အခန်း (၁၆၆-၁၇၀)
Vol. 7 Ch. 166-170
အပိုင်း (၁၆၆) သူတောင်းစားလေး
ကောင်ကင်စံအိမ်ကနေ ထွက်လာခဲ့တာကို သူဝမ်းသာမိသည်။ သူသာကောင်းကင်စံအိမ်မှာပဲ ဆက်ပြီး
နေမယ်ဆိုရင် အခုလိုမျိုး အကျိုးကျေးဇူးရခဲ့လိမ့်မည် မဟုတ်ချေ။
‘‘ ငါထွက်လာတာ ဘယ်လောက်ကြာသွားပြီလဲ ’’ ရန်ကိုင်က မေးလိုက်သည်။
‘‘ ၃၅ရက် ’’ နတ်ဆိုးအိုကြီးက ပြန်ဖြေလိုက်သည်။
တစ်လရှိသွားပြီဆိုပေမယ့် ရန်ကိုင်အဖို့တော့ တစ်ခဏလေးလို ခံစားလိုက်ရသည်။ သူ့စိတ်နစ်သွားတာ
ဒီလောက် အချိန်ကြာသွားလိမ့်မယ်လို့ ထင်မထားခဲ့ပေ။ သူ့ဒန်တန်ထဲတွင် ယန်အရည်စက်တွေ
အများကြီးရှိနေတာပဲ ကံကောင်းပေသည်။ ရှနင်းချန်၏ ဆေးပုလင်းတွေကိုပဲ ကျေးဇူးတင်ရပေမည်။
မဟုတ်ရင် အခုလိုအောင်မြင်မှုမျိုး သူရခဲ့လိမ့်မည် မဟုတ်ချေ။၃၅ရက်တောင် ကုန်သွားပြီပဲ….
စုယန်ဘယ်လိုနေမလဲ သိချုင်လိုက်တာ
ရန်ကိုင်က စုယန်ကိုစိုးရိမ်ပေမယ့် သူသူမကိုယုံကြည်ပေသည်။ စုယန်က သာမန်မိန်းကလေးတွေထက်
ပိုပြီးခံနိုင်ရည်ရှိပေသည်။ အရင်တုန်းက သူမကိုယ်သူမ မထိန်းချုပ်နိုင်တာက သူကောင်းကင်စံအိမ်တွင်
ရှိနေလို့ပဲဖြစ်သည်။ အခုအချိန်မှာတော့ ရန်ကိုင်က ကောင်ကင်စံအိမ်တွင် မရှိတော့တဲ့အတွက်
ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ်၏ လွှမ်းမိုးမှုကို ထိန်းချုပ်ဖို့ သူမတွင် အခွင့်အရေး ရခဲ့ပြီဖြစ်သည်။
ငါသူမကိုယုံကြည်တယ်။ သူကျိန်းသေ အောင်မြင်လိမ့်မယ်။ ပြီးတော့ ငါတို့နောက်တစ်ကြိမ် ပြန်တွေ့တဲ့
အခါကျ သူမလုံးဝကို ခုန်ပေါက်ပြီးတိုးတက်လာလိမ့်မယ်။ တကယ်တော့ ရေခဲနှလုံးသားလျှို့ဝှက်
နည်းစနစ်ဆိုတာက စိတ်အခြေအနေ၊ခန္ဓာကိုယ်၊ လေ့ကျင့်တဲ့ပတ်ဝန်းကျင်လည်း အရေးကြီတာပဲလေ။
အခုလိုအခြေအနေမျိုးနဲ့ဆိုရင် သူမကျင့်ကြံခြင်းအဆင့်က ပိုပြီးမြန်ဆန်လာမှာ အသေအချာပဲ
‘‘ ငါအခုဘယ်ရောက်နေတာလဲ ’’ ရန်ကိုင်က ပတ်တပ်လည်းကို လှည့်ပတ်ကြည့်လိုက်ပြီး သူဘယ်ရောက်နေ
လဲဆိုတာ မသိပေ။ ရက်သုံးဆယ်လုံးလုံး ဦးတည်ရာမဲ့ ပြေးလွှားနေခဲ့တဲ့အတွက် အခုသူဘယ်နေရာကို
ရောက်နေလဲဆိုတာ မသိတော့ပေ။ ကောင်ကင်စံအိမ်ကနေ တော်တော်ဝေးဝေးကို ရောက်နေပြီဆိုတာပဲ
သူသိပေသည်။
စိတ်ရှုပ်ထွေးနေတဲ့အချိန်တွင် အဝေးကနေ တကျိကျိမြည်သံတွေကိုကြားလိုက်ရသည်။ ထို့နောက် အသံလာရာ
ဘက်သို့ လှည့်ကြည့်လိုက်သည်။
ရန်ကိုင်က နေရာမှာပဲ တည်တည်ငြိမ်ငြိမ်နဲ့ ရပ်နေခဲ့ပြီး တဖြည်းဖြည်းနီးကပ်လာတဲ့ လှည်းသုံးစင်းကို
ရပ်ကြည့်နေခဲ့သည်။ စုစုပေါင်းလှည်းသုံးစင်းရှိပြီး ထိုလှည်းသုံးစင်ကို မြင်းစီးထားတဲ့ လူတစ်အုပ်က
ဝန်းရံထားခဲ့သည်။ ထိုလူတွေရဲ့ ကိုယ်လုံးကိုယ်ပေါက် တောင့်တင်ကြံ့ခိုင်ပြီး တစ်ယောက်ချင်းစီက
အဖုံးတပ်ဓါးတစ်ချောင်းကို ကိုင်ဆောင်ထားခဲ့သည်။
လမ်းဘေးတွင် ရပ်နေရင်း ရန်ကိုင်က လှည့်ကိုစောင့်ကြပ်ကာကွယ်တဲ့ ကျင့်ကြံသူတွေရဲ့ အာရုံကို
ဆွဲဆောင်သွားခဲ့သည်။ သူတို့တွေအားလုံးက သူ့ကိုသတိထားကာ ကြည့်နေကြပြီး ရန်ကိုင်ကတော့
သူတို့ပုံစံကိုနည်းနည်းလေးသာ ဂရုစိုက်ပေသည်။ ထိုနေရာမှာပဲ တည်တည်ငြိမ်ငြိမ်နဲ့ သူတို့ကို
ကြည့်နေခဲ့သည်။
တစ်လလောက် လေ့ကျင့်ပြီးနောက် ရန်ကိုင်ကသူ့ခန္ဓာကိုယ်တွင်းရှိ ချီစွမ်းအင်တွေ အကုန်လုံးကို သေချာ
မထိန်းချုပ်နိုင်သေးပေ။ သိုင်းပညာရှင်တွေက သူ့ထက်မြင့်သော၊ဒါမှမဟုတ် သူနဲ့အဆင့်တူ ကျင့်ကြံသူ
တွေမဟုတ်သောကြောင့် သူ့ခွန်အားအတိုင်းအတာကို နားလည်ဖို့မဖြစ်နိုင်ပေ။ ခဏကြာပြီးနောက်
သိုင်းပညာရှင်တွေ၏ စိုးရိမ်မှုပျောက်ကွယ်သွားခဲ့သည်။
ချက်ချင်းပဲ လှည်းအုပ်ကို ခေါင်းဆောင်နေတဲ့ သက်လတ်ပိုင်းအရွယ်လူကြီးက အော်လိုက်သည်
‘‘ သူတောင်းစားလေး၊ ငါတို့လမ်းကနေထွက်သွားစမ်း ’’ ထိုလူကြီး၏ ရန်လိုမှုက ချက်ချင်းပဲ ရန်ကိုင်ကို
မျက်မှောင်ကြုံ့သွားစေခဲ့သည်။ မဆုတ်ချင်ဆုတ်ချင်နဲ့ နောက်ဆုတ်ပြီး သူတို့ကိုလမ်းဖယ်ပေးလိုက်သည်။
ရန်ကိုင်က ဦးတည်ရာလမ်းကြောင်းတွေကို မေးမြန်းချင်ပေမယ့် လူကြီး၏ရန်လိုမှုကို မြင်လိုက်ရတော့
မေးဖို့အကြံအစည်ကို ပယ်ဖျက်လိုက်ရသည်။ မလိုအပ်ပဲနဲ့ ပြဿနာမဖြစ်အောင် နေဖို့ဆုံးဖြတ်လိုက်သည်။
မြင်းလှည်းတွေက သူ့ဘေးနာကနေ ဖြတ်သန်းသွားခဲ့သည်။ အလယ်ကမြင်းလှည်းက ကျန်တဲ့မြင်းလှည်းတွေ
ထက် ပိုပြီးအစောင့်အကြပ် များပေသည်။ ထိုအချိန်တွင် တောက်ပပြီးမိန်းမဆန်တဲ့ မျက်လုံအစုံက
မြင်းလှည်းထဲကနေ ရန်ကိုင်ကို ချောင်းကြည့်နေခဲ့သည်။ နောက်ဆုံးလှည်းတွင် မိန်းမတွေပါလာတယ်ဆိုတာ
ရန်ကိုင်သိလိုက်သည်။
လှည်းတွေ ဖြတ်သန်းသွားတာနဲ့ ရန်ကိုင်လည်း လမ်းပေါ်ကို ပြန်လည်ခြေချလိုက်ပြီး လှည်းတွေနောက်ကို
လိုက်သွားလိုက်သည်။ ထိုလှည်းတွေက လူထူထပ်တဲ့ နေရာတစ်ခုခုကို သွားမယ်ဆိုတာ သေချာပေသည်။
သူအခုဘယ်ရောက်နေလဲဆိုတာ မသိတဲ့အတွက် လှည်းတွေနောက်က လိုက်သွားရင် နေရာတစ်ခုခုကို
ရောက်နိုင်မယ်ဆိုတာ သူသိပေသည်။ သူခြေလှမ်း၁၀လှမ်းထက် မလှမ်းရသေးခင်မှာပဲ သူ့အမူအရာ
သုန်မှုန်သွားခဲ့ရသည်။ ရင်းနှီးတဲ့လူတစ်ယောက်က အဖွဲ့ထဲကနေ ခွဲထွက်လာပြီး သူ့ဆီကိုကဆုန်ဆိုင်း
နှင်လာခဲ့သည်။ ထိုလူက ရန်ကိုင်ကိုအော်ဟစ်ခဲ့တဲ့ သက်လတ်ပိုင်းလူကြီးပင်ဖြစ်သည်။
သူဘာလုပ်ဖို့ကြံနေတာလဲ။ ငါကိုအတင်းအကြပ် အားသုံးပြီး ထွက်သွားခိုင်းဖို့များလား
ရန်ကိုင်က စိတ်ထဲတွင် လှောင်ပြောင်လိုက်သည်။ သူ့ခွန်အားနှင့်ကျွမ်းကျင်မှုကို ယုံကြည်ချက်ရှိတဲ့အတွက်
နေရာမှာပဲ ဆက်ပြီးရပ်နေလိုက်လေသည်။
လူကြီးက ရန်ကိုင်ရှေ့ရောက်တဲ့အချိန် မြင်းဇက်ကြိုးကိုဆွဲလိုက်ပြီး ရပ်လိုက်သည်။ သက်လတ်ပိုင်းလူကြီးက
စိတ်မရှည်တဲ့အသံနဲ့ ပြောလိုက်သည် ‘‘ သူတောင်းစားလေး၊ မင်းရဲ့ကံကောင်းမှုကို ကျေးဇူးတင်သင့်တယ်။
ငါတို့မိသားစုသခင်မလေးက ကြင်နာတတ်တဲ့ နှလုံးသားရှိလို့ တော်ကြာမတော်တဆ ဓါပြ၊လုယက်တဲ့သူတွေ
နဲ့ ကြုံပြီး မင်းကိုသတ်သွားမှာစိုးလို့ မင်းကိုငါတို့နဲ့ခေါ်ခဲ့ပြီး ကာကွယ်ပေးဖို့ပြောလိုက်တယ် ’’
သက်လတ်ပိုင်းလူကြီးက မြင်းပေါ်ဆင်းလိုက်ပြီး ရန်ကိုင်ခန္ဓာကိုယ်ကို ရှာဖွေလိုက်သည်။ ထို့နောက ်
သူ့ကော်လာကနေ ဆွဲပြီး မြင်းပေါ်ကိုတကာခေါ်သွားလိုက်သည်။ ရန်ကိုင်က ခုခံချင်ပေမယ့်
လူကြီးရဲ့ရည်ရွယ်ချက်ကို နားလည်တဲ့အတွက် မခုခံတော့ပဲ နေလိုက်သည်။ ထိုအစောင့်အကြပ်က
ရန်ကိုင်ကို မြင်းပေါ်တင်ကာ မြင်းလှည်းတွေဆီ ပြန်သွားလိုက်သည်။ ရောက်တာနဲ့ ရန်ကိုင်ကို
လေထဲပစ်မြှောက်လိုက်ပြီး အော်လိုက်သည် ‘‘ လူအိုကြီးဝူ၊ ဖမ်း’’
ပထမလှည်းရှေ့တွင် လူအိုကြီးတစ်ယောက် ထိုင်နေခဲ့ပြီး ကြာပွတ်တစ်ချောင်းကိုင်ကာ လှည်းကို
ထိန်းကျောင်းမောင်းနှင်နေခဲ့သည်။ သူက ရန်ကိုင်မကြည့်ပဲနဲ့ ဖမ်းလိုက်ပြီး ထိုင်ခုံပေါ်တွင် အသာအယာ
ချထားလိုက်သည်။ လူအိုကြီးက လှုပ်ရှားမှုတွေက ရေစီးကြောင်းတစ်ခုလိုညင်သာလှပေသည်။
ဒီလူအိုကြီးကအနည်းဆုံး အစစ်အမှန်ဒြပ်စင်အဆင့်မှာ ရှိလောက်တယ်။
ထိုလူအိုကြီး၏ ခွန်အားကြောင့် ရန်ကိုင်လည်း အံ့အာသင့်သွားခဲ့ရသည်။ အစစ်အမှန်ဒြပ်စင်အဆင့်ဆိုတာ
ကောင်းကင်စံအိမ်လို ဂိုဏ်းမျိုးမှာတော့ ဘာမှထူးခြားမှုမရှိပေ။ အစစ်အမှန်ဒြပ်စင်အဆင့်ကို
အသက်ငယ်ငယ်နဲ့ ရောက်နေတဲ့ စုယန်လို၊ ရှဲ့ဟုန်ချန်လို တပည့်တွေတောင် ရှိနေပေသေးသည်။
သူတို့တွေက မိသားစုနောက်ခံနှင့် လွှမ်းမိုးမှုကြောင့် အသက်ငယ်ငယ်နှင့် ထိုအဆင့်ထိရောက်နေတာ
ဖြစ်သည်။ ဒါပေမယ့် ဂိုဏ်းအပြင်ဘက်မှာတော့ ချီပြောင်းလဲခြင်းအဆင့်က ကျင့်ကြံသူတွေတောင်
မြို့သေးသေးလေးတွေကို အုပ်ချုပ်လို့ရပေသည်။ ပုံမှန်အားဖြင့် ဂိုဏ်းအပြင်ဘက်တွင် အစစ်အမှန်ဒြပ်စင်
အဆင့်ဆိုတာ တော်တော်လေး မြင့်မားပေသည်။
လူအိုကြီးက အမူအရာမဲ့စွာနဲ့ ရှိနေခဲ့သည်။ သူ့မျက်လုံးတွေကတော့ အောက်ကိုစိုက်ကြည့်နေခဲ့ပြီး
သူ့မျက်နှာကတော့ အရေးအကြောင်းတွေနဲ့ ပြည့်နေခဲ့ပြီး သင်းချိုင်းကုန်းခြေတစ်ဖက်လှမ်းနေတဲ့
လူတစ်ယောက်နဲ့တောင် တူနေပေသေးသည်။ သူ့ဘေးနားက ပုလင်းတစ်ပုလင်ကိုယူလိုက်ပြီး
ရန်ကိုင်ကိုပေးလိုက်သည်။
‘‘ ကျေးဇူးပါ ’’ ရန်ကိုင်က တစ်ငုံလောက်သောက်လိုက်ပြီး ချက်ချင်းထွေးထုတ်လိုက်သည်။ မြင်းစီးနေတဲ့
သိုင်းပညာရှင်တွေအားလုံး ရန်ကိုင်ကို ဝိုင်းရယ်ကြလေသည် ‘‘ လူအိုကြီးဝူ၊ မင်းသောက်နေတဲ့အရာနဲ့
သူ့ကိုသတ်ချင်နေတာလား ။ ငါတို့တောင် တစ်ခုမှမထိဖူးဘူး ’’
ရန်ကိုင်ထွေးထုတ်လိုက်တဲ့အကြောင်းအရင်း ရန်ကိုင်တစ်ခါမှ အရက်မသောက်ဖူးသောကြောင့်ပင်ဖြစ်သည်။
သူလည်ချောင်းထဲက ပူလောင်လာတဲ့ ခံစားချက်ကြောင့် အံ့အားသင့်သွားခဲ့ရသည်။ အခုလိုမျိုးအရက်
တစ်ခါမှမသောက်ဖူးတဲ့အတွက် ရန်ကိုင်ကပုလင်းကို လူအိုကြီးဝူဆီ ပြန်ပေးလိုက်သည ်‘‘ခင်ဗျားကိုပဲ
ပြန်ပေးလိုက်တော့မယ်….’’
လူအိုကြီးဝူက တစ်ငုံလောက်သောက်လိုက်ပြီး သူ့မျက်နှာကတော့ လန်းဆန်းတက်ကြွမှုတွေနဲ့ ပြည့်နေခဲ့သည်။
တစ်ချက်လောက်သောက်ပြီးတာနဲ့ လှည်းကိုပိုပြီးကျွမ်းကျင်စွာ မောင်းနှင်လာနိုင်ခဲ့သည်။
ရန်ကိုင်က တည်တည်ငြိမ်ငြိမ်နဲ့သာ ထိုင်နေခဲ့ပြီး ခရီးတစ်လျှောက်လုံး လူအိုကြီးနဲ့ မည့်သည့်စကားမှ
မပြောဖြစ်ခဲ့ပေ။ ရန်ကိုင်က မြို့သေးသေးလေး တစ်မြို့လောက်တွေ့တာနဲ့ ဒီလှည်းအဖွဲ့ကနေ ခွါပြီး
တစ်ယောက်တည်း ထွက်သွားဖို့ စဉ်းစားထားတာဖြစ်သည်။
လှည်းကပုံမှန်သွားနေပြီး မှောင်ရီပျိုးလာတဲ့အချိန်မှာတော့ ၃၅ကနေ ၄၀ ကီလိုမီတာလောက်အထိ
သွားပြီးသွားပြီဖြစ်သည်။ နေမင်းကြီးက မိုးကုတ်စက်ဝိုင်းကနေ မပျောက်ကွယ်ခင် သူတို့တွေအားလုံး
သွားနေတာ ရပ်လိုက်ကြသည်။ မီးပုံဖိုပြီးတာနဲ့ ၃၀ထက်မကသော သိုင်းပညာရှင်တွေက ကိုယ်စီကိုယ်စီ
တာဝန်တွေကို စတင်လုပ်ဆောင်ကြလေသည်။ အချို့လူတွေက အစားအစာအတွက် ပြင်ဆင်နေကြပြီး
အချို့ကမီးနဲ့ပက်သက်ပြီး ကူညီလုပ်ဆောင်ကာ နေရာတစ်ခုလုံး သားရေယိုရလောက်အောင်
မွှေးရနံ့တွေနဲ့ ပျံ့နေခဲ့သည်။ ထိုအချိန်တွင် ရန်ကိုင်ကတော့ ၃၅ရက်အတွင်း သူသင်ကြားလေ့လာခဲ့ရသမျှကို
ပြန်လည်တွေးတော ဆင်ခြင်နေပြီး ပိုပြီးနားလည်အောင ်လုပ်ဆောင်နေခဲ့သည်။
သိပ်မကြာခင်မှာပဲ တတိယမြောက်လှည်းတံခါးက ပွင့်လာခဲ့ပြီး လူသုံးယောက် ထွက်လာခဲ့သည်။ ရန်ကိုင်
လှည့်ကြည့်လိုက်တဲ့အချိန် အသက်၃၀အရွယ်လောက်ရှိတဲ့ ရင်သားကြီးကြီး မိန်းမတစ်ယောက်ကို
တွေ့လိုက်ရသည်။ သူမအသားအရေက ကျောက်စိမ်းသားလေးလို ဖြူးဖွေးချောမွတ်နေပြီး ကိုယ်လုံးကိုယ်ပေါက်
ကတော့ ပိန်ပိန်းပါးပါး အမျိုးအစားမျိုး ဖြစ်သည်။ မိန်းမကြီးဘေးမှာတော့ အသက်ငယ်ငယ်မိန်းကလေး
နှစ်ယောက်ရှိနေခဲ့ပြီး သူတို့နှစ်ယောက်စလုံး မိန်မကြီးထက် အသက်၁၀နှစ်လောက် ငယ်ရွယ်ပုံရလေသည်။
သူတို့ထဲက တစ်ယောက်က အစေခံလို ဝတ်စားထားပြီး နှစ်လိုဖွယ်ကောင်းတဲ့ မျက်လုံးအစုံကို ပိုင်ဆိုင်
ထားလေသည်။ သူမက လက်တစ်ဖက်နဲ့ မိန်းမကြီးကို ထူမပေးထားလေသည်။
မိန်းမငယ်လေးရဲ့ အသွင်အပြင်အရ သူမကမိန်းမကြီးနဲ့ ကျိန်းသေဆက်စပ်ပုံပေါ်လေသည်။ ထိုမိန်းကလေး
မိသားစုရဲ့ အဖိုးတန်ရတနာလေး ဖြစ်ရမယ်လို့ ရန်ကိုင်တွေးလိုက်သည်။ သူမအသွင်အပြင်က
စုယန်၊ဟူညီအစ်မနှစ်ယောက်တို့နဲ့ မယှဉ်နိုင်သော်လည်းပဲ သာမန်မိန်းကလေးတွေထက်သာလွန်တဲ့
အလှလေးတစ်ယောက်အဖြစ်တော့ ယူဆိုလို့ရပေသည်။
မီးပုံဘေးမှ သိုင်းပညာရှင်တွေက အကြည့်စူးစူးတွေနဲ့ မိန်းမသုံးယောက်ကို ကြည့်နေတာကို သတိထားမိ
လိုက်သည်။ လှပတဲ့သက်လတ်ပိုင်းမိန်းမတစ်ယောက်၊ရွှန်းစိုလှပပြီး နူးညံ့တဲ့ မိန်းမငယ်လေးတစ်ယောက်နှင့်
နှစ်လိုဖွယ်ကောင်းတဲ့ အစေခံလေးတစ်ယောက်……
ရန်ကိုင်၏ စူးရဲတဲ့အကြည့်ကို သတိပြုမိလိုက်တာနဲ့ အစေခံမလေးက ဆူပူလိုက်သည် ‘‘ နင်ဘာကို
ကြည့်နေတာလဲ။ နင့်အကြည့်ကို လွှဲရင်လွှဲ၊ မလွှဲရင်တော့ နင့်မျက်လုံးတွေကို ငါဖောက်ထုတ်ပစ်မယ် ’’
သူမလေသံက ခက်ထန်ပေမယ့် လုံးဝကိုပွင့်ပွင့်လင်းလင်းနဲ့ ဆူပူကျိန်းမောင်းတာဖြစ်ပြီး သူမက
ရန်ကိုင်တစ်ယောက်တည်းကို ရည်ရွယ်ပြီး ပြောနေတာမဟုတ်ပေ။ သိုင်းပညာရှင်တွေက သူတို့အကြည့်တွေကို
ပြန်ရုတ်လိုက်ပြီး ရန်ကိုင်က ကိုးယိုးကားယားနဲ့ ချောင်းဟန့်လိုက်သည်။
‘‘ ချူးအား’’ မိန်းမကြီးက နူးညံ့တဲ့လေသံနဲ့ ပြောလိုက်သည်။ ချူးအာက မကျေမနပ်နဲ့ ရေရွတ်လိုက်ပြီး
မိန်းမကြီး၏လက်ကို ကိုင်ကာ နားနေတဲ့နေရာကို သွားလိုက်သည်။ အစားအစာက အဆင့်သင့်
ဖြစ်တဲ့အချိန်မှာတော့ သိုင်းပညာရှင်တွေက အုံလာခဲ့ပြီး မိန်းမသုံးယောက်ကတော့ အတူတကွ ထိုင်နေခဲ့
ကြသည်။ အပြင်လူဖြစ်တဲ့ ရန်ကိုင်က တစ်ယောက်တည်းသာ ရှိနေတာဖြစ်သည်။ တစ်ယောက်တည်း
ထိုင်နေတဲ့ ကောင်လေးအဖို့ သနားစရာကောင်းပေသည်။ သက်လတ်ပိုင်းမိန်းမကြီးနှင့်မိန်းမငယ်လေးက
ရန်ကိုင်ကို သတိထားမိလိုက်တဲ့အချိန် ချူးအာကို တိုးတိုးလေ ပြောလိုက်သည်။ အစေခံမလေးက
ခေါင်းညိတ်လိုက်ပြီး သူမလက်ထဲတွင် စားစရာကိုကိုင်ထားရင်း ရန်ကိုင်နားသွားလိုက်ပြီး‘‘ သူတောင်းစားလေး၊
ဒီမှာနင့်အတွက် စားစရာ ’’
ရန်ကိုင်လည်း သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး စားစရာကို လက်ခံထားလိုက်သည်။ ချူးအာက နှစ်လိုဖွယ်ကောင်း
တဲ့ မျက်နှာကလေး ပြုံးသွးခဲ့ပြီး ထိုင်ချလိုက်ကာ နူးညံ့သိမ်မွေ့စွာ ပြောလိုက်သည်‘‘ ဒေါသမထွက်ပါနဲ့။
ငါနင့်ကိုဆူတာမဟုတ်ပါဘူး ’’
ရန်ကိုင်မျက်မှောင်ကြုံ့လိုက်ပြီး ‘‘ ခဏနေဦး၊ နင်ငါ့ကိုဘယ်လိုခေါ်လိုက်တာလဲ ’’
သက်လတ်ပိုင်းလူကြီးက နေ့လည်ပိုင်းတုန်းက သူ့ကိုသူတောင်းစားလေးလို့ ခေါ်တာထူးဆန်းနေခဲ့သည်။
ထိုလူကြီးက သူ့ကိုမှားပြီးခေါ်တာလို့ ထင်နေပေမယ့် အခုချူးအာဆီက ထပ်ပြီးကြားလိုက်ရတဲ့အချိန်မှာတော့
သူ့သိချင်စိတ်ကို မထိန်းထားနိုင်တော့ပေ။
ချူးအာ၏နှုတ်ခမ်းလေးတွေက ကွေးတက်သွားခဲ့ပြီး သူမမျက်လုံးတွေက ဂနာမဲငြိမ်ဖြစ်နေကာ ပြောလိုက်သည်
‘‘ နင်က ငယ်ရွယ်တဲ့ သူတောင်းစားတစ်ယောက် မဟုတ်ဘူးလား ’’
‘‘ ငါကသူတောင်းစားလား ’’ သူတို့အထင်အမြင်က ဟာသတစ်ခုမဟုတ်တာကို ရန်ကိုင်နားလည်လိုက်သည်။
သူ့ကိုယ်သူပြန်ကြည့်လိုက်တဲ့အချိန် သူ့ပုံစံက ရှုပ်ပွပေကျံနေပြီး သူ့တစ်ကိုယ်လုံး ခြစ်ရာ၊ဆုတ်ဖြဲရာ၊
ရွံ့တွေနဲ့ ပေကျံနေတာကို တွေ့လိုက်ရသည်။ အခြားသူတွေရဲ့အမြင်မှာတော့ သူကသူတောင်းစား
တစ်ယောက်ပင်။
ချူးအာက ပျော်နေပုံရပြီး ကြေးနီမှန်လေးတစ်ချပ်ကို ထုတ်ကာ ရန်ကိုင်ကိုပေးလိုက်သည် ‘‘ နင့်ကိုယ်နင်
တစ်ချက်ပြန်ကြည့်လိုက်။ နင်အခု သူတောင်းစားနဲ့ တူလား၊မတူဘူးလားဆိုတာ ’’
ရန်ကိုင်လည်းတစ်ချက်ကြည့်လိုက်ပြီး အသက်ပြင်းပြင်းရှုလိုက်သည်။
ဒါက အခုငါ့ပံုစံလား သူ့ဆံပင်က ကြက်မွေးတွေလိုဖြစ်နေပြီး သူ့တစ်ကိုယ်လုံးကလည်း ညစ်ပတ်ပေရေနေကာ
တကယ်ကို သူတောင်းစားတစ်ယောက်နဲ့ တူပေသည်။
လှုပ်ရှားမှုပညာရပ်ထဲ နစ်မြောနေတုန်း ကန်ပေါင်းများစွာထဲကို ပြုတ်ကျပြီး သစ်ပင်များစွာကို ဝင်တိုက်မိတာကို
သူမှတ်မိပေသည်။ ချူးအာက ကြည်နူးနေတဲ့ပုံစံနဲ့ ကြေးနီမှန်ကို ပြန်ယူလိုက်ပြီး မေးလိုက်သည် ‘‘ သူတောင်း
စားလေး၊ နင်ဘယ်ကလာတာလဲ။ အခုလို သားရဲတွေရှိတဲ့နေရာမှာ နင်တစ်ယောက်တည်း သွားနေတာလား ’’
ရန်ကိုင်က သုန်မှုန်နေတဲ့ပုံစံနဲ့ ပြန်ပြောလိုက်သည် ‘‘ ငါက လိုက်ပတ်တောင်းစားနေတာ။ ငါဘယ်ကလာလဲ
ဆိုတာတောင် ငါမသိဘူး ’’ ‘‘ ဝမ်းနည်းစရာပဲ……’’ ချူးအာက ဝမ်းနည်းစွာနဲ့ သက်ပြင်းချလိုက်သည်။
ရန်ကိုင်ကို သန့်ရှင်းပေးချင်ပေမယ့်လည်း သူမလက်ညစ်ပတ်သွားမှာကိုလည်း စိုးရိမ်ပေသည်။
ထို့ကြောင့် သူမမျက်မှောင်သာ ကြုံ့လိုက်သည်။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၇) ချူးအာ၏ကြင်နာမှု
‘‘ ငါ့မှာနင့်အတွက် အဝတ်ပိုတွေမရှိတာ ဝမ်းနည်းစရာပဲ။ အခုလို ဆောင်းရာသီမှာ ညဘက်ရောက်လာရင်
ပိုအေးလာမှာ။ ငါတို့မှာသာအဝတ်အစား အပိုတွေရှိရင် နင့်ကိုယ်နင့်နွေးအောင်လုပ်ဖို့အဆင်ပြေမှာ ’’´
ရန်ကိုင်တွင် လျော့တိလျော့ရဲ စုတ်ပြဲနေတဲ့ အဝတ်အစားသာ ရှိမှန်းနားလည်လိုက်ချိန် ချူးအာက ရန်ကိုင်ကို
သနားတဲ့ပုံစံနဲ့ ကြည့်လိုက်သည်။ အဆိုးဆုံးက သူ့တစ်ကိုယ်လုံးအရိုးပေါ်အရေတင်ဖြစ်နေပြီး
သူ့နံရိုးတွေကို မြင်နေရလေသည်။
သူ့တစ်ကို်ယ်လုံး ညစ်ပတ်ပေရေ နေပေမယ့် ရန်ကိုင်က ငယ်ရွယ်ပြီး သူ့တွင်ရွှန်းလဲတောက်ပတဲ့ မျက်လုံးတွေ
ပိုင်ဆိုင်ထားတယ်ဆိုတာ ပြောနိုင်ပေသည်။ဒီလိုအသက်ငယ်ငယ်လေးနဲ့ ဆာလောင်မှု၊အေးစက်မှုတွေကို
ခံစားခဲ့ရတာ ဘယ်လောက်တောင် သနားစရာကောင်းလိုက်လဲချူးအာက တွေးလိုက်သည်။ သူမစကားလုံး
တွေက ရန်ကိုင်ကို နွေးထွေးသွားစေခဲ့သည်။ ဖြူလျော်နေတဲ့အပြုံးနဲ့ ရန်ကိုင်က ပြန်ပြောလိုက်သည် ‘‘ အဆင်
ပြေပါတယ် ’’
‘‘ကောင်းပြီ….နင်ဆာတယ်ဆိုရင် စားစရာတွေ အများကြီး ရှိသေးတယ်။ နောက်ထပ်လိုချင်တယ်ဆိုရင်
အားနာမနေနဲ့။ ပြောသာပြော…ဘယ်သူမအထွန့်တက်ဝေဖန်မှာမဟုတ်ဘူး ’’ ချူးအားက မတ်တပ်ရပ်လိုက်ပြီး
မိန်းမနှစ်ယောက်ဆီ ပြန်သွားလိုက်သည်။
တိတ်ဆိတ်မှု ခညောင်းတဲ့ ညတစ်ညအပြီးမှာတော့ နေ့သစ်တစ်နေ့က အစပြုလာခဲ့သည်။ ရောင်နီပျိုးစ
အချိန်တွင် လှည်းတန်းက နောက်တစ်ကြိမ် စတင်ခရီးထွက်ကြတော့သည်။ လွန်ခဲ့တဲ့ နှစ်ရက်အတောအတွင်း
ရန်ကိုင်က လူအိုကြီးဝူဘေးနာမှာသာ ထိုင်နေပြီး လူအိုကြီးဝူရဲ့ မြင်လှည်းမောင်းနှင်တဲ့ ကျွမ်းကျင်မှုကို
ကြည့်နေခဲ့သည်။ အနားယူတဲ့ အချိန်ရောက်လာတဲ့အခါမှာတော့ အစေခံမလေးဖြစ်တဲ့ ချူးအာက သူနဲ့
စကားလာပြောပေးသည်။
ချူးအာနဲ့စကားပြောရင် သူတို့သွားမယ်နေရာကို ခန့်မှန်းအဖြေထုတ်နိုင်ခဲ့လေ၏။ သူတို့တွေက
ပင်လယ်မြို့တော်ကို သွားနေတာဖြစ်ပြီး ထိုနေရာကို ရောက်ဖို့သုံးရက်လောက် လိုပေသေးသည်။
သူတို့တွေက တုံစီရင်စုနယ်မြေက ဖြစ်ပြီး ထိုနေရာတွင် သြဇာအာဏာညောင်းတဲ့ မိသားစုတစ်စုက
ဖြစ်လေသည်။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ယောက်လောက်တုန်းက အိမ်တော်ခေါင်းဆောင် သေဆုံးသွားခဲ့တဲ့
အတွက် အခုအချိန်တွင် အိမ်တော်သခင်မက သူ့သမီးကိုခေါ်ဆောင်ကာ ပင်လယ်မြို့တော်က သူမ
ယောကျာ်းရဲ့အကောင်းဆုံး မိတ်ဆွေကိုလာတွေ့တာဖြစ်သည်။ သူတို့ဘာကြောင့် သွားရလဲဆိုတာ
ကိုတော့ ချူးအာမပြောပြခဲ့ပေ။ လျှို့ဝှက်ချက်တွေကို သူမအရမ်းကြီး မပြောပြချင်တာ သိသာပေသည်။
သို့ရာအတွင် သူရရှိခဲ့တဲ့ သတင်းအချက်အလက်တွေက လုံလောက်ပေသည်။
ဘယ်သူမှ ကိုယ့်မွေးရပ်မြေ၊ကိုယ့်အိမ်ရာကို စွန့်ခွါချင်မှာမဟုတ်ဘူး။ အထူးသဖြင့် မုဆိုးမတစ်ယောက်
ဖြစ်တဲ့ မိန်မကြီးနဲ့ သူမသမီးတို့ပဲ။ အခုလိုအဝေးကြီးကို ခက်ခက်ခဲခဲနဲ့လာတာဆိုတာ အဲ့နေရာက
သူတို့ရဲ့နောက်ဆုံး အားကိုးရာနေရာပဲ ဖြစ်ရမယ်။ မဟုတ်ရင် သူတို့အခုလို ဆုံးဖြတ်ချက်ချလိမ့်မှာ
မဟုတ်ဘူး။ အိမ်တော်ခေါင်းဆောင်က တုံစီရင်စုနယ်မြေက လူအများကြီးကို ရန်စထားခဲ့တာ။ သူသေပြီးနောက်
မိန်းမကြီးနဲ့ သူ့သမီးတို့အတွက် အားကိုးစရာ မရှိတဲ့အတွက် အခြားတစ်နေရာကို ထွက်ပြေးဖို့ကလွဲပြီး
အခြားရွေးချယ်စရာ မရှိတော့ဘူး
သူတို့နဲ့အတူတူ ခရီးသွားနေတဲ့ သိုင်းပညာရှင်အရေအတွက ်ရန်ကိုင်၏ခန့်မှန်းချက်တွေကို ပိုပြီး
ခိုင်မြဲသွားစေခဲ့သည်။ ချူးအာပြောချက်အရ သိုင်းပညာရှင်တွေရဲ့တစ်ဝက်လောက်က အိမ်တော်ခေါင်းဆောင်
ကိုယ်တိုင်လေ့ကျင့်ပေးထားတာ ဖြစ်ပေသည်။ သူသေဆုံးပြီးနောက် သူတို့ရဲ့နောက်ဆုံးတာဝန်အဖြစ်
မိန်းမကြီးနဲ့ သူ့သမီးကို ကာကွယ်ပြီး ပင်ဘယ်မြို့တော်ကို ပို့ဆောင်ပေးတာပဲဖြစ်သည်။ သူတို့ရဲ့တာဝန်
ပြီးဆုံးသွားတာနဲ့ တုံစီရင်စုနယ်မြေကိုပြန်ပြီး အလုပ်သစ်ရှာဖို့ စီစဉ်ထားတာပဲဖြစ်သည်။
သူတို့သွားနေတဲ့အချိန် အတောအတွင်း များစွာသော ဓါးပြတွေနဲ့ ကြုံ့တွေ့ခဲ့ရသည်။ ဒါပေမယ့်
အခုလိုလူအင်အားတောင့်တင်းတဲ့အတွက်ကြောင့် မည်သည့်ဆုံးရှုံးမှုမှ မကြုံ့တွေ့ခဲ့ရပေ။
ရန်ကိုင်က ပင်လယ်မြို့တော်အကြောင်းကို မေးမြန်းခဲ့ပေမယ့် ချူးအာက ထိုနေရာကို မရောက်ဖူးတဲ့အတွက ်
ပင်ဘယ်မြို့တော်အကြောင်း များများစားစား မသိပေ။ သူမ၏သခင်မပြောပုံအရဆို ပင်ဘယ်မြို့တော်က
ပင်ဘယ်ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်ပြီး တကယ်ကိုရင်သပ်ရှုမောဖွယ်ရာကောင်းတဲ့ မြို့တစ်မြို့လည်း ဖြစ်ပေသည်။
ပင်ဘယ်ဆိပ်ကမ်းမြို့လားလှုပ်ရှားမှုပညာရပ်ကိုသုံးပြီး သူသွားခဲ့တဲ့ ခရီးအကွာအဝေးကို ရန်ကိုင်သိချင်
မိသွားသည်။ ထိုလှုပ်ရှားမှုပညာရပ်မရှိပဲ သူအလောက်ဝေးဝေးကို ရောက်လာခဲ့လိမ့်မည်မဟုတ်ချေ။
သူတို့တွေက ပင်ဘယ်နဲ့နီးတယ်လို့ ရန်ကိုင်ကြားလိုက်တဲ့အချိန် ဟန်မင်းဆက်ရဲ့ တောင်ဘက်အစွန်းပိုင်း
သူရောက်လာခဲ့တယ်ဆိုတာ သိလိုက်သည်။ ပင်လယ်မြို့တော်က ဟန်မင်းဆက် တောင်ဘက်အစွန်းပိုင်းတွင်
ရှိတယ်လို့လည်း ချူးအာက ပြောပြခဲ့ပေသည်။
မှောင်ဆန်တဲ့ပုံရိပ်တွေက သူ့စိတ်ထဲလွင့်မျောနေခဲ့ပြီး ရန်ကိုင်ကတော့ မျှော်လင့်ချက်တွေနဲ့ ပြည့်နေခဲ့သည်။
လှည်းတန်းနဲ့အတူ သူဆက်ပြီးခရီးသွားနေလိုက်သည်။ သူ့ပုံစံက ညစ်ပတ်ပေရေနေပေမယ့် ထိုပုံစံအတိုင်းပဲ
သူဆက်ပြီးနေခဲ့သည်။ပထမဆုံးအထင်အမြင်က အမြဲတမ်းအားအကောင်းဆုံးပဲ။ သူတို့က ငါ့ကို
သူတောင်းစားလေးတစ်ယောက်လို့ ထင်နေမှာတော့ သံသယတွေကို ရှောင်ရှားဖို့အတွက် ငါလည်း
သူတောင်းစားတစ်ယောက်လိုပဲ နေသင့်တယ်
လူအိုကြီးဝူဘေးတွင် ထိုင်ပြီး လူအိုကြီးရဲ့မြင်လှည်မောင်းကျွမ်းကျင်မှုကို လေ့လာပြီးတာ နှစ်ရက်လောက်
ကြာတဲ့အချိန်မှာတော့ လူအိုကြီးရဲ့ မြင်ထိန်းကျာပွတ်ပညာရပ်တွင် မဖော်ပြနိုင်တဲ့ ဆွဲဆောင်မှုတစ်ခုပါဝင်
နေတယ်ဆိုတာ သိလိုကသ်ည်။ ကျာပွတ်ရိုက်ချက်က အရမ်းမပြင်းပေမယ့် မြင်းတွေကိုသွားအောင်လုပ်ဖို့
လောက်တော့ လုံလောက်ပေသည်။ လူအိုကြီးဝူရဲ့ ကျာပွတ်ရိုက်ချက်တွင် သူ့လှုပ်ရှားမှုပညာရပ်လိုမျိုး
သိုင်းပညာရပ်နဲ့ဆက်စပ်တဲ့ နက်နဲမှုတွေ ပါဝင်နေတယ်ဆိုတာ ကို သိလိုက်သည်။
ခရီးတစ်လျှောက်လုံး လူအိုကြီးဝူက တစ်မျိုးတည်းကိုသာ လုပ်နေခဲ့သည်။ တစ်ခါတစ်ရံ မြင်းတွေနဲ့
ကျာပွတ်နဲ့ရိုက်လိုက်၊ အရက်ကလေးတစ်ငုံလောက်သောက်လိုက်…လှည်းပေါ်မှာပဲ တိတ်တိတ်လေး
နေလိုက်လုပ်နေခဲ့သည်။ သူတို့တွေအားလုံးညနေပိုင်းတွင် နားလေ့ရှိသည်။
ပုံမှန်အတိုင်းပဲ ရန်ကိုင်က လူအုပ်ကြီးနှင့်ခွဲကာ တစ်ယောက်တည်း ထိုင်နေလေ့ရှိသည်။ ထိုအချိန်တွင်
သူ့ဘာသာတစ်ယောက်တည်း ထိုင်နေရင်း မြက်ပင်ပေါင်းပင်တွေကို ဆွဲနုတ်နေတတ်သည်။တကယ်တော့
ဘယ်သူမှ သူတောင်းစားတစ်ယောက်နဲ့ အပေါင်းအသင်း မဖြစ်ချင်ပေ။ သိုင်းပညာရှင်တွေအကုန်လုံးက
သူ့ကိုရွံ့မုန်းကြီပြီး မိန်းမကြီးရဲ့ ကြင်နာမှုကြောင့်သာ သူတို့နဲ့အတူ လိုက်စီးနိုင်တာဖြစ်သည်။
သိပ်မကြာခင်မှာပဲ သူ့ဆီကိုနီးကပ်လာတဲ့ ခြေသံဖွဖွးလေးကို ကြားလိုက်ရသည်။ ရန်ကိုင်လှည့်ကြည့်စရာမလိုပဲ
ဘယ်သူလာနေလဲဆိုတာ ပြောနိုင်ပေသည်။ ‘‘ ဟေး…သူတောင်းစားလေး’’ ချူးအာကခေါ်လိုက်သည်။
ရန်ကိုင်ပြန်ပြုံးပြလိုက်ပြီး သူ့နဖူးကိုပွတ်ကာ ‘‘ ငါ့နာမည်ကို နင့်ကိုပြောပြီပြီးသွားပြီလေ။ ငါ့ကိုသူတောင်းစားလေး
လို့ ခေါ်လို့မရဘူးလား ’’သူတောင်းစားလေးလို့ ခေါ်ခံရတာ တကယ်ကိုနားထောင်းရတာ စိတ်မချမ်းမသာ
ဖြစ်တယ်
‘‘ ကောင်စုတ်လေး ’’ ချူးအားမျက်လုံးထဲတွင် ဒေါသအရိပ်အယောင် ပေါ်လာခဲ့ပြီး သစ်ချသီးတွေကို
ရန်ကိုင်ကို ကိုယ့်ဘာသာကိုယ် ခွာစားဖို့ ပေးလိုက်သည်။ဒီကောင်မလေး အမြဲတမ်းငါကို စားစရာတွေ
လာပေးတယ်။ ငါနားမလည်တော့ဘူး….ငါ့ဘယ်လိုရုပ်ပေါက်နေလဲဆို သူမမတွေ့ဘူးလား။ သူတောင်းစား
ရုပ်က အဲ့လောက်တောင် ကြည့်ကောင်းနေလို့လား
ရန်ကိုင်လည်း မတွေးတတ်အောင် ဖြစ်နေခဲ့ရသည်။ ချူးအာကို မေးကြည့်လိုက်တော့မှ သူမအတွင်
အရင်ကမောင်လေးတစ်ယောက်ရှိမှန်း သိခဲ့သည်။ သူမငယ်ငယ်တုန်းက သူမကသူမမောင်းလေးနှင့်
တောင်းစားခဲ့ကြသည်။ သူမမောင်းလေက ကံမကောင်းခဲ့ပဲ ငတ်ပြတ်သေသွားခဲ့ရပြီး သူမကတော့
ကံကြမ္မာအကျိုးပေးသဖြင့် မသေဆုံးခဲ့ပဲ မိန်းမကြီး၏ ကူညီပေးခြင်းကို ခံခဲ့ရ၏။ ရန်ကိုင်က သူမမောင်လေး
မသေခင်တုန်းကနဲ့ အသက်တူလောက်ပဲ ရှိတဲ့အတွက် ချူအားက သူ့ကိုအလွန်အမင်း ကြင်နာနေခဲ့သည်။
‘‘ ဒါဆို ဒီစားစရာတွေကို မိန်မငယ်လေးမိသားစုကနေ နင်ခိုးလာခဲ့တာပေါ့ ’’ ရန်ကိုင်ကမျက်ခုံးပင့်ပြီး
မေးလိုက်သည်။ ချူးအာက သူ့နဲ့မျက်လုံးချင်းစိုက်ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည် ‘‘ ခိုးတာလား။
သခင်မလေးက ငါ့ကိုအရမ်းကောင်းကောင်း ဆက်ဆံတယ်ဆိုတာ နင်သိထားသင့်တယ်။ ဒါတွေကို
သခင်မလေးကိုယ်တိုင် ငါ့ကိုပေးခဲ့တာ။ ပုံမှန်အားဖြင့် သူမကငါ့ကိုပေးမှတော့ ငါလည်းအခြားတစ်ယောက်နဲ့
ဝေမျှစားလို့ရတယ်လေ ’’
‘‘ ဒါဆို နင်ဘာလို့သူ့မဘေးမှာနေပြီး စောင့်ရှောက်မနေတာလဲ ’’ ရန်ကိုင်က သစ်ချသီးစေ့ကိုခွဲလိုက်ပြီး
သူ့ပါးစပ်ထဲပစ်ထည့်လိုက်သည်။
‘‘ သခင်မလေးနဲ့ သခင်မကြီးနှစ်ယောက်စလုံး ခရီးပန်းနေကြတယ်။ သူတို့နားချင်တယ်လို့ပြောနေလို့
ငါ့ဘာသာငါ တစ်ယောက်တည်း ထွက်လာခဲ့တာ ’’ ချူးအားက မျက်လုံးလေးပိတ်ရင်း ပြောလိုက်ပြီး
ရန်ကိုင်ကို မေးခွန်းထုတ်လိုက်သည် ‘‘သူတောင်းစားလေး၊ ပင်လယ်မြို့တော်ရောက်ရင် နင်ဘယ်သွားမှာလဲ ’’
ရန်ကိုင်က ခေါင်းခါလိုက်ပြီး ‘‘ ငါမသိဘူး။ အဲ့ကနေ ဦးတည်ရာတစ်ခုရွေးပြီး သွားရမှာပေါ့ ’’
ချူးအာနှုတ်ခမ်းလေးတွေက ကွေးတက်သွားခဲ့ပြီး ‘‘ အစပိုင်ကတော့ ကြားရတာ နားဝင်ချိုစရာကောင်းပေမယ့်
နောက်ဆုံးတော့လည်း ခွက်စုတ်တစ်လုံးနဲ့ နင်လျှောက်ပတ်ပြီး တောင်းစားမှာမဟုတ်ဘူးလား ။ အရင်တုန်းက
ငါကိုယ်တိုင် နင့်လိုလုပ်ဖူးတဲ့အတွက် ငါနားလည်ပါတယ် ’’
ရန်ကိုင်ကပြုံးလိုက်ပေမယ့် ဘာမှာတော့ ထပ်မပြောခဲ့ချေ။
‘‘ ဒါဆိုရင်ရော ဘယ်လိုလဲ၊ ပင်ဘယ်မြို့တော်ရောက်ရင် ငါတို့နဲ့ပေါင်းလိုက်လေ ။ ငါတို့လည်းအစေခံတွေ
လိုတယ်။ နင်ကတော်တော်လေး တော်မယ်လို့ငါပြောနိုင်တယ်။ ပြီးတော့ ယောကျာ်းအစေခံတစ်ယောက်
ရှိတာလည်း မဆိုးပါဘူး။ နင်ဘာပြောမှာလဲ။ ငါ့အကူအညီနဲ့ဆိုရင် သခင်မလေးနဲ့ သခင်မကြီးက ကျိန်းသေ
နင့်ကိုလက်ခံလိမ့်မယ်။ အချိန်တစ်ခဏလောက် အလုပ်လုပ်ပြီးနင် ငါတို့နဲ့အတူ ရှာဖွေစုဆောင်းထာတဲ့
ပိုက်ဆံနဲ့တစ်နေ့ နင်မိန်းမတစ်ယောက်လောက်တောင် ရှာနိုင်တယ်’’ ချူးအာက ရန်ကိုင်ကိုအလုပ်အတူတူ
လုပ်ဖို့ ဆွဲဆောင်နေခဲ့သည်။
သူမရဲ့တက်ကြွပြီးပွင့်လင်းတဲ့စရိုက်က တကယ်ကိုဆွဲဆောင်မှုရှိတာပဲ။ သူမလည်းတကယ်ကို အလှလေး
တစ်ယောက်ပဲ။ အခုလိုစကားပြောတဲ့အခါ ရည်မှန်းချက်ကြီးတဲ့ အသွင်အပြင်နဲ့ ဆိုရင်သူမက ပိုပြီး
ဆွဲဆောင်အားကောင်းလာလိမ့်မယ်ရန်ကိုင်က ချူးအာ၏စကားကို ဖြတ်ပြောလိုက်သည် ‘‘ငါသာ
နင့်လိုဇနီးတစ်ယောက်လောက် ရနိုင်မယ်ဆိုရင် အဲ့ဒါကငါ့ရဲ့ကံကောင်းမှုပဲ ဖြစ်လိမ့်မယ် ’’
ချူးအာက သူမပါးစပ်ကို လက်ကလေးနဲ့ပိတ်ပြီးရယ်လိုက်သည် ‘‘ နင်းခေါင်းထဲမှာများ တစ်ခုခုလွဲနေတာလား။
နင်နဲထိုက်တန်တာကို နင်ရတာပဲ။ တစ်ဘဝလုံးသူတောင်းစားဖြစ်နေတာ။ အခုငါအိမ်ထဲကို ဝံပုလွေတစ်ကောင်
ခေါ်သွင်းမိပြီလို့တောင်ထင်တယ် ’’
‘‘နင်သေချာစဉ်းစားသင့်တယ် ’’ ရန်ကိုင်သူမကိုလေးနက်တဲ့ အကြည့်နဲ့ကြည့်လိုက်သည်။ သူမတို့နဲ့မပေါင်းဖို့
တော့ သူအစကတည်းက စဉ်းစားပြီးသွားပြီဖြစ်သည်။ သူကဆက်ပြီးစူးစမ်းလေ့လာချင်သလို သူ့ခွန်အားကို
လည်း တိုးတက်အောင် လုပ်ချင်ပေသည်။ ချူးအာနဲ့အတူ မိန်းမကြီးရဲ့ မိသားစုထဲ အစေခံတစ်ယောက်
ဝင်မလုပ်ချင်ပေ။ ဒါပေမယ့် ဘာမှရှင်ပြစရာမလိုပဲ ချူးအာကို ငြင်းပယ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။
‘‘ အဲ့ဒါဆိုရင်လည်း ကောင်းပြီ။ ငါနင်နဲ့အဓိပ္ပါယ်မရှိတာတွေ ပြောမနေတော့ဘူး။ နင့်လိုမျိုးလျှာထက်တဲ့
သူတောင်းစားတစ်ယောက်ကို ငါဘယ်တုန်းကမှ မမြင်ဖူးခဲ့ဘူး ’’ ဟူကျောင်းအာက ရန်ကိုင်ကိုဒေါသအကြည့်နဲ့
ကြည့်လိုက်ပြီး မတ်တပ်ရပ်လိုက်သည် ‘‘မနက်ဖြန်ဆို၊ ပင်ဘယ်မြို့တော်ကိုရောက်ပြီ။ ဒါကြောင့် ဒီညကောင်း
ကောင်းအနားယ။တော့။ ငါလည်းအခု ပင်ပန်းနေပြီ။ ဒါကြောင့် နင့်ဗိုက်ဖြည့်ဖို့ ငါမကူညီတော့ဘူး ’’
ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ လွန်ခဲ့တဲ့ရက်အတောအတွင်း အစာစားချိန်ရောက်တိုင်း သိုင်းပညာရှင်တွေနဲ့
အနိုင်ကျင့်ဗိုလ်ကျမှုကို ခံရမှာစိုးရိမ်တာကြောင့် ကူညီပေးလေ့ရှိခဲ့သည်။ ရန်ကိုင်က တတိယမြောက်
လှည်းထဲကို ဝင်သွားတဲ့ ချူးအာကိုကြည့်နေခဲ့သည်။ သူမထွက်သွားတာနဲ့ သူ့လက်ထဲကမြက်ပင်တွေကို
ကြည့်ပြီး လူအိုကြီးဝူ၏ကျာပွတ်ပညာရပ်မှ သတိပြုမိခဲ့တဲ့ ခံစားချက်ကို စတင်ရှာဖွေလိုက်သည်။
အချိန်တော်တော်ကြာပြီးနောက် စားစရာက အဆင့်သင့်ဖြစ်ပြီဖြစ်ကြောင်း တစ်ယောက်ယောက်က
အချက်ပြလိုက်သည်။ ရန်ကိုင်လည်းစားစရာယူဖို့ မတ်တပ်ရပ်လိုက်ပြီး လမ်းလျှောက်လိုက်သည်။ ဒါပေမယ့်
ခြေငါးလှမ်းပြည့်အောင် မသွားရသေးခင်မှာပဲ သူ့ရှေ့တွင်ရင်းနှီးနေတဲ့ လူတစ်ယောက်က ပိတ်ထားလိုက်သည်။
သူတစ်ချက်ကြည့်လိုက်တာနဲ့ ထိုလူကသူ့ကိုသယ်လာတဲ့ သက်လတ်ပိုင်းလူကြီးဖြစ်မှန်း သတိပြုမိလိုက်သည်။
ထိုလူကြီးက သူ့ကိုအေးစက်စက်နဲ့ စိုက်ကြည့်နေခဲ့သည်။
‘‘ ဘာမှားနေလို့လဲ ’’ ရန်ကိုင်က မျက်မှောင်ကြုံ့ရင်း မေးလိုက်သည်။ ‘‘ ထွက်သွားစမ်း၊ ဒီညမင်းအတွက ်
စားစရာမရှိဘူး ’’ သက်လတ်ပိုင်းလူကြီးက ဒေါသထွက်နေတဲ့လေသံနဲ့ တိုးတိုးလေးအော်ပြောလိုက်သည်။
အခုအချိန်တွင် သူ့အကြည့်ထဲတွင် အထင်သေးမှုတွေပါဝင်နေပြီး ခြိမ်းခြောက်မှုလည်း ပါဝင်နေခဲ့သည်။
ရန်ကိုင်နှုတ်ခမ်းတွေက လှောင်ပြုံးတစ်ခုအဖြစ် ကွေးတက်သွားခဲ့ပြီး သက်လတ်ပိုင်းလူကြီးက
အေးဆေးတည်ငြိမ်စွာနဲ့ ကြည့်လိုက်သည်။
‘‘ နင်းမျက်လုံးတွေက မဆိုးပါဘူး ’’ သက်လတ်ပိုင်းလူကြီးက ခေါင်းညိတ်ရုံလေးညိတ်လိုက်ပြီး ‘‘ ဒါပေမယ့်
မင်းသေချင်တယ်ဆိုရင်တော့ ငါဝမ်းပန်းတသာနဲ့ လက်ခံရတာပေါ့ ’’ ရန်ကိုင်က ဆက်ပြီးမပြောတော့ပဲ
သူထိုင်နေတဲ့နေရာဆီ ပြန်သွားလိုက်သည်။ ‘‘ မင်းတော်တယ် ’’ သက်လတ်ပိုင်းလူကြီးက နှာခေါင်းရှုံ့
လိုက်သည်။ ရန်ကိုင်က သူ့ဘာသာ အတွေးလွန်နေတာလို့ပဲ တွေလိုက်သည်။ ဒါပေမယ့် သူပြန်လှည့်သွားတဲ့
အချိန် သက်လတ်ပိုင်းလူကြီး၏ အမူအရာက စိတ်သက်သာရာ ရသွားပုံပေါ်လေသည်။ ထိုရုတ်တရက်
ပြောင်းလဲခြင်းက ရန်ကိုင်ကို စိုးရိမ်သွားစေခဲ့သည်။ သူပတ်ဝန်းကျင်ကို ချက်ချင်း သတိထားလိုက်ပြီး
နတ်ဆိုးအိုကြီးကိုလည်း သတိပေးလိုက်သည်။တစ်ခုခုမှားနေတဲ့ပုံပဲရန်ကိုင်တဖြည်းဖြည်း စိုးရိမ်လာ
ခဲ့သည်။
ရန်ကိုင်ကောင်းကင်ကို မော့ကြည့်လိုက်ပြီး လကွယ်ညဆိုတာ သတိပြုမိလိုက်သည်။ လေတိုက်သံနှင့်အတူ
ပတ်ဝန်းကျင်တစ်ခုလုံးက မကောင်းတာတစ်ခုခုဖြစ်တော့မယ်ပုံစံ ပေါက်နေခဲ့သည်။ အခြားတစ်ဖက်မှာတော့
သိုင်းပညာရှင်တွေက အစားအစာအတွက် တန်းစီနေခဲ့ကြသည်။ လူအိုကြီးဝူက လှည်းမောင်းတဲ့သူတစ်ယောက်
ဖြစ်ပေမယ့်လည်း သူ့အဆင့်အတန်းက မနိမ့်ကျပေ။ သူ့ဝေကိုလက်ခံရပြီးနောက် သူအိုကြီးက သူ့လှည်းနားတွင်
ထိုင်လိုက်ပြီး သူ့အရက်ပုလင်းနဲ့အတူ စတင်သောက်စားတော့သည်။
သူ့ကိုယ်သူအတွေးလွန်၊စိုးရိမ်လွန်နေတာပဲ ဖြစ်ရမယ်လို့ ရန်ကိုင်တွေးလိုက်သည်။ အစားစားပြီးနောက်
အချို့လူတွေက ကင့်စောင့်ဖို့လုပ်ကြပြီး ကျန်တဲ့သူတွေကကတော့ မီးပုံဘေးတွင် အိပ်စက်အနားယူကြသည်။
တဖြည်းဖြည်းနဲပ ရန်ကိုင်လည်း သူ့မျက်လုံးတွေကိုပိတ်လိုက်ရင်း သူ့စိတ်အခြေအနေက ပုံမှန်ပြန်ဖြစ်သွားခဲ့ပြီး
အနားယူလိုက်သည်။ တစ်နာရီလောက် ကြာတဲ့အချိန်မှာတော့ နတ်ဆိုးအိုကြီ၏အသံက သူ့စိတ်ထဲတွင်
ရုတ်တရက် ထွက်ပေါ်လာခဲ့သည် ‘‘ သခင်လေး၊ တစ်ခုခုမှားနေတယ် ’’
ရန်ကိုင်မျက်လုံးတွေက ချက်ချင်းပဲ ပွင့်သွားခဲ့သည်။ သိုင်းပညာရှင်တွေအားလုံးက မီးပုံဘေးတွင်
နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နေကြသည်။ အခုလိုအကာအကွယ်မရှိတဲ့နေရာမျိုးတွင် သိုင်းပညာရှင်တွေ
ခရီးသွားတဲ့ ဘယ်တော့မှ အခုလိုမျိုး နှစ်နှစ်ခြိုက်ခြိုက် မအိပ်ရဲကြချေ။ အမြဲတမ်းသတိမပြတ်ထားကာ
အိပ်စက်လေ့ရှိကြသည်။ ဒါပေမယ့် အခုအချိန်မှာတော့ သူတို့အားလုံး အသေကောင်လို အိပ်ပျော်နေကြသည်။
အရင်နေ့တွေတုန်းက အခုလိုမျိုး မဖြစ်ပျက်ခဲ့ဖူးပေ။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၈) ချောင်းမြောင်းတိုက်ခိုက်မှု
သိုင်းပညာရှင်တွေက မိန်မတွေကို ကာကွယ်ပေးရမှာ ဖြစ်တဲ့အတွက် သူတို့အလုပ်ကို သစ္စာဖောက်မှာတော့
မဟုတ်ပေ။ ဆိုလိုတာက သူတို့ကိုတစ်ယောက်ယောက်က ဆေးခတ်သွားခဲ့ပြီဖြစ်သည်။ သက်လတ်ပိုင်း
လူကြီး၏ အပြုအမူတွေက သူ့စိတ်ထဲတွင် ထင်ဟပ်လာခဲ့သည်။ နောက် အားလုံးကို ရန်ကိုင်နားလည်သွားခဲ့ပြီ
ဖြစ်သည်။ သူ့မျက်လုံးထဲတွင် ရန်ကိုင်က သာမန်သူတောင်းစားလေး တစ်ယောက်သာ ဖြစ်တဲ့အတွက်
သူ့အစီအစဉ်တွေကို သူတောင်းစားလေးတစ်ယောက်ကြောင့် မပျက်စီးချင်ပေ။ သာမန်လူတစ်ယောက်၏
ခုခံနိုင်စွမ်းက သိုင်းပညာရှင်တစ်ယောက်၏ ခုခံနိုင်စွမ်းထက် နိမ့်ကျပေသည်။
ဆေးစွမ်းက ရန်ကိုင်က အမှန်တကယ် အကျိုးသက်ရောက်မှု မရှိဘူးဆိုပေမယ့်လည်း ထိုအရာက
သက်လတ်ပိုင်းလူကြီး၏ စိုးရိမ်မှုသက်သက်သာ ဖြစ်သည်။ ထို့ကြောင့် ရန်ကိုင်ကို ခြိမ်းခြောက်လိုက်ပြီး
စားစရာပေးဖို့ ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။ ရန်ကိုင်ကလည်း ဆက်ပြီးဘာမှ မပြောပဲ ပြန်သွားတဲ့အတွက်
သက်လတ်ပိုင်းလူကြီးလည်း စိတ်သက်သာရာ ရသွားခဲ့သည်။
မိန်းမငယ်လေးနဲ့ သူတို့ရဲ့သစ္စာရှိ အစေခံဖြစ်တဲ့ ချူးအာတို့ကသူ့အပေါ် ကောင်းကောင်းဆက်ဆံတဲ့အတွက်
သူ့ခန်းမှန်းမှု မှားယွင်းဖို့သာ ရန်ကိုင်မျှော်လင့်ရပေသည်။ ကြင်နာတတ်ပြီး စိတ်ထားကောင်းတဲ့လူတွေအတွက်
ကောင်းမွန်တဲ့ကံကြမ္မာရှိဖို့ပဲ သူမျှော်လင့်ရပေသည်။ သူ့နဲ့အနီးဆုံးက သိုင်းပညာရှင်ဆီသွားပြီး နှလုံးခုန်သံကို
စစ်ဆေးလိုက်တဲ့အချိန် သူအေးခဲသွားခဲ့ရသည်။ မီးပုံဘေးတွင် များစွာသော ပုံရိပ်တွေက ခိုးကြောင်ခိုးဝှက်နဲ့
လျှောတိုက်သွားနေကြသည်။ ထို့နောက် သူ့တို့ခါးတွင်ချိတ်ဆွဲထားသော ဓါးတွေကို ထုတ်လိုက်ပြီး သူ့တို့ရဲ့
အပေါင်းအဖော်တွေရဲ့ လည်းပင်းကိုတိချလိုက်သည်။
ရွှတ် ဆိုတဲ့အသံနဲ့ သွေးတွေပန်းထွက်လာခဲ့သည်။ သိပ်မကြာခင်မှာပဲ ထိုသူတွေရဲ့ဝိဉာဉ်တွေအကုန်လုံး
ငရဲမင်းဆီ သွားရောက်တွေ့ဆုံရတော့သည်။
ရန်ကိုင်မလှုပ်ရဲခဲ့ပေ။ သူကချီပြောင်းလဲခြင်းအဆင့်ကို ရောက်နေပြီဆိုပေမယ့်လည်း တိုက်ပွဲထဲဝင်ပါဖို့
မဖြစ်နိုင်သေးပေ။ ကာကွယ်စောင့်ရောက်ဖို့ပါလာတဲ့ သိုင်းပညာရှင်၏ ကျင့်ကြံခြင်းအဆင့်က
အစစ်အမှန်ဒြပ်စင်အဆင့်ဖြစ်သည်။ အလျင်အလို အပြုအမူလေး တစ်ချက်က သူ့အသက်ကိုနှုတ်ယူသွားနိုင်
ပေသည်။ သူတွေ့ခဲ့တဲ့လူတွေက အကုန်ဟုတ်လားမဟုတ်ဘူးလားဆိုတာတောင် သူမပြောနိုင်သေးပေ။
လူအိုကြီးဝူကကော သူတို့နဲ့လား။ အဲ့လိုဆိုရင် လွတ်မြောက်ဖို့က ပြဿနာမဟုတ်တော့ဘူး ။
လူအိုကြီးဝူရှိတဲ့ လှည်းဆီသို့ ရန်ကိုင်တိုးတိုးတိတ်တိတ် သွားလိုက်သည်။ သက်လတ်ပိုင်းလူကြီးက
လူအိုကြီးဝူကို အေးစက်စက်ကြည့်နေတာကို ရန်ကိုင်သတိထားမိလိုက်သည်။နောက် အမှောင်ယံကြီးစိုးနေတဲ့
ညအချိန်တွင် ဓါးအိမ်ဓါးထုတ်သံတွေကို သူကြားလိုက်ရသည်။ မြေကြီးပေါ်က ကျောက်တုံးတစ်တုံးကို
ကောက်ယူလိုက်ပြီးသူ့အတွေးတွေ အမြန်အဆန် ပြေးလွှားနေခဲ့သည်။ ထို့နောက် ကျောက်တုံးကို
သူပလက်ချောင်းတွေကြားထဲ ထားရင်း အားကုန်သုံးကာပစ်လိုက်သည်။
လူအိုကြီးဝူကို နှိုးဖို့အတွက် ကျောက်တုံးနဲ့ပစ်လိုက်တာဖြစ်သည်။ ဒါပေမယ့် သူဘယ်သူလဲဆိုတာ မပေါ်သွား
စေချင်တဲ့အတွက ်ချီစွမ်းအင်အများကြီး မသုံးဖို့ဆုံးဖြတ်လိုက်သည်။ ကံမကောင်းစွာနဲ့ ကျောက်တုံးက
သက်လတ်ပိုင်းလူကြီး လက်ထဲက ဓါးရှည်ကိုသွားမှန်ခဲ့သည်။ ‘ကလန်’ တိတ်ဆိတ်နေတဲ့ ညအချိန်တွင်
ကျောက်တုံးနှင့်ဓါးထိခတ်သံက တော်တော်လေး ကျယ်သွားပုံရသည်။ ထိုအဖြစ်အပျက်က သက်လတ်ပိုင်း
လူကြီးကို သတိပေးသလို ဖြစ်သွားစေခဲ့သည်။ ကျောက်တုံးနဲ့ဓါးခတ်သံကို ကြားလိုက်တာနဲ့ အလျင်စလိုပဲ
သူ့ဓါးနဲ့ လူအိုကြီးဝူကို ပိုင်းချလိုက်သည်။
ထိုအရေးကြီးတဲ့ အခိုက်အတန့်တွင် လူအိုကြီးဝူရဲ့ မျက်လုံးတွေပွင့်လာခဲ့ပြီး ချက်ချင်းပဲ ထိုဓါးချက်ကို
ရောင်ရှားလိုက်သည်။ လူအိုကြီးဝူက ဓါးချက်ကို ရှောင်တိမ်းရုံလေးသာ တတ်နိုင်ခဲ့အတွက် ဓါးက
သူ့ပုခုံးကို ထိသွားခဲ့ပြီး သွေးတွေပန်းထွက်လာခဲ့သည်။ ချက်ချင်းပဲ သူ့ရဲ့မြင်းရိုက်ကြာပွတ်ကို
ဖြန်းခနဲမြည်အောင် ရိုက်ချလိုက်ပြီး စိတ်ပျက်နေတဲ့ သိုင်းပညာရှင်ဆီကနေ အကွာအဝေးတစ်ခုဆီ
ခုန်လိုက်ပြီး ဒေါသတကြီး အော်လိုက်သည် ‘‘ ကျန်းတင်၊ ဒါဆိုမင်းလုပ်တာပေါ့ ’’ ကျန်းတင်က
ဘာမှပြန်မပြောခဲ့ပေ။ သူ့ဓါးကိုပြန်ရုတ်လိုက်ပြီး လူအိုကြီးဝူနဲ့ တိုက်ခိုက်ဖို့ ကိုယ်နေဟန်ထား
ပြင်လိုက်သည်။
ရန်ကိုင်လည်း တိတ်တဆိတ်နဲ့ စူးစမ်းကြည့်လိုက်တဲ့အချိန် အိပ်ပျော်နေတဲ့ သိုင်းပညာရှင်တွေ အကုန်လုံး
နိုးနေပြီဆိုတာ သိလိုက်သည်။ သူသက်ပြင်းချလိုက်မိသည်။ ကျန်းတင်က သေချာဂရုတစိုက်နဲ့ ဆေးခတ်ခဲ့ပုံရ
သည်။ ဒါပေမယ့် အားကောင်းတဲ့မေ့ဆေးကိုတော့ အသုံးမပြုခဲ့ချေ။ တကယ်တော့ ဆေးကအားကောင်လေ
သူ့အနံ့အရသာက ပိုပြီးခံစားသိလွယ်လေဖြစ်သည်။ ဒါပေမယ့် သူရဲ့ဂရုတစိုက် စီစဉ်ထားတဲ့ အစီအစဉ်က
ကျောက်တုံးလေးတစ်တုံးကြောင့် ပျက်စီးသွားခဲ့ရသည်။
ကျောက်တုံးနှင့်သတ္တုခတ်သံကြောင့်သာ မဟုတ်ရင် ရှိနေတဲ့လူတွေအကုန်လုံး ကျန်းတင်နှင့်သူ့အပေါင်းအဖော်
တွေရဲ့ သတ်ဖြတ်ခြင်းကို ခံရမှာပဲဖြစ်သည်။ သိုင်းပညာရှင်တွေအကုန်လုံး ဘေးပတ်ဝန်းကျင်ကို စိတ်ရှုပ်ထွေး
စွာနဲ့ လှည့်ပတ်ကြည့်နေတဲ့အချိန် အကုန်လုံးအိပ်မှုန်စုံးဝါးပင်ဖြစ်နေသေးသည်။ တစ်ယောက်ယောက်က
အော်ဟစ်လိုက်သည် ‘‘ ဆူကျန်းမင်သေသွားပြီ။ သူ့ကိုဘယ်သူသတ်လိုက်တာလဲကွ ’’
သူ့စကားကို ဆုံးအောင်မပြောရသေးခင်မှာပဲ သူ့ရင်ဘတ်ကနေ အေးစက်တဲ့ခံစားချက်တစ်ခုကို ရလိုက်သည်။
သူငုံ့ကြည့်လိုက်တဲ့အချိန် သူ့ရင်ဘတ်ထဲ စိုက်ဝင်နေတဲ့ ဓါးတစ်ချောင်းကို တွေ့လိုက်ရသည်။
‘‘ တောင်းဟုံ၊ မင်းဘာလုပ်နေတာလဲ ’’ နာကျင်မှုနှင့်အတူ အားအင်ချည့်နဲ့စွာနဲ့ အော်ဟစ်လိုက်သည်။
အယုံကြည်ရဆုံးသူက သူ့နောက်ကိုဓါးနဲ့ထိုးသွားတာဖြစ်သည်။ များစွာသော ကျင့်ကြံသူတွေက
ဘာတွေဖြစ်ပျက်နေလဲဆိုတာ မသိသေးခင်မှာပဲ အသတ်ခံလိုက်ရသည်။ သိပ်မကြာခင်မှာတော့
ကျင့်ကြံသူတွေလည်း ချောင်းမြောင်းတိုက်ခိုက်မှုတွေကို တန်ပြန်တိုက်ခိုက်နိုင်လာခဲ့သည်။
တိုက်ပွဲကွင်းပြင်တွင် အဖွဲ့နှစ်ဖွဲ့ရှိနေခဲ့သည်။ အိမ်တော်သခင်မကို သစ္စာရှိသောအဖွဲပအနှင့် ကျန်းတင်တို့အဖွဲ့ပဲ
ဖြစ်သည်။ ကျန်းတင်နှင့် လူအိုကြီးဝူတို့က ပြင်းထန်တဲ့တိုက်ပွဲတစ်ခုကို ဆင်နွှဲနေခဲ့ကြသည်။ ရန်ကိုင်က
မှိန်ဖျော့ဖျော့ ညရောင်အောက်တွင် ခိုးကြောင်ခိုးဝှက်နဲ့ တတိယမြောက်လှည်းဆီသွားလိုက်သည်။ သူထွက်ပြေး
ချင်ပေမယ့် ချူအားကို လျစ်လျူမရှုနိုင်ပေသည်။ လွန်ခဲ့တဲ့ရက်အတောအတွင်းတုန်းက ချူးအာက သူ့ကို
ဂရုတစိုက်စောင့်ရှောက်ပေးခဲ့တာဖြစ်သည်။ သူမကိုထားပြီးထွက်ပြေးခဲ့ရင် သူ့စိတ်ထဲတွင်ဆူးညှောင့်တစ်ခု
ဖြစ်တည်နေပေလိမ့်မည်။
အပြင်ဘက်က ဆူညံသံတွေကြောင့် လှည်းထဲက မိန်းမသုံးယောက်လည်း နိုးလာခဲ့သည်။ လှည်းဆီ
နီးကပ်လာတဲ့အချိန် ချူးအာ၏မကျေမနပ်အသံကို ကြားလိုက်ရသည် ‘‘ အခုလိုတိတ်ဆိတ်တဲ့ညမှာ
သူတို့ဘာလို့ ရန်ဖြစ်နေကြတာလဲ ’’ သူတို့ပူညံပူညံ လုပ်နေတုန်း သူ့တို့အဝတ်တွေကို ကပျာကယာ
ဝတ်ဆင်နေကြသည်။
ရန်ကိုင်က လိုက်ကာကို မတင်လိုက်ပြီး အထဲကိုဝင်သွားလိုက်သည်။ ‘‘ ဘယ်သူလဲ ’’ ချူးအာထိတ်လန့်သွားခဲ့
ပြီး သူမ၏ပန်းနုရောင်လက်သီးလေးနှစ်လုံးကို ရန်ကိုင်မျက်နှာဆီပစ်သွင်းလိုက်သည်။ ‘‘ ငါပါ၊မထိုးပါနဲ့ ’’
ရန်ကိုင်က ဝမ်းပန်းတနည်းနဲ့ ချူးအာ၏လက်သီးလေးတွေကို ဖမ်းဆုပ်ထားလိုက်သည်။ ‘‘ သူတောင်းစာလေး
လား’’ ချူးအာက ရန်ကိုင်၏အသံကိုကြားလိုက်ပြီး အာမေဋိတ်သံနဲ့ ပြောလိုက်ကာ အံကြိတ်လိုက်သည်
‘‘ နင်နှာဗူးအကြီးစားပဲ၊ ဒီကနေအခုချက်ချင်း ထွက်သွားစမ်း ’’
သူမကရန်ကိုင်ကို ကန်ဖို့ကြိုးစားလိုက်သည်။ ရန်ကိုင်၏ရုတ်တရက် ပေါ်လာမှုကြောင့် မိန်းမကြီးနှင့်
သူ့သမီးပါ ထိတ်လန့်သွားခဲ့သည်။ ‘‘ တိုးတိုးနေ ’’ ရန်ကိုင်က သူ့လက်နဲ့သူမပါးစပ်ကို ပိတ်ထားလိုက်သည်။
သူမပြန်ပြောချင်ပေမယ့်လည်း ဒေါသစိတ်နဲ့သာ သူမတံတွေးကို ပြန်မျိုချလိုက်ရသည်။ အားလုံးတည်ငြိမ်
သွားတဲ့အခါ ချူအားခန္ဓာကိုယ်ပေါ်တွင်အတွင်းခံပဲ ရှိတယ်ဆိုတာ ရန်ကိုင်သတိပြုမိလိုက်သည်။ သူမ၏
အဝတ်အစားတွေက ရန်ကိုင်နှင့်လုံးထွေးရင် ဖရိုဖရဲဖြစ်နေခဲ့သည်။ ထိုမြင်ကွင်းက ရန်ကိုင်အတွက်တော့
နွေးဦးစမ်းရေတစ်ခုအလား နှစ်ခြိုက်ဖွယ်ကောင်းလှသည်။
‘‘ ကျန်းတင်က နင်တို့ကိုသစ္စာဖောက်သွားပြီ။ အပြင်ဘက်ကအသံတွေကိုနားထောင်ကြည့်လိုက် ’’
ရန်ကိုင်က အလျင်စလို ရှင်းပြလိုက်သည်။ ထို့နောက် လှည်းကိုသူ့အိမ်ရာလိုပြုမူလိုက်သည်။ ညသန်းခေါင်
ကြီးဖြစ်နေတဲ့အတွက် အနည်းငယ်ရိုင်းရာကျပေမယ့် မိန်းမသုံးယောက်က အဝတ်အစားအပြည့်အစုံ
မဝတ်ဆင်းထားတဲ့အတွက် တစ်နည်းနည်းနဲ့တောက် ရိုမန်တစ်ဆန်လှပေသည်။ ရန်ကိုင်က မိန်းမကြီးနှှု့်
သူ့သမီးတို့နှစ်ယောက်၏ ခန္ဓာကိုယ်ကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းပဲ သူ့အကြည့်ကိုလွှဲလိုက်သည်။
အခုလိုညဘက်အချိန်တွင် ကိုယ့်အိမ်ကိုယ့်ရာတွင်မဟုတ်ပဲ အပြင်ဘက်တွင် ယောကျာ်သားတွေပဲ
ရှိနေတာကို အတွင်းခံတွေနဲ့ပဲ အိပ်ရဲတယ်ဆိုတော့ ထိုမိန်းမတွေ ဘယ်လောက်ရဲတင်းလဲဆိုတာ
ရန်ကိုင်သိလိုက်သည်။ လှည်းထဲတွင် မှောင်နေပေမယ့် ရန်ကိုင်သာကြည့်ချင်တယ်ဆိုရင် အမှောင်ထုက
သူ့ကိုမတားဆီးနိုင်ပေ။ မိန်းမသုံးယောက်က လှည်းထဲမှတစ်ဆင့် အပြင်ဘက်က အသံတွေကို
သေချာနားထောင်ကြည့်လိုက်တဲ့အချိန် လူအိုကြီးဝူက ကျန်းတင်ကိုဒေါသတကြီး ကျိန်ဆဲနေတဲ့အသံကို
ကြားလိုက်ရသည်။
‘‘ သူတို့ဘယ်လိုလုပ်ပြီး အခုလိုမျိုး သစ္စာဖောက်ရက်တာလဲ ’’ ချူးအာက ထိတ်လန့်တကြားပြောလိုက်သည်။
မိန်းမကြီးနှင့်သူ့သမီးက အဝတ်အစားတွေကို ပြန်ဝတ်ဆင်နေကြီပြး သူတို့မျက်နှာတွေကလည်း ဖြူလျော်နေ
ခဲ့သည်။ ‘‘ နင်တို့အဝတ်အစားတွေ အရင်ပြန်ဝတ်ထားလိုက်။ ငါနင်တို့ကိုဒီနေရာကနေ ခေါ်သွားပေးမယ် ’’
ရန်ကိုင်က စိုးရိမ်တကြီး ပြောလိုက်သည်။ လူအိုကြီးဝူက ဘာကြောင့်သစ္စာရှိပြီး သူတို့ကိုအတွက်
ပြန်တိုက်ခိုကပေးနေတာလဲဆိုတာ သူမသိပေ။ သူရယ်ရမလား၊ငိုရမလား မသိပေမယ့် ဒီမှာကြာကြာ
မနေသင့်ဘူးဆိုတာတော့ သိပေသည်။
ရန်ကိုင်၏တည်ငြိမ်အေးဆေးတဲ့ စကားလေုံးတွေက မိန်းမသုံးယောက်ကို အသိပြန်ဝင်လာစေခဲ့ပြီး
သူတို့ဘယ်လိုအခြေအနေတွင် ရောက်နေလဲဆိုတာ သိလိုက်သည်။ မိန်းမကြီးမျက်နှာက နီရဲသွားခဲ့ပြီး
တုန်ရီနေတဲ့အသံနဲ့ ပြောလိုက်သည် ‘‘ သူတောင်းစားလေး၊ ငါတို့အဝတ်အစားတွေ ပြန်ဝတ်ရအောင်
နင်အရင်ဆုံး ထွက်သွားပေလို့ရမလား ’’ ရန်ကိုင်သူမမျက်လုံးတွေကို စိုက်ကြည့်လိုက်ပြီး အခြေအနေတွေက
ဘယ်တောင်ဆိုးရွားနေလဲဆိုတာ သူမကိုသတိပေးလိုက်သည် ‘‘ မဒန်၊ခင်ဗျားအသက်ရှင်ချင်သေးတယ်ဆိုရင်
အခုလိုအရေးမပါတဲ့ ကိစ္စတွေကို လျစ်လျူရှုထားသင့်တယ်။ အခုလှည်းထဲကနေ ငါထွက်သွားခဲ့ရင် ငါတို့
ထွက်ပြေးမယ့်အစီအစဉ် ပေါက်ကြားသွားလိမ့်မယ် ’’
မိန်းမကြီးကသူ့ရဲ့ အကြံပေးချက်ကို ခေါင်းလေးညိတ်ပြီး သဘောတူလိုက်သည်။ မိန်းမသုံးယောက်က
ရန်ကိုင်ရှိနေသော်လည်း သူတို့အဝတ်အစားတွေကို အလျင်အမြန် ဝတ်ဆင်နေခဲ့ရသည်။ ရန်ကိုင်က
သူတို့ကိုကျောပေးထားပေမယ့် ရှက်ရွံ့နေတုန်းပင်။ မိန်းမကြီးနှင့်သူ့သမီးက လူစိမ်းတစ်ယောက်ရှေ့တွင်
အဝတ်ဝတ်နေရသည်။ လူစိမ်းကလည်း သူတောင်းစားတစ်ယောက်….။ သူတို့ဘဝတွင် အခုလိုမျိုး
ကြုံ့တွေ့ရမယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ချေ။ အခုအချိန်တွင် သူ့တို့မကျေနပ်ချက်ကို စိတ်ထဲတွင်
သိမ်းထားနိုင်ပေသည်။
ချူးအာက ရန်ကိုင်နဲ့ရင်းနှီးတဲ့အတွက် အခုလိုအခြေအနေမျိုးကို ကျန်တဲ့နှစ်ယောက်ထက် ပိုပြီးအလွယ်တကူ
လက်ခံနိုင်ပေသည။ သူမက ခပ်မြန်မြန်နဲ့ အဝတ်အစာလဲလိုက်ပြီး မိန်းမကြီးနှင့်သူ့သမီးအဝတ်လဲတာကို
ကူညီပေးလိုက်သည်။ ရန်ကိုင်က လိုက်ကာကနေတစ်ဆင့် အပြင်ဘက်ကို ချောင်းကြည့်နေခဲ့ပြီးနောက်
သူ့မျက်နှာသုန်မှုသွားခဲ့ပြီး အေးစက်စက်နဲ့ ပြောလိုက်သည ်‘‘ ငါတို့အချိန်စေ့သွားပြီထင်တယ်….’’ သူပြော
လိုက်တာနဲ့ လူအိုကြီးဝူရဲ့ သနားစရာကောင်းတဲ့အသံကြီး ထွက်ပေါ်လာခဲ့သည်။ တစ်ခဏအတွင်း
အပြင်ဘက်က တိုက်ခိုက်သံတွေလည်း တိတ်ဆိတ်သွားခဲ့သည်။
မိန်းမကြီးနှင့်သူ့သမီးကို သစ္စာရှိတဲ့လူတွေ ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။ မေ့ဆေးကြောင့်သူတို့ရဲ့ခွန်အားအပြည့်ကို
ထုတ်မသုံးနိုင်ခဲ့ပေ။ ကျန်းတင်နှင့်သူ့အဖွဲ့သားတွေဘက်က လူအရေအတွက်နည်းပေမယ့်လည်း
တိုက်ပွဲကိုအလွယ်တကူ ထိန်းချုပ်နိုင်ပေသည်။ ‘‘ငါတို့ဘာလုပ်ကြမလဲ ’’ ချူးအာက ရန်ကိုင်၏လက်မောင်းကို
ဆွဲကာ ကြောက်လန့်တကြား မေးလိုက်သည်။ မိန်းမကြီးနှင့်သူ့သမီးကလည်းသူ့ကိုကြည့်နေခဲ့သည်။
အခုအချိန်မှာတော့ သူတို့မျှော်လင့်ချက်က သူတောင်းစားလေးတစ်ယောက်ပဲ ရှိတော့ပေသည်။
‘‘ ထိတ်လန့်နေစရာမလိုဘူး၊ မဒန်၊ ခင်ဗျားသူ့ကိုအာရုံလွှဲထားပေးလို့ရမလား။ အဲ့အချိန်မှာ ငါအခွင့်အရေးတစ်ခု
ရှာပြီး သူ့ကိုချောင်းတိုက်မယ် ’’ ရန်ကိုင်ပြောလိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းတစ်ချက် ရှုလိုက်ပြီး
သူ့အသက်ရှုသံကိုဖိနှိပ်ထားလိုက်သည်။ မဒန်ကတော့ မဒန်ပါပဲ။ အခြေအနေက ဆိုးရွားနေပေပြီး
သူမအသားအရေက ဖြူလျော်နေပေမယ့် ရန်ကိုင်ကိုခေါင်းညိတ်ပြလိုက်သည်။ သူကချူးအာနှင့်
သူ့သမီးလို ဖြစ်မနေခဲ့ပေ။
ခြေသံတွေက လှည်းဆီကိုတဖြည်းဖြည်း နီးကပ်လာခဲ့သည်။ ထို့နောက် ခြေသံတွေကလှည်းရှေ့တွင်
ရပ်တန့်သွားခဲ့သည်။ ကျန်းတင်က ချောင်းဟန့်လိုက်ပြီး အသံတိုးတိုးနဲ့ ပြောလိုက်သည် ‘‘ မဒန်၊
သခင်မလေး ၊ ကျေးဇူးပြုပြီး ထွက်လာပေးကြပါလား ’’ မိန်းမကြီးက တုန်ရီနေတဲ့အသံနဲ့ တဲအတွင်းကနေ
ပြောလိုက်သည် ‘‘ ကျန်းတင်၊ ငါ့ယောကျာ်းက နင့်ကိုသွေးသောက်ညီအစ်ကိုတစ်ယောက်လို ဆက်ဆံခဲ့တယ်။
မင်ဘာလို့အခုလို လုပ်ရတာလဲ ’’
သူမစကားလုံးထဲမှ မုန်းတီးမှုနှင့်ခါးသီးမှုကို လူတိုင်းကြားနိုင်ပေသည်။ သူမ၏မျှော်လင့်ချက်၊ယုံကြည်မှုကို
ကျန်းတင်က သစ္စာက်သွားခဲ့သည်။ ကျန်းတင်က တိတ်တဆိတ်နဲ့ တစ်ခဏကြာအောင် တွေးလိုက်ပြီး
ပြန်ပြောလိုက်သည် ‘‘ မဒန်၊ ဒါကိုပြောခွင့်ပြုပါ၊ ဒါပေမယ့် ငှက်တွေက အစာကြောင့်သေသလို လူတွေကလည်း
လောဘကြောင့် သေကြတာပဲလေ။ ဆရာသခင်က သေသွားခဲ့ပြီး ပိုင်ဆိုင်မှုတွေ အများကြီးချန်ရစ်ခဲ့တယ်။
မဒန်နဲ့သခင်မလေးတို့မှာ ကြက်ပေါက်လေး တစ်ကောင်သတ်ဖို့တောင် ခွန်အားမရှိမှာတော့
အဲ့ဒီပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့လုံးဝမဖြစ်နိုင်ဘူး ’’
‘‘ ဒါဆို ချမ်းသာချင်လို့ပေါ့ ’’ မဒန်က အသက်မဲ့နေတဲ့ အပြုံးပြံုးလိုက်ပြီး ထပ်မေးလိုကသ်ည် ‘‘ လူတိုင်းက
အဲ့လိုပဲတွေးနေတာလား ’’ ‘‘ ဟုတ်တယ် ’’ ကျန်းတင်က ယုံကြည်ချက်ရှိစွာ ပြန်ပြောလိုက်သည်။ မဒန်က
ခါးသီးစွာပြုံးလိုက်ပြီး ခေါင်းခါလိုက်သည် ‘‘အဲ့လိုဆိုရင် နင်ဒါကိုလုပ်ဖို့ အစကတည်းက စီစဉ်ထားခဲ့တာပေါ့။
ကျန်းတင်၊ငါတို့ရဲ့ခင်မင်မှုကိုထောက်ထားပြီး ငါတို့သားအမိကိုချမ်ားသာပေးပါ။ ငါတို့နှစ်ယောက်စလုံး
အသက်ရှင်လျက်ထွက်သွားချင်တယ်။ ငါတို့မှာဘာရည်ရွယ်ချက်မှ မရှိပါဘူး ’’
သူတို့ရဲ့မျှော်လင့်ချက် အားလုံကို ရန်ကိုင်ပေါ်တွင် ပုံအပ်မထားနိုင်တဲ့အတွက် မိန်းမကြီးက အခုလိုမေးလိုက်တာ
ဖြစ်သည်။ သူ့ပုံစံက တည်ငြိမ်နေပေမယ့် သူကသူတောင်းစားတစ်ယောက်ပင် ဖြစ်နေသေးသည်။ သူ့လို
သူတောင်းစားတစ်ယောက်က ကျန်းတင်လိုလူမျိုးကို ဘယ်လိုလုပ်ပြီးခံတိုက်နိုင်ပါ့မလဲ။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၉) ရှင်သန်ဖို့ကြိုးစားခြင်း
ကျန်းတင်က မဒန်ပြောတာကို နားထောင်နေခဲ့ပြီး မလှုပ်မယှတ်အတိုင်း ရှိနေခဲ့သည်။ ထို့နောက် အထက်စီး
ဆန်ဆန်နှင့် ပြောလိုက်သည် ‘‘မဒန်၊သခင်မလေးတို့၊ ကျေးဇူးပြုပြီး အပြင်ထွက်လာခဲ့ပေးပါ။ အဲ့တော့မှပဲ
ငါတို့အသေးစိတ် ပြောကြာတာပေါ့ ’’ ‘‘ နင်ငါတို့အပေါ်ကို ဒီလောက်တောင် ရက်စက်ဖို့လိုလို့လား ’’
မဒန်က ဒေါသထွက်နေတဲ့အသံနဲ့ အော်ပြောလိုက်ပြီး ကျန်းတင်ကတော့ ဘာမှပြန်မပြောခဲ့ပေ။ ပြဿနာကို
အမြစ်ကနေ တစ်ခါတည်းအပြတ်ရှင်းဖို့ သူဆုံးဖြတ်ပြီးသွားပြီဖြစ်သည်။
‘‘ မဒန်’’ ကျန်းတင်က လေသံမာမာနဲ့ ပြောလိုက်သည် ‘‘ မဒန်သာ လိမ်မာတဲ့ကလေးတစ်ယောက်လို
ပူပေါင်းမယ်ဆိုရင် ငါတို့ခင်ဗျားကိုသတ်တဲ့အခါ ခံစားရတာသက်သာအောင် လုပ်ပေးမယ်ဆိုတာ ကတိ
ပေးတယ်။ မဟုတ်ရင်တော့ ပြောဖို့ရှက်စကရာကောင်းပေမယ့် ငါခင်ဗျားကို တော်တော်လေး လေးစားခဲ့တာ။
ဒါပေမယ့် သနားစရာကောင်းတာက အဲ့နေတွေတုန်းက ငါခင်ဗျားရဲ့ကိုယ်သင်းရနံ့ကို ဘယ်တုန်းကမှ
မရှုရှိုက်နိုင်ခဲ့ဘူး။ ဒါပေမယ့် ငါတောင့်တာနေတဲ့ဆန္ဒလေးကို ခင်ဗျားကိုမသတ်ခင် ဖြည့်တင်းနိုင်မယ်လို့
ထင်ရတာပဲ ’’
လှည်းထဲမှာတော့….မဒန်တုန်ရင်သွားခဲ့သည်။ သူ့မလက်ကို တင်းတင်းဆုပ်ထားလိုက်ပြီး သူမအသားအရေက
သွေးမရှိတော့သလို ဖြူလျော်နေခဲ့သည်။ ကျန်းတင်သူမကို လုပ်မယ့်ညစ်ညမ်းတဲ့ အပြုအမူကိုတွေးရင်
ဘယ်လိုကံကြမ္မာကများ သူမကိုစောင့်ကြိုနေမလဲ။ ‘‘ နှလုံးသားမရှိတဲ့ ရက်စက်အကျင့်မကောင်းတဲ့ကောင် ’’
ချူးအာက ဒေါသတကြီးပြောလိုက်သည်။ ကျန်းတင်က လှောင်ပြောင်လိုက်သည် ‘‘ ချူးအာ၊ တစ်ယောက်
ယောက်က နင့်အဝတ်တွေကို စုတ်ဖြဲနေတဲ့အချိန် အခုလိုပြောနိုင်ဦးမလားဆိုတာငါသိချုင်လိုက်တာ ’’
အပြင်ဘက်ရှိတဲ့ ရှိနေတဲ့ သိုင်းပညာရှင်တွေက ကြမ်းကြမ်းတမ်းတမ်း ရယ်မောလိုက်ကြပြီး တစ်ယောက်
ယောက်က ပြောလိုက်သည် ‘‘ ချူးအာ၊ ဒီအစ်ကိုကြီးရဲ့ အချစ်တွေကိုလက်ခံဖို့ စောင့်နေ ’’
သူမမျက်နှာ ဖြူလျော်သွားခဲ့ပြီး ရန်ကိုင်နောက်ကို တိုးသွားခဲ့သည်။ လှည်းထဲကမိန်းမသုံးယောက်စလုံးကတော့
တုန်ရီနေခဲ့သည်။ ‘‘ မဒန်၊ ခင်ဗျားကို ငါ့တောင်းဆိုချက်ကိုလက်ခံဖို့ အသက်ရှုချိန်ဆယ်ရှိုက်စာ
အချိန်ပေမယ်။ ခင်ဗျားကို မိန်းမတစ်ယောက်ရဲ့ ပျော်ရွှင်မှုကိုကျိန်းသေပေးနိုင်တယ်ဆိုတာတော့ ငါကတိ
ပေးနိုင်တယ်။ ပြီးတာနဲ့ ခင်ဗျားကိုကောင်းကောင်းမြေမြှပ်ပေးမှာပါ ’’ ကျန်းတင်ကဆုံးဖြတ်လိုက်သည်။
မဒန်ကမျက်လုံးတွေကို ပိတ်လိုက်ပြီး သူမမျက်လုံးဆီမှ မျက်ရည်စီးချောင်းလေး ကျဆင်းလာခဲ့သည်။
ယူကြုံးမရအပြည့်နဲ့သူမသမီးလက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။ တစ်ခဏကြာပြီးနောက်
သူမမျက်လုံးကို ပြန်ဖွင့်လိုက်သည်။ သနားစရာကောင်းတဲ့ အပြုံးတစ်ခုကိုပြံုးရင်း သူမသမီးကို
ဆုံးဖြတ်ချက်ချပြီးကြောင်း ပြောလိုက်သည်။ တစ်ယောက်ယောက် စော်ကားတာခံရတာထက် သေသွားတာက
ပိုကောင်းပေသည်။
သူမမလုပ်ခင် ရန်ကိုင်က သူမကိုတားဆီးလိုက်သည်။ သူမကိုနှစ်သိမ့်ပေးရင် သူ့ခေါင်းကိုဖြေးဖြေးချင်းခါပြ
လိုက်သည်။ အသက်ရှုချိန်ဆယ်ချိန်က အလျင်အမြန်ပဲ ကုန်ဆုံးသွားခဲ့သည်။ ကျန်းတင်ရဲ့ စိတ်မရှည်တဲ့အသံ
က အပြင်ဘက်ကနေ ထွက်လာခဲ့သည်။ ‘‘မဒန်က ဒီကနောက်လိုက်ငယ်သားကို အခွင့်အရေးမပေးချင်ဘူးနဲ့
တူတယ်။ အဲ့လိုဆိုမှတော့ ငါလည်းမယဉ်ကျေးနိုင်တော့ဘူးပေါ့ ’’
ကျန်းတင်က လိုက်ကာကိုမြှောက်လိုက်ပြီး အထဲကိုဝင်လာခဲ့သည်။ လှည်းထဲကို သူခြေချလိုက်တာနြ့
ညစ်ပတ်ပေရေနေတဲ့ မျက်နှာတစ်ခုက သူ့မြင်ကွင်းထဲတွင် ပေါ်လာခဲ့ပြီး သူ့ကိုပြုံးပြနေခဲ့သည်။
သူတောင်းစားလေးလား၊ ဒါက သူလွန်ခဲ့တဲ့ရက်ပိုင်းက ခေါ်ဆောင်လာခဲ့တဲ့ သူတောင်းစားလေးရဲ့ မျက်နှာပင်
ဖြစ်သည်။ ကျန်းတင်က အံ့အားသင့်သွားခဲ့သည်။ မဒန်ကိုလုံးဝပိုင်ချင်နေတဲ့အတွက် လှည်းထဲတွင်
လေးယောက်မြောက်လူရှိနေတာကိုတောင် သူသတိမထားမိတော့ချေ။ သူ့လိုအစစ်အမှန်ဒြပ်စင်အဆင့်
ကျင့်ကြံသူတစ်ယောက်က သူတောင်းစားလေးတစ်ယောက်ကြောင့် ထိတ်လန့်ပြီး အံ့အားသင့်သွားခဲ့ရတဲ့
အတွက် ဒေါသထွက်သွားခဲ့ရသည်။
ကျန်းတင်က ရန်ကိုင်ကိုဖမ်းဆွဲဖို့လုပ်လိုက်တဲ့အချိန် သူ့ဆီကိုအစဉ်လိုက်ဖြစ်တဲ့ လက်သီးချက်ငါးချက်
ရောက်ရှိလာခဲ့သည်။ ရန်ကိုင်၏ သူ့ရဲ့ဖမ်းကိုင်မှုကို ရှောင်ရှားဖို့မကြိုးစားခဲ့ပဲ ဒေါသလက်သီးတွေနဲ့သာ
တုန့်ပြန်လိုက်သည်။ ဘယ်လိုအမြန်နှုန်းလဲ….ရန်ကိုင်၏အမြန်နှုန်းကြောင့်သူအံ့အားသင့်သွားခဲ့ရပေမယ့်
လှည်းထဲက လူလေးယောက်ကို ကြည့်လိုက်တဲ့အချိန် အထင်တသေးနဲ့ ပြောလိုက်သည် ‘‘ သေချင်
နေတာပဲ ’’ သူတောင်းစားလေးရဲ့ လက်သီးချက်တွေကနေ မည်သည့်ခြိမ်းခြောက်နိုင်တဲ့ စွမ်းအားကိုမှ
သူမခံစားမိခဲ့ပေ။
ရန်ကိုင်က သူ့လက်သီးချက်တွေကို ဖြစ်ကတတ်ဆန်း ထိုးနေတာပဲလို့ တွေးလိုက်သည်။ ကျန်းတင်က
သူ့လက်သီးကို ရန်ကိုင်ပါးစပ်ဆီ ချိန်ရွယ်လိုက်ပြီး ဒေါသတကြီးပြောလိုက်သည် ‘‘ ငါမင်းကိုသတ်မယ် ’’
ကျန်းတင်ရဲ့ နောက်လိုက်ငယ်သားတွေက သူတို့ခေါင်းဆောင်ရဲ့ ဒေါသတကြီးအော်ဟစ်သံကို ကြားလိုက်
တဲ့အချိန် နောက်ထပ်တိုက်ပွဲတစ်ခုတိုက်ခိုက်ဖို့ အသင့်ပြထားလိုက်သည်။ စနစ်တကျနဲ့ ရန်ကိုင်တို့ဆီ
တိုးသွားလိုက်သည်။
‘‘ သူတောင်းစားလေး ’’ ချူးအာက အထိတ်တလန့်နဲ့ အော်လိုက်သည်။ ရန်ကိုင်က သူတောင်းစား
အယောင်ဆောင်ထားတဲ့ ကျွမ်းကျင်သူတစ်ယောက် ဖြစ်မယ်လို့ သူမမထင်ထားခဲ့ပေ။ သူမအသံ၏ပဲ့တင်ထပ်သံ
ကမပျောက်ကွယ်သေးမှာပဲ ကျန်းတင်ကသူ့ရင်ဘတ်ဆီကနေ နာကျင်မှုကိုခံစားလိုက်ရသည်။ ဖြူလျော်
သွားခဲ့ပြီး သူ့မျက်လုံးတွေ အပြင်ကိုထွက်ကျတော့မတတ် ပြူးကျယ်နေခဲ့သည်။ အခုအချိန်တွင်
သူ့ပုံသဏ္ဍာန်က တော်တော်လေး ကြောက်ဖို့ကောင်းပေသည်။
ထို့နောက် ကျန်းတင်၏ရင်ဘတ်ကနေ ပေါက်ကွဲသံထွက်ပေါ်လာခဲ့ပြီး သွေးတွေပန်းထွက်လာခဲ့ကာ
ရန်ကိုင်၏ ပူပြင်းလောင်ကျွမ်းနေတဲ့ ယန်ချီတွေက သူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာခဲ့သည်။ ချက်ချင်းပဲ
ကျန်းတင်ရဲ့ အမူအရာ ပြောင်းလဲသွားခဲ့သည်။ သူ့သတ္တိတွေ ပျောက်ဆုံးသွားခဲ့ပြီး ကြောက်လန့်မှုကြောင့်
သူ့ခန္ဓာကိုယ်ကလည်း အေးခဲသွားခဲ့ရသည်။ ချင်ချင်းပဲ သူ့ရဲ့အစစ်အမှန်ချီကို လှည့်ပတ်လိုက်ပြီး သူ့ရင်ဘတ်က
သွေးထွက်နေတဲ့ဒဏ်ရာကို ဖိနှိပ်ထားလိုက်သည်။ သူ့ရင်ဘတ်က သေးထွက်နေတဲ့ဒဏ်ရာက နီရဲလာခြံပီး
နာကျင်စွာနဲ့ အော်ဟစ်လိုက်ပြီး လှည်းဆီကနေ ပြန်ဆုတ်လိုက်သည်။
ကျန်းတင်က တကယ်တော့ အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတစ်ယောက်ပဲလေ။ သူ့ရဲ့အစစ်အမှန်
ချီစွမ်းအင် အကာအရံဆိုတာက သာမန်လူတစ်ယောက် အလွယ်တကူချိုးဖျက်နိုင်တာမျိုး မဟုတ်ချေ။
ရန်ကိုင်၏လက်သီးချက်ကြောင့် သူလွင့်ပျံထွက်မသွားခဲ့ပေမယ့် သူ့ရင်ဘတ်မှာတော့ ပြင်းထန်တဲ့ဒဏ်ရာ
ရရှိခဲ့သည်။ ကံကောင်းစွာနဲ့ပဲ ထိုလက်သီးချက်က သူ့အသက်ကိုနှုတ်ယူဖို့ မဖြစ်နိုင်ခဲ့ချေ။
ကျန်းတင်ရဲ့ နောက်လိုက်ငယ်သားတွေက ရန်ကိုင်ကိုတိုက်ခိုက်လိုက်တဲ့အချိန် ပုံရိပ်တစ်ခုကိုသာ
မြင်လိုက်ရပြီး ရန်ကိုင်ကတော့ သူတို့ရဲ့မြင်ကွင်းဆီကနေ ပျောက်ကွယ်သွားခဲ့သည်။ သူတို့၏တိုက်ခိုက်မှု
ကျရှုံးသွားခဲ့ရသည်။ ရန်ကိုင်က သူ၃၅ရက်လုံးလုံး လေ့ကျင့်ခဲ့တဲ့ လှုပ်ရှားမှုပညာရပ်ကို အသုံးပြုလိုက်တာ
ဖြစ်ပေသည်။ နတ်ဆိုးအိုကြီးက ဝိဉာဉ်ဖျက်ဆီခြင်းအရိုးထဲကနေ အသူရာချောက်ထဲကနေ ထွက်လာတဲ့
တစ္ဆေတစ်ကောင်လို အော်ရယ်ရင်း မြူခိုးတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပြီး သိုင်းပညာရှင်ငါးယောက်ကို
အံ့အားသင့်သွားစေခဲ့သည်။ ထို့နောက်သူတို့ငါးယောက်စလုံးကို မြူခိုးကဝါးမြိုသွားခဲသည်။
‘‘ ဒါကြီးက ဘယ်လိုတစ္ဆေကြီးလဲ ’’ မြူခိုးထဲနေက တစ်ယောက်ယောက်၏ အော်ဟစ်သံကိုကြားလိုက်ရသည်။
သူပြောပြီးတာနဲ့ ချက်ချင်းပဲရန်ကိုင်က သူ့နောက်ဘက်တွင်ပေါ်လာခဲ့ပြီး သူ့ကျောဘက်ကို လက်သီးနှင့်
ထိုးချလိုက်သည်။ တိုက်ခိုက်ခံရတဲ့သူက ကျန်းတင်လောက် မသန်မာတဲ့အတွက် ရန်ကိုင်၏ယန်ချီတွေက
သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားခဲ့ပြီး သူ့တစ်ကိုယ်လုံကို နီရဲလာစေခဲ့သည်။
နတ်ဆိုးအိုကြီးက ထူးထူးဆန်းဆန်း အော်ရယ်လိုက်သည်။ နတ်ဆိုးအိုကြီးဆိုတာကလည်းနှစ်၁၀၀၀၀
သက်တမ်းရှိတဲ့ ဝိဉာဉ်အိုကြီးတစ်ကောင်ပင်ဖြစ်သည်။ သူ့ခွန်အားက တော်တော်လေး လျော့ကျသွားခဲ့ပေမယ့်
သူ့ရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့ ရယ်သံကလူတစ်ယောက်ကို တုန်ရင်သွားစေနိုင်ပေသည်။ ရန်ကိုင်၏
အကူအညီနဲ့ မည်သည့်အတားအဆီးကိုမဆို သူကျော်ဖြတ်ဖျက်စီးပစ်နိုင်ပေသည်။ သူ့လှုပ်ရှားမှု
ပညာရပ်က ကျန်းတင်၏နောက်လိုက်ငယ်သားတွေကို ပရမ်းပတာဖြစ်သွားစေခဲ့ပြီး တစ်ယောက်ပြီးတစ်ယောက်
ကို အသားပုံ၊သွေးမြူခိုးတွေအဖြစ် ပြောင်းလဲသွားစေခဲ့သည်။
ရန်ကိုင်၏ချီစွမ်းအင်တွေကို နောက်ဆုံးဖယ်ရှားနိုင်တဲ့အချိန် ကျန်းတင်ရူးသွပ်သွားခဲ့သည်။ ရန်ကိုင်ကို
ကြည့်လိုက်ပြီး အော်ဟစ်လိုက်သည် ‘‘ သူတောင်းစားလေး၊ မင်းက ကျားသားစားချင်လို့ ဝက်ယောင်
ဆောင်နေတာပေါ့ ’’ သူတောင်းစားလေးက သာမန်လူတစ်ယောက်လို့သာ သူထင်ထားခဲံပေမယ့် အခု
အချိန်မှာတော့ ထိုသူတောင်းစားလေးက သူ့အစီအစဉ်တွေအတွက် အကြီးမားဆုံး ဆူးညှောင့်တစ်ခု
ဖြစ်လာခဲ့လေသည်။ သူ့အစီအစဉ်တွေ အောင်မြင်ခါနီး နောက်ဆုံးအခိုက်အတန့်မှာပဲ ကျဆုံးသွားခဲ့ရတဲ့အတွက်
ကျန်းတင်မတည်ငြိမ်နိုင်တော့ပေ။ သူကရန်ကိုင်ကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ပြီး အခုအချိန်တွင်
သူ့မျက်လုံးတွေက ရဲရဲနီနေခဲ့သည်။ သူကရန်ကိုင်၏အသွေးကိုသောက်၊ အသားကိုစားချင်နေတဲ့
အကြည့်မျိုးနဲ့ ရန်ကိုင်ကို မုန်းတီးစွာစိုက်ကြည့်နေခဲ့သည်။
တစ်ကိုယ်လုံး သွေးတွေနဲ့ ရဲရဲနီနေတဲ့ ရန်ကိုင်က တည်တည်ငြိမ်ငြိမ်နဲ့ မတ်တပ်ရပ်နေခဲ့ပြီး
ညင်သာတဲ့အသံနဲ့ ပြောလိုက်သည်‘‘ မင်းခွန်အား ဘယ်လောက်လောက် ကျန်သေးလဲ ’’
ကျန်းတင်သာ အထွတ်အထိပ်မှာ ရှိနေမယ်ဆိုရင် ကြယ်အမှတ်အသားပညာရပ်ကို အသုံးပြုမှပဲ
သူ့ပြိုင်ဘက်ဖြစ်နိုင်ပေလိမ့်မည်။ မဟုတ်ရင် သူ့အတွက် နိုင်ဖို့အခွင့်အရေး ရှိလိမ့်မည်မဟုတ်ချေ။
ကံမကောင်းစွာနဲ့ ကြယ်အမှတ်အသားပညာရပ်ကို အသက်သွင်းဖို့ အချိန်တော်တော်လိုအပ်ပေသည်။
ဒါကြောင့် မျက်တောင်တစ်ခတ်အတွင်း သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးနိုင်တဲ့ တိုက်ပွဲမျိုးတွင်
အသုံပြုလို့မဖြစ်နိုင်ပေ။
အခုအချိန်တွင် ကျန်းတင်ကအထိပ်အတွင် ရှိမနေခဲ့ချေ။ သူကလူအိုကြီးဝူနဲ့ တိုက်ခိုက်ခဲ့ရပြီး သူ့ချီစွမ်းအင်လည်း
ကုန်ဆုံးခဲ့ရသလို ဒဏ်ရာလည်းရခဲ့သည်။ ထို့ပြင် ရန်ကိုင်၏ချောင်းမြောင်းတိုက်ခိုက်မှုကြောင့် သူ့ဒဏ်ရာက
ပိုဆိုးသွားခဲ့ရသည်။ ရန်ကိုင်က အခုအချိန်တွင်သူ့ကိုလုံးဝမကြောက်ပေ။ ‘‘ ငါ့ခွန်အား၂၀ရာခိုင်နှုန်းလောက်ပဲ
ရှိတော့ပေမယ့် မင်းကိုသတ်ဖို့ကတော့လုံလောက်တာထက် ပိုပါသေးတယ် ’’ ကျန်းတင်က အကျယ်ကြီး
အော်ပြောလိုက်သည်။ သူ့လက်ထဲက ဓါးကအလင်းတန်းတစ်ခုလို ရန်ကိုင်ဆီတိုးဝင်သွားခဲ့သည်။
ဓါးက ရန်ကိုင်နားမရောက်ခင် ဝိဉာဉ်ဖျက်ဆီးခြင်းအရိုးဆီမှ နတ်ဆိုးအိုကြီး၏ ကြက်သီးမွှေးညင်းထစရာ
ကောင်းတဲ့ ရယ်သံကြီး ထွက်ပေါ်လာခဲ့ပြီး အတားအဆီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်ကို ကာကွယ်
ထားလိုက်သည်။ ထိုအတားအဆီးကို ကျန်းတင်ရဲ့လက်ရှိခွန်အားနဲ့ မဖျက်ဆီးနိုင်ချေ‘‘ ဒါက တော်ဝင်
လက္နက္တစ္ခုပဲ ’’
ကျန်းတင်လို တိုက်ခိုက်ရာတွင် အတွေ့အကြုံများတဲ့ လူတစ်ယောက်တောင် ဝိဉာဉ်ဖျက်ဆီးခြင်းအရိုးလို
ထူးဆန်းတဲ့ တော်ဝင်လက်နက်တစ်ခုကို အရင်တုန်းက မမြင်ဖူးခဲ့ချေ။ ထိုလက်နက်က အတားမဆီးတစ်ခုကို
ဖန်တီးဖို့ အသက်သွင်းစရာမလိုပေ။ ပြီးတော့ ထိုလက်နက်ကနေလည်း ကြက်သီးမွှေးညင်းထစရာကောင်းတဲ့
ရယ်သံကြီးတစ်ခုထွက်ပေါ်နေခဲ့ပြီး မည်သူ့ကိုမဆို ကြောက်ရွံ့မှုကြောင့် တုန်ရင်သွားစေနိုင်သည်။
ထိုလက်နက်ကို တော်တော်လေးကို ထူးခြားဆန်းကြယ်ပေသည်။
‘‘ ဒါက မင်းအသက်ကိုယူမယ့် ရတနာပဲ ’’´ရန်ကိုင်က ချက်ချင်းအမိန့်ပေးလိုက်သည်။ သူ့စကားသံက
ကျန်းတင်၏နောက်ဘက်မှ ထွက်ပေါ်လာခဲ့သည်။ အခုလိုရုတ်တရက် ဦးတည်ရာပြောင်းလဲမှုက
ကျန်းတင်ဆံပင်ကို ထောင်မတ်သွားစေခဲ့ပြီး ရန်ကိုင်က သူနဲ့ဘယ်လောက်တောင် နီးကပ်နေလဲဆိုတာ
နားလည်သွားခဲ့သည်။သူဘယ်လိုလုပ်ပြီး ငါ့နောက်ကိုရုတ်တရက်ကြီး ရောက်လာတာလဲ
သူဓါက သူတောင်းစားလေးကို နောက်တစ်ကြိမ် ထိုးလိုက်ပေမယ့် လေးကိုသာထိုးလိုက်မိပြီး
အချည်းနှီးဖြစ်သွားခဲ့ရသည်။ ရန်ကိုင်လှုပ်ရှားမှုပညာရပ်ကို အသုံးပြုက ကျန်းတင်၏ဓါးချက်ကို
ရောင်သွားလိုက်ပြီး သူ့လက်သီးနဲ့တန်ပြန် တိုက်ခိုက်လိုက်သည်။ ကျန်းတင်က အခုလိုရုတ်တရက်
တိုက်ခိုက်မှုမျိုးကို မကာကွယ်နိုင်ခဲ့ချေ။ သနားစရာကောင်းတဲ့ အော်ဟစ်သံနှင့်အတူ သူ့ညာဘက်လက်က
ပေါက်ကွဲထွက်သွားခဲ့ပြီး မြေကြီါ်ပေါ်ကိုသူလဲကျသွားခဲ့သည်။
ရန်ကိုင်လက်သီးက သူ့ပုခုံးကိုထိသွားခဲ့သည်။ သူ့ကိုယ်တွင်းကိုဝင်ရောက်လာတဲ့ ယန်စွမ်းအင်တွေက
တော်တော်လေး သန့်စင်ပေသည်။ ထိုကဲ့သို့ယန်စွမ်းအင်မျိုးက သာမန်ချီပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ
တစ်ယောက်ပိုင်ဆိုင်နိုင်တဲ့ အရာမျိုးမဟုတ်ချေ။ ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ်၏ အကျိုးကျေးဇူးကြောင့်
သူ့ယန်စွမ်းအင်တွေက အတိုင်းအတာတစ်ခုအထိ သန့်စင်သွားခဲ့ပြီဖြစ်သည်။ နတ်ဆိုးအိုကြီးက ထိုအခွင့်အရေး
ကိုအရယူကာ ဝိဉာဉ်ဖျက်ဆီးခြင်းအရိုးကို ထိန်းချုပ်ပြီး ကျန်းတင်၏ဓါးကို ရိုက်ချလိုက်သည်။
ဆရာနဲ့တပည့်က အတွဲညီညီတိုက်ခိုက်နေကြပြီး ကျန်းတင်ကို ပြန်သက်သာမယ့် အခွင့်အရေးတစ်ခုတောင်
မပေးပဲ အဆက်မပြတ် တိုက်ခိုက်နေကြပြီး ငါးမိနစ်အတွင်း ကျန်းတင်တစ်ကိုယ်လုံးသွေးချင်းနီနေခဲ့သည်။
ထိုရုတ်တရက် ပြောင်းလဲမှုတွေကြောင့် ကျန်းတင်က ကြက်သေသေသွားခဲ့ပြီး ပြန်ပြီးတော့မတိုက်ခိုက်နိုင်တော့
ချေ။ သူအခုမပြေးရင် သူသေမယ်ဆိုတာ ကျန်းတင်သိသည်။ ဒါပေမယ့် နတ်ဆိုးအိုကြီးနှင့်ရန်ကိုင်က
သူ့ကိုထွက်ပြေးဖို့ အခွင့်အရေး လုံးဝမပေးခြ့ချေ။ သူတို့နှစ်ယောက်က သူထွက်ပြေးမယ့်လမ်းကြောင်းကို
လုံးဝပိတ်ဆို့ထားခဲ့ပြီဖြစ်သည်။
နေမီးတောက်ပေါက်ကွဲခြင်းက ကျန်းတင်ကိုသွေးစိမ်းရှင်ရှင်တွေ အန်ထွက်သွားစေခဲ့သည်။ နောက်တစ်ကြိမ်
နတ်ဆိုးအိုကြီးက ထိုအခွင့်အရေးကို အရယူကာ ဝိဉာဉ်ဖျက်ဆီးခြင်းအရိုးမှတစ်ဆင့် ကျန်းတင်၏ခန္ဓာကိုယ်ထဲ
ဝင်ရောက်သွားခဲ့သည်။ သူ့ရဲ့ရဲနောက်လိုက်ငယ်သားတွေလိုပဲ ကျန်းတင်လည်း ဇဝေဇဝါဖြစ်သွားခဲ့ရသည်။
တဖြည်းဖြည်းနဲ့ သူ့မျက်လုံးတွေက ဦးတည်ချက်ပျောက်ဆုံးသွားခဲ့ပြီး သူ့ခန္ဓာကိုယ်က မြေကြီးပေါ် လဲကျသွား
ခဲ့သည်။ ထို့နောက် နတ်ဆိုးအိုကြီးက ရယ်မောရင်း ပြန်ထွက်ပေါ်လာခဲ့ပြီး အနက်ရောင်မြူခိုးအဖြစ်ပြောင်းကာ
ရန်ကိုင်၏လက်ချောင်းထိပ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။
ထိုတိုက်ပွဲတွင် နတ်ဆိုးအိုကြီးက ဝိဉာဉ်အများာကီး ဝါးမြိုခဲ့ရတဲ့အတွက် သူ့ကိုမြန်မြန်ပြည်သက်သာလာစေဖို့
ကူညီနိုင်ခဲ့သည်။ ရန်ကိုင်က နေရာမှာပဲ ရပ်နေခဲ့ပြီး အမောတကော အသက်ရှုနေခဲ့သည်။ ထိုတိုက်ပွဲက
သူ့ချီစွမ်းအင်တွေကို ကုန်ဆုံးသွားစေခဲ့သည်။ ဒီတစ်ကြိမ်မှာတော့ မယိမ်းယိုင်သောစိတ်ဆန္ဒကို သူအသုံးမပြု
ခဲ့ပေ။ ဘာကြောင့်လဲဆိုတော့ ကျန်းတင်နဲ့တိုက်ခိုက်ရတာ သူ့အတွက်ဖိအားသိပ်မရှိုလို့ပဲဖြစ်သည်။ ဒါပေမယ့်
အခုသူ့ခွန်အားက တော်တော်လေး နိမ့်ကျနေတယ်ဆိုတာတော့ ရန်ကိုင်နားလည်ပေသည်။ ကျန်းတင်သာ
အစောပိုင်းကတည်းက ဒဏ်ရာမရထားခဲ့ရင် သူ့ရဲ့အလစ်ချောင်းတိုက်ခိုက်မှုက အလုပ်ဖြစ်ခဲ့လိမ့်မည်
မဟုတ်သလို သူ့ဒန်တန်ထဲတွင် ယန်အရည်စက်တွေ ရှိနေတာကြောင့်မဟုတ်ရင် အခုလိုမျိုး သူတိုက်ခိုက်
နိုင်လိမ့်မည်မဟုတ်ချေ။
နေသုံးစင်းပေါက်ကွဲခြင်းပညာရပ်ကို သုံးကြိမ်အသုံးပြုပြီးတာနဲ့ သူ့ချီစွမ်းအင်အကုန်လုံး ကုန်ဆုံးသွားခဲ့သည်။
ရန်ကိုင်နေရာမှသာ အခြားတစ်ယောက်ဆိုရင် အခုလောက်လို အလောင်းခြောက်တစ်ကောင် ဖြစ်နေလောက်
ပေပြီ။ ကျန်းတင်ကို နတ်ဆိုးအိုကြီးနှင့် ပူးပေါင်းတိုက်ခိုက်တုန်းက နေသုံးစင်းပေါက်ကွဲခြင်းပညာရပ်ကို
အနည်းဆုံး၁၀ကြိမ်လောက် အသုံးပြုခဲ့ရပေသည်။ ရန်ကိုင်က အချိန်တော်တော်ကြာ အနားယူပြီးတော့မှ
အားပြန်ပြည့်လာခဲ့ပြီး လှည်းဆီလမ်းလျှောက်သွားလိုက်သည်။
ခြေသံတွေနီးကပ်လာတာနဲ့ လှည်းထဲကလူတွေက တုန်ရင်သွားခဲ့ပြီး ချူးအာကတုန်ရီနေတဲ့အသံနဲ့ မေးလိုက်
သည် ‘‘ သူတောင်းစားလေး၊နင်လား ’’
‘‘ အင်း ’’ ရန်ကိုင်က ပြန်ဖြေလိုက်သည်။ လိုက်ကာ ပွင့်သွားခဲ့ပြီး ချူးအာ၏ဖြူလျော်နေတဲ့ မျက်နှာထွက်ပေါ်
လာခဲ့သည်။ မိန်းမကြီးနှင့်သူ့သမီးကလည်း ရန်ကိုင်ကိုစိုရိမ်စွာနဲ့ ကြည့်နေကြသည်။
‘‘ သူတို့တွေလာဖြစ်သွားလဲ ’’ ချူးအာကပတ်ပတ်လည်းကိုကြည့်ရင်းမေးလိုက်သည်။
‘‘ သူတို့အားလုံးသေသွားပြီ’’
ချူးအာက ရုတ်တရက် သူမပါးစပ်လေးကို လက်ကလေးနဲ့အုပ်လိုက်ပြီး ရန်ကိုင်ကိုမယုံကြည်နိုင်စွာနဲ့ ကြည့်လိုက်
သည်။ မိန်းမကြီးနှင့်သူ့သမီးလည်း အံ့အာသင့်မှုနှင့်အတူ သက်ပြင်းရှိုက်လိုက်သည်။
ကံဆိုးမိုးမှောင်ကျပြီးလို့ တွေးနေပေမယ့် အခုလိုမျိုး မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေမှ အသက်ရှင်သန်
နိုင်လိမ့်မယ်လို့တော့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ချေ။ သေခြင်းတရားလေပြေးလေက သူတို့ကို
ပွတ်ကာသီကာ ကျီစယ်သွားခဲ့သည်။ ‘‘နင်တို့လှည်းထဲက ထွက်လာစရာမလိုဘူး ။ အသက်ရှင်ကျန်တဲ့
သူတွေကို ငါလိုက်ရှာလိုက်မယ် ’’ ရန်ကိုင်ပြောလိုက်သည်။ ထို့နောက် မီးပုံဆီသွားလိုက်ပြီး အသက်ရှင်နေသေး
တဲ့ ဝိဉာဉ်တွေကို လိုက်ရှာလိုက်သည်။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း(၁၇၀) ပင်လယ်မြို့တော်
နောက်ဆုံးမှတေ့ ရန်ကိုင်က တည်ငြိမ်တဲ့အမူအရာနဲ့ လမ်းပြန်လျှောက်လာခဲ့သည်။ ‘‘ ဘယ်လိုလဲ ’’ မဒန်က
စူးရှတဲ့အကြည့်နဲ့ ကြည့်ရင်းမေးလိုက်သည်။‘‘ အားလုံးသေသွားပြီ ’’ ရန်ကိုင်က ခေါင်းခါရင်း ရေရွတ်
လိုက်သည်။ အိပ်ပျော်နေရင်း သေသွားတဲ့လူတွေအားလုံးက အသက်သွေးကြောနေရာတွေကို ထိခိုက်ခံ
ထားရတာဖြစ်ပြီး တိုက်ခိုက်နေရင်းသေသွားတဲ့လူတွေ အားလုံးကလည်း အသက်မဲ့နေကြပြီဖြစ်သည်။
လှည်းတန်းတစ်ခုလုံး ရန်ကိုင်နှင့်မိန်းမကြီးသုံယောက်သာ အသက်ရှင်ကျန်ရစ်တော့ပေသည်။
လှည်းထဲက မိန်းမငယ်လေးက ရှိုက်ငိုနေခဲ့သည်။ ချူးအားမျက်လုံးတွေက နီရဲနေပြီး မို့အစ်နေကာ
မျက်ရည်တွေက သူမမျက်လုံးများဆီမှ အဆက်မပြတ် စီးဆင်းနေခဲ့သည်။ သူမမျက်လုံးကို အဆက်မပြတ်
ပွတ်နေပြီး မဒန်ကတော့ လောကမုန်တိုင်းဒဏ်ကို ခံစားဖူးတဲ့သူ ဖြစ်လို့သူမစိတ်ထဲက အကြီးအကျယ်
ခံစားနေရပေမယ့်လည်း သူမမျက်ရည်တွေကို တားဆီးထားခဲ့သည်။
‘‘ ငှက်တွေက အစာကြောင့်သေတာပဲ……’’ မဒန်ကတိုးတိုးလေး ရေရွတ်လိုက်သည်။ သူမကတစ်ယောက်
ယောက်ကို လှောင်ပြောင်၊ပြစ်တင်၊ ကျိန်းမောင်းနေသည်နှင့် တူပေသည်။ ရန်ကိုင်က မိန်းမသုံးယောက်၏
ဒရမ်မာပြဇာတ်ကို စောင့်ကြည့်နေခဲ့ပြီး ရုတ်တရက် မေးလိုက်သည် ‘‘ ဒါဆို၊ နင်တို့အခုဘယ်လိုလုပ်မှာလဲ။
နင်တို့ပင်လယ်မြို့တော်ကို သွားချင်သေးလား ’’ မဒန်က အသိပြန်ဝင်လာခဲ့ပြီး ခေါင်းညိတ်ရုံလေး ညိတ်ပြ
လိုက်သည်။ ရန်ကိုင်ကို မျှော်လင့်ချက်အပြည့်နဲ့ ကြည့်လိုက်ပြီး တောင်းဆိုလိုက်သည် ‘‘ သူရဲကောင်းလေး၊
နင်ငါတို့ကို ပင်လယ်မြို့တော်အထိ လိုက်ပါစောင့်ရှောက်ပေးနိုင်မလား ’’
ချူးအာက ရန်ကိုင်ကိုလက်မောင်းကို သူမလက်ကလေးနဲ့ ပိုက်ထားလိုက်ပြီး သနားစရာကောင်းစွာနဲ့ မေးလိုက်
သည် ‘‘ သူတောင်းစားလေး၊ နင့်မှာရွေးချယ်စရာမရှိဘူး။ နင်ငါတို့ကို တာဝန်ယူပေးရမယ် ’’
‘‘ ချူးအာ ’’ မဒန်က တိုးလာခဲ့သည် ‘‘ နင်အဲ့လိုမျိုး မယဉ်ကျေးလို့မဖြစ်ဘူး ’’ ရန်ကိုင်က တိုက်ခိုက်ရာတွင်
ကျွမ်းကျင်တဲ့ သူတောင်းစားလေး တစ်ယောက်ဖြစ်မှန်း မသိခင်တုန်းက သူတို့သူ့ကိုအရေးမစိုက်ခဲ့ချေ။
အခုအချိန်မှာတော့ ရန်ကိုင်က သူတို့ရဲ့ကျေးဇူးရှင်ဖြစ်လာတဲ့အတွက် သူတို့၏မယဉ်ကျေးမှုတွေလည်း
နေလာနှင်းပျောက်သလို ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ရန်ကိုင်က ချူးအာကို စောင်းကြည့်လိုက်ပြီး သဘောတူလိုက်သည် ‘‘ ငါတို့ရှိနေတဲ့နေရာနဲ့ တစ်ရက်
လောက်ပဲ သွားရတော့မှာဆိုတော့ ကျွန်တော်ခင်ဗျားတို့ကို လိုက်ပါစောင့်ရှောက်ပေးပါမယ် ’’
‘‘ကျေးဇူးအများကြီးတင်ပါတယ်၊ သူရဲကောင်းလေး ’’ မဒန်ကစိတ်သက်သာရရသွားပြီး အသက်ပြင်းပြင်း
ရှုထုတ်လိုက်သည်။ ‘‘ နင်ငါတို့ကို မချန်ထားခဲ့ဘူးဆိုတာ ငါသိသားပဲ ’’ ချူးအားက ရန်ကိုင်ကို
လှိုက်လှိုက်လဲလဲ ကျေးဇူးတင်လိုက်သည်။ မဒန်ထက် သူမကစကားလုံးတွေကို သေချာရွေးချယ်ပြီး
ပြောလိုက်သည်။
မိန်းမငယ်လေးက တစ်ခွန်းမှဝင်မပြောခဲ့ပေ။ ရုတ်တရက် သူမ၏ကျေးဇူးတင်မှုကို ဖော်ပြရန်အလို့ငှာ
တက်ရှတဲ့လေသံနဲ့ အသံမြှင့်ပြီးပြောလိုက်သည် ‘‘ သွေးနံ့က လေထဲမှာပျံ့နေပြီ။ ဒါက သားရဲတိရိစ္ဆာန်တွေကို
ဆွဲဆောင်လိမ့်မယ်။ ငါတို့တတ်နိုင်သမျှ မြန်မြန် ထွက်ခွါရင်ကောင်းမယ်။ မနက်ဖြန် ညနေလောက်ဆို
ပင်လယ်မြို့တော်ကို ငါတို့ရောက်လောက်တယ် ’’ မဒန်က တုန့်ဆိုင်းနေလိုက်ပြီး မေးလိုက်သည်
‘‘ သူရဲကောင်းလေး၊ ငါနင့်ကိုအကူအညီတစ်ခုလောက် တောင်းလို့ရမလား ’’
‘‘ ဘာလဲ ’’ ရန်ကိုင်က သူမကိုကြည့်ရင်းမေးလိုက်သည်။
‘‘ ဒီညလူအများကြီးက ငါတို့ကိုကာကွယ်ရင်း သေသွားခဲ့ကြတာဆိုတော့ သူတို့အလောင်းတွေကို
သားရဲ၊မွန်းစတား၊ရာသီဥတုကြောင့် မပျက်စီးသွားစေချင်ဘူး ’’´သူမစကားလုံးကို ဆုံးအောင်မပြောရသေးခင်
မှာပဲ ရန်ကိုင်မျက်နှာပေါ်တွင် မကျေနပ်တဲ့အရိပ်အယောင် ပေါ်လာခဲ့သည်။ ဘယ်သူ့ကိုမဆို သူသတ်ပစ်နိုင်
ပေမယ့် အလောင်းတွေကိုမြှပ်ပေးရမှာကတော့ တော်တော်လေး နာကျင်စရာကောင်းပေသည်။ အထူးသဖြင့်
အခုလိုအလောင်းက အများကြီးရှိနေတဲ့အတွက် ထိုအလောင်းတွေကို မြေမြှပ်ပေးဖို့ဆိုရင် အချိန်တော်တော်
လိုအပ်ပေသည်။
မဒန်က တုံးအလူတစ်ယောက်မဟုတ်ပေ။ ရန်ကိုင်အမူအရာကို မြင်ရုံနဲ့တင် သူမလုပ်ချင်ဘူးဆိုတာ
သလိုက်သည်။ သူမအားတင်းပြုံးလိုက်ပြီး ပြောလိုက်သည် ‘‘ နင်မလုပ်ချင်ဘူးဆိုလည်း ငါနားလည်ပါတယ်။
သူရဲကောင်းလေးရဲ့ ခွန်အားကိုအခုလိုမျိုး ဖြုန်းတီးဖို့မလိုအပ်ပါဘူး။ ချူးအာနဲ့သမီးငါနဲ့အတူလိုက်ခဲ့။
လူအိုကြီးဝူကို မြေမြှပ်ပေးရမယ်။ ကျန်တဲ့သူတွေကတော့…အဲ့အတိုင်းပဲ ထားလိုက်တော့ ’’
‘‘ ကောင်းပြီ ’’ ချူးအာက ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်ကို အကြောက်အလန့်ကင်းကင်းနဲ့ ကြည့်လိုက်ပြီး
သူ့ကိုလက်ရမ်းပြလိုက်သည်။ ရန်ကိုင်က တဖြည်းဖြည်းဝေးကွာသွားတဲ့ လူသုံးယောက်ကိုကြည့်နေလိုက်သည်။
ချူးအာ၊မဒန်နှင့်သူ့သမီးက လှည်းထဲကနေ ထွက်လာခဲ့ပြီး ပြန့်ကျဲနေတဲ့ အလောင်းတွေကိုကြည့်လိုက်သည်။
ဖြူလျော်နေတဲ့ မျက်နှာတွေနဲ့ ဓါးတွေကိုစုစည်းလိုက်ပြီး တစ်ယောက်တစ်ချောင်းယူက သင့်တော်တဲ့နေရာ
တစ်ခုရှားပြီး တူးလိုက်သည်။ လူအိုကြီးဝူက သူမတို့နှင့်တော်တော်လေး ရင်းနှီးရပေမည်။ မဟုတ်ရင် သူ့ကို
အခုလိုမျိုး မြေမြှပ်ပေးလိမ့်မည် မဟုတ်ချေ။
မိန်းမသုံးယောက်က စတင်လှုပ်ရှားနေကြပြီး ရန်ကိုင်က ခန္ဓာကိုယ်တွေကို ဘေးဖယ်လိုက်ပြီး အဖိုးတန်တာ
လေးတွေကို စတင်ပြီး ရှာဖွေတော့သည်။ ပြီးသွားတာနဲ့ မိန်းမသုံးယောက်ဆီ သွားကြည့်လိုက်သည်။
မိန်းမသုံးယောက်ပေါင်းပြီး တစ်လက်မလောက်တောင် မတူးရသေးပေ။။ မဒန်နှင့်သခင်မလေးတို့က
အဆင့်မြင့်မြင့် နေလာတဲ့အတွက် အခုလိုအလုပ်ကြမ်းမျိုး တစ်ခါမှမလုပ်ဖူးချေ။ ရန်ကိုငက် သူတို့ကိုကြည့်ရင်း
သတိထားလိုက်သည်။ ‘‘ သွေးနံ့ကဒီနေရာတစ်ဝိုက်မှာပျံ့နေပြီ။ အဲ့လိုဆိုရင် ဝံပုလွေတွေကို ဆွဲဆောင်
လိမ့်မယ်။ သူတို့သာလာမယ်ဆိုရင် ငါတို့ပြေးလို့လွတ်မှာမဟုတ်ဘူး ’’ ရန်ကိုင်ကပြောလိုက်သည်။
မဒန်နှင့်မိန်းမငယ်လေးတို့က ရန်ကိုင်ပြောတာကိုနားထောင်ရင်း မျက်နှာတွေ ဖြူလျော်သွားခဲ့သည်။
ချူးအာက ဒေါသကြောင့် တုန်ရီသွားခဲ့ရသည်။ သူမလက်ထဲက ဓါးကိုလွှတ်ချလိုက်ပြီး ရန်ကိုင်ရှေ့တွင်
ခြေဆောင့်က သူမလက်သီးသေးသေးလေးတွေနဲ့ သူ့ရင်ဘတ်ကို ထုပြီးအော်တော့လေသည် ‘‘ နင်ငါတို့ကို
ကြောက်အောင်လုပ်နေတာပဲ။ ငါနင့်ကိုဒီလောက် မုန့်တွေအများကြီး ကျွေးခဲ့တာ၊ အားလုံးအလကား
ဖြစ်ကုန်ပြီ ’’
ရန်ကိုင်ကို အော်ဟစ်ဆူပူနေရင်း ချောက်ချားဖွယ်အော်မြည်သံရှည်ကြီးတွေက သစ်ပင်တွေကြားကနေ
ထွက်ပေးလာခဲ့သည်။ ထိုအော်သံက မဒန်နှင့်သူ့သမီးကို အေးခဲသွားစေရုံမက ချူးအာကိုပါအေးခဲသွားစေ
ခဲ့သည်။ ချူးအာက ရန်ကိုင်နားတိုးလိုက်ပြီး ကြောက်ကြောက်လန့်လန်နဲ့ မေးလိုက်သည် ‘‘ အဲ့ကောင်တွေ့
ဝံပုလွေတွေလား ’’
‘‘ ကောင်းပြီ၊ နင်တို့အတွက် အဖိုးတန်တာလေးတွေကို သေချာစီစဉ်လိုက်။ ငါတူးလိုက်မယ် ’’ ရန်ကိုင်က
ပြောလိုက်သည်။ မဒန်သာ လူအိုကြီးဝူတစ်ယောက်တည်းကိုပဲ မြေမြှပ်ပေးမယ်ဆိုရင် ရန်ကိုင်ငြင်းဆန်လိမ့်မည်
မဟုတ်ချေ။ တကယ်တော့ သူတို့နှစ်ယောက်က ရက်အနည်းငယ် အတူတူကုန်ဆုံးခဲ့ကြပြီး လူအိုကြီးဝူက
သူ့ဘက်တွင်ဖြစ်သည်။ သူပြောပြီးသားစကားကို ပြန်ရုတ်သိမ်းရမှာတော့ ရှက်စရာကောင်းပေသည်။ ဒါပေမယ့်
အကူအညီပေးဖို့ အခွင့်အရေးတစ်ခု ရှာတွေ့ခဲ့ပြီဖြစ်သည်။
‘‘ သူရဲကောင်းလေးကို ကျေးဇူးအများကြီးတင်ပါတယ် ’’ မဒန်က ယဉ်ကျေးစွာနဲ့ ရန်ကိုင်ကိုကျေးဇူးတင်
လိုက်သည်။ သူမက သူ့သမီးနှင့်ချူးအာကိုခေါ်ကာ ဒုတိယလှည်းဆီသွားလိုက်သည်။
သိပ်မကြာခင်မှာပဲ ရန်ကိုင်တွင်းတူးပြီးသွားခဲ့ပြီး လူအိုကြီးဝူကို မြေမြှပ်ပေးလိုက်သည်။ အခြားတစ်ဖက်
မှာတော့ မိန်းမသုံးယောက်က သူတို့အတွက် အဖိုးတန်တာတွေကို သေချာရွေးချယ်ပြီးသွားခဲ့ပြီဖြစ်သည်။
သူတို့အတွက ်သိပ်ပြီးအဖိုးမတန်တာတွေကတော့ နေရာလုံလုံလောက်လောက် မရှိတဲ့အတွက် လွှင့်ပစ်ရုံသာ
တတ်နိုင်လေသည်။ ‘‘ သွားကြစို့ ’’ ရန်ကိုင်က လူအိုကြီးဝူနေရာကိုယူကာ မြင်းလှည်းကိုစတင် မောင်းနှင်
တော့လေသည်။ မှောင်မဲနေတဲ့ ညအချိန်တွင် သွေးလမ်းဆီမှာ သူတို့တဖြည်းဖြည်း ဝေးကွာလာခြ့သည်။
နောက်တစ်နေ့ မနက်ရောက်တဲ့အချိန်မှာတော့ ချူးအာက အနားယူချင်တဲ့အတွက် လှည်းထဲကနေ
အော်ပြောလိုက်သည်။ ရန်ကိုင်လည်း လှည်းကိုသင့်တော်တဲ့ နေရာတစ်နေရာတွင်ရပ်လိုက်သည်။
ချူးအာက မီးပုံဖိုလိုက်ပြီး စားစရာကို စတင်ပြင်ဆင်တော့သည်။ လွန်ခဲ့တဲ့ညက သေမင်းနဲ့နီးကပ်သွားခဲ့
ရတဲ့အတွက် သူတို့၏လုံခြုံရေးကို မြှင့်တင်လာခဲ့ရ၏။ လွန်ခဲ့တဲ့တစ်ညလုံး သတို့လုံးဝအိပ်လို့မပျော်ခဲ့ချေ။
သူတို့စားချင်စိတ်လည်း မရှိပေမယ့် အားရှိအောင်တော့ စားဖို့လိုပေသည်။
သူတို့နောက်တစ်ကြိမ် ပြန်ထွက်တဲ့အချိန် ချူးအာက လှည်းထဲကိုပြန်မဝင်သွားခဲ့ပဲ ရန်ကိုင်ဘေးနားထိုင်ကာ
သူ့ကိုမျက်လုံးထောင့်စွန်းကနေ စိတ်အားထက်သန်စွာနဲ့ ကြည့်နေခဲ့သည်။ အချိန်တွေကုန်လွန်သွားတာနဲ့
သူမ၏သိချင်စိတ်ကို မထိန်းချုပ်နိုင်တော့ပဲ သူမကမေးလိုက်သည် ‘‘ နင်ကသူတောင်းစားလေး တစ်ယောက်ပဲ
မဟုတ်ဘူးလား ’’ ‘‘ မဟုတ်ဘူး ’’ ရန်ကိုင်က ပြန်ပြောလိုက်သည်။
‘‘ အဲ့လိုဆိုရင် ငါခန့်မှန်းကြည့်ရသလောက်ကတော့ နင်ကမင်္ဂလာဆောင်ကနေ ထွက်ပြေးလာတဲ့ အဆင့်
အတန်းမြင့်တဲ့ မိသားစုက သခင်လေးတစ်ယောက် ဖြစ်ရမယ်။ ပိုက်ဆံမရှိပဲ ထွက်ပြေးလာလို့
သူတောင်းစားတစ်ယောက်နဲ့ တူနေတာဖြစ်ရမယ် ’’ ချူးအာက သူမအတွေးကိုရဲရဲတင်းတင်း
ထုတ်ပြောလိုက်သည်။ ရန်ကိုင်က ရယ်လိုက်ပြီး ‘‘ နင်ကလေးဘဝတုန်းက အဲ့လိုစိတ်ကူးယဉ်ပုံပြင်တွေကို
နားထောင်ခဲ့တာလား ’’ ‘‘ ကလေးဘဝတုန်းက အဲ့လိုပုံပြင်တွေကို ငါတစ်ခါမှ နားမထောင်းဖူးဘူး။ ဒါပေမယ့်
သခင်မလေးက အဲ့လိုအဖြစ်အပျက်တွေကို မကြာခဏပြောတာတော့ ကြားဖူးတယ်။ သခင်လေး
တစ်ယောက်က မင်္ဂလာဆောင်ကနေ ထွက်ပြေးလာပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်လို့ ကမ္ဘာအနှံ့
ခြေဆန့်လေသည် ’’
သူမပြောလို့ မပြီးသေးခင်မှာပဲ မဒန်က လှည်းထဲကနေ ချောင်းဟန့်လိုက်သည်။ ချူးအာက ရန်ကိုင်ကို
လျှာထုတ်ပြလိုက်သည်။ ရန်ကိုင်က ဖျော့ဖျော့လေးသာ ပြုံးလိုက်ပြီး ကျာပွတ်ကိုနောက်တစ်ကြိမ်
လွှဲရမ်းလိုက်သည်။ နာရီများစွာကြာတဲ့အချိန်မှာတော့ ရန်ကိုင်က မိုးကုတ်စက်ဝိုင်းအောက်တွင်
ထူးခြားတာတစ်ခုခုကို သတိပြုမိလိုက်သည်။ သူသတိထားလိုက်ပြီး ရုတ်တရက် မေးလိုက်သည်
‘‘ လူတစ်ချို့က ငါတို့လမ်းကိုပိတ်နေကြမယ်။ သူတို့ဘာလို့အဲ့လိုလုပ်နေလဲဆိုတာ နင့်တို့ထဲက တစ်ယောက်
ယောက်များ သိကြလား ’’
မဒန်က အံ့အားသင့်နေတဲ့အသံနဲ့ ပြောလိုက်သည် ‘‘ သူတို့တွေကမြောင်မိသားစုက ဖြစ်လောက်တယ် ’’
မြောင်မိသားစုက မိန်းမသုံးယောက်၏ ပန်းတိုင်ဖြစ်ကြောင်း ချူးအာဆီကနေ သူသိခဲ့ရ၏။ မိန်းမငယ်လေးနဲ့
မြောင်မိသားစုသခင်လေးက ကလေးဘဝကတည်းက စေ့စပ်ထားကြာတာ ဖြစ်သည်။ အိမ်တော်ခေါင်းဆောင်
သေပြီးနောက် မဒန်က သူ့သမီးကိုခေါ်ဆောင်ကာ ပင်လယ်မြို့တော်ကို လာပြီးနားခိုရာနေရာ လာရှာတာ
ဖြစ်သည်။ သူ့သမီးရဲ့ လက်ထဲပွဲကတော့ ပြီးတော့မှပဲ စီစဉ်မှာဖြစ်သည်။
‘‘ နင်တို့ရောက်လာတာကို မြောင်မိသားစုကို သတိပေးလိုက်သေးလား ’’ ရန်ကိုင်မေးလိုက်သည်။
‘‘ အင်း ’’ ‘‘ နင်တို့သွားချင်တဲ့ နေရာကိုရောက်ပြီ ဆိုမှတော့ ကျွန်တော်ခင်ဗျားတို့နဲ့ ဆက်ပြီး သွားစရာ
မလိုတော့ဘူးပေါ့ ’’ ချူးအာက စိုးရိမ်တကြီး မေးလိုက်သည် ‘‘ သူတောင်းစားလေး၊ နင်ထွက်သွားတော့မှာ
လား ’’ ‘‘ နင်ငါ့ကိုလက်မလွှတ်ချင်ဘူးလား ’’ ရန်ကိုင်က ချူးအာဘက်လှည့်လိုက်ပြီး စနောက်လိုက်သည်။
‘‘ နင်သေချာင်နေတာလား ’’ ချူးအာက ရှက်သွားခဲ့သည်။သခင်မနဲ့သူ့သမီးက အနောက်မှာထိုင်နေတာကို
ဒီကောင်စုတ်က နှောင့်ယှတ်နေသေးတယ်
ရန်ကိုင်က ဆက်ပြောလိုက်သည် ‘‘ မဒန်၊ ဒီနေ့ညကိစ္စကို ဘယ်သူ့ကိုမှ မပြောပြဘူးလို့ ငါမျှော်လင့်ပါတယ် ’’
မဒန်က ရန်ကိုင်၏တောင်းဆိုမှုကြောင့် ကြောင်သွားခဲ့ရသည်။ ဒါပေမယ့် ချူးအာကရဲတင်းတဲ့ ခန့်မှန်းမှုကို
သူမပြန်စဉ်းစားမိလိုက်သည်။ သူကတကယ်ပဲ မင်္ဂလာဆောင်ကနေ ထွက်ပြေးလာတဲ့ မိသားစုတစ်ခုက
သခင်လေးတစ်ယောက်လား ။ မဒန်က ခေါင်းညိတ်လိုက်သည် ‘‘ သူရဲကောင်းလေး၊ စိုးရိမ်စရာမလိုပါဘူး။
ငါတို့ကို ဖြတ်သွားတဲ့ကျွမ်းကျင်သူတစ်ယောက်က ကယ်တင်ခဲ့တာပါ ’’´
‘‘ အဲ့ဒါကောင်းတယ် ’’ ရန်ကိုင်က ပြုံးလိုက်သည်။
သိပ်မကြာခင်တွင် လှည်းက တားဆီးထားတဲ့ နေရာဆီရောက်လာခဲ့သည်။
လူအုပ်ထဲကနေ လူတစ်ယောက် ထွက်လာခဲ့ပြီး လက်သီးဆုပ်ကာ ပြောလိုက်သည် ‘‘ ဒီလှည်းက
ကျန်းမိသားစုက ပိုင်ဆိုင်တဲ့လှည်းလား ’’ မဒန်က လှည်းထဲကနေ ပြောလိုက်သည် ‘‘ ဟုတ်ပါတယ် ’’
ဆန်းကြယ်တဲ့ လူကစိတ်လှုပ်ရှားစွာနဲ့ ပြုံးဖြဲဖြဲလုပ်လိုက်ပေမယ့် သူ့စိတ်ခံစားချက်တွေကို ထိန်းချုပ်ထားလိုက်ပြီး
မိန်းမတွေကိုကြိုဆိုလိုက်သည် ‘‘ မြှောင်ဟွာချန်း၊ နင့်ရဲ့မောင်ငယ်လေးက ကြိုဆိုပါတယ် ’’
ထိုလူကြီးက စတင်ရှိုက်ငိုတော့သည် ‘‘ အရင်တုန်းက အစ်ကိုကြီးနဲ့ ငါတို့ ခွဲခွာခဲ့ကြတယ်။ မျက်တောင်တစ်ခတ်
အတွင်းမှာပဲ ဆယ်နှစ်ကုန်ဆုံးသွားခဲ့ပြီး ငါတို့ထာဝရ ခွဲခွာရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ငါတို့အတူတူ
ကုန်ဆုံးခဲ့တဲ့ အချိန်တွေက မနေ့ကကုန်ဆုံးခဲ့တဲ့အတိုင်း ငါသေချာမှတ်မိနေသေးတယ် ’’
မဒန်နှင့်သူ့သမီးဆီမှ တရှုပ်ရှုပ်အသံတွေ ထွက်ပေါ်လာခဲ့သည်။ ချူးအာ၏မျက်လုံးတွေလည်း နီရဲလာခဲ့သည်။
မဒန်က နှစ်သိမ့်ပေးလိုက်သည်‘‘ မောင်လေး၊ နင်ခံစားချက်တွေကို ထိန်းချုပ်ထားပါဦး ’’ မြောင်ဟွာချန်က
ပြောလိုက်သည် ‘‘ အစ်မ၊ နင်ငါ့ကို နှစ်သိမ့်ပေးစရာ မလိုပါဘူး ။ နင်ကငါ့ထက်တောင် ပိုခံစားခဲ့ရမှာ ’’
ပြန်ဖြေသံ မကြားခဲ့ရပေ။ မြောင်ဟွာချန်းက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး ‘‘ အစ်မ၊ နင်းတို့ တော်တော်
ပင်ပန်းခဲ့မှာပဲ။ ပင်လယ်မြို့တော်ကို ရောက်ဖို့ငါတို့နောက်ထပ် နေ့တစ်ဝက်လောက် တောင့်ခံရဦးမယ် ’’
ပြောနေရင်းနဲ့ သူ့မျက်လုံးတွေက ရန်ကိုင်ပေါ် ကျရောက်သွားခဲ့ပြီး မျက်မှောင်ကြုံ့လိုက်သည် ‘‘ ဒီမှာ
ဘာလို့ သူတောင်းစားတစ်ယောက် ရှိနေတာလဲ ’’ မဒန်က မနေ့ညကစီစဉ်ထားတဲ့ အဖြစ်အပျက်တွေကို
ပြန်ပြောပြလိုက်သည် ‘‘ အဲ့နောက်မှာတော့ ငါတို့သူတောင်းစားလေး တစ်ယောက်နဲ့တွေ့ပြီး လှည်းမောင်း
ပေးဖို့ အကူအညီတောင်းခဲ့တာ ’’´‘‘ ကျန်းတင်သာ မသေခဲ့ရင်၊ ဒီနေ့ငါသူ့ကိုသတ်ပစ်မယ်။ မဟုတ်ဘူး…
သူ့ကိုသတ်ရုံတင်မကဘူး၊ သေချင်လောက်အောင် တောင်းဆိုရလောက်တဲ့အထိ နှိပ်စက်ပစ်ရမယ် ’’
မြောင်ဟွာချန်က ဒေါသတကြီး အော်ပြောလိုက်သည် ။ ထို့နောက် ရန်ကိုင်ကိုကြည့်လိုက်ပြီး ‘‘ သူတောင်းစား
လေး၊ မင်းသွားလို့ရပြီ။ မင်းတော်တော်လေး အလုပ်ကြိုးစားပေးခဲ့တာပဲ’’ ရန်ကိုင်က အသာအယာ
ခေါင်းညိတ်ပြလိုက်ပြီး လှည်းပေါ်ကနေ ဆင်းသွားလိုက်သည်။
မြောင်ဟွာချန်က တစ်ယောက်ယောက်ကို အချက်ပြလိုက်ပြီး လူတစ်ယောက်က ရှေ့တက်လာခဲ့ပြီး ရန်ကိုင်ကို
ငွေချောင်းတစ်ချောင်း လက်ဆောင်အဖြစ် ပေးလိုက်သည်။ သူကသူတောင်းစားနေရာကနေ သရုပ်ဆောင်
နေရတဲ့အတွက် ငွေချောင်းကိုရလိုက်တဲ့အချိန် သူ့မျက်နှာပေါ်တွင် အပျော်တွေနဲ့ ပြည့်သွားခဲ့သည်။
‘‘ သွားကြစို့ ’’ မြောင်ဟွာချန်က လှည်းမောင်းသူဘေးတွင ်ထိုင်ရင်း အော်လိုက်သည်။ လူတိုင်းကအဖွဲ့ဖွဲ့
လိုက်ကြပြီး ပင်ဘယ်မြို့တော်ဆီ ဦးတည်သွားတော့သည်။ ရန်ကိုင်က နေရာမှာပဲ ရပ်နေပြီး လှည်းထွက်
သွားတာကို ကြည့်နေခဲ့သည်။ လှည်းထဲက သူတို့တွေ့ သူ့ကိုစိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။
ကျန်းမိသားစုက မိန်းမကြီးရဲ့ကံမကောင်းမှုအတွက ်သူစိတ်မကောင်းဖြစ်ရပေမယ့် သူမအတွက် သူဘာမှ
လုပ်မပေးနိုင်ချေ။ သူတို့တွေက တိုက်ဆိုင်လို့ တွေ့ခဲ့ရတာဖြစ်လို့ သူတို့နောက်တစ်ကြိပ် ထပ်တွေ့ကြ
နိုင်တော့မည် မဟုတ်ချေ။ သူ့မြင်ကွင်းကနေ လှည်းပုံရိပ်ပျောက်သွားတာနဲ့ ရန်ကိုင်က လှည်းသွာတဲ့
လမ်းကြောင်းအတိုင်းသွားလိုက်သည်။ လူအိုကြီးဝူ၏ ကြာပွတ်က သူ့လက်ထဲတွင် ရှိနေဆဲဖြစ်ပြီး
လမ်းလျှောက်နေရင်း သူ့လှုပ်ရှားမှုပညာရပ်ကို လေ့ကျင့်သွားခဲ့သည်။
နေ့တစ်ဝက်အကြာမှာတော့ သူနောက်ဆုံး ပင်လယ်မြို့တော်ကို ရောက်ရှိလာခဲ့သည်။ ထိုမြို့က အနက်ရောင်
မက်မွန်သီးရွာထက် ပိုကြီးပေသည်။ ပင်လယ်ဆိပ်ကမ်းမြို့ကို ရောက်ဖူးတာ ရန်ကိုင်အတွက် ပထမဆုံး
အကြိမ်ပင်ဖြစ်သည်။ သူစိတ်လှုပ်ရှားနေခဲ့သည်။ ဒါပေမယ့် သူပထမဆုံးလုပ်ဖို့လိုတာက
အဝတ်အစားအချို့ဝယ်ပြီး အနားယူရန်အတွက် စားသောက်ဆိုင်တစ်ခုရှာဖို့ပင်။