အခန်း (၁၇၆-၁၈၀)
Vol. 8 Ch. 176-180
အပိုင်း (၁၇၆) နတ်ဆိုးအိုကြီး ရှက်သွေးဖြာသွားခဲ့သည်။
တိုက်ခိုက်ပြီးနောက် ရန်ကိုင်လက် လျှပ်စီးလက်သလို မြွေအမြီးကိုရှောင်လိုက်သည်။ မြွေကြီးကပြန်လှည့်ပြီး
ရန်ကိုင်ကို တိုက်ခိုက်ချင်ပေမယ့် ရန်ကိုင်တိုက်ခိုက်ခဲ့တဲ့နေရာက အသားတွေပဲ့ထွက်သွားခဲ့ပြီး သွေးတွေ
ပန်းထွက်လာခဲ့သည်။ ပြင်းထန်တဲ့ယန်စွမ်းအင်တွေက မြွေကြီးခန္ဓာကိုယ်တွင် ပေါက်ကွဲထွက်လာခဲ့ပြီး
သွေးတွေကလည်း ဒရဟောပန်းထွက်လာခဲ့သည်။ မြွေကြီးက နာကျင်မှုကို သည်းခံရင်း သူ့အမြီးကို
ကျာပွတ်တစ်ချောင်းအလား ဝှေ့ရမ်းလိုက်သည်။ ရန်ကိုင်မျက်မှောင်ကြုံ့လိုက်ပြီး မြွေကြီး၏ခွန်အားကို
အထင်သေးမိသွားပြီဆိုတာ သူနားလည်လိုက်သည်။
မြွေကြီးကို မြင်လိုက်တဲ့အချိန် မြွေကြီးကအနိမ့်ဆုံးအဆင့်၅ သားရဲတစ်ကောင် ဖြစ်ရမယ်လို့သူတွေးလိုက်ပေမယ့်
သူ့တိုက်ခိုက်မှုက မြွေကြီးကိုအားအင်ချည့်နဲ့သွားအောင် မလုပ်နိုင်ဘူးဆိုတာကိုတော့ သူမထင်ထားခဲ့ချေ။
ထိုမြွေက အဆင့်၅သို့ အဆင့်၆ သားရဲတစ်ကောင်လည်း မဟုတ်ချေ။ ထိုမြွေက ချီပြောင်းလဲခြင်းအဆင့်နှင့်
တူညီသော အဆင့်၄သားရဲတစ်ကောင်သာ ဖြစ်သည်။ ရန်ကိုင်က ပိုပြီးယုံကြည်ချက်ရှိလာခဲ့သည်။
ထိုမြွေကြီးက သေမှာကိုထိုင်စောင့်နေမေယ့် သားရဲတစ်ကောင်မဟုတ်ချေ။ သူ့အမြီးကိုဝှေ့ရမ်းလိုက်ပြီး
ရန်ကိုင်ကို ရိုက်ချလိုက်သည်။ သူ့ရဲ့လှုပ်ရှားမှုပညာရပ်ကြောင့်သာမဟုတ်ရင် ထိုအမြီးရိုက်ချက်
သူ့ကိုအနည်းငယ် ခက်ခဲသွားစေနိုင်ပေသည်။ ဒါပေမယ့် ထိုရိုက်ချက်ကို ရှောင်ဖို့ကတကယ်ကို ရိုးရှင်းပေသည်။
သူ့ရဲ့တိုက်ခိုက်မှု အကျိုးသက်ရောက်မှုမရှိတာကို သိလိုက်ရတော့ မြွေကြီးက သူ့ရဲ့ပါးစပ်ကို ဖွင့်လိုက်ပြီး
သွေးနီရောင်မြူခိုးတွေကို မှုတ်ထုတ်လိုက်သည်။ ရန်ကိုင်သာ ခပ်မြန်မြန် မရှောင်ခဲ့ရင် သူ့တစ်ကိုယ်လုံးကို
ထိုမြူခိုးတွေ ဖုံးလွှမ်းသွားပေလိမ့်မည်။ ရန်ကိုင်က အနည်းငယ်လေးနက်လာခဲ့သည်။ မြွေကြီးကိုသူ
မကြောက်ပေမယ့် မြွေကြီးမှုတ်ထုတ်တဲ့ အဆိပ်က သူ့ကိုးနည်းနည်းပြဿနာတက်စေနိုင်ပေသည်။
ဒါပေမယ့် ပြဿနာသေးသေးလေးပင်။ ထိုအဆိပ်ကို ရှောင်ရှားနိုင်သရွေ့ မြွေကသူ့ကိုဒုက္ခပေးနိုင်မည်
မဟုတ်ချေ။ ရန်ကိုင်က မြွေကြီးနှင့်အပြင်ဘက်တွင် တိုက်ခိုက်နေချိန် မြွေကြီးဗိုက်ထဲရှိ ဝိဉာဉ်ဖျက်ဆီးခြင်း
အရိုးကလည်း အေးအေးထိုင်နေတာမဟုတ်ချေ။ နတ်ဆိုးအိုကြီးက သူ့ခွန်အားအကုန် ထုတ်မသုံးနိုင်ပေမယ့်
အရှင်းထုတ်မသုံးနိုင်တာတော့မဟုတ်ချေ။ ထို့ပြင် ဝိဉာဉ်ဖျက်ဆီးခြင်းအရိုးက ထက်ရှတဲ့လက်နက်တစ်ခု
မဟုတ်ပေမယ့် လက်နက်တစ်ခုတော့ ဖြစ်နေတုန်းပင်ဖြစသည်။
မြွေကြီးခန္ဓာကိုယ်က နာကျင်မှုကြောင့် တွန့်လိမ်နေပြီး ရန်ကိုင်နှင့် ဆက်ပြီးမတိုက်ခိုက်နိုင်တော့ချေ။ ရန်ကိုင်က
ထိုမြင်ကွင်းကို စောင့်ကြည့်နေပြီး သွားမတိုက်ခိုက်ခဲ့ချေ။ မြွေကြီးက အားမကောင်းပေမယ့် လွယ်လွယ်နဲ့
မသေနိုင်ပေ။ နာရီဝက်လောက် ကြာတဲ့အချိန်မှာတော့ မြွေကြီး၏လှုပ်ရှားမှု ရပ်တန့်သွားခဲ့ပြီး သေဆုံးသွား
တော့လေသည်။ ထို့နောက် နတ်ဆိုးအိုကြီးက မြွေကြီး၏ဝမ်းဗိုက်မှတစ်ဆင့် လမ်းကြောင်းအတိုင်း
ဝိဉာဉ်ဖျက်ဆီးခြင်းအရိုးနှင့်အတူ အပြင်ဘက်ကို ထွက်လာခဲ့ပြီး ရန်ကိုင်ရှေ့တွင်မျောနေခဲ့သည်။ သူတို့
တစ်ယောက်ကိုတစ်ယောက် ပြောစရာစကားမဲ့စွာနဲ့ ကြည့်နေခဲ့ကြသည်။
‘‘ သခင်လေးရယ်၊ နောက်အဲ့လိုလုပ်မယ်ဆိုရင် ကျေးဇူးပြုပြီး ကြိုပြောပေးပါနော်။ ဒီအစေခံအိုကြီးက
ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်လေ ’’ နတ်ဆိုးအိုကြီးက ပြောလိုက်သည်။ မြွေပါးစပ်ထဲကို
ရုတ်တရက ်ပစ်ထည့်ခြင်းခံလိုက်ရတဲ့အတွက ်သူသတ္တိရှိတယ်ဆိုပေမယ့် အခုလိုရုတ်တရက်ကြီး
ဖြစ်သွားတဲ့အတွက် ကြောက်လန့်သွားခဲ့ပေသည်။
‘‘ အင်း ’’ ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။ နတ်ဆိုးအိုကြီး ဘာမှဆက်မပြောရဲတော့ပေ။ ရန်ကိုင်က
မေးလိုက်သည် ‘‘ ဒီမြွေကတစ်ခုခု ထူးခြားတယ်လို့ ခင်ဗျားမထင်ဘူးလား ’’ ‘‘ ဘာထူးခြားတာလဲ ’’
နတ်ဆိုးအိုကြီးက သိချင်စိတ်အပြည့်နဲ့ မေးလိုက်သည်။ ‘‘ အဲ့မြွေရဲ့ခွန်အားက အရမ်းကိုနိမ့်လွန်းတယ်။
အနည်းဆုံး ငါထင်ထားတာထက်တောင ်နိမ့်သေးတယ် ’’ နတ်ဆိုးအိုကြီးက ပြုံးလိုက်သည် ‘‘ သခင်လေး၊
ဒီမြွေက သွေးခဲ့ကိုမြိုချပြီး ပုံစံပြောင်းလာတာ ဖြစ်ရမယ်။ အဲ့မြွေက သိပ်ပြီးအားမကောင်းဘူး။ ပြီးတော့
သခင်လေးဒီမှာ လမ်းလျှောက်နေတာ မိစ္ဆာသားရဲ တစ်ကောင်တစ်လေတောင် မြင်မိလို့လား ’’
ရန်ကိုင်ခေါင်းခါပြလိုက်သည်။ ‘‘ဒီမြွေက မြွေသေးသေးလေးတစ်ကောင်ပဲ ဖြစ်ရမယ်။ မတော်တဆ သွေးခဲကို
မျိုးချမိပြီး ကံကောင်းလို့ မိစ္ဆာသားရဲ တစ်ကောင်ဖြစ်လာတာဖြစ်ရမယ်။ အဲ့မြွေက ဒီနားမှာရှိတဲ့
တစ်ကောင်တည်းသော မိစ္ဆာသားရဲလို့တောင် ပြောလို့ရတယ် ’’ ]
‘‘ သာမန်မြွေတစ်ကောင်က အခုလိုမျိုး ပြောင်းလဲနိုင်လို့လား ’’ ရန်ကိုင်က အံ့အားသင့်စွာနဲ့ မေးလိုက်သည်။
ထို့နောက ်ဖြစ်နိုင်ချေတစ်ခုခုကို တွေးမိပြီးစိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်သည် ‘‘ မြွေသေးသေးလေး
တစ်ကောင်မျိုချတာတောင် ဘာမှမဖြစ်မှတော့ ငါမျိုချရင်လည်း ဘာမှဖြစ်မှမဟုတ်လောက်ဘူး ’’
‘‘ အဲ့ဒါကတော့ သေချာပြောလို့မရဘူး။ သခင်လေးက လူသားတစ်ယောက်လေ။ သခင်လေးက
သေချာချင်တယ်ဆိုရင် မိစ္ဆာသားရဲ အမြူတေကို အရင်ဆုံးမျိုချကြည့်လိုက်လေ ’’ ‘‘ အဲ့ဒီအကြံ
ကောင်းတယ် ’’ ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
မြွေကြီးနားဆီ သွားလိုက်ပြီး မြွေကြီးဆီမှ အမြူတေကို ထုတ်ယူလိုက်သည်။ အမြူတေက သွေးနီရောင်
သမ်းနေပြီး ခိုဥတစ်လုံးအရွယ်စာလောက် ရှိပေသည်။ နတ်ဆိုးအိုကြီးကို သူ့ကိုကာကွယ်ပေးဖို့
အမိန့်ပေးပြီးနောက် ရန်ကိုင်က အမြူတေကို အကျီနဲ့သုတ်လိုက်ပြီး မျိုချလိုက်တော့သည်။ ထို့နောက ်
အစစ်အမှန်ယန်နည်းစနစ်ကို သုံးပြီးစတင်စုပ်ယူတော့လေသည်။ သူ့ဝမ်းဗိုက်အတွင်းပိုင်းထဲကို
ချီစွမ်းအင်တစ်မျိုး စီးဝင်လာတာကို ခံစားလိုက်ရသည်။ ထိုချီစွမ်းအင်တွင ်မိစ္ဆာချီစွမ်းအင် တော်တော်
များများ ပါဝင်နေပြီး ထိုမိစ္ဆာချီစွမ်းအင်တွေက မိစ္ဆာငယ်လေးရဲ့ ချီစွမ်းအင်တွေပဲဖြစ်နိုင်သေည်။
ချက်ချင်းပဲ ရန်ကိုင်ခန္ဓာကိုယ်တစ်ခုလုံး သွေးလိုနီရဲလာခဲ့ပြီး သူ့တစ်ကိုယ်လုံး မိစ္ဆာချီစွမ်းအင်တွေနဲ့
ပြည့်နေပုံရသည်။ သူ့အပြင်ပန်းပုံသဏ္ဍာန်က ကြောက်ဖို့ကောင်းတယ့်ပုံစံပေါက်နေခဲ့ပေမယ့်
အတွင်းပိုင်းကတော့ အန္တရာယ်ကင်းးပေသည်။ သူ့စိတ်ကို အနည်းငယ် အကျိုးသက်ရောက်သွားသလို
ခံစားလိုက်ရပေမယ့် တစ်ခဏအတွင်းမှာပဲ ပြန်ကောင်းသွားခဲ့သည်။ သူ့သွေးကြောတွေထဲရှိ
အစစ်အမှန်ယန်ချီတွေက မီစ္ဆာချီဖြစ်တဲ့ယင်ချီတွေကို ဆန့်ကျင်တဲ့အတွက် သူ့အဖို့ကြောက်စရာ
မလိုချေ။
မိစ္ဆာချီတွေက အစစ်အမှန်ယန်နည်းစနစ်ကြောင့် တဖြည်းဖြည်း လောင်ကျွမ်းခံလိုက်ရပြီး နောက်ဆုံး
အဆီအနှစ်တွေသာ ကျန်ရစ်ခဲ့တော့သည်။ ထိုအဆီအနှစ်က ယန်စွမ်းအင်တွေပါဝင်ပြီး
ယန်အရည်စက်လိုဖြစ်နေတာက ထူးဆန်းစွာနဲ့ ရွှေရောင်အရိုးခြောက်နှင့် သူ့အသွေး၊အသားတွေက
စုပ်ယူသွားခဲ့သည်။ အမြူတေကို စုပ်ယူဖို့ တစ်ရက်တိတိ ရန်ကိုင်အချိန်ယူခဲ့ရသည်။ သူမျက်လုံး
ပြန်ဖွင့်လာတဲ့အချိန် သူ့ခန္ဓာကိုယ်က အရင်ကနဲ့ မတူတော့သလို ခံစားလိုက်ရသည်။
သူ့ကျင့်ကြံခြင်းအဆင့် တိုးတက်လာတမဟုတ်သလို သူ့စိတ်စွမ်းအား တိုးတက်လာတာလည်း မဟုတ်ချေ။
ပြောင်းလဲသွားတာက သူ့ရဲ့သေမျိုးခန္ဓာကိုယ်ပင်ဖြစ်သည်။ ‘‘ သခင်လေး အခုဘယ်လိုခံစားရလဲ ’’
နတ်ဆိုးအိုကြီးက မေးလိုက်သည်။ ‘‘ ငါခံစားလို့ကောင်းတယ်။ သွေးခဲက ငါ့ခန္ဒ္ဓာကိုယ်ကို တိုးတက်အောင ်
လုပ်ဆောင်ပေးနိုင်တာလား ’’ ‘‘ ပုံမှန်ဆိုရင်တော့ မိစ္ဆာငယ်လေးရဲ့ မိစ္ဆာအဆီအနှစ်က နယ်ပယ်ကို
ကို တိုးတက်အောင ်လုပ်ပေးနိင်တယ်။ ဒါပေမယ့် သွေးခဲတွေရဲ့ အဓိကအကျိုးပြုချက်က
ခန္ဓာကိုယ်ကို တိုးတက်အောင ်လုပ်ဆောင်ပေးနိုင်တာပဲ’’ ‘‘ကျင့်ကြံခြင်းအဆင့်ကိုလည်း တိုးတက်အောင ်
လုပ်ဆောင်းပေးနိုင်တယ်ပေါ့ ’’
‘‘ သွေးခဲတွေက ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို တိုးတက်အောင် လုပ်ပေးနိုင်တယ်ပေါ့ ’’
နတ်ဆိုးအိုကြီးက အလျင်စလို ပြောလိုက်သည်‘‘ သခင်လေး ရဲ့နားလည်မှုက တော်တော်လေး
နိမ့်သေးတာပဲ ။ နယ်ပယ်တိုးတက် တယ်ဆိုတာ ကျင့်ကြံခြင်းအဆင့် တိုးမြင့်တာကို
ပြောတာမဟုတ်ဘူး။ အဲ့ဒီအစားခန္ဓာကို်ယ်တိုးတက် ပြောင်းလဲလာတာ၊
ချီစွမ်းအင်ပိုပြီး သိပ်သည်းသန့်စင်လာတာ၊ သိုင်းပညာရပ်တွေ၊ သိုင်းကျင့်စဉ်တွေကို
ပိုပြီးနက်နက်နဲနဲ နားလည်လာတာကို ပြောတာ။ ဥပမာ၊သခင်လေးရယ်၊ သခင်လေးရဲ့ခန္ဓာကိုယ်က
အရင်ကထက်ပိုပြီး ကောင်းမွန်တိုးတက်ကြံ့ခိုင်လာတယ်။ အဲ့ဒါကိုနယ်ပယ်တိုးတက်လာတယ်လို့
ခေါ်တယ် ’’
ရန်ကိုင်က နတ်ဆိုးအိုကြီးကို စိုက်ကြည့်လိုက်ပြီး ‘‘ ခင်ဗျားပြောသလို ဆိုရင်ငါ့နားလည်မှုက
နိမ့်ကျသေးတယ်ပေါ့’’ ‘‘သခင်လေးက ငယ်သေးတော့ အဲ့အကြောင်းတွေက မတွေးတာတေသးတာပါ ’’
နတ်ဆိုးအိုကြီးက ချက်ချင်းပြန်ပြောလိုက်သည်။ ရန်ကိုင်က တုန့်ဆိုင်းမနေတော့ပဲ သူ့လက်ကိုကျောက်တုံး
ကြီးပေါ် တင်လိုက်သည်။ သွေးခဲတွေက အသိဉာဏ်ရှိသည့်အလား ချက်ချင်းပဲ ရွေ့သွားခဲ့ပြီး ရန်ကိုင်၏
ခန္ဓာကိုယ်ထဲကို တိုက်ရိုက်ဝင်သွားခဲ့သည်။ ရန်ကိုင်ခန္ဓာကိုယ်ထဲတွင် ပြင်းထန်တဲ့ စွမ်းအင်တွေ ပေါက်ကွဲ
ထွက်လာခဲ့ပြီး ရန်ကိုင်လည်း ညည်းလိုက်မိကာ ချက်ချင်းပဲ မျက်လုံးပိတ်ကာ ထိုင်ချလိုက်သည်။
လဝက်အတွင်း သွေးခဲသုံးခဲစလုံးကို စုပ်ယူပြီးသွားရုံမက ကျောက်တုံးကြီးထဲက စွမ်းအင်တွေ အကုန်လုံးကိုပါ
စုပ်ယူနိုင်ခဲ့သည်။ သူ့အသက်စွမ်းအားက နဂိုထက်နှစ်ဆလောက် ပိုမြင့်လာခဲ့ပြီး သူ့ခွန်အားကလည်း
တော်တော်လေး မြင့်တက်လာခဲ့သည်။ ထို့ပြင်ချီပြောင်းလဲခြင်းအဆင့်၃ကို သူချိုးဖောက်သွားနိုင်ခဲ့သည်။
လဝက်လောက်ကြာတဲ့အချိန် ကျောက်တုံးကြီးကို ချီစွမ်းအင်အသုံးမပြုပဲ လက်ဗလာနဲ့ သူရွေ့နိုင်ခဲ့သည်။
အခုဆိုရင် ကီလိုဂရမ်၁၅၀၀အလေးချိန်လောက်ကို သူအလွယ်တကူ မနိုင်နေလေပြီ။ ကျောက်တုံး အောက်တွင်
မိစ္ဆာချီတွေနဲ့ သိပ်သည်းနေတဲ့ လိုဏ်းခေါင်းတစ်ခုရှိနေခဲ့သည်။ ထိုနေရာက ညာဘက်ကျွန်းဆွယ်တစ်ခုလုံး
မိစ္ဆာချီဖုံးလွှမ်းနေရခြင်း၏ အဓိကအကြောင်းအရင်း ဖြစ်ပေသည်။
ကျောက်တုံးကိုဖယ်လိုက်တာနဲ့ ထိုမိစ္ဆာချီစွမ်းအင်တွေက ထူးဆန်းစွာနဲ့ ရန်ကိုင်ဆီတိုးဝင်လာခဲ့သည်။
နတ်ဆိုးအိုကြီးက ထူးထူးဆန်းဆန်း ပြုံးလိုက်ပြီး ‘‘ကောင်းလေး၊ ဒီအစေခံအိုကြီး သုံးခဲ့တဲ့လှည့်ကွက်ကို
မင်းကသုံးချင်နေတာပဲ။ မင်းကကောင်းကင်နဲ့ မြေကြီးရဲ့ ကွားခြားမှုကို မသိတဲ့ကောင်ပါလား ’’
ပြောနေရင် နတ်ဆိုးအိုကြီးက မြူခိုးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ထိုမိစ္ဆာချီစွမ်းအင်နဲ့ ထိပ်တိုက်
ရင်ဆိုင်လိုက်သည်။ အနက်ရောင်မြူခိုးနှစ်ခုက တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားခဲ့ပြီး ချက်ချင်းပဲ
လိုဏ်ခေါင်းထဲတွင် စစ်ပွဲတစ်ခု စတင်လာခဲ့သည်။ သူတို့နှစ်ယောက်ကြားက တိုက်ပွဲနဲ့ပက်သက်ပြီး
ရန်ကိုင်ဘာမှမမြင်ရချေ။ ထို့ပြင ်ဘယ်သူအသာရနေလဲ၊ဘယ်သူဖိနှိပ်ခံနေရလဲဆိုတာလည်း သူမသိချေ။
ဒါပေမယ့် နတ်ဆိုးအိုကြီးက သူ့ကိုယ်သူအရမ်းကို မြှောက်ပင့်ပြောဆို ကြွားဝါတဲ့ လူတစ်ယောက်
ဖြစ်တဲ့အတွက်အဆင်ပြေလောက်မှာကတော့ အသေအချာပင်ဖြစ်သည်။
အချိန်တော်တော်ကြာ စောင့်နေပြီးနောက် ရန်ကိုင်မေးလိုက်သည် ‘‘ ဒီမိစ္ဆာရဲ့ အင်မော်တယ်စိတ်ဝိဉာဉ်က
ခင်ဗျားရဲ့ ဟာနဲ့ အတူတူပဲလေ။ အဲ့ဒါကိုဘာလို့ ဒီကမ္ဘာပေါ်မှာ ရှိနေသေးရတာလဲ ’’ နတ်ဆိုးအိုကြီးက
ခက်ခဲတဲ့အခြေအနေတစ်ခုတွင် ရောက်နေတဲ့ပုံပေါ်ပြီး ‘‘သခင်…သခင်လေး၊ သူ့……သူ့ရဲ့အင်မော်တယ်
စိတ်ဝိဉာဉ်က ပျက်စီးသွားပြီဆိုပေမယ့် တစ်ချို့ အကြွင်းအကျန်လေးတွေတော့ ကျန်နေသေးတယ် ’’
ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်ပြီး မေးလိုက်သည် ‘‘ ပြဿနာရှိလား ’’ နတ်ဆိုးအိုကြီးက ချက်ချင်းပဲ
ရှက်သွားခဲ့ပြီး ‘‘ ဒီအစေခံအိုကြီးက……သခင်လေးကို ကူညီပေးဖို့ တောင်းဆိုပါတယ်။ ဒီအစေခံအိုကြီးရဲ့
လှည့်ကွက်တွေနဲ့……ဒီကောင်ကို အနိုင်မယူနိုင်ဖြစ်နေတယ် ’’
ရန်ကိုင်ပြေစရာ စကားမဲ့သွားခဲ့ပြီး ချက်ချင်းပဲ မျက်နှာကိုလေးနက်ထားလိုက်ကာ ရယ်ချင်စိတ်ကို
မနည်းထိန်းချုပ ်ထားလိုက်ရသည်။ ထို့နောက်မေးလိုက်သည် ‘‘ မိစ္ဆာငယ်လေးတစ်ကောင်ပဲ
မဟုတ်ဘူးလား။ ခင်ဗျားဘာလို့ သူ့ကိုအနိုင်မယူနိုင်ရတာလဲ ’’ ရန်ကိုင်၏လှောင်ပြောင်းစကားကို
နားထောင်ရင်း နတ်ဆိုးအိုကြီး အော်ငိုချင်လာခဲ့သည်။ ‘‘ဟုတ်ပါတယ်၊ဟုတ်ပါတယ်။ ဒီမိစ္ဆာငယ်လေးက
တော်ပါတယ်။ ဒါပေမယ့် ဒီစေခံအိုကြီးက သူ့ထက်အစောကြီး သေသွားခဲ့ပြီး ကောင်းကင်အမွေအနှစ်
လိုဏ်ဂူထဲမှာ ချိတ်ပိတ်ထားခံရတော့ ဒီအစေခံအိုကြီးရဲ့ အင်မော်တယ်စိတ်ဝိဉာဉ်က ပျက်စီးနီးပါး
ဖြစ်နေခဲ့ပြီ။ သခင်လေးသာ မကူညီဘူးဆိုရင် ဒီအစေခံအိုကြီး ဝါးမြိုးသွားခံရနိုင်လောက်တယ် ’’
ထိုစကားကို ကြားလိုက်တာနဲ့ အခြေအနေတွေက ဘယ်လောက်တောင် လေးနက်နေလဲဆိုတာ
ရန်ကိုင် နားလည်လိုက်သည် ‘‘ ငါဘယ်လိုကူညီရမလဲ ’’ ‘‘ ဒီကောင်စုတ်က သူ့အတွက် ဘာက
ကောင်းတယ်၊ ဘာကဆိုးတယ်ဆိုတာ မသိဘူး။ ဒီကောင်က သခင်လေးရဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်
ချင်နေတာ။ သခင်လေးက လုပ်ဖို့လိုတာက ကောင်းကင်အမွေအနှစ်လိုဏ်ဂူတုန်းက ဒီအစေခံအိုကြီးကို
လုပ်ခဲ့သလိုလုပ်လိုက်ရင် ရပြီ ’’ ရန်ကိုင်က သူ့လက်ကိုလိုဏ်ခေါင်းထဲကို ထည့်လိုက်သည်း။ ချက်ချင်းပဲ
အေးစက်တဲ့အော်ရာတစ်ခုက သူ့လက်မောင်းကနေတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာခဲ့သည်။
ရန်ကိုင်ကတော့ စိုးရိမ်ပူပန်ခြင်းအလျင်းမရှိပဲ ပြုံးသာပြံုးလိုက်သည်။ အစစ်အမှန်ယန်နည်းစနစ်ကို
လှည့်ပတ်လိုက်တာနဲပ သူ့ခန္ဓာကိုယ်ထဲ အအေးဓါတ်အော်ရာတွေက ပျောက်ကွယ်သွားခဲ့ပြီး
စူးရှတဲ့အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ နောက်ဆုံး အအေးစွမ်းအင်တွေက အဆီအနှစ်
တစ်ခုအဖြစ် ကျန်ခဲ့ပြီး ထိုအဆီအနှစ်ကိုတော့ ရွှေရောင်အရိုးခြောက်က စုပ်ယူသွားခဲ့သည်။
ရန်ကိုင်၏အကူအညီနဲ့ တစ်နာရီလောက်ကြာတဲ့အချိန်မှာတော့ နတ်ဆိုးအိုကြီးက မိစ္ဆာငယ်လေးကို
ဖိနှိပ်လာနိုင်ခဲ့သည်။
‘‘ လုံလောက်ပြီ။ သခင်လေး လုံးလောက်သွားပြီ။ သခင်လေး၊အခုဘေးကနေသာ ရပ်ကြည့်နေ။
ဒီအစေခံအိုကြီး ဒီကောင်စုတ်လေးကို ဝါးမြိုပစ်မယ် ’’ နတ်ဆိုးအိုကြီးက ရန်ကိုင်ကို ခပ်မြန်မြန်ပဲ
တားဆီးလိုက်သည်။ ထို့သူ့စိတ်ထဲတွင် ပြောလိုက်သည်သခင်လေးက ဘယ်လိုလုပ်ပြီး ဒီစွမ်းအင်တွေကို
စုပ်ယူနိုင်တာလဲ။ သခင်လေး ယန်စွမ်းအင်ကျင့်စဉ်ကို လေ့ကျင့်နေတာမဟုတ်ဘူးလား။
တော်တော်လေး ထူးဆန်းတယ်ရန်ကိုင်လည်း သူ့လက်ကိုလိုဏ်ခေါင်းဆီကနေ ပြန်ရုတ်လိုက်ပြီး
နတ်ဆိုးအိုကြီးကို လျစ်လျူရှုထားလိုက်သည်။ နတ်ဆိုးအိုကြီးနှင့်မိစ္ဆာငယ်လေးတို့ကြားက
စစ်ပွဲက တော်တော်လေးကြာခဲ့ပြီး နောက်ဆုံးမှာတော့ မြူခိုးနှစ်ခုက လုံးဝကိုတစ်ခုတည်း ဖြစ်သွားခဲ့သည်။
ထိုစစ်ပွဲပြီးနောက် နတ်ဆိုးအိုကြီ၏ ခွန်အားက တော်တော်လေး မြင့်မားလာခဲ့သည်။
နတ်ဆိုးအိုကြီးက အသံကျယ်ကျယ်နဲ့ ပြောလိုက်သည် ‘‘ သခင်လေးကို ကျေးဇူးအများကြီးတင်ပါတယ်။
ဒီစေခံအိုကြီးက သခင်လေးရဲ့မျှော်လင့်ချက်တွေကို ပြည့်ဝအောင ်ဆောင်ရွက်ပေးနိုင်ဖို့ ပိုပြီးအခွင့်အရေး
ရှိလာခဲ့ပါပြီ ’’ ရန်ကိုင်က ဖွဖွလေး ချောင်းဆိုးလိုက်သည်။ နတ်ဆိုးအိုးကြီးက ရှက်ရှက်နဲ့ ပြောလိုက်သည်
‘‘ ဒီအစေခံအိုကြီးက ရက်အနည်းငယ်လောက် တံခါးပိတ်ကျင့်ကြံဖို့လိုတယ် ’’ ထို့နောက်
ရန်ကိုင်ပြန်ဖြေတာကို မစောင့်တောပဲ ရန်ကိုင်ခန္ဓာကို်ယ်ထဲကို ဝင်ရောက်သွားခဲ့သည်။
Martial peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၇၇) နှုတ်ဆက်ပါတယ် မဒန်
နတ်ဆိုအိုကြီး တံခါးပိတ်ကျင့်ကြံနေတဲ့အချိန် ရန်ကိုင်လည်း ဝိဉာဉ်ဆေးပင်တွေသုံးကာ လေ့ကျင့်နေလိုက်
သည်။ အချိန်အတိုင်းအတာ တစ်ခုကြာပြီးတဲ့အချိန်မှာတော့ ချီပြောင်းလဲခြင်းအဆင့်၄ကို သူချိုးဖျက်
ဝင်ရောက်နိုင်ခဲ့သည်။ တိမ်တိုက်နီကျွန်းကိုရောက်ပြီး နှစ်လအကြောမှာတော့ အဆင့်တစ်ခုကို
ချိုးဖျက်တက်ရောက်နိုင်တယ်ဆိုတာကတော့ ဒီခရီးကတော်တော်လေး မြတ်တယ်လို့တော့ ပြောရပေလိမ့်မည်။
မိစ္ဆာငယ်လေးရဲ့ အင်မော်တယ်စိတ်ဝိဉာဉ်ကို နတ်ဆိုးအိုကြီးက စုပ်ယူသွားပြီးပြီဖြစ်လို့ အချိန်အတိုင်းအတာ
တစ်ခုလောက် ကြာတဲ့အချိန်မှာတော့ ဒီနေရာက တိမ်တိုက်နီဂိုဏ်းသားတွေအတွက် တားမြစ်နေရာ
တစ်ခုဖြစ်တော့လိမ့်မည် မဟုတ်ချေ။ ပြီးတော့ ကျွန်းပေါ်က ရတနာတွေအကုန်လုံးနီးပါးကိုလည်း
သူရယူပြီးသွားခဲ့ပြီဖြစ်သည်။သွားဖို့အချိန်တန်ပြီ
ရန်ကိုင်က တော်ပေါ်ကနေ ပြန်ဆင်းလာခဲ့ပြီး ကမ်းခြေဆီပြန်သွားလိုက်သည်။ တိမ်တိုက်နီကျွန်းကနေ
ထွက်ဖို့ဆိုရင် သူ့အတွက်လှေတစ်စီးလိုပေသည်။ ထိုကိစ္စကသူ့ကိုတော်တော်လေး ခေါင်းခဲစေသည်။
ကိုယ်ပိုင်သဘောင်္တစ်စီးလုပ်ဖိုဆိုတာ မဖြစ်နိုင်တဲ့အရာတစ်ခုပင်။ တိမ်တိုက်နီဂိုဏ်းဆီကနေ လှေတစ်စီးကို
ခိုးယူနိုင်ဖို့အတွက်သူခေါင်းခြောက်အောင် စဉ်းစားရပေဦးမည်။
ဒါပေမယ့် လွတ်နေတဲ့လှေတစ်စီးကို ရနိုင်တော့ရော လှေကို ဘယ်လိုကျောက်ချပြီး ပင်လယ်ထဲဘယ်လို
ရွက်လွင့်ရမှာလဲ
အချိန်တော်တော်ကြာ တွေးတောနေပြီးနောက် မိန်းမတစ်ယောက်၏ အော်ဟစ်သံကို သူရုတ်တရက ်
ကြားလိုက်ရသည်။ ရန်ကိုင်လည်း ချုံပုတ်နောက်တွင် ပုန်းကာ အခြေအနေကိုလေ့လာကြည့်လိုက်သည်။
ရန်ကိုင်က နတ်ဆိုးအိုကြီးကို စိုက်ကြည့်လိုက်ပြီး ‘‘ ခင်ဗျားပြောသလို ဆိုရင်သွေးခဲက ငါ့ကျင့်ကြံခြင်အဆင့်ကို
တိုးတက်အောင် လုပ်ပေးနိုင်တယ်ပေါ့ ’’ငါထင်ထားသလိုပဲ။ တိမ်တိုက်နီဂိုဏ်းက အနက်ရောင်အသီးခူးဖို့
သာမန်လူတွေကိုပဲ ကျွန်းပေါ်ကိုပို့တာ
သူရဲ့နှစ်မီတာအကွာလောက်တွင် အားကောင်းမောင်းသန် ယောကျာ်းတစ်ယောက် မိန်းမတစ်ယောက်ပေါ်
ထိုင်ကာ သူမ၏အဝတ်အစားကို ဆွဲဖြဲနေခဲ့သည်။ ထိုယောကျာ်းက နွားတစ်ကောင်လို အမောအတကာ
အသက်ရှုနေခဲ့ပြီး အရူးတစ်ယောက်လို ရယ်မောနေခဲ့သည်။ မိန်းမကြီးကတော့ လွတ်မြောက်ဖို့
အပြင်းအထန် ရုန်းကန်နေခဲ့သည်။ ဒါပေမယ့် သူမတွင ်လုံလောက်တဲ့ ခွန်အားမရှိတဲ့အတွက် သူမ၏
အားထုတ်ကြိုးစားမှုက အလဟဿဖြစ်သွားခဲ့ရပြီး အော်ဟစ်တောင်းပန်ရုံသာ တတ်နိုင်တော့သည်။
အဲ့လူမှာ မိစ္ဆာအော်ရာရှိနေတယ်ရန်ကိုင်က သူ့နေရာကနေ ဖျက်ခနဲပျောက်ကွယ်သွားခဲ့ပြီး လူကြီး
နောက်ကို ရောက်သွားကာ ထိုလူကြီးကို ကန်ချလိုက်သည်။ မိန်းမကြီးက ချင်းချင်းပဲ ကပျာကယာ
ကုန်းထလိုက်ပြီး သူမ၏စုတ်ပြဲနေတဲ့ အဝတ်တွေကို ချက်ချင်းပြန်ဝတ်လိုက်သည်။ ထိုအဖြစ်အပျက်ကြောင့်
သူမတစ်ကိုယ်လုံး တုန်ရီနေခဲ့ပြီး ရန်ကိုင်နောက်တွင် ဝင်ပုန်းနေလိုက်သည်။
သူ့ခြေထောက်အောက်ကနေ မိန်းမကြီးပျောက်ကွယ်သွားတာကို သိလိုက်တာနဲ့ လူကြီးက တစ္ဆေတစ်ကောင်
လို အော်မြည်လိုက်သည်။ ထို့နောက် ချက်ချင်းကုန်းထလိုက်ပြီး မတ်တပ်ရပ်ကာ ရန်ကိုင်ကို စိုက်ကြည့်
နေလိုက်သည်။ သူ့မျက်လုံးတွေက သွေးလိုနီရဲနေခဲ့ပြီး သူ့မျက်နှာကလည်း ရန်လိုမှုနဲ့ ပြည့်နေခဲ့သည်။
သူ့စိတ်ကို မိစ္ဆာချီစွမ်းအင်က လွှမ်းမိုးဝါးမြိုသွားခဲ့ပြီဖြစ်သည်။
‘‘ ဟူး ’’ ရန်ကိုင်သက်ပြင်းချလိုက်သည်။ ထိုလူ၏အဝတ်အစားကို ကြည့်ရုံနဲ့တင် လူဆင်းရဲတစ်ယောက်
ဖြစ်မှန်းသိနိုင်ပေသည်။ ထိုလူက ကျွန်းပေါ်ကိုအကြိမ်များစွာ ရောက်ရှိလာခဲ့တာတောင် ဖြစ်နိုင်ပေသည်။
ထို့ကြောင့် သူ့စိတ်ကိုမိစ္ဆာချီစွမ်းအင်တွေက လုံးဝလွှမ်းမိုးသွားခဲ့ပြီး အသိစိတ်မရှိတော့တဲ့ ရူးသွပ်နေတဲ့
သားရဲတစ်ကောင်လို ဖြစ်သွားခြင်းဖြစ်သည်။ ထို့ကြောင့် ရန်ကိုင်က ထိုလူကြီးကို မသတ်ချင်တဲ့အတွက်
ရိုးရိုးလေးသာ ကန်လိုက်ခြင်းဖြစ်သည်။ ‘‘ ကောင်စုတ်လေး၊ ထွက်သွားစမ်း ’’ လူကြီးက မျက်နှာမဲ့လိုက်ပြီး
ရယ်မောလိုက်သည်။ သူကအခုအတိုင်းအတာထိ ရောက်နေမှာတော့ ရန်ကိုင်ရှိနေလို့ဆိုပြီး လက်မလျှော့ချင်ပေ။
ရန်ကိုင်က စိတ်မဝင်စားတဲ့ အကြည့်နဲ့သာ ပြန်ကြည့်လိုက်သည်။ ထို့နောက် လူကြီးက ချက်ချင်းပဲ ရူးသွပ်နေတဲ့
နွားသိုတစ်ကောင်လို သတ်ဖြတ်ချင်စိတ်အပြည့်နဲ့ ရန်ကိုင်ဆီပြေးဝင်လာခဲ့သည်။ ‘‘ အဲ့လိုဆိုတော့လည်း၊
မင်းနာကျင်မှုတွေ အပြီးတိုင်ပျောက်ကွယ် သက်သာသွားအောင် ငါလုပ်ပေးရတာပေါ့ ….’’ ရန်ကိုင်က
နေရာမှာပဲ ရပ်နေခဲ့သည်။ ထို့နောက် လူကြီး ကသူ့နားနီးကပ်လာတဲ့အချိန် လူကြီး၏ရင်ဘတ်ဆီ လက်ညိုး
တစ်ချောင်းနဲ့ ချိန်လိုက်ပြီး ချီစွမ်းအင်စီးကြောင်းတစ်ခုကို ပစ်လွှတ်လိုက်သည်။ ထိုချီစွမ်းအင်စီးကြောင်းက
လူကြီး၏နှလုံးကို ဖောက်ထွက်သွားခဲ့ပြီး လူကြီး၏ခန္ဓာကိုယ်လည်း ပျော့ခွေသွားခဲ့ပြီး သူ့အသက်စွမ်းအင်လည်း
ပျောက်ကွယ်သွားတော့သည်။
သူ့နောက်မှာတော့ မိန်းမကြီးကတရှုံ့ရှုံ့နဲ့ ငိုယိုနေခဲ့သည်။ ထိုအသံတွေကို ကြားနေရတာ စိတ်မသက်မသာ
ဖြစ်တာနဲ့ ရန်ကိုင်လည်း နောက်ပြန်လှည့်ပြီး နှစ်သိမ့်ပေးဖို့လုပ်လိုက်သည်။ ဒါပေမယ့် သူမိန်းမကြီး၏ မ
မျက်နှာကိုမြင်လိုက်တာနဲပ သူ့စိတ်တစ်ခုလုံး တုန်ရင်သွားခဲ့သည်။ မိန်းမကြီးက အသက်သုံးဆယ်လောက်သာ
ရှိသေးပြီး သူမ၏ဖြူဖွေးချောမွတ်တဲ့ အသားအရေအရ ထိုမိန်းမကြီးက တကယ်ကို လှပတဲ့ မိန်းမတစ်ယောက ်
ဖြစ်သင့်ပေသည်။ ဒါပေမယ့် အခုအချိန်မှာတော့ သူမမျက်နှာပေါ်တွင် လက်သည်းအရွယ်လောက်ထူတဲ့
ခြစ်ရာကြီးတစ်ခုရှိနေခဲ့သည်။ ထိုခြစ်ရာကြီး သူမမျက်နှာတစ်ခုလုံးကို ဖြတ်သန်းသွားခဲ့သည်။ ထိုခြစ်ရာဆီမှ
သွေးတွေက ခြောက်သေးပုံပင် မရသေးပေ။ မိန်းမကြီး၏မျက်နှာက တော်တော်လေး ကြောက်မက်ဖွယ်
ကောင်းနေပေသည်။ ဒါပေမယ့် သူမက ကိုယ်ကိုအဝတ်စုတ်တွေနဲ့ ကာပြီးမျက်နှာအုပ်ကာ ငိုယိုနေခဲ့သည်။
သူမ၏အသွင်အပြင်ကို သိတဲ့အတွက် သူမကိုကယ်တင်ခဲ့တဲ့သူကို ကျေးဇူးတင်တယ်ဆိုရင်တောင်မှ
သူမနောက်ဆုတ်လိုက်သည်။ သူမမျက်နှာကြောင့် ရန်ကိုင်ကို ကြောက်လန့်မသွားစေချင်ခဲ့ပေ။ ရန်ကိုင်
ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားခဲ့ပြီး သူ့လက်ကိုဆန့်ထုတ်လိုက်ကာ မိန်းမကြီးကလက်ကောက်ဝတ်ကို
ဖမ်းဆုပ်လိုက်သည်။ ‘‘မလုပ်ပါနဲ့……ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့ ’’ မိန်းမကြီးက ရုန်းကန်ဖို့ကြိုးစား
လိုက်သည်။ ရန်ကိုင်က ဘာမှဖြစ်သွားပုံမရပဲ အခြားလက်တစ်ဖက်နဲ့ မိန်းမကြီး၏ခေါင်းကို အသာအယာ
လေးပင့်လိုက်သည်။ ‘‘ကျေးဇူးပြုပြီး၊……ငါရပ်ဖို့ တောင်းပန်ပါတယ်….’’ မိန်းမကြီးကဆက်ပြီး တောင်းပန်
နေခဲ့သည်။ မျက်ရည်တွေက သူမမျက်လုံးဆီမှ ရေတံခွန်အလား စီးကျနေပြီး အားနည်းစွာနဲ့
ရန်ကိုင်ကို ကြည့်လိုက်သည်။
ထိုအချိန်တွင် ရန်ကိုင်မျက်လုံးထဲဝယ် တဏှာ၊ရွံွ့ရှာစက်ဆုပ်မှု အရှင်းမရှိ။ အဲ့ဒီအစား ဝမ်းနည်းမှုနှင့်
တုန့်ဆိုင်းနေမှုတို့ ထင်ဟပ်နေခဲ့သည်။ သူမ၏မေးစေ့ကို မော့စေလိုက်ပြီးနောက် သူ့ရဲ့တုန်ရီနေတဲ့
လက်နဲ့ သူမမျက်နှာကိုဖုံးနေတဲ့ ဆံပင်တွေကိုဖယ်လိုက်သည်။ မိန်းမကြီးက သမမျက်လုံးတွေကို
ပိတ်လိုက်သည်။ သူမ၏အသွင်အပြင်ကို ရန်ကိုင်မြင်သွားမှာ ကြောက်တာကြောင့်လား၊ ရန်ကိုင်၏
အပြုအမူကပဲ သူမကိုထိတ်လန့်တုန်လှုပ်သွားစေတာကြောင့်လား မသဲကွဲ။ ဘာပဲဖြစ်ဖြစ် မျက်ရည်တွေကတော့
သူမမျက်လုံးများဆီမှ စမ်းချောင်းသဖွယ် ဆက်ပြီးစီးဆင်းနေဆဲပင်။
ရန်ကိုင်သူငယ်အိမ်က မိန်းမကြီး၏ မျက်နှာကိုကြည့်နေရင် ကျံ့သွားခဲ့ပြီး အသံထွက်ကာ ပြောလိုက်မိသည်
‘‘ မဒန် ’’ ထိုရင်းနှီးနေတဲ့ အသံကိုကြားလိုက်တဲ့အချိန် မိန်းမကြီးက သူမမျက်လုံးတွေကို ဖြည်းဖြည်းချင်း
ဖွင့်ကြည့်လိုက်သည်။ သူမမျက်လုံးထဲတွင် မျက်ရည်တွေက ရေကန်သဖွယ် တိမ်ဖုံးနေဆဲပင်။ သူမစိတ်ထဲ
သံသယလေပွေဝဲနေခဲ့ပြီး ရန်ကိုင်ကို သေချာကြည့်လိုက်သည်။ သူ့ကိုမှတ်မိလိုက်တာနဲ့
သူမ၏သံသယတွေက တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ပြီး အံ့အာသင့်မှုနှင့် ပျော်ရွှင်မှုက အစားထိုး
နေရာယူသွားခဲ့သည်။
‘‘ မဒန်၊ တကယ်ပဲ ခင်ဗျားလား ’’ ရန်ကိုင်က သူ့မျက်လုံးတွေကိုတောင် သူမယုံနိုင်ဖြစ်နေခဲ့ရသည်။
မိန်းမကြီးက ရန်ကိုင်အသံကို ကြားလိုက်တဲ့အချိန် လွန်ခဲ့တဲ့နှစ်လက ညစ်ပတ်ပေရေနေတဲ့
သူတောင်းစားလေးကို ပြန်သတိရလိုက်သည်။ တုန်တုန်ရီရီနဲ့ သူမပြောလိုက်သည် ‘‘ သူတောင်းစားလေးလား’’
ရန်ကိုင်အသက်ပြင်းပြင်း ရှုလိုက်သည်။
ရန်ကိုင်က နတ်ဆိုးအိုကြီးကို စိုက်ကြည့်လိုက်ပြီး ‘‘ ခင်ဗျားပြောသလို ဆိုရင်သွေးခဲက ငါ့ကျင့်ကြံခြင်အဆင့်ကို
တိုးတက်အောင် လုပ်ပေးနိုင်တယ်ပေါ့ ’’ကျန်းမိသားစုက မဒန်ကို ဒီနေရာမှာတွေ့ရလိမ့်မယ်လို့ ငါမထင်ထား
ခဲ့ဘူး သူ့ကိုသူတောင်းစားလေးလို့ ခေါ်တာသုံးယောက်ပဲရှိပေသည်။ တစ်ယောက်ကချူးအာ၊
နောက်တစ်ယောက်က ကျန်းမိသားစု၏ သခင်မလေးနှင့် တတိယကတော့ ကျန်းမိသားစုက အိမ်တော်
သခင်မတို့ပဲ ဖြစ်သည်။
‘‘ ခင်ဗျားဘာလို့ ဒီနေရာကို ရောက်နေတာလဲ။ ခင်ဗျားမျက်နှာကကော ဘာဖြစ်သွားတာလဲ’’ ရန်ကိုင်က
သံသယစိတ် တဝေဝေလည်ရင်း မေးလိုက်သည်။ချူးအာနဲ့ မိန်းမနှစ်ယောက်က ပင်လယ်မြို့တော်က
မြောင်မိသားစုရဲ့ ကာကွယ်မှုအောက်မှာ ရှိနေရမှာလေ။ မဒန်ကဘာလို့ ဒီရောက်နေရတာလဲ။ ငါတို့
လမ်းခွဲသွားတုန်းက မြောင်မိသားစုက သူတို့ကိုကိုယ်တိုင်ကိုယ်ကျ လာကြိုတာပဲလေ။ ပြီးတော့
သခင်မလေးဆိုတဲ့ တစ်ယောက်ကလည်း မြောင်မိသားစုနဲ့ စေ့စပ်ထားသေးတယ်လေ။
အခုအချိန်လောက်ဆို မဒန်က မြောင်မိသားစုမှာ အေးအေးချမ်းချမ်း၊သာသာယာယာနဲ့ နေထိုင်နေသင့််
တာလေ။ ဘယ်ချုံပေါက်လို့ ဘယ်ရောက်ပြီး ဒီနေရာကို ရောက်နေရတာလဲ။
‘‘သူရဲကောင်းလေး….’’ သူမကိုကယ်လိုက်တဲ့သူက ရန်ကိုင်မှန်းသိလိုက်တာနဲ့ ချက်ချင်းပဲ
ဒူးထောက်ချလိုက်သည်။ မြေကြီးကိုခေါင်းနဲ့ထိကာ ငိုယိုတောင်းဆိုလိုက်သည် ‘‘ ကျေးဇူးပြုပြီး၊
ငါတို့ကျန်းမိသားစုအတွက် တရားမျှတမှု ရှာပေးဖို့ တောင်းဆိုပါတယ် ’’ ရန်ကိုင်က ခပ်မြန်မြန်ပဲ
သူမကိုထူပေးလိုက်သည်။ သူမမျက်နှာကို ကြည့်လိုက်တဲ့အချိန် သူမနဖူးဆီကနေ သွေးတွေ
စီးကျနေခဲ့သည်။ ‘‘ ဒီနေရာက စကားပြောလို့ကောင်းတဲ့ နေရာမဟုတ်ဘူး။ ကျွန်တော့်နောက်လိုက်ခဲ့။
ဒီနေရာကနေ အရင်ထွက်သွားရမယ် ’’ ရန်ကိုင်က သူမလက်ကို ကိုင်ကာ တွဲကူပေးရင်း
ခပ်မြန်မြန်ပဲ လမ်းလျှောက်ထွက်သွားလိုက်သည်။
သူမပုံစံက ဘာလို့လုံးဝ ပြောင်းသွားရတာလဲ။ ဘာလို့တိမ်တိုက်နီဂိုဏ်းကို ရောက်နေရတာလဲ။
ချူးအာနဲ့သခင်လေးတို့ကကော ဘယ်ရောက်နေတာလဲ။ မြောင်မိသားစုမှာ ဘာတွေဖြစ်ခဲ့တာလဲ။
ရန်ကိုင်စိတ်ထဲ မေးခွန်းတွေ ပင်လယ်ဝေနေခဲ့သည်။ သူတို့နဲ့ အရမ်းကြီးမရင်းနှီးဘူးဆိုပေမယ့်
သူတို့တွေက ရက်ပေါင်းများစွာ အတူတူခရီးသွားခဲ့ကြတာလေ။ ပြီးတော့ ချူးအာနဲ့စကားပြောရတာလည်း
ပျော်ဖို့ကောင်းပေသည်။ သူမ၏နှစ်လိုဖွယ်ကောင်းတဲ့ ပင်ကိုယ်စရိုက်၊ သူတို့နှစ်ယောက ်မုန့်တွေအတူတကွ
ဝေမျှစားခဲ့တဲ့ အချိန်တွေ၊မြင်ကွင်းတွေကို သူမမေ့နိုင်ပေ။ ထိုနည်းတူစွာပဲ သူမ၏ကြင်နာတတ်တဲ့
နှလုံးသားနဲ့ နူးညံ့တဲ့စရိုက်ကိုလည်းပဲ မမေ့နိုင်ပေ။
အချိန်တော်တော်ကြာ လမ်းလျှောက်ပြီးနောက် ရန်ကိုင်က ဘယ်သာမန်လူမှ မရောက်နိုင်တဲ့
တိမ်တိုက်နီကျွန်း၏ အနက်ဆုံးနေရာဖြစ်သော တောင်ထိပ်ပေါ်ကိုခေါ်ဆောင်လာခဲ့သည်။ သူတို့
နှစ်ယောက်ထိုင်ချလိုက်ပြီး မဒန်ကတော့ တောက်လျှောက်ကိုသာ ငိုနေတော့သည်။ ရန်ကိုင်က သူမကို
နှစ်သိမ့်ပေးဖို့ မကြိုးစားခဲ့။ ငိုခွင့်ပြုထားလိုက်သည်။ တကယ်တော့ အလျင်လိုစရာမလိုပေ။ သူ့တွင်
မေးစရာမေးခွန်းတွေ အများကြီးရှိနေခဲ့သလို မဒန်မှာလည်း သူ့ကိုပြောစရာ အများကြီး ရှိနေတယ်ဆိုတာ
သူသိပေသည်။
နာရီဝက်လောက်ကြာမှ မဒန်က အငိုတိတ်သွားခဲ့ပြီးသူမ၏ တုန်ရီနေတဲ့ ခန္ဓာကိုယ်ကို မနည်းထိန်းထားခဲ့ရသည်။
ရန်ကိုင်က သူ့အပြင်အကျီင်္ကို ချွတ်ပေးလိုက်ပြီး မဒန်ကိုဝတ်ပေးလိုက်သည် ‘‘ ကျေးဇူးပါပဲ….’’ အခုလို
သနားစရာ အခြေအနေကို ရောက်နေခဲ့ရင်တောင် ရန်ကိုင်ကို ကျေးဇူးတင်စကား ပြောဖို့သူမမမေ့လျော့ခဲ့ပေ။
‘‘ ကျွန်တော့်ကိုပြောပါဦး၊ ဘာတွေဖြစ်ခဲ့တာလဲ ’’
‘‘ ချူးအာ၊ဟွမ်းအာနဲ့ငါတို့က မြောင်ဟွမ်ချန်နဲ့အတူ မြောင်မိသားစုကို လိုက်သွားခဲ့တယ်။ အစပိုင်းမှာတော့
ငါတို့ကိုတကယ့် ဂုဏ်သရေရှိဧည့်သည်တွေလို ဆက်ဆံခဲ့တယ်။ ဒါပေမယ့် ဟွမ်းအာရဲ့လက်ထပ်ပွဲ
အကြောင်းပြောတဲ့အချိန် သူကလက်ထပ်ပွဲကို သုံးလကနေလေးလကို နောက်ဆုတ်ပစ်လိုက်တယ်။
အစတုန်းကတော့ ငါလည်းအဲ့ကိစ္စကို သေချာဂရုမစိုက်မိလိုက်ဘူး။ နောက်ထပ် ရက်နည်းနည်းကြာတော့
ငါသူ့ကိုလက်ထပ်ပွဲအကြောင်း ထပ်ပြောတယ်။ အဲ့အချိန်မှာ သူသဘောတူခဲ့တယ်။ ဒါပေမယ့် အခြေအနေ
တစ်ချိုတော့ ရှိတယ်တဲ့။ သူ့သားအဆင့်အတန်းက မြင့်မားတော့ ငါတို့မိသားစုရဲ့ဟွမ်းအာက သူနဲ့မလိုက်ဖက်
တဲ့အတွက် သူမကသူ့ကိုလက်ထပ်ချင်တယ်ဆိုရင် ကိုယ်လုပ်တော်တစ်ယောက်ပဲ ဖြစ်ခွင့်ရှိမယ်တဲ့။ ငါလည်း
ဒေါသထွက်သွားခဲ့တယ်။ ဒါပေမယ့် ဘာမှတော့ ပြန်မပြောခဲ့ဘူး။ နောက်နေ့လည်းကျရော ချက်ချင်းပဲ
ဟွမ်းအာနဲ့ ချူးအာကို အထုပ်အပိုးပြင်ခိုင်းပြီး ထွက်သွားဖို့လုပ်တယ်။ ပင်လယ်မြို့တော်ကို လာဖို့
ငါတို့အခက်အခဲတွေ အများကြီး ကျော်ဖြတ်ခဲ့ရတာ ငါ့သမီးကို ကိုယ်လုပ်တော်တစ်ယောက် ဖြစ်စေဖို့
မဟုတ်ဘူး။ ပြီးတော့ လက်ထပ်ပွဲကလည်း အစောကြီးကတည်းက သဘောတူထားခဲ့တာ။
သူကဘယ်လိုလုပ်ပြီးသူ့ကတိ သူပြန်ရုတ်သိမ်းရဲရတာလဲ ။ ဒါပေမယ့် ငါတို့ထွက်သွားမယ့်
သတင်းလည်းကြာရော မြောင်ဟွာချန် က ဒေါသထွက်သွားပြီး ငါတို့အားလုံးကို ဖမ်းထားလိုက်တယ်’’
ပြောနေရင်း မဒန်၏မျက်နှာက ကြောက်လန့်ုတုန်လှုပ်နေတဲ့ ပုံပေါ်လေသည်။ ထိုအဖြစ်အပျက်တွေက
သူမအတွက် အိမ်မက်ဆိုးတစ်ခု ဖြစ်နေတဲ့ပုံပေါ်လေသည်။
သူမ၏အမူအရာ ငိုကြွေးလိုက်တဲ့အချိန်မှာတော့ ပိုပြီးဆိုးရွားလာခဲ့သည်‘‘ မြောင်ဟွာချန် ဘာလို့အဲ့လိုလုပ်
ရတာလဲဆိုတာ ငါနားမလည်ခဲ့ဘူး။ ဒါပေမယ့် အခြားသူတွေကို မေးကြည့်လိုက်တော့မှပဲ နောက်ကွယ်က
အမှန်တရားကို ငါသိခဲ့ရတယ်။ ငါ့ယောကျာ်းသေခဲ့ရတဲ့ နောက်ကွယ်က တရာခံက သူကိုယ်တိုင်ပဲ။
ငါ့ယောကျာ်းသေပြီး ဟွမ်းအာရဲ့လက်ထပ်ပွဲအကြောင်းကို သတိပေးခဲ့တာလည်း သူကိုယ်တိုင်ပဲ။
ဘယ်လောက်ရယ်စရာကောင်းလိုက်လဲ….ကိုယ့်သမီးကို ကိုယ်ကိုယ်တိုင်ကျားတွင်းထဲကို တွန်းပို့နေတာ
ကိုတောင် ငါသတိမပြုမိခဲ့ဘူး ’’
‘‘သူဘာလို့အဲ့လိုလုပ်ရတာလဲ။ ခင်ဗျားယောကျာ်းနဲ့ သူကအခင်ဆုံးသူငယ်ချင်းတွေ မဟုတ်ဘူးလား’’´
ရန်ကိုင်က မေးမြန်းလိုက်သည်။ သူတို့သုံးယောက်ကို လာခေါ်တုန်းက မြောင်ဟွာချန်၏ မျက်နှာပေါ်က
ဝမ်းနည်းနေတဲ့ ပုံစံကိုသူကိုယ်တိုင် မြင်တွေ့ခဲ့ရပေသည်။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၇၈) ဆုံးဖြတ်ချက်
ရန်ကိုင်မေးတာကို နားထောင်ပြီးနောက် မဒန်က သနားစရာကောင်းတဲ့ အပြုံးသာ ပြံုးပြလိုက်ပြီး
ရှင်းပြလိုက်သည် ‘‘မြောင်ဟွာချန်က ငါ့လိုသနားစရာကောင်းတဲ့ မုဆိုးမအမေကြီးကို ဘာလို့အဲ့လို
ဆက်ဆံရလဲဆိုတဲ့ အကြောင်းပြချက်ကို ငါအတတ်နိုင်ဆုံး ရှာဖွေခဲ့တယ်။ နောက်ဆုံးမှပဲ
ငါယောကျာ်နဲ့ မြောင်ဟွာချန် အတူတူရခဲ့တဲ့ပစ္စည်းတစ်ခုကြောင်းမှန်းသိလိုက်တယ် ’’
‘‘ ဘာပစ္စည်းလဲ ’’
‘‘ လိပ်ခွံတစ်ခုပဲ ’’ မဒန်က ပြန်ပြောလိုက်သည် ‘‘ အရင်တုန်းက ငါ့ယောကျာ်းနဲ့ မြောင်ဟွာချန်တို့
ပင်လယ်မြို့တော်ကို အပန်းဖြေထွက်ဖို့ အတူတူသွားခဲ့ကြတယ်။ ဒါပေမယ့် တိုက်ခိုက်ဆိုင်း မြေပုံတစ်ခုကို
ဖော်ပြထားတဲ့ လိပ်ခွံတစ်ခုကို မတော်တဆရခဲ့တယ်။ အဲ့အချိန်တွင် သူတို့နှစ်ယောက် အနီးအနားကျွန်းတွေကို
အတူတူရှာဖွေခဲ့ပေမယ့် မြေပုံနဲ့ပက်သက်ပြီး ဘာသဲလွန်စမှ မရခဲ့ဘူး။ အဲ့ဒါကြောင့် လိပ်ခွံကအတုဆိုပြီး
သူတို့ယူဆလိုက်ကြတယ်။ ဒါပေမယ့် တစ်ယောက်မသိခင်မှာ နောက်တစ်ယောက်က တိတ်တဆိတ်နဲ့
စူးစမ်းမှာစိုးလို့ လိပ်ခွံကိုတစ်ယောက်တစ်ဝက် ခွဲဝေယူလိုက်ကြတယ် ’’
မဒန်က အသက်တစ်ချက်ရှုလိုက်ပြီး ဆက်ပြောလိုက်သည် ‘‘ သူတို့စူးစမ်းလေ့လာပြီးတဲ့ နောက်မှာတော့
ငါ့ယောကျာ်းက တုံစီရင်စုနယ်မြေကို ပြန်လာပြီး ကိုယ်ပိုင်ကျောင်းတစ်ခုထောင်ခဲ့တယ်။ မြောင်ဟွာချန်ကတော့
ပင်လယ်မြို့တော်မှာ အခြေချပြီး လိပ်ခွံကိုဆက်ပြီး လေ့လာစူးစမ်းခဲ့တယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကပဲ
လိပ်ခွံနဲ့ပက်သက်ပြီး သူသဲလွန်စအချိ့ရခဲ့တယ်။ ဒါပေမယ့် ငါ့ယောကျာ်းကို မပြောချင်လို့ လုပ်ကြံသတ်ပစ်
လိုက်တယ်။ ပြီးတော့ ငါတို့ကိုလည်း ပင်လယ်မြို့တော်ကို ရွေ့ပြောင်းလာဖို့ လှည့်စားခဲ့တယ်။ ငါယောကျာ်း
ပိုင်တဲ့ လိပ်ခွံတစ်ဝက်ကို ငါကိုယ်တိုင်တွေ့ခဲ့ဖူးတယ်။ အဲ့ဒါအဖိုးတန်မှန်းသိလို့ ငါနဲ့အတူယူလာခဲ့တယ် ’’
‘‘ သူရဲကောင်းလေး၊ ငါတို့ကိုစောင့်ရှောက်ပြီး လိုက်ပို့တဲ့ကျန်းတင်ကို မှတ်မိသေးလား။ ငါတို့ကိုသတ်ဖို့
လုပ်ခဲ့တဲ့သူလေ ’’ ‘‘ သူ့ကိုမြောင်ဟွာချန်က လုပ်ခိုင်းခဲ့တာလား ’’ ရန်ကိုင်ကမျက်မှောင်ကြုံ့ပြီး
ပြောလိုက်သည်။‘‘ အသေအချာပဲ ’’ မြောင်ဟွာချန်က ငါ့ယောကျာ်းရဲ့ အကောင်းဆုံးသူငယ်ချင်း
တစ်ယောက် ဖြစ်တဲ့အတွက် သူကိုယ်တိုင် ဝင်မပါချင်လို့ ကျန်းတင်ကို ခိုင်းတာလို့ ငါထင်တယ်။
သူရဲကောင်းလေးသာ မရှိခဲ့ရင် ချူးအာ၊ဟွမ်းအာနဲ့ ငါတို့တွေအကုန်လုံး ငါ့ယောကျ်ားနောက်
လိုက်သွားရမယ်လို့ ထင်တယ် ’’
‘‘ တကယ့်ကို အကောင်းဆုံး သူငယ်ချင်းတစ်ယောက်ပဲ ’’ ရန်ကိုင်က လှောင်ပြုံးပြံုးလိုက်သည်။ ဒါပေမယ့်
သူ့စိတ်ထဲတွင် မသေချာမရေရာသေးတဲ့ သံသယတစ်ချို့ ကျန်နေပေသေးသည် ‘‘ မဒန်၊ ခင်ဗျားတို့
သုံးယောက်က သာမန်လူတွေပဲလေ။ မြောင်ဟွာချန်သာ လိပ်ခွံကိုခင်ဗျားတို့ဆီက လိုချင်တယ်ဆိုရင်
အသားလေးယူလို့ရတယ်မလား။ သူဘာလို့စောင့်နေရသေးတာလဲ ’’ မဒန်က ခါးသီးစွာနဲ့ ပြုံးလိုက်သည်
‘‘အစတုန်းကတော့ ဘာလို့လဲဆိုတာ ငါနားမလည်ခဲ့ဘူး။ ဒါပေမယ့် နောက်ပိုင်းကျတော့မှာ ငါသိသွားခဲ့တယ်။
ပြီးတော့ သူရဲကောင်းလေးကိုပဲ ကျေးဇူးတင်ရမယ် ’’
‘‘….’’
‘‘ အင်း ’’ မဒန်က ခေါင်းညိတ်လိုက်ပြီး ဆက်ပြီးရှင်းပြလိုက်သည်။ ‘‘ မြောင်ဟွာချန် ငါတို့ကိုနှုတ်ဆက်တုန်းက
အားကောင်းတဲ့ ကျင့်ကြံသူတစ်ယောက်က ငါတို့ကိုကူညီပေးခဲ့တာဆိုပြီးတော့ သူ့ကိုပြောခဲ့တယ်လေ။
မြောင်ဟွာချန်က ဉာဏ်းကောင်းတဲ့လူတစ်ယောက်ပဲလေ။ ငါတို့ကိုကူညီပေးခဲ့တဲ့ ကျင့်ကြံသူက ငါတို့ကို
ကာကွယ်ပေးနေသေးလား၊မပေးတော့ဘူးလားဆိုတာ အရင်ဆုံးစောင့်ကြည့်တယ်။ ငါတို့ကိုကာကွယ်ပေးတဲ့
ဘယ်သူမှ မရှိတော့ဘူးဆိုတာ သေချာတော့မှ သူ့ရဲ့ကောက်ကျစ်ယုတ်မာတဲ့ဘက်ခြမ်းကို စထုတ်ပြတော့တာ ’’
ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ ‘‘ ပြီးတော့၊ဘာဆက်ဖြစ်လဲ ’’
‘‘ အဲ့မှာပဲ အိမ်မက်ဆိုးက စတင်ခဲ့တာ ’’ မဒန်၏အသံက တိမ်ဝင်သွားခဲ့ပြီး အားတင်ပြီးဆက်ပြောဖို့ကြိုးစား
လိုက်သည်။ သူမမျက်လုံးများဆီမှာ မျက်ရည်တွေ အဆက်မပြတ် ကျဆင်းလာခဲ့ပြီး ‘‘ ငါတို့အသက်ရှင်နိုင်
ဖို့အတွက် ကျန်တဲ့လိပ်ခွံတစ်ဝက်ကို ငါသူ့ကိုပေးခဲ့တယ်။ ဒါပေမယ့် မြောင်ဟွာချန်က အရမ်းကိုရက်စက်
လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး’’ ပြောနေရင်း မဒန်၏ခန္ဓာကိုယ် အဆက်မပြတ် တုန်ရင်လာခဲ့ပြီး
မသိလိုက်မသိဘာသာလဲ လက်သီးတင်းတင်းဆုပ်လိုက်သည် ‘‘ အဲ့ညမှာပဲ မြောင်ဟွာချန်က ဟွမ်းအာကို
ခေါ်ဖို့လူတစ်အုပ်ခေါ်လာခဲ့တယ်။ ဟွမ်းအာက မလိုက်ချင်တော့ ချူးအာကသူမဘက်ကနေရပ်ပြီး
သူမအစားကူပြောပေးခဲ့တယ်။ ဒါပေမယ့်….ဒါပေမယ့်…မြောင်ဟွာချန်က သူလူ့တွေကို ချူးအာကို
မသေမချင်းရိုက်သတ်ဖို့ အမိန့်ပေးခဲ့လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး ’’
ထိုအကြောင်းကို ကြားလိုက်တာနဲ့ ရန်ကိုင်ခန္ဓာကိုယ်တစ်ခုလုံး တုန်ရင်သွားခဲ့ပြီး မနှစ်မြို့မှု၊ ဒေါသတို့
သူ့ရင်ဘတ်ထိ လှိမ့်တက်လာခဲံသည်။ မဒန်က ငိုယိုရင်းဆက်ပြောလိုက်သည် ‘‘ နောက်တစ်နေ့….
မြောင်ဟွာချန်က ငါ့ဆီပြန်ရောက်လာပြီး…ငါ့ဟွမ်းအာလေးက မုဒိန်းကျင့်ခံလိုက်ရပြီလို့ လာပြောတယ်။
ဟွမ်းအာက သည်းမခံနိုင်လို့….သူ့လျှာသူကိုက်ပြီး ကိုယ့်ကိုယ်ကို သက်သေသွားခဲ့တယ် ’’
ရန်ကိုင်ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားခဲ့ပြီး ဒေါသလှိုင်းလုံးတွေ ဆူနာမနီလှိုင်းလုံးတွေအလား
သူ့တစ်ကိုယ်လုံး လှိမ့်တက်လာခဲ့ပြီး ထိန်းချုပ်ခြင်းငှာ မစွမ်းနိုင်တော့ချေ။ ချစ်ဖို့ကောင်းပြီး
နှစ်လိုဖွယ်ကောင်းတဲ့ အိမ်ဖော်မလေးက ရက်ရက်စက်စက် အသတ်ခံရချိန် နူးညံ့ပြီးရှက်တတ်တဲ့
သခင်မလေးက ကိုယ့်ကိုယ်ကို သတ်သေခဲ့လိမ့်မယ်လို့ သူမထင်ထားခဲ့ချေ။ နှစ်လအတူခရီးသွားပြီးတဲ့
နောက် ထိုအလှလေးနှစ်ယောက်ကို သူနောက်ဘယ်တော့မှ ပြန်မတွေ့နိုင်တော့ချေ။
‘‘ မြောင်ဟွာချိန်က ငါ့ကိုလည်း ဆက်ပြီးအရှက်ခွဲချင်ခဲ့တယ်’’ မဒန်က ငိုကြွေးရင်း ‘‘ ဒါပေမယ့်…
ဟွမ်းအာနဲ့ချူးအာကို အဖြစ်အပျက်ကနေ သင်ခန်းစားရခဲ့တော့ ငါ့ကိုအရမ်းကြီးဆက်ပြီး
ဖိအားမပေးရဲတော့ဘူး။ ငါကိုရက်ပေါင်းများစွာ ဖမ်းချုပ်ထားခဲ့ပြီး ငါ့စိတ်ကိုပြောင်းလဲအောင်မလုပ်နိုင်တဲ့အဆုံး
ရှက်လည်းရှက်သလို ဒေါသလည်းထွက်သွားခဲ့ပြီး ရွှေဝိုင်တစ်ထောင်အိမ်တော်ဆီ ငါ့ကိုရှောင်းစားခဲ့တယ် ’’
‘‘ငါကိုအညံ့ခံဖို့ တွန်းအားပေးခဲ့တယ်။ ရိုက်နှက်ပြီးနှိပ်စက်တယ်။ ငါ့ကိုလာကယ်မယ့် ဘယ်သူမှမရှိတော့
ကတ်ကြေးတစ်လက်နဲ့ ငါ့မျက်နှာကို ခြစ်ချလိုက်တယ်။ ဟီး…ဟီးး….ငါ့ပုံစံက အခုလိုဖြစ်သွားတော့
ဘယ်သူမှငါ့ကို မထိချင်တော့ဘူး’’ မဒန်က သနားစရာကောင်းစွာနဲ့ လှောင်ပြောင်လိုက်ပြီး
‘‘ အဲ့နောက် ငါ့ကိုတိမ်တိုက်နီဂိုဏ်းကို ရောင်းစားလိုက်တယ်။ ငါကတော့ ပြုံးနေတာပေါ့….’’
‘‘ ငါသေသွားခဲ့သင့်တာ။ ငါ့ယောကျာ်းလည်းသွားပြီ။ ချူးအာနဲ့ဟွမ်းအာလေးလည်း မရှိတော့ဘူး။ ငါဘာလို့
အသက်ဆက်ရှင်နေရဦးမှာလဲ။ ဒါပေမယ့် ငါ့ကိုယ်ငါသေခွင့်မပြုနိုင်ဘူး။ အခုငါသေလို့မရသေးဘူ။
ငါသေသွားခဲ့ရင် ငါတို့ခံစားခဲ့ရတာတွေအတွက် ဘယ်သူမှလက်စားချေပေးမှာ မဟုတ်ဘူး။ ငါအသက်
ရှင်ရမယ်။ ငါတစ်နေ့လက်စားချေနိုင်တဲ့အထိ ငါအသက်ရှင်နေရမယ်။ ငါကမိန်းမတစ်ယောက်ဆိုပေမယ့်
အဲ့ဒါက ငါကျိန်းသေလုပ်ရမယ့် အလုပ်တစ်ခုပဲ ’’ ရန်ကိုင်ကြွက်သားတစ်မျှင်းချင်းဆီကို အပ်နဲ့ထိုးဆွ
နေသလို ခံစားလိုက်ရပြီး သူ့နှလုံးသားတစ်ခုလုံး အောင့်သွားသလို ခံစားလိုက်ပြီး နှလုံးသွေးထွက်သွားခဲ့သည်။
အသက်ပြင်းပြင်းရှုလိုက်ပြီး မဒန်ကို နှစ်သိမ့်ပေးလိုက်သည်‘‘ မဒန်၊ ခင်ဗျားက ကမ္ဘာပေါ်မှာ အလှပဆုံးနဲ့
အသန်မာဆုံး မိန်းမတစ်ယောက်ပဲ ’’
သေဖို့ကလွယ်ပေမယ့် အခုလိုအခြေအနေမျိုးနဲ့ အသက်ဆက်ရှင်နေရဖို့က တကယ်ကို လုံးဝကို
ခက်ခဲလွန်းတယ်
‘‘ သူရဲကောင်းလေး ငါ့ကိုနောက်ဆုံးအကြိမ် အဖြစ်ကူညီပေးလို့ရမလား ’’ မဒန်က မျက်ရည်ဝဲနေတဲ့
မျက်လုံးတွေနဲ့ ခေါင်းမော့လိုက်ပြီး ရန်ကိုင်ကိုကြည့်လိုက်သည်။ သူမမျက်လုံးထဲမှာတော့
မျှော်လင့်ချက်တွေနဲ့ ပြည့်နေခဲ့သည်။ တောင်ထပ်ပေါ်တွင် ရပ်နေရင်း လေတဝှီဝှီတိုက်ခတ်နေခြဲီ့း
ရန်ကိုင်မျက်နှာက လုံးဝကိုတည်ငြိမ်နေခဲ့သည်။ သူသက်ပြင်းချလိုက်သည် ‘‘ ငါ့ခွန်အားက
နိမ့်ကျနေတာ တကယ်ကို နောင်တရစရာကောင်းတယ် ’’
မဒန်က ချက်ချင်းပဲ သုန်မှုသွားခဲ့သည်။ ‘‘ ဒါပေမယ့် ငါဆက်ပြီးသန်မာလာလိမ့်မယ်။ ပင်လယ်မြို့တော်ကို
သွားပြီး မြောင်မိသားစုကို လက်စားချေဖို့ဆိုရင် နှစ်ပေါင်းများစွာလိုလိမ့်မယ် ’’ ရန်ကိုင်၏ဆုံးဖြတ်ချက်က
မဒန်၏ တောင်းဆိုမှုပေါ်တွင် ဆုံးဖြတ်လိုက်တာမဟုတ်။ သူတို့အတူခရီးသွားနေစဉ် ချူးအာက သူနဲ့အတူ
စားစရာဝေမျှ စားသောက်ခဲ့တဲ့အတွက် သူမအပေါ် အကြွေးတင်နေသလို ခံစားရလို့ဖြစ်သည်။ မဒန်၏
မျက်နှာအမူအရာက ချက်ချင်းပျော်ရွှင်တဲ့ပုံစံပြောင်းသွားခဲ့ပြီး ဒူးထောက်ကာမြေပြင်နဲ့ခေါင်းထိကာ
ဦးညွတ်လိုက်သည် ‘‘ ကျေးဇူးတင်ပါတယ်….သူရဲကောင်းလေးကို ကျေးဇူးတင်ပါတယ် ’’
အချိန်အတော်ကြာတဲ့ အချိန်တွင် မဒန်က သူမခန္ဓာကိုယ်ကို မတ်လိုက်ပြီး ပြောလိုက်သည်
‘‘ သူရဲကောင်းလေး၊ မြောင်ဟွာချန်က ကိစ္စတွေအားလုံးရဲ့ နောက်ကွယ်က ကြိုးဆွဲတဲ့သူဆိုတာ
နင်သိပေမယ့်လည်း နင်သိသင့်တာ ရှိသေးတ်။ မြောင်ဟွာချန်ကို ထောက်ခံပေးနေတာက
တိမ်တိုက်နီဂိုဏ်းပဲ ’’ ‘‘ အန်….’’ ရန်ကိုင်မျက်မှောင်ကြုံ့လိုက်သည်။ ‘‘ မြောင်ဟွာချန်ရဲ့သား၊ မြောင်လင်က
တိမ်တိုက်နီဂိုဏ်းသား တစ်ယောက်ပဲ။ သူ့သားက အဆင့်အတန်းနိမ့်လို့ မြောင်ဟွာချန်က
တိမ်တိုက်နီဂိုဏ်းကို လိပ်ခွံပေးပြီး လက်ထိုးထားတာ။ အဲ့ပုပ်ပျက်နေတဲ့ သားကြောင့်ပဲ
အခုလိုမျိုးတွေ ဖြစ်လာရတာ။ သူကအားလုံးကို စီစဉ်ခဲ့ပြီး ငါတို့ကျန်းမိသားစုကို သစ္စာဖောက်ဖို့
သူ့အဖေကို လှုံ့ဆော်ခဲ့တာ ’’
‘‘ တိမ်တိုက်နီဂိုဏ်းလား၊ ငါသိပြီ ’’ ရန်ကိုင်ခေါင်းညိတ်လိုက်သည်။
‘‘ သူရဲကောင်းလေး ’’ မဒန်က နှုတ်ခမ်းကိုကွေးလိုက်ပြီး ဦးညွှတ်လိုက်သည်။ ‘‘သူရဲကောင်းလေးက
ငါတို့မိသားစုအတွက် လက်စားပြန်ချေပေးပြီး ချူးအာကြင်နာမှုကို မေ့လျော့မှာမဟုတ်ပေမယ့်
ကျန်းမိသားစုအနေနဲ့ သူရဲကောင်းလေးကို ကျေးတင်တာကလွဲပြီးဘာမှမလုပ်ပေးနိုင်ဘူး ’’
‘‘ အဲ့ကိစ္စနဲ့ပက်သက်ပြီး စိုးရိမ်စရာမလိုပါဘူး ’’
‘‘ သူရဲကောင်းလေး၊ ကျေးဇူးပြုပြီး ငါပြောတာနားထောင်ပါဦး …’’ မဒန်က ဆက်ပြောလိုက်သည်။
‘‘တကယ်ဆိုရင် ငါ့းယောကျ်ာက ကျန်တဲ့လိပ်ခွံတစ်ခုကို မြောင်ဟွာချန်လိုပဲ ဆက်ပြီးလေ့လာခဲ့တယ်။
ငါ့ယောကျာ်းလေ့လာရသလောက်ဆိုရင် လိပ်ခွံရဲ့တစ်ဝက်က ကျွန်းတည်နေရာကို ပြတဲ့မြေပုံဖြစ်ပြီးတော့
ကျန်တဲ့တစ်ဝက်ကတော့ ကျွန်းအတွင်းပိုင်း လမ်းကြောင်းကိုပြတဲ့မြေပုံပဲ ’’
‘‘ ဘာ ’’ ရန်ကိုင်က အံ့အားသင့်စွာနဲ့ ပြောလိုက်သည် ‘‘ အဲ့ဒါဆို မြေပုံကဘယ်မှာလဲ ’’
‘‘ ငါ့ပေါ်မှာ ’’ မဒန်က ပုံမှန်မဟုတ်တဲ့အသံနဲ့ ပြောလိုက်သည်။
မဒန်ပြောတာကို ကြားပြီး သံသယအရိပ်အယောင်က ရန်ကိုင်စိတ်ထဲ ဖြတ်ပြေးသွားခဲ့သည်။
သာမန်လူတစ်ယောက်ဖြစ်တဲ့ မဒန်က မြောင်ဟွာချန်လိုသိုင်းပညာရှင်တစ်ယောက် ရှာဖွေတာကို
ဘယ်လိုလုပ်ပြီး တားဆီးနိုင်မှာလဲအချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် မဒန်က
သူမပါးစပ်ကိုဖွင့်လိုက်ပြီး ပြောလိုက်သည် ‘‘ သူရဲကောင်းလေး၊ ငါမိသားစုကတင်နေတဲ့ အကြွေးကို
ပြန်မဆပ်နိုင်တဲ့အတွက် မြေပုံကိုလက်ဆောင်အဖြစ် ယူလိုက်ပါ ’’ ထို့နောက်သူ့မဘောင်းဘီကို
ဆွဲဖြဲလိုက်သည်။ နှင်းလိုဖြူစွတ်နေတဲ့ သူမ၏ပေါင်တံလှလှလေးတွေ ပေါ်လာခဲ့သည်။
‘‘ မြေပုံကို ငါ့အရေပြားပေါ်မှာ ဆွဲထားတာ ’’ ခေါင်းငုံ့လိုက်ပြီး မဒန်ခန္ဓာကိုယ်တစ်ခုလု့း တုန်ရီနေခဲ့ကာ
အခုလိုလုပ်ဖို့ သူမသတ္တိအကုန်အစင်ကို သုံးစွဲခဲ့ရပုံပေါ်သည်။ ရန်ကိုင်မျက်နှာရဲသွားခဲ့ပြီး
ချက်ချင်းပဲ သူ့အကြည့်ကို အခြားတစ်ဖက်စီ ပြောင်းလိုက်သည်။ တံတွေးတစ်လုတ် မျိုချမိလိုက်သည်။
ရက်ပေါင်းမျာစွာ သူ့ကျင့်ကြံခြင်းအဆင့် တိုးမြင့်လာပြီးနောက်ပိုင်း ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ်၏
လွှမ်းမိုးမှုက ပိုပြီးပြင်းထန်လာခဲ့သည်။ ထို့ကြောင့် စုယန်၏မျက်နှာကို မြင်ယောင်မိတာ သူ့အတွက်
ပုံမှန်ပင်ဖြစ်သည်။ တရားထိုင်ခြင်းရဲ့ အကျိုးကျေးဇူးကြောင့်သာ မဟုတ်ရင် ထိုစိတ်ဆန္ဒတွေကို
သူဖိနှိပ်ထားနိုင်ခဲ့လိမ့်မည်မဟုတ်ချေ။ အခုအချိန်မှာတော့ မဒန်ကလှစ်ဟာပြလိုက်မှုက သူ့ကိုယ်သူ
စိတ်သွားခါနီးဖြစ်သွားခဲ့ရသည်။
‘‘မဒန်….’’ ရန်ကိုင်မျက်မှောင်ကြုံ့လိုက်သည်။
‘‘ သူရဲကောင်းလေး….’’ မဒန်၏အသားအရေက ရဲရဲနီနေခဲ့သည်။ ‘‘ ဒါကြောင့် ငါ့ယောကျာ်းသေခဲ့ရတာ။
ငါဒါကို မြေမမြှပ်ပစ်ချင်သလို ရန်သူ့လက်ထဲကိုလည်း အပါမခံနိုင်ဘူး။ ကျေးဇူးပြုပြီးတော့ ဒီဟာကို
လက်ဆောင်အဖြစ်ယူလိုက်ပါ။ သူရဲကောင်းလေး၊ကျေးဇူးပြုပြီးတော့ လက်ခံပေးပါ ’’
ရန်ကိုင်သက်ပြင်းချလိုက်သည်ငါငြင်းလိုက်ရင် သူမကျိန်းသေစိတ်မကောင်းဖြစ်သွားမှာပဲ
‘‘ မဒန်ကို စော်ကားမိသလို ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ် ’’
ထိုင်ချလိုက်ပြီး ရန်ကိုင်ကမဒန်၏ပေါင်တံကိုကြည့်လိုက်သည်။ တောင်တွေပါတဲ့ ကျွန်းတစ်ခုရှိနေခြဲီ့း
မြေပုံပေါ်က နေရာတွေကိုလည်း အသေးစိတ်ကျကျ ဖော်ပြထားခဲ့သည်။ ထို့ပြင် ရတနာရှိမယ့်
နေရာကိုဖော်ပြထားတဲ့ လမ်းတစ်လမ်းပင်ရှိနေသေးသည်။ဒီမြေပုံ……အဲ့ဒါကို အပူပေးထားတဲ့အပ်နဲ့
မှင်ကာလာကိုသုံးပြီး သူမပေါင်ပေါ်မှာ ဆွဲထားခဲ့တာ။ မဒန်ရဲ့ဒူခေါင်းကနေစပြီး သူမပေါင်ခြံကြားအထိ
ဒီမြေပုံကိုဆွဲဖို့ မဒန်ရဲ့စိတ်စွမ်းအားက ဘယ်လောက်တောင် ခိုင်မာလဲဆိုတာ ငါတယ်ကို မစဉ်းစား
တတ်တော့ဘူး။ မဒန်က သာမန်မိန်းမတစ်ယောက်ပဲ…ဒါပေမယ့် ဒီမြေပုံကိုဆွဲဖို့ သူမဘယ်နှစ်ကြိမ်တောင်
အပ်နဲ့ထိုးခံလိုက်ရမလဲ ။ဒီမြေပုံက အစစ်အမှန်မြေပုံနဲ့ အနည်းငယ်ကွာခြားပြီး သိပ်ပြီးမတိကျပေမယ့်….
ငါမပြောနိုင်တော့ဘူး
ရန်ကိုင်က မြေပုံကိုသေချာကြည့်ရင်း သူ့ကိုယ်သူတည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။
ထိုအချိန်တွင် မဒန်ကတော့ တုန်ရီနေခဲ့သည်။ သူမမျက်လုံးတွေကို တင်းတင်းကြပ်ကြပ် ပိတ်ထားခဲ့ပြီး
မျက်ရည်တွေ အဆက်မပြတ် ကျနေခဲ့သည်။ လက်ဖက်ရည်တစ်ခွက်စာလောက် အချိန်ကြာတဲ့အခါမှာတော့
ရန်ကိုင်က မြေပုံတစ်ခုလုံးကို မှတ်မိသွားပြီဖြစ်ပြီး သူမ၏ပေါင်ကို ပြန်ဖုံးပေးထားလိုက်သည်။ ‘‘ သူရဲကောင်းလေး
ရဲ့ ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ် ’’ မဒန်က မြေကြီးပေါ်တွင်ထိုင်နေရင်း ပျော့ပျောင်းတဲ့အသံနဲ့
ပြောလိုက်သည်။ သူမပြောပြီးတာနဲ့ သူမထမ်းပိုးထားရတဲ့ ဝန်းထုပ်ကြီးတစ်ခု လွတ်ကျသွားသည့်အလား
သူမမျက်နှာအမူအရာကို ကြည့်ရုံနဲ့တင် သူမသေချင်နေပြီဆိုတာ သိလိုက်သည်
သူမနှလုံးသားက သေသွားခဲ့ပြီ။ သူမက လက်စားချေနိုင်ဖို့ အသက်ရှင်နေခဲ့တာ။ အခုငါရှိနေပြီဆိုတော့
သူမ…ဆက်ပြီးတော့ အသက်ဆက်ရှင်ချင်တော့မှာ မဟုတ်တော့ဘူး
သူမ၏မျက်နှာအမူအရာကို ကြည့်ပြီး ရန်ကိုင်ဆက်ပြီး စကားမပြောတော့ချေ။ နောက်တစ်နေ့
ရန်ကိုင်က မဒန်ယူလာခဲ့တဲ့ အနက်ရောင်အသီးတွေထည့်ထားတဲ့ ခြင်းတောင်းနဲ့ တောင်ပေါ်က
ဆင်းလာခဲ့သည်။ ကမ်းခြေဆီသို့ သူတစ်လှမ်းချင်းတစ်လှမ်းချင်း လျှောက်သွားနေခဲ့သည်။
တောင်ထပ်ပေါ်မှာာတော့ မဒန်ကမျက်ရည်တွေနဲ့ ပြည့်နေတဲ့မျက်နှာနဲ့ ထိုင်နေခဲ့သည်။ သူမက
ပင်လယ်ပြင်ကို အမူအရာမဲ့စွာနဲ့ ကြည့်နေခဲ့သည်။ ရန်ကိုင်က သူမကိုပြန်ခေါ်မသွားခဲ့ပေ။ သူမအဖို့
အသက်ရှင်နေရတာက သေရတာထက် ပိုပြီးခံစားရခက်တယ်ဆိုတာ သူသိပေသည်
အခုအချိန် သူမလိုချင်တာတစ်ခုက ဒီဘဝကနေ လွတ်မြောက်ဖို့ပဲထင်တယ်
နာရီပေါင်းများစွာ ကြာတဲ့အချိန်မှာာတော့ ရန်ကိုင်ကမ်းခြေကိုရောက်လာခဲ့ပြီး တိမ်တိုက်နီဂိုဏ်းက
လာခေါ်မယ့်အချိန်ကို စောင့်နေလိုက်သည်။ များစွာသောလူတွေက ကမ်းခြေတွင်စုစည်းနေကြီပြီး
သဘောင်္ရောက်လာမယ့်အချိန်ကို စောင့်ဆိုင်းနေခဲံသည်။ သဘောင်္ရောက်လာတာကို
မြင်လိုက်တဲ့အချိန်မှာတော့ လူတိုင်းကဝမ်းမြောက်စွာနဲ့ အော်ဟစ်လိုက်ကြသည်။
တိမ်တိုက်နီဂိုဏ်းသားတွေက လူတိုင်း၏ခြင်းတောင်းတွေကို စစ်ဆေးခဲ့ပြီး အနက်ရောင်အသီး
၁.၅ကီလိုဂရမ်းမပြည့်တဲ့ သူတွေကို သဘောင်္ပေါ်ကနေ ကန်ချလေသည်။ ကံမကောင်း အကြောင်းမလှ
တဲ့သူတွေကတော့ ပင်လယ်ထဲကျသွားခဲ့ပြီး မိစ္ဆာသားရဲတွေရဲ့ ငါးစားဖြစ်သွားခဲ့ရသည်။ လူအယောက်ပေါင်း
၃၄ယောက်သဘောင်္ပေါ်ကနေ ကန်ချခံခဲ့ရပြီး မိစ္ဆာသားရဲတွေရဲ့ အစာဖြစ်သွားခဲ့ရသည်။ နာရီဝက်လောက်
ကြာတဲ့အချိန်မှာတော့ သဘောင်္ကကမ်းခြေကနေ စတင်ထွက်ခွလာခဲ့သည်။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၇၉) တိမ်တိုက်နီဂိုဏ်း၏လှုပ်ရှားမှု
တိမ်တိုက်နီဂိုဏ်းကို ပြန်လာရတာက ရန်ကိုင်ကို တော်တော်စိတ်ညစ်စေခဲ့သည်။ အစတုန်းကတော့
လှေတစ်စင်းခိုးပြီး သူ့နည်းသူ့ဟန်ဖြင့် ထွက်ပြေးဖို့ စီစဉ်ထားခဲ့ပေမယ့် မဒန်နဲ့ တွေ့ပြီးတဲ့အချိန်မှာတော့
သူ့အစီအစဉ်တွေကို ပြောင်းလဲပစ်ခဲ့ရသည်။ တိမ်တိုက်နီဂိုဏ်းက လိမ်ခွံတစ်ဝက်ကို ရထားတဲ့အတွက်
သူမလှုပ်ရှားလို့ မဖြစ်ပေ။ သူ့အတွင်တကယ်ကို အရေးပါဆုံးဖြစ်တဲ့ ကျန်တဲ့လိပ်ခွံတစ်ဝက်ကို
ရထားတဲ့အတွက်သာ ကံကောင်းပေသည်။ မဒန်က မြေပုံကိုသူမအသားပေါ်တွင် ဆွဲရဲမှတော့
သူမ၏ကြိုးစားအားထုတ်မှုကို အလဟသမဖြစ်စေချင်ပေ။အားလုံးသား အစီအစဉ်အတိုင်း ဖြစ်မယ်ဆိုရင်
တိမ်တိုက်နီဂိုဏ်းက နောက်တစ်လ၊နှစ်လလောက်ဆို လုပ်ငန်းစလိ့မ်မယ်။ရန်ကိုင်က ခန့်မှန်း
ကြည့်လိုက်သည်။
ပုံမှန်အားဖြင့် မြောင်ဟွာချန်က လိပ်ခွံအပြည့်အစုံကို ရယူပြီး တိမ်တိုက်နီဂိုဏ်းကို ပေးချင်ခဲ့သည်။
ဒါပေမယ့် တိမ်တိုက်နီဂိုဏ်းကို လိပ်ခွံအား လက်ဆောင်အဖြစ် ပေးရသည့် အခြားအကြောင်းအရင်းလည်း
ရှိသေးပေသည်။ လိပ်ခွံထဲတွင် ဖော်ပြထားသည့်ကျွန်းတွင် အန္တရာယ်မျိုးစုံ ရှိနေနိုင်သည်။ မြောင်ဟွာချန်က
တိမ်တိုက်နီဂိုဏ်း၏ အကူအညီနှင့် ထိုအမည်မသိ နေရာကို စူးစမ်းချင်သလို တိမ်တိုက်နီဂိုဏ်းရှိ
သူ့သား၏အဆင့်အတန်းကိုလည်း မြင့်မားစေချင်သည်။ မြောင်ဟွာချန်က ဘယ်လိုပင်ကြံစည်ထားပစေ
ထိုအမည်မသိ ကျွန်းဆီကို ရန်ကိုင်သွားချင်ပေသည်။ ထိုကျွန်းပေါ်ရှိ ဖုံးကွယ်ထားတဲ့ ရတနာတွေက
သွားရကျိုး ထိုက်တန်လောက်တဲ့အထိ အဖိုးတန်လောက်ပေသည်။
ကံမကောင်းစွာနဲ့ပဲ သာမန်တပည့်တွေကတော့ ထိုကိစ္စအကြောင်းကို သေချာမသိခဲ့ကြရပေ။ အမြင့်ပိုင်းအဆင့်
အကြီးအကဲတွေဆီမှ အရိပ်အမွက်လေးသာ သိခဲ့ရသည်။ ထို့ကြောင့် သူတို့တွေလည်း ထိုကိစ္စကို
သေချာမသိကြပေ။ သဘောင်္ပေါ်ရှိ ခက်ခဲမှုများကို တောင့်ခံရင်ဆိုင်ရင်း အမည်မသိ ကျွန်းကိုခိုးကြောင်
ခိုးဝှက်နှင့် စူးစမ်းဖို့ကြိုစားနေစဉ်၊ တိမ်တိုက်နီဂိုဏ်းသားတွေ၏ အော်ဟစ်သံကိုမနက်ပိုင်းတွင်
ကြားလိုက်ရသည်။ ထိုအော်သံက သာမန်လူတွေကို စုစည်းဖို့အမိန့်ပေးတာဖြစ်သည်။ ထိုအော်သံကြောင့်
သာမန်လူတွေ၏ မျက်နှာပေါ်တွင် ကြောက်လန့်တုန်လှုပ်နေတဲ့ အရိပ်အယောင်တွေကို မြင်နေခဲ့ရသည်။
ထိုအချိန်တွင် သာမန်လူတွေကြား တီတိုးဆွေးနွေးသံများ ထွက်ပေါ်နေခဲ့သည် ‘‘ အနက်ရောင်အသီးခူးဖို့
ငါတို့ပြန်သွားရဦးမှာလားမသိဘူး။ လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ ငါတို့ပြန်လာခဲ့တာလေ။ အရင်တုန်းကဆိုရင်
အနက်ရောင်အသီးတစ်ကြိမ် ခူးပြီးတိုင်းတစ်လလောက်နားလို့ရတယ် ’’
‘‘ အားလုံးနားထောင်ကြ။ ဒီတစ်ကြိမ်ကျ မင်းတို့အနက်ရောင်အသီးသွားခူးစရာ မလိုတော့ဘူး။
အဲ့ဒါကြောင့် ပွစိပွစိ လုပ်နေတာရပ်ပြီး မေးခွန်းမထုတ်ကြနဲ့။ ကမ်းခြေရောက်ရင် မင်းတို့ကိုပြောပြမယ် ’’
တိမ်တိုက်နီဂိုဏ်းသားတစ်ယောက်က ခက်ထန်တဲ့ မျက်နှာနှင့် သာမန်လူတွေကို ပြောလိုက်သည်။
ထိုသတင်းကို ရန်ကိုင်ကြားလိုက်တာနဲ့ သူ့စိတ်ကလှုပ်ရှားမှုကြောင့် ခုန်ပေါက်လာခဲ့ပြီး သူ့မျက်လုံးတွေကို
ရုတ်တရက်ဖွင့်လိုက်လေသည်။ကောင်းလိုက်တာ။ ငါသာမမှားရင် ဒါကအခွင့်အရေးတစ်ခုပဲ
ကမ်းခြေကိုရောက်တဲ့အချိန်မှာတော့ ၆၆.၆မီတာလောက်ရှိတဲ့ သဘောင်္ကြီးတစ်စီးကို တွေ့လိုက်ရသည်။
ထိုသဘောင်္တွင် စုစုပေါင်း ရွက်တိုင်ငါးခုရှိပြီး သဘောင်္ထိပ်ကတော့ နဂါးခေါင်းနှင့် တန်ဆာဆင်ထားပြီး
တိမ်တိုက်နီဂိုဏ်း၏ ဂုဏ်အရှိန်အဝါကြီးမားမှုကို ဖော်ပြထားခဲ့သည်။ ထိုဧရာမသဘောင်္ကြီးက မြင်လိုက်ရတဲ့
လူအုပ်ကြီးကို အံ့သြမှုနှင့်အတူ ပင့်သက်ရှိုက်သွားစေခံသည်။ ( ၆၆မီတာဆိုတာ ရွက်လွှင့်သဘောင်္တစ်စင်း
အတွက်တော့ တော်တော်လေးကိုကြီးပါတယ်။ ကုန်တင်တဲ့သဘောင်္တွေနဲ့ သွာပြီးနှိုင်းမကြည့်နဲ့ပေါ့)
‘‘ ဘုရားရေ၊ တိမ်တိုက်နီဂိုဏ်းရဲ့ အကြီးဆုံးသဘောင်္ကြီးပဲ။ သူတို့ငါတို့ကို ဘယ်ခေါ်သွားမလို့လဲ မသိဘူး ’’
လူကြီးတစ်ယောက်က အသံတိုးတိုးနဲ့ ပြောလိုက်သည်။ ထိုသဘောင်္က ရန်ကိုင်၏ထင်မြင်ချက်ကို
အတည်ပြုပေးသွားခဲ့သည်။ တိမ်တိုက်နီဂိုဏ်းကို ခိုးဝင်ဖို့နာရီပေါင်းများစွာ သူကြိုးစားအားထုတ်ခဲ့ရသည်။
ဒါပေမယ့် သူ့အားထုတ်မှုတွေက အချည်းနှီးဖြစ်သွားခဲ့ပြီး ဘုရားတရားမကာ အခွင့်အရေးက သူ့ရှေ့ကို
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့လိ်မ့်မယ်လို့တော့ ရန်ကိုင်ဘယ်တုန်းကမှ မထင်ထားခဲ့ချေ။
တိမ်တိုက်နီဂိုဏ်းက ရတနာရှာဖို့အတွက်နဲ့ သာမန်လူတွေကို ကျွန်းပေါ်ကို ခေါ်သွားမှာမဟုတ်ဘူး။
ကြည့်ရတာ ဒီသဘောင်္ကို မောင်းနှင်ဖို့ လူတော်တော်များများ လိုတယ်နဲ့တူတယ်။ ဟုတ်တယ်…
ဒီလောက်ကြီးတဲ့ သဘောင်္ကြီး လူအင်အားအများကြီး လိုမှာအသေအချာပဲ။ထိုအချက်ကိုတွေးလိုက်
မိပြီးနောက် ရန်ကိုင်စိတ်အခြေအနေ တည်ငြိမ်သွားခဲ့သည်။တိမ်တိုက်နီဂိုဏ်းက အမည်မသိတဲ့
ကျွန်းဆီကိုသွားပြီး စူးစမ်းမှာဆိုတော့ သဘောင်္ထဲမှာ ကျင့်ကြံခြင်းအဆင့်မြင့်တဲ့သူတွေပါမှာပဲ။
အင်မော်တယ်တက်လှမ်းခြင်းအဆင့်တွေတောင် ပါနိုင်တယ်။
သူ့ကျင့်ကြံခြင်းအဆင့်ကို အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတစ်ယောက်ဆီမှ ဖုံးကွယ်ထားနိုင်ပေမယ့်
အင်မော်တက်လှမ်းခြင်းအဆင့် တစ်ယောက်ကိုတော့ မဖုံးကွယ်ထားနိုင်ပေ။ ထို့ကြောင့် ရန်ကိုင်အဖို့
တော်တော်လေး ဂရုစိုက်ရပေမည်။ သဲလွန်စတစ်ချက်ကတော့ ဖော်ပြလို့မဖြစ်ပေ။ မဟုတ်ရင်
အလောင်းကောင်တစ်ကောင်အဖြစ် အဆုံးသတ်သွားရပေလိမ့်မည်။ အချိန်တော်တော်ကြာအောင ်
စောင့်ဆိုင်းပြီးနောက် သက်ကြီးပိုင်းနှစ်ယောက်ဦးဆောင်လာတဲ့ တိမ်တိုက်နီဂိုဏ်းသား နှစ်ဖွဲ့ထွက်လာခဲ့သည်။
ထိုလူအိုကြီးနှဏ်ယောက်က မိန်းမတစ်ယောက်နှင့်ယောကျာ်းတစ်ယောက်ဖြစ်ပြီး စကားတပြောပြောနှင့်
ရှေ့ထွက်လာခဲ့ကြသည်။ သူတို့ဆံပင်တွေအကုန်လုံး ဖြူစွတ်နေတယ်ဆိုပေမယ့် သူတို့မျက်လုံးတွေကကတော့
အသက်စွမ်းအားတွေနဲ့ ပြည့်နေပေသည်။ ထိုနှစ်ယောက်က တိမ်တို်က်နီဂိုဏ်း၏ ထိပ်သီးကျွန်းကျင်သူ
နှစ်ယောက်ဆိုတာ သံသယရှိစရာမိလိုပေ။
သူတို့နှစ်ယောက်နောက်တွင် လိုက်လာတာကတော့ တိမ်တိုက်နီဂိုဏ်း၏ လက်ရွေးစင်သူရဲကောင်း
အယောက်၅၀ပဲ ဖြစ်ပေသည်။ သဘောင်္ထဲကနေ သက်လတ်ပိုင်းလူကြီးတစ်ယောက်က အလျင်စလို
ထွက်လာခဲ့ပြိး အကြီးအကဲ နှစ်ယောက်ကို လေးစားသမမှု ပြုလိုက်သည် ‘‘ ဆရာသခင်တို့ကို နှုတ်ဆက်
ပါတယ် ’’ သဘောင်္ပေါ်ရှိ တိမ်တိုက်နီဂိုဏ်းသားတွေလည်း ထွက်လာခဲ့ကြသည်။ လူအိုကြီးနှစ်ယောက်က
တော့ အပြုံးဖျော့ဖျော့လေးနဲ့သာ တုန့်ပြန်လိုက်ပြီး သဘောင်္ပေါ်ကို ဂုဏ်သရေရှိစွာနဲ့ ခုန်တက်ပျံဝဲ
သွားလိုက်သည် ‘‘ အားလုံးပြင်ဆင်ပြီးသွားပြီလား ’’ သက်လတ်ပိုင်းလူကြီးက လေးလေးစားစားနဲ့
ပြန်ပြောလိုက်သည် ‘‘ အားလုံးအဆင်သင့်ဖြစ်ပါပြီ။ အခုဆရာသခင်တို့ အမိန့်ပေးဖို့ပဲ လိုပါတော့တယ် ’’
လူအိုကြီးက ခေါင်းညိတ်လိုက်ပြီး လက်ယက်ပြကာ ပြောလိုက်သည် ‘‘ စီစဉ်ထားတဲ့အတိုင်းဆက်လုပ်တော့။
ဆရာသခင်လန်နဲ့ငါက သဘောင်္ဝမ်းတွင်းပိုင်းထဲမှာ ရှိနေလိမ့်မယ်။ ငါတို့ဝင်ပါစရာ မလိုလောက်တဲ့
ကိစ္စတွေဆိုရင် ငါတို့ကိုလာမခေါ်နဲ့ ’’ ‘‘ ဟုတ်ကဲ့ ’’ အင်မော်တယ်တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ
နှစ်ယောက် သဘောင်္ဝမ်းတွင်းပိုင်းထဲကို ဝင်သွားတော့မှပဲ ရန်ကိုင်စိတ်သက်သာရာ ရသွားခဲ့သည်
ကိစ္စတွေအားလုံးကို စီမံဆောင်ရွက်ခွင့်ရတာဆိုတော့ အဲ့သက်လတ်ပိုင်းလူကြီးရဲ့ အဆင့်အတန်းက
ပေါ့သေးသေးတော့မဟုတ်ဘူးနာရီဝက်ကြာအောင် အမိန့်ပေးပြီးနောက် ဆုံးမှာတော့ သဘောင်္က
ကမ်းခြေကနေ စတင်ထွက်ခွါတော့လေသည်။ သဘောင်္ကုန်းပတ်ပေါ်တွင် အလုပ်လုပ်နေရင်း
ရန်ကိုင်က သဘောင်္သွားကြာလမ်းကြောင်းကို မှတ်မိအောင် မနည်းကြိုးစားနေခဲ့ရသည်။
ထိုဧရာမသဘောင်္ကြီးက ရေပေါ်တွင် အရှိန်မြန်မြန်နှင့် သွားလာနိုင်ပြီး ၂၄နာရီအတွင်း ကီလိုမီတာ၅၀၀အထိ
ရောက်အောင် သွားနိုင်ခဲ့ပြီး နောက်ဆုံးပင်လယ်ပြင်ထဲကို စတင်ဝင်ရောက်လာခဲ့သည်။ နေဝင်သွားခဲ့ပြီး
ညအချိန်သို့ရောက်လာခဲ့သည်။ ရန်ကိုင်ကလွန်ခဲ့တဲ့သုံးရက်လုံးလုံး သဘောင်္ပေါ်တွင် သတိဝိရီယအပြည့်နှင့်
နေထိုင်ရင်း တစ်ခါတစ်ရံ သဘောင်္ပေါ်က သိုင်းပညာရှင်များနှင့် စကားပြောကာ သတင်းအချို့ကို ရယူ
တတ်သည်။ သဘောင်္ကြီးက မြေပုံပေါ်ကကျွန်းဆီကို ရှာဖွေစူးစမ်းဖို့သွားနေတယ်ဆိုတာ သူသိလိုက်သည်။
တိမ်တိုက်နီဂိုဏ်းသားတွေက ထိုကျွန်းကို ပျောက်ဆုံးနေသောကျွန်းလို့ခေါ်ဆိုကြပြီး ထိုအကြောင်း
ပြောလိုက်တိုင်း ပင်လယ်မြို့တော်မှ စိတ်ဝင်စားစရာကောင်းတဲ့ ပုံပြင်တွေကို ပြန်သတိရလိုက်သည်။
ပျောက်ဆုံးနေသောကျွန်း အကြောင်းလည်း ကောလဟာလများစွာ ရှိပေသည်။ ထိုကျွန်းကိုအချို့လူတွေက
ပုံရိပ်ယောင်အဖြစ် မြင်ခဲ့ရကြရတယ်လို့ ပြေကြသည်။ ပင်လယ်မြို့တော်တွင်တောင် များစွာသော
မြို့သူမြို့သားတွေက ပျောက်ဆုံးနေသာကျွန်း၏ ပုံရိပ်ယောင်ကို မြင်ဖူးကြပေသည်။ ဒါပေမယ့် ထိုကျွန်းက
မူလနေရာမှ ကီလိုမီတာပေါင်းများစွာ ကွာဝေးတဲ့ အစွန်အဖျားနေရာတွင် ပုံရိပ်ယောင်အဖြစ် ဘာကြောင့်
လာပေါ်လဲဆိုတာတော့ ဘယ်သူမှမသိကြပေ။ ဒါပေမယ့် ထိုကျွန်းက ပင်လယ်ထဲတွင်
တကယ်မရှိဘူးလို့ အများစုက ယုံကြည်ကြသလို တကယ်ရှိမရှိကိုလည်း ဘယ်သူမှမသိကြပေ။
ပင်လယ်မြို့တော်တွင် ထိုကျွန်းကိုရှာဖို့ သာမန်နည်းစနစ်တွေကို သုံးလို့မရဘူးလို့ ဆိုကြသည်။ များစွာသော
လူတွေကလည်း ထိုကျွန်းကိုရှာဖို့ ကြိုးစားခဲ့ပေမယ့် ဘယ်သူမှရှာမတွေ့ခဲ့ပေ။ ထိုကျွန်းကိုမည်သူမှ
ရှာလို့မတွေ့ခဲ့တဲ့အတွက် နောက်ဆုံး ပျောက်ဆုံးနေသောကျွန်းလို့ အမည်တွင်လာခဲ့ရခြင်းဖြစ်သည်။
ထိုကျွန်းပေါ်တွင် တစ်သက်စာသုံးမကုန်နိုင်သော ချမ်းသာမှုများ ရှိတယ်လို့ဆိုကြသလို သိုင်းပညာရပ်တွေ၊
ကျင့်ကြံခြင်းနည်းစနစ်တွေ အများရှိတယ်လို့လည်း ဆိုကြပြီး လူတစ်ယောက်ကို အဆင့်ပေါင်းများစွာ
ခုန်ပေါက်တိုးတက်သွားစေနိုင်တယ်လို့လည်း ဆိုကြသည်။ သာမန်လူတွေက ထိုပျောက်ဆုံးနေသာကျွန်းဆီ
သွားချင်ပေမယ့် သွားလို့မရနိုင်ခဲ့ပေ။ ဒါပေမယ့် အခုအချိန်မှာတော့ တိမ်တိုက်နီကျွန်းက ထိုကျွန်းဆီသွားဖို့
အခွင့်အရေး ရခဲ့ပြီဖြစ်သည်။ ထိုကျွန်းကိုစစ်ဆေးဖို့အတွက် သူတို့ဂိုဏ်း၏ လက်ရွေးစင်သူရဲကောင်းများနှင့်
အင်မော်တယ်တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်ကို စေလွှတ်ခဲ့သည်။
ရန်ကိုင်က ထိုကျွန်းနဲ့ပက်သက်ပြီး နတ်ဆိုးအိုကြီးကို မေးမြန်းခဲ့သည်။ နတ်ဆိုးအိုကြီးပြောပုံအရ
ပျောက်ဆုံးနေသောကျွန်းက ကောင်းကင်အမွေအနှစ်လိုဏ်ဂူနှင့် မတူညီပေ။ ပျောက်ဆုံးနေသောကျွန်းက
ကျင့်ကြံသူတစ်ယောက်၏ သီးခြားလေ့ကျင့်ရာနေရာမျိုးဖြစ်သည်။ ကျင့်ကြံသူက ထိုနေရာကို
အခြားသူတွေမမြင်နိုင်အောင် အစီအရင်တစ်ခုနှင့် ကာကွယ်ထားခြင်းဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ်
ထိုကျွန်းက တကယ်တည်ရှိနိုင်ချေများပေသည်။ တပည့်တွေကြားက ပြောစကားအရ ဂိုဏ်းအတွင်းရှိ
ကျင့်ကြံသူတို့နာမည်နှင့် ကျင့်ကြံခြင်းအဆင့်တို့ကို သိရှိလိုက်ရသည်။ သက်လတ်ပိုင်းလူကြီးက ယုရှှုပင်း
ဖြစ်ပြီး အစစ်အမှန်ဒြပ်စင်အဆင့်၉တွင် ဖြစ်ကာ အကြီးအကဲတစ်ယောက်ဖြစ်သည်။
တိမ်တိုက်နီဂိုဏ်းနှင့် ကောင်းကင်စံအိမ်၏ ခွန်အားကိုနှိုင်းယှဉ်ရမယ်ဆိုရင် ကောင်းကင်စံအိမ်က
အများကြီး ပိုသာပေသည်။ ကောင်းကင်စံအိမ်တွင် မည်သည့်အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူကိုမှ
အကြီးအကဲ တစ်ယောက်အဖြစ် မသတ်မှတ်ချေ။ တိမ်တိုက်နီဂိုဏ်းက သက်ကြားအိုကြီး နှစ်ယောက်
ဖြစ်တဲ့ တင်းရှဇီနှင့်ဟိုရှန်းလန်တို့နှင့် ကောင်းကင်စံအိမ်က အင်မော်တယ်တက်လှမ်းခြင်းအဆင့်ဖြစ်တဲ့
အကြီးအကဲတွေရဲ့ အသက်နဲ့နှိုင်းယှဉ်ကြည့်လျှင်လည်း ကောင်းကင်စံအိမ်ရှိအကြီးအကဲတွေက
ပိုပြီးငယ်ပေသည်။ တင်းရှဇီက အင်မော်တယ်တက်လှမ်းခြင်းအဆင့်၅ဖြစ်ပြီး ဟိုရှန်းလန်က အင်မော်တယ်
တက်လှမ်းခြင်းအဆင့် ၄ဖြစ်သည်။ သူတို့နှစ်ယောက်က အမြဲတမ်းတံခါးပိတ်သာ ကျင့်ကြံနေကြပြီး
ဂိုဏ်းဝေယျာဝေစ္စကိစ္စနှင့်ပက်သက်ပြီး သိပ်ပြီးတော့ ဝင်ပါလေ့မရှိပေ။ ဂိုဏ်းအတွက် အရေးကြီးတဲ့
ကိစ္စသာမဟုတ်ရင် သူတို့ဘယ်တော့မှ ထွက်ပေါ်လာလိမ့်မည် မဟုတ်ချေ။
ဒီနေ့ ရန်ကိုင်သဘောင်္ကုန်းပတ်ကို သန့်ရှင်းရေးလုပ်နေစဉ် ရုတ်တရက်အသံနှစ်သံကို ကြားလိုက်ရသည်။
‘‘ယန်၊ နင်မြောင်လင်ကို အဖော်ပြုနေတာ မဟုတ်ဘူးလား ’’ ။ ထိုမြောင်လင်ဆိုတဲ့ စကားနှစ်လုံးကို
ကြားလိုက်တာနဲပ ချက်ချင်းပဲ မဒန်ကိုကပ်ဆိုးကျအောင်လုပ်ခဲ့တဲ့ အဓိကတရားခံဖြစ်တဲ့ မြောင်ဟွာချန်၏
သားကို ပြန်သတိရလိုက်သည်။အဲ့ကောင်များဖြစ်နေမလားရန်ကိုင်က သေချာအာရုံစိုက်လိုက်သည်။
သူ့လက်ကလည်း ဟန်ဆောင်ပန်ဆောင်နဲ့ အလုပ်လုပ်နေတာကို မရပ်တန့်ခဲ့ချေ။ ဒါပေမယ့် သူ့မျက်စိ
ကတော့ ကျီးကန်းအစားစားသလို ဖြစ်နေခဲ့သည်။
သဘောင်္ဘေးဘက်ပေါ်တွင် အပြာရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားတဲ့ အသက်နှစ်ဆယ်
အရွယ်လောက်ရှိတဲ့ မိန်းကလေးတစ်ယောက် ရှိနေခဲ့သည်။ ပင်လယ်လေပြေက တသုန်သုန်
တိုက်ခတ်နေတဲ့အတွက် သူမအဝတ်အစားတွေက အသားတွင်ကပ်နေပြီး သူမ၏ရင်သက်ရှုမောဖွယ်
ကောင်းလှတဲ့ အမို့အမောက်၊ ကောက်ကြောင်းအဖြာဖြားကို လှစ်ဟာပြသနေခဲ့သည်။ သူမ၏
သွယ်လျတဲ့ ခါးထက်တွင်မို့မောက်နေတဲ့ တောင်ပို့နှစ်လုံး ရှိနေခဲ့ပြီး မြင်ရသူအပေါင်းကို ရင်ဖိုရူးသွပ်
သွားစေနိုင်သည်။ သူမ၏လှပဖြူလျတဲ့ အသားအရေက မည်သည့်ပင်လယ်သူနှင့်မတူပဲ
ကျောက်စိမ်းသဖွယ် ချောမွတ်နေတဲ့ ခြေတံရှည်လေးတွေက သန်းပေါင်းများစွာသော ယောကျာ်းသား
တို့၏ နှလုံးသားကို ခိုးယူသွားနိုင်ပေသည်။ သို့ပေမယ့် လှပလှတဲ့ ပန်းလေးထက်မှာတော့
မငြင်းပယ်နိုင်တဲ့ မောက်မာမှုက အထင်းသားပေါ်လွင်နေခဲ့သည်။
ထိုအချိန်တွင် သူမဘေးတွင် မတ်တပ်ရပ်နေတဲ့သူက တိမ်တိုက်နီဂိုဏ်း၏ အကြီးအကဲဖြစ်တဲ့
ယုရှှုပင်းပင်ဖြစ်သည်။ဒါဆိုသူမက သူ့သမီးဖြစ်တဲ့ယုအောင်းအန်ဖြစ်ရမယ်ယုအောင်းအန်က
စုယန်လိုပဲ တိမ်တိုက်နီဂိုဏ်းက တပည့်တိုင်းကလေးစားရတဲ့ တပည့်ဖြစ်ယောက်ဖြစ်သည်။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၀) ယုအောင်းချင်
ယုရှှုပင်းမေးတာကို ကြာလိုက်တာနဲ့ ယုအောင်းချင်၏ မျက်နှာထက်တွင် စိတ်မရှည်တဲ့ အရိပ်အယောင်
ထွက်ပေါ်လာခဲ့ပြီး အံကြိတ်ကာပြောလိုက်သည်
‘‘ အိုး၊ သမီးသူ့ကိုမကြိုက်ဘူးလား ’’ ယုရှှုပင်းက နောက်လိုက်သည်။
‘‘ အဖေရောဘယ်လိုထင်လဲ ’’ ယုအောင်းချင်က ပြန်ပက်လိုက်သည်။
‘‘ သမီးစိတ်ကိုထိန်း၊ ဒီကိစ္စမှာ အဖေတို့သူ့အကူအညီလိုတယ်။ မြောင်ဟွာချန်က အဖေတို့ကို မြေပုံပေးထား
ပေမယ့် သူကဒီကိစ္စနဲ့ပက်သက်ပြီး တော်တော်လေး စူးစမ်းထားခဲ့တယ်။ ဒါပေမယ့် သူ့စူးစမ်းလေ့လာ
ထားတာတွေကိုတော့ အဖေတို့ကိုမပေးသေးဘူး။ သူ့သားကိုပဲပေးထားတာ။ အဖေတို့သာ ပျောက်ဆုံး
နေသောကျွန်းကို ရှာချင်တယ်ဆိုရင် သူ့ကိုလိုအပ်တယ် ’’ ယုရှှုပင်းက ယုအောင်းချင်ကို ကြင်ကြင်နာနာနဲ့
နှစ်သိမ့်ပေးလိုက်သည်။
ယုအောင်းချင်ကာ ခါးသီးစွာနဲ့ ခေါင်းခါလိုက်ပြီး ယုရှှုပင်း၏လက်မောင်းကို ဆွဲလိုက်သည် ‘‘ အဖေ၊
သူဘယ်လိုလူမျိုးလဲဆိုတာ အဖေမသိတာလဲ မဟုတ်ဘူး။ ဒီမနက်တုန်းကလည်း သမီးအပေါ်ကို
အခွင့်အရေး ယူချင်နေတယ်။ အဖေသာမပြောထားရင် သမီးသူ့ကိုပင်လယ်ထဲ ပစ်ချလိုက်တာ
ကြာနေပြီ ’’ ယုရှှုပင်းက သူ့ကျောရိုးတစ်ယောက် စိမ့်တက်သွားသလို ခံစားလိုက်ရသည် ‘‘ သူက
သမီးအပေါ်ကို အခွင့်အရေးယူခဲ့တယ်ပေါ့ ’’ ‘‘ အင်း’’ ယုအောင်းချင် အရမ်းမှားသွားသလို ခံစားလိုက်
ရသည်။ ဒီကိစ္စမတိုင်ခင်တုန်းက မြောင်လင်ဆိုတဲ့ ကောင်ကိုသူမ ဘယ်တုန်းကမှ မကြားဖူးခဲ့ပေ။
ဒါပေမယ့် ဒီကိစ္စကြောင့် သူမကသူ့ရဲ့ဆန္ဒကို ခါးခါးသီးသီးနဲ့ လိုက်လျောပေးနေရသည်။ သူမလို
မောက်မာတဲ့ မိန်းကလေးတစ်ယောက်အတွက်တော့ ဒါကနှိပ်စက်နေတာနဲ့ မခြားပေ။
‘‘ ငါသူ့ကိုအထင်မှားသွားခဲ့တယ် ’’ ယုရှှုပင်း၏မျက်နှာက ရှုံ့မဲ့သွားခဲ့သည်။ ယုအောင်းချန်က သူ့သမီး
ဖြစ်ပြီး ငယ်ငယ်ကတည်းက ရတနာတုံးလေးလို ဆက်ဆံလာခဲ့တာ။ ပြီးတော့ သူ့သမီးကိုလည်း
လူတွေကြားကနဂါးလိုလူမျိုးကိုသာ လက်ထပ်စေချင်တာဖြစ်သည်။ မြောင်လင်ကာမည်သည့်
နောက်ခံ၊အရည်အချင်း၊ခွန်အားမှ မရှိတဲ့တပည့်တစ်ယောက်သာဖြစ်သည်။ အရင်တုန်းကဆိုရင်
မြောင်လင်လိုလူမျိုးက သူ့သမီးဖိနပ်ကို ကိုင်ဖို့တောင်အဆင့်မမှီပေ။ ဒါပေမယ့် မြောင်လင်ဆီက
သတင်းအချက်အလက်ကြောင့် သူ့သမီးကိုစတေးခဲ့ရသည်။
‘‘ သမီးစိတ်လျှော့ထားလိုက်၊ ကျွန်းကိုတွေ့တာနဲ့ အဖေကိုယ်တိုင် သမီးအတွက်တရားမျှတမှု
ရှာပေးမယ် ’’ ယုရှှု့ပင်းက ကတိပေးလိုက်သည်။ ‘‘ စောစောရောက်နိုင်မယ်ဆို့ မျှော်လင့်ရတာပဲ ’’
ယုအောင်းချင်က မုန်းတီးစွာနှင့်အံကြိတ်လိုက်သည် ‘‘ သမီးတို့ရောက်တာနဲ့ ပင်လယ်ပြင်က သူှု့သချိင်္ုင်း
ဖြစ်စေရမယ် ’’ ‘‘သမီးပျော်နေသရွေ့ပေ့ါ ’’ ယုရှှုပင်းက ပြုံးလိုက်သည်။ သူ့မျက်နှာပေါ်တွင်
မည်သည့်စိုးရိပ်မှုမှ မပြပေ။ သူ့သမီးက ကမ္ဘာပေါ်တွင် မရှိသင့်တဲ့လူတစ်ယောက်ကို ဖယ်ရှားဖို့
လုပ်နေတဲ့ပုံပေါက်နေခဲ့သည်။
ကံမကောင်းစွာနဲ့ပဲ ပင်လယ်မြို့တော်က မြောင်ဟွာချန်ကတော့ အခုကိစ္စက ဒီအတိုင်းအတာထိ
ရောက်လာတယ်ဆိုတာတော့ မသိခဲ့ချေ။ မြေပုံကိုပေးလိုက်ရတဲ့အကြောင်းအရင်းက သူ့သာအနာဂတ်
ပိုမိုကောင်းမွန်လာစေဖို့ပဲ ဖြစ်သည်။ တိမ်တိုက်နီဂိုဏ်းကို သူ့သားအပေါ် ပိုပြီးအာရုံစိုက်လာစေချင်တာ
ဖြစ်သည်။ တိမ်တိုက်နီဂိုဏ်းက အကြီးပိုင်းတွေကလည်း မြောင်ဟွာချန်၏ တောင်းဆိုမှုကို သဘောတူခဲ့ပြီး
မြောင်လင်းကို ကျင့်ကြံမှုအပေါ် အာရုံစိုက်စေချင်ခဲ့သည်။ ဒါပေမယ့် သူတို့ကမြောင်လင်းကို ကိုယ်တိုင်
အားထုတ်မလေ့ကျင့်ပေးချင်ကြပေ။ ထို့ကြောင့် ကိစ္စတွေအကုန်လုံးက ယုအောင်းချန်၏ ခေါင်းပေါ်ကို
ရောက်လာခဲ့သည်။
ဒါကလုံးဝကို ငရဲမီးနှင့်ကစားနေခြင်းဖြစ်သည်။ သူတို့စကားပြောနေစဉ် ယုရှှုပင်းက ရုတ်တရက် ပြောလိုက်
သည် ‘‘ အဲ့ကောင်စုတ်လာလို့…..သမီးဆက်ပြီး သည်းမခံနိုင်တော့ဘူးဆိုရင် သူ့ကိုလျစ်လျူသာ
ရှုထားလိုက်တော့။ သမီးဝုန်းဒိုင်းကြဲလို့မရဘူးဆိုတာကိုတော့ မှတ်ထားနော် ’’ ‘‘ သမီးသိပါတယ်….’’
ယုအောင်းချန်၏ ရင်အစုံက နိမ့်ချည်မြင့်ချည်ဖြစ်နေခဲ့သည်။ ယုရှှုပင်းက ခပ်မြန်မြန်ပဲ ထွက်သွားလိုက်သည်။
ထိုအချိန်မှာပဲ အသက်၂၀အရွယ်လောက်ရှိတဲ့ လူတစ်ယောက်က ကုန်းပတ်ပေါ်ကို ရောက်လာခဲ့သည်။
မျှော်လင့်ချက်အပြည့်နဲ့ သူ့ပတ်ပတ်လည်ကို စူးစမ်းနေလိုက်သည်။ သဘောင်္ဘေးပတ်ကို ကြည့်လိုက်ပြီး
ယုအောင်းချန်၏နောက်ကျောဘက်ကို တွေ့လိုက်တဲ့အချိန် သူ့မျက်နှာပေါ်က ပျော်ရွှင်တဲ့အရိပ်အယောင်ကို
ဖုံးဖိမထားနိုင်တော့ချေ။
အဲ့ကောင်က မြောင်လင်လားမြောင်လင်၏ပုံစံကို သူ့စိတ်ထဲမှတ်ကျောက်ထွင်းထားလိုက်သည်။
ကျန်းမိသားစုရဲ့ သခင်မလေးက အရှက်ခွဲခံရတာကို မလိုလားတဲ့အတွက် သက်သေခဲ့သည်။ မြောင်လင်၏
အသားအရေက အဝါရောင်သန်းပြီး သူ့ခြေလှမ်းတွေကလည်း အရက်သမားတစ်ယောက်လို
ယိမ်းထိုးနေခဲ့သည်။ သူ့ကိုသာ သိုင်းပညာရှင်တစ်ယောက်လို့ပြောရင် သူ့ကိုပေါကြောင့်သူဌေးသား
တစ်ယောက်လို့ခေါ်သင့်ပေသည်။ တကယ်တော့ ပင်လယ်မြို့တော်က မြောင်မိသားစုက အင်အား
အတော်အသင့်ကောင်းတယ်လို့ ပြောနိုင်ပေသည်။ ထို့ကြောင့် သူ့တွင်အသင့်အတင့်ကောင်းတဲ့
နောက်ခံရှိတယ်လို့ ပြောနိုင်ပေသည်။
ယုအောင်ဘေးနာကို ရောက်တဲ့အချိန် သူ့မျက်လုံးတွေက ကြင်နာယုယတဲ့အရိပ်အယောင်တွေနဲ့
ပြည့်နေခဲ့ပြီး ဖွဖွလေးပြောလိုက်သည် ‘‘ စီနီယာအစ်မချင်း၊ ကုန်းပတ်က လေတိုက်တယ်။ အအေးမိဦးမယ်
သတိထားဦး’’ ယုအောင်းချန်က မြောင်လင်းကို သေလောက်အောင် ရွံ့ရှာစက်ဆုပ်ပေမယ့်လည်း
အားတင်းကာ အပြုံးတစ်ခုကို ဖျစ်ညစ်ပြံုးပြလိုက်ပြီး ‘‘ ဘာမှမဖြစ်ပါဘူး။ ပင်လယ်လေက သန့်ရှင်းပြီး
အေးမြတယ်။ အဲ့ဒါကလူတွေရဲ့ ပြဿနာတွေကို သယ်ဆောင်သွားပေးနိုင်တယ် ’’ ယုအောင်းချန်၏
စကားလုံးတွေက အရမ်းကိုသိမ်မွေ့ပေသည်။ ဒါပေမယ့် မြောင်လင်းကတော့ နားလည်သည့်ပုံမပေါ်။
ဖွဖွလေးပြုံးလိုက်ရင်း နွေးထွေးစွာနဲ့ ပြောလိုက်သည် ‘‘စီနီယာအစ်မချင်ရဲ့ စိတ်အခြေအနေက မကောင်း
ဘူးထင်တယ်။ စိတ်ညစ်စရာ ကိစ္စတစ်ခုခု ရှလို့လား။ စိတ်ညစ်စရာ ကိစ္စရှိရင် ဒီကဂျူနီယာမောင်လေးကို
ပြောလို့ရတယ်နော်။ စီနီယာအစ်မရဲ့ စိုးရိမ်ပူပန်မှုတွေကို မျှဝေဖို့အဆင်သင့်ပဲ’’
ယုအောင်းချန်၏ မျက်နှာလှလှလေးပေါ်တွင် ဒေါသအရိပ်အယောင်တစ်ချက် ဖြတ်သန်းသွားခဲ့သည်။
ဒါပေမယ့် ပြုံးပြီးတော့ ခေါင်းခါလိုက်သည်။ သဘောင်္ကုန်းပတ်ကို သန့်ရှင်းရေးလုပ်နေတဲ့ ရန်ကိုင်က
သူတို့နှစ်ယောက်ပြောနေတာကို ကြားပြီးစိုးရိမ်သွာကာ မြောင်လင်ကို ပင်လယ်ထဲမြှပ်ပစ်ချင်တဲ့
စိတ်ပေါက်သွားခဲ့သည်။ ယုအောင်းချန်က သူ့ကိုနှစ်ကြိမ်တိုင်တိုင် အချက်ပြခဲ့ပေမယ့် သူကတော့ မသိ
နားမလည်တဲ့ လူအတစ်ယောက်လိုသာ ဆက်လုပ်နေခဲ့သည်။ သူမသိချင်ယောင်ဆောင်နေတာလည်း
ဖြစ်နိုင်ဆေပသည်။ ဒါပေမယ့် သူ့မှာသူမကိုစကာပြောနိုင်လောက်အောင ်သူ့မျက်နှာအရေက
ဘယ်လောက်တောင် ထူနေလဲဆိုတာ ဘယ်သူမှမသိပေ။ ထို့ကြောင့် သူ့ကိုအကောင်းမြင်စိတ်ထားဖို့က
တော်တော်လေး ခဲယဉ်းပေသည်။
သူတို့နှစ်ယောက် စကားပြောနေတဲ့အချိန် သဘောင်္အောက်ခြေကနေ ဘုန်းခဲနဲဆိုတဲ့ အသံကြီး
ထွက်ပေါ်လာခဲ့ပြီး သဘောင်္တစ်ခုလုံး တုန်ခါသွားခဲ့သည်။ သဘောင်္ဘေးတွင် ရပ်နေတဲ့ သူတို့နှစ်ယောက်လည်း
ပင်လယ်ထဲ ကျသွားမလိုဖြစ်ခဲ့ရပေမယ့် ကျင့်ကြံသူတွေဖြစ်တဲ့အတွက် သူတို့ကိုယ်သူတို့ အမြန်ပြန်
ထိန်းနိုင်ခဲ့သည်။ မြောင်လင်းက မိန်းမလှလေးတစ်ယောက်ကို ကယ်တင်တဲ့ သူရဲကောင်းတစ်ယောက်ရဲက
အခန်းကဏ္ဍကို ကစားချင်နေတာလား မသိ။ ဒါမှမဟုန် အခွင့်အရေး ယူချင်နေတာလားမသိ။ သူ့ကိုယ်နေ
ဟန်ချက်ညီအောင် လုပ်ပြီးတာနဲ့ ချက်ချင်းပဲ အော်ပြောလိုက်သည် ‘‘ စီနီယာအစ်မဂရုစိုက် ’’ သူအော်နေစဉ်
သူ့လက်ကမြွေတစ်ကောင်လို ယုအောင်းချန်၏ ခါးကိုဖက်လိုက်သည်။
ယုအောင်းချန်က မြောင်လင်းကို အစကတည်းက ရွံ့ရှာစက်ဆုပ်တဲ့ မောက်မာသော မိန်းကလေး
တစ်ယောက်ဖြစ်လို့ သူလိုလူတစ်ယောက်ကို ဘယ်လိုလုပ်ပြီး သူမကိုဖက်ခွင့်ပေးနိုင်ပါ့မလဲ။ သူမကိုယ်သူမ
ဟန်ချက်ညီအောင ်လုပ်ပြီးတာနဲ့ ချက်ချင်းပဲ သူမခန္ဓာကိုယ်ကို မြောင်လင်းဆီကနေ ရှောင်လိုက်သည်။
တစ်ခဏအတွင်းမှာပဲ လှေကနောက်တစ်ကြိမ် လှုပ်ခါသွားခဲ့ပြန်သည်။ ယုအောင်းချန်က သူမခန္ဓာကိုယ်ကို
လှည့်ပတ်နေတုန်းဖြစ်တဲ့အတွက် သဘောင်္ကနောက်တစ်ကြိမ် လှုပ်ခါသွားခဲ့အကြိမ် ခြေကုပ်မမြဲတော့ပဲ
ပါးစပ်ကလေး ပွင့်အားနေရင်း လွင့်ပျံသွားခဲ့သည်။ သူမလွင့်ပျံသွားတဲ့နေရာကတော့ ရန်ကိုင်ရှိနေတဲ့
နေရာပင်ဖြစ်သည်။
ရန်ကိုင်က ညစ်ပတ်ပေရေတဲ့ အဝတ်အစားကို ဝတ်ဆင်ထားပြီး သူ့လက်တွင် ညစ်ပတ်နေတဲ့ တံမြက်စည်း
တစ်ချောင်းကို ကိုင်ထားကာ လူနှစ်ယောက်ကြားက ပြဇာတ်ကောင်းကို အခန့်သားကြည့်နေခဲ့သည်။
ထို့ကြောင့် ရုတ်တဖြစ် ယုအောင်းချန်က သူ့ဆီလွင့်ပျံလာတဲ့အချိန် အချိန်မှီမတုန့်ပြန်နိုင်တော့ချေ။
သူကထိုနှစ်ယောက်ကြားက ဒရမ်မာပြဇာတ်ကို နားထောင်နေတာလေ။ အခုလိုဘယ်လိုလုပ်ပြီး
ဖြစ်သွားခဲ့မှန်း သူမသိခဲ့။ ယုအောင်းချန်က သူ့ပေါ်ကျတော့မယ့်အချိန်တွင် ရန်ကိုင်ကချော်လဲချင်ယောင်
ဆောင်လိုက်သည်။ သူလဲကျတဲ့အတွက် ယုအောင်းချန်က သူပေါ်ကနေတစ်ဆင့် သဘောင်္ကုန်းပတ်
ပေါ်ကို ကျသွားခဲ့သည်။ ကံမကောင်းစွာနဲ့ပဲ သူမဘေးရှိ အညစ်အကြေးတွေနဲ့ ပြည့်နေတဲ့ ရေပုံးက
သူမခေါင်းပေါ်ကို ကျသွားခဲ့ပြီး တစ်ခေါင်းလုံးရွှဲရွှဲစိုသွားခဲ့သည်။
လူတိုင်းလေးစားရတဲ့ သူမလိုလူတစ်ယောက်က တစ်ခဏအတွင်း ရေမြောင်းထဲကျသွားတဲ့
ကြက်ပေါက်လေးတစ်ကောင်လို ဖြစ်သွားခဲ့သည်။ သူမ၏ဆံပင်နှင့်အဝတ်တွေအကုန်လုံး စိုကုန်ပြီး
သူမကိုယ်ကို စိုသွားတဲ့ရေညစ်အနံ့ကို ရလိုက်တဲ့အချိန် ချက်ချင်းပဲ စားထားသမျှကို ပြန်အန်ချင်သွားခဲ့သည်။
အန်ချင်စိတ်ကို သူမမနည်းအားတင်းပြီး ဖိနှိပ်ထားလိုက်ရသည်။ ရန်ကိုင်က သာမန်လူတစ်ယောက်လို
ကြမ်းပြင်ပေါ်တွင် အော်ညည်းနေခဲံ့သည်။ မိန်းမလှလေးတစ်ယောက်သာ လွင့်ပျံလာခဲ့ရင် မင်းသာ
သာမန်လူတစ်ယောက်ဆိုပါက ထိုမိန်းမလှလေးကို လှမ်းဖမ်းထားသင့်ပြီး သူမကိုပြုတ်မကျစေသင့်ပေ။
ဒါပေမယ့် ယုအောင်းချန်က သစ္စာမရှိမြွေပွေးလို အဆိပ်ပြင်းတဲ့ မိန်းမတစ်ယောက်ဖြစ်ပြီး မြောင်လင်းကလည်း
သူမလိုသစ္စာမရှိကျေးဇူးကန်းတတ်တဲ့လူတစ်ယောက်ပင် ဖြစ်သည်။ သူကယုအောင်းချင်ကို လှမ်းဖမ်း
ထားလိုက်မယ်ဆိုရင် ယောကျ်ားနှင့်မိန်းမနှစ်ယောက်စလုံး၏ အမျက်ဒေါသကို ရင်ဆိုင်ရပေလိမ့်မည်။
သူမအသားကို အစေခံတစ်ယောက်က ထိလိုက်တဲ့အတွက ်ယုအောင်းချန်ဒေါသထွက်သွားခဲ့သည်။
မြောင်လင်းလည်း ရန်ကိုင်ကိုမနာလိုဖြစ်ကာ သူ့မျက်လုံးတွေက သတ်ဖြတ်ချင်စိတ်နဲ့ ပြည့်နေခဲံသည်။
သဘောင်္ကလှုပ်ခါနေတုန်းပင်ဖြစ်သည်။ မြောင်လင်က ယုအောင်းချန်ဘေးနားဆီ ပြေးသွားလိုက်ပြီး
မေးလိုက်သည် ‘‘ စီနီယာအစ်မ၊ နင်အဆင်ပြေလား ’’
‘‘ ထွက်သွားစမ်း ’’ ယုအောင်းချန်က ဆက်ပြီးသည်းမခံနိုင်တော့ပေ။ ထိုစက်ဆုပ်စရာကောင်းတဲ့
ကောင်ကသာ သူမကိုထိဖို့မကြိုးစားခဲ့ရင် အခုလိုမျိုး သူမဖြစ်ခဲ့ရလိမ့်မည် မဟုတ်ချေ။ အခုအချိန်တွင်
သူမမျက်စိမျက်နှာပျက် ဖြစ်သွားခဲ့ရပြီး သူမခန္ဓာကိုယ်ကနေလည်း ချဉ်စုပ်စုပ်အနံ့တွေ ထွက်နေခဲ့သည်။
ထိုအချိန်တွင် ယုအောင်းချန်က သူမ၏သတ်ဖြတ်ချင်စိတ်ကို အပြည့်အဝ ထုတ်လွှတ်ထားခဲ့သည်။
သူမ၏အော်ဟစ်သံကြောင့် မြောင်လင်းလည်း လန့်သွားခဲ့ပြီး ခြေနှစ်လှမ်းဆုတ်လိုက်မိသည်။
ထိုအချိန်တွင် သဘောင်္ဝမ်းတွင်းပိုင်းကနေ သိုင်းပညာရှင်တွေ ထွက်လာခဲ့သည်။ ယုရှှု့ပင်းက
သဘောင်္ကုန်းပတ်ဆီ ပြေးတက်လာခဲ့ပြီး ပင်လယ်ပြင်ဆီကြည့်လိုက်သည်။ သူ့အမူအရာက
ချက်ချင်းပြောင်းလဲသွားခဲ့သည် ‘‘ မိစ္ဆာသားရဲတစ်ကောင်ပဲ။ တပည့်တွေအားလုံး တိုက်ဖို့အဆင်သင့်ပြင်ကြ ’’
ထို့နောက် ညစ်ပတ်ပေရေနေတဲ့ ယုအောင်းချန်ကို တွေ့လိုက်ပြီး ထိတ်လန့်တကြား အော်လိုက်သည်
‘‘ ချင်းအာ၊ သမီးထိခိုက်သွားသေးလား ’’ ယုန်အောင်းချန်က အံကြိတ်လိုက်ပြီး မြောင်လင်းကို
မကျေမနပ်နဲ့ ကြည့်လိုက်ကာ ဖြေးဖြေးချင်း ခေါင်းခါလိုက်သည်။
‘‘ သွား၊ ပြန်ပြီးတော့အနားယူတော့။ ဒီကိစ္စနဲ့ပက်သက်ပြီး သမီးစိတ်ပူစရာမလိုဘူး ’’ ယုရှှုပင်းက
သုန်မှုန်စွာနဲ့ ပြောလိုက်သည်။ ‘‘ အင်း ’’ ‘‘စီနီယာအစ်မ၊ ငါလိုက်ပို့ပေးမယ် ’’ မြောင်လင်းက
ယုအောင်းချန်နောက်ကို လိုက်ဖို့ပြင်လိုက်သည်။ ‘‘ မလိုဘူး ’’ ယုအောင်းချင်က အော်ပြောလိုက်သည်။
သူမ၏လှပပြီးညစ်ပတ်ပေရေနေတဲ့ ပုံရိပ်က သဘောင်္ကုန်းပတ်ဆီမှ အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။
သဘောင်္ကပြင်းပြင်းထန်ထန် လှုပ်ခါလာခဲ့သည်။ ရန်ကိုင်လည်း ခပ်မြန်မြန်ထလိုက်ပြီး သာမန်လူတွေနဲ့အတူ
သဘောင်္ဝမ်းတွင်းပိုင်းဆီကို လိုက်သွားလိုက်သည်။ သဘောင်္ဝမ်းတွင်းပိုင်းတွင် လူတိုင်စုဝေးနေလိုက်ကြပြီး
တုန်ုတုန်ရီရီနဲ့ သဘောင်္မမြှပ်စေဖို့ ဆုတောင်းနေခဲ့ကြသည်။ သဘောင်္သာမြုပ်သွားခဲ့မယ်ဆိုရင်
အင်မော်တယ်တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်ကလွဲလို့ ကျန်တဲ့သူတွေအားလုံး
မိစ္ဆာသားရဲအစား ဖြစ်သွားရပေလိမ့်မည်။
ရန်ကိုင်က အပြင်ဘက်က အသံတွေကိုနားထောင်လိုက်ပြီး စိတ်သက်သာရာ ရသွားခဲ့သည်။ သဘောင်္
ဝမ်းတွင်းပိုင်းမှ ဆရာသခင်နှစ်ယောက် ထွက်မလာတဲ့အတွက် သူတို့ကြုံ့တွေ့နေရတဲ့ မိစ္ဆာသားရဲ့
အရမ်းကြီးအန္တရာယ်မရှိပဲ ယုရှှုပင်းနဲ့တင် ထိန်းနိုင်တယ်လို့ ဆိုလိုပေသည်။ ဒါပေယ့် မိစ္ဆားသားရဲ
အရေအတွက်ကတော့ တော်တော်လေး များပေသည်။ တိုက်ခိုက်သံတွေက တစ်နာရီလောက်
ကြာသွားပြီးနောက်မှာတော့ ပျောက်ကွယ်သွားခဲ့သည်။ ပတ်ဝန်းကျင်တစ်ခွင်လုံး တစ်ဖန်ပြန်လည်
တိတ်ဆိတ်သွားခဲ့သည်။ သိပ်မကြာခင်မှာပဲ တိမ်တိုက်နီဂိုဏ်းသားတွေက သာမန်လူတွေကို
သဘောင်္ကုန်းပတ်ပေါ်တက်ပြီး သန့်ရှင်းရေးလုပ်ဖို့ အမိန့်ပေးလိုက်သည်။ သာမန်လူတွေ သဘောင်္
ကုန်းပတ်ပေါ်ကို ရောက်လာတာနဲ့ အားလုံး စိတ်လှုပ်ရှားသွားခဲ့ကြသည်။ ကုန်းပတ်တစ်ခုလုံး
သွေးတွေနဲ့ နီရဲနပြီး အစွယ်ငေါငေါနှင့် ငါးအလောင်းတွေနဲ့ ပြည့်နေခဲ့သည်။
ရန်ကိုင်လည်း သာမန်လူတွေနဲ့အတူတူ သန့်ရှင်းရေးလုပ်လိုက်သည်။ သူတို့ပင်လယ်အနက်ပိုင်းထဲကို
ရောက်လာတဲ့အတွက် မိစ္ဆာသားရဲတွေ၏ တိုက်ခိုက်ခြင်းခံရတာဖြစ်နိုင်လောက်ပေသည်။ မိစ္ဆာသားရဲ
တွေက သူတို့ကိုမကြာခဏ လာရောက်တိုက်ခိုက်လေ့ရှိပြီး တစ်ကြိမ်ထက်တစ်ကြိမ် ပိုပြီးအားကောင်း
လာခဲ့သည်။ မိစ္ဆာသားရဲတွေဆီကနေ လွတ်မြောက်ဖို့အတွက် သာမန်လူအများစုသည် ငါးစားအဖြစ်
ပင်လယ်ထဲပစ်ချခံလိုက်ရသည်။ ယုရှုပင်း၏မျက်နှာက တစ်နေ့ထက်တစ်နေ့ ပိုပြီးလေးနက်လာခဲ့သည်။