← Chapters

ဂိုဏ်းတူမောင်လေး ပြေးတော့

Vol. 31 Ch. 426

ဂိုဏ်းတူမောင်လေး ပြေးတော့

Vol. 31 Ch. 426

လုကျန်းနှင့် အဖွဲ့ကတော့ တောင်စောင်းတစ်ခုထက် ဆင်းသက်လာပြီး မကြာခင် တိုက်ခိုက်ခံလိုက်ကြရသည်။

မြေကြီးအတွင်းမှ တစ်စုံတစ်ခုက သူတို့ကို ရုတ်တရက် တွန်းထုတ်လိုက်သည့်အတွက် (၄)ယောက်လုံး ထိတ်လန့်တုန်လှုပ်သွားကြရသည်။

"ဘုန်း"

လုကျန်းက ချက်ချင်းပင် သူ့ဓားကို ဆွဲထုတ်ပြီး တိုက်ခိုက်လိုက်သည်။

"နောက်ဆုတ်"

လုကျန်း အော်ဟစ်လိုက်သည်နှင့် ဟုန်လွမ်က တစ်ချက်မတွန့်ဆုတ်ဘဲ မုရှိုးနှင့် လင်စီးယာကိုခေါ်ကာ နောက်ဆုတ်သွားသည်။

လုကျန်းကလည်း ချက်ချင်းပင် သူတို့နောက်မှ လိုက်ပါသွား၏။

လုကျန်းက ရယ်မောလိုက်ရင်း...

"ဟားဟား... ကြည့်ရတာ ဒီကျွန်းက မအေးချမ်းဘူးဘဲ ၊ အစကတော့ နဂါးတွေကို သွားရှာပြီး စိန်ခေါ်မယ်စိတ်ကူးထားတာ အခုတော့ ဒီမှာ သွေးပူလေ့ကျင့်ခန်း အရင်လုပ်ရတော့မယ်"

သူက ဆက်ပြောသည်။

"ဂိုဏ်းတူညီမဟုန်လွမ်က ကျန်တဲ့ဂိုဏ်းတူညီမလေးနှစ်ယောက် အန္တရယ်မဖြစ်ရအောင် ကာကွယ်ပေး ၊ ကျုပ်က တန်ခိုးစွမ်းအားမြင့်မားတဲ့ ရန်သူတွေကို တိုက်ခိုက်မယ်"

ထိုအချိန် သူတို့ ပတ်ဝန်းကျင်တွင် နတ်မိစ္ဆာအချို့ ထွက်ပေါ်လာသည်။

အချို့က ခန္ဓာကိုယ်ထက်တွင် မီးတောက်မီးလျှံများ တောက်လောက်နေကြပြီး ၊ အချို့က ကျောက်တုံးကြီးများမှ လူသားအသွင် ကူးပြောင်းသွားကြသည်။ အချို့နတ်မိစ္ဆာများကတော့ ပင်လယ်မိစ္ဆာများ ဖြစ်ကြ၏။

သူတို့အထဲတွင် အစစ်အမှန်အင်မော်တယ် (၂)ယောက် ပါရှိပြီး ကျန်လူများကတော့ လူသားအင်မော်တယ်များ ဖြစ်ကြသည်။

ထိုနတ်မိစ္ဆာများ၏ခန္ဓာကိုယ်ထက်တွင် နဂါးအရိပ်များရှိနေသဖြင့် သူတို့ကို ထိုးဖောက်တွေ့မြင်ရန် ခက်ခဲသည်။

ဟုန်လွမ်က...

"ဂိုဏ်းတူအစ်ကို ၊ သူတို့ခန္ဓာကိုယ်ပေါ်က နဂါးအရိပ်တွေကို သတိထားပါ ၊ သူတို့က မရိုးရှင်းဘူး"

လုကျန်းက ခေါင်းညိတ်လိုက်ပြီး စတင်တိုက်ခိုက်လိုက်သည်။

အခြားသော ဂိုဏ်းတူမောင်နှမများကို မရှာဖွေမီ ဤနတ်မိစ္ဆာများကို ရှင်းပစ်ရပေလိမ့်မည်။ သူတို့ရောက်ရှိနေသည့် ကျွန်းက အေးအေးဆေးဆေး မရှိသည်မှာ ထင်ရှားသည်။

ဟုန်လွမ်က မုရှိုးနှင့် လင်စီးယာကို ကြည့်လိုက်ပြီး...

"မင်းတို့နှစ်ယောက်လုံး သတိထားပါ ၊ မနိုင်ဘူးလို့ထင်ရင် ဆက်မတိုက်နဲ့ ၊ နောက်သာဆုတ်လိုက်"

သူမက ဂိုဏ်းတူညီမငယ် (၂)ယောက်ကို ကာကွယ်ပေးရမည် ြဖ်စသည်။ မုရှိုးနှင့် လင်စီးယာတို့က တိုက်ပွဲအတွေ့အကြုံနည်းပါးသူများ ဖြစ်လေရာ သူမက သူတို့ကို ဦးဆောင်မှု ပေးရမည်ဖြစ်သည်။

အခြားအဖွဲ့များကတော့ ဘာမှ စိတ်ပူပန်စရာ မရှိပေ။

အဋ္ဌမမင်းသားက ကျောက်စိမ်းရေကန်နတ်ဘုရားမနှင့်အတူ ရှိနေသည်။ လင်အန်းနှင့် ပေဖန်းက လုကျန်းလောက် မတော်သော်လည်း လှည့်ကွက်များစွာ အသုံးပြုတတ်သူများဖြစ်သည်။

အထူးသဖြင့် ပေဖန်း ဖြစ်၏။ သူက တန်ခိုးစွမ်းအား အလွန်မြင့်မားခြင်း မရှိသော်လည်း ရန်သူများကို ထောက်ချောက်ဆင်ပြီး အန္တရယ်များသည် အခြေအနေမှပင် လွတ်မြောက်အောင် ထွက်ပြေးနိုင်သူ ဖြစ်သည်။

နဂါးမျိုးနွယ်များကတော့…

သူတို့က တန်ခိုးစွမ်းအား မြင့်မားသူများ ဖြစ်ကြသည့်အတွက် စိတ်ပူစရာ မရှိပေ။

လုကျန်းတို့ အဖွဲ့ တိုက်ခိုက်နေစဉ် လင်အန်းနှင့် အခြားသူများမှာလည်း ကျွန်း၏မြောက်ဘက်ပိုင်းတွင် တိုက်ခိုက်ခံနေရသည်။

ပေဖန်းက အံ့အားသင့်စွာဖြင့်...

"ဒီလူတွေက အစစ်အမှန်အင်မော်တယ်အဆင့် အောင်မြင်ထားတာပဲ"

သူက လူသားအင်မော်တယ်အဆင့် အောင်မြင်ထားရုံသာ ရှိသေးသည်။

လင်အန်းက...

"တခြားအဖွဲ့တွေနဲ့ ပေါင်းပြီးမှ ရန်သူတွေကို တားဆီးလို့ရမယ် ၊ ဂိုဏ်းတူညီလေးတို့ နောက်ဆုတ်ကြ“

ထို့နောက် သူတို့အားလုံး ထွက်ပြေးကြရတော့သည်။

လင်အန်းက...

"ဂိုဏ်းတူအစ်ကို လုကျန်းဆီကို သွားကြ"

ပေဖန်းက...

"ဓားစီးပြီးပြေးကြပါဟ ၊ မြေကြီးပေါ်မှာ ခြေထောက်နဲ့ ပြေးမနေနဲ့"

ထိုအခါမှ ကျိကျန်နှင့် ကျင်းထင်တို့မှာ ဓားများကို စီးနှင်ပျံသန်းလိုက်ကြသည်။

သို့သော် သူတို့ ကောင်းကင်ထက်သို့ ပျံသန်းလိုက်သည်နှင့် နဂါးအရိပ်၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။ သူတို့အပေါ်ဘက်ရှိ ကောင်းကင်လေထုကို ထိုးဖောက်မရအောင် ပိတ်ဆို့ထားဟန် ရှိသည်။

ကျင်းထင်နှင့် ကျိကျန်တို့ အံ့အားသင့်သွားကြသည်။ ဘိုးဘေးနဂါး၏ ကောင်းချီးလက်ဆောင်က ရရှိရန် ခက်ခဲလွန်းလှသည်။ သူတို့ လဝက်ခန့် ဤကျွန်းပေါ်တွင် ဤသို့ပင် ပြေးနေရတော့မည်လား။

***

"ဂရား…"

ကျွန်းပေါ်ရှိ ရွှံ့နွံများထဲတွင် နဂါးအုပ်စုသည်လည်း စတင်တိုက်ခိုက်နေကြပြီ ဖြစ်သည်။

လုန်လင်က ဒေါသတကြီးဖြင့်…

"နဂါးနက်တွေ ၊ ရှင်တို့က နဂါးငိုကျွန်းပေါ်ကို နတ်မိစ္ဆာတွေကို ဘယ်လို ခေါ်လာတာလဲ ၊ ငါတို့ နဂါးအစစ်အမှန်တွေရဲ့ မိုးကြိုးစာမိမှာ မကြောက်ဘူးလား"

တစ်ဖက်လူက တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် ကျွန်းပေါ်သို့ ရောက်ရှိနေသည်။ ကျောက်စိမ်းရေကန်နတ်ဘုရားမအတွက် ရောက်ရှိလာခြင်ဖြစ်ကြောင်း ပြောနေစရာပင် မလိုတော့ပေ။

သေစမ်း… ၊ ဒီ နဂါးနက်တွေက နဂါးမျိုးနွယ်တွေကို တမင်သက်သက် ချောက်ချချင်တာလား ၊ ဒါမှမဟုတ် တခြားလှှုပ်ရှားမှုများရော ရှိနေသေးသလား။

ထိုအကြောင်းများကို လုန်လင် မသိရှိပေ။ သို့သော် ကျောက်စိမ်းရေကန်နတ်ဘုရားမကို ကာကွယ်ပေးရမည် ဖြစ်သည်။ သူမက ခွန်လွန်တောင်သို့ ရောက်ရှိသွားသည့်တိုင် သူမတို့၏ နဂါးမင်းသမီးပင် ဖြစ်သည်။

လုန်လင်က…

"ဒီကောင်တွေအကုန်လုံးကို ရှင်းပစ်ပြီါ်ရင် နဂါးမင်းသမီးကို ရှာကြ"

ကျန် နဂါးမျိုးနွယ်များက မည်သည့်စကားမှ မဆိုဘဲ ခေါင်းညိတ်လိုက်ကြသည်။ သူတို့ကို ဆန့်ကျင်တိုက်ခိုက်ပြီဖြစ်လေရာ နဂါးနက်ကို ရပ်တန့်ရမည်မှာ မှန်ကန်သည့်လုပ်ရပ်ဖြစ်၏။

"အဟက်ဟက်… အရင်တစ်ချိန်က အောင်နိုင်ခဲ့သူတွေဆိုတော့ ကိုယ့်ကိုယ်ကိုယ် နဂါးအစစ်အမှန်လို့ ခံယူထားကြတာပေါ့ ၊ အဲဒီတုန်းက ကျုပ်သာ အနိုင်ရခဲ့ရင် နဂါးအစစ်အမှန်ဆိုတာ မင်းတို့မဟုတ်ဘဲ ကျုပ်တို့တွေ ဖြစ်နေမှာပဲ ၊ နဂါးငိုကျွန်းက ကျုပ်တို့ရောက်လာတာကို ဘာမှ မတားဆီးထားဘူး ၊ ဒါက ကျုပ်တို့ရဲ့ လွတ်လပ်မှုပဲ"

နဂါးနက်က မထီမဲ့မြင် ပြောဆိုလိုက်သည်။

"ဘုန်း…"

လုန်လင်က စကားများကို လုံး၀ နားမထောင်ဘဲ သူမ၏ လှံရှည်ကို ဝှေ့ယမ်းကာ နဂါးနက်ဝင်ရောက်လာမည့်လမ်းကို ကြိုတင်တိုက်ခိုက်လိုက်သည်။

နဂါးအချင်းချင်းကြား တိုက်ခိုက်မှုတွင် မည်သည့်စကားမှ ပြောနေစရာ မလိုအပ်ပေ။

***

"ကျွန်းပေါ်မှာ တစ်ခုခု ဖြစ်နေပြီထင်တယ်"

မြောင်ယွဲ့က ပြောလိုက်သည်။

သူမ၏ အသံက ရယ်သံစွက်လျှက် ရှိ၏။

ကိစ္စရပ်များအားလုံးက စိတ်ဝင်စားစရာကောင်းသည်ဟု သူမ ခံစားရသည်။

လုန်လီက…

"နဂါးနက်တွေ ပြဿနာရှာတာပဲ ဖြစ်ရမယ် ၊ ဒါပေမဲ့ သူတို့ ကျုပ်တို့ ပိုင်နက်ထဲ ဝင်လာရင်လည်း သိပ်ပြီး တန်ခိုးစွမ်းအား မြင့်မားကြမှာ မဟုတ်ပါဘူး"

အသေးအမွှားပြဿနာလေးများ ရှိနိုင်သော်လည်း ပြဿနာ ကြီးကြီးမားမား ရှိလာမည်မဟုတ်ဟု သူတို့ တွက်ဆထားကြသည်။

နဂါးအရိပ်ထွက်ပေါ်လာစဉ် လူတစ်ယောက်က ကောင်းကင်အမြင့်ထက်သို့ ဓားကိုစီးနှင့်ပျံသန်းရန် ကြိုးစားလိုက်သော်လည်း ပြန်လည်ဖိနှိပ်ခံထားလိုက်ရသည်။ အန္တရယ်တစ်စုံတစ်ရာ ရင်ဆိုင်ရခြင်းမရှိလျှင် ထိုသူက ထိုမျှမြင့်မားစွာ ပျံသန်းမည် မဟုတ်ပေ။

ထို့ကြောင့် ကျွန်းပေါ်တွင် မတော်တဆမှု တစ်စုံတစ်ရာ ဖြစ်ပွားနေသည်မှာ ထင်ရှားသည်။

မြောင်ယွဲ့က…

"အဲဒီ ကျွန်းပေါ်မှာ ကျင့်ကြံခြင်းအဆင့်ကို ကန့်သတ်ထားတာလား"

လုန်လီက..

"သာမန်အခြေအနေဆိုရင် အခြားမျိုးနွယ်ကလူတွေ ကျွန်းပေါ်ကို မလာနိုင်ကြဘူး ၊ နဂါးမျိုးနွယ်တွေရဲ့ အကူအညီနဲ့ ကျွန်းပေါ်သွားမယ်ဆိုရင်တောင်မှ အစစ်အမှန်အင်မော်တယ်အဆင့်ထက် ကျော်လွန်တဲ့ တန်ခိုးစွမ်းအားကို အသုံးပြုနိုင်ဖို့ ခက်ခဲတယ် ၊ ဒါပေမဲ့ နဂါးမျိုးနွယ်တွေအတွက်တော့ ကျင့်ကြံခြင်းအဆင့် ကန့်သတ်ချက် မရှိပါဘူး"

ကျိုးကျုန်းထျန်းက လုန်လီကို ကြည့်လိုက်ရင်း…

"ဒါဖြင့် နဂါးနက်တွေကရော"

လုန်လီက…

"ကျွန်း ဒီဘက်ခြမ်းကို ရောက်လာနိုင်တဲ့ နဂါးနက်တွေက လူသားအင်မော်တယ်အဆင့်ထက် ပိုနိုင်မယ် မထင်ပါဘူး"

မြောင်ယွဲ့က ရယ်မောလိုက်ရင်း…

"နဂါးမျိုးနွယ်ထဲမှာ သူလျှိုတစ်ယောက်ရှိနေရင် ဘယ်လိုလုပ်မလဲ။"

သူမ၏စကားကို လုန်စီးစီးက ချက်ချင်းပင် ကာကွယ်ပြောဆိုလိုက်သည်။

"နဂါးမျိုးနွယ်တွေကိုများ ရှင်တို့ ခွန်လွန်တောင်လို ထင်နေသလား ၊ ကျွန်မတို့က သေသေချာချာ စီစစ်ထားတာ"

မြောင်ယွဲ့က ရယ်မောရင်းဖြင့်ပင်…

"ဒီတော့ နဂါးမျိုးနွယ်ထဲက သူလျှိုတွေလည်း ခွန်လွန်တောင်မှာလည်း ရှိနေတာပေါ့လေ"

"ဒါတော့ ရှင်တို့ပဲ အသိဆုံး နေမှာပေါ့"

လုန်စီးစီးက လုံး၀ အလျှော့ မပေးပေ။

မြောင်ယွဲ့ကလည်း သူမကို အရေးမစိုက်ပေ။ သူမက တမင်သက်သက် စမ်းသပ်သည့်အနေဖြင့် မေးမြန်းလိုက်ခြင်းသာ ဖြစ်သည်။

နဂါးဧကရီရန်ကျင်းက သိမ်မွေ့သည့်လေသံဖြင့်…

"အခုဆိုရင် ကျောက်စိမ်းရေကန်နတ်ဘုရားမက ခွန်လွန်တောင်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေပါပြီ ၊ ကျွန်မတို့ကို စွပ်စွဲချင်ရင် နောက်မှ စွပ်စွဲပြီး လောလောဆယ် ပြဿနာအဖြေရှာဖို့ မစဉ်းစားကြဘူးလား"

ကျွန်းပေါ်တွင် ပြဿနာဖြစ်နေသည်မှာ ထင်ရှားသည်။ ရန်သူများကလည်း ကျောက်စိမ်းရေကန် နတ်ဘုရားမအတွက် ရောက်လာခြင်းမှလွဲပြီး အခြားအကြောင်း မရှိနိုင်ပေ။

မြောင်ယွဲ့က...

"လောစရာမလိုပါဘူးလေ ၊ ကျွန်းပေါ်မှာ မိုးကောင်းကင်အင်မော်တယ်အဆင့် မရှိဘူးဆိုရင် တပည့်တွေကိုပဲ အချိန်နည်းနည်းလောက် ကစားခိုင်းလိုက်မယ်"

ထိုခဏတွင် ပင်လယ်ထဲတွင် တိတ်ဆိတ်စွာဖြင့် ဓားဝိညာဉ်တစ်ခု သိပ်သည်းဖြစ်တည်လာသည်။  ကျိုးကျုန်းထျန်းက ကျွန်းပေါ်သို့သာကြည့်နေပြီး မည်သည့်စကားမှ မဆိုတော့ပေ။

နဂါးမျိုးနွယ်များနှင့် အခြားသူများကလည်း လုံး၀ မလှုပ်ရှားကြပေ။ ခွန်လွန်တောင်မှလူများ မလှုပ်ရှားကြသေးသရွေ့ သူတို့အနေဖြင့်လည်း လှုပ်ရှားစရာ မလိုသေးပေ။

***

နဂါးငိုကျွန်း။

ကျန်းလန်နှင့် လုန်ယွိတို့ အဋ္ဌမမင်းသားကို ထားခဲ့ပြီး ဆုတ်ခွာလာခဲ့ကြသည်။

သို့သော် အချိန်အတန်ကြာပြီးနောက် သူတို့နောက်မှ လူအချို့လိုက်လာသည်ကို သဘောပေါက်သွားကြ၏။

အစစ်အမှန်အင်မော်တယ် (၂)ယောက်နှင့် လူသားအင်မော်တယ် (၅)ယောက်။

အစစ်အမှန်အင်မော်တယ်များက အောင်မြင်သည့်အဆင့်သို့ ရောက်သည်ဖြစ်စေ ၊ မရောက်သည်ဖြစ်စေ ကျန်းလန်နှင့် လုန်ယွိတို့ ရင်ဆိုင်နိုင်မည့်သူများ မဟုတ်ကြပေ။

ပြီးတော့ သူတို့အနေဖြင့် လွတ်မြောက်နိုင်မည် မဟုတ်တော့ပေ။

ကျန်းလန် ယူဆောင်လာသည့် သိပ်သည်းထားသည့် ရောင်ဝါက ရန်သူများ၏ လှုပ်ရှားမှုများကို အဆက်မပြတ် သတင်းပို့နေသည့်အတွက် ယခုအချိန်ထိ သူတို့ကို မဖမ်းမိကြသေးခြင်း ဖြစ်သည်။

လုန်ယွိမျက်နှာအမူအရာက အေးစက်နေပြီး သူမ ပတ်ဝန်းကျင်ကို တစ်ချက်လေ့လာလိုက်သည်။ ဆက်ပြေးနေလျှင်လည်း မလွတ်နိုင်တော့ကြောင်း သူမ နားလည်လိုက်၏။

"ဘုန်း "

ရုတ်တရက် ခက်ရင်းခွလက်နက်တစ်ခု သူတို့ရှေ့သို့ ကျရောက်လာပြီး တန်ခိုးစွမ်းအားတစ်ခုက သူတို့သွားမည့်လမ်းကြောင်းကို ပိတ်ဆို့ထားလိုက်သည်။ ကျန်းလန်နှင့် လုန်ယွိတို့ ရှေ့မဆက်နိုင်တော့ဘဲ နေရာမှာပင် ရပ်တန့်သွားသည်။

တစ်ချိန်တည်းမှာပင် ရန်သူ (၇)ယောက်က သူတို့ကို ဝိုင်းထားလိုက်ကြသည်။

ကျန်းလန်က ထိုသူများကို ကြည့်လိုက်သည်။ အချို့မှာ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် အကြေးခွံများရှိကြပြီး အချို့ကတော့ မာကျောသည့် အခွံများ ရှိကြသည်။

သို့ပေသိ အစစ်အမှန်အင်မော်တယ် (၂)ယောက်တွင် အစွယ်များရှိကြသော်လည်း ပင်လယ်ဘီလူးများတော့ ဟုတ်ဟန်မတူပေ။

"အစွယ်စိမ်းကျားရိုင်းမိစ္ဆာတွေလား ၊ စာအုပ်ထဲကနဲ့တော့ သိပ်မတူဘူး ၊ ဒါပေမဲ့ ဖြစ်တတ်ပါတယ်လေ ၊ စာအုပ်ထဲကနဲ့ ဘယ်လောက်ကွာခြားမလဲဆိုတာ စောင့်ကြည့်တာပေါ့"

ကျန်းလန်က သူတို့ကိုကြည့်ပြီး ဝေဖန်သုံးသပ်လိုက်သည်။

အစွယ်စိမ်းကျားရိုင်းမိစ္ဆာများ၏ လူသတ်တိုက်ကွက်ကိုလည်း ကျန်းလန် သိရှိသည်။ ရန်သူ ထိုတိုက်ကွက်ကို ထုတ်ဖော်အသုံးပြုချိန် မရစေရန် သူ ပြုလုပ်ရမည် ဖြစ်၏။

ထို့ပြင် အခြားသောမတော်တဆမှုများလည်း မဖြစ်အောင် ဂရုစိုက်ရမည်။ အစစ်အမှန်အင်မော်တယ်များဆိုသည်က လုန်ယွိ ကိုင်တွယ်ဖြေရှင်းနိုင်သည့်အရာ မဟုတ်သည်မှာ သေချာလှသည်။

ကျန်းလန်က…

"ဂိုဏ်းတူအစ်မ…"

ကျန်းလန်က လုန်ယွိကို နောက်ဆုတ်နေဖို့ ပြောရန်ဟန်ပြင်လိုက်သည်။

သို့သော် သူ့စကားမဆုံးခင်မှာပင် လုန်ယွိက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ကျန်းလန်ရှေ့သို့ ရောက်ရှိသွားသည်။

"ဂိုဏ်းတူမောင်လေး ပြေးတော့...၊ ဂိုဏ်းတူအစ်ကို လုကျန်းနဲ့ အခြားသူတွေကို အရင်ဆုံး သွားရှာပါ ၊ ကျွန်မ သူတို့ကို ထိန်းထားလိုက်မယ် ၊ စိုးရိမ်စရာတော့မရှိပါဘူး ၊ တစ်ခုခု အန္တရယ်ကြုံလာမယ်ဆိုရင် ဆရာဒေါ်လေးနဲ့ ဆရာဦးလေးတို့မှာ အရန်အစီအစဉ်တွေ ရှိမှာပါ"

ကျန်းလန် : "……"

သူမက ကျောက်စိမ်းရေကန်နတ်ဘုရားမဖြစ်သလို ဂိုဏ်းတူအစ်မတစ်ယောက်လည်း ဖြစ်သည်။ ကျန်းလန်ကို ကာကွယ်ပေးရမည်မှာ သူမ၏တာဝန်ပင်။

ထိုအချိန်…

အစစ်အမှန်အင်မော်တယ်ကျားရိုင်းမိစ္ဆာ (၂)ယောက်က တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။

သူတို့က ကျန်းလန်ကို လျစ်လျူရှုပြီး လုန်ယွိကို သာ တိုက်ခိုက်သည်ကို ကြည့်ခြင်းအားဖြင့် ရည်ရွယ်ချက်က ရှင်းလင်းနေသည်။

"ဝေါင်း…"

ကျားဟိန်းသံများ တောအုပ်ထဲတွင် ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

ကြီးမားလှသည့် တန်ခိုးစွမ်းအားကြီးက အရာအားလုံးကို ဖျက်စီးပစ်လိုက်သည်။

လုန်ယွိက နဂါးတစ်ဝက်အသွင်သို့ ပြောင်းလဲသွားသည်။ သူမက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ဓားကို ဆွဲထုတ်လိုက်သည်။

သူမ၏ ကြည်ပြာရောင်ဓားမှ လျှပ်စီးတန်ခိုးစွမ်းအားများ ထဃက်ပေါ်လာသည်။

"ဘုန်း"

မြေပြင်တစ်ခုလုံးတုန်လှုပ်သွားသည်။

လုန်ယွိ၏ဓားမှ လျှပ်စီးတန်ခိုးစွမ်းအားက ကျားရိုင်းမိစ္ဆာထံသို့ ဝင်ရောက်သွားသည်။

သို့သော် စက္ကန့်ပိုင်းအတွင်း လျှပ်စီးတန်ခိုးစွမ်းအားပြိုကွဲသွားပြီး လေထုကို ဖြတ်ကျော်ဝင်ရောက်လာသည်။

လုန်ယွိ နောက်သို့ အနည်းငယ် လွင့်ထွက်သွား၏။

သူမ၏လက်မှ သွေးများစီးကျနေသည်။

သူမ ရန်သူကို တစ်ချက်တည်းဖြင့် ရှုံးနိမ့်ခဲ့ရပြီ ဖြစ်သည်။

***

All Chapters