← Chapters

အခန်း (၁၈၁-၁၈၅)

Vol. 8 Ch. 181-185

အခန်း (၁၈၁-၁၈၅)

Vol. 8 Ch. 181-185

အပိုင်း (၁၈၁) လင်မယားဆိုတာ တောအုပ်တစ်ခုတည်းက ငှက်တွေလိုပဲ

တိမ်တိုက်နီဂိုဏ်းက ထွက်လာပြီး လဝက်လောက် အကြာမှာတော့ ရန်ကိုင်တို့စီးလာတဲ့ သဘောင်္က

လမ်းပျောက်သွားခဲ့သည်။ ယုရှှုပင်လည်း အလွန်အမင်း စိုးရိမ်သွားခဲ့သည်။ လိပ်ခွံပေါ်က မြေပုံနဲ့ပက်

သက်ပြီး သူတာဝန်ယူထားရတာဖြစ်ကာ သဘောင်္ပေါ်ရှိ လူအားလုံးအသက်ကလည်း သူ့အပေါ်မူတည်

နေပေသည်။ သူတို့တွင်သွားစရာ လမ်းကြောင်းအရှည်းကြီး ရှိသေးပေမယ့် အစောပိုင်းမှာတင် လမ်း

ပျောက်နေခဲ့လေပြီ။ စိတ်မရှည်ဖြစ်လာတာနဲ့ ယုရှှုပင်းလည်း မြောင်လင်းကို အရင်လိုတည်တည်ငြိမ်ငြိမ်နဲ့

မဆက်ဆံနိုင်တော့ချေ။ တစ်ခါတစ်ရံ သဘောင်္ကုန်းပတ်ပေါ်တွင် လိပ်ခွံနဲ့ပက်သက်တဲ့ သတင်းအချက်

အလက်တွေကို မေးမြန်းရင်း မြောင်လင်းကို အော်ဟစ်ဆူပူနေတာကို ရန်ကိုင်ကြားမိပေသည်။ မြောင်လင်း

လည်း ဘာကိုမှမဖုံးကွယ်ထားရဲခဲ့ပဲ လိပ်ခွံနဲ့ပက်သက်ပြီး သူသိသမျှအကုန်အစင်ကို ပြောပြလေတော့သည်။

ရေမိစ္ဆာသားရဲများ၏ တိုက်ခိုက်မှုက ပိုပြီးပြင်းထန်လာသလို မကြာခဏဖြစ်လာသဖြင့် အင်မော်တယ်

တက်လှမ်းခြင်းအဆင့် ဆရာသခင်နှစ်ယောက်လည်း ဖင်ငြိမ်ငြိမ်နဲ့ မထိုင်နိုင်တော့ပဲ ဝင်ပါရတော့သည်။

မဟုတ်ရင် သဘောင်္တစ်စင်းလုံး မိစ္ဆာသားရဲတွေ တိုက်ခိုက်လို့ ပျက်စီးသွားရပေတော့မည်။ အဲ့လိုဆိုရင်တောင်

တိမ်တိုက်နီဂိုဏ်းက တော်တော်လေး ခံစားခဲ့ရပေသေးသည်။ သဘောင်္တွင်ပါလာသော တပည့်အယောက်

ငါးဆယ်တွင် တစ်ဒါဇင်ကျော်လောက် သေသွားခဲ့ပြီး သာမန်လူတွေတွင်လည်း ခုနှစ်ဆယ် ရာခိုင်နှုန်း

လောက်သာ ကျန်ရှိတော့ပေသည်။ ကျန်တဲ့သုံးဆယ်ရာခိုင်နှုန်းက မိစ္ဆာသားရဲတွေဆီကနေ

လွတ်မြောက်ဖို့ ငါးစားအဖြစ် ပင်လယ်ထဲကို ပစ်ချခံခဲ့ရသည်။

သာမန်လူတွေရဲ့အသက်က အရေးမပါတဲ့ အမှိုက်တွေအလား ပင်လယ်ထဲကို နေ့စဉ်နဲ့အမျှ ပစ်ချ

ခံနေခဲ့ရသည်။ ကျန်တဲ့သာမန်လူတွေကလည်း ကျန်ရှိနေတဲ့ နေ့ရက်တွေကို စိုးရိမ်ပူပန်စွာနဲ့ နေထိုင်

နေခဲ့ရသည်။ နောက်ထပ်သုံရက်မြောက်နေ့တွင် သဘောင်္သားတွေက ပိုပြီးထိတ်လန့်လာခဲ့ကြသည်။

သဘောင်္ကပင်လယ်ထဲတွင ်နေရာတစ်ခုတည်းကို ဝိုင်းကြီပတ်ပတ်လှည့်ပတ်နေပြီး ပျောက်ဆုံးနေသော

ကျွန်းဆီသွားတဲ့ လမ်းကြောင်းမှန်ကို မရှာတွေ့နိုင်ခဲ့ချေ။ မြောင်လင်လည်း ယုရှှုပင်း၏လက်ဝှေ့အိတ်

ဖြစ်နေပြီး အချက်ပေါင်းများစွာ အရိုက်ခံခဲ့ရသည်။ ဒါပေမယ့် ဘာမှတော့ပြန်မပြောရဲခဲ့ချေ။ ဒီနေ့မှာတော့

ညအချိန်ကုန်ဆုံးသွားခဲ့ပြီး အရှေ့အရပ်ကနေ နေထွက်လာခဲ့သည်။ သဘောင်္ဝမ်းတွင်းပိုင်းထဲတွင်

နားနေတဲ့ ရန်ကိုင်က ကုန်းပတ်ဆီကနေ ရုတ်တရက်အော်ဟစ်သံကို ကြားလိုက်ရသည်‘‘ ပျောက်ဆုံး

နေသာကျွန်း၊ ပျောက်ဆုံးနေသာကျွန်း ’’

ထိုအသံကိုကြာလိုက်ရတဲ့လူတိုင်း အံ့အားသင့်သွားခဲ့ရသည်။ တိမ်တိုက်နီဂိုဏ်းသားတွေသာမက

သာမန်လူတွေပါ သဘောင်္ကုန်းပတ်ပေါ်ကို ပြေးတက်သွားခဲ့ကြသည်။ ရန်ကိုင်လည်း လူအုပ်ကြီးနှင့်

ရောယောင်ပြီး လိုက်ပါသွားခဲ့သည်။ အရှိန်အဝါ တက်လက်လက် တောက်ပနေတဲ့ နေမင်းကြီး၏

အောက်ဝယ် ကျန်းပေါင်းများစွာ ရှည်လျားသော သဘောင်္ကြီး ရှေ့တွင် ပုံရိပ်ယောင်စိတ်ကူးယဉ်

ကျွန်းကြီးတစ်ကျွန်းက လေပေါ်တွင်မျောနေခဲ့သည်။ ထိုကျွန်းကြီးက ကောင်းကင်ဘုံအလား

ထင်မှတ်ရပြီး ရှုမောဖွယ်ကောင်းတဲ့ တောင်တန်းတွေ၊ နှစ်သက်စရာကောင်းတဲ့ မြစ်ချောင်းတွေ၊

ရင်သက်ရှုမောဖွယ်ကောင်းတဲ့ တောင်ကြားချိုင့်ဝှမ်းတွေ၊ နားဝင်ချိုသားလှတဲ့ တေးငှက်သီးချင်းသံတွေနဲ့

ပြည့်နေခဲ့သည်။ ငှက်တွေကလည်း အုပ်ဖွဲ့ပျံသန်းနေခဲ့ကြပြီး ကျွန်းတစ်ခုလုံးက မြင်သူတိုင်းရဲ့စိတ်နှလုံးသားကို

ဆွဲဆောင်သွားခဲ့သည်။

ထိုကျွန်းပေါ်ကို လူမရောက်တာ နှစ်ထောင်ပေါင်းများစွာ ကြည့်သည့်ပုံပေါ်သည်။ များစွာသော

ရှားပါးတဲ့ပန်းပွင့်တွေကို မြင်တွေ့နေခဲ့ရပြီး တကယ်ကိုရှုမောတပ်မက်ဖွယ်ကောင်းလှတဲ့ အိပ်မက်တို့

ပျော်စံရာ စိတ်ကူးယဉ်ကျွန်းကြီး တစ်ကျွန်းပင်ဖြစ်သည်။ အရောင်းအသွေး စုံလင်သော၊ အမည်

မသိသော သားရဲများစွာကိုလည်း သူတို့မြင်တွေ့ခဲ့ရသည်။ ပင်လယ်မြို့တော်၏ ဒဏ္ဏာရီလာတံလှမ်းကျွန်း….

ရန်ကိုင်အဖို့ ဒီကျွန်းကို အခုလိုမြင်တွေ့ရတဲ့အတွက် တကယ်ကို ကံကောင်းတယ်လို့ပင် ပြောလို့ရပေသည်။

ထိုကျွန်းက မြင်တွေ့နေရတဲ့နေရာ မိုင်သန်းပေါင်းများစွာ အကွာတွင်ရှိနေတယ်လို့ ကောလဟာလတွေ

ရှိခဲ့သည်။ ဒါပေမယ့် ဒီတစ်ကြိမ်ကတော့ ကွဲပြားပေသည်။ အရင်အကြိမ်ကလို ပုံရိပ်ယောင်တစ်ခုမဟုတ်ပဲ

တကယ်ရှိနေပြီး ထိတွေ့ရတယ်လို့တောင် ခံစားနေခဲ့ရသည်။

ယုရှှုပင်းက အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ပြီး လိပ်ခွံကိုတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း အကျယ်ကြီး

အော်ရယ်လိုက်သည်‘‘ငါနားလည်သွားပြီ။ ငါနားလည်သွားပြီ။ အခုရှိနေတဲ့မြို့က ကျွန်းရဲ့အစွန်အဖျားပဲကိုး။

ငါတို့ဝင်ပေါက်ရှာလို့ မတွေ့တာ အံ့သြစရာမဟုတ်တော့ပါဘူးလေ ’’တိမ်တိုက်နီဂိုဏ်းက အင်မော်တယ်

တက်လှမ်းခြင်းအဆင့် ဆရာသခင်နှစ်ယောက်လည်း စိတ်လှုပ်ရှားသွားခဲ့သည်။ လူအိုကြီးတင်းရှဇီက

လေးနက်စွာနဲ့ ပြောလိုက်သည် ‘‘ ရှှုပင်း၊ အခြေအနေတွေ ဘယ်လိုလဲ ’’ လူအိုမကြီးဟိုရှန်းလန်လည်း

ယုရှှုပင်းကို ကြည့်လိုက်သည်။ ယုရှှုပင်းက တုန့်ဆိုင်းမနေရဲပဲ စိတ်လှုပ်ရှားစွာနဲ့ ပြန်ပြောလိုက်သည်

‘‘ဆရာဦးလေးနှစ်ယောက်ကို ပြောရမယ်ဆိုရင်တော့ ပျောက်ဆုံးနေသောကျွန်းရဲ့ တည်နေရာကို

ကျွန်တော်ရှာတွေ့သွားပြီထင်တယ် ’’

‘‘ဘယ်နေရာမှာလဲ ’’ ဟိုရှန်းလန်က စိတ်လှုပ်ရှားစွာနဲ့ မေးလိုက်သည်။ ယုရှှုပင်းက သူတို့ရှေ့က

ပုံရိပ်ယောင်ကျွန်းကို လက်ညှိုးထိုးပြလိုက်ပြီး‘‘ အဲ့နေရာမှာပဲ ’’ သူပြောပြီးတာနဲ့ ခပ်မြန်မြန်ပဲ

လိပ်ခွံကို ဆရာသခင်နှစ်ယောက်ဆီ ပေးလိုက်သည် ‘‘ ဆရာဦးလေးတို့၊ ဆရာတို့ရဲ့ချီစွမ်းအင်ကို လိပ်ခွံပေါ်က

ကျွန်းရှိတဲ့နေရာကို ပို့ပေးပါ။ အဲ့ကျွန်းရဲ့အကူအညီနဲ့ပဲ ပျောက်ဆုံးနေသောကျွန်းရဲ့ ဝင်ပေါက်ကို

ဖွင့်နိုင်လိမ့်မယ် ’’ တင်းရှဇီနှင့်ဟိုရှောင်းလန်းတို့ နှစ်ယောက်လည်း သူတို့ရဲ့ချီစွမ်းအင်ကို လိပ်ခွံပေါ်က

ကျွန်းရှိတဲ့နေရာဆီကို ပို့လိုက်သည်။ ဒါပေမယ့် လိပ်ခွံကအဆုံးမရှိတဲ့ စုပ်ဝဲတစ်ခုအလား သူတို့ရဲ့

ချီစွမ်းအင်တွေအကုန်လုံးကို စုပ်ယူသွားခဲ့သည်။

လိပ်ခွံကသာမန် လိပ်ခွံတစ်ခုလို့သာ ထင်ရပေသည်။ အရင်နေ့တွေတုန်းက သူတို့ဘယ်လိုပဲ စမ်းသပ်စမ်းသပ်

လိပ်ခွံကမည်သည့် ထူးခြားမှုမှ မပြပေ။ ဒါပေမယ့် တင်းရှဇီနှင့်ဟိုရှန်းလန်တို့နှစ်ယောက် ချီစွမ်းအင်ဖြည့်သွင်း

လိုက်တာနဲ့ လိပ်ခွံကအဆုံမရှိတဲ့ စုပ်ဝဲတစ်ခုအလား ထိုချီစွမ်းအင်တွေအကုန်လုံးကို သည်းကြီးမည်းကြီး

စုပ်ယူတော့လေသည်။ တစ်ခဏအတွင်းမှာပဲ ဆရာသခင်နှစ်ယောက်၏ ခန္ဓာကိုယ်တုန်ရင်လာခဲ့ပြီး

သူတို့၏မျက်နှာတွေကလည်း ဖြူရော်လာခဲ့သည်။ ‘‘ မဆိုးပါဘူး ’’ တင်းရှဇီက အံ့အာသင့်စွာနဲ့

ပြောလိုက်သည်။ ထို့နောက် သူကတိမ်တိုက်နီဂိုဏ်းသားတွေကို အော်ပြောလိုက်သည် ‘‘ မင်းတို့

ဘာရပ်လုပ်နေကြာတာလဲ။ မြန်မြန်လာကူကြလေ ’’

တိမ်တိုက်နီဂိုဏ်းသားတွေလည်း ချက်ချင်းပဲ သူတို့ရဲ့ချီစွမ်းအင်တွေကို လိပ်ခွံထဲ ဖြည့်သွင်းတော့လေသည်။

ထိုလူတွေဝိုင်းကူညီတော့မှပဲ တင်းရှဇီနှင့်ဟိုရှန်းလန်တို့နှစ်ယောက် သာယာသွားခဲ့သည်။ လိပ်ခွံက

တိမ်တိုက်နီဂိုဏ်းသားတို့၏ ချီစွမ်းအင်ကို သဲကြီးမဲကြီး စုပ်ယူနေပြီး တိမ်တိုက်နီဂိုဏ်းသား အားလုံးနီပါး

အားအင်ကုန်ခမ်းသွားသောကြောင့် ကြမ်းပြင်ပေါ်လဲကျသွားခဲ့ရသည်။ နောက်ဆုံးအယောက်၂၀လောက်ပဲ

ကျန်တော့တဲ့ အချိန်မှ လိပ်ခွံကပေါက်ကွဲထွက်သွားခဲ့ပြီး သက်တန့်ရောင်အလင်းတန်တစ်ခု ထွက်ပေါ်

လာခဲ့သည်။ လိပ်ခွံကအလင်းစီးကြောင်း တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ပေါ် ထိုးတက်

သွားခဲ့သည်။

‘‘ ဆရာဦးလေးတို့ ’’ တင်းရှဇီနှင့်ဟိုရှန်းလန်တို့နှစ်ယောက်လည်း ပြန်လည်တည်ငြိမ်သွားခဲ့ပြီး သူတို့ရဲ့

မျက်နှာတွေဖြူလျော်နေရုံကလွဲ၍ ဘာမှမဖြစ်သွားခဲ့ချေ။ လိပ်ခွံက ကောင်းကင်ပေါ်ထိုးတက်သွားခဲ့ပြီး

ပုံရိပ်ယောင်ကျွန်းပေါ်ကိုကျသွားခဲ့ပြီး သက်တန့်ရောင်တွေ ပေါက်ကွဲထွက်လာခဲ့ပြီး ပုံရိပ်ယောင်လည်း

တဖြည်းဖြည်း ပြိုကျလာခဲ့ပြီး လူတိုင်း၏အမြင်အာရုံကို ကာဆီးထားသော အကာအရံလည်း တစ်စစီ

အက်ကွဲသွားခဲ့ရသည်။ ထို့နောက်ပျောက်ဆုံးနေသောကျွန်းက အားလုံးရှေ့တွင်တဖြည်းဖြည်း ပေါ်လာခဲ့သည်။

‘‘ ပျောက်ဆုံးနေသောကျွန်း ’’ ယရှှုပင်း၏အသံက တုန်ရီနေခဲ့သည်။

သဘောင်္ပေါ်ရှိလူတွေက အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ရုတ်တရက် စိတ်လှုပ်ရှား၊ဝမ်းသာစွာနဲ့

ထအော်လိုက်သည်။ သူတို့ခရီးထွက်လာခဲ့ရတဲ့ ရည်ရွယ်ချက်က ပျောက်ဆုံးနေသာကျွန်းကို ရှာဖို့ပင်

ဖြစ်သည်။ ဒါပေမယ့် သူတို့ခရီးကတော့ ချောမွတ်ဖြောင့်ဖြူးမနေခဲ့ချေ။ အခက်အခဲပေါင်းများစွာကို

သူတို့ကြုံတွေ့ခဲ့ရသည်။ စိတ်လှုပ်ရှားမှုဆိုတာလည်း အန္တာရာယ်နဲ့ ဒွန်တွဲလာတတ်တာပဲလေ။ အခုအချိန်

မှာတော့ ပင်လယ်မြို့တော်ရဲ့ ဒဏ္ဏာရီကျွန်းက သူတို့ရှေ့တွင် ရှိနေခဲ့သည်။

တိမ်တိုက်နီဂိုဏ်းသားတွေသာမက သာမန်လူတွေလည်း စိတ်လှုပ်ရှားနေခဲ့ာကသည်။ ဘယ်သူက

ပျောက်ဆုံးနေသောကျွန်းအကြောင်းကို မကြားဖူးခဲ့လို့လဲ။ ထိုကျွန်းအကြောင်း ကောလဟာလများစွာကို

သူတို့ကြားခဲ့ဖူးပေသည်။ ဒါပေမယ့် ထိုကျွန်းကိုအပြင်မှာ မျက်မြင်ကိုယ်တွေ့ မြင်တွေ့ရလိမ့်မယ်လို့တော့

သူတို့တစ်ခါမှ စိတ်မကူးခဲ့ဖူးပေ။ ‘‘ ပျောက်ဆုံးနေသောကျွန်းဆီ ဦးတည်ရွက်လွှင့်မယ် ’’ ယုရှှုပင်းက

ပျော်ရွှင်စိတ်ကို မနည်းဖုံးဖိထားလိုက်ရပြီး သာမန်ပုံစံနဲ့ အမိန့်အမျိုးမျိုးကို အားလုံးဆီပေးလိုက်သည်။

ဒါပေမယ့် သဘောင်္ပေါ်က လူတွေပျော်လို့ မပြီးသေးခင်မှာပဲ စိုးရိမ်မှုတွေက သူတို့မျက်လုံးထဲတွင်

ထင်ဟပ်လာခဲ့သည်။ မူလအစက တည်ငြိမ်နေသာ ပင်လယ်ပြင်က လိုှုင်းထန်လာခဲ့ပြီး

သဘောင်္လည်း ပင်လယ်လှိုင်းလုံးတွေကြား ချောင်ပိတ်နေခဲ့သည်။ ပင်လယ်ရေပြင်က ရုတ်တရက်

ဆူပွက်လာသလို ဖြစ်လာခဲ့သည်။ ‘‘ ဘာဖြစ်နေတာလဲ ’’ တစ်စုံတစ်ယောက်က ထိတ်လန့်တကြား

မေးလိုက်သည်။ တင်းရှဇီနှင့်ဟိုရှန်းလန်တို့၏ အမူအရာ ရုတ်တရက်ပြောင်းလဲသွားခဲ့ပြီး အလန့်တကြား

အော်လိုက်သည် ‘‘ သတိထားကြ’’

သူတို့ရဲ့အော်သံ မဆုံးသေးခင်မှာပဲ သဘောင်္ဘယ်ဘက်ခြမ်းဆီမှ ကျန်းပေါင်းများစွာ ရှည်လျားတဲ့လက်တံတွေ

ထွက်ပေါ်လာခဲ့ပြီး သဘောင်္ကုန်းပတ်ကို ရိုက်ချလိုက်သည်။ များစွာသော သာမန်လူတွေလည်း ထိုလက်တံ၏

ရိုက်ချက်ကို မရှောင်ရှားနိုင်ခဲ့ပဲ အသားပုံဖြစ်အောင် ရိုက်ချခံလိုက်ရသည်။ သဘောင်္ကုန်းပတ်လည်း တစ်စစီ

ဖြစ်သွားခဲ့ပြီး လေးဘက်လေးတန်ကိုပြန့်သွားခဲ့သည်။ တိမ်တိုက်နီဂိုဏ်းသားတွေက ဆရာသခင်နှစ်ယောက်၏

အကာအကွယ်အောက်ဆီ ပြန်ပြီး ခိုလှုံဖို့ကြိုးစားလိုက်သည်။ များစွာသောလက်နက်တွေက ကောင်းကင်ပေါ်

တွင် ဝဲပျံနေခဲ့သည်။ ဒါပေမယ့် လက်တံကြီးတွေကိုတော့ မည်သည့်ဒဏ်ရာမျှရအောင် မစွမ်းဆောင်နိုင်ခဲ့ချေ။

ဆရာသခင်နှစ်ယောက်တောင် ထိုလက်တံတွေကို ထိုခိုက်အောင် မလုပ်ဆောင်နိုင်ခဲ့ချေ။

ထို့နောက်အခြားတစ်ဖက်ဆီမှ လက်တံတွေ ထပ်မံထွက်ပေါ်လာခဲ့ပြီး သဘောင်္ကိုရိုက်ချလိုက်သည်။

သဘောင်္လည်းလေပေါ်လွင့်ထွက်သွားခဲ့ပြီး များစွာသောလူတွေလည်း မရမင်းဆီမြန်းရတော့လေသည်။

အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတွေလောက်ပဲ လေပေါ်ပျံသန်းပြီး လွတ်မြောက်နိုင်ခဲ့သည်။

‘‘ အားလုံး၊ ငြိမ်နေကြစမ်း။ အားလုံး ငြိမ်ငြိမ်နေကြစမ်း ’’ ယုရှှုပင်းက အားကုန်သုံးပြီး အော်ဟစ်လိုက်ပေမယ့်

လူအုပ်ကြီးကို ထိန်းချုပ်ခြင်းငှာ မစွမ်းနိုင်ခဲ့ချေ။ ၇ခု၊၈ခုသော လက်တံတွေက ပင်လယ်ထဲကနေ

ထွက်ပေါ်လာခဲ့ပြီး သဘောင်္ကိုပင်လယ်ထဲ ဆွဲချသွားလိုက်သည်။ ‘‘ ဒါကမိစ္ဆာသားရဲကျွန်းပဲ ’’ တင်းရှဇီက

ထိတ်လန့်တကြား ပြောလိုက်သည်။ ထိုမိစ္ဆာသားရဲတွေကို ထိခိုက်ဒဏ်ရာရအောင် မလုပ်နိုင်တဲ့အတွက်

ဟိုရှန်းလင်ကို ကြည့်လိုက်ပြီး ‘‘ နင်နဲ့ငါအတူူတူပေါင်းပြီး လွတ်လမ်းရှာကြမယ် ’’

ဟိုရှန်းလင်လည်း ခေါင်းညိတ်လိုက်သည်။ ဒါပေမယ့် သူမမတိုက်ခိုက်ရသေးခင်မှာပဲ ကြက်သေသေသွားခဲ့ပြီး

တင်းရှဇီထိတ် ထိတ်လန့်တကြား အော်ဟစ်ကာ ပြေးဝင်သွားလိုက်သည် ‘‘ အစ်ကိုတင်း၊ နင့်နောက်မှာ’’

တင်းရှဇီလည်း သူ့နောက်ကျောဘက်ကနေ လေပြင်းတစ်ခုကို ခံစားလိုက်ရပြီး ရုတ်တရက် နာကျင်မှုကို

ခံစားလိုက်ရသည်။ သူ့ပါးစပ်ကနေ သွေးအန်လိုက်ရပြီး ဥက္ကာခဲတစ်ခုအလား ပင်လယ်ထဲကိုတစ်ဟုန်ထိုး

ကျသွားခဲ့သည်။ ပင်လယ်ထဲကို မကျသေးမင်မှာပဲ လက်တံတစ်ခုက ပင်လယ်ထဲကနေ ထွက်ပေါ်လာခဲ့ပြီး

သူ့တစ်ကိုယ်လုံးကို ရစ်ပတ်လိုက်သည်။

တင်းရှဇီ၏ နာကျင်စွာနဲ့ အော်ဟစ်လိုက်သည်။ သူ့တစ်ကိုယ်လုံးဆီကနေ အရိုးကျိုးသံထွက်ပေါ်လာခဲ့ပြီး

သူ့အရိုးတွေအကုန်လုံး ဖြည်းဖြည်းချင်းချေမွခံနေခဲ့ရသည်။ အစစ်အမှန်ချီစွမ်းအင်ကို လည်ပတ်ဖို့ကြိုးစား

လိုက်ပေမယ့် လက်တံ၏ဖမ်းဆုပ်မှုမှ ရုန်းမထွက်နိုင်ခဲ့ေချေ။ သူ့လက်ကို ဟိုရှန်းလန်ဆီ ဆန့်ထုတ်လိုက်ပြီး

ဝမ်းနည်းစွာနဲ့ အော်လိုက်သည် ‘‘ ညီမလန်၊ ငါ့ကိုကယ်ပါဦး ’’ တိမ်တိုက်နီဂိုဏ်း၏ ဆရာသခင်နှစ်ယောက်က

ငယ်ငယ်ကတည်းက တစ်ယောက်နှင့်တစ်ယောက် ချစ်ကြိုက်ခဲ့ပြီး တစ်ယောက်ကိုတစ်ယောက် အသက်ထက်

ပိုချစ်မြတ်နိုးကာ နောက်ဆုံးလက်ထပ်လိုက်ကြသည်။ ဒါပေမယ့် အမည်မသိတဲ့ အကြောင်းအရင်းတစ်ခုကြောင့်

သူတို့တစ်ယောက်နဲ့တစ်ယောက် အရင်ကလို မနီးစပ်တော့ချေ။ သူတို့နှစ်ယောက်ကြား ဆက်ဆံရေးတွေ

ရှိသေးပေမယ့် အရင်ကလိုဆက်ဆံရေးမျိုးတော့ မဟုတ်တော့ချေ။

တင်းရှဇီက အကူအညီတောင်းတာကို မြင်လိုက်ရတဲ့အချိန် ဟိုရှန်းလန်က တစ်ခဏတာ အံ့သြသွားခဲ့ပေမယ့်

ချက်ချင်းပဲ လှုပ်ရှားမှုပညာရပ်ကို အသက်သွင်းလိုက်ပြီး ကျွန်းဆီကိုတစ်ဟုန်ထိုးပြေးသွားလိုက်သည်။

နောက်ကိုတစ်ချက်တောင် ပြန်လှည့်မကြည့်ခဲ့ချေ။ မိစ္ဆာသားရဲက တင်းရှဇီကို အသားပုံဖြစ်အောင်

ချေမွလိုက်သည်။ သူမအသက်ကို ကယ်တင်ရန်အလို့ငှာ ဟိုရှန်းလန်လည်းတုန့်ဆိုင်းမနေရဲတော့ချေ။

တင်းရှဇီကိုကယ်ဖို့က သူမစွမ်းအားနဲ့မဖြစ်နိုင်ချေ။ တိမ်တိုက်နီဂိုဏ်းသားတွေနဲ့ ပြည့်နေတဲ့သဘောင်္က

ဘေးကပ်ဆိုးအလယ်တွင် ရှိနေတယ်ဆိုပေမယ့် အခုအချိန်မှာ အရေးအကြီးဆုံးက ကိုယ့်အသက်ပင်။

တင်းရှဇီက ခါးခါးသီးသီးပြုံးလိုက်ပြီး ‘‘ လင်မယားဆိုတာ တောအုပ်တစ်ခုတည်းက ငှက်တွေလိုပဲ။

အန္တရာယ်ကြုံတာနဲ့ ထွက်ပြေးတော့တာပဲ။ စျေးပေါတဲ့ခွေးမ ’’

Matial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၂) ပျောက်ဆုံးနေသောကျွန်းပေါ်က အန္တာရာယ်

သူပြောပြီးတာနဲ့ တင်းရှဇီ၏ ခန္ဓာကိုယ်တစ်ခုလုံး နှစ်ပိုင်းပြတ်အောင် ဆွဲဖြဲခံလိုက်ရပြီး သူ့ကိုယ်တွင်းအင်္ဂါတွေ အကုန်လုံး

အဘက်ဘက်ကို ပြန့်သွားခဲ့ပြီး သူ့မျက်လုံးနှစ်လုံးကတော့ ပင်လယ်ထဲကျသွားခဲ့သည်။ တိမ်တိုက်နီဂိုဏ်းက

အင်မော်တယ်တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် အခုလိုမျိုး သေဆုံးသွားမယ်လို့ ဘယ်သူမှမထင်ထားခဲ့ကြပေ။

တိမ်တိုက်နီဂိုဏ်းသားတွေလည်း အတတ်နိုင်ဆုံးကြိုးစားနေခဲ့ပေမယ့် မိစ္ဆာသားရဲကို မည်သည့်ထိုခိုက်ဒဏ်ရာမျှ ရအောင်

မစွမ်းဆောင်နိုင်ခဲ့ချေ။ ပျောက်ဆုံးနေသောကျွန်းကို ရှာတွေ့ခဲ့ပျော်ရွှင်ခဲ့ရတဲ့ ကြည်နူးမှုတွေအကုန်လုံး ကြက်ပျောက်

ငှက်ပျောက်သလို ပျောက်ကွယ်သွားကုန်ခဲ့လေပြီ။

ထိုအချိန်တွင် သဘောင်္တစ်ခြမ်းက ကျွန်းထဲကိုဝင်လာခဲ့သည်။ ဒါပေမယ့် ဧရာမလက်တံကြီးတွေက အဆက်မပြတ်

ရိုက်နှက်နေတဲ့အတွက် သဘောင်္လည်းတဖြည်းဖြည်း ပျက်စီးလာခဲ့ရသည်။ ‘‘ အခုငါတို့ဘာလုပ်ကြမလဲ ’’

တိမ်တိုက်နီဂိုဏ်းက ကျင့်ကြံသူတစ်ယောက်က ငိုယိုရင်းပြောလိုက်ပြီး သူ့ဘာသာသူစဉ်းစားလိုက်သည်။ ငါက

ငယ်ငယ်လေးပဲ ရှိသေးတာ။ ကောင်းမွန်တဲ့အနာဂတ်ကလည်းငါ့ကိုစောင့်ကြိုနေတဲ့ ဟာကို အလိုမျိုးသေသွားလို့

မျဖစ္ဘူး ထိုကျင့်ကြံသူက စကားပြောလို့ပြီးသွားတာနဲ့ ဧရာမလက်တံကြီးက သူ့ကိုရေအောက်ထဲ ဆွဲချသွားခဲ့သည်။

လက်တံနဲ့ရိုက်ခံရတဲ့လူတွေက ကတော့မရဏလမ်းစံမြန်းရမည်မှာ အသေအချာပင်ဖြစ်သည်။

အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတွေလည်း ဟိုရှန်းလန် ထွက်ပြေးသွားတာနဲ့ သူတို့တွေလည်း ကိုယ်လွတ်ရုန်း

ထွက်ပြေးကြတော့လေသည်။ ကံမကောင်းစွာနဲ့ပဲ အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတွေက ဧရာမလက်တံကြီးတွေ

ဆီကနေ မလွတ်မြောက်နိုင်ခဲ့ချေ။ ရန်ကိုင်အမူအရာကတော့ တည်ငြိမ်နေခဲ့သည်။ ဧရာမလက်တံကြီးတွေက

တိမ်တိုက်နီဂိုဏ်းသားတွေကို ရိုက်ချနေတာကို သူမြင်တွေ့နေခဲ့ရသည်။ တိမ်တိုက်နီဂိုဏ်းသား တစ်ဝက်လောက်က

သေဆုံးသွားခဲ့ပြီး သာမန်လူတွေတောင် ပျောက်ကွယ်သွားခဲ့ရသည်။

ကံမကောင်းစွာနဲ့ပဲ သဘောင်္ပေါ်တွင် ရှိနေတဲ့လူတွေလည်း အန္တရာယ်မကင်းခဲ့ချေ။ လက်တံတွေနဲ့ အရိုက်မခံရရအောင်တောင်

သဘောင်္ကတဖြည်းဖြည်းနဲ့ နစ်မြုပ်သွားပြီး သူတို့တွေလည်း သဘောင်္နှင့်အတူ ပင်လယ်ထဲတွင် သေဆုံးသွားရပေလိမ့်မည်။

ထို့ကြောင့် အသက်ရှင်သန်နိုင်ဖို့ဆိုရင် ပင်လယ်ထဲခုန်ချဖို့ပဲ ရှိတော့ပေသည်။ ရန်ကိုင်က သေမှာကိုထိုင်စောင့်နေမယ့်

လူမျိုး မဟုတ်တဲ့အတွက် ချက်ချင်းပဲ အော်ပြောလိုက်သည် ‘‘ သဘောင်္ကိုစွန့်လွှတ်လိုက်တော့ ’’ သူက စေတနဲ့

သတိပေးတာဖြစ်ပေမယ့် အခြားသူတွေရဲ့ အမြင်မှာတော့ မိစ္ဆာသားရဲကိုအာရုံလွှဲဖို့ ပင်လယ်ထဲခုန်ချခိုင်းတာလို့

ထင်သွားခဲ့သည်။ ဒါပေမယ့်လည်း များစွာသောကျင့်ကြံသူတွေက တုန့်ဆိုင်းခြင်းမရှိ သဘောင်္ပေါ်ကနေ ခုန်ချ

သွားခဲ့ကြသည်။ များစွာသောလူတွေက ခုန်ချရင်းသွေတွေအဖြစ် ပေါက်ကွဲသွားခဲ့သည်။ ဒါပေမယ့် ကံကောင်းမှုကြောင့်

တော်တော်များများက လွတ်မြောက်သွားနိုင်ခဲ့သည်။ ရေထဲရောက်တာနဲ့ အလျင်အမြန်ပဲ ကျွန်းဆီကူးခတ်ကြတော့သည်။

ရန်ကိုင်က သူ့ပတ်ပတ်လည်ကို စစ်ဆေးနေချိန် ထူးခြားမှုတစ်ခုကို တွေ့လိုက်ရသည်။ တိမ်တိုက်နီဂိုဏ်းသားတွေက

ကျင့်ကြံသူတွေဖြစ်တဲ့အတွက် သာမန်လူတွေထက် ပိုပြီးမြန်မြန်ရေးကူးနိုင်လေသည်။ ထို့ကြောင့်သူတို့တွေက

သာမန်လူတွေထက်ရှေ့ကို ရောက်နေခဲ့သည်။ ဒါပေမယ့် ကံမကောင်းစွာပဲ ထိုလူတွေကိုလက်တ့တွေက ပင်လယ်ထဲ

ဆွဲချသွားခဲ့သည်။ ဒါပေမယ့် သာမန်လူတွေကိုတော့ လက်တံတွေက ချမ်းသာရာပေးသွားခဲ့သည်။ လူတစ်ယောက်ရဲ့

အနေအထားကို မိစ္ဆာသားရဲက ဘယ်လိုဆုံးဖြတ်တာလဲဆိုတာ ရန်ကိုင်မသိပေမယ့် ထိုအခွင့်အရေးကို သူအသုံးချရမယ်

ဆိုတာ သိပေသည်။ ထို့နောက် သူ့အော်ရာတွေအကုန်လုံး အတတ်နိုင်ဆုံး ထိန်းချုပ်ထားလိုက်သည်။ ရေပေါ်မျောနေတဲ့

သစ်တုံးတစ်ခုလို သူ့ခန္ဓာကိုယ်ကို ပျောက်ဆုံးနေသောကျွန်းဆီ ဖြေးဖြေးချင်းမျောသွားစေလိုက်သည်။ သူ့အကြံအစည်

အလုပ်ဖြစ်သွားခဲ့ပေသည်။

သူ့အစီအစဉ် အလုပ်ဖြစ်သွားလို့ ပျော်နေတုန်းမှာပဲ သူ့နောက်ကနေ ရေပွက်သံကြားလို့ လှည့်ကြည့်လိုက်တဲ့အချိန်

သူ့ဆီကိုကူးခတ်လာနေတဲ့ တိမ်တိုက်နီဂိုဏ်းသားတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုလူကက မလိုအပ်တာတွေကို

လုပ်နေလို့ ရန်ကိုင်က ကျိန်ဆဲလိုက်သည်။ တိမ်တိုက်နီဂိုဏ်းသားက သိပ်မကြာခင်မှာပဲ ရန်ကိုင်ဘေးနာကို ရောက်လာ

ခဲ့သည်။ ထိုဂိုဏ်းသားက သူ့ပုံခုံးကိုကိုင်ကာ သူ့ကိုဆွဲဖယ်ဖို့ လုပ်လိုက်သည်။ ထိုအချိန်တွင် လက်တံတစ်ခုက

သူတို့ဆီတိုက်ရိုက် လာနေခဲ့သည်။ ရန်ကိုင်နှင့်တိမ်တိုက်နီဂိုဏ်းသား နှစ်ယောက်စလုံး သူတို့ဆီကပ်ဆိုးလာနေပြီဆိုတာ

သိလိုက်သည်။ ဒါပေမယ့် တိမ်တိုက်နီဂိုဏ်းသားက လည်ပေသည်။ သူကရန်ကိုင်၏ ပုခုံးကိုဖမ်းဆုပ်လိုက်ပြီး

လက်တံဆီကို လွင့်ပစ်ဖို့ လုပ်လိုက်သည်။

ကံမကောင်းစွာနဲ့ပဲ ရန်ကိုင်က ချီစွမ်းအင်ကိုလှည့်ပတ်လိုက်ပြီး လက်သီးဆုပ်ကာ ထိုတိမ်တိုက်နီဂိုဏ်းသားကို

အနောက်ဘက်ကို လွင့်ထွက်သွားအောင် ထိုးချလိုက်သည်။ ‘‘မင်း ’’ တိမ်တိုက်နီဂိုဏ်းသားက အံ့အာသင့်စွာနဲ့

ပြောလိုက်သည်။ ရန်ကိုင်ဝတ်ထားတဲ့ အဝတ်အစားတွေက သာမန်လူတွေဝတ်တဲ့ အဝတ်တွေဆိုတာ သူသေချာပေသည်။

ဒါပေမယ့် သာမန်လူလို့ သူထင်နေတဲ့သူက ကျင့်ကြံသူတစ်ယောက် ဖြစ်နေလိမ့်မယ်လို့တော့ ဘယ်တုန်းကမှ မထင်ထားခဲ့ချေ။

လက်တံက ပင်လယ်ထဲကနေ ထွက်ပေါ်လာခဲ့ပြီး ထိုကျင့်ကြံသူကို တစ်စစီဖြစ်အောင ်ဆွဲဖျစ်လိုက်သည်။ ရန်ကိုင်က

တစ်ချက်ကလေးတောင် မလှုပ်ရှားရဲခဲ့ပဲ လက်တံကြီးကိုသာ ငေးစိုက်ကြည့်နေခဲ့သည်။ သိပ်မကြာခင်မှာပဲ ထိုဧရာမ

လက်တံကြီးက ပင်လယ်ထဲကို တဖြည်းဖြည်းချင်းပြန်လည် နစ်မြုပ်သွားခဲ့သည်။ကူးချင်သလို ကူးနေတာထက်

ငါ့အစီအစဉ်က ပိုကောင်းတာပဲအချိန်တော်တော်ကြာ စောင့်ဆိုင်းနေလိုက်ပြီး လက်တံကပြန်ပေါ်မလာတာတွေ့လိုက်ရတော့မှ

ရန်ကိုင်လည်း ကျွန်းဆီကိုဖြေးဖြေးချင်း ကူးခတ်သွားလိုက်သည်။ က

ကျွန်းနဲ့သဘောင်္ကြားက အကွာအဝေးက နီးတယ်လို့ ပြောလို့မရသလို ဝေးတယ်လို့လည်း ပြောလို့မရပေ။ ကျွန်းဆီကနေ

သဘောင်္ပျက်နေရာကြားက အကွာအဝေးက ငါးကီးလိုမီတာလောက်ရှိပေသည်။ တစ်နာရီလောက်ကြာတော့မှာပဲ

ရန်ကိုင်လည်းပျောက်ဆုံးနေသောကျွန်းဆီကို ရောက်လာခဲ့သည်။ ကမ်းခြေကိုခြေချလိုက်တာနဲ့ တစ်ပြိုင်နက်

သူ့တစ်ကိုယ်လုံး သဲပြင်ပေါ်ကိုလဲကျသွားခဲ့သည်။ ကောင်းကင်ပြာကြီးကို မော့ကြည့်ရင်း ကြောက်ရွံ့မှုတွေက

တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ တစ်နာရီအတွင်း သူတော်တော်လေး ကြောက်လန့်နေခဲ့ရသည်။

လက်တံတွေက ပင်လယ်ထဲကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး သူ့ကိုဆွဲချသွားမှာကို ကြောက်နေမိသည်။

ဒါပေမယ့်လက်တံတွေဆီကနေ လွတ်မြောက်ဖို့ နည်းလမ်းတစ်ခုရှာတွေ့ခဲ့တာ ကံကောင်းပေသည်။

သူထွက်ပြေးနေစဉ် သူ့ပတ်ဝန်းကျင်ကို စူးစမ်းဖို့အချိန်မရခဲ့ပေ။ သူ့အသက်ရှှုသံကိုတည်ငြိမ်အောင် လုပ်ပြီးတဲ့

အချိန်မှာတော့ အသက်ရှှုသံဖွဖွလေးကို ကြားလိုက်ရသည်။ဒီအသံက….မိန်းကလေးအသံပဲရန်ကိုင်လှည့်ကြည့်လိုက်တဲ့

အချိန်သူ့ကံကိုပဲ သူဆဲမိလိုက်သည်။ သူနဲ့ဆယ်မီတာအကွာတွင် တိမ်တိုက်နီဂိုဏ်းက ယုအောင်းချင်ရှိနေခဲ့သည်။

သူမကသဲပြင်ပေါ်တွင် ဒူးထောက်နေခဲ့ပြိး သူ့မ၏ရေစိုအဝတ်တွေက အသားတွင်ကပ်နေခဲ့သည်။ အမို့အမောက်

ကောက်ကြောင်းအဖြာဖြာကို အထင်းသားမြင်နေရပြီး ဖြူဖွေးချောမွတ်နေတဲ့ ခြေတံရှည်ရှည်လေးတွေကလည်း

ယောကျာ်းတို့၏ စိတ်ဆန္ဒကိုလောင်မြိုက်သွားစေနိုင်ပေသည်။ သူမက အလွန်အမင်းသနားစရာကောင်းနေခဲ့ပြီး

သူ့မ၏လှပတဲ့မျက်နှာလေးလည်း ဖြူရော်နေခဲ့သည်။ ဒါပေမယ့် သူမဘယ်လောက်ပဲ လှပပစေ သူမ၏ကောက်ကျစ်ပြီး

ရက်စက်တဲ့ သဘာဝကို ရန်ကိုင်သိပေသည်။ သူမက အလှအပကိုသုံးကာ မြောင်လင်ဆီကနေ သတင်းအချက်အလက်ကို

ရအောင်ယူခဲ့သည်။ ထိုမြေဟောက်မက သူမလိုချင်တာကို ရပြီးတဲ့အချိန်တွင် မြောင်လင်ကို ပင်လယ်ထဲပစ်ချချင်ခဲ့သည်။

ထိုအပြုအမူက ရက်စက်တယ်ဆိုပေမယ့် ရန်ကိုင်ကိုယ်တိုင်ကလည်း မြောင်လင်ကိုသေစေချင်ပေသည်။

သူမနဲ့ဘာမှလုပ်စရာ မရှိတဲ့အတွက် ရန်ကိုင်လည်း သူမကိုကျော်ပြီး ကျွန်းအတွင်းပိုင်းထဲကို သွားလိုက်သည်

‘‘ရပ်လိုက်’’ ယုအောင်းချန်က ရန်ကိုင်လှမ်းအော်လိုက်သည်။ ရန်ကိုင်က သူမနဲ့ဘာမှလုပ်စရာမရှိတဲ့အတွက်

ရှေ့ဆက်သွားလိုက်သည်။ ‘‘ ရပ်ဖို့ငါပြောနေတယ်လေ။ နားပင်းနေလား ’’ ယုအောင်းချင်က ဒေါသတကြီး သဲပြင်ပေါ်က

ထလိုက်ပြီး ရန်ကိုင်ရှေ့ကို အလျင်စလို သွားလိုက်သည်။ ရန်ကိုင်အမူအရာက အရင်အတိုင်းပင်ဖြစ်သည်။

သဘောင်္ပေါ်တွင် ရှိနေတုန်းကတော့ သူအလွန်အမင်း သတိထားနေခဲ့ရသည်။ ဒါပေမယ့် အခုအချိန်မှာတော့ ထိုအရာက

အဓိကကိစ္စမဟုတ်တော့ချေ။ ယုအောင်းချန် ချီသန့်စင်ခြင်းအဆင့်တွင် ရှိနေတယ်ဆိုပေမယ့် သူ့ထက်တစ်ဆင့်ပဲ

မြင့်တာဖြစ်တဲ့အတွက် သူမကိုအနိုင်မယူနိုင်ရင်တောင သူမဆီကနေ လွတ်အောင်ပြေးနိုင်တယ်လို့ သူ့ကိုယ်သူ

ယုံကြည်ချက်ရှိပေသည်။

ထိုအချိန်တွင် ယုအောင်းချင်က ရန်ကိုင်ကို သိချင်စိတ်အပြည့်နဲ့ စူးစမ်းနေခဲ့သည်။ ရန်ကိုင်က သဘောင်္ပေါ်တွင ်

အလုပ်လုပ်တဲ့ သာမန်လူတွေရဲ့ အဝတ်အစားကို ဝတ်ဆင်ထားတဲ့အတွက် ရန်ကိုင်က သာမန်လူတစ်ယောက်ဖြစ်ပြီး

သူမကိုမြင်တာနဲ့ ကြောက်လန့်သွားလိမ့်မယ်လို့ မျှော်လင့်ထားခဲ့သည်။ ဒါပေမယ့် သူမထင်ထားသလို ဖြစ်မလာခဲ့ချေ။

တော်တော်လေး မောက်မာနေတာပဲ။ အသက်ကြည့်တော ၁၅၊၁၆လောက်ပဲ ရှိသေးတဲ့ကောင်ကများ….

ယုအောင်းချင်က လှောင်ပြောင်လိုက်သည်။ ယုအောင်းချင်က ချီစွမ်းအင်ကိုသုံးပြီး သူမကိုယ်ပေါ်က ရေတွေကို

ခြောက်အောင် လုပ်လိုက်သည်။ ပြီးမှာပဲ သူမ၏အရင်လိုမောက်မာတဲ့ပုံစံနဲ့ ရန်ကိုင်ကိုမေးလိုက်သည် ‘‘ နင်

တစ်ယောက်ယောက်ကို မြင်မိသေးလား။ ငါ့ကိုပြော ’’

‘‘ မမြင်မိဘူး ’’ ရန်ကိုင်ကမျက်မှောင်ကြုံ့ပြီး ပြန်ဖြေလိုက်သည်။

‘‘….’’

‘‘ တကယ်တော့ တစ်ယောက်ရှိတယ် ’’

‘‘ ဘယ္မွာလဲ ’’

‘‘ နင္ပဲ ’’

ယုအောင်းချင်က အသက်ပြင်းပြင်းရှှုလိုက်ပြီး သူမ၏မို့မောက်နေတဲ့ တောင်ပို့နှစ်လုံးက နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့သည်။

သူမက ရန်ကိုင်ကိုသတိပေးလိုက်သည် ‘‘ အကောင်းဆုံးပြုမူနေတာ ကောင်းမယ်။ မဟုတ်ရင် ငါကိုမယဉ်ကျေးလို့

ဆိုပြီးအပြစ်မတင်နဲ့ ’’ ရန်ကိုင်မျက်နှာရှုံ့မဲ့သွားခဲ့သည်။ဒါကသူမကိုရှင်းထုတ်ဖို့ အခွင့်ကောင်းပဲ။ တကယ်တော့

ငါတို့ကကျွန်းပေါ်မှာ ရှိနေတာလေ။ ဘယ်သူကသတိပြုမိမှာလဲဒါပေမယ့် သူဘာမှမလုပ်ရသေးခင်မှာပဲ အသံတစ်သံကို

ကြားလိုက်ရသည် ‘‘ စီနီယအစ်မချင်၊ နင်မှန်တယ် ’’ ထိုအသံကိုကြားလိုက်တာနဲပ ရန်ကိုင်အမူအရာပြောင်းလဲသွားခဲ့သည်။

လူတွေအားလုံးထဲမှာမှ သူ့ရန်သူဖြစ်တဲ့ မြောင်လင်က သူနဲ့အနီးမှာ လာကျခဲ့သည်။ ဒါပေမယ့် မြောင်လင်းတစ်ယောက်တည်း

မဟုတ်ချေ။ မိန်းကလေးတပည့်တစ်ယောက်ပါ ပါသေးပေသည်။ တိမ်တိုက်နီဂိုဏ်းသားသုံးယောက်ကို သူတစ်ယောက်တည်း

မရင်ဆိုင်နဲ့အတွက် ရန်ကိုင်လည်းသူ့ကိုယ်သူပြန်ထိန်းချုပ်ထားလိုက်သည်။

‘‘သူဘယ်လိုလုပ်ပြီး ရေနစ်ပြီးမသေသွားရတာလဲ ’’ ယုအောင်းချင်က အံကြိတ်ရင်းအသံတိုးတိုးနဲ့ ပြောလိုက်သည်။

‘‘ လူဆိုးတစ်ယောက်က ဘယ်တော့မှ စောစောမသေဘူး။ အသက်ထောင်ပေါင်းများစွာအထိ ရှင်သန်လိမ့်မယ် ’’

ရန်ကိုင်က တီးတိုးပြောလိုက်သည်။ ယုအောင်းချင်က ရန်ကိုင်ကိုမမျှော်လင့်ထားတဲ့ အပြုံးနဲ့အေးစက်စက် စိုက်ကြည့်

လိုက်သည်။ မြောင်လင်က ယုအောင်းချင်ဆီ ပျော်ရွှင်စွာနဲပ အလျင်အမြန်ပြေးလာခဲ့ပြီး ‘‘ စီနီယာအစ်မချင်၊ နင့်ကို

နောက်တစ်ကြိမ်ပြန်တွေ့ရတာ တကယ်ကိုကောင်းတာပဲ ’’ ယုအောင်းချင်က မောက်မာစွာနဲ့ ဖွဖွလေးသာ ခေါင်း

ညိတ်ပြလိုက်သည်။ သူမအကြည့်က မြောင်လင်နောက်ရောက်သွားခဲ့ပြီး မေးလိုက်သည် ‘‘ ဒီမှာနင်တို့ပဲ ရှိတာလား ’’

မြောင်လင်က ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်သည် ‘‘ အင်း၊ ငါအရင်ရောက်လာတာ။ ငါရောက်လာပြီးနောက် စီနီယာအစ်မ

ကျန်းယုရောက်လာတာ။ အဲ့နောက် ဘယ်သူမှရောက်လာတာ မတွေ့ရတော့ဘူး ’’ တိမ်တိုက်နီဂိုဏ်းက

မိန်းကလေးတပည့်က ပြုံးလိုက်ပြီး သူတို့နှစ်ယောက်ဆီ လမ်းလျှောက်လာလိုက်သည်။ အခုသူတို့အဖွဲ့တွင် လူလေးယောက်

ရှိသွားခဲ့ပြီဖြစ်ပြီး ရန်ကိုင်ကသာမန်လူတစ်ယောက်အဖြစ် ဟန်ဆောင်နေဖြင့် စိုးရိမ်နေမိသည်။ ယုအောင်းချင်က

သူမဆံပင်ကိုစုလိုက်ပြီး နောက်ဘက်တွင်ထားလိုက်ကာ ပင်လယ်ကြီးကို ပြန်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။

ရန်ကိုင်လှည့်ကြည့်လိုက်တဲ့အချိန် သူတို့စီးလာခဲ့တဲ့ သဘောင်္ကတစ်စစီဖြစ်နေတာကို တွေ့လိုက်ရပြီး ပင်လယ်တစ်ခုလုံး

ကလည်း သွေးချင်းနီရဲနေခဲ့သည်။ ထိုအချိန်တွင် ပင်လယ်ထဲတွင် ပေါလောမျောနေတဲ့ အသားစတွေအများကြီး ရှိနေခဲ့ပြီး

ငါးမန်းတွေက ထိုနေရာတစ်ဝိုက်တွင် ပျော်မြူးနေကြကာ ထိုနေရာတစ်ခုလုံး ငရဲခန်းတစ်ခုအား ဖြစ်နေခဲ့သည်။ ‘‘ ငါတို့

ပြန်သွားနိုင်ပါဦးမလား….’’ ယုအောင်းချန်က ရေရွတ်လိုက်သည်။

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၃) ရက်စက်ကြမ်းကြုတ် အကြင်နာမဲ့ခြင်း

တိမ်တိုက်နီဂိုဏ်းသားတွေက ပျောက်ဆုံးနေသောကျွန်းကို ရှာတွေ့သွားပြီဖြစ်သဖြင့် သူတို့နာမည်က ကမ္ဘာအနှံ့

ကျော်ကြားတော့မယ်လို့ စိတ်ကူးယဉ်နေကြသည်။ ဒါပေမယ့် သူတို့စီးလာခဲ့သော သဘောင်္ကတစ်စစီဖြစ်သွားပြီ

ဆိုတာကိုတော့ မစဉ်းစားမိကြ။ ကျွန်းပေါ်တွင် ရတနာများစွာကို ရှာတွေ့ခဲ့တယ်ဆိုရင်တောင် ကျွန်းပေါ်က

ထွက်မသွားနိုင်ရင် သူတို့ရခဲ့တဲ့ရတနာတွေနဲ့ ဘာလုပ်နိုင်မှာလဲ။ သဘောင်္ကောင်းကောင်းတစ်စင်းမရှိပဲ အင်မော်တယ်

တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူဆိုရင်တောင် မိုင်သောင်းများစွာကွာဝေးတဲ့နေရာဆီကို ပျံသန်းသွားနိုင်လိမ့်မည်

မဟုတ်ချေ။ တိမ်တိုက်နီဂိုဏ်းသားတွေအကုန်လုံး စိတ်ဓါတ်ကျနေခဲ့ကြသည်။ အရင်တုန်းက အခုလိုခက်ခဲမှုတွေကို

သူတို့မရင်ဆိုင်ဖူးခဲ့ကြပေ။ ဒါပေမယ့် အစောပိုင်းတုန်းကပဲ ပင်လယ်မိစ္ဆာသားရဲတွေရဲ့ တိုက်ခိုက်မှုကနေ သီသီလေး

လွတ်လာခဲ့ပြီး အသက်ရှင်သန်နိုင်ခဲ့သည်။ ဒါပေမယ့် ကံမကောင်း အကြောင်းမလှစွာပဲ အခုကျွန်းပေါ်တွင် ပိတ်မိနေပြန်

သည်။

‘‘စီနီယာအစ်မချင်း၊ စိတ်မပူပါနဲ့။ ဒီကဂျူနီယာမောင်လေးက စီနီယာအစ်မကို အိပ်ပြန်ခေါ်သွားနိုင်မယ့် နည်းလမ်းတစ်ခုကို

ရှာအောင် ရှာပေးမှာပါ ’’ မြောင်လင်းက မိန်းကလေးတွေကို စကားပြောရာတွင် တော်တော်လေး ကျွမ်းကျင်ပေသည်။

သူ့စိတ်ထဲတွင် ထိတ်လန့်ခြောက်ခြားနေတယ်ဆိုပေမယ့် အပြင်ပန်းမှာတော့ သူ့ကိုယ်သူသူရဲကောင်းတစ်ယောက်လို

ဟိတ်ဟန်ထုတ်ထားလေသည်။ ယုအောင်းချင်က စိတ်ကောင်းဝင်နေတာ မဟုတ်ချေ။ ထို့ကြောင့် မြောင်လင်၏

ဖားယားနေတဲ့ စကားလုံးတွေကို ကြားလိုက်ရတဲ့အချိန် လှောင်ပြောင်လိုက်သည်‘‘ အိုး၊ နင်ကသဘောင်္တစ်စီး

ဆောက်နိုင်တယ်ပေါ့။ ပြီးတော့ အဲ့မိစ္ဆာသားရဲကို တိုက်ခိုက်ပြီး ငါ့ကိုအိမ်ပြန်ခေါ်သွားမယ်ပေါ့ ’’

‘‘အင်း၊မဟုတ်ဘူး……’’ အခုလိုမေးခွန်းထုတ်ခံလိုက်ရတဲ့အချိန် မြောင်လင်းလည်း ဘာဖြေလို့ဖြေရမှန်း မသိဖြစ်သွားခဲ့သည်။

‘‘နင်က မိုင်တစ်သောင်းလောက်ကို ပျံသန်းသွားနိုင်လို့လား ’’ ယုအောင်းချင်က ထပ်ပြီး မေးလိုက်သည်။ ‘‘ အင်း….အာ…အန်း’’

‘‘ မလုပ်နိုင်ဘူးဆိုရင် နင့်ပါးစပ်ကို ပိတ်ထားလိုက် ’’ ယုအောင်းချင်က အရင်ရက်တွေကတည်းက ဖိနှိပ်ထားခဲ့ရတဲ့

ဒေါသတွေကို မြောင်လင်းအပေါ်တွင် ဖောက်ခွဲထုတ်လိုက်သည်။ ကျွန်းပေါ်တွင်ပိတ်မိနေလို့သာ မဟုတ်ရင ်မြောင်လင်းကို

ရိုက်ပုတ်ပြီးသွားလောက်ပေပြီ။ ကျောင်းယုက အလျင်စလို ဝင်ပြောလိုက်သည် ‘‘စီနီယာအစ်မချင်ရယ်၊ ဒေါသမထွက်ပါနဲ့။

မြောင်လင်က ငါတို့ကိုနှစ်သိမ့်ပေးဖို့ ကြိုးစားနေတာပါ ’’ ‘‘ ဟန့်’’ ယုအောင်းချင်က တစ်ဖက်လှည့်လိုက်ပြီး ကမ်းခြေဘက်ကို

လမ်းလျှောက်သွားလိုက်သည်။ ခြေလှမ်းအနည်းငယ်လောက် လျှောက်ပြီးသွားတဲ့အချိန် အေးစက်စက်နဲ့ပြောလိုက်သည်

‘‘ အရည်အချင်းမရှိပဲနဲ့ သူရဲကောင်းလုပ်ချင်နေတာ တကယ်ကို စိတ်ကြီးဝင်လွန်းနေတာပဲ ’’

မြောင်လင်လည်း သူမနောက်ကို အမှီလိုက်လိုက်သည်။ မြောင်လင်းက သူမကိုကြင်ကြင်နာနာနဲ့ နှစ်သိမ့်ပေးခဲ့ပေမယ့်

သူမကသူ့ကို ရက်ရက်စက်စက်နဲ့ ပြစ်တင်ပြောဆိုခဲ့လေသည်။ မြောင်လင်၏မျက်နှာက သုန်မှုနေပြီး တိတ်တဆိတ်

ကျိန်ဆဲလိုက်သည်။ သူ့မျက်လုံးတွေက ခါးသီးမှုတွေနဲ့ ပြည့်နေခဲ့ပြီး ရန်ကိုင်ကို လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးတွေက

သတ်ဖြတ်လိုစိတ်တွေနဲ့ ပြည့်နေခဲ့ပြီး သူ့ဒေါသကိုဖောက်ခွဲထုတ်ရမယ့် ပစ်မှတ်ရှာတွေ့သွားသည့်ပုံပေါ်လေသည်။

‘‘ သူ့ကိုပါအတူခေါ်လာခဲ့ ’’ ယုအောင်းချင်၏အသံက အရှေ့ကနေ ထွက်လာခဲ့သည်။ မြောင်လင်က အံကြိတ်လိုက်ပြီး

ရန်ကိုင်ကို ခါးသီးစွာနဲ့ စိုက်ကြည့်နေလိုက်ပြီး သူ့ကိုရှေ့ကိုတွန်းပို့လိုက်သည်။

သူတို့တွေက ကမ်းခြေတစ်လျှောက်လမ်းလျှောက်နေခဲ့ကြပြီး ကျန်ရှိနေတဲ့ လူတွေကို လိုက်ရှာနေခဲ့ကြသည်။ အခုအချိန်တွင်

သူတို့ကိုကာကွယ်ပေးမယ့် အကြီးအကဲတွေ မရှိတဲ့အတွက် လူအရေအတွက်များများ ရှိဖို့လိုပေသည်။ ဒါပေမယ့် ကမ်းခြေတွင်

တစ်နေ့လုံးလမ်းလျှောက်ပြီးနောက် နောက်ထပ်လူလေးယောက်သာ ထပ်မံရှာတွေ့ခဲ့သည်။နှစ်ယောက်က တိမ်တိုက်နီ

ဂိုဏ်းသားတွေဖြစ်ပြီး ကျန်တဲ့နှစ်ယောက်က သာမန်လူတွေပဲဖြစ်သည်။ ထို့နောက် နောက်ထပ်ယောကျာ်းလေးတစ်ယောက်နှင့်

မိန်းကလေးတစ်ယောက်ကို သူတို့ထပ်မံတွေ့ခဲ့ရသည်။ ယောကျာ်းလေးကို ချီယွမ်လို့ခေါ်ပြီး မိန်းကလေးကိုတော့

လော့ရှန်းရှန်းလို့ ခေါ်ပေသည်။ သူတို့ခွန်အားကေတော့ ချီပြောင်းလဲခြင်းအဆင့်အထွတ်အထိပ်နှင့် ချီသန့်စင်ခြင်းအဆင့်

ကြားဖြစ်သည်။ အကြီးအကဲတစ်ယောက်မှာ ရှာလို့မတွေ့တဲ့အတွက် ယုအောင်းချင်၏အမူအရာ ခါးသီးလာပုံပေါက်လေသည်။

သူမခွန်အားက အားလုံးထဲတွင်အမြင့်ဆုံးဖြစ်ပြီး ချီသန့်စင်ခြင်းအဆင့်၆ဖြစ်သည်။ ထို့ပြင်ဂိုဏ်းတွင် သူမအဆင့်အတန်းက

တော်တော်လေး မြင့်မားတဲ့အတွက် အားလုံးက သူမကိုဦးဆောင်ချင်စေသည်။ ထို့ကြောင့် သူမထပ်ရွက်ထားတဲ့

တာဝန်က ပိုပြီးကြီးမားလာခဲ့သည်။

ညအချိန်တွင်သာမန်လူသုံးယောက်က ထင်ရှာထွက်ရပြီး ကမ်းခြေတွင်မီးပုံဖိုကာ နောက်ထပ်ဘာဆက်လုပ်မလဲဆိုတာ

ဝိုင်ဖွဲ့ဆွေးနွေးကြသည်။ အချို့လူတွေက အကြီးအကဲတွေကို သွားရှာဖို့ အကြံပြုကြပြီး အချို့ကတော့ အကြီးအကဲ

တွေလာရှာမှာကို ထိုင်စောင့်ဖို့အကြံပြုကြသည်။ နောက်ဆုံးမှာတော့ ယုအောင်းချင်က ပြောလိုက်သည် ‘‘ ပျောက်ဆုံး

နေသောကျွန်းကို ရောက်လာပြီဆိုမှာတော့ ဒီအခွင့်အရေးကို အလကားလက်လွှတ်ခံလို့မဖြစ်ဘူး။ မနက်ဖြန်ကျရင်

ကျွန်းဆီကိုသွားပြီး စူစမ်းကြမယ်။ သွားရှာရင်းနဲ့ အကြီးအကဲတွေကို ရှာလို့တွေ့မယ်လို့ မျှော်လင့်ရတာပဲ ။ အကြီးအကဲ

တွေကိုမတွေ့ရင်လဲ ကံကောင်ပြီး ဒီနေရာကနေ ထွက်သွားဖို့ အခွင့်အရေးတစ်ခုခု ရှာတွေ့ခဲ့ရင်လည်း ငါတို့

ဂိုဏ်းဆီပြန်နိုင်တာပေါ့ ’’ ယုအောင်းချင်၏ ဆုံးဖြတ်ချက်ကို လူတိုင်းထောက်ခံခဲ့ကြသည်။ ပျောက်ဆုံးနေသောကျွန်းက

ရတနာတွေနဲ့ ပြည့်နေတဲ့ကျွန်းတစ်ကျွန်းဖြစ်သည်။ သူတို့ဒီကျွန်းဆီကို လာခဲ့ရတဲ့ အကြောင်းအရင်းကလည်း

ရတနာတွေရှာဖွေဖို့ပင်ဖြစ်သည်။

ရန်ကိုင်က သူတို့ပြောတာ ပြီးမယ့်အချိန်ကို စောင့်ဆိုင်းနေလိုက်ပြီးနောက် ဝင်ပြောလိုက်သည် ‘‘ ဆရာသခင်တို့၊

ဆရာတို့ကျွန်းအတွင်းပိုင်းထဲကို သွားမယ်ဆိုရင်လည်း ငါတို့ကိုဒီနေရာမှာပဲ ထားခဲ့လို့မရဘူးလား။ ငါတို့ကာ

တံငါသည်တွေသက်သက်ပဲလေ။ အန္တရာယ်တစ်ခုခုနဲ့ ကြုံလို့ရှိရင် ဆရာသခင်တို့ကို အကူအညီမဖြစ်စေပဲ

ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်စေလိမ့်မယ် ’’ ကျန်တဲ့သာမန်လူနှစ်ယောက်လည်း ရန်ကိုင်လို အတွေးမျိုးရှိကြသည်။ ဒါပေမယ့်

ရန်ကိုင်လိုတော့ မပြောရဲပေ။ ထို့ကြောင့် ယုအောင်းချင်ကိုသာ တိတ်တဆိတ်နဲ့ ကြည့်နေခဲ့ကြသည်။ ဆုံးဖြတ်ချက်က

သူမလက်ထဲမှာဆိုတာ သူတို့သိပေသည်။ ကျောင်းယုက မျက်မှောင်ကြုံ့လိုက်ပြီး ခေါင်းညိတ်ကာပြောလိုက်သည်

‘‘ ကောင်းပြီ။ နင်တို့နဲ့အတူတူသွာတာ ဝန်ထုပ်ဝန်ပိုးပဲဖြစ်လိ့မ်မယ် ’’ ယုအောင်းချင်က ထိုသုံးယောက်ကို

ကမ်းခြေတွင်ထားခဲ့ဖို့ကို ယုအောင်းချင်က သဘောတူလိမ့်မယ်လို့ သူမထင်ထားခဲ့ပေမယ့် အံ့အားသင့်စွာပဲ

ယုအောင်းချင်က သူမနဲ့ဆန့်ကျင်ဘက်ကို ပြောလိုက်သည် ‘‘ နင်တို့ကို တိမ်တိုက်နီဂိုဏ်းက ခေါ်လာခဲ့တာလေ။။

ငါတို့နင်တို့ကို ဒီမှာထားခဲ့ရင် အန္တရာယ်တစ်ခုခုနဲ့ ကြုံလို့ရှိရင် ဘာမှမလုပ်တတ်ပဲဖြစ်နေလိမ့်မယ်။ အဲ့ဒါကြောင့်

ငါတို့နဲ့လိုက်လာတာ ပိုကောင်းလိမ့်မယ်။ နင်တို့အသက်ရှင်သန်နိုင်ချေ ပိုမြင့်သွားတာပေါ့ ’’

ခွေးမ…မိန်းမပျက်မရန်ကိုင်က ကျိန်ဆဲလိုက်သည်။ ယုအောင်းချင်ရဲ့ အကြံအစည်ကို သူမသိပဲ ဘယ်နေပါ့မလဲ။

ယုအောင်းချင်က အပြင်ပန်းမှာသာ လှပတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီး ပျားသကာလိုချိုမြတဲ့စကားလုံးတွေနဲ့

ပြောဆိုနေပေမယ့် အတွင်းပိုင်းမှာတော့ အဆိပ်ပြင်းပြီး ကောကျစ်စဉ်းလဲလွန်းတဲ့ မြွေတစ်ကောင်ဖြစ်ပေသည်။

ရန်ကိုင်က စိတ်ပျက်သွားခဲ့ပေမယ့် ဒီကျွန်းအကြောင်း ဘာဆိုဘာမှ မသိတဲ့အတွက် သူတို့တွေနဲ့ လိုက်သွားတာကလည်း

အရမ်းကြီးတော့ မဆိုးလောက်ပေ။ သူတို့သာအန္တရာယ်နဲ့ ရင်ဆိုင်ရမယ်ဆိုရင် အခွင့်အရေးတစ်ခုရှာပြီး ထွက်ပြေးလို့

ရပေသည်။ ညအချိန်ရောက်လာခဲ့ပြီး တိမ်တိုက်နီဂိုဏ်းသားငါးယောက်လည်း တစ်ယောက်တစ်လှည့်စီ ကင်းစောင့်

ကြသည်။ နောက်တစ်နေ့မှာတော့ လူရှစ်ယောက်က တိမ်တိုက်နီကျွန်းအတွင်းပိုင်းထဲကို ဝင်ရောက်သွားခဲ့သည်။

နောက်ဆုံးမှာတော့ ယုအောင်းချင်၏ ဇာတိရုပ်ပြလာခဲ့ပြီဖြစ်သည်။ သူမကသာမန်လူတွေထဲက တစ်ယောက်ကို ရှေ့ကနေ

သွားခိုင်းပြီး ကျန်တဲ့သူတွေကို သူ့နောက်ကနေ လိုက်ခိုင်းလေသည်။ ထိုသာမန်လူက ရှေ့ကနေမသွားချင်ပေမယ့်

ယုအောင်းချင်၏ ခြိမ်းခြောက်မှုကြောင့် မသွားပဲမနေရဲပေ။ အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် အတွင်းပိုင်းထဲကို

သူတို့ရောက်လာခဲ့သည်။ သူတို့တွေကို သစ်ပင်ကြီးတွေက ဝန်းရံထားခဲ့ပြီး သစ်ကိုင်းကျိုးသံ၊ လေပြင်းတိုက်သံတို့ကြောင့်

ကြောက်ရွံ့စိတ်က သူတို့စိတ်ထဲခိုအောင်းလာခဲ့သည်။ ရှေ့ကနေ လမ်းလျှောက်နေတဲ့ သာမန်လူက ကြောက်လန့်မှုကြောင့်

တောင့်တင်းသွားခဲ့ပြီး သူ့ခြေထောက်တွေကလည်း ခွေ့ကျသွားခဲကာ မြေကြီးပေါ်တွင် ဒူးထောက်လျက် တောင်းပန်လေသည်။

ဒါပေမယ့် တိမ်တိုက်နီဂိုဏ်းသားတွေက သူ့ရဲ့တောင်းဆိုမှုကို လျစ်လျူရှုထားလိုက်ပြီး ဆက်ပြီးတော့သာ ရှေ့ကနေ

သွားခိုင်းလေသည်။ နောက်ဆုံးမှာတော့ ထိုသာမန်လူလည်း အားတင်းပြီးတော့ ရှေ့ကနေဦးဆောင်သွားရလေသည်။

နေ့လည်ရောက်တဲ့အချိန်မှာတော့ အသီးတွေသီးနေတဲ့ သစ်ပင်တစ်ပင်ရှေ့ကို သူတို့ရောက်လာခဲ့သည်။ သစ်ကိုင်းများဆီမှ

အသီးတွေတွဲလျောင်းကျနေခဲ့ပေမယ် ဘာသီးလဲဆိုတာ သူတို့မသိခဲ့ကြပေ။ သူတို့တစ်ဖွဲ့လုံးက မောပန်းပြီးဆာလောင်

နေကြပြီဖြစ်သည်။ ထို့ကြောင့် အခုလိုအသီးတွေ အများကြီးတွေ့လိုက်ရတဲ့အချိန် သူတို့ဝမ်းဗိုက်တွေက တဂွီဂွီမြည်လာခဲ့သည်။

လော့ချင်းချင်းက လက်ဆန့်ထုတ်လိုက်ပြီး အသီးကိုခူးကာ မြည့်ကြည့်ဖို့လုပ်လိုက်ပေမယ့် ယုအောင်းချင်က ရုတ်တရက်

ဟန့်တားလိုက်သည် ‘‘ ခဏနေဦး ’’ လော့ချင်းချင်းက ရုတ်တရက် ရပ်တန့်လိုက်ပြီး ပဟေဠိဖြစ်စွာနဲ့ ယုအောင်းချင်ကို

ကြည့်ကာမေးလိုက်သည် ‘‘ ဘာမှားနေလို့လဲ ’’ ယုအောင်းချင်က ပြန်မဖြေပဲ အသီးကိုယူကာ သာမန်လူသုံးယောက်ကို

ကြည်လိုက်သည်။ သူမဘာလုပ်ချင်လဲဆိုတာသာ လူတိုင်းသိလိုက်သည်။ ယုအောင်းချင်က သာမန်လူတွေကိုကြည့်ရင်း

သူမအကြည့်က ရန်ကိုင်ဆီရောက်သွားခဲ့ပြီး ထိုအသီးကိုပေးလိုက်သည် ‘‘ စားလိုက် ’’

ရန်ကိုင်က သူမကို ထသတ်ချင်စိတ်ကို မနည်းထိန်းချုပ်ထားလိုက်ရသည်။ ထိုအချိန်တွင် နတ်ဆိုးအိုကြီး၏အသံ

ထွက်ပေါ်လာခဲ့သည် ‘‘ စားလိုက်။ အသီးကအဆိပ်မရှိဘူး ။ ဒီခွေးမလေးက တော်တော်လေး ဆိုတားပဲ ’’

‘‘ ခင်ဗျားဒါဘာသီးလဲဆိုတာ သိတယ်လား ’’ ရန်ကိုင်က ခပ်မြန်မြန်ပဲ ပြန်မေးလိုက်သည်။ ‘‘အင်း ’’ နတ်ဆိုးအိုကြီးသာ

မပြောခဲ့ရင် ရန်ကိုင်က ထပြီးတိုက်ခိုက်ပြီးလောက်ပြီဖြစ်သည်။ ဒါပေမယ့် နတ်ဆိုးအိုကြီးက အဆိပ်မရှိဘူးလို့ ပြောလာ

မှတော့ စားလိုက်ရုံပဲပေါ့။ ဘာပဲဖြစ်ဖြစ် သူကိုယ်တိုင်ကလဲ ဆာနေတာပဲလေ။

အတွင်းပိုင်းမှာ တည်ငြိမ်သွားခဲ့ပေမယ့် ရန်ကိုင်က အပြင်းပန်းမှာတော့ တုန့်ဆိုင်းနေဟန်ဆောင်လိုက်သည်။ ယုအောင်းချင်က

ထပ်ပြောလိုက်သည် ။ ရန်ကိုင်လည်း တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ စားလိုက်သည်။ ပျားရည်လိုချိုမြတဲ့အရသာသာတစ်ခုက

သူ့ပါးစပ်ထဲ ဝင်ရောက်လာခဲ့သည်။ ‘‘ ထပ်စားဦး ’’ ယုအောင်းချင်က အေးစက်စက်နဲ့ ပြောလိုက်သည်။ ‘‘နတ်ဆိုးအိုကြီး၊

ငါသာဒီမိန်းမကို သတ်နိုင်ခဲ့ရင် ခင်ဗျားသူမစိတ်ဝိဉာဉ်ကို ကျိန်းသေနှိပ်စက်ပေးရမယ် ’’ ရန်ကိုင်က ပြောလိုက်သည်။

‘‘ ဒီအစေံအိုကြီးက သခင်လေးရဲ့ အမိန့်အတိုင်းပါ ’’ နတ်ဆိုးအိုကြီးက ရက်စက်ကြမ်းကြုတ်စွာနဲ့ ရယ်မောလိုက်သည်။

ရန်ကိုင်က အသီးတစ်လုံးလုံးကို စားလိုက်ပြီးနောက် ကျန်တဲ့လူတွေက သူ့ကိုစောင့်ကြည့်နေခဲ့ကြသည်။ နာရီဝက်လောက်

ကြာတဲ့အချိန်မှာတော့ ရန်ကိုင်အဆင်ပြေနေတာကို တွေ့လိုက်ရတော့မှာပဲ ယုအောင်းချင်လည်း စိတ်သက်သာရာ

ရသွားခဲ့သည်။ ထို့နောက် သူမလက်ကိုဝှေ့ရမ်းလိုက်ပြီး ပြောလိုက်သည် ‘‘ အားလုံးစားလို့ရပြီ။ ဒီမှာခဏနားမယ်။

ပြီးမှဆက်သွားကြမယ် ’’

မြောင်လင်းနဲ့ချီယွမ်းအသီးတွေကို သွားခူးလိုက်ပြီး တိမ်တိုက်နီဂိုဏ်းက မိန်းကလေးသုံးယောက်ကို ပေးလိုက်သည်။

မြောင်လင်းက ဖားယားဖို့ လုံးဝမမေ့ခဲ့ချေ ‘‘ စီနီယာအစ်မချင်က တကယ်ကိုတွေးတတ်တာပဲ။ စီနီယာအစ်ကြောင့်သာ

မဟုတ်ဘူးဆိုရင် ရက်အနည်းငယ်အတွင်းငါတို့အဆိပ်မိပြီးသေလောက်တယ် ’’ ကျောင်းယုကလည်း ပြောလိုက်သည်

‘‘ ဟုတ်တယ်။ စီနီယာအစ်မချင်ရဲ့ ဉာဏ်ပညာကြီးမာမှုကို အရင်ကတည်းကြားခဲ့ရတာ။ အခုမှပဲ လက်တွေ့မြင်

ရတော့တယ် ’’ လူအများကြီးက သူမကိုဝိုင်းချီးကျူးနေတာ ကြားလိုက်ရတော့ ယုအောင်းချင်က ဖွဖွလေးပြုံးလိုက်သည်။

တိမ်တိုက်နီဂိုဏ်းသားတွေက စားသောက်နေတဲ့အချိန် ရန်ကိုင်တို့သုံးယောက်ကလည်း ထိုင်မနေခဲ့ချေ။ သူတို့တွေလည်း

ပါးစပ်ထဲကို ကာသလောက် ထိုးသိပ်ထည့်နေခဲ့ကြသည်။ ထို့နောက် သူတို့နောက်တစ်ကြိမ ်ခရီးထွက်ကြပြန်သည်။

ရန်ကိုင်ကအသီးကို မြည်စမ်းခဲ့ရတဲ့အတွက် ဒီတစ်ကြိမ်မှာတော့ အခြားတစ်ယောက်က ရှေ့ကနေဦးဆောင်ရသည်။

သိပ်မကြာခင်မှာပဲ ချီယွမ်က ရုတ်တရက် ဘေးတစ်နေရာကို ညွှန်ပြလိုက်သည် ‘‘ ကြည့်လိုက်၊ အဲ့မှာတစ်ခုခု

ရှိနေတယ် ’’ ရန်ကိုင်လည်း ချီယွမ်ညွှန်ပြတဲ့နေရာကို ကြည့်လိုက်တဲ့အချိန် မြက်ပင်ပေးတွင် တစ်ခုခုလင်းလက်နေတာကို

တွေ့လိုက်ရသည်။‘‘ သွားကြည့်ကြစို့ ’’ ယုအောင်းချင်က ပြောလိုက်သည်။ သိပ်မကြာခင်မှာပဲ သူတို့သုံးယောက်

ထိုနေရာအကွာမှ ပေသုံးရာအကွာသလို့ ရောက်လာခဲ့သည်။ ယုအောင်းချင်က အရင်မသွားသေးပဲ သာမန်လူတစ်ယောက်ကို

အရင်သွားခိုင်းလိုက်သည်။

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၄) သရုပ်မှန်ပေါ်သွားခဲ့ခြင်း

ထိုသာမန်လူက တုန်တုန်ရီရီနဲ့ ထိုနေရာကို သွားစစ်ဆေးလိုက်ပြီး ပြန်လာကာပြောလိုက်သည် ‘‘ သခင်လေးတို့ အဲ့ဒါက

မြက်ပင်သေးသေးလေက လွဲပြီးဘာမှမဟုတ်ပါဘူး ’’ သူပြောတာကို ကြားလိုက်ရတဲ့အချိန် တိပ်တိုက်နီဂိုဏ်းသားတွေက

ပိုပြီးစိတ်ဝင်စားသွားခဲ့သည်။ ကျောင်းယုကအလျင်စလို မေးလိုက်သည် ‘‘ ဘာမြက်ပင်မျိုးလဲ’’ ‘‘ နှင်းအရောင်နဲ့

အရမ်းလှတဲ့ မြက်ပင်လေးတစ်ပင်ပဲ။ ခူးလာပေးရမလား ’’ ထိုသာမန်လူကမေးလိုက်သည် ‘‘မထိနဲ့ ’’ ယုအောင်းချင်က

အော်လိုက်သည်။ ထို့နောက် တိမ်တိုက်နီဂိုဏ်းသားငါးယောက်ကို ဦးဆောင်ပြီး ထိုမြက်ပင်ရှိတဲ့နေရာကိုသွားလိုက်သည်။

ရန်ကိုင်လည်း သူတို့နောက်ကနေ လိုက်ပါသွားခဲ့သည်။ ‘‘ ဘုရားရေ ’’ ကျောင်းယုက ထိတ်လန့်တကြား အော်ပြောလိုက်သည်

‘‘အဲ့ဒါက နှင်းကျောက်စိမ်းမြက်ပဲ ’’ ယုအောင်းချင်က ပြုံးလိုက်ပြီး ‘‘ အဲ့ဒါကမြေကမ္ဘာအဆင့်နိမ့် ဝိဉာဉ်မြက်ပင်ပဲ ’’

လော့ချင်းျင်းက စိတ်လှုပ်ရှားနေခဲ့ပြီး ချီယွမ်နဲ့ မြောင်လင်တို့ကတော့ လုံးဝကိုတည်ငြိမ်နေခဲ့သည်။ ထိုနှင်းကျောက်စိမ်းမြက်ပင်

ဆိုတာ မိန်းကလေးအတွက် အထူးအသုံးဝင်တဲ့ ဝိဉာဉ်မြက်ပင်တစ်ပင်ဖြစ်သည်။ ရန်ကိုင်လည်း ထိုမြက်ပင်နဲ့အနည်းငယ ်

ဆင်တူတဲ့ မိန်းမလှဝတ်ဆံကို တိမ်တိုက်နီကျွန်းတွင် ရခဲ့ဖူးပေသည်။ မိန်းမလှဝတ်ဆံကိုသုံးလိုက်ရင် မိန်းကလေးတစ်ယောက်ကို

ပိုပြီးချောမောလာစေပေမယ့် နှင်းကျောက်စိမ်းပန်းပွင့်ကို သုံးစွဲလိုက်မယ်ဆိုရင်တော့ အသားအရေကို နှင်းလို၊မွေးခါစကလေး

တစ်ယောက်လို ကြည်လင်တောက်ပလာစေပေလိမ့်မည်။ ထိုနှစ်ခုကိုသာအတူတကွ သုံးစွဲလိုက်မယ်ဆိုရင် ရုပ်ဆိုးတဲ့

မိန်းကလေးတစ်ယောက်ကို မိန်းမလှတစ်ယောက်ဖြစ်သွားစေနိုင်ပေသည်။

မိန်းမတွေဆိုတာ အလှအပကို အလွန်နှစ်ခြိုက်ပေသည်။ မိန်းကလေးသုံးယောက်ထဲတွင် မလှချင်တဲ့သူမရှိပေ။ ထို့ကြောင့်

နှင်းကျောက်စိမ်းပန်းပွင့်ကို မြင်လိုက်တာနဲ့ သူတို့သုံးယောက်စလုံး အလွန်အမင်း ပျော်ရွှင်သွားခဲ့ကြသည်။ ‘‘ ငါတို့

ကျွန်းကိုစပြီး စူးစမ်းရုံပဲ ရှိသေးတယ်။ ရတနာတစ်ခုရလိုက်ပြီ။ ကြည့်ရတာ ဒီခရီးကတော်တော်လေး အကျိုးရှိတဲ့ပုံပဲ ’’

မြောင်လင်က တော်တော်လေး စိတ်လှုပ်ရှားသွားခဲ့သည်။ ယုအောင်းက ယဉ်ကျေးမနေခဲ့ပေ။ နှင်ကျောက်စိမ်းမြက်ပင်ကို

ဆွဲနှုတ်လိုက်ပြီး ကျောက်စိမ်းသေတ္တာတစ်လုံးထဲ ထည့်သိမ်းထားလိုက်သည်။ ကျောင်းယုနှင့်လော့ချင်းချင်းတို့နှစ်ယောက်

တုန့်ဆိုင်းနေခဲ့ပေမယ့် နောက်ဆုံးမှာတော့ ကြည့်ပဲကြည့်နေလိုက်ကြသည်။ ယုအောင်းချင်က ရယ်လိုက်လေသည်‘‘ ဂိုဏ်းကို

ပြန်ရောက်တဲ့အချိန် ဒီဆေးပင်ကို ဆေးလုံးနည်းနည်းလောက ်လုပ်လို့ရလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ဂျူနီယာညီမနှစ်ယောက်

လည်း အကျိုးအမြတ်ကို ခံစားရမှာပေါ့ ’’

အခုအချိန်က မောက်မာလို့ကောင်းတဲ့ အချိန်မဟုတ်မှန်း သူမသိလေသည်။ ထို့ကြောင့် ကျန်တဲ့နှစ်ယောက်ကို နှစ်သိမ့်

ရပေမည်။ လုံလောက်သွားခဲ့လေပြီ။ ကျောင်းယုနှင့်လော့ချင်းချင်းတို့နှစ်ယောက် ပြုံးလိုက်သည် ‘‘ စီနီယာအစ်မချင်းကို

ကျေးဇူးတင်ပါတယ်’’ မြေကမ္ဘာအဆင့်နိမ့်မြက်ပင်တစ်ပင်ကို ရလိုက်တာနဲ့ တိမ်တိုက်နီဂိုဏ်းသားတွေစိတ်ထဲ ကျန်ရှိနေတဲ့

စိုးရိမ်ပူပန်မှုတွေအကုန်လုံး ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့လေပြီ။ အခုအချိန်တွင ်သူတို့စိတ်ထဲ ကြောက်ရွံ့မှုအစား

ပျောက်ရွှင်မှုက အစားထိုးဝင်ရောက်လာခဲ့သည်။ ပျောက်ဆုံးနေသာကျွန်းက တကယ်ကိုရတနာတွေနဲ့ ပြည့်နေတဲ့ ကျွန်းကြီး

တစ်ကျွန်းပင်ဖြစ်သည်။ နှစ်ရက်လောက် စူးစမ်းရှာဖွေပြီးတဲ့အချိန် သူတို့အားလုံး တော်တော်လေးမြတ်သွားခဲ့ကြသည်။

ရှားပါးတဲ့ဆေးပင်တစ်ဒါဇင်ကျော်လောက် စုဆောင်းမိခဲ့ပြီး အားလုံးက မြေကမ္ဘာအလယ်အလတ်အဆင့်နှင့်အထက်အဆင့်

ဖြစ်ကာ ကောင်းကင်အဆင့်ဆေးပင်တစ်ပင်၊နှစ်ပင်တောင်ပါသေးပေသည်။

ဒီနေ့မှာတော့ သူတို့လမ်းလျှောက်နေစဉ် ပါးလွှာတဲ့မြူခိုးတစ်ခုက သူတို့ရှေ့တွင် ရုတ်တရက်ပေါ်လာခဲ့သည်။ ထိုမြူခိုးက

တော်တော်လေး ထူးဆန်းပြီး ရှေ့ကနေလမ်းလျှောက်နေတဲ့ သာမန်လူကနောက်ပြန်လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံး

တွေက ကြောက်ရွံ့မှုတွေနဲ့ ပြည့်နေခဲ့သည်။ ‘‘ ဆက်သွား ’’ ယုအောင်းချင်က အမိန့်ပေးလိုက်သည်။ သူမ၏အေးစက်စက်

မျက်နှာလှလှလေးပေါ်တွင် ရက်စက်ကြမ်းကြုတ်တဲ့ အမူအရာတစ်ခုကိုဆင်မြန်းထားခဲ့သည်။ ထိုလူလည်း အကူအညီမဲ့စွာနဲ့

ရှေ့ဆက်သွားလိုက်ရသည်။ ထိုလူက မြူခိုးထဲတွင် ဝင်သွားတာနဲ့ တရှုးရှုးတရှဲရှဲအသံတွေ ထွက်ပေါ်လာခဲ့ပြီး

သိပ်မကြာခင်မှာပဲ ကြက်သီးမွှေးညင်းထစရာကောင်းတဲ့ အော်သံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ထိုလည်းလည်း မြေကြီးပေါ်

လဲကျသွားကာ တွန့်လိမ်နေခဲ့သည်။ လူတိုင်း၏မျက်နှာ ဖြူလျော်သွားခဲ့ကြပြီး ခပ်မြန်မြန်ပဲ နောက်ပြန်ဆုတ်လိုက်ကြသည်။

ထိုလူခန္ဓာကိုယ်ကနေ အဖြူရောင်အငွေ့တွေ ထွက်ပေါ်လာခဲ့ပြီး အသားတွေ တဖြည်းဖြည်းအရည်ပျော်ကျသွားခဲ့ပြီး

သိပ်မကြာခင်မှာပဲ ထိုလူ၏ခန္ဓာကိုယ်တစ်ခုလုံး သွေးအိုင်ဖြစ်သွားခဲ့သည်။

ကျန်းယုနှင့်လော့ချင်းချင်းတို့နှစ်ယောက်စလုံး ဖြူဖတ်ဖြူလျော်ဖြစ်သွားခဲ့ပြီး အော့အန်လိုက်ကြသည်။

မြောင်လင်နဲ့ချီယွမ်တို့နှစ်ယောက်က မိန်းကလေးနှစ်ယောက်လောက် အခြေအနေမဆိုးပေမယ့် အကောင်းကြီးလို့တော့

မဆိုလိုချေ။ ယုအောင်းချင်၏ မျက်တောင်ရှည်ရှည်လေးတွေ တုန်ရင်သွားခဲ့ပြီး သူမမျက်နှာတစ်ခုလုံး သွေးမရှိတော့သလို

ဖြူရော်သွားခဲ့သည်။ သူမကိုယ်တိုင်လည်း ကြောက်လန့်နေပေမယ့် ကျန်းယုနှင့်လော့ချင်းချင်းတို့လောက်တော့ အခြေအနေ

မဆိုးသေးပေ။ လူအားလုံးထဲတွင် ရန်ကိုင်တစ်ယောက်သာ တည်တည်ငြိမ်ငြိမ်နဲ့ ရှိနေပေသည်။ သို့ပေမယ့်

သူ့ကျောရိုးတစ်ခုလုံး စိမ့်တက်သွားခဲ့ရသည်။ ထိုလူနေရာမှာသာ ရှေ့ကိုသွားရတဲ့လူက သူဖြစ်နေခဲ့မယ်ဆိုရင်

ရန်ကိုင်ဆက်ပြီးမတွေးရဲတော့ချေ။ ဒါပေမယ့် ယုအောင်းချင်ကသာ သူ့ကိုအမိန့်ပေးခဲ့မယ်ဆိုရင် ရန်ကိုင်ကလည်း

စွန်စားလိမ့်မည် မဟုတ်ချေ။

‘‘အဆိပ်မြူတစ်ခုပဲ ’’ ယုအောင်းချင်က တည်ငြိမ်အောင် မနည်းထိန်းထားပြီး ကျန်တဲ့လူတွေကို ပြောလိုက်သည်။ သို့ပေမယ့်

တည်ငြိမ်အောင် ကြိုးစားခဲ့ပေမယ့် တုန်ရီနေတုန်းပင်‘‘ အားလုံးနောက်ပြန်ဆုတ်ကြ ’’ လူတိုင်းလည်း ချက်ချင်းပဲ နောက်ဆုတ်

လိုက်ကြသည်။ မိုင်ပေါင်းများစွာ နောက်ဆုတ်ပြီးတဲ့အချိန်မှပဲ လူတိုင်းစိတ်သက်သာရာ ရသွားခဲ့သည်။ အခုလို လွတ်မြောက်

လာခဲ့ရတဲ့အတွက ်တိမ်တိုက်နီဂိုဏ်းသားတွေက ယုအောင်းချင်ကို ကျေးဇူးတင်နေခဲ့ကြသည်။ သူမရဲ့သတိပေးမှု

ကြောင့်သာမဟုတ်ရင် သူတို့ရဲ့ကံကြမ္မာကတော့ မတွေးရဲစရာပင်။ သာမန်လူတွေကိုခေါ်ဆောင်လာဖို့ ဆုံးဖြတ်ခဲ့တဲ့

ယုအောင်းချင်၏ဆုံးဖြတ်ချက်ကို သူတို့တော်တော်လေး လေးစားနေခဲ့ကြသည်။

ရန်ကိုင်ကိုယ်တိုင်ကလည်း အခွင့်အရေးတစ်ခုရှာပြီး ထွက်ပြေးရမယ်ဆိုတာ သိပေသည်။ မဟုတ်ရင် နောက်တစ်ကြိမ ်

အန္တရာယ်နဲ့တွေ့တဲ့အခါ ယုအောင်းချင် သူ့ကိုစတေးခံအဖြစ် အန္တရာယ်ထဲ တွန်းပို့ပေလိမ့်မည်။ သူသာဒီလူအုပ်ထဲမှာ

ဆက်နေခဲ့မယ်ဆိုရင် အနှေးနဲ့အမြန် ထိုခွေးမသတ်တာခံရပေလိမ့်မည်။ အခုအချိန်တွင် သူအခွင့်အရေး တစ်ခုလိုအပ်နေ

ပေသည်။ ဘယ်သူမှသူ့ကိုဂရုမစိုက်နိုင်မယ့် အတားအဆီးတစ်ခုပင်ဖြစ်သည်။ လူတိုင်းအနားယူနေစဉ် ပေါက်ကွဲသံတွေက

ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်မျက်မှောင်ကြုံ့လိုက်မိသည်။ ‘‘ အဲ့ဒါဘာလဲ ’’ မြောင်လင်းက တုန်လှုပ်

ခြောက်ခြားသွားခဲ့ပြီး ကြောက်လန့်မှုကြောင့် ထခုန်လိုက်သည်။ ‘‘ ဘာအသံလဲ ’’ ချီယွမ်ကမေးလိုက်သည်။ ‘‘ တိတ်တိတ်နေ။

စကားပြောနေတာရပ်ပြီး အာရုံစိုက်နားထောင်ကြ ’’ ယုအောင်းချင်က အမိန့်ပေးလိုက်သည်။

လူအုပ်ကြီးလည်း သေချာနားထောင်ကြည့်လိုက်တဲ့အချိန် တဝှီဝှီမြည်သံတွေကို ကြားလိုက်ရသည်။ ထိုအသံက

ပျားတွေဆီကလာတဲ့အသံနဲ့ တော်တော်လေး တူညီပေသည်။ ထို့နောက် သူတိုရပ်နေတဲ့ မြေကြီးကတုန်ခါလာခဲ့ပြီး

အက်ကြောင်းတွေ ထွက်ပေါ်လာခဲ့သည်။ ‘‘သေစမ်း၊၊ ပြေးကြ’’ ယုအောင်းချင်၏မျက်နှာညိုးကျသွားခဲ့ပြီး အားလုံးကို

အော်ပြောလိုက်သည်။ တိမ်တိုက်နီဂိုဏ်းသားတွေလည်း သူမနောက်ပြေးလိုက်သွားကြသည်။ အခွင့်အရေးရှာပြီး

ထွက်ပြေးဖို့လုပ်နေတဲ့ ရန်ကိုင်လည်း သူတို့နောက်ကိုလိုက်သွားခဲ့သည်။ အခုအချိန်က ထွက်ပြေးလို့ကောင်းပေမယ့်

သူ့ရန်သူအကြောင်း ဘာဆိုဘာမျှ သူမသိသေးပေ။ ထို့ကြောင့် တိမ်တိုက်နီဂိုဏ်းသားတွေနောက်လိုက်ပြီး ထိုအကြောင်းကို

စစ်ဆေးကြည့်ရပေမည်။

သူတို့အဝေးကြီးရောက်အောင်တောင် မပြေးရသေးခင်မှာပဲ နောက်ကနေ အော်သံတစ်သံကိုကြားလိုက်ရသည်။

သူတို့လှည့်ကြည့်လိုက်တဲ့အချိန် သူတို့မြင်လိုက်ရတဲ့မြင်ကွင်းက သူတို့ဝိဉာဉ်တွေကို လွင့်ပျံသွားမတတ် ဖြစ်သွားစေခဲ့သည်။

နောက်ဆုံးသားမန်လူကို ပန်းကန်လုံးအရွယ်ရှိတဲ့ အနက်ရောင်အင်းဆက်တွေက ဝန်းရံနေခဲ့သည်။ သူ့အဝတ်အစား

တွေသာမက အသားတွေပါ တစ်စီစုတ်ဖြဲခံလိုက်ရပြီ အသက်ရှုချိန်တစ်ရှိုက်စာလောက်မှာပဲ ထိုလူမြေကြီးပေါ် ကျသွားခဲ့သည်။

လူတိုင်းက သူတို့မျက်လုံး သူတို့မယုံကြည်နိုင်ဖြစ်နေခဲ့ကြသည်။ ထိုအင်းဆက်တွေ ဘယ်လောက်ကြောက်ဖို့ကောင်းကြောင်း

သိလိုက်တာနဲ့ တိမ်တိုက်နီဂိုဏ်းသားတွေအကုန်လုံး နောက်ကျတဲ့ခြေထောက် သစ္စာဖောက်အလား ပြေးတော့လေသည်။

အခုအချိန်တွင် သူတို့ဂရုစိုက်တာ သူတို့အသက်ပင်။ အခြားဘယ်သူ့အသက်မှ သူတို့အသက်လောက် အရေးမကြီးပေ။

ပြေးနေရင်း ယုအောင်းချင်က ရုတ်တရက်ရပ်တန့်လိုက်သည်။ ကျန်တဲ့သူတွေက မေးလိုက်ကြသည်‘‘ ဘာမှားနေလို့လဲ ’’

‘‘ အဲ့ကောင်တွေက ငါတို့ရှေ့မှာ။ ငါတို့ဝန်းရံထားခံရပြီ ’’ ယုအောင်းချင်

မျက်နှာဖြူဖတ်ဖြူရော်ဖြစ်သွားခဲ့သည်။ လူတိုင်းကရှေ့ကို အာရုံစိုက်လိုက်တဲ့အချိန် ရှေ့ဘက်ကနေ တဝှီဝှီမြည်သံတွေကို

ကြားလိုက်ရသည်။ ကြောက်မက်ဖွယ်ကောင်းတဲ့ အင်းဆက်အုပ်ကြီးက သူတို့ဆီတိုးလာနေခဲ့သည်။ ‘‘ တိုက်’’ ယုအောင်းချင်က

ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။ တိမ်တိုက်နီဂိုဏ်းသားတွေလည်း သူတို့ရဲ့လက်နက်တွေကို ထုတ်လိုက်ကြပြီး

စတင်တိုက်ခိုက်ကြသည်။ အင်းဆက်အုပ်က ကြီးမားပေမယ့် သူတို့အဆင့်ကနိမ့်ကျပေသည်။ သူတို့ငါးယောက်စုပေါင်းပြီး

တိုက်ခိုက်လိုက်တဲ့အချိန်မှာတော့ အင်းဆက်အနည်းငယ်ကိုသတ်ဖြတ်နိုင်ခဲ့သည်။ မျှော်လင့်ချက်ရေးရေးလေး မြင်တွေ့

လိုက်ရတဲ့အချိန် ပိုပြီးရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်လိုက်သည်။

တိမ်တိုက်နီဂိုဏ်းသားတွေ တိုက်ခိုက်နေတဲ့အချိန် ရန်ကိုင်က သူတို့နောက်မှာသာ နေခဲ့သည်။ တိမ်တိုက်နီဂိုဏ်းသားများ၏

တိုက်ခိုက်မှုက အင်းဆက်တွေရဲ့အာရုံကိုဆွဲဆောင်ထားသဖြင့် ထိုအင်းဆက်တွေက သူ့ကိုအနှောင့်အယှတ်အဖြစ်

မမှတ်ယူထားခဲ့ကြပေ။ ‘‘ နတ်ဆိုးအိုကြီး၊ အဲ့ဒါတွေက ဘာကောင်တွေလဲ ’’ ရန်ကိုင်က မေးလိုက်သည်။ ‘‘ ဒီကအစေခံအိုကြီး

လည်းမသိဘူး ’’ ‘‘ ခင်ဗျားလည်း မသိဘူးလား ’’ ရန်ကိုင်လည်း ပြောစရာမဲ့သွားခဲ့သည်။ နတ်ဆိုးအိုကြီးက အကူအညျီမဲ့စွာနဲ့

ပြန်ပြောလိုက်သည်။ ‘‘ ဒီအစေခံအိုကြီးကို ခွင့်လွှတ်ပေးပါသခင်လေး။ ဒီအစေခံအိုကြီးက နှစ်ပေါင်းများစွာ အသက်ရှင်သန်

ခဲ့ရပေမယ့် ဗဟုသုတအရမ်းကြီးမကြွယ်ပါဘူး …..’’အခုလိုသေရေး၊ရှင်ရေး အခြေအနေရောက်နေတာတောင် ဒီနတ်ဆိုး

အိုကြီးက စကားများနေတုန်းထိုအချိန်တွင် ချီယွမ်က ရုတ်တရက် သူ့ကော်လာကိုလှမ်းဆွဲလိုက်တာကို ရန်ကိုင်တွေ့လိုက်

ရသည်။ အင်းဆက်တွေအများကြီးကို မခုခံနိုင်တဲ့အတွက် ရန်ကိုင်ကို ဒိုင်းကာအဖြစ် အသုံးပြုချင်နေတာဖြစ်သည်။

ရန်ကိုင်မျက်နှာမည်းမှောင်သွားခဲ့ပြီး သူဆက်ပြီးပုန်းကွယ်နေလို့ မရတော့မှန်းသိလိုက်သည်။ ထို့နောက် ချက်ချင်းပဲ

ချီစွမ်းအင်ကို လှည့်ပတ်လိုက်ပြီး ချီယွမ်၏လက်မောင်းကို ပြန်ဖမ်းကိုင်ကာ အားကုန်သုံးကို သူ့ကိုအင်းဆက်အုပ်ထဲ

လွှင့်ပစ်လိုက်သည်။ ‘‘ အား….’’ ချီယွမ်လည်း ကြောင်သွားပုံရသည်။ သူ့ကိုယ်သူဘယ်လိုလွှင့်ပစ်ခံလိုက်ရမှန်းတောင်

မသိခဲ့ချေ။ နောက်တစ်ခဏမှာတော့ အင်းဆက်အုပ်ထဲ ရောက်နေခဲ့ပြီး အင်းဆက်တွေက သူ့ကိုဝိုင်းရံနေကာ စူးရှတြံ

နာကျင်မှုက သူ့တစ်ကိုယ်လုံးပျံ့နှံ့နေခဲံသည်။ ‘‘ချီယွမ် ’’ ကျန်းယုက ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး

ချက်ချင်းပဲ ရန်ကိုင်ကိုအေးစက်စက်နဲ့ စိုက်ကြည့်လိုက်သည်။ ရန်ကိုင်ကလှောင်ပြောင်းလိုက်ပြီး ယန်ချီတွေသူ့ခန္ဓာကိုယ်ကနေ

ပေါက်ကွဲထွက်လာခဲ့ကာ မီးဘောလုံးတစ်လုံး ထင်မှတ်သွားရစေသည်။

ကျန်ရှိနေတဲ့ တိမ်တိုက်နီဂိုဏ်းသား လေးယောက်စလုံး ကြောင်အသွားခဲ့သည်။ လွန်ခဲ့တဲ့ရက်အတောအတွင်း သူတို့အမိန့်ပေး

ခိုင်းစေနေတဲ့ သာမန်လူတစ်ယောက်က ကျင့်ကြံသူတစ်ယောက်ဖြစ်နေခဲ့မယ်လို့ သူတို့ဘယ်တုန်းကမှ မထင်ထားခဲ့ချေ။

ကြောင်အနေတဲ့ တိမ်တိုက်နီဂိုဏ်းသားတွေကို လျစ်လျူရှုထားလိုက်ပြီး ချီယွမ်ကိုလွှင့်ပစ်ခဲ့တဲ့ အင်းဆက်အုပ်ကြီးဆီ

တစ်ဟုတ်ထိုးပြေးဝင်သွားခဲ့သည်။ အင်းဆက်တွေက သူ့ကိုချက်ချင်းဝန်းရံလိုက်ကြသည်။ အင်းဆက်တွေရဲ့ တောင်ပံတွေက

သူ့ရဲ့ယန်ချီတွေကိုမခံနိုင်ကြပေ။ တောင်ပံတွေမရှိတော့တာနဲ့ အင်းဆက်တွေလည်း ပေါက်စီတုံးကြီးတွေအလား

မြေကြီးပေါ်ကို ပြုတ်ကျကုန်ကြသည်။ တိမ်တိုက်နီဂိုဏ်းသားတွေက ယန်ချီတွေဝန်းရံနေပြီး မီးဘောလုံးတစ်ခုအလား

အင်းဆက်အုပ်ထဲကို ပြေးဝင်သွားတဲ့ ရန်ကိုင်ကို ငေးကြောင်ကြည့်နေခဲ့ကြသည်။ မြောင်လင်က အံ့သြလွန်းလို့ သူ့မေးရိုးက

မြေကြီပေါ်ပြုတ်ကျလုမတ်တတ်ဖြစ်နေခဲ့ပြီး ထိတ်လန့်လွန်းလို့ စကားတောင် မပြောနိုင်တော့ချေ။ ‘‘ ကြောင်အမနေနဲ့၊

ဆက်ပြီးတိုက်ကြ ’’ ယုအောင်းချက် ရန်ကိုင်၏နောက်ကျောကို ခါးသီးစွာကြည့်ရင်း သွားကျိုးမတတ် အံကြိတ်ကာ

ပြောလိုက်သည်။အဲ့ကောင်က သာမန်လူမဟုတ်ဘူး။ ခွန်အားကိုဖုံးကွယ်ထားတဲ့ ကျင့်ကြံသူတစ်ယောက်ပဲ

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၅) ပိတ်မိခြင်း

အင်းဆက်တွေက တိုက်ခိုက်ဖို့ ခက်ခဲမယ်လို့ တွေးထားခဲ့ပေမယ့် တိုက်ခိုက်ကြည့်တော့မှ သိပ်မခက်မှန်း သိလိုက်သည်။

ယုအောင်းချင်နှင့် တိမ်တိုက်နီဂိုဏ်းသားတွေအတွက ်စိတ်ခေါ်မှုတစ်ခု ဖြစ်ပေမယ့် သူ့အတွက်တော့ အရမ်းကိုလွယ်ကူ

ပေသည်။ အင်းဆက်တောင်ပံတွေ ကျိုးပဲ့လွယ်တဲ့အတွက် သူ့ရဲ့ယန်ချီကိုအသုံးပြုရုံနဲ့တင် ထိုအတောင်ပံတွေကို

လောင်ကျွန်းပစ်နိုင်လေသည်။ မပျံသန်းနိုင်တော့တာနဲ့ ထိုအင်းဆက်တွေက သူ့ကိုမခြိမ်းခြောက်နိုင်တော့ပေ။ ထိုအင်းဆက်

တွေရဲ့ အားသာချက်က အရေအတွက်ပင်ဖြစ်သည်။ ရန်ကိုင်က လှုပ်ရှားမှုပညာရပ်ကို အသုံးပြုလိုက်ပြီး အင်းဆက်အုပ်

ဆီမှ မိုင်အနည်းငယ်အကွာဆီ ပြေးထွက်သွားလိုက်သည်။ ဒါပေမယ့် ရုတ်တရက ်သူရပ်တန့်လိုက်ရသည်။သူ့ရှေ့တွင်

အဆိပ်မြူခိုးထုကြီး ရှိနေခဲ့လေသည်။ဘာဖြစ်တာလဲ ငါထွက်ပြေးလာတာ မဟုတ်ဘူးလားရန်ကိုင်လည်း မသေချာခဲ့ချေ။

ပြေးပေါက်တစ်ပေါက်လောက်များ တွေ့မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ မြူခိုးထုအစွန်ပိုင်းဆီ ပြေးသွားလိုက်သည်။

ဒါပေမယ့် နာရီဝက်လောက် ကြာတဲ့အချိန်မှာတော့ အရိုးပုံတစ်ပုံက သူ့ရှေ့တွင်ပေါ်လာခဲ့ပြီး ရန်ကိုင်မျက်နှာလည်း

မည်းမှောင်သွားခဲ့သည်။ ထိုအရိုးပုံက သေသွားခဲ့တဲ့ သာမန်လူဆီကဖြစ်သည်။ သူ့အရှိန်ကို မရပ်တန့်ခဲ့ပဲ

ရန်ကိုင်က ဆက်ပြေးနေလိုက်သည်။ ဒါပေမယ့် ခဏကြာတဲ့အချိန်မှာတော့ ရန်ကိုင်မျက်နှာ မိုးပြိုတော့မတတ်

ဖြစ်လာခဲ့သည်။ သူ့နဲ့သိပ်မဝေးတဲ့နေရာတွင် အလောင်းတစ်လောင်း ရှိနေခဲ့သည်။ ဒါပေမယ့် ထိုအလောင်းကို

မှတ်မိဖို့ တော်တော်လေး ခဲယဉ်ပြီး အလောင်းနားတစ်ဝိုက် ပြန့်ကျဲနေတဲ့ အဝတ်အပိုင်းအစတွေက သူနဲ့တော်တော်လေး

ရင်းနှီးပေသည်။ ထိုအဝတ်အပိုင်းအစတွေက တိမ်တိုက်နီဂိုဏ်းသား၏ အဝတ်စပင်ဖြစ်သည်။ ထိုအလောင်းနားတွင်

ရှိနေတဲ့လက်နက်အရ အလောင်းပိုင်ရှင်က တိမ်တိုက်နီဂိုဏ်းသား ချီယွမ်ပဲဖြစ်ပေသည်။

ငါက တစ်ချိန်လုံး စက်ဝိုင်းပုံသဏ္ဍာန် ပတ်ပြေးနေတာပဲဆယ်မိုင်ပတ်ပတ်လည်လုံး မြူခိုးတွေနဲ့ဝိုင်းနေခဲ့သည်။ အခုအချိန်မှာပဲ

ထိုအင်းဆက်တွေက ရင်ဆိုင်ဖို့ဘယ်လောက်ခက်ခဲမှန်း ရန်ကိုင်သိလာခဲ့သည်။ ထိုအင်းဆက်တွေက သူ့ယန်ချီကိုအားနည်း

ပေမယ့် အလွန်အမင်းကို အဆိပ်ပြင်းလွန်းတဲ့ အဆိပ်ဓါတ်ငွေ့တွေကို ထုတ်လွှတ်နိုင်ပေသည်။ ထိုမြူခိုးထုကို မထိုးဖောက်

နိုင်သရွေ့ အင်းဆက်အုပ်ဆီကနေ ထ ွက်ပြေးလို့ မလွတ်မြောက်နိုင်ချေ။အဆိပ်ဓါတ်ငွေ့ တိုက်စားတာကို ငါခံနိုင်ပါ့မလား။

ရန်ကိုင်မျက်မှောင်ကြုံ့လိုက်မိသည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် စမ်းသပ်ကြည့်ဖို့ဆုံးဖြတ်လိုက်သည်။ မြူခိုးထု

အစွန်ဖျားတွင် တည်ငြိမ်တဲ့အမူအရာနှင့် ရပ်နေရင်း သူ့လက်ကိုဖြေးဖြေးချင်း ဆန့်ထုတ်လိုက်သည်။ သူ့ချီစွမ်းအင်ကို

အဆုံးစွန်ထို တွန်းပို့လိုက်ပြီး ရွှေရောင်အရိုးခြောက်အစွမ်းကိုပါ အသုံးပြုလိုက်သည်။ မြူခိုးထုကိုထိလိုက်တာနဲ့

ဓါတ်လိုက်သည့်အလား ချက်ချင်းနောက်ကို ခုန်ဆုတ်လိုက်သည်။ စူးရှနတဲ့နာကျင်မှုက သူ့လက်ချောင်းထိပ်ကနေ

ပျံ့နှံ့လာခဲ့သည်။ ငုံ့ကြည့်လိုက်တဲ့အချိန် သူ့လက်ချောင်းထိပ်တွင် သွေးစိုနေတာကို တွေ့လိုက်ရသည်။ သူ့လက်ချောင်း

ထပ်က အရည်ပျော်ကျနေပြီး ရန်ကိုင်လည်း အမြန်အဆန်ပဲ အရည်ပျော်နေတဲ့ အသားစကို ဖြတ်ထုတ်လိုက်သည်။ သူ့အဝတ်

ကိုစုတ်ဖြဲလိုက်ပြီး အနာကိုစည်းထားလိုက်ကာ အသက်ပြင်းပြင်းရှုရင်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။

ငါယုအောင်းချင်တို့အဖွဲ့နဲ့ ဒီနေရာကနေ ခွဲထွက်လာခဲ့တာလေ။ ဒါပေမယ့် အခုသူတို့ ဘယ်ရောက်နေတာလဲ။

မြူခိုးက ငါတို့အားလုံးကို ဝိုင်းထားတာ ဘယ်သူမှ လွတ်မြောက်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် သူတို့အလောင်းတွေလည်း

မရှိတော့ သူတို့ဘယ်ကိုသွားတာလဲ

များစွာသော အင်းဆက်တွေက သွေးနံ့ရပြီး သူ့ဆီနောက်တစ်ဖန် ချဥ်းကပ်လာခဲ့ပြန်သည်။ ရန်ကိုင်မျက်နှာမည်းမှောင်

သွားခဲ့ပြီး ယန်ချီကိုသုံးကာ အင်းဆက်တောင်ပံတွေကို ပြာချပစ်လိုက်သည်။ အရင်တုန်းကလိုပဲ အင်းဆက်တောင်ပံတွေကို

ပြာချပစ်နိုင်ပေမယ့် အင်းဆက်အရေအတွက် အဆုံးမရှိသည့်အလား လျော့ကျမသွားခဲ့ချေ။ ထိုအင်းဆက်တွေနဲ့ရင်ဆိုင်ရင်း

ရန်ကိုင်လည်း စိုးရိမ်လာခဲ့သည်။ ပတ်ပတ်လည်း မြူခိုးထုထဲကနေ ဘယ်လိုလွတ်မြောက်အောင် ဖောက်ထွက်ရမလဲဆိုတာ

ရန်ကိုင်လည်း မစဉ်းစားတတ်တော့ချေ။ သူ့ဒန်တန်ထဲတွင် ယန်အရည်အစက် အများကြီးရှိပြီး ယန်ချီအတွက ်စိတ်ပူစရာ

မလိုပေမယ့် သူ့ခွန်အားကတော့ ကန့်သတ်ချက်ရှိပေသည်။ ယန်အရည်စက်တွေရှိနေရင်တောင် သူ့ခွန်အားကန့်သတ်ချက်ကို

ရောက်သွားတာနဲ့ ဘာမှဆက်လုပ်နိုင်တော့မည် မဟုတ်ချေ။

‘‘ သခင်လေး၊ ဒီအင်းဆက်တွေမှာ သာမန်ပျားတွေလို အင်းဆက်ဘုရင်တစ်ကောင် ရှိနိုင်တယ် ’’ နတ်ဆိုးအိုကြီးက

ပြောလိုက်သည်။ ‘‘ ခင်ဗျားဘာပြောချင်တာလဲ ’’ ရန်ကိုင်က ခပ်မြန်မြန်ပဲ ပြန်မေးလိုက်သည်။ ‘‘ အစေံအိုကြီး

ပြောချင်တာကာ သခင်လေးသာ အင်းဆက်ဘုရင်ကို သတ်နိုင်တယ်ဆိုရင် ဒီကနေလွတ်မြောက်နိုင်လိမ့်မယ် ’’

‘‘ အင်းဆက်ဘုရင် ဘယ်မှာရှိလဲဆိုတာ ခင်ဗျားသိလား ’’ ‘‘ ဒီအစေခံအိုကြီးလည်း မသိဘူး…..’’ ရန်ကိုင်က

အခုအချိန်တွင် နတ်ဆိုအိုးကြီးကို အပြစ်တင်ဖို့ မအားသေချေ။ သို့ပေမယ့် သူလည်းနည်းလမ်း မစဉ်းစားတတ်သေးချေ။

အင်းဆက်တွေ သူတို့ကိုဝိုင်းထားတာက သတ်ဖို့မဟုတ်ပဲ အမဲလိုက်ဖို့ဖြစ်နိုင်ပေသည်။ ယုအောင်းချင်နှင့် သူ့အဖွဲ့သားတွေရဲ့

အလောင်းတွေကို မတွေ့ရပဲ သူတို့တွေပျောက်နေတဲ့ အကြောင်းအရင်းက အင်းဆက်တွေက သူတို့ကိုဖမ်းပြီး

တစ်နေရာရာကို ခေါ်သွားလို့ပဲ ဖြစ်နိုင်ပေသည်။ ပြီးတော့ ထိုနေရာက အင်းဆက်တွေရဲ့ အသိုက်ဖြစ်နိုင်သည်။

ပျားအုံတစ်ခုတွင် ပျားအလုပ်သမားတွေက ပျားဘုရင်မအတွက် ပျားရည်ရှာပေးရပေသည်။ ထိုနည်းတူစွာပဲ

ထိုအင်းဆက်တွေကလည်း သူတို့ကိုအင်းဆက်ဘုရင်အတွက် အမဲလိုက်ပေးနေတာ ဖြစ်နိုင်ပေသည်။ ထိုအကြောင်းကို

ပိုတွေးလေ သူတွေးတာမှန်တယ်လို့ ပိုထင်လာလေဖြစ်သည်။ သေချာဆုံးဖြတ်ပြီးနောက် ရန်ကိုင်က ယန်ချီတွေကို

ပြန်သိမ်းထားလိုက်ပြီး အင်းဆက်တွေကို လက်ဗလာနှင့် ထိပ်တိုက်ရင်ဆိုင်တော့လေသည်။ ရန်ကိုင်က လက်ပြီး

မခုခံတော့တာနဲ့ အင်းဆက်တွေလည်းသူ့ကို ဆက်ပြီးမတိုက်ခိုက်တော့ပဲ သူ့နားတွင်တဝှီဝှီဝဲနေပြီး တစ်လွှာပြီး

တစ်လွှာဖြစ်တည်လာခဲ့သည်။ ‘‘ သခင်လေးဘာလုပ်နေတာလဲ ’’ နတ်ဆိုးအိုကြီးက ထိတ်လန့်တကြား

မေးလိုက်သည်။

‘‘ငါ့သီအိုရီမှန်မမှန် စမ်းသပ်ကြည့်နေတာ’’ ရန်ကိုင်က တည်ငြိမ်စွာနဲ့ ပြန်ပြောလိုက်သည်။ ထိုအင်းဆက်တွေလက်ကနေ

တိုက်ခိုက်ပြီး မလွတ်မြောက်နိုင်ပေ။ အင်းဆက်အုပ်ကလည်း မရေမတွက်နိုင်အောင် များပြားသည့်အပြင် အပြင်ဘက်တွင်

လည်း အဆိပ်မြူခိုးထုကြီးက ပိတ်ကာထားလေသည်။ သူသာဆက်တိုက်ခိုက်နေခဲ့ အချိန်ကြာလာတာနဲ့ အားပြတ်ပြီး

အင်းဆက်တွေ ဝိုင်းတိုက်လို့ သေသွားပေလိမ့်မည်။ သူ့ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် ထွက်ပြေးဖို့နည်းလမ်းတစ်လမ်းလောက်

ရှိနိုင်ပေသည်။ အချိန်တော်တော်ကြာလာတာနဲ့ အင်းဆက်တွေ ရန်ကိုင်ဆီပျံသန်းလာလိုက်သည်။ နတ်ဆိုးအိုကြီးက

အော်လိုက်သည်‘‘ သခင်လေး ထိုင်နေလို့မဖြစ်ဘူး ’’ ‘‘ ပါးစမ်ပိတ်ထား ’’ ရန်ကိုင်က နတ်ဆိုးအိုကြီးအော်ပြောနေတာကို

နားထောင်ဖို့အချိန်မရှိပေ။ အင်းဆက်အုပ်ကြီးကိုသာ အာရုံစိုက်နေခဲ့ပြီး တစ်ခုခုမှားသွားတာနဲ့ တိုက်ခိုက်ဖို့အဆင်သင့်

ပြင်ထားလိုက်သည်။

ဒါပေမယ့် အင်းဆက်တွေက သူ့ကိုမတိုက်ခိုက်ခဲ့ပဲ နေရာတစ်ခုဆီ တွန်းပို့ဆွဲခေါ်သွားခဲ့သည်။သေချာသွားပြီရန်ကိုင်

ပြုံးလိုက်လေသည်။ ယုအောင်းချင်နှင့် တိမ်တိုက်နီဂိုဏ်းသားတွေက အားအင်ကုန်ခမ်းသည်အထိ တိုက်ခိုက်ခဲ့ပြီး

အင်းဆက်တွေရဲ့ ဖမ်းခေါ်သွားခြင်းခံရတာဖြစ်နိုင်ချေများပေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး အင်ဆက်ထောင်ပေါင်းများစွာနဲ့

ပြည့်နေခဲ့ပြီး တော်တော်လေး ကြောက်မက်ဖွယ်ကောင်းပေမယ့် ရန်ကိုင်ကတော့ မထူးခြားနားပင်။ အင်းဆက်တွေ

တွန်းပို့နေတဲ့ နေရာဆီကိုသာ စူးစိုက်ကြည့်နေခဲ့သည်။ သိပ်မကြာခင်မှာပဲ သူ့ရှေ့တွင် အပေါက်တစ်ပေါက်

ပေါ်လာခဲ့သည်။ ထိုအပေါက်ကြီးထဲတွင် မှောင်မဲနေတဲ့ လိုင်ဂူတစ်ခုရှိနေခဲ့သည်။

ရန်ကိုင်က လိုဏ်ဂူထဲကိုဝင်သွားရင်း အမှတ်အသားတွေကို တိတ်တဆိတ် ချန်ထားရစ်ခဲ့သည်။ လမ်းတစ်လျှောက်

အင်းဆက်မျိုးစုံကို သူတွေ့ခဲ့ရသည်။ အချို့အင်းဆက်တွေက လူအရွယ်အစားလောက်ရှိပြီး အချို့က လက်ဆေးဗေဇင်

အရွယ်အစားလောက် ရှိကာ အချို့ကတော့ ခြင်းတောင်းအ ရွယ်အစားလောက်ရှိပေသည်။လခွမ်းအင်းဆက်တစ်ခုက

အကျဉ်းသားအဖြစ ်ဖမ်းတာ ခံရတယ်လို့ကွာ။ မင်းတို့ဘုရင်ကို တွေ့တဲ့အထိ စောင့်ပေါ့ကွာ။ အဲတော့မှ မင်းတို့ကောင်တွေ

နောင်တမရနဲ့ရန်ကိုင် ဒေါသတလှိမ့်လှိမ့် ထွက်လာခဲ့သည်။ အင်းဆက်တွေ ဖမ်းဆီးခြင်းကို ခံရပြီး လိုဏ်ဂူထဲကို

တွန်းပို့ခြင်းခံရကာ နောက်ဆုံးအခန်းကျယ်ကြီးတစ်ခုဆီ ရောက်လာခဲ့သည်။ ထိုအခန်းထဲကို ရန်ကိုင်လှည့်ပတ်ကြည့်လိုက်

တဲ့အချိန် စိတ်ဓါတ်ကျနေတဲ့ တိမ်တိုက်နီဂိုဏ်းသားတွေကို တွေ့လိုက်ရသည်။ မျက်လုံးပေါင်းများစွာက သူ့ကိုစိုက်ကြည့်နေခဲ့ပြီး

မြောင်လင်ဆီမှ လှောင်ပြောင်ရယ်မောသံကို ကြားလိုက်ရသည်။ တိမ်တိုက်နီဂိုဏ်းသားတွေအကုန်လုံး ဒဏ်ရာအနည်းငယ်စီ

ရထားခဲ့ပြီး တင်ပလင်ခွေထိုင်နေကာ ရန်ကိုင်ကို မုန်းတီးစွာ စိုက်ကြည့်နေခဲ့သည်။ အင်းဆက်တွေက ရန်ကိုင်ကို ထားခဲ့လေသည်။

ဒါပေမယ့် ဝင်ပေါက်တွင် လူအရွယ်အစားထက် များစွာကြီးသော အင်းဆက်တွေက အစောင့်အဖြစ် စောင့်ကြပ်နေခဲ့ကြသည်။

ရန်ကိုင်လည်း ချောင်ကတဲ့နေရာတစ်နေရာရှာပြီး တင်ပလင်ခွေထိုင်နေလိုက်သည်။ယုအောင်းချင်က ရန်ကိုင်ကို

အေးစက်စက်နဲ့ စိုက်ကြည့်လိုက်ပြီး ရန်ကိုင်မျက်လုံးပိတ်ကာ စကားတစ်လုံးမှ မပြောပဲ ထိုင်နေတာတွေ့လိုက်ရတော့

မနေနိုင်တော့ပဲ မေးလိုက်လေသည် ‘‘ နင်ဘယ်သူလဲ ’’ ရန်ကိုင်သူ့မျက်လုံးကို တစ်ချက်ဖွင့်ကြည့်လိုက်ပေမယ့်

လျစ်လျူရှုထားလိုက်သည်။ ‘‘ နင်ဘာလို့ ငါတို့တိမ်တိုက်နီဂိုဏ်းသဘောင်္ထဲကို ခိုးဝင်လာခဲ့တာလဲ။ ပြီးတော့ ဘာလို့

နင့်ခွန်အားကိုရော ဖုံးကွယ်ထားခဲ့တာလဲ။ အခုအခြေအနေထို နင့်ခွန်အားကိုဖုံးကွယ်ထားခဲ့တာ ဘာရည်ရွယ်ချက်နဲ့လဲ ’’

ရန်ကိုင်က အထင်သေးတဲ့အကြည့်နဲ့ သူမကိုကြည့်လိုက်ပြီး ဖြေးဖြေးချင်းပြောလိုက်သည် ‘‘အရင်ဆုံးအနေနဲ့ နင်တို့သဘောင်္ထဲ

ခိုးဝင်လာချင်တာ ငါမဟုတ်ဘူး။ နင်တို့တိမ်တိုက်နီဂိုဏ်းသားတွေပဲ ငါ့ကိုခေါ်လာတာ။ ဒုတိယအနေနဲ့ ငါ့ခွန်အားကိုသာ မဖုံးကွယ်

ထားခဲ့ရင် အခုအချိန်အထိ ငါသက်ရှင်ဦးမယ်လို့ နင်ထင်လား ။ တတိယအနေနဲ့ ငါအသက်ရှင်ဖို့အတွက် အခုလိုလုပ်ခဲ့ရတာ။

မိန်းမစုတ်မရဲ့။ ငါ့ကိုမေးခွန်းထုတ်ရလောက်အောင် နင်ကဘယ်လောက်များ ကြီးမြတ်နေလို့လဲ ။ နင်တို့တိမ်တိုက်နဂိုဏ်းသား

တွေက လူတွေကိုလိုက်ပြီး ပြန်ပေးဆွဲနေတာကြောင့်သာ မဟုတ်ရင် ဒီနေရာကိုငါဘယ်လိုလုပ်ပြီး ရောက်လာပါ့မလဲ ’’

‘‘ နင့်ငါ့ကို အဲ့လိုပြောရဲတယ်ပေါ့ ’’ ယုအောင်းချင်က မျက်မှောင်ကြုံ့လိုက်သည်။ ‘‘ ဘာလို့ငါမပြောရဲရမှာလဲ။

နင့်ကိုယ်နင့်ဘယ်သူလို့ ထင်နေတာလဲ ’’ ရန်ကိုင်က လှောင်ပြောင်လိုက်သည်။ ‘‘ စီနီယာအစ်မချင်၊ အဲ့ကောင်နဲ့

စကားများမနေနဲ့တော့။ သူကစီနီယာအစ်ကိုချီယွမ်ကို သတ်ပစ်ခဲ့တာ’’ မြောင်လင်က ရန်ကိုင်ကိုခါးခါးသီးသီး စိုက်ကြည့်

လိုက်သည်။ ‘‘ ငါတို့စီနီယာအစ်ကိုချီယွမ်အတွက်လက်စားချေပေးရမယ် ’’

‘‘ ဟားဟား ’’ ရန်ကိုင်ကရယ်လိုက်သည်။ ‘‘ မင်းဘာကိုရယ်နေတာလဲ ’’´မြောင်လင်က အံကြိတ်ပြီး ရန်ကိုင်ကိုအော်ပြော

လိုက်သည် ‘‘သေတယ်ဆိုတဲ့စကားလုံးကို ဘယ်လိုရေးရမလဲဆိုတာ မင်းမသိတာလား ’’ ‘‘ သောက်ရူး ’’ ရန်ကိုင်က

မြောင်လင်ကို အထင်သေးစွာ စိုက်ကြည့်လိုက်ပြီး ‘‘ သဘောင်္ပေါ်ရှိနေတုန်းက ဒီမိန်းမပျက်က ကျွန်းကိုတွေ့တာနဲ့

မင်းကိုပင်လယ်ထဲ ပစ်ချမယ်လို့ အကြီးအကဲယုနဲ့ ပြောနေတာ ငါကြားလိုက်လိုက်တယ်။ မင်းမသတိတာ တကယ်ကို

သနားစရာကောင်းတာပဲ ’’ ယုအောင်းချင်လည်း ထိတ်လန့်သွားခဲ့ပြီး အော်လိုက်သည် ‘‘ ငါဘယ်တုန်းကမှ အဲ့လိုမပြောခဲ့ဘူး ’’

ထို့နောက် သူမကမြောင်လင်ကို ကြည့်လိုက်ပြီး ခပ်မြန်မြန် ရှင်းပြလိုက်သည် ‘‘ သူ့ရဲ့မဟုတ်တုက်က စကားတွေကို

နားမယောင်နဲ့ ’’ မြောင်ငလက် ရန်ကိုင်ကို ကြည့်လိုက်ပြီး ‘‘ စကားလုံးလှလှလေးတွေကို သုံးပြီး စီနီယာအစ်မနဲ့ငါတို့ကို

သွေးခွဲလို့ရမယ်ထင်နေတာလား။ မင်းငါ့ကိုရှင်းပြစရာမလိုဘူး ။စီနီယာအစ်မက ငါ့ကိုဘယ်တော့မှ အဲ့လိုလုပ်မှာ

မဟုတ်ဘူး ’’ ယုအောင်းချင်လည်း ခေါင်းညိတ်လိုက်သည်။ ‘‘ သူမပြောပြောမပြောပြော အမှှန်းတရာကို သူမပဲသိတယ်’’

ရန်ကိုင်အမူအရာ အေးစက်သွားခြဲ့ပီး ယုအောင်းချင်ကို ကြည့်ကာပြောလိုက်သည် ‘‘ နင်တို့ငါ့ကိုမတိုက်ခိုက်တာ ကောင်း

လိမ့်မယ်။ မဟုတ်ရင် အင်းဆက်တွေကို သွားပြီးနှောင့်ယှတ်မိနေဦးမယ် ’’ ယုအောင်းချင်လည်း သက်ပြင်းတစ်ချက်

ရှိုက်လိုက်ပြီး သူမ၏သတ်ဖြတ်ချင်စိတ်ကို ဖိနှိပ်ထားလိုက်သည်။ ရန်ကိုင်ပြောတာမှန်တယ်ဆိုတာ သူမသိပေသည်။

သူတို့စကားပြောနေတုန်း ဝင်ပေါက်တွင်စောင့်နေတဲ့ အင်းဆက်ကြီးတွေက ချက်ချင်းသတိထားလိုက်ပြီး

သူ့တို့ကိုသိချင်စိတ်အပြည့်နဲ့ ကြည့်နေခဲ့ကြသည်။ ရန်ကိုင်ကိုသတ်ချင်ပေမယ့် အခုအချိန်မှာတော့ မသတ်ရဲသေးပေ။

ရန်ကိုင်ကသူတို့ကိုကြောက်နေတာ မဟုတ်ချေ။ သူ့ရဲ့အဓိကရည်ရွယ်ချက်က မြောင်လင်စိတ်ထဲ သံသယမျိုးစေ့

စိုက်ပျိုးပေးခဲ့ဖို့ပင်ဖြစ်သည်။ ဒါပေမယ့် သူသာအဖွဲ့သားတွေကြား သံသယမျိုးစေ့စိုက်ပျိုးပေးနိုင်ခဲ့ရင် ‘စုံ’ကနေ

‘မ’ ဖြစ်နိုင်ချေ ရှိသေးပေသည်။

All Chapters