လောကကိုအုပ်စိုးသူ
Vol. 31 Ch. 434
နဂါးငိုကျွန်း…။
ကြီးမားလှသည့် ကျောက်တုံးကြီးတစ်ခုနောက်တွင် မရေမရာ ပုံသဏ္ဌန်တစ်ခု ရှိနေခဲ့သည်။ သို့သော် မကြာမီ ရုပ်သွင်က ပီးပြင်စွာ ထွက်ပေါ်လာသည်။
အခြားသူမဟုတ် ၊ ကျန်းလန်ပင် ဖြစ်၏။
ဤသည်က မည်သူမှ သူ၏အငွေ့အသက်နှင့်ရောင်ဝါကို အာရုံမခံနိုင်စေရန် အရန်အစီအစဉ်တစ်ခု ပြုလုပ်ထားခြင်း ဖြစ်သည်။
ဆရာဒေါ်လေးမြောင်ယွဲ့နှင့် ဆရာဦးလေးကျိုးကျုန်းထျန်းတို့ သူတို့အခြေအနေကို ရုတ်တရက် လာရောက်စစ်ဆေးပါက အနည်းငယ်မျှ တားဆီးထားနိုင်မည် ဖြစ်သည်။
သူ ထိုအကြောင်းများကို မစဉ်းစားတော့ဘဲ ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားကို အသုံးပြုကာ မြစ်တစ်ဖက်ကမ်းသို့ ပြန်လာခဲ့သည်။
လောလောဆယ် သူ့စိတ်များ မငြိမ်သက်ဖြစ်နေပြီး မျက်နှာကလည်း ဖြူဖျော့နေကာ ခန္ဓာကိုယ်ထက်တွင်လည်း အက်ကွဲကြောင်းများထင်ဟပ်လျှက် ရှိသည်။
ကောင်းကင်နဂါးဓားကို အသုံးပြုခဲ့သည့်အတွက် ရရှိခဲ့သည့်ဒဏ်ရာများနှင့် နဂါးနက်နှင့် တိုက်ခိုက်ရင်း ရရှိခဲ့သည့် ဒဏ်ရာများဖြစ်သည်။
ကောင်းကင်နဂါးဓားကိုသာ မဆင့်ခေါ်ခဲ့လျှင် နဂါးနက်ကို လွယ်လွယ်နှင့် သတ်ဖြတ်နိုင်မည် မဟုတ်ပေ။ သူ ကံကောင်းခဲ့သည်ဟု ဆိုရမည်။
ကျန်းလန် ဒဏ်ရာများကို ကုသရန်အတွက် ဆေးလုံးများကို ပါးစပ်ထဲသို့ ဆက်တိုက်ထည့်ကာ မျိုချလိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလံး နာကျင်နေပြီး အသိစိတ်မှာလည်း ေ၀ဝါးနေသည်။
သို့သော် သူ နေရာတစ်ခုတွင်ထိုင်ပြီး ဒဏ်ရာများကို ကုသရန် မဖြစ်နိုင်တော့ပေ။
အဘယ်ကြောင့်ဆိုသော်…
အဋ္ဌမမင်းသားကိုကြည့်နေသည့် နဂါးနက်ကြီးကို တွေ့မြင်လိုက်ရသောကြောင့် ဖြစ်သည်။ သူ လုန်မန်ရှိရာသို့ ရောက်အောင်သွားရပေမည်။
နောက်ဆုံးတော့ ကျန်းလန် တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။ ဆရာဒေါ်လေးမြောင်ယွဲ့နှင့် ဆရာဦးလေးကျိုးကျုန်းထျန်းတို့ မလှုပ်ရှားရသည့်အကြောင်းရင်းကို သူ နားလည်သွားသည်။
သူတို့ စောင့်နေခဲ့ခြင်း ဖြစ်သည်။ သူက ဧကရာဇ်ရှီးဟယ်ကို အကူအညီတောင်းမည့်အချိန်ကို သူတို့ စောင့်နေခဲ့ခြင်း ဖြစ်၏။
မကြာမီ အဋ္ဌမမင်းသားရှိရာသို့ ကျန်းလန် ရောက်ရှိလာသည်။ ထိုအချိန်တွင် သူ့ခန္ဓာကိုယ်မှ အက်ကွဲကြောင်းများ ပျောက်ကွယ်သွားပြီး မျက်နှာသည်လည်း သွေးရောင်လွှမ်းလျှက် ရှိသည်။
ပြင်ပဒဏ်ရာများကို အပေါ်ယံကုစားနိုင်ခဲ့သော်လည်း ကျန်ရှိနေသည့် အတွင်းဒဏ်ရာများကို သစ်ရွက်အမြင်တန်ခိုးစွမ်းအားဖြင့် ဖုံးကွယ်လိုက်သည်။ ထို့ကြောင့် သူသည် ဒဏ်ရာကြီးကြီးမားမားရနေသည်ကို မည်သူမျှ မမြင်နိုင်ပေ။
သူက အဋ္ဌမမင်းသားကို သတိမထားသော်လည်း ဧကရာဇ်ရှီးဟယ်ကိုတော့ သတိထားသည်။
သူ နားလည်သည်မှာ ယခုတစ်ခေါက်က ဧကရာဇ်ရှီးဟယ် ပထမဆုံးအကြိမ် ခွန်လွန်တောင်မှ ထွက်ခွာခြင်း ဆိုသည့်အချက်ပင် ဖြစ်သည်။ အဋ္ဌမမင်းသားကလည်း ပထမဆုံးအကြိမ် ဧကရာဇ်ရှီးဟယ်အမည်ကို ရွတ်ဆိုခြင်း ဖြစ်နိုင်၏။
သို့ဖြစ်ရာ ဘာဖြစ်လာမည်ကို မည်သူမှ အသေးစိတ် သိရှိနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ဆရာဒေါ်လေးမြောင်ယွဲ့နှင့် ဆရာဦးလေးကျိုးကျုန်းထျန်းတို့က သူတို့ ဧကရာဇ်ရှီးဟယ်ကို ဆင့်ခေါ်သည်အထိ စောင့်နေပြီး အခြေအနေကို အကဲခတ်နေကြခြင်း ဖြစ်ဟန်တူသည်။
ထိုသို့ မပြုလုပ်မချင်း သူတို့အနေဖြင့် လှုပ်ရှားနိုင်ကြမည် မဟုတ်ပေ။
***
အဋ္ဌမမြောက်မင်းသားသည် ကောင်းကင်ကို မော့ကြည့်ရင်း ထိတ်လန့်သွား၏။ နဂါးနက်ကြီးက သူ့ကို ကြည့်နေသည်လား။
သူ ဘယ်သူ့ကို စော်ကားခဲ့မိပါလိမ့်။
ပြီးတော့ သူ ထွက်ပြေးရမည်လား။
ကျွန်းပေါ်ရှိ နဂါးရောင်ဝါက သူ့ကို ကူညီပေးနိုင်မည်လား မသေချာပေ။ ထိုရောင်ဝါက ဖခင်ဖြစ်သူ၏ တန်ခိုးစွမ်းအားဖြစ်သော်လည်း သူ့အနားသို့ ဖခင်ဖြစ်သူ ရောက်မလာနိုင်သည်မှာ ထင်ရှားသည်။
သူ တစ်စုံတစ်ခုကို အနည်းနှင့်အများ နားလည်ထားသည်။
လှည့်ပြေးရန်ဟန်ပြင်လိုက်သည့် အဋ္ဌမမင်းသားသည် သူ့အနားရောက်လာသည့် ကျန်းလန်ကိုတွေ့သည့်အခါ အံ့အားသင့်သွားသည်။
"ယောက်ဖ… ၊ မင်း ဘယ်လိုဖြစ်လို့ ဒီကို ရောက်လာတာလဲ ၊ အစ်မရော"
ကျန်းလန်က…
"ရှောင်ယွိ ဘာမှ မဖြစ်ပါဘူး ၊ အဆင်ပြေပါတယ်"
သူက တုံ့ဆိုင်းနေခြင်း မရျိပေ။
နဂါးနက်ကြီးသည် နဂါးရောင်ဝါကြောင့် နှေးကွေးသွားသည့်တိုင် ကြာရှည် သက်ရောက်မှုရှိမည် မဟုတ်ပေ။
"အဋ္ဌမမင်းသား ၊ ပေးထားတဲ့စာရွက်ထဲက နာမည်ကို ဖတ်ပြီးပြီလား"
အမြန်လှုပ်ရှားရပေမည်။ မဟုတ်ပါက ရှောင်ယွိရော လုန်မန်ရောအတွက် အန္တရယ်များလွန်းသည်။
လုန်မန်က…
"မဖတ်ရသေးဘူး"
ပြောပြီးသည်နှင့် သူက စာရွက်လေးကို ထုတ်ယူလိုက်ပြီး ရေးသားထားသည့် နာမည်ကို ကြည့်လိုက်သည်။ သူတစ်ခါမှ မကြားဖူးသည့် နာမည်တစ်ခုဖြစ်၏။
ထိုအချိန် နဂါးနက်က လုန်မန်ကို တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။ အဋ္ဌမမင်းသား တုံ့ဆိုင်းမနေတော့ဘဲ စာရွက်ပေါ်မှ နာမည်ကို ခပ်တိုးတိုးရေရွတ်လိုက်သည်။
ကျန်းလန်ကလည်း အခြေအနေကို အကဲခတ်နေ၏။
ထိုစဉ်မှာပင် ဧကရာဇ်ရှီးဟယ်၏ အကြည့်များကို ကျန်းလန် ခံစားလိုက်ရသည်။
"သူ လာပြီ…"
ကျန်းလန် အံ့အားသင့်စွာဖြင့် တွေးလိုက်သည်။ ဧကရာဇ်ရှီးဟယ် တကယ် ရောက်လာခဲ့သည်ပဲ။
အဋ္ဌမမင်းသားကတော့ ဘာကိုမှ သတိထားမိဟန် မတူပေ။
"ယောက်ဖ ၊ ကျုပ်ဘာဆက်လုပ်ရမလဲ"
သို့သော် ထိုမေးခွန်းကို သူ မေးလိုက်သည့်အချိန်တွင် သူ၏ခန္ဓာကိုယ်ထဲတွင် တန်ခိုးစွမ်းအားများ မြင့်တက်လာသလို ခံစားလိုက်ရသည်။
ထို့နောက် သူ့စိတ်အာရုံထဲတွင် အသံတစ်သံ ထွက်ပေါ်လာသည်။
"မင်း ဘာမှလုပ်စရာမလိုဘူး ၊ အေးဆေးနေရုံပဲ"
"ခင်ဗျားက ဘယ်သူလဲ"
အဋ္ဌမမင်းသားက စိတ်ထဲမှ မေးလိုက်သည်။
ဧကရာဇ်ရှီးဟယ်က…
"ရန်သူက ရှေ့ရောက်နေပြီ ၊ မင်းကို ရှင်းပြဖို့ အချိန်မရှိတော့ဘူး"
နဂါးနက် အနားသို့ ချဉ်းကပ်လာသည်ကို တွေ့သည်နှင့် အဋ္ဌမမင်းသားက တွန့်ဆုတ်မနေတော့ဘဲ သူ့စိတ်ကို ဖြေလျော့လိုက်သည်။
"သိပ်ကောင်းတယ် ၊ ဒါကို ကောင်းကောင်းခံစားပါ ၊ မင်းအတွက် ကြီးမားတဲ့အကူအညီတစ်ခု ဖြစ်လာလိမ့်မယ် ၊ ကျုပ်က ပေါ့သေးသေးမဟုတ်ဘူးလေ"
ဧကရာဇ်ရှီးဟယ်၏အသံက ရယ်သံစွက်လျှက် ရှိသည်။
ထိုအချိန်မှာပင် နဂါးနက်က သူတို့ရှိရာနေရာသို့ ရောက်ရှိလာ၏။ ကျန်းလန်မှာ ပြင်းထန်သည့် ဖိအားများကို ခံစားလိုက်ရပြီး လုံး၀ မလှုပ်ရှားနိုင်တော့ပေ။
ကံကောင်းသည်မှာ ဧကရာဇ်ရှီးဟယ် ဝင်ရောက်နေသည့် အဋ္ဌမမင်းသားထံမှလည်း အလားတူ ဖိအားများ ထုတ်လွှတ်နေခြင်း ဖြစ်သည်။
နဂါးနက်ရောက်လာသည်နှင့် ငြိမ်သက်စွာရပ်နေသည့် အဋ္ဌမမင်းသားက ပြုံးလိုက်လေသည်။
ထို့နောက်…
"ဘုန်း…"
အဋ္ဌမမင်းသားက လက်ကိုမြှောက်ပြီး နဂါးနက်၏ ပါးစပ်ကို ပိတ်ဆို့ထားလိုက်သည်။
"ဘန်း…"
အဋ္ဌမမင်းသား၏လက်မှ ကြီးမားသည့် တန်ခိုးစွမ်းအာတစ်ခု ထွက်ပေါ်လာပြီး နဂါးနက်ကြီးကို တွန်းလှန်ပစ်လိုက်သည်။ ဤသည်က တန်ခိုးစွမ်းအားမုန်တိုင်းဖြစ်ပြီး ကျန်းလန် ခပ်လှမ်းလှမ်းသို့ ဆုတ်ခွာသွားသည်။
အများအမြင်တွင် သူက လူသားအင်မော်တယ် ၊ ကနဦးအဆင့် ကျင့်ကြံသူဖြစ်ပြီး တောင်သခင်များနှင့် အကြီးအကဲများကတော့ လူသားအင်မော်တယ် ၊ အလယ်ဆင့် သိရှိကြမည် ဖြစ်သည်။
ထို့ကြောင့် ကြောက်မက်ဖွယ်ရာတိုက်ပွဲမျိုးကို ဝေးဝေးရှောင်သည်က အကောင်းဆုံးပင်။
"ကျွတ် ကျွတ်"
စုတ်သတ်ရင်းဖြင့် ခပ်တိုးတိုးရယ်သံတစ်သံ ထွက်ပေါ်လာသည်။
အဋ္ဌမမင်းသားက ကောင်းကင်ထက်မော့ကြည့်လိုက်ပြီး နဂါးနက်နှင့် မျက်လုံးချင်း ဆုံလိုက်သည်။
"နဂါးနက်… မင်းကြောင့် ခွန်လွန်တောင်မှာ လူပေါင်းများစွာ အသက်ဆုံးခဲ့ရတယ် ၊ အနည်းငယ်လောက်ပဲအသက်ရှင်သန်နိုင်ခဲ့ပြီး အဲဒီလူတွေကလည်း အားလုံးကို ထားခဲ့ပြီး ထွက်ပြေးခဲ့ကြရတယ်"
လုန်မန်က ဆက်ပြောသည်။
"အင်း… ကျုပ် မင်းကို အပြစ်တင်ဖို့ ရည်ရွယ်ချက် မရှိပါဘူး ၊ ဒီလောကကြီးက အားကြီးတဲ့သူက အနိုင်ရတယ်ဆိုတဲ့ နိယျာမအပေါ်မှာ လည်ပတ်နေတာ မဟုတ်လား ၊ အရင်တုန်းက မင်းက ကျုပ်တို့ထက် သာလွန်ပေမယ့် အခုတော့ ကျုပ်က မင်းတို့ထက်သာလွန်နေပြီ"
အဋ္ဌမမင်းသားက လက်နှစ်ဖက်နောက်ပစ်ပြီး မတ်တတ်ရပ်နေသည်။ သူက တောင်တစ်လုံးအလား ခိုင်ခန့်လွန်းပြီး သူ၏ ရောင်ဝါကလည်း ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းလွန်းသည်။
သူသည် လောကကိုအုပ်စိုးသူတစ်ယောက်ပမာ ခံစားနေရသည်။
ကျန်းလန်မှာ ဧကရာဇ်ရှီးဟယ်၏ တန်ခိုးစွမ်းအားကို ယခုကဲ့သို့ အနီးကပ်ခံစားရသည်မှာ ပထမဆုံး အကြိမ်ဖြစ်သည်။ ခွန်လွန်တောင်အနီးပတ်ဝန်းကျင်တွင် ဧကရာဇ်ရှီးဟယ်သည် ထိုမျှ တန်ခိုးစွမ်အားမြင့်မားသည်ဟု မခံစားရပေ။
အဋ္ဌမမင်းသားကြောင့်များ ထိုသို့ ဖြစ်လေသည်လား။ သို့မဟုတ် ဧကရာဇ်ရှီးဟယ်သည် မူလက ခွန်လွန်တောင်တွင် နေရာကန့်သတ်ခံထားရသည်။ ယခု လုန်မန်ကြောင့် လွတ်မြောက်သွားပြီး တန်ခိုးစွမ်းအားများစွာ ထုတ်ဖော်နိုင်သည်လား။
ကျန်းလန်က စိတ်ထဲတွင် ကြိုတင်မှန်းဆထားသည့်တိုင် သူ့မျက်နှာထက်တွင် ထိတ်လန့်အံ့သြမှုများ အထင်းသား ပေါ်လွင်လာသည်။
သူ အမှန်တကယ် ထိတ်လန့်သွားခြင်း ဖြစ်သည်။
နဂါးနက်က အနည်းငယ် အံ့အားသင့်သွားပြီး တစ်ခုခု လွှဲမှားနေသလို ခံစားလိုက်ရသည်။
"မင်းက မွေးရာပါအင်မော်တယ်လား"
"မဟုတ်ဘူး မင်းကဘယ်သူလဲ… ၊ ဒါပေမဲ့ မင်းက ဘယ်သူပဲ ဖြစ်ပါစေ နဂါးမျိုးနွယ်တွေရဲ့ အသက်အငယ်ဆုံး မွေးရာပါအင်မော်တယ်ဖြစ်လို့ သိပ်ကို ထူးခြားတာတော့ အမှန်ပဲ"
သူ သံဥယဝင်မိသော်လည်း ယခုတော့ ဤလူငယ်သည် တစ်ခုခု မှားယွင်းနေကြောင်း ယုံကြည်လိုက်သည်။ ထို့ပြင် ဤသည်က ခွန်လွန်တောင်နှင့် ပတ်သက်မှု ရှိရပေမည်။
ဧကရာဇ်ရှီးဟယ်က နဂါးနက်၏မေးခွန်းကို မဖြေဘဲ ကျန်းလန်ကို လှည့်ကြည့်လိုက်သည်။
"မော့ကျန်းသုန့်က ပြောတာတော့ မင်းက နားလည်နိုင်စွမ်း မြင့်မားတယ်တဲ့ ၊ ကျုပ်တစ်ချက်ပဲ တိုက်ခိုက်မယ် ၊ မင်း သေသေချာချာ လေ့လာပါ ၊ မင်း ဒီတိုက်ကွက်ကို နားလည်ကောင်းနားလည်လိမ့်မယ် ၊ ကျုပ် ခပ်ဖြည်းဖြည်းပဲတိုက်မယ်"
ကျန်းလန်က ခေါင်းညိတ်ရင်း…
"ဟုတ်ကဲ့…"
ကျန်းလန် မည်သည့်စကားမှ အပိုမပြောခဲ့ပေ။
အချိန်က အလွန်အရေးကြီးသည်။ ရှေ့တွင်အဆင်သင့်ရှိနေသည့် ရန်သူနဂါးနက်က အချိန်မရွေး တိုက်ခိုက်လာနိုင်သည်။
ထို့ကြောင့် နှောင့်နှေး၍ မဖြစ်ပေ။
ထို့ပြင် ဤအဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့် ဧကရာဇ်ရှီးဟယ်သည် အဝေးသို့ ဖြတ်ကျော်သွားရောက်ရန် အဋ္ဌမမင်းသားကို အမှန်တကယ် အသုံးပြုနိုင်ကြောင်း သက်သေပြခဲသည်။
အဋ္ဌမမြောက်မင်းသားသည် သူမျှော်လင့်ထားသည်ထက်ပိုပြီး အဖိုးထိုက်တန်လွန်းလှ၏။
ကျန်းလန်ကတော့ တိုက်ပွဲအမြန် အဆုံးသတ်ရန် မျှော်လင့်နေမိသည်။ သူ့ခန္ဓာကိုယ်က ဒဏ်ရာများ၏ဒဏ်ကို မခံနိုင်တော့ပေ။
ဆက်ပြီးအချိန်ဆွဲနေပါက သူဒဏ်ရာရထားကြောင်း အခြားသူများ သိရှိသွားပေတော့မည်။ ထိုသို့ဖြစ်လာလျှင် နောက်ပိုင်းအကျိုးဆက် မည်သို့ရှိမည်ကို သူ မသိရှိပေ။
"ကိုယ့်ထက်အင်အားကြီးတဲ့ ရန်သူကို တိုက်ခိုက်တဲ့အခါ အရမ်းထိတ်လန့်နေစရာ မလိုဘူး ၊ ရန်သူကို လေ့လာဖို့ သင်ယူရမယ် ၊ အခု ဒီနဂါးနက်က တန်ခိုးစွမ်းအားမြင့်မားတဲ့ပုံပေါက်ပေမယ့် တကယ်တော့ အားနည်းလွန်းတယ် ၊ သူ ခဏလောက်ပဲ တောင့်ခံထားနိုင်မှာ"
ပြောပြီးသည်နှင့် ဧကရာဇ်ရှီးဟယ်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ကောင်းကင်ကို အုပ်မိုးထားသည့် နဂါးနက်ကြီးအနာသို့ ရောက်ရှိလာသည်။
တန်ခိုးစွမ်းအားများက မွန်းကျပ်လွန်းလှသည်။
ကောင်းကင်ကြီးပြိုကျသွားသည့်အလား ပတ်ဝန်းကျင်တစ်ခုလံး မှောင်မိုက်သွားသည်။ နဂါးငိုကျွန်းပေါ်မှ လူတိုင်း ထိုတန်ခိုးစွမ်းအားကို ခံစားလိုက်ကြရသည်။
အင်တော်တယ်တစ်ယောက်သာ မဟုတ်လျှင် ထိုတန်ခိုးစွမ်းအားကို ခံနိုင်ရည် ရှိမည် မဟုတ်ပေ။
ဧကရာဇ်ရှီးဟယ်က ခေါင်းကိုမော့ကာ နဂါးနက်ကြီးကို ကြည့်လိုက်သည်။ သူအမူအရာက တည်ငြိမ်လွန်းလှသည်။
"တန်ခိုးစွမ်းအားအားလုံးက တံတိုင်းတစ်ခုလိုပဲ ၊ တံတိုင်းတွေက ဘယ်တော့မှ မပြည့်စုံသလို ဟာွက်တွေလည်း အများကြီးရှိတယ် ၊ အဲဒီဟာကွက်ကို ရှာဖွေနိုင်မယ်ဆိုရင် ရန်သူကို တိုက်ခိုက်ဖို့ မခက်တော့ပါဘူး ၊ ဥပမာပြောရရင် ဒီနဂါးနက်ရဲ့ အားနည်းချက်က ဒီနေရာမှာ ရှိတယ်"
ပြောရင်းဖြင့် ဧကရာဇ်ရှီးဟယ်က နဂါးနက်ကို ဖမ်းဆုပ်လိုက်သည်။
တောက်ပနေသည့်လက်တစ်စုံက ကောင်ကင်ထက်မှ ပြိုကျတော့မည့်အမှောင်ထုကို ဆွဲဖွင့်လိုက်သည်။ သိပ်သည်းမှောင်မိုက်မှုများကြားမှ အလင်းရောင်က ချက်ချင်း ပြန်လည်ထွက်ပေါ်လာသည်။
အလင်းက ပျံ့နှံ့လာသည့်အခါ အမှောင်ထုက ဖယ်ခွာသွားသည်။
နဂါးငိုကျွန်းတစ်ခုလုံး အလင်းရောင်ပြန်လည်ရရှိလာလေတော့၏။
***