နှစ်ပေါင်း (၃၀) ရှိသွားပြီ
Vol. 30 Ch. 418
ခွန်လွန်တောင်…။
နှင်းများ ထူထပ်စွာ ကျဆင်းလျှက် ရှိသည်။
ဓားများကို စီးနှင်ပျံသန်းနေကြသည့် ခွန်လွန်တောင်တပည့်များစွာလည်း ရှိသည်။ နှင့်များက သူတို့ကို များစွာ ထိခိုက်စေခြင်း မရှိကြပေ။
ခွန်လွန်တောင်တပည့်များကြားတွင် အင်မော်တယ် များစွာ မရှိသော်လည်း မည်သူမှ ကျင့်ကြံခြင်းအဆင့် မနိမ့်ပါးကြပေ။ လူတိုင်း ဓားများကိုစီးနှင်ပျံသန်းတတ်ကြသည်ပင်။
လူငယ် (၂)ယောက်သည် ခွန်လွန်တောင်ခြေမှ ဓားများကို စီးနှင်ပျသန်းလာကြသည်။ သူတို့ (၂)ယောက်မှာ ကျိုးစူးနှင့် လုချန်တို့ဖြစ်ကြ၏။
ကျိုးစူးက သက်ပြင်းချလိုက်ရင်း…
"အဖေက အသက်ကြီးနေပြီ ၊ သူ အသက်ဆက်ရှင်သန်နိုင်ဖို့ ကျုပ် ကူညီပေးရင်တောင်မှ သူ့အသက်က သက်တမ်းကုန်နေပြီ"
လုချန်က…
"ဟုတ်ပ… ၊ သဘာ၀ ဘေးအန္တရယ်တွေသာ ဖြစ်မလာဘူးဆိုရင် သူတို့ ကောင်းကောင်း အနားယူနိုင်ကြမှာ"
ကျိုးစူးက ခေါင်းညိတ်လိုက်ရင်း…
"ဟုတ်တယ် ၊ ဒီတစ်ခေါက် ကျုပ်ပြန်သွားရင် အဖေအမေတို့ကို ပိုပြီး အချိန်ပေးရမယ်"
ထို့နောက် သူက နဝမတောင်ထွတ်ရှိရာသို့ လှမ်းကြည့်လိုက်သည်။
"နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုက ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့ လက်ထပ်ခဲ့တာတောင် နှစ်ပေါင်း (၃၀) ရှိသွားပြီနော် ၊ ဒီနှစ်တွေအတွင်း ဂိုဏ်းတူအစ်ကိုကျန်းလန် တောင်အောက်ဆင်းတာ တစ်ခါမှ မတွေ့ဘူး ၊ နောက်ဆို တဖြည်းဖြည်းနဲ့ ဂိုဏ်းတူအစ်ကိုကျန်းလန် ဘယ်လောက်တော်တယ်ဆိုတာ လူတွေ မေ့သွားကြတော့မှာပဲ"
လုချန်က သဘောကျစွာဖြင့်…
"သူက တကယ်တော်တယ်နော် ၊ ပါရမီရှင်တွေထက်တောင် အချိန်စောပြီးပြီး အင်မော်တယ် ဖြစ်သွားတယ် ၊ အရင်က သူ့ကို ဝေဖန်ကြတာက အစပိုင်းမှာ ပါရမီရှင်တွေလို အဆင့်တက်တာ မြန်နေပေမယ့် မူလဝိညာဉ်အဆင့်ရောက်ရင် ကျန်ရစ်ခဲ့မယ်လို့ ပြောနေတကြတာ ၊ ပြီးတော့ သူ့အတွက် အင်မော်တယ်ဖြစ်လာဖို့ကလည်း အရမ်းခက်တယ်တဲ့ ၊ အခုလိုမျိုး ပါရမီရှင်တွေထက်တောင် အချိန်စောပြီး အင်မော်တယ်ဖြစ်သွားမယ်လို့ ထင်မထားဘူး"
သူမ ခွန်လွန်တောင်ရောက်သည်မှာ ကြာလာသည်နှင့်အမျှ ကျန်းလန်ကို ပိုပြီး သဘောကျလာမိသည်။
လုချန် ထိုသို့ စိတ်ထားပြောင်းလဲသွားရသည်မှာ ကျိုးစူးကလည်း ရှင်းပြခဲ့သောကြောင့် ဖြစ်၏၊ ပဉ္စမတောင်ထွတ် မှော်ရုံနယ်မြေထဲတွင် ကျန်းလန်က ကျိုးစူး၏ အသက်ကို ကယ်တင်ခဲ့ဖူးသည်။
အစပိုင်းတွင် သူက ကျန်းလန်ကို စော်ကားခဲ့သလို ဖြစ်ခဲ့သော်လည်း တပည့်အချင်းချင်းကြားတွင် အသေးအမွှားကိစ္စများကို စိတ်ထဲထားလေ့မရှိကြောင်း သူ နားလည်ခဲ့ရသည်။
ကျိုးစူးက သက်ပြင်းချလိုက်ရင်း…
"အမှန်ပဲ ၊ ဂိုဏ်းတူအစ်ကိုကျန်းလန်က ဂိုဏ်းထဲဝင်တာ နှစ်ပေါင်း (၆၀၀)လောက်ပဲ ရှိသေးပေမယ့် လူသားအင်မော်တယ် ဖြစ်နေပြီ ၊ ကျုပ်တို့မှာတော့ အနှစ် (၅၀၀) ရှိနေပြီး မရှိမှုအာကာသအဆင့်ကနေ မတက်နိုင်သေးဘူး ၊ အင်မော်တယ် ဖြစ်လာဖို့ နှစ်ပေါင်းရာနဲ့ချီ စောင့်ရဦးမယ် ၊ ဂိုဏ်းတူအစ်ကိုကျန်းလန်နဲ့တော့ အရမ်းကွာခြားသွားပြီ"
လုချန်က…
"ဒါပေမဲ့ ကျွန်မတို့ရဲ့ မိသားစုတွေနဲ့ယှဉ်ရင်တော့ ကျွန်မတို့က ပိုပြီးသန်မာတာပေါ့"
သူတို့ (၂)ယောက် စကားမပြောကြတော့ဘဲ ဓားကိုစီးနှင်ကာ ခွန်လွန်တောင်မှ ထွက်ခွာသွားကြပြီး မိုးကုပ်စက်ဝိုင်းဆီသို့ တိုးဝင်ပျောက်ကွယ်သွားကြသည်။
***
ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်။
လူအချို့ ရှိနေကြလေသည်။ နဂါးမျိုးနွယ်များနှင့် ခွန်လွန်တောင်မှ တောင်သခင်များ ဖြစ်ကြ၏။
ထိုင်ခုံတစ်ခုထက်တွင်ထိုင်နေသည့် နဂါးဧကရီရန်ကျင်းက…
"အခု မင်္ဂလာပွဲကျင်းပပြီးတာ နှစ်ပေါင်း (၃၀) ရှိပြီ ၊ ခွန်လွန်တောင်က ဘယ်လောက်ကြာကြာထပ်စောင့်ဦးမှာလဲ သိချင်မိတယ်"
နှစ်ပေါင်း (၃၀)ဆိုသည်က နှစ်ပေါင်း (၅၀) ပြည့်ရန် သိပ်မလိုတော့ပေ။
ပြီးတော့ နှစ်ပေါင်း (၃၀)ဆိုသည်က ကျန်းလန်နှင့်လုန်ယွိအတွက် အတူတူနေထိုင်ရန် အချိန်လုံလောက်ပြီ ဖြစ်သည်။ သူတို့ (၂)ယောက် အနေဖြင့် နဂါးနန်းတော်သို့ အလည်အပတ်လာရောက်မည်ဆိုလျှင် အချိန်တန်ပြီ ဖြစ်သည်။
သို့ရာတွင် ခွန်လွန်တောင်က ထပ်မံအချိန်ဆွဲလိုလျှင်တော့ သူတို့ဘာမှလုပ်၍ရမည် မဟုတ်ပေ။
လျိုကျင်းက ခပ်တိုးတိုးလေသံဖြင့်…
"အချိန်ကတာ့ လုံလောက်ပါပြီ"
သူက ဆက်ပြောသည်။
"ဒီနှစ်လအတွင်း ကျုပ်တို့ဘက်က ပြင်ဆင်မှုတွေ ပြုလုပ်ပြီးတာနဲ့ ခရီးထွက်ပါ့မယ်"
လုန်စီးစီးက မယုံကြည်နိုင်စွာဖြင့်…
"ရှင်တို့ဘက်က သဘောတူလိုက်တာလား"
မြောင်ယွဲ့က လုန်စီးစီးကို ကြည့်ပြီး ပြုံးလိုက်ရင်း…
"ရွေးချယ်စရာမှ မရှိတာ… ဘာလဲ… နောက်ထပ် (၁၀)နှစ် ထပ်စောင့်လိုက်ရမလား"
လုန်စီးစီး တိတ်ဆိတ်ငြိမ်သက်သွား၏။
ခွန်လွန်တောင်က လွယ်လွယ်နှင့်သဘောတူလိုက်သည်ကို သူတို့က အသားမကျ ဖြစ်နေခြင်းပင်။ အမှန်တော့ ခွန်လွန်တောင်နှင့် ငြင်းခုန်ညှိနှိုင်းရခြင်းများနှင့်ပတ်သက်ပြီး သူတို့ ပင်ပန်းနေကြပြီ ဖြစ်သည်။
တောင်သခင်များဘက်မှ ငြင်းဆန်ရန်အတွက် ဆင်ခြေဆင်လက်များ အမြဲတမ်း ရှိနေခဲ့ကြသည်။ သို့သော် ယခုတစ်ကြိမ်တော့ ခွန်လွန်တာင်က မငြင်းဆန်ဘဲ ခေါင်းညိတ်လိုက်လျောခဲ့သည်။
အကြံအစည်တစ်ခုခု ရှိနေသည်ဟုပင် သူတို့ ခံစားကြရသည်။ သို့သော် တကယ်တမ်း စဉ်းစားကြည့်ပြန်တော့ ခွန်လွန်တောင်က မည်သို့သောအကြံအစည် ရှိနိုင်ပါမည်လဲ။
လုန်လီသည်လည်း မျက်မှောင်ကြုတ်လိုက်သည်။
သူတို့ ထင်မှတ်မထားသည့်အကြံအစည်တစ်ခုခုကို ခွန်လွန်တောင်က ကြံစည်နေသည်ဟု ခံစားမိသည်။ သို့သော် ခွန်လွန်တောင်က တမင်သက်သက် ထိုသို့ ခံစားမိအောင်လုပ်နေခြင်းများလားဟု တွေးမိပြန်၏။
လူသားများက တကယ်ပင် စိတ်ထားယုတ်မာသူများ ဖြစ်ကြသည်။ တစ္ဆေတိုင်းပြည်၏ မှတ်ချက်က မှန်ကန်လွန်းလှသည်ပင်။
ခွန်လွန်တောင်က လူသားများနှင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ သူတို့ကိုကြည့်ရသည်မှာ အနိုင်ကျင့်ရလွယ်ကူမည်ဟု ထင်မှတ်ရသော်လည်း တကယ်တမ်းရင်ဆိုင်တိုက်ခိုက်သည့်အခါ ရန်သူများအနေဖြင့် အရှုံးနှင့်သာ ရင်ဆိုင်ကြရမည် ဖြစ်သည်။
လူသားများဆိုသည်က အသားကိုစားရုံသာမက အရိုးကိုပါ ထွေးမထုတ်ဘဲ မျိုချတတ်ကြသည့် အလွန် ယုတ်မာညစ်ပတ်ကြသော သားရဲအုပ်စုဖြစ်သည်။
"ကောင်းပြီလေ ၊ ဒါဖြင့် အချိန် (၂)လ စောင့်တာပေါ့"
ရန်ကျင်းက အံ့အားသင့်သွားသော်လည်း သဘောတူလိုက်သည်။
နှစ်ပေါင်းရာနှင့်ချီပြီး စောင့်ဆိုင်းခဲ့ရပြီးဖြစ်လေရာ အချိန် (၂)လက စာမဖွဲ့လောက်တော့ပေ။
လျိုကျင်းက…
"ဒါနဲ့ ကျောက်စိမ်းရေကန်နတ်ဘုရားမကို နဂါးနန်းတော်မှာ ဘယ်လောက်နေစေချင်လဲ"
ရန်ကျင်းက…
"အနည်းဆုံး (၁)လပေါ့"
လုန်ယွိကို နဂါးနန်းတော်တွင် အချိန်ကြာမြင့်စွာခေါ်ထားရန် မလိုအပ်သော်လည်း အချိန်ပိုမိုရရှိလေ ကောင်းမွန်လေပဲ ဖြစ်သည်။
နဂါးနန်းတော်တွင် နေထိုင်မည့်အချိန်နှင့်ပတ်သက်ပြီး တောင်သခင်များက သူတို့၏ အမြင်များကို ထုတ်ဖော်မပြောခဲ့ကြပေ။ အကြောင်းမှာ ရန်ကျင်းတောင်းဆိုမည့်အချိန်ကာလကို သူတို့က မျှော်လင့်ထားပြီးသား ဖြစ်နေသောကြောင့်ပင်။
လျိုကျင်းက…
"ကောင်းပြီလေ ၊ ကျန်းလန်နဲ့လုန်ယွိ အဆင်သင့်ဖြစ်ရင် ကျုပ်တို့ ခရီးထွက်ကြတာပေါ့ ၊ နဂါးမျိုးနွယ်တွေဘက်ကလည်း ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားပါ"
နဂါးမျိုးနွယ် အနည်းငယ်ကတော့ ခွန်လွန်တောင်နှင့် စကားပြောရသည်မှာ လွယ်ကူသည်ဟု ခံစားမိကြပေလိမ့်မည်။ သို့သော် နဂါးဧကရီရန်ကျင်းတို့ကတော့ ထိုသို့ လွယ်ကူနေခြင်းက စိတ်မသက်မသာ ဖြစ်စေသည်။
သို့ရာတွင် သူတို့အနေဖြင့် နောက်ဆုတ်ကြမည် မဟုတ်ပေ။ ခွန်လွန်တောင်မှ တောင်သခင်များကလည်း များစွာ ဆွေးနွေးကြခြင်း မပြုပေ။
နှစ်ပေါင်း (၃၀)ဆိုသည်က ကျောက်စိမ်းရေကန်နတ်ဘုရားမနှင့် ကျန်းလန်၏ ဆက်ဆံရေးတည်ဆောက်ရန်လုံလောက်သည့် အချိန်ဖြစ်သလို မင်္ဂလာပွဲမှရရှိသည့် တန်ခိုးစွမ်းအားအကျိုးအမြတ်များကိုလည်း စုပ်ယူကျင့်ကြံရန် လုံလောက်သည်။
သို့ဖြစ်ရာ ခရီးစဉ်ကို နှောင့်နှေးနေစရာ အကြောင်း မရှိတော့ပေ။
***
နဝမတောင်ထွတ် ၊ မရဏဂူ။
ကျန်းလန်က မျက်လုံးများကို မှိတ်လျှက် ကျင့်ကြံနေသည်။
သူ၏မျက်ဝန်းများနှင့် ခန္ဓာကိုယ်တစ်ခုလုံးက ရွှေရောင်အလင်းတန်းများဖြင့် ပြည့်နက်လျှက် ရှိ၏။ ထိုခဏမှာပင် ရွှေခန္ဓာကျင့်စဉ်အောင်မြင်သွားပြီး ပြီးပြည့်စုံသည့် ရွှေခန္ဓာ ရရှိသွားပြီဖြစ်ကြောင်း သူ ခံစားလိုက်ရသည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံး တန်ခိုးစွမ်းအားများဖြင့် ပြည့်နက်နေပြီး အရင်ကထက် များစွာပိုမိုပြီး တန်ခိုးစွမ်းအား မြင့်မားလာခဲ့သည်။ သူ တာ့လော်အင်မော်တယ်တစ်ပါး၏ ရွှေခန္ဓာကျင့်စဉ်ကို အောင်မြင်သွားခဲ့ပြီ ဖြစ်၏။
ရွှေခန္ဓာအောင်မြင်ထားသည့် မိုးကောင်းကင်အင်မော်တယ်အဆင့် အောင်မြင်ထားသူတစ်ယောက်သည် ရွှေခန္ဓာအောင်မြင်ထားခြင်း မရှိသေးသည့် မိုးကောင်းကင်အင်မော်တယ်တစ်ယောက်နှင့် လုံး၀ မတူညီပေ။ ထို့ကြောင့် ဖေးယွမ်နှင့် တိုက်ခိုက်စဉ်က ရွှေခန္ဓာမဟာစွမ်းအားဆေးလုံးကို ကျန်းလန် စားသုံးခဲ့ရခြင်း ဖြစ်သည်။
ရွှေခန္ဓာမဟာစွမ်းအားဆေးလုံးက အလွန်စွမ်းအား မြင့်မားသည်။
ယခုဆိုလျှင် သူက ဖေးယွမ်နှင့် အဆင့်တူညီသွားပြီဖြစ်လေရာ နောက်တစ်ကြိမ် ထပ်မံရင်ဆိုင်ရမည်ဆိုလျှင် မည်သည့်ဆေးလုံးမှ စားစရာမလိုဘဲ အနိုင်ယူနိုင်မည် ဖြစ်သည်။ သို့ပေသိ ဖေးယွမ်က သူ့လက်ချက်နှင့် အသက်ပျောက်နှင့်ပြီ ဖြစ်သည်။
ထိပ်ဆုံးအဆင့် ရွှေခန္ဓာရရှိအောင်မြင်ပြီးနောက် ပြီးပြည့်စုံသည့် တာအိုနားလည်ခြင်းနှင့် ပေါင်းစပ်ကျင့်ကြံရမည် ဖြစ်သည်။ သို့ဆိုလျှင် တာ့လော်အင်မော်တယ် ဖြစ်လာပေလိမ့်မည်။
ကျန်းလန်က သူ့ခန္ဓာကိုယ်ထဲမှ တန်ခိုးစွမ်းအားများကို အာရုံခံရင်း စိတ်ဝိညာဉ်ကို လွတ်မြောက်စေလိုက်သည်။ ထိုအခါ တာအိုနယ်မြေသည် ရွှေခန္ဓာနှင့် ဖြည်းဖြည်းချင်း ထိတွေ့ပေါင်းစပ်လာသည်။
"ဘုန်း…"
တောင်များပြိုကျသွားပြီး အရာအားလုံး ကွဲအက်သွားသည့်အလား ကျယ်လောင်သည့်အသံတစ်သံ သူ့ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။
ကျန်းလန် တစ်စက်လေးမှ အာရုံမပျံ့လွင့်ရဲပေ။ ယခုအချိန်တွင် ပြဿနာတစ်စုံတစ်ရာ ဖြစ်သွားပါက ရွှေခန္ဓာ အက်ကွဲပျက်စီးသွားပြီး သူနားလည်ထားသည့် မဟာတာအိုတရားသည်လည်း ဆိတ်သုဉ်းသွားမည် ဖြစ်သည်။
တာ့လော်အင်မော်တယ်အဆင့် တက်ရောက်ရန်က မလွယ်ကူလေရာ သူ အစွမ်းကုန် အာရုံစူးစိုက်ထားရမည် ဖြစ်သည်။
"ဘုန်း…"
အသံက ဆက်လက်ထွက်ပေါ်လာပြီး ရွှေခန္ဓာမှာ ပြိုကျလုမတတ် ဖြစ်သွားသည်။ သို့သော် ကံကောင်းသည်မှာ သူ၏ ရွှေခန္ဓာက အလွန်တည်ငြိမ်နေခဲ့သည်။
ရွှေခန္ဓာကျင့်စဉ်ကို ကျင့်ကြံရာတွင် သူက ဖြည်းဖြည်းချင်း ကျင့်ကြံလာခဲ့ပြီး တစ်ခါမှ ပေါ့ပေါ့တန်တန် သဘောမထားခဲ့သလို စိတ်မပါ လက်မပါ ပြုမူခဲ့ခြင်းမျိုးလည်း မရှိခဲ့ပေ။
တစ်ကြိမ်လျှင် ခြေတစ်လှမ်းသာ လှမ်းခဲ့ပြီး ခြေလှမ်းတိုင်းက ရွှေခန္ဓာကျင့်စဉ်ကို ပြီးပြည့်စုံစေသည့် ခြေရာများပင် ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ အဆင့်ကျော်တက်လိုက်ပါက အမြစ်မရှိသော ပဲစေ့ပမာ အလကားဖြစ်ရပေမည်။
ရွှေခန္ဓာ ပြီးပြည့်စုံခြင်းမရှိပါက မဟာတာအိုက ရွှေခန္ဓာကို ဖျက်စီးပစ်မည် ဖြစ်သည်။ မဟာတာအိုက နက်နဲလွန်းလှလေရာ ရွှေခန္ဓာနှင့် ကောင်းကောင်းယှဉ်နိုင်သည်။
ထို့ကြောင့် တာ့လော်အင်မော်တယ်အဆင့်တက်ရောက်ရန် ရွှေခန္ဓာနှင့်မဟာတာအို အဆင့်အတန်း တူညီနေမှသာ ထိုအရာ (၂)ခု ပေါင်းစပ်ခြင်းအဆင့် အောင်မြင်မည် ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲသံက တဖြည်းဖြည်း အားပျော့လာပြီး ပြီးပြည့်စုံသည့် မဟာတာအိုက ရွှေခန္ဓာနှင့် စတင်ပေါင်းစပ်လာသည်။
ရွှေခန္ဓာတွင် မဟာတာအို ပါဝင်ပြီး မဟာတာအိုသည် ရွှေခန္ဓာ၏ စွမ်းအားကို ထုတ်ဖော်ပြသသည်။
"ဘုန်း…"
ရွှေခန္ဓာနှင့် မဟာတာအို နောက်ဆုံးအဆင့် ပေါင်းစပ်လိုက်သည့်အခါ ကျန်းလန်၏ ခန္ဓာကိုယ်တွင် တန်ခိုးစွမ်းအားများ ပြည့်လျှံလာသည်။ ထိုတန်ခိုးစွမ်းအားများက သူ၏ ခြေထောက်နှင့်လက်များမှတစ်ဆင့် ရာနှင့်ချီသည့် သွေးကြောဆုံချက်များသို့ ပျံ့နှံ့သွားသည်။
ထို့နောက် တန်ခိုးစွမ်းအားများအားလုံး ပြန်လည် ငြိမ်သက်သွား၏။
ကျန်းလန် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
သူ့မျက်ဝန်းမျာထဲတွင် အလင်းရောင်ဖျော့ဖျာ့လင်းလက်လျှက်ရှိသည်။ ရွှေခန္ဓာနှင့် မဟာတာအို၏ ပေါင်းစည်းခြင်း အလင်းရောင်ပင် ဖြစ်ပြီး တာ့လော်အင်မော်တယ်အဆင့်၏ အလင်းရောင်ဟု ခေါ်ဆိုနိုင်သည်။
ယနေ့…
သူ တာ့လော်အင်မော်တယ်အဖြစ် အဆင့်တက်ရောက်နိုင်ခဲ့ပေပြီ။
တာ့လော်အင်မော်တယ် ဖြစ်လာပြီးနောက် ကျန်းလန် သက်သောင့်သက်သာဖြင့် အသက်တစ်ချက် ရှူသွင်းလိုက်သည်။
"မျှော်လင့်ထားတာထက် အဆင့်တက်တာ အများကြီး ပိုမြန်သွားတယ် ၊ ဒါပေမဲ့ အခုမှ အဆင့်တက်ခါစဆိုတော့ ဒီကျင့်ကြံခြင်းအဆင့်နဲ့ ကျွမ်းဝင်အောင် (၃)လလောက်တော့ ဆက်ပြီး ကျင့်ကြံရဦးမယ်ထင်တယ်"
တာ့လော်အင်မော်တယ်အဆင့်က အခြားကျင့်ကြံခြင်းအဆင့်များနှင့် မတူညီပေ။ မိမိရောက်ရှိသည့်အဆင့်နှင့် ကျွမ်းဝင်စေရန် လျှင်မြန်စွာ ကျင့်ကြံနိုင်မည် မဟုတ်ပေ။
မဟာတာအိုနှင့် ရွှေခန္ဓာပေါင်းစပ်ထားသည့် တန်ခိုးစွမ်းအား ပြီးပြည့်စုံစေရန် အချိန်ကြာမြင့်စွာ ကျင့်ကြံရန် လိုအပ်သည်။
ထိုသို့ မကျင့်ကြံနိုင်သေးပါက တာ့လော်အင်မော်တယ် ဖြစ်သည့်တိုင် တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက်ဟု မယူဆနိုင်သေးပေ။ သို့သော် ခွန်လွန်တောင် ပြင်ပသို့ မထွက်ခွာသရွေ့ ပြဿနာ မရှိနိုင်ပေ။
ထိုအချိန်…
ဆရာဖြစ်သူထံမှ သူ့ကို လှမ်းခေါ်သည့် စာတစ်စောင်ရောက်ရှိလာသည်။
စာကိုဖတ်ရှုပြီးနောက် ကျန်းလန် အနည်းငယ် အံ့အားသင့်သွား၏။
"နောက် (၃)ရက်နေရင် ခရီးထွက်ရမယ်တဲ့ ၊ ဘာကိစ္စများ အရေးတကြီး ရှိလို့ပါလိမ့်"
***