အခန်း (၁၇၁-၁၇၅)
Vol. 7 Ch. 171-175
အပိုင်း (၁၇၁) နေမီးတောက်ပေါက်ကွဲခြင်းနှင့် လှုပ်ရှားမှုပညာရပ်
နောက်ထပ်ရက်အနည်းငယ်အတွင်း ရန်ကိုင်က ပင်လယ်မြို့တော်၏ အလှအပနှင့်ယဉ်ကျေးမှုကို
လေ့လာခံစားကြည့်လိုက်သည်။ အခုလိုလှပလှတဲ့ ပင်လယ်ကမ်းခြေမြင်ကွင်းနှင့် သဘာဝသန့်စင်တဲ့
လေကိုရှုှုရှိုက်ရင်း ပင်ဘယ်မြို့တော်က တကယ်ကို အနားယူလို့ကောင်းတဲ့ နေရာတစ်ခုပင်ဖြစ်သည်။
လက်ဖက်ရည်ဆိုင်နှင့် ဝိုင်ဆိုင်တို့တွင်၊ ပင်လယ်မြို့တော်နဲ့ ပက်သက်တဲ့ များစွာသော စိတ်ကူးယဉ်
ပုံပြင်တွေကို ရန်ကိုင်ကြားခဲ့ရသည်။
ပင်လယ်မြို့တော်၏ သဘာဝပတ်ဝန်းကျင်ကြောင့် ကောင်းကင်စံအိမ်ကိုတောင် ရန်ကိုင်မေ့သွားခဲ့ရသည်။
ထို့ပြင် ပင်ဘယ်မြို့တော်တွင ်ဂိုဏ်းတွေရှိသေးပေသည်။ ဟန်မင်းဆက်အတွင်းရှိ ဂိုဏ်းတွေကို
အဆင့်ခွှဲရမယ်ဆိုရင် ကောင်းကင်စံအိမ်က အကောင်းဆုံးဒုတိယအဆင့် ဂိုဏ်းတစ်ခုအဖြစ်သာ
သတ်မှတ်နိုင်ပေသည်။ ဒါပေမယ့် ပင်လယ်မြို့တော်မှာကတော့ ပထမအဆင့်ဂိုဏ်းတွေတောင်
ရှိပေသည်။ အချို့ပထမအဆင့် ဂိုဏ်းတွေဆိုရင် အင်အားကြီးမိသားစုရှစ်ခုနဲ့တောင် ယှဉ်နိုင်ပေသည်။
ဒါပေမယ့် ထိုဂိုဏ်းတွေက ကုန်းတွင်းပိုင်းဂိုဏ်းတွေနဲ့ယှဉ်ရင် ခြားနားပေသည်။
ပင်လယ်မြို့တော်တွင် လွှမ်းမိုးနိုင်စွမ်းရှိတဲ့ မိသားစုတွေကလွဲ၍ အချို့ကျင့်ကြံသူတပည့်တွေတောင်
လာရောက်လည်ပတ်ကြပေသည်။ သူတို့တွေက ပြန့်ကျဲနေတဲ့ ကျွန်းတွေကို စိတ်ဝင်စားလို့ လာရောက်
လည်ပတ်ကြတာဖြစ်ပေသည်။ သူတို့နေထိုင်ရာ ကျွန်းတွေပေါ်ရှိ ချီစွမ်းအင်က ကုန်းတွင်းပိုင်းကျွန်းတွေရှိ
ချီစွမ်းအင်ထက် ပိုပြီးသိပ်သည်းပေသည်။ထို့ကြောင့် ကျင့်ကြံနှုန်းကလည်း ပိုပြီးမြန်ဆန်ပေသည်။
ယေဘုယျအားဖြင့် ကျွန်းပေါ်ရှိ ဂိုဏ်းတွေ၏ ပါရမီရှိတဲ့ တပည့်တွေက ကျွန်းပေါ်တွင်သာ အနေများလေသည်။
ကမ်းခြေတစ်လျှောက် လမ်းပတ်လျှောက်နေတဲ့အချိန် ပင်လယ်မြို့တော်၏ ချမ်းသာမှုကို ရန်ကိုင်တွေ့ရှိ
လိုက်ရသည်။ လူအိုကြီးဝူဆီမှ ကျာပွတ်နည်းစနစ်နှင့်တူညီတဲ့ ခံစားမှုတစ်ခုကို သူခံစားလိုက်ရသည်။
အားကောင်းတဲ့ လှိုင်းလုံးတစ်လုံးချင်းစီက အရမ်းကိုအားကောင်းတဲ့ ရိုက်ချက်တစ်ခုကို ဖန်တီးနိုင်ပေသည်။
ဒါက အလောတကြီးလုပ်လို့မရတဲ့ သဘာဝစွမ်းအားတစ်ခုဖြစ်သည်။ ပင်လယ်လှိုင်းလုံးတွေကို
လေ့လာပြီးနောက် တံခါးတစ်ချပ်က ဖြည်းဖြည်းချင်း ပွင့်သွားသလို ရန်ကိုင်ခံစားလိုက်ရသည်။ အံ့အား
သင့်ဖွယ်ကောင်းတဲ့ ဆန်းကြယ်မှုတစ်ခုက သူ့စိတ်ထဲဝင်ရောက်လာခဲ့သည်။ ရန်ကိုင်၏ သိုင်းပညာရပ်တွေကို
နာလည်နိုင်တဲ့ ကိုယ်ပိုင်အသိစိတ်က လူအိုကြီးဝူဆီက ကျာပွတ်နည်းစနစ်နဲ့ တူညီတဲ့အသစ်တွေ့ရှိလာတဲ့
အသိပညာအသစ်တွေနဲ့ ဖြေးဖြေးချင်း ပေါင်းစပ်နေခဲ့သည်။
အချိန်ဘယ်လောက် ကုန်ဆုံးသွားခဲ့မှန်းမသိခဲ့ပဲ ရန်ကိုင်က မတ်တပ်ရပ်နေရင်း အိပ်ပျော်သွားပုံရသည်။
ပင်လယ်လေညင်းတိုက်ခတ်သံက တဝှီဝှီမြည်နေခဲ့ပြီး လှိုင်းလုံးရိုက်ခတ်သံတွေကလည်း သူ့နားထဲတွင်
မြည်ဟည်းနေခဲ့သည်။ ရန်ကိုင်သူ့မျက်လုံးတွေကို ဖွင့်လိုက်တဲ့အချိန်မှာတော့ မဖော်ပြနိုင်တဲ့ ဆန်းကြယ်မှု
တစ်ခုကို သူနားလည်သွားပုံရသည်။
လှုပ်ရှားမှုပညာရပ်ကို အသက်သွင်းလိုက်ပြီး ရန်ကိုင်၏ခန္ဓာကိုယ်တစ်ခုလုံးက မီးခိုထုထဲက အလင်းမှုန်လေး
တစ်ခုလို တောက်ပနေခဲ့သည်။ ကမ်းခြေဆီနီးကပ်လာတဲ့ လှိုင်းလုံးတွေပေါ် အသာအယာခြေချလိုက်ပြီး
သူ့ကိုယ်ပေါ်ကို ရေတစ်စက်မှမစိုစေပဲ အခြားလှိုင်းလုံးတစ်ခုပေါ်ကို ခြေချလိုက်ပြန်သည်။ ထိုကဲ့သို့
၁၅ကြိမ်လောက် လုပ်ပြီးနောက် သူ့ချီစွမ်းအင်တွေကို ထုတ်လွှတ်လိုက်ပြီး ရေထဲကိုနစ်မြုပ်သွားစေလိုက်သည်။
အခုအချိန်တွင် သူ့တစ်ကိုယ်လုံး ရေစိုနေပေမယ့် သူ့မျက်နှာကတော့ တောက်ပစွာနဲ့ ပြုံးနေခဲ့ည်။ သူ့ဆီ
တိုးဝင်လာတဲ့ လှိုင်းလုံးကိုကြည့်ရင်း သူ့လက်သီးကိုတင်းတင်းဆုပ်လိုက်သည်။
နေမီးတောက်ပေါက်ကွဲခြင်း
ရန်ကိုင်လက်သီးတစ်ဝိုက်က လေထုပေါက်ကွဲသွားခဲ့ပြီး မိုးချိန်းသံလိုမြည်ဟည်းသံ သုံးဆင့်ထွက်ပေါ်လာခဲ့ပြီး
ချီစွမ်းအင်သုံးလွှာက သူ့လက်သီးကို ဖုံးလွှမ်းထားကာ လှိုင်းလုံးကိုထိုးချလိုက်သည်။ ရေအောက်တွင်တွင်
လေဟာနယ်အကြီးကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ လူအိုကြီးဝူနှင့်ပင်လယ်လှိုင်းလုံးတွေဆီမှ သူနားလည်ခဲ့တဲ့
သိုင်းပညာအသိတွေက လုံးဝကိုပေါင်းစပ်သွားခဲ့ပြီဖြစ်သည်။ ထိုပြောင်းလဲမှုက နေမီးတောက်ပေါက်ကွဲခြင်း
ပညာရပ်ကို ထပ်ဆင့်မြှင့်ပေးလိုက်သလို ဖြစ်သွားခဲ့သည်။ သူ့တိုက်ခိုက်မှုကို ကွာကွယ်ဖို့ပိုပြီးခက်ခဲ
သွားခဲ့ပြီဖြစ်သည်။
‘‘ ဂျီးနီးယပ်ပဲ ’’ နတ်ဆိုးအိုကြီးက ပြောစရာစကားမဲ့သွားတဲ့အထိ ထိတ်လန့်သွားခဲ့ရသည်။ လွန်ခဲ့တဲ့
ရက်တွေတုန်းက ရန်ကိုင်က ကိုယ်ပိုင်သိုင်းပညာရပ်တစ်ခုကို ဖန်တီးနိုင်ခဲ့အတွက ်နတ်ဆိုးအိုကြီး
အံ့အာသင့်ခဲ့ရသည်။ အခု ခဏတာအချိန်လေးအတွင်းမှာပဲ သူ့အခြေခံကို ပိုပြီးနက်နက်နဲနဲ
နားလည်လာခဲ့ပြီး တိုးတက်လာခဲ့ပြန်သည်။
ငါအသက်ရှင်သန်တဲ့အချိန်ကတည်းက အချိန်တော်တော်ကြာသွားပြီဆိုပေမယ့် ကမ္ဘာကြီးက
ဘယ်လောက်တောင် ပြောင်းလဲသွားခဲ့ပြီလဲ။နတ်ဆိုးအိုကြီး၏ စိတ်အခြေအနေ ဂနာမငြိမ်ဖြစ်လာခဲ့ရသည်။
ကမ်းခြေကိုလျှောတိုက်သွားလိုက်တဲ့အချိန် ဂျုံစေ့အရောင်အသားအရေနဲ့ မိန်းမငယ်လေးတစ်ယောက်က သူ့ကို
ဦးနှောက်မရှိတဲ့ လူတစ်ယောက်ကို ကြည့်တဲ့အကြည့်နဲ့ ကြည့်နေခဲ့သည်။ သူမ၏အသွင်အပြင်နေ
အကဲခတ်ကြည့်ရမယ်ဆိုရင် သူမကအသက်ရနှစ်၊၈နှစ်လောက်ပဲ ရှိပေဦးမည်။ သူမတွင် တောက်ပပြီး
ကြီးမားတဲ့ မျက်လုံးလေးတွေရှိပြီး အိမ်တွင်းဖြစ်အဝတ်အစားကို ဝတ်ထားကာ အကျီင်္ပေါ်တွင်လည်း
အဖာရာတွေ ရှိနေခဲ့သည်။ သူမကကမ်းခြေပေါ်တွင် ခြေဗလာနှင့် မတ်တပ်ရပ်နေခဲ့ပြီး သူမ၏ပါးစပ်ကလေးက
ပွင့်လိုက်၊ပိတ်လိုက်ဖြစ်နေခဲ့သည်။ ကမ်းခြေတွင်နေတဲ့လူတွေက နေရောင်ကိုထိတွေ့ရလေ့ ရှိတဲ့အတွက ်
သိပ်ပြီးအသားမဖြူကြပေ။ သူမအသားအရေက ကျန်းမာတယ်ဆိုတာ သိသာပေသည်။
ရန်ကိုင်ကမိန်းမငယ်လေးကို ပြုံးပြလိုက်ပြီး ကောင်စွာပြုမူတတ်တဲ့ ကျင့်ကြံသူတစ်ယောက်လို
ပြုမူလိုက်သည်….အန္တရာယ်မရှိတဲ့ လူတစ်ယောက်လို ပြုမူနေတာဖြစ်သည်။ မိန်ကလေးဆီကို
သတိထားပြီးသွားနေရင်း မိန်းမငယ်လေး တစ်ယောက်ရှိနေတာကိုတောင် သတိမမူမိခဲ့တဲ့ သူ့ကိုယ်သူ
အပြစ်တင်လိုက်သည်။ သူ သူမကိုကြောက်လန့်သွားမိစေလောက်ပေသည်။
သူမကြောက်လန့်သွားတာကို အာရုံခံမိလိုက်တဲ့အတွက် သူ့အဝတ်တွေကို ခြောက်အောင်လုပ်ဖို့ ချီစွမ်းအင်ကို
မလည်ပတ်တော့ပဲ မိန်းကလေးဆီ လမ်းလျှောက်သွားလိုက်သည်။ မိန်းမငယ်လေးရှေ့တွင် ရပ်လိုက်ပြီး
ထိုင်ချလိုက်သည်။ နူးညံ့တဲ့အသံနှင့် အပြုံးလေးတစ်ခုဆင်မြန်းကာ မေးလိုက်သည် ‘‘ မိန်းကလေး၊
နင်ဒီမှာဘာလုပ်နေတာလဲ ’’
မိန်းမငယ်လေးက သူ့ကိုကြည့်ရင်း အကြိမ်အနည်းငယ်လောက် မျက်တောင်ခတ်လိုက်သည်။ ထိုချစ်စရာ
ကောင်းတဲ့ မျက်တောင်မွှေးလေးတွေက မသန့်စင်မှုတစ်ခုတောင် မပါဝင်ပဲ လုံးဝကိုအပြစ်ကင်းစင်နေခဲ့သည်။
သူ့အသိစိတ်တွေ လေးလံသွားသလို ရန်ကိုင်ခံစားလိုက်ရသည်။ မကောင်းမှုဖြစ်စေ၊ ကောင်းမှုဖြစ်စေ လုပ်တဲ့သူ
မှန်သမျှ အခုလိုအပြစ်ကင်သန့်စင်တဲ့ မျက်လုံးလေးတွေကို မြင်တွေ့လိုက်ရတာနဲ့ သူတို့ကိုယ်သူတို့
အပြစ်ရှိသလို ခံစားရပေလိမ့်မည်။ ရန်ကိုင်ကိုအချိန်အနည်းငယ်ကြာအောင ်ကြည့်နေလိုက်ပြီး သူမလက်ကို
ဆန့်ထုတ်လိုက်ကာ တစ်ခုခုပေးလိုက်သည်။ ရန်ကိုင်အကြည့်က သူမလက်ဆီရောက်သွားတဲ့အချိန်
ငါးကင်တစ်ကောင်ကို တွေ့လိုက်ရသည်။
‘‘ ဒါငါ့အတွက်လား ’’ ရန်ကိုင်ကမေးလိုက်ပြီး သူနှလုံးသားကတော့ နွေးထွေးမှုတွေနဲ့ ပြည့်နေခဲ့သည်။
မိန်းမငယ်လေးက အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး ငါးကင်ကို ရန်ကိုင်လက်ထဲ အတင်းအကြပ်
ထည့်ပေးလိုက်ပြီး ယုန်ပေါက်လေးတစ်ကောင်လို ထွက်ပြေးတော့သည်။ သဲပြင်ပေါ်တွင် သူမ၏
ခြေရာသေးသေးလေးတွေသာ ကျန်ရစ်ခဲ့တော့လေသည်။ သူမပျောက်ကွယ်သွားတော့မယ်အချိန် အဝေးဆီမှ
ရန်ကိုင်ကိုတစ်ချက်စစ်ဆေးလိုက်သည်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ မမျှော်လင့်စွာနဲ့ပဲ ရန်ကိုင်ဘေးနာ
ပြန်လာခဲ့ပြီး သူ့အဝတ်စကို ထိကာဟိုးအဝေးကို ညွှန်ပြရင်း သူ့ကို ‘သမီးနောက်လိုက်ခဲ့’ လို့ပြောနေတဲ့
ပုံပေါ်သည်။
ရန်ကိုင်က မိန်းမငယ်လေးကို မငြင်းဆိုခဲ့ချေ။ သူမကသူ့ကိုရှေ့ကနေ ဆွဲခေါ်သွားခဲ့ပြီး ရန်ကိုင်က နောက်ကနေ
လိုက်သွားခဲ့သည်။ သူမဘာလုပ်ချင်နေတာလဲဆိုတာ သူမမသိပေမယ့် သူမ၏သန့်စင်ပြီး ချစ်စရာကောင်းတဲ့
မျက်လုံးလေးတွေကြောင့် သူ့အပေါ်မကောင်းကြံမှာ မဟုတ်ဘူးဆိုတာတော့ ရန်ကိုင်သိပေသည်။
ခဏတာလမ်းလျှောက်ပြီးချိန်မှာတော့ အခန်းတစ်ခန်းရှေ့သို့ ရောက်လာတဲ့သည်။ မိန်းမငယ်လေးက
သူမလက်ကို အခန်းဆီညွှန်ပြလိုက်ပြီး ရန်ကိုင်ကိုအထဲဝင်ဖို့ ညွှန်လိုက်သည်။
‘‘ ငါတို့အထဲဝင်မှာလား ’’ ရန်ကိုင်ကမေးလိုက်သည်။ မိန်းမငယ်လေးက ခေါင်းညိတ်လိုက်သည်။ ရန်ကိုင်က
ရယ်လိုက်ရင်း သူ့ကဧည့်သည်တစ်ယောက်သာ ဖြစ်ပေမယ့် သူ့အိမ်သူ့ယာထဲ လမ်းလျှောက်ဝင်သလို
ဝင်သွားလိုက်သည်။ သူ့ပထမဆုံးခြေလှမ်းကို မချရသေးခင်မှာပဲ လူအိုကြီးတစ်ယောက်က ဘယ်ကနေ
ဘယ်ပေါက်မှန်းမသိ ပေါ်လာခဲ့သည်။ လူအိုကြီးက သူ့ကိုယ်သူရက်စက်ကြမ်းကြုတ်တဲ့ပုံစံလုပ်ပြနေပေမယ့်
သူ့ခန္ဓာကိုယ်က မီးစားကုန်တော့မယ့် မီးအိမ်တစ်ခုအလား လေတိုက်ရင်တောင် လဲသွားမယ့်ပုံပေါ်သည်။
လူအိုကြီးက ရန်ကိုင်၏ပုံသဏ္ဍာန်ကြောင့် အံ့အားသင့်သွားခဲ့ရသည်။ နားလည်မှုမလွဲစေဖို့ ရန်ကိုင်က
ခပ်မြန်မြန်ပဲ ပြောလိုက်သည် ‘‘ အကြီးအကဲ၊ ခင်ဗျားက ဒီမိန်းကလေးရဲ့ မိသားစုဝင်လား ’’
လူအိုကြီးက ပြုံးလိုက်ပြီး မိန်းမငယ်လေးကို လက်ရပ်ခေါ်လိုက်သည် ‘‘ ရှောင်ယု၊ ဒီကိုလာ..’’ မိန်းမငယ်လေးက
ခေါင်းခါလိုက်ပြီး ရန်ကိုင်၏အကျီင်္စကိုဆွဲလိုက်ပြီး လူအိုကြီးဆီ အနားတိုးသွားဖို့ ညွှန်လိုက်သည်။
လူအိုကြီးက ချိုသာစွာပြုံးလိုက်ပြီး သူ့ရှေ့ကရန်ကိုင်ကိုကြည့်လိုက်သည် ‘‘ ညီငယ်လေး၊ အထဲဝင်လာခဲ့လေ။
မင်းသာအပြင်မှာဆက်နေရင် အေးခဲပြီးသေသွားမှာကို ရှောင်ယုကြောက်နေတာ။ အထဲဝင်ပြီး မင်းကိုယ်မင်း
ရေခြောက်အောင် အရင်လုပ်လိုက်ဦး ’’ ရန်ကိုင်ပုခုံးတွေလျော့ကျသွားခဲ့ရသည်။
ဒီကြောင်းပြလေးအတွက်နဲ့ သူမငါ့ကိုဒီနေရာဆီလာစေချင်တာ တော်တော်လေး ထူးဆန်းတယ်။ သူတို့က
ငါ့ကိုဖိတ်ခေါ်မှာတော့ ငြင်းနေရင်ရိုင်းရာကျမယ်
‘‘ ကျေးဇူးတင်ပါတယ် ’’ အိမ်ထဲကို ရှောင်ယုနှင့်အတူ ဝင်သွားလိုက်ပြီး အခန်းကိုစစ်ဆေးကြည့်လိုက်တဲ့အချိန်
သူ့နှလုံသားထဲ နာကျင်မှုတွေ ပြည့်နင့်လာခဲ့သည်။ အခန်းထဲတွင် ပျက်စီနေတဲ့ချည်သားမွေ့ရာနှင့်ကုတင်
တစ်ခုံးကလွဲပြီး ဘာမှတန်ဖိုးရှိတာမရှိချေ။ သူ့အဝတ်တွေကို ခြောက်အောင်လုပ်ဖို့ ရှောင်ယုက ခပ်မြန်မြန်ပဲ
မီးပုံတစ်ခုကို ပြင်ဆင်ပေးလိုက်ပြီး ရန်ကိုင်ကိုမီးပုံနားကို ခေါ်လိုက်သည်။ ရှောင်ယုက မီးပုံဖိုနိုင်ပေမယ့်
အခန်းထဲတွင ်ရှိနေတာတောင် ပင်ဘယ်လေးအေးတွေက စိမ့်ဝင်လာနေခဲ့သည်။ လေတစ်ချက်တိုက်
လိုက်တိုင်း လူအိုကြီးက အကြမ်းများစွာ ချောင်းဆိုးလိုက်သည်။
‘‘ ညီငယ်လေး၊ မင်းကျင့်ကြံသူတစ်ယောက်လား ’’ လူအိုကြီးက ရှောင်ယုကို သူ့ပေါင်ပေါ်တွင်
ထိုင်ခိုင်းစေလိုက်သည်။ ‘‘ ခင်ဗျားဘယ်လိုထင်လဲ ’’ ထိုမေးခွန်းနဲ့ပက်သက်ပြီး ရန်ကိုင်ဘယ်လိုဖြေရမှန်း
မသိချေ။ တကယ်တော့ သူ့အော်တွေကို သူထိန်းချုပ်ထားပေသည်။ အစစ်အမှန်ဒြပ်စင်အဆင့်နှင့်
အောက်အဆင့်က ကျင့်ကြံသူတွေက သူ့ကိုကျင့်ကြံသူတစ်ယောက်ဖြစ်မှန်း သတိပြုမိလိမ့်မည် မဟုတ်ချေ။
စိတ်ဝိဉာဉ်စွမ်းအားကို လေ့ကျင့်ထားတဲ့လူတွေနှင့် အင်မော်တယ်တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေက
လွဲပြီး သူ့ကိုသတိပြုမိလိမ့်မည်မဟုတ်ချေ။ တံခါးအိုကြီးက သူကျင့်ကြံသူတစ်ယောက်ဖြစ်မှန်း ပြောနိုင်
လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ချေ။
လူအိုကြီးကရယ်လိုက်ပြီး ပြုံးကာပြောလိုက်သည် ‘‘ ညီငယ်လေး၊ မင်းကကမ်းခြေပေါ်မှာ ရက်ပေါင်းများစွာ
ကြာအောင် ရပ်နေနိုင်မှာတော့ သာမန်လူတစ်ယောက် ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲ ’’
‘‘ ရက်ပေါင်းများစွာတောင်လား ’’ သူ့စိတ်တင်းကြပ်သွားသလို ရန်ကိုင်ခံစားလိုက်ရသည်။ ထိုအချိန်တုန်းက
အချိန်စီးဆင်းမှုကို သူသတိမပြုမိခဲ့ချေ။ နောက်တစ်ကြိမ် ထပ်ဖြစ်ပျက်ခဲ့ပြန်လေပြီ။ သူသာအခုလိုမျိုး
နက်နဲတဲ့ဉာဏ်အလင်းပွင့်မှုနယ်ပယ်ထဲကို ဝင်ရောက်သွားခဲ့မယ်ဆိုရင် တစ်ယောက်ယောက်ကို သူ့ကို
ချောင်းမြောင်းမတိုက်ခိုက်နိုင် နေရာကောင်းကောင်းတစ်ခုရှာဖို့လိုပေသည်။
‘‘ ရှောင်ယုက မင်းကိုနေ့တိုင်းသွားစစ်ဆေးကြည့်နေတာ။ အဲ့လိုမှမဟုတ်ရင် ဒီလူအိုကြီးက မင်းကိုအခန်းထဲ
ဝင်ခွင့်ပြုလိမ့်မယ်လို့ ထင်လား ’’ ‘‘ ငါကလူဆိုးတစ်ယောက်မဟုတ်ပါဘူး ’’ ရန်ကိုင်က ကိုးယိုးကားယားနဲ့
ပြုံးရင်းပြောလိုက်သည်။ သူပြောလိုက်တာနဲ့ ရှောင်ဝူက သူ့လက်ထဲကငါးကင်ကို ကြည့်လိုက်ပြီး
ညွှန်ပြလိုက်သည်။ ‘‘ အင်း၊ ငါစားပါမယ်။ ရှောင်ယုက တကယ်ကိုတော်တာပဲ ’’ ရန်ကိုင်က ငါးကင်ကို
တစ်ကိုက်ကိုကလိုက်သည်။ ငါးကင်အေးနေပြီဆိုပေမယ့် နူးညံ့ပြီးအရသာရှိနေပေသေးသည်။
ရန်ကိုင်က ခေါင်းညိတ်ရင်း ထပ်ခါထပ်ခါပြောနေလိုက်သည် ‘‘ အရသာရှိလိုက်တာ ’’ ရှောင်ယု ပြုံးလိုက်သည်။
ငါးအရိုးက နောက်ဆုံးအသားကို စုပ်စားပြီးတဲ့အချိန် သူ့အဝတ်တွေ ခြောက်သွားခဲ့ပြီဖြစ်သည်။ ရန်ကိုင်က
တစ်ခဏတာတွေးလိုက်ပြီး တုန့်ဆိုင်းတုန့်ဆိုင်းနှင့် ပြောလိုက်သည် ‘‘ အဖိုး၊ ရှောင်ယုက ဘာလို့စကား
မပြောတာလဲ ’’ တံငါအိုကြီး၏မျက်နှာက ချက်ချင်းစိတ်ဓါတ်ကျသွားတဲ့ပုံပေါ်ပြီး ရှောင်ယု၏ခေါင်းကို
ညင်ညင်သာသာလေး ပုတ်ကာပြောလိုက်သည် ‘‘ သူမဆွံ့အနေတာမဟုတ်ဘူး။ သူမမိသားစုမှ
ဖြစ်ပျက်ခဲ့တဲ့ မတော်တဆ အဖြစ်အပျက်တစ်ခုကြောင့် သူမစကားပြောဖို့ ဆန္ဒမရှိတော့တာ ’’
ရန်ကိုင်သက်ပြင်းချလိုက်သည်။ ရှောင်ယုက မွေးရာပါဖျားနာမှုတစ်ခုကြောင့် စကားမပြောနိုင်တာလို့ သူထင်နေ
ခဲ့တာဖြစ်သည်။ အဲ့လိုသာဆိုရင် သူမကိုကုသဖို့ သူနည်းတစ်ခုခုရှာနိုင်ပေသည်။ ဒါပေမယ့် သူမစကား
မပြောချင်တာ ဖြစ်နေလိမ့်မယ်လို့တော့ သူမထင်ထားခဲ့ချေ။
သူမနှလုံးသားထဲက အဲ့အထုံးသာ မပြေဘူးဆိုရင် သူမနှလုံသားထဲကအထုံးကို ပြေအောင်ငါလုပ်ပေးရမယ်။
မဟုတ်ရင် သူမပါးစပ်ကို ဘယ်တော့မှနောက်တစ်ကြိမ် ဖွင့်တော့မှာမဟုတ်ဘူး
လူအိုကြီးက နောက်ထပ်ဆက်မပြောချင်တော့မှန်း သိလိုက်တာနဲ့ ရန်ကိုင်က သူ့ရဲ့သိချင်စိတ်ကို
ထိန်းချုပ်ထားလိုက်သည်။ ‘‘ နောက်ကျနေပြီနဲ့တူတယ်။ ညီငယ်လေး၊ မင်းမှာအိပ်ဖို့နေရာ မရှိဘူးဆိုရင်
ဒီမှာပဲ ညအိပ်သွားပါလား ’’ လူအိုကြီးမတ်တပ်ရပ်လိုက်တဲ့အချိန် တုန်ရီသွားသဖြင့် ရှောင်ယုက အလျင်အမြန်ပဲ
ကူမပေးလိုက်ရသည်။ ‘‘ ကျေးဇူးတင်ပါတယ် ’’ ရန်ကိုင်က မတ်တပ်ရပ်လိုက်ပြီး ဦးညွှတ်လိုက်သည်။
အခန်းကသေးပြီး လူအိုကြီးနှင့်ရှောင်ယုတို့ အတူတူအိပ်တဲ့ ကုတင်တစ်ခုသာ ရှိတဲံအတွက် ရန်ကိုင်ကြမ်းပြင်
ပေါ်မှသာ အိပ်လိုက်ည်။ ပင်လယ်လေအေးတိုက်ခတ်သံတွေက သူ့ကိုနိုးနေစေခဲ့သည်။
ကောင်းကင်စံအိမ်မှာ သုံးနှစ်လောက်နေခဲ့ရတာ ငါ့အဖို့တော်တော်လေး ခက်ခဲခဲ့ရတယ်။ ဒါပမယ့် သူတို့လို
လူတွေနဲ့နှိုင်းယှဉ်လိုက်ရင် ခက်ခဲတယ်လို့တောင် ပြောလို့ရပါ့မလား။ လူအိုကြီးက တံငါသည်တစ်ယောက ်
ဖြစ်တယ်ဆိုရင်တောင် သူတို့နှစ်ယောက်လောက်ငှအောင် စားသောက်နိုင်ဖို့ နေ့တိုင်းငါလုံလောက်အောင်
ဖမ်းနိုင်ပါ့မလား
ညသန်းခေါင်အချိန်တွင် ခြေသံတွေကို ရန်ကိုင်ကြားလိုက်ရသည်။ သူ့ပတ်ပတ်လည်ကို အခြားသူများ
ရှိမလားဆိုပြီး ကြည့်လိုက်ပေမယ့်လည်း အိပ်ပျော်နေတဲ့နှစ်ယောက်ကိုသာ တွေ့ရပေသည်။ ပိုပြီး
ထူးဆန်းတာက နီးကပ်လာတဲ့ခြေသံတွေကို နားထောင်ကြည့်ရသလောက် ထိုလူတွေက ကျင့်ကြံသူတွေ
ဖြစ်ပေသည်။ မှောင်ဖျဖျအခန်းလေးထဲတွင် အိပ်ပျော်နေတဲ့ လူအိုကြီးကရုတ်တရက် ထထိုင်လိုက်သည်။
ရန်ကိုင်ကြည့်လိုက်တဲ့အချိန် လူအိုကြီး၏မျက်နှာက နာကြည်းမှု၊ ထိတ်လန့်ချောက်ချားမှုတွေကို တွေ့လိုက်
ရသည်။
Matial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၇၂) မြှောက်ပင့်ပြောဆိုခြင်း
‘‘ လူအိုကြီး ’’ ရန်ကိုင်က သူ့လက်ကိုမြှောက်လိုက်ပြီး ရပ်ဖို့အချက်ပြလိုက်သည်။ ‘‘ တိုးတိုး ’’
ရန်ကိုင်မျက်မှောင်ကြုံ့လိုက်သည်။ လူအိုကြီးက ဘာကိုကြောက်နေလဲဆိုတာ သူမသိပေမယ့် အပြင်ဘက်က
လာနေတဲ့ ကျင့်ကြံသူတွေနဲ့ ဆိုင်တယ်ဆိုတာတော့ သူသိပေသည်။ တစ်ခဏတာက တစ်သက်တာလောက်
ကြာရှည်သည့်အလား ထင်မှတ်နေရပြီးနောက်မှာတော့ ခြေသံတွေက ရပ်တန့်သွားခဲ့ပြီး တံခါးခေါက်သံ
ထွက်ပေါ်လာခဲ့သည်။ ထိုကျယ်လောက်တဲ့ တံခါးခေါက်သံက ရှောင်ယုကို နိုးသွားစေခဲံသည်။ ကြောက်ရွံ့မှု
ကြောင့် တုန်ရီနေပြီး ရှောင်ယုက ချက်ချင်းပဲ သူမအဖိုးကို ဖက်ထားလိုက်သည်။ ထိုအချိန်တွင် ရန်ကိုင်
မျက်နှာကတော့ ရေခဲတမျှ အေးစက်သွားခဲ့သည်။
‘‘ သက်ကြားအိုကြီးတံခါးဖွင့်စမ်း ’’ တံခါးနောက်ကနေ ဒေါသတကြီး အော်ဟစ်သံထွက်ပေါ်လာခဲ့သည်။
‘‘ သက်ကြားအိုကြီး ၊ ဧည့်သည်တွေလာရင် တံခါးဖွင့်ပေးရမယ်ဆိုတာ လူ့ယဉ်ကျေးမှု မဟုတ်ဘူးလား ’’
နောက်တစ်ယောက်က ဆက်ပြောလိုက်သည်။ လူအိုကြီးက သူ့မြေးမလေးကို ပွေ့ဖက် ထားရင်း
ဒေါသအရိပ်အယောင်က သူ့မျက်နှာတစ်လျှောက် ဖြတ်သန်းသွားခဲ့သည်။ ဒါပေမယ့် သူ့တွင်ပြန်တုန့်
ပြန်နိုင်တယ့် ခွန်အားမရှိဘူးဆိုတာ သူသိပေသည်။ သူ့မြေးမလေးကို နှစ်သိမ့်ပေးလိုက်ရင်း
တိုးလျအားပျော့တဲ့ အသံနဲ့ရေရွတ်လိုက်သည် ‘‘ရှောင်ယု၊ မကြောက်နဲ့နော်။ ရှောင်ယုမကြောက်နဲ့။
ဖိုးဖိုးရှိတယ်။ ဖိုးဖိုးဒီမှာရှိတယ်။ ကြောက်စရာမလိုဘူး ’’
ဦးဆောင်လာခဲ့တဲ့သူက စိတ်မရှည်တော့ပုံရသည်။ လူအိုကြီးက တံခါးဖွင့်ပေးမှာ မဟုတ်ဘူးဆိုတာ
သိလိုက်တာနဲ့ တံခါးကိုရုတ်တရက် ကန်ချလိုက်သည်။ လေအေးတွေက အခန်းထဲကိုဝင်လာခဲ့ပြီး
အခန်းတစ်ခုလုံး အေးစက်သွားခဲ့သည်။ ‘‘ လူအိုကြီး ’’ ရူးသွပ်နေတဲ့ လူတွေထဲက တစ်ယောက်က
ပြေးထွက်လာခဲ့သည် ‘‘ မင်းက ငါတို့ကိုတံခါးဖွင့်မပေးရဲလောက်တဲ့အထိ သတ္တိရှိနေတယ်ပေါ့။ မင်းဘယ်လို
ခုခံမလဲဆိုတာ ကြည့်ရသေးတာပေါ့ ’’ ‘‘ မင်းဒီမှာဘာလာလုပ်တာလဲ။ ထွက်သွားစမ်း ’’ လူအိုကြီးက
သူ့ရင်ခွင်ထဲက မြေးမလေးကို ကာကွယ်ထားရင်း အော်လိုက်သည် ‘‘သူမအမေနဲ့အဖေကိုလည်း မင်းတို့
ခေါ်သွားပြီးပြီလေ။ ငါတို့နှစ်ယောက်ကို ခွင့်လွှတ်ပေးလို့မရဘူးလား။ ဘာလို့ငါတို့ကိုဒီအတိုင်း နေခွင့်
မေပးရတာလဲ ’’
‘‘ ဟေးလူအိုကြီး၊ မင်းဘာမဟုတ်တာတွေ ပြောနေတာလဲ။ ငါတို့ကသူတို့ကို ဧည့်သည်အဖြစ် ကြည်နူးစရာ
ကောင်းတဲ့ ဘဝကိုရစေဖို့အတွက် တိမ်နီကျွန်းကိုခေါ်သွားတာလေ။ အခုသူတို့က မင်းတို့ကိုလွမ်းနေလို့
ငါတို့က သူ့တို့အစားလာခေါ်ပေးတာ မင်းတို့မိသားစုတစ်ခုလုံး အတူတကွ ပြန်မပေါင်းစည်းချင်ဘူးလား ’’
ထိုလူကပြုံးဖြီးဖြီးလုပ်ရင်း ပြောလိုက်သည်။ ဒါပေမယ့် ရန်ကိုင်ကို တွေ့လိုက်တဲ့အချိန်မှာတော့ လူငယ်လေးကို
သတိထားပြီးကြည့်လိုက်သည်။ ရန်ကိုင်တွင် ကျင့်ကြံသူဖြစ်ကြောင်း ချီစွမ်းအင်အရိပ်အယောင် တစ်စွန်း
တစ်စတောင် မတွေ့တဲ့အချိန်မှာတော့ ရန်ကိုင်ကို သာမန်လူတစ်ယောက် အဖြစ်သာယူဆလိုက်သည်။
ဒီမိသားစုမှာ လူအများကြီးရှိတာလား
လူအိုကြီးက အော်လိုက်သည် ‘‘ ဒီလိုကံကောင်းမှုမျိုးက သာမန်မိသားစုတွေက လက်ခံနိုင်တယ့်အရာမျိုး
မဟုတ်ဘူး။ မင်းတို့တွေ ကြင်နာဂရုဏာရှိစွာနဲ့ ငါ့မြေးမလေးရဲ့ မိဘတွေကို ပြန်ခေါ်လာပေးလို့ မရဘူးလား။
ငါ့မြေးမလေးကို သူ့မိဘတွေကို အရမ်းလွမ်းနေတာ ’’ ‘‘ လူအိုကြီး၊ မင်းကတန်ဖိုးမထားတတ်တာပဲ’’
တစ်ယောက်ယောက်က အော်ပြောလိုက်သည်‘‘ မင်းငါတို့နဲ့အတူ တိမ်တိုက်နီကျွန်းကို လိုက်လာခဲ့ရင်
မင်းတို့မိသားစုနဲ့ ပြန်ဆုံမှာကို ဘာတွေအော်ဟစ်ငိုယိုနေတာလဲ ’’
ကျင့်ကြံသူနှစ်ယောက် အခန်းထဲကိုဝင်လာကတည်းက ရန်ကိုင်က သူ့တို့စကားအသွားအလာကို အာရုံ
စိုက်နေတာဖြစ်သည်။ တိမ်တိုက်နီကျွန်းဆိုကို တိမ်တိုက်နီဂိုဏ်းပိုင်တာဖြစ်ပြီး ထိုဂိုဏ်းက တတိယအဆင့်
ဂိုဏ်းတစ်ခုဖြစ်သည်။ ကောင်းကင်စံအိမ်လို ဒုတိယအဆင့်တွင် အကောင်းဆုံးဖြစ်တဲ့ ဂိုဏ်းတစ်ဂိုဏ်း
အတွက်တော့ တိမ်တိုက်နီးဂိုဏ်းဆိုတာက ဘာဆိုဘာမှ မဟုတ်ချေ။
ရောင်ယုက သူ့မိသားစုက အဖြစ်အပျက်တစ်ခုကြောင့် စကားမပြောတာလို့ လူအိုကြီးကပြောဖူးတယ်။
ဒီကိစ္စကို သူပြောတာဖြစ်ရမယ်
ပုံမှန်ဆိုရင် ရန်ကိုင်က သူများကိစ္စထဲ ခေါင်းဝင်ရှုပ်တတ်တဲ့ လူတစ်ယောက်မဟုတ်ပေ။ ချူးအာကို
ကူညီတုန်းကတောင် သူမ၏ကြင်နာမှုအတွက် ပြန်ပြီးပေးဆပ်ချင်လို့ကူညီခဲ့တာပဲဖြစ်သည်။ ကြင်နာ
တတ်တဲ့ မိန်းမငယ်လေးတစ်ယောက်နဲ့ သူ့အဖို့ခြိမ်းခြောက်ခံနေရတာကို ထိုင်ကြည့်နေမယ့်
လူစားမျိုးထဲတွင် ရန်ကိုင်မပါချေ။ အထူးသဖြင့် မိန်းမငယ်လေး၏ ကြင်နာယုယမှုကို မြင်တွေ့ရပြီး
တဲ့အချိန်မျိုးတွင်ဖြစ်သည်။ ရောင်ယုက ရိုးသားပြီးသန့်စင်တတ်တဲ့ အပြုအမူက ရန်ကိုင်၏နှလုံးသားကို
ထိသွားစေခဲ့သည်။
ထိုလူနှစ်ယောက်က ချီပြောင်းလဲခြင်းအဆင့်တွင် ဖြစ်ပေမယ့် သူတို့ရဲ့တိုက်ပွဲစွမ်းရည်က ထင်သလောက်
ကောင်းလိမ့်မည် မဟုတ်ချေ။ ထိုနှစ်ယောက် သူအသာအယာနဲ့ အနိုင်ယူနိုင်မယ်လို့ သူ့ကိုယ်သူယုံကြည်
ချက်ရှိသည်။ ဒါပေမယ့် အခုနေရာက တိုက်ပွဲဖြစ်လို့ ကောင်းမယ့်နေရာမျိုး မဟုတ်ချေ။ ထို့ပြင် သူ့တို့နောက်တွင်
ဂိုဏ်းတစ်ဂိုဏ်းက ထောက်ပံ့ပေးထားတဲ့အတွက် လူအိုကြီးနှင့်ရောင်ယုကို ဒီကိစ္စထဲ ဆက်ပြီးဝင်မပါစေချင်
တော့ပေ။ ထို့ကြောင့် ထိုမြေးအဖိုးနှစ်ယောက်ကို ကူညီပေးဖို့ ဆုံးဖြတ်လိုက်သည်။
‘‘ ကလေးမိဘတွေကို ပြန်ခေါ်လာပေးပြီး သူတို့ကိုပြန်ပေါင်းစည်းခွင့်ပေးဖို့ ငါတောင်းဆိုပါတယ်ကွာ ’’
လူအိုကြီးက ငိုယိုကာ ဒူးထောက်ပြီး ထပ်တလဲလဲ ဦးညွှတ်နေခဲ့သည်။ ‘‘ လူအိုကြီး၊ မင်းမှာလူတွေကို
ရူးစေနိုင်လောက်အောင် လုပ်နိုင်တဲ့ ဘုရားပေးတဲ့လက်ဆောင်ရှိတာပဲ ’’ ထိုလူနှစ်ယောက်
တစ်ခုခုဆက်မလုပ်ခင် ရန်ကိုင်ဝင်ရှုပ်လိုက်သည်။ ‘‘ ကောင်လေး၊ မင်းဘယ်သူလဲ ’’ တိမ်တိုက်နီကျွန်း
ကျင့်ကြံသူက မေးခွန်းထုတ်တဲ့အနေနဲ့ အော်ပြောလိုက်သည်။
ရန်ကိုင်က မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဆင်မြန်းထားရင် ‘‘ ငါကသူတို့ရဲ့ သွေးဝေးတဲ့ ဆွေမျိုး
တစ်ယောက်ပါ ’’ ‘‘ သွေးဝေးတဲ့ဆွေမျိုးတစ်ယောက်လား ’’ ကျင့်ကြံသူက ရန်ကိုင်ကို သံသယအပြည့်နဲ့
ကြည့်လိုက်ရင်း မေးမြန်းလိုက်သည် ‘‘ မင်းဒီနှစ်ယောက်ဆီ ဘာလာလုပ်တာလဲ ’’ ရန်ကိုင်က ပြန်ဖြေလိုက်သည်
‘‘ငါစီးဟွားပျက်သွားလို့ ဒီမှာခဏလာခိုလှုံတာ။ ငါ့အမေအစ်မယောကျာ်းအမေရဲ့လက်ထက်ထားတဲ့ ညီမနဲ့
သူမယောကျာ်းကို တိမ်တိုက်နီဂိုဏ်းက ခေါ်သွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။
ဟိုးကတည်းက တိမ်တိုက်နီဂိုဏ်းကို ငါလေးစားခဲ့တာ။ တိမ်တိုက်နီဂိုဏ်းက ဝင်ခွင့်လူခေါ်ပေမယ့်
ငါ့မှာဝင်ပါဖို့ တစ်ခါမှအခွင့်အရေး မရခဲ့ဘူး ။ အခုကောင်းကင်က ငါ့ကိုအခွင့်အရေးပေးခဲ့ပြီ။
ကျေဇူးပြု မင်းတို့နှစ်ယောက်က ငါ့ကိုတိမ်တိုက်နီဂိုဏ်းကို ခေါ်သွားပေးနိုင်မလား ’’
ရန်ကိုင်လေသံက အလွန်အမင်း နှိမ့်ချထားခဲ့ပြီး အနည်းငယ် ရှက်ရွံကနေတဲ့ပုံလည်း ပေါက်နေခဲ့သည်။
ထိုအခြင်းအရာက ကျင့်ကြံသူနှစ်ယောက်ကို ဆွံ့အသွားစေခဲ့သည်။
တိမ်တိုက်နီကျွန်းကို သွားချင်နေတဲ့သူလည်း ရှိနေသေးတာပဲ။ ဒီကောင်က ငတုံးလား ဒါမှမဟုတ်
ရူးနေတာလားရန်ကိုင်က ချက်ချင်းပဲ ထပ်ပြောလိုက်သည် ‘‘ ဆရာတို့၊ ငါကပင်လယ်မြို့တော်ကို
ဒီနေ့ပဲ ရောက်တာဆိုတာ့ ငွေပြတ်နေသေးတယ်။ ဒါပေမယ့် စိတ်ချထားပါ။ ငါတိမ်တိုက်နီဂိုဏ်းကို
ဝင်နိုင်တဲ့အချိန်ကျ ဒီကညီအစ်ကိုနှစ်ယောက်ကို ကျိန်းသေကျေးဇူးပြန်ဆပ်မှာပါ ’’
သူတကယ်ပဲ ငါတို့ကိုဖားယားနေတာလားတိမ်တိုက်နီဂိုဏ်းက ကျင့်ကြံသူနှစ်ယောက်က တစ်ယောက်ကို
တစ်ယောက် စိတ်ရှုပ်ထွေးစွာနဲ့ ကြည့်လိုက်သည်။ သူတို့က ရိုးသားတဲ့လူတွေကို လိုက်လံဆွဲဆောင်ဖို့
ကြိုးစားနေတာဖြစ်သည်။ သူတို့အတွေ့အကြုံအရဆိုရင် ရန်ကိုင်လိုလူမျိုါ်က ကျိန်းသေငတုံးတစ်ယောက်ပင်
ဖြစ်သည်။သူသာလိုက်ချင်တယ်ဆိုရင် ငါတို့ကဘာလို့ သူကိုခေါ်မသွားရမှာလဲ။
ရန်ကိုင်က ကျင့်ကြံသူနှစ်ယောက်ကို စိုးရိမ်စွာနဲ့ ကြည့်နေခဲ့သည်။ သာမန်လူတွေကို သူတို့ဘာလုပ်လဲဆိုတာ
သူမသိပေမယ့်လည်း မြေးအဖိုးနှစ်ယောက်ကို ကယ်ဖို့ကဒီတစ်နည်းပဲ ရှိပေသည်။ငါတို့သာ
ဒီမြေးအဖိုးနှစ်ယောက်ကို ခေါ်သွားချင်နေမှှတော့ ဘာလို့ဒီလိုလုပ်ဆောင်နိုင်စွမ်းရှိတဲ့ လူငယ်တစ်ယောက်ကို
မေခၚသြားရမွာလဲ ကျင့်ကြံသူနှစ်ယောက်က ရန်ကိုင်ကို စိုက်ကြည့်နေလိုက်ပြီးနောက် ရုတ်တရက်
ရယ်မောလိုက်ပြီး သူ့ပုခုံးကို ပုတ်လိုက်သည် ‘‘ ကောင်းပြီ။ ကောင်းပြီ။ မင်းက တိမ်တိုက်နီဂိုဏ်းထဲ ဝင်ချင်
နေမှတော့ ငါတို့ကဘာလို့ မင်းကိုရက်စက်ရမှာလဲ။ ပြီးတော့ မင်းက ငယ်ရွယ်ပြီး အကြမ်းခံနိုင်မယ့်ပုံလည်း
ပေါက်တယ်။ မင်းသားသိုင်းပညာရပ်တွေကို လေ့ကျင့်မယ်ဆိုရင် မင်းကတကယ်ကိုရှားပါးတဲ့ ဂျီးနီးယပ်
တစ်ယောက် ဖြစ်လာမှာပဲ။ နောင်ကျ မင်းဂိုဏ်းထဲက အဆင့်အတန်းမြင့်လာခဲ့ရင် ငါတို့နှစ်ယောက်ကိုလည်း
မမေ့နဲ့နော် ’’
‘‘ ငါမမေ့ပါဘူး။ ငါကျိန်းသမမေ့ပါဘူး ’’ သူတို့သုံးယောက် တစ်ယောက်ကိုယ်တစ်ယောက် ကြည့်လိုက်ပြီး
ရယ်လိုက်သည်။ တိမ်တိုက်နီဂိုဏ်းက ကျင့်ကြံသူနှစ်ယောက်က ရန်ကိုင်ကိုအရူးတစ်ယောက်အဖြစ်
ရှုမြင်သလို ရန်ကိုင်ကလည်း ထိုကျင့်ကြံသူနှစ်ယောက်ကို ငတုံးတွေအဖြစ် သတ်မှတ်ထားတာဖြစ်သည်။
အချိန်တော်တော်ကြာတဲ့အချိန် ရန်ကိုင်ကရယ်နေတာကို ထိန်းချုပ်ထားလိုက်ပြီး ပြောလိုက်သည် ‘‘ ဆရာတို့၊
အခုကို ငါ့ကိုတိမ်တိုက်နီဂိုဏ်းကို ခေါ်သွားလို့ရပြီလား။ လူအိုကြီးတစ်ယောက်နဲ့ မိန်းမငယ်လေးတစ်ယောက်ကို
ခေါ်လာတာ ငါတို့ခရီးကိုနှောင့်နှေးစေနိုင်တယ် ’’
ရန်ကိုင်ပြေတာကို နားထောင်ပြီး သူတို့နှစ်ယောက်ထဲက တစ်ယောက်က ခေါင်းညိတ်လိုက်သည် ‘‘ အင်း၊
မင်းပြောတာ မှန်တယ်။ လူအိုကြီးက သူ့မိသားစုနဲ့ ပြန်ပေါင်းစည်းစေနိုင်ဖို့ ငါတို့ကကူညီပေးတာကိုတောင်
ငြင်းဆန်နေတယ်’’ ‘‘ သူကအိုနေပြီဆိုတော့ ဒီကညီအစ်ကိုနှစ်ယောက်ကို ခွင့်လွှတ်ပေးဖို့ ဒီကပဲ
တောင်းဆိုပါတယ် ’’ ရန်ကိုင်က ပြုံးရင်းပြောလိုက်သည် ‘‘ မင်းက တိမ်တိုက်နီဂိုဏ်းကို ဝင်ဖို့ဆုံးဖြတ်
ထားမှတော့ ငါတို့ပြန်တာနောက်ကျလို့မဖြစ်ဘူး။ ငါတို့အခုပဲ သွားကြမယ် ’’ တိမ်တိုက်နီဂိုဏ်းက
ကျင့်ကြံသူနှစ်ယောက်အတွက် သူ့တို့တာဝန်ပြီးမြောက်သွားပြီဖြစ်လို့ အခန်းကျဉ်းကျဉ်းလေးထဲကနေ
ချက်ချင်းထွက်သွားချင်နေပြီဖြစ်သည်။
‘‘ ဆရာတို့နှစ်ယောက် အရင်သွားနှင့်ပါလား။ သူတို့နှစ်ယောက်ကို နှုတ်ဆက်စကားပြောချင်လို့ ’’
‘‘ မြန်မြန်လုပ် ’’ ကျင့်ကြံသူနှစ်ယောက်က ခပ်မြန်မြန်ပဲ အပြင်ကို ထွက်သွားလိုက်ပြီး အပြင်ကနေပဲ
စောင့်နေလိုက်သည်။ သူတို့ထွက်သွားတာနဲ့ ရန်ကိုင်က တုန်ရီနေတဲ့ မြေအဖိုးနှစ်ယောက်ဆီကို
သွားလိုက်သည်။ လူအိုကြီးက တုန်ရီနေတဲ့အသံနဲ့ ပြောလိုက်သည် ‘‘ ညီငယ်လေး၊ ဘာကြောင့်လဲ။
တိမ်တိုက်နီကျွန်းဆိုတာက လူတွေနေတဲ့ နေရာမဟုတ်ဘူး ’’ ရန်ကိုင်က ဖျော့ဖျော့လေး ပြုံးလိုက်ပြီး
‘‘ အဖိုး၊ စိုးရိမ်စရာမလိုပါဘူး။ ကျွန်တော်သေသေချာချာ တွေးပြီးသွားပါပြီ။ ကျွန်တော်က ကျင့်ကြံသူ
တစ်ယောက်ဆိုတာ မေ့နေတာလား ’’
ရန်ကိုင်က သူ့အကျီင်္အိတ်ထဲက ငွေထုတ်တစ်ထုတ်ကို နှိုက်လိုက်ပြီး လူအိုကြီးရဲ့လက်ဝါးထဲ
ထည့်ပေးလိုက်သည် ‘‘ မနက်ဖြန်မနက်စောစောကျရင် ၊ ပင်လယ်မြို့တော်ကနေ ရှောင်ယုနဲ့အတူ
ထွက်သွားပေတော့။ ဖြစ်နိုင်သမျှ ဝေးဝေးကိုသွားနော် ’’ သူပြောပြီးတောနဲ့ ရှောင်ယု၏ခေါင်းကို
ပွတ်သပ်ပေးလိုက်ပြီး ထွက်သွားတော့လေသည်။ ခြေသံတွေ ပျောက်ကွယ်သွားတဲ့အချိန် လူအိုကြီးက
ရန်ကိုင်ပေးခဲ့တဲ့ အိတ်လေးကို ဖွင့်လိုက်ပြီး တုန်ရင်သွားခဲ့သည်တစ်….တစ်ရာနဲ့နှစ်ဆယ်……
ထိန်းချုပ်မရနိုင်တဲ့ မျက်ရည်စီးကြောင်းတွေက လူအိုကြီးရဲ့ မျက်လုံးထောင့်စွန်းကနေ စီးကျလာခဲ့သည်။
ထို့နောက် လူအိုကြီးက ရှောင်ယုကို ငုံ့ကြည့်လိုက်ပြီး ပြောလိုက်သည် ‘‘ရှောင်ယု၊
လူသားတစ်ယောက်အနေနဲ့ ကျေးဇူးကိုသိတတ်ရတယ်။ အစ်ကိုကြီးရဲ့ ပုံစံကိုသမီးနှလုံးသားထဲ လုံးကို
တံဆိပ်ကပ်သလို မှတ်ထားရမယ်။ အနာဂတ်မှာ သမီးသူ့ကိုပြန်တွေ့တဲ့အချိန် သူ့အတွက် အစေခံ
တစ်ယောက်အဖြစ် ဒါမှမဟုတ် သေရမယ်ဆိုရင်တောင် သမီးအပေါ်သူတင်ခဲ့တဲ့ အကြွေးကိုပြန်ဆပ်ရမယ်။
သမီးနားလည္လား ’’
ရှောင်ယုက စိတ်အားထက်သန်စွာနဲ့ ခေါင်းညိတ်ုလိုက်သည်။ သူမမျက်နှာတွင် ကြောက်ရွံ့မှု၊ စိတ်လှုပ်ရှားမှု
မည်သည့်အရိပ်အယောင်မျှ မတွေ့ရ။ အဲ့အစား လုံးဝကိုတည်ငြိမ်နေခဲ့သည်။ အခန်းအပြင်ဘက်မှာတော့
ရန်ကိုင်က ကျင့်ကြံသူနှစ်ယောက်နှင့်အတူ တိမ်တိုက်နီကျွန်းဆီသို့ သူ့ခရီးလမ်းကိုစတင်လိုက်သည်။
သူကထိနှစ်ယောက်ကို သတ်ဖို့အခွင့်အရေး ရှာနေတာဖြစ်သည်။ တိမ်တိုက်နီဂိုဏ်းသားတွေက ဒီညထွက်ဖို့
ပြင်ဆင်နေတာပဲ ဖြစ်သည်။ ထို့ပြင်လူတစ်အုပ်လုံး စုစုပေါင်းအယောက်၂၀လောက်ရှိပြီး
အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတစ်ယောက်က သူတို့၏ခေါင်းဆောင်ပင်ဖြစ်သည်။
အခုလိုအခြေအနေမျိုးတွင် ရန်ကိုင်အတွက် အခွင့်အရေးတစ်ခုမှ မရှိခဲ့ချေ။ ထိုအစစ်အမှန်ဒြပ်စင်အဆင့်
ကျင့်ကြံသူက ကျန်းတင်လိုဒဏ်ရာရထားတဲ့ ကျင့်ကြံသူတစ်ယောက်မဟုတ်ချေ။ သူသာစိတ်ရှည်နေသရွေ့
သူတို့လက်ထဲကနေ ထွက်ပြေးဖို့ အခွင့်အရေးတစ်ခုလောက် ရနိုင်ပေသည်။ ကမ်းခြေက ရေနွေးငွေ့
သဘောင်္သုံးစင်းရှေ့ကို ရောက်တာနဲ့ ကျင့်ကြံသူနှစ်ယောက်၏ အမူအရာက လုံးကိုဒင်္ဂါး ခေါင်းပန်း
လှန်လိုက်သလို ပြောင်းလဲသွားခဲ့သည်။ သူတို့နှစ်ယောက်ကို ရန်ကိုင်ဖုတ်လေငပိရှိတယ်လို့တောင်
မထင်တော့ချေ။ တစ်ခါတစ်ရုံ ရန်ကိုင်ကိုလှောင်တောင် လှောင်ပြောင်တတ်သေးသည်။ သူတို့
အမူအရာတွေက ..အရူး….မင်းမကောင်းတဲ့ဂိုဏ်းကိုဝင်လိုက်တာလို့တောင် ပြေနေသယောင်။
အချိန်ကုန်လာတာနဲ့ ရေနွေးငွေ့သဘောင်္ရှေ့တွင် ရှိနေတဲ့လူအရေအတွက်ကလည်း ပိုပြီးများပြားလာခဲ့သည်။
ထိုလူတွေက သာမန်မြို့သူမြို့သားတွေဖြစ်ပြီး အချို့လူတွေက ငိုယိုနေသလို အချို့က ကျိန်ဆဲနေကြသည်။
ဒါပေမယ့် တိမ်တိုက်နီဂိုဏ်းသားတွေက ထိုအခြင်းအရာတွေကို သာမန်အဖြစ်အပျက်တစ်ခုအလား
လျစ်လျရှုထားလိုက်ကြသည်။ အချို့က သူတောင်းစားတွေဖြစ်ပြီး အချို့က တံငါသည်တွေဖြစ်သည်။ ဒါပေမယ့်
အားကောင်းတဲနောက်ခံရှိတဲ့ လူတစ်ယောက်မှာတော့ မပါချေ။ ထို့ကြောင့် တိမ်တိုက်နီဂိုဏ်းက
ဆင်းရဲတဲ့လူတွေကိုပဲ ပစ်မှတ်ထားနေတယ်ဆိုတာ သိသာပေသည်။ သူတို့တွေက စွမ်းအားမရှိတဲ့အတွက ်
ထိုလူတွေက တိမ်တိုက်နီဂိုဏ်းအတွက ်ပစ်မှတ်ထားဖို့လွယ်ပေသည်။
မနက်နေထွက်ချိန် ရောက်တဲ့အချိန်မှာတော့ စုစုပေါင်းလူအရေအတွက် သုံးဆယ်လောက် ရှိနေပြီဖြစ်သည်။
ထို့နောက် အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူ၏ဦးဆောင်မှုနောက် သူတို့အားလုံး စတင်ထွက်ခွါကြသည်။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၇၃) တိမ်တိုက်နီဂိုဏ်း
ပင်လယ်ပြင်ဝယ် လေပြေလေပြင်းတို့ တဝှီဝှီတိုက်ခတ်နေပြီး လှိုင်းလုံးတွေကလည်း တစ်လုံပြီးတစ်လုံး ရိုက်
ခတ်နေခဲ့သည်။ သို့ပေမယ့် ရေနွေးငွေ့သဘောင်္တွေကတော့ ဆက်ပြီးတော့ သွားနေဆဲပင်ဖြစ်သည်။
သဘောင်္ထဲတွင် ကျိန်ဆဲ၊အော်ဟစ်၊ ငိုယိုနေကြတဲ့လူသုံးဆယ်ကျော်က အချိန်ကြာလာတာနဲ့ တိတ်ဆိတ်
သွားကြလေသည်။ ဆဲဆိုငိုယိုရလွန်းလို့ အာခြောက်သွားပုံပေါ်သည်။ တိမ်တိုက်နီကျွန်းက ကျင့်ကြံသူတွေက
တော့ ထိုလူသုံးဆယ်ကို လုံးဝလျစ်လျူရှုထားခဲ့သည်။
ရန်ကိုင်က ထောင့်တစ်ထောင့်တွင် ထိုင်နေပြီး ဖြစ်ပျက်နေတာကို ထိုင်ကြည့်နေခဲ့သည်။ သူကအခြေအနေကနေ
လုံးဝကွဲထွက်နေခဲ့ပြီး ကျန်တဲ့သူတွေနဲ့ မတူပဲလုံးဝကို တိတ်ဆိတ်နေခဲ့သည်။ သူတို့ကမ်းခြေကနေ
ထွက်လာတာ တစ်နာရီလောက်ရှိသွားပြီဖြစ်ပြီး ပင်ဘယ်မြို့တော်ဆီမှ ကီလိုမီတာ၅၀အကွာလောက်တွင်
ရှိနေပြီဖြစ်သည်။ ရန်ကိုင်က သဘောင်္ပေါ်ရှိ အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူကို စစ်းဆေးလေ့လာရင်း
တွေးလိုက်သည်အခုငါသာ သဘောင်္ပေါ်က ခုန်ဆင်းထွက်ပြေးမယ်ဆိုရင် ငါအသက်ရှင်နိုင်လောက်လား
ဒါပေမယ့် သူ့ရဲ့ချီပြောင်းလဲခြင်းအဆင့် ခွန်အားနဲ့ဆိုရင် ရေနစ်ပြီးသေမှာကို စိုးရိမ်စရာမလိုချေ။ သူကြောက်တာ
က အစစ်အမှန်ဒြပ်စင်အဆင့်ကျင့်ကြံသူက သူ့နောက်လိုက်ဖမ်းမှာကို စိုးရိမ်နေတာပဲဖြစ်သည်။ သူစဉ်းစား
နေတုန်းမှာပဲ စီနီယာတံငါသည်တစ်ယောက်က သဘောင်္ပေါ်ကနေ ခုန်ချသွားခဲ့သည်။ ဗွမ်း….ထိုအသံကို
ကြားလိုက်တဲ့ သဘောင်္ပေါ်တွင် ရှိနေတဲ့အကုန်လုံး၏ မျက်လုံးထဲတွင် မျှော်လင့်ချက် အရိပ်အယောင်
ထွက်ပေါ်လာခဲ့ပြီး သဘောင်္ဘေးကို သွားလိုက်ကြသည်။ သူတို့သာသဘောင်္ကို စွန့်ပစ်ပြီးထွက်ပြေးခဲ့ရင်
စီနီယာတံငါသည်လို ထွက်ပြေးလွတ်မြောက်နိုင်ပေသည်။
ဒါပေမယ့် ထိတ်လန့်စရာကောင်းတာက တိမ်တိုက်နီဂိုဏ်းက ဘာမှမလုပ်ပဲ သူတို့ကိုလှောင်ပြောင်တဲ့
အကြည့်နဲ့သာ ကြည့်နေခဲ့သည်။ ရန်ကိုင်လည်း တစ်ခုခုမှားနေသလို ခံစားလိုက်ရသည်။ ထိုကျင့်ကြံသူတွေက
ဒီလူတွေကို ဖမ်းဖို့တော်တော်လေး အားစိုက်ထားခဲ့ရတာဖြစ်သည်။ ထို့ကြောင့် အခုလိုမျိုး ထွက်ပြေးတာကို
အလွယ်တကူ လွတ်ပေးလိမ့်မည် မဟုတ်ချေ။ ရုတ်တရက် သနားစရာကောင်းတဲ့ စူးစူးရှရှအော်သံတစ်ခုက
ရေထဲကနေ ထွက်ပေါ်လာခဲ့သည်။ ထိုအော်သံက အစောပိုင်းတုန်းက စီနီယာတံငါသည်၏ အောသံဖြစ်ပြီး
ထိုအော်သံကိုကြားလိုက်တာနဲ့ သဘောင်္ပေါ်တွင် ရှိနေတဲ့လူတွေ အကုန်လုံးသဘောင်္ဘေးကိုသွားပြီး
ရေထဲကိုစိုက်ကြည့်လိုက်ကြသည်။
‘‘ဘာဖြစ်တာလဲ’’
‘‘ ရေထဲမှာ မိစ္ဆာသားရဲတွေရှိတယ် ’’
‘‘ရေထခုန်ဆင်းသွားရင် မိစ္ဆာသားရဲတွေက ငါတို့ကိုစားလိမ့်မယ် ’’
ထိုသာမန်လူတွေအကုန်လုံး ကြောက်ရွံ့သွားခဲ့ကြပြီး သဘောင်္ပေါ်က ခုန်ဆင်းမယ့်အတွေးကို စွန့်လွှတ်
လိုက်ကြသည် ’’
သဘောင်္ပေါ်က ကျင့်ကြံသူတွေက လူတိုင်းကိုကြည့်လိုက်ပြီး လှောင်ပြောင်တဲ့လေသံနဲ့ ပြောလိုက်သည်
‘‘ ရေထဲမှာဘာတွေရှိလဲဆိုတာ မင်းတို့သိလား ’’ ပြန်ဖြေတာကို စောင့်မနေပဲ မီးတုတ်တစ်ခုကို ရေထဲကို
ပစ်ချုလိုက်သည်။ မီးရောင်အကူအညီနဲ့ သဘောင်္ပေါ်တွင်ရှိနေတဲ့ လူတွေအကုန်လုံး ပင်လယ်ထဲကို
မြင်လိုက်ကြရပြီး ထိတ်လန့်သွားခဲ့ကြသည်။ ပင်လယ်ပြင်တစ်ခုလုံး သွေးချင်းနီနေပြီး စီနီယာတံငါသည်၏
အလောင်းကလည်း တစ်စစီဖြစ်နေခဲ့သည်။ ရေထဲတွင် ရက်စက်ကြမ်းကြုတ်တဲ့ ငါးသားရဲတွေရှိနေပြီး
ထိုငါးသားရဲတွေက သဘောင်္ဆီကိုလှမ်းလှမ်းခုန်ဟပ်နေပြီး စီနီယာတံငါသည်၏အသားတွေကို ဝိုင်းစား
နေခဲ့ကြသည်။
‘‘ ဒါက သဘောင်္ကိုစွန့်ခွါထွက်ပြေးဖို့လုပ်တဲ့ လူတွေရဲ့ကံကြမ္မာပဲ ’’ တိမ်တိုက်နီကျွန်းက ကျင့်ကြံသူတွေက
လှောင်ပြောင်ပြောလိုက်သည်။ လူတိုင်းက ထိုမြင်ကွင်းကိုမြင်ပြီး အော့အန်ကုန်ကြသည်။တကယ်တော့
သူတို့တွေက သာမန်လူတွေသာဖြစ်ပြီး အခုလိုသွေးပျက်စရာကောင်းတဲ့ မြင်ကွင်းမျိုးကို တစ်ခါမှမမြင်ဖူးခဲ့ချေ။
ရန်ကိုင်လည်း သဘောင်္ကိုထွက်ပြေးစွန့်ခွါမယ့် အကြံအစည်ကို လက်လျှော့လိုက်သည်။ သဘောင်္နောက်ကို
လိုက်နေတဲ့ ထိုငါးသားရဲတွေက တိမ်တိုက်နီဂိုဏ်းက မွေးမြူထားတဲ့ ငါးသားရဲတွေဖြစ်နိုင်ပေသည်။သူက
အခုမှ ချီပြောင်းလဲခြင်းအဆင့်ပဲ ရှိသေးတာဖြစ်ပြီး ထိုငါးသားရဲတွေဆိုတာလည်း ရေထဲတွင်ဘုရင်ဖြစ်သည်။
သူ့လက်ရှိခွန်အားနဲ့ ထိုငါးသားရဲတွေလက်ထဲက လွတ်မြောက်နိုင်မယ့် နည်းလမ်းမရှိပေ။
‘‘ လူတိုင်းနားထောင်ကြ ’’ တိမ်တိုက်နီဂိုဏ်းက ကျင့်ကြံသူက အသံကျယ်ကျယ်နဲ့ အော်ပြောလိုက်သည်
‘‘မင်းတို့မသေချင်ရင် သဘောင်္ပေါ်မှာ အေးအေးဆေးဆေး ငြိမ်ငြိမ်လေး နေနေ။ နောက်ထပ်တစ်နာရီလောက်ဆို
တိမ်တိုက်နီကျွန်းပေါ်ကို ငါတို့ရောက်ပြီ။ ကျွန်းပေါ်မှာ မင်းတို့အတွက် အရသာရှိတာတွေ၊ တန်ဖိုးရှိတာတွေ
အများကြီးရှိတယ်။ မင်းတို့မှသာစွမ်းရည်ရှိမယ်ဆိုရင် အဲ့ဒါတွေကို ရအောင်ယူနိင်လိ့မ်မယ်။ ငါတို့
တိမ်တိုက်နီဂိုဏ်းရဲ့ စမ်းသပ်ချက်ကို ကျော်ဖြတ်အောင်မြင်နိုင်တယ်ဆိုရင်တော့ မင်းတို့လည်း တိမ်တိုက်နီ
ဂိုဏ်းသားတစ်ယောက် ဖြစ်လာနိုင်တယ် ’’ လူတိုင်းက သူတို့ပါးစပ်တွေကို ပိတ်ထားလိုက်ကြသည်။ သိသာစွာပဲ
ဘယ်သူမှ သူ့စကားကိုမယုံကြည်ာကချေ။ တိမ်တိုက်နီဂိုဏ်းသားတွေကို သူတို့ပြန်မတိုက်နိုင်မှတော့
ငြိမ်ငြိမ်လေး နေရုံပဲ တတ်နိုင်လေသည်။
ဒါပေမယ့် ထိုအဖြစ်အပျက်ပြီးသွားတာနဲ့ လူတိုင်းငြိမ်သွားကြပြီး ဘယ်သူမှသဘောင်္ပေါ်မှ ထွက်ပြေးဖို့မကြံစည်
ရဲတော့ပေ။ ပင်လယ်ထဲတွင် လူသားစားတဲ့ ငါးသားရဲတွေရှိနေမှာတော့ သူတို့ဘယ်လိုလုပ်ပြီး ထွက်ပြေး
ရဲပါတော့မလဲ။ ရေနွေးငွေ့သဘောင်္က ပင်လယ်ထဲတွင် တရွေ့ရွေ့ ဆက်ပြီးရွေ့နေခဲ့သည်။ အချိန်
တော်တော်ကြာပြီးနောက် ရန်ကိုင်က တိမ်တိုက်နီဂိုဏ်းသားတစ်ယောက် ပြောတာကိုကြားလိုက်ရသည်
‘‘ နောက်ဆုံးတော့ အိမ်ပြန်ရောက်လာခဲ့ပြီ ’’
‘‘အင်းဟုတ်တယ်၊ ငါလည်းတော်တော်ပင်ပန်းနေပြီ။ တစ်လတစ်ကြိမ် ထွက်လာနေရတာ ဒီအတိုင်းသား
ဆက်သွားနေမယ်ဆိုရင် ငါတို့တွေလည်း ငယ်ရွယ်ပြီး အသက်မရှုတဲ့ လူတွေဖြစ်သွားတော့မယ် ’’
‘‘ ဒီတစ်ကြိမ် ငါတို့လူတော်တော် ရလာတာပဲလေ။ ငါတို့တစ်ခဏအတွင်းတော့ နောက်တစ်ကြိမ်
ထပ်သွားပြီး လူသွားဖမ်းစရာ မလိုသေးဘူးထင်တယ် ’’ ရန်ကိုင်မျက်လုံး ဖွင့်ကြည့်လိုက်တဲ့အချိန်တွင်
မြူခိုးတွေဝေနေတဲ့ ကျွန်းတစ်ကျွန်းကို တွေ့လိုက်ရသည်။ ထိုကျွန်းက ပင်လယ်မြို့တော်၏ ငါးဆလောက်
ရှိပေသည်။ ဒါပေမယ့် ထိုကျွန်းက ရတဲ့ခံစားချက်က တော်တော်လေး ထူးဆန်းပေသည်။ ထိုကျွန်း၏
ညာဖက်တစ်ခြမ်းက ဘယ်ဘက်တစ်ခြမ်းနဲ့ သိပ်မတူဘူးလို့ ရန်ကိုင်ခံစားနေခဲ့ရသည်။ ထို့ပြင်ကျွန်းတစ်
ကျွန်းလုံးကို မြူခိုးတွေနဲ့ ဖုံးကွယ်ထာသဖြင့် ရန်ကိုင်လည်း အတွင်းပိုင်းထဲကို ထိုးဖောက်ပြီး
မကြည့်နိုင်ခဲ့ချေ။
သူတို့သွားနေတဲ့အခြမ်းက ကျွန်း၏ဘယ်ဘက်အခြမ်ဖြစ်သည်။ အချိန်တော်တော်ကြာပြီးနောက ်သဘောင်္လည်း
ကမ်းခြေတစ်ခုတွင် ရပ်တန့်လိုက်သည်။ တိမ်တိုက်နီဂိုဏ်းသားတွေက သဘောင်္ပေါ်မှ ကြိုးလှေကားတစ်ခုကို
ပြင်ဆင်လိုက်ပြီး သာမန်လူတွေကို ကြည့်ကာ ပြောလိုက်သည် ‘‘ ဆင်းတော့ ’’ လူအယောက်သုံးဆယ်ကျော်က
ထိတ်လန့်တုန်လှုပ်နေပေမယ့် အမိန့်ပေးတဲ့အတိုင်း ဆင်းလာခဲ့ကြသည်။ များစွာသောလူတွေ၏
ခြေထောက်တွေက ဂျယ်လီလိုဖြစ်နေပြီး ပျော့ခွေသွားခဲ့ကြသည်။ သူတို့ဘာဝတွင် ငါးသားရဲလိုမျိုး
သားရဲမျိုး တစ်ခါမှမတွေ့ခဲ့ဖူးကြပေ။ သဘောင်္ပေါ်တွင် ပါလာတဲ့လူတွေ၌ တံငါသည်တွေများပေမယ့်
သူ့တို့ငါးဖမ်းလာခဲ့တဲ့ ဘဝတစ်လျှောက် ထိုကဲ့သို့ငါးသားရဲမျိုး တစ်ခါမှမတွေ့ခဲ့ဖူးချေ။
‘‘ မင်းတို့နှစ်ယောက် အဲ့တိတ်ဆိတ်နေတဲ့ တစ်ယောက်ကိုခေါ်သွား ’’ အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူက
တပည့်နှစ်ယောက်ကို အမိန့်ပေးလိုက်သည်။ ‘‘ ဟုတ်ကဲ့ပါ၊ ဂိုဏ်းတူဦးလေး ’’ တပည့်နှစ်ယောက်က
လေးလေးစားစားနဲ့ ပြန်ဖြေလိုက်ကြပြီး ရန်ကိုင်ကိုတစ်ဖက်စီကနေ ဆွဲခေါ်သွားခဲ့သည်။ ‘‘ သွားကြ၊
မင်းတို့ဘဝတစ်လျှောက် ကြည်နူးစရာတွေနဲ့ ပြည့်နေတဲ့ နေရာကိုခေါ်သွားပေးမယ် ’’ တိမ်တိုက်နီ
ဂိုဏ်းသားတွေက ရန်ကိုင်ကိုခေါ်ကာ ကျန်တဲ့သူတွေကို ဦးဆောင်ခေါ်သွားခဲ့သည်။
ရန်ကိုင်က ရိုးသားအပြစ်ကင်းပြီး ဘာမှမသိတဲ့လူတစ်ယောက်အဖြစ်သာ ဟန်ဆောင်နေုလိုက်ပြီး
အပြုံးတစ်ခုကို ဆင်မြန်းရင်း မေးလိုက်သည် ‘‘စီနီယာအစ်ကိုတို့၊ ငါတို့ဂိုဏ်းထဲကို ဘယ်အချိန်ဝင်ရမှာလဲ ’’
သူတို့ထဲက တစ်ယောက်ကို ရန်ကိုင်ကို လှောင်ပြောင်ပြောလိုက်သည် ‘‘ ဘယ်သူက မင်းရဲ့စီနီယာအစ်ကိုလဲ ’’
ကျန်တဲ့တစ်ယောက်က စိတ်မရှည်ဖြစ်လာပြီး ခပ်မြန်မြန်ပြောလိုက်သည် ‘‘ စိုးရိမ်မနေပါနဲ့။ သဘောင်္ပေါ်မှာ
ပြောတာကို မင်းမကြားဘူးလား။ မင်းသာစမ်းသပ်ချက်ကို ကျော်ဖြတ်နိုင်တယ်ဆိုရင် ဂိုဏ်းသားတစ်ယောက်
ဖြစ်လာနိုင်ပြီး သိုင်းပညာရပ်တွေကို လေ့ကျင့်နိုင်လိမ့်မယ် ’’ ‘‘ စမ်းသပ်ချက်က ဘာလဲ ’’ ရန်ကိုင်က
နောက်တစ်ကြိမ် မေးလိုက်သည်။
‘‘ စမ်းသပ်ချက်လား၊ အဲ့ဒါကလုံးဝကို ရိုးရှင်းပါတယ်။ မင်းတစ်ခုခုကို ယူပေးရုံပဲ ။ အခုထပ်မမေးနဲ့တော့။ အချိန်
တန်ရင် မင်းသိလာလိမ့်မယ် ’’ ထိုလူက ရန်ကိုင်ကို အလွယ်တကူ လိမ့်လို့ရမယ့် လူတစ်ယောက်လို့ ထင်ကာ
ပုခုံးလေးကိုပုတ်ပြီး ပြောလိုက်သည် ‘‘ မင်းသာတော်တယ်ဆိုရင် တိမ်တိုက်နီဂိုဏ်းသားတစ်ယောက် ဖြစ်လာ
နိုင်မှာပါ။ မင်းအခု တိမ်တိုက်နီကျွန်းကို ရောက်လာပြီဆိုမှတော့ စိတ်ပူစရာမလိုတော့ဘူး။ စမ်းသပ်ချက်
မတိုင်ခင်အချိန်ထိ မင်းကိုစားကောင်းသောက်ဖွယ်တွေနဲ့ တည့်ခင်းပေးမှာပါ။ စမ်းသပ်ချက်အချိန်ကျပြီဆိုရင်
တစ်ယောက်ယောက်က မင်းကိုသတိလာပေးလိမ့်မယ် ’’ ရန်ကိုင်လည်း ခေါင်းညိတ်ပြလိုက်ပြီး ဆက်မတော့ချေ။
ဒါပေမယ့် တိမ်တိုက်နီကျွန်းက ကျင့်ကြံဖို့တကယ်ကို ကောင်းတဲ့နေရာတစ်ခုပင်ဖြစ်သည်။ ဒီနေရာတွင်
ရှိနေတဲ့ ချီစွမ်းအင်က ကောင်းကင်စံအိမ်တွင်ရှိသော ချီစွမ်းအင်ထက် ပိုပြီးသိပ်သည်းလေသည်။ ထို့ပြင်
ကျွန်းတစ်ခုလုံး ရတနာတွေနဲ့ ပြည့်နေတဲ့အတွက် ကုန်းတွင်းပိုင်းနေရာတွေထက် ကျွန်းတွေက ပိုပြီးအားသာ
လေသည်။ တိမ်တိုက်နီကျွန်း၏ သာယာလှပသော မြင်ကွင်းကိုမြင်ပြီး သာမန်လူတွေရဲ့ စိတ်အခြေအနေ
တည်ငြိမ်သွားပုံရသည်။ တိမ်တိုက်နီဂိုဏ်းသား နှစ်ယောက်ထဲက တစ်ယောက်က သတိပေးလိုက်သည်
‘‘ ကျွန်းပေါ်မှ လျှောက်မသွားနဲ့။ လူသားစားတဲ့ မိစ္ဆာသားရဲတွေရှိတယ်။ မင်းတို့သာလျှောက်သွားမယ်ဆိုရင်
ဘယ်သူမှ မင်းတို့အသက်ကို ကယ်ပေးမှာမဟုတ်ဘူး ’’
သာမန်လူတွေကို ကျွန်းပေးတွင် မိစ္ဆာသားရဲတွေရှိတယ်လို့ ပြောရင်သိပ်ပြီး မထိရောက်ပေမယ့် လူသားစားတဲံ
မိစ္ဆာသားရဲတွေရှိတယ်လို့ ပြောရင်တော့ တကယ်ကို ထိရောက်ပေသည်။ သူပြောတာတာကို ကြာပြီးနောက်
စီနီယာတံငါသည်၏ အဖြစ်အပျက်ကို မြင်ယောင်ပြီး လူတိုင်းတိတ်ဆိတ်သွားခဲ့သည်။ သူတို့ရဲ့ဦးတည်ရာ
နေရာကိုရောက်တဲ့အချိန် ကျန်ရှိနေတဲ့ တိမ်တိုက်နီဂိုဏ်းသားတွေက လာပြီးကူညီကြသည်။ သူတို့တွေက
လူသုံးဆယ်ကျော်တဲ့ လူအုပ်ကြီးကို တွေ့လိုက်ရတဲ့အချိန် ပြုံးကာ ပြောလိုက်သည် ‘‘ဂိုဏ်းတူညီအစ်ကို
နှစ်ယောက်က တော်တော်အလုပ်ကြိုးစားကြတာပဲ။ ဒီတစ်ကြိမ်တော့ တော်တော်လေး ရိတ်သိမ်းနိုင်ခဲ့တာပဲ ’’
‘‘လွန်ခဲ့တဲ့ လတွေကနဲ့ ယှဉ်ရင ်ဒီတစ်ကြိမ် ငါတို့လူပိုပြီးရလာတယ်။ ဂိုဏ်းတူညီအစ်ကိုရဲ့အားထုတ်မှုကို
ငါတကယ်ပဲ ချီးကျူးပါတယ် ’’
ခြံဝန်းထဲကို ဝင်လာပြီးနောက ်ကီလိုမီတာအနည်းငယ်ကျယ်ဝန်းတဲ့ နေရာတစ်ခုတွင် ဆောက်ထားတဲ့
အိမ်လေးများစွာကို တွေ့လိုက်ရသည်။ လူသုံးဆယ်ကျော်ကို တစ်အိမ်စီတွင် နေရာချထားပေးလိုက်သည်။
ရန်ကိုင်လည်း အပါအဝင်ဖြစ်သည်။ အိမ်ထဲက ပစ္စည်းတွေက အဆင့်မြင့်တဲ့ ပစ္စည်းတွေလို့ မပြောနိုင်ပေမယ့်
သူ့ရဲ့အခြေခံလိုအပ်ချက်တွေနဲ့တော့ ကိုက်ညီပေသည်။ ‘‘ အခုကနေစပြီး မင်းတို့ဒီနေရာမှာနေရမယ်။
မင်းတို့ဘာမှလုပ်စရာမလိုဘူး။ တစ်နေ့ကို မနက်စာ၊နေ့လည်စာ၊ညစားဆိုပြီး တစ်ယောက်ယောက်က
လာပို့ပေးလိမ့်မယ်။ တစ်နေ့ကိုသုံးနပ်ကျွေးမယ်။ စားပြီးရင်အေးအေးဆေးဆေးနဲ့ အနားယူရုံပဲ။ မင်းတို့
လုပ်ဖို့လိုတာက စမ်းသပ်တဲ့နေမှာ ရလဒ်တွေကောင်းမွန်အောင် ကြိုးစားပေးဖို့ပဲ ။ စမ်းသပ်ချက်မတိုင်ခင်
အထိ မင်းတို့ဒီနေရာမှာ ဘာမှမလုပ်ပဲ အေးအေးဆေးဆေး အနားယူနေလို့ရတယ် ’’
ထိုစကားကိုကြားလိုက်တာနဲ့ သတ်ဖို့ဝက်မွေးတာဆိုတဲ့ ဆိုရိုးစကားကို ရန်ကိုင်ပြန်သတိရလိုက်သည်။
တိမ်တိုက်နီဂိုဏ်းက ဘာရည်ရွယ်ချက်မှမရှိပဲ သူတို့ကိုဒီအတိုင်း ကျွေးမယ်လို့တော့ ရန်ကိုင်မထင်ပေ။
သူတို့ဘာလုပ်ချင်နေတာလဲ…ရန်ကိုင်မသိပေ။ ဒါပေမယ့် ရန်ကိုင်လည်း အခုလောလောဆယ် ထွက်ပြေးဖို့
မကြိုးစားပေ။ သူသာသဘောင်္တစ်စီးလောက်ရရင် ကျွန်းပေါ်ကထွက်ပြေးနိုင်ပေမယ့် ထိုသဘောင်္က
ငါးမိစ္ဆာသားရဲတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်လိမ့်မယ်လို့တော့ ယုံကြည်ချက်မရှိပေ။အချိန်ကျလာတော့မှပဲ
မီးစဉ်ကြည့်ကရတာပေါ့ရန်ကိုင်က ကုတင်ပေါ်တွင် တင်ပလင်ခွေထိုင်လိုက်ပြီး စတင်ကျင့်ကြံလိုက်သည်။
နောက်တစ်နေ့တွင် တစ်ယောက်ယောက်က စားစရာ ယူလာပေးခဲ့သည်။ သေချာနမ်းရှုံ့ကြည့်မယ်ဆိုရင်
စားစရာထဲတွင် ဆေးတစ်မျိုးမျိုး ပေါင်းစပ်ထားတာကို တွေ့ရပေမည်။ ရန်ကိုင်က အရင်မစားသေးပဲ
ကျန်တဲ့သူတွေစားတာကို အရင်ကြည့်လိုက်သည်။ သူတို့တွေအဆင်ပြေတယ်ဆိုမှ သူစပြီးစားလေသည်။
စားပြီးနောက် သူ့တစ်ကိုယ်လုံးပိုပြီးလန်းဆန်းလာသလို ခံစားလိုက်ရသည်။ ထိုစားစရာထဲတွင ်ပါဝင်တဲ့
ဆေးစွမ်းအင်က သူ့အတွက်မပြောပလောက်ပေမယ့် သာမန်လူတွေအတွက်တော့ အခုလိုစားစရာမျိုးကို
စားရင် အသက်ရှည်ရှည်နေနိုင်ပေသည်။ ရက်ပေါင်းများစွာကြာတဲ့အချိန်မှာတော့ ခေါ်ဆောင်လာခံရတဲ့
လူတွေအကုန်လုံး အထွန့်မတက်ကြတော့ချေ။ အခုအချိန်တွင် တိမ်တိုက်နီဂိုဏ်းသားတွေက သူတို့ကို
သားယာတဲ့ဘဝကို မြည်းစမ်းစေဖို့ ခေါ်လာတယ်လို့တောင် ယုံကြည်နေပြီဖြစ်သည်။ ထိုလူတွေက
ဆင်းရဲပြီး အခုလိုမျိုး တစ်ခါမှမဆက်ဆံခံရဖူးတဲ့အတွက် အခုလိုမျိုး ဘာအလုပ်မှလုပ်စရာမလိုပဲ
စားကောင်းသောက်ဖွယ်တွေကို စားသောက်နေရတဲ့အချိန်မှာတော့ သူတို့အလွန်ပျော်ရွှင်လာခဲ့ကြသည်။
ဒါပေမယ့် ထိုစားစရာတွေအပြင် မြက်ဆေးရည်တစ်ခွက်ကိုလည်း သောက်ရေပေသေးသည်။ ထိုဆေးရည်က
သူတို့ကိုမထိုခိုက်ပေ။ အဲ့ဒီအစား စားစရာလိုပဲ သူတို့ခန္ဓာကိုယ်ကို အထောက်အကူ ပေးလေသည်။
ရက်ပေါင်းများစွာက ထိုအတိုင်းကုန်ဆုံးနေခဲ့ပြီး သာမန်လူတွေ၏ ခန္ဓာကိုယ်တွေကလည်း ပိုပြီးကြံ့ခိုင်
အကြမ်းခံလာခဲ့သည်။ သူ့တို့စိတ်အခြေအနေက အခုအချိန်တွင် အလွန်ပျော်ရွှင်နေပြီး ကောင်းကင်ဘုံတွင်
ရောက်နေသလို ခံစားနေခဲ့ရသည်။ သူတို့ကိုလည်း အရမ်းကြီးမကန့်သတ်ထားခဲ့ချေ။ ခြံဝန်းထဲက
ထွက်လို့မရတာကလွဲလို့ ခြံဝန်းအတွင်း သူတို့ကြိုက်သလို သွားလို့ရပေသည်။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၇၄) ဆန်းကြယ်သော အနက်ရောင်သစ်သီး
ရန်ကိုင် ညစဉ်ညတိုင်း အကြိမ်ပေါင်းများစွာ ခိုးထွက်ခဲ့သည်။ သူ့ခြံဝင်းကို စောင့်ကြပ်နေတဲ့ ကျင့်ကြံသူတွေက
ချီပြောင်းလဲခြင်းအဆင့်သာ ရှိတဲ့အတွက် သူ့ခိုးထွက်သွားတာကို မသိခဲ့ချေ။ ထိုကဲ့သို့ အကြိမ်ပေါင်းများစွာ
ခိုးထွက်ပြီးတဲ့အချိန်မှာတော့ သူ့တို့ခြံဝန်းလိုပဲ အခြားခြံဝန်းတွေရှိနေတာကို တွေ့ရှိခဲ့ရသည်။ ထိုခြံဝန်းတွေတွင်
သူတို့ထက်စောပြီး အဖမ်းခံရတဲ့ လူတွေနေထိုင်နေတာဖြစ်သည်။ ဒါပေမယ့် ထိုခြံဝန်းရှိလူတွေက ပိန်လှီနေပြီး
အသားအရေတွေကလည်း ဖြူဖတ်ဖြူလျော်ဖြစ်နေကာ မရဏမင်းဆီခရီးထွက်တော့မည့် ပုံပေါက်နေခဲံသည်။ သူတို့တွေလည်း ရန်ကိုင်တို့လိုပဲ စားကောင်းသောက်ဖွယ်တွေနဲ့ မြက်ဆေးရည် သောက်ရပေမယ့် သူ့တို့ရဲ့
အသက်စွမ်းအာကို ပြန်လည်ဖြည့်တင်းဖို့ မလုပ်ဆောင်နိုင်ခဲ့ချေ။
နတ်ဆိုးအိုကြီးက ထိုလူတွေဆီကနေ မိစ္ဆာချီကိုအာရုံခံမိခဲ့သည်။ ထိုမိစ္ဆာချီက ကျင့်ကြံခြင်းကြောင့်
ဖြစ်ပေါ်လာတဲ့ ချီစွမ်းအင်မဟုတ်ပဲ သူတို့ခန္ဓာကိုယ်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ မိစ္ဆာချီစွမ်းအင်ပဲ
ဖြစ်သည်။ ထိုမိစ္ဆာချီစွမ်းအင်က သူတို့ရဲ့အသက်တွေကို တစိမ့်စိမ့် တိုက်စားနေတာပဲဖြစ်သည်။ ထိုအချက်
အလက်ကို သလိုက်ရတဲ့အချိန်မှာတော့ တိမ်တိုက်နီဂိုဏ်း ဘာလိုချင်လဲဆိုတာ သူရေးတေးတေးလေး
ခန့်မှန်းမိလိုက်သည်။ ဒါပေမယ့် သူတို့ရဲ့ရည်ရွယ်ချက် အတိအကျကိုတော့ သူမသိသေးပေ။
လဝက်လောက်ကြာတဲ့အချိန်မှာတော့ ရန်ကိုင်တွင် နောက်ထပ်အလုပ်တစ်ခု တိုးလာခဲ့သည်။
စားတာ၊အိပ်တာအပြင် တိမ်တိုက်နီဂိုဏ်းသားတွေက သင်ကြားပေးတဲ့ ဆေးပင်တွေကို မှတ်သားလေ့လာ
ရတာပဲဖြစ်သည်။
လူတိုင်းကို စာအုပ်လေးတစ်ခု ပေးထားခဲ့ပြီး ထိုစားအုပ်ထဲတွင ်ဆေးပင်တွေကို အကျဉ်းချုပ်ရှင်းပြထားပြီး
ရှားပါးတဲ့ဆေးပင်တွေနဲ့ ထိုဆေးပင်တွေကို ဘယ်လိုခူးယူရမလဲဆိုတာ ရှင်းပြထားလေသည်။ ထိုကဲ့သို့ဖြင့်
နောက်ထပ် လဝက်ကြာသွားခဲ့သည်။ ထိုတစ်လအတောအတွင်း ရန်ကိုင်က မည်သည့်ဆေးလုံးအကူအညီကိုမှ
မယူပဲနှင့် နောက်တစ်ဆင့်ကို ချိုးဖျက်သွားနိုင်ခဲ့ပြီး ချီပြောင်းလဲခြင်းအဆင့်၂ကို ရောက်သွားခဲ့သည်။
တစ်လကြာပြီးတဲ့အချိန်မှာတော့ ခြံဝန်းကိုစောင့်ကြပ်နေတဲ့ တပည့်က သူတို့ကိုလာခေါ်ခဲ့သည်။ သတ်ဖြတ်ခြင်း
ကတော့ စတင်ခဲ့လေပြီ။ ရန်ကိုင်က စိတ်ထဲတွင် တွေးလိုကသည်။တိမ်တိုက်နီဂိုဏ်းသားတွေက
သာမန်လူတွေကို အန္တရာယ်များတဲ့ နေရာကိုသွားပြီး သူတို့အတွက်ဆေးပင်စုဆောင်းပေးဖို့ ခေါ်လာတာပဲ
ဖြစ်သည်။ ထိုအန္တရာရှိတဲ့နေရာကို တိမ်တိုက်နီဂိုဏ်းသားတွေကိုယ်တိုင် မသွားရဲတဲ့အတွက် သူတို့အတွက်
ဆေးပင်ခူးပေးမယ့်လူတွေကို ပင်လယ်မြို့တော်တွင် သွားဖမ်းပြီး သူတို့အစားခိုင်းကြတာပဲဖြစ်သည်။
တိမ်တိုက်နီဂိုဏ်းသား၏အသံ ထွက်ပေါ်လာခဲ့သည် ‘‘ မင်းတို့တိမ်တိုက်နီဂိုဏ်းကိုရောက်တာ တစ်လကြာခဲ့ပြီ။
ငါတို့ဂိုဏ်းက မင်းတို့ကိုတစ်လကြာအောင် နေ့တိုင်းအစားအသောက်ကောင်းတွေ ကျွေးမွေးခဲ့တယ်။
ကမ္ဘာပေါ်မှာ အလကားရတဲ့ နေ့လည်စာဆိုတာ မရှိဘူး။ အခုမင်းတို့ တိမ်တိုက်နီဂိုဏ်းအတွက် အလုပ်လုပ်
ပေးပြီး မင်းတို့ရဲ့ကျေးဇူးသိတတ်မှုကို ပြသဖို့လိုတယ်။ ဒါကလည်း စမ်းသပ်ချက်တစ်ခုပဲ။ မင်းတို့သာ
စမ်းသပ်ချက်ကို ကျော်ဖြတ်နိုင်တယ်ဆိုရင် ဒီနေရာကိုပြန်လာပြီး အနားယူလို့ရတယ် ’’
လူအုပ်ကြီးက တစ်ယောက်ကိုတစ်ယောက် မသိနားမလည်စွာနဲ့ ကြည့်လိုက်သည်။ ‘‘ အခု
ငါ့နောက်က လိုက်ခဲ့’’´ထိုတပည့်က အရေမရအဖတ်မရတွေ ဆက်မပြောတော့ပဲ လူအုပ်ကြီးကို
ဦးဆောင်သွားခဲ့သည်။ သူတို့တိမ်တိုက်နီဂိုဏ်းကို ဝင်လာတဲ့လမ်းအတိုင်း ပြန်ထွက်လာခဲ့ကြပြီး
တစ်နာရီကြာတဲ့အချိန်မှာတော့ သူတို့ကိုစောင့်နေတဲ့ သဘောင်္တစ်စီးစီ ရောက်လာခဲ့သည်။
သဘောင်္ပေါ်တွင် လူအများကြီး ရှိနေခဲ့ပြီး ထိုလူတွေက ညဘက်ရန်ကိုင်အပြင်ကိုခိုးထွက်တဲ့အချိန်တုန်းက
တွေ့ခဲ့တဲ့လူတွေနဲ့ အတူတူပင်ဖြစ်သည်။ ထိုလူတွေအကုန်လုံးက ဖြူလျော်နေတဲ့အသားအရေနဲ့
သဘောင်္ပေါ်တွင ်တုန်တုန်ရီရီနှင့် ဆောင့်ကြောင့်ထိုင်နေခဲ့ကြသည်။ ‘‘ အားလုံးစုံပြီလား ’’
အစစ်အမှန်ဒြပ်စင်အဆင့်ကို ရောက်နေတဲ့ သက်လတ်ပိုင်းလူကြီးက မေးလိုက်သည်။ ‘‘ အားလုံး
ရောက်ပါပြီ ’’ ‘‘ စထွက်တော့ ’’ ထိုအချိန်တွင် တုန်လှုပ်ခြောက်ခြားနေတဲ့ အသံတစ်သံ
ထွက်ပေါ်လာခဲ့သည် ‘‘ ငါမသွားချင်ဘူး။ အဲ့နေရာကို ငါမသွားချင်ဘူး။ ငါ့ကိုလွှတ်ပေးကြပါ။
ငါမသြားခ်င္ဘူး ’’
ထိုလူရဲ့အသားအရေက နီရဲနေပြီး သူ့မျက်လုံးတွေကလည်း ရဲရဲနီနေခဲ့သည်။ ထိုလူက တိမ်တိုက်နီဂိုဏ်းသား
ရှေ့ကိုရောက်တဲအ့ချိန် သူ့ပါးစပ်ကိုအကျယ်ကြီး ဖွင့်လိုက်ပြီး အော်ပြောရင်း ကိုက်ဖို့ကြိုးစားလိုက်သည်
‘‘ မင်းငါ့ကိုသေစေချင်တယ်ပေါ့၊ ငါမင်းကိုအရင်သတ်မယ် ’’ ‘‘ ဒီလူရဲ့စိတ်ကို မိစ္ဆာချီကဝါးမြိုသွားခဲ့ပြီ။
အဲ့ကောင် ရူသွားပြီ ’’ နတ်ဆိုးအိုကြီး၏အသံ ထွက်ပေါ်လာခဲ့သည်။ ‘‘ ရဲတင်းလိုက်တာ ’’ ထိုအဖြစ်အပျက်
တိမ်တိုက်နီဂိုဏ်းသားတွေအတွက်တော့ ပထမဆုံအကြိမ် ဟုတ့်သည့်ပုံမပေါ် ။ တိမ်တိုကနီဂိုဏ်းသားက
သူ့လက်ထဲက ဆေးဘားဓါးကို ဆွဲထုတ်လိုက်ပြီး ထိုလူ၏ရင်ဘတ်ကို ခုတ်ပိုင်းလိုက်ကာ သဘောင်္ပေါ်ကနေ
ကန်ချလိုက်သည်။
သဘောင်္အောက်ဆီကနေ မိစ္ဆားရဲတွေ၏ အသံတွေထွက်ပေါ်လာခဲ့သည်။ ထိုအသံကိုကြားလိုက်တာနဲ့
လူတိုင်း၏နှလုံးသားတုန်ရင်သွားခဲ့ရသည်။ ထိုလူကိုသတ်ပြီးနောက် တိမ်တိုက်နီဂိုဏ်းသားက မထူးခြားတဲ့
လေသံနဲ့ အားကိုကြည့်လိုက်ပြီး ပြောလိုက်သည် ‘‘ အခုလိုလုပ်တဲ့ ဘယ်သူမဆို သဘောင်္ပေါ်က ပစ်ချခံရပြီး
ငါးစားကျွေးခံရမယ် ’’ သူ့ခန္ဓာကိုယ်ကနေ သတ်ဖြတ်ခြင်းအော်ရာတွေ ထွက်ပေါ်နေခဲ့ပြီး သူ့အကြည့်က
လူတိုင်းပေါ်ကို ဖြတ်သန်းသွားတဲ့အချိန် မည်သူမျှ မော့မကြည့်ရဲခဲ့ပေ။ ချက်ချင်းပဲ သဘောင်္တစ်ခုလုံး
တိတ်ဆိတ်သွားခဲ့သည်။ သူတို့ရဲ့ဦးတည်ရာက ဝေးကွာတဲ့ကျွန်းတစ်ကျွန်းဆီမဟုတ်ပဲ မြူခိုးတွေဖုံးလွှမ်းနေတဲ့
ကျွန်း၏ညာဘက်ခြမ်းဖြစ်သည်။ ကျွန်းကိုတစ်ပတ်ပတ်ပြီးနောက် သဘောင်္ကနောက်ဆုံး သူတို့ရဲ့ဦးတည်ရာ
ပန်းတိုင်ဆီသို့ ရောက်ရှိလာခဲ့သည်။
သဘောင်္ပေါ်တွင ်ရှိနေစဉ် သူဘာလုပ်ရမလဲဆိုတာ ရန်ကိုင်နားလည်သွားခဲ့သည်။ သူတို့တွေက ဆန်းကြယ်တဲ့
အနက်ရောင်အသီးကို ခူးဆွတ်ပေးရမှာပဲဖြစ်သည်။ ထိုအသီးက စပျစ်သီးလို အခိုင်လိုက်သီးတာဖြစ်ပြီး
တိမ်တိုက်နီကျွန်းတစ်ခုတည်းတွင်သာ ရနိုင်တဲ့အသီးလည်းဖြစ်သည်။ တိုက်တိုက်နီဂိုဏ်းသားတွေ
သာမန်လူတွေကို ဒီနေရာကို ခေါ်လာရတဲ့အကြောင်းအရင်းက ထိုဆန်းကြယ်တဲ့အနက်ရောင်အသီးကို
ခူးခိုင်းဖို့ပဲ ဖြစ်သည်။ ထိုအသီးက အဆင့်မြင့်တဲ့ ဝိဉာဉ်အသီးမဟုတ်ပဲ သာမန်အဆင့်ဝိဉာဉ်အသီးသာ
ဖြစ်သည်။ တိမ်တိုက်နီဂိုဏ်းသားတွေ ထိုအသီးတွေကို ဘာလို့လိုချင်နေတာလဲဆိုတာ သူမသိပေ။
လူတိုင်းကိုခြင်းတစ်ခြင်း ပေးထားခဲ့ကြပြီး တစ်ယောက်ကို အနက်ရောင်အသီး၁.၅ကီလိုဂရမ်ရအောင်
ခူးခဲ့ရမှာပဲဖြစ်သည်။ ထိုစမ်းသပ်ချက်က သူတို့ပြီးဆုံးအောင် လုပ်ဆောင်ရမယ့်တာဝန်ဖြစ်သည်။ ပုံမှန်အားဖြင့်
အခြားတန်ဖိုးရှိတဲ့ ဆေးပင်တွေ တွေ့ခဲ့ရင်လည်း ဆေးပင်ရဲ့တန်ဖိုးနဲ့ပက်သက်ပြီး တွက်ချက်ပေးမှာဖြစ်သည်။
တိမ်တိုက်နီဂိုဏ်းသားတွေ သာမန်လူတွေကို ဆေးပင်နဲ့ပက်သက်တဲ့ ဗဟုသုတတွေကို သင်ကြားပေးရတဲ့
အကြောင်းအရင်း အဖိုးတန်တဲ့ဆေးပင်တွေကို တွေ့ပေမယ့် သတိမပြုမိပဲ လွတ်သွားမှာစိုးလို့ပဲဖြစ်သည်။
လူတစ်ရာကျော်က သဘောင်္ပေါ်က ဆင်းသွားခဲ့ကြပေမယ့် တိမ်တိုက်နီဂိုဏ်းသားတွေ့တော့ သဘောင်္ပေါ်မှာပဲ
မလှုပ်မယှတ်ရှိနေခဲ့သည်။ ညာဘက်ကျွန်းဆွယ်က သူတို့အတွက်တော့ ဘယ်သူမှခြေမချရဲ နေရာတစ်ခုပင်
ဖြစ်သည်။
ထို့နောက်အစစ်အမှန်ဒြပ်စင်အဆင့်ကျင့်ကြံသူက ပြောလိုက်သည် ‘‘ မင်းတို့ကို နောက်ထပ်သုံးရက်ကြာရင်
ငါလာပြန်ခေါ်မယ်။ သုံးရက်ကြာလို့မှ လုံလောက်တဲ့ပမာဏကို မစုဆောင်းနိုင်ဘူးဆိုရင် အဲ့လူတွေကို
ကျွန်းပေါ်မှာပဲ ထားခဲ့မယ် ’’ထို့နောက် သဘောင်္ကထွက်သွားခဲ့ပြီး လူတစ်ရာကျော်က သဘောင်္ကို စိတ်ပျက်
အားလျော့စွာနဲ့ ကြည့်နေခဲ့ကြသည်။ ရန်ကိုင်တို့အဖို့ကတော့ ဒီနေရာကို ပထမဆုံးအကြိမ် ရောက်တာဖြစ်တဲ့ အတွက် အခြေအနေတွေကို သေချာမစစ်ဆေးရသေးချေ။ တဖြည်းဖြည်းနဲ့ လူတွေကျဲပါးလာခဲ့သည်။
ရန်ကိုင်က ကမ်းခြေမှာပဲ ရပ်နေခဲ့ပြီး ထိုလူတွေကိုကြည့်ကာ သက်ပြင်းချုလိုက်သည်။
ပင်လယ်ထဲတွင် မိစ္ဆာသားရဲတွေ ရှိနေတဲ့အတွက ်ထွက်ပြေးလို့မဖြစ်နိုင်ချေ။ ‘‘ သခင်လေး၊ ဒီနေရာမှ
မိစ္ဆာချီအရမ်းသိပ်သည်းတ်။ တိမ်တိုက်နီဂိုဏ်းသားတွေ မလာရဲတာလည်း အံ့သြစရာတော့မဟုတ်ဘူး ’’
မိစ္ဆာချီကို အချိန်တော်တော်ကြာအောင် စုပ်ယူမိမယ်ဆိုရင် ထိုလူက တဖြည်းဖြည်းရူးသွပ်သွားပြီး
အသိစိတ်မရှိတဲ့ လူတစ်ယောက် ဖြစ်လာပေလိမ့်မည်။ ထို့အတွက်ကြောင့်ပဲ တိမ်တိုက်နီဂိုဏ်းသားတွေက
ညာဘက်ကျွန်းဆွယ်ကို သာမန်လူတွေကိုခေါ်လာပြီး ဆေးပင်စုဆောင်းခိုင်းခြင်းဖြစ်သည်။ ဒါပေမယ့်
သူ့တိုခန္ဓာကိုယ်တွေကို သန်မာလာအောင် တစ်လောက်လောက်ထိ စားကောင်းသောက်ဖွယ်၊ဆေးရည်တွေ
ကျွေးမွေးပြုစု တိုက်ကျွေးခဲံသည်။ သို့မှသာ တစ်ခဏအတွင်းနဲ့ ရူးသွပ်မသွားမှာပဲဖြစ်သည်။
‘‘ မိစ္ဆာချီက မင်းအကြိုက်မဟုတ်ဘူးလား ’’ ရန်ကိုင်က နောက်ပြောင်းလိုက်သည်။‘‘ ဟဲဟဲ၊ သခင်လေး
ပြောသလိုပါပဲ ’’ နတ်ဆိုးအိုကြီးက ထူးဆန်းတဲ့အပြုံးနဲ့ ‘‘ ဒီအစေခံအိုကြီးရှိနေသရွေ့ မိစ္ဆာချီကို
သခင်လေး စိတ်ပူစရာမလိုဘူး။ အခုအချိန်ရှိသေးတော့ သခင်းလေးကျွန်းကိုတစ်ချက်လောက်
လျှောက်ပတ်ကြည့်လိုက်ပါလား။ ကံကောင်းရင ်အဖိုးတန်တာတွေ ရနိုင်တယ် ’’ ‘‘ ငါလည်းအဲ့လိုပဲ
တွေးနေတာ ’’ ထို့နောက် ခြင်းတောင်းကို ကျောဘက်တွင် လွယ်ထားရင် ညာဘက်ကျွန်းဆွယ် အတွင်းပိုင်း
ထဲကို လမ်းလျှောက်ဝင်သွားလိုက်သည်။
ကျွန်းအပြင်ဘက်တွင ်အသီးခူးဖို့က မဖြစ်နိုင်ချေ။ အကြိမ်ပေါင်းများစွာ ထပ်ခါထပ်ခါ ခူးဆွတ်ပြီးတဲ့
အချိန်မှာတော့ ကျွန်းအပြင်ဘက်ရှိ အနက်ရောင်အသီးတွေလည်း နည်းပါးသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့်
အနက်ရောင်အသီးတွေကို ခူးဆွတ်ချင်တယ်ဆိုရင် ကျွန်းအတွင်းပိုင်းထဲကို သွားဖို့လိုအပ်ပေသည်။
အများစုက ရန်ကိုင်လိုပဲ တွေးနေကြာတာဖြစ်ပြီး သူ့လိုတော့တစ်ယောက်တည်းမသွားချေ။ အဖွဲ့နဲ့
သွားတာပဲဖြစ်သည်။ ရန်ကိုင်လမ်းလျှောက်နေတဲ့အချိန် ရုတ်တရက် သူ့ရှေ့တွင် ပြေးနေတဲ့
လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူကြည့်လိုက်တဲ့အချိန် နွယ်ပင်ဆီမှ တွဲလောင်းကျနေတဲ့
အသီးတစ်တွဲကို တွေ့လိုက်ရသည်။ ဆန်းကြယ်တဲ့အနက်ရောင်အသီး….၊ရန်ကိုင်မျက်လုံး
ပြူးကျယ်သွားခဲ့ပြီး သူ့အရှိန်ကိုမြင့်လိုက်သည်။ အရင်ရောက်တဲ့သူ အရင်ရမှာပဲဖြစ်သည်။
ကျန်တဲ့လူက ရန်ကိုင်၏ ရုတ်တရက် ထွက်ပေါ်လာမှုကြောင့် ကြောင့်အသွားခဲ့သည်။ ရန်ကိုင်ကို
မုန်းတီစွာနဲ့ စိုက်ကြည့်လိုက်ပြီး အသံတိုးတိုးနဲ့ ပြောလိုက်သည် ‘‘ ကောင်လေး၊ ငါ့ကိုအဲ့အသီးပေးစမ်း ’’
ရန်ကိုင်မျက်မှောင်မသိမသာလေး ကြုံ့မိသွားသည်။ ထိုလူတွေက အစပိုင်းတုန်ကတော့ စိတ်ထားကောင်းတဲ့
လူတွေဖြစ်နိုင်ပေမယ့် ဒီနေရာကိုလာပြီး မိစ္ဆာချီတွေက သူတို့ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတဲ့အတွက်
မိစ္ဆာချီစွမ်းအင်၏ လွှမ်းမိုးမှုခံရပြီး သူတို့စိတ်ဓါတ်တွေကလည်း ကြမ်းတမ်းလာခဲ့သည်။ ရန်ကိုင်သာ သူ့ကို
ထိုအသီးမပေးရင် ရန်ကိုင်ကို သတ်မည့်ပုံပေါ်သည်။
‘‘ မပေးနို်င်ဘူး ’’ ရန်ကိုင်လည်း ထိုအသီးကိုစမ်းသပ်စစ်ဆေးချင်တဲ့အတွက်ကြောင့်သာမဟုတ်ရင်
အခြားတစ်ယောက်ဆီကနေ ဖြတ်လုမည်မည်မဟုတ်ချေ။ ‘‘ ငါ့ကိုမြန်မြန်ပေးစမ်းပါ’’ ထိုလူက သူ့ခေါင်းကို
နိမ့်လိုက်ပြီး ရန်ကိုင်ကို ရက်စက်ကြမ်းကြုတ်တဲ့ အကြည့်နဲ့ကြည့်လိုက်သည်။ ‘‘ ငါတစ်ခုပဲ မေးချင်တယ်။
တိမ်တိုက်နီဂိုဏ်းက ဒီအသီးတွေနဲ့ ဘာလုပ်တာလဲ ’’ ရန်ကိုင်က ထိုလူကိုမေးလိုက်သည်။ ‘‘ အမှိုက်စကား
တွေမပြောနဲ့ ။အဲ့အသီးကိုသာပေး။ ငါမင်းကိုပြောပြမယ် ’’ ရန်ကိုင်ကပြုံးလိုက်ပြီး အသီးကိုထိုလူဆီ
ပစ်ပေးလိုက်သည်။
ထိုလူက အသီးကိုယူလိုက်ပြီး ပြုံးကာသူ့ခြင်းတောင်းထဲ ထည့်လိုက်သည်။ ရန်ကိုင်ကို အထက်အောင်
ဆုံဆန်ကြည့်လိုက်ပြီး သူ့မျက်လုံးထဲက ထက်ရှမှုလည်း ပျောက်ကွယ်သွားခဲ့ကာ တုန့်ဆိုင်းတုန့်ဆိုင်းနှင့်
ပြောလိုက်သည် ‘‘ ငါကိုယ်တိုင်လည်း သေချာမိသပေမယ့် အဲ့အသီးတွေက ငါကျွေးဖို့လို့တော့ တစ်ယောက်
ယောက်ပြောတာကို ငါကြားဖူးတယ် ’’ ‘‘ ငါးတွေကို ကျွေးဖို့လား ’’ ‘‘ အင်း၊ ထူးခြားတဲ့ငါးတွေ။ ငါလည်း
သေချာမသိဘူး ’’ ပြောပြီတာနဲ့ ထိုလူက ရန်ကိုင်ကို ပှံမှန်မဟုတ်သလိုကြည့်လိုက်ပြီး သူ့ရဲ့မကောင်းတဲ့
ရည်ရွယ်ချက်ပြီး ဖုံးကွယ်ပြီး ‘‘ ကောင်းလေး၊ မင်းကိုကြည့်ရတာ ပိန်လှီနေတာပဲ ။ ငါတို့အတူတူသွားကြမလား။
မင်းဘယ်လိုထင်ထဲ။ ဒီနေရာက တော်တော်လေး အန္တရာယ်များတယ် ’’
သူဘာလို့ငါနဲ့အတူတူ သွားချင်ရတာလဲသူသာထိုလူနဲ့ အတူတူသွားမယ်ဆိုရင် ရသမျှ အနက်ရောင်အသီး
တိုင်းကို လက်လျှော့ပေးရေပေလိမ့်မည်။ ‘‘ကျေးဇူးမသိတတ်လိုက်တာ ’’ ထိုလူက ရန်ကိုင်ကိုတွန်းအား
မပေးခဲ့ချေ။ ထိုလူရဲ့စိတ်ခံစားချက်တွေက ပျောက်ကွယ်သွားခဲ့ပြီး နှာခေါင်းရှုံ့ကာ ရန်ကိုင်ဆီကနေ
ထွက်သွားလိုက်သည်။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၇၅) မိစ္ဆာ
ရန်ကိုင်က ညဘက်ကျွန်းဆွယ်အတွင်းပိုင်းထဲကို လမ်းလျှောက်ဝင်သွားလိုက်သည်။ နေ့တစ်နေ့ ကုန်လွန်
သွားခဲ့ပြီး ညာဘက်ကျွန်းဆွယ်ကို ရောက်လာတဲ့ အချိန်မှာတော့ ညအချိန် ရှိနေပြီဖြစ်သည်။
လမ်းတစ်လျှောက် အနက်ရောင်သစ်သီးများစွာကို သူတွေ့ခဲ့ရပေမယ့် တိမ်တိုက်နီဂိုဏ်းကို မကူညီ
ချင်တဲ့အတွက် ထိုအသီးတွေကို သူလျစ်လျူရှုထားခဲ့သည်။ တိမ်တိုက်နီဂိုဏ်သားတွေပေးထားတဲ့
သုံးရက်ကန့်သတ်ချက်က သာမန်လူတွေအတွက် မိစ္ဆာချီကြောင့် ရူးသွပ်မသွားလုပ်ဆောင်ပေး
ထားတာပဲဖြစ်သည်။ ဒါပေမယ့် ရန်ကိုင်တွင် နတ်ဆိုးအိုကြီး၏ အကူအညီရှိနေတဲ့အတွက် သူ့ခန္ဓာကိုယ်
ထဲကို မိစ္ဆာချီစွမ်းအင်တွေ ဝင်ရောက်လာမှာကို စိုးရိမ်စရာမလိုချေ။
ပြီးတော့ နတ်ဆိုးအိုကြီးအတွက် မိစ္ဆာချီဆိုတာ အားဖြည့်ဆေးဖြစ်တဲ့အတွက် ရန်ကိုင်ခန္ဓာကိုယ်ထဲကို
မိစ္ဆာချီတစ်မျှင်မျှ ဝင်ရောက်သွားခွင့် ပြုလိမ့်မည်မဟုတ်ချေ။ ရန်ကိုင်က ညာဘက်ကျွန်းဆွယ်ကို
လေ့လာကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ ထိုနေရာတွင် ဖုံးကွယ်နေတဲ့ ဆန်းကြယ်မှုကို သူရှာဖွေချင်ပြီး
တိမ်တိုက်နီကျွန်းကနေ ထွက်ခွါဖို့နည်းလမ်းတစ်ခုလည်း ရှာဖွေချင်ပေသေးသည်။ ညာဘက်ကျွန်းဆွယ်က
တော်တော်လေး ကျယ်ဝန်းပြီး များစွာသော တောင်တန်းတွေလည်းရှိပေသည်။ တောင်တန်းတွေက
အရမ်းကြီးမမြင့်မားပေမယ့် တော်တော်လေး မတ်ဆောက်တဲ့အတွက် သာမန်လူတွေ တက်နိုင်လိ့မ်မည်
မဟုတ်ချေ။ ရန်ကိုင်၏ ဦးတည်ချက် ထိုတောင်းတန်းတွေပင်ဖြစ်သည်။ ထိုတောင်တန်းနေရာတွင် ရှားပါးတဲ့
ရတနာတစ်ခုခု ရှိလောက်မယ်လို့ ရန်ကိုင်ကျိန်းသေယုံကြည်ပေသည်။
ရန်ကိုင်လမ်းလျှောက်နေစဉ် လတ်ဆတ်တဲ့ ဆေးရနံ့ကို ရလိုက်သည်။ထိုရနံ့ကို ရှုရှိုက်လိုက်တာနဲ့
သူ့တစ်ကိုယ်လုံး လန်းဆန်းသွားခဲ့ပြီး ခေါင်းကြည်သွားကာ သက်သောင့်သက်သာ ဖြစ်သွားခဲ့သည်။
ဆေးပင်တည်နေရာကို သေချာရှာဖွေကြည့်ပြီးတဲ့အချိန်မှာတော့ သူ့အရပ်တစ်ဝက်လောက် မြင့်တဲ့
အဖြူရောင်ပန်းပွင့် သေးသေးလေးတစ်ပွင့်ကို တွေ့လိုက်ရသည်။ ပန်းပွင့်၏ထိပ်က ပန်းရောင်ဖြစ်ပြီး
ထိုပန်းပွင့်၏ဝတ်ဆံက ပွင့်လန်းနေဆဲဖြစ်ပြီး ပန်းပွင့်ဆီမှ ထွက်ပေါ်လာတဲ့ ရနံံ့က သူ့ကိုလန်းဆန်း
သွားစေပေသည်။ ထိုပန်းပွင့်ကိုသေချာ စစ်ဆေးကြည့်မယ်ဆိုရင် ထိုပန်းကပြုံးနေတဲ့ မိန်းမလှလေး
တစ်ယောက်၏ မျက်နှာနဲ့ တူညီနေတယ်ဆိုတာကို တွေ့ရပေမည်။
ထို့ပြင် ထိုပန်းပွင့်၏ ညှာတံကလည်း တော်တော်လေး ထူးခြားပေသည်။ ထိုညှာတံက မိန်းမတစ်ယောက်
ခါးနှင့်တူပြီး သိမ်မွေ့စွာနဲ့ ကွေးညွတ်နေပေသည်။ ‘‘ မိန်မလှဝတ်ဆံ ’’တစ်ရက်တောင် သူလမ်းမလျှောက်
ရသေးပေမယ့် အခုလိုအဖိုးတန်တဲ့ ဆေးပင်တစ်ပင်ကို သူတွေ့ခဲ့ရလေပြီ။ ထိုဆေးပင်က မြေကမ္ဘာအဆင့်မြင့်
ဆေးပင်တစ်ခုဖြစ်ပြီး မိန်းမတွေအတွက် အထူးအသုံးဝင်ပေသည်။ ထိုဆေးပင်ကိုသုံးပြီး ဖော်စပ်ထားတဲ့
ဆေးလုံးကို သောက်သုံးမယ်ဆိုရင် ရုပ်ဆိုးတဲ့မိန်းမတစ်ယောက်ကို မိန်းမလှတစ်ယောက် ဖြစ်အောင်
မပြောင်းလဲပေးနိုင်ဘူးဆိုပေမယ့် အသားအရေကို ပိုပြီးချောမွတ်သစ်လွင်သွားစေပေသည်။
ရန်ကိုင်က ထိုဆေးပင်ကို ချက်ချင်းခူးဆွတ်လိုက်ပြီး ခြင်းတောင်းထဲ ထည့်လိုက်သည်။ ထို့နောက် ဆက်ပြီး
လေ့လာလိုက်သည်။ ရန်ကိုင်က မိန်းမလှဝတ်ဆံကို ခဏခဏ တွေကခဲ့ရသည်။ ညာဘက်ကျွန်းဆွယ်က
တကယ်ကို ရတနာသိုက်တစ်ခုပင်ဖြ်သည်။ တိမ်တိုက်နီဂိုဏ်းသားတွေက မိစ္ဆာချီကြောင့် ကျွန်းပေါ်
မတက်ရဲသလို သာမန်လူတွေကလည်း ကျွန်းအတွင်းပိုင်းထိ လိုက်လံမရှာဖွေတဲ့အတွက် ထိုနေတွင်ရှိတဲ့
ရတနာတွေကတော့ရန်ကိုင်တစ်ယောက်တည်း အတွက်ဖြစ်သွားခဲ့ပေပြီ။ တောင်းတွေပေါ်တွင် ရှာဖွေ
နေချိန် ရန်ကိုင်ခြင်းတောင်းက ဝိဉာဉ်ဆေးပင်၊ဝိဉာဉ်အသီးတွေနဲ့ တဖြည်းဖြည်း ပြည့်သွားခဲ့သည်။
ညာဘက်ကျွန်းဆွယ်က ကျယ်ဝန်းတယ်ဆိုပေမယ့် ရန်ကိုင်ဆီက ဖုံးကွယ်ထားခြင်းငှာတော့
မစွမ်းနိုင်ခဲ့ချေ။ နေရာတစ်နေရာရောက်တိုင်း ရတနာအသစ် သုံးခုကနေ ငါးခုအထိ ရတတ်ပေသည်။
သူ့ခြင်းတောင်းက ဆေးပင်တွေနဲ့ ပြည့်နေခဲ့ပြီး အနိမ့်ဆုံးဆေးပင်အဆင့်က မြေကမ္ဘာအဆင့်နိမ့်ဆေးပင်
ဖြစ်ပြီး ကောင်းကင်အဆင့်ဆေးပင်တွေတောင် ပါပေသည်။ ထိုဆေးပင်တွေကိုသာ ရောင်းစားလိုက်မယ်ဆိုရင်
ငွေပြားသန်းဂဏန်းလောက်ကတော့ အသာလေးပင်။ ထို့ပြင်ဒီနေရာက လေနက်တောင်လောက်လည်း
အန္တရာယ်မများချေ။ ရန်ကိုင်က ညာဘက်ကျွန်းဆွယ်တစ်ဝိုက် သွားလာနေခဲ့ပြီး ဝံပုလွေ၊နှစ်ကောင်သုံးကောင်
လည်း တွေ့ခဲ့ပေသည်။ တတိယမြောက်နေ့တွင် တိမ်တိုက်နီဂိုဏ်း၏ သဘောင်္ပြန်ရောက်လာခဲ့သည်။
ရန်ကိုင်က တောင်ထိပ်တွင် ရပ်နေခဲ့ပြီး အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လူအရေအတွက်က ၆၀ကနေ ၇၀လောက်ပဲ
ရှိတော့ပေသည်။
ကျန်တဲ့သူတွေက မိစ္ဆာချီစွမ်းအင်၏ လွှမ်းမိုးခြင်းခံလိုက်ရပြီး ရူးသွပ်သွားကာ ညာဘက်ကျွန်းဆွယ်တွင်
သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ လေးရက်မြောက်နေ့တွင် ရန်ကိုင်က ပေ၃၀၀၀မြင့်တဲ့ တောင်ထိပ်တစ်ခုပေါ်တွင်
ရပ်နေခဲ့သည်။ ဒါက နောက်ဆုံးကျန်ရှိတဲ့ တောင်တစ်တောင်ပင်ဖြစ်သည်။ တစ်ချိန်လုံး တိတ်ဆိတ်နေတဲ့
နတ်ဆိုးအိုကြီးက ရုတ်တရက် စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်သည် ‘‘ သခင်လေး၊ ဒီတောင်ထိပ်က ဒီနေရာမှာ
နတ်ဆိုးချီတွေ ရှိနေတဲ့အကြောင်းအရင်းရဲ့ အဓိကအရင်းအမြစ်ပဲ ’’ ‘‘ ခင်ဗျားသေချာလား ’’ ရန်ကိုင်လည်း
အံ့သြသွားခဲ့သည်။ ဒီနေရာက အခြားနေရာတွေနဲ့ ယှဉ်ရင် နတ်ဆိုးချီပိုပြီးသိပ်သည်းပေသည်။ ‘‘ ပုံမှန်ပဲ ။
ဒီအစေခံအိုကြီးရဲ့ အင်မော်တယ်စိတ်ဝိဉာဉ်တောင် တုန်ရီနေတယ် ’’ ‘‘ ခင်ဗျား ကြောက်နေတာလား ’’
ရန်ကိုင်က သံသယစိတ်နဲ့ မေးလိုက်သည်။
နတ်ဆိုးအိုကြီးက ကြက်သီးမွှေးညင်းထစရာ ကောင်းတဲ့ရယ်သံကြီးနဲ့ ရယ်မောလိုက်ပြီး ‘‘ ကြောက်နေတာ
မဟုတ်ဘူး၊ စိတ်လှုပ်ရှားနေတာသခင်လးရဲ့။ အကယ်၍ ရက်ပေါင်းများစွာ အစားမစားရတဲ့အချိန် အရသာ
ရှိတဲ့စားစရာကို သခင်လေးရှေ့ လာချပေးတဲ့အချိန် သခင်လေး ဘာလုပ်မလဲ ’’
‘‘ စားမှာပေါ့ ’’
‘‘ သခင်လေး၊ ဒီအစေခံအိုကြီးကို အခွင့်အရေးပေးဖို့ သခင်လေးကို စိတ်အားထက်သန်စွာနဲ့ တောင်းဆိုပါတယ် ’’
နတ်ဆိုးအိုကြီး၏ တံတွေးမြိုချသံကို ရန်ကိုင်ကြားနေခဲ့ရသည်။ ရန်ကိုင်က ဖွဖွလေးသာ ပြုံးလိုက်ပြီး
တောင်ပေါ်ကို ဆက်တက်သွားလိုက်သည်။ ညဘက်ကျွန်းဆွယ်ကို ဘယ်ဘက်ကျွန်းဆွယ်နဲ့ ခြားနားစေတဲ့
အရာကို ရန်ကိုင်လည်း တော်တော်လေး စိတ်ဝင်စွားနေခဲ့သည်။ တောင်ပေါ်တက်နေရင်း ရှားပါးတဲ့
ရတနာလေးများ တွေ့မလားဆိုပြီး ရှာဖွေကြည့်လိုက်ပေမယ့် မည်သည့်ရတနာမျှ မတွေ့ခဲ့ရတဲ့အတွက်
ရန်ကိုင်စိတ်ပျက်သွားခဲ့ရသည်။
တောင်ထိပ်ကို ရောက်တဲ့အချိန် ရန်ကိုင်ကခန္ဓာကိုယ်ကို မတ်မတ်ရပ်လိုက်ပြီး ပတ်တပ်လည်ကို သေချာ
စစ်ဆေးလိုက်သည်။ တောင်ထိပ်က တော်တော်လေးထူးဆန်းပေသည်။ မြေပြင်ချောမွတ်နေပြီး
မြေရိုင်းဒေသ တစ်ခုလိုဖြစ်နေခဲ့သည်။ မြက်တစ်ပင်တောင်မရှိပဲ တောင်တစ်ခုလုံးက သွေးလိုနီရဲနေခဲ့ပြီး
စူးရှချဉ်စုပ်စုပ်အနံ့ကလည်း လေထဲတွင်ပျံ့နေခဲ့သည်။ မိစ္ဆာအော်ရာက သူ့မျက်နှာကိုပွတ်သပ်
ကျီစယ်နေခဲ့သည်။ ရန်ကိုင်က အသက်ပြင်းပြင်းရှုလိုက်ပြီး တောင်ထိပ်က ကျောက်တုံးအကြီးကြီးကို
သေချာကြည့်လိုက်သည်။ ထိုကျောက်တုံးက ရဲရဲနီနေပြီး သွေးအငွေ့ပျံကာ မြူထုတစ်ခုဖြစ်နေခဲ့သည်။
ရန်ကိုင်က သတိအပြည့်နဲ့ ကျောက်တုံးနားလမ်းလျှောက်သွားလိုက်ပြီး ထိကြည့်လိုက်ပေမယ့် ကျောက်တုံးဆီမှ
မည်သည့်အန္တာရာယ်ကိုမှ မခံစားမိခဲ့ချေ။ သေချာကြည့်လိုက်တဲ့အချိန် ကျောက်တုံးကြီးက မှန်တစ်ခုကို
ချောမွတ်နေခဲ့သည်။ တောက်ပပြီးနီရဲနေတဲ့ အရည်စက်တွေက စုစည်းနေခဲ့ပြီး သွေးစိမ်းတွေလို့တောင်
ထင်ရပေသည်။ ‘‘ သွေးခဲတွေလား ’’ နတ်ဆိုးအိုကြီးက လေးစားတဲ့ပုံစံပြပေမယ့် သူ့မျက်နှာအမူအရာ
ကတော့ ပြောင်းလဲမသွားခဲ့ချေ။ ရန်ကိုင်ကနတ်ဆိုးအိုကြီးအကြောင်းကိုသိပေသည်။ နတ်ဆိုးအိုကြီးကို
ပင့်သက်ရှိုက်ပြီး လေးစားအောင်လုပ်နိုင်တဲ့ အရာဆိုမှာတော့ သာမန်မဖြစ်နိုင်ချေ။
‘‘သခင်လေး၊ ဒီအစေခံအိုကြီး နောက်ဆုံးတော့ နားလည်သွားခဲ့ပြီ ’’ နတ်ဆိုးအိုကြီး ဆက်ပြောလိုက်သည်
‘‘ ဒီနေရာမှာ၊ မိစ္ဆာငယ်ငယ်လေး တစ်ကောင်သေသွားခဲ့တာ။ အဲ့ဒါကြောင့် ဒီနေရာမှာ မိစ္ဆာချီတွေ သိပ်သည်း
နေရတာပဲ ’’ ‘‘ မိစ္ဆာအငယ်လေးလား ’’ ‘‘ ဒီအစေခံအိုကြီးနဲ့ နှိုင်းယှဉ်ရမယ်ဆိုရင် သူကတကယ့်ကို
မိစ္ဆာအငယ်လေးတစ်ကောင်ပဲ။ ဒါပေမယ့် ဒီနေရာရဲ့သိုင်းပညာရှင်တွေရဲ့ အဆင့်အတန်းအရဆိုရင်တော့
သူကတော်တော် အားကောင်းခဲ့လိမ့်မယ် ’’´နတ်ဆိုးအိုကြီးက ကိုယ့်ကိုယ်ကိုကျေနပ်နေတဲ့ပုံစံနဲ့
ပြောလိုက်သည်။ ‘‘ ဘယ်လောက်တောင် အားကောင်းတာလဲ ’’ ရန်ကိုင်က သိချင်စိတ်နဲ့ မေးလိုက်သည်။
‘‘သူက အင်မော်တယ်အဆင့်ထက်တောင် မြင့်တဲ့အဆင့်မှာဖြစ်ရမယ် ’’ နတ်ဆိုးအိုကြီးက
ရန်ကိုင်ကို ရှင်းပြလိုက်သည်။
ရန်ကိုင်က သူ့နဖူးကိုပွတ်လိုက်သည်။ သူကအခုမှ ချီပြောင်းလဲခြင်းအဆင့်ကိုပဲ ရောက်သေးပေသည်။
သူ့အထက်တွင် ချီသန့်စင်ခြင်းအဆင့်၊အစစ်အမှန်ဒြပ်စင်အဆင့်၊အင်မော်တယ်တက်လှမ်းခြင်းအဆင့်၊
အင်မော်တယ်အဆင့် ဆိုပြီးရှိသည်။ ထိုမိစ္ဆာငယ်လေးက အင်မော်တယ်အဆင့်ကို ကျော်လွန်ပြီး
သူ့ထက်ပိုမြင့်တဲ့အ ဆင့်ကိုရောက်နေပေသည်။ ထိုမိစ္ဆာသာ အသက်ရှင်နေသေးရင် တကယ်ကို
ပြိုင်ဘက်ကင်းပြီး ကောင်းကင်ဘုံအောက် နံပါတ်တစ်အားအကောင်းဆုံးသူ ဖြစ်လောက်ပေသည်။
‘‘ မိစ္ဆာငယ်လေးရဲ့ သေမျိုးခန္ဓာကိုယ်က ပျက်စီးသွားပြီဆိုပေမယ့် သူ့ရဲ့ချီစွမ်းအင်တွေက ဒီနေရာမှာ
ကျန်ရှိနေသေးတယ်။ အဲ့ချီစွမ်းအင်တွေကပဲ ညာဘက်ကျွန်းဆွယ်ကို ဘယ်ဘက်ကျွန်းဆွယ်နဲ့ ခြားနား
သွားစေခဲ့တာ။ ဒါပေမယ့် သနားစရာကောင်းတာက မိစ္ဆာငယ်လေးက သေသွားတာကြာပြီဆိုတော့ သူ့ချီစွမ်းအင်
တော်တော်များများက ပျောက်ကွယ်သွားကုန်ပြီ။ ဒီကောင်ငါလာတဲ့အထိ စောင့်ပြီးသေပေးလို့မရဘူးလားကွာ ’’
မိစ္ဆာငယ်လေးအကြောင်း နတ်ဆိုးအိုကြီးပြောတာကို နားထောင်ရင်း ရန်ကိုင်ထခုန်မိသည်။
‘‘ သွေးခဲတွေကကော ဘာလုပ်လို့ရလဲ ’’ရန်ကိုင်က မေးလိုကသ်ည်။ ‘‘ အဲ့ဒါက မိစ္ဆာငယ်လေးရဲ့
အသားနဲ့သွေးအဆီအနှစ်တွေကနေ ခဲသွားတာ။ အဲ့သွေးခဲတွေမှာ စွမ်းအင်အများကြီးပါတယ်။
ဒီအစေခံအိုကြီးမှာ သေမျိုးခန္ဓာကိုယ်မရှိလို့ စုပ်ယူလို့မရဘူး။ သခင်လေးသား အဲ့သွေးခဲတွေကို
စုပ်ယူမယ်ဆိုရင် သခင်လေးရဲ့ခွန်အားကို တော်တော်လေး မြင့်တက်သွားစေနိုင်တယ်။ သခင်လေး
ခံနိုင်မလား၊မခံနိုင်ဘူးလားဆိုတာ မသိပေမယ့် အဲ့သွေးခဲတွေကို သာမန်လူတွေကတော့မ စုပ်ယူနိုင်တာ
သေချာတယ် ’’ ထိုစကားကိုကြားလိုက်တာနဲ့ ရန်ကိုင်အနည်းငယ် တုန့်ဆိုင်သွားခဲ့သည်။ သူ့ခွန်အားကို
မြင့်တက်ချင်တာ မှန်ပေမယ့် သူ့ခံနိုင်မလား၊မခံနိုင်မလားဆိုတာ မသေချာပေ။
နတ်ဆိုးအိုကြီးက ရန်ကိုင်ကို ပြောပြီးနောက် ‘‘ သခင်လေး မိစ္ဆာတစ်ကောင် ဖြစ်လာသင့်တယ်။
ဒါကလည်းသိပ်ပြီး ဆိုးတဲ့အရာတစ်ခုမဟုတ်ပါဘူ။ သခင်းလေး မကြိုက်တဲ့တစ်ယောက်ယောက်ရှိရင်
သတ်ပစ်လိုက်။ မိန်းမလှလေးတွေကို ကြိုက်တယ်ဆိုရင် သူတို့ကိုရယူပြီး သခင်လေးစိတ်ကျေနပ်တဲ့အထိ
ဆော့ကစားလို့ရတယ်။ သခင်းလေးပျင်းလာတယ်ဆိုရင် လွှင့်ပစ်လိုက်ပေါ့။ အားလုံးကိုလိုက်ပြီး
စိုးရိမ်နေစရာမလိုပါဘူး။ အားလုံးက လွတ်လွတ်လပ်လပ်ပဲလေ။ လူသားဆိုတာဘာလဲ။ မိစ္ဆာဆိုတာ
ဘာလဲ။ သာမန်လူနှစ်ယောက်က လူသားနဲ့မိစ္ဆာဆိုပြီး လူနှစ်မျိုးနှစ်စားရှိတယ်ဆိုတာသိကြတယ်။ ဒါပေမယ့်
အဲ့ဒါကိုက အမှားကြီးတစ်ခုပဲ ။ လူသားတစ်ယောက်သာ အကျင့်စာရိတ္တရှိနေသရွေ့ သူတို့တွေက
မိစ္ဆာတွေဖြစ်မလာနိုင်ဘူး။ တိမ်တိုက်နီဂိုဏ်းက ကျင့်ကြံသူတွေ ဘယ်လောက်တောင် နှလုံးသားမဲ့ပြီး
အရှက်မဲ့လဲဆိုတာ သခင်လေးမြင်တွေ့ပြီးသွားပြီပဲ။ ဒါပေမယ့် ဒီဂိုဏ်းက သာမန်လူတွေရဲ့ အမြင်မှာတော့
နတ္ဆိုးပဲ ’’
‘‘ သူတို့တွေက နတ်ဆိုးတွေပဲ ’’ နတ်ဆိုးအိုကြီးက သူ့စကားကိုနိဂုံးချုပ်လိုက်သည်။ ရန်နှလုံးသား
လှုပ်ရှားသွားခဲ့သည်။ ဒါပေမယ့် သူမဆုံးဖြတ်ရသေးချ။ ရန်ကိုင်တုန့်ဆိုင်းနေစဉ် လေတိုက်သံ
တစ်ချက်ထွက်ပေါ်လာခဲ့ပြီး နတ်ဆိုးအိုကြီးက သတိပေးလိုက်သည် ‘‘ သခင်လေး၊သတိထား ’’
ရန်ကိုင်က သူ့ရဲ့ကိုယ်ပိုင်လှုပ်ရှားမှုပညာရပ်ကို အသက်သွင်းလိုက်ပြီး ချက်ချင်းပဲ ဘေးဘက်ကို
ရှောင်လိုက်သည်။ သူရပ်နေတဲ့နေရာတွင် ဘုန်းဆိုတဲ့အသံကြီး ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်
လှည့်ကြည့်လိုက်တဲ့အချိန် သွေးနီရောင် စပါးအုံကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။ ထိုမြွေကြီးက
သူ့တစ်ကိုယ်စာလောက် ထူပြီး ပေပေါင်းများစွာ ရှည်ပေသည်။ သူ့မျက်လုံးတွေက သွေးလိုနီရဲနေပြီး
သူ့ကြီးမားပါးတဲ့ပါးစပ်က သွေးခဲကိုမျိုချလိုက်သည်။ သူ့ပုံစံက ပိုပြီးကြောက်မက်ဖွယ်ကောင်းလာတဲ့ပုံ
ပေါက်ပေသည်။
နတ်ဆိုးအိုကြီးက ထူးဆန်းစွာ အော်ဟစ်လိုက်သည် ‘‘ အဲ့မြွေကြီးက သွေးခဲကိုမျိုချလိုက်ပြီ ’’
ရန်ကိုင်လည်း မြင်လိုက်ပေသည်။ ကျောက်တုံးတွင် သွေးခဲသုံးခုပဲ ရှိနေတာမထူးဆန်းတော့ချေ။
ထိုသွေးခဲတွေကို မြွေကြီးကမျိုချလိုက်ခြင်းဖြစ်သည်။ ‘‘ ထွက်လာခဲ့ ’’ ရန်ကိုင်က ချက်ချင်းပဲ
ဝိဉာဉ်ဖျက်ဆီးခြင်းအရိုးကို ဆင့်ခေါ်လိုက်သည်။ ချက်ချင်းပဲ ရန်ကိုင်က ဝိဉာဉ်ဖျက်ဆီးခြင်းအရိုးနှင့်
နတ်ဆိုးအိုကြီးကို မြေကြီးဆီပစ်လိုကသ်ည်။ ‘‘ သခင်လေး……’’ နတ်ဆိုးအိုကြီးက သနားစရာကောင်းစွာနဲ့
အော်လိုက်သည်။ သူ့တွင်သေမျိုးခန္ဓာကိုယ်မရှိတဲ့အတွက် မြွေကြီးကိုဘာမှ လုပ်နိုင်မည်မဟုတ်ချေ။
ဒါပေမယ့် အဲ့အချိန်မှာပဲ ရန်ကိုင်ဘာလုပ်ချင်လဲဆိုတာ နားလည်လိုက်သလို လေးလည်းလေးစား
မိလိုက်သည်။ မြွေကြီးက စိတ်ရှုပ်ထွေးသွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်က မြွေကြီး
ရှေ့တွင်ပေါ်လာခဲ့သည်။ အခုလိုအကြံမျိုးကို တစ်ခဏအတွင်း တွေးတောနိုင်တာ တကယ်ကိုပဲ
အထင်ကြီးဖို့ ကောင်းပေသည်။
မြွေကြီးက ရန်ကိုင်ကိုကြောက်မက်ဖွယ်ကောင်းတဲ့ အကြည့်နဲ့ကြည့်လိုက်ပြီး မိုးကြိုးတစ်စင်းလို့
သူ့ဆီပြေးဝင်သွားလိုက်သည်။ မေးရိုးကြီးတွေက ပွင့်အားသွားခဲ့ပြီး မြင်သူတိုင်းကို ကြောက်လန့်သွားစေ
နိုင်ပြီး တစ်ချက်ကိုက်ခံလိုက်ရတာနဲ့ အဆိပ်မိသွားနိုငပေသည်။ ရန်ကိုင်ကသူ့အသက်ရှုသံကို ထိန်းထားရင်း
မြေကြီးကိုရှောင်လိုက်ပြီး ဘေးကိုရွေ့ အစစ်အမှန်ယန်ချီတွေကို သူ့လက်သီးတွင်စုစည်းလိုက်ပြီး
အော်လိုက်သည် ‘‘ နေမီးတောက်ပေါက်ကွဲခြင်း ’’