အခန်း (၁၃၁-၁၃၅)
Vol. 6 Ch. 131-135
အပိုင်း (၁၃၁) ရွှေကျောက်တုံးကလေးငယ်
ရန်ကိုင်ကလက်သီးက ကျောက်တုံးရုပ်ထုပေါ်ကို ကျသွားပြီး ကျောက်စကျောက်စလေးတွေကို
ပဲ့ထွက်လာစေခဲ့သည်။ ဒါပေမယ့် ကျောက်တုံးရုပ်ထုဆီမှ မည်သည့် တုန့်ပြန်မှုကိုမှ မရရှိခဲ့ချေ။
ရန်ကိုင် နောက်တစ်ကြိမ် ကြိုးစားကြည့်လိုက်ပြီး သူ့ယန်ချီတွေကို ကျောက်တုံးရုပ်ထုက စုပ်ယူ
သွားတာကို သတိပြုမိလိုက်သည်။
လက်သီးချက် အနည်းငယ်ထိုးပြီးနောက် ကျောက်တုံးရုပ်ထုကနေ အနီရောင်မှိန်မှိန်လေး
လင်းလာတာကို တွေ့လိုက်ရသည်။ ရုတ်တရက် ကျောက်တုံးရုပ်ထုလက်က ဖြေးဖြေးချင်း
လှုပ်ရှားလားပြီး ရန်ကိုင်လည်း ထိန်လန့်တုန်လှုပ် သွားခဲ့သည်။
ထိုကျောက်တုံးရုပ်ထုက သူ့ယန်စွမ်းအင်တွေကို စွမ်းအင်အရင်းအမြစ်အဖြစ် စုပ်ယူနေတာပဲဖြစ်သည်။
ကံကောင်းစွာဖြင့် ကျောက်တုံးရုပ်ထုက ယန်စွမ်းအင်အနည်းငယ်သာ စုပ်ယူရပေးသေသည်။
မဟုတ်ခဲ့ရင် ကျောက်တုံးရုပ်ထုက သာမန်ကျောက်တုံးရုပ်ထုတွေထက် ပိုပြီးမြန်မြန်ဆန်ဆန်
လှုပ်ရှားနိုင်မှာပဲဖြစ်သည်။ ရန်ကိုင်က ထိုအချက်ကို နားလည်သွားတာနဲ့ သူ့တိုက်ခိုက်မှုတွေကို
မရပ်လိုက်ရုံမက ပိုပြီးပြင်းထန်လာစေခဲ့သည်။ မင်းမလှုပ်နိုင်ခင်မှာပဲ ငါမင်းကိုဖျက်စီးနိုင်မလား
ကြည့်ရတာပေါ့။ ရန်ကိုင်မျက်လုံးတွေက ခေါင်းမာမှု အရိပ်အယောင်တွေနဲ့ တလက်လက်
တောက်ပနေခဲ့သည်။ သူ့လက်သီးတစ်ခုလုံး သွေးတွေနဲ့စိုရွှဲနေရင်တောင် ရန်ကိုင်က ရပ်နား
လိုက်ခြင်းမရှိပေ။
ကျောက်တုံးရုပ်ထုက ယန်စွမ်းအင်တွေကို ပိုပြီးစုပ်ယူလေ ထိုကျောက်တုံးရုပ်ထု၏ လှုပ်ရှားမှုတွေက
ပိုပြီးမြန်ဆန်လာလေဖြစ်သည်။ နောက်ဆုံး လက်တစ်ဖက်ကို မြှောက်တင်နိုင်ခဲ့ပြီး ရန်ကိုင်ကို
ရိုက်ချဖို့လုပ်လိုက်သည်။
ဒါပေမယ့် ကျောက်တုံးရုပ်ထု၏ ရင်ဘတ်က ရန်ကိုင်၏ အဆက်မပြတ် တိုက်ခိုက်မှုကြောင့်
အက်ရာတွေနဲ့ ပြည့်နေခဲ့သည်။ ကျောက်တုံးရုပ်ထုက ရန်ကိုင်ကို ရိုက်ချလိုက်ပေမယ့် ရန်ကိုင်ကတော့
သူ့တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ခဲ့သည်။ ကျောက်တုံးရုပ်ထု၏ လက်ဝါးချက်ကြောင့် ဖုန်တွေ
တထောင်းထောင်းပျံ့လွင့်လာခဲ့ပြီး ရန်ကိုင်ကိုတစ်ကိုယ်လုံး ရှုပ်ပွသွားခဲ့ရသည်။
ချက်ချင်းပဲ ရန်ကိုင်က မီးတောက်တွေနဲ့ ဖုံးလွှမ်းနေတဲ့ လက်သီးနှစ်လုံးနဲ့ ကျောက်တုံးရုပ်ထုကို
ထိုးချလိုက်သည်။ ရန်ကိုက်လက်သီးကြောင့် ကျောက်တုံးရုပ်ထု ရင်ဘတ်တွင် အက်ကြောင်းကြီးတွေ
ထွက်ပေါ်လာခဲ့ပြီး ကျောက်တုံးအပိုင်းအစ လေးတွေပဲ့ကြွေလာခဲ့သည်။ ထို့နောက် ကျောက်တုံး
ရုပ်ထုတစ်ခုံး အက်ရာတွေနဲ့ ပြည့်လာခဲ့ပြီး နောက်ဆုံးတစ်စစီဖြစ်သွားကာ ကျောက်တုံးပုံကြီးအဖြစ်
ပြောင်းလဲသွားတော့သည်။ ကျောက်တုံးပုံကြီးထဲမှာတော့ သူကျောက်တုံးကလေးငယ်(ကျောက်တုံး
ကလေးလေး) တစ်ခုကို တွေ့လိုက်ရသည်။ သူဒီနေရာတွင် အချိန်တော်တော် ဖြုန်းမိသွားခဲ့ပြီဖြစ်သည်။
သူမြှားခေါ်သွားတဲ့ ကျောက်တုံးရုပ်ထုများ၏ ခြေသံတွေကို ကြားလိုက်ရသည်။
ရန်ကိုင် အမူအရာမဲမှောင်သွားခဲ့ပြီး ကျောက်တုံးကလေးငယ်ကို သူ့အကျီင်္ရင်ဘတ်ထဲထည့်ကာ
ချက်ချင်းပြေးထွက်သွားတော့သည်။ ရန်ကိုင်က စက်ဝိုင်ပုံပတ်ပြေးလိုက်ပြီး အဖွဲ့သားတွေ
ရှိတဲ့နေရာကို ပြန်ရောက်လာခဲ့သည်။ သူရောက်လာတဲ့အချိန် ဒူရီရွှမ်းက ဝမ်းသာတသာနဲ့
ဆီးကြိုပြောလိုက်သည်‘‘ ရန်ကိုင် ငါတို့ကျောက်တုံးကလေးငယ် တစ်ခုရခဲ့တယ်’’
‘‘ ဟဲဟဲ …ငါ့ကံသိပ်မဆိုးသေးတဲ့ပုံပဲ’’ ရန်ကိုင်ကို လန်းချူးတျယ်ကို မကြည့်မိအောင် ရှောင်ရှား
လိုက်ပြီး ရယ်လိုက်သည်။ ဒါပေမယ့် ကောင်မလေးက ရန်ကိုင်လက်သီး သွေးချင်းနီနေတာကို
တွေ့လိုက်ရတဲ့အခါမှာတော့ စိုးရိမ်စွာနဲ့ သူ့လက်ကိုကိုင်လိုက်ပြီး မျက်မှောင်ကြုံ့ကာ မေးလိုက်သည်
‘‘ဘယ်လိုလုပ်ပြီး ဒဏ်ရာရလာတာလဲ’’
သူမပုံစံက အဖွဲ့သားတွေကို တကယ်ဂရုစိုက်တဲ့ပုံစံမျိုးနဲ့ ရန်ကိုင်ကို နူည့ံ့သိမ်မွေ့စွာနဲ့ မေးလိုက်သည်။
ရန်ကိုင်က သူ့လက်ကို ချက်ချင်းပြန်ရုတ်ုလိက်သည် ‘‘ငါ့နောက်ကို လိုက်တဲ့ကျောက်တုံးရုပ်ထုတွေက
များလွန်းတော့ ငါလည်းနည်းနည်းလောက် ပြန်တိုက်ပြီး ထွက်ပြေးလာလိုက်ရတာ’’
လန်ချူးတျယ်လည်း တစ်ခဏတာလောက် ကြောင်အသွားခဲ့ပြီး သူမအမူအရာကို ပြန်ထိန်းကာ
ပြုံးပြလိုက်သည်‘‘ နင်လုံခြံုနေသရွေ့ အဆင်ပြေပါတယ်’’
‘‘ အချိန်မဖြုန်းတော့ပဲ ကျောက်တုံးကလေးငယ်တွေကို ခွဲဝေယူပြီး ငါတို့ခွန်အားကို မြှင့်တင်ဖို့
ကြိုးစားရမယ်’’ ကျိုးအန်က ပြောလိုက်သည်။ လန်ချူးတျယ်က ခေါင်းညိတ်လိုက်ပြီး ‘‘အင်း’’
ထို့နောက် သူမကကျောက်တုံးကလေးငယ်၅ခုကို ထုတ်လိုက်ပြီး ရှေ့တွင်ချထားလိုက်သည်။
ကျောက်တုံးကလေးငယ်လေး၅ခုထဲတွင် ရှိနေတဲ့ သွေးနီရောင် သွေးကြောအရေအတွက်က
အတူူတူပင်ဖြစ်သည်။ ထို့ကြောင့် ထိုငါးခုစလုံးက အဆင့်တူသိုင်းပညာရပ်တွေပဲဖြစ်သည်။
ကျောက်တုံးကလေးငယ်ကို မလေ့လာပဲ ဘယ်ကျောက်တုံးကလေးငယ်ထဲမှာ ဘယ်လို
သိုင်းပညာရပ်မျိုးရှိတယ်ဆိုတာ ဘယ်သူမှသိလိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် သူ့တို့၏
ဆုံးဖြတ်ချက်က ကံတရားပေါ်မူတည်နေပေသည်။
လူတိုင်းအကြည့်က ကျောက်တုံးကလေးငယ်၅ခုပေါ်တွင် ကောက်ကပ်သလို ကပ်နေခဲ့သည်။
သူ့တို့ရရှိမယ့် အကျိုးအမြတ်က ကံပေါ်မူတည်နေပေသည်။ သို့ရာတွင် သူတို့ရရှိတဲ့
သိုင်းပညာရပ်က အခြားသူတွေ ရရှိတဲ့သိုင်းပညာရပ်တွေထက် ပိုပြီးအဆင့်နိမ့်နေရင်တောင်
ထိုသိုင်းပညာရပ်က မြေကမ္ဘာအဆင့်သိုင်းပညာရပ်ဖြစ်နေပေသေးသည်။
‘‘ကဲ ..ဘယ်သူအရင်ဆုံး ရွေးမလဲ’’ နီယုံက စိတ်အားထက်သန်စွာနဲ့ မေးလိုက်သည်။
သူအရင်းရွေချယ်ချင်ပေမယ့် စိတ်ထဲမှာပဲ ထားတာကောင်းပေသည်။ ‘‘ဂျူနီယာ
မောင်လေးရန်က အရင်ဆုံးရွေးသင့်တယ်လို့ ငါထင်တာပဲ။ တကယ်တော့
သူ့အန္တရာယ်အများဆုံးအလုပ်ကို တာဝန်ယူပြီး ဒဏ်ရာတွေတောင် ရခဲ့သေးတယ်လေ’’
လန်ချူးတျယ်က ရန်ကိုင်ကို ပြုံးပြလိုက်သည်။
ဘယ်သူအရင်ဆုံး ရွေးချယ်ရမယ်ဆိုတာ အရေးမပါပေ။ တကယ်တော့ အရင်ဆုံးရွေးတဲ့လူကလည်း
အကောင်းဆုံး သိုင်းပညာရပ်ကို ရမယ်ဆို့မဆိုလိုပေ။ နောက်ဆုံးရွေးတဲ့ လူအတွက်လည်း အတူူတူပင်။
ထို့ကြောင့် ဘယ်သူအရင်ဆုံးရွေးရွေး ကိစ္စမရှိပေ။ ဒါပေမယ့် လန်ချူးတျယ်က သူ့ကိုယ်သူ
အားလုံးအမြင်တွင် တရားမျှတတဲ့ပုံစံဖြစ်အောင် ရန်ကိုင်ကို အရင်ဆုံးရွေးချယ်ခိုင်းတာဖြစ်သည်။
အဲ့လိုမှပဲ အခြားသူတွေက သူမအပေါ် အမြင်ကောင်းမှာလေ။
ရန်ကိုင်ကကော သူမအတွေးတွေကို ဘယ်လိုလုပ်ပြီး မသိပဲနေပါလိမ့်မလဲ။ သူက
ယဉ်ကျေးစွာနဲ့ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်‘‘ မိန်းကလေးလန်က အခုလိုပြောနေမှာတော့
ငါပဲအရင်ဆုံး ရွေးရတော့မှာပေါ့’’ ရန်ကိုင်ကို ကျောက်တုံးကလေးငယ်တစ်ခုကို ကောက်ယူလိုက်ပြီး
နောက်ဆုတ်လိုက်သည်။ လန်ချူတျယ်နဲ့ အခြားသူတွေက ခွန်အားအရ အစဉ်လိုက်ရွေးယူကြသည်။
‘‘ငါတို့အားလုံး သိုင်းပညာတစ်ခုစီ ရွေပြီးပြီးဆိုတော့ နေရာတစ်ခုရှာပြီး အရင်လေ့ကျင့်ကြတာပေါ့။
တစ်ရက်ကြာရင် ငါတို့ဒီနေရာမှာ ပြန်တွေ့ကြမယ်’’ လန်ချူတျယ်က အဖွဲ့သားတိုင်းကို ပြောလိုက်သည်။
လူတိုင်းခေါင်းညိတ်လိုက်ပြီး သီးခြားနေရာတစ်ခုစီကို ထွက်ခွါသွားကြသည်။ ရန်ကိုင်ကို စိုးရိမ်နေတဲ့
ဒူရီရွှမ်းက သူ့ပုခုံးကိုပုတ်လိုက်ပြီး‘‘ ရန်ကိုင်…နင့်ဒဏ်ရာတွေကို ငါပတ်တီးစီးပေးမယ်လေ’’
ရန်ကိုင်ကိုလည်း မငြင်းဆန်ခဲ့ချေ‘‘ ကျေးဇူးပါ’’
ဒူရီရွှမ်းက ရန်ကိုင်ကို ပတ်တီးစီးပေးဖို့ လိုအပ်တဲ့အတွက် အခုနေရာတွင် ရန်ကိုင်နှင့်ဒူရီရွှမ်းသာ
ရှိတော့သည်။ ‘‘နင့်သိုင်းပညာရပ်ကို အရင်စစ်ဆေးကြည့်လိုက်လေ…နင့်အတွက် အသုံးမဝင်ရင်
ငါနဲ့လဲလို့ရတာပေါ့။ ငါအတွက် မြေကမ္ဘာအဆင့် သိုင်းပညာရပ်တွေကို မလိုအပ်ဘူး’’
ရန်ကိုင် ပြုံးလိုက်သည်‘‘ မလိုပါဘူး….မြေကမ္ဘာအဆင့် သိုင်းပညာရပ်ဆိုမှာတော့ အားလုံး
အတူတူပဲဖြစ်မှာပါ’’ ရန်ကိုင်ကိုလက်ကို ပတ်တီးစီးပေးပြီးတာနဲ့ သူမမတ်တပ်ရပ်လိုက်ပြီး
‘‘ငါလည်း ရထားတဲ့သိုင်းပညာရပ်ကို သွားလေ့လာလိုက်ဦးမယ်။မနက်ဖြန်မှ ပြန်တွေ့ကြတာပေါ့’’
သူမ၏နောက်ကျောကိုကြည့်ရင်း ရန်ကိုင်ပြောလိုက်သည်‘‘ နောက်ပိုင်းပြဿတွေဖြစ်လာခဲ့ရင်
အဖွဲ့ထဲက ငါထွက်သွားမယ်ဆိုတာ နင်သိတယ်မလား’’ ဒူရီရွှမ်းက ပြန်မဖြေခဲ့ချေ။ အဲ့ဒီအစား
စိတ်ထဲမှာပဲ တိတ်တဆိတ် ပြောလိုက်သည် …ငါသိတယ်။
လူတိုင်းထွက်သွားပြီးနောက် ရန်ကိုင်က သီးခြားနေရာတစ်ခုကိုရှာကာ သူ့အကျီင်္ထဲက
ကျောက်တုံးကလေးငယ်၂ခုကို ထုတ်လိုက်သည်။ ရန်ကိုင်က သူ့လက်ထဲက ကျောက်တုံး
ကလေးငယ်၂ခုကို ကြည့်လိုက်ပြီး ပြုံးလိုက်သည်။ သူရှာတွေ့ခဲ့တဲ့ ကျောက်တုံးကလေးငယ်က
သူရွေးယူလာခဲ့တဲ့ ကျောက်တုံးကလေးငယ်နှင့် ယှဉ်ရင်တော်တော်လေး ခြားနားပေသည်။
သူရှာတွေ့ခဲ့တဲ့ ကျောက်တုံးကလေးငယ်တွင် သွေးကြေားများစွာ ပိုရှိရုံမက အရောင်ကလည်း
ရွှေရောင် တောက်နေခဲ့သည်။
သိုင်းပညာရပ်က ဘယ်အဆင့်လောက် ဖြစ်မလဲမသိဘူး….ရန်ကိုင် စဉ်းစားတွေးတောလိုက်သည်။
လန်ချူးတျယ်ပြောပုံအရဆို သွေးကြော၃၀က မြေကမ္ဘာအဆင့််သိုင်းပညာရပ်ကို ဆိုလိုပေသည်။
ထို့ကြောင့် ရွှေရောင်ကျောက်တုံးကလေးငယ်ထဲမှာ ရှိတဲ့သိုင်းပညာရပ် မြေကမ္ဘာအဆင့်မြင့်
ဖြစ်နိုင်သလို ထို့ထက်တောင်ပိုမြင့်နိုင်ပေသည်။ ပိုမြင့်တဲ့အဆင့်ဆိုတော့ ကောင်းကင်အဆင့်
များဖြစ်နိုင်မလား။
ရန်ကိုင်က ထိုဖြစ်နိုင်ချေကို တွေးမိလိုက်တဲ့အချိန် သူ့အသက်ရှုသံ မြန်ဆန်လာပြီး ကြမ်းတမ်း
လာခဲ့သည်။ ကျောက်တုံးရုပ်ထုတွေကို မြှားခေါ်လိုက်တဲ့တာဝန်ကို သူယူလိုက်တာ
တကယ်ကို မှန်ကန်ပေသည်။ သူလုပ်ရတာနဲ့ ရတဲ့ဆုလဒ်က တကယ်ကို ထိုက်တန်ပေသည်။
ဒါပေမယ့် ဘယ်သိုင်းပညာရပ်ကို အရင်ဆုံးကျင့်ကြံရမလဲ...ရန်ကိုင်စဉ်းစားလိုက်ပြန်သည်။
သူရခဲ့တဲ့ ပိုအဆင့်မြင့်တဲ့သိုင်းပညာရပ် ကျင့်ကြံဖို့ပိုပြီး အချိန်လိုအပ်ပေသည်။ သူ့မှာ
အချိန်တစ်ရက်သာ ရှိတဲ့အတွက် ထိုပညာရပ်ကို လေ့ကျင့်ဖို့ သူ့တွင် အချိန်လုံလောက်
လိမ့်မည်မဟုတ်ချေ။ ရန်ကိုင်က သူ့အာရုံကို ပိုပြီးအဆင့်နိမ့်တဲ့ သိုင်းပညာရပ်ဆီ ပြောင်းလိုက်သည်။
အခုအချိန်တွင် အရေးကြီးဆုံးက သူ့ခွန်အားကို တတ်နိုင်သမျှ မြင့်တင်ဖို့ပင်ဖြစ်သည်။
သို့မှာသာ အခုလို အန္တရာယ်များတဲ့နေရာတွင် အသက်ရှင်နိုင်ချေ ပိုပြီးမြင့်မားလာမှာပဲ
ဖြစ်သလို ရတနာတွေ ရှာတွေ့နိုင်ချေကလည်း ပိုပြီးမြင့်မားလာမှာပဲ ဖြစ်သည်။
ထို့နောက် ရန်ကိုင်က အဆင့်နိမ့်သိုင်းပညာရပ်ကို စတင်ပြီးအာရုံစိုက်လိုက်သည်။ သူ့ချီစွမ်းအင်ကို
ကျောက်တုံးကလေးငယ်ထဲကို ထည့်သွင်းလိုက်ပြီး ကျောက်တုံးကလေးငယ်ထဲ ချီစွမ်းအင်
စီးကြောင်းတွေကို မှတ်သားထားလိုက်သည်။ ၂နာရီလောက် ကြာတဲ့အချိန်မှာတော့ ရန်ကိုင်က
ချီစွမ်းအင်စီးကြောင်းတွေကို အပြည့်အဝ မှတ်သားထားပြီးသွားခဲ့လေပြီ။ ဒါပေမယ့်
သူမျက်လုံး ဖွင့်လိုက်တဲ့အချိန်မှာတော့ ကျောက်တုံးကလေးငယ်က ဖုန်အဖြစ်ပြောင်းလဲ
သွားတာကို တွေ့လိုက်ရသည်။
ရန်ကိုင်က ကျောက်တုံးကလေးငယ် ပျက်စီးသွားတဲ့ ကိစ္စနဲ့ပက်သက်ပြီး သူ့ကိုယ်သူဆက်ပြီး
စိတ်အနှောက်အယှတ် မခံပေ။ သူလိုချင်တာကို ရပြီးသွားခဲ့ပြီဖြစ်သည်။ ဒါပေမယ့် အခုအချိန်တွင်
ကျောက်တုံးကလေးငယ်တွေက သိုင်းပညာရပ်တစ်ခုကို လူတစ်ယောက်ကိုပဲ သင်ယူခွင့်
ပြုတယ်ဆိုတာ သိသွားခဲ့ပြီဖြစ်သည်။
ရန်ကိုင်ကို မတ်တပ်ရပ်လိုက်ပြီး ကျောက်တုံးကလေးငယ် ထဲကသူမှတ်သားထားတဲ့
ချီစွမ်းအင်စီးကြောင်းအတိုင်း သူ့ချီစွမ်းအင်တွေကို လှည့်ပတ်လိုက်သည်။ သိုင်းပညာရပ်ကို
ပထမဆုံးအကြိမ် စလေ့ကျင့်တာဖြစ်တဲ့အတွက် သူမျှော်လင့်ထားသလိုပဲ သိုင်းပညာရပ်ကို
အသုံးပြုလို့မရခဲ့ချေ။ ဒါပေမယ့် ထိုအတွက်ကြောင့် သူသွေးကြောင်မသွားခဲ့ချေ။ ချက်ချင်းပဲ
နောက်တစ်ကြိမ် ဆက်ပြီးလေ့ကျင့်နေလိုက်သည်။
အကြိမ်အနည်းငယ်လောက် လေ့ကျင့်ပြီးတဲ့အချိန်မှာတော့ ရန်ကိုင်က သွေးကြေား၃၀ထဲမှာရှိတဲ့
ချီစွမ်းအင် စီးဆင်းပုံနှင့် နေသားကျသွားပြီဖြစ်သည်။ သူ့လက်သီးက တဖြည်းဖြည်း အားကောင်း
လာတာကို သူခံစားမိနေခဲ့သည်။ နောက်ဆုံးမှာတော့ ရန်ကိုင်လည်း ယုံကြည်ချက်ရှိလာခဲ့ပြီး
သူ့စွမ်းအား အားလုံးကို တိုက်ခိုက်မှုတွင် အာရုံစိုက်ထားလိုက်သည်။ သူ့လက်သီးကို
ခပ်တင်းတင်းဆုပ်လိုက်ပြီး သူ့လက်သီးစွမ်းအားကို အကောင်းဆုံးဖြစ်အောင် ဆက်ပြီး
လေ့ကျင့်နေလိုက်သည်။ ရုတ်တရက် မြေကြီးပေါ်ကို သူထိုးချလိုက်သည်။
ဘန်း…ပေါက်ကွဲမှုအသေးစားလေး တစ်ခုအလား မြေပြင်တစ်ခုလုံး တုန်ဟီးသွားခဲ့သည်။
သိုင်းပညာရပ်၏ စွမ်းအားကို မြင်တွေ့လိုက်ရတဲ့အချိန်မှာတော့ ရန်ကိုင်သူ့မျက်လုံးကိုတောင်
သူမယုံကြည်နိုင် ဖြစ်သွားခဲ့ရသည်။
ဒါကဘယ်လိုသိုင်းပညာရပ်မျိုးကြီးလဲ…အရမ်းအားမကောင်းလွန်းနေဘူးလား။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၂) ရေချိုးခြင်း
ဒီသိုင်းပညာရပ်က ရန်ကိုင်ဘဝတစ်လျှောက်လုံး ပထမဆုံး လေ့ကျင့်ဖူးတဲ့ သိုင်းပညာရပ်
တစ်ခုဖြစ်သည်။ အခုအချိန်တွင် သူ့တစ်ဘဝလုံး တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲများတွင် သူ့ဒန်တန်ထဲရှိ
ယန်အရည်စက်ကိုသာ အားကိုးခဲ့သည်။ ဒါပေမယ့် ထိုနည်းလမ်းက ယန်အရည်စက်တွေကို
အလျင်အမြန် ကုန်ဆုံးစေတဲ့အတွက် သိပ်ပြီးအကျိုးမဖြစ်ပေ။ ထိုနည်းတူစွာပဲ ယန်အရည်စက်ကို
အသုံးပြုတဲ့နည်းလမ်းက သိုင်းပညာရပ်တစ်ခု၏ အသုံးဝင်မှုကို မယှဉ်ပြိုင်နိုင်ချေ။ အခုသိုင်းပညာရပ်က
အလွန်အမင်း စွမ်းအားကြီးတယ်ဆိုတာကို သက်သေပြီးပြီဲဖြစ်ပေမယ့် အနာဂတ်ကျရင်
ပိုပြီးစွမ်းအားကြီးလာပြီး သူ့အတွက်ပိုအသုံးဝင်လာမယ်ဆိုတာ သိပေသည်။
ပုံမှန်အားဖြင့် ထိုသိုင်းပညာရပ်ကို သူပိုလေကျင့်လေ သိုင်းပညာရပ်နှင့် ပိုပြီးရင်းနှီးလေ…သိုင်းပညာရပ်၏
အစစ်အမှန်စွမ်းအာကို ပိုပြီးထုတ်သုံးနိုင်ချေ များလာလေဖြစ်သည်။ အရင်ဆုံးလုပ်ဖို့လိုတာက
သူ့တိုက်ခိုက်နှုန်းကို တိုးမြှှုင့်ဖို့ပင်ဖြစ်သည်။ မတ်တပ်ရပ်နေပြီး စွမ်းအင်တွေကို သူ့လက်သီးမှာစုစည်းနေတာ
တကယ်ကို လက်တွေ့မကျပေ။ ဒါပေမယ့် တိုးတက်ဖို့ကတော့ အချိန်လိုပေသည်။ အလျင်လိုတာ
မကောင်းပေ။ ရန်ကိုင် အသက်ပြင်းပြင် တစ်ချက်ရှိုက်လိုက်ပြီး အစောပိုင်းတုန်းက အကြောင်း
ပြန်တွေးလိုက်သည်။
ရန်ကိုင်က မြေကြီးပေါ်က ဖုန်မှုန့်တွေကိုကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။ ကျောက်တုံးရုပ်ထုက
သိုင်းပညာရပ်ကို သူ့ကိုပေးခဲ့ပေမယ့် နာမည်ကိုတော့ မပေးခဲ့ပေ။ ထို့အတွက် ရန်ကိုင် မျက်မှောင်
ကြုံ့လိုက်ပြီး နာမည်တစ်ခုစဉ်းစားလိုက်သည်။ (နေမီးတောက်ပေါက်ကွဲခြင်း) ဆိုရင် မဆိုးဘူး…..
သွေးကြော၃၀က ချီစွမ်းအင်တွေကို စုစည်းပြီး ပေါက်ကွဲစေနိုင်တဲ့ တိုက်ကွက်တစ်ခုကို ထုတ်ဖော်
လိုက်တဲ့အချိန် ထိုတိုက်ကွက်ထိမှန်တဲ့လူက တကယ်ကို ပြင်းပြင်းထန်ထန် ခံစားသွားရပေလိမ့်မည်။
ဒါပေမယ့် ထိုသိုင်းပညာရပ်ကို သူ၃ကြိမ်သာ ထုတ်သုံးနိုင်ပေလိမ့်မည်။ ၃ကြိမ်ထုတ်သုံးပြီးတာနဲ့
သူ့သွေးကြောတွေထဲမှာရှိတဲ့ ချီစွမ်းအင်တွေ ကုန်ဆုံးသွားပေလိမ့်မည်။
(၁ သွေးနီရောင်ယန်ဓါးသွား= ၁ယန်အရည်စက်
၁ ယန်အရည်စက်သည် ခန္ဓာကိုယ်ထဲတွင်ရှိသော ယန်စွမ်းအင်အကုန်လုံးကို ပြန်ဖြည့်ပေးနိုင်သည်
၁ ယန်အရည်စက်=၃ကြိမ်( နေမီးတောက်ပေါက်ကွဲခြင်း ) )
အစောပိုင်းတုန်းက သူလှောင်ပြောင်ခံရ၊ ခြိမ်းခြောက်ခံနေရတဲ့အချိန် သူ့အစွမ်းတွေကို
ထုတ်မပြရဲချေ။ ဒါပေမယ့် အခုအချိန်မှာတော့ သူ့ဒန်တန်ထဲက ယန်အရည်စက်တွေ
ကုန်ဆုံးသွားမှာကို စိတ်ပူစရာမလိုတဲ့အတွက် ကျန်တဲ့သူတွေကို သောက်ဂရုစိုက်စရာ
မလိုတော့ပေ။ တစ်ဖွဲ့လုံးနဲ့တိုက်ခိုက်ရင် ချီစွမ်းအင်ကုန်ဆုံးသွားမှာကို စိတ်ပူစရာမလိုတော့ချ။
သူ့တွင်ရှိသော ယန်အရည်စက်တွေကြောင့် နေမီးတောက်ပေါက်ကွဲခြင်းပညာရပ်ကို
အဆက်မပြတ် အသုံးပြုနိုင်လေသည်။ ထို့ကြောင့် အခုလို သိုင်းပညာရပ်တစ်ခု ရလိုက်တာ
သူ့အတွက် အရမ်းကိုအကျိုးများသွားလေသည်။ နေမီးတောက်ပေါက်ကွဲခြင်း ပညာရပ်ကို
ရလိုတာ သူ့တကယ်ကို ကံကောင်းသွားခဲ့ပေသည်။ ထို့နောက် ရန်ကိုင်က တစ်နေ့လုံး
သိုင်းပညာရပ်လေ့ကျင့်ရင်း၌သာ အချိန်ကုန်ဆုံးစေခဲ့သည်။
ရန်ကိုင်ကို နေမီးတောက်ပေါက်ကွဲခြင်း ပညာရပ်ကို ထပ်ခါတလဲလဲ လေ့ကျင့်ရင်း သူ့ကျွမ်းကျင်မှုကို
တိုးတက်အောင် ကြိုးစားနေလိုက်သည်။ တစ်ရက်ကြာပြီးနောက် ရန်ကိုင်က နေမီးတောက်ပေါက်ကွဲခြင်း
ပညာရပ်ကို ကျွမ်းကျင်မှု အသေးစားအဆင့်ထိရောက်အောင် လေ့ကျင့်နိုင်ခဲ့သည်။ ဒါပေမယ့်
ချိန်းထားတဲ့နေရာကို ပြန်သွားဖို့ရှိနေသေးတဲ့အတွက် လေ့ကျင့်နေတာကို ရပ်လိုက်ရသည်။
သူပြန်လာတဲ့အချိန် နီယုံကလွဲပြီး လူတိုင်းမျက်နှာတွင် ကျေနပ်နေတဲ့ အရိပ်အယောင်ကို
တွေ့လိုက်ရသည်။ နီယုံကလွဲပြီး လူတိုင်းသိုင်းပညာရပ်ကောင်းကောင်းကို ရခဲ့တဲ့ပုံပေါ်လေသည်။
နီယုံတစ်ယောက်တည်း မကျေမနပ်နဲ့ ကျိန်ဆဲနေခဲ့သည်။ သူရခဲ့တဲ့ သိုင်းပညာရပ်က ကြာပွတ်
သိုင်းပညာရပ်တစ်ခုဖြစ်သည်။ ထို့ကြောင့် ထိုသိုင်းပညာရပ်က သူ့အတွက် လုံးလုံးအသုံးမဝင်ခဲ့ချေ။
ဒူရီရွှမ်းက ရန်ကိုင်ကိုကြည့်ပြီး ပြုံးကာ‘‘ အဲ့ကောင်စုတ်က သူနဲ့ထိုက်တန်တာကို ရသွားခဲ့ပြီ။
သူ့ကိုယ်သူပဲ အပြစ်တင်ရမယ်’’ လန်ချူးတျယ်က စကားနည်းနည်းလေး ပြောလိုက်ရုံနဲ့
နီယုံတစ်ဖန်ပြန်ပြီး တက်ကြွလာခဲ့သည်။ အဖွဲ့သားငါးယောက်စလုံး နောက်တစ်ကြိမ ်
လမ်းလျှောက်ကြပြန်သည်။ ဒါပေမယ့် သူတို့လမ်းလျှောက်နေစဉ်တွင် ရန်ကိုင်က
ယန်ကျောက်တုံးအိတ်ကို ဆက်ပြီးမသယ်လာတာကို လန်ချူးတျယ်က သတိပြုမိလိုက်သည်။
‘‘နင်သယ်လာတဲ့ ယန်ကျောက်တုံးတွေက ဘာဖြစ်သွားတာလဲ’’
ရန်ကိုင်က မရေမရာပဲ ပြန်ပြောလိုက်သည်‘‘ငါလွှင့်ပစ်လိုက်ပြီ’’
နီယုံက ရန်ကိုင်၏ တစ်သီးတစ်ခြားဖြစ်နေတဲ့ ပုံစံကိုမြင်ပြီး ချဉ်သွားခဲ့သည်။ ထို့နောက် နီယုံက
နှာခေါင်းရှုံ့လိုက်ပြီး‘‘ နောင်တရတာ နောက်ကျလွန်းနေပြီ’’ ရန်ကိုင်အဖို့ နီယုံနဲ့
ဖက်ပြိုင်နေဖို့ ပျင်းလွန်းနေခဲ့သည်။ တကယ်တော့ ယန်ကျောက်တုံးတွေအကုန်လုံးကို
သူကိုယ်တိုင်ပဲ စုပ်ယူခဲ့ပြီးသွားပြီလေ။
ဒီနေရာတွင် နေ၊လ၊တိမ်၊ကြယ်တွေ မရှိတဲ့အတွက် အချိန်ဘယ်လောက် ကုန်ဆုံးသွားပြီလဲဆိုတာ
ရန်ကိုင် မပြောနိုင်ချေ။ ဒါပေမယ့် ကျောက်တုံးတိုင်နေရာက ထွက်ဖို့နှစ်ရက်လောက် လမ်းလျှောက်
လိုက်ရတယ်ဆိုတာတော့ သူခန့်မှန်းမိပေသည်။
လမ်းတစ်လျှောက် အင်းအားစုသုံးခုက တပည့်အလောင်းတွေကို သူတို့တွေ့ခဲ့ရသည်။
အလောင်းအရေအတွက် နဲ့ အစောပိုင်းနေရာက ဖုံးကွယ်နေတဲ့ အန္တရာယ်တွေက
သူတို့သတိမပြတ်ဖို့ သတိပေးနေခဲ့သည်။ နေရာအသစ်ကို တွေ့လိုက်တာနဲ့ သူတို့တစ်ဖွဲ့လုံး
ခဏတာလုံခြုံမှုကို ခံစားလိုက်ရသည်။ ထို့ပြင် တောအုပ်ထဲမှာဖြစ်တဲ့အတွက် ဝိဉာဉ်ဆေးပင်
အရေအတွက်က နည်းပါးလိမ့်မည် မဟုတ်ချေ။
တောအုပ်ထဲကို ဖြတ်လျှောက်သွားရင်း တစ်ဖွဲ့လုံး သတိမပြတ် နိုးကြားနေခဲ့သည်။ တစ်ခဏတာ
လမ်းလျှောက်ပြီးနောက် ကျိုးအန်က မျက်မှောင်ကြုံ့လိုက်ပြီး မြေပြင်ကိုအာရုံစိုက်လိုက်သည်။
မြေကြီးပေါ်တွင် ခြေရာများစွာ ရှိနေခဲ့သည်။ ခဏကြာပြီးနောက် ကျိုးအန်က အံ့အားတသင့်
ပြောလိုက်သည်‘‘ ဒီနားကနေ သိပ်မကြာသေးခင်ကပဲ အဖွဲ့အကြီးကြီးတစ်ခုခုဖြတ်သွားတယ်’’
နီယုံက ပျော်ရွှင်စွာနဲ့ ပြောလိုက်သည်‘‘ငါတို့စံအိမ်ကတပည့်တွေများ ဖြစ်နိုင်မလားမသိဘူး’’
ကျိုးအန်က မျက်မှောင်ကြုံ့လိုက်ပြီး‘‘ ဖြစ်သလို ကောက်ချက်ချမနေနဲ့ဦး။ အင်အားစုသုံးခုက
လူတွေပဲ ကောင်းကင်အမွေအနှစ်လိုဏ်ဂူထဲမှာရှိတယ်ဆိုတာ မင်းသေချာလို့လား’’
ကျိုးအန်၏ စကားလုံးတွေကို ကြားလိုက်ပြီးနောက် အဖွဲ့တစ်ခုလံး ခြောက်ခြားသွားခဲ့ရသည်။
နှစ်တစ်ထောင်လောက် ချိတ်ပိတ်ထားခံရတာတောင် ဘယ်လိုလူကများ ဒီလိုနေရာမှ
နေနိုင်တာလဲ။ ကျိုးအန်က ချက်ချင်းပဲ လူတိုင်းတည်ငြိမ်သွားအောင် ကြိုးစားလိုက်သည်
‘‘ ငါမစဉ်းစားပဲ ပြောလိုက်မိတာ ။ အခုတွေ့နေရတဲ့ ခြေရာတွေက အင်းအားစုသုံးခုက
တပည့်တွေရဲ့ ခြေရာတွေဖြစ်နိုင်တယ်’’
‘‘အဲ့ဒါဆိုလည်း သူတို့နောက်ကလို လိုက်ကြတာပေါ့။ အကယ်၍ ငါတို့သာ
မိန်းကလေးစု ဒါမှမဟုတ် စီနီယာအစ်ကိုရှဲ့တို့အဖွဲ့နဲ့ တွေ့နိုင်မယ်ဆိုရင်
သူတို့ငါတို့ကို ကာကွယ်ပေးနိုင်လိမ့်မယ်’’
လန်ချူးတျယ်က မျက်မှောင်ကြုံ့လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ အခုအဖွဲ့ထဲမှာရှိတဲ့လူတွေက
သက်ဆိုင်ရာ အင်အားစုတွင်ရှိသော အားအကောင်းဆုံးတပည့်တွေ မဟုတ်သေးပေ။ သူမက
ခေါင်းဆောင်ရာထူးကို ရထားပေမယ့်လည်း ကောင်းကင်စံအိမ်က ပိုပြီးအားကောင်းတဲ့လူတွေ
နောက်ကိုသာလိုက်ရရင် သူမအဖို့ ပိုပြီးဘေးကင်းနိုင်ပေသည်။
‘‘အဲ့လိုဆိုရင်လည်း သွားကြစို့’’
ခြေရာအတိုင်းလိုက်ရင်း မြေကြီးပေါ်တွင် ပိုများတဲ့ခြေရာတွေကို သူတို့တွေ့လာရသည်။
နေ့တစ်ဝက်လောက် ကြာတဲ့အချိန်မှာတော့ ရေကန်သေးသေးလေးတစ်ခုကို သူတို့
တွေ့လိုက်ရသည်။ ရေကန်ဘေးတွင် ခြေရာများစွာရှိနေခဲ့သည်။ ခြေရာများစွာရှိနေတဲ့အတွက်
တပည့်များစွာက ဒီနေရာတွင် နားသွားခဲ့တာ ဖြစ်ရပေမည်။ တပည့်များစွာ အနားယူသွားခဲ့ပေမယ့်
အလောင်းတစ်လောင်းတောင် မတွေ့ရတဲ့အတွက် ထိုရေကန်က အန္တရာယ်ကင်းတဲ့
နေရာတစ်ခု ဖြစ်ရပေမည်။
ခဏတာ ဆွေးနွေးပြီးနောက် ဆက်မသွားခင် ဒီနေရာတွင် နားလိုက်ဖို့ ဆုံးဖြတ်လိုက်ကြသည်။
သူတို့ငါးယောက်စလုံး တစ်နေရာစီခွဲပြီး တရားထိုင်လိုက်ကြသည်။ ခဏကြာပြီးနောက်
လန်ချူးတျယ်က မတ်တပ်ရပ်လိုက်ပြီး ဒူရီရွှမ်းဘေးတွင် ထိုင်လိုက်သည်။ ထို့နောက်
ဒူရီရွှမ်းကို နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ အစပိုင်းမှာတော့ ဒူရီရွှမ်းက
ခေါင်းခါလိုက်ပေမယ့် နောက်ပိုင်းမှာတော့ အံကြိမ်ပြီးခေါင်းညိတ်လိုက်သည်။ သူမမျက်နှာလေး
တစ်ခုလုံးကလည်း ရှက်ရွံ့မှုကြောင့် နီရဲနေခဲ့သည်။
ထို့နောက် လန်ချူးတျယ်က ရန်ကိုင်ရှေ့ရောက်လာပြီး သူ့ပုခုံးကို ပုတ်လိုက်သည်။
‘‘ဘာကိစ္စလဲ’’ ရန်ကိုင်က လန်ချူးတျယ်ကို ကြည့်ရင်းမေးလိုက်သည်။ ‘‘ငါ့နောက်လိုက်ခဲ့’’
လန်ချူးတျယ်က နီယုံနဲ့ကျိုးအန်ကို တိတ်တဆိတ် စစ်ဆေးရင်း မေးလိုက်သည်။
တစ်ခဏတာ လမ်းလျှောက်ပြီးနောက် ရန်ကိုင်က ကျောက်တုံးတစ်ခုပေါ်တွင် ထိုင်စောင့်နေတဲ့
ဒူရီရွှမ်းကိုတွေ့လိုက်ရသည်။ ‘‘ဘာကိစ္စလဲ’’ ရန်ကိုင်က သူတို့ဘာတွေစီစဉ်နေလဲဆိုတာလဲဆိုတာ
မသိတဲ့အတွက် မေးလိုက်သည်။ လန်ချူးတျယ်က ရှက်ပြုံးပြံုးလိုက်ပြီ‘‘ ညီမလေးဒူနဲ့ငါတို့နှစ်ယောက်
ရေချိုးချင်လို့….’’ ရန်ကိုင်မျက်နှာ ထူးထူးဆန်းဆန်း ဖြစ်သွားခဲ့ပြီး မိန်းကလေးနှစ်ယောက်ကို
ကြည့်လိုက်သည်။ဒူရီရွှမ်းမျက်နှာ ပိုပြီးနီရဲလာခဲ့ပေမယ့် လန်ချူးတျယ်က ဆွဲဆောင်မှုရှိစွာ
ခြေဆောင့်လိုက်သည်‘‘နင်ဘာတွေတွေးနေတာလဲ။ ငါတို့က နင့်ကို အခြားသူတွေလာချောင်းကြည့်မှာကို
ကာကွယ်ခိုင်းဖို့ပါပဲ’’
ရန်ကိုင်က အလိုလိုနေရင်း ရယ်လိုက်မိသည်‘‘ မိန်းကလေးလန်၊ နင်ဘာလို့ အခြားသူတွေကို
သွားမမေးတာလဲ။ ဒီလိုကိစ္စမျိုးဆိုရင် နင်နီယုံကိုမေးသင့်တယ်။အဲ့ကောင်က နင်တောင်းဆိုတာကို
သေချာပေါက် သဘောတူလိမ့်မယ်’’ လန်ချူးတျယ်က လွန်ခဲ့ရက်က ဆွေးနွေးမှုနဲ့ပက်သက်ပြီး
ရန်ကိုင်က သူမကိုမကျေမနပ် ဖြစ်နေတယ်ဆိုတာသိပေသည်။ ဒါပေမယ့် သူမဒေါသထွက်သွား
မိခဲ့သည်‘‘ဟုတ်တာပေါ့…ငါကနင့်ကိုသူ့ထက်ယုံတာကို’’
‘‘မိန်းကလေးလန်၊ နင်ငါ့ကိုယုံတာလား’’ ရန်ကိုင်က ပြုံးလိုက်ပြီး‘‘ နင်ရေချိုးရင် ငါသေချာပေါက်
ချောင်းကြည့်မှာ’’ လန်ချူးတျယ်က ရန်ကိုင်ကို ပြန်ပြုံးပြလိုက်ပြီး‘‘နင်အဲ့လိုလုပ်ရင်လည်း
ငါစိတ်ထဲမထားပါဘူးလေ။ ဒါပေမယ့် ညီမလေးဒူကိုရော နင်ဘယ်လိုလုပ်မှာလဲ’’
ရန်ကိုင်က ချောင်းဟန့်လိုက်ပြီး သူမပြောတာကို ပြန်ပြီးမချေပနိုင်တော့ပေ။ ဒူရီရွှမ်းတစ်ယောက်
အခုလိုနေရာမှာ ရေချိုးတော့မယ်ဆိုရင် ရန်ကိုငိကို စောင့်ခိုင်းဖို့က အကောင်းဆုံးရွေးချယ်မှုပင်
ဖြစ်သည်။
‘‘အဲ့လိုဆိုရင်လည်း ချိုးစရာရှိ မြန်မြန်သွားချိုးတော့’’ ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
ရန်ကိုင်၏ တုန့်ပြန်စကားလိုက်ကြားလိုက်ရတဲ့အချိန် လန်ချူးတျယ်က ပြုံးလိုက်ပြီး
‘‘ကျေးဇူးပါပဲ…ငါတို့ရေချိုးနေတုန်း ဒီနေရာမှာစောင့်နေပေးနော်’’ ဒူရီရွှမ်းက
ရန်ကိုင်လက်မောင်းကို ဆွဲလိုက်ပြီး ပြောလိုက်သည်‘‘ နင်သေချာပေါက်
ချောင်းမကြည့်ရဘူးနော်’’
‘‘အင်းပါ…ငါသေချာပေါက်ကို ချောင်းမကြည့်ပါဘူး’’ ရန်ကိုင်က ရေကန်ကိုကြည့်ရင်း ပြန်ပြောလိုက်သည်။
ရေကန်ဘေးတွင် ကျောက်တုံးကြီးတစ်တုံးရှိနေပြီး ရေကန်ကိုနံရံတစ်ခုလို ကာဆီးထားခဲ့သည်။
မိန်းကလေးနှစ်ယောက်က ကျောက်တုံးနောက်မှာ ပုန်းပြီးရေချိုးနေသရွေ့ ချောင်းကြည့်ဖို့
ခက်ခဲပေလိမ့်မည်။
ဗွမ်း….မိန်းကလေးနှစ်ယောက် ရေကန်ထဲကိုခုန်ဆင်းသွားခဲ့သည်။ ရန်ကိုင်လည်း ပြေားထားတဲ့အတိုင်း
သူတို့နှစ်ယောက် ရေချိုးနေတာကို စောင့်ကြည့်ပေးနေလိုက်သည်။ ပုံမှန်ဆိုသလိုပဲ မိန်ကလေးနှစ်ယောက်
စလုံး သူတို့ရေချိုးတာကို ရန်ကိုင်များချောင်းကြည့်နေမလားဆိုပြီး ပြန်ပြီးလှည့်ကြည့်လိုက်သေးသည်။
ဟုတ်တာပေါ့…ရန်ကိုင်က သူတို့နှစ်ယောက်ကို လုံးဝအာရုံမစိုက်တော့ချေ။ သူထိုင်ချလိုက်ပြီး
တရားထိုင်နေလိုက်သည်။ ရန်ကိုင်လည်း ဒီနေရာကနေ အမြန်ထွက်ပြီး စုမူတို့အဖွဲ့နှင့်
ပူးပေါင်းချင်နေခဲ့သည်။ ထို့ကြောင့် သူလန်ချူးတျယ်နှင့် ပက်သက်ပြီ သူဆက်ပြီးပြဿနာမဖြစ်ချင်တော့ချေ။
တရားထိုင်နေရင်း ရန်ကိုင်က နီးကပ်လာတဲ့ခြေသံဖျော့ဖျော့လေးကို ကြားလိုက်ရသည်။ မျက်လုံးဖွင့်ပြီး
လှည့်ပတ်ကြည့်လိုက်တဲ့အချိန်မှာတော့ လူမသိသူမသိအောင် တွားသွားနေတဲ့ နီယုံကိုတွေ့လိုက်ရသည်။
သူ့အသက်ရှုသံက လေးလံနေခဲ့ပြီး မိန်းကလေးနှစ်ယောက် ရေချိုးနေတာကို ချောင်းကြည့်ဖို့
ကျောက်တုံးနောက်ကို ဖြေးဖြေချင်း သွားလိုက်သည်။
ရန်ကိုင်၏ အကြည့်ကိုသတိပြုမိလိုက်တာနဲ့ နီယုံကရန်ကိုင်ဘက်လှည့်လိုက်ပြီး စက်ဆုပ်ဖွယ်
အပြုံးတစ်ခုပြံုးပြရင်း ခြိမ်းခြောက်လိုက်သည်‘‘ မင်းဘာမှမမြင်ဘူးလို့သာ သဘောထားလိုက်။
မင်းပြောရဲပြောကြည့် ငါကိုယ်တိုင်မင်းကိုလမ်းမလျှောက်နိုင်အောင် လုပ်ပစ်မယ်’’ ရန်ကိုင်က
မျက်ခုံးပင့်လိုက်ပြီး လှောင်ပြောင်လိုက်သည်…နီယုံက ရန်ကိင်ကသူ့ကိုကြောက်နေတယ်ဆို့
ထင်နေခဲ့တယ်။ အချိန်မဖြုန်းတော့ပဲ ရန်ကိုင်ပြေးသွားလိုက်သည်။
မိန်းကလေးနှစ်ယောက်၏ ရယ်မောသံနှင့် ရေပက်သံတွေက နတ်ဆိုးတစ်ကောင်က သူ့နားနားကပ်ပြီး
တီးတိုးပြောနေသလို နီယုံခံစားနေခဲ့ရသည်။ လန်ချူးတျယ်၏ ချောမွတ်နေတဲ့အသားအရေ၊
ပြည့်ြ့ဖိုးနေတဲ့ ပေါက်စီနှစ်လုံးအကြောင်းကို တွေးလိုက်ရင်း သူ့သွေးတွေဆူပွက်လာခဲ့သည်။
ထိုသွေးဆောင်မှုကို သူအဖို့တောင့်ခံဖို့ လုံးဝမဖြစ်နိုင်ချေ။
နီယုံက မြန်မြန်လမ်းလျှောက်လိုက်ပြီး ကျောက်တုံးနောက်က ကောင်းကင်ဘုံကို မြင်တွေ့ရဖို့
စိတ်ဆောနေခဲ့သည်။ ရန်ကိုင်က လှောင်ပြောင်လိုက်ပြီး အသက်ပြင်ပြင်း ရှုလိုက်ပြီး
ကျယ်နိုင်သမျှ ကျယ်အောင်အော်လိုက်သည်‘‘ ရောင်းရင်းနီ၊ မင်းအဲ့နေရာမှ ဘာလုပ်နေတာလဲ’
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၃) အတူတကွပေါင်းစည်းခြင်း
ချင်းချင်းပဲ ရေပွက်သံတွေနဲ့ မိန်းကလေးနှစ်ယောက်ဆီမှ ရယ်သံတွေရပ်တန့်သွားခဲ့သည်။ မိန်းကလေး
နှစ်ယောက်ဆီမှ အသံတွေတိတ်ဆိတ်သွားတဲ့အတွက် သူတို့နှစ်ယောက်ရေချိုးတာရပ်ပြီး
အဝတ်တွေပြန်ဝတ်နေပြီဆိုတာသိလိုက်သည်။ နီယုံက ချက်ချင်ပဲတုန့်ပြန်ုလိုက်သည်။
နီယုံက တုန်လှုပ်ခြောက်ခြားသွားခဲ့ပြီး ထခုန်လိုက်သည်။ ထို့နောက် ရန်ကိုအမုန်းတရားတွေနဲ့
ပြည့်နေတဲ့ အကြည့်နဲ့ကြည့်ရင်း ထွက်ပြေးတော့သည်။ ရန်ကိုင်က သူ့ကိုရန်စရဲမယ်လို့
သူဘယ်တုန်းကမှ မထင်ခဲ့ချေ။
ရန်ကိုင်က ပြုံးပြီးအော်လိုက်သည်‘‘ ငကြောက်ကောင်’’
သိပ်မကြာခင်မှာပဲ လန်ချူးတျယ်နှင့် ဒူရီရွှမ်းတို့ ကျောက်တုံးနောက်ကနေ ထွက်ပေါ်လာခဲ့သည်။
သူ့တို့နှစ်ယောက်စလုံး ရေစိုနေပေမယ့် အဝတ်တော့ဝတ်ထားခဲ့သည်။ ဒူရီရွှမ်းက ရှက်နေပြီး
ရန်ကိုကို မကြည့်မိအောင် နေလိုက်သည်။ ဒါပေမယ့် လန်ချူးတျယ်က ရန်ကိုင်ကိုကွဲပြားစွာ
ကြည့်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်‘‘ ကျေးဇူးတင်ပါတယ်’’
‘‘အဲ့ကိစ္စနဲ့ပက်သက်ပြီး ဘာမှစိတ်ပူစရာမလိုပါဘူး’’
သူတို့သုံးယောက်ပြန်လာတဲ့အချိန်တွင် ရုတ်တရက် ချီစွမ်းအင်လှိုင်းတွေကို အာရုံခံမိလိုက်သည်။
ထို့နောက် ချီစွမ်းအင်လှိုင်းတွေ ထွက်ပေါ်လာတဲ့နေရာကို ကြည့်လိုက်သည်။ ‘‘သတ်’’ လို့အော်နေတဲ့
အသံတွေကိုတောင် သူတို့ကြားနေခဲ့ရပြီး မိစ္ဆာသားရဲ၏ဒေါသတကြီး အော်သံကိုလည်း ကြားနေခဲ့ရသည်။
ဒူရီရွှမ်းက နီယုံကိုမကျေမနပ်နဲ့ စူးစူးဝါးဝါးကြည့်လိုက်သည်။ ထိုအချိန်တွင် လန်ချူးတျယ်က
တည်တည်ငြိမ်ငြိမ်ပဲ ရှိနေခဲ့ပြီး ကျိုးအန်ကိုမေးလိုက်သည်‘‘ ဘာသံတွေလဲဆိုတာ နင်သိလား’’
ကျိုးအန်ကပြောရင်း သူ့အသံတိမ်သွားခဲ့သည်‘‘ အဲ့နေရာမှ လူ၁၀၀ထက်မကရှိနေတယ်။ ကြားလိုက်တဲ့
ဟိန်းသံအရဆိုရင် သူတို့တိုက်ခိုက်နေတာက အဆင့်၆မိစ္ဆာသားရဲတစ်ကောင် ဖြစ်လောက်တယ်’’
လူတိုင်းအေးခဲသွားသလို ခံစားလိုက်ရပြီး သူတို့အသားအရေကလည်း ဖြူလျော်သွားခဲ့သည်။
အဆင့်၆မိစ္ဆာသားရဲတစ်ကောင်က အင်မော်တယ်တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှင့်
တူညီပေသည်။
ကောင်းကင်အမွေအနှစ်လိုဏ်ဂူထဲကို ဝင်လာတဲ့တပည့်တွေထဲမှာမှ အားအကောင်းဆုံးတောင်
အစစ်အမှန်ဒြပ်စင်အဆင့်သာ ရှိသေးပေသည်။ သူတို့ဘယ်လိုလုပ်ပြီး အဆင့်၆မိစ္ဆာသားရဲ
တစ်ကောင်ကို ရင်ဆိုင်နိုင်မှာလဲ။ လူတစ်ရာနဲ့ဆိုရင်တောင် ထိုတိုက်ပွဲက ကိုယ့်ကိုယ်ကို
သက်သေတာနဲ့ မခြားပေ။
‘‘ အဲ့မိစ္ဆာသားရဲရဲ့ ဟိန်းသံက သာမန်အဆင့်၆မိစ္ဆာသားရဲတစ်ကောင်ရဲ့ ဟိန်းဟောက်သံထက်
ပိုပြီးအားပျော့နေတယ်’’ ကျိုးအန်က မျက်မှောင်ကြုံ့လိုက်ပြီး ‘‘ ကောင်းကင်အမွေအနှစ်လိုဏ်ဂူပွင့်တော့မှ
အဲ့ကောင်တွေ အသိစိတ်ပြန်ရတာထင်တယ်’’ ကောင်းကင်အမွေအနှစ်လိုဏ်ဂူ ချိတ်ပိတ်ထားတဲ
စည်းတံဆိပ်က လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ပျက်စီးသွားတာဖြစ်သည်။ သူတို့ဘယ်မိစ္ဆာသားရဲကို
တိုက်ခိုက်နေလဲဆိုတာ သူတို့မသိပေမယ့် ထိုမိစ္ဆာသားရဲက အချိန်အတော်ကြာ ချိတ်ပိတ်ထားခြင်း
ခံခဲ့ရသည်။ ထို့ကြောင့် ချိတ်ပြန်ပိတ်မယ့်အချိန်ကို စောင့်ရင်းအိပ်စက်သွားတာဖြစ်သည်။
အချိန်အတော်ကြာ အိပ်စက်သွားတဲ့အတွက် ထိုမိစ္ဆာသားရဲက တော်တော်လေး အားနည်းနေခဲ့ပြီး
စွမ်းအားအပြည့်ကို ထုတ်မသုံးနိုင်ချေ။
ထိုသီအိုရီက တော်တော်လေး ချက်ကျလက်ကျ ဖြစ်တဲ့အတွက် လူတိုင်းစိတ်သက်သာရာ
ရသွားခဲ့သည်။ မဟုတ်ရင် တပည့်အယောက်၁၀၀က ကိုယ့်ကိုယ်ကို အသေခံပြီး မိစ္ဆာသားရဲကို
တိုက်ခိုက်နေမှာလဲ။ ရုတ်တရက် ကျိုးအန်က မျက်မှောင်ကြုံ့ရင်း ခုန်လိုက်သည်‘‘ မိစ္ဆာသားရဲ
ဒဏ်ရာရသွားပြီ’’ မိစ္ဆာသားရဲက နောက်တစ်ကြိမ် စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး လူတိုင်း
တိတ်ဆိတ်သွားခဲ့သည်။
‘‘ဘာဖြစ်သွားတာလဲ’’ လန်ချူးတျယ်က စိုးရိမ်စွာနဲ့ မေးလိုက်သည်။
‘‘ငါမသိဘူး’’ ကျိုးအန်က ခေါင်းခါရင်း ပြောလိုက်သည်။ ‘‘ငါတို့တစ်ချက်လောက် သွားကြည့်သင့်လား’’
လန်ချူတျယ်က မျက်မှောင်ကြုံ့ရင်း အချိန်အတော်ကြာ စဉ်းစားနေလိုက်သည်။ ထို့နောက်
ကျန်တဲ့အဖွဲ့သား လေးယောက်ကို ကြည့်လိုက်ပြီး‘‘ ငါတို့တစ်ချက်လောက်
သွားကြည့်ရအောင်။ အဲ့နေရာမှာ အစစ်အမှန်ဒြပ်စင်အဆင့်ကျင့်ကြံသူတွေရော၊ ချီသန့်စင်ခြင်း
အဆင့်ကျင့်ကြံသူတွေရော ရှိနေတယ်။ ငါတို့ကအင်အားစုတစ်ခုတည်းကဖြစ်တဲ့အတွက်
အဖွဲ့သားတွေကို ဒီအတိုင်းပစ်ထားဖို့မသင့်ဘူးလေ။ ငါတို့လည်း သွားကူညီရမယ်။
ဒါပေမယ့် အခုကိစ္စက တော်တော်လေး အန္တရာယ်များတဲ့အတွက် သွားဖို့မသွားဖို့ကတော့
နင်တို့ဘာသာ ဆုံးဖြတ်ပေါ့’’
‘‘သွားရမှာပေါ့’’ နီယုံက ခေါင်းညိတ်လိုက်သည်။ ခုလက်ရှိအဖွဲ့ကနေထွက်ပြီး သူ့ရောင်းရင်းညီအစ်ကိုတွေနဲ့
သွားပေါင်းချင်နေတာ တစ်ပိုင်းသေနေပြီဖြစ်သည်။ ‘‘ငါလည်းသွားမယ်’’ ကျိုးအန်ကပြောလိုက်သည်။
လန်ချူးတျယ်က ဒူရီရွှမ်းနဲ့ ရန်ကိုင်ကိုကြည့်လိုက်သည်။ သူတို့နှစ်ယောက်စလုံးလည်း ခေါင်းညိတ်လိုက်သည်။
‘‘ အဲ့လိုဆိုလည်းငါတို့လည်းသွားရတာပေါ့’’ ထို့နောက် သူတို့ငါးယောက်စလုံး တိုက်ပွဲဖြစ်နေတဲ့
နေရာဆီကို ပြေးသွားလိုက်ကြသည်။
အချိန်တော်တော်ကြာပြီးနောက် လူတွေအများကြီးစုဝေးနေတဲ့နေရာကို သူတို့ရောက်လာခဲ့သည်။
ထိုအဖွဲ့ကြီးက အဖွဲ့နှစ်ဖွဲ့ကွဲနေခဲ့သည်။ နှစ်ဖက်စလုံးက လူအရေအတွက်တူနေခဲ့သည်။ ထို့နောက်
ရင်းနှီးနေတဲ့ အသံတစ်သံထွက်လာခဲ့သည်‘‘ဖန်ဇီကျိ၊ မင်းတို့မုန်တိုင်စံအိမ်အဖွဲ့သားတွေက
ငါတို့အဖွဲ့ကို အလွယ်တကူ အနိုင်ကျင့်လို့ရမယ်လို့ ထင်နေတာလား။ ငါတို့အဖွဲ့က မင်တို့
တွန်းအားပေးတဲ့အတိုင်း လုပ်လိမ့်မယ်လို့ မင်းတို့ထင်နေတာလား’’
‘‘ဂိုဏ်းတူအစ်ကိုရှဲ့’’ နီယုံက ဝမ်းပန်းတသာနဲ့ အော်ခေါ်လိုက်သည်။ လန်ချူးတျယ်လည်း
ပြုံးလိုက်ပေမယ့် ရန်ကိုင်အမူအရာကတော့ မဲမှောင်သွားခဲ့သည်။ အားလုံးထဲမှာမှ ရှဲ့ဟုန်ချန်ကို
သူလာတွေ့နေခဲ့ရသည်။
ဒူရီရွှမ်းလည်း ရန်ကိုင်လိုဖြစ်သွားခဲ့ရသည်။ အဖွဲ့သားငါးယောက်စလုံး ခွဲထွက်သွားလိုက်ပြီး
သက်ဆိုင်ရာ ကိုယ့်အဖွဲ့သားတွေဆီကို ပြန်သွားပေါင်းလိုက်သည်။ ဒူရီရွှမ်းနဲ့ရန်ကိုင်တို့က
ရက်နည်းနည်းလောက်ပဲ အတူတကွ အချိန်ကုန်ဆုံးခဲ့ပေမယ့် သူတို့နှစ်ယောက်က တော်တော်လေး
ရင်းနှီးပေသည်။ ကံမကောင်းစွာဖြင့် စံအိမ်နှစ်ခုသာ တိုက်ခိုက်ခဲ့မယ်ဆိုရင် မလုပ်ချင်ပေမယ့်လည်း
မုန်တိုင်စံအိမ်ဘက်သွားပေါင်းပြီး ရန်ကိုင်တို့အဖွဲ့ကို တိုက်ခိုက်ရပေလိမ့်မည်။
ရှဲ့ဟုန်ချန်၏ ခနဲ့တဲ့စကားတွေကို ကြားလိုက်တာနဲ့ ဖန်ဇီကျိက လှောင်ပြောင်လိုက်သည်
‘‘ ရှဲ့ဟုန်ချန်၊ ငါမင်းတို့နဲ့ အနိုင်အရှုံးပေါ်တဲ့အထိ မတိုက်ခိုက်ချင်ဘူး…မင်းကအခုမှ
စဦးဒြပ်စင်အဆင့်ကို အဆင့်တက်လာတဲ့ လူတစ်ယောက်…ငါ့ပြိုင်ဘက်မဖြစ်နိုင်ဘူး။
ကိုယ့်ကိုယ်ကို အရှက်မခွဲချင်စမ်းပါနဲ့ကွာ’’
‘‘ မင်းဘာပြောလိုက်တာလဲ’’ ရှဲ့ဟုန်ချန် အေးစက်စက်ပြန်ပြောလိုက်သည်။
ထိုအချိန်တွင် ကောင်ကင်စံအိမ်တပည့်သားတွေက ရှဲ့ဟုန်ချန်ကို ဖန်ဇီကျိအား သင်ခန်းစားတစ်ခုပေးဖို့
အားပေးအားမြှောက် ပြုနေကြသည်။ ဖန်ဇီကျိက နှာခေါင်းရှုံ့လိုက်ပြီး ‘‘ ကောင်းကင်စံအိမ်က ဆိုရင်
စုယန်တစ်ယောက်ပဲ ငါ့ပြိုင်ဘက်ဖြစ်ဖို့ ထိုက်တန်တယ်’’ ဖန်ဇီကျိက လှောင်ရယ်ရယ်လိုက်သည်။
‘‘အဲ့လိုဆိုရင်လည်း လာစမ်းကြည့်လိုက်လေ’’ ‘‘ မင်းကတိုက်ခိုက်ချင်နေတယ်ဆိုရင်လည်း
ငါဘက်ကတော့ ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် ငါကမင်းလိုလူတစ်ယောက်ကို ကိုယ့်ရဲ့ဂိုဏ်းတူညီအစ်ကို
တွေရှေ့မှာ အရှက်မကွဲစေချင်းဘူးကွ’’
အခုအချိန်တွင် ဖန်ဇီကျိ၏ ပြိုင်ဘက်မဖြစ်နိုင်သေးဘူးဆိုတာ သူသိနေပေမယ့်လည်း တပည့်တွေအများကြီး
ကြည့်နေတဲ့အတွက ်သူ့ဘက်ကလည်း နောက်ပြန်ဆုတ်လို့ မဖြစ်ချေ။ ရှဲ့ဟုန်ချန်က တိုက်ခိုက်ဖို့
လုပ်နေတုန်းမှာပဲ နီယုံကတောထဲကထွက်လာပြီး အော်ခေါ်လိုက်သည်‘‘ စီနီယာအစ်ကိုရှဲ့’’
ရှဲ့ဟုန်ချန်က သူရင်းနှီးနေတဲ့ အသံကိုကြားလိုက်တာနဲ့ ချက်ချင်းလှည့်ကြည့်လိုက်သည်။
ထို့နောက် ပြုံးလိုက်ပြီး ‘‘ ဂျူနီယာညီလေးယန်၊ ငါတို့နောက်တစ်ကြိမ် တွေ့ကြပြန်ပြီ’’
ထို့နောက် အခြားလေးယောက်ကလည်း သူ့နောက်ကနေ လိုက်လာကြသည်။
ကျိုးအန်နှင့် ဒူရီရွှမ်းတို့က ကောင်းကင်စံအိမ်က မဟုတ်တဲ့အတွက် သူတို့နဲ့ဝင်ပေါင်းဖို့
အဆင်မပြေချ။ ရန်ကိုင်ကလည်း ရှဲ့ဟုန်ချန်နဲ့ ရန်ငြိုးရန်စရှိတဲ့အတွက် ကောင်းကင်စံအိမ်အဖွဲ့ထဲကို
အလွယ်တကူ ပေါင်းလို့ရမည်မဟုတ်ချေ။
ရန်ကိုင်နှင့်ရှဲ့ဟုန်ချန်ကြားက ဆက်ဆံရေးကို သိလျက်နှင့် လန်ချူးတျယ်က ရန်ကိုင်ကို
ပြုံးပြလိုက်ပြီး သူ့ဆီကနေ ထွက်သွားလိုက်ပြီး ရှဲ့ဟုန်ချန်တို့အဖွဲ့စီ သွားပေါင်းလိုက်သည်။
ဒူရီရွှမ်းက ရန်ကိုင်ကိုတီးတိုးပြောလိုက်သည်‘‘ ဒီရက်အတောအတွင်း နင့်ရဲ့ဂရုစိုက်
ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ငါတို့နှစ်ယောက်အခုခွဲရတော့မှာ
တကယ်ကို နောင်တရစရာကောင်းတယ်….’’
ရန်ကိုင်ကပြုံးုလိုက်ပြီး ခေါင်းညိတ်လိုက်သည်‘‘ အဆင်ပြေပါတယ်။ ငါနားလည်ပါတယ်။
သွားတော့လေ’’ ဒူရီရွှမ်းက ကျိုးအန်ဘက်လှည့်လိုက်ပြီး မေးလိုက်သည်‘‘ အဲ့ဒါဆို
ကျိုးအန်၊ နင်အစ်မလန်အဖွဲ့ကိုပေါင်းမှာလား…ငါတို့အဖွဲ့ကိုပေါင်းမှာလား’’ ကျိုးအန်က
သွေးတိုက်ပွဲဂိုဏ်းက ဖြစ်တဲ့အတွက် သူတစ်ယောက်တည်းဖြစ်နေခဲ့သည်။ ထို့ကြောင့်
အခုအချိန်တွင် အဖွဲ့တစ်ခုကိုခဏတာဝင်ထားလိုက်ဖို့က အကောင်းဆုံးရွေးချယ်မှုပင်
ဖြစ်သည်။
ကျိုးအန်က ခပ်သွက်သွက်ပဲ ပြန်ပြောလိုက်သည်‘‘ နင့်အဖွဲ့ကိုဝင်တာကို ပိုကောင်းမယ်လို့
ငါယုံကြည်တယ်’’ ဒူရီရွှမ်းက စိတ်ထားနူးညံ့သိမ်မွေ့ပြီး အကျင့်စရိုက်ကောင်းတဲ့ မိန်းမကောင်းလေး
တစ်ယောက်ဆိုတာ သူသိပေသည်။ မုန်တိုင်စံအိမ်က တစ်ခြားတပည့်တွေရဲ့ အကျင့်စရိုက်
အကြောင်းကို သူမသိပေမယ့် သူမကသူ့ကိုအဖွဲ့ထဲဝင်ဖို့ ဖိတ်ခေါ်တဲ့လူတစ်ယောက်ဖြစ်တဲ့
အတွက် တစ်ခုခုဖြစ်ရင် သူ့ကိုကာကွယ်ပေးလောက်ပေသည်။ လန်ချူးတျယ်နှင့်
နှိုင်းယှဉ်ရမယ်ဆိုရင် ကျိုးအန်က ဒူရီရွှမ်းကို ပိုပြီးယုံကြည်ပေသည်။ အနည်းဆုံးတော့
ဒူရီရွှမ်းက သူ့ကိုအကွက်ချစီစဉ်ပြီး အမြတ်ထုတ်မှာတော့ မဟုတ်ဘူးလေ။
ဒူရီရွှမ်းက ခေါင်းညိတ်ပြီး ကျိုးအန်ကို မုန်တိုင်စံအိမ်အဖွဲ့ဆီခေါ်သွားလိုက်သည်။
လန်ချူးတျယ်က ပါးစပ်ဖွင့်ပြီး ပြောလိုက်သည်‘‘ သွားကြစို့’’
စုမူ၊ စုယန်၊ ရှနင်းချန်တို့ထဲက တစ်ယောက်ယောက်များ အဖွဲ့ထဲမှာ ရှိနေလားဆိုပြီး ရန်ကိုင်တစ်ချက ်
စစ်ဆေးကြည့်လိုက်သည်။ သူတို့ထဲကတစ်ယောက်မှာ မရှိတဲ့အတွက် ရှဲ့ဟုန်ချန်ဦးဆောင်နေတဲ့
အဖွဲ့ထဲကိုဝင်လိုက်တာနဲ့ အနိုင်ကျင့်ခံရပြီး လှောင်ပြောင်ခံရမယ်ဆိုတာ သူသိလိုက်သည်‘‘ နင်ဘာသာ
နင်ပဲ သွားလိုက်တော့’’ လန်ချူးတျယ်က ရန်ကိုင်ဘာကို စိုးရိမ်နေလဲဆိုတာ သိတဲ့အတွက်
အမြန်အဆန်ပဲ ပြောလိုက်သည်‘‘ ဂျူနီယာမောင်လေး၊ သည်းခံတယ်ဆိုတာ အကောင်းဆုံးပဲ။
အန္တရာယ်ပြည့်နေတဲ့ နေရာတစ်ခုကို တစ်ယောက်တည်းသွားမှာထက် အဖွဲ့ထဲဝင်လိုက်တာ
ပိုကောင်းပါတယ်’’ ရန်ကိုင်က ခေါင်းခါလိုက်ပြီး ဆက်ပြီးတော့သာ မတ်တပ်ရပ်နေလိုက်သည်။
နီယုံက အဖွဲ့ထဲကို ဝင်လိုက်ကတည်းက အဖွဲ့သားတွေချက်ချင်းပဲ စကားလက်ဆုံကျသွားခဲ့သည်။
သူတို့အားလုံး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နှုတ်ဆက်ရင်း ရယ်မောနေခဲ့ကြသည်။
သိသာစွာပဲ တပည့်အများစုက နီယုံနှင့်ရင်းနှီးနေခဲ့သည်။ သူတို့တွေနဲ့နှုတ်ဆက်စကားပြောပြီး
နောက် ချက်ချင်းပဲ နီယုံက ရှဲ့ဟုန်ချန်ဘေးနားသွားလိုက်ပြီး တီးတိုးပြောလိုကသ်ည်။ ထို့နောက်
ကောင်းလေးက ရန်ကိုင်ဘက်လှည့်လိုက်ပြီး ရန်လိုမှုအပြည့်နဲ့ ကြည့်လိုက်သည်။
မီတာ၆၀အကွာကနေ ရှဲ့ဟုန်ချန်က ရန်ကိုင်ကို အထင်တသေး မနှစ်မြို့စွာကြည့်လိုက်သည်။
ဖန်ဇီကျိက ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို မသိတဲ့အတွက်ပြောလိုက်သည် ‘‘ ရှဲ့ဟုန်ချန်၊
မင်းက မတိုက်ချင်မှာတော့ မိစ္ဆာသားရဲအတူတူပူးပေါင်းပြီး ဝိုင်းသတ်ကြရအောင်။ ပြီးတော့
ရတနာကို ငါတို့တစ်ယောက်တစ်ဝက် ခွဲယူကြတာပေါ့’’
ရှဲ့ဟုန်ချန်က ဖန်ဇီကျိဆီ လှည့်လိုက်ပြီး ပြုံးကာ‘‘ ဒီကိစ္စကိုနောက်မှာဆွေးနွေးကြတာပေါ့။
ငါ့မှာအရင်ဆုံးလုပ်ရမယ့် ပိုအရေးကြီးတဲ့ကိစ္စတွေရှိသေးတယ်’’ ရှဲ့ဟုန်ချန်က လန်ချူးတျယ်က
ပြုံးပြလိုက်ပြီး နှုတ်ဆက်လိုက်သည်‘‘ ဂျနီယာညီမလေးလန်၊ နင်တို့အတွက် အရမ်းကိုခက်ခဲ
ခဲ့မှာပဲ။ ငါတို့ငါတို့ဆီရောက်လာပြီဆိုမှာတော့ နောက်ထပ်စိုးရိမ်စရာမလိုတော့ပါဘူး။
ငါတို့နဲ့ဆိုရင် နင်တို့လုံခြုံသွားပြီလို့တောင် ပြောလို့ရတယ်’’
လန်ချူးတျယ်က ညင်သာစွာ ခေါင်းညိတ်ပြလိုက်ပြီး ရန်ကိုင်၏ အကျီင်္စကို ဆွဲလိုက်သည်။
ဒါပေမယ့် ရန်ကိုင်ကတော့ လှုပ်ရှားဖို့ ငြင်းဆန်နေဆဲ။
ရှဲ့ဟုန်ချန်က တောက်ပစွာ ပြုံးပြလိုက်ပြီး ‘‘ဂျူနီယာညီလေးရန်၊ ငါတို့အားလုံးက စံအိမ်တစ်ခုထဲကပဲလေ။
မင်းတို့ကိုကာကွယ်ပေးဖို့က ငါ့တာဝန်ပဲပေါ့။ ငါတို့နဲ့လာပေါင်းလိုက်လေ’’
ထိုအချိန်တွင် နီယုံက ဒေါသတကြီး အော်လိုက်သည်‘‘စီနီယာအစ်ကိုရှဲ့၊ သူမင်းကိုဘာလုပ်ခဲ့တယ်
ဆိုတာမေ့သွားပြီလား။ သူမင်းကို အရှက်ခွဲခဲ့တာလေ။ သူ့ကိုဘာလို့ ငါတို့နဲ့လာပေါင်းခွင့်ပြုရမှာလဲ’’
ရှဲ့ဟုန်ချန်၏ အမူအရာက အေးစက်သွားခဲ့သည်။ မေ့ရမှလား…ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကို
သူဘယ်လိုလုပ်ပြီး မေ့နိုင်မှာလဲ။ သူကစံအိမ်က စည်းမျဉ်းတွေနဲ့ ရန်ကိုင်တို့ကို ဖမ်းထားတဲ့အချိန်
စုယန်က ရန်ကိုင်တို့ကို လာကွယ်သွားခဲ့ပြီး ရန်ကိုင်လက်ကိုတောင် ကိုင်ထားလိုက်သေးသည်။
အဲ့အကြောင်းကိုတွေးလိုက်တုန်း ရှဲ့ဟုန်ချန်၏သွေးတွေက ဒေါသကြောင့် ဆူပွက်လာခဲ့သည်။
ရှဲ့ဟုန်ချန်က အသက်ပြင်းပြင်းရှုလိုက်ပြီး အားတင်းပြီး အပြုံးတစ်ခုကို သူ့မျက်နှာပေါ်တွင်
ဆင်မြန်းထားလိုက်ပြီး ‘‘အဲ့ဒီအကြိမ်တုန်းက ဂျူနီယာညီလေးရန်က ဘာမှသေချာရေရေရာရာ
မသိတဲ့ဘူးလေ…အခုသူလုံးဝပြောင်းလဲသွားပြီလို့ ငါထင်တယ်…ဟုတ်တယ်မလား’’
သူပြောလိုက်တာနဲ့ ရှဲ့ဟုန်ချန်၏ နှုတ်ခမ်းတွေက ကွေးတက်သွားခဲ့ပြီး ရန်ကိုင်ကို အေးစက်စက်နဲ့
စိုက်ကြည့်လိုက်သည်။
ရှဲ့ဟုန်ချန်၏ စကားလုံးတွေကို ကြားလိုက်တာနဲ့ ကောင်းကင်စံအိမ်အဖွဲ့သားတွေ လှုပ်လှုပ်ရှားရှား
ဖြစ်သွားခဲ့သည်။ ရှဲ့ဟုန်ချန်က သူခံစားခဲ့ရတာတွေကို လျစ်လျူရှုပြီး ရန်ကိုင်ခွင့်လွှတ်ပေးလိုက်တဲ့
အကြောင်းကိုတွေးလိုက်ပြီး ရှဲ့ဟုန်ချန်က သဘောထားကြီးပြီး ခွင့်လွှတ်ပေးတတ်တယ်လို့
ခံစားလိုက်ရသည်။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၄) လိုက်လံဖမ်းဆီးခြင်း
‘‘ ရန်ကိုင်၊စီနီယာအစ်ကိုှရှဲ့ကို မြန်မြန်တောင်းပန်လိုက်လေ’’ တပည့်တွေက ပြောလိုက်သည်။
‘‘ရန်ကိုင်…စီနီယာအစ်ကိုရှဲ့က ကြင်နာတတ်လို့သာ အရင်ကိစ္စတွေကို လျစ်လျူရှုထားလိုက်တာ။
ဒါပေမယ့် သူ့ခွင့်လွှတ်ပေးမယ်ဆိုပေမယ့် ငါတို့တော့မဟုတ်ဘူး။ မင်းမတောင်းပန်ရင် ငါတို့က
မင်းကိုရန်သူအဖြစ် သတ်မှတ်ရလိမ့်မယ်’’ တပည့်တွေထဲက တစ်ယောက်က အော်ပြောလိုက်သည်။
‘‘ဟုတ်တယ်…ရန်ကိုင်ဆိုတဲ့ကောင်က ဘာဂုဏ်သိက္ခာမှရှိတဲ့ကောင်မဟုတ်ဘူး…သူလိုကောင်ကများ
စီနီယာအစ်မစုယန်ကို ကြိုက်ရဲတယ်။ ငန်းသားစားချင်နေတဲ့ ဖားတစ်ကောင်ပဲ …နင့်ကိုယ်နင်
မှန်ထဲပြန်ကြည့်ပြီး လက်လျော့လိုက်တာ အကောင်းဆုံးပဲ’’ များစွာသော မိန်းကလေး တပည့်တွေက
အော်ဟစ်ပြောဆိုလိုက်ကြသည်။ လျှာအသွားထက်တဲ့ မြေခွေးလိုမိန်းမတွေက ရန်ကိုင်ကို
နားပူနားဆာ လုပ်နေကြလေသည်။
ရန်ကိုင်မျက်နှာကတော့ တစ်ချက်ကလေးပင် မပြောင်းလဲချေ။ တည်ငြိမ်နေတဲ့ ကန်ရေပြင်တစ်ခုအလား…
လန်ချူးတျယ်က ရန်ကိုင်ကိုဆွဲလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်‘‘ ဂျူနီယာမောင်လေး၊
နင်ယောကျ်ားတစ်ယောက်ဆိုရင် အခြေအနေတွေနဲ့ လိုက်ပြီး ပြောင်းလဲနေထိုင်တတ်ရတယ်။
နင်းမာနကို ခဏလောက် ခဝါချထားလိုက်မယ်ဆိုရင် အားလုံးက အဆင်ပြေပြေနဲ့ ပြီးသွားမှာပဲလေ’’
ရန်ကိုင်မျက်လုံးပင့်လိုက်သည်။ ‘‘ဘာလဲ’’ လန်ချူးတျယ်က မျက်မှောင်ကြုံ့ရင်း ပြန်ပြီး
မေးခွန်းထုတ်လိုက်သည်။
‘‘နင်ငါ့ကိုရှင်းပြနေစရာမလိုဘူး။ နင်ကရှဲ့ဟုန်ချန်ရဲ့ ဘာဖြစ်ချင်နေတာလဲဆိုတာကော သိလို့လား။
သူဘာလုပ်ခဲ့တယ်…နောက်ပိုင်းကျ သူဘာလုပ်မယ်…ဆိုတာနင်မသိပါဘူး’’ ရန်ကိုင်က လန်ချူးတျယ်ကို
ကြည့်ရင်း နှာခေါင်းရှုံ့လိုက်သည်။ လန်ချူးတျယ်က ရန်ကိုင်ကိုမချင်းမရဲနဲ့ ပြန်ပြောလိုက်သည်
‘‘သူနင့်ကိုဘာလုပ်ခဲ့တယ်ဆို ငါဘယ်လိုလုပ်ပြီး သိမှာလဲ’’
‘‘ငါတို့ကတစ်ဂိုဏ်တည်းသားတွေ… ပြီးတော့ ဒီရက်အတောအတွင်းလည်း တစ်ယောက်ကိုတစ်ယောက်
ကူညီပြီး ရှင်သန်ခဲ့ရတာ။ ဒါပေမယ့် ငါတို့ဘယ်တုန်းကမှ သူငယ်ချင်းမဟုတ်ခဲ့ဘူး။ ငါ့ကိုစွန့်ပစ်လိုက်လို့
အပြစ်ရှိတယ်လို့လည်း နင်ခံစားနေစရာမလိုဘူး။ ငါ့ကိစ္စကို နင်ဂရုစိုက်စရာမလိုဘူး’’ ရန်ကိုင်က
အေးစက်စက်နဲ့ ပြောလိုက်သည်။
လန်ချူးတျယ်က အံကြိတ်လိုက်ပြီး သူမမျက်နှာ အနည်းငယ်ဖြူးလျော်သွားခဲ့သည်‘‘ နင့်အတွက်
ဘာကောင်းတယ်ဆိုတာ နင်မသိဘူးပဲ’’ လန်ချူးတျယ်က ခြေဆောင့်ပြီး ထွက်သွားလိုက်သည်။
သူမရန်ကိုင်ကို ဆက်ပြီးအာရုံမစိုက်လိုတော့ချေ။ လန်ချူးတျယ်က ရှဲ့ဟုန်ချန်တို့အဖွဲ့ဆီ
အမြန်သွားလိုက်ပြီး သူမခေါင်းကိုတစ်ဖက်လှည့်လိုက်သည်‘‘နင်မှန်တယ်…ငါနင့်ကိုဘာအကြွေးမှ
မတင်ခဲ့ဘူး။ နင်ဘာသာနင် ဘာဖြစ်ဖြစ် ငါနဲ့လည်း ဘာမှမဆိုင်ဘူး’’
ရှဲ့ဟုန်ချန်က ကောင်းကင်စံအိမ်တပည့်တွေကြားတွင် ‘‘ငါသိနေပါတယ်’’ ဆိုတဲ့အပြုံးနဲ့ ပြံုးနေလေသည်။
ရန်ကိုင် အဖော်မဲ့ပြီး သူ့ကိုကူညီပေးတဲ့သူတွေကနေ အနိုင်ကျင့် ခွဲခွာခံရတမြင်ကွင်းကို ကြည့်ရင်း
သူတော်ာတော်လေး ပျော်နေခဲ့သည်။ သူဟန်ဆောင်းပြုံးနေရင်း ကောင်းကင်စံအိမ်အဖွဲ့သားတွေ
ကြားတွင် မာနတကြီး ဂုဏ်ယူစွာနဲ့ ရပ်နေရင်း ရန်ကိုင်ကို လှောင်ပြောင်နေလိုက်သည်။ ရှဲ့ဟုန်ချန်က
သူ့ဘာသာသူတွေးလိုက်သည်…ငါ့အဖွဲ့ထဲ ဝင်ပေါင်းချင်နေတာလား…ကောင်းပြီးလေ…ကောင်းလေး၊
မင်းငါ့ကိုအရင်ဆုံး ဒူးထောက်ပြီး တောင်းပန်လေ။ မင်းမလုပ်ချင်ရင်တော့ ဒီလိုအန္တရာယ်များတဲ့
နေရာမှာ တစ်ယောက်တည်း လှည့်ပတ်သွားနေလို့ရတယ်။ မင်အသက်ရှင်နိုင်မလားဆိုတာ
ကြည့်ရတာပေါ့…။
ရှဲ့ဟုန်ချန်၏ မျက်လုံးတွေက ရန်ကိုင်ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းရင်းတလက်လက်
တောက်ပနေခဲ့သည်။ တစ်ခဏကြာပြီးနောက် ရန်ကိုင်က ပြောလိုက်သည်‘‘ တပည့်တွေက
အုပ်ဖွဲ့ပြီး ငါ့အပေါ် နိုင်ထက်စီးနင်းပြုချင်ကြတယ်။ ငါ့ကိုတောင်းပန်ဖို့တွန်းအားပေးပြီး အားကြီးတဲ့
သူကို မျက်နှာလိုမျက်နှာရ လုပ်ချင်နေကြတယ်။ ငါကဘာလို့ မင်းတို့နဲ့ပူးပေါင်းရမှာလဲ’’
တပည့်အုပ်ထဲ ရောက်နေတဲ့ လန်ချူးတျယ်က ရန်ကိုင်ပြောတာကို ကြားလိုက်သည်။ ထိုစကားလုံး
တွေက သူမကိုစောင်းချိတ်ပြောနေတယ်ဆိုတာ သတိပြုမိသဖြင့် အရှက်ခွဲခံလိုက်ရသလို
ခံစားလိုက်ရပြီး စိတ်မချမ်းမမြေ့ဖြစ်လာခဲ့ပြီး အသက်ရှုသံလည်း မြန်ဆန်လာကာ သူမ၏ရင်အုံလည်း နိမ့်ချည်
မြင့်ချည် ဖြစ်နေခဲ့သည်။
ဒါပေမယ့် လန်ချူးတျယ်၏ စိတ်မချမ်းမမြေ့ဖြစ်မှုက တစ်ဦးတစ်ယောက်ပိုင် ဒေါသအဖြစ်
ပြောင်းလဲသွားခဲ့သည်။ ငါသာအားကြီးတဲ့လူတွေကို မျက်နှာလိုမျက်နှာရ မလုပ်ရင် ဒီလို
အန္တရာယ်များတဲ့နေရာမှာ ဘယ်လိုလုပ်ပြီး တစ်ယောက်တည်း ရှင်သန်နိုင်မှာလဲ။
ရှဲ့ဟုန်ချန်လို အားကြီးတဲ့လူတစ်ယောက်ရဲ့ အကာအကွယ်အောက်ကို ခိုဝင်တာကလဲ
သဘာဝပဲလေ။ ငါ့ထက်တောင် အားနည်းတဲ့သူနဲ့ ငါကဘာလို့ပူးပေါင်းနေရမှာလဲ။
ဒီရက်အတောအတွင်း နင့်ကိုငါက ဂရုစိုက်ပေးခဲ့တာတောင်မှာ ငါကိုပြန်ပြီး အထွန့်တက်ရဲသေးတယ်။
နင်သာငါ့ထက်သန်မာနေရင် ဒီမှာရှိနေတဲ့လူတွေအကုန်လုံး ငါအပါအဝင် အကုန်လုံး
နင့်ဘက်မှာပဲ ရှိနေမှာပေါ့။
ငါဘက်ကတော့ နင့်ကိုတိုက်တွန်းပြီးသွားပြီ။ ဒါပေမယ့် နင်ကငါ့စကားကို နည်းနည်းလေးတောင်
ဂရုမစိုက်ဘူး။ ဒါက နင်ရွေးထားတဲ့လမ်းပဲ…ငါကိုလာပြီးအပြစ်တင်မနေနဲ့။ အဲ့အကြောင်းကိုတွေးရင်း
သူမရန်ကိုင်ဆီကနေ ထွက်သွားတာနဲ့ပက်သက်ပြီး နောင်တရသလို မခံစားရတော့ချေ။ ပြောပြီးတာနဲ့
ရန်ကိုင်လည်း တစ်စက္ကန့်လေးတောင် အချိန်မဖြုန်းတော့ပဲ ချုံပုတ်ထဲကိုဝင်ရောက်သွားတော့သည်။
ရန်ကိုင် လုံလုံခြုံခြံု ထွက်သွားတာနဲ့ ပက်သက်ပြီး နီယုံက ရန်ကိုင်ကို ပြဿမဖြစ်ဖြစ်အောင်
လုပ်ချင်ခဲ့သည်‘‘ ရန်ကိုင်…မင်လုပ်တာ အရမ်းများနေပြီ။ သူကများ ငါတို့ညီအစ်ကိုရောင်းရင်းတွေကိုများ
ဒီလိုပြောရဲတယ်။ ငါတို့သူ့ကိုထွက်သွားခွင့်ပြုလို့မဖြစ်ဘူး’’
အမှောင်ထုထဲကနေ မီးလုံးတစ်လုံး ထွက်လာခဲ့ပြီး ရန်ကိုင်ရှိနေတဲ့ နေရာဆီကို ဦးတည်သွားလိုက်သည်။
ရန်ကိုင်လည်း တည်တည်ငြိမ်ငြိမ်နဲ့ ထိုတိုက်ခိုက်မှုကို အသာအယာ ရှောင်တိမ်းလိုက်သည်။
ရန်ကိုင်က ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြန်ပြောလိုက်သည်‘‘ ရှဲ့ဟုန်ချန်၊ ဒါဘာအဓိပ္ပါယ်လဲ။
ငါစီနီယာအစ်မစုယန်ကို ဒီကိစ္စကို သိအောင်လုပ်ပြမယ်။ မင်းလုပ်ခဲ့တာတွေအတွက်
မင်းဘယ်လိုပြန်ခံစားရမလဲဆိုတာ ငါကြည့်ဦးမယ်’’ ရှဲ့ဟုန်ချန်၏ အမူအရာ သုန်မှုန်သွားခဲ့သည်။
ရန်ကိုင်က လုံဟူကိစ္စကို စောင်းပြီးပြောနေတယ်ဆိုတာ သူသိပေသည်။ လုံဟူက ရန်ကိုင်ကို
လုံးဝကိုအလွယ်တကူ သတ်နိုင်တယ်လို့ သူတွေးနေတာဖြစ်သည်။ မမျှောင်လင့်စွာနဲ့့ပဲ
ရန်ကိုင်က အသက်ရှင်လျက် လွတ်မြောက်လာခဲ့ပြီး ဖြစ်ခဲ့တဲ့ကိစ္စတွေနဲ့ပက်သက်ပြီး သိရှိသွားခဲ့သည်။
လွန်ခဲ့တဲ့ ရက်အနည်းငယ် ရန်ကိုင်ကောင်းကင်စံအိမ်ကို ပြန်ရောက်ကတည်းက ရှဲ့ဟုန်ချန်အဖို့
သံတွေပေါ်မှာ အိပ်နေရသလို အိပ်မရဖြစ်ခဲ့သည်။ သူကရန်ကိုင်ကို ကြောက်လို့မဟုတ်ချေ။
မန်ဝူရက သွေးတိုက်ပွဲဂိုဏ်းကို သွားသောင်းကျန်တာကို တွေ့လိုက်ရတဲ့အချိန် မန်ဝူရကို
သေလောက်အောင် ကြောက်ရွံ့နေတာဖြစ်သည်။ ဒါပေမယ့် မန်ဝူရက သူ့ကိုအရေးတယူ
မလုပ်သေးတဲ့အတွက် သူ့ကိုယ်သူလုံခြုံပြီးလို့ တွေးနေတာဖြစ်သည်။ မန်ဝူရနဲ့ရန်ကိုင်
နှစ်ယောက်စလုံး သူလုပ်ခဲ့တာနဲ့ ပက်သက်ပြီး ဘာမှမသိခဲ့ဘူးလို့ ထင်လိုက်သည်။ ဒါပေမယ့်
ရန်ကိုင်ပြောတာကို ကြားလိုက်တဲ့အချိန်မှာတော့ သူလုပ်ခဲ့တဲ့ကိစ္စတွေက အနှေးနဲ့အမြန်ဆိုသလို
ဘူးပေါ်သလို ပေါ်လာတော့မယ်ဆိုတာ သိလိုက်သည်။ အလျင်အမြန်ပဲ သတ်ဖြတ်ချင်စိတ်
အပြည့်နဲ့ ရန်ကိုင်ကိုကြည့်လိုက်ပြီး နီယံကိုအလျင်စလို အချက်ပြလိုက်သည်။
နီယုံက ဝမ်းပန်းတသာနဲ့ ပြုံးလိုက်သည်။ ရန်ကိုင်က လန်ချူးတျယ်နဲ့ ဒူရီရွှမ်းတို့နှစ်ယောက်
ရေချိုးနေတုန်း သူချောင်းကြည့်မယ်အကြံကို ဖော်ထုတ်လိုက်တဲ့အတွက် ရန်ကိုင်ကို
သူသေလောက်အောင် မုန်းတီးနေတာဖြစ်သည်။ ရန်ကိုင်နောက်ကိုလိုက်ဖို့
ရှဲ့ဟုန်ချီက အမိန့်ရလိုက်တာ သူ့အတွက်တော့ ဝမ်းသာစရာ သတင်းတစ်ခုပင်ဖြစ်သည်။
နီယုံက ဒေါသတကြီးအော်လိုက်သည်‘‘ ရန်ကိုင်…. မင်ကများ စီနီယာအစ်ကိုရှဲ့ကို
ရိုင်းရိုင်းစိုင်စိုင်း ပြုမူတဲ့အတွက် မင်းကိုအပြစ်ပေးရမယ်။ ငါကိုယ်တိုင်မင်းကိုသင်ခန်းစာ
တစ်ခုပေးရမယ်’’ သူ့လက်ကိုမြှောက်လိုက်ပြီး အဖွဲ့သားတွေကို မြှောက်ပေးလိုက်သည်
‘‘ဘယ်ရောင်းရင်းကများ ငါနဲ့ပူးပေါင်းပြီး ဒီမောက်မာတဲ့ကောင်းလေးကို အပြစ်ပေးချင်ကြလဲ’’
ချင်ချင်းပဲ တပည့်တစ်အုပ်က နီယုံဘေးနားကိုပြေးလာပြီး ရန်ကိုင်နောက်ကို လိုက်တော့သည်။
လန်ချူးတျယ်က သူမလက်ကို တစ်ဝက်တစ်ပျက် မြှောက်လိုက်ပြီး တစ်ခုခုကိုပြောဖို့
လုပ်လိုက်သည်။ ဒါပေမယ့် သူမပါးစပ်ကတော့ စကားလုံးတစ်လုံးတောင် ထွက်မလာနိုင်ခဲ့ပဲ
သွေးစုပ်ဖို့အကြံအစည်နဲ့ အဖွဲ့သားတွေက ရန်ကိုင်နောက်ကိုလိုက်နေတာ အကူအညီမဲ့စွာနဲ့ပဲ
ကြည့်နေရတော့သည်။ ဒူရီရွှမ်းက တုန့်ဆိုင်းမနေပဲ ရန်ကိုင်ကိုသွားကူညီချင်ခဲ့ပေမယ့်
ဖန်ဇီကျိ၏ တားဆီးခြင်းကို ခံလိုက်ရသည်။
‘‘စီနီယာအစ်ကိုဖန်၊ ငါကိုသွားခွင့်ပြုပါ။ ငါသူ့ကိုကူညီရမယ်။ လွန်ခဲ့တဲ့ရက်တုန်းက သူငါ့အသက်ကို
ကယ်ခဲ့ဖူးတယ်’’ ဒူရီရွှမ်းက ပြောလိုက်သည်။ ‘‘ ဒါကနင်ဝင်ပါသင့်တဲ့ ကိစ္စမဟုတ်ဘူး’’
‘‘ဒါပေမယ့်……….’’ ဖန်ဇီကျိက ဒူရီရွှမ်းကို ခါးခါးသီးသီး ကြည့်လိုက်ပြီး သူမဘေးနားမှာရှိတဲ့
မိန်းကလေးနှစ်ယောက်ကို အမိန့်ပေးလိုက်သည်‘‘ အဖွဲ့ထဲကနေ သူမကိုထွက်မသွားအောင်
ထိန်းထားလိုက်’’ ဖန်ဇီကျိက ပျောက်ကွယ်သွားတဲ့ ရန်ကိုင်ပုံရိပ်ကိုကြည့်ရင်း မနှစ်မြို့ဖွယ်
အပြုံးနဲ့ပြံုးလိုက်ပြီး‘‘ ကောင်းကင်စံအိမ်အဖွဲ့သားတွေကြားမှာလည်း ဒီလိုကျက်သရေယုတ်တဲ့
အတွင်းပြဿနာတွေ ရှိနေသေးတာပဲ။ ဒါက တကယ်ကိုရယ်စရာကောင်းတာပဲ’’
ဒူရီရွှမ်းက ဆက်ပြီးရုန်းကန်နေခဲ့ပေမယ့် သူမရဲ့ကြိုးစားအားထုတ်မှုက အချည်းနှီးပင်ဖြစ်သည်။
ထိုအချန်တွင် ကျိုးအန်က သူမကိုနှစ်သိမ့်ပေးလိုက်သည်‘‘ နင်အဲ့လောက်ကြီးလည်း စိုးရိမ်စရာ
မလိုပါဘူး။ သူကစဦးဒြပ်စင်အဆင့်ရမှာပဲ ရှိနေတယ်ဆိုပေမယ့် သူကငါ့ကိုအမြဲတမ်း
ခြိမ်းခြောက်နေသလို ခံစားရစေတယ်။ ….သူဘာဒဏ်ရာမှမရပဲ ကောင်းကင်စံအိမ်အဖွဲ့သားတွေ
လက်ကနေ လွတ်မြောက်အောင် ထွက်ပြေးနိုင်မယ်ဆိုတာ လုံးဝကိုဖြစ်နိုင်တယ်’’
‘‘နင်သေချာလို့လား’’ ဒူရီရွှမ်းက ရုန်းကန်နေတာကို ရပ်လိုက်ပြီး နူးညံ့ပျော့ပျောင်းတဲ့လေသံနဲ့
မေးလိုက်သည်။ ‘‘ ငါ့ရဲ့မသိစိတ်က အဲ့လိုပြောနေတယ်’’ ကျိုးအန်က ယုံကြည်ချက်ရှိစွာ
ပြောလိုက်သည်။ သူ့ရဲ့မသိစိတ်ကြောင့်ပဲ ရန်ကိုင်ကို ရန်မစရဲခြင်းဖြစ်သည်။
တောအုပ်အတွင်းပိုင်းထဲကို ပြေးနေရင်း များစွာသောလူရိပ်တွေက ရန်ကိုင်ကိုမျက်ခြေပျက်သွားခဲ့သည်။
‘‘ရန်ကိုင်၊ ဒီရက်အတောအတွင်း ငါတို့အချိန်တွေကို တစ်ယောက်နဲ့တစ်ယောက်ကူညီရင်း
ကုန်ဆုံးခဲ့တဲ့အတွက် ငါတို့နှစ်ယောက်ကြား ရင်းနှီးမှုက တော်တော်လေး တိုးတက်လာခဲ့ပြီ။
မင်းသာအဖမ်းခံရမယ်ဆိုရင် ငါမင်းကိုလျှော့ပေါ့ပေးမှာပါ’’ နီယုံဝမ်းသာအားရ ခနဲ့လိုက်သည်။
‘‘ရင်းနှီးမှုလား’’ ရန်ကိုင်က လှောင်ပြောင်လိုက်သည်‘‘ မင်လို့လူမျိုးနဲ့လား…ရွံ့စရာစကားတွေ
မပြောစမ်းပါနဲ့ကွာ..တော်ကြာငါအန်မိလိမ့်မယ်’’
‘‘ကောင်းတယ်…ကောင်းတယ်…မင်းအဲ့လိုပြောတကို ငါကြိုက်တယ်’’ နီယုံကဒေါသတကြီး
အော်ပြောလိုက်ပြီး ခေါင်းကိုစောင်းကာ သူ့နောက်ကလူတွေကိုပြောလိုက်သည် ‘‘ရောင်းရင်းတို့၊
ဒီကောင့်မှာ မြေကမ္ဘာအဆင်မြင့်သိုင်းပညာရပ်တစ်ခုရှိတယ်။ ငါတို့သာသူ့ကိုဖမ်းနိုင်မယ်ဆိုရင်
သူ့ဆီကနေ ရအောင်ယူပြီး ငါတို့အားလုံးလေ့ကျင့်လို့ ရလောက်တယ်’’ ‘‘မြေကမ္ဘာအဆင့်မြင့်
သိုင်းပညာရပ်လား’’ အဖွဲ့သားတွေက ရန်ကိုင်နောက်လိုက်ရင်း အံ့အားသင့်စွာပြောလိုက်မိသည်။
မြန်မြန်ဆန်ဆန်ပဲ သူတို့ရဲ့စိတ်အားထက်သန်မှုက လောဘအဖြစ်ပြောင်းလဲသွားခဲ့ပြီး သွားနေတဲ့
အရှိန်ကိုမြှင့်လိုက်သည်။ လွန်ခဲ့တဲ့ရက်အတောအတွင်း အဖွဲ့နဲ့သွားနေရတဲ့အတွက် တစ်ခုခု
အဖိုးတန်တာ ရခဲ့ရင် နောက်ဆုံးပြန်လည်ခွဲယူကြရသည်။ အဖွဲ့သားတွေက များလွန်းတဲ့အတွက်
သူတို့အတွက ်အဖိုးတန်တာ ဘာမှမရခဲ့ချေ။ ဒါပေမယ့် နီယုံစကားကိုကြားလိုက်တာနဲ့
သူတို့ဘာလို့ လက်လျှော့လိုက်ရမှာလဲ။
‘‘ရန်ကိုင်…မင်းဘာလို့ခေါင်းမာနေရတာလဲ’’ တပည့်တစ်ယောက် သူ့ဓါးကိုဝှေ့ရမ်းလိုက်ပြီး
ရန်ကိုင်ကို ပြောလိုက်သည်။ ရန်ကိုင်လည်း သူ့နောက်ဘက်က အန္တရာယ်ကို ခံစားမိလိုက်ပြီး
ချက်ချင်း ဘေးဘက်ကို ရှောင်တိမ်းလိုက်သည်။ တစ်နေရာတည်းမှာပဲ သူ့ရှေ့ကနေ
နောက်ထပ်ဓါးတစ်ချောင်း ထွက်လာတာကို ခံစားမိလိုက်ပြီး ပြေးနေတာကို ရုတ်ချည်း
ရပ်တန့်လိုက်ရသည်။ အဖွဲ့သားတွေက ထိုအခွင့်အရေးကို အရယူကာ ရန်ကိုင်ကိုဝိုင်းထားလိုက်ရသည်။
ရန်ကိုင်လည်း ရေတွက်ကြည့်လိုက်တဲ့အချိန် စုစုပေါင်းလူငါးယောက်ရှိနေတာကို တွေ့လိုက်ရသည်။
တစ်ယောက်ချင်းစီက ချီပြောင်းလဲခြင်းအဆင့်ကို ရောက်နေပြီး ပိုဆိုးတာက သူတို့ရဲ့
ကျင့်ကြံခြင်းအဆင့်က နီယုံထက်အများကြီး ပိုမြင့်နေခဲ့သည်။ အဖွဲ့သားငါးယောက်က
ရန်ကိုင်ကို ဝိုင်းထားလိုက်ပြီး လှောင်ပြောင်လိုက်သည်‘‘ ရောင်းရင်းရန်၊ မင်းက
အပြစ်တစ်ခုကို ကျူးလွန်ခဲ့တဲ့အတွက် ငါကတရားမျှတမှုကို လက်ကိုင်ထားပြီး မင်းကို
အပြစ်ပေးမယ်’’ နီယုံကလှောင်ပြောင်သရော်လိုက်သည်။ ရန်ကိုင်က ငြိမ်ခံမနေပဲ
နှာခေါင်းရှုံ့ကာ‘‘ မိန်းကလေးတွေ ရေချိုးနေတာကို ချောင်းကြည့်တာကော အပြစ်လို့
မယူဆဘူးလား’´
အခြားတပည့်တစ်ယောက်က ပြောလိုက်သည်‘‘ ရန်ကိုင်၊ မင်သာငါတို့ကိုညီအစ်ကိုရောင်းရင်း
တစ်ယောက်လို့ ယူဆထားရင် ငါတို့မင်းကိုမသတ်ဘူး။ မင်သားငါတို့ကိုမြေကမ္ဘာအဆင်မြင့်
သိုင်းပညာရပ်ကို ပေးလို့ရှိရင် ငါတို့မင်းကိုမသတ်ရုံတင်မကဘူး…စီနီယာအစ်ကိုရှဲ့ကိုပါ
ခွင့်လွှတ်ပေးဖို့ ဝိုင်းတောင်းဆိုပေးမယ်’’ ‘‘ ညီအစ်ကိုရောင်းရင်းလား၊ ငါမငြင်းဆန်ချင်ပေမယ့်လည်း
ငါငြင်းကိုငြင်းရမယ်’’ ဖိအားကိုခံစားမိတာနဲ့ ရန်ကိုင်လည်း မိန်းမလိုမိန်းမရ လုပ်မနေပဲ
ခေါင်းကိုမော့ ရင်ကိုပုတ်ကာပြောလိုက်သည်‘‘ မင်းတို့လိုချင်တယ်ဆိုရင်လည်း ကြိုးစားကြည့်လို့
ရတယ်နော်။ မင်းတို့ဘယ်လောက်ကျွမ်းကျင်လဲဆိုတာအပေါ်မှာတော့ မူတည်တာပေါ့’’
သူ့နဲ့ဆန့်ကျင်ဘက်မှာရှိတဲ့တပည့်က ဒေါသတကြီးအော်လိုက်သည်‘‘ ငါတို့မင်းကို
လက်ကမ်းပေးခဲ့ပေမယ့် မင်းကပုတ်ထုတ်ခဲ့တယ်။ ငါတို့ကစံအိမ်တစ်ခုတည်းကဖြစ်နေလို့
မင်းကိုမသတ်ဘူးလို့ ထင်နေတာလား။ မင်းစီနီယာအစ်ကိုရှဲ့ကို ရန်စစော်ကားထားမှာတော့
မင်းကိုယ်မင်း သေလူအဖြစ် သတ်မှတ်လိုက်လို့ရပြီ။ ငါတို့မင်းကို ဒီမှာသတ်လိုက်ရင်တောင်
ဘယ်သူမှသိမှာမဟုတ်သလို ငါတို့လည်းအပြစ်ပေးခံရမှာမဟုတ်ဘူး’’ တပည့်ငါးယောက်တွင်
ရန်ကိုင်ကို အမုန်းဆုံးသူကနီယုံပင်။ နောက်ထပ်ဆက်ပြီး မစောင့်ဆိုင်းချင်တော့တဲ့အတွက်
သူကအဖွဲ့သားတွေကို အချက်ပြလိုက်သည်‘‘ စကားပြောနေတာ လုံလောက်ပြီ။ မင်းက
သိုင်းပညာရပ်ကို မပေးမှတော့ ငါတို့မင်းကိုနှိပ်စက်မေးမြန်းရတော့မှာပေါ့’’
ကျောက်တုံးကလေးငယ်တွေကို ခွဲဝေယူတုန်းက နီယုံက ရန်ကိုင်ကို အလွန်အမင်း
မနာလိုဖြစ်ခဲ့ရသည်။ ရန်ကိုင်က ဘယ်လိုသိုင်းပညာရပ်မျိုးရသွားလဲဆိုတာသူမသိပေမယ့်
သူရခဲ့တဲ့သိုင်းပညာရပ်ထက် ပိုပြီးအသုံးဝင်မယ်ဆိုတာတော့ သေချာပေသည်။
နီယုံလက်သီးက ရန်ကိုင်ဆီးတိုးဝင်သွားခဲ့ပြီး ရင်းနှီးနေတဲ့ လေပြေလေညင်းတစ်ခုက
တိုက်ခတ်လာခဲ့သည်။ အန္တရာယ်ရှိတဲ့ အော်ရာတစ်ခုက ရန်ကိုင်ကိုခြိမ်းခြောက်နေခဲ့သည်။
ရန်ကိုင်ကိုဒုက္ခိတဖြစ်သွားစေဖို့အတွက် နီယုံကသူ့ရဲ့အစွမ်းထက်ဆုံး သိုင်းပညာရပ်ကို
အသုံးပြုဖို့ဆုံးဖြတ်လိုက်သည်။ ထိုအချိန်တွင် ကျန်တဲ့တပည့်လေးယောက်က
မတ်တပ်ရပ်ပြီး စောင့်ကြည့်နေခဲ့ကြသည်။ တကယ်တော့ သူတို့နှစ်ယောက်ကြားက
ကျင့်ကြံခြင်းအဆင့်က ကွာခြားလွန်းတဲ့အတွက် နီယုံအတွက်တော့ အောင်မြင်မှုက
လက်ကမ်းကြိုဆိုနေမှာကျိန်းသေပင်။
တပည့်တွေထဲက တစ်ယောက်က သာမန်ကာလျှံကာ ပြောလိုက်သည်‘‘ ရောင်းရင်းနီက
လေအေးလက်ဝါးကို ဒီအတိုင်းအတာထိတောင် ကျွမ်းကျင်နေပြီပဲ။ ဒီလောက်အထိကျွမ်းကျင်ဖို့
သူတော်တော်လေး လေ့ကျင့်ခဲ့ရမယ်’’ ကျန်တဲ့တပည့်သုံးယောက်ကလည်း ထိုတပည့်ပြောတာကို
ထောက်ခံတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်သည်။ လေအေးလက်ဝါးက ကောင်းကင်စံအိမ်၏
မြေကမ္ဘာအဆင့်နိမ့်သိုင်းပညာရပ်တွေထဲက တစ်ခုဖြစ်ပြီး ထောက်ပံ့ရေးအမှတ်၅၀၀နဲ့မှာ
ရရှိနိုင်တဲ့ သိုင်းပညာရပ်တစ်ခုဖြစ်သည်။ ထိုသိုင်းပညာရပ်အတွက် နီယုံကနာရီပေါင်းများစွာနဲ့
အရမ်းကိုအာစိုက်ထုတ်ထားရမယ်ဆိုတာ မေးစရာပင်မလိုချေ။ အဖွဲ့သားတွေအတွက်ကတော့
မြေကမ္ဘာအဆင့်နိမ့်သိုင်းပညာရပ်တစ်ခုကို အခုလိုကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်တာက
ရန်ကိုင်ကို ရင်ဆိုင်ဖို့ လုံလောက်တာထက်ပိုနေပြီဖြစ်သည်။ မည်သည့်စိတ်လှုပ်ရှားမှုမှ
မခံစားရပဲ အဖွဲ့သားတေါက ရှောင်လွှဲမရနိုင်တဲ့ အဖြေကိုစောင့်ဆိုင်းနေခဲ့ကြသည်။
အခြားတစ်ဖက်မှာတော့ ရန်ကိုင်က နီယုံ၏လေအေးလက်ဝါးကို သူ့ရဲ့ကိုယ်ပိုင်လက်ဝါးနဲ့
နှုတ်ဆက်ကြိုဆိုဖို့ ဆုံးဖြတ်လိုက်သည်။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၅) ထွက်ပြေးလွတ်မြောက်ခြင်း
လက်ဝါးက သူနဲ့နီးကပ်လာတာနဲ့အမျှ သူ့ဘယ်လက်ဘက်လက်မှာရှိတဲ့ သွေးကြောတွေထဲက
ချီစွမ်းအင်တွေက တဖြည်းဖြည်းအေးစက်လာပြီး အားနည်းလာတာကို ခံစားမိလိုက်သည်။
နီယုံက လှောင်ပြုံးပြံုးလိုက်ပြီး ‘‘ရန်ကိုင်၊ ဒီနေ့သင်ခန်းစားတစ်ခုအနေနဲ့ မင်းလက်တစ်ဖက်ကို
ဖြတ်ပြီး ခေါင်းမှာတပ်ပေးမယ်’’ ရန်ကိုင်မျက်နှာမဲမှောင်သွားပြီး သူ့သွေးကြောတွေထဲမှာရှိတဲ့
ချီစွမ်းအင်တွေကို အတင်းအကြပ် လှုံ့ဆော်လိုက်သည်။ ချက်ချင်းပဲ သူ့သိုင်းပညာရပ်က
ထင်ထားတဲ့အတိုင်း အလုပ်မလုပ်ဘူးဆိုတာ နီယုံနားလည်လိုက်သည်။
‘‘ငါ့ကိုဆန့်ကျင်နိုင်မယ်လို့ ထင်နေတာလား’’ နီယုံအံကြိတ်လိုက်သည်။ အခုလိုမျိုး
သူ့ကိုယ်သူအရှက်မရချင်ပေ‘‘ မင်းရဲ့ချီစွမ်းအင်က ပြင်းထန်ပေမယ့် ငါ့ကိုဆန့်ကျင်ဖို့တော့
အားနည်းသေးတယ်’’
လေအေးလက်ဝါးက စက္ကန့်နဲ့အမျှ ရန်ကိုင်ဆီနီးကပ်လာခဲ့သည်။ ရွေးချယ်စရာမရှိတော့တဲ့အတွက်
သွေးကြော၃၀ထဲမှာရှိတဲ့ ချီစွမ်းအင်တွေကို လှုံ့ဆော်လိုက်ပြီး နေမီးတောက်ပေါက်ကွဲခြင်း
ပညာရပ်ကို ထုတ်သုံးလိုက်သည်။ ‘‘ ငါ့ကိုရင်ဆိုင်ဖို့ အားနည်းပါသေးတယ်လို့ ငါပြောပါတယ်’’
ရန်ကိုင်လက်သီးက အားပျော့တဲ့ချီစွမ်းအင်ကို အာရုံခံမိလိုက်တာနဲ့ နီယုံကလှောင်ပြောင်လိုက်သည်။
အခုလို အားနည်းတဲ့ချီစွမ်းအင်နဲ့ဆိုရင် ရန်ကိုင်ကသူ့လက်မောင်းကိုး ဆုံးရှုံးမှာအသေအချာပင်။
လက်ဝါးချင်းထိပ်တိုက်ရင်ဆိုမိတာနဲ့ ရန်ကိုင်လက်သီးက ချီစွမ်းအင်တွေက ပေါက်ကွဲထွက်လာခဲ့ပြီး
တောက်ပသောမီးနီရောင် အလင်းတန်းကို ထုတ်လွှတ်လိုက်သည်။ အားကောင်းလွန်းတဲ့
အတွက် အစစ်အမှန်နေတစ်စင်းကို ကြည့်နေရသည့်အလး ဘေးပတ်ဝန်းကျင်တစ်ခုလုံးကို
တစ်ခဏတာ လင်းထိန်းသွားစေခဲ့သည်။
‘‘ဘာလဲဟ’’ နီယုံအော်ဟစ်လိုက်သည်။ အားနည်းတဲ့ ချီစွမ်းအင်နောက်ကွယ်တွင် အခုလို
သေစေနိုင်တဲ့ တိုက်ကွက်ကို ရန်ကိုင်ဖုံးကွယ်ထားလိမ့်မယ်လို့ နီယုံထင်မထားခဲ့ချေ။
မမျှော်လင့်စွာနဲ့ပဲ သူ့တို့စွမ်းအင်တွေက တူညီနေပြီး ပေါက်ကွဲမှုကြောင့် ဘေးနားမှာရပ်နေတဲ့
တပည့်နှစ်ယောက်တောင် ခြေလှမ်းအနည်းငယ်ဆုတ်သွားခဲ့ရသည်။ နီယုံက နောက်ပြန်
လွင့်ထွက်သွားခဲ့ပြီး သစ်ပင်တစ်ပင်ကို ဝင်တိုက်မိကာ သွေးတစ်ပွက်အန်လိုက်ရသည်။
သူမခန့်မှန်းနိုင်ခဲ့တဲ့ ပြင်းထန်တဲ့ဒဏ်ရာကို သူရသွားခဲ့သည်။
တောက်ပနေတဲ့ အလင်းရောင်ကို အကာအကွယ်ယူကာ ရန်ကိုင်လည်း အချိန်မဖြုန်းတော့ပဲ
ထွက်ပြေးသွားတော့သည်။ ချီစွမ်းအင်တွေကိုလှုံှု့ဆော်လိုက်ပြီး ဆက်ပြီးပြေးလွှားနေခဲ့သည်။
ကျန်တဲ့လေးယောက်၏ ကျင့်ကြံခြင်းအဆင့်က နီယုံထက်မြင့်မားတဲ့အတွက် ရန်ကိုင်အဖို့
ဆက်ပြီးနေလို့ မဖြစ်ပေ။ ရွေးချယ်စရာတစ်ခုကတော့ ထွက်ပြေးဖို့ပဲ ရှိတော့လေသည်။
ထိုအချိန်တွင် ထိတ်လန့်မှုကြောင့် ကျန်ရှိနေတဲ့ တပည့်လေးယောက်က ကြက်သေသေသွားခဲ့သည်။
နီယုံက ရန်ကိုင်ကို အနိုင်မယူနိုင်ခဲ့ချေ။ သူတို့အသိပြန်ဝင်လာတဲ့အချိန်မှာတော့ ရန်ကိုင်က
ထွက်ပြေးသွားခဲ့ပြီဖြစ်သည်။
အဝေးတစ်နေရာကနေ ရန်ကိုင်အော်လိုက်သည်‘‘ နီယုံ၊ အခုတော့ ငါနှုတ်ဆက်စကားပဲ
ပြောနိုင်ဦးမယ်။ ဒါပေမယ့် ငါတို့နောက်တစ်ကြိမ် ပြန်တွေ့တဲ့အချိန်ကျရင်တော့ မင်းလည်းပင်းကို
ရေဆေးထားသင့်တယ်။ အဲ့အချိန်ကျရင်းမင်းအသက်ကိုငါယူမှာ’’ ရန်ကိုင်အသံက ပဲ့တင်ထပ်နေခဲ့ပြီး
အဖွဲ့သားအားလုံးကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။ ‘‘ရောင်းရင်းနီ’’ အဖွဲ့သားတွေထဲက
တစ်ယောက်က နီယုံဆီပြေးသွားလိုက်ပြီး ကူညီပေးလိုက်သည်။ သူ့ပါးစပ်ကနေ သွေးတွေ
စီးကျနေခဲ့ပြီး သူ့မျက်လုံးတွေကတော့ မလိုလားမှု၊ခြောက်သွေးမှုတွေနဲ့ သုန်မှုန်နေခဲ့သည်။
သူ့အသားအရေကလည်း တစ္ဆေတစ်ကောင်က သူ့ခန္ဓာကိုယ်ထဲ ဝင်သွားသည့်အလား
လုံးဝကိုဖြူစွတ်နေခဲ့သည်။
‘‘မင်းအဆင်ပြေလား’’
‘‘ငါအဆင်ပြေပါတယ်’’ နီယုံအားတင်း မတ်တပ်ရပ်လိုက်ပြီး‘‘ ရန်ကိုင်လည်း ဒဏ်ရာရသွားလောက်တယ်။
ငါတို့သူ့နောက်ကို အမြန်လိုက်ရမယ်။ သူ့လွတ်သွားလို့မဖြစ်ဘူး’’ ‘‘ငါတို့ဆက်လိုက်ဦးမှာလား’’
အဖွဲ့သားတွေက တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း တုန့်ဆိုင်းနေခဲ့သည်။ သူတို့က
ရန်ကိုင်နဲ့ ဘာရန်ငြိုးရန်စမှ မရှိချေ။ သူတို့က နီယုံကိုအားပေးအားမြှောက်ပြုပြီး ရှဲ့ဟုန်ချန်စီက
မျက်နှာသာရချင်လို့သာ ရန်ကိုင်နောက်ကို လိုက်လာတာဖြစ်သည်။ အခု ရန်ကိုင်က
ဘယ်နေရာကိုထွက်ပြေးသွားမှန်းလည်းသူတို့မသိချေ။ ရန်ကိုင်နောက်လိုက်ဖို့က
တော်တော်လေး အန္တရာယ်များပြီး အခပ်မသင့် ထောင်ချောက်ထဲကျပြီး မိစ္ဆာသားရဲတွေနဲ့တောင်
တိုးနိုင်ပေသည်။
နီယုံက သူတို့ဘာတွေးနေလဲဆိုတာ နားလည်ပေသည်။ ထို့ကြောင့် ချက်ချင်း သွေးထိုးပေးလိုက်သည်
‘‘ မင်းတို့လည်း သူ့သိုင်းပညာရပ်ရဲ့ အစွမ်းကိုတွေ့လိုက်တယ်မလား။ အဲ့သိုင်းပညာရပ်ကို သူတစ်ရက်
လောက်ပဲ လေ့ကျင့်ရသေးတာ ။အဲ့ဒါတောင် တော်တော်လေးစွမ်းနေပြီ။ မင်းတို့အဲ့လိုသိုင်းပညာရပ်
မျိုးကို မလိုချင်တာသေချာလား’’ ကျန်ရှိနေတဲ့တပည့်တွေကလည်း လက်မခံနိုင်တဲ့ပုံစံမျိုးနဲ့
ခေါင်းခါလိုက်ကြသည်။ ဒါပေမယ့် အဖွဲ့သားတစ်ယောက် ထပ်ပြောလိုက်သည်‘‘ ငါတို့သူ့နောက်ကို
လိုက်တာ သူ့ဆီကသိုင်းပညာရပ်ကို လိုချင်လို့ပဲ။ မင်းသူနဲ့ရင်ဆိုချင်တယ်ဆိုရင် ငါတို့ကို
ထည့်မတွက်နဲ့။ ဒါက မင်နဲ့သူ့ကြားက ရန်ကြွေးပဲ။ ငါတို့ဝင်ပါမှာမဟုတ်ဘူး။ မင်သူ့ကိုသတ်ခဲ့ရင်
မင်းတစ်ယောက်ပဲ အကျိုးဆက်ကိုခံရမှာ’’
‘‘ဒါသဘာဝပဲလေ’’ နီယုံက ရက်စက်ကြမ်းကြုတ်စွာနဲ့ ကျန်တဲ့သူတွေကို ပြန်ပြောလိုက်သည်
‘‘ သူကငါ့ကိုများခြိမ်းခြောက်ရဲတယ်။ ငါ့အသက်ကိုများယူမယ်တဲ့…ဘယ်လောက်တောင်
ရှက်စရာကောင်းလိုက်လဲ။ ရန်ကိုင်…ငါလက်ထဲရောက်လာတဲ့ အချိန်ထိစောင့်နေ။ အဲ့အချိန်ကျမှ
နောက်ဆုံးဘယ်သူရယ်နိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့’’ တပည့်လေးယောက်စလုံး
ရန်ကိုင်ကို အပစ်ပေးဖို့ထိုက်တန်ပေမယ့် မသေသင့်ဘူးလို့ တွေးနေခဲ့ကြသည်။ ဒါပေမယ့် သူက
နီယုံကိုလုံးဝဒေါသထွက်သွားစေခဲ့သည်။အခုအချိန် ရန်ကိုင်ဖမ်းမိတာနဲ့ သူ့အတွက်သေခြင်းကလွဲပြီး
အခြားမရှိဘူးဆိုတာ သူတို့သိလိုက်သည်။
ထိုအချိန်တွင် လန်ချူးတျယ်နှင့် ဒူရီရွှမ်းတို့ ရေချိုးခဲ့တဲ့ကန်ဘေးတွင် ရန်ကိုင်သွေးတစ်ပွက်
အန်ထုတ်လိုက်သည်။ အခုအချိန်မှာတော့ သူ့ခွန်အားအတိုင်းအတာကို သူသိသွားခဲ့လေပြီ။
သူသာဆက်တိုက်နေရင် ကိုယ့်သေတွင်းကိုယ်တူးနေတာနဲ့ အတူတူပဲဆိုတာသိလိုက်သည်။
ထိုအဖွဲ့ထဲတွင် အမြင့်ဆုံးအဆင့်က ချီပြောင်းလဲခြင်းအဆင့်ရ ဒါမှမဟုတ် အဆင့်၈ဖြစ်နိုင်သည်။
သူနီယုံကို တိုက်ခိုက်နိုင်ရင်တောင် ကျန်တဲ့လေးယောက်ကိုတော ခုခံနိုင်မည်မဟုတ်ချေ။
ထိုတိုက်ပွဲက လေနက်တောင်ကြားထဲက တိုက်ပွဲနဲ့ နှိုင်းယှဉ်လို့မရချေ။ တကယ့်တော့
အခုရှိနေတဲ့ ကျင့်ကြံသူတွေအကုန်လုံးက သူနဲ့အဆင့်တူလောက်တွေပဲဖြစ်သည်။
နေမီးတောက်ပေါက်ကွဲခြင်းပညာရပ်ကြောင့်သာ မဟုတ်ရင် ရန်ကိုင်သေမှာကျိန်းသေပင်။
နီယုံ၏လေအေးလက်ဝါးမှ အအေးစွမ်းအင်တွေက သူ့ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေခဲ့သည်။
နောက်ထပ် ဒဏ်ရာပြင်းပြင်းထန်ထန် ထပ်မရစေဖို့ ထိုအအေးစွမ်းအင်တွေကို သူဖယ်ရှား
ပစ်ရပေမည်။ သူ့နားကိုတစ်ယောက်ယောက်ကပ်လာတယ်လို့ အာရုံခံလိုက်မိတာနဲ့
ရန်ကိုင်က သူ့ခန္ဓာကိုယ်ကိုကွေးလိုက်ပြီး ရေကန်ထဲကိုလျှောထိုးဆင်းသွားကာလိုက်ပြီး
ပုန်းနေလိုက်သည်။ ရေကန်လေးက ပုန်းဖို့ကောင်းတဲ့နေရာတစ်ခုပင်ဖြစ်သည်။ အကယ်၍
အဖွဲ့သားတွေက ရေကန်ထဲဆင်လာပြီး သူရှိမရှိစစ်ဆေးမယ်ဆိုရင် သူ့ဘက်ကလည်း
အငိုက်ဖမ်းတိုက်ခိုက်နိုင်ပေသည်။ နီယုံခံလိုက်တာကို မြင်ပြီးတာတောင် သူတို့ကကော
အခုလိုအငိုက်ဖမ်းတိုက်ခိုက်တာကို ခံရဲပါဦးမလား။
ရန်ကိုင်က ရေကန်အနက်ထဲကိုသာ ဆက်ပြီးငုံ့လျှိုးသွားလိုက်သည်။ ရေကန်က မကြီးပေမယ့်
ကန်ရဲ့အနက်ကိုတော့ ရန်ကိုင်အံ့သြသွားခဲ့ရသည်။ အချိန်အတော်ကြာ ငုံ့ပြီးတာတောင်
ရေကန်အောက်ခြေကို သူမရောက်သေးချေ။ ပိုပြီးထူးခြားတာက အောက်ကိုရောက်လေ
အေးစက်မှုက ပိုပြီးပြင်းထန်လာလေဖြစ်ပြီး အအေးဓာတ်က သူ့အရိုးထဲအထိ ထိုးဖောက်
ဝင်ရောက်လာခဲ့သည်။ ရန်ကိုင်လည်း ငုံ့နေတာကို ရပ်လိုက်ပြီး ရေမျက်နှာပြင်ဘတ်ကို
ပြန်ကူးသွားလိုက်သည်။ ထို့နောက် သူ့ပတ်ပတ်လည်မှာရှိတဲ့ အသံတွေကိုနားထောင်လိုက်ပြီး
အခြားသူတွေရဲ့နေရာကို မှန်းဆဖို့ကြိုးစားလိုက်သည်။
သူမျှော်လင့်ထားသလိုပဲ နီယုံနဲ့ကျန်တဲ့တပည့်လေးယောက်က သူ့နောက်ကို
လိုက်လာခဲ့သည်။ သူခြေရာလက်ရာတွေကို ဖုန်းကွယ်ဖို့ကြိုးစားခဲ့ပေမယ့်လည်း ရန်ကိုင်နဲ့
ရက်အတော်ကြာ ပူးပေါင်းဖူးတဲ့နီယုံက ရန်ကိုင်ဘယ်နေရာကိုသွားမယ်ဆိုတာ
မှန်းဆနိုင်ခဲ့သည်။ တိုးလျလျအသံတွေကို ကြားပြီးနောက အပေါ်ဘက်ကနေ ရေပွက်သံ
ကြားလိုက်ရသည်။ တုန်လှုပ်ခြောက်ခြားမှုက သူ့စိတ်ထဲကြီးစိုးသွားခဲ့ပြီး နီယုံကိုသူအထင်
သေးမိသွားပြီးဆိုတာ သိလိုက်သည်။ နီယုံက သူကိုဖမ်းဖို့ရေကန်နက်ထဲအထိ ဆင်ရှားလိမ့်မယ်လို့
ဘယ်တုန်းကမှ သူမထင်ထားခဲ့ချေ။
ရွေးချယ်စရာ မရှိတော့တဲ့အတွက် ရန်ကိုင်လည်း ရေကန်နက်ထဲကိုသာ ဆက်ပြီးတော့
ငုံ့လျှိုသွားရတော့သည်။ ကံကောင်းစွာဖြင့် သူက အစစ်အမှန်ယန်နည်းစနစ်ကို
လေ့ကျင့်ထားတဲ့အတွက် ရေကန်ထဲကအအေးဓါတ်ကို သူ့ကိုမနှောင့်ယှတ်နိုင်တော့ချေ။
ထို့ကြောင့် ရန်ကိုင်က နီယုံနဲ့အခြားသူတွေ မရောက်နိုင်တဲ့နေရာအထိ ဆက်ပြီးငုံ့လျှိုး
သွားလိုက်သည်။ တစ်ခဏကြာပြီးနောက် ရေကန်ထဲဆင်းသွားတဲ့တပည့်က ရေပေါ်
ပြန်ပေါ်လာပြီး ရေကန်ထဲကနေ ထွက်လာလိုက်သည်။ ရေကန်ထဲတွင် ရန်ကိုင်ကို
မရှာနိုင်တဲ့အတွက် အဖွဲ့သားတွေလည်း ရေကန်နားတွင် အချိန်ကုန်ခံမနေတော့ပဲ
ရန်ကိုင်ကို ရှာဖို့အခြားနေရာတွေဆီ ထွက်သွားလိုက်သည်။
ရေကန်ထဲတွင် အသက်မရှုပဲ အချိန်အတော်ကြာ ငုံ့နေရတဲ့အတွက် ရန်ကိုင်ခေါင်းမူးလာခဲ့သည်။
သူကစဦးဒြပ်စင်အဆင့်ရအထိ လေ့ကျင့်ထားတဲ့ ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သာမန်
သေမျိုးတွေထက် သန်မာနေရင်တောင် ကန့်သတ်ချက်တော့ ရှိသေးပေသည်။
ကျေးဇူးတင်စွာနဲ့ပဲ အဖွဲ့သားတွေက ထွက်သွားခဲ့တဲ့အတွက် ရန်ကိုင်လည်း ရေပေါ်တက်ပြီး
အသက်ပြန်ရှုဖို့ အခွင့်အရေးရတော့သည်။ သူရေမျက်နှာပြင်ဆီကို ကူခတ်နေတုန်း
ရုတ်တရက် တဝှီဝှီမြည်သံကို ကြားလိုက်ရသည်။ သူ့ပတ်ပတ်လည်ကို စူးစမ်းစစ်ဆေး
ကြည့်လိုက်ပေမယ့်လည်း အသံအရင်းအမြစ်ကိုတော့ ရှာမတွေ့ခဲ့ချေ။
ရန်ကိုင်ဆက်ပြီး ရှာနေတုန်းမှာပဲ အသံက ပိုကျယ်လာခဲ့သည်။တဝှီဝှီမြည်သံနှင့်အတူ
လေပြေတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ အောက်ခြေကနေ လာနေတာလား။
အသံလာနိုင်တာနေရာ အခြားမည်သည့်နေရာမှ မဖြစ်နိုင်တော့တဲ့အတွက ်ရန်ကိုင်လည်း
အောက်ခြေက အမှောင်ထုကို အာရုံစိုက်ထားလိုက်သည်။ သူအောက်ခြေကို
ပြန်ကူးခတ်သွားလိုက်ပြီး ထိုနေရာတစ်ဝိုက်ကို သေချာစစ်ဆေးကြည့်လိုက်သည်။
ထို့နောက်သူကြားနေရတဲ့အသံက တဖြည်းဖြည်းပိုကျယ်လာခဲ့သည်။ သူပိုပြီး
သေချာအာရုံစိုက်လိုက်တဲ့အချိန်မှာတော့ အရောင်မှိန်မှိန်လေးကို တွေ့လိုက်ရသည်။
အနီကပ်ကြည့်လိုက်တဲ့အချိန်တွင် တောက်ပနေတဲ့ အနက်ရောင်ဂူပေါက်
တစ်ပေါက်ကို တွေ့လိုက်ရသည်။
ရန်ကိုင်မျက်လုံးတွေက ပျော်ရွှင်မှုကြောင့် တလက်လက်တောက်ပနေခဲ့သည်။ အခုလို
အသံမျိုးထုတ်လွှတ်နိုင်တဲ့အတွက ်လိုဏ်ခေါင်းတွင်လေဝင်ပေါက်တစ်ပေါက် ရှိရပေမည်။
နီယုံအဖွဲ့သားတွေဆီကနေ လွတ်မြောက်ပြီး အားပြန်ဖြည့်ဖို့ လုံခြုံတဲ့နေရာတစ်ခု
ဖြစ်နိုင်တဲ့အတွက် ရန်ကိုင်လည်း လိုဏ်ခေါင်းဆီကူးခတ်သွားလိုက်သည်။ အပြင်ဘက်တွင်
နီယုံတို့အဖွဲ့သားတွေက သူ့ကိုရှာနေမှာကျိန်းသေပင်။ လိုဏ်ဂူက မီတာတစ်ရာထက်မက
နက်ပေသည်။ အစပိုင်းမှာတော့ လိုဏ်ခေါင်းက အောက်ဘက်ကို ဦးတည်နေပေမယ့် ထို့နောက်..
ရေပြင်ညီအတိုင်းဖြစ်သွားပြီး …နောက်ဆုံးမှာတေ့ အထက်ဘက်ကို ဦတည်သွားခဲ့သည်။
သူအသက်မရှုနိုင်ဖြစ်တော့မယ့်အချိန်မှာပဲ လေဝင်ပေါက်ကိုရောက်ရှိလာခဲ့သည်။
ရန်ကိုင်က သူ့လက်ကိုသုံးပြီးသူ့မျက်နှာက ရေတွေကိုသုတ်လိုက်သည်။ လေဝင်ပေါက်
ပတ်တပ်လည်ကို တစ်ချက်စူးစမ်းကြည့်လိုက်တဲ့အချိန် ထိုလေဝင်ပေါက်က
အပေါက်ကလေးတစ်ပေါက် သာသာမဟုတ်ပဲ ကြီးမားတဲ့ဗလာနေရာလပ်ကြီး
တစ်ခုဖြစ်နေခဲ့သည်။ ထိုနေရာက လိုဏ်ဂူတစ်ခုတောင် ဖြစ်နိုင်ပေသည်။ ဝင်ပေါက်ကနေ
လေတိုက်သံကို သူကြားနေရတဲ့အတွက် သေချာပေါက် ထွက်ပေါက်တစ်ခုရှိရပေမည်။
လိုဏ်ဂူတစ်ခုလုံးက လုံးဝကိုခြောက်ကပ်နေခဲ့သည်။ ရန်ကိုင်လည်း ရေထဲကနေ
အမြန်အဆန် ထွက်လိုက်ပြီး အသက်အရိပ်အယောင်လေးများ ရှိမလားဆိုတပြီး
အမှောင်ထုကြီးကို စစ်ဆေးလိုက်သည်။ သူတစ်ယောက်ထဲပဲ ရှိတယ်ဆိုတာ သိလိုက်ရတော့မှာ
ရန်ကိုင်လည်း သက်ပြင်းအမောကြီး ချနိုင်ခဲ့သည်။ တင်ပလင်ခွေထိုင်ရင်း အစစ်အမှန်
ယန်နည်းစနစ်ကို လှည့်ပတ်လိုက်ပြီး သူ့အဝတ်တွေကို ခြောက်အောင်လုပ်လိုက်ပြီး
သူ့ခန္ဓာကိုယ်ထဲက အအေးဓါတ်တွေကိုထွက်သွားအောင် လုပ်လိုက်သည်။
နီယုံက သူ့ထက်ကျင့်ကြံခြင်းအဆင့်ကြီးတစ်ဆင့် မြင့်တဲ့အတွက ်သူ့ခန္ဓာကိုယ်ထဲက
အအေးဓါတ်အကုန်လုံးကို ထုတ်ပစ်နိုင်မယ်လို့ ယုံကြည်ချက်အပြည့်အဝ မရှိချေ။
ကံကောင်းစွာနဲ့ သူ့ချီစွမ်းအင်က သာမန်ချီစွမ်းအင်ထက် ပိုပြီးရက်စက်ကြမ်းတမ်းတဲ့အတွက်
သူ့ခန္ဓာကိုယ်ထဲက အအေးဓါတ်ကို ထုတ်ပစ်နိုင်ခဲ့သည်။ သူ့နေရာမှသာ သာမန်ကျင့်ကြံသူ
တစ်ယောက်ဆိုရင် အအေးဓါတ်တွေပျံ့နှံ့သွားပြီး သွေးကြောတွေ့ကို တိုက်စားသွားမည့်
အချိန်ကိုအကူအညီမဲ့စွာနဲ့ ထိုင်စောင့်နေရပေလိမ့်မည်။ အခုလို အခြေအနေမျိုး၌
ကျင့်ကြံသူတစ်ယောက်၏ ခွန်အားက သေခြင်း၊ရှင်းခြင်းကို ဆုံးဖြတ်တဲ့နေရာတွင် မရှိမဖြစ်
လိုအပ်ပေသည်။
အချိန်အတော်ကြာ ကုန်ဆုံးသွားခဲ့ပြီနောက် ရန်ကိုင်က အနက်ရောင်သွေးတစ်ပွက်ကို
အန်ထုတ်လိုက်သည်။ နောက်ဆုံးတော့ သူ့ခန္ဓာကိုယ်ထဲက အအေးဓါတ်ကို အောင်မြင်စွာ
ဖယ်ရှားနိုင်ခဲ့လေပြီ။ သူ့မျက်နှာက ဖြူဖတ်ဖြူလျော်ဖြစ်နေပေမယ့် သူကတော့ပြုံးနေခဲ့သည်။
သူ့သွေးကြောတွေနဲ့ပက်သက်ပြီး ဆက်ပြီးစိုးရိမ်စရာမလိုတောချေ။ လေအေးလက်ဝါး….
ရန်ကိုင်မှတ်သားထားလိုက်သည်။ ထိုသိုင်းပညာရပ်က တကယ်ကို အားကောင်းပေသည်။
အထူသဖြင့် ပြိုင်ဘက်၏ခန္ဓာကိုယ်ထဲကို အအေးဓါတ်တွေ ထိုးသွင်းရာတွင် တကယ်ကို
အကျိုးသက်ရောက်မှု ရှိပေသည်။ တူညီစွာပဲ နေမီးတောက်ပေါက်ကွဲခြင်းပညာရပ်ကလည်း
တကယ်ကိုအားကောင်းပေသည်။ ခြားနားသွားတာလေးတစ်ခုက အပူစွမ်းအင်နှင့်အအေးစွမ်းအင်
ပင်…လေအေးလက်ဝါးက နေမီးတောက်ပေါက်ကွဲခြင်းပညာရပ်လောက် အားမကောင်းသွားလို့ပဲ
ရန်ကိုင်အဖို့ ကံကောင်းသွားခဲ့ရသည်။