← Chapters

အန္တရာယ်များသော ပျောင်ပိုင်မြို့

Vol. 22 Ch. 305

အန္တရာယ်များသော ပျောင်ပိုင်မြို့

Vol. 22 Ch. 305

" ဘယ်လို .... "

အဘိုးအို၏ စကားကို ကြားသည်နှင့် အသံလွှင့်အဆောင် တဖက်မှ  လူ၏ အသံက အလွန်အံ့သြတုန်လှုပ်နေဟန် ပေါက်သွားသည်။

အစွမ်းထက် မသေမျိုးတစ်ယောက်က ဖိချေခံရပြီး သေသွားသတဲ့လား ။

" ကျုပ်တို့ ပျောင်ပိုင်မြို့ပြင်မှာပဲ ရှိနေတဲ့အချိန် ရုတ်တရက် လေထဲကနေ ကျောက်တုံးကြီးတစ်တုံး ကျလာပြီးတော့ သခင်ကြီးဖုန်းကို သတ်ပစ်လိုက်တာပဲ ။ ပြီးတော့ .. အဲ့ကျောက်တုံးက တောင်ကြီးတစ်တောင် ဖြစ်သွားပြီး ကျုပ်ကိုလဲ ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် လုပ်လိုက်တယ် .. "

အဘိုးအိုက ထိုသို့ ပြောပြီးသည်နှင့် သူ့ ဟင်းလင်းပြင်လက်စွပ်ထဲမှ ဆေးလုံးတစ်လုံးကို ယူကာ မြိုချလိုက်သည်။ ထိုဆေး၏ ​ကျေးဇူးကြောင့် သူ့ဒဏ်ရာများ အနည်းငယ် တည်ငြိမ်သွား၏။

တဖက်လူမှာ သူ့စကားကြောင့် ထပ်ပြီး အံ့သြမှင်သက်သွားရပြန်သည်။

" ဒါဆို .. အစွမ်းထက်တဲ့ မသေမျိုးတစ်ယောက် ဖြစ်တဲ့အပြင် ၊ ကမ္ဘာပေါ်မှာ တတိယအကောင်းဆုံး ဓားသမားကြီး တစ်ယောက်ဖြစ်တဲ့ သခင်ကြီး ဖုန်းရှန့်ရန် က ဖိချေပြီး အသတ်ခံလိုက်ရတာပေါ့ ...  "

တဖက်လူက မယုံနိုင်စွာ ထပ်မေးသည်။

" ဟုတ်တယ် ၊ ကျုပ်ကိုယ်တိုင် မျက်စိနဲ့တပ်အပ်မြင်ခဲ့ရတာ "

အဘိုးအိုက ပြန်ပြောသဘ်။

" အဲ့လို တိုက်ခိုက်လိုက်တဲ့သူက ဘယ်သူလဲ၊ ကျုံ့ကျိုးဒေသက မသေမျိုးတစ်ယောက်များ ဖြစ်နေမလား  "

တဖက်လူက ထပ်မေးလာသည်။

အဘိုးအိုက အောင့်သက်သက်ပြုံး၍ ပြန်ပြော၏။

" ကျုပ် ဘယ်သူ့ကိုမှ မမြင်လိုက်ရဘူး "

ဤတစ်ကြိမ်တွင်မူ တဖက်လူက မည်သို့မှ ပြန်မပြောနိုင်တော့ဟန်ဖြင့် အသံတိတ်သွားသည်။

ဖုန်းရှန့်ရန်က နှစ်ဖက် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်သည့် တိုက်ပွဲတွင် အသက်ဆုံးသွားခဲ့ရသည် ဆိုလျှင်ပင် သူ နားလည်နိုင်ဦးမည် ဖြစ်ပါသည်။

ယခုမှာကား .. တိုက်ခိုက်သည့်သူကိုပင် မမြင်လိုက်ရဘဲ တစ်ယောက်က အသက်ဆုံးသွားခဲ့ကာ တစ်ယောက်က ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့ရ၏။

" ပျောင်ပိုင်မြို့က လူက .. ကမ္ဘာပေါ်က မသေမျိုးတစ်ယောက်များ ဖြစ်နေမလား .. "

အချိန်အတန်ငယ် ကြာသွားပြီးမှသာ  အသံလွှင့်အဆောင်တဖက်မှ လူက စိုးရိမ်နေသည့် အသံဖြင့် ပြောလာသည်။

သာမာန် မသေမျိုးတစ်ယောက်က ဖုန်းရှန့်ရန်အား ဤမျှ အလွယ်တကူ သတ်ပစ်ရန် လုံးဝ မဖြစ်နိုင်ပါချေ။

ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက် ဆိုလျှင်မူ ...

" ဖြစ်နိုင်တယ် .. "

အဘိုးအိုက ခေါင်းညိတ်၍ ပြောလိုက်သည်။

တဖက်လူက သက်ပြင်းရှည်ကြီး တချက်ချကာ ပြန်ပြော၏။

" သခင်ကြီး ချင် ၊ ပျောင်ပိုင်မြို့နားကို ထပ်မကပ်နဲ့နော် ။ ကျုပ် နတ်ဘုရားကြီးကို  ဒီကိစ္စ သတင်းပို့လိုက်မယ် ။ ခင်ဗျားရဲ့ ဒဏ်ရာတွေကိုသာ ကုဖို့ နည်းလမ်းရှာပြီး မြန်မြန် ပြန်ခဲ့ပါ "

" ကောင်းပါပြီ "

သခင်ကြီးချင်က ပြန်ပြောလိုက်သည်။

ထို့နော်တွင်မူ အသံလွင့်အဆောင် ပြန်ပိတ်သွား၏။

သခင်ကြီးချင်က ခေါင်းလှည့်ကာ ပျောင်ပိုင်မြို့ ရှိသည့်ဘက်သို့ အကြောက်မပျယ်သေးသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

" အဲ့လူက ဖုန်းရှန့်ရန်ကိုပဲ သတ်ပြီး ငါ့ကို ဘာလို့ မသတ်ခဲ့တာလဲ။ ငါက အစွမ်းနိမ့်လွန်းလို့ သတ်ဖို့ကို ဂရုမစိုက်တဲ့သဘောလား .. "

" ဒါမှမဟုတ် .. ငါ့နောက်ကွယ်က လူတွေဆီ သတင်းပြန်ပို့စေချင်လို့များလား "

သူ ဖြစ်နိုင်ချေပေါင်း များစွာကို စဥ်းစားကြည့်လိုက်သော်လည်း တိကျသည့် အဖြေကိုမူ မရပါချေ။

လက်ရှိတွင် သူ သေချာပေါက် ပြောနိုင်သည့်အရာမှာ ပျောင်ပိုင်မြို့က အလွန်အန္တရာယ်များသည် ဆိုသည့်အချက်ပင်။

ထို့နောက်တွင်မူ သူ ခက်ခက်ခဲခဲ ထရပ်ကာ တောင်ကြားထဲမှ ထော့နဲ့ထော့နဲ့ ထွက်ခွာသွားတော့သည်။

ထိုစဥ်  . ပျောင်ပိုင်မြို့ပြင်ရှိ ဆုမီတောင်ရှေ့တွင်ကား .. မရေမတွက်နိုင်သော လူများစွာပင် စုဝေးရောက်ရှိနေကြ၏။

ဆုမီတောင်သည် ထျန်းယွမ်အင်ပါယာ တစ်ခုလုံးတွင် ထိပ်တန်း လျှို့ဝှက်ဒေသတစ်ခု ဖြစ်ပါသည်။

လူအများစုအတွက်မှာ ဆုမီတောင်အား သူတို့ဘဝတစ်လျှောက် တစ်ကြိမ် တွေ့ခွင့်ရရန်ပင် မလွယ်ပါချေ။

သို့သော် .. ထိုအရာကြီးက သူတို့ရှေ့တည့်တည့်သို့ ရောက်လာခဲ့လေပြီ။

ထိုအချိန်တွင် အားလုံးမှာ အလွန်စိတ်လှုပ်ရှား ပျော်ရွှင်နေကြ၏။

" ဆုမီတောင်ပဲ .. တကယ်ကြီး ဆုမီတောင်ပဲကွ .. ဆုမီတောင်ကို ဘယ်လိုလုပ်ပြီး သယ်ထုတ်လာနိုင်လဲ မသိဘူး "

" ပျောင်ပိုင်မြို့ တပ်ဖွဲ့ထဲကို ဝင်လိုက်တာ ငါ့ဆုံးဖြတ်ချက် မှန်သွားပြီကွာ ။ ငါတို့မှာ စိတ်စွမ်းအင်တွေ ပေါကြွယ်ဝရုံတင် မကဘူး ၊ အခုဆို ဒီလို လျှို့ဝှက်ဒေသတစ်ခုလဲ ရှိနေပြီ "

" ဟား ဟား .. ငါတို့ ပျောင်ပိုင်မြို့က မကြာခင် တစ်ကမ္ဘာလုံးမှာ နံပါတ် ၁ အဆင့် အဖွဲ့ကြီး ဖြစ်လာတော့မှာကွ "

" အမှန်ပဲ "

အားလုံး ဝမ်းသာအားရ ဆိုလိုက်ကြသည်။

တဖက်မှ လောထျန်းကမူ အလွန်တည်ငြိမ်နေ၏။

သူ့ဘေးတွင်လည်း သူ့အဖေ လောဖုန်း ၊ ပထမအကြီးအကဲနှင့် အခြားသူများပါ လူစုံတက်စုံ ရှိနေကြသည်။

" အားလုံး .. ဒီ ဆုမီတောင်က အစွမ်းထက်တဲ့ မသေမျိုးလက်နက်တစ်ခုပဲဗျ ။ ဒီဟာကြီးနဲ့ဆို မြို့ကို ဘယ်သူမှ လွယ်လွယ်ကျူးကျော်နိုင်တော့မှာ မဟုတ်ဘူး ။ ပြီးတော့ တောင်ပေါ်မှာ အခွင့်ကောင်းတွေ အများကြီးရှိတဲ့ လျှို့ဝှက်ဒေသ အသေးတွေလဲ ရှိသေးတယ် "

လောထျန်းက ပြောလိုက်သည်။

ပထမအကြီးအကဲက ခေါင်းညိတ်ကာပြန်ပြော၏။

" ကျုပ်ကတော့ ပျောင်ပိုင်မြို့ထဲကလူတွေအားလုံး .. လောမိသားဝင် ဟုတ်ဟုတ် မဟုတ်ဟုတ် ..  အားလုံးကို ဆုမီတောင်ဝင်ခွင့် တစ်ကြိမ် ပေးလိုက်စေချင်တယ်။ သူတို့ ဘယ်လိုအခွင့်ကောင်းမျိုးကို ရမလဲ ဆိုတာတော့ သူတို့အပေါ်မှာပဲ လုံးဝ မူတည်မှာပေါ့ "

" ဒါပေမယ့် .. ဆုမီတောင်ကို ဒုတိယအကြိမ် ထပ်ဝင်ချင်ရင်တော့ အဲ့လူက ပျောင်ပိုင်မြို့ ကောင်းဖို့အတွက် ဘယ်လောက် လုပ်ပေးထားလဲ ဆိုတာကို ကြည့်လိုက်မယ်ဗျာ။ ကိုယ့်ဘက်က များများ လုပ်ပေးလေလေ ၊ အခွင့်ကောင်းတွေလဲ ပိုရလေပေါ့ ။ သခင်လေး ဘယ်လို သဘောရလဲ "

လောထျန်းက ခေါင်းညိတ်လိုက်သည်။

" ကောင်းတယ်ဗျ ၊ ဒီကိစ္စတွေကို ပထမအကြီးအကဲပဲ ကိုင်တွယ်လိုက်ပါ "

လောထျန်းက ထိုသို့ ပြောပြီးသည်နှင့် သူနေသည့် အဆောင်သို့ တည်နေရာပြန်ရွှေ့ပြောင်းသွား၏။ ထို့နောက် အဝါရောင် ရေပူစမ်းပင်လယ်အောက်ရှိ ခေါင်းတလားထဲမှ ပြန်ယူလာခဲ့သော ဓားမြှောင်ကို ထုတ်လိုက်သည်။

သူ့အား ထိခိုက်အောင် လုပ်နိုင်ခဲ့သည့် ထို ဓားမြှောင်ကို သူ စိုးရိမ်နေပါ၏။

ထို့ကြောင့်လည်း ဓားမြှောင်ပေါ်တွင် ပုံဖော်ရေးဆွဲထားသည့် နတ်ဘုရားမျဥ်းကွက်များ၏ ဇစ်မြစ်ကို သူ သေချာ သိချင်နေခြင်းဖြစ်သည်။

သို့သော် အချိန်အတန်ကြာ စိုက်ကြည့်နေပြီးသည့်တိုင် သူ ဘာသဲလွန်စမှ မရလိုက်ပါချေ။

နောက်ဆုံးတွင်မူ သူ မည်သို့မှ မတတ်နိုင်ဘဲ စိတ်ပျက်လက်ပျက်သာ လက်လျှော့လိုက်ရပြီး ဓားမြှောင်အား ဟင်းလင်းပြင်လက်စွပ်ထဲသို့ ပြန်ထည့်လိုက်ရ၏။ သူ ကျင့်ကြံခြင်းအဆင့် နောက်ထပ် ၂ ဆင့် တက်ပြီးမှသာ ၎င်းကို ထပ်စစ်ဆေးကြည့်ရန်လည်း ဆုံးဖြတ်လိုက်သည်။

သို့သော် လက်ရှိတွင် သူ ကျင့်ကြံခြင်းအဆင့် တက်ရန်အတွက် ပစ္စည်းအချို့ လိုနေပါသေးသည်။

ထိုအထဲမှ တစ်ခုမှာ နဂါးသွေး ပင်။

သို့သော် ဤကမ္ဘာကြီးတွင် နဂါးများက မျိုးတုန်းပျောက်ကွယ်နေခဲ့ပြီဖြစ်ရာ နဂါသွေးအစစ်ကို လိုချင်ပါက နဂါးသင်္ချိုင်းမြေသို့ သွားရန် တစ်နည်းသာ ရှိပါ၏။

ထို့ကြောင့်လည်း လက်ရှိ သူ့အတွက် အရေးအကြီးဆုံးက နဂါးသင်္ချိုင်းမြေသို့ သွားရန် ဖြစ်နေသည်။

ဤသိူ့ဖြင့် တစ်လဆိုသော အချိန်က အလွန်လျင်မြန်စွာပင် ကုန်ဆုံးသွားခဲ့ပြီး ..

လောထျန်းနှင့် ပိုင်လန်ထျန်းတို့နှစ်ယောက် နဂါးသင်္ချိုင်းမြေသို့ သွားရန် ချိန်းဆိုထားကြသည့် ရက်သို့ ရောက်လာခဲ့သည်။

လောထျန်းသည် မနက်အစောကတည်းကပင် နိုးနေပြီး နျိုထျဲ့ချူတို့ သုံးယောက်ကလည်း သူ့တံခါးရှေ့တွင် အသင့်စောင့်နေကြသည်ကို တွေ့လိုက်ရ၏။

လွန်ခဲ့သော တစ်လခန့်ကနှင့် ယှဥ်ကြည့်ပါက သူတို့ သုံးယောက်၏ ကျင့်ကြံခြင်းအဆင့်များမှာ များစွာပင် တိုးတက်နေခဲ့လေပြီ ။

သူတို့ထဲမှ အစွမ်းအထက်ဆုံးဖြစ်သည့် နျိုထျဲ့ချူဆိုလျှင် ကောင်းကင်ဘုံအဆင့် ၃ သို့ ရောက်ရှိထားပြီး  .. ဘုရင်ကျင်းဖန်နှင့် နျိုဝူဖုန်းတို့ကလည်း ကောင်းကင်ဘုံ အဆင့် ၁ သို့ အသီးသီး ရောက်နေကြပြီဖြစ်သည်။

သူတို့သည် ကျင့်ကြံခြင်းကို အထောက်အကူပြုသော စိတ်ဝိဥာဥ် ပုလဲလုံးများ ရထားကြသည့်တိုင် ..

အချိန်တိုအတွင်း များစွာ တိုးတက်လာခဲ့ကြသည်ဖြစ်ရာ ပြီးခဲ့သည့် တစ်လအတွင်း သူတို့ အားသွန်ခွန်စိုက် ကြိုးစားကျင့်ကြံထားကြသည်မှာ သိသာပါ၏။

" အကိုကြီး .. ဘယ်အချိန် သွားကြမှာလဲ "

နျိုထျဲ့ချူက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

နဂါသင်္ချိုင်းမြေသို့ သွားရမည်ကို သူမက လောထျန်းထက်ပင် ပိုစိတ်လှုပ်ရှားနေဟန် တူပါ၏။

" ခဏလေး ၊ ကျုပ် တို့နဲ့အတူ နောက်တစ်ယောက်ကို ခေါ်ခဲ့ရဦးမယ် "

လောထျန်းက ပြောလိုက်သည်။

သူက ထိုသို့ပြောပြီးသည်နှင့် လောမိသားစု၏ ဘိုးဘေးအိမ်တော်သို့ သွားကာ နဂါးအရိုးတစ်ခုကို ပြန်ယူ၏။

" ရှောက်လုံ ၊ ကျုပ်တို့တွေ နဂါးသင်္ချိုင်းမြေကို သွားကြမလို့ ။ မင်းနဲ့ကျုပ်နဲ့ သဘောတူထားတဲ့အတိုင်း ငါ မင်းကို အဲ့မှာ မြှုပ်ပေးမယ် "

လောထျန်းက နဂါးအရိုးအား ပြောလိုက်သည်။

ဝီ ..

ချက်ချင်းပင် နဂါးအရိုးအပေါ်၌ နဂါးအရိပ် သေးသေးတစ်ခု ပေါ်လာသည်။

၎င်းသည် အစောကတတည်းက လောထျန်းနှင့် သဘောတူညီချက်တစ်ခု လုပ်ထားခဲ့ပြီး နဂါးသင်္ချိုင်းမြေထဲတွင် သူ့ကို မြှုပ်ပေးရန် လောထျန်းအား တောင်းဆိုထားခဲ့၏။

ထိုအရာမှာ သူ အဖြစ်ချင်ဆုံး ဆန္ဒတစ်ခုပင်။

သို့သော် .. လောထျန်းစကားကို ကြားသည့်အချိန်တွင်မူ နဂါအရိပ်က ပျော်သွားရမည့်အစား စိုးရိမ်ဟန်သာ ရှိနေ၏။

" အမ် ..ဘာဖြစ်လို့လဲ "

လောထျန်းက ရှောက်လုံကို ကြည့်ကာ တအံ့တသြ မေးလိုက်သည်။

ရှောက်လုံက သူ့ကိုကြည့်ကာ ပြန်ပြော၏။

" နဂါးသင်္ချိုင်းမြေက ဖွင့်မယ်ဆိုတာ သေချာရဲ့လား သခင်လေး "

လောထျန်း ခေတ္တမျှ အံ့သြမှင်သက်သွားပြီး ပြောလိုက်သည်။

" ကျုံ့ကျိုး မြင့်မြတ်နယ်မြေက လာတဲ့ သတင်းက မှားစရာအကြောင်းတော့ မရှိနိုင်ပါဘူး ၊ ဘာဖြစ်လို့လဲ "

ရှောက်လုံက မျက်မှောင်ကြုံ့၍ ပြန်ပြော၏။

" စည်မျဥ်းတွေအရ ဆိုရင် နဂါးသင်္ချိုင်းမြေ ဖွင့်တာနဲ့ ကျုပ် တစ်ခုခုကို အာရုံခံမိရမှာ။ ဒါပေမယ့် .. အခု ဘာဖြစ်လို့ ဘာမှ အာရုံခံလို့ မရဘူး ဖြစ်နေတာလဲ "

လောထျန်းက သူ့ကို ကြည့်ကာ ပြောလိုက်သည်။

" မင်းရဲ့ စိတ်ဝိဥာဥ်အစွမ်းက အာနည်းနေလို့ အာရုံမခံမိတာများ ဖြစ်နေမလား "

ရှောက်လုံက ခေါင်းယမ်းသည်။

" လုံးဝ မဖြစ်နိုင်ဘူး သခင်လေးရဲ့ ။ ကျုပ်တို့ နဂါးတွေအကြောင်းကို သခင်လေး မသိသေးဘူး .. ။ ကျုပ်တို့ရဲ့ စိတ်ဝိဥာဥ်က လုံးလုံး မပျောက်ကွယ်မချင်း ၊ အကြွင်းအကျန် စိတ်ဝိဥာဥ်လေး နည်းနည်းပဲ ကျန်နေရင်တောင် နဂါးစိတ်ဝိဥာဥ်ကို အာရုံခံနိုင်တယ်။ ဒါပေမယ့် .. အခု ကျုပ် ဘာကိုမှ မခံစားရဘူး .. "

သူ ပြောလက်စကို ခနရပ်ကာ လောထျန်းအား ကြည့်လိုက်ပြီးမှ စကားဆက်၏။

" သခင်လေး လောထျန်း ၊  ဒီတစ်ခေါက် နဂါးသင်္ချိုင်းမြေကို မသွားဖို့ ကျုပ် အကြံပေးချင်တယ်။ နောက်တစ်ခေါက် နဂါးသင်္ချိုင်းမြေ ဖွင့်မှပဲ သွားကြတာပေါ့ "

" ဘာဖြစ်လို့လဲ "

လောထျန်းက တအံ့တသြ ပြန်မေးလိုက်သည်။

ရှောက်လုံက ခေတ္တမျှ တုန့်ဆိုင်းနေပြီးမှ ပြန်ပြော၏။

" ကျုပ် အခု နဂါးအငွေ့အသက်ကို အာရုံမခံမိဘူးဆိုတော့ .. ဖြစ်နိုင်ချေက နှစ်ခုရှိတယ်။ ပထမတစ်ခုက နဂါးသင်္ချိုင်းမြေ မဖွင့်တာ ... နောက်တစ်ခုက နဂါးသင်္ချိုင်မြေထဲမှာ  ကိစ္စကြီး တစ်ခုခု ဖြစ်သွားတာ ဆိုတဲ့ အဓိပ္ပါယ်ပဲ "

All Chapters