← Chapters

အခန်း (၁၁၆-၁၂၀)

Vol. 5 Ch. 116-120

အခန်း (၁၁၆-၁၂၀)

Vol. 5 Ch. 116-120

အပိုင်း (၁၁၆) အနမ်းတစ်ပွင့်

ရန်ကိုင် အလွန်အမင်းတုန်လှုပ်ချောက်ချားသွားခဲ့ရသည်။

ဒီလိုဖြစ်ပျက်သွားမယ်လို့ သူမမျှော်လင့်ထားချေ။ အရင်

စမ်းသပ်ချက်တွေအရ ရွှေရောင်အရိုးခြောက်က ယန်စွမ်းအင်သာမက အခြားအမျိုးမျိုးသော

စွမ်းအင်တွေကို စုပ်ယူပြီးသူ့အရိုးထဲတွင်သိုလှောင်ထားနိုင်တယ်

ဆိုတာ သိပေမယ့်လို့ သူ့ကိုတောင်အသိမပေးပဲ အအေးစွမ်းအင်ကို

အတင်းအကြပ် စုပ်ယူလိမ့်မယ်လို့ သူဘယ်တုန်းကမှ မထင်းထား

ခဲ့ချေ။ အခုအချိန်မှာတော့ ယင်ကိုးသွယ်နှင်းပုံဆောင်ခဲက

တစ်ဝက်လောက်သာ ရှိတော့ပေသည်။ ထိုနှင်းပုံဆောင်ခဲက

ရှနင်းချန်လိုအပ်တာဖြစ်တဲ့အတွက် အခုအချိန်တွင် သူဘာ

လုပ်ရဘာကိုင်ရမှန်း မသိတော့ချေ။

ဖြစ်ပျက်သွားတဲ့ အကြောင်းအရာတွေကို သူဘယ်လိုရှင်းပြရမှန်း

မသိခင်မှာပဲ ရှနင်းချန်က သူ့ဘေးဘက်ကို ရောက်လာခဲ့ပြီ

ဖြစ်သည်။ အခုအချိန်မှာတော့ စီနီယာမမလေး၏ ပါးနုနုလေးတွေ

သာမက သူမ၏နားအဖျားပိုင်းတွေပါ နီရဲနေခဲ့သည်။ သူမ၏

အသက်ရှုသံမြန်ဆန်နေခဲ့ပြီး ခရစ်စတယ်လို ကြည်လင်တောက်ပ

နေတဲ့ သူမ၏မျက်လုံးထဲတွင် ရှက်ရွံ့မှုတွေကို တွေ့မြင်နေရသည်။

‘‘ဂျူနီယာမောင်လေး…ခဏတော့သည်းခံပေးနော်’’ ပြောပြီးတာနဲ့

ချက်ချင်းပဲ ရှနင်းချန်၏လက်ကလေးတွေက ရန်ကိုင်ခေါင်းဆီ

ရောက်လာခဲ့ပြီး သူမဆီကိုဆွဲယူလိုက်သည်။ သူမလက်ကလေးတွေက

အနည်းငယ်အေးစက်နေခဲ့ပြီး အရိုးမရှိသည့်အလား ပျော့ပျောင်း

နူးညံနေပေသည်။ ခြေဖျားထောက်က မျက်တောင်တဖျတ်ဖျတ်

ခတ်ရင်း ရှနင်းချန်က ရန်ကိုင်ဆီတိုးသွားလိုက်သည်။ ထို့နောက်

သူမ၏မျက်နှာကာကို မတင်လိုက်ပြီး နှင်းဆီဖူးရောင် သူမ၏

နှုတ်ခမ်းအစုံက ရန်ကိုင်၏ဆီပါးစပ်ဆီ တိုးကပ်သွားလိုက်သည်။

နူးညံ့ပျော့အိတဲ့ နှုတ်ခမ်းပါးအစုံက သူ့ပါးစပ်ကိုထိတွေ့တာကို

ခံစားလိုက်ရပြီး သင့်ပျံ့တဲ့မွှေးရနံ့တစ်ခုက သူ့နှားခေါင်းနား

လာရောက်ကျီစယ် ဆော့ကစားနေခဲ့သည်။ ရန်ကိုင်လုံးဝကို

ကြောင်သွားခဲ့သည်။ တစ်ချိန်တည်းမှာပဲ ယင်ကိုးသွယ်

နှင်းပုံဆောင်ခဲနဲ့ ပက်သက်ပြီး သူမေးလိုက်တဲ့အချိန်တိုင်း

ရှနင်းချန်နဲ့ ဘဏ္ဏာထိန်းမန်နှစ်ယောက်စလုံးက ဘာလို့

မဖြေကြလဲဆိုတာကို သူနောက်ဆုံးနားလည်သွားခဲ့သည်။

ကောင်းကင်နှင့်မြေပြင်အကြား ရတနာကို စုဆောင်းဖို့

နည်းလမ်းအမျိုးမျိုးရှိလေသည်။ ကိုယ်ပိုင်စိတ်ဝိဉာဉ်ရှိတဲ့

ရတနာတစ်ခုစီတိုင်းမှာလည်း ကိုယ်ပိုင်နည်းလမ်းတစ်ခုစီ

ရှိပေသည်။ ယင်ကိုသွယ်နှင်းပုံဆောင်ခဲလို ကိုယ်ပိုင်

စိတ်ဝိဉာဉ်ဖြစ်တည်နေတဲ့ ရတနာကိုစုဆောင်းတဲ့ နည်လမ်း

ကတော့ ဒီလိုစွဲမက်ဖွယ်ကောင်းပြီး ချိုသာတဲ့နည်းလမ်းပဲ

ဖြစ်သည်။

ရှနင်းချန်၏ ပျော့အိနေတဲ့ နှုတ်ခမ်းအစုံက ရန်ကိုင်၏အသက်ရှု

သံကိုမြန်ဆန်လာစေခဲ့ပြီး သူ့လည်ချောင်းကနေ လောင်ကျွမ်းနေတဲ့ ခံစားမှုတစ်ခုက စတင်ထွက်ပေါ်လာခဲ့သည်။ ထိုခံစားမှုက

အလွန်အမင်း ပူပြင်းတဲ့အတွက် ယင်ကိုးသွယ်နှင်းပုံဆောင်ခဲ၏

အအေးဓာတ်ကတောင် ဖိနှိပ်မထားနိုင်တော့ချေ။

ရှနင်းချန်ကတော့ ရန်ကိုင်ထက်ပိုပြီး အခြေအနေဆိုးပေသည်။

ရန်ကိုင်ကိုနမ်းပြီးတာနဲ့ သူမကဗုဒ္ဓရုပ်ပွါးတော်တစ်ခုလို

မလှုပ်မယှတ်ရပ်နေတော့လေသည်။ သူမ၏အရေပြားတွေကလည်း

သွေးလိုနီရဲနေခဲ့ပြီး သူမ၏နှလုံးခုန်သံကလည်း စစ်ဗုံတွေ

မြည်ဟီးနေသည့်အလား တဒုတ်ဒုတ်ခုန်နေကာ သူမအဖို့

ရန်ကိုင်ကိုနမ်းပြီး ဘာဆက်လုပ်ရမှန်းမသိတော့ချေ။

ယင်ကိုးသွယ်နှင်းပုံဆောင်ခဲကို ဘယ်လိုရယူရမှန်း သူသေချာ

မသိပေမယ့် အခုအတိုင်းသာ ဆက်သွားနေမယ်ဆိရင်

ရှနင်းချန်၏ ရည်ရွယ်ချက်ဖြစ်မြောက်နိုင်တော့မည် မဟုတ်မှန်း

ကိုတော့ရန်ကိုင်သိနေခဲ့သည်။ ဆက်ပြီးတုန့်ဆိုင်းမနေရဲတော့ပဲ

ရန်ကိုင်က သူ့လက်နှစ်ဖက်နှင့် ရှနင်းချန်၏ သွေးသွယ်တဲ့

ခါးကိုဆွဲဖက်လိုက်ပြီး သူ့ရင်ခွင်ထဲကိုဆွဲသွင်းလိုက်သည်။

သေချာသွားအောင် ယင်ကိုးသွယ်နှင်းပုံဆောင်ခဲကို သူ့လျှာနဲ့

ရစ်ပတ်လိုက်ပြီး သူမပါးစပ်ကိုလျှာနဲ့ထိုးကလော် ဖွင့်လိုက်ပြီး

ယင်ကိုးသွယ်နှင်းပုံဆောင်ခဲကို သူမပါးစပ်ထဲပို့ပေးလိုက်သည်။

ယင်ကိုးသွယ်နှင်းပုံဆောင်ခဲ၏ အအေးဓာတ်ကြောင့် ရှနင်းချန်

အသိပြန်ဝင်လာခဲ့သည်။ သူမဘာဆက်လုပ်ရမှန်း သိတာနဲ့

ယင်ကိုးသွယ်နှင်းပုံဆောင်ခဲကို ရန်ကိုင်ဆီကနေတစ်ဆင့်

လက်ခံရယူလိုက်ပြီး တစ်ခါတည်းမြိုချလိုက်သည်။ လျှာဖျားက

ချိုမြိန်မှုကို ခံစားနေရင်း သူတို့နှစ်ယောက်စလုံး၏ခန္ဓာကိုယ်

နှစ်ခုစလုံးပူးကပ်နေခဲ့သည်။ ထို့ပြင်ရန်ကိုင်၏ခန္ဓာကိုယ်

အထက်ပိုင်းကလည်း ပိုပြီးအထိမခံနိုင်ဖြစ်လာခဲ့ရသည်။

ငယ်ရွယ်ပြီးသွေးဆူလွယ်တဲ့ လူငယ်လေးတစ်ယောက်

ဖြစ်သည်မို့ ရန်ကိုင်အဖို့ ဒီလိုလှုံ့ဆော်မှုမျိုးကို တောင့်မ

ခံနိုင်သည်မှာလည်း မထူးဆန်းပေ။

လက်တစ်ဖက်က ရှနင်းချန်ခါးကို တင်းတင်းကြပ်ကြပ် ဖတ်ထားခဲ့ပြီး

ကျန်လက်တစ်ဖက်က ရှနင်းချန်၏ လုံးဝန်နူးညံ့တဲ့ တောင်ပူစာ

နှစ်လုံးကို နူးညံ့သိမ်မွေ့စွာ ပွတ်သပ်နေခဲ့သည်။ နူးညံ့ပျော့အိ

နေတဲ့တောင်ပူစားနှစ်လုံးနဲ့ သူမခန္ဓာကိုယ်အနွေးဓါတ်ကို

ခံစားမိလိုက်တဲ့အချိန်မှာတော့ ရန်ကိုင်အသက်ရှုသံမြန်ဆန်

လာခဲ့သည်။ ထို့နောက် ရည်ရွယ်ချက်ရှိရှိနဲ့ သေချာဂရုစိုက်ရင်း

ရှနင်းချန်၏ တောင်ပူစာနှစ်လုံးကို အကြောင်းမဲ့သက်သက်

ဆက်ပြီး တယုတယဆုပ်နယ်နေလိုက်သည်။

ရှနင်းချန်၏ ပါးစပ်ကနေညည်းသံလေးတွေ ထွက်ပေါ်လာခဲ့သည်။

သူမမျက်လုံးလေးတွေက မပွင့်တပွင့်ဖြစ်နေခဲ့ပြီး မျက်တောင်လေး

တွေကတော့ တဖျတ်ဖျတ်လှုပ်ခါနေခဲ့သည်။ ပြင်းပြကြမ်းတမ်းတဲ့

အသက်ရှုသံ၊ ခန္ဓာကိုယ်ချင်းထိကပ်မှု၊ လျှာချင်းထိတွေ့မှုနဲ့

သတိမူခြင်းကင်းမဲ့မှုတို့ကြောင့် လူငယ်ကောင်လေးနဲ့ မိန်းကလေး

တို့နှစ်ယောက်က သူတို့ပတ်ဝန်းကျင်ကို လုံးလုံးလျားလျား

မေ့လျော့နေခဲ့ကြသည်။ တစ်ယောက်နှင့်တစ်ယောက်

အပြန်အလှန် တင်းတင်းကြပ်ကြပ်ဖက်ထားပြီး နှစ်ယောက်စလုံး

တစ်ယောက်တည်းအဖြစ် ပေါင်းစပ်သွားတော့မည့်အလား

ပူးကပ်နေခဲ့သည်။

ရုတ်တရက် သူ့လျှာနာကျင်သွားတဲ့အတွက် ရန်ကိုင်ထအော်

လိုက်သည်။ ထိုအခွင့်အရေးကို အရယူကာ ရှနင်းချန်က

ရန်ကိုင်ကိုတွန်းထုတ်လိုက်ပြီး သူ့ရင်ခွင်ထဲကနေ ထွက်ပြေး

လိုက်သည်။ ‘‘စီနီယာအစ်မ နင်ဘာလို့ငါ့ကိုကိုက်တာလဲ’’

သူ့လျှာက ကိုက်ခံရလို့ကွဲသွားမှန်း ရန်ကိုင်ခံစားမိသည်။

လက်နှစ်ဖက်ကိုပူးကပ်လိုက်တဲ့အချိန် သူမ၏ရင်ဘတ်က

ပေါက်စီနှစ်လုံးက အထက်အောက်နိမ့်ချည်မြင့်ချည်

ဖြစ်နေခဲ့သည်။ အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး သူမ၏ နှလုံးခုန်သံကို တည်ငြိမ်အောင်လုပ်ပြီးနောက် ပြန်ပြောလိုက်သည်

‘‘ငါတောင်းပန်ပါတယ်နော်…ယင်ကိုးသွယ်နှင်းပုံးဆောင်ခဲကို

သန့်စင်ဖို့ဆိုရင် နင့်ရဲ့သဘာဝမွေးရာပါယန်စွမ်းအင်နဲ့ သွေးစက် နည်းနည်း လိုလို့ပါ’’

ယင်ကိုးသွယ်နှင်းပုံဆောင်ခဲကို ဖိနှိပ်နိုင်ရန်အလို့ငှာ

ယန်စွမ်းအင်ကိုလိုအပ်ပေသည်။ ယန်စွမ်းအင်က ပိုသန့်စင်လေ

ပိုကောင်းလေဖြစ်တဲ့အတွက် အစစ်အမှန်ယန်နည်းစနစ်ကို

ကျင့်ကြံတဲ့ရန်ကိုင်က သူမအတွက် အကောင်းဆုံးဖြစ်လေသည်။

ထို့ပြင် ယင်ကိုးသွယ်နှင်းလုံဆောင်ခဲကို သန့်စင်ဖို့အတွက်

သဘာဝမွေးရာပါ ယန်အမျိုးအစား ချီစွမ်းအင်နဲ့ လျှာက

သွေးစက်အနည်းငယ် လိုအပ်ပေသည်။

သဘာဝမွေးရာပါ ယန်စွမ်းအင်ဆိုတာမျိုးက ကျင့်ကြံလို့ရတဲ့

စွမ်းအင်မျိုမဟုတ်ချေ။ ထိုစွမ်းအင် ယောကျ်ားသားတိုင်း

မွေးကတည်းကပါလာတဲ့ စွမ်းအင်တစ်မျိုးဖြစ်သည်။ ထိုစွမ်းအင်က

မွေးကတည်းက မိမိနှင့်အတူ တစ်ပါးတည်းပါလာခဲ့ပြီး မိန်းမတစ်ယောက်နဲ့ ဒချိဒချိမလုပ်သရွေ့ ခန္ဓာကိုယ်တွင်းတွင် တည်ရှိနေမှာဖြစ်သည်။

ထိုစွမ်းအင်က ပျောက်ကွယ်သွားခဲ့ရင်လည်း ကိုယ့်ကို

ထိခိုက်လိမ့်မည်မဟုတ်ချေ။ ဒါပေမယ့် ထိုစွမ်းအင်က

ယခုလိုအချိန်အခါမျိုးမှာတော့ တကယ်ကိုလိုအပ်ပေသည်။

အစောပိုင်းတုန်းက ရန်ကိုင်ခံစားမိတဲ့အပူစွမ်းအင်တစ်ဖြစ်တဲ့

ယင်ကိုးသွယ်နှင်းပုံဆောင်ခဲ၏ အအေးစွမ်းအင်ကို ဖိနှိပ်ထားတဲ့

စွမ်အင်းက သူ့ရဲ့မွေးရာပါယန်စွမ်းအင်ဖြစ်ပေသည်။ ထိုအကြောင်း

ကြောင်းပဲ ဘဏ္ဏာထိန်းမန်က ရန်ကိုင်လူပျိုရည်ပျက်၊မပျက်

မေးမြန်းရခြင်းဖြစ်ပေသည်။ လူပျိုရည်မပျက်သေးတဲ့ ယောကျ်ား

လေးတွေမှာသာ မွေးရာပါယန်စွမ်းအင် ရှိနေတာဖြစ်ပြီး

လူပျိုရည်မပျက်သေးတဲ့ ယောကျ်ားလေးတွေရဲ့ လျှာသွေး

စက်ကပဲ ယင်ကိုးသွယ်နှင်းပုံဆောင်ခဲ သန့်စင်ရာမှာ

ကူညီပေးနိုင်မှာဖြစ်သည်။

ရှနင်းချန်ရှင်းပြတာကို ကြားလိုက်တဲ့အချိန် ရန်ကိုင်က သူ့ပါးစပ်ကို

ထိလိုက်ပြီး အလေးအနက်ပြန်ပြောလိုက်သည်‘‘အဲ့လိုလား…။

စီနီယာအစ်မ သွေးလိုသေးရင်ပြောလေ…ငါ့မှာအများကြီး

ရှိသေးတယ်’’ လျှာကသွေးစက်အနည်းငယ်ပဲလေ…။

အလွန်အမင်း ရှက်ရွံ့နေတဲ့အတွက် ရှနင်းချန်အဖို့တွင်းတစ်တွင်း

တူးပြီးတော့သာ ပုန်းနေလိုက်ချင်တော့လေသည်။ သူမခေါင်းကို

ပုတ်သင်ညိုတစ်ကောင်လို အဆက်မပြတ်ညိတ်ရင်း ‘‘ လုံလောက်

ပြီ။ သွေးတစ်စက်က လုံလောက်နေပါပြီ’’

‘‘အို’’ ရန်ကိုင်အနည်းငယ် စိတ်ပျက်သွားခဲ့သည်။ သူမလျှာနဲ့

ရစ်ပတ်ကစားခဲ့ပြီး ခန္ဓာကိုယ်ကိုပွတ်သပ်တဲ့အကြောင်း

ပြန်တွေးမိလိုက်တဲ့အချိန်မှာတော့ ရန်ကိုင်အလိုလိုပဲ

သပ်ပြင်းချမိလိုက်သည်။ မိန်းမတစ်ယောက်နဲ့ ပထမဆုံးအကြိမ်

အဖြစ် ဒီလောက်ရင်းရင်းနှီးနှီးဆက်ဆံဖူးခြင်းဖြစ်သည်။

‘‘စီနီယာမမလေး……’’ ရန်ကိုင်က ချီတုန့်ချတုန့်နဲ့ ခေါ်လိုက်ပြီး

သူ့မျက်လုံးတွေကတော့ လိုချင်စိတ်ပြင်ပြမှုတို့နဲ့ တောက်လောင်

နေခဲ့သည်။ ရှနင်းချန် ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့ပြီး ရန်ကိုင်

ပြောမယ့်စကားတွေကို ဆက်ပြီးနားမထောင်ရဲပေ။

ထို့အတွက်ကြောင့် မဆိုင်းမတွပဲ ပြန်ပြောလိုက်သည်‘‘ နင့်မှာ

ဒဏ်ရာတွေအများကြီးပဲ…အရင်ဆုံးနင့်ဒဏ်ရာတွေကို ပြန်ကု

သင့်တယ်။ ငါလည်း ယင်ကိုးသွယ်နှင်းပုံဆောင်ခဲကို

သန့်စင်ရဦးမယ်’’

‘‘အိုး’’ ယင်ကိုးသွယ်နှင်းပုံဆောင်ခဲကိုရယူပြီး နှစ်နာရီအတွင်း

မသန့်စင်ခဲ့ရင် ထိုနှင်းပုံဆောင်ခဲက ပျောက်ကွယ်သွားမယ်လို့

သူမတစ်ခါတုန်းက ပြောဖူးတာကို သူပြန်သတိရလိုက်သည်။

‘‘အဲ့ဒါကောင်းတယ်…..နှင်းပုံဆောင်ခဲ…..’’ ယင်ကိုးသွယ်

နှင်းပုံဆောင်ခဲထဲက စွမ်းအင်တစ်ဝက်ကို သူစုပ်ယူမိသွား

တယ်လို့ သူမကိုပြောပြချင်ပေမယ့်လည်းပဲ မပြောရသေးခင်မှာပဲ

သူ့ကမ္ဘာကြီးတစ်ခုလုံး မှောင်ကျသွားခဲ့သည်။ သူ့ခန္ဓာကိုယ်

တစ်ခုလုံး နုံးချိနေပြီး ပါးစပ်ဟ၊မျက်လုံးဖွင့်ဖို့တောင်

အားတစ်စက်ကလေးမျှ မကျန်ရှိတော့ချေ။ ထို့နောက်

မြေကြီးပေါ်ကို ပျော့ခွေကျသွားခဲ့ပြီး သူ့အသိစိတ်တစ်ခုလုံးလည်း

မှောင်မိုက်သွားတော့လေသည်။

‘‘ဂျူနီယာမောင်လေး’’ ရှနင်းချန်က ထိတ်လန့်တကြားအော်ခေါ်

လိုက်ပြီး သူ့ကိုထူမပေးလိုက်သည်။ သူ့၏နှလုံးခုန်သံကို စိုးရိမ်

တကြီးစစ်ဆေးကြည့်လိုက်တဲ့ အချိန်တွင် သူမမျက်နှာ

တစ်ခုလုံး ဖြူလျော်သွားခဲ့ရသည်။ ရန်ကိုင် နှလုံးခုန်နှုန်းက

အလွန်အမင်းအားနည်းနေပြီး သူ့အသက်စွမ်းအားကလည်း

လုံးဝကိုနည်းပါးနေပြီဖြစ်သည်။ ထို့ပြင်သူ့ခန္ဓာကိုယ်ထဲမှာလည်း

ချီစွမ်းအင်နည်းနည်းလေးတောင် မကျန်ရှိတော့ချေ။ သူ့ခန္ဓာကိုယ်

တစ်ခုလုံးက ခမ်းခြောက်သွားတဲ့ ရေကန်တစ်ခုအလား ခြောက်

ကပ်နေခဲ့သည်။

ဒါကကိစ္စသေးသေးလေမဟုတ်ချေ…ရှနင်းချန်၏နှလုံးသားလေး

တုန်ရီနေခဲ့သည်။ ဒီလိုဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…။

ခုဏတုန်းကပဲ သူအကောင်းကြီးရှိသေးတာလေ…အဲ့တုန်းကတောင်

သူလုပ်နေ…..သူဘယ်လုပ်ပြီး ချက်ချင်းကြီးသတိလစ်သွားရတာလဲ။

ဒါပေမယ့် အခုလိုစစ်ဆေးကြည့်လိုက်တဲ့အတွက် ရန်ကိုင်

ဘယ်လောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားလဲဆိုတာ

သူမသိသွားခဲ့ရသည်။

သူ့ဝမ်းဗိုက်နဲ့ပုခုံးမှာရှိတဲ့ ဒဏ်ရာတွေက အစောပိုင်းကတည်းက

အဝတ်စနဲ့ စည်းနှောင်ထားပြီးသွားပြီဖြစ်သည်။ ဒါပေမယ့်

တိုက်ပွဲကြောင့် သူ့ဒဏ်ရာတွေက တစ်ဖန်ပြန်ပွင့်ထွက်လာခဲ့ပြီး

သွေးတွေတရဟော စီးထွက်လာခဲ့သည်။ သူရထားတဲ့ အပြင်း

ထန်ဆုံးဒဏ်ရာကတော့ သူ့ရင်ဘတ်ကဒဏ်ရာပင်ဖြစ်သည်။

သူ့နံရိုးငါးချောင်းကျိုးနေခဲ့ပြီး သူ့ရင်ဘတ်နေရာကလည်း

အနည်းငယ်ချိုင့်နေခဲ့သည်။ ဝမ်ဖေးချန်၏ ဒေါသတကြီး

ရိုက်ချက်က တော်တော်လေးပြင်းထန်ပေသည်။

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၁၇) နောက်တစ်ဆင့်တက်ခြင်း

အခုတစ်ညလုံး ရန်ကိုင်သွေးဘယ်လောက် ဆုံးရှုံးသွားရလဲဆိုတာ

သူမမသိပေ။ အခုအချိန်မှာသာ သူမရဲ့ဂျူနီယာမောင်လေးက

သူ့ရဲ့မွန်းစတားဆန်တဲ့ များပြားလှသော စိတ်စွမ်းအင်အပေါ်မှာ

တစ်ညလုံးမှီခိုခဲ့ရတယ်ဆိုတာကို နားလည်သွားခဲ့သည်။ အခု

လက်ရှိဒဏ်ရာတွေနဲ့ ရန်ကိုင်နေရာမှသာ အခြားတစ်ယောက်ဆိုရင်

အကြိမ်များစွာသေသွားပြီးလောက်ပြီဖြစ်သည်။ ဒဏ်ရာတွေကို

တောင့်ခံရင်း သူမနဲ့အတူနောက်ဆုံးရန်သူကိုသတ်ကာ ယင်ကိုးသွယ်နှင်းပုံဆောင်ခဲကိုဖမ်းဆီးရာတွင်ကူညီပေးခဲ့လေသည်။

တစ်ညလုံး သူ့စိတ်စွမ်းအားပေါ်မှီခိုကာ သွေးလွှမ်းတိုက်ပွဲ

အလီလီဆင်နွှဲခဲ့ရတဲ့အတွက် ပြဿနားအားလုံး ဖြေရှင်း

ပြီးသွားတဲ့အချိန်တွင် သူသတိလစ်သွားတာလည်း

အထူးအဆန်းတော့ မဟုတ်ချေ။

စိုးရိမ်ပူပန်မှုတွေကို ဘေးချိတ်ထားရင်း ရှနင်းချန်က ရန်ကိုင်

အကျီင်္ထဲက ဆေးလုံးတွေကို ထုတ်လိုက်သည်။ ထို့နောက်

သူမကိုယ်သူမရဲဆေးတင်လိုက်ပြီး ဝမ်ဖေးချန်အကျီင်္ထဲတွင်

ဆက်ပြီးရှာလိုက်သည်။ နောက်ဆုံးရခဲ့တဲ့ဆေးလုံးတွေအကုန်လုံး

ကိုရန်ကိုင်ကိုကျွေးလိုက်သည်။ ဒါပေမယ့် ရန်ကိုင်က သတိလစ်နေ

တဲ့အတွက် ဆေးလုံးတွေကိုမြိုချဖို့ငှာ မစွမ်းနိုင်ခဲ့ချေ။ ခဏ

ကြာအောင် စဉ်းစားတွေးတောပြီးနောက် ရှနင်းချန်က

ဆေးလုံးတွေကို ချေလိုက်ပြီး ရန်ကိုင်ကိုတိုက်လိုက်သည်။

သူမက ရန်ကိုင်ဆေးတိုက်ရင်း အလုပ်ရှုပ်နေတဲ့အချိန်

အနက်ရောင် ချိန်းကြိုးတွေက ရုတ်တရက် ပေါက်ကွဲသွားခဲ့ပြီး

ပျောက်ကွယ်သွားခဲ့သည်။ နေထွက်လာခဲ့လေပြီ…ထွန်းသစ်စ

နေရောင်နှင့်အတူ ချုပ်နှောင်ခြင်းရှစ်ခုအစီအရင်လည်း

ပျောက်ကွယ်သွားခဲ့လေပြီ ။ ရှနင်းချန်ကတော့ ရန်ကိုင်ကို

ကုသာဖို့သာ အာရုံစိုက်နေတဲ့အတွက် အချိန်စီးဆင်းမှုကိုတောင်

ဂရုမပြုမိတော့ချေ။

အားကောင်းပြီး ညင်သာတဲ့ စွမ်းအင်စီးကြောင်းတစ်ခုက

ရှနင်းချန်၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာခဲ့သည်။ ရှနင်းချန်လည်း

ထိုအချင်းအရာကို သတိပြုမိလိုက်ပြီး ရုတ်တရက် မော့ကြည့်လိုက်

တဲ့အချိန်မှာတော့ သူမရှေ့မှာရပ်နေတဲ့ လူတစ်ယောက်ကို

တွေ့လိုက်ရသည်။ ‘‘ဆရာ’’ သူမဆရာကို မြင်လိုက်တာနဲ့

တစ်ညလုံး မျိုသိပ်ထားခဲ့ရတဲ့ နာကျင်မှု၊ခါးသီမှု၊ မျှော်လင့်ချက်

မဲ့မှု…စတဲ့ခံစားချက်မျိုးစုံကို ထိန်းသိမ်းထားနိုင်ခြင်းမရှိတော့ပဲ

ပွင့်အာထွက်လာခဲ့လေတော့သည်။

သူမဆရာပေါ်လာတာက သူမရဲ့အားထားမှီခိုရာပေါ်လာတာနဲ့

အတူတူပင်ဖြစ်သည်။ နောက်ဆုံးတော့ သူမတစ်ညတာခံစား

ခဲ့ရသမျှ ခက်ခဲပင်ပန်းမှုတွေကို အတိုးချပြီးငိုပါတော့သည်။

သူ့မျက်နှာက လေးနက်တည်ကြည်နေခဲ့ပြီး သူ့တပည့်ကို

အပြစ်တင်မလို့ လုပ်နေစဉ်မှာပဲ တစ်ခုခုမှားနေတယ်ဆိုတာ

တွေ့လိုက်ရသည်။ ဘေးပတ်ပတ်လည်ကိုကြည့်လိုက်ပြီး

ရှနင်းချန်ကို စိုးရိမ်တကြီးမေးလိုက်သည်‘‘ဘာတွေဖြစ်ခဲ့

တာလဲ’’ လူအိုကြီးမန်က တောင်ကြားကို ရောက်လာကတည်းက

ချုပ်နှောင်ခြင်းရှစ်ခု အစီအရင်ကို အပြင်ဘက်ကနေပြီး

တောက်လျှောက် စောင့်ကြပ်နေ ခဲ့သည်။ ထို့ပြင် ယင်ကိုးသွယ်နှင်းပုံဆောင်ခဲကို ဖမ်းဆီးရာတွင် တစ်ခုခု မှားယွင်းသွားမှာစိုးတာကြောင့်လည်း အစီအရင်ကို ချိုးဖျက်ပြီး

တောင်ကြားထဲကို မဝင်ရဲခဲ့ချေ။ ဘာပဲဖြစ်ဖြစ် ယင်ကိုးသွယ်

နှင်းပုံဆောင်ခဲကို ဖမ်းဆီးသန့်စင်ဖို့အတွက် သူနှစ်ပေါင်းများစွာ

ပြင်ဆင်ခဲ့ရပေသည်။ ပြီးတော့ သူတို့လိုအပ်တာကလည်း ရန်ကိုင်နဲ့

ပူးပေါင်းလုပ်ဆောင်ဖို့ ဖြစ်သည်။ ထို့အတွက်ကြောင့် ရန်ကိုင်နဲ့

ပူးပေါင်းလုပ်ဆောင်နိုင်တာနဲ့ ကိစ္စအားလုံး လွယ်လွယ်ကူကူပဲ

ပြီစီသွားမှာပဲဖြစ်သည်။

သူ့ရဲ့ချစ်တပည့်လေးကတော့ ကိစ္စပြီးမြောက်ဖို့အတွက် သူမကိုယ်

သူမအနည်းငယ်စတေးဖို့တော့ လိုအပ်ပေသည်။ အစီအရင်

အပြင်ဘက်တွင် တစ်ညလုံးစောင့်ကြပ်နေပြီးနောက် မန်ဝူရလည်း

အနည်းငယ်မွန်းကြပ်သလို ခံစားခဲ့ရသည်။ ကောင်းကင်ဘုံ

အောက်တွင် ဘယ်ဆရာကများ သူ့ရဲ့ချစ်တပည့်က ဆေးခတ်

တာကိုခံရလိမ့်မလဲ…သူတစ်ယောက်သာ တပည့်လှည့်စားတာ

ခံရတဲ့ဆရာဖြစ်လောက်ပေသည်။ ဆေးခတ်ခံရတာက ကိစ္စသေး

သေးလေးပင်ဖြစ်သည်။ ကိစ္စကြီးကတော့ သူ့အဖို့တော်တော်လေး

မျက်နှာပျက်သွားရတာပဲဖြစ်သည်။ ဒီလိုတောနက်ကြီးထဲကို

ရန်ကိုင်နဲ့နှစ်ယောက်တည်းလာလို့ …အကယ်၍ သူမများ

တစ်ခုခုဖြစ်သွားခဲ့ရင် သူလည်းဘာမှတတ်နိုင်လိမ့်မည်မဟုတ်ချေ။

ဒါကြောင့် မန်ဝူရက ရှနင်းချန်ကိုတွေ့တာနဲ့ ပြစ်တင်ဆုံးမဖို့

လုပ်လိုက်ခြင်းဖြစ်သည်။ ဒါပေမယ့်လည်း သူ့ရဲ့ချစ်တပည့်လေးကို

အရမ်းကြီးတော့ အပြစ်မတင်ရက်ပေ။ ဘာပဲဖြစ်ဖြစ်ပဲ သူ့ရဲ့

ချစ်တပည့်လေးက သူ့ရဲ့အဖိုးတန်ဆုံး၊ အချစ်ရဆုံး ရတနာတုံး၊

အသည်းတုံးလေးဖြစ်နေသေးသည်လေ။

ဒါပေမယ့် မြေပြင်ကိုငုံ့ကြည့်လိုက်တဲ့အချိန်တွင် သူပြောမယ့်စကား

တောင် ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရသည်။ ရှနင်းချန်၏

မျက်နှာတစ်ခုလုံး ဖြူဖတ်ဖြူလျော်ဖြစ်နေကာ စိုးရိမ်တကြီး

ဒဏ်ရာပြင်းထန်စွာနဲ့ မြေကြီးပေါ်တွင် သတိလစ်လဲလျောင်းနေတဲ့

ရန်ကိုင်ကို ကြည့်နေခဲ့သည်‘‘ ဒီမှာဘာတွေဖြစ်ခဲ့တာလဲ’’

‘‘ဆရာ…ကျေးဇူးပြုပြီး သူ့ကိုကယ်ပေးပါနော်’’ ရှနင်းချန်က

စိုးရိမ်တကြီး သူ့ဆရာကိုငိုယိုပြီး အကူအညီတောင်းလိုက်သည်။

မန်ဝူရလည်း တုန့်ဆိုင်းမနေတော့ပဲ မြေကြီးပေါ်ကို ချက်ချင်း

ဆင်းလာပြီး ရန်ကိုင်လက်ကောက်ဝတ်ကိုကိုင်ကာ စမ်းသပ်

ကြည့်လိုက်သည်။ သူ့ရဲ့နတ်ဘုရားစိတ်အာရုံက ရန်ကိုင်

ခန္ဓာကိုယ်တစ်လျှောက် ဖြတ်သန်းသွားခဲ့ပြီးနောက် မန်ဝူရက

တုန်လှုပ်ခြောက်ခြားနေတဲ့ မျက်နှာအမူအရာနဲ့ ပြောလိုက်သည်

‘‘ဘယ်လောက်တောင် ပြင်းလိုက်တဲ့ဒဏ်ရာတွေလဲ’’

မန်ဝူရမျက်လုံးထဲမှာတော့ ရန်ကိုင်ရထားတဲ့ ဒဏ်ရာတွေကြောင့်

သူကမရဏလမ်း ခြေတော်မြန်းတော့မည့် လူတစ်ယောက်နဲ့

အတူူတူပင်ဖြစ်သည်။ သူရထားတဲ့ဒဏ်ရာတွေအကုန်လုံးက

အရမ်းအဆိုးကြီးမဟုတ်ချေ။ တကယ်ဆိုးရွားတာက

သူ့ခန္ဓာကိုယ်တစ်ခုလုံး ချီစွမ်းအင်လုံးဝကုန်ခမ်းနေခြင်းနှင့်

ပရမ်းပတာဖြစ်နေသော သူ့သွေးကြောတွေပင် ဖြစ်သည်။

အခုလိုဒဏ်ရာတွေကြောင့် ရန်ကိုအဖို့ ပြန်ကောင်းဖို့ဆိုရင်

အထူးဝိဉာဉ်ဆေးလုံးကို သောက်သုံးရပေမည်။ ဝိဉာဉ်ဆေးလုံး

သာမက အထူးတတ်ကျွမ်းကောင်းမွန်တဲံ သမားတော်တစ်ယောက်လည်း လိုပေသည်။ မန်ဝူရကတော့ ထိုနှစ်မျိုးထဲက တစ်မျိုးမှမဟုတ်ချေ။

ဆေးလုံးဆရာလည်း မဟုတ်သလို သမားတော်လည်း မဟုတ်ချေ။

‘‘ဆရာ၊ သူသေမှာလားဟင်’’ ရှနင်းချန်က စိုးရိမ်တကြီးမေးမြန်း

လိုက်သည်။ သူ့တပည့်မျက်နှာပေါ်က အမူအရာကို မြင်လိုက်တာနဲ့

ဆိုးရွားတဲ့တစ်ခုခုဖြစ်ပျက်ခဲ့ပြီဆိုတာ မန်ဝူရသိလိုက်သည်။

သူ့စိတ်ထဲမှာပဲ သက်ပြင်းချလိုက်ပြီး အော်ဟစ်ညီးတွားလိုက်သည်

‘‘ကံတရား…ချစ်လှစွာသောငါ့ရဲ့ကံတရားရယ်…အကြိမ်တစ်ထောင်

လောက် ငါတားဆီးရင်တောင် ငါမတားနိုင်ခဲ့ပါလား….’’

ရှနင်းချန်ဝမ်းနည်းနေတာကို သူမမြင်ရက်ချေ။ ထို့ကြောင့်

မန်ဝူရက သူမကိုနှစ်သိမ့်ပေးလိုက်သည်‘‘စိတ်မပူနဲ့တော့နော်…

ငါရှိနေမှာတော့ သူမသေနိုင်တော့ပါဘူး’’ ပြောပြီးတာနဲ့

သူ့အကျီင်္ထဲက ပုလင်းတစ်ပုလင်းကို ထုတ်လိုက်သည်။ ထို့နောက်

နှင်းသီးအရွယ်လောက်ရှိတဲ့ ဆေးတစ်လုံးကိုထုတ်လိုက်သည်။

ဆေးလုံးတစ်ခုလုံး ရွှေရောင်တောက်နေပြီး တစ်ချက်ကြည့်ရုံနဲ့တင်

သာမန်ဆေးလုံးတစ်လုံး မဟုတ်ဘူးဆိုတာ သိနိုင်လေသည်။

မန်ဝူရ ထိုရွှေရောင်ဆေးလုံးကို ထုတ်လိုက်တာနဲ့ ရှနင်းချန်၏

စိုးရိမ်းပူပန်မှုတွေက အနည်းငယ်တည်ငြိမ်သွားခဲ့သည်။

ထိုဆေးလုံး၏ စွမ်းပကားကို သူမသိပေသည်။

‘‘ငါလုပ္ပါရေစ’’ ေဆးလံုးကို သူမဆရာလက္ထဲကေန

လုယူလိုက်ပြီး ရှနင်းချန်ကဆေးလုံးကို သူမပါးစပ်ထဲ

ထည့်လိုက်သည်။ ထို့နောက် ဆေးလုံးကို သူမလျှာနဲ့

ရစ်ပတ်လိုက်ပြီး သူမနှုတ်ခမ်းနားမှာထားလိုက်ကာ ရန်ကိုင်၏

နီရဲနေတဲ့ နှုတ်ခမ်းအစုံကို နမ်းရှိုက်လိုက်သည်။

ဟေး..ဟေး..ဟေး…ဒီလူအိုကြီးရှိသေးတယ်လေ..။ မန်ဝူရက

စိတ်ထဲတွင် အဆက်မပြတ် အော်ဟစ်ညီးတွားနေလိုက်ပြီး

ချက်ချင်းပဲ သူ့အကြည့်ကို အခြားတစ်ဖက်ဆီ လှည့်လိုက်သည်။

သူ့တပည့်က ယောကျ်ားလေးတစ်ယောက်ကို တုန့်ဆိုင်းမနေပဲ

ချက်ချင်းကြီး အခုလိုပြုမူနေတာကို မြင်လိုက်ရတဲ့အတွက် မန်ဝူက

တော်တော်လေး စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။ သမီးတစ်ယောက် ကိုအချိန်အကြာကြီး ပြုစုပျိုးထောင်ပေးခဲ့ပေမယ့်လည်း တစ်နေ့ကျရင်တော့ သမီးလေလည်း ကိုယ့်ဆီကနေ ထွက်ခွါ သွားသလိုပဲပေါ့။

ရန်ကိုင်ဆေးသောက်ပြီးတာနဲ့ သူ့အခြေအနေက အနည်းငယ်

ပိုကောင်းလာခဲ့သည်။ ဒါပေမယ့် မျှော်လင့်ထားသလိုတော့

ဖြစ်မလာခဲ့ချေ။ ထိုအခွင့်အရေးကို အရယူကာ မန်ဝူရက

ဘေးပတ်ဝန်းကျင်ကို တစ်ချက်လှည့်ပတ်စစ်ဆေးလိုက်သည်။

မူလကသုန်မှုန်နေတဲ့ သူ့အကြည့်က ဝမ်ဖေးချန်နဲ့လုံဟူတို့ရဲ့

အလောင်းကိုတွေ့တာနဲ့ ချက်ချင်းအေးစက်သွားခဲ့သည်။

သူ့စိတ်ထဲက သံသယတွေအားလုံး ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

ရန်ကိုင် ဒဏ်ရာပြင်းပြင်းထန်ထန်ရတာနဲ့ သူရဲ့ချစ်တပည့်လေး

အခုလို သနားစရာကောင်းတဲ့ အခြေအနေကို ရောက်နေရတဲ့

အကြောင်းအရင်းက …သူတို့နှစ်ယောက် ပြင်းထန်တဲ့ တိုက်ပွဲ

တစ်ပွဲဆင်နွှဲခဲ့ရလို့ပဲဖြစ်သည်။ ကိစ္စအားလုံး ရှင်းလင်းသွားခဲ့ပြီ

ဖြစ်သည်။ မန်ဝူရစိတ်ထဲတွင် ဒေါသမုန်တိုင်းထန်လာကာ

သူ့မျက်နှာကလည်း မိုးပြိုတော့မတတ်ဖြစ်သွားခဲ့သည်။

အခုအချိန်က မေးလို့ကောင်းတဲ့ အချိန်မဟုတ်ချေ။ ကိစ္စအားလုံးကို

ရှင်းရှင်းသိရဖို့အတွက် မေးမြန်းဖို့သူ့မှာအချိန်တွေ အများကြီး

ကျန်နေသေးပေသည်။ မန်ဝူရသည် အလွန်အမင်း နောင်တရ

နေခဲ့သည်။ သူတောင်ကြားကိုရောက်တဲ့ ညကတည်းက

အစီအရင်ကိုချိုးဖျက်ပြီး တောင်ကြားထဲမဝင်ခဲ့မိတာကို

နောင်တရနေခဲ့သည်။ မဟုတ်ရင် သူ့ရဲ့ချစ်တပည့်လေးနဲ့

ရန်ကိုင်က ဘယ်လိုလုပ်ပြီး ဒီလောက်စိတ်ပျက်ဖွယ်ကောင်းတဲ့

အခြေအနေကို ရောက်နေပါ့မလဲ။

သူ့စိတ်ထဲက စိုးရိပ်ပူပန်မှုတွေက တဖြည်းဖြည်ဒေါသအဖြစ်

ပြောင်းလဲသွားခဲ့သည်။ ကောင်းကင်ဘုံရဲ့ အမျက်ဒေါသကို

ဖိတ်ခေါ်တာလား….အသက်ပြင်းပြင်းရှုလိုက်ပြီး

သူ့စိတ်ထဲက အမျက်ဒေါသကို ဖိနှိပ်ထားလိုက်ပြီး ညင်သာစွာ

မေးလိုက်သည်‘‘ ငါ့တပည့်လေး…နင်ယင်ကိုးသွယ်နှင်းပုံဆောင်ခဲ

ကိုရောရခဲ့လားဟင်’’

‘‘အင်း’’ ရှနင်းချန်က ခေါင်းညိတ်လိုက်ပေမယ့် သတိမေ့နေတဲ့

ရန်ကိုင်ကိုသာ ဆက်ပြီးငေးကြောင်ကြည့်နေခဲ့သည်။

‘‘ အဲ့ဒါဆိုရင်..အဲ့ဒါကိုအရင်သွားသန့်စင်လိုက်…နင့်ဆရာ

ရှိနေမှတော့ ရန်ကိုင်ကိုစိုးရိမ်နေစရာ မလိုတော့ဘူးလေ..

ငါရှိနေမှတော့ သူမသေနိုင်တော့ပါဘူး’’ မန်ဝူရက သူ့ရဲ့

ချစ်တပည့်လေးကို နှစ်သိမ့်ပေးလိုက်သည်။

တုန့်ဆိုင်းနေပြီးနောက် နောက်ဆုံးရှနင်းချန်က သဘောတူလိုက်

သည်။ ထို့နောက် သူ့ဆရာကိုထပ်ပြီးသတိပေးလိုက်သည်‘‘ဆရာ၊

သူ့ကိုဘာမှမဖြစ်စေနဲ့နော်…ဆရာတပည့် အခုအချိန်ထိ အသက်

ရှင်နေသေးတာက သူ့အသက်ကိုရင်းပြီးငါ့ကိုကာကွယ်ခဲ့လိုပဲ။

သူ့ကြောင့်သာမဟုတ်ရင် …အခုအချိန်လောက်ဆို ဆရာ့တပည့်…’’

ပြောနေရင်း ရှနင်းချန်က ကလေးငယ်လေးတစ်ယောက်လို

ငိုယိုတော့ပြန်သည်။

‘‘စိတ်အေးအေးထားပါကွာ’’ မန်ဝူရက ဖျစ်ညစ်ပြုံးလိုက်ရင်း ဖွဖွလေး

ခေါင်းညိတ်ပြလိုက်သည်။ အဲ့လိုမှသာ ရှနင်းချန်က အငိုတိတ်သွား

တော့သည်။မျက်ရည်တွေကိုသုတ်လိုက်ပြီးနောက် ထိုင်ချလိုကာ

သူမဘေးတွင် အိတ်တစ်အိတ်ကို ချထားလိုက်သည်။ ယင်ကိုးသွယ်

နှင်းပုံဆောင်ခဲကို သန့်စင်နေတဲ့အချိန်တွင် ရန်ကိုင်ကိုလည်း

တကြည့်ကြည့်လုပ်နေခဲ့လေသည်။

နာရီဝက်လောက်ကြာတဲ့အချိန်မှာတော့ ယင်ကိုးသွယ်

နှင်းပုံဆောင်ခဲကို အပြည့်အဝသန့်စင်နိုင်ခဲ့လေသည်။ ရှနင်းချန်က

ဆေးလုံးကိုမစုပ်ယူသေးပဲ ဒန်တန်ထဲမှာသာ သိမ်းထားလိုက်သည်။

ဘာကြောင့်လဲဆိုတော့ ဆေးလုံးစုပ်ယူဖို့ အချိန်အတော်ကြာလိုအပ်

သောကြောင့်ဖြစ်သည်။ သူမအပြည့်အဝ စုပ်ယူပြီးတာနဲ့

အစစ်အမှန်ဒြပ်စင်အဆင့် သူမချိုးဖျက်ဝင်ရောက်နိုင်ပေလိမ့်မည်။

ဒါပေမယ့် အဆင့်ချိုးဖျက်တာက အချိန်တော်တော်လေး

ကြာမှာအသေအချာပင်ဖြစ်သည်။

‘‘သွားကြစို့…ဒီနေရာကနေ အရင်ဆုံးထွက်သွားကြမယ်။ ရန်ကိုင်

ဒဏ်ရာတွေက သေချာကုသပေးဖို့လိုအပ်တယ်’’ ထို့နောက်

မန်ဝူရက ရန်ကိုင်ကိုသယ်လိုက်ပြီး ရှနင်းချန်နှင့်အတူ

လေနက်တောင် အစွန်အဖျားဆီ ထွက်သွားတော့လေသည်။

ကောင်းကင်စံအိမ်က လက်ရှိနေရာကနေ တော်တော်လေး

ဝေးတဲ့အတွက် မန်ဝူရက ကောင်းကင်စံအိမ်ကို တိုက်ရိုက်မပြန်

သေးပဲ ရန်ကိုင်နဲ့ရှနင်းချန်တို့ နားခဲ့တဲ့မြို့ငယ်လေးမှာပဲ အနား

ယူတည်းခိုလိုက်သည်။

ထို့နောက် တည်းခိုခန်းတစ်ခန်းရှာက မြို့ထဲတွင် ခဏတာ

အနားယူလိုက်သည်။ အနားယူခြင်းအလျင်းမရှိပဲ ရှနင်းချန်က

စိတ်ရောကိုယ်ပါနှစ်ပြီး ရန်ကိုင်ဘေးတွင် နေ့တိုင်းပြုစု

စောင့်ရှောက်ပေးနေခဲ့သည်။ မန်ဝူရကတော့ ရန်ကိုင်ကို

ပိုပြီးသက်သာလာမဆိုးတဲ့ မျှော်မှန်းချက်နဲ့ နေ့တိုင်းချီစွမ်းအင်

ဖြည့်သွင်းပေးနေခဲ့သည်။

သတိလစ်နေတဲ့အချိန်တွင် ရန်ကိုင်အသိစိတ်က ဘာဆိုဘာမျှ

မရှိတဲ့ကမ္ဘာတစ်ခုထဲကို ရောက်သွားခဲ့သည်။ ထိုကမ္ဘာထဲတွင်

ဘာဆိုဘာမျှရှိမနေခဲ့ပဲ ရွှေရောင်အရိုးခြောက်နဲ့ အနက်ရောင်

စာအုပ်သာ ရှိနေခဲ့သည်။ ရွှေရောင်အရိုးခြောက်က တင်ပလင်ခွေ

ထိုင်နေခဲ့ပြီး သူ့ခန္ဓာကိုယ်က ရွှေရောင်တလက်လက်

တောက်ပနေခဲ့သည်။ ရန်ကိုင်လည်း ရွှေရောင်အရိုးခြောက်၏

မျက်နှာချင်းဆိုင်ပြီး တင်ပလင်ခွေထိုင်လိုက်သည်။

အသံမရှိ၊အလင်းမရှိ…ရန်ကိုင်က ထိုင်နေရင်းရွှေရောင်အရိုးခြောက်

ကိုလေ့လာနေခဲ့သည်။ ရွှေရောင်အရိုးခြောက်တွင် မျက်လုံး

မရှိပေမယ့်လည်း ထိုအရိုးခြောက်က သူ့ကိုကြည့်နေတယ်လို့

ရန်ကိုင်ခံစားမိနေခဲ့သည်။ အချိန်တွေစီးဆင်းနေခဲ့ပြီး ရန်ကိုင်

နဲ့ရွှေရောင်အရိုးခြောက်တို့က တစ်ချက်ကလေးတောင်မရွေ့ပဲ

ဆက်ပြီးတင်ပလင်ခွေ ထိုင်နေခဲ့ကြသည်။

ရန်ကိုင်က ရွှေရောင်အရိုးခြောက်၏ လျှို့ဝှက်ဆန်းကြယ်မှုကို

နားလည်သဘောပေါက်အောင် ကြိုးစားအားထုတ်နေခဲ့သည်။

နောက်ဆုံးအကြိမ်း သူအခုလိုလုပ်တုန်းက ရွှေရောင်အရိုးခြောက်

တွင်ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်မှုရှိနေသေးတယ်လို့

သူခံစားခဲ့ရသည်။ ဒါပေမယ့် သူအဖို့ကြိုးစားတာကလွဲပြီး

ထိုလျှို့ဝှက်ဆန်းကြယ်မှုတွေကို ဖော်ထုတ်နိုင်စွမ်းမရှိခဲ့ချေ။

ဒါပေမယ့် ဒီတစ်ကြိမ် သေခြင်းရှင်ခြင်းတိုက်ပွဲများစွာ ဆင်နွှဲ

ပြီးတဲ့အချိန်မှာတော့ သူနဲ့ရွှေရောင်အရိုးခြောက်က တဖြည်းဖြည်း

နီးစပ်လာသလို ခံစားလိုက်ရသည်။ အရင်တုန်းက ရန်ကိုင်နဲ့

ရွှေရောင်အရိုးခြောက်ကြား အတားအဆီးတစ်ခုရှိနေခဲ့တယ်ဆိုရင်

အခုအချိန်မှာတော့ ထိုအတားအဆီးက ပျောက်ကွယ်သွားခဲ့ပြီ

ဖြစ်သည်။

သူ့ရဲ့အရှုံးမပေး၊ လက်မလျှော့တတ်တဲ့ စိတ်ဆန္ဒက ရွှေရောင်

အရိုးခြောက်၏ မောက်မာမှုကို အနိုင်ယူသွားနိုင်ခဲ့ပြီဖြစ်သည်။

ရွှေရောင်အရိုးခြောက်က သင့်လျော်တဲ့ဆရာတစ်ယောက်ကို

ရှာတွေ့သွားပြီဖြစ်တဲ့အတွက် စိတ်လှုပ်ရှားနေခဲ့သည်။

ရုတ်တရက် ရန်ကိုင်ပြုံးလိုက်သည်။

ရွှေရောင်အရိုးခြောက်က ရွှေရောင်အလင်းစီးကြောင်းလေးတွေ

အဖြစ်ပြောင်းလဲသွားခဲ့ပြီး သူတို့ပထမအကြိမ်တွေ့ဆုံတုန်းကလို

မျိုး ရန်ကိုင်ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားခဲ့သည်။

ဒီတစ်ကြိမ်မှာတော့ ရွှေရောင်အရိုးခြောက်၏ အပြည့်အဝ

ထောက်ခံမှုကို သူရရှိသွားပြီဆိုတာ ရန်ကိုင်သိလိုက်သည်။

အစောပိုင်းတုန်းက ရန်ကိုင်က ရွှေရောင်အရိုးခြောက်၏

ခွန်အားအနည်းငယ်ကိုသာ ရရှိသေးတာဖြစ်သည်။

နောက်ဆုံးမှာတော့ ရန်ကိုင်ကရွှေရောင်အရိုးခြောက်၏

လက်ခံမှုကိုရရှိသွားခဲ့ပြီဖြစ်သည်။ ရွှေရောင်အရိုးခြောက်ကလည်း

ရန်ကိုင်ခန္ဓာကိုယ်ထဲကို လိုလိုလားလားနဲ့ ပေါင်းစပ်သွားခဲ့ပြီ

ဖြစ်သည်။

နတ္ထိကမ္ဘာကြီးက ရုတ်တရက် ပြိုကျသွားခဲ့ပြီး ရန်ကိုင်၏ အသိစိတ်

ကလည်းသူ့ခန္ဓာကိုယ်ထဲကို ပြန်ရောက်လာခဲ့သည်။ ထို့နောက်

မျက်လုံးဖွင့်ကြည့်လိုက်ပြီး သူ့ပတ်ပတ်လည်ကို စစ်ဆေး

ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်ကဒဏ်ရာတွေက တော်တော်လေး

ပျောက်ကင်းသက်သာ သွားပြီဖြစ်ပြီး သူ့ရင်ဘတ်နေရာကသာ

အနည်းငယ်နာနေသေးတာဖြစ်သည်။ ထိုဒဏ်ရာကလွဲပြီး သူ့ပုခုံးနဲ့

ဝမ်းဗိုက်နေရာက ဒဏ်ရာတွေက လုံးဝပျောက်ကင်းသွားခဲ့ပြီ

ဖြစ်သည်။

သူ့ဒန်တန်ထဲမှာတော့ ယန်အရည်စက်ရစက်၈စက်လောက်သာ

ကျန်ရှိနေတော့ပေသည်။ တပည့်ကိုင်နဲ့ ဝမ်ဖေးချန်နဲ့တိုက်ခိုက်ဖို့

အသုံးပြုခဲ့တဲ့ ယန်အရည်စက်နဲ့တင် အစက်၂၀၀လောက် ရှိနေပြီ

ဖြစ်သည်။ ဒါတောင် ယင်ချီခုခံဖို့နဲ့ အခြားတပည့်တွေနဲ့တိုက်ခိုက်

ရာတွင် အသုံးပြုတာမပါသေးပေ။ ဒါပေမယ့် ယန်အရည်စက်ကို

အသုံးပြုလိုက်ရတာ အချည်းနှီးဖြစ်မသွားခဲ့ချေ။ သူ့ကျင့်ကြံခြင်း အ

ဆင့်က စဦးဒြပ်စင်အဆင့်၄ကနေ စဦးဒြပ်စင်အဆင့်ရကို

ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ အဆင့်ခွဲ၃ဆင့်ကို တစ်ဆက်တည်း

ချိုးဖျက်ဝင်ရောက်သွားတဲ့အတွက် ရန်ကိုင်ကိုယ်တိုင်တောင်

အံ့အားသင့်သွားခဲ့ရသည်။

သေချာပြန်စဉ်းစားကြည့်လိုက်တော့ ဝမ်ဖေးချန်နဲ့တိုက်ခိုက်တုန်းက

ချီပြောင်းလဲခြင်းအဆင့်နဲ့တူညီတဲ့ ချီစွမ်းအင်ကိုသူထုတ်လွှတ်

နိုင်ခဲ့ပေသည်။ထိုအချိန်ကတည်းက သူအဆင့်ချိုးဖျက်သွားတာ

ဖြစ်နိုင်လောက်ပေသည်။ ထိုအချိန်တုန်းက ဝမ်ဖေးချန်နှင့်

တိုက်ခိုက်ရင်းနဲ့သာ အာရုံများနေတဲ့အတွက် သူသတိမပြုမိခဲ့တာ

ဖြစ်နိုင်ပေသည်။ အခုအချိန်သူ့ခန္ဓာကိုယ်ကိုသာ မစစ်ဆေး

ကြည့်ခဲ့ရင် သူအဆင့်ချိုးဖျက်သွားတာကို သတိပြုမိဦးမှာ

မဟုတ်ချေ။

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၁၈) ဆရာ..နင်ကရမ်းကုတစ်ယောက်ပဲ

ဒါတစ်ခုတည်း အကျိုးအမြတ် မဟုတ်ချေ။ ယင်ကိုးသွယ်

နှင်းပုံဆောင်ခဲ၏ အအေးစွမ်းအင် တစ်ဝက်ကိုလည်း

မတော်တဆ သူစုပ်ယူခဲ့မိသည်။ ထိုအချိန်တုန်းက ဘာလို့

အဲ့လိုဖြစ်ပျက်ခဲ့တယ်ဆိုတာ သူနားမလည်ခဲ့ချေ။ အခုအချိန်

မှာတော့ အားလုံးရှင်းလင်းသွားခဲ့ပြီဖြစ်သည်။ ယင်ကိုးသွယ်

နှင်းပုံဆောင်ခဲ၏ တစ်ဝက်က ရွှေရောင်အရိုးခြောက်၏ အတွင်း

ပိုင်းအကျဆုံးနေရာတွင်ရှိနေခဲ့သည်။

အချိန်ကျလာလို့ သူအစစ်အမှန်ဒြပ်စင်အဆင့်ကို ချိုးဖျက်ဝင်

ရောက်တဲ့အချိန်ကျရင် ထိုယင်ကိုးသွယ်နှင်းပုံဆောင်ခဲကို

သန့်စင်ပြီး အသုံးပြုနိုင်ပေလိမ့်မည်။ ဒါက သူ့ချီစွမ်းအင်ကို

အဆင့်တစ်ခုအထိ ရောက်ရှိသွားစေနိုင်ပေလိမ့်မည်။

ခုရေတွင်းတူ ခုရေကြည်သောက်လို့မရသလို အကျိုးကျေးဇူးကို

လည်း အခုချက်ချင်း ခံစားနိုင်မည်မဟုတ်ချေ။ ဒါပေမယ့်

နောက်ပိုင်းကျရင်တော့ ယင်ကိုးသွယ်နှင်းပုံဆောင်ခဲ၏

အစစ်အမှန်တန်ဖိုးကို သိလာမှာပဲဖြစ်သည်။ ထို့ပြင်

ရွှေရောင်အရိုးခြောက်နဲ့ ပက်သက်ပြီး သူသိချင်တဲ့မေးခွန်း

တွေရဲ့အဖြေကို အခုအချိန်တွင် သူရှင်းရှင်းလင်းလင်းသိသွား

ခဲ့ပြီဖြစ်သည်။ ရွှေရောင်အရိုးခြောက်က ယန်စွမ်းအင်အပြင်

အခြားမည်သည့်စွမ်းအင်ကို မဆိုစုပ်ယူနိုင်သည်။ သူ့ခန္ဓာကိုယ်

ထဲတွင် သိမ်းဆည်းထားတဲ့ အပိုစွမ်းအင်တွေကတော့ အချိန်တန်

သူအသုံးလိုတဲ့အချိန်ကျရင် ထုတ်ယူအသုံးပြုနိုင်ပေသည်။

သူ့စိတ်စွမ်းအား သန်မာလေ စွမ်းအင်များများ သူပိုပြီးစုပ်ယူနိုင်လေ

ဖြစ်သည်။ ရွှေရောင်အရိုးခြောက်က သူ့ကိုပေးစွမ်းတဲ့ စွမ်းအင်က

မိစ္ဆာယင်စွမ်းအင်ပဲဖြစ်သည်။ တစ်နည်းဆိုရသော် ထိုမိစ္ဆာယင်

စွမ်းအင်ကို သူအသုံးပြုသရွေ့ သူ့မျက်လုံးတွေက သွေးနီရောင်

ပြောင်းသွားမှာဖြစ်ပြီး သူ့ခန္ဓာကိုယ်ကလည်း မိစ္ဆာအော်ရာကို

ထုတ်လွှတ်နေမှာဖြစ်ပေသည်။

ဒါပေမယ့် သူကအစစ်အမှန်ယန်နည်းစနစ်ကို လေ့ကျင့်ထားတဲ့

အတွက် ယင်ချီတွေရဲ့အိမ်မက်ဆိုးဖြစ်တဲ့ ယန်ချီကို

အသုံးပြုနိုင်တဲ့အတွက်ကြောင့် ထိုမိစ္ဆာယင်စွမ်းအင်ကို

ဖိနှိပ်ထားနိုင်ပြီး သူ့ကိုယ်သူ အသိစိတ်မလွတ်အောင်

ထိန်းချုပ်နိုင်ပေသည်။ နောက်ဆုံးမှာတော့ အနက်ရောင်

စာအုပ်က အစစ်အမှန်ယန်နည်းစနစ်ကျင့်စဉ်ကို သူ့ကို

ပေးရတဲ့အကြောင်းအရင်းကို နားလည်သွားခဲ့ပြီဖြစ်သည်။

အစစ်အမှန်ယန်နည်းစနစ်ကို လေ့ကျင့်ရတဲ့အကြောင်းအရင်းက

ထိုမိစ္ဆာယင်စွမ်းအင်ကို ဖိနှိပ်ထားဖို့ဖြစ်ပြီး မိစ္ဆာလမ်းစဉ်

ကျင့်ကြံသူတစ်ယောက်အဖြစ် ပြောင်းလဲသွားမှာကို

ကာကွယ်တားဆီးဖို့ပဲ ဖြစ်သည်။

အခုအချိန်မှာတော့ အဖြစ်အပျက်အားလုံးက ရှင်းလင်းသွားခဲ့ပြီဖြစ်သည်။

သူမျက်လုံးဖွင့်လိုက်တဲ့အချိန်တွင် သက်ပြင်းချသံဖျော့ဖျော့လေး

ကိုကြားလိုက်ရသည်။ ထို့နောက် မန်ဝူရနှင့်ရှနင်းချန်တို့

နှစ်ယောက်ပြောနေတာကို ကြားလိုက်ရသည်။

‘‘ငါ့ရဲ့ချစ်တပည့်လေးရယ်…..နင့်ရဲ့ဆရာက အကောင်းဆုံး

ကြိုးစားခဲ့ပြီးပြီလေ’’ မန်ဝူရ၏လေသံထဲတွင် အပြစ်ရှိသလို

ခံစားရစိတ်နှင့်တကွ အနည်းငယ်သော နောင်တတရားနှင့်

မလိုလားတဲ့အရိပ်အယောင်တွေ ပါဝင်နေခဲ့သည်။ လွန်ခဲ့တဲ့

ရက်အတောအတွင်း မန်ဝူရက ရန်ကိုင်ဒဏ်ရာတွေကိုကုသဖို့

သူ့အစစ်အမှန်ချီစွမ်းအင်တော်တော်များများကို အသုံးပြုခဲ့ရ

ပေသည်။ ဒါပေမယ့် ကံမကောင်းအကြောင်းမလှစွာဖြင့်

သူကရန်ကိုင်ကို အနည်းသာပြန်သက်သာလာအောင်

လုပ်ဆောင်ပေးနိုင်ခဲ့လေသည်။

ရန်ကိုင်သောက်ခဲ့တဲ့ ရွှေရောင်ဆေးလုံးနဲ့တင် သူ့ဒဏ်ရာတွေ

အကုန်ပျောက်ကင်းသွားသင့်ရုံမက သတိပါရလာသင့်သေးသည်။

ဒါပေမယ့် ရန်ကိုင်က မနိုးလာရုံမက သူ့တွင်အသိစိတ်လေးတောင်

မမြင်ရချေ။ ရွှေရောင်ဆေးလုံးတောင် မစွမ်းဆောင်နိုင်လောက်

အောင် ရန်ကိုင်ခန္ဓာကိုယ်ထဲတွင် ဘယ်လိုထူးခြားမှုတွေ

ဖုန်းကွယ်နေလဲဆိုတာ သူမသိပေ။ ထိုဆေးလုံးက ရန်ကိုင်၏

အပြင်ပိုင်း ဒဏ်ရာတွေကိုသာ ပြန်သက်သာအောင် လုပ်ဆောင်

ပေးနိုင်ခဲ့ပြီး ရန်ကိုင်ကိုသတိရအောင်တော့ မစွမ်းဆောင်

ပေးနိုင်ခဲ့ချေ။

ရန်ကိုင်ခန္ဓာကိုယ်ထဲကို သူအစစ်အမှန်ချီစွမ်းအင်တွေ ဖြည့်သွင်း

ပေးခဲ့ပေမယ့်လည်း အနည်းငယ်သာ အကျိုးသက်ရောက်မှု

ရှိပေသည်။ ရန်ကိုင်ခန္ဓာကိုယ်က တွင်းနက်ကြီးတစ်ခုအလား

သူချီစွမ်းအင် ထည့်သွင်းပေးလိုက်တာနဲ့ ချက်ချင်းစုပ်ယူသွား

လေသည်။ မန်ဝူရက ရွှေရောင်အရိုးခြောက်ရဲ့ လျှို့ဝှက်

ဆန်းကြယ်မှုတွေကို ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။ ယန်စွမ်းအင်က

လွဲလို့ အခြားစွမ်းအင်အကုန်လုံးကို စုပ်ယူနိုင်ပေသည်။ ရွှေရောင်

ဆေးလုံးနှင့် အစစ်အမှန်ချီစွမ်းအင်ရဲ့ ၉၀ရာခိုင်နှုန်း

လောက်ကိုလည်း ရွှေရောင်အရိုးခြောက်ကသာ စုပ်ယူသွားတဲ့

အတွက် ရန်ကိုင်အပေါ် အကျိုးသက်ရောက်မှု မရှိခြင်းဖြစ်သည်။

‘‘ဆရာ……’’ ဒီရက်အတောအတွင်း ရှနင်းချန်၏မျက်နှာပေါ်တွင်

အမြဲတမ်းမျက်ရည်တွေနဲ့ ပြည့်နေခဲ့ရပြီး သူမရဲ့မျက်လုံးတွေလည်း

နီရဲနေခဲ့သည်။ အစတုန်းကတော့ မျှော်လင့်ချက်ရှိသေးပေမယ့်

မန်ဝူရက အခုလိုပြောလိုက်တဲ့အချိန်မှာတော့ သူမမျက်နှာ

လုံးဝဖြူအတိဖြစ်သွားခဲ့ရသည်။

‘‘ဆရာ့မှာအခြားနည်းလမ်းတွေကော မရှိတော့ဘူးလားဟင်’’

ရှနင်းချန်က သူမဆရာကို မျှော်လင့်ချက်အပြည့်နဲ့ကြည့်ရင်း

မေးလိုက်သည်။ တကယ်တော့ သူမဆရာရဲ့နောက်ခံကလည်း

သာမန်မဟုတ်ချေ။ အခုလိုစွမ်းအား ပိုင်ဆိုင်ထားတဲ့လူတွေသာ

မျှော်လင့်ချက်မရှိတော့ဘူးလို့ ပြောလိုက်တာနဲ့ ရန်ကိုင်ကို

ကုသပေးနိုင်တဲ့နည်းလမ်း ရှိတော့မည်မဟုတ်ချေ။

‘‘ သူ့စိတ်ဝိဉာဉ်က အစိတ်စိတ်အမြွာမြွာ ဖြစ်သွားခဲ့ပြီ’’

မန်ဝူရက လေးလံထိုင်းမှိုင်းစွာနဲ့ ပြန်ဖြေလိုက်သည်

‘‘ ဒီရက်အတောအတွင်း ငါသူ့ကိုကုသပေးတဲ့အချိန်တိုင်း

တစ်ခါမှ သူ့စိတ်ဝိဉာဉ်ကို အာရုံမခံမိခဲ့ဘူး’’ သူမ

အသွင်အပြင်က ကြောင်တောင်တောင် ဖြစ်သွားခဲ့ပြီး

သူမမျက်နှာကလည်း ဖြူသထက်ဖြူလျော်သွားခဲ့သည်။

‘‘ဒါပေမယ့် အရမ်းကြီးစိတ်ပူမနေပါနဲ့…သူမသေလောက်သေးပါဘူး’’

မန်ဝူရက အလျင်စလို ထပ်ပေါင်းပြောလိုက်သည်‘‘ သူကအခုလို

သတိလစ်နေတဲ့ အခြေအနေမှာပဲ ရှိနေမှာ။ အခုအချိန်ကစပြီး

သူစကားမပြောနိုင်သလို ကြားလည်းကြားနိုင်မှာမဟုတ်တော့ဘူး။

သူ့ခန္ဓာကိုယ်ကလည်း ဘာကိုမှခံစားနိုင်မှာမဟုတ်တော့ဘူး….။

ငါတို့အဲ့ဒါကိုရမှပဲ…..’’

‘‘ဘာကိုရမွလဲ….’’

‘‘ငါတို့ဝိဉာဉ်ဆးရည်ကို ရမှပဲ သူ့ရဲ့ပျောက်ဆုံးသွားတဲ့

ဝိဉာဉ်ကို ပြန်လည်ကောင်းမွန်လာအောင် လုပ်ဆောင်နိုင်လိမ့်မယ်’’

မန်ဝူရက နောက်ဆုံးအပိုင်းကို ပြောပြီးတဲ့နောက် သက်ပြင်း

ချလိုက်သည်။ ‘‘ ဒါပေမယ့် ဝိဉာဉ်ဆေးရည်က…….

ဒီလိုနေရာသေးသေးမှာ ရနိုင်တာမဟုတ်ဘူး’’ ‘‘ အဲ့ဆေးရည်ကို

ဘယ်မှာရှာရမှာလဲ’’ ရှနင်းချန်က တုန်တုန်ရီရီနဲ့ မေးလိုက်သည်။

သူမရဲ့တုန်ရီနေတဲ့ လေသံထဲတွင် ပြတ်သားသော ဆုံးဖြတ်ချက်တို့

ပါဝင်နေခဲ့သည်။

သူမရဲ့မျက်လုံးတွေကို မြင်လိုက်ရတဲ့အချိန် မန်ဝူရက သူ့လက်ကို

သူ့မခန္ဓာကိုအထက်အောက်ကို ညွှန်ပြလိုက်သည်။ ရှနင်းချန်က

ပါးနပ်တဲ့မိန်းကလေး တစ်ယောက်ဖြစ်တဲ့အတွက် တိတ်ဆိတ်

သွားခဲ့သည်။ ဒါပေမယ့် သူမအကြည့်ကတော့ မြဲမြံနေပြီး

‘‘ဘာပဲဖြစ်ဖြစ် ငါဝိဉာဉ်ဆေးရည်ကို ရအောင်ယူပြီး

ဂျူနီယာမောင်လေးရဲ့ စိတ်ဝိဉာဉ်ကို ပြန်ကုသပေးရမယ်’’

‘‘မင်တို့နှစ်ယောက် ဘာတွေပြောနေကြတာလဲ’’ သူတို့နှစ်ယောက်

ပြောဆိုဆွေးနွေးနေတဲ့အချိန် သူတို့နောက်ကနေ တိုးလျတဲ့

အသံထွက်ပေါ်လာခဲ့သည်။ ချက်ချင်းပဲ မန်ဝူရက ပြန်ပြော

လိုက်သည်‘‘ မင်ဒဏ်ရာတွေအကြောင်း ပြောနေတာလေ…..’’

သူပြောပြီးတာနဲ့ မန်ဝူရရဲ့ အမူအရာ အပြောင်းကြီး ပြောင်းလဲ

သွားခဲ့သည်။ ထို့နောက် စက်ရုပ်တစ်ရုပ်လို တောင့်တောင့်ကြီး

ရပ်နေရင်း သူ့ခေါင်းကို နောက်ဘက်လှည့်လိုက်ပြီး အိပ်ရာပေါ်မှာ

လဲနေရင်း သူ့ကိုပြူးကြည့်နေတဲ့ ရန်ကိုင်ကို မျက်လုံးမှေးစင်းရင်း

ကြည့်လိုက်သည်။ ‘‘ဂျူနီယာမောင်လေး’’ ရှနင်းချန်က

သူမရဲ့အပျော်တွေကို ဖုံးဖိမထားနိုင်တော့ပဲ ချက်ချင်း ရန်ကိုင်ဆီ

ပြေးသွားလိုက်သည်။ သူမရဲ့မျက်တောင်ရှည်ရှည်လေးတွေက

ထိန်းမရအောင် တဖျတ်ဖျတ်ခါနေခဲ့ပြီး သူမဘယ်လောက်

ပျော်နေလဲဆိုတာ သူမမျက်နှာပေါ်တွင် အထင်းသားပေါ်နေခဲ့ပြီး

ရန်ကိုင်ကို စိုးရိမ်တကြီး ကြည့်နေခဲ့သည်။

သူမရဲ့နီရဲနေတဲ့ မျက်လုံးလေးကိုကြည့်ရင်း ရန်ကိုင်ခံစားသွား

ရသည်။ ထိုအရာက သူရက်ပေါင်းများစွာ သတိလစ်နေခဲ့တယ်

ဆိုတာ ဖော်ပြေနေခဲ့ပြီး ထိုရက်အတောအတွင်းသူ့ကို

သူမဘယ်လောက်တောင် စိတ်ပူနေရသလဲဆိုတာကိုလည်း

အထင်အရှား သက်သေပြနေခဲ့သည်။

‘‘ငါအဆင်ပြေပါတယ်’’ ရန်ကိုင်က စိုးရိမ်စရာမရှိတဲ့ပုံစံနဲ့

ပြန်ပြောလိုက်သည်‘‘ ငါဗိုက် နည်းနည်းဆာနေသလိုပဲ’’

‘‘ဆရာ မြန်မြန်လာကြည့်’’ သူမမျက်လုံးတွေကိုပွတ်လိုက်ရင်း

ရှနင်းချန်က မန်ဝူရကိုဆွဲခေါ်လိုက်သည်။ သူမက ဆရာ

သေရင်တောင် ဆရာကို ရန်ကိုင်ဆီမရရအောင် ဆွဲခေါ်သွားမယ့်

ပုံစံမျိုးနဲ့ သူမဆရာကို ရန်ကိုင်ဘေးနားဆီဆွဲခေါ်သွားခဲ့သည်။

သူ့တပည့်လေးက မရမကဆွဲနေတဲ့အတွက် မန်ဝူရလည်း

သူ့တပည့်ဆွဲခေါ်ရာနောက် လိုက်ရုံသာ တတ်နိုင်တော့လေသည်။

မိန်းမတစ်ယောက်ရဲ့တာဝန်…မိန်းမတစ်ယောက်ရဲ့တာဝန်…။

‘‘နင့်ဆရာက အကြမ်းခံလို့သာမဟုတ်ရင် နင်ဆွဲခေါ်နေလို့

အစောကြီးကတည်းက တစ်စစီဖြစ်နေလောက်ပြီ’’ ဒါပေမယ့်

နောက်ဆုံးမှာတော့ မန်ဝူရလည်း အသိပြန်ဝင်လာခဲ့ပြီး ရန်ကိုင်

ဘေးနားထိုင်ချလိုက်သည်။ သူ့မျက်နှာက လေးနက်နေပြီး

ရန်ကိုင်အခြေအနေကို သေချာစစ်ဆေးကြည့်လိုက်သည်။

ခဏအကြာမှာတော့ မန်ဝူရက မျက်မှောင်ကြုံ့လိုက်ပြီး

သူ့ဘာသူတစ်ယောက်တည်း ရေရွတ်လိုက်သည်‘‘မဖြစ်နိုင်ဘူး။

ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားရတာလဲ..’’

သူတစ်ခွန်းပြောလိုက်တိုင်း ရှနင်းချန်၏မျက်နှာက ပိုပိုသုန်မှုန်လာ

ခဲ့ပြီး ရန်ကိုင်ဒဏ်ရာတွေက တစ်နည်းနည်းနဲ့ ပိုဆိုးသွားမှာကို

စိုးရိမ်နေခဲ့သည်။ ‘‘ဆရာ…ဂျူနီယာမောင်လေး၊ သူ…….’’ သူမ

နှုတ်ခမ်းကိုကိုက်လိုက်ရင်း မန်ဝူရကိုတိတ်တဆိတ် မေးမြန်း

လိုက်သည်။ သူမနှလုံးသားလေးကတော့ လည်းချောင်းကနေ

ခုန်ထွက်တော့မတတ် စိတ်လှုပ်ရှားနေခဲ့သည်။

‘‘အိုး….သူနိုးလာမှာတော့ စိတ်ပူစရာဘာမှမရှိတော့ပါဘူးလေ’’

ဘာလုပ်ရဘာကိုင်ရမှန်း မသိတော့ပဲ မန်ဝူရက ရန်ကိုင်ကို

စိတ်ရှုပ်ထွေးစွာနဲ့ ကြောင်ကြည့်နေလိုက်သည်။ ‘‘စိတ်ပူစရာ

မရှိတော့ပါဘူးလေ’’ ဆိုတဲ့စကားကိုကြားလိုက်တဲ့အချိန်

ရှနင်းချန်၏ မျက်နှာပေါ်တွင် စိတ်ပျက်သွားတဲ့အရိပ်အယောင်

ပေါ်လာခဲ့သည်။ အစောပိုင်းတုန်းကတော့ ဂျူနီယာမောင်လေးရဲ့

ဒဏ်ရာတွေပြင်းလွန်းလို့ စိတ်ဝိဉာဉ်ပျက်စီးသွားပြီး ဘယ်တော့မှ

နိုးထမလာတော့ဘူးဆို့ သူမဆရာကပြောနေပြီး အခုကျတော့

ရုတ်တရက်ကြီး ဘာမှစိတ်ပူစရာ မရှိတော့ဘူးတဲ့။ ‘‘ဒါပေမယ့်

ဒါကတကယ်ကို မဖြစ်နိုင်ဘူး’’ မန်ဝူရ မအောင့်အီးနိုင်တော့ပဲ

မေးလိုက်သည်‘‘ ရန်ကိုင်၊ ဒါကနေမဝင်ခင် နောက်ဆုံးအကြိမ်အဖြစ်

တောက်ပတာလား’’ ရန်ကိုင်က အပြုံးတစ်ခုကို ဖျစ်ညစ်ပြံုးလိုက်ပြီး

‘‘ဘဏ္ဏာထိန်းမန်၊ မင်းကော ကျိန်ဆဲခံရတာကိုကြိုက်လား’’

‘‘ဒါပေမယ့် အစောပိုင်းတုန်းက…မင်းစိတ်ဝိဉာဉ်က ပျောက်ကွယ်

သွားခဲ့တာလေ…အခုဘယ်လိုလုပ်ပြီး ပြန်ရောက်လာတာလဲ’’

ရန်ကိုင်၏ စိတ်နှလုံးတုန်ရင်သွားခဲ့ပြီး သူသတိလစ်နေတုန်း

အခြေအနေကို ပြန်စဉ်းစားကြည့်လိုက်သည်။ ထိုကိစ္စက

ရွှေရောင်အရိုးခြောက်နဲ့ ပက်သက်နေနိုင်ပေသည်။

‘‘ဆရာ၊ နင်ကတကယ့်ကိုရမ်းကုအကြီးစားကြီးပဲ’’ သူမလေသံတွင်

စိတ်ပျက်မှုတွေနဲ့ ပြည့်နေပြီး ရှနင်းချန်က ဒေါသတကြီး

ခြေဆောင့်လိုက်သည်။ မန်ဝူရက သေလောက်အောင်

ရှက်သွားခဲ့သည်။ ရန်ကိုင်က မေ့မျောနေတဲ့ အခြေအနေမှာ

ရှိနေပြီး သူ့စိတ်ဝိဉာဉ်ပြန်ကောင်းဖို့ ဝိဉာဉ်ဆေးရည်ကို

လိုအပ်တယ်လို့ သူပြောခဲ့ပေသည်။ ဒါပေမယ့်သူပြောပြီး

သိပ်မကြာခင်မှာပဲ ရန်ကိုင်ပြန်သတိရလာလိမ့်မယ်လို့တော့

ဘယ်တုန်းကမှ မထင်ထားခဲ့ချေ။

သူ့ပါးစပ်ကို ခပ်ပြင်းပြင်း ဖျတ်ရိုက်လိုက်သလို ခံစားလိုက်ရသည်။

မျက်နှာပျက်တာက အဲ့လောက်မဟုတ်ပေ။ ဒါပေမယ့်

ဆရာတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကိုတော့ သူ့တပည့်ရှေ့တွင်

ဆုံးရှုံးသွားခဲ့ရချေပြီ။ သူ့ဂုဏ်သိက္ခာအကုန်လုံး ရေစုန်မျောသွား

သလိုခံစားလိုက်ရသည်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ရန်ကိုင်နိုးလာ

တာကတော့ ကောင်းတဲ့ကိစ္စတစ်ခုပဲဖြစ်သည်။ ရန်ကိုင်က

သူ့တပည့်ကိုဆွဲဆောင်ဖြာယောင်းမှာကို သူကြောက်နေခဲ့ပေမယ့်

လည်း ရန်ကိုင်ကတော့ သူ့အသက်ကိုရင်းပြီး သူ့တပည့်ကို

ကာကွယ်ပေးခဲ့သည်။ ထို့ပြင် ယင်ကိုးသွယ်နှင်းပုံဆောင်ခဲကိုလည်း

ရအောင် ယူဆောင်ပေးခဲ့လေသည်။ ဘာပဲဖြစ်ဖြစ် ရန်ကိုင်၏

သူ့တပည့်အပေါ်ကြင်နာမှုကိုတော့ သူမှတ်ထားရပေမည်။

အဆက်မပြတ်သက်ပြင်းချရင်း ရှေးခတ်အချိန်အခါကတည်းက

လူတွေက အသက်ရှည်ကြာအောင်နေရလေ့မရှိချေ။ ဘေးကပ်ဆိုး

တွေက ထောင်စုနှစ်ကြာအောင် တည်ရှိနေပေသည်။ အခု ရန်ကိုင်

နှင့်သူ့ရဲ့ချစ်တပည့်လေးက ကပ်ဆိုးတစ်ခုကို ကျော်ဖြတ်လာခဲ့

ကြရပေသည်။ ထို့အတွက်ကြောင့် သူဘယ်လိုလုပ်ပြီး လွယ်လွယ်ကူကူ သေနိုင်မှာလဲ။ မန်ဝူရက မလိုအပ်ပဲ စိတ်ပူနေတာဖြစ်သည်။ ထို့ကြောင့်

လာမည့်နေတွေမှာ သူဘာလုပ်သင့်လဲ။ စိုးရိမ်ပူပန်မှုကြောင့်

မန်ဝူရက အခုအချိန်တွင် ပြတ်သားလိုက်ချင်မိသည်။ ဒါပေမယ့်

သူ့တပည့်က သူ့ကိုဒေါသထွက်သွားမှာစိုးလို့လည်း တုန့်ဆိုင်း

နေမိပြန်သည်။

ရန်ကိုင်ပြန်သတိရလာတဲ့အတွက် ရှနင်းချန်၏တင်ကြပ်နေတဲ့

နှလုံသားလေး နောက်ဆုံးပြေလျော့သွားနိုင်ခဲ့သည်။ လွန်ခဲ့တဲ့

ရက်အတောအတွင်း သူမများများစားစားအနားမယူခဲ့ရချေ။

ရန်ကိုင်ဘယ်သောအခါမှ မနိုးထားလာမှာကို သူမစိုးရိမ်ပူပန်

နေခဲ့ရသည်။ ဒါပေမယ့် အခုရန်ကိုင်ကောင်းမွန်နေတာကို

တွေ့လိုက်ရတဲ့အတွက် သူမနောက်ထပ် စိတ်ပူစရာ

မလိုတော့ချေ။

နောက်ထပ်နှစ်ရက်အတွင်း ရန်ကိုင်က သူ့ဒဏ်ရာတွေကို

ပြန်ကုရင်းနဲ့သာအလုပ်ရှုပ်နေခဲ့သည်။တတိယမြောက်နေ့

မှတော့ ရှနင်းချန်၏ ဘဏ္ဏာထိန်းမန်၏စကားအတိုင်း

ယင်ကိုးသွယ်နှင်းပုံဆောင်ခဲကို စုပ်ယူပြီး သူမချီစွမ်းအင်ကို

အစစ်အမှန်ချီအဖြစ်ပြောင်းလဲကာ အစစ်အမှန်ဒြပ်စင်အဆင့်

ချိုးဖျက်ဖို့စတင်လေသည်။ ယင်ကိုးသွယ်နှင်းပုံဆောင်ခဲကို

သန့်စင်ထားပေမယ့်လည်း သူမဒန်တန်ထဲမှာ ထားထားတာ

မကောင်းဘူးလို့လည်း မန်ဝူရကပြောခဲ့လေသည်။

ရှနင်းချန်လည်း မငြင်းဆိုခဲ့ချေ။ လိမ်လိမ်မာမာနဲ့ သန့်စင်နေ

လိုက်သည်။ အားလုံးပြီးတဲ့နောက် သူမကလိမ်မာပါးနပ်တဲ့

မိန်းကလေးတစ်ယောက် ဖြစ်နေတုန်းပင်ဖြစ်သည်။ သူမ

ဆရာကိုဆေးခတ်ခဲ့တာကတော့ … မန်ဝူရကံခေနေလို့ပဲပေါ့။

သူတို့တည်းခိုခန်းမှာနေ နေပေမယ့်လည်း

မန်ဝူရကကျင့်ကြံခြင်အဆင့် မြင့်တဲ့လူတစ်ယောက်

ဖြစ်တဲ့အတွက် ရှနင်းချန်ကို အခြားသူတွေလာနှောင့်ယှတ်

မှာကို စိုးရိမ်စရာမလိုချေ။ ထို့အတွက်ကြောင့် ရှနင်းချန်က

တည်းခိုခန်းမှာပဲ တံခါးပိတ်ကျင့်ကြံခြင်းကို စတင်လိုက်သည်။

ရန်ကိုင်ကတော့ ဘာမှစိတ်ပူစရာမလိုတော့ပေမယ့် ပြင်ပ

ဒဏ်ရာတွေကိုတော့ အနည်းငယ်ကုစားဖို့တော့ လိုအပ်နေပေ

သေးသည်။ နေ့တိုင်း တရားထိုင်ရင်း ရှနင်းချန်အဆင့်ချိုးဖျက်ပြီး

ကောင်းကင်စံအိမ်ကို ပြန်မယ့်အချိန်ကို စောင့်နေလိုက်သည်။

ဒီအတောအတွင်း ရန်ကိုင်လေ့ကျင့်နေတဲ့အချိန် ဘဏ္ဏာထိန်းမန်က အငွေ့တလူူလူထွက်နေတဲ့ ပန်းကန်တစ်လုံးကိုယူလာခဲသည်။

မန်ဝူရက ခွက်ကိုကိုင်ရင်း နာကျင်မှုအပြည့်နဲ့ အံကြိတ်ပြီး

ပြောလိုက်သည်‘‘သောက်လိုက်’’ ရန်ကိုင်လည်း တုန့်ဆိုင်း

မနေခဲ့ချေ။ မန်ဝူရလက်ထဲက ခွက်ကိုချက်ချင်းယူလိုက်ပြီး

မော့သောက်လိုက်သည်။ သူ့နှုတ်ခမ်းကို သပ်ရင်း ကြို့ထိုး

လိုက်ပြီး စိတ်လှုပ်ရှားစွာနဲ့ မေးလိုက်သည်‘‘ငါအခု

သောက်လိုက်တာဘာလဲ…ဆေးအစွမ်းကတော့ တော်တော်လေး

ကောင်းတယ်’’

ထိုပန်းကန်လုံးထဲက အရည်တွေသူ့ခန္ဓာကိုယ်ထဲကို စီးဝင်သွား

တာနဲ့ သူ့တစ်ကိုယ်လုံး နွေးတေးတေးလေး ခံစားလိုက်ရသည်။

ထို့ပြင် ထိုအရည်ထဲတွင် စွမ်းအင်အများကြီးပါဝင်သေးပြီး

စွမ်းအင်တစ်ဝက်ကို သူ့ခန္ဓာကိုယ်က စုပ်ယူလိုက်ပြီး

သူ့ဒဏ်ရာတော်တော်များများကို ပြန်သက်သာလာစေခဲ့သည်။

အခြားတစ်ဝက်ကိုတော့ ရွှေရောင်အရိုးခြောက်က စုပ်ယူ

သွားခဲ့သည်။ မန်ဝူရမျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားပြီး မန်ဝူရက

ဝမ်းနည်းစွာနဲ့ ပြန်ပြောလိုက်သည်‘‘ဒီလူအိုကြီးက အဲ့ဆေးရည်

အတွက် နှစ်တစ်ထောင်သွေးဝိဉာဉ်နဲ့ အခြားကောင်းကင်အဆင့်

ဆေးပင်တွေပါသုံးခဲ့ရတာကွ။ အဲ့လောက်တောင် အဆင့်မြင့်တဲ့

ပစ္စည်းတွေ သုံးထားမှတော့ ဆေးစွမ်းကမကောင်းပဲနေဦးမလား။

ဘုရားရေ…အဲ့ဒါကို မင်းကတစ်ကျိုက်တည်းနဲ့ သောက်ပစ်လိုက်

တယ်။ အရသာတော်တော်ကောင်းမှာပဲနော်’’

‘‘အရသာကလား….အင်း…မဆိုးပါဘူး’’ ရန်ကိုင်က တည်တည်

ငြိမ်ငြိမ်နဲ့ ခေါင်းညိတ်လိုက်သည်။

မန်ဝူရ သူ့ရဲ့ဆူပွက်လာတဲ့သွေးတွေကို တည်ငြိမ်အောင်

မနည်းပြန်ဖိနှိပ်ထားလိုက်ရပြီး တွေးတောလိုက်သည်

‘‘ငါ့ရဲ့ချစ်တပည့်လေးက မင်းခန္ဓာကိုယ်ကို ပြန်ကောင်းအောင်

ကူညီခိုင်းမှာတော့ ငါကကော ဘယ်လိုလုပ်ပြီး မကူညီပဲ

နေရဲတော့မှာလဲ…။ ဘာပဲဖြစ်ဖြစ် ဒီဆေးပင်တွေဆိုတာ

အသက်ပိုတစ်ချောင်းနဲ့အတူတူပဲလေ။ ဟန်မင်းဆက်

တစ်ခုလုံးမှာတောင် များများစားစားရှိတာမဟုတ်ဘူး။

ဟူး…ဆက်ဆံရေးဖျက်ဆီးသူတစ်ယောက်ရဲ့ တာဝန်ကလည်း

ကြီးလွန်းလိုက်တာကွာ’’

‘‘မင်းမှာရှိသေးလား’’ ရန်ကိုင် သူ့နှုတ်ခမ်းကိုသပ်လိုက်ရင်း

မေးလိုက်သည်။ တစ်စက္ကန့်တောင် တုန့်နှေးမနေပဲ မန်ဝူရက

ချက်ချင်းပြန်ဖြေလိုက်သည်‘‘ မရှိတော့ဘူး…ငါ့မှာရှိရင်တောင်

မင်းကိုပေးမှာမဟုတ်ဘူး။ မင်းအဲ့လိုသာ အများကြီးစားနေရင်

အစားကြူးလွန်းလို့ သေလိမ့်မယ်’’ ‘‘ဟဲဟဲ…’’ ရယ်နေရင်း

ရန်ကိုင်တွေးလိုက်သည်‘‘ကောင်းကင်အဆင့်ဆေးပင်တွေ

အများကြီးက စွမ်းအင်တွေကို ငါ့ဘာသာငါဆိုရင်တော့

စုပ်ယူနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် ရွှေရောင်အရိုးခြောက်နဲ့

ဆိုရင်တော့ မတူတော့ဘူး…ငါအစားကြူးပြီး သေမှာမဟုတ်

တော့ဘူး’’

‘‘လွန်ခဲ့တဲ့ညက ဘာဖြစ်ခဲ့လဲဆိုတာ ငါ့ကိုပြောပြပါလား’’

ရုတ်တရက်မေးလိုက်တဲ့အချိန် အချိန်အတော်ကြာ ဖိနှိပ်

ထားခဲ့ရသော အမျက်ဒေါသနှင့် သတ်ဖြတ်လိုစိတ်တို့

မန်ဝူရ၏မျက်လုံးထဲတွင် ထွက်ပေါ်လာခဲ့သည်။

ရန်ကိုင်က မန်ဝူရဘက်လှည့်ကြည့်လိုက်ပြီါ် မေးလိုက်သည်

‘‘စီနီယာမမလေးက ခင်ဗျားကိုမပြောပြဘူးလား’’

‘‘ဒီအတောအတွင်း သူမကမင်းဒဏ်ရာတွေအပေါ်မှာပဲ

အာရုံစိုက်နေတော့ ငါလည်းမမေးဖြစ်လိုက်ဘူး’’

မန်ဝူရက ပျင်းရိငြီးငွေ့စွာနဲ့ပြန်ပြောလိုက်ပြီး သူ့ရဲ့လောင်ကျွမ်း

တောက်လောင်နေတဲ့ အကြည့်ကရန်ကိုင်ဆီကိုရောက်ရှိလာခဲ့ပြီး

မေးလိုက်သည်‘‘တောင်ကြားထဲမှာ မင်းတို့သတ်လိုက်တာဘယ်သူ

တွေလဲ…မင်းတို့ကိုဘယ်သူတွေ….တိုက်ခိုက်တာလဲ’’

Martial Peak

အပိုင်း (၁၁၉) ကောင်းကင်စံအိမ်သို့ပြန်ခြင်း

‘‘ငါတို့ကိုတိုက်ခိုက်တဲ့သူတွေက သွေးတိုက်ပွဲဂိုဏ်နဲ့ မုန်တိုင်စံအိမ်

ကတပည့်တွေပဲ’’ သူ့အမူအရာက လေးနက်နေပြီး ထိုညကဖြစ်ခဲ့တဲ့

အဖြစ်အပျက်တွေကို လုံးစိတ်ပတ်စိ အတိအကျ ပြန်ပြောပြ

လိုက်သည်။ လူကိုးယောက်ကို သူအနိုင်တာအတွက်တော့

အရေးကြီးတဲ့ အချက်အလက်တွေကိုဖယ်ပြီး မသေမချာ

ပြောလိုက်သည်။ သူလုပ်ဆောင်ခဲ့တဲ့ အပြုအမူတွေက တကယ်ကို

မယုံနိုင်ဖွယ်ရာဖြစ်တဲ့အတွက် ယုံကြည်နိုင်တဲ့ အတိုင်းအတာ

အပြင်ဘက်ရောက်နေပြီး သူပြောလည်း ဘဏ္ဏာထိန်းမန်က

ယုံကြည်လိမ့်မည်မဟုတ်ချေ။

ရန်ကိုင်ပြောတာကို နားထောင်ရင်း မန်ဝူရဒေါသထွက်လာခဲ့သည်။

ရန်ကိုင်အဖို့ အဖြစ်အပျက်တွေကို ပြန်ပြောရာတွင် အချိန်

တော်တော်လေး ကြာသွားခဲ့သည်။

မန်ဝူရက ခေါင်းညိတ်ရင်း မေးလိုက်သည်‘‘ အခြားတစ်နည်းနဲ့ဆိုရင်

အဓိကတရားခံက မင်းပေါ့…ဒါပေမယ့် အစီအစဉ်ချတဲ့လူက

လုံဟူပေါ့…ဟုတ်လား’’ ‘‘ အင်း…စီနီယာမမလေးကို ဒုက္ခရောက်

စေခဲ့တာငါပဲ’’ ရန်ကိုင်က ခေါင်းညိတ်ရင်း ဝန်ခံလိုက်သည်။

‘‘မင်းက အဓိကတရားခံ ဖြစ်ပေမယ့်လည်း ဒီကိစ္စကမင်းအပြစ်တော့

မဟုတ်ပါဘူးလေ။ ပြီးတော့ ရှနင်းချန်လည်း ထိခိုက်ဒဏ်ရာရခဲ့တာ

မရှိဘူးဆိုတော့ မင်းကိုယ်မင်း အပြစ်ရှိတယ်လို့ ခံစားနေစရာ

မလိုပါဘူး’’ ရန်ကိုင် နှစ်သိမ့်ပေးလိုက်ပြီး မန်ဝူရဆီကနေ

အေးစက်စက်ရယ်သံ ထွက်ပေါ်လာခဲ့သည်‘‘ သွေးတိုက်ပွဲဂိုဏ်း၊

လုံကျိုင်းရှန်…ဒီလူအိုကြီးက မင်းကိုမှတ်ထားလိုက်ပြီ’’

မန်ဝူရမျက်လုံးထဲက အန္တရာယ်ရှိတဲ့ အရိပ်အယောင် ထွက်ပေါ်

လာတာကို မြင်လိုက်ရတဲ့အချိန်မှာတော့ လုံကျိုင်းရှန်ဆီ

သိပ်မကြာခင်ကပ်ဆိုးတစ်ခု ရောက်လာတော့မယ်ဆိုတာကို

ရန်ကိုင်သိလိုက်သည်။ မန်ဝူရ၏ နောက်ခံနှင့် ကျင့်ကြံခြင်းနဲ့

ပက်သက်ပြီး ရန်ကိုင်နည်းနည်းလေးတောင် နားမလည်နိုင်ခဲ့ပေ။

ဒါပေမယ့် မန်ဝူရက သာမန်မဟုတ်ဘူးဆိုတာတော့ သူသိပေသည်။

မန်ဝူရသာ လုံကျိုင်းရှန်ကို ပြဿနာသွားရှာမယ်ဆိုရင်တော့

သူတကယ်ကို ဝမ်းမြောက်မိမှာအမှန်ပင်။ ဒါပေမယ့် အရမ်း

ကြီးတော့လည်း မဟုတ်ချေ။

လူတစ်ယောက်ဆိုတာ မကျေနပ်ရင် ကိုယ့်လက်နှစ်ဖက်နှင့် ကိုယ့်အားကိုယ်ကိုးပြီး လက်စားပြန်ချေရမယ်

လို့ ရန်ကိုင်ယုံကြည်ထားပေသည်။ အကယ်၍ လုံကျိုင်းရှန်သာ

မန်ဝူရကြောင့် သေသွားခဲ့မယ်ဆိုရင် သူ့မှာလက်စားပြန်ချေဖို့

အခွင့်အရေး ရှိနိုင်တော့မည် မဟုတ်ချေ။

ဒါပေမယ့် အဲ့လိုဖြစ်လာခဲ့ရင်လည်း ထိုကိစ္စကို သူဆက်ပြီး

အာရုံစိုက်လိမ့်မည်မဟုတ်ချေ။ ဒီတစ်ကြိမ် မန်ဝူရတော်တော်

ဒေါသထွက်သွားပြီဆိုတာ သူသိပေသည်။ သူ့ရင်ထဲကဒေါသ

မီးတောက်က လောင်စားဖြည့်ပေးလိုက်မှာတော့ ပေါက်ကွဲ

သွားတော့မှာပေါ့။

တည်းခိုဆောင်တွင်နှစ်ရက်ကြာတည်းခိုပြီးနောက် ရှနင်းချန်

တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာခဲ့သည်။ မျှော်လင့်ထားတဲ့

အတိုင်း သူမကျင့်ကြံခြင်းအဆင့်က အစစ်အမှန်ဒြပ်စင်အဆင့်ကို

ရောက်ရှိနေပြီဖြစ်သည်။ ရန်ကိုင်က ရှနင်းချန်ကို သွယ်ဝိုက်

မေးပြီးနောက် တစ်စုံတစ်ယောက်က မိမိမျှော်လင့်ထားတဲ့

ရလဒ်ထွက်ပေါ်လာဖို့ ယင်ကိုးသွယ်နှင်းပုံဆောင်ခဲကို အပြည့်အဝ

သန့်စင်စရာမလိုဘူးဆိုတာ သိလိုက်သည်။

သီအိုရီအရတော့ ယင်ကိုးသွယ်နှင်းပုံဆောင်ခဲ တစ်စက်က

ကျင့်ကြံသူတစ်ယောက်အတွက် အဆင့်ချိုးဖျက်ဖို့

လုံလောက်ပေသည်။ ဘာပဲဖြစ်ဖြစ် ယင်ကိုးသွယ်နှင်းပုံဆောင်ခဲ

ဆိုတာမျိုးက သာမန်ချီစွမ်းအင်ကနေ အစစ်အမှန်ချီကိုကူပြောင်း

ရာတွင် ကူညီပေးသည့် အကူပစ္စည်းတစ်ခုထက်မပိုချေ။

ဒါပမယ့် ထူးခြားချက်တစ်ခုတော့ ရှိပေသည်။ ယင်ကိုးသွယ်

နှင်းပုံဆောင်ခဲကို ရယူပြီး နှစ်နာရီအတွင်း မသန့်စင်နိုင်ရင်

ပျောက်ကွယ်သွားမှာပဲဖြစ်သည်။ ထို့ကြောင့် တစ်ယောက်ယောက်

သာ ယင်ကိုးသွယ်နှင်းပုံဆောင်ခဲကို ရယူနိုင်ခဲ့ရင်

တစ်ယောက်တည်းသာ အသုံးပြုလေ့ရှိသည်။

ထိုအချက်ကို နားလည်သွားတာမှပဲ ရန်ကိုင်ရင်ထဲက အလုံးကြီး

ကျသွားခဲ့ရသည်။ ယင်ကိုးသွယ်နှင်းပုံဆောင်ခဲတစ်ဝက်လောက်ကို

သူစုပ်မိလိုက်တဲ့အတွက် ရှနင်းချန်အဆင့်ချိုးဖျက်တာကို

အနှောင့်အယှတ်ပေးသလို ဖြစ်သွားမှာကို သူစိုးရိမ်နေတာပဲ

ဖြစ်သည်။

ဒါပေမယ့် ရွှေရောင်အရိုးခြောက်ထဲမှာ သိမ်းဆည်းထားတဲ့

ယင်ကိုးသွယ်နှင်းပုံဆောင်ခဲစွမ်းအင်တစ်ဝက်က ရှနင်းချန်

ပြောသလို အခုအချိန်တော့ မပျောက်ကွယ်သေးချေ။ ရန်ကိုင်

ဒဏ်ရာတွေ ပြန်သက်သာလာပြီး ရှနင်းချန်လည်း အဆင့်ချိုးဖျက်ပြီး

တာနဲ့ သူတို့သုံးယောက် တည်းခိုဆောင်ကနေ ထွက်ခွာပြီး

ကောင်းကင်စံအိမ်ကို အလျင်အမြန်ပြန်သွားကြလေသည်။

မန်ဝူရက ကောင်းကင်စံအိမ်ကိုသွားတဲ့လမ်းတွင် ရန်ကိုင်ကို

သယ်သွားခဲ့သည်။ ခရီးလမ်းတစ်လျှောက်တွင် ပျံသန်းခြင်း

အရသာကို သူတော်တော်လေး အတွေ့အကြုံရလိုက်သည်။

ရက်နှစ်ဆယ်ထွက်သွားခဲ့တာတောင် သူ့သစ်သားတဲအိမ်လေး

ကတော့ အရင်လိုသန့်ရှင်းနေတုန်းပင်။ လီယွမ်ရှန်းနဲ့သူ့အဖွဲ့က

ရန်ကိုင်သစ်သားတဲအိမ်လေးကို နေ့တိုင်းသန့်ရှင်းရေးလာလုပ်

ပေးပုံပင်။

လာတဲ့ရက်အတောအတွင်း ရန်ကိုင်က ကျင့်ကြံခြင်းမှာသာ

အာရုံစိုက်နေပြီး သူ့ကျင့်ကြံခြင်းကို အခြေခိုင်အောင် ကြိုးစား

လုပ်ဆောင်နေခဲ့သည်။ တစ်ခါတစ်ရံ ကျက်သရေရှိတဲ့

စီနီယာမမလေးရဲ့ ပုံရိပ်ကို သူပြန်မြင်ယောင်မိသည်။

ဘာပဲဖြစ်ဖြစ် စီနီယာမမလေးက သူနမ်းခဲ့ဖူးတဲ့ ပထမဆုံး

မိန်းကလေးတစ်ယောက်ပဲလေ။ ထိုနူးညံ့ပြီးချိုမြိန်တဲ့

ခံစားမှုကို သူရှင်းရှင်းလင်းလင်း ခံစားမိနေပေသေးသည်။

ဒါပေမယ့် သူတို့ကောင်းကင်စံအိမ်ကို ပြန်ရောက်ကတည်းက

ရှနင်းချန် တစ်ခါမှပေါ်မလာသေးချေ။ သူတို့နှစ်ယောက်ကြား

ဖြစ်ပျက်ခဲ့တာတွေကို သူမမေ့သွားပုံပင်။ ထိုညက တောင်ကြား

ထဲတွင် လိုဏ်ဂူထဲကနေ ရန်ကိုင်ထွက်မသွားခဲ့ခင် သူသာ

အသက်ရှင်လျက် ပြန်လာနိုင်ခဲ့မယ်ဆိုရင် သူကြိုက်တဲ့အရာတစ်ခု

တောင်းဆိုနိုင်တယ်လို့ သူတို့နှစ်ယောက် ကတိပြုခဲ့ကြသည်။

ထိုအချိန်တုန်းက ရန်ကိုင်က သူ့ကိုယ်သူစိတ်ဓါတ်တက်ကြွအောင်

သာပြောလိုက်တာဖြစ်ပြီး အလေးအနက်တော့ မထားခဲ့ချေ။

သူနည်းနည်း စိတ်ပျက်သွားခဲ့ပေမယ့်လည်း ထိုကိစ္စကိုဆက်ပြီး

တွေးတော့မနေတော့ချေ။ ဒါပေမယ့် ယင်ကိုးသွယ်နှင်းပုံဆောင်ခဲ

ကို သူရယူနိုင်ခဲ့တဲ့အတွက်ကြောင့် သူတို့နှစ်ယောက်စလုံး

ထိုအချိန်တွင် စိတ်လှုပ်ရှားနေခဲ့တယ်ဆိုရင်တောင် သူတို့

နှစ်လုံးစလုံးက အရွယ်ရောက်စ အပျို၊လူပျိုလေးတွေ

ဖြစ်တဲ့အတွက် ထိုကိစ္စကတော့ ရှောင်ရှားလို့ရမည်မဟုတ်ချေ။

ရန်ကိုင်က ကျင့်ကြံခြင်းအဆင့်နိမ့်လို့ဆိုပြီး ကိုယ့်ကိုယ်ကို

နိမ့်ချမယ့်လူမျိုးမဟုတ်ချေ။ ကျင့်ကြံခြင်းလား….ကျင့်ကြံခြင်း

ဆိုတာမျိုးက အားစိုက်ထုတ်နေသရွေ့ တိုးတက်နေမှာပဲဖြစ်သည်။

တစ်နေ့ကျရင် စီနီယာမမလေးကိုသာမကာ တူညီတဲ့မျိုးဆက်က

လူငယ်တွေအားလုံးကို သူကျော်ဖြတ်သွားနိုင်မယ်လို့

ယုံကြည်ပေသည်။

ရွှေရောင်အရိုးခြောက်၏ မယိမ်းယိုင်သော စိတ်ဆန္ဒကြောင့်

သူ့ရဲ့အလားအလာက အကန့်အသတ်မရှိချေ။

စိတ်ခံစားချက်တွေဆိုတာက ရန်ကိုင်တွေးဖို့မလိုအပ်တဲ့ အရာတွေ

ပဲလေ။ သူပိုင်ဆိုင်သင့်တဲ့အရာဆိုရင် တစ်နေ့သူပိုင်ဆိုင်ပေ

လိမ့်မည်။ သူမပိုင်းသင့်တဲ့အရာဆိုရင်တော့ သူဘယ်လောက်ပဲ

တွန်းအားပေးနေပေးနေ သူ့အပိုင်ဖြစ်မလာနိုင်ချေ။ ဒါက

လောကသာဘာဝပင်ဖြစ်သည်။ ကိုယ်ပိုင်ဆိုင်သင့်တဲ့အရာဆိုရင်

အနှေးနဲ့အမြန် ကိုယ့်ဆီရောက်လာပေလိမ့်မည်။

ရှနင်းချန်က သူ့ကိုစိတ်ဝင်စားခဲ့ရင် သူ့ကျင့်ကြံခြင်းအဆင့်နိမ့်နေရင်

ကောဘာဖြစ်လဲ။ သူ့ကျင့်ကြံခြင်းအဆင့်နိမ့်လို့ သူမကသူ့ကို

ပစ်ပယ်သွားခဲ့မယ်ဆိုရင် သူလည်း ဝမ်းနည်းနေလိမ့်မည်မဟုတ်ချေ။

တစ်ယောက်ယောက်က သူ့ကိုစိတ်မဝင်စားခဲ့အခါကျရင်

သူတို့သတ်မှတ်ထားတဲ့ စံအတိုင်းအတာကို အရမ်းမြင့်လွန်းတယ်

ဆိုပြီး သွားအပြစ်တင်မနေသင့်ချေ။

သူမရဲ့ရိုးသားပြီး ချစ်စရာကောင်းတဲ့ ပုံစံနဲ့ဆိုရင်တော့

အထက်တန်းစားတွေလိုမျိုး ကိုယ့်ကိုယ်ကို အထင်ကြီး

ဘဝင်မြင့်လိမ့်မည် မဟုတ်လောက်ချေ။

ရန်ကိုင်တွေးတာ မှန်ပေသည်။ ရှနင်းချန် ကောင်းကင်စံအိမ်

ပြန်ရောက်တဲ့အချိန် ရန်ကိုင်ကိုသွားတွေရမှာ သူမအဖို့

တော်တော်လေး ရှက်ရွံ့နေခဲ့သည်။ ထိုညက တောင်ကြားထဲမှာ

သူတို့နှစ်ယောက် နမ်းတဲ့အကြောင်း ပြန်တွေးမိလိုက်တိုင်း

ရန်ကိုင်ဆီမျက်နှာသွားပြရမှာ အလွန်အမင်း ရှက်နေခဲ့သည်။

မျက်နှာကာကို ဝတ်ဆင်ထားပေမယ့် ရန်ကိုင်ဆီသွားဖို့

သတ္တိမရှိခဲ့ချေ။

ထို့ပြင် ကောင်းကင်စံအိမ်ကို ပြန်ရောက်ကတည်းက မန်ဝူရသည်

သူမကို တံခါးပိတ်ကျင့်ကြံဖို့ ညွှန်ကြားထားခဲ့သည်။ ဒါက သူမအဖို့

သိပ်မကြာသေးခင်ကပဲ အဆင့်ချိုးဖျက်ထားတဲ့အတွက် သူမ၏

ကျင့်ကြံခြင်းအခြေခံကို တည်ငြိမ်စေဖို့ပဲဖြစ်လေသည်။ ထို့ပြင်

မန်ဝူရ သူမနှင့်ရန်ကိုင်တို့နှစ်ယောက် တပူးပူးတွဲတွဲနေရင်း

တစ်ယောက်နှင့်တစ်ယောက် ချစ်ကြိုက်သွားမှာကိုလည်း

ကြောက်သောကြောင့်ဖြစ်သည်။ မဟုတ်ရင် သူမ၏စရိုက်အရ

ရန်ကိုင်ဒဏ်ရာအခြေအနေ ဘယ်လိုလဲဆိုတာကို ကျိန်းသေ

လာရောက်မေးမြန်းပေလိမ့်မည်။

နှစ်ရက်လောက် ကျင့်ကြံပြီးနောက် ရန်ကိုင်က သူ့ရဲ့ရလဒ်နဲ့

ပက်သက်ပြီး တော်တော်လေးမကျေမနပ်ဖြစ်ခဲ့သည်။

ရစ်ခွေနဂါးစမ်ချောင်းဘေးမှာနေပြီး ယန်ချီစုပ်ယူရတာက

ဝိဉာဉ်အသီးနဲ့ ယန်ကျောက်တုံးတွေဆီကနေ စုပ်ယူရတာနဲ့

ယှဉ်ရင်တော်တော်လေးကို နှေးလွန်းပေသည်။

သူ့ဒန်တန်ထဲတွင် ရှိတဲ့ယန်အရည်စက်ပမာဏက တော်တော်လေး

နည်းပါးနေတဲ့အတွက် အလျင်အမြန်ပြန်ဖြည့်ဖို့လိုအပ်ပေသည်။

မဟုတ်ရင် တစ်နေ့ညက တောင်ကြားထဲမှာလို အခပ်မသင့်

ရန်သူတွေနဲ့ ထပ်ပြီးရင်ဆိုင်တိုက်ခိုက်ရပါက ဆန်ကိုမေ့ခဲ့တဲ့

အိမ်ရှင်မတစ်ယောက်လို ဖြစ်သွားပေလိမ့်မည်။

ထိုအကြောင်းကို တွေးရင် ရန်ကိုင်က လေနက်ကုန်သွယ်ရေးနေရာ

ကိုနောက်တစ်ကြိမ်သွားဖို့ ဆုံးဖြတ်လိုက်သည်။ ပထမ

အကြောင်းပြချက်က ယန်အမျိုးအစား ရတနာပစ္စည်းတွေ

ဝယ်ဖို့ဖြစ်ပြီး ဒုတိယအကြောင်းပြချက်ကတော့ အရွက်သုံးရွက်

ပရမ်းပတာဝိဉာဉ်ပန်းပွင်နှင့် ဂျဲဒီသစ်ပင်မြက်တွေ ဝယ်ဖို့ပဲ

ဖြစ်သည်။ မွှေးရနံ့အိုးကို သူမသုံးတာတောင် တော်တော်လေး

ကြာနေပြီဖြစ်သည်။ သူလူတော်တော်များများကို လုယက်နိုင်

ခဲ့ပြီး ငွေပြားနှစ်သောင်းလောက် ရခဲ့သည်။

ထိုပမာဏနှင့်ဆိုရင် ယန်ကျောက်တုံးအလုံး၄၀လောက်

ရနိုင်ပေသည်။ ထိုပမဏက ထိုညကသူဆုံးရှုံးခဲ့တာတွေနဲ့

ကာမိလောက်ပြီး သူ့ဒန်တန်ထဲရှိ ယန်အရည်စက်တွေကိုလည်း

အဆများစွာ တိုးပွားလာအောင် လုပ်ဆောင်နိုင်ပေသည်။

ရန်ကိုင်က လေနက်ကုန်သွယ်ရေးနေရာတွင် ဆိုင်းပုတ်ထောင်ပြီး

ယန်အမျိုးအစား ရတနာပစ္စည်းတွေ ဝယ်ဖို့လုပ်နေတဲ့အချိန်

မန်ဝူရက သတ်ဖြတ်ချင်စိတ်အပြည့်နဲ့ ထွက်ပေါ်လာခဲ့သည်။

သူ့ပစ်မှတ်ကတော့ သွေးတိုက်ပွဲဂိုဏ်းပဲဖြစ်သည်။

သွေးတိုက်ပွဲဂိုဏ်းက အင်အားစုသုံးခုထဲက တစ်ခုဖြစ်ပေမယ့်လို့

မန်ဝူရက ဘာလို့သူတို့ကိုကြောက်နေရမှာလဲ။ သူ့ချစ်တပည့်လေး

က အပျိုရည်မပျက် အသက်ဘေးကနေ သီးသီးလေး လွတ်မြောက်

လာခဲ့ရတာလေ။ ဒါတွေအားလုံးရဲ့ အဓိကတရားခံက သွေးတိုက်ပွဲ

ဂိုဏ်းက လုံကျိုင်းရှန်ရဲ့ မြေးကြောင့်ပဲဖြစ်သည်။

လုံဟူသေသွားတာလား…။ အရေးမကြီးပေ။ သူ့တွင် အဖိုး

တစ်ယောက်ရှိသေးတယ်မဟုတ်ဘူးလား။ သားမကောင်းတော့

မိဘခေါင်းဆိုသလို သူ့မှာအားကောင်းတဲ့ လုံကျိုင်းရှန်လိုအဖိုး

မရှိခဲ့ရင် အခြားသူတွေအပေါ် ဘယ်လိုလုပ်ပြီး နိုင်ထက်စီးနင်း

ပြုမူရဲ့ပါ့မလဲ။

ဒါကြောင့် မန်ဝူရ၏ မျက်လုံးထဲမှာတော့ လုံကျိုင်းရှန်က ပိုပြီး

မုန်းတီးစရာ ကောင်းပေသည်။ သူက ပိုပြီးသေသင့်ပေသည်။

ကောင်းကင်စံအိမ်နှင့် သွေးတိုက်ပွဲဂိုဏ်းက သိပ်ပြီးမဝေးရုံသာမက

မန်ဝူရ၏ အမြန်နှုန်းကြောင့်လည်း သွေးတိုက်ပွဲဂိုဏ်းကို

လက်ဖက်ရည် တစ်ခွက်သောက်စာလောက် ကြာတဲ့အချိန်တွင်

ရောက်ရှိသွားခဲ့သည်။

ထိုအချိန်တွင် သွေးတိုက်ပွဲဂိုဏ်းက ရာထူးအမြင့်ပိုင်းတွေက

အကြောင်းအရာ တစ်ခုခုအကြောင်းဆွေးနွေးနေတာဖြစ်သည်။

ဆွေးနွေးပွဲကို အကြီးအကဲ ခန်းမတွင်ကျင်းပတာဖြစ်သည်။

သွေးတိုက်ပွဲဂိုဏ်းခေါင်းဆောင်၊ဟူမန်က ကျောင်ဆောင်တစ်ခုလို

တောင့်တောင့်ကြီး ထိုင်နေခဲ့သည်။ သူ့မျက်နှာက ရက်စက်

ကြမ်းကြုတ်မယ့်ပုံပေါက်နေပြီး တစ်ချက်ကြည့်ရုံနဲ့တင်

သဘောကောင်းတဲ့ သူတစ်ယောက်မဟုတ်မှန်း သိနိုင်လေသည်။

သွေးတိုက်ပွဲဂိုဏ်းက ခန်းမသခင်တွေကလေည်း လေးလေးစားစားနဲ့

ထိုင်နေကြသည်။ အခုအချိန်တွင် ထိုလူတွေက ယခင်လအတွင်း

သွေးတိုက်ပွဲဂိုဏ်းတွင် ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကြီးကြီးသေးသေး

မှန်သမျှကို ပြန်တင်ပြနေတာပဲဖြစ်သည်။

သူတို့ပြောတာကို နားထောင်ရင်း ဟူမန်က အလွန်အမင်း စိတ်မရှည် ဖြစ်လာခဲ့ပြီး သူ့လက်ကိုဝှေ့ရမ်းလိုက်ကာ

ပြောလိုက်သည်‘‘အဲ့လိုအရေးမပါတဲ့ အကြောင်းတွေ ပြောမနေ

နဲ့တော့။ မိုင်တွင်းနေရာက ချိတ်ပိတ်ထားတာကို ချိုးဖျက်တာ

ဘယ်လိုနေလဲသာ ပြောစမ်းကွာ’’

အသက်၂၇-၂၈ လောက်ရှိမယ့် လူငယ်လေးတစ်ယောက်

မတ်တပ်ရပ်လိုက်သည်။ ထို့နောက် ဟူမန်ကို လေးစားစွာနဲ့

ပြောလိုက်သည်‘‘ သွေးတိုက်ပွဲဂိုဏ်းကို တင်ပြရမယ်ဆိုရင်…

အဖိုးက အစီအစဉ်အကြမ်းဖျင်းဆွဲပြီးသွားခဲ့ပြီ။ လိုနေတာက

ကျွမ်းကျင်သူတွေ လိုအပ်နေတာလေး တစ်ချက်ပဲ။ ချိတ်ပိတ်ထား

တာက ကြာနေပြီဆိုပေမယ့် အဲ့ချိတ်တံဆိပ်က ချိုးဖျက်ဖိုပ

တော်တော်ခက်တယ်။ လွန်ခဲ့နေ့တုန်းက အဖိုးက ချိတ်ပိတ်ထားတာ

ကိုချိုးဖျက်ဖို့ အချိန်တိုအတွင်း အကောင်းဆုံးကြိုးစားနေတယ်လို့

လုံဂျွန်ကို သတင်းပေးခိုင်းလိုက်တယ်’’

ထိုလူငယ်လေးက လုံကျိုင်းရှန်၏ အကြီးဆုံးမြေးဖြစ်တဲ့ လုံဟူရဲ့

အကို လုံဂျွန်ပဲဖြစ်သည်။ သူက အစစ်အမှန်ဒြပ်စင်အဆင့်၂

ကိုရောက်နေပြီဖြစ်ပြီး ကောင်းကင်ကချီးမြှောက်ထားတဲ့

ဂျီးနီယပ်တွေနဲ့ မနှိုင်းယှဉ်နိုင်ပေမယ့်လည်း သူ့ပါရမီကတော့

မဆိုးဘူးလို့ ပြောနိုင်ပေသည်။

လုံဂျွန်၏ ကျင့်ကြံခြင်းအဆင့်က အစစ်အမှန်ဒြပ်စင်အဆင့်တွင်သာ

ရှိသေးပေမယ့်လည်း သွေးတိုက်ပွဲဂိုဏ်းထဲက လုံမိသားစု၏

အဆင့်အတန်းကြောင့် အရေးကြီးတဲ့ တာဝန်တွေကိုလုပ်ဆောင်

ရလေသည်။ ထိုပြီး သူ့ရာထူးကလည်း ခန်းမသခင်အဆင့်ဖြစ်သည်။

ဟူမန်က ခေါင်းညိတ်ရုံသာ ညိတ်လိုက်ပြီး ‘‘အင်း..အဲ့ဒါ

ကောင်းတယ်။ လုံဂျွန်၊ မင်းမှာအချိန်ရှိရင် မိုင်းတွင်းနေရာကို

သွားပြီးမင်းအဖိုးရဲ့ အားစိုက်ထုတ်မှုအတွက် ငါကျေးဇူးတင်ပါတယ်

ဆိုတဲ့အကြောင်းကိုလည်း ပြောပေးပါဦး’’

‘‘ဟုတ္ကဲ့’’

‘‘မြေအောက် ၁၀ပေအနက်လောက်မှာ ဘယ်လိုလျှို့ဝှက်ဆန်းကြယ်

မှုကိုတွေကို ဖုံးကွယ်ထားလဲမသိဘူး’’ ခန်းမသခင်တစ်ယောက်က

ပြောလိုက်သည်။

‘‘ဒါပေမယ့် ဒါတွေအားလုံးက မိန်းကလေးမေးအာရဲ့ စူးရှတဲ့

အမြင်ကြောင့်ပဲ။ သူမကြောင့်သာမဟုတ်ရင် မြေအောက်ထဲမှာ

ပုံမှန်မဟုတ်တာတစ်ခုခု ဖုံးကွယ်နေလိမ့်မယ်လို့ ငါတို့ဘယ်တော့မှ

သိမွာမဟုတ္ဘူး’’

‘‘အဲ့ဒါဟုတ်တယ်….မိန်းကလေး မေးအာကငယ်သေးပေမယ့်လည်း

သူမမျက်လုံးတွေက ကတယ်ကိုထူးခြားတယ်။ သူမအဲ့ဒါကို

ဘယ်လိုတွေ့ခဲ့လဲဆိုတာတော့ တကယ်ကိုပဟေဠိတစ်ခု

ဖြစ်နေတုန်းပဲ’’

ဟူမေးအာကို ချီးကျူးတဲ့စကားတွေထဲတွင်းဖော်လံဖားတဲ့

အရိပ်အယောင်တွေ ပါဝင်နေပေမယ့် သူ့သမီးကို

ချီးကျူးတဲ့စကားကို ကြားတော့ ဟူမန်အဖို့ တော်တော်လေး

သက်သောင့်သက်သာ ဖြစ်သလိုခံစားရသည်။ ဒါပေမယ့်

ဟူမေးအာက မိန်းကလေးတစ်ယောက် ဖြစ်တဲ့အကြောင်းကို

တွေးမိလိုက်တဲ့အချိန်မှာတော့ သူကသူမကိုတစ်ချိန်ချိန်တော့

လက်ထပ်ပေးရဦးပေလိမ့်မည်။ ထိုအချက်ကိုတွေးမိလိုက်တာနဲ့

သူအလိုလိုသက်ပြင်းချမိလိုက်သည်။

‘‘ မင်းအဖွားဆီကနေ ငါလို့သန်မားပြီး ဉာဏ်ရှိတဲ့သူကိုမွေး

လာခဲ့တယ်။ ပြီးတော့ ငါ့မှာကိုယ်လုပ်တော်တွေ အများကြီးရှိပြီး

ငါလည်းအကောင်းဆုံးကြိုးစားခဲ့တာတောင် ဘယ်လိုလုပ်ပြီး

သမီးနှစ်ယောက်ပဲ မွေးလာနိုင်ခဲ့ရတာလဲ’’ ဒါကဟူမန်၏

ဝမ်းနည်းစရာကောင်းတဲ့ အချက်ပင်ဖြစ်သည်။ မိသားစုတစ်ခု၏

ခေါင်းကိုဖခင်တစ်ယောက်အနေနဲ့ သူဘယ်လိုလုပ်ပြီး

ဒီမိသားစုကို ဆက်ပြီးထိန်းသိမ်းထားရမှာလဲဟူး….။

ထိုလူအုပ်ကြီးက ဟူမေးအာ၏ ထူးခြားတဲ့မျက်လုံးတွေကို

ဆက်လက်ချီးကျူးနေခဲ့ပြီး သူမကိုကောင်းကင်ထိရောက်အောင်

မြှောက်တင်ပေးနေခဲ့သည်။

ဟူမန်လုံးဝကို စိတ်ဓာတ်ကနေခဲ့ရသည်။ သူတို့မိုင်းတွင်းကို

နှစ်ပေါင်းများစွာ ကြာအောင် တူးလာခဲ့ပေမယ့် မိုင်းတွင်း

အောက်ခြေတွင် အခုလိုထူးခြားတဲ့ ချိတ်ပိတ်ထားတဲ့နေရာ

တစ်ခုရှိနေလိမ့်မယ်လို့ သူတို့ဘယ်တုန်းကမှ မထင်ထားခဲ့ချေ။

ဒါပေမယ့် လွန်ခဲ့တဲ့နှစ်လလောက်ကပဲ ဟူမန်၏သမီးက

သူ့ကိုထိုအကြောင်းကို လာပြောပြခဲ့သည်။ ထိုအချိန်တုန်းက

သူ့သမီးပြောတာကို အလေးအနက်မထားပဲ ဟာသတစ်ခု

အဖြစ်သာရယ်မောခဲ့သည်။ ဟူမေးအာ၏ အဆက်မပြတ်

နားပူနားဆာ လုပ်မှုကြောင့်သာ မိုင်းတွင်းကို လူအနည်းငယ်ပို့ပြီး

စစ်ဆေးခိုင်းလိုက်ခြင်း ဖြစ်သည်။

ထိုကိစ္စကို လုံမိသားစုကို မသိစေသင့်ဘူးလို့ ဟူမေးအာကသူ့ကို

အတန်တန်ပြောခဲ့သည်။ ဒါပေမယ့် ဟူမန်က သူမပြောတာကို

အလေးမထားပဲ သူအာရုံစိုက်မှုကိုလိုချင်လို့ သူ့ကိုနောက်နေတာ

လို့သာ ထင်နေခဲ့သည်။ ထို့ပြင် မိုင်းတွင်ဧရိယာက လုံမိသားစု၏

အုပ်ချုပ်မှုအောက်တွင် ရောက်နေတဲ့အတွက် ထိုကိစ္စကို

လုံကျိုင်းရှန်ဆီကနေ ဖုံးကွယ်မထားနိုင်ခဲ့ချေ။

ဟူမေးအာပြောတဲ့နေရာက မိုင်းတွင်းနဲ့သိပ်ပြီးမဝေးပါချေ။

၁၀ယောက်သော သွေးတိုက်ပွဲဂိုဏ်းတပည့်တွေက ထိုနေရာတွင်

အားသွန်ခွန်စိုက် စူးစမ်းလေ့လာကြည့်ပြီးနောက်ဆုံးတွင်

သာမန်မဟုတ်တဲ့ နေရာတစ်ခုကို တွေ့ရှိခဲ့ရသည်။

Martial Peak

အပိုင်း (၁၂၀) မန်ဝူရ၏ဒေါသ

ထိုနေရာတစ်ခုလုံးက ချိတ်တံဆိပ်တွေနဲ့ ပြည့်နေတဲ့အတွက်

တပည့်တွေက အကြီးအကဲတွေဆီကို အမြန်အဆန် သတင်း

ပို့လိုက်ကြသည်။ ထိုသတင်းကို ဟူမန်ကြားပြီးနောက ်ချက်ချင်းပဲ

ထိုနေရာကို လူကိုယ်တိုင်သွားစစ်ဆေးလိုက်သည်။ ကံမကောင်း

စွာပဲ ချိတ်တံဆိပ်တွေကြောင့် သူဘာဆိုဘာမှ မကြားနိုင်ခဲ့သလို

မြင်လည်းမမြင်နိုင်ခဲ့ချေ။

သွေးတိုက်ပွဲဂိုဏ်းတွင် လုံကျိုင်းရှန်က အသက်အကြီးဆုံးဖြစ်ပြီး

အတွေ့အကြုံ အရင့်ကျက်ဆုံးလည်းဖြစ်သည်။ သူလည်း

ထိုကိစ္စကိုသိသွားပြီဖြစ်တဲ့အတွက် ဟူမန်လည်း ထိုချိတ်ပိတ်

ထားတာရဲ့ နောက်ကွယ်မှာ ဘာတွေဖုံးကွယ်ထားလဲဆိုတာကို

သိရအောင် လုံကျိုင်းရှန်ကိုပဲ ချိတ်တံဆိပ်ကို ချိုးဖျက်ဖို့

တာဝန်ပေးလိုက်သည်။

ထိချိတ်ပိတ်ထားတာနဲ့ နောက်ကွယ်တွင် မပြောပြနိုင်တဲ့

လျှို့ဝှက်ချက်တစ်ခုရှိနေတယ့်လို့ ဟူမန်ခံစားနေမိခဲ့သည်။

သွေးတိုက်ပွဲဂိုဏ်းက ထိုအရာကိုရခဲ့မယ်ဆိုရင် သူတို့ရဲ့

အင်အားက နောက်တစ်ဆင့်ကို တက်သွားပေလိမ့်မည်။

သူတို့ရဲ့အင်အားက နောက်တစ်ဆင့်ကို တက်သွားနိုင်ရုံမက

မိသားစုကြီး ရှစ်ခုကိုပါကျော်တက်သွားနိုင်ပြီး အနည်းဆုံးတောင်

ထိုမိသားစုကြီး ရှစ်ခုနှင့် တန်းတူရပ်တည်နိုင်ပေလိမ့်မည်။

ဟူမန်တော်တော်လေး စိတ်ရှုပ်ထွေးနေခဲ့သည်။ ထိုအချိန်တုန်းက

ဟူမေးအာက မိုင်းတွင်းကိစ္စကို လုံမိသားစုကို မသိစေဖို့

သူ့ကိုအတန်တန်သတိပေးခဲ့သည်။ ဒါပေမယ့် သူ့သမီးပြောတာကို

သူအလေးအနက် မထားခဲ့ချေ။ အခုအချိန်မှာတော့ ထိုကိစ္စကို

လုံမိသားစုသာမက သွေးတိုက်ပွဲဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲ

တွေအကုန်လုံးပါ သိနေကြပြီဖြစ်သည်။

ထိုနေ့က သူမိုင်းတွင်းနေရာက်နေ ပြန်လာပြီးနောက် သူ့သမီးက

ထိုအကြောင်းကို ဘယ်လိုသိခဲ့လဲဆိုတာ မေးမြန်းဖို့ ဟူမေးအာဆီ

အလောတကြီး သွားလိုက်သည်။

ဒါပေမယ့် ထိုကိစ္စကြောင့်ပဲ သူ့သမီးနဲ့ ငြင်းခုံရန်ဖြစ်ခဲ့ရမယ်လို့

သူမထင်းခဲ့ချေ။ သူတို့နှစ်ယောက်ငြင်းခုံရင်းကနေ မိုင်းတွင်းရဲ့

လျှို့ဝှက်ချက်ကို ကျွမ်းကျင်သူတစ်ယောက်ရဲ့ အကူအညီကြောင့်

သူ့သမီးက ရှာတွေ့ခဲ့ရတာဖြစ်တာကို သိလိုက်ရသည်။

သူ့ရဲ့အလေးအနက်မထားမှုကြောင့် ကျွမ်းကျင်သူကသူ့သမီးကို

ပေးအပ်ခဲ့တာဝန်ကို ကျရှုံးခဲ့ရသည်။ ပြီးတော့ ထိုကျွမ်းကျင်သူကို

မိုင်းတွင်းလျှိ့ဝှက်ချက်ကို လုံမိသားစုကိုလည်း မသိစေချင်ခဲ့ပေ။

‘‘သမီးရေ…သမီးပြောတဲ့ကျွမ်းကျင်သူက ဘယ်လိုမျိုးလဲ’’

ဟူမန်က ထိုကဲ့သို့ပုန်းကွယ်နေတဲ့ ကျွမ်းကျင်သူတွေကို တကယ်ပဲ

လေးစားပေသည်။ ၁၀ပေနက်တဲ့ မြေအောက်ထဲက လျှို့ဝှက်ချက်

တွေကို သိဖို့ဆိုရင် ထိုကျွမ်းကျင်သူ၏ ကျင့်ကြံခြင်းအဆင့်က

တော်တော်လေး မြင့်မားရပေမည်။

ထိုကျွမ်းကျင်သူက ကောင်းကင်နှင့်မြေပြင်ကို ဆန့်ကျင်နိုင်တဲ့

စွမ်းအင်ကို ပိုင်ဆိုင်ထားတာလို့ ဟူမန်ကထင်နေခဲ့သည်။

‘‘ဘယ်လိုကျွမ်းကျင်သူမျိုးလဲဟုတ်လား’’ ထိုကဲ့သို့ပြောပြီးနောက်

ရန်ကိုင်၏ ပုံရိပ်ကို မြင်ယောင်သွားခဲ့ပြီး ချက်ချင်းပဲ မျက်နှာလေး

နီရဲသွားခဲ့သည်။ သူမအဖေကိုကြည့်ရင်း ပြန်ပြောလိုက်သည်

‘‘မပြောဘူး’’

သူမ၏တုန့်ပြန်ပုံကို မြင်လိုက်ရတဲ့အချိန်မှာတော့ ဟူမန်က

နေရာမှာပဲ ကြက်သေသေသွားခဲ့သည်။ သူ့သမီကများ

ကျွမ်းကျင်သူဆိုတဲ့ လူအပေါ်မှာ ခံစားချက်တွေများရှိနေတာလား

ဆိုပြီး တွေးတောမိလိုက်သေးသည်။

မေးခွန်းပေါင်းများစွာ မေးမြန်းပြီးနောက် ဟူမန်အံ့အားသင့်သွား

ခဲ့ရသည်။

သူ့သမီးပြောတဲ့ ကျွမ်းကျင်သူဆိုတာက လူငယ်လေးတစ်ယောက်

ပင်ဖြစ်သည်။ ထိုကဲ့သို့လူမျိုးက မွေးကတည်းက သာမန်ဖြစ်လိမ့်

မည်မဟုတ်ချေ။ ‘‘သမီး…နင်ကအဲ့ကျွမ်းကျင်သူကိုများ

ကြိုက်နေတာလား’’ ဟူမန်က စိတ်အားတက်ကြွစွာနဲ့

မေးလိုက်သည်။ သူ့မျက်လုံးထဲမှာတော့ သူ့သမီးကတစ်နေ့

လက်ထပ်ရပေလိမ့်မည်။ ဒါပေမယ့် အဓိကမေးခွန်းက သူ့သမီးက

ဘယ်သူ့ကိုလက်ထပ်မှာလဲဆိုတာပင်ဖြစ်သည်။ သူ့သမီးသာ

မိသားစုကြီးရှစ်ခုထဲက တစ်ယောက်ယောက်ကို လက်ထပ်နိုင်ခဲ့ရင်

အဲ့ဒါထက် ပိုကောင်းတာရှိတော့မည်မဟုတ်ချေ။ ထို့နောက်

သူရဲ့သွေးတိုက်ပွဲဂိုဏ်းက ကောင်းကင်ကိုပျံတက်တော့မယ့်

ဖီးနစ်ငှက်တစ်ကောင် ဖြစ်သွားပေလိမ့်မည်။

ဒါပေမယ့် အခုလိုမျိုး အမြင်စူးရှပြီး စွမ်းအားကောင်းတဲ့ လူငယ်လေး

ဆိုလည်း မဆိုးချေ။ ‘‘ငါသူ့ကိုကြိုက်တော့ကော အဖေက ဘာလုပ်

နိုင်မှာမို့လို့လဲ’’ ဟူမေးအာက တိတ်တဆိတ် သက်ပြင်းချ

လိုက်သည်။

‘‘ နင်သူ့ကိုကြိုက်တယ်ဆိုရင် သူနဲ့နီးကပ်နိုင်ဖို့ကြိုးစားလေ။

ငါ့သမီးကဒီလောက်လှတာ သူ့မျက်လုံးထဲမှာမရှိတာဖြစ်နိုင်

ပါ့မလား’’ ဟူမန်က ဆက်ပြီးတိုက်တွန်းလိုက်သည်‘‘ သူ့မှာ

ဇနီးတစ်ယောက် ရှိပြီးသားမို့လို့လား။ အဲ့လိုဆိုရင်လည်း

ဘာဖြစ်လဲ။ ယောကျ်ားတစ်ယောက်မှာ မိန်းမလေးငါးယောက်

လောက်ရှိတာ ထူးဆန်းတဲ့ဟာမှမဟုတ်တာ’’

သူမခန္ဓာကိုယ်ကို လှည့်လိုက်ပြီး ဟူမေးအာကသူမမျက်လုံးတွေကို

ပြူးပြလိုက်ပြီး ပြန်အထွန့်တက်လိုက်သည်‘‘ အဖေ့ကြောင့်ပဲ

သမီးကိုသူပေးထားတဲ့ တာဝန်ကျရှုံးသွားခဲ့ရပြီ။ သူကို ဘယ်လို

လုပ်ပြီး နောက်တစ်ကြိမ် မျက်နှာချင်းသွားဆိုင်ရမှာလဲ။ ဟန့်’’

ထိုစကားလုံးတွေကို ကြားလိုက်တာနဲ့ ဟူမန်က လှောင်ပြောင်

ရယ်မောရုံသာ တတ်နိုင်တော့လေသည်။ သူ့သမီးပြောတဲ့

စကားလုံးတွေက အမှန်တွေဖြစ်မယ်ဆိုတာ သူဘယ်လိုလုပ်ပြီး

သိပါ့မလဲ။ သူသာသိခဲ့မယ်ဆိုရင် ထိုကိစ္စကို အခြားသူတွေ

သိအောင် ပြောလိမ့်မည်မဟုတ်ချေ။

ဟူမန်က ရန်ကိုင်ကိုနားလည်မှုလွဲနေတယ်ဆိုတာ ကျိန်းသေ

ပြောနိုင်ပေသည်။ သူ့သမီးပြောတဲ့ ကျွမ်းကျင်သူဆိုတာ

ကောင်းကင်စံအိမ်က တရားမဝင်တပည့်တစ်ယောက်ဖြစ်တဲ့

ရန်ကိုင်ဆိုတာ သိခဲ့မယ်ဆိုရင်တော့ သူ့သမီးကို ရန်ကိုင်နဲ့

ရင်းရင်းနှီးနှီးနေခိုင်လိမ့်မည်မဟုတ်ပဲ ဝေးဝေးသာ

နေခိုင်းလိမ့်မည်ဖြစ်သည်။

သူ့အတွေးတွေကို စုစည်းလိုက်ပြီး ဟူမန်သက်ပြင်းအကြီးကြီး

ချလိုက်သည်။ အခုကိစ္စနဲ့ပက်သက်တဲ့ကိစ္စက သူ့နှလုံးကို

လက်ကြီးကြီးနဲ့ ဆုပ်ကိုင်ထားသလို ဖြစ်နေခဲ့သည်။ သူ့သမီလေးက

လွန်ခဲ့တဲ့ ရက်အတောအတွင်း တောက်လျှောက် တံခါးပိတ်

ကျင့်ကြံနေခဲ့ပြီး အရင်တုန်းကသူမနဲ့ လုံးဝခြားနားနေခဲ့သည်။

ဒါကသူမ၏ကျင့်ကြံခြင်းကို တော်တော်လေး တိုးတက်သွားစေ

နိုင်ပေမယ့် သူမက အပြင်ထွက်ဖို့ငြင်းဆန်ပြီး ဆက်ပြီး

တံခါးပိတ်ကျင့်ကြံနေတဲ့အတွက် ကျွမ်းကျင်သူဆိုတဲ့လူငယ်လေးကို

ဘယ်လိုလုပ်ပြီး လက်ထပ်နိုင်ဖို့ အခွင့်အရေးရှိပါတော့မလဲ။

သူ့လက်အောက်က ခန်းမသခင်တွေကို သူ့သမီးကိုချီမွမ်းပြောဆိုပြီး

သူ့ကိုဖားယားနေပေမယ့် သူ့နားကတော့ အိုးပေါက်တစ်ခုလိုပဲ

တစ်ဖက်နားကဝင်ပြီး တစ်ဖက်နားက ပြန်ထွက်သွားနေခဲ့သည်။

သူထွက်သွားဖို့လုပ်နေတုန်းမှာပဲ ဟူမန်က သူ့ခြေလှမ်းတွေကို

ရပ်လိုက်ပြီး မော့ကြည့်လိုက်သည်။ အပြင်ဘက်ကိုကြည့်လိုက်

တဲ့အချိန်တွင် သူ့မျက်နှာကတော်တော်လေးကို လေးလံနေတဲ့

ပုံပေါက်နေခဲ့သည်။

မကြာခင်မှာပဲ ခန်းမသခင်တွေလည်း သူတို့ပါးစပ်တွေကိုပိတ်ထား

လိုက်ပြီး ဂိုဏ်းခေါင်းဆောင်ကို ကြည့်လိုက်ကြသည်။ ကောင်းကင်

ဘုံတစ်ခုံး သူတို့ပုံးခုံးပေါ်ပိကျလာသကဲ့သလို့ ပုံသဏ္ဍာန်မရှိတဲ့

အော်ရာတစ်ခုက ခန်းမအတွင်းမှာရှိနေတဲ့ လူတွေအားလုံး

အပေါ်ကို ဖိချလိုက်ပြီး အရိုးထဲထအောင် တုန်ရီသွားစေခဲ့သည်။

ကျွမ်းကျင်သူတစ်ယောက်က သွေးတိုက်ပွဲဂိုဏ်းကို ရောက်ရှိ

လာခဲ့လေပြီ။ ခန်းမထဲတွင် ရှိနေတဲ့လူတွေအကုန်လုံး ထိုလူ၏

တည်ရှိမှုကို ခံစားသိနေခဲံသည်။ ထို့နောက် အသက်အရွယ်

ရတဲ့ လူတစ်ယောက်၏အသံက လူတိုင်း၏နားထဲ ပျံ့လွင့်

လာခဲ့သည်‘‘ လုံကျိုင်းရှန်ဘယ်မှာလဲ’’

ထိုအသံကို အမှန်တကယ်ကို တုံးတိတိဖြစ်နေခဲ့ပြီး မည်သည့်

ခံစားချက်ကိုမျှ ထိုအသုံထဲကနေ ရှာတွေ့လိမ့်မည်မဟုတ်ချေ။

ဒါပေမယ့် ထိုနေရာတစ်ဝိုက်မှာရှိနေတဲ့ လူတွေအကုန်လုံးတုန်လှုပ်

ခြောက်ခြားသွားခဲ့ကြသည်။ ထိုကျွမ်းကျင်သူက ကောင်းတဲ့

ရည်ရွယ်ချက်နဲ့ လာတာမဟုတ်ဘူးဆိုတာ သူတို့သိနေခဲ့ပေသည်။

လက်ထောက်ဂိုဏ်းချုပ်ကို ရှာနေတာလား…လူတိုင်း

တစ်ယောက်ကို တစ်ယောက် သံသယအကြည့်နဲ့ ပြိုင်တူ

လှည့်ကြည့်လိုက်ကြသည်။ ‘‘အပြင်ထွက်ပြီး သွားကြည့်ကြတာပေါ့’’

ဟူမန်က မတ်တပ်ရပ်လိုက်ပြီး ခန်းမသခင်တွေနဲ့အတူ

အပြင်ထွက်လိုက်သည်။

အခန်းပြင်ဘက်ကို ထွက်လာခဲ့အချိန် လေထဲတွင်ရပ်နေတဲ့

လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုကျွမ်းကျင်သူက

လူအိုကြီးတစ်ယောက်ဖြစ်ပြီး လေထဲတွင်အခန့်သားရပ်နေခဲ့သည်။

လူအိုကြီးက ခေါင်းအစခြေအဆုံး ဖြူဖွေးနေခဲ့ပြီး လူတိုင်းအား

ကြီးမားလွန်းတဲ့ ဖိအားကိုပေးစွမ်းထားနိုင်ခဲ့သည်။ သူ့ရဲ့စူးရှတဲ့

မျက်လုံးတွေက ကောင်းကင်ကနေ မြေပြင်ကို လှန်လှောကြည့်တဲ့

သိမ်းငှက်တစ်ကောင်လို လူတိုင်းအပေါ် ဝဲသွားခဲ့ပြီး သူ့မျက်လုံး

ထဲမှာတော့ အထင်သေးမှု၊ မောက်မာမှုနှင့် ရက်စက်ကြမ်းကြုတ်မှု

တို့နဲ့ ပြည့်နေခဲ့သည်။

သူအကြည့်က လူတိုင်းအပေါ်ရောက်ရှိသွားတဲ့အချိန်မှာတော့

လူတိုင်းတုန်ရင်သွားခဲ့ရသည်။

‘‘အင်မော်တယ်တက်လှမ်းခြင်းအထွတ်အထပ်အဆင့်’’ ဟူမန်က

အသံတိုးတိုးလေးနဲ့ အော်လိုက်ပြီး သူ့မျက်နှာကတော့

သံပုရာသီးစားလိုက်ရသလိုမျိုး ရှုံ့မဲ့သွားခဲ့သည်။

‘‘အင်မော်တယ်တက်လှမ်းခြင်းအထွတ်အထိပ် အဆင့်လား’’

လူအချို့ ထိတ်လန့်သွားခဲ့ပြီး ‘‘ သူကကောင်းကင်စံအိမ်ရဲ့

ခေါင်းဆောင်လား’’

ဒီနေရာပတ်ပတ်လည်တွင် အင်မော်တယ်တက်လှမ်းခြင်းအဆင့်

ဆရာသခင်တွေအများကြီးရှိပေသည်။ ဒါပေမယ့် အင်မော်တယ်

တက်လှမ်းခြင်းအထွတ်အထိပ်အဆင့် ဆရာသခင်ဆိုလို့

ကောင်းကင်စံအိမ်ခေါင်းဆောင်တစ်ယောက်ပဲရှိပေသည်။

ကောင်းကင်နဂါးတစ်ကောင်ကို မြင်တွေ့ဖို့မဖြစ်နိုင်သလို

ကောင်းကင်စံအိမ်ခေါင်းဆောင်ကို မြင်တွေ့ဖို့မဖြစ်နိုင်ဘူးလို့

ပြောကြပေသည်။

ဒီလူအိုကြီးက ကောင်းကင်စံအိမ်ကနေလာပြီး ကောင်းကင်စံအိမ်

ခေါင်းဆောင်နဲ့ အသက်အရွယ်တူလောက်ပဲရှိလေသည်။ အချို့လူ

တွေက သူ့ကိုကောင်းကင်စံအိမ်ခေါင်းဆောင်နဲ့ လူမှားတာလည်း

မထူးဆန်းပေ။ ‘‘သူကကောင်းကင်စံအိမ်ခေါင်းဆောင်မဟုတ်ဘူး’’

ဟူမန်က သူ့ခေါင်းကိုဖြေးဖြေးချင်းခါလိုက်သည်။ သူငယ်ရွယ်

စဉ်တုန်းက ကောင်းကင်စံအိမ်ခေါင်းဆောင်ကို တစ်ကြိမ် မြင်ဖူး

ခဲ့သည်။ ထို့ကြောင့် ထိုလူအိုကြီးက ကောင်းကင်စံအိမ်ခေါင်းဆောင်

ဟုတ်မဟုတ်သူသေချာသိပေသည်။

ထို့ပြင်….အခုလက်ရှိလူအိုကြီးက အင်မော်တယ်တက်လှမ်ခြင်း

အထွတ်အထိပ်အဆင့်ပေမယ့်လို့ သူ့ဆီကရတဲ့ဖိအားက

အခြားအင်မော်တယ်တက်လှမ်းခြင်းအထွတ်အထိပ်အဆင့်

ဆရာသခင်တွေဆီကနေ ရတဲ့ဖိအားထက်ပိုသန်မာပေသည်။

ဒါကတော်တော်လေး ထူးခြားတဲ့ခံစားချက်ဖြစ်ပေမယ့်လို့

ဟူမန်ကတော့ သူ့ရဲ့မသိစိတ်ကို ယုံပေသည်။

ထိုလူအိုကြီးက ရန်သူတစ်ယောက်မဟုတ်ပေ…ရန်သူတစ်ယောက်

မဖြစ်နိုင်ပေ။

ဒီကျွမ်းကျင်သူက ဘယ်ကနေလာတာလဲ။ ဟူမန်ကရှေ့ကို

တစ်လှမ်းလှမ်းလိုက်ပြီး လက်သီးဆုပ်ကာ ကိုယ်ကိုကိုင်းညွှတ်ရင်း

မေးလိုက်သည်‘‘ စီနီယာရဲ့နာမည်ကိုများ သိလို့ရမလား’’

လေထဲမှာရပ်နေတဲ့လူက တကယ်ကို မန်ဝူရပဲဖြစ်သည်။ မန်ဝူရက

သူ့ဒေါသကို အချိန်အတော်ကြာအောင် ဖိနှိပ်ထားခဲ့ရပေသည်။

ကောင်းကင်စံအိမ်ကို ပြန်ရောက်တာနဲ့ ချက်ချင်းပဲ လုံကျိုင်းရှန်းကို

လာရှာချင်ခဲ့သည်။ဒါပေမယ့်သူ့တပည့်က ရန်ကိုင်ကို နောက်တစ်ကြိမ် သွားရှာမှာကြောက်တဲ့အတွက် သူ့ရဲ့ချစ်တပည့်

လေးကို အခန်းတွင်းတံခါးပိတ်ကျင့်ခိုင်းကာ နှစ်ရက်ကြာအောင်

စောင့်နေခဲ့သည်။ နှစ်ရက်ကြာပြီးနောက် ချက်ချင်းပဲ

လုံကျိုင်းရှန်ကို လာရှာခြင်းဖြစ်သည်။

‘‘မင်းက လုံကျိုင်းရှန်လား’’ မန်ဝူက သိမ်ငှက်မျက်လုံးတွေအလား

ဟူမန်ကိုမျက်မှောင်ကြုံ့ရင်း ကြည့်လိုက်သည်။ ဟူမန်ကချက်ချင်းပဲ

ချီစွမ်းအင်ကိုလည်ပတ်လိုက်ရသည်။ အခုလိုအချိန်တွင်

သူ့အသက်က ကြိုးတစ်ချောင်းပေါ်ရောက်နေသလိုမျိုး ဖြစ်နေ

ခဲ့ပေမယ့် သူ့ရဲ့ဟန်ပန်အမူအရာကို ထိန်းထားနိုင်ပေသေးသည်။

တကယ်တော့ သူကသွေးတိုက်ပွဲဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်

တစ်ယောက်ပဲလေ။ သူသာ ထိုလူအိုကြီးရဲ့ စကားလုံးအနည်းငယ်

ကြောင့် ကြောက်ဒူးတုန်နေခဲ့ရင် ခေါင်းဆောင်ဖြစ်ဖို့ သင့်တော်

လိမ့်မည်မဟုတ်ချေ။

‘‘ ဒီကဂျူနီယာက သွေးတိုက်ပွဲဂိုဏ်းရဲ့ခေါင်းဆောင်ဟူမန်ပါ။

စီနီယာရဲ့နာမည်မသိလို့….’’ ဟူမန်က သူ့စကားကိုတောင်

ဆုံးအောင်မပြောလိုက်ရပဲ မန်ဝူရက စိတ်မရှည်စွာနဲ့

ဖြတ်မေးလိုက်သည်‘‘ မင်းကလုံကျိုင်းရှန်မဟုတ်ရင် မင်းပါစပ်ကို

ဘာလို့ဖွင့်နေသေးတာလဲ’’

ဟူမန်ကကြောင်အသွားခဲ့သည်။ ဒါပေမယ့် ချက်ချင်းကြီး

ဒေါသတကြီး ပြန်ပြောတိုက်ခိုက်ဖို့လောက်ထိတော့ မရူးမိုက်

သေးပေ။ ဟူမန်က နောက်တစ်ကြိမ်ပြောဖို့ လုပ်နေတုန်းမှာပဲ

မန်ဝူရက ရူးသွပ်သွားခဲ့သည်။

‘‘မင်းမေလိုးပဲ လုံကျိုင်းရှန်…..မင်းလိုခွေးအိုကြီးက ဒီလူအိုကြီး

ဆီကနေ ပုန်းအောင်နေရဲတယ်ပေါ့’’ မန်ဝူရက အော်ဟစ်ဆဲဆို

သံက တိမ်ယံထိအောင် ဟိန်းသွားခဲ့ပြီး မြေက္ဘာအတွင်းပိုင်းထိ

ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ ထိုအော်ဟစ်ဆဲဆိုသံကို

သွေးတိုက်ပွဲဂိုဏ်းကသာမက မုန်တိုင်းစံအိမ်နဲ့ ကောင်းကင်စံအိမ်က

ကြားလေသည်။

တစ်ချက်လောက်အော်ဟစ်လိုက်တာနဲ့ လူတိုင်းတိတ်ဆိတ်

သွားခဲ့သည်။

အင်မော်တယ်တက်လှမ်ခြင်းအဆင့်နှင့် အစစ်အမှန်ဒြပ်စင်အဆင့်

ကျင့်ကြံသူလူတစ်အုပ်က မန်ဝူရကို ရူးကြောင်ကြောင်နဲ့

ကြည့်နေခဲ့ကြသည်။ သူတို့တွေက မန်ဝူကို သုန်မှုန်နေတဲ့

မျက်နှာနှင့် ကြက်သေသေနေတဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့

ကြသည်။

ထိုကျွမ်းကျင်သူက လူတစ်ယောက်ကို ဒီလောက်အသံအကျယ်

ကြီးအော်ဆဲလိမ့်မယ်လို့ သူတို့ဘယ်တုန်းကမှ မထင်ထားခဲ့ချေ။

မင်းရဲ့အပြုအမူ၊ မင်းရဲ့အဆင့်အတန်း…ထိုကဲ့သိုအရာတွေကသာ

နိမ့်ကျနေပါက လူရှေ့သူရှေ့မှာ ဒီလိုမျိုး သူအော်ဟစ်ဆဲဆို

ရဲပါ့မလား။

သူသာထိုကဲ့သို့လုပ်ဆောင်ခဲ့မယ်ဆိုရင် ဆဲခံရတဲ့သူနှင့်သူ့ကြားတွင်

မကျေရန်ငြိုးတွေ ဖြစ်တည်လာပေလိမ့်မည်။ ဒီလောက်

အသံအကျယ်ကြီးနဲ့ လူမြင်ကွင်းမှာ အော်ဟစ်ကျိန်ဆဲ

ရလောက်အောင် လုံကျိုင်းရှန်ကသူ့ကိုဘာတွေများ လုပ်ခဲ့တာလဲ။

ဒါပေမယ့် မန်ဝူရကျိန်ဆဲသံကြောင့် သွေးတိုက်ပွဲဂိုဏ်းက

လူတိုင်း၏မျက်နှာပေါ်တွင် မနှစ်မြို့တဲ့အမူအရာတွေ ဖြစ်ပေါ်

လာခဲ့သည်။ ဟူမန်က တည်တည်ငြိမ်ငြိမ်နဲ့ ‘‘ စီနီယာ

ကျေးဇူးပြုပြီး…ပြောစရာရှိပြောလိုက်ပါ…ကျွန်တော်

နားထောင်နေပါတယ်’’

ထိုလူအိုကြီးရဲ့ ကျင့်ကြံခြင်းအဆင့်က မြင့်ပေမယ့်လို့ဟူမန်က

သူ့ကိုရန်သူတစ်ယောက်အဖြစ် မမြင်ချေ။ ဒါပေမယ့်

လုံကျိုင်းရှန်က သွေးတိုက်ပွဲဂိုဏ်း၏ လက်ထောက်ခေါင်းဆောင်

တစ်ယောက်ဖြစ်နေတုန်းပင်ဖြစ်သည်။ မန်ဝူရက သူ့ကို

ဆုံးအောင်တောင် မပြောခိုင်းပဲ တစ်ဝက်တစ်ပျက်နဲ့ ဖျက်

ပြောလိုက်သည်။

‘‘ မင်းရပ်နေတုန်းလား…လုံကျိုင်းရှန်ဆိုတဲ့ ခွေးကောင်က

ငါ့ဆီကနေပုန်းနေတုန်းပေါ့။ အေး…အဲ့ခွေးကောင်သာ

ထွက်မလာပဲ သူ့ခေါင်းကိုမဖြတ်ရဘူးဆိုရင် ဒီနေ့မင်းတို့

သွေးတိုက်ပွဲဂိုဏ်းတစ်ခုလုံးကို ငါသတ်ပစ်မယ်’’ မန်ဝူရက

ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်လိုက်သည်။ တရားခံ

လက်သည်ကို မမြင်ရတော့ သူတော်တော်လေး

စိတ်ညစ်နေခဲ့သည်။ သွေးတိုက်ပွဲဂိုဏ်းဆိုတာ သူ့မျက်လုံး

ထဲမှာဆိုရင် ဘာဆိုဘာမျှမဟုတ်ချေ။

ဟူမန်မျက်နှာက ငရုတ်သီးစပ်စပ်တစ်တောင့်ကို ဝါးစားထားရ

သလိုမျိုး နီရဲနေခဲ့သည်။ မန်ဝူရ၏ စွမ်းအာက အရမ်းကို

အားကောင်းနေတာကြောင့်သာမဟုတ်ရင် သူ့ကဘာလို့

ယဉ်ယဉ်ကျေးကျေး ပြောနေမှာလဲ။ ဒါပေမယ့် မန်ဝူရက

သူ့ကိုလုံးဝမျက်နှာသာမပေးချေ။ သူစိတ်မထိန်းနိုင်တော့ချေ။

‘‘ဟေး…လုံကျိုင်းရှန်ဆိုတဲ့ လိပ်လိုကောင်၊ မင်းဒီလူအိုကြီး

ထွက်လာပြီး လာမတွေ့ရဲဘူးလား’’ မန်ဝူရက သူ့ရှေ့မှာ

ရှိနေတဲ့ လူတွေကိုကြည့်ရင်း ပြောလိုက်သည်။

ထိုအချိန်တွင် လူငယ်လေးတစ်ယောက်က အေးစက်စက်

မျက်နှာထားနဲ့ မန်ဝူရကိုပြောလိုက်သည်‘‘ လူအိုကြီး၊

ခင်ဗျားစကားပြောရင် သေချာစဉ်းစားပြီးမှာပြော။ ကျုပ်

အဖိုးက ခင်ဗျားနဲ့ဘာရန်ငြိုးရှိလို့များ အခုလိုမျိုး လူမြင်ကွင်းမှာ

အော်ဟစ်ကျိန်ဆဲနေရတာလဲ’’

ပြောလိုက်တဲ့လူက လုံဂျွန်ပင်ဖြစ်သည်။ မန်ဝူရက လုံကျိုင်းရှန်ကို

ကျက်သရေမရှိတဲ့စကားလုံးတွေနဲ့ ကျိန်ဆဲနေတဲ့အတွက်

လုံကျိုင်းရှန်၏ မျိုးဆက်ဖြစ်တဲ့ လုံဂျွန်ကသည်းမခံနိုင်တော့ချေ။

မန်ဝူရက သွေးတိုက်ပွဲဂိုဏ်း၏ ပိုင်နက်ထဲကိုရောက်နေပြီး

သူ့ဘေးနားတွင် ဆရာသခင်တွေ အများကြီးရှိနေတယ်ဆိုတဲ့

အချက်ကိုအခွင့်ကောင်းယူကာ မန်ဝူရကိုချက်ချင်းပဲ

ချေပပြောဆိုလိုက်သည်။

အင်မော်တယ်တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူဆိုတော့ကော

ဘာဖြစ်လဲ။ သွေးတိုက်ပွဲဂိုဏ်းမှာလည်း အင်မော်တယ်

တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေအများကြီးရှိပေသည်။

သူသာ ဒီနေရာမှာ တိုက်ခိုက်ရဲရင် အသက်ရှင်လျက်

ပြန်ထွက်မသွားစေရပေ။

‘‘မင်းအဖိုးလား’’ မန်ဝူရက မျက်လုံးမှေးစင်းလိုက်ရင် လုံဂျွန်ကို

ကြည့်လိုက်သည်။ ‘‘ ဟုတ်တယ်…ခင်ဗျားရှာနေတာ ကျုပ်အဖိုးပဲ’’

လုံဂျွန်ကချက်ချင်းပြန်ပြောလိုက်သည်။

‘‘ကောင်းတယ်…အရမ်းကောင်းတယ်’’ မန်ဝူရကပြုံးလိုက်သည်။

‘‘မွေးကတည်းက နဂါးတွေဆိုတာ နဂါးလိုပဲ ပြုမူနေထိုင်ပြီး

ဖိနစ်ငှက်ဆိုရင်လည်း ဖိနှစ်ငှက်လိုပဲ ပြုမူနေထိုင်လိမ့်မယ်။

ကြွက်တွေဆိုရင်တော့ တွင်းပဲတူးနေမှာပေါ့။ လုံဟူဆိုတဲ့ကောင်က

မကောင်းမှတော့ သူ့အစ်ကိုကြီးဖြစ်တဲ့ မင်းလည်း ဒီပုပ်ကဒီပဲ ပဲပေါ့’’

လုံဟူကဘယ်လိုလုပ်ပြီး စကားဝိုင်းထဲပါလာတာလဲ…ပတ်ဝန်းကျင်

ကလူတွေကတော့ မန်ဝူရက လုံဟူအကြောင်းကို မတော်တဆ

သတိလက်လွတ်ပြောမိသွားတယ်လို့ ထင်နေခဲ့ကြသည်။

လုံဂျွန်အလွန်အမင်း ဒေါသထွက်သွားခဲ့ပြီး ‘‘ လူအိုကြီး…

ခင်ဗျားတော်တော်လေး များနေပြီနော်။ သွေးတိုက်ပွဲဂိုဏ်းဆိုတာ

ခင်ဗျားလုပ်သလို လုပ်လို့ရတဲ့နေရာလို့ထင်နေတာလား’’

All Chapters