ကျောက်စိမ်းရေကန်မှသစ်သားအိမ်လေး
Vol. 30 Ch. 416
အချိန် (၁)လကြာမြင့်ခဲ့ပြီ ဖြစ်သည်။
နဝမတောင်ထွတ်၏ ခြံဝင်းထဲသို့ နေရောင်ခြည်များ ဖြာကျလျှက် ရှိသည်။
ကျန်းလန်နှင့်လုန်ယွိတို့ မက်မွန်တောလေးကို ဖြတ်သန်းလမ်းလျှောက်လာကြသည်။
ကျန်းလန်၏လက်တွင် ကုတ်ခြစ်ရာအနည်းငယ် ထင်ကျန်နေသည်ကို တွေ့မြင်ရသည်။ မန္တန်အသုံးပြုကုသထားသဖြင့် ခြစ်ရာများက ထင်ထင်ရှားရှားတော့ မရှိပေ။
ရှောင်ယွိက ကျန်းလန်လက်မှ ကုတ်ခြစ်ရာများကို ကြည့်လိုက်ရင်း...
"ဂိုဏ်းတူမောင်လေး ၊ ရှင်တစ်ခုခုတော့ စဉ်းစားသင့်တယ်နော်"
ထို့နောက် သူမက စိတ်ပူပန်ခြင်း မရှိဟန်ဖြင့် ရယ်မောလိုက်သည်။
တကယ်တော့ ကျန်းလန်နှင့် ချစ်ကျွမ်းဝင်ချိန်များတွင် နဂါးတစ်ဝက်အသွင် ပြောင်းလဲမသွားစေရန် သူမလည်း အစွမ်းကုန် ကြိုစားခဲ့သည်ပင်။
သို့သော်လည်း သူမက ထိန်းချုပ်နိုင်ခြင်းမရှိဘဲ နဂါးတစ်ဝက်အသွင် ပြောင်းလဲသွားဆဲ ဖြစ်သည်။
ကျန်းလန်က မည်သည့်စကားမှ မဆိုပေ။
လွန်ခဲ့သည့်လက ဒဏ်ရာများစွာရရှိခဲ့သော်လည်း သိသာထင်ရှားသောရလဒ်များမရှိခဲ့ပေ။ အားလုံးက အပေါ်ယံဒဏ်ရာများပဲ ဖြစ်သည်။
လုန်ယွိ နဂါးတစ်ဝက်အသွင် ပြောင်းလဲမသွားစေရန် နည်းလမ်းများစွာ သူ စဉ်းစားထားသော်လည်း သက်ရောက်မှုက နည်းပါးသည်။ ဖြည်းဖြည်းချင်း လုပ်ဆောင်ရန် လိုအပ်နေသေးသည်။
အနာဂတ်က ရှည်လျားသည်ဖြစ်ရာ အလျင်လိုစရာမရှိပေ။
လုန်ယွိ သူ့ကိုယ်သူ မထိန်းချုပ်နိုင်ခြင်းကို ကျန်းလန်က စိတ်အနှောက်အယှက် မဖြစ်မိပေ။
အချိန် (၁)လအတအတွင်း လုန်ယွိက ညဘက်များတွင် နဂါးတစ်ဝက်အသွင် ပြောင်းလဲနေသေးသော်လည်း ထွက်ပေါ်လာသည့် နဂါးအကြေးခွံများကတော့ လျော့နည်းသွားခဲ့သည်။
သူ့ကို ကုတ်ခြစ်ရန်နဂါးလက်သည်းများကတော့ထွက်ပေါ်လာဆဲ ဖြစ်သည်။ ကုတ်ခြစ်ဒဏ်ရာများ ရရှိသည်ကလွဲပြီး ကျန်းလန်အတွက် အခြားအန္တရယ် မရှိခဲ့ပေ။
ကျန်းလန်က...
"စိတ်တည်ငြိမ်အောင် စာအုပ်တွေ များများဖတ်လို့ရတယ်"
စိတ်တည်ငြိမ်ရန်အတွက် တစ်ခါတစ်လေ စာအုပ်ဖတ်ရန် လိုအပ်သည်။
ကျန်းလန်ကတော့ စိတ်တည်ငြိမ်စေရန် နဝမတောင်ထွတ်ကို သန့်ရှင်းရေး ပြုလုပ်လေ့ ရှိသည်။
ရှောင်ယွိက ကျန်းလန်နံဘေးတွင် ခုန်ပေါက်လမ်းလျှောက်နေရင်း...
"စာအုပ်တွေ အများကြီးဖတ်မယ်ဆိုရင် ကျွန်မလည်း ဂိုဏ်းတူမောင်လေးလို အထီးကျန်ဆန်ပြီး အဘိုးကြီးတစ်ယောက်နဲ့တူလာမှာပေါ့"
ကျန်းလန်က...
"ဂိုဏ်းတူအစ်မက အတွေးတွ လွန်နေပြန်ပြီ"
အမှန်တော့ လုန်ယွိက သူ့ကို အဘိုးကြီးတစ်ယောက်ပမာ ခံစားရခြင်းမှာ ပုံကြီးချဲ့ခြင်း မဟုတ်ပေ။
သူ့အသက်က (၆၀၀) ကျော်ပြီဖြစ်လေရာ လူသားအသက်နှင့်တွက်ဆလျှင် ငယ်သည်ဟု မဆိုသာတော့ပေ။
လုန်ယွိကတော့ အင်မော်တယ်ဖြစ်ပြီးနောက်ပိုင်းမှ အရွယ်ရောက်လာသည့် နဂါးမယ်လေး ဖြစ်သည်။ သူမကို ပထမဆုံး တွေ့ရစဉ်က သူမသည် သေးငယ်သည့် နဂါးဖြူလေးတစ်ကောင်မျှသာ ဖြစ်သည်။
ယခုလည်း ထပ်တူပင်ဖြစ်ကြောင်း ရှောင်ယွိကိုကြည့်ရင်း ကျန်းလန် ခံစားရသည်။
သူမသည် အရပ်အနည်းငယ် မြင့်လာသည်ဟုထင်ရသည့်တိုင် ကလေးဆန်သည့် ပင်ကိုယ်စရိုက်က မပြောင်းလဲသေးပေ။
"ဟွန်း... ဂိုဏ်းတူမောင်လေးကြောင့်တော့ ကျွန်မ လမ်းလွှဲ မလိုက်နိုင်ပါဘူးနော် ၊ မဟုတ်ရင် ကျွန်မတို့နှစ်ယောက် တစ်ယောကနဲ့တစ်ယောက်စကားမပြောဘဲ တစ်နေကုန် ငုတ်တုတ်ကြီးတွေ ထိုင်နေကြဦးမယ်"
ရှောင်ယွိက လက်နှစ်ဖက်ကို နောက်ပစ်ရင်း ရုပ်တည်ကြီးဖြင့် ပြောလိုက်သည်။
"ဒါနဲ့ ကျွန်မ ကျောက်စိမ်းရေကန်ကို ပြန်တဲ့အချိန်ကျ ဂိုဏ်းတူမောင်လေးက ပုံမှန်အတိုင်းပဲ ဆက်ပြီး ကျင့်ကြံမှာလား"
ကျန်းလန်က နူးညံ့သည့်လေသံဖြင့်...
"အင်း... ဂိုဏ်းတူအစ်မ ပြန်လာတဲ့အထိ ကျင့်ကြံနေရမှာပေါ့"
ရှောင်ယွိ ပြုံးလိုက်လေသည်။
သူတို့ (၂)ယောက် မက်မွန်တောအပြင်ဘက်ရောက်သည်နှင့် ရှဗာင်ယွိက ကျန်းလန်ရှေ့တွင် မတ်တတ်ရပ်လိုက်ရင်း...
"ဂိုဏ်းတူမောင်လေး ၊ မျက်လုံးမှိတ်ထား"
ကျန်းလန် : "……"
ကျန်းလန် မျက်လုံးများမကို မမှိတ်မီ ရှောင်ယွိ၏လက်များက သူ့မျက်ဝန်းများကို လာရောက်ဖုံးအုပ်လိုက်သည်။
ထို့နောက် နူးညံ့သည့် အနမ်းလေးတစ်ခုက ကျန်းလန် နှုတ်ခမ်းများထက်ဆီ ကျရောက်လာသည်။
"ဂိုဏ်းတူမောင်လေး ၊ ကြည့်လိုက် ကျွန်မ နဂါးတစ်ဝက်အသွင်ပြောင်းမသွားတော့ဘူး"
ပြောရင်း ရှောင်ယွိက ကျန်းလန်မျက်လုံးများထက်မှ သူမလက်များကို ဖယ်ရှားလိုက်သည်။
ရှောင်ယွိ အမှန်တကယ်ပင် နဂါးတစ်ဝက်အသွင် ပြောင်းလဲမွားကြောင်း ကျန်းလန် တွေ့မြင်လိုက်ရသည်။ အနမ်းလေးများဖြင့်တော့ အသားကျပြီထင်၏။
သို့သော် ကျန်းလန် စကားပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ရှောင်ယွိ တောင့်ခံမထားနိုင်ကြောင်း သိလိုက်ရသည်။ နဂါးအသွင် ပြောင်းလဲမသွားသည့်တိုင် လုန်ယွိအသွင်သို့ ပြောင်းလဲသွားလေသည်။
ကျန်းလန် မည်သည့်စကားမှ မပြောတော့ဘဲ တိတ်ဆိတ်နေ၏။
ရှောင်ယွိအသွင်မှ လုန်ယွိအသွင်ပြောင်းသွားသော်လည်း သူမ နဂါးတစ်ဝက်အသွင် ပြောင်းမသွားသည်ကတော့ အမှန် ဖြစ်သည်။
"မျှတတဲ့ အပေးအယူကို သတိရပါနော် ၊ ရှင်အပြင်ထွက်ရင် ကျွန်မအတွက် လက်ဆောင်ဝယ်ခဲ့ရမယ်"
သာယာကြည်လင်သည့် အသံလေးက ကျန်းလန်နားထဲ ဝင်ရောက်လာသည်။
ကျန်းလန် ခေါင်းညိတ်ပြလိုက်သည်နှင့် လုန်ယွိက ဓားကိုစီးနှင်ကာ ကျောက်စိမ်းရေကန်သို့ ပြန်သွားတော့သည်။
"နောက်ရက် နည်းနည်းလောက်ကျ ကျွန်မ ပြန်လာခဲ့မယ်"
အသံထွက်ပေါ်လာပြီးနောက် လုန်ယွိတစ်ယောက် ကျန်းလန်၏မြင်ကွင်းထဲမှ ပျောက်ကွယ်သွားတော့သည်။
ရှောင်ယွိအနေဖြင့် နဝမတောင်ထွတ်တွင် အကြာကြီးနေရန် မသင့်တော်ပေ။ မရဏအငွေ့အသက်များက သူမကို များစွာ ဒုက္ခပေးမည် ဖြစ်သည်။
ယခုတော့ သူမနှင့် ကျန်းလန် အတူတူနေထိုင်ခဲ့သည်မှာ အချိန် (၁)လ ကြာမြင့်ပြီ ဖြစ်သည်။
"ဒီအတိုင်းဆိုရင် ကျောက်စိမ်းရေကန်မှာလည်း သစ်သားအိမ်တစ်လုံးလောက် အချိန်ယူပြီး ဆောက်ပေးရမယ်"
ကျန်းလန် တွေးလိုက်သည်။
အချိန်ရလျှင် ကျောက်စိမ်းရေကန်သို့ ခဏတော့ အခြေအနေသွားကြည့်ပြီး ပြုပြင်ရလွယ်ကူသလို ဆောက်ရလည်း လွယ်ကူသည့် သစ်သားအိမ်လေးတစ်လုံး တည်ဆောက်ရမည် ဖြစ်သည်။
သစ်သားအိမ်လေးတစ်လုံးလောက်ကတော့ နဝမတောင်ထွတ် ခြံဝင်းအတွင်းမှ အိမ်ကြီးကဲ့သို့ လပေါင်းများစွာ အချိန်ကြာမြင့်အောင် ဆောက်လုပ်ရမည် မဟုတ်ပေ။
***
ခြံဝင်းထဲတွင် ကျန်းလန် သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များ လောင်းပေးလိုက်သည်။ ထို့နောက် မရဏဂူရှိရာသို့ ထွက်လာခဲ့၏။
မိုးမချုပ်သေးသော်လည်း စာလည်းဖတ်ပြီးသလို လုပ်စရာရှိသည့်အလုပ်များလည်း ပြုလုပ်ပြီးဖြစ်လေရာ ကျင့်ကြံရန် အချိန်ကျပြီ ဖြစ်သည်။
မင်္ဂလာပွဲတွင် သူနှင့် ရှောင်ယွိ ရောင်စဉ် (၉)မျိုးအလင်းတန်းများမှ တန်ခိုးစွမ်းအားများနှင့် နဂါးစွမ်းအားအနှစ်သာရများကို စုပ်ယူခဲ့ကြသည်။ ထိုအရာများက ကျင့်ကြံခြင်းအဆင့် လျှင်မြန်စွာ မြင့်တက်လာစေရန် အထောက်အကူပြုမည် ဖြစ်သည်။
ထိုတန်ခိုးစွမ်းအားများက ရှောင်ယွိအတွက် ပိုမိုအသုံးဝင်မည်ဖြစ်သလို သူ့အတွက်လည်း အထောက်အကူပြုသည်။ ထို တန်ခိုးစွမ်းအားများကို စုပ်ယူကျင့်ကြံရန်အတွက် မည်မျှအချိန်ယူရမည်လဲ ကျန်းလန် သိချင်မိသည်။
ရှောင်ယွိ ကျောက်စိမ်းရေကန်သို့ ပြန်သွားပြီးနောက် ကျန်းလန်က သူ၏ယခင်လုပ်ရိုးလုပ်စဉ်အတိုင်းပင် ညဘက်တွင် ကျင့်ကြံပြီး နေ့ဘက်တွင် ခြံဝင်းကို သန့်ရှင်းရေးလုပ်ရင်း စာဖတ်လေ့ရှိသည်။
အချိန်များက ရိုးရှင်းစွာပင် ကုန်ဆုံးသွားပြီး ကျန်းလန်က ကျင့်ကြံခြင်းမှ မနိုးထဘဲ နစ်မြုပ်နေခဲ့သည်။ ရှောင်ယွိရောက်လာမှာလျှင် သူက ကျင့်ကြံခြင်းကို ရပ်နားသည်။
(၃)လဆိုသည့်အချိန်က လျှင်မြန်စွာပင် ကုန်ဆုံးသွားခဲ့သည်။ ဤအချိန်များအတွင်း ရှောင်ယွိ သူ့ထံ မကြာခဏလာရောက်လည်ပတ်ခဲ့သည်။
မရဏအငွေ့အသက်များကြောင့်လည်းကောင်း ၊ ကျောက်စိမ်းရေကန်နှင့် ကြာရှည်ဝေးကွာ၍ မရသည်ကတစ်ကြောင်းတို့ကြောင့် သူ နဝမတောင်ထွတ်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခြင်း မရှိခဲ့ပေ။ သို့သော် လက်မထပ်မီကလို (၁)ရက်ခန့်နေပြီး ပြန်သွားခြင်းမျိုးလည်း မပြုလုပ်ခဲ့ပေ။
မည်သို့ပင်ဖြစ်စေ ရှောင်ယွိ ရောက်လာခြင်းက ကျန်းလန်၏ ကျင့်ကြံခြင်းကို မထိခိုက်စေခဲ့ပေ။
***
နံနက်ခင်းအချိန်။
ကျန်းလန် ကျင့်ကြံရာမှ နိုးထလာသည်။
ယခု မင်္ဂလာပွဲမှရရှိသည့် တန်ခိုးစွမ်းအားများအားလုံးကို စုပ်ယူကျင့်ကြံနိုင်ခဲ့ပြီး ရွှေခန္ဓာကျင့်စဉ်သည်လည်း အဆင့်တက်သွားခဲ့ပြီ ဖြစ်သည်။ တာ့လော်အင်မော်တယ်အဆင့်သို့တက်ရောက်ရန် အချိန် ပိုမိုနီးကပ်လာပေပြီ။
ယခင်က အနှစ် (၄၀)ဆိုလျှင် တာ့လော်အင်မော်တယ်အဆင့် တက်လှမ်းနိုင်မည်ဟု ခန့်မှန်းမိသော်လည်း ယခုတော့ အနှစ် (၃၀) ခန့်သာ လိုအပ်ပေတော့မည်။
မရဏဂူထဲမှ ထွက်လိုက်သည်နှင့် ပူပြင်းသည့်နေရောင်ခြည်ကို ကျန်းလန် ခံစားလိုက်ရသည်။ မင်္ဂလာပွဲမှ ရရှိသည့် တန်ခိုးစွမ်းအားအကုန်လုံးကို စုပ်ယူကျင့်ကြံပြီးနောက် ခဏမျှအနားယူရန် ဆုံးဖြတ်ထားသည်။
သို့သော် ယနေ့ ရှောင်ယွိ သူ့ထံသို့ ရောက်မလာခဲ့ပေ။ ထို့ကြောင့် ကျောက်စိမ်းရေကန်သို့ လိုက်သွားရန် ကျန်းလန် စဉ်းစားလိုက်သည်။
ကျောက်စိမ်းရေကန်တွင် သစ်သားအိမ်တစ်လုံးဆောက်လုပ်ရန်လည်း အခြေအနေလေ့လာကြည့်ရမည် ဖြစ်သည်။
သူနှင့်ရှောင်ယွိ လက်ထပ်ပြီးနောက်ပိုင်း ကျန်းလန် ကျောက်စိမ်းရေကန်သို့သွားရာတွင် ကန့်သတ်ချက်များစွာ မရှိတော့ပေ။ သို့ပေသိ ရှောင်ယွိ နဝမတောင်ထွတ်သို့ လာရောက်လျှင်တော့ များစွာသော ကန့်သတ်ချက်များ ရှိနေခဲ့သည်။
ထိုအထဲတွင် အပြင်းထန်ဆုံးမှာ မရဏအငွေ့အသက်များပင် ဖြစ်သည်။ ထို့ကြောင့် လုန်ယွိအနေဖြင့် နဝမတောင်ထွတ်တွင် အချိန်ကြာမြင့်စွာ နေထိုင်နိုင်ခြင်း မရှိခဲ့ပေ။
တွေးရင်းဖြင့် ဓားကိုစီးနှင်ပျံသန်းကာ ကျောက်စိမ်းရေကန်သို့ ဦးတည်ထွက်ခွာလာခဲ့သည်။
ကောင်းကင်ပြာပြာတွင် တိမ်ဖြူတို့ဖြင့် ပြည့်နက်လျှက် လေပြေလေးကလည်း သာသာယာယာတိုက်ခတ်နေလေရာ အပူရှိန်ကို လျော့ပါးစေသည်။
ခဏအကြာတွင်တော့…
ကျန်းလန် ကျောက်စိမ်းရေကန်တည်ရှိရာ တောင်ထွတ်ဆီသို့ ရောက်ရှိလာသည်။
မြူခိုးများကို လက်ဖြင့်အသာထိတွေ့လိုက်ပြီး လုန်ယွိကို သူရောက်လာကြောင့် အသိပေးလိုက်ပြီး မကြာခင် ကျောက်စိမ်းရေကန်ဆီသို့သွားရာလမ်းကြောင်း ပွင့်လာသည်။
ကျောက်စိမ်းရေကန်က အလွန်ထူးခြားသည်။ ပြင်ပမှလူများ အထဲသို့ဝင်ရောက်လိုပါက ကျောက်စိမ်းရေကန်နတ်ဘုရားမ၏ ခွင့်ပြုချက်လိုအပ်သည်။
သို့တိုင် ကျောက်စိမ်းရေကန်တည်ရှိရာ တောင်ထွတ်အစွန်းသို့သာ ဝင်ရောက်နိုင်ပြီး ကျောက်စိမ်းရေကန်ရှိရာသို့ တက်လှမ်းနိုင်သူ မရှိပေ။
ကျန်းလန်ကတော့ လုန်ယွိနှင့် လက်ထပ်ထားသူ ဖြစ်သဖြင့် အဆင်ပြေလေသည်။
အခြားသူများ ကျောက်စိမ်းရေကန်အတွင်း ဝင်ရောက်လိုသည်ဆိုလျှင်တော့ ခွန်လွန်တောင်တစ်ခုလုံးနှင့် တိုက်ပွဲဆင်နွှဲရပေလိမ့်မည်။
စက္ကန့်အနည်းငယ်ကြာသည့်အခါ ကျောက်စိမ်းရေကန်အစွန်းတွင် အလွန်ချောမောလှပသော မိန်းမပျိုတစ်ယောက် မတ်တတ်ရပ်နေသည်ကို တွေ့မြင်လိုက်ရသည်။ သူမ၏ဆံနွယ်များက နက်မှောင်ရှည်လျားပြီး သူမမျက်နှာက အေးဆေးတည်ငြိမ်လျှက် ရှိသည်။
သူမ၏ အေးစက်သည့် အသွင်အပြင်ကြောင့် မည်သူမဆို အနားသို့ ကပ်ရဲကြမည် မဟုတ်ပေ။ ကျန်းလန်အနားသို့ ရောက်လာသည့်အခါ သူမထံမှ အေးစက်သည့် အငွေ့အသက်များ ပျောက်ကွယ်သွားသည်။
လုန်ယွိက စကားတစ်ခွန်းမှမဆိုဘဲ သူမအနား ရောက်ရှိလာသည့် ကျန်းလန်ကို ကြည့်နေသည်။
ထို့နောက် သစ်သားဓားလေးကို ထုတ်ယူလိုက်ပြီး ကျန်းလန်အား လှမ်းပေးလိုက်ရင်း…
"ဂိုဏ်းတူမောင်လေး ၊ ဓားဝိညာဉ်ထည့်ပေးဖို့ မေ့နေတာ ကြာပြီ"
ကျန်းလန် : "……"
အရင်ကတော့ ညဘက်များတွင် သစ်သားဓားလေးအတွင်းသို့ နဂါးသုတ်သင်ဓားဝိညာဉ် ထည့်သွင်းပေးလေ့ ရှိသည်။
သို့သော် ယခုတော့ ညဘက်များတွင် လုန်ယွိကို နဂါးတစ်ဝက်အသွင်ပြောင်းအောင် ကူညီနေရသည်နှင့် သစ်သားဓားလေးကို မေ့လျော့သွားခဲ့သည်ပင်။
ကျန်းလန် သစ်သားဓားလေးကို လှမ်းယူလိုက်သည်နှင့် လုန်ယွိက ရှောင်ယွိအဖြစ် ချက်ချင်း အသွင်ပြောင်းသွားပြီး ကျန်းလန်အနားသို့ ရယ်မောခုန်ပေါက်ကာ ပြေးလွှားလာသည်။
"ဂိုဏ်းတူမောင်လေး ၊ ဘာလို့ ရုတ်တရက်ကြီး ဒီကိုရောက်လာရတာလဲ ၊ ကျွန်မ နဂါးတစ်ဝက်အသွင်မပြောင်းအောာင် ကူညီပေးဖို့ နည်းလမ်းတစ်ခု စဉ်းစားမိလို့လား"
ကျန်းလန်က ခေါင်းခါယမ်းလိုက်ရင်း...
"မဟုတ်ပါဘူး"
ထို့နောက် ရှောင်ယွိဘေးတွင် ထိုင်လိုက်ရင်း သစ်သားဓားလေးအတွင်းသို့ ဓားဝိညာဉ် စတင်ထည့်သွင်းပေးလိုက်သည်။
ရှောင်ယွိက ကျန်းလန်နံဘေးသို့ ခုန်ဆင်းရင်းဝင်ထိုင်လိုက်သည်။
သူမ၏လက်များကို ကျောက်တုံးထက်သို့ တင်ထားပြီး ခြေထော်များကို ခါယမ်းနေရင်း ကျန်းလန်ကို ပြုံးပြလိုက်သည်။
"ဂိုဏ်းတူမောင်လေး ၊ ကျွန်မ တစ်ခုတွေးမိတာရှိတယ် သိလား"
ကျန်းလန်က...
"ဘာများလဲ"
"အခု ကျွန်မတို့က အကြင်လင်မယားတွေ ဖြစ်နေကြပြီ မဟုတ်လား ၊ ဒီတော့..."
ရှောင်ယွိ၏ မျက်ဝန်းလေးများက ရွှင်မြူးမှုကြောင့် မှေးစင်းလျှက် ရှိသည်။
"အခု ကျွန်မ ရှင့်ကို ဂိုဏ်းတူမောင်လေးလို့ မခေါ်ဘဲ ယောကျ်ားရေလို့ ခေါ်ရမလား"
***