← Chapters

နဂါးဓားသိုင်းပညာ

Vol. 31 Ch. 423

နဂါးဓားသိုင်းပညာ

Vol. 31 Ch. 423

နဂါးဓား…။

ကျန်းလန် အတော်လေး အံ့အားသင့်သွားသည်။ နဂါးဓားသိုင်းလေ့ကျင့်ရာတွင် အသုံးပြုသည့် နဂါးဓား ဖြစ်သည်။

ကျန်းလန်က ကြည်လင်သည့် သလင်းနဂါးကြီး၏ ကျောရိုးကိုအာရုံစိုက်ကာ ကြည့်လိုက်သည်။ ကျောရိုးအနောက်ဘက်တွင် ချွန်ထက်သည့် ဓားတစ်လက်ကို သာမန်မျက်စိဖြင့်ပင် တွေ့မြင်နိုင်သည့် ဓားပုံသဏ္ဍန်က ထူခြားသည်။

အခြားသူများကလည်း ကြည့်နေကြပြီး စိတ်များ ရှုတ်ထွေးနေကြဟန် ရှိသည်။

လုန်ယွိကတော့ အံ့အားသင့်ခြင်း မရှိပေ။ သူမက နဂါးဓားအကြောင်း အနည်းငယ် ကြားဖူးထားသည်။ သို့သော် အရင်က တွေ့မြင်ဖူးခြင်းမရှိဘဲ ယနေ့မှ တွေ့မြင်ဖူးခြင်းဖြစ်၏။

အဋ္ဌမမင်းသားက သလင်းနဂါးရုပ်တုကြီးအနားသို့ ချဉ်းကပ်သွားပြီး ရှင်းပြသည်။

"ဒီနဂါးရုပ်တုကြီးကတော့ ထူးခြားတာ ဘာမှမရှိပါဘူး ၊ ဒါပေမဲ့ သူအနောက်က သလင်းကျောက်ထဲမှာ တည်ရှိတဲ့ နဂါးဓားကတော့ ထူးခြားတဲ့အချက်ပါပဲ"

သူက ဆက်ပြောသည်။

"နဂါးဓားက နဂါးမျိုးနွယ်တွေရဲ့ ပထမ မူလအစကတည်းက ဆင်းသက်လာတဲ့ ရတနာပစ္စည်းတစ်ခုဖြစ်တယ်လို့ ပြောကြတယ် ၊ ဒါပေမဲ့ အခုအချိန်မှာ နဂါးမျိုးနွယ်တွေ တစ်ယောက်မှ ဒီဓားကို အသုံးမပြုနိုင်ကြဘူး"

ကျင်းထင်က…

"ဘိုးဘေးနဂါးရော အသုံးမပြုနိုင်ဘူးလား"

ခွန်လွန်တပည့်များအားလုံးက အဋ္ဌမမင်းသားနှင့် အနည်းနဲ့အများ ရင်းနှီးကြသူများ ဖြစ်ကြသည်။ ထို့ကြောင့် သိချင်သည်များကို အားမနာဘဲ ပွင့်ပွင့်လင်းလင်း မေးမြန်းရဲကြသည်။

အဋ္ဌမမင်းသားကလည်း တက်ကြွပြီး စကားပြောရလွယ်ကူသည့် လူငယ်တစ်ယောက်ဖြစ်သည် မဟုတ်ပါလား။

" ဘိုးဘေးနဂါးကတော့ ဒီဓားကို အသုံးပြုနိုင်မယ် ထင်တာပဲ ၊ ဒါပေမဲ့ သူအသုံးပြုတာ တစ်ခါမှ မတွေ့ဖူးဘူး ၊ နဂါးဓားကို အသုံးပြုတဲ့အခါ သူ့ချည်းပဲ အသုံးပြုလို့မရဘူး ၊ စစ်မှန်တဲ့တန်ခိုးစွမ်းအားထွက်ပေါ်လာဖို့ နဂါးဓားသိုင်းပညာကို လေ့ကျင့်ရတယ်"

အဋ္ဌမမင်းသားက ခဏနားပြီးမှ ဆက်ပြောသည်။

"ဒါပေမဲ့ အဲဒီ ဓားသိုင်းပညာကို ပြည့်ပြည့်စုံစုံ လက်ဆင့်ကမ်းမပေးနိုင်ခဲ့ကြဘူး ၊ ဘိုးဘေးနဂါးမှာတောင် အဲဒီ ဓားသိုင်းပညာ ရှိသေးရဲ့လားဆိုတာ ပြောရခက်တယ်"

အဋ္ဌမင်းသားက သက်ပြင်းချလိုက်ရင်း...

"အရင်ကတော့ တစ်ခါမှ မကြားခဲ့ဖူးဘူး ၊ ဒီဓားသိုင်ပညာ ရှိသေးတယ်ဆိုရင်တော့ အစောကြီးကတည်းက ကျုပ်ကို သင်ပေးမယ်ထင်တာပဲ"

သူက အဋ္ဌမမင်းသားဖြစ်သလို မွေးရာပါအင်မော်တယ်လည်း ဖြစ်သည်။

ထို့ကြောင့် ဘိုးဘေးများက မည်သည့်ပညာကိုမှ ဖုံးကွယ်မထားဘဲ မချွင်းမချန် သင်ပြပေးခဲ့ကြသည်။

အကြောင်းမှာ သူက အနာဂတ်တွင် နဂါးဘုရင်ဖြစ်လာရန် အနီးစပ်ဆုံးသူ ဖြစ်သောကြောင့်ပင်။

မည်သို့ပင်ဖြစ်စေ နဂါးမျိုးနွယ်များအနေဖြင့် နဂါးဓားသိုင်းကို သိရှိသည်ဖြစ်စေ ၊ မသိရှိသည်ဖြစ်စေ အရေးမကြီးပေ။ သူတို့သည် တန်ခိုးစွမ်းအားမြင့်မားပြီး ပင်လယ်လေးခု၏ အရှင်သခင်များ ဖြစ်နေကြဆဲ ဖြစ်သည်။

ဘိုးဘေးများထံမှ ဆင်းသက်လာသည့် ပညာရပ်များသည် သင့်တော်သည့်ပညာရပ်များ ဖြစ်နိုင်သော်လည်း အခိုင်မာဆုံးသော ပညာရပ်များ မဖြစ်နိုင်ပေ။

ကျန်းလန်ကတော့ တိတ်ဆိတ်ငြိမ်သက်နေ၏။

သူက နဂါးဓားဖြင့် တွဲဖက်အသုံးပြုနိုင်သည့် နဂါးဓားသိုင်းကို စနစ်မှတစ်ဆင့် လက်ခံရရှိထားသည် မဟုတ်ပါလား။

သို့ပေသိ ထိုဓားသိုင်းကို ကျန်းလန် လေ့ကျင့်ရခြင်း မရှိသေးပေ။ အနားယူရန်နေရာသို့ရောက်မှသာ လေ့လာကြည့်ရမည် ဖြစ်သည်။

ဤနေရာတွင် ချက်ချင်းလေ့ကျင့်လိုက်သဖြင့် ပြဿနာတစ်စုံတစ်ရာ ဖြစ်လာပါက အန္တရယ်ကျရောက်ရန် လွယ်ကူသွားမည် ဖြစ်သည်။ အထူးသဖြင့် နဂါးများ၏ ပထမ မူလဓားသိုင်းပညာကို တိတ်တဆိတ်လေ့ကျင့်နေခြင်းက နဂါးမျိုးနွယ်များကို မလေးစားရာ ရောက်ပေလိမ့်မည်။

ထို့ကြောင့် အနီးပတ်ဝန်းကျင်တွင် လူသူကင်းရှင်းသည့် နေရာသို့ရောက်မှသာ လေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။

ပေဖန်းက...

"ဒီ ဓားရှည်ကို ဒီနားမှာ ဒီအတိုင်းထားတာ တစ်ယောက်ယောက်က ယူသွားမှာ မစိုးရိမ်ဘူးလား"

နဂါးမယ်လုန်လင်က ပေဖန်း၏ မေးခွန်းကို ဖြေလိုက်သည်။

"ဒီနေရာက သာမန်နေရာတစ်ခု မဟုတ်ဘူးလေ ၊ ပြင်ပကလူတွေမပြောနဲ့ နဂါးမျိုးနွယ်တွေတောင် ဝင်ချင်တိုင်းဝင်လို့ မရဘူး ၊ အနည်းငယ်လောက်ပဲ ဝင်ခွင့်ရတာ ၊ ပြီးတော့ နဂါးဓားကလည်း ယူချင်တိုင်းယူသွားလို့ရတဲ့အရာ မဟုတ်ဘူး"

သူမက ဆက်ပြောသည်။

"ဒီတော့ နဂါမျိုးနွယ်တွေမသိအောင် ဒီဓားကို ယူသွားဖို့ဆိုတာ လုံး၀ မဖြစ်နိုင်ဘူး"

နဂါးမယ်လုန်လင်က ခွန်လွန်တောင်နှင့် နဂါးမျိုးနွယ်များစိန်ခေါ်ပွဲတွင် လုကျန်းကို ရှုံးနိမ့်ခဲ့သူ ဖြစ်သည်။

သူမက လုကျန်းကို ရှုံးနိမ့်ခဲ့သည့်တိုင် တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက် ဖြစ်သည်ကတော့ ငြင်းဆန်မရနိုင်ပေ။ သူမက နဂါးမျိုးနွယ် နောက်ပိုင်းမျိုးဆက်လူငယ်များတွင် အတော်ဆုံးများထဲမှ တစ်ယောက်ဖြစ်သည်။

ထို့ပြင် ဘိုးဘေးနဂါးထံမှ ကောင်းချီးလက်ဆောင်ရရှိမည့် နဂါးလူငယ် အနည်းများထဲမှ တစ်ယောက်အပါအဝင် ဖြစ်သည်။

"သြော်..."

ပေဖန်းနှင့် အခြားသူများက ခေါင်းညိတ်လိုက်ကြသည်။

သလင်းနဂါးရုပ်တုကြီးနှင့် နဂါးဓားကို လေ့လာပြီးနောက် သူတို့အားလုံး ရှေ့ဆက်ထွက်ခွာခဲ့ကြသည်။

ကျန်းလန်ကနော့ နဂါးဓားကို သိပ်အရေးမစိုက်ပေ။

သူ့အနေဖြင့် နဂါးဓားကို ရယူရန်မှာ မဖြစ်နိုင်ပေ။ ထိုဓားကိုရယူရန် ကြိုးစားမိပါက သေချာပေါက် အသက်ပျောက်ရမည် ဖြစ်သည်။

အခွင့်အရေးရရှိလျှင်တောင်မှ သူက ရယူရန် ရွေးချယ်မည် မဟုတ်ပေ။

မူလကတည်းက နဂါးမျိုးနွယ်များနှင့် ထာဝစဉ်အတူ တည်ရှိနေသည့် နဂါးဓားတွင် နဂါးမျိုးနွယ်များနှင့် သေချာပေါက် ဆက်နွယ်မှုများ ရှိနေပေလိမ့်မည်။ ထို့ကြောင့် သူ ဓားကို ယူဆောင်သွားမည်ဆိုလျှင် ကျိန်းသေ အန္တရယ်ဆိုးကျရောက်ရပေမည်။

ထိုဓားက သူ ပိုင်ဆိုင်သင့်သည့် ရတနာပစ္စည်း မဟုတ်ပေ။

အတန်ကြာပြီးနောက်...

သူတို့အားလုံး ပင်လယ်ရေအောက်တွင် ဖြတ်သန်းလာကြပြီး အလင်းရောင်များ တောက်ပနေသည့် ထောင်ထွတ်တစ်ခုဆီသို့ ရောက်ရှိလာသည်။

ထိုနေရာတွင် နဂါးများမဟုတ်သည့် အခြားသော ပင်လယ်သတ္တဝါများ ရှိနေပြီး အချို့က မူလပုံစံအတိုင်း ရှိနေကြကာ အချို့ကတော့ လူသားပုံစံ ပြောင်းလဲထားကြသည်။

၎င်းပင်လယ်သတ္တဝါးများအားလုံးက တန်ခိုးစွမ်းအား နည်းပါးသူများ မဟုတ်ကြပေ။

နဂါးမယ်လုန်လင်က ကျန်းလန်နှင့် အခြားခွန်လွန်တပည့်များကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း...

"ဒီနေရာမှာ ရှင်တို့အနားယူနေထိုင်ဖို့ အခန်းတွေ စီစဉ်ပေးထားတယ် ၊ လျှောက်လည်ချင်ရင်တော့ ပယ်လယ်သတ္တဝါတွေက လမ်းပြပေးပါလိမ့်မယ် ၊ ဒီ ပင်လယ်သတ္တဝါတွေက ရှင်တို့အတွက် ဝန်ဆောင်မှုပေးဖို့ အပြင်မှာ အမြဲစောင့်နေကြမှာပါ ၊ ပြီးတော့ ကျွန်မတို့ နဂါးမျိုးနွယ်တွေကို ရှာဖွေချင်တယ်ဆိုရင်လည်း သူတို့ကိုပဲ ပြောလို့ရပါတယ်"

ထို့နောက် လုန်လင် ၊ အဋ္ဌမမင်းသားနှင့် နဂါးမျိုးနွယ်လူငယ်များ ထွက်ခွာသွားကြသည်။

ထို့နောက် ပင်လယ်သတ္တဝါးများက ရောက်လာကြသည့် ဧည့်သည်များကို တည်းခိုရမည့်နေရာများသို့ လိုက်ပါပို့ဆောင်ပေးကြသည်။

အားလုံးက မတူညီသည့်လမ်းကြောင်းများဖြင့် ကိုယ်နေထိုင်မည့်နေရာသို့ ထွက်ခွာသွားကြသည်။

ကျန်းလန်နှင့် လုန်ယွိကို လမ်းပြပေးသူကတော့ အခွံပါရှိသည့် ရေသတ္တဝါတစ်ကောင်ဖြစ်သည်။ သူမက လူသားအသွင်ပြောင်းလိုက်ပြီး သူတို့ (၂)ယောက်ကို လမ်းပြခေါ်ဆောင်သွားသည်။

ထိုရေသတ္တဝါလေးက ကောင်မလေးတစ်ယောက်ပုံစံမျိုးဖြစ်ပြီး အစိမ်းရောင်ဆံပင်နှင့် အစိမ်းရောင်အဝတ်အစားများကို ဝတ်ဆင်ထားသည်။

သူမက ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပြီး အတော်လေးလည်း သန်မာ၏။

သူမနာမည်က ရှောင်ပေ့ ဖြစ်သည်။

သူမက...

"နဂါးမင်းသမီးနဲ့ နဂါးသမက်တော်နေထိုင်ဖို့အတွက် အရင်က နဂါးမင်းသမီး နေခဲ့တဲ့အခန်းကိုပဲပြင်ဆင်ပေးထားပါတယ် ၊ အဲဒီနေရာက နည်းနည်းဝေးတော့ အချိန်အတော်ကြာကြာ လမ်းလျှောက်ရလိမ့်မယ်"

သူမကိုကြည့်ရသည်မှာ စိတ်လှုပ်ရှားနေဟန် ရှိသည်။

လုန်ယွိကတော့ မည်သည့်စကားမှမဆိုဘဲခေါင်းညိတ်ပြလိုက်၏။

ကျန်းလန်သည် ပတ်ဝန်းကျင်ကို သတိထားပြီး အကဲခတ်လိုက်သည်။ သို့သော် မည်သည့်ထူးခြားချက်မှ မတွေ့ရပေ။

အတန်ကြာသည့်အခါ ကျယ်ဝန်းသည့် အခန်းတစ်ခုဆီသို့ ရောက်ရှိလာသည်။

အခန်းက တောင်တစ်ခုကို ထွင်းဖောက်ပြုလုပ်ထားခြင်းဖြစ်ပြီး ပြတင်းတံခါးများက စက်ဝိုင်းပုံသဏ္ဌန် ဖြစ်သည်။ ပြတင်းတံခါးများကို ဖြတ်ကျော်ကြည့်လိုက်လျှင် ပင်လယ်ရေအောက်မြင်ကွင်းများကို တွေ့မြင်ရမည် ဖြစ်သည်။

တံခါးများက ကြီးမားကျယ်ပျံ့သော်လည်း တံခါးရွက်မရှိပေ။ အပြင်ဘက်မှ ပင်လယ်ရေများမဝင်အောင် မန္တန်အသုံးပြုပိတ်ဆို့ထားသည်။

အခန်းတံခါးပေါက်က ကြီးမားသော်လည်း တံခါးရွက် မရှိပေ။ တံခါးကို ပိတ်ချင်သည်ဆိုလျှင် မန္တန်ပညာအသုံးပြုရမည် ဖြစ်သည်။

ရှောင်ပေ့က...

"ဒီအခန်းပါပဲ ၊ ဒီနေရာကို သဘောမကျရင် ပြောနိုင်ပါတယ် ၊ အခြားနေရာတစ်ခုကို ပြောင်းလို့ရပါတယ်"

ထို့နောက် မည်သည့်ပြဿနာမှ မရှိကြောင်း သေချာတော့မှ ရှောင်ပေ့ ထွက်ခွာသွားသည်။

ကျန်းလန်နှင့် လုန်ယွိ လိုအပ်ပါက လှမ်းခေါ်နိုင်ရန် အခန်းနှင့် မနီးမဝေးတွင် သူ အသင့်စောင့်လျှက် ရှိသည်။

ရှောင်ပေ့ထွက်သွားသည်နှင့် လုန်ယွိက တံခါးနံရံကို လက်ဖြင့်ခေါက်လိုက်သည်။ ထိုအခါ မန္တန်တစ်ခု ထွက်ပေါ်လာပြီး ရေလိုက်ကာကြီးတစ်ခု ပေါ်လာကာ တံခါးပိတ်သွားသည်။

ထို့နောက် လုန်ယွိက တံခါးနံရံကို ထပ်မံခေါက်လိုက်ရာ ရေလိုက်ကာကြီး ပျောက်ကွယ်သွားပြန်သည်။

သို့သော် သူမက ရပ်တန့်ခြင်းမရှိဘဲ တံခါးနံရံကို အဆက်မပြတ် ခေါက်နေပြန်၏။

ကျန်းလန် : "......"

သူမ ဆော့ကစားနေခြင်းဖြစ်ကြောင်း ကျန်းလန် သဘောပေါက်သွားသည်။

လုန်ယွိက အသက်မကြီးသေးသည့် နဂါးငယ်လေးသာ ဖြစ်လေရာ ကလေးစိတ်ကုန်ဟန် မရှိသးပေ။

သူမက...

"ကျွန်မ ငယ်ငယ်ကတော့ ဒီတံခါးကို သုံးဖူးသလား မသိဘူး ၊ ဒါပေမဲ့ အခုတော့ ဘယ်လိုလုပ်ရမလဲဆိုတာ မသိတော့ဘူး"

ခဏမျှ တံခါးနှင့် ဆော့ကစားပြီးသည်နှင့် လုန်ယွိက ရှောင်ယွိအသွင်ပြောင်းလိုက်ကာ ကျန်းလန်ဘေးနားတွင် ဝင်ထိုင်လိုက်သည်။

သူမကို ကြည့်ရသည်မှာ စိတ်လှုပ်ရှားနေဟန် ရှိသည်။

သူမ ကစားနေသည်ကြောင့် ကျန်းလန်မှာလည်း ထိုင်စရာနေရာတစ်ခုရှာကာ သူမကို ကြည့်နေရသည်။

ရှောင်ယွိ ငယ်စဉ်က ကျင့်ကြံခြင်းအဆင့် နိမ့်ပါးလေရာ နဂါးမျိုးနွယ်များ၏ မန္တန်များကို အသုံးပြုရန် ခက်ခဲပေလိမ့်မည်။

ရှောင်ယွိ ငယ်စဉ်က နေထိုင်သည့်အခန်းက အလွန်ကြီးမားသည်။ ပြောရမည်ဆိုလျှင် ခွန်လွန်တောင်တွင် ကျန်းလန်နေထိုင်သည့် ခြံဝင်းထက်ပင် ကြီးမားသေး၏။

ရှောင်ယွိ နဂါးအသွင် ပြောင်းလဲလိုက်လျှင်တောင်မှ နေရာလွတ်များ ရှိနေဦးမည် ဖြစ်သည်။

ရှောင်ယွိက သူမ မေးဖျားလေးကို လက်ဖြင့် ထောက်လိုက်ရင်း...

"ဒီနေရာက ကျွန်မတို့အိမ်လောက်တော့ မကောင်းပါဘူး"

ကျန်းလန်က…

"ဒါပေမဲ့ အရမ်းကျယ်တယ် မဟုတ်ဘူးလား"

နဂါးအိမ်များက ကျယ်လွန်းသည်ဟု အဋ္ဌမမင်းသားကလည်း ဆိုခဲ့သည်ပင်။

ရှောင်ယွိက ခေါင်းခါယမ်းလိုက်ပြီး လှောင်ပြောင်သရော်သည့် လေသံဖြင့်…

"ဒီမှာ ကျွန်မအတွက် ဘာပန်းပင်မှလည်း မရှိဘူး ၊ ရေကန်လည်းမရှိဘူး ၊ ဆော့ဖို့ နာမ်ဝိညာဉ်ခြံဝင်းလည်း မရှိဘူး ၊ ပြီးတော့ အမြဲစွန်းထင်းနေတဲ့ ဂိုဏ်းတူမောင်လေးရဲ့ ရနံ့လေးတွေလည်း မရှိဘူး ၊ ဟွန်း… ဒီနေရာက လုံး၀ မကောင်းဘူး  ၊ အင်း… ဒါပေမဲ့…"

ကျန်းလန်ကတော့ ရှောင်ယွိကို ကြည့်ရင်း တိတ်ဆိတ်နေပြီး သူမ ရှေ့ဆက်ပြောမည့်စကားကို စောင့်ဆိုင်းနေသည်။

ရှောင်ယွိက ပြုံးလိုက်ရင်း…

"ဒါပေမဲ့ ဂိုဏ်းတူမောင်လေး အနားမှာ ရှိနေရင်တော့ ကျွန်မ အေးအေးဆေးဆေး အိပ်ပျော်နိုင်မှာပါ"

ထို့နောက် သူမက ကျန်းလန်ဘေးတွင်ထိုင်ရင်း စားပွဲပေါ်မှောက်လိုက်ရင်း…

"အခု မိုးချုပ်နေပြီ ၊ ကျွန်မ အိပ်တော့မယ်"

ကျန်းလန်က…

"ဒီမှာ အိပ်မလို့လား"

မွေးရပ်မြေပြန်ရောက်တော့လည်း ဒီနဂါးမလေးက စားပွဲပေါ် မှောက်အိပ်တာပဲလား။ သူမ၏ အကျင့်စတ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

"ပြတင်းပေါက်တွေကလည်း အရမ်းကျယ်တာပဲ ၊ အပြင်ကနေ လွယ်လွယ်နဲ့ မြင်နိုင်မယ်လို့ ခံစားရတယ် ၊ ဂိုဏ်းတူမောင်လေးဘေးမှာ ပုန်းပြီး အေးအေးဆေးဆေး အိပ်ရမယ်"

ပြောပြီးသည်နှင့် သူမက ကျန်းလန်ဘေးနားသို့ ပိုပြီးတိုးကပ်လိုက်သည်။ ထို့နောက် မျက်လုံးများကို မှေးမှိတ်ကာ အေးဆေးစွာ အိပ်နေတော့သည်။

ကျန်းလန်ကတော့ သူမကို တိတ်ဆိတ်စွာပင် ကြည့်နေမိ၏။ ခဏအကြာတွင်တော့ ရှောင်ယွိ အိပ်ပျော်သွားလေသည်။

သူတို့လက်ထပ်ပြီးနောက်ပိုင်း မကြာခဏပင် ထိုသို့ ပြုလုပ်လေ့ ရှိသည်။ သူက ထိုင်ပြီး စာဖတ် ၊ သို့မဟုတ် သစ်သားဓားလေးအတွင်းသို့ ဓားဝိညာဉ်ထည့်သွင်းပေးလေ့ရှိပြီး ရှောင်ယွိကတော့ ကျောက်စားပွဲပေါ်တွင် ခေါင်းတင်ကာ အိပ်ပျော်သွားတတ်သည်။

နဂါးများက လဲလျောင်းအိပ်စက်ရန် အဆင်မပြေသောကြောင့်များ စားပွဲပေါ်ခေါင်းတင်ပြီး အိပ်ရခြင်းလားဟု ကျန်းလန် အမြဲတွေးမိသည်။ ဖြစ်နိုင်စရာအကြောင်းတော့ မရှိပေ။

ကျန်းလန်က လက်တစ်ဖက်ကို အသာဝှေ့ယမ်းလိုက်ပြီး ပြတင်းတံခါးများအားလုံးကို ရေတံတိုင်ဖြင့် ပိတ်ဆို့ကာရံထားလိုက်သည်။

အစပိုင်းတွင် ကျန်းလန်က နဂါးဓားသိုင်းကို လေ့ကျင့်ရန် ရည်ရွယ်ခဲ့သော်လည်း သူ တံခါးကိုပိတ်လိုက်ပြီးနောက် အခန်းထဲသို့ ရောင်ဝါတစ်ခု ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။ အလွန်ပင် ခိုးကြောင်ခိုးဝှက်ရောက်လာခြင်းဖြစ်ပြီး မိုးကောင်းကင်အင်မော်တယ်များသည်ပင် ထိုရောင်ဝါကို အာရုံခံရန် ခက်ခဲမည် ဖြစ်သည်။

သို့ရာတွင် ကျန်းလန်ကတော့ တာ့လော်အင်မော်တယ်ဖြစ်သည့်အပြင် ဖုံးကွယ်ထားသည့် အရာမှန်သမျှကို သိမြင်နိုင်စွမ်းရှိသည့် အမြင်စူးရှလွန်းသော အမှန်တရားမျက်လုံးတန်ခိုးစွမ်းအားကိုလည်း ပိုင်ဆိုင်ထားသည် မဟုတ်ပါလား။

***

All Chapters