နဂါးမျိုးနွယ်များကို ထိတ်လန့်တုန်လှုပ်စေခြင်း
Vol. 31 Ch. 430
မမြင်ရသည့်အရံအတားက ခိုင်ခန့်လွန်းသည့်တိုင် ကျန်းလန်အတွက်တော့ ထိုအရာကို ဖြတ်ကျော်ရန် မခက်ခဲပေ။ ထိုအရံအတားကို ကျန်းလန်က လွယ်လွယ်နှင့် ချိုးဖျက်ပစ်နိုင်သည်။
ထို့နောက် ကျန်းလန်၏ ဓားသွားမှ အစစ်အမှန်နဂါးပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ နဂါးပုံရိပ်က ထက်ရှပြီး ကျန်လန်၏ တန်ခိုးစွမ်းကလည်း တစ်ဆင့်ချင်း မြင့်တက်လာသည်။
မိုးကောင်းကင်အင်မော်တယ် ၊ ကနဦးအဆင့်။
မိုးကောင်းကင်အင်မော်တယ် ၊ အလယ်ဆင့်။
မိုးကောင်းကင်အင်မော်တယ် ၊ နောက်ဆုံးအဆင့်။
ကျန်းလန် ချက်ချင်းပင် နဂါးနက်ဘုရင်အန်းကျီ၏ဘေးသို့ ရောက်ရှိလာ၏။
သူက နဂါးနက်ကြီးကို စမ်းသပ်တိုက်ခိုက်ခြင်း ဖြစ်သည့်တိုင် တိုက်ခိုက်မှုတွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပါဝင်နေသည်။
ရန်သူကို သတ်ဖြတ်နိုင်မည်ဆိုလျှင် အသက်ရှင်ခွင့်ပေးနေစရာ အကြောင်းမရှိပေ။
သို့သော် နဂါးနက်ဘုရင်အနားသို့ ကျန်းလန် ချဉ်းကပ်လာသည်နှင့် ရောင်ဝါတစ်ခုထွက်ပေါ်လာပြီး သူ့ကို တိုက်ခိုက်လိုက်သည်။
တိုက်ခိုက်မှုက တာ့လော်အင်မော်တယ် ၊ ကနဦးအဆင့် တန်ခိုးစွမ်းအား ဖြစ်၏။ ရန်သူက ကြိုတင်ပြင်ဆင်ထားသည်မှာ ထင်ရှားသည်။ မဟုတ်ပါက ကျန်းလန်၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိသွားနိုင်သည်။
ကျန်းလန်က တုံ့ဆိုင်းမနေဘဲ မိုးကောင်းးကင်အင်မောတ်ယ် အောင်မြင်ထားသည့်အဆင့် တန်ခိုးစွမ်းအားကို ထုတ်ဖော်ကာ သူ့ကိုတိုက်ခိုက်လာသည့် ရောင်ဝါကို တားဆီးထားလိုက်သည်။
ထို့နောက် သူ့ဓားကို ခုတ်ပိုင်းချလိုက်၏။
"ဘုန်း"
ဓားချက်နှင့်အတူ ပြင်းထန်သည့် တန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်လာသည်။
ဓားကွက်ထုတ်ဖော်ပြီးသည်နှင့် ကျန်းလန်က ချက်ချင်းပင် နောက်သို့ ခုန်ဆုတ်လိုက်သည်။
ကျန်းလန် အရံအတားအပြင်ဘက်သို့ ရောက်ရှိသွားသည်။
ထိုနေရာတွင် ကြောက်ရွံ့ထိတ်လန့်နေသည့် နဂါးနက် (၂)ကောင်ကို တွေ့ရလေရာ ကျန်းလန်က ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။
မိုးကေင်းကင်အင်မော်တယ် အောင်မြင်သည့်အဆင့် တန်ခိုးစွမ်းအားများက ထိုနဂါးနက် (၂)ကောင်ကို ဖိနှိပ်ထားလိုက်သည်။
ကျန်းလန်က ဓားကို စက်ဝိုင်းပုံသဏ္ဌန်လှည့်ပတ်လိုက်လေရာ နဂါးနက် (၂)ကောင်များ မျက်လုံးများ ပြူးကျယ်သွားကြပြီး သူတို့၏အလောင်းများက မြေပြင်ထက်သို့ အပိုင်းပိုင်းပြတ်ကာ ပြုတ်ကျသွားကြသည်။
"ဘန်း"
မြေပြင်ပေါ်သို့ လေးလံသော နဂါးခန္ဓာကိုယ်အပိုင်းအစများ ပြုတ်ကျသံ ထွက်ပေါ်လာသည်။
"မိုးကောင်းကင်အင်မော်တယ် အောင်မြင်ထားတဲ့အဆင့်လား"
အရံအတားအတွင်းမှ နဂါးနက်ဘုရင်က ပြောလိုက်သည်။
ထို့နောက် သူက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်ပြီး တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။ သူက အစကတည်းက တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်၏။
နဂါးနက်ဘုရင်က...
"သိပ်အတင့်ရဲနေပါလား ၊ ကျုပ်ရဲ့ ကျင့်ကြံခြင်းအဆင့်က တာ့လော်အင်မော်တယ် ၊ ကနဦးအဆင့်ထိ ကျဆင်းနေပေမယ့် မင်းကို သတ်ဖို့ကတော့ လက်နဲ့တောက်ထုတ်ရသလို လွယ်လွယ်လေးပဲ"
လိမ်ပြောနေတာပဲ။
ကျန်းလန် တွေးလိုက်၏။
အနှီနဂါးနက်ကြီး၏ ကျင့်ကြံခြင်းအဆင့်က တာ့လော်အင်မော်တယ် ၊ ကနဦးအဆင့် မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။ မဟုတ်ပါက စောစောက သူ၏ဓားချက်ဖြင့် သေချာပေါက် ဒဏ်ရာရသွားမည် ဖြစ်သည်။
"ဒီကောင်ကြီးက ငါ့ကို ထောင်ချောက်ဆင်နေတာပဲ ၊ သူက ငါ စိတ်အေးသွားအောင် ကျင့်ကြံခြင်းအဆင့်လျှော့ပြောပြီး သတိမထားတော့အောင် လုပ်နေတာ"
ကျန်းလန် တွေးလိုက်သည်။
ထို့နောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်၏။
ရန်သူက ကျင့်ကြံခြင်းအဆင့် ဖိနှိပ်ခံထားရသည်ဖြစ်ရာ တာ့လော်အင်မော်တယ် ၊ အလယ်ဆင့်လောက်တွင် ဖြစ်နိုင်သည်။
"ဒီကောင်ကြီးကို ငါ သတ်နိုင်မလား ကြိုးစားကြည့်ရမယ်"
သူ နဂါးနက်ဘုရင်ကို သတ်ဖြတ်နိုင်ခြင်း မရှိလျှင်တော့ ဤနေရာတွင် ပြင်းထန်သည့်တိုက်ပွဲတစ်ခု ဖြစ်ပွားနေဟန် ပြုလုပ်ပြီး ဆရာဦးလေး ကျိုးကျုန်းထျန်းရောက်လာအောင် မျှားခေါ်ရမည် ဖြစ်သည်။
သို့သော် ဆရာဦးလေးရောက်မလာခင် အရင်ဆုံး ပြေးနိုင်ရန်လည်း သူ့အတွက် ပြင်ဆင်ထားရမည် ဖြစ်သည်။
မဟုတ်ပါက…
သူ့အကြောင်း ဘူးပေါ်သလို ပေါ်သွားပေလိမ့်မည်။
ဆရာဖြစ်သူလည်း အနားတွင်မရှိသလို ဆရာဦးလေး ကျိုးကျုန်းထျန်းက သူ့ကို လက်သီးနတ်ဘုရားဟု သိရှိခြင်း မရှိပေ။
ဆရာဖြစ်သူက သူ့အပေါ်ယုံကြည်ပေးပြီး မည်သည့်မေးခွန်းမှ မေးမြန်းခဲ့ခြင်း မရှိပေ။
သို့သော် ဆရာဒေါ်လးမြောင်ယွဲ့နှင့် ဆရာဦးလေးကျိုးကျုန်းထျန်းတို့၏ ယုံကြည်မှုကိုရရှိရန်မှာ အနည်းငယ်အလှမ်းဝေးနေခဲ့သည်။
ထို့ပြင် သူက ကျင့်ကြံခြင်းအဆင့် ထိုမျှမြန်မြန် မြင့်တက်လာသည်မှာ လျှို့ဝှက်ချက်တစ်ခု ရှိရမည်ဟု အားလုံးက ထင်မှတ်သွားကြပေလိမ့်မည်။
ထိုသို့သော် လျှို့ဝှက်ချက်ကို စိတ်မဝင်စားသူ မည်သူရှိပါမည်နည်း။
ကျင့်စဉ်လမ်းကို လျှောက်လှမ်းရာတွင် ကျန်းလန်က ကိုယ်ပိင်နားလည်ခြင်းများနှင့် မဟာတာအိုလမ်းစဉ်အတိုင်း လျှောက်လှမ်းခဲ့ခြင်း ဖြစ်သော်လည်း စနစ်ကိုသာ ပိုင်ဆိုင်မထားလျှင် ထိုမျှလျှင်မြန်စွာ အဆင့်တက်နိုင်မည် မဟုတ်ပေ။
ထို့ကြေင့် သူ သတိတစ်ချက် မလျော့ရဲပေ။
"ဂရား"
နဂါးဟိန်းသံကြီးတစ်သံ ထွက်ပေါ်လာပြီး ရန်သူက စတင်တိုက်ခိုက်လာသည်။
ကျန်းလန်က ချက်ချင်းပင် ဓားကို ပင့်တင်လိုက်ပြီး ဓားသွားအတွင်းမှ အစစ်အမှန်နဂါးပုံရိပ်တစ်ခု ကူးခတ်ထွက်ပေါ်လာသည်။ ဓားကွက်ထုတ်ဖော်လိုက်သည်နှင့် ဓားဝိညာဉ်လှိုင်းလုံးများက မြင့်တက်လာသည်။
"ဘုန်း"
ကျန်းလန်၏ တန်ခိုးစွမ်းအားများ မြင့်တက်လာပြီး တာ့လော်အင်မော်တယ် ၊ ကနဦးအဆင့် တန်ခိုးစွမ်းအားများ ထွက်ပေါ်လာသည်။
တစ်ဖက်လူက သူ၏တန်ခိုးစွမ်းအားကို အပြည့်အဝအသုံးပြုနိုင်မည်လား ကျန်လးန် မသိပေ။ အသုံးမပြုနိုင်ဘူးဆိုလျှင်တော့ ကျန်းလန်က အထက်စီးမှ အစပြုတိုက်ခိုက်ရမည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ...
ရန်သူ၏ တန်ခိုးစွမ်းအားက တာ့လော်အင်မော်တယ် ၊ ကနဦးအဆင့်ထိ ကျော်လွန်သည်မှာ ထင်ရှားသည်။
"ဘန်း"
ပတ်ဝန်းကျင်မှ ကျောက်တုံးများ ပြိုကျကုန်၏။
အချိန်အတန်ကြာ တိုက်ခိုက်ပြီးနောက် ကျန်းလန် အနည်းငယ် နောက်ပြန်ဆုတ်လိုက်သည်။
နဂါးနက်ဘုရင်အန်းကျီက အံ့သြသွားဟန်ဖြင့်...
"လက်စသတ်တော့ မင်းက တာ့လော်အင်မော်တယ် ၊ ကနဦးအဆင့်ကိုး"
သို့သော် သူ ထိုအကြောင်းများကို မစဉ်းစားနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ကျန်းလန်က ဓားကို ဝှေ့ယမ်းကာ သူ့ကို တိုက်ခိုက်လာသောကြောင့် ဖြစ်သည်။
ကျန်းလန်၏ ဓားသိုင်းက အနည်းငယ် ထူးခြားသည်။
စောစောကပင် သူ ထိုသို့ခံစားမိသော်လည်း ယခုကပိုပြီး သိသာထင်ရှားလာသည်။
ဒီဓားသိုင်းက…
သူနှင့် ရင်းနှီးနေသလို နားမလည်နိုင်သည့် ခံစားချက်တစ်ခုကိုလည်း ပေးစွမ်းသည်။
"နဂါးမျိုးနွယ်တစ်ယောက်လား"
တစ်ဖက်လူက နဂါးမျိုးနွယ်တစ်ယောက်လားဟု နဂါးနက်ဘုရင် သံသယဝင်သွားသည်။
ကျန်းလန်က လူသားအသွင်ဖြစ်သည့်အတွက် အစပိုင်းတွင် လူသားတစ်ယောက်ဖြစ်မည်ဟု တွေးထင်ခဲ့သည်။
သို့သော် ကျန်းလန်အသုံးပြုသည့်ဓားသိုင်းက နဂါးဓားသိုင်းနှင့် ဆင်တူလွန်းသည်။
မဖြစ်နိုင်ပေ။
တစ်ဖက်လူ အသုံးပြုသည့်ဓားသိုင်းက နဂါးဓားသိုင်း မဖြစ်နိုင်ပေ။
နဂါးနက်ဘုရင် ဆက်ပြီး မစဉ်းစားနိုင်တော့သလို ဆက်လက်တိုက်ခိုက်ရန်လည်း တွန့်ဆုတ်သွားသည်။
ပထမတစ်ကြိမ်ဓားချက်က မအောင်မြင်သဖြင့် ကျန်းလန်က စိတ်ပျက်သွားခြင်း မရှိပေ။ ယခု သူက နဂါးဓားသိုင်းကို ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သည်။
ယခုမှ အစပင် ရှိသေးသည့်တိုင် နဂါးနက်ဘုရင်ကို ကောင်းကောင်းထိန်းထားနိုင်သည်ကို တွေ့ရသည်။
သို့သော် အပြင်ဘက်တွင် ကျန်ရှိနေသးသည့်နဂါးနက်များကိုတော့ နောက်မှပင် ဖြေရှင်းသုတ်သင်ရပေမည်။
***
နဂါးငိုကျွန်းတစ်ဖက်ခြမ်း။
လုန်ယွိသည် စည်းဝိုင်းထဲတွင်ထိုင်ရင်း ကျန်းလန် ပြန်အလာကို စောင့်နေသည်။
သူမက ကျန်းလန်ထွက်ခွာသွားရာဘက်သို့ လှမ်းကြည့်လိုက်ပြီး မျက်နှာကတော့ ခံစားချက်ကင်းမဲ့လျှက် ရှိသည်။
ကျန်းလန်၏ တန်ခိုးစွမ်းအားမြင့်မားမှုကို အနည်းနှင့်အများ နားလည်ခဲ့ပြီဖြစ်လေရာ မတော်တဆ ထိခိုက်မှု မရှိနိုင်ကြောင်း သိရှိထားသည်။
သို့သော်...
ထိုင်နေစဉ်မှာပင် ရုတ်တရက် သူမ၏ စိတ်နှလုံးတစ်ခုလုံး တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။
တစ်စုံတစ်ခုက သူမ၏ စစ်မှန်သောနဂါးမျိုးနွယ်သွေးကြောကို ထိလိုက်သည့်အလား ကြောက်မက်ဖွယ်ရာ တစ်ခုခု ဖြစ်ပေါ်လာတော့မလို ခံစားလိုက်ရသည်။
ထိုအရာက နဂါးမျိုးနွယ်များနှင့် ပတ်သက်နေသည်။
သူမ မတ်တတ်ထရပ်လိုက်ပြီး အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်သည်။
“အဲဒါ ဂိုဏ်းတူမောင်လေးများလား”
သူမ မသေချာပေ။
သို့သော် သူမ၏စိတ်နှလုံးကို တုန်လှုပ်သွားစေသည့် တစ်စုံတစ်ရာက ကျန်းလန် ထွက်ခွာသွားသည့်နေရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုအရာက ဘာဖြစ်ကြောင်း သူမ မသိရှိပေ။ သို့သော် သူမ၏ သွေးကြောများ အနက်ရှိုင်းဆုံးနေရာမှ ပဲ့တင်ထပ်တုန်ခါနေမှုကို ခံစားရသည်။
အခြားတစ်ဖက်တွင်လည်း...
တိုက်ပွဲဆင်နွှဲနေကြသည့် လုန်လင်နှင့် နဂါးလူငယ်များမှာ အံ့သြမှင်တက်သွားကြသည်။ သူတို့အားလုံး ခေါင်းမော့ပြီး အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်ကြသည်။
သူတို့ နားမလည်နိုင်သည့် အကြောက်တရားတစ်ခုကိုလည်း ခံစားလိုက်ရ၏။
လုန်လင်က အနည်းငယ် စိတ်ရှုတ်ထွေးသွားဟန်ဖြင့်...
"ဘာတွေဖြစ်နေတာလဲ ၊ အဲဒီမှာ တစ်ခုခု ဖြစ်နေတာလား"
အခြားသူများကလည်း အံ့အားသင့်နေကြသည့်တိုင် တစ်စုံတစ်ခု ဖြစ်နေသည့် အရိပ်အယောင်ကို မတွေ့ရှိခဲ့ရပေ။
သူတို့တင်မဟုတ်ပေ။
ကျောက်ကလပ်ကြီးထက်တွင်ရပ်နေသည့် နဂါးဧကရီရန်ကျင်းနှင့် သူမ၏အဖွဲ့မှာလည်း နဂါးငိုကျွန်းရှိရာသို့ အံ့သြတကြီးဖြင့် လှမ်းကြည့်လိုက်ကြသည်။
နဂါးများ၏မျက်နှာအမူအရာကို တစ်ချက်အကဲခတ်လိုက်မိသည်နှင့် မြောင်ယွဲ့က လုန်စီးစီးကို မေးလိုက်သည်။
"ရှင်တို့တွေ ဘာခံစားရလို့လဲ"
ရန်ကျင်းက တည်ငြိမ်သည့်လေသံဖြင့်...
"ကျွန်းတစ်ဖက်ခြမ်းက တစ်ခုခု ထွက်ပေါ်လာတယ်"
ထို့နောက် သူမ စကားဆက်မပြောတော့ပေ။
နဂါးများသာ အာရုံခံနိုင်သည့် တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်းလားဟု မြောင်ယွဲ့တွေးလိုက်သည်။ သူမတို့လူသားများကတော့ ဘာမှ မခံစားကြရပေ။ သို့ပေသိ အသေးစိတ်ကိုတော့ သူမ မသိရှိပေ။
မကြာမီ ကျွန်းပေါ်မှ ရောင်ဝါတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်ကို တွေ့လိုက်ရပြီး မြောင်ယွဲ့ မျက်မှောင်ကြုတ်လိုက်မိသည်။
ထိုရောင်ဝါ အလွန်အေးစိမ့်ပြီး တစ်ချိန်တည်းမှာပင် လင်းလက်တောက်ပလျှက် ရှိသည်။ ထို့နောက် ပြင်းထန်သည့် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာ၏။
"ဘုန်း"
တောက်ပသည့် ဓားဝိညာဉ်တစ်ခုသည် ကျွန်းကို ဖြတ်သန်းပြီး ကောင်းကင်အထိ ထိုးတက်သွားကာ အဆုံးမဲ့ပင်လယ်ပြင်ကို ဖြတ်ကျော်သွားသည်။
"ဝုန်း"
ထိုခဏတွင် ကောင်းကင်ထိတိုင်အောင် မြင့်မားသည့် ပင်လယ်လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာသည်။
ထိုပင်လယ်လှိုင်းများက မြင့်မားလွန်းသဖြင့် ကောင်းကင်ဘုံကိုးထပ်မှ နဂါးငွေ့တန်းမြစ်ရေများ ကျဆင်းလာသည့်အလား ထင်မှတ်ရသည်။
ရုတ်တရက် ဖြစ်ပေါ်သွားသည့် ပြောင်းလဲမှုများကြောင့် ကျိုးကျုန်းထျန်းနှင့် အခြားသူများအားလုံး အံ့အားသင့်သွားကြသည်။
ဒီလို တန်ခိုးစွမ်းအားမျိုးက…
တန်ခိုးစမ်းအားက မိုးကောင်းကင်အင်မော်တယ်အဆင့်ထက် ကျော်လွန်နေသည်။
အဘယ့်ကြောင့် ထိုသို့သောတန်ခိုးစွမ်းအားမျိုးက ကျွန်းပေါ်မှ ထွက်ပေါ်လာရပါသနည်း။
နဂါးမျိုးနွယ်များ စောစောက ခံစားခဲ့ရသည့် အာရုံခံမှုနှင့် ဆက်စပ်နေသည်လားဟု မြောင်ယွဲ့ သံသယဝင်သွားသည်။
ကျိုးကျုန်းထျန်းက မျက်မှောင်ကြုတ်လိုက်ရင်း...
"ဒါ ဓားဝိညာဉ်တစ်ခုပဲ ၊ တစ်ခုခုတော့ မှားနေပြီထင်တယ်"
သူက ဆက်ပြောသည်။
"ဒီ ဓားဝိညာဉ်က အရမ်းသဘာဝကျလွန်းတယ် ၊ မိုးနဲ့မြေက မွေးဖွားလာတဲ့ ဓားဝိညာဉ်တစ်ခုပဲ ၊ လူတစ်ယောက်ထုတ်လွှတ်တဲ့ ဓားဝိညာဉ်လုံး၀ မဖြစ်နိုင်ဘူး"
ကျိုးကျုန်းထျန်း၏ မှတ်ချက်စကားကြောင့် လုန်လီနှင့် အခြားသူများ အံ့အားသင့်သွားကြသော်လည်း မည်သည့်စကားမှ မဆိုကြပေ။
မိုးနဲ့မြေမှ မွေးဖွားလာသည့် သဘာဝဓားဝိညာဉ်သည် သူတို့ နဂါးမျိုးနွယ် သွေးဖြင့် ပဲ့တင်ထပ်နေခဲ့သည်။
ဒီဓားဝိညာဉ်က...
သူတို့ တစ်စုံတစ်ခုကို ခန့်မှန်းမိသည့်တိုင် မည်သည့်စကားမှ မဆိုခဲ့ကြပေ။
အဘယ့်ကြောင့်ဆိုသော် မယုံနိုင်စရာကောင်းလွန်းသောကြောင့် ဖြစ်လေ၏။
***
ကျွန်းတစ်ဖက်ခြမ်း။
လုန်ယွိသည် အဆုံးမရှိ မြင့်တက်လာသည့် ပင်လယ်လှိုင်းလုံးကြီးများကိုကြည့်ရင်း ကျွန်းတစ်ခုလုံး ရေဖုံးလွှမ်းသွားတော့မလားဟု တွေးလိုက်မိသည်။
ပင်လယ်ပြင်က ဒေါသထွက်နေဟန် ရှိသည်။
အဋ္ဌမမင်းသားသည်လည်း စိတ်ရှုတ်ထွေးစွာဖြင့် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။
ဘာတွေဖြစ်နေတာလဲ။
လုန်မန်တွေးလိုက်မိသည်။
အသက်လုပြေးနေရသည့် ပေဖန်း ၊ လင်အန်း ၊ ကျင်းထင်နှင့် ကျိကျန်တို့အုပ်စုမှာလည်း ကောင်းကင်ထက် လွင့်တက်သွားသည့် ပင်လယ်လှိုင်းလုံးကြီးများကို မော့ကြည့်လိုက်ကြသည်။ သူတို့ခေါင်းများပင် မူးဝလောမိသည်။
ကျင်းထင်က...
"ဒီ ပင်လယ်လှိုင်းတွေကနေ ကျုပ်တို့ ဘယ်လိုလွတ်အောင် ပြေးကြမလဲ"
ကျိကျန်က...
"ပင်လယ်ရေအောက်ထဲဆင်းပြီး ပုန်းနေကြမယ်ဆိုရင်ရော..."
ကျန်လူများ : "......"
ရန်သူများအားလုံးကို သတ်ဖြတ်နှိမ်နင်းပြီးသည့် လုကျန်းတို့အုပ်စုမှာလည်း မိုးကုပ်စက်ဝိုင်းဆီသို့ လှမ်းကြည့်လိုက်ကြသည်။ မြင့်မားလှသည့် ပင်လယ်လှိုင်းလုံးများက သူတို့ကို ဝါးမျိုသွားတော့မတတ် ခံစားလိုက်ရသည်။
ထိုပင်လယ်ရေလှိုင်းများ သူတို့ထံသို့ ဝင်ရောက်လာလျှင် ခံနိုင်ရည် ရှိပါမည်လား မသေချာပေ။
လုကျန်းက မိန်းကလေးအုပ်စုကို ကြည့်လိုက်ရင်း...
"မင်းတို့တွေ တစ်ခုခုများ ပြောစရာရှိသေးလား"
မိန်းကလေးများမှာလည်း ဘာပြောရမှန်းမသိ မှင်တက်လျှက် ရှိကြသည်။
လုန်လင်နှင့် နဂါးလူငယ်များမာ သူတို့၏မှော်ဝင်လက်နက်များကို ပြန်လည်ရုတ်သိမ်းလိုက်ကြပြီး ပင်လယ်လှိုင်းလုံးများကို မော့ကြည့်လိုက်ကြသည်။
ထိုပင်လယ်လှိုင်းလုံးများထဲတွင် ကြီးမားသည့်တန်ခိုးစွမ်းအားများ ပါရှိကြောင်း သူတို့ ရိပ်မိကြ၏။
သူတို့အပေါ်သာ ကျရောက်လျှင် ခံနိုင်ရည် ရှိမည် မဟုတ်ပေ။ တန်ခိုးစွမ်းအားများက ကွာခြားလွန်းသည် မဟုတ်ပါလား။
"မဖြစ်နိုင်ဘူး ၊ ဒီဓားသိုင်းက ပျောက်ကွယ်သွားတာ ကြာလှပြီပဲ"
ကြောက်မက်ဖွယ်ရာ အသံကြီးတစ်သံက ရေလှိုင်းများအတွင်းမှ ထွက်ပေါ်လာလေ၏။
***