အခန်း (၁၄၁-၁၄၅)
Vol. 6 Ch. 141-145
အပိုင်း (၁၄၁) ဟူညီအစ်မ၏ အခွင့်အရေးကြီး
ညီအစ်မနှစ်ယောက်ကို သုံးရက်ကြာအောင် စောင့်ကြပ်ပေးပြီးနောက် သူတို့ထိုင်နေတဲ့
လိုဏ်ဂူနောက်ဆုံးအပိုင်းတွင် ရုတ်တရက် တောက်ပတဲ့အလင်းရောင်တွေ ပေါက်ကွဲထွက်လာခဲ့သည်။
ရွှေရောင်တောက်နေတဲ့ အလင်းရောင်နှစ်ခုက ညီအစ်မနှစ်ယောက်၏ ခေါင်းပေါ်မှ
ပျောက်ကွယ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပဲ သူ့တို့နှစ်ယောက်၏ ချီစွမ်းအင်က အတူတကွ
လှည့်ပတ်လာပြီး လိုဏ်ဂူနံရံတွေကို တုန်ခါသွားစေခဲ့သည်။
ရန်ကိုင်က ထိုနှစ်ယောက်ကို ကြည့်လိုက်၏။ သူ့တို့နှစ်ယောက်၏ ချီစွမ်းအင်က တစ်ခုတည်း
ဖြစ်နေပုံထင်ရသည်။ အလင်းစီးကြောင်းလေး တစ်ခုက သူတို့နှစ်ယောက်ကြား ဆက်သွယ်
ထားခဲ့သည်။ တဖြည်းဖြည်းနဲ့ သူတို့ချီစွမ်းအင်တွေက ညီတူညီမျှ ဖြစ်သွားခဲ့သည်။ အချိန်
ကုန်လာတာနဲ့အမျှ ချီစွမ်းအင်လည်း ပြန်လည်ပျောက်ကွယ်သွားခဲ့ပြီး လိုဏ်ဂူလည်း အရင်လို
အခြေအနေကို ပြန်ရောက်သွားခဲ့သည်။
‘‘ဂုဏ်ယူပါတယ်’’ ရန်ကိုင် ပြောလိုက်သည်။ သူကမိန်းကလေးနှစ်ယောက်ကို သုံးရက်ကြာအောင်
စောင့်ကြည့်ကာကွယ်ပေးခဲ့ပြီး အခုအချိန်အထိ လိုဏ်ဂူထဲတွင် ထားရစ်ခဲ့တဲ့ အမွေအနှစ်ကို
သူတို့ဘယ်လိုရသွားလဲဆိုတာ သူမသိသေးချေ။ သူသိတဲ့အရာတစ်ခုကတော့ မိန်းကလေးနှစ်ယောက်
ရသွားတဲ့အမွေအနှစ်က နတ်ဆိုးအိုကြီး၏ အမွေအနှစ်မဟုတ်ဘူးဆိုတာပင်ဖြစ်သည်။
နတ်ဆိုးအိုကြီး ပြောပုံအရ စစ်ပွဲကြောင့် များစွာသောအဆင့်မြင့် ကျင့်ကြံသူတွေ ပျောက်ကွယ်သွားခဲ့ရသည်။
ထို့ကြောင့် ကောင်းကင်အမွေအနှစ်လိုဏ်ဂူတွင် အမွေအနှစ်တစ်ခုထက်မက ရှိနေပေလိမ့်မည်။ ဟူညီအစ်မ
နှစ်ယောက်လည်း ကံတရားမျက်နှာသာပေးမှုကြောင့် အမွေအနှစ်တစ်ခုကို ရယူနိုင်ခဲ့ပေသည်။
ရန်ကိုင်အသံကို ကြားလိုက်တဲ့အချိန် မိန်းကလေးနှစ်ယောက်က သူ့ကိုတစ်ပြိုင်တည်း လှည့်ကြည့်လိုက်ပြီး
ချွတ်စွပ်တူလုနီးပါးဖြစ်နေတဲ့ အသံနဲ့ပြိုင်တူပြောလိုက်သည်‘‘ကျေးဇူးတင်ပါတယ်’’
သူတို့နှစ်ယောက်စလုံး ပြိုင်တူပြောပြီးနောက ်တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြပြီး
ပြုံးလိုက်ကြ၏။
ရန်ကိုင်လည်း သူ့ရှေ့ကအလှလေးနှစ်ယောက်ကို ကြည့်ရင်းစိတ်ရှုပ်သွားခဲ့သည်။ သူ့ရှေ့က
နှစ်ယောက်ကို ကြည့်ရင်း ဘယ်သူကဘယ်သူမှန်း မပြောနိုင်တော့ချေ။ ထိုမိန်းကလေး
နှစ်ယောက်စလုံးက လုံးဝချွတ်စွပ်တူနေပြီး ပုံတူကူးထားသလားတောင် ထင်ရသည်။
‘‘ငါဘယ်သူလဲဆိုတာ ခန့်မှန်းကြည့်ပါလား’’ ဘယ်ဘက်က မိန်းကလေးက ဉာဏ်နီဉာဏ်နက်
များတဲ့ များတဲ့မျက်လုံးတွေနဲ့ ရန်ကိုင်ကို စူးစိုက်ကြည့်လိုက်ပြီး ပြုံးပြကာ မေးလိုက်သည်။
ရန်ကိုင်က ရယ်လိုက်ပြီး ‘‘မိန်းကလေးကျောင်းအာ’’
လှည့်စားမှုပြည့်နေတဲ့ မိန်းကလေး၏ အပြုံးက ချက်ချင်းညှိုးကျသွားပြီး မေးခွန်းထုတ်လိုက်သည်
‘‘နင်ရမ်းသန်းခန့်မှန်းလိုက်တာလား’’
‘‘မိန်းကလေးမေးအာဆိုရင် အဲ့လိုမေးခွန်းမျိး ငါ့ကိုဘယ်တော့မှ မေးမှမဟုတ်ဘူး’’ ရန်ကိုင်က
ပြန်ပြောလိုက်သည်။ ဟူကျောင်းအာက နှုတ်ခမ်းဆူးလိုက်ပြီး‘‘ နင့်ကငါ့ညီမကို တော်တော်လေး
နားလည်တယ်နဲ့တူတယ်’’ ရန်ကိုင်ပြောတာကို ကြားလိုက်တဲ့အချိန် ဟူမေးအာ၏ ပါးမို့မို့လေးတွေ
ရဲတွတ်သွားခဲ့ပြီး ရန်ကိုင်နှင့်မျက်လုံးချင်း မဆုံမိအောင် ခေါင်းငုံ့နေလိုက်သည်။
ဟူကျောင်းအာ၏ အပြုံးက တစ်ဖန်ပြန်ထွက်ပေါ်လာပြီး ဆက်ပြောလိုက်သည်‘‘ ငါတို့ကို အခုလို
အခွင့်အရေးမျိုးပေးတဲ့အတွက် နင့်ကိုတကယ်ပဲ ကျေးဇူးတင်ပါတယ်’’
ရန်ကိုင်က သူတို့ညီအစ်မနှစ်ယောက်ကို တစ်ချိန်လုံး စောင့်ကြပ်ကာကွယ်ပေးတဲ့အတွက်
ရန်ကိုင်ကိုသူမ တော်တော်လေး ကျေးဇူးတင်နေခဲ့သည်။ ရန်ကိုင်သာ ထိုအချိန်တုန်းက
သူတို့ကိုတစ်ခုခုလုပ်ချင်ခဲ့ရင် သူလုပ်နိုင်ပေသည်။ ဒါပေမယ့် ရန်ကိုင်က ထိုကဲ့သို့မလုပ်ခဲ့ပဲ
သူမတို့ညီအစ်မနှစ်ယောက်ကို တာဝန်ကျေပွန်စွာနဲ့ သုံးရက်ကြာအောင် စောင့်ကြပ်ပေးခဲ့သည်။
သူ့အပြုအမူတွေကြောင့် ဟူကျောင်းအာက သူ့ကိုမုန်းတီးရာကနေ လေးစားလာခဲ့သည်။
ရန်ကိုင်က ထင်သလောက်လည်း မဆိုးပါဘူးလို့ ဟူကျောင်းအာက တွေးလိုက်သည်။
‘‘အဲ့ဒါက ဘာမှမဟုတ်ပါဘူး။ ငါတို့သွားသင့်ပြီထင်တယ်’’ ရန်ကိုင် လွန်ခဲ့တဲ့သုံးရက်ကတည်းက
လိုဏ်ဂူထဲက ထွက်ဖို့လုပ်ခဲ့ပေမယ့် ထိုညီအစ်မနှစ်ယောက်ကြောင့် နှောင့်နှေးခဲ့ရသည်။
သူတို့နှစ်ယောက်ကို ကာကွယ်ပေးနေရတဲ့အတွက် ရန်ကိုင်အပြင်ကိုထွက်ချင်တဲ့စိတ်က
ပိုပြီးအားကောင်းလာခဲ့သည်။
ညီအစ်မနှစ်ယောက်လည်း တစ်ပြိုင်တည်းခေါင်းညိတ်လိုက်ပြီး မတ်တပ်ရပ်လိုက်၏။
သူတို့သုံးယောက် လိုဏ်ဂူက ထွက်တဲ့အချိန် ညီအစ်မနှစ်ယောက်က လိုဏ်ဂူထဲရှိ
ဆေးပင်တွေကို ရသလောက်ယူခဲ့သည်။ ရန်ကိုင်လည်း သူ့စကားအတိုင်း ဆေးပင်တစ်ပင်တောင်
မယူခဲ့ချေ။ ယင်ယန်မွန်းစတားဂျင်းဆင်းကို ရလိုက်တာက လုံလောက်တာထက်ပိုနေပြီဖြစ်၏။
သုံးရက်အတောအတွင်း ရန်ကိုင်က ယင်ယန်မွန်းစတားဂျင်ဆင်းအကြောင်း ရသလောက်
မေးမြန်းခဲ့သည်။ ယင်ယန်မွန်းစတားဂျင်းဆင်းက ကျင့်ကြံရာမှာ အရမ်းကိုအကူအညီ
ပေးနိုင်တယ်ဆိုတာ သိလိုက်ရ၏။ ယင်နှင့်ယန်စွမ်းအင်နှစ်မျိုးစလုံး ပါဝင်တဲ့ထူးခြားမှုကြောင့်
ယင်ယန်မွန်းစတားဂျင်ဆင်းကို ဆေးဖော်ရာတွင် သုံးလေ့ရှိသည်။ ဒါပေမယ့် ထိုဂျင်ဆင်းက
ကျင့်ကြံခြင်းအဆင့်ကို တိုးမြင့်ရာတွင် အသုံးအဝင်ဆုံးဖြစ်၏။ ကံမကောင်းစွာဖြင့်
ရန်ကိုင်အဖို့ ယင်စွမ်းအင်ကို ကျင့်ကြံတဲ့ မိန်းကလေး ကျင့်ကြံသူတစ်ယောက်ကို ရှာပြီး
လက်ထပ်ကာမှ ယင်ယန်မွန်းစတားဂျင်ဆင်း၏ ဆေးစွမ်းအင်ကို အသုံးပြုနိုင်ပေလိမ့်မည်။
ရန်ကိုင်က ထိုမိန်းကလေးနှင့် ချစ်ခင်စုံမက်ပြီး အတူတကွ ကျင့်ကြံပါမှ ယင်ယန်မွန်းစတား
ဂျင်ဆင်းထဲရှိ စွမ်းအင်နှစ်မျိုးက ကွဲထွက်သွားပြီး သူတို့နှစ်ယောက်ကို ခန္ဓာကိုယ်ထဲကို
ဝင်ရောက်သွားပေလိမ့်မည်။ သူတို့နှစ်ယောက်၏ နှလုံးသားတစ်ခုတည်းဖြစ်သွားတော့မှပဲ
ကျင့်ကြံခြင်းအဆင့်ကို အတူတကွ တိုးမြင့်အောင်လုပ်ဆောင်နိုင်ပေလိမ့်မည်။
ကံမကောင်းတဲ့အချက်ကတော့ သူ့မှာအတူတကွ ကျင့်ကြံဖို့ ယင်စွမ်းအင်ကျင့်ကြံတဲ့
မိန်းကလေး တစ်ယောက်မရှိခြင်းဖြစ်သည်။ ရှိရုံနဲ့တင်မပြီးသေး..သူတို့နှစ်ယောက်ကလည်း
တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ချစ်ခင်နှစ်သက်ဖို့ လိုအပ်ပေသေးသည်။
ယင်ယန်မွန်းစတားဂျင်ဆင်းကို ဆန်းကြယ်အဆင့် သတ်မှတ်ထားရတဲ့အကြောင်းအရင်းက
လိုအပ်ချက်နဲ့ ပြည့်စုံတဲ့ လေ့ကျင့်ဖော်ကို ရှာဖို့ခက်ခဲသောကြောင့်ပင်။ နှစ်ဦးနှစ်ဖက်စလုံးက
လိုအပ်ချက်နဲ့ ပြည့်စုံနေခဲ့ရင် ယင်ယန်မွန်းစတားဂျင်ဆင်း၏အစွမ်းအင်ကို ဖော်ပြင်ခြင်းငှာ
မစွမ်းနိုင်ချေ။
ယင်ယန်မွန်းစတားဂျင်ဆင်းတွင် ယင်စွမ်းနှင့်ယန်စွမ်းအင် ပါရှိတဲ့အတွက် ပုံမှန်အားဖြင့်
ထိုစွမ်းအင်အရင်းအမြစ် နှစ်ခုကို တော်တော်လေး နှစ်သက်ပေသည်။ ထို့ကြောင့်
ယင်ယန်မွန်းစတားဂျင်ဆင်းက အစစ်အမှန်ယန်နည်းစနစ်ကို လေ့ကျင့်တဲ့ ရန်ကိုင်နား
ကပ်နေခြင်းဖြစ်သည်။ ထိုသုံးရက်အတောအတွင်း ရန်ကိုင်က ယန်အရည်စက်တစ်စက်ကို
ယင်ယန်မွန်းစတားဂျင်ဆင်းကို ကျွေးလိုက်သည်။ ယန်အရည်စက်ကို မြည်းစမ်းလိုက်ရတဲ့အတွက်
ယင်ယန်မွန်းစတားဂျင်ဆင်းက တော်တော်လေး ပျော်ရွှင်သွားခဲ့သည်။ ထိုအချိန်ကတည်းက
ယင်ယန်မွန်းစတားဂျင်ဆင်းက သူ့ကိုသံလိုက်တစ်ခုလို တွယ်ကပ်နေတော့လေသည်။
ဆေးပင်တွေကို ယူပြီးနောက် ဟူညီအစ်မနှစ်ယောက်က တစ်ခဏကြာအောင်ဆွေးနွေးလိုက်ပြီး
သူတို့ခူလာတဲ့ ဆေးပင်တစ်ဝက်ကို ရန်ကိုင်ကို ပေးဖို့ဆုံးဖြတ်လိုက်သည်။ ရန်ကိုင်က
ချက်ချင်းပဲ ငြင်းပယ်လိုက်၏ ‘‘ ငါကနင်တို့ပိုင်တဲ့ပစ္စည်းကို ယူထားမှာတော့ နင်တို့လည်း
အဲ့ဆေးပင်တွေ အကုန်လုံးကို ယူမှာတရားမျှတရာ ကျမှာပေါ့’’ ဟူကျောင်းအာက သူ့ကို
ပြုံးပြလိုက်ပြီး‘‘ ကောင်စုတ်လေး…ပြောနေတာကို ရပ်လိုက်တော့။ အဲ့ဂျင်ဆင်းကို
နင်ပိုင်တယ်လို့ ဘယ်သူပြောလို့လဲ’’
ရန်ကိုင်က ပြန်ပြုံးပြလိုက်ပြီး‘‘ အပြင်မှာဘယ်လိုတွေဖြစ်နေလဲဆိုတာ မိန်းကလေးနှစ်ယောက် ငါ့ကို
ပြောပြလို့ရမလား’’
ရန်ကိုင်က လိုဏ်ဂူထဲတွင် အချိန်အတော်ကြာ အောင်းနေတဲ့အတွက် အပြင်ဘက်မှာ
ဘာတွေဖြစ်ပျက်နေလဲဆိုတာ မသိခဲ့ချေ။ စိတ်အားထက်သန်တာကြောင့်ရယ်၊
ကြိုင်တင်ပြင်ဆင်ထားချင်တာကြောင့်ရယ်..ထိုအကြောင်းပြချက်တွေကြောင့်
မေးမြန်းလိုက်ခြင်းဖြစ်သည်။
‘‘ငါ့ကိုမိန်းကလေးလို့ မခေါ်စမ်းပါနဲ့။ အဲ့လိုခေါ်ခံရတာ တစ်မျိုးကြီးပဲ’’ ဟူကျောင်းအာက သူမ၏
မျက်ခုံးသွယ်သွယ်လေးတွေကို ပူးကပ်ထားလိုက်ပြီး‘‘ ငါတို့မှာနာမည်ရှိတယ်။ ငါတို့ကို
ကျောင်းအာနဲ့ မေးအာလို့ခေါ်လို့ရတယ်။ နင့်အပြုအမူအတွက် တစ်မျိုးကြီးဖြစ်နေရင်တော့
ငါ့ကိုအစ်မကျောင်းအာလို့ ခေါ်လို့ရတယ်’’
ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး‘‘ နင်တို့ကိုနာမည်နဲ့ ခေါ်တာပိုကောင်းမယလို့ ငါထင်တယ်’’
ဟူကျောင်းအာ၏ မျက်လုံးထဲတွင် ဒေါသအရိပ်အယောင် ယဲ့ယဲ့လေး ဖြတ်သန်းသွားခဲ့ပြီး
ခေါင်းစဉ်ပြောင်းလိုက်သည်‘‘သွားကြစို့။ လမ်းလျှောက်ရင်း စကားပြောလို့ရတယ်’’
သူတို့သုံးယောက် လမ်းလျှောက်ခြင်း အပြင်ဘက်တွင် ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ
အကြောင်း ရန်ကိုင်ကို ပြောပြခဲ့သည်။
အင်အားစုသုံးခုက တပည့်တွေက အစပိုင်းမှာတော့ တစ်နေရာဆီရောက်နေပေမယ့်
အချိန်ကုန်လာတာနဲ့အမျှ အကုန်လုံး အလယ်ဗဟိုဆီ ဦးတည်လာခဲ့သည်။ အချို့လူတွေကတော့
အကျိုးအမြတ်တွေ ရခဲ့ပေမယ့် တပည့်များစွာကတော့ သေဆုံးခဲ့ကြသည်။
အင်အားစုသုံးခုက တပည့်တွေက ထိပ်ဆုံးတပည့်တွေလက်အောက် ခိုဝင်ကာ အားကောင်းတဲ့
မိစ္ဆာသားရဲတွေကို စုပေါင်းတိုက်ခိုက်ကြည်သည။ စုစုပေါင်းအဆင့်၆ မိစ္ဆာသားရဲ၉ကောင်ရှိသည်။
ကံကောင်းတာတစ်ချက်က ထိုမိစ္ဆာသားရဲတွေက အချိန်အတော်ကြာ အိပ်စက်ခဲ့ရပြီး
ပြန်လည်နိုးထလာတာ ခဏသာကြာသေးတဲ့အတွက် အားနည်းနေကြသည်။ မဟုတ်ရင်
ထိုမိစ္ဆာသားရဲတွေကို တိုက်ခိုက်ရာ၌ ပိုပြီးအသေအဆုံး များပေလိမ့်မည်။
ယင်ယန်မွန်းစတားဂျင်ဆင်းက အဆင့်၆မိစ္ဆာသားရဲတစ်ကောင် ကာကွယ်ထားတဲ့
ရတနာတစ်ခုဖြစ်သည်။ ထိုဂျင်းဆင်းက အန္တရာယ်ကို အာရုံခံနိုင်ပြီး ထွက်ပြေးနိုင်တဲ့အတွက်
ဟူညီအစ်မနှစ်ယောက် တောင်ကုန်းအသွယ်သွယ်ကို ဖြတ်ကျော်ပြီး လိုက်ဖမ်းခဲ့ရတာ
ဖြစ်သည်။ ဒါပေမယ့် ကံဆိုးစွာပဲ ထိုဂျင်းဆင်းကို သူတို့လက်လွှတ်လိုက်ရပြီး ရန်ကိုင်က
ပိုင်ဆိုင်သွားခဲ့သည်။
‘‘ငါတို့မသွားခင်တုန်းက အဆင့်၆မိစ္ဆာသားရဲ၉ကောင်တည်းက ၈ကောင်ကို သတ်ပြီးသွားပြီ။
နောက်ဆုံတစ်ကောင်က အရမ်းအားကောင်းလွန်းတယ်။ အဲ့ကောင်က အဆင့်၆ အထွတ်အထိပ်
ဖြစ်လောက်မယ်။ အခုအချိန်ထိတော့ ဘယ်သူမှအဲ့ကောင်ကို မတိုက်ခိုက်ရဲသေးဘူး’’
ဟူကျောင်းအာက ပြုံးလိုက်ပြီး‘‘ သူတို့ကာကွယ်ထားတဲ့ရတနာတွေကိုတော့
အရူးအမူး လိုချင်နေတဲ့ တပည့်တွေမှ အများကြီးပဲ’’
ဟူမေးအာလည်း သဘောတူတဲ့ ပုံစံနဲ့ ခေါင်းညိတ်ပြလိုက်ပြီး‘‘ဟုတ်တယ်။ ရတနာတွေကို
အလွယ်တကူ ခိုးယူနိုင်တဲ့လူတွေကို ငါတစ်ခါမှမတွေ့ဖူးသေးဘူး’’ စကားပြောရင်း
သူတို့သုံးယောက် လိုဏ်ဂူထဲနေ ထွက်လာခဲ့ကြသည်။
သူတို့ထွက်လာတဲ့အချိန်တွင် အဝေးမှ ရက်စက်ကြမ်းကြုတ်တဲ့ ဟိန်းသံတစ်သံကို
ကြားလိုက်ရပြီး မြေပြင်တစ်ခုလုံးကိုတောင် အနည်းငယ် တုန်ခါသွားစေခဲ့သည်။
သူတို့သုံးယောက် စကားပြောနေရင်းတန်းလန်း မျက်နှာအမူအရာတွေ လေးနက်သွားကြသည်။
‘‘ဘယ်သတ္တိကောင်းတဲ့ အရူးကောင်ကများ အဲ့ကောင်ကြီးကို သွားရန်စတာလဲမသိဘူး’’
ဟူကျောင်းအာက သက်ပြင်းချလိုက်၏ ။
သူမပြောပုံအရဆိုရင် ထိုမိစ္ဆာသားရဲက အဆင့်၆အထွတ်အထိပ်တွင်ဖြစ်သည်။ ထိုမိစ္ဆာသားရဲက
အင်မော်တယ်တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် တူညီပေသည်။ နှစ်ပေါင်းများစွာ
အိပ်စက်နေခဲ့ရင်တောင် ထိုမိစ္ဆာသားရဲက အင်အားစုသုံးခုကတပည့်တွေက ကိုင်တွယ်နိုင်တာနဲ့
ဝေးကွာနေပေသည်။
အင်အားစုသုံးခုက တပည့်တွေစုပေါင်းပြီး အဆင့်၆မိစ္ဆာသားရဲ၈ကောင်ကိုသတ်ဖြတ်ခဲ့တုန်းက
တော်တော်လေး အသေအပျောက်များခဲ့သည်။ အခုပိုပြီးအားကောင်းတဲ့မိစ္ဆာသားရဲကို
သွားရန်စလိုက်တာကတော့ တော်တော်လေး အသေအဆုံးများမယ့်ကိန်းပင်။
‘‘ငါတစ်ချက်လောက် သွားကြည့်လိုက်ဦးမယ်’’ ရန်ကိုင်အမြင်အာရုံက ချက်ချင်းပဲ ဟိန်းသံ
ထွက်ပေါ်လာတဲ့နေရာဆီ ရောက်သွားပြီး တတ်နိုင်သမျှ အမြန်ဆုံး ပြေးသွားလိုက်သည်။
ဟူကျောင်းအာနှင့် ဟူမေးအာတို့နှစ်ယောက်ကတော့ တုန့်ုပြန်တာ အနည်းငယ်
နှေးသွားခဲ့ပေမယ့် ချက်ချင်းပဲ သူတို့နှစ်ယောက်စလုံး ရန်ကိုင်နောက်ကို လိုက်သွားကြသည်။
ဒါပေမယ့် မိန်းကလေးနှစ်ယောက် ရန်ကိုင်ကို အမှီမလိုက်နိုင်ခဲ့ချေ။
ရန်ကိုင်က တစ်ဖက်လှည့်လိုက်ပြီး ညီအစ်မနှစ်ယောက်ကို စစ်ဆေးလိုက်တဲ့အချိန်
အံ့အားသင့်သွားခဲ့သည်။ ထိုညီအစ်မနှစ်ယောက်က တစ်ချိန်တည်း၊ တစ်ပြိုင်တည်းမှာပဲ
အသက်ရှုနေခဲ့ကြသည်။ ထို့ပြင် ဟူမေးအာက ဟူကျောင်းအာနှင့် တန်းတူပြေးလိုက်နိုင်ပြီး
နောက်ကျကျန်ခဲ့မယ့် အရိပ်အယောင်လည်း မတွေ့ရချေ။
ရန်ကိုင်ကမေးခွန်းထုတ်လိုက်၏ (သူတို့နှစ်ယောက်က ဘယ်လိုအမွေအနှစ်ကိုများ ရခဲ့တာလဲ)
ရန်ကိုင်က ဘယ်ဘက်က မိန်းကလေးကို အချိန်အတော်ကြာကြီး စိုက်ကြည့်နေခဲ့ပြီး
ထိုမိန်းကလေးက ရှက်သွေးဖြာသွားခဲ့ကာ‘‘ နင်ဘာလို့ငါ့ကို စိုက်ကြည့်နေတာလဲ’’
‘‘နင်က ကျောင်းအာလား မေးအာလား’’ ရန်ကိုင်က ထိုညီအစ်မနှစ်ယောက်ကို ဘယ်သူကဘယ်သူမှန်း
လုံးဝမခွဲခြားနိုင်တော့တဲ့အတွက် မေးလိုက်သည်။
အလှလေးက ရယ်လိုက်ပြီး‘‘ ငါကမေးအာပါ’’
ကျန်တဲ့တစ်ယောက်က အမြန်အဆန်ပဲ ဝင်ပြောလိုက်သည်‘‘ မဟုတ်ဘူး။ ငါကမေးအာ။ အစ်မကြီး၊
နင်မလိမ်ပါနဲ့နော်။ ငါဆက်ပြီး ပြဿနာမတက်ချင်တော့ဘူး’’
‘‘နင်ကဘယ်သူ့ကို အစ်မကြီးလို့ ခေါ်နေတာလဲ။ နင်ကသာ အစ်မကြီး’’ ဘယ်ဘက်က မိန်းကလေးက
အမောတကော ပြန်ပြောလိုက်သည်။
‘‘ကျေးဇူးပြုပြီးတော့..အစ်မကြီးရယ်။ သူငါတို့ကိုတကယ်မခွဲခြားတတ်တာနော်’’
ရန်ကိုင်က သူတို့နှစ်ယောက်ကိုကြည့်ရင်း ခေါင်းမူးလာခဲ့သည်။
ညီအစ်မနှစ်ယောက်က ရန်ကိုင်ကို ကြည့်ပြီးရယ်လိုက်၏။ နောက်ဆုံးမှပဲသူအရူးလုပ်ခံနေရတယ်ဆိုတာ
ရန်ကိုင် နားလည်လိုက်သည်။
‘‘ငါတို့ကစနေတာနော်။ နင်စိတ်မဆိုးဘူးမလား’’ ဘယ်သူက စကားပြောနေမှန်း ရန်ကိုင်
မခွဲခြားတတ်တော့။ ရန်ကိုင်က ခေါင်ခါလိုက်သည်‘‘မဆိုးပါဘူး’’
‘‘အဲ့ဒါဆိုရင် နင့်မျက်နှာကြီးက ဘာလို့ရှုံ့မဲ့နေတာလဲ။ ငါတို့ကိုပြုံးပြပါလား’’
ရန်ကိုင်က ချောင်းဟန့်လိုက်ပြီး အကြည့်လွှဲလိုက်ကာ ထိုညီအစ်မနှစ်ယောက်ကို လျစ်လျူ
ရှုထားလိုက်သည်။
ကီလိုမီတာ အနည်းငယ်လောက် ပြေးပြီးနောက် နောက်ဆုံးမှာတော့ ဟိန်းသံထွက်ပေါ်ရာနေရာဆီသို့
သူတို့သုံးယောက်ရောက်လာခဲ့သည်။ မိစ္ဆာသားရဲကိုကြည့်ရင်း သူတို့သုံးယောက် ကြက်သေသေသွားခဲ့ပြီး
နှင်းမုန်းတိုင်းတစ်ခုတိုက်ခတ် သွားတဲ့အတိုင်း နေရာမှာပဲ အေးခဲသွားကြသည်။
ထိုဧရာမလိပ်မိစ္ဆာသားရဲကြီးက မီတာတစ်ရာလောက်မြင့်ပြီး တောင်ကုန်းသေးသေးလေး
တစ်လုံးအလား ထင်မှတ်ရသည်။ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း မြေပြင်တစ်ခုလုံးကို
တုန်ခါသွားစေခဲ့သည်။ ဧရာမလိပ်ကြီး၏အမြီးက ရှည်ပြီးအဖျားပိုင်းကျယ်သွားကာ ဧရာမ
တူကြီးတစ်ခုနဲ့တောင်တူနေသေး၏။ ထိုမိစ္ဆာသားရဲက အရမ်းမမြန်ပေမယ့် ခြေလှမ်းတစ်လှမ်းစီတိုင်းက
မြေပြင်နေရာ အကျယ်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ အလွန်ကြီးမားလှသော
အရွယ်အစားနှင့် မယှဉ်ပြိုင်နိုင်သော စွမ်းအားကြောင့် အမြီးတစ်ချက်ဝှေ့ရမ်းရုံနဲ့
လေပြင်းမုန်တိုင်းတစ်ခု ဖြစ်ပေါ်စေဖို့ လုံလောက်ပေသည်။
ဝှစ်… လှုပ်ရှားသံတစ်ချက် ကြားလိုက်ရ၏။ တပည့်အယောက်၁၀၀ကျော် လေပေါ်ပျံတက်လာပြီး
မိစ္ဆာသားရဲကြီးကို တိုက်ခိုက်လိုက်ကြသည်။ ဒါပေမယ့် တပည့်အများကြီး စုပေါင်းတိုက်တာတောင်
လိပ်ကြီးကတော့ အနေသာကြီးပင်။ သူ့ရဲ့ထိန်းချုပ်မရနိုင်တဲ့ ခွန်အားနဲ့ တိုက်ခိုက်မှုတစ်ခု၊ ဟိန်းသံတစ်ချက်
စီတိုင်းက တပည့်တွေကို အလွန်အမင်း ကြောက်ရွံ့သွားစေခဲ့သည်။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၂) စုယန်၏ အမျက်ဒေါသ
ရန်ကိုင်က ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါ တပည့်များစွာကို သတိပြုမိလိုက်သည်။ စုယန်၊
ရှဲ့ဟုန်ချန်၊ လန်ချူးတျယ်နှင့် အခြားရင်နှီးတဲ့ မျက်နှာများစွာက ကောင်းကင်ပေါ်တွင် အုပ်ဖွဲ့
ပျံသန်းနေကြသည်။ ထိုလူတွေက ကောင်းကင်စံအိမ်က တပည့်တွေပဲဖြစ်သည်။
တစ်ချိန်တည်းမှာပဲ သွေးတိုက်ပွဲဂိုဏ်းနှင့်မုန်တိုင်စံအိမ်က တပည့်တွေက တိုက်ပွဲကို ဘေးကနေပြီး
ကျေနပ်မှုအပြည့်နဲ့ ကြည့်နေကြသည်။ စုယန်က ကောင်းကင်စံအိမ်တွင် အားအကောင်းဆုံး
ဖြစ်သော်လည်း သူမက မိစ္ဆာသားရဲကို ထိခိုက်အောင် မစွမ်းဆောင်နိုင်ခဲ့ချေ။ သူမ
လှုပ်ရှားမှုတစ်ချက်စီတိုင်းတွင် လေနဲ့နှင့်တို့လိုက်ပါလာပြီး သူမ၏အေးစက်စက်ယင်စွမ်းအင်နှင့်
မိစ္ဆာသားရဲကို နှေးကွေးအောင်လုပ်ဆောင်နေခဲ့ပြီး ကောင်ကင်စံအိမ်တပည့်တွေကို
အသတ်ခံရခြင်းမှ ကာကွယ်ပေးနေခဲ့သည်။
ကံမကောင်းစွာနဲ့ပဲ မိစ္ဆာသားရဲ၏ခံစစ်က တကယ်ကိုအားကောင်းပေသည်။ ထိုးဖောက်မရနိုင်တဲ့
လိပ်ခွံကြီးနှင့် ထူးထဲပြီး ခုခံနိုင်တဲ့ အရေပြာကြောင့် ဧရာမလိပ်မိစ္ဆာသားရဲကြီးက
လမ်းလျှောက်နေတဲ့ အထွတ်အမြတ် အကာကွယ် ရတနာတစ်ခုနဲ့တောင် တူနေပေသည်။
လိပ်ကြီးက နှေးကွေးပေမယ့် အင်မော်တယ်တက်လှမ်းခြင်းအဆင့်အောက်က ကျင့်ကြံသူတွေအဖို့ ပြန်လည်တွန်းလှန်ဖို့ အခွင့်အရေးမရှိချေ။
ကွင်းပြင်ထဲတွင် အလောင်းများစွာ ရှိနေခဲ့သည်။ ထိုအလောင်းတွေက ကောင်းကင်စံအိမ်က
တပည့်တွေရဲ့ အလောင်းတွေဆိုတာ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် သိနိုင်လေသည်။
‘‘ကောင်းကင်စံအိမ်က ဒီကောင်ကြီးကို တကယ်ပဲ ရန်စရဲတာပဲ’’ ဟူကျောင်းအာက
မျက်မှောင်ကြုံ့ပြီး ပြောလိုက်သည်‘‘ဒါပေမယ့် စုယန်ုလုပ်တာတော့ မဖြစ်နိုင်ဘူး။ သူမက
အဲ့လောက် မမိုက်မဲဘူး’’ ထိုအချိန်တွင် ကောင်လေးတစ်ယောက်က စိတ်လှုပ်ရှားစွာနဲ့
မိန်းကလေးနှစ်ယောက်ဆီ ပြေးလာနေခဲ့သည်။ ဒါပေမယ့် ရန်ကိုင်ကို မိန်းကလေး
နှစ်ယောက်နဲ့ အတူတွေးလိုက်တဲ့အချိန် မျက်မှောင်ကြုံလိုက်၏။
‘‘ကျောင်းအာ’’ ကောင်လေးက လူသုံးယောက်ထဲက ကျောင်းအာကို ရှာလိုက်ပြီး ရပ်လိုက်သည်။
‘‘လုံဂျွန်၊ ဒီမှာဘာတွေ ဖြစ်ခဲ့တာလဲ’’ အစစ်အမှန်ကျောင်းအာက မေးလိုက်၏။ လုံဂျွန်က
အခြားသူများ၏ ကံမကောင်းမှုတာကိုကြည့်ရင်း အားရဝမ်းသာဖြစ်နေတာကို ဖုံးကွယ်ထားဖို့
မကြိုးစားခဲ့ပေ။ ‘‘အဲ့သောက်ရူးက အဖွဲ့အဖွဲ့ပြီး မိစ္ဆာသားရဲကာကွယ်ထားတဲ့ ရတနာကို
သူများအိပ်နေတဲ့အချိန် သွားခိုးရဲတယ်။ သူတို့အဲ့လိုလုပ်လိုက်လို့ လူဘယ်လောက်များများ
သေရမလဲဆိုတာလည်း တွေးခဲ့မယ့်ပုံအပေါ်ဘူး’’
ရန်ကိုင်က ချက်ချင်းမေးလိုက်၏‘‘ရှဲ့ဟုန်ချန်က ဘာရခဲ့တာလဲ’’
ရှဲ့ဟုန်ချန်သာ ဘာရတနာမှ မရခဲ့ရင် မိစ္ဆာသားရဲက ဘာလို့သူ့နောက်ကို လိုက်နေမှာလဲ။
လုံဂျွန်က ရန်ကိုင်ကိုကြည့်ရင်း သည်းမခံနိုင်တော့ပဲ ချက်ချင်း ရဲရဲတင်းတင်း မေးလိုက်၏
‘‘ မင်းဘယ်သူလဲ’’
ဟူကျောင်းအာက ချက်ချင်းမျက်ခုံးပင့်လိုက်ပြီး‘‘ဖြေသာဖြေစမ်းပါ၊ငါလည်းအဖြေကို သိချင်တယ်’’
လုံဂျွန်က သူ့ကိုယ်သူ ပြန်ထိန်းချုပ်လိုက်ပြီး‘‘ သူဘာရသွားလဲဆိုတာ ငါလည်းသေချာမသိဘူး။
သူကတော့ ဘာမှမရဘူးဆိုပြီး ဘူးခံငြင်းနေတာပဲ’’
ဟူကျောင်းအာ မယုံကြည်နိုင်တဲ့ပုံစံနဲ့ ပြန်ပြောလိုက်သည်‘‘ သူဘာမှမရခဲ့မဖြစ်နိုင်ဘူး။
မိစ္ဆာသားရဲ ရှာနေတဲ့ရတနာ သူမှမရှိဘူးဆိုတာ မဖြစ်နိုင်ဘူး’’
လုံဂျွန်ကခါးကိုအနည်းငယ်ကွေးကာ ဦးညွှတ်လိုက်ပြီး ‘‘ ငါလည်းသဘောတူတယ်။
ဒါပေမယ့် ရှဲ့ဟုန်ချန်က ငြင်းဆိုနေတော့လည်း ကောင်းကင်စံအိမ်က မိစ္ဆာသားရဲရဲ့
ဒေါသနဲ့ ထိပ်တိုက်တွေ့ရုံပဲ ရှိတော့တာပေါ့။ စုယန်က မိစ္ဆာသားရဲနှေးထားပေတာကြောင့်သာ
မဟုတ်ရင် အခုအချိန်လောက်ဆို တော်တော်များများ သေသွားလောက်ပြီ’’
မေးအာက နှာခေါင်းရှုံ့လိုက်ပြီး ရှဲ့ဟုန်ချန်ကို မနှစ်မြို့ကြောင်း ဖော်ပြလိုက်ပြီး
‘‘ မိန်းမတစ်ယောက်ကို အကာအကွယ်အဖြစ်သုံးပြီး သူမနောက်မှာပုန်းနေတာကတော့
တကယ်ကို ရွံဖို့ကောင်းတယ်’’
‘‘ ငါလည်း လုံးဝကို သဘောတူတယ်’’ လုံဂျွန်လည်း တရစပ်ခေါင်းညိတ်လိုက်သည်။
‘‘ မုန်တိုင်းစံအိမ်က ဖန်ဇီကျိနဲ့ ငါက ကောင်းကင်စံအိမ်ကို ကူညီပေမယ့် ရှဲ့ဟုန်ချန် လုပ်ခဲ့တာကို
သိနေလို့ ငါတို့ဝင်မကူညီပေးနိုင်ဘူး’’
တကယ်ဆိုရင်လည်း အင်းအားစုနှစ်ခုက အခုကိစ္စတွင် ဝင်မပါချင်ကြပေ။ စုယန်တောင်
မိစ္ဆာသားရဲကို နှေးရုံကလွဲပြီး ဘာမှမလုပ်နိုင်မှတော့ သူတို့သာဝင်ပါမယ်ဆိုရင်
အလကားသက်သက် သွားသေနေသလို ဖြစ်နေပေလိမ့်မည်။
ရှဲ့ဟုန်ချန် ခိုးယူခဲ့တဲ့ ရတနာအတွက် သူတို့က ဘာလို့ကူညီပေးရမှာလဲ။ သူက
မိစ္ဆာသားရဲကို သွားရန်စမှတော့ ကိုယ်လုပ်တာ ကိုယ်ခံသင့်တာပေါ့။
သူတို့လည်း ကောင်းကင်စံအိမ်ကို ကူညီပေးပါလိမ့်မယ်။ ဒါပေမယ့် ရှဲ့ဟုန်ချန်က
သူရခဲ့တဲ့ ရတနာကို အားလုံးနဲ့ညီတူညီမျှ ခွဲဝေယူကြရမယ်။
အင်အားစုနှစ်ခု ဝင်မပါရတဲ့ နောက်ထပ်အကြောင်းအရင်းတစ်ချက်က ကောင်းကင်စံအိမ်က
အလွန်ဆိုးရွားတဲ့ အခြေအနေတွင် ရှိနေလို့ပဲဖြစ်၏။
ရန်ကိုင်အကြည့်ကတော့ စုယန်ပေါ်မှာသာ ရောက်ရှိနေခဲ့သည်။ သူမက ဖြူလျော်ပြီး
အားကုန်နေပုံပေါက်သည်။ သူမချီစွမ်းအင် တော်တော်များများ အသုံးပြုထားရပေမယ့်
ကောင်းကင်စံအိမ် တပည့်များစွာက သူမနှင့်အတူတကွ ယှဉ်တွဲတိုက်ခိုက်နေတဲ့အတွက်
ထိုတပည့်တွေကို စွန့်ပစ်ပြီး ဘယ်လိုလုပ်နောက်ဆုတ်နိုင်ပါ့မလဲ။ သူမသာ အဲ့လိုလုပ်ခဲ့ရင်
ကောင်းကင်စံအိမ်က တပည့်ဒါဇင်ပေါင်းများစွာ သေကြေပျက်စီးရမှာဖြစ်သည်။
သူတို့ထဲက အချို့အသက်ရှင်ကျန်ရစ်နေရသေးတဲ့ အကြောင်းပြချက်က စုယန်က မိစ္ဆာသားရဲကို
နှေးကွေးအောင် လုပ်ထားလို့ပဲဖြစ်၏။ ရေခဲ့က လေထုထဲတွင်ပျံနှံ့နေခဲ့ပြီး စုယန်က
လိပ်ပြာလေးတစ်ကောင်အလား ကျက်သရှေစွာ ကကြိုးသီနေခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်း
ရေခဲပန်းပွင့်တွေက မိစ္ဆားရဲဆီ တိုးဝင်သွားပြီး အသားပေါ်တွင် တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။
ထိုတိုက်ခိုက်မှုကြောင့် ပတ်ဝန်းကျင်အပူချိန် ထိုးကျသွားပြီး မိစ္ဆာသားရဲပေါ်တွင် နောက်ထပ်
အလွှာတစ်ခု ဖြစ်တည်လာကာ ထိုကောင်ကြီးကို ထပ်ပြီးနှေးကွေးသွားစေခဲ့သည်။
ထိုအချိန်တွင် များစွာသော မီးဘောလုံးတွေက လိပ်ခွံပေါ်ကို ကျရောက်သွားခဲ့ပေမယ့်
ကျောက်တောင်ကို ကြက်ဥနဲ့ ပစ်ပေါက်နေသည့်အလား အကျိုးသက်ရောက်မှု မရှိခဲ့ချေ။
‘‘ရှဲ့ဟုန်ချန်၊ ငါနင့်ကို နောက်ဆုံးအကြိမ်မေးမယ်။ နင်ဘာယူခဲ့တာလဲ’’ စုယန်၏လှပဲတဲ့
မျက်လုံးအစုံက လိပ်ခွံကိုစူစိုက်ကြည့်နေခဲ့ပြီး တစ်ချက်ကလေးတောင် သတိမလွတ်မိအောင်
အထူးဂရုပြုထားခဲ့သည်။ သူမ၏ ရေခဲတမျှအေးစက်တဲ့ အသံကိုကြားလိုက်တာနဲ့ ရှဲ့ဟုန်ချန်က
ကြောက်ရွံ့မှုကြောင့် တုန်ရီသွားခဲ့သည်။ သူစုယန်ကို ဒေါသထွက်သွားစေခဲ့ပြီ။
စုယန်က ဘယ်တုန်းကမှ အခုလောက် ဒေါသမထွက်ဖူးပေ။ ဒါပေမယ့် ဒီတစ်ကြိမ်မှတော့
လုံးဝကိုကွဲပြားသွားခဲ့ပြီဖြစ်သည်။ သူမရှေ့တွင် ကောင်းကင်စံအိမ်တပည့်များစွာ မရှိတဲ့
အရာတစ်ခုအတွက် အသတ်ခံနေရသည်။ ကောင်းကင်စံအိမ်၏ အကြီးဆုံးစီနီယာတစ်ယောက်
အနေနဲ့ သူမဘယ်လိုလုပ်ပြီး ဂရုမစိုက်ပဲနေနိုင်ပါ့မလဲ။( သေချာတာကတော့ အကြီးဆုံး
မဖြစ်နိုင်ဘူး…ဒါပေမယ့် စာရေးဆရာက အကြီးဆုံးဆိုတော့လည်း ကိုယ်လည်းလိုက်ကြီး
လိုက်တာပေါ့)
ရှဲ့ဟုန်ချန် တုန့်ဆိုင်းသွားခဲ့သည်။ သူ့မျက်နှာက ကြောက်ရွံ့မှု၊ ထိတ်လန့်တုန်လှုပ်မှုတွေနဲ့့
ပြည့်နေခဲ့သည်။ ချက်ချင်းပဲ လေသံခပ်မာမာနဲ့ ပြောလိုက်၏‘‘စုယန်၊ နင်ဘာလို့ငါ့ကို
သံသယဝင်နေတာလဲ ။ ငါသာယူခဲ့ရင် နင်မသိအောင်သိမ်းထားနိုင်ပါ့မလား’’ စုယန်က
အလွန်အမင်း ဒေါသထွက်သွားခဲ့ပြီး ရှဲ့ဟုန်ချန်ကိုလည်း စက်ဆုပ်ရွံ့ရှာသွားခဲ့သည်။
ထို့နောက် သူမကကြည်လင်ထက်ရှနေတဲ့ အသံနဲ့အော်လိုက်၏‘‘ကောင်းကင်စံအိမ်တပည့်တွေ၊
အားလုံးပြန်ဆုတ်ကြတော့’’
မိစ္ဆာသားရဲကို ဆက်ပြီးတိုက်ခိုက်နေလို့လည်း ဘာမှမထူးပေ။ သူတို့ထွက်ပြေးဖို့သာ တတ်နိုင်ပေသည်။
မိစ္ဆာသားရဲက ဘာနောက်လိုက်နေလဲဆိုတာ သူတို့တစ်ယောက်မှ မသိပေမယ့် ဆုတ်ခွာလိုက်ရင်တော့
သူတို့အသက်ရှင်နိုင်ချေ တော်တော်လေး မြင့်မားလာလိမ့်မည်။ စုယန်အမိန့်ပေးလိုက်တာနဲ့
ကောင်းကင်စံအိမ်တပည့်တွေ ချက်ချင်းပဲ မိစ္ဆာသားရဲဆီကနေ ထွက်ပြေးတော့လေသည်။
ကောင်ကင်ပေါ်က တိုက်ခိုက်မှုတွေလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
လူတစ်ချို့သာ ကျန်ခဲ့ပြီး မိစ္ဆာသားရဲကိုဆက်လက်တိုက်ခိုက်နေခဲ့သည်။ စုယန်က အားမာန်
တက်ကြွစွာနဲ့ သူမကိုယ်သူမထပ်ပြောလိုကသည်‘‘ အခုသွားတော့’’
သူမအော်လိုက်တာနဲ့ မိစ္ဆာသားရဲကိုဖုံးလွှမ်းထားတဲ့ ရေခဲလွှာကြီး ပေါက်ကွဲသွားခဲ့သည်။
အချုပ်အနှောင် ပြေသွားတာနဲ့ မိစ္ဆာသားရဲက သူ့အရှိန်ကိုပြန်ရသွားခဲသည်။
ဧရာမအမြီးကြီးက တိုက်ပွဲတွင်ရှိနေတဲ့ ကောင်းကင်စံအိမ်တပည့်တွေကို သိမ်းကြုံးရိုက်ချလိုက်သည်။
အမြီးနဲ့ ရိုက်ခံထိတဲ့သူတွေကတော့ သွေးသံတရွဲရွဲနဲ့ ပေါက်ကွဲထွက်ကုန်၏။
ရိုက်ခံမထိခဲ့တဲ့ ကံကောင်းတဲ့သူတွေကတော့ လေပြင်းကြောင့် ဟန်ချက်ပျက်သွားပြီး
ကောင်ကင်ပေါ်ကနေ ပြုတ်ကျတော့သည်။ လိပ်ကြီးက ရက်စက်ကြမ်းကြုတ်တဲ့ ဟိန်းသံ
တစ်ချက်ပြုလိုက်ပြီး သူ့မျက်လုံးတွေနဲ့ စုယန်ကို စူးစိုက်ကြည့်လိုက်သည်။ စုယန်က
ကြောက်လန့်တုန်လှုပ်မသွားပဲ လိပ်ကြီးကိုသာ နှေးအောင်ဆက်ပြီးပြုလုပ်နေခဲ့သည်။
ထို့ကြောင့်လည်း လိပ်ကြီးက စုယန်ကိုဒေါသထွက်သွားပြီးသူမကို အရင်ဆုံးသတ်ဖို့
ဆုံးဖြတ်လိုကသ်ည်။
စုယန်က သူမ၏လက်နှစ်ဖက်ကို လှုပ်ရှားလိုက်ပြီး ထူးဆန်းတဲ့လက်ကွက်တွေကို ဖော်ထုတ်လိုက်၏။
ကမ္ဘာကြီးတစ်ခုလုံးက ရေခဲလှောင်အိပ်တစ်ခုအလား သူမပတ်ဝန်းကျင်တစ်ခုလုံး အေးစက်လာခဲ့သည်။
အပူတွေကို ရေခဲပြာအရောင်အသွေးက အစားထိုးသွားခဲ့ပြီး တိမ်ယံဆီမှ ဆီးနှင်းတွေစတင်ပြီး
ကျဆင်းလာတော့သည်။
လူတိုင်းက စုယန်ကို ကြည့်နေခဲ့ကြသည်။ ထိုအချိန်တွင် သူမ၏ဖြူဖြော့နေတဲ့ ပါးနှစ်ဖက်က
တစ်ဖန်ပြန်အနီရောင်သန်းလာခဲ့ပြီး လေပေါ်ဝဲနေတဲ့ နတ်သမီးတစ်ပါးအလား ထင်မှတ်ရစေသည်။
သူက ကောင်းကင်ဘုံက ဆင်းသက်လာသည့်အလား သေမျိုးကမ္ဘာက ထိတွေ့မရနိုင်၊ မရရှိနိုင်သော
အရာတစ်ခုဖြစ်သည်။ လိပ်ကြီးက နောက်တစ်ဟိန်းလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့
ဟိန်းသံကြီးနှင့်အတူ ပြေးဝင်သွားတော့သည်။ သူတို့နှစ်ယောက်ကြားက အကွာအဝေးက
အလျင်အမြန်ပဲ နီးကပ်လာခဲ့သည်။ ဒါပေမယ့် စုယန်ကတော့ လေပေါ်တွင်နဂိုအတိုင်းဆက်လက်
ရပ်မြဲရပ်နေခဲ့သည်။
ပတ်ဝန်းကျင်ကမ္ဘာကြီးတစ်ခုလုံးကို ဖြန့်ကျက်နေတဲ့ အအေးဓာတ်တွေက တစ်ဖန်ပြန်လည်
စုံစည်းသွားကြီး ကြီးမားသန့်စင်တဲ့ ပုံရိပ်တစ်ခုက သူမနောက်ကျောဘက်၌ ထွက်ပေါ်လာခဲ့သည်။
ထို့ပုံရိပ်က စုယန်အကြီးစားဖြစ်ပြီး…တကယ်တော့ သူမထက် အဆပေါင်းများစွာ ပိုကြီးပေသည်။
ထို့ပုံရိပ်က အဖြူရောင်ကိုဆင်မြန်းထားပြီး သိမ်မွေ့နူးညံ့ပြီး ကျက်သရေရှိတဲ့ သရုပ်ကိုပေါ်လွင်
ပီပြင်စေခဲ့သည်။ ထိုပုံရိပ်က တကယ်ကိုမိန်းမဆန်ပြီး များစွာသောနိုင်ငံအရှင်တွေကို ကျဆုံး
သွားစေနိုင်သည်။ အပြစ်အနာအဆာတစ်ချက်တောင် မရှိပဲ စုယန်၏အသွင်အပြင်တစ်ခုစီ
တိုင်းကို မိတ္တကူးထားသည့်အလား လုံးဝထပ်တူညီနေခဲ့သည်။ ထိုပုံရိပ်က လူများစွာတို့၏
စိတ်ဝိဉာဉ်ကို စုပ်ယူသွားနိုင်တဲ့အထိ လှရက်နိုင်လွန်းပေသည်။
ထိုအေးခဲနေတဲ့ ပုံရိပ်ကြီး၏ မျက်လုံးတွေက ပွင့်လာခဲ့ပြီး ပတ်ဝန်းကျင်တစ်ဝိုက်ကို နောက်တစ်ကြိမ်
နှင်းဖုံးသွားစေပြန်၏။ ဒီတစ်ကြိမ်က ပထမအကြိမ်ထက် ပိုပြီးအေးစက်လာခဲ့သည်။ ကြည့်နေသူတိုင်း
သူတို့၏ခန္ဓာကိုယ် အေးခဲမတတ်ခံစားလိုက်ရပြီး အသိစိတ်တောင် တုန်ရင်လာခဲ့ရသည်။
သူမလက်တစ်ချက် ဝှေ့ရမ်းမှုနင့်အတူ စုယန်က ထိုအေးခဲနေတဲ့ပုံရိပ်ကြီးက မိစ္ဆာသားရဲဆီ
ပျံဝဲသွားစေလိုက်သည်။ ပုံရိပ်နှစ်ခု ထိပ်တိုက်တွေ့တဲ့အချိန်မှာတော့ ထိုအေးခဲနေတဲ့ပုံရိပ်ကြီးက
မိစ္ဆားသားရဲခန္ဓာကို်ယ်ထဲကို ဝင်သွားခဲ့သည်။ ချက်ချင်းပဲ နောက်ထပ်ရေခဲတစ်လွှာကမိစ္ဆာသားရဲကို
ဖုံးလွှမ်းသွားခဲ့သည်။ ဒီတစ်ကြိမ် ရေခဲလွှာက ပထမအကြိမ်ထက် ပိုထူပြီး လိပ်ကြီး၏
ခြေထောက်တွေတောင် အမြန်အဆန်ပဲ အေးခဲသွားခဲ့ပြီး တဖြည်းဖြည်းရပ်တန့်သွားခဲ့၏။
စုယန်၏နှုတ်ခမ်းဆီမှ သွေးထွက်လာခဲ့သည်။ သူမချီစွမ်းအင် အလွန်အကျွံ သုံးမိသွားခဲ့ပြီ။
သူမ၏သွယ်လျလျ ခန္ဓကိုယ်လေးက လေထဲတွင်ယိမ်းထိုးနေပြီး မြေကြီးပေါ်ပြုတ်မကျအောင်
မနည်းကြိုးစားနေခဲ့ရသည်။ ဒါပေမယ့် သူမ၏ကြိုးစားရုန်းကန်မှုက အချည်းနှီးပင်။
မိစ္ဆာသားရဲက မရွေ့လျားနိုင်ပေမယ့် သူ့အရှိန်ကြောင့် စုယန်ဆီဆက်ပြီး ရွေ့နေခဲ့သည်။
လိပ်ကြီး၏ ဧရာမခန္ဓာကိုယ်ကြီးတောင့် ဘယ်သူမှ သူတို့နှစ်ဦးထိပ်တိုက်မတွေ့အောင်
မတားဆီးနိုင်တော့ချေ။
စုယန်က မိစ္ဆာသားရဲသူမဆီ ချဉ်းကပ်လာတာကို အကူအညီမဲ့စွာနဲ့ ကြည့်နေမိသည်။
သူမကျသွားတာနဲ့ သူမ၏စဦးစိတ်ခံစားချက်တွေလည်း ပျောက်ကွယ်သွားခဲ့သည်။ သူမနောင်တ
ကိုခံစားနိုင်တော့သည်။ ရုတ်တရက် လူတွေထိတ်လန့်တကြား အော်ဟစ်တော့သည်။
စုယန်၏မက်မောဖွယ်အလှကြောင့် မင်သက်နေတဲ့ ကျင့်ကြံသူတွေက အခုအချိန်မှ
အသိပြန်ဝင်လာခဲ့ပြီး ထိုမှော်ဆန်ဆန် အလှည့်အပြောင်းကြောင့် ကြောအသွားခဲ့ရပြန်သည်။
ဒါပေမယ့် စုယန်ကတော့ ဆက်လက်ကျဆင်းနေခဲ့ပြီး အောက်ကျတာနဲ့ သေခြင်းတရားက
သူမကိုမလွဲဧကန် စောင့်ကြိုနေပေလိမ့်မည်။
ကြည့်နေတဲ့တပည့်တွေက အော်ဟစ်နေချိန် ပုံရိပ်သေးသေးလေးတစ်ခုက စုယန်ဆီပြေးဝင်သွားနေခဲ့သည်။
ထိုပုံရိပ်က ပြေးနေရင်း သူ့ခြေထောက်အောက်တွင် မီးတောက်ကလေးတွေ ထွက်ပေါ်လာခဲ့သည်။
ထို့နောက် ပုံရိပ်ကလေးက အရှိန်ကိုမြန်နိုင်သမျှ မြန်အောင်မြင့်တင်နေရင်း အနီရောင်အလင်းတန်း
တစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပြီး မီးဘောလုံးတစ်ခုအဖြစ်ပေါက်ကွဲသွားခဲ့သည်။
ကောင်လေးက စုယန်ကျမယ့်နေရာဆီကို တိုက်ရိုက်ပြေးသွားလိုက်သည်။ ခုန်လိုက်ပြီး
ကျဆင်းလာတဲ့ နတ်သမီးလေးကို သူ့လက်နှစ်ဖက်နှင့် ဖမ်းကိုင်ထားလိုက်၏။ ကောင်းလေးက
မြေပြင်ပေါ်ကို ကျလာခဲ့ပြီး ခါးကိုကိုင်းရင်း ဒူးကိုကွေးကာ ဖြေးညှင်းသက်သာစွာဖြင့် ဆင်းသက်လိုက်၏။
နောက်ဆုံးတော့ သူ့ရဲ့အလျင်စလို အပြူအမူကြောင့် နတ်သမီးလေးကို လုံခြုံစွာနဲ့ကယ်တင်နိုင်ခဲ့ပြီး
မိစ္ဆာသားရဲကြီးကိုလည်း နောက်တွင် ချန်ထားရစ်နိုင်ခဲ့သည်။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၃) သေမှာသေချာလား
ထိုအခိုက်အတန့်တွင် အချိန်စီးဆင်းမှု ရပ်တန့်သွားသည့်အလား……
များစွာသောတပည့်တွေက ကြောင်အနေခဲ့ပြီး ထိတ်လန့်နေခဲ့ကြသည်။
အခုအချိန်တွင် အနီရောင်နဲ့ဖုံးလွှမ်းနေတဲ့ အရိပ်တစ်ခုက အမြန်ဆုံးအရှိန်နဲ့ တစ်ဟုန်ထိုး
ပြေးနေခဲ့သည်။ထိုအရိပ်ပြေးလွှားရာလမ်းတစ်လျှောက် စွတ်ကြောင်းလိုမျိုး အနီရောင်အကြောင်းကြီး
တစ်ခုကျန်နေခဲပြီး သူမူလရပ်နတဲ့နေရာနှင့် စုယန်ကျမယ့်နေရာတစ်လျှောက် ထင်းထင်းကြီး
ရှိနေခဲ့သည်။
မိစ္ဆာသားရဲကတော့ အရှိန်ကြောင့် ဆက်ရွေ့နေပြီး အဝေးတစ်နေရာမှာတော့ ယောကျ်ား
တစ်ယောက်နှင့် မိန်းမတစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ပွေ့ဖက်ထားကြရာ
သေတပန်သက်တဆုံးထိ မခွဲပဲ နေတော့မလားတောင် ထင်ရသည်။ ထိုအချိန်တွင်
ရန်ကိုင်နှင့်စုယန်တို့နှစ်ယောက် အကြည့်ချင်းဆုံသွားခဲ့သည်။ စုယန်ကကြောက်ရွံံံ့တုန်လှုပ်နေတဲ့ပုံပေါ်ပြီး
ရန်ကိုင်မျက်လုံးထဲမှာတော့ ဝမ်နည်းမှုတွေ စိုးမိုးနေခဲ့ပြီး သူမအပေါ်ကိုသနားနေခဲ့သည်။
ထိုအကြည့်က စုယန်ကို ဖော်ပြမရနိုင်တဲ့၊ မရင်းနှီးတဲ့ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။ ဘယ်သူမှ
သူမကိုထိုကဲ့သို့ မကြည့်ဖူးခဲ့။ အကြီးတွေကသူမကို လေးစားမှုနှင့်ကြည့်ကြပြီး အပေါင်းအသင်း၊
သူငယ်ချင်းတွေက လေးစားမှုတွေနဲ့ ကြည့်ကြသလို သူမ၏ဂျူနီယာတွေက ကြည်ညိုလေးစားတဲ့ပုံနဲ့
ကြည်ကြ၏။ သူမကိုမနာလိုစိတ်နဲ့ ကြည့်တဲ့အချို့သူတွေတောင်ရှိသေးလေသည်။ ဒါပေမယ့်
ရန်ကိုင်လိုမျိုး သနားနေတဲ့အကြည့်နဲ့တော့ ဘယ်သူကမှမကြည့်ခဲ့ဖူးပေ။
သူမက အလွန်လှပပြီး ကျင့်ကြံခြင်းပါရမီမြင့်မားတဲ့အတွက် ရန်ကိုင်ကြည့်သလိုမျိုးကို သူမကိုဘယ်သူမှ
မကြည့်ခဲ့ဖူးပေ။
သူဘာလို့ငါ့ကိုသနားနေရတာလဲ။ သူဘာလို့ ဝမ်းနည်းပုံပေါက်နေတာလဲ။ ထိုမျက်လုံးတွေက
သူမနှလုံးသားနှင့်စိတ်ဝိဉာဉ်ထဲက အပ်တစ်ချာင်နှင့်ထိုးဆွနေသလို ခံစားရစေသည်။ ထို့ပြင် တိုက်ပွဲကြောင့် သူမအားနည်းနေပေသေးသည်။ မခံစားနိုင်တဲ့နာကျင်မှုကို သူမခံစားနေခဲ့ရသည်။
ဘာပဲဖြစ်ဖြစ် သူဘာလို့သူမကိုထိုအကြည်မျိုးနဲ့ကြည့်နေတာလဲဆိုတာ သူမခံစားမိသည်။
သူမ၏ဦးတည်ချက်ပြောင်းလဲသွားခဲ့ပြီး ဘယ်လောက်တောင် နွေးထွေးပြီး သက်သောင့်သက်သာ
ရှိလဲဆိုတာ သူမသတိပြုမိလိုက်သည်။ သူမကိုဖမ်းကိုင်ထားတဲ့ခန္ဓာကိုယ်က အရမ်းကိုနွေးထွေး
ပေသည်။ သူမအခုလိုမခံစားရတာ အချိန်တော်တော်ကြာသွားခဲ့ပြီဖြစ်သည်။
ရေခဲနှလုံးသားလျှို့ဝှက်နည်းစနစ်ကို လေ့ကျင့်တဲ့အတွက် သူမစိတ်နှလုံးသား၊ခံစားချက်တွေပါ
အေးခဲနေခဲ့ရသည်။ သူမကမ္ဘာထဲတွင် အရားအားလုံးအေးခဲနေခဲ့ပြီး အေးစက်မှုက လွဲပြီးအခြားမရှိပေ။
နွေးထွေးမှုနှင့်အေးစက်မှုဆိုတာမျိုးက ဆန့်ကျင်ဘက်ဒြပ်စင်နှစ်ခုဖြစ်ပြီး တစ်ခုနှင့်တစ်ခု
ဆန့်ကျင်ပေသည်။ သူမထိုခံစားချက်ကို မနှစ်မြို့ပေမယ့် ဘာလို့သက်သောင့်သက်သာ ရှိသလို
ခံစားနေခဲ့ရတာလဲဆိုတာမသိခဲ့။ ထိုနွေးထွေးမှုအောက်တွင် သူမအရာအားလုံးကို မေ့ပစ်လိုက်ချင်မိသည်။
သူမက သူ့လက်မောင်းအတွင်း လဲလျောင်းနေခဲ့ပြီး ပင်လယ်တွေခြောက်သွေလို့ တောင်တွေ
အက်ကွဲပျက်စီးပြီး ကောင်းကင်ကြီးပြိုကျလာခဲ့ရင်တောင် သူမထိုဆန်းကျယ်တဲ့လူရဲ့ထွေးပိုက်မှု
ထဲကနေ ဘယ်တော့မှမရုန်းထွက်ချင်တော့ပေ။ စုယန်လည်း အလိုလိုသူ့ကို နောက်တစ်ကြိမ်
တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်၏။
ဂိုဏ်းသုံးဂိုဏ်းကတပည့်တွေ အသိပြန်ဝင်လာတဲ့အချိန်မှပဲ အချိန်စက်ဝန်းက တစ်ဖန်ပြန်စီးဆင်း
လာသယောင်ထင်ရသည်။
‘‘ရန်ကိုင်ပဲ’’ ဟူကျောင်းအာက ရုတ်တရက် ထအော်လိုက်သည်။ စုယန်ကိုဖမ်းဖို့ ပြေးသွားတဲ့သူက
ရန်ကိုင်မှန်း သူမသတိမပြုမိခဲ့ပေ။ ရန်ကိုင်အသုံးပြုသွားတဲ့ နည်းလမ်းကြောင့် သူမအလွန်အမင်း
ထိတ်လန့်သွားခဲ့ရပြီး မိန်းမောနေရာမှ အသိပြန်ဝင်လာတဲ့အချိန်မှာတော့ ရန်ကိုင်က
သူမဘေးမှာ မရှိတော့ပေ။
ဟူမေးအာက ထိတ်လန့်အံ့သြမှုကြောင့် သူမပါးစပ်ကိုလက်ကလေးနဲ့ ပိတ်ထားမိလိုက်သည်။
တုန်ရီနေတဲ့ မျက်လုံးအစုံနဲ့ လိပ်မိစ္ဆာသားရဲကိုကြည့်လိုက်၏။ ကြောက်လန့်မှုကြောင့် သူမဘာကိုမှ
သဲသဲကွဲကွဲ မမြင်ရတော့ချေ။ ‘‘သူသေချင်နေတာပဲ’’ လုံဂျွန်က အကျယ်ကြီးအော်ပြောလိုက်သည်။
ရန်ကိုင်ကျောကို အေးခဲနေတဲလိပ်မိစ္ဆာသားရဲကြီးက ဝင်တိုက်လိုက်သည်။ ထိုတိုက်ခိုက်မှုကို
သူရှောင်ဖို့ကြိုးစားခဲ့ပေမယ့် မရှောင်နိုင်ခဲ့ချေ။ သူ့ခွန်အားက အလွန်အမင်းအားနည်းနေခဲ့သည်။
ရှောင်လွှဲမရစွာနဲ့ပဲ စုယန်နှင့်ရန်ကိုင်တို့နှစ်ယောက် လိပ်မိစ္ဆာသားရဲ၏ ရင်ဘတ်နဲ့တိုက်မိပြီး
ပေဒါဇင်ပေါင်းများစွာကို လွင့်စင်သွားခဲ့သည်။ မြေပြင်ပေါ်ကို ပြင်းပြင်းထန်ထန်ကျသွားခဲ့ပြီး
အပတ်ပေါင်းများစွာ လိမ့်သွားခဲ့ပေမယ့် ရပ်တန့်သွားတဲ့အချိန် သူတို့တစ်ယောက်ကိုတစ်ယောက်
ပွေ့ဖက်ထားခဲ့သည်။ ရန်ကိုင်က အလွန်ဆိုးရွားတဲ့အခြေအနေတွင် ရောက်ရှိနေခဲ့သည်။ သူ့မျက်နှာက
လူသေကောင်တစ်ကောင်လို ဖြူလျော်နေပေမယ့် သူ့လက်မောင်းအတွင်း ရှိနေတဲ့စုယန်ကတော့
မထိမခိုက် အန္တရာယ်ကင်းကင်းနဲ့ ရှိနေခဲ့သည်။ သူမအဝတ်အစားနဲ့ ဆံပင်တွေသာ
ရှုပ်ပွနေခဲ့သည်။ ရန်ကိုင်က ခွန်အားမဲ့သွားခဲ့ပြီး စုယန်၏ရင်ဘတ်ပေါ် သွေးတစ်ပွက်အန်လိုက်မိသည်။
စုယန်မျက်လုံးတွေလည်း တုန်ရီနေခဲ့သည်။ သူမ၏ရင်ထဲတွင် လှိုင်းထန်နေခဲ့ပြီး ထိုလှိုင်းကိုဘယ်လိုမှ
ငြိမ်သက်အောင် မစွမ်းဆောင်နိုင်ခဲ့ချေ။ သူမလက်ကို ဖြေးညှင်းစွာနဲ့
ရန်ကိုင်နဖူးပေါ်တင်လိုက်ပြီး တယုတယပွတ်သပ်ပေးကာ နှစ်သိမ့်ပေးလိုက်သည်။
သူတို့နှစ်ယောက်စလုံး လှုပ်ရှားမှုကင်းမဲ့စွာနဲ့ လဲလျောင်းနေခဲ့ကြသည်။ သူတို့
နှစ်ယောက်ပြုတ်ကျတဲ့ အချိန်တုန်းက ရန်ကိုင်ကသူ့ခန္ဓာကိုယ်ကိုရင်းပြီး သူမကို
ကာကွယ်ပေးခဲ့သည်။ ထို့ကြောင့် ထိခိုက်ဒဏ်ရာအများစုကို ရန်ကိုင်ကခါစည်း
ခံသွားခဲ့ရပြီ သူမကတော့ ဘာဒဏ်ရာဒဏ်ချက်မှ မရခဲ့ပဲ လုံခြုံစွာနဲ့ရှိနေနိုင်ခဲ့သည်။
အေးခဲနေတဲ့မိစ္ဆာသားရဲကြီးလည်း မြေကြီးပေါ်တွင် ရွေ့လက်စအရှိန်နဲ့ဆက်ပြီးရွေ့နေတဲ့အတွက်
ဖန်သားပေါ်တွင် စူးရှတဲ့အရာတစ်ခုနဲ့ ခြစ်နေသလိုအသံတွေ ထွက်ပေါ်နေခဲ့သည်။
ထို့နောက် နောက်ဆုံးမှာတော့ လိပ်မိစ္ဆာသားရဲကြီးက ရန်ကိုင်နှင့်စုယန်တို့နဲ့
မနီးမဝေးနေရာတွင် ရပ်တန့်သွားခဲ့သည်။ ကမ္ဘာကြီးတစ်ခုလုံ သုဿန်တစ်စပြင်အလား
တိတ်ဆိတ်သွားခဲ့သည်။ လူတိုင်းပါစပ် ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေသော်လည်း
ဘာအသံမှထွက်မလာခဲ့။ သူတို့အားလုံး အားအင်ကုန်ခမ်းပြီး ထိခိုက်ဒဏ်ရာရကာ
တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားတဲ့ ရန်ကိုင်နှင့်စုယန်တို့နှစ်ယောက်ကို
ငေးကြည့်နေခဲ့ကြသည်။
ထိုအဖြစ်အပျက်သာ အခြားတစ်နေရာမှာ ဖြစ်ခဲ့မယ်ဆိုရင် လူအများ၏ဝေဖန်မှုနှင့်
မနာလိုမှုကို ခံရပေလိမ့်မည်။ ဘယ်သူကများ စုယန်နဲ့ရင်းရင်းနှီးနှီးနေရဲတာလဲ။
သူမ၏ အသွေးအသား တစ်လက်မစီတိုင်းက ထွတ်မြတ်ပြီး မြင့်မြတ်ပေသည်။
သာမန်လူတစ်ယောက်အဖို့ ကြည့်သာကြည့်နိုင်ပေမယ့် ဘယ်တော့မှထိနိုင်မည်
မဟုတ်ချေ။ ဒါပေမယ့် အခုအချိန်မှာတော့ လူတစ်ယောက်က သူမကိုပွေ့ဖက်
ထားရုံမက သူမရင်ခွင်ထဲတွင် သူ့ခေါင်းကိုတိုးလျှိုထားကာ သူမက
ကိုယ်သင်းရနံ့ကို ခံစားနေရုံမက နူးညံ့သင်းပျံ့နေတဲ့ သူမခန္ဓာကိုယ်ကိုလည်း
ထိတွေ့ခံစားနေခဲ့သည်။
ထိုကဲ့သို့ဖြစ်ပျက်နေပေမယ့် ဘယ်သူမှမသင့်တော်ဘူးလို့ မတွေးခဲ့။ မင်းက
လူသေတစ်ယောက်ကို ဒေါသထွက်လို့ရနိုင်ပါ့မလား။ သေဆုံးသွားတဲ့လူကို
သွားပြီးရူးသွပ်သောင်းကျန်းနေလို့ လည်းဘာမျှအကျိုးထူးလိမ့်မည်မဟုတ်။ ရန်ကိုင်က သူ့အသက်ကို
စတေးပြီး စုယန်ကိုကယ်တင်ခဲ့သည်။ သေခြင်းတရား၏ ကြောက်မက်ဖွယ်ကောင်းမှုကို
ခံစားရမယ်အစား ကောင်းကင်ဘုံက အထိအတွေ့ကို သူခံစားခဲ့ရ၏။ ထိုမြင်ကွင်းကို
မြင်ပြီး ရှဲ့ဟုန်ချန်တစ်ယောက်တည်း၏ မျက်လုံးတွေသာ ပြောင်းလဲသွားခဲ့သည်။
နောက်ဆုံးအကြိမ် ရန်ကိုင်ကစုယန်လက်ကို ကိုင်ထားတာကို မြင်လိုက်တဲ့အချိန်တုန်းက
မနာလိုမှုကြောင့် သူရူးသွပ်မတတ်ဖြစ်သွားခဲ့ရသည်။ ထိုအရာက သူမမေ့နိုင်တဲ့
မြင်ကွင်းတစ်ခုဖြစ်ပြီး အိမ်မက်ဆိုးတစ်ခုအလား သူ့ကိုအမြဲခြောက်လှန့်နေခဲ့သည်။
ထိုအခြင်းအရာကို ပြန်တွေးလိုက်တိုင်း ဓါးပူပူတစ်လက်နဲ့ သူ့အရေပြားကို
လှီးဖြတ်နေသလို ခံစားနေခဲ့ရသည်။ ။ ဒါပေမယ့် အခုအချိန်တွင်
ထိုလူက တားဆီးထားတဲ့မျဉ်းကိုကျော်ပြီး လူမြင်ကွင်းတွင်သူမအပေါ် အကွက်
ရွေ့ခဲ့သည်။ သူဘယ်လိုလုပ်ပြီး ဒီလိုအဖြစ်အပျက်ကို သည်းခံနိုင်ပါ့မလဲ။
ထိုမြင်ကွင်းက သူစိတ်ခံစားချက်တံခါးပေါက်ကို ပွင့်ထွက်သွားစေခဲ့ပြီး နာကျည်းမှု၊
အမုန်းတရားတို့ ပေါက်ကွဲထွက်ပေါ်လာခဲ့ကာ ဒေါသထွက်နေတဲ နွားသိုးတစ်ကောင်လို
ကျိုးကြောင်းဆင်ခြင်နိုင်မှု ဆုံးရှုံးသွားခဲ့ရသည်။ ရန်ကိုင်ကို သတ်ချင်စိတ်အပြည့်နဲ့
ဒေါသတကြီးစိုက်ကြည့်နေလိုက်သည်။ ရှဲ့ဟုန်ချန်နဲ့ ပေ၁၀၀၀အကွာတွင်
ရှိနေတဲ့ ရန်ကိုင်အောက်တွင် လဲလျောင်းနေတဲ့စုယန်က မျက်ခုံးပင့်လိုက်ပြီး
ရှဲ့ဟုန်ချန်ကို အေးစက်စက်အကြည့်နဲ့ စိုက်ကြည့်လိုက်သည်။
စုယန်က သူ့ကိုအေးစက်စက်အကြည့်နဲ့ စိုက်ကြည့်လိုက်တဲ့အချိန် ရှဲ့ဟုန်ချန်က
သူ့အကြည့်ကို ချက်ချင်းပြန်ရုတ်လိုက်ပြီး မြေကြီးပေါ်ကို အကြည့်ပြောင်းလိုက်သည်။
သူ့အကြည့်ထဲတွင် စိတ်ပျက်မှု၊ နောင်တတရားတို့နှင့် ပြည့်နေခဲ့သည်။ သူသာ
ရန်ကိုင်အစား စုယန်ကိုဝင်ရောက်ကယ်တင်ပေးခဲ့ရင် ဒါတွေအားလုံးကို
ခံစားပျော်ရွှင်နေရမှာက သူပဲဖြစ်သွားမှာမလား…။ သူက ရန်ကိုင်ထက်အဆများစွာ
ပိုသန်မာတဲ့အတွက် လိပ်မိစ္ဆာသားရဲနဲ့ ဝင်တိုက်မိရင်တောင် သေခြင်းတရားကနေ
လွတ်မြောက်နိုင်ပေသေးသည်။
သူသာထိုကဲ့သလို့ လုပ်လိုက်လို့ ဒဏ်ရာရခဲ့ပေမယ့် စုယန်၏ချစ်ခင်နှစ်သက်မှုကို
ရနိုင်ခဲ့ရင် အခုရန်ကိုင်လိုမျိုး အောင်နိုင်သူတစ်ယောက် ဖြစ်နေပေလိမ့်မည်။
ဒါဆို ဘာကြောင့်လဲ…။ ထိုအချိန်တုန်းက သူဘာလို့မတုန့်ပြန်နိုင်ခဲ့ရတာလဲ။
သူဘာလို့ စုယန်ဖန်တီးထားတဲ့ ပုံရိပ်ထဲမှာပဲ နစ်မြောပြီး သူမအန္တရာယ်ထဲ ကျရောက်နေတာကို
သတိမမူမိရတာလဲ။ ဘာလို့ရန်ကိုင်က သူမပုံရိပ်မှာ နစ်မြောမသွားခဲ့ရတာလဲ။
ဒီလိုအခွင့်ကောင်းကြီးကို သူလွဲချော်သွားခဲ့ရသည်။ သူလွဲသွားခဲ့တယ်။ လေပြင်း
တစ်ချက်တိုက်ခတ်သွားပေမယ့် ကမ္ဘာကြီးကတော့ တိတ်ဆိတ်နေတုန်းပင်။
စုယန်၏ ဆံကေသာလေးတွေက လေနဲ့အတူယိမ်းနွဲ့နေပြီး ရန်ကိုင်အကျီင်္အဝတ်စလည်း
ထိုနည်းအတိုင်းပင်။ စုယန်က ပရမ်းပတာဖြစ်နေတဲ့ ကောင်းကင်ကြီးကို
ကြည့်လိုက်သည်။ သူမပါးစပ်ကနေ နူးည့ံ့ချိုသာတဲ့ တေးသီချင်းသံ
ထွက်ပေါ်လာခဲပေမယ့် ထိုသီချင်းသံကို ရန်ကိုင်ကလွဲ၍ အခြားဘယ်သူမှ မကြားနိုင်ခဲ့ပေ။
ထိုသီချင်းသံတွင် သူမတမ်းတနေရတဲ့ လူတစ်ယောက်ကို မျှော်လင့်နေတဲ့ စိတ်ခံစားချက်
အရိပ်အယောင်တွေ ပါဝင်နေခဲ့သည်။ သူမ၏လက်ကလေးတွေက ရန်ကိုင်ခေါင်းကို
မိခင်တစ်ယောက်က မိမိ၏သားကလေးကို ချော့မြူနေသလို ပွတ်သပ်ပေးနေခဲ့သည်။
သူတို့နှစ်ယောက်နှင့် မနီးမဝေးမှာရှိနေတဲ့ လိပ်မိစ္ဆာသားရဲက သူ့ရဲ့ရှေ့ခြေထောက်ကို မြှောလိုက်၏။
ရေခဲတုံးထဲတွင် ချုပ်နှောင်ထားခြင်းခံရပြီး အေးခဲ့နေပေမယ့် ရက်စက်ကြမ်းကြုတ်တဲ့ အသွင်အပြင်က
မပျောက်သေး။ ရန်ကိုင်နှင့်စုယန်တို့နှစ်ယောက်ကို သွေးပုံအဖြစ် ပြောင်းလဲပစ်ဖို့ အဆင်သင့်ဖြစ်နေတဲ့
ပုံပေါ်သည်။
သီချင်းပြီးဆုံးသွားတာနဲ့ စုယန်လည်း ရပ်တန့်လိုက်ပြီး အသက်တစ်ဝကြီးရှုလိုက်သည်။ လေညင်းက
ရန်ကိုင်၏ဆံစကို ခွဲဖြာကျသွားစေခဲ့ပြီး စုယန်က ညင်ညင်သာသာလေး ပြောလိုက်သည်‘‘ထကြစို့’’
‘‘အဲ့ဒါဘာသီချင်းလဲ’’ ရန်ကိုင်က နေရာမှာပဲ မလှုပ်မယှတ် လဲလျောင်းနေရင်း စုယန်ကို
အားပျော့ပြီး တိုးညင်းတဲ့အသံနဲ့ မေးလိုက်သည်။ စုယန်က အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီးနောက်
ဖြေးဖြေးချင်း ပြောလိုက်သည်‘‘ငါမသိဘူး။ ငါ့မှတ်ဉာဏ်ထဲက သီချင်းတစ်ပုဒ်ပဲ’’
‘‘သီချင်းကောင်းတစ်ပုဒ်ပဲ’’ ရန်ကိုင်က ဖြေးဖြေးချင်းထလိုက်သည်။ သူ့နှုတ်ခမ်းထောင့်စွန်းကနေ
သွေးတွေစီးကျနေခဲ့ပြီး သူ့မျက်နှာက ဖြူလျော်နေကာ သူ့ကိုယ်သူအားပြုရင်း တုန်တုန်ရီရီနဲ့
ထလိုက်သည်။စုယန်က ရန်ကိုင်ကို ညင်သာစွာကြည့်လိုက်သည်။ အမျိုးမျိုးသော စိတ်ခံစားချက်တွေက တည်ငြိမ်သွားခဲ့ပြီး ပျောက်ကွယ်သွားကာ အေးစက်မှုသာ တည်ရှိတော့သည်။ ရန်ကိုင်သက်ပြင်း
ချလိုက်သည်။ အစ်မကြီးက သူမရင်ထဲက ခံစားချက်တွေကို အတင်းအကြပ် ဖိနှိပ်ထားပြီး
အေးခဲနေတဲ့ ရေကန်တစ်ကန်လို သူမ၏တည်ငြိမ်မှုကို ထိန်းသိမ်းထားတယ်ဆိုတာ ရန်ကိုင်သိနေခဲ့သည်။
စုယန်က ရန်ကိုင်ကူမပေးလိုက်ပြီး သူတို့နှစ်ယောက်စလုံး အတူတူထလိုက်ကြသည်။
စုယန်က ဖုံတွေနဲ့ပေကျံနေခဲ့ပြီး သူမဆံပင်တွေကလည်း ရှုပ်ပွနေခဲ့သည်။ဒါပေမယ့် သူမက
မြင့်မြတ်တဲ့အော်ရာကို ပေးစွမ်းနိုင်သေးပြီး သူမ၏အရှိန်အဝါကလည်း ပျောက်ပျက်သွားခြင်း
မရှိသေးပေ။ ‘‘ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’’ လူများစွာက ထိတ်လန့်တကြား အော်လိုက်မိသည်။
လူတိုင်းက ဖြူဖတ်ဖြူလျော်ဖြစ်နေတဲ့ ကောင်လေးကို မယုံကြည်နိုင်မှုအပြည့်နဲ့ ကြည့်လိုက်ကြသည်။
သေသွားပြီးလို့ သူတို့ထင်နေတဲ့လူက အခုအချိန်တွင် မတ်တပ်ရပ်နေခဲ့သည်။ သူဒဏ်ရာရခဲ့ပေမယ့်
ထိုဒဏ်ရာက သူ့အသက်ကို မခြိမ်းခြောက်နိုင်ခဲ့ပေ။ သူပုံစံက ဖြူဖတ်ဖြူလျော်နဲ့ လေတိုက်ရင်တောင်
လဲကျမယ့်ပုံစံမျိုးပေါက်နေပေမယ့် သူအသက်အန္တရာယ်က လွတ်မြောက်နိုင်ခဲ့လေပြီ။
သူ့ခန္ဓာကိုယ်က သံနဲ့များလုပ်ထားတာလား။ အဲ့တိုက်ချက်ကြီးကိုတောင်ခုခံပြီး အသက်ရှင်နေနိုင်သေးတာလား။
ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ သွေးတိုက်ပွဲဂိုဏ်းဘက်မှာတော့ လုံဂျွန်မေးရိုးက မြေကြီးပေါ်ကျလုမတတ်
သူ့ပါးစပ်ကပွင့်အာနေခဲ့သည်။ ထိတ်လန့်မှုကြောင့် စကားတစ်ခွန်းတောင် မပြောနိုင်တော့။
ဟူကျောင်းအာနှင့်ဟူမေးအာတောင် သူတို့ရဲ့ထိတ်လန့်မှုကို တည်ငြိမ်အောင်မလုပ်နိုင်သေး…
အသက်ပြင်းပြင်းရှုရှိုက်ရင်း ထိတ်လန့်မှုကို တည်ငြိမ်အောင် မနည်းကြိုးစားနေရသည်။ ဟူမေးအာကတော့
သူမရင်ဘတ်ပေါ်က အလေးတုံးကြီးတစ်လုံး ဖယ်ရှားခံလိုက်ရသမျိုး စိတ်သက်သာရာ ရနေတဲ့ပုံပေါက်ပြီး
သူမမျက်နှာပေါ်မှာတော့ အပြုံးပန်းကြီးပွင့်လန်းနေခဲ့သည်။ သူမမျက်လုံးတွေက မျက်ရည်တွေနဲ့
တလက်လက်တောက်ပနေခဲ့ပြီး သူမကိုယ်သူမ တိတ်တဆိတ် ပြောလိုက်သည်‘‘ကောင်းတယ်၊
ကောင်းတယ်’’ ပြောပြီးတာနဲ့ သူမပါးစပ်ကိုလက်နဲ့အုပ်ပြီး ငိုတော့လေသည်။
ထိုစုံတွဲနှစ်ယောက်ကို ကြည့်နေတဲ့ ဟူကျောင်းအာကလည်း အလျင်စလို သူမလက်ကိုမြှောက်လိုက်ပြီး
မျက်ရည်တွေကို သုတ်လိုက်၏။ သူမနဲ့ပက်သက်ပြီး ဘာတွေဖြစ်နေတာပါလိမ့်။ ဟူကျောင်းအာ
ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ ရန်ကိုင်ကိုလည်း သူမမနှစ်သက်သလို မခံစားရတော့ချေ။
ဒါပေမယ့် တစ်ခဏတာလောက် သူမနှလုံသားထဲ စူးအောင့်သွားသလို ခံစားလိုက်ရ၏။
ဒါပေမယ့် အခုလိအချိန်မျိုးတွင် ဘယ်သူမှသူမကို ဂရုပြုမိမှာမဟုတ်ဘူးဆိုတာ
ဟူကျောင်းအာသိပေသည်။
သူမကောင်းကောင်းမသိတဲ့လူတစ်ယောက်အတွက်နဲ့ မျက်ရည်ကျတာလည်း ဖြစ်နိုင်တာပဲလေ။
ထို့ပြင် သူမသူ့ကိုဆက်ပြီးမမုန်းတော့ပေမယ့် သူ့အပေါ်ကောင်းမွန်တဲ့ခံစားချက်လည်း မရှိပေ။
သူမ၏ညီမငယ်လေးကို ကြည့်ရင်း သူမစိတ်ထဲသက်သာရာ ရသွားသလို ခံစားလိုက်ရသည်။
ဟူကျောင်းအာ၏ မျက်လုံးထဲတွင် လက်လျော့ပေးသော၊ စိတ်ရှုပ်နေသော အရိပ်အယောင်တွေကို
တွေ့နေရသည်။ မုန်တိုင်စံအိမ်ကဖန်ဇီကျိ၏ မျက်လုံးတွေက စိတ်သက်သာရာရမှုနှင့် တောက်ပသွားခဲ့ပြီး
ဖြေးဖြေးချင်း ပြောလိုက်သည်‘‘ညီမဒူ၊ သူအသက်ရှင်နေသေးတယ်’’
ဒူရီရွှမ်းက စိတ်လှုပ်ရှားသွားခဲ့ပြီး သူမ၏ပါးနှစ်ဖက်ကလည်း ရဲရဲနီသွားခဲ့သည်။ သူမရင်ဘတ်ကို
ပုတ်လိုက်ပြီး ပြောလိုက်သည်‘‘ သူငါ့ကိုတော်တော်းလေး ထိတ်လန့်အောင်လုပ်တာပဲ။ သူသာ
သေသွားခဲ့ရင် တော်တော်လေး သနားစရာကောင်းမှာ။ သူကလူကောင်းတစ်ယောက်ပဲလေ’’
ကောင်းကင်စံအိမ်ဘက်မှာတော့ ရှဲ့ဟုန်ချန်က ရှုံးနိမ့်သွာတဲ့လူတစ်ယောက်လို ဖြစ်နေခဲ့ပြီး
သူ့ပုံစံက အသက်မရှိတော့တဲ့အတိုင်းပင်။ ငါသာအခွင့်အရေးကို လက်မလွှတ်ခဲ့ရရင်…..
အခုအချိန်တွင် ရန်ကိုင်က စုယန်ချစ်မြတ်နိုးရတဲ့လူတစ်ယောက် ဖြစ်လာခဲ့ပြီ။ သူကတော့
သူတို့နှစ်ယောက်ကို ကြည့်ရင်း သေလောက်အောင် မနာလိုနေခဲ့ရသည်။ အခုလိုနာကျင်မှုမျိုး၊
ရှုံးနိမ့်မှုမျိုး သူဘယ်တုန်းကမှ မခံစားဖူးခဲ့…အခုအချိန်တွင် သူဘာကိုမှသေချာမတွေးတောနိုင်တော့ချေ။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၄) ကြယ်အမှတ်အသား၏ အစွမ်း
လန်ချူးတျယ်က ရန်ကိုင်ကိုကြည့်ရင်း အိမ်မက်ထဲမှာမျောနေသည့်အလား သူမမျက်လုံးတွေက တောက်ပ
နေခဲ့သည်။ လိပ်မိစ္ဆာသားရဲနှင့်တိုက်ခိုက်တုန်းက သူမဒဏ်ရာအနည်းငယ်ရခဲ့ပြီး သူမ၏ သန့်ရှင်း
သန့်ပြန့်နေတဲ့အဝတ်အစားတွေက အခုအချိန်တွင် သွေးတွေနဲ့စွန်းထင်းနေခဲ့လေပြီ။ သူမ၏အသက်ရှုသံ
လေးလံသွားခဲ့ပြီး သိပ်မကြာခင်မှာပဲ မြန်သထက်မြန်လာခဲ့သည်။ လိပ်မိစ္ဆာသားရဲအရိပ်အောက်က
ယောကျာ်နှင့်မိန်းမစုံတွဲကိုကြည့်ရင်း သူမစိတ်ထဲတွင်ခံစားချက်တစ်ခု လှိမ့်တက်လာခဲ့သည်။ စုယန်ကို
ကယ်တင်ခဲ့တဲ့သူက သူ့အသက်ကိုလျစ်လျူခဲ့တဲ့အတွက် ထိုအဖြစ်အပျက်က ရှိနေတဲ့မိန်းမတိုင်း၏
နှလုံသားထဲတွင် လေးနက်တဲ့အထင်ကြီးမှုကို ဖြစ်ပေါ်စေခဲ့သည်။ လန်ချူးတျယ်လည်း ချွင်းချက်မဟုတ်ချေ။
ယောကျ်ားတစ်ယောက်သာ မိန်းမတစ်ယောက်အတွက် သူ့ကိုယ်ပိုင်အသက်ကိုသာမက အရာအားလုံးကိုပါ
ပေးဆပ်ဖို့ ဆန္ဒရှိနေခဲ့မယ်ဆိုရင် သူကသူမထက်အားနည်းနေခဲ့ရင်တောင် သူမကဘာလို့သူနဲ့အတူ
ရှိမနေနိုင်ရမှာလဲ။ မိန်းမတွေရဲ့တောင်းဆိုချက်က တစ်ခါတစ်ရံတွင် များပြားတတ်ပြီး တစ်ခါတစ်ရံတွင်
နည်းနေတတ်သည်။ တစ်ခါတစ်ရံ စကားလုံးအနည်းငယ်၊ အပြုအမူအနည်းငယ်က သူမတို့၏
နှလုံသားတံခါးကို ပွင့်သွားစေနိုင်ပြီး လှပတဲ့ပုံရိပ်တစ်ခုကို သူမတို့၏နှလုံသားထဲတွင် ချန်ထားရစ်နိုင်လေသည်။
အခုလိပ်မိစ္ဆာသားရဲ၏အရိပ်အောက်တွင် ရပ်နေတဲ့မိန်းကလေးက သူမချစ်မြတ်နိုးရတဲ့ ယောကျ်ားကို
တွေ့သွားခဲ့လေပြီ။ သူမမပျော်ပဲ ဘယ်နေပါ့မလဲ။
ဒါပေမယ့် ထိုမတော်တဆ အဖြစ်အပျက်ကို ပြန်သတိရလိုက်တာနဲ့ လန်ချူးတျယ်စိတ်ပျက်သွားခဲ့ပြန်သည်။
သူမကိုယ်သူအားတင်းပြီး ပြုံးလိုက်သည်။ ‘‘နင့်မှာတိုက်ဖို့ အာရောကျန်သေးရဲ့လား’’ ရန်ကိုင်က
လိပ်မိစ္ဆာသားရဲကို ညွှန်ပြရင်းစုယန်ကိုမေးလိုက်သည်။ ‘‘ငါ့မှာအားနည်းနည်းလေးတောင် မကျန်တော့ဘူး’’
စုယန်က ဖြေးဖြေးချင်းခေါင်းခါလိုက်၏။ ‘‘ ငါတို့မြန်မြန်လုပ်ရမယ်။ ဒီမိစ္ဆာသားရဲက အရမ်း
သန်မာလွန်းတယ်။ ငါမိစ္ဆာသားရဲကို မိနစ်ဝက်လောက်ပဲ အေးခဲထားနိုင်လိမ့်မယ်။ ငါတို့သာ
အခုမထွက်သွားရင် ငါတို့ဘယ်တော့မှအသက်ရှင်လျက် ထွက်သွားနိုင်တော့မှာမဟုတ်ဘူး’’
‘‘ငါတို့သွားရမယ်ဆိုရင်တောင် ဘယ်ကိုသွားရမှာလဲ’’ ရန်ကိုင်က ရယ်လိုက်ပြီး‘‘ အဲ့ကောင်က
ရှဲ့ဟုန်ချန်နောက်လိုက်နေတာ။ ဒါပေမယ့် အခုတော့ နင့်နောက်ကိုလိုက်မှာကျိန်းသေပဲ။ နင်ကျန်ခဲ့မှပဲ
ငါတို့လွတ်မြောက်နိုင်လိ့မ်မယ်’’ ‘‘အဲ့လိုဆိုရင်လည်း ငါထွက်သွားမယ်။ ငါ့ကြောင့်နဲ့ ကောင်းကင်စံအိမ်ကို
ထိခိုက်မှာမလိုလားဘူး’’ ‘‘နင်ဘာလုပ်နိုင်မှာလဲ’’ ရန်ကိုင်က ပြောလိုက်သည်‘‘စီနီယာအစ်မ၊
နင့်ကိုယ်နင် အရမ်းအမြင့်ကြီးတွေးနေတာပဲ’’ စုယန်က ရန်ကိုင်ကိုအံ့အားသင့်စွာကြည့်လိုက်သည်။
(သူငါ့ကိုအပြစ်တင်နေတာလား။ သူတကယ်ပဲငါ့ကို အပြစ်တင်ရဲတယ်။ စံအိမ်အကြီးအကဲတွေတောင်
အခုလိုမျိုးဘယ်တုန်းကမှ ငါ့ကိုမပြောဖူးဘူး) စုယန်က ရန်ကိုင်ပြေတာကိုသဘောမတူပေမယ့် သူ့ကိုတော့
ဒေါသမထွက်ခဲ့ချေ
‘‘ကောင်းကင်စံအိမ်တပည့်တွေကို တစ်ချက်ကြည့်လိုက်ပါဦး’’ ရန်ကိုင်က တပည့်တွေကိုညွှန်ပြရင်း
ပြောလိုက်သည်။ အချို့တပည့်တွေက အမောတကော အသက်ရှုနေကြပြီး အချို့ကတော့
တင်ပလင်ခွေထိုင်ကာ အားပြန်ဖြည့်နေကြသည်။ ‘‘နင်ထွက်သွားရင်တောင် ဒီမိစ္ဆာသားရဲက
သူတို့ကိုမသတ်ဘူးလို့ အာမခံနိုင်လို့လား။ နင်မရှိဘူးဆိုရင် သူတို့အားလုံး အလျင်အမြန်နဲ့
သေသွားကြမှာပဲ’’ ‘‘အဲ့ဒါဆိုရင် ငါတို့ဘာလုပ်သင့်တယ်လို့ နင်ထင်လဲ’’ စုယန်က မေးခွန်း ထုတ်လိုက်သည်။
‘‘ရှင်းပါတယ်။ ငါတို့အဲ့ကောင်ကိုသတ်ရမှာပေါ့’’ ရန်ကိုင်ကပြုံးလိုက်ပြီး သူ့နဖူးမှာတော့ အေးစက်စက်
ချွေးသီးတွေသီနေခဲ့သည်။
‘‘သတ်ဖို့လား’’ စုယန်က ရန်ကိုင်၏ မျက်နှာပြောင်တိုက်ပြီး အချို့သူတွေသာလုပ်မယ့် အလုပ်ကို
လုပ်မယ်ဆိုတဲ့အတွက်ကြောင့် တုန်လှုပ်ခြောက်ခြားသွားခဲ့ရသည်။ မိစ္ဆာသားရဲကနေ
ထွက်ပြေးရင်တောင် သူတို့အသက်ကလေးတွေကို သေမင်းဆီကနေ ဈေးဆစ်လို့ ရနိုင်ပေသေးသည်။
ဒါပေမယ့် အဲ့ကောင်ကြီးကိုသတ်ဖို့လား။ ရန်ကိုင်နှင့်စုယန်တို့စကားပြောနေတုန်း ရေခဲတုံး
အတွင်းမှာပိတ်မိနေတဲ့ မိစ္ဆာသားရဲက တစ်ခုခုကိုနားလည်ပုံရသည်‘‘ အချိန်ဘယ်လောက်ကုန်သွားပြီလဲ’’
‘‘ငါတို့မှာဆွေးနွေးဖို့ အချိန်မရှိတော့တဲ့ပုံပဲ’’ ရန်ကိုင်က သူ့လက်ကိုဝှေ့ရမ်းရင်း စုယန်ကို ပြောလိုက်သည်
‘‘ နင်အရင်ပြန်ဆုတ်နှင့်။ ငါဒီကောင့်ကိုသတ်ဖို့ကြိုးစားကြည့်မယ်။ ဒါပေမယ့် ငါတို့မအောင်မြင်ရင်တောင်
ထွက်ပြေးဖို့ အချိန်ရမယ်လို့မျှော်လင့်ရတာပဲ’’
ရေခဲအက်ကွဲသံတွေက တဖြည်းဖြည်းပိုကျယ်လာခဲ့သည်။ အေးခဲနေတဲ့မိစ္ဆာသားရဲက သူ့ရဲ့ခန္ဓာကိုယ်ကို
လှုပ်ခါဖို့ကြိုးစားနေပြီး နီရဲနေတဲ့မျက်လုံးတွေနဲ့ ရန်ကိုင်နဲ့စုယန်ကိုစိုက်ကြည့်လိုက်သည်။ လိပ်မိစ္ဆာသားရဲကြီး
အတွက်တော့ သူတို့နှစ်ယောက်က ပုရွက်ဆိတ်တမျှ သေးငယ်လှပေသည်။ ‘‘ဆုတ်တော့’’ ရန်ကိုင်က
စုယန်လှုပ်ရှားတာကို မတွေ့ရတဲ့အတွက် သူမကိုအော်ပြောလိုက်သည်။ စုယန်လည်း ချက်ချင်းပဲ
မိစ္ဆာသားရဲဆီကနေ ဝေရာကိုသွားလိုက်သည်။ ဒဏ်ရာရပြီးကျန်ရှိနေတဲ့တပည့်တွေလည်း ထိုနည်း
အတိုင်းပင်။ ရန်ကိုင်က မိစ္ဆားသားရဲရှေ့တွင် တောင်တစ်လုံးလို မြဲမြံစွာရပ်နေခဲ့သည်။ ရန်ကိုင်က
ယုံကြည်ချက်ရှိနေတဲ့ နံရံတစ်ခုအလား မိစ္ဆာသားရဲရှေ့တွင် ရပ်နေလိုက်ပြီး ကြည်ရှုနေသူတွေ
အတွက်လေဒဏ်၊မိုးဒဏ်မှ ကာကွယ်ပေးနိုင်တဲ့ အကာအရံကြီးတစ်ခုအလား…။
သူ့လက်ကိုဖြေးဖြေးချင်းမြှောက်လိုက်သည်။ ကြည့်နေတဲ့သူတွေလည်း ဘာပုံမှန်မဟုတ်တာကိုမှ
မတွေ့ခဲ့ရ၊ ဒါပေမယ့် တစ်ထောင်၊တစ်သောင်းသော လက်ပေါင်းများစွာ၏ စွမ်းအားထွက်ပေါ်လာပြီး
ကီလိုဂရမ်း၅၀၀၀လောက်ရှိသာ တူကြီးတစ်လက်အတွင်းမှာရှိတဲ့ စွမ်းအားတွေအဖြစ် ပေါင်းစည်း
သွားတာကို ခံစားမိလိုက်သည်။
‘ခရက်’ အရိုးကျိုးသံထွက်ပေါ်လာခဲ့သည်။
ကြယ်ရောင် တလက်လက်တောက်ပလာခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ အရှိန်အဟုန်တစ်ခု
ရန်ကိုင်ဆီကနေ ပေါက်ကွဲထွက်လာခဲ့သည်။ သူ့အဝတ်အစားတွေကလည်း တဖြတ်ဖြတ်လှုပ်ခါနေပြီး
သူ့ဆံပင်တွေကလည်း လေနဲ့အတူယိမ်းနွဲ့နေလေသည်။ ‘‘လူတိုင်း’’ သူ့ခန္ဓာကိုယ်မှ
ပေါက်ကွဲထွက်လာခဲ့သော မကုန်ခမ်းနိုင်သော ခွန်အားနဲ့ရန်ကိုင်က အော်ဟစ်လိုက်သည်။
နောက်ဆုံးတော့ သူ့ညာဘက်လက်လည်း ထစ်ကြိုးမြည်ဟည်းသံနှင့်အတူ ရပ်တန့်သွားခဲ့ပြီး
သူ့လက်ဝါးကို လက်သီးအဖြစ် ပြောင်းလိုက်၏။
ရန်ကိုင်ရပ်နေတဲ့နေရာက ကြယ်တာယာညကောင်းကင် တစ်ခုအလား တောက်ပလာခဲ့သည်။
သူ့ညာဘက်လက်သီးတစ်ခုလုံး မျက်စိကျိန်းလောက်တဲ့ အလင်းရောင်နဲ့ ဖုံးလွှမ်းထားခဲ့သည်။
ဖြေးညှင်းစွာနဲ့၊ သူ့လက်ကတစ်လက်မချင်းစီ ရွေ့လာခဲ့ပြီး မူလနေရာမှ ရွေ့သွားရင်း
စွမ်းအားလည်း တဖြည်းဖြည်းတိုးမြင့်လာခဲ့သည်။ ‘‘ မင်းသာဆန္ဒရှိမယ်ဆိုရင်……’’ ရန်ကိုင်က
ဖြေးဖြေးချင်းပြောလိုက်ပြီး သူ့မျက်လုံးတွေ နီရဲလာခဲ့သည်။ သူ့လက်သီးထဲတွင် ရှိနေတဲ့
စွမ်းအားတွေကို အစွမ်းကုန်သုံးပြီး ထိန်းချုပ်နေခဲ့သည်။
‘‘အဲ့ဒါက ဘယ်လိုသိုင်းပညာရပ်မျိုးကြီးလဲ’’ ဖန်ဇီကျိ၏ မျက်နှာအမူအရာ အပြောင်းကြီးပြောင်းလဲသွားခဲ့သည်။
သူတို့က ရန်ကိုင်နှင့် ပေ၁၀၀၀လောက် ဝေးကွာနေပေမယ့် ထိုသေးငယ်ပြီးတစ်ခုတည်း ထီးထီးရှိနေသော
လက်သီးထဲတွင် စုစည်းနေတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားကိုအလွယ်တကူခံစားမိပေသည်။
ပြီးတော့ ထိုလက်သီးက စွမ်းအားစုဆောင်းတုန်းပင်ရှိသေးသည်။ ရပ်တန့်မယ့်အရိပ်အယောင်တစ်ချက်မှ
မပြသေး။ အခုတောင် တော်တော်လေး ကြောက်မက်ဖွယ်ကောင်းနေတာကို ထိုလက်သီးသာ အားစုလို့
ပြီးသွားလို့ကတော့ ဘာတွေဖြစ်ပျက်လာမယ်ဆိုတာက အဖြေမရှိတဲ့ ပုစ္ဆာတစ်ခုအလား။ ဘယ်လို
ကြောက်မက်ဖွယ်အရာတွေကို ဖြစ်ပျက်စေမှာလဲ…။
‘‘အရမ်းလှတာပဲ’’ ဟူမေးအာနှင့်ဟူကျောင်းအာတို့နှစ်ယောက် တစ်ပြိုင်တည်းပြောလိုက်ကြသည်။
ညဘက်ကောင်းကင်ယံလို နေရာတိုင်းတွင် တလက်လက်တောက်ပနေတဲ့ ကြယ်တွေ ရှိနေခဲ့သည်။
ကြည့်ရှုနေတဲ့လူတိုင်း ထိုမြင်းကွင်း၌နစ်မြောသွားခဲ့ပြီး သူတို့ရင်ဆိုင်နေရတဲ့ အန္တရာယ်တွေကိုတောင်
မေ့လျော့သွားခဲ့သည်။ ရန်ကိုင်အောက်ရှိ မြေပြင်လည်း လှုပ်ခါလာခဲ့ပြီး ထိုကဲ့သို့ကြီးမားလွန်းလှသော
စွမ်းအာကိုတောင့်ခံနိုင်ဖို့ရာ မစွမ်းနိုင်ခဲ့ချေ။ အက်ကွဲကြောင်းတွေထွက်ပေါ်လာခဲ့ပြီး သူ့ခန္ဓာကိုယ်လည်း
မြေကြီးထဲတွင် တဖြည်းဖြည်းနစ်မြုပ်လာခဲ့ပြီး ခြေထောက်တွေကလည်း ကွေးညွတ်သွားခဲ့သည်။
မိစ္ဆားသားရဲကြီးကလည်း ရေခဲအကျဥ်းထောင်ကနေ လွတ်မြောက်ဖို့ရာ အစွမ်းကုန်ကြိုးစားနေခဲ့သည်။
သူ့ရဲ့မျက်လုံးနီနီကြီးထဲတွင် နာကျည်းမှု၊အမုန်းတရားတွေမရှိတော့ပဲ ထိတ်လန့်တုန်လှုပ်မှု၊ ကြောက်ရွံ့မှု
တို့နှင့်သာ ပြည့်နေခဲ့ပြီး ထွက်ပြေးဖို့ အပြင်းအထန်ကြိုးစားနေခဲ့သည်။ သူကရန်ကိုင်လက်သီးကို
အရာအားလုံးထက် ပိုပြီးကြောက်ရွံ့နေပုံရ၏။ လိပ်မိစ္ဆာသားရဲက နှစ်ပေါင်းများစွာချိတ်ပိတ်ထားခြင်းခံရပြီး
အားနည်းနေခဲ့သည်။ ထိုလိပ်မိစ္ဆာသားရဲအဖို့ သူ့အသိစိတ်ကိုပြန်ရဖို့ရာ မလွယ်ကူခဲ့…။ အိပ်စက်ပြီး
နိုးထလို့ မကြာခင်မှာပဲ နောက်တစ်ကြိမ် အဆုံးမရှိ ပြန်အိပ်စက်ရမယ့် အဖြစ်မျိုး သူမကြုံတွေ့ချင်။
ဒါပေမယ့် ရေခဲအကျဥ်းထောင်က သူ့လှုပ်ရှားမှုတွေကို ကန့်သတ်ထားခဲ့သည်။
‘‘ အဲ့လိုဆိုလည်း ငါ့ကိုလည်းတစ်ချက်လောက် ကူညီပါဦး……’’ ရန်ကိုင်က သူ့ပါးစပ်ကိုတတိယအကြိမ်
မြောက်အဖြစ် ဖွင့်လိုက်သည်။ အခုအချိန်တွင် သူ့့၌စကားအများကြီး ပြောဖို့အချိန်မရှိ….လက်သီးထဲကို
စွမ်းအင်တွေ စုစည်းရာတွင် အာရုံစူးစိုက်ထားရ၏။ ထိုစကားလုံးအနည်းငယ်က သူပြောချင်တဲ့
အဓိပ္ပါယ်ကို ရှိနေတဲ့လူအားလုံးကို သိသွားစေခဲ့ပြီး သူ့ကိုယ်တိုင်ကလည်း ထိုလက်သီးထဲကိုစွမ်းအား
စုဆောင်းဖို့ အာရုံစိုက်နေရတယ်ဆိုတာ နားလည်သွားစေခဲ့သည်။
စကားအနည်းငယ် ပြောပြီးနောက် ရန်ကိုင်က ကြယ်တာရာညကောင်းကင်ယံနှင့်အတူ လေထဲကို
ခုန်လိုက်ပြီး အရှိန်မြင့်လိုက်သည်။ ကြယ်ရောင်တွေမှ အဆုံးမရှိတဲ့ရောင်စဉ်တန်းတွေ ဖြာထွက်နေခဲ့ပြီ
အရာရာကိုကျော်လွှားနိုင်မယ့်စွမ်းအာကို ထုတ်လွှတ်ပေးနေခဲ့သည်။ စက္ကန့်အနည်းငယ်အတွင်း
ရန်ကိုင်က မြေပြင်အထက် ပေ၁၀၀အမြင့်ကို ရောက်ရှိသွားခဲ့ပြီး ချက်ချင်းပဲ လိပ်မိစ္ဆာသားရဲရှိရာနေရာကို
ဦးတည်သွားလိုက်သည်။ ရုတ်တရက် ရေခဲအလွှာအက်ကွဲသွားခဲ့ပြီး ကျယ်လောင်လှတဲ့ ဟိန်းသံတစ်သံ
လူတိုင်းနားထဲကို ထိုးဖောက်လာခဲ့ပြီး နာစည်ကိုတောင် တုန်ခါသွားခဲ့သည်။
‘‘ဝေါင်းးးးးးး……………’’ နားပင်လောက်တဲ့ဟိန်းသံတစ်ခု ထွက်ပေါ်လာခဲ့ပေမယ့် ထိုဟိန်းသံထဲတွင်
အရင်တုန်းကလို ဖိနှိပ်ချုပ်ချယ်လိုတဲ့ စွမ်းအင်တွေ မပါရှိတော့ပဲ ထိတ်လန့်ကြောက်ရွံ့မှုတို့သာ
ပါဝင်နေခဲ့သည်။ ‘‘ငါ့ကိုကူဦး’’ ရန်ကိုင်အော်ပြောလိုက်သည်။ သူ့အသံက
မိစ္ဆာသားရဲ၏ ဟိန်းသံနှင့်ယှဉ်ပြီး ထွက်ပေါ်လာခဲ့ပေမယ့် အားမနည်းခဲ့။ လူတိုင်းလည်း သူ့အော်သံကို
ပြတ်ပြတ်သားသား ကြားလိုက်ရ၏။ သူ့လက်သီးတစ်ခုလုံး ကြယ်ရောင်တွေကလွှမ်းခြုံသွားခဲ့သည်။
ကြယ်ရောင်တွေက သူ့လက်ကို အရှိန်မြန်မြန်နဲ့ လှည့်ပတ်နေခဲ့သည်။ တစ်စက္ကန့်လောက်
မြန်ဆန်ပြီး တောက်ပသွားပေမယ့် နောက်တစ်စက္ကန့်မှာတော့ နှေးကွေးပြီးမှိန်ကျသွားခဲ့သည်။
ထိုတစ်သမတ်တည်း မရှိတဲ့အလင်းရောင်ကို ကြည့်ရင်း လူတိုင်းအသက်ရှုဖို့ မေ့လျော့နေခဲံသည်။
‘ဘုန်း’ ရန်ကိုင်လက်သီးက လိပ်မိစ္ဆာသားရဲ၏ ဦးခေါင်းပေါ်ကိုကျသွားခဲ့သည်။
မိုးခြိမ်သံလိုမျိုး ကျယ်လောင်ပြင်းထန်တဲ့အသံတစ်သံ ပေါက်ကွဲထွက်လာခဲ့သည်။ ထိုကဲ့သို့
လက်သီးသေးသေးလေးနဲ့ လိပ်မိစ္ဆာသားရဲကို ထိုးနေတာကိုကြည့်ရတာ တကယ်ကို ရယ်စရာ
ကောင်းပေသည်။ ဒါပေမယ့် ထိုလက်သီးတစ်ချက်က လူတိုင်း၏နှလုံးသားထဲ ကြောက်ရွံ့တုန်လှုပ်မှုကို
ရိုက်သွင်းပေးလိုက်နိုင်ပြီး သူတို့၏နှလုံးသားထဲ၊ စိတ်ဝိဉာဉ်ထဲအထိ တံဆိပ်ခတ် နှိပ်ထားလိုက်နိုင်ခဲ့သည်။
လိပ်မိစ္ဆာသားရဲ၏ ဦးခေါင်းဆီမှ ရောင်ခြည်တန်းတွေ ဖြာထွက်လာခဲ့သည်။ ကြယ်တံခွန်တစ်ခုလို
ပြင်းထန်တဲ့ စွမ်းအားတွေကို သယ်ဆောင်ထားတဲ့ လက်သီးက လိပ်မိစ္ဆာသားရဲကို
ယိမ်းထိုးသွားစေခဲ့ပြီး ထိုနေရာတစ်ခုလုံး ဖုံတွေနဲ့ဖုံးလွှမ်းသွားခဲ့သည်။(အံဖွယ်ပဲ) ထိုအတွေးက
ကြည့်နေတဲ့သူတွေရဲ့အားလုံး၏ စိတ်ထဲတွင်ဖြစ်ပေါ်လာခဲ့သည်။
အားပြင်းလွန်းတဲ့အတွက်ကြောင့် ရန်ကိုင်တောင် နောက်ပြန်စင်ထွက်လာခဲ့ပြီး လေထဲတွင်
နှစ်ပတ်သုံးပတ်လောက် ကျွမ်းထိုးပြီးမှ မြေကြီးပေါ်ပြုတ်ကျလာခဲ့ရသည်။ သူ့ညာဘက်လက်တစ်ခုလုံး
သွေးချင်းနီနေခဲ့ပြီး ထိန်းမရအောင် တုန်ရီနေခဲ့သည်။ သူ့ကိုယ်သူတည်ငြိမ်အောင်လုပ်ဖို့
အချိန်အနည်းငယ် ယူလိုက်ရသည်။ သူနဲ့မီတာအနည်းငယ် အကွာတွင်ရှိနေတဲ့ လိပ်မိစ္ဆာသားရဲကို
အထင်တသေးကြည့်နေရင်း အားနည်းလှတဲ့ခန္ဓာကိုယ်ကနေ သွေးဆာတဲ့အော်ရာတွေကို
ထုတ်လွှတ်နေခဲ့သည်။
ထိုအချိန်တွင် လူတိုင်းအလိုလို သက်ပြင်းရှိုက်လိုက်မိသည်။ အားလုံး၏မျက်လုံးများသည်
မယုံကြည်နိုင်မှု၊တုန်လှုပ်ခြောက်ခြားမှုတွေနဲ့ ပြည့်နေခဲ့သည်။ စုယန်တောင် နှေးကွေးအောင်ပဲ လုပ်နိုင်တဲ့
မိစ္ဆာသားရဲတစ်ကောင်ကို ကောင်လေးတစ်ယောက်က နောက်ဆုတ်သွားအောင် လုပ်နိုင်ခဲ့မယ်လို့
ဘယ်သူမှမတွေးဖူးခဲ့။ ထိုကြယ်တာရာညကောင်းကင်အကြောင်း ပြန်တွေးလိုက်တဲ့အချိန်
ထိုလှပလွန်းတဲ့ ကြယ်တွေက အခုလိုကြောက်မက်ဖွယ်ကောင်းလွန်းတဲ့ အဖျက်စွမ်းအားကို
ထုတ်လွှတ်ပေးနိုင်မယ်လို့ ဘယ်သူမှမထင်ထားခဲ့ပေ။
မိစ္ဆာသားရဲ၏ ဆန့်ကျင်ဘက်တွင် ရပ်နေတဲ့နောက်ကျောပြင်ကိုကြည့်ရင်း စုယန်လုံးနှလုံးသားလေး
မြင်းရိုင်းတစ်ကောင်လို ထိန်းမရအောင် ခုန်ပေါက်နေခဲ့သည်။ ထိုမြင်ကွင်းကို သူမတစ်ဘဝလုံး
ဘယ်တော့မှမေ့ပျောက်လို့ ရတော့မည်မဟုတ်ဘူးဆိုတာကို သူမသိနေခဲ့သည်။ သူမမပြီးမြောက်နိုင်တဲ့
အလုပ်ကို ပြီးမြောက်အောင်လုပ်နိုင်ခဲ့တဲ့ သူမထက်ငယ်ရွယ်သော ကောင်လေးတစ်ယောက်၏
ကျောပြင်ကို တွေဝေမိန်းမောလျက် ငေးကြည့်နေမိသည်။ ဟူမေးအာမျက်နှာက ရှက်သွေးဖြာပြီး
နီရဲသွားခဲ့သည်။ ရန်ကိုင်ကိုတုန်လှုပ်ခြောက်ခြားနေတဲ့ အမူအရာနဲ့ ကြည့်နေလိုက်သည်။
ဟူကျောင်းအာကတော့ ရန်ကိုင်ကိုကြည့်ရင်း နှလုံးခုန်သံမြန်လာခဲ့၏။
(ဘာကြီးလဲ) ဟူကျောင်းအာ ဂနာမငြိမ် ဖြစ်သွားခဲ့ရသည်။ သူမအခုခံစားနေရတဲ့ ခံစားချက်က
သူမ၏ကိုယ်ပိုင်ခံစားချက်မဟုတ်၊ သူမ၏ညီမငယ်လေးဆီမှာ ကူပြောင်းလာသော ခံစားချက်
ဖြစ်၏။ သူမ၏ကိုယ်ပိုင်ခံစားချက်က အခုလိုမျိုး ရှုပ်ထွေးသွားတာကို တွေးကြည့်ရုံနဲ့တင်
ကြောက်ရွံ့မှုက သူမနှလုံးသားထဲ ဝင်ရောက်လာခဲ့သည်။ လန်ချူးတျယ်၏ နှလုံးသားလည်း
စိတ်လှုပ်ရှားမှုကြောင့် တဒုတ်ဒုတ် ခုန်နေခဲ့ပေမယ့် ဟူညီအစ်မနှစ်ယောက်နှင့်မတူညီတာက
သူမအကြည့်များတွင် မျှော်လင့်ချက်ကင်းမဲ့မှု အရိပ်အယောင်ပါဝင်နေခဲ့သည်။ သူမရင်ထဲတွင်
စိတ်ခံစားချက်တွေ ပေါက်ကွဲထွက်လာတဲ့တစ်ခဏ ရန်ကိုင်နှင့်သူမတို့ကြားက ဆက်ဆံရေးကို
ပြန်တွေးကြည့်လိုက်မိပြီး စိတ်ပျက်မှုနှင့်သာ အဆုံးသတ်သွားခဲ့ရသည်။
မှီခိုအားထားရာ ရင်ခွင်တစ်ခုဆိုတာ မိန်းမတိုင်းရှာဖွေမျှော်လင့်တောင့်တတဲ့ အရာတစ်ခု၊ ရန်ကိုင်၏
အခုလိုရဲရင့်သတ္တိရှိတဲ့ အပြုအမူက မိန်းကလေးတိုင်းကို ရင်ဖိုလှိုက်မောသွားစေခဲ့၏။ အခုလို
အားကိုးအားထား ပြုလို့ရလောက်မယ့် ကျောပြင်တစ်ခုက မိန်းမတိုင်း၏ နှလုံးသားထဲသို့
အမှတ်အသားတံဆိပ်တစ်ခုအဖြစ် အရည်ပျော်ဝင်သွားခဲ့သည်။
‘‘အံ့အားသင့်စရာပဲ’’ ဖန်ဇီကျိက သူ့နှလုံးသားထဲကနေ ပြောလိုက်သည်။ ဒါပေမယ့် လူများစွာက
သူ့လိုတော့ အကောင်းမမြင်တတ်ပေ။ သူတို့တွေက အားနည်း၊မလုံလောက်တဲ့ သူတို့၏ ကိုယ်ပိုင်
ခွန်အားကိုနားလည်ပြီး အားနည်းစိတ်ပျက်နေတဲ့အသံနဲ့ တိုးတိုးလေးရေရွတ်လိုက်သည်
‘‘ ကမ္ဘာပေါ်မှာ ဒီလိုထူးခြားတဲ့ သိုင်းပညာရပ်လည်း ရှိသလို အဲ့သိုင်းပညာရပ်ရဲ့ စွမ်းအာကို
ထုတ်ပြနိုင်တဲ့ လူတစ်ယောက်လည်း ရှိသေးတာပဲ……’’
‘‘ ဘာလို့လဲ၊ဘာလို့လဲ၊ဘာလို့လဲ’’ ရှဲ့ဟုန်ချန်က အသက်မဲ့နေတဲ့အသံနဲ့ ရေရွတ်လိုက်သည်။
‘‘အဲ့သိုင်းပညာရပ်ကို ရသွားတဲ့လူက ဘာလို့ငါဖြစ်မနေရတာလဲ။ ဘာလို့ငါမဟုတ်ရတာလဲ…။
ငါ့သာအဲ့သိုင်းပညာရပ်ကို ရခဲ့ရင် လူတိုင်းက ငါ့ကိုအာရုံစိုက်လာမှာ…ပြီးတော့ ငါလည်း
လူအများလေးစားတာကို ခံနေရမှာ။ ဘာလို့သူဖြစ်နေရတာလဲ၊ သူဘာလို့အဲ့လောက် ကံကောင်း
ေနရတာလဲ’’
‘‘မင်းတို့ဘာလို့မကူညီတာလဲ။ ဒီကောင်ကြီးသာ အခုမသေဘူးဆိုရင်…မင်းတို့
အသက်ရှင်ဖို့အတွက် ထွက်ပြေးရုံကလွဲပြီး အခြားမရှိတော့ဘူးနော်’’ ရန်ကိုင်က အသံအကျယ်ကြီးနဲ့
အော်ပြောလိုက်ပြီး သူ့အသံကလူတိုင်း၏ နားထဲတွင်ပဲ့တင်ထပ်သွားခဲ့သည်။ သူ့ပြောတာကို
ကြားတော့မှပဲ အခုအခြေအနေက ဘယ်လောက်အရေးကြီးနေလဲဆိုတာ လူတိုင်း နားလည်သွားခဲ့သည်။
စုယန်ကချက်ချင်းအော်ပြောလိုက်သည်‘‘ ငါတို့ကိုကူဦး’’
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အခန်း(၁၄၅) ဂိုဏ်း၃ဂိုဏ်း စုပေါင်းတိုက်ခိုက်ခြင်း
ဒါကကောင်းကင်စံအိမ်တပည့်သားအားလုံးကို တိုက်ခိုက်ဖို့အဆင့်သင့်ဖြစ်သွားစေခဲ့သည်။
‘‘ အစ်မကြီး’’ ဟူမေးအာက သူမအစ်မလက်ခံဖို့ရာ စိတ်အားထက်သန်စွာနဲ့ ငေးကြည့်မိလိုက်သည်။
‘‘ ကျောင်းအာ၊ ဒီကိစ္စမှာဝင်မပါကြရအောင်၊ အဲ့ကောင်ကြီးမှာ တိုက်ခိုက်ဖို့အားကျန်သေးလား၊မကျန်တော့
ဘူးလားဆိုတာ သိတာလဲမဟုတ်ဘူး။ ကောင်းကင်စံအိမ် တပည့်တွေတိုက်ခိုက်တာကိုပဲ ဘေးကနေ
စောင့်ကြည့်ရအောင်’’ လုံဂျွန်က အကြံပေးလိုက်သည်။ ‘‘ နင့်ပါးစပ်ပိတ်ထား၊ငကြောက်ကောင်’’
ဟူမေးအာက လုံဂျွန်ကိုစူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။ လုံဂျွန်လည်း ပြောစရာစကားမဲ့သွားခဲ့၏။
ဟူကျောင်းအာလည်း အပြုံးတစ်ခုကို ဖျစ်ညစ်ပြီးပြံုးပြလိုက်ရသည်။ သူမ၏ညီမငယ်လေးကို
ကြည့်လိုက်၊ထို့နောက် ရန်ကိုင်ကိုကြည့်လိုက်ရင်ဖြင့် နူးညံ့တဲ့နှလုံးခုန်သံတစ်သံက သူမနှလုံးသား
ထဲတွင်ပဲ့တင်ထပ်လာခဲ့သည်။ ထို့နောက် သူမအော်လိုက်သည်‘‘ သွေးတိုက်ပွဲဂိုဏ်းတပည့်တွေအားလုံး၊
ရှေ့တက်ပြီး သူတို့ကိုကူပေးလိုက်’’ ထို့နောက် သူမလည်း ကောင်းကင်စံအိမ်တပည့်တွေကို ကူညီရန်
အလို့ငှာရှေ့ကိုပြေးတက်သွားလိုက်သည်။ မုန်တိုင်းစံအိမ်ဘက်မှာတော့ ဒူရီရွှမ်းက ဖန်ဇီကျိကို
ကြည့်လိုက်ပြီး စိုးရိမ်စွာနဲ့ နူးညံ့သိမ်မွေ့စွာ ပြောလိုက်သည်‘‘ သူငါ့အသက်ကိုကယ်ခဲ့တယ်နော်’’
ဖန်ဇီကျိက သူမနှာခေါင်းလေးကို ညစ်လိုက်ပြီး ပြောလိုက်သည်‘‘ အဲ့လိုဆိုရင် ငါတို့တောင်ခြေမှာ
ထိုင်နေသင့်တယ်လို့ပြောရင် နင်ဘာလုပ်မှာလဲ’’
‘‘ ငါ့တစ်ဘဝလုံး နင့်ကိုစက်ဆုပ်ရွံ့ရှာသွားပြီး အထင်အမြင်သေးမိမှာပေါ့’’ ဒူရီရွှမ်းက အကြောက်အလန့်
ကင်းမဲ့စွာနဲ့ ဖန်ဇီကျိကို ပြောလိုက်သည်။ ‘‘ ဟေး……’’ ဖန်ဇီကျိလည်း ကူကယ်ရာကင်းမဲ့စွာနဲ့
ပြောလိုက်သည်‘‘ နင်ကအဲ့လိုပြောနေမှတော့ ငါကကော ဘာလုပ်နိုင်ဦးမှာလဲ’’ သူပြုံးလိုက်ကာ
‘‘ ဒီနေ့ သူရဲကောင်းတစ်ယောက်ရဲ့ ရဲရင့်သတ္တိရှိမှုက ဘယ်လိုလဲဆိုတာ ငါတွေ့ကြုံခံစားခဲ့ရပြီးပြီ။
ဖန်ဇီကျိဖြစ်တဲ့ငါက နောက်ကျန်ကျန်နေခဲ့လို့ ဘယ်ဖြစ်ပါ့မလဲ။ မုန်တိုင်းစံအိမ်အဖွဲ့သားတွေ၊
ငါ့အမိန့်ကိုနားထောင်ကြ၊ အခုကနေစပြီး ငါနဲ့အတူအဲ့ကောင်ကြီးဝိုင်းတိုက်ကြမယ်။ မုန်တိုင်စံအိမ်က
ယောကျာ်းဆိုတာ ဘယ်လိုမျိုးလဲဆိုတာ အားလုံးသိသွားအောင် အစွမ်းပြလိုက်ကြစို့’’
‘‘ ရေး…’’ မုန်တိုင်စံအိမ်အဖွဲ့သားတွေရဲ့ အော်ဟစ်ကြုံးဝါးသံက ဟိန်းထွက်သွားခဲ့သည်။
‘‘စီနီယာအစ်ကို၊ ငါတို့မိန်းကလေးတပည့်တွေကကော ဘာလုပ်ရမှာလဲ’’ ဒူရီရွှမ်းက မမေ့မလျော့နဲ့
မေးလိုက်သည်။ ‘‘ ထိုင်စောင့်ကြည့်နေ၊ နာနာခံခံနဲ့ သေချာလေ့လာ၊ နင်တို့မိန်းကလေးတွေသာ
ကိုယ့်ယောကျာ်းအတွက် ကလေးမွေးပေးနိုင်သရွေ့ ဘာဆိုဘာမှ လုပ်စရာမလိုဘူး’’
ထို့နောက် သူ့အဖွဲ့သားတွေကိုစုစည်းလိုက်ပြီး လိပ်မိစ္ဆာသားရဲဆီကို ချီတက်သွားလိုက်သည်။
‘‘ဟန့်’’ ဒူရီရွှမ်းက နှုတ်ခမ်းဆူလိုက်ပြီး ‘‘ ယောကျ်ားတွေက မိန်းမတွေထက်သာလွန်မှန်း
နင်တွေးနေတာ ငါသိတယ်။ ငါတို့မိန်းမတွေကလည်း ခွန်အားအရာမှာ နင်တို့ယောကျ်ားတွေ
အားမနည်းပါဘူးနော်’’ ပြောပြီးတာနဲ့ သူမလည်းဖန်ဇီကျိတို့နောက်ကို လိုက်ပါသွားလိုက်သည်။
ရက်ပေါင်းများစွာ ကြာညောင်းပြီးနောက် ဂိုဏ်းသုံးဂိုဏ်ပေါင်း စုစုပေါင်းတပည့်အယောက်ရ၀၀မှ
၈၀၀ထိသာ ရှိတော့သည်။ အချို့တပည့်တွေက လိပ်မိစ္ဆာသားရဲသတ်တာခံလိုက်ရပေမယ့်
ကျန်ရှိနေတဲ့တပည့်တွေရဲ့ ၈၀ရာခိုင်နှုန်းက တိုက်ခိုက်နိုင်ပေသေးသည်။ ကျန်တဲ့၂၀ရာခိုင်နှုန်းက
ဒဏ်ရာရထားတဲ့လူဖြစ်ရင်ဖြစ်၊ မဖြစ်ရင် အားနည်းလွန်းတဲ့တပည့်တွပဲဖြစ်သည်။ သူတို့
ကျင့်ကြံခြင်းအဆင့်က နိမ့်သဖြင့် လိပ်မိစ္ဆာသားရဲကို သတ်ရာတွင် ဝင်ရောက်အကူအညီ
မပေးနိုင်ချေ။
တက်ကြွမှုကတော့ တကယ်ကို ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းပေသည်။ ဂိုဏ်းသုံးဂိုဏ်းက
တပည့်အုပ်ဖြစ်တဲ့ အင်အားစုသုံးခုက လမ်းကြောင်းသုံးခုကနေ တစ်ခုတည်းသော ပစ်မှတ်ဖြစ်တဲ့
မြေပြင်ပေါ်တွင်တွားသွားနေတဲ့ လိပ်မိစ္ဆာသားရဲချီတက်လာနေကြသည်။ ရန်ကိုင်၏
ကြယ်အမှတ်အသားက ထိုလိပ်မိစ္ဆာသားရဲကို အသေမသတ်နိုင်ခဲ့ပေမယ့် မသန်မစွမ်းဖြစ်အောင်တော့
လုပ်နိုင်ခဲ့သည်။ ပထမဆုံးပြေးဝင်သွားတဲ့ အဖွဲ့ကကောင်းကင်စံအိမ်က အဖွဲ့သားတွေဖြစ်ပြီး
သိုင်းပညာရပ်မျိုးစုံသုံးကာ လိပ်မိစ္ဆာသားရဲကို မရပ်မနားဝိုင်းဝန်းတိုက်ခိုက်ကြသည်။ ဒုတိယ
အဖွဲ့ကတော့ သွေးတိုက်ပွဲဂိုဏ်းက တပည့်တွေဖြစ်ပြီး တတိယအဖွဲ့ကတော့ မုန်တိုင်စံအိမ်အဖွဲ့သား
တွေပဲဖြစ်သည်။
အဖွဲ့သုံးဖွဲ့တွင် လူအနည်းငယ်သာ အစစ်အမှန်ဒြပ်စင်အဆင့်ကို ရောက်သေးပေသည်။ စုယန်တွင်
ဆက်လက်တိုက်ခိုက်ဖို့ ခွန်အားမကျန်ရှိတော့သလို ရှဲ့ဟုန်ချန်ကလည်း မတည်ငြိမ်နိုင်သေးပေ။
ဒါကြောင့် ဖန်ဇီကျိ၊ လုံဂျွန်နှင့် ဟူကျောင်းအာတို့သာ ကျန်ရှိတော့ပေသည်။ သို့ပေမယ့်
သူတို့တွေကလည်း အစစ်အမှန်ဒြပ်စင်အဆင့်၁၊အဆင့်၂ ကျင့်ကြံသူတွေသာ ဖြစ်တဲ့အတွက်
အင်မတန်ခုခံနိုင်စွမ်းကောင်းတဲ့ လိပ်မိစ္ဆာသားရဲကို ထိခိုက်အောင်တိုက်ခိုက်ဖို့ ခက်ခဲပေသည်။
သူတို့၏တိုက်ခိုက်မှုတွေက လိပ်မိစ္ဆာသားရဲအတွက် ပဲစေ့နဲ့ပစ်ပေါက်သလို ဖြစ်နေခဲ့သည်။
တပည့်တွေက လိပ်မိစ္ဆာသားရဲကို ပတ်ပတ်လည်ဝန်းရံပြီး ဝိုင်းတိုက်ခိုက်နေခဲ့ကြသည်။ သူတို့
ခိုက်မှုတွေက အကျိုးသက်ရောက်မှု မရှိဘူးဆိုတာ သိပေမယ့်လည်း ဂိုဏ်းသုံးဂိုဏ်းက
တပည့်တွေက သူရဲဘောကြောင်ပြီး ထွက်ပြေးဖို့မစဉ်းစားခဲ့။ လိပ်မိစ္ဆာသားရဲကို
ကလိထိုးသလို ဖြစ်နေပေမယ့် သူတို့အဖို့တော့ တကယ်ကိုရက်စက်ပြင်းထန်တဲ့
တိုက်ခိုက်မှုတွေကို ဆက်လိုက်ထုတ်လွှတ်နေခဲ့သည်။ တိုက်ခိုက်မှုတွေကြောင့် တဒင်ဒင်…တဒေါင်ဒေါင်
မြည်သံတွေထွက်ပေါ်နေခဲ့သည်။
ရန်ကိုင်က ပြုံးဖြဲဖြဲလုပ်ရင်း နေရာမှာပဲမတ်တပ်ရပ်နေခဲ့သည်။ ကြယ်အမှတ်အသားကို
အသုံးပြုဖို့ အချိန်ကိုက်ပဲလို့ သူတွေးခဲ့တာမှန်ပေသည်။ လူတိုင်းကိုစိတ်အားတက်ကြွသွားစေခဲ့ကာ
ပေါင်းစည်းသွားစေနိုင်ခဲ့တဲ့အတွက် ထိုက်တန်တာထွက်ကိုပိုပေသည်။ စုယန်က ထိုကြီးကြယ်
မြင့်မြတ်တဲ့ မြင်ကွင်းကိုအံ့ဖွယ်ဖြစ်ရပ်တစ်ခုလား ငေးငိုင်ကြည့်နေခဲ့သည်။ ဂိုဏ်းသုံးဂိုဏ်းက
တပည့်တွေက အထူးသဖြင့် ကောင်းကင်အမွေအနှစ်လိုဏ်ဂူထဲတွင် တစ်ဖက်နှင့်တစ်ဖက်
အပြန်အလှန် တိုက်ခိုက်နေလေ့ရှိသည်။ သူမကထိုကဲ့သို့အတွင်းပိုင်း သဘောထားကွဲလွဲမှုတွေကို
မြင်နေရတာ မပျော်မွေ့တဲ့အတွက် တစ်ယောက်တည်းသာ သွားလာခဲ့သည်။ ဒါပေမယ့်
သူမရဲ့ဂုဏ်အဆင့်အတန်းနဲ့ဆိုရင် စကားလေးတစ်ခွန်းပြောရုံနဲ့ ကောင်းကင်စံအိမ်အဖွဲ့သား
တွေအားလုံးကို သူမဘက်တွင်စုစည်းလိုက်နိုင်ပေသည်။
ကောင်းကင်စံအိမ်အဖွဲ့သားတွေ အသတ်ခံနေရတာဖြစ်တဲ့အတွက် စုယန်လည်း ရွေးချယ်စရာ
မရှိတော့ပဲ ပြန်တိုကုခိုက်ရတော့သည်။ ဒီကပ်ဆိုးက သယ်ဆောင်ခဲ့တာက ရှဲ့ဟုန်ချန်
ဖြစ်နေရင်တောင် ကောင်းကင်စံအိမ်အဖွဲ့သားတွေ တစ်ယောက်ပြီးတစ်ယောက်အသတ်ခံနေရတာကို
သူမမကြည့်ရက်ပေ။ ဒါပေမယ့် အဖြစ်အပျက်တွေက သူမရှေ့တွင်ရပ်နေတဲ့ လူတစ်ယောက်ကြောင့်
အထက်အောက် ပြောင်းပြန်လှန်လိုက်သလို လုံးဝပြောင်းလဲသွားလိမ့်မယ်လို့ မထင်ထားခဲ့ချေ။
ဘယ်သူမှ ဂိုဏ်းသုံးဂိုဏ်းကတပည့်တွေ အခုလိုအတူတကွ ပေါင်းစည်းသွားအောင် မလုပ်ဆောင်နိုင်ခဲ့။
အခုရှိနေတဲ့လူတိုင်း တစ်ယောက်နှင့်တစ်ယောက် မတိုက်ခိုက်ကြသလို တစ်ယောက်ကိုတစ်ယောက်
မယုံဘူးဆိုတာလည်း မရှိပေ။ သူတို့အားလုံ၌ အတွေးတစ်ခုသာရှိ၏။ အဲ့ဒါကတော့
လိပ်မိစ္ဆာသားရဲကြီးကို သတ်ဖို့ပင်။
အဖြစ်အပျက်တစ်ခုလုံးက လုံးဝကိုထူးခြားအံ့ဖွယ်ပင်။
သူ့ရဲ့သွေးတစက်စက်ကျနေတဲ့ ညာဘက်လက်မောင်းကိုကြည့်ရင်း ဘာမှန်းမသိလျက်နှင့် စုယန်၏
နှလုံးသားလေး တဆစ်ဆစ်ကိုက်ခဲလာခဲ့သည်။ သူမကသူ့ဒဏ်ရာကို သက်သာအောင်ပြုစုပေးချင်ပေမယ့်
သူမကိုယ်သူမ ပြန်ထိန်းထားလိုက်၏။ သူမရှေ့တွင်ရှိနေတဲ့လူက ပြတ်သားသောဆုံးဖြတ်ချက်နှင့်
ခွန်အားကို ကိုယ်စားပြုနေခဲ့သည်။ သူမသာအခုအချိန်တွင် ရှေ့တိုးလိုက်ရင် စိတ်ခံစားချက်တွေ
ပါဝင်ပက်သက်လာပေလိမ့်မည်။ ပြီးတော့ သူလည်းအဲ့လိုစိတ်ခံစားချက်တွေကို မလိုအပ်ပေ။
အခုလိုအချိန်မျိုးတွင် တကယ်ကိုမလိုအပ်ပေ။
ဒါပေမယ့် အဲ့ဒီအချိန်မှာပဲ သူမမျက်လုံးထောင့်စွန်းကနေ သွေးတိုက်ပွဲဂိုဏ်းက ဟူမေးအာက ရန်ကိုင်နားကို
စိုးရိမ်ပူပန်နေတဲ့ အမူအရာနဲ့ တိုးကပ်သွားပြီး သူ့ဒဏ်ရာအခြေအနေကို မေးမြန်းနေတာကို တွေ့လိုက်ရသည်။
ထို့နောက် သူမကဆေးပုလင်းအနည်းငယ်ကို ထုတ်လိုက်ပြီး သူ့ဒဏ်ရာတွေပေါ်၌ လိမ်းပေးလိုက်သည်။
ထို့နောက် သူမ၏အကျီင်္စကို ဖြဲကာ သူ့လက်မောင်းကို အဝတ်စနဲ့ ပတ်တီးစီးထားပေလိုက်သည်။
ထိုအခြင်းအရာကို မြင်လိုက်ရတဲ့ စုယန်၏မျက်လုံးတွေက အနည်းငယ်မှိန်ဖျော့သွားခဲ့ပြီး သူမမျက်နှာကို
အခြားတစ်ဖက်ကို လှည့်လိုက်လေသည်။ ဂိုဏ်းသုံးဂိုဏ်း၏ပူးပေါင်းတိုက်ခိုက်မှုကြောင့်လားတော့မသိ…
လိပ်မိစ္ဆာသားရဲက နိုးထလာတော့မယ့် အရိပ်အယောင်တွေ ပြသလာခဲ့သည်။ ဖြေးညှင်းစွာနဲ့
ဒါပေမယ့် အသေအချာပဲ လိပ်မိစ္ဆာသားရဲ၏ မျက်လုံးတွေက တစ်ဖန်ပြန်လည်တောက်ပလာခဲ့ပြီး
သူ့ရဲ့ဧရာမခန္ဓာကိုယ်ကြီးကို လှုပ်ရှားဖို့ကြိုစားလိုက်သည်။ ထိုအခြင်းအရာကြောင့် တိုက်ခိုက်နေတဲ့
သူတွေလည်း အလျင်လိုလာပြီး ကြောက်ရွံ့မှုတစ်စွန်းတစ်စ သူတို့နှလုံးသားထဲ ခိုအောင်းလာခဲ့သည်။
ရုတ်တရက် မိန်းမတစ်ယောက်၏ အသံထွက်လာခဲ့သည်‘‘ သူ့ခေါင်းကိုတိုက်၊ ခေါင်းမှာဒဏ်ရာ
ရထားတယ်’’ ဒါက မုန်တိုင်စံအိမ်ကဒူရီရွှမ်း၏ အသံပင်။
ဖန်ဇီကျိနဲ့ဟူကျောင်းအာလည်း ထိုအသံကိုကြားလိုက်တာနဲ့ လိပ်မိစ္ဆာသားရဲ၏ ဦးခေါင်းပိုင်းဆီကို
သွားလိုက်ပြီး နှုတ်ခမ်းကိုသပ်လိုက်၏။ ဦးခေါင်းပိုင်းတွင် အက်ကွဲကြောင်းတွေ ရှိနေခဲ့ပြီး
သွေးစိမ်းရှင်ရှင် ပန်းထွက်နေတာကို သူတို့တွေ့လိုက်ရသည်။ လိပ်မိစ္ဆာသားရဲကြီး၏ ခေါင်းက
အခွံထဲတွင် ပုန်းအောင်းနေတဲ့အတွက် ဒဏ်ရာတွေကိုတွေ့ဖို့ဆိုရင် သေချာကြည့်မှ
ရပေလိမ့်မည်။ ‘‘ လခွမ်း’’ ဖန်ဇီကျိလည်း မနေနိုင်တော့ပဲကျိန်ဆဲလိုက်သည်။ သူကအချိန်အကြာကြီး
တိုက်ခိုက်နေပေမယ့် ဘာအကျိုးသက်ရောက်မှုမှ မရှိခဲ့၊ ဒါပေမယ့် ဒီနေရာမှာတော့ အဆင့်သင့်
လုပ်ပေးထားတဲ့ ဒဏ်ရာကြီးတစ်ခုရှိနေခဲ့သည်။
ထိုဒဏ်ရာက ရန်ကိုင်၏တိုက်ခိုက်မှုကြောင့် ရရှိထားတဲ့ဒဏ်ရာပင်။ ဒီလောက်ပြင်းထန်တဲ့
ဒဏ်ရာရသွားလောက်အောင် သူ့လက်သီးကဘယ်လောက်တောင် ပြင်းထန်တာပါလိမ့်။
သူ့စိတ်ထဲမှာတော့ ထိတ်လန့်တုန်လှုပ်နေပေမယ့် ဟူကျောင်းအာနဲ့ပူပေါင်းပြီးထိုဒဏ်ရာကို
ဝိုင်းဝန်းတိုက်ခိုက်နေပေသေးသည်။ ထိုအဖြစ်အပျက် လိပ်မိစ္ဆာသားရဲကြီးကို ပိုပြီးရက်စက်
ကြမ်းကြုတ်သွားစေခဲ့သည်။ ‘‘မိန်းမတွေ၊ ဘေးဖယ်နေ’’ဖန်ဇီကျိက သူနှင့်အတူတကွ တိုက်ခိုက်နေတဲ့
ဟူကျောင်းအာကို အော်လိုက်သည်။
‘‘ အရူးယောကျာ်းတွေရဲ့ မျက်လုံးထဲမှာပဲ မိန်းမတွေက ယောကျာ်းတွေထက် နိမ့့်ကျနေမှာ။
ငါလည်း နင်နဲ့လိုက်ပြီး ကိုယ့်ကိုယ်ကို နင့်အဆင့်ထိရောက်အောင် နှိမ့်မနေတော့ပါဘူး’’ ဟူကျောင်းအာက
ဆတ်ဆတ်ထိမခံ အေးစက်စက်ပြန်ပြောလိုက်သည်။ ဂိုဏ်းသုံးဂိုဏ်းတွင် ဖန်ဇီကျိတစ်ယောက်၌
တကယ့်အရေးကြီးတဲ့ ကိစ္စတွေနဲ့ရင်ဆိုင်ရတဲ့အခါ မိန်းမတွေက ယောကျ်ားတွေထက် နိမ့်ကျတယ်လို့
ထင်နေတဲ့ ယောကျ်ားတွေကပိုမြင့်မြတ်တယ်ဆိုတဲ့ အယူအဆတစ်ခု ရှိလေသည်။ သူ့မျက်လုံးထဲမှာတော့
စုယန်သာ သူတစ်ခါတစ်ရံ မော့ကြည့်ရတဲ့ မိန်းမတစ်ယောက်ဖြစ်ပေသည်။
ကောလဟာလတွေအရ ဖန်ဇီကျိက သူ့ဆရာဖြစ်တဲ့ ရှောင်ရို့ဟန်နဲ့ အတူတူ ရှိနေတုန်းက
အနာဂတ်မှာ မိန်းကလေးတပည့်တွေကို လက်မခံဖို့ သူဆရာကို အကြံပေးခဲ့လေသည်။ ဒါပေမယ့်
သူ့ဆရာကတော့ကို သူပြောတာကို လျစ်လျူရှုထားလိုက်သည်။ ဒါပေမယ့် သူတို့နှစ်ယောက်
ထိုအကြောင်းကို နွေးဦးစမ်းရေအိမ်တော်တွင် ဆွေးနွေးခဲ့တဲ့အကြောင်း သတင်းပြန့်သွားတဲ့
အချိန် လူအများအတွက် ပြောစရာသတင်းတစ်ခုဖြစ်လာခဲ့ပြီး ဆရာတပည့်နှစ်ယောက်လည်း
ထိုသတင်းကိုကြားလိုက်ရတဲ့အချိန် အလွန်အမင်း ရှက်သွားခဲ့ရလေသည်။ (နွေးဦးစမ်းရေ
အိမ်တော်ဆိုတာက ဆောင်ကြာမြိုင်နဲ့အတူတူပါပဲနော်)
ထိုအဖြစ်အပျက်ပြီးနောက် ဖန်ဇီကျိက ထိုအကြောင်းကိုဘယ်တော့မှ ထပ်မဟတော့ပေမယ့်
သူ့စိတ်ပိုင်းဆိုင်ရာကတော့ ပြောင်းလဲမသွားခဲ့ပေ။ သူမိန်းမတွေကို မကြိုက်တာမဟုတ်ပေ။
ဒါပေမယ့်သူ့အမြင်ကိုက ယောကျာ်းတွေနဲ့မိန်းမတွေက မတူကွဲပြားတဲ့အမျိုးအစားနှစ်ခုဖြစ်ပြီး
ယောကျ်ားတွေက မိန်းမတွေထက်ပိုမြင့်မြတ်တယ်လို့ ထင်မြင်နေတာဖြစ်သည်။
ငါယောကျာ်းတစ်ယောက်ဖြစ်ရတာကို ဂုဏ်ယူတယ်။ ငါယောကျာ်းတစ်ယောက်…
ငါဂုဏ်ယူတယ်…သို့လောသို့လော အတွေးမျိုးတွေပေါ့။
ထိုအရာက ဖန်ဇီကျိကိုယ်တိုင် စံထားထားတဲ့ အတွေးပင်ဖြစ်သည်။ မိန်းကတွေက သူတို့မလုပ်သင့်တဲ့
ကိစ္စတွေကိုမလုပ်သင့်ဘူးလို့ ဖန်ဇီကျိကတွေးတောနေတာဖြစ်သည်။ သူကလူငယ်တစ်ယောက်
ဖြစ်တဲ့အတွက် လောကြီးနိုင်နေသေးသည်။ သူကလွှမ်းမိုးချုပ်ကိုင်ချင်ပြီး အရာရာနဲ့ပက်သက်ရင်
အမြဲတမ်း အလေးအနက်ထားတတ်၏။ ထို့ကြောင့် သူဘယ်တော့မှမိန်းမတွေကိုမလေးစားပေ။
ကံမကောင်းစွာနဲ့ တစ်ခါတစ်ရံမှာတော့ သူကလုံးဝဆန့်ကျင်ဘက်ဖြစ်နေတတ်သည်။
ဟူကျောင်းအာ၏ ခွန်းတုန့်ပြန်စကားက ဖန်ဇီကျိကို မျက်မှောင်ကြုံ့သွားစေခဲ့သည်။ ထို့နောက်
လိပ်မိစ္ဆာသားရဲခေါင်းဆီ ရက်စက်ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတစ်ခု ပို့လွှတ်လိုက်ပြီး
ဒေါသတကြီး ပြန်ပြောလိုက်သည်‘‘ ခွေးမ၊ နင်ဘယ်သူ့ကိုအရူးလို့ ပြောနေတာလဲ’’
ဟူကျောင်းအာလည်း တူညီတဲ့နေရာကိုပဲ ပြင်းပြင်းထန်ထန်တိုက်ခိုက်လိုက်ပြီး မဝံ့မရဲဖြစ်သွားခြင်း
မရှိပဲ ပြန်ပြောလိုက်သည်‘‘နံစော်နေတဲ့ကောင်စုတ်၊ နင်မိန်းမတွေကိုမကြိုက်ရင်လည်း ဘာလို့
နင့်ရဲ့ဂိုဏ်တူညီအစ်ကိုတွေနဲ့သွားပြီး အချစ်ဇာတ်လမ်းမခင်းတာလဲ’’
သူမ၏မှတ်ချက်စကားကာ ဖန်ဇီကျိကို ဖြူဖတ်ဖြူလျော် ဖြစ်သွားစေခဲ့ပြီး အော့အန်မတတ်ဖြစ်သွားစေခဲ့သည်။
သူရဲ့ဂိုဏ်တူညီအစ်ကိုတွေနဲ့ ချစ်ကျွမ်းဝင်ရဖို့လား……ထိုအကြောင်းကိုတွေးလိုက်ရုံနဲ့တင်
ဖန်ဇီကျိခေါင်းမူးလာသလို ခံစားလိုက်ရသည်။ ဟူကျောင်းအာက ဖွဖွလေးရယ်လိုက်ပြီး ဖန်ဇီကျိ၏
ကံမကောင်းမှုကို နှစ်ခြိုက်သာယာနေခဲ့သည်။
‘‘စကားအထိန်းအသိမ်း မတတ်၊ အခြားသူတွေရဲ့ အထင်အမြင်ကိုလည်း ဂရုမစိုက်တတ်တဲ မိန်းမတစ်ယောက်’’
ဖန်ဇီကျိက သည်းမခံနိုင်လောက်တဲ့ ခံစားချက်နဲ့ပြောလိုက်၏ ‘‘ နင့်ကိုလက်ထပ်တဲ့ ဘယ်ယောကျာ်းမဆို
အရမ်းကိုဆိုးရွားတဲ့ ကံကြမ္မာကိုကြုံတွေ့ရမှာ ကျိန်းသေပဲ’’
‘‘ဘယ်သူမှလည်း နင့်ရဲ့ခွင့်ပြုချက်ကို တောင်းမဆိုမနေပါဘူး’’
‘‘ ဒီလိုဘာမဟုတ်တာလေးအတွက်နဲ့ နင်နဲ့ငြင်းခုံမနေချင်တော့ဘူး။ ဘယ်သူများ မိစ္ဆာသားရဲကို
အရင်ဆုံး သေအောင်တိုက်ခိုက်နိုင်မလဲဆိုတာ ကြည့်ရတာပေါ့’’ ဖန်ဇီကျိကပြောလိုက်သည်။
‘‘ဟွန့်၊ နင်ကငါ့ပြိုင်ဘက်မဟုတ်ဘူး’’ ဟူကျောင်းအာက လှောင်ပြောင်လိုက်သည်။
သူတို့နှစ်ယောက်ကို စောင့်ဆိုင်းမနေတာ့ပဲ လုံးဝဖြူလွင်သန့်စင်တဲ့ ပုံရိပ်တစ်ခု မိစ္ဆာသားရဲရှေ့တွင်
ရုတ်တရက်ပေါ်လာခဲ့သည်။ ထိုပုံရိပ်ကို အေးစက်စက်ရေခဲမြူတွေက ဝန်းရံထားပြီး
သူမက ကျောက်စိမ်းသဖွယ်ချောမွတ်နေတဲ့ လက်ချောင်းလေးကို လိပ်မိစ္ဆာသားရဲ၏
ဒဏ်ရာဆီ ညွန်လိုက်တဲ့အချိန် အေးစက်စက်အဖြူရောင်စွမ်းအင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
အေးစက်စက်စွမ်းအင်တွေကို ဒဏ်ရာတွေက စုပ်ယူလိုက်ပြီး ရုတ်တရက် နီရဲနေတဲ့
သွေးစိမ်းစိမ်းရှင်ရှင်တွေက ထိုဒဏ်ရာကနေ ပန်းထွက်လာခဲ့သည်။ တကယ်ကို လှပလွန်းပေသည်။
နီရဲရဲသွေးတွေက အနီရောင်ရေခဲပန်းဆွဲတွေအဖြစ်ပြောင်းလဲသွားပြီး မိစ္ဆာသားရဲ၏ ဦးခေါင်း
ခွံထဲကို ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ ‘‘ဝေါင်း….’’ လိပ်မိစ္ဆာသားရဲက သူ့ခြေထောက်ကို
အားပြုကာထရပ်လိုက်ပြီး အပေါ်ကိုမော့ကာ ဟိန်းဟောက်လိုက်သည်။ ထိုဧရာမအကောင်ကြီးက
မတည်မငြိမ်ဖြစ်ကာ ယိမ်းထိုးနေခဲ့သည်။ သွေးနီရောင်မျက်လုံးတွေက အားနည်းလာခဲ့ပြီး
ထိုမျက်လုံးက မလိုလားမှုတွေနဲ့ ပြည့်နေခဲ့သည်။
ဖန်ဇီကျိနဲ့ဟူကျောင်းအာတို့နှစ်ယောက်က ဖြူဖတ်ဖြူလျော်ဖြစ်နေတဲ့ စုယန်ကိုလှည့်ကြည့်လိုက်ကြသည်။
ထိုတိုက်ခိုက်မှုကိုထုတ်ဖော်ဖို့အတွက် သူမတွင်ကျန်ရှိတဲ့ မရှိမဲ့ရှိမဲ့လက်ကျန်စွမ်းအားအကုန်လုံးကို
အသုံးပြုလိုက်ရသည်။ သူမ၏နောက်ဆုံးလက်ကျန်စွမ်းအား အကုန်လုံးကိုအသုံးပြုလိုက်ပြီးနောက်
သူမခေါင်းကိုလှည့်လိုက်ဖို့ ကြိုးစားခဲ့ပေမယ့် မလုပ်နိုင်ခဲ့ပေ။ သူမမှာ နောက်ထပ်တိုက်ခိုက်ဖို့
အားတစ်စက်မှ မကျန်ရှိတော့ပေ။
ဖန်ဇီကျိနဲ့ဟူကျောင်းအာတို့နှစ်ယောက်စလုံး စုယန်ထုတ်လွှတ်နေတဲ့ အေးစက်စက်အော်ရာကို
ခံစားမိနေခဲပြီး အရင်တုန်းကနဲ့ ကွဲပြားနေတာကိုလည်း သတိပြုမိလိုက်သည်။ အရင်တုန်းက
သူမ၏အေးစက်မှုက သန့်စင်နေခဲ့သည်။ ဒါပေမယ့် အခုအချိန်မှတော့ ထိုအေးစက်မှုက
လုံးဝကိုကွဲပြားနေခဲ့ပြီး မနည်သည်းခံအောင့်အီးနေရတဲ့ပုံစံလို ဖြစ်နေခဲ့သည်။
‘‘ဘယ်သူကများ သူမကိုစိတ်ပျက်အောင် လုပ်လိုက်တာလဲမသိဘူး’’ ဖန်ဇီကျိက သံသယအပြည့်နဲ့မေးလိုက်၏။
‘‘ငါကဘယ်လိုလုပ်ပြီး သိမှာလဲ’’ ဟူကျောင်းအာက စိတ်မရှည်စွာနဲ့ ပြန်ပြောလိုက်သည်။ သူမက
သွေးတိုက်ပွဲဂိုဏ်းကဖြစ်ပြီး အခြားဂိုဏ်းနှစ်ခုက တပည့်တွေကမကောင်းဘူးဆို့ တွေးတောနေတာလည်း
ဖြစ်သည်။ ဖန်ဇီကျိက သူ့ကိုယ်သူအရမ်းကိုမြင့်မြတ်လွန်းတယ်လို့ ထင်မြင်နေတဲ့ ပေါကြောင်ကြောင်
တစ်ယောက်ဖြစ်တဲ့အတွက် သူမလည်း ထိုကောင်နဲ့ဆက်ပြီး စကားပြောချင်စိတ်မရှိတော့ပ။
အခြားတစ်ဖက်ကိုကြည့်နေရင်း အခုအချိန်တွင် ကောင်းကင်စံအိမ်က စုယန်ကခံစားချက်မဲ့နေတဲ့
ရေခဲကလေးငယ်တစ်ယောက်လို ဖြစ်နေခဲ့သည်။ သူမပုံစံက အမြဲတမ်းအေးစက်စက်နှင့်
ချဉ်းကပ်မရနိုင်တဲ့ လူတစ်ယောက်၊ ဂုဏ်သတင်းနှင့်စွမ်းအားအတွက်ဆိုရင် ဘာမဆိုလုပ်မယ့်
ရှဲ့ဟုန်ချန်ကိုတောင် တစ်ချက်မကြည့်ခဲ့။ သူမ၏သွေးတိုက်ပွဲဂိုဏ်းက အသန်မားဆုံးမဟုတ်ပေမယ့်
အနည်းဆုံးတော့ သာမန်အဆင့်တွင်ရှိပေသည်။ သူမတို့ညီအစ်မနှစ်ယောက် ကြီးပြင်းလာမှသာ
သူမတို့ဖခင်ကိုကူညီး သွေးတိုက်ပွဲဂိုဏ်း၏တာဝန်အရပ်ရပ်၌ ကူညီပေးနိုင်မှာဖြစ်သည်။
‘‘သူမကိုသာ ဘယ်သူကမှစိတ်ပျက်အောင် မလုပ်ဖူးဆိုရင် ဘာလို့အခုမှပြန်ပြန်ည့်ရုံရှိသေးတဲ့
ချီစွမ်းအင်နဲ့လာပြီးတိုက်ခိုက်ရတာလဲ’’ ဖန်ဇီကျိက စုယန်ဘာလုပ်ချင်နေလဲဆိုတာ နားမလည်
နိုင်ခဲ့ပေ။ ခေါင်းခါလိုက်ပြီး လိပ်မိစ္ဆာသားရဲကိုတိုက်ခိုက်နေတဲ့ ဟူကျောင်းအာကို စိတ်ရှုပ်ထွေးစွာနဲ့
ကြည့်နေလိုက်သည်။ ထို့နောက် သူဒေါသတကြီးအော်လိုက်လေသည် ‘‘နင်….နင်တို့မိန်းမတွေ….
နင်အဲ့လိုလုပ်လို့ နိုင်သွားရင်တောင် တကယ်နိုင်တယ်လို့ ပြောလို့မရဘူး’’