ပင်လယ်အောက်မှ ခေါင်းတလား ဆယ်ခု
Vol. 22 Ch. 295
" မင်းက တော်တော်မုန်းစရာကောင်းတဲ့ကာင်ပဲ။ ငါသာ အစွမ်းအထက်ဆုံးအချိန်ဆို မင်း ခုလို လုပ်ချင်တိုင်း လုပ်လို့ရမယ် ထင်လား "
သွေးနီလူကြီးက ဒေါသတကြီး ပြောလိုက်သည်။
လောထျန်းက သူ့ကိုကြည့်ကာ အေးအေးဆေးဆေး ပြန်ပြော၏။
" ငါက အခုမှ ကောင်းကင်ထိန်းချုပ်အဆင့်ပဲ ရှိသေးတာတောင် မင်းကို ဖိနှိပ်နိုင်နေတာလေ ။ မင်းအစွမ်းအထက်ဆုံး အချိန်ဆိုရင်ရော ဘာတွေ ကွာသွားမယ် ထင်လို့လဲ။ ပြီးတော့ တစ်ခုပြောလိုက်မယ် ၊ ငါသာ မင်းနဲ့ ကျင့်ကြံခြင်းအဆင့်တူနေရင် မင်းကို အကြည့်တစ်ချက်တည်းနဲ့တောင် သတ်လို့ရတယ် ။ ငါပြောတာ ယုံလား "
သူ့စကားကြောင့် သွေးနီလူကြီး အံ့သြမှင်သက်သွားပြီး တုန်လှုပ်စွာ မေးလာသည်။
" မင်း ..ဘာပြောလိုက်တာ .. မင်းက ကောင်းကင်ထိန်းချုပ်အဆင့်မှာ .. ဟုတ်လား "
လောထျန်း၏ ကျင့်ကြံခြင်းအဆင့်က ပုံမှန် မဟုတ်သည်ကို သူ အစောကတည်းက သတိထားမိခဲ့ပြီး ဖြစ်ပါသည်။
သို့သော် .. လောထျန်းက သူ့ကျင့်ကြံခြင်းအား တမင်သက်သက် ဖုံးကွယ်ကာ ကောင်းကင်ထိန်းချုပ်အဆင့်အဖြစ် ဟန်ဆောင်ထားခြင်း ဖြစ်ရမည်ဟုသာ သူ တွေးထားခဲ့၏။
ယခုတွင်မူ လောထျန်း၏ စကားကြောင့် သူ အလွန်ဒေါသထွက်သွားရတော့သည်။
" မင်းက ဘာကောင်ကြီးလဲဆိုတာ ငါ မသိဘုး ၊ ဒါပေမယ့် အခု သေလိုက်တော့ "
ထိုစဥ် လောထျန်းက ပြောလာကာ သူ့လက်ထဲမှ တိုက်ပွဲဝင်ပုဆိန်အား မြှောက်လိုက်သည်။
" မင်း .. "
သွေးနီလူကြီး၏ မျက်လုံးထဲတွင် ဒေါသမီးတောက်များ ဖျတ်ခနဲ လက်သွား၏။
သို့သော် ထိုအချိန်မှာပင် ..
ဂလောက် ....
အဝါရောင် ရေပူစမ်းပင်လယ် အောက်ထဲမှ မရေမတွက်နိုင်သော သံကြိုးများက သူ့အား တင်းကျပ်စွာ ချုပ်နှောင်လာသည်။
" %$##% ဒီအချိန်ကြီးမှကွာ .. "
သွေးနီလူကြီး၏ မျက်လုံးထဲမှ ဒေါသမီးတောက်များက ပိုပို၍ ပြင်းထန်လာကြ၏။
သူ အချုပ်အနှောင်များကို ပြေလျော့အောင် လုပ်ထားနိုင်ခဲ့သည့်တိုင် ၎င်းမှ လုံးဝ မလွတ်မြောက်သေးပါချေ။
ထို့ကြောင့် သူ အချုပ်အနှောင်မှ တခဏသာ ထွက်ပြေးနိုင်ပါသည်။
သူသည် အစောပိုင်းတွင် လောထျန်းကို သတ်ပြီး သူ့ခန္ဓာကိုယ်အား အပိုင်သိမ်း၍ အချုပ်အနှောင်ကို ဖျက်ဆီးပစ်မည်ဟု တွေးထားခဲ့ပါ၏။
သို့သော် .. သူ လောထျန်းနှင့် ခက်ခက်ခဲခဲ ရင်ဆိုင်တိုက်ရပြီး ရှုံးနိမ့်သွားရလိမ့်မည်ဟု မည်သို့ တွေးထားပါမည်နည်း။
ယခုမူကား ပင်လယ်အောက်ထဲမှ ချိန်းကြိုးများက သူ့အား ချုပ်နှောင်ကာ ရေနက်ပိုင်းထဲသို့ ကြမ်းကြမ်းတမ်းတမ်းပင် ပြန်ဆွဲချနေကြလေပြီ။
ဤသို့ဖြင့် တခဏအတွင်း သူ ရေအောက်သို့ ပြန်ရောက်သွားတော့သည်။
" ဟင် .. မပြေးနဲ့လေ "
၎င်းကို မြင်သောအခါ လောထျန်း အံ့အားသင့်သွားပြီး ထိုလူကြီးနောက်သို့ ချက်ချင်း ပြေးလိုက်လာ၏။
လောထျန်းက တစ်ချိန်တည်းမှာပင် သူ့စိတ်စွမ်းအင်ကို အသုံးပြုကာ ပင်လယ်ရေပြင်အား နှိမ့်ကျသွားအောင် လုပ်လိုက်ပြီး ချိန်းကြိုးများအတိုင်း လိုက်လာသည်။
ချိန်းကြိုးများကလည်း သွေးနီလူကြီးအား တင်းတင်းချုပ်နှောင်ကာ ရေနက်ပိုင်းထဲ ဆက်ဆွဲသွား၏။ ဤသို့ဖြင့် တခဏအတွင်းမှာပင် သူတို့ အဝါရောင် ရေပူစမ်းပင်လယ်၏ ပင်လယ်ကြမ်းပြင်အောက်သို့ ရောက်သွားတော့သည်။
ထိုနေရာတွင်ကား .. အနည်းငယ် ဟနေသည့် အမည်းရောင် ဧရာမ ခေါင်းတလားကြီးတစ်ခု ရှိနေ၏။
ချိန်းကြိုးများက သွေးနီလူကြီးအား ထိုဟနေသည့် အပေါက်မှ တဆင့် ခေါင်းတလားအတွင်းသို့ တိုက်ရိုက်ဆွဲထည့်ကာ ဝုန်းခနဲ ပိတ်လိုက်သည်။
ထိုအချိန်မှာပင် လောထျန်းလည်း ရောက်လာ၏။
လောထျန်းမှာ ထိုနေရာသို့ ရောက်ရောက်ချင်း အလွန်အံ့အားသင့်သွားရသည်။
" ဒါ .. "
အဘယ့်ကြောင့်ဆိုသော် .. အစောကအမည်းရောင် ခေါင်းတလားနဲ့ တစ်ပုံစံတည်းတူသည့် အမည်းရောင် ခေါင်းတလားကြီး ကိုးခုက အနီရောင် ခေါင်းတလားကြီး တစ်ခုကို ပတ်ပတ်လည်ဝိုင်းပြီး စောင့်ကြပ်နေဟန် ရှိနေကြသောကြောင့်ပင် ။
သွေးနီလူကြီးကို ချုပ်နှောင်လိုက်သည့် ခေါင်းတလားမှာ ထိုခေါင်းတလား ၉ ခုထဲမှ တစ်ခုသာ ဖြစ်ပါ၏။
" ဘာတွေ ဖြစ်နေတာလဲ .. ဒီမှာ ဘာဖြစ်လို့ ခေါင်းတလားတွေ အဲ့လောက် များနေရတာလဲ "
လောထျန်း ခေတ္တမျှ အံ့အားသင့်သွားပြီး သူ့စိတ်ဝိဥာဥ်အစွမ်းကို သုံး၍ ထိုနေရာတစ်ခုလုံးအား စစ်ဆေးကြည့်လိုက်သည်။
တစ်ချက် ကြည့်လိုက်ပြီး နောက်တွင်မူ လောထျန်း ပို၍ပင် အံ့အားသင့်သွားရတော့သည်။
အစောက သူနှင့် တိုက်ခိုက်ခဲ့သည့် သွေးနီလူကြီးမှာ ထိုအမည်းရောင် ခေါင်းတလားများထဲမှ တစ်ခုအတွင်းတွင် ရှိနေသည်ကို သူ ခံစားမိပါ၏။
ထိုမျှမက ကျန် အမည်းရောင် ခေါင်းတလားများထဲတွင်လည်း အစောက လူကြီးနှင့် အရောင်အဝါ တူသည့် လူတစ်ယောက်စီ ရှိနေပါသေးသည်။
အလယ်မှ အနီရောင် ခေါင်းတလား အတွင်းတွင်မူ မည်သည့်အရာမှ မရှိဘဲ ဟောင်းလောင်း ဖြစ်နေသည်။
၎င်းမှာ ထူးဆန်းလွန်းနေသဖြင့် လောထျန်း မျက်မှောင်ကြုံ့သွား၏။
ထို့နောက်တွင်မူ သူ စိတ်ဆုံးဖြတ်ပြီးဟန်ဖြင့် အမည်းရောင် ခေါင်းတလားတစ်ခုကို ကြည့်ကာ ၎င်းအား လက်ဖြင့် ဖိချလိုက်သည်။
ချွင် ..
ချက်ချင်း ဆိုသလိုပင် ထို အမည်းရောင် ခေါင်းတလားကြီး ပေါ်၌ ချိန်းကြိုးများစွာ ပေါ်လာပြီး လောထျန်းအား တားရန် ကြိုးစား၏။
သို့သော် လောထျန်း၏ အစွမ်းထက်သော လက်ဝါးအစွမ်းကြောင့် ခေါင်းတလားက ချက်ချင်းပင် ပျက်စီးသွားတော့သည်။
ထို့နောက်တွင်မူ ..
ဝုန်း ..
ခေါင်းတလား ပျက်စီးသွားသည်နှင့် အချုပ်အနှောင်ကလည်း ချက်ချင်း ပြေလျော့သွား၏။
" အင် .... မင်း .. "
အစောက ဆွဲချခံလိုက်ရသည့် သွေးနီလူကြီးမှာ လောထျန်းကို တွေ့ကာ အံ့အားသင့်သွားသည်။
လောထျန်းက သူ့ အချုပ်အနှောင်ကို အမှန်တကယ် ဖျက်ဆီးလိုက်သည်လား။
" မင်းက ဘယ်သူလဲ ၊ ဒီမှာ ချုပ်နှောင်ခံထားရတဲ့သူတွေကရော ဘယ်သူလဲ "
လောထျန်းက တဖက်လူကို ကြည့်ကာ အေးစက်စက် မေး၏။
မျှော်စင် စိတ်ဝိဥာဥ်က ပင်လယ်ရေအောက်တွင် ကြောက်မက်ဖွယ်အရာကြီးကို ချုပ်နှောင်ထားသည်ဟု ပြောခဲ့စဥ်၌..
ထိုကြောက်စရာအရာကြီးမှာ သွေးနီလူကြီးသာ ဖြစ်ရမည်ဟု လောထျန်း တွေးခဲ့ပါသည်။
သို့သော် .. ကြည့်ရသည်မှာ ကိစ္စများက သူထင်ထားသလောက် ရိုးရှင်းဟန် မတူပါ။
" ဟမ့် .. ဒီမှာ ချုပ်နှောင်ခံထားရတဲ့သူက ငါပဲလေ ။ ငါ ဘယ်သူလဲ ဆိုတာကိုတော့ မင်းသိဖို့ မထိုက်တန်ဘူး "
သွေးနီလူကြီးက လောထျန်းအား မုန်းတီးစွာကြည့်၍ ပြန်ပြောသည်။
ထိုစကားကို ကြားသောအခါ လောထျန်းက အခြား အမည်းရောင် ခေါင်းတလားတစ်ခုကို ကြည့်လိုက်ပြီး အစောကအတိုင်း လက်ဝါးအစွမ်းဖြင့် ဖျက်ဆီးလိုက်ပြန်၏။
ဖြောင်း ..
ထိုခေါင်းတလားကလည်း ချက်ချင်းပင် ပျက်စီးသွားပြန်သည်။
" ဒီမှာ ချုပ်နှောင်ခံထားရတဲ့သူက မင်း ဆိုရင် အဲ့တစ်ယောက်ကရော ဘယ်သူလဲ "
လောထျန်းက အေးစက်စက် ဆက်မေးသည်။
" အဲ့တစ်ယောက် ... ဟုတ်လား .. ဘယ်တစ်ယောက်လဲ "
သွေးနီလူကြီး အံ့သြမှင်သက်သွားကာ ဘေးဘီသို့ ဝေ့ဝဲကြည့်သည်။
ထိုအချိန်မှာပင် .. သူနှင့် တစ်ပုံစံတည်း တူသည့် နောက်တစ်ယောက်က ပျက်စီးနေသော ခေါင်းတလားအတွင်းမှ တွားသွားထွက်လာ၏။
ထို သွေးနီလူကြီးနှစ်ယောက် အကြည့်ချင်း ဆုံသွားကြပြီး သံပြိုင် မေးလိုက်ကြသည်။
" မင်းက ဘယ်သူလဲ "
ပထမ သွေးနီလူကြီးက ဒေါသထွက်သွားဟန်ဖြင့် ပြော၏။
" မင်းက ဘယ်သူလဲ .. ဘာကိစ္စ ငါ့လိုပုံ ဟန်ဆောင်နေရတာလဲ "
တဖက်မှ အခြားသွေးနီလူကြီးကလည်း ဒေါသတကြီး ပြန်ရန်တွေ့သည်။
" ဘယ်သူက မင်းလိုပုံ ဟန်ဆောင်ရမှာလဲ ။ မင်းကသာ ငါ့လို ပုံဖမ်းပြီး ဟန်ဆောင်နေတာမလား '
" မင်း သေချင်နေပြီနဲ့တူတယ် "
" မင်းကို သတ်မယ် "
ထိုနှစ်ယောက်သားမှာ တွေ့တွေ့ချင်း ခဏအကြာမှာပင် လောထျန်းရှိနေသည်ကို မေ့သွားဟန်ဖြင့် သူတို့ချင်း အသည်းအသန် တိုက်ခိုက်လိုက်ကြသည်။
ချွင် .... ချွင် ...
ထိုနှစ်ယောက်က ချက်ချင်းဆိုသလိုပင် သူတို့၏ ပုဆိန်များ ကိုယ်စီထုတ်၍ တစ်ပုံစံတည်း တိုက်ခိုက်လိုက်ကြ၏။
ဘုန်း ..
အသံကျယ်တစ်သံနှင့်အတူ သူတို့နှစ်ယောက်လုံး နောက်သို့ တစ်ပြိုင်တည်း လွင့်သွားကြသည်။
မည်သူမှ အသာမရပါချေ။
" မင်းက ဘာလို့ ငါ့အကွက်ကို သုံးနေရလဲ "
" ဘယ်က မင်းရဲ့အကွက်ရမှာလဲ ။ ဒါ ငါ့သိုင်းကွက်လေ။ မင်းက ဘယ်သူလဲ "
သွေးနီလူကြီးနှစ်ယောက် ဒေါသတကြီးအော်ကာ ထပ်မံတိုက်ခိုက်လိုက်ကြပြန်သည်။
" ဘာတွေ ဖြစ်နေတာလဲ "
လောထျန်းမှာ သူတို့ကို ကြည့်ကာ နားမလည်နိုင် ဖြစ်နေ၏။
သူသည် သွေးနီလူကြီးက အခြား ခေါင်းတလားများအကြောင်းကို သိသိရက်ဖြင့် မပြောခြင်းဟုသာ ထင်ထားခဲ့သော်လည်း ...
ယခုတွင်မူ ထိုသို့ဟုတ်ဟန် မတူပါ။
ထိုလူများကပင် အခြေအနေကို နားမလည်နိုင်ဟန် ရှိနေကြပါသည်။
ကြည့်ရသည်မှာ သူတို့နှစ်ယောက်လုံးက စိတ်ရှုပ်ထွေးနေဟန်ရှိပြီး တိုက်ခိုက်ရန်နှင့် သတ်ဖြတ်ရန်သာ သိကြပုံပင်။
" ထားလိုက်ပါ .. ဘယ်လိုပဲဖြစ်ဖြစ် ဒီကောင်တွေက လူကောင်းတွေမှ မဟုတ်ဘဲ ။ ရှင်းပစ်ရုံပဲ ရှိတော့တာပေါ့ "
လောထျန်းက ထိုသို့ ရေရွတ်ကာ ရှေ့သို့ခြေတစ်လှမ်း တိုးလိုက်သည်။
ချွှင် ..
ကောင်းကင်ဘုံနှင့် မြေကြီး၏ စည်းမျဥ်းများကို စုစည်းထားသည့် သူ့ တိုက်ပွဲဝင်ပုဆိန်ကိုလည်း ချက်ချင်း ထုတ်လိုက်၏။
ထိုစဥ်မှာပင် တဖက်မှ သွေးနီလူကြီးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်ပြီး လူချင်း ပြန်ခွဲလိုက်ကြသည်။
သူတို့ထဲမှ တစ်ဟောက်က ရုတ်တရက် လန့်သွားဟန်ဖြင့် တဖက်လူအား ပြော၏။
" ခဏနေဦး .. ဟိုကောင့်ကို အရင် ရှင်းကြရအောင် "
တဖက်မှ လူကြီးကလည်း လောထျန်း၏ အန္တရာယ်ကို အာရုံခံမိသွားကာ ခေါင်းအသာညိတ်သည်။
" ကောင်းပြီ ၊ အဲ့ကောင်ကို အရင်သတ်ပြီးမှ မင်းကို သတ်မယ် "
သူတို့က ထိုသို့ ပြောပြီးသည်နှင့် လောထျန်းဆီသို့ ဘယ်ဘက်မှ တစ်ယောက် ၊ ညာဘက်မှ တစ်ယောက် အသီးသီး ပြေးဝင်လာကြသည်။
" သတ်မယ် "
" သေစမ်း "
သူတို့ထံမှ ဒေါသတကြီး အော်သံများလည်း ထွက်လာ၏။
လောထျန်းက ထိုလူများပို ကြည့်ကာ လှုပ်ရှားလိုက်သည်။
ဝီ ..
ထို့နောက်တွင်မူ သူ သွေးနီလူကြီး တစ်ယောက်နောက်သို့ တည်နေရာရွှေ့ပြောင်းကာ ရောက်သွားပြီး သူ့လက်ထဲမှ ပုဆိန်ဖြင့် ခုတ်ချလိုက်၏။
ဝုန်း ..
အစောက မသေမျိုးတစ်ယောက်လို ဖြစ်နေခဲ့သော သွေးနီလူကြီး၏ ခန္ဓာကိုယ်မှာ ထိုပုဆိန်၏ လက်ချက်ဖြင့် ချက်ချင်း ပျက်စီးသွားတော့သည်။
သို့သော် .. သူ့ကိုယ်ထဲမှ မည်သည့်သွေးမှ ထွက်မလာဘဲ ကောင်းကင်နှင့် မြေကြီး၏ စည်းမျဥ်းများကသာ စီးထွက်လာကြ၏။
" မင်း .. မင်း .. "
ထိုလူမှာ အကြိမ်အနည်းငယ်သာ အော်လိုက်နိုင်ပြီး နောက်ဆုံးတွင် .. သူ့ပုံရိပ် မှေးမှိန်ပျောက်ကွယ်သွားတော့သည်။ သု့ စိတ်ဝိဥာဥ်အစွမ်းကလည်း လုံးဝ ပျောက်ကွယ်သွားကာ အစအနပင် မကျန်ခဲ့တော့ပါချေ။
တဖက်မှ ကျန်သွေးနီလူကြီးမှာ ထိုမြင်ကွင်းကို ကြည့်ကာ ကြောက်လန့်တုန်လှုပ်သွားရသည်။
သူ့ရှေ့မှ လောထျန်းက သူနှင့်အလားတူ လူတစ်ယောက်ကို ဤမျှအလွယ်တကူ သတ်နိုင်သတဲ့လား ။
သူ ဒုက္ခရောက်လေပြီ ...
ထိုစဥ် တဖက်မှ လောထျန်းက သူ့ကို လှမ်းကြည့်ကာ မျက်မှောင်ကြုံ့ပြီး ပြောလာ၏။
" ဒီ တိုက်ပွဲဝင် ပုဆိန်က တစ်ခုခု လွဲနေသလိုပဲ "