← Chapters

ပန်းဖယောင်းမင်္ဂလာဦးည

Vol. 30 Ch. 415

ပန်းဖယောင်းမင်္ဂလာဦးည

Vol. 30 Ch. 415

နဝမတောင်ထွတ် ၊ ခြံဝင်းအတွင်း။

ကျန်းလန် လုန်ယွိနှင့်အတူ အိမ်သို့ ပြန်လာခဲ့သည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေပြီး မည်သည့်အသံမှ ကြားရခြင်း မရှိပေ။

ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်ကြီးဆီမှ မင်္ဂလာဧည့်ခံပွဲလည်း ပြီးဆုံးသွားပြီဖြစ်လေရာ တိတ်ဆိတ်ငြိမ်သက်သွားကြပြီ ဖြစ်သည်။

ခွန်လွန်ကောင်းကင်ထက်မှ အစီအရင်များလည်း ရပ်တန့်သွားပြီ ဖြစ်လေရာ မည်သည့်အလင်းရောင်မှ တောက်ပနေခြင်း မရှိတော့ပေ။

ဤခြံဝင်းနှင့် အိမ်လေးကတော့ သူတို့ (၂)ယောက်၏ ကမ္ဘာငယ်လေး ဖြစ်သည်။

ရှောင်ယွိ ဝတ်ဆင်ထားသည့် မင်္ဂလာဝတ်စုံက အလွန်ရှည်လျားလှပသည်ကို ကျန်းလန် သတိပြုလိုက်မိသည်။

လုန်ယွိကို အိပ်ခန်းထဲခေါ်လာသည့်တိုင် မင်္ဂလာဝတ်စုံက အခန်းအပြင်ထိ ရှည်လျားစွာ ကျဆင်းနေသေးသည်။ ထိုအဝတ်အစားများကို ကျန်းလန် မည်သို့ပြုလုပ်ရပါမည်နည်း။

မင်္ဂလာဝတ်စုံရှည်ကြီးကိုကြည့်ရင်း သူ အတော်လေး အံ့အားသင့်လျှက် ရှိသည်။

လုန်ယွိက ကျန်းလန်ကို ကြည့်လိုက်ပြီး...

"ဒီ မင်္ဂလာဝတ်စုံကို ဆရာက ကျွန်မအတွက် ပြင်ဆင်ပေးထားတာလေ ၊ ရှင် ကျွန်မကို ကူညီပြီး မင်္ဂလာဝတ်စုံ ချွတ်ပေးလို့ရတယ်"

သူမက ပြောပြီးသည်နှင့် အပေါ်ရုံမင်္ဂလာအဝတ်အစားများကို ချွတ်ရန်ဟန်ပြင်လိုက်သည်။ သို့သော် ဝတ်စုံက ရှည်လျားပြီး ရှုတ်ယှက်ခတ်လွန်းသဖြင့် ချွတ်ရန်မလွယ်ကူပေ။

မင်္ဂလာဝတ်စုံဝတ်ဆင်စဉ်က မိခင်ဖြစ်သူက ကူညီဝတ်ဆင်ပေးခဲ့ခြင်း ဖြစ်သည်။ ယခုတော့ ဝတ်စုံချွတ်ရန် ကျန်းလန်ကိုသာ အကူအညီတောင်းရပေတော့မည်။

"ဂိုဏ်းတူမောင်လေး ၊ ဒီအဝတ်အစားတွေချွတ်ဖို့ ကူညီပေးပါဦး“

ကျန်းလန် ခေါင်းညိတ်လိုက်ပြီး လုန်ယွိ၏ ရှုတ်ထွေးလှသည့် မင်္ဂလာဝတ်စုံကိုချွတ်ရန် ကူညီပေးရတော့သည်။

လုန်ယွိအနားသို့ ကပ်လိုက်သည်နှင့် မွှေးပျံံ့သည့်ရနံလေးတစ်ခုက သူ့ကို ကြိုဆိုနေသည်။

ကျန်းလန်က သူမ၏ခန္ဓာကိုယ်ထက်တွင် စည်းထားသည့် ဖဲကြိုးများကို ဖြည်ပေးလိုက်ပြီး ရှုတ်ထွေးလှသည့် အနီရောင်မင်္ဂလာဝတ်စုံကို ချွတ်ပေးလိုက်သည်။

လုန်ယွိတွင် ရိုးရှင်းသည့် အနီရောင်ဝတ်စုံဖြင့်သာ ကျန်ရစ်တော့သည်။

ယနေ့ည လုန်ယွိက ရှောင်ယွိအသွင် ပြောင်းလဲမည် မဟုတ်ပေ။ သူမ၏ဆရာဖြစ်သူက ရှောင်ယွိအသွင်မပြောင်းလဲရန် သူမကို မှာကြားထားသည်။

အိပ်ခန်းအတွင်းသို့ ရောက်နေပြီဖြစ်ရာ လုန်ယွိက မင်္ဂလာကုတင်ထက်တွင် ထိုင်လိုက်သည်။ သူမက ဤနေရာနှင့် ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်သောကြောင့် ပြဿနာ သိပ်မရှိပေ။

ယနေ့မှစပြီး ဤအိမ်က သူမ၏နေအိမ် ဖြစ်လာတော့မည် ဖြစ်သည်။

သို့သော် လက်ထပ်ထိမ်းမြားပြီးလျှင် ယောကျ်ားလေးနှင့် မိန်းကလေးတို့ ပတ်သက်ဆက်နွယ်ရသည့် ကိစ္စများကိုတော့ သူမ သိပ်ပြီးနားလည်ခြင်း မရှိသေးပေ။

"ဂိုဏ်းတူမောင်လေ ၊ အခု ကျွန်မတို့လက်ထပ်ပြီးပြီဆိုတော့ ဘာလုပ်ရမှာလဲ"

လုန်ယွိက ကျန်းလန်ကို လှမ်းမေးလိုက်သည်။

ကျန်းလန်က လုန်ယွိ၏ ရှည်လျားလှသော မင်္ဂလာဝတ်စုံကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ခေါက်ပေးလျှက် ရှိ၏။

အဝတ်များခေါက်ပြီးသည့်နောက် ကျန်းလန်က လုန်ယွိနံဘေးတွင် ဝင်ထိုင်လိုက်သည်။

သူက...

"တစ်ချို့ကိစ္စတွေက ရှုတ်ထွေးတယ်လို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ မရှုတ်ထွေးပါဘူး"

ကျန်းလန်၏စကားက ရိုးရှင်းသော်လည်း တိကျမှု မရှိပေ။

လုန်ယွိက...

"ဒါဖြင့် ဘာလုပ်ရမှာလဲ"

ထိုမေးခွန်းကို ရင်ဆိုင်လိုက်ရသည့်အခါ ကျန်းလန် ခဏမျှ တုံ့ဆိုင်းသွားသည်။

ထို့နောက် ကိုယ်ကိုဘေးသို့အသာစောင်းလိုက်ပြီး လုန်ယွိ၏ နှုတ်ခမ်းလေးများကို အနမ်းခြွေလိုက်သည်။

ကျန်းလန် ရုတ်တရက် နမ်းလိုက်သည်ကြောင့် လုန်ယွိ အံ့အားသင့်သွားလို ထိတ်လည်း ထိတ်လန့်သွားသည်။ သူမခန္ဓာကိုယ်ထက် နဂါအကြေးခွံများပေါ်လာသော်လည်း သူမက လျှင်မြန်စွာ ထိန်းသိမ်းနိုင်ခဲ့သည်။

နှုတ်ခမ်းလေးများကို အသာနမ်းရှိုက်ပြီးနောက် ကျန်းလန်က နောက်ပြန်ဆုတ်သွားသည်။

"အင်း… ဒီလိုလေးပဲလား"

လုန်ယွိကို ကြည့်ရသည်မှာ စိတ်လှုပ်ရှားနေဟန် ရှိသည်။

သူမ၏အသက်ရှူသံများက အနည်းငယ် ပရိမ်းပတာဖြစ်နေသည့်တိုင် သူမ စိတ်ကိုတည်ငြိမ်စေရန် အစွမ်းကုန်ကြိုးစားလျှက် ရှိသည်။

ကျန်းလန်က…

"ဒါက အစပဲ ရှိသေးတယ် ၊ ဒါပေမဲ့ ကိုယ် ဂိုဏ်းတူအစ်မကိုချစ်တဲ့အခါ နဂါးပုံစံပြေင်းမပစ်လိုက်နဲ့နော်"

ထို့နောက် သူက လုန်ယွိကို ကုတင်ထက်သို့ အသာအယာ လှဲချလိုက်သည်။

"နဂါးတစ်ဝက်အသွင်ပြောင်းချင်ရင်တော့ ပြောင်းလို့ရတယ်နော် ဂိုဏ်းတူအစ်မ….."

လုန်ယွိ မျက်ဝန်းများက ကြောက်ရွံ့မှုများနှင့် ပြည့်နက်နေပြီး သူမ၏ အတွေးများက ဖရိုဖရဲဖြစ်နေကာ ခန္ဓာကိုယ်ကလည်း တောင့်တင်းလျှက် ရှိသည်။

သို့သော် သူမက ကျန်းလန်ပြောသည့်စကားကို အလေးအနက်ထားကာ ခေါင်းညိတ်မိသည်ပင်။

ယခုညမှစတင်ပြီး ကျန်းလန်ပေးအပ်သည့် မည်သည့်အရာမဆို သူမလက်ခံနိုင်လေသည်။ ကျန်းလန်က အခြားသူတစ်ယောက်မဟုတ်လေရာ သူမအပေါ် ဘာပဲလုပ်လုပ် အဆင်ပြေလေသည်။

သို့ရာတွင် သူမရင်ထဲမှ အကြောက်တရားကတော့ ထိန်းမရနိုင်ခဲ့ပေ။

ညအမှောင်အောက်တွင်…

အိပ်ခန်းထဲမှ ခပ်တိုးတိုးညည်းသံများ ထွက်ပေါ်လျှက် ရှိသည်။

ထိုအသံများက တစ်ခါတစ်ရံ နဂါးဟိန်းသံနှင့်ဆင်တူပြီး ထိတ်လန့်ကြောက်ရွံ့မှုနှင့် စိတ်လှုပ်ရှားမှုများပါဝင်နေလေသည်။

အသံက တိုးလျသည့်တိုင် နာကျင်နေဟန်ရှိပြီး တစ်စုံတစ်ခုကို ထိန်းချုပ်ထားရန်လည်း ကြိုးစားနေဟန် ရှိသည်။

အတန်ကြာပြီးနောက်…

အသံများ ပျောက်ကွယ်သွားလေသည်။

လပြည့်ဝန်းက ကောင်းကင်ထက်တွင် ချိတ်ဆွဲလျှက် ညသည် အေးချမ်းလျှက်ပင် ရှိနေသေးသည်။

ထို့နောက် လရောင်က အနောက်ဆီသို့ တိုးဝင်ပျောက်ကွယ်သွားပြီး အရှေ့ဆီမှ ရောင်နီသမ်းလာလေသည်။

နေရောင်ခြည်များ ကောင်းကင်ထက်တွင် ထွန်းလင်းလာပြီး နေ့တစ်နေ့ အစပြုပြီ ဖြစ်သည်။

ကျန်းလန် အိမ်ထဲမှ ထွက်လာခဲ့သည်။

ထို့နောက် ကျောက်စားပွဲရှေ့တွင်ထိုင်ရင်း စာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်၏။

သို့သော် သူ စာမဖတ်နိုင်သေးဘဲ ကုတ်ခြစ်ရာများစွာဖြင့် သွေးများစို့နေသည့် သူ့လက်ကို တစ်ချက်ကြည့်လိုက်သည်။

"နဂါးလက်သည်းတွေက တကယ်စူးရှလွန်းတယ်"

ကျန်းလန်တွေးလိုက်သည်။

လုန်ယွိ မနေ့ညက နဂါးအသွင်သို့ မပြောင်းလဲခဲ့သော်လည်း ကျန်းလန်က သူမ အဝတ်အစားများကို ချွတ်လိုက်သည်နှင့် နဂါးတစ်ဝက်အသွင်သို့ ပြောင်းလဲသွားခဲ့သည်။

သူမ စိတ်လှုပ်ရှားလာသည့်အခါ ကျန်းလန်ကို နဂါးလက်သည်းများဖြင့် ကုတ်ခြစ်ဖမ်းဆုပ်ထားခဲ့သည်။ သူ့လက်များတင်သာမက ကျောထက်တွင်လည်း ကုတ်ခြစ်ရာများ ပြည့်နက်လျှက် ရှိ၏။

ထိုကုတ်ခြစ်ရာများအားလုံးကို လုန်ယွိက စိတ်မထိန်းနိုင်ဘဲ ပြုလုပ်ခဲ့ခြင်းသာ ဖြစ်သဖြင့် သူက စိတ်ထဲ မထားခဲ့ပေ။

"အင်မော်တယ်ဖြစ်မှ လက်ထပ်ရမယ်လို့ တောင်သခင်တွေဆုံးဖြတ်တာ မအံ့သြတော့ပါဘူး ၊ မဟုတ်လို့ကတော့ လက်ထပ်တဲ့ညမှာပဲ နဂါးအကုတ်ခံရပြီး ငါ မသာပေါ်နိုင်တယ်"

တောင်သခင်များ အမြော်အမြင်ကြီးပါပေသည်ဟု ကျန်းလန် တွေးလိုက်မိသည်။

နဂါးမျိုးနွယ်တစ်ယောက်သည် လူသားအသွင်ယူထားသော်လည်း တကယ်တမ်းတွင် လူသားမဟုတ်ခဲ့ပေ။ နဂါးတစ်ဝက်အသွင်နှင့်ဆိုလျှင်တောင်မှ လုန်ယွိက လူသားတစ်ယောက် မဟုတ်ခဲ့ပေ။

နဂါးအစစ်အမှန်သို့ ပြောင်းလဲသွားလျှင်တော့ သံထည်ကဲ့သို့ မာကျောသည့် နဂါးအကြေးခွံများ ထွက်ပေါ်လာမည် ဖြစ်သည်။ သို့သော် နဂါးတစ်ဝက်အသွင်ဖြင့်ဆိုလျှင်တော့ နဂါးအကြေးခွံများက ထိုမျှလောက် မာကြောခြင်း မရှိပေ။

မဟုတ်ပါက…

မင်္ဂလာဦးညသည် သေချာပေါက် ပြဿနာတက်မည် ဖြစ်သည်။

ကျန်းလန် သိချင်နေသည့် နောက်တစ်ချက်မှာ သူတို့ ကလေးရလျှင် လုန်ယွိက ဥဥမည်လား ၊ လူသားပုံစံဖြင့် ကိုယ်ဝန်ရှိမည်လား ဆိုသည့်အချက်ပင်။

ထိုကိစ္စက စောင့်ကြည့်ရမည် ဖြစ်သည်။ ဥမဥဘဲ လူသားများလို အကောာင်လိုက်မွေးဖွားလျှင်တော့ ပိုကောင်းပေမည်။

အတွေးနှင့်အတူ ကျန်းလန် သားရဲဥလေးကို လှမ်းကြည့်လိုက်သည်။ သူ့တွင် သားရဲဥလေးကို စောင့်ရှောက်ရသည့် အတွေ့အကြုံရှိပြီးသား ဖြစ်သည်။

သို့သော်…

သူ့ သားသမီးများကိုတော့ ဥ မှ မွေးဖွားစေလိုခြင်း မရှိခဲ့ပေ။

လုန်ယွိက နဂါးဥများဥခဲ့လျှင် ဥက ဘယ်တော့ပေါက်မည်လဲ မသေချာပေ။  ထိုအချက်က သူ့ကို အနည်းငယ် စိတ်ပူပန်စေသည်။

ထိုကိစ္စက လောလောဆယ်တွင် အရေးတကြီး မဟုတ်သေးသော်လည်း ကလေးရလာသည့်အခါ မတော်တဆမှုများ မဖြစ်ရလေအောင် ကြိုတင်ပြင်ဆင်ရမည် ဖြစ်သည်။

နောင်တွင် သားရဲဥများအကြောင်းနှင့် ကလေးမွေးခြင်းများအကြောင်း စာအုပ်များကို ရှာဖွေဖတ်ရှုပြီး ကြိုတင်ပြင်ဆင်ရပေမည်။

ကျန်းလန်တွေးနေစဉ် သူ့အနားသို့ တစ်စုံတစ်ယောက် ချဉ်းကပ်လာနေသည်ကို ခံစားလိုက်ရသဖြင့် လှည့်ကြည့်လိုက်သည်။

သူ့အနားသို့ ခြေသံဖွကာ တိတ်တိတ်လေး ချဉ်းကပ်လာသည့် ရှောင်ယွိကို တွေ့လိုက်ရသည်။

သူမသည် လုန်ယွိအသွင်နှင့်မဟုတ်တော့ဘဲ ရှောင်ယွိအသွင်ပြောင်းလဲထားပြီ ဖြစ်ပြီး ကျန်းလန်အနားတွင် ဝင်ထိုင်လိုက်သည်။

သူမက ကျန်းလန်ပခုံးထက်သို့ အသာခေါင်းမှီလိုက်ရင်း...

"ဂိုဏ်းတူမေင်လေး ၊ ကျွန်မကို မကြည့်နဲ့နော်"

ရှောင်ယွိ၏ မျက်နှာဘေးဘက်နှင့် လည်ပင်းအထိ အနာရွတ်တစ်ခု ရှိနေလေသည်။ ယခင်က တတိယတောင်ထွတ် ၊ မှော်ရုံနယ်မြေတွင် ရရှိခဲ့သည့် ဒဏ်ရာဖြစ်သည်။

သာမန်အခြေအနေတွင် ထိုအနာရွတ်က ထွက်ပေါ်လာခြင်း မရှိသော်လည်း ညကတော့ သူမ စိတ်လှုပ်ရှားလွန်းသည့်အတွက် ထွက်ပေါ်လာခဲ့သည်။

ယခုအချိန်ထိ သူမစိတ်များ တည်ငြိမ်ခြင်း မရှိသေးပေ။

သူမ၏ လက်များထက်တွင်လည်း နဂါးအကြေးခွံများ ပျောက်ကွယ်သွားခြင်းမရှိဘဲထင်ကျန်နေသေးသည်။

မနေ့ညက အဖြစ်အပျက်ကြောင့် သူမ အတော်လေး ကြောက်ရွံ့ပြီး စိတ်လှုပ်ရှားသွားဟန် ရှိသည်။

သို့သော် သူမ၏ စိတ်အခြေအနေကတော့ အမှားအယွင်း မရှိပေ။

"ဒီအနာရွတ်ကြီးက ဒီနေ့ ပြန်ပြီးသက်သာပါ့မလားတောင်မသိဘူး"

ရှောင်ယွိက သူမမျက်နှာကို အသာထိကိုင်ရင်း ပြောလိုက်သည်။

"ဒီလို ဖြစ်ရတာ ဂိုဏ်းတူမောင်လေးကြောင့် သိလား..."

သူမက ကျန်းလန်ကို အပြစ်တင်သလို ပြောလိုက်ရင်း အရေးမစိုက်ဟန်ဖြင့် ခြေထောက်များကို ရှေ့နောက်လှုပ်ယမ်းနေသည်။

မျက်နှာတွင် အနာရွတ်ရှိသည်ဖြစ်စေ ၊ လက်တွင် နဂါးအကြေားခွံများရှိနေသည် ဖြစ်စေ သူမ အလွန်လှပနေဆဲ ဖြစ်သည်ဟု  ကျန်းလန် ခံစားရသည်။

ရှောင်ယွိက ကုတ်ခြစ်ရာများနှင့်ပြည့်နေသည့် ကျန်းလန်၏လက်ကို သတိထားမိသွားပြီး...

"ဟင်... ဂိုဏ်းတူမောင်လေးရဲ့လက်မှာရော ဘာလို့ ဒဏ်ရာတွေရထားတာလဲ"

နဂါးများက အတိတ်မေ့တတ်လေသလားဟု ကျန်းလန် တွေးလိုက်မိသည်။

သူမကုတ်ခြစ်ထားသည့် ဒဏ်ရာများကို ရှောင်ယွိက မမှတ်မိတော့လေသည်လား။

ကျန်းလန်က အရးမစိုက်ဟန်ဖြင့် ဒဏ်ရာများကို တစ်ချက်ကြည့်လိုက်ပြီး...

"ဒါတွေက အပေါ်ယံဒဏ်ရာတွေပါ ၊ အရေးမကြီးပါဘူး"

ရှောင်ယွိက ကျန်းလန်လက်မှ ဒဏ်ရာများကို မန္တန်အသုံးပြုကာ ကုသပေးလိုက်ပြီး ကျန်းလန်ပခုံးထက်ခေါင်းမှီရင်း စကားဆိုသည်။

"ကျွန်မ နဝမတောင်ထွတ်မှာ အကြာကြီးနေလို့မရဘူးလို့ ဆရာက ပြောတယ် ၊ ဒီတော့ ဂိုဏ်းတူမောင်လေးနဲ့အတူ အချိန် (၁)လလောက်ပဲ နေနိုင်မယ်ထင်တယ် ၊ မဟုတ်ရင် မရဏအငွေ့အသက်တွေက ကျွန်မကို သက်ရောက်မှုရှိနိုင်တယ်"

သူမက ဆက်ပြောသည်။

"အဲဒီတော့ ဂိုဏ်းတူမောင်လေးက အချိန် (၁)လအတွင်း ကျွန်မကို ဒီကိစ္စတွေနဲ့ အသားကျသွားအောင် လုပ်ပေးဖို့ လိုတယ် ၊ ညဘက်တွေ နဂါးတစ်ဝက်အသွင် ပြောင်းမသွားရင် အကောင်းဆုံးပဲ မဟုတ်လား"

အချိန် (၁)လ…။

ကျန်းလန် သူ့လက်တွင် ထင်ကျန်နေသည့် ကုတ်ခြစ်ရာများကို ကြည့်လိုက်သည်။ အချိန် (၁)လအတွင်း သူ ဘယ်လောက်တောင် ကုတ်ခြစ်ခံရမည်လဲ မသိနိုင်ပေ။

လုန်ယွိကို နဂါးတစ်ဝက်အသွင် ပြောင်းလဲမသွားအောင် ပြုလုပ်ရန် အတော်လေး ခက်ခဲမည် ဖြစ်သည်။

သို့သော် ကျန်းလန်က ခေါင်းညိတ်သဘောတူလိုက်၏။

ယခု အများအမြင်တွင် သူက လူသားအင်မော်တယ်အဆင့် ဖြစ်လေရာ နဂါးလက်သည်းဖြင့် ကုတ်ခြစ်ခံရသည့် ဒဏ်ရာများက မပြောပသလို ပြသနာလည်း မရှိပေ။ သို့ပေသိ ထိတ်လန့်တိုင်း ၊ စိတ်လှုပ်ရှားတိုင်း နဂါးအသွင် (သို့မဟုတ်) နဂါးတစ်ဝက်အသွင် ပြောင်းလဲသွားခြင်းမှာ လုန်ယွိအတွက် ကောင်းသည့်ကိစ္စမဟုတ်ပေ။

ထို့နောက် ရှောင်ယွိက ခြံဝင်းထဲမှာပင် ကျင့်ကြံခြင်းကို စတင်လိုက်သည်။ မင်္ဂလာပွဲတွင် ရရှိထားသည့် တန်ခိုးစွမ်းအားများကို တတ်နိုင်သမျှ အမြန်ဆုံးစုပ်ယူပြီး ကျင့်ကြံရမည် ဖြစ်သည်။

ကျန်းလန်ကတော့ အလျင်လိုခြင်း မရှိပေ။ သူက ရှောင်ယွိနှင့် ကျင့်ကြံခြင်းအဆင့် တူညီသူမဟုတ်လေရာ ရွှေခန္ဓာကျင့်စဉ် ကျင့်ကြံရန်အတွက် အလောတကြီး လုပ်စရာမလိုပေ။

ရရှိထားသည့် တန်ခိုးစွမ်းအားများကို အချိန် (၁)လအတွင်း ဖြည်းဖြည်းချင်း စုပ်ယူကျင့်ကြံနိုင်မည် ဖြစ်သည်။ ပြီးလျှင်တော့ တာ့လော်အင်မော်တယ်အဆင့်သို့ လျှင်မြန်စွာ အဆင့်တက်နိုင်ပေလိမ့်မည်။

တာ့လော်အင်မော်တယ်အဆင့်ရောက်လျှင် တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက် ဖြစ်လာပြီဟု ဆုံးဖြတ်နိုင်သည်။ ထိုအချိန်ရောက်လျှင် ဆရာဖြစ်သူ၏ ကျင့်ကြံခြင်းအဆင့်ကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်မည် ဖြစ်သည်။

ဒီတစ်ခါတော့ သေချာပေါက် သိမြင်မည်ဟု သူ တွေးထင်ထားသည်။

ခွန်လွန်တောင်ဂိုဏ်းချုပ်ကတော့...

ထိုပုဂ္ဂိုလ်ကတော့ အလွန်တန်ခိုးစွမ်းအား မြင့်မားပုံရသည်။ အလွန်ပင် အထင်ကြီးစရာကောင်းသည့် တည်ရှိမှုတစ်ခု ဖြစ်နိုင်သည်။

ဧကရာဇ်ရှီးဟယ်က ခွန်လွန်ဂိုဏ်းချုပ်များလားဆိုသည်ကိုတော့ ကျန်းလန်လည်း မသိရှိပေ။ ဖြစ်နိုင်ခြေတော့ မြင့်မားသည်။

ကျန်းလန် ရှောင်ယွိကိုကြည့်လိုက်ပြီး အတွေးများ ရပ်တန့်လိုက်သည်။

သူမသည် ယခု ရှောင်ယွိအသွင်ပြောင်းထားပြီး ပိုမိုသွက်လက်တက်ကြွလျှက် ရှိသည်။

ညဘက် ကျန်းလန်နှင့်အတူ အိပ်စက်သည့်အချိန်များတွင်တော့ သူမက လုန်ယွိအသွင် ပြောင်းထားလေ့ ရှိလေသည်။

***

All Chapters