← Chapters

အခန်း (၁၃၆-၁၄၀)

Vol. 6 Ch. 136-140

အခန်း (၁၃၆-၁၄၀)

Vol. 6 Ch. 136-140

အပိုင်း (၁၃၆) ပိန်းပိန်းပိတ် အမှောင်ထု

နေ့တစ်ဝက်လောက်ကြာအောင် တရားထိုင်ပြီးနောက် ဂူတစ်ဝိုက်ကို လိုက်စစ်ဆေးကြည့်လိုက်သည်။

အရင်တုန်းက သူ့ခန္ဓာကိုယ်ထဲက အအေးဓါတ်ကိုဖယ်ရှားဖို့ လောကြီးနေတဲ့အတွက် လိုဏ်ဂူ

တစ်ခုလုံးကို သေချာမစစ်ဆေးဖြစ်ခဲ့ပေ။ အခု သူ့ဒဏ်ရာတွေကို ကုသပြီးသွားပြီဖြစ်တဲ့အတွက်

လိုဏ်ခေါင်းထဲကိုပိုပြီးနက်နက် ရှာဖွေစူးစမ်းဖို့ ဆုံးဖြတ်လိုက်သည်။ သူကလိုဏ်ခေါင်းအလယ်မှာပဲ

ရှိနေသေးတယ်လို့ ရန်ကိုင်သံသယရှိနေခဲ့သည်။ ရန်ကိုင်က သူ့လက်နှစ်ဖက်ကို ဆန့်ကျင်ဘက်ဆီ

ဆန့်ထုတ်လိုက်သည်။ သူ့ဘယ်လက်နေ လေတိုက်နေတာကို ခံစားမိနေခဲံသည်။

တစ်ခဏတာစဉ်းစားလိုက်ပြီးနောက် သူ့ညာဘက်လက်လမ်းကြေားအတိုင်း သွားဖို့ ဆုံးဖြတ်လိုက်သည်။

အပြင်ဘက်ကိုသွားတာထက် လိုဏ်ဂူအတွင်းပိုင်းထဲကို သွားတာက ပိုကောင်းပေသည်။ နီယုံနဲ့

ကျန်တဲ့တပည့်လေးယောက်က ရေကန်နားတစ်ဝိုက်တွင် ဆက်ပြီးစူးစမ်းရှာဖွေနေနိုင်သည်။

အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် ရန်ကိုင် ဆေးပင်အနံ့ရလိုက်သည်။ အခုလို မှုန်မှိုင်းနေတဲ့

ပတ်ဝန်းကျင်မှာ ဘယ်လိုလူကများ ဆေးပင်တွေကို စိုက်ပျိုးခဲ့လဲဆိုတာ သူမသိချေ။

ရန်ကိုင်က ဆေးပင်ဆီတိုးကပ်သွားလိုက်ပြီး ထိုဆေးပင်က သာမန်လား…သာမန်ထက်ပိုလားဆိုတာတော့

သူမပြောနိုင်ချေ။ ဒါပေမယ့် ဒီလိုဏ်ဂူအတွင်းတွင် ယင်ချီတွေ တော်တော်သိပ်သည်းရုံမက

လိုဏ်ဂူက ကောင်းကင်အမွေအနှစ်လိုဏ်ဂူအတွင်းမှာ ရှိနေတာဖြစ်တဲ့အတွက် သူတွေ့တဲ့ဆေးပင်က

သာမန်ထက်တော့ ပိုမှာသေချာလောက်ပေသည်။ ဒါပေမယ့် အခုအချိန်တွင် ဆေးပင်ကိုယူဖို့

စိတ်ကူမရှိသေးပေ။ သူ့တွင်သင့်လျော်တဲ့ ထည့်စရာမရှိတဲ့အတွက် နောက်မှလာယူလည်း

အကျိုးမယုတ်ချေ။

ရန်ကိုင်လည်း လျှောက်ပတ်စစ်ဆေးကြည့်လိုက်ပြီး လိုဏ်ဂူတစ်ဝိုက် ပေါက်ရောက်နေတဲ့ များစွာသော

ဆေးပင်တွေကို တွေ့လိုက်ရသည်။ ဒီလိုဏ်ဂူ၌လူမလာတာ အချိန်တော်တော်ကြာနေပုံပေါ်သည်။

လူသာလာခဲ့ရင် အခုအချိန်လောက်ဆို ဆေးပင်တွေရှိတော့မည်မဟုတ်ပဲ အကုန်လုံး

နုတ်ယူသွားခံရပေလိမ့်မည်။ ၂ရီလောက် လမ်းလျှောက်ပြီးနောက် အတွင်းပိုင်းမှ

တောက်ပနေတဲ့ အလင်းမှိန်မှိန်လေးကို တွေ့လိုက်ရသည်။ ရုတ်တရက်…အလင်းရောင်ဆီမှ

သူ့ကိုခေါ်နေသလို…တိုးလျလျအသံကို ကြားလိုက်ရသည်။

ရန်ကိုင်လည်း ချက်ချင်းနိုးကြားသွားခဲ့ပြီး အလင်းရောင်ဆီ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားလိုက်သည်။

သူဖြေးဖြေးလေးသွားနေတုန်း အလင်းရောင်က ပိုတောက်မလာတော့ပဲ ပိုကြီးမားလာခဲ့သည်။

နောက်ဆုံမှာတော့ အလင်းရောင်ရဲ့ အရင်းအမြစ်ကို တွေ့လိုက်ရသည်။ အရင်းအမြစ်ကား

ဝင်ပေါက်တစ်ခုလည်းမဟုတ်သလို နေရောင်လည်းမဟုတ်…အဲ့ဒီအစား ငါးတစ်ကာင်အရွယ်လောက်ရှိတဲ့

လုံးဝန်းတဲ့ပုတီးစေ့တစ်စေ့ဖြစ်သည်။ ရန်ကိုင်က ပုတီးစေ့နှင့်ဘေးပတ်ဝန်းကျင်ကို

စစ်ဆေးကြည့်လိုက်တဲ့အချိန် အိုးဟောင်းနေတဲ့ အရိုးခြောက်တစ်ခုကို တွေ့လိုက်ရသည်။

အရိုးခြောက်က တင်ပလင်ခွေထိုင်နေပြီး တန်ဖိုးကြီးတဲ့ခရမ်းရောင်ဝတ်ရုံကြီးတစ်ခုကို

ဝတ်ဆင်ထားခဲ့သည်။ အရိုးခြောက်၏ ဟောင်းလောင်းဖြစ်နေတဲ့ မျက်လုံးပေါက်နှစ်ခုက

တပည့်၏ ထုံအမှုကြောင့် ကြောင်အသွားတဲ့ ဆရာတစ်ယောက်လို ရန်ကိုင်ကို စူးစိုက်

ကြည့်နေခဲ့သည်။ အရိုးခြောက်က မြင်နေရတာထက် ပိုပြီးတစ်ခုခုဖြစ်နိုင်တယ်ဆိုတဲ့

ခံစားချက်ကို ရန်ကိုင်ရနေခဲ့သည်။

အရိုးခြောက်ပိုင်ရှင်သေသွားတာ နှစ်ပေါင်းဘယ်လောက်တောင် ကြာပြီလဲဆိုတာ

ဘယ်သူမှမသိနိုင်ပေ။ ဒီနေရာတွင် ယင်ချီတွေ အရမ်းသိပ်သည်းနေရတဲ့အကြောင်းအရင်းက

အရိုးခြောက်၏ တည်ရှိမှုကြောင့်ပင်ဖြစ်သည်။ အရိုးခြောက်ပိုင်ရှင်က တစ်ချိန်တစ်ခါက

မိစ္ဆာကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့မယ်လို့ ရန်ကိုင်ခံစားမိလိုက်သည်။ အရိုးခြောက်က မိစ္ဆာချီ

အမျိုးအစားတစ်ခုကို ထုတ်လွှတ်နေပြီး မောက်မာတဲ့ရန်ကိုင်ကို တစ်နည်းတစ်ဖုံ ထိတ်လန့်နေစေခဲ့သည်။

ကောင်းကင်အမွေအနှစ်လိုဏ်ဂူကို တည်ဆောက်ခဲ့တာ သူများလား….။ ဒီနေရာမှာ

တစ်ချိန်က ကျင့်ကြံသူတစ်ယောက် လေ့ကျင့်ခဲ့မယ်ဆိုတာ ရုတ်တရက် ရန်ကိုင်နားလည်သွားလိုက်သည်။

အဲ့လိုသာဖြစ်မယ်ဆိုရင် ဒီလိုဏ်ဂူထဲမှာ အမွေအနှစ်တစ်ခုရှိမှာအသေအချာပင်။

ရုတ်တရက် ကျိုးကြေသံတွေကြောင့် အတွေးထဲမှာနစ်မြောနေတဲ့ရန်ကိုင် ပြန်အသိဝင်လာခဲ့သည်။

သူဝင်လာတဲ့အပေါက်ကို ဧရာမကျောက်တုံးကြီးတစ်တုံးက ပိတ်ထားလိုက်တာကို

တွေ့လိုက်တဲ့အချိန် ရန်ကိုင်အမူအရာ ချက်ချင်းပြောင်းသွားခဲ့သည်။ ပုတီးစေ့ကိုကြည့်လိုက်တဲ့အချိန်

ထိုပုတီးစေ့က တလက်လက်တောက်ပနေတာကို သတိပြုမိလိုက်ပြီး သူ့ဘေးပတ်ပတ်လည်း

လေဟာနယ်တစ်ဝိုက် ရိုင်းစိုင်းကြမ်းတမ်းတဲ့ အော်မြည်သံ၊ စူးစူးရှရှအော်မြည်သံတို့

ပဲ့တင်ထပ်လာခဲ့သည်။ လေးအေးတစ်ချက်က သူ့ကျောကုန်းကို ပွတ်သပ်သွားခဲ့ပြီး ခေါင်းအစ

ခြေအဆုံး စိမ့်တက်သွားခဲ့သည်။

ရန်ကိုင်က ချက်ချင်းပဲ အစစ်အမှန်ယန်နည်းစနစ်ကို လှည့်ပတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲက

အအေးဓါတ်ကို ဖယ်ရှားဖို့ကြိုးစားနေရင်း သူ့ပတ်ဝန်းကျင်က အန္တရာယ်တွေကို အစဉ်မပြတ်

သတိထားနေခဲ့သည်။ စူးခနဲအော်ဟစ်သံ၊ တစ္ဆေသရဲ အောသံလိုမျိုးအသံတွေကို

အချိန်အတော်ကြာအောင် ဆက်ပြီးကြားနေခဲ့ရသည်။ ထိုအသံတွေက သူ့စိတ်ကိုရှုပ်ထွေး

သွားစေပြီး သူ့စိတ်ကိုနှောင့်ယှတ်နေခဲ့သည်။ ဒါပေမယ့် အခုလိုကလေးစကားစရာ လှည့်ကွက်တွေက

မယိမ်းယိုင်သောစိတ်ဆန္ဒရှိတဲ့ ရန်ကိုင်လို လူမျိုးအပေါ်မှာတော့ အကျိုးသက်ရောက်မှု မရှိပေ။

အချိန်ကုန်လာတာနဲ့အမျှ ထိုအော်ဟစ်သံတွေက ရန်ကိုင်ကို ဒေါသထွက်လာစေခဲ့သည်။

အသံတွေက အခုပြောင်းလဲသွားတာကို ရန်ကိုင် သတိပြုမိလိုက်သည်။ ရန်ကိုင်လည်း သူ့သတိကို

အဆုံးစွန်ထိ မြှင့်တင်ထားရင်း သူ့ကိုယ်သူတည်ငြိမ်အောင်လုပ်လိုက်သည်။ သူ့ကိုယ်သူ

တည်ငြိမ်အောင်လုပ်ပြီး စိတ်မလွတ်သွားအောင် ထိန်းချုပ်ထားရမယ်မှန်း ရန်ကိုင်သိပေသည်။

ထို့ကြောင့် တင်ပလင်ခွေထိုင်ချလိုက်ပြီး တရားထိုင်နေလိုက်သည်။

အသံတွေကို ဆက်လက်ကြားနေခဲ့ရသလို ပုတီးစေ့ကလည်း ဆက်ပြီးတလက်လက်တောက်ပ

နေခဲ့သည်။ ပတ်ဝန်းကျင်တစ်ခုလုံး မှုန်းမှိုင်းနေသယောင်ထင်ရသည်။ ဒါပေမယ့် ထိုအရာတွေက

ရန်ကိုင်အပေါ်ကိုတော့ အကျိုးသက်ရောက်မှုမရှိချေ။ သူ့အော်ရာနဲ့မျက်နှာအမူအရာက

နဂိုအတိုင်းဆက်လက် တည်ရှိနေခဲ့သည်။ နာရီအနည်းငယ်ကြာပြီးနောက် အော်မြည်သံတွေ

ပျောက်ကွယ်သွားခဲ့သည်။ ပုတီးစေ့ကလည်း ပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့သည်။ သူလည်း

ပြန်ထွက်လို့မရတော့တဲ့အတွက် ရန်ကိုင်ကတစ်ချက်ကလေးတောင် မလှုပ်ရှားပဲ

အော်လိုက်သည်‘‘မင်းကိုယ်မင်းဘာလို့ မပြသေးတာလဲ’’

ရန်ကိုင်နှုတ်ခမ်းတွေက ယုံကြည်ချက်ရှိတဲ့ပုံစံနဲ့ ဟန်ဆောင်ပြုံးပြံုးလိုက်ပြီး နောက်တစ်ကြိမ်

ထပ်အော်ပြောလိုက်ပြန်သည်‘‘ ဘယ်သူကများ အဲ့လိုစျေးပေါတဲ့အတွက်တွေနဲ့ ငါ့ကို

ကစားချင်နေတာလဲ…မင်းကိုမင်းပြလိုက်စမ်းပါ’’ ရန်ကိုင်အသံက လိုဏ်ဂူတစ်လျှောက်

ပဲ့တင်ထပ်နေခဲ့ပြီး ရုတ်တရက် ထူးဆန်းတဲ့ရယ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုရယ်သံကို

ရန်ကိုင်ပထမဆုံးအကြိမ်အဖြစ် ကြားလိုက်ရတဲ့အချိန် သူ့တစ်ကိုယ်လုံးရှိ အမွှေးအမျင်တွေအားလုံး

ထောင်မတ်သွားခဲ့သည်။ ထိုရယ်သံကြောင့် ရန်ကိုင်ကြက်သေသေသွားခဲ့ရပြီး

ကြမ်းတမ်းလွန်းတဲ့ ရယ်သံကြောင့် သူ့ကိုယ်တွင်းအဂါင်္တွေအကုန်လုံး တုန်ရီသွားခဲ့သည်။

သူ့ခန္ဓာကိုယ်သာ သက်သောင့်သက်သာ မဖြစ်ရုံမက ပုတီးစေ့ပါ ထိုရယ်သံကြီးကြောင့်

တုန်လှုပ်သွားခဲ့သည်။ စိတ်ဝိဉာဉ်တိုက်ခိုက်မှုလား….ရန်ကိုင်မျက်နှာ အရောင်းအမျိုးမျိုး

ပြောင်းနေခဲ့သည်။ အစတုန်းကတော့ တစ်စုံတစ်ယောက်က ရတနာတွေကို မောင်ပိုင်စီးဖို့

သူ့ကိုမောင်းထုတ်ဖို့ ကြိုးစားနေတာလို့ ထင်ခဲ့တယ်။ ဒါပေမယ့် အခုအချိန်မှာတော့ သူထင်သလို

မဟုတ်ဘူးဆိုတာ သိသွားခဲ့လေပြီ။

စိတ်ဝိဉာဉ်တိုက်ခို်က်မှုဆိုတာမျိုးက အင်မော်တယ်တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေသာ

လုပ်ဆောင်နိုင်တဲ့အရာမျိုးဖြစ်သည်။ ကောင်းကင်အမွေအနှစ်လိုဏ်ဂူထဲကို ဝင်လာတဲ့

ဘယ်တပည့်မှ ထိုကဲ့သလို့မလုပ်ဆောင်နိုင်ချေ။ ‘‘ကောင်ငယ်လေး၊ မင်းရဲ့စိတ်စွမ်းအားက

တကယ်ကို အထင်ကြီးစရာကောင်းတာပဲ။ မင်းသတ္တိက တကယ်ကိုပဲ ငါ့ကိုအံ့သြစေတယ်ကွ။

မင်းက ဒီလူအိုကြီးရှေ့မှာတောင် အခုလိုပြောရဲတယ်ဆိုတော့ မင်းသတ္တိကတော့ တကယ်

လေးစားစရာပဲ’’ ကြမ်းတမ်းတဲ့အသံထွက်ပေါ်လာခဲ့သည်။ ဒါပေမယ့် ဘယ်နေရာက

ထွက်လာမှန်းတော့ သူမသိချေ။ နံရံတွေကများ ပါးစပ်ပေါက်ပြီး စကားပြောသလားလို့တောင်

ထင်ရလေသည်။

‘‘ခင်ဗျားဘယ်သူလဲ’’ ရန်ကိုင်က သူ့ကိုယ်သူတည်ငြိမ်အောင်ထိန်းထားပြီး မေးလိုက်သည်။

‘‘ငါဘယ်သူူလဲ။ ငါမမှတ်မိတော့ဘူး။ ဒီနေရာကိုတည်ဆောက်ခဲ့တဲ့ ဆရာသခင်ဖြစ်နိုင်တယ်’’

အသံအက်အက်ကြီးက လူရွှင်တော်တစ်ယောက်လို ရယ်လိုက်သည်။ ‘‘ခင်ဗျားက

ကောင်းကင်အမွေအနှစ်လိုဏ်ဂူရဲ့ ဆရာသခင်လား’’ ရန်ကိုင် အသံမြှင့်ပြီးမေးလိုက်သည်။

ဒီဆန်းကြယ်တဲ့နေရာတွင် အင်အားစုသုံးခုမှ စုစုပေါင်းတပည့်၁၀၀၀ကျော်လောက် ရှိနေခဲ့သည်။

ထိုတပည့်တွေထဲက အမွေအနှစ်ကို ရသွားတဲ့ဘယ်သူမဆို တစ်နေ့ကျရင် လိုဏ်ဂူကို

တည်ဆောက်ခဲ့ပိုင်ရှင် အဆင့်ထိရောက်ရှိနိုင်ပေသည်။

ရန်ကိုင်က အမွေအနှစ်ကိုရှာတွေ့လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ချေ။ သူကဒီနေရာကို

ရတနာနဲ့ အကျိုးအမြတ်ရှာဖွေဖို့ ဝင်လာခဲ့တာပဲဖြစ်သည်။ ဒါပမယ့် အမွေအနှစ်က သူ့ရှေ့မှာ

ရှိနေမှတော့ သူကစိတ်မဝင်စားပဲ ဘယ်လိုလုပ်ပြီး နေနိုင်မှာလဲ။ သူ့ကိုယ်သူတည်ငြိမ်အောင်

လုပ်နေပေမယ့် စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ခဲ့ချေ။ အသံကြမ်းကြမ်းကြီးက

နောက်တစ်ကြိမ် စကားပြန်ပြောဖို့ အချိန်ကောင်းကို စောင့်နေလိုက်ပြီးနောက် ‘‘အဲ့ဒါမှန်တယ်။

ဒီနေရာကို ငါတည်ဆောက်ခဲ့တာ။ ကောင်လေး…မင်းငါ့အမွေအနှစ်ကို လိုချင်လား’’ ရန်ကိုင်

ပြန်မဖြေခဲ့ချေ။ အဲ့ဒီအစား အချိန်အနည်းငယ်ယူပြီး စဉ်းစားလိုက်သည်။

‘‘ငါမင်းကို တောက်လျှောက်စောင့်ကြည့်နေတာ။ မင်းဒဏ်ရာရထားတယ်ဆိုတာလည်း

ငါသိတယ်။ မင်လက်စားပြန်မချေချင်ဘူးလား။ မင်းကိုဒဏ်ရာရအောင်လုပ်ခဲ့တဲ့လူကို

မင်းကိုကြောက်လန့်နေအောင် မလုပ်ချင်ဘူးလား။ သိဖို့က မင်းဆိုတာ အလွယ်တကူ

အနိုင်ကျင့်လို့ ရမယ့်လူမျိုးမဟုတ်ဘူးဆိုတာ သိသွားစေဖို့ပဲ ’’ အသံကြမ်းကြမ်းကြီးက

သေချာရှင်းပြနေခဲ့သည်။ မိစ္ဆာတစ်ကောင်က တီးလုံတစ်ခုကို သီဆိုပြီးသူ့ကိုချော့နေသလို

ခံစားနေရသည်။ ရန်ကိုင် မျက်မှောင်ကြုံ့လိုက်ပြီး ဝင်နှောက်ယှတ်လိုက်သည်‘‘ ခဏစောင့်ဦး…

ငါစဉ်းစားနေတယ်’’

‘‘အမုန်းတရားတွေက မင်းနှလုံးသားအတွင်းပိုင်းထဲမှာ ရှိနေတယ်။ အခြားသူတွေ မမြင်နိုင်

စိတ်မကူးနိုင်တဲ့ အမုန်းတရားတွေပေါ့။ မင်းသန်မာလာချင်တယ်။ မင်းကိုအထင်သေးခဲ့တဲ့လူတိုင်းကို

သူတို့လုပ်ခဲ့တဲ့ အပြုအမူတွေအတွက် နောင်တရသွားအောင် လုပ်ချင်နေတယ်။ မဟုတ်လို့လား’’

ရန်ကိုင်က သူ့ကိုုယ်သူတည်ငြိမ်အောင် လုပ်နေပေမယ့် သိပ်မကြာခင်မှာပဲ ဒေါသကတည်ငြိမ်မှု

အစား ဝင်ရောက်လာခဲ့ပြီး စိတ်လှုပ်ရှားမှုကြောင့် ရဲရင့်လာခဲ့သည်။ သူ့နဖူးကြောတွေထောင်နေပြီး

ရုန်းကန်နေပုံရသည်။ အသံကြမ်းကြမ်းကြီးက ပြောတဲ့စကားလုံးတွေက ယဉ်းကျေးမှု မရှိဘူး

လို့ပြောလို့ရပေမယ့် သူပြောတာတွေအကုန်လုံးက မှန်ကန်ပေသည်။ ရန်ကိုင်၏ နှလုံးသား

အတွင်းပိုင်းထဲတွင် တကယ်ပဲ ထိုကဲ့သို့ခံစားနေခဲ့ရသည်။

ရန်ကိုင်က အားပျော့သန်မာပြီး တုန်ရီနေတဲ့အသံနဲ့ ပြောလိုက်သည်‘‘အဲ့ဒါမှန်တယ်….’’

‘‘မင်းသာဆန္ဒရှိတယ်ဆိုရင် ဒီလူအိုကြီးက သူ့ရဲ့အမွေအနှစ်ကို မင်းကိုပေးလိုက်မယ်။ ဒါက

မင်းအတွက် လက်စားပြန်ချေဖို့ အခွင့်အရေးကောင်းတစ်ခုပဲ’’ အသံက ဆက်ပြောနေခဲ့သည်

‘‘ မင်းက အခွင့်အရေးကို လက်လွှတ်ချင်နေတာလား။ ခေါင်းလေးတစ်ချက် ညိတ်လိုက်

ရုံပဲကို’’ အသံက ရန်ကိုင်ကို နည်းမျိုးစုံနဲ့ သိမ်းသွင်းစည်းရုံးနေခဲ့သည်။ ရန်ကိုင်လည်း

စိတ်ရှုပ်ထွေးလာပြီး ဖြေးဖြေးချင်း ဖြာယောင်းခံနေရသည်။

သူ့ခေါင်းက ဖြေးဖြေးချင်း ခါယမ်းနေပြီး သူ့မျက်လုံးတွေကတော့ စိတ်ရှုပ်ထွေးမှုတွေနဲ့

ပြည့်နေခဲ့သည်။ သူ့နှုတ်ခမ်းတွေက ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေပြီး အခွင့်အရေးကိုလည်း

သူလက်မလွှတ်ချင်ပေ။ ထို့နောက် ရန်ကိုင်၏ စိတ်ရှုပ်ထွေးမှုက ပြတ်သားမှုအဖြစ်ပြောင်းလဲ

သွားခဲ့သည်။ အခု သူ့မျက်နှာတစ်ခုလုံး ကြောက်ရွံ့မှုတွေနဲ့ ပြည့်နေပြီး သူ့နဖူးပေါ်မှာလည်း

အေးစက်စက်ချွေးစက်တွေ သီးနေခဲ့သည်။ လူအိုကြီးကလည်း ရန်ကိုင်ဘာလုပ်ခဲ့တယ်ဆိုတာ

နားမလည်ပဲ နောက်တစ်ကြိမ် ထပ်မေးလိုက်သည်‘‘ ကဲ..မင်းဘာကိုရွေးမှာလဲ’’

ရန်ကိုင်ဘက်က တုန့်ပြန်မှုမရှိတော့တာကို တွေ့လိုက်ရတဲ့အတွက် အသံကြမ်းကြမ်းကြီးက

အံ့သြသွားပုံရပြီး‘‘လျှာကိုကိုက်ပြီး အသိပြန်ဝင်လာအောင် လုပ်ချင်နေတာလာ။ ဘယ်လောက်တောင်

အထင်ကြီးဖို့ကောင်းတဲ့ စိတ်စွမ်းအားလဲ’’ ‘‘မင်းဘယ်သူလဲ…ဘယ်လိုပညာရပ်ကိုများသုံးပြီးတော့

င့ါစိတ်ကိုလွှမ်းမိုးဖို့ကြိုးစားနေတာလဲ’’ ရန်ကိုင်နှာခေါင်းရှုံ့လိုက်သည်။ ‘‘မင်းကတကယ်ကို

အထင်ကြီးဖို့ကောင်းတာပဲ ကောင်လေး။ ငါဘယ်သူလဲဟုတ်လား။ ငါဘယ်သူလဲ’’

‘‘မင်းမပြောရင်တောင် ငါသိတယ်’’ ရန်ကိုင်၏ ပြတ်သားသော အကြည့်က အရိုးခြောက်ပေါ်

ရောက်ရှိသွားခဲ့သည်‘‘နတ်ဘုရားစိတ်အာရုံ ဖြစ်တည်ပြီးတဲ့ အင်မော်တယ်တက်လှမ်းခြင်းအဆင့်နဲ့

သူ့ထက်မြင့်ထက်တဲ့အဆင့်က ကျင့်ကြံသူတွေက သူတို့ရဲ့အင်မော်တယ်ခန္ဓာပျက်စီးသွားရင်တောင်

နတ်ဘုရားစိတ်အာရုံ ဘေးကင်ကင်းနဲ့ ရှိနေသရွေ့ အသက်ဆက်ပြီး ရှင်သန်နိုင်တယ်။ ပြီးတော့

နောက်ထပ်ခန္ဓာတစ်ခုရှာပြီး ဝင်ပူးနိုင်သေးတယ်။ မင်းက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သေသွားခဲ့တဲ့

ကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်ရမယ်။ အခုမင်းက ငါ့ခန္ဓာကိုယ်ကို လိုချင်နေတာပေါ့။ ငါ့ကိုစိတ်ရှုပ်ထွေး

အောင်လုပ်ပြီး မင်းပြောတာတွေကို လက်ခံသွားအောင် လုပ်ချင်နေတာမလား’’ ရန်ကိုင်မျက်လုံအစုံက

ကြောက်လန့်မှုတွေနဲ့ ပြည့်နေခဲ့သည်။

တိတ်ဆိတ်မှု တစ်ခဏတာ ကုန်ဆုံးသွားပြီးနောက် အသံကြမ်းကြမ်းကြီးက သံကုန်ဟစ်ပြီး

အော်ရယ်တော့သည်‘‘ ရက်စက်လွန်းပါတယ်ကွာ…မင်းလိုစဦးဒြပ်စင်အဆင့်ရပဲ ရှိသေးတဲ့

ကျင့်ကြံသူလေးတစ်ယောက်က အဲ့အချက်ကို ဖော်ထုတ်နိုင်ခဲ့တယ်။ မင်းကတကယ်ကို

ချီူးကျူးဖို့ထိုက်တန်တဲ့လူတစ်ယောက်ပဲ။ ဒီလူအိုကြီးတောင် မင်းကိုလေးစားမိသွားပြီ’’

အသံက စိတ်ပျက်အားငယ်တဲ့ပုံစံ ပြောင်းသွားခဲ့ပြီး‘‘ မင်းနားလည်သွားတယ်ဆိုပေမယ့်လည်း

ငါကိုမေၾကာက္ဘူးလား’’

‘‘မင်းကိုငါဘာကြောင့် ကြောက်သင့်လဲဆိုတာကိုလည်း ရှင်းပြပါဦး’’ ရန်ကိုင်က လှောင်ပြောင်လိုက်သည်။

‘‘အပြန်အလှန်အနေနဲ့ မင်းကောမကြောက်ဘူးလား။ မင်းရဲ့အင်မော်တယ်စိတ်ဝိဉာဉ်ကို

ကာကွယ်ပေးထားတဲ့အရာကို ငါရှာတွေ့ပြီး ဖျက်စီးပစ်လိုက်ရင် မင်းသေဆုံးသွားမှာမလား’’

‘‘ကောင်လေးက…မင်းကိုယ်မင်း ထိန်းထိန်းသိမ်းသိမ်း မနေတတ်ဘူးလား’’ အသံကြီးက ပြန်ပြောလိုက်သည်

‘‘ငါက မင်းကိုလှည့်စားရုံသက်သက်နဲ့ စကားပြေနေတယ်လို့ မင်းထင်နေတာလား။ ဟားဟား…

ဒီလူအိုကြီးတွက် မင်းစိတ်ဝိဉာဉ်ကိုဖျက်စီးပြီး မင်းခန္ဓာကိုယ်ကို အပိုင်သိမ်းဖို့ ၃စက္ကန့်ပဲ

လိုတယ်။ မင်းမှာပြန်ခုခံဖို့အခွင့်အရေး တစ်ချက်ကလေးတောင် မရှိဘူး’’

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၃၇) ခင်ဗျားကိုအသက်ရှင်လျက်ထားလို့ ဘာအကျိုးရှိမှာလဲ

အသံကြမ်းကြမ်းကြီးက ထိုစကားတွေကို ပြောလိုက်တာနဲ့ ရန်ကိုင်မျက်နှာမဲမှောင်သွားခဲ့သည်။

တုန့်ဆိုင်းမနေတော့ပဲ ရန်ကိုင်သူ့လက်ကို မြှောက်ကာ အရိုးခြောက်ကို ထိုးချလိုက်သည ်

‘‘ကောင်းလိုက်တဲ့အကြံ’’ ဒီလူအိုကြီးသေသွားကတည်းက အချိန်တွေဘယ်လောက်တောင်

ကုန်ဆုံးသွားပြီလဲ။ ရန်ကိုင်လက်သီးက အရိုးခြောက်ကိုထိမှန်သွားတဲ့အချိန် သူ့လက်သီးက

အရိုခြောက်ကို အသာအယာပဲ ဖြတ်သန်းသွားခဲ့ပြီး အရိုးခြောက်ကို ဖုန်မှုန့်အဖြစ် ပြောင်လဲသွားစေခဲ့သည်။

ရန်ကိုင်က ထိုတိုက်ခိုက်မှုကြောင့် တုန်လှုပ်မသွားပြီး ပိုပြီးနိုးကြာသတိထားလိုက်သည်။

‘‘လုံလောက်ပြီ။ မင်းမှန်ချင်မှန်လိမ့်မယ်။ ဒါပေမယ့် မင်းကမှားပြီးတိုက်ခိုက်လိုက်တာပဲ’’

အသံက ရန်ကိုင်ကိုလှောင်ပြောင်သရော်လိုက်ပြီး ပုတီးစေ့က ရုတ်တရက်မှိန်ကျသွားပြီး

အနကရောင်ချီတွေနဲ့ ဖုံးလွှမ်းနေတဲ့ ပုံရိပ်ယောင်မျက်နှာတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုမျက်နှာက တကယ်ကိုကြောက်လန့်ဖွယ်ကောင်းလေသည်။ အသက်အရိပ်အယောင်

စိုးစဉ်းမျှမရှိတဲ့ မိစ္ဆာစိတ်ဝိဉာဉ်တစ်ခုခုသာ ဖြစ်ပေမယ့်လို့ သူသတ်ချင်တဲ့လူတိုင်းကို

မျက်တောင်တစ်ချက်တောင် မခတ်ပဲ သတ်ပစ်မယ့်ပုံပေါက်လေသည်။

အင်မော်တယ်စိတ်ဝိဉာဉ်က အရိုးခြောက်ထဲမှာ ရှိနေတာမဟုတ်ချေ။ ထိုစိတ်ဝိဉာဉ်က

ပုတီးစေ့ထဲမှာ ရှိနေတာဖြစ်သည်။ ရန်ကိုင်က ပုတီးစေ့ကို တိုက်ခိုက်ဖို့လုပ်နေတုန်းမှာပဲ

ပုံရိပ်ယောင်မျက်နှာကြီးက ပါးစပ်ကိုဖွင့်လိုက်ပြီး ရန်ကိုင်နားအူသွားအောင် အော်ဟစ်လိုက်သည်။

ထိုအော်သံကြီးကြောင့် ရန်ကိုင်စိတ်ဝိဉာဉ်က အပ်ပေါင်းများစွာနဲ့ ထိုးဆွနေသလို ခံစားလိုက်ရသည်။

အရိုးခြောက်က သူ့ကိုမလိမ်ဘူးဆိုတာ ရန်ကိုင်သိပေသည်။ အရိုးခြောက်၏ တိုက်ခိုက်မှုရလဒ်က

သူ့ခန္ဓာကိုယ်ကို အပိုင်သိမ်းဖို့ အကြံအစည်တွေထဲ အရိုးခြောက်၏ အကြံအစည်တစ်စိတ်တစ်ပိုင်းပင်

ဖြစ်သည်။

အင်မော်တယ်စိတ်ဝိဉာဉ်က ရန်ကိုင်ခန္ဓာကိုယ်ထဲကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေစဉ်

သူ့ရင်ဘတ်ကနေ အရူးတစ်ယောက်လို အော်ရယ်နေတဲ့ အသံကြီးကိုကြားလိုက်ရသည်။

သူ့ခန္ဓာကိုယ်ထိန်းချုပ်မှု အလျင်အမြန် ဆုံးရှုံးလာခဲ့ပြီး သူ့ခန္ဓာကို တောင့်တင်းလာကာ

ထိန်းချုပ်မှုကနေ ရုန်းထွက်ဖို့ကြိုးစားရင်း တုန်ရီနေခဲ့သည်။ ‘‘ဟတ်..ကောင်လေး၊

ငါ့ကိုခုခံဖို့ကြိုးစားနေတာ မင်းကိုယ်မင်းအထင်ကြီးလွန်းနေတာပဲ။ မင်းအသိစိတ်ကို

ဖျက်စီးပြီး မင်းခန္ဓာကိုယ်ကို ဘယ်လိုအပိုင်သိမ်းမလဲ စောင့်ကြည့်နေ’’ ရန်ကိုင်

အူထဲသည်းထဲကနေ ဟက်ဟက်ပက်ပက် ရယ်သံကြီးထွက်ပေါ်လာခဲ့သည်။

ရန်ကိင်လည်း ထိတ်လန့်သွားခဲပေမယ့် လူအိုကြီးကို သူမခုခံနိုင်ခဲ့ပေ။

‘‘အင်း….မင်းခန္ဓာကိုယ်က တော်ာတော်လေး အားနည်းတာပဲ။ နောက်မှပဲ ပိုပြီးအားကောင်းတဲ့

ခန္ဓာကိုယ်တစ်ခု ရှာရတော့မယ်။ စိတ်မပူပါနဲ့…ငါကမင်းခန္ဓာကိုယ်ကို အပိုင်သိမ်းထားတာဆိုတော့

မင်းမုန်းနေတဲ့လူတွေကို ငါလက်စားပြန်ချေပေးမှာပါ။ လိမ်လိမ်မာမာနဲ့သာ ခုခံနေတာကို

ရပ်လိုက်စမ်းပါ။ အဲလိုဆိုရင် မင်းလည်းသိပ်ပြီးနာကျင်မှာမဟုတ်သလို ငါလည်းအချိန်ကုန်

သက်သာတာပေါ့’’

‘‘အိမ်မက်သာဆက်မက်နေလိုက်’’ ရန်ကိုင်တွေးလိုက်သည်။ ‘‘မင်းခုခံဖို့ ဘာလို့

ကြိုးစားနေသေးတာလဲ။ ဒီလူအိုကြီးရဲ့ ကြိုက်နှစ်သက်ခြင်း ခံရတာ မင်းအတွက်

ကံကောင်းနေပြီ’’ ထိုလူအိုကြီးက ရန်ကိုင်တွေးလိုက်တာကို သိနေပါသည်။ ထို့နောက်

ပြုံးလိုက်ပြီး‘‘မင်းကလက်မလျှော့ချင်မှတော့ လူအိုကြီးကလည်း မင်းအသိစိတ်ကို

ဖျက်စီးရုံကလွဲပြီး ရွေးစရာမရှိတော့ဘူးပေါ့။ မင်းအသိစိတ် ဖျက်စီးခံရတဲ့အချိန်မှာ

အဲ့ဒါက ဘယ်လောက်နာကျင်ရလဲဆိုတာ မင်းသိလိမ့်မယ်။ သာမန်လူဆိုရင်

အဲ့လိုနာကျင်မှုကို ဘယ်လိုမှတောင့်ခံနိုင်မှာမဟုတ်ဘူး’’

သူ့ခေါင်းတစ်ခုလုံး တူကြီးတစ်လက်နှင့် ခပ်ပြင်းပြင်းထုရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။

နာကျင်မှုက အစောပိုင်းတုန်းက ခံစားရတဲ့ နာကျင်မှုထက် အဆပေါင်းများစွာပိုပေသသည်။

အလွန်းအမင်းနာကျင်သဖြင့် စူးရှနာကျင်နေတဲ့ အော်ဟစ်သံကြီး ရန်ကိုင်ဆီမှ ထွက်ပေါ်

လာခဲ့သည်။ သူ့အဝတ်အစားတွေ အကုန်လုံး ချွေးတွေကြောင့် ရေချိုးထားသလို စိုရွှဲနေသည်။

‘‘မင်းက နာကျင်မယ့်လမ်ကိုး ရွေးချယ်ထားမှတော့ မင်းမှာအထွန့်တက်ဖို့ အခွင့်အရေးမရှိဘူး’’

လူအိုကြီးက နှာခေါင်းရှုံ့လိုက်သည်။

သူ့အသိစိတ်က ရေစီးကြောင်းတစ်ခုအလား ပျောက်ကွယ်နေတာကို ရန်ကိုင်ခံစားမိပေသည်။

သူ့အမြင်အာရုံက ဝေဝါးနေပြီး နာကျင်မှုကို ဆက်လက်တောင့်ခံနေခဲ့သည်။ သူ့မျက်လုံးတွေက

သွေးလိုနီရဲနေပေမယ့် ရန်ကိုင်ကတော့ လက်လျှော့ဖို့ ငြင်းဆန်နေတုန်းပင်။ ‘‘ဘာ’’ လူအိုကြီးက

အံ့အာတသင့် အသံပြုမိလိုက်သည်‘‘ မင်းက တောင့်ခံနိုင်သေးတာလား။ ဘယ်လောက်တောင်

ထူးဆန်းလိုက်လဲ……’’

လူအိုကြီး စကားပြောနေတဲ့အချိန် သူ့အရိုးက နွေးထွေးတဲ့ခံစားမှုတစ်ခုကို ထုတ်လွှတ်ပေးနေခဲ့ပြီး

သူ့စိတ်ဝိဉာဉ်ကို တဖြည်းဖြည်းတည်ငြိမ်လာစေခဲ့သည်။ နာကျင်မှုကလည်း တဖြည်းဖြည်း

သက်သာလာခဲ့သည်။ ရုတ်တရက် သူ့စိတ်ထဲတွင် စုပ်ယူမှုကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

‘‘ဘာကြီးလဲ’’ လူအိုကြီးက ထိတ်လန့်သွားခဲ့ပြီး စိတ်ရှုပ်ထွေးစွာနဲ့ စူးစူးရှရှ အော်ဟစ်လိုက်သည်။

‘‘ဘာကြီးလဲ…ငါလိုချင်ဒါမဟုတ်ဘူး။ မဟုတ်ဘူးဘူး…..’’ လူအိုကြီး၏ သနားစရာကောင်းတဲ့

အော်မြည်သံက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး ရန်ကိုင်လည်း တဖြည်းဖြည်း အသိပြန်ဝင်

လာခဲ့သည်။ တစ်စုံတစ်ခုက သူ့အရိုးထဲ စုပ်ယူသွားခံရတာကို ရန်ကိုင်ခံစားမိလိုက်သည်။

နာကျင်မှု ပျောက်ကွယ်သွားခဲ့ပြီး ရန်ကိုင်လည်း သူ့ခန္ဓာကိုယ်ကို တစ်ဖန်ပြန်ထိန်းချုပ်လာနိုင်ခဲ့သည်။

ထို့နောက် သက်ပြင်းအမောကြီးချလိုက်သည်။ အင်မော်တယ်စိတ်ဝိဉာဉ်တိုက်ခိုက်မှုက

၁၀စက္ကန့်လောက်သာ ကြာပေမယ့် ရန်ကိုင်အဖို့တော့ ရာစုနှစ်ကြီး တစ်ခုကြာသလို

ခံစားရသည်။ အခုလို အင်မော်တယ်စိတ်ဝိဉာဉ်တိုက်ခိုက်မှုကို ခုခံနိုင်တဲ့အတွက်

ရန်ကိုင်စိတ်စွမ်းအားလည်း ပိုပြီးသန်မာလာခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲက ရွှေရောင်အရိုးထဲတွင်

ကြောက်ရွံ့မှုအပြည့်နဲ့ မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။

‘‘လူငယ်သူရဲကောင်းလေး…ကြီးမြတ်တဲ့လူငယ်သူရဲကောင်းလေးရယ်…ဒီလူအိုကြီး အမှားလုပ်မိပါတယ်။

ကျေဇူးပြုပြီး ငါ့ကိုခွင့်လွှတ်ပေးပါကွာ…အခုလိုမျိုးနောက်တစ်ကြိမ် မလုပ်တော့ပါဘူးကွာ’’ လူအိုကြီးက

သေရမှာကို ကြောက်လန့်နေပြီး ရန်ကိုင်ကို တောင်းဆိုနေခဲ့သည်။ ဘာတွေဖြစ်ပျက်သွားလဲဆိုတာ

လူအိုကြီးမသိခဲ့။ ဒါပေမယ့် အလွန်ဆာလောင် မွတ်သိပ်နေတဲ့ သားရဲကြီးတစ်ကောင်က အရသာရှိတဲ့

အသားတစ်ခုကို စူးစိုက်ကြည့်နေသလိုမျိုး ကြောက်မက်ဖွယ်ကောင်းတဲ့ တစ်စုံတစ်ခုက

သူ့ကိုဝါးမျိုဖို့ စူးစိုက်ကြည့်နေတာကိုတော့ ခံစားမိပေသည်။

ရန်ကိုင်လည်း ထူးဆန်းသလို ခံစားလိုက်ရသည်။ နောက်ဆုံးအကြိမ် လေနက်တောင်ကြားမှာတုန်းက

ရွှေရောင်အရိုးခြောက်က ယင်ကိုးသွယ်နှင်းပုံဆောင်ခဲတစ်ဝက်ကို စုပ်ယူကာ သူအစစ်အမှန်

ဒြပ်စင်အဆင့် တက်လှမ်းမယ့်အချိန်တွင် ထုတ်ယူအသုံးပြုဖို့ သိမ်းဆည်းထားခဲ့သည်။ ဒီနေ့မှာလည်း

ရွှေရောင်အရိုးခြောက်က လူအိုကြီးကိုစုပ်ယူထားပြန်သည်။ ရွှေရောင်အရိုးခြောက်က ယန်စွမ်းအင်

အပြင် အခြားသောစွမ်းအင် အမျိုးမျိုးကိုစုပ်ယူနိုင်တယ်ဆိုတာ သူသိပေမယ့်လို့ အခြားတစ်ယောက်၏

အင်မော်တယ်စိတ်ဝိဉာဉ်ကို စုပ်ယူနိုင်လိမ့်မယ်လို့တော့ မထင်ထားခဲ့တာ အမှန်ပင်။

ကျင့်ကြံသူများ၏ အင်မော်တယ်စိတ်ဝိဉာဉ်ကိုလည်း စွမ်းအင်အဖြစ် သတ်မှတ်ပေသည်။ တကယ်ဆိုရင်

အင်မော်တယ်စိတ်ဝိဉာဉ်ဆိုတာ စွမ်းအင်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်သည်။ ရွှေရောင်အရိုးခြောက်နှင့်

စမ်လျဉ်းပြီး အခုလိုစွမ်းအင်မျိုးကို အလွယ်တကူစုပ်ယူနိုင်တယ်ဆိုတာက အထူးအဆန်းမဟုတ်ပေ။

လူအိုကြီးက ခွင့်လွှတ်ပေးဖို့ တောင်းပန်နေချိန် ရန်ကိုင်က အစစ်အမှန်ယန်နည်းစနစ်ကို ဖြေးဖြေးချင်း

လှည့်ပတ်လိုက်သည်။ လှည့်ပတ်နေချိန် လူအိုကြီးက သူ့အင်မော်တယ်စိတ်ဝိဉာဉ်တစ်ခုလုံးကို

မီးနဲ့လောင်မြိုက်နေသလို ခံစားလိုက်ရသည်။ လူအိုကြီးက သနားစရာကောင်းစွာနဲ့

အော်ဟစ်လိုက်သည်‘‘ မင်းဘာလုပ်နေတာလဲ…ရပ်လိုက်ပါတော့။ ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့ကွာ’’

သူ့အသံကနေ တုန့်ပြန်သံတိုးလျလျလေးကို ကြားလိုက်တာနဲ့ ရန်ကိုင်က စမ်းသပ်နေတယ်ဆိုတာ

လူအိုကြီး သိလိုက်သည်။ ‘‘လူငယ်သူရဲကောင်းလေးရယ်၊ ကျေးဇူးပြုပြီး မလုပ်ပါနဲ့တော့။

အဲ့လိုလုပ်နေရင် ငါ့ရဲ့အင်မော်တယ်စိတ်ဝိဉာဉ် ပျောက်ကွယ်သွားလိမ့်မယ်’’ အကြောက်အရွံ့

ကင်းမဲ့စွာနဲ့ ရန်ကိုင်က အစစ်အမှန်ယန်နည်းစနစ်ကို ဆက်ပြီးလှည့်ပတ်လိုက်သည်။ အချိန်

ကုန်လာတာနဲ့အမျှ တောင်းဆိုနေတဲ့ အသံကတဖြည်းဖြည်း တိုးလာခဲ့ပြီး အားပျော့လာခဲ့သည်။

အစစ်အမှန်ယန်နည်းစနစ်ကို လှည့်ပတ်နေစဉ် အတောအတွင်း လူအိုကြီးက ရန်ကိုင်ကို

ရပ်တန့်ပေးဖို့ အနူးအညွတ်တောင်းပန်နေခဲ့သည်။ သူမရပ်ရဲခဲ့ပေ..ရန်ကိုင်များ စိတ်ပြောင်း

သွားမလားဆိုတဲ့ မျှော်လင့်ချက်ကလေးနဲ့ အဆက်မပြတ် တောင်းပန်နေခဲ့သည်။

သူမျှော်လင့်ထားသလိုပဲ ရန်ကိုင်က လှည့်ပတ်နေတာကို သိပ်မကြာခင်မှာပဲ ရပ်တန့်လိုက်ပြီး

ရွှေရောင်အရိုးခြောက်ကို ပြန်ပြီးအာရုံစိုက်လိုက်သည်။ ‘‘အခုလို ခွင့်လွှတ်ပေးတဲ့တွက်

ကြီးမြတ်တဲ လူငယ်သူရဲကောင်းလေးကို တကယ်ပဲ ကျေးဇူးတင်ပါတယ်’’ လူအိုကြီးက

ကျေးဇူးတင်ကြောင်း ပြောနေချိန်တွင် သူ့တစ်ကိုယ်လုံး ကြောက်ရွံ့မှုက ကြီးစိုးနေခဲ့ပြီး

သူချီစွမ်းအင် ပြန်ဖြည့်မယ့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။ အခုဆိုရင် လူအိုကြီးက

ကြမ်းကြုတ်စိတ်စွမ်းအားကောင်းတဲ့လူကြီးတစ်ယောက်မှ အားပျော့ပြီး အထိမခံတဲ့

နူးညံ့တဲ့ပန်းလေးတစ်ပွင့် ဖြစ်လာခဲ့သည်။

‘‘မင်းကိုအသက်ချမ်းသားပေးလို့ ငါ့အတွက ်ဘာအကျိုးရှိမှာလဲ’’ ရန်ကိုင် လှောင်ရယ်လိုက်သည်။

သူကိုယ်တိုင်လည်း သေမင်းတံခါးဝ ရောက်ခါနီး ဖြစ်သွားရတဲ့အတွက် လူအိုကြီးကိုလည်း

သူဖော်ထားတဲ့ဆေး ပြန်မည်းစမ်းခိုင်းရပေမည်။ ရန်ကိုင်က လူအိုကြီးကို သူနှင့်အတူ မထားချင်ပေ။

သူတို့နှစ်ယောက်တွေ့တာ အချိန်ခဏလေးပဲ ရှိသေးတယ်ဆိုပေမယ့် လူအိုကြီးက တကယ့်ကို

မိစ္ဆာတစ်ကောင်ဆိုတာ သူပြောနိုင်သည်။ လူအိုကြီး၏ ခွန်အားက နိမ့်ကျနေလို့သာပေါ့…မဟုတ်ရင်တော့

အခုအချိန်လောက်ဆို သူနောက်ဘဝရောက်နေလောက်ပြီ။ ဒီလိုစက်ဆုပ်ရွံ့ရှာဖွယ်ကောင်းတဲ့

သူတစ်ယောက်ကို စုပ်ယူဝါးမြိုဖို့ တွေးလိုက်ရုံနဲ့တင် ရန်ကိုင်အော့အန်ချင်လာသလို ခံစားလိုက်ရသည်။

‘‘အကျိုးအမြတ်လား။ ရှိတာပေါ့…အကျိုးအမြတ်ဆိုမှ အများကြီးရှိတာပေါ့’’ ချက်ဆိုနားခွက်မီးတောက်တဲ့

လူစားမျိုးဖြစ်တဲ့အတွက် လူအိုကြီးက ရန်ကိုင်ဘာလိုချင်နေလဲဆိုတာ သိပေသည်။ ‘‘အဲ့လိုဆိုရင်လည်း

အရင်ဆုံး နားထောင်ကြည့်ရတာ့ပေါ့’’ ရန်ကိုင်က အေးအေးဆေးဆေးပဲ မေးလိုက်သည်။ ‘‘ လူငယ်

သူရဲကောင်းလေးက ဘယ်လိုအကျိုးအမြတ်ကို လိုချင်တာလဲ မသိဘူး’’ လူအိုကြီးက မေးလိုက်သည်။

‘‘အင်း…..’’ ရန်ကိုင်က ပိုကောင်းတဲ့ အဖြေတစ်ခုကို မျှော်လင့်ထားတဲ့ ပုံစံနဲ့ တုန့်ပြန်လိုက်သည်။

‘‘လူငယ်သူရဲကောင်းရယ်…အထင်မလွဲပါနဲ့။ ငါသေတာ နှစ်ပေါင်းများစွာကြာသွာပြီးလေ။ ပြီးတော့

ငါ့စိတ်ဝိဉာဉ်ကလည်း ဒီနေရာမှာအပိတ်ခံထားရတာ။ ပြန်နိုးလာတာ ရက်အနည်းငယ်ပဲ ရှိသေးတယ်လေ။

ငါရဲ့အတွေ့အကြုံနဲ့ဆိုရင် သူရဲကောင်းလေးကို အကျိုးအမြတ်အများကြီး ပေးနိုင်ပါတယ်။ ခဏစောင့်…

ခဏပဲစောင့်…ငါ့မှတ်ဉာဏ်တွေကို ပြန်ရအောင်ကြိုးစားမလို့…ခဏပဲ’’ လူအိုကြီးက ကြောက်ရွံ့မှု

ကြောင့်ထိတ်လန့်သွားခဲ့ပြီး သူ့စကားလုံးတွေကို ချက်ချင်းပြန်ပြင်လိုက်သည်။

ရန်ကိုင်က စိတ်ရှည်ရှည်နဲ့ စောင့်နေလိုက်သည်။ လူအိုကြီးပြောတာ အကုန်လုံးက အမှန်တွေဆိုတာ

သူသိပေသည်။ သိပ်မကြာခင်မှာပဲ လူအိုကြီးက ပျော်မြူးနေတဲ့ အသံနဲ့ အော်ဟစ်လိုက်သည်

‘‘လူငယ်သူရဲကောင်းလေး၊ မင်းရဲ့အခုလက်ရှိ ခွန်အားက တော်တော်လေး နိမ့်ကျနေတာ

တကယ့်အဆင့်မြင့် သိုင်းပညာရပ်တစ်ခုခုလောက်တော့ လိုလိမ့်မယ်။ ခဏစောင့်..ချက်ချင်းပဲ

ပို့ပေးလိုက်မယ်’’

‘‘အိုး…’’ ရန်ကိုင်က သူ့ခန္ဓာကိုယ်ကို မတ်လိုက်ပြီး စိတ်အားထက်သန်စွာနဲ့ ကတိပေးလိုက်သည်

‘‘မင်းသာ ငါကျေနပ်လောက်မယ့် သိုင်းပညာရပ်ကို ပေးမယ်ဆိုရင် မင်းအသက်ကို ငါချမ်းသာ

ပေးမှာပါ’’ ထိုစကားလုံးတွေကို ကြားလိုက်တာနဲ့ လူအိုကြီး စိတ်သက်သာရာ ရသွားပြီး

မြန်မြန်လုပ်လိုက်သည်‘‘ လူငယ်သူရဲကောင်းလေး ကျေနပ်စေရပါမယ်။ ငါသိတဲ့

သိုင်းပညာရပ်တွေအကုန်လုံးက အနိမ့်ဆုံးအဆင့်တောင် ဆန်းကြယ်အဆင့်

သိုင်းပညာရပ်တွေချည်းပဲ’’ ရန်ကိုင် အသက်ရှုသံမြန်လာခဲ့သည်။ သိုင်းပညာရပ်တွေကို

အဆင့်တွေခွဲထားပေသည်…မြေကမ္ဘာအဆင့်၊ ကောင်းကင်အဆင့်၊ ဆန်းကြယ်အဆင့်၊ ဝိဉာဉ်အဆင့်

နှင့် သူတော်အဆင့်ဆိုပြီး ခွဲထားပေသည်။ ပုံမှန်အားဖြင့် သိုင်းပညာရပ်က ပိုပြီးအဆင့်မြင့်လေ

ပိုပြီးရှားပါးလေဖြစ်သည်။ ဟန်မင်းဆက်တစ်ခုလုံးမှာတောင် ဆန်းကြယ်အဆင့်သိုင်းပညာရပ်ဆိုလို့

လက်တစ်ဆုပ်စာပဲ ရှိလေသည်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ရန်ကိုင်အဖို့ မြေကမ္ဘာအဆင့် သိုင်းပညာရပ်လေးရဖို့

လန်ချူးတျယ်နှင့် ပူးပေါင်းပြီး သူ့အသက်ကို လောင်းကြေးထပ်ခဲ့ရသည်။ ဒါပေမယ့်

သူတို့အားလုံး အဲ့လောက်ရင်းနှီးခဲ့ရတာတောင် မြေကမ္ဘာအဆင့်သိုင်းပညာရပ်လေး ရသွားတာနဲ့

ကျေနပ်ပေသည်။ ဒါပေမယ့် မြေကမ္ဘာအဆင့်သိုင်းပညာရပ်က ဘယ်လိုလုပ်ပြီး ဆန်းကြယ်အဆင့်

သိုင်းပညာရပ်ကို ယှဉ်ပြိုင်နိုင်ပါ့မလဲ။

လူအိုကြီးက ရန်ကိုင်မျက်နှာပေါ်က ကြည်နူးမှု၊ မျှော်လင့်ချက်တွေနဲ့ ပြည့်နေတာကို သတိပြုမိလိုက်သည်။

သူအသက်ရှင်သန်နိုင်ရန် အလို့ငှာ ထိုကောင်းလေးကို စိတ်ကျေနပ်အောင် လုပ်ပေးရမယ်ဆိုတာ

သိပေသည်။ မိနစ်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် လူအိုကြီးက ဖြေးဖြေးချင်း ပြောလိုက်သည်

‘‘ဒီသိုင်းပညာရပ်က နှလုံးသားဝါးမြိုခြင်း သိုင်းပညာရပ်လို့ခေါ်တယ်’’ ရန်ကိုင် စိတ်ဝင်တစား

မျက်ခုံးပင့်လိုက်သည်။

‘‘ဒီသိုင်းပညာရပ်ကို လေ့ကျင့်ဖို့က ရိုးရှင်းပါတယ်။ ရက်၁၀၀ပြည့်အောင် နေ့တိုင်း ကလေး၃ယောက်ရဲ့

နှလုံးသား၃ခုကို စားပြီးသွေးကိုတည်ဆောက်ရမယ်။ အဲ့လိုနဲ့ ရက်၁၀၀ပြည့်ရင် နှလုံးသားဝါးမြိုးခြင်း သိုင်းပညာရပ်ရဲ့ အသေးစားဝါးမြိုးခြင်းအဆင့်ကို ပြီးမြောက်သွားပြီလို့ ပြောလို့ရတယ်။ ပြီးမြောက်သွားတာနဲ့ မင်းရန်သူတွေရဲ့သွေးကြောတွေကို ပေါက်ကွဲသွားအောင် လုပ်လို့ရတယ်။ အဲ့လိုဆိုရင်

မင်းရန်သူတွေကို သတ်နိုင်တာထက်တောင ်ပိုနေပြီလေ’’ လူအိုကြီးက ယုံကြည်ချက်ရှိစွာ

ပြောလိုက်သည်။

ဒါပေမယ့် ရန်ကိုင်မျက်နှာက မည်းမှောင်သွားတဲ့အတွက် လူအိုကြီးလည်း တုန်လှုပ်ခြောက်ခြား

သွားခဲ့ရသည်။‘‘ဒီသိုင်းပညာရပ်ကို ငါလက်မခံနိုင်ဘူး’’ ရန်ကိုင်က လူအိုကြီးကို ဆက်ပြီးမပြောခိုင်းတာ့ပဲ

ဖြတ်ပြောလိုက်သည်။ ‘‘ကောင်းပြီ။ နောက်ထပ် အနီရောင်ကျဆုံးခြင်းလို့ခေါ်တဲ့ သိုင်းပညာရပ်

ရှိသေးတယ်’’ ရန်ကိုင်ခေါင်းညိတ်လိုက်သည်။ ထိုသိုင်းပညာရပ်၏ နာမည်က တော်တော်လေးကို

ကောင်းမွန်ပြီးကဗျာဆန်ပေသည်။ ထိုသိုင်းပညာရပ်က တကယ်ကိုပဲ ကျက်သရေရှိပြီး မြင့်မြတ်တဲ့

သိုင်းပညာရပ်တစ်ခု ဖြစ်ရပေမည်။

လူအိုကြီးက ပြုံးလိုက်ပြီး‘‘ ဒီသိုင်းပညာရပ်ကို ကျင့်ဖို့က ပိုလို့တောင် လွယ်သေးတယ်။ လုပ်ဖို့လိုတာက

အပျိုစင်မိန်းမပျိုလေးတစ်ယောက်နဲ့ လိင်ယှတ်စပ်ပြီး သူမရဲ့ပထမဆုံး အပျိုစင်သွေးစက်ကို

စုဆောင်းဖို့ပဲ။ အပျိုးစင်မိန်းကလေးသွေးစက်ကို စုဆောင်းနိိုင်သရွေ့ ဒီသိုင်းပညာရပ်ကို

ပြီးပြည့်စုံတဲ့အထိ လေ့ကျင့်လို့ရတယ်။ ပြီးတော့ အပျိုစင်မိန်းကလေးရဲ့ သိုင်းပညာမြင့်လေ

မင်းလေ့ကျင့်တာ ပိုမြန်လေပဲ။ အပျိုစင်သွေးစက်၁၀၀ စုစည်းပြီးသွားတာနဲ့ ဒီသိုင်းပညာရပ်ရဲ့

အကြီးစားပြီးမြောက်ခြင်းအဆင့်ကို အောင်မြင်သွားလိမ့်မယ်။ လူငယ်သူရဲကောင်းလေး…

မင်းလိုကြီးကျယ်မြင့်မြတ်တဲ့ လူတစ်ယောက်အတွက်တော့ တစ်ညကိုအပျိုစင်မိန်းကလေး

၁၀ယောက်နဲ့ ကုန်ဆုံးဖို့က အလွယ်လေးပဲမလား။ ၁၀ရက်တည်းနဲ့တောင် သူရဲကောင်းလေး

အကြီးစားပြီးမြောက်ခြင်းအဆင့်ကို ရောက်နိုင်တယ်’’

ရန်ကိုင် မသေချာမရေရာဖြစ်သွားပြီး မေးခွန်းထုတ်လိုက်သည်‘‘ ဒါက ယန်စွမ်းအင်တိုးတက်ဖို့

ယင်စွမ်းအင်စုစည်းတာနဲ့ အတူတူပဲမလား’’ ‘‘ဟုတ်တာပေါ့…သူရဲကောင်းလေးကာ တကယ်ကို

တော်တာပဲ။ ဒါက ယန်ကိုထောက်ကူပေးဖို့ ယင်ကိုစုစည်းတာနဲ့ အတူတူပါပဲ’’ ‘‘နောက်တစ်ခု’’

လူအိုကြီး မျက်စိပျက်မျက်နှာပျက် ဖြစ်သွားခဲ့သည်။ ဒါပေမယ့် သူ့အသက်က ရန်ကိုင်အပေါ်

မူတည်နေတဲ့အတွက ်ဆက်ပြောပြလိုက်သည်‘‘နောက်တစ်ခုကတော့ အချစ်လက်သီးလို့ခေါ်တယ်’’

‘‘ေနာက္တစ္ခု’’

‘‘မဟုတ္ဘူး…ေနာက္တစ္ခု’’

လူအိုကြီးလည်း ဦးနှောက်ခြောက်လာခဲ့သည်။ သူ့မှာသာ လက်တွေ၊ အရေပြားတွေရှိခဲ့ရင်း

စိုးရိမ်းတကြီးနဲ့ သူ့နဖူးက ချွေးတွေကို သုတ်နေပေလိမ့်မည်။ သူပြောတဲ့သိုင်းပညာရပ်တွေ

အကုန်လုံးက အံ့အာသင့်စွာပဲ ရန်ကိုင်အကြိုက်မဟုတ်ခဲ့ပေ။ ဒီလိုမိစ္ဆာသိုင်းပညာရပ်တွေကို

လေ့ကျင့်တာက မိုးကြိုးအပစ်ခံထိဖို့ စောင့်နေတာနဲ့ အတူတူပင်ဖြစ်သည်။

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၃၈) ရေတိုအကျိုးအမြတ်

ရန်ကိုင်က သိုင်းပညာရပ်၏ စွမ်းအားတွေကို လောဘကြီးပေမယ့် လူအိုကြီးပြောတဲ့ မိစ္ဆာသိုင်းပညာရပ်

တွေကိုတော့ ဘယ်တော့မှကျင့်လိမ့်မည်မဟုတ်ချေ။ သိုင်းပညာရပ်တွေ အများကြီးပြောပြီးတာတောင်

ရန်ကိုင်က စိတ်မကျေနပ်သေးသဖြင့် လူအိုကြီးလည်း ထိတ်လန့်လာခဲ့သည်။ ‘‘လူငယ်သူရဲကောင်းလေး၊

ငါမမှတ်မိတဲ့ သိုင်းပညာရပ်တစ်ခု ရှိတယ်။ ငါလိမ်နေတာမဟုတ်ဘူး’’ ‘‘မင်းကငါ့ကိုမိစ္ဆာသိုင်းပညာရပ်တွေပဲ

ပေးနိုင်မယ်ဆိုရင် မင်းကိုအသက်ရှင်လျက်ထားတာ ဘာအကျိုးရှိတော့မှာလဲ’’

‘‘သူရဲကောင်းလေးရယ်…ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့ဦး။ ငါမှတ်မိဖို့အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်။

နိုးလားတာ သိပ်မကြာသေးဘူးဆိုးတော့ ငါ့မှတ်ဉာဏ်တွေ ပရမ်းပတာဖြစ်နေလို့ပါ။ ငါမှတ်မိဖို့

အချိန်နည်းနည်းလိုနေလို့ပါ။ ငါ့ကိုအချိန်နည်းနည်းလောက်ပဲပေး။ အချိန်းနည်းနည်းလောက်ပဲ …

ပြီးတာနဲ့ မင်းကျေနပ်လောက်မယ့် အဖြေကိုငါပေးမယ်’’ ‘‘မင်းမှာနောက်ထပ် အခွင့်အရေး

တစ်ခုပဲ ကျန်တော့တယ်။ အကောင်းဆုံးအသုံးချပေါ့’’ ‘‘ကောင်းပြီ…ဒီတစ်ကြိမ် ကျိန်းသေ

စိတ်မပျက်စေရပါဘူး’’

ရန်ကိုင်က လူအိုကြီးကို ပြန်မဖြေခဲ့….သိုင်းပညာရပ်တွေဆိုတာ လေ့ကျင့်ဖို့အချိန်လိုပေသည်။ ပြီးတော့

နောက်ထပ်တစ်ခုကိုလည်း အလောတကြီး လိုနေတာမဟုတ်ချေ။ ထိုနည်းတူစွာပဲ လူအိုကြီးကလည်း

ရန်ကိုင်လက်ကနေ လွတ်မြောက်ဖို့ သူ့ခွန်အားက အားနည်းလွန်းနေခဲ့သည်။ ထို့ကြောင့် ရန်ကိုင်

လည်း လူအိုကြီးနဲ့ ပက်သက်ပြီး အရမ်းကြီးစိုးရိမ်မနေခဲ့ပေ။ ထို့ကြောင့် စိတ်ရှည်လက်ရှည်နဲ့သာ

စောင့်နေခဲ့သည်။

ရန်ကိုင်က သူ့ရင်ဘတ်ထဲက ရွှေရောင်ကျောက်တုံးကလေးငယ်ကို ထုတ်လိုက်သည်။ ထို့နောက်

ချီစွမ်းအင်ကို လှည့်ပတ်ကာ ရွှေရောင်သွေးကြောတွေထဲက ဆန်းကြယ်မှုကို ဆန်းစစ်ကြည့်လိုက်သည်။

နေမီးတောက်ပေါက်ကွဲခြင်း ပညာရပ်တစ်ခုတည်း ရှိနေတာက ရန်ကိုင်၏အားနည်းချက်ဖြစ်နေခဲ့သည်။

သူနောက်ထပ် သိုင်းပညာရပ်တွေကို ထပ်လေ့ကျင့်ဖို့ လိုအပ်နေပေသေးသည်။ ရန်ကိုင်က

အားပြန်ဖြည့်နေတုန်း ဒုတိယသိုင်းပညာရပ်ကို လေ့ကျင့်ဖို့ဆုံးဖြတ်လိုက်သည်။

လိုဏ်ဂူထဲက ထွက်သွားတာနဲ့ သူ့ကိုယ်အနိုင်ကျင်ဗိုလ်ကျတာကို ကာကွယ်ဖို့ သူ့ကိုယ်သူ

သန်မာအောင် လုပ်ဆောင်ထားရပေမည်။ ရွှေရောင်တုံးကလေးငယ် ထဲမှာတော့

သွေးကြောတွေရ၀-၈၀ထိ ရှိနေခဲ့သည်။ ဒါက ကောင်းကင်အဆင့် သိုင်းပညာရပ်တစ်ခု

ဖြစ်နိုင်သလို ဆန်းကြယ်အဆင့် သိုင်းပညာရပ်တောင် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ရန်ကိုင်က

ရွှေရောင်ကျောက်တုံးကလေးငယ်ထဲက ချီစွမ်းအင်စီးကြောင်းတွေကို မှတ်သားထားလိုက်သည်။

အရင်ကျောက်တုံးကလေးငယ်လိုပဲ အခုရွှေရောင်ကျောက်တုံး ကလေးငယ်လည်း ရန်ကိုင်က

သူ့ချီစွမ်းအင်ကို ပြန်ထုတ်လိုက်တာနဲ့ ပြာအဖြစ်ပြောင်းလဲသွားခဲ့သည်။

ကျန်တဲ့တစ်နေ့လုံး လူအိုကြီးက သူ့ဦးနှောက်ကို အလုပ်ပေးနေခဲ့သည်။ သူက ရန်ကိုင်ကို

ထောက်ပံ့ပေးနိုင်တဲ့ အချို့သော အကျိုးကျေးဇူးတွေကို တွေးမိပေမယ့် ရန်ကိုင် ဈာန်ဝင်စားနေတဲ့အတွက်

လူအိုကြီးက ရန်ကိုင်ကို သွားမနှောက်ယှတ်ရဲပေ။ ထို့ကြောင့် လူအိုကြီးက ထိတ်ထိတ်လန့်လန့်နဲ့

ရွှေရောင်အရိုးခြောက်ထဲမှာသာ တိတ်တဆိတ် စောင့်ဆိုင်းနေရလေသည်။ ရန်ကိုင်က ရွှေကျောက်တုံး

ကလေးငယ်ထဲက ရခဲ့တဲ့သိုင်းပညာရပ်နဲ့ အလုပ်များနေတဲ့အတွက် လူအိုကြီးဘက်ကို အာရုံမလှည့်ဖြစ်ပေ။

သူကတင်ပလင်ခွေထိုင်ကာ ရွှေကျောက်တုံးကလေငယ်ထဲ ကသွေးကြောတွေအတိုင်း ချီစွမ်းအင်ကို

လှည့်ပတ်လိုက်သည်။ နေမီးတောက်ပေါက်ကွဲခြင်း ပညာရပ်နဲ့မတူညီတာက သူချီစွမ်းအင်ကို

တစ်ပတ်လောက် လှည့်ပတ်ပြီးတာတောင် ဘာထူးခြားမှုမှ ရှာမတွေ့ခဲ့ချေ။ အဲ့ဒီအစား

သူ့လက်မောင်းနောက်ဘက်တွင် တစ်ခုခုကိုခံစားမိလိုက်ပြီး ထိတ်လန့်တကြား ထအော်လိုက်သည်။

လှည့်ပတ်တာပဲ မှားသွားတာလား…ရန်ကိုင် သံသယဝင်လာခဲ့သည်။ မဖြစ်နိုင်ဘူး။ ငါရွှေကျောက်တုံး

ကလေးငယ်ထဲ သွေးကြောတွေအတိုင်း လှည့်ပတ်ခဲ့တာလေ။ နည်းနည်လေးတောင် လွဲတာမဟုတ်ဘူး။

ရန်ကိုင်က နောက်တစ်ကြိမ် လှည့်ပတ်လိုက်ပြီး တူညီတဲ့တုန့်ပြန်မှုကိုပဲ ခံစားလိုက်ရသည်။

ဘာမှားနေတာလဲ။ ဒါက သိုင်းပညာရပ်တစ်ခု မဟုတ်ဘူးလား။ နေမီးတောက်ပေါက်ကွဲခြင်း

ပညာရပ်ကို လေ့ကျင့်တုန်းကလို ဘာလို့မခံစားရတာလဲ။ ရန်ကိုင်က သိုင်းပညာရပ်၏ ဆန်းကြယ်မှုကို

စစ်ဆေးရင်း တွေးနေလိုက်သည်။ ဒါပေမယ့် သူအဖြေမရှာနိုင်ခဲ့ပဲ ဖြေးဖြေးချင်းသာ လေကျင့်နေလိုက်သည်။

ရန်ကိုင် စိတ်လျှော့လိုက်ပြီး ချီစွမ်းအင်ကို နောက်တစ်ကြိမ် လှည့်ပတ်လိုက်သည်။ တစ်ကြိမ်

လှည့်ပတ်လိုက်တိုင်း တစ်ယောက်ယောက်က သူ့လက်မောင်းနောက်ဘက်ကို ရိုက်နေသလို

ခံစားရသည်။ ဒါပေမယ့် သူ့ကိုအန္တရာယ်မဖြစ်စေဘူးဆိုတာတော့ သိပေသည်။

အချိန်ကုန်လာတာနဲ့အမျှ ရန်ကိုင်ချီစွမ်းအင်ကို အကြိမ်၁၀၀၀ထိ လှည့်ပတ်ပြီးသွားခဲ့လေပြီ။

အကြိမ်၈၀၀မြောက်တွင် သူခံစားနေရတဲ့ခံစားချက်က ပျောက်ကွယ်သွားခဲ့သည်။

ရန်ကိုင်က မျက်လုံးဖွင့်ပြီး သူ့လက်မောင်းနောက်ဘက်ကို ကြည့်လိုက်တဲ့အချိန်

ထူးဆန်းစွာနဲ့ပဲ သူ့လက်မောင်းနောက်ဘက်တွင် ပုံသဏ္ဍာန်များစွာရှိနေခဲ့သည်။ ထိုပုံသဏ္ဍာန်က

တော်တော်လေး ထူးဆန်းပြီး ကြယ်တွေနဲ့ တောက်ပနေတဲ့ ညကောင်းကင်ကြီးနဲ့တောင်

တူနေလေသည်။ သူ့ချီစွမ်းအင်ကို လှည့်ပတ်လိုက်တဲ့အချိန် ထိုကြယ်သေးသေးလေးတွေက

တလက်လက်တောက်ပလာခဲ့သည်။

ပိုပြီးထူးဆန်းတာက သူ့လက်မောင်းနောက်တွင် မမြင်နိုင်တဲ့ လေဟာနယ်တစ်ခု ရှိနေသလို

ခံစားလိုက်ရသည်။ ချီစွမ်းအင် တစ်ကြိမ်လှည့်ပတ်လိုက်တိုင်း လေဟာနယ်က ပွင့်သွားခဲ့ပြီး

ကြယ်သေးသေးလေးတွေကလည်း တလက်လက်တောက်ပလာခဲ့သည်။ ထိုအရာက

သိုလှောင်ရာလေဟာနယ် တစ်ခုနဲ့တောင် တူနေပေသေးသည်။ အချိန်တော်တော်ကြာအောင်

လေ့ကျင့်ကြီးတာတောင် ထိုသိုင်းပညာရပ်ကို ဘယ်လိုအသုံးပြုရမလဲဆိုတာ သူမသိသေးပေ။

အခုအချိန်တွင် ကျင့်ကြံသူတစ်ယောက်ကို အသာထား ထိုသိုင်းပညာရပ်နဲ့ ပုရွက်ဆိတ်

တစ်ကောင်ကိုတောင် မသတ်နိုင်ပေ။

ရန်ကိုင်က ချီစွမ်းအင်ကို အဆက်မပြတ် လှည့်ပတ်နေလိုက်သည်။ မမျှော်လင့်စွာနဲ့ပဲ ကြယ်

အမှတ်အသားတွေက ပေါက်ကွဲသွားခဲ့ပြီး သူ့လက်ချောင်းထိပ်တွင် မှိန်ဖျော့ဖျော့အလင်းရောင်လေး

ထွက်ပေါ်လာခဲ့သည်။ သူ့လက်မောင်းနောက်က တောက်ပလာခဲ့ပြီး ထိုအလင်ရောင်ကြောင့်

လိုဏ်ဂူတစ်ခုလုံး လင်းထိန်သွားခဲ့သည်။ ရန်ကိုင်က သူ့လက်ကိုမြေကြီးပေါ်ကို ထိုးချလိုက်ပြီး

ချီစွမ်းအင်တွေကိုလည်း လေဟာနယ်ထဲကို ပို့ပေးလိုက်သည်။ ထို့နောက် သူ့လက်သီးချက်ကြောင့်

မြေပြင်တစ်ခုလုံး တုန်ခါသွားခဲ့သည်။ သူလုပ်ခဲ့တာကို နားလည်သွားတာနဲ့ ရန်မျက်နှာ

ပျော်ရွှင်မှုကြောင့် တောက်ပလာခဲ့သည်။

ဒီသိုင်းပညာရပ်က ချီစွမ်းအင်တော်တော်စားပေမယ့် ဒီသိုင်းပညာရပ်၏ ပေါက်ကွဲမှုကြောင့်

ဖြစ်ပေါ်လာတဲ့ စွမ်းအားက သာမန်ဗုံးပေါက်ကွဲတာထက် အားပြင်းပေသည်။ သူသာ

ချီစွမ်းအင်တွေကို အများကြီးမသုံးလိုက်ရင် ထိုပေါက်ကွဲမှုက ပိုပြီးအားပျော့လိမ့်မယ်ဆိုတာ

သိလိုက်သည်။ ဒီသိုင်းပညာရပ်က တော်တော်လေး ထူးဆန်းပေသည်။ သူမျက်မှောင်

ကြုံ့လိုက်ပြီး သိုင်းပညာရပ်ကို ဘယ်လိုအသုံးပြုရမလဲဆိုတာ စစ်ဆေးလိုက်သည်။

ရုတ်တရက် သူ့ခန္ဓာကိုယ်အတွင်းပိုင်းထဲကနေ သူ့ကိုတရပ်စပ်ခေါ်နေတဲ့ အသံကို

ကြားလိုက်ရသည်‘‘လူငယ်သူရဲကောင်းလေး….လူငယ်သူရဲကောင်းလေး….’’

ရန်ကိုင်က မျက်စိမှေးထားလိုက်ပြီး ထိုခေါ်သံကိုလျစ်လျူရှုကာ သိုင်းပညာရပ်အပေါ်မှာပဲ

အာရုံစိုက်ထားလိုက်သည်။ ‘‘လူငယ်သူရဲကောင်းလေး…အဲ့ဒီသိုင်းပညာရပ်ကို ဘယ်လိုအသုံးပြု

ရလဲဆိုတာ ငါသိတယ်။ မင်းနားထောင်ချင်လား’’ တုန့်ပြန်သံမကြားရတာနဲ့ လူအိုကြီးက

စိုးရိမ်စွာနဲ့ စောင့်ဆိုင်းနေလိုက်သည်။ သူက ရန်ကိုင်သူ့ကိုမသတ်စေဖို့အတွက် သူဘယ်လောက်

အသုံးဝင်လဲဆိုတာ ပြသချင်နေတာဖြစ်သည်။ အချိန်တော်တော်ကြာမှ ရန်ကိုင်ဆီက

တုန့်ပြန်သံကိုကြားရသည်‘‘ မင်းဘာသိလဲ..ပြောလိုက်။ နားထောင်ကြည့်ရအောင်’’

လူအိုကြီးက အထွန့်မတက်ခဲ့ချေ။ သူ့တွင် ရှင်းပြဖို့အခွင့်အရေး တစ်ခုရလာခဲ့ပြီဖြစ်သည်။ သူက

အလွန်အမင်း ကျေးဇူးတင်သွားပြီး ချက်ချင်းပဲ အသေးစိတ်ရှင်းပြလိုက်သည်‘‘ ဒီသိုင်းပညာရပ်ကို

ဘယ်လိုခေါ်လဲဆိုတာတော့ ငါမသိဘူး။ ဒါပေမယ့် ငါတစ်ယောက်ယောက် သုံးတာတော့ မြင်ဖူးတယ်။

သိုင်းပညာရပ်ကို အသက်သွင်းလိုက်တဲ့အချိန် မင်းတစ်ယောက်တည်းသာ အသုံးပြုနိုင်တဲ့

လေဟာနယ်တစ်ခု ပွင့်လာလိမ့်မယ်။ ဒီသိုင်းပညာရပ်ရဲ့ စွမ်းအားက မင်းလေဟာနယ်ထဲကို

ချီစွမ်းအင် ဘယ်လောက်ထည့်သွင်းထားလဲဆိုတာပေါ်မှာ မူတည်တယ်လို့ ငါထင်တယ်’’

‘‘လူငယ်သူရဲကောင်းလေး…ချီစွမ်းအင်တွေကို လေဟာနယ်ထဲမှာ စုဆောင်းထားပြီး မင်းကြိုက်တဲ့

အချိန်အသုံးပြုလို့ရတယ်။ ဒီသိုင်းပညာရပ်က ဖျက်စီးအားကောင်းပေမယ့် အသုံးပြုဖို့ကတော့

ခက်ခဲတယ်။ လေဟာနယ်ထဲမှာ ဘာချီစွမ်းအင်မှာ မရှိဘူးဆိုရင် သိုင်းပညာရပ်က

ဘာမှအသုံးဝင်မှာမဟုတ်ဘူး။ လေဟာနယ်ထဲမှာ ချီစွမ်းအင် ဖြည့်ထားမှသာ အဲ့သိုင်းပညာရပ်က

အလုပ်လုပ်လိမ့်မယ်။ ဒါပေမယ့် နောက်တစ်ကြိမ်အသုံးပြုဖို့အတွက ်အချိန်ယူပြီးချီစွမ်းအင်

ပြန်ဖြည့်ရလိမ့်မယ်’’

ရန်ကိုင်စိတ်ဝင်စားနေတာကို တွေ့လိုက်ရတဲ့အတွက် လူအိုကြီးက ဆက်ပြောလိုက်သည်‘‘ ဒီသိုင်းပညာရပ်က

တိုက်ပွဲတစ်ပွဲမှာ တစ်ကြိမ်ပဲ အသုံးပြုလို့ရတယ်ဆိုပေမယ့် အခြားသိုင်းပညာရပ်တွေလို လေ့ကျင့်စရာ

မလိုဘူး။ လေဟာနယ်ထဲကို ချီစွမ်းအင်ဖြည့်ပေးဖို့ပဲလိုအပ်တာ ။ အကယ်၍မင်းသာ အန္တရာယ်

ကျရောက်နေတဲ့အချိန် အဲ့သိုင်းပညာရပ်ကို အသုံးပြုလိုက်ရင် မင်းအသက်ကို ကယ်တင်ကောင်း

ကယ်တင်နိုင်လိမ့်မယ်’’ ပြောပြီးတာနဲ့ လူအိုကြီးက ရန်ကိုင်ကို စိတ်ပျက်မိသွားမှာစိုးတဲ့တွက်

လူသေကောင်တစ်ကောင်လို တိတ်ဆိတ်သွားခဲ့သည်။ ရန်ကိုင်နှုတ်ခမ်းတွေက အပေါ်ဘက်ကို

လုံးဝကွေးတက်သွားခဲ့သည်။ လူအိုကြီးပြောတာကာ သူထင်ထားတာနဲ့ အတူတူပင်ဖြစ်သည်။

ဒါပေမယ့် လူအိုကြီးက ပိုပြီးအသေးစိတ်ကျပေသည်။ ထို့ကြောင့် ထိုသိုင်းပညာရပ်အကြောင်းကို

သူပိုပြီးနားလည်သွားခဲ့ရသည်။ လေ့ကျင့်မယ့်အစား ထိုသိုင်းပညာရပ်က ချီစွမ်းအင်ဖြည့်တင်းဖို့သာ

လိုအပ်ပေသည်။ ဒီလိုသိုင်းပညာရပ်မျိုးကို ရလိုက်တာ ဘယ်လောက်တောင် ကံကောင်းလိုက်လဲ။

ရန်ကိုင်က ပျော်ရွှင်မှုကြောင့် ရယ်မောလိုက်သည်။ အခြားသူတွေက ချီစွမ်းအင်ကို ပြန်လည်

ဖြည့်တင်းဖို့ လိုအပ်ပေမယ့် ရန်ကိုင်ကတော့ ယန်ကျောက်တုံးကလေ ယန်အရည်စက်ကို

ဖန်တီးပြီး သူ့ဒန်တန်ထဲတွင် သိုလှောင်ထားလို့ရပေသည်။

‘‘ငါဒီသိုင်းပညာရပ်ကို လေ့လာစရာလိုသေးတယ်။ အဲ့ဒါကြောင့် ငါ့ကိုလာပြီးမနှောင့်ယှတ်နဲ့ဦး’’

ရန်ကိုင်က လူအိုကြီးကို သတိပေးလိုက်သည်။‘‘ အင်း…ငါနားလည်ပါတယ်……’’

‘‘မင်းပြောခဲ့တာက မင်းအသက်ကိုကယ်ဖို့ မလုံလောက်သေးဘူး။ အဲ့ဒါကြောင့်…

နောက်ထပ် ကောင်းကောင်းတစ်ခု စဉ်းစားထားလိုက်ဦး’’ လူအိုကြီးက သံပရာသီး

ကိုက်လိုက်ရသလို ခံစားလိုက်ရသည်။ ရန်ကိုင်လုပ်နေတဲ့ပုံစံက မြေခွေးအိုကြီးတစ်ကောင်

လုပ်နေတဲ့ပုံစံနဲ့ မခြားနားပေ။

ရန်ကိုင်ခန္ဓာကိုယ်ကို အပိုင်သိမ်းဖို့ ကြိုးစားခဲ့တဲ့အတွက် သူဘယ်လောက် နောင်တရနေလဲဆိုတာ

သူကိုယ်တိုင်ပဲ သိပေလိမ့်မည်။ ဒါပေမယ့် အခုအချိန်မှာတော လူအိုကြီးအဖို့ သက်ပြင်းချရုံသာ

တတ်နိုင်ပြီး ရန်ကိုင်ကတော့ လေဟာနယ်ထဲကို ချီစွမ်းအင်တွေ ဆက်ပြီးဖြည့်သွင်းပေးနေခဲ့သည်။

သူဖြည့်တဲ့နှုန်းက တော်တော်လေး ကြောက်မက်ဖွယ်ကောင်းပေသည်။ ဒါပေမယ့်လည်း သူ့အဖို့

ချီစွမ်းအင်ကုန်ဆုံးသွားမှာကို စိတ်ပူစရာမလိုချေ။ ချီစွမ်းအင်တွေကို အလွန်အမင်းသုံးစွဲတာက

သူ့ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တဲ့အတွက် လူအိုကြီးက ရန်ကိုင်ကို ချီစွမ်းအင်အရမ်းမသုံးဖို့

သတိပေးဖို့ လုပ်ခဲ့လေသည်။ ဒါပေမယ့် ရန်ကိုင်ပြောခဲ့တဲ့စကားလုံးကို ပြန်သတိရလိုက်တဲ့အချိန်မှာတော့

မပြောဖို့သာ ဆုံးဖြတ်လိုက်သည်။

ဟန့်….မင်းပဲ ငါ့ကိုမနှောက်ယှတ်ဖို့ အမိန့်ပေးခဲ့တာ။ ဒါကြောင့် ငါလည်းမင်းကိုသတိမပေးတော့ဘူး။

မင်းချီစွမ်းအင်တွေကုန်သွားရင် ပိုတောင်ကောင်းသေးတယ်။ အဲ့လိုဆိုရင် မင်းရဲ့စိတ်ပျက်စရာ

ကောင်းတဲ့ခန္ဓာကိုယ်ကြီးထဲကနေ အခွင့်အရေးတစ်ခုရှာပြီး ထွက်ပြေးလို့ရပြီ။ ကောင်းလေး…

တစ်ခုခုဖြစ်ခဲ့ရင် မင်းရဲ့မောက်မာမှုကိုသာ အပြစ်တင်လိုက်တော့။

အကယ်၍ ရန်ကိုင်သာ ဒီနေရာတွင်သူသုံးခဲ့တဲ့ ချီစွမ်းအင်ကို ပြန်ရအောင် လေ့ကျင့်မယ်ဆိုရင်

အနည်းဆုံး၃၅ရက်လောက် ကြာပေလိမ့်မည်။ အခုအချိန်မှာတော့ လေဟာနယ်ထဲတွင်

စုစည်းထားတဲ့ ချီစွမ်းအင်အကုန်လုံးနီးပါးကို သူအသုံးပြုလိုက်ပြီးဖြစ်သည်။ ရန်ကိုင်က

တဖြည်းဖြည်းအားနည်းလာတာကို နားလိုက်လိုက်တဲ့ လူအိုကြီးက ရွှေရောင်အရိုးခြောက်ကနေ

ထွက်ပြေးဖို့ အခွင့်အရေးတစ်ခုလောက်များ ရမလားဆိုပြီး စိတ်လှုပ်ရှားစွာနဲ့ စောင့်ဆိုင်းနေခဲ့သည်။

ဒါပေမယ့် သူကြံတောင်မကြံရသေးခင်မှာပဲ ရန်ကိုင်ချီစွမ်းအင်တွေက တစ်မုဟုတ်ချင်း ပြန်ပြည့်သွားခဲ့သည်။

ဘာဖြစ်သွားတာလဲ။ ထိုထူးဆန်းတဲ့ အဖြစ်အပျက်ကြောင့် လူအိုကြီးရူးသွပ်မတတ်ဖြစ်သွားခဲ့ရသည်။

သူ့ဘဝတစ်လျှောက်လုံး အခုလို အဖြစ်အပျက်မျိုး သူတစ်ခါမှ မမြင်ဖူးခဲ့ချေ။ ငါလှည့်စားခံ

လိုက်ရတာလား။ မဟုတ်ဘူး….မဖြစ်နိုင်ဘူး။ လုံးဝပုံရိပ်မဖြစ်နိုင်ဘူး…ပုံရိပ်ယောင်ဖြစ်ဖို့

အရမ်းကို အစစ်အမှန်ဆန်လွန်းနေတယ်။ သူ့ချီစွမ်းအင်က ဘယ်လိုလုပ်ပြီး ချက်ချင်း

ပြန်ပြည့်သွားရတာလဲ။ ငါမှားတွက်မိတာပဲနေမယ်…လူအိုကြီးက သူ့ကိုယ်သူပြန်ပြီး နှစ်သိမ့်ပေးလိုက်သည်။

ထို့နောက် ရန်ကိုင်ကို သတိမပြတ် အာရုံစိုက်ထားလိုက်သည်။

အချိန်တွေကုန်ဆုံးသွားခဲ့ပြီး ရန်ကိုင်ခန္ဓာကိုယ်ထဲက ချီစွမ်းအင်က တဖြည်းဖြည်းကုန်ဆုံးလာခဲ့ပြီး

သူ့လက်မောင်းနောက်က ကြယ်အမှတ်အသားတွေကလည်း တလက်လက် တောက်ပလာခဲ့သည်။

ရန်ကိုင် လုံးဝချီစွမ်းအင်ကုန်ဆုံးသွားတာကို မြင်လိုက်တယ်ဆိုတာ လူအိုကြီးက သူ့အင်မော်တယ်

စိတ်ဝိဉာဉ်ကို တိုင်တည်ထားလိုက်သည်။ သူက ရန်ကိုင်ကို ဆက်လက်စောင့်ကြည့်နေခဲ့ပြီး သူအမြင်

မမှားဘူးဆိုတာ သေချာအောင် ဆက်လက်စောင့်နေခဲ့သည်။ သူ့ရဲ့နောက်အစီအစဉ်တစ်ခုကို

မတွေးတောရသေးခင်မှာပဲ လူအိုကြီးကမိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သွားပြီး သူမြင်လိုက်ရတာကို

ကြောင်ကြည့်နေလိုက်သည်။ ရန်ကိုင် ချီစွမ်းအင်က လုံးဝကုန်ဆုံးသွားခဲ့ပေမယ့် ချက်ချင်းပဲ

ပြန်ပြည့်သွားခဲ့သည်။ ရန်ကိုင်မှာများ အဆုံမရှိတဲ့ ချီစွမ်းအင်တွေများ ရှိနေတာလားဆိုပြီး

လူအိုကြီးက တွေးလိုက်မိသေးသည်။

လူအိုကြီးက ပြောပြလို့မရအောင် ထိတ်လန့်သွားခဲ့သည်။ သူအားလုံးကို သေချာမြင်လိုက်တယ်ဆိုတာ

သေချာပေသည်။ ချီစွမ်းအင်ကုန်ဆုံးသွားခဲ့ရင် ပြန်ဖြည့်ဖို့အချိန်လိုတယ်ဆိုတာ ကျင့်ကြံသူတွေ

အားလုံးအတွက် ပှံမှန်ပင်ဖြစ်သည်။ လူတိုင်းသာ ရန်ကိုင်လုပ်နေသလိုမျိုး လုပ်နိုင်ခဲ့ရင်

ကမ္ဘာကြီး ဇောက်ထိုးမိုးမျှော် ဖြစ်သွားပေလိမ့်မည်။ ဒီကောင်က ကောင်းကင်ကိုဆန့်ကျင်တဲ့

ဘယ်လိုသိုင်းပညာရပ်ကိုများ လေ့ကျင့်ထားတာလဲ။ လူအိုကြီးက အကူအညီမဲ့စွာနဲ့ ရန်ကိုင်ကို

တုန်လှုပ်ခြောက်ခြားမှု အပြည့်နဲ့ ကြည့်နေလိုက်သည်။ ချီစွမ်းအင်ကို ချက်ချင်းပြန်ဖြည့်နိုင်တဲ့

စွမ်းရည်မျိုး….ဒီကောင်သာ ကြီးလာရင် ဘယ်လောက်တောင်ကြောက်ဖို့ကောင်းမလဲတောင်

ငါမသိတော့ဘူး။ သူ့မှာသာ သိုင်းပညာရပ်ကောင်းကောင်းတစ်ခုရှိလိုက်ရင်တော့…

တကယ်ကို သောက်ရမ်းကြမ်းသွားမှာ။ သူ့တိုက်ပွဲစွမ်းရည်က သာမန်ကျင့်ကြံသူတွေထက်

အဆပေါင်းများစွာ သာလွန်နေမှာပဲ။

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၃၉) မိစ္ဆာစိတ်ဝိဉာဉ်ကို သိမ်းသွင်းခြင်း

လူအိုကြီးလည်း မနေနိုင်တော့ပဲ ရန်ကိုင်ကိုကြည့်လိုက်မိသည်။ ရန်ကိုင်တွင် အဆုံးမရှိတဲ့ချီစွမ်းအင်တွေ

ရှိနေပုံပေါ်တဲ့ အမှန်တရားကတော့ သူ့မှာချီစွမ်းအင်တွေကို စုစည်းထားနိုင်တဲ့ စွမ်းရည်တစ်ခု

ရှိနေလို့ပဲ ဖြစ်ရပေမည်။ ရန်ကိုင်လေ့ကျင့်နေတဲ့ အစစ်အမှန်ယန်နည်းစနစ်က သူ့ကိုအဆုံးမရှိတဲ့

ချီစွမ်းအင်ကို ပေးစွမ်းနိုင်လေသည်။ ထိုနည်စနစ်က ချီစွမ်းအင်ကို ယန်အရည်စက်အဖြစ်ပြောင်းလဲ

စေပြီး သူ့ဒန်တန်ထဲတွင် သိုလှောင်ထားနိုင်လေသည်။ တစ်ချိန်တည်းမှာပဲ သူအခုလေ့ကျင့်နေတဲ့

သိုင်းပညာရပ်က ချီစွမ်းအင်တွေကို လေဟာနယ်ထဲ ဖြည့်တင်းပေရပြီး အရေးကြုံတဲ့အချိန်ကျ

အလွန်ပြင်းထန်တဲ့ ပေါက်ကွဲစွမ်းအားကို ထုတ်ဖော်နိုင်ပေသည်။

ဒါပေမယ့် ထိုနှစ်ခုကြားတွင် ခြားနားချက်တော့ ရှိပေသည်။ သူ့ဒန်တန်ထဲတွင် ယန်အရည်စက်တွေကို

အဆုံးမရှိ သိုလှောင်ထားနိုင်ပြီး ကြယ်အမှတ်အသား ပညာရပ်ထဲက လေဟာနယ်ကတော့ ကန့်သတ်ချက်

ရှိပေသည်။ ရန်ကိုင်က ယန်အရည်စက်၁၀စက်ကို လေဟာနယ်ထဲ ဖြည့်သွင်းဖို့ အချိန်၂ကြာခဲ့သည်။

လုံလောက်ပြီး ခံစားရတော့မှာပဲ အစစ်အမှန်ယန်နည်းစနစ်ကို လှည့်ပတ်ကာ ချီစွမ်းအင်ကို

ပြန်ဖြည့်တော့သည်။ သူ့လက်မောင်းနောက်ဘက်က ကြယ်အမှတ်အသားက ချီစွမ်းအင်

လိုအပ်နေတယ်ဆို့ ခံစားရတာနဲ့ ချီစွမ်းအင်တွေ ထပ်ဖြည့်ပေးလိုက်သည်။ ထိုသိုင်းပညာရပ်က

လေ့ကျင့်စရာမလိုတဲ့ သိုင်းပညာရပ်တစ်ခုဖြစ်ပြီး ရန်ကိုင်အတွက် အသင့်လျော်ဆုံးဖြစ်တဲ့

သိုင်းပညာရပ်တစ်ခုပင် ဖြစ်သည်။

အချိန်၂ရက် ကုန်ဆုံးသွားပြီးနောက် ရန်ကိုင်မျက်လုံးဖွင့်လာခဲ့ပြီး သူ့လက်မောင်းနောက်ဘက်က

ကြယ်အမှတ်အသားကို ကြည့်လိုက်တဲ့အချိန် ပိုပြီးအသက်ဝင်လာသလို ခံစားလိုက်ရသည်။

ကောင်းကင်ပေါ်က ကြယ်တွေကို ခူးဆွတ်ပြီး သူ့လက်မောင်းထဲမှာ ထည့်ထာသလားတောင်

ထင်ရလေသည်။ အာရုံစိုက်လိုက်ရုံနဲ့တွင် ရန်ကိုင်က ကြယ်အမှတ်အသားကို သူ့အရေပြား

အောက်တွင် ဖုံးကွယ်ထားနိုင်လေသည်။ ရန်ကိုင်က အသက်ပြင်းပြင်တစ်ချက် ရှုလိုက်သည်။

သူ့လက်မောင်းနောက်က ကြယ်အမှတ်အသားကို မဖုံးကွယ်ထားနိုင်ခဲ့ရင် လူအများ၏ အာရုံကို

ဆွဲဆောင်ပြီး သူ့ဆီကိုပြဿနာတွေ သယ်လာပေလိမ့်မည်။ ဒါပေမယ့် ကံကောင်းစွာပဲ

ထိုကြယ်အမှတ်အသားကို အလွယ်တကူ ဖုံးကွယ်ထားလို့ ရပေသည်။

ရန်ကိုင်က တစ်ခုခုကို ပြန်သတိရလိုက်ပြီး လူအိုကြီးကို မေးလိုက်သည်‘‘ အရင်တုန်းက ဒီသိုင်းပညာရပ်ကို

မြင်ဖူးတယ်လို့ မင်းပြောခဲ့တယ်နော်။ ဒီသိုင်းပညာရပ်ရဲ့ နာမည်ကိုကော မင်းသိလား’’

‘‘ ငါ့ရဲ့မပြည့်စုံတဲ့ သတင်းအချက်အလက်အတွက် သူရဲကောင်းငယ်လေးကို ငါတောင်းပန်ပါတယ်။

ဒါပေမယ့် အဲ့ဒီသိုင်းပညာရပ်ရဲ့ နာမည်ကိုငါလုံးဝစဉ်းစားလို့မရဘူးဖြစ်နေတယ်’’ လူအိုကြီးမန်၏

အသံက အရင်တုန်းကလိုပဲ ကြောက်စရာကောင်းနေပေမယ့် နှစ်ရက်ကြာပြီးနောက်မှာတော့

ပိုပြီးနာခံလာပုံပေါက်လေသည်။

ရန်ကိုင်မျက်လုံး တလက်လက်တောက်ပသွားခဲ့သည်။ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ သူမသိပေမယ့်

လူအိုကြီးက သူ့ကိုပိုပြီး လေးစားလာပြီဆိုတာ ရန်ကိုင်သိလိုက်သည်။ ‘‘ကောင်းပြီ..မင်းကို

အခွင့်အရေးတစ်ခုပေးမယ်…..ငါကိုကူညီးနာမည်ပေးပေး’’ နေမီးတောက်ပေါက်ကွဲခြင်း

ပညာရပ်ကို နာမည်းပေးတဲ့အချိန်ကို သူပြန်သတိရလိုက်သည်။ လူအိုကြီးရှိနေတဲ့အတွက ်

ပြိုင်ဘက်နှလုံးသားကို ထိတ်လန့်သွားစေမယ့် နာမည်တစ်ခုကလို ဘာလို့သူ့ကိုကူပြီး

မပေးခိုင်းရမှာလဲ။ နာမည်းပေးတယ်ဆိုတဲ့ ရိုးရှင်းတဲ့အလုပ်တစ်ခုက ထိုလူအိုကြီးအတွက်

တကယ်ကို လွယ်ကူပေသည်။

‘‘ကောင်းပါပြီ’’ လူအိုကြီးက အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့ပြီး သူ့လေသံကိုပြောင်းလိုက်သည်

‘‘ ဒီသိုင်းပညာရပ်မှာ ကြယ်အမှတ်အသားတွေ ရှိနေမှာတော့ ဘာလို့ ကြယ်အမှတ်အသာ း

ပညာရပ်လို့ နာမည်မပေးတာလဲ’’ ‘‘ကြယ်အမှတ်အသား…ကြယ်တွေရဲ့ အမှတ်အသား’’ ရန်ကိုင်က

သူ့ဘာသာ တစ်ယောက်တည်း ရေရွတ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်‘‘ကောင်းတယ်..အဲလိုဆိုရင်

ဒီသိုင်းပညာရပ်ကို ကြယ်အမှတ်အသားပညာရပ်လို့ပဲ နာမည်ပေးလိုက်တော့မယ်’’

လူအိုကြီးက စိတ်အားထက်သန်စွာနဲ့ ရန်ကိုင်ကို ချီးကျူထောမနာ ပြုပေးလိုက်သည်

‘‘ကြယ်အမှတ်အသား ပညာရပ်ကို ကျွမ်းကျင်သွားလို့ ဂုဏ်ယူပါတယ်..သူရဲကောင်းလေ။ ဒီလို

ပြိုင်ဘက်ကင်းတဲ့ ပါရမီနဲ့ဆိုရင် လူတိုင်းကအံ့အားသင့်စွာနဲ့ ခေါင်းမော့ကြည့်ရတဲ့အချိန်ကို

တစ်နေ့တော့ ရောက်လာနိုင်မှာပါ’’

ရန်ကိုင်က အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်‘‘ဟန့်….’’

ရန်ကိုင်ကို ချီးကျူးမြှောက်ပင့်တာက အလုပ်မဖြစ်မှန်း သိလိုက်တာနဲ့ လူအိုကြီးက သူ့ပါးစပ်ကို

ပိတ်ထားလိုက်တော့၏။

လူအိုကြီးက သူအခု ဘယ်လိုအခြေအနေမှာ ရောက်နေတယ်ဆိုတာ သိပေသည်။ ထို့ကြောင့် ရန်ကိုင်ကို

အသနားခံလိုက်၏‘‘သူရဲကောင်းငယ်လေး….မင်းသာငါ့ကို ချမ်းသာပေးရင် ငါမင်းကိုကျိန်းသေ

တန်ဖိုးရှိတဲ့ ရတနာတစ်ခုပေးမယ်’’

ရန်ကိုင်က လိုဏ်ဂူတစ်ဝိုက်ကို လှည့်ပတ်ကြည့်လိုက်ပြီး ပြောလိုက်သည်‘‘ မင်းမှာသာတကယ်တန်ဖိုးကြီးတဲ့

ရတနာတစ်ခု ရှိတယ်ဆိုရင် အဲ့ရတနာက ဒီလိုဏ်ဂူထဲမှာပဲ ရှိလိမ့်မယ်။ ငါက လိုဏ်ဂူထဲမှာ ပတ်ရှာလိုက်ရုံပဲ။

မင်းကိုမလိုအပ်ဘူးလေ။ ဒါကြောင့် မင်းကိုအသက်ရှင်လျက်ထာဖို့ အကြောင်းပြချက်လေး ပေးပါဦး။

ငါ့ကိုမေးရင်တော့ မင်းအသက်ရှင်နေတာက ငါ့ကိုတော်တော်လေး စိတ်မသက်မသာ ဖြစ်စေတယ်။

မင်းကိုအသက်ရှင်လျက် ထားမယ့်အစား တစ်ခါတည်း သတ်ပစ်လိုက်ချင်တာ’’

လူအိုကြီးလည်း အချိန်ဖြုန်းမနေတော့ပဲ နောက်တစ်ကြိမ် အသနားခံတောင်းပန် ပြန်လေသည်

‘‘သူရဲကောင်းငယ်လေးရယ်…ကျေးဇူးပြုပြီးတော့ ငါ့အသက်ကို ချမ်းသားပေးပါကွာ။ ငါ့တစ်ဘဝလုံးကို

မင်းကိုဆရာသခင်အဖြစ် အသိအမှတ်ပြုမယ်လေ။ ငါ့ရဲ့အင်မော်တယ် စိတ်ဝိဉာဉ်အမှတ်အသားကို

မင်းဆီထားလိုက်ရင် မျက်တောင်တစ်ခတ်အတွင်း ငါရဲ့သေခြင်းရှင်ခြင်းကို မင်းဆုံးဖြတ်နိုင်တယ်လေ။

ကျေးဇူးပြုပြီး ငါ့အသက်ကို ချမ်းသာပေးပါကွာ၊ ငါတောင်းပန်ပါတယ်။ သနာပါဦး သူရဲကောင်းငယ်လေးရယ်’’

‘‘အိုး’’ ရန်ကိုင်လည်း လူအိုကြီးမန် ပြောတာကို အနည်းငယ်စိတ်ဝင်စားသွားခဲ့သည်‘‘ မင်းပြောနေတာ

မှန်မမှန် ငါဘယ်လိုလုပ်ပြီး သိမှာလဲ’’ လူအိုကြီးက အပြုံးတစ်ခုကို ဖျစ်ညစ်ပြံုးလိုက်ကာ‘‘ ငါက အခု

မင်းခန္ဓာကိုယ်ထဲမှာ ပိတ်မိနေတာလေ၊ ဘယ်လိုလုပ်ပြီး ထွက်ပြေးဖို့ တွေးရဲပါ့မလဲ။ မင်းလက်ချောင်း

တစ်ချက်မြှောက်လိုက်ရုံနဲ့တင် ငါ့ကိုသတ်လို့ရနေတာပဲလေ။ သူရဲကောင်းငယ်လေးရဝ်…ငါဘယ်လို

လုပ်ပြီး မင်းကိုလိမ်ညာရဲပါ့မလဲ’’

ရန်ကိုင် ပြန်မပြောခဲ့ပေ။ ဒီလိုအန္တရာယ်များတဲ့ မိစ္ဆာကျင့်ကြံသူတစ်ယောက်ကို သူ့နားမှာထားရတာ

အန္တရာယ်များတယ်ဆိုပေမယ့် သတ်လိုက်မယ်ဆိုရင်လည်း နှမြောစရာကြီးဖြစ်သွားပေလိမ့်မည်။

နှစ်ပေါင်းများစွာ အသက်ရှင်သန်လာတဲ့အတွက် သူ့အသိဉာဉ်၊ ဗဟုသုတတွေက သူ့ထက်

အများကြီး ပိုများပြားမှာတော့ အသေအချာပင်။

ထိုလူအိုကြီးရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံ၊ ဗဟုသုတကြောင့်သာ ရန်ကိုင်က သူ့ကိုသတ်ဖို့

တုန့်ဆိုင်းနေခြင်းဖြစ်သည်။ ရန်ကိုင်၏ တိတ်ဆိတ်မှုက လူအိုကြီးကို ပိုပြီးစိတ်ပူလာစေခဲ့သည်။

ထို့ကြောင့် သူကြောက်ကြောက် လန့်လန့်နဲ့ ပြောလိုက်သည်‘‘ သူရဲကောင်းလေး၊ မင်းသာ

ငါ့ကိုအသက် ချမ်းသားပေမယ်ဆိုရင် ငါသိမ်းထားတဲ့ အထွတ်အမြတ် ရတနာကို ဘယ်လို

အသုံးပြုရမလဲဆိုတာ မင်းကိုသင်ပေးမယ်လေ။ ဒါပေမယ့် မင်ငါ့ကိုသတ်လိုက်ရင် အဲ့ဒီ

အထွတ်အမြတ် ရတနာကို အသုံးပြုလို့ရမှာမဟုတ်ဘူး….’’

‘‘ဘာလို့လဲ’’ ရန်ကိုင်မေးလိုက်သည်။

‘‘ ဘာလို့လဲဆိုတော့ အထွတ်အမြတ် ရတနာက မိစ္ဆာလက်နက်တစ်ခုလေ။ အဲ့ဒါက စိတ်ဝိဉာဉ်ကို

တိုက်ခိုက်တဲလက်နက်တစ်ခုပဲ။ သူရဲကောင်းလေး၊ မင်းရဲ့ချီစွမ်းအင်က ယန်ချီဖြစ်တာမို့

အထွတ်အမြတ် လက်နက်ကို ငါမရှိပဲ သုံးလို့ရမှာမဟုတ်ဘူး’’ ရန်ကိုင်က အသက်ပြင်းပြင်း

တစ်ချက်ရှုပြီး တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် တဖြည်းဖြည်း မျက်မှောင်ကြုံ့လိုက်၏။

ရန်ကိုင်၏ ဆုံးဖြတ်ချက် သူ့သေခြင်း ၊ ရှင်ခြင်းကို ဆုံးဖြတ်ပေးလိမ့်မယ်ဆိုတာ လူအိုကြီးက သိပေသည်။

ထို့ကြောင့် ရန်ကိုင်ကို သွားမနှောက်ယှတ်ရဲပေ။ သူသေမယ့် ရာခိုင်နှုန်းက တော်တော်လေး မြင့်နေပေသည်။

ထို့အတွက်ကြောင့် သူ့ကိုယ်သူသေအောင် ဆက်ပြီးတွန်းအားမပေးချင်ပေ။ အချိန်တော်တော်ကြာ

သွားတော့မှာပဲ ရန်ကိုင်က နောက်တစ်ကြိမ် စကားပြောလိုက်သည်‘‘ ငါ့ကိုမင်းဆရာအဖြစ် ဘယ်လို

အသိအမှတ်ပြုမှာလဲ။ ငါဘာလုပ်ဖို့လိုလဲ’’

လူအိုကြီးအဖို့ ချက်ချင်းပဲ ငိုပစ်လိုက်ချင်တော့သည်။ ထို့နောက် တုန်တုန်ရီရီနဲ့ ပြောလိုက်သည်

‘‘သခင်လေး၊ အေးအေးဆေးဆေးသာနေပါ။ ဒီကအစေခံအိုကြီးက သခင်လေးရဲ့စိတ်ထဲ

ဝင်ပြီး ငါ့ရဲ့အင်မော်တယ်စိတ်ဝိဉာဉ် အမှတ်အသားကို ချန်ထားပေးရမှာပါ’’

ရန်ကိုင်နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားခဲ့သည်။

လူအိုကြီးက အသေးစိတ် ရှင်းပြလိုက်သည်‘‘သခင်လေး၊ ကျေးဇူးပြုပြီး နားလည်ပေးပါ။

သခင်လေးက အင်မော်တယ်တက်လှမ်းခြင်အဆင့် ကျင့်ကြံသူဖြစ်နေတယ်ဆိုရင်တောင်

နတ်ဘုရားစိတ်အာရုံကို အသုံးပြုနိုင်တယ်လို့ မဆိုလိုဘူးလေ။ သခင်းလေးက ဒီလူအိုကြီးရဲ့

ရည်ရွယ်ချက်ကို နားလည်လိမ့်မယ်လို့ ယုံကြည်ပါတယ်’’

‘‘အဲ့လိုဆိုရင်လည်း မြန်မြန်လုပ်တော့’’ ရန်ကိုင်က လူအိုကြီးကို အမိန့်ပေးလိုက်ပြီး စိတ်လျှော့ထားလိုက်သည်။

လူအိုကြီးလည်း ထိတ်လန့်မှုကြောင့် အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားခဲ့သည် ရန်ကိုင်၏ဆုံးဖြတ်ချက်ကြောင့်

လူအိုကြီးက ရန်ကိုင်ကိုပိုပြီး အထင်ကြီးလေးစားသွားခဲ့သည်။ အခြားသူတွေသာဆိုရင် သူတို့အပေါ်

အန္တရာယ်ကျရောက်နိုင်တဲ့ အခုလိုဆုံးဖြတ်ချက်မျိုး ချဝံ့လိမ့်မည်မဟုတ်ချေ။ ဒါပေမယ့် ရန်ကိုင်ကတော့

နွားချိုကိုကိုင်ပြီး လိမ်မာနာခံတဲ့ ခွေးပေါက်လေးတစ်ကောင်ဖြစ်အောင် လေ့ကျင့်ထိန်းကျောင်း

ပေးနိုင်သည်။

တကယ်ဆိုရင်တော့ ရန်ကိုင်လုံးဝကို စိတ်မပူပေ။ အရင်အကြိမ်တုန်းက လူအိုကြီး သူ့စိတ်ထဲကို

ကျူးကျော်လာတုန်းက သူ့ရဲ့အင်မော်တယ်စိတ်ဝိဉာဉ်ကို စုပ်ယူပြီး ကာကွယ်နိုင်ခဲ့သည်။ ရန်ကိုင်သာ

အဲ့လိုတိုက်ခိုက်မှုမျိုး နောက်တစ်ကြိမ် ကြုံ့တွေ့ရမယ်ဆိုရင်တော့ အင်မော်တယ်စိတ်ဝိဉာဉ်ကို

တည်ဆောက်ခြင်းဖြင့် လူအိုကြီးကို အတင်းအကြပ် ရပ်တန့်ခိုင်းလို့ ရပေသည်။ လုံလောက်နေပါပြီ။

လူအိုကြီးက ရန်ကိုင်ကို ကြောက်လန့်နေတဲ့အတွက် သူ့အပေါ် ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ

မကြံစည်ရဲပေ။ လူအိုကြီးက နတ်ဘုရားစိတ်အာရုံနဲ့ ရန်ကိုင်စိတ်ထဲ ဝင်လာပြီး သူ့ရဲ့

အင်မော်တယ်စိတ်ဝိဉာဉ်အမှတ်အသားကို ချန်ထားခဲ့လိုက်သည်။

အဲ့တော့မှပဲ လူအိုကြီးက နောက်တစ်ကြိမ် စကားပြောလိုက်သည်‘‘ သခင်လေး၊

ပြီးသွားပြီ။ အခုအချိန်ကနေစပြီး ဒီအစေခံအိုကြီးရဲ့ သေခြင်း၊ရှင်ခြင်းက သခင်လေးရဲ့ လက်ထဲမှာ

ဖြစ်သွားပြီ’’ ရန်ကိုင်မျက်လုံးဖွင့်လိုက်သည်။ လူအိုကြီးနဲ့ သူ့ကြားက ခိုင်မာသော ချိတ်ဆက်မှုကို

သူခံစားမိပေသည်။ ဒါပေမယ့် အပြန်အလှန် ချိတ်ဆက်မှုမျိုး မဟုတ်…သူကလူအိုကြီးအပေါ်

လုံးဝလွှမ်းမိုးထားတဲ့ ချိတ်ဆက်မှုမျိုး ဖြစ်သည်။

‘‘ခင်ဗျားရဲ့အင်မော်တယ်စိတ်ဝိဉာဉ် အဆီအနှစ်ကို ပြန်ဖြည့်ဖို့ အချိန်လိုလား’’ ရန်ကိုင်က လေ့သံ

ပျော့ပျော့လေးနဲ့ မေးလိုက်သည်။

‘‘သခင်လေးဆီမှာ အင်မော်တယ် စိတ်ဝိဉာဉ်အမှတ်သား ချန်ခဲ့ရတဲ့တကယ် အနားယူပြီး

အားပြန်ဖြည့်ဖို့လိုတယ်။ ဒါပေမယ့် သခင်လေးစိတ်ပူစရာမလိုပါဘူး။ ငါသခင်လေးကို ဘာမှ

ဆုံးရှုံးသွားအောင် မလုပ်ပါဘူး။ ဒါကြောင့် သခင်လေး အေးအေးဆေးဆေး နေလို့ရပါတယ်’’

ရန်ကိုင်က ယုံကြည်ချက်ရှိရှိ ပြုံးဖြဲဖြဲလုပ်ရင်း သူ့ရည်ရွယ်ချက်ကို ပေါ်တင်ထုတ်ပြလိုက်သည်။

နောက်တစ်ခဏအတွင်းမှာပဲ အစေခံလူအိုကြီးဆီကနေ သနားစရာကောင်းတဲ့ အော်သံကြီး

ထွက်ပေါ်လာခဲ့သည်။ သူ့အော်သံက ဆီပူထဲမှာ ကြော်ခံနေရတဲ့ ဝက်တစ်ကောင်အလား

တကယ်ကို နားကလောစရာ ကောင်းပေသည်။

‘‘သခင်လေးရယ်…ကျေးဇူးပြုပြီးတော့ ဒီလူအိုကြီးကိုခွင့်လွှတ်ပေးပါ။ ဒီလူအိုကြီးက မောက်မာမိတယ်

ဆိုပေမယ့် ပြောခဲ့တာတွေကတော့ အမှန်ပါ’’´လူအိုကြီးက ရန်ကိုင်က သူ့မကိုလွှတ်ပေးတော့မှပဲ

တောင်းပန်နေတာကို ရပ်လိုက်သည်‘‘ ငါ့ကိုမကောင်းကြံမယ့် အတွေး တွေးရဲတွေးကြည့်…

ငါမင်းကို သေရပါစေလို့ တောင်ဆိုရအောင် နှိပ်စက်ပြမယ်’’

‘‘အစေခံအိုကြီး မလုပ်ရဲပါဘူး’’ သူ့အသံက ကြောက်ရွံ့မှုကြောင့် တုန်ရီနေသည်။ ဖြစ်ပျက်ခဲ့တာတွေ

နဲ့ပက်သက်ပြီး ရန်ကိုင်ဆိုတာ ရက်စက်ကြမ်းကြုတ်တဲ့ လူတစ်ယောက်ဖြစ်မှန်း သိလိုက်သည်။

လူအိုကြီးကို အပြည့်အဝ သိမ်းသွင်းပြီးနောက် ရန်ကိုင် သက်ပြင်းတစ်ချက် ချလိုက်သည်။

‘‘ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ’’ ရန်ကိုင်က မေးလိုက်သည်။

လူအိုကြီးက တုန့်ဆိုင်းနေပြီးနောက်‘‘ အစေခံအိုကြီးလို့ဖြစ်ဖြစ် ဘယ်လိုဖြစ်ဖြစ် သခင်လေး

ကြိုက်သလို ခေါ်လို့ရပါတယ်။ ဒါပေမယ့် အရင်တုန်းက အခြားသူတွေက ငါ့ကိုနတ်ဆိုးအိုကြီး

လို့ခေါ်တယ်ထင်တယ်။ ဒါပေမယ့် ငါကိုယ်တိုင်လည်း မသေချာဘူး။ အဲ့နာမည်က

ငါ့ကိုပေးထားတဲ့ နာမည်ဟုတ် မဟုတ်ဆိုတာတော့….’’ ရန်ကိုင်က သူ့မျက်ခုံးနှစ်ခုကြားကိုး

လက်ချောင်းလေးနဲ့ ဖိနှိပ်ရင်း ‘‘ နတ်ဆိုးအိုကြီး…ခင်ဗျားက တကယ့်ကို မိစ္ဆာတစ်ကောင်ပဲ’’

နတ်ဆိုးအိုကြီးက ကိုးယိုးကားယား ပြုံးလိုက်ပြီး ‘‘ အဲ့ဒါတွေက အရင်တုန်းကလေ….ဟိုးနှစ်ပေါင်းများစွာ

ကပေါ့။ အခုကနေစပြီး ဒီလူအိုကြီးက သခင်လေးတစ်ယောက်တည်းရဲ့ အမိန့်တွေကိုသာ နာခံပါ့မယ်’’

‘‘မင်းပြောတဲ့ အထွတ်အမြတ် ရတနာဆိုတာကကော ဘယ်မှာလဲ’’ ‘‘သခင်လေး…လူအိုကြီးရဲ့

အရိုးခြောက်နားကို တစ်ချက်လောက် သွားကြည့်ပေးပါလား….’’

လူအိုကြီးရဲ့ အကူအညီနဲ့ အရိုခြောက်ဆီမှ နံရိုးတစ်ချောင်းနဲ့တူတဲ့ အရိုးတစ်ခုကို တွေ့လိုက်ရသည်။

ဒါပေမယ့် ဒီအရိုးက အခြားအရိုးတွေနဲ့ ကွဲပြားပေသည်။ အရိုးတစ်ခုလုံး မဲနက်နေပြီး သေချာ

အနီကပ်ပြီး နားထောင်ကြည့်လိုက်တဲ့အချိန်တွင် အရိုးဆီကနေ တိုးလျလျ စူးစူးဝါးဝါး

အော်သံတွေကို ကြားနေရသည်။ ‘‘ဘယ်လောက်တောင်သန်မာတဲ့မိစ္ဆာချီလဲ’’ ရန်ကိုင် မှတ်ချက်

ချလိုက်သည်။ နတ်ဆိုးအိုကြီးက ရှင်းပြလိုက်သည်‘‘ အဲ့ဒီအရိုးကို ဝိဉာဉ်ဖျက်ဆီးခြင်းအရိုးလို့

ခေါ်တယ်။ အဲ့ဒီလက်နက်က ဒီအစေခံအိုကြီးရဲ့ ကိုယ်ပိုင်အရိုးနဲ့လုပ်ထားတာ။ အရိုးက

မိစ္ဆာချီတွေ အရမ်းကို အားကောင်းနေတာကလည်း အဲ့ဒီအရိုးက အသက်ပေါင်းများစွာကို

နုတ်ယူပြီးသွားပြီလေ’’

‘‘ခင်ဗျား ဒီလက်နက်ကို သန့်စင်တဲ့အချိန်တုန်းက အင်မော်တယ်စိတ်ဝိဉာဉ် အများကြီးကို

အသုံးပြုခဲ့တာလား’’ နတ်ဆိုးအိုကြီးက အသက်မပါတဲ့ ရယ်သံကြီးနဲ့ ရယ်လိုက်ပြီး

‘‘သခင်လေးက ဉာဏ်ကောင်းတာပဲ။ ဒါပေမယ့် အဲ့အကြောင်းကြောင့်ပဲ ဒီလက်နက်က သခင်လေး

အသုံးပြုဖို့မသင့်တာ။ သခင်လေးသာ ဒီလက်နက်ကို ထိန်းချုပ်ပြီး အသုံးပြုမယ်ဆိုရင်

လက်နက်ရဲ့ တကယ့်အစစ်အမှန်အစွမ်းကို ထုတ်ပြနိုင်မှာမဟုတ်ဘူး။ ဒါပမယ့် ဒီအစေခံအိုကြီးရဲ့

အင်မော်တယ်စိတ်ဝိဉာဉ်ကို တံတားတစ်ခုအဖြစ် အသုံးပြုမယ်ဆိုရင်တော့ သခင်လေးစိတ်ပူစရာ

မလိုတော့ဘူး။ ကံဆိုးစွာနဲ့ပဲ ဒီလက်နက်ကိုအသုံးပြုဖို့ ချီစွမ်းအင်တော်တော်ကုန်တယ်။

အစေခံအိုကြီးရဲ့ အခုလက်ရှိအစွမ်းနဲ့ဆိုရင် ဒီလက်နက်ရဲ့ တကယ့်စွမ်းအားကို ထုတ်ပြနိုင်မှာ

မဟုတ္ဘူး’’

ထိုသတင်းက ရန်ကိုင်ကို စိတ်အနှောက်အယှတ် မဖြစ်စေပေ။ တစ်နေ့ကျရင်တော့ ဒီလက်နက်ရဲ့

အစစ်အမှန်စွမ်းအားကို ထုတ်သုံးနိုင်မယ်ဆိုတာ သူသိပေသည်။ အခုအချိန်မှတော့ ဒီလက်နက်ရဲ့

အစွမ်းက မြေကမ္ဘာအဆင့်နိမ့်လက်နက်တစ်ခုရဲ့ အစွမ်းနဲ့ညီမျှပေသည်။ ‘‘ငါဘယ်လိုသုံးရမှာလဲ’’

နတ်ဆိုးအိုကြီးက ရန်ကိုင်ကို လက်နက်ကို ဘယ်လိုဘယ်ပုံ အသုံးပြုရမလဲဆိုတာ သင်ပေးလိုက်ပြီး

ရက်အနည်းငယ်အတွင်း ရန်ကိုင်လည်း ထိုလက်နက်ကို အသုံးပြုလာနိုင်ခဲ့သည်။ အနက်ရောင်ချီက

ရန်ကိုင်လက်ချောင်းထိပ်ကနေ ထွက်ပေါ်လာပြီး ဝိဉာဉ်ဖျက်စီးခြင်းအရိုးကို ချိတ်ဆက်လိုက်ကာ

သူ့နားမှာ ဝေ့ဝဲနေစေသည်။ နတ်ဆိုးအိုကြီး၏ အင်မော်တယ်စိတ်ဝိဉာဉ်ကို ကြားခံအဖြစ်

အသုံးပြုကာ ရန်ကိုင်က ဝိဉာဉ်ဖျက်စီးခြင်းအရိုးနဲ့ ဆက်သွယ်နိုင်ခဲ့သည်။

အနည်းငယ် စမ်းသပ်ပြီးနောက်မှာတော့ ရန်ကိုင် စိတ်ကျေနပ်သွားခဲ့သည်။ ထိုလက်နက်ကို

နတ်ဆိုးအိုကြီးကနေ တစ်ဆင့်အသုံးပြုဖို့ ချီစွမ်းအင်တော်တော်ကုန်ပေမယ့် နောက်ဆုံးတော့

ရန်ကိုင်လည်း တိုက်ခိုက်ဖို့ အထွတ်အမြတ် ရတနာတစ်ခု ရသွားခဲ့လေပြီ။ နတ်ဆိုးအိုကြီးက

ပြောလိုက်သည်‘‘သခင်လေးသာ ဒီလက်နက်ကို ပြန်တည်ဆောက်ဖို့ဆိုရင်

လုပ်ဖို့ဆိုရင် အချိန်တော်တော်လေး လိုလိမ့်မယ်’’ ထိုစကားကိုပြောရတာ နတ်ဆိုးအိုကြီးအဖို့

တော်တော်လေးကို မလွယ်ကူခဲ့ချေ။ အခပ်မသင့် ရန်ကိုင်ကို စိတ်ပျက်သွားအောင် လုပ်မိကာမှ….

‘‘ငါကဒီလက်ကို ကိုယ်တိုင်အသုံးပြုဖို့ မစဉ်းစားထားဘူး။ ဒီလက်နက်ကို ခင်ဗျားကနေတစ်ဆင့်

သုံးမှာလေ…’’

‘‘ကျေးဇူးတင်ပါတယ်…သခင်လေး’’ နတ်ဆိုးအိုကြီးက ရွှင်လန်းဝမ်းမြောက်စွာနဲ့ ပြန်ပြောလိုက်သည်။

ရန်ကိုင်က ဝိဉာဉ်ဖျက်စီးခြင်းအရိုးကို ပြန်တည်ဆောက်ရင်း အချိန်မဖြုန်းချင်ပေ။ တကယ်တော့

သူကနတ်ဆိုးအိုကြီးကို ထိန်းချုပ်နိုင်တယ်လေ။ ဘာလို့အချိန်ကုန်ခံပြီး လက်နက်ကို ပြန်ပြုပြင်နေရမှာလဲ။

နတ်ဆိုးအိုကြီးရဲ့က အသက်က ဘာပဲဖြစ်ဖြစ် သူ့အပိုင်ပဲလေ။ အနက်ရောင်ဓါတ်ငွေ့ အမျှင်တန်း

လေးတွေက သူ့လက်ချောင်းထိပ်မှတစ်ဆင့် ဝိဉာဉ်ဖျက်စီးခြင်း အရိုးထဲကို ဝင်ရောက်သွားခဲ့သည်။

ရန်ကိုင်လည်း ထိုနေရာကို တစ်ချက်စူးစမ်းကြည့်လိုက်ပြီး စိတ်ပျက်ပျက်နဲ့ ပြောလိုက်သည်‘‘ခင်ဗျားမှာ

ဒီရတနာတစ္ခုပဲ ရွိတာလား’’

ထိုနတ်ဆိုးအိုကြီးမသေခင်က အဆင့်မြင့်တဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်တယ်ဆိုတာ

ရန်ကိုင်သိပေသည်။ ထိုကံသို့ကျင့်ကြံသူတွေအတွက် ရတနာတစ်မျိုးတည်းရှိတာ မဖြစ်နိုင်ချေ။

နတ်ဆိုးအိုကြီးက အပြုံးတစ်ခုကို ဖျစ်ညစ်ပြံုးလိုက်ပြီး‘‘ သခင်လေးလည်း ဒီနေရာမှာ

အရင်တုန်းက စစ်ပွဲတစ်ခုဖြစ်ခဲ့တယ်ဆိုတာ သိမှာပေါ့။ ဒီကအစေခံအိုကြီလည်း အဲ့စစ်ပွဲမှာ

ပါခဲ့တော့ အခြားလက်နက်တွေအကုန်လုံးက စစ်ပွဲအတွင်းမှာ ဖျက်စီးခံလိုက်ရတယ်။

ဒီအစေခံအိုကြီးမှာ ကျန်တာဆိုလို့ ဒီဝိဉာဉ်ဖျက်စီးခြင်းအရိုးလက်နက်ပဲ ရှိတော့တယ်’’

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၀) ယင်ယန်မွန်စတားဂျင်ဆင်း

‘‘စစ်ပွဲလား’’ ရန်ကိုင် စိတ်လှုပ်ရှားသွားခဲ့သည်‘‘ ထပ်ပြောပါဦး’’

‘‘ကောင်းပါပြီ’’ နတ်ဆိုးအိုကြီးက ရန်ကိုင်ကို ဒီနေရာတွင် ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအကြောင်း ပြန်ပြောပြလိုက်သည်။

သူ့မှတ်ဉာဏ်က ဝေဝါးနေတဲ့အတွက် စစ်ပွဲနဲ့ပက်သက်တဲ့ အကြောင်းအရာတွေကို မနည်းဖျစ်ညစ်

စဉ်းစားက ပြောပြလိုက်ရသည်။ နတ်ဆိုးအိုကြီးက စစ်ပွဲအကြောင်းကို လုံးစိပတ်စိ သေချာမမှတ်

မိတော့ပေမယ့် သူဝင်ပါခဲ့တဲ့အပိုင်းကိုတော့ တော်တော်လေး မှတ်မိပေသည်။ ပိုပြီစိတ်ဝင်စား

စရာကောင်းတာက စစ်ပွဲက လူနှစ်ယောက်ကြောင့် ဖြစ်ဟွားခဲ့ရခြင်းဖြစ်သည်။ ယောကျ်ာတစ်ယောက်နှင့်

မိန်းမတစ်ယောက်ကြားက စစ်ပွဲပင်။ ကျင့်ကြံသူအများစုကလည်း ထိုစစ်ပွဲတွင်ပါဝင်ခဲ့သည်။

နောက်ဆုံးနှစ်ယောက်စလုံး သေသွားခဲ့ပေမယ့် ရန်သူဘက်က ကျင့်ကြံသူတော်တော်များများကိုလည်း

တစ်ခါတည်းအပါဆွဲခေါ်သွားနိုင်ခဲ့သည်။

‘‘ဒီအစေခံအိုကြီးကလည်း သေလောက်တဲ့ ဒဏ်ရာရထားလို့ စစ်ပွဲကနေထွက်ပြေးလာခဲ့တာ။ ဒါပေမယ့်

ဒဏ်ရာကို မကုသနိုင်ခဲ့ပဲ ဒီနေရာမှ သေသွားခဲ့ရတယ်’’ ‘‘မင်းနောက်ထပ် မှတ်မိတာ ရှိသေးလား’’

‘‘နဂါးနဲ့ဖီးနစ်တစ်ကောင်လည်း ရှိတယ်။ သူတို့နှစ်ကောင်သာ တစ်ယောက်နဲ့တစ်ယောက်ပူးပေါင်း

ထောက်ကူပေးလိုက်မယ်ဆိုရင် သူ့တို့စွမ်းအားက စိတ်ကူးယဉ်နိုင်တာထက်ကို ကျော်လွန်

သွားလိမ့်မယ်။ သူတို့နှစ်ယောက်ရဲ့ တိုက်ခိုက်မှုကြောင့်ပဲ ဒီလူအိုကြီးက….’’ ရန်ကိုင် မျက်ခုံး

ပင့်လိုက်ပြီး လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက အဖြစ်အပျက်ကို ပြန်စဉ်းစားလိုက်သည်။

ကောင်းကင်အမွေအနှစ်လိုဏ်ဂူ ဝင်ပေါက်အထက်တွင် နဂါးတစ်ကောင်နှင့်ဖီးနစ်

တစ်ကောင်လှည့်ပတ် ပျံသန်းနေတာကို သူတွေ့ခဲ့ရသည်။

နတ်ဆိုးအိုကြီးလည်း တိတ်ဆိတ်သွားခဲ့ပြီး ကြောက်လန့်သွားတဲ့ပုံပေါ်လေသည်။

‘‘မင်းပြောပုံအရဆို ဒီနေရာက မင်းအမွေအနှစ်ကို လွှဲပြောင်းပေးဖို့ တည်ဆောက်ထားတာ

မဟုတ်ဘူးပေါ့’’

‘‘သခင်လေး၊ စိတ်လျှော့ထားပါ။ အစောပိုင်းတုန်းက ဒီကအစေခံအိုကြီးက မစဉ်းစားမဆင်ခြင်ပဲ

ပြောလိုက်မိလို့ပါ။ ဒီအစေခံအိုကြီးမှာလည်း အမွေအနှစ်တစ်ခု ရှိပါတယ်။ သခင်လေးသာ

လိုချင်တယ်ဆိုရင် ဒီအစေခံအိုကြီးက ဝမ်းမြောက်ဝမ်းသာနဲ့ လွှဲပြောင်းပေးမှာပါ’’

ရန်ကိုင်က ခေါင်းခါလိုက်ပြီး‘‘ ငါစိတ်မဝင်စားဘူး’’

နတ်ဆိုးအိုကြီးက ရန်ကိုင်၏ အဖြေကြောင့် ရှက်ကိုးရှက်ကန်းဖြစ်သွားခဲ့သည်။ သူအသက်ရှင်တုန်းက

အဆင့်အတန်းကို မမှတ်မိတော့ပေမယ့် သူကိုယ်တိုင်က တော်တော်လေးကို အဆင့်မြင့်တဲ့ ကျင့်ကြံသူတစ်ယောက် ဆိုတာတော့ သိပေသည်။ ပုံမှန်ဆိုရင် ကျင့်ကြံသူတွေက သူ့အမွေအနှစ်ကို

ရမယ်ဆိုရင် ဝမ်းမြောက်ဝမ်းသာနဲ့ လက်ခံလိမ့်မယ်ဆိုရင်ပေမယ့် ရန်ကိုင်မျက်လုံးထဲမှာတော့

သူဆိုတာက ဘာဆိုဘာမှမဟုတ်ပေ။ သူနဲ့အတူရှိနေတဲ့ ပုတီးစေ့လေးက ကွဲကြေသွားပြီ

ဖြစ်သလို အရိုးခြောက်ကလည်း အသုံးမဝင်ချေ။

လိုဏ်ဂူတစ်ဝိုက်ကို ပတ်ကြည့်လိုက်ပေမယ့် ဘာမှထူးခြားတာ ရှာမတွေ့တော့တဲ့အတွက်

ရန်ကိုင်လည်း သက်ပြင်းချလိုက်ပြီး လိုဏ်ဂူထဲကနေ ထွက်ဖို့ုပြင်လိုက်သည်။ သူက

အခုရက်အတောအတွင်း ဒီလိုဏ်ဂူထဲမှာသာ နေနေတဲ့အတွက် အပြင်ဘက်မှာ ဖြစ်ပျက်နေတဲ့

အချင်းအရာတွေကို သတိမပြုမိခဲ့ချေ။ ကောင်းကင်အမွေအနှစ်လိုဏ်ဂူထဲတွင် ရတနာဘယ်လောက်

များများကျန်ပြီး သူဘယ်လောက်ရမလဲဆိုတာကတော့ ကံပေါ်မှာပဲ မူတည်နေတော့သည်။

ထို့နောက် နတ်ဆိုးအိုကြီးက ဝင်ပေါက်ကိုပိတ်ထားတဲ့ ကျောက်တုံးကို ဖယ်ရှားရမယ့်နည်းလမ်းကို

ရန်ကိုင်အား သင်ပြပေးလိုက်သည်။ ကျောက်တုံးကိုဖယ်လိုက်တာနဲ့ အဖြူနဲ့အနီရောယှတ်နေတဲ့

အလင်းတန်းတစ်ခုက ရန်ကိုင်အပေါ် ကျရောက်လာခဲ့သည်။ ရန်ကိုင်အမူအရာ ပြောင်းလဲသွားပြီး

မသိစိတ်ကနေ အလိုအလျောက် အလင်းတန်းဆီ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

ထိုအလင်းတန်းကလည်း အသိစိတ်ရှိပုံရပြီး ရန်ကိုင်၏ လက်သီးချက်ကို ရှောင်ရှားလိုက်သည်။

ထို့နောက် ရန်ကိုင်ကို နီးကပ်လာစေဖို့အတွက် ဝေ့ဝိုက်ပျံသန်းလာလိုက်သည်။ ရန်ကိုင်က

ချက်ချင်းပဲ နောက်ပြန်ဆုတ်လိုက်သည်။ ထို့နောက် အလင်းတန်းကိုဆုပ်ကိုင်ဖို့ နောက်

လက်တစ်ဖက်ကို အဆင့်သင့်ပြင်ထားလိုက်သည်။

အဆင့်သင့်ဖြစ်နေတဲ့ ရန်ကိုင်က ထိုထူးဆန်းတဲ့ အလင်းတန်းကို ဆုပ်ကိုင်နိုင်ခဲ့သည်။ ဒါပေမယ့်

သူ့မျက်နှာမှာက အောင်မြင်လို့ ပျော်ရွှင်နေတဲ့ ပုံမပေါက်ပဲ စိတ်ရှုပ်ထွေးနေတဲ့ ပုံပေါက်လေသည်။

သူ့ဆီကို ပြေးဝင်လာတဲ့ အလင်းတန်းက တိုက်ခိုက်မှုတစ်ခု မဟုတ်ချေ။ ထိုအရာက လောက်ကောင်

တစ်ကောင်အလား သူ့လက်ထဲတွင် ရုန်းကန်နေခဲ့သည်။

ရန်ကိုင်က အလင်းတန်းကို ဖမ်းမိလိုက်တဲ့အချိန် သံသယဝင်သွားခဲ့ပြီး သူ့လက်ကိုဖွင့်ကာ

ထိုအရာကို အနီးကပ်ကြည့်လိုက်သည်။ ထိုအရာက လူပုံသဏ္ဍာန်ရှိတဲ့ ဂျင်ဆင်းတစ်ခုဖြစ်သည်။

ထိုဂျင်ဆင်းက တော်တော်လေး ထူးဆန်းပြီး တစ်ဝက်က အနီရောင်ဖြစ်ပြီး တစ်ဝက်က အဖြူရောင်

ဖြစ်ကာ မင်္ဂလာဆောင်နဲ့ အသုဘကို တစ်ပြိုင်တည်း ကျင်းပနေသလိုမျိုး ဖြစ်နေခဲ့သည်။

ထိုဂျင်းဆင်းကို သေချာစစ်ဆေးကြည့်လိုက်တဲ့အချိန် ဂျင်းဆင်းထဲမှ စွမ်းအားနှစ်မျိုးကို

အာရုံခံမိလိုက်သည်။ အနီရောင်စွမ်းအားက မီးကဲ့သို့ ပူလောင်ပြီး အဖြူရောင်စွမ်းအားက

ရေခဲကဲ့သို့ အေးစက်နေခဲ့သည်။ စွမ်းအင်နှစ်မျိုးက ဆန့်ကျင်ဘက်ကမ္ဘာနှစ်မျိုးဖြစ်ပေမယ့်

ထူးဆန်းစွာပဲ ဂျင်ဆင်းထဲတွင် လုံးဝပြီးပြည့်စုံစွာ အတူူတကွ တည်ရှိနေခဲ့ကြသည်။

တကယ့်ကို ဖြစ်ရပ်ဆန်းတစ်ခုပင်။

ထိုဂျင်ဆင်းက ရန်ကိုင်လက်ထဲကနေ လွတ်မြောက်ဖို့ ရုန်းကန်လှုပ်ရှားနေခဲ့ပေမယ့် သူ့ရဲ့

အားထုတ်မှုက အချည်းနှီးဖြစ်ခဲ့ရသည်။

‘‘ယင်ယန်မွန်းစတားဂျင်ဆင်း’’ နတ်ဆိုးအိုကြီးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

‘‘မင်းဒါကိုသိတာလား’’ ရန်ကိုင်က မေးလိုက်သည်။

‘‘အဲ့ဒါက တကယ်ကို ထူးဆန်းတဲ့ ဆန်းကြယ်အဆင့်မြင့် ရတနာတစ်ခုပဲ ’’ နတ်ဆိုးအိုကြီးက

ပထမဆုံးအကြိမ်အဖြစ် စိတ်အားထက်သန်စွာနဲ့ ပြောလိုက်သည်။ ရန်ကိုင်လည်း ထိတ်လန့်

တုန်လှုပ် သွားခဲ့ရသည်။

ရန်ကိုင်က နောက်ထပ်ဆက်ပြီး မေးဖို့လုပ်နေတုန်းမှာပဲ သူ့ရှေ့ကနေ ခြေသံတွေကို ကြားလိုကရသည်။

‘‘အပြင်မှာ လူတစ်ချို့ရှိတယ်’’ ရန်ကိုင်က ခြေလှမ်းသံတွေ ထွက်ပေါ်လာတဲ့ နေရာဘက်ကို စူးစူး

ဝါးဝါး ကြည့်လိုက်ပြီး သူ့လက်ထဲက ယင်ယန်မွန်းစတားဂျင်ဆင်းကို တင်းတင်းကြပ်ကြပ် စုပ်ကိုင်ထားလိုက်သည်။ ရန်ကိုင်က ယင်ယင်မွန်းစတားဂျင်ဆင်းကို သူ့အကျီင်္အိတ်ထဲ

ထည့်ထားလိုက်တဲ့အချိန်မှာတော့ ထိုဂျင်ဆင်းက ရုန်ကန်ခြင်းမရှိတော့ပဲ ငြိမ်သက်သွားခဲ့သည်။

ရန်ကိုင်က အဆိုးဆုံးအတွက် ပြင်ဆင်ထားဖို့ လုပ်နေတုန်းမှာပဲ ရင်းနှီးနေတဲ့ အသံကို ကြားလိုက်ရသည်

‘‘အစ်မကြီး၊ အဲ့ဒါက ဒီလိုဏ်ဂူထဲ ဝင်ပြေးသွားတာ သေချာလား’’

မိန်းကလေးတစ်ယောက်က ပြန်ပြောလိုက်သည်‘‘ အင်း..အဲ့ထဲကို ဝင်သွားတာ ကျိန်းသေတယ်။

အဲ့ဒါက အထဲဝင်သွားလို့သာပေါ့..မဟုတ်ရင် ငါလည်းဒီနေရာကို ဝင်ချင်တာမဟုတ်ဘူး’’

အသံနှစ်သံက လုံးဝကိုချွတ်စွပ်တူလုနီပါးပင်။ တစ်သံက နူးညံ့ပြီးတစ်သံက နှစ်လိုဖွယ်ကောင်းကာ

ကြားရတဲ့သူအပေါင်းကို သက်သောင့်သက်သာ ခံစားရစေသည်။

ရန်ကိုင် မျက်စိမှေးထားလိုက်သည်။ ထိုနှစ်ယောက်ကို ဒီမှာတွေ့ရလိမ့်မယ်လို့ သူမမျှော်လင့်ထားခဲ့ပေ။

‘‘ဝိုး…ဒီမှာဆေးပင်တွေအများကြီးပဲ’’

‘‘အင်း…ဒါပေမယ့် အဲ့ဒါတွေကို အရင်ဆုံးခဏထားလိုက်ဦး။ အထဲမှာအန္တရာယ်ရှိမရှိ

အရင်ဆုံး စစ်ဆေးကြည့်ရဦးမယ်’’

မိန်းကလေးနှစ်ယောက်က ရန်ကိုင်ဆီ တဖြည်းဖြည်း နီးကပ်လာခဲ့သည်။ သူက သူမတို့နှစ်ယောက်ကို

ရှောင်ပုန်းဖို့မကြိုးစာခဲ့။ အဲ့ဒီအစား သူတို့နှစ်ယောက်ဆီကို လမ်းလျှောက်သွားလိုက်သည်။

‘‘ဘယ္သူလဲ’’

ရန်ကိုင်က ချောင်းဟန့်လိုက်ပြီး‘‘ငါတို့နောက်တစ်ကြိမ် တွေ့ကြပြန်ပြီနော်…’’

ရန်ကိုင်အသံကြားလိုက်တာနဲ့ နူးညံ့တဲ့အသံနဲ့ မိန်းကလေးက အံ့အားသင့်သွားခဲ့ပြီး နောက်ကို

ခြေတစ်လှမ်းဆုတ်မိလိုက်သည်‘‘ ရန်ကိုင်လား’’ ‘‘မိန်းကလေးမေးအာ’’ ရန်ကိုင်က ခါးလေးကို

အနည်းငယ်ကိုင်းညွှတ် နှုတ်ဆက်လိုက်ပြီး သူ့အာရုံကို နောက်တစ်ယောက်ဘက် ပြောင်းလိုက်သည်

‘‘မိန်းကလေးကျောင်းအာ၊ မတွေ့ရတာကြာပြီနော်’’

ထိုမိန်းကလေးနှစ်ယောက်က သွေးတိုက်ပွဲဂိုဏ်းက အလှထိပ်သီးနှစ်ယောက်ဖြစ်တဲ့ ၊ ဟူကျောင်အာနှင့်

ဟူမေးအာက လွဲပြီးအခြားမဟုတ်ချေ။

ဟူကျောင်းအာက ရန်ကိုင်ကို တွေ့လိုက်တာနဲ့ မျက်မှောင်ကြုံ့လိုက်ပြီး‘‘ ကောင်စုတ်၊ နင့်ကို

ဒီမှာတွေ့ရမယ်လို့ ထင်ကိုမထင်ထားဘူး’’

အရင်အကြိမ်တုန်းက ရန်ကိုင်က မိန်းကလေးနှစ်ယောက်၏ တင်ပါးကို နှိုင်းယှဉ်ပြောဆိုခဲ့သည်။

ထိုအချိန်တည်းက ဟူကျောင်းအာကို ရန်ကိုင်ကို အနည်းငယ်တင်းနေတာပဲဖြစ်သည်။

ဟူမေးအာက အံ့သြလွန်းသဖြင့် ထခုန်လိုက်ပြီး ‘‘နင်ဘာလို့ ဒီကိုရောက်နေတာလဲ’’

‘‘ငါဒီနေရာကို မတော်တဆတွေ့ခဲ့တာ’’ ရန်ကိုင်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို

သူတို့နှစ်ယောက်ကို ပြန်မပြောပြချင်ပေ။

စကားပြောနေစဉ် မိန်းကလေးနှစ်ယောက်က ရန်ကိုင်နား တိုးကပ်သွားခဲ့ပြီး ဟူကျောင်းအာက

ရင်ကိုပင့် ခြေထောက်နှစ်ချောင်းကို ဖော်ထားရင်း ရန်ကိုင်ကို စိုက်ကြည့်နေလိုက်သည်။

နတ်ဆိုးအိုကြီးက ရန်ကိုင်ကို ခပ်မြန်မြန် ပြောလိုက်သည်‘‘ဒီကမ္ဘာကြီးမှာ အခုလိချွတ်စွပ်တူပြီး

အမြွှာမဟုတ်တဲ့ မိန်းကလေးနှစ်ယောက်လည်း ရှိသေးတာပဲနော်။ သခင်လေးသာ အနီရောင်

ကျဆုံးခြင်း ဒီမိန်းကလေးနှစ်ယောက်နဲ့ လေ့ကျင့်မယ်ဆိုရင် အလုပ်တစ်ဝက်နဲ့ ရလဒ်က်၂ဆ

ရမှာနော်’’

‘‘မင်းပါးစပ်ပိတ်ထားစမ်း’’ ရန်ကိုင်က အော်လိုက်သည်။ နတ်ဆိုးအိုကြီးလည်း ထပ်မပြောရဲတော့ပဲ

တိတ်ဆိတ်နေလိုက်ပြီး တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ‘‘ခုဏတုန်းက တစ်ခုခု

ဝင်လာတာ မြင်လိုက်သေးလား’’ ဟူမေးအာက မေးလိုက်သည်။

သူတို့နှစ်ယောက်ပြောနေတာကို နားစွန်နားဖျား ကြားလိုက်တဲ့အတွက် ဟူမေးအာက ယင်ယန်မွန်းစတား

ဂျင်ဆင်းကို ပြောနေတယ်ဆိုတာ ရန်ကိုင်သိပေသည်။ သူလည်း ထိုအချက်ကို မဖုံးကွယ်ထားချင်တဲ့အတွက်

ခေါင်းညိတ်လိုက်သည်‘‘အင်းငါမြင်လိုက်တယ်’’

‘‘အဲ့ဒါဘယ်မှာလဲ’’ ဟူကျောင်းအာက အလျင်စလို မေးလိုက်သည်။

ရန်ကိုင်က သူ့ရင်ဘတ်ကို ညွှန်ပြလိုက်တဲ့အချိန် မိန်းကလေးနှစ်ယောက်က အံ့အားသင့်မှုကြောင့်

မျက်လုံးပြူမျက်ဆံပြူး ဖြစ်သွားခဲ့ရသည်‘‘ နင်တကယ်ပဲ ဖမ်းနိုင်ခဲ့တာလား’’ ဟူကျောင်းအာက

မေးလိုက်သည်။

‘‘အင်း၊ ဘာလို့လဲဆိုတာ ငါသေချာမသိပေမယ့် အဲ့ဒါက ငါ့ရင်ဘတ်ထဲ ရောက်သွားတာနဲ့

လုံးဝကိုငြိမ်ကျသွားတော့တာပဲ’’ ဟူကျောင်းအာက သူမကိုယ်သူမ စိတ်ငြိမ်အောင်

ထားဖို့ကြိုးစားရင်း အသက်ကို အမောတကော ရှုရှိုက်နေတဲ့အတွက် သူမရင်ဘတ်လှိုက်ဖိုလှိုက်ဖို

ဖြစ်နေခဲ့သည်။

မိန်းကလေးနှစ်ယောက်က ထိုအရာကိုရဖို့အတွက် တောင်တန်းပေါင်းများစွာကို ဖြတ်ပြီး

ရက်ပေါင်းများစွာ လိုက်လံဖမ်းဆီးခဲ့ရသည်။ ဒါပေမယ့် အဆုံးမှာတော့ ရန်ကိုင်က ဘာမှ

သိပ်ပြီးတော့ အားမထုတ်လိုက်ရပဲ ထိုအရာကို ရလိုက်သည်။

သူတို့ညီအစ်မနှစ်ယောက် ဘယ်လောက်တောင် ကံဆိုးနေတာပါလိမ့်။ ဟူကျောင်းအာက

သူမနှုတ်ခမ်းကို ကိုက်လိုက်၏။ သူမက ဂျင်ဆင်းကိုအားသုံးပြီး ပြန်ယူချင်ပေမယ့် သူမညီမလေး

ရှိနေတဲ့အတွက် ပြန်မယူဖို့ ဆုံးဖြတ်လိုက်သည်။ အကြောင်းပြချက်တစ်ချို့ကြောင့်

သူမညီမလေးက ရန်ကိုင်အပေါ်ကို အပြစ်ရှိသလို ခံစားနေခဲ့ရ၏။ ထို့ကြောင့် သူမဘက်ကစပြီး

ရန်ကိုင်ကို မတိုက်ခိုက်ချင်တော့ပေ။

‘‘အဲ့ဒါကိုသေချာလုံခြုံအောင်သိမ်းထား’’ သူမရင်ဘတ်ပေါ်ကို ကျောက်တုံးအကြီးကြီးတစ်တုံး

ဖိထားသလို ဟူမေးအာခံစားနေခဲ့ရသည်။

‘‘ဒီကောင်စုတ်မှာ ဘာများကောင်းတာရှိလို့လဲ’’ ဟူကျောင်းအာက ရန်ကိုင်ကို သေချာ

စစ်ဆေးကြည့်လိုက်ပြီး ရုတ်တရက် မယုံကြည်နိုင်စွာနဲ့ မေးလိုက်သည်‘‘ နင်စဦး

ဒြပ်စင်အဆင့်ရကိုတောင် ရောက်နေပြီလား’’

ဟူကျောင်းအာ၏မျက်နှာက ထိတ်လန့်မှုနှင့်အတူ ပဟေဠိဖြစ်နေခဲ့၏။ နောက်ဆုံးအကြိမ်တွေ့တုန်းက

ရန်ကိုင်က ခန္ဓာသန့်စင်ခြင်းအဆင့်မှာပဲ ရှိနေသေးတာဖြစ်သည်။ စဦးဒြပ်စင်အဆင့်ရကို

အချိန်ခဏလေးနဲ့ ဘယ်လိုလုပ်ပြီး ချိုးဖျက်သွားနိုင်ရတာလဲ။ ကံကောင်းတဲ့အဖြစ်အပျက်

တစ်ခုခု သူကြုံတွေ့ခဲ့တယ်ဆိုရင်တောင် ဒီလိုအဆင့်တွေအများကြီး ခုန်ကျော်တက်သွားတာက

တော်တော်လေး များလွန်းမနေဘူးလား။

ဟူမေးအာတောင် စဦးဒြပ်စင်အဆင့်၂မှာပဲ ရှိသေးသည်။

‘‘မိန်းကလေးကျောင်းအာနဲ့ နှိုင်းယှဉ်လိုက်ရင် စဦးဒြပ်စင်အဆင့်ရဆိုတာ ဘာမှမဟုတ်ပါဘူးလေ’’

ရန်ကိုင်က မိန်းကလေးနှစ်ယောက်၏ သဘောထားကြီး ရက်ရောမှုကြောင့် အံ့အားသင့်နေခဲ့ရသည်။

သူ့ဆီကနေ ဂျင်ဆင်းအကြောင်း တစ်ခုမှမမေးတာ တော်တော်လေး ထူးဆန်းနေပေသည်။

ဟူကျောင်းအာက နှာခေါင်းရှုံ့လိုက်ပြီး သူမကရန်ကိုင်ကို မနှစ်ခြိုက်ကြောင်း ဖော်ပြလိုက်သည်။

‘‘ဒီမှာဆေးပင်တွေ အများကြီးရှိနေမှာတော့ ကောက်ဖို့တုန့်ဆိုင်းမနေနဲ့တော့’’ ရန်ကိုင်က ထိုနှစ်ယောက်ကို

ဘာအကြွေးမှမတင်ချင်ပေ။ ယင်ယန်မွန်းစတားဂျင်ဆင်းက ဒီလိုဏ်ဂူထဲတွင် ရှိနေတဲ့ဆေးပင်

အကုန်လုံးထက် ပိုပြီးအဖိုးတန်ပေသည်။ သူက ယင်ယန်မွန်းစတားဂျင်ဆင်းကို သူတို့နှစ်ယောက်ဆီကနေ

ယူထားတဲ့အတွက် လိုဏ်ဂူထဲတွင်ရှိတဲ့ ဆေးပင်တွေအကုန်လုံးကို သူတို့နှစ်ယောက်ကို ယူခွင့်ပြုလိုက်မှ

သင့်လျော်ရာ ကျပေမည်။

‘‘ငါတို့နင်ပြောမှသိတဲ့အတိုင်း’’ ဟူကျောင်းအာ ရန်ကိုင်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။

‘‘အစ်မကြီး’’ ဟူမေးအာက သူမအစ်မရဲ့ရန်ကိုင်အပေါ် သဘောထားကို သိနေတဲ့အတွက ်

သူမအစ်မ လက်မောင်းကို လှုပ်ခါလိုက်သည်။

‘‘အင်းပါ….ငါသိပါတယ်….’’ ဟူကျောင်းအာ လိုဏ်ဂူတစ်ဝိုက်ကို စစ်ဆေးရင်း အကူအညီမဲ့စွာနဲ့

ပြန်ပြောလိုက်သည်။ သူမက တစ်ခဏအတွင်း လိုဏ်ဂူအတွင်းပိုင်းကို ရောက်သွားပြီး ပြောလိုက်သည်

‘‘နင်ရထားတဲ့အရာကို ဖမ်းဖို့အတွက် လွန်ခဲ့ရက်အတောအတွင်း ငါတို့တောင်တွေအထပ်ထပ်ကို

ဖြတ်ကျော်ခဲ့ရလို့ အခုငါတို့အားပြန်ဖြည့်ဖို့လိုတယ်။ ဒါကြောင့်…နင်၊ ဒီနေရာကို ကာကွယ်ပေးထား’’

‘‘ငါနားလည်ပါတယ်’’ ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် မိန်းကလေးနှစ်ယောက်က လက်ချင်းကိုင်ထားရင်း လိုဏ်ဂူအဆုံးပိုင်းကို သွားလိုက်၏။

သူတို့လမ်းလျှောက်နေတုန်း ဟူမေးအာက သူမအစ်မ၏ အပြုအမူအတွက် ရန်ကိုင်ကို

တောင်ပန်တဲ့အနေနဲ့ နောက်လှည့်ပြီး ပြုံးပြလိုက်သည်။

သူတို့နစ်ယောက် နတ်ဆိုးအိုကြီး၏ အရိုးရှိတဲ့နေရာကို ရောက်တဲ့အတွက် သူမတို့နှစ်ယောက်၏မျက်နှာတွင်

အံ့အားသင့်မှုတွေ လင်းလက်သွားခဲ့၏။ တစ်ပြိုင်တည်း ညီအစ်မနှစ်ယောကစလုံးက သူတို့ရဲကဘယ်ဘက်ကို

ကြည့်လိုက်သည်။ ထို့နောက် တစ်ယောက်ကို တစ်ယောက်ပြန်ကြည့်လိုက်ပြီး မျက်လုံးမှိတ်ပြလိုက်သည်။

ရန်ကိုင်လည်း သူတို့နှစ်ယောက်ကို မျက်လုံးမှိတ်ပြနေတာကို တွေ့လိုက်ပြီး သူတို့ဘာကိုရှာတွေ့ခဲ့လဲကို

ဇဝေဇဝေါ ဖြစ်သွားခဲ့သည်။ သူတို့ဘာတွေ့ခဲ့လဲဆိုတာ သူမမြင်နိုင်ခဲ့ပေ။

‘‘ နင်တို့နှစ်ယောက်ဘာကို ကြည့်နေတာလဲ’’ ရန်ကိုင်လည်း မနေနိုင်တော့ပဲ မေးလိုက်သည်။

ထိုမိန်းကလေးနှစ်ယောက်ကိုများ ဘာကဆွဲဆောင်သွားလဲဆိုတာ သူသိချင်နေခဲ့မိသည်။

ဒါပေမယ့် မိန်းကလေးနှစ်ယောက်က သူ့ကိုပြန်မဖြေခဲ့…သူတို့နှစ်ယောက်၏ စိတ်အစုံက

တစ်ခုခုတွင် နစ်မျောနေခဲ့သည်။

ရန်ကိုင်က သူ့ရဲကအသိဉာဏ် မကြွယ်ဝမှုအတွက် ဒေါသထွက်သွားခဲ့သည်။

နေ့တစ်ဝက်လောက် ကြာတဲ့အချိန်တွင် မိန်းကလေးနှစ်ယောက်က တင်ပလင်ခွေထိုင်လိုက်ပြီး

တရားထိုင်နေလိုက်သည်။ သူတို့မျက်လုံးတွေကိုပိတ်ပြီး စတင်တရားထိုင်နေတော့သည်။

သူတို့နှစ်ယောက်ကို ရန်ကိုင်ကြည့်လိုက်တဲ့အချိန် သူအရာများစွာကို မြင်လိုက်ရသည်။ အရင်ဆုံး

လူတစ်ယောက်ကို မြင်လိုက်ရ၏။ ထို့နောက်လူနှစ်ယော်ကို မြင်လိုက်ရပြန်၏။

ရန်ကိုင်က အံ့အားသင့်စွာနဲ့ သူ့ခေါင်းကိုခါလိုက်ပြီး မျက်လုံးကိုပွတ်လိုက်ကာ သူ့အမြင်အာရုံများ

ဝေဝါးနေတာလားဆိုတာ သိအောင်လုပ်လိုက်၏။ ထိုအချိန်တွင် နတ်ဆိုးအိုကြီးက သူ့ကို

ပြောလိုက်၏‘‘ဖြစ်နိုင်တာက…ဒါကသူတို့ရဲ့အခွင့်အလမ်းပဲ ထင်တယ်….’’

‘‘သူတို့အောင်မြင်မှာလား’’

‘‘ငါမပြောနိုင်ဘူး…သူတို့နှစ်ယောက်ပေါ်မှာပဲ မူတည်တယ်’’

‘‘အဲ့ဒါက မင်းချန်ထားရစ်ခဲ့တဲ့ အမွေအနှစ်မဟုတ်ဘူးမလား’’ ရန်ကိုင်က အသက်ပြင်းပြင်းရှုရင်း

မေးလိုက်သည်။

‘‘ဘယ်ဟုတ်မလဲ’’

အဖြစ်အပျက်တစ်ခုလုံးက တော်တော်လေး ထူးဆန်းပေသည်။ ဒါပေမယ့် သူတို့နှစ်ယောက်က

တစ်ခုခု ရှာတွေ့ခဲ့မှတော့ ရန်ကိုင်လည်း သူတို့တရားထိုင်နေတဲ့အချိန် ဒီအတိုင်းချန်မထားနိုင်ပေ။

သူတို့နှစ်ယောက်စလုံးက သူ့သူငယ်ချင်းဖြစ်နေမှတော့ ဝင်ပေါက်မှာပဲ စိတ်ရှည်ရှည်နဲ့စောင့်ပြီး

သူတို့နှစ်ယောက်ကို ကာကွယ်ပေးရပေမည်။

All Chapters