် တော်တော်များများတောင် ပါသေးပေသည်။ သူဘယ်လိုလုပ်ပြီး ဒီလိုလုပ်နိုင်ခဲ့တာလဲ။ ‘‘သူတို့မှာသာ အမှန်တကယ် နှစ်ယောက်ပဲ ကျန်တော့တာဆိုရင် ငါတို့သူတို့ကိုကြောက်စရာ မလိုတော့ဘူး’’

မျက်ခုံးသွယ်သွယ်နှစ်ခုကို ကြုံ့ထားရင်း သူမပြောလိုက်သည်

‘‘ ငါစိုးရိမ်နေတာက ဟိုအစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူကိုပဲ။ သူ့စွမ်းအားတွေသာ ပြန်ရသွားခဲ့မယ် ဆိုရင် သူတို့ကိုတိုက်ဖို့မပြောနဲ့ သူတို့လက်ကတောင် လွတ်မြောက်အောင် ပြေးနိုင်မယ်ဆို မသေချာဘူး’’ ရန်ကိုင်က မျက်ခုံးပင့်လိုက်ပြီးမေးလိုက်သည်

‘‘အစီအရင်ကျိုးပျက်သွားတာနဲ့ သူ့စွမ်းအားတွေပြန်ရသွားမှာလား’’

‘‘အင်း’’

‘‘အဲ့လိုဆိုရင်တော့ ငါတို့ရွေးချယ်စရာမရှိတော့ဘူး’’ ရန်ကိုင်အမူအရာက တဖြည်းဖြည်း အေးစက်လာခဲ့သည်။ သူတို့သာ ထိုအစစ်အမှန်ဒြပ်စင်အဆင့် ဆရာသခင်ကို မသတ်နိုင်ရင် နေထွက်တာနဲ့ အသတ်ခံရမယ့်သူက သူတို့ ဖြစ်သွားတော့မှာပဲ ဖြစ်သည်။ ‘‘အခုမှငါ့စွမ်းအာ ၂၀ရာခိုင်နှုန်းပဲ ပြန်ရသေးတယ်။

အစစ်အမှန်ဒြပ်စင်အဆင့် ဆရာသခင်ကိုတိုက်ခိုက်ဖို့ကတော့ တော်တော်လေး အန္တရာယ်များလိမ့်မယ်’’ ရှနင်းချန် သက်ပြင်းချလိုက်သည်။

‘‘ငါဆေးလုံးတော်တော်များများရလာခဲ့တယ်။ စီနီယာမမလေးအတွက် အသုံးတည့်ရှိရင် ယူလိုက်လေ’’ သူသတ်ခဲတဲ့လူတွေဆီကနေ ရလာတဲ့ ဆေးပုလင်းတွေကို ထုတ်ပေးလိုက်ပြီး ယွမ်လန်အလောင်းဆီကိုသွားကာ

သူ့အတွက်အဖိုးတန်တာလေး ရမလားဆိုပြီး အလောင်းကို ရှာဖွေကြည့်လေသည်။ ချက်ချင်းပဲ ဆေးပုလင်းအနည်းငယ်ကိုသူတွေ့လိုက်ရသည်။ ယွမ်လန်က

အခြားတပည့်တွေထက် ပိုပြီးချမ်းသာတဲ့ပုံပင်…အနည်းဆုံးတော့

ကျန်တဲ့တပည့်တွေမှာရှိတာထက် သူ့မှာရှိတာက တော်တော်လေး ပိုများပေသည်။

‘‘ချီအားဖြည့်ဆေးလုံးတွေနဲ့ဆိုရင် ငါ့စွမ်းအား ၄၀ရာခိုင်နှုန်းလောက်တော့ ပြန်ရမယ်ထင်တာပဲ’’ ရှနင်းချန်၏ မျက်နှာပေါ်တွင် အပြုံး ယဲ့ယဲ့လေး ပေါ်လာခဲ့သည်။ ‘‘စွမ်းအားသွားဖြည့်နှင့်…ငါဒီနေရာကိုစောင့်ကြပ်ထားလိုက်မယ်’’

ရန်ကိုင်အဖို့ သူကိုယ်တိုင်လည်း အားပြန်ဖြည့်ဖို့လိုအပ်သေည်။ သူ့စွမ်းအား အကုန်လုံးကို အသုံးမပြုခဲ့ပေမယ့် ပြင်ပစွမ်းအားနဲ့ စိတ်စွမ်းအားတွေကိုလည်း ပြန်လည်ဖြည့်တင်းဖို့တော့ လိုအပ်ပေသေးသည်။

All Chapters