← Chapters

အခန်း (၁၆၁-၁၆၅)

Vol. 7 Ch. 161-165

အခန်း (၁၆၁-၁၆၅)

Vol. 7 Ch. 161-165

အပို်င်း (၁၆၁) ချီပြောင်းလဲခြင်းအဆင့်၏ ထူးခြားမှု

ပြောနေရင်း နတ်ဆိုးအိုကြီးက အနည်းငယ်တုန့်ဆိုင်းသွားခဲ့ပြီး ဆက်ပြောလိုက်သည် ‘‘ သခင်လေး၊ ဒီယင်ယန်မွန်းစတား

ဂျင်ဆင်းက စုံတွဲတစ်ခုအတွက်ပဲ အသုံးဝင်တယ်။ သခင်လေးသာ မိန်းကလေးနှစ်ယောက်နဲ့ ဆက်ဆံနေမယ်ဆိုရင်

ဘယ်တစ်ယောက်ကို ယင်ယန်မွန်းစတားအတွက် ဘယ်တစ်ယောက်ကို ရွေးရမလဲဆိုတာ မသိတဲ့အတွက် နည်းနည်းတော့

ခက်ခဲနိုင်တယ် ’’ ‘‘ နှစ်ယောက်လား ’’ ရန်ကိုင်က စိတ်ရှုပ်ထွေးစွာနဲ့ မေးမြန်းလိုက်သည်။ နတ်ဆိုးအိုကြီး နားလည်မှု

လွဲသွားပြီးဆိုတာ သိလိုက်သည်။ ဒါပေမယ့် သူအဲ့အကြောင်းကို တွေးလိုက်ပြီး နားလည်သွားခဲ့သည်။ နတ်ဆိုးအိုကြီးက

ဟူညီအစ်မနှစ်ယောက်အကြောင်း ပြောနေတာ ဖြစ်နိုင်လေသည်။ တကယ်တော့ သူနဲ့ထိုညီအစ်မနှစ်ယောက်

အဆုံးမရှိတဲ့ လှေကားထစ်ပေါ်ကို စကားတပြောပြောနှင့် တက်သွားကြတာဖြစ်၏။

နတ်ဆိုးအိုကြီး၏ လွတ်လပ်မှုကို ကန့်သတ်ပြီးနောက် နတ်ဆိုးအိုကြီးကို သူလုံးဝဆက်သွယ်လို့မရတော့သလို နတ်ဆိုးအိုကြီး

ကလည်း သူ့ပတ်ဝန်းတွင် ဖြစ်ပျက်နေတာကိုလည်း မမြင်တွေ့နိုင်တော့ချေ။ ထို့ကြောင့် ခန်းမထဲတွင် ဖြစ်ပျက်ခဲ့တာတွေကို

သူသိလိမ့်မည် မဟုတ်ချေ။ ရန်ကိုင်က ဆက်ပြီးမရှင်းပြချင်တော့တဲ့အတွက် အမိန့်ပေးလိုက်၏ ‘‘ နောက်ပိုင်း ငါမိန်းကလေး

တစ်ယောက်ယောက်နဲ့ ရှိနေရင် မင်းရဲ့နတ်ဘုရား စိတ်အာရုံကို သုံးခွင့်မပြုဘူး ’’ နတ်ဆိုးအိုကြီးသာ စုယန်နှင့်သူ

အတူတူ ရှိနေတာကို စောင့်ကြည့်နေခဲ့ရင် ဖြစ်ပေါ်လာမယ့် ကမောက်ကမအခြေအနေတွေကို သူကြောက်ရွံ့ပေသည်။

မတရားခံလိုက်ရသလို နတ်ဆိုးအိုကြီး ခံစားလိုက်ရတဲ့အတွက် ပြန်ပြောလိုက်သည် ‘‘ သခင်လေး၊ အဲ့ကိစ္စကို စိုးရိမ်စရာ

မလိုပါဘူး။ ဒီအစေခံအိုကြီးက မိစ္ဆာဆန်ပေမယ့် တစ်ယောက်ယောက်ကို ချောင်းကြည့်တာမျိုးတော့ လုပ်မှာမဟုတ်ပါဘူး ’’

‘‘ ဘာပဲဖြစ်ဖြစ် ၊ မင်းသာအဲ့အချက်ကို သေချာမှတ်မိနေရင် အဆင်ပြေတယ် ’’ ‘‘ ဒီအစေခံအိုကြီးက သေချာမှတ်ထားပါမယ် ’’

တစ်ခဏတာ တိတ်ဆိတ်မှုက ကြီးစိုးနေပြီးနောက် နတ်ဆိုးအိုကြီးက အကြံပေးလိုက်သည် ‘‘ သခင်လေးသာ

စိတ်ထဲမထားဘူးဆိုရင် ဒီအစေခံအိုကြီးက ချောက်ထဲဆင်းပြီး တစ်ချက်လောက် သွားစစ်ဆေးကြည့်ချင်တယ် ’’

‘‘ အောက်မှာရှိနေတဲ့ ဘယ်အရာကများ မင်းကိုဆွဲဆောင်နိုင်တာလဲ ’’ ရန်ကိုင်က စိတ်ဝင်တစား မေးမြန်းလိုက်သည်။

တကယ်တော့ ရစ်ခွေနဂါးစမ်းချောင်းထဲတွင် ရှိနေတဲ့ ဆန်းကြယ်မှုကို သူတကယ်ပဲသိချင်မိသည်။ ဒါပေမယ့် သူ့ခွန်အားက

နိမ့်ကျနေတဲ့အတွက် အောက်ဆင်းပြီး လေ့လာစူးစမ်းဖို့က ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်နေတဲ့အတွက် ကြိတ်မှိတ်

ပြီးတော့သာ သည်းခံနေရသည်။ ‘‘ အောက်မှာဘာရှိလဲဆိုတာ ဒီအစေခံအိုကြီး သေချာမသိပေမယ့် ချီစွမ်းအင်တစ်မျိုးကိုတော့

ငါခံစားမိတယ်။ အဲ့ချီစွမ်းအင်က ဒီအစေခံအိုကြီးရဲ့ အင်မော်တယ်စိတ်ဝိဉာဉ်အတွက်တော့ တကယ်ကိုရန်သူတစ်ယောက်ပဲ။

ပြီးတော့ အဲ့နေရာ မိစ္ဆာချီစွမ်းအင်တွေ တော်တော်လေး သိပ်သည်းတယ်။ အဲ့နှစ်ခုက တစ်ခုခုနဲ့တစ်ခု ဆန့်ကျင်နေပေမယ့်

ဘာလို့အတူူတူ ရှိနေတာလဲဆိုတာတော့ တော်တော်လေး စိတ်ရှုပ်စရာကောင်းတဲ့အချက်တစ်ချက်ပဲ။ သခင်လေးကို

ရိုးရိုးသားသား ပြောရမယ်ဆိုရင် အောက်မှာရှိတဲ့နတ်ဆိုးချီကိုသုံးပြီး ဒီအစေခံအိုကြီးရဲ့ အင်မော်တယ်စိတ်ဝိဉာဉ်ကို

သန်မာအောင် လုပ်ချင်တာ။ အဲ့လိုဆိုရင် အနာဂတ်မှာ သခင်လေးကိုလည်း ပိုပြီးအကူအညီပေးနိုင်မှာပေ့ါ ’’

ရန်ကိုင် အတွေးထဲတွင် နစ်မြောသွားခဲ့သည်။

အောက်မှ မိစ္ဆာချီစွမ်းအင်တွေသိပ်သည်းတယ်ဆိုတဲ့ နတ်ဆိုအိုကြီး ပြောတဲ့အချက်ကို ရန်ကိုင်ထောက်ခံပေသည်။

ထိုစမ်းချောင်း၏ သမိုင်းအရ အရမ်းကိုမိစ္ဆာဆန်လွန်းတဲ့ မကောင်းဆိုးဝါးတစ်ကောင်က ဟိုးအောက်ခြေအနက်ပိုင်းတွင်

အသတ်ခံခဲ့ရတဲ့အတွက် အောက်ခြေတွင် မိစ္ဆာချီစွမ်းအင်တွေ သိပ်သည်းတယ်ဆိုတာသဘာဝပဲဖြစ်သည်။ နတ်ဆိုးအိုကြီးက

မိစ္ဆာချီစွမ်းအင် အကူအညီနဲ့ သူ့ရဲ့အင်မော်တယ်စိတ်ဝိဉာဉ်ကို အားကောင်းအောင် လုပ်ချင်နေခဲ့သည်။ ရန်ကိုင်လည်း

ခွင့်ပြုရမလား၊ခွင့်မပြုရမလားဆိုတာ မသေချာ၊မရေရာဖြစ်နေခဲ့သည်။ တကယ်တော့ နတ်ဆိုးအိုကြီးသာ အားကောင်းလာခဲ့ရင်

သူ့ထိန်းချုပ်မှုကနေ လွတ်မြောက်သွားနိုင်လား၊ မသွားနိုင်ဘူးလားဆိုတာ သူသေချာမသိပေ။

စဉ်းစားတွေးတောနေရင် သိပ်ပြီးစိုးရိမ်စရာမလိုဘူးလို့ ရန်ကိုင်တွေးလိုက်၏။ နတ်ဆိုးအိုကြီးက နတ်ဘုးရားစိတ်အာရုံက

သူနဲ့ပေါင်းစပ်နေတဲ့အတွက် သူ့ရဲ့သေခြင်း၊ရှင်းခြင်းကို ရန်ကိုင်မျက်တောင်တစ်ခတ်အတွင်း ဆုံးဖြတ်နိုင်ပေသည်။

နတ်ဆိုးအိုကြီးက ရန်ကိုင်ကိုစိုးရိမ်စွာနဲ့ကြည့်ရင်း စောင့်ဆိုင်းနေခဲ့သည်။ ရန်ကိုင်က ခေါင်းညိတ်ပြလိုက်ပြီး လက်ခံလိုက်သည်

‘‘ ကောင်းပြီ၊ မင်းသွားနိုင်တယ် ’’ သူ့ချီစွမ်းအင်အနည်းငယ်ကို ဝိဉာဉ်ဖျက်စီးခြင်းအရိုးထဲ လောင်းထည့်ပေးလိုက်၏။ထို့နောက်

ရန်ကိုင်က ထိုအရိုးကို နတ်ဆိုးအိုကြီးဆီပေးလိုက်သည်။

‘‘ သခင်လေးကို ကျေးဇူးအများကြီးတင်ပါတယ် ’’ နတ်ဆိုးအိုကြီးက ဝမ်းမြောက်ဝမ်းသာနဲ့ ပြောလိုက်သည်။ ဝိဉာဉ်ဖျက်ဆီးခြင်း

အရိုးကို သယ်ဆောင်ရင်း နတ်ဆိုးအိုကြီးက အနက်ရောင်မြူခိုးအဖြစ်ပြောင်းကာ ရစ်ခွေနဂါးစမ်းချောင်းထဲကို ဆင်းသက်သွား

ခဲ့၏။ နတ်ဆိုးအိုကြီး ထွက်သွားတာနဲ့ ရန်ကိုင်က သူ့ရင်ဘတ်ထဲက အိတ်ကလေးတစ်လုံးကို ထုတ်လိုက်လေသည်။

ထိုအိတ်က လန်ချူးတျယ်သူ့ကိုပေးထားတာဖြစ်ပြီး ထိုအိတ်ကလေးထဲတွင် သန့်စင်နှလုံးသားအသီးအစေ့နှစ်စေ့ ရှိနေခဲ့သည်။

ရန်ကိုင်က ထိုအချိန်တုန်းက သူတို့နှစ်ယောက်စကားဝိုင်းအကြောင်း ပြန်တွေးလိုက်သည်။ ထိုစီနီယာအစ်မကြီးသာက

အခြားသူတွေကိုလှည့်စားတာမှာသာ အရမ်းမတော်နေဘူးဆိုရင် ပိုပြီးတော့နှစ်သက်ဖွယ်ကောင်းမှာပင်။

လေနက်ကုန်သွယ်ရေးနေရာတွင် သူတို့နှစ်ယောက်ပထမဆုံးအကြိမ်တွေ့တုန်းက သူမဆီကနေသူလိုချင်တဲ့အစေ့တွေကို

ရခဲ့ပေမယ့် သူလှည့်စားခံခဲ့ရသည်။ ဒါပေမယ့် အဲ့အချိန်တုန်းကတော့ သိပ်ပြီးကိစ္စမရှိပေ။ သူတို့ကောင်းကင်အမွေအနှစ်

လိုဏ်ဂူထဲတွင် နောက်တစ်ကြိမ်တွေ့တဲ့အချိန်မှာတော့ ထိုအရာက ကံတရားဖြစ်သွားခဲ့ပြီ။ သူတို့အတူတကွလေ့လာခဲ့သည်။

အတူတကွ တိုက်ခိုက်ခဲ့ကြသည်။ သူတို့နှစ်ယောက်က တစ်ဖက်တည်းဖြစ်ရုံမက အခက်အခဲတွေကိုလည်း အတူတကွ

ရင်ဆိုင်ခဲ့ပေသည်။ သူမအကြောင်းကို မေ့ဖို့တော့ သူ့အတွက်နည်းနည်းခက်ခဲပေသည်။ သူမ၏စိတ်ပျက်စရာကောင်းတဲ့

ရွေးချယ်မှုတွေကြောင့်သာမဟုတ်ရင် ရန်ကိုင်သူမကိုအခုလိုမျိုး မုန်းတီးမိခဲ့လိမ့်မည် မဟုတ်ချေ။ သူ့အပေါ်အထင်အမြင်

ကောင်းရှိတယ်ဆိုတာ ပြသဖို့အတွက ်နီယုံကိုအလစ်ချောင်းတိုက်ခဲ့ပေမယ့် ထိုအခြင်းအရာက သူမရက်စက်ကြမ်းကြုတ်တဲ့

လူတစ်ယောက်ဆိုတာကိုလည်း ပြသခဲ့သည်။

သူမက အကျိုးအမြတ်ရနိုင်တဲ့လူတွေနဲ့သာ ပေါင်းပြီး နီယုံကရန်ကိုင်ကို ပြဿနာရှာတဲ့အချိန်တုန်းက နီယုံကရန်ကိုင်ထက်

ပိုပြီးအသုံးဝင်တဲ့အတွက် နီယုံကိုသူမမတားခဲ့ချေ။ လန်ချူးတျယ်သာ စီနီယာအစ်မတစ်ယောက်အနေနဲ့ နီယုံကို

ပြင်းပြင်းထန်ထန် အပြစ်တင်ခဲ့မယ်ဆိုရင် နီယုံလည်းထိုကဲ့သလို့ လုပ်ရဲလိမ့်မည်မဟုတ်ချေ။ ဒါပေမယ့် သူမမလုပ်ခဲ့ပေ။

ဒူရီရွှမ်းတစ်ယောက်သာ သူ့ဘက်တွင်ရပ်တည်းပြီး နီယုံကိုဆန့်ကျင်ပေးခဲ့သည်။ ဖိနပ်စုတ်တစ်ခုလို လွတ်ပစ်ခံရပြီး

အရိပ်ထဲက ချောင်းမြောင်းတိုက်ခိုက်ခံရတာက တကယ်ကို ခံစားလို့ကောင်းတဲ့ ခံစားချက်မျိုးမဟုတ်ချေ။

ရန်ကိုင်က ထိုကိစ္စနဲ့ပက်သက်ပြီး သူမကိုစွပ်စွဲပြစ်တင်လိမ့်မည်မဟုတ်ချေ။ လူတိုင်းတွင် သူတို့ဘဝအတွက် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်

ရှိတဲ့အတွက် အခြားသူတွေအဖို့ ဝင်စွက်ဖက်ဖို့မသင့်တော်ပေ။ ရန်ကိုင်က သူမနဲ့နီးနီးကပ်ကပ်မနေတာ အကောင်းဆုံးလို့

ဆုံးဖြတ်လိုက်သည်။ မဟုတ်ရင်သူလည်း အနှေးနဲ့နဲ့အမြန် ပေးဆပ်ရပေလိမ့်မည်။ အစေ့တွေကို ထုတ်လိုက်ပြီး အိတ်ကိုတော့

ရစ်ခွေနဂါးစမ်းချောင်းထဲကို လွှင့်ပစ်လိုက်သည်။ (ဒီအစေ့တွေကို ဘယ်နေရာမှာ စိုက်ရင်ကောင်းမလဲ) ရန်ကိုင်က

ပတ်ဝန်းကျင်တစ်ဝိုက် သေချာစူစမ်းလိုက်သည်။ ဒီနေရာတွင် မြေဆီလွှာကောင်း မရှိတဲ့အတွက် အစေ့တွေကိုစိုက်ဖို့

မသင့်တော်ပေ။

ထို့နောက် ရုတ်တရက် ရန်ကိုင်အကြံတစ်ခုရလိုက်သည်။

သူ့လိုဏ်ဂူလေးတွင် ရှေးဟောင်းထင်းရှုးပင်တွေ ရှိတဲ့အတွက် ထိုနေရာတွင် အပင်စိုက်ဖို့ မြေဆီလွှာကောင်းကောင်း

ရှိပေလိမ့်မည်။ ထင်းရှုးပင်တောင် အပင်ပေါက်နိုင်သေးရင် သူ့အစေ့တွေလည်း အပင်ပေါက်နိုင်ပေသည်။ ဝိဉာဉ်မြက်ပင်

အစေ့ဖြစ်တဲ့အတွက ်ထင်ရှုးပင်ထက်တောင် ပိုပြီးရှင်သန်နိုင်စွမ်းမြင့်ပေသေးသည်။

ထို့ပြင် ဝိဉာဉ်မြက်ပင်တွေက ကြီးထွားဖို့အတွက ်ချီစွမ်းအင်ကို စုပ်ယူတဲ့အတွက် ထင်ရှုးပင်နဲ့ရှင်သန်အာဟာရရဖို့အရေး

ပြိုင်ဆိုင်နေဖို့မလိုပေ။ ရန်ကိုင်က သန့်စင်နှလုံသားအသီးအစေ့ထဲကို ယန်အရည်စက်ချပေးလိုက်ပေမယ့် အံ့အားသင့်စွာပဲ

ဘာတုန့်ပြန်မှုကိုမှ မတွေ့ရှိခဲ့ရပေ။ နောက်တစ်စက်ချလိုက်တော့မှပဲ အစေ့လည်း သူ့ကန့်သတ်ချက်ကို ရောက်ရှိသွားတော့သည်။

ထိုအစေ့တွေက တကယ်ပဲမြေကမ္ဘာအဆင့်မြင့် အစေ့တွေဖြစ်သည်။ ထိုအစေ့တွေကို လန်ချူးတျယ် ဘယ်ကများ

ရလာတာလဲဆိုပြီး ရန်ကိုင်တွေးမိလိုက်သေးသည်။ ထိုအစေ့တွေကိုငွေပြား၁၂၀၀နဲ့ ဝယ်လို့ရတာ ဖြုန်းတီးရာမကျပေ။

အစေ့ကိုစိုက်ပျိုးပြီးနောက် ဝင်ပေါက်ရှေ့တွင် မျက်လုံးပိတ်တင်ပလင်ခွေထိုင်ကာ အစစ်အမှန်ယန်နည်းစနစ်ကို

လှည့်ပတ်လိုက်ပြီး စတင်လေ့ကျင့်တော့သည်။ ဒါက ချီပြောင်းလဲခြင်းအဆင့်ကို ချိုးဖျက်ဝင်ရောက်ပြီးနောက်

ပထမဆုံးစတင်လေ့ကျင့်ခြင်းဖြစ်သည်။ မည်သည့်ရည်ရွယ်ချက်မှမပြပဲ သူ့ချီစွမ်းအင်တွေက စတင်ပြီးဆန့်ကျင်လာတော့သည်။

ထိုရုတ်တရက် တိုးမြင့်လာတဲ့ ဖိအားကြောင့် ရန်ကိုင်အဝတ်အစားနဲ့ ဆံပင်တွေက လေမတိုက်ပဲ တဖျက်ဖျက် လှုပ်ခါနေပြီး

သူ့မျက်နှာကလည်း တစ္ဆေတစ်ကောင်လို ဖြူလျော်သွားခဲ့သည်။ အခုအချိန်တွင် တစ်စုံတစ်ယောက်ကို

သွေးထွက်သံယိုဖြစ်အောင် သူတိုက်ခိုက်ချင်နေမိသည်။ အရင်တုန်းက တိုက်ပွဲအတွင် မယိမ်းယိုင်သော

စိတ်ဆန္ဒကို အသက်သွင်းလိုက်မှ အခုလိုခံစားရတာဖြစ်ပေမယ့် အခုအချိန်မှာတော့ အစစ်အမှန်ယန်နည်းစနစ်ကို

လေ့ကျင့်ရင်းနဲ့တောင် ခံစားနေရသည်။ ထိုအဖြစ်အပျက်က ရန်ကိုင်ကြောင့်မဟုတ်သလို အစစ်အမှန်ယန်နည်းစနစ်

ကြောင့်လည်းမဟုတ်ချေ။ ထိုအရာက ချီပြောင်းလဲခြင်းအဆင့်ကြောင့်ပင်ဖြစ်သည်။

စုယန်ပြောခဲ့သလိုပဲ ချီပြောင်းလဲခြင်းအဆင့်က တကယ်ကိုထူးခြားတဲ့အဆင့်တစ်ခုဖြစ်သည်။ သိုင်းအဆင့်တွင်

ခန္ဓာသန့်စင်ခြင်းအဆင့်ကနေ စဦးဒြပ်စင်အဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်တဲ့အချိန် ချီစွမ်းအင်ကို စတင်အသုံးပြုနိုင်လာသည်။

ထို့နောက် စဦးဒြပ်စင်အဆင့်ကို ချိုးဖျက်ပြီးနောက်တစ်ဆင့်တက်နိုင်ခဲ့ရင် ချီပြောင်းလဲခြင်းအဆင့်ကို ရောက်သည်။

ချီပြောင်းလဲခြင်းအဆင့်တွင် ချီစွမ်းအင်တွေက ကျင့်ကြံသူ၏ခန္ဓာကို်ယ်ထဲတွင် စုစည်းသွားခဲ့သည်။ စုစည်းလာတဲ့

ချီစွမ်းအင်တွေက အလွန်အမင်းများပြားလာခဲ့ပြီး ကျင့်ကြံသူကိုယ်တိုင် မကိုင်တွယ်နိုင်တဲ့အဆင့်ထိ ဖြစ်လာခဲ့ရသည်။

ထိုကဲ့သို့မကိုင်တွယ်နိုင်တဲ့အတွက် ချီပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတွေတွင် ချီဆန့်ကျင်ခြင်းဆိုတာ ဖြစ်လာခဲ့ရသည်။

ကျင့်ကြံသူတွေက သာမန်အခြေ ဒါမှမဟုတ် ချီစွမ်းအင်အများအပြား အသုံးမပြုရင် ထိုကဲ့သို့အခြေအနေမျိုး ကြုံတွေ့

ရလိမ့်မည်မဟုတ်ချေ။ ဒါပေမယ့် သင့်ရာတော်ရာ ကျင့်စဉ်တစ်ခုကို လှည့်ပတ်လိုက်ပါက ရန်ကိုင်ကြုံတွေ့နေရတဲ့အခြေအနေမျိုး

ကြုံတွေ့ရပေလိမ့်မည်။ ဒါက ချီပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတွေအတွက် သာမန်ဖြစ်စဉ်တစ်ခုပဲဖြစ်လေသည်။

ဒီဖြစ်စဉ်ကြောင့် ချီပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတွေအတွက် လမ်းနှစ်လမ်းဖြစ်တည်လာခဲ့ရသည်။ ပထမတစ်နည်းက

ချီစွမ်းအင်တွေကို ဆက်လက်စုစည်းကာ အဆင့်ချိုးဖျက်ပြီး ခွန်အားတိုးမြင့်သွားဖို့ဖြစ်သည်။ ဒါက သာမန်နဲ့ပုံစံနဲ့

အတူတူပင်ဖြစ်သည်။ ဒုတိယတစ်နည်းကတော့ အဆင့်ချိုးဖျက်ရာမှ ရတဲ့ခွန်အားကို ထိန်ချုပ်ရင်း ချီစွမ်းအင်ကို

ဆက်လက်စုစည်းဖို့ဖြစ်သည်။ ပုံမှန်အားဖြင့် ချီပြောင်းလဲခြင်းအဆင့်ကို စတင်ချိုဖျက်လာတဲ့ တက်သစ်စ

ချီပြောင်းခဲခြင်းအဆင့် ကျင့်ကြံသူတွေက သူ့တို့ရဲ့ချီစွမ်းအင်ကို လုံးဝမထိန်းချုပ်နိုင်ချေ။ ချီပြောင်းလဲခြင်းအဆင့်

၇၊၈လောက်ရောက်တော့မှပဲ ကောင်းကောင်းထိန်းချုပ်နိုင်ပေသည်။ လန်ချူးတျယ်လည်း ထိုနည်းတူပင်ဖြစ်သည်။

သူမကျင့်စဉ်ကိုလှည့်ပတ်လိုက်တဲ့အချိန် မည်သည့်ချီဆန်ကျင်မှုမှ မဖြစ်ပေါ်ခဲ့ပေ။

ဒူရီရွှမ်းနှင့်လန်ချူးတျယ်က သူ့တို့ရဲ့ချီစွမ်းအင်ကို မထိန်းချုပ်နိုင်ပေ။ ဒူရီရွှမ်းက ချီပြောင်းလဲခြင်းအဆင့်၆ဖြစ်ပေမယ့်

တိုက်ပွဲအတွင်း ချီစွမ်းအင်ဆန့်ကျင်ခြင်းကြောင့် အာသာမပြေနိုင်သော သွေးဆာမှုကို ဖြစ်ပေါ်စေခဲ့သည်။

ချီပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတွေက သွေးဆူလွယ်ပီး စိတ်တိုတတ်တဲ့တွက် အခြားသူတွေနဲ့ သဘောထား

ကွဲလွဲမှုဖြစ်နိုင်ချေများလေသည်။ ချီပြောင်းလဲခြင်းအဆင့် ရောက်နေတဲ့ ကျင့်ကြံသူနှစ်ယောက်သာ တိုက်ခိုက်ပါက

တစ်ယောက်သေမှသာ ပွဲပြီးသွားပေလိမ့်မည်။

ထိုအခြေအနေတွင် ချီပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတွေက အတတ်နိုင်ဆုံး တည်ငြိမ်နိုင်အောင် ကြိုးစားကြသည်။

ဆေးလုံးတွေသောက်သုံးနိုင်သလို အချို့ကလည်း သူတို့စိတ်ကိုတည်ငြိမ်စေနိုင်တဲ့ ရတနာတွေကိုဝတ်ဆင်ကြ၏။

ဤအဆင့်တွင် ရေခဲကျင့်စဉ်အမျိုးအစားကို လေ့ကျင့်တဲ့သူတွေက အခြားသူတွေထက် ပိုပြီးအားသာလေသည်။

ထိုကျင့်စဉ်မျိုးကို လေ့ကျင့်ဖို့ဆိုရင် တည်ငြိမ်ဖို့လိုပြီး တစ်ခါတစ်ရံ အေးစက်တဲ့စရိုက်မျိုးကိုတောင် လိုအပ်ပေသည်။

ထို့ကြောင့် ထိုကျင့်စဉ်လေ့ကျင့်တဲ့သူတွေအတွက် ချီပြောင်းလဲခြင်းအဆင့်က ချီဆန့်ကျင်ခြင်းအဆင့်ကို ကျော်ဖြတ်ဖို့က

ပိုပြီးလွယ်ကူပေသည်။

စုယန်ဤအဆင့်တွင် ရောက်နေတုန်းက အခုလိုပြဿနာမျိုးကို အလေးထားလိမ့်မည်မဟုတ်ဘူးဆိုတာ ရန်ကိုင်သလိုက်သည်။

သူ့မရဲ့စိတ်နှလုံးသားက လုံးဝအေးခဲနေတဲ့အတွက် ချီစွမ်းအင်တွေက ဘယ်လိုလုပ်ပြီး ဆန့်ကျင်တော့မှာလဲ။

ချီပြောင်းလဲခြင်းအဆင့်ကို ချိုးဖျက်လာတဲ့သူတိုင်း ချီစွမ်းအင်တိုက်ပွဲကိုရင်ဆိုင်ရပေမည်။ သူတို့သာထိုတိုက်ပွဲကို

အနိုင်ရခဲ့ပါက သူ့တို့ခွန်အားဘယ်လောက်တိုးတက်လာတာကို ခံစားသိနိုင်ပြီးကျေနပ်နိုင်သည်။ ဒါပေမယ့် ရှုံးနိမ့်သွားခဲ့မယ်

ဆိုရင်တော့ စိတ်ဓါတ်ကျပြီး မကောင်းမြင်စိတ်တွေ စတင်မွေးဖွားလာပေလိမ့်မည်။ အများစုကတော့ ဤအဆင့်တွင်

ကျဆုံးသွားခဲ့ကြသည်။ ထိုသူတွေအဖို့ စွမ်းအားတွေကိုဆာလောင်ပြီး တိုက်ပွဲကိုဆာလောင်ကာ သတ်ဖြတ်ရတာကိုလည်း

နှစ်သက်လာကြသည်။ ထို့နောက် သူတို့လေ့ကျင့်နေတဲ့ လမ်းစဉ်ကနေ သွေဖယ်သွားကြလေသည်။

ချီပြောင်းလဲခြင်းအဆင့်ပြီးနောက် ကျင့်ကြံသူတွေက တစ်ဖန်ပြန်လည် တည်ငြိမ်သွားကြသည်။ နောက်တစ်ဆင့်ကိုတော့

ချီသန့်စင်ခြင်းအဆင့်လို့ခေါ်၏။ အခုအချိန်မှာတော့ ထိုအဆင့်က ရန်ကိုင်နှင့်တော်တော်လေး ဝေးကွာနေပေသေးသည်။

အခုအချိန်တွင် အစစ်အမှန်ယန်နည်းစနစ်ကို လှည့်ပတ်လိုက်ပြီးနောက် ချီပြောင်းလဲခြင်းအဆင့်ကို ချိုးဖျက်ဝင်ရောက်ရာမှ

တိုးတက်ရရှိလာတဲ့ စွမ်းအင်တွေကို သူခံစားနေမိခဲ့ပြီး ချီဆန့်ကျင်ခြင်းဖြစ်စဉ်က သူ့အပေါ်လုံးဝအကျိုးသက်ရောက်မှုမရှိတဲ့

ပုံပေါ်နေလေသည်။

အေးစက်စက်ခံစားချက်တစ်ခုက သူ့ရင်ဘတ်ဆီမှ ပျံ့နှံ့လာခဲ့သည်။ ထိုအရာက စုယန်သူ့ကိုပေးခဲ့တဲ့ ဆွဲပြားမှဖြစ်သည်။

ထိုဆွဲပြားထဲတွင် ရေခဲကျောက်စိမ်းအဆီအနှစ်ပါဝင်ပြီး ချီဆန့်ကျင်ခြင်းက သူ့အပေါ်လုံးဝအကျိုးသက်ရောက်မှုမရှိတာက

ရေခဲကျောက်စိမ်းအဆီအနှစ်ကြောင့်မဟုတ်ပဲ ရွှေရောင်အရိုးခြောက်နှင့်သူလေ့ကျင့်မယိမ်းယိုင်သောစိတ်ဆန္ဒသိုင်းပညာရပ်

ကြောင့်ဖြစ်သည်။

ထို့နောက် သူ့ခန္ဓာကိုယ်ထဲတွင် ရှိတဲ့ချီစွမ်းအင်တွေကို အတားမဆီ ချောချောမွတ်မွတ်နဲ့ လှည့်ပတ်နိုင်လာလေသည်။

ကျင့်ကြံသူအများစုက ဤအဆင့်တွင် အသစ်ရရှိလာတဲ့ စွမ်းအင်တွေကို ထိန်းချုပ်ဖို့ခက်ခဲပေမယ့် ရန်ကိုင်ကတော့

သူတို့နဲ့ခြားနားပေသည်။ ရန်ကိုင်က ထိုအကြောင်းကိုတွေးလိုက်ပြီး ရွှေရောင်အရိုးခြောက်ကြောင့်လို့ သတ်မှတ်လိုက်သည်။

မယိမ်းယိုင်သော စိတ်ဆန္ဒကို အသုံးပြုလိုကတဲ့အချိန် သွေးဆာမှုကို သူခံစားရပေမယ့် သူ့အတွင်းစိတ်ခံစားချက်တွေကတော့

တည်ငြိမ်နေခဲ့သည်။ သူ့ရဲ့ကြောင်းကျိုးဆင်ခြင်းနိုင်စွမ်း လုံးဝမပျောက်ဆုံးသွားပဲ ဘာတွေဖြစ်ပျက်နေလဲဆိုတာကိုလည်း

ကောင်းကောင်း သတိပြုမိပေသည်။ ချီပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတွေက သူ့တို့ရဲ့ချီစွမ်းအင်တွေကို

ထိန်းချုပ်နိုင်ဖို့ ကြိုးစားရပေမယ့် ရန်ကိုင်ကတော့ လုံးဝကိုသာသာယာယာပင်။ သူ့အတွက်ကတော့ သူ့ခွန်အားကို

ဆက်ပြီးစုစည်းသွားဖို့ပဲလိုအပ်ပေသည်။ ချီဆန့်ကျင်ခြင်းဖြစ်စဉ်က သူ့ကိုလုံးဝအကျိုးမသက်ရောက်နိုင်ပေ။

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၂) ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ်၏ ဘေးထွက်ဆိုးကျိုး

ရန်ကိုင်က မွှေးရနံ့အိုးကိုထုတ်လိုက်ပြီး ဆေးပင်တွေကိုအိုးထဲထည့်ကာ မီးရှို့လိုက်သည်။ ထိုနောက်

မွှေးရနံ့အိုး၏ အကျိုးသက်ရောက်မှုအောက်တွင် အစစ်အမှန်ယန်နည်းစနစ်ကို စတင်ပြီးလေ့ကျင့်

တော့လေသည်။ ဝိဉာဉ်အသီး၊ ယန်ကျောက်တုံးတွေသုံးပြီး ယန်အရည်စက်ကို အလွယ်တကူဖွဲ့စည်းနိုင်ပေမယ့်

အစစ်အမှန်ယန်နည်းစနစ်ကို လေ့ကျင့်ဖို့လည်း လိုနေပေသေးသည်။ မွှေးရနံ့အိုးမှ ဆေးရနံ့ကိုသုံးကာ

သူ့ချီစွမ်းအင်လှည့်ပတ်နှုန်းကို လှည့်ပတ်ထားလိုက်သည်။ အချိန်ကြာလာတာနဲ့အမျှ သူ့ချီစွမ်းအင်ကို

အရင်ကထက် ပိုပြီးမြန်မြန်ဆန်ဆန် လှည့်ပတ်လာနိုင်ခဲ့သည်။ သူ့အစီအစဉ်က မွှေးရနံ့အိုးကို သုံးကာ

ချီစွမ်းအင်လှည့်ပတ်နှုန်းကို ဖိနှိပ်ပြီးလေ့ကျင့်ဖို့ပင်ဖြစ်သည်။ ထိုကဲ့သို့လေ့ကျင့်တာက အကယ့်ကိုအရေးကြီး

တဲ့အချိန်တွေကျရင် တကယ်ကို အသုံးဝင်ပေသည်။

မွှေးရနံ့အိုးထဲကို ဆေးပင်ထည့်ဖို့ လှုပ်ရှားရုံကလွဲပြီး ကျန်တဲ့အချိန်တွေအကုန်လုံးကို လေ့ကျင့်ဖို့အသုံးချ

ခဲ့သည်။ ဤနည်းဖြင့် ရန်ကိုင်နှစ်ရက်ဆက်တိုက်ကြာအောင် ဆက်ပြီးလေ့ကျင့်နေခဲ့သည်။ အစစ်အမှန်

ယန်နည်းစနစ်ကို လှည့်ပတ်နေတုန်း စုယန်၏ပုံရိပ်ကို ပြန်မြင်ယောင်လာမိသည်။ ကောင်းကင်အမွေအနှစ်

လိုဏ်ဂူ နန်းတော်ခန်းမထဲတွင် ဖြစ်ပျက်ခဲ့တဲ့မြင်ကွင်းတွေက သူ့စိတ်ထဲအတွင် အစီအရီထွက်ပေါ်လာခဲ့သည်။

သူမ၏နူးညံ့ပျော့ပျောင်းလှတဲ့အသားအရေလေးကို သူစွဲစွဲမြဲမြဲ မှတ်မိနေပေသေးသည်။

( ဘာလို့ငါဒီအကြောင်းတွေ တွေးနေရတာလဲ။ ဘာလို့ အဲ့အကြောင်းတွေ တွေးနေတာကို မရပ်တန့်နိုင်ရတာလဲ)

ရန်ကိုင်စိတ်ရှုပ်သွားခဲ့သည်။ သူ့ကိုယ်ပိုင်အတွေးတွေကိုတောင် သူမထိန်းချုပ်နိုင်တော့ပေ။ သူ့စိတ်စွမ်အား

ကြောင့် သူ့ကိုယ်သူကောင်းကောင်းထိန်းချုပ်နိုင်မယ်လို့ ယုံကြည်ချက်ရှိပေသည်။ ဒါပေမယ့် အခုအချိန်မှာတော့

စုယန်နှင့်သူ့ကြားက ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကို သူမတွေးပဲ မနေနိုင်ခဲ့ချေ။

နှစ်ရက်နဲ့နှစ်ညကြာပြီးတဲ့နောက်မှာတော့ တင်ပလင်ခွေထိုင်နေတဲ့ ရန်ကိုင်က ရုတ်တရက် သူ့မျက်လုံးတွေကို

ဖွင့်လိုက်ပြီး သူ့ပတ်ဝန်းကျင်က သေချာအားရုံစူစိုက်လိုက်ပြီး သူ့မျက်နှာကတစ်မျိုးတစ်မည် ထူးခြားသွားခဲ့သည်။

သူ့နဲ့အနီးအနာတွင် တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေတဲ့အသံကို ကြားလိုက်ရပြီး ထိန်လန့်မှုကြောင့်

အော်ဟစ်သံကိုလည်း ကြားလိုက်ရလေသည်။ ထိုအသံက ရင်နှီးသလိုထင်ရပေမယ့် ဘယ်သူအသံလဲ

ဆိုတာတော့ ရန်ကိုင်မဆုံးဖြတ်နိုင်တဲ့အတွက် လှုပ်ရှားဖို့ရာ တုန့်ဆိုင်းနေခဲ့ရသည်။

ထို့နောက် ကျောက်စကျောက်နတွေ ပြုတ်ကျလာတဲ့အသံကိုကြားလိုက်ရပြီး သူ့အမူအရာ အေးစက်သွားခဲ့

ပြီး ပိုပြီးလည်းသတိထားလိုက်သည်။ ( ငါလိုဏ်ဂူကို ဆောက်ပြီးတာတောင် သိပ်မကြာသေးဘူးလေ။

ဘယ်လိုလုပ်ပြီး ငါ့ကိုရှာတွေ့သွားတာလဲ။ ဒီနေရာကိုရော ဘယ်လိုလုပ်ပြီး တွေ့သွားတာလဲ)

အသံတွေက တဖြည်းဖြည်း ပိုကျယ်လာတာနဲ့ ရန်ကိုင်၏ပူပန်စိုးရိမ်မှုက ပျော်ရွှင်မှုအဖြစ်လို့ ပြောင်းလဲသွား

ခဲ့သည်။ ပြောစရာတောင်မလိုပဲ ထိုလူက စုယန်ကလွဲပြီးအခြားမဟုတ်ချေ။ သူမကသူနဲ့ တဖြည်းဖြည်း

နီးကပ်လာတာနဲ့ သူ့ခန္ဓာကိုယ်ထဲက ချီစွမ်းအင်နဲ့ သွေးတွေဆူပွက်လာခဲ့ပြီး ကြမ်းတမ်းစွားစတင်

လှည့်ပတ်လာတော့သည်။

သူအခုလို ခံစားနေရတာ ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ သူ့တို့

နှစ်ယောက်၏ ချီစွမ်းအင်တွေ ပေါင်းစပ်သွားပြီးနောက် အကွာအဝေးတစ်ခုအထိ တစ်ယောက်ကိုတစ်ယောက်

အာရုံခံနိုင်ပေသည်။

( တစ်လကြာမှ သူငါ့ကိုလာရှာမယ်လို့ ပြောတာမဟုတ်ဘူးလား။ အခု၁၀ရက်ပဲရှိသေးတယ်။ သူငါ့ကို

လာရှာနေပြီ ) ရန်ကိုင်အလွန်အမင်း ဝမ်းမြောက်နေခဲ့သည်။ သူ့စိတ်ကနေတစ်ဆင့် နတ်ဆိုးအိုကြီးက

ပြန်မလာသေးဖို့ပြောလိုက်ပြီးနောက် သူ့အကြည့်က ဝင်ပေါက်ကိုရောက်ရှိသွားခဲ့ပြီး သူ့မျက်လုံးထဲမှာတော့

မျှော်လင့်စောင့်စားမှုတွေနဲ့ ပြည့်နေခဲ့သည်။

တစ်ခဏအတွင်းမှာပဲ ကျက်သရေရှိတဲ့ သန့်စင်သော အဖြူရောင်ပုံရိပ်တစ်ခုက ပျံသန်းဝင်ရောက်လာခဲ့သည်။

သူမခြေမချရသေးခင်မှာပဲ ရန်ကိုင်က သူမကိုပြေးဖက်လိုက်သည်။ စုယန်၏ခန္ဓာကိုယ်က နွေးနေပြီး သူ့မ၏

ပေါက်စီနှစ်လုံးကလည်း သူ့ရင်ဘတ်နဲ့ထိကပ်နေခဲ့သည်။ သူမ၏နှလုံးခုန်သံကိုတောင် သူကြားနေခဲ့ရသည်။

မှိန်ဖျော့ဖျော့ ညရောင်အောက်တွင် စုယန်၏ရှက်သွေးဖြာနေတဲ့ မျက်နှာလေးကို ရန်ကိုင်တွေ့လိုက်ရသည်။

သူမခေါင်းပေါ်က ဆံထုံးလေးကြောင့် သူမကပိုပြီးရင့်ကျက်ပုံပေါ်ပြီး အချစ်မေတ္တာတွေပြည့်လျမ်းနေတဲ့

မျက်လုံးတွေနဲ့ ရန်ကိုင်က သူမကိုစူးစိုက်ကြည့်နေခဲ့သည်။

ရန်ကိုင်က ခေါင်းငုံ့ပြီး စုယန်ကိုနမ်းဖို့လုပ်လိုက်ပေမယ့် စုယန်က ခပ်မြန်မြန်ပဲ တားလိုက်၏ ‘‘ ခဏနေဦး ’’

စုယန်က သူမအရှေ့ကချစ်ရသူနဲ့အတူ နွေးမှုကိုရှာဖွေချင်တဲ့ ဆန္ဒကိုအတင်းအကြပ်ဖိနှိပ်ထားလိုက်ပြီး

ရန်ကိုင်က အသာအယာလေး တွန်းလိုက်သည်။

‘‘ ဘာလို့လဲ ’’ ရန်ကိုင်ကမေးလိုက်သည်။

‘‘ ဒီမှာငါတစ်ယောက်တည်းမဟုတ်ဘူး….’’ စုယန်က ရန်ကိုင်ကိုစိုက်ကြည့်လိုက်ပြီး ပြန်ပြောလိုက်၏။

ရန်ကိုင်အကြည့်က စုယန်၏လက်မောင်းဆီရောက်သွားပြီး သူမလူတစ်ယောက်ကိုသယ်လာမှန်း

တွေ့လိုက်ရသည်။ ထိုလူကလှုပ်ရှားမှုကင်းမဲ့နေပြီး သတိလစ်နေခဲ့သည်။ စုယန်သာမပြောခဲ့ရင် သူသတိ

ထားမိခဲ့လိမ့်မည်မဟုတ်ချေ။

‘‘ ဘာဖြစ်ခဲ့တာလဲ ’’ ရန်ကိုင်က မေးလိုက်ပြီး သူ့ဦးနှောက်တောင် အလုပ်မလုပ်တော့ဘူးလို့ ထင်ရတဲ့အထိ

ထိတ်လန့်သွားခဲ့ရသည် ( ဘာလို့ဒီလိုတွေဖြစ်လာရတာလဲ။ စုယန်က ဒီနေရာကို ငါ့အတွက်လာတာပဲ )

‘‘ နင်သူမကို သိလား ’’ စုယန်က သူမ၏အနီရောင်နှုတ်ခမ်းဖူးဖူးလေးတွေကို ကိုက်လိုက်ပြီး သူမအကြည့်က

အပြစ်ရှိမှု၊ အနေခက်မှု ၊အားနာမှုတို့နဲ့ ပြည့်နေခဲ့သည်။

‘‘ ငါတစ်ချက်လောက်ကြည့်ကြည့်မယ် ’’ ရန်ကိုင်က သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး စုယန်လက်မောင်းထဲက

လူကိုဖမ်းကိုင်လိုက်သည်။ ‘‘သတိထား၊သူကမိန်းကလေး ’’´စုယန်က ရန်ကိုင်ကိုသတိပေးလိုက်ပြီး

ရယ်ရမှန်း၊ငိုရမှန်းမသိဖြစ်သွားခဲ့ရသည်။

စုယန်ပြောလိုက်တာနဲ့ ရန်ကိုင်မျက်နှာချက်ချင်း နီရဲသွားခဲ့လေသည်။ ထိုခန္ဓာကိုသူဖက်လိုက်တဲ့အချိန်

မိန်းကလေး၏ရင်ဘတ်ကို သူပွတ်တိုက်မိသွားခဲ့သည်။ သူမိန်းကလေးတစ်ယောက်ကို ကိုင်ထားတယ်ဆိုတာ

အစပိုင်းတုန်းကတော့ ရန်ကိုင်နားမလည်ခဲ့ချေ။

‘‘ နင်မထိသင့်တဲ့နေရာတွေကို မထိနဲ့ ’’ စုယန်က ရန်ကိုင်ကို ဒေါသတကြီးစိုက်ကြည့်လိုက်သည်။

ရန်ကိုင်က ရှက်ကိုးရှက်ကန်းနှင့် သူ့လက်ထဲက မိန်းကလေးကိုချထားလိုက်သည်။ သူမမျက်နှာကို

သူကြည့်မိလိုက်တဲ့အချိန်မှာတော့ သူ့ကိုမိုးကြီးတစ်စင်းပစ်ခွင်းသွားလိုက်သလို ခံစားလိုက်ရသည်။

ရန်ကိုင်က သူမကိုအချိန်အတော်ကြာ စိုက်ကြည့််နေခဲ့ပြီးနောက် ပြောလိုက်သည် ‘‘ စီနီယာမမလေး ’’

စုယန်သယ်လာတဲ့သူက ရှနင်းချန်ဖြစ်မယ်လို့ သူတစ်ခါမှမထင်ထားခဲ့ချေ။ ထို့နောက် ရှနင်းချန်ကို

ချထားလိုက်သည်။

ထိုအချိန်တွင် သူမမျက်လုံးတွေက ပိတ်နေပြီး သူမမျက်နှာကိုတော့ ပါးလွှာတဲ့မျက်နှာကာတစ်ခုနဲ့ ဖုံးကွယ်

ထားလေသည်။ သူမ၏သက်သောင့်သက်ဖြစ်နေတဲ့ ပုံစံကိုကြည့်ရင်း သူမဘာမှမထိခိုက်သွားဘူးဆိုတာ

ရန်ကိုင်သိလိုက်သည်။ ‘‘ ဘာတွေဖြစ်ခဲ့တာလဲ ’’ ဘာတွေဖြစ်နေလဲဆိုတာ ရန်ကိုင်မသိတော့ပေ။

စုယန်သူ့ကိုလာရှာတာကို လက်ခံနိုင်ပေမယ့် စုယန်ကသတိလစ်နေတဲ့ရှနင်းချန်ကို သယ်လာပြီး

ရောက်လာလိမ့်မယ်လို့တော့ ထင်မထားခဲ့ချေ။ ရုတ်တရက် အစောပိုင်းတုန်းက ကြားလိုက်ရတဲ့

တိုက်ခိုက်သံတွေကို ပြန်ကြားလိုက်ရပြီး သူ့စိတ်ဝိဉာဉ်ကို လျှပ်စီးနဲ့တို့လိုက်သလို ခံစားလိုက်ရပြီး

အလွန်အမင်း ခြောက်ခြားသွားခဲ့ရသည်။ ရန်ကိုင်က စုယန်ကိုကြည့်လိုက်ပြီး မေးခွန်းထုတ်လိုက်သည်

‘‘ နင်သူမကိုသတိလစ်အောင်လုပ်လိုက်တာလား ’’

စုယန်ကအကြည့်လွှဲလိုက်ပြီး ခေါင်းလေးငုံ့ကာ ခေါင်းညိတ်ရုံလေးညိတ်ပြလိုက်ပြီး ‘‘ ငါသူမကိုဒဏ်ရာရအောင် မလုပ်ခဲ့ပါဘူး။ သူမကအဲ့နေရာမှာစောင့်နေတာ ရက်တော်တော်ရှိနေပြီ။ ငါနင့်ဆီကိုလာပြီး စကားပြောချင်

ပေမယ့် သူမရှိနေတော့….အဲ့ဒါကြောင့်ပဲ ငါသူမကိုသတိလစ်အောင်လုပ်လိုက်တာ…..’’ ရန်ကိုင်ကသူ့နဖူးကို

လက်ဝါးနဲ့ရိုက်လိုက်မိသည်။ စုယန်နှင့်ရှနင်းချန်တို့နှစ်ယောက်စလုံးက အစစ်အမှန်ဒြပ်စင်အဆင့်တွေဖြစ်ပေမယ့်

စုယန်၏ကျင့်ကြံခြင်းအဆင့်က ရှနင်းချန်ထက်နည်းနည်းပိုမြင့်ပေသည်။ တကယ်တမ်းသားသူတို့နှစ်ယောက်

တိုက်ခိုက်ကြမယ်ဆိုရင် ရှနင်းချန်က စုယန်၏ပြိုင်ဘက်မဖြစ်နိုင်ပေ။ စုယန်သာချောင်းမြောင်းတိုက်ခိုက်မယ်

ဆိုရင် သူမကိုသတိလစ်အောင်လုပ်ဖို့က တကယ်ကိုလွယ်ကူပေသည်။

ဒီကိစ္စကတော်တော်လေး ကြောက်မက်ဖွယ်ကောင်းတဲ့ ကိစ္စတစ်ခုဖြစ်ပေမယ့် ရှနင်းချန်က ဒေါသကြီးတဲ့

လူတစ်ယောက်မဟုတ်တာ ကံကောင်းပေသည်။ အဖြစ်အပျက်တွေကိုသာ သေချာရှင်းပြသရွေ့ကတော့

ရှနင်းချန်က သူတို့ကိုခွင့်လွှတ်ပေးနိုင်ပြီး မန်ဝူရမသိအောင် ဖုံးကွယ်ထားနိုင်ပေသည်။ မဟုတ်ရင်

မန်ဝူရက သူ့တပည့်ကိုသတိလစ်အောင်လုပ်တဲ့အတွက် လာပြီးပြဿနာရှာပေလိမ့်မည်။ မန်ဝူရသူ့ကို

ပြဿနာလာရှာမယ့်အကြောင်း တွေးလိုက်ရုံနဲ့တင် သူ့တစ်ကိုယ်လုံး ချွေးအေးတွေထွက်လာခဲ့သည်။

စုယန်က ရန်ကိုင်ကိုကြည့်လိုက်ပြီး မေးလိုကသည် ‘‘ သူမကနင့်ကိုတော်တော်ဂရုစိုက်တဲ့ပုံပဲ။ နင်သူမကို

သိလား ’’

‘‘ အင်း ’’ ရန်ကိုင်က ငြင်းဆန်ဖို့မကြိုးစားခဲ့ပေ။ ရှနင်းချန်ကို သူ့လက်ထဲတွင်ကိုင်ထားရင်း

လိုဏ်ဂူအတွင်းပိုင်းထဲကို လမ်းလျှောက်သွားလိုက်ပြီး သူမကိုကုတင်ပေါ် တင်ပေးထားလိုက်သည်။

သူမဒဏ်ရာမရတာ တော်တော်ကံကောင်းပေသည်။ မဟုတ်ရင် မန်ဝူရ၏အမျက်ဒေါသကိုသူရင်ဆိုင်

ရနေပေလိမ့်မည်။

စုယန်၏ သူမ၏အချစ်ကလေးအား တိတ်ဆိတ်တည်ငြိမ်စွာနဲ့ စောင့်ကြည့်နေခဲ့သည်။

‘‘ အခုတော်တော်လေး နောက်ကျနေပြီ။ နင်ငါ့ကိုလာရှာတာ တစ်ခုခုများရှိလို့လား ’’ ရန်ကိုင်က သူမကို

ဖက်ရင်း ကျောက်တုံးကုထင်ဘေးတွင် ထိုင်ချလိုက်သည်။ စုယန်ကရန်ကိုင်ကိုလှည့်ကြည့်လိုက်ပြီး

သူမနှုတ်ခမ်းက ကွေးတက်သွားကာ ပြောလိုက်၏ ‘‘ ရှိတာပေါ့ ’’

‘‘ နင်ငါ့အကြောင်းတွေးနေတာလား ’’ ရန်ကိုင်ကပြုံးဖြဲဖြဲလုပ်ရင်း မေးလိုက်သည်။

စုယန်က ညင်ညင်သာသာနဲ့ ခေါင်းညိတ်လိုက်တဲ့အတွက် ရန်ကိုင်က ချက်ချင်းလှုပ်ရှားမှုတစ်ခုလုပ်လိုက်သည်။

ဒါပေမယ့် ရုတ်တရက် သူမလက်နဲ့သူ့ပါးစပ်ကို ဟန့်တားထားလိုက်ပြီး ခက်ထန်တဲ့လေသံနဲ့ ပြောလိုက်သည်

‘‘ တော်တော်ထူးဆန်းတယ်။ ပုံမှန်ဆို ငါရေခဲနှလုံးသားလျှို့ဝှက်နည်းစနစ်ကို လေ့ကျင့်တာနဲ့ ငါ့နှလုံသားက

လုံးဝကိုးအေးခဲသွားလေ့ရှိတယ်။ ဒီကမ္ဘာကြီးထဲက ဘယ်အရာကမှ ငါ့နှလုံသားကို ရှုပ်ထွေးအောင် မလုပ်နိုင်ဘူး။

ဒါပေမယ့်အခုငါလေ့ကျင့်လိုက်တာနဲ့ အလိုလိုနင့်အကြောင်းကို တွေးနေမိတယ်။ ငါဖိနှိပ်ဖိုကြိုးစားရင်

အဲ့ဒါက ပိုပြီးဆိုးလာတယ် ’’

‘‘ နင့်အကြောင်းကိုမတွေးပဲငါမနေနိုင်ဘူး ’’ တင်းမာမှုက ကြီးထွားလာတာနဲ့ စုယန်၏ခန္ဓာကိုယ်က ပျော့ခွေသွား

ခဲ့ပြီး ရန်ကိုင်၏လှုပ်ရှားမှုတွေကို တားဆီးနိုင်စွမ်းမရှိတော့ချေ။

‘‘ ဒီအကြောင်းကို နောက်မှပြောကြတာပေါ့….’’ ရန်ကိုင်လည်းမနေနိုင်တော့ပဲ စုယန်နှင့်အတူအိပ်ရာထဲ

လှဲချလိုက်သည်။ သူ့လက်က သူမခန္ဓာကိုယ်တစ်လျှောက် လှုပ်ရှားသွားလာနေပြီး တဖြည်းဖြည်းနဲ့ သူတို့

အသက်ရှုသံတွေ ပြင်းထန်လေးလံလာခဲ့သည်။ ရန်ကိုင်လက်က အဆက်မပြတ် လှုပ်ရှားနေခဲ့ပြီး

နောက်ဆုံးသူတို့နှစ်ယောက်စလုံး ဝတ်လစ်စလစ်ဖြစ်သွားခဲ့သည်။ လရောင်အောက်တွင် သူမအသားအရေကို

မြင်လိုက်ရတဲ့အချိန် ရန်ကိုင်မျက်လုံးပြူးကျယ်သွားခဲ့ရသည်။ သူမ၏အပြစ်အနာအဆာကင်းမဲ့တဲ့ နို့နှစ်ရောင်

အသားအရေးနှင့် မို့မောက်လုံးဝန်းနေတဲ့ ပေါက်စီနှစ်လုံးက အလွန်အမင်းကို ဆွဲဆောင်အားကောင်းနေခဲ့ပြီး

သူမျက်လုံးတွေကိုသူမဆီမှ မခွါနိုင်အောင် ဖြစ်သွားခဲ့ရသည်။ သူ၏ညင်သာတဲ့အသက်ရှုသံနှင့်အတူ

မွှေးပျံ့တဲ့ကိုယ်သင်းရနံ့လေးက သူ့နှာခေါင်းပေါက်ဆီ တိုးဝင်လာခဲ့သည်။ တဖျက်ဖျတ်ခတ်နေတဲ့ သူမ၏

မျက်တောင်လေးတွေက အလွန်အမင်းကို ညို့ယူဖမ်းစားနိုင်ပြီး အခုအဖြစ်အပျက်က အိပ်မက်တစ်ခုလို

ထင်ရပြီး ရန်ကိုင်ဘယ်သောအခါမှ မနိုးထချင်အောင် ဖြစ်သွားခဲ့ရသည်။ စုယန်က အလွန်အမင်း ရှက်နေတယ်

ဆိုပေမယ့် သူမမျက်လုံးတွေကတော့ မျှော်လင့်ချက်တွေနဲ့ ပြည့်နေခဲ့သည်။ ဂိုဏ်သုံးဂိုဏ်းကတပည့်တွေအားလုံး

လေးစားရတဲ့ နတ်သမီးလေးက ရန်ကိုင်အောက်ကို ရောက်နေခဲ့ပြီးသူ့ရဲ့သားကောင်ဖြစ်နေခဲ့ရရှာသည်။

သူမမျက်နှာလေးကတောင် တစ်မျိုးတစ်မည်ထူးခြားတဲ့ ဆွဲဆောင်မှုကိုထုတ်လွှတ်နေခဲ့ပြီး သူမ၏အရင်ပုံစံနှင့်

လုံးဝကိုကွာခြားနေခဲ့သည်။

ရန်ကိုင်က စုယန်၏ခန္ဓာကိုယ်တစ်ခုလုံးနမ်းရှိုက်နေပြီး သူမ၏ခန္ဓာကိုယ်လေး အနည်းငယ်တုန်ခါသွားခဲ့သလို

သူမ၏ပါးစပ်ကလေးကလည်း မသိလိုက်မသိဘာသာပဲ လှုပ်ရှားနေမိခဲ့သည်။ သူမ၏ဆွဲဆောင်ညို့ယူနိုင်တဲ့

အသက်ရှုသံလေးက တဖြည်းဖြည်းလေးလံလာခဲ့ပြီး ရန်ကိုင် ဒန်တန်ကပူလောင်လာခဲ့သည်။ သူမခန္ဓာကိုယ်ကို

အချိန်အတော်ကြာအောင် ပွတ်သပ်ပြီးနောက် ရန်ကိုင်သူ့ကိုယ်သူဆက်ပြီး မထိန်းချုပ်နိုင်တော့ပေ။

သူမခန္ဓာကိုယ်တစ်ခုလုံး ပြည့်နေသလို ခံစားလိုက်ရသည်။ အစုတန်းကတော့ စုယန်က သိပ်ပြီးသက်သောင့်

သက်သာမဖြစ်သလို ခံစားနေရပေမယ့် ခပ်မြန်မြန်ပဲ သာယာမှုအောက်တွင် သူမမျောပါသွားခဲ့သည်။ သူမ

လက်ကလေးကို ပါးစပ်လေးရှေ့တွင် ကာထားရင်း သူမအသံကိုထိန်းချုပ်ဖို့ကြိုးစားနေခဲ့သည်။ ဒါပေမယ့်

သူမပါးစပ်ကနေ ညီးတွားသံတွေ ထွက်နေတုန်းပင်ဖြစ်သည်။ သိပ်မကြာခင်မှာပဲ လိုဏ်ဂူတစ်ခုလုံး

သာယာပျော့ပျောင်းတဲ့ ညီးတွားသံတွေနဲ့ ပြည့်သွားခဲ့သည်။

မုန်တိုင်းပြီးနောက် သူတို့တစ်ယောက်ကိုတစ်ယောက် ဖက်ထားလိုက်ကြပြီး စကားပြောရမှာကို အရမ်းရှက်ရွံ့

နေခဲ့သည်။ သူတို့တစ်ယောက်ကိုတစ်ယောက် စကားပြောရမှာကို ရှက်နေတာမဟုတ်ချေ။ ကာမစိတ်ဆန္ဒတွင်

သူတို့နှစ်ယောက်စလုံး နစ်မြောသာယာနေတဲ့အတွက ်ရှနင်းချန်သူတို့ဘေးတွင် ရှိနေတာကိုတောင် မေ့လျော့

သွားခဲ့ပြီး ပြီးတော့မှပဲသတိထားမိတာကို ရှက်နေခြင်းဖြစ်သည်။ ထိုအချိန်တုန်းက ရှနင်းချန်က သူတို့ဘေးတွင်

ရှိနေခဲ့သည်။ သူမသတိလစ်နေလို့ပဲ ကံကောင်းသွားပေသည်။ ထိုအတွက်ကြောင့်ပဲ သူတို့နှစ်ယောက်စလုံး

ဝမ်းသာသွားခဲ့ရပေမယ့် ကြောက်ရွံ့မှုကတော့ မပြေသေးချေ။

သူတို့နှစ်ယောက် လေ့ကျင့်နေတဲ့အချိန် သူတို့၏စိတ်အာရုံက ဘာလို့ပတ်ဝန်းကျင်ကို လုံးဝသတိမပြုမိပဲ

တစ်ယောက်အပေါ်မှာသာတစ်ယောက် အာရုံစိုက်နေလဲဆိုတာ မသိပေ။ သူတို့စိတ်က ဘေးနာမှာ

ရှိနေတဲ့ရှနင်းချန်ကိုတောင် လုံးဝသတိမထားမိသလို စိတ်လည်းမပူပေ။ သူရဲ့ချစ်ရတဲ့အလှလေးကို

သူ့ရင်ဘတ်ထဲ ဆွဲဖက်ထားလိုက်ပြီး ရန်ကိုင်က ပြောလိုက်သည် ‘‘ စုယန်၊ ကြည့်ရတာ ဒီပြဿနာက

ငါတို့နှစ်ယောက်ကြားမှာပဲထင်တယ် ….’’

‘‘ အင်း ’’ စုယန်က ခေါင်းလေးညိတ်လိုက်သည်း

‘‘ ဒါက ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ်ကြောင့်လို့ ငါထင်တယ်။ ငါတို့ကျင့်ကြံတိုင်း ငါတို့တစ်ယောက်

အကြောင်းပဲ တစ်ယောက်တွေးနေကြတယ်။ နင်လေ့ကျင့်နေတဲ့အချိန် နင့်စိတ်ထဲမှာ ငါ့အကြောင်းကိုပဲ

တွေးနေမိတယ်မလား’’

အခုလိုဖြစ်ကတတ်ဆန်းစကားတွေပြောတဲ့အတွက်သူ့ကိုအပြစ်တင်တဲ့ပုံစံနဲ့ စုယန်ကရန်ကိုင်၏ရင်ဘတ်ကို

ဖွဖွလေးထုလိုက်သည်။ ‘‘ ငါအရမ်းကြီးကျင့်ကြံနေတာမဟုတ်ဘူး…..အဲ့ဒါကြောင့် ငါ့စိတ်ဆန္ဒတွေက နင့်လောက်

မပြင်းထန်ဘူး ’’ ရန်ကိုင်က အမှန်တရားကို ပြောလိုက်သည်။ အခုအချိန်ထိ မွှေးရနံ့အိုး၏အကူအညီနဲ့

သူကျင့်ကြံနေတာဖြစ်၏။ မွှေးရနံ့က သူ့ကျင့်ကြံခြင်းကို ဖိနှိပ်ထားတဲ့အတွက် ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ်မှ

စိတ်ဆန္ဒတွေက သူ့အပေါ်စုယန်လို အရမ်းကြီးမလွှမ်းမိုးနိုင်ပေ။

‘‘ သေချာတာကတော့ ငါတို့တစ်ယောက်နဲ့တစ်ယောက် ခွဲလို့မရတော့ဘူးထင်တယ် ’’ ရန်ကိုင်က ပြုံးလိုက်သည်။

‘‘ အခုပြဿနာကို ငါတို့ဒီအတိုင်း ထားလိုက်လို့မဖြစ်ဘူး ’’ စုယန်က ယတိပြတ်ပြောလိုကသ်ည်။

‘‘ငါတို့တစ်ယောက်နဲ့တစ်ယောက် နီးကပ်နေသရွေ့ တစ်ယောက်အကြောင်းတစ်ယောက် မတွေးပဲနေနိုင်မှာ

မဟုတ္ဘူး ’’

‘‘ ကောင်ပြီလေ။ အဲ့ဒါဆို နင်ဘယ်လိုလုပ်ချင်လဲ ’’

‘‘ ငါတို့အဲ့ဒါကိုဖိနှိပ်ထားရမယ်။ လုံးဝကိုပဲ။ ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ်က ငါတို့ကိုထိန်းချုပ်သွားလို့မဖြစ်

ဘူး။ ငါတို့ကိုယ့်ကိုယ်ကို ထိန်းချုပ်မှပဲ ရမယ်။ အခြားနည်းလမ်းမရှိတော့ဘူး ’’´စုယန်ကလုံးဝဆုံးဖြတ်ချက်

ချထာတဲ့ပုံစံနဲ့ ပြောလိုက်သည်။ သူမက ရန်ကိုင်ကိုနူးညံ့စွာနဲ့ ကြည့်လိုက်ပြီး ‘‘ ငါ့ဆုံးဖြတ်ချက်က

နင့်အတွက် ရက်စက်မှန်းငါသိပါတယ်။ ငါ့ကျင့်ကြံခြင်းက င့ါစိတ်ခံစားချက်တွေကို ဖိနှိပ်ဖို့ကူညီပေးနိုင်ပေမယ့်

နင်ကတော့မတူညီတော့ဘူး။ နင့်ချီစွမ်းအင်က ကြမ်းတမ်းတယ်။ နင်လေ့ကျင့်တာနဲ့တစ်ပြိုှု်နက်

နင်ရင်ဆိုင်ရတဲ့ ဆန္ဒတွေက ငါရင်ရတာထက်ပိုပြီးပြင်းထန်လိမ့်မယ် ’’

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၃) သတိလစ်နေတဲ့ မိန်းကလေးတပည့်တစ်ယောက်

‘‘ ငါသိတယ်……’’ ရန်ကိုင်မျက်နှာကလေးနက်နေပြီး ခေါင်းညိတ်ပြလိုက်သည်။

‘‘ နင့်ဆန္ဒတွေကို မဖိနှိပ်နိုင်ဘူးဆိုရင် နင့်ဆန္ဒတွေကို အခြားမိန်းကလေးတစ်ယောက်ရှာပြီး ဖွင့်ထုတ်ပစ်လို့

ရတယ် ’’ စုယန်၏ မျက်ခမ်းလေးတွေက အနည်းငယ်တုန်ရီသွားခဲ့ပြီး သူမမျက်နှာကတော့ လေးနက်နေတုန်းပင်။

‘‘ မလုပ်ဘူး ၊ ငါကဖောက်ပြန်တဲ့သူတစ်ယောက်မဟုတ်ဘူး ’’ ရန်ကိုင်က အားတင်ပြီးပြုံးလိုက်သည်။

စုယန်က ဖြေးဖြေးချင်း ခေါင်းခါလိုက်သည် ‘‘နင်နားမလည်ပါဘူး…..အဲ့ဆန္ဒတွေ ထွက်ပေါ်လာတဲ့အချိန်

နင့်ငါ့နားမှာ မရှိတဲ့အတွက် ဖြစ်ပေါ်လာတဲ့ နာကျင်မှုက တကယ်ကို မခံစားနိုင်ဘူး….လွန်ခဲ့တဲ့၂ရက်တုန်းက

ငါနင့်ကိုလာရှာသေးတယ်။ အဲ့မှာပဲ ဂျူနီယာညီမလေး ရှနင်းချန်က အနားမှာပုန်းနေတာကို တွေ့လိုက်ရတာ။

ငါလည်းသည်းမခံနိုင်တော့တာနဲ့ သူမကိုသတိလစ်အောင်လုပ်လိုက်တာ။ သူမနိုးလာတဲ့အချိန်ကျ ငါ့ကို

ဒေါသမထွက်ဖို့မျှော်လင့်ရတာပဲ ’’

‘‘ အဲ့လောက်တောင် ဆိုးလား ’’ ရန်ကိုင်မျက်မှောင်ကြုံ့လိုက်သည်။ စုယန်က၏ စိတ်နေစိတ်ထား၊ စိတ်စွမ်အား

ကိုသူကောင်းကောင်းသိပေသည်။ သန့်စင်အေးစက်တဲ့ သူမလိုမိန်းကလေး တစ်ယောက်ကိုတောင် သူ့ကို

လာရှာအောင် လုပ်နိုင်တယ်ဆိုတော့ ထိုခံစားချက်က တကယ်ကို သည်းမခံအောင်ဆိုးရွားမယ့်ပုံပေါ်သည်။

‘‘ အဲ့ဒါအရမ်းကြောက်ဖို့ကောင်းတယ်။ ငါ့ခန္ဓာကိုယ်ရော၊ စိတ်ပါ နှိပ်စက်တာ။ ငါတကယ်ကို တုန်လှုပ်မိတယ် ’’

စုယန်၏ အသံကပိုးပြီးတင်းကျပ်လာပြီး ‘‘ ငါကိုယ်တိုင် အဲ့ခံစားချက်ကို ခံစားဖူးတော့ အဲ့ခံစားချက်က

ဘယ်လောက်တောင် ဆိုးရွားလဲဆိတာ ငါနားလည်ပါတယ်။ အဲ့ဒါကြောင့် နင့်ဆန္ဒတွေကိုဖြေဖျောက်ဖို့

အခြားမိန်းကလေးတစ်ယောက်ကို သွားရှာမယ်ဆိုရင်တောင် ငါစိတ်မဆိုးဘူး ’’

ရန်ကိုင်က ထိုဆန္ဒ၏အကျိုးသက်ရောက်မှုကို အပြည့်အဝမခံစားရဖူးသေးတဲ့အတွက် ထိုဆန္ဒတွေကို

သူပြန်ပြီးတန်ပြန်နိုင်မလားဆိုတာ မသေချာသေးပေ။ ထို့ကြောင့် သူဘာမှပြန်မပြောခဲ့ပေ။ စုယန်က

ရန်ကိုင်ရင်ခွင်နား တိုးကပ်သွားခဲ့ပြီး သူ့ဘေးနာက မိန်းကလေးကိုကြည့်လိုက်သည် ‘‘ ဂျူနီယာညီမလေးရှက

တကယ်ကို မိန်းကလေးကောင်းတစ်ယောက်ပဲ။ သူမနင့်ကိုတကယ် ဂရုစိုက်တယ်လို့ ငါယုံကြည်တယ်။ ပြီးတော့

သူမမျက်နှာကို မျက်နှာကာတစ်ခုနဲ့ ကာထားပေမယ့် သူမအရမ်းကိုလှပဲတဲ့မိန်းကလေးတစ်ယောက်ဆိုတာတော့

သံသယရှိစရာကိုမလိုတာ။ ပြီးတော့ သူမကအားမနည်းဘူး။ နူးညံ့ပြီး ကြင်နာတတ်တယ်။ နင်သူမနဲ့

နီးနီးကပ်ကပ်နေသင့်တယ်။ ငါမရှိတဲ့အချိန်ကျ နင့်ကိုယ်နင်နှစ်သိမ့်ဖို့ သူမကိုနင့်ရင်ခွင်ထဲ ထည့်သိမ်းထား

သင့်တယ် ’’

‘‘ နောက်ထပ်မပြောနဲ့တော့…..အကျိုးဆက်တွေက နင်ထက်တာထက်ဆိုးမယ်လို့ ငါထင်နေတယ် ’’

မန်ဝူရက ရန်ကိုင်စိတ်ထဲ ပေါ်လာခဲ့သည်။

‘‘ နင်ဘယ်လိုလုပ်ပြီး သိတာလဲ ’’

ရန်ကိုင်က ယ်ငကိုးသွယ်တောင်ကြားထဲတွင် ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကို ပြန်ပြောပြလိုက်ပြီး

သူနဲ့ရှနင်းချန်တို့ နမ်းတဲ့အကြောင်းကိုတော့ ကျော်ချသွားလိုက်သည်။ စုယန်ကို လျှို့ှဝက်ထားချင်တာ

မဟုတ်ပေမယ့် သူရဲ့စီနီယာမမလေးရဲ့ ဂုဏ်သတင်းကို ဖျက်လိုဖျက်ဆီး မလုပ်ချင်တာဖြစ်၏။

‘‘ ငါသိပြီ…အဲ့လိုဆို ငါသူမကိုကျေးဇူးတင်သင့်တာပေါ့ ’’ စုယန်က ဇာတ်လမ်းတစ်ခုလုံးကို နားထောင်နေလိုက်ပြီး

ရှနင်းချန်ကို အထင်ကြီးလေးစားလာခဲ့သည်။ ရန်ကိုင်က သူမကိုယင်ကိုးသွယ်နှင်းပုံဆောင်ခဲပေးခဲ့ပေမယ့်

သူမကိုရန်ကိုင်ကို တစ်စိတ်တစ်ပိုင်း ပြန်ပေးခဲ့လေသည်။

‘‘ သူမနိုးလာတဲ့အချိန်ကျ ငါတို့သေချာရှင်းပြသရွေ့ သူမနင့်ကိုအပြစ်တင်မှာမဟုတ်ပါဘူး ’’ ရန်ကိုင်က

အားတင်းပြုံးလိုက်ပြီး စုယန်ကို နှစ်သိမ့်ပေးလိုက်သည်။

‘‘ အင်း ၊ ငါသိတယ် ’’

‘‘ သူတို့တစ်ယောက်ကိုတစ်ယောက် ဖက်ထားရင်း တစ်ယောက်အတွေ့အကြုံအကြောင်း တစ်ယောက်ပြော

နေခဲ့သည်။ သူတို့နှစ်ယောက်ထိုကဲ့သို့ လေးရက်ကြာအောင်လုပ်ခဲ့ပြီး နောက်စုယန်က ထလိုက်ပြီးသူမ

အဝတ်တွေကို ပြန်ဝတ်လိုက်သည်။

‘‘ ငါအခုသွားတော့မယ် ’’ သူမ၏ထွက်ခွါမှုက သူမ၏စိတ်အခြေအနေကို ပိုသန်မာလာအောင်လုပ်ဖို့

စမ်းသပ်မှုတစ်ခုပဲလို့ တွေးလိုက်သည်။ ‘‘ ခဏနေဦး’’ ရန်ကိုင်က ယင်ယန်မွန်းစတားဂျင်ဆင်းကို ညွှန်ပြလိုက်ပြီး

‘‘ မသွာခင်းလေး နင့်ရဲ့အစစ်အမှန်ချီစွမ်းအင်နည်းနည်းလောက် အဲ့ဆေးပင်ဆီပေးခဲ့လို့ရမလား ’’

‘‘ အဲ့ဒါဘာလဲ ’’ စုယန်က ထိုင်ချလိုက်ပြီး ယင်ယန်မွန်းစတားဂျင်ဆင်းကို အနီးစကပ်ကြည့်လိုက်သည်

‘‘ အဲ့ဒါငါ့ကိုပြုံးပြနေတယ်။ ဒါက ကောင်းကင်အဆင့်ဆေးပင်လား ’’

‘‘ အဲ့ဒါက ယင်နဲ့ယန်ကို ရှင်သန်ဖို့အတွက် စုပ်ယူတဲ့ ကောင်းကင်အဆင့် ဝိဉာဉ်ဆေးပင်ပဲ ။ ဒီနေရာမှာက

ယန်စွမ်းအင်ပဲ ရှိတဲ့အတွက် မျှခြေဖြစ်သွားအောင် နင့်ရဲ့ယင်စွမ်းအင်ကို စုပ်ယူဖို့လိုတယ် ’’

စုယန်က တုန့်ဆိုင်းမနေခဲ့ပေ။ သူမ၏လက်ကိုဆန့်ကာ ယင်ယန်မွန်းစတားဂျင်ဆင်းကို ထိခိုက်ပြီး ဆေးပင်ထဲကို

ယင်စွမ်းအင်အနည်းငယ် ပေးလိုက်သည်။ ထို့နောက် စုယန်က မတ်တပ်ရပ်လိုက်ပြီး ရန်ကိုင်ကိုဖက်လိုက်သည်။

အချိန်အတော်ကြာအောင် နှစ်ယောက်သာ ဖက်နေပြီးနောက် စုယန်ကပြန်ထွက်သွားတော့လေသည်။

စုယန်ထွက်သွားဖို့ လုပ်နေတဲ့အချိန် ရန်ကိုင်က အရေးကြီးတဲ့ ကိစ္စတစ်ခုကို သတိရလိုက်ပြီး ချက်ချင်းပဲ

မေးလိုက်သည် ‘‘ စီနီယာမမလေး ရှက ဘယ်တော့မှနိုးမှာလဲ ’’

‘‘ နေထွက်ချိန်လောက် ’’ ပြောပြီးတာနဲ့ စုယန်က ရန်ကိုင်မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

စုယန်ထွက်သွားပြီးတာနဲ့ စုယန်က ရစ်ခွေနဂါးစမ်းချောင်းပေါ်တွင် ရပ်နေလိုက်ပြီး လိုဏ်ဂူဝင်ပေါက်ကို

ပြန်လှည့်ကြည့်လိုက်သည်။ သူမ၏အပြုအမူတွေကို သတိပြုမိလိုက်တဲ့အချိန် ရှက်ရွံ့မှုကြောင့် သူမမျက်နှာလေး

နီရဲသွားခဲ့သည်။ သူမအပြစ်ရှိသလို ခံစားလိုက်ရပြီး တစ်ချိန်တည်းမှာပဲ စိတ်မသက်မသာဖြစ်သလို ခံစားရသည်။

သူမကိုယ်သူမ အရမ်းဆိုးတာပဲလို့တွေးမိလိုက်သည်။ သူမ၏ကာမဆန္ဒတွေကို ဖွင့်ထုတ်ချင်တဲ့အချိန်က

ရန်ကိုင်ကိုလာရှာပြီး သူမ၏ဆန္ဒတွေ ပြည့်ဝသွားတာနဲ့ရန်ကိုင်ကို ထားရစ်ခဲ့သည်။ ထိုအချိန်တွင်

ရန်ကိုင်နဖူးဆီမှာ ချွေးတစက်စက်ကျနေပြီး မြေကြီးပေါ်တွင် အမြစ်တွယ်နေသလို ရပ်နေခဲ့သည်။

အခုပဲ သူလုံးလုံးလျားလျား မေ့လျော့နေတဲ့ အရေးကြီးအရာတစ်ခုကို သူသတိရလိုက်သည်….အဲ့ဒါကတော့

ရှနင်းချန်၏ အထူးခန္ဓာကိုယ်ပင်ဖြစ်သည်။

ရှနင်းချန်ကို သတိလစ်အောင် လုပ်ဖို့မေ့ဆေးသုံးခဲ့ကြောင်း စုယန်သူ့ကိုပြောပြခဲ့ပေသည်။ ဒါပေမယ့် ရှနင်းချန်

တွင် အထူးခန္ဓာကိုယ် ရှိတယ်ဆိုတော့ စုယန်လုံးဝမသိခဲ့ချေ။

ရှနင်းချန်က တော်ဝင်ဝိဉာဉ်ဆေးခန္ဓာကိုယ် ပိုင်ဆိုင်ပြီး ထိုတော်ဝင်ဝိဉာဉ်ဆေးခန္ဓာကိုယ်က မည်သည့်စွမ်းအင်

ပုံစံမျိုးကိုမဆို ဆေးလုံးအဖြစ်ပြောင်းလဲပစ်နိုင်လေသည်။ ဆေးလုပ်တဲ့နေရာတွင် ဆရာသခင်တစ်ယောက်

ဖြစ်တဲ့ သူမလိုလူမျိုးကို သာမန်မေ့ဆေးလေးနဲ့ သတိမေ့အောင် လုပ်ဖို့ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲ။ သူမသတိ

လစ်သွားတယ်ဆိုရင်တောင် စုယန်ပြောတဲ့အချိန်ထက် ပိုစောပြီးနိုးလာမှာ ကျိန်းသေပေသည်။

ရန်ကိုင်ခန္ဓာကိုယ်တစ်ခုလုံး ရေချိုးထားသည့်အလား ချွေးတွေနဲ့ စိုရြွှနေခဲ့သည်။ လိုဏ်ဂူဝတွင်၂နာရီလောက်

ကြာအောင် သူတောင့်တောင့်ကြီး ရပ်နေခဲ့ပြီး ရှနင်းချန်နားနေတဲ့ နေရာဆီပြန်သွားဖို့ရာ ထိန်လန့်နေမိသည်။

တကယ်ဆိုရင် ရန်ကိုင်အခု ကမ္ဘာအနက်ဆုံးအပိုင်းထိ တူပြီး တွင်းတစ်တွင်းလုပ်ကာ ပုန်းအောင်နေချင်မိ

လေတော့သည်။ ရန်ကိုင်က သူ့စိတ်သူပြင်ဆင်လိုက်ပြီး အခန်းထဲကိုဖြေးဖြေးချင်း ပြန်ဝင်သွားလိုက်သည်။

ရန်ကိုင်ပြန်ရောက်လာတဲ့အချိန် ရှနင်းချန်၏ အသက်ရှုသံက တဖြည်းဖြည်းလေးလံလာတာကို သတိပြုမိ

လိုက်သည်။ ရန်ကိုင်က သူ့နဖူးက ချွေးတွေကိုသုတ်လိုက်ပြီး ရှနင်းချန်နားဆီ ဖြေးဖြေးချင်သွားလိုက်ပြီး

သူမဘေးတွင် ထိုင်ချလိုက်ည်။ ရန်ကိုင်က သူမကိုမျက်တောင် တစ်ချက်တောင် မခတ်ပဲ တောက်လျှောက်စိုက်

ကြည့်နေခဲ့သည်။ ရှနင်းချန်၏ အသက်ရှုသံက တဖြည်းဖြည်းလေးလံလာတာကို သူသတိပြုမိလိုက်သည်။

သူမ၏အသက်ရှုသံ မြန်ဆန်လာခဲ့ပြီး သူမပါးလေးက အနည်းငယ်နီရဲလာခဲ့သည်။ သူ၏မျက်တောင်မွေးလေး

တွေက အနည်ငယ်တုန်ရီသွားခဲ့သည်။

‘‘ ဟဲလို…’’ ရန်ကိုင်သက်ပြင်ချလိုက်ပြီး ကုန်းလိုက်ကာ ရှနင်းချန်နားဆီကပ်သွားလိုက်သည်။ ထို့နောက ်

အသံတိုးတိုးလေးနဲ့ သူမကိုခေါ်လိုက်သည် ‘‘ စီနီယာမမလေးရှ၊ စီနီယာမမလေးရှ….’’ ဒါပေမယ့်

ရှနင်းချန်က လှုပ်ရှားမှု ကင်းမဲ့နေတုန်းပင်ဖြစ်ပြီး သူမမျက်လုံးတွေက သတိလစ်နေသလို လုံးဝကို

ပိတ်နေခဲ့သည်။

ရန်ကိုင်က သူမကိုရန်စဖို့ဆုံးဖြတ်လိုက်ပြီး သူမကိုသတိပေးလိုက်သည် ‘‘ ငါနင့်မျက်နှာကာကို ဖယ်လိုက်တော့

မှာနော်….’’ မျက်နှာနဲ့ ဖုံးကွယ်ထားတဲ့အတွက ်သူမမျက်နှာကို ရန်ကိုင်တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ယင်ကိုးသွယ်

တောင်ကြားတွင် သူတို့နှစ်ယောက်နမ်းတုန်းကတောင် ရှနင်းချန်က သူမမျက်နှာကာကို လုံးဝမဖယ်ရှားခဲ့ပဲ

ပါးစပ်နေရာလေးသာ ဖယ်ခဲ့သည်။ ရန်ကိုင်သာ သူမမျက်နှာဘယ်လိုဘယ်ပုံ ရှိမလဲဆိုတာ စိတ်မဝင်စားဘူး

ဆိုရင် သူလိမ်နေတာပဲ ဖြစ်ပေသည်။ ရန်ကိုင်က သူ့လက်ကို မျက်နှာကာဆီ ဖြေးဖြေးချင်းဆန့်ထုတ်လိုက်သည်။

ဒါက တစ်သက်တွင် တစ်ကြိမ်ပဲ ရမယ့်အခွင့်အရေးဆိုတာ ရန်ကိုင်သိပေသည်။

ရန်ကိုင်က ရှနင်းချန်၏ခန္ဓာကိုယ်တစ်ခုလုံးကို အပြည့်အဝအာရုံစိုက်ထားလိုက်သည်။ သူမ၏မျက်နှာအမူအရာ

ပြောင်းလဲမှုကို အသေးစိတ်ကို သူလုံးဝအာရုံစိုက်ထားခဲ့သည်။ ဒါပေမယ့် သူမမျက်နှာကိုဖယ်ဖို့

လုပ်နေတာတောင် ရှနင်းချန်မခုခံခဲ့ပေ။

( နင်ဒါကိုတောင် တောင့်ခံနိုင်သေးတာလား ) ရန်ကိုင်က သူမ၏သည်းခံနိုင်စွမ်းကို ချီးကျူးလိုက်သည်။

နောက်ထပ်နည်းလမ်းတွေကို ကြိုးစားခဲ့ပေမယ့် ရှနင်းချန်က ဆက်ပြီးအိပ်စက်လဲလျောင်းနေတုန်းပင်။

သူမမျက်နှာကာကို ဖယ်ဖို့အကွက်ကို ရန်ကိုင်လက်လွှတ်လိုက်ပြီး ထူဆန်းတဲ့အပြုံးနဲ့ ပြောလိုက်သည်

‘‘ စီနီယာမမလေး၊ နင်မထသေးဘူးဆိုရင် ငါ…အဟမ်းအဟမ်း…’’´ရန်ကိုင်က သူအသံကို

တစ်ခုခုလုပ်တော့မယ့် လူတစ်ယောက်၏ အသံမျိုးဖြစ်အောင် ပြောင်းလိုက်ပြီး ပြောလိုက်သည်။

ဒါပေမယ့် သူမဆီက မည်သည့်ုတုန့်ပြန်မှုမျိုးကိုမှ မတွေ့ခဲ့ရပေ။ ရန်ကိုင်က နောက်ထပ် နည်းအမျိုမျိုးနဲ့

ထပ်ကြိုးစားခဲ့ပေမယ့် သူမဆီကမည်သည့်တုန့်ပြန်မှုကိုမှ မတွေ့ခဲ့ရပေ။ ‘‘ ကောင်းပြီ…နင်တကယ်ကို

သတိလစ်နေပုံပဲ….’’ ရှနင်းချန်ဆီကမည်သည့် တုန့်ပြန်မှုမှ မရရှိတဲ့အတွက် ရန်ကိုင်အဖို့ သူ့အရှုံးကို

လက်ခံရုံသာတတ်နိုင်တော့သည်။ ရန်ကိုင်က ဖွဖွလေး သက်ပြင်းချလိုက်သည် ‘‘ စီနီယာမမလေး၊

ကောင်ကောင်းအိပ်ပါ။ နေထွက်လာတဲ့အချိန် ငါတို့နှစ်ယောက်စလုံး ဘာမှမမှတ်မိဘူးလို့ မျှော်လင့်ပါတယ် ’’

ရန်ကိုင်က ဝင်ပေါက်နားသွားလိုက်ပြီး တင်ပလင်ခွေထိုင်ကာ တရားထိုင်နေလိုက်သည်။

ဒါပေမယ့် နေထွက်လာတဲအထိ ရှနင်းချန်ဆီက မည်သည့်အသံမှ မကြားရတဲ့အတွက် ရန်ကိုင်စိုးရိမ်လာခဲ့သည်။

ရန်ကိုင်က ဝင်ပေါက်နဲ့အိပ်ရာကို ခေါက်တနု့်ခေါက်ပြန် လမ်းလျှောက်နေပြီး နောက် လိုဏ်ဂူထဲကနေ

ထွက်ကာ ရစ်ခွေနဂါးစမ်းချောင်းပေါ် တက်သွားလိုက်သည်။

ရန်ကိုင်ကတော့ အေးအေးဆေးဆေးပင်။ ရှနင်းချန် နိုးနေနေ၊မနိုးနေနေ၊ သူမ၏စိတ်နေစိတ်ထားအရဆိုရင်

သူနဲ့စုယန်အကြောင်းကို လျှောက်ပြောလိမ့်မှာမဟုတ်ဘူးဆိုတာ ရန်ကိုင်သိပေသည်။ ကောင်းကင်စံအိမ်

အတွင်း၊ ရန်ကိုင်က ထောက်ပံ့ရေးခန်မဆီကို လမ်းလျှောက်နေရင်း မန်ဝူရက သူ့ကိုဆီးကြိုနှုတ်ဆက်လိုက်သည်

‘‘ ရန်ကိုင်လေး ’’ မန်ဝူရ၏အသံကို ကြားလိုက်တာနဲ့ ရန်ကိုင်ဖြူဖတ်ဖြူလျော်ဖြစ်သွားခဲ့ပြီး မသိချင်ယောင်

ဆောင်ကာ အရှိန်မြင့်ပြီး ဆက်သွားလိုက်သည်။ သိပ်မကြာခင်မှာပဲ မန်ဝူရမြင်ကွင်းဆီမှ ရန်ကိုင်ပျောက်ကွယ်

လို့သွားတော့သည်။

‘‘ သူဘာလို့ ပြေးနေတာလဲ ’’ မန်ဝူရက မျက်မှောင်ကြုံ့ရင်း တွေးလိုက်သည်။ ရန်ကိုင်သူ့ကိုအခုလိ

ဆက်ဆံနေရအောင် သူရန်ကိုင်ကိုဘယ်တုန်းကများ မကျေမနပ် ဖြစ်စေခဲ့လဲဆိုတာ ပြန်တွေးတော

လိုက်သည်။ မနေ့ညကတည်း ရန်ကိုင်စိတ်အခြေအနေက တော်တော်လေး ရှုပ်ထွေးနေခဲ့သည်။

‘‘ နှုတ်ဆက်ပါတယ်၊ ဘဏ္ဏာထိန်းမန် ’’ သွေးတိုက်ပွဲဂိုဏ်းတွင် မန်ဝူရ၏ခွန်အားကို မြင်တွေ့လိုက်ရတဲ့အတွက်

ကောင်းကင်စံအိမ် ဂိုဏ်းသားတွေ အကုန်လုံး မန်ဝူရကို လေးလေးစားစားနဲ့ နှုတ်ဆက်နေခဲ့ကြသည်။

အရင်တုန်းကဆိုရင ်သူတို့မန်ဝူရကို အခုလိုမျိုး ဘယ်တုန်းကမှ လေးလေးစားစားနဲ့ မနှုတ်ဆက်ခဲ့ကြချေ။

လူတိုင်းက သူ့ကိုတဏှာရူး၊ အကျင့်မကောင်းတဲ့ ဘဏ္ဏာထိန်းတစ်ယောက်အဖြစ် ယူဆထားတာပဲဖြစ်သည်။

ဒါပေမယ့် မန်ဝူရ၏ခွန်အားကို မြင်တွေ့ရပြီးသွားတဲ့ အချိန်မှာတော့ အရင်ကလိုမျိုး ဘယ်လိုလုပ်ပြီး

ဆက်ဆံရဲပါတော့မလဲ။

မန်ဝူရက သူ့နောက်ဆက်မလိုက်လာတာကို တွေ့လိုက်တော့မှပဲ ရန်ကိုင်စိတ်သက်သာရာ ရသွားခဲ့သည်။

ထို့နောက် သိုင်းခန်းမဆောင်ဆီ လမ်းလျှောက်သွားလိုက်ပြီး ထိုနေရာတွင ်လူတွေအများကြီး စုဝေးနေတာကို

တွေ့လိုက်ရသည်။ ကောင်းကင်အမွေအနှစ်လိုဏ်ဂူ အဖြစ်အပျက်ပြီးနောက် များစွာသောတပည့်တွေက

ထိုလိုဏ်ဂူထဲမှ သိုင်းပညာရပ်တွေ၊ ကျင့်စဉ်တွေ အများကြီး ရရှိခဲ့သည်။ ကောင်းကင်စံအိမ်က တပည့်တွေဆီမှ

ထိုသိုင်းပညာရပ်တွေကို ထောက်ပံ့ရေးအမှန်တွေနဲ့ ပြန်လဲယူခဲ့သည်။ ရန်ကိုင်လည်း ကောင်းကင်အမွေ

အနှစ်လိုဏ်ဂူထဲကနေ သိုင်းပညာရပ်နှစ်ခု ရခဲ့ပေမယ့် ထိုင်သိုင်းပပညာရပ်တွေကို ကောင်းကင်စံအိမ်ဆီ

ပြန်ပေးဖို့ လုံးဝစိတ်ကူမရှိပေ။ အထူးသဖြင့် ဆန်းကြယ်အဆင့်ဖြစ်တဲ့ ကြယ်အမှတ်အသားပညာရပ်ပင်

ဖြစ်သည်။

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၄) အစဉ်အလာကိုဆန့်ကျင်ခြင်း

ရန်ကိုင်က နေမီးတောက်ပေါက်ကွဲခြင်း ပညာရပ်ကို အခြားတစ်ယောက်ဆီမှာ သိုင်းပညာရပ်နဲ့ လဲလှယ်ဖို့ လုံးဝစိတ်ကူ

မရှိပေ။ ကံမကောင်းစွာနဲ့ ကောင်းကင်စံအိမ်က ကျောင်းသားတွေအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် သိုင်းပညာရပ်

တွေကို တိတ်တဆိတ် လဲလှယ်ခွင့်မပြုပေ။ ရန်ကိုင်က လမ်းလျှောက်ထွက်သွားဖို့ လုပ်နေတုန်းမှာပဲ သူ့နောက်ကနေ

အေးစက်စက် အသံတစ်သံကိုကြာလိုက်ရသည် ‘‘ ရန်ကိုင် ’’

ရန်ကိုင် အသံကြားရာဆီ လှည့်ကြည့်လိုက်တဲ့အချိန် မျက်မှောင်ကြုံ့လိုက်မိသည်။ သူ့ကိုခေါ်လိုက်တဲ့သူက

ကောင်းကျန်းဝမ်ပင်ဖြစ်သည်။ လွန်ခဲ့တဲ့လများစွာက ရန်ကိုင်နဲ့လီယွမ်ရှန်းတို့ကို တောအုပ်အကျဥ်းထောင်ထဲပို့ဖို့

သူပဲအမိန့်ပေးခဲ့တာဖြစ်သည်။

ကောင်းကျန်းဝမ်သာ သူ့အိတ်ထဲလက်နှိုက်လိုက်ပြီး မထူးခြားနားတဲ့ပုံစံနဲ့ ရန်ကိုင်ဆီလမ်းလျှောက်သွားလိုက်သည်။

‘‘ စီနီယာအစ်ကို၊ ဘာများပြောစရာရှိလို့လဲ ’’

ကောင်းကျန်းဝမ်းက နှာခေါင်းရှုံ့လိုက်သည်။ ရန်ကိုင်မေးတာကို ပြန်မဖြေပဲ သူ့လက်ထဲက ပစ္စည်းတစ်ခုကို ရန်ကိုင်ဆီ

ပစ်ပေးလိုက်သည်။

ရန်ကိုင်က ထိုပစ္စည်းကို အလွယ်တကူ ဖမ်းနိုင်ခဲ့အတွက် ကောင်းကျန်းဝမ်အံ့အားသင့်သွားခဲ့ရသည်။ ထိုပစ္စည်းထဲက

အမှောင်စွမ်းအင်တွေကို ရန်ကိုင်က လွယ်လွယ်ကူကူနဲ့ ဖယ်ရှားပစ်နိုင်မယ်လို့ သူမထင်ထားခဲ့ချေ။ ‘‘ ဒါဘာလဲ ’’

ရန်ကိုင်က သူ့လက်ထဲကပစ္စည်းကို ကြည့်ရင်းမေးလိုက်သည်။ ထိုရာက စာတစ်စောင်ပင်ဖြစ်သည်။

‘‘ မင်းရာထူးကူးပြောင်းဖို့အတွက် အမိန့်တစ်ခုပဲ ’’ ကောင်းကျန်းဝမ် လေးနက်တဲ့ မျက်နှာထားနဲ့ ပြောလိုက်၏။

‘‘မင်းက စဦးဒြပ်စင်အဆင့်ကို ချိုးဖျက်နိုင်တဲ့အတွက် မင်းကိုရားထူးတိုးပေးဖို့ အကြီးအကဲတွေက ဆုံးဖြတ်လိုက်တယ်။

ကောင်းကင်စံအိမ်ရဲ့ စည်းမျဥ်းအရ တရားမဝင်တပည့်ကနေ သာမန်တပည့်အဖြစ်ကို မင်းကူးပြောင်းခွင့်ရှိတယ် ’’

ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်ပြီး ‘‘ ရာထူးတိုးတာလား ’’

‘‘ ဟုတ်တယ် ’’ ကောင်းကျန်းဝမ်က ခေါင်းညိတ်လိုက်သည် ‘‘ မင်းက ခန္ဓာသန့်စင်ခြင်းအဆင့်မှ ၃နှစ်ကြာအောင်

တစ်ဆို့နေတဲ့အတွက် မင်းရာထူးကို သာမန်တပည့်ကနေ တရားမဝင်တပည့်အဖြစ် လျှော့ချလိုက်တယ်။ ဒါပေမယ့်

မင်းကကျားကုတ်ကျားခဲ ကြိုးစားကျင့်ကြံပြီး စဦးဒြပ်စင်အဆင့်ကို ချိုးဖျက်နိုင်တဲ့အတွက် အကြီးအကဲတွေက မင်းကို

ရာထူးတိုးမြင့်ပေးဖို့ အခွင့်အရေးတစ်ခုပေးလိုက်တယ် ’’

‘‘ အခွင့်အရေးလား ’’ ကောင်းကျန်းဝမ်၏ စကားလုံးနောက်တွင် ဖုံးကွယ်ထားတဲ့ အဓိပ္ပါတစ်ခုခုရှိနေတယ်ဆိုတာ

ရန်ကိုင် သတိပြုမိလိုက်သည်။ ကောင်းကျန်းဝမ်က ရှင်းပြလိုက်သည် ‘‘ မင်းသာ အကြီးအကဲတွေပေးတဲ့တာဝန်ကို

ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့ရင် မင်းကိုသာမန်တပည့်အဖြစ် ရာထူးတိုးပေးမယ်။ ကောင်းကင်စံအိမ်က

တရားမဝင်တပည့်တွေက အခုလိုအခွင့်အရေးမျိုးရတာ မင်းအဖို့ ကိုယ့်ကိုယ်ကိုဂုဏ်ယူသင့်တယ်။ ဒီလိုအခွင့်အရေးက

လွယ်လွယ်နဲ့ ရတတ်တာမဟုတ်ဘူး။ အဲ့ဒါကြောင့် အခွင့်အရေးကို လက်မလွတ်စေပဲ မင်းအမိအရ ဆုပ်ကိုင်သင့်တယ်။

ရာထူးတိုးမြင့်ပေးဖို့ကတော့ မင်းရဲ့ကျွမ်းကျင်မှုနဲ့ ကံတရားအပေါ် မူတည်တာပေါ့ ’’

‘‘ ငါစိတ်မဝင်စားဘူး ’’ ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး ရာထူးတိုးမြင့်စားကို ဘေးဘက်ကို ပစ်လိုကသ်ည်။

ကောင်းကျန်းဝမ်၏ အမူအရာလုံးဝ ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်လွင့်ပစ်လိုက်တဲ့စာကို ပြန်ကောက်ကာ

ဒေါသတကြီး အော်ဟစ်လိုက်သည် ‘‘ ရန်ကိုင်၊ ဒါက အကြီးအကဲကောင်စီက အမိန့်တစ်ခုပဲ ။ မင်းဆန့်ကျင်ရဲတယ်လား ’’

‘‘ အဲ့တော့..အကြီးအကဲ ကောင်စီက အမိန့်ဆိုတော့ရော ဘာဖြစ်လဲ ’’ ရန်ကိုင်က စိတ်မရှည်တော့ပဲ ပြန်ပြောလိုက်သည်

‘‘ ရာထူးတိုးပေးဖို့ ငါဘယ်တုန်းကမှ မတောင်းဆိုခဲ့ဖူးဘူး။ ငါကတရားမဝင်တပည့်အဖြစ်ပဲ ဆက်ပြီးနေချင်တာ ။

မင်းကငါ့ကို ရာထူးတိုးမြင့်ဖို့ အတင်းအကြပ် ဖိအားပေးနေတာလား ’’ အကြီးအကဲတွေက သူ့ကိုဘာလုပ်ခိုင်းမလဲဆိုတာ

သူမသိပေမယ့် လွယ်ကူတဲ့တာဝန်တော့ မဟုတ်ဘူးဆိုတာ သူသိပေသည်။ သူ့အတွက ်အန္တရာယ်တောင်

ကျရောက်နိုင်ပေသေးသည်။

‘‘ ဒီတော့….မင်းကအခုလိုတရားမဝင်တပည့်တစ်ယောက် ဖြစ်နေတာကို ကျေနပ်နေတာပေါ့ ’’ ကောင်းကျန်းဝမ်က

လှောင်းပြုံးပြံုးပြလိုက်သည်။ ရာထူးတိုးမြင့်ခြင်းက စုယန်က ရန်ကိုင်ကိုတောအုပ်အကျဥ်းထောင်ထဲက

ကယ်တင်ပြီးကတည်းက ဖြစ်သင့်တာဖြစ်သည်။ ဒါပေမယ့် စုယန်သူ့ကိုကယ်ပြီးနောက ်ရန်ကိုင်က

ရှနင်းချန်နှင့်အတူ ယင်ကိုးသွယ်တောင်ကြားကို သွားနေတဲ့အတွက် ရာထူးတိုးဖို့ကိစ္စက နှောင့်နှေးခဲ့ရသည်။

သူတို့နှစ်ယောက်ပြန်လာပြီးနောက် ကောင်းကင်အမွေအနှစ်လိုဏ်ဂူ ပေါ်လာတဲ့အတွက ်ရာထူးတိုးဖို့ကိစ္စကို

ဆိုင်းင့ံ့ထားလိုက်ရပြန်သည်။ ထို့ကြောင့် အခုမှပဲ ရန်ကိုင်ဆီရာထူးတိုးဖို့ကိစ္စကို လာပြောနိုင်တာဖြစ်သည်။

‘‘ ငါ့ဘာသာငါ ဘာဖြစ်ဖြစ် မင်းကိစ္စမဟုတ်ဘူး ’’ ရန်ကိုင်ကနှုတ်ခမ်းက ကွေးတက်သွားခဲ့ပြီး ကောင်းကျန်းဝမ်ဆီမှ

လမ်းလျှောက်ထွက်သွားလိုက်သည်။

‘‘ ရန်ကိုင် ’’ ကောင်းကျန်းဝမ်က အော်ဟစ်လိုက်တဲ့အတွက် မလိုအပ်တဲ့ အာရုံစိုက်မှုတွေကို ဆွဲဆောင်သွားခဲ့သည်။

‘‘ ကောင်းကင်အမွေအနှစ်လိုဏ်ဂူထဲမှာ အခွင့်အရးရခဲ့တာ မင်းတစ်ယောက်တည်းလို့ထင်ပြီး ဒီနေရာမှာ

မင်းကြိုက်သလို လုပ်လို့ရမယ်လို့ ထင်နေတာလား။ အကြီးအကဲကောင်စီရဲ့ အမိန့်ကိုငြင်းဆန်ခဲ့အတွက် အကျိုးဆက်

တွေကို မင်းရင်ဆိုင်ရလိမ့်မယ် ’’

‘‘ ထွက်သွားစမ်း ’’ ရန်ကိုင်က ကောင်းကျန်းဝမ်လက်လှည့်လိုက်ပြီး အော်ဟစ်လိုက်သည်။ မိစ္ဆာချီစွမ်းအင်က

သူ့မျက်နှာဆီမှ ထွက်လာပုံရပြီး ကောင်းကျန်းဝမ်ဆီပြေးဝင်သွားကာ သူ့ကိုငေးကြောင်သွားစေခဲ့သည်။ သူအသိ

ပြန်ဝင်လာတဲ့အချိန်မှာတော့ ရန်ကိုင်က သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

သိုင်းခန်းမဆောင်နားက တပည့်တွေက ရန်ကိုင်နဲ့ကောင်းကျန်းဝမ်တို့နှစ်ယောက်ကို ဇာတ်ပွဲတစ်ခုကပြ သရုပ်ဆောင်

နေသည့်အလား ဝိုင်းကြည့်နေခဲ့ကြသည်။ ရန်ကိုင်၏ငြင်းဆိုချက်ကြောင့် ရှိနေတဲ့တပည့်တွေအားလုံး တိတ်တိဆိတ်

ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။ ရန်ကိုင်က အကြီးအကဲကောင်စီရဲ့ အမိန့်ကိုငြင်းဆန်ရဲမယ်လို့ သူတို့ဘယ်တုန်းကမှ

ထင်မထားခဲ့ချေ။ အကြီးအကဲ ကောင်စီ၏အမိန့်ကတော့ သူတို့အတွက်သံမဏိအမိန့်ပင်။ အသက်အန္တရာယ်နဲ့

ရင်ဆိုင်ရမယ်ဆိုရင်တောင ်လိုက်နာရမယ်လို့ သတ်မှတ်ထားတာဖြစ်သည်။ ဒါပေမယ့် အခုအချိန်မှာတော့ တရားမဝင်

တပည့်တစ်ယောက်က အကြီးအကဲကောင်စီ၏အမိန့်ကို ငြင်းပယ်လိုက်တာကို သူတို့တွေ့လိုက်ရပြီဖြစ်သည်။

ကောင်းကျန်းဝမ်က ရာထူးတိုးမြင့်အမိန့်စာကို သူ့လက်ထဲတွင်ကိုင်ထားရင်း ထိုနေရာမှပဲ ဖြူဖတ်ဖြူလျော်ဖြစ်နေတဲ့

မျက်နှာနဲ့ မတ်တပ်ရပ်နေခဲ့သည်။ သူစိတ်ပျက်သွားခဲ့ပေမယ့် အတွင်းပိုင်းထဲမှာတော့ ဘာမှမရှိသလို ခံစားလိုက်ရသည်။

အကြီးအကဲချုပ်က အမိန့်စာကို ရန်ကိုင်ဆီပေးဖို့ သူ့ကိုကိုယ်တိုင်ကိုယ်ကျ အမိန့်ပေးခဲ့တာဖြစ်သည်။ ထို့ကြောင့်

သိချင်စိတ်နဲ့ အမိန့်စာကိုဖွင့်ကြည့်လိုက်သငည်….မှိုင်းညို့တိမ်မိစ္ဆာကုန်းမြေကိုတစ်ယောက်တည်း သွားပြီး

မင်းကျင့်ကြံခြင်းအဆင့်ထက် မနိမ့်တဲ့ကျင့်ကြံသူတစ်ယောက်ကိုသတ်ပါ။

ထိုတာဝန်က လွယ်ကူတယ်လို့ပြောလို့ရသလို တစ်ချိန်တည်းမှာပဲ ခက်ခဲတယ်လို့လည်း ပြောလို့ရပေသည်။

မှိုင်းညို့တိမ်မိစ္ဆာကုန်းမမြေတွင် မိစ္ဆာကျင့်ကြံသူအများအပြားရှိပေသည်။ သူသာအဆင့်တူမိစ္ဆာကျင့်ကြံသူ

တစ်ယောက်ကို တွေ့ခဲ့မယ်ဆိုရင် ဒီတာဝန်ကို အလွယ်တကူနဲ့ ပြီးမြောက်နိုင်ပေသည်။ ဒါပေမယ့် အကြီးအကဲ

အဆင့်လောက်ရှိတဲ့ မိစ္ဆာကျင့်ကြံသူတစ်ယောက်ကို တွေ့ခဲ့မယ်ဆိုရင်တော့ ထိုနေရာကနေ သူအသက်ရှင်လျက်

ပြန်လာနိုင်လိမ့်မည် မဟုတ်ချေ။

ရန်ကိုင်ကအမိန့်စာကို လက်ခံလိမ့်မယ်လို့ သူတွေးခဲ့ပေမယ့် အခုလိုမျိုး ငြင်းပယ်လိမ့်မယ်ဆို့ သူဘယ်တုန်းကမှ

မတွေးခဲ့ချေ။ အချိန်အတော်ကြ မတ်တပ်ရပ်စဥ်းစားပြီးတော့မှပဲ အံကြိတ်ရင်းထွက်သွားလိုက်တော့သည်။

ရန်ကိုင်စိတ်အခြေအနေက ပိုပြီးကောင်းမွန်မလာခဲ့ပေ။ အခုလိုမနက်စောစောတွင် ကောင်းကျန်းဝမ်ကို

တွေ့လိုက်ရတဲ့အတွက် သူ့အမူအရာက သုန်မှုလာခဲ့သည်။ (သူသာငါ့ကိုဒီနေရာဆီ မပို့ခဲ့ရင် ငါဘာလို့

ဒီလောက်အဝေးကြီးအထိ လာခဲ့ရမှာလဲ။ သူဘာလို့ငါ့ကို ဒီနေရာဆီပို့ခဲ့ရတာလဲ။ ငါ့ကိုဒီနေရာပို့ရလောက်အောင်

ကောင်းကင်စံအိမ်နဲ့ သူ့ကြားမှ ဘယ်လိုဆက်ဆံရေးမျိုး ရှိနေတာလဲ )

ကောင်းကင်စံအိမ်တွင် သုံးနှစ်ကုန်ဆုံးခဲ့ပြီး လူတွေရဲကကြမ်းကြုတ်မှု၊ ရက်စက်မှုတွေကို မြင်တွေ့ပြီးနောက် သူဒီနေရာတွင ်

ဆက်ပြီးမနေချင်တော့ပေ။ ထိုအချိန်တွင် သူ့ကိုနွေးထွေးပေးတာကဆိုလို့ စုယန်တစ်ယောက်ပဲ ရှိလေသည်။

သူဆက်ပြီးတွေးနေလိုက်ပြီး ရှနင်းချန်အကြောင်းကိုလည်း တွေးမိလိုက်သည် ( ဟုတ်တယ်။ ငါ့ကိုနွေးနွေးထွေးထွေး

ဆက်ဆံပေးတဲ့ စီနီယာမမလေးလည်း ရှိသေးတာပဲ )

သူအတွေးတွေထဲ နစ်မြောနေတုန်း တစ်ယောက်ယောက်က သူ့ဆီပြေးလာနေခဲ့ပြီး အော်ခေါ်လိုက်သည်

‘‘ ဂျူနီယာမောင်လေးရန်’’ ရန်ကိုင်အတွေးထဲကနေ နိုးထာလာခဲ့ပြီး လှည့်ကြည့်လိုက်တဲအချိန်မှာတော့ လန်ချူးတျယ်ကို

တွေ့လိုက်ရသည်။

ကောင်းကင်အမွေအနှစ်လိုဏ်ဂူထဲ ရှိနေစဉ်တွင ်သူမ၏ဆုံဖြတ်ချက်၊ အပြုအမူတွေကို သူကြိုက်နှစ်မသက်ပေမယ့်

သူမသူ့ကို ဘယ်တုန်းကမှ ရန်မစခဲ့ပေ။ သူတို့အဖွဲ့ဖွဲ့ပြီး အတူတူတောင်တိုကခိုက်ခဲ့သေးသည်။ ရန်ကိုင်က

ပြန်ပြောလိုကသ်ည် ‘‘ စီနီယာအစ်မလန်’’

လန်ချူးတျယ်က ပြုံးလိုက်ပြီး သူမ၏မို့မောက်နေတဲ့ ရင်အစုံ အသက်ရှုသံနှင့်အတူ နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့သည်။

အတိတ်ကကိစ္စတွေကို အတိတ်မှာပဲ ထားခဲ့တဲ့ပုံစံနဲ့ သူမကရန်ကိုင်ကိုကြည့်လိုက်ပြီး ပြောလိုကသ်ည်

‘‘ နင်ငါ့ကိုဆက်ပြီး ဂရုမစိုက်တော့ဘူးလို့ ထင်နေတာ ’’ ‘‘ အဲ့လိုမဟုတ်ပါဘူး၊ စီနီယာအစ်မ၊ ငါနင့်ကို

ဂရုမစိုက်ပဲ မနေပါဘူး ’’ ရန်ကိုင်က ပြန်ပြုံးပြလိုက်သည်။

လန်ချူးတျယ် မျက်ခုံးပင့်လိုက်ပြီး ရန်ကိုင်ကိုစူးစိုက်ကြည့်လိုက်သည် ‘‘ ကောင်းကင်အမွေအနှစ်လိုဏ်ဂူထဲက

ငါ့ဆုံးဖြတ်ချက်၊ အပြုအမူတွေ မှားသွားခဲ့တယ်။ ဒါပေမယ့် ကောင်းကင်အမွေအနှစ်လိုဏ်ဂူထဲက င့ါအမှားတွေကို

ပြန်မပြောတဲ့အတွက ်ငါနင့်ကိုကျေးဇူးတင်ပါတယ် ’’ လန်ချူးတျယ်က ဉာဏ်ကောင်းတဲ့မိန်းကလေးတစ်ယောက်

ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်အမွေအနှစ်လိုဏ်ဂူထဲက သူမအပြုအမူနဲ့ ပက်သက်ပြီး ရန်ကိုင်နှင့်

ရှင်းရှင်းလင်းလင်းဖြစ်ချင်ခဲ့သည်။

လန်ချူးတျယ်က သူ့ကိုတောင်းပန်နေတဲ့အတွက် သူမအပေါ်အဆိုးမြင်နေတဲ့ သူ့ရဲ့ခံစားချက်တွေလည်း

ပျောက်ကွယ်သွားခဲ့ရသည်။ သူ့ရဲ့ခင်မင်ရင်းနှီးတဲ့ အပြုံးကိုဆက်ထိန်းထားလိုက်ပြီး ခေါင်းခါလိုက်သည် ‘‘

‘‘ စီနီယာအစ်၊ လေးနက်တဲ့ကိစ္စတစ်ခုခုကို နင်ငါ့ကိုပြောတော့မယ်လို့ ငါထင်တယ ်’’

‘‘ ဂျူနီယာမောင်လေး၊ နင်အဲ့လိုပြောတော့မှပဲ ငါစိတ်သက်သာရာ ရသွားတယ် ’’ လန်ချူးတျယ်က သူမ၏ရင်ဘတ်ကို

ပုတ်လိုက်ပြီး စိတ်သက်သာရာ ရသွားတဲ့အမူအရာနဲ့ အသက်ပြင်းပြင်းတစ်ချက် ရှုလိုက်သည်။ ဒါပေမယ့်

သူမချက်ချင်းမျက်မှောင်ကြုံ့လိုက်ပြီး ‘‘ ဂျူနီယာမောင်လေး၊ အကြီးအကဲကောင်စီရဲ့အမိန့်ကိုငြင်းဆန်တာ

နင်နည်းနည်းလောကြီးရာ ကျသွားတယ်။ အဲ့လိုလုပ်လိုက်တာ နင့်ဆီကိုပြဿနာတွေရောက်လာနိုင်တယ် ’’

‘‘ငါက တရားမဝင်တပည့်ဖြစ်ရတာကို ပျော်နေတယ်လို့ကောင်းကျန်းဝမ်က ပြောမှာတော့ ငါကလည်း

တရားမဝင်တပည့်ဖြစ်ရတာကို ကျေနပ်ပေးရတာ့ပေါ့ ’’ လန်ချူးတျယ်က ဆက်မပြောရသေးခင်မှာပဲ

ရန်ကိုင်က ဆက်ပြောလိုက်သည် ‘‘ ငါဒီနေ့စိတ်နည်းနည်းညစ်နေလို့ ဘယ်သူနဲ့မှစကားမပြောချင်သေးပဲ။

အဲ့ဒါကြောင့် ငါကိုအရင်သွားခွင့်ပြုပါဦး ’’

လန်ချူးတျယ်လည်း ကြောင်သွားခဲ့ပြီး အပြုံးလေးတစ်ခုနဲ့ ခေါင်းညိတ်လိုက်သည်။ ရန်ကိုင်မျက်မှောင်ကြံုကထားတဲ့အတွက်

သူတကယ်ပြောတာမှန်း သူမသိပေသည်။ လန်ချူးတျယ်ကို နှုတ်ဆက်စကားပြောပြီးနောက် ရန်ကိုင်ကသူ့လိုဏ်ဂူရှိရာ

နေရာဆီကိုပြန်လာခဲ့သည်။ သူပြန်လာတဲ့အချိန် ရှနင်းချန်ကိုမတွေ့ရတော့ချေ။ သူမထွက်သွားပြီမှန်း သူသိလိုက်သည်။

သူလျှောက်ပတ်စူးစမ်းကြည့်လိုက်တဲ့အချိန်မှာတော့ အလှပန်းအိုးလေးတွေကိုတွေ့လိုက်ရသည်။ ထိုပန်းအိုးတွေကို

ထောက်ပံ့ရေးခန်းမတွင် သူအရင်ကတွေ့ဖူးပေသည်။ ထိုပန်းပင်တွေကို မန်ဝူရစောင့်ရှောက်တာဖြစ်ပေမယ့်

ရှနင်းချန်က ဒီနေရာကိုသယ်လာခဲ့သည်။

‘‘ သူငြင်းပယ်လိုက်တာလား ’’ အကြီးအကဲချုပ်က အမျိုးမျိုးသော ဖြစ်နိုင်ချေတွေကို တွေးတောခဲ့ပေမယ့် ရန်ကိုင်က

အခုလိုမျိုးငြင်းဆန်လိမ့်မယ်လို့တော့ ဘယ်တုန်းကမှ မတွေးခဲ့ချေ။

‘‘ ဟုတ်ပါတယ် ….’’ ကောင်းကျန်းဝမ်းကပြန်ပြောလိုက်သည် ‘‘ သူက ငြင်းဆန်လိုက်ရုံတင်မကဘူး၊ အကြီးအကဲ

ကောင်စီရဲ့ ဂုဏ်သိက္ခာကိုလည်း တပည့်တွေအားလုံးရဲ့ ရှေ့မှာစော်ကားခဲ့တယ်။ ကောင်းကင်အမွေအနှစ်လိုဏ်ဂူထဲက

သိုင်းပညာရပ်ကောင်းကောင်းတစ်ခု ရလာတာမို့ အခုလိုမောက်မာနေတာဖြစ်ရမယ်။ မဟုတ်ရင် အခုလိုမျိုး

အကြီးအကဲကောင်စီကို ဆန့်ကျင်ရဲမှာမဟုတ်ဘူး။ အကြီးအကဲကောင်စီကို ဆန့်ကျင်ရင ်ဘယ်လိုအကျိုးအဆက်ကို

ရင်ဆိုင်ရမလဲဆိုတာ အခြားသူတွေကိုလည်း သိသွားအောင် သူ့ကိုအရင်ဆုံးအပြစ်ပေးပြရမယ် ’’

‘‘ ပါးစပ်ပိတ်ထားစမ်း ’’ ဝေရှီတုန်းက စားပွဲခုံကိုရိုက်ချလိုက်ပြီး ကောင်းကျန်းဝမ်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်

‘‘မင်းတာဝန်ကိုပြီးအောင်တောင် မလုပ်နိုင်ပဲနဲ့ ဘယ်လိုလုပ်ပြီး ပြန်လာသတင်းပို့ရတာလဲ ’’

ကောင်းကျန်းဝမ်၏စိတ်တစ်ခုလုံး ဗလာဖြစ်သွားခဲ့ရသည်။ အကြီးအကဲချုပ်၏အတွေးတွေကို သူနားမလည်တော့ပေ။

‘‘ သွား၊ သူ့ကိုအမိန့်စာကို လက်ခံလာအောင် လုပ်ရမယ်။ မင်းဒူးထောက်ရမယ်ဆိုရင်တောင ်သူ့ကိုလက်ခံအောင်

လုပ်ရမယ် ’’´ဝေရှီတုန်းက ပြောလိုကသ်ည်။

ကျောင်းကျန်းဝမ်းက ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ (သူဒီအမိန့်ကိုလက်ခံလာစေဖို့ ငါကဒူးထောက်ပေးရမှာလား)

‘‘ မင်းဘာကိုစောင့်နေတာလဲ ’’ အကြီးအကဲချုပ်က စားပွဲခုံကိုရိုက်ချလိုက်သည်။

‘‘ ဟုတ်ကဲ့ပါ ’’ ကောင်းကျန်းယမ်က အလျင်စလိုနဲ့ ပြန်ပြောလိုက်ပြီး ချက်ချင်းထွက်သွားတော့လေသည်။

ထိုအချိန်တွင် ဒုတိယအကြီအကဲဖြစ်တဲ့ စုရွှမ်းဝူဆီကို တပည့်တစ်ယောက်က သတင်းလာပို့လေသည်

‘‘ သူငြင်းဆန်လိုက်တာလား ’’

သတင်းလာပို့တဲ့တပည့်က ရှင်းပြလိုက်သည် ‘‘ ဟုတ်ပါတယ်။ သူလုံးဝကိုငြင်းဆန်ခဲ့တာပါ ’’

စုယန်က ဘယ်လိုတုန့်ပြန်ရမှန်းမိသတော့ပဲ နောက်ဆုံးရယ်တော့လေသည် ‘‘ ငြင်းပယ်လိုက်တာ ကောင်းတယ်။

ငြင်းပယ်လိုက်တာ တကယ်ကိုအရမ်းကောင်းတယ်။ အကိုကြီးက ကျောက်တုံးကိုသူ့ခြေထောက်ပေါ်သူပစ်ချ

လိုက်တာပဲ ’’

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၆၅) ခရီးထွက်ခြင်း

ဘဏ္ဏာထိန်းမန်က ဂိုဏ်းခေါင်းဆောင်၏ တံဆိပ်ပြားကိုယူလာပြီး အကြီးအကဲတွေအား ရန်ကိုင်တို့ကို

လွှတ်ပေးဖို့ အမိန့်ပေးတဲ့နေ့ကတည်းက ရန်ကိုင်ကို ရားထူးတိုးပေးဖို့ စီစဉ်ထားတာဖြစ်သည်။ ထိုရာထူးတိုးခြင်း

က ရန်ကိုင်၏ အရည်အချင်းကို စမ်းသပ်ဖို့ ဝေရှီတုန်းက စီစဉ်ထားတာဖြစ်သည်။ ဒါပေမယ့် အခုလိုမျိုး

အရှက်ခွဲခံရလိမ့်မယ်လို့တော့ သူဘယ်တုန်းကမှ မထင်ထားခဲ့ချေ။ ရန်ကိုင်၏ ငြင်းဆိုလိုက်တဲ့ အပြုအမူက

စုရွှမ်းဝူကို ပျော်ရွှင်သွားစေခဲ့သည်။

‘‘ ဒုတိယအကြီးအကဲ၊ ငါတို့တစ်ခုခု မလုပ်သင့်ဘူးလား။ ရန်ကိုင်ငြင်းလိုက်တာက သူ့ကိုပြဿနာတွေ သယ်လာ

လိမ့်မယ် ’’ တပည့်က ပြောလိုက်သည်။

‘‘ မလိုဘူး ’’ စုရွှမ်းဝူက ခေါင်းခါလိုက်သည် ‘‘ ငါတို့ဘာမှလုပ်စရာမလိုဘူး။ ငါတို့လုပ်ဖို့လိုတာက ဘေးကနေ

အေးအေးဆေးဆေး ထိုင်ကြည့်နေဖို့ပဲ ’’

‘‘ ဟုတ်ကဲ့ပါ ’’ ထိုတပည့်က ဇဝေဇဝါ ဖြစ်သွားခဲ့ပေမယ့် ဘာမှာတော့ ဆက်ပြီးမပြောတော့ချေ။

‘‘ ဝေရှီတုန်း ၊အိုး ဝေရှီတုန်း။ ဂိုဏ်းခေါင်းဆောင်ဆီ ဒီကိစ္စကို မင်းဘယ်လိုတင်ပြဦးမလဲဆိုတာ ငါကြည့်ရသေး

တာပေါ့ ’’ ယုံကြည်ချက်အပြည့်နဲ့ စုရွှမ်းဝူက သူ့လက်ထဲက အဖြူချောင်ချက်စေ့ကို ဘုတ်ပြားပေါ်တင်လိုက်

သည်။ ထိုအဖြူရောင်ချက်စေ့ကို ထားလိုက်တာနဲ့ အဖြူရောင်နဂါးတစ်ကောင် ဖြစ်တည်လာပြီး အနက်ရောင်

တွေကို ပြင်းပြင်းထန်ထန် တန်ပြန်တိုက်ခိုက်တော့သည်။

သူ့လိုဏ်ဂူပြန်ရောက်နေတဲ့ ရန်ကိုင်ကတော့ အပြင်ဘက်တွင် ဘာတွေဖြစ်ပျက်နေလဲဆိုတာ လုံးဝမသိချေ။

အခုအချိန်တွင် သူကလိုဏ်ဂူဝင်ပေါက်တွင် တည်ငြိမ်စွာနဲ့ တင်ပလင်ခွေထိုင်နေခဲ့သည်။ တစ်ရက်လောက်

ကြာတဲ့အချိန်မှာတော့ နတ်ဆိုးအိုကြီးကို ပြန်ဆင့်ခေါ်လိုက်သည်။ တစ်ခဏအတွင်းမှာပဲ ရစ်ခွေနဂါး

စမ်းချောင်းဆီမှ အနက်ရောင်ချီတစ်ခု ပျံသန်းထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်၏ခန္ဓာကိုယ်ထဲကို တိုးဝင်

ပျောက်ကွယ်သွားခဲ့သည်။ ‘‘ ခင်ဗျား တစ်ခုခုရှာတွေ့ခဲ့သေးလား ’’ ရန်ကိုင်မေးလိုက်သည်။

‘‘ ဒီလူအိုကြီးက အတွင်းပိုင်းအထိ မဆင်းရဲတော့ ၃၃၃မီတာလောက်အထိပဲ ရောက်ခဲ့တယ်။ အဲ့ဒါကြောင့်

ဘာမှရှာမတွေ့ခဲ့ပါဘူး။ ဒါပေမယ့် ဒီအစေခံအိုကြီးရဲ့ ခွန်အားသာ ပြန်ရမယ်ဆိုရင်တော့ အဲ့နေရာကို

နောက်တစ်ကြိမ် သေသေချာချာ ရှာကြည့်ပါမယ် ’’ နတ်ဆိုးအိုကြီး၏ အသံထွက်ပေါ်လာခဲ့သည်။

ရန်ကိုင်ခေါင်းညိတ်လိုက်ပြီး ယင်ယန်မွန်းစတားဂျင်ဆင်း ရှေ့တွင်ထိုင်ချလိုက်သည်။ သူ့လက်ကို

ဆန့်ထုတ်လိုက်ပြီး ယင်ယန်မွန်းစတားဂျင်ဆင်းကို ပွတ်လိုက်ကာ ယန်အရည်စက်တစ်စက်ကို

ဆေးပင်ဆီ ပေးပို့လိုက်သည် ‘‘ မင်းဒီနေရာမှာနေပြီး ယန်ချီတွေကိုဆက်ပြီး စုပ်ယူနိုင်တယ်။ ဒါပေမယ့်

အဲ့မိန်းကလေးနှစ်ယောက်ကလွဲပြီး ကျန်တဲ့သူတွေကိုမြင်မယ်ဆိုရင် ပြေးသာပြေး၊ နားလည်လား ’’

ယင်ယန်မွန်းစတားဂျင်ဆင်းက သူပြောတာကို နားလည်ပုံရပေသည်။

‘‘ သခင်လေး တစ်နေရာရာကို သွားဖို့လား ’’ နတ်ဆိုးအိုကြီးလည်း မနေနိုင်တော့ပဲ မေးလိုက်သည်။

‘‘အင်း၊ မင်းပါလိုက်ရမှာ။ ငါတို့ခဏတစ်ဖြုတ် ခရီးထွက်ရဦးမယ် ’’

‘‘ အဲ့ဒါသဘာဝပါပဲ ’’ နတ်ဆိုးအိုကြီးက အံ့သြသွားခဲ့သည်။ ‘‘ သခင်လေး တစ်ယောက်ယောက်ကို

သတ်ချင်တယ်ဆိုရင် တုန့်ဆိုင်းမနေနဲ့နော်။ ဒီအစေခံအိုကြီးလုပ်ခဲ့တဲ့ ဝိဉာဉ်ဖျက်ဆီးခြင်းအရိုးက သူ့ရဲ့

အသိဉာဏ်ကို ဆုံးရှုံးသွားခဲ့ပြီးပြီ။ အဲ့ဒါပြန်ကောင်းဖို့ဆိုရင် လူတစ်ယောက်ရဲ့ အင်မော်တယ်စိတ်ဝိဉာဉ်ကို

လိုအပ်တယ်။ ဝိဉာဉ်ဖျက်ဆီးခြင်းအရိုးကိုသာ ပြန်လည်ပြုပြင်ပြီးသွားပြီဆိုရင် အဲ့လက်နက်နဲ့ ကမ္ဘာကြီးကို

စိုးမိုးလို့ရပြီ ’’

ရန်ကိုင်က ပြုံးရုံလေးသာ ပြံုးနေခဲ့သည်။ ရန်ကိုင်က ထွက်သွားရင်ကောင်းမလားဆိုတာ စဉ်းစားနေတာ

ဖြစ်သည်။ အကြီးအကဲကောင်းစီ၏ အမိန့်စာကို ငြင်းဆန်ပြီးနောက် ပြဿနာတွေက သူ့ဆီကို သိပ်မကြာခင်

ရောက်လာတော့မယ်ဆိုတာ သိပေ၏။ စုယန်နှင့်ပက်သက်ပြီးတော့ ပြဿနာရှိပေသေးသည်။

ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ်က သူမ၏စိတ်ကို မထိန်းချုပ်နိုင်အောင် လုပ်ဆောင်နေခဲ့သည်။ သူသာ

ကောင်းကင်စံအိမ်မှာ ဆက်ပြီးနေနေမယ်ဆိုရင် သူမ၏စိတ်ခံစားချက်တွေက ပိုပြီးထိန်းမရဖြစ်လာပြီး

သူမ၏ကိုယ်ပိုင်အသိစိတ်ကိုတောင် ဆုံးရှုံးသွားနိုင်ပေသည်။ သူသာထွက်သွားခဲ့မယ်ဆိုရင် သူမ၏ဆန္ဒတွေကို

ထိန်းချုပ်နိုင်ဖို့ တွန်းအားပေးရာရောက်ပြီး ရေခဲနှလုံးသားလျှို့ဝှက်နည်းစနစ်နဲ့ သူမ၏ဆန္ဒတွေကို တစ်ဖန်

ပြန်ထိန်းချုပ်နိုင်ပေလိမ့်မည်။

သူ့ခွန်အားက စုယန်နှင့်နှိုင်းယှဉ်ရင် ဘယ်လောက်တောင် အားနည်းနေလဲဆိုတာ ရန်ကိုင်ကောင်းကောင်း

နားလည်ပေသည်။ ထိုကဲ့သို့ခွန်အားကွာခြားချက်က သူ့ကိုလုံးဝစိတ်မသက်မသာဖြစ်စေခဲ့သည်။

ထို့နောက် ချီပြောင်းလဲခြင်းအဆင့်ကို ကျော်ခွန်ပြီး သူမခွန်အားထက် သာလွန်ချင်မိသည်။ အဲ့လိုလုပ်ချင်ရင်

သူဒီနေရာမှပဲ ထိုင်ပြီးလေ့ကျင့်နေလို့ မဖြစ်ပေ။ သေခြင်း၊ရှင်ခြင်းအတွေ့အကြုံတွေကို သူကျော်ဖြတ်နိုင်ဖို့

လိုအပ်ပေသည်။

ရန်ကိုင်က စာတစ်စောင် ချန်ထားခဲ့ပြီး ညဘက်တွင် တိတ်တဆိတ်ထွက်သွားခဲ့သည်။ သစ်ပင်တစ်ပင်ထိပ်တွင်

လူတစ်ယောက်ရှိနေခဲ့သည်။ အမှောင်ထုကြောင့် သူမ၏တည်ရှိမှုကို သတိပြုမိဖို့ ခဲယဉ်းပေသည်။ သူမက

တစ်ချက်ကလေးတောင် မလှုပ်ရှားပဲ ငြိမ်သက်စွာနဲ့ ရန်ကိုင်ကိုစိုက်ကြည့်နေခဲ့သည်။ ညလေအေးက သူမ၏

ပါးပြင်ကိုပွတ်သပ်ကျီစယ်နေပြီး သူမ၏မျက်နှာကာလေးကလည်း လေပြေနှင့်အတူ တဖျပ်ဖျပ်လှုပ်ခါနေခဲ့သည်။

သူမ၏အလှက တိုင်းပြည်အရှင်၊အင်ပါယာတွေတောင် ဒူးထောက်ဦးညွှတ်သွားစေနိုင်ပေသည်။

ရန်ကိုင်ကို အချိန်တော်တော်ကြာအောင် စိုက်ကြည့်နေပြီးနောက် ချစ်မေတ္တာကြင်နာမှုတွေနဲ့ ပြည့်လျမ်းနေတဲ့

အသံတစ်သံက သူမနောက်ကနေ ထွက်ပေါ်လာခဲ့သည် ‘‘ အရမ်းနောက်ကျနေပြီလေ။ အပြင်မှအရမ်း

အကြာကြီး နေမနေဲ့လေ ’’ ရှနင်းချန်က လက်ပိုက်လိုက်ပြီး အနည်းငယ်အေးသလို ခံစားလိုက်ရသည်။

ကောင်းကင်စံအိမ်ကနေ ထွက်ခွါပြီး ဘာတွေဆက်လုပ်မယ်၊ ဘယ်ကိုသွားမယ်ဆိုတာ ရန်ကိုင်ဘာကိုစီစဉ်မထား

ခဲ့ပေ။ သင့်တော်ရာလမ်းတစ်လမ်းကိုသာ ရွေးလိုက်ပြီး အရှိန်တင်ကာ ပြေးတော့လေသည်။ သူ့ခြေထောက်

အောက်တွင် မီးတောက်တွေ ထွက်ပေါ်လာခဲ့ပြီး လျှပ်စီးတမျှအမြန်နှုန်းနဲ့ ရန်ကိုင်စတင်ပြီး ပြေးလွှားတော့သည်။

ယင်ကိုးသွယ်တောင်ကြားကတည်းက ယန်ချီကိုသုံးပြီးသူ့အရှိန်ကိုမြင့်လို့ရတယ်ဆိုတာ ရန်ကိုင်ရေးတေးတေး

လေးနားလည်ခဲ့သည်။ ကောင်းကင်အမွေအနှစ်လိုဏ်ဂူတွင် ထိုခြေလှမ်းပညာရပ်ကို အသုံးပြုပြီးနောက်

ထိုပညာရပ်၏ခွန်အားနှင့် အရေးပါမှုကို သူနားလည်လာခဲ့သည်။ ကံမကောင်းစွာနဲ့ပဲ ထိုပညာရပ်နဲ့ပက်သက်ပြီး

အနည်းအဖျင်းသာ သူနားလည်ပေသေးသည်။ အသုံးပြုလိုက်တိုင်း သူ့ချီစွမ်းအင်တွေက မတည်မငြိမ်ဖြစ်လာ

ခဲ့ပြီး ကားစက်ပျက်ပြီးဖွတ်ချပ်ဖွတ်ချပ်ဖြစ်သလို ဖြစ်သွားခဲ့ရသည်။

လုံဟူနဲ့တိုက်ခိုက်တုန်းက သူကလှုပ်ရှားမှုပညာရပ်ကိုအသုံးပြုပြီး ရန်ကိုင်၏တိုက်ခိုက်မှုတွေကို ရှောင်ရှားခဲ့

သည်။ ပြိုင်ဘက်ရန်သူဆီ ချဥ်းကပ်နိုင်ဖို့အတွက် လှုပ်ရှားမှုပညာရပ်တွေဆိုတာ တကယ်ကိုအရေးပါပေသည်။

ထိုပညာရပ်တွေက သူ့ရဲ့တိုက်ပွဲစွမ်းရည်ကို တိုးတက်စေနိုင်ရုံမက ပြိုင်ဘက်ကို ရင်ဆိုင်ရာတွင် ပိုပြီးလွယ်ကူ

အောင် လုပ်ဆောင်ပေးနိုင်ပေသည်။

သူ့တွင် တိုက်ခိုက်ရေးသိုင်းပညာရပ်တွေ ရှိပေမယ့် လှုပ်ရှားမှုသိုင်းပညာရပ်တော့ တစ်ခုတောင် မရှိသေးပေ။

ကံမကောင်းစွာနဲ့ ချီပြောင်းလဲခြင်းအဆင့်တွင် ကိုယ်ပိုင်လှုပ်ရှားမှု ပညာရပ်ကို ဖန်တီးနိုင်ဖို့က တကယ်ကို

မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုဖြစ်သည်။ ရန်ကိုင်လည်း ထိုအခြင်းအရာကို ကောင်းကောင်းသတိပြုမိပေမယ့်

အခုအချိန်တွင်မှာတော့ ချီစွမ်းအင်ကိုထိန်းချုပ်ရင်း ပြေးလွှားနေခဲ့သည်။ အရှိန်မြင့်ရာတွင် ချီစွမ်းအင်ကုန်ဆုံးမှု

ကိုလျှော့ချချင်သလို သူ့လှုပ်ရှားမှုပညာရပ်ကိုလည်း ပိုပြီးနက်နက်နဲနဲ နားလည်ချင်ပေသည်။ အခုလို

လေ့ကျင့်တာက အားကောင်းတဲ့ သိုင်းပညာရပ်တစ်ခုကို မဖန်တီးနိုင်သလို အခြားသူတွေအတွက်လည်း

အသုံးမဝင်ပေမယ့် သူ့အတွက်တော့ အသုံးဝင်ပေသည်။

အားကောင်းတဲ့ သိုင်းပညာရပ်တွေကို အားကောင်းတဲ့ ကျင့်ကြံသူတွေက ဖန်တီးခဲ့တာဖြစ်၏။။

သူ့အတွေးထဲတွင် နစ်မြောနေရင်း စိတ်ရှုပ်လာခဲ့သည်။ သူ့ခြေထောက်က ဆက်ပြီးပြေးလွှားနေပေမယ့်

သူ့စိတ်ဝိဉာဉ်က ခန္ဓာကိုယ်ထဲက ထွက်သွားတဲ့ပုံပေါ်နေလေသည်။ ရနကိုင်က အရှိန်နဲ့ပြေးလွှားနေပြီး

တစ်ခါတစ်ရံ တောင်ဘက်ကိုသွားလိုက်၊ထို့နောက် မြောက်ဘက်ကိုသွားလိုက်နဲ့ ဦးတည်ချက်မရှိ

ပြေးလွှားနေခဲ့သည်။ အချိန်ကတဖြည်းဖြည်း ကုန်ဆုံးနေခဲ့ပြီး ရန်ကိုင်ကတော့ ဦးတည်ချက်မရှိပြေးလွှား

နေတုန်းပင်။ တစ်ခါတစ်ရံ သစ်ပင်တွေကို ဝင်တိုက်မိပြီး တစ်ခါတစ်ရံမှာတော့ ဗွက်အိုင်တွေကို

ဝင်တိုးမိလေသည်။ သူ့တစ်ကိုယ်လုံး ညစ်ပတ်ပေကျံနေပြီး သူတောင်းစားတစ်ယောက်နဲ့တောင်

တူနေပေသေးသည်။ ဒါပေမယ့် ရန်ကိုင်က သူ့ပုံပန်းသွင်ပြင်ကို ဂရုမစိုက်အားသေးပေ။ ဆက်ပြီးတော့သာ

ပြေးလွှားနေခဲ့ပြီး နောက်ဆုံး အလွန်အမင်း မောပန်းလာတော့မှပဲ အနားယူတော့လေသည်။

ထို့နောက် တစ်ခဏတာအနားယူလိုက်ပြီး အားပြန်ဖြည့်လိုက်သည်။ အားပြန်ဖြည့်ပြီးနောက ်သူ့ရဲ့

အဆုံးမရှိတဲ့ ခရီးကိုစတင်ပြန်လေသည်။

နတ်ဆိုးအိုကြီးက ရန်ကိုင်လုပ်နေတာကို စောင့်ကြည့်နေပြီး ထိတ်လန့်သွားခဲ့ရသည်။ ရန်ကိုင်က

သူ့သိုင်းပညာရပ်ဖန်တီးမှုအပေါ်မှာပဲ လုံးလုံးအားရုံစိုက်နေတာကို ကြည့်ပြီး လုံးဝအံံသြသွားခဲ့ရသည်။

ချီပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ကမ္ဘာကြီးတစ်ခုလုံးထဲတွင် သူတစ်ယောက်ထဲ

ရှိနေသလိုမျိုး လုံးဝကိုအာရုံနစ်မြောနေခဲ့သည်။ နတ်ဆိုးအိုကြီးက ရန်ကိုင်၏အပြုအမူကို လေးစားပေမယ့်

သံသယတော့ဝင်နေပေသည်။ ရန်ကိုင်ခွန်အားက အလွန်အမင်းနိမ့်ကျနေသေးတဲ့အတွက် အခုလိုမျိုး

လုံးဝအာရုံစိုက်နေရင်တောင် မည့်သည့်နက်နဲတဲ့ ဆန်းကြယ်မှုကိုမှ သူရရှိလိမ့်မည်မဟုတ်ချေ။

နတ်ဆိုးအိုကြီးက ရန်ကိုင်ကို အခုလိုမျိုး အရူးတစ်ယောက်လို ပြေးလွှားနေမယ့်အစား နေရာတစ်နေရာ

ရှာပြီး ပျံသန်းနိုင်တဲ့ ရတနာတစ်ခုကို တည်ဆောက်စေချင်ခဲ့သည်။ သူ့မှာသာ ပျံသန်းနိုင်တဲ့ ရတနာရှိတယ်

ဆိုရင် အခုလိုမျိုးပြေးလွှားစရာ လိုတော့မည်မဟုတ်ချေ။ ဒါပေမယ့် ရန်ကိုင်အကြောင်းသိတဲ့အတွက်

သွားပြီးတော့လည်း မပြောရဲပေ။ ရန်ကိုင်က မိစ္ဆာပညာရပ်တွေကို အလွန်အမင်း စက်ဆုပ်အထင်အမြင်

သေးတဲ့အတွက် လူအရိုး၊စိတ်ဝိဉာဉ်တွေသုံးပြီး ပျံသန်းနိုင်တဲ့ ရတနာတစ်ခု တည်ဆောက်ဖို့ သွားပြီးတော့

မပြောရဲချေ။

၁၀ရက်ကျော်လောက် ကြာပြီးနောက် ရန်ကိုင်ပြေးနေတာ တော်တော်လေး ခရီးရောက်သွားပြီဖြစ်သည်။

ရန်ကိုင်က လှုပ်ရှားမှုပညာရပ်နဲ့ ပက်သက်ပြီး မည်သည့်ထူးဆန်းနက်နဲမှုကိုမှ မရရှိခဲ့ပေမယ့် ချီစွမ်းအင်ကို

ထိန်းချုပ်တဲ့နေရာမှာတော့ တော်တော်လေး တိုးတက်လာခဲ့ပြီဖြစ်သည်။ အတိတ်တုန်းက လှုပ်ရှားမှု

ပညာရပ်ကို အသုံးပြုလိုက်တာနဲ့ သူ့ခြေထောက်အောက်တွင် မီးတောက်တွေပေါ်လာပေမယ့် အခု

အချိန်မှာတော့ မည်သည့်မီးတောက်မှ ပေါ်မလာတော့ချေ။ ထို့ပြင် လှုပ်ရှားမှုပညာရပ်ကို သုံးလိုက်တဲ့အချိန်

ချီစွမ်းအင် မတည်မငြိမ်ဖြစ်မှုက လျော့နည်းသွားခဲ့သည်။

ရက်ပေါင်းများစွာက မျက်လှည့်အလား တစ်ခဏအတွင်း ကုန်ဆုံးသွားခဲ့သည်။ ရန်ကိုင်၏ပြေးလွှားနေတဲ့

အရှိန်က နှေးကွေးလာခဲ့ပြီး သူ့အရှိန်က အပြင်းပြေလမ်းလျှောက်သလိုမျိုး ဖြစ်နေခဲ့သည်။ သူ့စိတ်က

အခြေအနေတစ်ခုကို ဝင်ရောက်သွားခဲ့ပြီး ရုတ်တရက် ချက်ချင်း၃မီတာအကွာအဝေးတွင် သူပြန်ပေါ်လာခဲ့သည်။

ထို့နောက် ရန်ကိုင်က နဂိုရှိနေတဲ့ သုံးမီတာအကွာတွင် ပြန်ပေါ်လာပြန်သည်။ သူဘယ်တုန်းကမှ

ခြေတစ်ချက်မလှမ်းခဲ့သလိုမျိုး ဆက်ပြီးတော့သာ လမ်းလျှောက်နေခဲ့သည်။ ထိုထူးဆန်းတဲ့

အခြေအနေက တစ်ကြိမ်ထက်မက ဖြစ်ပွါးနေခဲ့ပြီး သူ့ပုံစံက ရှေ့တိုးနောက်ဆုတ် လုပ်နေတဲ့ပုံစံ

ပေါက်နေခဲ့သည်။

ထိုကဲ့သို့ဖြင့် နောက်ထပ်ရက်အနည်းငယ် ထပ်ပြီးကုန်ဆုံသွားခဲ့သည်။ ရန်ကိုင်ကတော့ ရှေ့တိုးနောက်ဆုတ်သာ

လုပ်နေခဲ့ပြီး နောက်ဆုံးမှာတော့ မီတာ၁၀၀အကွာတွင် သူပြန်ပေါ်လာခဲ့သည်။ ဒါပေမယ့် ရန်ကိုင်မျက်နှာ

နီးမြန်းသွားခဲ့ပြီး အမောတကော အသက်ရှုနေရသည်။ သို့ရာတွင် သူ့မျက်နှာပေါ်မှာတော့ အပြုံးတစ်ခု

ဖြစ်ပေါ်လာခဲ့သည်။ စကားပြောဖို့ အကောင်းဆုံး အခွင့်အရေးကို အရယူပြီး နတ်ဆိုးအိုကြီးက

ပြောလိုက်သည် ‘‘ ဂုဏ်ယူပါတယ်၊သခင်လေး။ အခုလိုမျိုး ကိုယ်ပိုင်လှုပ်ရှားမှုပညာရပ်တစ်ခုကို

ဖန်တီးနိုင်တယ်ဆိုတာ တကယ်ကိုလေးစားအံ့သြဖွယ်ကောင်းတယ်။ ဒီအစေခံအိုကြီးတောင်

သခင်လေးကို တကယ်ပဲလေးစားမိပါတယ် ’’

‘‘ ဖားယားနေစရာမလိုဘူး ’’ ရန်ကိုင်က ဖွဖွလေးပြုံးလိုက်သည် ‘‘ ငါ့ရဲ့လှုပ်ရှားမှုပညာရပ်နဲ့ ပက်သက်ပြီး

မင်းရဲ့အထင်အမြင်ကို ကြားချင်တယ် ’’

နတ်ဆိုးအိုကြီးက တစ်ခဏတာတုန့်ဆိုင်းသွားပြီးနောက် ပြောလိုက်သည် ‘‘ သခင်လေး၊ လိမ်ပြောတာကို

ကြားချင်လား၊ အမှန်ပြောတာကို ကြားချင်လား ’’ ‘‘ မင်းရဲ့အလိမ်အညာကို အရင်နားထောင်ကြည့်တာပေါ့ ’’

နတ်ဆိုးအိုကြီးက ချောင်းဟန့်လိုက်ပြီး ပြောလိုက်သည် ‘‘ ဒီလှုပ်ရှားမှုပညာရပ်က တကယ်ကိုပြိုင်ဘက်ကင်း

ပညာရပ်တစ်ခုပဲ။ ကမ္ဘာကြီးက အခုလိုအံ့သြဖွယ်ကောင်းတဲ့ လှုပ်ရှားမှုပညာရပ်မျိုး ဘယ်တုန်းကမှ မြင်ဖူး

မှာမဟုတ်ဘူး။ လှုပ်ရှားမှုက အရမ်းကိုကျက်သရေရှိလွန်းလို့ ဒီအစေံအိုကြီးကိုတောင် အရှက်ရစေတယ်။

အခုလိုလုံးဝအတုမဲ့တဲ့ ခြေလှမ်းပညာရပ်ကိုကြည့်ပြီး ဒီအစေံခံအိုကြီး တကယ်ကိုပြောစရာစကားမဲ့သွားရတယ် ’’

ရန်ကိုင်က ရယ်လိုက်ပြီး ‘‘ မင်းပြောတာက တကယ့်အလိမ်အညာမှန်း သိသာတယ်။ ကဲအခု…အမှန်ပြောတာကို

နားထောင်ကြည့်တာပေါ့ ’’

နတ်ဆိုးအိုကြီးက ပြောလိုက်သည် ‘‘ သခင်းလေးရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ အခုလိုလှုပ်ရှားမှုပညာရပ်တစ်ခုကို

ဖန်းတီးနိုင်တာ ဒီအစေခံအိုကြီးကို တကယ်ပဲ အံ့သြစေတယ်။ ဒါပေမယ့် ဒီလှုပ်ရှားမှုပညာရပ်

ကမပြည့်စုံသေးဘူး။ သခင်လေးရဲ့ ခြေလှမ်းပညာရပ်က အကြမ်းဖျင်းပဲ ရှိသေးတယ်။

ကျင့်ကြံခြင်းအဆင်တူတဲ့သူနဲ့ တိုက်ခိုက်ရင် ပြဿနာမရှိပေမယ့် သခင်လေးထက်အားကောင်းတဲ့သူနဲ့

တိုက်ခိုက်တဲ့နေရာမှ သုံးမယ်ဆိုရင်တော့ နည်းနည်းခက်ခဲလိမ့်မယ်။ ပြီးတော့ ဒီလှုပ်ရှားမှုပညာရပ်က

အနီးကပ်သွားလာဖို့ပဲ အသုံးဝင်တယ်။ အဝေးကြီးကိုသွားဖို့ မဖြစ်နိုင်ဘူး။ ဒီအစေခံအိုကြီးရဲ့ ဆန်းစစ်ချက်

အရ ဒီလှုပ်ရှားမှုပညာရပ်ကို သခင်းလေးရဲ့ ကန့်သတ်ချက်မရောက်ခင် ၇ကြိမ်လောက်ပဲ သုံးနိုင်လိမ့်မယ် ’’

ရန်ကိုင်လည်း သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်လိုက်သည်။ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကြောင့်

လှုပ်ရှားမှုပညာရပ်၏ နက်နဲမှုတွေကို နားမလည်သေးပေ။ ဒါပေမယ့် သူ့အဆင့်နဲ့ သိုင်းပညာရပ်တစ်ခုကို

ဖန်းတီးနိုင်တာတောင် တော်တော်လေး ကျေနပ်ဖို့ကောင်းနေပေသည်။ သူ့ခွန်အားကကိစ္စမရှိပေ။

အချိန်သာလုံလုံလောက်လောက် ရှိမယ်ဆိုရင် သူ့ခွန်အားကို မြင့်တင်နိုင်ပေသည်။ အခုလှုပ်ရှားမှု

ပညာရပ်ကို အသုံးပြုရာတွင် ချီစွမ်းအင်လှိုင်းတွေကို ဘယ်လိုဖုံးကွယ်ထားရမလဲဆိုတာ

သူနားလည်သွားခဲ့ပြီဖြစ်သည်။

All Chapters