← Chapters

အခန်း (၁၅၁-၁၅၅)

Vol. 7 Ch. 151-155

အခန်း (၁၅၁-၁၅၅)

Vol. 7 Ch. 151-155

အပိုင်း (၁၅၁) ဟူညီအစ်မနှစ်ယောက်၏ ဆုံးဖြတ်ချက်

နေ့ဝက်ကြာပြီးနောက် သူတို့နောက်တစ်ဖန် လုပ်ငန်းစပြန်၏။ ဒီမဆုံးနိုင်တဲ့ လှေကားထစ်တန်းကြီးကို

ပြီးဆုံးအောင် တက်လှမ်းနိုင်ဖို့ရာ လှေကားထစ်ပေါင်း ဘယ်လောက်တောင်များ ကျန်ရှိနေသေးလဲ

ဆိုတာ သူတို့မသိပေ။ အချိန်လည်း တဖြည်းဖြည်းကုန်ဆုံးနေခဲ့ပြီး သုံးရက်ကြာပြီးတဲ့

နောက်မှာတော့ ဂိုဏ်းသုံးဂိုဏ်းကတပည့်တွေလည်း မတောင်ခံနိုင်တော့ပဲ တစ်ယောက်ပြီး

တစ်ယောက် လက်လျှော့လိုက်ကြ၏။ သူတို့ထဲက အများစုက ထိပ်ဆုံးကိုမရောက်ခဲ့ပေမယ့်

စိတ္ပ်က္မသြားခဲ့။

စိတ်ပျက်ရမယ့်အစား ပျော်တောင်ပျော်နေသေးသည်။ အကြောင်းကတော့ လှေကားထစ်ဆီကနေ

အကျိုးအမြတ်များ အနည်းနဲ့အများဆိုသလို ရခဲ့သောကြောင့်ဖြစ်သည်။ အများစုကတော့

အဆင့်ချိုးဖျက်ပြီး နောက်တစ်ဆင့်တက်သွားတာ များပေသည်။ ထို့ကြောင့် ထိပ်ဆုံးကို

မရောက်ခဲ့ပေမယ့်လည်း စိတ်ပျက်သွားခြင်းမရှိပဲ ပျော်နေခဲ့ခြင်းဖြစ်၏။ လေးရက်မြောက်နေ့တွင်

ဆက်တက်နေတဲ့သူတွေကတော့ မီပင်လယ်၊ရေခဲလွင်ပြင်ထဲ ရောက်နေသည့်အလား

အရှင်လတ်လတ် အကင်ခံရသလို ခံစားရလိုက်၊ ရိုးတွင်းခြင်ဆီထိ အေးခဲမတတ်

ခံစားရလိုက်နဲ့ သံသရာကိုလည်နေတော့သည်။

အလင်းအကာအရံကို ဖြတ်သန်းလိုသဖြင့် အားပြန်ဖြည့်ခဲ့ကြ၏။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့

ဘာပဲဖြစ်ဖြစ် သူတို့အားလုံးသိုင်းကျင့်စဉ်တစ်ခုကိုသာ လိုချင်တော့မိသည်။ ဟူညီအစ်မ

နှစ်ယောက်၏ဆုံးဖြတ်ချက်ကို အလင်းအကာအရံက တားဆီးနိုင်ခြင်းမရှိပဲ သူမတို့နှစ်ယောက်

လှေကားထစ်တွေကို ဆက်ပြီးတက်နေခဲ့သည်။ ထိုအချိန်တွင် တပည့်တွေက ဒါက

တကယ့်ကိုအခွင့်အရေးကြီးတစ်ခုဖြစ်မှန်း နားလည်သွားခဲ့၏။ သူတို့သာ ဒီအခွင့်အရေးကို

လွဲချော်သွားခဲ့ရင် သူတို့တစ်ဘဝလုံး နောင်တရနေရတော့ပေမည်။ တစ်ဆို့နေတဲ့

လူတိုင်းက သူတို့သာဆက်ပြီးတောင်ခံနိုင်ခဲ့ရင် ပိုပြီးကြီးမားတဲ့အကျိုးကျေးဇူးတွေ

ရလိမ့်မယ်လို့ တွေးလိုက်ကြသည်။

ဘဝတွင် အောင်မြင်အောင်လုပ်ဆောင်ရမယ့် အရာအများကြီးရှိပေသည်။ ဒါပေမယ့်

အခုအချိန်မှာတော့ အားလုံးက အဆုံးမရှိတဲ့လှေကားပေါ်မှာပဲ အာရုံစိုက်နေခဲ့၏။

ငါးရက်မြောက်နေ့မှာတော့ ဂိုဏ်းသုံးဂိုဏ်း၏တပည့်တစ်ဝက်လောက်က စမ်းသပ်မှုမှ

နုတ်ထွက်သွားခဲ့သည်။ ကျရှုံးသွားတဲ့တပည့်တွေက အလင်းအကာအရံနားတွင်

စုဝေးနေကြပြီး ဆက်ပြီးတော့တက်နေနိုင်သေးတဲ့လူတွေကို မနာလိုနေကြကာ လက်သီး

တင်းတင်းဆုပ်လိုက်ရင်း သူတို့ကိုယ်သူတို့ စိတ်ပျက်သွားခဲ့ကြသည်။

တပည့်တွေက အမျိုးမျိုးသော အကြောင်းအရာတွေကို ဆွေးနွေးနေကြပြီး အများစုကတော့

ဘယ်သူက လှေကားထိပ်ဆုံးကို အရင်ဆုံးရောက်မလဲဆိုတာပင်။ စုယန်နာမည်ကို

အများဆုံးကြားရလိမ့်မည်ဆိုတာ သံသယရှိစရာမလိုပေ။ စုယန်၏ကျင့်စဉ်က

အခုစမ်းသပ်ချက်၌ အားသာချက်အကြီးကြီးရှိပေသည်။ ထို့ပြင် ဂိုဏ်သုံးဂိုဏ်းက

တပည့်အားလုံးထဲတွင် စုယန်က အသန်မာဆုံးဖြစ်၏။ သူမသာစမ်းသပ်ချက်ကို

ပထမ မရမှသာ ထူးဆန်းနေမှာဖြစ်သည်။

ထိုအချက်က ကောင်းကင်စံအိမ် တပည့်တွေကို ဂုဏ်ယူဝံ့ကြွားစေခဲ့ပြီး အခြားတပည့်တွေရှေ့

ခေါင်းမော့ရင်ကော့ကာ ကြွားဝါပြောဆိုကြသည်။ စုယန်ဆိုတာ ကောင်းကင်စံအိမ်က

ယောကျ်ားလေတပည့်ရော၊ မိန်းကလေးတပည့်ရော မော့ကြည့်ရတဲ့လူမျိုးဖြစ်၏။ သူမ၏ ခွန်အားနှင့်

မြင့်မြတ်မှုက သူတို့အားလုံးထက်ကျော်လွန်နေတဲ့အတွက် သူတို့အားလုံးစုယန်ကိုမနာလိုမိကြသည်။

ရန်ကိုင်နှင့်ဟူညီအစ်မနှစ်ယောက်က အခုအထစ်၅၀၀၀မြောက်တွင် ရောက်နေပြီး တစ်ထစ်ချင်းစီကို

ခက်ခက်ခဲခဲ တက်လှမ်းနေရ၏။ ထိုလှေကားတွေကိုတက်ရတာက အဆုံးမရှိတဲ့ တောင်တွေနဲ့

မြစ်ချောင်းတွေကို တက်လှမ်းဖြတ်ကူးနေရသလိုပင်။ ဒါပေမယ့် ရန်ကိုင်ကတော့

မည်သည့် မောပန်းမှု၊ အားအင်ကုန်ခမ်းမှု၊ နာကျင်မှု၊ ရုန်းကန်ကြိုးစားမှုမှမပြ။

သူ့မျက်နှာက စတက်လာကတည်းကလိုပဲ တောက်ပနေခဲ့သည်။ ဒါပေမယ့် ဟူညီအစ်မ

နှစ်ယောက်ကလုံး ချွေးပင်လယ်ထဲတွင် ရေချိုးနေရလေသည်။ သူတို့အားပိုကုန်လာလေ

သူတို့အသွင်အပြင်က ပိုပြီးဆွဲဆောင်အားကောင်းလာလေဖြစ်၏။

သူတို့ပိုတက်လေ ပိုပူလာလေဖြစ်ပြီး သူတို့ခန္ဓာကိုယ်တွေက ပိုပြီးသင်းပျံ့လာသလို

အသားအရေကလည်း ပိုပြီးရဲလာခဲ့၏။ သူတို့၏မြူဆွယ်တဲ့အကြည့်တွေကလည်း

ကြည်လင်လာခဲ့ပြီး အခုအချိန်တွင် ထိုညီအစ်မနှစ်ယောက်က လုံးဝရင့်မှည့်နေတဲ့

မက်မွန်သီးချိုးချိုးလေးတွေလိုဖြစ်နေခဲ့သည်။ တစ်ကိုက်လောက်သာ ကိုက်ကြည့်မယ်ဆိုရင်

သင့်ပျံ့တဲ့မွှေးရနံ့နှင့်အတူ ချိုမြိန်သောအရသာက ပါးစပ်ထဲတွင်ပေါက်ကွဲထွက်လာပေလိမ့်မည်။

‘‘တော်တော်နွေးတာပဲ’’ ဟူကျောင်းအာ အပေါ်ကိုတက်နေရင်း သူမ၏ရင်ဘတ်အကျီင်္စကို

လက်တစ်ဖက်ဖြင့် မထားလိုက်ကာ ကျန်တစ်ဖက်ဖြင်ယပ်ခပ်နေခဲ့သည်။ သူမ၏

မို့မောက်လုံးဝန်းနေတဲ့ ပေါက်စီနှစ်လုံးကို ရန်ကိုင်တစ်ပိုင်းတစ်စ မြင်လိုက်ရလေသည်။

အရင်တုန်းက အခုလိုမျိုး သူမတစ်ခါမှ ချွေးမထွက်ဖူးခဲ့ပေ။ သူမ၏အကျီင်္က ချွေးကြောင့်

အသားတွင်ကပ်နေပြီး သူမ၏ရှိုက်ကြီးဖိုငယ်အသွင်သွင်ကို လှစ်ဟာပြနေခဲ့၏။

ဟူမေးအာလည်း ထိုနည်းအတိုင်းပင်။ သူမ၏ပတ္တမြားရောင် နှုတ်ခမ်းလေးတွေကလည်း

အားပြတ်မှုကြောင့် ခြောက်သွေ့နေသဖြင့် လျှာနှင့်သပ်ကာ စိုစွတ်အောင်လုပ်နေခဲ့ရသည်။

‘‘ငါတို့ထပ်ပြီးနာကြမလား’’ ဟူကျောင်းအာက ရန်ကိုင်ရှေ့သွားလိုက်ပြီး ခါးသီးစွာနဲ့ မေးလိုက်သည်။

သူကတကယ်ကိုမာလွန်းပေသည်။ မာလွန်းလို့ အခုအချိန်ထိ ချွေးတစ်စက်တောင် မထွက်သေး။

ရန်ကိုင်ကြည့်ရင်း မနာလိုမှုကြောင့် ဒေါသထွက်ရသလို လေးလည်းလေးစားမိသည်။

ရန်ကိုင်က ရှေ့ကိုသွားနေရင်း သူမကိုစောင်းကြည့်လိုက်ပြီး ပြောလိုက်သည် ‘‘ အပူချိန်ကျသွားတော့မှ

ငါတို့ဆက်သွားတာပေါ့’’ သူကအမြင့်တွင်ရပ်နေတဲ့အတွက် ဟူကျောင်းအာ၏ ပေါက်စီနှစ်လုံးကို

မြင်နေရလေသည်။ မို့မောက်နေသော တောင်နှစ်လုံးကြားတွင် အပြစ်အနာအဆာကင်းစင်တဲ့

ချိုင်ဝှမ်းတစ်ခုရှိနေခဲ့ပြီး ချွေးစက်တွေကလည်း ထိုချိုင့်ဝှမ်းအကြား ရှိနေခဲ့သည်။ ထိုမြင်ကွင်းကို

ကြည့်ရင်း ရန်ကိုင်သွေးတွေ ဆူပွက်လာခဲ့၏။

ဟူကျောင်းအာလည်း ရန်ကိုင်၏အကြည့်ကို သတိပြုမိလိုက်ပြီး သူမအကျီ်ကော်လာကို

ချက်ချင်းပြန်ချထားလိုက်လေသည်။ သူမ၏ရင်ဘတ်ကိုလက်နှင့်အုပ်ထားလိုက်ပြီး

သူမမျက်လုံးထဲတွင် ဒေါသအခိုးအငွေ့တွေ တရိပ်ရိပ်တက်လာပြီး ထိတ်လန့်တကြား

အော်ပြောလိုက်၏ ‘‘နင်ဘာကိုကြည့်နေတာလဲ’’

ရန်ကိုင်မျက်နှာပေါ်က အပြုံးကပိုပြီး ကြီးလာခဲ့ပြီး သူ့အကြည့်ကိုတော့လွှဲဖယ်ခြင်းမပြုလိုက်ချေ။

သူမသတိပြုမိလိုက်ပေမယ့် သူ့အကြည့်ကတော့ လွှဲဖယ်သွားခြင်းမရှိပဲ သူမခန္ဓာကိုယ်ကို

အထက်အောက်စုံချည်ဆန်ချည် ဆက်ပြီးကြည့်နေလိုက်သည်။ အခုလိုစိုက်ကြည့်ခြင်း

ခံနေရတဲ့အတွက် ဟူညီအစ်မနှစ်ယောက် တော်တော်လေး မသက်မသာဖြစ်လာခဲ့သည်။

သူမတို့ခန္ဓာကိုယ်တစ်ခုလုံးက ချွေးတွေနဲ့စိုရွှဲနေခဲ့ဖြင့် ဆွဲဆောင်မှုရှိလှသော အမို့အမောက်၊

ကောက်ကြောင်းအစုံအလင်ကို ထင်ထင်ရှားရှား မြင်နေရပြီး ထို့အတွက်ကြောင့်ပဲ

ရန်ကိုင်နှင့်ဘေးချဉ်းယှဉ်ပြီး လမ်းလျှောက်ရတဲ့သတ္တိ သူမတို့တွင်မရှိပေ။

ရန်ကိုင်က ဒီလောက်ထိရဲတင်းပြီး အရှက်မဲ့လိမ့်မယ်လို့ သူမတို့ထင်မထားခဲ့ပေ။

‘‘ငါတို့ကိုကြည့်နေတာ ရပ်လိုက်တော့’’ ဟူကျောင်းအာက ချက်ချင်းပဲ ဟူမေးအာကို

သူမနောက်ကိုဆွဲယူလိုက်ပြီး သူမခန္ဓာကိုယ်နဲ့ ကာထားလိုက်လေသည်။ သူမ၏ချွေးစိုနေတဲ့

နဖူးနှင့်ပါးမို့မို့လေးတွေက ရှက်ရွံ့မှုကြောင့် နီရဲနေခဲ့ပြီး ရန်ကိုင်ကိုဒေါသတကြီး စိုက်ကြည့်

နေလိုက်၏။

‘‘ဟဟ’’ ရန်ကိုင်လည်း ပြုံးစိပြံုးစိ လုပ်ရင်း အရှေ့ကိုပြန်လှည့်လိုက်ပြီး ပြောလိုက်သည်

‘‘ အခုလို လမ်းလျှောက်နေရတာ တော်ာတော်ပျင်းစရာကောင်းတယ်။ ဒါပေမယ့်

အခုလိုမျက်စိအပန်းဖြေစရာ မြင်ကွင်းလေးရှိတော့လည်း တော်တော်လေး အဆင်ပြေသား’’

‘‘ငါနင့်ကို အမြင်မှားခဲ့တာပဲ’´ဟူကျောင်းအာက ရန်ကိုင်ကိုခါးသီးစွာနဲ့ စိုက်ကြည့်နေလိုက်သည်

‘‘ နင်ကို ဂုဏ်သရေရှိတဲ့ လူကောင်းတစ်ယောက်လို့ ငါထင်ခဲ့တာ။ ဒါပေမယ့်အခုလို

အကျင့်မကောင်းလူတစ်ယောက် ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး။ ငါနင့်မျက်လုံးတွေကို

ေဖာက္ထုတ္ပစ္ခ်င္လိုက္တာ’’

ရန်ကိုင်က လှည့်မကြည့်ပဲ တိုးတိုးလေး ပြန်ပြောလိုက်၏‘‘ယောကျာ်းတစ်ယောက်က မိန်းမ

တစ်ယောက်ကို ကြည့်တာက သဘာဝပဲလေ။ ဘာဂုဏ်သရေရှိလူတော်လူကောင်းတစ်ယောက်ရဲ့

သဘာဝလဲ။ ပြီးတော့ နင်ငါ့မျက်လုံးတွေကို ဖောက်ထုတ်မယ်ဆိုရင် ငါနင့်ကိုကြည့်နေရမှာလေ။

ကျောင်းအာ၊ ငါ့ကိုလှည့်ကြည့်စေချင်တာလား’’

ဟူကျောင်းအာ ဒေါသထွက်သွားခဲ့ပြီး သူမ၏နို့နှစ်ရောင် ရွှေရင်အစုံက ထိန်းမရအောင်

လှုပ်ခါနေတော့လေသည်။ အံကြိတ်လိုက်ပြီး ပြောဆိုကြိမ်းမောင်းလိုက်လေ၏

‘‘နင့်ပါးစပ်ကိုပိတ်သွားအောင် ငါ့ကိုရိုက်စေချင်နေတာလား’’ ‘‘ အဲ့လိုပြောတာမမှန်ဘူးနော်။

ငါ့ကိုကာကွယ်ပေးမယ်လို့ ပြောခဲ့တာကို နင်မေ့သွားပြီလား’’ ရန်ကိုင်က ရုတ်တရက်

နောက်ကိုလှည့်လိုက်ပြီး မျက်ခုံးပင့်လိုက်လေသည်။ သူ့ပုံစံက သူမကိုစနောက်နေတဲ့

ပုံပေါက်နေလေသည်။

ထိုစကားက ဟူကျောင်းအာကို ရှက်သွားစေခဲ့ပြီး ဒေါသထွက်နေတာလည်း ရပ်တန့်သွားကာ

ရှက်ကိုးရှက်ကန်းနဲ့ ချက်ချင်းပဲ ပြန်ပြောလိုက်လေသည်‘‘ အဲ့ကိစ္စကိုနောက်တစ်ကြိမ်

ထပ်မပြောနဲ့တော့။ ကြားရတာ ရှက်စရာကောင်းတယ်’’ တကယ်တော့ ဒီနေရာကိုဝင်မလာခင်က

ရန်ကိုင်ကို ကာကွယ်ပေးမယ်လို့ သူမပြောခဲ့ပေသည်။ ဒါပေမယ့် အခုအချိန်မှာတော့

အားလုံးက စားပွဲခုံကိုပြောင်းပြန်လှန်လိုက်သလို ဖြစ်နေခဲ့သည်။ လှေကားထစ်ပေါ်

စတက်ကတည်းက သူမတို့၏ကာကွယ်မှုကို သူလုံးဝမလိုအပ်ခဲ့ပဲ သူမတို့ကိုသာ

သူကပြန်ပြီးကာကွယ်ပေးနေခဲ့ရ၏။

ထိုအကြောင်းကိုတွေးလိုက်တာနဲ့ ဟူကျောင်းအာက ကိုးယိုးကားယား ပြုံးလိုက်မိလေသည်။

‘‘ ငါတို့အားတွေကို ငြင်းခုံနေပေမယ့်အစား ဆက်တက်ဖို့အားပြန်ဖြည့်သင့်တယ်’’ ဟူမေအားက

ထိုင်ချလိုက်သည်။‘‘ဟွန့်၊ ငါတို့ကိုနောက်တစ်ကြိမ် ထပ်ကြည့်ဖို့ စဉ်းကိုမစဉ်းစားနဲ့’’

ဟူကျောင်းအာက ရန်ကိုင်ကိုပြစ်တင်ပြောဆိုလိုက်လေသည်။ ရန်ကိုင်ဖျော့ဖျော့လေး

ပြုံးလိုက်ပြီး ဘာမှတော့ပြန်မပြောခဲ့။

သူ့နောက်ကနေရင်း ဟူကျောင်းအာက သူမ၏ညီမလေးကို တိုးတိုးလေးပြောလိုက်လေသည်

‘‘ သူကလူကောင်းတစ်ယောက်လို့ ငါမထင်ဘူး။ သေချာဂရုစိုက်၊ သူ့ကိုအခွင့်အရေး မရစေနဲ့’’

‘‘အစ်မကြီး’’ ဟူမေးအာက နှစ်လိုဖွယ်ကောင်းစွာပြန်ပြုံးပြလိုက်၏။ နှစ်နာရီကြာပြီးနောက်

ရန်ကိုင် ရပ်နားလိုက်ပြီး အေးဆေးတည်ငြိမ်စွာနဲ့ မတ်တပ်ရပ်နေလိုက်သည်။ ဟူညီအစ်မ

နှစ်ယောက်လည်း သူ့နောက်လိုက်ပြီး သူ့နေရာကိုလာလိုက်၏။ သူမတို့၏ခန္ဓာကိုယ်လေး

တုန်ရီသွားခဲ့သည်။

‘‘အရမ်းအေးတာပဲ’’ ဟူကျောင်းအာ သူမလက်နှစ်ဖက်ကို ပူးကပ်ရင်းပွတ်လိုက်သည်။

အအေးဒဏ်ကြောင့် ကြက်သီးမွှေးညင်းတွေ ထလာပြီး အသက်ရှုလိုက်တိုင်း ရေခဲငွေ့တွေ

ထွက်ပေါ်နေခဲ့သည်။ အထစ်၅၀၀ပြီးနောက် ပူနေရာမှချက်းချင်းအေးသွားခဲ့သည်။

ဟူညီအစ်မနှစ်ယောက်က ခပ်မြန်မြန်ပဲ ရန်ကိုင်လက်မောင်းနားကို တိတ်တဆိတ်

တိုးသွားလိုက်၏။ နှင်းမုန်တိုင်းထဲ ရောက်နေသလိုမျိုး သူတို့တစ်ကိုယ်လုံး ထိန်းမရအောင်

တုန်ရီနေခဲ့သည်။

အထစ်၃၀၀၀မတိုင်ခင်က ထိုညီအစ်မနှစ်ယောက်က ရန်ကိုင်နောက်ကနေ သက်သက်သာသာနဲ့

လိုက်တက်နိုင်ကြ၏။ အပူစွမ်းအင်ကြောင့် ရန်ကိုင်နောက်ကနေ တက်နေခြင်းဖြစ်သည်။

ဒါပေမယ့် အခုအချိန်မှတော့ အအေးဓါတ်က သည်းမခံနိုင်လောက်အောင် အေးစိမ့်လွန်းတဲ့အတွက်

ရန်ကိုင်လက်မောင်းကိုကိုင်ပြီး ဘေးတိုက်ယှဉ်ပြီး လမ်းလျှောက်ရုံသာ တတ်နိုင်တော့သည်။ အခုလို

အပြုအမူမျိုးက ခံစားချက်တွေ မျှဝေကြတဲ့ ရဲဘော်ရဲဘတ်စိတ်ကို ရောင်ပြန်ဟပ်နေပြီး

အခက်အခဲတွေကို အတူတကွ ရင်ဆိုင်ကျော်ဖြတ်သလိုမျိုးဖြစ်နေခဲ့သည်။

အချိန်ကုန်လာတာနဲ့ သူတို့သုံးယောက် နောက်တစ်ကြိမ် ရပ်နားလိုက်ကြပြန်သည်။

ဟူညီအစ်မနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ တစ်ခုခုကို

ဆုံးဖြတ်လိုက်သကဲ့သို့ ခေါင်းညိတ်လိုက်သည်။ ‘‘ ရန်ကိုင်’’ ဟူကျောင်းအာက ရုတ်တရက်

ပြောလိုက်သည်။

‘‘ဘာဖြစ်လို့လဲ’’

‘‘ငါတို့နင့်နောက်လိုက်နေတာ ဒီနေရာမှာပဲ ရပ်လိုက်ရင်ပိုကောင်းမယ်လို့ ငါထင်တယ်’’

ရန်ကိုင် အံ့အားသင့်သွားခဲ့ပေမယ့် တိတ်ဆိတ်နေခဲ့ပြီး တည်ငြိမ်စွာနဲ့ နားထောင်နေလိုက်၏။

ဟူကျောင်းအာက ဆက်ပြောလိုက်သည် ‘‘ အခုအခြေအနေက နင်ကငါတို့ထက်ပိုမြန်နေတယ်။

သေချာတွေးကြည့်လိုက်မယ်ဆိုရင် ငါတို့နင့်နောက်ကိုလိုက်နေတာက နင့်ကိုနှေးနေစေရုံပဲရှိမှာ’’

ဟူကျောင်းအာလည်း ခေါင်းညိတ်လိုက်ပြီး ဝင်ပြောလိုက်၏ ‘‘ အစ်မကြီးက နင့်ကိုကာကွယ်ပေးချင်

ပေမယ့် ဒီနေရာမှာ ဘာအန္တရာယ်မှ ရှိတဲ့ပုံမပေါ်ဘူး။ ငါတို့က နင့်ကိုနည်းနည်းလေးပဲ

အကူအညီဖြစ်စေတာ’’

ရန်ကိုင်က တိတ်ဆိတ်နေတုန်းပင်။

ဟူကျောင်းအာကပြုံးပြီးပြောလိုက်လေသည်‘‘ ငါတို့လက်လျှော့တော့မယ်လို့ နင်ထင်နေတာလား။

ငါတို့ဆက်တက်မယ်။ ဒါပေမယ့် နင်ကငါတို့ပိုမြန်နေတာလေး တစ်ချက်ပဲ’’

‘‘နင်တို့နှစ်ယောက်သေချာလား’’ ရန်ကိုင်မေးလိုက်သည်။

‘‘အင်း’’

ဖြေးဖြေးချင်း မတ်တပ်ရပ်လိုက်ပြီး ရန်ကိုင်ဆုံးဖြတ်ချက်ချလိုက်၏ ‘‘ နင်တို့နှစ်ယောက်က

ဆုံးဖြတ်ပြီးသွားမှတော့ ငါလည်းနင်တို့ကိုဖိအားမပေးတော့ဘူး’’

မိန်းကလေးနှစ်ယောက်က သူ့အပေါ်ကောင်းပေသည်။ သူတို့သာသူ့ကိုရပ်တန့်အောင်

လုပ်မယ်ဆိုရင် သူတို့မဟုတ်လို့ပဲ ဖြစ်ပေလိမ့်မည်။ ရန်ကိုင်က အပေါ်ကိုမော့ကြည့်လိုက်ပြီး

ကျေးဇူးတင်စကားပြောလိုက်သည်‘‘ ကျေးဇူးပါ။ နင်တို့အတူတူလိုက်ပါခဲ့တဲ့အတွက်

ငါလည်းတော်တော်လေး အပျင်းပြေသွားခဲ့ပါတယ်’’

ဟူမေးအာပျော်သွားတဲ့ပုံပေါ်သည်။ သူမ၏ ပျော်မြူပြီး ချိုမြိန်လှတဲ့ အကြည့်ကတကယ်ကို

နှစ်လိုဖွယ်ကောင်းပေသည်။ ဟူကျောင်းအာနှလုံးသားထဲရှိ ရန်လိုမူ၊ သတိတို့က

ရန်ကိုင်စကားလုံးတွေကြောင့် တစ်စစီကြေပျက်သွားခဲ့ရသည်။ ‘‘ ထိပ်ဆုံးကို ရောက်အောင်

တက်ပြီး အဲ့မှာဘာရှိလည်းဆိုတာကြည့်ရမယ်’’ ရန်ကိုင်လည်း ပြန်လှည့်လိုက်ပြီး အပေါ်ကို

ဆက်တက်သွားလိုက်သည်။ ဒီတစ်ကြိမ်မှာတော့ သူ့အရှိန်ကအရင်ထက်ပိုမြန်နေခဲ့လေသည်။

‘‘ငါတို့ပြန်ပြောဖို့လည်းမမေ့နဲ့ဦး’’ ဟူကျောင်းအာက ပြုံးနေရင်းအော်ပြောလိုက်လေသည်။

‘‘ကောင်းပြီ’’

ရန်ကိုင်က အရှေ့ကိုပြေးတက်သွားရင်း အနက်ရောင်အလင်းတန်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ညီအစ်မနှစ်ယောက်ကတော့ အအေးဒဏ်ကိုခုခံဖို့ရာ ဘေးချင်းယှဉ်ပြီး လမ်းလျှောက်နေရသည်။

ဒုတိတစ်တောင် မလှမ်းရသေးခင်မှာပဲ လေညင်းတစ်ခုကြောင့် လေထဲကိုမြှောက်တက်သွားခဲ့ရသည်။

ထိုကြိုမမြင်နိုင်တဲ့ လေပြင်းကြောင့် ဟူညီအစ်မနှစ်ယောက် ကြောင်သွားခဲ့ရသည်။

တစ်ခဏအတွင်းမှာပဲ သူတို့ခန္ဓာကိုယ်က လေထဲမျောသွားခဲ့ပြီး မြေပြင်ပေါ်ကို

ဖြေးညင်းစွာကျဆင်းလဲ့သည်။

သူတို့လှည့်ကြည့်လိုက်တဲ့အချိန် သူတို့လိုဖြစ်ခဲ့တဲ့ လူအများကြီး ရှိနေတာကိုတွေ့လိုက်ရတဲ့

အတွက် အံ့အားသင့်သွားခဲ့ရသည်။ သူတို့အားလုံးအခုပဲ ရောက်လာခဲ့တာဖြစ်ပြီး

ထိတ်လန့်ခြောက်ခြားမှုတွေက သူတို့မျက်နှာပေါ်က မပျောက်နိုင်သေးပေ။ ပြီးတော့

ရောက်လာတဲ့ လူအုပ်ကလည်း မိန်းကလေးတွေပဲဖြစ်ပြီး အခုနေရာတွင်

ယောကျ်ားလေးတစ်ယောက်ကိုမှ မတွေ့ရပေ။

‘‘ရန်ကိုင်’’ ဟူမေးအာက ပတ်ပတ်လည်ကို လိုက်ကြည့်လိုက်ပေမယ့် ရန်ကိုင်တော့ ဘယ်နေရာမှာမှ

မတွေ့ခဲ့ရပေ။ ‘‘ သူအထဲမှာရှိနေတုန်းလား’’ ဟူကျောင်းအာက အသံတိုးတိုးနဲ့ ပြောလိုက်၏။

စိတ်ရှုပ်နေပေမယ့် ရန်ကိုင်ကအထဲတွင် ရှိနေသေးတယ်လို့ ယုံကြည်နေခဲ့သည်။ ဒါပေမယ့်

ဘာလို့ဒီနေရာမှ မိန်းကလေးတွေပဲ ရှိနေရတာလဲ။

ကူးပြောင်းခံလိုက်ရတဲ့ မိန်းကလေးတွေ၏ ခန္ဓာကိုယ်ပေါ်တွင် ယန်နှင့်ယင်စွမ်းအင်

အကြွင်းအကျန်တွေ ရှိနေသေပြီး အပြင်ဘက်တွင်ရှိသော တပည့်တွေ၏အာရုံကို

ဆွဲဆောင်သွားခဲ့သည်။ သူတို့က သူမတို့ကိုချက်ချင်းဝိုင်းပြီး မေးဖို့မလုပ်ပေ။ အဲ့ဒီအစား

သူတို့၏အခြေအနေကို အရင်မေးမြန်းပြီးမှ အထဲကအခြေအနေတွေကို မေးလေသည်။

တစ်ယောက်နှင့်တစ်ယောက် စကားပြောပြီးနောက် လူတိုင်းက ထိုခါးသီးစရာကောင်းတဲ့

လေပြင်းတိုက်ခတ်တာခံရပြီး အလင်းအကာအရံအပြင်ဘက်ကို ပို့ဆောင်ခံလိုက်ရတာဖြစ်ကြောင်း

နားလည်လိုက်သည်။

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၂)

လန်ချူးတျယ်က လူအုပ်ထဲတွင် ရှိနေခဲ့ပြီး သူမမျက်လုံးထဲမှတော့ လက်လျှော့အရှုံးမပေးလို့တဲ့

အရိပ်အယောင်တွေ ထွက်ပေါ်နေခဲ့သည်။ သူမမျက်လုံးထဲက အကြည့်ကရန်ကိုင်အကြည့်နဲ့ဆင်တူပြီး

အသိပြန်ဝင်လာတဲ့အချိန်မှာတော့ သူမအသားအရေ ပြာနှမ်းသွားခဲ့ပြီး ခန္ဓာကိုယ်ပေါ်တွင်

ကပ်ညိနေတဲ့ ရေခဲစတွေကလည်း တဖြည်းဖြည်းကွာကျသွားခဲ့သည်။

‘‘ပြီးဆုံးသွားပြီလား’’ လန်ချူးတျယ် ခါးခါးသီးသီး ခံစားလိုက်ရပြီး အမြင့်ရောက်မှ ကန်ချခံလိုက်ရသလို

ခံစားလိုက်ရသည်။ သူမကချီပြောင်းလဲခြင်းအဆင့်၈တွင်ရှိပြီး အထစ်၃၀၀၀မြောက်အထိ တက်လှမ်း

နိုင်ခဲ့သည်။ ထိုရလဒ်က သူမနဲ့အဆင့်တူတပည့်တွေရဲ့ရလဒ်နှင့်နှိုင်းယှဉ်ရင် သူမရလဒ်က အများကြီး

ပိုကောင်းပေသည်။ ထိုရလဒ်က သူမဘယ်တော့မှ အရှုံးမပေးလက်မလျှော့ပဲ တစ်ယောက်တည်း

မဆုတ်မနစ်ကြိုးစားခြင်း၏ အကျိုးရလဒ်ပင်ဖြစ်သည်။

ဒါပေမယ့် သူမကလေပြင်းတိုက်ခတ်ခံလိုက်ရပြီး လှေကားထစ်ပေါ်ကနေ မြေပြင်ပေါ်ကို

ပို့ဆောင်ခြင်းခံလိုက်ရသည်။ ဒီလိုအဖြစ်အပျက်မျိုးကို သူမဘယ်လိုလုပ်ပြီး သည်းခံနိုင်ပါ့မလဲ။

(ငါ့မှာသာ အချိန်လုံလုံလောက်လောက်ရှိခဲ့ရင် ငါကျိန်းသေထိပ်ဆုံးကိုရောက်မှာ။ ဘာလို့ငါ့ကို

ဒီနေရာကိုပို့လိုက်တာလဲ) လန်ချူးတျယ်ကတွေးလိုက်ပြီး လက်သီးကျစ်ကျစ်ဆုပ်လိုက်တဲ့အတွက်

သူမလက်သည်းတွေက အသားထဲအထိ ထိုးဖောက်သွားခဲ့၏။

သူမနှလုံးသားထဲမှာ ကျန်ခဲ့တာကတော့ နာကျင်မှုပင်။ သူမကိုယ်သူမတည်ငြိမ်အောင်လုပ်ဆောင်ဖို့

ကြိုးစားနေတုန်းမှာပဲ နူညံ့တဲ့မိန်းကလေးတစ်ယောက်၏အသံတစ်သံကိုကြားလိုက်ရလေသည်။

‘‘နင်အဆင်ပြေလား၊ စီနီယာအစ်မ’’ ဟူကျောင်းအာက လန်ချူးတျယ်ကမူမမှန်မှုကို သတိပြုမိလိုက်တဲ့

အတွက် ကြင်ကြင်နာနာနဲ့ မေးလိုက်လေသည်။ လန်ချူးတျယ်က စိုက်ကျနေတဲ့ခေါင်းကို

ဖြေးဖြေးချင်း ခါလိုက်ပြီး မျက်ရည်တွေက သူမပါးပေါ်ကျဆင်းလာခဲ့သည်။ ရန်ကိုင်က ထိပ်ဆုံးကို

ရောက်ဖို့ရန်အလို့ငှာ ဆက်ပြီးပြေးလွှားနေခဲ့သည်။ ဟူညီအစ်မနှစ်ယောက်က တိတ်တဆိတ်

ပျောက်ကွယ်သွားခဲ့တာကို သူသတိမပြုမိပေ။

ရန်ကိုင်က သူတို့နှစ်ယောက်ကိုဆက်ပြီးစိုးရိမ်ဖို့မလိုတော့ပေ။ သူကတော့ဆက်ပြီးတော့သာ အမြင့်ကို

တက်နေခဲ့သည်။ ပတ်ဝန်းကျင်က ယင်စွမ်းအင်က တစ်ထစ်ထက်တစ်ထစ်ပိုပြီးတိုးလာခဲ့သည်။

အစစ်အမှန်ယန်နည်းစနစ်က သူ့ခန္ဓာကိုယ်ကို နွေးထွေးအောင်လုပ်ပေးနေတဲ့အတွက် ထိုအအေးဓါတ်ကို

သူစိုးရိမ်နေစရာမလိုချေ။ ပြီးတော့ ကျန်ရှိနေတဲ့ယင်စွမ်းအင်တွေကိုလည်း သူ့ခန္ဓာကိုယ်ထဲက

ရွှေရောင်အရိုးတွေက စုပ်ယူသွားပေသည်။

နောက်ထပ်အထစ်၅၀၀တက်ပြီးနောက် စွမ်းအင်တွေက ယင်စွမ်းအင်မှယန်စွမ်းအင်အဖြစ်ပြောင်းလဲ

သွားခဲ့သည်။ ထို့ကြောင့် ရန်ကိုင်ကပိုပြီးမြန်မြန်နဲ့ တက်သွားနိုင်ခဲ့သည်။ သူ့ခန္ဓာကိုယ်တွင်

ကျန်ရှိနေတဲ့ ယင်စွမ်းအင်တွေကလည်း တဖြည်းဖြည်းနဲ့ အရည်ပျော်လာခဲ့လေသည်။ ဒါပေမယ့်

သူကယန်စွမ်းအင်ကိုလေ့ကျင့်တဲ့အတွက် ယင်စွမ်းအင်နဲ့ယှဉ်ရင် ယန်စွမ်းအင်ကိုစုပ်ယူဖို့က

ပိုပြီးလွယ်ကူပေသည်။ တစ်ထစ်ချင်းတစ်ထစ်ချင်း၊ ထိပ်ဆုံးနဲ့သူ့ကြားက အကွာအဝေးက တဖြည်းဖြည်း

နီးကပ်လာခဲ့သည်။

သူူဆက်တက်နေတုန်း သူ့ခန္ဓာကိုယ်ပေါ်သက်ရောက်နေတဲ့ ဖိအားက ပိုပြီးကြီးမားလာခဲ့သည်။

အစစ်အမှန်ယန်နည်းစနစ်က ယန်စွမ်းအင်ကို ယန်အရည်စက်အဖြစ် ဖန်တီးပေးနိုင်တာကြောင့်သာ

မဟုတ်ရင် ရန်ကိုင်လည်း ယန်စွမ်းအင်တွေကို အခုလိုအများကြီး စုပ်ယူနိုင်လိမ့်မည်မဟုတ်ချေ။

သူနီးကပ်လာတာနဲ့ တစ်ခုခုမူမမှန်တာကို ရန်ကိုင်ခံစားမိလိုက်၏။ ထိပ်ဆုံးစမ်းသပ်ချက်က

ပိုပိုခက်ခဲလာခဲ့ပြီး လူတစ်ယောက်အတွက် အောင်မြင်အောင်ဖြတ်သန်းဖို့ မဖြစ်နိုင်ချေ။ အမွေအနှစ်

စမ်းသပ်ချက်သာဆိုရင် ဒီလောက်အထိ ရိုးရှင်းမနေသင့်ပေ။

ရန်ကိုင်၏ရည်ရွယ်ချက်ကို သတိပြုမိလိုက်တာနဲ့ နတ်ဆိုးအိုကြီးက ဆိုရိုးစကားတစ်ခုခုကို

တွေးလိုက်လေသည်။ ဒါပေမယ့် ဟူညီအစ်မနှစ်ယောက်၏ အပျိုစင်ခန္ဓာကိုယ်ကို အသုံးပြုရတဲ့

သိုင်းပညာရပ်အကြောင်းကို သူပြောတဲ့အချိန်တုန်းက အကြောင်းကိုပြန်တွေးမိလိုက်တဲ့

အချိန်မှာတော့ နတ်ဆိုးအိုကြီးက ရန်ကိုင်ကိုဒေါသထွက်စေမိပြီး ရက်စက်ကြမ်းကြုတ်တဲ့

ညင်းပန်နှိပ်စက်မှုကို ခံရမှာကြောက်တာကြောင့် ပါးစပ်ပိတ်ပြီးတော့သာ နေလိုက်၏။

သူသာမိစ္ဆာကျင့်စဉ်နဲ့ဆက်စပ်တဲသိုင်းပညာရပ်တစ်ခုကိုပြောလိုက်ရင် ရန်ကိုင်က သူ့ကို

ဒေါသထွက်သွားမှာကြောက်တဲ့အတွက် ရန်ကိုင်ဘာကြောင့်မိစ္ဆာကျင့်စဉ်တွေကို မလေ့ကျင့်လဲဆိုတာ

သူနားမလည်ပေမယ့် သူမပြောရဲတော့ပေ။ ရန်ကိုင်စိတ်ခံစားချက်ကို ပျက်စီးစေမှာကို ရှောင်ရှားဖို့

ဆိတ်ဆိတ်သာနေလိုက်သည်။ သူ့စိတ်ထဲ စိုးရိမ်ပူပန်မှုတွေ ရှိနေပေမယ့်လည်း ထိပ်ဆုံးကို

ရောက်လာတာနဲ့ အားလုံးရှင်းလင်းသွားလိမ့်မယ်လို့ တွေးလိုက်ပြီး သူ့ကိုယ်သူနှစ်သိမ့်လိုက်သည်။

ရန်ကိုင်က သူ့စိတ်ကိုသာမက ခန္ဓာကို်ယ်ကိုပါ ဖြေလျော့ထားလိုက်သည်။ စမ်းသပ်မှုက

ရိုးရှင်းလာခြင်းနှင့်အတူ သူ့စိတ်အခြေအနေလည်း ပြောင်းလဲလာခဲ့သည်။

တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့ပြီး ရန်ကိုင်ကထိုသုံးရက်အတွင်း စုစုပေါင်းသုံးကြိမ် အနားယူခဲ့သည်။

ထိပ်ဆုံးကိုရောက်ဖို့ သိပ်မလိုတော့ချေ။

ထိပ်ပိုင်းကိုဖုံးလွှမ်းနေတဲ့ ထူးကဲမြင့်မြတ်သော မြူခိုးတွေ ရှိနေခဲ့သည်။ ထိုနေရာကိုကြည့်နေရတာက

နတ်သမီးကုန်းမြေကို ကြည့်နေရတာနဲ့တောင် တူနေပေသည်။ ရန်ကိုင်က မြူခိုးထဲကို ဖြေးဖြေးချင်း

ဝင်သွားလိုက်ပြီး အချိုသာဆုံးအိမ်မက်ထဲ ရောက်နေသလို ခံစားနေရသည်။

သူ့ရှေ့တွင်နောက်ထပ် လှေကားထစ်၁၀ထစ်သာ ကျန်ရှိတော့ပြီး ထိုနောက်ဆုံး၁၀ထစ်က

ခက်ခဲကြမ်းတမ်းတဲ့ သူ့ခရီးအဆုံးသတ်ပဲဖြစ်သည်။ တစ်ကြိမ်တွင်တစ်ထစ်ချင်းစီ ဖြေးဖြေးချင်း

တက်သွားလိုက်၏။

၉၊၈၊၇။

ဆုံးဖြတ်ချက်ပြတ်သားစွာနဲ့ သူဆက်တက်နေပြီး မှတ်ဉာဏ်ဟောင်းတွေ သူ့ခေါင်းထဲကို တစ်ခုပြီးတစ်ခု

ဝင်ရောက်လာခဲ့သည်။

၆၊၅၊၄။

မှတ်ဉာဏ်တွေက သူ့ဘဝကိုတစ်ဆစ်ချိုး ပြောင်းလဲပေးခဲ့တဲ့ အနက်ရောင်စာအုပ်ကို ရရှိတဲ့အချိန်ကို

ပြန်ရောက်သွားခဲ့ပြန်သည်။

၃၊၂။

လွန်ခဲ့တဲ့သုံးနှစ်က မှတ်ဉာဏ်တွေ ပြန်ပေါ်လာခဲ့ပြီး ရန်ကိုင်၏တည်ငြိမ်နေသော စိတ်အခြေအနေကို

လှိုင်းထန်သွားစေခဲ့၏။

ရန်ကိုင်က သူ့ခြေထောက်ကို နောက်ဆုံးအထစ်ဆီလှမ်းလိုက်ပြီး မရွေ့တော့ပဲ ရပ်နေခဲ့သည်။ သူသာ

ထိုနောက်ဆုံးအထစ်ကို လွဲသွားခဲ့ရင် သူပြုတ်ကျပေလိမ့်မည်။ ဒါပေမယ့် ထိုကဲ့သို့ရူးမိုက်တဲ့အမှားမျိုးကိုတော့

ရန်ကိုင်လုပ်လိမ့်မည်မဟုတ်ချေ။

ပြောဖို့ခက်ပေမယ့် သူပြုတ်ကျတာနဲ့ ပြင်းပြင်းထန်ထန်ဒဏ်ရရသွားမယ်ဆိုတာတော့ ကျိန်းသေ၏။

လုံးဝကို သက်ရောက်ခံလိုက်ရတဲ့အတွက် ရန်ကိုင်က အစစ်အမှန်ယန်နည်းစနစ်ကို တိတ်တဆိတ်

လှည့်ပတ်လိုက်ပြီး လှုပ်ရှားခြင်းမရှိပဲ အချိန်အတော်ကြာ ရပ်နေခဲ့သည်။ အားကောင်းသည့် လှိုင်းများ၏

ရိုက်ခတ်ခြင်းခံလိုက်ရသော သူ့စိတ်အခြေအနေက ပုံမှန်ပြန်လာတော့မှပဲ သူ့ကိုကြက်သေသေစေတဲ့

မှတ်ဉာဏ်ဟောင်းတွေက ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။

အချိန်တော်တော်ကြာပြီးနောက် ရန်ကိုင်က မျက်လုံးဖွင့်လိုက်ပြီး သူ့မျက်လုံးထဲမှာတော့ လုံးဝ

ပြတ်သားတဲ့ဆုံးဖြတ်ချက် အရိပ်အယောင်ကို တွေ့မြင်နေရသည်။ တုန့်ဆိုင်းနေခြင်း၊ ကြောက်ရွံ့နေခြင်း

အရှင်းမရှိတော့ချေ။

သူခြေချလိုက်သည်။

ထူးခြားလှတဲ့ တဝှီဝှီမြည်သံ ထွက်ပေါ်လာခဲ့ပြီး မမြင်နိုင်တဲ့ဖိအားတစ်ခုက ရန်ကိုင်ပေါ်ကို ရုတ်တရက်

ကျရောက်လာခဲ့သည်။ ထိုဖိအားက အရှင်သခင်တွေသာ ပိုင်ဆိုင်နိုင်တဲ့ ဖိအားမျိုးဖြစ်၏။

ရန်ကိုင်ခန္ဓာကိုယ်ကိုင်းသွားခဲ့ပြီး သူ့ခြေထောက်လည်း ခွင်သွားခဲ့ကာ ဒူးထောက်လုမတတ်

ဖြစ်သွားခဲ့ရသည်။ ဒါပေမယ့် ခြေလှမ်းတစ်ဝက်ရောက်နေတဲ့အချိန် ကိုင်းနေတာရပ်တန့်သွားခဲ့သည်။

အခုအချိန်ထိ သူလက်မလျှော့သေးချေ။

ထိုအချိန်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံး ချွေးတစ်ပြိုက်ပြိုက်ကျနေပြီး သူ့ကြွက်သားတွေကလည်း

အလွန်အမင်း နာကျင်နေခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ထိန်းမရအောင် တုန်ရီနေခဲ့သည်။

ထိုဖိအားက မမျှော်လင့်စွာပဲ ကျင့်ကြံခြင်းဖိအားမျိုးမဟုတ်၊ အနည်းငယ်ကွဲပြား၏။

အကယ်၍ ထိုကြီးမားလှသည့် ဖိအားနဲ့ ကျင့်ကြံခြင်းဖိအားကို နှိုင်းယှဉ်ရမယ်ဆိုရင် လုံးဝမှန်ကန်မည့်

အရာတစ်ခုပဲ ရှိပေသည်….တကယ်ကိုအားကောင်းတဲ့ကျင့်ကြံသူတစ်ယောက်ဆီကလာတဲ့ဖိအားပင်။

မျက်လုံးအကြီးကြီးတစ်လုံးက သူ့ကိုစိုက်ကြည့်နေသလို ခံစားရ၏။ သူ့ခန္ဓာကိုယ်က ဖြေးဖြေးချင်း

ပြန်တည့်မတ်သွားခဲ့ပြီး အပြာရောင်သွေးကြောကြီးတွေက သူ့နဖူးထက်တွင် ထောင်တက်နေခဲ့သည်။

သူ့အရေပြားတစ်ခုလုံး နီရဲနေခဲ့ပြီး သူခုခံနေတာနဲ့အမျှ ဖိအားကပိုပြီး ပြင်းထန်လာပုံရသည်။

သူ့လျှာပေါ်တွင် ချိုမြမြသွေးအရသာကို မြည်းစမ်းလိုက်ရပြီး လွှမ်းမိုးနိုင်စွမ်းအား ပြင်းထန်လွန်းတဲ့

ထိုအဖိအားက သူ့ကိုတစ်စစီဖြစ်အောင် ကြိတ်ချေနေပြီး ဒဏ်ရာရအောင် လုပ်နေခဲ့သည်။

‘‘ ငါက ကမ္ဘာလောကကြီးရဲ့ ဖိအားကိုတောင် တောင့်ခံနိုင်တယ်ကွ။ မင်းလိုကောင်ကိုတော့ အသာထား။

မင်းကကမ္ဘာကြီး မဟုတ်ဘူးကွ’’ ရန်ကိုင်က သွားချင်းကြိတ်လိုက်ပြီး တကျိကျိ အသံတွေ ထွက်ပေါ်လာခဲ့၏။

ထို့နောက် သူ့နောက်ထပ် ခြေထောက်တစ်ဖက်ကို နောက်ဆုံးလှေကားထစ်ဆီ ဖြေးဖြေးချင်း မတင်လိုက်သည်။

မျက်တောင်တစ်ခတ်အတွင်း ပြီးမြောက်နိုင်တဲ့ လှုပ်ရှားမှုတစ်ခုက တစ်ခါပြီးဖို့အရေး တစ်နှစ်လောက်

ကြာနေသယောင်ထင်ရသည်။ နောက်ဆုံးရန်ကိုင်လည်း မတ်မတ်ပြန်ရပ်နိုင်ခဲ့ပြီး ပြင်းထန်လှသော

ခက်ခဲမှုနှင့် လွှမ်းမိုးနိုင်စွမ်းကြီးမားသော ဖိအားတို့ကို နောက်ဆုံးတော့ သူကျော်ဖြတ်နိုင်သွားခဲ့လေပြီ။

ထိုမမြင်နိုင်တဲ့ အတားအဆီးကို သူကျော်ဖြတ်ပြီးသွားတာနဲ့ သူ့ခန္ဓာကိုယ်က ငှက်မွေးလေးတစ်ချောင်းအလား

ပေါ့ပါသွားခဲ့ပြီး သူခံစားနေရတဲ့ ဖိအားလည်းပျောက်ကွယ်သွားခဲ့သည်။ စွမ်းအင်လှိုင်းကြီးတစ်ခုက

သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းသွားခဲ့ပြီး သူ့ခန္ဓာကိုယ်ထဲက ချီစွမ်းအင်တွေကို ပရမ်းပတာဖြစ်သွားစေခဲ့သည်။

ခဏကြာပြီးနောက် သူ့ပါးစပ်ထောင့်စွန်းက အပြုံးတစ်ခုအဖြစ် ကွေးတက်သွားခဲ့၏။

စဦးဒြပ်စင်အဆင့်၈။

ထိုအဆုံးမရှိသော လှေကားထစ်များကို သူ့ရဲ့မဖြစ်စလောက် ကျင့်ကြံခြင်းအဆင့်လေးနဲ့ ဖြတ်ကျော်

နိုင်ခဲ့တဲ့အတွက် တော်တော်လေး ကောင်းမွန်တယ်လို့ ပြောလို့ရပေသည်။ သူ့နဂိုအမူအရာ

ပြန်ရလိုက်တာနဲ့ သူ့အနားတွင်နန်းတော်တစ်ခုကို တွေ့လိုက်ရ၏။ ကံမကောင်းစွာနဲ့ နန်းတော်နှင့်

သူ့ကြားတွင် လှေကားထစ်တစ်လွှာ ရှိနေခဲ့သေးသည်။ သူတောင့်ခံခဲ့ရတာနဲ့ယှဉ်ရင် ထိုလှေကား

နည်းနည်းလေးက သူ့ကိုမခြိမ်းခြောက်နိုင်ပေ။ သူ့ခန့်မှန်းချက်အရဆိုှလျှင် ထပ်တက်ဖို့

လှေကားထစ်၁၀၀လောက်သာ ကျန်ရှိတော့ပေသည်။

‘‘ နှစ်ဆင့်စစ်ဆေးမှုလား’’ ရန်ကိုင်က သူ့ဘာသာသူပြောလိုက်၏။

လေးဖင့်နေခြင်းမရှိတော့ပဲ အရှေ့ကိုမျက်နှာမူလိုက်ပြီး စတင်တက်လှမ်းလိုက်သည်။ ပထမဆုံး

လှေကားထစ်ပေါ် ခြေချလိုက်တာနဲ့ လောင်ကျွမ်းနေတဲ့ အပူစွမ်းအင်တစ်ခုက ပါးလွှာတဲ့

လေထုထဲမှ ရန်ကိုင်ဆီကိုဝင်ရောက်လာခဲ့သည်။ ထိုယန်စွမ်းအင်တွေက အနီရောင်ပိုးချည်မျှင်လေးနဲ့

ဆင်တူပြီး သာမန်မျက်လုံးနဲ့ဆိုရင် သေချာကြည့်မှပဲ မြင်နိုင်ပေလိမ့်မည်။ ရန်ကိုင်လည်း အံ့အားသင့်

သွားခဲ့ရပြီး ထိုအနီရောင်စွမ်းအင်အမျှင်းတန်းလေးကို ဖမ်းဆုပ်လိုက်၏။

အစစ်အမှန်ယန်နည်းစနစ်ကို လှည့်ပတ်လိုက်တာနဲ့ မမျှော်လင့်စွာပဲ ထိုချီစွမ်းအင်အမျှင်တန်းလေးကို

တစ်ခါတည်း သူစုပ်ယူမိလိုက်သည်။ လွန်ခဲ့တဲ့ရက်အနည်းငယ် သူပထမအလွှာတွင်ရှိနေတုန်းက

ချီစွမ်းအင်က သူ့ခန္ဓာကိုယ်ကိုသာ တိုက်ခိုက်ပေမယ့် ဒုတိယအလွှာကတော့ သူ့ပတ်ဝန်းကျင်တစ်ခုလုံး

ပြည့်နေပုံရသည်။ သူတို့နှစ်လွှာကြား ခြားနားမှုက အရမ်းကိုကြီးမားပေသည်။ လှေကားထစ်တစ်ထစ်

စီတိုင်းတွင် ယန်စွမ်းအင်တွေနဲ့ ပြည့်နေပြီး ရန်ကိုင်လည်း အစစ်အမှန်နည်းစနစ်ကို လှည့်ပတ်လိုက်ပြီး

တစ်ခါတည်းစုပ်ယူလိုက်သည်။

လှေကားထစ်ပေါင်းတစ်ရာဆီမှ ယန်အရည်စက်၂စက်ကို သူစုစည်းနိုင်ခဲ့၏။ ၉၉ထစ်ကို ရောက်တဲ့

အချိန်မှာတော့ တစ်ခုခုမှားနေတယ်လို့ ရန်ကိုင်ခံစားမိလိုက်သည်။ အထစ်ပေါင်း၁၀၀ရှေ့တွင်

ယင်ချီအကာအရံတစ်ခု ရှိနေခဲ့ပြီး သူ့လမ်းကိုပိတ်ဆို့ထားလိုက်သည်။ သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး

ရေတွေကိုစမ်းသပ်ကြည့်လိုက်၏။ ထိုယင်ချီတွေက ချက်ချင်းပဲ သူ့ခန္ဓာကိုယ်ထဲကို စိမ့်ဝင်လာခဲ့ပြီး

အစစ်အမှန်ယန်နည်းစနစ်တောင် ထိုယင်စွမ်းအင်တွေကို အလွယ်တကူ လောင်ကျွမ်းအောင်

မလုပ်နိုင်ခဲ့ချေ။

ပိုထူးဆန်းတာက အစောပိုင်းတုန်းက သူစုပ်ယူထားတဲ့ ယင်စွမ်းအင်တွေက သူ့ခန္ဓာကိုယ်ထဲကနေ

အပြင်ဘက်ကို စတင်စီးထွက်လာခဲ့ပြီး ပါးလွှာတဲ့လေထုထဲကို တဖြည်းဖြည်းတိုးဝင် ပျောက်ကွယ်သွားခဲ့၏။

သူ့အမူအရာကို ပြန်ထိန်းဖို့ ယင်ချီတွေဆီက နောက်အနည်းငယ်ဆုတ်လိုက်လေသည်။ သူမျက်မှောင်ကြုံ့

လိုက်၏( ဒါကထိပ်ဆုံးကိုရောက်ဖို့ နောက်ဆုံးအထစ်ဖြစ်ရမယ်) သူတွေးလိုက်သည်။

ယင်ချီအကာအရံကို သူဘယ်လိုချိုးဖျက်ရမှာလဲ။ ဒါကနောက်ဆုံးစမ်းသပ်ချက်များလား။

အဲ့လိုဆိုရင်တောင် ဆက်သွားနိုင်ဖို့အတွက် ထိုယင်ချီအကာအရံကို သူချိုးဖျက်ရပေမည်။

ခဏတာစဉ်းစားလိုက်ပြီးနောက် ရန်ကိုင်က အထစ်၁၀၀မြောက်စီ နောက်တစ်ကြိမ်တက်လိုက်၏။

သူ့ယန်ချီတွေကိုစုစည်းရင်း ယင်ချီအကာအရံရှေ့တွင် ဖြေးဖြေးချင်းစုစည်းနေလိုက်သည်။

ရန်ကိုင်က အသက်ပြင်းပြင်းရှုလိုက်ပြီး နေမီးတောက်ပေါက်ကွဲခြင်းပညာရပ်ကို လှည့်ပတ်ကာ

လက်သီးတင်းတင်းဆုပ်လိုက်ပြီး ယင်ချီအကာအရံကို ထိုးချလိုက်၏။

ဘန်း…ပြင်းထန်ကြမ်းတမ်းတဲ့ ယန်ချီတွေက ယင်ချီအကာအရံထဲကို ဝင်ရောက်သွားခဲ့သည်။

ဒါပေမယ့် ပင်လယ်ထဲကျသွားတဲ့ ကျောက်တုံးလေးတစ်တုံးအလား ဘာအကျိုးသက်ရောက်မှုမှ

မဖြစ်ပေါ်ခဲ့။ ရန်ကိုင်က ထိုတိုက်ကွက်နဲ့ပဲ ယင်ချီအကာအရံကို ထပ်ခါထပ်ခါ တိုက်ခိုက်နေပေမယ့်

သူ့တိုက်ခိုက်မှုကတော့ အချည်းနှီးပင်ဖြစ်နေခဲ့ရ၏။ နေမီးတောက်ပေါက်ကွဲခြင်းပညာရပ်က

အကျိုးသက်ရောက်မှု မရှိဘူးဆိုရင် ကြယ်အမှတ်အသားပညာရပ်ကိုသုံးလို့လည်း အကျိုးထူးလိမ့်မည်

မဟုတ်ချေ။ အဲ့လိုဆိုရင် ထိုယင်ချီအကာအရံကို ဖြတ်ကျော်နိုင်ဖို့အတွက် အဓိကအချက်ကဘာလဲ။

ရန်ကိုင်က မျက်လုံးမှေးစင်လိုက်ရင်း ခဏကြာအောင် တွေးတောနေလိုက်သည်။ သူ့နှလုံးသားက

တစ်စုံတစ်ခုကို ထင်ထင်ရှားရှား နားလည်သွားခဲ့ပုံပေါ်သည်။ တတိယအကြိမ် စမ်းသပ်ပြီးနောက်

ရန်ကိုင်ကအောက်ပြန်ဆင်းလိုက်ပြီး အနီရောင်ချီစွမ်းအင် အမျှင်တန်းလေးတွေကို အများဆုံးရှိနေတဲ့

နေရာတွင်ရပ်လိုက်၏။ ဒီတစ်ကြိမ်မှာတော့ ထိုစွမ်းအင်အမျှင်တန်းလေးတွေကို စုပ်ယူမယ့်အစား

သူ့လက်ထဲတွင် စုဆောင်းထားလိုက်၏။

ဒီတစ်ကြိမ်မှာတော့ သူမစုပ်ယူခဲ့ပေ။ အနီရောင်ချီစွမ်းအင် အမျှင်တန်းလေးတွေ စုစည်းလာတာကို

တွေ့လိုက်တာနဲ့ ဖမ်းယူလိုက်သည်။ အနီရောင်ချီစွမ်းအင် အမျှင်တန်းလေတွေ၏ အရွယ်အစားက

သူဖမ်းဆုပ်လာတာနဲ့အမျှ ကြီးမားလာခဲ့၏။ ထိုချီစွမ်းအင်အမျှင်တန်းလေးတွေက များပြားလာတာနဲ့အမျှ

ပိုပြီးကြမ်းတမ်းလာကာ အားကောင်းလာပြီး သူ့လက်ကိုတောင် နည်းနည်းလောင်ကျွမ်းလာခဲ့သည်။

ထိုချီစွမ်းအင်အမျှင်တန်းလေးတွေကိုသာ စုပ်ယူပြီးကျင့်ကြံမယ်ဆိုရင် မမျှော်မှန်းနိုင်တဲ့ရလဒ်ကို

ရပေလိမ့်မည်။ ဒါပေမယ့် ထိုယန်စွမ်းအင်တွေက တော်တော်လေးထူဆန်း၏။ ထိုစွမ်းအင် အမျှင်တန်းလေး

တွေကိုမစုပ်ယူပဲ စုဆောင်းထားမယ်ဆိုရင် အဆုံးမရှိရုန်းကြွနေပေလိမ့်မည်။ မကြာခဏ

ရန်ကိုင်လည်း ထိုစွမ်းအင်များ၏ တိုက်ခိုက်ခြင်းကို ခံရလေသည်။

သူ့လက်ထဲက နာကျင်မှုက တိုးလာခဲ့ပေမယ့် ရန်ကိုင်ကအသံတစ်သံတောင် မထွက်ခဲ့ပေ။

အချိန်အတော်ကြာပြီးသွားတဲ့ နောက်မှာတော့ ထိုသောင်းကျန်းနေတဲ့ ယန်စွမ်းအင်တွေက

မမျှော်လင့်စွာနဲ့ပဲ သူတို့၏အိမ်ကို တွေ့လိုက်ရသည့်အလား လုံးဝကိုတည်ငြိမ်သွားခဲ့လေသည်။

ထိုစွမ်းအင်တွေက ဆက်ပြီးသောင်းကျန်းခြင်းမရှိတော့သလို သူ့ကိုတိုက်ခိုက်ခြင်းလည်း မရှိတော့ပေ။

မှန်ကန်တဲ့နည်းလမ်းကို သူရှာတွေ့ခဲ့ပြီမှန်း သိလိုက်တာနဲ့ ရန်ကိုင်နှုတ်ခမ်းတွေက ပျော်ရွှင်မှုကြောင့်

ေကြးတက္သြားခဲ့၏။

ချီစွမ်းအင်အမျှင်တန်းလေးများ၏ ထူထဲမှုက သိပ်သည်းလာတာနဲ့အမျှ ထိုယန်ချီတွေက ရန်ကိုင်လက်ထဲ

တွင် မီးဘောလုံးတစ်လုံးလို စုစည်းလာခဲ့လေသည်။ အရွယ်အစားကြီးမားလာခဲ့ပေမယ့် ရန်ကိုင်ကိုတော့

ထိခိုက်မှုမရှိချေ။ ၉၉ထစ်မြောက်ရှေ့တွင် နောက်တစ်ကြိမ် မတ်တပ်ရပ်လိုက်ပြီး သူ့လက်ထဲက

မီးဘောလုံးကို ယင်ချီအကာအရံဆီ ဖြေးဖြေးချင်းတွန်းပို့လိုက်သည်။ ဒီတစ်ကြိမ်မှာတော့

သူစိတ္မပ်က္ခဲ့ရေပ။

ထိုမီးဘောလုံးကို စုပ်ယူပြီးနောက် ယင်ချီအကာအရံက ကွဲကြေလွယ်တဲ့ မှန်တစ်ချပ်လို ကြေမွပျက်စီး

သွားခဲ့လေသည်။ ပျက်စီးကွဲကြေသံနှင့်အတူ ယင်ချီအကာအရံလည်း ပျောက်ကွယ်သွားခဲ့တော့သည်။

နောက်ဆုံးမှာတော့ ထိုခမ်းနားကြီးကျယ် မြင့်မြတ်တဲ့နန်းတော်ကြီးက ရန်ကိုင်ရှေ့တွင် အထင်အရှား

ထွက်ပေါ်လာခဲ့လေသည်။

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၃) အမွေအနှစ်၏ဆက်ခံသူ

ယင်ချီအကာအရံ ကျိုးပျက်သွားတဲ့အချိန်တွင် ရှဲ့ဟုန်ချန်က ဒေါသတကြီး ဟစ်ကြွေးလိုက်သည်။

သူ့အဖို့ အားကုန်သုံးပြီး အမြင့်ကိုကြိုးကြိုးစားစား ခက်ခက်ခဲခဲ တက်ခဲ့ရ၏။ ထိပ်ဆုံးကိုရောက်ဖို့

လှေကားထစ်အနည်းငယ်ပဲ လိုတော့တဲ့အချိန် အောင်မြင်မှုကိုလည်း မြင်နေရပြီဖြစ်ပေမယ့်လည်း

လေပြေလေးတစ်ခုက ရုတ်တရက် သူ့ကိုမြောက်တက်သွားစေခဲ့၏ ။ ထိုလေပြင်းက ဟူညီအစ်မနှစ်ယောက်

ကြုံ့တွေ့ခဲ့ရတဲ့ လေပြင်းနဲ့အတူတူပင်ဖြစ်ပြီး သူလည်းအောက်ခြေကို ပို့ဆောင်ခြင်းခံလိုက်ရလေသည်။

‘‘မဟုတ်ဘူး’’ ရှဲ့ဟုန်ချန်က ငြင်းဆိုအော်ဟစ်လိုက်သည်။ သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး လှေကားထစ်တွေကို

ဖမ်းကိုင်ဖို့ ကြိုးစားခဲ့ပေမယ့် လက်လှမ်းမှီခဲ့ပေ။ တဖြည်းဖြည်းနဲ့ လှေကားထစ်နဲ့ သူ့ကြားကအကွာအဝေးက

တဖြည်းဖြည်းဝေးကွာသွားခဲ့လေသည်။ ‘‘မဟုတ်ဘူး၊မဟုတ်ဘူး၊မဟုတ်ဘူး’’ ရှဲ့ဟုန်ချန်က

လှေကားထစ်တွေကို လှမ်းကြည့်လိုက်ပြီး ဆက်ပြီးတက်ဖို့ရာအတွက် ပြန်သွားဖို့ ကြိုးစားခဲ့ပေမယ့်

လှေကားထစ်တွေကတော့ သူ့မြင်ကွင်းကနေ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့၏။ ရက်ပေါင်းများစွာ

ကြာအောင် ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းနဲ့ သူကြိုးစားရုန်းကန် တက်ခဲ့ရပေမယ့် နောက်ဆုံး

အခိုက်အတန့်တွင် သူကျရှုံးသွားခဲ့ရသည်။

ဒါကသူ့ရဲ့အမှားကြောင့်မဟုတ်ပဲ တစ်ယောက်ယောက်က စမ်းသပ်ချက်ကို သူ့ထက်အရင်

ပြီးဆုံးသွားသောကြောင့်ဖြစ်၏။ တစ်ယောက်ယောက် အောင်မြင်သွားတာနဲ့ ကျန်ရှိနေတဲ့

လူတွေအကုန်လုံး အောက်ခြေကိုပို့ဆောင်ခြင်း ခံရပေလိမ့်မည်။ (အဲ့ဒါဘယ်သူလဲ)

ရှဲ့ဟုန်ချန်က သူ့ကိုယ်သူမေးခွန်းထုတ်လိုက်သည်။ သူ့မျက်လုံးတွေက ဒေါသကြောင့်နီရဲနေပြီး

နောက်ဆုံးမှာတော့ အောင်မြင်နိုင်ချေ အများဆုံးရှိတဲ့ စုယန်ကိုတွေးမိလိုက်၏။

(သူမဖြစ်နိုင်မလား) ထိုကဲ့သို့တွေးရင်း သူ့ကိုယ်သူနှစ်သိမ့်ပေးလိုက်ပေမယ့် သူ့စိတ်ထဲ

ဒေါသတော့ထွက်နေမိသေးသည်။ သူအသိပြန်ဝင်လာတဲ့အချိန် သူကထူးခြားတဲ့နေရာကို

ရောက်နေကြောင်း ရှဲ့ဟုန်ချန်သတိပြုမိလိုက်သည်။ ကောင်းကင်ကိုသူမော့ကြည့်လိုက်တဲ့အခါ

ကောင်းကင်အမွေအနှစ်လိုဏ်ဂူထဲမှာပဲ ရှိနေသေးတယ်ဆိုတာ သိလိုက်ရပေမယ့် စိတ်ပျက်စရာ

ကောင်းစွာပဲ သူ့ဘေးတွင် တစ်ဦးတစ်ယောက်မှ ရှိမနေခဲ့ချေ။

ရှဲ့ဟုန်ချန်က နေရာမှာပဲ တစ်ခဏကြာအောင် ရပ်နေရင်း သူ့ပါးစပ်ကလှောင်ပြုံးတစ်ခုအဖြစ်

ကွေးတက်သွားခဲ့သည်‘‘စုယန်သာ အမွေအနှစ်ကိုရခဲ့တဲ့သူဆိုရင် သူမကိုငါ့အပိုင်ဖြစ်အောင်

လုပ်ပစ်မယ်’’ သိပ်မကြာခင်မှာပဲ ပါးလွှာတဲ့လေထုထဲကနေ လူတစ်ယောက်ပြီးတစ်ယောက်

ထွက်ပေါ်လာခဲ့သည်။ ထိုလူတွေအားလုံးက ဂိုဏ်သုံးဂိုဏ်းက တပည့်တွေဖြစ်ပြီး မိန်းကလေး

တပည့်တွေလိုပဲ လေပြင်းကြောင့် အခုနေရာကိုပို့ဆောင်ခြင်းခံလိုက်ရခြင်းဖြစ်သည်။ ထိုတပည့်တွေက

စမ်းသပ်မှုကို ပြီးမြောက်အောင်လုပ်ဆောင်နိုင်ဖို့အတွက် အပင်ပန်းခံကြိုးစားခဲ့ရပေမယ့်

နောက်ဆုံးမှာတော့ စိတ်ပျက်မှုနှင့်သာ အဆုံးသတ်သွားခဲ့ရသည်။ မိန်းကလေးတပည့်တွေနဲ့

မတူညီတာက ယောကျာ်လေးတပည့်တွေက နေရာအနှံ့အပြားစီ တကွဲတပြား ပို့ဆောင်ခံလိုက်

ရခြင်းဖြစ်၏။

တိမ်တွေကြားထဲက ကြီးကျယ်မြင့်မြတ်တဲ့ နန်းတော်ရှေ့တွင် သူရောက်လာတာနဲ့ ပွင့်သွားတဲ့

ဧရာမတံခါးမကြီးတွေကို ရန်ကိုင်ရပ်ကြည့်နေလေသည်။ သူချက်ချင်းဝင်မသွားသေးပဲ

စမ်းသပ်ချက်က အဖြစ်အပျက်တွေကို ပြန်တွေးတောနေလိုက်၏။ ပထမစမ်းသပ်ချက်က

စိတ်စွမ်းအားကို စမ်းသပ်တာဖြစ်ပြီး ဒုတိယကတော့ ယန်စွမ်းအင်ထိန်းချုပ်နိုင်စွမ်းကို

စမ်းသပ်စစ်ဆေးတာဖြစ်သည်။ လုံလောကတဲ့ ထိန်းချုပ်နိုင်စွမ်းရှိမှာသာ ၉၉ထစ်မြောက်ကို

တက်နိုင်ပြီး အထစ်၁၀၀မြောက်တွင် ရှိသောယင်ချီအကာအရံကို တစ်ချက်တည်းနဲ့ ဖျက်စီး

ပစ်နိုင်မှာဖြစ်သည်။

အချိန်တော်တော်ကြာပြီးနောက် ရန်ကိုင်က ပြုံးကာအရှေ့ကိုလှမ်းလိုက်သည်။ သွားနေတဲ့အချိန်

သူ့ခန္ဓာကိုယ်ထဲ အစစ်အမှန်ယန်စွမ်းအင်တွေ ပြောင်းလဲသွားတာကို ခံစားမိလိုက်၏။

တံခါးမကြီးကို သူဖြတ်လိုက်တာနဲ့ သူ့ရင်ဘတ်တွင်ရှိသော မူလယန်က အပြင်းအထန် တုန့်ပြန်လာခဲ့လေသည်။

အခုထိ မူလယန်က အနီးအနားတွင်ရှိသော ယန်စွမ်းအင်ကိုသာ အာရုံခံနိုင်၏။ ပြီးတော့ မူလယန်၏

တုန့်ပြန်မှုကလည်း စွမ်းအင်၏ခွန်အားပမာဏပေါ်မူတည်ပြီး လိုက်၍ကွဲပြားသေးလေသည်။ ဒီတစ်ကြိမ်မှာတော့

မူလန်ယန်၏တုန့်ပြန်မှုက အလွန်ပြင်းထန်လေသည်။ ပြင်းထန်လွန်းတဲ့အတွက် သူ့ရင်ဘတ်တောင်

ဆူပွက်လာတော့မလား ထင်ရ၏။ သို့ရာတွင် ရန်ကိုင်က တည်ကြည်ပြတ်သားတဲ့ အကြည့်နဲ့ မူလန်ယန်၏

လမ်းကြောင်းအတိုင်း ရှေ့ကိုဆက်သွားလိုက်သည်။

ခဏကြာအောင် လမ်းလျှောက်ပြီးနောက် မြေပြင်အထက် မီတာပေါင်းများစွာအကွာ၌ အဖြူနဲ့အနီ

ရောယှတ်နေသော စွမ်းအင်လုံးကြီးတစ်လုံးကို တွေ့လိုက်ရ၏။ထိုစွမ်းအင်လုံးက မူလယန်

တုန့်ပြန်နေတဲ့ စွမ်းအင်အရင်းအမြစ်ဖြစ်တယ်ဆိုတာ ချက်ချင်းပဲ သူသိလိုက်သည်။

ထူးဆန်းစွာပဲ ထိုစွမ်းအင်လုံးထဲတွင် ယန်စွမ်းအင်သာမက အလွန်းအမင်းကို အေးစက်လွန်းတဲ့

အအေးစွမ်းအင်တွေလည်း ပါဝင်နေခဲ့သည်။ စွမ်းအင်နှစ်ခုက အတူတူရှိနေပေမယ့်

တစ်ခုနှင့်တစ်ခု မဆန့်ကျင်နေခဲ့ပေ။ အဲ့ဒီအစား တစ်ခုနှင့်တစ်ခု စည်းကိုက်ဝါးကိုက် အတူတကွ

ပူးတွဲတည်ရှိနေကြသည်။ ရန်ကိုင်က သေချာအနီးကပ်ကြည့်လိုက်တဲ့အချိန် ထိုစွမ်းအင်လုံးကြီးက

အချိန်နှင့်အမျှ မတူကွဲပြားတဲ့ ပုံစံနှစ်ခုကိုထုတ်လွှတ်နေမှန်း သိလိုက်ရသည်။

ထိုပုံစံနှစ်ခုက သက်ရှိနှစ်ကောင် ဖြစ်နေမှန်း သိလိုက်ရတဲ့အချိန်မှာတော့ ရန်ကိုင်အနည်းငယ်

တုန်ရင်သွားခဲ့၏။ ထိုသက်ရှိနှစ်ကောင်က ကောင်းကင်အမွေအနှစ်လိုဏ်ဂူ အပြင်ဘက်တွင်

တွေ့ခဲ့ရတဲ့ ဖီးနစ်နှင့်နဂါးကလွဲပြီး အခြားမဟုတ်ချေ။( ဒါကအမွေအနှစ်လား) ရန်ကိုင်က

မျက်မှောင်ကြုံ့လိုက်ပြီး ထိုစွမ်းအင်လုံးကြီးကို သေချာအနီးကပ် စစ်ဆေးကြည့်လိုက်သည်။

ထိုအချိန်တွင် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ ပုံရိပ်တစ်ခုကို တွေ့လိုက်ရပြီး ထိတ်လန့်

ခြောခြားသွားခဲ့ရ၏။ သူ့မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ပြီး သူ့အကြည့်ကို သက်ရှိနှစ်ကောင်ဆီမှ

လွှဲဖယ်လိုက်သည်။

‘‘စုယန်လား’’ ရန်ကိုင်အော်ခေါ်လိုက်သည်။ အခုနေရာတွင် သူနှင့်အတူနောက်တစ်ယောက်

ရှိနေလိမ်မယ်လို့ မထင်ထားခဲ့။ ပိုပြီးစိတ်ဝင်စားစရာ ကောင်းတာက ထိုလူကအခြားသူမဟုတ်ပဲ

စုယန်ဖြစ်နေခဲ့သည်။ သူအော်ခေါ်လိုက်တဲ့အချိ စွမ်းအင်လုံးအောက်တွင် တင်ပလင်ခွေထိုင်နေတဲ့

မိန်းကလေးက သူမမျက်လုံးကို ဖွင့်လိုက်လေသည်။ ‘‘ နင်ပဲ’’ စုယန်၏လှပတဲ့သူငယ်အိမ်လေးတွေက

အံ့အားသင့်မှုကြောင့် တုန်ခါသွားခဲ့ပြီး စိတ်သက်သာရာ ရသွားခဲ့၏။

ရန်ကိုင်ပြုံးလိုက်သည်။ သူ့ရဲ့စီနီယာအစ်မကို အခုနေရာတွင် တွေ့လိုက်ရတဲ့အတွက် ပျော်နေပုံ

ပေါက်လေသည်။ သူမနားတိုးကပ်သွားလိုက်ပြီး မတ်တပ်ရပ်နေလိုက်သည်။ သူ့အပေါ်တွင်

ရှိနေတဲ့ စွမ်းအင်လုံးကို တစ်ဖန်ပြန်အာရုံစိုက်လိုက်ပြီး မေးလိုက်သည် ‘‘ နင်ဒီကိုရောက်တာ

ဘယ်လောက်ကြာပြီလဲ’’

‘‘ ဒီနေ့ဆို ၄၅ရက် မြောက်နေ့ပဲ’’ စုယန်က ရေခဲတမျှ အေးစက်နေတဲ့အသံနဲ့ပြောလိုက်ပြီး

သူမ၏တသီးတခြား သဘာဝကို မီးမောင်းထိုပြလိုက်၏။ (၄၅ရက်လား) ရန်ကိုင်အလွန်အမင်း

အံ့အားသင့်သွားခဲ့ရသည်။ သူမကကောင်းကင်စံအိမ်၏ အသန်မားဆုံးမိန်းကလေးတစ်ယောက်ဆိုတာ

သူဘယ်တုန်းကမှ သံသယမရှိခဲ့ပေ။ လွန်ခဲ့တဲ့၄၅ရက်တုန်းက အပေါ်ကိုမြန်မြန်ရောက်အောင်

တက်နိုင်ဖို့အတွက် ဟူညီအစ်မနှစ်ယောက်ဆီကနေ ခွဲထွက်လာခဲ့လေသည်။

ထိုအချိန်ကနေစပြီး အခုနေရာကိုရောက်ဖို့အတွက် စုစုပေါင်း၄၅ရက်ကြာခဲ့သည်။ အခုစမ်းသပ်ချက်ကို

ဒီလောက်အချိန်အတိုင်း ပြီးမြောက်တာကတော့ ရန်ကိုင်အဖို့ အံ့သြလွန်းလို့ ပြောစရာစကားတောင်

မရှိတော့ပေ။ စုယန်က အောင်မြင်သွားတဲ့အတွက် လေပြင်းထွက်ပေါ်လာခဲ့ပြီး ကျန်ရှိနေတဲ့

မိန်းကလေးတပည့်တွေအားလုံးကို လှေကားထစ်ဆီမှ အောက်ခြေကို ပို့ဆောင်ပေးလိုက်တယ်

ဆိုတာကို သူသတိမပြုမိခဲ့ပေ။ ထိုနည်းတူစွာပဲ သူအောင်မြင်သွားတဲ့အတွက် လေပြင်းနောက်တစ်ကြိမ်

ထွက်ပေါ်လာပြီး ကျန်ရှိနေတဲ့ ယောကျာ်လေးတပည့်တွေကို ကောင်းကင်အမွေအနှစ်လိုဏ်ဂူ

နေရာအနှံ့ကိုတကွဲတပြားစီ ပို့ဆောင်ပေးလိုက်တယ်ဆိုတာကိုလည်း သူသတိမပြုမိခဲ့ပေ။ ထို့ကြောင့်

အခုစမ်းသပ်ချက်တွင် သူနှင့်စုယန်နှစ်ယောက်သာ ကျန်တော့ပေသည်။

‘‘ ထိုင်ပြီးမှပြောစမ်းပါ’’ စုယန်က သူ့ကိုဖိတ်ခေါ်လိုက်သည်။

ရန်ကိုင်လည်း ခေါင်းညိတ်လိုက်ပြီး သူမနှင့်မျက်နှာချင်းဆိုဘက်တွင် တင်ပလင်ခွေကာ

ထိုင်ချလိုက်သည်။

ရန်ကိုင်က စုယန်နှင့်နီးနီးကပ်ကပ်ထိုင်ဖို့ ရွေးချယ်လိုက်တဲ့အခါ စုယန်မျက်နှာ မသိမသာလေး

ပြောင်းလဲသွားခဲ့ပေမယ့် ချက်ချင်းပဲ ပုံမှန်ပြန်ဖြစ်သွားခဲ့၏။ တိတ်ဆိတ်စွာနဲ့ သူတို့တစ်ယောက်ကို

တစ်ယောက် ကြည့်နေလိုက်ကြသည်။ ရုတ်တရက် ရန်ကိုင်ပြုံးလိုက်ပြီး အရင်စပြောလိုက်သည်

‘‘ အထစ်၁၀၀၀ပြီးနောက် ငါနောက်ဆုံအထစ်၁၀၀ကို ဆက်ပြီးဖြတ်ကျော်ခဲ့ရတယ်။ ပြီးတော့

အထစ်၅၀၀တိုင်းလည်း စွမ်းအင်က ပြောင်းလဲသွားတယ်။ နောက်ဆုံးအထစ်၁၀၀မှာတုန်းက

ယင်ချီအကာအရံရှေမှာရှိတဲ့ နောက်ဆုံး၉၉ထစ်မြောက်က ယန်စွမ်းအင်တွေကိုစုစည်းပြီး

ယင်ချီအကာအရံကို ဖျက်စီးခဲ့ရတယ်’’´

စုယန်က ပြန်ပြုံးပြလိုက်ပြီး ‘‘ ငါလည်းအဲ့အတိုင်းပဲ။ ပထမအဆုံးအထစ်၁၀၀၀ကတော့ငါလည်းနင်နဲ့

အတူတူပဲ။ ဒါပေမယ့် နောက်ဆုံးအထစ်၁၀၀ကတော့ မတူတော့ဘူး။ ငါ့အလှည့်ုတုန်းက

ယင်စွမ်းအင်ကိုစုပ်ယူပြီး အထစ်၁၀၀မြောက်ကို ဖုံးလွှမ်းထားတဲ့ မီးပင်လယ်ကို အေးခဲလိုက်ရတယ်’’

စုယန်ပြုံးလိုက်တဲ့အခါ မြေရိုင်းဒေသကို သစ်လွင်လန်းဆန်းတဲ့ လေညင်းတစ်ခုက တိုက်ခတ်သွားသလို၊

နှင်းတွေပျောက်ကွယ်သွားပြီး စိမ်းလန်းနေတဲ့ တောအုပ်ကြီးကို တစ်ဖန်ပြန်မြင်လိုက်ရသလို၊ ဆောင်းကုန်လို့

နွေးဦးရောက်လာသလို ခံစားလိုက်ရ၏။ အခုလိုလှပတဲ့မိန်းကလေးတစ်ယောက်ကြောင့် တိုင်းပြည်

တွေအကြား စစ်မက်ဖြစ်ဟွားစေနိုင်ပြီး လူတိုင်း၏နှလုံးသားကို ဖမ်းယူနိုင်ပေသည်။ ရန်ကိုင်တောင်

ချွင်းချက်မဟုတ်ပေ။ သူ့ရှေ့တွင်ရှိသော မိန်းမလှလေးကို ရိုးရှင်းစွာနဲ့ ထိုင်ကြည့်နေမိသည်။ အခုအချိန်တွင်

ရန်ကိုင်နှလုံးသားတစ်ခုလုံး အပျော်တွေနဲ့ ပြည့်နေခဲ့၏။

စုယန်လည်း ထိုအခြင်းအရာကို သတိပြုမိလိုက်ပြီး ချက်ချင်းပဲ အကြည့်လွှဲလိုက်လေသည်။ ‘‘ ဘာကြောင့်

မှန်းငါမိသပေမယ့် နင့်အပြုံးကအရမ်းကို ဆွဲဆောင်မှုရှိတာပဲ’’ ရန်ကိုင်က သူ၏အတွေးတွေကို ဖုံးကွယ်

မထားခဲ့ပေ။

‘‘ငါတို့တစ်ယောက်နဲ့ တစ်ယောက်အဲ့လောက်ထိ မရင်းနှှီးဘူး’’ စုယန်၏ပါးလေး အနည်းငယ်

နီမြန်းသွားခဲ့ပေမယ့် သူမ၏အမူအရာကတော့ အရင်လိုအေးစက်စက်ဖြစ်နေတုန်းပင်။

‘‘ အနာဂတ်မှာ ငါတို့တစ်ယောက်နဲ့ တစ်ယောက်ပိုပြီးရင်းနှီးလာမှာပါ’’ ဂိုဏ်းသုံးဂိုဏ်းက

တပည့်တွေ လေးစားမှုပြုရတဲ့ နတ်သီးတစ်ပါးရှေ့ ရောက်နေပေမယ့် ရန်ကိုင်ကတော့

သူမကိုစနောက်ကျီစယ်ရဲပေသည်။

စုယန်က ရန်ကိုင်ကို ဆက်မပြောစေချင်တော့တဲ့အတွက် ချက်ချင်းပဲ ခေါင်းစဉ်ပြောင်းလိုက်၏

‘‘ ဒီနေရာအတွင်း ငါစဉ်းစားမိတဲ့အကြောင်း ငါနင့်ကိုပြောပြမယ်။ ငါပြောတာမတိကျ၊မသေချာ

ဘူးဆိုရင်လည်း ငါ့ကိုပြန်ပြောပေါ့’’ ‘‘အင်း’’ ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။ စုယန်က

အခုနေရာတွင် ရှိနေတာ ၄၅ရက် ရှိနေပြီဖြစ်တဲ့အတွက် သူမပြောတဲ့အရာတွေ မှန်သမျှက

သေချာစဉ်းစားတွေတောပြီးမှ ကောက်ချက်ထုတ်ထားတာ ဖြစ်ပေသည်။

စုယန်က သူမ၏ချယ်ရီရောင် နှုတ်ခမ်းပါးလေးတွေကို မဖွင့်ခင် သူမကိုသူမတည်ငြိမ်အောင်

အရင်လုပ်လိုက်သည် ‘‘ ငါတို့အားလုံး မှားနေတယ်လို့ ငါယုံကြည်တယ်။ ဒီအမွေအနှစ်က

တစ်ယောက်တည်းအတွက် မဟုတ်ဘူး။ နှစ်ယောက်အတွက်ပဲ။ ပထမလှေကားထစ်

၁၀၀၀၀တုန်းက ယန်နဲ့ယင်စွမ်းနှစ်ခုက အထစ်၅၀၀မြောက်တိုင်း ပြောင်းလဲနေတာက

အကောင်းဆုံး သက်သေပဲ’’

ရန်ကိုင်ခေါင်းညိတ်ပြလိုက်သည်။ ထိုဖြစ်နိုင်ချေကို သူစဉ်းစားမိခဲ့ပေမယ့် အတည်တော့

မပြုနိုင်ခဲ့ချေ။

‘‘ငါတို့နှစ်ယောက်စလုံး တွေ့ကြုံရတဲ့ စမ်းသပ်ချက်က နောက်ဆုံးတစ်ခုကလွဲပြီး ကျန်တာတွေ

အကုန်လုံးကအတူတူပဲ။ နောက်ဆုံးတစ်ဆင့်က ငါတို့ရဲ့စွမ်းအင်ကို ဘယ်လောက်နိုင်နိုင်နင်းနင်း

ကျွမ်းကျင်စွာနဲ့ ထိန်းချုပ်နိုင်လဲဆိုတာ စမ်းသပ်တာဖြစ်ရမယ်။ ငါတို့သာ မထိန်းချုပ်နိုင်ခဲ့ရင်

ဒီနေရာကို ရောက်လာနိုင်ခဲ့မှာ မဟုတ်ဘူး’’ စုယန်ခေါင်းငုံ့လိုက်တဲ့အချိန် သူမ၏သွယ်လျတဲ့

လည်တိုင်ဖြူဖြူလေး ထွက်ပေါ်လာခဲ့ပြီး အသံတိုးတိုးနဲ့ ပြောလိုက်၏ ‘‘ နင်မရောက်ခင်တုန်းက

ငါတစ်ခုခုကို မသေချာခဲ့ဘူး။ ဒါပေမယ့် နင်ရောက်လာတဲ့အတွက် ငါအတွေးတွေမှန်တယ်ဆိုတာ

သိသွားခဲ့ပြီ။ ငါတို့အပေါ်မှာရှိတဲ့ဟာကို နင်မြင်တယ်မလား’’

ရန်ကိုင်ခေါင်းညိတ်ပြလိုက်သည်။

‘‘ ဒီ၄၅ရက်အတောအတွင်း ငါအဲ့ထဲက စွမ်းအင်တွေကို စုပ်ယူဖို့ကြိုးစားခဲ့ပေမယ့် ဘယ်လိုမှ

စုပ်ယူလို့မရခဲ့ဘူး။ အဲ့ဒါက ငါ့ဆန္ဒကိုဆန့်ကျင်နေတယ်။ ငါတွေးတာသာမှန်မယ်ဆိုရင်

အဲ့ဒါကိုအောက်ချပြီး အမွေအနှစ်ကိုရယူဖို့ ငါတို့နှစ်ယောက် အတူတူပူးပေါင်းလုပ်ဆောင်ဖို့လိုတယ်’’

စုယန်က အပိုအလိုမရှိ တိုက်ရိုက်ပြောလိုက်သည်။

‘‘ အဲ့လိုဆိုတော့ နင်ဘယ်လိုလုပ်ချင်လဲ’’ ရန်ကိုင်မေးလိုက်၏။

အမွေအနှစ်က လူနှစ်ယောက်လိုတဲ့အတွက် သူတို့နှစ်ယောက်စလုံး နောက်ဆုံးစကားမပြောရသေးပေ။

တစ်ယောက်ဆုံးဖြတ်ချက်ကို တစ်ယောက်အတည်ပြုဖို့ လိုနေပေသေးသည်။ အမွေအနှစ်ကို

ရလိုက်တာနဲ့ သူတို့နှစ်ယောက်ကြား ဘယ်လိုဆက်ဆံရေးမျိုး ပေါက်ဖွားလာမလဲဆိုတာ ဘယ်သူမှ

မသိပေ။ ဒါပေမယ့် ထိုအမွေအနှစ်က နှစ်ယောက်လိုတဲ့အတွက ်သူတို့နှစ်ယောက်ကြား

ပြောင်းလဲမှုတစ်မျိုးမျိုးတော့ ကျိန်းသေရှိရပေမည်။

ရန်ကိုင်အတွက်ကတော့ သူ့ပါတနာက စုယန်ဖြစ်နေတဲ့အတွက် သူဝမ်းသာပေသည်။

သူမကအပြင်ပန်းမှာသာ အေးစက်ပြီးတည်ငြိမ်ပုံပေါက်နေပေမယ့် ချစ်ခင်နှစ်သက်ဖွယ်ကောင်ပြီး

ကြင်နာတတ်တဲ့ လူတစ်ယောက်မှန်း သူသိပေသည်။ ဒါပေမယ့် သူမမှာလည်း သူ့လိုမျိုး တူညီတဲ့

ခံစားရှိမလား၊မရှိဘူးလားဆိုတာတော့ သူမသိပေ။ စုယန်သာ သူနှင့်အတူ ပူးတွဲမလုပ်ဆောင်ချင်

ဘူးဆိုလျှင် ရန်ကိုင်အဖို့ လက်လျှော့ရုံကလွဲပြီး အခြားမရှိပေ။

စုယန်က သိသာစွာပဲ တုန့်ဆိုင်းနေခဲ့သည်။ အမွေအနှစ်ကိုရလိုက်တာနဲ့ သူမနှင့်ရန်ကိုင်ကြားက

ဆက်ဆံးရေးက ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ သူမမသိပေ။ ကောင်းလေးတစ်ယောက်က

သူ့ခန္ဓာကိုယ်ကို ရင်းပြီးသူမအသက်ကို ကယ်ပေးခဲ့တဲ့နေကို ပြန်မြင်ယောင်မိလိုက်သည်။

ထိုအခိုက်အတန့်က သူမမျက်နှာပေါ်က တုန့်ဆိုင်းမှုတွေကို သုတ်သင်ပစ်လိုက်ပြီး

သူမလည်း ရန်ကိုင်အပေါ် ပိုပြီးနွေးထွေးလာခဲ့၏။

အချိန်တော်တော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် သူမရန်ကိုင်မျက်နှာကို အနီးကပ် သေချာ

စိုက်ကြည့်လိုက်သည်။ ရန်ကိုင်လုပ်မိမယ့် အနည်းငယ်သော ပြောင်းလဲမှုတစ်ခုချင်းစီကို

သူမသိချင်နေမိသည်‘‘ အကယ်၍ ငါမရင်းနှီးတဲ့ လူတစ်ယောက်နဲ့ ဆက်ဆံရေးတစ်ခု ဖြစ်တည်အောင်

အပြင်အားတစ်ခုက ငါ့ကိုတွန်းအားပေးမှမျိုးကို မလိုလားတဲ့အတွက် ငါငြင်းပယ်မယ်ဆိုရင်

နင္စိတ္ပ်က္သြားမွာလား’’

ရန်ကိုင်ကတစ်ခဏတာ တုန့်ဆိုင်းနေခဲ့ပြီးနောက် ခေါင်းညိတ်လိုက်သည် ‘‘ ငါစိတ်ပျက်မိမှာပဲ’’

စုယန်သုန်မှုသွားခဲ့လေသည်။

‘‘ တကယ်တော့ နင့်ရဲ့ရွေးချယ်မှုကို ငါလေးစားပါတယ်။ နင့်မှာလည်း ရွေးချယ်ဖို့ ကိုယ်ပိုင်လွတ်လပ်ခွင့်

ရှိသလို ငါ့အတွက်လည်း အဲ့အတိုင်းပဲ ။ နင်ဒါကိုမလုပ်ချင်ဘူးဆို ငါလည်းနင့်ကိုတွန်းအားမပေးပါဘူး’’

သူပြောနေတဲ့အခါ သူ့ပုံစံက ယုံကြည်ချက်ရှိတဲ့ ပုံပေါက်နေပြီး…နောက် သူလှည့်ထွက်လိုက်ပြီး

လမ်းလျှောက်လိုက်၏‘‘နင်ဆက်မလုပ်ချင်ဘူးဆိုရင် ငါတို့သွားကြတာပေါ့’’

‘‘ငါတို့ဘယ်ကိုသွားမှာလဲ’’ သိချင်စိတ်နဲ့ ရှေ့ဘက်ကိုခေါင်းစောင်းကြည့်လိုက်ပြီး စုယန်ကမေးလိုက်သည်။

‘‘ ထွက်သွားမှာလေ’’ ရန်ကိုင်က ရယ်သွမ်းသွေးလိုက်ပြီး ‘‘ငါတို့ကဒီအမွေအနှစ်ကို ဆက်ပြီးမဆက်ခံလိုမှတော့

ဒီမှာဆက်နေလို့လည်း ဘာမှအကျိုးမရှိဘူးလေ’’ ‘‘ အမွေအနှစ်ကို မဆက်ခံဘူးလို့ ဘယ်သူကပြောလို့လဲ။

ဒီလောက်ခက်ခက်ခဲခဲ တက်လာရပြီးမှ လက်ဗလာနဲ့ပြန်လို့ ဘယ်ဖြစ်ပါ့မလဲ’’ စုယန်က ဉာဏ်နီဉာဏ်နက်

များတဲ့အပြုံးနဲ့ ပြောလိုက်၏။

‘‘ နင်ငါ့ကိုအရူးလုပ်နေတာလား’’ ရန်ကိုင်အမူအရာ မည်းမှောင်သွားခဲ့သည်‘‘ ငါနင့်ကိုယုံကြည်ခဲ့တာက

အခုလို အရူးလုပ်ခံရဖို့အတွက်ပေါ့’’

‘‘ ငါကနင့်ရဲ့အတွေးတွေကို စစ်ဆေးကြည့်ရုံပါပဲ။ အဲ့လောက်ကြီးလည်း ဒေါသထွက်စရာမလိုပါဘူး။

ယောကျ်ားတွေဆိုတာ စိတ်သဘောထား မကျဉ်းမြောင်းသင့်ဘူးနော်။ ဘာလို့မိန်းကလေးတစ်ယောက်က

စတာတောင် မခံနိုင်ရတာလဲ’’ စုယန်ကသူမ၏နှုတ်ခမ်းအစုံကိုကွေးလိုက်ပြီး ရန်ကိုင်ကိုကြည့်လိုက်သည်။

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၄) မိစ္ဆာကျင့်စဉ်လား

ရန်ကိုင်သက်ပြင်းသာ ချလိုက်မိသည်။ စုယန်ရှေ့တွင် ထိုင်ချလိုက်ပြီး နောက်တစ်ကြိမ် သက်ပြင်း

ချလိုက်ပြန်၏ ‘‘စုယန်၊ နင်အခုပြုမူနေတာက စီနီယာအစ်မတစ်ယောက်နဲ့မတူတော့ဘူးနော်’’

‘‘ နင်ကငါ့ကိုနာမည်တပ်ပြီး တိုက်ရိုက်ခေါ်နေတာလေ။ စီနီယာအစ်မတစ်ယောက်လို ဘာလို့

ပြုမူနေရဦးမှာလဲ’’

ရန်ကိုင်ကြက်သေသေသွားခဲ့လေသည်။ အမြဲတမ်းအေးစက်စက်ပုံစံနဲ့ နေနေတဲ့ မိန်းမတစ်ယောက်က

အခုလိုလျှာအစွမ်းထက်လိမ့်မယ်လို့ သူမထင်ထားခဲ့ပေ။ (မိန်းမတွေအားလုံးက ဒီလိုပဲလား)

ရန်ကိုင်တွေးမိလိုက်သည်။ အခုလိုအခွင့်အရေးက သူတို့နှစ်ယောက်ကြား ဆက်ဆံရေးကို

ပိုပြီးရင်းနှီးလာစေခဲ့သည်။

ရန်ကိုင်က ခါးခါးသီးသီး ပြုံးလိုက်ပြီး သူအရှုံးပေးကြောင်း လက်မြောက်ပြလိုက်သည် ‘‘ ကောင်းပြီ။

ကောင်းပြီ။ ငါမှားတယ်လို့ပဲ ထားလိုက်ပါ’’

စုယန်က ရန်ကိုင်ဘယ်လောက် လျှာသွက်ကြောင်း သတိပြုမိလိုက်တာနဲ့ အလေးအနက်ထားဖို့

ဆုံးဖြတ်လိုက်ပြီး ချက်းချင်းပဲ ခေါင်းစဉ်ပြောင်းလိုက်ပြီး ပြောလိုက်သည် ‘‘ ဒီကိုလုပ်ဖို့ ဆုံးဖြတ်ထားတော့မှပဲ

စလိုက်ကြတာပေါ့’’

သူမကအရင်ထက်ပိုပြီး စိုးရိမ်နေတယ်ဆိုတာ သူသိပေမယ့် တိတ်ဆိတ်နေလိုက်သည်။

‘‘ငါဘာလုပ်ရမှာလဲ’’ ရန်ကိုင်မေးလိုက်သည်။

‘‘နင့်ရဲ့ကျင့်စဉ်ကိုလှည့်ပတ်လိုက်’’ စုယန်က ရန်ကိုင်ကိုညွှန်ကြားပြီးနောက် မျက်လုံးမှိတ်ကာ သူမက

ရေခဲနှလုံးသားလျှို့ဝှက်နည်းစနစ်ကို လှည့်ပတ်လိုက်သည်။ သိပ်မကြာခင်မှာပဲ

အရိုးခဲမတ်လေထုက သူမဆီမှထွက်ပေါ်လာခဲ့၏။

စုယန်က သူမ၏ကျင့်စဉ်ကို လှည့်ပတ်လိုက်ပြီဆိုတာ သိလိုက်တာနဲ့ သူလည်း ချက်ချင်းပဲ

အစစ်အမှန်ယန်နည်းစနစ်ကို လှည့်ပတ်လိုက်သည်။ အစစ်အမှန်ယန်နည်းစနစ်ကို

လှည့်ပတ်လိုက်တာနဲ့ ပူပြင်းတောက်လောင်နေတဲ့ ယန်ချီတွေက သူ့သွေးကြော တစ်လျှောက်

စီးတဆင်းနေတာကို ခံစားမိလိုက်သည်။

သူတို့နှစ်ယောက်စလုံး ကျင့်စဉ်ကိုယ်စီကို လှည့်ပတ်လိုက်တဲ့အချိန် သူတို့ထိုင်နေတဲ့ခန်းမက

လည်းတုန့်ပြန်လိုက်သည်။ ‘ဘန်း’ဆိုတဲ့ အသံအကျယ်ကြီး ထွက်ပေါ်လာခဲ့ပြီး တစ်ခဏတာ

ပဲ့တင်ထပ်သွားခဲ့သည်။ တုန့်ပြန်မှုကို သတိပြုမိလိုက်တာနဲ့ စုယန်မျက်နှာက ကျေနပ်မှုကြောင့်

ပြုံးယောင်သန်းသွားခဲ့သည်။ အမွေအနှစ်ကိုရဖို့အတွက် ရန်ကိုင်နဲ့အတူ ပူပေါင်းလုပ်ဆောင်ဖို့လိုတယ်

ဆိုတဲ့ သူမ၏မှန်းဆချက်က မှန်ကယ်တယ်ဆိုတာ နားလည်သွားခဲ့လေပြီ။

အချိန်အတော်ကြာပြီးနောက် သူတို့အပေါ်တွင် မျောနေသောစွမ်းအင်လုံးကြီးက လက်တစ်ဖက်က

သူတို့အပေါ်ကိုဖြေးဖြေးချင်း ဖိချလာသလိုမျိုး သူတို့နှစ်ယောက်ဆီ ကျဆင်းလာခဲ့၏။ နဂါးနှင့်ဖီးနစ်

နှစ်ကောင်းလုံး စတင်ပြီးအဆက်မပြတ် ပြောင်းလဲတော့လေသည်။ သူတို့ကပျောက်လိုက်ပေါ်လိုက်ဖြစ်နေပြီး

ထိုဖြစ်စဉ်က သူတို့နှစ်ကောင်လုံး လုံးဝကြည်လင်ပြတ်သားလာတဲ့ အထိဆက်လက်ဖြစ်ပွါးနေခဲ့သည်။

ကျင့်စဉ်လှည့်ပတ်တာ နာရီဝက်လောက် ကြာတဲ့အချိန်မှာတော့ စွမ်းအင်လုံးကြီးက ရန်ကိုင်နှင့်စုယန်တို့ကြား

ကျဆင်းလာခဲ့လေသည်။ နဂါးနှင့်ဖီးနစ်ပုံရိပ်က ပိုပြီးတုန်ခါလေ ထိုနှစ်ကောင်က ပိုပြီးထင်ရှားလာလေဖြစ်၏။

ထိုနဂါးနှင့်ဖီးနစ်ဆီမှ တလက်လက်တောက်ပနေတဲ့ အနီရောင်နှင့်အဖြူရောင်အလင်းတန်းတွေ

ထွက်ပေါ်နေခဲ့ပြီး စူးရှတောက်ပတေဲ့ အလင်းတန်းတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။

ရုတ်တရက် နဂါးဟိန်းလိုက်ပြီး ဖီးနစ်အော်မြည်လိုက်သည်။ ထို့နောက် စွမ်းအင်လုံးကြီးလည်း

ပုံသဏ္ဍာန်နှစ်ခုအဖြစ်ပေါက်ကွဲထွက်သွားခဲ့သည်။ ထိုပုံရိပ်နှစ်ခုက အမြန်အဆန်ပဲ မီးနဂါးနှင့်

ရေခဲဖီးနစ်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်နှင့်စုယန်တို့၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားခဲ့သည်။

သူတို့နှစ်ယောက်၏ စိတ်ထဲသို့ အချက်အလက်အသစ်များ ဝင်ရောက်လာခဲ့သည်။

မီးနဂါးက သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာချိန်တွင် သူ့သွေးကြောတွေက အဆုံးမရှိတဲ့

စွမ်းအင်တွေနဲ့ ပြည့်နေသလို ခံစားလိုက်ရသည်။ သူ့စိတ်ထဲ သတင်းအချက်အလက်သစ်

တစ်ခုလည်း ဝင်ရောက်လာခဲ့သည်။

သူ့ခန္ဓာကိုယ်တွင်းက စွမ်းအင်ကို လျစ်လျူမရှုရဲတဲ့အတွက် ရန်ကိုင်က အစစ်အမှန်ယန်နည်းစနစ်ကို

ချက်ချင်းပဲ ပိုပြီးမြန်မြန်လှည့်ပတ်လိုက်သည်။ ထိုပိုလျှံနေတဲ့ ယန်စွမ်းအင်တွေကို ယန်အရည်စက်အဖြစ်

ပြောင်းလဲပစ်ချင်ပေမယ့် ထူးဆန်းစွာပဲ သူမလုပ်နိုင်ခဲ့ပေ။ သိပ်မကြာခင်မှာပဲ သူ့ရဲ့အာရုံငါးပါးက

ပိုပြီးထက်မြက်လာတာကို စုယန်၏ခန္ဓာကိုယ်ကို ဝန်းရံနေတဲ့ မွှေးရနံကို

ထင်ရှားစွာပဲ သူရနေခဲ့သည်။ ထိုအခြင်းအရာက ပျားရည်အနံ့ကိုရနေတဲ့ ပျားတစ်ကောင်လိုပဲ

ရန်ကိုင်လည်းစုယန်ကိုမြင်ပြီး မခံမရပ်နိုင်အောင် ဖြစ်နေခဲ့ရကာ သူမ၏သင်းရနံ့ကိုတစ်ချက်

ရှုရှိုက်လိုက်တိုင်း သူ့အသည်းညှာကို ဆွဲညစ်နေသလို ခံစားနေခဲ့ရသည်။

သူမ၏သင်းရနံ့ကို ရှုရှိုက်နေရင်း သူ့နှလုံးခုန်သံက ပိုပြီးမြန်ဆန်လာခဲ့သည်။ စက္ကန့်အနည်းငယ်

အတွင်းမှာပဲ စိတ်ခံစားချက်တွေက သူ့နှလုံးသားထဲတွင် လျှံထွက်လာခဲ့သည်။ (ဘာကြီး

ရန်ကိုင်လဲ မနေနိုင်တော့ပဲ မေးခွန်းထုတ်မိလိုက်သည်။ မီးနဂါးဆီကနေ ရလိုက်တဲ့

သတင်းအချက်အလက် အသစ်ကြောင့် သူစိတ်ရှုပ်ထွေးနေခဲ့ရသည်။ ရန်ကိုင်ဝေခွဲမရ ဖြစ်နေတဲ့

အတွက် စုယန်ကိုမေးခွန်ထုတ်ပြီး ကြည့်လိုက်သည်။

သူမျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင် စုယန်ဖြူဖတ်ဖြူလျော် ဖြစ်နေတာကိုတွေ့လိုက်ရသည်။

သူမ၏ ကျက်သရေရှိပြီး နူးညံ့သိမ်မွေ့တဲ့ခန္ဓကိုယ်လေးက အေးခဲလုမတတ်ဖြစ်နေပြီး

ထိန်းချုပ်မရအောင် တုန်ရီနေခဲ့သည်။ သူမကျင့်ကြံခြင်းနည်းစနစ်က ရေခဲနှလုံးသားလျှို့ဝှက်

နည်းစနစ်ဖြစ်ပြီး ကျင့်ကြံဖို့ အေးတဲ့ပတ်ဝန်းကျင်ကို လိုအပ်တယ်ဆိုပေမယ့်လည်း သူမအခု

လက်ရှိခံစားနေရတဲ့ အအေးဓါတ်က သူမကိုင်တွယ်နိုင်တာထက် အများကြီးကျော်လွန်နေပေသည်။

သူ့ခန္ဓာကိုယ်ထဲတွင် ရှိနေသောအပူဓါတ်ကလည်း သူကိုင်တွယ်နိုင်တာထက် အများကြီး

ကျော်လွန်နေတယ်ဆိုတာကိုလည်း သူသိပေသည်။

သိပ်မကြာခင်မှာပဲ စုယန်မျက်လုံးဖွင့်လိုက်သည်။ သူမ၏တောက်ပနေတဲ့မျက်လုံးလေးတွေက

ရန်ကိုင်အတွက် တစ်မျိုးတစ်ဖုံး နှစ်လိုဖွယ်ကောင်းနေပြီး သူမ၏ဖြူဖတ်ဖြူလျော်ဖြစ်နေတဲ့

ပါးလေးက အနည်းငယ်ရှက်သွေးဖြာနေခဲ့သည်။ သူမ၏အသက်ရှုသံက မတည်ငြိမ်တော့ပဲ

သူမ၏အကြည့်က ချစ်သူတစ်ယောက်ကို ကြည့်နေသလိုမျိုးဖြစ်နေခဲ့သည်။

အခုအချိန်တွင် သူတို့တစ်ယောက်ကိုတစ်ယောက် ရှိနေတဲ့ခံစားချက်တွေကို ရန်ကိုင်နားလည်ပေသည်။

ထိုခံစားချက်က တစ်ယောက်ကိုတစ်ယောက်က အချိန်အကြာကြီးမတွေ့ခဲ့ရသလိုမျိုးဖြစ်နေသည့်

ခံစားချက်ပင်ဖြစ်သည်။

ရန်ကိုင်က သူ့ခန္ဓာကိုယ်ထဲတွင် ခံစားနေရတဲ့ ပူလောင်မှု၊ခြောက်သွေ့မှုကို စုယန်တွင်ရှိသော

အအေးဓါတ်နှင့် သက်သာအောင်လုပ်ချင်နေမိသည်။ ထိုနည်းတူစွာပဲ စုယန်ကလည်းသူမ၏

ရေခဲတမျှ အေးစက်နေတဲ့ ခန္ဓာကိုယ်ကို ရန်ကိုင်ဆီမှာအပူစွမ်းအင်နှင့် သက်သာအောင် လုပ်ချင်

နေမိသည်။ သူ့တို့၏လိုအင်ဆန္ဒတွေက သူ့တို့ကိုယ်ပိုင်မဟုတ်ပဲ နဂါးနှင့်ဖီးနစ်ဆီမှာလာတာ

ဖြစ်၏။ ဒါပေမယ့် ထိုတပ်မက်မှုစိတ်ဆန္ဒက သူတို့ကို အသိစိတ်လွတ်သွားအောင်မလုပ်တဲ့အတွက်

သူတို့၏ဆန္ဒတွေကို ငြင်းဆန်နိုင်နေပေသည်။

‘‘ ဒါကငါတို့လိုချင်နေတဲ့ အမွေအနှစ်လား၊စုယန်’’ ရန်ကိုင်လည်း ပါးစပ်ဖွင့်စကားပြောလိုက်ပြီး

သူ့နှုတ်ခမ်းတွေကို သပ်လိုက်သည်။ သူ့လည်ချောင်းတွေက ခြောက်သွေ့နေပြီး သူ့မျက်လုံးတွေက

နီရဲနေကာ လိုချင်တပ်မက်မှုတွေနဲ့ ပြည့်နေခဲ့၏။ သူ့၏ဆာလောင်မှုကို ဖြေသိမ့်ဖို့အတွက် သူအရမ်းကို

လိုချင်နေမိသည်။

‘‘ငါသိတယ်….’’ စုယန်က သွားလေးကိုကြိတ်လိုက်ပြီး အမွေအနှစ်ရဲ့ အကယ့်အစစ်အမှန်ကို

လက်မခံနိုင်ပုံဖြစ်နေခဲ့သည်။ အမွေအနှစ်ကို ဆက်ခံဖို့လူနှစ်ယောက်လိုတဲ့အတွက် ပြင်ပအားတစ်ခုခုက

သူတို့နှစ်ယောက်ကြား ဆက်ဆံရေးတစ်ခုခု ဖြစ်တည်အောင် တွန်းအားပေလိမ့်မယ်ဆိုတာကို

သူမသိပေမယ့် အခုလိုမျိုးဖြစ်လာလိမ့်မယ်လို့တော့ သူမတစ်ခါမှမတွေးဖူးခဲ့ချေ။ ယင်ယန်ပေါင်းစည်းခြင်း

ကျင့်စဉ်…ထိုအရာက သူတို့စိတ်ထဲကို ဝင်ရောက်လာတဲ့ သတင်းအချက်အလက် အသစ်ဖြစ်၏။

ထိုကျင့်စဉ်၏အဆင့်ကို စုယန်မဆုံးဖြတ်နိုင်ပေမယ့် ထိုကျင့်စဉ်က သူမ၏ရေခဲနှလုံးသားကျင့်စဉ်ထက်

အဆင့်မြင့်တယ်ဆိုတာကိုတော့ သူမအတပ်ပြောနိုင်ပေသည်။ ရေခဲနှလုံးသားကျင့်စဉ်က ဆန်းကြယ်အဆင့်

ကျင့်စဉ်တစ်ခုဖြစ်ပေမယ့် သူမခန္ဓာကိုယ်ထဲက ရေခဲဖီးနစ်ကိုမထိန်းချုပ်နိုင်ပေ။ ဒါပေမယ့်

ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ်ကတော့ ထိန်းချုပ်နိုင်ပေသည်။

‘‘ ဒါက စုံတွဲကျင့်စဉ်တစ်ခုလား’’ ရန်ကိုင်လည်း အလိုလိုနေရင်း မေးလိုက်မိပြီး သူ့နှလုံးသားလေး

အခိုက်အတန့်တစ်ခဏလောက် ရပ်တန့်သွားပုံရသည်။

‘‘အင်း…’’ စုယန်ကပြန်ဖြေလိုက်ပေမယ့် သူမအဖြေက ဝိုးတိုးဝါးတားဖြစ်နေခဲ့သည်။ သူမဆီကနေ

ထွက်ပေါ်လာတဲ့အသံက လုံးဝကိုပြီးပြည့်စုံနေပြီး ရန်ကိုင်၏လိုချင်တပ်မက်စိတ်ကို ပိုပြီးလောင်မြိုက်

လာစေခဲ့သည်။

‘‘ ဒါဆိုဒီကျင့်စဉ်က မိစ္ဆာကျင့်စဉ်တစ်ခုပေါ့’’ ရန်ကိုင်က စိတ်ဓါတ်ကျစွာနဲ့ ပြောလိုက်သည်။ စုယန်နှင့်

ကျင့်ကြံခြင်တဲ့ဆန္ဒက ယန်စွမ်းအင်ကြောင့်ဆိုပေမယ့် ထိုကျင့်စဉ်ကသာ မိစ္ဆာကျင့်စဉ်ဆိုပါက

ဘေးထွက်ဆိုးကျိုးကတော့ ရှိနိုင်ပေသည်။

ကောင်လေးက စိတ်ဓါတ်ကျသွားတာကို တွေ့လိုက်ရတဲ့အခါ စုယန်လည်းအလိုလိုပဲ

နှစ်သိမ့်ပေးတဲ့အနေနဲ့ ပြုံးပြလိုက်သည်။ မရည်ရွယ်ပဲ သူမ၏ခန္ဓာကိုယ်ကို ဟိုဘက်၊ဒီဘက်

လှုပ်ရမ်းနေလိုက်မိပြီး သူမ၏ကောက်ကြောင်းအဖုံံဖုံကို လှစ်ဟာပြနေလိုက်သည်။ တုန်ရီနေရင်း

‘‘ စုံတွဲကျင့်စဉ်ဆိုတိုင်း မိစ္ဆာကျင့်စဉ်လို့တော့ ပြောလို့မရဘူး။ ယန်ကိုထောက်ကူပေးဖို့

ယင်ကိုစုဆောင်းတာနဲ့ ယင်ကိုထောက်ကူပေးဖို့ ယန်ကိုစုဆောင်းတဲ့ကျင့်စဉ်တွေကိုပဲ

မိစ္ဆာကျင့်စဉ်လို့ခေါ်တာ’’

ပုံမှန်အားဖြင့် စုယန်က အခုလိုခေါင်းစဉ်မျိုးကို ယောကျ်ားတစ်ယောက်နှင့်ဆွေးနွေးရမှာကို

ရှက်ရွံ့ပေသည်။ ဒါပေမယ့် အခုအချိန်တွင် သူမ၏စဉ်းစားဆုံးဖြတ်နိုင်စွမ်းက တော်တော်လေး

ယိုယွင်းနေပြီး သူမ၏အတွေးတွေကို ဝေမျှဖို့ရာလည်း စနိုးစနောင့်မဖြစ်မိချေ။ သို့ရာတွင်

သူမ၏ဖြူလျော်နေတဲ့ မျက်နှာပေါ်တွင် ပန်းဆီရောင်လေးသန်းသွားပြီး ရှက်သွေးဖြာသွားခဲ့ပေသေးသည်။

အခုအချိန်တွင် ဂိုဏ်းသုံးဂိုဏ်းက နတ်သမီတစ်ပါးအဖြစ် လေးစားကြည်ညိုရတဲ့ မောက်မာပြီး

သန်မာတဲ့ မိန်းမလှလေးတစ်ယောက် မဟုတ်တော့။ အခုအချိန်တွင် ပူပြင်းလှတဲ့ယန်စွမ်းအင်ကိုသာ

လိုလားတောင့်တနေတဲ့ မိန်းကလေးတစ်ယောက်ပင်ဖြစ်သည်။

‘‘ စုယန်….’’ ရန်ကိုင်လည်း အရဲစွန့်ပြီး အော်ခေါ်လိုက်မိသည်။

‘‘….’’ သူမ၏ခေါင်းကို ဖြေးဖြေးချင်းခါယမ်းရင်း သူမ၏မျက်နှာလေးက နာကျင်မှုကြောင့် ရှုံ့မဲ့နေခဲ့သည်။

ရန်ကိုင်လည်း သက်ပြင်းချမိလိုက်သည် ‘‘ ငါတို့တစ်ယောက်ကိုတစ်ယောက် စွမ်းအင်ကူပြောင်းဖို့

ကြိုးစားကြည့်ကြတာပေါ့’’

ထိုစကားတွေကို စုယန်ကြားတဲ့အချိန် ကျေးဇူးတင်တဲ့အနေနဲ့ ကိုယ်ကိုကိုင်းညွှတ်ပေးလိုက်သည်။

ရန်ကိုင်သာ ထိုကိစ္စကိုဆက်ပြီးလုပ်ဆောင်နေမယ်ဆိုပါက ထိုတပ်မက်တဲ့ဆန္ဒကိုတောင့်ခံနိုင်ပါ့မလား

ဆိုတာသံသယရှိစရာပင်။ သူခံစားနေရတာတောင် စိတ်မရှည်မဖြစ်ပဲ သူမ၏ဆန္ဒကိုလေးစား

ကြင်နာနေပေသေးသည်။ အပြန်အလှန်အနေနဲ့ စုယန်ဘက်ကလည်း သူမ၏သိတတ်မှုကို

ပြသပေးရေပေလိမ့်မည်။

သူတို့နှစ်ယောက်စလုံး တစ်ပြိုင်တည်းမျက်လုံးပိတ်လိုက်ကြပြီး ကျင့်စဉ်ကိုယ်စီ လှည့်ပတ်လိုက်ကြပြီး

သူတို့ခန္ဓာကိုယ်ထဲက အပူစွမ်းအင်နှင့်အအေးစွမ်းအင်ကို ဖွဲ့စည်းဖို့ကြိုးစားလိုကသြည်။ ကံမကောင်း

စွာနဲ့ပဲ ထိုအပူစွမ်းအင်တွေကို စုစည်းဖို့သူကြိုးစားလေ ထိုစွမ်းအင်တွေက ပိုပြီးအားကောင်းလာလေဖြစ်၏။

သူ့စိတ်ထဲက စိတ်ခံစားချက်၊ လိုအင်ဆန္ဒတွေကို တောင့်ခံဖို့ပိုပြီးခက်ခဲလာခဲ့လေသည်။ စုယန်ခန္ဓာကိုယ်ဆီက

သင်းရနံ့ အရမ်းကိုအားကောင်းလွန်းတဲ့အတွက် သူ့စိတ်ထဲမကောင်းတဲ့ အတွေးတွေဖြစ်ပေါ်လာခဲ့ပြီး

သူကိုယ်တိုင်ကလည်း ထိုအတွေးတွေကိုပဲ အကူအညီမဲ့စွာနဲ့ အရသာတွေ့နေမိသည်။

သိပ်မကြာခင်မှာပဲ သူ့ခန္ဓာကိုယ်တစ်ခုလုံး အပူပေးထာတဲ့ သံတုံးတစ်တုံးအလား သူ့အရေပြားတွေက

နီရဲလာခဲ့လေသည်။ နာကျင်မှုကြောင့် မျက်လုံးတွေကို သိမ်းကြုံးမှိတ်ထားရပြီး သူ့ခန္ဓာကိုယ်ကနေ

အငွေ့တွေတောင် ထွက်နေခဲ့သည်။ ဒါပေမယ့် စုယန်ဆန္ဒမရှိသရွေ့ သူမအပေါ် အမြတ်မထုတ်ဖို့

ရန်ကိုင်ဆုံးဖြတ်ထားခဲ့သည်။

ရန်ကိုင်၏အဆုံးမရှိတဲ့ ခုခံမှုကြောင့် သူ့ခန္ဓာကိုယ်ထဲတွင် ရှိနေသော မီးနဂါးကပိုပြီး ဒေါသထွက်လာခဲ့၏။

ဟိန်းဟောက်လိုက်ပြီး သူ့နှလုံးခုန်သံကလည်း မာရသွန်ပြေးနေရသလိုမျိုး မြန်ဆန်လာခဲ့ပြီး သူ့မျက်လုံး

တွေကလည်း နီရဲလာခဲ့ကာ အသိစိတ်လွတ်သွားမတတ်ဖြစ်သွားခဲ့ရသည်။ နှလုံးခုန်သံတစ်ချက်စီတိုင်းကာ

အားကောင်းတဲ့ ဒရမ်းတီးခတ်သံတစ်ခုအလား ပြင်းထန်းပြီး ကြည်လင်ကာ တစ်ကြိမ်စီတိုင်းတွင်

အပူလှိုင်းတစ်လှိုင်း ထုတ်လွှတ်နေခဲ့သည်။ သူ့အရေပြားအောက် ရှိသွေးတွေဆူပွက်လာတာကို

သူခံစားနေမိသည်။

အခုအချိန် သူ့စိတ်ထဲမှာရှိနေတဲ့ တစ်ခုတည်းသောအရာက စုယန်၏ထွေးပွေ့မှုအောက်တွင်

သူမဆီမှအအေးဓါတ်နှင့် သူ့ခန္ဓာကိုယ်ထဲက အပူမီးတွေကိုငြိမ်းသတ်ချင်နေတာဖြစ်သည်။ စုယန်လည်း

သူ့လိုပဲခံစားနေခဲ့ရသည်။ ထိုအရာက သူမ၏ကိုယ်ပိုင်ဆန္ဒမဟုတ်ပေမယ့် သူမခန္ဓာကိုယ်ထဲက

အအေးဓါတ်ကို ရန်ကိုင့်ခန္ဓာကိုယ်ထဲက အပူမီးတောက်နဲ့ သက်သာအောင်လုပ်ချင်မိသည်။ ဒါက

လောကကြီးတစ်ခုလုံးတွင် ရှိသောအကောင်းဆုံး၊အပြင်းထန်ဆုံးကာမအားတိုးဆေးပင်ဖြစ်သည်။

သူတို့ကိုညင်းပန်းနှိပ်စက်နေပြီး နှစ်ယောက်သာ အတူရှိနေချင်တဲ့ဆန္ဒကို လောင်မြိုက်အောင်

လုပ်ဆောင်ပေးနေခဲ့သည်။ သူ့စိတ်စွမ်းအား ဘယ်လောက်ပဲ အားကောင်းပလေ့စေ

ထိုစိတ်စွမ်းအားကလည်း သူတို့ရဲ့လိုအင်ဆန္ဒကို အရှုံးပေးရမှာပင်။

ရန်ကိုင်အသိစိတ်လုံးဝ ပျောက်ကွယ်သွားတဲ့အချိန် သူ့လိုအင်ဆန္ဒတွေက ဖိနှိပ်ခြင်းခံလိုက်ရ၏။

ထိုအရာက ရွှေရောင်အရိုးခြောက်ပင်ဖြစ်သည်။

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၅)

ရွှေရောင်အရိုးခြောက်၏ အကူအညီနဲ့တောင်မှ သူရုန်းကန်နေရတာ ရပ်တန့်မသွားခဲ့။ ဘယ်လောက်အထိ

ကြာအောင် သူတောင့်ခံနိုင်မလဲဆိုတာကိုလည်း သူမပြောနိုင်ပေ။ ရွှေရောင်အရိုးခြောက်က ကူညီပေးနေတာ

တောင်မှ သူ့ခန္ဓာကိုယ်ထဲက လောင်ကျွမ်းဆူပွက်နေတဲ့ အပူစွမ်းအင်တွေက ပိုပြီးဆိုးရွားလာခဲ့၏။ ဒီအတိုင်း

သာဆက်ဖြစ်နေမယ်ဆိုရင် သိမ်မကြာခင် အချိန်အတွင်းမှာပဲ သူ့ခန္ဓာကိုယ် လောင်ကျွမ်းပြာကျ

သွားပေလိမ့်မည်။

အခုအခြေအနေက ထင်ထားတာနဲ့ တစ်ခြားစီဖြစ်နေတာကို ရန်ကိုင်တွေ့လိုက်ရ၏။ ယန်စွမ်းအင်

ကျင့်ကြံသူတစ်ယောက်က ယန်စွမ်းအင်ကြောင့် သေရလိမ့်မယ်လို့ ဘယ်သူမှတွေးမိလိမ့်မည်မဟုတ်။

အကယ်၍ သူသာ ဒီအကြောင်းကို အခြားသူတွေကို သွားပြောပြခဲ့ရင်လည်း ဘယ်သူမှ

သူ့ကိုယုံလိမ့်မည်မဟုတ်ချေ။ ရန်ကိုင်အခြေအနေက စုယန်နှင့်ယှဉ်ရင် ပိုပြီးကောင်းမွန်ပေသည်။ အကယ်၍

အစောပိုင်းတုန်းက ရန်ကိုင်က သူမနာမည်ကို အော်ခေါ်လိုက်တာကြောင့်သာ မဟုတ်ရင် ထိုအချိန်ကတည်းက

သူမအသိစိတ် ပျောက်သွားလိမ့်မည်။

အားကုန်သုံးပြီး ခုခံနေတာတောင်မှ စုယန်၏စိတ်စွမ်းအားက တစ်စထက်တစ်စ အားပျော့လာခဲ့ရ၏။

စကားနဲ့မပြောပေမယ့် စုယန်က ဒူးထောက်လိုက်ပြီး ရန်ကိုင်ဆီကိုတွားသွားနေမိလေသည်။ အခုအချိန်တွင်

အမောတကော အသက်ရှုနေရသဖြင့် သူမ၏ရင်အစုံကလည်း နိမ့်ချည်မြင့်ချည်ဖြစ်နေခဲ့၏။ သူမ၏

အမြင်အာရုံ ဝေဝါးလာခဲ့ရပြီး သေးသွယ်သွယ်လက်ကလေးကို ဆန့်ထုတ်ကာ ရန်ကိုင်ပါးကိုပွတ်သပ်

လိုက်သည်။

သူမ၏လှုပ်ရှားမှုတွေအားလုံးကို မသိစိတ်က လုပ်ဆောင်နေတာဖြစ်၏။ လိုအင်ဆန္ဒတွေက

ပိုပြီးအားကောင်းလာခဲ့ပေမယ့် သူမအကောင်းဆုံး ကြိုးစားခုခံနေခဲ့သည်။ သူမ၏အေးစက်စက်

လက်ချောင်းတွေတောင် ရေခဲစလေးတွေနဲ့ ဖုံးနေခဲ့သည်။

အချိန်ခဏကြာအောင် စုယန်မျက်နှာ ရှုံ့မဲ့နေခဲ့ပြီး နာကျင်မှုကြောင့် ညည်းညူနေမိလေသည်။

‘‘စုယန်’’ ရန်ကိုင်က နောက်တစ်ကြိမ် အော်ခေါ်လိုက်၏။ ဒီတစ်ကြိမ်မှာတော့ သူ့အသံက အရင်ထက်

ပိုပြီးနူးညံ့နေခဲ့သည်။ နှာကျတာမဟုတ်ပေမယ့် စုယန်က သူ့ကိုခါးခါးသီးသီး ငြင်းပယ်မှာကို ကြောက်နေ

မိသည်။ ရန်ကိုင်စကားလုံးတွေက စုယန်နားထဲတွင် ပဲ့တင်ထပ်သွားခဲ့ပုံပေါ်ပြီး သူမမျက်လုံးများ၌

အသိစိတ်ပြန်ဝင်လာပုံပေါ်သည်။ သူမ၏ကိုယ်နေဟန်ထားနှင့် ရန်ကိုင်မျက်လုံးတွင်းမှ နူးညံ့သိမ်မွေ့မှုတို့ကို

သတိပြုမိပေသည်။

‘‘ ငါဆက်ပြီးတောင့်မခံနိုင်တော့ဘူးလို့ ထင်တာပဲ……’’ နောက်ဆုံးတော့ စုယန်လည်း လက်လျှော့

အရှုံးပေးလိုက်ရ၏။

ရန်ကိုင်ကပြုံးလိုက်ပြီး သူမ၏လက်ကလေးကို ဖမ်းဆုပ်လိုက်သည်။ သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်

ထိတွေ့သွားတာနဲ့ နဂါးဟိန်းသံနှင့်ဖီနစ်ငှက်အော်မြည်ဟစ်ကြွေးသံ နောက်တစ်ကြိမ် ထွက်ပေါ်

လာခဲ့သည်။ သူတို့နှစ်ယောက်စလုံး ကိုယ်ပိုင်အသိစိတ် ပြန်ရလာခဲ့ပြီဲဖြစ်ပြီး ကိုယ့်ကိုယ်လည်း

ပြန်ပြီးထိန်းချုပ်လာနိုင်ခဲ့၏။

ဒီတစ်ကြိမ်မှာတော့ သူတို့တစ်ယောက်နဲ့တစ်ယောက် မခွဲတော့။ ထိုကဲ့သို့ ခန္ဓာကိုယ်ထိတွေ့ခြင်းမှ

ရပ်တန့်လိုက်တာနဲ့ ထိုသည်းမခံနိုင်လောက်တဲ့ နှိပ်စက်ညင်းပန်းမှုကို ပြန်ခံစားရလိမ့်မယ်ဆိုတာ

သူတို့သိနေခဲ့၏။ သူတို့လက်ချောင်းငါးချောင်းက တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ယှတ်ဖြာနေခဲ့ပြီး

သိပ်မကြာခင်မှာပဲ လက်၁၀ချောင်းဖြစ်သွားခဲ့ကာ သူတို့နှစ်ယောက်၏ခန္ဓာကိုယ်လုံးထွေးသွားခဲ့လေသည်။

‘‘ နင်ဒါကိုနောင်တမရဘူးမလား’’ ရန်ကိုင်က စုယန်၏လက်ကလေးကို ပွတ်သပ်ပေးရင် ရယ်သွမ်းသွေးကာ

ပြောလိုက်၏။ ထိုလက်ကလေးတွေက ရေခဲတုံးလို အေးစက်နေပေမယ့် ထိကိုင်ရတာတော့ တကယ်ကို

ချောမွတ်ပြီး သာယာကြည်နူးစရာ ကောင်းပေသည်။ သူမ၏လက်ကလေးကို ကိုင်နေရင်း စိတ်ကျေနပ်နေတဲ့

ခံစားချက်တစ်ခုက သူ့ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားခဲ့၏။

စုယန်၏မျက်နှာ နီရဲသွားခဲ့ပြီး ခေါင်းလေးကိုငုံ့လိုက်ကာ သိမ်မွေ့စွာပြောလိုက်လေသည် ‘‘ ငါတို့အကောင်းဆုံး

ကြိုးစားခဲ့ပြီးပြီပဲလေ……….’’

ရန်ကိုင်က သူ့ခွန်အားကိုသုံးကာ စုယန်ကိုတယုတယနဲ့ မလိုက်ပြီး သူ့ပေါင်ပေါ်ထိုင်ခိုင်းလိုက်ကာ

သူ့လက်နှစ်ဖက်ကတော့ စုယန်၏ခါးကို ပွေ့ဖက်ထားခဲ့သည်။ သိပ်မကြာခင်မှာပဲ သူ့တို့နှစ်ယောက်၏

ခန္ဓာကိုယ်ထဲရှိ စွမ်းအင်နှစ်မျိုးက အတူတကွဖြစ်လာခဲ့သည်။ လုံဝကိုအံကိုက်ကီးကိုက် ဖြစ်နေခဲ့ပြီး

နှစ်ယောက်စလုံးကို ကြည်နူးနေတဲ့ စိတ်ခံစားချက်ကို ပေးစွမ်းနေခဲ့၏။ သူတို့၏အသိစိတ်ကို အပြည့်အဝ

ပြန်ရတာတောင်မှ နှစ်ယောက်စလုံး ခန္ဓာကိုယ်ချင်း ထိတွေ့မှုကို လိုချင်နေခဲ့မိသည်။ ထိုလှုံ့ဆော်မှုကို

သူတို့ဆက်ပြီး တောင်ခံမထားနိုင်တော့ချေ။

‘‘ စုယန်’’ ရန်ကိုင်က တုန်ရီပျော့ပျောင်းတဲ့အသံနဲပ နောက်တစ်ကြိမ်ခေါ်လိုက်သည်။ ဒါက သူအလိုလုပ်ဖူးတာ

ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် ဘာဆက်လုပ်ရမလဲဆိုတာ သူမသိခဲ့ပေ။ စုယန်က ပြန်မဖြေခဲ့ပဲ သူမခေါင်းကို

ရန်ကိုင်ပုခုံးပေါ်တင်ရင်း မျက်နှာလေးကို ဖုံးထားလိုက်၏။ ရန်ကိုင်က သူ့လက်ကိုဖြေးဖြေးချင်း

ဆန့်ထုတ်လိုက်ပြီး သူမလည်တိုင်လေးကို တယုတယပွတ်သပ်ပေးရင် သူမခေါင်းလေးကို သူ့ပုခုံးဆီကနေ

မတင်လိုက်သည်။

စုယန်က သူမျက်လုံးကို လုံဝးတင်းတင်းကြပ်ကြပ် ပိတ်ထားခဲ့ပြီး သူမ၏မျက်တောင်လေးတွေကလည်း

တဆတ်ဆတ် တုန်ရီနေခဲ့၏။ ရန်ကိုင်ပုခုံးပေါ် နောက်တစ်ကြိမ် ပြန်မှီလိုက်ပြီး ဝမ်းဗိုက်ကိုလက်နှစ်ဖက်နဲ့

တင်တင်းကြပ်ကြပ် ဖက်ထားလိုက်ပြီး စိုးရိမ်ပူပန်မှုကို လျော့ချဖို့ အတတ်နိုင်ဆုံးကြိုးစားနေခဲ့သည်။

ရန်ကိုင်လည်း သတိပြုမိလိုက်ပြီး သူမကိုမထိတထိ စနောက်လိုက်၏ ‘‘ အဲ့လောက်ကြီးလည်း

စိုးရိမ်နေစရာမလိုပါဘူး’’ အခုလိုလှပပြီး အေးစက်စက်ပုံစံပေါက်နေတဲ့ စီနီယာအစ်မက သူ့ထက်ပိုပြီး

စိုးရိမ်နေလိမ့်မယ်လို့ ဘယ်တုန်းကမှ သူမထင်ထားခဲ့ပေ။

အသက်ပြင်းပြင်းရှုလိုက်ပြီး ရန်ကိုင် သူ၏လေးလံပြင်းထန်နေတဲ့ အသက်ရှုသံကိုတည်ငြိမ်စေဖို့

ကြိုးစားလိုက်သည်။ ထို့နောက် ရန်ကိုင်က သူ့၏နှုတ်ခမ်းအစုံကို စုယန်၏အရည်ရွမ်းနေတဲ့

နှုတ်ခမ်းပါးပါးလေးပေါ် ဖိချလိုက်သည်။ ထိုရုတ်တရက် နမ်းရှိုက်မှုကြောင့် စုယန်၏ခန္ဓာကိုယ်လေး

အေးခဲလုမတတ်ဖြစ်သွားခဲ့ရသည်။ ရန်ကိုင်က သူမလက်တွေကို ပွတ်သပ်ပေးပြီးတဲ့အခါမှသာ

သူမလည်း ဖြေးဖြေးချင်း စိတ်ဖြေလျှော့ထားလိုက်၏။ သူမကလက်ခံဖို့ အဆင့်သင့်ဖြစ်တာနဲ့

ရန်ကိုင်က သူ့လျှာနဲ့သူမ၏အေးစက်စက်နှုတ်ခမ်းဖူးဖူးလေးနှင့် ဆင်စွယ်ရောင်သွားဖြူဖြူလေးတွေကို

ဆွဲဖွင့်လိုက်သည်။

တရှိုက်မက်မက် နမ်းရှိုက်သံတို့က ခန်းမတစ်လျှောက် စည်းချက်ညီညီ ပဲ့တင်ထပ်နေခဲ့၏။ နောက်ဆုံး

စုယန်၏လက်နှစ်ဖက်က ရန်ကိုင်၏လည်ပင်းကို ဖက်တွယ်ထားလိုက်ပြီး ပိုပြီးတောင့်တနေပုံရသည်။

သူမ၏ခုခံမှုတွေအားလုံး ပျက်စီးသွားခဲ့ရပြီဖြစ်သည်။ ရန်ကိုင်ခန္ဓာကိုယ်ထဲရှိ အပူစွမ်းအင်ကို

တောင့်တနေတဲ့ ဆန္ဒက အထွတ်အထိပ်ကို ရောက်ရှိသွားခဲ့ပြီး သူမ၏ပင်ကိုအေးစက်စက်စရိုက်ကို

ထိန်းသိမ်းထားခြင်းငှာ မစွမ်းနိုင်တော့ချေ။

သိပ်မကြာခင်မှာပဲ စုယန်ခန္ဓာကိုယ်ရှိ အကျီင်္စတွေက တစ်စတစ်စ ဖယ်ရှားခြင်းခံလိုက်ရ၏။

ရန်ကိုင်က သူမ၏အဝတ်အစားတွေကို ချွတ်လိုက်ပြီး ဘေးဘက်တွင် အလျင်စလိုပုံထားလိုက်သည်။

သူမ၏အတွင်းခံကို ဖယ်ဖို့လုပ်တဲ့အချိန်မှာတော့ စုယန်ကအလွန်အမင်း ရှက်နေခဲ့သည်။ လုံးဝသန့်စင်တဲ့

ရှက်ရွံ့မှုနဲ့ စုယန်က သူမ၏ရင်ဘတ်နေရာကို ချက်ချင်းပဲလက်နှင့်ကာထားလိုက်၏။

ရန်ကိုင်က ထိုအခွင့်အရေးကို အရယူကာ သူ့ရှေ့ကအလှလေးကို အမိအရကြည့်လိုက်သည်။

သူမ၏ကိုယ်လုံးကိုယ်ပေါက်က လုံးဝကိုပြီးပြည့်စုံပေသည်။ အသားအရေ တစ်လက်မစီတိုင်းက

စိုပြည့်ချောမွတ်နေခဲ့သည်။ သူမ၏ရင်သားတွေကလည်း မကြီးလွန်း၊မသေးလွန်းပဲ သူ့လက်နဲ့

ဆုပ်နှယ်ဖို့ လုံးဝကိုကွက်တိကျနေခဲ့သည်။ သူမ၏ဗိုက်သားလေးတွေဆိုရင်လည်း အကောင်းဆုံး

ချည်သားနဲ့ လုပ်ထားသည့်အလား အဆီအပိုတွေ မရှိပဲ လုံးဝကိုချပ်ချပ်ရပ်ရပ်ဖြစ်နေခဲ့ပြီး

လုံးဝကိုပြီးပြည့်စုံလွန်းနေခဲ့သည်။ လောကကြီးက သူတော်စင်တွေတောင် သူမ၏အလှကို

မြင်လိုက်ရတာနဲ့ တဏှာရမက်ကြောင့် ဈာန်လျောရမည်မှာ အမှန်မုတ်ချအမှန်ပင်ဖြစ်သည်။

သူမ၏ ပြီးပြည့်စုံလွန်းတဲ့ လုံးဝကို ပြီးပြည့်စုံစွာ ထုဆစ်ထားတဲ့ ခန္ဓာကိုယ်လေးကို မြင်လိုက်ရတာနဲ့

ရန်ကိုင်လည်း သူ့ရဲ့အမှောင်စိတ်ဆန္ဒတွေကို ဆက်ပြီးချုပ်တည်းမထားနိုင်တော့ချေ။

စုယန်ခန္ဓာကိုယ်လည်း အရောင်ပြန်လည်လာပြီး သူမနှလုံသား၏ ဟိုးအတွင်းဆုံး၊ အနက်ဆုံးဆီမှ

ချစ်မေတ္တာတို့က တလှိမ့်လှိမ့် ထွက်ပေါ်လာလေတော့သည်။

ရန်ကိုင်က သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး စုယန်၏လက်မောင်းသွယ်သွယ်လေးကို ဖယ်လိုက်၏။

အစကတော့ သူမခုခံနေပေမယ့် သိပ်မကြာခင်မှာပဲ သူမလည်း ထိုအခြေအနေနှင့် လိုက်လျောညီထွေ

ဖြစ်သွားခဲ့သည်။

စုယန်နှင့်အတူရှိနေရတဲ့အတွက် ရန်ကိုင်က တိတ်တဆိတ် ကြည်နူးသွားခဲ့ရသည်။ အခုလို

ရေခဲတမျှအေးစက်ပြီး မြင့်မြတ်တဲ့ အလှလေးတစ်ယောက်နဲ့ အတွင်းကျကျဆက်ဆံဖို့ကိုအသာထား

သူမနားချဉ်းကပ်ဖို့တောင် တော်တော်လေး ခဲယဉ်းပေသည်။ စုံတဲကျင့်စဉ်ဖြစ်တဲ့ နဂါးနှင့်ဖီးနစ်နှစ်ကောင်၏

ဆေးလုံးတော်ကြောင့်သာ သူမ၏သန့်စင်မှုကို ရယူဖို့သူအခွင့်အရေး ရခဲ့ခြင်းဖြစ်သည်။

အခုလို ဂုဏ်ယူဖွယ်ကောင်းမှုက ရန်ကိုင်၏ တဏှာစိတ်ဆန္ဒတွေကို ပိုပြီးလောင်မြိုက်သွားစေခဲ့သည်။

သူ့ကိုယ်သူဆက်ပြီး မထိန်းနိုင်တော့တဲ့ပဲ တိုးတိုးလေးညီးတွားလိုက်ပြီး စုယန်၏ခန္ဓာကိုယ်ကို

သားကောင်ကိုတွေ့တဲ့ သားရဲတစ်ကောင်အလား ဖက်ထားလိုက်သည်။ ကောင်မလေးက

အံ့အားသင့်သွားသောကြောင့် အော်ဟစ်လိုက်တာတောင် သူမရပ်တန့်ခဲ့ပေ။ သူမကိုမတင်လိုက်ပြီး

သူမ၏ နို့နှစ်ရောင် ပေါင်တံနှစ်ချောင်းကို သူ့လက်နှစ်ဖက်နှင့် အားရပါးရ ဖြန့်ကားလိုက်လေသည်။

(သားရီးရေ…စိတ်ထိန်းဦး)

‘‘ အစပိုင်းဆိုရင် နည်းနည်းနာတယ်ဆိုတာတော့ ငါကြားဖူးတယ်။ ဒါကြောင့် နင်အဲ့ဒါကို နည်းနည်း

သည်းခံထားရမယ်နော်’’ စုယန်ကသူမမျက်လုံးတွေကို လုံးဝတင်းတင်းကြပ်ကြပ် ပိတ်ထားခဲ့၏။

ရှက်ရွံ့မှုကြောင့် သူမတစ်ကိုယ်လုံး အေးခဲနေသလို ဖြစ်နေတဲ့အတွက် ခေါင်းညိတ်လိုက်ပြရုံသာ

တတ်နိုင်လေသည်။ ရန်ကိုင်ကသူ့ခန္ဓာကိုယ်ကို ဖြေးဖြေးချင်နှိမ့်လိုက်၏။ သူမခန္ဓာကိုယ်ထဲကို

လှံတစ်ချောင်းက တစ်လက်မချင်းတစ်လက်မချင်း တိုးဝင်လာတာကို စုယန်ခံစားနေမိသည်။

ထိုစူးရှနာကျင်တဲ့ ခံစားချက်က သူမခေါင်းအစခြေအဆုံး ခန္ဓာကိုယ်တစ်ခုလုံးကို ထုံထိုင်းသွားစေခဲ့သည်။

သူမခန္ဓာကိုယ်တစ်လုံး လုံးဝမတုန့်ပြန်နိုင်တော့။ နာကျင်မှုကြောင့် အသံအကျယ်ကြီး

အော်လိုက်ချင်ပေမယ့် သွားလေးကိုကြိတ်ရင်း ရန်ကိုင်လှံသွား၏ ထိုးဖောက်မှုကိုရဲ့ရင့်စွာနဲ့

ဆက်လက်တောင့်ခံနေခဲ့သည်။ ရန်ကိုင်လည်းပင်ကို သူမလက်နှစ်ဖက်နှင့် အလျင်အမြန်

သိုင်းဖက်ထားလိုက်ပြီး သူမခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေကာ မျက်ရည်စက်ကလေးတွေက သူမ၏

မျက်လုံးထောင့်စွန်းဆီမှာ မြစ်ဖျားခံကာ ပါးပြင်နှစ်ဖက်ပေါ်သို့ စီးကျလာခဲ့လေသည်။ ထိုအခိုက်အတန့်တွင်

ရန်ကိုင်ကို အသာပုံတစ်ခုဖြစ်သွားအောင် သူမအရမ်းကို ထုရိုက်ချင်နေမိသည်။ ( နင်ပြောတဲ့

နည်းနည်းလေးနာလိမ့်မယ်ဆိုတာ ဒါမျိုးလား။ နည်းနည်းလေးလား)

အချိန်တော်တော်ကြာသွားတော့မှပဲ နာကျင်မှုကပျောက်ကွယ်သွားခဲ့ပြီး လေဟာနယ်ထဲရှိ

တစ်ခုခုကိုဖြည့်တင်းနေသလိုမျိုး ထူးခြားတဲ့ခံစားချက်တစ်ခုက သူမခန္ဓာကိုယ်တစ်လျှောက်

ပျံ့နှံ့လာခဲ့သည်။ ထိုဘယ်တုန်းကမှမခံစားဘူးခဲ့တဲ့ ခံစားချက်က သူမခန္ဓာကိုယ်ကို ရှက်ရွံ့စွာနဲ့

ယိမ်းနွဲ့နေစေပြီး ရန်ကိုင်ကိုပိုကောင်းအောင် လုပ်ဆောင်ပေးနေခဲ့သည်။

‘‘ ယင်ယင်ပေါင်စည်းခြင်းကျင့်စဉ်ကို လှည့်ပတ်လိုက်တော့’’ ရန်ကိုင်က တိုးတိုးလေးပြောလိုက်သည်။

စုယန်က မျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန် တဏှာရမက်နဲ့ ပြည့်လွှမ်းနေတဲ့ နီရဲနေတဲ့မျက်လုံးတွေနဲ့

သားရဲလိုလူတစ်ယောက်ကို တွေ့လိုက်ရသည်။ ဒါပေမယ့် ထိုမျက်လုံတွေထဲတွင်

တည်ငြိမ်မှုနှင့်နူးညံ့သော ချစ်မေတ္တာတို့ပါဝင်နေခဲ့သည်။ ထိုမျက်လုံးတွေကိုကြည့်ရင်း စုယန်၏

နှလုံးခုန်သံမြန်လာခဲ့ပြီး အသာလေးခေါင်းညိတ်လိုက်ပြီး ရန်ကိုင်၏ညွှန်ကြားချက်အတိုင်း

ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ်ကို ရန်ကိုင်နှင့်အတူ လှည့်ပတ်လိုက်သည်။

သူ့တို့နှစ်ယောက်စလုံး ကျင့်စဉ်ကိုအတူူတကွ လှည့်ပတ်လိုက်တဲ့အချိန် နှစ်ယောက်စလုံး အတူူတကွ

ညီးတွားလိုက်ကြပြီး သူ့တို့ခန္ဓာကိုယ်ထဲတွင် ရှိနေသော နဂါးနှင့်ဖီးနစ်တို့လည်း သူတို့နှင့်အတူ

လိုက်ပါပြီး ညီးတွားလိုက်ကြသည်။ ရုတ်တရက် ထိုဒဏ္ဏာရီလာ သားရဲနှစ်ကောင်က

ရုတ်ချည်းတည်ငြိမ်သွားခဲ့ပြီး ကျေနပ်သာယာနေတဲ့ ခံစားချက်တစ်ခုက သူတို့နှစ်ယောက်၏

စိတ်နှင့်တကွ ခန္ဓာကိုယ်ထိပါ ပျံ့နှံ့လာခဲ့သည်။ မားပြားလွန်းတဲ့ ချီစွမ်းအင်တွေက သူတို့နှစ်ယောက်၏

ပေါင်းစပ်ထားတဲ့ အထွတ်အမြတ်နေရာနှစ်ကြား ဖြတ်သန်း၍ ခေါက်တုံ့ခေါက်ပြန် သွားလာနေကြပြီး

သူ့တို့ခန္ဓာကိုယ်ထဲတွင် ပေါင်းစပ်နေကြသည်။

အခုလို အတွင်းကျကျ အခြေအနေမျိုးတွင်တောင် သူတို့နှစ်ယောက်စလုံး တည်ငြိမ်နေပြီး တိတ်ဆိတ်

နေခဲ့သည်။ သူတို့နှစ်ယောက်စလုံးက ယင်ယင်ပေါင်းစည်းခြင်းကျင့်စဉ်ကို လှည့်ပတ်ရင်းနဲ့သာ

အလုပ်ရှုပ်နေကြသည်။ စုယန်ဆီမှ သူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတဲ့ များပြားလှသောစွမ်းအင်တွေကို

သူခံစားမိလိုက်သည်။ ထိုစွမ်းအင်တွေက သူ့သွေးကြောထဲတွင် ရှိသောယန်စွမ်းအင်ထက် အဆ၁၀၀လောက်

ပိုများနေခဲ့သည်။ သူတို့နှစ်ယောက်တွင်ရှိတဲ့စွမ်းအင်က လူကြီးတစ်ယောက်နှင့်ကလေးငယ်တစ်ယောက်လို

အရမ်းကို ကွာခြားလွန်းပေသည်။

ခွန်အားကွားခြားမှုက သိသာလွန်းနေတဲ့အတွက် စုယန်က ကျင့်စဉ်လှည့်ပတ်နှုန်းကို နှေးချလိုက်သည်။

သူမအဲ့လိုလုပ်မှပဲ ရပေမည်။ မဟုတ်ရင် ရန်ကိုင်ဆက်ပြီး တောင့်ခံထားနိုင်လိမ့်မည်မဟုတ်ချေ။

နှစ်ယောက်သာ အတူတကွ ဆက်သွယ်နေပြီး ယင်ယင်ပေါင်းစည်းခြင်းကျင့်စဉ်ကို တစ်ပြိုင်တည်း

လှည့်ပတ်နေတာက သူတို့နှစ်ယောက်ကြား လုံးဝကိုတစ်မူထူးသော ဆက်သွယ်ချက်တစ်ခုကို

ဖြစ်တည်လာစေခဲ့သည်။ သူ့တို့၏ခန္ဓာကိုယ်နှစ်ခု ထိတွေ့နေတာကို ခံစားနေမိပြီး သူတို့နှစ်ယောက်၏

စိတ်ဝိဉာဉ်နှစ်ခုကလည်း ပေါင်းစပ်နေကြသည်။ ရုတ်ချည်း သူတို့တစ်ယောက်ကိုတစ်ယောက်

နှစ်ပေါင်းများစွာ သိလာသလို ခံစားလိုက်ရသည်။ သူတို့ဘဝတွင် သူတို့ရှေ့တွင် ရှိနေတဲ့လူထက်

ဘယ်သူကမှ ပိုပြီးအရေးမပါတော့သလို၊ သူ့ရှေ့တွင်ရှိနေသူသာ အရေးကြီးဆုံးဖြစ်လာခဲ့ရသည်။

တစ်ကြိမ်ပြီးတစ်ကြိမ ်လှည့်ပတ်နေစဉ် ရန်ကိုင်ခန္ဓာကိုယ်ထဲက မီးနဂါးနှင့် စုယန်ခန္ဓာကိုယ်တွင်းရှိ

ရေခဲဖီးနစ်တို့ပျောက်ကွယ်သွားပုံရလေသည်။ ချစ်ရတဲ့သူနှစ်ယောက်ကို ချစ်တင်းနှောစေပြီး

ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ်ကို အတင်းအကြပ် လေ့ကျင်စေအောင် တွန်းအားပေးဖို့ဖြစ်တဲ့

သူတို့၏တာဝန်ကို ပြီးမြောက်သွားခဲ့လေပြီဖြစ်သည်။ တာဝန်ပြီးသွားပြီ ဖြစ်တဲ့အတွက် ဆက်ပြီး

နေနေစရာလည်း မလိုတော့ချေ။ ထိုသားရဲနှစ်ကောင်က သူတို့၏သွေးကြောထဲ မဝင်သွားသလို

ဒန်တန်ထဲကိုလည်း မဝင်သွားခဲ့ပေ။ သူတို့နှစ်ကောင်းလုံး လုံးဝကိုပျောက်ကွယ်သွားခဲ့ပြီး

ထင်ရပေမယ့် ထိုနှစ်ကောင်က သူတို့နှစ်ယောက်ခန္ဓာကိုယ်၏ တစ်နေရာရာတွင် ပုန်းအောင်နေတယ်လို့

ရန်ကိုင်ခံစားနေမိသည်။

ယင်ယင်ပေါင်းစည်းခြင်းကျင့်စဉ်ကို ဆက်လက်လှည့်ပတ်နေပြီး သူတို့သွေးကြောထဲရှိ မီးနဂါးနှင့်

ရေခဲဖီးနစ်နေရာတွင် သက်ဆိုရင်ယန်ချီနှင့်ယင်ချီတို့က အစားထိုးဝင်ရောက်လာခဲ့သည်။

ကံမကောင်းစွာနဲ့ပဲ သူတို့နှစ်ယောက်ကြား ခွန်အားကွာခြားချက်က အရမ်းကိုကြီးမားလွန်းနေတဲ့အတွက်

စုယန်ကတော့ ဘယ်လိုထူးခြားမှုမှ မခံစားခဲ့ရပေ။ သူမအတွက်တော့ ခြားနားချက်က သမုဒ္ဒရာထဲကို

စီးဝင်သွားတဲ့ စမ်းချောင်းသေးသေးလေး တစ်ခုအလား ဘာမှမပြောပလောက်ပေ။ ထိုချီစွမ်းအင်

ကွာခြားမှုကို ရန်ကိုင်လည်း သတိပြုမိလိုက်တဲအတွက် ကိုးယိုးကားယား ဖြစ်နေသလို ခံစားလိုက်ရသည်။

‘‘ စိတ်ပူစရာမလိုဘူး။ နင့်ဘာသာအချိန်ယူလို့ရတယ်’’ စုယန်က ရန်ကိုင်ကို စိတ်ထဲကနေတစ်ဆင့်

နူးညံ့စွာနဲ့ နှစ်သိမ့်ပေးလိုက်သည်။ ရန်ကိုင်၏ ရှုပ်ထွေးနေတဲ့ အခုလက်ရှိ စိတ်အခြေအနေကို သူမသတိ

ပြုမိတဲ့အတွက် သူ့ကိုနှစ်သိမ့်ပေးချင်ခဲ့သည်။ ရန်ကိုင်က တိတ်ဆိတ်နေလိုက်ပြီး ရုတ်တရက် သူ့ဒန်တန်ထဲရှိ

ယန်အရည်စက်၁၀စက်ကို ပေါက်ကွဲစေလိုက်သည်။ ထိုအခိုက်အတန့်တွင် အစစ်အမှန်ယန်စွမ်းအင်တွေက

သူ့သွေးကြောမှတစ်ဆင့် စုယန်၏ခန္ဓာကိုယ်ထဲကို ချင်းနင်းဝင်ရောက်သွားခဲ့သည်။

စုယန်လည်း အံ့အားသင့်သွားခဲ့ရသည်။ ဒီလောက်များပြားတဲ့ ယန်စွမ်းအင်တွေက ရုတ်တရက်ကြီး

ရန်ကိုင်ဆီကနေ ဘယ်လိုထွက်ပေါ်လာခဲ့ရလဲဆိုတာ သူမမသိချေ။ စဦးဒြပ်စင်အဆင့်၈ ကျင့်ကြံသူ

တစ်ယောက်တွင် အခုလိုများပြားတဲ့ ချီစွမ်းအင်တွေ ရှိမနေနိုင်ချေ။ ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ်ကို

လှည့်ပတ်ရာတွင် အာရုံစိုက်ဖို့လိုတဲ့အတွက် သူမ၏အံ့အားသင့်မှုကို အမြန်အဆန်ပဲ ပြန်ပြီးဖိနှိပ်ထားလိုက်ရ၏။

ထိုစွမ်းအင်လှိုင်းတစ်လုံးက သူမထုတ်လွှတ်ပေးခဲ့တဲ့ စွမ်းအင်ပမာဏနဲ့ တူညီနေခဲ့ပေသည်။ သူတို့နှစ်ယောက်

ကြားက တည်ငြိမ်နေတဲ့စီးဆင်းမှုကို ဆက်ပြီးထိန်းသိမ်းထားဖို့အတွက် သူမမြန်မြန်ဆန်ဆန်နဲ့

ထိုစွမ်းအင်တွေကို စုပ်ယူဖို့လိုအပ်ပေသည်။

ယန်အရည်စက်တွေ နောက်တစ်ကြိမ်ပေါက်ကွဲထွက်လာခဲ့ပြန်သည်။ ဒီတစ်ကြိမ်မှာတော့အစက်၃၀ပင်။

ထိုအကြောင်းကြောင့် သူ့သွေးကြောတွေ ပေါက်ကွဲထွက်တော့မတတ် ဖြစ်နေတာကို ရန်ကိုင်ခံစားနေခဲ့ရသည်။

ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ်ကို သူနဲ့အတူလေ့ကျင့်နေတာက စုယန်မဟုတ်ခဲ့ဘူးဆိုရင်

ထိုယန်အရည်စက်၃၀ကို ဖောက်ခွဲထုတ်လိုက်တဲ့အတွက် သူသေသွားနိုင်ပေသည်။ ယန်အရည်စက်တစ်စက်က

သူ့ချီစွမ်းအင်အကုန်လုံးကို ပြန်ဖြည့်ပေးနိုင်ပြီး ယန်အရည်စက်၃စက်ဆိုရင်တော့ သူ့သွေးကြောတွေကို

ပျက်စီးသွားစေနိုင်ပေသည်။ စုယန်၏ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် သူတစ်ယောက်တည်းဘယ်တော့မှ

မရနိုင်မယ့်ပမာဏမှ သူမတစ်ခုခုတော့ ရနိုင်ကောင်းရနိုင်ပေသည်။

All Chapters