← Chapters

စည်းမျဥ်း ဓား

Vol. 22 Ch. 296

စည်းမျဥ်း ဓား

Vol. 22 Ch. 296

လောထျန်းလက်ထဲမှ တိုက်ပွဲဝင်ပုဆိန်မှာ သွေးနီလူကြီး၏ တိုက်ခိုက်မှုများမှ အတုခိုးကာ ဖန်တီးထားခြင်း ဖြစ်ပါသည်။

သို့သော် တစ်ကြိမ်သုံးပြီးသည်နှင့် ထိုအရာက သူနှင့် မလိုက်ဖက်မှန်း လောထျန်း သိလိုပ်သည်။

တဖက်မှ သွေးနီလူကြီးကမူ ဒေါသထွက်သွား၏။

" မင်း .. ဘာစကားပြောလိုက်တာလဲ။ ငါ ဖန်တီးထာတဲ့ သိုင်းပညာက မကောင်းဘူးလို့ ပြောရဲတယ်ပေါ့လေ  "

လောထျန်းစကားကြောင့် သူ ကြောက်ရွံ့နေသည်ကိုပင် မေ့သွားကာ ဒေါသတကြီး ပြန်အော်လိုက်သည်။

" မင်း ဖန်တီးထားတာ ..ဟုတ်လား ။ ဒါဆို အစောကလူကရော ဘာလို့ ဒါကို သိနေရတာလဲ "

လောထျန်းက သူ့ကို ကြည့်ကာ ပြန်မေး၏။

" ဟင် .. "

တဖက်လူ အံ့သြမှင်သက်သွားသည်။

ဟုတ်ပါသည် .. အစောက သွေးနီလူကြီးက သူ့ကိုယ်ပိုင် ဖန်တီးထားသည့် သိုင်းပညာရပ်များကို အဘယ့်ကြောင့် သိနေရပါသနည်း။

သူကိုယ်တိုင်လည်း ထိုအချက်ကို လုံးဝ နားမလည်နိုင်ပေ။

ထိုစဥ် တဖက်မှ လောထျန်းက လက်ယမ်းကာ တိုက်ပွဲဝင်ပုဆိန်ကို ဖျောက်လိုက်သည်။ ထို့နောက် မျက်လုံးမှိတ်ပြီး အစောပိုင်းက သွေးနီလူကြီး တိုက်ပွဲဝင်ပုဆိန်အား စုစည်းစဥ် ခံစားခဲ့ရသည့် ခံစားချက်ကို ပြန် တွေးလိုက်၏။

" သူတို့ က ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဥ်းတွေကို စုစည်းတာဆိုတော့ ငါလဲ အဲ့လို စုစည်းလိုက်မယ် "

သူက ထိုသို့ ရေရွတ်ကာ လက်ဖြင့် ဓားတစ်လက်ပုံ ဆွဲလိုက်သည်။

ဝုန်း ..

သူ လှုပ်ရှားလိုက်သည်နှင့် ကောင်းကင်နှင့် မြေကြီး တုန်ခါသွား၏။

ထိုတခဏတွင် ကမ္ဘာကြီးတစ်ခုလုံးက ဓားအိမ်တစ်ခုသဖွယ် ဖြစ်လာသည်။

ထို့နောက်တွင််မူ လောထျန်းက ထိုဓားအိမ်ထဲမှ ပြိုင်ဘက်ကင်း နတ်ဘုရားဓားတစ်လက်ကို ဆွဲထုတ်လိုက်သည်။

ချွင် ..

ခဏအကြာတွင်ကား .. လောထျန်းလက်ထဲတွင် ကောင်းကင်နှင့် မြေကြီး၏ စည်းမျဥ်းများကို စုစည်းထားသည့် ဓားရှည်တစ်လက် ပေါ်လာတော့၏။

ထိုဓားမှာ ထွင်းဖောက်မြင်နိုင်သည့် ဓားတစ်လက်ဖြစ်ပြီး နတ်ဘုရားအလင်းတန်းများဖြင့် ဝန်းရံနေကာ .. ကြီူမြတ်သော တာအိုအစွမ်း၏ အရိပ်က ရောယှက်နေဟန် ရှိနေသည်။

၎င်းမာ အစောက အဖျက်အဆီး စည်းမျဥ်းများ ပါဝင်သည့် တိုက်ပွဲဝင်ပုဆိန်နှင့် လုံးဝ ကွဲနေပြီး လူများ မြင်ရုံနှင့် ကြောက်လန့်သွားစေလောက်သည့် မြင့်မြတ်သော အရောင်အဝါတစ်ခုလည်း ထုတ်လွှတ်နေ၏။

ထိုမြင်ကွင်းကို ကြည့်နေသော သွေးနီလူကြီး အံ့သြမှင်သက်သွားပြန်သည်။

ဘာတွေ ဖြစ်နေပါသနည်း ။

တဖက်မှ လောထျန်းက သူ့ကိုယ်ပိုင် ဖန်တီးထားသည့် ဆန်းကြယ်သော သိုင်းပညာကို အချိန်တိုအတွင်း တတ်မြောက်ခဲ့ရုံမက ... အတွေ့အကြုံများကို နမူနာယူကာ သူ့ကိုယ်ပိုင် သိုင်းကွက် အသစ်တစ်ခုကိုပင် ဖန်တီးနိုင်နေသည်လား။

ထို့အပြင် မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ... လောထျန်း ဖန်တီးခဲ့သည့် ဓားက သူ့တိုက်ပွဲဝင် ပုဆိန်ထက် များစွာ ပိုအစွမ်းထက်နေပါသေး၏။

ဂလု ...

သူ တံတွေးကိုပင် ခက်ခက်ခဲခဲ မြိုချလိုက်ရသည်။

ထိုစဥ် ..လောထျန်းက သူ့လက်ထဲမှ ဓားအား ကျေနပ်နေသည့် မျက်နှာထားဖြင့် ကြည့်၏။

" သိပ်​ကောင်းတယ် .. ကဲ .. ဒီဓားရဲ့အစွမ်းကို စမ်းကြည့်ကြတာပေါ့ "

လောထျန်းက ထိုသို့ ပြောကာ ခေါင်းမော့လိုက်သည်။

တဖက်မှ သွေးနီလူကြီးမှာ လောထျန်း၏ အကြည့်တစ်ချက်ဖြင့်ပင် အလွန်ကြောက်လန့်သွားပြီး နောက်သို့ ခြေလှမ်းဆယ်လှမ်းကျော် ချက်ချင်း ဆုတ်သွား၏။ သူ့မျက်နှာမှာလည်း ကြောက်ရွံ့တုန်လှုပ်နေဟန် အထင်းသားပင် ။

သို့သော် .. လောထျန်းကမူ သူ့ကို အာရုံမစိုက်ဘဲ တဖက်မှ အမည်းရောင် ခေါင်းတလား ၇ ခုကိုသာ ကြည့်လိုက်သည်။

" အကုန် ဖွင့်စေ "

လောထျန်းက ထိုသို့ပြောကာ ဓားကို ညင်ညင်သာသာ ဝေ့ယမ်းလိုက်သည်။

ဘုန်း .. ဘုန်း .. ဘုန်း ...

အမည်းရောင် ခေါင်းတလား ၇ ခုလုံးပင် ချက်ချင်း ပျက်စီးသွား၏။

" ဟား ဟား .. နောက်ဆုံးတော့ ပြန်လွတ်လပ်ပြီကွ "

" ဟင် .. မင်းက ဘယ်သူလဲ ၊ ဘာကိစ္စ ငါနဲ့ အရောင်အဝါ တူနေရတာလဲ "

" ဘာတွေ ဖြစ်နေတာလဲ "

လောထျန်း ထင်ထားခဲ့သလိုပင် .. ထို ခေါင်းတလားထဲမှ ၇ ယောက်လုံးကလည်း အစောက သွေးနီလူကြီးနှင့် တစ်ပုံစံတည်း ရှိနေကြပါသည်။

သူ့စိတ်ဝိဥာဥ်အစွမ်းနှင့်ပင် ထိုလူများကို ခွဲမရပါချေ။

" ဟင် .. အဲ့ကောင်က ဘယ်သူလဲ "

သွေးနီလူကြီးထဲမှ တစ်ယောက်က လောထျန်းအား တွေ့သွားသည်။

" ငါလဲ မသိဘူး .. ဒါပေမယ့် အဲ့ကောင်ဆီကနေ ရွံစရာ အနံ့တစ်ခု ရနေတယ် "

" အမှန်ပဲ .. လွတ်မြောက်လာတဲ့ အထိမ်းအမှတ်အဖြစ် ဒီကောင့်ကို အရင် သတ်လိုက်ကြရအောင် "

" သတ်မယ် "

သွေးနီလူကြီး ၇ ယောက်လုံးပင် လှောင်ပြုံးကိုယ်စီဖြင့် လောထျန်းဆီသို့ လျှောက်လာကြ၏။

လောထျန်းက ထိုသူများကို ကြည့်ကာ ခေါင်းအသာ ညိတ်လိုက်သည်။

ထိုလူများက အချုပ်အနှောင်မှ လွတ်သည်နှင့် သူ့အား ရန်စစော်ကားလာကြသည်ဖြစ်ရာ .. သေဖို့သာ ထိုက်တန်ပါသည်။

ချွှင် ..

လောထျန်း သူ့လက်ထဲမှ ဓားကို လွှဲလိုက်တော့သည်။

" ခဏနေကြဦး .. အဲ့ကို မသွားနဲ့ ၊ အဲ့ကောင်က အန္တရာယ်ရှိတယ် "

ပထမဆုံး ပေါ်လာသည့် သွေးနီလူကြီးက ထိုလူများကို တားရန် ကြိုးစား၏။

ထိုလူများနှင့် သူ့ကြားတွင် မည်သို့သော ပတ်သက်ဆက်နွယ်မှု ရှိသည်ကို သူ မသိသော်လည်း လောထျန်းထက် စာပါက သူတို့နှင့် ပိုရင်းနှီးသည် မဟုတ်ပါလား ။

သို့သော် .. .. နောက်ကျသွားခဲ့လေပြီ ။

လောထျန်း ဓားလွှဲလိုက်သည်နှင့် သွေးနီလူကြီး ၇ ယောက်မှာ ကာကွယ်ရန် အခွင့်အရေးပင် မရလိုက်ဘဲ ချက်ချင်း နှစ်ပိုင်းပြတ်သွားကြတော့၏။

ထိုလူများမှာ တစ်ချက်လေးပင် မအော်လိုက်နိုင်ဘဲ နေရာတွင်သာ သေဆုံးသွားကြတော့သည်။

ပထမ သွေးနီလူကြီးမှာလည်း ထိုမြင်ကွင်းကို ကြည့်ကာ အလွန်ကြောက်လန့်သွား၏။

သေသွားခဲ့ကြသည့် သွေးနီပုံရိပ်များမှာ သူနှင့် အစွမ်းချင်း တူကြသည်ကို သူ အာရုံခံမိခဲ့သော်လည်း ..

လောထျန်းရှေ့တွင်မူ .. သူတို့အားလုံး သိုင်းကွက်တစ်ကွက်ပင် မခုခံနိုင်ခဲ့ကြချေ။

သူတို့ကြားမှ ကွာဟချက်က ကြီးလွန်းလှပါသည်။

ထိုအချိန်မှာပင် လောထျန်းက သူ့အား ထပ်ကြည့်လာ၏။

လောထျန်းအကြည့်ကို မြင်သည်နှင့် သွေးနီလူကြီး တစ်ကိုယ်လုံး တုန်သွားတော့သည်။

" &$##%% ငါ ဒီမှာ သေလို့ မဖြစ်ဘူး ။ ခုလို လွတ်မြောက်ဖို့ ငါ စောင့်နေခဲ့ရတာ နှစ်တွေအကြာကြီး ရှိသွားပြီ ။ ငါ ဒီတိုင်း မသေနိုင်ဘူး "

သူ့အော်သံမှ ထွက်လာသည့် အသံလှိုင်းများက ကောင်းကင်ယံသို့ ထိုးတက်သွား၏။

ဝုန်း ..

ထိုအော်သံကြောင့် ကောင်းကင်နှင့် မြေကြီးပင် တုန်ခါသွားတော့သည်။

ထိုအချိန် .. သူ့ရှေ့တွင် ဧရာမ ကောင်းကင်ဘုံ တံခါးဝ တစ်ခု ရုတ်တရက် ပေါ်လာ၏။

" ဟင် .. ဒါ ... "

သွေးနီလူကြီးမှာ စစချင်း အံ့သြမှင်သက်နေသေးသော်လည်း အလွန်ပျော်ရွှင်သွားပြီး ထိုတံခါးဝထဲသို့ ချက်ချင်း ခုန်ဝင်သွားလိုက်သည်။

" ဟင် .. "

လောထျန်းမှာလည်း ခေတ္တမျှ အံ့သြမှင်သက်နေပြီးနောက် ထိုနေရာသို့ ချက်ချင်း တည်နေရာရွှေ့ပြောင်းသွား၏။

အဝါရောင်ရေပူစမ်းပင်လယ်အောက်မှ ကြောက်စရာ အရာကြီးကို ရှင်းပေးမည်ဟု သူ မျှော်စင်စိတ်ဝိဥာဥ်အား ကတိပေးထခဲ့သည် မဟုတ်ပါလား ။

ထိုလူကြီးက ဤမျှ ကြောက်စရာ မကောင်းသော်လည်း ..

သူတို့ထဲမှ တစ်ယောက် လွတ်ထွက်သွားခြင်းက လက်ခံနိုင်စရာမဟုတ်ပေ။

သို့သော် .. သူ ကောင်းကင်ဘုံ တံခါးဝရှေ့သို့ ရောက်သည့်အချိိန်တွင် သွေးနီလူကြီးက တံခါးဝထဲသို့ ခြေချကာ ဝင်ရောက်ပျောက်ကွယ်သွားခဲ့လေပြီ ။

" ဟင်းလင်းပြင် လမ်းကြောင်းပါလား ...  စိတ်မကောင်းပါဘူးကွာ ၊ ဒီနေ့ မင်း သေကို သေမှဖြစ်မှာ "

လောထျန်း၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားကာ ထိုတံခါးထဲသို့ ခြေချလိုက်တော့သည်။

ဝီ ...

လောထျန်းက တံခါးထဲသို့ ခြေချလိုက်သည်နှင့် ထို ကောင်းကင်ဘုံတံခါးက အဝါရောင် ရေပူစမ်းပင်လယ်အောက်မှ တဖြည်းဖြည်း ပျောက်ကွယ်သွား၏။

တဖက်မှ .. တောင်တန်းနှင့် တောအုပ်တစ်ခုကြားသို့ ရောက်သွားသော လောထျန်းက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။

" ဟင် ... "

ထိုနေရာသို့ ခြေချလိုက်သည်နှင့် သူ အံ့သြမှင်သက်သွားရ၏။

သူ့ရှေ့တွင်ကား တောင်များ တစ်တောင်ပြီးတစ်တောင် ထပ်နေကာ .. စိတ်စွမ်းအင်များလည်း အလွန်ထူထပ်သိပ်သည်းပြီး သုခဘုံတစ်ခုပမာ ဖြစ်နေသည်။

" ဆုမီတောင်ထဲမှာ ခုလို လျှို့ဝှက်ဒေသတစ်ခု ထပ်ရှိနေမယ်လို့ ငါ ထင်တောင် မထင်ထားခဲ့ဘူး "

လောထျန်းမှာ ဘေးပတ်လည်သို့ ဝေ့ကြည့်ရင်း အထင်ကြီးစိတ် ဖြစ်သွားရသည်။

" ဟာ.. မဖြစ်သေးဘူး ၊ လောလောဆယ် ဒါတွေကို တွေးနေရမယ့် အချိန် မဟုတ်ဘူး ။ ဟိုကောင်ကြီးကို ရှာရဦးမယ် "

လောထျန်း ထိုသို့တွေးကာ သူ့စိတ်ဝိဥာဥ်အစွမ်းကို ဖြန့်ကျက်၍ သွေးနီလူကြီး၏ အရောင်အဝါအား ရှာဖွေလိုက်သည်။

ခဏအကြာတွင်မူ ထိုလူကြီး၏ အရောင်အဝါကို သူ ရှာတွေ့သွား၏။

သို့သော် ....  ထိုအရောင်အဝါအပြင် နောက်ထပ် ကြောက်စရာ​ကောင်းလောက်အောင် အစွမ်းထက်သော အရောင်အဝါတစ်ခုကိုလည်း လောထျန်း တွေ့လိုက်ရပါသည်။

" ဟင် .. ဒီမှာ အစွမ်းထက်တဲ့သူတွေ ရှိနေတာပဲ ။ အဝါရောင်ရေပူစမ်းပင်လယ်အောက်က အရာတွေက အဲ့လောက် မရိုးရှင်းပါလား "

လောထျန်း တစ်ကိုယ်တည်း တိတ်တဆိတ် ရေရွတ်လိုက်သည်။ သို့သော် သူ့ရင်ထဲတွင် ကြောက်စိတ် လုံးဝ ရှိမနေပါ။ ထို့နောက်တွင်မူ သူ ထိုနေရာမှ ရုတ်ချည်း ပျောက်ကွယ်သွား၏။

ထိုစဥ် .. အခြားတဖက်၌ ...တစ်ကိုယ်လုံး ရွှေရောင် နတ်ဘုရားအလင်းတန်းများ ထုတ်လွှတ်နေသည့် ရွှေရောင် ခြင်္သေ့ကြီးတစ်ကောင်က သွေးနီလူကြီးအား လက်တစ်ဖက်ဖြင့် ကိုင်ထားသည်။

ရွှေရောင်ခြင်္သေ့ကြီး၏ ခေါင်းပေါ်တွင်မူ နေလုံးပုံရိပ်ယောင် ကိုးခု လှည့်လည်နေပြီး ထို နေတစ်စင်းစီမှ ကြောက်မက်ဖွယ် ဖိအားများ ကိုယ်စီ ထုတ်လွှတ်နေကြ၏။

" လူသားတစ်ယောက်က ငါ့ပိုင်နက်ထဲကို ကျူးကျော်ပြီး ဝင်လာရဲတယ်ပေါ့လေ ။ မင်းက တော်တော် အတင့်ရဲတာပဲ "

ခြင်္သေ့က သွေးနီလူကြီးအား ဖိနှိပ်ထားရင်း အေးစက်စက်အသံဖြင့် ပြောသည်။

" ဟမ့် .. ငါ့ကို လွှတ်စမ်း ၊ ငါ ဘယ်သူဆိုတာ မင်း မသိဘူးလား "

သွေးနီလူကြီးကလည်း ဒေါသတကြီး ပြန်ပြော၏။

ရွှေရောင် ခြင်္သေ့ကြီးက ပြန်ပြောရန် ပြင်လိုက်သည်။ ထို့သော် ထိုစဥ်မှာပင် .. သူ ရုတ်တရက် မျက်မှောင်ကြုံ့သွားပြီး ခပ်ဝေးဝေး တစ်နေရာသို့ လှမ်းကြည့်၏။

" အိုး .. ကြည့်ရတာ မင်းတစ်ယောက်တည်းမဟုတ်ဘဲ အဖော်တွေပါ ပါလာတဲ့ ပုံပါလား။ ဒါဆိုရင်တော့ မင်း သေဖို့ ပိုထိုက်တန်သွားပြီ "

ရွှေရောင်ခြင်္သေ့ကြီး၏ မျက်လုံးထဲမှ လူသတ်အရိပ်အငွေ့များက ပိုပိုပြီး ကြောက်စရာကောင်းလာတော့သည်။

ထိုအချိန်မှာပင် လောထျန်းက တည်နေရာရွှေ့ပြောင်းပြီး ရွှေရောင်ခြင်္သေ့ကြီးရှေ့တွင် ပေါ်လာ၏။

" ဟင် .. ဒါ တည်နေရာရွှေ့ပြောင်းတာပါလား ။ ဟား ဟား .. ငါ့မှာ ထိပ်တန်းအဆင့် ခန္ဓာကိုယ်ကျင့်စဥ်တစ်ခု လိုနေတာနဲ့ အတော်ပဲကွာ။ ခုလို တစ်ယောက်ယောက်က ငါ့အိမ် တံခါးဝရှေ့ထိ လာပို့ပေးလိမ့်မယ်လို့ ဘယ်ထင်မလဲ ။ နတ်ဘုရားက ငါ့ကို ကူညီနေတာနဲ့ တူတယ် "

လောထျန်း၏ ခန္ဓာကိုယ် ရွှေ့ကွက်ကို မြင်သည်နှင့် ရွှေရောင် ခြင်္သေ့ကြီး၏ မျက်လုံးများ အရောင်လက်သွားသည်။

(မှန်ပါတယ်။ ငလောက မသိလိုက်မသိဘာသာနဲ့ အထက်ဘုံကိုရောက်သွားတာပါ

All Chapters