← Chapters

အခန်း (၁၄၆-၁၅၀)

Vol. 6 Ch. 146-150

အခန်း (၁၄၆-၁၅၀)

Vol. 6 Ch. 146-150

အပိုင်း (၁၄၆) ရက်စက်ကြမ်းကြုတ်တဲ့ ဝိဉာဉ်ဖျက်ဆီးခြင်းအရိုး

ဟူကျောင်းအာလည်း ကျိတ်ရယ်လိုက်ပြီး ‘‘ နင်ကငါ့နဲ့ ဘယ်သူနိုင်မလဲဆိုတာ လောင်းကြေးထပ်ထားတာလေ။

ငါ့ဘာသာဘယ်လိုနိုင်နိုင်ပေါ့…ဘယ်လိုလုပ်မှ နိုင်ရမယ်လို့သတ်မှတ်ထားလို့လား။ ပြီးတော့ ငါကမိန်းကလေး၊

နင်ပဲ ယောကျ်ားတွေက မိန်းမတွေထက်မြင့်မြတ်တယ်လို့ ယုံကြည်နေတာမလား။ ငါနဲ့ဘယ်သူပထမလဲ

ဆိုပြီးလာပြိုင်နေတာ မယှတ်ဘူးလား’’ ဟူကျောင်းအာ ပြောတာကိုကြားပြီး ဖန်ဇီကျိလည်း ပြောစရာ

စကားမဲ့သွားခဲ့ရသည်။ သူအသိပြန်ဝင်လာတဲ့ အချိန်ပြောလိုက်သည် ‘‘ ဘယ်ယောကျ်ားမှ

မိန်းမတစ်ယောက်ကို ပြိုင်ငြင်းလို့မနိုင်နိုင်ပါလားနော်’’

လိပ်မိစ္ဆာသားရဲ၏ ကံကြမ္မာကတော့ တစ်ဝက်ကို ဂိုဏ်းသုံးဂိုဏ်း၏ စုပေါင်းစွမ်းအားက ဆုံးဖြတ်မှာ

ဖြစ်ပြီး တစ်ဝက်ကိုတော့ စုယန်ကသူမ၏လက်ကျန်ခွန်အားကိုအသုံးပြုပြီး အဆုံးအဖြတ်

ပေးပြီးသွားခဲ့ပြီ။ လိပ်ကြီး၌ ပြန်တိုက်ဖို့ခွန်အားတစ်စက်တလေမျှ မကျန်တော့သေ။ လိပ်ကြီး၏

သေခြင်းတရားက သတ်မှတ်ပြီးသွားပြီဖြစ်ပြီး ဘယ်အချိန် သေမင်းက

မဆုံးဖြတ်ရသေးတာ ဖြစ်သည်။ ဒါတွေအားလုံးက ရန်ကိုင်၏ အားကောင်းကြောက်မက်ဖွယ်ကောင်းတဲ့

လက်သီးတစ်ချက်ကြောင့် ဖြစ်လာရတာပဲဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံး တိုက်ခိုက်လိုစိတ်

ပြင်းပြလာခဲ့ပြီး မကြောက်မရွံနဲ့ လိပ်ကြီးကိုရဲရဲဝံ့ဝံံ့ သူ့ကိုလာခေါ်မယ်ဆိုတာကိုပဲ ရင်ဆိုင်တိုက်ခိုက်ရဲကြခြင်းဖြစ်သည်။

ဒါပေမယ့် ထိုလက်သီးချက်ကြောင့် သူ့ညာဘက်လက်က သွေးကြောတွေ ပျက်စီးခဲ့ရတဲ့အတွက်

ဟူမေးအာက သူ့ညာဘက်လက်ကိုကူပြီး ပတ်တီးစီးပေးခဲ့သည်။ ကြယ်အမှတ်အသား

ဒီလောက်အားကောင်းလိမ့်မယ်လို့ ရန်ကိုင်ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။ ထိုသိုင်းပညာရပ်ကို

အသုံးပြုနေချိန် သူစိတ်မလွတ်အောင် မနည်းချုပ်ထိန်းထားရပြီး လက်သီးချက်ကို ထုတ်လွှတ်ပြီး

ချိန်မှာတော့ တန်ပြန်အကျိုးသက်ရောက်မှုကြောင့် အကြောသေသွားခဲ့ရကာ ခဏတာမလှုပ်ရှားနိုင်

ဖြစ်သွားခဲ့ရသည်။ အဲ့လိုသာမဟုတ်ခဲ့ရင် ထိုအချိန်တုန်းက တိုင်တစ်တိုင်လို သူဘာလို့မလှုပ်မယှတ်

နေနေမှာလဲ။ သူ့သွေးပြန်ကြောတွေ တည်ငြိမ်သွားတော့မှပဲ လက်သီးချက်၏ အကျိုးသက်ရောက်မှု

ကြောင့် ဖြစ်ပေါ်လာတဲ့ ဒဏ်ရာတွေကို ခံစားမိနိုင်တော့လေသည်။

တိုက်ခိုက်နေတဲ့ ရာပေါင်းများစွာသော တပည့်တွေထဲတွင် ရှဲ့ဟုန်ချန်ကို သူမတွေ့ခဲ့ရပေ။ အဲ့အစား

ရှဲ့ဟုန်ချန်က ကောင်ကင်ကိုမော့ပြီး တွေဝေမိန်းမောနေခဲ့သည်။ ရန်ကိုင်က လိပ်မိစ္ဆာသားရဲ

တိုက်ခိုက်ပြီးနောက် ရှဲ့ဟုန်ချန်က သူ့လက်သီးအစွမ်းကြောင့် ကြောင်အသွားခဲ့ရပြီး အချိန်အတော်ကြာမှ

အသိပြန်ဝင်လာနိုင်ခဲ့သည်။ ရန်ကိုင်က အဆင့်မြင့်အမွေအနှစ်တစ်ခုကို ရခဲ့တယ်ဆိုတာ သူသိပေသည်။

မဟုတ်ရင်တော့ သူ့ရဲ့မဖြစ်စလောက် ခွန်အားလေးနဲ့ အခုလိုအားကောင်းလွန်းတဲ့ တိုက်ကွက်ကို

ဘယ်သောအခါမှ ထုတ်ဖော်နိုင်လိမ့််မည်မဟုတ်ချေ။

ထိုလက်သီးချက်က အဆင့်၆အထွတ်အထိပ်မှာရှိတဲ့ မိစ္ဆာသားရဲတစ်ကောင်ကို အခုလိုပြင်းထန်တဲ့

ဒဏ်ရာရသွားစေခဲ့သည်။ သူသာဆိုရင်တော့ စုယန်ကိုပိုးပန်းဖို့အသာထား…သူကိုယ်တိုင်တောင်

ဒုက္ခအကြီးအကျယ်ရောက်သွားပေလိမ့်မည်။ ဒါကြောင့် သူ့ရဲ့ကပ်ဆိုးကို ဖြေရှင်းဖို့လိုအပ်ပေသည်။

ရှဲ့ဟုန်ချန်၏ မျက်လုံးတွေက ရက်စက်ကြမ်းကြုတ်မှုနှင့် ဝင်းလက်သွားခဲ့သည်။ သူနဲ့အဝေးတစ်နေရာတွင်

ငြိမ်သက်စွာရပ်နေတဲ့ လူကိုကြည့်လိုက်သည်။

ထိုလူကတော့နီယုံပင်။ သူကလန်ချူးတျယ်နှင့်အတူတူပူပေါင်းတိုက်ခိုက်ရင်း ဒဏ်ရာရခဲ့တဲ့အတွက်

ရန်ကိုင်နှင့်မနီးမဝေးတွင် နားနေပြီးအားပြန်ဖြည့်နေတာဖြစ်သည်။ နီယုံလည်း စိတ်ရှုပ်ထွေးနေခဲ့သည်။

အခုအချိန်တွင် သူ့စိတ်ထဲဘာတွေဖြစ်နေလဲဆိုတာ သူမဆင်ခြင်၊မတွေးတောနိုင်တော့။ လိုဏ်ဂူထဲက

ဝင်လာကတည်းက သူနဲ့ရန်ကိုင် အကြိမ်များစွာ အချင်းများခဲ့သည်။ သူရန်ကိုင်ကို ဒုက္ခရောက်အောင်

လုပ်ခဲ့ပြီး ချီပြောင်းလဲခြင်းတပည့်လေးယောက်ကို ဦးဆောင်ပြီး သူ့ကိုလိုက်ဖမ်းခဲ့သေးသည်။

ဒါပေမယ့် ရန်ကိုင်ပုန်းနေတဲ့နေရာကို သူတို့မရှာနိုင်တဲ့အတွက် ထိုကိစ္စက ထိုနေရာမှာပဲ

အဆုံးသတ်သွားခဲ့သည်။ ဒါပေမယ့် ရန်ကိုင်၏တည်ရှိမှုက သူ့လည်ပင်း၌ စူးဝင်နေတဲ့

ငါအရိုးတစ်ခုလိုပဲ…မျိုချလို့လည်း မရ၊ထွေးထုတ်လို့လည်း မရဖြစ်နေခဲ့သည်။ ရန်ကိုင်

လွတ်မြောက်သွားတုန်းက ပြောခဲ့တဲ့စကားကိုလည်း သူမှတ်မိနေပေသေးသည်။ အချိန်ခဏလေး

အတွင်းမှာပဲ ရန်ကိုင်က ဒီလောက်ထိသန်မာလာခဲ့သည်။ ဒါက နီယုံကိုကြောက်သေးပါမတတ်

ဖြစ်သွားစေခဲ့သည်။ ထိုလက်သီးချက်သာ သူ့ပေါ်ကိုကျရောက်လာခဲ့မယ်ဆိုရင်

သူသေလို့သေမှန်းမသိဖြစ်သွားပေလိမ့်မည်။

အခု၊ငါဘာလုပ်သင့်လဲ။ ငါဘာလုပ်သင့်လဲလဲ….။ အားလုံးကလည်း မိစ္ဆာသားရဲပေါ်မှာ

အာရုံစိုက်နေခဲ့ကြသည်။ ဒါပေမယ့် မိစ္ဆာသားရဲသေသွားတဲ့အခါကျ သူ့ဒေါသကို

ငါဘယ်လိုလုပ်ပြီး ခံနိုင်ပါ့မလဲ။ ကြောက်ရွံ့စိုးထိတ်နေတဲ့နီယုံက ရှဲ့ဟုန်ချန်သူ့ကိုမျက်စိနဲ့

အချက်ပြနေတာကို တွေ့လိုက်သည်။ ရှဲ့ဟုန်ချန်ဘာပြောချင်တာလည်းဆိုတာ သူနားလည်

ပေသည်။ သူသာအသက်ရှင်ချင်တယ်ဆိုရင် တစ်ခုတည်းသောနည်းလမ်းက ရန်ကိုင်ကိုသတ်ဖို့ပင်။

သူသတ်နိုင်တာနဲ့ ရှဲ့ဟုန်ချန်၏ကာကွယ်ပေးမှုနဲ့ဆိုရင် အရာအားလုံး အဆင်ပြေသွားပေလိမ့်မည်။

ရန်ကိုင်၏လက်သီးချက်ကို မြင်ပြီးနောက် နီယုံလည်း အခြေအနေတွေကို စိတ်ငြိမ်ငြိမ်နဲ့

လက်ခံနိုင်စွမ်းမရှိတော့ပဲ သူ့ရဲ့မျှော်လင့်ချက်အားလုံးကို ရှဲ့ဟုန်ချန်အပေါ်မှာသာ ပုံအပ်ထားလိုက်တော့သည်။

မတ်တပ်ရပ်လိုက်ပြီး နီယုံကရန်ကိုင်ဆီ တစ်လှမ်းချင်းတစ်လှမ်းချင်း လမ်းလျှောက်သွားလိုက်သည်။

ရန်ကိုင်က သူ့ဆီကိုကျရောက်လာတော့မယ့် ကံဆိုးမှုကိုမသိသလို ပြုမူနေခဲ့ပြီး လက်တစ်ချောင်းတောင်

လှုပ်ရှားခြင်းမရှိပဲ နေရာမှာပဲ ရိုးရှင်းစွာမတ်တပ်ရပ်နေခဲ့သည်။ နီယုံ၏ခြေလှမ်းတွေက တဖြည်းဖြည်း

မြန်လာခဲ့ပြီး အခုအချိန် ရန်ကိုင်ဘေးတွင် သွေးတိုက်ပွဲဂိုဏ်းက ဟူမေးအာတစ်ယောက်သာ

ရှိပေသည်။ သူသာမြန်မြန်လှုပ်ရှားနိုင်သရွေ့ ရန်ကိုင်ကိုအသေသတ်နိုင်ပေလိမ့်မည်။ ပိုသင့်တော်တဲ့

အချိန်တွင် ရန်ကိုင်ကိုသတ်ဖြတ်ဖို့ဆိုတာကတော့ အဲ့လိုအရာမျိုး သူမတွေးတောနိုင်တော့ချေ။

လူတိုင်းက လိပ်မိစ္ဆာသားရဲပေါ်မှာသာ အာရုံစိုကနေတဲ့အတွက် နီယုံလှုပ်ရှားနေတာကို

တစ်ယောက်တည်းကလွဲပြီး ကျန်တဲ့သူတွေအကုန်လုံး သတိမပြုမိကြချေ။ ထိုတစ်ယောက်က

လန်ချူးတျယ်ပင်ဖြစ်သည်။

ရန်ကိုင်က စုယန်ကိုကယ်တင်ဖို့ကောင်းကင်ကို ဖြတ်သန်းသွားပုံ၊ လိပ်မိစ္ဆာသားရဲကို

လက်သီးတစ်ချက်နဲ့အပြင်းအထန် ဒဏ်ရာရသွားစေပုံ…ထိုမြင်ကွင်းတို့ကို သူမပြန်လည်

တွေးတောနေခဲ့ပြီး နှလုံးသားထဲ ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။ သူမနောက်ကို ရက်ပေါင်းများစွာ

လိုက်ခဲ့ပြီး သူမပြောတဲ့အတိုင်း လုပ်တဲ့လူတစ်ယောက်က ဒီလောက်သူရဲဘောကြောင်လိမ့်မယ်လို့

ထင်မထားခဲ့ချေ။ သူမသာအစောကြီးကတည်းက သိခဲ့မယ်ဆိုရင်….

ထိုခံစားချက်က သာမန်ကျောက်တုံးတစ်လုံးထင်ပြီး လွှင့်ပစ်ခဲ့တဲ့ ကျောက်စိမ်းတုံးတစ်တုံးနဲ့

တူနေပေသည်။ ထိုအမှားတစ်ချက်က လန်ချူးတျယ်ကို အလွန်အမင်း နောင်တရသွားစေခဲ့သည်။

အားလုံးက တိုက်ပွဲကိုကြည့်နေကြပေမယ့် သူမကတော့ ရန်ကိုင်ကျောပြင်ကိုကြည့်နေခဲ့သည်…

သူမဆီကနေယူသွားခံရတဲ့ တောက်ပလွန်းတဲ့ ကျောပြင်တစ်ခုပေါ့…။ ရှဲ့ဟုန်ချန်နှင့်သူကို

နှိုင်းယှဉ်ရတာ မစင်ပုံနဲ့စိန်တုံးကို နှိုင်းယှဉ်နေသည်နှင့်တူညီပေသည်။

ရှဲ့ဟုန်ချန်သယ်ဆောင်လာခဲ့တဲ့ ကပ်ဆိုးကိုသူမရှေ့တွင် ရပ်နေတဲ့လူက ဖြေရှင်းပေးသွားခဲ့သည်။

နီယုံ၏အမြန်အဆန် လှုပ်ရှားမှုက လန်ချူးတျယ်၏ အာရုံကိုဆွဲဆောင်သွားခဲ့သည်။ အစကတော့

နီယုံကဒဏ်ရာပြန်သက်သာလာလို့ တိုက်ပွဲထဲဝင်တိုက်ဖို့သွားနေတယ်လို့ ထင်နေခဲ့ပေမယ့်

သိပ်မကြာခင်မှာတော့ သူမထင်တာမှားယွင်းနေမှန်း သိလိုက်ရသည်။ နီယုံပစ်မှတ်က

မမျှော်လင့်စွာပဲ ရန်ကိုင်ဖြစ်နေခဲ့သည်။ ပြီတော့ နီယုံကလမ်းလျှောက်နေရင်း သူ့ချီစွမ်းအင်ကို

စုဆောင်းသွားလိုက်ပြီး သူ့လက်ထဲကချီစွမ်းအင်ဖျော့ဖျော့လေးကို သူမအာရုံခံမိပေသည်။

လန်ချူးတျယ်က ဉာဏ်ကောင်းတဲ့ မိန်းမတစ်ယောက်ဖြစ်တဲ့အတွက် နီယုံဘာလုပ်ချင်နေလဲဆိုတာ

သူမချက်ချင်းပဲ နားလည်လိုက်၏။ သူမက ရန်ကိုင်ကိုအော်ဟစ်သတိပေးဖို့လုပ်နေတုန်းမှာပဲ

ရန်ကိုင်က နီယုံဘက်လှည့်ပြီး လှောင်ပြောင်သလို ကြည့်နေတာကို တွေ့လိုက်ရသည်။ သူက

လှည့်ဖျားတတ်တဲ့ မိစ္ဆာတစ်ကောင်လို ပြုံးပြနေခဲ့သည်။ နီယုံလည်း ရပ်တန့်သွားခဲ့ပြီး

ရန်ကိုင်ကို ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်လိုက်မိသည်။ ရန်ကိုင်က သူ့ရည်ရွယ်ချက်ကို နားလည်

သွားခဲ့တာကို သူမသိခဲ့ပေ။ ရန်ကိုင်၏အကြည့်က သူ့ကိုထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

‘‘ရောင်းရင်းနီ’’ ရန်ကိုင်က ဖြည်းဖြည်းချင်း လှည့်လိုက်ပြီး ပြုံးမြဲပြံုးနေခဲ့သည်။

‘‘ရောင်းရင်းရန်’’ နီယုံက တံတွေးတစ်လုတ် မျိုချလလိုက်ပြီး သူလှုပ်ချင်ပေမယ့် တစ်ချက်ကလေးတောင်

မလှုပ်ရှားရဲတော့ပေ။

‘‘မင်းငါ့ကိုသတ်ချင်နေတာလား’’

ထိုစကားလုံးတွေကို သူ့ကိုသေမတတ် ထိတ်လန့်သွားစေခဲ့ပြီး အလိုလိုနောက်ကိုဆုတ်လိုက်မိသည်။

ထို့နောက် သူ့လက်ကိုအမြန်အဆန် ဝှေ့ရမ်းရင်း ပြုံးရင်းပြောလိုက်သည်‘‘ရောင်းရင်းရန်ကလည်း…

ငါကဘာလို့အဲ့လိုလုပ်ရမှာလဲ။ ငါတို့ကတစ်ဂိုဏ်းတည့်သားတွေလေ။ပြီးတော့ငါတို့ကညီအစ်ကိုတွေပဲ။

ငါဘယ်လိုလုပ်ပြီး အဲ့လိုလုပ်ရက်ပါ့မလဲ’’

ထိုလက်သီးတစ်ချက်က အဆင့်၆မိစ္ဆာသားရဲကိုတောင် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားစေတာလေ။

သူကမကြောက်ပဲ ဘယ်နေပါ့မလဲ။ ပြီးတော့ပိုဆိုးတာက သူ့တို့ကြားတွင် မကျေချမ်းနိုင်တဲ့ ရန်ငြိုးတွေ

ရှိနေသေးတယ်လေ။ စကားပြောနေရင်း နီယုံအားတောင့်အားနာ ရယ်မောရင်း နောက်ကိုတစ်လှမ်းချင်း

ဆုတ်သွားလိုက်သည်။ ‘‘နီယုံ’’ ရန်ကိုင်က ဒေါသတကြီးအော်လိုက်ပြီး သူ့မျက်နှာကလည်း ဒေါသကြောင့်

တွန့်သွားခဲ့ကာ ရူသွပ်နေတဲ့မိစ္ဆာဝိဉာဉ်တစ်ကောင်နဲ့တောင် တူနေပေသေးသည်။ နီယုံလည် ကြောက်လန့်

သွားခဲ့သည်။ ကြောက်လွန်းလို့ သူအသံတစ်သံတောင် မထွက်နိုင်တော့ချ။ နီယုံလည်း ချက်ချင်း

လှည့်ပြေးတော့လေသည်။ သူခြေဆယ်လှမ်းတောင် မလှမ်းရသေးခင်မှာပဲ တဝှီဝှီမြည်သံနှင့်ရှိုက်သံကြီးကို

ကြားလိုက်ရသည်။ သူလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ သူ့စိတ်ဝိဉာဉ်က သူ့ခန္ဓာကိုယ်ထဲကနေ

ထွက်သွားခဲ့သည်။ မဲနက်နေတဲ့ အရိုးတစ်ချောင်းက ချောက်ချားဖွယ်ကောင်းတဲ့ရယ်သံကြီးနှင့်

ရန်ကိုင်ဆီကနေ သူ့ဆီကိုပျံသန်းလာတာကို သတိပြုမိလိုက်သည်။

ထိုထူးဆန်းပြီး မနှစ်မြို့ဖွယ်ကောင်းတဲ့ ရယ်သံကြီးကြောင့် နီယုံ၏သတ္တိကို အောက်ဆုံးအထိ

ဆွဲချသွားခဲ့သည်။ ရန်ကိုင်ဆီကနေ တော်တော်ဝေးဝေးကို ပြေးသွားပြီးနောက် နီယုံက

သေဖို့ထိုင်စောင့်နေရမှာမျိုး မလိုချင်ခဲ့ပေ။ သူပြန်လှည့်ပြီး တိုက်ခိုက်ဖို့လုပ်လိုက်တဲ့အချိန်မှာတော့

ထိုအရာကြီးက သူထင်သလောက် ကြောက်ဖို့မကောင်းဘူးဆိုတာ တွေ့လိုက်ရသည်။ သူရဲ့

အခုလက်ရှိခွန်အားနှင့် ခုခံဖို့ခက်ခဲပေမယ့် သူ့ကိုသတ်ဖို့တော့ မဖြစ်နိုင်သေးပေ။

ရန်ကိုင်ဒဏ်ရာအခြေအနေက မသက်သာသေးမှန် သိလိုက်ရတော့မှ နီယုံစိတ်သက်သာရာ

ရသွားသလို ခံစားလိုက်ရသည်။ ဒါပေမယ့် လွတ်မြောက်အဖို့အတွက်တော့ သူအားစိုက်ထုတ်

ရဦးပေမည်။ ထို့ကြောင့် နီယုံလည်းနောက်ဆုတ်နေရင်း ပြန်တိုက်ခိုက်လိုက်သည်။ သူက

တိုက်ခိုက်မှုတွေကို ခုခံနိုင်ပေမယ့် သူ့နောက်ကိုလိုက်နေတဲ့ မိစ္ဆာအရိုးလက်ကနေတော့

မလွတ်မြောက်နိုင်သေးပေ။ ထိုအရိုးက အထူးသဖြင့်ကို သူဘယ်တော့မှ မမေ့ဖျောက်နိုင်မယ့်

ရယ်သံကြီးနဲ့ ရယ်မောနေခဲ့သည်။

ဘာသရဲကြီးလဲ။ လျှို့ဝှက်ရတနာတစ်ခုက ပစ်မှတ်နောက်ကိုလိုက်နိုင်တာလား။ ရန်ကိုင်က

နေရာမှာပဲ အမူအရာမဲ့စွာနဲ့ ထိုင်နေခဲ့သည်။ သူဘာလို့ငါ့ကိုမတိုက်တာလဲ။ ထိုအချိန်တွင်

သူ့နောက်ကနေခြေသံတွေကို ကြားလိုက်ရပြီး ထိတ်လန့်သွားခဲ့သည်။ လှည့်ကြည့်လိုက်တဲ့အချိန်

လန်ချူးတျယ်က ဒဏ်ရာရနေတဲ့ သူမခန္ဓာကိုယ်ကို ထောက်ကန်ထားရင်း သူ့ဆီကိုတည်ငြိမ်တဲ့

အမူအရာနဲ့ လာနေတာကိုတွေ့လိုက်ရသည်။ နီယုံရုတ်တရက် ပျော်သွားခဲ့ပြီး အော်လိုက်သည်

‘‘အစ်မလန်၊ ကျွန်တော့်ကိုကယ်ပါဦး’’ လန်ချူးတျယ်က နီယုံကိုဖွဖွလေးကြည့်လိုက်တဲ့အချိန်

မကောင်းတဲ့အရာတစ်ခုခုဖြစ်လာတော့မယ်လို့ သူခံစားလိုက်ရသည်။ မသေချာမရေရာစွာနဲ့

ကြည့်လိုက်ရင်း သူ့ရင်ဘတ်ပေါ်ကို ပြင်းထန်တဲ့လက်ဝါးတစ်ချက် ကျရောက်လာတာကို ရုတ်တရက်

ခံစားလိုက်ရသည်။

‘‘အားးးး….’’ နီယုံလည်း သနားစရာကောင်းစွာ အော်ဟစ်လိုက်ပြီး ရုတ်တရက် ရပ်တန့်သွားခဲ့ည်။

ရုတ်တရက် ရိုင်းစိုင်းတဲ့ရယ်သံကြီးတစ်ခုက အနက်ရောင်မြူခိုးထဲကနေ ထွက်ပေါ်လာခဲ့သည်။

ဒါမတော်တဆလား။ ဘာတွေဖြစ်နေလဲဆိုတာ နီယုံနားမလည်နိုင်ခဲ့ချေ။ ‘‘အစ်မလန်၊ဘာလို့….’’

နီယုံခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ရီနေခဲ့ပြီး သူ့စကားကိုဆုံးအောင်မပြောရသေးခင်မှာပဲ

သူ့မျက်လုံးတွေ အမှောင်ကျသွားခဲ့ပြီး မြေကြီးပေါ်ကိုဖြေးညှင်းစွာနဲ့ လဲကျသွားခဲ့သည်။

လန်ချူးတျယ်က အသက်ပြင်းပြင်းရှုလိုက်ရင်း နီယုံကိုစိုက်ကြည့်လိုက်တဲ့အချိန် သူ့ရင်ဘတ်တွင်

ဘာဒဏ်ရာမှမရှိတာကို တွေ့လိုက်ရသည်။ ငါသူ့အရေပြားကိုတောင်မဖောက်နိုင်ပါလား။

တော်တော်အံ့သြဖို့ကောင်းတာပဲ….။

ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ သူမပျာယာခတ်သွားခဲ့သည်။ လန်ချူးတျယ်က နီယုံ၏ အော်ငိုသံကြီးကို

ဝေဝေဝါးဝါး ကြားလိုက်မိတဲ့အခိုက်အတန့်တွင် သူမတစ်ကိုယ်လုံး ထုံထိုင်းသွားခဲ့သည်။ သူမမျက်နှာမှာလည်း

သွေးရောင်တောင် မရှိတော့ချေ။ သူမကရန်ကိုင်ကို လှမ်းကြည့်မိလိုက်တဲ့အချိန် သူကသူမကို

အေးစက်စက်နဲ့ စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။ လန်ချူတျယ်လည်း ထိတ်ထိတ်ပြာပြာ

ဖြစ်သွားခဲ့ပြီး အံ့ကြိတ်ရင်း ပြန်ပြာလိုက်သည်‘‘သူနင့်ကိုသတ်ချင်နေတာ’’ ရန်ကိုင် တိတ်ဆိတ်နေခဲ့သည်။

သူ့လက်ကိုမြှောက်လိုက်တဲ့အချိန် သူထုတ်လွှတ်လိုက်တဲ့ အနက်ရောင်အရိုးက အလင်းတန်တစ်ခုအဖြစ်

ပြောင်းလဲသွားကာ သူ့လက်ချောင်းတွင် ရစ်ပတ်လိုက်ပြီး အစအနမကျန် ပျောက်ကွယ်သွားခဲ့သည်။

သူတို့တစ်ယောက်ကို တစ်ယောက်အချိန်အကြာကြီး စိုက်ကြည့်နေခဲ့ပြီးနောက် ရန်ကိုင်က

စကားတစ်ခွန်းတောင် မပြောခဲ့ပြီး သူ့အကြည့်ကိုလွှဲလိုက်သည်။ ထိုအရာကိုကြည့်ရင်း လန်ချူးတျယ်က

ကိုယ့်ကိုယ်ကို လှောင်ပြောင်ရယ်မောလိုက်သည်။ သူမကိုယ်သူမ ပန်းအိုးတစ်လုံးလို

ကွဲကြေလွယ်တယ်လို့ ခံစားလိုက်ရပြီး မြေကြီးပေါ်လဲကျသွားတာနဲ့ တစ်စစီဖြစ်သွားပေလိမ့်မည်။

‘‘ဟားဟားဟားဟား’’ ရန်ကိုင်၏စိတ်ထဲတွင် နတ်ဆိုးအိုကြီးက အရူးတစ်ယောက်ကလို

ရယ်မောနေခဲ့ပြီး တစ်ခုခုကို ဝါးစားနေခဲ့သည်။

နတ်ဆိုးအိုကြီး ဝါးစားနေတာ နီယုံရဲ့အင်မော်တယ်စိတ်ဝိဉာဉ်ဖြစ်မှန်း ရန်ကိုင်သိပေသည်။ ဒါပေမယ့်

ရန်ကိုင်အတွက်တော့ ဒါကသူမမျှော်လင့်ထားတဲ့အရာဖြစ်သည်။ ဝိဉာဉ်ဖျက်စီးခြင်းအရိုးတွင ်

အခုလိုထူးဆန်းတဲ့ အသုံးပြုပုံရှိတယ်ဆိုတာ သူမသိခဲ့ပေ။

‘‘ငါပိုပြီးသတ်ချင်တယ်၊ ငါသတ်ချင်တယ်’’ နတ်ဆိုးအိုကြီးက နီယုံ၏အင်မော်တယ်စိတ်ဝိဉာဉ်ကို

ဝါးနေရင်းအော်လိုက်သည်။ ‘‘ ဒီလိုချိုသာတဲ့အသံလေး၊ဒီလိုချိုသာတဲ့အရသာလေး မခံစားရတာ

အချိန်တော်တော်ကြာသွားခဲ့ပြီပဲ။ သခင်လေး၊ သခင်လေးသာ နောက်ထပ်ပိုပြီးသတ်ချင်တယ်ဆိုရင်

ဒီအစေခံအိုကြီးကို အားနာနေစရာမလိုဘူးနော်၊ချက်ချင်းလွှတ်လိုက်လို့ရတယ်’’ ရန်ကိုင်အတွေး

လှုပ်ရှားသွားခဲ့ နတ်ဆိုးအိုကြီး၏ ရယ်သံက အော်ဟစ်ညီးတွားတဲ့အသံနဲ့ ခွင့်လွှတ်တောင်းပန်နေတဲ့

အသံအဖြစ် ပြောင်းလဲသွားခဲ့သည်။

‘‘ ဝိဉာဉ်ဖျက်စီးခြင်းအရိုးရဲ့အဓိကလုပ်ဆောင်ပုံကို မင်းဘာလို့ငါ့ကိုမပြောခဲ့တာလဲ’’ ရန်ကိုင်က

ထပ်ပြောလိုက်သည် ‘‘ ငါအဲ့ဒါကိုတော်တော်လေး မကျေနပ်ဘူး’’

ထိုစကားကိုကြားလိုက်တဲ့အချိန် နတ်ဆိုးအိုကြီး တုန်ရီသွားခဲ့သည်။ ခဏလောက်စောင့်ဆိုင်းပြီးနောက်

ရန်ကိုင်ပြောလိုက်သည်‘‘ ဒါကပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ဖြစ်ပစေ။ မှတ်ထား..ဒါနောက်ဆုံး

အကြိမ်ပဲ။ မင်းငါ့ကိုနောက်တစ်ကြိမ် ထပ်ပြီးဖုံးကွယ်ထားရဲတယ်ဆိုရင် အကျိုးဆက်ကိုမင်းသိပါတယ်’’

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၄၇) အစစ်အမှန်အမွေအနှစ်တည်ရှိရာနေရာ

‘‘ ဒီအစေအိုခံကြီး နောက်အခုလို မလုပ်ရဲတော့ပါဘူး’’ နတ်ဆိုးအိုကြီးက နှိမ့်နှိမ့်ချချနဲ့ ချက်ချင်းပဲ

ပြောလိုက်သည်‘‘သခင်လေး၊ သခင်လေးကို အစောပိုင်းတုန်းက ကူညီပေးခဲ့တဲ့မိန်းကလေးမှာ

တိကျပြတ်သားတဲ့စရိုက်ရှိတယ်’’

‘‘ မင်းဘာပြောချင်တာလဲ’’

‘‘ဒီအစေခံအိုကြီးက အဲ့မိန်းကလေးကို တော်တော်လေးနှစ်သက်တယ်။ သခင်လေးသာ ဒီအစေခံအိုကြီးက

ခွင်ပြုပေးမယ်ဆိုရင် ဒီအစေခံအိုကြီးက အဲ့မိန်းကလေးကို နှစ်အနည်းငယ်လောက် လေ့ကျင့်ပေးရုံနဲ့

သခင်လေးအတွက် တကယ်ကိုအားထားရတဲ့ လူတစ်ယောက်ဖြစ်လာလိမ့်မယ်’’

‘‘ငါသူမကိုမၾကိဳက္ဘူး’’

‘‘သခင်လေးရဲ့ ဆုံးဖြတ်ချက်အတိုင်းပါပဲ’’ နတ်ဆိုးအိုကြီးလည်း ဘာမှထပ်မပြောရဲတော့ပဲ

သက်ပြင်းသာချလိုက်မိသည်။ နီယုံသေသွားတာက ဟူမေးအာကို အံ့အားသင့်သွားစေခဲ့ပြီး

အားပြန်ဖြည့်နေတဲ့ ကောင်းကင်စံအိမ်အဖွဲ့သားတွေကိုလည်း အံ့အားသင့်သွားစေခဲ့သည်။

အားလုံးက ရန်ကိုင်၏ဒေါသတကြီးအော်သံကိုသာ ကြားလိုက်ရပြီး အနက်ရောင်မြူခိုးလိုက်လို့

နီယုံထွက်ပြေးနေတာကိုလည်း တွေ့လိုက်ရသည်။ နီယုံတုန့်ဆိုင်းနေချိန်တွင် လန်ချူးတျယ်က

သူ့ကိုအလစ်အငိုက် ချောင်းတိုက်ခဲ့ပြီး နီယုံလည်းထွက်ပြေးရာကနေ ရပ်တန့်သွားခဲ့ရသည်။

ထိုအချိန်တွင် လိပ်မိစ္ဆာသားရဲက နောက်ဆုံးအကြိပ်အဖြစ် ဟိန်းဟောက်လိုက်ပြီး မြေကြီးပေါ်

လဲကျသွားတော့လေသည်။ ပတ်ပတ်လည်က တပည့်တွေလည်း အသက်မဲ့နေတဲ့ ခန္ဓာကိုယ်ကြီးကို

ကြည့်ရင်း အားပေးအားမြှောက်ပြုလိုက်သည်။ ဟူကျောင်းအာလည်း ကျေနပ်မှုအပြည့်နဲ့

တခစ်ခစ်ရယ်လိုက်ပြီးနောက် ပြောလိုက်သည်‘‘ ဖန်ဇီကျိ၊ နောက်ဆုံးတိုက်ခိုက်မှုကို

ငါလုပ်လိုက်တာနဲ့ တူတယ်နော်’’ ဖန်ဇီကျိက စိတ်ဓါတ်ကျနေတဲ့အသံနဲ့ ပြန်ပြောလိုက်သည်

‘‘ နင်ကတော်တော် အရှက်မဲ့တာပဲ။ အဲ့လိုလောင်းတာ ဘာရလို့လဲ’’

ဟူကျောင်းအာက ဟန်ဆောင်ပြုံးပြံုးလိုက်ပြီး မခံချင်အောင် ပြောလိုက်သည်‘‘ တစ်ယောက်ယောက်ကတော့

သူ့အရှုံးကိုလက်မခံချင်တဲ့ပုံပဲ’’

ဖန်ဇီကျိက ရှုးရှုးရှဲရှဲ ဖြစ်သွားပြီး‘‘ ဘယ်သူက အရှုံးကိုလက်မခံနိုင်တာလဲ။ ငါအံ့အားသင့်နေတဲ့အချိန်သာ

နင်မတိုက်ခိုက်ခဲ့ရင် နင်ဒီလောက်လွယ်လွယ်နဲ့ နိုင်ပါ့မလား။ နင်ကမိန်းမတစ်ယောက်ပဲလေ…ငါလည်း

နင့်အဆင့်ထိရောက်အောင် ကိုယ့်ကိုယ်ကိုနှိမ့်မနေတာ့ပါဘူး’’

‘‘အင်း…နင်ကရှုံးတာကို လက်မခံချင်တဲ့ပုံပဲ’’ ဟူကျောင်းအာက ပြန်ပြောလိုက်သည်။

ဒီစကားကိုကြားလိုက်တာနဲ့ ဖန်ဇီကျိ၏မျက်နှာက ရှက်ရွံ့မှုကြောင့် နီရဲသွားခဲ့သည်။ ထို့နောက်

ချက်ချင်းပဲ ခေါင်းစဉ်းပြောင်းလိုက်၏ ‘‘ ငါနင်နဲ့ဆက်ပြီး မငြင်းချင်တော့ဘူး။ အရေးကြီးတာက

မိစ္ဆာသားရဲရဲ့ အမြူတေကိုရဖို့ပဲ’’

ပြောနေရင်း ဖန်ဇီကျိက မိစ္ဆာသားရဲ၏ဦးခေါင်းထဲလက်နှိုက်လိုက်ပြီး သားရဲအမြူတေကို

ရှာလိုက်သည်။ ခဏလေးအတွင်းမှာပဲ သွေးတစ်စက်စက်ကျနေတဲ့ အညိုရောင်သားရဲအမြူတေကို

သူထုတ်ယူနိုင်ခဲ့၏။ သားရဲအမြူတေကိုကြည့်ရင်း ဖန်ဇီကျိက ထိတ်လန့်တကြားနဲ့ မေးလိုက်သည်

‘‘ အဆင့်၆အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲတစ်ကောင်ရဲ့ အမြူတေကိုဘယ်လောက်နဲ့

ရောင်းလို့ရလဲ’’ လုံဂျွန်က သူ့ကိုကြည့်ရင်းအသံတိုးတိုးနဲ့ ပြောလိုက်သည် ‘‘ အစ်ကိုကြီးဖုန်းက

တစ်ယောက်ထဲ အပိုင်သိမ်းချင်နေတာတော့မဟုတ်ဘူးမလား’’

အမြူတေဆိုတာ မိစ္ဆာသားရဲ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် အဖိုးအတန်ဆုံးအရာဖြစ်သည်။ အမြူတေတွေကို

ပစ္စည်းတွေသန့်စင်ရာတွင် အသုံးပြုတဲ့အတွက် ဈေးကောင်းကောင်းနဲ့ ပြန်ရောင်းလို့ရပေသည်။

လိပ်ခွံံကတော့ အရမ်းကြီးကြီးမားလွန်းသဖြင့် ဘယ်သူမှသယ်သွားနိုင်လိမ့်မည်မဟုတ်ချေ။

ထိုအချိန်တွင် အားလုံးကဖန်ဇီကျိကို အာရုံစိုက်လိုက်ပြီး ‘‘ငါလည်းအဲ့လိုလုပ်ဖို့ စဉ်းစားနေတာ’’

ဖန်ဇီကျိက တည်တည်ငြိမ်ငြိမ်နဲ့ ဖွဖွလေးပြန်ပြောလိုက်သည်။

လုံဂျွန်က ချက်ချင်းပဲ တိုက်ခိုက်တဲ့ပုံစံပြောင်းလိုက်ပြီး ဟူကျောင်းအာကတော့ သူ့ကိုပြုံးပြရင်း

ကြည့်နေလိုက်သည်။ ‘‘ ဒါပေမယ့် ငါအဲ့လိုမလုပ်ရဲပါဘူး’’ ဖန်ဇီကျိက သူ့နှုတ်ခမ်းတွေကို

ကွေးလိုက်ပြီး ‘‘ ငါတစ်ယောက်တည်းယူမယ်ဆိုရင် မင်းတို့ကငါ့ကိုသွားခွင့်ပြုမှမို့လို့လား’’

ထိုစကားကိုကြားလိုက်တာနဲ့ လုံဂျွန်ကမထိတထိ ပြန်ပြောလိုက်သည် ‘‘ တကယ်တော့

အစ်ကိုကြီးဖန်က စဉ်းစားတတ်တဲ့လူတစ်ယောက်ပဲလေ’’

‘‘ အမြူတေကို ဘယ်လိုခွဲယူမလဲဆိုတာ တစ်ယောက်ယောက်ကများ အကြံပေးချင်လား’’

ဖန်ဇီကျိက လိပ်မိစ္ဆာသားရဲကိုတိုက်ခိုက်ရာတွင် ကူညီခဲ့တဲ့လူတွေကိုကြည့်လိုက်ပြီး မေးလိုက်သည်။

အခြားမိစ္ဆာသားရဲတွေတုန်းက လူတိုင်းကကိုယ့်အဖွဲ့နဲ့ကိုယ်ခွဲပြီး အမဲလိုက်ခဲ့တာဖြစ်တဲ့အတွက်

ပြဿနာမရှိပေ။ ဒါပေမယ့် လိပ်မိစ္ဆာသားရဲကိုသတ်တဲ့နေရာမှာတော့ ဂိုဏ်သုံးဂိုဏ်းက တပည့်တွေ

အကုန်လုံးနီးပါး ပူးပေါင်းပါဝင်ခဲ့တဲ့အတွက် လူတိုင်းဝေစုရသင့်ပေသည်။ အားလုံးတိတ်ဆိတ်သွားခဲ့ပြီး

မိစ္ဆာသားရဲအမြူတွေကို ဘယ်လိုခွဲဝေကြမလဲဆိုတာ စဉ်းစားတော့လေသည်။

တစ်ခုတည်းသောနည်းလမ်းကတော့ ထိုအမြူတေကို ငွေအဖြစ်ပြောင်းပြီး အားလုံးညီတူညီမျှ

ခွဲဝေယူကြဖို့ပဲ ရှိတော့သည်။ လုံဂျွန်က ထိုအကြောင်းတွေ ပြောမလို့လုပ်နေတုန်း ဖန်ဇီကျိက

အကြံပေးလိုက်သည်‘‘ အခုလိုအောင်မြင်မှုရတဲ့အဓိကအကြောင်းအရင်းက ဂျူနီယာညီလေး

ရန်ကိုင်ကြောင့်ဆိုတော့ သူ့ကိုပဲဆုံးဖြတ်ခိုင်းလိုက်ရင် မကောင်းဘူးလား’’ ရန်ကိုင်က

ဖန်ဇီကျိပြောတာကို ကြားလိုက်တဲ့အတွက် အံ့အားသင့်သွားခဲ့ပြီး သူကိုယ်တိုင်လည်း

နည်းလမ်းတစ်ခုကို စဉ်းစားတော့လေသည်။

လုံဂျွန်က မကျေမနပ်နဲ့ ဝင်ပြောလိုက်သည်‘‘ သူကလိပ်မိစ္ဆာသားရဲကိုပြင်းပြင်းထန်ထန်ဒဏ်ရာရအောင်

လုပ်ခဲ့တာမှန်တယ်။ ဒါပေမယ့် တိုက်ခိုက်တဲ့အချိန်တုန်းက ငါတို့သွေးတိုက်ပွဲဂိုဏ်းကလည်း ဝင်ရောက်

တိုက်ခိုက်ခဲ့တယ်လေ။ ပြီးတော့ တပည့်တော်တော်များများကလည်း အဲ့ကောင်ကြီးကြောင့် ဒဏ်ရာ

ရသွားခဲ့ရတာဆိုတော့ ငါတို့ကိုလည်း အလျော်အစားအနေနဲ့ တစ်မျိုးမျိုးတော့ ပေးသင့်တယ်မလား’’

ဖန်ဇီကျိက လိပ်မိစ္ဆာသားရဲကို ညွှန်ပြလိုက်ပြီး‘‘ မင်းလိုချင်ရင်၊ အဲ့လိပ်ခွံကိုသွားယူလို့ရတယ်။

ငါတို့မုန်တိုင်စံအိမ်က မင်းတို့ကိုတားမှမဟုတ်ဘူး’’

ထိုစကားကိုကြားလိုက်တာနဲ့ လုံဂျွန် ပြောစရာစကားမဲ့သွားကာ ဒေါသထွက်သွားခဲ့သည်။ လိပ်ခွံက

တိုက်ခိုက်မှုပေါင်းစုံကို ကြုံတွေ့ခဲ့ရပေမယ့် အခုအချိန်ထိ အကောင်းပကတိရှိနေပေသေးသည်။

ထို့ကြောင့် ထိုလိပ်ခွံကတကယ်ကို ကောင်းမွန်တဲ့ကုန်ကြမ်းပစ္စည်းတစ်ခုဖြစ်တယ်ဆိုတာ

လုံးဝသံသယရှိစရာမလိုပေ။ ဒါပေမယ့် အခုအချိန်၌ ဘယ်သူကလိပ်ခွံကိုပိုင်းဖြတ်ပြီးးသယ်နိုင်မှာလဲ။

စကားငြင်းခုံပြောနေစဉ်တွင် ဖန်ဇီကျိ၏အမူအရာ ရုတ်တရက်ပြောင်းလဲသွားခဲ့ပြီး

မိစ္ဆာသားရဲအမြူတေကို လွှင့်ပစ်လိုက်သည်။ ထိုအမြူတေက မြေကြီးပေါ်ကျသွားရမယ့်အစား

လေထဲတွင်တဝှီဝှီလည်နေခဲ့သည်။

ထိုကဲ့သို့တဝှီဝှီလည်နေစဉ် အတောအတွင် ထူးဆန်းတဲ့စုပ်ယူအား တစ်ခုဖြစ်ပေါ်လာပြီး

အဘက်ဘက်ကပစ္စည်းတွေကို စုပ်ယူတော့သည်။ ဖန်ဇီကျိ၏ အကျီင်္အတွင်းပိုင်းကနေ အမြူတေ

နှစ်ခုထွက်ပေါ်လာခဲ့သည်။ ဟူမေးအာနှင့်လုံဂျွန်လည်း အတူတူပင်ဖြစ်သည်။ ရှဲ့ဟုန်ချန်၏

အကျီင်္အတွင်းပိုင်းထဲတွင် ရှိနေသောမိစ္ဆာသားရဲအမြူတေလည်း ပျံသန်းထွက်ပေါ်လာခဲ့သည်။

ထိုအမြူတေအားလုံးက ဂိုဏ်းသုံးဂိုဏ်းအဆင့်၆မိစ္ဆာသားရဲရှစ်ကောင်ကို သတ်ခဲ့တုန်းက

ရခဲ့တဲ့အမြူတေတွေပဲဖြစ်လေသည်။ အမြူတေတွေက ခက်ခက်ခဲခဲနှင့် အားလုံးစုပေါင်းကြိုးစားပြီးမှ

ရလာခဲ့ခြင်းဖြစ်သည်။ သူတို့ရခဲ့တဲ့အမြူတေလေးတွေကို သေချာတောင် မကြည့်ရသေးခင်မှာပဲ

ယူဆောင်သွားခံလိုက်ရသည်။

ရှစ်ခုသော မိစ္ဆာအမြူတေတွေက ထူးဆန်းသော ပုံသဏ္ဍာန်တစ်ခုပုံစံ ဖြစ်သွားခဲ့ပြီး လိပ်မိစ္ဆာသားရဲ

အမြူတွေကို ဝိုင်းကာလှည့်ပတ်နေလေသည်။ ထိုကဲ့သို့လှည့်ပတ်မှုနှင့်အတူ ကောင်းကင်

အမွေအနှစ်လိုဏ်ဂူမှ အနက်ရောင်ခွန်အားတစ်ခုက ဆွဲယူခြင်းခံလိုက်ရသည်။ ထိုဆွဲအားကြောင့်

အရာအားလုံး ပြင်းပြင်းထန်ထန်တုန်ခါသွားခဲ့သည်။ ထိုကဲ့သို့ပရမ်းပတာဖြစ်နေချိန် အနက်ရောင်

ဝဲကတော့တစ်ခုက ကောင်းကင်တွင်ထွက်ပေါ်လာခဲ့သည်။ ထိုဝဲကတော့၏ ရုတ်တရက်

ထွက်ပေါ်လာမှုကြောင့် လူတိုင်းထိတ်လန့်ခြောက်ခြားသွားခဲ့ရသည်။

ဘာတွေဖြစ်ပျက်နေလဲဆိုတာ တစ်ယောက်သူကလွဲ၍ ဘယ်သူမှမသိပေ။ ထိုတစ်ယောက်ကတော့

နတ်ဆိုးအိုကြီးပင်ဖြစ်သည်။ နတ်ဆိုးအိုကြီးက အခုအချိန်တွင် အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။

သူ့ရဲ့ရွှင်မြူးနေတဲ့အသံကို ရန်ကိုင်စိတ်ထဲတွင် ကြားလိုက်ရ၏‘‘ သားရဲစိတ်ဝိဉာဉ်သချိင်္ုင်း’’

နတ်ဆိုးအိုကြီးက ဒီနေရာအကြောင်း သိနေတယ်မှန်း နားလည်လိုက်တာနဲ့ ရန်ကိုင်က

အလျင်စလို မေးမြန်းလိုက်၏ ‘‘ ဒီနေရာအကြောင်း မင်းသိတယ်မလား၊ ပြောပြစမ်းပါ’’

နတ်ဆိုးအိုကြီးက ပြောလိုက်သည်‘‘ သခင်လေး၊နောက်ဆုံးတော့ ဒီအစေခံအိုကြီး နားလည်သွားခဲ့ပြီ။

ဒီနေရာကို မိစ္ဆာသားရဲကိုးကောင်နဲ့ ချိတ်ပိတ်ထားတာ။ ဒါကစမ်းသပ်ချက်ပဲ ရှိသေးတယ်။ အကယ်၍

သခင်လေးတို့သာ မိစ္ဆာသားရဲကိုးကောင်ကို မသတ်နိုင်ခဲ့ရင် အခုလိုဖြစ်စဉ်မျိုးကို အစပျိုးနိုင်ခဲ့မှာ

မဟုတ်ဘူး။ အခုမိစ္ဆာသားရဲကိုးကောင်လုံးလည်း သေသွားပြီးဆိုတော့ ဖြစ်စဉ်အတွက်

လိုအပ်ချက်တွေလည်း ပြည့်မှီသွားခဲ့ပြီ။ ဒီအစီအရင်က မိစ္ဆာသားရဲအမြူတေကိုးခုကို

စုပ်ယူပြီး သခင်လေးတို့ကို ဆုတစ်ခုပေးလိမ့်မယ်’’

‘‘ဆုတစ္ခုလား’’

‘‘အဲ့ဆုက တိမ်တွေထဲမှာ ဖုံးကွယ်နေတယ်’’ နတ်ဆိုးအိုကြီးက ဖြေးဖြေးချင်းပြောလိုက်ပြီး

‘‘ဟုတ်တယ်။ အဲ့လိုဖြစ်နိုင်တယ်။ ဒီအစေခံအိုကြီး ခန့်မှန်းရမယ်ဆိုရင် တိမ်တွေထဲမှာ

ပုန်းကွယ်နေတာက ဒီလိုဏ်ဂူရဲ့အထွတ်အထိပ် အမွေအနှစ်တစ်ခုဖြစ်ရမယ်’’

‘‘အမွေအနှစ်လား’’ ရန်ကိုင့်နှလုံးခုန်သံမြန်ဆန်လာခဲ့၏။ သူလှည့်ကြည့်လိုက်တဲ့အခါ

ဝဲကတော့ကတဖြည်းဖြည်း ကြီးကြီးလာတာကို တွေ့လိုက်ရသည်။ ပတ်ဝန်းကျင်တစ်ခုလုံး

ပရမ်းပတာဖြစ်နေပြီး အနီးကပ်ရဲသူ့မှန်သမျှ ဝဲကတော့၏ဝါးမြိုခြင်းကို ခံရပေလိမ့်မည်။

ဂိုဏ်းသုံးဂိုဏ်းကတပည့်တွေအကုန်လုံး ကြောင်ကိုတွေ့တဲ့ ကြွက်တွေလို ထွက်ပြေးကြီး

ဘယ်သူမှ ဝဲကတော့အောက်တွင်မနေရဲပါ။ ‘‘ ဟုတ်တယ်။ အဲ့လိုပဲဖြစ်ရမယ်’’

နတ်ဆိုးအိုကြီးက ဆက်ပြောလိုက်သည် ‘‘တကယ်တော့ ဒီနေရာကစစ်ဖြစ်ခဲ့တဲ့နေရာလေ။

ကျွမ်းကျင်သူတွေ အများကြီးသေဆုံးခဲ့တော့ သူတို့ရဲ့အမွေအနှစ်တွေလည်း ချန်ခဲ့မှာပေါ့။ ဒါပေမယ့်

ဒီနေရာမှာ အထွတ်အထိပ် ကျွမ်းကျင်သူတစ်ယောက် ရှိနေနိုင်တယ်။အဲ့ဒီကျွမ်းကျင်သူကပဲ

သူ့အမွေအနှစ်ကို ကောင်းကင်ထဲမှာ ဝှက်ထားတာဖြစ်ရမယ်’’

ရန်ကိုင်လည်း မြူကြွပျော်ရွှင်လာခဲ့လေသည်။

‘‘ သခင်လေး၊ ဒီနေရာကနေ မြန်မြန်ထွက်ပြေးတော့။ ဒီအစီအရင်က သခင်လေးကို ဒုက္ခပေးနိုင်တယ်’’

နတ်ဆိုးအိုကြီးက သတိပေးလိုက်၏။

ရန်ကိုင်က နတ်ဆိုးအိုကြီးကို လျစ်လျူရှုထားလိုက်ပြီး သူ့ဘေးမှာရပ်နေတဲ့ ဟူမေးအာကိုကြည့်လိုက်ပြီး

ပြောလိုက်သည် ‘‘အားလုံးကို ဝဲကတော့ဆီကနေ ဝေးနိုင်သမျှကို သွားဖို့နင့်အစ်မကို ပြောလိုက်’’

ဟူမေးအာက ခေါင်းညိတ်လိုက်ပြီး ဟူကျောင်းအာဆီပြေးသွားလိုက်သည်။

ထို့နောက် ရန်ကိုင်က ကောင်းကင်စံအိမ် တပည့်တွေကိုအော်ပြောလိုက်၏‘‘ မင်းတို့မသေချင်ရင်

ဒီနေရာကနေ အနည်းဆုံးငါးကီလိုမီတာအကွာ အဝေးမှာနေကြ’’

သူအကျယ်ကြီးအော်ပြောခဲ့ပေမယ့် များစွာသောတပည့်တွေက သူ့ကိုလျစ်လျူရှုထားခဲ့သည်။

ရန်ကိုင်ကလည်းသူတို့ကိုဂရုမစိုက်ပါ။ သူတို့ကိုသတိပေးပြီးသွားခဲ့ပြီ။ နားထောင်တာမထောင်တာက

သူတို့အပိုင်း၊ နောက်ထပ်စိုးရိမ်စရာ မရှိတော့တာနဲ့ ရန်ကိုင်လည်း အမြန်အဆန်ပဲ နောက်ဆုတ်

လိုက်၏။

စုယန်ကို သူ့ကိုကြည့်လိုက်သည်။ ပြီးတာနဲ့ တုန့်ဆိုင်းခြင်းမရှိပဲ အားလုံးကိုအမိန့်ပေးလိုက်၏

‘‘ကောင်ကင်စံအိမ်ကတပည့်တွေအားလုံး ဒီနေရာကနေ ငါးကီလိုမီတာအဝေးကို ဆုတ်မယ်’’

ရန်ကိုင်ပြောတာကို သူတို့တွေလျစ်လျူရှုခဲ့ပေမယ့် စုယန်ပြောတာကိုတော့ တသွေမသိမ်း

လိုက်နာခဲ့ပြီး ရန်ကိုင်ပြေးတဲ့လမ်းကြောင်းတိုင်း ခပ်သုတ်သုတ်ပြေးကြလေသည်။

အခြားတစ်ဖက်မှာတော့ ဟူကျောင်းအာက သူမညီမဆီက သတင်းစကားရလိုက်တဲ့အတွက်

သူမအဖွဲ့ကိုလည်း ပြန်ဆုတ်ဖို့အမိန့်ပေးလိုက်လေ၏။

ဖန်ဇီကျိက ရန်ကိုင်ကိုကြည့်ရင်း ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားပြီးနောက် ရယ်မောလိုက်ရင်း

ပြောလိုက်သည်‘‘ ငါတို့လည်းနောက်ဆုတ်ကြတာပေါ့’’

ဂိုဏ်းသုံးဂိုဏ်းက တပည့်တွေက လျှပ်စီးတမျှ အမြန်နှုန်းနဲ့ ပြေးလွှားနေခဲ့ကြပြီး ငါးကီလိုမီတာ

အကွာလောက်ရောက်မှ ရပ်တန့်လိုက်ကြ၏။ သူတို့ပြန်လှည့်ကြည့်လိုက်တဲ့အချိန် အမြူတေကိုးခုက

မျက်လုံးကျိန်းမတတ် အလင်းရောင်တွေကို ထုတ်လွှတ်နေတာကို တွေ့လိုက်ရလေ၏။ အမြူကိုးခု

ကြားတွင် ဆန်းကြယ်တဲ့ဆက်သွယ်ချက် တစ်ခုရှိနေတဲ့ပုံပင်။ အမြူတေက အဆက်မပြတ်

လည်ပတ်နေပြီး ကောင်းကင်ယံတွင်ရှိသော ဝဲကတော့ကလည်း ကြီးမားလာခဲ့လေသည်။

ဝဲကတော့ဆီမှ စုပ်ယူအားကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး မိစ္ဆာလိပ်သားရဲအလောင်းကို စတင်စုပ်ယူတော့သည်။

အလောင်းကြီးက ဝဲကတော့ထဲရောက်ရှိသွားတဲ့အခါမှာတော့ နေလာနှင်းပျောက်ဆိုသလို အလောင်းက

ခြေရာလက်ရာ တစ်ခုတစ်လေတောင် မကျန်ရစ်ခဲ့ပဲ ပျောက်ကွယ်သွားခဲ့ရသည်။ ဒါက လူတိုင်းကို

ကြောက်ရွံ့မှုနှင့်အတူ ပင့်သက်ရှိုက်သွားစေခဲ့သည်။ သူတို့သာအမြန်နောက်ပြန်မဆုတ်ခဲ့ရင်

သူတို့လည်း လိပ်မိစ္ဆာသားရဲ အလောင်းနဲ့တူညီသော ကံကြမ္မာကိုကြုံတွေ့ရပေလိမ့်မည်။

ရွှင်မြူးစွာနဲ့ တပည့်များစွာက ရန်ကိုင်ကို လေးစားမှုအပြည့်နဲ့ ကြည့်လိုက်ကြလေသည်။ လေပြင်းတစ်ချက်

တိုက်ခတ်သွားခဲ့ပြီး လူတိုင်း၏အကျီင်္စကို လှုပ်ခါသွားစေခဲ့သည်။ များစွာတော့တပည့်တွေက

အကြောက်မပြေသေး။ ကောင်းကင်အမွေအနှစ်လိုဏ်ဂူထဲကို ဝင်လာတဲ့တပည့်အများစုက

လူငယ်မျိုးဆက်ကဖြစ်ပြီး အတွေ့အကြုံသိပ်မရှိ။ အချို့တပည့်တွေဆိုရင် ဂိုဏ်းကနေ တစ်ခါမှ

အချိန်အကြာကြီး မထွက်ခွါဖူးခဲ့ပေ။ ထို့ကြောင့် အခုလိုမြင်ကွင်းမျိုးကို တွန့်ဆုတ်ခြင်းမရှိပဲ

မကြည့်နိုင်တာကလည်း အထူးအဆန်းမဟုတ်တော့။

‘‘ ငါတို့ဆက်ပြီး ဆုတ်ဖို့လိုသေးလား’’ စုယန်က ရန်ကိုင်ဘေးနား သွားလိုက်ပြီး မေးလိုက်၏။

ရန်ကိုင်က သူမကိုကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။ စုယန်လည်း ရန်ကိုင်၏အတည်ပြုချက်

ရတော့မှပဲ စိတ်သက်သာရာရသွားခဲ့ပြီး သက်ပြင်းချနိုင်တော့သည်။ ‘‘ နီယုံနဲ့ပက်သက်ပြီး

နင်စိတ်ပူစရာမလိုဘူး။ ဒီကိစ္စကို ငါကိုယ်တိုင် အကြီးအကဲခန်းမဆီကို တင်ပြပေးမယ်’’

‘‘ကျေးဇူးပါ’’ ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။

ရန်ကိုင်က သိပ်မကြာသေးခင်တုန်းက နီယုံကိုသတ်ဖြတ်ခဲ့သည်။ ထိုအဖြစ်အပျက်က

မြန်ဆန်စွာ ဖြစ်ပျက်သွားခဲ့ပေမယ့် စုယန်၏မျက်လုံးအောက်ကတော့ မလွတ်မြောက်နိုင်ခဲ့ပေ။

ထိုကိစ္စနဲ့ပက်သက်ပြီး ဘာမှထပ်ပြီး စုံစမ်းစစ်ဆေးစရာလည်း မရှိတော့ပေ။

‘‘ ကောင်းကင်မှာ တစ်ခုခုရှိနေတယ်’’ ရုတ်တရက် လူတိုင်းဆီမှ ထိတ်လန့်အံ့အားသင့်နေတဲ့

အသံတွေ ထွက်ပေါ်လာခဲ့လေသည်။

အသံကြားလိုက်တဲ့အချိန် ရန်ကိုင်လည်း ကောင်းကင်ကိုမော့ကြည့်လိုက်ပြီး ဝဲကတော့ဆီကနေ

တလက်လက်တောက်ပနေတဲ့ ရွှေရောင်အလင်းတန်းတစ်ခုကို တွေ့လိုက်ရလေ၏။

ထိုရွှေရောင်အလင်းတန်းက မျက်စိကျိန်းလုမတတ် တောက်ပနေခဲ့ပြီး ပတ်ဝန်းကျင်နေရာတစ်ခွင်လုံးကို

အလင်းရောင်ပေးနေခဲ့သည်။ ထိုအလင်းတန်းက ကောင်းကင်ကိုဆုတ်ဖြဲပြီး အထဲတွင်ဖုံးကွယ်ထားတဲ့

ရတနာကိုဖော်ပြနေတဲ့ လက်တစ်ဖက်နဲ့ တူညီပေသည်။ ကြည့်နေတဲ့ တပည့်တွေအားလုံးလည်း

စိတ်ရှုပ်ထွေးသွားခဲ့ရပြီး တစ်ယောက်ယောက်က အသံအကျယ်ကြီးနဲ့ အော်မေးလိုက်လေသည်

‘‘ အဲ့ဒါဘာၾကီးလဲ’’

ရန်ကိုင်လည်း မျက်မှောင်ကြုံ့လိုက်ရင်း ကောင်းကင်ယံဆီမှ အလင်းတန်းကို သေချာအနီးကပ်

ကြည့်လိုက်၏။ အလင်းတန်းအစပြုရာ ထိပ်ပိုင်းရှိ အိမ်ထောင့်စွမ်းတွင် ကောင်းကင်တမန်တော်

တစ်ပါး မတ်တပ်ရပ်နေတာကို သူ့တွေ့လိုက်တယ်လို့ ထင်လိုက်မိသည်။ ထိုအထဲမှ

တစ်ခုခုက တဖြည်းဖြည်းကျဆင်းလာခဲ့သည်။ အချိန်နည်းနည်း ကုန်ဆုံးသွားတာနဲ့

ထိုအရာက အိမ်တစ်လုံး၏အစွန်းပိုင်းတစ်ခုဖြစ်တယ်ဆိုတာ သိလိုက်ရပြီး ဒါပေမယ့်

လှေကားတွေ၊ ရွှေရောင်အရှိန်အဝါနဲ့ တလက်လက်တောက်ပနေခဲ့လှေကားများပင်။

ထိုလှေကားတွေက အလွန်အမင်းရှည်လျားလွန်းလှပြီး လူတိုင်း၏မြင်ကွင်ထဲသို့ တဖြည်းဖြည်း

ဝင်ရောက်လာခဲ့သည်။ ရွှေရောင်လှေကားတွေ ဆင်းသက်လာတဲ့နှုန်းက အလွန်းအမင်း

နှေးကွေးပြီး ထိုရွှေရောင်လှေကားတွေ ထွက်ပေါ်လာတာနဲ့ ဝဲကတော့လည်း မတည်မငြိမ်

ဖြစ်လာခဲ့သည်။ မိနစ်အနည်းငယ်လောက် စောင့်ဆိုင်းပြီးနောက် ဝဲကတော့ထဲတွင်

ပိုများတဲ့လှေကားထစ်တွေ ပေါ်လာခဲ့ပေမယ့် သူတို့ကြားက ကွဲပြားချက်ကိုတော့

ဘယ်သူမှ မသိခဲ့ပေ။

‘‘ နတ်ဆိုးအိုကြီး…ဒါကမင်းပြောတဲ့ အမွေအနှစ်လား’’ ရန်ကိုင်က မေးလိုက်လေသည်။

‘‘သခင်လေး၊ အဲ့နေရာဖုံးကွယ်နေတာ ဘာမွေအနှစ်လဲဆိုတာ ငါမသိဘူး။ ဒါပေမယ့်

စမ်းသပ်ချက်ကို ကျော်ဖြတ်နိုင်မှပဲ အမွေအနှစ်ကိုရနိုင်လိမ့်မယ်။ အဲ့လှေကားထစ်တွေကို

ကြည့်လိုက်၊ ဒီအစေခံအိုကြီး ထင်တာသာမှန်မယ်ဆိုရင် လှေကားထစ်အရေအတွက်က အနည်းဆုံး

၁၀၀၀လောက် ရှိလိမ့်မယ်။ ၁၀၀၀ဆိုပေမယ့် အဲ့ထက်နည်းရင်လည်း နည်းနိုင်သလို များရင်လည်း

များနိုင်တယ်၊ သေချာတော့မပြောနိုင်ဘူး’’

Martial Peak

အထွတ်အထိပ် သိုင်းဧကရာဇ်

အပိုင်း (၁၄၈) ယောကျာ်းဆိုတာ

ရန်ကိုင်၏ သံသယတွေကို သိနေသည့်အလား နတ်ဆိုးအိုကြီးက ဖြည်းဖြည်းချင်း ပြောပြလိုက်၏

‘‘ သခင်လေး အဲ့ကိစ္စနဲ့ပက်သက်ပြီး အရမ်းကြီးစိုးရိမ်နေစရာ မလိုပါဘူး။ သခင်လေးသာ

အမွေအနှစ်ကို ရဖို့ကံကြမ္မာပါလာတယ်ဆိုရင် ခွန်အားဆိုတာ အခရာမဟုတ်တော့ပါဘူး။

ဒါပေမယ့် အမွေအနှစ်ကို ရဖို့နည်းလမ်းကတော့ တကယ်ကိုခက်ခဲလွန်းတယ်။ ဒီနေရာမှာ

ခွန်အားဆိုတာ ဘာမှမဟုတ်ဘူး။ သခင်လေး၊ ဟိုမိန်းကလေးနှစ်ယောက် အမွေအနှစ်ကို

ဘယ်လိုရသွားလဲဆိုတာလည်း မမေ့နဲ့ဦးလေ’’

ပျော်ရွှင်တဲ့ခံစားချက်တစ်ခုက ရန်ကိုင်စိတ်ထဲ ပေါက်ဖွားလာခဲ့သည်။

ဟူညီအစ်မနှစ်ယောက် အမွေအနှစ်ကို ရရှိခဲ့တာကို ရန်ကိုင်ကိုယ်တိုင်ကိုယ်ကျ မျက်စိနဲ့

တပ်အပ်မြင်ခဲ့တာဖြစ်သည်။ သူလိုဏ်ဂူထဲကို အရင်ရောက်ပြီး ထိုထဲမှာပဲ ရက်ပေါင်းများစွာ

နေခဲ့ပေမယ့် အမွေအနှစ် ရှိတဲ့အရိပ်အယောင် တစ်ချက်ကလေးတောင် မတွေ့ခဲ့ရ။ ဒါပေမယ့်

ဟူညီအစ်မနှစ်ယောက်ကတော့ ရောက်ရောက်ချင်းပဲ အမွေအနှစ်ကို တန်းပြီးဆက်ခံနိုင်ခဲ့သည်။

ဒါကဘာကြောင့်လဲဆိုတော့ သူတို့ကအမွေအနှစ်ကိုရဖို့ ကံကြမ္မာပါလာလို့ပဲဖြစ်၏။

‘‘ ဟုတ်တယ်၊ အဲ့လိုပဲဖြစ်ရမယ်’’ ရန်ကိုင်က သူ့ရဲ့စိုးရိမ်ပူပန်မှုတွေကို ဖယ်ထုတ်ပစ်လိုက်သည်။

သူကောင်းကင်ကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်၏။ နောက် တခြားတစ်ဖက်ကို

အကြည့်ပြောင်းလိုက်ပါတော့သည်။ လှေကားထစ်တွေ မြေပြင်ကိုအပြည့်အဝ ရောက်ရှိဖို့ဆိုရင်

အချိန်တော်တော်လိုသေးမှန်း သူသိပေသည်။ ထို့ကြောင့် နေစရာတစ်ခုရှာပြီး ထိုနေရာမှာပဲ

တင်ပလင်ခွေထိုင်နေလိုက်သည်။

အမွေအနှစ်ကို သူရယူချင်တဲ့အတွက် ပထမဆုံးခြေလှမ်းအဖြစ် သူ့ကိုယ့်သူအားပြန်ပြည့်အောင်

လုပ်ထာဖို့ဆုံးဖြတ်လိုက်သည်။

ရန်ကိုင်၏ ခန့်မှန်းချက်အရဆိုလျှင် လှေကားထစ် အပြည့်အဝ ဖြစ်ပေါ်ဖို့ရာ အနည်းဆုံး

နှစ်ရက်၊သုံးရက်လောက် လိုပေလိမ့်မည်။ ထို့ကြောင့် ဒဏ်ရာတွေကိုပြန်ကုစားဖို့

သူ့တွင် အချိန်တော်တော်များများ ရှိပေသည်။

စုယန်က ရန်ကိုင်ကိုအံ့အားသင့်စွာကြည့်လိုက်ပြီး သူမလည်းလူအုပ်ကြီးထဲကနေ ခွဲထွက်ကာ

ရန်ကိုင်နှင့်မနီးမဝေးတွင် နေရာတစ်ခု ရှာလိုက်ပြီး ထိုင်နေလိုက်သည်။ လူငယ်မျိုးဆက်တွေကို

ရန်ကိုင်နှင့်စုယန်၏ တည်ငြိမ်တဲ့ဟန်ပန်အမူအရာကို ကူကယ်ရာကင်းမဲ့စွာ ကြည့်လိုက်မိသည်။

သူတို့တွေက ကျွမ်းကျင်သူတွေဖြစ်ဖို့ ဘယ်နေရာမှနီးကပ်မနေတဲ့အတွက် လောကီရေးရာ

စိတ်ဆန္ဒတွေက ရုန်းမထွက်နိုင်သေးပဲ ရန်ကိုင်နှင့်စုယန်တို့လို တည်ငြိမ်အေးဆေးမှုကို

မထုတ်ဖော်နိုင်ခဲ့ချေ။ ထို့ကြောင့် ပြောရမယ်ဆိုရင် သူတို့တွေကရန်ကိုင်နှင့်စုယန်တို့

နှစ်ယောက်နဲ့ယှဉ်ရင် တော်တော်လေးမရင့်ကျက်သေးဘူးလို့ ပြောနိုင်ပေသည်။

တစ်ယောက်ယောက် ဖွဖွချောင်းဟန့်လိုက်တဲ့ အချိန်ကျမှသာ သူတို့အားလုံး အသိပြန်ဝင်လာခဲ့ပြီး

ရှက်ရှက်နဲ့ ပြန့်ကွဲသွားပြီး နေရာတစ်ခုရှာပြီး တရားထိုင်ဖို့စတင်တော့လေသည်။ အချို့သာမန်

တပည့်တွေကတော့ အုပ်ဖွဲ့ကာ နားညီးအောင်စပြီး ပေါက်ပေါက်ဖောက်စကားများတော့သည်။

ထိုဆူညံသံတွေကြား ထိတ်လန့်မှု၊အံ့သြမှုတို့ပါဝင်နေတဲ့ အသံတွေလည်း တဝဲဝဲလည်နေပေသည်။

ဟူညီအစ်မနှစ်ယောက်က ရန်ကိုင်၏ဘေးဖက်ကို သွားပြီး ထိုင်လိုက်သည်။ သူတို့နှစ်ယောက်

ဘာတွေတွေးနေလဲဆိုတာတော့ ဘယ်သူမှသိလိမ့်မည်မဟုတ်ချေ။ ရန်ကိုင်က မျက်လုံးဖွင့်ရုံလေး

ဖွင့်လိုက်ပြီး ညီအစ်မနှစ်ယောက်၏ မျက်နှာလေးတွေကို ချောင်းကြည့်လိုက်သည်။ ညီအစ်မ

နှစ်ယောက်စလုံးက သူ့ကိုချိုသာစွာ ပြုံးပြနေခဲ့ပြီး ဘယ်သူကဘယ်သူမှန်း သူမခွဲခြားနိုင်ခဲ့ပေ။

ရန်ကိုင်က မျက်လုံးဆက်ပြီးဖွင့်ဖို့တောင် တုန့်ဆိုင်းသွားခဲ့ရသည်။

‘‘ဘာလဲ’’ ရန်ကိုင်၏ပုံစံကိုကြည့်ရင်း ဟူကျောင်းအာက ချက်ချင်းမေးလိုက်လေသည် ‘‘ ငါတို့နှစ်ယောက်

နင့်ဘေးမှာလာထိုင်နေတာ နင့်ရဲ့ကံကောင်းမှုပဲ ။ အဲ့ဒါကို နင်ကဘာလို့ငါတို့ကို ညစ်ပတ်တဲ့

အကြည့်နဲ့ကြည့်နေတာလဲ’’

ရန်ကိုင်လည်း ရယ်ရခက်၊ငိုရခက်ဖြစ်သွားခဲ့ပြီး ညီအစ်မနှစ်ယောက်ကို ပြန်ပြီးတော့သာ ပြုံးပြလိုက်ပြီး

ပြောလိုက်သည်‘‘ အခုလိုလှပတဲ့ပန်းလေးနှစ်ပွင့်နဲ့ အတူူတူရှိနေရတာ ငါ့အတွက်အမှန်တကယ်ကို

ဂုဏ်ယူစရာကောင်းနေတာကို ငါကဘယ်လိုလုပ်ပြီး နင့်တို့နှစ်ယောက်ကို ညစ်ပတ်တဲ့အကြည့်နဲ့

ကြည့်ရမှာလဲ’’ တကယ်တော့ သူတို့တစ်ယောက်နဲ့တစ်ယောက် အကြိမ်များစွာ ပူးပေါင်းလုပ်ဆောင်

ခဲ့ပြီး တစ်ယောက်အကြောင်းကို တစ်ယောက်ကောင်းကောင်းသိနေပြီဖြစ်သည်။ သူတို့က အရင်တုန်းကလို

သူစိမ်းတွေမဟုတ်တော့ပဲ သူ့တို့ကြားကာ စကားဝိုင်းတွင် ဟာသပါတာကတော့ ပုံမှန်ပင်ဖြစ်သည်။

ရန်ကိုင်၏စကားလုံးတွေကိုကြားလိုက်တာနဲ့ ဟူကျောင်းအာ ဒေါသချိုချိုလေးနဲ့ ပြန်ပြောလိုက်သည်

‘‘ အပြောကတော့ ချိုလှပါတယ်နော်’’

ဟူမေးအာက ထပ်ပေါင်းပြောလိုက်၏ ‘‘ ငါကနင့်ကိုရိုးသားတဲ့လူတစ်ယောက်လို့ထင်နေတာ။

နင်ကအခုလို အပေါစားစကားတွေ ပြောတတ်လိမ့်မယ်လို့ ထင်ကိုထင်မထားဘူး’’

ရန်ကိုင်က လေးနက်နေတဲ့မျက်နှာနဲ့ ပြောလိုက်လေသည် ‘‘ အဲ့စကားလုံးတွေက

ငါ့နှလုံးသားထဲက လာတဲ့စကားလုံးတွေ၊ အပေါစားစကားလုံးတွေမဟုတ်ဘူး ’’

မိန်းကလေးနှစ်ယောက်က အားရကျေနပ်စွာပြုံးလိုက်လေသည်။ လှပတဲ့ပန်းလေးနှစ်ပွင့်

ပွင့်လန်းလာကာ ကမ္ဘာကြီးကိုတစ်ဖန်ပြန်လည်အသက်ဝင်လာစေခဲ့သည်။

နည်းနည်းပါးပါး တွေးလိုက်ပြီးနောက် ရန်ကိုင်ကညွှန်ပြလိုက်သည် ‘‘ နင်တို့ဂိုဏ်းကတပည့်တွေက

ငါ့ကိုသိပ္မၾကိဳက္တဲ့ပံုပဲ’’

ညီအစ်မနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး တစ်သံတည်းပြောလိုက်၏

‘‘ နင်သူတို့ကိုကြောက်နေတာလား’’

ရန်ကိုင်က ပြုံးဖြဲဖြဲလုပ်ရင်း ပြောလိုက်သည် ‘‘ ငါကြောက်တာပေါ့၊ ဒါပေမယ့် သူတို့ကငါ့ရန်သူဖြစ်ဖို့

အရည်အချင်းမမှီသေးဘူး။ ဒါကြောင့်နင်တို့နှစ်ယောက် အဲ့ကိစ္စနဲ့ပက်သက်ပြီး စိတ်အနှောင့်အယှတ်

ျဖစ္စရာမလိုပါဘူး’’

အဲ့နောက် ဟူကျောင်းအာက ပြန်ပြောလိုက်လေသည် ‘‘ နင်ကကောင်းကင်စံအိမ်က ယောကျာ်လေး

တပည့်တွေကို ရန်စပြီးပြီပဲလေ။ အခုငါတို့သွေးတိုက်ပွဲဂိုဏ်းကိုပါ ထည့်တွက်လိုက်တော့လေ’’

သူမက ရန်ကိုင်စုယန်ကို ကယ်လိုက်တုန်းက သူမအပေါ်အကျိုးအမြတ်ယူခဲ့တဲ့အကြောင်းကို

ပြောနေတာဖြစ်လေသည်။ ချက်ချင်းပဲ အရမ်းကြီးနာကျင်နေသည့်အလား ရန်ကိုင်မျက်နှာမဲ့လိုက်သည်။

ဟူကျောင်းအာက ရွှင်မြူးနေတဲ့ပုံစံနဲ့ ရယ်မောလိုက်ပြီး ရန်ကိုင်ကို မြူဆွယ်တဲ့အကြည့်နဲ့ ကြည့်လိုက်သည်

‘‘ အခြားသူတွေမနာလိုသွားအောင် နင်ငါ့ကိုမနမ်းချင်ဘူးလား’’

ရန်ကိုင်က သူမကိုနောက်တစ်ကြိမ် ချောင်းကြည့်လိုက်ပြီး သူ့ခန္ဓာကိုယ်ကိုစောင့်လိုက်ပြီး

သူ့မျက်နှာကို သူမမျက်နှာနားကပ်ကာ ပြောလိုက်သည် ‘‘ အသည်းထဲနှလုံးသားထဲကနေ

ငါနမ်းချင်တာပေါ့’’

ဟူကျောင်းအာ ရှက်သွေးဖြာသွားရပြီး ချက်ချင်းပဲ ဒေါသတကြီး ပြန်ပက်လိုက်သည် ‘‘ နင်ကနမ်းဖို့

ငါလိုမိန်းကလေးတစ်ယောက်ကို လိုချင်နေတာပေါ့’’

‘‘ အစ်မကြီးရယ်၊ စနေတာလေးရပ်ပြီးသူ့ကို နားခွင့်လေးလည်း ပေးလိုက်ပါဦး။ သူ့ဒဏ်ရာတွေက

တော်တော်ပြင်းတယ်’’ ဟူမေးအာက သူမအစ်မကြီးရဲ့ လက်မောင်းကိုလှုပ်ယမ်းရင်းပြောလိုက်သည်။

သူတို့နှစ်ယောက် ကလူကျီစယ်နေတာကို ကြည့်ရတာသူမအဖို့ တော်တော်လေး ခံရခက်နေတဲ့

ပုံပေါက်နေခဲ့သည်။

ဟူကျောင်းအာလည်း သူမပုံစံကိုပြန်ပြင်လိုက်ပြီးနောက် မျက်လုံးမှိတ်ပြီး ရန်ကိုင်ဘေးနားတွင်

ငြိမ်ငြိမ်လေး ထိုင်နေလိုက်တော့သည်။ ရန်ကိုင်နဲ့ဟူမေးအာတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး

ပြုံးလိုက်ကြသည်။ ထို့နောက် သူတို့လည်းကိုယ်နေဟန်ထားကို ပြင်လိုက်ပြီး စပြီးတရားထိုင်တော့လေသည်။

အချိန်တွေကုန်ဆုံးလာတာနဲ့အမျှ ဂိုဏ်းသုံးဂိုဏ်းက တပည့်တွေလည်းစိတ်အားထက်သန်မှုတွေ

ကုန်ဆုံးသွားခဲ့ပြီး တရားထိုင်ကာအားပြန်ဖြည့်နေကြလေသည်။ တစ်ခါတစ်ရံမျက်လုံးလေးဖွင့်ရင်း

ကောင်းကင်ပေါ်ကပြောင်းလဲမှုကိုတွေကို စစ်ဆေးလိုက်သေးသည်။

နှစ်ရက်ကြာအောင် တရားထိုင်ပြီးနောက် ဆူညံသတွေပျောက်ကွယ်သွားခဲ့ပြီး အထွန့်တက်ပြောဆိုသံ

တွေလည်း ဆိတ်သုဉ်းသွားခဲ့လေသည်။

ရန်ကိုင်က သူ့ရှေ့၌ တစ်ယောက်ယောက် ရပ်နေတယ်လို့ ခံစားမိလိုက်တာနဲ့ မျက်လုံးဖွင့်ကြည့်လိုက်တော့

မုန်တိုင်းစံအိမ်က ဒူရီရွှမ်းနဲ့ရုပ်ချောချောကောင်းလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုကောင်လေးက

ရန်ကိုင်ကို သားရဲအမြူတေပေးပြီး ဆုံးဖြတ်ခိုင်းဖို့လုပ်တဲ့ ဖန်ဇီကျိပင်ဖြစ်သည်။

‘‘ ရန်ကိုင်၊ နင့်ဒဏ်ရာတွေဘယ်လိုနေလဲ’’ ဒူရီရွှမ်းက လေးနက်နေတဲ့ပုံစံနဲ့ မေးလိုက်သည်။

‘‘အဆင်ပြေပါတယ်၊ အရမ်းကြီးလည်း မဆိုးပါဘူး’’ ရန်ကိုင်နှုတ်ခမ်းကွေးတက်သွားခဲ့ပြီးနောက်

ဖန်ဇီကျိကိုကြည့်လိုက်ပြီး လက်သီးဆုပ်ကာ မေးလိုက်သည် ‘‘ ဒီကရောင်းရင်းက ဘယ်သူပါလိမ့်’’

ရန်ကိုင်က ဖန်ဇီကျိကိုမမှတ်မိပေ။ လွန်ခဲ့တဲ့နှစ်ရက်တုန်းက ဆွေးနွေးနေတဲ့အချိန် သူက ရန်ကိုင်ကို

ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တဲ့အတွက် ရန်ကိုင်ကလည်း ဖန်ဇီကျိကို မမုန်းတီးပေ။

‘‘ ငါကဖန်ဇီကျိပါ’’ ပြန်ပြောလိုက်ပြီးနောက် ဖန်ဇီကျိက ဖွဖွလေးရယ်လိုက်ပြီး ‘‘ ရောင်းရင်းရန်ရဲ့

လက်သီးက တကယ်ကိုအားပြင်းတာပဲနော်။ ငါကိုတောင်ကြာက်ရွံ့လေးစားအောင် လုပ်နိုင်ခဲ့တယ်။

ရောင်းရင်းရန်က လူအားလုံးရဲ့အာရုံစိုက်မှုကိုရသွားတာ ငါတကယ်ကိုမနာလိုမိတယ်’’

‘‘ရောင်းရင်းဖန်က မြှောက်ပြောနေတာပဲ’’ ရန်ကိုင်က ရယ်မောလိုက်သည်။

ဖန်ဇီကျိက ဆက်ပြောလိုက်သည် ‘‘ ရောင်းရင်းရန်လို လွယ်လွယ်နဲ့ အရှုံးမပေး၊လက်မလျှော့တတ်တဲ့

လူမျိုးက ငါ၊ဖန်ဇီကျိတကယ်ပဲလေးစားတယ်။ အကယ်၍ ငါတို့နှစ်ယောက်ကာ တစ်ဂိုဏ်းတည်း

သားတွေဖြစ်ခဲ့ရင် ရောင်းရင်းရန်နဲ့ငါတို့ တကယ့်ညီအစ်ကိုတွေ ဖြစ်လာနိုင်တယ်’’

ဟူကျောင်းအာက မျက်နှာမဲ့လိုက်ပြီး ကျန်တဲ့သူတွေကြားလောက်အောင် ရေရွတ်လိုက်သည်

‘‘ရွံစရာကောင်းလိုက်တာ’’

ဖန်ဇီကျိက သူမကိုအထင်တသေး ကြည့်လိုက်၏။

ဒူရီရွှမ်က ဖန်ဇီကျိလက်မောင်းကို ဆွဲလိုက်ပြီး အားတင်းပြုံးလိုက်ကာ‘‘ အစ်မ၊ နင်ကကူညီနေတာ

မဟုတ်ဘူးနော်’’

သူမရန်ကိုင်ကို အားနာပါးနာနဲ့ ကြည့်လိုက်ပြီး ‘‘ စိတ်ထဲမထားပါနဲ့နော်၊ ငါ့စီနီယာအစ်ကိုမှာ

ပြဿနာတွေရှိတယ်’’

‘‘ဘာ…အစ်မဟုတ်လား။ နင်ဘာပြောလိုက်တာလဲ’’ ဖန်ဇီကျိက ချက်ချင်းပဲ ဒူရီရွှမ်းကိုစူးစူးဝါးဝါး

စိုက်ကြည့်လိုက်လေသည်။ ‘‘ ထားလိုက်ပါတော့၊ အစ်ကိုဖန်က ဂရုဏာတရားကြီးမားတဲ့လူပဲလေ။

ဘာလို့ဒီလိုကိစ္စသေးသေးလေးတွေကို လိုက်ပြီးစိတ်အနှောက်အယှတ်ဖြစ်နေတာလဲ’’ ရန်ကိုင်နှုတ်ခမ်း

ကွေးတက်သွားခဲ့သည်။ မုန်တိုင်စံအိမ်က နံပါတ်တစ်တပည့်မှာ အခုလို စိတ်ဝင်စားစရာကောင်းတဲ့

စရိုက်ရှိလိမ့်မယ်လို့ သူမထင်ထားခဲ့ပေ။

‘‘ရောင်းရင်းရန်၊ မင်းတစ်ယောက်ပဲ ငါ့ကိုနားလည်တယ်’’ ဖန်ဇီကျိက ပြောလိုက်သည်။

ဟူကျောင်းအာက ဝင်ပြီးနှောက်ယှတ်လိုက်လေသည် ‘‘ ရန်ကိုင်၊ နင်သတိထားသင့်တယ်။

ဒီကောင်က မိန်းကလေးတွေကို ရွံ့ပုပ်နဲ့တူတယ်လို့တွေးပြီး မိန်းမတွေကိုကြိုက်လေ့မရှိဘူး။

သူသာနင်နဲ့ရင်းနှီးသွားခဲ့လို့ အခပ်မသင့်နင့်ကိုလိုက်ကြိုက်နေဦးမယ်’’ ထို့နောက်

သူမပါးစပ်ကိုလက်ကလေးနဲ့ ပိတ်ပြီးတခစ်ခစ်ရယ်တော့လေသည်။ သူမစကားလုံးတွေက

အလွယ်တကူနားလည်မှုလွဲနိုင်တဲ့စကားလုံးတွေပင်ဖြစ်သည်။

ရန်ကိုင်အမူအရာ ချက်ချင်းပဲ ပြာနှမ်းသွားခဲ့ပြီး ဖန်ှဇီကျိနဲ့ဝေးရာကိုရှောင်ရှားဖို့ ကြိုးစားလိုက်သည်။

ဖန်ဇီကျိက ထိတ်လန့်တကြား ပြန်ပြောလိုက်လေသည်‘‘ ဟေး၊ ငါကိုအသရေပျက်အောင်

လုပ်မနေနဲ့။ ရောင်းရင်းရန်၊ သူမရဲ့မဟုတ်တုတ်ကစကားလုံးတွေကို နားထောင်မနေနဲ့။

ငါကအဲ့လိုလူမျိုးမဟုတ်ပါဘူး’’

ရန်ကိုင်လည်း ချောင်းဟန့်လိုက်ပြီး စိတ်ရှုပ်ထွေးစွာနဲ့ပြန်ကြည့်လိုက်သည်။

ဖန်ဇီကျိလည်း စိုးရိမ်သွားခဲ့ပြီး ချက်ချင်းပဲ ဒူရီရွှမ်းလက်ကိုဆွဲကာ သူမကိုသူ့ရင်ဘတ်ထဲ

ဆွဲသွင်းလိုက်ပြီး သူမကိုဖက်လိုက်လေသည်။ ထို့နောက်သူမကိုနှုတ်ခမ်းချင်းတေ့နမ်းလိုက်သည်။

ရန်ကိုင်ကြောင်အသွားခဲ့ပြီး ဟူမေးအာနဲ့ဟူကျောင်းအာတို့နှစ်ယောက်လည်း ထိုမြင်ကွင်းကို

ကြည့်ရင်းပါးစပ်ကြီးပွင့်အာနေခဲ့သည်။

ရုန်းကန်နေရင်း ဒူရီရွှမ်းဆီက ညီးသံလေးထွက်ပေါ်လာခဲ့ပြီး ညီအစ်မနှစ်ယောက်စလုံးမျက်နှာ

ရဲတက်သွားခဲ့သည်။ အချိန်တော်တော်ကြာ တိတ်ဆိတ်သွားပြီးနောက် ဖန်ဇီကျိက ဒူရီရွှမ်းကို

လွှတ်ပေးလိုက်ပြီး သူ့ပါးစပ်ကိုသုတ်ကာ ပြုံးဖြဲဖြဲလုပ်ရင်း ‘‘ကဲ၊ ရောင်းရင်းရန်၊ အခုငါ့ကိုယုံပြီလား’’

ရန်ကိုင်က ဖန်ဇီကျိကို အံ့အာသင့်စွာ ကြည့်လိုက်ပြီးနောက် သူ့ကိုလက်မထောင်ပြကာ ပြောလိုက်သည်

‘‘ ရောင်းရင်က ယောကျာ်းဆိုတာ ဘယ်လိုလူမျိုးလဲဆိုတာ သိအောင်ပြသွားခဲ့တာပဲ။ ငါတကယ်ကို

လေးစားပါတယ်’’

ထိုချီုးကျူးသံကို ကြားလိုက်တာနဲ့ ဖန်ဇီကျိက အသံအကျယ်ကြီး အော်ရယ်လိုက်သည်။ သူရယ်နေတုန်း

ဒူရီရွှမ်းရှက်သွားခဲ့ပြီး၊ နောက် ရုတ်တရက်ဖန်ဇီကျိမျက်နှာကို ရိုက်ချလိုက်သည်။

‘‘ အစုတ်ပလုတ်ကောင်’’ ဒူရီရွှမ်းက ခြေဆောင့်လိုက်ကာ မျက်နှာကိုလက်ကလေးနဲ့ အုပ်ပြီး

ထွက်ပြေးတော့လေသည်။

‘‘ဖြေးဖြေးပြေးဦး၊ တော်ကြာချော်လဲနေဦးမယ်’’ ဖန်ဇီကျိက သူ့ရဲ့နီရဲနေတဲ့ပါးကိုပွတ်ရင်း လှမ်းအော်

ပြောလိုက်သည်။

‘‘ရောင်းရင်းဖန်က သူ့နောက်ကိုလိုက်မသွားဘူးလား’’ ရန်ကိုင်က ဒူရီရွှမ်း၏နောက်ကျောကိုကြည့်ရင်း

မေးလိုက်သည်။ ‘‘မင်းစိတ်ပူစရာမလိုပါဘူး။ ရှက်ပြီးစိတ်ကောက်ရုံလောက်ပဲ။ သူမစိတ်ငြိမ်သွားတာနဲ့

ပြန်လာလိမ့်မယ်’’ အမှန်အကန်ပဲ ခဏကြာပြီးနောက် ဒူရီရွှမ်းက သူတို့ဆီပြန်ပြီးလမ်းလျှောက်လာခဲ့သည်။

သူမမျက်နှာကတော့ ရှက်ရွံ့မှုကြောင့် နီနေတုန်းပင်။ ခေါင်းငုံ့ထားခဲ့ပြီး လက်နှစ်ဖက်နှင့် သူမအကျီင်္စကို

ပွတ်ခြေနေခဲ့သည်။

‘‘ဟေး’’ ဖန်ဇီကျိက ရန်ကိုင်ကျေနပ်နေတဲ့အကြည့်နဲ့ မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။

‘‘ဂိုဏ်းတူအစ်ကို….’’ ဒူရီရွှမ်းက ဖန်ဇီကျိ၏လက်မောင်းကို ရှက်ရွံ့ခြင်းမရှိပဲ ဆွဲလိုက်သည်။

‘‘နင်ဘာလုပ်နေတာလည်း ’’ ဖန်ဇီကျိ မျက်ခုံးပင့်လိုက်ပြီး ဘဝင်ခိုက်နေတဲ့အကြည့်နဲ့ကြည့်လိုက်သည်။

ဒူရီရွှမ်းက သူမ၏လက်တစ်ဖက်ကို မြှောလိုက်ပြီး သူ၏အခြားပါးတစ်ဖက်ကို ရိုက်ချလိုက်လေသည်။

ထို့နောက် သွားကိုကြိတ်ရင်း ပြောလိုက်လေသည် ‘‘နင်ကတကယ့်ကို အယုတ်တမာကောင်

အကြီးစားပဲ’’ ဒုတိယအကြိပ်ပါးရိုက်ပြီးတော့မှပဲ ဒူရီရွှမ်းက သူမပါးစပ်ကရွံ့စရာအရသာကို

ဖယ်ရှားပြီးသွားပုံပေါ်လေသည်။ ထို့နောက် အခြားတစ်ဖက်ကိုလှည့်လိုက်ပြီး မာနတခွဲသားနဲ့

ခြေဆောင့်ပြီး ထွက်သွားတော့လေသည်။

ဖန်ဇီကျိက သူ့ပါးနှစ်ဖက်ကိုပွတ်ရင်း သူမကိုမျက်လုံးပြူးပြီး ကြည့်နေလိုက်သည်။

‘‘ခစ်ခစ်ခစ်’’ ဟူမေးအာနှင့်ဟူကျောင်းအာတို့နှစ်ယောက် မထိန်းနိုင်တော့ပဲ ရယ်မောလိုက်ကြသည်။

အဖြစ်အပျက်တွေက အခုလိုပြောင်းလဲသွားလိမ့်မယ်လို့ သူတို့မမျှော်လင့်ထားခဲ့ပေ။ အခုအချိန်မှာတော့

ဒူရီရွှမ်းကို သူတို့တော်တော်လေး လေးစားနေခဲ့ကြသည်။

‘‘ဂိုဏ်းတူညီမလေး၊ဒါ…ဒါ…’’ ဖန်ဇီကျိက စကားပြောဖို့အရာ အထစ်ထစ်အငေါ့ငေါ့ဖြစ်နေခဲ့သည်။

သူအခုဘယ်လိုခံစားနေရလဲဆိုတာ ဘယ်သူမှမပြောနိုင်ပေ။ ထို့နောက်ကို ရန်ကိုင်ဘက်ကိုလှည့်ကာ

ကိုးယိုးကားယား ပြုံးပြလိုက်ပြီး ပြောလိုက်သည် ‘‘ သူမနဲ့နောက်တစ်ကြိမ်တွေ့တော့မှပဲ

သေချာပြန်ပြီးတည့်မတ်အောင် လုပ်ပေးရမယ်။ သူမကကောင်းကင်ဘုံကိုအံတုနေတာပဲ’’

ဟူကျောင်းအာက လက်ခုပ်တီးလိုက်ပြီး ပြောလိုက်သည် ‘‘တကယ်ကို ပြဇာတ်ကောင်းတစ်ပုဒ်ပဲ။

ကြည့်ရတာ အရမ်းကိုသက်သောင့်သက်သာ ရှိတာပဲ။ အိုး…ဖန်ဇီကျိ၊ အခုနင်ကကောင်းကင်ဘုံကြီး

ပေါ့နော်’’ ဖန်ဇီကျိမျက်နှာမဲ့သွားခဲ့ပြီး သက်ပြင်းချကာ ရွတ်ဆိုလိုက်သည် ‘‘ ဆူးမရှိတဲ့နှင်းဆီပန်းဆိုတာ

မရွိဘူးပဲ’’

ရန်ကိုင်က ဖွဖွလေးချောင်းဟန့်လိုက်ပြီး ဟူကျောင်းအာပြောတာကို နှောင့်ယှတ်ကာမေးလိုက်သည်

‘‘ ရောင်းရင်းဖန်၊ မင်းငါ့ဆီကိုဘာအတွက်လာခဲ့တာလဲ’’ ဖန်ဇီကျိက မျက်နှာထားတင်းလိုက်ပြီး

သူနဲ့၁၀လီအကွာကိုကြည့်လိုက်ပြီး စိတ်အားထက်သန်စွာနဲ့ မေးလိုက်သည် ‘‘ ရောင်းရင်းရန်များ

ဘာတွေဖြစ်နေလဲဆိုတာ သိမလားဆိုပြီး လာမေးတာပါ’’

သူ့မေးခွန်းက ဟူကျောင်းအာနှင့်ဟူမေးအာတို့နှစ်ယောက်စလုံး၏ အာရုံကိုဆွဲဆောင်သွားခဲ့သည်။

သူတို့နှစ်ယောက်စလုံးက ရန်ကိုင်ကို အာရုံစိုက်ပြီး ကြည့်နေလိုက်ကြသည်။

ရန်ကိုင်၏မျက်လုံးတွေ တောက်ပသွားခဲ့ပြီး ချက်ချင်းပြန်မဖြေခဲ့ပေ။ ထို့နောက် ဖန်ဇီကျိက

ဆက်ပြောလိုက်သည် ‘‘ ရောင်းရင်းရန်၊ ဖုံးကွယ်ထားစရာမလိုပါဘူး။ ရောင်းရင်းတစ်ခုခု

သိနေတယ်ဆိုတာ သိနေပြီပဲလေ။ ဒါပေမယ့် ရောင်းရင်းရန်က ဒီအကြောင်းကို လူသိရှင်ကြား

ထုတ်ဖော်မပြောဆိုချင်ဘူးဆိုရင်လည်း ငါနားလည်ပါတယ်’’

ရန်ကိုင်က ဖန်ဇီကျိကိုကြည့်ရင်း စဉ်းစားနေလိုက်သည်။ ဒါကဘယ်ကနေလာလဲဆိုတာ သူသိပေသည်။

လူတိုင်းကို၁၀လီအကွာကို ထွက်သွားဖို့သူသတိမပေးခင် ဖြစ်ပျက်လာမယ့်အန္တရာယ်ကို လူတိုင်းသိအောင်

သူလုပ်ခဲ့မိသည်။ သူသာမသိခဲ့ဘူးဆိုရင် ဘယ်လိုလုပ်ပြီး အားလုံးကိုသတိပေးနိုင်ရတာလဲ။

ဒါပေမယ့် သူသိတာကို သူတို့ကိုပြောတာမပြောတာက အရေးမကြီးပေ။ လှေကားထစ်တွေ

နောက်ဆုံးပြည့်စုံသွားပြီးဆိုရင် အခုအနေကို သူတို့နားလည်လာပါလိမ့်မည်။ သူက သူ့ကိုအာရုံစိုက်ပြီး

ကြည့်နေတဲ့ ဟူမေးအာနှင့်ဟူကျောင်းအာတို့နှစ်ယောက်ကို ကြည့်လိုက်သည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် ရန်ကိုင်က သူ့အတွေးတွေကို ဖြေလျှှော့လိုက်ပြီး ‘‘ ငါလည်း

အဲ့အကြောင်းကို အများကြီးမသိဘူး။ ကောင်းကင်ကနေ လှေကားထစ်တွေ ကျလာပြီးသွားရင်

ငါလည်းစစ်ဆေးကြည့်ရဦးမယ်’’

ဖန်ဇီကျိက ဆက်မေးလိုက်သည် ‘‘ အန္တရာယ်ကောရှိလား’’

ရန်ကိုင်က ပြန်ပြုံးပြလိုက်ပြီး ‘‘ ရောင်းရင်းဖန်၊ ငါတောင်အန္တရာယ်ရှိလား၊မရှိလားဆိုတာ မသိသေးဘူး’’

ဖန်ဇီကျိက ခေါင်းညိတ်ပြလိုက်ပြီး လက်သီးဆုပ်ကာ ဣန္ဒြေရရပြန်ပြောလိုက်သည် ‘‘ ကျေးဇူးအများကြီး

တင်ပါတယ်ရောင်းရင်းရန်။ ငါတို့နောက်တစ်ကြိမ်ပြန်တွေ့ရင် မုန်တိုင်စံအိမ်ကို ဧည့်သည်အဖြစ်နဲ့

လာဖို့ငါဖိတ်ခေါ်ပါတယ်။ ဝိုင်းသောက်ရင်း ငါတို့နှစ်ယောက် စကားဖောင်ဖွဲ့ကြတာပေါ့’’

‘‘ ေက်းဇူးပါ’’

ဖန်ဇီကျိထွက်သွားပြီးနောက် ရန်ကိုင်က ဟူညီအစ်မနှစ်ယောက်ကိုကြည့်လိုက်ပြီး ပြုံးကာပြောလိုက်၏

‘‘ နင်တို့လည်း သိချင်နေတယ်ဆိုတာ ငါသတိတယ်။ မဟုတ်ရင် သွေးတိုက်ပွဲဂိုဏ်းကတပည့်တွေကို

မနာလိုအောင်လုပ်ဖို့လောက်နဲ့ ငါ့နားမှာလာထိုင်နေမှာမဟုတ်ဘူး’’

‘‘ သတင်းအချက်အလက် ရချင်လို့များ ဒီမှာလာထိုင်နေတယ်လို့ နင်ထင်နေတာလား’’

ဟူကျောင်းအာက ပြန်ငြင်းလိုက်သည်။ ဟူမေးအာကလည်း အလျင်စလို ဝင်ပြောလိုက်သည်

‘‘ ငါတို့အဲ့ဒါကြောင့် ဒီမှာလာထိုင်နေတာမဟုတ်ပါဘူး။ ငါတို့က…..’’

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း(၁၄၉) စမ်းသပ်မှု

ဟူကျောင်းအာက သူမကိုစကားဆုံးအောင်တောင် ပြောခွင့်မပြုပဲ ချက်ချင်းဖြတ်ပြောလိုက်သည်

‘‘ နင့်ဆီကလျှို့ဝှက်ချက်တွေ သိချင်လို့များ ငါတို့ကနင့်ဆီကိုချဉ်းကပ်တယ်လို့ ထင်နေတာလား’’

ရန်ကိုင်သူမတို့ကိုတစ်မျိုးထင်နေတာကို သူမမကြိုက်ပေ။ ( ငါတို့ကပဲ ရည်ရွယ်ချက်ရှိရှိနဲ့

သူ့ကိုချဉ်းကပ်တယ်လို့များ ထင်နေတာလားမသိဘူး။ သူကငါတို့အပေါ် အကောင်းမြင်နေတယ်လို့

ငါထင်နေခဲ့တာ)

သူမကိုဒေါသထွက်စေမိပြီဆိုတာ နားလည်လိုက်တာနဲ့ သူတိတ်တိတ်လေးနေလိုက်သည်။

ဟူကျောင်းအာက ဆက်ပြောလိုက်သည် ‘‘ အဲ့လှေကားထစ်တွေက အောက်ကိုရောက်ရင် ငါတို့အတူတူ

တက်ရမှာဖြစ်လို့ ပြဿနာတစ်ခုခုဖြစ်ရင် နင့်ကိုကာကွယ်ပေးဖို့ ငါတာဝန်ယူမယ်။ နင်ကလည်း နင်သိထားသမျှ

ငါတို့ကိုပြောပြပေါ့။ အဲ့အလဲအလှယ်ဆို ဘယ်လိုလဲ’’

‘‘ကာကွယ်ပေးဖို့လား’’ ရန်ကိုင်ကမျက်ခုံးပင့်ရင်း ဟူကျောင်းအာကိုကြည့်လိုက်သည်။

‘‘နင်ရဲ့အခုလက်ရှိအခြေနေမှာ နင့်ကိုကာကွယ်ပေးဖို့ မလိုဘူးလို့ထင်နေတာလား’’ ဟူကျောင်းအာက

ရယ်လိုက်ပြီး ‘‘ နင်ကစုယန်ကိုသွားရှာပြီး သူမကိုကာကွယ်ခိုင်းမလို့မလား၊ နင်သူမကိုကယ်ခဲ့ပေမယ့်

ဒီရက်အတောအတွင်း သူမကနင့်ကိုလုံးဝလျစ်လျူရှုထားတာနော်’’ ရန်ကိုင်ပြန်မငြင်းခဲ့ပေ။

အချိန်ကျလာခဲ့ရင် သူတို့အတူတူလှုပ်ရှားရမှာဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် ကူညီပေလိမ့်မည်။

ဟူကျောင်းအာက နှာခေါင်းရှုံ့လိုက်ပြီး သူမညီမလေးကို ရန်ကိုင်ဆီကနေဆွဲခေါ်သွားလိုက်သည်။

တစ်ရက်ကြာအောင်စောင့်ဆိုင်းပြီးနောက် ကောင်းကင်တွင်ဖုံးကွယ်နေတဲ့အရာက နောက်ဆုံး

ထွက်ပေါ်လာခဲ့သည်။ စောင့်နေတဲ့သူတွေအားလုံး မတ်တပ်ရပ်လိုက်ကြပြီး ငါးကီလိုမီတာ

အကွာအဝေးကို ကြည့်လိုက်ကြသည်။

အောက်တွင်မတ်တပ်ရပ်နေတဲ့လူအားလုံး ကြီးကျယ်ခံနားတဲ့နန်းတော်တစ်ခုကတိမ်တွေ

ကြားထဲကနေ ထွက်ပေါ်လာတာကို တွေ့လိုက်ရသည်။ ထိုနန်းတော်ရှေ့မှာတော့

ဘယ်တော့မှတက်လို့ ပြီးဆုံးတော့မယ်လို့ ထင်ရတဲ့လှေကားထစ်ပေါင်းများစွာ ရှိနေခဲ့သည်။

(အမွေအနှစ်က အဲ့မှာရှိနေတာလား) သူ့အသက်ရှုသံတွေ လေးလံလာတယ်လို့ ရန်ကိုင်

တွေးမိလိုက်သည်။ ဂိုဏ်းသုံးဂိုဏ်းက တပည့်အကုန်လုံး တစ်ချိန်တည်းမှာပဲ စိတ်လှုပ်ရှားလာခဲ့ကြသည်။

သူတို့တွင် ရန်ကိုင်လိုမျိုး ထိုနေရာနဲ့ပက်သက်တဲ့ အချက်အလက်တွေ မရှိပေမယ့် ထိုနန်းတော်ကြီးထဲတွင်

ရတနာများစွာ ရှိလိမ့်မယ်ဆိုတာကိုတော အလွယ်တကူပြောနိုင်ပေသည်။ အခုအချိန်တွင်

အားလုံးက လှေကားထစ် အောက်ကိုရောက်လာမယ့်အချိန်ကို စိတ်လှုပ်ရှားစွာနဲ့

စောင့်ဆိုင်းနေခဲ့ကြသည်။

နောက်ဆုံးမှာတော့ လူပေါင်းများစွာ၏ အကြည့်အောက်တွင် လှေကားတန်းကြီးက မြေပြင်နဲ့

ထိတွေ့သွားခဲ့သည်။ အသံအကျယ်ကြီး မြည်ဟည်းသွားခဲ့ပြီး မြေပြင်တစ်ခုလုံး တုန်ခါသွားခဲ့သည်။

ကောင်းကင်ထက်က တိမ်တွေလည်း ခြေရာလက်ရာ မကျန်ပျောက်ကွယ်သွားတော့လေသည်။

မြေပြင်တစ်ခုလုံး အချိန်တော်တော်ကြာအောင် တုန်ခါနေခဲ့သည်။ နောက်ဆုံးမှာတော့

လှေကားတန်းလည်း မြေပြင်ပေါ်တွင် ခိုင်မြဲစွာအခြေချနိုင်ခဲ့လေသည်။

ရုတ်တရက် အော်ဟစ်ကြုံးဝါးသံတစ်သံ ထွက်ပေါ်လာခဲ့ပြီးနောက် တစ်သံပြီးတစ်သံ

ထွက်ပေါ်လာကာ လူရာပေါင်းများစွာက လှေကားတန်းဆီ ပြေးသွားကြသည်။ ရန်ကိုင်လည်း

စပြီးတော့ ဖြေးဖြေးချင်းလမ်းလျှောက်သွားလိုက်သည်။ အမွေအနှစ်ကိုရဖို့က အခွင့်အရေးပေါ်မှာသာ

မူတည်ပြီး အမြန်နှုန်း၊ခွန်အားပေါ်မှာ မမူတည်ဘူးဆိုတာ သိတဲ့အတွက် ရန်ကိုင်က ကျန်တဲ့သူတွေလောက်

စိုးရိမ်မနေခဲ့ချေ။

သူရှေ့မှာတော့ လုံးဝကိုသန့်စင်တဲ့ပုံရိပ်တစ်ခုရှိနေခဲ့သည်။ သူသေချာကြည့်လိုက်တဲ့အချိန်

စုယန်မှန်းသတိပြုမိလိုက်သည်။ သူမ၏အကျီင်္စတွေက တဖြတ်ဖြတ်လှုပ်ခါနေခဲ့ပြီး သူမက

ကျန်တဲ့သူတွေကဲ့သို့ ပြေးလွှားခြင်းမလုပ်သလို ရန်ကိုင်လိုမျိုး အေးအေးလူူူလူလည်း

လမ်းမလျှောက်နေပေ။ သူမက သာမန်လမ်းလျှောက်တာထက် အနည်းငယ်ပိုမြန်ပြီး

လမ်းလျှောက်နေကာ မြင့်မြတ်တဲ့အော်ရာကို ထုတ်လွှတ်နေခဲ့သည်။

သူမခေါင်းကို ရန်ကိုင်ဘက် လှည့်ကြည့်လိုက်တဲ့အချိန် ရန်ကိုင်က သူမကိုကြည့်နေတာကို

တွေ့လိုက်ရတဲ့အခါ သူမ၏မျက်တောင်ရှည်ရှည်လေးတွေ မသိမသာလေး တုန်ရီသွားခဲ့ပြီး

သူမပါးစပ်ကိုဖွင့်ကာ တစ်ခုခုပြောဖို့လုပ်လိုက်သည်။ ဒါပေမယ့် စကားတစ်လုံးမှ ထွက်မလာခဲ့ပေ။

တစ်ခဏအတွင်းမှာပဲ သူတို့နှစ်ယောက်၏မြင်ကွင်းကို ပြေးလွှားနေတဲ့တပည့်အုပ်ကြီးက

ပိတ်ဆို့သွားခဲ့သည်။ ရန်ကိုင်မျက်နှာပေါ်က အပြုံးကဝမ်းနည်းမှုအဖြစ် ပြောင်းသွားခဲ့လေသည်။

ထိုအချိန်တွင် အလှလေးနှစ်ယောက်ဖြစ်တဲ့ ဟူညီအစ်မနှစ်ယောက်က သူ့ဘေးတွင်

ဘယ်တစ်ဖက်ညာတစ်ဖက် ထွက်ပေါ်လာခဲ့သည်။ သူတို့နှစ်ယောက်က အောင်နိုင်သူ

အမူအရာနဲ့ ရှက်ပြုံးပြံုးနေခဲ့သည်။ ထိုအပြံုးတွေက တစ္ဆေ၊သရဲတွေကိုတောင် ဆွဲဆောင်

နိုင်လောက်ပေသည်။

ထို့နောက်ဟူကျောင်းအာက ပြောလိုက်သည် ‘‘ နင့်ကိုကာကွယ်မယ်လို့ ငါကပြောထားမှတော့၊

ငါ့စကားငါတည်အောင် လုပ်ရမှာပေါ့။ နင်စိတ်ပူစရာမလိုပါဘူး။ ငါတို့နှစ်ယောက်စလုံးက

အမွေအနှစ်တစ်ခု ရသွားပြီဖြစ်လို့ ဒီတစ်ခုကိုတော့ နင်နဲ့ယှဉ်ပြိုင်မှာမဟုတ်ပါဘူး’’ ရန်ကိုင်လည်း

အသိပြန်ဝင်လာခဲ့ပြီး စုယန်ကိုလည်း မတွေ့ရတော့ချေ။

‘‘ဟေး၊ကောင်စုတ်၊ ငါနင့်ကိုပြောနေတယ်’’ ရန်ကိုင်က သူမကိုလုံးလုံးလျစ်လျူရှုထားတဲ့အတွက်

ဟူကျောင်းအာက ရန်ကိုင်ကိုဒေါသတကြီး အော်လိုက်သည်။ ‘‘ အင်း၊ ငါကြားပါတယ်’’ ရန်ကိုင်က

ပြန်ပြောလိုက်သည်။ ဟူကျောင်းအာက နှာခေါင်းရှုံ့လိုက်ပြီး သူမဘာသာသူမတိုးတိုးလေ

ရေရွတ်လိုက်သည် ‘‘ နင်ကငါပြောတာကို တကယ်ပဲအာရုံစိုက်နေတဲ့ ပုံပေါ်နေတာကိုး….’’

၅ကီလိုမီတာလောက် လမ်းလျှောက်ပြီးနောက် သူတို့သုံးယောက် ခမ်းနားထည်ဝါတဲ့ အစိမ်းရောင်နဲ့ရွှေရောင်သန်းနေတဲ့ ကျောက်စိမ်းလှေကားထစ်ဆီကို ရောက်လာခဲ့သည်။

ဧရာမလှေကားတန်းရှေ့တွင် မှိန်ပျပျအလင်းအကာအရံတစ်ခုရှိနေခဲ့သည်။ ထိုအလင်းအကာအရံက

ဘေးနားမှာရှိနေတဲ့ များစွာသောဂိတ်ပေါက်တွေနဲ့ တူညီနေခဲ့သည်။

ဂိုဏ်းသုံးဂိုဏ်းကတပည့်တွေက အလင်းအကာအရံကိုဖြတ်သန်းဖို့ ကြိုးစားနေခဲ့ကြသည်။

အချိန်တွေကုန်ဆုံးလာတာနဲ့အမျှ ရှိနေတဲ့လူအရေအတွက် တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။

တပည့်တွေက အုပ်ဖွဲ့၍ဖြစ်စေ၊ တစ်ယောက်ချင်းဖြစ်စေ အလင်းဂိတ်ပေါက်ကို

ဖြတ်သန်းနေကြပြီး လှေကားအောက်ခြေတွင် ရှိတဲ့လူအရေအတွက်လည်း တဖြည်းဖြည်း

လျော့နည်းလာခဲ့သည်။

မြင်ကွင်းတစ်ခုလုံးက တကယ်ကိုကိုးယိုးကားယားနိုင်ပေသည်။ သူတို့ရှေ့တွင်

အလင်းအကာအရံ တစ်ခုရှိနေခဲ့ပေမယ် လှေကားထစ်တွေကိုတော့ တွေ့မြင်နေရသည်။

ဒါပေမယ့် ထိုအလင်းအကာအရံကို ဖြတ်သန်းသွားတဲ့ လူတွေကိုတော့

မတွေ့ရတော့ချေ။ အလင်းအကာအရံကများ သူတို့ကိုစားလိုက်တာလား။ ထိုမြင်ကွင်းကိုကြည့်ရင်း

ဟူညီအစ်မနှစ်ယောက်စလုံး တုန်လှုပ်ခြောက်ခြားစွာနဲ့ နောက်ကိုဆုတ်လိုက်မိသည်။

‘‘ ရန်ကိုင်၊ သူတို့ဘယ်ကိုရောက်သွားတာလဲ’’ ဟူကျောင်းအာက စိုးရိမ်စွာနဲ့ မေးလိုက်သည်။

ရန်ကိုင်က ခေါင်းခါလိုက်ပြီး ‘‘ ငါလည်းမသိဘူး……’’

ထို့နောက် ရန်ကိုင်လည်း အလင်းအကာအရံ ရှေ့ရောက်သွားပြီး သူ့လက်ကို အလင်းအကာအရံပေါ်

တင်လိုက်သည်။ သူ့လက်က အလင်းအကာအရံကို ဖြတ်သွားတာနဲ့ အကာအရံပေါ်တွင်

လှိုင်းတွန့်ကလေးတွေ ဖြစ်ပေါ်လာခဲ့ပြီး သူ့လက်ကတော့ လုံးဝပျောက်ကွယ်သွားခဲ့သည်။

‘‘ ငါတို့သွားမှာလား’’ သူမအစ်မထက် သတ္တိနည်းတဲ့ ဟူမေးအောက ကြောက်ကြောက်လန့်လန့်နဲ့

မေးလိုက်သည်။ ရန်ကိုင်က ကောင်းကင်ကိုမော့ကြည့်လိုက်ပြီး အလင်းအကာအရံထဲကို ဝင်သွားလိုက်သည်။

သူဝင်သွားတာကို ကြည့်ရင်း ဟူကျောင်းအာက အံကြိတ်လိုက်ပြီး သူမညီမလက်ကိုကိုင်ရင်း

အော်ပြောလိုက်သည် ‘‘ ငါတို့လည်းသွားကြတာပေါ့’’ သူတို့ခြေချလိုက်တာနဲ့ သူတို့ရှေ့က

မြင်ကွင်းက အပြင်ဘက်ကမြင်ရတာနဲ့ တူညီနေတာကို အံ့အားသင့်စွာတွေ့လိုက်ရသည်။

များစွာသော လှေကားထစ်တွေက ကောင်းကင်ပေါ်ကိုဦးတည်နေခဲ့သည်။

ဘေးပတ်ပတ်ကို ကြည့်လိုက်တဲ့အချိန် တစ်ဦးတစ်ယောက်ကိုမှ သူမတွေ့ခဲ့ရပေ။ ရန်ကိုင်က

သူ့ဘာသာတွေးလိုက်ပြီး မှတ်ချက်ချလိုက်သည်( ဂိတ်တစ်ခုစီတိုင်းမှာ နေရာလပ်တစ်ခုစီ

ရှိနေတာဖြစ်ရမယ်။ တူညီတဲ့ဂိတ်ကို ဝင်သွားတဲ့လူတွေပဲ အတူတူရှိနေတာဖြစ်မယ်)

ရန်ကိုင်လှည့်ကြည့်လိုက်တဲ့အချိန် အကာအရံပေါ်က လှိုင်းတွန့်ကလေးတွေ ပျောက်ကွယ်

သွားခဲ့လေလည်။ သူမျက်တောင်ခတ်လိုက်တဲ့အချိန် အလင်းအကာအရံလည်း ပျောက်ကွယ်

သွားခဲ့သည်။ များများစားစား စိုးရိမ်ခြင်းမရှိပဲ ရန်ကိုင်က သူ့ရဲ့ပထမဆုံးခြေလှမ်းကို စတင်လိုက်သည်။

သူ့ခန္ဓာကိုယ်က ရုတ်တရက် ဖိနှိပ်ခြင်းခံရတဲ့အတွက် ရန်ကိုင်မျက်မှောင်ကြုံ့လိုက်မိသည်။

‘‘ဘာဖြစ်သွားတာလဲ’’ ရန်ကိုင်၏အမူအရာကို မြင်ပြီးနောက် ဟူကျောင်းအာကမေးလိုက်သည်။

‘‘ ဒီကိုလာပြီး နင်တို့ဘာသာစမ်းကြည့်လိုက်’’ ရန်ကိုင်က သိမ်မွေ့စွာနဲ့ ပြောလိုက်၏။ ညီအစ်မ

နှစ်ယောက်လည်း တုန့်ဆိုင်းမနေပဲ ရှေ့တက်သွားလိုက်သည်။ သူတို့နှစ်ယောက်စလုံး ဘေးဘက်ကို

လမ်းလျှောက်သွားလိုက်ပြီး ခြေထောက်ကိုမကာ ပထမဆုံးလှေကားထစ်ပေါ်ကို နင်းလိုက်သည်။

‘‘နင်ဘယ်လိုခံစားရလဲ’’ ရန်ကိုင်က မေးလိုက်သည်။

‘‘ငါ့ခြေထောက်ထဲကို စွမ်းအားတွေ စိမ့်ဝင်နေသလိုပဲ’’ ဟူကျောင်းအာက ပြန်ပြောလိုက်၏။

‘‘အဲ့ဒါကအပူစွမ်းအင်ပဲ’’ ဟူမေးအာက ဆက်ပြီးထပ်ထည့်ပြောလိုက်သည်။

‘‘ဒါကစမ်းသပ်မှုတစ်ခုပဲ’’ ဟူညီအစ်မနှစ်ယောက်၏ အမူအရာနဲ့ လုံးဝမတူညီစွာပဲ ရန်ကိုင်က

ဖျော့ဖျော့လေးပြုံးလိုက်သည်။ ထိုစွမ်းအင်က ယန်စွမ်းအင်ဆိုတာ သူသိပေသည်။

အစစ်အမှန်ယန်နည်းစနစ်ကို လှည့်ပတ်ခြင်းဖြင့် ရန်ကိုင်က လှေကားထစ်ပေါ်က ယန်စွမ်းအင်တွေကို

စုပ်ယူနိုင်ပေသည်။ ထို့ကြောင့် ထိုစွမ်းအင်က သူ့ကိုဒုက္ခရောက်စေမယ့်အစား ပိုပြီးအားကောင်းအောင်

လုပ်ဆောင်ပေးနေခဲ့သည်။

ဒါပေမယ့် ဟူညီအစ်မနှစ်ယောက်အတွက်တော့ မတူညီတော့ပေ။ သူတို့ကတော့ ရန်ကိုင်နဲ့မတူညီစွာပဲ

သူတို့ခြေထောက်က လောင်ကျွမ်းနေတဲ့ခံစားချက်ကို တောင်ခံနိုင်ဖို့ ချီစွမ်းအင်ကိုသုံးကာ ခုခံနေခဲ့ရသည်။

‘‘ဒါကစမ်းသပ်ချက်တစ်ခုဆိုရင် အရမ်းကိုလွယ်လွန်းနေတယ်။ ဒီစွမ်းအင်က ငါတို့အတွက်တော့ အရမ်းကို

အားနည်းလွန်းတယ်’’ ဟူမေးအာက သူမခြေထောက်ထဲကို စိမ့်ဝင်ဖို့ကြိုးစားနေတဲ့ စွမ်းအင်တွေကို

အလွယ်တကူခုခံနိုင်ပေသည်။

‘‘ဒီစမ်းသပ်ချက်ကို အထင်မသေးနဲ့’’ ဟူကျောင်းအာက သူ့မညီမကိုကြည့်လိုက်သည် ‘‘ဒီလှေကားထစ်မှာ

ရှိတဲ့စွမ်းအင်နည်းပါတယ်ဆိုပေမယ့် အမြင့်ပိုင်းကလှေကားထစ်တွေကကော ဒီနေရာလှေကားထစ်တွေလိုပဲ

အားနည်းမယ်ဆိုတာ မသေချာဘူး။ ငါတို့ပိုမြင့်မြင့်တက်လေ ခုခံဖို့ပိုပြီးခက်ခဲမယ်ထင်တယ်။ ငါတို့

နောက်ဆုံးမခုခံနိုင်တော့တဲ့အထိ ဒီအတိုင်းဖြစ်နေမှာပဲ……’’

‘‘လောစရာမလိုပါဘူး။ အေးအေးဆေးဆေးပဲ သွားကြတာပေါ့’’ ရန်ကိုင်က လေးထစ်မြောက် ရောက်တဲ့အထိ

တစ်ထစ်ပြီးတစ်ထစ် တက်သွားလိုက်သည်။ ထိုအချိန်တွင် ဟူညီအစ်နှစ်ယောက်ကလည်း သူ့နောက်ကနေ

ကပ်လိုက်လာကြသည်။ လှေကားထစ်တစ်ရာကျော်အထိ အနားယူခြင်းမရှိပဲ လမ်းလျှောက်ပြီးနောက်

ဟူကျောင်းအာ၏ ခန့်မှန်းချက်မှန်ကန်တယ်ဆိုတာ သူတို့တွေ့ရှိလိုက်ရသည်။ သူတို့ပိုမြင့်မြင့်တက်လေ

သူတို့ခုခံရတဲ့စွမ်းအားက ပိုပြီးကြီးမားလေဖြစ်သည်။

တစ်ရက်လုံးလုံး မရပ်မနား တက်လာပြီးနောက် ဟူညီအစ်မနှစ်ယောက်က သူတို့ကြုံတွေခဲ့ရတဲ့

အခက်အခဲ နဲ့ပက်သက်ပြီး စပြီးတော့ မကျေမနပ်ပြောတော့သည်။ အခြားတစ်ဖက်မှာတော့

ရန်ကိုင်က လှေကားထစ်တွေကိုတက်ရတာ ပျော်နေခဲ့သည်။ လှေကားထစ်တစ်ရာကို သူတက်ပြီးတဲ့

အချိန်မှာတော့ ယန်အရည်စက်တစ်ခုကို ဖွဲ့စည်းနိုင်ခဲ့ပြီး ထိုယန်အရည်စက်ကို သူ့ဒန်တန်ထဲတွင်

သိမ်းထားလိုက်သည်။

အထစ်သုံးရာမြောက်ကို ရောက်တဲ့အချိန်မှာတော့ သူတို့အရှိန်က တဖြည်းဖြည်းနှေးကွေးလာခဲ့သည်။

သူတို့ကယန်စွမ်းအင်တွေကို ခုခံနေရတဲ့အတွက် ဟူညီအစ်မနှစ်ယောက်တို့၏ ခန္ဓာကိုယ်လည်း

တဖြည်းဖြည်းနဲ့ တောင့်တင်းလာခဲ့သည်။ ဒါပေမယ့် ထိုအရာက သူတို့ကိုရပ်တန့်အောင်တော့

မစွမ်းနိုင်သေးချေ။ အံ့အားသင့်စွာပဲ ဟူမေးအာက အထစ်၃၀၀အထိကို အလွယ်တကူတက်လာနိုင်ခဲ့သည်။

သူမ၏ကျင့်ကြံခြင်းအဆင့်က စဦးဒြပ်စင်အဆင့်၂သာ ရှိသေးပေသည်။ အထစ်၄၀၀မြောက်ကို သူတို့

ကျော်လွှားပြီးချိန်မှာတော့ ဟူညီအစ်မနှစ်ယောက်စတင်ပြီး မောပန်းလာခဲ့သည်။ အထစ်၄၀၀ကျော်က

စပြီးတစ်ထစ်တက်ဖို့အရေး အသက်သုံးရှိုက်စာလောက်ကြာပေသည်။ သူတို့နှစ်ယောက်စလုံး

ချွေးတောင်ထွက်နေပြီဖြစ်သည်။

အခြားတစ်ဖက်မှာတော့ ရန်ကိုင်က လုံးဝကို အေးအေးဆေးဆေး ဖြစ်နေခဲ့သည်။ ဒါပေမယ့်

မိန်းကလေးတွေနဲ့ စကားပြောဖောင်ဖွဲ့မယ့်အစား စမ်းသပ်မှုအကြောင်းကိုသာ ပိုပြီးအာရုံစိုက်နေခဲ့သည်။

အခုစမ်းသပ်ချက်က လှေကားထစ်တက်ရုံလောက်ပဲ မရိုးရှင်းပေ။ အဲ့လိုဆိုရင်း အရမ်းလွယ်လွန်းနေမှာ

ဖြစ်သည်။ မမြင်နိုင်တဲ့ အန္တရာယ်တွေက တစ်နေရာရာမှာ ပုန်းကွယ်နေတယ်လို့ သံသယရှိနေတဲ့

အတွက် ဘေးပတ်ဝန်းကျင်ကို သတိမပြတ် အာရုံစိုက်ထားလိုက်သည်။

အထစ်၄၉၀မြောက်ကို ရောက်တဲ့အချိန်ှမှာတော့ ဟူညီအစ်မနှစ်ယောက်က စိတ်ကျေနပ်ပုံပေါ်နေတဲ့

ရန်ကိုင်ကိုကြည့်လိုက်၏။ ရန်ကိုင်က လှေကားထစ်တိုင်းကို အေးအေးဆေးဆေး တက်နေနိုင်တာကို

တွေ့လိုက်ရတဲ့အတွက် ဟူညီအစ်မနှစ်ယောက်လည်း ထိတ်လန့်သွားခဲ့ရသည်။ ဘယ်လိုလုပ်ပြီး သူက

ဒီလှေကားထစ်တွေကို အလွယ်တကူ တက်သွားနိုင်ရတာလဲ။ ပြီးတော့ သူ့ပုံစံကပျော်နေတဲ့

ပုံပေါက်နေသေးတယ်။ လှေကားထစ်တစ်ထစ်စီတိုင်းက သူတို့အတွက်တက်ဖို့ရာ အရမ်းကို

ပင်ပန်းလွန်းလှပေသည်။ ဒါပေမယ့် သူမကတော့ ရန်ကိုင်ကိုကာကွယ်ပေးမယ်ဆိုပြီးလို့တောင်

ပြောခဲ့သေးသည်။

ရန်ကိုင်က သူတို့နှစ်ယောက်ကိုကြည့်လိုက်ပြီး ပြောလိုက်သည် ‘‘ ခဏလောက်အနားယူကြတာပေါ့’’

‘‘မယူဘူး’’ ဟူကျောင်းအာက အံကြိတ်လိုက်ပြီး ရန်ကိုင်ရှေ့ရောက်အောင် နောက်ထပ်တစ်ထစ်ကို

တက်လိုက်သည်။ ဟူကျောင်းအာက နောက်ထပ်၁၀ထစ်လောက်တက်ပြီး အထစ်၅၀၀မြောက်ကို

ရောက်လာတဲ့အချိန်မှာတော့ သူမရုတ်တရက် လဲကျသွားခဲ့လေသည်။ ရန်ကိုင်က ခပ်မြန်မြန်ပဲ

အောက်တစ်ထစ်ဆီ သူမကိုပြန်ဆွဲချလိုက်သည်။

သူတို့တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး ဟူကျောင်းအာက အံ့အားသင့်စွာနဲ့ပြောလိုက်သည်

‘‘ ပြောင်းလဲသွားတယ်’’ ရန်ကိုင်ကမျက်မှောင်ကြုံ့လိုက်ပေမယ့် သူမကိုဆက်ပြီးမမေးမြန်းခဲ့ပေ။

သူလည်း ရှေ့ကိုခြေတစ်လှမ်းလှမ်းလိုက်ပြီး အထစ်၅၀၀မြောက်ကိုရောက်သွားခဲ့သည်။ ဒါပေမယ့်

အထစ်၅၀၀မြောက်မှာတော့ သူ့ခြေထောက်ထဲကို ထိုဖောက်ကျူးကျော်ဖို့ ကြိုးစားနေတဲ့

စွမ်းအင်က ယန်စွမ်းအင်မဟုတ်တော့ပဲ အအေးစွမ်းအင်ဖြစ်နေခဲ့သည်။

ထိုရုတ်တရက်ပြောင်းလဲမှုကြောင့် ဟူကျောင်းအာက တုန်လှုပ်ခြောက်ခြားသွားခဲ့ပြီး လဲကျသွားခဲ့ရခြင်း

ဖြစ်သည်။ ‘‘ ဒါကလည်းစမ်းသပ်ချက် အစိတ်အပိုင်းတစ်ခုပဲလား ’’ ရန်ကိုင်က စိတ်ပျက်နေတဲ့

အပြုံးတစ်ခုကိုဆင်မြန်းထားခဲ့သည်။ လှေကားထစ်အားလုံးမှာရှိနေတဲ့ စွမ်းအင်က ယန်စွမ်းအင်

ဖြစ်နေမယ်လို့ သူထင်နေခဲ့တာဖြစ်သည်။ အဲ့လိုသာဆိုရင် ယန်စွမ်းအင်ကျင့်ကြံတဲ့သူ့အတွက်

ထိပ်ဆုံးလှေကားထစ်အထိ ရောက်ဖို့ကတကယ်ကိုလွယ်ကူမှာပဲဖြစ်သည်။ ဒါပေမယ့် အခုအချိန်မှာတော့

အပူစွမ်းအင်ကနေ အအေးစွမ်းအင်အဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ထိုစွမ်းအင်နှစ်မျိုးက

တစ်ခုကိုတစ်ခု အပြင်းအထန် အကျိုးသက်ရောက်မှု ရှိပေသည်။

အအေးစွမ်းအင်က သူ့ခန္ဓာကိုယ်ထဲ စိမ့်ဝင်လာတဲ့အချိန် သူ့တွင်ရွေးချယ်စရာ နှစ်ခုရှိပေသည်။

တစ်ခုက ယန်စွမ်းအင်ကိုလှည့်ပတ်ပြီး အအေးစွမ်းအင်ကိုခုခံဖို့ ဖြစ်ပြီး နောက်တစ်ခုက

အစစ်အမှန်ယန်နည်းစနစ်ကို လှည့်ပတ်ကာ သူ့အရိုးထဲကိုစုပ်ယူဖို့ဖြစ်သည်။ ဘယ်နည်းလမ်းကိုပဲ

သူရွေးပစေ ယန်ချီတော့အသုံးပြုရပေလိမ့်မည်။ ဒါပေမယ့် ဒုတိယတစ်ခုက သူ့ကိုထိခိုက်နိုင်ချေရှိသည်။

သူ့မှာသာ ယန်အရည်စက်အများကြီးမရှိခဲ့ရင် ရန်ကိုင်က ပထမအချက်ကို ရွေးချယ်မှာဖြစ်သည်။

ဒါပေမယ့် သူ့ဒန်တန်ထဲတွင် ယန်အရည်စက်၁၀၀ ရှိနေတဲ့အတွက် စိုးရိမ်ပူပန်ခြင်းမရှိပဲ

အစစ်အမှန်ယန်နည်းစနစ်ကို အသုံးပြုဖို့ရွေးချယ်နိုင်ပေသည်။

ရန်ကိုင်က အစစ်အမှန်ယန်နည်းစနစ်ကိုလှည့်ပတ်လိုက်ပြီး အအေးစွမ်းအင်တွေကို သူ့အရိုးထဲ

စုပ်ယူလိုက်သည်။ ထို့နောက်ယန်စွမ်းအင်ကို လှည့်ပတ်ကာ သူ့ခန္ဓာကိုယ်တစ်လျှောက်

အအေးစွမ်းအင်ပျံနှံ့မှာကို ကာကွယ်ထားလိုက်၏။ ‘‘သွားကြစို့’’ ရန်ကိုင်က ညီအစ်မနှစ်ယောက်ကို

ပြုံးပြလိုက်ပြီး ရှေ့ကနေဦးဆောင်သွားလိုက်သည်။ ဟူကျောင်းအာက ရန်ကိုင်ကြောင့် ဒေါသထွက်သွားခဲ့ပြီး

သူမညီမကိုတိုးတိုးလေးပြောလိုက်သည် ‘‘သူဘာလို့အရမ်းကိုဘဝင်ခိုက်နေတာလဲ’’

ဟူမေးအာက ခါးခါးသီးသီးပြုံးလိုက်ပြီး ‘‘ မဟုတ်ပါဘူး’’

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၀) စည်းကမ်း

‘‘ သူတကယ်ကို ဘဝင်ခိုက်နေတာပဲ။ သူကများငါ့ရှေ့မှာမောက်မာနေရဲတယ်’’ ဟူကျောင်းအာက

အံကြိတ်လိုက်ရင်း ကျင့်ကြံခြင်းနည်းစနစ်ကို လှည့်ပတ်လိုက်ပြီး အအေးစွမ်းအင်တွေ

သူမတို့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ခြင်းကို ကာကွယ်ထားလိုက်၏။ ရန်ကိုင်နောက်သို့

တစ်လှမ်းခြင်း တစ်လှမ်းခြင်းလှမ်းရင်း လိုက်သွားခဲ့လေသည်။ ပထမဆုံးတစ်နေ့ပြီးနောက်

သူတို့သုံးယောက်စလုံး အထစ်၁၀၀၀မြောက်ကို ရောက်လာခဲ့သည်။ သူတို့ရောက်လာတဲ့အချိန်တွင်

ရန်ကိုင်နောက်တစ်ထစ်ကို ဆက်တက်လိုက်ပြီး ဝမ်းလည်းဝမ်းသာသွားသလို အံ့လည်းအံသြသွားခဲ့ရ၏။

ထိုအထစ်တွေက ထုတ်လွှတ်နေတဲ့စွမ်းအင်တွေက လုံးဝကိုယန်စွမ်းအင်အဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

အထစ်၅၀၀မြောက်ရောက်တိုင်း စွမ်းအင်ပြောင်းလဲသွားခဲ့ပြီး များစွာသောတပည့်တွေက

အထစ်၁၀၀၀မြောက်ရောက်တဲ့အချိန် လက်လျှော့အရှုံးပေးလိုက်ကြသည်။ ထိုကဲ့သို့

ရုတ်တရက်ပြောင်းလဲမှုက တပည့်တွေကို တောင့်မခံနိုင်အောင် ဖြစ်သွားခဲ့ပြီး အတင်းအကြပ်

ရပ်တန့်အောင် ဖိအားပေးနိုင်ခဲ့၏။

အထစ်၁၀၀၀မြောက်ကို ကျော်လွန်နိုင်တဲ့ တပည့်တွေကတော့ ဂိုဏ်းအသီးသီးရဲ့ လက်ရွေးစင်တွေပဲ

ဖြစ်လေသည်။ သူတို့တွေက ထိုအတားအဆီးကြီးကို သူတို့၏ကျင့်ကြံခြင်းအဆင့်ကြောင့်ပဲ

ကျော်လွှားနိုင်တာဖြစ်သည်။ တကယ်ဆိုရင်တော့ ဟူမေးအာက သူမ၏ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင်

အထစ်၁၀၀၀မြောက်အထိ ရောက်အောင်တက်နိုင်လိမ့်မည်မဟုတ်ချေ။ ဒါပေမယ့် သူမက

အားသိပ်မကုန်ပဲ အထစ်၁၀၀၀မြောက်အထိကို တက်နိုင်ခဲ့သည်။ အခြးတစ်ဖက်မှာတော့

သူမ၏အစ်မဖြစ်တဲ့ ဟူကျောင်းအာကတော့ အားကုန်နေတဲ့ပုံစံနဲ့ ဖြူလျော်နေခဲ့သည်။

သူတို့သုံးယောက်ဆက်မသွားခင် ခဏတစ်ဖြုတ်နားနေလိုက်ကြသည်။

ထိုအချိန်တွင် အထစ်၃၀၀၀ကျော်၌ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ပုံရိပ်တစ်ခု

မတ်တပ်ရပ်နေခဲ့သည်။ သူမအချိန်မဖြုန်းပဲ တစ်ထစ်ပြီးတစ်ထစ် တက်လှမ်းနေခဲ့သည်။

အထစ်၃၀၀၀ကျော်ကို ရောက်နေတာတောင် အထစ်တိုင်းကို သက်သက်သာသာနဲ့ပဲ

တက်လှမ်းနေခဲ့သည်။ လှေကားကို စတက်ကတည်းက သူမ၏အပြုအမူက

ပြောင်းလဲသွားခြင်းမရှိပဲ ပန်းခြံထဲလမ်းလျှောက်ထွက်နေသည့်အလား လှေကားထစ်တွေကို

တစ်ထစ်ပြီးတစ်ထစ် တက်လှမ်းနေခဲ့သည်။

သူမအဝတ်စက တဖျတ်ဖျတ်လှုပ်ခါနေပေမယ့်လည်း သူမပုံစံက ပြောင်းလဲခြင်းမရှိပေ။ တစ်ခါတစ်ရံ

သူမလက်နဲ့ မျက်နှာရှေ့ဝဲကျနေတဲ့ဆံပင်တွေကို ကျက်သရေရှိစွာနဲ့ နာရွက်နောက်ကို သပ်တင်လိုက်သေး၏။

လှေကားထစ်ထဲက စွမ်းအင်တွေက သူမခြေထောက်ထဲကို စိမ့်ဝင်နေပေမယ့် ထိုစွမ်းအင်တွေက

သူမကိုထိခိုက်အောင် မလုပ်နိုင်ရုံတင်မကပဲ ပျောက်ကွယ်သွားပုံရလေသည်။ သူမမျက်နှာက

လုံးဝကို အပြစ်အနာအဆာ ကင်းပြီး သူမအသားအရေက မွေးကင်းစကလေးငယ်တစ်ယောက်၏

အသားအရေလို ဖြူဖွေးချောမွတ်နူးညံ့နေပေသည်။ သိသာထင်ရှားစွာပဲ သူမကစုယန်ပင်ဖြစ်သည်။

စုယန်က ရေခဲနှလုံသားလျှိ့ဝှက်နည်စနစ်ကို လေ့ကျင့်တဲ့အတွက် ရန်ကိုင်လိုပဲ အခုစမ်းသပ်ချက်တွင်

အခြားသူတွေထက် ပိုပြီးအားသာနေလေသည်။ အားမစိုက်ထုတ်ရပဲ အထစ်တိုင်းကိုအေးဆေး

သက်သာစွာဖြင့်တက်လှမ်းနိုင်လေသည်။ ဂိုဏ်းသုံးဂိုဏ်းတွင် ယန်နှင့်ယင်စွမ်းအင်နဲ့ဆက်စပ်တဲ့

ကျင့်စဉ်ကိုလေ့ကျင့်တာ ရန်ကိုင်နှင့်စုယန်နှစ်ယောက်တည်း မဟုတ်ချေ။ ယင်နှင့်ယန်စွမ်းအင်နဲ့

ဆက်စပ်တဲ့ကျင့်စဉ်တွေကို လေ့ကျင့်ထားတဲ့တပည့် ၇၀၀ကနေ၈၀၀ကြားရှိပေသည်။ ဒါပေမယ့်

အခုစမ်းသပ်ချက်တွင် သူတို့၌အားသာချက်ရှိမှန်းသိနေရင်တောင် စုယန်နဲ့တော့သွားပြီး

ယှဉ်ပြိုင်ဝံံ့လိမ့်မည်မဟုတ်ချေ။ တစ်ယောက်ချင်စီလေ့ကျင့်တဲ့ သိုင်းကျင့်စဉ်တွေမှာလည်း

အဆင့်တွေ ခွဲထားပေသည်။ စုယန်လေ့ကျင့်တဲ့ သိုင်းကျင့်စဉ်ကတော့ အမြင့်ဆုံးအဆင့်ဖြစ်မှာ

မလွဲမသေပင်။

အထစ်၂၀၀၀ကျော် တက်နိုင်တဲ့လူဆိုလို့ လက်တစ်ဆုပ်စာပဲ ရှိလေသည်။ ရှဲ့ဟုန်ချန်က

တင်ပလင်ခွေထိုင်နေပြီး အသက်ကိုအမောတကောရှုနေကာ ရက်စက်ကြမ်းကြုတ်တဲ့ အပြုံးတစ်ခုက

သူ့မျက်နှာပေါ်တွင် ဖြစ်တည်နေခဲ့သည်။ သူ့ချီစွမ်းအင်ကို ဆေးလုံးတွေနဲ့ပြန်ဖြည့်ဖို့ ကြိုးစားနေခဲ့သည်။

‘‘ ငါရှိနေမှတော့ အမွေအနှစ်က ငါ့ဟာပဲဖြစ်ရမယ်။ ငါသာအမွေအနှစ်ကို ရသွားခဲ့ရင် ဂိုဏ်းသုံးဂိုဏ်းက

ဘယ်တပည့်ကိုမှ သောက်ဂရုစိုက်စရာမလိုတော့ဘူး။ ငါကိုယ်တိုင် ကောင်းကင်စံအိမ်ကို

ဦးဆောင်ပြီး အခြားဂိုဏ်းနှစ်ခုလုံးကို ငါ့လက်အောက်ရောက်အောင် လုပ်ပစ်မယ်။ ငါ့ကို

မေးခွန်းထုတ်ရဲတဲ့လူတွေကိုလည်း ချွင်းချက်မရှိသတ်ပစ်ရမယ်။ ပြီးတော့ ရန်ကိုင်၊ မင်းကတော့

ငါအရင်ဆုံးသတ်မယ့်သူပဲ။ ဒီနေ့ကိုငါမှတ်ထားမယ်။ ငါရှဲ့ဟုန်ချန်က အားလုံးရဲ့အရှင်သခင်ပဲကွ’’

(lol…ဆေးမမှီတော့ဘူး၊ အရှင်သခင်ရူး ရူးနေတာ)

ရှဲ့ဟုန်ချန်က ရူးသွပ်နေပုံပေါက်သည်။ သူ့ခန္ဓာကိုယ်ထဲက ချီစွမ်းအင်တောင် ပရမ်းပတာဖြစ်ကုန်ပြီး

သာမန်အတိုင်းမစီးဆင်းတော့ချေ။ သူ့ချီစွမ်းအင်တွေက ပရမ်းပတာဖြစ်နေတဲ့အတွက် ရှဲ့ဟုန်ချန်၏

ခွန်အားက ချီပြောင်းလဲခြင်းအဆင့်ထိထိုးကျသွားခဲ့သည်။ လိပ်မိစ္ဆာသားရဲကိုတိုက်ခိုက်နေတဲ့

မြင်ကွင်းက သူ့စိတ်ထဲတွင် တံဆိပ်ကပ်ထားသလို ဖယ်ထုတ်မရဖြစ်နေခဲ့သည်။ သူ့အတွေးထဲတွင်

မြင်နေရတာက ဂိုဏ်းသုံးဂိုဏ်းက စုပေါင်းပြီးလိပ်မိစ္ဆာသားရဲကို ပူပေါင်းတိုက်ခိုက်တဲ့ မြင်ကွင်း

မဟုတ်ပဲ လူတွေရဲ့သူ့ကိုမုန်းတီစွာကြည့်နေတဲ့ အကြည့်တွေပဲဖြစ်သည်။ မိစ္ဆာသားရဲကို

ဒေါသထွက်အောင်လုပ်တဲ့ အဓိကတရားခံက သူပင်ဖြစ်သည်။ ဒါပေမယ့် လိပ်မိစ္ဆာသားရဲကို

အနိုင်ပိုင်းသွားခဲ့တာကတော့ သူမဟုတ်ချေ။ ရန်ကိုင်၏လက်သီးချက်ကသာ လိပ်မိစ္ဆာသားရဲကို

ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ပြီး ဂိုဏ်းသုံးဂိုဏ်းကို လိပ်မိစ္ဆာသားရဲအား

သတ်ဖြတ်နိုင်အောင် လုပ်ဆောင်ပေးခဲ့တာဖြစ်သည်။

ထိုအဖြစ်အပျက်အကြောင်း ဘယ်သူမှသူ့ကိုတိုက်ရိုက်မပြောပေမယ့် သူတို့ရဲ့နာကျည်းမုန်းတီးနေတဲ့

အကြည့်တွေကို သူသတိထားမိပေသည်။ သူ့ရဲ့ဂျူနီယာညီမလေးတွေတောင် စိုးရိမ်ထိတ်လန့်စွာနဲ့

သူ့ကိုကြည့်နေခဲ့၏။ ထိုအဖြစ်အပျက်တွေက ရှဲ့ဟုန်ချန်ကို ဒေါသမီးတောက်လောင်သွားစေခဲ့သည်။

( ငါ့ကိုဘယ်သူမှ အဲ့လိုကြည့်ခွင့်မပြုဘူးကွ။ ဘယ်သူမှပဲ) ရှဲ့ဟုန်ချန်က သူ့ဘာသူတွေးလိုက်သည်။

ရှဲ့ဟုန်ချန်၏ရှေ့တွင် လှေကားထစ်ပေါင်းများစွာ ရှိနေသေးခဲ့သည်။ အသက်ပြင်းပြင်းရှုလိုက်ရင်း

လှေကားထစ်တစ်ထစ်ချင်းစီက သူ့ခန္ဓာကိုယ်ကိုတုန်ရီစေခဲ့၏။

…………..

‘‘…နားဖို့အချိန်ပဲ’’ ဖန်ဇီကျိက စိတ်မရှည်တော့ပေ။ အမွေအနှစ်ကိုရဖို့ဆိုတာ အခွင့်အလမ်းပေါ်မှာ

မူတည်ပြီး မိုးပျံလှေကားဆိုတာ ဟန်ပြသက်သက်ပင်ဖြစ်သည်။ လှေကားထစ်တွေကိုတက်တာက

ဆက်ခံမယ့်သူကို ဆုံးဖြတ်ပေးမှာမဟုတ်ချေ။ ထို့ကြောင့် အမွေအနှစ်ကိုရယူချင်တဲ့ ပြင်းပြတဲ့

စိတ်ဆန္ဒသူ့မှာရှိနေရင်တောင် ရှဲ့ဟုန်ချန်လိုတော့ သူမရူးသွပ်ပေ။ ‘‘ ဒီစမ်းသပ်မှုက

ယင်နဲ့ယန်စွမ်းအင်ကိုလေ့ကျင်တဲ့ ကျင့်ကြံသူတွေအတွက် အထူးဖန်တီးထားတာထင်တယ်’’

ဖန်ဇီကျိက သူ့အကျီင်္အိတ်ထဲကနေ ဆေးတစ်လုံးထုတ်လိုက်ပြီးမျိုချလိုက်သည် ‘‘ငါဘာလို့

ဆက်လုပ်နေရတာလဲ။ ဒါကအချိန်ဖြုန်းနေတာသက်သက်ပဲမဟုတ်ဘူးလား။ ကျန်တဲ့

စီနီယာအစ်မ၊ဂျူနီယာညီမလေးတွေနဲ့ ကောင်းကင်စံအိမ်လိုဏ်ဂူထဲမှာ အခြားရတနာတွေ

သွားရှာရင်တောင် ပိုကောင်းဦးမယ်။ အဲ့လိုလုပ်ရင်တောင် ရတနာရဖို့ပိုပြီး အခွင့်အရေး

ရှိသေးတယ်’’ သူပိုတွေးလေ အခုသူလုပ်နေတာက အဓိပ္ပါယ်မရှိဘူးလို့ ပိုပြီးထင်လာလေ

ဖြစ်သည်။ မကြာခင်အချိန်မှာပဲသူမတ်တပ်ရပ်လိုက်ပေမယ့် ရှေ့ဆက်မတက်တော့ပဲ

ပြန်ဆင်းလာလိုက်၏။

သူအောက်ကိုရောက်လာတာတဲ့အခါ စိတ်ဓါတ်ကျစွာနဲ့ ထိုင်နေတဲ့ဒူရီရွွှမ်းကိုတွေ့လိုက်ရလေသည်။

‘‘ဂျူနီယာညီမလေးဒူ၊ နင်ဘာလို့ဆင်းလာတာလဲ’’ ဖန်ဇီကျိက မေးလိုက်လေသည်။ သူမကို

သူဘယ်လိုလုပ်ခဲ့တယ်ဆိုတာကို ပြန်တွေးမိလိုက်တာနဲ့ ဒူရီရွှမ်းက သူမ၏အေးစက်စက်အကြည့်ကို

သူ့ဆီကနေလွှဲဖယ်လိုက်၏။ သူမပါးလေးတွေ နီရဲသွားခဲ့ပြီး ခေါင်းကိုအခြားတစ်ဖက်လှည့်ကာ

နှာခေါင်းရှုံ့လိုက်လေသည်။

‘‘ ဂျူနီယာညီမပါလား၊ ငါကတစ်ယောက်ယောက်နဲ့များ တွေ့မလားဆိုပြီး လိုက်ရှာနေတာ။

ဒီမှာနင်နဲ့လာတွေ့တာပဲ’’ ဖန်ဇီကျိက ဒူရီရွှမ်းဆီ လမ်းလျှောက်သွားလိုက်ပြီး တစ်စက္ကန့်လေးတောင်

မတွေးတော့ပဲ ချက်ချင်းပွေ့ဖက်လိုက်လေသည်။ ‘‘ နင်ဘာလုပ်နေတာလဲ’’ ဒူရီရွှမ်းက ရုန်းကန်

ခဲ့ပေမယ့် ဖန်ဇီကျိ၏ ခွန်အားအောက်မှာတော့ သူမ၏ကြိုးစားရုန်းကန်မှုက အချည်းနီးဖြစ်သွားခဲ့သည်။

တောက်လောင်ပူပြင်းလှသော သံမဏိသဖွယ် သန်မာလှတဲ့ လက်ကြီးတွေက သူမခါးလေးကို

ပွေ့ဖက်ထားတဲ့အတွက် ဒူရီရွှမ်းနှလုံးခုန်သံ မြန်ဆန်လာခဲ့ရသည်။

‘‘နင်ငါ့ကိုမလွှတ်ရင် ငါနင့်ကိုကိုက်မှာနော်’’ ဒူရီရွှမ်းက ကျားမလေးတစ်ကောင်လို သူမပါးစပ်ကို

ဖွင့်လိုက်ပြီး ဖန်ဇီကျိကို ကိုက်ဖို့လုပ်လိုက်သည်။

‘‘ယောကျ်ားတစ်ယောက်က တစ်ခုခုလုပ်နေတဲ့အချိန် မိန်းမတွေက ပါးစပ်ပိတ်ပြီး စောင့်နေသင့်တယ်’’

ဖန်ဇီကျိက ဒူရီရွှမ်းအပေါ် နိုင်လိုမင်းထက်ပြုမူလိုက်၏။

ဖန်ဇီကျိ၏ ပွေ့ဖက်မှုကနေ မရုန်းထွက်နိုင်တဲ့အတွက် ဒူရီရွွှမ်းပိုပြီး စိတ်ပျက်သွားခဲ့လေသည်။

အထစ်၂၀၀၀မြောက်အနီးမှာတော့ သွေးတိုက်ပွဲဂိုဏ်းက လုံဂျွန်ရှိနေခဲ့သည်။ သူလည်း

တင်ပလင်ခွေထိုင်နေပြီး ကုန်ဆုံးသွားတဲ့ ချီစွမ်းအင်တွေကို ပြန်ဖြည့်နေခဲ့၏။ ဂိုဏ်းသုံးဂိုဏ်းက

အားအကောင်းဆုံး တပည့်တွေရဲ့ ခွန်အားက သူမသာကိုယ်မသာ ဖြစ်တဲ့အတွက် သူတို့

ရောက်ရှိနေတဲ့ လှေကားထစ်အရေအတွက်ကလည်း အများကြီးကွာခြားခြင်းမရှိပေ။

ရှဲ့ဟုန်ချန်နှင့်ဖန်ဇီကျိတို့နဲ့ မတူတာက အခုအချိန်တွင် လုံဂျွန်က အစိုးရိမ်လွန်နေခဲ့ခြင်းဖြစ်သည်။

အမွေအနှစ်ကိုရနိုင်မယ်လို့ သူ့ကိုယ်သူယုံကြည်ချက်မရှိပေ။ သူ့စွမ်းအားက ဂိုဏ်းသုံးဂိုဏ်းက

တပည့်တွေထဲတွင် အားအကောင်းဆုံးထဲ၌ ပါပေမယ့် သူ့အသက်ကိုထည့်တွက်မယ်ဆိုရင်တော့

အခြားသူတွေလောက် အထင်ကြီးဖို့မကောင်းပေ။ အထစ်၂၀၀၀မြောက်ကို တက်လှမ်းနိုင်တဲ့

တပည့်အနည်းငယ်ကလွဲလို့ ကျန်ရှိနေတဲ့လက်ရွေးစင်တပည့်အနည်းငယ်ထဲက အများစုက

အထစ်၁၀၀၀ကျော်၌သာ ရှိနေပေသေးသည်။

ထိုအထစ်တွင် များစွာသောတပည့်တွေက ရှေ့ဆက်တက်နိုင်ဖို့ အပြင်းအထန် ကြိုးစားရုန်းကန်နေခဲ့ရသည်။

အထစ်၁၀၀၀မြောက်ကို ရောက်ရှိလာပြီးနောက် နောက်တစ်ထစ်ကို တက်လှမ်းနိုင်ဖို့အတွက်

အချိန်အတော်ကြား အနားယူနေရသည်။ အချို့လူတွေကတော့ ထိုအရာကိုအခွင့်အရေးအဖြစ်

မှတ်ယူထားကြသည်။ လှေကားထစ်တွေကို တက်ရတာ ခက်ခဲ့ပေမယ့် သူတို့သာအရှုံးမပေး၊

လက်မလျှော့ပဲ ဆုံးဖြတ်ချက်ပြတ်သားစွာနဲ့ မဆုတ်မနစ် ကြိုးစားနေသရွေ့ လှေကားထစ်

ထိပ်ဆုံးတက်နိုင်ဖို့ အခွင့်အရေးရနိုင်ပြီး အမွေအနှစ်ကိုဆက်ခံနိုင်လိမ့်မယ်လို့ ယုံကြည်ထားကြပေသည်။

လန်ချူးတျယ်ကတော့ လှေကားထစ်ရာကျော်လောက် တက်ပြီးတာနဲ့ နောက်တစ်ထစ်ကို

ဆက်တက်ဖို့အတွက် ကြိုးစားရုန်းကန်နေခဲ့ရသည်။ ပုံမှန်ဆိုရင် သူမပုံစံက မာနကြီးပြီး

ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိနေတဲ့ပုံပေါက်ပေမယ့် အခုအချိန်မှာတော့ သူမဆံပင်တွေက

ရှုပ်ပွနေကာ သူမခန္ဓာကိုယ်တစ်ခုလုံးကလည်း ထိန်းမရအောင် တုန်ရီနေခဲ့သည်။ အံကြိတ်ရင်း

သူမကိုယ်သူမ ဆက်ပြီးတွန်းအားပေးနေခဲ့ပြီး လက်လျှော့ဖို့ကိုတော့ ငြင်းဆန်နေခဲ့သည်။

တစ်ခါတစ်ရံ ရန်ကိုင်၏သူမကို မရှိသလိုသဘောထားတဲ့ အကြည့်ကိုတွေးမိလိုက်ပြီး စိတ်ပျက်သွားခဲ့

ရပြန်သည်။ လက်ကလေးနှစ်ဖက်ကို တင်းတင်းဆုပ်ရင်း သူမအသက်ရှုသံက ကြမ်းတမ်းလာခဲ့ပြီး

နောက်တစ်ထစ်ကို ကြိုးစားပြီးတက်လှမ်းလိုက်၏။ သူမကရည်မှန်းချက်ကြီးတဲ့ မိန်းကလေးတစ်ယောက်၊

အဲ့ဒါကြောင့် အားကောင်းတဲ့သူတစ်ယောက်နှင့် ဆက်သွယ်ချင်မိတာ သူမအမှားလား။ သူမက

ပါရမီမပါတဲ့ သာမန်မိန်းကလေးတစ်ယောက်သာ ဖြစ်တဲ့အတွက် ချီပြောင်းလဲခြင်းအဆင့်ရကို

ရောက်ရှိဖို့ ကောင်းကင်စံအိမ်တွင် ရှိနေစဉ်အတောအတွင်း မဆုတ်မနစ်ကြိုးစားအားထုတ်ခဲ့ရ၏။

အားကောင်းတဲ့ ဂျီးနီးယပ်တပည့်တွေရဲ့ မျက်လုံးထဲမှာတော့ သူမကဘာမှမဟုတ်ပေ။

ထို့ကြောင့် အကာအကွယ်ရဖို့အတွက် အားကောင်းတဲ့ကျင့်ကြံသူတစ်ယောက်ဆီတွင်

ခိုလှုံရပေမည်။ ဒါက အသက်ရှင်သန်နိုင်ဖို့အတွက် သူမ၏ကိုယ်ပိုင်ရွေးချယ်မှုတစ်ခုပင်ဖြစ်သည်။

သူမကစုယန်မဟုတ်သလို စုယန်လိုလည်းမသန်မာပေ။ သူမမှာရှိတာဆိုလို့ သူမ၏ဇဝနဉာဏ်ပင်

ဖြစ်သည်။ ယောကျာ်းတွေကို သားရေတငမ်းငမ်း ကျစေနိုင်တဲ့ သူမ၏ခန္ဓာကိုယ်လည်းပါပေမယ့်

လန်ချူးတျယ်က သူမခန္ဓာကိုယ်ကို ဘယ်တုန်းကမှ ခွန်အားတစ်ခုအဖြစ် မယူဆခဲ့ပေ။

သူမ၏အလှကိုသာ အမျိုးအစားခွဲရမယ်ဆိုရင် ထိုအရာကခွန်အားမဟုတ်ပဲ သူမအတွက်

ဝန်ထုတ်ဝန်ပိုးသာ ဖြစ်သည်။ သူမခန္ဓာကိုယ်ကြောင့်ပဲ ယောကျ်ာများ၏ကာမစိတ်ဆန္ဒကို

တောက်လောင်စေနိုင်ပြီး မိန်းမတွေကို မနာလိုဝန်တိုမှုကို ခံရကာ သူမအတွက်အန္တရာယ်တွေကိုသာ

သယ်ဆောင်လာပေးနိုင်ပေသည်။

သူမမျက်စိရှေ့တွင် ရန်ကိုင်ရက်ပေါင်းများစွာ လှောင်ပြောင်ခံ၊ဗိုလ်ကျခံရတာတောင်

သူမတိတ်ဆိတ်နေခဲ့၏။ ထိုကဲ့သိုအရှုပ်အထွေးတွေ ကြာထဲသူမဝင်မပါချင်ခဲ့ပေ။ သူမသာ

ရန်ကိုင်ဘက်က နည်းနည်းလောက် ကူပြောပေးခဲ့ရင် ရန်ကိုင်ဆီက မနှစ်မြို့တဲ့အကြည်နဲ့

ကြည့်ခံရလိမ့်မည်မဟုတ်။ လန်ချူးတျယ်က သူမဘာသာသူမတွေးလိုက်၏( နင်ဘာလို့

ငါ့ကိုခွင့်မလွှတ်နိုင်ရတာလဲ။ ငါနေရာမှာအခြားတစ်ယောက်ဆိုရင်လည်း နင့်ကိုကူညီဖို့ရွေးချယ်

မှာမို့လို့လား။ နင်သာပိုပြီးသန်မာခဲ့ရင်….)

နောက်ထပ်လှေကားထစ်အနည်းငယ်လောက် တက်ပြီးနောက် သူမခန္ဓာကိုယ်ပြောင်းလဲသွားပုံရသည်။

သူမကိုယ်သူမ စစ်ဆေးကြည့်လိုက်တဲ့အချိန်မှာတော့ သူမ၏ဖြူလျော်နေတဲ့ ပါးပြင်ပေါ်တွင်

ပါးချိုင့်လေးတစ်ခုပေါ်လာခဲ့၏။ သူမကိုယ်ပိုင်အတွေးထဲ၌ နစ်မြောနေစဉ်တွင် မသိလိုက်

မသိဘာသာပဲ ရုတ်တရက်ကြီး ချီပြောင်းလဲခြင်းအဆင့်ကို ချိုးဖျက်တက်ရောက်

သွားနိုင်ခဲ့သည်။ မျက်လုံးပိတ်လိုက်ပြီး အသစ်ရရှိလာတဲ့စွမ်းအင်တွေကို ခံစားကြည့်လိုက်တဲ့

အချိန်မှာတော့ သူမမျက်လုံးတွေက ကျေနပ်အားရမှုကြောင့် တောက်ပလာခဲ့၏။ အပေါ်ကို

ဆက်တက်တဲ့အချိန် နောက်တစ်ထစ်ကို တက်ရတာက အရင်ကထက် အများကြီး

ပိုလွယ်သွားတာကို တွေ့လိုက်ရလေသည်။ အားလျော့စိတ်ပျက်နေတဲ့ သူမစိတ်အခြေအနေတွင်

ပျော်ရွှင်မှုကအစားထိုးဝင်ရောက်လာခဲ့ပေမယ့် သူမကိုယ်သူမပြန်ပြီးချုပ်တည်းထားလိုက်၏။

နေ့တစ်ဝက်လောက် အနားယူပြီးနောက် ရန်ကိုင်နှင့်ဟူညီအစ်မနှစ်ယောက်တို့ သူတို့၏

ခရီးကိုနောက်တစ်ကြိမ် ဆက်ကြပြန်သည်။ အထစ်၁၀၀၀မြောက်ပြီးနောက် တစ်ထစ်ချင်းစီက

ထုတ်လွှတ်နေတဲ့ စွမ်းအင်တွေကျန်တဲ့တစ်ထစ်ထက် အများကြီးပိုတိုးလာတာကို

သတိပြုမိလိုက်၏။ အစတုန်းကတော့ လှေကားထစ်တွေကို အနားယူခြင်းမရှိပဲ

တောက်လျှောက်တက်နိုင်တယ်ဆိုပေမယ့် အထစ်၁၀၀၀ကျော်လာပြီးတဲ့ နောက်ပိုင်းမှာတော့

မြင့်မြင့်တက်လေ ပိုအနားယူရလေဖြစ်သည်။ ရန်ကိုင်လည်း သူတို့လိုပင်ဖြစ်၏။

သူ့တွင်အားကောင်းလွန်းသော အစစ်အမှန်ယန်နည်းစနစ် ကျင့်စဉ်ရှိနေသော်လည်း သူ့ကျင့်ကြံခြင်း

အဆင့်က တော်တော်လေးကို နိမ့်နေပေသေးသည်။ ထို့ကြောင့် လှေကားထစ်တွေကို စုယန်ကို

အလွယ်တကူ သူမတက်နိုင်ခဲ့ချေ။ ထို့ကြောင့် သူတို့နားနားပြီး တက်နေရသည်။ နောက်ဆုံး

အထစ်၂၀၀၀မြောက်ကို ရောက်တဲ့အချိန် မောပန်းလွန်းသောကြောင့် သူတို့၏အမြင်အာရုံ

ဝေဝါးလာခဲ့ရပြီး နောက်တစ်ကြိမ် ထိုင်ပြီးအနားယူလိုက်ရပြန်၏။ အထစ်၅၀၀မြောက်တိုင်း

စွမ်းအင်ပြောင်းလဲခြင်းက စိန်ခေါ်သူတွေကို သင့်တင့်လျှောက်ပတ်အောင် ပြောင်းလဲတတ်စေဖို့

တွန်းအားပေးနေခဲ့သည်။ ထိုကဲ့သို့ စွမ်းအင်ပြောင်းလဲသွားခြင်းက ချီစွမ်းအင်ကိုပိုမို

ကုန်ဆုံးစေရုံမက သူတို့၏စိတ်စွမ်းအား ဘယ်လောက်အားကောင်းလဲဆိုတာ စစ်ဆေးတဲ့

စမ်းသပ်ချက်တစ်ခုလည်းဖြစ်၏။

ဟူညီအစ်မနှစ်ယောက် အမောတကော အသက်ရှုနေစဉ် သူမတို့နှစ်ယောက်၏ ရင်အစုံက

အထက်အောက် ကခုန်နေခဲ့ပြီး ရန်ကိုင်လည်း ထိုမြင်ကွင်းကိုကြည့်ရင်း အပန်းဖြေအနားယူနေလိုက်သည်။

ချီစွမ်းအင်တော်တော်များများ သူကုန်ဆုံးခဲ့ရပေမယ့် ဒန်တန်ထဲတွင် ယန်အရည်စက်တွေ

ရှိနေတဲ့အတွက် ချီစွမ်းအင်ပြန်မဖြည့်နိုင်မှာကို စိတ်ပူစရာမလိုပေ။ ‘‘နင်မမောဘူးလား’’

ဟူကျောင်းအာက မအောင့်အီးနိုင်တော့တဲ့အဆုံး ရန်ကိုင်ကိုမေးလိုက်၏။ ဒီလောက်

အချိန်အတော်ကြာ တက်လာခဲ့တာတောင် ရန်ကိုင်ပုံစံကနည်းနည်းလေးတောင်

မောပန်းတဲ့ပုံစံမပေါ်။ ဟူမေးအာက အမွေအနှစ်ကို သူမနှင့်အတူ ရခဲ့တာကြောင့်သာမဟုတ်ရင်

သူမကအထစ်၁၀၀၀မြောက်ကိုတောင် တက်နိုင်ပါ့မလားဆိုတာ သံသယရှိစရာပင်။

အခု စဦးဒြပ်စင်အဆင့်သာ ရှိသေးတဲ့ရန်ကိုင်က အထစ်၂၀၀၀မြောက်ကို မမောမပန်းနဲ့

ဖြတ်ကျော်နိုင်ခဲ့လေ၏။ ပြီးတော့ လမ်းတစ်လျှောက်လုံး ဘယ်ဆေးလုံမှ သူမသောက်ခဲ့။

သူ့မှာဘယ်လိုလုပ်ပြီး ဒီလောက်ချီစွမ်းအင် အများကြီးရှိနေရတာလဲ။ ‘‘ကံအားလျော်စွာပဲ….’’

ရန်ကိုင်ကလှေကားထစ်တွေပေါ်တွင် ထိုင်ချလိုက်ပြီး ဟူညီအစ်မနှစ်ယောက်ကို စောင့်နေလိုက်သည်။

‘‘ မွန်းစတားပဲ’’ ဟူကျောင်းအာ ခါးခါးသီးသီး ပြုံးလိုက်ရင်းအံ့အားသင့်စွာပြောလိုက်သည်။

All Chapters