ဂိုဏ်းတူအစ်မ ကိုယ်ရန်သူတွေကို ဘယ်လိုသတ်လဲကြည့်ပါ
Vol. 31 Ch. 427
အစစ်အမှန်အင်မော်တယ်နှင့် လူသားအင်မော်တယ်ကြား အဆင့်ကွာခြားချက်က ကျော်ဖြတ်မရနိုင်လောက်အောင် မြင့်မားလွန်းသည်။ လုန်ယွိကို အသာထား ၊ အန္တရယ်ကိုးသွယ်စွမ်းအားကို ပိုင်ဆိုင်ထားသည့် ကျန်းလန်သည်ပင် ၎င်းကွာဟချက်ကို ကျော်လွှားရန် ခက်ခဲသည်။
လူသားအင်မော်တယ်၏ ရုပ်ခန္ဓာက လူသားခန္ဓာအဖြစ်သာ ရှိသေးပြီး အစစ်အမှန်အင်မော်တယ်၏ ရုပ်ခန္ဓာကတော့ အင်မော်တယ်ခန္ဓာဖြစ်သည်။ ကွာဟမှုက အလွန်ကြီးမားသောကြောင့် ကျင့်ကြံသူတစ်ယောက်၏ အင်မော်တယ်စွမ်းအားသည်ပင် ထိုကွာဟချက်ကို ဖြည့်ဆည်းရန် မလုံလောက်ပေ။
သို့သော် ယခု ကျွန်းပေါ်တွင် ရင်ဆိုင်ရသည့် တိုက်ခိုက်ခြင်းက အပေါ်ယံဒဏ်ရာကိုသာ ရရှိစေမည်ဖြစ်ပြီး ကျင့်ကြံခြင်းကို ထိခိုက်စေလောက်သည့် အတွင်းဒဏ် ရရှိစေမည် မဟုတ်ပေ။ ဤကျွန်းပေါ်တွင် ကျင့်ကြံခြင်းအဆင့် ဖိနှိပ်ခံထားရလေရာကျန်းလန်က ရွှေခန္ဓာအောင်မြင်ထားသူတစ်ယောက်ဖြစ်သည့်တိုင် အစစ်အမှန်အင်မော်တယ်တစ်ယောက်ကြောင့် ဒဏ်ရာရသွားနိုင်သည်။
သူ၏ ရွှေခန္ဓာတန်ခိုးစွမ်းအားများသည် ဤကျွန်းပေါ်တွင် ရည်ရွယ်ချက်ရှိရှိဖြင့် ဖိနှိပ်ခံထားရဟန် ရှိသည်။
သို့သော် မည်မျှပင် ဒဏ်ရာ ဆိုးဆိုးဝါးဝါး ရရှိပါစေ အပေါ်ယံဒဏ်ရာသာ ရရှိမည် ဖြစ်ပြီး ကျင့်ကြံခြင်းကို ထိခိုက်နိုင်သည့် အတွင်းဒဏ်ရာ ရရှိမည် မဟုတ်ပေ။
ထို့ကြောင့် လုန်ယွိသည် ရန်သူ၏ တိုက်ခိုက်မှုကို ခံရပြီး တစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားသည့်တိုင် ဒဏ်ရာအပြင်းအထန် မရရှိခဲ့ခြင်း ဖြစ်၏။
လုန်ယွိက လူသားအင်မော်တယ် နောက်ဆုံးအဆင့် ဖြစ်သည်။
ကျားရိုင်းမိစ္ဆာနှစ်ယောက်က အခြေအနေကိုကြည့်ပြီးနောက် လေထဲသို့ ခုန်ဝင်လိုက်ကြကာ လုန်ယွိ ဒဏ်ရာအပြင်းအထန် ရရှိသွားစေရန် လက်ဝါးဖြင့် ထပ်မံရိုက်ချလိုက်သည်။
လုန်ယွိ ခေါင်းမော့ကြည့်လိုက်သည်။ လက်ဝါးရိုက်ချက်မှ ထွက်ပေါ်လာသည့်ဖိအားက သူမကို လှုပ်ရှားရ ခက်ခဲစေသည်။
သို့သော် သူမ၏ မွေးရာပါဗီဇ တိုက်ခိုက်မှုစွမ်းရည် ထွက်ပေါ်လာပြီး လက်ဝါးရိုက်ချက်ကို ခုခံလိုက်သည်။
"ဘုန်း"
တန်ခိုးစွမ်းအားများ ရိုက်ခတ်သွားပြီး အစစ်အမှန်အင်မော်တယ်တစ်ယောက်၏ လက်ဝါးရိုက်ချက်က လုန်ယွိ၏ ခုခံတိုက်ခိုက်မှုကို လွှမ်းမိုးသွားသည်။
လုန်ယွိ၏လက်မှာ နောက်သို့ တွန်းထုတ်ခံလိုက်ရပြီး သူမ ရင်ဆိုင်တိုက်ခိုက်နိုင်ခြင်းမရှိကြောင်း သိလိုက်သည်။
သူမ ရန်သူကို လုံး၀ ခုခံနိုင်ခြင်း မရှိပေ။
အမှန်တော့ မြောင်ယွဲ့နှင့် ကျိုးကျုန်းထျန်းသည် သူမနှင့် ကျန်းလန် အသက်အန္တရယ်ရှိလာပါက ကယ်တင်ရန် အရန်အစီအစဉ်များ ပြုလုပ်ထားသည်ကို သူမ ရိပ်မိသည်။
မကြာမီ အစစ်အမှန်အင်မော်တယ်တစ်ယောက်၏ တန်ခိုးစွမ်းအားများ လုန်ယွိထံသို့ ကျရောက်လာသည်။ လက်ဝါးရိုကချက်မှ တန်ခိုးစွမ်းအားများ သူမကို ထိမှန်သည်နှင့် ဒဏ်ရာအပြင်းအထန် ရရှိသွားမည် ဖြစ်သည်။
မည်သည့်နည်းနှင့်မှ ရှောင်တိမ်းရန် မဖြစ်နိုင်ပေ။
သူမက နဂါးသွေးအနှစ်သာရစွမ်းအားကို အသုံးပြုပြီး လွတ်လမ်းရှာရန် စဉ်းစားလိုက်စဉ် သူမနောက်သို့ တစ်စုံတစ်ယောက် ရောက်ရှိလာသည်ကို အာရုံခံလိုက်မိသည်။
ထိုသူထံမှ သူမနှင့် ရင်းနှီးနေသည့် အငွေ့အသက်ကို ရရှိလိုက်သည့်အတွက် လုန်ယွိ အံ့အားသင့်သွားသလို ဒေါသလည်းထွက်သွားသည်။
ဂိုဏ်းတူမောင်လေးက သူမ၏စကားကို နားမထောင်ဘူးလား။
သူမ တွေးနေစဉ်မှာပင် ကျန်းလန်၏လက်တစ်ဖက်က လုန်ယွိ၏ နဂါးတစ်ဝက်အသွင် လက်တစ်ဖက်ကို ထိကိုင်လိုက်သည်။
ထို့နောက် ကျန်းလန်၏ အသံ ထွက်ပေါ်လာ၏။
"ဂိုဏ်းတူအစ်မ ၊ တိုက်တော့"
လုန်ယွိ၏ စွမ်းအားမဲ့နေသည့်လက်သည် ချက်ချင်းပင် တန်ခိုးစွမ်းအားများဖြင့် ပြည့်သွားသည်။ သူမက တစ်ချက်မတုံ့ဆိုင်းဘဲ ရန်သူကို ထပ်မံတိုက်ခိုက်လိုက်၏။
သူမ တစ်ခါမှ မခံစားဖူးသော တန်ခိုးစွမ်းအားတစ်ခုကို ခံစားလိုက်ရပြီး ထိုစွမ်းအားက သူမ နားလည်နိုင်သည်ထက် ကျော်လွန်သည်။
ထို့နောက် လက်ဝါးချင်း ရိုက်ခတ်မိသံထွက်ပေါ်လာသည်။
"ဟူး"
လုန်ယွိ၏ လက်ဝါးရိုက်ချက်က လေကို ဖြတ်သန်းသွားပြီး အစစ်အမှန်အင်မော်တယ်ကျားရိုင်းမိစ္ဆာ၏ လက်ဖဝါးမှ တန်ခိုးစွမ်းအားများကို အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားစေသည်။ ထို့နောက် ကျားရိုင်းမိစ္ဆာထံသို့ တန်ခိုးစွမ်းအားက ထိုးဖောက်ဝင်ရောက်သွား၏။
သူမလက်ဖဝါးမှ တန်ခိုးစွမ်းအားကို လုန်ယွိ များစွာ မခံစားလိုက်ရပေ။
သို့သော် အစစ်အမှန်အင်မော်တယ် ကျားရိုင်းမိစ္ဆာ၏မျက်ဝန်းများထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ထင်ဟပ်လာသည်ကို တွေ့မြင်လိုက်ရသည်။
သူ၏မျက်ဝန်းများအား အကြောက်တရားက ဖုံးလွှမ်းသွားပြီး အော်ဟစ်ချိန်ပင်မရလိုက်ဘဲသူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အက်ကြောင်းများ ထင်ဟပ်လာသည်။
ထို့နောက်…
"ဘန်း"
ကျယ်လောင်သည့် ပေါက်ကွဲသံတစ်သံထွက်ပေါ်လာပြီး ကျားရိုင်းမိစ္ဆာမှာ သွေမှုံများအဖြစ် ပြောင်းလဲသွားကာ လေထဲတွင် အခိုးအငွေ့အဖြစ် လွင့်ပြယ်သွားတော့သည်။
လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် နတ်မိစ္ဆာတစ်ယောက်ကို သတ်ဖြတ်ပစ်လိုက်ပြီဖြစ်သည်။ ဝိညာဉ်ပါ ပျက်စီးသေဆုံးသွားရခြင်း ဖြစ်၏။
တစ်ချိန်တည်းမှာပင် ကျန်းလန်၏ လက်တစ်ဖက်က ဓားကိုင်ထားသည့် လုန်ယွိ၏လက်ကို အပေါ်မှ အုပ်မိုးဆုပ်ကိုင်လိုက်ပြီး ဓားကို ပင့်တင်လိုက်သည်။
"ဂိုဏ်းတူအစ်မ ၊ အခု မင်းကို နဂါးသုတ်သင်ဓားသိုင်း သင်ပေးမယ် ၊ သေသေချာချာ ကြည့်နော်"
ကျန်းလန်၏ အသံထွက်ပေါ်လာသည်။
လုန်ယွိက သူမလက်ကို အုပ်မိုးဖိကိုင်ထားသည့် ကျန်းလန်၏လက်ကို တစ်ချက်ကြည့်လိုက်သည်။
နောက်ထပ် ကျားရိုင်းမိစ္ဆာတစ်ကောင်မှာ သူ့အဖော်သွေးမှုံများအဖြစ်ပြောင်းလဲသွားသည်ကို ကြည့်ရင်း အံ့သြမှင်တက်သွားသည်။
ချက်ချင်ပင် သူက ထွက်ပြေးရန် ဟန်ပြင်လိုက်သည်။
သို့သော် ကျန်းလန်က ဓားကိုင်ထားသည့် လုန်ယွိ၏လက်ကို အသာဝှေ့ယမ်းလိုက်ပြီး နတ်မိစ္ဆောကေကာင်ကို ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။
ဓားကွက်က စိတ်ကူး၍မရနိုင်အောင် ပြင်းထန်လွန်းပြီး ဓားတန်ခိုးစွမ်းအားများက အရပ်မျက်နှာတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
ဓားက ကျားမိစ္ဆာ၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းဝင်ရောက်သွားပြီး စူးရှသည့် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။
သို့ပေသိ အော်သံက လမ်းတစ်ဝက်တွင် ရပတန့်သွားပြီး ကျားမိစ္ဆာ၏ ခန္ဓာကိုယ်မှာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်။
ထို့နောက် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာကာ သွေးမှုံများအဖြစ် ပြောင်းလဲသွားတော့၏။
အစစ်အမှန်အင်မော်တယ် (၂)ယောက်မှာ ကြက်လေး ငှက်လေးသတ်သလို သတ်ဖြတ်ခံလိုက်ရသည်။ တစ်ချက်ပင် ခုခံတိုက်ခိုက်ချိန် မရလိုက်ကြပေ။
ထို့နောက် ကျန်းလန်က လုန်ယွိ၏လက်ကို အသာလွှတ်ပေးလိုက်ပြီး နူးညံ့သည့်လေသံဖြင့် မေးလိုက်သည်။
"အခု နားလည်ပြီလား"
လုန်ယွိက မည်သည့်စကားမှ ပြန်မပြောခဲ့ပေ။ သူမသည် ရင်းနှီးပြီးသား ဖြစ်သည့် ကျန်းလန်၏မျက်နှာကို မယုံကြည်နိုင်သည့် မျက်ဝန်းများဖြင့် မော့ကြည့်လာသည်။
ကျန်းလန်ကတော့ သူမအကြည့်များကို စိတ်ထဲမထားဘဲ ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်သည်။
"ဂိုဏ်းတူအစ်မ ၊ ကိုယ့်ကို ဒီမှာ ခဏလောက် စောင့်နေပေး"
ကျန်းလန်က ဆိုသည်။
ထွက်ပြေးသွားကြသည့် လူသားအင်မော်တယ် (၅)ယောက်ကို ရှင်းလင်းရဦးမည် မဟုတ်ပါလား။
ထိုသူများ ဤနေရာမှ ထွက်ခွာသွားမည်ကို ကျန်းလန် ခွင့်မပြုနိုင်ပေ။ မဟုတ်ပါက ထိုသူများက သူ၏အကြံအစီများကို အနှောက်အယှက်ပေးလာမည် ဖြစ်၏။
ပြီးတော့ ကျန်းလန်ဆိုသည်က ရန်သူဆိုလျှင် အလွတ်ပေးတတ်သည့်အကျင့် မရှိပေ။ တိုက်ပြီဟေ့ ဆိုလျှင် သူက မည်သူ့ကိုမှ အသက်ရှင်ခွင့် မပေးတတ်ပေ။
လုန်ယွိ အူကြောင်ကြောင်ဖြင့် ခေါင်းညိတ်ပြလိုက်မိသည်။
ထို့နောက် စက္ကန့်ပိုင်းအတွင်းမှာပင် ထွက်ပြေးသွားကြသည့် လူသားအင်မော်တယ်များအလယ်သို့ ကျန်းလန်ရောက်ရှိသွားသည်။ ထိုသူများအလယ် ကျန်းလန် ပေါ်လာလိုက် ပျောက်သွားလိုက်နှင့် လျှင်မြန်သည့် လှုပ်ရှားမှုများကို ပြုလုပ်လိုက်သည်။
လူသားအင်မော်တယ်များမှာ ခဏချင်းပင် လှုပ်ရှားမရနိုင်အောင် အေးခဲသွားကြပြီး နေရာမှာပင် မလှုပ်မယှက် ရပ်တန့်သွားကြ၏။
လူသားအင်မော်တယ်များကြား ဖြတ်သန်းသွားပြီးနောက် ကျန်းလန် လုန်ယွိအနား ပြန်လာခဲ့သည်။
သူက လုန်ယွိထံသို့ ဖြည်းညှင်းစွာ လမ်းလျှောက်လာသည်။
သူမက စိတ်ရှုတ်ထွေးစွာဖြင့် ကျန်းလန်ကို ကြည့်နေစဉ်မှာပင် ပေါက်ကွဲသံတစ်သံကို ကြားလိုက်ရသည်။
"ဘန်း…"
အေးခဲတောင့်တင်းနေသည့် လူသားအင်မော်တယ် (၅)ယောက် တစ်ချိန်တည်းမှာပင် ပေါက်ကွဲထွက်သွားပြီး အဆုံးမရှိသည့် သွေးမှုံများအဖြစ် ပြောင်းလဲသွားသည်။ လူသားအင်မော်တယ် (၅)ယောက် တစ်ခဏအတွင်း အသတ်ဖြတ်ခံလိုက်ရပြီ ဖြစ်သည်။
"ဝှစ်…"
ကျန်းလန်က ကျောခိုင်းလျှက်ဖြင့်ပင် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ မီးတောက်များထွက်ပေါ်လာပြီး မီးတောက်များအလယ်တွင် သွေးမှုံများအားလုံး လောင်ကျွမ်းပျောက်ကွယ်သွားကြသည်။
ကျန်းလန် လုန်ယွိအနားသို့ ရောက်လာ၏။
သူက ဒဏ်ရာရထားသည့် လုန်ယွိ၏လက်လေးကို အသာကိုင်ကာ ဒဏ်ရာပျောက်ကင်းစေသည့်မန္တန် အသုံးပြုလိုက်သည်။
ပြီးမှ သူက တည်ငြိမ်သည့်လေသံဖြင့်…
"ဂိုဏ်းတူအစ်မ ၊ နောက်ဆိုရင် ကိုယ့်နောက်မှာပဲနေ ၊ မိုက်မိုက်မဲမဲနဲ့ ရှေ့ထွက်တိုက်ဖို့ မစဉ်းစားနဲ့"
လုန်ယွိကတော့ သတိလက်လွတ်ဖြင့် ကျန်းလန်ကို ကြည့်နေ၏။
သူမ မျက်ဝန်းများက ပြူးကျယ်ဝိုင်းစက်နေပြီး သူမစိတ်ထဲမှ သံသယများကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။
"ဂိုဏ်းတူမောင်လေး… ရှင်က ဘယ်တုန်းက ကျွန်မကို တိတ်တိတ်လေး ကျော်တက်သွားတာလဲ"
လုန်ယွိလက်မှ ဒဏ်ရာကို ဆေးကုသပေးနေသဖြင့် ခေါင်းငုံ့ထားသည့် ကျန်းလန်သည် လုန်ယွိကို ခေါင်းမော့ကြည့်လိုက်သည်။
ထိုအခါ တုန်လှုပ်ခြောက်ခြားစွာဖြင့် သူ့ကို စူးစိုက်ကြည့်နေသည့် လုန်ယွိ၏ မျက်ဝန်းတစ်စုံကို တွေ့မြင်လိုက်ရသည်။ အေးစက်တည်ငြိမ်လွန်းသည့် လုန်ယွိပုံစံဖြင့် ထိုသို့အမူအရာပျက်သည်ကို ကျန်းလန် ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်သည်။
လုန်ယွိက သူမရင်ဘတ်ကို တစ်ချက်ငုံ့ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် ရှောင်ယွိအသွင် ပြောင်းလဲလိုက်သည်။ ပုံစံပြောင်းသွားသည်နှင့် သူမ၏ အမူအရာက ပိုမိုဆိုးရွားလာသည်။
သူမမျက်ဝန်းများတွင် အလင်းတန်းများတောက်ပနေသည်အလားပင် ထင်မှတ်ရ၏။
သူမက…
"ဂိုဏ်းတူမောင်လေးက ဘာလို့များ နေ့တိုင်းနီးပါး ဉာဏ်အလင်းပွင့်နေလဲလို့ တွေးနေတာ ၊ သေချာတာပေါ့ ၊ ရှင်က ကျွန်မကို တိတ်တိတ်လေး ကျော်တက်သွားတာကိုး…"
စကားပြောရင်းဖြင့် ရှောင်ယွိမှာ စိတ်လှုပ်ရှားနေဟန် ရှိသည်။
သူမက နဂါးတစ်ဝက်အသွင်နှင့်ရှိနေဆဲ ဖြစ်ပြီး သူမ၏ ပါးပြင်နှင့် လည်ပင်းထက်မှ သွေးနီရောင်အနာရွတ်သည်လည်း ထင်ဟပ်လျှက် ရှိသည်။ ရန်သူနှင့် တိုက်ခိုက်ရာတွင် သူမ အစွမ်းရှိသမျှ အသုံးပြုခဲ့ကြောင်း ထင်ရှားနေသည်။
"ဂိုဏ်းတူအစ်မ ၊ မလှုပ်နဲ့နော်… ဒီမှာ ဒဏ်ရာကို ကုသပေးနေတာ မပြီးသေးဘူး"
ကျန်းလန်က သူမလက်လေးကို ကိုင်ထားရင်း တိုးလျစွာ ပြောသည်။
ရှောင်ယွိက…
"အဲဒါ အပေါ်ယံဒဏ်ရာပါပဲ ၊ ကျွန်မက နဂါးဆိုတာ မမေ့နဲ့နော် ၊ နဂါးခန္ဓာကိုယ်က စွမ်းအားမြင့်မားလို့ ဒဏ်ရာလည်း မြန်မြန်ပျောက်လွယ်တယ်"
ထိုသို့ပြောလိုက်သော်လည်း တကယ်တမ်းတွင် သူမက လှုပ်ရှားခြင်း မရှိခဲ့ပေ။ သူမ၏ ဒဏ်ရာကို ကျန်းလန် ဆေးကုသပေးနေသည်ကို ငြိမ်သက်စွာ ခံယူနေလေသည်။
ကျန်းလန်က ခေါင်းငုံ့ထားရင်းဖြင့်ပင် တိုးလျသည့်လေသံဖြင့်…
"စောစောက ကိုယ်သာ ထွက်ပြေးသွားရင် ဂိုဏ်းတူအစ်မတစ်ယောက်ည်း ရန်သူတွေနဲ့ တိုက်ခိုက်ရမှာ မဟုတ်ဘူးလား"
ရှောင်ယွိက…
"ဂိုဏ်းတူမောင်လေး ထွက်မပြေးတာ နည်းနည်းတော့ ဝမ်းသာပေမယ့် ကျွန်မ ဒေါသထွက်တယ် သိလား"
သူမက ဆက်ပြောသည်။
"ဒါကြောင့် နောက်တစ်ခါဆို ကျွန်မက ပြေးဆိုရင် ပြေးသာပြေးပါ ၊ ပြေးရင်းနဲ့ ကျွန်မ စိတ်ဓာတ်တက်ကြွစေမယ့် စကားလေးတွေနဲ့လည်း အားပေးသွားပေါ့"
ကျန်းလန် : "……"
ကျန်းလန် တအံ့တသြဖြင့် ထိုကောင်မလေးကို ကြည့်လိုက်မိသည်။
ဒီ မာနကြီးတဲ့ နဂါးမလေးက အခုချိန်ထိ အခြေအနေကို နားမလည်သေးဘူးလား။ အခုအချိန်ထိ ဘယ်သူက ပြေးရမည်ဆိုသည်ကို မသိသေးဘူးလား။
ရှောင်ယွိက…
"ဂိုဏ်းတူမောင်လေး ၊ ကျွန်မကို အမှန်အတိုင်းပြော ၊ ရှင် အခု ဘယ်အဆင့်ရောက်နေပြီလဲ"
သူမလက်မှ ဒဏ်ရာကလည်း တဖြည်းဖြည်း သက်သာလာပြီဖြစ်သည်။
သူမ၏ နဂါးတစ်ဝက်အသွင်သဏ္ဌန်သည်လည်း မှေးမှိန်သွားပြီး သူမကိုယ်ပေါ်မှ နဂါးအကြေးခွံများလည်း ပျောက်ကွယ်သွားပြီ ဖြစသည်။
သူမမျက်ဝန်းများလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီ ဖြစ်သော်လည်း သူမမျက်နှာနှင့် လည်ပင်းမှ အနာရွတ်ကြီးကတော့ ပျောက်ကွယ်မသွားသေးပေ။
ရှောင်ယွိလက်မှ ဒဏ်ရာပျောက်ကင်းသွားပြီး သူမလက်လေး ကျောက်စိမ်းသားပမာ ဖြူဖွေးလာတော့မှ ကျန်းလန်က ရှောင်ယွိ၏လက်ကို လွှတ်ပေးလိုက်သည်။
ကျန်းလန်က တိုးလျသည့် လေသံဖြင့်…
"ကိုယ့်ရဲ့ ကျင့်ကြံခြင်းအဆင့်က ဂိုဏ်းတူအစ်မနဲ့တော့ နည်းနည်းလောက် ကွာခြားတာပေါ့"
ရှောင်ယွိ ကျန်းလန်ကို ကြည့်နေရင်း သဘောပေါက်သွားသည်။
"ဒါဆို အရင်တုန်းက ကျွန်မနဲ့ ရှင်နဲ့ကြားမှာ ကျင့်ကြံခြင်းအဆင့် နည်းနည်းတော့ ကွာခြားတယ်လို့ ပြောခဲ့တာ ၊ ရှင်က ကျွန်မထက် တန်ခိုးစွမ်းအား ပိုပြီးမြင့်မားနေတာကို ဆိုလိုတာပေါ့"
ကျန်းလန် ခေါင်းညိတ်လိုက်သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်ကို ရှောင်ယွိအား ဖုံးကွယ်မထားချင်ပေ။ လင်နှင့်မယားဖြစ်ကြလေရာ တစ်ယောက်နှင့်တစ်ယောက် လျှို့ဝှက်ထားစရာ မလိုပေ။
မလိုအပ်လျှင် မပြောဘဲနေမည်ဖြစ်သော်လည်း တမင်သက်သက် ကွယ်ဝှက်စရာ အကြောင်းမရှိပေ။ ရှောင်ယွိ သူ့အကြောင်း သိရှိသွား၍ ပြဿနာမရှိသလို ကျန်းလန်က အစကတည်းက သူမကို ထားခဲ့ပြီး ထွက်ပြေးရန် ဆန္ဒမရှိပေ။
"ဒါဆို ကိစ္စတစ်ခု အရင်ဆုံး ရှင်းအောင်လုပ်ရမယ် ၊ နောက်တစ်ခါ ကျွန်မတို့နှစ်ယောက် စိန်ခေါ်ပွဲလုပ်တဲ့အခါ ရှင်က လူသားအင်မော်တယ်အဆင့်နဲ့ပဲ ယှဉ်ပြိုင်မှာမလား"
ရှောင်ယွိက အလေးအနက် ဆိုသည်။
ကျန်းလန် : "……"
အများအမြင်တွင် ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့်က လူသားအင်မော်တယ်အဆင့် ဖြစ်သည် မဟုတ်ပါလား။
***