အခန်း (၁၂၁-၁၂၅)
Vol. 5 Ch. 121-125
အပိုင်း (၁၂၁) ဂိုဏ်းတူစီနီယာအစ်မ
‘‘ဒီလူအိုကြီးက ရမ်းရမ်းကားကား ပြုမူနေတယ်လား’’ မန်ဝူရ
အရယ်ရဆုံး ဟာသတစ်ခုကို ကြားလိုက်တဲ့ပုံစံနဲ့မေးလိုက်သည်။
လှောင်ပြုံးတစ်ခု သူ့မျက်နှာပေါ်တွင် ဖြစ်တည်လာခဲ့သည်။
ဒါပေမယ့် ချက်ချင်းပဲ သူ့မျက်နှာက အေးစက်သွားခဲ့ပြီး
ဒေါသတကြီး ဆူပူပြောဆိုလိုက်သည် ‘‘ ဒီလူအိုကြီးက
ရမ်းရမ်းကားကား ပြုမူနေတော့ရော မင်းဘာတတ်နိုင်လဲ’’
ပြောနေရင်း လုံဂျွန်ဆီကို လက်ဝါးချက်တစ်ချက် ရိုက်ထုတ်
လိုက်သည်။ ဟူမန်မျက်နှာဖြူလျော်သွားခဲ့ပြီး လုံဂျွန်ကို
ကာကွယ်ဖို့လုပ်လိုက်ပေမယ့် မန်ဝူရလက်က လျှပ်စီးတမျှ
မြန်နေခဲ့သည်။ ‘‘ဖြန်း’’ ဆိုတဲ့အသံနဲ့အတူ လုံဂျွန်
ပါးရိုက်ခံလိုက်ရလေသည်။
သွားနှစ်ချောင်း ကျွတ်ထွက်သွားခဲ့ပြီး လုံဂျွန်နောက်ဘက်ကို
ပေအနည်းငယ်လောက် လွင့်ထွက်သွာခဲ့ပြီး မြေကြီးပေါ်ကို
ခွေးကျဝက်ကျ ကျသွားခဲ့သည်။
သွေးတိုက်ပွဲဂိုဏ်းက လူတွေလည်း ထိတ်လန့်ကြောက်ရွံ့
သွားခဲ့ပြီး ဟူမန်လည်း ကျောရိုးတစ်လျှောက်စိမ့်တက်
သွားခဲ့သည်။ ထိုလူအိုကြီး ဘယ်လိုလုပ်သွားလဲဆိုတာ သူတို့
လုံးဝနားမလည်နိုင်ခဲ့ချေ။ လုံဂျွန်နဲ့ပေ၅၀အကွာမှာရပ်နေပေမယ့်
လူအိုကြီးက လုံဂျွန်ကိုရိုက်လိုက်တုန်းက သူတို့အဖို့ တုန့်ပြန်
ချိန်တောင် မရလိုက်ချေ။
ဒါက အင်မော်တယ်တက်လှမ်းခြင်းအထွတ်အထပ်အဆင့်
ကျွမ်းကျင်သူတစ်ယောက်ရဲ့ ခွန်အားလား။ ဒီလူက
အင်မော်တယ်တက်လှမ်းခြင်းအထွတ်အထိပ်အဆင့်
ရောက်နေရင်တောင် အခုရှိနေတဲ့လူတွေအားလုံးရှေ့တွင်
ပြန်လည်တုန့်ပြန်ချိန်တောင်မပေးပဲ လုံဂျွန်ကိုရိုက်နိုင်ဖို့ဆိုတာ
မဖြစ်နိုင်ချေ။
အင်မော်တယ်တက်လှမ်းခြင်းအထွတ်အထိပ ်အဆင့်ချင်းတူနေ
တာတောင် ဘာလို့ ဒီလောက်ကွာခြားနေရတာလဲ။
လုံဂျွန်လည်း မန်ဝူရ၏ ရုတ်တရက်တိုက်ခိုက်မှုကြောင့်
ကြောင်အသွားခဲ့သည်။ မြေကြီးပေါ်ကို လွင့်ထွက်သွားပြီးနောက်
တွားသွားဖို့ကြိုးစားလိုက်ပြီး အချိန်တော်တော်ကြာမှာ ဦးတည်ချက်
အမှန်ကို တွေ့သွားခဲ့ပြီး မန်ဝူရကို နောက်တစ်ကြိမ် ပြန်ကြည့်
လိုက်သည်။ အခုအချိန်မှာတော့ လုံဂျွန်က မန်ဝူရ၏ အစောပိုင်း
လက်ဝါးချက်ကြောင့် သူ့ကိုတော်တော်လေး ထိတ်လန့်
ကြောက်ရွံံ့နေခဲ့သည်။
သူ့ညာဘက်ပါးတစ်ခုလုံး ရောင်ကိုင်းနေပြီး မန်ဝူရ၏လက်ဝါးချက်
ကြောင့် အတွင်းဒဏ်ရာမရခဲ့ပေမယ့် လူအများရှေ့တွင် အခုလို
ပါးရိုက်အရှက်ခွဲခံရတာက သူ့ဘဝတစ်လျှောက်လုံး ပထမဆုံး
ခံခဲ့ရတဲ့အကြိမ်ဖြစ်သည်။ ‘‘ဒီလူအိုကြီးက နောက်ထပ်
ရမ်းရမ်းကားကား ပြုမူနေပြန်ပြီ။ အခုမင်းဘာတတ်နိုင်
သေးလဲ’’ မန်ဝူရက လေထဲတွင် အကြောက်အလန့်ကင်းမဲ့စွာနဲ့
ရပ်နေရင်း တည်ငြိမ်စွာနဲ့ မေးလိုက်သည်။ ထို့နောက် သူ့လက်ကို
နောက်တစ်ကြိမ် ဝှေ့ရမ်းလိုက်ပြန်သည်။
‘‘ဖြန်း….’’ အစောပိုင်းကလိုပဲ လုံဂျွန်နောက်တစ်ကြိမ် အရိုက်ခံလိုက်
ရပြန်သည်။ ဒီတစ်ကြိမ်လည်း သွေးတိုက်ပွဲဂိုဏ်းကလူတွေ မန်ဝူရ၏
ရိုက်ချက်ကို မတားဆီးနိုင်ခဲ့ချေ။
‘‘ငိုးမပဲ…ဒီလူအိုကြီးက နောက်တစ်ကြိမ် ရမ်းရမ်းကားကာ
လုပ်နေပြန်ပြီ။ ဒါပေမယ့် ငါအခုထိ ရမ်းရမ်းကားကား ပြုမူတာက
ဘာလဲဆိုတာမသိသေးဘူး’’ မန်ဝူရက အကြောက်အလန့်
ကင်းမဲ့စွာနဲ့ ပြောလိုက်သည်။ နောက်ဆုံးတော့ လုံဂျွန်လည်း
သည်းမခံနိုင်တော့ပဲ ဒေါသတကြီးပြောလိုက်သည်‘‘ စီနီယာလို
အကြီးတစ်ယောက်က ကိုယ့်ထက်ဝါစဉ်နိမ့်တဲ့ လူငယ်လေး
တစ်ယောက်ကို အနိုင်ကျင့်နေတာ အခြားသူတွေ မျက်လုံးထဲမှာ
လှောင်ရယ်စရာ ဖြစ်နေမှာ မကြောက်ဘူးလား’’
‘‘ဟန့်…ငါသာတကယ်လုပ်မယ်ဆိုရင် အခုသူ့မှာအသက်တောင်
ရှိပါဦမလား။ ဒါကသင်ခန်းစားသေးသေးလေးပဲ ရှိသေးတယ်’’
မန်ဝူရကလှောင်ပြောင်လိုက်ပြီးနောက် ပြောလိုက်သည်
‘‘ဒီကိုလာကောင်လေး’’
သူ့လက်တစ်ဖက်ကို ရှေ့တွင်ထုတ်လိုက်ပြီး စုပ်အားတစ်ခု
ထွက်ပေါ်လာကာ မြေပေါ်မှာလဲနေတဲ့ လုံဂျွန်ကိုသူ့ဆီဆွဲ
ယူလိုက်သည်။ လုံဂျွန်က လေထဲတွင် ခြိမ်းခြောက်မယ့်
ခြေဟန်ကလက်ဟန် အမူအရာလုပ်ဖို့ ကြိုးစားခဲ့ပေမယ့်
သူ့မျက်နှာမှာတော့ တုန်လှုပ်ခြောက်ခြားမှုတွေနဲ့ ပြည့်နေခဲ့ပြီး
အကျယ်ကြီးအော်လိုက်သည်‘‘ဆရာ…ကယ်ပါဦး’’
‘‘စီနီယာ’’ ဟူမန်က ရှေ့ကိုတစ်လှမ်းတိုးလိုက်ပြီး ခက်ထန်စွာနဲ့
အော်လိုက်သည်။
မန်ဝူရက ဟူမန်ကိုတစ်ချက်ကလေးတောင် ဂရုမစိုက်ပဲ လုံဂျွန်ကို
လည်ပင်းကနေကိုင်ကာ ဆွမြှောက်ထားလိုက်သည်။ ထို့နောက်
သုန်မှုန်စွာနဲ့ ဟူမန်ကိုပြန်ပြောလိုက်သည်‘‘ ဒီလူအိုကြီးက
မတရားမှုအတွက် အကြွေးတစ်ခုကို ရှင်းလင်ချင်လို့
လုံကျိုင်းရှန်ကိုပဲ ရှာချင်နေတာ။ ကောင်လေး…မင်းက
လုံကျိုင်းရှန်ရဲ့ မြေးဆိုတော့ လိမ်လိမ်မာမာနဲ့ သူဘယ်မှာလဲ
ဆိုတာ ငါ့ကိုပြောပြစမ်းပါ’’
မန်ဝူရဆီ၏ လက်ဝါးနှစ်ချက်ကို ခံစားပြီးနောက် လုံဂျွန်က ယုန်တစ်ကောင်ထက် ပိုပြီးဉာဏ်ကောင်းလာခဲ့သည်။ သူ့မျက်နှာပေါ်မှာလည်း
မောက်မာမှု အရိပ်အယောင် တစ်စွန်းတစ်စတောင် မကျန်
ရှိတော့ချေ။ သူ့ပါးနှစ်ဖက်က နာကျင်မှုကိုတောင့်ခံရင်း
တုန်ရီနေတဲ့အသံနဲ့ ပြန်ဖြေလိုက်သည်‘‘ အဖိုးကအဖွဲ့နဲ့အတူ
ရှိနေပါတယ်’’
‘‘အဲ့ဒါဆို သူဘယ္မွာလဲ’’
‘‘မိုင်းတူးတဲ့နေရာမှာပါ’’
‘‘ငါ့ကိုလမ်းပြ’’
‘‘ဒီလမ်းအတိုင်းပါ’’ အခုလို သေခြင်းနှင့်ရှင်းခြင်း ကြားရောက်နေတဲ့
အတွက် လုံဂျွန်လည်း တုန့်ဆိုင်းမနေရဲတော့ချေ။ မန်ဝူရက
မေးခွန်းတစ်ခုမေးလိုက်တာနဲ့ ချက်ချင်းပဲ ပြန်ဖြေလိုက်သည်။
သူ့ပါးနှစ်ဖက်က နာကျင်နေရင်တောင် မန်ဝူရမေးလိုက်တာနဲ့
ချက်ချင်းပဲ အမြန်အဆန် ပြန်ဖြေပေးလိုက်သည်။
မန်ဝူရ၏ အမူအရာ တစ်ချက်တုန်ရင်သွာပြီး ဝါးမျှင်အပ်ချည်
ကြိုးလေးတွေပေါ်လာပြီး လုံဂျွန်ကိုရစ်ပတ်ကာ သွေးတိုက်ပွဲဂိုဏ်း
၏မိုင်းတူးတဲ့နေရာဆီကို ဦးတည်ပျံသန်းသွားလိုက်သည်။
‘‘ဂိုဏ်းခေါင်းဆောင်’’ လူအုပ်ကြီး ဟူမန်၏ဆုံးဖြတ်ချက်ကို
စောင့်ရင်း သူ့ကိုစိတ်အားထက်သန်မှုတွေပြည့်နေတဲ့
အကြည့်နဲ့ ကြည့်လိုက်ကြသည်။
‘‘သူတို့နောက်လိုက်ကြစို့’’ ဒေါသထွက်နေတဲ့ ဟူမန်က
အမိန့်ပေးလိုက်သည်။ လုံကျိုင်းရှန်က ဒီလောက်
အားကောင်းတဲ့ ကျွမ်းကျင်သူတစ်ယောက်ကို ဘယ်လို
ရန်စခဲ့လဲဆိုတာ သူလုံးဝမတွေးတောနိုင်ခဲ့ချေ။ လူအိုကြီး
ကလည်း ထိုအချက်ကို ရှင်းရှင်းလင်းလင်း ပြောမသွားခဲ့ချေ။
ဟူမန်၏စိတ်ထဲမှာတော့ အရင်ဆုံး အကြောင်းပြချက်မရှိပဲ
သူတို့ကိုအနိုင်ကျင့်တဲ့ မန်ဝူရကိုဒေါသထွက်ခဲ့သည်။
ဒုတိယအနေနဲ့ အားကောင်းတဲ့ကျွမ်းကျင်သူတစ်ယောက်ကို
သွားရန်စတဲ့ လုံကျိုင်းရှန်ကို ဒေါသထွက်မိပြန်သည်။ ဒါပေမယ့်
ဒီအခြေအနေကပဲ သူမထိန်းချုပ်နိုင်တဲ့ မီးတောက်ကို
ထိန်းချုပ်နိုင်အောင် ကူညီပေးသွားခဲ့သည်။
လုံမိသားစုက သွေးတိုက်ပွဲဂိုဏ်းတွင် နှစ်ပေါင်းများစွာကြာအောင်
သူတို့စိတ်ကြိုက်ပြုမူနေခဲ့ပြီး ဟူမန်လည်း သူတို့ကိုသည်းခံပြီး
နေခဲ့ရသည်။ ဘာကြောင့်လဲဆိုတာ့ လုံမိသားစုက
သွေးတိုက်ပွဲဂိုဏ်း၏ လက်တစ်ဖက် ဖြစ်နေသေးတဲ့အတွက်ကြောင့်
ပဲဖြစ်သည်။ ဟူမန်က ထိုဒုက္ခပေးနိုင်တဲ့ အသားပိုကြီးကို
ဖယ်ရှားချင်ရင်တောင်မှ သူကိုယ်တိုင်စပြီး မလုပ်ဆောင်ရဲချေ။
သူလုပ်လိုက်တာနဲ့ လုံမိသားစုက သွေးတိုက်ပွဲဂိုဏ်းကနေ
ခွဲထွက်သွားနိုင်ပြီး သွေးတိုက်ပွဲဂိုဏ်း၏ စုပေါင်းစွမ်းအာက
နိမ့်ကျသွားနိုင်ပေသည်။
ဟူမန်တွင် သားတစ်ယောက် မရှိတာကြောင့်သာမဟုတ်ရင်
လုံမိသားစုက သူ့ကိုအခုလို ဆန့်ကျင်ရဲမည်မဟုတ်ချေ။
သူ့မှာသာသားတစ်ယောက် ရှိခဲ့ရင် ထိုသားကို အားသွန်
ခွန်စိုက် လေ့ကျင့်ပေးပြီး လုံမိသားစုကို ဆန့်ကျင်နိုင်ပေသည်။
ပြီးတော့ လုံမိသားစုလည်း သွေးတိုက်ပွဲဂိုဏ်းတွင် အခုလို
လုပ်ချင်သလို လုပ်ရဲမည်မဟုတ်ချေ။
လုံမိသားစုက အခုလိုအားကောင်းတဲ့ ကျွမ်းကျင်သူတစ်ယောက်ကို
ရန်စလိုက်တာက သူ့ကိုကူညီပေးလိုက်သလို ဖြစ်သွားပြီး
အခြေအနေတွေကို တစ်မျိုးတစ်ဖုံး ပြောင်းလဲသွားစေနိုင်သည်။
သူသာ လူအိုကြီးရဲ့ အားကောင်းတဲ့အရိပ်ကိုသာ ငှားယမ်းနိုင်
ခဲ့မယ်ဆိုရင် လုံမိသားစုရဲ့ စွမ်းအာနှင့် သွေးတိုက်ပွဲဂိုဏ်းအပေါ်
လွှမ်းမိုးမှုက လျော့ကျသွားနိုင်ပြီး အခုလို အခြေအနေဆိုးကနေ
ပြန်ပြီး ရုန်းထွက်နိုင်ပေလိမ့်မည်။
ထိုကြောင့် ဘာကိစ္စပဲဖြစ်ဖြစ် အဖြစ်အပျက်တွေက ဘယ်လိုပြီးဆုံး
သွားမလဲဆိုတာကို သူသိဖို့လိုပေသည်။
ထိုအချိန်တွင် လေနက်ကုန်သွယ်ရေးနေရာကတော့ လူတွေနဲ့
ရှုပ်ယှတ်ခတ်နေပေသည်။
ရန်ကိုင်က သူ့မှာရှိတဲ့ ငွေပြား၂၂၀၀၀ထဲက ၁၀၀၀၀ကို
ယန်ကျောက်တုံးဝယ်ဖို့ သုံးလိုက်ပြီး ကျန်တဲ့၁၂၀၀၀ကို
သိမ်ထားကာ နေရာတစ်ခုရှာလိုက်ပြီး တစ်ယောက်ယောက်
ကျကျန်ခဲ့တဲ့ ဆိုင်းပုတ်တစ်ခုကို ယူကာ ဆိုင်းပုတ်ပေါ်တွင်
ရေးထားတဲ့စာတွေကို သူအသစ်ရေးတဲ့ စာတွေနဲ့ အစားထိုး
လိုက်သည်။
‘‘ယန်အမျိုးအစား အပင်အစေနှင့် ဝိဉာဉ်အသီးအစေ့ ဝယ်ယူသည်’’
ထို့နောက်ဆိုင်းပုတ်ကို သူ့ရှေ့တွင်စိုက်ထားလိုက်ပြီး တင်ပလင်ခွေ
ထိုင်လိုက်ကာ အစစ်အမှန်ယန်နည်းစနစ်ကို လှည့်ပတ်လိုက်ပြီး
ယန်ကျောက်တုံးထဲမှာရှိတဲ့ ယန်ချီတွေကို စတင်စုပ်ယူလိုက်သည်။
အစောပိုင်းတုန်းက လီယွမ်းရှန်းက ရန်ကိုင်ကိုအစေ့ဝယ်ဖို့
ကူညီပေးခဲ့ပေမယ့် သူတို့လိုချင်တာကို မရနိုင်ခဲ့ချေ။ ထို့ကြောင့်
ယန်အမျိုးအစား အစေ့များ၏ ရှားပါးမှုကိုသိနိုင်ပေသည်။
အခုနေရာတွင် ရန်ကိုင်က ကံစမ်းရင်း သူ့ရဲ့ပိုလျှံနေတဲ့
အချိန်တွင်ယန်ကျောက်တုံးများထဲမှ ယန်ချီတွေကို
စုပ်ယူနေလိုက်သည်။ နေ့တစ်ဝက်လောက် ကြာတဲ့အချိန်
မှာတော့ သူဝယ်ယူခဲ့တဲ့ယန်ကျောက်တုံး၂၀ထဲက စွမ်းအင်တွေ
ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။
ယန်ကျောက်တုံတစ်တုံးမှာ ယန်အရည်စက်နှစ်စက်ကို
ထုတ်ယူနိုင်ပေသည်။ ယန်ကျောက်တုံး၂၀ရှိတဲ့အတွက် သူ့ဒန်တန်
ထဲတွင် အခုယန်အရည်စက်၄၀ရှိနေပြီဖြစ်သည်။ သူ့ဒန်တန်
ထဲတွင် ရှိသော ယန်အရည်စက ၄၀ကိုကြည့်ရင်း ရန်ကိုင်
တော်တော်လေး ကျေနပ်နေခဲ့သည်။
ဒါပေမယ့် နေ့တစ်ဝက်လောက် ကြာတာတောင် သူ့ကို
အစေ့လာရောင်းတဲ့ သူတစ်ယောက်မှ မတွေ့ခဲ့ရချေ။
မတ်တပ်ရပ်လိုက်ပြီး ရန်ကိုင် စုယန်ရှိနေတဲ့ ကောင်းကင်စံအိမ်
ပိုင်ဆိုင်သော သစ်သားအိမ်လေးကိုကြည့်လိုက်သည်။
ရန်ကိုင်က သူမကိုနှုတ်ဆက်ရင်း သူပြန်လာပြီဆိုတဲ့အကြောင်းကို
ပြောပြချင်ခဲ့သည်။ ဒါပေမယ့် သေချာစဉ်းစားကြည့်လိုက်တော့
သူတို့နှစ်ယောက်ကြားက ခင်မင်မှုကလည်း အရမ်းကြီး
နက်ရှိုင်းမှုရှိမနေချေ။ ထို့ပြင် သူမ၏အေးစက်စက် စိတ်နေ
စိတ်ထားအရ သူမကလက်လှမ်းဖို့ခက်တဲ့ ပန်းလေးတစ်ပွင့်ပင်
ဖြစ်သည်။ ထို့ပြင်ရန်ကိုင်ကိုယ်တိုင်ကလည်းသူမနဲ့ဆက်ဆံဖို့
အရမ်းကြီး မျှော်လင့်မနေခဲ့ချေ။
သူမ၏ အေးစက်စက်ပုံစံအရ သူကသွားနှုတ်ဆက်ရင်တောင
ဘာမှထူးခြားတာ ရှိလိမ့်မည်မဟုတ်ချေ။
သူတဲအိမ်လေးဆီ ပြန်ဖို့လုပ်နေတဲ့အချိန်တွင် တစ်ယောက်
ယောက်က သူ့ဆီလမ်းလျှောက်လာနေတာကို တွေ့လိုက်ရသည်။
ထို့နောက် ထိုင်ချလိုက်ပြီး ရန်ကိုင်၏ ကြောငြာစာကို
ဖတ်လိုက်သည်။ ထို့နောက် သူမမေးလိုက်သည်‘‘ နင်အစေ့
တွေဝယ်နေတာလား’’
ရန်ကိုင်ငုံ့ကြည့်လိုက်တဲ့အချိန် သူရှေ့မှာရပ်နေတဲ့ သူက
မိန်းကလေးတစ်ယောက် ဖြစ်နေမှန်းတွေ့လိုက်ရသည်။ သူမက
အသက်၁၆-၁၇လောက်သာ ရှိသေးပြီး တော်တော်လေး
ဆွဲဆောင်မှုရှိပေသည်။ သူမ၏မျက်နှာပုံပန်းသွင်ပြင်က
တော်တော်လေး ကြည့်ကောင်းပြီး ရေလိုကြည်လင်နေတဲ့ မျက်လုံး
လေးတွေနဲ့ နူးညံ့ချောမွတ်နေတဲ့ အသားအရေက သူမ၏
ချောမောလှပမှုကို တစ်မူဆန်းသစ်နေစေပေသည်။ အထူးသဖြင့်
သူမ၏မို့မောက်နေတဲ့ ပေါက်စီနှစ်လုံးက သူမြင်ဖူးသမျှထဲတွင်
အကြီးဆုံးဖြစ်သည်။ ဘာတွေများစားခဲ့လို့ ဒီလောက်ကြီးလာတာလဲ
ဆိုတာ သူလုံးမစဉ်းစားနိုင်ခဲ့ချေ။ ရန်ကိုင်ကဆောင့်ကြောင့်
ထိုင်လိုက်ပြီး သူမကလည်းဒူးလေးတုတ်ပြီး ထိုင်နေလိုက်သည်။
ထို့ကြောင့် သူမ၏ရင်ဘတ်နေရာကို ရန်ကိုင်ရှင်းရှင်းလင်းလင်း
မြင်နေခဲ့ရသည်။
‘‘အင်း’’ ရန်ကိုင်က အကြည့်လွှဲလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
ထိုမိန်းကလေး သူမ၏ခန္ဓာကိုယ်ကို မတ်လိုက်ပြီး နောက်တစ်ကြိမ်
ထပ်မေးလိုက်သည်‘‘ ငါမှာအစေ့နည်းနည်းတော့ရှိတော့ ။ ဒါပေမယ့်
နင်တတ်နိုင်ပါ့မလား’’ ‘‘တကယ်လား’’ ရန်ကိုင်က ချက်ချင်းပဲ
စိတ်ဝင်စွားသွားခဲ့သည်။ ‘‘ နင့်မှာဘာအစေ့တွေရှိလဲဆိုတာ အရင်
ကြည့်ရအောင်’’
ထိုမိန်းကလေးက ကောင်းကင်စံအိမ် ဝတ်စုံကိုဝတ်ဆင်ထားသည်။
ထို့အကြောင်းကြောင့်ပဲ သူမကကောင်းကင်စံအိမ်တပည့်
တစ်ယောက်ဖြစ်ရပေမည်။ သူတို့နှစ်ယောက်စလုံးက တစ်ဂိုဏ်း
တည်းက ဖြစ်တဲ့အတွက် ရန်ကိုင်လည်း သူမအပေါ် ကောင်းမွန်တဲ့
ခံစားချက်ရှိပေသည်။
‘‘နင်ကြည့်ဖို့ ငါအရင်ထုတ်ပြပေးမယ်’’´မိန်းကလေးက သူမခါး
နေရာက အိတ်လေးတစ်လုံးကို ယူလိုက်ပြီး ရန်ကိုင်ကို
ပေးလိုက်သည်။ ရန်ကိုင်လည်း သူမပေးတဲ့အိတ်ကိုယူပြီး
ဖွင့်ကြည့်လိုက်သည်။ အိတ်ထဲတွင် အစေ့နှစ်စေ့ရှိနေခဲ့ပြီး ထိုအစေ့
နှစ်စေ့က ယန်အမျိုးအစား အစေ့တွေပဲဖြစ်သည်။ ထို့ပြင်
ထိုအစေ့နှစ်စေ့က သူအရင်ဝယ်ခဲ့တဲ့ နေသုံးစင်းအသီးအစေ့
တွေနဲ့ယှဉ်လိုက်ရင် ပိုပြီးအရည်အသွေးမြင့်ပေသည်။
နေသုံးစင်းအသီးအစေ့တွေက မြေကမ္ဘာအဆင့်နိမ့် အစေ့တွေ
ဖြစ်ပြီး မိန်းကလေးဆီကအစေ့နှစ်စေ့က မြေကမ္ဘာအလယ်အလတ်
ဒါမှမဟုတ် အဆင့်မြင့် အဆင့်ဖြစ်နိုင်ပေသည်။
‘‘ဒီအစေ့နှစ်စေ့ကို ငါလိုချင်တယ်။ ဘယ်လောက်ပေးရမလဲ’’
ရန်ကိုင်က ထိုအစေ့တွေရဲ့ အရည်အသွေးနဲ့ပက်သက်ပြီး
တော်တော်လေး ကျေနပ်သွားခဲ့သည်။
မိန်းကလေးက ပြုံးလိုက်ပြီး ပြောလိုက်သည်‘‘၁၂၀၀’’
ရန်ကိုင် မျက်မှောင်ကြုံ့မိလိုက်သည်။ သူထုတ်မပြောချင်ပေမယ့်
သူမအပြုံးက တကယ်ကိုဆွဲဆောင်မှုရှိပေသည်။ ထိုအပြံုးလေးက
သူမအလှကို ပိုမိုအသက်ဝင်သွားစေခဲ့ပြီး သူမကိုယ်ရောင်ကိုယ်ဝါကို
ပိုပြီးတောက်ပလာစေခဲ့သည်။ ဒါပေမယ့် သူမပြောတဲ့ဈေးကတော့
ရန်ကိုင် သတ်မှတ်ထားတဲ့ ဈေးနှုန်းထက်ကျော်နေခဲ့သည်။
သူသာလိုချင်ရင် ထိုအစေ့တွေကို ဈေးမစစ်ပဲ ချက်ချင်း၁၂၀၀နှင့်
ဝယ်လိုက်လို့ရပေသည်။ ဒါပေမယ့် ရန်ကိုင်က ယန်အရည်စက်
တွေပိုင်ဆိုင်ထားတဲ့အတွက် အသီးသီးဖို့အချိန် လိုအပ်ချက်ကို
လျော့ချပေးနိုင်သည်။ ၁၂၀၀သုံးပြီး ထိုအသီးတွေဝယ်တာက
သူ့အတွက် အရှုံးပဲရှိပေသည်။
ထိုမိန်းကလေးက တော်တော်ကို လောဘကြီးပေသည်။ ဒါက
မိန်းကလေးအပေါ် အကောင်းမြင်နေတဲ့ သူ့ရဲ့ခံစားချက်တွေကို
လွင့်ပျယ်သွားစေခဲ့သည်။
‘‘စီနီယာအစ်မ၊ ဈေးကနည်းနည်းများမနေဘူးလား’’ ရန်ကိုင်တွင်
ငွေပြား၁၂၀၀၀ကျန်နေသေးပေမယ့် ထိုငွေတွေကို အရွက်သုံးရွက်
ပရမ်းပတား ဝိဉာဉ်ပန်းပွင့်နှင့် ဂျဲဒီသစ်ပင်မြက်တို့ ဝယ်ဖို့သုံးရပေ
ဦးမည်။ ထိုကြောင့် သူ့မှာရှိတဲ့ ပိုက်ဆံတွေကို အလွယ်တကူ
ဖြုန်းလိုက်လို့ မဖြစ်ချေ။
‘‘စျေးများတာလား’’ မိန်းကလေးပ ပြုံးလိုက်သည်‘‘ လုံးဝ
ဈေးမများပါဘူးနော်။ ဒီအစေ့တွေက မြေကမ္ဘာအလယ်အလတ်
အဆင့် ဝိဉာဉ်မြက်ပင်ဖြစ်တဲ့ သန့်စင်နှလုံးသားအစေ့တွေပဲလေ။
ဒီအစေ့တွေသာ အပင်ပေါက်လာမယ်ဆိုရင် တော်တော်လေးကို
အသုံးဝင်လာမှာ။ တကယ်လိုအပ်တဲ့ လူတစ်ယောက်အတွက်
ဆိုရင် ဒီအစေ့တွေက ၁၂၀၀ထက်တောင် ပိုတန်ပါတယ်နော်’’
ရန်ကိုင်က ဖျစ်ညစ်ပြုံးလိုက်ပြီး ‘‘ အပင်ပေါက်ဖို့ဆိုရင် အချိန်
တော်တော်ကြာ စောင့်ဖို့လိုသေးတယ်လေ။ ဘယ်နှနှစ်ကြာ
မယ်ဆိုတာ ဘယ်သူမှသိနိုင်တာမဟုတ်ဘူးလေ’’
မိန်းကလေးက သူမ၏နှုတ်ခမ်းလေးကို ကွေးလိုက်ပြီး‘‘ နင်က
အစေ့တွေကို လိုချင်နေမှတော့ အပင်ပေါက်လာမယ့်အချိန်ကိုတော့
စိတ်ရှည်သည်းခံပြီး စောင့်ရမှာပေါ့။ နင်က အခုဝယ်ပြီး
အခုချက်ချင်းပဲ အကျိုးအမြတ်တွေကို ရိတ်သိမ်းချင်နေတာလား။
ဒီကမ္ဘာကြီး ဘယ်အရာမှ အလွယ်တကူ မရနိုင်ဘူးလေ။ ပြီးတော့
ဒီအစေ့တွေဆိုတာ အလွယ်တကူတွေ့နိုင်တဲ့ အစေ့တွေမဟုတ်
ဘူးလေ။ ငါတောင် ဒီအစေ့တွေရဖို့ တော်တော်လေး အပင်ပန်း
ခံထားရတာ ’’
ရန်ကိုင် ကူကယ်ရမဲ့သွားခဲ့သည်။ တစ်ခဏတာ စဉ်းစားလိုက်ပြီး
နောက် ခေါင်းညိတ်ရင်း ဂရုတစိုက်ပြောလိုက်သည်‘‘ အဲ့လိုဆိုလည်း
ငါတို့ဈေးနှုန်းကို ဒီအတိုင်းပဲ သတ်မှတ်ထားကြတာပေါ့’’
ထိုအစေ့တွေကို သူ၁၂၀၀နဲ့ ဝယ်လိုက်ရင်တောင် သူ့အတွက်
အရှုံးမရှိချေ။ ထို့ပြင် သူမပြောပြပုံအရ သူမလည်း ဒီအစေ့
တွေကိုရဖို့ တော်တော်လေး ကြိုးစားခဲ့ရပုံပင်။ ထို့ကြောင့်
သူမလည်း အကျိုးအမြတ် ရသင့်ပေသည်။
ထို့ပြင် သူမကသူ၏ဂိုဏ်းတူစီနီယာအစ်မ တစ်ယောက်ဖြစ်နေ
သေးတဲ့အတွက် ဆက်ပြီးဈေးမစစ်ချင်တော့ပေ။ သူမကို
အကျိုးအမြတ် ရသွားစေတာကလည်း သူ့အပေါ်သိပ်ပြီး
အကျိုးသက်ရောက်မှု ရှိလိမ့်မည်မဟုတ်ချေ။
အစေ့တွေအတွက် ရန်ကိုင်က သူမကိုငွေပြား၁၂၀၀ပေးလိုက်သည်။
သူမကတော့ သွားပေါ်အောင် ပြုံးနေပြီး ငွေပြားတွေကို ဂရုတစိုက်
ကိုင်ထားရင်း ရန်ကိုင်ကိုကြည့်လိုက်သည်‘‘ ဂျူနီယာမောင်လေး၊
နင်ကတကယ်ကို တော်တာပဲ။ ဒါကြောင့် ငါနင့်ဒီအိတ်
ပေးလိုက်မယ်။ ဒီအိတ်ကို ငါကိုယ်တိုင်လုပ်ထားတာနော်’’
ထို့နောက် ပျော်ရွှင်စွာနဲ့ သူမထွက်သွားတော့သည်။
ရန်ကိုင်ကြောင်အသွားခဲ့သည်။ သူက ကောင်းကင်စံအိမ်က
တပည့်တစ်ယောက်ဆိုတာ ထိုစီနီယာအစ်မက သိနေခဲ့သည်။
သူမသိနေလျှက်နင့် သူ့အပေါ်ကို အမြတ်ထုတ်သွားခဲ့သည်။
သူမကို သူ့ကိုအမြတ်ထုတ်သွာခဲ့ပေမယ့်လည်း ရန်ကိုင်သူမကို
စိတ်မဆိုးပေ။ ဘာပဲဖြစ်ဖြစ် စီးပွားရေးဆိုတာက စီးပွားရေးပဲလေ။
နောက်တစ်ကြိမ် ထိုစီနီယာအစ်မနဲ့ အရောင်းအဝယ်လုပ်မယ်
ဆိုရင်တော့ သူတော်တော်လေး သတိထားရပေလိမ့်မည်။
နောက်ထပ် အစေ့လာရောင်းမယ့်သူများ ရှိလေမဆိုတဲ့
မျှော်လင့်ချက်နှင့် ရန်ကိုင်ထိုနေရာမှာပဲ အချိန်ခဏကြာအောင်
ဆက်စောင့်နေလိုက်သည်။ နောက်ထပ်လာရောင်းတဲ့လူမရှိ
တော့တဲ့အတွက် သူ့ကိုယ်သူသပ်ရပ်အောင် လုပ်လိုက်ပြီး
အရွက်သုံးရွက် ပရမ်းပတာ ဝိဉာဉ်ပန်းပွင့်နှင့် ဂျဲဒီသစ်ပင်မြက်
ဝယ်ဖို့ ပြင်ဆင်လိုက်သည်။
သူနည်းနည်းလေး ခြေလှမ်းပြီးရုံရှိသေး..မြေပြင်က ရုတ်တရက်
တုန်ခါလာခဲ့သည်။ မြေပြင်က အကြိမ်များစွာ လှုပ်ခါပြီးတဲ့
အချိန်မှာတော့ လေနက်ကုန်သွယ်ရေးနေရာက အင်အားစု
သုံးခုရဲ့ တပည့်တွေအကုန်လုံး ပရမ်းပတာဖြစ်သွားတော့လေသည်။
ဘယ်သူမှ ဘာတွေဖြစ်နေလဲဆိုတာ မသိသေးခင်မှာပဲ မြေပြင်က
ရုတ်တရက် အက်ကွဲသွားခဲ့သည်။ ထိုအချိန်တွင် လူတိုင်း
ထိတ်လန့်ခြောက်ခြားသွားခဲ့ပြီး လေးဘက်လေးတန်ကို
ထွက်ပြေးကြတော့သည်။
Martial Peak
အပိုင်း (၁၂၂) ၁၀ယောက်၁ယောက် တိုက်ခိုက်ခြင်း
ထိုအချိန်တွင် အဝေးမှာ အော်သံတွေကို ကြားနေခဲ့သည်။ ဒါပေမယ့် အသံတွေက ဝေဝါးနေခဲ့သည်။
ထိုဒေါသတကြီးအော်ဟစ်သံတွေက လုံကျိုင်းရှန်နှင့် သူ့ဂိုဏ်းသားတွေဆီကနေ ထွက်ပေါ်လာတာပဲ
ဖြစ်သည်။ ရန်သူတွေ၏ ဒေါသတကြီးအော်သံတွေကို ကြာပြီးနောက် ရန်ကိုင်မျက်နှာက အပျော်တွေနဲ့ပြည့်လာခဲ့သည်။ ‘‘သတ်’’ ဆိုတဲ့ စကားလုံးကို သူကြားလိုက်တာနဲ့ မန်ဝူရက လက်စားချေဖို့
ကြိုးစားနေပြီဆိုတာ ရန်ကိုင်ချက်ချင်း သိလိုက်သည်။ သွေးတိုက်ပွဲဂိုဏ်းက မိုင်းတွင်နေရာတွင်
ဖြစ်ဟွားနေတဲ့ တိုက်ပွဲသံတွေကို ကီလိုမီတာပေါင်း များစွာကနေတောင် ကြားနိုင်လေသည်။
ကီလိုမီတာပေါင်း များစွာကွာဝေးနေတာတောာင် ထိုကျွမ်းကျင်သူတွေဆီကနေ ထုတ်လွှတ်နေတဲ့
ချီစွမ်းအင်လှိုင်းတွေကို သူခံစားနေမိသည်။
အရမ်းအားကောင်းတာပဲ…
ရန်ကိုင်က အံ့အားတသင့် ကြောင်ကြည့်နေမိလိုက်သည်။ သူ့မျက်လုံးတွေက တစ်နေ့ ထိုကျွမ်းကျင်သူတွေ
အဆင့်ကိုရောက်လာမည့်အချိန်တွင် မျှော်လင့်စောင့်စားနေတဲ့ အရိပ်အယောင်တွေနဲ့ တလက်လက်တောက်ပနေခဲ့သည်။ တံခါးဖွင့်သံပေါင်းများစွာကို ရန်ကိုင်ရုတ်တရက် ကြားလိုက်ရသည်။ သူသိတဲ့လူအနည်းငယ် ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်စံအိမ်က စုယန်၊ သွေးတိုက်ပွဲဂိုဏ်းကဟူကျောင်းအာနှင့် မုန်တိုင်စံအိမ်က ဖန်ဇီကျိတို့ပဲဖြစ်သည်။ တိုက်ပွဲဖြစ်နေတဲ့ နေရာကိုကြည့်နေတဲ့
သူတို့သုံးယောက်စီကနေ ခံ့ညားထည်ဝါတဲ့ အော်ရာတွေ ထွက်ပေါ်နေခဲ့သည်။ သူတို့သုံးယောက်စလုံး
တိုက်ပွဲဖြစ်နေတဲ့ နေရာဆီကို ပြိုင်တူပျံသန်းသွားလိုက်ကြပြီး သူတို့နောက်ဘက်မှာတော့ ပုံရိပ်ယောင်တွေသာ ထင်ကျန်ခဲ့လေသည်။
စုယန်က အမြန်ဆုံးဖြစ်ပြီး ဟူကျောင်းအားကတော့ ဒုတိယဖြစ်ကာ ဖန်ဇီကျိကတော့ နောက်ဆုံး ဖြစ်သည်။
သူတို့သုံးယောက်ထွက်သွားတာနဲ့ လူအနည်းငယ်က တံခါးဖွင့်ပြီး ထွက်လာခဲ့ကြသည်။ တစ်ချို့လူတွေကကြောက်လန့်နေကြီး တစ်ချို့ကတော့ ပရမ်းပတာဖြစ်ရပ်ကြောင့် ထိတ်လန့်ခြောက်ခြားနေခဲ့ကြသည်။
သို့ပေမယ့် ကောင်လေးတစ်ယောက်ကတော့ ထိုပရမ်းပတာဖြစ်ရပ်ကို စိတ်ဝင်စားသွားခဲ့ပြီး
အော်ပြောလိုက်သည်‘‘ အဲ့နေရာမှာ တစ်ခုခုဖြစ်နေတယ်။ ငါတစ်ချက်လောက် သွားကြည့်လိုက်ဦးမယ်’’
ထိုကောင်လေး ထွက်သွားတာနဲ့ ကျန်တဲ့သူတွေလည်း သူ့နောက်ကနေ ကပ်လျက်လိုက်ပါသွားကြသည်။
ကြောက်လန့်တုန်လှုပ်နေတဲ့ ဆိုင်ပိုင်ရှင်တွေလည်း ဆိုင်တွေကိုပိတ်သိမ်းလိုက်ပြီး သူတို့၏
ကြောက်ရွံ့မှုတွေက စိတ်ဝင်စားမှုကို ကူးပြောင်းသွားကာ ဘာတွေဖြစ်ပျက်နေလဲဆိုတာသိဖို့
တိုက်ပွဲဖြစ်နေတဲ့ နေရာကို သွားကြလေသည်။
‘‘ ဒါက အင်မော်တယ်တက်လှမ်းခြင်းအဆင့် ကျွမ်းကျင်သူတွေရဲ့တိုက်ပွဲပဲ။ အဲ့လိုပဲဖြစ်ရမယ်။
မြန်မြန်….ငါတို့သွားကြည့်ရမယ်။ ဒီလိုရှားပါးတဲ့ ကျွမ်းကျင်သူတွေကြားက တိုက်ပွဲဆိုတာမြင်ရခဲတယ်’’ မုန်တိုင်းစံအိမ်တပည့်တစ်ယောက်က သူ့ရဲ့စံအိမ်သားတစ်ယောက်ကို
စိတ်လှုပ်ရှားမှုအပြည့်နဲ့ ပြောလိုက်သည်။
‘‘စောင့်ဦး…ငါတို့မသွားသင့်ဘူး…။ တော်ကြားတိုက်ပွဲထဲ အဆစ်ပါသွားလို့ မသေသင့်ပဲ
သေနေရဦးမယ်’’ ‘‘ လာစမ်းပါကွာ…ငါတို့အဝေးကနေပဲ ကြည့်မှာပါ။ သူတို့က ကျွမ်းကျင်သူတွေပဲလေ။
သူတို့တိုက်ခိုက်မှုတွေက ဘေးကရပ်ကြည့်နေတဲ့ အပြစ်မရှိတဲ့ လူတွေကို မတော်တဆ ထိခိုက်မိရင်
သူတို့ရဲ့တိုက်ခိုက်မှုတွေကို ရပ်ပစ်နိုင်စွမ်းရှိမှာ သေချာလောက်ပါတယ်ကွာ’’
နောက်ထပ် ပြောမနေတော့ပဲ စိတ်လှုပ်ရှားနေတဲ့ မုန်တိုင်းစံအိမ်တပည့်က တိုက်ပွဲဖြစ်နေတဲ့
နေရာဆီကို တစ်ဟုန်ထိုး ပြေးသွားလေသည်။
ရန်ကိုင်အမူအရာက ဖြည်းဖြည်းချင်း ပြောင်းလဲနေခဲ့သည်။ လူအိုကြီးမန်က တော်တော်လေးလွန်သွားပြီဆိုတာ သူနားလည်သွားခဲ့သည်။ ထိုတိုက်ပွဲက အလွန်အမင်း ပြင်းထန်းလွန်းတဲ့အတွက် အင်းအားစုသုံးခုက လူတွေကိုတောင် ဆွဲဆောင်သွားခဲ့သည်။ ရန်ကိုင်က လူအုပ်ကြားထဲကို
ပြေးမသွားခင်း နောက်ထပ် အစီအစဉ်တစ်ခုကိ အသေအချာ စဉ်းစားနေလိုက်သည်။ သူတောင်မှာတိုက်ပွဲ၏ နောက်ဆုံးရလဒ်ကို စိတ်ဝင်စားပေသည်။
မိုင်းတွင်းနေရာဝယ်…..
မန်ဝူရက လုံဂျွန်ကနေတစ်ဆင့် မိုင်းတွင်းနေရာကို ရောက်လာပြီး လုံကျိုင်းရှန်ကို ချက်ချင်းပဲရှာလိုက်သည်။ လုံကျိုင်းရှန်ကတော့ သူ့အသက်ကိုနှုတ်ယူနိုင်တဲ့ တိုက်ကွက်တစ်ခုက
ဘာကြောင့် သူ့ဆီရောက်လာရလဲဆိုတာကိုတော့ နားမလည်နိုင်သေးချေ။ မန်ဝူရ၏ အပြုအမူတွေက
တကယ်ကို လက်ခံနိုင်စရာ မကောင်းပေ။ လုံကျိုင်းရှန်က ထိုလူအိုးကြီးကို တစ်ခါမှမတွေ့ဖူးပေမယ့်
ထိုလူအိုကြီးက သူ့ကိုတိုက်ခိုက်ခဲ့သည်။ သူမတိုက်ချင်ရင်တောင် သွေးတိုက်ပွဲဂိုဏ်း၏
လက်ထောက်ဂိုဏ်းချုပ်တစ်ယောက် အနေနဲ့ ဂိုဏ်း၏ဂုဏ်သတင်းကို ထိန်းသိမ်းဖို့တိုက်ခိုက်ရပေလိမ့်မည်။ သူရဲဘောကြောင်တဲ့သူသာ အမြီးကုပ်ပြီး ထွက်ပြေးမှာဖြစ်သည်။
ဒါပေမယ့် လုံကျိုင်းရှန်းက မန်ဝူရနှင့် တိုက်ခိုက်ရင်း ၁၀ကွက်အတွင်းမှာပဲ လွင့်ထွက်သွားခဲ့ရသည်။
ကံမကောင်းစွာဖြင့် ဟူမန်နှင့် သူ့ဂိုဏ်းသားတွေက လက်ထောက်ဂိုဏ်းချုပ်တစ်ယောက်ကိုမန်ဝူရ၏ လက်ထဲတွင် သေခွင့်မပြုနိုင်ခဲ့ချေ။ ထို့ကြောင့် သူတို့အဖို့ ဝင်မပါချင်ပေမယ့်လည်း
ဝင်ပါရတော့ပေသည်။
ဟူမန်က လုံကျိုင်းရှန် ဖိနှိပ်ခံနေရတာကို မြင်ရတာ ဝမ်းသာတယ်ဆိုပေမယ့် သွေးတိုက်ပွဲဂိုဏ်း၏
လက်ထောက်ဂိုဏ်းချုပ်တစ်ယောက် တစ်ဖတ်သတ် ဖိနှိပ်ခံရပြီး အသတ်ခံရမှာကိုတော့လက်ခံလိမ့်မည်မဟုတ်ချေ။ ထိုလူက သွေးတိုက်ပွဲဂိုဏ်း၏ ဂုဏ်သတင်းကို ဆုပ်ကိုင်ထားပေသည်။
သူသာကျရှုံးသွားတာနဲ့ သွေးတိုက်ပွဲဂိုဏ်းလည်း သူနှင့်အတူ တစ်ခါတည်း နိမ့်ပါးသွားပေလိမ့်မည်။
ဟူမန်က ဝင်မပါရင်တောင် သူ့ဂိုဏ်းသားတွေကတော့ ဝင်ပါပေလိမ့်မည်။
အင်မော်တယ်တက်လှမ်းခြင်းအဆင့် ကျွမ်းကျင်သူ၁၀ယောက်က မန်ဝူရဆီပြေးဝင်သွားခဲ့သည်။ ဒါပေမယ့်မန်ဝူရက ဘယ်တော့မှ မရှုံးနိမ့်နိုင်တဲ့ နတ်ဘုရားတစ်ပါးအလား ဒဏ်ရာမရပဲ အကောင်းအတိုင်းရှိနေခဲ့သည်။ သူ၏မောက်မာမှုကို သူ့ခွန်အားနှင့်ပြသခဲ့သည်။ဒါပေမယ့် သူ့တိုက်ခိုက်မှုများတွင် ပြင်ပတိုက်ခိုက်မှုတွေသာမက စကားလုံးတိုက်ခိုက်မှုတွေပါ
ပါဝင်ပေသည်။ မြေပွေးတစ်ကောင်လိုမျိုး လုံကျိုင်းရှန်ကို ရန်စစော်ကားပြီး အရှက်ရစေခဲ့သည်။
လုံကျိုင်းရှန်မျက်နှာက ရှက်ရွံ့မှုကြောင့် ခရမ်းရောင်သန်းသွားခဲ့ပြီး သွေးတစ်ပွက် အန်လိုက်ရသည်။
သူမန်ဝူရကို ကျိန်ဆဲလိုက်သည်။ ၁၂ကွက်တည်းနဲ့ မန်ဝူရက သူ့ကိုအပြည့်အဝ ဖိနှိပ်နိုင်ခဲ့သည်။
သွေးတိုက်ပွဲဂိုဏ်း၏ လက်ထောက်ဂိုဏ်းချုပ်ဆိုတဲ့ ဂုဏ်သိက္ခာနှင့် မာနတရားက လုံးဝကိုဖျက်ဆီးခံလိုက်ရသည်။ သူ့ဂုဏ်သတင်းကို တိုးတက်ကောင်းမွန်အောင် သူဘယ်လိုပြန်လုပ်နိုင်ပါတော့မလဲ။
ထိုအချိန်တွင် မန်ဝူရက လေပေါ်ကို ပျံတက်လိုက်သည်။ သွေးတိုက်ပွဲဂိုဏ်းက ကျွမ်းကျင်သူတွေကတော့ မြေပြင်ပေါ်တွင် ရပ်နေခဲ့သည်။ နှစ်ဖက်စလုံးက မုန်တိုင်းမလာခင် လေပြေသွေးနေခဲ့ကြသည်။
လုံကျိုင်းရှန်က အံကြိတ်လိုက်တဲ့အချိန်တွင် သူ့ပါးစပ်ကနေ လတ်လတ်ဆတ်ဆတ်သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။ အရှက်ခွဲခံရမှုကို တောင့်ခံနေရသောကြောင့် သူ့တစ်ကိုယ်လုံး တုန်ရီနေခဲ့သည်။ ဒါပေမယ့် စစ်မှန်တဲ့ စွမ်းအားရှေ့မှောက်မှာတော့
သူပြန်ပြီးမတုန့်ပြန်ရဲခဲ့ပေ။ ‘‘ ငါ့ကိုဒီလောက်တောင် အရှက်ခွဲချင်နေလောက်အောင်ငါဘယ်တုန်းကများ ဒီကကျွမ်းကျင်သူကို ရန်စခဲ့မိလို့လဲ’’
လုံကျိုင်းရှန်က မန်ဝူရကို ဆက်ပြီးစိတ်မပျက်စေချင်တော့ပေ။ ထိုလူအိုကြီးတွင် သူ့ကိုသတ်ဖို့စွမ်းအားအလုံအလောက် ရှိပေသည်။ ဒီလိုလူမျိုးကို ဒေါသထွက်ပြီး တုန့်ပြန်ဖို့လောက်အထိလည်း
သူမရူးမိုက်သေးချေ။ ဒါပေမယ့် မန်ဝူရက သူ့ကိုတိုက်ခိုက်ရင်တောင် ဘာကြောင့်သူ့ကိုတိုက်ခိုက်လဲဆိုတာ သူသိဖို့လိုအပ်ပေသည်။ သူဒီလူအိုကြီးကိုများ ဘယ်လိုရန်စခဲမိလို့လဲ။
သူသေသွားရင်တောင် သူသေရတဲ့အကြောင်းပြချက်ကို သိဖို့လိုအပ်ပေသည်။မန်ဝူရက လှောင်ပြောင်လိုက်ပြီး အထင်တသေးပြောလိုက်သည် ‘‘ မင်းငါ့ကို စိတ်လည်းမပျက်စေသလိုရန်လည်း မစခဲ့ပါဘူး’’
ထိုအဓိပ္ပါယ်မရှိတဲ့ စကားလုံးတွေကို ကြားလိုက်တာနဲ့ လုံကျိုင်းရှန်က မန်ဝူရကို တုန်တုန်ရီရီနဲ့လက်ညှိးထိုးရင်း ကျိန်ဆဲလိုက်သည်‘‘ မင်း…..’’ သူ့လည်းပင်းကနေ သွေးတွေပျို့တက်လာတဲ့အတွက်လုံကျိုင်းရှန်၏ အသံကိုသေချာမကြားနိုင်ခဲ့ချေ။ သို့ရာတွင် သူဘယ်လောက် ဒေါသထွက်နေလဲဆိုတာသူ့လေသံနှင့် သူ့မျက်နှာအမူအရာကို ကြည့်ရုံနဲ့တင် သိနိုင်လေသည်။လုံကျိုင်းရှန်က မန်ဝူရကို တစ်ခါမှရန်မစခဲ့ချေ။ ဒါပေမယ့် ထိုလူအိုကြီးက သူ့ကိုဘာလို့
တိုက်ခိုက်ရတာလဲ…ဒါက လုံးဝမတရားခံရခြင်းပင်ဖြစ်သည်။
မန်ဝူရက လှောင်ပြောင်လိုက်သည် ‘‘ ဘာလဲ… မင်းကမကျေနပ်တာလား။ ဘာပဲဖြစ်ဖြစ်ငါမင်းကိုသေချင်ရင် မင်းအသက်ရှင်နိုင်လိမ့်မယ်လို့ ထင်လား’’ လုံကျိုင်းရှန် တိတ်ဆိတ်
သွားခဲ့ပြီး သူ့အသက်ရှုသံ နှေးကွေးသွားခဲ့သည်။ မန်ဝူရက ချက်ချင်းလက်ငင်းကြီးသူ့ကိုသတ်မှာကြောက်ရွံ့တဲ့အတွက် နောက်ထပ် တစ်ခွန်းမှထပ်မပြောရဲတော့ချေ။မန်ဝူရက လုံကျိုင်းရှန်၏ သူရဲဘောကြောင်တဲ့ အပြုအမူကိုကြည့်ရင်း ပျင်းရိလာခဲ့ပြီးဒေါသတကြီး ကျိန်ဆဲလိုက်သည်
‘‘ ငါမင်းရဲ့ မျိုးဆက်(၁၈) ဆက်စလုံးကို ဖျက်စီးပစ်မယ်။
မင်းမကျေနပ်ရင်တောင် မင်းဘာလုပ်နိုင်လဲ။ ဒါပေမယ့် ငါမင်းကိုသိခွင့်ပေးလိုက်ပါမယ်လေ။မင်းဒီနေ့ ခံစားခဲ့ရတာတွေက ငါ့ရဲ့ချစ်တပည့်လေး ခံစားခဲ့ရတာတွေအတွက်ပဲ’’
လုံကျိုင်းရှန် မျက်လုံးပြူးသွားပြီး မေးလိုက်သည်
‘‘ မင်းတပည့်လား’’မန်ဝူရ၏ မျက်လုံးတွေက သတ်ဖြတ်ချင်စိတ်နဲ့ ပြည့်နေခဲ့သည် သူ့အသံက တိုးညင်းသွားခဲ့သည်
‘‘ မင်းရဲ့ သားမြေးတွေကြောင့်ပဲပေါ့…. သူတို့တွေက ငါ့ရဲ့တပည့်ကိုများ လာပြီးကြံစည်ရဲတယ်။ကောင်းပြီလေ… ငါမင်းတို့မိသားစုတစ်ခုလုံးကို ဖျက်စီးပစ်ရတာပေါ့’’ ‘‘ဒီကအကြီးအကဲကများ ပိုပြီးရှင်းရှင်းလင်းလင်း ပြောပြပေးပါလား’’ လုံကျိုင်းရှန်က ဖြေးဖြေးချင်း မေးလိုက်သည်။ ထိုလူအိုကြီးကဘာကြောင့်သူ့ကိုတိုက်ခိုက်ခဲလဲဆိုတာ နောက်ဆုံးတော့ သူနားလည်သွားခဲ့လေပြီ။ သူက
မန်ဝူရကို ဘယ်လိုလုပ်ပြီး ဆက်ပြီးရန်စရဲပါ့မလဲ။
‘‘ ပိုပြီး ရှင်းရှင်းလင်းလင်းလား။ ဟဲဟဲဟဲ’’ မန်ဝူရ၏ အသွင်အပြင်က အေးစက်သွားခဲ့ပြီး ရုတ်ရင့်ကြမ်းတမ်းသွားခဲ့သည်။ ကြည်လင်ပြတ်သွားစွာနဲ့ အကျယ်ကြီးအော်လိုက်လေသည်
‘‘ ငရဲမှာရောက်နေတဲ့ မင်းရဲ့မြေးဆီကနေ ဘာလို့အကြောင်းပြချက် သွားမတောင်းတာလဲ။အဲ့ခွေးကောင်လေး လွန်ခဲ့တဲ့ရက်တွေတုန်းက ဘာတွေလုပ်ခဲ့လဲဆိုတာ သွားမေးကြည့်ပါလား’’
လုံကျိုင်းရှန်၏ အမူအရာလုံးဝ ပြောင်းလဲသွားခဲ့ပြီး မေးလိုက်သည် ‘‘ လုံဟူဘာဖြစ်သွားတာလဲ’’
‘‘အဲ့ဒါက အရေးပါသေးလို့လား’’ မန်ဝူရက လှောင်ပြောင်လိုက်သည်။
ရုတ်တရက် လုံဂျွန်ကပြောလိုက်သည်
‘‘ အဖိုး၊ ညီလေးမတွေ့တာ တစ်လလောက်ရှိနေပြီ။
နောက်ဆုံးအကြိမ် ငါသူ့ကိုတွေ့လိုက်တုန်းက ကိစ္စတစ်ခုခုကို ကိုင်တွယ်ဖို့ဆိုပြီး ဆရာသခင်ဝမ်ကိုခေါ်သွားခဲ့တယ်။ သူအခုထို ပြန်မလာသေးဘူး’’
ထိုစိတဓာတ်ကျစရာ သတင်းတွေကို ကြားလိုက်တာနဲ့ လုံကျိုင်းရှန်၏ အမူအရာက လူသေတစ်ယောက်လို ဖြစ်သွားခဲ့သည်။ လုံဂျွန်ရှင်းပြပုံအရဆိုရင် လုံဟူ သေသွားလောက်ပြီးဆိုတာကို လုံကျိုင်းရှန် မှန်းဆကောက်ချက်ချနိုင်ပေသည်။ သူ့ရဲ့မြေးလေးဖြစ်တဲ့အတွက် လုံဟူသေသွားရတဲ့အကြောင်းကိုလည်း သူခန့်မှန်းမိပေသည်။ ဖြစ်နိုင်ချေကတော့ လှပတဲ့မိန်းကလေး
တွေကြောင့်ပဲ ဖြစ်လောက်ပေသည်။ ( ကိုယ့်မြေးအကြောင်းကို သိနေတာများဘယ်လိုတောင်လဲလို့)
လုံကျိုင်းရှန်က အဖြစ်အပျက် အပိုင်းအစ အားလုံးကို ဆက်စပ်ကြည့်လိုက်တဲ့အချိန်မှာတော့ပြဿနာတစ်ခုလုံးကို နားလည်သွားခဲ့လေသည်။ သူ့မြေးသေသွားခဲ့လို့ သူနာကျင်ရပေမယ့်
တစ်ပါးသူရဲ့ နောက်ခံကို မမြင်နိုင်တဲ့ သူ့မြေးရဲ့အရည်အချင်းကိုတော့ ဒေါသထွက်မိလေသည်။
မမျှော်လင့်စွာနဲ့ပဲ သူ့မြေးလေးက အခုလိုအားကောင်းတဲ့ ဆရာသခင်တစ်ယောက် ကျောထောက်နောက်ခံရှိတဲ့ မိန်းကလေးတစ်ယောက်ကို သွားရန်စမိခဲ့သည်။
‘‘ အခုကိစ္စတွေအကုန်လုံးက မင်းပျိုးထောင်ပေးခဲ့တဲ့ မင်းမြေးလေးကြောင့် ဖြစ်လာတယ်ဆိုတာ
နားလည်သွားပြီလို့ ထင်တယ်’’ မန်ဝူရ၏ ဒေါသက အထွတ်အထိပ်ကို ရောက်သွားခဲ့ပြီးအော်လိုက်သည်
‘‘ ဒီနေ့…ငါဒီကိုလာခဲ့တာ မင်းခေါင်းအတွက်ပဲ။ ဒီကမ္ဘာကြီးမှာ မင်းတို့ရန်မစသင့်တဲ့ လူတွေရှိသေးတယ်ဆိုတာ မင်းတို့သိဖို့လိုတယ်’’
မန်ဝူရက အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီး သူ့လက်ကို ဖြေးဖြေးချင်း မြှောက်လိုက်သည်။
သူ့လက်မြှောက်လိုက်တာနဲ့ ကမ္ဘာကြီးတစ်ခုလုံး အရောင်ပြောင်းသွားသယောင် ထင်ရပေသည်။
တစ်ချိန်တည်းမှာပဲ သွေးတိုက်ပွဲဂိုဏ်းက လူအမျိုးမျိုးက ကြောက်လန့်ခြင်းအပြည့်နဲ့လုံကျိုင်းရှန်ဘက်ကို ပြေးတော့လေသည်။ မန်ဝူရ၏ လှုပ်ရှားမှုကိုကြည့်ရင်း ခုခံဖို့
ပြင်ဆင်ထားလိုက်ကြသည်။
‘‘ သေလိုက်တော့’’ လို့ မန်ဝူရက အော်လိုက်တာနဲ့ သူ့လက်က မြန်ဆန်စွာနဲ့ လုံကျိုင်းရှန်ရှိနေတဲ့ နေရာကို ရက်စက်ကြမ်းကြုတ်စွာ ရိုက်ချလိုက်သည်။ ဧရာမလက်ဝါးကြီးတစ်ခုက လေဟာနယ်ထဲတွင် ရုတ်တရက်ပေါ်လာခဲ့သည်။ ထိုလက်ဝါးကြီးက မိုးမြေချီစွမ်းအင်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ရပ်တန့်မရနိုင်သော စွမ်းအားနှင့်တကွ ကောင်ကင်နှင့်မြေပြင်တစ်ခုလုံးကိုတောင် လှုပ်ခါသွားစေနိုင်သည်။
ထိုအချိန်တွင် သွေးတိုက်ပွဲဂိုဏ်းက ကျွမ်ကျင်သူတွေကလည်း သူတို့ရဲ့အစွမ်းထက်ဆုံးတိုက်ခိုက်တွေနဲ့ မန်ဝူရကို တန်ပြန်တိုက်ခိုက်လိုက်သည်။နှစ်ဖက်စလုံးက ယွမ်ချီတွေက တစ်ခုနှင့်တစ်ခု တိုက်မိသွားခဲ့ပြီး မြေကြီးပေါ်က သဲကျောက်
တွေကို လွင့်စင်သွားစေခဲ့သည်။ ဒါပေမယ့် ကျွမ်းကျင်သူ၁၀ယောက်နဲ့ ရင်ဆိုင်နေရတာတောင်
မန်ဝူရ၏ ဧရာမလက်ဝါးကြီးက တစ်ချက်ကလေးတောင် နှေးမသွားခဲ့ချေ။ ထိုအချိန်တွင် မန်ဝူရက သူ့နဂိုပုံစံထက် အများကြီးအားကိုးရပုံပေါ်လေသည်။
‘‘ဘန်း’’ ဧရာမလက်ဝါးကြီး သွေးတိုက်ပွဲဂိုဏ်းသားတွေဆီ ရိုက်ချလိုက်တဲ့အသံ မြည်ဟည်းသွားခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ ကျွမ်းကျင်သူ၁၀ယောက်စလုံး
မြေပြင်ပေါ်တွင် အားပြုပြီးထိုင်လိုက်ရသည်။ ဧရာမလက်ဝါးချက်ကြောင့် သူတို့မျက်လုံးတွေက
ပေါက်ထွက်မတတ်ဖြစ်နေခဲ့ပြီး ယွမ်ချီတွေကိုလှည့်ပတ်ကာ ထိုလက်ဝါးချက်ကိုအားကုန်သုံးပြီး ခုခံလိုက်ရသည်။
မြေပြင်အက်ကွဲသွားခဲ့သည်။
အက်ကွဲကြောင်းအောက်မှာတော့ သွေးတိုက်ပွဲဂိုဏ်း၏ မိုင်းတွင်းရှိနေခဲ့သည်။ တူးထားတဲ့များစွာသော လိုဏ်ခေါင်းတွေကြောင့် မြေပြင်တစ်ခုလုံး ပြိုကျသွားတော့လေသည်။မြေပြိုသံတွေက ကီလိုမီတာပေါင်းများစွာအထိ ပဲ့တင်ထပ်နေခဲ့သည်။ ကျွမ်းကျင်သူတွေကမန်ဝူရ၏ လက်ဝါးချက်ကို ခုခံရင်း မြေပြိုမှုကိုအခွင့်ကောင်းယူကာ လက်ဝါးချက်ကနေ
လွန်မြောက်သွားခဲ့ကြသည်။ဧရာမလက်ဝါးချက်ကြီးက မြေပြင်ပေါ်ကျသွားခဲ့ပြီး မြေကြီးပေါ်တွင် လက်ဝါးရာကြီးတစ်ခု
ထင်ကျန်သွားစေခဲ့သည်။
ကျွမ်းကျင်သူ၁၀ယောက်၏ ကာကွယ်မှုကြောင့် လုံကျိုင်းရှန်အဖို့ သေကံမရောက် အသက်မပျောက်ခဲ့ရပေ။ ဒါပေမယ့် မန်ဝူရ၏ တိုက်ခိုက်မှုကို ထိခိုက်ဒဏ်ရာမရပဲ ရှောင်ရှားနိင်ခဲ့တယ်လို့တော့ မဆိုလိုပေ။ လုံကျိုင်းရှန်က အဆက်မပြတ် သွေးအန်နေလိုက်ရပြီး
သူ့အသားအရေကလည်း ဖြူသထက်ဖြူလျော် လာခဲ့ရသည်။ သွေးတိုက်ပွဲဂိုဏ်းက တစ်ခြားသောကျွမ်းကျင်သူတွေ၏ အမူအရာတွေကလည်း အလွန်အမင်းဆိုးရွားနေခဲ့သည်။
မန်ဝူရ၏ စွမ်းအားက ဒီလောက်ထ မြင့်မားနက်နဲလိမ့်မယ်လို့ သူတို့မမျှော်လင့်ထားခဲ့ပေ။ဒါကဘယ်လိုလုပ်ပြီး အင်မော်တယ်တက်လှမ်းခြင်းအဆင့် ဖြစ်နိုင်မှာလဲ။
သူကဘာလို့ဒီလောက် သန်မာနေရတာလဲ။ ထို့ပြင် သူပြသခဲ့တဲ့ သိုင်းပညာရပ်တွေကလည်းတကယ့်ကို အမြင့်စားတွေချည်းဖြစ်သည်။ ထိုပညာရပ်တွေက သိုင်းပညာရပ်တွေ အထက်က သိုင်းပညာရပ်တွေပဲဖြစ်သည်။
သူတို့ရဲ့ စိတ်ဓါတ်ကျနေတဲ့ အမူအရာကို မြင်တွေ့နေရပေမယ့် မန်ဝူရ၏ အမူအရာကမပြောင်းမလဲ ရှိနေခဲ့ပြီး နှာခေါင်းရှုံ့လိုက်သည်။ သူဆက်ပြီးတိုက်ချင်ပေမယ့် ရုတ်တရက်
မြေအောက်ကနေ ယွမ်ချီတွေပေါက်ကွဲထွက်လာခဲ့ပြီး သူ့ယွမ်ချီကိုတောင် မတည်မငြိမ်ဖြစ်သွားစေခဲ့သည်။
မန်ဝူရ၏အာရုံက တစ်ခြားတစ်နေရာသို့ ကူးပြောင်းသွာခဲ့ပြီး သူကိုယ်တိုင်လည်း စကားလုံးနဲ့ဖော်ပြလို့မရအောင် အံ့သြထိတ်လန့်သွားခဲ့သည်။ ထို့နောက်မြေအောက်ထဲကနေ
အနီရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာခဲ့ပြီး သိပ်မကြာခင်မှာပဲ ထိုအနီရောင်အလင်းတန်းက မီးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ အနီရောင်နဂါးနှင့်
နီးကပ်စွာပဲ အပြာရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ထိုအပြာရောင်အလင်းတန်းက ကြီးကျယ်မြင့်မြတ်တဲ့ ရေခဲဖီးနစ်တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၃) ကောင်းကင်အမွေအနှစ်လိုဏ်ဂူ
‘‘သားရဲဝိဉာဉ်လား’’ မန်ဝူရက ဧရာမသားရဲပုံရိပ် နှစ်ခုကိုစူးစိုက်ကြည့်လိုက်သည်။ အားကောင်းတာထက်ကို
သာလွန်သွားတဲ့ မိစ္ဆာသားရဲတွေအဖို့ သူ့တို့၏ခန္ဓာကိုယ် သေဆုံးသွားခဲ့ရင်တောင် သူ့တို့ရဲ့စိတ်ဝိဉာဉ်ကတော့
ဆက်လက် ရှင်သန်နိုင်ပေသည်။ သူတို့တွေက သူတို့ရဲ့စိတ်ဝိဉာဉ်နှင့် တစ်ဖန်ပြန်မွေးဖွားနိုင်မည့်အခွင့်အရေးကို စောင့်စားနိုင်ပေသည်။ နဂါးနှင့်ဖီးနစ်ငှက်တို့ဆိုတာကာ မိစ္ဆာသားရဲတွေ၏ ဘုရင်တွေ
ဖြစ်တဲ့အတွက် သူတို့၏စိတ်ဝိဉာဉ်ကို ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းထားနိုင်စွမ်းရှိပေသည်။
မန်ဝူရ၏ အတွေ့အကြုံနဲ့တောင် ထိုမိစ္ဆာသားရဲတွေကို မြင်လိုက်တာနဲ့ စိတ်ဝိဉာဉ်လို့တောင်ထင်မိသေးသည်။ ဒါပေမယ့် သေချာအနီးကပ် ကြည့်လိုက်တဲ့အချိန်မှာတော့ သူမျက်မှောင်
ကြုံ့မိလိုက်သည်။ ထိုပုံသဏ္ဍာန်နှစ်ခုစီမှ မည်သည့် စိတ်ဝိဉာဉ် အငွေ့အသက်ကိုမှ သူမခံစားမိခဲ့ချေ။
ထိုမိစ္ဆားသားရဲနှစ်ကောင်စလုံးတွင် စိတ်ဝိဉာဉ်မရှိချေ။
ထိုဧရာမ ပုံရိပ်ကြီးနှစ်ခုက မမျှော်လင့်စွာနဲ့ပဲ လုံးဝကိုသန့်စင်တဲ့ ကမ္ဘာချီစွမ်းအင်တွေနဲ့ ဖွဲ့စည်းထားတဲ့နဂါးနှင့် ဖီးနစ်ပုံသဏ္ဍာန် ချိတ်ပိတ်ထားတဲ့ အစီအရင်တစ်ခုပဲဖြစ်သည်။
‘‘ဒီနေရာ…..’’ ထိုထူးဆန်းတဲ့ အဖြစ်အပျက်က မန်ဝူရကို နိုးကြားသွားစေပြီး ထိုနေရာတစ်ဝိုက်ကို
စူးစမ်းကြည့်လိုက်တဲ့ အချိန်မှာတော့ မြေအောက်၇၀မီတာ အနက်တွင် လိုဏ်ဂူတစ်လုံးကို တွေ့လိုက်ရသည်။ချိတ်ပိတ်ထားတဲ့ အစီအရင် ပျက်စီးသွားတဲ့ အရိပ်အယောင်တွေကို သူခံစားမိနေခဲ့သည်။
ထိုချိတ်အစီအရင်က သူတို့တိုက်ပွဲကြောင့် ပျက်စီးသွားပုံရသည်။ ထို့ကြောင့် နဂါးနှင့်ဖီးနစ်စွမ်းအင်တွေက
မြေအောက်ထဲကနေ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ မတော်တဆ ရှာတွေ့မှုက တကယ်ကိုမယုံကြည်နိုင်စရာ ကောင်းပေသည်။ မန်ဝူရက သွေးတိုက်ပွဲဂိုဏ်းသားတွေကို ကြည့်လိုက်တဲ့အချိန်တွင်သူတို့အားလုံး မြေပြင်ပေါ်တွင် အမြစ်တွယ်နေတာကို တွေ့လိုက်ရသည်။ သူတို့အားလုံး စိတ်ရှုပ်ထွေးစွာနှဲ့နဂါးနှင့်ဖီးနစ်ပုံရိပ်ကို စူးစိုက်ကြည့်နေကြလေသည်။
သူတို့က ထိုနေရာ၏ တည်ရှိမှုကို သိနေခဲ့တာလား။ မန်ဝူရမျက်မှောင် ကြုံ့လိုက်မိသည်။ ထိုနေရာတွင်ချိတ်ပိတ်ထားတဲ့ နေရာတစ်ခုရှိနေတဲ့အတွက် သူတို့တွေက ထိုလိုဏ်ဂူကို စူးစမ်းရှာဖွေပြီးသွားပြီလားဆိုတာ သူသိချင်မိသည်။ သူတို့အားလုံလည်း ထိုနေရာကို မရှာဖွေရသေးတဲ့အတွက် သူကိုယ်တိုင်လည်းသူတို့ကို ထိုနေရာအကြောင်း ရှင်းပြခိုင်းလို့မရချေ။
မန်ဝူရတွေးတောနေတုန်းမှာပဲ ဧရာမပုံရိပ်ကြီးနှစ်ခုက တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းသွားခဲ့သည်။
မီးနီရောင်အလင်းတန်းနှင့် ရေခဲပြာရောင် အလင်းနှစ်ခုသည် တစ်ခုနှင့်တစ်ခု ပေါင်းစည်းသွားခဲ့ပြီး
လှပတဲ့မြင်ကွင်းတစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။ ဒါပေမယ့် ဖြစ်ပေါ်လာတဲ့ပုံရိပ်က မချဉ်းကပ်နိုင်သော
အပူစွမ်းအင်နှင့်အအေးစွမ်းအင် ပေါင်းစပ်ပါဝင်နေတဲ့ တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်သည်။ ထိုတိုက်ခိုက်မှုက
အလွန်အမင်း ပြင်းထန်းလွန်းတဲ့အတွက် မည်သူမှ ထိုတိုက်ခိုက်မှုကို ခုခံကာကွယ်လိမ့်မယ်လို့
ယုံကြည်ချက်မရှိတော့ချေ။
‘‘ ပြန်ဆုတ်ကြ’’ ဟူမန်က ဒေါသတကြီး အော်လိုက်ပြီး သူ့ဂိုဏ်သားတွေကို ပြန်ဆုတ်ခိုင်းလိုက်သည်။
သူ့ရဲ့စွမ်းအားနဲ့တောင် မန်ဝူရက ထိုတိုက်ခိုက်မှုကို မခုခံရဲပဲ နောက်ပြန်ဆုတ်လိုက်သည်။ သူလည်း
ထိုတိုက်ခိုက်မှုကို မကာကွယ်နိုင်ဘူးဆိုတာ သိနေခဲံသည်။
ရုတ်တရက် နဂါးဟိန်းလိုက်သည်။ နဂါးဟိန်းသံက အလွန်အမင်း အားပြင်းလွန်းတဲ့အတွက် လူတိုင်းသူတို့၏ နားစည်တွေ ကွဲထွက်သွားတော့မလို ခံစားလိုက်ရ၏။ ထို့နောက် ဖီနစ်ကလည်း
စူးရှတဲ့ အော်သံတစ်ခု ပြုလုပ်လိုက်သည်။ ထိုပုံရိပ်နှစ်ခုက ကောင်းကင်ပေါ်တွင် စက်ဝိုင်းပုံသဏ္ဍာန်လှည့်ပတ် ပျံသန်းနေခဲ့ကြတဲ့အတွက် လူတိုင်းထိုအခြင်းအရာကို အတိတ်နိမိတ်ကောင်း တစ်ခုအဖြစ် မှတ်ယူလိုက်ကြသည်။
အချိန်တော်တော်ကြာပြီးနောက် နဂါးနှင့်ဖီးနစ်က လိုဏ်ဂူတည်းကို တစ်ပြိုင်တည်း ပြန်ဝင်သွားကြသည်။ထိုပုံရိပ်နှစ်ခုက လိုဏ်ဂူထဲကို ပြန်ဝင်သွားတာနဲ့ ‘‘ဘန်း’’ ဆိုတဲ့ အသံကြီးထွက်ပေါ်လာခဲ့သည်။
မြေပြင်တစ်ခုလုံး လှုပ်ခါသွားခဲ့ပြီး လိုဏ်ဂူကနေ ချီစွမ်းအင်လှိုင်းတွေ ပေါက်ကွဲထွက်လာခဲ့သည်။
ထိုစွမ်းအင် နဂါးနှင့် ဖီးနစ်ပေါ်လာတုန်းက ထွက်ပေါ်လာတဲ့ စွမ်းအင်ထက် ပိုကြီးစွမ်းအားကြီးမား
ပေသည်။ မိုင်းတွင်းနေရာတစ်ခုခုံး တောက်ပသွားခဲ့ပြီး နေရောင်လို စူူးရှတောက်ပတဲ့ အလင်းတန်း
တစ်ခုက မိုင်းတွင်းနေရာတစ်ခုလုံးကို ဖုံးအုပ်သွားခဲ့သည်။
တစ်ခဏအကြာမှာတော့ အလင်းတန်းက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး ချီစွမ်းအင်လှိုင်းတွေလည်း
တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။ ထို့နောက် ပတ်ဝန်းကျင်တစ်ခုလုံး တစ်ဖန်ပြန်လည်
တည်ငြိမ်သွားခဲ့သည်။ လေထဲတွင် ဝဲနေတဲ့မန်ဝူရက မြေအောက်ထဲက လိုဏ်ဂူကို ငုံ့ကြည့်လိုက်သည်။
သူ့မျက်လုံးနှင့် ပါးတွေက တုန်ရီနေခဲ့ပြီး သူ့ဘာသာသူ ရေရွတ်လိုက်သည် ‘‘ ကောင်းကင်အမွေအနှစ်လိုဏ်ဂူလား’’
စိတ်လှုပ်ရှားမှုကြောင့် မနေနိုင်တော့ပဲ ထိုနေရာကို သွားစစ်ဆေးကြည့်လိုက်သည်။ ဒီနေရာ
ကောင်းကင်အမွေအနှစ်လိုဏ်ဂူပဲ ဖြစ်ရမယ်…လုံးဝမမှားနိုင်ဘူး။ အခုအချိန်တွင် လိုဏ်ဂူအပေါ်ဘက် ၃၃မီတာအကွာ၌ ပါးလွှာတဲ့ အကာအရံတစ်ခုရှိနေပြီး လိုဏ်ဂူအတွင်းမှ မြင်ကွင်းအားလုံးကို
အပြင်ကနေ မမြင်ရအောင် ကာဆီးထားလေသည်။ အကာအရံပေါ်မှာတော့ လျှို့ဝှက်ဆန်းကြယ်တဲ့
စာလုံးလေးတွေ ရှိနေခဲ့သည်။
ဒါဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဒီလိုနေရာသေးသေးလေးက ကောင်းကင်အမွေအနှစ်လိုဏ်ဂူကြီးလား။
အိပ်မက်ထဲမှာပဲ ဖြစ်နိုင်လိမ့်မယ်လို့ မန်ဝူရတွေးလိုက်သည် ..တကယ်တော့ ဒီလိုကိစ္စတွေအကုန်လုံးက
သူ့မျှော်မှန်းချက် ပြင်ပမှာပဲဖြစ်သည်။ ကောင်းကင်အမွေအနှစ်လိုဏ်ဂူဆိုတာ ကျင့်ကြံမှုနက်နဲတဲ့
ကျင့်ကြံသူတစ်ယောက် သေဆုံးတဲ့အချိန်တွင် ဖြစ်လာတာပဲဖြစ်သည်။ ထိုနေရာတွင်
သေသွားတဲ့ ကျင့်ကြံသူဘဝတစ်လျှောက်လုံး နားလည်ဆင်ခြင်နိုင်ခဲ့တဲ့ အသိပညာ၊ လျှို့ဝှက်ချက်တွေကို
ထိန်းသိမ်းထားပေသည်။ ဒီလိုကျင့်ကြံသူတစ်ယောက်၏ အသိပညာနားလည်မှုတွေကို လေ့လာ
ဆင်ခြင်နိုင်ဖို့အခွင့်အရေးက တကယ်ကိုမရှိအဖြစ်ပင်။ ထို့ပြင် ထိုလိုဏ်ဂူထဲတွင် မသခင်အချိန်သူ့မှာရှိနေတဲ့ ရတနာတွေလည်း ရှိနိုင်ပေသည်။ ဥပမာအားဖြင့်…ဆေးလုံးတွေနဲ့ လျှို့ဝှက်ရတနာ
တွေပဲဖြစ်သည်။
ကောင်းကင်အမွေအနှစ်လိုဏ်ဂူကို ဖြစ်တည်နိုင်ဖို့ဆိုရင် ထိုကျင့်ကြံသူက ဘယ်လောက်တောင်
သန်မာလိမ့်မလဲ။ နတ်ဘုရားတစ်ပါးဖြစ်တဲ့ အင်မော်တယ်အဆင့်ကို လုံးဝကျော်လွန်နေရပေလိမ့်မည်။
အင်မော်တယ်တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေဆိုတာက ဘာလဲ။ သူတို့တွေကထိုကျင့်ကြံသူတွေအတွက်တော့ ပုရွက်ဆိတ်တစ်ကောင်ထက်မပိုပေ။
ကောင်းကင်အမွေအနှစ်ဆိုတာ လူတိုင်းရယူနိုင်ဖို့ စောင့်မျှော်နေတဲ့ ရတနာတစ်ခုပင်ဖြစ်သည်။
အမွေအနှစ်ကို ရတဲ့ဘယ်သူမဆို အမွေအနှစ်လိုဏ်ဂူကို ဖန်းတီးခဲ့တဲ့ ကျင့်ကြံသူနဲ့ တူညီတဲ့အဆင့်ကို တစ်နေ့ရောက်နိုင်ပေလိမ့်မည်။ ထို့ပြင် ကောင်းကင်အမွေအနှစ်လိုဏ်ဂူကို ဖြစ်တည်စေခဲ့တဲ့
ကျင့်ကြံသူနဲ့ အတူတူသေသွားခဲ့တဲ့ အဆင့်တူကျင့်ကြံသူတွေတောင် အမွေအနှစ်လိုဏ်ဂူထဲတွင် ရှိနေနိုင်ပေသည်။ ဆိုလိုတာကတော့ ထိုကောင်းကင်အမွေအနှစ်လိုဏ်ဂူထဲတွင် အမွေအနှစ်
တစ်ခုထက်မက ရှိနေနိုင်ပေသည်။
မန်ဝူရက ပြောမပြနိုင်လောက်အောင် စိတ်လှုပ်ရှားနေခဲ့သည်။ ဒါပေမယ့် သွေးတိုက်ပွဲဂိုဏ်သားတွေကတော့ သူ့ထက်တောင် ပိုပြီးစိတ်လှုပ်ရှားနေခဲ့သည်။
မြေအောက်ထဲတွင် ဖုန်းကွယ်နေသောအရာက လုံးဝကိုစိတ်ကူးမယဉ်နိုင်တဲ့ ရတနာတစ်ခုဖြစ်နေခဲ့သည်။
ထိုသတင်းက သူတို့သွေးတိုက်ပွဲဂိုဏ်းအတွက်တော့ တကယ်ကိုသတင်းကောင်းတစ်ခုပင်ဖြစ်သည်။
ထို့ပြင် ဟူမန်နှင့်သူ့လက်အောက်ငယ်သားတွေကလည်း ထိုလိုဏ်ဂူက ဒဏ္ဏာရီထဲက ကောင်းကင်အမွေအနှစ် လိုဏ်ဂူဖြစ်ကြောင်းကိုလည်း ခန့်မှန်းမိပေသည်။ ထို့ပြင် ထိုဆန်းကြယ်တဲ့ရတနာကလည်းလိုဏ်ဂူထဲတွင် ရှိနေခဲ့သည်။
ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အခုကိစ္စ၏ သက်ရောက်မှုကိုလည်းသတိပြုမိပေသည်။ အစောပိုင်းတုန်းက
တိုက်ပွဲကြောင့် တစ်ခြားအင်အားစုနှစ်ခုလည်း အခုကိစ္စကို သတိပြုမိသွားလောက်ပေပြီ။ ထို့ကြောင့်
သွေးတိုက်ပွဲဂိုဏ်းက လိုဏ်ဂူက သူ့တို့တစ်ဦးတည်း မောင်ပိုင်စီးမထားနိုင်တော့ပေ။ အကယ်၍
သွေးတိုက်ပွဲဂိုဏ်သား လိုဏ်ဂူကို မောင်ပိုင်စီးဖို့ ကြိုးစားမယ်ဆိုရင် ကျန်တဲ့အင်အားစုနှစ်ခုကပူးပေါင်းပြီး သူ့တို့သွေးတိုက်ပွဲဂိုဏ်းကို သုတ်သင်ကာ လိုဏ်ဂူထဲက အကျိုးအမြတ်ကို
သူတို့နှစ်ဖွဲ့တည်း ခွဲယူပေလိမ့်မည်။
ထိုအကြောင်းကို သိလိုက်တာနဲ့ ဟူမန်က လိုဏ်ဂူကို ညွှန်ပြလိုက်ပြီး အော်လိုက်သည်‘‘ သွားကြ’’
အခြားအင်အားစုနှစ်ခု ရောက်လာပြီး လိုဏ်ဂူထဲက အကျိုးအမြတ် တော်တော်များများအား
ယူဆောင်သွားမှာကို သူစိုရိမ်နေခဲ့သည်။ ထို့ကြောင့် ထိုအင်အားစုနှစ်ခုမရောက်ခင် သူတို့
တတ်နိုင်သလောက် ရအောင် ယူထားရပေမည်။ ကျန်တဲ့အင်းအားစုနှစ်ခုကတော့
ကျန်တဲ့ရတနာတွေကို ယူဆိုတဲ့သဘောပေါ့။
သူအမိန့်ပေးလိုက်တာနဲ့ သွေးတိုက်ပွဲဂိုဏ်က ကျွမ်းကျင်သူ၁၀ယောက်က မန်ဝူရကို သတိအပြည့်နဲ့
ကြည့်ရင်း လိုဏ်ဂူဆီတစ်ဟုန်ထိုး ပြေးသွားလိုက်သည်။ သူတို့လိုဏ်ဂူဆီ သွားနေတဲ့အချိန်
မန်ဝူရက သူတို့ကိုရုတ်တရက် တိုက်ခိုက်မှာကို ကြောက်နေခဲ့သည်။
သူတို့မထင်ထားတာက မန်ဝူရက သူတို့ကို မတိုက်ခိုက်ရုံမက လှောင်ပင်လှောင်ပြောင်လိုက်သေးသည်။
ဒါပေမယ့် မန်ဝူရက မတိုက်ခို်က်တဲ့အတွက် ဟူမန်နှင့်တစ်ခြားသူတွေ အပျော်ကြီးပျော်သွားခဲ့သည်။
ကျွမ်းကျင်သူ၁၀ယောက်က မြေအောက်ထဲက လိုဏ်ဂူဝင်ပေါက်ကို ရောက်ရှိလာခဲ့ပြီး အရှေ့ကို
ဆက်သွားလိုက်သည်။ မန်ဝူရက သူ့တို့လှောင်ပြောင်ဟန်ဖြင့်သာ ဆက်ပြီးကြည့်နေခဲ့သည်။
ကျွမ်းကျင်သူ၁၀ယောက်က အကာအရံကို တိုက်ခိုက်လိုက်တာနှင့်တစ်ပြိုင်နက် အကာအရံက
ရာဘာတစ်ခုအလား ဖြစ်သွားခဲ့ပြီး တိုက်ခိုက်မှုတွေ အကုန်လုံးကို ကျွမ်းကျင်သူ၁၀ယောက်ဆီပြန်ကန်ထွက်သွားစေခဲ့ပြီး သူတို့၁၀ယောက်စလုံးကို လွင့်ထွက်သွားစေခဲ့သည်။ ရုတ်တရက်
တိုက်ခိုက်ခံရမှုကနေ ပြန်လည်သက်သာလာတဲ့ အချိန်မှာတော့ သူတို့၁၀ယောက်စလုံးတုန်လှုပ်အံ့သြမှုအပြည့်နှင့် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။
‘‘ဘာဖြစ်တာလဲ’’ ဟူမန်က ထိုထူးဆန်းတဲ့ မြင်ကွင်းကို တွေ့လိုက်ရပြီးတဲ့အချိန်မှာတော့ သူ့ကိုယ်သူ
တီးတိုးပြောလိုက်သည်။ သူလည်းဝင်ပေါက်ရှေ့ကိုသွားလိုက်ပြီး လိုဏ်ဂူထဲကိုဝင်ဖို့လုပ်လိုက်ပေမယ့်သူ့ဂိုဏ်းသားတွေလိုပဲ သူ့တိုက်ခိုက်မှုက သူ့ဆီပြန်ကန်ထွက်လာခဲ့သည်။
တစ်ခုခု မှားယွင်းနေတယ်လို့ သူသိလိုက်တဲ့အချိန်မှာတော့ သူ့အကြည့်က မန်ဝူရဆီရောက်သွားခဲ့သည်။
ထိုလူအိုကြီး လိုဏ်ဂူနဲ့ပက်သက်ပြီး တစ်ခုခုသိနေတယ်ဆိုတာ သူသိပေသည်။ မဟုတ်ရင်
သူတို့အကာအရံကို တိုက်ခိုက်ဖို့ကြိုးစားနေတဲ့ အချိန်ဘာလို့လှောင်ပြောင်နေမှာလဲ။ ဟူမန်က
လက်သီးဆုပ်လိုက်ပြီး သူခန္ဓာကိုယ်ကို ကိုင်းညွှတ်လိုက်ပြီး‘‘ စီနီယာ၊ ဒီကောင်းကင်အမွေအနှစ်
လိုဏ်ဂူနဲ့ပက်သက်ပြီး ဘာဖြစ်နေတာလဲဆိုတာ ပြောပြပေးလို့ရမလား’’
မန်ဝူရက နှာခေါင်းရှုံ့လိုက်ပြီး ဟူမန်၏တောင်းဆိုချက်ကို လျစ်လျူရှုထားလိုက်သည်။ ကောင်းကင်
အမွေအနှစ်လိုဏ်ဂူပေါ်လာတာနဲ့ တစ်ပြိုင်နက် လုံကျိုင်းရှန်ကို သူဆက်ပြီးအာရုံမစိုက်တော့ချေ။
ပြီးတော့ လုံကျိုင်းရှန်လည်း တော်တော်လေး ခံစားသွားခဲ့ရပြီးပြီဖြစ်သည်။ သူသာ လုံကျိုင်းရှန်ကို
အပြတ်ရှင်းချင်ရင် ကြိုက်တဲ့အချိန် လုပ်နိုင်တယ်လို့ သူ့ကိုယ်သူယုံကြည်ချက် အပြည့်ရှိပေသည်။
ဟူမန်က မျက်မှောင်ကြုံ့လိုက်ပြီး ကြိုးစားပြီးစဉ်းစားတွေးတော ကြည့်လိုက်သည်။ ရုတ်တရက်အဝေးတစ်နေရာကနေ အဝတ်စ တဖျပ်ဖျပ်လှုပ်သံတွေကို ကြားလိုက်ရသည်။
သွေးတိုက်ပွဲဂိုဏ်းက ကျွမ်းကျင်သူတွေ၏ အမူအရာပြောင်းသွားခဲ့ပြီး တစ်ချို့ကခါးသီးစွာနှင့်
ပြောလိုက်သည်‘‘ အရမ်းမြန်လွန်းတယ်….’’ တစ်ခဏအတွင်းမှာပဲ ဝေရှီတုန်းက ကောင်းကင်စံအိမ်၏ အကြီးအကဲ ငါးယောက်ကို ဦးဆောင်ပြီး ရောက်ရှိလာခဲ့သည်။ နောက်တစ်ခဏအတွင်းမှာပဲ
မုန်တိုင်းစံအိမ်က အင်မော်တယ်တက်လှမ်းခြင်းအဆင့် ကျွမ်းကျင်သူတွေကို စံအိမ်သခင်ရှောင်ရို့ဟန်က ခေါင်ဆောင်ပြီး ရောက်ရှိလာခဲ့သည်။ ကောင်းကင်အမွေအနှစ်လိုဏ်ဂူ
ကိုသတိပြုမိလိုက်တဲ့အချိန် အင်အားစုနှစ်ခုစလုံး ထိတ်လန့်သွားခဲ့ရသည်။ အခုအချိန်တွင်
သူ့တို့အကြည့်တွေက အံ့အားသင့်မှု၊ လိုချင်တပ်မက်မှုတွေနဲ့ ပြည့်နေခဲ့သည်။
ဟူမန်တစ်ကိုယ်လုံး ဒေါသကြောင့် တဆတ်ဆတ်တုန်ရီနေခဲ့ပြီး မေးလိုက်သည်
‘‘ဒါက သွေးတိုက်ပွဲဂိုဏ်းရဲ့ မိုင်းတွင်းနေရာလေ။ မင်းတို့ကဘယ်လိုလုပ်ပြီး ကျူးကျော်လာရတာလဲ’’
ဒါပေမယ့် ရှောင်ရို့ဟန်က တည်တည်ငြိမ်ငြိမ်နဲ့ပဲ ဟူမန်၏ မေးခွန်းကို အပြုံးလေးနဲ့တုန့်ပြန်လိုက်သည်
‘‘ ဆရာသခင်ဟူ၊ ငါတို့အင်အားစုတွေက နှစ်ပေါင်းများစွာကြာအောင် အိမ်နီးချင်းတွေအဖြစ်
ရင်းရင်းနှီးနှီးနေလာခဲ့တာလေ။ ငါတို့အားလုံးကို တကယ်ဆိုရင် ရောင်းရင်းကြီးတွေလို့တောင်သတ်မှတ်လို့ရနေပြီ။ ဒီတစ်နေရာမှာ တစ်ခုခုဖြစ်နေတဲ့ အသံကြားတော့ ငါတို့လည်းစိတ်ပူပြီး
ဘာတွေဖြစ်နေလဲဆိုတာ လာစူးစမ်းကြည့်တာလေ။ အဲ့ဒါပုံမှန်ပဲမဟုတ်ဘူးလား။ မင်းရဲ့သွေးတိုက်ပွဲဂိုဏ်းက အကူအညီလိုရင်ပြောနော်။ ငါတို့တတ်နိုင်သရွေ့ အကောင်းဆုံးကူညီပေးမယ်။ငါပြောတာ မှန်တယ်မလား အကြီးအကဲဝေ’’
ရှောင်ရို့ဟန်က ကောင်းကင်စံအိမ်နှင့် ယာယီမဟာမိတ်ဖွဲ့ပြီး သွေးတိုက်ပွဲဂိုဏ်းကို ဖိအားပေးဖို့ကြိုးစားနေတာဖြစ်သည်။ ထိုအချိန်မှာပဲ ဟူမန်၏အမူအရာက အလွန်အမင်း ရုပ်ဆိုးသွားခဲ့ပြီး
အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။ ဝေရှီတုန်းကသဘာတူတဲ့ဟန်နဲ့ ခေါင်းညိတ်လိုက်ပြီး
‘‘ ဆရာသခင်ရှောင် ပြောတာကို တကယ်အမှန်တရားတွေပါပဲ။ ဆရာသခင်ဟူ၊ ဒီနေရာက ဒဏ္ဏာရီထဲက ကောင်းကင်အမွေအနှစ် လိုဏ်ဂူ ဖြစ်မယ်ထင်တယ်။ လိုဏ်ဂူထဲမှာ ဖုံးကွယ်ထားတဲ့
ရတာနေတွေ အများကြီးရှိနေတယ်ဆိုပေမယ့် ကံကောင်းမှုဆိုတာ အန္တရာယ်နဲ့ ဒွန်တွဲလာတာလေ။မင်းရဲ့သွေးတိုက်ပွဲဂိုဏ်းက လူတွေသက်သက်နဲ့ဆိုရင် ဒီနေရာကို ကိုင်တွယ်ဖို့ လူလောက်မှာ
မဟုတ်ဘူး။ လာစမ်းပါကွာ….ငါတို့မင်းကိုကူပြီး ဒီနေရာကိုဘယ်လို ရှာဖွေစူးစမ်းမလဲဆိုတာဆွေးနွေးကြတာပေါ့’’
ဟူမန်ဒေါသထွက်သွားခဲ့ပြီး ပြန်ပြောလိုက်သည်‘‘ ဒီနေရာက ငါ့သွေးတိုက်ပွဲဂိုဏ်းရဲ့ မိုင်းတွင်းနေရာပဲ။ဒီချိတ်ပိတ်ထားတဲ့ နေရာကလည်း ပုံမှန်အားဖြင့် ငါတို့ဟာပဲ။ ဒါပေမယ့် ငါတို့ဒီနေရာကို အကြောင်းကိုမရှင်းပြနိုင်တာကို မင်းတို့က ရှင်းပြနိုင်မယ် ထင်လို့လား။ မင်းတို့ရဲ့အရည်အချင်းနဲ့ ဒီလိုဏ်ဂူထဲကို
ဝင်နိုင်မယ်လို့ ထင်နေတာလား’’
မန်ဝူရက အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်
‘‘ ချိတ်ပိတ်ထားတာကို ငါရှင်းပြလို့ရတယ်’’
ဟူမန်က မန်ဝူရကို ကြောက်ကြောက်လန့်လန့်နဲ့ ခါးသီးစွာကြည့်လိုက်သည်။ ဒါပေမယ့်ပြန်လည်း မပြောရဲပေ။ ရှောင်ရို့ဟန်က ပြုံးလိုက်ပြီး ‘‘ ဆရာသခင်ဟူ၊ မင်းနည်းနည်လေး
စိတ်လျှော့ထားသင့်တယ်။ ဒါက ငါတို့ဆွေးနွေးရမယ့် ကိစ္စပဲလေ’’ အဝေးတစ်နေရာကနေကျွမ်ကျင်သူ လူအုပ်ကြီးက ဘာတွေဖြစ်နေလဲဆိုတာ ကြည့်ဖို့စုဝေးနေကြလေသည်။
ဘယ်လောက်ပဲဝေးဝေး လေနက်ကုန်သွယ်ရေးနေရာကနေဖြစ်ဖြစ် သူတို့ဂိုဏ်း၊ စံအိမ်နေရာကနေပဲဖြစ်ဖြစ် နဂါးနှင့်ဖီးနစ်ပုံရိပ်ကြီး တွေ့မြင်နိုင်လေသည်။ မိုင်းတွင်းနေရာတွင် ဖြစ်ပျက်နေတဲ့
အခြေအနေတွေကို သူတို့မသိပေမယ့် ထိုနေရာမှာသာ တစ်ခုခုထူးခြားတာ ဖြစ်နေခဲ့ရင် သူတို့ဘယ်လိုလုပ်ပြီး သိနိုင်တော့မှာလဲ။ ထို့ကြောင့် နဂါးနှင့် ဖီးနစ်ပုံရိပ်နှစ်ခု ထွက်ပေါ်
လာပြီးနောက် မိုင်းတွင်နေရာကို သွားနေတဲ့သူတို့အရှိန်ကို တိုးမြှင့်လိုက်ကြသည်။ လူအုပ်ထဲမှာ ရောက်နေတဲ့ ရန်ကိုင်လည်း လိုဏ်ဂူဆီကို စိတ်လှုပ်ရှားမှုအပြည့်နဲ့ သွားနေပေမယ့်
သတိလည်းမပြတ်ချေ။ နဂါးနှင့်ဖီနစ်ကို အတိတ်နိမိတ်ကောင်းအဖြစ် မှတ်ယူထားကြသည်။ ထိုပုံရိပ်နှစ်ခုကသာ ထိုနေရာတွင် ရတနာရှိနေတဲ့အကြောင်း ညွှန်ပြနေတာဆိုရင်တော့
မိုင်းတွင်နေရာတွင် တိုက်ပွဲအကြီးကြီးတစ်ခု ဖြစ်ပျက်ပေတော့မည်။ သူ့ရဲ့အခုလက်ရှိကျင့်ကြံခြင်းအဆင့်နဲ့ ဆိုရင် ဝမ်းနည်းစွာနဲ့ပဲ ထိုကျွမ်းကျင်သူတွေကြားက တိုက်ပွဲတွင် ပါဝင်ဖို့မဖြစ်နိုင်သေးပေ။
မိုင်းတွင်းနေရာကနားကို သူရောက်လာတဲ့အချိန်မှာတော့ ထောင်းပေါင်းများစွာသော လူတွေ
စုဝေးနေတာကို တွေ့လိုက်ရသည်။ လူတိုင်း၏ခေါင်းတွေက ဗျိုင်းတစ်ကောင်လို အဝေးတစ်နေရာကို
မျှော်ကြည့်နေပြီး ထိုနေရာတစ်ခုလုံးလည်း ဈေးတစ်ခုလို ဆူညံနေခဲ့သည်။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၄) အင်အားစု၃ခု၏ ဆုံးဖြတ်ချက်
လူအုပ်ကြီးက ဆူညံစွာနဲ့ အရှေ့ကိုသွားနေပေမယ့် အင်အားစုသုံးခု၏ ကျွမ်းကျင်သူတွေရဲ့ ဟန့်တားခြင်းကိုခံလိုက်ရသည်။ သူတို့တွေက သွေးတိုက်ပွဲဂိုဏ်း၏ မိုင်းတွင်းနေရာ ၃ကီလိုမီတာပတ်လည်ကို
အခြားသူတွေအား ဝင်ရောက်ခြင်းမှ တားမြစ်ထားလိုက်သည်။ ရန်ကိုင်က မိုင်းတွင်နေရာ၏ အလယ်ကို
ကြည့်လိုက်တဲ့အချိန်တွင် ကောင်းကင်စံအိမ်က အကြီးအကဲ ငါးယောက်ကို တွေ့လိုက်ရသည်။
သူတို့မျက်နှာတွေက ဒေါသကြောင့်နီရဲနေပြီး တစ်ဖက်နှင့်တစ်ဖက် အပြင်းအထန်း ဆွေးနွေးနေကြသည်။စိတ်လှုပ်ရှားနေတဲ့ အရပ်ရှည်ရှည်နဲ့ လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုအချိန်တွင်
ကျောင်းသားတစ်ယောက်နှင့် တူတဲ့လူတစ်ယောက်က ကိစ္စအားလုံးကို ငြိမ်းငြိမ်းချမ်းချမ်းနှင့် ပြီးဆုံးအောင် ညှိုနှိုင်းဖို့ ကြိုးစားနေခဲ့သည်။ လူအုပ်ကြီးဆီကနေ ဆွေးနွေးသံတိုးတိုးလေးတွေကိုရန်ကိုင်ကြားနေခဲ့ရသည်
‘‘ အရပ်ရှည်ရှည်နဲ့လူက သွေးတိုက်ပွဲဂိုဏ်းက ဟူမန်ဖြစ်ပြီး ကျောင်းတော်သားနှင့် တူတဲ့လူကတော့ မုန်တိုင်းစံအိမ်က စံအိမ်သခင်ရှောင်ရို့ဟန်ပဲ’’
‘‘ဘာလို့ဒီနေမှာ အကြီးအကဲတွေ အများကြီးစုဝေးနေရတာလဲ’’
‘‘ မနက်တုန်းက အကြီးအကဲတွေက ကောင်းကင်အမွေအနှစ် လိုဏ်ဂူကို ရှာတွေ့ခဲ့တယ်လို့ ငါကြားလိုက်ရတယ်’’
‘‘ကောင်းကင်အမွေအနှစ်လိုဏ်ဂူလား’’ သိချင်စိတ်ပြင်းပြနေတဲ့ အသံတစ်သံထွက်ပေါ်လာခဲ့သည်။
ဘာဆိုဘာမျှ မသိတဲ့ရန်ကိုင်ကတော့ သူ့နားကိုသာဆွံ့ထားခဲ့သည်။ ဒါပေမယ့် သူတစ်ယောက်တည်းနားစွင့်နေတာတော့ မဟုတ်ချေ။ လူအုပ်ကြီးထဲက များစွာသော လူတွေကလည်း အာရုံစူးစိုက်ပြီး
နားစိုက်ထောင်နေကြသည်။ နေရာအကြောင်းကို သိတဲ့လူက ပြုံးလိုက်သည်။ သူက ကောင်းကင်အမွေအနှစ်လိုဏ်ဂူနှင့် ထိုလိုဏ်ဂူ၏အကျိုးကျေးဇူးတွေ နဲ့ပက်သက်ပြီး စိတ်လှုပ်ရှားစွာနဲ့
သူသိသမျှအကုန် ပြောပြလိုက်သည်။
ဒါက ဒီလိုကိုး….လွန်ခဲ့တဲ့နှစ်လက အဖြစ်အပျက်ကို ရန်ကိုင်ပြန်စဉ်းစားလိုက်သည်။ ထိုနေရာအောက်တွင်
ယန်အမျိုးအစား ရတနာတစ်ခု ဖုံးကွယ်ထားတယ်လို့ ခံစားမိနေခဲ့တဲ့အတွက် ထိုအကြောင်းကို
ရန်ကိုင်က ဟူမေးအာကို ကျေးဇူးတင်တဲ့အတွက် ပြေားပြပေးလိုက်သည်။ ဒါပေမယ့် ထိုနေရာက
ကောင်းကင်အမွေအနှစ်လိုဏ်ဂူကို ဖုံးကွယ်ထားမယ်လို့တော့ မထင်ထားခဲ့ချေ။ ထိုအချိန်တွင်ရန်ကိုင်ခံစားမိခဲ့တဲ့ ယန်အမျိုးအစား စွမ်းအင်က ကောင်းကင်အမွေအနှစ်လိုဏ်ဂူကို ချိတ်ပိတ်
ထားတဲ့ ချိတ်အစီအရင် တစ်ခုပဲဖြစ်သည်။
ထိုနေရာက သူ့ကျင့်ကြံတဲ့နည်းစနစ်နဲ့ မတော်တဆ ဆက်စပ်နေတဲ့အတွက် ထိုနေရာ၏ မတော်တဆ
ထွက်ပေါ်မှုက ရန်ကိုင်ကိုအကျိုးအများဆုံး ဖြစ်စေခဲ့သည်။ လူအုပ်ကြီးက ထိုအကြောင်းကိုဆက်ပြောနေပေမယ့် ရန်ကိုင်ကဆက်ပြီး နားမထောင်တော့ချေ။ သူဂရုစိုက်တာက
အင်းအားစုကသုံးခုက ထိုနေရာကိုရှာတွေ့ပြီးနောက် နောက်ဘာဆက်လုပ်မလဲဆိုတာကိုပင်ဖြစ်သည်။
ထိုလိုဏ်ဂူကို အင်အားစုတစ်ခုတည်းက မောင်ပိုင်စီးထားဖို့ မဖြစ်နိုင်ချေ။
ဒါပေမယ့် ထိုနေရာကို သွေးတိုက်ပွဲဂိုဏ်း၏ ပိုင်နက်ဖြစ်တဲ့အတွက် လိုဏ်ဂူထဲကအကျိုးအမြတ်တွေကို
အရင်ဆုံးခံစားရမယ့်သူက သွေးတိုက်ပွဲဂိုဏ်းသားတွေပဲ ဖြစ်ပေလိမ့်မည်။ ကောင်းကင်စံအိမ်က စုယန်၊
သွေးတိုက်ပွဲဂိုဏ်းက လုံဂျွန်နှင့် မုန်တိုင်းစံအိမ်က ဖန်ဇီကျိတို့က လိုဏ်ဂူထဲကိုတစ်ပြိုင်တည်းဝင်သွားလိုက်ကြသည်။ နည်းနည်းကြာအောင် စောင့်ပြီးနောက်…..
နေ့တစ်ဝက်လောက် ကြာတဲ့အချိန်မှာတော့ စုယန်၊လုံဂျွန်နှင့် ဖန်ဇီကျိတို့ အစဉ်လိုက်ထွက်လာကြသည်။ သူတို့သုံးယောက်က လိုဏ်ဂူနှင့်ပက်သက်ပြီး သူတို့တစ်ယောက်ချင်းစီ ရှာတွေ့ခဲ့သမျှအား
သက်ဆိုင်ရာ အင်အားစုတစ်ခုစီကို ပြန်သတင်းပို့လိုက်ကြသည်။
ထိုအချိန်တွင် အင်းအားစုသုံးခုက
ကျွမ်းကျင်သူတွေက ဆက်ပြီးဆွေးနွေးကြတော့သည်။ သိပ်မကြာခင်မှာပဲ အဆင့်နိမ့်တပည့်တွေအားလုံးကို စုဝေးဖို့အချက်ပေးလိုက်သည်။ ရန်ကိုင်က ကောင်းကင်စံအိမ်က တပည့်တွေနှင့်အတူအကြီးအကဲငါးယောက်ဆီ လမ်းလျှောက်သွားကြသည်။
‘‘စီနီယာအစ်ကိုရန်’’ ရန်ကိုင်က ဝေရှီတုန်း၏ မိန့်ခွန်းစကားကို နားထောင်နေတဲ့အချိန်တွင်စုမူနှင့်လီယွမ်ရှန်းတို့က သူ့ကိုနှုတ်ဆက်လိုက်ကြသည်။ ရန်ကိုင်က ပြုံးလိုက်သည်
‘‘အိုး၊မင်းတို့လည်းလာတာပဲလား’’ စုမူက ပြန်ပြုံးပြလိုက်ပြီး
‘‘ အခုလိုကိစ္စတွေဖြစ်နေမှတော့ငါတို့လာကြည့်တာက သဘာဝပဲလေ’’ လီယွမ်ရှန်းက မေးလိုက်သည် ‘‘ စီနီယာအစ်ကိုရန်၊
မင်းပျောက်နေတာ ရက်၂၀လောက်တောင် ရှိနေပြီ။ အဲ့အချိန်မှာ စီနီယာကဘယ်ရောက်နေတာလဲ’’
ရန်ကိုင်က ရှင်းပြလိုက်သည်‘‘ ငါအချို့ကိစ္စတွေ ကိုင်တွယ်ဖို့ စံအိမ်ကနေ ခဏထွက်သွားတာ။ဒါပေမယ့် ငါမရှိတဲ့အချိန် ငါနေတဲ့နေရာကို သန့်ရှင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်’’´
လီယွမ်ရှန်းနှင့် အခြားသူတွေ ကြောင်အသွားခဲ့သည်
‘‘ ငါတို့က တဲ့အပြင်ဘက်ကိုပဲ လှည့်ကျင်းခဲ့တာ။
တဲ့အတွင်းပိုင်းကိုတော့ တစ်ခါမှ မသန့်ရှင်းခဲ့ဘူး’’ စုမူက ရယ်လိုက်ပြီး ‘‘အဲ့ကောင်တွေက အိပ်ရာထရင်တောင် ကိုယ့်အိပ်ရာကိုယ်ခေါက်ချင်တဲ့ ကောင်တွေမဟုတ်ဘူး။ မင်းရဲ့တဲ့ကို
ရှင်းလင်းပေးဖို့က ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ’’
‘‘တကယ်လား’’ ရန်ကိုင်ကြောင်အသွားခဲ့သည်။ သူ့တဲကိုတစ်ယောက်မှ မသန့်ရှင်းပေးထားတာ ဘယ်လိုလုပ်ပြီး လုံးဝသန့်ရှင်းနေရတလဲ။ ‘‘တိတ်စမ်း’’ ဝေရှီတုန်းက လေးနက်နေတဲ့မျက်နာနှင့် အော်လိုက်သည်။ စကားတစ်လုံးတည်းနဲ့တင် ကောင်းကင်စံအိမ်က တပည့်၂၀၀၀က
တောက်ပနေတဲ့ မျက်လုံးအစုံနဲ့ သူ့ကိုကြည့်လိုက်ကြသည်။ သူတို့ကိုပြောမယ့်အကြောင်းက ကောင်းကင်အမွေအနှစ် လိုဏ်ဂူအကြောင်း ဆိုတာလူတိုင်းသိနေခဲ့သည်။
ဝေရှီတုန်းက ချောင်ဟန့်လိုက်ပြီး ပြောလိုက်သည်
‘‘ဒီနေရာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေနဲ့
ကောင်းကင်အမွေအနှစ်လိုဏ်ဂူထဲ အခွင့်အရေးတွေကို မင်းတို့သိပြီးလောက်ပြီထင်တယ်။ဒီလောက် အချိန်အကြာကြီး အသက်ရှင်နေထိုင်ခဲ့ပေမယ့် ဒီလူအိုကြီးနဲ့ အခြားသူတွေက
ကောင်းကင်အမွေအနှစ်လိုဏ်ဂူကို တစ်ခါမှမတွေ့ခဲ့ဖူးဘူး။ ကောင်းကင် ဟန်မင်းဆက်မှာတောင် နှစ်ပေါင်းတစ်ထောင်အတွင်း တစ်ခါမှမတွေ့ခဲ့ဖူးဘူး။ ကောင်းကင်အမွေအနှစ်လိုဏ်ဂူကို
ဖန်တီးဖို့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်အဆင့်ထိ ရောက်နေဖို့လိုလဲဆိုတာ ငါမသိပေမယ့် လိုဏ်ဂူထဲမှာတော့ မရေမတွက်နိုင်တဲ့ အဖိုးတန်ရတနာတွေ ရှိနေတယ်ဆိုတာတော့
ငါသိတယ်။ ဝိဉာဉ်ဆေးလုံးတွေ၊ ရှားပါးတဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေ၊ အကာအကွယ်ရတနာတွေ၊
လက်နက်တွေနဲ့ နောက်ဆုံး တန်ဖိုးအကြီးဆုံး ရတနာကတော့ သေဆုံးသွားတဲ့ ကျင့်ကြံသူရဲ့အမွေအနှစ်တွေပဲ’’
လူအုပ်ကြီးတစ်ခုလုံးက ဝေရှီတုန်း၏ မိန့်ခွန်စကားကို နားထောင်ရင်း အသက်ရှုသံကြမ်းတမ်းလာခဲ့သည်။ ဝေရှီတုန်းက ဆက်ပြောလိုက်သည်‘‘ ဒါပေမယ့် ရတနာတွေဆိုတာ အန္တရာယ်တွေနဲ့ဒွန်တွဲနေတတ်တယ်။ အထဲရောက်သွားတာနဲ့ ငါပြောတဲ့စကားကိုမေ့မသွားနဲ့…မင်းလုပ်ခဲ့တဲ့
အမှားသေးသေးလေးတစ်ခုက မင်းအသက်ကို နှုတ်ယူသွားနိုင်တယ်ဆိုတာ သေချာမှတ်ထား’’
ထိုစကားလုံးတွေကြောင့် မီဟုန်းဟုန်းတောက်နေတဲ့ သူတို့ခေါင်းတွေက ရေအေးတစ်ခွက်လောင်းချခံလိုက်ရသည့်အလား လုံးဝအေးချမ်းသွားခဲ့ပြီး သူတို့၏စိတ်ဝိဉာဉ်ကလည်း
တဖြည်းဖြည်း ပိုပြီးတည်ငြိမ်လာခဲ့သည်။
စိတ်ဓါတ်ကျနေတဲ့ မျက်နှာတွေကို မြင်လိုက်ရတဲ့အချိန်မှာတော့ ဝေရှီတုန်းက နှာခေါင်းရှုံှု့လိုက်သည်
‘‘ အဲ့နေရာက အကျိုးကျေးဇူးတွေက လာယူမယ့်သူကိုစောင့်နေတာ။ မင်းတို့မယူရင်
အခြားတစ်ယောက်က ယူသွားလိမ့်မယ်။ မင်းတို့အသက်ကို ရင်းရမယ်ဆိုရင်တောင်
မင်းတို့လိုဏ်ဂူထဲကို ဝင်ချင်သေးလား’’ ဝေရှီတုန်း၏ မိန့်ခွန်းစကားက လူအုပ်ကြီးတစ်ခုလုံးကို
တိတ်ဆိတ်သွားစေခဲ့သည်။ သူ့ရဲ့ခြိမ်းခြောက်နေတဲ့ အကြည်က တပည့်တွေအပေါ် ကျရောက်သွားခဲ့ပြီး ရန်ကိုင်ရှိနေတဲ့ နေရာကိုရောက်လာခဲ့သည်။ ရုတ်တရက် သူ့မျက်လုံးတွေ ကျဉ်းမြောင်းသွာခဲ့ပြီးချက်ချင်းပဲ သူ့နောက်က ကောင်လေးကိုကြည့်လိုက်သည်။အချိတ်တစ်ခဏကြာပြီးနောက် အသံတစ်သံထွက်လာခဲ့သည်‘‘ အကြီးအကဲချုပ်၊ ဒါက
တကယ့်ကို အခွင့်အရေးကောင်းကြီးလေ။ အကယ်၍ ငါတို့သာ ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရရင် ဘယ်လောက်တောင် သနားစရာကောင်းလိမ့်မလဲ။ ဆုံးရှုံးမှုတွေရှိနေမယ်ဆိုရင်တောင်
အခွင့်အရေးတွေကို ငါတို့ဖို့ဖြစ်အောင် လုပ်ရမယ်’’ ‘‘အသေအချာပဲ၊ ဒါကတစ်သက်မှာတစ်ခါပဲရတဲ့အခွင့်အရေးလေ။ ဒီအခွင့်အရေးကို ဘယ်လိုလုပ်ပြီး လက်လွှတ်လို့ဖြစ်ပါ့မလဲ’’
‘‘ငါတို့သွားရမှာပေါ့’’
ကောင်းကင်စံအိမ်တပည့်တွေက နောက်တစ်ကြိမ် တဖြည်းဖြည်း စိတ်လှုပ်ရှားလာခဲ့သည်။
လူအများကြီးက စိတ်အားထက်သန်နေရုံသာမက အမွေအနှစ်၏ဆွဲဆောင်အားကြောင့်ပါ
ဆုံးရှုံးမှုနှင့် အန္တရာယ်တွေနဲ့ရင်ဆိုင်ရတာ ထိုက်တန်သွားပေသည်။ ငှက်တွေကအစာကြောင့်သေသလို လူတွေကလည်း ရတနာကြောင့် သေကြသည်။ ‘‘ကောင်းတယ်’’ ဝေရှီတုန်းက
ကျေနပ်သွားတဲ့အမူအရာနဲ့ ခေါင်းညိတ်လိုက်သည်။ ‘‘ကောင်းကင်စံအိမ်တပည့်တွေဆိုတာ
အန္တရာယ်ကိုမကြောက်သင့်ဘူး။ ရဲစွမ်းသတ္တိနဲ့ တရားမျှတမှု ရှိရမယ်။ မင်းတို့ရဲ့ဆုံးဖြတ်ချက်က ဒီလူအိုကြီးကို တော်တော်လေး ကျေနပ်စေတယ်။ တပည့်တွေအားလုံးငါ့အမိန့်ကို နားထောင်…အသက်၃၀နဲ့အထက်တွေ အခြားတစ်ဖက်ကိုသွား’’
ချက်ချင်းပဲ အသက်၃၀ကျော်တဲ့ တပည့်တွေက အခြားတစ်ဖက်ကို ရွေ့သွားကြသည်။တပည့်စုစုပေါင်း၏ ၄၀ရာခိုင်နှုန်းလောက် လျော့ကျသွားပေသည်။ ဝေရှီတုန်းကအသက်၃၀ကျော်တဲ့ အဖွဲ့ကိုကြည့်လိုက်ပြီး ဝမ်းနည်းစွာနဲ့ ပြောလိုက်သည်
‘‘ လိုဏ်ဂူထဲကို အသက်၃၀ကျော်တဲ့လူတွေ ဝင်လို့မရတဲ့အတွက် မင်းတို့ဝင်လို့မရတော့ဘူး။ အင်မော်တယ်တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေလဲ ဝင်လို့မရဘူး’’
‘‘ဒါဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’’ လူအုပ်ထဲကနေ ငြင်းဆိုသံတွေ ထွက်ပေါ်လာခဲ့သည်။
‘‘အဲ့စည်းမျဉ်းက ငါတို့ချမှတ်ထားတာ မဟုတ်ဘူး။ လိုဏ်ဂူကိုတည်ဆောက်ခဲ့တဲ့ စီနီယာကချမှတ်ခဲ့တာဖြစ်လို့ ငါတို့လိုက်နာရမယ်။ သူမှာလည်း အခုလိုလုပ်ရတဲ့အကြောင်းရှိလို့
လုပ်တာနေမှာပါ’’ ဒုတိယအကြီးအကဲ စုရွှမ်းဝူက အော်ပြောလိုက်သည်။ ဝေရှီတုန်းက ပြောလိုက်ပြန်သည် ‘‘စဦးဒြပ်စင်အဆင့်အောက်က တပည့်တွေ အခြားတစ်ဖက်ကိုသွား’’
လူတစ်အုပ်က အခြားတစ်ဖက်ကို ရွေ့သွားပြန်သည်။
‘‘မင်းတို့က အခုအချိန်မှာ အထဲဝင်လို့ရပေမယ့် ငါတို့ကတော့ မင်းတို့ကို အထဲဝင်ခွင့် မပြုနိုင်သေးဘူး’’ ဝေရှီတုန်းက ထိုအဖွဲ့ကိုစူးစိုက်ကြည့်လိုက်ပြီး‘‘ အထဲကအန္တရာယ်တွေက
မင်းတို့အတွက် အရမ်းများလွန်းတယ်။ မင်းတို့ခွန်အားက တော်တော်လေးနိမ့်နေတာ့အခုအချိန် အထဲဝင်သွားရင် ကိုယ့်သေလမ်းကိုယ်ရှာနေတာနဲ့ အတူတူပဲဖြစ်သွားလိမ့်မယ်’’
ထိုအဖွဲ့က ကိုယ့်အကြောင်းကိုယ်သိပြီး အကြီးအကဲချုပ်ကို ပြန်ပြီးမငြင်းဆန်ရဲပေ။
ထိုကန့်သတ်ချက်နှစ်ခုအောက်တွင် စုစုပေါင်းလူ၃၀၀-၄၀၀လောက်ပဲ ကျန်တော့လေသည်။
ဝေရှီတုန်းက ကျန်ရှိနေတဲ့ လူအုပ်ကြီးကို ကြည့်လိုက်ပြီး‘‘ မင်တို့လိုဏ်ဂူထဲမဝင်ချင်ရင်အခုထွက်သွားလို့ရတယ်။ ငါတို့တွေက မင်းတို့တွေကိုဖိအားပေး ဝင်ခိုင်းမှာမဟုတ်ဘူး။
ဝင်သွားတဲ့သူတွေကလည်း လိုဏ်ဂူထဲမှာ မတော်တဆ သွေသွားခဲ့ရင် ကောင်းကင်စံအိမ်ကိုအပြစ်တင်လို့မရဘူး’’
ဝေရှီတုန်းက အချိန်တော်တော်ကြာအောင် စောင့်နေလိုက်ပြီး နောက်ဆုံးပြုံးလိုက်သည်။
‘‘မင်းတို့တွေက ဝင်သွားဖို့ဆုံးဖြတ်ထားမှတော့ ကောင်းကင်အမွေအနှစ်လိုဏ်ဂူအကြောင်း
ငါသိသလောက် မင်းတို့ကိုပြောပြမယ်’’ သူသိထားတာတွေကလည်း စုယန်ပြန်ပြောပြလို့သိတာဖြစ်တဲ့အတွက် အရမ်းကြီးမနှံ့စပ်ချေ။ သို့ပေမယ့် ဘာမှမသိထားတာထက် စာရင်တော့
နည်းနည်းလေး သိထားတာက ပိုကောင်းပေသည်။
ရန်ကိုင်နားထောင်နေရင်း သိလိုက်တာက လိုဏ်ဂူထဲသူတို့ဝင်သွားတာနဲ့ ကြုံရာကျပန်းနေရာကို
ချပေးခံရမယ်ဆိုတာပင်ဖြစ်သည်။ ကောင်းကင်အမွေအနှစ်လိုဏ်ဂူတွင် ချီစွမ်းအင်အလွန်သိပ်သည်းပြီး
ကျင့်ကြံခြင်းအတွက် လုံးဝကိုသင့်တော်ပေသည်။ ထို့ပြင် လိုဏ်ဂူထဲတွင် အပြင်ကိုပြန်ထွက်ဖို့အတွက်
အထူးထွက်ပေါက်တစ်ခု ရှိလေသည်။ မဟုတ်ရင် အထဲဝင်သွားတဲ့ တပည့်တွေအဖို့ အပြင်ကိုပြန်ထွက်လာနိုင်မည် မဟုတ်ချေ။ ရှင်းပြပြီးနောက် ဝေရှီတုန်းက ပြောလိုက်သည်‘‘ ဒီနေရာကို
သွေးတိုက်ပွဲဂိုဏ်းက အရင်တွေ့တာဖြစ်လို့ လိုဏ်ဂူထဲကိုသူတို့လူ၅၀ အရင်ဆုံးပို့လိမ့်မယ်။နေ့တစ်ဝက်လောက်ကြာရင် ငါတို့ကောင်းကင်စံအိမ်နဲ့ မုန်းတိုင်စံအိမ်ကတပည့်တွေ ဝင်လို့ရပြီ။
အထဲက ထောင်ချောက်တွေကို သေချာသတိထားဖို့ ငါမင်းတို့ကိုသေချာ သတိပေးပြီးသွားပြီနော်။
ပြီးတော့ သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်စံအိမ်က တပည့်တွေကိုလည်း သတိထားသင့်တယ်။မင်းတို့ရတနာတွေ့တဲ့အချိန်ကျရင် ဘယ်သူမှကိုယ့်လောက် ယုံရတာမဟုတ်ဘူး။ အကုန်လုံး
ကိုယ့်နောက်ကျော ဓါးနဲ့ထိုးမယ့်သူတွေချည်းပဲ’’
ထိုစကားကိုကြားလိုက်တာနဲ့ ရတနာကြောင့် တစ်ယောက်နောက်ကျော တစ်ယောက်ပြန်ဓါးနဲ့
ထို့တဲ့အကြောင်း စဉ်းစားလိုက်ရင်း တပည့်တွေရင်ထဲ အေးစက်သွားခဲ့သည်။‘‘ဟုတ်ကဲ့’’
တပည့်တွေက အော်လိုက်သည်။ ‘‘အခုတစ်နေရာရှာပြီး သွားနားနေပြီး လိုဏ်ဂူထဲဝင်ဖို့
ပြင်ဆင်ထားလိုက်။ အချိန်ကျလို့ရှိရင် ငါမင်းတို့ကိုသတိပေးမယ်’’ ထို့နောက် လူအုပ်ကြီးတဖြည်းဖြည်း ကျဲပါးသွားခဲ့ပြီး တပည့်တွေလည်း တစ်နေရာရာ ရှာကာ တင်ပလင်ခွေ ထိုင်နေလိုက်ကြသည်။လီယွမ်ရှန်မျက်နှာက မှိုင်းတေနေပြီး စုမူနဲ့ရန်ကိုင်ကို အားကျစွာနဲ့ကြည့်နေလိုက်သည်
‘‘ သခင်လေးစု၊ စီနီယာအစ်ကိုရန်၊ ငါဝင်လို့မရဘူး…’’ လီယွမ်ရှန်က အခုအချိန်တွင်ခန္ဓာသန့်စင်ခြင်းအဆင့်၉ သာရှိသေးပေသည်။ စုမူကပြုံးလိုက်သည်‘‘ မင်းကိုလေ့ကျင့်တဲ့နေရာမှာ ပျင်းပါလို့ဘယ်သူကပြောလို့လဲ။ မင်းလုပ်သလောက် ရတာပဲလေ။
စီနီယာအစ်ကိုရန်ဆို ဘယ်လောက်ကြိုးစားလဲ ကြည့်လိုက်စမ်း…အစ်ကိုရန်က အခုဆို စဦးဒြပ်စင်အဆင့်တောင် ရောက်နေပြီ။ ဒါနဲ့ စီနီယာအစ်ကိုရန်ကဘယ်အဆင့်ရောက်နေပြီလဲ’’
ရန်ကိုင်က အေးအေးဆေးဆေးပဲ ပြန်ပြောလိုက်သည်
‘‘ စဦးဒြပ်စင်အဆင့်၇’’
စူမူနဲ့လီယွမ်ရှန်းတို့နှစ်ယောက် ရန်ကိုင်ကိုကြည့်ရင်း ကြက်သေသေသွားကြသည်။သူတို့အမူအရာက မွန်းစတားတစ်ကောင်ကို ကြည့်နေသလိုပြီး အချိန်တော်တော်ကြာမှာ
သူတို့နှစ်ယောက်စလုံး အံ့သြထိတ်လန့်ရာမှ အသိပြန်ဝင်လာခဲ့သည်။ ‘‘ငါလည်းမြန်မြန်လေ့ကျင့်ရတော့မယ်…’’ စုမူက စိတ်ဓါတ်ကျစွာနဲ့ ပြောလိုက်သည်။ ထိုအချိန်အတောအတွင်း လီယွမ်ရှန်းက လိမ္မာပါးနပ်စွာနဲ့ ထွက်သွားခဲ့သည်‘‘စီနီယာအစ်ကိုရန်၊
ငါမင်းကိုမနှောက်ယှတ်တော့ဘူး…မင်းလည်းအားဖြည့်ဖို့ အချိန်လိုမှာပေါ့’’
ရန်ကိုင်လည်း ခေါင်းညိတ်လိုက်ပြီး အေးချမ်းတဲ့နေရာတစ်ခုရှာကာ တရားထိုင်နေလိုက်သည်။တင်ပလင်ခွေထိုင်လိုက်ပြီး မျက်လုံးမှိတ်ကာ လိုဏ်ဂူထဲဝင်ရမယ့်အချိန်ကို စောင့်နေလိုက်သည်။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၅) ဝင်ရောက်ခြင်း
ရန်ကိုင်က စိတ်ထဲတွင် တိတ်တဆိတ် ပျော်မြူးနေခဲ့သည်။ ယန်ကျောက်တုံးတွေ ဝယ်လိုက်တာ
တကယ်ကို အရေးပါမယ်ဆို့ သူဘယ်တုန်းကမှ မထင်ထားခဲ့ချေ။ အထူးသဖြင့် ကောင်းကင်
အမွေအနှစ်လိုဏ်ဂူလို အန္တရာယ်များတဲ့ နေရာမျိုးကိုဝင်ရောက်တဲ့ အချိန်မျိုးတွင် တကယ်ကို
အသုံးဝင်ပေသည်။
တရားထိုင်ပြီးနောက် သူ့ဒန်တန်ထဲတွင် ယန်အရည်စက်၅၀ပြည့်ခဲ့လေပြီ။ ထိုပမာဏက
ကောင်းကင်အမွေအနှစ်လိုဏ်ဂူထဲက အန္တရာယ်တွေကို ရင်ဆိုင်ဖို့လုံလောက်သွားပေပြီ။
တရားထိုင်နေစဉ်တွင် တစ်ယောက်ယောက်က သူ့ကိုကြည့်နေတယ်လို့ ခံစားမိသဖြင့်
လှည့်ကြည့်လိုက်ချိန်တွင် သူ့ကိုကြည့်နေတဲ့ စုယန်ကိုတွေ့လိုက်ရသည်။ ချက်ချင်းပဲ
သူ့တို့အကြည့်နှစ်ခုက ပေါင်းစပ်သွားတော့မတတ် ဖြစ်သွားတဲ့အချိန်တွင် စုယန်က သူမ၏
အကြည့်ကို အခြားတစ်ဖက်လွှဲလိုက်သည်။ ထိုအခြင်းအရာကို သတိပြုမိလိုက်တဲ့စုမူက
ရန်ကိုင်ကို တောက်ပတဲ့မျက်လုံးတွေနဲ့ စူးစိုက်ကြည့်ရင်း လက်သီးလက်မောင်း ဆုပ်ပြ
လိုက်သည်။ ရန်ကိုင်က စုမူကိုဂရုမစိုက်ပဲ သူ့အကြည့်ကိုအခြားတစ်နေရာဆီ
ပြောင်းလိုက်သည်။
ရုတ်တရက် သွေးတိုက်ပွဲဂိုဏ်းကနေ အသံတစ်သံကြားလိုက်ရသည်။ ကောင်းကင်အမွေအနှစ်
လိုဏ်ဂူထဲကို သွေးတိုက်ပွဲဂိုဏ်းက လူ၅၀ဝင်ရောက်ဖို့ အချိန်ရောက်လာခဲ့ပြီဖြစ်သည်။
ပုံမှန်အားဖြင့် ထိုသတ်မှတ်ချက်တွေက အင်အားစုသုံးခုက ခေါင်းဆောင်တွေ စုပေါင်းဆွေးနွေးပြီး
သတ်မှတ်ထားတာပဲ ဖြစ်သည်။ သွေးတိုက်ပွဲဂိုဏ်းက ကောင်းကင်အမွေအနှစ်လိုဏ်ဂူကို
တစ်ယောက်တည်း အပိုင်သိမ်းချင်ပေမယ့် အခြားအင်အားစုနှစ်ခု ရှိနေတဲ့အတွက်
သတို့ရဲ့ရည်ရွယ်ချက် အထမမြောက်ခဲ့ချေ။
ထိုနည်းတူစွာပဲ ကောင်းကင်စံအိမ်နှင့် မုန်တိုင်စံအိမ်က ကောင်းကင်အမွေအနှစ်လိုဏ်ဂူထဲက
ရတနာတွေကို လိုချင်ပေမယ့် သွေးတိုက်ပွဲဂိုဏ်းက သူတို့ကိုအလွယ်တကူ ယူသွားခွင့်မပြုချေ။
နောက်ဆုံးဆွေးနွေးမှု ရလဒ်အနေနဲ့ သွေးတိုက်ပွဲဂိုဏ်းက အခြားအင်အားစုနှှစ်ခုကို ငွေသား
တစ်သန်ပေးချေကာ ကောင်းကင်အမွေအနှစ်လိုဏ်ဂူကို အခြားအင်အားစုနှစ်ခုထက်
နေ့တစ်ဝက်စော၍ ဝင်ရောက်ခွင့်ရသွားခဲ့သည်။ သွေးတိုက်ပွဲဂိုဏ်းက အယောက်၅၀ကို
ရန်ကိုင်ကြည့်လိုက်တဲ့အချိန် သူတို့တွေအကုန်လုံးက သွေးတိုက်ပွဲဂိုဏ်း၏ လက်ရွေးစင်
တွေဆိုတာ သိလိုက်သည်။ ထိုနည်းတူစွာပဲ သူတို့တွေကို နေ့တစ်ဝက်စောဝင်ခိုင်းလိုက်တဲ့
အတွက် ကောင်းကင်အမွေအနှစ်လိုဏ်ဂူထဲတွင် ရှိသောရတနာတွေကို ကျန်တဲ့နှစ်ဖွဲ့ထက်
စောပြီး ရှာတွေ့နိုင်လေသည်။
ထူးဆန်းစွာဖြင့် ဟူမေးအာနှင့် ဟူကျောင်းအာတို့ ညီအစ်မနှစ်ယောက်ကို ကျွမ်းကျင်သူ
အယောက်၅၀က စက်ဝိုင်းပုံသဏ္ဍာန် ဝိုင်းရံထားလေသည်။ ညီအစ်မနှစ်ယောက်စလုံးက
အမြွှာတွေအလား ချွတ်စွပ်တူနေခဲ့သည်။ သူတို့နှစ်ယောက်က ဘယ်ယောကျ်ာသားကိုမဆို
ဆွဲဆောင်နိုင်တဲ့ အပျိုဖားဖားလေးတွေပဲဖြစ်သည်။ ထိုညီအစ်မနှစ်ယောက်၏အလှက
ဘယ်ယောကျ်ာသားမဆို သူတို့နှစ်ယောက်၏ အာရုံစိုက်မှုကို ရရှိဖို့အတွက် သူတို့အသက်ကို
ရင်းပြီး သူတို့နှစ်ယောက်ကို ကာကွယ်ပေးနိုင်လောက်ပေသည်။ သဘာဝအားဖြင့်
ထိုမိန်းကလေး နှစ်ယောက်၏ အသည်းနှလုံးကို ပိုင်ဆိုင်နိုင်တဲ့ မည်သည့်ယောကျ်ားသားမဆို
ထိုနှစ်ယောက်အတွက် နောင်တမရပဲ ကျိန်းသေ သေပေးနိုင်လောက်သည်။
အချိန်တစ်ခဏအတွင်းမှာပဲ လူအယောက်၅၀က လိုဏ်ဂူထဲကို ဝင်ရောက်ပြီး ပျောက်ကွယ်သွားခဲ့သည်။
သွေးတိုက်ပွဲဂိုဏ်းက တပည့်တွေ ကောင်းကင်အမွေအနှစ်လိုဏ်ဂူထဲကို ဝင်ရောက်သွားတဲ့အချိန်တွင်
ကောင်းကင်စံအိမ်က တပည့်တွေစိတ်ပျက်အားလျော့သွားခဲ့သည်။ ရုတ်တရက် လိုဏ်ဂူအပေါ်ဘက်ကို
လူတစ်ယောက်က အရှိန်ပြင်းပြင်းနှင့် ရောက်လာခဲ့သည်။
ဟူမန်နှင့်များစွာသော ကျွမ်းကျင်သူတွေက ထိတ်လန့်တကြား ထအော်လိုက်သည်‘‘ဘယ်သူလဲ’’
‘‘ငါပဲ’’ မန်ဝူရက ဒေါသတကြီးအော်လိုက်ပြီး သွေးတိုက်ပွဲဂိုဏ်းက ကျွမ်းကျင်သူတွေကို
စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။ မန်ဝူရက သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး နူးညံ့စွာနဲ့
ပြောလိုက်သည်‘‘ ဒီကိုလာ’’ ဟူမန်နှင့်တစ်ခြားသော ကျွမ်းကျင်သူတွေက နီးကပ်လာတဲ့
ပုံရိပ်ကိုစိုက်ကြည့်နေလိုက်ကြသည်။ ဟူမန်မျှော်လင့်ထားသလိုပဲ သူမကမိန်းမလှလေး
တစ်ယောက်ဖြစ်နေခဲ့သည်။ သူမမျက်နှာကို မျက်နှာကာတစ်ခုနှင့် ကာထားပေမယ့်
သူမ၏ခရစ်စတယ်လို ကြည်လင်နေတဲ့မျက်လုံးအစုံနှင့် သူမ၏ဆွဲဆောင်မှုရှိတဲ့ ကိုယ်လုံးကိုယ်ပေါက်က
သာမန်မိန်းကလေးတွေ ပိုင်ဆိုင်နိုင်တဲ့အရာမျိုး မဟုတ်ချေ။ ဒါပေမယ့် သူမ၏အလှက ဟူမန်ကို
သိပ်ပြီး ထိတ်လန့်မသွားစေပေမယ့် သူမ၏စွမ်းအားကြောင့်တော့ အံ့အားသင့်သွားခဲ့ရသည်။
မမျှော့်လင့်စွာပဲ သူမကအစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေခဲ့သည်။
ဟူမန်က လုံကျိုင်းရှန်ကို အထင်သေးတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်သည်။ လူကြီးက
ကျိန်ဆဲလိုက်သည်‘‘ မင်းရဲ့ကြီးမြတ်လှတဲ့ မြေးလေးက ဘာလုပ်ခဲ့ပြီးပြီလဲ’’
လုံကျိုင်းရှန်က ပြန်မဖြေခဲ့ပဲ ဆရာတပည့်နှစ်ယောက်ကို မုန်းတီးမှုအပြည့်နဲ့ ကြည့်နေလိုက်သည်။
ဒါပေမယ့် သူ့ဒေါသကိုတော့ မဖော်ပြရဲချေ။ မန်ဝူရ၏ခွန်အားက သူ့ထက်အများကြီး သန်မာပေသည်။
သူ့မြေးအတွက် အခုအချိန်မှာသွားပြီး လက်တုန့်ပြန်ရင် အလောင်တောင် မကျန်ပဲ
သေသွားရပေလိမ့်မည်။ လုံဝကိုမျှော်လင့်ချက်မရှိပေ။
ပုံမှန်အားဖြင့် ထိုမိန်းကလေးက ရှနင်းချန်ပဲဖြစ်သည်။ သူမက လေနက်တောင်က ပြန်ရောက်ကတည်းက
ကောင်းကင်စံအိမ်တွင် တံခါးပိတ်ကျင့်နေတာပဲဖြစ်သည်။ မန်ဝူရ၏ညွှန်ကြားချက်ကြောင့် သူမဆရာကို
အပြေးလေးလာတွေ့ခြင်းဖြစ်သည်။ ထို့ပြင် လူထောင်ပေါင်းများစွာ၏ အကြည့်တွေက သူမအပေါ်ကို
ရောက်ရှိလာတဲ့အချိန်တွင် အင်အားကြီးမားတဲ့ အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူက သူမဆရာ
နောက်တွင်ပုန်းနေလိုက်သည်။
‘‘ ငါ့ရဲ့ချစ်တပည့်လေး’’ မန်ဝူရက နူးည့ံ့တဲ့လေသံနဲ့ ပြောလိုက်ပြီး လိုဏ်ဂူကိုလက်ညှိးထိုးပြလိုက်သည်
‘‘ အဲ့နေရာမှာ အခွင့်ကောင်းတွေ အများကြီးရှိတယ်။ ဒါကြောင့် အဲ့ထဲကိုဝင်သွားတော့’’ ရှနင်းချန်က
တက်ကြွစွာနဲ့ ခေါင်းညိတ်လိုက်ပြီး အကာအရံကို တစ်ချက်စစ်ဆေးကြည့်လိုက်သည်။ ထို့နောက်
သူ့မပတ်ဝန်းကျင်ကို တစ်ယောက်ယောက်ကို ရှာနေတဲ့ပုံစံမျိုးနဲ့ လှည့်ပတ်ကြည့်လိုက်သည်။
ကံမကောင်းစွာနဲ့ ညအချိန်ဖြစ်နေတဲ့အတွက် သူမရှာနေတဲ့လူကို ရှာလို့မတွေ့ခဲ့ချေ။
သူမ၏အပြုအမူကို သတိထားမိုလိုက်တာနဲ့ မန်ဝူရက သူမကိုလိုဏ်ဂူထဲဝင်ဖို့ အဆောင်တလျင်
တိုက်တွန်းတော့သည်။ သူမဆရာကိုကို မဆန့်ကျင်ရဲတဲ့အတွက် ရှနင်းချန်က သူမ၏နှုတ်ခမန်းကို
ကိုက်ရင်း နာကျင်နေတဲ့ အမူအရာနဲ့ လိုဏ်ဂူထဲကို ပျံသန်းသွားတော့သည်။
အစကနေအဆုံးထိ သွေးတိုက်ပွဲဂိုဏ်းက မည်သူမျှ ထိုနှစ်ယောက်နဲ့ ပက်သက်ပြီး ဘာဆိုဘာမျှ
မပြောခဲ့ချေ။ ဘယ်သူမှလည်း မန်ဝူရကို မဆန့်ကျင်ရဲချေ။ ထိုနည်းတူစွာပဲ ဝေရှီတုန်းနဲ့
အခြားအကြီးအကဲ ၄ယောက်လည်း ထိုမြင်ကွင်းကိုကြည့်ပြီး ပြောစရာစကားမဲ့သွားခဲ့ရသည်။
ထောက်ပံ့ရေးခန်မကို တာဝန်ဝူထားတဲ့ လူတစ်ယောက်က အခြားအင်အားစုရဲ့ပိုင်နက်တွင်
ဒီလောက်ပိုင်စိုးပိုင်နင်း လုပ်လိမ့်မယ်လို့ မထင်ထားခဲ့ချေ။ သွေးတိုက်ပွဲဂိုဏ်းတစ်ခုလုံး
ရှေ့တွင်တောင် သူ့အမူအရာက လုံးဝကိုတည်ငြိမ်နေခဲ့သည်။ စကားလုံးအနည်းငယ်နဲ့
မန်ဝူရက အင်အားစုသုံးခုကြားက သဘောတူညီချက်ကို ဖျက်ကျော်သွားနိုင်ကာ
ဟူမန်နှင့်အခြားသူတွေဆီက မည်သည့်ကန့်ကွက်သံမှ မကြားရပဲ သူ့တပည့်ကို
ကောင်းကင်အမွေအနှစ်လိုဏ်ဂူထဲကို ဝင်ရောက်သွားစေနိုင်ခဲ့သည်။
ဒါကဘယ်လိုအခြေအနေမျိုးကြီးလဲ…။
ရှောင်ရို့ဟန်လည်း မျက်မှောင်ကြုံ့လိုက်ပြီး သူတွင်လည်း ထိုအဖြစ်အပျက်အတွက် အဖြေမရှိချေ။
‘‘ဆရာသခင်ဟူ၊ ဒါကဘာသဘောလဲ။ ဒါကငါတို့ကြားက သဘောတူညီချက်ကို ချိုးဖောက်လိုက်တာ
မဟုတ်ဘူးလား။ အခုအချိန်မှာ ကောင်းကင်စံအိမ်က တပည့်တစ်ယောက်ကို ဘယ်လိုလုပ်ပြီး
ဝင်ခွင့်ပြုလိုက်ရတာလဲ’’ ရှောင်ရို့ဟန်၏ စကားတွေကိုကြားလိုက်တာနဲ့ ဟူမန်က အပ်တစ်ချောင်းယူပြီး
သူ့ပါးစပ်ကို ထာဝရစကားမပြောနိုင်အောင်သာ ချုပ်ထားလိုက်ချင်မိတော့သည်။ မန်ဝူရက ထင်သလို
လုပ်တတ်တဲ့ လူစားမျိုးဖြစ်တဲ့အတွက် သူ့ကိုသာဆက်ပြီးရန်စမိမယ်ဆိုရင် သူ့ကံကြမ္မာက ကောင်းတာ
ထက်ပိုဆိုးသွားမှာကို ဟူမန်ကြောက်နေမိသည်။ ထို့ကြောင့် သူကမန်ဝူရနဲ့သူတို့ကြားက မကျေနပ်ချက်ကို
အခုကိစ္စနဲပ ကျေအေးပေးစေချင်နေတာဖြစ်သည်။
ဒါပေမယ့် ရှောင်ရို့ဟန်က ပြဿနာတစ်ခုဖန်းတီးလိုက်မယ်လို့တော့ ဘယ်သူကထင်ထားမိမှာလဲ။
ကျေးဇူးတင်စွာနဲ့ပဲ မန်ဝူကရ လှောင်ပြောင်ရုံသာ လှောင်ပြောင်လိုက်ပြီး သူတို့ကိုလျစ်လျူရှုထားလိုက်သည်။
နှစ်ဖက်စလုံးကို ကျေနပ်စေဖို့အတွက် ရှောင်ရို့ဟန်ကျေနပ်လောက်စေမယ့် အကြောင်းပြချက်တစ်ခု
ပေးရုံကလွဲပြီး သူ့တွင်ရွေးချယ်စရာ မရှိတော့ချေ‘‘ တကယ်တမ်းက ကောင်းကင်အမွေအနှစ်လိုဏ်ဂူကို
ဒီကစီနီယာရဲ့ အကူအညီကြောင့် ရှာတွေ့ခဲ့တာ။ ဒါကြောင့်သူ့တပည့်ကို အထဲပို့တော့ ငါတို့လည်း
ဘာမှသွားပြီး အထွန့်တက်လို့မရဘူးလေ။ တကယ်တော့ သူမပါပဲ ငါတို့ပထဆုံးဝင်လို့ရမှာမဟုတ်ဘူး’’
ရှောင်ရို့ဟန်က လှောင်ပြောင်လိုက်ပြီး ‘‘ ဆရာသခင်ဟူက ဒီကိစ္စကိုဘာလို့ ငါတို့ဆွေးနွေးကတည်းက
မပြောတာလဲ’’ ဟူမန်က ပြောစရာစကားမဲ့သွားခဲ့သည်။ သူရှင်းပြဖို့ကြိုးစားခဲ့ပေမယ့်လည်း သူ့မှာ
အကြောင်းပြချက် ကောင်းကောင်းမရှိခဲ့ချေ။ သူကိုယ်တိုင်တောင် မန်ဝူရ၏စိတ်ဆန္ဒကို လျစ်လျူမရှုရဲချေ။
ရှောင်ရို့ဟန်က ထိုကိစ္စကိုဆက်ပြီး ဖိအားပေးလိုက်သည်‘‘ ဆရာသခင်ဟူ…ဒါငါတို့မုန်တိုင်စံအိမ်ကို
အနိုင်ကျင့်နေတာလား။ ကောင်းကင်စံအိမ်ကတပည့်ကျတော့ ဝင်ခွင့်ပြုပြီး ငါတို့ကျတော့ ဝင်ခွင့်မပြုဘူး။
မင်းနှစ်ဖက်စလုံးကို မျှမျှတတဆက်ဆံသင့်တယ်’’
‘‘မဟုတ်တုတ်ကတွေ’’ ဟူမန်ကဒေါသတကြီး ကျိန်ဆဲလိုက်သည်။
သူပတ်ပတ်လည်ကို လှည့်ကြည့်လိုက်တဲ့အချိတါင် လိုဏ်ဂူထဲကိုမဝင်ရသေးတဲ့ သွေးတိုက်ပွဲဂိုဏ်း၏
နောက်ဆုံးတပည့်တစ်ယောက်ကို တွေ့လိုက်ရတဲ့အတွက် အမြန်အဆန်ပဲ အော်ခေါ်လိုက်သည်
‘‘ မင်ဘယ်သူပဲဖြစ်ဖြစ် ဝင်လို့မရတော့ဘူး။ မင်းနေရာကို ဒီကစီနီယာရဲ့တပည့်ကိုပေးလိုက်တော့’’
လိုဏ်ဂူထဲဝင်ခွင့်ကို လွှဲပြောင်းပေးလိုက်ရတဲ့တပည့်ကတော့ လုံကျိုင်းရှန်၏မြေး လုံဂျွန်ပဲဖြစ်သည်။
ကောင်ကင်အမွေအနှစ်လိုဏ်ဂူဆိုတာမျိုးက တစ်ဘဝလုံးမှာမှ တစ်ခါလောက်ပဲရတဲ့ အခွင့်အရေး
ဖြစ်တဲ့အတွက် လိုဏ်ဂူထဲကို ဝင်ရမယ့်အချိန်မှာတော့ လုံဂျွန်က တော်တော်လေး စိတ်လှုပ်ရှားနေခဲ့သည်။
လိုဏ်ဂူကိုဖြစ်တည်စေခဲ့တဲ့ ကျင့်ကြံသူ၏နားလည်သဘောပေါက်မှုတွေနဲ့ သိုင်းပညာရပ်တွေကို
သူဆက်ဆံခွင့်ရဖို့ မျှော်လင့်နေတာပဲဖြစ်သည်။ ဒါပေမယ့် သူလိုဏ်ဂူထဲကိုမဝင်ရသေးခင်မှာပဲ
ဟူမန်၏အမိန့်စကားက သူ့နားထဲပျံ့လွင့်လာခဲ့သည်။ ကောင်လေးက ချက်ချင်းပဲသူ့အဖိုးက
အသနားခံတဲ့ မျက်လုံးနဲ့ကြည့်လိုက်သည်။ ကံမကောင်းစွာပဲ လုံကျိုင်းရှန်က သူ့မျက်လုံးတွေကို
ပိတ်လိုက်ပြီး အသက်ပြင်းပြင်းရှုကာ အားမပါ့တပါနဲ့ ပြောလိုက်သည်‘‘ ဆရာခင်ဟူပြောသလိုပဲ
လုံဂျွန် မင်းနေ့တစ်ဝက်ထပ်ပြီး စောင့်လိုက်’’
လုံဂျွန်အံကြိတ်ပြီး တိုးတိုးလေပြောလိုက်သည်‘‘`ဟုတ်ကဲ့ပါ’’
ဒေါသထွက်နေတဲ့ ဟူမန်က ရှောင်ရို့ဟန်ကို စိုက်ကြည့်လိုက်သည်‘‘ဆရာသခင်ရှောင်၊
မင်းကျေနပ်ပြီမလား။ ဒီစီနီယာတပည့်ရဲ့နေရာကို သွေးတိုက်ပွဲဂိုဏ်းက တပည့်တစ်ယောက်ရဲ့
နေရာနဲ့ အစားထိုးပေးလိုက်ပြီ’’ ရှောင်ရို့ဟန်လည်း မျက်မှောင်ကြုံ့ပြီး နှာခေါင်းရှုံးရင်
ထွက်သွားလိုက်သည်။ သူထိုကိစ္စနဲ့ပက်သက်ပြီး ဟူမန်ကိုဆက်ပြီး ဖိအားမပေးချင်တော့ပေ။
ဝေရှီတုန်းက ဟူမန်ကိုတောက်ပနေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ရင်း ‘‘ ကြည့်ရတာ ဟူမန်က
ဘဏ္ဏာထိန်းမန်ကို တော်တော်လေး ကြောက်နေတဲ့ပုံပဲ’’
စုရွှမ်းဝူက ရယ်လိုက်ပြီး‘‘ ငါတို့အားလုံးသူ့ရဲ့စွမ်းအာကို အထင်သေးမိပြီထင်တယ်’’
ဟူမန်က သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဆင်မြန်းထားလိုက်ရင်း မန်ဝူရိကို ကြည့်လိုက်သည်
‘‘စီနီယာ၊ ဒီကိစ္စကိကျေနပ်ရဲ့လား’’ မန်ဝူရက ဟူမန်၏အမေးကို ထူးဆန်းတဲ့အပြုံးနဲ့ ပြန်တုန့်ပြန်လိုက်သည်
‘‘ငါကျေနပ်ပါတယ်။ ဒါပေမယ့် ငါတပည့်ပြန်ထွက်လာတဲ့အချိန်မှာ သူမကိုဘယ်သူတွေက ရန်စပါတယ်
ဆိုပြီးငါ့ကိုပြန်ပြောလို့ကတော့ ငါ့အပြုအမူတွေက ရန်လိုတယ်လို့ မင်းမပြောဖို့ငါမျှော်လင့်တယ်’’
ဟူမန်၏အမူအရာ ချက်ချင်းပဲ ပြောင်းလဲသွားခဲ့သည်။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုကို
ဆင်မြန်းထားပေမယ့်လည်း သူ့စိတ်ထဲတွင်တော့ မန်ဝူရကို တော်တော်လေး ဒေါသထွက်နေခဲ့သည်။
အသက်မပါတဲ့ ရယ်သံနဲ့ရယ်လိုက်ပြီး‘‘ မပြောပါဘူး’’ ဟူမန်က သူ့ဘာသူတွေးလိုက်သည်။
ဘုရားရေ…သူတို့အားလုံးအထဲဝင်သွားရင် မိန်းကလေးကို လေးလေးစားစား ဆက်ဆံဖို့
ငါအားလုံးကိုပြောပြထားရတော့မယ်။ ငါတို့သူမကို ဘယ်အန္တရာယ်မှ တွေ့စေလို့မဖြစ်ဘူး။
ထို့ကြောင့် နောက်ထပ်တုန့်ဆိုင်းမနေတော့ပဲ ဟူမန်က ကျန်နေတဲ့ သွေးတိုက်ပွဲဂိုဏ်းသားတပည့်
တွေကိုသတိပေးလိုက်သည်။ မန်ဝူရ၏ အလွန်ကိုလွှမ်းမိုးနိုင်စွမ်းကြီးမားတဲ့ ပုံစံကိုမြင်တွေ့နေရတဲ့အတွက်
ကောင်းကင်စံအိမ်တပည့်တွေ အကုန်လုံးအံ့အားသင့်သွားခဲ့သည်။ အမြတ်ကြီးစား ခေါင်းပုံဖြတ်တတ်တဲ့
ထောက်ပံ့ရေးခန်းမ ခေါင်းဆောင်က အရမ်းကိုးစွမ်းအားကြီးတဲ့ လူတစ်ယောက်ဖြစ်လိမ့်မယ်လို့
သူတို့တစ်ယောက်မှ မထင်ထားခဲ့ချေ။ အကြီးအကဲချုပ်ဖြစ်တဲ့ ဝေရှီတုန်းတောင် ဟူမန်ကို
ထိုကဲ့သို့နာခံအောင် လုပ်နိုင်စွမ်းမရှိချေ။
တစ်ခဏကြာပြီးနောက် ထိုနေရာက တစ်ဖန်ပြန်လည် တည်ငြိမ်သွားခဲ့သည်။ အားလုံးက ကျင့်ကြံနေရာမှာပဲ
ဆက်ပြီး အာရုံစိုက်နေပြီး လိုဏ်ဂူထဲကိုဝင်လို့ရမယ့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။ သူတို့အားလုံး
လိုဏ်ဂူပိုင်ရှင်၏ အမွေအနှစ်ကို ဆက်ခံနိုင်ဖို့ မျှော်လင့်နေကြသည်။ အခြားတစ်ဖက်မှာတော့ ဝေရှီတုန်းက
ပိုပြီးမျှော်လင့်နေခဲ့သည်။ ‘‘ အထဲရောက်လို့ အမွေအနှစ်ကို ရသွားတဲ့သူက ငါတို့ကိုကျော်လွန်ပြီး
အရမ်းကို အားကောင်းလွန်းတဲ့ ကျွမ်းကျင်သူတစ်ယောက် ကျိန်းသေဖြစ်လာလိမ့်မယ်’’ ‘‘အဲ့လို
မျှော်လင့်ရတာပဲ….’’
လရောင်မှိန်မှိန်လေးက ပတ်ဝန်းကျင်တစ်ခွင် ဖြန်းပက်နေပြီး ညလေပြေကလည်း အချိန်နှင့်အတူ
ဆက်ပြီးတိုက်ခတ်နေဲ့သည်။ ရုတ်တရက် အင်အားစုသုံးခုက ကျွမ်းကျင်သူတွေက တပည့်တွေကို
အထဲဝင်ဖို့ အချိန်ကျလာပြီဖြစ်ကြောင်း သတိပေးလိုက်သည်။ အဖွဲ့တစ်ခုလုံး လိုဏ်ဂူထဲကိုဝင်ဖို့
အချိန်ကျလာပြီဖြစ်သည်။ ကောင်းကင်စံအိမ်ကအဖွဲ့ကိုတော့ စုယန်နှင့်ရှဲ့ဟုန်ချန်က ဦးဆောင်ခဲ့သည်။
သူတို့နောက်မှာတော့ တပည့်နှစ်တန်းက အစီအစဉ်တကျ လိုက်လာခဲ့သည်။ သူတို့အားလုံး
လိုဏ်ဂူထဲကို ဝင်သွားပြီး ပျောက်ကွယ်သွားခဲ့သည်။
ရန်ကိုင်နှင့်စုမူက ဘေးချင်းကပ် လမ်းလျှောက်နေပြီး ရန်ကိုင်က ဘေးဘက်ကိုစောင်းကြည့်လိုက်တဲ့
အချိန်တွင် စုမူကကစိုးရိမ်ပူပန်စွာနဲ့ သူ့လက်နှစ်ဖက်ကို ပွတ်သပ်နေတာကို တွေ့လိုက်ရသည်။
‘‘ ငါတို့နှစ်ယောက် နေရာတစ်ခုတည်းကို အတူတူကျသွားခဲ့ရင်….’’ စုမူကတိုးတိုးလေး ပြောလိုက်သည်။
‘‘မျှော်လင့်ရတာပဲ။ ဒါပေမယ့် အကြီးအကဲချုပ်ပြောတာကတော့ လိုဏ်ဂူထဲကိုဝင်သွားတာနဲ့
တစ်ယောက်ချင်းစီကို ကျပန်းနေရာဆီ ပို့ပေးလိမ့်မယ်တဲ့။ ငါတို့နှစ်ယောက် တစ်နေရာတည်းမှာ
ကျမယ့်ပုံမပေါ်ဘူး’’ ‘‘စီနီယာအစ်ကိုရန်၊ လိုဏ်ဂူထဲမှာရှိတာ ဘာအမွေအနှစ်လဲဆိုတာ မင်းသိလား’’
‘‘ငါဘယ်လိုလုပ်ပြီး သိမှာလဲ’’ ‘‘အထဲမှာ ဘာအန္တရာယ်တွေ ရှိလဲဆိုတာကော မင်းသိလား’’
‘‘မသိဘူး…’’
‘‘ငါအခုတော်တော်လေး စိုးရိမ်နေတယ်’’
အစကတော့ ရန်ကိုင်လုံးဝကို မစိုးရိမ်ခဲ့ချေ။ ဒါပေမယ့် သူစုမူကိုပြောနေတုန်းမှာပဲ သူ့ရင်ထဲ
အလိုလို တင်းကြပ်သွားခဲ့သည်။ သူတို့အလှည့်ရောက်တဲ့အချိန်တွင် ရန်ကိုင်၏အမြင်အာရုံ
ကျုံ့သွားခဲ့သည်။ အကာအရံကို ဖြတ်သန်းပြီးနောက် သူဘာတွေ့ကြံုတွေ့ရမလဲဆိုတာကို
ရန်ကိုင် တကယ်သိချင်နေမိသည်။ သူအထဲကို ဝင်သွာတဲ့အချိန်တွင် သူ့ခြေထောက်အောက်၌
ပန်းပွင့်တစ်ပွင့်ကို တွေ့လိုက်ရသည်။ လေဟာနယ်ထဲတွင် သူတစ်ယောက်တည်း ရှိနေခဲ့သည်။
ပန်းပွင့်ကလည်လာပြီး ရုတ်တရက် ပျောက်ကွယ်သွားတဲ့အချိန်တွင် သူလည်းပြုတ်ကျလာခဲ့သည်။
အဖြစ်အပျက်တစ်ခုလုံး မျက်တောင်တစ်ခတ် အတွင်းဖြစ်ပျက်သွားခဲ့ပြီး ကွင်းပြင်ပေါ်ကို သူဖြေးညှင်းစွာ
ကျဆင်းလာခဲ့သည်။ အပြင်ဘက်မှာလို ကောင်းကင်ပြာကြီးရှိနေပေမယ့် တိမ်၊နေ၊လ၊ကြယ်တို့ကိုတော့
မတွေ့ရချေ။ သူ့အပေါ်ဘက်မှာတော့ အနက်ရောင် ပေါ်တယ်ကြီးတစ်ခုရှိနေခဲ့သည်။