အခန်း (၁၁၁-၁၁၅)
Vol. 5 Ch. 111-115
အပိုင်း (၁၁၁) တိုက်ပွဲကိုယ်စီ
နေထွက်ဖို့ ၂နာရီသာ လိုပါတော့သည်။ လိုဏ်ဂူကနေထွက်လာတာနဲ့ ရန်ကိုင်နှင့် ရှနင်းချန်တို့က ယင်ချီစီးဆင်းရာလမ်းကြောင်းအတိုင်း လိုက်သွားကြသည်။ ယင်ကိုးသွယ် နှင်းပုံဆောင်ခဲတွေက ယင်ချီကိုသည်းကြီးမည်းကြီး စုပ်ယူနေတဲ့ အတွက် ယင်ချီစီးဆင်းရာလမ်းကြောင်ကို ရှာဖို့ကတော်တော်လေးကို
လွယ်ကူပေသည်။ အခြေခံကျကျ ပြောရမယ်ဆိုရင်တော့ တောင်ကြားထဲမှာ ရှိနေသမျှ ကာလပတ်လုံး ထိုပြောင်းလဲမှုကို အာရုံခံနိုင်ပေသည်။ ရန်ကိုင်ရဲ့ ခန့်မှန်းချက်အရဆိုရင် သွေးတိုက်ပွဲဂိုဏ်းက ကျန်တဲ့သူနှစ်ယောက်လည်း
ယင်ချီစီးဆင်းတဲ့လမ်းကြောင်းကို သွားစစ်ဆေးလောက်ပေသည်။
ထိုအချိန်ကျရင်တော့ သူတို့နှစ်ဖွဲ့ ထိပ်တိုက်တွေ့တော့မှာပဲ ဖြစ်သည်။ ချီပြောင်းခဲခြင်းနှင့် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများစွာကို သတ်ပြီးတာတောင် ရန်ကိုင်၏သွေးဆာမှုက မပျောက်နိုင်သေးပေ။ ဒါကဘာကြောင့်လဲဆိုတော့ အစစ်အမှန်ဒြပ်စင်အဆင့်
ကျင့်ကြံသူတစ်ယောက်ရှိနေသေးလို့ပဲဖြစ်သည်။ ဖိအားရှိနေသရွေ့ကတော့ ရွှေရောင်အရိုးခြောက်က အလိုအလျောက် အသက်ဝင်နေမှာဖြစ်ပြီး သူ့စိတ်နဲ့ခန္ဓာအလုံးစုံလည်း လွတ်လွတ်လပ်လပ် သက်သက်သာသာ
နေနိုင်မည်မဟုတ်ချေ။
အခုသူတို့မသိတဲ့အချက်တစ်ခုက ထိုအစစ်အမှန်ဒြပ်စင် အဆင့်ကျင့်ကြံသူမှာ စွမ်းအားဘယ်လောက်လောက်များ ကျန်နေသေးလဲဆိုတာပင်ဖြစ်သည်။ အမွှေးတိုင်တစ်တိုင်စာလောက် ကြာတဲ့အချိန်မှာတော့ သူတို့နှစ်ယောက်က ယင်ကိုးသွယ် နှင်းပုံဆောင်ခဲ ရှိတဲ့နေရာနဲ့တဖြည်းဖြည်း နီးကပ်လာခဲ့သည်။
ထိုနေရာတစ်ဝိုက်တွင် ယင်ကိုးသွယ်နှင်းပုံဆောင်ခဲကို ဗဟိုပြုကာ
ဘေးပတ်ဝန်းကျင်တစ်ခုလုံး တောက်ပနေခဲ့သည်။
ထိုနှင်းပုံဆောင်ခဲတွေကလည်း ယင်ချီတွေကို အလောတကြီးစုပ်ယူစားသောက်နေခဲ့သည်။ ထိုအလုံးလေးတွေက ရန်ကိုင်အစောပိုင်းက မြင်ခဲ့တဲ့ယင်ကိုးသွယ်နှင်းပုံဆောင်ခဲ
တွေပဲဖြစ်သည်။ ဒါပေမယ့်အခုသူတို့ရဲ့အသွင်အပြင်က အစောပိုင်းတွေ့တုန်းကနဲ့ ခြားနားနေပြီဖြစ်သည်။ သူအစောပိုင်းတုန်းကတွေ့ခဲ့တဲ့ ယင်ကိုးသွယ်နှင်းပုံဆောင်ခဲ တွေက ရိုးရှင်းပြီး ပုံသဏ္ဍာတန်အတိအကျမရှိချေ။ ဒါပေမယ့် အခုသူတို့မြင်တွေ့နေရတဲ့ ယင်ကိုးသွယ် နှင်းပုံဆောင်ခဲတွေကတော့ ပွင့်အာနေတဲ့ပန်းပွင့်တစ်ပွင်နဲ့ တူနေပေသည်။ ပျော့ပျောင်းနူးညံ့တဲ့ ပန်းပွင့်ဖတ်တွေကိုလည်း ထင်ထင်ရှားရှား မြင်နေရလေသည်။
သူတို့နှစ်ယောက် ပုန်းအောင်းနေရင်း ယင်ကိုးသွယ်နှင်းပုံဆောင်ခဲနဲ့ သူတို့ကြားက အကွာအဝေးက တဖြည်းဖြည်းကျဉ်းမြောင်းလာခဲ့ပြီး အခုအချိန်မှာတော့ ပေ၅၀သာ ကွာဝေးတော့သည်။ ရှနင်းချန်က ရန်ကိုင်ကိုညင်သာစွာ တိုးတိုးလေးပြောလိုက်သည်
‘‘ ယင်ကိုးသွယ် နှင်းပုံဆောင်ခဲတွေက အဲ့ပန်းပွင့်ရဲ့ အဖူးထဲမှာရှိတယ် …အဲ့အဖူးတွေ ပွင့်လာတာနဲ့ ယင်ကိုးသွယ်နှင်းပုံဆောင်ခဲတွေ
ထွက်ပေါ်လာလိမ့်မယ်။ အဲ့အချိန်ရောက်မှာပဲ ငါတို့ ယင်ကိုးသွယ် နှင်းပုံဆောင်ခဲတွေကို ဖမ်းနိုင်လိမ့်မယ်။ အစကတော့ ချုပ်နှောင်ခြင်း ရှစ်ခုအစီအရင်ကိုသုံးပြီး ဖမ်းမလို့ပဲ။ ဒါပေမယ့် ဟိုကောင်တွေကြောင့် အဲ့အစီအရင်ကိုအစောကြီးသုံးလိုက်ရမယ်။
အဲ့လူတွေအကုန်လုံးသေမှပဲ ချုပ်နှောင်ခြင်း ရှစ်ခုအစီအရင်ကို နောက်တစ်ကြိမ် ပြန်သုံးနိုင်လိမ့်မယ်။ ယင်ကိုးသွယ် နှင်းပုံဆောင်ခဲကိုဖမ်းရင်တော့ … ဂျူနီယာမောင်လေး.. အဲ့အချိန်ကျ ငါနင့်ကိုပဲအားထားရတော့မယ်။ ငါကတော့
ဘာမှကူညီပေးနိုင်မှာ မဟုတ်ဘူး’’
‘‘အဲ့နှင်းပုံဆောင်ခဲတွေက ဘယ်လိုထွက်ပြေးရမလဲဆိုတာ သိတယ်မလား’’ ရန်ကိုင်က မျက်မှောင်ကြုံ့ရင်းမေးလိုက်သည်။‘‘အင်း..ဟုတ်တယ်။ အဲ့ဒါကြောင့်…အရမ်းကြီးတော့ မျှော်လင့်ထားလို့မရဘူး’’ ရှနင်းချန်က နောက်ပြန်ဆုတ်ဖို့ နောက်တစ်ကြိမ် စဉ်းစားလိုက်ပြန်သည်။ ‘‘ စီနီယာမမလေး ပြောတဲ့ပုံအရဆို…
ငါတို့သာကျန်တဲ့နှစ်ယောက်ကို သတ်နိုင်မယ်ဆိုရင် ချုပ်နှောင်ခြင်း ရှစ်ခုအစီအရင်ကို ပြန်ပြီးအသုံးပြုလို့ရမှာပေါ့..ဟုတ်လား’’ ရန်ကိုင်က သူ့မျက်လုံးတွေကို မှေးစဉ်းလိုက်ပြီး ပြောလိုက်သည်။
‘‘အဲ့လိုဆိုပေမယ့်လည်း…သူတို့ဒီနေရာကိုရောက်မလာရင် ဘယ်လိုလုပ်မလဲ’’
‘‘သူတို့ရောက်နေပြီ’’ သူ့အကြည့်က စိတ်ခံစားချက်ကင်းမဲ့နေပြီး ရန်ကိုင်က ချက်ချင်းသူ့ခေါင်းကို ဘေးတစ်ဖက်ကိုလှည့်လိုက်သည်။ ဝမ်ဖေးချန်က နှစ်နှစ်ခြိုက်ခြိုက် ရယ်သံကိုကြားလိုက်ရပြီး
‘‘ မင်းအမြင်က တော်တော်လေး ထက်ရှတာပဲ..ကောင်လေး’’
ရှနင်းချန်၏ လှပတဲ့မျက်လုံးလေးတွေက ရေခဲတမျှ အေးစက်သွားခဲ့ပြီး အသံလာရာဘက်ကို လှည့်ကြည့်လိုက်သည်။ ဝမ်ဖေးချန်နှင့် လုံဟူနှစ်ယောက် လက်ထပ်ထားတဲ့ ဇနီးမယားနှစ်ယောက်လို အတူတူလမ်းလျှောက် လာနေခဲ့သည်။ လိုချင်စိတ်ပြင်းပြမှု၊ ချစ်စိတ်ပြင်းပြမှုတွေ ပါဝင်တဲ့အကြည့်နဲ့
သူတို့နှစ်ယောက်စလုံး အနည်းငယ်သနားစရာ ကောင်းနေတဲ့ ရှနင်းချန်ကို ကြည့်လိုက်ကြသည်။ တစ်ယောက်က ရှနင်းချန်ကိုယ်ပေါ်က ကောင်းကင်အဆင့် အကာအကွယ်ရတနာကို မျက်စောင်းထိုးနေပြီး တစ်ယောက်ကတော့ သူမခန္ဓာကိုယ်ကို အာသာတငမ်းငမ်းနဲ့ ကြည့်နေခဲ့သည်။
ရန်ကိုင်က ရှနင်းချန်နှင့်ပုခုံးချင်း ယှဉ်ရပ်နေပြီး နီးကပ်လာတဲ့ သူတို့နှစ်ယောက်ကို တည်တည်ငြိမ်ငြိမ်နဲ့ ကြည့်နေခဲ့သည်။ ဝမ်ဖေးချန်က သူတို့နဲ့ပေ၂၀အကွာလောက်မှာ ရပ်လိုက်ပြီး အပြုံးတစ်ခုကိုဆင်းမြန်းကာ ပြောလိုက်သည် ‘‘မင်းတို့နှစ်ယောက်စလုံး အသက်ရှင်နေသေးတာ တော်တော်အံ့သြဖို့ကောင်းတာပဲ။ ဟိုအမှိုက်ကောင်တွေက
ဘာမှသုံးစားလို့မရပါလား’’
အနားယူခြင်းမရှိပဲ ဝမ်ဖေးချန်က သူ့စွမ်းအားတွေကို ချိတ်ပိတ်ထားတဲ့ ယင်ချီချိန်းကြိုးတွေကို ဖျက်ဆီးဖို့အဆက်မပြတ် ကြိုးစားခဲ့သည်။ ဒါပေမယ့် ဘယ်လောက်ပဲ သူကြိုးစားကြိုးစား ထိုချိန်းကြိုးတွေကို သူဘာမှမလုပ်နိုင်ခဲ့ပေ။
ထို့ပြင် ရန်ကိုင်နှင့်ရှနင်းချန်တို့ကို ဖမ်းဖို့ထွက်သွားတဲ့ သူအဖွဲ့သားတွေကလည်း တစ်ယောက်မှ သူဆီပြန်လာပြီး သတင်းမပို့ခဲ့ပေ။ ထိုအချက်က သူ့ကိုတော်တော်လေး
စိုးရိမ်သွားစေခဲ့သည်။ ထို့နောက် သူတို့နှစ်ယောက်စလုံး တောင်ကြားထဲက ယင်ချီ ပြောင်းလဲမှုကို အာရုံခံမိတဲ့အတွက် စစ်ဆေးဖို့ ဒီနေရာကို ရောက်လာကြခြင်းဖြစ်သည်။
သူတို့ဒီနေရာကိုရောက်တာနဲ့ ရန်ကိုင်နှင့်ရှနင်းချန်တို့ကို တွေ့လိုက်ရသည်။ ဒါက လုံဟူနဲ့ ဝမ်ဖေးချန်တို့နှစ်ယောက်ကို အလွန်အမင်း ပျော်ရွှင်သွားစေခဲ့ပြီး သူတို့ကိုယ်သူတို့ ဖုံးကွယ်ဖို့တောင်မကြိုးစားတော့ပဲ ထိုနှစ်ယောက်စီ ရဲရဲတင်းတင်း လမ်းလျှောက်သွားခဲ့ကြသည်။ အခြေအနေတွေက ဒီအတိုင်းအတာ
ထိဖြစ်လာခဲ့မှတော့ ဝမ်ဖေးချန်လည်း ယဉ်းကျေးမနေတော့ပဲ နေရာမှာရပ်ကာ သူ့အဖော်တွေကို ပြန်ခေါ်ဖို့ကြိုးစားလိုက်သည်။
ထွက်သွားတဲ့လူတွေကို ပြန်ခေါ်နေခဲ့သော်လည်း သူ့ရှေ့မှာရပ်နေတဲ့ လူငယ်လေးက ကြောက်ရွံ့မှု အရှင်းမရှိ… သူ့အကြည့်ထဲတွင် လှောင်ပြောင်သရော်မှုနဲ့ ပြည့်နေခဲ့သည်။ ရန်ကိုင်ကများ ဘာလို့အဲ့လောက်တောင် ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိနေလဲ
ဆိုတာ သူမသလို ပဟေဠိလည်းဖြစ်သွားခဲ့သည်။
ရှေ့တစ်လှမ်းလှမ်းလိုက်ပြီး ရန်ကိုင်က လှောင်ပြောင်လိုက်သည်
‘‘ မင်းအဲ့လောက်အော်ခေါ်နေလို့ အသံအိုးကွဲပြီး သေရင်တောင် မင်းကိုဘယ်သူမှ လာကူညီမှာမဟုတ်ဘူး’’
ဝမ်းဖေးချန်က အထစ်ထစ်အငေါ့ငေါ့နဲ့ ပြန်ပြီးမေးလိုက်သည်
‘‘သူတို့ ဘာဖြစ်သွားတာလဲ’’
‘‘သူတို့လား… အခုအချိန်လောက်ဆို ငရဲမင်းနဲ့ တွေ့နေလောက်ပြီ။ လူသေတွေက မင်းကိုလာမကူညီနိုင်တော့ဘူး’’
ဝမ်ဖေးချန်က ရှနင်းချန်ကို အံ့အားသင့်တကြီး ကြည့်ရင်းသူ့အမူအရာက တစ်ခဏတာ သုန်မှုန်သွားခဲ့သည်။ သူ့အထင်အမြင်အရဆိုရင် ထိုကဲ့သို့ လုပ်နိုင်တာ ရှနင်းချန်တစ်ယောက်ပဲ ရှိပေသည်။ ရန်ကိုင်လို မဖြစ်စလောက် စဦးဒြပ်စင်အဆင့် ကျင့်ကြံသူတစ်ယောက်က ဒီလိုလုပ်ဖို့မဖြစ်နိုင်ပေ။
ငါအတွက်မှားသွားတာပဲ…ရှနင်းချန်မှာ ထိုကဲ့သို့ လုပ်နိုင်တဲ့စွမ်းအာရှိဦးမယ်လို့ သူ့အိပ်မက်ထဲမှာတောင် ဘယ်တုန်းကမှမတွေးခဲ့ဖူးပေ။ လွန်ခဲ့တဲ့ နာရီပိုင်းအနည်းငယ်က ရှနင်းချန်ကို သူထိထိမိမိ တစ်ချက်တိုက်ခိုက်နိုင်ခဲ့သည်။
ထို့ပြင် သူမမှာတိုက်ခိုက်ဖို့စွမ်းအား မကျန်တော့တာကိုလည်း ထိုအချိန်တုန်းက သူခံစားမိခဲ့သည်။ သူမဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန်ပြန်ကောင်းလာရတာလဲ။
‘‘သူတို့အားလုံးသေသွားခဲ့ရင်တောင် မင်းတို့နှစ်ယောက် ငါ့လက်ကလွတ်ဖို့ မကြိုးစားနဲ့’’ ထိုလူတွေရဲ့သေခြင်းရှင်းခြင်းကို သူဂရုမစိုက်တာ အသိသာကြီးပင်။ ရှေ့ကိုခြေတစ်လှမ်း လှမ်းလိုက်ပြီး အစစ်အမှန်ယန်နည်းစနစ်ကို အသက်သွင်းကာ
ဝမ်ဖေးချန်၏ တိုက်ခိုက်မှုကို ခုခံဖို့လုပ်မလို့ရှိသေး …လှပတဲ့ပုံရိပ်တစ်ခုက သူရှေ့ပေါ်လာပြီး ဝမ်ဖေးချန်ကို ရင်ဆိုင်လိုက်သည်။ ရှနင်းချန်က လက်ဦးမှုရယူက
စတင်တိုက်ခိုက်လိုက်သည်။ ထို့ပြင် ထိုအရာက ဝမ်ဖေးချန်နှင့် လုံဟူကို တိုက်ရိုက်ရန်စလိုက်တာပဲဖြစ်သည်။
သူမကဒဏ်ရာရနေတဲ့ ရန်ကိုင်ကိုဘေးကနေ စောင့်ကြည့်ခိုင်းပြီး ၂ယောက်၁ယောက် တိုက်ခိုက်ချင်တဲ့ပုံပင်။ သူမပုံရိပ်က ပန်းပွင့်တစ်ပွင့်အလား ယိမ်းနွဲ့လှုပ်ရှားနေခဲ့ပြီးယင်ချီမြှား၁၀ချောင်းကို ထိုနှစ်ယောက်ဆီပစ်လွှတ်လိုက်သည်။ ခုနှစ်ချောင်းက
ဝမ်ဖေးချန်ဆီ ဦးတည်သွားခဲ့ပြီး ကျန်တဲ့သုံးချောင်းကတော့ လုံဟူဆီတိုးဝင်သွားခဲ့သည်။
ဝမ်ဖေးချန်က အေးစက်စက်ရယ်လိုက်ပြီး ‘‘မိန်းကလေး…မင်းရဲ့သတ်ဖြတ်ချင်စိတ်က တော်တော်လေး သန်မာတာပဲ။ ဒါကသိပ်မကောင်းဘူးနော်’’ ပြောရင်း သူ့ဆီတိုးဝင်လာတဲ့ ယင်ချီမြှား၇ချောင်းကို သူ့လက်နှစ်ဖက်ကိုသုံးကာ ဖျက်စီးလိုက်သည်။ ထို့နောက်‘‘သခင်လေးလုံ…ငါဒီမိန်းကလေးကိုတာဝန်ယူလိုက်မယ်။
မင်းဟိုကောင်ကို တာဝန်ယူလိုက်’’
‘‘ကောင်းပြီ’’ ခေါင်းညိတ်ရုံလေးညိတ်လိုက်ပြီး လုံဟူက သတိပေးဖို့လည်းမမေ့ပေ ‘‘သူမမျက်နှာကို မထိခိုက်စေနဲ့’’
‘‘ဒီဝမ်က ဂရုစိုက်ပါ့မယ်’’ ဝမ်ဖေးချန်က ခေါင်းညိတ်လိုက်ပီး ချက်ချင်းရှနင်းချန်ဆီ ပြေးဝင်သွားတော့လေသည်။
ရှနင်းချန်က သူမစွမ်းအား၄၀ရာခိုင်နှုန်းပြန်ရပြီဖြစ်သော်လည်း သူမဒဏ်ရာတွေကိုတော့ ပြန်ပြီးမကုစားရသေးပေ။ သူမရဲ့လက်ရှိတိုက်ခိုက်နိုင်စွမ်းက ချီပြောင်းလဲခြင်းအဆင့်
၆-၇ကျင့်ကြံသူတစ်ယောက်နဲ့ တူညီပေသည်။ ဒါပေမယ့် ဝမ်ဖေးချန်က သူမထက် အခြေအနေပိုဆိုးပေသည်။ သူကချီပြောင်းလဲခြင်းအဆင့်၃ ကျင့်ကြံသူတစ်ယောက်ရဲ့
စွမ်းအားလောက်ပဲ အသုံးချနိုင်ပေသည်။ ဒါပေမယ့်သူတို့နှစ်ယောက်၏ အစစ်အမှန်ကျင့်ကြံခြင်းအဆင့်က တော်တော်လေး ကွာခြားပေသည်။ ဝမ်ဖေးချန်က
အစစ်အမှန်ဒြပ်စင်အဆင့် ဖြစ်ပြီး ရှနင်းချန်က ချီသန့်စင်ခြင်းအထွတ်အထိပ် အဆင့်ဖြစ်ပေသည်။ သူမချီစွမ်းအင်က သာမန်ချီစွမ်းအင်သာဖြစ်ပြီး ဝမ်ဖေးချန်၏
ချီစွမ်းအင်ကတော့ အစစ်အမှန်ချီစွမ်းအင်ပဲဖြစ်သည်။
အစစ်အမှန်ချီစွမ်းအင်နှင့် သာမန်ချီစွမ်းအင်….ထိုချီစွမ်းအင်နှစ်ခုက တော်တော်လေး ကွာခြားပေသည်။ အစစ်အမှန်ချီစွမ်းအင်က ထုတ်လွှတ်တဲ့သတ်ဖြတ်နိုင်စွမ်းက သာမန်ချီစွမ်းအင်က ထုတ်လွှတ်နိုင်တာထက် အဆပေါင်းများစွာ ပိုအစွမ်းထွက်
လေသည်။ ထို့ပြင် ဝမ်ဖေးချန်က ရှနင်းချန်ထက် တိုက်ပွဲအတွေ့အကြုံပိုပြီး ပေါကြွယ်ဝတဲ့အတွက် သူတို့နှစ်ယောက်ယှဉ်ပြိုင်တိုက်ခိုက်တဲ့အခါမှာတော့
ဝမ်ဖေးချန်က ရှနင်းချန်ကိုဖိနှိပ်ထားနိုင်ပေသည်။ သူမချက်ချင်းမရှုံးနိမ့်သေးပေမယ့် သူမတစ်ယောက်တည်းပဲ ဆက်ပြီးတိုက်ခိုက်ရမယ်ဆိုရင် ဝမ်ဖေးချန်ကို အနှေးနဲ့ အမြန်ဆိုသလို ရှုံးနိမ့်မှာပဲဖြစ်သည်။ အများဆုံးမှ သူမအဖို့ သရေကျအောင်ပဲ လုပ်နိုင်ပေလိမ့်မည်။
နှစ်ယောက်စလုံးက ကျွမ်းကျင်သူတွေဖြစ်တဲ့အတွက် သူတို့နှစ်ယောက်၏ တိုက်ပွဲက တကယ်ကို ခက်ခက်နက်နဲ ရှုပ်ထွေးလွန်းပေသည်။ ရန်ကိုင်အဖို့ သူ့မှာလည်း တိုက်ခိုက်ရမယ့် သူတစ်ယောက်ရှိနေတဲ့အတွက် ရှနင်းချန်ကိုသိပ်ပြီး
အာရုံမစိုက်ဖြစ်ပေ။ ဆယ်ပေအကွာလောက်မှာရှိတဲ့ လုံဟူကိုကြည့်ရင်း ရန်ကိုင်က ရုတ်တရက် ပြုံးဖြဲဖြဲလုပ်လိုက်သည်
‘‘ သခင်လေးလုံမလား’’ လုံဟူက
လှောင်ပြောင်လိုက်ပြီး
‘‘တောင်းပန်ချင်တာလား…နောက်ကျသွားပြီ’’
‘‘ငါမှာမင်းကိုမေးစရာမေးခွန်း တော်တော်များများရှိနေတယ်’’
ရန်ကိုင်ကိုအရူးတစ်ယောက်လိုကြည့်လိုက်ပြီး မထူးခြားနားစွာ ပြောလိုက်သည်
‘‘အဲ့မေးခွန်းတွေက မင်းရဲ့နောက်ဆုံး ဆုတောင်းလေးတွေဆိုရင်တော့
ငါကလည်းဖြည့်ဆည်းပေးရမှာပေါ့’’
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၁၂) အသီးသီး ရှုံးနိမ့်ခြင်း
‘‘အဲ့လိုပဲသတ်မှတ်ရမှာပေါ့’’ ရန်ကိုင်က ပြုံးလိုက်ပြီး တိကျသေချာ ရေရာတဲ့အဖြေတစ်ခု ကိုမပေးပဲ ဆက်ပြောလိုက်သည်
‘‘ ဟူမေးအာကြောင့် ငါနောက်လိုက်လာပြီး ငါ့ကို
သတ်ဖို့လုပ်တာမလား’’ လုံဟူအမူအရာက အနည်းငယ် မဝံ့မရဲဖြစ်သွားပေမယ့် ချက်ချင်းပဲ သူ့အမူအရာကို ပြန်ထိန်းလိုက်ပြီး အထင်တသေးပြောလိုက်သည်
‘‘သူမကြောင့်သာ မဟုတ်ရင် ငါလိုသခင်လေးတစ်ယောက်က ဒီလောက်အဝေးကြီး လာပြီး ပြဿနာရှာမယ် ထင်နေတာလား… ငါ့မှာဘာမှလုပ်စရာမရှိဘူးလို့များ မင်းထင်နေတာလား’’ မျက်မှောင်ကြုံ့လိုက်ပြီး ရန်ကိုင်က ပြန်ပြောလိုက်သည်
‘‘ ဒါပေမယ့် ငါနဲ့ဟူမေးအာကလည်း အဲ့လောက်ကြီး ရင်းရင်းနှီးနှီးမရှိပါဘူး။ သူမနဲ့နှစ်ကြိမ်သုံးကြိမ်လောက်ပဲ တွေ့ရသေးတာ’’
‘‘ဟွန့်….မင်းကတော့ သူမနဲ့ပက်သက်ပြီး ဘယ်လိုမှမခံစားရပေမယ့် အဲ့ဈေးပေါတဲ့ မိန်းမက မင်းကိုခံစားချက်ရှိနေတယ်လေ’’ လုံဟူမျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်
ပေါ်လာပြီး ‘‘မင်းအတွက်နဲ့ သူမက ငါ့အဖိုးကိုတောင် ဆန့်ကျင်ရဲတယ်။ အရင်တုန်းက သူမအဲ့လိုမျိုး တစ်ခါမှမလုပ်ဖူးသလို ယောကျ်ားတစ်ယောက်ကိုလည်း အဲ့လောက်ထိ တစ်ခါမှ မကူညီဖူးဘူး။ ငါ့မိန်းကလေးကိုကြံရဲရအောင် မင်းကဘယ်သူမို့လို့လဲ’’
‘‘မင်းအဖိုးလား………’’ ရက်စက်လိုတဲ့ အရိပ်အယောင် ရန်ကိုင်မျက်လုံးထဲတွင် ဖြတ်ပြေးသွားခဲ့သည်…လုံကျိုင်းရှန်၏ ရုတ်တရက် တိုက်ခိုက်မှုကို သူမှတ်မိသွားခဲ့ပြီ။
ထိုနေ့တုန်းက ရွှေရောင်အရိုးခြောက်ကြောင့်သာ မဟုတ်ရင် အခုနေရာမှာ သူမတ်တပ်ရပ်ပြီး စကားပြောနိုင်တော့မည်မဟုတ်ချေ။
‘‘ငါနောက်ထပ်မေးစရာ တစ်ခုကျန်သေးတယ်’’ ရန်ကိုင် သရော်ပြုံးပြုံးလိုက်ပြီး
‘‘ ငါကောင်းကင်စံအိမ်က ထွက်သွားတယ်ဆိုတာ မင်းဘယ်လိုလုပ်ပြီး သိတာလဲ”
သူတို့က သူနဲ့ရှနင်းချန်တို့နှစ်ယောက်နောက်ကို နောက်ယောင်ခံလိုက်နိုင်မှတော့ သူကောင်းကင်စံအိမ်က ထွက်လာကတည်းက နောက်ယောင်ခံလိုက်လာတာပဲ
ဖြစ်ရပေမည်။ အဲ့လိုမှမဟုတ်ရင် သူတို့အစောကြီးကတည်းက မျက်ခြေပျက်သွား ပေလိမ့်မည်။ နောက်တစ်နည်းပြောရမယ်ဆိုရင်တော့ သူတို့ကောင်းကင်စံအိမ်က
မထွက်လာခင်ကတည်းက တစ်ယောက်ယောက်က မကောင်းတဲ့ရည်ရွယ်ချက်နဲ့ သူ့ကို ပစ်မှတ်ထားနေတာပဲ ဖြစ်ရပေမည်။ လုံဟူက ရန်ကိုင်ကိုလှောင်ရယ်လိုက်ပြီး
‘‘ တစ်ယောက်ယောက်က သတင်း ပေးခဲ့တာပေါ့’’ “…ထင်တဲ့အတိုင်းပါပဲလား…”
‘‘ဘယ်သူ သတင်းပေးတာလဲဆိုတာကတော့ ဒီကသခင်လေးက ပြောမှာ မဟုတ်ဘူး။ ဒါပေမယ့် မင်းဘယ်သူ့ကိုရန်စ စော်ကားထားလဲဆိုတာ မင်း သေချာသိမယ်လို့တော့ ငါထင်တယ်’’ လုံဟူက လူသေတစ်ယောက်ကိုကြည့်သလိုမျိုး
ရန်ကိုင်ကိုအထင်သသေးကြည့်နေလိုက်သည်။သေတော့မယ်လူတစ်ယောက်ကို မလိမ်ချင်သောကြောင့်သာ အဖြစ်အပျက်အားလုံးကို သေချာရှင်းပြနေခြင်းဖြစ်သည်။
‘‘နူလန်းကတော့ ငါခေါ်လာတာမဟုတ်ဘူး။ တောင်ခြေက ရွာလေးမှာ သူ့ကို ငါတွေ့ခဲ့တာ’’ လုံဟူကသူ့ကိုလိမ်ညာမှာမဟုတ်မှန်း သိနေတဲ့အတွက် ခေါင်းညိတ်ရုံသာညိတ် လိုက်သည်။ နူလန်းအကြောင်းကိုဆက်တွေ့ဖို့မလိုတော့ပေ။ လူသေတစ်ယောက်
အကြောင်းကိုတွေးနေလို့လည်း ဘာမှထူးလာမည်မဟုတ်ချေ။ ‘‘ဒီသခင်လေးက မင်းလိုချင်တာကို ဖြည့်ဆည်းပေးသွားပြီဆိုတော့ အခုငါ့အတွက်သေလိုက်တော့’’
အကျယ်ကြီးအော်ရယ်လိုက်ရင်း လုံဟူအရိပ်က ရုတ်တရက် ပျောက်သွားခဲ့ပြီး ရန်ကိုင်ဆီကိုတိုးဝင်လာခဲ့သည်။ သူ့မျက်လုံးတွေက စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နေပြီး ချီပြောင်းခဲခြင်းအဆင့် ချီစွမ်းအင်ကိုသူ့လက်မှာစုစည်းကာ
ရန်ကိုင်ကိုထိုးချလိုက်သည်။ သူ့ထိုးချက်တိုင်းမှ ငှက်မွှေးပုံချီစွမ်းအင်တွေ ပေါက်ကွဲထွက်လာခဲ့သည်။
ငှက်မွှေးပျံပေါက်ကွဲခြင်း….မြေကမ္ဘာအလယ်အလတ်အဆင့် ပညာရပ်…လုံဟူက လုံကျိုင်းရှန်၏ မြေးတစ်ယောက်ဖြစ်တဲ့အတွက် သူလေ့ကျင့်တဲ့ သိုင်းပညာရပ်တွေကလည်း သာမန်သိုင်းပညာရပ်တွေ မဟုတ်ချေ။ သူက ချီပြောင်းလဲခြင်း အဆင့်မှာသာ ရှိနေပေမယ့် သူလေ့ကျင့်ထားတဲ့ ပညာရပ်
တွေကြောင့် သူ့ထက်အဆင့်မြင့်တဲ့သူတွေကိုတောင် တိုက်ခိုက်နိုင်ပေသည်။
လုံဟူက ပျော့တီးပျော့ဖတ် သခင်လေးတစ်ယောက်မဟုတ်ပေ။ အခုလက်ရှိ ရန်ကိုင်အတွက်ကတော့ သူဟာ အနှောက်အယှတ် တစ်ခုပင်ဖြစ်သည်။ ထိုငှက်မွှေးတွေကြောင့် ရန်ကိုင်ကဘေးဘက်ကို အလျင်စလို ရှောင်တိမ်းလိုက်ရသည်။ ရန်ကိုင်က သူ့တိုက်ကွက်ကို ရှောင်ရှားနိုင်လိမ့်မယ်လို့ မမျှော်လင့်ထားတဲ့ အတွက်
နည်းနည်းလေးတော့ ထိတ်လန့်အံ့သြသွားခဲ့ရပေသည်။ စဦးဒြပ်စင်အဆင့် ကျင့်ကြံသူတစ်ယောက်က သူ့တိုက်ကွက်ကို ရှောင်တိမ်းနိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးထင်ခဲ့ဖူးချေ။
ရှောင်တိမ်းပြီး သိပ်မကြာခင်မှာပဲ အားကောင်းပြီး သွေးဆာတဲ့ချီစွမ်းအင်လှိုင်းတွေ ရန်ကိုင်ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်လာခဲ့သည်။ ရန်ကိုင်ချီစွမ်းအင်၏
သိပ်သည်းမှုကို အာရုံခံမိလိုက်တာနဲ့ လုံဟူ၏အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ရသည်။ ဒါကစဦးဒြပ်စင်အဆင်၄့ ကျင့်ကြံသူတစ်ယောက်ရဲ့ အော်ရာလား…။ ရန်ကိုင်ထုတ်လွှတ်လိုက်တဲ့ အော်ရာက စဦးဒြပ်စင်
အထွတ်အထိပ် အဆင့်ကျင့်ကြံသူတစ်ယောက်မှာရှိတဲ့အော်ရာနဲ့
တူညီနေပေသည်။ ပြင်းထန်မှုနဲ့ သန့်စင်မှုတောင် တူညီနေပေသေးသည်။ လုံဟူကတစ်ခဏတာသာ အံ့သြသွားခဲ့ပြီး… ထို့နောက် လုံဟူကသူ့လက်သီး နှစ်ဖက်စလုံးတွင် ချီစွမ်းအင်နဲ့ ဖုံးအုပ်ထားလိုက်ပြီး ရန်ကိုင်ကိုထိုးချလိုက်သည်။
ရန်ကိုင်က ဘေးဘက်ကိုရှောင်တိမ်းလိုက်သဖြင့် လက်သီးက မြေကြီးကိုသာ ထိမှန်သွားခဲ့ရသည်။ လက်သီးချက်ကြောင့် မြေပြင်တွင် ဖုန်းတထောင်းထောင်း ထသွားခဲ့ပြီး ဖုန်တွေရှင်းလင်းသွားတဲ့အချိန်မှာတော့ မြေပြင်ပေါ်တွင်
အပေါက်အကြီးကြီး တစ်ပေါက်ရှိနေခဲ့သည်။
လုံဟူနောက်တစ်ကြိမ် မတိုက်ခိုက်ခင် ရန်ကိုင်လက်သီးမှုရယူပြီး သူ့ဆီ ပြေးဝင်သွားလိုက်သည်။ ထို့နောက် လုံဟူမေးစေ့နေရာကို သူ့ဒူးနဲ့ပစ်တိုက်လိုက်သည်။
လုံဟူကလည်း နှေးမနေခဲ့ပေ။ ချက်ချင်းပဲ သူ့လက်နှစ်ဖက်ကို မြှောက်ကာ ရန်ကိုင် ဒူးချက်ကိုကာလိုက်သည်။ တိုက်ခိုက်မှုနှစ်ခု တွေ့ဆုံသွားတာနဲ့ ချီစွမ်းအင်တွေ ပေါက်ကွဲထွက်လာခဲ့သည်။ ရန်ကိုင်ကတော့ ယိုင်တိယိုင်တိုင် ဖြစ်သွားခဲ့ပြီး
လုံဟူကတော့ နောက်ဘက်ကိုလွင့်ထွက်သွားခဲ့သည်။ ထို့နောက်သူ့စွမ်းအင်ကိုသုံးကာ ရန်ကိုင်တိုက်ခိုက်မှုကို ပျက်ပြယ်လိုက်သည်။ ရန်ကိုင်ကို အထက်အောက် စုံဆန်ကြည့်လိုက်ရင်း လုံဟူကမျက်လုံး မှေးလိုက်ပြီး
‘‘မင့်ရဲ့ကျင့်ကြံခြင်းအစစ်အမှန်ကို ဖုံးကွယ်ထားတာပဲ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဒါကမင့်ရဲ့စွမ်းအား အစစ်အမှန်ဖြစ်နေခဲ့ရင်တောင် ငါ့ကိုအနိုင်ယူဖို့ မဖြစ်နိုင်သေးဘူး’’ သူပြောပြီးတာနဲ့ သူ့ခြေထောက်က ရွှေရောင်တောက်ပ လာခဲ့သည်။ သူ့ပုံရိပ်က မှုန်းဝါးသွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်နောက်ကို ရောက်သွားခဲ့သည်။
ရွှေသက်တန့်ခြေလှမ်း… မြေကမ္ဘာအလယ်အလတ်အဆင့် ပညာရပ်…။
ရွေ့လျားပညာရပ်ရဲ့ အကူအညီနဲ့ လုံဟူကရန်ကိုင်ခံစစ်ရဲ့ အားနည်းချက်ရှိရာကို ရောက်ရှိလာနိုင်ခဲ့သည်။ ချီစွမ်းအင်ကို သူ့လက်ချောင်းတွင် စုစည်းလိုက်ပြီး ရန်ကိုင်နောက်ဘက် လည်းပင်းနေရာကို ထိုးလိုက်သည်။ ရန်ကိုင်ကို တစ်ချက်တည်း
အသေသတ်ချင်နေတဲ့ပုံပင်ဖြစ်သည်။ သေခြင်းတရားက နီးကပ်လာတဲ့အချိန် လေညင်းတစ်ခုက သူ့နောက်ဘက် လည်းပင်းနေရာအား တိုက်ခတ်သွားတာကို ခံစားမိလိုက်သည်။ အလျင်အမြန်တုန့်ပြန်ုလိုက်ပြီး သူ့ခေါင်းကိုဘေးဘက်ကို
စောင်းလိုက်သည်။ ချက်ချင်းပဲ အေးစက်စက် ချီစွမ်းအင်စီးကြောင်းတစ်ခုက သူ့ပါးပြင်ကို ပွတ်ဆွဲသွားခဲ့ပြီး သွေးစီးကြောင်းလေးတစ်ခု ပေါ်လာခဲ့သည်။
ထို့နောက် သူ့လက်တွင်ယန်အရည်စက်ကိုစုစည်းလိုက်ပြီး သွေးနီဓါးတစ်ချောင်း အဖြစ်ပုံစံပြောင်းလိုက်ကာ လုံဟူရှိမယ့်နေရာကို ခုတ်ချလိုက်သည်။ တော်တော်
သန်မာတဲ့ကောင်ပဲ…. ။ ရန်ကိုင်အဖို့ သတိတစ်ချက်တောင် မလွတ်ရဲပေ။ သတိမမူမိလိုက်တာနဲ့ သေခြင်းတရားက သူ့ကိုဆွဲခေါ်သွားပေလိမ့်မည်။
သွေးနီရောင်ဓါးသွားက လုံဟူ၏ခန္ဓာကိုယ်ကို နှစ်ပိုင်းဖြတ်သွားတာကို သူ့မြင်လိုက်ရသည်။ ဒါပေမယ့် ပုံရိပ်ယောင်တစ်ခု ဖြစ်နေတဲ့အတွက် သူမပျော်နိုင်သေးပေ။ သူ့ရန်သူ၏ခြေလှမ်းပညာရပ်က တကယ်ပဲနက်နဲပေသည်။
‘‘တုန့်ပြန်တာမဆိုးပါဘူး’’ လုံဟူအသံက ဆယ်ပေအကွာကနေ ထွက်ပေါ် လာခဲ့သည်။ မတုန်မလှုပ်ပဲ တည်ငြိမ်စွာရပ်နေပြီး ရန်ကိုကိုပျော်ရွှင်မြူးထူးစွာနဲ့ ကြည့်လိုက်သည်။ နည်းနည်းလေး ခါလိုက်ပြီးနောက် ရန်ကိုင်က သွေးနီရောင်ဓါးသွားကို ရုတ်တရက် လုံဟူဆီပစ်လိုက်သည်။ လုံဟူက ထိုဓါးသွားကို တိုက်ရိုက်မခုခံရဲပဲ ရွှေသက်တန့်ခြေလှမ်းကိုသုံးကာ နောက်တစ်ကြိမ် ရှောင်တိမ်းလိုက်သည်။ ကြောင်က ကြွက်ကို ဖမ်းသလိုမျိုး လုံဟူက ရန်ကိုင်ကိုအထင်တသေးကြည့်လိုက်သည်။
တိတ်ဆိတ်နေပေမယ့် ထာဝရတည်မြဲနေပြီး ဘယ်တော့မှ မယိမ်းယိုင် မတုန်လှုပ်နိုင်တဲ့ တိုက်ပွဲစိတ်ဝိဉာဉ်နိုးထလာခဲ့သည်။ ရန်ကိုင်ခြေလှမ်း တွေကလေပြေအလား မျက်တောင် တစ်ခတ်အတွင်း လုံဟူဘေးဘက်ကို ရောက်သွားခဲ့ပြီး ထိုးချလိုက်သည်။ ဒါပေမယ့် လုံဟူပုံရိပ် ပျောက်ကွယ်
သွားခဲ့ပြီး အခြားတစ်ဖက်တွင် ရုတ်တရက် ပြန်ပေါ်လာခဲ့သည်။
‘‘ဟန့်…မင်းရဲ့ ပက်ကျိသွားတဲ့နှုန်းနဲ့ ငါ့ကို ထိအောင်ထိုးချင်နေတာလား။ မင်းကိုယ်မင်း အထင်ကြီးလွန်းနေတာပဲ’’ လုံဟူက တိုက်ခိုက်နေရင်း
သူ့ပါးစပ်ကိုတောင် အနားမပေးပဲ ရန်ကိုင်ကို လှောင်ပြောင်ရန်စလိုက်သည်။
သူက ရွှေသက်တန့်ခြေလှမ်းကို အသုံးပြုနေတဲ့အတွက် အောင်မြင်မှုက သူ့လက်ထဲမှာလို့ ထင်မှတ်နေခဲ့တာဖြစ်သည်။ သူ့ရန်သူကသာ သူ့ကို ထိအောင် မတိုက်ခိုင်နိုင်ရင် သူဘယ်လိုလုပ်ပြီး နိုင်နိုင်မှာလဲ။ လုံဟူက ရန်ကိုင်ချီစွမ်းအင် ကုန်ဆုံးမယ့် အချိန်ကိုစောင့်နေတာဖြစ်ပြီး ရန်ကိုင် ချီစွမ်းအင်ကုန်သွားတော့မှာ တစ်ချက်တည်းအသေသတ်ဖို့ စဉ်းစားထားတာဖြစ်သည်။
‘‘နှေးလိုက်တာ… အရမ်းကိုနှေးတာပဲ…..’’
‘‘မင်းငါ့ကိုမသတ်နိုင်တော့ မိန်းကလေးကငါ့အပိုင်ဖြစ်တော့မှာ’’
‘‘သူမဘာနဲ့တူမလဲ… သူမကို လုပ်နေတဲ့အချိန် ဘယ်လိုအသံမျိုး
ထွက်လာမလဲဆိုတာ ငါကြားချင်နေပြီ’’
‘‘ဟဲဟဲဟဲ…ဒီသခင်လေးက မိန်းကလေးတွေ မုဒိန်းကျင့်ခံနေရတဲ့အချိန်မှာ သူတို့အော်တဲ့ အော်သံလေးတွေကို ကြိုက်တာကွ…ဘာလို့မှန်းတော့မသိဘူး… အဲ့အကြောင်း တွေးလိုက်တာနဲ့ ငါစိတ်ကြွလာပြီကွာ’’
Martial Peak
အပိုင်း (၁၁၃) လုံဟူ၏သေဆုံးခြင်း
လုံဟူကပျော့တီးပျော့ဖတ် သခင်လေးတစ်ယောက်
ဖြစ်ပေမယ့် တစ်ဖက်သားကို မခံချင်အောင်ဘယ်လို
ပြောရမလဲဆိုတာကိုတော့ သေချာသိပေသည်။ ရန်ကိုင်၏
ရိုက်ချက်ကို မရှောင်ရှားနိုင်တဲ့အတွက် ရန်ကိုင်ကို
ဒေါသထွက်အောင် စိတ်ဆွပေးနေခဲ့သည်။ အခြားတစ်ယောက်
သာဆိုရင် လုံဟူပြောတဲ့စကားလုံးတွေကြောင့် ဒေါသထွက်ပြီး
အယောင်ယောင်အမှားမှား ဖြစ်သွားမှာအသေအချာပင်ဖြစ်သည်။
ရန်ကိုင်လည်း လုံဟူပြောတဲ့စကားကြောင့် တော်တော်လေး
ဒေါသထွက်သွားခဲ့ပေသည်။ သူ့မျက်လုံးတွေက နီရဲနေပြီး
ချီစွမ်းအင်တွေကလည်း သူ့ပတ်ဝန်းကျင်တစ်ခုလုံးကို
လောင်ကျွမ်းတော့မည့်အလား ဖြစ်နေခဲ့သည်။ ဒါပေမယ့်
သူ့မျက်လုံးတွေကတော့ လုံဟူစကားလုံးတွေက အကျိုး
သက်ရောက်မှုမရှိသည့်အလား တည်ငြိမ်နေခဲ့ပြီး သူ့စိတ်
နှလုံးသား အစုံကလည်း ကန်ရေပြင်အလား အကြွင်းမဲ့
တည်ငြိမ်နေခဲ့သည်။
အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစားလောက် ကြာတဲ့
အချိန်မှာတော့ လုံဟူကိုအကြိမ်ပေါင်းများစွာ ရန်ကိုင်
တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။ ဒါပေမယ့် သူ့တိုက်ခိုက်မှုတွေ
အကုန်လုံးက လုံဟူ၏အဝတ်စကိုပင် မထိနိုင်ခဲ့ပေ။
ရန်ကိုင်တိုက်ခိုက်မှုကို ရှောင်ရှားနေတဲ့လုံဟူလည်း တော်တော်
လေးထိတ်လန့်လာခဲ့သည်။ အချိန်အတော်ကြာတိုက်ခိုက်ပြီး
တာတောင် ရန်ကိုင်၏ချီစွမ်းအင်က တစ်စက်ကလေးတောင်
လျော့သွားပုံမပေါက်သလို သူ့တိုက်ကွက်တွေကလည်း
တစ်ချက်ကလေးတောင် အားမနည်းသွားခဲ့ပေ။ ဒီကောင်စုတ်
မှာချီစွမ်းအင် များများစားစားတော့ မကျန်လောက်တော့ပါ
ဘူးနော်…။
လုံဟူတွေးတာလည်း မမှားပေ။ သာမန်စဦးဒြပ်စင်အဆင့်
ကျင့်ကြံသူတစ်ယောက်ဆိုရင် ဒီလောက်အချိန်အကြာကြီး
အင်းတိုက်အားတိုက် တိုက်ခိုက်ပြီးနောက် ချီစွမ်းအင်
ကုန်ဆုံးသွားလောက်ပေသည်။ ဒါပေမယ့် ရန်ကိုင်က
သာမန်စဦးဒြပ်စင်အဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။
ဒါကြောင့် လုံဟူအဖို့ ဒုတိယအစီအစဉ်ကို စတင်စဉ်းစားရတော့
ပေသည်။ သူစဉ်းစားနေတဲ့အချိန်မှာပဲ ရန်ကိုင်ကနောက်တစ်ကြိမ်
တိုက်ခိုက်လိုက်သည်။ ရန်ကိုင်တိုက်ခိုက်လိုက်တဲ့အချိန်တိုင်း
လုံဟူ၏ပုံရိပ်ကိုသာ ထိသွားခဲ့ပြီး လုံဟူအစစ်အမှန်ကတော့
နောက်တစ်နေရာတွင် ပြန်ပေါ်လာခဲ့သည်။ ဒါပေမယ့် ဒီတစ်ကြိမ်
မှာတော့ သူ့တိုက်ခိုက်မှုက လုံဟူ၏ခါးနေရာကို ပွတ်ဆွဲ
သွားခဲ့သည်။
ငုံ့ကြည့်လိုက်တဲ့အချိန်မှာတော့ သူ့အဝတ်အစားပေါ်တွင်
အပေါက်တစ်ပေါက်ကို တွေ့လိုက်ရသည်။ ရန်ကိုင်တိုက်ခိုက်
မှုကို သူပွတ်ကာသီကာ ရှောင်တိမ်းသွားနိုင်ခဲ့ပေသည်။
‘‘ဘယ်လောက်တောင် သနားစရာကောင်းလိုက်လဲ’’ အသက်
ပြင်းပြင်းရှုလိုက်ရင်း ရန်ကိုင်ကပိုပြီးစိတ်လှုပ်ရှားလာခဲ့ပေမယ့်
တည်ငြိမ်မှုကတော့ မပျက်ပျယ်သွားခဲ့ပေ။ သူ့အကြည့်တွေက
တည်ငြိမ်မှုနဲ့ စိတ်လှုပ်ရှားမှုတွေနဲ့ ရောပြွမ်းနေခဲ့သည်။
‘‘ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’’ လုံဟူ လုံးဝကိုထိတ်လန့်
ခြောက်ခြားသွားခဲ့သည်။ အစောပိုင်းတိုက်ခိုက်မှုက
သူရှောင်တိမ်းမယ့် နေရာကိုသေချာတွက်ချက်ပြီး တိုက်ခိုက်
လိုက်တာပဲဖြစ်သည်။ ကံကောင်းသွားလို့သာ ထိုတိုက်ကွက်ကို
သူပွတ်ကာသီကာလေး ရှောင်တိမ်းသွားနိုင်ခဲ့ခြင်းဖြစ်သည်။
ဒါပေမယ့် သူရှောင်မယ့်နေရာကို ရန်ကိုင်ကဘယ်လိုလုပ်ပြီး
ခန့်မှန်းလိုက်နိုင်တာလဲ။ အမွှေးတိုင်တစ်တိုင်စာလောက်
ကြာတဲ့အချိန်မှာပဲ ရန်ကိုင်က သူ့ရဲ့ရွှေသက်တန့်ခြေလှမ်ကို
နားလည်သွားတာများလား…။
မဖြစ်နိုင်ဘူး…။ သူ့လိုစဦးဒြပ်စင်အဆင့် ကျင့်ကြံသူတစ်ယောက်မှာ
အဲ့လောက်မြင့်မားတဲ့ နားလည်းနိုင်စွမ်းရှိတယ်ဆိုတာ
မဖြစ်နိုင်ဘူး။ ‘‘နောက်တစ်ကြိမ်ဆိုရင်တော့ မင်းမသေရင်
တောင် တော်တော်လေးခံစားသွားစေရမယ်’’ ရန်ကိုင်က
လုံဟူကိုကြည့်ရင် ယုံကြည်ချက်အပြည့်နဲ့ ပြောလိုက်သည်။
‘‘မင်းမေစပပဲ’’ လုံဟူကဆဲရေးတိုင်းထွာလိုက်ပြီး ‘‘ ဒီသခင်လေး
ကိုများ ခြိမ်းခြောက်ချင်သေးတယ်… မင်းအတွေ့အကြုံက
နုပါသေးတယ်ကွာ’’ ပြန်မဖြေတော့ပဲ ရန်ကိုင်က ရူးသွပ်စွာနဲ့
စတင်တိုက်ခိုက်လိုက်သည်။
လုံဟူက အလွန်အမင်းဒေါသထွက်သွားခဲ့သည်။ ဒီတစ်ကြိမ်မှာတော့
ရွှေသက်တန့်ခြေလှမ်းကို မသုံးတော့ပဲ ရန်ကိုင်တိုက်ခိုက်မှုကို
ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ဘုန်း…ရန်ကိုင်က ကျောက်တောင်တစ်တောင်လို ကြံကြံခံနိုင်ခဲ့ပြီး
တစ်လက်မတောင် မရွေ့သွားခဲ့ပေ။ လုံဟူကတော့ ရန်ကိုင်
ချီစွမ်းအင်ကြောင့် ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်ရသည်။
နာကျင်မှုကြောင့် အော်ဟစ်ညီးတွားလိုက်ရင် ရန်ကိုင်နဲ့
နောက်တစ်ကြိမ် ထိပ်တိုက်ရင်ဆိုင်ဖို့ ဆက်ပြီးမတွေးတော
ရဲတော့ပေ။ ချီစွမ်းအင်ကို လှည့်ပတ်ရင်း ရွှေသက်တန့်ခြေလှမ်းကို
အသက်သွင်းလိုက်ပြီး ရန်ကိုင်ဆီကနေ ဝေးရာကိုနောက်ဆုတ်
သွားခဲ့သည်။
‘‘စွတ်’’ သူခြေချလိုက်ရုံပဲရှိသေး ကြက်သွေးရောင် အစက်ကလေး
တစ်စက်က သူ့ညာဘက်ရင်ဘတ်ခြမ်းမှတစ်ဆင့် လုံဟူခန္ဓာကိုယ်
ထဲကို ဝင်ရောက်သွားခဲ့သည်။ နာကျင်မှုကြောင့် အော်ဟစ်
ညီးတွားလိုက်ပြီး သူ့ရင်ဘတ်ကိုကိုင်ရင်း လုံဟူမျက်နှာ
ဖြူဖတ်ဖြူလျော် ဖြစ်သွားခဲ့သည်။ အမောတကော အသက်ရှု
ရင်း သူ့ပါးစပ်က်နေ သွေးတွေစီးကျလာခဲ့သည် ‘‘မဖြစ်နိုင်ဘူး…
မဖြစ်နိုင်ဘူး … လုံးဝမဖြစ်နိုင်ဘူး’’
ရန်ကိုင်က ရွှေသက်တန့်ခြေလှမ်းကို နားလည်သွားခဲ့ပြီဖြစ်သည်။
ရန်ကိုင်က သူပြန်ပေါ်လာမယ့်နေရာကို ချိန်ပြီးတိုက်ခိုက်လိုက်တဲ့
အတွက် လုံဟူအဖို့ ရှောင်ရှားဖို့ရာမတတ်နိုင်တော့ပေ။ ထို့ပြင်
ရန်ကိုင်တိုက်ခိုက်မှုကလည်း အလွန်အမင်းကြောက်မက်ဖွယ်
ကောင်းလေသည်။ ထိုတိုက်ကွက်က သူ့ရဲ့သာမန်အဆင့်နိမ့်
အကာအကွယ်ရတနာကို ထိုးဖောက်သွားရုံမက သူ့ခန္ဓာကိုယ်ထဲကို
ပါဝင်ရောက်သွားခဲ့သည်။ ချီစွမ်းအင် အကာအကွယ်ကြောင့်သာ
မဟုတ်ရင် ထိုတိုက်ခိုက်မှုက သူ့ခန္ဓာကိုယ်အတွင်းပိုင်းထိ
ဝင်ရောက်သွားပေလိမ့်မည်။
‘‘မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး’’ ရန်ကိုင်အမူအရာက တည်ငြိမ်နေခဲ့ပြီး
လုံဟူဆီကိုပြေးဝင်သွားခဲ့သည်။ လုံဟူက သူ့ကိုဘယ်လိုလုပ်ပြီး
ထိပ်တိုက်ရင်ဆိုင်ရဲပါ့မလဲ။ သူ့အရှိန်ကိုမြှင့်လိုက်ပြီး ဝမ်ဖေးချန်
ရှိတဲ့နေရာကို ထွက်ပြေးတော့လေသည်‘‘ခန်းမသခင်ဝမ်…
ကယ်ပါဦး’’ အခုလက်ရှိလုံဟူက အစောပိုင်းကလို
မမောက်မာနိုင်တော့ပဲ ကြောက်လန့်နေတဲ့ ခွေးလွေခွေးလွင့်
တစ်ကောင်လိုဖြစ်နေခဲ့သည်။
သူထွက်ပြေးဖို့ လုပ်နေတဲ့အချိန်မှာပဲ စူးရှတဲ့နာကျင်မှုတစ်ခုက
သူ့ကျောဘက်ကနေ ပျံလွင့်လာခဲ့ပြီး မြေကြီးပေါ်ကို
မျက်နှာချင်းဆိုင်ပြီး လဲကျသွားခဲ့သည်။ သူကုန်းထဖို့လုပ်လိုက်တဲ့
အချိန်မှာပဲ တောင်တစ်တောင်လို လေးလံတဲ့ခြေထောက်
တစ်ချောင်းက သူ့လည်ပင်းပေါ်ကျလာခဲ့သည်။ လုံဟူက
သွေးရူးသွေးတန်းဖြစ်နေခဲ့ပြီး ကုန်းထဖို့ကြိုးစားခဲ့ပေမယ့်လည်း
မထနိုင်ခဲ့ပေ။
‘‘ငါက သွေးတိုက်ပွဲဂိုဏ်းလက်ထောက်ဂိုဏ်းချုပ် လုံကျိုးရှန်ရဲ့
မြေးပဲ။ မင်းသာငါ့ကို အသက်ချမ်းသာပေးမယ်ဆိုရင်
ငွေဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် မင်းလိုချင်တာ အကုန်ငါပေးပါ့မယ်ကွာ။
မင်းငါ့ကိုသတ်လိုက်ရင် ဘာအကျိုးကျေးဇူမှရှိမှာမဟုတ်ဘူးနော်…။
ပြီးတော့ လုံမိသားစုကလည်း မင်းကိုလက်စားလာချေလိမ့်မယ်’’
လုံဟူက ကုန်းထဖို့ကြိုးစားနေရင်း အသက်ချမ်းသားပေးဖို့
အဆက်မပြတ် တောင်းဆိုခယနေခဲ့သည်။ ရန်ကိုင်၏တည်ငြိမ်
နေတဲ့ အမူအရာကို မြင်နေရတဲ့အချိန်မှာတော့ လုံဟူလည်း
အရင်ကလို တည်ငြိမ်ပြီး မမောက်မာနိုင်တော့ပေ။
‘‘သခင်လေးလုံ’’ ရန်ကိုင်က စကားစလိုက်သည်
‘‘ မင်းရဲ့ အော်သံကို ကြားနေရတာ ငါ့အတွက်တော်တော်လေး
နားကလောစရာကောင်းတယ်ကွာ’’
‘‘ဟုတ်ပါတယ်..ဟုတ်ပါတယ်..အစ်ကိုရန်ကိုင် ပြောတာမှန်ပါတယ် …မင်းသာမကြိုက်ဘူးဆိုရင် ငါနောက်ထပ် မအော်တော့ပါဘူး’’ ချောက်ကပ်းပါးအစွန်းကို ရောက်နေတဲ့အချိန်မှာတော့ လုံဟူအဖို့ခေါင်းငုံ့ခံနေရုံသာ တတ်နိုင်တော့ပေသည်။
‘‘ကဲ..အဲ့လိုဆိုရင်လည်း … ထာဝရ တိတ်ဆိတ်နေလိုက်ပေတော့’’
ပြောပြီးတာနဲ့ လုံဟူမျက်နှာတစ်ခုလုံးကို ဆောင့်နင်းလိုက်ပြီး
သူ့လည်းပင်ကို လက်သီးနဲ့ထိုးချလိုက်သည်။ ‘‘ဂျွတ်…’’
လုံဟူလည်ပင်းကျိုးသွားခဲ့ပြီး သူ့မျက်လုံးတွေကတော့
နောင်တ၊ ယူကြုံးမရဖြစ်မှု၊ လက်မခံနိုင်မှုတွေနဲ့ ပြူးထွက်နေခဲ့သည်။
လုံဟူအလောင်းကို လက်တစ်ဖက်နဲ့ ကောက်ကိုင်လိုက်ပြီး
ရှနင်းချန်နှင့်ဝမ်ဖေးချန်တို့ တိုက်ခိုက်နေတဲ့နေရာဆီကို
ပြေးသွားလိုက်သည်။
သိပ်မကြာခင်မှာပဲ ရှနင်းချန်နှင့်ဝမ်ဖေးချန်တို့ကိုတွေ့လိုက်ရသည်။
အခုအချိန်မှာတော့ နှစ်ဖက်စလုံးက လက်ရည်ညီနေခဲ့သည်။
နှစ်ယောက်မှာ တစ်ယောက်က စွမ်းအားချိတ်ပိတ်ထားခြင်းခံရပြီး
နောက်တစ်ယောက်က ဒဏ်ရာရနေခဲ့သည်။ သူတို့ရဲ့စွမ်းအား
အစစ်အမှန်ကို ထုတ်မပြနိုင်ပေမယ့် အဆင့်မြင့်ကျင့်ကြံသူတွေ
ကြားက တိုက်ပွဲက ရန်ကိုင်တွေ့ကြုံဖူးတဲ့တိုက်ပွဲထက်တော့
ပိုပြီးပြင်းထန်လေသည်။
ရန်ကိုင်က ဘေးကနေ ရပ်ကြည့်နေလိုက်သည်။ တစ်ယောက်
ချင်းဆိုရင် သူ့မှာမျှော်လင့်ချက်မရှိတာကို သူသိပေသည်။
ဒါပေမယ့် ရှနင်းချန်နဲ့ဆိုရင်တော့ ပိုပြီလွယ်ကူသွားခဲ့ပြီဖြစ်သည်။
သူလည်းဝင်ပါဖို့လိုနေပြီဆိုတာ သိလိုက်သည်။ လုံဟူ
အလောင်းကိုသယ်ရင်း ဝမ်ဖေးချန် အနားတိုးကပ်သွားကာ
အော်ပြောလိုက်သည်‘‘ ခန်းမသခင်ဝမ်…ဒါဘယ်သူလဲဆိုတာ
ကြည့်လိုက်ပါဦး’’
ဝမ်ဖေးချန်က ရန်ကိုင်ရောက်နေတာကို အစောကြီးကတည်းက
သိနေခဲ့သည်။ ဒါပေမယ့် သူလှည့်ပြီးမစစ်ဆေးရဲတဲ့အတွက်
ရန်ကိုင်မေးတဲ့ မေးခွန်းရဲ့အဖြေကိုလည်း သူမသိပေ။ရန်ကိုင်
မေးတာကိုကြားလိုက်တဲ့အချိန်မှာတော့ လှည့်ကြည့်မိလိုက်ပြီး
ရုတ်တရက် အော်လိုက်သည်‘‘သခင်လေးလုံ’’
အခုလက်ရှိလုံဟူ၏ ရင်ဘတ်တွင် သွေးတွေတစိမ့်စိမ့် စီးကျနေတဲ့
အပေါက်ကြီးတစ်ပေါက်ရှိနေခဲ့သည်။ ဘာလိုပဲဖြစ်ဖြစ် ဒီတဏှာကြီး
တဲ့ သခင်လေးလုံက ချီပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ
တစ်ယောက် ဖြစ်နေတုန်းပင်ဖြစ်သည်။ သူက ဝမ်ဖေးချန်တောင်
လေ့ကျင့်ခွင့်မရတဲ့ သိုင်းပညာရပ်များစွာကို လေ့ကျင့်ထားတဲ့
အတွက် သူ့တိုက်ပွဲစွမ်းရည်ကလည်း သာမန်ကျင့်ကြံသူတွေထက်
သာလွန်ပေသည်။
ဝမ်ဖေးချန်က လုံဟူ၏တိုက်ပွဲစွမ်းရည်ကို ယုံကြည်ထားတဲ့
အတွက်ကြောင့်သာ ရန်ကိုင်နဲ့တိုက်ခိုက်ခွင့်ပေးလိုက်ခြင်း
ဖြစ်သည်။ ဒါပေမယ့် အခုအချိန်မှာတော့ လုံဟူကသေသွားခဲ့ပြီ
ဖြစ်သည်။ ဝမ်ဖေးချန် မတည်ငြိမ်နိုင်တော့ချေ။ သွေးတိုက်ပွဲဂိုဏ်းက
ဘယ်သူသေသေ ကိစ္စမရှိပေမယ့် လုံဟူကတော့ သေလို့မဖြစ်ပေ။
လုံဟူသာ သေသွားခဲ့ရင် အင်မော်တယ်တက်လှမ်ခြင်းအဆင်ဖြစ်တဲ့
လုံဟူအဖိုးလုံကျိုင်းရှန်သာသူ့ကို အပြစ်တင်မယ်ဆိုရင် အကျိုးဆက်ကို သူလည်းတာဝန်ယူနိင်မည်မဟုတ်ချေ။
Martial Peak
အထွတ်အထိပ် သိုင်းဧကရာဇ်
အပိုင်း (၁၁၄) ဝမ်ဖေးချန်၏ ရှုံးနိမ့်မှု
ကျွမ်းကျင်သူတွေကြားက တိုက်ပွဲတွေကမျက်တောင်တစ်ခတ်
အတွင်း အဆုံးအဖြတ်ပေးသွားနိုင်သည်။ လုံဟူ၏သေဆုံးခြင်းက
ဝမ်ဖေးချန်ကို မတည်မငြိမ်ဖြစ်သွားစေခဲ့ပြီး ရှနင်းချန်အတွက်
အခွင့်ကောင်းတစ်ခုကို ဖန်တီးပေလိုက်သလို ဖြစ်သွားခဲ့သည်။
ရှနင်းချန်ကလည်း ဒီလိုအခွင့်အရေးကို ဘယ်လိုလုပ်ပြီး
လက်လွှတ်နိုင်ပါ့မလဲ။ သူမမျက်လုံးတွေက တဖျတ်ဖျတ်လက်နေ
ခဲ့ပြီး ဝမ်းဖေချန်ကို တစ်ကွက်တည်းနဲ့ အသေသတ်ဖို့
ကြိုးစားလိုက်သည်။
မကောင်းတဲ့ခံစားချက် ရလိုက်တာနဲ့ဝမ်ဖေးချန်က သူ့လက်နှစ်
ဖက်ကို ရင်လတ်ရှေ့တွင် ချက်ချင်ကာလိုက်သည်။
ကံမကောင်းစွာနဲ့ ရှနင်းချန်၏ တိုက်ကွက်ကို အချိန်မှီ
မရှောင်တိမ်းနိုင်တဲ့အတွက် ဒဏ်ရာနည်းနည်းရသွားခဲ့သည်။
ဝမ်ဖေးချန်က ရှနင်းချန်ကို ပြန်ပြီးမတိုက်ခိုက်ရသေးခင်မှာပဲ
ရန်ကိုင်ကလှုပ်ရှားလိုက်သည်။ လုံဟူအလောင်းကို အရှေ့တွင်
ကားထားလိုက်ရင်း သူ့လက်မောင်းကြားကနေ ဝမ်ဖေးချန်ကို
ချောင်းမြောင်းတိုက်ခိုက်လိုက်သည်။
ရှနင်းချန်ကလည်း ချက်ချင်းပဲ ဝမ်ဖေးချန်ကို ထပ်ပြီးဖိအားပေး
လိုက်သည်။ ဝမ်ဖေးချန်က သူတို့နှစ်ယောက်၏ တိုက်ခိုက်မှု
ကြားတွင် ချောင်ပိတ်သွားခဲ့ပြီး ကျဉ်းထဲကျပ်ထဲ ရောက်သွား
ခဲ့သည်။ သူ့လက်ရှိခွန်အားနဲ့ဆိုရင် ရှနင်းချန်ကို ရင်ဆိုင်ဖို့
မဖြစ်နိုင်ပေမယ့် ရန်ကိုင်ဆိုရင်တော့ ကွဲပြားသွားပြီဖြစ်သည်။
ကံမကောင်းစွာနဲ့ ရန်ကိုင်ကလုံဟူကို နည်းနည်းလေးတောင်
ဂရုဏာမထားပဲ ဒိုင်းအဖြစ်အသုံးပြုနေခဲ့သည်။ ရန်ကိုင်ကို
တိုက်ခိုက်ဖို့ဆိုရင် လုံဟူအလောင်းကို အရင်ဆုံးဖျက်စီး
ပစ်ရပေလိမ့်မည်။ ဒါပေမယ့် သူအဖို့ လုံဟူအလောင်းကို
ဖျက်ဆီးဖို့ရာ အမှန်တကယ်မလုပ်ချင်ပေ။
‘‘ အရှက်မရှိတဲ့ ခွေးကောင်’’ ဝမ်ဖေးချန်က အလွန်အမင်း
ဒေါသထွက်သွားခဲ့သည်။ ရန်ကိုင်နှင့်ရှနင်းချန်တို့၏
တိုက်ခိုက်မှုကို ခုခံနေရင်း သူတော်တော်လေး ဒေါသ
ထွက်လာခဲ့သည်‘‘ လူသေကိုလေးစားရတယ်ကွ…။
သခင်းလေလုံရဲ့ အလောင်းကိုအခုလို လုပ်နေတာ
ကောင်းကင်ဘုံက မင်းကိုအပြစ်ပေးမှာ မကြောက်ဘူးလား’’
ရန်ကိုင်က ပြန်ပြီးလှောင်ပြောင်လိုက်သည်‘‘ မင်းကိုသာ
ကောင်းကင်ဘုံက အပြစ်ပေးမှာ။ မင်းတို့သာ ငါတို့နှစ်ယောက်ကို
ဒီလောက်တွန်းအားမပေးခဲ့ရင် အခုလိုဖြစ်လာပါ့မလား’’
သူ့ရဲ့ခွန်းတုံ့ပြန်စကားက ဝမ်ဖေးချန်ကို ပြောစရာစကား
မဲ့သွားစေခဲ့သည်။ ရန်ကိုင်ပြောတာလည်း မှန်ပေသည်။
သူတို့နှစ်ယောက် ဒီတောင်ကြားကိုလာတာ ရတနာရှာဖို့လေ…
ဒါပေမယ့် သူတို့အဖွဲ့က ရန်ကိုင်ကိုသတ်ဖို့ သူတို့နှစ်ယောက်
နောက်ကိုနောက်ယောင်ခံလိုက်ခဲ့သည်။ ထို့ပြင်သူတို့မှာရှိတဲ့
လူအရေအတွက်နဲ့ သတို့နှစ်ယောက်ကို အနိုင်ကျင့်တိုက်ခိုက်
ခဲ့သည်။ ရန်ကိုင်ကိုဝေဖန်ပြောဆိုဖို့ သူ့မှာကောအခွင့်အရေး
ရွိပါဦးမလား။
သူစိတ်ရှုပ်နေတဲ့အချိန်မှာပဲ ရန်ကိုင်က တိုက်ခိုက်ဖို့
အခွင့်အရေးကို နောက်ဆုံးရှာတွေ့သွားခဲ့သည်။ ဝမ်ဖေးချန်က
ရှနင်းချန်၏ တိုက်ခိုက်မှုကို ကာကွယ်နေတဲ့အချိန်တွ်
ရန်ကိုင်ကသူ့ခါးကို အောင်မြင်စွာချောင်းမြောင်းတိုက်ခိုက်
နိုင်ခဲ့သည်။ ယန်အရည်စက်၁၀စက်လုံးကို တစ်ပြိုင်တည်း
သုံးကာ တိုက်ခိုက်လိုက်သည်။
ဝမ်ဖေးချန်က နာကျင်မှုကြောင့် ညီးတွားလိုက်ပြီး အလျင်စလို
နောက်ဆုတ်လိုက်သည်။ ထိတ်လန့်မှုအပြည့်နဲ့ ရန်ကိုင်ကို
ကြောင်ကြည့်နေလိုက်သည်။ ရန်ကိုင်၏တိုက်ခိုက်မှုတွေက
ရှနင်းချန်၏တိုက်ခိုက်မှုထက် ပိုပြီးရက်စက်ကြမ်းကြုတ်နေမှန်း
သူသိလိုက်ရသည်။ ပွက်ပွက်ဆူတောက်လောင်နေတဲ့
ယန်ချီတွေကြောင့် သူ့ခန္ဓာကိုယ်ပေါ်တွင် အပေါက်တစ်ပေါက်
ပေါ်လာခဲ့သည်။ ထိုဒဏ်ရာက အရမ်းမပြင်းထန်ပေမယ့်
သာမန်ဒဏ်ရာတစ်ခုတော့လည်း မဟုတ်ချေ။
မျက်မှောင်ကြုံ့လိုက်ရင်း အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူ
တစ်ယောက်ကို တိုက်ခိုက်ဖို့ သူ့ခွန်အားမလုံလောက်သေးမှန်း
သိလိုက်သည်။ ယန်အရည်စက်၁၀စက်သုံးလိုက်တာတောင်
ဝမ်ဖေးချန်ကို ပြင်းပြင်းထန်ထန်ဒဏ်ရာရအောင် မတိုက်ခိုက်
နိုင်ခဲ့ပေ။ အစစ်အမှန်ဒြပ်စင်အဆင့်ကျင့်ကြံသူမှာရှိတဲ့
အစစ်အမှန်ချီက သာမန်ချီစွမ်းအင်ထက် ပိုပြီးခုခံနိုင်စွမ်း
မြင့်ပေသည်။
‘‘ဂျူနီယာမောင်လေး..ဂရုစိုက်ဦး’’ ရှနင်းချန်က ရုတ်တရက်
အော်ပြောလိုက်သည်။ တစ်ချန်တည်းမှာပဲ ဝမ်ဖေးချန်၏
မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်တဲ့ သတ်ဖြတ်စိတ်တွေ
ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်ဆီပြေးဝင်သွားခဲ့သည်။ နောက်ဆုံးတော့
လည်း သူသည်းခံနိုင်တဲ့ အတိုင်းအတာကို ကျော်လွန်သွားခဲ့ပြီ
ဖြစ်သည်။ ဒါမှမဟုတ် သူကပဲ နိုင်လိုမင်းထက်ပြုမူရတာကို
ကြိုက်တာပဲလားဆိုတာတော့ သူမသိပေမယ့် ရန်ကိုင်၏
နှုတ်ခမ်းက ကွေးတက်သွားခဲ့ပြီး သူ့မျက်နှာပေါ်တွင်
အတိတ်နိမိတ်မကောင်းတဲ့ အပြုံးတစ်ခုပေါ်လာခဲ့သည်။
ယန်အရည်စက်ကို သုံးလိုက်တာနဲ့ ဝမ်ဖေးချန်က သူ့ကို
ပစ်မှတ်ထားတော့မယ်ဆိုတာ သူသိပေသည်။ သူ့ကျင့်ကြံခြင်း
အဆင့်က ရှနင်းချန်ထက် နိမ့်ကျနေရင်တောင် သူသုံးလိုက်တဲ့
စွမ်းအားက ရှငန်းချန်အသုံးပြုနိုင်တာထက် အဆများစွာ
ပိုပြီး အစွမ်းထက်လေသည်။
သူသာဝမ်ဖေးချန်ဆိုရင်လည်း သူ့လိုပဲလုပ်မှာဖြစ်လေသည်။
ဝမ်ဖေးချန်က သူ့တိုက်ခိုက်လာတာနဲ့ နောက်ပြန်ဆုတ်ဖို့
မကြိုးစားပဲ ရှေ့တိုးလိုက်သည်။ ‘‘မလုပ်နဲ့’’ ရှနင်းချန်က
အော်ပြောလိုက်သည်။ ဒါပေမယ့် နှစ်ဖက်စလုံးက အရှိန်မြှင့်ပြီး
တိုးဝင်သွားတဲ့အတွက် သူမလည်းတားဆီဖို့ရာ မတတ်နိုင်တော့ချေ။
‘‘ သောက်ကျင့်မကောင်းတဲ့ကောင်’’ ဝမ်ဖေးချန်အသံက ဒေါသသံ
ပါဝင်နေခဲ့ပြီး သူ့ရည်ရွယ်ချက်ကို ဖုံးကွယ်ဖို့မကြိုးစားတော့ပေ။
လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ရန်ကိုင်ကိုတိုက်ရိုက်
ရိုက်ချလိုက်သည်။
အသက်ပြင်းပြင်းရှုလိုက်ရင်း ရုတ်တရက် သူ့ကြွက်သွားတွေကို
တောင့်လိုက်ပြီး ချီစွမ်းအင်ကို အဆုံးစွန်အထိ လှည့်ပတ်
လိုက်သည်။ သူ့အရိုးတွေအက်ကွဲသွားခဲ့ပြီး အရှိန်အဟုန်နဲ့
တိုးမြှင့်လာတဲ့စွမ်းအင်ကြောင့် သူ့တစ်ကိုယ်လုံးနီရဲလာခဲ့သည်။
ဖုန်း….ဝမ်ဖေးချန်၏ တိုက်ခိုက်မှုက လုံဟုအလောင်းပေါ်ကို
တိုက်ခိုက်ကျသွားခဲ့သည်။ ဖရဲသီးတစ်လုံးလို ပေါက်ကွဲသွားခဲ့ပြီး
လုံဟူအလောင်းတစ်ခုလုံး အသားစဖြစ်သွားခဲ့သည်။ ထို့နောက်
အကာအကွယ်မဲ့နေတဲ့ ရန်ကိုင်ဆီကို နောက်ထပ်လက်ဝါးတစ်ချက်
ကျရောက်လာခဲ့သည်။
ရှနင်းချန်၏ တုန်လှုပ်ခြောက်ခြားနေတဲ့အကြည့်အောက်တွင်
ရိုးရှင်းတဲ့လက်ဝါးချက်က ရန်ကိုင်ရင်ဘတ်ပေါ်ကျသွားခဲ့သည်။
ရန်ကိုင်ရင်ဘတ် ချိုင့်သွားခဲ့ပြီး အရိုးကျိုးသံထွက်ပေါ်လာခဲ့သည်။
ရန်ကိုင်က သွေးတစ်ပွက်အန်လိုက်ရပြီး ထိုသွေးပွက်က
ဝမ်ဖေးချန်၏ မျက်နှာဆီ ဦးတည်သွားခဲ့သည်။ ဝမ်ဖေးချန်လိုလူကာ
သူ့မျက်နှာပေး သွေးအန်တာကို ဘယ်လိုလုပ်ပြီး လက်ခံနိုင်ပါ့မလဲ။
ချက်ချင်းပဲ ဆတ်ခဲနရှောင်လိုက်သည်။
ဒါပေမယ့် ရန်ကိုင်ရင်ဘတ်က သူ့လက်ကို မရုတ်ရသေးခင်မှာပဲ
ရန်ကိုင်က သူ့ကိုလှောင်ပြုံးပြံုးပြနေတာကို တွေ့လိုက်ရသည်။
ရန်ကိုင်လက်က ဝမ်ဖေးချန်၏ လက်ကောက်ဝတ်ကို ကိုရုတ်တရက် ဖမ်းချုပ်ထားလိုက်ပြီး သွေးနီရောင်မျက်လုံးတွေနဲ့ ဝမ်ဖေးချန်ကို စူးစိုက်ကြည့်ရင်း အသံအက်အက်ကြီးနဲ့ ပြောလိုက်သည်‘‘ မင်းတော့ ကံဆိုးမိုးမှောင် ကျပြီပဲ’’
ဝမ်ဖေးချန်၏ မျက်နှာအပြောင်းကြီးပြောင်းလဲသွားခဲ့သည်။
ရန်ကိုင်၏ ခုခံနိုင်စွမ်းကဒီလောက် မြင့်မားလိမ့်မယ်လို့
ဘယ်တုန်းကမှ သူမတွေးခဲ့ပေ။ သူ့လက်ဝါးရိုက်ချက်က
ရန်ကိုင်ကို ဒဏ်ရာရသွားစေပေမယ့်လည်း သူ့ကိုသတ်ဖို့ရာတော့
မစွမ်းဆောင်နိုင်ခဲ့ချေ။
ဒါပေမယ့် သာမန်လူဆိုရင် သူ့လက်ဝါးရိုက်ချက်ကို တောင်ခံ
နိုင်လိမ့်မည်မဟုတ်ချေ။ ဒါပေမယ့် ရန်ကိုင်ကတော့ ခုခံနိုင်ရုံမက
သူ့ခါးကိုပါ ဖမ်းချုပ်ထားနိုင်ခဲ့သည်။ ဒီလောက်လုပ်နိုင်ဖို့ သူ့မှာ
ခွန်အားဘယ်လောက်တောင်များ ကျန်နေသေးတာပါလိမ့်။
‘‘ငါ့ကိုလွှတ်စမ်း’’ သူ့လက်တစ်ဖက်ကို မြှောက်လိုက်ပြီး
ဝမ်ဖေးချန်က ရန်ကိုင်ကိုရိုက်ဖို့လုပ်လိုက်သည်။
ရှနင်းချန်က သူ့ကိုဘယ်လိုလုပ်ပြီး ခွင့်ပြုပေးနိုင်ပါ့မလဲ။
သူမဆံပင်တွေက လေထဲတွင်လွင့်မျော့နေခဲ့ပြီး ဆယ်ပေ
အတွင်းမျာရှိတဲ့ ယင်ချီတွေကို စုစည်းလိုက်သည်။ ရုတ်တရက်
တောက်ပတဲ့ ရေခဲဒုချွန်တစ်ခုက သူမရှေ့တွင် ပေါ်လာခဲ့ပြီး
ဝမ်ဖေးချန်ဆီ တိုးဝင်သွားခဲ့သည်။
ဝမ်ဖေးချန်က ရန်ကိုင်ဆီကို မရောက်သေးခင်မှာပဲ
ရေခဲဒုချွန်က ဝမ်ဖေးချန်လက်ကို ထိမှန်သွားခဲ့ပြီး နာကျင်မှုက
သူ့ခန္ဓာကိုယ်တစ်လျှောက်ပျံ့လွင့်လာခဲ့ကာ နာနာကျင်ကျင်
အော်မြည်လိုက်ရသည်။
ယား…….ရုတ်တရက် ရန်ကိုင်ကသားရဲတစ်ကောင်အလား
အော်မြည်ဟိန်းလိုက်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ ချီစွမ်းအင်တွေက
သူ့ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်လာခဲ့ပြီး ပိုပိုပြင်းထန်လာခဲ့သည်။
အမြဲတစေတည်ငြိမ်နေခဲ့ စဦးဒြပ်စင်အဆင့် ချီစွမ်းအင်တွေက
ပြင်းထန်တဲ့ဖိအားနဲ့ ရုတ်ရင့်ကြမ်းတမ်းစွမ်းအင်တွေကြောင့်
ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး သူ့ကိုနောက်တစ်ဆင့်
တက်လှမ်းသွားစေခဲ့သည်။
ချီပြောင်းလဲခြင်းအဆင့်….
ထိုအရာက ချီပြောင်းလဲခြင်းဆင့် အစစ်အမှန်မဟုတ်ချေ။ ချီစွမ်းအင်
လှုပ်ရှားမှုတွေကသာ ချီပြောင်းလဲခြင်းအဆင့် အရှိန်အဝါတွေ
ထွက်ပေါ်နေခြင်းဖြစ်သည်။ ဒါပေမယ့် အခုလက်ရှိရန်ကိုင်၏
ခွန်အားက အခြားသူတွေနဲ့ မနှိုင်းယှဉ်နိုင်ပေ။ ရန်ကိုင်၏
ပြောင်းလဲမှုကို အာရုံခံမိလိုက်တာနဲ့ ဝမ်ဖေးချန်က ရေခဲတုံးတစ်တုံး
လိုဖြစ်သွားခဲ့သည်။
ဝမ်ဖေးချန်က သူ့ကိုပြန်ရုတ်ဖို့ရာ ကြိုးစားခဲ့ပေမယ့် သူ့ကြိုးစားမှုက
အရာမထင်ခဲ့ချေ။ ကျန်တဲ့လက်တစ်ဖက်ကလည်း ရှနင်းချန်၏
ကြင်နာမှုကြောင့် အပေါက်ဖြစ်သွားခဲ့ရသည်။
‘‘ဂျွတ်..’’ သူ့ခွန်အားတွေ တိုးတက်ပြောင်းလဲလာခဲ့အတွက်
ရန်ကိုင်အဖို့ ဝမ်ဖေးချန်ကို လက်ချောင်းလေးတွေကို ချိုးပစ်
နိုင်ခဲ့သည်။ ဘယ်လိုလူမျိုးကများ ဒီလိုနာကျင်မှုကို တောင့်ခံ
ထားနိုင်ပါ့မလဲ။ ဘာပဲဖြစ်ဖြစ် ဝမ်ဖေးချန်လည်း ဒီလိုနာကျင်မှုကို
တောင့်မခံထားနိုင်တဲ့အတွက် ဆွဲဆွဲငင်ငင် အော်မြည်လိုက်ပြီး
သူ့အော်သံက တောင်ကြားတစ်ခုလုံး ပဲ့တင်ထပ်သွားခဲ့သည်။
‘‘ဂျွတ်’’ နောက်ထပ် အရိုးကျိုးသံထွက်ပေါ်လာခဲ့သည်။
ဝမ်ဖေးချန်၏ အော်သံက ပိုပြီးသနားစရာ ကောင်းလာခဲ့သည်။
ရန်ကိုင်က ဝမ်ဖေးချန်က လက်ငါးချောင်းစလုံးကို ချိုးလိုက်ပြီး
သူ့ကိုဒူးထောက်အနေအထားဖြစ်အောင် ဆွဲချလိုက်ပြီး
လက်မောင်းတစ်ခုလုံးကို ချိုးဖို့ရာကြိုးစားလိုက်သည်။
ထိုအချိန်တွင် ရှနင်းချန်လည်း အချိန်ဖြုန်းမနေခဲ့ချေ။ ရန်ကိုင်
ကို အလွန်အမင်းစိုးရိမ်နေတဲ့အတွက် ဝမ်ဖေးချန်ကို
အကြင်အနား ကင်းမဲ့စွာနဲ့ ရက်ရက်စက်စက် တိုက်ခိုက်လိုက်သည်။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၁၅) ယင်ကိုးသွယ်နှင်းပုံဆောင်ခဲကိုရယူခြင်း
ဝမ်ဖေးချန်က ဒုတိယအကြိမ် ရန်ကိုင်ကိုတိုက်ခိုက်လိုက်
ကတည်းက သူရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။ ဝမ်ဖေးချန်လို
ကျွမ်းကျင်သူတစ်ယောက်ကို သတ်ဖို့ဆိုရင် သူတို့၏လှုပ်ရှားမှုကို
အရင်ဆုံးထိန်းချုပ်ထားရမယ်ဆိုတာ ရန်ကိုင်သိပေသည်။
မဟုတ်ရင် ရှနင်းချန်နဲ့သူ့ခွန်အား သက်သက်ကိုသုံးပြီး ဝမ်ဖေးချန်ကို
အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်ပေ။
လုံဟူမှာလည်း ခြေလှမ်းပညာရပ်ရှိတဲ့အတွက် ဝမ်ဖေးချန်လို
ကျွမ်းကျင်သူတစ်ယောက်မှာလည်း ပုံစံတူပညာရပ်တစ်ခုကတော့
ကျိန်းသေရှိနိုင်ပေသည်။ ဝမ်ဖေးချန်သာ တစ်ခုခုမှားယွင်းနေမှန်း
နားလည်သွားခဲ့ရင် နေထွက်လာတာနဲ့တစ်ပြိုင်နက် ရှနင်းချန်နဲ့သူ
ဒုက္ခအကြီးကြီး ရောက်ပေလိမ့်မည်။ ဒါပေမယ့် ဝမ်ဖေးချန်လိုလူ
တစ်ယောက်ကို ချုပ်နှောင်ထားဖို့ဆိုတာကလည်း ပြောသလောက်
မလွယ်ပေ။ သူ့ရဲ့စွမ်းအားတစ်ဝက်ကျော်လောက်က ချိတ်ပိတ်ထား
ခံရတယ်ဆိုရင်တောင် ဝမ်ဖေးချန်က သူတို့အလွယ်တကူ
ဖိနှိပ်နိုင်တဲ့ ကျင့်ကြံသူတစ်ယောက်မဟုတ်ချေ။
ဒါကြောင့် ရန်ကိုင်က သူ့ခန္ဓာကိုယ်ကို အရင်းခံပြီး ဝမ်ဖေးချန်ကို
ချုပ်နှောင်ဖို့ ကြိုးစားခဲ့ခြင်းဖြစ်သည်။ သူ့ခန္ဓာကိုယ်ကို တည်ကြက်
အဖြစ်သုံးကာ ဝမ်ဖေးချန်၏ လက်ဝါးရိုက်ချက်ကို ခံယူရင်း
သူ့လက်ကောက်ဝတ်ကို ချုပ်ထားနိုင်လိုက်သည်။ ဒါက
တကယ်ကို ရဲတင်းလွန်းတဲ့ လှုပ်ရှားမှုတစ်ခုပင်ဖြစ်သည်။
ဒါပေမယ့် ရန်ကိုင်က သူ့ခန္ဓာကိုယ်ကို တည်ကြက်အဖြစ်
အသုံးချခဲ့တဲ့အတွက် ဝမ်ဖေးချန်က သူ့ထောင်ချောက်ထဲ
ဝင်လာမည်မှာ မလွဲမသွေပင်ဖြစ်သည်။
သူရှုံးနိမ့်သွားတာနဲ့ တစ်ပြိုင်နက် အရိုးရိုးကျိုးသံနှင့်အတူ
သွေးပျက်ခြောက်ခြား အော်သံတို့က လိုက်ပါလာခဲ့သည်။
ထို့ပြင် ရန်ကိုင်၏ အဆုံးစွန်သော နှိပ်စက်မှုကိုလည်းခံစားခဲ့ရသည်။
အသက်ရှုချိန် ၁၀ရှိုက်စာအတွင်းမှာပဲ ဝမ်ဖေးချန်၏ အော်သံက
တဖြည်ဖြည်းရပ်တန့်သွားခဲ့သည်။ သူ့အသက်ရှုသံလည်း
ပျောက်ကွယ်သွားခဲ့ပြီး ရွံ့ပျော့တုံးတစ်တုံးလို မြေပြင်ပေါ်ကို
ပျော့ခွေကျသွားခဲ့သည်။ ဘေးဘက်ကနေ ရပ်ကြည့်နေတဲ့
ရှနင်းချန်၏ နှလုံးသားလေးကတော့ ခုန်ပေါက်နေခဲ့သည်။
ဒါက ဂျူနီယာမောင်လေး ရန်ကိုင်၏ရက်စက်ကြမ်းကြုတ်မှုကို
မြင်ရတဲ့ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။
သူ့ကို၂နှစ်ထက်မက စောင့်ကြည့်လာခဲ့တာတောင် ရှနင်းချန်က
ရန်ကိုင်၏ ရက်စက်ကြမ်းကြုတ်၊ အေးစက်ပြီး နှလုံးသားမဲ့တဲ့
ဘက်ခြမ်းကို တစ်ခါမှမမြင်ဖူးခဲ့ချေ။ ရုတ်တရက် အနက်ရောင်
ယင်ချိန်းကြိုးသုံးခုက ဝမ်ဖေးချန်၏ခန္ဓာကိုယ်ကနေ ပျံဝဲလာခဲ့သည်။
တစ်ချိန်တည်းမှာပဲ တစ်ခြားအနက်ရောင် ချိန်းကြိုးငါးခုကလည်း
တောင်ကြားထဲမှ နောက်တစ်ကြိမ်ပေါ်လာပြီး လေထုထဲတွင်
ပျောက်ကွယ်သွားခဲ့သည်။
‘‘ဂျူနီယာမောင်လေး…သူသေသွားပြီ’’ ရန်ကိုင်ကို ညင်သာစွာ
ထူမပေးရင်း ရှနင်းချန်က ပြောလိုက်သည်။ အနက်ရောင်
ချိန်းကြိုးရဲ့ ထွက်ပေါ်လာမှုက ဝမ်ဖေးချန်သေသွားပြီးဆိုတာကို
အတည်ပြုပေးသွားခဲ့ပြီဖြစ်သည်။ ‘‘သူသေသွားပြီလား’’
သူ့အသက်ရှုသံမြန်ဆန်လာခဲ့ပြီးနောက် ရန်ကိုင်ကဖြေးဖြေးချင်း
ခါးကိုမတ်လိုက်သည်။ ‘‘ဂျူနီယာမောင်လေး…နင်အဆင်
ပြေတယ်မလား’’ ရှနင်းချန၏အသံက စိုးရိမ်မှုတွေနဲ့ ပြည့်နေခဲ့သည်။
အခုအချိန်တွင် ရန်ကိုင်က မိစ္ဆာကျင့်ကြံသူတစ်ယောက်လို
ဖြစ်သွားတော့မယ့် ပုံပေါက်နေပြီး သူ့ခန္ဓာကိုယ်ကနေ မိစ္ဆာအော်ရာတွေကို ထုတ်လွှတ်နေခဲ့သည်။
ရန်ကိုင်က ရှနင်းချန်ဘာကို စိတ်ပူနေလဲဆိုတာ သိပေသည်။
ထို့ကြောင့် နာကျင်နေပေမယ့်လည်း ပြုံးဖြဲဖြဲလုပ်လိုက်ရင်း
သူမကိုနှစ်သိမ့်ပေးလိုက်သည်‘‘ အဲ့လောက်ကြီးလည်း စိုးရိမ်စရာ
မလိုပါဘူး။ ဒါက ငါ့လေ့ကျင့်တဲ့သိုင်းပညာရပ်တစ်ခုသက်သက်ပါပဲ။
နည်းနည်းလေ ကြောက်စရာကောင်းတာက လွဲလို့ပေါ့’’ ရှနင်းချန်က
ရန်ကိုင်၏ သွေးနီရောင်မျက်လုံးတွေကို အနီးကပ်လေ့လာ
လိုက်သည်။ သူ့မျက်လုံးတွေက ရက်စက်ကြမ်းကြုတ်ဟန်
ပေါက်နေပေမယ့်လည်းပဲ တည်ငြိမ်မှုအရိပ်အယောင်ကိုတော့
သူ့မျက်လုံးထဲတွင် မြင်တွေ့နေရပေသေးသည်။
‘‘ သူတို့အားလုံးသေပြီဆိုတော့ ယင်ကိုးသွယ်နှင်းပုံဆောင်ခဲကို
သွားရှာကြတာပေါ့’’ ရန်ကိုင်က ဖြစ်ပျက်သမျှအလုံးစုံကို
မေ့လျော့သွားသည့်အလား ပြောလိုက်သည်။ ‘‘ နင်ဒီလောက်
ဒဏ်ရာအများကြီးရထားတာ ဆက်ပြီးလုပ်နိုင်ပါ့မလား’’
‘‘ငါအဆင်ပြေပါတယ်… ဒါပေမယ့် နင်ဆက်ပြီးစောင့်နေရင်တော့
ငါမလုပ်နိုင်လောက်တော့ဘူးထင်တယ်’’ ရန်ကိုင်က ရှနင်းချန်၏
လက်ကလေးပုတ်ရင်း ပြောလိုက်ပြီး ယင်ကိုးသွယ်နှင်းပုံဆောင်ခဲ
စုဝေးရာနေရာဆီသို့ သူမကိုခေါ်သွားလိုက်သည်။
အချိန်ကုန်လာတာနဲ့အမျှ တောင်ကြားထဲမှာရှိတဲ့ ယင်ချီတွေလည်း
တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။ ထို့ကြောင့် ယင်ကိုးသွယ်
နှင်းပုံဆောင်ခဲ၏ တည်နေရာကိုရှာဖို့ကလည်း ပိုပြီးလွယ်ကူ
လာခဲ့သည်။ သူတို့ရှာနေတဲ့နေရာကို ရောက်တဲ့အချိန်မှာတော့
ယင်ကိုးသွယ်နှင်းပုံဆောင်ခဲတွေက ထိုနေရာမှာရှိနေတုန်းပင်။
သူတို့လေးယောက်၏ တိုက်ခိုက်မှုကြောင့် ယင်ကိုးသွယ်
နှင်းပုံဆောင်ခဲတွေက ထိတ်လန့်သွားပြီး ပေရာပေါင်းများစွာ
ကွာဝေးတဲ့နေရာကို ထွက်ပြေးသွားခြင်းဖြစ်သည်။
ထိုအချိန်တွင် ပန်းပွင့်လေးက နောက်ဆုံးအဆင့်ကို ရောက်နေပြီး
ဖူးပွင့်ခါနီးဖြစ်နေခဲ့သည်။ ပန်းဖူးထဲမှာတော့ ထွင်းဖောက်မြင်နိုင်တဲ့
ခရစ်စတယ်သဏ္ဍာန် အရည်စက်ကလေးတွေရှိနေခဲ့သည်။
‘‘ငါတို့ဘယ်လိုစုဆောင်းရမှာလဲ’’ ရန်ကိုင်က မေးလိုက်သည်။
ရှနင်းချန်က နူးညံ့စွာနဲ့ နားနားကပ်ပြီး တိုးတိုးလေးပြောလိုက်သည်
‘‘နင့်ရဲ့ယန်ချီကို ဖိနှိပ်ဖို့သုံးပြီး အဲ့အရည်စက်တွေကို …နင့်ပါးစပ်
ထဲမှာငုံထားလိုက်။ ကျန်တာကိုငါဆက်လုပ်မယ်။ အဲ့နှင်းပုံဆောင်ခဲ
တွေကို နင်ခန္ဓာကိုယ်ရဲ့ အခြား ဘယ်အစိတ်အပိုင်းနဲ့မှ ထိလို့မရဘူးနော်’’
‘‘ငါ့ပါးစပ်ထဲမှာ ငုံထားရမှာလား’’ ရှနင်းချန်ပြောတာကို ကြားတဲ့
အချိန်မှာတော့ ရန်ကိုင်တအံ့တသြဖြစ်သွားခဲ့ရသည်။ သူ
နောက်ထပ်မေးဖို့လုပ်လိုက်တဲ့အချိန်မှာပဲ ရှနင်းချန်၏
အမူအရာ လေးနက်သွားခဲ့သည်‘‘သူတို့ပေါ်လာပြီ’’
သူမပြောပြီးတာနဲ့ ပန်းဖူးလေးက လုံးဝပွင့်လန်းသွားခဲ့သည်။ ပုံမှန်
အားဖြင့် ညအချိန်ဖြစ်တဲ့အတွက် တောင်ကြားတစ်ခုလုံး
မဲမှောင်နေပေမယ့် ပန်းပွင့်လာတဲ့အချိန်မှာတော့ တောင်ကြား
တစ်ခုလုံး လင်းထိန်းသွားခဲ့သည်။ နှင်းရည်စက်တစ်စက်အလား
ကြည်လင်သန့်ရှင်းနေတဲ့ အရည်စက်တစ်စက် ပေါ်လာခဲ့သည်။
ထိုအရည်စက်က ပန်းပွင့်ပေါ်တွင် မျောနေခဲ့ပြီး လျင်မြန်စွာနဲ့
စက်ဝိုင်းပုံလှည့်ပတ်နေခဲ့သည်။
သိပ်သည်းလွန်းတဲ့ ယင်စွမ်းအင်တွေက ထိုအရည်စက်ထဲ
စီးဝင်နေခဲ့သည်။ထိုအရည်စက်ကလေးက လူတစ်ယောက်ကို
နှလုံးခုန်မြန်သွားစေလောက်တဲ့အထိ အေးစက်တဲ့အော်ရာကို
ထုတ်လွှတ်နေခဲ့သည်။ ယင်ကိုးသွယ်နှင်းပုံဆောင်ခဲ
ဖြစ်ပေါ်လာခဲ့လေပြီ။
ရှနင်းချန်၏လက်ကလေးတွေက အလျင်အမြန်လှုပ်ရှားနေခဲ့ပြီး
ချုပ်နှောင်ခြင်းရှစ်ခုအစီအရင်ကို နောက်တစ်ကြိမ် အသက်သွင်း
လိုက်ပြန်သည်။ တောင်ကြားထဲမှာရှိတဲ့ယင်ချီတွေက
စုဝေးသွားခဲ့သည်။ ထို့နောက် ရှနင်းချန်၏ ညွှန်ကြားမှုအောက်တွင်
ထိုယင်ချီတွေက ယင်ကိုးသွယ်နှင်းပုံဆောင်ခဲ တစ်ဟုန်ထိုးစီးဝင်
သွားပြီး ယင်ကိုးသွယ်နှင်းပုံဆောင်ခဲကို အဘက်ဘက်ကနေ
ချုပ်နှောင်ထားလိုက်သည်။ ငါးပေတစ်ဝိုက်ကို ပိတ်နှောင်ထား
လိုက်ပြီး ယင်ကိုးသွယ်နှင်းပုံဆောင်ခဲတွေကို လုံးဝပိတ်လှောင်
ထားလိုက်နိုင်လေသည်။
ယင်ကိုးသွယ်နှင်းပုံဆောင်ခဲက ထွက်ပြေးဖို့ အမျိုးမျိုးကြိုးစားပေမယ့်
ငါးပေအတွင်းကနေ လုံးဝထွက်မပြေးနိုင်ခဲ့ချေ။
‘‘ဂျူနီယာမောင်လေး …နင့်အလှည့်ပဲ’’ ရှနင်းချန်က ရန်ကိုင်ကိုရည်ရွယ်ချက်ရှိရှိ ကြည့်လိုက်ရင်း ပြောလိုက်သည်။ သူမအခက်အခဲများစွာ ကြုံတွေ့ခဲ့ရပြီး ရန်ကိုင်လည်း တော်တော်လေး ထိုခိုက်ဒဏ်ရာ ရခဲ့တဲ့အတွက် ယင်ကိုးသွယ်နှင်းပုံဆောင်ခဲနဲ့ပက်သက်ပြီး သိပ်ပြီး ဂရုမစိုက်တော့ပေ။ ဒါပေမယ့် ရတနာက သူမမျက်စိ
ရှေ့ရောက်နေတဲ့အတွက် သူမစုဆောင်းနိုင်ရင်တော့
စုဆောင်းရပေမည်။
ရန်ကိုင်ကခေါင်းညိတ်လိုက်ပြီး ယင်ကိုးသွယ်နှင်းပုံဆောင်ခဲဆီ
ဖြေးဖြေးချင်းလမ်းလျှောက်သွားလိုက်သည်။ လွှမ်းမိုးချုပ်ချယ်
နိုင်စွမ်းရှိတဲ့ ယင်ချိန်းကြိုးတွေက ထိုနေရာတစ်ဝိုက်ကို ပိတ်လှောင်
ထားပေမယ့် ရန်ကိုင်ခန္ဓာကိုယ်ထဲမှာရှိတဲ့ ယန်ချီတွေက ယင်ချီ
တွေရဲ့အိမ်မက်ဆိုးဖြစ်တဲ့အတွက် ရန်ကိုင်အဖို့ထိုနေရာကို
အသာအယာ ဝင်ထွက်သွားလာနိုင်ပေသည်။
သတ်မှတ်ထားတဲ့နေရာ သေးသေးလေးကို ရောက်တာနဲ့
ယင်ကိုးသွယ်နှင်းပုံဆောင်ခဲက ရန်ကိုင်၏ရည်ရွယ်ချက်ကို
အာရုံခံမိပြီး သူနဲ့အဝေးဆုံးနေရာသို့ ထွက်ပြေးကာလေထဲတွင်
လွင့်မျောနေလိုက်သည်။ သေချာအနီးကပ်ကြည့်လိုက်တဲ့အချိန်
တွင် ထိုနှင်းပုံဆောင်ခဲက မျက်ရည်စက်ကလေးနဲ့ဆင်တူပြီး
လူတစ်ယောက်၏ လက်သည်းခွံ အရွယ်အစားလောက်သာ
ရှိပေသည်။
‘‘ယန်ချီကိုသုံးပြီး အဲ့ဒါကိုဖမ်းရမှာလား…ငါဘယ်လိုလုပ်ရင်
ကောင်းမလဲ’’ ရန်ကိုင်က တစ်ခဏတာတွေးတောလိုက်ပြီး
ယန်အရည်စက်ကို အသုံးပြုလိုက်သည်။ ယန်အရည်စက်ကို
သုံးကာ ဓါးတစ်ချောင်းဖန်တီးလိုက်ပြီး ဝှေ့ရမ်းရင်
ယင်ကိုးသွယ်နှင်းပုံဆောင်ခဲဆီ ပြေးဝင်သွားခဲ့သည်။
ယင်းကိုးသွယ်နှင်းပုံဆောင်ခဲက ငါးပေပတ်လည်အတွင်းတွင်
လှည့်ပတ်ပြေးကာ ရန်ကိုင်၏တိုက်ခိုက်မှုကို အဆက်မပြတ်
ရှောင်တိမ်းနေခဲ့သည်။
‘‘ဘယ်လောက်တောင် စိတ်ဝင်စားဖို့ကောင်းလိုက်လဲ’’ ဖွဖွလေး
ရယ်လိုက်ရင်း နောက်ဆုံးတော့ ဂျီးနီယပ်တွေပိုင်ဆိုင်တဲ့ ရတနာများစွာမှာ ကိုယ်ပိုင်စိတ်ဝိဉာဉ်ရှိတယ်ဆိုတာ နားလည်သွားခဲ့
လေပြီ။ ဒါပေမယ့် စိတ်ဝိဉာဉ်ရှိတဲ့ ပစ္စည်မျိုးကိုတော့ သူအခုမှ
ပထမဆုံးအကြိမ်တွေ့ဖူးတာပဲဖြစ်သည်။
လျှို့ဝှက်လက်နက်ရတနာများတွင် ကိုယ်ပိုင်စိတ်ဝိဉာဉ်ရှိပြီး
သာမန်ရတနာတွေနဲ့ ကွဲပြားပေသည်။
အချိန်မဖြုန်းချင်တော့တာနဲ့ ရန်ကိုင်ကနောက်ထပ် ယန်အရည်စက်
တစ်စက်ကို အသုံးပြုလိုက်သည်။ ‘‘ဒီတစ်ကြိမ် မင်းဘယ်ပြေးမလဲ
ကြည့်ရသေးတာပေါ့’’ နှစ်ဖက်စလုံးကနေ ပြိုင်တူတိုက်ခိုက်တာနဲ့
သိသာတဲ့ရလဒ်ထွက်ပေါ်လာပေလိမ့်မည်။ သွေးနီရောင်
ဓါးနှစ်ချောင်းက ပိုက်ကွန်တစ်ခုအလား သားကောင်ကို
ပိတ်လှောင်ထားလိုကသည်။
အတွေးတစ်ချက်နဲ့ ဒုတိယယန်အရည်စက်ကို ပိုက်ကွန်အကြီးကြီး
တစ်ခုအဖြစ်ပြောင်းလိုက်သည်။ ထို့နောက် ပိုက်ကွန်ကို
ယင်ကိုးသွယ်နှင်းပုံဆောင်ခဲဆီ ပစ်လိုက်ပြီး ပိတ်လှောင်ထား
လိုက်သည်။ ရန်ကိုင်က ထိုယင်ကိုးသွယ်နှင်းပုံဆောင်ခဲကို
သူ့လက်နဲ့မထိရဲတဲ့အတွက် ပိုက်ကွန်နဲ့တစ်ကွ ပုံဆောင်ခဲကိုပါ
သူ့ပါးစပ်ထဲတစ်ခါတည်း ထည့်လိုက်သည်။ ယင်ကိုးသွယ်
နှင်းပုံဆောင်ခဲက သူ့ပါးစပ်ထဲရောက်တာနဲ့ သူပါးစပ်တစ်ခုလုံး
ရေခဲဂူတစ်ခုအလား အေးစက်သွားခဲ့ပြီး အစစ်အမှန်
ယန်နည်းစနစ်ကို ကျင့်ကြံတဲ့ရန်ကိုင်တောင် တစ်ကိုယ်လုံး
တုန်ရီသွားခဲ့သည်။
ထို့နောက် မမြင်နိုင်တဲ့ စွမ်းအင်လှိုင်းတစ်ခုထွက်ပေါ်လာခဲ့ပြီး
ချက်ချင်းပဲ အအေးစွမ်းအင်ကို ဖိနှိပ်ထားလိုက်သည်။ ထိုစွမ်းအင်က
အစစ်အမှန်ယန်နည်းစနစ်ထက် ပိုပြီးအကျိုးသက်ရောက်မှု
ရှိပေသည်။ တစ်ချိန်တည်းမှာပဲ သူ့ရိုးထဲကနေ
ဆန်းကြယ်တဲ့စုပ်ယူတဲ့စွမ်းအင်တစ်ခု ထွက်ပေါ်လာခဲ့ပြီး
အစစ်အမှန်ယန်နည်းစနစ်ကို အတင်းအကြပ် အသက်သွင်း
လိုက်သည်။ အစစ်အမှန်ယန်နည်းစနစ် လှည့်ပတ်မှုနဲ့အတူ
သူ့အရိုးက ယင်ကိုးသွယ်နှင်းပုံဆောင်ခဲထဲက အအေးစွမ်းအင်ကို
စတင်စုပ်ယူတော့လေသည်။
ထိုအချင်းအရာကို အာရုံခံမိလိုက်တာနဲ့ ရန်ကိုင်က အစစ်အမှန်
ယန်နည်းစနစ်ကို အလျင်စလို ရပ်တန့်လိုက်သည်။ ဒါပေမယ့်
သူနောက်ကျသွားခဲ့သည်။ သူ့ပါးစပ်ထဲက ယင်ကိုးသွယ်
နှင်းပုံဆောင်ခဲက တစ်ဝက်လောက်ကျုံ့သွားခဲ့ပြီး သူ့အရိုးထဲက
အအေးစွမ်းအင်တွေကလည်း ခြေရာလက်ရာမကျန် လုံးဝ
ပျောက်ကွယ်သွားခဲ့သည်။